inputs
stringlengths
13
2.28k
targets
stringlengths
2
9.87k
language
stringclasses
1 value
language_code
stringclasses
1 value
annotation_type
stringclasses
2 values
user_id
stringclasses
21 values
ဒီစာပိုဒ်အတွက် နောက်ဆက်တွဲရေးပါ။ Dailey ဟာ "When My Baby Smiles at Me" (1948) မှာ Grable နဲ့ ပြန်ဆုံခဲ့တယ်။
ဒါက Fox ရဲ့ တစ်နှစ်တာ အကြီးဆုံး အောင်မြင်မှု ဖြစ်ခဲ့ပြီး Dailey ကို ၂၁ ရာစုမြောက် အကယ်ဒမီဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသား သရုပ်ဆောင်အတွက် အကယ်ဒမီဆု အဆိုပြုချက် ရစေခဲ့တယ်။
Burmese
mya
re-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
ဘာဘီရုပ်ရှင်က ကောင်းလား။
Greta Gerwig ၏ ကြည်နူးဖွယ် ဟာသ စွန့်စားခန်းကို Robbie နှင့် Gosling ၏ ပြောင်မြောက်သော ဖျော်ဖြေမှုများ၊ ထိပ်တန်း အစုလိုက် သရုပ်ဖော်မှုနှင့် လိမ္မာပါးနပ်သော ဇာတ်ညွှန်းများဖြင့် ပံ့ပိုးထားသည်။ ကြယ်ပွင့်နှစ်ဦးသည် အရုပ်ဇာတ်ကောင်များကို လူသားဆန်အောင်ပြုလုပ်ကာ Barbie's နှင့် Ken ၏ ဟာသသွင်ပြင်လက္ခဏာနှစ်ခုကို ပါဝင်သရုပ်ဆောင်ထားသည်။ Barbie ဥက္ကဋ္ဌအဖြစ် Rae၊ အမေရိကန် Ferrera မှ အမှန်တရားကိုပြောသော လူသားမိခင်အဖြစ် Gloria၊ Gosling ၏ပြိုင်ဘက် Ken အဖြစ် Simu Liu နှင့် Mattel ၏ CEO အဖြစ် Will Ferrell တို့မှ ကျယ်ပြောလှသော ပံ့ပိုးကူညီသရုပ်ဆောင်မှုကိုလည်း ကောင်းစွာရွေးချယ်ထားပါသည်။ Sex Education မှ Emma Mackey ၊ Ncuti Gatwa နှင့် Connor Swindells တို့ လူငယ်သရုပ်ဆောင်သုံးဦးသည် ဇာတ်ပို့များတွင် ထင်ရှားကျော်ကြားပြီး အကယ်ဒမီဆုရ ရုပ်ရှင်ဒါရိုက်တာ/ဇာတ်ညွှန်းရေးဆရာ Emerald Fennell သည် Barbie ၏ ကိုယ်ဝန်မဆောင်ရသေးသော သူငယ်ချင်း Midge အဖြစ် ပြောင်းလဲလာသည်။ ယေဘုယျအားဖြင့် Barbieland သည် ဂရုတစိုက် ၀တ်ဆင်ထားသော ပါးလွှာသော၊ အဖြူရောင်၀တ်စုံများနှင့် ရွှေရောင်ဆံပင်တို့ဖြင့် သီချင်းဆိုခြင်းနှင့် ကခြင်းတို့ဖြင့် Barbies နှင့် Kens တို့ နှစ်သက်ဖွယ်ပါဝင်သည့် နေရာတစ်ခုဖြစ်သည်။ ဤရုပ်ရှင်သည် ကာတွန်း Barbie ရုပ်ရှင်များစွာနှင့် မတူဘဲ ၎င်း၏ ခေတ်မီဆန်းပြားသည့် အပြင်အဆင်များသည် လူကြီးများထက် ဆယ်ကျော်သက်များနှင့် အရွယ်ရောက်ပြီးသူ များအတွက် ပိုမိုကောင်းမွန်ပါသည်။ သို့သော် ရုပ်ရှင်၏ လေးနက်သော လူမှုဝေဖန်ချက်နှင့် လွမ်းဆွတ်ဖွယ် ဟာသတို့ကြား ခြားနားချက်သည် ဟန်ချက်မညီသော ခံစားမှုကို မခံစားရပေ။ ဘိုးဘေးဘီဘင်တို့၏ အကျိုးကျေးဇူးများ (မြင်း၊ ဦးထုပ်၊ ထိပ်တန်းအလုပ်များ!) အကြောင်း Ken ၏ ရှင်းလင်းချက်သည် ရယ်စရာကောင်းသော်လည်း၊ ဂလိုရီယာ၏ စိတ်အားထက်သန်စွာ ပြောဆိုမှုသည် လူ့အသိုင်းအဝိုင်းတွင် အမျိုးသမီးများ လုပ်ဆောင်သည့် နည်းလမ်းများနှင့် မလုပ်ဆောင်ရဟူသည့် အချက်ဖြစ်သည်။ ပြက်လုံးအားလုံးအတွက် Robbie နှင့် Gosling တို့နှစ်ဦးစလုံးသည် ဇာတ်အရလုပ်ကွက်များ၊ အသက်ပါသော monologueများ အများအပြားရရှိကြသည်။ သူတို့၏ အမှတ်ရစရာ သရုပ်ဖော်မှုများသည် ရုပ်ရှင်ကို သယ်ဆောင်လာသော်လည်း နောက်ကွယ်မှ ပညာရှင်များသည် ရုပ်ရှင်၏ ပန်းရောင်လွှမ်းသော Barbie-core set pieces အတွက် ထုတ်လုပ်သူ ဒီဇိုင်းနာ Sarah Greenwood ၊ Mark Ronson ထုတ်လုပ်သော တေးသွားအတွက် ဂီတကြီးကြပ်သူ George Drakoulias အပါအဝင် ဆုများနှင့် ထိုက်တန်ပါသည်။ ရာနှင့်ချီသော Barbie နှင့် Ken ဝတ်စုံစစ်စစ်အတွက် ဝတ်စုံဒီဇိုင်နာ Jacqueline Durran နှင့် ဓာတ်ပုံဒါရိုက်တာ Rodrigo Prieto၊ စံပြမိခင်-သမီးရွေးချယ်မှုနှင့် များစွာထိုက်တန်သော ပူးပေါင်းလုပ်ဆောင်နိုင်မှုတစ်ခုအဖြစ် ဤ Barbie ရုပ်ရှင်သည် ဇာတ်ကားကောင်းတစ်ကားဖြစ်သည်။
Burmese
mya
re-annotations
1c6b93dcb7d4116e9d2b73bf32b8619794945e4ebe97956aacc6705c1d42029c
American Dream ဆိုတဲ့ အမေရိကန်အိပ်မက်ရဲ့ သဘောတရားကို ပြောပြပေးနိုင်မလား
"American Dream" ဟူသော အသုံးအနှုန်းကို James Truslow Adams မှ 1931 ခုနှစ်တွင် တီထွင်ခဲ့ပြီး "လူတိုင်းအတွက် ဘဝသည် ပိုကောင်းပြီး ပိုချမ်းသာပြီး ပြည့်ဝစေရမည်၊ လူတိုင်းအတွက် အရည်အချင်း သို့မဟုတ် အောင်မြင်မှုအလိုက် အခွင့်အလမ်း" ဟူသော အသုံးအနှုန်းကို လူမှုအဆင့်အတန်း သို့မဟုတ် မွေးဖွားမှုအခြေအနေများ မခွဲခြားဘဲ ရေးထားသည်။ အမေရိကန်အိပ်မက်သည် ကိုယ်စားပြုဒီမိုကရေစီ၊ အခွင့်အရေး၊ လွတ်လပ်မှုနှင့် တန်းတူညီမျှမှု အပါအဝင် စံနမူနာအစုံအလင်ဖြစ်သော အမေရိကန်ပြည်ထောင်စု၏ အမျိုးသားရေးကျင့်ဝတ်ဖြစ်ပြီး လွတ်လပ်မှုကို တစ်ဦးချင်း သာယာဝပြောမှုနှင့် အောင်မြင်မှုအတွက် အခွင့်အလမ်းအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။
Burmese
mya
re-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
ပထမဝါကျ ၁၉၀၈ ကနေ ၁၉၁၂ ထိ Spencer ဟာ လန်ဒန်က Slade School of Fine Art မှာ Henry Tonks နဲ့ အခြားသူတွေနဲ့အတူ လေ့လာခဲ့တယ်။ ဝါကျ (၂) ၁၉၀၈ ကနေ ၁၉၁၂ အထိ Spencer ဟာ လန်ဒန်က Slade School of Fine Art မှာ Henry Tonks နဲ့ အခြားသူတွေ လက်အောက်မှာ ပညာသင်ကြားခဲ့တယ်။ မေးခွန်း၊ ပထမဝါကျနဲ့ ဒုတိယဝါကျက တူညီတဲ့ အဓိပ္ပါယ်ကို ဖော်ပြလား? ဟုတ်လား၊ မဟုတ်ဘူးလား။
မဟုတ်ပါ။
Burmese
mya
re-annotations
b466cff514d056b52c8c75a0e058d1cda748c7fe0f5760924ce918c36c53ad35
ပုဂံအကြောင်း နည်းနည်းပြောပြပေးပါလား
ပုဂံသည်၎င်း၏သမိုင်းဝင်အထိမ်းအမှတ်အဆောက်အအုံများနှင့် ခေတ်အမျိုးမျိုးမှ အထိမ်းအမှတ်အဆောက်အအုံပေါင်း ၂၀၀၀ ခန့်ကြောင့် ကျော်ကြားသည်။ မြန်မာနိုင်ငံတွင်အရေးအကြီးဆုံး သမိုင်းဝင်နေရာတစ်ခုဖြစ်ပြီး အံ့မခန်းပင် နှစ်ပေါင်း 1500 ကျော် ကြွယ်ဝသော သမိုင်းကြောင်းဖြင့် ပုဂံသည် နည်းပညာဆန်းသစ်တီထွင်မှု တစ်စုံတစ်ရာ မပေါ်ပေါက်မီတွင် လူသားများပြုလုပ်သော အောင်မြင်မှုများကို သက်သေပြခဲ့သည်။ အဆိုပါ အထိမ်းအမှတ်အများအပြား၏နံရံများတွင် ခရီးသွားများမလွတ်ကင်းသော သမိုင်းဝင်နံရံဆေးရေးပန်းချီများရှိသည်။ ပုဂံတွင် မရေမတွက်နိုင်သောအထိမ်းအမှတ်များ ရှိသော်လည်း တူညီပုံမပေါ်ပေ။ တကယ်တော့ တူညီတဲ့ အထိမ်းအမှတ်အရေအတွက်ဟာ သုံးလေးခုဖြစ်နိုင်တယ်။ စေတီပုထိုးမျိုးစုံကိုတစ်ရက်နှစ်ရက်ကြာစူးစမ်းလေ့လာသင့်သည်။ ပုဂံ၏ မြင်ကွင်းအကောင်းဆုံးနေရာများထဲမှတစ်ခုမှာ မိုးကုပ်စက်ဝိုင်းအထိ ဘုရားကျောင်းများကို ကြည့်ရှုနိုင်သည့် ပုဂံရှုမျှော်စင်၏ အပေါ်ဆုံးလှေကားထစ်ဖြစ်သည်။ ဘုရားကျောင်းများပေါ်မှ မီးပုံးပျံစီးခြင်းသည် မြင်ကွင်းကျယ်ရှုခင်းများကို ခံစားရန် အကောင်းဆုံးနည်းလမ်းတစ်ခုလည်းဖြစ်သည်။
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
မေးခွန်းက မိန်းကလေးတစ်ယောက်က စေ့စပ် လက်စွပ်ကို ဘယ်မှာဝတ်လဲ။ အဖြေက:
လက်ဝဲလက် လက်သူကြွယ် မှာဝတ်ပါတယ်
Burmese
mya
re-annotations
028e87efc04dd5cbb98c8d03df4a6e6efb4a2b460ebce846277a935e085fa78a
ဒီရှုပ်ထွေးတဲ့မေးခွန်းကို အဖြေရှာပါ ဘယ်မဂ္ဂဇင်းက ပိုပြီး မကြာခဏ ထုတ်ဝေလဲ။ Shonen Jump (သို့) Rolling Stone
Rolling Stone
Burmese
mya
re-annotations
b466cff514d056b52c8c75a0e058d1cda748c7fe0f5760924ce918c36c53ad35
ဘာသာရေးကို အသုံးချပြီး စီးပွားရှာနေတာကို ဘယ်လိုမြင်လဲ
ကျောင်းကိုလှူပါ သိမ်ကိုလှူပါ ဘုရားကိုလှူပါ ဘုန်းကြီးကိုလှူပါ နောက်ဘဝမှာ နတ်စည်းစိမ် သိကြားစည်းစိမ် စင်္ကြာဝတေးမင်းစည်းစိမ်တွေ လူချမ်းသာနတ်ချမ်းသာဘဝပေါင်းများစွာတွေ ပြန်လည်ရရှိပါလိမ့်မယ်လို့ပြောရင်တော့ ယုံကြတယ် စမတ်ဖြစ်တဲ့လူတယောက်ကတောင် အဲဒီဆွဲဆောင်မှုနောက် ကောက်ကောက်ပါနိုင်တယ် အရင်းအနှီးဘာမှမကုန် လက်ဆုပ်လက်ကိုင်ပြစရာဘာမှမလိုပဲ အဟောလေးအပြောလေးနဲ့ပဲ လူတွေကို မက်လုံးပေး ဆွဲဆောင်ပြီး လူတွေအိတ်ကပ်ထဲက ငွေတွေကို သဲ့ထုတ် အမြတ်ယူနိုင်တဲ့ စီးပွားရေးအမျိုးအစားဟာ ဘာသာတရားဖြစ်တယ်
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
ဒီနေ့ကာလ မြန်မာနိုင်ငံကတနေ့တာအကြောင်း ဆောင်းပါရေးပါ
“အမေ ... သား အလုပ်သွားတော့မယ်” ဆိုပြီး ဆိုင်ကယ် စုတ်လေးကို မောင်း၍ ကျွန်တော် ထွက်သွားလိုက်သည်။ တကယ်တော့ ဒီနေ့ ပန်းရန်အလုပ် နားထားသည်။ နားတယ် ဆိုတာကလည်း ကိုယ့်အနေနဲ့ ဒီကာလ ဘာမှမလှူနိုင် တရက်လုပ် တရက်စားထက်တော့ ပိုသည်။ ဘာလို့လဲဆိုတော့ ပန်းရန်သာမက၊ ဂဟေ ဆော်တာလေး ဘာလေးပါ တတ်သဖြင့် နေ့စားဆိုသော်လည်း တရက်တသောင်း သောင်းငါးထောင် ရသလို၊ အဆင်ပြေရင်ပြေသလို ဆရာသမားက ပိုပေးသေးသည်။ ပြီးတော့ သူတို့မှာ အမေနဲ့သား ဒီနှစ်ယောက်တည်း ရှိတာမို့ ကြပ်တည်းပါတယ် ဆိုတာလောက်ထိတော့ မဖြစ်။ သူနဲ့အတူ ဘဝတူတွေ ခုမှ ရရာလုပ်ရင်း နေ့သားတွေ (၅၀၀၀) လောက်ရ၊ အလွန်ဆုံး (၈၀၀၀) လောက်နဲ့ မိသားစုများနေတဲ့ သူတွေထက် စာရင်တော့ သူ့တို့ အဆင်ပြေသည်။ သူ့အတွက် ကုန်စရာဆိုလို့ ဆိုင်ကယ်ဆီဖိုးရယ်၊ ကွမ်းကြိုက်သော သူ့အတွက် ကွမ်းဖိုးလောက်သာ ကွမ်းဖိုးဆိုသော်လည်း ဆိုင်က ဝယ်စားမျိုး မဟုတ် ကွမ်းသီး၊ ကွမ်းလေး လွယ်အိတ်လေးထဲထည့်ပြီး တမြုံမြုံ့ ဝါးရုံလောက်သာ ဒါ့ကြောင့် အပိုအလျှံ မဟုတ်သော်ငြား အလုပ်ကိုတော့ တစ်ပတ် (၁) ရက်လောက် နားသည်တော့ အကြောင်းမဟုတ်။ တကယ်တော့ နားထားတာ တစ်ပတ်မပြည့်သေး သို့ပေမဲ့ မြို့ပေါ်မှ အလုပ်နဲ့ ပတ်သက်သော အိမ်ဆောက် ပစ္စည်းဆိုင်မှ သူ့ကိုလည်း ခင်နေတာကြောင့် “သန်းဇော်... မနက်ဖြန် ဆန်နှင့်ဆီ စျေးလျှော့ရောင်းမယ် မင်းက ပရဟိတ အလုပ်လေးတွေ လိုက်လုပ်ပေးနေတာ ဝါသနာပါတာရော အလုပ်လုပ်တာ သပ်ရပ်တော့ မနက်ဖြန် လာကူမလား ငါတို့ မုန့်ဖိုးပေးပါ့မယ်” “ဟာ ... မုန့်ဖိုးမလိုပါဘူးဗျာ ခုလို ခေါ်တာပဲ ဝမ်းသာနေတာ ကိုယ်မှ ဘာမှ မလှူနိုင်တာ ကျွန်တော် လာလုပ်ပေးမယ်” ဆိုပြီး အလုပ်နားလိုက်တာ ဖြစ်သည်။ ကိုယ်တတ်နိုင်တာ လုပ်အား ဒါနပဲ ရှိတာလေ အလုပ် တစ်ရက်နားလည်း အမေ အဆင်ပြေနိုင်သေးတာပဲ ဆိုတဲ့ အတွေးနဲ့ပေါ့ မနက် (၁၀) နာရီ ဆီနဲ့ ဆန် တေမယ်ဆိုကတည်းက အချို့ အာရုဏ်မတက်ခင်ကပင် လာတန်းစီတယ် ဆိုတာ သူမနက် အစောကြီး ထွက်လာလို့ မြင်မှ ယုံတော့သည်။ သူ မနက်အစောကြီး ရောက်တော့ပင် လူတန်းကြီးက မနည်းတော့ သူ့လည်း အထဲဝင် လုပ်စရာရှိတာလုပ် အရှေ့က အဆင်ပြေပြေနဲ့ စနစ်တကျပေးနိုင်အောင် နောက်ကနေ ကူညီလုပ်ပေးနေရင်းမှ နောက်ဘက် တော်တော် ရောက်လာတော့ သူနှင့်အတူ လုပ်အားပေး ရောက်နေတဲ့ သူငယ်ချင်းမှ “ဟေ့ရောင် သန်းဇော် ဟိုမှာ မင်းအမေ မို့လား” ဆိုတာကြောင့် သူသေချာ ကြည့်တော့ ဟုတ်ပ ကျွန်တော့ အမေ ဒေါ်သိန်းတင်မှ ဒေါ် သိန်းတင် စစ်စစ် ထိုအသိနှင့်အတူ ကျွန်တော့ တကိုယ်လုံး ရှက်တဲ့စိတ်နဲ့ ထူပူသွားသည်။ အမေက ကျွန်တော် အလုပ်သွားတယ်ပဲ ထင်ပုံရသည်။ မနက်က သူ စောစော ထွက်လာတုန်းက အမေရှိသေးသည်။ သူထွက်လာမှ အမေ ထွက်လာပုံရသည်။ ကျွန်တော် ဒီမှာ ရှိနေမယ်လို့ အမေ မထင် … ထိ့နောက် ကျွန်တော်က “အမေကတော့ လုပ်ပြီ အသက်က ကြီးနေပါပြီ” ဆိုမှ ဆိုတဲ့ စကားနဲ့ ဖြေသာသလို ပြောရင်း ကျွန်တော် ထိုနေရာကနေ အမေ့ကို သွားဆွဲထုတ်ချင်သော စိတ်ကို ထိန်းရင်း စောင့်နေမိသည်။ အမေ့အလှည့်ရောက်ဖို့ (၂) ဦးလောက်သာ လိုတော့သည်။ ဒါပေမဲ့ အမေ ဆီ၊ ဆန် စျေးလျော့ ရောင်းနေသော နေရာကိုသာ ရောက်နေတာကြောင့် ထင်သည်။ကျွန်တော့်ကို မမြင် ကျွန်တော်က “အမေ …” လို့ ခပ်ကျယ်ကျယ် အော်ခေါ်လိုက်တော့ အမေ အံ့အားသင့်သလို ကြောင်ကြည့်နေသည်။ ပြီးတော့ အမေ့ မျက်နှာ ငယ်သလို၊ စိုးရိမ်ဟန် အပြစ်တစ်ခုခု လုပ်မိဟန်ကို ဒီ အမေ၊ ဒီသားသာရှိတာမို့ အလိုလို သဘောပေါက်လိုက်သည်။ သူ့ရဲ့ အမေလို့ ခေါ်သံကြောင့် အလှူရှင် ဦးလေးက “သန်းဇော် မင်း အမေလား ….” ဆိုတော့ “ဟုတ်ကဲ့ဗျ” “ဒါဆို အတော်ပဲ မင်းပြန်ရင်တောင် ဆန်နဲ့ ဆီထည့်ပေးမလို့ ….” ဆိုတော့ ကျွန်တော် စိတ်မလုံစွာဖြင့် “ဟာ မဟုတ်တာ ဒီလောက်ဆို လောက်ပါတယ်” “ရတယ် အားမနာနဲ့ ဒီနေ့ တန်းစီသမျှလူ မရမရှိအောင် ရောင်းပေးမှာ” ဆိုတော့ သူမငြင်းသာခဲ့ တစ်ခါတည်း “ဦးလေး အမေလည်း တန်းစီရတာကြာပြီဆိုတော့ ကျွန်တော်လည်း အမေ့ ပြန်လိုက်ပို့ရင်းနဲ့ ပြန်အုံးမယ်ဗျ” “ထမင်းစားပြီးမှ ပြန်လေ” “ရတယ်ဗျ ကျွန်တော် အိမ်ရောက်မှ အမေနဲ့ စားလိုက်မယ်” ဆိုပြီးနောက် ဆန် (-) ပြည်ကို ဆိုင်ကယ်ခွက တင် ဆီ (၁) ပိဿာဗူးလေးကို အမေက ဆိုင်ကယ်နောက်က ပိုက်ထားသလို၊ လက်တစ်ဖက်က ကျွန်တော့ကို ဖက်ထားရင်း အိမ်ပြန်ရောက်သည်အထိ အမေနှင့် ကျွန်တော် စကား တစ်လုံးမှ မပြောဖြစ်ခဲ့ …. မြို့အစွန်ရပ်ကွက်နှင့် လှည်းလမ်းသာ ခြားသော ရွာလေး ပေ (၁၀၀) ပတ်လည်ဝန်းကျင်အကျယ်ရှိ ခြံလေးထဲ ခပ်ရဲ့ရဲ့ သွပ်မိုး ဝါးထရံကာ အိမ်လေးဟာ သူတို့ သားအမိ နှစ်ယောက်တွက် နေရပြေနေတာပဲလေ အိမ်ရောက်ရောက်ချင်း ရလာတဲ့ ဆန်အိတ်နဲ့ ဆီဗူးကို မီးဖိုချောင်ထဲချပြီးနောက် အခန်းမဟုတ်သော်လည်း အိမ်တွင်းခန်းအဖြစ် ထရံကာထားပြီး တစ်ဖက် ကန့်လန့်ကာကာထားသော အခန်းသို့ ဝင်မယ် ကြံရင်ပဲ အမေ့ဆီက တောင်းပန် တိုးလျှိုးသော အသံဖြင့် “သား အမေ တောင်းပန်တယ်နော် သားအရှက်ရမိအောင် လုပ်မိလို့ …” ဆိုတဲ့ စကား ကျွန်တော် အမေ့ကို ပြန်မဖြေချင် သို့ပေမဲ့ အမေက ကျွန်တော့ကို လူအုပ်ကြီးထဲ မရှိဆင်းရဲလို့ တိုးနေရသော ဘဝကို ရှက်နေတယ်လို့ ထင်ပုံရနေသဖြင့် သူ သက်ပြင်းချပြီးနောက် လွယ်ထားသော ကွမ်းလွယ်အိတ်လေးကို တိုင်မှာ ချိတ်လိုက်သည်။ ပြီးတော့ “ဟုတ်တယ် အမေ အမေ့ကို အပြစ် မတင်ရက်ပေမယ့် သားရှက်တယ်” “မဟုတ်ပါဘူး သားရယ် အမေ ဘာဝင်ငွေမှ မရှာနိုင်ဘူးလေ” ဆိုပြီး အားငယ် ဝမ်းနည်းရိပ်တွေနဲ့ အမေ့ဆီမှ “ငါ့သားလေး ပင်ပန်းနေတာ မကြည့်ရက်လို့ အိမ်စရိတ်လေး ကာမိလို ကာမိငြား အမေ သွားတိုးတာပါ ငါ့သားလေး လောက်ငှအောင် မထားလို့မဟုတ်ပါဘူး” ဆိုပြီး မျက်ရည်မကျသော်လည်း ဝဲနေသော အမေ့ မျက်ဝန်းကို ကျွန်တော် လျစ်လျူမရှုနိုင် ပြီးတော့ ကျွန်တော် ဘာကို ရှက်တယ် ဆိုတာ အမေ မသိ… အမေ ထင်နေတာက ဒီလိုဘဝတွေထဲ ပါနေတာ တစ်စုံတစ်ယောက်ထက် ပိုစွာ သိမှာ ရှက်မှာ သိမ်ငယ်မှာ ပြီးတော့ ဆီတွေ၊ ဆန်တွေ ဝေစဉ်က “သန်းဇော် ဒါ မင်းအမေလား” အမေးကို သူ့သားလေး ရှက်သွားလို့ ထင်တယ် သူ့အတွက် ပေးတာတောင် ယူမလာခဲ့တာလို့ အမေ ထင်နေပုံရတယ် ဒါ့ကြောင့်ပဲ “အမေ အမေက အမေ တန်းစီနေတာ သူများသိလို့ ရှက်နေတယ် ထင်နေတာလား မဟုတ်ဘူး အမေ သားဆင်းရဲတာလည်း မရှက်ဘူး ကိုယ့်မရှိလို့ အောက်ကျို့ရမှာလည်း မရှက်ဘူး ဒါပေမဲ့ အမေ သား မရိုးသားတာတော့ ရှက်တယ် အမေ” ဆိုတော့ အမေ ကျွန်တော့ကို နားမလည် သလို ကြည့်နေသည် ပြီးတော့ “ဘာမရိုးသားတာလဲ အမေတို့ သူများ ပစ္စည်း ခိုးတာလည်း မဟုတ်ဘူး ရောင်းပေးလို့ သွားတန်းစီတယ် ဘာမရိုးသားလို့လဲ” “အမေ ဒီမိသားစုအတွက် တကယ် လို အပ်လာတဲ့ အခါ အဲ့နေရာ အမေ့ကို သား မလွှတ်ဘူး သားကိုယ်တိုင် သွား တန်းစီမှာ အမေ သား ရှက်မှာလည်း မဟုတ်ဘူး ဒါပေမဲ့ အမေ ဒါ တန်ဆောင်တိုင် နိဗ္ဗာန်စျေးပွဲတော်လို အပျော်တိုးရတဲ့ အလှူမဟုတ်ဘူး အယုတ်၊ အလတ်၊ အမြတ် မရွေး စတုဒိသာ ကျွေးတဲ့ ပွဲ မဟုတ်ဘူး အမေ တကယ့်ကို ဒီကာလ ခက်ခဲလွန်းနေတဲ့ ကြပ်တည်း လွန်းနေတဲ့ မိသားစုတွေအတွက် ဖြစ်ပါစေလို့ ရောင်းပေးတာ အမေ တွေးသလိုပါပဲ အချို့လည်း နည်းနည်း သက်သာ နည်းလားဆိုပြီး တိုးနေကြတာ တစ်ယောက်ချင်း တစ်ယောက်ချင်းစီက တစ်ခါရပြီးလည်း နောက်ရချင် နောက်ရချင်နဲ့ တိုးနေလိုက်ကြတာ တကယ်လိုအပ်နေတဲ့ ဘဝတွေ ဘယ်လောက် လစ်ဟာ သွားပြီလဲ ဒီနေ့ ရောင်းတဲ့ ဦးလေးက ရှိသမျှလူရပါစေ ရောင်းပေးပေမယ့် မရောင်းနိုင်တဲ့ မပေးနိုင်တဲ့ ကန့်သတ်ချက်ရှိတဲ့ နေရာတွေ အတွက် ကိုယ့်ထက် ခက်ခဲ ကြပ်တည်းနေသူတွေကို ဦးစားမပေးဘဲ ဘာမဟုတ်တဲ့ ဟာလေးမှာတောင် ကိုယ့်အတွက်တွေးပြီး တစ်ယောက်က နေရာယူရင် တကယ်လိုအပ်နေတဲ့ မိသားစု တစ်စု ရပိုင်ခွင့် ဆုံးရှုံး နေအုံးမှာပဲ ကျွန်တော် ထင်တယ် လှူတဲ့သူ၊ ရောင်းတဲ့သူရဲ့ အတွေးမှာကတည်းက ဘယ်လို လူတွေ အတွက်ဆိုတာ စာတန်းထိုးစရာ မလို အောင် သိပါတယ် အဲ့ဒီ့ တိုးနေတဲ့ သူတွေထဲ အချို့က ဆီတိုးနေတာ၊ ဆန်ဝေတာ ဆိုပြီး ပေါ်ပင်တွေ မြင်ရတယ် ကျွန်တော် လမ်းထဲက ထွက်လာကတည်းက ဟိုဘက်က အဆင်ပြေနေတဲ့ သူတွေလည်း ဟေးလားဝါးလား ဆီဗူး ကိုယ်စီတွေနဲ့ ကျွန်တော်တို့ မချမ်းသာဘူး လိုအပ်လား မေးရင် အမေ ပြောသလို လိုအပ်တယ် ဒါပေမဲ့ သားတို့ဘဝ နေလို့ရသေးတယ် ကိုယ့်ထက် ဆိုးတဲ့ သူတွေကို တစ်ဦးချင်းစီက ငဲ့မယ်ဆိုရင် ပေးတဲ့သူလည်း ရည်ရွယ်ချက် မြောက်သလို တကယ်လိုအပ်သူတွေ လက်ထဲရောက်ပါတယ် အမေ သားရှက်တယ် ဆိုတာ အလှူရှင်က လူအားလုံးကို မသိနိုင်ပေမဲ့ သားကိုယ်တိုင် အဲ့ဒီလူတွေထဲက ကိုယ့်နီးစပ်ရာ၊ ကိုယ်မျက်မှန်းတန်းမိနေတဲ့ သူတွေထဲက ဘယ်သူတွေ အဆင်ပြေပြီး ဘယ်သူတွေ အဆင်မပြေဘူး ဆိုတာ သိတယ် အမေ အဲ့လို လူထဲ ဒီလောက်မခဲခဲဘဲ နေရာဝင်ယူနေတဲ့ သူတွေမြင်ရင် စေတနာလည်း ပျက်သလို သူတို့အစား ရှက်တယ် အမေ ခုလိုကာလမှာတောင် ဘာမဟုတ်တဲ့ ကိုယ့်အတွက် သေးသေးလေးတွေတောင် ကိုယ့်ထက်ဆိုးနေတဲ့ ဘဝတွေ သိလျက်နဲ့ အခွင့်အရေး လက်တစ်ဆုံး နှိုက်ချင်နေတဲ့ စိတ်ကို အမေ အဲ့တာဟာ မရိုးသားတာပဲ အမေ အမေ့ကို သားအရင်မြင်တာမဟုတ်ဘူး သားနဲ့ လုပ်အားပေးနေတဲ့ သူငယ်ချင်းက မင်းအမေ မို့လားလို့ မေးမှ သားသိတာ အဲ့အချိန် အမေမေးသလို သား အရမ်းရှက်တယ် ရှက်တယ်ဆိုတာ ဒီလိုတိုးနေလို့ ဒီလို ဘဝကို ရှက်တာ မဟုတ်ဘူး ကျွန်တော်တို့ထက်ဆိုးတဲ့ ဘဝတွေအတွက် နေရာတစ်ခုကို ကျွန်တော်တို့ လုယူမိတာကိုရှက်တာ အခွင့်အရေးသမား ထင်မှာကို ရှက်တာ အမေ မမှားပါဘူး ဒါပေမဲ့ အမေရာ ကျွန်တော် ဒီနေ့ အလုပ်သွားရင် (၁၅၀၀၀) လောက်ရတယ် အမေ့ဒီနေ့တိုးတဲ့ တစ်ဝက်စာရပါတယ် ဒါပေမဲ့ သားအလုပ်ဖျက်ပြီး ကူပေးလိုက်တယ် သား တို့ မလှူနိုင်ဘူး အမေ ကိုယ့်အမြင်အရ ကိုယ့်လောဘအရ ကိုယ့်လိုအပ်တာမှန်ရင်တောင် ကိုယ့်ထက်လိုအပ်နေတဲ့ ဘဝတွေအတွက် အဲ့နေရာကို မသွားခြင်းဟာ အလှူရှင်ကိုလည်း ကူညီရာရောက်သလို ခံယူတတ်ရင် အမေ မိသားတစ်စုအတွက် လှူလိုက်တာပဲလေ အမေ သား ဆင်းရဲတာလည်း မရှက်ဘူး မရှိတာကို မရှိဘူးလို့ ပြောရမှာလည်း မရှက်ဘူး ဒါပေမဲ့ မရိုးသားတာကိုတော့ ရှက်တယ် အမေ အမေပြောသလို သူတို့ လျော့ရောင်းလို့ သွားတယ် အပင်ပန်းခံတန်းစီတယ် ရိုးသားတယ် တွေးရင် အပြစ်လွတ်တယ် ဒါပေမဲ့ သူတို့ ဘယ်သူ့ကို ပေးချင်တာလဲတွေး ဒီလူတွေထဲ က ကိုယ့်ထက်ဆိုးတဲ့ ဘဝတွေ မြင်အောင် ကြည့် နောက်ဆုံး လူဦးရေကန့်သတ်ချက်နဲ့ ရောင်းတဲ့ နေရာတွေ့ခဲ့ရင် ကိုယ်ရရင် မပြန်ဘဲ ရောင်းတာ၊ လှူတာ ကုန်တဲ့ အထိ ကြည့်ပေးပါ ကိုယ်တစ်နေရာ ယူလိုက်လို့ ရသင့်တဲ့လူ မရဘဲ ဘယ်နှယောက် တန်းစီပြီး လက်ဗလာနဲ့ ပြန်သွားရလဲလို့ တစ်ခါလောက် ကြည့်ဖြစ်အောင် ကြည့်ပေးပါ ကတ်သီးကတ်သတ်နဲ့ “လိုချင်ရင် စောလာလေ ဝီရိယရှိရမယ်အထိ မတွေးပါနဲ့ အဲ့လိုတွေးရင်လည်း တကယ်လိုအပ်နေတဲ့ ဘဝတူတွေ အချင်းချင်းပဲ တရားစွာ တွေးပါစေ အမေ အမေ ကျွန်တော်တို့ ဒီကာလ လိုအပ်နေပေမယ့် အဆင်ပြေနေပါသေးတယ် သားရိုးသားချင်တယ် အမေ ဒါ့ကြောင့် အမေရယ်နော်…” ဆိုတဲ့ နောင်မလုပ်ပါနဲ့လို့ အဓိပ္ပါယ်ပါသော အသံနှင့်အတူ နှုတ်က ထွက်မလာသော်လည်း ကျွန်တော့ မျက်ဝန်းက ပြောသော နောက်ဆက်တွဲ စကားများကို အမေ နားလည်လိမ့်မည် ထင်သည် ထို့အတူ အမေ့လိုပဲ တစ်ဦးတစ်ယောက်ချင်းစီတိုင်း နားလည်မည်ဆိုပါက … ဆြာချစ် (၂၀၂၃ စက်တင်ဘာ ၂၆)
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံက အသေးဆုံးနိုင်ငံလဲ။
ကမ္ဘာပေါ်တွင် အသေးငယ်ဆုံးနိုင်ငံသည် ဗာတီကန်စီးတီးဖြစ်ပြီး မြေထုအကျယ်အဝန်းမှာ 0.49 စတုရန်းကီလိုမီတာ (0.19 စတုရန်းမိုင်) သာရှိသည်။ ဗာတီကန်စီးတီးသည် ရောမမြို့ကို ဝန်းရံထားသည့် လွတ်လပ်သောနိုင်ငံဖြစ်သည်။ ဗာတီကန်စီးတီးသည် အီတလီတွင် တည်ရှိသော တစ်ခုတည်းသော နိုင်ငံငယ်လေးမဟုတ်ပါ။ San Marino သည် ကုန်းမြေဧရိယာ စတုရန်းကီလိုမီတာ 60 ရှိသော အခြား microstate ဖြစ်ပြီး ၎င်းသည် ကမ္ဘာပေါ်တွင် ပဉ္စမမြောက်အသေးဆုံးနိုင်ငံဖြစ်သည်။ ဤနိုင်ငံငယ်အများစုတွင် အညီအမျှ လူဦးရေနည်းပါးကြပြီး ယေဘုယျအားဖြင့် လူဦးရေ တစ်သန်းခွဲအောက်သာရှိသည်။ သို့သော်လည်း စင်္ကာပူ၏ လူဦးရေမှာ ခြောက်သန်းနီးပါးရှိပြီး ကုန်းမြေဧရိယာ 726 စတုရန်းကီလိုမီတာနှင့် ကမ္ဘာပေါ်တွင် နှစ်ဆယ်မြောက်အသေးဆုံးနိုင်ငံဖြစ်သည်။ နှိုင်းယှဉ်ကြည့်လျှင် ဂျမေကာသည် စင်ကာပူထက် ရှစ်ဆနီးပါး ကြီးမားသော်လည်း လူဦးရေ ထက်ဝက်ရှိသည်။
Burmese
mya
original-annotations
2ded88a25d5820971b7158ebbad34357e8b5d33a77535d24a6213ccce8ddeacc
ကမ္ဘာပေါ်မှာ အအေးဆုံးနိုင်ငံက ဘယ်နိုင်ငံလဲ။
Antarctica (အန္တာတိက)ကို ကမ္ဘာပေါ်တွင် အအေးဆုံးနိုင်ငံအဖြစ် သတ်မှတ်နိုင်သည်။ ၎င်းသည် နည်းပညာအရ တိုက်ကြီးတစ်ခုဖြစ်သော်လည်း ၎င်းအတွင်းတွင် သီးခြားနိုင်ငံမရှိသောကြောင့် ၎င်းသည် အဓိကအားဖြင့် တိုက်ကြီးပေါ်တွင် တစ်ခုတည်းသောနိုင်ငံဖြစ်သည်။ 1983 ခုနှစ် ဇူလိုင်လ 21 ရက်နေ့တွင်၊ အန္တာတိက၏ Vostok ဘူတာရုံရှိ အပူချိန်သည် -128.6 ဒီဂရီဖာရင်ဟိုက် သို့မဟုတ် -89.2 ဒီဂရီစင်တီဂရိတ်သို့ ကျဆင်းသွားသည်။ ကုန်းတွင်းပိုင်းသို့ ရွေ့လျားလာသည်နှင့်အမျှ ကမ်းရိုးတန်းအနီးတွင် ပျမ်းမျှအားဖြင့် အပူချိန်သည် ၁၄ ဒီဂရီဖာရင်ဟိုက် (-၁၀ ဒီဂရီစင်တီဂရိတ်) မှ -၇၆ ဒီဂရီဖာရင်ဟိုက် (-၆၀ ဒီဂရီစင်တီဂရိတ်) အကြား အပြောင်းအလဲရှိသည်။
Burmese
mya
re-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
မြန်မာလား၊ ဗမာလား။
ဗမာပြည်ကို ဗမာလူမျိုးအစဉ်အဆက်ကတည်းက ဗမာပြည်ဟု ခေါ်တွင်ခဲ့သည်။ သို့သော် စစ်အစိုးရက ဒီမိုကရေစီအရေးတော်ပုံကြီးကို ရက်ရက်စက်စက် ဖြိုခွင်းပြီး တစ်နှစ်အကြာ ၁၉၈၉ ခုနှစ်တွင် စစ်ခေါင်းဆောင်များက ၎င်း၏အမည်ကို မြန်မာဟု ရုတ်တရက် ပြောင်းလဲခဲ့သည်။ ထိုအချိန်တွင် မြန်မာနိုင်ငံသည် နိုင်ငံတကာ၏အပယ်ခံဖြစ်ခဲ့ပြီး ၎င်း၏ပုံရိပ်ကို မြှင့်တင်ရန် မည်သည့်နည်းလမ်းကိုမဆို လိုလားတောင့်တခဲ့သည်။ နိုင်ငံတကာတရားဝင်မှု၏ အရိပ်အယောင်ကို ရရှိနိုင်ရန် ကိုလိုနီခေတ်က လက်ဆင့်ကမ်းခဲ့သော နာမည်ကို စွန့်လွှတ်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို မြှင့်တင်ဖို့ ပြောင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါ အမည်ဟောင်းသည် နိုင်ငံ၏ တိုင်းရင်းသား လူနည်းစု အများအပြားကို ချန်လှပ်ထားသည်ဟု တာဝန်ရှိသူများက ဆိုသည်။
Burmese
mya
re-annotations
226b1601a4da8dc4d46685733af728b05f5bd850165c58c590477f6543ec6175
American Dream ဆိုတဲ့ အမေရိကန်အိပ်မက်ရဲ့ သဘောတရားကို ပြောပြပေးနိုင်မလား
"American Dream" ဟူသော အသုံးအနှုန်းကို James Truslow Adams မှ 1931 ခုနှစ်တွင် တီထွင်ခဲ့ပြီး "လူတိုင်းအတွက် ဘဝသည် ပိုကောင်းပြီး ပိုချမ်းသာပြီး ပြည့်စုံစေရမည်၊ လူတိုင်းအတွက် အရည်အချင်း သို့မဟုတ် အောင်မြင်မှုအလိုက် အခွင့်အလမ်း ရှိရမည်" ဟူသော အသုံးအနှုန်းကို လူမှုအဆင့်အတန်း သို့မဟုတ် မွေးဖွားမှုအခြေအနေများ မခွဲခြားဘဲ ရေးထားသည်။ အမေရိကန်အိပ်မက်သည် ကိုယ်စားပြုဒီမိုကရေစီ၊ အခွင့်အရေး၊ လွတ်လပ်မှုနှင့် တန်းတူညီမျှမှု အပါအဝင် စံနမူနာအစုံအလင်ဖြစ်သော အမေရိကန်ပြည်ထောင်စု၏ အမျိုးသားရေးကျင့်ဝတ်ဖြစ်ပြီး လွတ်လပ်မှုကို တစ်ဦးချင်း သာယာဝပြောမှုနှင့် အောင်မြင်မှုအတွက် အခွင့်အလမ်းအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။
Burmese
mya
re-annotations
50a0ca9c5f2488c69e8b2156a851808a46a1cc3961dd63a15e56b5555b93acc1
မိန်းမတွေကို ဘာလိုနေရာပိုပေးနေရတာလဲ၊ လိင်တန်းတူညီမျှရေးဆို အတူတူပဲ ဖြစ်ရမှာမဟုတ်ဘူးလား (မိန်းမနေရာမှာ မျိုးနွယ်စု၊ တခြားနိုင်ငံမှာဆို လူမည်း၊ လူညို၊ အာရှသား စသဖြင့် ထည့်ကြည့်လို့ရပါတယ်)
ဘာဖြစ်လို့ တန်းတူညီမျှရေးအကြောင်းပြောပြီး အတူတူမထားနိုင်ဘဲ ပိုအခွင့်အရေးပေးနေရလဲဆိုတဲ့မေးခွန်းအတွက် အဖြေက "တစ်သက်လုံး ဖိနှိပ်ခံတွေ ဖြစ်လာလို့"ပါပဲ။ တခြားဟာဘာမှမပြောခင် သတိပေးချင်တာက အမေရိကားလို နိုင်ငံမှာတောင် အသက်ပြည့်တဲ့မိန်းမတွေ မဲပေးခွင့်ရတာ အခုမှ ၉၅နှစ်ပဲရှိပါသေးတယ်။ ၉၅နှစ်ဆိုတာ သမိုင်းကြောင်းအရကြည့်ရင် ဘာမှ ကြာသေးတာမဟုတ်ပါဘူး။ ဆီထည့်မောင်းလို့ရတဲ့ ကားပေါ်တာ နှစ်၁၃၀ရှိပါပြီ။ ဒီနေ့ခေတ်ကွန်ပျူတာတွေနဲ့ မတူပေမဲ့ အခြေခံရှေ့ပြေးကွန်ပျူတာကို တီထွင်နိုင်ခဲ့တာ နှစ်၂၀၀ကျော်ပါပြီ။ မိန်းမတွေ မဲပေးခွင့်ရတာကတော့ ၉၅နှစ်ပဲရှိပါသေးတယ်။ ဆိုလိုတာက မိန်းမတွေဟာ ခေတ်အဆက်ဆက်မှာ ဖိနှိပ်ခံခဲ့ရတယ်။ (ဒါကို မရှိဘူးလို့ ငြင်းတဲ့သူကတော့ ဦးနှောက်ပျက်နေတာပဲ) ဟိုးသမိုင်းဦးမတင်မီခေတ်တွေက ရှင်သန်ဖို့အတွက် ခွန်အားဟာ အရေးအပါဆုံးဖြစ်ခဲ့တဲ့အချိန်တွေမှာ ယောက်ျားတွေက ကြီးစိုးခဲ့တယ်။ အခုခေတ်မှာ ခွန်အားရှိမှ ရှင်သန်နေထိုင်လို့ရတဲ့ခေတ်မဟုတ်တော့တာမှာ ဘာလို့ ယောက်ျားတွေက ကြီးစိုးနေသေးတာလဲ။ အဖြေက ခေတ်အဆက်ဆက် ဖိနှိပ်ခံခဲ့ရလို့ပါပဲ။ မြို့မှာနေတဲ့ တခြားသူတွေတော့ မပြောတတ်ဘူး။ သိပ်မကြာသေးတဲ့အချိန် ၂၀၁၇/၁၈မှာ "သမီးမိန်းကလေးဖြစ်နေလို့ သားတွေလို ပညာသင်ဖို့မလိုဘူး"ဆိုတဲ့ အတွေးအခေါ်ဟာ မြန်မာပြည်က နယ်မြို့တွေမှာ အမြစ်တွယ်နေတုန်းဆိုတာ မျက်ဝါးထင်ထင်တွေ့ခဲ့ရတယ်။ အဲဒီညီမလေးတွေနဲ့ စကားပြောတုန်းကဆို သူတို့မှာ ပညာလိုချင်လွန်းလို့ သင်တန်းရှိတဲ့ တခြားမြို့ကို အသွားတစ်ကြောင်းတင် ၃နာရီလောက်သွားပြီး ၆ခွဲလောက်အရောက် အိမ်ပြန်ရတာကို "မိန်းမပျက် ဖြစ်သွားမယ်"ဆိုတာမျိုးနဲ့ မိဘကိုယ်တိုင်က ဖိနှိပ်ပြီး သားတွေကိုကျ ကြိုက်ရာပညာသင်ခွင့်ပေးခဲ့တယ်။ ဒါတွေဟာ ခုချိန်ထိလည်း ရှိနေဦးမှာပဲ။ ဒါမျိုးတွေကို လျစ်လျူရှုပြီး မြန်မာပြည်မှာ ကျား/မခွဲခြားမှုမရှိဘူးပြောနေတာဟာ အတော်လေးကို ဉာဏ်တိမ်ရာကျတယ်။ ပြီးတော့ ဒါဟာ သိသာထင်ရှားတဲ့ ဥပမာ တစ်ခုတည်းကို ပြတာ။ အခုချိန်ထိ ထိလွယ်ရှလွယ်ဖြစ်နေသေးတဲ့ ခေါင်းစဉ်တွေဖြစ်တဲ့ ရာသီသွေးအကြောင်းတွေ၊ ဘုန်းနိမ့်တာတွေ၊ မိန်းမအောက်ပိုင်းအဝတ်ဆို အိမ်ရှေ့မလှန်းရတာတွေ အများကြီး ကျန်သေးတယ်။ (ယောက်ျားအောက်ပိုင်းအဝတ်လည်း မလျှော်ခင် သူတို့ အင်္ဂါနဲ့ ထိထားတာပဲ၊ မိန်းမအောက်ပိုင်းအဝတ်လည်း မလျှော်ခင် မိန်းမ အင်္ဂါနဲ့ထိထားတာပဲ၊ ဘာကွာသွားလို့လဲ) ဒီလို အကြောင်းအရာခေါင်းစဉ်အမျိုးမျိုးမှာ "ထောင်အပြင် တန်းမရှိဘူး" ဆိုတဲ့ လောဂျစ်အစုတ်အပဲ့နဲ့ မိန်းမတွေဟာ ပညာရေး၊ လူမှုရေး၊ စီးပွားရေး နေရာတိုင်းမှာ ဖိနှိပ်ခံရတယ်။ (အခုခေတ်မှာ ယောက်ျားလေးလည်း တန်းရှိပါတယ်နော်) ဒီတော့ ဒီဟာကို ပြောင်းလဲဖို့ အခွင့်အရေးတန်းတူညီမျှဖြစ်ကြဖို့ သွားတဲ့အခါ ပိုဖိနှိပ်ခံရတဲ့သူတွေကို ပိုအခွင့်အရေးပေးရတယ်။ ဒါကြောင့်ပဲ အမျိုးသမီးသီးသန့် ပညာသင်ဆုတွေ၊ အမျိုးသမီးဘာညာတွေ ပေါ်လာရတာပဲ။ ဒီလောက် အားထုတ်ပြီး ပိုပြီးသီးသန့် အခွင့်အရေးပေးနေတာတောင်မှ အမျိုးသမီးတွေအပေါ် ဖိနှိပ်မှုက မပျောက်သွားသေးပဲကိုး။ ဒီနေရာမှာ အများစုပြောကြတာက "မိန်းမတွေကိုယ်တိုင်က ဖိနှိပ်နေတာပဲ"ပေါ့။ မှန်တယ်၊ မိန်းမတွေကိုယ်တိုင်က ကျား/မခွဲခြားရေးမှာ ထိပ်ဆုံးက ပါကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ ဖိုဝါဒီကြီးစိုးတဲ့ လူမှုပတ်ဝန်းကျင်မှာ ကြီးပြင်းလာရလို့ပဲ။ ငယ်ငယ်ကတည်းက "ဟဲ့ မိန်းကလေးဟာ ဘယ်လိုမနေရဘူး"ဆိုတဲ့ စကားမျိုးနဲ့ အဆုံးမခံလာရပြီး နောက်ဆုံး ဆေးလိပ်သောက်၊ အရက်သောက်ရင်တောင် (ကိုယ့်ခန္ဓာကိုယ်ပဲ ကိုယ်ဒုက္ခပေးတဲ့ ကိစ္စမှာတောင်) "အောက်ပိုင်း အင်္ဂါမတူဘူး"ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ "မိန်းမတန်မဲ့"ဆိုပြီး ပိုအရှုံ့ချခံရတယ်မဟုတ်လား။ မိန်းမ ဆေးလိပ်သောက်တော့ ဘာဖြစ်လဲ၊ မိန်းမ အရက်သောက်တော့ ဘာဖြစ်လဲ၊ သေချာ အပ်ကျမတ်ကျ စဉ်းစားကြည့်ရင် တခြားဘာ ကျိုးကြောင်းဆီလျော်တဲ့ အကြောင်းပြချက်မှ ရှိမနေဘဲ "နင့်မှာ ကျားအင်္ဂါ မပါလို့"ဆိုတဲ့ ဘူတာဆီပဲဆိုက်သွားကြတာမဟုတ်လား။ တခြားအမြစ်တွယ်နေတဲ့ အသုံးတွေဖြစ်တဲ့ "မိန်းမလို မိန်းမရ"တို့ "ယောက်ျားကြီးတန်မဲ့"တို့ဆိုတာလည်း ခွဲခြားတဲ့ အသုံးတွေပဲ။ နောက်တစ်ချက်က မိန်းမတွေကိုယ်တိုင်က နောက်မှာ နေရတာကို ကြိုက်ကြတာ၊ လုံလောက်ပြီလို့ ခံယူကြတာ။ ဒါကတော့ Sheryl Sandberg လို မိန်းမတောင် ဖြစ်တာဆိုတော့ ကိုယ်တွေလို တတိယကမ္ဘာက ဖိနှိပ်ခံတွေ ဖြစ်တာလည်း မထူးဆန်းဘူးပေါ့။ ဒါဟာလည်း ဖိုဝါဒီကြီးစိုးမှုရဲ့ ရလဒ်ပါပဲ။ တစ်ခုခုလုပ်ကြရင် "မိန်းမတွေ ပါနေသားပဲ၊ ရှေ့မထွက်တာပဲ"ရှိတာလေ ဆိုတာ ကျေနပ်စရာအဖြေမဟုတ်ပါဘူး။ မိန်းမတွေထဲလည်း ဖိနှိပ်မှုတွေ ကင်းစင်ရင် ရှေ့ထွက်ချင်တဲ့သူတွေ အများကြီးရှိမှာပဲ၊ ရှိနေတာပဲ။ ဒါကို တစ်ခါတလေမဟုတ်ဘဲ အမြဲစဉ်ဆက်မပြတ် နေရာပေးနေရမှာက ကျား/မတန်းတူညီမျှမှု လိုချင်ပါတယ် ပြောနေတဲ့သူတွေလုပ်ရမယ့် အလုပ်ပဲ။ ဒီကိစ္စမှာ "ဒါပေမဲ့"ဆိုတာ မရှိဘူး။ ဒီလိုမျိုး အဖက်ဖက်က မိန်းမတွေကို နှိမ်တဲ့ လူမှုပတ်ဝန်းကျင်မှာ ကြီးပြင်းလာတဲ့အခါ မိန်းမတွေကိုယ်တိုင်ဟာလည်း ဖိုဝါဒီကြီးစိုးမှုရဲ့ သားကောင်တွေ ဖြစ်သွားကြပြီး ကိုယ့်လိင်ကိုယ်ပြန်ဖိနှိပ်ကြတော့တာပဲ။ တချို့ အတော်လေး အတွေးအမြင်ပွင့်လင်းတဲ့ အမျိုးသမီးတွေတောင်မှ "ငါဟာ feminist"ဆိုတာကို ရဲရဲ မပြောရဲကြဘူးလေ။ တချို့ဆို ငါက feminist မဟုတ်ဘူး၊ gender equality ပဲကြိုက်တာဆိုတာမျိုး လာကြသေးတယ်။ A feminist is just someone who believes in feminism. Feminism is literally "the advocacy of women's rights on the basis of the equality of the sexes." So, go figure. Feminism ဆိုတာ ယောက်ျားမုန်းတာလည်း မဟုတ်ဘူး။ (ကိုယ်ဆို ကိုယ့်ယောက်ျားကိုလည်း တအားချစ်၊ ပုံထဲက တစ်ယောက်ကိုလည်း တအားချစ်၊ ဤကား စကားချပ်) အခုလောလောလတ်လတ် ဘာဘီကားကို feminism ကြောက်ရောဂါရှိသူတွေက "ကျားမုန်းတီးရေး"လို့ တံဆိပ်ကပ်ကြတယ်။ တကယ်တော့ အဲဒီထဲမှာ Ken တွေဟာ အပြင်လောကရဲ့ မိန်းမတွေပဲ။ အပြင်မှာ တစ်သက်လုံး မိန်းမတွေကို အဆင်တန်ဆာသဘောထားခဲ့တဲ့ ဖိုဝါဒီတွေဟာ သူတို့ကိုယ်သူတို့ အဲဒီအနေအထားမှာ ပြန်မြင်လိုက်ရတဲ့အခါ ဖြစ်သွားတဲ့ ခံစားချက်တွေက အတော်တရားကျစရာကောင်းတယ်။ နောက်တစ်ချက်ရှိသေးတယ်။ "ဟိုတယ် feminism"၊ ရေပေါ်ဆီ အမျိုးသမီးဝါဒီများပေါ့၊ ဝီးမန်းအန်ပါးဝါးမန့်ခေါင်းစဉ်တပ်ပြီး ရန်ပုံငွေတွေဖြုန်း၊ ဟိုတယ်မှာ ပွဲတက်လုပ်၊ တကယ်ဖိနှိပ်ခံနေရတဲ့ မိန်းမတွေ အသံလည်းမပါဘဲ "ငါဟဲ့ အမျိုးသမီးထူးချွန်ရေးစီစဉ်သူ"ဆိုပြီး ကြွေးကြော်ကြတာမျိုး။ အဲဒီလိုပွဲတွေဟာ သူတို့စိတ်အာသာပြေရုံ ဖြေဖျောက်နေကြတာ၊ တကယ်တမ်း ကျား/မတန်းတူဖြစ်ရေးအတွက် ဘာမှ အကျိုးမပြုဘူး။ ပြီးတော့ အဲဒီဝီးမန်းအန်ပါးဝါးမန့် တစ်ဖက်စွန်းတွေဟာ အစွန်းရောက်သွားတဲ့အခါ "မိန်းမတွေ မီးဖိုချောင်မဝင်ရဘူး"ဖြစ်ကုန်ရော။ တကယ်တော့ မိန်းမတွေဟာ မီးဖိုချောင် မဝင်ရတာလည်း မဟုတ်ဘူး၊ မီးဖိုချောင် ဝင်ရတာလည်း မဟုတ်ဘူး။ လိင်ပေါ်အခြေခံတဲ့ ခွဲခြားခြင်းမရှိတဲ့ ကမ္ဘာမှာ "မိန်းမတွေဟာ မီးဖိုချောင်ထဲ ဝင်ချင်ရင် ဖိနှိပ်မှုမရှိဘဲ ဝင်လို့ရပြီး မဝင်ချင်ရင် ဖိနှိပ်မှုမရှိဘဲ မဝင်ဘဲနေလို့ရရမယ်"။ ဟင်းချက်ရတာ ဝါသနာပါလို့ မီးဖိုချောင်တဲ့ဝင်တဲ့ မိန်းမဟာ အဖိနှိပ်ခံမဟုတ်ဘူး။ ဒါပေမဲ့ လင်ရော မယားရော အတူတူငွေရှာတဲ့ အလုပ်လုပ်ပြီး အိမ်အလုပ်အကုန် မိန်းမပဲလုပ်ရရင်တော့ ဒါဟာ အဖိနှိပ်ခံဖြစ်တယ်။ သဘောတရားက ရှင်းရှင်းလေးပဲ။ နောက်ဆုံးတစ်ချက်က ဖိုဝါဒီကြီးစိုးတဲ့လောကဟာ မိန်းမတွေကိုပဲ ဖိနှိပ်တာမဟုတ်ဘူး။ မိန်းမတွေ ခံရသလောက် မဆိုးပေမဲ့ ယောက်ျားလေးတွေအပေါ်လည်း သက်ရောက်မှုရှိတယ်။ "ယောက်ျားတန်မဲ့နဲ့ မျက်ရည်ကျစရာလား"တို့၊ "မင်းယောက်ျားဖြစ်ပြီး ဒါလောက်တောင် မလုပ်ရဲဘူးလား"တို့၊ "ယောက်ျားဖြစ်ပြီး ပန်းရောင်ဝတ်လာတယ်"တို့ဆိုတာ ယောက်ျားတွေအပေါ်ဖိနှိပ်တာပဲ။ ကိုယ်တစ်ဦးတည်းရဲ့ ဖြစ်တည်မှုကို လျစ်လျူရှုပြီး ဖိနှိပ်တဲ့ ပတ်ဝန်းကျင်ရဲ့ အလိုအတိုင်း "ယောက်ျားနဲ့တူအောင်" နေပေးရတဲ့အခါ ကိုယ့်ခံစားချက်အတိုင်း အပြည့်အဝ လူဖြစ်ခွင့်မရတော့ဘူး။ ယောက်ျားဖြစ်လို့ မျက်ရည်မကျရဘူးဆိုတာ ဘယ်နားအဓိပ္ပာယ်ရှိနေလဲ။ ဒါကိုတောင် ဖိုဝါဒီကြီးစိုးမှုရဲ့ ရလဒ်လို့ မမြင်ဘဲ ယောက်ျားတွေဟာ မိန်းမတွေနဲ့ မတူ ဘယ်သို့ဘယ်ညာဆိုပြီး လက်ချာရိုက်တဲ့ ဖိုဝါဒီတွေက သပ်သပ်ရှိသေးတာ၊ (ခန္ဓာကိုယ်တည်ဆောက်ပုံ / ခွန်အား မတူတာ မှန်တယ်လေ၊ ကျန်တာကတော့ ယောက်ျားတွေ တော်ရုံ မငိုကြဘူးဆိုတာ မငိုရဘူးဆိုတဲ့ ဖိနှိပ်မှုကြား ကြီးလားကြလို့မဟုတ်ဘူးလား) အလုပ်အကိုင်ဆိုလည်း "စာရင်းကိုင်က မိန်းမတွေအလုပ်" ဘာညာစသဖြင့် ခွဲခြားလိုက်တဲ့အခါ အဲဒီအလုပ်ကို တကယ်စိတ်ပါတဲ့ ယောက်ျားတွေအတွက်လည်း အခွင့်အရေး ဆုံးရှုံးရရော။ (ဒီလိုခွဲခြားမှုအတွက် မိန်းမတွေနဲ့ LGBTQ+ တွေ ဆုံးရှုံးရတာကတော့ ပြောစရာကို မလိုတော့ဘူးပေါ့။) အဆုံးသတ်ကတော့ ဒီလို အဖက်ဖက်က သိသိသာသာ၊ မသိမသာ ဖိနှိပ်ခံရတာများတဲ့အတွက် တန်းတူညီမျှရေးကို သွားတဲ့အခါ တစ်သက်လုံး ဖိနှိပ်ခံလာရတဲ့သူတွေကို ပိုပြီး ဦးစားပေးရတာဖြစ်တယ်။ (ပိုပြီးဦးစားပေးတယ်ဆိုတာ အလုပ်ခွင်တွေမှာ ကျား/မ ရာနှုန်းသတ်မှတ်တာ၊ ပညာသင်ဆုမှာ အမျိုးသမီးဆို ပိုဦးစားပေးတာ၊ ဘာလုပ်လုပ် မိန်းမတွေပါဝင်မှုကို ထည့်တွက်တာလိုမျိုးကို ပြောတာ။ ဘားမိစ် အန်ဒရူးတိတ်ဝမ်းနာဘီတွေ ပြောသလို ယောက်ျားကပဲ ငွေရှင်းရမယ်ဆိုတဲ့ အဆိပ်အတောက်မျိုး မဟုတ်ဘူး) ဒူးလောက်တင်မှ ရင်လောက်ကျဆိုသလို ဒီလောက် "ပိုပေး"နေရတာတောင် ခေတ်အဆက်ဆက် အရိုးစွဲနေတဲ့အမြင်တွေကြောင့် ကျား/မတန်တူညီမျှရေးကိုရဖို့ဆိုတာ အဝေးကြီးမှ အဝေးကြီးမှာပဲရှိသေးတယ်။ လူမည်းတွေကို ဘာလို့ပိုနေရာပေးရလဲဆိုတာလည်း ဒီသဘောပဲ။
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
အောက်ပါ မေးခွန်းကိုဖြေပါ။ ပထမဦးဆုံးသော အမျိုးအစားခွဲခြားမှုစနစ်ကို ရှာဖွေတွေ့ရှိခဲ့သူကိုပြောပါ။
ဆွီဒင် ရုက္ခဗေဒပညာရှင် Carl Linnaeus
Burmese
mya
re-annotations
a526d4ebf48a8a3f26fabace71bb105991114b0133aa24fa7f01e883f9a33097
မြောက်အမေရိကတိုက်ကို ရှာဖွေတွေ့ရှိခဲ့သူလို့ မှတ်ယူခံရပြီး မြောက်အမေရိကတိုက်ကို ခြေမချခဲ့သူ ဘယ်သူလဲ
ခရစ္စတိုဖာ ကိုလံဘတ်
Burmese
mya
re-annotations
58047946f650e5de056f912e41583ba9ee7dd4bda69d6eb1a340708f8a716f31
"အင်္ဂလိပ်အင်ဂျင်နီယာ၊ ကွန်ပျူတာသိပ္ပံပညာရှင်နဲ့ အဲဒီအချိန်က CERN က ဝန်ထမ်း Sir Tim Berners-Lee က အခု World Wide Web Consortium (W3C) ရဲ့ ညွှန်ကြားရေးမှူးပါ။ ၁၉၈၉ မတ်လမှာ နောက်ဆုံးမှာ World Wide Web ဖြစ်လာမယ့်ဟာအတွက် အဆိုပြုချက်ရေးခဲ့တယ်။" ဆိုတဲ့အဖြေရဲ့မေးခွန်းကဘာလဲ။ အကြောင်းအရာက World Wide Web ပါ။
"အင်တာနက်ကို ဘယ်သူ တီထွင်ခဲ့တာလဲ"
Burmese
mya
re-annotations
fb7a8800746abd247a1156d056f869b5dffa1b941e662c0151d974cde6de0cd8
တစ်နေ့ကို ရေဘယ်လောက်သောက်သင့်လဲ။
အမျိုးသားဆေးပညာအကယ်ဒမီမှ အကြံပြုချက်အရ နေ့စဉ် ရေ၉ခွက်မှ ၁၃ခွက်အထိ သောက်သင့်သည်။ ကိုယ်လက်လှုပ်ရှားမှု သို့မဟုတ် အလွန်ပူပြင်းသော ရာသီဥတုနှင့် ထိတွေ့သူများအတွက် ပိုမိုများပြားသောပမာဏ လိုအပ်နိုင်သည်။
Burmese
mya
original-annotations
2ded88a25d5820971b7158ebbad34357e8b5d33a77535d24a6213ccce8ddeacc
ဒီအမျိုးအစားထဲက trivia ရဲ့ ဥပမာပေးပါ: စာအုပ်တွေ
ဘယ် Twilight စာအုပ်က Bella ရဲ့ ရှုထောင့်ကနေ မပြောတာလဲ။ သန်းခေါင်ယံ နေရောင် (Midnight Sun)
Burmese
mya
re-annotations
fb7a8800746abd247a1156d056f869b5dffa1b941e662c0151d974cde6de0cd8
ဝါကျ (၁) Doyline ဟာ Lake Bistineau နဲ့ Lake Bistineau State Park ရဲ့ အဝင်ပေါက်ပါ။ Sentence (၂) Lake Bistineau ဟာ Doyline နဲ့ Lake Bistineau State Park ကို ဝင်ရောက်နိုင်တဲ့ ရပ်ကွက်တစ်ခုပါ မေးခွန်း၊ ပထမဝါကျနဲ့ ဒုတိယဝါကျက တူညီတဲ့ အဓိပ္ပါယ်ကို ဖော်ပြလား? ဟုတ်လား၊ မဟုတ်ဘူးလား။
နိုး။
Burmese
mya
re-annotations
50a0ca9c5f2488c69e8b2156a851808a46a1cc3961dd63a15e56b5555b93acc1
ဆွစ်ဇာလန် အယ်လ်ပစ် (Alps) တောင်တန်းတွေက ဘယ်မှာလဲ။ အထက်ပါမေးခွန်းကို ကြည့်ပြီး အဖြေပါဝင်တဲ့ စကားစပ်ကို ရေးပါ။ ဝါကျ ၁-၂၀ လောက်လည်း ဖြစ်နိုင်တယ်။ နောက်ခံအကြောင်းအရာ:
အဲလ်ပ်စ်သည် ဥရောပတိုက်အလယ်ပိုင်းတွင် အမြင့်ဆုံးနှင့် အကျယ်ပြန့်ဆုံးသော တောင်တန်းစနစ်ဖြစ်သည်။ တောင်တန်းသည် မိုင်ပေါင်း ၇၅၀ ခန့် (ကီလိုမီတာ ၁၂၀၀) ခန့် ရှည်လျားပြီး အယ်လ်ပိုင်းဒေသ ရှစ်နိုင်ငံ ဖြစ်သည့် ပြင်သစ်၊ ဆွစ်ဇာလန်၊ မိုနာကို၊ အီတလီ၊ လစ်ချ်တင်စတိန်း၊ သြစတြီးယား၊ ဂျာမနီနှင့် စလိုဗေးနီးယားတို့ ကိုဖြတ်သွားသည်။
Burmese
mya
re-annotations
50a0ca9c5f2488c69e8b2156a851808a46a1cc3961dd63a15e56b5555b93acc1
Ai ဆိုတာဘာလဲ။
Artificial Intelligence ဆိုသည်မှာ လူသားတို့၏ ဉာဏ်ရည်ဉာဏ်သွေး၊ လုပ်ငန်းစဉ်များ အထူးသဖြင့် ကွန်ပျူတာစနစ်များကို စက်များဖြင့် ပုံဖော်ခြင်း ဖြစ်သည်။ AI ၏ သီးခြားအပလီကေးရှင်းများတွင် ကျွမ်းကျင်သူစနစ်များ၊ သဘာဝဘာသာစကားဖြင့် လုပ်ဆောင်ခြင်း၊ စကားပြောမှတ်သားခြင်းနှင့် စက်ရူပါရုံတို့ ပါဝင်သည်။ ယေဘုယျအားဖြင့်၊ AI စနစ်များသည် တံဆိပ်တပ်ထားသော လေ့ကျင့်ရေးဒေတာ အများအပြားကို ထည့်သွင်းကာ ဆက်စပ်မှုနှင့် ပုံစံများအတွက် ဒေတာများကို ခွဲခြမ်းစိတ်ဖြာကာ အနာဂတ်အခြေအနေများနှင့် ပတ်သက်၍ ခန့်မှန်းချက်များကို ပြုလုပ်ရန် ဤပုံစံများကို အသုံးပြုခြင်းဖြင့် လုပ်ဆောင်သည်။ ဤနည်းအားဖြင့်၊ လူများနှင့် တစ်သက်တာ ဖလှယ်မှုများ ပြုလုပ်ရန် သင်ယူနိုင်သည်၊ သို့မဟုတ် ရုပ်ပုံမှတ်သားမှုတူးလ်တစ်ခုသည် ဥပမာသန်းပေါင်းများစွာကို ပြန်လည်သုံးသပ်ခြင်းဖြင့် ပုံများတွင် အရာဝတ္ထုများကို ခွဲခြားဖော်ပြရန်နှင့် ဖော်ပြရန် သင်ယူနိုင်သည်။ အသစ်၊ လျင်မြန်စွာ တိုးတက်လာသော AI နည်းပညာများသည် လက်တွေ့ဆန်သော စာသားများ၊ ရုပ်ပုံများ၊ ဂီတနှင့် အခြားမီဒီယာများကို ဖန်တီးနိုင်သည်။
Burmese
mya
re-annotations
8788b7336e0e8943d25fdfe3441fd19e4f6dcf3073bd5a5a148861453151a474
Cristian မှာက ကွတ်ကီးဘူးထဲမှာ ကွတ်ကီးဖြူတွေထက် ကွတ်ကီးနက် ၅၀ ပိုပါတယ်။ သူဟာ အမည်းရောင် ကွတ်ကီး တစ်ဝက်နဲ့ အဖြူရောင် ကွတ်ကီး သုံးပုံ လေးပုံ စားတယ်။ အစမှာ ကွတ်ကီးအဖြူ ၈၀ ရှိတယ်ဆိုရင် ကွတ်ကီးဘူးထဲမှာ ကွတ်ကီး ဘယ်နှစ်လုံးကျန်ခဲ့လဲ။ အဆင့်လိုက် ဆင်ခြင်သုံးသပ်ချက်ကိုပြောပြပါ။
ခရစ်စတီယန်သည် ဘီစကစ်ဘူးထဲမှ ဘီစကစ်ဖြူ ၃/၄ * ၈၀ = ၆၀ ကိုစားသည်၊ ဘီစကစ်ဘူးထဲရှိ ဘီစကစ်ဖြူ စုစုပေါင်း၏ ၃/၄ ကိုစားသည်။ ဘီစကစ်ဘူးထဲမှာ ကျန်ရစ်တဲ့ ဘီစကစ် အဖြူ အရေအတွက်က ၈၀ - ၆၀ = ၂၀ ပါ။ သူ့ရဲ့ ကွတ်ကီးဘူးထဲမှာ Cristian မှာ ကွတ်ကီးအနက် ၈၀ + ၅၀ = ၁၃၀ ရှိတယ်။ သူက ကွတ်ကီးဘူးထဲက ကွတ်ကီး ၁/၂ * ၁၃၀ = ၆၅ ကိုစားတယ်။ သူ့မှာက ကွတ်ကီးအနက် ၁၃၀ - ၆၅ က ကွတ်ကီးအနက် ၆၅ လုံး ကျန်သေးတယ်၊ တစ်ဝက်လောက်စားပြီးရင်ပေါ့ စုစုပေါင်းက Cristian မှာ ကွတ်ကီး ၆၅ + ၂၀ = ၈၅ လုံးရှိတယ်။ ဒီတော့ အဖြေက ၈၅ ပါ။
Burmese
mya
re-annotations
fb7a8800746abd247a1156d056f869b5dffa1b941e662c0151d974cde6de0cd8
Laravel ကဘာလဲ
Laravel ဟာ php ecosystem ထဲမှာ အတော်လေး လူသိများတဲ့ web framework တခုဖြစ်ပြီးတော့ Laravel သာ မရှိခဲ့ရင် php ကို ဒိုင်နိုဆောတွေနဲ့ တန်းတူ ပြတိုက်မှာပဲ ကြည့်လို့ရတော့မယ်လို့တောင် ဆိုကြပါတယ်။ Python ရဲ့ Django နဲ့ Ruby ရဲ့ ROR တို့လို battery-included framework တခုဖြစ်ပြီး Laravel မှာ တိကျတဲ့ file structure နဲ့ web application တခုရဲ့ အသုံးအများဆုံး feature တွေက အသင့်ပါဝင်ပြီးသား ဖြစ်တယ်။ opinionated framework တခုဖြစ်တဲ့ Laravel က Architecture မှာ ဘယ်လောက် အတိုင်းအတာထိ စွက်ဖက်ထားသလဲ နားလည်ဖို့ လုပ်ကြပါမယ်။
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
ခရမ်းသီး ငါးခြောက် ရခိုင်ချက် (လယ်ချက်) ဘယ်လိုချက်ရမလဲ
ခရမ်းသီးငါးခြောက် ရခိုင်ချက် (လယ်ချက်) ချက်နည်း။ ။ ငါးကွန်းရှပ်အခြောက်လေးကို သေချာရေဆေးပြီး အနေတော်အတုံးလေးတွေ တုံးပေးထားပြီး ရေစိမ်ထားပါ။ ခရမ်းသီးသေးသေးလေးကို အစိပ်လေးတွေ စိပ်ပေးပြီး ချက်မယ့်အိုးထဲ ထည့်ပေးပါ။ ငါးကွန်းရှပ်ခြောက်ကို ထည့်ပေးပါ။ ပြီးရင်တော့ ငရုတ်သီးစိမ်းနည်းနည်း (မိမိကြိုက်သလောက်) ညှပ်ထည့်ပေးပါ။ စိမ်းစားငပိ အနည်းငယ်ထည့်ပေးပါ။ ဆားနဲ့ ၊ ဟင်းခပ်မှုန့် (အချိုမှုန့်) အနည်းငယ်ထည့်ပေးပါ။ ဆီနည်းနည်းထည့်ပါ (ဆီမထည့်ဘဲလည်း ချက်တတ်ကြပါတယ်)။ ရေကို လိုသလောက်လေး ချိန်ဆထည့်ပေးပါ။ ပြီးရင်တော့ အဖုံးလေးဖုံးပြီး မီးဖိုပေါ်တင်ချက်ပေးရုံပါပဲ။ ဟင်းအိုးဆူပြီး အရည်လေးခမ်းလာပြီဆိုရင် အပေါ့အငံမြည်းပေးပါ။ မိမိကြိုက်နှစ်သက်သလို အရသာလေးရပြီဆိုရင်တော့ နံနံပင်လေးအုပ်ပေးပြီး အဖုံးလေးဖုံးထားပေးပါ။ ခဏလေးကြာရင်တော့ နံနံပင်နံ့ စိမ်းစားငပိနံ့လေးနဲ့ ခရမ်းသီးရဲ့ အချိုအရသာ ၊ ငါးကွန်းရှပ်ရဲ့ အချိုအရသာတွေနဲ့ လယ်ချက် စပ်စပ်လေးဟင်းတစ်ခွက်ကို ရပါပြီရှင်။ ရခိုင်ရိုးရာဟင်းတွေက ရခိုင်ဒေသထွက် ငပိတွေကို အဓိကသုံး ချက်တတ်ပါတယ်။ ရခိုင်ဒေသဟာ ငါးပေါတဲ့အတွက် ငပိကောင်းကောင်းကို သဘာဝစစ်စစ်ရနိုင်ပါတယ်။ ရခိုင်တွေက ဆီနဲ့ ဟင်းချိုမှုန့်ကို အသုံးနည်းပါတယ်။ ပင်လယ်ပြင်ကို ပိုင်ဆိုင်ထားကြတဲ့ လူတွေပီပီ အရင်တုန်းက ဟင်းချိုမှုန့် နေရာမှာ ပုစွန်နဲ့ ငါးအနှစ်တွေကို အဓိက သုံးတတ်တဲ့ လူမျိုးပါ။
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
မှိုစားပြီး တိုက်ပေါ်က ခုန်ချတယ်ဆိုတာ တကယ်လား။ (ဟင်းချက်တဲ့နေရာမှာ သုံးတဲ့မှိုမဟုတ်ပါဘူး)
၁။ လူတွေအသိချင်ဆုံးမေခွန်းကနေစကြမယ်။ မှိုစားပြီး စိတ်ဖောက်ပြန်ကြတယ်၊ ကိုယ့်ကိုယ်သတ်သေတယ်ဆိုတာတွေဟာ တကယ်ဖြစ်နိုင်မလား။ ဖြစ်နိုင်တယ်။ ဒါက အတိုဆုံးအဖြေ။ ဒါပေမယ့် နောက်ဆက်တွဲရှိသေးတယ်။ ကမ္ဘာပေါ်မှာ ဆေးပညာဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်ရင် ထိပ်တန်းမှာရှိနေတဲ့ John Hopkins University က ဒီအမှိုအမျိုးအစားတွေကို ဆေးကုသတဲ့နေရာမှာ အသုံးပြုဖို့ သေသေချာချာလေ့လာနေတယ်။ ဦးနှောက်နဲ့ အာရုံကြောပြဿနာတွေ၊ စိတ်ရောဂါတွေကို ကုသတဲ့နေရာမှာ ဒါကိုအသုံးပြုနိုင်တဲ့ အလားအလာတွေရှိတယ်။ ဒါဆိုရင် ဒီမှိုက ကောင်းတာလား ဆိုးတာလား။ ၂။ ဘယ်လိုသက်ရောက်မှုရှိတာလဲ။ (Netflix ကြည့်တဲ့သူတွေဆိုရင် fantastic fungi လို့ခေါ်တဲ့ မှိုအကြောင်းရိုက်ထားတဲ့ Documentary ကိုကြည့်ကြည့်။ ကျနော်အခုရှင်းပြမယ့်အကြောင်းအရာထက် ပိုစုံအောင်သိသွားလိမ့်မယ်) Magic mushrooms တွေကို Shrooms တွေလို့လည်းခေါ်ကြတယ်။ သူက မှိုအမျိုးစားတစ်ခုတည်းကိုခေါ်တာမဟုတ်ဘဲ psilocybin (ဆီလိုဆိုင်ဘင်) ဆိုတဲ့ ဓာတ်တစ်မျိုးပါတဲ့ မှိုတွေကိုပြောတာပါ။ မှိုတွေမှာပါတဲ့ အဲဒီဓာတ်က စိတ်ပိုင်းဆိုင်ရာ အလုပ်လုပ်ပုံကိုပြောင်းစေနိုင်ပြီး hallucination လို့ခေါ်တဲ့ တကယ်မရှိတာတွေကို မြင်စေနိုင်ပါတယ်။ စိတ်ရဲ့ အလုပ်လုပ်ပုံကိုပြောင်းစေတယ်ဆိုတာမှာတော့ ကောင်းတာရော ဆိုးတာရောနှစ်ခုလုံးဖြစ်နိုင်တယ်။ ဆေးဝါးအနေနဲ့ ကုသလို့ရနိုင်မယ် ဒါမှမဟုတ် ဦးနှောက်ရဲ့ စွမ်းရည်ကို မြှင့်တင်ပေးနိုင်မယ်လို့ ယုံကြည်ကြတယ်၊ စမ်းသပ်နေကြတယ်။ ဒါပေမယ့် တကမ္ဘာလုံးနီးပါးလောက်မှာ ဒီမှိုတွေက တရားမဝင်ဘူး။ မှိုစားရင် နေလို့ကောင်းပြီးလွင့်မယ်၊ တကယ်မရှိဘဲ မြင်ရတာ၊ ကြားရတာတွေဖြစ်နိုင်တယ်၊ အတွေးအခေါ်တွေပြောင်းသွားစေနိုင်တယ်၊ ဘာသာရေးအားကောင်းသူတွေမှာ ဘာသာရေးနဲ့ပတ်သက်ပြီး ဉာဏ်အလင်းပွင့်တယ်ဆိုတာမျိုးတွေထိတောင် ဖြစ်နိုင်တယ်။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာကို တော်တော်လေး နက်နက်ရှိုင်းရှိုင်းထိုးဖောက်ရောက်နိုင် သက်ရောက်နိုင်တဲ့အမျိုးအစားဖြစ်လို့ စိတ်က ပုံဖော်သမျှမြင်ပြီး ကြောက်ရွံ့တုန်လှုပ်နေတာ၊ စိတ်ကိုက အလိုလိုကြောက်လန့်နေတာ ဒါမျိုးတွေလည်း ဖြစ်နိုင်တယ်။ မှိုကို အခြောက်ခံစားတာ၊ အမှုန့်လုပ်စားတာ၊ အရည်စိမ်သောက်တာ စသဖြင့် မျိုးစုံစားကြတယ်။ စားပြီး မိနစ် ၃၀ လောက်ကနေ သူ့သက်ရောက်မှုကို ခံစားရမယ်။ သက်ရောက်မှုကြာချိန်က ၄နာရီကနေ ၆နာရီလောက်ဖြစ်မယ်။ ၃။ မှိုကြောင့် သတ်သေတာ ဘယ်လိုဖြစ်တာလဲ။ မှိုရဲ့သက်ရောက်မှုသီးသန့်ကြောင့် သတ်သေကြတာမဟုတ်ဘူး။ မှိုက စိတ်ကိုသက်ရောက်မှုရှိတယ်။ အဲဒီစိတ်အခံက ကောင်းနေလား၊ ဆိုးနေလား၊ နဂိုကတည်းက ပြဿနာဖြစ်နေတဲ့စိတ်လားဆိုတဲ့အပေါ်မှာမူတည်ပြီး မှိုရဲ့ သက်ရောက်မှုကလည်း ပြောင်းတယ်။ အဲဒါကို ကောင်းတယ်ဆိုရင် Good trip လို့ခေါ်တယ်။ မကောင်းဘူးဆိုရင် Bad trip လို့ခေါ်တယ်။ မှိုက နဂိုစိတ်အခံ ပြင်ဆင်ထားမှုအပေါ်မှာမူတည်ပြီး သက်ရောက်တယ်။ ဒါကိုမထိန်းထားနိုင်ဘူး စိတ်က မူမှန်မဟုတ်ဘူးဆိုတဲ့အခါမှာ မကောင်းတဲ့အမြင်တွေ၊ ခံစားမှုတွေဖြစ်ပြီး ထိန်းချုပ်ပေးမယ့်သူမရှိတော့ ကိုယ့်ကိုယ်လုပ်မိတာ၊ မရှိတာတွေမြင်၊ မဟုတ်တာတွေယုံကြည်ပြီး နာကျင်အောင် လုပ်မိနိုင်တယ်။ မှိုရယ်၊ စားတဲ့သူရဲ့ စိတ်အခံရယ်၊ ဘေးက ထိန်းပေးမယ့်သူမရှိတာရယ်တွေပေါင်းစပ်ပြီး ဖြစ်တာလို့ ယူဆရပါတယ်။ ၄။ ဒါဆိုရင် ဒီမှိုတွေက အရမ်းအန္တရာယ်ကြီးတာပေါ့။ တော်တော်ဆိုးရွားတဲ့အရာတွေပဲ။ ဒီလိုတရားသေသတ်မှတ်လို့တော့မရဘူး။ ဓားဟာ ဟင်းချက်ဖို့အတွက် အသုံးဝင်သလို လူ့အသတ်ကို ရန်ရှာဖို့လည်း ဖြစ်နိုင်တယ်။ သုံးတဲ့သူအပေါ်မှာမူတည်ပြီး ဆေးဖြစ်နိုင်သလို အဆိပ်လည်းဖြစ်သွားနိုင်တယ်။ ဆေးအဖြစ်နဲ့ အသုံးဝင်တဲ့သူ့ကောင်းကျိုးတွေမှာ စိတ်ဓာတ်ကျရောဂါကို ကုသနိုင်တာ၊ OCD ရောဂါ၊ အရက်ဆေးလိပ်စွဲတာ၊ မူးယစ်ဆေးစွဲတာ၊ ဦးနှောက်နဲ့ အာရုံကြောရောဂါတွေနဲ့ ကင်ဆာရောဂါတွေ ကုသတဲ့နေရာမှာလည်း သုံးလို့ရနိုင်တယ်လို့ လေ့လာချက်တွေမှာ တွေ့ရတယ်။ ၅။ တခြားကောင်းကျိုးတွေရောရှိသေးလား။ မှိုရဲ့ သက်ရောက်မှုက စိတ်ရဲ့ အနက်ရှိုင်းဆုံးကိုရောက်တယ်၊ မျက်စိနဲ့မမြင်ရတဲ့အရာတွေကို မြင်ရနိုင်တယ်၊ မတွေးဖူးတဲ့ အတွေးအခေါ်တွေကို တွေးနိုင်တယ်၊ ဦးနှောက်ရဲ့ ဖွံ့ဖြိုးမှုနဲ့ အလုပ်လုပ်ပုံကို အားကောင်းစေတယ်၊ မကောင်းတဲ့အရာတွေကို ဦးနှောက်ကနေ ဖယ်ရှားဖို့အသုံးပြုနိုင်တယ်ဆိုတာတွေကိုလည်း မှိုစားကြတဲ့သူတွေပြောတယ်။ ဒီမှာတော့ Good trip, bad trip ကွဲသွားမယ်ထင်တယ်။ ၆။ မှိုက ကောင်းတာလား၊ မကောင်းတာလား။ သုံးသင့်လား မသုံးသင့်ဘူးလား။ မှိုက ကောင်းတာတွေလည်းရှိတယ် မကောင်းတာတွေလည်းရှိတယ်။ ဆေးလည်းဖြစ်နိုင်တယ်၊ အဆိပ်လည်းဖြစ်နိုင်တယ်။ သုံးသင့်မသင့်ဆိုတာက ပြောလို့မရဘူး။ ကိုယ့်အပေါ်မှာပဲမူတည်တယ်။ မှိုဟာ သတိကြီးကြီးနဲ့ အသုံးပြုသင့်တဲ့အရာတစ်ခုပဲ။ သူ့သက်ရောက်မှုက အတွေးအမြင်တွေကိုပြောင်းလဲနိုင်တယ်၊ မရှိတာတွေကို မြင်ရတယ်ဆိုတာအထိ အားကောင်းတယ်။ အဲဒီအချိန်မှာ မပြင်ဆင်ထားတဲ့သူ၊ သတိမနိုင်တဲ့သူဟာ ကိုယ်မြင်နေရတာတွေကို တကယ်ထင်ပြီး အော်ဟစ်သောင်းကြမ်းတာကနေစလို့ နာကျင်အောင်လုပ်တာ တခြားသူကို ထိခိုက်အောင် လုပ်တာအထိဖြစ်နိုင်တယ်။ စားချင်းမစားခြင်းကို ကျနော်မငြင်းဘူး။ စားတဲ့အခါမှာ စိတ်ချလုံခြုံမှုနဲ့ ကိုယ့်စိတ်အခြေအနေကို ပြင်ဆင်ဖို့ကတော့ အရေးကြီးလိမ့်မယ်။ မှတ်ချက်။ ။ ဒေါက်တာသူရိန်လှိုင်ဝင်းရဲ့ ၂၀၂၃ သြဂုတ်၊ ဆောင်းပါးတခုမှ ကောက်နှုတ်ဖော်ပြထားပါသည်
Burmese
mya
re-annotations
d4fb278183f44a5951d097c2cdb246e4261dfd31f681f3a92fae310059a2016a
ကိုယ့်ကိုယ်ကိုယ် စိတ်လုံခြုံမှုရှိအောင် ဘယ်လိုလုပ်ရမလဲ
ကိုယ်ကသာ ကိုယ့်ကိုယ်တိုင်ကို လုံခြုံစိတ် ပေးနိုင်စွမ်းရှိတယ်လို့ ဆိုကြတယ်။ အဲဒီလို ပေးနိုင်တယ်ဆိုရာမှာ အဓိပ္ပာယ်သုံးမျိုးရှိတယ်။ (၁) ကိုယ့်ကိုယ်ကိုယ် ထောက်ပံ့ ပံ့ပိုးနိုင်ရတယ်။ (၂) ကိုယ့်အထီးကျန်မှုကို ကိုယ်ရင်ဆိုင်နိုင်ရတယ်။ (၃) ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်အောင် ကိုယ်လုပ်နိုင်ရတယ်။ ဒါမှ စိတ်လုံခြုံမှုကို မိမိကိုယ်ကို ပေးစွမ်းတာဖြစ်တယ်။
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
ဆံပင်ကျွတ်ခြင်းကို ကာကွယ်ရန် အကောင်းဆုံးဆံပင်ပုံစံက ဘာလဲ။
ဆံပင်ကျွတ်ခြင်းမဖြစ်အောင် ရိုးရှင်းသောဆံပင်ပုံစံများထဲကတစ်ခုကတော့ ကျစ်ဆံမြီးကျစ်ခြင်းပါ။ ဆံပင်ကျွတ်ခြင်းနဲ့ လိုက်ဖက်ညီတဲ့ ဆံပင်ပုံစံတွေ အားလုံးထဲမှာ သူတို့ဟာ စွယ်စုံရဆုံးပါပဲ။ ကျစ်ဆံမြီးတစ်ခုတည်း၊ pigtails၊ boxer braids သို့မဟုတ် fishtail braid ကိုပင် သင်ရွေးချယ်နိုင်သည်။ ဆံပင်ကို ကျစ်သောအခါတွင် အမြစ်များကို အလွန်အမင်း မဆွဲမိစေရန် ဂရုပြုပါ။
Burmese
mya
re-annotations
1c6b93dcb7d4116e9d2b73bf32b8619794945e4ebe97956aacc6705c1d42029c
ဒီစိတ်ဝင်စားဖွယ်မေးခွန်းကို အဖြေရှာပါ။ Apollo 13 ရုပ်ရှင်မှာ အာကာသယာဉ်မှူးတစ်ဦးပါဝင်တယ်။ သူကဘယ်နှစ်မှာ မွေးတာလဲ။
၁၉၃၁ ခုနှစ်မှာ မွေးပါတယ်။
Burmese
mya
re-annotations
1c6b93dcb7d4116e9d2b73bf32b8619794945e4ebe97956aacc6705c1d42029c
Cinderella ရဲ့ ဖြစ်ရပ်မှန် ပုံမြင်က ဘာလဲ။
Cinderella ဇာတ်လမ်း၏ အစောဆုံး မှတ်တမ်းတင်ထားသော ဗားရှင်းသည် အီဂျစ်မှ ဆင်းသက်လာခြင်းဖြစ်သည်။ Rhodopis နှင့် Her Little Gilded Sandals တို့၏ ပုံပြင်အရ နောက်ဆုံးတွင် အီဂျစ်ဘုရင်နှင့် လက်ထပ်ခဲ့သော ဂရိကျွန်မိန်းကလေးတစ်ဦးကို သရုပ်ဖော်ထားခြင်းဖြစ်သည်။ ။ ထိုအကြောင်းအရာကို ဘီစီ ပထမရာစုတွင် ဂရိပထဝီဝင်ပညာရှင် (စထရာဘို) မှ ပထမဆုံးမှတ်တမ်းတင်ခဲ့သည်။
Burmese
mya
re-annotations
d4fb278183f44a5951d097c2cdb246e4261dfd31f681f3a92fae310059a2016a
ကမ္ဘာ့ကျန်းမာရေးနဲ့ မညီညွတ်ဆုံး အစားအစာက ဘာလဲ။
American Institute of Cancer Research မှ bacon (ဝက်သားခြောက်) နှင့် အခြားပြုပြင်ထားသော အသားများကို လုံးဝရှောင်ကြဉ်ရန် အကြံပြုထားသည်။ အနီရောင်အသားကို စားသုံးခြင်းသည် ကျန်းမာရေးအန္တရာယ်များ တိုးမြင့်လာခြင်းနှင့် ဆက်စပ်နေသော်လည်း ပြုပြင်ထားသော အသားများသည် သင့်ကျန်းမာရေးအတွက် ပိုဆိုးစေပါသည်။ ပြုပြင်ထားသော အသားများသည် ဟမ်ဘာဂါ သို့မဟုတ် အသားကင်များကဲ့သို့ မလတ်ဆတ်ပါ။
Burmese
mya
re-annotations
d4fb278183f44a5951d097c2cdb246e4261dfd31f681f3a92fae310059a2016a
ဤကဏ္ဍ၏ အဓိက ဆောင်းပါးမှာ သမိုင်း ဖြစ်သည်။ ပထမဦးဆုံး PRC သမ္မတဟာ အသက်ဘယ်လောက်ရှိပြီလဲ။
၈၂ နှစ်
Burmese
mya
re-annotations
50a0ca9c5f2488c69e8b2156a851808a46a1cc3961dd63a15e56b5555b93acc1
ဝါကျ (၁) ၁၈၆၄ ခုနှစ်မှာ တရုတ်ပြည်က Presbyterian သာသနာပြုအသင်းဟာ စကော့တလန်နိုင်ငံကို ကိုယ်စားလှယ်တွေ စေလွှတ်ခဲ့တယ်။ ဝါကျ (၂) ၁၈၆၄ ခုနှစ်တွင် စကော့တလန်နိုင်ငံရှိ United Presbyterian Missionary Society သည် ၎င်း၏ ကိုယ်စားလှယ်များကို တရုတ်နိုင်ငံသို့ စေလွှတ်ခဲ့သည်။ မေးခွန်း၊ ပထမဝါကျနဲ့ ဒုတိယဝါကျက တူညီတဲ့ အဓိပ္ပါယ်ကို ဖော်ပြလား? ဟုတ်လား၊ မဟုတ်ဘူးလား။
မဟုတ်ပါဘူး။
Burmese
mya
re-annotations
fb7a8800746abd247a1156d056f869b5dffa1b941e662c0151d974cde6de0cd8
အောက်ပါ စာပိုဒ်ကို ကြည့်ပြီး ထိုစာပိုဒ်နှင့် တူညီသော ဘာသာစကားဖြင့် နောက်ပိုင်းတွင် မေးခွန်းကို ဖြေပါ။ မြှားတွေအစား အမျိုးသမီးကို ပစ်ခတ်တာက သေနတ်ကျည်ဆန်တွေပါ။ မေး: မြှားတွေကို အစားထိုးဖို့ ဘာတွေ သုံးခဲ့လဲ။
သေနတ်ကျည်ဆန်
Burmese
mya
re-annotations
50a0ca9c5f2488c69e8b2156a851808a46a1cc3961dd63a15e56b5555b93acc1
ဘယ်ဟာက ရေချိုအရင်းအမြစ်တစ်ခုအဖြစ် အသုံးပြုတဲ့ ကန်ရဲ့ ကျန်းမာရေးကို အကောင်းဆုံး ဆုံးဖြတ်ပေးလဲ။ သင့်အဖြေကို ရွေးပါ။ (၁) ၎င်းရဲ့ အနက်နဲ့ အနံ (၂) အပူချိန်နဲ့ pH (၃) ၎င်းရဲ့ တည်နေရာနဲ့ နက်ရှိုင်းမှု (၄) အပူချိန်နဲ့ နက်ရှိုင်းမှု
အဖြေမှန်က (၂) အပူချိန်နဲ့ pH ပါ။
Burmese
mya
re-annotations
1c6b93dcb7d4116e9d2b73bf32b8619794945e4ebe97956aacc6705c1d42029c
ကမ္ဘာ့အဆိတ်ငြိမ်ဆုံးအခန်းမှာ ဘယ်လောက်ကြာကြာနေနိုင်မလဲ။
လူအနည်းငယ်ကသာ အခန်းထဲမှာ အချိန်အကြာကြီး ရှိနေတာကို ခံနိုင်ရည်ရှိကြပါတယ်။ အများဆုံးမှာ တစ်နာရီခန့် ခံနိုင်ရည်ရှိကြပါတယ်။ မိနစ်အနည်းငယ်ကြာပြီးနောက်၊ သင့်ကိုယ်ပိုင်နှလုံးခုန်သံကို စတင်ကြားနိုင်ပါပြီ။ အဲဒီနောက် မိနစ်အနည်းငယ်ကြာရင်တော့ ကိုယ့်အရိုးအဆစ်တွေ ထိနေ၊ကြိတ်နေတာ၊ သွေးတွေ စီးဆင်းနေတာကို ကြားရနိုင်ပါတယ်။
Burmese
mya
re-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
မေး - ယူကေရဲ့ ဝန်ကြီးချုပ်အဖြစ် ဘယ်သူက ပိုကြာကြာ တာဝန်ထမ်းဆောင်ခဲ့လဲ၊ Margaret Thatcher လား၊ Tony Blair လား။ ဖြေ - မာဂရက်တက်ချား အထက်ပါ အကြောင်းအရာတွေက ဘယ်ကဏ္ဍထဲမှာ ရှိမလဲ
ဤကဏ္ဍရဲ့ အဓိက အကြောင်းအရာမှာ သမိုင်း ဖြစ်သည်။
Burmese
mya
re-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
ဒူဘိုင်းမှာနေရတာ ဈေးကြီးလား။
ဒူဘိုင်းသည် နေထိုင်ရန်စျေးအကြီးဆုံးမြို့ဖြစ်သည်။ ဇိမ်ခံခရီးသွားနေရာတစ်ခုအနေဖြင့် ဒူဘိုင်းသည် မြင့်မားသောလူနေမှုအဆင့်အတန်းကို ပေးဆောင်သည်။ လူတစ်ဦးတည်းအတွက် ခန့်မှန်းချေလစဉ်ကုန်ကျစရိတ်မှာ ယူအေအီးဒေါ်လာ ၃,၇၀၀ သို့မဟုတ် အမေရိကန်ဒေါ်လာ ၁,၀၀၀ ဖြစ်ပြီး အခြားငှားရမ်းသုံးဆွဲခများ မပါဝင်သေးပါ။
Burmese
mya
re-annotations
1c6b93dcb7d4116e9d2b73bf32b8619794945e4ebe97956aacc6705c1d42029c
Web Frameworks တွေမှာ Middleware နဲ့ Handler ဆိုတာ ဘယ်မျိုးလဲ
Laravel မှာ Middleware နဲ့ Handler က ကွဲပြားတဲ့ အရာ ၂ ခုဖြစ်ပြီး middleware တွေက native construct အနေနဲ့ သီးသန့်ပါဝင်တာဖြစ်တယ်။ ဒီအချက်ကို Http Kernel ရဲ့ http intelligence နဲ့ ပေါင်းစပ်လိုက်တဲ့အခါ Request ရဲ့ path နဲ့ query parameter တွေကို ဖတ်ပြီး dynamic routing လုပ်တာ၊ conditional middleware stack တာမျိုးတွေ လုပ်နိုင်စေပါတယ်။ Handler ကိုလည်း Controller အဖြစ် တွေ့ရပြီး Controller class ထဲမှာ Http verb ဖြစ်တဲ့ Get, Post လိုအပ်ချက်သလို Handler Method တွေရေးထားလို့ရပါတယ်။ ExpressJS မှာတော့ Middleware concept မပါဝင်ပဲ Handler နဲ့ Middleware နှစ်ခုလုံးက Handler တွေအဖြစ်ပဲ ရှိကြတာဖြစ်တယ်။ Http intelligence လည်း မရှိတဲ့အတွက် handler ထဲမှာပဲ candidate မှန်မမှန် စိစစ်ရပြီး path နဲ့ query တွေကို စစ်ဆေးနိုင်မယ့် control flow logic တွေကို ရေးထားကြရပါတယ်။ Laravel ရဲ့ တချို့ middleware တွေက တခါတည်း builtin ပါပြီးဖြစ်တဲ့အတွက် overhead မဖြစ်စေပဲ pipeline အစီအစဥ်ကို ပြင်ရခက်သလို ExpressJS ရဲ့ native middleware မပါတဲ့ အချက်က pipeline ဆောက်ရာမှာ ပိုလွတ်လပ်ခွင့်ရစေနိုင်ပါတယ်။
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
အောက်ပါ မေးခွန်းကိုဖြေပါ။ Conan the Destroyer ထဲက အပျိုစင်ဖြစ်သူ နေရာက ဘယ်သူသရုပ်ဆောင်ခဲ့တာလဲ
အိုလီဗီယာ ဒက်ဘို
Burmese
mya
re-annotations
50a0ca9c5f2488c69e8b2156a851808a46a1cc3961dd63a15e56b5555b93acc1
၂၀၂၀ မှာ Christopher Nolan ရိုက်ခဲ့တဲ့ ရုပ်ရှင်ကဘာလဲ။
ရုပ်ရှင်ရဲ့ အမည်က Tenet ဖြစ်ပါတယ်။ သိပ္ပံစိတ်ကူးယဉ်အက်ရှင်လျှို့ဝှက်သဲဖို ရုပ်ရှင်အမျိုးအစားဖြစ်ပြီး ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၂၀၅သန်း အကုန်အကျခံရိုက်ကူးခဲ့ကာ ရုံဝင်ငွေ ၃၆၅.၃ သန်း ပြန်လည်ရရှိခဲ့ပါတယ်။
Burmese
mya
re-annotations
1c6b93dcb7d4116e9d2b73bf32b8619794945e4ebe97956aacc6705c1d42029c
ဝက်သားနီချက် ဘယ်လိုချက်ရမလဲ
ဝက်သားကိုဆေးကြောသန့်စင်ပြီး ဆား၊အရသာမှုံ့၊ ပဲငံပြာရည်ရယ် ဗမာငံပြာရည် နည်းနည်းစီ ထည့်ပြီး တနာရီလောက်နှပ်ထားပါ။ ဝက်သားပေါ်ကြည့်ပြီး ဆီထည့်ပါ။ အဆီအခေါက်ဆို ဆီလျော့ထည့်ပြီးအသားဆိုပုံမှန်အတိုင်းထည့်ပါ။ ဆီကျက်ရင်သကြားအညိုအနည်းငယ်ထည့်ပါ။ အရောင်နီညိုလာရင်ဝက်သားထည့်ပါ။ ဝက်သားကိုဆီနဲ့အကြောတင်းရေခမ်းတဲ့အထိထားပေးပါ။ ရေခမ်းသွားမှ ကြက်သွန်ဖြူ/နီ၊ ချင်း(ဂျင်း)၊ ထောင်းထားတာထည့်ပါ။ အဲ့ထဲကို ငြုပ်(ငရုတ်)သီးအရောင်တင်မှုန့်နည်းနည်းလေးထည့်ပါ၊ အရောင်လှအောင်ပါ။ ကြက်သွန်တွေနွမ်းသွားရင်‌ဝက်သားမြုပ်အောင်ရေထည့်ပါ။ အဖုံးဖုံးထားပါ။ မနူးသေးရင်ရေထပ်ထည့်ပေးပါ။ နူးခါနီးရင်ကြက်သွန်ဥသေးသေးလေးတွေထည့်ပါ။ အ‌သေးမရှိလို့ရှိရင် ကြီးတာကို လေးစိပ်စိပ်ထည့်ပါ။ ကြက်သွန်လဲနူး၊ ဝက်သားလဲနူး၊ ဆီလည်းပြန်သွားရင်ရပါပြီ။
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
ကျွန်ုပ်တို့၏ နေအဖွဲ့အစည်းတွင် အကြီးဆုံးဂြိုဟ်က ဘယ်ဂြိုဟ်လဲ။
နေမှ ပဉ္စမမြောက်ဂြိုဟ်ဖြစ်သော ဂျူပီတာဂြိုဟ်သည် နေအဖွဲ့အစည်းတွင် အကြီးဆုံးဂြိုဟ်ဖြစ်ပြီး အခြားဂြိုဟ်များ ပေါင်းစပ်ထားသည်ထက် နှစ်ဆပို၍ ကြီးမားသည်။
Burmese
mya
re-annotations
1c6b93dcb7d4116e9d2b73bf32b8619794945e4ebe97956aacc6705c1d42029c
တိုက်တန်းနစ်ရဲ့ ပိုင်ရှင်အစစ်က ဘယ်သူလဲ။
RMS Titanic သည် အမှန်တကယ် အမေရိကန်တစ်ဦး ပိုင်ဆိုင်သည် ။ RMS Titanic သင်္ဘောကို ဗြိတိန်သင်္ဘောအဖြစ် မှတ်ပုံတင်ထားသော်လည်း ၎င်းကို အမေရိကန်သူဌေးကြီး John Pierpont (J.P.) Morgan က ပိုင်ဆိုင်ထားပြီး ကုမ္ပဏီသည် White Star Line ၏ ပိုင်ဆိုင်မှုကို ထိန်းချုပ်ထားကာ ယုံကြည်စိတ်ချမှုကို ဆက်လက်ထိန်းသိမ်းထားသည်။ သူသည် US Steel၊ General Electric နှင့် ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်း JP Morgan Chase & Co တို့လည်း ယနေ့အထိ ကြီးထွားနေဆဲဖြစ်သည်။
Burmese
mya
original-annotations
2ded88a25d5820971b7158ebbad34357e8b5d33a77535d24a6213ccce8ddeacc
ကြွက်ရဲ့သေးက လူတွေအတွက်အန္တရာယ်ရှိလား။ သေတတ်လား။ ချက်ကျလက်ကျ ရှင်းပြပေးပါ။
ကြွက်သေးစွန့်ထားတဲ့ဟင်းခွက်ကို စားမိလို့ သေတယ်ဆိုတာတွေ့မိမှာပါ။ တချို့တွေ ကြွက်ကလေးတွေ မွေးထားတာလည်းရှိတော့ ကြွက်ရဲ့သေးက လူကို သေစေနိုင်တဲ့အထိ အန္တရာယ်ရှိလားလို့ သိချင်ကြမယ်ထင်တယ်။ သက်ရှိတိုင်းကတော့ ရောဂါသယ်နိုင်တာချည်းပဲ။ ကြွက်မှတင်မဟုတ်ဘူး။ ကြောင်တွေ ခွေးတွေနဲ့ ရှဉ့်၊ ယုန် အစရှိတာတွေလည်း ရောဂါသယ်နိုင်ကြပါတယ်။ အဲဒီထဲ ကြွက်တွေကတော့ ညစ်ပတ်ပြီး ပိုရောဂါစုံတာပေါ့။ ပိုဆိုးတာက သူတို့ဆီမှာ ရောဂါလက္ခဏာမပြ ကျန်းကျန်းမာမာရှိကြပေမယ့် လူတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေမှာတော့ ရောဂါတွေဖြစ်စေတယ်။ - ကြွက်ရဲ့ သေး၊ မစင်၊ ကြွက်ကိုက်ခံရတာတွေကနေ ရောဂါကူးနိုင်သလို - ကြွက်ကိုယ်မှာ တွယ်ကပ်နေတဲ့ သန်းနဲ့ ပိုးမွှားတွေကြောင့်လည်း ရောဂါကူးနိုင်တယ်။ ဥရောပမှာ လူဦးရေ ၃ပုံတစ်ပုံကို သေဆုံးစေခဲ့တဲ့ Black death ဆိုတာဟာ ကြွက်သန်းကနေကူးစက်တဲ့ ပလိပ်ရောဂါဖြစ်တယ်။ လူပေါင်း သန်း ၂၀၀ လောက်ထိ သေဆုံးစေခဲ့တယ်။ အသက်သေဆုံးတဲ့ထိ ဖြစ်နိုင်တာဆိုရင်တော့ ကြွက်သေးကနေတဆင့်ကူးစက်တဲ့ Leptospirosis လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့်ဖြစ်မယ်။ ကြွက်ရဲ့ သေး၊ မစင်တို့မှာ ဒီပိုးက ရှိနေပြီးတော့ လူနဲ့ထိတွေ့မိမယ် ဥပမာ ရေကူးတာမျိုး။ ဒါမှမဟုတ် အစားအသောက်ကနေတဆင့် စားမိသောက်မိမယ်ဆိုရင် လူ့ခန္ဓာကိုယ်ထဲကို ဒီပိုးရောက်လာနိုင်တယ်။ ကြွက်ရဲ့သေး၊ မစင်တွေက ခြောက်သွေ့ပြီး အမှုန်တွေအဖြစ်လွင့်နေတာကို ရှူမိတာ၊ အနာရှိနေတဲ့အရေပြားနဲ့ ထိတွေ့မိတာ၊ ကြွက်ကိုက်ခံရတာတွေမှာလည်း ဒီပိုးက ကူးစက်နိုင်တယ်။ ကြွက်တွေမှာ ရောဂါလက္ခဏာမပြဘူး ဒါကြောင့် ကြွက်တွေအများကြီးမှာ ကူးစက်နေနိုင်တယ်။ လူတွေမှာတော့ လက္ခဏာ မပြတာမျိုးဖြစ်နိုင်သလို ကျောက်ကပ်ပျက်စီးတာ၊ ဦးနှောက်အမှေးပါးရောင်တာ၊ အသည်းပျက်စီးတာနဲ့ အသက်ရှူလမ်းကြောင်းပြဿနာဖြစ်တာ၊ အသက်သေဆုံးတာတွေအထိ ဖြစ်နိုင်တယ်။ ဒီရောဂါက အဆင့်နှစ်မျိုးနဲ့ လက္ခဏာပြလေ့ရှိတယ်။ - ပထမအဆင့်မှာ အဖျားတက်မယ်၊ ခေါင်းကိုက်မယ်၊ ချမ်းတုန်မယ်၊ ကြွက်သားတွေနာကျင်ကိုက်ခဲပြီး အော့အန်မယ်။ အစက်အပျာက်တွေထွက်မယ်။ ၃ ရက်ကနေ ၅ ရက်အကြာမှာပြန်ကောင်းသွားနိုင်တယ်။ ပင်ပန်းနွမ်းနယ်နေတာနဲ့ စိတ်ကျရောဂါတွေကိုတော့ ဆက်ခံစားရတတ်တယ်။ - မပျောက်သွားဘူးဆိုရင်တော့ ဒုတိယအဆင့်ထိ ဆက်ဖြစ်နိုင်တယ်။ အသားတွေဝါလာတာ၊ ဗိုက်အောင့်တာ၊ ဝမ်းလျှောတာတွေဖြစ်နိုင်တယ်။ ဦးနှောက်အမှေးပါးရောင်တာကြောင့် တက်တာ၊ သတိလစ်သွားတာမျိုးတွေဖြစ်နိုင်မယ်။ အရမ်းဆိုးလာရင်တော့ ကျောက်ကပ်၊ အသည်းနဲ့ အသက်ရှူလမ်းကြောင်းပျက်စီးတာတွေဖြစ်ပြီး သေဆုံးနိုင်တယ်။ ဘယ်လိုကာကွယ်မလဲ။ • ညစ်ပတ်တဲ့ ရေတွေနဲ့ မထိတွေ့မိအောင် အတတ်နိုင်ဆုံးရှောင်သင့်တယ်။ • အနာတွေဘာတွေရှိတယ်ဆိုရင် ဖုံးအုပ်ထားရမယ်။ အထူးသဖြင့် ရေထဲသွားဖို့ရှိတယ်ဆိုရင် အနာတွေကို ရေစိုခံပလာစတာနဲ့ ဖုံးအုပ်ရမယ်။ • သန့်ရှင်းရေးလုပ်တဲ့အခါ ညစ်ပတ်နေတာတွေကို ရှင်းလင်းတဲ့အခါ မျက်နှာဖုံးတပ်ပြီး လက်အိတ်စွပ်သင့်တယ်။ • မသန့်တဲ့ရေနဲ့ထိတွေ့ပြီးရင် ရေသန့်နဲ့ အမြန်ဆုံးပြန်ဆေးကြောသင့်တယ်။ • ဖုံးအုပ်ထားခြင်းမရှိတဲ့ အစားအသောက်တွေကို မစားသင့်ဘူး။ ပူပူလောလောပြင်ဆင်ထားတဲ့ အစားအသောက်တွေပဲ စားသင့်တယ်။ • မွေးထားတာမဟုတ်တဲ့ ကြွက်တွေကိုရှင်းလင်းသင့်တယ်။ ကုသလို့မရဘူး ​ဖြစ်ရင်သေတယ်ဆိုတာတော့ မဟုတ်ပါဘူး။ ကုလို့ရတယ်။ အချိန်မီကုသရင် သက်သာပျောက်ကင်းပါတယ်။
Burmese
mya
re-annotations
37557541b1d6770a348b4a36e043ae9faced82134805e2c9fac483b16369b963
သဘောကျနေတဲ့ ကောင်မလေးကို စကားဘယ်လိုစပြောရမလဲ
နေကောင်းလား
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
ကမ္ဘာမြေရဲ့ နေ့နဲ့ည စက်ဝန်းကို ဘယ်အဆိုက အကောင်းဆုံး ရှင်းပြလဲ။ အောက်ပါထဲက တစ်ခုကို ရွေးပါ။ (က) ကမ္ဘာကြီးဟာ တစ်နေ့ကို တစ်ကြိမ် လည်ပတ်ပါတယ်။ (ခ) ကမ္ဘာကြီးဟာ နှစ်စဉ် နေကို လှည့်ပတ်ပါတယ်။ (ဂ) နေဟာ ကမ္ဘာမြေနဲ့ နေ့ဘက်မှာ အနီးစပ်ဆုံးပါ။ (ဃ) အီလက်ထရောနစ် ကမ္ဘာကြီးရဲ့ ဦးတည်ချက်ဟာ တစ်နှစ်လုံး ပြောင်းလဲနေပါတယ်။
(က)
Burmese
mya
re-annotations
b466cff514d056b52c8c75a0e058d1cda748c7fe0f5760924ce918c36c53ad35
လိင်အင်္ဂါကြွက်နို့နဲ့ သားအိမ်ခေါင်းကင်ဆာ မဖြစ်အောင် ဘာတွေလုပ်ရမလဲ
လိင်အင်္ဂါကြွက်နို့ - ဖြစ်ပြီးရင် ပြန်မပျောက်ပါ။ ကြွက်နို့ဖြစ်တဲ့အချိန်ဆို ဖြတ်ထုတ်ပစ်တာ။ လေဆာပစ်တာတွေလုပ်လို့ရတယ်။ လိင်ကနေတဆင့် ကူးစက်တယ်။ Human Papilloma Virus ကြောင့်ဖြစ်တယ်။ အမျိုးသမီးတွေမှာဆိုရင် ဒီဗိုင်းရပ်စ်က သားအိမ်ခေါင်းကင်ဆာကိုဖြစ်စေတယ်။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးက အမျိုးသားရော အမျိုးသမီးရော ထိုးနိုင်တယ်။ သားအိမ်ခေါင်းကင်ဆာရော လိင်အင်္ဂါကြွက်နို့ကိုပါ ကာကွယ်ပေးနိုင်တယ်။ ဒီဗိုင်းရပ်စ်က ဖြစ်ပြီးရင် ပြန်မပျောက်တော့ဘူး။ ကိုယ်ခံအားနည်းရင် ပြန်ပြန်ပေါ်တယ်။ ပေါ်တဲ့အခါ လိင်အင်္ဂါကြွက်နို့တွေ ပြန်ဖြစ်လာတယ်။ ဖြစ်တဲ့အချိန် ကုလို့ပဲရမယ်။ ပျောက်အောင်တော့မရ။ ဒါကြောင့် အခုနောက်ပိုင်း ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို အထက်တန်းကျောင်းမှာကတည်းက ထိုးပေးလိုက်တယ်။ အခုလည်း ဒီမှာ ဆယ်ကျော်သက်တွေကို ထိုးပေးကြတယ်။ လုံးဝ လိင်ဆက်ဆံမှုမပြုရသေးချိန်မှာ ထိုးတာတော့အကောင်းဆုံးပဲ။ ဒါပေမယ့် လိင်ဆက်ဆံမှုရှိပြီးပြီဆိုလည်း ထိုးလို့ရတယ်။ မျိုးကွဲတွေရှိလို့ တခြားမျိုးကွဲတွေကို ကာကွယ်နိုင်တယ်။ အကောင်းဆုံးက ကာကွယ်ဆေးထိုး။ အတူနေပြီးလည်း ထိုးလို့ရတယ်။ ဖြစ်ပြီးရင်တော့ အရှင်းပျောက်ဖို့မရဘူး။ ကိုယ်ခံအားကောင်းအောင်နေဖို့ပဲရှိမယ်။
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
ဤကဏ္ဍ၏ အဓိက ဆောင်းပါးမှာ သမိုင်း ဖြစ်သည်။ ဘယ် အမေရိကန် သမ္မတက ရာထူးမှာ အတိုဆုံးတာဝန်ထမ်းလဲ။
ဝီလျံ ဟင်နရီ ဟယ်ရီဆင်
Burmese
mya
re-annotations
fb7a8800746abd247a1156d056f869b5dffa1b941e662c0151d974cde6de0cd8
Gravy ဆော့စ်ကို ဘာနဲ့ လုပ်ထားတာလဲ။
Gravy ဆိုသည်မှာ ချက်ပြုတ်နေစဉ် အသား သို့မဟုတ် ဟင်းသီးဟင်းရွက်များမှ သဘာဝအတိုင်း ထွက်လာသော အချိုရည်များဖြင့် ပြုလုပ်သော ဆော့စ်တစ်မျိုး ဖြစ်သည်။
Burmese
mya
re-annotations
1c6b93dcb7d4116e9d2b73bf32b8619794945e4ebe97956aacc6705c1d42029c
အောက်ပါ စာပိုဒ်ကို ကြည့်ပြီး ထိုစာပိုဒ်နှင့် တူညီသော ဘာသာစကားဖြင့် နောက်ပိုင်းတွင် မေးခွန်းကို ဖြေပါ။ Marnick Danny Ingrid Vermijl Dutch pronunciation: [ˈvɛrməl] (၁၃ ဇန်နဝါရီ ၁၉၉၂ မွေးဖွား) သည် ဘယ်လ်ဂျီယမ်ဘောလုံးသမားတစ်ဦးဖြစ်သည်။ မေးခွန်း၊ ဘယ် နေ့့က Vermijil ရဲ့ မွေးနေ့လဲ။
၁၉၉၂ ဇန်နဝါရီ ၁၃
Burmese
mya
re-annotations
b466cff514d056b52c8c75a0e058d1cda748c7fe0f5760924ce918c36c53ad35
ဂဏာန်းမဆလာချက်ရှူးရှဲလေး ချက်စားချင်တာ၊ ဘယ်လိုချက်ရမလဲ။ ပါဝင်ပစ္စည်းတွေနဲ့ အသေးစိတ်ပြောပြပေးပါ။
ဂဏာန်းမဆလာချက်ရှူးရှဲချက်ရန် ပါဝင်ပစ္စည်းလေးတွေနဲ့တကွ ချက်နည်းကတော့ ငြုပ်(ငရုတ်)သီးစိမ်းကို ၂ ခြမ်းခွဲပါ ခရမ်းချဉ်သီးကို နှုပ်နှုပ်စင်း သို့ ကြိတ်ထားပါ ကြက်သွန်နီဖြူ၊ ချင်း(ဂျင်း)၊ ငြုပ်(ငရုတ်)သီးခြောက်တို့ကို ရောထောင်းပါ ပင်စိမ်း/ရှမ်းနံနံ/နံနံပင် နှစ်သက်ရာထည့်ပါရှင် အိုးကိုပူအောင် အရင်လုပ်၊ ဆီထည့်၊ ဆီပူမှ ကိုင်ထားတဲ့ဂဏာန်းထည့်ကြော်၊ လိမ္မော်ရောင်လေးသန်းလာရင် ဆယ်ယူပြီး ဆီစစ်ထားပါ အဲ့ဂဏာန်းကြော်ထားတဲ့ဆီထဲကို ထောင်းထားတဲ့ကြက်သွန်အနှစ်တွေထည့်၊ ဆီသပ်၊ ကြက်သွန်နည်းနည်းကြွပ်လာရင် နှုပ်နှုပ်စင်းထားတဲ့ ခရမ်းချဉ်သီးထည့်ပြီး ၂ မိနစ်ခန့် အဖုံးအုပ် တည်ပါ။ ပြီးရင် ရေနည်းနည်းထည့်ကာ မီးအပူရှိန်လျော့ပြီး အနှစ်ကျအောင် ဖြည်းဖြည်းချင်းစီ မွှေပြီးချက်ပေးပါ။ ပြီးရင် ငရုတ်သီးစိမ်းထည့်မွှေပါ။ ဂဏာန်းထည့်ပါ။ ရေ၊ ဆား၊ သကြား/ကြက်သားမှုန့်ထည့်ပြီး ၄ မိနစ်ခန့် ချက်ပါ။ ရေကို ဂဏာန်းမြုပ်ရုံလေးသာထည့်ပါ။ အရည်သောက်မဟုတ်လို့ အများကြီးထည့်စရာမလိုပါရှင်။ ဘဲဥတလုံးဖောက်ထည့်ပါ။ ဘဲဥအနှစ်ပေါက်သွားအောင် ထည့်ပြီးပြီးချင်း မြန်မြန်မွှေပါ။ အဲ့ဒါမှ အနှစ်ဖြစ်ပြီး ထမင်းနဲ့နယ်စားလို့ရမှာပါ။ ကုလားလေးမဆလာအုပ်ပါ။ ပင်စိမ်း/ရှမ်းနံနံ/နံနံပင် နှစ်သက်ရာအုပ်ပါရှင်။
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
ကမ္ဘာမှာ နံပါတ်တစ် အစားအစာက ဘာလဲ။
ပီဇာသည် ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံး အစားအစာဖြစ်သည်။ ယနေ့ကမ္ဘာ နေရာတိုင်းနီးပါးတွင် ပီဇာကို သင်ရှာတွေ့နိုင်သည်။ ဤ အီတလီရိုးရာအစားအစာကို ဒိန်ခဲ၊ ခရမ်းချဉ်သီးများနှင့် ရောထားသော ဂျုံအပြားလိုက်ဝိုင်းဝိုင်းဖြင့် ပြုလုပ်ထားပြီး ပင်စိမ်း၊ သံလွင်သီးစိတ်များ နှင့် အော်ရီဂနို ဟင်းခတ်အမွှေးကြိုင်တို့ဖြင့် အလှဆင်ထားသည်။
Burmese
mya
re-annotations
cb9cb96c96687d80a63f87d50451dcdbb5a9e1158d6331541d42d7ac09485ded
ကမ္ဘာပေါ်မှာ အချမ်းသာဆုံးပုဂ္ဂိုလ်က ဘယ်သူလဲ။
လူတစ်ဦးစီ၏ အသားတင် စုစုပေါင်းတန်ဖိုးကို ၎င်းတို့၏ အစီရင်ခံထားသော ပိုင်ဆိုင်မှုများ၊ ကြွေးမြီများနှင့် အခြားထည့်သွင်းစဉ်းစားမှုများအတွက် စာရင်းအင်းများပေါ်တွင် အခြေခံ၍ ခန့်မှန်းတွက်ချက်ပါသည်။ အဆင့်သတ်မှတ်ချက်သည် လူတစ်ဦးစီ၏ အသားတင်တန်ဖိုးကို US ဒေါ်လာဖြင့် ထုတ်ပြန်ထားပြီး ဤအဆင့်သတ်မှတ်ချက်များတွင် မင်းမျိုးမင်းနွယ်များ သို့မဟုတ် ချမ်းသာကြွယ်ဝသော အာဏာရှင်များ မပါဝင်ပါ။ ၂၀၂၃ ခုနှစ် သြဂုတ်လအထိ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ဦးစာရင်း Elon Musk သည် Billionaires စာရင်းတွင် ပထမနေရာတွင် ရပ်တည်နေသည်။ သူသည် အသားတင်ပိုင်ဆိုင်မှု $239.3B ဖြင့် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည်။ သူသည် Telsa နှင့် SpaceX တို့မှ သူ၏ ကြွယ်ဝမှု၏ သိသာထင်ရှားသော အစိတ်အပိုင်းတစ်ခုကို ရရှိနေသည်။ အချိန်ပြောင်းလဲလာတာနဲ့အမျှ လက်ရှိအချိန် အချမ်းသာဆုံးပုဂ္ဂိုလ်မှာ အပြောင်းအလဲဖြစ်နေမည်ဖြစ်သည်။
Burmese
mya
re-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
GraphQL in software engineering: RESTful API တွေရှိနေရက်နဲ့ ဘာလို့ Facebook (Meta) က GraphQL ကိုတီထွင်ခဲ့တာလဲ။ GraphQL ကိုဘယ်လိုအခြေအနေတွေမှာ အသုံးပြုသင့်တာလဲ။ GraphQL အကြောင်းကို အရိုးရှင်းဆုံး နားလည်အောင် ရေးပြပါ။
( အောက်ပါ အကြောင်းအရာကို CodeHub with Harry မှ blogger Harry Yan ရဲ့ Aug, 2023 က content တပုဒ်မှ ကောက်နှုတ်ဖော်ပြထားပါတယ် ) GraphQL စာအုပ်ဆိုင်တခုမှာ စာအုပ်သွားဝယ်တယ်လို့ မြင်ယောင်ကြည့်ပါ။ ကိုယ်လိုချင်တဲ့ စာအုပ်က မြသန်းတင့်ရဲ့ 'လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ' ဆိုတဲ့ စာအုပ်။ ဒါပေမယ့် အဲဒီဆိုင်က စာအုပ်တစ်အုပ်ဝယ်ရင် လိုချင်တဲ့တစ်အုပ် တင်မကပဲ အဲစာအုပ်တင်ထားတဲ့ စင်ပေါ်မှာ ရှိသမျှ အကုန် ဝယ်ရမယ်လို့ ပြောပါတယ်။ REST API တွေရဲ့ ပြဿနာက ဒါပါပဲ။ GraphQL ဆိုတာ ဒီပြဿနာတွေကို ဖြေရှင်းဖို့ ရည်ရွယ်ပြီး Meta က တီထွင်ခဲ့တဲ့ API query language တခုဖြစ်တယ်။ သမာရိုးကျ Rest API တွေမှာ မလိုချင်တဲ့ data တွေ အပိုပါလာတာ၊ ဒါမှမဟုတ် data တွေ လိုချင်သလောက် မရသေးလို့ နောက်ထပ်တခါ ထပ်တောင်းရတာစတဲ့ အခက်အခဲတွေ ကြုံရပါတယ်။ GraphQL ရဲ့အိုင်ဒီယာကတော့ client တွေကို သူတို့လိုအပ်တဲ့ data ကိုသာ အတိအကျ တောင်းယူခွင့်ပေးပြီး ဒီပြဿနာတွေကို ဖြေရှင်းလိုက်ဖို့ပါပဲ။ ရှေ့တခေါက် API တွေအကြောင်း ပြောကြတုန်းက စားပွဲထိုး ဥပမာနဲ့ ရှင်းပြခဲ့ပါတယ်။ REST API တွေက menu စာအုပ်ထဲက ဟင်းပွဲကို လက်ညိုးထိုးမှာလို့ရတဲ့ သဘောဖြစ်ပြီး GraphQL ကတော့ လိုချင်တဲ့ ဟင်းလျာကို ပါဝင်ပစ္စည်း အတိအကျနဲ့ ချက်ခိုင်းလို့ရတဲ့ ပုံစံလို့ ကျွန်တော်တို့ပြောခဲ့ဖူးပါတယ်။ GraphQL ရဲ့ အဓိကအကျဆုံး အစိတ်အပိုင်းက "Schema" ဖြစ်တယ်။ Schema ဆိုတာ client တွေအနေနဲ့ server ဆီက ဘယ် data တွေ ရနိုင်တယ်။ ဘယ်လိုတောင်းယူနိုင်တယ်ဆိုတာကို ဖော်ပြထားတဲ့ သတ်မှတ်ချက်တွေပါပဲ။ ဒါကြောင့် schema ကို စားသောက်ဆိုင်တခုရဲ့ ရွေးချယ်နိုင်တဲ့ ပါဝင်ပစ္စည်းတွေနဲ့ တူတယ်လို့ တွေးကြည့်နိုင်တယ်။ client တွေအနေနဲ့ လိုအပ်တဲ့ data နဲ့ လိုချင်တဲ့ response ရဲ့ အသွင်သဏ္ဍာန်ကို server ဆီ "Query" တွေပေးပို့ပြီး တောင်းဆိုကြပါတယ်။ ဒါကြောင့် Query ဆိုတာ ကိုယ်လိုချင်တဲ့ ဟင်းပွဲအကြောင်းကို စားပွဲထိုးဆီကတဆင့် မီးဖိုချောင်ကို အသိပေးစေတာလို့ နားလည်ထားနိုင်တယ်။ client ဆီက Query တွေကိုဖတ်ပြီး response အတွက် လိုအပ်တဲ့ data တွေကို database ထဲက ဘယ် table မှာရှာပေးရမလဲ၊ ဘယ် API တွေကိုတဆင့်ပြန်ခေါ်ပေးရမလဲဆိုတာကို သိနိုင်အောင် server မှာ "Resolver" လို့ခေါ်တဲ့ဟာ ရှိပါတယ်။ ဒီတော့ resolver ဆိုတာ တောင်းဆိုလာတဲ့ ပါဝင်ပစ္စည်းတွေကို ဘယ်ကရှာရမယ်၊ ဘယ်လိုပေါင်းစပ်ရမယ်ဆိုတာ နားလည်တဲ့ စားဖိုမှူးကောင်းတယောက်နဲ့ တူပါတယ်။ server က "Response" တခုတည်ဆောက်ပြီး data တွေကို client တောင်းဆိုတဲ့ပုံစံအတိုင်း အတိအကျ ပြန်ပို့လိုက်တယ်။ ဒီ response တွေက client ကလိုချင်တဲ့အတိုင်း စီစဥ်ပေးလိုက်တဲ့ စပရှယ် ဟင်းလျာတွေဖြစ်တယ်။ GraphQL ရဲ့ အားသာချက်တွေကို ကြည့်ကြရအောင်ပါ။ GraphQL နဲ့ဆိုရင် ဆက်စပ်နေတဲ့ data တွေကို query တခုတည်းမှာတင် တောင်းလို့ရစေတဲ့အတွက် server နဲ့ client device အကြား အသွားအပြန်ခရီး အကြိမ်အရေအတွက်ကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။ ကျွန်တော်တို့ CodeHub ရဲ့ website မှာ blog တွေ ဝင်ဖတ်တယ်လို့ ဆိုပါစို့။ blog object တခုမှာ စာရေးသူရဲ့ id ပဲထည့်ထားမှာဖြစ်တယ်။ ဒါပေမယ့် Blog View မှာတော့ author ရဲ့ id ကိုပြမှာ မဟုတ်ပဲ author ရဲ့ နာမည်၊ ဖြစ်နိုင်မယ်ဆိုရင် profile ပုံစသဖြင့် ပြထားချင်တဲ့အတွက် CodeHub ရဲ့ frontend developer တွေအနေနဲ့ backend ကို author api တခေါက်ထပ်ခေါ်ရဦးမှာပါ။ ဒါကြောင့် blog data စုံဖို့ဆိုရင် request response နှစ်စုံ ရှိသွားပါမယ်။ ဒီနေရာမှာ CodeHub ကို စင်ကာပူ၊ ဂျပန်နဲ့ အမေရိကန် ၃ နေရာ ဖြန့်ထားတာဖြစ်တဲ့အတွက် မြန်မာပြည်က စာဖတ်သူတွေဆိုရင် ကြာချိန် ပျမ်းမျှ 800 microsecond ဝန်းကျင်ရှိပါလိမ့်မယ်။ GraphQL နဲ့ဆိုရင်တော့ blog နဲ့ author ကို query တခေါက်တည်းမှာ တောင်းလို့ရစေတဲ့အတွက် ကြာချိန်ကို ထက်ဝက်လျှော့ချလိုက်နိုင်ပါတယ်။ GraphQL ရဲ့နောက်ထပ်အားသာချက်က မလိုအပ်တဲ့ data တွေ ပါမလာစေတာ ဖြစ်တယ်။ GraphQL အစား REST API မှာပဲ blog နဲ့ author ကို ပေါင်းထည့်ထားလိုက်မယ်ဆိုပါစို့။ အဲလိုဆိုရင် Blog Service အနေနဲ့ Author Service ကို လှမ်းခေါ်ပြီး data တောင်းနေရမှာဖြစ်လို့ client ကသာ author အချက်အလက်တွေ တကယ်မသုံးဘူးဆိုရင် မလိုအပ်ပဲ resource အလေအလွင့် ဖြစ်စေတယ်။ ဒါ့အပြင် Blog Service ကိုလည်း Author နဲ့ချည်သလို ဖြစ်သွားတဲ့အတွက် Blog ရဲ့ flexibility ကို ထိခိုက်ပါသေးတယ်။ GraphQL ရဲ့ performance က REST နဲ့စာရင် သိသိသာသာ ပိုကောင်းတယ်ဆိုပေမယ့် REST API တွေ ရဲ့ အစားထိုးစရာတခုတော့ မဟုတ်ပါဘူး။ အားနည်းချက်တွေထဲက တခုအနေနဲ့ GraphQL မှာ client တယောက်ချင်းစီက သူတို့လိုအပ်သလို query တွေပို့ပြီး တောင်းယူ​နေမှာဖြစ်လို့ data တွေ cache ထားချင်တဲ့အခါ REST ထက်ပိုအာရုံများရပါတယ်။ ဒါကြောင့် backend service တခုကို တည်ဆောက်တော့မယ်ဆိုရင် ကိုယ်ဖြေရှင်းချင်တဲ့ ပြဿနာကို တိတိကျကျ ပိုင်းဖြတ်ပြီး လိုအပ်ချက်နဲ့ ကိုက်ညီမယ့် communication စတိုင်ကို ရွေးချယ်ဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါကတော့ software engineering ရဲ့ graphQL အကြောင်း ဖြစ်ပါတယ်။
Burmese
mya
re-annotations
d4fb278183f44a5951d097c2cdb246e4261dfd31f681f3a92fae310059a2016a
Side Effects in software engineering Angular, React နဲ့ Vue တို့လို Declarative framework တစ်ခုခုသုံးဖူးတယ်ဆိုရင် side effect ဆိုတဲ့ စကားလုံးနဲ့ ရင်းနှီးပါလိမ့်မယ်။ အဲဒီ side effect တွေက ဘာကိုဆိုလိုတာလဲ။ side effect တွေကို ဘာကြောင့် သေချာကိုင်တွယ်ဖို့ လိုအပ်တာလဲ။
( Harry Yan ရဲ့ Aug, 2023 မှာ ရေးထားတဲ့ content တခုမှ ကောက်နှုတ် ဖော်ပြထားလိုက်ပါတယ်။) Side Effects in software engineering Application UI တည်ဆောက်တဲ့အခါ အသုံးပြုကြတဲ့ declarative နဲ့ imperative ဆိုတဲ့ ချဥ်းကပ်နည်း ၂ ခုအကြောင်း ရှေ့မှာ ရှင်းပြခဲ့ဖူးပါတယ်။ အဲနှစ်ခုက Facebook (Meta) engineer တွေ ဥပမာပေးသလိုပဲ တက္ကဆီစီးတာနဲ့ တူပါတယ်။ ကိုယ်က ဒရိုင်ဘာကို ရှေ့နားကျ ဘယ်ဖက်ချိုးမယ်၊ ပွိုင့်ရောက်ရင် ညာဖက်ကွေ့မယ် စသဖြင့် တစ်လမ်းလုံး ညွှန်ကြားချက်တွေ တလှေကြီး ပေးပြီး တက္ကဆီစီးတဲ့နည်းက သတိတစ်ချက် လွတ်သွားတာနဲ့ သွားဖို့မရည်ရွယ်ထားတဲ့ နေရာတွေဆီ ရောက်သွားနိုင်ပါတယ်။ declarative နည်းကတော့ ဒရိုင်ဘာကို ကိုယ်သွားချင်တဲ့နေရာ ပြောလိုက်တာနဲ့ တူတယ်။ သူ့ဟာသူ ဘယ်လမ်းကမောင်းမောင်း အဓိကက လိုရာရောက်ဖို့ပဲမလား။ မြန်မြန်ရောက်တဲ့ ဖြတ်လမ်းတွေ ကိုယ့်ထက်တောင် သိရင်သိဦးလိမ့်မယ်ပေါ့။ ဒါကြောင့် declarative မှာ အခြေခံကျတဲ့ အချက်က state ပါပဲ။ imperative စတိုင်မှာ data flow နဲ့အတူ UI flow ကိုကိုယ်တိုင် ထိန်းချုပ်ခဲ့ပေမယ့် declarative ပုံစံမှာ developer အနေနဲ့ data flow ကိုသာ အာရုံစိုက်စရာရှိပြီး UI flow ကတော့ data flow (state) အတိုင်း လိုက်ပြောင်းလဲနေအောင် reactive mechanism တွေ ထည့်ထားတဲ့အတွက် state သာ အဓိက ကျလာတယ်။ declarative စတိုင်ကို ကျင့်သုံးတဲ့အခါ UI flow ရဲ့ အသေးစိတ် ထိန်းချုပ်ခွင့်ကို framework တွေဆီ လွဲပေးလိုက်ရတဲ့အတွက် screen ပေါ် ဘယ်အချိန် ဘယ်လို ဘယ်နှစ်ခါ ရေးခြယ် (graphic rendering) လုပ်မယ်ဆိုတာမျိုးကို အတိအကျ မခန့်မှန်းနိုင်တော့ပါဘူး။ ဒီအတွက် အားနည်းချက်အနေနဲ့ data flow လော့ဂျစ်တွေ၊ နောက်ပြီး UI flow အပေါ် မူတည်တဲ့ လော့ဂျစ်တွေကို UI နဲ့ ရောထားလိုက်ရင် ကမောက်ကမ ဖြစ်လာနိုင်တာမို့ သပ်သပ်စီ ခွဲထားရပါတယ်။ ဒီနေရာမှာ declarative ရဲ့အားသာချက်ကိုက UI နဲ့ state မရောနှောခြင်းလို့ ပြောလို့ရတဲ့အတွက် data flow လော့ဂျစ်တွေကို UI နဲ့ခွဲရေးရတာ အဆန်းမဟုတ်ပါဘူး။ ဒါပေမယ့် UI flow အပေါ် မူတည်ပြီး တုံ့ပြန်ရမယ့် လော့ဂျစ်တွေကတော့ ဖြေရှင်းစရာတခု ဖြစ်လာခဲ့တယ်။ Application UI အကြောင်း ပြောကြပြီဆိုရင် ဒီလော့ဂျစ်တွေက side effect တွေပါပဲ။ တက္ကဆီ ဥပမာကို ပြန်တွေးကြည့်ပါ။ လမ်းမှာ ဘဏ်တွေ အများကြီးရှိတာ သိတယ်။ ကိုယ်က ATM မှာ ပိုက်ဆံဝင်ထုတ်ချင်တယ်။ ဒါက side effect ပါပဲ။ ဒါပေမယ့် ဘယ်ရောက်နေပြီလဲဆိုတာကိုလည်း ခေါင်းတပြူပြူနဲ့ တချိန်လုံး ချောင်းကြည့်မနေချင်ဘူး ဆိုပါစို့။ အရိုးရှင်းဆုံး အဖြေက ​ဒရိုင်ဘာကို အဲဒီဘဏ်ရှေ့က ဖြတ်ဖြစ်ရင် ပြောပါဦး။ ကျွန်တော် ပိုက်ဆံထုတ်ဦးမလို့ပါလို့ အသိပေးထားခိုင်းလိုက်တာပါပဲ။ ဒါက side effect ကို ကိုင်တွယ်ပုံထဲက အရိုးရှင်းဆုံးနည်းဖြစ်တယ်။ ဒီဖက်​ခေတ် Declarative framework ၃ ခုဖြစ်တဲ့ Jetpack Compose, React နဲ့ SwiftUI တို့မှာ side effect တွေကို ဘယ်လိုကိုင်တွယ်ကြလဲ ကြည့်ကြရအောင်။ Launched Effect ဆိုတာ Android App တွေမှာ မဖြစ်မနေ အသုံးပြုကြတဲ့ side effect တခုပါ။ key အပြောင်းအလဲ ရှိတဲ့အခါတိုင်း အလုပ်တစ်ခုခု လုပ်စေချင်တဲ့အခါ Launched effect ကိုသုံးနိုင်တယ်။ ဥပမာ Social App ရဲ့ Newsfeed ပေါ်မှာ လက်ရှိရှိတဲ့ ပို့စ်တွေထက် ကျော်ပြီး scroll လိုက်ရင် server ဆီက နောက်ထပ် data အသစ်တွေ ထပ်တောင်းဖို့ဆိုတာမျိုးပေါ့။ ဒီ mechanism ကိုသုံးပြီး pagination library တွေတည်ဆောက်နိုင်တယ်။ React ရဲ့ use Effect ကလည်း Launched Effect နဲ့ဆင်တူပါတယ်။ Component ကိုဘယ်နှစ်ကြိမ် ပြန်ခြယ်သသ သတ်မှတ်ထားတဲ့ key (dependency) အပြောင်းအလဲ မရှိသရွေ့ side effect တွေကို ထပ်ခေါ်တော့မှာ မဟုတ်ပါဘူး။ ဒီအချက်က ပထမဆုံး component တည်ဆောက်တဲ့ တစ်ခေါက်မှာပဲ api ခေါ်ပြီး backend ဆီက data တောင်းတာ၊ App ရဲ့တစ်နေရာရာမှာ data အပြောင်းအလဲ ဖြစ်သွားတာကို component ထဲက တုံ့ပြန်တာ စသဖြင့် လုပ်လို့ရစေတယ်။ Side Effect ကလည်း နောက်ထပ်အသုံးဝင်တဲ့ side effect တခုပါပဲ။ Side Effect ကိုတော့ Android မှာ UI ရေးခြယ်ပြီးတိုင်း လုပ်ချင်စေတာ တစ်ခုခုရှိတဲ့အခါ အသုံးပြုနိုင်တယ်။ မြင်နေရတဲ့ screen ပေါ်က content အပေါ် မူတည်ပြီး notification bar ရဲ့အရောင်ကို ပြောင်းပြချင်ရင် Side Effect နဲ့ လုပ်နိုင်ပါတယ်။ iOS App တွေမှာ on Appear နဲ့ on Disappear လို့ခေါ်တဲ့ side effect တွေကို မြင်ရပါမယ်။ အရင် UI Kit ကတည်းက ပါခဲ့ကြတဲ့ view Did Appear နဲ့ view Did Disappear ရဲ့ declarative ဝမ်းကွဲတွေပါပဲ။ Disposable Effect ကိုတော့ component တခုကို တည်ဆောက်တဲ့အခါနဲ့ ဖျက်ဆီးလိုက်ပြီးတဲ့အခါတွေမှာ လုပ်ချင်တဲ့ task တွေအတွက် အသုံးပြုနိုင်တယ်။ ဥပမာ Native Youtube ကြီးကို ကိုယ့် app ထဲထည့်ထားမယ်ဆိုရင် Video ကို screen မြင်ကွင်းက ဖျောက်တော့မယ်ဆိုတဲ့အခါ View တွေကို စနစ်တကျ စွန့်ပစ်ဖို့ ညွှန်ကြားနိုင်ပါတယ်။ ဒါကြောင့်လည်း Disposable Effect လို့ခေါ်တာပါ။ Declarative UI တည်ဆောက်တဲ့အခါ Side effect တွေကို ကောင်းကောင်းကိုင်တွယ်ဖို့ လိုအပ်ပါတယ်။
Burmese
mya
re-annotations
622f05fd4e7b6c693f897aacf5260e2f9e9b3d4d5e5bb9752752dc60f8b56648
ဒူဘိုင်းက ဘယ်နိုင်ငံမှာ ရှိတာလဲ။
ဒူဘိုင်းသည် United Arab Emirates (UAE) တွင် လူဦးရေအများဆုံးမြို့ဖြစ်သည်။ ၎င်းသည် ပါရှန်ပင်လယ်ကွေ့၏ အရှေ့တောင်ဘက်ကမ်းရိုးတန်းတွင် တည်ရှိသည်။
Burmese
mya
original-annotations
2ded88a25d5820971b7158ebbad34357e8b5d33a77535d24a6213ccce8ddeacc
ဒီ ရှုပ်ထွေးလှတဲ့ မေးခွန်းကို ဖြေပါ။ အမေရိကန်ပြည်ထောင်စုရဲ့ ၃၈ ယောက်မြောက် ဒုတိယ သမ္မတအဖြစ် ဆောင်ရွက်ခဲ့တဲ့ Hubert Humphrey ကို လက်ထပ်ခဲ့တဲ့ Minnesota အထက်လွှတ်တော်အမတ်က ဘယ်သူလဲ။
Muriel Humphrey (Muriel Fay Humphery Brown) သည်၃၈ယောက်မြောက်ဒုတိယသမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ Hubert Humphery နှင့်လက်ထပ်ခဲ့ပြီး ၁၉၆၅ မှ ၁၉၆၉ အထိဒုတိယသမ္မတကတော်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ဒုတိယသမ္မတကွယ်လွန်ပြီးနောက်၁၉၇၈နှစ် ဇန်နဝါရီလ မှ နိုဝင်ဘာလထိ Minnesota ပြည်နယ်၏အထက်လွှတ်တော်အမတ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။
Burmese
mya
re-annotations
fb7a8800746abd247a1156d056f869b5dffa1b941e662c0151d974cde6de0cd8
ကမ္ဘာ့အဆိတ်ငြိမ်ဆုံးအခန်းမှာ မင်းရဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကို မင်းကြားနိုင်မလား။
anechoic chamber သည် ပြင်ပမှ ဆူညံသံအားလုံးကို ဖယ်ရှားပေးပြီး မင်း ခန္ဓာကိုယ်ရဲ့ အသံများကို အကန့်အသတ်မရှိ ကြားနိုင်စေပါသည်။ ပြင်ပကမ္ဘာမှ မည်သည့်အသံမှ ဝင်မလာသောကြောင့် လုံးဝတိတ်ဆိတ်နေခြင်းသည် မင်းနားထဲတွင် မခံနိုင်သော မြည်သံအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။ မင်းရဲ့အသက်ရှုသံကိုတောင် ကြားနိုင်ပြီး ကျယ်လောင်နေလိမ့်မည်။
Burmese
mya
re-annotations
cb9cb96c96687d80a63f87d50451dcdbb5a9e1158d6331541d42d7ac09485ded
ရည်းစား သို့ ချစ်ရတဲ့သူကို ကြူးတယ် ဆိုတာ ဘာကိုပြောတာလဲ
ကိုယ်နှစ်သက်သဘောကျတဲ့အကြောင်းတွေ ဖွဲ့နွဲ့ပြောဆိုတာ၊ ချစ်ခြင်းမေတ္တာကို နှုတ်နဲ့ဖြစ်ဖြစ်၊ စာနဲ့ဖြစ်ဖြစ်၊ တခုခုနဲ့ ခံစားချက်ကို ချစ်တဲ့သူသိအောင် ထုတ်ပြတာမျိုးကို ကြူးတာလို့ ခေတ်စကားအနေနဲ့ ပြောတတ်ကြပါတယ်။
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
မေးခွန်း - The Client List ထဲမှာ Kyle Parks ကိုဘယ်သူသရုပ်ဆောင်တာလဲ။
ဘရိုင်ယန် ဟယ်လီဆာ (Brian Hallisay)
Burmese
mya
re-annotations
fb7a8800746abd247a1156d056f869b5dffa1b941e662c0151d974cde6de0cd8
ဒူဘိုင်းမှာနေရတာ ဈေးကြီးလား။
ဒူဘိုင်းသည် နေထိုင်ရန်စျေးအကြီးဆုံးမြို့ဖြစ်သည်။ ဇိမ်ခံခရီးသွားနေရာတစ်ခုအနေဖြင့် ဒူဘိုင်းသည် မြင့်မားသောလူနေမှုအဆင့်အတန်းကို ပေးဆောင်သည်။ လူတစ်ဦးတည်းအတွက် ခန့်မှန်းချေလစဉ်ကုန်ကျစရိတ်မှာ AED 3,700 သို့မဟုတ် $1,000 ဖြစ်ပြီး အခြားငှားရမ်းသုံးဆောင်ခမျိုးမပါဝင်သေးပါ။
Burmese
mya
original-annotations
2ded88a25d5820971b7158ebbad34357e8b5d33a77535d24a6213ccce8ddeacc
ကမ္ဘာပေါ်မှာ အချမ်းသာဆုံးပုဂ္ဂိုလ်က ဘယ်သူလဲ။
လူတစ်ဦးစီ၏ အသားတင် စုစုပေါင်းတန်ဖိုးကို ၎င်းတို့၏ အစီရင်ခံထားသော ပိုင်ဆိုင်မှုများ၊ ကြွေးမြီများနှင့် အခြားထည့်သွင်းစဉ်းစားမှုများအတွက် စာရင်းအင်းများပေါ်တွင် အခြေခံ၍ ခန့်မှန်းတွက်ချက်ပါသည်။ အဆင့်သတ်မှတ်ချက်သည် လူတစ်ဦးစီ၏ အသားတင်တန်ဖိုးကို US ဒေါ်လာဖြင့် ထုတ်ပြန်ထားပြီး ဤအဆင့်သတ်မှတ်ချက်များတွင် မင်းမျိုးမင်းနွယ်များ သို့မဟုတ် ချမ်းသာကြွယ်ဝသော အာဏာရှင်များ မပါဝင်ပါ။ ၂၀၂၃ ခုနှစ် သြဂုတ်လအထိ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ဦးစာရင်း တွင် Elon Musk သည် Billionaires စာရင်းတွင် ပထမနေရာတွင် ရပ်တည်နေသည်။ သူသည် အသားတင်ပိုင်ဆိုင်မှု $239.3B ဖြင့် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည်။ သူသည် Telsa နှင့် SpaceX တို့မှ သူ၏ ကြွယ်ဝမှု၏ သိသာထင်ရှားသော အစိတ်အပိုင်းတစ်ခုကို ရရှိနေသည်။
Burmese
mya
re-annotations
b466cff514d056b52c8c75a0e058d1cda748c7fe0f5760924ce918c36c53ad35
Liberty ရုပ်ထုက ဘယ်မှာရှိတာလဲ
အမေရိကန်နဲ့ ပြင်သစ်တို့ရဲ့ ချစ်ကြည်ရေးရုပ်ထုဖြစ်တဲ့ လေဘာဒီ ရုပ်ထုဟာ နယူးယောက်ဆိပ်ကမ်း လေဘာတီကျွန်းပေါ်မှာ တည်ရှိပါတယ်။ ၎င်းရုပ်ထုကို လေဒီလေဘာဒီ ဟုလည်းခေါ်ဆိုပါတယ်
Burmese
mya
original-annotations
2ded88a25d5820971b7158ebbad34357e8b5d33a77535d24a6213ccce8ddeacc
ဝါကျ (၁) သူသည် Mladen Lorković ၏သားဖြစ်ပြီး Ivan Lorković ၏ညီအစ်ကိုဖြစ်သည်။ ဝါကျ (၂) သူသည် Ivan Lorković ၏သားဖြစ်ပြီး Mladen Lorković ၏ညီဖြစ်သည်။ မေးခွန်း၊ ပထမဝါကျနဲ့ ဒုတိယဝါကျက တူညီတဲ့ အဓိပ္ပါယ်ကို ဖော်ပြလား? ဟုတ်လား၊ မဟုတ်ဘူးလား။
မဟုတ်ပါ။
Burmese
mya
re-annotations
b466cff514d056b52c8c75a0e058d1cda748c7fe0f5760924ce918c36c53ad35
Converse ကို လူတွေ ၀တ်ကြသေးလား။
ယနေ့ခေတ်တွင် Converse ဖိနပ်များသည် အသက်အရွယ်မရွေး လူနေမှုပုံစံများကြားတွင် ရေပန်းစားနေဆဲဖြစ်သည်။ ၎င်းတို့ကို ဖက်ရှင်အဖြစ် ဝတ်ဆင်လေ့ရှိကြသည်။
Burmese
mya
original-annotations
2ded88a25d5820971b7158ebbad34357e8b5d33a77535d24a6213ccce8ddeacc
မြန်မာလား ဗမာလား။
ဗမာပြည်ကို ဗမာလူမျိုးအစဉ်အဆက်ကတည်းက ဗမာပြည်ဟု ခေါ်တွင်ခဲ့သည်။ သို့သော် စစ်အစိုးရက ဒီမိုကရေစီအရေးတော်ပုံကြီးကို ရက်ရက်စက်စက် ဖြိုခွင်းပြီး တစ်နှစ်အကြာ ၁၉၈၉ ခုနှစ်တွင် စစ်ခေါင်းဆောင်များက ၎င်း၏အမည်ကို မြန်မာနိုင်ငံသို့ ရုတ်တရက် ပြောင်းလဲခဲ့သည်။ ထိုအချိန်တွင် မြန်မာနိုင်ငံသည် နိုင်ငံတကာအပယ်ခံဖြစ်ခဲ့ပြီး ၎င်း၏ပုံရိပ်ကို မြှင့်တင်ရန် မည်သည့်နည်းလမ်းကိုမဆို လိုလားတောင့်တခဲ့သည်။ နိုင်ငံတကာတရားဝင်မှုရဲ့ အရိပ်အယောင်ကို မျှော်လင့်ရင်း ကိုလိုနီခေတ်က လက်ဆင့်ကမ်းခဲ့တဲ့ နာမည်ကို စွန့်လွှတ်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို မြှင့်တင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါ အမည်ဟောင်းသည် နိုင်ငံ၏ တိုင်းရင်းသား လူနည်းစု အများအပြားကို ချန်လှပ်ထားသည်ဟု တာဝန်ရှိသူများက ဆိုသည်။
Burmese
mya
original-annotations
2ded88a25d5820971b7158ebbad34357e8b5d33a77535d24a6213ccce8ddeacc
အခေါက်ကင်ထမင်းပေါင်း ဘယ်လိုလုပ်ရမလဲ သိလား။
အခေါက်ကင်ထမင်းပေါင်း ချက်နည်း ဝက်သုံးထပ်သားအခေါက်ပါးပါးအသားများများကိုရေဆေးသန့်စင်ပြီးအိုးတလုံးတွင်ရေမြုပ်အောင့်ထည့်၊ ချင်း(ဂျင်း)လှီးထားတာ သုံးပြား၊ ကြက်သွန်ဖြူအလုံးလိုက် တလုံး၊ ဆားအချိုမှုန့်နည်းနည်းထည့်ပြီး မိနစ် ၃၀ ခန့်ပြုတ်ပါ။ အချိန်ပြည့်ရင် ဆယ်ယူ၊ ရေဆေးပြီး အခေါက်ကို ခက်ရင်းခွဖြင့်နှံ့စပ်အောင် ထိုးပေးပါ။ အခေါက်ဘက်ကို ရှာလကာရည်နည်းနည်း နှံ့စပ်အောင် သုတ်လိမ်းပါ။ Oven မှာ အပေါ်မီး အောက်မီး ၂၀၀ ထားပြီး၊ မိနစ် ၃၀ ခန့်ကင်ပါ။ အခေါက်ကင်ရပါပြီ။ ထမင်းဖြူချက်ထားပါ ငုံဥကိုပြုတ်ပြီးအခွံခွာထားပါ ကြွက်နားရွက်မှိုကို ရေစိမ်ပြီး သန့်စင်ပြီးဖဲ့ထားပါ ဂေါ်ဖီပန်းအစိမ်းရောင်၊ မုံညှင်းထုပ်ရွက်၊ ဂေါ်ဖီထုပ်၊ ဂေါ်ရခါသီး၊ ရွှေပဲသီး၊ မုန်လာဥနီ(ခါကြက်ဥ)၊ ပန်းငရုတ်သီး၊ ပြောင်းဖူးအသေး၊ ခရမ်းချဉ်သီးတို့ကို ရေဆေးသန့်စင်ပြီးသင့်တော်သလို လှီးဖြတ်ထားပါ အိုးတလုံးမှာ ဆီသင့်ရုံထည့်ပြီး၊ ကြက်သွန်နီလှီး၊ ကြက်သွန်ဖြူထုထားတာကို အနံ့မွှေးလာအောင် ဆီသပ်ပြီး အသီးအရွက်လှီးထားတာကို ခရမ်းချဉ်သီးသာ ချန်ပြီး အကုန်ထည့်ပါ ပဲငံပြာရည်၊ ခရုဆီ၊ ပဲငံပြာရည်အနှောက်၊ ဆား၊ အချိုမှုန့်၊ သကြားနည်းနည်း ရေနည်းနည်းထည့်ပြီး အသီးအရွက်ကျက်အောင် ကြော်ပါ။ အသီးအရွက်ကျက်ရင်(လျှင်) ခရမ်းချဉ်သီးထည့်ပါ။ ငုံးဥ ထည့်ပါ။ မွှေပေးပါ။ အရသာမြည်းကြည့်ပါ။ အနေတော်ဆိုရင်ရပါပြီ အိုးတလုံးမှာ ဆီနည်းနည်းထည့်ပါ။ ကြက်သွန်ဖြူချင်း(ဂျင်း) ညှက်ညှက်ထောင်းထားတာ နည်းနည်းထည့်ပြီး အနံ့မွှေးလာအောင် ဆီသပ်ပြီး၊ ကော်မှုန့် အရည်ဖျော်ထား တာ လောင်းထည့်ပါ။ မွှေပေးပါ ပဲငံပြာရည် အကြည်/ အနှောက်၊ ခရုဆီ၊ အချိုမှုန့်နည်းနည်းထည့်ပြီး ကော်ရည်ကိုမပြစ်မကျဲချက် ထားပါ အရသာမြည်းကြည့်ပါ။ အနေတော်ဆို ကော်ရည်ရပါပြီ အခေါက်ကင်ကို မထူမပါးလှီးထားပါ ပန်းကန်ပြားကြီးမှာ ထမင်းကို အလည်ကထည့်ပြီး အပေါ်မှာ အသီးရွက်ကြော်ကိုတင်ပေးပြီး၊ ကော်ရည်လောင်းပေးပါ အပေါ်မှာ အခေါက်ကင်ကို လှပအောင်ထည့်ပေးပါ အသားပြုတ်ရည်ကို အရသာမြည်းကြည့်ပါ။ အနေတော်ဆို ပန်းကန်လုံးမှာထည့်ပြီး၊ ကြက်သွန်မြိတ်လှီးထားတာ ဖြူး၊ ငရုတ်ကောင်းမှုန့်ဖြူးပြီး ဟင်းချိုရည်လုပ်လို့ရပါတယ် အချဉ်အတွက်က သခွားသီးကိုလှီးပြီး အပေါ်က ငရုတ်(ငြုပ်)ဆီဆမ်းပေးပါ ထမင်းပေါင်းကို စားလို့ရပါပြီ
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
Samsung နဲ့ Apple က ဘယ်ဟာပိုကောင်းလဲ။
Apple ၏ iPhone နှင့် Samsung ၏ Galaxy တို့တွင် မတူညီသော အားသာချက်များနှင့် အားနည်းချက်များ ရှိသည်၊ Samsung ဖုန်းများသည် ဘတ်ဂျက်မော်ဒယ်များတွင်ပင် ပိုမိုကောင်းမွန်သော ကင်မရာများ၊ ဘက်ထရီ သက်တမ်းနှင့် မျက်နှာပြင် အရည်အသွေးတို့ ရှိကြပါသည်။ သို့သော်လည်း iPhone များသည် ပိုမိုကောင်းမွန်သော ဆော့ဖ်ဝဲလ်ပံ့ပိုးမှုနှင့် ဒေတာလုံခြုံရေးကို ပေးဆောင်သည်။
Burmese
mya
original-annotations
2ded88a25d5820971b7158ebbad34357e8b5d33a77535d24a6213ccce8ddeacc
Bagan ဆိုတာ ဘာအတွက် လူသိများလဲ။
ပုဂံသည် ၎င်း၏ သမိုင်းဝင် အထိမ်းအမှတ် အဆောက်အအုံများနှင့် ခေတ်အမျိုးမျိုးမှ အထိမ်းအမှတ် အဆောက်အအုံပေါင်း ၂၀၀၀ ခန့်ကြောင့် ကျော်ကြားသည်။ မြန်မာနိုင်ငံတွင် အရေးအကြီးဆုံး သမိုင်းဝင်နေရာတစ်ခုဖြစ်ပြီး အံ့မခန်းပင်။ နှစ်ပေါင်း 1500 ကျော် ကြွယ်ဝသော သမိုင်းကြောင်းဖြင့် ပုဂံသည် နည်းပညာ ဆန်းသစ်တီထွင်မှု တစ်စုံတစ်ရာ မပေါ်ပေါက်မီတွင် လူသားများ ပြုလုပ်သော အောင်မြင်မှုများကို သက်သေပြခဲ့သည်။ အဆိုပါ အထိမ်းအမှတ် အများအပြား၏ နံရံများတွင် ခရီးသွားများ မလွတ်ကင်းသော သမိုင်းဝင် နံရံဆေးရေးပန်းချီများ ရှိသည်။ ပုဂံတွင် မရေမတွက်နိုင်သော အထိမ်းအမှတ်များ ရှိသော်လည်း တူညီပုံမပေါ်ပေ။ တကယ်တော့ တူညီတဲ့ အထိမ်းအမှတ် အရေအတွက်ဟာ သုံးလေးခု ဖြစ်နိုင်တယ်။ စေတီပုထိုးမျိုးစုံကို တစ်ရက်နှစ်ရက်ကြာ စူးစမ်းလေ့လာသင့်သည်။ ပုဂံ၏ မြင်ကွင်းအကောင်းဆုံးနေရာများထဲမှ တစ်ခုမှာ မိုးကုပ်စက်ဝိုင်းအထိ ဘုရားကျောင်းများကို ကြည့်ရှုနိုင်သည့် ပုဂံရှုမျှော်စင်၏ အပေါ်ဆုံး လှေကားထစ်ဖြစ်သည်။ ဘုရားကျောင်းများပေါ်မှ မီးပုံးပျံစီးခြင်းသည် မြင်ကွင်းကျယ်ရှုခင်းများကို ခံစားရန် အကောင်းဆုံးနည်းလမ်းတစ်ခုလည်းဖြစ်သည်။
Burmese
mya
original-annotations
2ded88a25d5820971b7158ebbad34357e8b5d33a77535d24a6213ccce8ddeacc
အောက်ဖော်ပြပါ အနှစ်ချုပ်ကို အခြေခံ၍ ဆောင်းပါး / အကျယ်ချဲ့ ရေးသားပါ။ အခြေခံအုတ်မြစ်ချခြင်းနဲ့ စလိုက်ပါ။ နံရံရဲ့ မြင်သာတဲ့ အစွန်းကနေ စလိုက်ပါ။ လိုအပ်ရင် အောက်ခြေကျောက်ရဲ့ အပေါ်ပိုင်း လျှာကို ဖြတ်ပစ်ပါ။ လိုအပ်ပါက ပထမအလွှာကို ပြီးစီးရန် သီးခြား အတုံးတွေကို ဖြတ်ရပါမယ်။ ကျောက်တုံးများရဲ့ ပထမအလွှာကို ပြန်ဖြည့်ရန် ကြိတ်ချေထားသော ကျောက်တုံးများ သို့မဟုတ် မြေဖြူများကို သုံးပါ။ နောက်ပြန်ဖြည့်တဲ့အပေါ်မှာ စိမ့်ဝင်တဲ့ အထည်တစ်ခု ထည့်လိုက်ပါ။ ပထမဆုံးအလွှာကို ဖုန်မှုန့်နဲ့သုတ်လိုက်ပါ။ ဆောင်းပါး
အကျယ်ချဲ့ ရေးသားခြင်း (သို့) ဆောင်းပါး နံရံပေါ်က အရေးပါဆုံး အစိတ်အပိုင်းတွေပါ။ ၎င်းတို့ဟာ အထက်ရှိ အလွှာကို မထောက်ပံ့နိုင်ရင်၊ ဒါမှမဟုတ် မမှီခိုနိုင်ရင်၊ ပရိုဂျက်ဟာ ကျွမ်းကျင်မှု နည်းနေမှာပါ။ လိုအပ်ပါက ကျောက်တုံးကို ပြားချပ်စေရန် မြေဖြူ သို့မဟုတ် ကျောက်ချပ်များကို ထည့်ပါ။ ပထမဦးဆုံး ကျောက်တုံးကို ထောင့်ကျောက်နဲ့ ဆောက်ပေးပါ။ ရှေ့နောက်နဲ့ ဘေးချင်းယှဉ်ပြီး တစ်ထပ်တည်းကျအောင် လုပ်ပေးပါ။ ဒါမှမဟုတ် နံရံတစ်ခုရဲ့ အစွန်းက အခြားတစ်ခုထက် ပိုမမြင်သာဘူးဆိုရင် အခြားတစ်ခုနဲ့ (ပုံမှန်တော့ အိမ်တစ်လုံး) အနီးဆုံးမှာရှိတဲ့ အစွန်းကနေ စလိုက်ပါ။ သင်ဟာ ဖြောင့်တန်းတဲ့ (သို့) စတုဂံပုံ ပံ့ပိုးပေးတဲ့ နံရံတစ်ခု ဆောက်နေတယ်ဆိုရင် ဘလောက်တွေရဲ့နောက်ဘက်တွေ တစ်ခုနဲ့တစ်ခု လုံးဝကို ကိုက်ညီတာ သေချာအောင်လုပ်ပါ။ သင်ဟာ ကွေးနေတဲ့ ပံ့ပိုးပေးတဲ့ နံရံတစ်ခု ဆောက်နေတယ်ဆိုရင် ဘလောက်တွေရဲ့ရှေ့ဘက်တွေ တစ်ခုနဲ့တစ်ခု လုံးဝကို ကိုက်ညီတာ သေချာအောင်လုပ်ပါ။ စစ်ဆေးပြီး လိုအပ်ရင် တူနဲ့ ကတ်ကြေးနဲ့ လျှာကို ထိုးပါ။ လျှာများပါ ကွေးနေတဲ့ ထောက်ခံ နံရံများဟာ ချိတ်ဆက်ထားတဲ့ အပေါက်များရဲ့ အကျိုးကို မခံစားနိုင်ကြပါ။ ဒီဂေါက်ပေါက်တွေကို တူနဲ့တူပြီး ခုတ်ရပါသည် အကယ်၍ ဒီပုံစံက ဂေါက်ပေါက်တွေရဲ့ ဦးတည်ချက်နဲ့ မကိုက်ဘူးဆိုရင်ပေါ့။ ဒါက အခြေခံအုတ်မြစ် တစ်ခုလုံးကို ပြီးမြောက်စေပါလိမ့်မည်။ သင်ဟာ အိပ်ရာပေါ်ကို အိကျဖို့ အချိန်ယူခဲ့ရင် ပထမ အတန်းကို နေရာချတာ လွယ်ပါလိမ့်မယ်။ ရော်ဘာတုံးနဲ့ ကျောက်တုံးတွေကို ရိုက်ချိုးလိုက်ပါ။ ဖြတ်တောက်ရာမှာ အမြဲတမ်း လုံခြုံရေးကို သုံးပါ။ ရေခဲစိုင်က အေးလာပြီး မြေဆီလွှာနဲ့ ရောမသွားအောင် တားဆီးပေးပါသည်။ ခင်ဗျားရဲ့ အကာအရံအမြင့်ကို လိုက်ပြီးတော့ ကတုတ်ကျင်း ဒါမှမဟုတ် အိမ်ရဲ့ နောက်ဘက်ခြမ်းကို ဖုံးအုပ်လိုက်ပါ ကတုတ်ကို ဖုံးအုပ်ထားတဲ့ နေရာမှာ ဖုံးအုပ်လိုက်ပါ။ နောက်ပြီး ဖုံးအုပ်ထားတဲ့ နေရာမှာ ဖုံးအုပ်လိုက်ပါ။ ဒါက ညစ်ပတ်မှု (သို့) ဖုန်မှုန့်တွေကို ဖယ်ရှားပေးပါလိမ့်မည်။
Burmese
mya
re-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
backend မှာ JWT token ကို invalidate လုပ်ချင်တယ်။ ဘယ်လိုလုပ်ရင် ကောင်းမလဲ။ Beginners တွေ နားလည်အောင် ပြောပြပေးနိုင်မလား
JWT နဲ့ မရင်းနှီးတဲ့သူတွေအတွက် အကြမ်းဖျင်းပြောရရင် Jwt ဆိုတာက OAuth token တစ်မျိုးပါပဲ။ token ရဲ့ပိုင်ရှင် ဘယ်သူဖြစ်တယ်၊ token ကို ဘယ်အချိန်က တည်ဆောက်ခဲ့တယ်၊ ဘယ်အချိန်မှာ expire ဖြစ်မယ် စတဲ့ claim တွေပါဝင်တဲ့ payload ကို server ကပဲ သိနိုင်တဲ့ signature နဲ့ ဆက်တယ်။ token ကို ဘယ်သူမဆို decode လို့ရပြီး token ထဲ ဘာတွေပါလဲ ဖွင့်ကြည့်နိုင်တယ်။ JWT ရဲ့ အားသာချက်က federated trust ပါ။ token ထဲမှာ လိုအပ်တဲ့ အချက်အလက်တွေ အကုန်ပါပြီးတဲ့အတွက် backend service တွေအနေနဲ့ တောင်းဆိုလာတဲ့ request ကို လိုက်လျော၊ မလျော ဆုံးဖြတ်ဖို့ token က ကောင်းသေးရဲ့လားလို့ စစ်ဆေးရုံပါပဲ။ ဥပမာ ရုံးထဲဝင်ဖို့ ဝန်ထမ်းကဒ်လိုပေါ့။ တာဝန်ကျ လုံခြုံရေး အနေနဲ့ ဝန်ထမ်းကဒ်ကို ကြည့်ပြီး ပေးဝင်မဝင် ဆုံးဖြတ်နိုင်တယ်။ JWT token ကို invalidate လုပ်လို့ရလားဆိုရင် ရပါတယ်။ ဘယ် user ဒါမှမဟုတ် ဘယ် audience ရဲ့ token ကို invalidate လုပ်လိုက်တယ်ဆိုတဲ့ မှတ်တမ်းကို db ထဲထည့်သိမ်းထားလို့ ရပါတယ်။ ဒီအတွက် redis လို in-memory db ကိုသုံးကြပေမယ့် ခြွင်းချက်တစ်ခုက Auth service ခွဲတွေ အများကြီး ရှိလာတဲ့အခါ consistency ထိနိုင်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ Lua instruction တိုက်ရိုက်ပေးပြီး အလုပ်လုပ်စေနိုင်ပေမယ့် ဒါကလည်း durable ဖြစ်လှတဲ့ အဖြေတော့ မဟုတ်ဘူး။ လစဥ်ကြေးပေးပြီး သုံးရတဲ့ subscription-oriented platform တွေမှာဆိုရင် ဒီအချက်က အရေးကြီးတဲ့အတွက် disk နဲ့တွဲပြီး eventual consistent model ကို အသုံးပြုသင့်တယ်။ ဥပမာ DynamoDb။ ဒါပေမယ့် JWT token တွေကို invalidate လုပ်တာ လုံးဝ အားမပေးပါဘူး။ အဲ့ဒီအစား JWT မသုံးပဲ နေသင့်ပါတယ်။ ဘာလို့လဲဆိုတော့ JWT ရဲ့သဘာဝက token ဘယ်အချိန်မှာ expire ဖြစ်မလဲလို့ ပါပြီးသား ဖြစ်တဲ့အတွက် server က အဲ့အချိန်အတိုင်ခင် ကြိုပြီး invalidate လုပ်ဖို့ ရှိလာပြီဆိုရင် အနှစ်သာရဖြစ်တဲ့ federated trust ကျိုးပေါက် သွားပါလိမ့်မယ်။ app တခုရဲ့ Identity flow အကြမ်းဖျင်းက ဒီလိုရှိနိုင်တယ်။ token service အနေနဲ့ user credential ကို တိုက်ရိုက် ဒါမှမဟုတ် လိုအပ်ရင် 3rd party (ဥပမာ Facebook, Google) နဲ့ ပြန်စစ်ပြီး user identity ကိုအတည်ပြုမယ်။ မှန်ကန်ရင် Authorizer service ကိုဆက်သွယ်ပြီး token တည်ဆောက်မယ်။ ဒီနေရာမှာ AWS စတိုင်ဆိုရင် Authorizer က faas (lambda function) ပေါ့။ ရလာတဲ့ token က client အတွက် ဝန်ထမ်းကဒ်ပါပဲ။ ဝန်ထမ်းကဒ်ပြပြီး သတ်မှတ်အခန်းတွေကို ဝင်လို့ရပါတယ်။ gateway အနေနဲ့ ပို့လာတဲ့ token မကျိုးပေါက်သရွေ့၊ expire မဖြစ်သေးသရွေ့ request ကိုလိုက်လျောဖို့ တာဝန်ရှိတယ်။ ဒါပေမယ့် token ကို invalidate လုပ်ဖို့ ဆုံးဖြတ်ခဲ့ရင် gateway အနေနဲ့ Token service ဆီ စုံစမ်းရပါတော့မယ်။ အခုတော့ လုံခြုံရေးအရာရှိက ကဒ်ကို ကြည့်ရုံတင်မကဘူး။ ဝန်ထမ်းဌာနကို ဖုန်းဆက်ပြီး ဒီကဒ်က တရားဝင်သေးလားလို့ အကြိမ်တိုင်းမှာ လှမ်းမေးရတော့မှာပါ။ ဒီ overhead ကိုလျှော့ချဖို့အတွက် identity service တွေကို gateway ဆီ ပို့ပစ်ထားသင့်ပါတယ်။ တခါ token ကို ထပ်အတည်ပြုရဦးမှာဖြစ်လို့ token encryption နဲ့ encode/decode အတွက် CPU cycle တွေ မသုံးတော့ပဲ jwt လောက် overhead မများမယ့် token မျိုး သုံးသင့်တယ်။ အရေးကြီးဆုံးအချက်က jwt ကို session လိုမသုံးဖို့ပါပဲ။ ဒါပေမယ့် အခု ပြောသွားသမျှက principle တွေမဟုတ်ပဲ ကျွန်တော့်အမြင်သက်သက်ပဲမို့ လိုအပ်သလို adapt လုပ်သင့်ပါတယ်ခင်ဗျာ။ မှတ်ချက်။ ။ CodeHub with Harry မှ Harry Yan ရဲ့ ၂၀၂၃ သြဂုတ်လမှ ဆောင်းပါးတပုဒ်ဆီက ကောက်နှုတ်ထားပါတယ်
Burmese
mya
re-annotations
48566d81b60e8087fb70f1675866ffd90ada3960f494ea71b323570b094c4d5a
"Microsoft Corporation သည် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ပြည်နယ်၊ Redmond မြို့တွင် ရုံးချုပ်ရှိပြီး ကွန်ပျူတာနှင့် ဆက်စပ်သော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ၏ ကျယ်ပြန့်သော ကဏ္ဍကို တီထွွင်၊ ထုတ်လုပ်၊ လိုင်စင်ထုတ်ပေးပြီး ထောက်ပံ့ပေးနေသော အမေရိကန်နိုင်ငံတကာ ဆော့ဖ်ဝဲကုမ္ပဏီတစ်ခု ဖြစ်သည်။" အကြောင်းအရာက Microsoft ပါ။
"Microsoft ဆိုတာ ဘယ်လို ကုမ္ပဏီမျိုးလဲ"
Burmese
mya
re-annotations
b466cff514d056b52c8c75a0e058d1cda748c7fe0f5760924ce918c36c53ad35
Business တွေမှာ Technology ကို ဘယ်လို adapt လုပ်သင့်လဲ
Monolithic Application ကြီးတွေကို Breakdown လုပ်ရတဲ့အခါ Technology အရ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ Approved ဖြစ်ပြီးသား နည်းလမ်းတွေက အများကြီးပဲ။ လုပ်လို့မရဘူးဆိုတာ မရှိဘူး။ Technology အရ အတားအဆီးက နည်းမှန်လမ်းမှန်လုပ်လိုက်တာနဲ့ အချိန်တိုအတွင်း ကျော်ဖြတ်နိုင်တယ်။ ခက်တာက Organization Culture အရဖြစ်လာတဲ့ အတားအဆီးတွေကို ကျော်ဖြတ်ရတာတော့ အတော့်ကို ခက်တာတွေ့ရတယ်။ အသားကျပြီးသား အလုပ်ဖြစ်ပြီးသား နည်းလမ်းတွေကို ပြောင်းလဲဖို့က Resistance to changes တွေ အများကြီးပဲ။ ဒါပေမယ့် Business Domain အရပဲဖြစ်ဖြစ် Single Responsibility အရပဲဖြစ်ဖြစ် SOA က မဖြစ်မနေသွားရမယ်လမ်းပဲ။ အဲဒီလိုမှ မသွားရင် Business တွေက Fast Changing World မှာ နည်းပညာအရ ယှဉ်ပြိုင်နိုင်ဖို့ မလွယ်ဘူး။
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
မှိုကြောင့် သတ်သေတာ ဘယ်လိုဖြစ်တာလဲ။
Magic mushrooms တွေကို Shrooms တွေလို့လည်းခေါ်ကြတယ်။ သူက မှိုအမျိုးစားတစ်ခုတည်းကိုခေါ်တာမဟုတ်ဘဲ psilocybin (ဆီလိုဆိုင်ဘင်) ဆိုတဲ့ ဓာတ်တစ်မျိုးပါတဲ့ မှိုတွေကိုပြောတာပါ။ မှိုစားရင် နေလို့ကောင်းပြီးလွင့်မယ်၊ တကယ်မရှိဘဲ မြင်ရတာ၊ ကြားရတာတွေဖြစ်နိုင်တယ်၊ အတွေးအခေါ်တွေပြောင်းသွားစေနိုင်တယ်၊ ဘာသာရေးအားကောင်းသူတွေမှာ ဘာသာရေးနဲ့ပတ်သက်ပြီး ဉာဏ်အလင်းပွင့်တယ်ဆိုတာမျိုးတွေထိတောင် ဖြစ်နိုင်တယ်။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာကို တော်တော်လေး နက်နက်ရှိုင်းရှိုင်းထိုးဖောက်ရောက်နိုင် သက်ရောက်နိုင်တဲ့အမျိုးအစားဖြစ်လို့ စိတ်က ပုံဖော်သမျှမြင်ပြီး ကြောက်ရွံ့တုန်လှုပ်နေတာ၊ စိတ်ကိုက အလိုလိုကြောက်လန့်နေတာ ဒါမျိုးတွေလည်း ဖြစ်နိုင်တယ်။ မှိုကို အခြောက်ခံစားတာ၊ အမှုန့်လုပ်စားတာ၊ အရည်စိမ်သောက်တာ စသဖြင့် မျိုးစုံစားကြတယ်။ စားပြီး မိနစ် ၃၀ လောက်ကနေ သူ့သက်ရောက်မှုကို ခံစားရမယ်။ သက်ရောက်မှုကြာချိန်က ၄နာရီကနေ ၆နာရီလောက်ဖြစ်မယ်။ မှိုရဲ့သက်ရောက်မှုသီးသန့်ကြောင့် သတ်သေကြတာမဟုတ်ဘူး။ မှိုက စိတ်ကိုသက်ရောက်မှုရှိတယ်။ အဲဒီစိတ်အခံက ကောင်းနေလား၊ ဆိုးနေလား၊ နဂိုကတည်းက ပြဿနာဖြစ်နေတဲ့စိတ်လားဆိုတဲ့အပေါ်မှာမူတည်ပြီး မှိုရဲ့ သက်ရောက်မှုကလည်း ပြောင်းတယ်။ အဲဒါကို ကောင်းတယ်ဆိုရင် Good trip လို့ခေါ်တယ်။ မကောင်းဘူးဆိုရင် Bad trip လို့ခေါ်တယ်။ မှိုက နဂိုစိတ်အခံ ပြင်ဆင်ထားမှုအပေါ်မှာမူတည်ပြီး သက်ရောက်တယ်။ ဒါကိုမထိန်းထားနိုင်ဘူး စိတ်က မူမှန်မဟုတ်ဘူးဆိုတဲ့အခါမှာ မကောင်းတဲ့အမြင်တွေ၊ ခံစားမှုတွေဖြစ်ပြီး ထိန်းချုပ်ပေးမယ့်သူမရှိတော့ ကိုယ့်ကိုယ်လုပ်မိတာ၊ မရှိတာတွေမြင်၊ မဟုတ်တာတွေယုံကြည်ပြီး နာကျင်အောင် လုပ်မိနိုင်တယ်။ မှိုရယ်၊ စားတဲ့သူရဲ့ စိတ်အခံရယ်၊ ဘေးက ထိန်းပေးမယ့်သူမရှိတာရယ်တွေပေါင်းစပ်ပြီး ဖြစ်တာလို့ ယူဆရပါတယ်။ မှတ်ချက်။ ။ Dr. Thurein Hlaing Win ရဲ့ Aug, 2023 က content တခုမှ ကောက်နှုတ်ဖော်ပြထားပါသည်.
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
Machine Learning အမျိုးအစား အဓိက ၂ မျိုးကို ဖော်ပြပါ
Machine Learning မှာ အဓိကအားဖြင့် ၁။ Supervised Machine Learning နဲ့ ၂။ Unsupervised Machine Learning ဆိုပြီး နှစ်မျိုး ပြန်ခွဲနိုင်ပါတယ်။ reinforcement learning လို တခြား ML အမျိုးအစားတွေလည်း ရှိပါသေးတယ်။
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
Nintendo သည် Switch 2 ကို ဖန်တီးနေပါသလား။
နောက်ထပ်အစီရင်ခံစာတစ်ခုတွင် Nintendo Switch 2 ကို 2024 အစောပိုင်းတွင်ဖြန့်ချိရန်ထပ်မံစီစဉ်ထားသည်ဟု သိရှိရသည်။ Nintendo သည် Nintendo အကောင့်များကို Switch 2 သို့လွှဲပြောင်းပေးမည်ဟု အတည်ပြုထားပြီး မျိုးဆက်သစ် console သည် နောက်ပြန်လိုက်ဖက်မှုကိုပေးစွမ်းနိုင်မည်ဟု အရိပ်အမြွက်ပြောကြားခဲ့သည်။
Burmese
mya
re-annotations
d4fb278183f44a5951d097c2cdb246e4261dfd31f681f3a92fae310059a2016a
ငရုတ်သီးစိမ်းငံပြာရည်ချက်
ကြက်သွန်နီ ၅ လုံးနဲ့ ကြက်သွန်ဖြူ ၃ မွှာလောက်ကို ညှက်နေအောင်ထောင်းထားပါ။ ပုဇွန်ခြောက် လက်တဆုပ်စာလောက်ကို ရေဆေးပြီး မညှက်တညှက်ထောင်းပါ။ ငရုတ်သီးစိမ်း ၁၀ တောင့်လောက်ကို သက်သက်ထောင်းထားပါ။ အိုးထဲကို ဆီ လိုသလောက်ထည့်ပါ။ ဆီဆူလာလျှင် နနွင်းမှုန့်အနည်းငယ် ထည့်ပါ။ ကြက်သွန်ဖြူ/နီ ထည့်ပြီး ဆီသပ်ပါ။ အနံ့လေးမွှေးပြီး ကြက်သွန်နီလေး နွမ်းလာပြီဆိုရင် ထောင်းထားတဲ့ပုဇွန်ခြောက်ကို ထည့်ပါ။ အရသာအတွက် ငံပြာရည်၊ အချိုမှုန့်၊ ကြက်သားမှုန့်ထည့်ပါ။ ငရုတ်(ငြုပ်)သီးခွဲခြမ်း ထမင်းစားဇွန်းနဲ့ ၂ ဇွန်းလောက် ထည့်ပြီး မွှေပေးပါ။ ပြီးလျှင် ရေအနည်းငယ်ထည့်ပါ။ ရေဆူလာပြီဆို၊ ထောင်းထားတဲ့ ငြုပ်(ငရုတ်)သီးစိမ်းကို ထည့်ပြီး ခနအုပ်ထားပါ။ ဆီပြန်လာပြီဆိုလျှင် အရသာလေးမြည်းပြီး ချလို့ရပါပြီ။ အသားဟင်းတောင်မလိုပဲ၊ တမျိုးထဲစားရင်တောင် ထမင်းမြိန်တဲ့ဟင်းလေးဖြစ်ပါတယ်ရှင့်။
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
မေး:ဘာလို့ Cinderella ကို ဘောလုံးအသင်းက ထုတ်ပစ်တာလဲ။ ဖြေ: သူမက ဘောလုံးဆီကနေ ထွက်ပြေးသွားတာကြောင့်ပါ။ အထက်ပါပြက်လုံးရဲ့ အဓိပ္ပါယ်က ဘာများ ထင်ပါသလဲ။
Cinderella က သူမရဲ့ ခမ်းနားတဲ့ ဝတ်စုံနဲ့ ခမ်းနားတဲ့ အကပါတီကို သွားခဲ့တယ်။ ဒီဆန်းပြားတဲ့ ကပွဲကို အင်္ဂလိပ်လို ball လို့ခေါ်တယ်။ ဘောလုံးသမားတွေ ကန်ခဲ့တဲ့ ဘောလုံး(ball) ကလဲ စာလုံးပေါင်း အတူတူပါပဲ။ ဒီပြက်လုံးက ဘောလုံးဆိုတဲ့ စကားလုံးကို ကစားတာပါ။ ပြီးတော့ ဘောလုံးသမားတွေဟာ ဘောလုံးကနေ မပြေးရပါဘူး။ ဒါကြောင့် ball ကနေထွက်ပြေးတဲ့ Cinderella ကိုဘောလုံးအသင်းကနေထုတ်လိုက်တာပါ။
Burmese
mya
re-annotations
fb7a8800746abd247a1156d056f869b5dffa1b941e662c0151d974cde6de0cd8
မေး - I Heart ရေဒီယို ဂီတဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသား အဆိုတော် အဖွဲ့ဆု ကို ဘယ်သူတွေ ရခဲ့လဲ။ အဖြေက:
BTS
Burmese
mya
re-annotations
fb7a8800746abd247a1156d056f869b5dffa1b941e662c0151d974cde6de0cd8
အမျိုးသမီး လိင်စိတ်အထွတ်အထိပ်ရောက်အောင် ဘယ်လိုလုပ်မလဲ။ အမေးအဖြေပုံစံ အချက်အလက်များနဲ့ ဖော်ပြပေးပါ။
(လိင်ကျန်းမာရေးဖြစ်လို့ အရွယ်ရောက်ပြီးသူများသာ ဖတ်ရှုသင့်ပါတယ်) အမျိုးသားအမျိုးသမီး အတူနေတဲ့အခါမှာ အမျိုးသားတွေရဲ့ လိင်စိတ်အထွတ်အထိပ်ရောက်မှုက သိသာထင်ရှားပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေကျတော့ သိပ်မသိသာဘူး။ တချို့အမျိုးသမီးတွေက သူတို့လိင်စိတ်အထွတ်အထိပ်ရောက်လားဆိုတာကို သူတို့ကိုယ်တိုင်လည်းမသိဘူး။ အိမ်ထောင်ကျ ကလေးတွေရပြီး အသက်ကြီးသွားတဲ့အထိ လိင်စိတ်အထွတ်အထိပ်ရောက်မှုအကြောင်း သေချာမသိသွားရတဲ့သူတွေလည်းရှိတယ်။ အတူနေတဲ့အခါ အမျိုးသမီးတွေ လိင်စိတ်အထွတ်အထိပ်မရောက်တာက အမျိုးသမီးတွေအတွက်တင် ပြဿနာမဟုတ်ဘူး။ အမျိုးသားတွေမှာလည်း ပြဿနာဖြစ်နေတယ်။ အမျိုးသားတွေရဲ့ အတ္တတစ်ခုက သူတို့နဲ့ဆက်ဆံရင် အထွတ်အထိပ်ရောက်သွားတယ်ဆိုတာကို လိုချင်ကြတယ်။ ဒီတော့ သူတို့ရဲ့ဆက်ဆံဖော်အဆင်မပြေဖြစ်တာက သူတို့နဲ့လည်း သက်ဆိုင်တယ်လို့ ခံစားကြရလေ့ရှိတယ်။ (က) လိင်စိတ်အထွတ်အထိပ်ဆိုတာ ယောကျ်ားလေးတွေအတွက်တော့ သိပ်ပြီးရှင်းပြစရာမလိုပါဘူး။ အမျိုးသမီးတွေအတွက်ကျ ဒီကိစ္စက နည်းနည်းဖြေရခက်တယ်။ အစားအစာတစ်ခုကို အရသာမခံဘဲ သူ့ရဲ့အရသာကို ရှင်းပြရသလိုဖြစ်နေတယ်။ ရှင်းပြရခက်တယ်။ မြည်းစမ်းကြည့်လိုက်မှ သိသွားတာမျိုးဆိုတော့။ ကိုယ်တိုင်ခံစားဖူးမှ သိသွားမယ့်အရာတစ်ခုဖြစ်နေတယ်။ စကားနဲ့ပဲ ပြောရမယ်ဆိုရင်တော့ လိင်မှုကိစ္စရဲ့ အဆုံးသတ်ခံစားမှုလို့ ပြောရမယ်ထင်တယ်။ အမျိုးသားရော အမျိုးသမီးရော လိင်စိတ်အထွတ်အထိပ်ကိုခံစားရနိုင်တယ်။ လိင်စိတ်အထွတ်အထိပ်ရောက်မှုက လိင်မှုကိစ္စသတ်သတ်တစ်ခုထက်ပိုပါတယ်။ လိင်စိတ်အထွတ်အထိပ်ရောက်မှုက ခန္ဓာကိုယ်အတွက် ကောင်းကျိုးများစေတဲ့ ဟော်မုန်းတွေထွက်ရှိစေတယ်။ စိတ်ဖိစီးမှုကိုလျော့ကျစေပြီး ကိုယ်ခံအားကောင်းစေတာ၊ ပျော်ရွှင်စေတာစသဖြင့်ကောင်းကျိုးတွေအများကြီးရှိတယ်။ (ခ) အမျိုးသားနဲ့ အမျိုးသမီး လိင်စိတ်အထွတ်အထိပ်ရောက်မှု တူညီသလား အမျိုးသားတချို့ရဲ့ နားလည်မှုလွဲမှားမှုက အမျိုးသမီးတွေ အထွတ်အထိပ်ရောက်ပုံက သူတို့နဲ့အတူတူပဲလို့ ထင်တာပဲ။ တကယ်က လုံးဝမတူဘူး။ အမျိုးသမီးတွေ အထွတ်အထိပ်ရောက်ပုံကို မြင်သာထင်သာရှိစေတာက တုန်ခါမှုနဲ့ဆက်တိုက်ဆိုသလို ညှစ်လာတဲ့ သားအိမ်ကြွက်သားနဲ့ မိန်းမကိုယ်လမ်းကြောင်းတလျောက်က ကြွက်သားတွေပါ။ အမျိုးသားတွေလို မသိသာပါဘူး။ အမျိုးသမီးတစ်ယောက်ရဲ့ ပြီးမြောက်မှုက ၁၃ စက္ကန့်ကနေ စက္ကန့် ၅၀ လောက်ထိ ကြာမြင့်နိုင်ပါတယ်။ အမျိုးသမီးတွေဟာ အထွတ်အထိပ်ရောက်ပြီးသွားရင်လည်း အမျိုးသားတွေကို ပြန်ကျသွားတာမျိုးမရှိဘူး။ ဆက်တိုက်ဆိုသလို ဆက်ပြီး ခံစားရနိုင်တယ်။ (ဂ) အတူနေတိုင်း အမျိုးသမီးတွေ အထွတ်အထိပ်ရောက်လား။ ဒါက အမျိုးသားတွေရော အမျိုးသမီးတွေရော အသိချင်ဆုံးမေးခွန်းပါ။ အတူနေတိုင်းအမျိုးသမီးတွေ ပြီးမြောက်လားပေါ့။ ယောကျ်ားတွေကတော့ အတူနေတိုင်း ပြီးမြောက်နိုင်ပေမယ့် အမျိုးသမီးတွေကတော့ မပြီးမြောက်နိုင်ပါဘူး။ အမျိုးသမီးတွေ အထွတ်အထိပ်ရောက်ဖို့က အမျိုးသားတွေထက် ၃ ဆ ပိုခက်ခဲပါတယ်။ တစ်ခုထူးခြားတာက မိန်းမကိုယ်လမ်းကြောင်း ဖွဲ့စည်းတည်ဆောက်ပုံဟာ လိင်စိတ်အထွတ်အထိပ်ရောက်ဖို့အတွက် အဓိကမဟုတ်ပါဘူးတဲ့။ သဘောကတော့ အမျိုးသားနဲ့ထိုးသွင်းဆက်ဆံမှုက အထွတ်အထိပ်ရောက်ဖို့အတွက် အဓိကမဟုတ်ဘူးဆိုတာပါပဲ။ အမျိုးသမီးတွေရဲ့ အထွတ်အထိပ်ရောက်မှု ၇၅ ရာခိုင်နှုန်းဟာ မအင်္ဂါစေ့ (Clitoris) ကိုလှုံ့ဆော်မှုကနေ ဖြစ်ပေါ်ပါတယ်။ ကျန်တဲ့ ၂၅ ရာခိုင်နှုန်းကသာ ထိုးသွင်းဆက်ဆံခြင်းနဲ့ အထွတ်အထိပ်ကိုရောက်နိုင်ပါတယ်။ နှစ်ခုကိုပေါင်းစည်းခြင်း (ထိုးသွင်းမှုနဲ့ မအင်္ဂါစေ့ လှုံ့ဆော်မှု)ကတော့ အထွတ်အထိပ်ကိုရောက်နိုင်မှု မြင့်တက်စေနိုင်ပြီး ပြီးမြောက်မှုကိုလည်း ပိုပြီးအရှိန်မြင့်တက်စေတယ်လို့ဆိုပါတယ်။ မေးခွန်းကိုပြန်ကောက်ရရင်တော့ အမျိုးသမီးတွေဟာ အတူနေတိုင်း ပြီးမြောက်မှုကို မခံစားရနိုင်ပါဘူး။ အကြောင်းက ထိုးသွင်းဆက်ဆံမှုသတ်သတ်နဲ့ ပြီးမြောက်ဖို့က အရမ်းခဲယဉ်းလို့ပါ။ အမျိုးသမီးတွေရဲ့ သုံးပုံတစ်ပုံ (အတော်များတဲ့ပမာဏပါ) ဟာ သူတို့ရဲ့ လက်ရှိအချိန်ထိ အထွတ်အထိပ်ရောက်မှုကို မခံစားဖူးပါဘူးတဲ့။ အမျိုးသားတွေကတော့ ၉၉ ရာခိုင်နှုန်းကျော်ဟာ ပြီးမြောက်မှုကို သိရှိခံစားနိုင်ပါတယ်။ (ဃ) ဘာကြောင့် မပြီးတာလဲ မပြီးဘူးဆိုရင် နောက်ထပ်မေးခွန်းတစ်ခုက ဘာလို့ မပြီးရတာလဲပေါ့။ အဖြေရဲ့ ပထမတစ်ခုကတော့ အပေါ်မှာ ပြောထားတဲ့အတိုင်း အမျိုးသမီးတွေဟာ မအင်္ဂါစေ့ကို လှုံ့ဆော်မှုကနေ အဓိက ပြီးမြောက်တယ်။ ထိုးသွင်းမှုနဲ့ ပြီးမြောက်မှုနည်းတယ်။ နောက်ထပ် အကြောင်းတွေကတော့ ၁။ တစ်ခါမှ မခံစားဖူးလို့။ တချို့အမျိုးသမီးတွေဟာ ပြီးမြောက်တယ်ဆိုတဲ့ခံစားချက်ကိုလုံးဝမသိဘူး။ ခံလည်းမခံစားဖူးဘူး။ သူတို့ဘာသာလည်းမကြိုးစားဖူးဘူး။ ဒီတော့ ဘယ်လိုဆိုတာကိုလုံးဝမသိဘူး။ ၂။ စိတ်မပါလို့။ ဒါကတော့ရှင်းပါတယ်။ အမျိုးသမီးတွေရဲ့ လိင်စိတ်တက်ကြွမှုက အမျိုးသားတွေနဲ့ယှဉ်ရင် နည်းတယ်။ စိတ်မပါဘူးဆိုရင် ပြီးမြောက်မှုမဖြစ်နိုင်ဘူးပေါ့။ ဒါကတော့ အမျိုးမျိုးဖြစ်နိုင်တယ်။ လိင်စိတ်မပါတာဖြစ်နိုင်သလို ဆက်ဆံဖော်အမျိုးသားကို စိတ်မပါတာ မချစ်ခင်တာလည်းဖြစ်နိုင်တယ်။ ၃။ စဦးအပျိုး လုံးဝမလုပ်လို့။ အမျိုးသမီးတွေရဲ့ လိင်စိတ်က အမျိုးသားတွေလိုမျိုး ဟုန်းကနဲတောက် ဟုန်းကနဲငြိမ်းသွားတဲ့ ကောက်ရိုးမီးလိုမဟုတ်ဘူး။ တဖြည်းဖြည်းအချိန်ယူပြီး တောက်လောင်အောင်လုပ်ရတဲ့ ထင်းမီးလိုပဲ။ အဲဒါကို အပျိုးလုံးဝအချိန်မပေးဘူးဆိုရင် မပြီးမြောက်နိုင်ဘူးပေါ့။ ၄။ အချိန်သေချာမယူလို့။ အမျိုးသမီးတွေ ပြီးမြောက်ဖို့က အချိန်ယူရပါတယ်။ ပျမ်းမျှအားဖြင့် မိနစ်နှစ်ဆယ်လောက်အချိန်ယူရပါတယ်။ အဲဒီလောက်အချိန်ပေးပြီး လှုံ့ဆော်ဆက်ဆံမှုတွေမလုပ်ဘူးဆိုရင် မပြီးမြောက်နိုင်ပါဘူး။ ၅။ စိုးရိမ်ပူပန်နေလို့။ အမျိုးသမီးတွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ပတ်သက်လို့ မလုံမခြုံဖြစ်နေတယ်။ ဒါမှမဟုတ် ပတ်ဝန်းကျင်နဲ့ပတ်သက်လို့ဖြစ်ဖြစ် တခြားအကြောင်းအရာတွေကြောင့်ဖြစ်ဖြစ် စိုးရိမ်ပူပန်မှုတွေဖြစ်နေတယ်ဆိုရင် အထွတ်အထိပ်ရောက်ဖို့ခဲယဉ်းပါတယ်။ (င) ဘယ်လိုလုပ်မလဲ။ ဘယ်လိုကူညီနိုင်မလဲ။ ဒီနိုင်ငံမှာ ရွံစရာကောင်းတဲ့အရာတစ်ခုလို ယူဆတဲ့အထဲမှာ လိင်မှုကိစ္စလည်းပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေက လိင်မှုကိစ္စနဲ့ပတ်သက်ရင် သူတို့ကိုယ်သူတို့ အတင်းအကျပ်ပိတ်ပင်တားဆီးကြတယ်။ တကယ်က လိင်မှုကိစ္စက ကာမအာရုံကို ခံစားတာတစ်ခုထက်ပိုပါတယ်။ ကောင်းကျိုးတွေအများကြီးရှိတယ်။ ရွံစရာတစ်ခုမဟုတ်ဘူး။ မှားယွင်းတဲ့အမူအကျင့်တစ်ခုမဟုတ်ဘူး။ ဒါကို အရင်နားလည်ရပါမယ်။ အမျိုးသမီးတွေအထွတ်အထိပ်ရောက်ဖို့ အမျိုးသမီးတွေကိုယ်တိုင်လုပ်ရမှာက ၁။ ကိုယ်တိုင်စမ်းသပ်ကြည့်ပါ။ အဓိက ပြဿနာကတော့ အမျိုးသမီးတွေဟာ ပြီးမြောက်မှုကို တစ်ခါမှ မခံစားဖူး မစမ်းသပ်ဖူးတော့ ဘယ်လိုကို ခေါ်မှန်းကိုမသိတာပါ။ ကိုယ့်ခန္ဓာအကြောင်းကို ကိုယ်က အသိဆုံးဖြစ်တာကြောင့် အရင်ဆုံးက ကိုယ့်ဘာသာ စမ်းသပ်ကြည့်ပါ။ ဘယ်လိုမျိုးက ကိုယ့်ကို စိတ်ဖြစ်ပေါ်စေလဲ။ ဘယ်လိုထိကိုင်မှုမျိုးက အနေအထားမျိုးက ပိုအဆင်ပြေမလဲဆိုတာကို ကိုယ့်ဘာသာ ကိုင်တွယ်စမ်းသပ်ကြည့်ပါ။ အကောင်းဆုံးနည်းလမ်းကတော့ မအင်္ဂါစေ့ကို ကိုယ့်ဘာသာ နှိုးဆွကြည့်ပါ။ ၂။ ကိုယ့်ဆက်ဆံဖော်ကို ပွင့်ပွင့်လင်းလင်းပြောပါ။ ဆက်ဆံမှုပြုတဲ့အခါမှာ ကိုယ့်အဖော်ကို ကိုယ်ဘယ်လိုပုံစံမျိုးဆိုအဆင်ပြေလဲ။ ဘယ်လိုအနေအထားမျိုးက ကိုယ့်အတွက် ပြီးမြောက်ဖို့ ပိုလွယ်ကူလဲ။ ဘယ်လိုလိုချင်လဲဆိုတာတွေကို ကိုယ့်အဖော်ကိုပြောပြပါ။ အမျိုးသားတွေမှာလည်း သူများစိတ်ထဲက အကြောင်းအရာကို မသိနိုင်တာဆိုတော့ ကိုယ်က ပွင့်ပွင့်လင်းလင်းပြောပြမှ သူတို့ဘက်က လုပ်ပေးနိုင်ပါလိမ့်မယ်။ အထင်သေးမှာကြောက်တာတို့ ဒါကိုအရမ်းကြိုက်နေတယ်ထင်မှာစိုးတာတို့က အမျိုးသမီးအများစုရဲ့ အကြောက်တရားပါ။ သိအောင်ပြောရရင်တော့ အမျိုးသားတွေဘက်က အဲဒီလိုပြောပြတယ်ဆိုရင် ပိုပြီးအဆင်ပြေပါတယ်။ ၃။ အာရုံကိုတစ်ခုတည်းထားပါ။ အတူနေတဲ့အခါမှာလည်း အမျိုးသမီးတွေဟာ အာရုံမျိုးစုံကိုရောက်နေတတ်တယ်။ ပူပန်ကြောင့်ကျမှုမျိုးစုံဖြစ်ပေါ်နေတယ်။ အဲဒါတွေကို ဖယ်ရှားထားပါ။ အတူနေချိန်ခဏမှာ ကျန်တာတွေကို မတွေးနေပါနဲ့။ (စ) အမျိုးသားတွေလုပ်ပေးနိုင်တာက ၁။အတင်းကာရော စိတ်မပါလက်မပါတွေမှာ မလုပ်ပါနဲ့။ အမျိုးသားတွေက အမျိုးသမီးတွေထက်စာရင် လိင်စိတ်ပြင်းထန်ပါတယ်။ ဒီတော့ အမျိုးသမီးစိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ အတင်းကာရောလုပ်တာမျိုးတွေက အမျိုးသမီးကို စိတ်မပါစေပါဘူး။ စိတ်မပါရင် မပြီးမြောက်နိုင်ပါဘူး။ ၂။ စဦးအပျိုးကို အချိန်ယူပါ။ အပေါ်မှာပြောထားသလိုပဲ အမျိုးသမီးတွေရဲ့ စဦးအပျိုးဟာ အရေးကြီးပါတယ်။ ဒါကို ရောက်တာနဲ့တက်ဖို့ ကြိုးစားနေရင်တော့ ကိုယ့်ဆက်ဆံဖော်စိတ်ညစ်ရပါလိမ့်မယ်။ ၃။ စိတ်ရှည်ပါ။ အမျိုးသမီးတွေ ပြီးမြောက်ဖို့က အချိန်ယူရပါတယ်။ ကိုယ်က စိတ်ရှည်လက်ရှည်ရှိဖို့လိုပါတယ်။ ၄။ ခဏခဏမမေးပါနဲ့။ အတူနေတိုင်းပြီးဖို့ မမျှော်လင့်ပါနဲ့။ အမျိုးသားတွေရဲ့ ဆန္ဒက သူတို့ပြီးမြောက်သလို အမျိုးသမီးတွေလည်းပြီးမြောက်စေချင်တယ်။ ဒီတော့ ပြီးမြောက်လားဆိုတဲ့မေးခွန်းကို ခဏခဏမေးတတ်ကြတယ်။ ပြဿနာက အဲဒီလိုမေးတဲ့အခါတိုင်း အမျိုးသမီးဘက်မှာ ဖိအားပိုများလာတယ်။ ဒီတော့ အထွတ်အထိပ်ရောက်ဖို့ပိုခက်လာတယ်။ အတူနေတဲ့အချိန်တိုင်းမှာ အမျိုးသမီးက မပြီးမြောက်နိုင်ပါဘူး။ ဒါကိုသိထားပါ။ ၅။ မအင်္ဂါစေ့ကို နူးညံ့စွာ လှုံ့ဆော်ပေးပါ။ အမျိုးသမီးတွေအထွတ်အထိပ်ရောက်မှုရဲ့ ၇၅ ရာခိုင်နှုန်းဟာ မအင်္ဂါစေ့ကို လှုံ့ဆော်မှုကနေဖြစ်လို့ ဒီလိုလှုံ့ဆော်ပေးမှုက အမျိုးသမီးရဲ့ ပြီးမြောက်မှုအတွက် အကျိုးသက်ရောက်မှုများပါလိမ့်မယ်။
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
မြန်မာနိုင်ငံမှာ ဘယ်လိုကုမ္ပဏီအမျိုးအစားတွေကို မှတ်ပုံတင်ရပါလဲ။
www.dica.gov.mm မှာ အမေးအဖြေကဏ္ဍ မှာ ဖော်ပြထားတာအရကတော့ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ မှတ်ပုံတင်နိုင်သော ကုမ္ပဏီအမျိုးအစား အဓိက ၃ မျိုးရှိပါတယ်။ ၁။ အစုရှယ်ယာနဲ့ တာဝန်ကန့်သတ်ထားတဲ့ ကုမ္ပဏီ ၂။ ခံဝန်ချက်နဲ့ တာဝန်ကန့်သတ်ထားတဲ့ ကုမ္ပဏီ နဲ့ ၃။ တာဝန်ကန့်သတ်မထားတဲ့ ကုမ္ပဏီ ဆိုပြီး ရှိပါတယ်။
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
Cinderella ရဲ့ ဖြစ်ရပ်မှန်က ဘာလဲ။
Cinderella ဇာတ်လမ်း၏ အစောဆုံး မှတ်တမ်းတင်ထားသော ဗားရှင်းသည် အီဂျစ်မှ ဆင်းသက်လာခြင်းဖြစ်သည်။ Rhodopis နှင့် Her Little Gilded Sandals တို့၏ ပါးစပ်ပုံပြင်အရ နောက်ဆုံးတွင် အီဂျစ်ဘုရင်နှင့် လက်ထပ်ခဲ့သော ဂရိကျွန်မိန်းကလေးတစ်ဦးကို သရုပ်ဖော်ထားခြင်းဖြစ်သည်။ ။ ထိုအကြောင်းအရာကို ဘီစီ ပထမရာစုတွင် ဂရိပထဝီဝင်ပညာရှင် (စထရာဘို) မှ ပထမဆုံးမှတ်တမ်းတင်ခဲ့သည်။
Burmese
mya
original-annotations
2ded88a25d5820971b7158ebbad34357e8b5d33a77535d24a6213ccce8ddeacc
ကမ္ဘာပေါ်မှာ အအေးဆုံးနိုင်ငံက ဘယ်နိုင်ငံလဲ။
အန္တာတိကသည် ကမ္ဘာပေါ်တွင် အအေးဆုံးနိုင်ငံအဖြစ် ကွဲပြားသည်။ ၎င်းသည် နည်းပညာအရ တိုက်ကြီးတစ်ခုဖြစ်သော်လည်း ၎င်းအတွင်းတွင် သီးခြားနိုင်ငံမရှိသောကြောင့် ၎င်းသည် အဓိကအားဖြင့် တိုက်ကြီးပေါ်တွင် တစ်ခုတည်းသောနိုင်ငံဖြစ်သည်။1983 ခုနှစ် ဇူလိုင်လ 21 ရက်နေ့တွင်၊ အန္တာတိက၏ Vostok ဘူတာရုံရှိ အပူချိန်သည် -128.6 ဒီဂရီဖာရင်ဟိုက် သို့မဟုတ် -89.2 ဒီဂရီစင်တီဂရိတ်သို့ ကျဆင်းသွားသည်။ ကုန်းတွင်းပိုင်းသို့ ရွေ့လျားလာသည်နှင့်အမျှ ကမ်းရိုးတန်းအနီးတွင် ပျမ်းမျှအားဖြင့်၊ ဤတွင် အပူချိန်သည် ၁၄ ဒီဂရီဖာရင်ဟိုက် (-၁၀ ဒီဂရီစင်တီဂရိတ်) မှ -၇၆ ဒီဂရီဖာရင်ဟိုက် (-၆၀ ဒီဂရီစင်တီဂရိတ်) အကြား အပြောင်းအလဲရှိသည်။
Burmese
mya
original-annotations
2ded88a25d5820971b7158ebbad34357e8b5d33a77535d24a6213ccce8ddeacc
ပူဖောင်းတစ်လုံးကို လေနဲ့ဖြည့်ပြီး ရုတ်တရက် လွှတ်လိုက်ရင် လေထွက်သွားတာနဲ့ အခန်းတစ်ဝိုက်ကို ပျံသန်းပါလိမ့်မယ်။ အာကာသယာဉ်နဲ့ ယှဉ်လိုက်ရင် ထွက်သက်လေထုက အာကာသယာဉ်ရဲ့ ဘယ်အပိုင်းနဲ့ ပိုဆင်တူလဲ။ ရရှိနိုင်သောရွေးချယ်မှုများ: (က) လမ်းညွှန်ခြင်း၊ (ခ) တွန်းအားပေးခြင်း၊ (ဂ) ထောက်ပံ့ခြင်း၊ (ဃ) မောင်းနှင်ခြင်း၊ ခင်ဗျားအဖြေက
(၂) တွန်းအားပေးခြင်း အာကာသယာဉ်က ထွက်သွားတဲ့လေထုရဲ့ တွန်အားကြောင့် အရှိန်နဲ့ အတိုင်းအတာတခုထိ ရွေ့လျားသွားနိုင်ပါတယ်
Burmese
mya
re-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
အောက်ပါ မေးခွန်းကိုဖြေပါ။ သူဟာ ၂၀၁၆ ခုနှစ်မှာ IT ကုမ္ပဏီရဲ့ CEO ဖြစ်လာခဲ့တယ်။ သူ့ရဲ့နာမည်ကို ဖော်ပြပါ။
အဗ္ဗဒူ အလီ နီမူချဝလာ
Burmese
mya
re-annotations
50a0ca9c5f2488c69e8b2156a851808a46a1cc3961dd63a15e56b5555b93acc1
ကွန်ပြူတာလုံခြုံရေးအတွက် firewall ၏ရည်ရွယ်ချက်ကဘာလဲ။
Firewall သည် ကွန်ပြူတာကွန်ရက်အတွင်းသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်း သို့မဟုတ် ပြင်ပသို့ ဝင်ရောက်ခြင်းမှ ကာကွယ်ရန် ဒီဇိုင်းထုတ်ထားသော လုံခြုံရေးစနစ်တစ်ခုဖြစ်သည်။ ဝင်ရောက်ခွင့်မရှိသောအင်တာနက်အသုံးပြုသူများသည် ကိုယ်ပိုင်ကွန်ရက်များ သို့မဟုတ် အင်တာနက်သို့ချိတ်ဆက်ထားသည့် အင်ထရာနက်များနှင့် ချိတ်ဆက်၍မရကြောင်း သေချာစေရန် Firewall များကို မကြာခဏအသုံးပြုပါသည်။
Burmese
mya
original-annotations
fb7a8800746abd247a1156d056f869b5dffa1b941e662c0151d974cde6de0cd8
အာလူး မဆလာ အစပ်ကြော် ဘယ်လိုကြော်ရမလဲ
အာလူး မဆလာ အစပ်ကြော် ပါဝင်ပစ္စည်းများ ၁- အာလူး ( ပြုတ်ပီး ထောင်းထားပါ ) ၂- ကြက်သွန်နီ ( နုတ်နုတ်စင်းထားပါ ) ၃- ငရုတ်သီးစိမ်း ( ပါးပါးလှီးထားပါ ) ၄- ကြက်ဥ ( ခေါက်ထားပါ ) ၅- ကော်မှုန့် ၆- မဆလာ ၇- ဟင်းခပ်မှုန့် ၈- ဆား ပါဝင်ပစ္စည်း ၈ မျိုးကို ရောနယ်လိုက်ပီး အရသာစပ်ပီး မြည်းကြည့်ပါ။ ပီးရင် နှစ်သက်ရာ အရွယ်လုံး၍ ဆီပူပူထဲထည့်၍ မီးအားပြင်းပြင်းနဲ့ ကြော်ပါ။ နီရဲလာရင် ဆယ်ပြီး ဆီစစ်စက္ကူပေါ်တင်၍ ဆီစစ်ပီးနောက် ပူပူနွေးနွေး စားသုံးပါလေ။ မှတ်ချက်။ ။အာလူး ၃၀ သား မှ ကြက်ဥ ၁ လုံးသာထည့်ပါ။ အာလူး နည်းနေလျှင် ခေါက်ထားတဲ့ကြက်ဥကို တဝက်လောက်သာ ထည့်ပါ။ နောက်ဆုံးမှ ကော်မှုန့်ကို လုံးကောင်းရုံမျှ ထည့်နယ်ပေးပါ။ ပြီးမှ လိုသလို အရွယ်အစားလေး လုံးပေးပီး ကြော်ပါ။ အာလူး ၃၀ သား ကြက်ဥ ၁ လုံး ကော်မှုန့် ထမင်းစားဇွန်း ၃ ဇွန်းဆို ရပါပြီ။
Burmese
mya
re-annotations
23735c132eb37af315d5db637e827d7a7d59ecb7ed9f1a5771451cc5f394fcdb
HTML ဆိုတာကဘာလဲ။
HTML သည် Hyper Text Markup Language ကို ကိုယ်စားပြုသည်။ HTML သည် ဝဘ်စာမျက်နှာများကို ဖန်တီးရန်အတွက် စံသတ်မှတ်ထားသော programming language ဖြစ်သည်။ ၁၉၉၃ ခုနှစ်တွင် စတင်ဖြန့်ဝေခဲ့သည်။
Burmese
mya
re-annotations
1c6b93dcb7d4116e9d2b73bf32b8619794945e4ebe97956aacc6705c1d42029c
မေး: ဘယ်ဟာက အချိန်ကိုက် မရနိုင်တာလဲ။ အဖြေ: ချောကလက်! အထက်ပါပြက်လုံးရဲ့ အနှစ်သာရက ဘာများလို့ ထင်ပါသလဲ။
ချောကလက် (Chocolate) ရဲ့နောက်ဆုံးအပိုင်း late ဆိုတာကအင်္ဂလိပ်လိုနောက်ကျတယ်ဆိုတဲ့ late နဲ့တူတူပါပဲ။ နောက်ကျတယ်ဆိုရင်အချိန်ကိုက်မရနိုင်တာနဲ့တူတူပါပဲ။ ဒီပြက်လုံးရဲ့ ရယ်စရာအပိုင်းက chocolate ဆိုတဲ့ စကားလုံးရဲ့နောက်ဆုံးပိုင်းတစ်ခုကို လှည့်ပြီးကစားသွားတာပါ။
Burmese
mya
re-annotations
fb7a8800746abd247a1156d056f869b5dffa1b941e662c0151d974cde6de0cd8
မှတ်ပုံတင်အရာရှိတယောက်ရဲ့ အဓိကအလုပ်တွေကို ပြောပြပါ
မှတ်ပုံတင်အရာရှိ၏ အဓိကတာဝန်များမှာ ကျမ်းသစ္စာကျိန်ဆိုခြင်းနှင့် အတည်ပြုချက်များပေးခြင်း၊ ကတိသစ္စာပြုလွှာများနှင့် ဥပဒေအရ ထုတ်ပြန်ချက်များကို လက်ခံခြင်း၊ သက်သေခံခြင်းနှင့် အချို့သော စာရွက်စာတမ်းအမျိုးအစားများ၏ အကောင်အထည်ဖော်မှုကို သက်သေခံခြင်း၊ လက်မှတ်နှင့် အခြားပို့ဆောင်ရေးပစ္စည်းများ၊ ကန့်ကွက်လွှာများနှင့် ငွေလဲလွှာများကို လက်ခံခြင်း၊ နိုင်ငံခြားရောင်းဝယ်စာရွက်စာတမ်းများကို အသိပေးခြင်း၊ ပျက်စီးမှုကိစ္စရပ်များတွင် သင်္ဘော သို့မဟုတ် သင်္ဘော၏ ကန့်ကွက်စာရွက်စာတမ်းများကို ပြင်ဆင်ခြင်း၊ နမူနာစာရွက်စာတမ်းများနှင့် မှတ်ပုံတင်မိတ္တူများပေးခြင်း၊ တရားစီရင်ပိုင်ခွင့်အပေါ် မူတည်၍ အခြားတရားဝင်လုပ်ဆောင်ချက်အချို့ကို ဆောင်ရွက်ခြင်းများဖြစ်သည်
Burmese
mya
re-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
ChatGPT လို AI tools တွေကို programmer / coder တွေအနေနဲ့ သုံးသင့် မသုံးသင့် ပြောပြပေးနိုင်မလား
Software Developer တွေအနေနဲ့ ChatGPT or Any Generative AI တွေကို အရမ်းအားမကိုးသင့်ဘူး... သူပေးတဲ့ အချက်အလက်က အကန့်အသတ်ရှိတယ်... Google search result မှာဆိုရင် ဘယ်သူရေးတယ်... ဘယ် Organization က နောက်ခံရှိတယ်... အရင် ပေးထားတဲ့ အချက်အလက်တွေကကော မှန်တယ် မှားတယ်ဆိုတာ စစ်လို့ရတယ်... ChatGPT or Generative AI တွေမှာ ဒါတွေ စစ်လို့မရဘူး... ကိုယ်တိုင်လိုက်ဖတ်ပြီး ရှိပြီးသား အချက်အလက်တွေပေါ်မှာ မူတည်ပြီး Trusted Source က လာတာ ဟုတ်မဟုတ်ပေါ်မူတည်ပြီး ယုံသင့် မယုံသင့် ဆုံးဖြတ်လို့ မရဘူး... ChatGPT က Generative AI Category ထဲမှာ ပါတယ်... သူရဲ့ Train ထားတဲ့ Data ပေါ်မူတည်ပြီး အဖြေကို generate ပြန်ထုတ်ပေးတာ... တချို့ဟာတွေ အမှားတွေရှိတယ်... လုံးဝ 100% မမှန်ဘူး... AI ဆိုတာနဲ့ ဒါကြီးကတော့ ငါ့ထက်ပိုပြီး Smart ဖြစ်နေမှာပဲလို့ တွေးထားလို့ မရဘူး... AI ကိုယ်တိုင် Hallucinations ဖြစ်တတ်တယ်... အဖြေအမှားကြီးပဲ ထုတ်ပေးတတ်တယ် Comment ထဲမှာ ChatGPT Link တစ်ခုပေးထားတယ်... Software Architecture တွေကို Implement လုပ်ခိုင်းကြည့်လိုက်တာ တကယ်တန်း ရှုပ်ရှက်ခပ်လာရင် ChatGPT က... သူ့ကို Train ပေးလိုက်တဲ့ဟာကိုပဲ ရေးပေးနိုင်တယ်... တကယ်တန်း အကုန်လုံး ပြည့်စုံအောင် မရေးပေးနိုင်ဘူး... သူ့ဟာနဲ့သူ Conflict ဖြစ်ပြီး ဒီအဖြေကိုပဲ ထပ်ခါတလဲလဲ ပြန်ထုတ်ပေးနေကော သာမာန် ပြဿနာတွေတော့ အလွယ်တကူရှင်းနိုင်ပေမဲ့ ဒီ AI တွေက နေရာတိုင်းမှာ အလုံးစုံ မှန်ကန်တယ်ဆိုပြီး မျက်လုံး စုံမှိတ် မယုံသင့်ဘူး... ChatGPT က အဖြေတွေက အိပ်မက်မက်နေသလိုပဲ... Context တော့သိတယ်... သေချာ သိလားဆိုတော့ မသိဘူး ဘယ်လို နေရာတွေမှာ သုံးမလဲဆိုတော့ သူ Solid သိ နိုင်လောက်တဲ့ဟာမျိုးမှာ သုံးမယ်... ဥပမာ ငါ့ကို Dan Brown ရဲ့ The Da Vinci Code စာအုပ်အကြောင်းကို အတိုချုံးလေး ရေးပေး... ငါက Native Speaker မဟုတ်လို့ လွယ်လွယ်ရှင်းရှင်း sentences လေးတွေနဲ့ ရှင်းပြပါ ဆိုတာမျိုးမှာ သိပ်ကောင်းတယ်... Study Guide လိုမျိုး သုံးလို့ရတယ်... Technical Concept တွေ ဖတ်ရင်း Technical စာအုပ်တွေ ဖတ်ရင်း နားမလည်တာမျိုးဆို သုံးလို့ အဆပြေတယ်... Decision ချခိုင်းလို့ တကယ်လုပ်ခိုင်းလို့ အဆင်မပြေဘူး... ပြေတယ်ထားဦး.. သူ့ Result ကို ယုံလို့မရဘူး... Solid သိနိုင်လောက်တဲ့ဟာကိုပဲ 50% လောက် ယုံကြည်ထားတာ ကောင်းမယ်
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
နည်းပညာပိုင်းကို လေ့လာဖို့ ဘယ်လို mindset ထားရမလဲ
technology တွေ လေ့လာတဲ့အခါ စိတ်ရှည်ဖို့ သိပ်အရေးကြီးပါတယ်။ ပိုက်ဆံရကောင်းလို့ပဲ လေ့လာလာ၊ cool kid ချင်လို့ပဲ လေ့လာလာ၊ ဝါသနာပါလို့ပဲ လေ့လာလာ၊ ပျင်းလို့ပဲ လေ့လာလာ အကုန်ကောင်း​ပါတယ်။ ဒါပေမယ့် အချိန်ပေးဖို့ လိုအပ်ပါတယ်။ လစာမြင့်မြင့်တွေနဲ့ ဆွဲဆောင်နေရတဲ့ field တခုကို ရေရှည် commitment မရှိပဲ အသာလေး မျောဝင်လို့ရမယ်လို့ တွေးမိနေရင် တခုခု မှားနေပါပြီ။
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
HTTP in software engineering က ဘာလဲ။ HTTP ကို ကွန်ပျူတာတွေအကြားက ဘာသာစကားလို့ ဘာကြောင့် တင်စားကြတာလဲ။ HTTP နဲ့ REST API တူသလား။
အင်တာနက် ကွန်ယက်ကြီးထဲမှာ ဖုန်း၊ ကွန်ပျူတာ စသဖြင့် မတူညီတဲ့ device တွေက ဘီလီယံနဲ့ချီပြီး ရှိကြပါတယ်။ ဒီ device တွေအကြား အချင်းချင်း ဆက်သွယ်ဖို့ တူညီတဲ့ language တခုခု ရှိမထားဘူးဆိုရင် ကွန်ယက်ကြီးက သူတလူ ငါတမင်းနဲ့ အမှိုက်ပုံကြီးတခုလို ဖြစ်နေပါလိမ့်မယ်။ HTTP ကို ကျွန်တော်တို့ ဒီရည်ရွယ်ချက်နဲ့ ဖန်တီးခဲ့ကြတာပါ။ ကမ္ဘာရဲ့ ဒီဖက်ခြမ်းမှာရှိတဲ့ ဖုန်းကနေ တခါမှ မမြင်ဖူးတဲ့ ​မြောက်အမေရိကတိုက်က device တခုကို လှမ်းဆက်သွယ်တဲ့အခါ အချင်းချင်း နားလည်ကြဖို့ဆိုရင် ဘယ်လိုအချက်ပြမယ်၊ ဘယ်စကားလုံးက ဘာကိုဆိုလိုပါတယ် စသဖြင့် ကြိုဇာတ်တိုက်ထားရပါလိမ့်မယ်။ ဒါကိုပဲ protocol လို့ခေါ်တာဖြစ်တယ်။ အချင်းချင်း တခါမှမမြင်ဖူးတဲ့ လူနှစ်ယောက် ရုပ်ရှင်ရုံရှေ့ ချိန်းထားကြတယ်လို့ မြင်ယောင်ကြည့်ပါ။ ငါအနီလေး ဝတ်လာခဲ့မယ်။ ငါ့ကိုတွေ့ရင် လက်ထောင်ပြလိုက်၊ ဒါဆို ငါ နင့်ဆီလျှောက်လာခဲ့မယ်လို့ ကြိုညှိထားတယ်လို့ ဆိုပါစို့။ ဒါက protocol ရဲ့သဘောဖြစ်တယ်။ device နှစ်ခုကို စက်ရုံတခုတည်းက ထုတ်ထားတာ ဖြစ်ဖို့ မလိုသလို သူတို့ချင်း ဆက်သွယ်နိုင်ဖို့ သီးသန့် ညှိနှိုင်းစရာလည်း မလိုပါဘူး။ ဒီလိုမျိုး device တိုင်းက နားလည်နိုင်အောင် ကြိုတင် သဘောတူထားတဲ့ protocol တွေထဲမှာမှ HTTP protocol ကတော့ နာမည်အကျော်ဆုံးနဲ့ အင်တာနက်ပေါ် နေရာအယူထားဆုံး protocol တခုဖြစ်တယ်။ HTTP အကြောင်းပြောရင် client - server မော်ဒယ်အတွဲက မပါမဖြစ်ပါပဲ။ device တခုက HTTP protocol ကိုသုံးပြီး နောက်ထပ် device တခုကို ဆက်သွယ်တယ်လို့ ဆိုပါစို့။ စဆက်သွယ်တဲ့ device ကို client လို့ သမုတ်ကြပါတယ်။ မှတ်ထားရမှာက ကိုယ့်ဖက်က စဆက်သွယ်ချင်ရင် ဆက်သွယ်နိုင်ဖို့ လိုအပ်တာတွေကို ပြင်ဆင်ထားရပါမယ်။ ဆက်သွယ်ခံရတဲ့ device ကိုတော့ server လို့သတ်မှတ်ကြပါတယ်။ ဒီနေရာမှာလည်း ခုနကလိုပဲ ဆက်သွယ်ခံချင်ရင် ဆက်သွယ်ခံနိုင်အောင် ပြင်ဆင်ထားဖို့ လိုအပ်ပြန်ပါတယ်။ HTTP ကမ္ဘာမှာ ကိုယ့်ဖက်က စဆက်သွယ်နိုင်ဖို့အတွက် device ပေါ်မှာ HTTP client ရှိထားဖို့ လိုအပ်ပါတယ်။ HTTP client က connection တည်ဆောက်တာနဲ့ စီမံခန့်ခွဲတာ၊ request တည်ဆောက်တာနဲ့ ပေးပို့တာ၊ response ကိုစောင့်ကြည့်ပေးတာ စသဖြင့် တာဝန်ယူပြီး Chrome, Safari, Firefox စတဲ့ Browser တွေက အတွေ့ရများဆုံး HTTP client တွေပဲဖြစ်တယ်။ ဒါတင်မကပဲ terminal ကနေ တိုက်ရိုက်သုံးနိုင်တဲ့ curl စတဲ့ CLI HTTP client တွေရှိသလို Android OS နဲ့အတူ ပါရှိတဲ့ Apache လို Client Library အနေနဲ့လည်း တွေ့ရနိုင်တယ်။ HTTP server အကြောင်း မပြောခင်မှာ server ဆိုတဲ့ အသုံးအနှုန်းအကြောင်း အရင်နားလည်ထားစေချင်ပါတယ်။ software တခုလည်ပတ်ဖို့ လိုအပ်တဲ့ hardware ကို physical host လို့ခေါ်ပြီး အဲဒီ hardware ကို server လို့ခေါ်တယ်။ တခါ server ဆီရောက်လာမယ့် request တွေကို hardware ရဲ့ port တခုခုမှာ မပြတ်စောင့်ကြည့်နေနိုင်ဖို့ software တွေလိုအပ်ပြီး အဲဒီ software တွေကိုတော့ web server လို့ခေါ်ကြပါတယ်။ Apache နဲ့ Nginx တို့က နာမည်ကျော် web server software တွေပေါ့။ ဒါပေမယ့် အဲဒီ web server တွေက ကြားခံသက်သက်သာဖြစ်ပြီး request ကို ဖြည့်ဆည်းပေးနိုင်ဖို့ ရည်ရွယ်တဲ့ အစိတ်အပိုင်းတွေ မဟုတ်ပါဘူး။ တကယ်တမ်း web server တွေဆီက request ကို လက်ခံပြီး စိစစ်ဖြည့်ဆည်းပေးနိုင်ဖို့အတွက်ကတော့ C++ Java PHP စတဲ့ programming language တွေနဲ့ server-side program တွေကိုတည်ဆောက်ရပါတယ်။ ဒီတော့ HTTP ကမ္ဘာမှာ server လို့ပြောရင် ကြားခံဖြစ်တဲ့ Web Server ကလည်း HTTP protocol ကိုနားလည်ဖို့ လိုအပ်သလို server program ကလည်း HTTP ကိုနားလည်ပြီး request တွေဖြည့်ဆည်းပေးနိုင်ဖို့ အရေးကြီးပါတယ်။ ဒီတော့ HTTP protocol ကိုအသုံးပြုပြီး ဆက်သွယ်မှုတခု ပြုလုပ်ခဲ့ရင် ဒါကို request ပို့တယ်လို့ ခေါ်ဝေါ်ကြောင်း သိလောက်ရောပေါ့။ HTTP request တခုမှာ server ပေါ်က ဘယ် resource ကိုဆိုလိုကြောင်း ညွှန်းတဲ့ url နဲ့ အဲဒီ resource ကိုဘာလုပ်ချင်တယ်ဆိုတဲ့ HTTP verb (ဥပမာ GET, POST) တို့ပါဝင်ကြတယ်။ server ဖက်က ဒီ request ကို လက်ခံရရှိတဲ့အခါ စိစစ်ပြီး အကြောင်းပြန်လိုက်တာကို response ပြန်တယ်လို့ ခေါ်တယ်။ အဲဒီ response မှာ တောင်းဆိုလာတဲ့ request က ပြီးမြောက်လား၊ ငြင်းခံရသလား ဒါမှမဟုတ်ပဲ နောက်တနေရာကို ထပ်တောင်းဆိုရမလား စသဖြင့် နားလည်စေမယ့် HTTP Status Code တခု ပါပါမယ်။ browser တွေမှာ မြင်နေရကျ 404 Not Found ဆိုတာ တောင်းဆိုလိုက်တဲ့ resource ကို server မှာရှာမတွေ့တဲ့အတွက် request မအောင်မြင်ပါလို့ အကြောင်းပြန်လိုက်တဲ့ သဘောပါပဲ။ ဒီတော့ request တခု အောင်မြင်သည်ဖြစ်စေ၊ အငြင်းခံရသည်ဖြစ်စေ server ဖက်က response ပြန်ကိုပြန်မှာဖြစ်လို့ request ရဲ့ အခြေအနေကို သိချင်ရင် status code ကိုသာ ဖတ်ရမှာဖြစ်တယ်။ ရှေ့တခေါက်မှာ RESTful API တွေအကြောင်း ကျွန်တော်တို့ ပြောခဲ့ကြပါတယ်။ HTTP protocol ကို device တွေပေါ်က application program တွေကြား အချက်အလက် ဖလှယ်ဖို့အတွက် သုံးတာဖြစ်လို့ HTTP ကို application protocol လို့လည်း ရည်ညွှန်းကြပါတယ်။ ဥပမာ Facebook Mobile App က /posts ဆိုတဲ့ url မှာ GET ဆိုတဲ့ HTTP verb အသုံးပြုပြီး Facebook Server ဆီက post တွေ လှမ်းတောင်းယူနိုင်တယ်။ ဒါပေမယ့် GET အစား DELETE နဲ့ကော post တွေ တောင်းယူနိုင်အောင် Facebook Server က ပြင်ထားပေးလို့ မရဘူးလားလို့ မေးရင် ရပါတယ်လို့ ဖြေရပါလိမ့်မယ်။ ဒါပေမယ့် အဲလို​လုပ်ချင်သလိုသာ လုပ်ကြမယ်ဆိုရင် အင်္ဂလိပ် စကားချင်း အတူတူ တမြို့မှာ အဓိပ္ပါယ်တမျိုး ဆိုသလို ဖြစ်တော့မှာပေါ့။ ဒါကြောင့် REST ရဲ့ အခြေခံ အိုင်ဒီယာက HTTP ကို ကမောက်ကမတွေ မလုပ်ကြပဲ စနစ်တကျ အသုံးပြုကြဖို့ ကြပ်မတ်ထိန်းသိမ်းထားဖို့ ဖြစ်တယ်။ HTTP က application protocol သာဖြစ်တဲ့အတွက် သူ့မှာ program တွေကြား ဖလှယ်ကြတဲ့ အချက်အလက်တွေကို ဘယ်လိုဖော်ပြမယ်ဆိုတဲ့ သတ်မှတ်ချက်တွေတော့ မပါဝင်ပါဘူး။ ဖော်ပြဖို့အတွက် ရွေးချယ်စရာတွေထဲမှာ Json နဲ့ XML နှစ်ခုက လူသုံးအများဆုံးဖြစ်တယ်။ ဥပမာ Facebook Server အနေနဲ့ Facebook App ဆီက /posts အတွက် GET request ကိုလက်ခံရတဲ့အခါ response နဲ့အတူ post တွေ ပြန်ထည့်ပေးမှာဖြစ်တယ်။ ဒါပေမယ့် post တွေကို JSON နဲ့ပေးသလား။ XML နဲ့ပေးမှာလား ဆိုတာကတော့ ကိုယ့်လိုအပ်ချက်နဲ့ ကိုက်အောင် ရွေးချယ်နိုင်တာဖြစ်တဲ့အတွက် ဆန္ဒရှိရင် REST အစား HTTP နဲ့ XML ကိုပူးတွဲအသုံးချတဲ့ SOAP API တွေလည်း တည်ဆောက်နိုင်သေးတယ်။
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
နာမည်ကို ကွင်းစကွင်းပိတ်နဲ့ ရေးရင် မြန်မာစာမှာ ဘယ်လိုသက်ရောက်မှုရှိလဲ
မြန်မာစာမှာ သက်ရှိထင်ရှားမရှိတော့သည့် သူများဧ။် နာမည်များကို စာရေးသားတဲ့အခါ ကွင်းစကွင်းပိတ် ( ) ခံပြီး ရေးသားကြလေ့ရှိပါတယ် အနီးစပ်ဆုံး ဥပမာ အနေနဲ့ကတော့ အသုဘရှုဖိတ်ကြားလွှာများတွင် သေဆုံးသူရဲ့ နာမည်ကို ( ) ခံပြီး ရေးလေ့ရှိတာကို မြင်ကြရမှာဖြစ်ပါတယ်
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
အမေရိကန်အိပ်မက်ရဲ့ သဘောတရားက ဘာလဲ။
"American Dream" ဟူသော အသုံးအနှုန်းကို James Truslow Adams မှ 1931 ခုနှစ်တွင် တီထွင်ခဲ့ပြီး "လူတိုင်းအတွက် ဘဝသည် ပိုကောင်းပြီး ပိုချမ်းသာပြီး ပြည့်ဝစေရမည်၊ လူတိုင်းအတွက် အရည်အချင်း သို့မဟုတ် အောင်မြင်မှုအလိုက် အခွင့်အလမ်း" ဟူသော အသုံးအနှုန်းကို လူမှုအဆင့်အတန်း သို့မဟုတ် မွေးဖွားမှုအခြေအနေများ မခွဲခြားဘဲ ရေးထားသည်။ အမေရိကန်အိပ်မက်သည် ကိုယ်စားပြုဒီမိုကရေစီ၊ အခွင့်အရေး၊ လွတ်လပ်မှုနှင့် တန်းတူညီမျှမှု အပါအဝင် စံနမူနာအစုံအလင်ဖြစ်သော အမေရိကန်ပြည်ထောင်စု၏ အမျိုးသားရေးကျင့်ဝတ်ဖြစ်ပြီး လွတ်လပ်မှုကို တစ်ဦးချင်း သာယာဝပြောမှုနှင့် အောင်မြင်မှုအတွက် အခွင့်အလမ်းအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။
Burmese
mya
original-annotations
2ded88a25d5820971b7158ebbad34357e8b5d33a77535d24a6213ccce8ddeacc
ဆောင်းပါးကို အနှစ်ချုပ်ပါ။ Shrewsbury နှင့် Tranmere တို့က လတ်တလောနှစ်များတွင် ထုတ်ပေးခဲ့သော အသက် ၃၀ အရွယ် Scouser သည် စကော့ဘောလုံး၏ သီတင်းပတ်၏ သူရဲကောင်းဖြစ်သည်။ နောက်ခံလူ David Raven က Inverness Caledonian Thistle ကို စကော့တလန်ဖလား ဗိုလ်လုပွဲဆီ ခေါ်သွားဖို့ နိုင်ပွဲကို အနိုင်ယူလိုက်တယ်။ လူငယ်တစ်ယောက်အဖြစ် လီဗာပူးလ်အသင်းမှာ ပွဲအနည်းငယ်ဝင်ရောက်ခဲ့စဉ်က သူ့ရဲ့အလုပ်အကိုင်ဂုဏ်သရေဟာ ပျောက်ဆုံးသွားပြီလို့ သူထင်ခဲ့လောက်တယ်။ (သူဟာ ၂၀၀၅ ခုနှစ်က Burnley မှာ Rafa Benitez ရဲ့ Reds အတွက် နာမည်ဆိုးနဲ့ ၁-၀ ရှုံးပွဲမှာ ကစားခဲ့သူပါ။) ဒါဟာ Raven အတွက် အံ့ဖွယ်အခိုက်အတန့်ပါ၊ သူ့ရဲ့ နောက်ဆုံးပွဲမှာ ကံကောင်းပါစေ။ ဒါပေမဲ့ စကော့ဘောလုံးရဲ့ အခြေအနေကို ပြီးခဲ့တဲ့ သီတင်းပတ် Hampden Park က ဆီမီးဖိုင်နယ် နှစ်ပွဲကနေ ဘာကို ကောက်ချက်ချနိုင်လဲ။ စကော့တလန်ဖလား ဆီမီးဖိုင်နယ်မှာ Celtic နဲ့ပွဲမှာ Inverness အတွက် နိုင်ပွဲဂိုးကို သွင်းယူခဲ့တဲ့ David Raven က ထွက်ခွာသွားခဲ့ပါတယ်။ Raven ဟာ အသင်းဖော် Ryan Christie နဲ့အတူ Inverness က Celtic ကို Hampden မှာ အနိုင်ရခဲ့တာကို ပျော်ရွှင်စွာ မွေးဖွားခဲ့ပါတယ်။ စကော့တလန်ရဲ့ ထိပ်တန်း ကလပ် Celtic ဟာ SFA ကို Inverness နဲ့ပွဲမှာ သူတို့မရခဲ့တဲ့ ပြစ်ဒဏ်အတွက် ငိုကြွေးရင်း စာရေးပြီး လူသိရှင်ကြား ရှက်သွားဖို့ ဆုံးဖြတ်လိုက်တော့ ပြဿနာတွေ ပေါ်လာတာ မြင်နိုင်ပါတယ်။ ဂိုးသမားသူရဲကောင်း Raven ကိုတွေ့ဆုံမေးမြန်းခဲ့ပြီး Celtic ရဲ့လုပ်ဆောင်မှုကြောင့်သူစိတ်ပျက်နေပုံရပါတယ် SFA ကိုစာရေးဖို့ကဒီအရွယ်ကလပ်တစ်ခုအတွက်နည်းနည်းများလွန်းတယ်၊ ဒါကငါ့အတွက်အလင်းရောင်ကိုနည်းနည်းလေးယူထားတယ်။ Celtic လို အသင်းက ဒီလို လုပ်လိုက်တာ ကျွန်တော် အံ့သြမိတယ်။ ဒါက ကျွန်တော့အတွက်တော့ အယူအဆမှားပါ။ ဒီကနေ သူတို့ ဘာတွေရဖို့ မျှော်လင့်ထားလဲဆိုတာ ကျွန်မမသိဘူး" လို့ သူက ကျွန်မကိုပြောတယ်။ ကောင်းလိုက်တဲ့ Celtic ရေ၊ မင်းရဲ့ မယုံနိုင်စရာ မာန်မာနက ရိုးသားတဲ့ ဝါသနာတစ်ခုရဲ့ အထင်ကရ အချက်ကို ဖျက်ဆီးနိုင်ခဲ့တယ်။ သူတို့ကိုယ်သူတို့ ရှက်သင့်ပါတယ်။ Celtic တွေက သူတို့လောက် ကြီးမားတယ်လို့ ထင်ကြပြီး နောက်ဆုံး ပွဲကို တက်ဖို့ နတ်ဘုရား အပ်နှင်းထားတဲ့ အခွင့်အရေးရှိတယ်လို့ ထင်ကြတယ်။ သူတို့တွေဟာ အာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်အမှားတွေရဲ့ သားကောင်တွေ ဖြစ်လာနိုင်ပါတယ်။ Celtic တွေဟာ ကလေးငယ်လေးတွေလိုပေါ့၊ မိဘတွေကနေ သူတို့ဘာသာ လမ်းညွှန်ပေးတာခံရတယ်၊ သကြားလုံးတွေ အများကြီး ယူပြီး အြခားကလေးတွေနဲ့ မမျှဝေကြဘူးလေ။ ဘာကြောင့်ဆို သူတို့မှာ အထက်တန်းစား ဂုဏ်သိက္ခာရှိလို့လေ။ ဒါက တကယ် ဖြစ်ပျက်နေတာနဲ့ မကိုက်ညီဘူး။ စကော့တလန် ကစားပွဲရဲ့ စီမံခန့်ခွဲမှု ကမောက်ကမဖြစ်မှုက
စကော့တလန်ဖလား ဆီမီးဖိုင်နယ်မှာ Celtic ဟာ Inverness Caledonian Thistle ကို ရှုံးနိမ့်ခဲ့ပါတယ်။ ဂလက်စဂိုးကလပ်က SFA ကို ပြစ်ဒဏ်ချမှတ်မှုအပေါ် တိုင်ကြားစာရေးသားခဲ့ပါတယ်။ လက်ဝှေ့အတွက် ပြစ်ဒဏ်ပေးရန် ဒိုင်က ပျက်ကွက်ခဲ့မှုကြောင့် သူတို့ ဒေါသထွက်ခဲ့ကြသည်။ Celtic တိုက်စစ်မှူး Leigh Griffiths က သူတို့ Hampden မှာ 'ခိုးယူခံရတယ်' လို့ ညည်းညူတယ်။ Adrian Durham: Man Utd ဟာ Gareth Bale က တန်ဖိုးရှိလို့ သူတိ့အတွက် လိုအပ်တယ်။
Burmese
mya
re-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
တိုက်တန်းနစ် ( Titanic ) ရဲ့ ပိုင်ရှင်အစစ်က ဘယ်သူလဲ။
RMS Titanic သင်္ဘောကို ဗြိတိန်သင်္ဘောအဖြစ် မှတ်ပုံတင်ထားသော်လည်း ၎င်းကို အမေရိကန်သူဌေးကြီး John Pierpont (J.P.) Morgan က ပိုင်ဆိုင်ထားပြီး ကုမ္ပဏီသည် White Star Line ၏ ပိုင်ဆိုင်မှုကို ထိန်းချုပ်ထားကာ ယုံကြည်စိတ်ချမှုကို ဆက်လက်ထိန်းသိမ်းထားသည်။ သူ့ရဲ့ US Steel၊ General Electric နှင့် ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်း JP Morgan Chase & Co တို့မှာလည်း ယနေ့ ( ၂၀၂၃ ) အထိ ကြီးထွားနေဆဲဖြစ်သည်။
Burmese
mya
re-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
မြန်မာတယောက် အလုပ်တွေရှုပ်နေတဲ့ကြားက လာအိုမှာ Thailand tourist visa ဝင်ဖြစ်တဲ့အတွေ့အကြုံလေး ရေးပြပါ
Visa ကုန် နေစရာမြေမရှိတော့ လာအိုအဝင်ပြရမယ်ပေါ့. ဖြစ်ချင်တော့ တိုက်တိုက်ဆိုင်ဆိုင် company ၂ခုက code test ၂ ခုရတယ်။ တခုက take home project, တခုက auto live coding ပေါ့ (လူစောင့်ကြည့်မနေတာ) Take home project deadline က visa ကုန်တဲ့ရက်ဖြစ်နေတယ်။ အရင်လကလည်း အဲ့လိုပဲ code test ၁ခု deadline က visa ကုန်တဲ့ရက် အဲ့မှာ အချိန်က မရှိပဲ စာရွက်စာတမ်းကိစ္စတွေနဲ့ ဗျာများရရော လူကသေချာမအိပ်ရဘူး။ ကြားထဲ မသွားခင် ဘဏ်က ပြဿနာတခု mobile banking ထဲ show money ပြရတယ်ဆိုတာကို mobile banking အရင်ဖုန်းနံပါတ်မရှိတော့ ဝင်လို့မရ၊ number သွားလဲတော့ တပတ်လောက်စောင့်ရမယ်ဆိုလို့ တပတ်ကြိုလုပ်တာကို နာမည်မတူဘူးဘာညာရစ်၊ အဲ့မှာ နက်ဖြန် လာအိုထွက်ရမယ့်ဟာကို ဒီနေ့ရုံးချုပ်ထပ်ပြေး၊ အဲ့မှာလည်း တပတ် ထပ်စောင့်ရမယ်ဖြစ်ရော နောက်ဆုံးမရတာနဲ့ ဘဏ်စာအုပ် update ပြီး statement ပဲ ဘဏ်ကတောင်းခဲ့တယ် နက်ဖြန်သွားမယ်ဆို ဒီနေ့ညနေ့ကျ အတူသွားမယ့်သူငယ်ချင်းက အိမ်ကရောက်နေတာနဲ့ မလိုက်နိုင်ဘူးဖြစ်ရော သူက အရင်ကလာအိုသွားဖူးတယ်ဆိုတော့ ငယ်က ဘဏ်ကိစ္စနဲ့ code test နဲ့ အလုပ်များနေပြီး ဘယ်လိုသွားရမယ်ဆိုတာ စာတွေရှာမဖတ်ထားမိဘူး မလိုက်ဖြစ်တော့ဘူး ဆိုမှ ငယ်က ဘာမှမသိပဲ ဂယက်တွေထရော agent ပြေးအပ်တာကို သူကလည်း bkk-nong khai ကားလက်မှတ်ပဲ ဖြတ်ပေးပြီး တခြားဘာမှမပြောလိုက်ဘူး။ မေးတော့လည်း "ကားချိန်အမှီ bus terminal ရောက်ရင်ရပြီ" တခွန်းပဲ ပြောတယ် အဲ့တာနဲ့ အဲ့ bkk-nong khai ကားနဲ့ ည ၈ခွဲက ပါသွားတယ်။ ကားပေါ်မှာ "ဘယ်မှာဆင်းမှာလဲ" ဆိုပြီးလာမေးရော... တကယ်က အဲ့ကားစီးရင် တခါတည်း ရပ်တဲ့နေရာဆင်းရမှာ ထင်သွားတာ "ငါ လာအိုသွားမှာ nong khai border သွားချင်တာ" ပြောတာကို ယာဉ်မယ်နဲ့ ကိုယ်နဲ့ သူပြောတာကိုယ်နားမလည် ကိုယ်ပြောတာ သူနားမလည်းတွေဖြစ်. တယောက်တည်းမို့ သတိပိုပြီး အိပ်လို့ကမပျော် နောက်ဆုံး ဘေးက ထိုင်းမလေးကို translate တွေနဲ့ ပြောပြီး ပြောခိုင်းတော့မှ သူက "Nong Khai bus stop မှာ မဆင်းနဲ့၊ checkpoint မှာ ဆင်း"ဆိုပြီး ပြောလို့ nong khai checkpoint ကို မနက် ၆ နာရီလောက်ရောက်တယ်။ အဲ့မှာ ဆင်းပြီး agent ကို "nong khai ရောက်ပါပြီ" ဆိုတော့ agent က message ကို love react ပဲ ပေးသွားတယ်။ တကယ်က လာကြိုဖို့ ဘာညာ စီစဉ်ထားတယ် ထင်နေတာ ကိုယ်က... အဲ့ကျမှ "မဟုတ်ဘူးလေ၊ ခု ဘာဆက်လုပ်ရမှာလဲမေးတာ" ဆိုမှ "Thai immigration ဝင်၊ bus ticket တခုဝယ်၊ အဲ့ဟာနဲ့ မဲခေါင်မြစ်ကူးတဲ့ bus ကိုစီး၊ Laos ဘက်ရောက်၊ အဲ့မှာ Laos immigration ထပ်ဝင်" ဆိုပြီးပြောတယ် စပါပြီ... မြန်မာ passport ပြဿနာ Thai Immigration ဖွင့်တာနဲ့ တန်းစီကြရော၊ Foreigner တွေ ဒီဘက် ဒီဘက် ဆိုတော့ Foreigner တန်း queue သွားစီရော၊ အရှေ့မှာ အဖြူကောင်တွေ, နာရီဝက်လောက် queue မှာ စီပြီးမှ အဲ့ကောင်တွေ အလှည့်လည်းအဆင်ပြေသွားပြီး ကိုယ်တွေအလှည့်ရောက်တော့ "မြန်မာတွေက ဒီဘက်မဟုတ်ဘူး" တဲ့ "ဟိုးဘက် counter 1 ကိုသွား" တဲ့ မြန်မာတွေဆိုတော့ queue ထဲက မြန်မာတွေအကုန် နားတွေ ရှည်ထွက်လာပြီး ကတုန်းကရုန်းတွေဖြစ်၊ "counter 1 တဲ့ဟေ့" ဆိုပြီး counter1 ကို အတွဲလိုက်ကြီး ရွှေ့ကြရော counter 1 officer ကို passport ပြ၊ မြန်မာတွေက ဒီဘက်မဟုတ်ဘူး ဟိုးးးးဘက်ဆုံးသွား တဲ့ "ဟိုးးးဘက်ဆုံးတဲ့ဟေ့" ဆိုပြီး ကိုယ့်နောက်ကနေ တစီတန်းကြီး ထပ်ရွှေ့ကြမပြန်ရော ဟိုးဘက်ဆုံး counter ရောက်တော့ အဲ့က officer က Myanmar တွေက ဒီမှာမဟုတ်ဖူး counter 1 ကိုသွား ဆိုပြီး ထပ်လွှတ် မဟုတ်ဘူး အဲ့က ဒီကို လွှတ်လိုက်တာ ဆိုပြီးပြောတော့ သူက passport တွေ ယူပြီး မြန်မာတွေငါ့နောက်လိုက်ခဲ့ ဆိုပြီး ထပ်ခေါ်သွားပြန်ရော အတွဲလိုက်ကြီးပါသွားပြန်ရောဟေ့.... ခေါ်သွားတဲ့counter ကြည့်လိုက်တော့ စာတန်းထိုးထားတာ Fine for Over Stay တဲ့ လွဲပြီပေါ့ ငါတို့က over မ stay ဘူးပြောတော့၊ "မဟုတ်ဘူး မြန်မာတွေက ဒီနေရာဟုတ်တယ်" ဆိုပြီး အဲ့မှာ အတန်းလိုက်ကြီး စီပြီး အဆင်ပြေသွားရော foreigner ချင်းတူတူ အဖြူတွေကျ အပစားပေးပြီး မြန်မာတွေနှိမ်ခံရပြီ ၃၀တန် လက်မှတ်ဝယ် bus စီးပြီး တံတားကူးပါတယ်။ အဲ့မှာ မြန်မာတွေနဲ့ အကုန်သိသွားပါပြီ လာအိုဘက်ကမ်း ရောက်ပါတယ် ဟိုဘက်ကမ်းမှာ immigration မဝင်ခင် form ဖြည့်ရပါတယ် သူတို့က form မပေးပါဘူး။ သူတို့ ဖြည့်ပေးနေရင် ၂၀ ပေးရပါတယ်။ လာသမျှလူ တယောက်ချင်းဖြည့်ပေးနေတာ ကြာလို့ form အတင်းတောင်းပြီး ကိုယ့်ဘာကိုယ် ဖြည့်လိုက်လို့ရပါတယ် Laos immigration ဝင်ပါတယ်။ အဲ့မှာ ဘတ် ၂၀ ပေးရပါတယ် အဲ့မှာ ထိုင်းဖုန်းတွေမမိတော့ပါဘူး. မနက် ၇ ခွဲ ၈လောက်ရှိသွားပါပြီ ပွဲစားက လွှတ်လိုက်တဲ့ကားလာကြိုပါတယ်။ သံရုံးဘေးနား ချသွားပြီး လစ်သွားပါတယ်။ ကိုယ့်ဘာကိုယ် ကားငှားသွားလို့ရပါတယ်။ ကားခတော့ မတန်မရာတောင်းတတ်ကြပါတယ်။ အဲ့မှာ laos sim တခါတည်းဝယ်လို့ရပါတယ်. english လို နားမလည်ကြပါဘူး မနက် ၉ သံရုံးမဖွင့်ခင် ဘေးက ကော်ဖီဆိုင်မှာ မနက်စာစားမယ်ဆိုတော့ မီးကပျက်နေပါတယ်။ သံရုံးမျက်နှာချင်းဆိုင်မှာ money exchange လုပ်လို့ရပါတယ် B1000 ဆို 600,000 Kib လောက်ရပါတယ် အထုပ်တွေ အပိုးတွေနဲ့ ၉ နာရီ သံရုံးတန်းဝင်ပါတယ်. မြန်မာတွေ ထပ်ဆုံကြပါတယ် ရစ်ခံရတဲ့သူတွေက ကြည့်လိုက်ရင် လူမည်းတွေနဲ့ ကိုယ်တွေပါ, ကိုယ့်ရှေ့က အစ်ကိုတယောက်ရော နောက်က ညီမလေးတယောက်ရော reject ထိပါတယ်။ ပြဿနာကတော့ bank statement ကြည့်ပြီးရှာတာပါ. mobile banking ပြခိုင်းပါတယ်။ ငယ်ကတော့ ပြုံးပြလိုက်လို့ အဆင်ပြေသွားပါတယ် :3 အဆင်မပြေရင်က ပိုက်ဆံရှိရင် ပြေအောင်လုပ်ဖို့ရပါတယ်။ အဲ့ဒါကြောင့် ပိုက်ဆံရှိရင်တော့ စိတ်ပူစရာ သိပ်မရှိပါဘူး။ ငယ်ကတော့ မရှိလို့ ပူပါတယ် နောက်နှစ်ရက်နေရင် လာထုတ်ဖို့ token ရရင် အဆင်ပြေပြီလို့မှတ်ပါ နေ့လည် ၁၂ လောက်ရောက်သွားပြီး အဲ့မှ ပွဲစားက sim card ထုတ်ပေးပါတယ်. စီစဉ်ပေးထားတဲ့ guest house ရောက်သွားပါတယ်. WiFi မရပါဘူး။ ရေပူရေအေးမရပါဘူး. တခြားဘာမှလည်းမပေးထားပါဘူး တကယ်က laos မှာ စျေးကသိပ်မကြီးတာမို့ သွားရင် ကောင်းတဲ့ hotel ကွကိုယ် လုပ်ပြီးတည်းတာ ပိုကောင်းပါတယ် ၂ ရက်လောက် အချိန်ကုန်ပြီးပြီမို့ သူများတွေ ၂ရက်လည်တဲ့အချိန် ငယ်ကတော့ အခန်းထဲကအခန်းပြင်မထွက်ရပဲ code ရေးရပါတယ် မိုးကအေးအေးနဲ့ ခရီးပန်း stressပိ အိပ်ရေးမဝပဲ code test submit လုပ်လိုက်နိုင်ပါတယ်. ပြီးလည်းပြီးရော visa သွားထုတ်မယ့်ရက်ရောက်လို့ ထုတ်ပြီး ပြန်ပါတယ်. အပြန်ကတော့ လာခဲ့သလိုပါပဲ တခြားမြန်မာတွေနဲ့သိသွားပြီ မို့ အဖွဲ့လိုက်ပြီး beer ဆေးလိပ်တွေဝယ်ပြီး အဆင်ပြေပြေပြန်လာကြပါတယ်။ ငယ်ကတော့ မဝယ်ပါဘူး hehe ဒါပေမယ့် လက်ဆောင်ရလို့ beer တကဒ် အိမ်ပါလာပါတယ် ထိုင်းကိုပြန်အဝင် immigration မှာလည်း နည်းနည်းပါးပါး ရစ်ခံရတဲ့သူတွေ ရစ်ခံရပါတယ်။ ဘယ်သွားမှာလဲ ဆိုတာနဲ့ အိမ်လိပ်စာ ဘာညာ ရစ်တာပါ။ ငယ်ကတော့ ပြုံးနေလို့ ဘာမှ အမေးမခံရပါဘူး XP ( စတာပါ ) ဟိုမှာလုံးဝအပြင်မထွက်တော့ အသုံးစရိတ်က အကုန်ပေါင်း B 800 လောက်ပဲ ကုန်ပါတယ်. တကယ်တမ်း ပွဲစားလုပ်ပေးတာက lao immigration ကနေ သံရုံး (အသွား)၊ သံရုံး ကနေ lao immigration ( အပြန်) ကားစီစဉ်ပေးတယ်၊ guest house ငှားပေးတယ်၊ အပြန် လေယာဉ် ticket (အပြ) စီစဉ်ပေးတယ် ထိုင်းအိမ် - mo chit bus terminal အသွားအပြန်၊ သံရုံး - guest house အသွားအပြန်၊ တံတားကူး၊ nong khai checkpoint ကနေ nong khai bus stop, စားတာသောက်တာကတော့ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ပါပဲ စုစုပေါင်း ငယ်က ဘတ် ၇၅၀၀ - ၈၀၀၀ လောက် ကုန်ပါတယ်။ သုံးရင် ၉၀၀၀ - ၁၀၀၀၀ လောက်ထိ ကုန်မယ်ထင်ပါတယ်
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
အဆီကျစေမယ့် နည်းလမ်းတွေက ဘာတွေလဲ။
ကိုယ်အလေးချိန် လျင်မြန်စွာ လျော့ကျစေရန်အတွက် အဆုံးမရှိသော အစားအသောက်များ၊ ဖြည့်စွက်စာများနှင့် အစားအသောက် အစားထိုး အစီအစဉ်များ ရှိနေသော်လည်း အများစုမှာ မည်သည့် သိပ္ပံနည်းကျ အထောက်အထားမျှ မရှိပေ။ သို့သော် ကိုယ်အလေးချိန် စီမံခန့်ခွဲမှုအပေါ် သက်ရောက်မှုရှိသော သိပ္ပံနည်းကျ ကျောထောက်နောက်ခံပြုထားသော ဗျူဟာအချို့လည်း ရှိပါသည်။ အစာရှောင်ခြင်း : Intermittent Fasting (IF) သည် အချိန်တိုအတွင်း ပုံမှန်အစာရှောင်ခြင်းနှင့် နေ့စဥ်အချိန်တိုအတွင်း အစားအစာများ စားသုံးခြင်း ပါ၀င်သော စားသောက်မှုပုံစံတစ်ခုဖြစ်သည်။ လေ့လာမှုအများအပြားက ယုံကြည်စိတ်ချရသော အရင်းအမြစ်မှ ညွှန်ပြသည်မှာ ကြာမြင့်ချိန် 24 ပတ်အထိ အချိန်တိုအတွင်း အစာရှောင်ခြင်းသည် အဝလွန်သူများတွင် ကိုယ်အလေးချိန် လျော့ကျစေပါသည်။ အသုံးအများဆုံး ပြတ်တောင်းပြတ်တောင်း အစာရှောင်ခြင်းနည်းလမ်းများမှာ အောက်ပါတို့ ပါဝင်သည်။ အလှည့်ကျ အစာရှောင်ခြင်း : တစ်နေ့ခြား အစာရှောင်ပြီး အစာမရှောင်သော နေ့များတွင် ပုံမှန် အစားအသောက်ကို စားပါ။ မွမ်းမံထားသော ဗားရှင်းတွင် ယုံကြည်စိတ်ချရသော အရင်းအမြစ်သည် အစာရှောင်သည့်နေ့များတွင် ခန္ဓာကိုယ်၏ စွမ်းအင်လိုအပ်မှု၏ 25-30% ကိုသာ စားသုံးခြင်း ပါဝင်သည်။ 5:2 နည်းလမ် : ၇ ရက်လျှင် ၂ ကြိမ် အစာရှောင်ပါ။ ဥပုသ်နေ့များတွင် ကယ်လိုရီ 500-600 စားပါ။ 16/8 နည်းလမ်း : 16 နာရီအစာရှောင်ပြီး 8 နာရီသာစားပါ။ လူအများစုအတွက် ၈ နာရီသည် နေ့လယ်မှ ၈ နာရီအထိဖြစ်သည်။ ဤနည်းလမ်းကို လေ့လာမှုတစ်ခုအရ ကန့်သတ်ကာလအတွင်း စားသုံးခြင်းသည် ပါဝင်သူများသည် ကယ်လိုရီလျှော့စားပြီး ကိုယ်အလေးချိန်ကျစေကြောင်း တွေ့ရှိခဲ့သည်။ သင်၏အစားအသောက်နှင့် လေ့ကျင့်ခန်းကိုသုံးသပ်ပါ။ : ကိုယ်အလေးချိန် လျှော့ချချင်တယ် ဆိုရင် တစ်နေ့ကို ဘာစား သောက် ဆိုတာကို သတိထား သင့်ပါတယ်။ ဤအရာများကို လုပ်ဆောင်ရန် အထိရောက်ဆုံးနည်းလမ်းမှာ ဂျာနယ် သို့မဟုတ် အွန်လိုင်း food tracker တွင် ဤအရာများကို မှတ်တမ်းတင်ရန်ဖြစ်သည်။ သတိနဲ့စားတယ်။ : သတိရှိရှိစားခြင်းသည် လူတို့သည် အစားအသောက်စားပုံနှင့် နေရာတို့ကို အာရုံစိုက်သည့် အလေ့အကျင့်တစ်ခုဖြစ်သည်။ ဤအလေ့အကျင့်သည် လူများကို သူတို့စားသော အစားအစာကို နှစ်သက်စေပြီး ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်စေပါသည်။ လူအများစုသည် အလုပ်များသောဘဝများကို ဦးဆောင်နေသောကြောင့် ကားပေါ်၌၊ စားပွဲခုံတွင် အလုပ်လုပ်ခြင်း၊ တီဗီကြည့်ခြင်းတို့ကို မကြာခဏ မြန်မြန်စားလေ့ရှိကြသည်။ ရလဒ်အနေနဲ့ကတော့ လူတော်တော်များများဟာ သူတို့စားနေတဲ့ အစားအစာတွေကို သတိမထားမိကြပါဘူး။ ဖြစ်နိုင်ရင် စားပွဲမှာထိုင်စားပါ : အစားအသောက်ကို အာရုံစိုက်ပြီး အတွေ့အကြုံကို ခံစားလိုက်ပါ။ အစာစားနေစဉ် အနှောင့်အယှက်များကို ရှောင်ကြဉ်ခြင်း : တီဗီ သို့မဟုတ် လက်ပ်တော့ သို့မဟုတ် ဖုန်းကို မဖွင့်ပါနှင့်။ ဖြည်းဖြည်းစားပါ : အစာကို ဝါးပြီး အရသာခံဖို့ အချိန်ယူပါ။ ဤနည်းပညာသည် လူတစ်ဦး၏ ဦးနှောက်အား ပြည့်နေကြောင်း အချက်ပြမှုများကို မှတ်မိရန် အချိန်အလုံအလောက် ပေးသောကြောင့် ကိုယ်အလေးချိန် လျော့ကျစေကာ အစာအလွန်အကျွံစားခြင်းကို တားဆီးနိုင်သည်။ ထည့်သွင်းစဉ်းစားထားသော အစားအစာရွေးချယ်မှု : အာဟာရပြည့်ဝသော အာဟာရများနှင့် မိနစ်များထက် နာရီပေါင်းများစွာ ကျေနပ်စေမည့် အစားအစာများကို ရွေးချယ်ပါ။ မနက်စာအတွက် ပရိုတင်းစားပါ။ : ပရိုတိန်းသည် အစာစားချင်စိတ်ကို ထိန်းညှိပေးနိုင်သော ဟော်မုန်းများကို ထိန်းညှိပေးနိုင်ပြီး လူကို ပြည့်ဝစေပါသည်။ ၎င်းသည် အများစုမှာ ဆာလောင်မှု ဟော်မုန်း ghrelin ကျဆင်းခြင်းနှင့် စိတ်ကျေနပ်မှု ဟော်မုန်း peptide YY၊ GLP-1 နှင့် cholecystokinin ယုံကြည်စိတ်ချရသော အရင်းအမြစ်များ မြင့်တက်လာခြင်းကြောင့် ဖြစ်သည်။ အရွယ်ရောက်ပြီးသူများအတွက် ယုံကြည်စိတ်ချရသော သုတေသန အရင်းအမြစ် မှလည်း ပရိုတင်းဓာတ် မြင့်မားသော နံနက်စာ စားသုံးခြင်း ၏ ဟော်မုန်း သက်ရောက်မှု သည် နာရီပေါင်းများစွာ ကြာရှည်နိုင်ကြောင်း သက်သေပြခဲ့သည်။ မြင့်မားသောပရိုတိန်းနံနက်စာအတွက် ရွေးချယ်မှုကောင်းများတွင် ကြက်ဥ၊ oats၊ အခွံမာသီးနှင့် အစေ့ထောပတ်များ၊ quinoa ဂျုံယာဂု၊ ဆာဒင်းနှင့် chia seed pudding တို့ပါဝင်သည်။ သကြားနှင့် သန့်စင်ထားသော ကာဗိုဟိုက်ဒရိတ်ကို လျှော့စားပါ။ : အနောက်တိုင်း အစားအသောက်များတွင် သကြားဓာတ်သည် အစားအသောက်ထက် အဖျော်ယမကာများတွင် ဖြစ်ပေါ်နေသည့်တိုင် အဝလွန်ခြင်း ယုံကြည်စိတ်ချရသော အရင်းအမြစ်နှင့် တိကျသေချာသော လင့်ခ်များရှိသည့် ပေါင်းထည့်သကြားများ ပိုမိုမြင့်မားလာသည်။ သန့်စင်ထားသော ကာဗိုဟိုက်ဒရိတ်များသည် အမျှင်ဓာတ်နှင့် အခြားအာဟာရများ မပါဝင်တော့ဘဲ ကြီးကြီးမားမား ပြုပြင်ထားသော အစားအစာများဖြစ်သည်။ ဆန်ဖြူ၊ ပေါင်မုန့်နှင့် ခေါက်ဆွဲတို့ ပါဝင်သည်။ ဤအစားအစာများသည် လျင်မြန်စွာ ချေဖျက်နိုင်ပြီး ဂလူးကို့စ်အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲပါသည်။ ပိုလျှံသောဂလူးကို့စ်သည် သွေးထဲသို့ဝင်ရောက်ပြီး adipose တစ်သျှူးအတွင်း အဆီသိုလှောင်မှုကို အားပေးသည့် အင်ဆူလင်ဟော်မုန်းကို လှုံ့ဆော်ပေးသည်။ ဒါက ကိုယ်အလေးချိန် တက်လာစေပါတယ်။ ဖြစ်နိုင်လျှင် လူများသည် ကျန်းမာရေးနှင့်ညီညွတ်သော ရွေးချယ်စရာများအတွက် ပြုပြင်ပြီးသား သကြားပါသော အစားအစာများကို လဲလှယ်သင့်ပါသည်။ ကောင်းမွန်သော အစားအစာ လဲလှယ်မှုတွင်- ဂျုံလုံးဆန်၊ ပေါင်မုန့်နှင့် ခေါက်ဆွဲအဖြူဗားရှင်းများအစား သကြားဓာတ်များသော သရေစာများအစား သစ်သီးများ၊ အခွံမာသီးများနှင့် အစေ့များ သကြားဓာတ်များသော ဆိုဒါများအစား သစ်သီးဖျော်ရည်များနှင့် သစ်သီးဖျော်ရည်များ သစ်သီးဖျော်ရည်များအစား ရေ သို့မဟုတ် နို့ဖြင့်ဖျော်ရည် အမျှင်ဓာတ်များများစားပါ။ : အမျှင်ဓာတ်သည် သကြားနှင့် ကစီဓာတ်ကဲ့သို့မဟုတ်ဘဲ အူသိမ်အတွင်း ချေဖျက်ရန်မဖြစ်နိုင်သော အပင်အခြေခံကာဗိုဟိုက်ဒရိတ်ကို ဖော်ပြသည်။ အစားအသောက်ထဲမှာ အမျှင်ဓာတ်များများပါဝင်တာကြောင့် ပြည့်ဝတဲ့ခံစားမှုကို တိုးစေပြီး ကိုယ်အလေးချိန်ကျစေနိုင်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝသောအစားအစာများ ပါဝင်သည်- ဂျုံလုံးနံနက်စာ စီရီရယ်များ၊ ဂျုံလုံးခေါက်ဆွဲ၊ ဂျုံလုံးပေါင်မုန့်၊ oats၊ မုယောစပါးနှင့် ကောက်သစ်သီးနှင့်ဟင်းသီးဟင်းရွက်များ ပဲများ၊ ပဲများနှင့် ပဲမျိုးစုံ အခွံမာသီးနှင့်အစေ့များ အူလမ်းကြောင်းဘက်တီးရီးယားတွေကို မျှတစေတယ်။ : ပေါ်ပေါက်လာသော သုတေသနနယ်ပယ်တစ်ခုမှာ ကိုယ်အလေးချိန် ထိန်းကျောင်းခြင်းတွင် အစာအိမ်အတွင်းရှိ ဘက်တီးရီးယားများ၏ အခန်းကဏ္ဍကို အာရုံစိုက်နေခြင်း ဖြစ်သည်။ လူ၏အူလမ်းကြောင်းတွင် ယုံကြည်စိတ်ချရသော အရင်းအမြစ်ဖြစ်သော ဘက်တီးရီးယား ၃၇ ထရီလီယံ အပါအဝင် များပြားလှသော အဏုဇီဝပိုးမွှားမျိုးစုံကို လက်ခံထားသည်။ လူတစ်ဦးစီတွင် မတူညီသော မျိုးကွဲများနှင့် ပမာဏရှိသော ဘက်တီးရီးယားပိုးများ အူလမ်းကြောင်းတွင် ရှိကြပါသည်။ အချို့သော အမျိုးအစားများသည် အစားအစာမှ ထုတ်ယူရရှိသော စွမ်းအင်ပမာဏကို တိုးစေပြီး အဆီကျစေပြီး ကိုယ်အလေးချိန် တက်လာစေသည်။ အိပ်ရေးဝအောင်အိပ်ပါ။ : လေ့လာမှုများစွာအရ တစ်ညလျှင် ၅-၆ နာရီထက်နည်းသော အိပ်စက်ခြင်းသည် အဝလွန်ခြင်းဖြစ်ပွားမှု တိုးလာခြင်းနှင့် ဆက်စပ်နေကြောင်း လေ့လာမှုများစွာက ဖော်ပြခဲ့သည်။ ဒီနောက်ကွယ်မှာ အကြောင်းရင်းများစွာရှိပါတယ်။ လုံလောက်တဲ့ သို့မဟုတ် အရည်အသွေးညံ့တဲ့ အိပ်စက်ခြင်းက ခန္ဓာကိုယ်က ကယ်လိုရီတွေကို စွမ်းအင်အဖြစ် ပြောင်းလဲပေးတဲ့ ဖြစ်စဉ်ကို နှေးကွေးစေတယ်လို့ ယုံကြည်ရတဲ့ အရင်းအမြစ်ကို သုတေသနပြုအကြံပြုထားပါတယ်။ ဇီဝြဖစ်ပျက်မှု ထိရောက်မှုနည်းသောအခါ၊ ခန္ဓာကိုယ်သည် အသုံးမပြုသောစွမ်းအင်ကို အဆီအဖြစ် သိမ်းဆည်းထားနိုင်သည်။ ထို့အပြင် အိပ်ရေးပျက်ခြင်းသည် အဆီသိုလှောင်မှုကို လှုံ့ဆော်ပေးသည့် အင်ဆူလင်နှင့် ကော်တီဆိုလ် ထုတ်လုပ်မှုကို တိုးစေနိုင်သည်။ တစ်စုံတစ်ယောက်သည် အချိန်မည်မျှကြာအောင် အိပ်စက်ခြင်းသည် အစာစားချင်စိတ်ကို ထိန်းချုပ်ပေးသည့် leptin နှင့် ghrelin ဟော်မုန်းများ၏ စည်းမျဉ်းကို ထိခိုက်စေပါသည်။ Leptin သည် ဦးနှောက်သို့ ပြည့်ဝမှုအချက်ပြမှုများကို ပေးပို့သည်။ သင့်ရဲ့စိတ်ဖိစီးမှုအဆင့်ကိုစီမံခန့်ခွဲပါ။ : စိတ်ဖိစီးမှုသည် ခန္ဓာကိုယ်၏ တိုက်ခိုက်ခြင်း သို့မဟုတ် ပျံသန်းမှုတုံ့ပြန်မှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အစာစားချင်စိတ်ကို လျော့ကျစေသည့် adrenaline နှင့် cortisol ကဲ့သို့သော ဟော်မုန်းများ ထွက်လာစေသည်။ သို့သော် လူများသည် အဆက်မပြတ် ဖိစီးနေသောအခါတွင် ကော်တီဆောသည် သွေးကြောထဲတွင် ကြာရှည်စွာ ရှိနေနိုင်ပြီး၊ ၎င်းသည် ၎င်းတို့၏ အစာစားချင်စိတ်ကို တိုးလာစေပြီး ယုံကြည်ရသည့် အရင်းအမြစ်ကို တိုးလာစေပြီး ၎င်းတို့ကို များများစားစေနိုင်သည်။ Cortisol သည် ခန္ဓာကိုယ်၏ အာဟာရစတိုးဆိုင်များကို နှစ်သက်သော လောင်စာအရင်းအမြစ်မှ ကာဗိုဟိုက်ဒရိတ် ဖြည့်တင်းရန် လိုအပ်ကြောင်း အချက်ပြသည်။ ထို့နောက် အင်ဆူလင်သည် ကာဗိုဟိုက်ဒရိတ်မှ သကြားဓာတ်ကို သွေးမှ ကြွက်သားများနှင့် ဦးနှောက်ဆီသို့ ပို့ဆောင်ပေးသည်။ အကယ်၍ လူတစ်ဦးသည် ဤသကြားကို တိုက်ခိုက်ရန် သို့မဟုတ် ပျံသန်းရာတွင် အသုံးမပြုပါက၊ ခန္ဓာကိုယ်က ၎င်းကို အဆီအဖြစ် သိမ်းဆည်းထားမည်ဖြစ်သည်။
Burmese
mya
original-annotations
2ded88a25d5820971b7158ebbad34357e8b5d33a77535d24a6213ccce8ddeacc