inputs
stringlengths
13
2.28k
targets
stringlengths
2
9.87k
language
stringclasses
1 value
language_code
stringclasses
1 value
annotation_type
stringclasses
2 values
user_id
stringclasses
21 values
မေး - I Heart ရေဒီယို ဂီတဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသား အဆိုတော် အ့ ကို ဘယ်သူတွေ ရခဲ့လဲ။ အဖြေက:
BTS
Burmese
mya
re-annotations
b466cff514d056b52c8c75a0e058d1cda748c7fe0f5760924ce918c36c53ad35
အောက်ပါ မေးခွန်းကိုဖြေပါ။ တီဗီမှာ မူလ Wonder Woman ကို သရုပ်ဆောင်ခဲ့သူ ကဘယ်သူလဲ။
လင်ဒါ ကာတာ ဖြစ်ပါတယ်။
Burmese
mya
re-annotations
b466cff514d056b52c8c75a0e058d1cda748c7fe0f5760924ce918c36c53ad35
ကရင်ပြည်နယ်ရဲ့ မြို့တော်က ဘာလဲ
ကရင်ပြည်နယ်ရဲ့မြို့တော်က ဘားအံမြို့ဖြစ်ပါတယ်။
Burmese
mya
re-annotations
a526d4ebf48a8a3f26fabace71bb105991114b0133aa24fa7f01e883f9a33097
"ဝေးသွားတဲ့အခါ" သီချင်းကို ဘာလို့ ထူးအိမ်သင် အုတ်ဂူမှာ ထွင်းထားတာလဲ
အဆိုတော်ထူးအိမ်သင်ရဲ့ အုတ်ဂူထက်မှာ “ဝေးသွားတဲ့အခါ” သီချင်းကို ဂီတနုတ်တွေနဲ့တကွ ရေးထွင်းထားပြီး မကွယ်လွန်ခင်ကတည်းက မိသားစုကိုမှာကြားထားခဲ့တာ ဖြစ်ပါတယ်။ ကိုငှက်ရဲ့ "ဝေးသွားတဲ့အခါ" သီချင်းဟာ မြန်မာသီချင်းတွေအားလုံးထဲမှာ တီထွင်ဖန်းတီးရအခက်ဆုံး သီချင်းတပုဒ် ဖြစ်ပါတယ်။ သီအိုရအားဖြင့်အရှုပ်ထွေးဆုံး Jazz ဂီတအမျိုးအစားဖြစ်ပြီး ထူးအိမ်သင်ကိုင်တိုင် အသက် ၂၀ မကျော်ခင်မှာ ရေးစပ်ခဲ့တဲ့ ကိုယ်ပိုင်သံစဉ် သီချင်းစစ်စစ်ဖြစ်ပါတယ်။ နိုင်ငံခြာက ခက်ခဲတဲ့ ဂန္တဝင်သီချင်းကြီးတွေမှာတောင် ဂီတာကော့ဒ်ပေါင်း ၂၀ လောက်ပဲ ပါဝင်ပြီး "ဝေးသွားတဲ့အခါ" သီချင်းကတော့ ထူးခြားစွာနဲ့ ဂီတာကော့ဒ် ၄၀ လောက်ထိ ပါဝင်နေတာ ဖြစ်ပါတယ်။
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
မြန်မာတို့ရဲ့ နေ့စဉ်ထမင်းပွဲ၌ ငါးပိရည်နဲ့ တွဲဖက်စားသောက်တတ်သော အရာက ဘာလဲ။
အတို့အမြှုပ် (သို့) တို့စရာ
Burmese
mya
original-annotations
50a0ca9c5f2488c69e8b2156a851808a46a1cc3961dd63a15e56b5555b93acc1
ကြက်ခြေထောက်ငုံးဥပြုတ်ချိုချဉ်ငန်စပ် ချက်ပုံချက်နည်းလေး ပြောပါဦး
ရေဆူဆူမှာ ကြက်ခြေထောက် ၁၀ ချောင်းခန့်ကို အိုးထဲတွင်ထည့်ပြီး မီးအေးအေးနဲ့ တနာရီတည်ထားပါ အမြုပ်တွေ ခပ်ထုပ်ပေးပါ ငုံးဥကိုပြုတ်ထားပါ ၁ နာရီကြာ တည်ထားတဲ့ကြက်ခြေထောက်ပြုတ်ထဲကို ပဲငံပြာရည်အကြည် ထမင်းစားဇွန်း၂ဇွန်း၊ ခရုဆီ ထမင်းစာဇွန်း၁ဇွန်း၊ ထန်းလျက်(ညက်)ခဲ၁ခဲ၊ သကြားကော်ဖီဇွန်းနဲ့၁ဇွန်း၊ ငရုတ်သီးစိမ်း အတောင့်၂၀ ဓါးပြားရိုက်၊ မန်ကျည်းရည်ဖျော် ထမင်းစားဇွန်း ၃ ဇွန်း၊ သံပုရာသီး ၁ လုံး အရည်ညှစ်ထည့်၊ ဆူအောင်ထပ်တည်ပြီးရင် ငုံးဥပြုတ်ကိုထည့်ပေးပါ ငါးငံပြာရည်အငန် ထမင်းစားဇွန်း ၁ ဇွန်းထည့်ပြီး ထပ်ဆူလာရင်ရပါပြီရှင် အရည်နည်းနေရင် ရေနွေးထပ်ထည့်ပေးပါရန်
Burmese
mya
re-annotations
3a0a573e9790a41631f73a17d13a3783013859979c39737ec81cdad15f5f6ead
ခရမ်းသီး ငါးခြောက် ရခိုင်ချက် (လယ်ချက်) ဘယ်လိုချက်ရမလဲ
ခရမ်းသီးငါးခြောက် ရခိုင်ချက် (လယ်ချက်) ချက်နည်း။ ငါးကွန်းရှပ်အခြောက်လေးကို သေချာရေဆေးပြီး အနေတော်အတုံးလေးတွေ တုံးပေးထားပြီး ရေစိမ်ထားပါ။ ခရမ်းသီးသေးသေးလေးကို အစိပ်လေးတွေ စိပ်ပေးပြီး ချက်မယ့်အိုးထဲ ထည့်ပေးပါ။ ငါးကွန်းရှပ်ခြောက်ကို ထည့်ပေးပါ။ ပြီးရင်တော့ ငရုတ်သီးစိမ်းနည်းနည်း (မိမိကြိုက်သလောက်) ညှပ်ထည့်ပေးပါ။ စိမ်းစားငပိ အနည်းငယ်ထည့်ပေးပါ။ ဆားနဲ့ ၊ ဟင်းခပ်မှုန့် (အချိုမှုန့်) အနည်းငယ်ထည့်ပေးပါ။ ဆီနည်းနည်းထည့်ပါ (ဆီမထည့်ဘဲလည်း ချက်တတ်ကြပါတယ်)။ ရေကို လိုသလောက်လေး ချိန်ဆထည့်ပေးပါ။ ပြီးရင်တော့ အဖုံးလေးဖုံးပြီး မီးဖိုပေါ်တင်ချက်ပေးရုံပါပဲ။ ဟင်းအိုးဆူပြီး အရည်လေးခမ်းလာပြီဆိုရင် အပေါ့အငံမြည်းပေးပါ။ မိမိကြိုက်နှစ်သက်သလို အရသာလေးရပြီဆိုရင်တော့ နံနံပင်လေးအုပ်ပေးပြီး အဖုံးလေးဖုံးထားပေးပါ။ ခဏလေးကြာရင်တော့ နံနံပင်နံ့ စိမ်းစားငပိနံ့လေးနဲ့ ခရမ်းသီးရဲ့ အချိုအရသာ ၊ ငါးကွန်းရှပ်ရဲ့ အချိုအရသာတွေနဲ့ လယ်ချက် စပ်စပ်လေးဟင်းတစ်ခွက်ကို ရပါပြီ။
Burmese
mya
re-annotations
37557541b1d6770a348b4a36e043ae9faced82134805e2c9fac483b16369b963
Express JS က ဘယ်လို web framework မျိုးလဲ
ExpressJS ကတော့ Web serving အတွက် လိုအပ်တဲ့ လုပ်ဆောင်ချက်တွေကိုပဲ ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ Python's Flask နဲ့ Golang ရဲ့ Gin တို့လို lightweight framework တခု ဖြစ်ပြီး feature တွေကို စိတ်တိုင်းကျ configuration လုပ်ခွင့်ပေးထားတဲ့အတွက် လိုချင်တာကို လိုအပ်သလောက်သာ ရေးချင်တဲ့သူတွေအနေနဲ့ ExpressJS ကိုရွေးချယ်ကြပါတယ်။ minimalistic framework တခုဖြစ်တဲ့ Express အနေနဲ့ကော Laravel နဲ့ ဘယ်လိုတွေ ကွာခြားတာလဲ။
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
"၁၄၉၂ ခုနှစ်မှာ Columbus တကယ်တမ်း ဆင်းသက်ခဲ့တာက ဘယ်မှာလဲ။"အကြောင်းအရာက Christopher Columbus ပါ။
"၁၄၉၂ ခုနှစ်တွင် ပထမဦးဆုံး ခရီးစဉ်အတွင်း ကိုလံဘတ်သည် ဂျပန်နိုင်ငံသို့ ရောက်ရှိရန် ရည်ရွယ်ထားခဲ့သော်လည်း ဂျပန်နိုင်ငံထက် ဘဟားမားကျွန်းစုတွင် ဆန်ဆာဗာဒိုဟု အမည်ပေးထားသော ဒေသသို့ ရောက်ရှိခဲ့သည်။"
Burmese
mya
re-annotations
fb7a8800746abd247a1156d056f869b5dffa1b941e662c0151d974cde6de0cd8
လိင်အင်္ဂါကြွက်နို့နဲ့ သားအိမ်ခေါင်းကင်ဆာ မဖြစ်အောင် ဘာတွေလုပ်ရမလဲ
လိင်အင်္ဂါကြွက်နို့ - ဖြစ်ပြီးရင် ပြန်မပျောက်ပါ။ ကြွက်နို့ဖြစ်တဲ့အချိန်ဆို ဖြတ်ထုတ်ပစ်တာ။ လေဆာပစ်တာတွေလုပ်လို့ရတယ်။ လိင်ကနေတဆင့် ကူးစက်တယ်။ Human Papilloma Virus (HPV) ကြောင့်ဖြစ်တယ်။ အမျိုးသမီးတွေမှာဆိုရင် ဒီဗိုင်းရပ်စ်က သားအိမ်ခေါင်းကင်ဆာကိုဖြစ်စေတယ်။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးက အမျိုးသားရော အမျိုးသမီးရော ထိုးနိုင်တယ်။ သားအိမ်ခေါင်းကင်ဆာရော လိင်အင်္ဂါကြွက်နို့ကိုပါ ကာကွယ်ပေးနိုင်တယ်။ ဒီဗိုင်းရပ်စ်က ဖြစ်ပြီးရင် ပြန်မပျောက်တော့ဘူး။ ကိုယ်ခံအားနည်းရင် ပြန်ပြန်ပေါ်တယ်။ ပေါ်တဲ့အခါ လိင်အင်္ဂါကြွက်နို့တွေ ပြန်ဖြစ်လာတယ်။ ဖြစ်တဲ့အချိန် ကုလို့ပဲရမယ်။ ပျောက်အောင်တော့မရ။ ဒါကြောင့် အခုနောက်ပိုင်း ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို အထက်တန်းကျောင်းမှာကတည်းက ထိုးပေးလိုက်တယ်။ လုံးဝ လိင်ဆက်ဆံမှုမပြုရသေးချိန်မှာ ထိုးတာတော့အကောင်းဆုံးပဲ။ ဒါပေမယ့် လိင်ဆက်ဆံမှုရှိပြီးပြီဆိုလည်း ထိုးလို့ရတယ်။ မျိုးကွဲတွေရှိလို့ တခြားမျိုးကွဲတွေကို ကာကွယ်နိုင်တယ်။ အကောင်းဆုံးက ကာကွယ်ဆေးထိုး။ အတူနေပြီးလည်း ထိုးလို့ရတယ်။ ဖြစ်ပြီးရင်တော့ အရှင်းပျောက်ဖို့မရဘူး။ ကိုယ်ခံအားကောင်းအောင်နေဖို့ပဲရှိမယ်။
Burmese
mya
re-annotations
37557541b1d6770a348b4a36e043ae9faced82134805e2c9fac483b16369b963
အချစ်ဘွဲ့ စိတ်မကောင်းပါဘူး အဲသလိုလွဲသွားခဲ့ရတာ " ဘောလုံးဟာ ဘယ်ကိုလိမ့်သွားသလဲ " တဲ့ ကဗျာတစ်စ… ငါ့မှာ ရွတ်သမိပါတယ် ဘယ်သိမှာလဲ မဟုတ်ဘူးလား
လူတွေ ဇာတ်လမ်းတွေ အကတွေ အချစ်တွေ ထိုင်ငေး တစ်သက်လုံး အာသာငမ်းငမ်းဖြစ် တစ်သက်လုံး ဘာမှမရ ငါ စာအုပ်ဖတ်မယ် ငါ စဉ်းစားခန်းဝင်မယ် နောင်တကြိမ်တခါ သို့မဟုတ် အကြိမ်ကြိမ်အခါခါ ကျွန်တော့်ကို ငြင်းပယ်နိုင်ပါတယ် သို့သော်… မင်းကို ငါချစ်တယ်။ ။ အောင်ချိမ့်
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
Billie Eilish နဲ့ Lana Del Rey တို့ relationship က ဘယ်လိုရှိလဲ
Billie Eilish ဟာ သူမရဲ့ interview တခုမှာ Lana Del Rey ၏ သူမဘဝအပေါ် လွှမ်းမိုးမှုအကြောင်းကို ပြောကြားပေးခဲ့ပါတယ်။ ❝ Lana က မျိုးဆက်သစ်ကြီး တစ်ခုလုံးကို ဖန်တီးခဲ့တဲ့သူပါပဲ။ ကျမရဲ့ music ကလည်း lana မရှိရင် အခုလိုဖြစ်နေမှာမဟုတ်သလို ကျမသည်လည်း lana မရှိခဲ့ရင် အခုလိုမျိုး artist တစ်ယောက်ဖြစ်နေမှာ မဟုတ်ပါဘူး။ ❞ ဒါ့အပြင် Billie က ရှိုးပွဲတွေအတွက် warm up လုပ်ရာမှာ Lana ရဲ့ သီချင်းခွေတွေကို နားဆင်လေ့ရှိပြီး တစ်ခါတစ်လေဆို Lana က သူမကို ဖုန်းခေါ်လေ့ရှိပါတယ်လို့ ပြောပြခဲ့ပါသေးတယ်။ ၂၀၂၃ နှစ် ၃လပိုင်းတုန်းကလည်း Lana ကိုယ်တိုင်မှ Billie နဲ့ collaboration ကျိန်းသေလုပ်မှာပါလို့ ပြောကြားခဲ့ပါသေးတယ်။
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
xbox ကို ဘယ်သူ တီထွင်ခဲ့တာလဲ။
Xbox ကို developer နှင့် engineers အဖွဲ့တစ်ဖွဲ့မှ တီထွင်ခဲ့ပြီး Kevin Bachus၊ Ted Hase နှင့် Otto Berkes တို့ပါဝင်သည်။ သူတို့အဖွဲ့၏ခေါင်းဆောင်မှာ ထိုအချိန်က Microsoft မှ အမေရိကန်အင်ဂျင်နီယာနှင့် ဗီဒီယိုဂိမ်းဒီဇိုင်နာ Seamus Blackley ဖြစ်သည်။
Burmese
mya
original-annotations
2ded88a25d5820971b7158ebbad34357e8b5d33a77535d24a6213ccce8ddeacc
Web Framework တခုရဲ့ architecture ကို High level ကြည့်မယ်ဆိုရင် -
Orchestrator, Request/Response Model, Routing System, Handler, Middleware ဆိုပြီး အဓိက ၅ ခု ရှိပါတယ်။
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
"ပြည်သူ့ရှေ့နေ (သို့) Notary Public ဆိုသည်မှာ ပြည်သူ့ရှေ့နေများ၊ စာချုပ်စာတမ်းများ၊ ကိုယ်စားလှယ်လောင်းများ၊ နိုင်ငံခြားနှင့် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်သော အငြင်းပွားဖွယ်ရာမဟုတ်သော ကိစ္စရပ်များတွင် အများပြည်သူကို ဝန်ဆောင်မှုပေးရန် ဥပဒေဖြင့် ဖွဲ့စည်းထားသော ပြည်သူ့အရာရှိတစ်ဦးဖြစ်သည်။" အကြောင်းအရာက Notary Public ပါ။
ပြည်သူ့ရှေ့နေ ဆိုတာ ဘာအတွက်လဲ။"
Burmese
mya
re-annotations
b466cff514d056b52c8c75a0e058d1cda748c7fe0f5760924ce918c36c53ad35
အုန်းရည်သောက်ရင် အုန်းရည်က အပူစာမို့ အပူကန်တယ် ဆိုတာ ဟုတ်ပါသလား။
အုန်းရည်ကို အပူကန်တယ်လို့ ပြောကြပေမယ့် အုန်းရည်က အပူစာမဟုတ်ပါဘူး။ အုန်းရည်သောက်ပြီး အပူကန်တယ်ပြောကြတဲ့ လည်ချောင်းနာတာ၊ ချောင်းဆိုးတာ၊ အပူဖုတွေ အဖုပိန့်တွေထတယ်ဆိုတာကလည်း သက်သေအထောက်အထားအခိုင်အမာမရှိတဲ့ပြောဆိုချက်တွေပါ။ အုန်းရည်ကြောင့် ဒီလိုမျိုးတွေဖြစ်တယ်လို့ ပြောဖို့ဆိုရင် အုန်းရည်သောက်သူ ၁၀ ယောက်မှာ ၁၀ ယောက်လုံးမဟုတ်တောင် ၁ ယောက်ထက်တော့ပိုတဲ့သူတွေမှာ ဒီလက္ခဏာတွေပြရမယ်။ မြန်မာတစ်နိုင်ငံတည်းအုန်းရည်သောက်တာမဟုတ် တကမ္ဘာလုံးသောက်တာဖြစ်လို့ အုန်းရည်သောက်တဲ့ ကျွန်းအနီးအနားနေတဲ့သူအကုန် ဒီလက္ခဏာတွေဖြစ်မယ်မလား။ အဲဒီလိုမဟုတ်ဘဲ နွေအပူနဲ့ မသန့်တာတွေပေါင်းပြီး လည်ချောင်းနာ၊ ချောင်းဆိုးချွဲကျပ်၊ အဖုအပိန့်တွေထွက်တာဆိုရင်တော့ ဒါက တိုက်ဆိုင်မှုတွေလို့ပဲ ပြောရမှာပါ။ အုန်းရည်ဟာ ခန္ဓာကိုယ်အတွက် ကောင်းကျိုးတော်တော်များတဲ့ထဲပါတယ်။ ချွေးထွက်နေရင် ရေဓာတ်ဖြည့်လို့ရတယ်။ ဓာတ်ဆားတွေပါပြီးသားဖြစ်တယ်။ ခန္ဓာကိုယ်အပူချိန်ကိုလျော့ကျစေလို့ နွေအပူမှာအုန်းရည်သောက်သင့်တယ်။ သူ့ဆီမှာ တခြားအာဟာရဓာတ်တွေလည်းပါသေးတယ်။ ကယ်လိုရီနည်းတယ်။ အုန်းရည်ကို အသီးဖျော်ရည်အနေနဲ့ ဘေးကင်းစွာ သောက်လို့ရတယ်။ နွေနေပူမှာ ရေဓာတ်ဖြည့်တင်းချင်ရင်လည်းသောက်လို့ရတယ်။ အပူစာမဟုတ်ဘဲ အပူတောင် ငြိမ်းပါသေးတယ်။
Burmese
mya
re-annotations
37557541b1d6770a348b4a36e043ae9faced82134805e2c9fac483b16369b963
မာလာရှမ်းကောချက်နည်း ပြောပြပါ
မာလာရှမ်းကောရုတ်သီး ဆီသပ်ရန် ပါ၀င်ပစ္စည်းများ • စီချွမ့်ငရုတ်ကောင်း - စားပွဲတင်ဇွန်း ၃ဇွန်း • နတ်နတ်ပွင့် - ရခု • ကလဝေရွက် - ၅ရွက် • သစ္ဂ်ပိုး - ၄ခု • လီမ္မော်ခွံခြောက် - ၁ခု • ဇာလိဖိုလ်သီး - ၁ခု (ခြစ်တံဖြင့် အမှုန့်များ ခြစ်ထည့်ပေးပေးပါ) • ဂျင်း - ၇ပြား • ဖာလာ - စားပွဲတင်ဇွန်း တ၀က် • ငရုတ်သီးခြောက်နီ - ၅ခု (လက်မ၀က်ရွယ်များ ပိုင်းဖြတ်ပါ) -------------------------------- 📝မာလာရှမ်းကော ချက်ရန် ပါ၀င်ပစ္စည်းများ • ငရုတ်သီးဆီမွှေး - စားပွဲတင်ဇွန်း ၄ဇွန်း • ကြက်သွန်ဖြူ - ၄မွှာ (နှုတ်နှုတ်စဉ်းပါ) • ငရုတ်သီးခြောက်နီ - ၁၀ခု (လက်မ၀က် ရွယ်များပိုင်းဖြတ်ပါ) • ဆား - စားပွဲတင်ဇွန်း ၁ဇွန်း • အသားမှုန့် - စားပွဲတင်ဇွန်း ၁ဇွန်း • အချိုမှုန့် - စားပွဲတင်ဇွန်း တ၀က် • မြေပဲနီ - ၁ထုပ် (အကျက်) • နှမ်း - စားပွဲတင်ဇွန်း ၂ဇွန်းစာ (အပေါ်မှ ဖြူးရန်) • ကြက်သွန်မြိတ် - စည်း၀က် (၁လက်မအရွယ်များပိုင်းဖြတ်ပါ) • နံနံပင် - လက်တဆုတ်စာ (ပါးပါးလှီးပါ) 📝မာလာရှမ်းကော ပါ၀င်သည့် အစာပလာများ • ပုဇွန်ထုပ် - ၂၀ ကျပ်သား (သန့်စင်ပေးထားပါ) • ခေါက်ဆွဲခေါက် - ၁ထုပ် (ပြုတ်ထားပေးပြီ ပြန်ဆယ်ထားပါ) • ကြက်အူချောင်း(အစို) - ၅ချောင်း (အချောင်း လှီးထားပါ) • ငါးသားလုံး - ၁၀လုံး (ထက်ခြမ်းခြမ်းပါ) • ငါးတို့ဟူး - ၄ခု (အရှည်အတုံးများ လှီးဖြတ်ပါ) • ကြာစွယ် - ၁ခု (အခွံနွှာပြီ ပါးပါးလှီးပါ) • အာလူး - ၂လုံး (အခွံနွှာပြီ ပါးပါးလှီးပါ) • အပ်မှို - ၁စည်း (အမြစ်ပိုင်း လှီးဖြတ်ပါ) • ဂေါ်ဖီ - တစိတ် (ပိုင်းဖြတ်ပါ) • မှိုနားရွက် - လက်တဆုပ်စာ (ရေစိမ်ထားပြီ ပါးပါးလှီးပေးပါ) • ပဲလိပ် - လက်တဆုပ်စာ (ရေစိပ်ထားပြီ ထပ်ခြမ်းခြမ်းပါ) • ပြောင်းဖူး - ဖူးဝက် (ပြုတ်ပြီ အတုံးတုံးထားပါ) • ကြက်သွန်မြိတ် - ၂စည်း (၁လက်မရွယ်များ ပိုင်းဖြတ်ပါ) • မုန့်ညှင်းစိမ်း - ၁စည်း (၁လက်မရွယ်များ ပိုင်းဖြတ်ပါ) • ကန်စွန်းရွက် - စည်း၀က် (ပိုင်းဖြတ်ပေးပါ) • နံနံပင် - လက်တဆုတ်စာ (ပါးပါးလှီးပါ) -------------------------------- 📝မာလာ ငရုတ်သီးဆီသပ် ချက်နည်း ၁။ အရင်ဆုံး ဒယ်ထဲ ဆီ(၄၀၀ ဂရမ်)ကို ထည့်ပါ။ ၂။ ဆီပူလာလျှင် ဂျင်း၊ စီချွမ့်ငရုတ်ကောင်း၊ နတ်နတ်ပွင့်၊ ငရုတ်သီးခြောက်၊ ဖာလာ၊ ကလဝေရွက်၊ သစ်ဂျပိုး၊ လီမ္မော်ခွံ၊ ဇာလိဖိုလ်သီးမှုန့် တို့ကို ထည့်ပြီ ၁မိနစ်ခန့် ဆီသပ်ပေးပါ။ ၃။ ပြီလျှင် ငရုတ်သီးခြောက်နီများ ထည့် ၁မိနစ်ခန့် ထပ်ဆီသပ်ပါ။ ၄။ ထို့နောက် ဇကာဖြင့် ဟင်းခတ်အမွှေးအကြိုင် အားလုံးကို ဖယ်ထားလိုက်ပါ။ ၅။ ဒယ်ထဲမှ ငရုတ်သီးဆီသပ်ကို ဒီအတိုင်းထားပါ။ -------------------------------- မာလာရှမ်းကော ချက်နည်း ၁။ ခုနက ငရုတ်သီးဆီသပ်ထားသော ဒယ်ထဲသို့ ကြက်သွန်ဖြူများထည့်ဆီသပ်ပေးပါ။ ၂။ ပြီလျှင် ငရုတ်သီးဆီမွှေး၊ ငရုတ်သီးခြောက်နီများထည့်ပြီး ၁ မိနစ် ဆီသပ်ပါ။ ၃။ ပြီနောက် ပုဇွန်ထုပ်၊ ကြက်သွန်မြိတ် များကို ထည့်ပြီး ရောမွှေပေးပါ။ ၄။ ပြီလျှင် (ကြက်အူချောင်း၊ ငါးသားလုံး၊ ငါးတို့ဟူး၊ ဂေါ်ဖီ၊ ပဲလိပ်၊ မှိုနားရွက်၊ ပဲထပ်) တို့ကို ထည့်ပေးပြီ ရေ(၂၀၀မီလီလီတာ)ခန့် ထည့်ပေးပြီ အဖုံးအုပ်ပြီ ခဏတည်ထားပါ။ ၅။ ရေခမ်းခါနီး (ခေါက်ဆွဲ) ၊ ကြာစွယ်၊ ပြောင်းဖူး၊ အာလူး၊ အရသာအတွက် (ဆား၊ အသားမှုန့်၊ အချိုမှုန့်) တို့ကို ထည့်ပြီ နောက်ထပ် ၂မိနစ်ခန့် မီးအသင့်တင့်ဖြင့် အဖုံးအုပ် တည်ထားပါ။ ၆။ ထို့နောက် ကန်စွန်းရွက်၊ မုန့်ညှင်းရွက်၊ အပ်မှိုတို့ကို ထပ်ထည့်ပေးပါ။ ရ။ နောက်ဆုံးမှ မြေပဲထည့်၊ ရောမွှေ။ အပေါ်မှ နံနံပင်၊ ကြက်သွန်မြိတ်၊ နှမ်းများ ဖြူးပေးပါ။ ၈။ အရသာရှိစွာဖြင့် မာလာရှမ်းကော ဟင်းလျာကို သုံးဆောင်နိုင်ပါပြီ။
Burmese
mya
re-annotations
37557541b1d6770a348b4a36e043ae9faced82134805e2c9fac483b16369b963
ကမ္ဘာ့ကျန်းမာရေးနဲ့ မညီညွတ်ဆုံး အစားအစာက ဘာလဲ။
American Institute of Cancer Research မှ ဘေကွန်နှင့် အခြားပြုပြင်ထားသော အသားများကို လုံးဝရှောင်ကြဉ်ရန် အကြံပြုထားသည်။ အနီရောင်အသားကို စားသုံးခြင်းသည် ကျန်းမာရေးအန္တရာယ်များ တိုးမြင့်လာခြင်းနှင့် ဆက်စပ်နေသော်လည်း ပြုပြင်ထားသော အသားများသည် သင့်ကျန်းမာရေးအတွက် ပိုဆိုးပါသည်။ ပြုပြင်ထားသော အသားများသည် ဟမ်ဘာဂါ သို့မဟုတ် အသားကင်များကဲ့သို့ မလတ်ဆတ်ပါ။
Burmese
mya
original-annotations
2ded88a25d5820971b7158ebbad34357e8b5d33a77535d24a6213ccce8ddeacc
ဒီရှုပ်ထွေးတဲ့ မေးခွန်းကို အဖြေရှာပါ။ Stanley Elkin နဲ့ Anne Lamott တို့ဟာ သုတစာပေ စာရေးဆရာတွေလား။
မဟုတ်ဘူး
Burmese
mya
re-annotations
b466cff514d056b52c8c75a0e058d1cda748c7fe0f5760924ce918c36c53ad35
Web Frameworks တွေက Routing System တွေအကြောင်း သိချင်ပါတယ်
Laravel မှာ api.php ဒါမှမဟုတ် web.php file တွေက route mapper အနေနဲ့ တည်ရှိပါတယ်။ Java EE app တွေရဲ့ multi components routing system နဲ့စာရင် Laravel ရဲ့ နည်းလမ်းက ရိုးရှင်းတာ တွေ့ရပါမယ်။ Handler နဲ့ middleware registration တွေကို တနေရာတည်းမှာ လုပ်ထားနိုင်ပြီး Orchestrator က ဒီဖိုင်ကို ဖတ်ပြီး pipeline တည်ဆောက်ပေးမှာဖြစ်တယ်။ ExpressJS မှာတော့ routing system သီးသန့် မရှိပါဘူး။ ဒါကြောင့် request processing လုပ်တဲ့အခါ အစဥ်အတိုင်း ​ဖြတ်သွားစေပြီး match ဖြစ်တဲ့ Handler (controller) ဆီမှာ req ကို process လုပ်စေပါတယ်။ Opinionated နဲ့ Minimalistic framework တွေက ဒီလိုမျိုး architecture ကိုချဥ်းကပ်တဲ့ပုံစံတင် ကွဲပြားကြတာ မဟုတ်ပါဘူး။ Storage, Session, ORM နဲ့ Query Builder အစရှိတဲ့ web app တခု တည်ဆောက်တဲ့အခါ အသုံးများတဲ့ feature တွေကို ဘယ်အတိုင်းအတာအထိ အသင့်သုံးဖြစ်အောင် လုပ်ထားပေးသလဲဆိုတဲ့နေရာမှာလည်း ကွာခြားကြပါသေးတယ်။ ဥပမာ Python ရဲ့ Sql Alchemy, Php ရဲ့ Eloquent တို့က သက်ဆိုင်ရာ framework တွေနဲ့ integration တခါတည်း ပါပြီးဖြစ်လို့ ecosystem အလိုက် နာမည်ကျော်ကြပါတယ်။
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
ဤဝါကျ၏ပိုမိုရှုပ်ထွေးသောမူကွဲကိုဖန်တီးပါ။ M. H. Douglas ကို Muhammad Hussain (အာရပ် / Persian / Urdu: محمد حسین) အဖြစ်မွေးဖွားခဲ့သည်။ ဟိန္ဒူရုပ်ရှင်လုပ်ငန်းတွင် အိန္ဒိယသရုပ်ဆောင် ၊ ဇာတ်ညွှန်းဒါရိုက်တာ ၊ တိုက်ခိုက်ရေးဂီတပညာရှင် အဖြစ် လူသိများ ကျော်ကြားသည်။
ဒေါ့ဂလတ်စ် (M. H. Douglas) ကို မိုဟာမက် ဟူစိန် (အာရပ်/ဖာရ်စီ/အူဒူ: محمد حسین) ဟု မွေးဖွားခဲ့ပြီး သူသည် စတန့်ဒါရိုက်တာ၊ အက်ရှင်ဒါရိုက်တာ၊ အက်ရှင် ကိုအော်ဒီနိတ်တာဖြစ်ပြီး ဘောလိဝုဒ်အကျော်အမော်များစွာအတွက် တိုက်ခိုက်မှုနှင့် အက်ရှင်မြင်ကွင်းများကို ရေးဆွဲခဲ့သည်။
Burmese
mya
re-annotations
d4fb278183f44a5951d097c2cdb246e4261dfd31f681f3a92fae310059a2016a
အောက်ပါ မေးခွန်းကိုဖြေပါ။ အမေရိကန်ပြည်ထောင်စုရဲ့ ဆဌမ သမ္မတက ဘယ်သူလဲ။
အမေရိကန်ပြည်ထောင်စုရဲ့ဆဌမသမ္မတမှာ ဂျွန် ကွမ်စီ အက်ဒမ်စ် ဖြစ်ပါတယ်။
Burmese
mya
re-annotations
a526d4ebf48a8a3f26fabace71bb105991114b0133aa24fa7f01e883f9a33097
ဒူဘိုင်းမြို့သည် မည်သည့်နိုင်ငံတွင် တည်ရှိသနည်း။
ဒူဘိုင်းသည် United Arab Emirates (UAE) တွင်တည်ရှိပြီး လူဦးရေအများဆုံးမြို့ဖြစ်သည်။ ၎င်းသည် ပါရှန်ပင်လယ်ကွေ့၏ အရှေ့တောင်ဘက်ကမ်းရိုးတန်းတွင် တည်ရှိသည်။
Burmese
mya
re-annotations
d4fb278183f44a5951d097c2cdb246e4261dfd31f681f3a92fae310059a2016a
အောက်ပါဝါကျကိုဖြည့်ပါ :
ဖြည့်ရေးစရာ ဘာမှ မရှိပါ မင်္ဂလာရှိသော နေ့ရက်လေးဖြစ်ပါစေ
Burmese
mya
re-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
အောက်ပါ မေးခွန်းကိုဖြေပါ။ နောက်ဆုံး Star Wars ရုပ်ရှင် နှစ်ကားက ဘာများလဲ။
The Last Jedi နဲ့ The Rise of Skywalker
Burmese
mya
re-annotations
b466cff514d056b52c8c75a0e058d1cda748c7fe0f5760924ce918c36c53ad35
ပုဂံအကြောင်း အနည်းငယ်ပြောပြပေးပါလား။
ပုဂံသည်၎င်း၏သမိုင်းဝင်အထိမ်းအမှတ်အဆောက်အအုံများနှင့် ခေတ်အဆက်ဆက်မှ အထိမ်းအမှတ်အဆောက်အအုံပေါင်း ၂၀၀၀ ခန့်ဖြင့် ကျော်ကြားသည်။ မြန်မာနိုင်ငံတွင်အရေးအကြီးဆုံး သမိုင်းဝင်နေရာတစ်ခုဖြစ်ပြီး နှစ်ပေါင်း 1500 ကျော် ကြွယ်ဝသော သမိုင်းကြောင်းဖြင့် ပုဂံသည် နည်းပညာဆန်းသစ်တီထွင်မှု တစ်စုံတစ်ရာ မပေါ်ပေါက်မီတွင် လူသားများပြုလုပ်သော အောင်မြင်မှုများကို သက်သေပြခဲ့သည်။ အဆိုပါ အထိမ်းအမှတ်အများအပြား၏ နံရံများတွင် ခရီးသွားများမလွတ်ကင်းသော သမိုင်းဝင်နံရံဆေးရေးပန်းချီများရှိသည်။ ပုဂံတွင် မရေမတွက်နိုင်သောအထိမ်းအမှတ်များ ရှိသော်လည်း တူညီပုံမပေါ်ပေ။ တကယ်တော့ တူညီတဲ့ အထိမ်းအမှတ်အရေအတွက်ဟာ သုံးလေးခုဖြစ်နိုင်တယ်။ စေတီပုထိုးမျိုးစုံကိုတစ်ရက်နှစ်ရက်ကြာစူးစမ်းလေ့လာသင့်သည်။ ပုဂံ၏ မြင်ကွင်းအကောင်းဆုံးနေရာများထဲမှတစ်ခုမှာ မိုးကုပ်စက်ဝိုင်းအထိ ဘုရားကျောင်းများကို ကြည့်ရှုနိုင်သည့် ပုဂံရှုမျှော်စင်၏ အပေါ်ဆုံးလှေကားထစ်ဖြစ်သည်။ ဘုရားကျောင်းများပေါ်မှ မီးပုံးပျံစီးခြင်းသည် မြင်ကွင်းကျယ်ရှုခင်းများကို ခံစားရန် အကောင်းဆုံးနည်းလမ်းတစ်ခုလည်းဖြစ်သည်။
Burmese
mya
re-annotations
d4fb278183f44a5951d097c2cdb246e4261dfd31f681f3a92fae310059a2016a
ဒီဝါကျရဲ့ ပိုရှုပ်ထွေးတဲ့ မူကွဲကို ဖန်တီးပါ၊ "Jenny ဟာ မကြာခင်က သူ့သင်တန်းကနေထွက်ပြီး လက်ထပ်ထားတဲ့ သွားဆရာဝန် Robert Weston နဲ့ သံယောဇဉ်တစ်ခု စတင်ခဲ့တယ်။"
တကယ်တော့ ဝါကျရဲ့ ပိုရှုပ်ထွေးတဲ့ မူကွဲတစ်ခုက : "Jenny ဟာ မကြာခင်မှာ သူ့သင်တန်းကနေ နှုတ်ထွက်ခဲ့ပြီး လက်ထပ်ထားတဲ့ သွားဆရာဝန် Robert Weston နဲ့ သံယောဇဉ်တစ်ခု စတင်ခဲ့တယ်။ နောက် သူ့ယောင်္ကျားက သူ့ကိုစွန့်ခွာသွားတော့ သူမက Robertနဲ့အတူ ပြောင်းနေခဲ့တယ်။"
Burmese
mya
re-annotations
d4fb278183f44a5951d097c2cdb246e4261dfd31f681f3a92fae310059a2016a
အခေါက်ကင်ထမင်းပေါင်း ဘယ်လိုလုပ်ရမလဲ သိလား။
အခေါက်ကင်ထမင်းပေါင်း ချက်နည်း ဝက်သုံးထပ်သားအခေါက်ပါးပါးအသားများများကိုရေဆေးသန့်စင်ပြီးအိုးတလုံးတွင်ရေမြုပ်အောင့်ထည့်၊ ချင်း(ဂျင်း)လှီးထားတာ သုံးပြား၊ ကြက်သွန်ဖြူအလုံးလိုက် တလုံး၊ ဆားအချိုမှုန့်နည်းနည်းထည့်ပြီး မိနစ် ၃၀ ခန့်ပြုတ်ပါ။ အချိန်ပြည့်ရင် ဆယ်ယူ၊ ရေဆေးပြီး အခေါက်ကို ခက်ရင်းခွဖြင့်နှံ့စပ်အောင် ထိုးပေးပါ။ အခေါက်ဘက်ကို ရှာလကာရည်နည်းနည်း နှံ့စပ်အောင် သုတ်လိမ်းပါ။ Oven မှာ အပေါ်မီး အောက်မီး ၂၀၀ ထားပြီး၊ မိနစ် ၃၀ ခန့်ကင်ပါ။ အခေါက်ကင်ရပါပြီ။ ထမင်းဖြူချက်ထားပါ။ ငုံဥကိုပြုတ်ပြီးအခွံခွာထားပါ။ ကြွက်နားရွက်မှိုကို ရေစိမ်ပြီး သန့်စင်ပြီးဖဲ့ထားပါ။ ဂေါ်ဖီပန်းအစိမ်းရောင်၊ မုံညှင်းထုပ်ရွက်၊ ဂေါ်ဖီထုပ်၊ ဂေါ်ရခါသီး၊ ရွှေပဲသီး၊ မုန်လာဥနီ(ခါကြက်ဥ)၊ ပန်းငရုတ်သီး၊ ပြောင်းဖူးအသေး၊ ခရမ်းချဉ်သီးတို့ကို ရေဆေးသန့်စင်ပြီးသင့်တော်သလို လှီးဖြတ်ထားပါ။ အိုးတလုံးမှာ ဆီသင့်ရုံထည့်ပြီး၊ ကြက်သွန်နီလှီး၊ ကြက်သွန်ဖြူထုထားတာကို အနံ့မွှေးလာအောင် ဆီသပ်ပြီး အသီးအရွက်လှီးထားတာကို ခရမ်းချဉ်သီးသာ ချန်ပြီး အကုန်ထည့်ပါ ပဲငံပြာရည်၊ ခရုဆီ၊ ပဲငံပြာရည်အနှောက်၊ ဆား၊ အချိုမှုန့်၊ သကြားနည်းနည်း ရေနည်းနည်းထည့်ပြီး အသီးအရွက်ကျက်အောင် ကြော်ပါ။ အသီးအရွက်ကျက်ရင်(လျှင်) ခရမ်းချဉ်သီးထည့်ပါ။ ငုံးဥ ထည့်ပါ။ မွှေပေးပါ။ အရသာမြည်းကြည့်ပါ။ အနေတော်ဆိုရင်ရပါပြီ။ အိုးတလုံးမှာ ဆီနည်းနည်းထည့်ပါ။ ကြက်သွန်ဖြူချင်း(ဂျင်း) ညှက်ညှက်ထောင်းထားတာ နည်းနည်းထည့်ပြီး အနံ့မွှေးလာအောင် ဆီသပ်ပြီး၊ ကော်မှုန့် အရည်ဖျော်ထားတာ လောင်းထည့်ပါ။ မွှေပေးပါ။ ပဲငံပြာရည် အကြည်/ အနှောက်၊ ခရုဆီ၊ အချိုမှုန့်နည်းနည်းထည့်ပြီး ကော်ရည်ကိုမပြစ်မကျဲချက် ထားပါ အရသာမြည်းကြည့်ပါ။ အနေတော်ဆို ကော်ရည်ရပါပြီ။ အခေါက်ကင်ကို မထူမပါးလှီးထားပါ ပန်းကန်ပြားကြီးမှာ ထမင်းကို အလည်ကထည့်ပြီး အပေါ်မှာ အသီးရွက်ကြော်ကိုတင်ပေးပြီး၊ ကော်ရည်လောင်းပေးပါ အပေါ်မှာ အခေါက်ကင်ကို လှပအောင်ထည့်ပေးပါ အသားပြုတ်ရည်ကို အရသာမြည်းကြည့်ပါ။ အနေတော်ဆို ပန်းကန်လုံးမှာထည့်ပြီး၊ ကြက်သွန်မြိတ်လှီးထားတာ ဖြူး၊ ငရုတ်ကောင်းမှုန့်ဖြူးပြီး ဟင်းချိုရည်လုပ်လို့ရပါတယ် အချဉ်အတွက်က သခွားသီးကိုလှီးပြီး အပေါ်က ငရုတ်(ငြုပ်)ဆီဆမ်းပေးပါ အခေါက်ကင်ထမင်းပေါင်းကို စားလို့ရပါပြီ
Burmese
mya
re-annotations
37557541b1d6770a348b4a36e043ae9faced82134805e2c9fac483b16369b963
ရွှေတိဂုံ စေတီတော်က ဘယ်မှာ ကုန်းတော်ပေါ်မှာ တည်ရှိသလဲ။
ရွှေတိဂုံ စေတီတော်ကြီးက ရန်ကုန်မြို့ရှိ သိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် တည်ရှိပါသည်။
Burmese
mya
original-annotations
50a0ca9c5f2488c69e8b2156a851808a46a1cc3961dd63a15e56b5555b93acc1
ကိုငှက်ရဲ့ နာမည်ရင်းက ဘာလဲ
ထူးအိမ်သင်လို့ခေါ်ပါတယ်
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
Harry က အောက်ပါစာသားကို ဆက်ရေးနေပါသည်။ "ကောင်းပါတယ် ခင်ဗျားရဲ့ တရားသူကြီးရေ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ စွပ်စွဲချက်တွေကို အခွင့်အရေး ပေးထားရင် သက်သေပြနိုင်ပါတယ် ကျွန်တော်တို့ဟာ တောင်းဆိုချက်ထဲမှာ ပြောထားတာကို ယုံကြည်ပါတယ် ဟုတ်ပါတယ် ခင်ဗျားတို့က သိပါတယ် ဒီကလေးက စစ်ဆေးမှုကို ဟန့်တားနေတယ်လို့ ခင်ဗျားတို့သိပါတယ်"
အဆိုပါ
Burmese
mya
re-annotations
50a0ca9c5f2488c69e8b2156a851808a46a1cc3961dd63a15e56b5555b93acc1
backend မှာ JWT token ကို invalidate လုပ်ချင်တယ်။ ဘယ်လိုလုပ်ရင် ကောင်းမလဲ။ Beginners တွေ နားလည်အောင် ပြောပြပေးနိုင်မလား
JWT နဲ့ မရင်းနှီးတဲ့သူတွေအတွက် အကြမ်းဖျင်းပြောရရင် Jwt ဆိုတာက OAuth token တစ်မျိုးပါပဲ။ token ရဲ့ပိုင်ရှင် ဘယ်သူဖြစ်တယ်၊ token ကို ဘယ်အချိန်က တည်ဆောက်ခဲ့တယ်၊ ဘယ်အချိန်မှာ expire ဖြစ်မယ် စတဲ့ claim တွေပါဝင်တဲ့ payload ကို server ကပဲ သိနိုင်တဲ့ signature နဲ့ ဆက်တယ်။ token ကို ဘယ်သူမဆို decode လို့ရပြီး token ထဲ ဘာတွေပါလဲ ဖွင့်ကြည့်နိုင်တယ်။ JWT ရဲ့ အားသာချက်က federated trust ပါ။ token ထဲမှာ လိုအပ်တဲ့ အချက်အလက်တွေ အကုန်ပါပြီးတဲ့အတွက် backend service တွေအနေနဲ့ တောင်းဆိုလာတဲ့ request ကို လိုက်လျော၊ မလျော ဆုံးဖြတ်ဖို့ token က ကောင်းသေးရဲ့လားလို့ စစ်ဆေးရုံပါပဲ။ ဥပမာ ရုံးထဲဝင်ဖို့ ဝန်ထမ်းကဒ်လိုပေါ့။ တာဝန်ကျ လုံခြုံရေး အနေနဲ့ ဝန်ထမ်းကဒ်ကို ကြည့်ပြီး ပေးဝင်မဝင် ဆုံးဖြတ်နိုင်တယ်။ JWT token ကို invalidate လုပ်လို့ရလားဆိုရင် ရပါတယ်။ ဘယ် user ဒါမှမဟုတ် ဘယ် audience ရဲ့ token ကို invalidate လုပ်လိုက်တယ်ဆိုတဲ့ မှတ်တမ်းကို db ထဲထည့်သိမ်းထားလို့ ရပါတယ်။ ဒီအတွက် redis လို in-memory db ကိုသုံးကြပေမယ့် ခြွင်းချက်တစ်ခုက Auth service ခွဲတွေ အများကြီး ရှိလာတဲ့အခါ consistency ထိနိုင်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ Lua instruction တိုက်ရိုက်ပေးပြီး အလုပ်လုပ်စေနိုင်ပေမယ့် ဒါကလည်း durable ဖြစ်လှတဲ့ အဖြေတော့ မဟုတ်ဘူး။ လစဥ်ကြေးပေးပြီး သုံးရတဲ့ subscription-oriented platform တွေမှာဆိုရင် ဒီအချက်က အရေးကြီးတဲ့အတွက် disk နဲ့တွဲပြီး eventual consistent model ကို အသုံးပြုသင့်တယ်။ ဥပမာ DynamoDb။ ဒါပေမယ့် JWT token တွေကို invalidate လုပ်တာ လုံးဝ အားမပေးပါဘူး။ အဲ့ဒီအစား JWT မသုံးပဲ နေသင့်ပါတယ်။ ဘာလို့လဲဆိုတော့ JWT ရဲ့သဘာဝက token ဘယ်အချိန်မှာ expire ဖြစ်မလဲလို့ ပါပြီးသား ဖြစ်တဲ့အတွက် server က အဲ့အချိန်အတိုင်ခင် ကြိုပြီး invalidate လုပ်ဖို့ ရှိလာပြီဆိုရင် အနှစ်သာရဖြစ်တဲ့ federated trust ကျိုးပေါက် သွားပါလိမ့်မယ်။ app တခုရဲ့ Identity flow အကြမ်းဖျင်းက ဒီလိုရှိနိုင်တယ်။ token service အနေနဲ့ user credential ကို တိုက်ရိုက် ဒါမှမဟုတ် လိုအပ်ရင် 3rd party (ဥပမာ Facebook, Google) နဲ့ ပြန်စစ်ပြီး user identity ကိုအတည်ပြုမယ်။ မှန်ကန်ရင် Authorizer service ကိုဆက်သွယ်ပြီး token တည်ဆောက်မယ်။ ဒီနေရာမှာ AWS စတိုင်ဆိုရင် Authorizer က faas (lambda function) ပေါ့။ ရလာတဲ့ token က client အတွက် ဝန်ထမ်းကဒ်ပါပဲ။ ဝန်ထမ်းကဒ်ပြပြီး သတ်မှတ်အခန်းတွေကို ဝင်လို့ရပါတယ်။ gateway အနေနဲ့ ပို့လာတဲ့ token မကျိုးပေါက်သရွေ့၊ expire မဖြစ်သေးသရွေ့ request ကိုလိုက်လျောဖို့ တာဝန်ရှိတယ်။ ဒါပေမယ့် token ကို invalidate လုပ်ဖို့ ဆုံးဖြတ်ခဲ့ရင် gateway အနေနဲ့ Token service ဆီ စုံစမ်းရပါတော့မယ်။ အခုတော့ လုံခြုံရေးအရာရှိက ကဒ်ကို ကြည့်ရုံတင်မကဘူး။ ဝန်ထမ်းဌာနကို ဖုန်းဆက်ပြီး ဒီကဒ်က တရားဝင်သေးလားလို့ အကြိမ်တိုင်းမှာ လှမ်းမေးရတော့မှာပါ။ ဒီ overhead ကိုလျှော့ချဖို့အတွက် identity service တွေကို gateway ဆီ ပို့ပစ်ထားသင့်ပါတယ်။ တခါ token ကို ထပ်အတည်ပြုရဦးမှာဖြစ်လို့ token encryption နဲ့ encode/decode အတွက် CPU cycle တွေ မသုံးတော့ပဲ jwt လောက် overhead မများမယ့် token မျိုး သုံးသင့်တယ်။ အရေးကြီးဆုံးအချက်က jwt ကို session လိုမသုံးဖို့ပါပဲ။ ဒါပေမယ့် အခု ပြောသွားသမျှက principle တွေမဟုတ်ပဲ ကျွန်တော့်အမြင်သက်သက်ပဲမို့ လိုအပ်သလို adapt လုပ်သင့်ပါတယ်ခင်ဗျာ။ မှတ်ချက်။ ။ CodeHub with Harry မှ Harry Yan ရဲ့ ၂၀၂၃ သြဂုတ်လမှ ဆောင်းပါးတပုဒ်ဆီက ကောက်နှုတ်ထားပါတယ်
Burmese
mya
re-annotations
48566d81b60e8087fb70f1675866ffd90ada3960f494ea71b323570b094c4d5a
မေးခွန်း - ၂၀၁၆ ခုနှစ် အမေရိကတစ်နိုင်ငံလုံးဆိုင်ရာ အမျိုးသားဘတ်စကက်ဘောပြိုင်ပွဲမှာ ဘယ်သူက အနိုင်ရခဲ့လဲ။ အဖြေက:
ဗီလာနိုဗာ (Villanova Wildcats) များသည် 1985၊ 2016 နှင့် 2018 တို့တွင် အမျိုးသားချန်ပီယံဆု (၃)ကြိမ် ရရှိခဲ့သည်။
Burmese
mya
re-annotations
fb7a8800746abd247a1156d056f869b5dffa1b941e662c0151d974cde6de0cd8
ငါးကြင်းတုံးနှင့်ငါးပိရည်ကျိုချက်နည်းလေးပြောပါဦး
ငါးကြင်းတုံးနှင့်ငါးပိရည်ကျိုချက် °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°° ငါးကြင်းဖြူ. ...............၃၀ကျပ်သား ငါးပိရည်ကျို...............၁၀ကျပ်သား ကြက်သွန်နီ...............၂လုံး ကြက်သွန်ဖြူ ..............၇တက် ငရုတ်သီးစိမ်း.. ...........၁၀တောင့် ကုလားအော်သီး..........၂တောင့် ငရုတ်လှော်မှုန့်............၁ဇွန်း ငါးကိုရေစင်စွာဆေးပြီး တစ်လက်မအရွယ် အတုံးငယ်များတုံးပြီး ဆားအနည်းငယ်ဖြင့် အရသာနယ်ထားပါ။ ငါးပိရေကျိုကို နနွင်းမှုန့်အနည်းငယ်နှင့်အတူ ကျနေအောင်ကျိုပြီး စစ်ယူထားပါ။ ကြက်သွန်နီကိုမီးဖုတ်ပြီးကြက်သွန်ဖြူ ၊ငရုတ်သီးစိမ်း၊ကုလားအော်သီးများကိုရောပြီးလှော်ပါ။ အားလုံးကို ခပ်ကြမ်းကြမ်း လေးထောင်းပါ။ ဒယ်အိုးတစ်လုံးမှာ ဆီအနည်းငယ်ကိုအပူပေးပြီး ထောင်းထားသောအရောကို ဆီသတ်ပါ။ အနည်းငယ်မွှေးလာလျှင် ဆားနယ်ထားသောငါးတွေကို ရေပြန်ဆေးပြီးထည့်ပါ။ ‌ငါးအသားတွေ အနည်းငယ်မာလာလျှင် စစ်ထားတဲ့ငါးပိရည်တွေထည့်ပါ။ငရုတ်လှော်မှုန့်လေးလဲပေါင်းထည့်ပါ။ ဟင်းခတ်မှုန့်ဖြင့် အရသာဖြည့်ပေးပါ။ ‌မိမိနှစ်သက်သလို အပျစ်၊အကျဲလေးကို ချိန်ဆပြီး မီးဖိုပေါ်မှချပါ။ မိမိနှစ်သက်ရာတို့စရာများဖြင့်တွဲဖက်ပါ။
Burmese
mya
re-annotations
58047946f650e5de056f912e41583ba9ee7dd4bda69d6eb1a340708f8a716f31
ဒူဘိုင်းမှာ ဘာတွေထူးခြားလဲ။
ဒူဘိုင်းသည် ချမ်းသာကြွယ်ဝမှု၊ ဈေးကြီးပြီး လူကြိုက်များသော ဇိမ်ခံခရီးသွားနေရာတစ်ခုအဖြစ် ကျော်ကြားပြီး ၎င်း၏ စားသောက်ဖွယ်ရာများ၊ သမိုင်းနှင့် ယဉ်ကျေးမှုအချို့၊ ကုလားအုတ်စီးခြင်းတို့ကြောင့်လည်း ကျော်ကြားပါသည်။
Burmese
mya
original-annotations
2ded88a25d5820971b7158ebbad34357e8b5d33a77535d24a6213ccce8ddeacc
CS field မှာ problem-solving skill ကို ဘယ်လိုဆောက်ရမလဲဗျ
programming language tutorial တွေကြည့်တယ်။ တခါတလေ logic quiz လေးတွေ ပါတတ်တယ်။ ကိုယ်တိုင် ​ဖြေရှင်းကြည့်ဖို့ တိုက်တွန်းထားတာမျိုးတွေပေါ့။ beginner အတော်များများ ပြောကြတယ်။ အကို ကျွန်တော် ဒါမရဘူးဗျာ၊ အကို သမီး ဒါမရဘူး programmer လုပ်ဖို့ ဉာဏ်မှမှီရဲ့လား။ အမြဲပြောဖြစ်ပါတယ်။ မရရင် ကျော်သွားလိုက်။ ပိုကောင်းချင်ရင် အဲဒါတွေ အစကတည်းက မလုပ်နဲ့။ ဒီ exercise တွေက အဖြေရသွားရင် ကောင်းပေမယ့် မရရင်လည်း C++ နဲ့ ကြယ်ပုံ print တတ်တာက လက်တွေ့မှာ ဘာအထောက်အကူမှ သိသိသာသာ ပိုဖြစ်မသွားပါဘူး။ တကယ်က programming အကြောင်းပြောရင် problem solving က အရေးကြီးတဲ့ ခေါင်းစဥ်တခုပါ။ ဒါပေမယ့် problem solving ဆိုတာ မွေးရာပါ ပါလာတဲ့ skill မဟုတ်သလို ဘယ်ဟာမှလည်း မွေးရာပါ ပါမလာကြပါဘူး။ လေ့ကျင့်ယူ ပျိုးထောင်ယူရတာချည်းပါပဲ။ ဒါကြောင့် problem solving ဖြစ်ဖြစ် ဘယ်ဟာကြီးဖြစ်ဖြစ် မွေးမြူချင်တဲ့အခါ စု၊ တု၊ ပြုကို မမေ့စေချင်ပါဘူး။ နေထွက်ဖူးတဲ့အရပ်မှာ ဘယ်ဟာမှ လွတ်လွတ်ကျွတ်ကျွတ် အသစ်မဖြစ်နိုင်ဘူးလို့ ပြောကြပါတယ်။ ကျွန်တော်တို့ ရသမျှ အတွေး၊ စဥ်းစားမိသမျှ နည်းလမ်းတွေက ရှေ့မှာ ရှိနှင့်ပြီးသား ပခုံးတွေအပေါ် တက်ရပ်ကြည့်ရတာချည်းပါပဲ။ ဒါကြောင့် ရနိုင်သမျှ မစုပဲ၊ စုထားမိတာတွေကို မတုကြည့်ပဲ ကိုယ်ပိုင် ပြုနိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်နီးနီးပါ။ ဒီတော့ စု၊ တု၊ ပြု ဘယ်လိုလုပ်ကြမလဲ။ problem solving skill တိုးတက်ချင်ရင် အရင်ဆုံး စုဖို့လိုတယ်။ စုဆိုတာ ပြဿနာရဲ့ အဖြေကိုတင် စုခိုင်းတာ မဟုတ်ဘူး။ ပြဿနာကိုပါ သေသေချာချာ သိအောင်လုပ်ရမယ်။ ဒီပုစ္ဆာက ဘာကို ဖြေရှင်းချင်တာလဲ။ ဘာတွေ အသုံးပြုခွင့်ရှိလဲ။ ဘာကန့်သတ်ချက်တွေရှိလဲ။ ဒါပြီးရင် ရှေ့လူတွေ ဘယ်လိုဖြေရှင်းခဲ့ကြလဲဆိုတဲ့ အဖြေတွေကို စုရမယ်။ ဒီ solution က ဘာကြောင့် ​ဒီလိုဖြေရှင်းနိုင်တာလဲ။ သူဘယ်လိုအလုပ်လုပ်တာလဲ။ သူ့မှာ ဘာအားနည်းချက်တွေရှိလဲ။ ဘာတွေအားသာလဲ။ စုပြီးရင် တုကြည့်သင့်တယ်။ ချက်ချင်းတော့ မတုနဲ့တဲ့။ ဒီစကားကို ဘယ်သူပြောခဲ့တာလဲ မသိပေမယ့် ကိုမျိုးသန့်ဇင် ပြောတာလို့ ထင်တာပဲ။ ကြက်တူရွေးနဲ့အပြိုင် လေယာဥ်မယ်ကို အထွန့်တက်မိပြီး လေယာဥ်ပေါ်က နှစ်ကောင်လုံး ကန်ချခံရတော့ ကြက်တူရွေးအတွက်က ဘာမှမဖြစ်ပေမယ့် ကိုယ်က အတောင်မပေါက်သေးတဲ့ လူလေ။ ဒါ​ကြောင့် များများစုပြီးလို့ နိုင်နိုင်နင်းနင်း ဖြစ်လာတဲ့အခါဆိုရင်သာ တုကြည့်ပါ။ တုတဲ့အခါ ရှိပြီးသား solution တခုရဲ့ အားသာချက်ကို စတေးပစ်ပြီး အားနည်းချက်ကို ဖာထေးတာမျိုး။ beginner ဆိုရင် ရှိပြီးသား အဖြေကိုပဲ logic flow ပြောင်းကြည့်တာမျိုး စလုပ်ကြည့်သင့်တယ်။ ရလဒ် ဘာမှ ပြောင်းမသွားပေမယ့် ဒီလို small win တွေကနေ confidence ကိုတည်ဆောက်ရမှာပါ။ နောက်ဆုံးအချက်ကတော့ ပြုဖို့ပါပဲ။ စုခဲ့၊ တုခဲ့ပြီးပြီဆိုရင် အခု ပြဿနာတွေကို ​ဖြေရှင်းကြည့်နိုင်ပါပြီ။ မစုခဲ့၊ မတုခဲ့ပဲ စလာကတည်းက ပြုဖို့ ကြိုးစားနေခဲ့ရင် အသက်ရှူကျပ်တာပဲ အဖတ်တင်မှာကို ဒီအဆင့်မှာ နားလည်လောက်ပြီ ထင်ပါတယ်။ ဒီတော့ ဘယ်က စုမလဲလို့ပြောရင် beginner တွေအတွက်တော့ စုဖို့နေရာကောင်းတွေက အင်တာနက်ကြီးပါပဲ။ Stack Overflow, GitHub စတဲ့နေရာတွေမှာ အဖြေကောင်းတွေ အများကြီး ရှိပါတယ်။ ကိုယ့်ပြဿနာနဲ့ ဆင်တူ ပြဿနာမျိုးတွေကို ရှေ့မှာ ကြုံခဲ့ပြီးဖြစ်ဖို့ အတော်လေး ရာနှုန်းများပါတယ်။ ဒါကြောင့် googling လုပ်ဖို့ မပျင်းပါနဲ့။ How to do xyz in abc to get mno ဆိုတာလောက်တော့ ရေးတတ်ဖို့ ကျင့်ပါ။ နောက်တချက်က senior ကောင်းတွေဆီက သင်ယူပါ။ သင်ယူတယ်ဆိုတာ သူတို့ code တွေ လိုက်ကူးနေမှ၊ ကိုယ့်ကို အချိန်ပြည့် အနီးကပ် စောင့်ကြည့်ပေးနေမှ မဟုတ်ပါဘူး။ တခွန်းဆိုတခွန်း သေချာသင်ယူဖို့ လိုပါတယ်။ တန်ဖိုးရှိတဲ့အရာတွေက လွယ်လွယ်နဲ့ရဖို့ခက်တာမို့ ကိုယ်က problem solving ကောင်းချင်ရင် စိတ်ရှည်ရှည်နဲ့ အချိန်ပေး ပျိုးထောင်ဖို့ လိုပါတယ်။ စနစ်တကျ စုသွား၊ တုသွားမယ်ဆိုရင် ပြုနိုင်တဲ့တချိန်ဆိုတာ သေချာပေါက် ရှိလာမှာပါခင်ဗျာ။
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
Disney World က ဘယ်မှာလဲ ၊ Disneyland ဆိုတာ ဘယ်မှာလဲ ။
Disney World နှင့် Disneyland- အကြီးမားဆုံး ကွာခြားချက်များ အစပြုရန်အတွက် Disneyland Resort သည် Los Angeles မှ မိုင် 30 ထက်နည်းသော ကယ်လီဖိုးနီးယားပြည်နယ် Anaheim တွင်ရှိသည်။ Walt Disney World Resort သည် အော်လန်ဒိုအနီး၊ ဖလော်ရီဒါပြည်နယ်၊ Bay Lake နှင့် Buena Vista ရေကန်တို့အနီးတွင်ရှိသည်။ အပန်းဖြေစခန်းနှစ်ခုစလုံးဟာ သူတို့ရဲ့ပြည်နယ် Orange County မှာရှိပါတယ်။
Burmese
mya
re-annotations
fb7a8800746abd247a1156d056f869b5dffa1b941e662c0151d974cde6de0cd8
မေးခွန်းက ဘယ်တုန်းက မြောက်အမေရိကမှာ ဘီးကိုစတင်မိတ်ဆက်ခဲ့တာလဲ။ အဖြေက:
ဘီစီ ၁၅၀၀ လောက်
Burmese
mya
re-annotations
fb7a8800746abd247a1156d056f869b5dffa1b941e662c0151d974cde6de0cd8
မြန်မာနိုင်ငံရဲ့ စီးပွားရေးအရ အရေးပါဆုံးမြို့က ဘယ်မြို့လဲ
ရန်ကုန်မြို့
Burmese
mya
original-annotations
50a0ca9c5f2488c69e8b2156a851808a46a1cc3961dd63a15e56b5555b93acc1
မေး - ၁၈၄၈ ရွှေဝါရောင်ကာလမှာ ဘယ်အာရှအသိုင်းအဝိုင်းက ဗုဒ္ဓဘာသာကို အမေရိကကို ပထမဆုံး ဆောင်ခဲ့ကြတာလဲ။ အဖြေက:
၁၉ ရာစုပိုင်းအတွင်း အရှေ့အာရှမှ ရွှေ့ပြောင်းအခြေချသူများ အမေရိက ကိုရောက်ရှိလာချိန်တွင် ဗုဒ္ဓဘာသာကိုစတင်မိတ်ဆက်ခဲ့သည်။ ၁၈၂၀ ပိုင်းတွင်တရုတ်နိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူများက အမေရိကကိုစတင်ဝင်ရောက်လာပြီး ၁၈၄၉ California Gold Rush တွင်ဝင်ရောက်လာသူ အရေအတွက်များပြားခဲ့သည်။
Burmese
mya
re-annotations
fb7a8800746abd247a1156d056f869b5dffa1b941e662c0151d974cde6de0cd8
ဘူးသီးကြော် ကြော်နည်း နဲ့ အချဉ်ရည်စပ်နည်း သိလား
ဘူးသီးကြော် - ပထမဆုံး ဘူးသီးလေးတွေကို ကိုယ်ကြိုက်တဲ့အရှည် လှီးပြီး ရေခြောက်အောင်ထားပေးပါ - မနက်ကြော်ရင် ညကတည်းကလှီးပြီး ရေစစ်ထားလို့လည်း ရပါတယ် - မနက်မှစလုပ်မယ်ဆို နာရီဝက်လောက် နေပူလှန်းထားရင် ပိုကောင်းပါတယ် - မုန့်နှစ်အတွက် ရွှေလိပ်ပြာ အကြော်မှုန့် / ကောက်ညှင်းမှုန့် / ပဲမှုန့် သုံးပါမယ် - အကြော်မှုန့် ၃ ဆ နဲ့ ကောက်ညှင်းမှုန့်/ပဲမှုန့်ကို ၁ဆ စီရောပါ - ပြီးရင် ဆား အရသာနဲ့ အရောင်လှအောင် အရောင်တင်မှုန့်ထည့်ပါ - baking soda ရှိရင် ဇွန်းဖျားလောက်လေးထည့်ပေးပါ အဲ့ဒါဆို ပိုကြွပ်ပါတယ်/ကြက်ဥအကာ ထည့်ပေးလည်းရပါတယ် - အမှုန့်တွေအကုန်ရောပြီးသွားရင် ရေခဲရေလေးကို ဖြည်းဖြည်းချင်း လောင်းထည့်ပေးပါ - မုန့်ရည် မပျစ်မကျဲလေး အနေက ကြော်ဖို့အကောင်းဆုံးပါနော် - မုန့်ရည်လည်း စပ်ပြီးပြီဆိုရင် ခြောက်နေတဲ့ ဘူးသီးလေးတွေကို ဂျုံမှုန့် သို့ ဆန်မှုန့်နဲ့ အရင်လူးပေးပါ အဲ့ဒါဆို ပိုကြော်လို့ကောင်းပါတယ် - ပြီးမှ မုန့်ရည်ထဲနှစ်ပြီး မီးအလယ်လောက်နဲ့ ရွှေအိုရောင်သမ်းတဲ့အထိကြော်ပေးပါ အချဉ်ရည်စပ်နည်း - မန်ကျည်းသီးတွေကို ရေပူနဲ့ အရင်စိမ်ထားပါမယ် - ပြီးရင် ဇကာနဲ့အနှစ်တိုက်ချပြီး အရည်ပဲယူပါ - မန်ကျည်းရည်ထဲကို ကြက်သွန်ဖြူ/ဂျင်းနဲ့ ငရုတ်သီးစိမ်း ရောထောင်းပြီး ထည့်ပါ - ပြီးရင် ဆားနဲ့ အရသာမှုန့်ထည့်ပြီး ထန်းလျက်ရည် အချိုကြိုက်သလောက်ထည့်ပါ - ငရုတ်သီးအကျက်မှုန့် ကိုလည်း အစပ်ကြိုက်သလောက်ထည့်ပါ - ပဲအကျက်မှုန့် ၂ ဇွန်းလောက် ထည့်ပေးပါ ပဲမှုန့်လေးက အချဉ်ရည်ရဲ့ အသက်ပါပဲ ထည့်လိုက်ရင် ပျစ်ပျစ်လေး ဖြစ်သွားပြီး ပိုစားလို့ကောင်းပါတယ်နော် - နောက်ဆုံးအနေနဲ့ နံနံပင်နဲ့ ဂေါ်ဖီထုပ် ပါးပါးလှီးပြီး ပစ်ထည့်လိုက်ပါ အခုဆို ဘူးသီးကြော် ပူပူလေးကို အချဉ်ရည်ကောင်းကောင်းလေးနဲ့ တွဲစားလို့ရပါပြနော်
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
နေကောင်းပါသလား - စကားပြောပုံစံ
နေကောင်းလား
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
Web Development မှာ Authentication, Authorization ဆိုတာ ဘယ်လိုမျိုးလဲ သေချာ ရှင်းလင်းစွာ ပြောပြပေးပါ
𝐀𝐜𝐜𝐞𝐬𝐬 𝐂𝐨𝐧𝐭𝐫𝐨𝐥 အင်တာနက်ပေါ်မှာ မီလီယံနဲ့ချီတဲ့ device တွေ ရှိနေတယ်။ အဲဒီ device တွေပေါ်မှာ သိမ်းထားတဲ့ ဖိုင်၊ ဓာတ်ပုံ၊ ဗီဒီယို စသဖြင့် resource တွေ၊ နောက်ပြီး run ထားတဲ့ program တွေရှိပါမယ်။ ဒါပေမယ့် အဲဒီထဲက ကြိုက်တဲ့ device ကို တံခါးသွားခေါက်ပြီး information တောင်းလို့ရတာမျိုးတော့ မဟုတ်ပါဘူး။ တကယ်လို့ ကိုယ်က public နဲ့ information မျှဝေချင်တယ်ဆိုရင် နည်းလမ်းတခုက ကိုယ့် device ကို လာရောက် ဆက်သွယ်ပြီး resource တွေရယူနိုင်ကြောင်း world wide web (www) ပေါ်ကတဆင့် ကြေညာထားဖို့ပါပဲ။ ဒါပေမယ့် အင်တာနက်ပေါ်မှာ ဘယ်ဟာမှ မလုံခြုံဘူး ဆိုတဲ့အတိုင်း Infrastructure, Network, Application layer အဆင့်ဆင့်မှာ secuirty mechanism တွေ ထားကြရပါတယ်။ 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐬𝐞𝐜𝐮𝐫𝐢𝐭𝐲 Application layer security မှာ အဓိကကျတဲ့အရာ နှစ်ခုရှိပါတယ်။ ငါတို့ချင်း သိကြလား (Authentication) နဲ့ လုပ်ခွင့်ရှိလား (Authorization) တို့ပါပဲ။ ကိုယ့် Application ကို www ပေါ်မှာ ကြေညာပြီး public access ပေးထားလိုက်တဲ့အခါ url ကိုသိတဲ့ ဘယ်သူမဆို စက်ထဲက resource တွေကို အသုံးပြုခွင့်ရှိတဲ့သဘော ဖြစ်သွားပါတယ်။ ဒါကို ကာကွယ်ဖို့အတွက် Application တွေဟာ user management (access control) ကိုစီမံထားရပါတယ်။ 𝐀𝐮𝐭𝐡𝐞𝐧𝐭𝐢𝐜𝐚𝐭𝐢𝐨𝐧 Application ကောင်းတခုမှာ Access control ဆိုတာ မပါမဖြစ်လို့တောင် ပြောနိုင်တယ်။ User တွေကို registration လုပ်ခွင့်ပေးတယ်။ username နဲ့ password ကို database ထဲသိမ်းတယ်။ log in ဝင်ခွင့်ပေးတယ်။ sign out လုပ်ခွင့်ပေးတယ်။ လိုအပ်ရင် password change/reset လုပ်ခွင့်ပေးတယ်။ ဒီတော့ ကျွန်တော်တို့ program အနေနဲ့ ဆက်သွယ်လာတဲ့ သူတွေကို username နဲ့ password မှန်အောင်ပြော၊ မပြောရင် resource တွေသုံးခွင့်မပေးဘူးလို့ ယတိပြတ် ငြင်းလိုက်နိုင်တယ်။ ငါတို့ချင်း သိကြလား (Authentication) ဆိုတာ အဲဒါပါပဲ။ ဥပမာအနေနဲ့ Facebook, ChatGPT နဲ့ တခြား www ပေါ်က platform တွေကို ကြည့်မယ်ဆိုရင် အများစုက ခိုင်ခံ့တဲ့၊ မလှိမ့်တပတ် လုပ်ဖို့ မလွယ်ကူတဲ့ Authentication စနစ်တွေ ထည့်ဆောက်ထားတာ မြင်ရမှာပါ။ 𝐀𝐮𝐭𝐡𝐨𝐫𝐢𝐳𝐚𝐭𝐢𝐨𝐧 ဒါပေမယ့် ငါတို့ချင်း သိကြတယ်ဆိုတာနဲ့ပဲ user ကို ကိုယ့် resource တွေအကုန် ပေးသုံးလို့ဖြစ်ရဲ့လား။ ဒီမေးခွန်းရဲ့ အဖြေက ကိုယ်ဆောက်မယ့် platform အပေါ် မူတည်နိုင်ပေမယ့် ၉၉ ရာနှုန်းနီးပါးက ဟင့်အင်းပါ။ တကယ်လို့ Apple iCloud လိုမျိုး Storage platform မှာ log in ဝင်နိုင်တဲ့ user တိုင်းက တခြား user တွေသိမ်းထားတဲ့ ဓာတ်ပုံတွေပါ ကြည့်လို့ရနေမယ်ဆိုရင် အကုန်ဂွမ်းကုန်ပါလိမ့်မယ်။ ဒါကြောင့် လုပ်ခွင့်ရှိလား (Authorization) ကလည်း Application တွေမှာ မဖြစ်မနေ လိုအပ်တဲ့ အရာတခုဖြစ်တယ်။ Authorization ရဲ့သဘောကတော့ user တွေကို ပိုင်ရှင်၊ Admin၊ Auditor စသဖြင့် အထူးအခွင့်အရေးတွေ ပေးလိုက်တာဖြစ်ပြီး ကိုယ်နဲ့မဆိုင်တဲ့ resource တွေကို အသုံးပြုခွင့် ကန့်သတ်လိုက်တာပါပဲ။ ဥပမာ facebook မှာဆိုရင် ကိုယ်ရေးထားတဲ့ post တွေကိုပဲ edit လုပ်ခွင့်ရှိပါတယ်။ သူများ post ဆိုရင် edit လုပ်လို့မရ၊ ဖျက်လို့မရနိုင်ပဲ ဖတ်လို့သာ ရတာကို တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် Group Admin တွေဆိုရင် member တွေရဲ့ post ကိုပြင်လို့မရသည့်တိုင် ဖျက်လို့တော့ ရတာကို တွေ့ရပါလိမ့်မယ်။ ဒါက လုပ်ခွင့်ရှိလား (Authorization) ဆိုတဲ့ mechanism ရဲ့ ဥပမာတခုပါ။ လက်တွေ့ 𝐀𝐮𝐭𝐡𝐞𝐧𝐭𝐢𝐜𝐚𝐭𝐢𝐨𝐧/𝐀𝐮𝐭𝐡𝐨𝐫𝐢𝐳𝐚𝐭𝐢𝐨𝐧 ဒီတော့ ​Authentication နဲ့ Authorization ကို ကျွန်တော်တို့ application တွေမှာ လက်တွေ့ ဘယ်လိုလုပ်ကြမလဲ။ အခုပြောသွားတာတွေက သီအိုရီပဲ ရှိသေးတာ မဟုတ်လား။ Authentication နဲ့ပတ်သက်လာရင် "ငါတို့ချင်း သိကြတယ်" လို့ အတည်ပြုနိုင်ဖို့အတွက် သိထားရမယ့် အခြေခံအကျဆုံး ၃ နည်းရှိပါတယ်။ 1. 𝐄𝐧𝐜𝐨𝐝𝐞𝐝 𝐄𝐱𝐜𝐡𝐚𝐧𝐠𝐞 ပထမနည်းလမ်းကတော့ resource တွေ လှမ်းယူတိုင်းမှာ username နဲ့ password ကို encoding လုပ်ပြီး ထည့်ပေးလိုက်တာပါပဲ။ server program အနေနဲ့ database မှာသိမ်းထားတဲ့ user စာရင်းထဲမှာ ကိုယ့် credential ကိုတွေ့တယ်ဆိုရင် ငါတို့ချင်း သိကြတယ်လို့ အတည်ပြုပြီး တောင်းဆိုလာတဲ့ resource တွေကို ပြန်ပေးလိုက်မှာဖြစ်တယ်။ ဒီနည်းရဲ့ အားသာချက်က အသုံးပြုဖို့ အရမ်းကို ရိုးရှင်းလွန်းတာပါပဲ။ အားနည်းချက်ကတော့ အခေါက်တိုင်းလိုလို ကိုယ့် username နဲ့ password ကို အင်တာနက်ပေါ်ကတဆင့် ပို့ပေးနေရတာက security ယိုပေါက်ကြီးဆိုတာ ပြောဖို့ မလိုပါဘူး။ ဒီနေရာကို နားမလည်ဘူးဆိုရင် ရှေ့တခန်းမှာ ပြောခဲ့တဲ့ အင်တာနက်အကြောင်းကို ပြန်နားထောင်ကြည့်သင့်ပါတယ်။ နောက်တချက်က အခေါက်တိုင်းလိုလို server အနေနဲ့ database ကိုဖတ်ပြီး အတည်ပြုရတဲ့အတွက် မလိုအပ်ပဲ ဖြုန်းတီးမှုတွေ ဖြစ်စေပါတယ်။ လက်တွေ့ဘဝမှာ database နဲ့ server ကို စက်တခုတည်းပေါ် ထားလေ့မရှိပဲ နောက်စက်တခုကို သွားမေးရတဲ့ ကြာချိန်တွေက ဒီနည်းလမ်းက ၃ ခုထဲမှာ လူသုံးအနည်းဆုံး ဖြစ်နေစေတယ်။ 2. 𝐒𝐞𝐬𝐬𝐢𝐨𝐧 𝐚𝐧𝐝 𝐜𝐨𝐨𝐤𝐢𝐞 ဒုတိယနည်းလမ်းကတော့ ငါတို့ချင်း သိကြတယ်လို့ တကြိမ် အတည်ပြုလိုက်ပြီးတဲ့အခါ user အတွက် id တခုထုတ်ပြီး server ပေါ်မှာ သိမ်းထားလိုက်ပြီး ဒါကို session လို့ခေါ်ပါတယ်။ user ကိုလည်း နောက်အခေါက်တွေမှာ username နဲ့ password အစား id ယူခဲ့ရင် ရပါပြီလို့ id ကို သိမ်းထားဖို့ ပြန်ပေးလိုက်တယ်။ id ကို browser ပေါ် cookie အဖြစ်သိမ်းထားမှာဖြစ်ပြီး id က,တရားဝင်နေသေးသရွေ့ နောက်အခေါက်တွေမှာ credential ပို့ဖို့ မလိုတော့ပဲ security ပြဿနာကို အတန်အသင့် ဖြေရှင်းလိုက်နိုင်ပါတယ်။ server အတွက်ဆိုရင်လည်း အတည်ပြုစာရင်းမှာ id ပါမပါ စစ်ကြည့်ရုံဖြစ်တဲ့အတွက် performance ပြဿနာ မရှိတော့ပါဘူး။ ဒါဆို ဘာပြဿနာရှိတာလဲ။ ပထမတချက်က user တွေက ရာနှုန်းပြည့် ယုံလို့ရတယ်ဆိုတာမျိုး မရှိတာပါပဲ။ cookie တွေက 4kb လောက်ပဲ သိမ်းထားနိုင်တဲ့ အားနည်းချက် ရှိသလို user ဖက်က အမှားလုပ်မိရင်ဖြစ်ဖြစ်၊ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ချင်ရင်ဖြစ်ဖြစ် cookie ကို ပြောင်းလိုက်ဖို့က သိပ်ခက်တဲ့ကိစ္စ မဟုတ်လို့ပါဘူး။ နောက်တချက်က လက်တွေ့မှာ server ဆိုတာ တခုတည်း ရှိတာ မဟုတ်ပါဘူး။ ဒီ server program ကိုပဲ ရာထောင်ချီအောင် run ထားကြပြီး request တွေကို ဖြန့်ဝေ လက်ခံကြတာပါ။ ဘယ်လိုဖြန့်ဝေမယ်ဆိုတာကို အထူး server တမျိုး (Load Balancer) ကတာဝန်ယူထားပြီး user တွေအနေနဲ့ ရွေးချယ်ခွင့် မရှိပါဘူး။ ဒါကြောင့် server တခုမှာ အတည်ပြုပြီး ဖြစ်ရင်တောင် နောက် server ဆီကို ရောက်သွားရင် id က အသုံးမဝင်တော့ပါဘူး။ ဥပမာ Netflix ဆိုရင် ရုပ်ရှင်ကြည့်လို့ရတဲ့ streaming program ချည်းကိုပဲ သန်းနဲ့ချီအောင် run ထားတာပါ။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် အတည်ပြုစာရင်းကို server တခုတည်းပေါ်မှာပဲ file အနေနဲ့ သိမ်းတတ်ကြတဲ့ ပုံစံကနေ ရှိသမျှ server အကုန်လုံးက ဝင်ကြည့်နိုင်တဲ့ in-memory cache တွေကို ပြောင်းသုံးလာကြပါတယ်။ သုံးမယ်ဆို သုံးလို့ရတဲ့ နည်းလမ်းဖြစ်ပေမယ့် သန်းနဲ့ချီတဲ့ user တွေကို မှတ်ရမယ်ဆိုရင် တတိယ နည်းလမ်း ရှိပါသေးတယ်။ 3. 𝐓𝐨𝐤𝐞𝐧
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
အောက်ပါ မေးခွန်းကိုဖြေပါ။ အမျိုးသား Grand Slam ပြိုင်ပွဲကြီးတွေကို အများဆုံးနိုင်ခဲ့တဲ့သူ
Rafael Nadal
Burmese
mya
re-annotations
028e87efc04dd5cbb98c8d03df4a6e6efb4a2b460ebce846277a935e085fa78a
ရုံးဝန်ထမ်းတွေ အကြောက်ဆုံးကဘာလဲ
ရုံးဝန်ထမ်းတွေက တနင်္လာနေ့ရောက်မှာ အကြောက်ဆုံးပဲ
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
ဝါကျ (၁) သူဟာ အထက်တန်းကျောင်း နှစ်ပတ်လည်စာအုပ်မှာ " ဟာသဉာဏ်အရှိဆုံး " နဲ့ " ပါရမီအရှိဆုံး " ဆုတွေကို ရရှိခဲ့ပါတယ်။ ဝါကျ (၂) နောက်ဆုံးနှစ်စာအုပ်တွင် " အရည်အချင်းအရှိဆုံး " နှင့် " ရယ်စရာအရှိဆုံး " ဟူသော ခေါင်းစဉ်များဖြင့် ဆုချီးမြှင့်ခံခဲ့ရသည်။ မေးခွန်း၊ ပထမဝါကျနဲ့ ဒုတိယဝါကျက တူညီတဲ့ အဓိပ္ပါယ်ကို ဖော်ပြလား? ဖော်ပြတယ်။ မဖော်ပြဘူး။
ဖော်ပြတယ်။
Burmese
mya
re-annotations
fb7a8800746abd247a1156d056f869b5dffa1b941e662c0151d974cde6de0cd8
ငါးပိချက်တော့ ငါးပိချက်ပါပဲ။ ဒါပေမယ့် ခရမ်းချဥ်သီးအဖတ်လေးတွေကနူးအိပြီးမကြေအောင် အညာမြေအိုးနဲ့ ချက်တဲ့ချက်နည်းလေးအတိုင်း ပုစွန်ခြောက်နှင့်ခရမ်းချဥ်သီးငါးပိချက် ဘယ်လိုချက်မလဲ
ပုစွန်ခြောက်နှင့်ခရမ်းချဥ်သီးငါးပိချက် °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°° ပုစွန်ခြောက်ကြီး........................၃ဇွန်း ငါးပိ...........................................၁ဇွန်းခွဲ ကိုင်း/မြေပုံခရမ်းချဥ်သီးမှည့်......၃လုံး ရိုးရိုးခရမ်းခရမ်းချဥ်သီး............. ၅လုံး ကြက်သွန်နီ.................................၁လုံး ဗမာကြက်သွန်ဖြူ........................၂၀မွှာခန့် ငရုတ်သီးစိမ်း...............................၁၅တောင့်ခန့် နံနံပင်..........................................၅ပင် ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို နနွင်း၊အရောင်တင်မှုန့်အနည်းငယ်နှင့်ညှက်စေးအောင်ထောင်းပါ။ ကိုင်းခရမ်းချဥ်သီးကိုခပ်ပါးပါးလှီးပါ။ ရိုးရိုးခရမ်းချဥ်သီးကိုတော့ အညှာခေါင်းဖြတ်ထုတ်ပြီးခပ်ထူထူလှီးပါ။ ပုစွန်ခြောက်ကိုရေနွေးစိမ်ထားပြီး၊ငါးပိကိုအရည်ဖျော်ထားပါ။ ငရုတ်သီးစိမ်းနှင့်နံနံပင်ကိုသင့်တော်သလိုလှီးဖြတ်ထားပါ။ ချက်မယ့်အိုး(စောက်နက်ရင်ပိုကောင်းပါတယ်)ထဲမှာထောင်းထားတဲ့ကြက်သွန်အရောကိုထည့်ပြီးခရမ်းချဥ်သီးအားလုံးကိုအပေါ်ကနေအုပ်မိအောင်ထည့်ပါ။ ဆား၊အရသာမှုန့်အနည်းငယ်စီဖြည့်စွက်ပြီးဘေးပတ်ပတ်လည်ကိုဆီအနည်းငယ်လောင်းထည့်ကာ အဖုံးအုပ်ပြီးမီးရှိန်အေးအေးမှာ စတင်အပူပေးပါ။ အငွေ့ရှိန်ကြောင့် ခရမ်းချဥ်သီးတွေကပွက်ပွက်ဆူပြီးအိပျော်လာပါလိမ့်မယ်။ စိတ်လောပြီးမမွှေမိပါစေနှင့်။ တဖြည်းဖြည်းရေခမ်းလာပြီး ဆီပြန်စမှာ ရည်ဖျော်ထားတဲ့ငါးပိဖျော်ရည်ကိုထည့်ပါ။ ထပ်ပြီးရေခမ်း ဆီပြန်ပါစေ။ ဆီပြန်လာမှ ရေနွေးစိမ်ထားတဲ့ပုစွန်ခြောက်ကိုထည့်ပြီးသစ်သားယောင်းမလေးနှင့်နှံအောင်ခပ်ဖွဖွမွှေပေးပါ။ ရေဖျဥ်းဖျဥ်းထ၊ဆီစပြန်ချိန်မှာ ငရုတ်သီးစိမ်းနဲ့နံနံပင်အုပ်ပြီးအဖုံးပြန်ဖုံးထားပါ။ ၃ မိနစ်လောက်ကြာရင် ငရုတ်သီးစိမ်းရော၊နံနံပင်ပါစိမ်းရောင်မပျောက်ပဲ ဆီပြန်လာပါလိမ့်မယ်။ ယောင်းမလေးနှင့်ဖွဖွတချက်မွှေပေးပြီးတည်ခင်းမယ့်ပန်းကန်ထဲကိုပြောင်းထည့်ပါ။ ကိုင်းခရမ်းချဥ်သီးတွေကအရည်ပျော်အနှစ်ဖြစ်ပြီးရိုးရိုးခရမ်းချဥ်သီးတွေကကိုယ်လှီးထားတဲ့အဖတ်လေးတွေအတိုင်းနှုးအိနေပါလိမ့်မယ်။ ဒီလိုနှုးအိနေတဲ့ခရမ်းချဥ်သီးဖတ်လေးတွေကိုထမင်းနှင့်နယ်စားရတာက အညာချက်ရဲ့အရသာပါ။ ထမင်းနှင့်ခရမ်းချဥ်သီးငါးပိချက်ကိုနယ်စားတဲ့အခါ ခရမ်းချဥ်သီးအခွံလေးတွေအလိပ်လိုက်ထွက်လာတာမျိုးကိုမနှစ်သက်သူများက အကြေကြိတ်ပြီး ချက်နိုင်ပေမယ့် အညာချက်ရဲ့ ရသကိုတော့ခံစားရမှာမဟုတ်ပါဘူး။
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
ပြင်းထန်တုတ်ကွေးကို ဘယ်လိုကာကွယ်ရမလဲ။ ဖြစ်လာရင်ရော ဘာတွေလုပ်ရမလဲ
- ဖျားနေတဲ့သူတွေနဲ့ နီးနီးကပ်ကပ်မနေပါနဲ့။ - ဖျားနေရင် ဖျားချင်သလိုဖြစ်နေရင် အပြင်တွေလျှောက်မသွားဘဲ အိမ်မှာပဲနားပါ။ - မက်စ်ပြန်တပ်ပါ။ - လက်ဆေးတာကို သေချာပြန်လုပ်ပါ။ - မျက်စိ၊ ပါးစပ်၊ နှာခေါင်းတွေကို လက်နဲ့မကိုင်ပါနဲ့။ မျက်နှာကို မကြာခဏမကိုင်ပါနဲ့။ - ဒီအချိန်မှာ ကိုယ်ခံအားကောင်းအောင်နေရမယ်။ အာဟာရပြည့်အောင်စားရမယ်၊ အိပ်ရေးဝအောင်အိပ်ရမယ်။ ကိုယ့်ကိုယ်ဂရုစိုက်ရမယ့်အချိန်ဖြစ်ပါတယ်။ - ကလေးတွေဖျားနေရင် ကျောင်းမလွှတ်ပါနဲ့။ - တုပ်ကွေးကာကွယ်ဆေး လက်လှမ်းမီရင်ထိုးပါ။ အထူးသဖြင့် ၅နှစ်အောက်၊ အသက် ၆၅နှစ်အထက်၊ သွေးတိုးဆီးချိုလို နဂိုရောဂါအခံရှိသူတွေ ပိုထိုးသင့်ပါတယ်။ တော်တော်ခံနေကြရတယ်ဆိုတဲ့အတွက် မပေါ့ကြဖို့ သတိပေးပါတယ်။ ကိုယ်ဖျားနေရင်ရော ကိုယ့်အနီးနားမှာဖျားတဲ့သူတွေ ရှိနေရင်ရော သေချာဂရုစိုက် ကာကွယ်ကြပါ။ ပုံမှန်အားဖြင့်တော့ ၁ပတ်လောက် ဖျားတတ်ကြတယ်။ အဖျားကြီးတတ်တယ်။ ချောင်းဆိုး၊ နှာစေး၊ ခေါင်းကိုက်၊ ကိုယ်တွေလက်တွေကိုက်ခဲ နုံးချိပြီး ခေါင်းမထူနိုင်အောင် ခံနေကြရတယ်။ လည်ချောင်းနာတာ၊ ကြွက်သားတွေနာကျင်နေတာနဲ့ ချမ်းတုန်တာတွေလည်းဖြစ်နိုင်တယ်။ - အကိုက်အခဲပျောက်ဆေး၊ ကိုယ်ပူကျဆေး၊ နှာစေးနှာပိတ်သက်သာတဲ့ဆေးတွေသောက်လို့ရတယ်။ ဥပမာ ပါရာစီတမောလ်၊ ဘိုင်အိုဂျက်ဆစ်၊ အလက်ဆန် သောက်လို့ရတယ်။ နှာမွှန်နှာစေးနေရင် Citrizine, Loratidine လိုဆေးမျိုးတွေသောက်လို့ရတယ်။ ကိုယ်ပူရုံပဲဆိုရင် ပါရာသောက်၊ အရမ်းကိုက်ခဲတအားဆိုးနေရင် အလက်ဆန်လိုမျိုး အကိုက်အခဲပျောက်ဆေးပါတာသောက်ပါ။ သတိထားရမှာက အနည်းဆုံး ၆နာရီခြားရမယ်။ အကိုက်ခဲပျောက်ဆေးသောက်မယ်ဆိုရင် အစာစားပြီးမှ သောက်ရမယ်။ - ချောင်းဆိုးရင် ချယ်ရီကော့ဖ်လိုချောင်းဆိုးပျောက်ဆေးအရည် သောက်လို့ရတယ်။ လည်ချောင်းယားရင် ပူရှိန်းလို သကြားလုံးလေးတွေ ငုံလို့ရတယ်။ - ရေဓာတ်ပြည့်ဝနေအောင်နေရမယ်။ ဓာတ်ဆား ဒါမှမဟုတ် သီးစုံဓာတ်ဆားသောက်ပါ။ ချိုချိုအေးအေးမှဆိုရင် Royal-D လိုမျိုး ဓာတ်ဆားဖျော်ရည်သောက်လို့ရတယ်။ ရေဓာတ်ပြည့်ဝနေမှ မြန်မြန်ပြန်ကောင်းမယ်။ - အနားကောင်းကောင်းယူပါ။ အစာမစားချင်ဖြစ်လိမ့်မယ်။ သည်းခံပြီး ဝင်အောင်စားရမယ်။ အာဟာရပြည့်ဝတာလေးတွေ ရွေးစားမယ်။ မစားရင် ဖျားတာပိုကြာနိုင်လို့ ဝင်အောင်စားရမယ်။ - ရေချိုးလို့ရတယ်။ အဖျားအရမ်းတက်နေရင် ရေချိုးချလို့ရတယ်။ ရေနွေးလေးနဲ့ လန်းသွားအောင်ချိုးချင်လည်းရတယ်။ အသက်ရှူကျပ်လာတာ၊ ရင်ဘတ်တွေတအားအောင့်တာ၊ အရမ်းအန်တာ၊ အစာလုံးဝမဝင်တာ၊ အဖျားတာရှည်နေတာ (၁ပတ်ကျော် ၂ပတ်)၊ အရောင်ရင့်တဲ့ချွဲတွေထွက်နေတာ၊ ဆေးသောက်ပေမယ့်လည်း လုံးဝမသက်သာဖြစ်နေတာ၊ အစက်အပျောက်တွေပေါ်လာတာဆိုရင် ဆေးရုံဆေးခန်းသွားရမယ်။
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
ဦးအောင်ဆန်းဦးရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် မှတ်ချက်တချို့ ပြောပြပေးပါဦး
နိုင်ငံလူထုက လေးစားချစ်ခင်ရတဲ့ ညီမအရင်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ဦးအောင်ဆန်းဦးက သူတို့နှစ်ဦးကြားမှာ ငယ်ဘဝ အမှတ်တရာတွေလည်း ဘာမှမရှိသလို သူမရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာလည်း ဓုဏ်ယူစရာ ဘာမှမရှိဘူးလို့ အတိအလင်း ဖြေဆိုခဲ့ဖူးပါတယ်။
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
ကျွန်ုပ်၏အင်္ဂလိပ်စာကို မည်သို့တိုးတက်နိုင်မည်နည်း။
ဤအရာများသည် သင်၏စကားပြောအင်္ဂလိပ်စာကို တိုးတက်စေရန် သင်အသုံးပြုနိုင်သော နည်းပညာများဖြစ်သည်။ စကားပြောပါ။ : အခြေခံအားဖြင့် အင်္ဂလိပ်စကား ပိုကောင်းအောင်ပြောရန် အကောင်းဆုံးနည်းလမ်းမှာ စကားများများပြောခြင်းဖြစ်သည်။ တတ်နိုင်သမျှ မတူညီသောလူများနှင့် မကြာခဏလေ့ကျင့်ပါ။ သင်၏မိတ်ဆွေများ၊ ၎င်းတို့၏မိသားစုများ၊ လုပ်ဖော်ကိုင်ဖက်များ၊ အတန်းဖော်များ၊ ရုံးစာတိုက်နှင့် သင်သွားရောက်လည်ပတ်သည့် အခြားနေရာများရှိ အင်္ဂလိပ်စကားပြောဆိုသူများနှင့် စကားများများပြောပါ။ အကယ်၍ သင်သည် သင့်နိုင်ငံ၌ သင်ယူနေပါက၊ အတန်းပြီးနောက် သင့်အတန်းဖော်များနှင့် တွေ့ဆုံခြင်း၊ ဘာသာစကားဖလှယ်သည့် လုပ်ဖော်ကိုင်ဖက်တစ်ဦးကို ရှာဖွေခြင်း သို့မဟုတ် သင်ယူသူများ၏ အွန်လိုင်းအသိုင်းအဝိုင်းတွင် ပါဝင်ခြင်းဖြင့် သင်၏လေ့ကျင့်ချိန်ကို တိုးမြှင့်လိုက်ပါ။ သင်၏ပြောဆိုမှုများကို ပြန်လည်သုံးသပ်ပါ။ : သင့်စကားဝိုင်းပြီးသွားသောအခါတွင် ပြန်လည်သုံးသပ်ရန် အချိန်ယူပါ။ ဘယ်လိုသွားတာလဲ။ ဘယ်လောက်နားလည်မယ်ထင်လဲ။ အဲဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး သင်ဘယ်လောက်အဆင်ပြေခဲ့လဲ။ မသိတဲ့ စကားလုံးတွေ တွေ့ဖူးလား။ ဤနည်းဖြင့် ၎င်းကို တွေးတောခြင်းက နောက်တစ်ကြိမ်ပြောဆိုမှုအတွက် သင်၏ယုံကြည်မှုကို တိုးစေသည်။ နားထောင်ပြီး ဖတ်ပါ။ : စကားပြောဖို့အတွက် စကားလုံးတွေလိုပါတယ်။ စာသင်ချိန်သည် ဝေါဟာရလေ့လာရန်အတွက် ကောင်းမွန်သော်လည်း သင့်အား သင်တိုးပေးနိုင်သည့် အခြားနည်းလမ်းများ ရှိပါသည်။ ရုပ်ရှင်ကြည့်ခြင်း၊ တေးဂီတနားထောင်ခြင်း၊ ရေဒီယိုနှင့် ပေါ့တ်ကာစ်များနားထောင်ခြင်း။ စာအုပ်များ၊ မဂ္ဂဇင်းများနှင့် ဘလော့ဂ်များကို ဖတ်ပါ။ နားထောင်ခြင်းနှင့် စာဖတ်သည့်အခါ၊ စိတ်ဝင်စားဖွယ်ကောင်းသော အသုံးအနှုန်းများ၊ ဘန်းစကားအသုံးအနှုန်းများနှင့် တူညီသောအသုံးအနှုန်းများကို ရှာဖွေပါ၊ ဤအကြောင်းအရာအသစ်ကို ချရေးပြီး သင်နှင့်မရင်းနှီးသည့်အရာများကို ရှာဖွေပါ။ မှတ်စုများပြင်ဆင်ပါ။ : စကားပြောရာတွင် ကြောက်ရွံ့မှု၏ တစ်စိတ်တစ်ပိုင်းမှာ ဘာပြောရမှန်းမသိသည့် ခံစားချက်ဖြစ်သည်။ ဒါကို တိုက်ဖျက်ဖို့အတွက် မှတ်စုများကို ပြင်ဆင်ပါ။ မင်းဆရာဝန်ဆီသွားနေတာလား။ သင်ချိန်းဆိုခြင်းမပြုမီ သင့်အခြေအနေနှင့်ပတ်သက်သော ဝေါဟာရနှင့် သင်လိုအပ်မည့် အသုံးများသော အသုံးအနှုန်းအချို့ကို သုတေသနပြုပါ။ ဘေလ်မပေးမီ၊ စားသောက်ဆိုင်တွင် စားသောက်ခြင်း၊ အလုပ်အင်တာဗျူးများ၊ တိုင်ကြားချက်တစ်ခု ပြုလုပ်ခြင်း သို့မဟုတ် သင်စိတ်ပူပန်စေမည့် အခြားအခြေအနေများအတွက် အသုံးပြုပါ။ သင့်အသံကို မှတ်တမ်းတင်ပါ။ : လူအများစုသည် ၎င်းတို့၏အသံကို မှတ်တမ်းတင်ထားသည်ကို မကြားချင်ကြသော်လည်း၊ ၎င်းသည် သင်၏စကားပြောခြင်းကို မြှင့်တင်ရန်အတွက် အလွန်အကျိုးရှိသောနည်းလမ်းဖြစ်သည်။ တိပ်ခွေပေါ်တွင် သင့်ကိုယ်သင် ကြားနေရခြင်းသည် သင်သဘောမပေါက်နိုင်သောအရာများကို ပြသသည်။ အခြားတစ်ဖက်တွင်၊ သင်၏စကားသည် သင်ထင်သည်ထက် များစွာသာလွန်ကြောင်း ကြားသိရသည့်အတွက် အံ့ဩသွားနိုင်သည်။ ဘောနပ်စ်အမှတ်များအတွက်၊ သင်၏အသံသွင်းချက်ကို သင့်ဆရာ သို့မဟုတ် မူရင်းစကားပြောသူမိတ်ဆွေထံ ယူဆောင်ပြီး သင့်အား တုံ့ပြန်ချက်ပေးခိုင်းပါ။ စကားလုံးတစ်လုံးတည်းမဟုတ်ဘဲ စကားစုများကို လေ့လာပါ။ : သင်၏ သွက်လက်မှုကို တိုးမြှင့်ရန် နောက်ထပ် အကြံပြုချက်မှာ စကားလုံးများထက် စကားစု အမျိုးမျိုးကို အသုံးပြု၍ ပြောဆိုရန် ဖြစ်သည်။ (မင်းရဲ့ မိခင်ဘာသာစကားနဲ့ တစ်ချိန်လုံး ဒီလိုလုပ်နေတာ ဖြစ်နိုင်တယ်။) "ဟဲလို၊ ဒီနေ့ နေကောင်းလား" လို့ အလိုအလျောက် မေးမယ့်အစား "What's up, man?" ကဲ့သို့သော အခြားအသုံးအနှုန်းများကို ရွေးချယ်ခြင်းဖြင့် ၎င်းကို ရောနှောလိုက်ပါ။ "ဟေ့ကောင်!" ဒါမှမဟုတ် "ဘယ်လိုနေလဲ သူငယ်ချင်း" (သတိထားပါ- အချို့သောအသုံးအနှုန်းများသည် အလွန်အလွတ်သဘောဖြစ်ပြီး အချို့သောအခြေအနေများအတွက် မသင့်တော်ပါ။) ပျော်စရာကောင်းအောင်လေ့လာပါ : သင်ပျော်နေတဲ့အခါ အသစ်တစ်ခုကို သင်ယူရတာ ပိုလွယ်ပါတယ်။ အထီးကျန်နေချိန်၊ အင်္ဂလိပ်လို နာမည်ကြီးသီချင်းတွေနဲ့အတူ သီဆိုခြင်း သို့မဟုတ် ကျပန်းရွေးချယ်ထားသော အကြောင်းအရာများအတွက် တစ်မိနစ်ကြာ "လက်ငင်းပြောဆိုမှုများ" ပြုလုပ်ခြင်းဖြင့် သင်၏ စကားပြောလေ့ကျင့်မှုထဲသို့ ပျော်စရာများကို ထည့်သွင်းပါ။
Burmese
mya
re-annotations
fb7a8800746abd247a1156d056f869b5dffa1b941e662c0151d974cde6de0cd8
web framework အချို့နဲ့ တွဲသုံးတဲ့ Web Server တွေအကြောင်း အတိုချုံးပြောပြပါ
ပထမဆုံး Web serving component ကစပြောရရင် Laravel ကို သီးသန့် Web Server software တွေဖြစ်တဲ့ Apache, Nginx တို့နဲ့ပဲ အသုံးပြုကြတာ မြင်ရပါလိမ့်မယ်။ ဒါပေမယ့် ဒါက php နဲ့ Web serving လုပ်နိုင်တဲ့ component တွေ ဆောက်လို့မရလို့ မဟုတ်ပါဘူး။ ရလည်းရသလို ရှိလည်း ရှိပါတယ်။ ဒါပေမယ့် မတွင်ကျယ်တာက တဏ္ဍပေါ့။ php က သမိုင်းအစမှာ CGI ဒါမှမဟုတ် php-fpm (fastCGI) တို့ကနေတဆင့် request တွေ process လုပ်နိုင်ဖို့ ရည်ရွယ်ခဲ့တဲ့ scripting language တခုသာဖြစ်လို့ ရှိပြီးသား Web serving functionality ကို ထည့်မဆောက်ခဲ့ဘူး ယူဆရပါတယ်။ သူ့ထက် အတော်လေး နောက်ကျပြီးမှ ထွက်လာခဲ့တဲ့ Go နဲ့ NodeJs တို့မှာဆိုရင်တော့ Http Module တွေကို အသင့် ထည့်ရေးလာကြပြီး သီးသန့် software အပေါ် မှီခိုစရာ မလိုပဲ production-grade web serving capability ကိုပေးနိုင်ကြတာ ဖြစ်တယ်။
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
ChatGPT ကို code ရေးတဲ့အခါ စိတ်ချလက်ချ သုံးသင့်လား
တကယ်တမ်း chatGPT တို့လို AI tools တွေက သူတို့ကို ဆရာမတင်ပဲ, ကိုယ့်ကိုကူမယ့် assistant အနေနဲ့သုံးတာ အကောင်းဆုံးပါပဲ သူတို့ output တွေက AI ရဲ့ သဘောတရားအတိုင်း ဘယ်တော့မှ 100% မှန်မှာမဟုတ်ဘူး generative AI က တခုချင်းစီ ဒါပြီးရင် ဘာလာသင့်တယ် ဆိုတာမျိုး feed လုပ်ထားတဲ့ data ပေါ်မှာ probability based output တွေထုတ်တာ ... သူ့ရဲ့ output တွေက သူ့ကို feed ထားတဲ့ data တွေပေါ်မှာ အများကြီး မှီခိုနေတာ အလွယ်ပြောရရင် LLM တွေကို Assistant လူအနေနဲ့ တွေးလို့ရတယ်။ သူ နားလည်ထားတဲ့ သိထားတဲ့ knowledge ပေါ်မှာ မူတည်ပြီး ဘာလုပ်သင့်တယ်ဆိုတဲ့ suggestion မျိုးပေးမှာပဲ အမြဲမှန်နေတယ်ဆိုတဲ့ သူကြီးမှ ရှိမနေတဲ့အတွက် သုံးသင့်မသုံးသင့်က ကိုယ့်ဟာကိယ် ဆုံးဖြတ်ရမှာပဲ ကိုယ်လိုချင်တဲ့ code structure ကို ထုတ်ပေးဖို့ ဆိုတာကလည်း ကိုယ်ဘာလိုချင်တယ်ဆိုတာမျိုး clear instruction ပေးပြီးခိုင်းတတ်ဖို့ လိုသလို၊ အဲ့လိုခိုင်းရင်တောင် သူက မသိရင် မသိတာပဲလေ ဘာမှလုပ်လို့မရပါဘူး search engine ကလည်း AI သုံးထားတယ် ဒါပေမယ့် generate လုပ်တာမဟုတ်ပဲ ရှာတဲ့အပေါ်မှာ ဘယ် resource က ဘယ်မှာရှိတယ် ဘယ်ဟာကတော့ အကောင်းဆုံးဖြစ်မယ်ဆိုတဲ့နေရာမှာ AI သုံးထားတာမို့ သူ့ output က resource က ဘယ်သူရေးတယ် ဘယ်ကလာတယ် ဘယ်လိုသုံးတယ် ဘယ်အချိန်ကရေးထားတာတွေကို မြင်ရတော့ user က သုံးသင့်မသုံးသင့် ပို ဆုံးဖြတ်ရလွယ်တယ် code စရေးတဲ့သူတွေအနေတော့ chapGPT လို AI tools တွေကို အများကြီး အားမကိုးတာ အကောင်းဆုံးလို့ယူဆပါတယ်
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
Season 1, Season 2 တို့ကို မြန်မာလို ဘယ်လိုခေါ်လဲ
Season 1, Season2 တို့ကို မြန်မာလို အတွဲ ၁, အတွဲ ၂ ဆိုပြီးခေါ်ကြပါတယ်။ Season ကို မြန်မာလို ရာသီ လို့ တိုက်ရိုက်ဘာသာပြန်ခြင်းက ဒီနေရာတွင် မှားပါတယ်။
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
မေးခွန်း - Lost in space ဇာတ်ကားထဲက Robot ရဲ့အသံပိုင်ရှင်ကဘယ်သူလဲ။ အဖြေက:
Robot ရဲ့အသံပိုင်ရှင်မှာ အဆိုပါစီးရီး၏ ဇာတ်ကြောင်းဖတ်ပြသူလည်းဖြစ်သည့် Dick Tufeld ဖြစ်ပြီး စပိန်စကားသံအတွက် Jorge Arvizu ကအသံသွင်းတာဝန်ယူခဲ့သည်။
Burmese
mya
re-annotations
fb7a8800746abd247a1156d056f869b5dffa1b941e662c0151d974cde6de0cd8
မင်းရဲ့အရောင်က ဘာလဲဆိုတာ မင်းဘယ်လိုသိလဲ။
သင်၏အခြေခံအရောင်ကိုဆုံးဖြတ်ရန် မိတ်ကပ်မလိမ်းဘဲ သင့်အသားအရေကို ခွဲခြမ်းစိတ်ဖြာပါ။ သဘာဝ သို့မဟုတ် အလင်းရောင်ကို အသုံးပြုပါ။ အလင်းရောင်သည် အရောင်များ၏အသွင်အပြင်ကို ပြောင်းလဲနိုင်သည်။ အရောင်ဖျော့သော၊ ကြားနေရောင်ကို ၀တ်ဆင်ပါ သို့မဟုတ် ပြင်ပအရောင်များ အနှောင့်အယှက်မဖြစ်စေရန် သင့်ပခုံးတဝိုက်တွင် အဖြူရောင် မျက်နှာသုတ်ပုဝါကို ထားပါ။ မှန်ထဲမှာ မင်းမျက်နှာကို ကြည့်လိုက်ပါ။ သင်မြင်ရတဲ့ ထင်ရှားတဲ့အရောင်တွေက ဘာတွေလဲ။ နေရောင်၏လှည့်စားခြင်းကို မခံရပါစေနှင့်။ လူမျိုး သို့မဟုတ် အသားအရောင်မခွဲခြားဘဲ အသားအရေအများစုတွင် အဝါရောင်၊ အနီရောင်၊ ပန်းရောင် သို့မဟုတ် အပြာရောင်များ ရှိလိမ့်မည်။ သင့်မျက်နှာပေါ်ရှိ အရောင်ကို သတ်မှတ်ရာတွင် အခက်အခဲရှိပါက သင့်လက်ကောက်ဝတ်အတွင်း သို့မဟုတ် သင့်ဗိုက်ကိုကြည့်ပါ။ သင်၏အခြေခံအသားအရောင် (ရင့်သည် သို့မဟုတ် နုသည်) ကိုဆုံးဖြတ်ပြီးနောက် သင့်ဆံပင်နှင့် မျက်လုံးအရောင်ကို စဉ်းစားပါ။ ဤအရောင်သုံးမျိုး—အသားအရည်၊ ဆံပင်နှင့် မျက်လုံးသည် သင်၏ကိုယ်ပိုင်အရောင်ဖြင့် ဖန်တီးထားပြီး အဝတ်အစားနှင့် အလှကုန်ကို ရွေးချယ်သည့်အခါ ထည့်သွင်းစဉ်းစားသင့်သည်။ သင့်အသားအရေကို ချောမောစေသော အရောင်များသည် များသောအားဖြင့် သင့်ဆံပင်နှင့် မျက်လုံးကို အရောင်ခြယ်ခြင်းတို့ဖြင့် ကြည့်ကောင်းသော်လည်း အမြဲတမ်းတော့ မဟုတ်ပါ။ ဒီလိုအခြေအနေမျိုးမှာ သင့်အသားအရေနဲ့ အသင့်တော်ဆုံးအရောင်ကို ရွေးချယ်ပါ။
Burmese
mya
re-annotations
1c6b93dcb7d4116e9d2b73bf32b8619794945e4ebe97956aacc6705c1d42029c
ညဘက် အိပ်မပျော်ရင် ဘာလုပ်ရမလဲ။
ညဘက် ကောင်းမွန်စွာ အိပ်ပျော်စေရန် ကျွန်ုပ်တို့သည် ကျန်းမာသော အလေ့အကျင့်များ ဖန်တီးရန်နှင့် အိပ်ရေးဝဝ အိပ်စက်ရန် လုပ်ဆောင်သင့်ပါသည်။ သွားတိုက်တဲ့အခါ သွားတိုက်တဲ့အခါ သွားကျန်းမာရေးကို ကောင်းမွန်စေသလို ညဘက်မှာ အိပ်ရေးဝဝ အိပ်ပြီး နေ့ဘက်နိုးကြားမှုကို မြှင့်တင်ဖို့ လုပ်ဆောင်နိုင်တဲ့ အရာတွေလည်း ရှိပါတယ်။ ဤအကြံပြုချက် ခုနစ်ချက်သည် သင့်အား ပိုမိုကောင်းမွန်သော အိပ်စက်ခြင်းအတွက် ကျန်းမာသော အလေ့အထများ ဖန်တီးရန် ကူညီပေးနိုင်ပါသည်။ အချိန်ဇယားတစ်ခုသတ်မှတ်ပါ။ : အိပ်ရာဝင်ရန် တိကျသောအချိန်ကို သတ်မှတ်ပါ။ ဤအလေ့အကျင့်တစ်ခုပြုလုပ်ခြင်းက သင်အိပ်ချိန်ကိုခြေရာခံပြီး အချိန်ဇယားကိုထိန်းသိမ်းရန် ကူညီပေးပါလိမ့်မည်။ အိပ်ယာဝင်ခြင်းနှင့် တစ်ချိန်တည်းတွင်ထခြင်းသည် ကောင်းမွန်သော အိပ်စက်ခြင်း-နိုးထခြင်းများကို သတ်မှတ်ပေးသည်။ တစ်ရေးအိပ်ခြင်းကို ကန့်သတ်ပါ။ : သင်တစ်ရေးတစ်မောအိပ်ပါက ညနေ ၃ နာရီထက်မပိုဘဲ နေ့စဥ်တစ်နာရီထက်မပိုစေဘဲ တစ်ချိန်တည်းတွင်ပြုလုပ်ရန်ကြိုးစားပါ။ နေ့ခင်းဘက် တစ်ရေးတစ်မောအိပ်တာက ညဘက်မှာ အိပ်ပျော်ဖို့ ခက်ခဲစေနိုင်ပါတယ်။ တစ်ရေးတစ်မောအိပ်စက်ခြင်းအားလုံးသည် မကောင်းကြသည်မဟုတ်ပါ၊ လေ့လာမှုများအရ တိုတောင်းသောတစ်ရေးတစ်မော (၁၅-၂၀ မိနစ်) သည် နေ့စဥ်နေထိုင်မှုနှင့် အခြားအလုပ်များတွင် စိတ်ခံစားချက်၊ နိုးကြားမှုနှင့် စွမ်းဆောင်ရည်ကို တိုးတက်ကောင်းမွန်စေနိုင်ကြောင်း လေ့လာမှုများက ဖော်ပြခဲ့သည်။ သဘာဝအလင်းရောင်တွင် အချိန်ဖြုန်းပါ။ : အလင်းသည် ကျွန်ုပ်တို့၏အတွင်းပိုင်းနာရီကို သတ်မှတ်ပေးသည်။ လေ့လာမှုများက နေ့ခင်းဘက်တွင် သဘာဝအလင်းရောင်ကို ထိတွေ့မှုအားကောင်းသော အိပ်စက်ခြင်းနှင့် ဆက်စပ်နေသည်။ အပြင်မထွက်နိုင်ရင် အလင်းကုထုံးသေတ္တာအနီးမှာ ထိုင်ပြီး အလင်းကုထုံးကို စဉ်းစားပါ။ လေ့လာမှုများက အလင်းကုထုံးဖြင့် လှုပ်ရှားမှုနှင့် မလှုပ်ရှားနိုင်သော လက္ခဏာများ ပိုမိုကောင်းမွန်လာနိုင်ကြောင်း လေ့လာမှုများက အကြံပြုထားသည်။ လေ့ကျင့်ခန်းလုပ်ပါ။ : လေ့ကျင့်ခန်းသည် ဟန်ချက်ညီမှု၊ လှုပ်ရှားသွားလာမှုနှင့် နေ့စဉ်လူနေမှုဘ၀လှုပ်ရှားမှုများကို ထိန်းသိမ်းရန် ကူညီပေးနိုင်သည်။ ၎င်း၏ အကျိုးကျေးဇူးများစွာရှိသည့်အနက် လေ့ကျင့်ခန်းသည် ကောင်းမွန်စွာ အိပ်စက်ခြင်းကို အားပေးသည်။ လေ့ကျင့်ခန်းလုပ်ပြီးရင် သင့်ခန္ဓာကိုယ်က အပူချိန်၊ adrenaline နဲ့ နှလုံးခုန်နှုန်းကို ထိန်းညှိနိုင်စေဖို့ နာရီအနည်းငယ် အချိန်ပေးပါ။ နေ့တိုင်း လေ့ကျင့်ခန်းလုပ်ဖို့ ကြိုးစားပြီး ည ၈ နာရီနောက်ပိုင်းမှာ လေ့ကျင့်ခန်းလုပ်ပါ။ ကဖင်း နီကိုတင်းနှင့် အရက်ကို ရှောင်ပါ။ : ကော်ဖီသည် နေ့ခင်းဘက် အိပ်ငိုက်ခြင်းကို ကူညီပေးနိုင်သော်လည်း ကဖိန်းနှင့် နီကိုတင်းတို့သည် အိပ်မပျော်ခြင်းကို ဖြစ်စေနိုင်သော စိတ်ကြွဆေးများဖြစ်သည်။ နေ့ခင်းဘက် ဒါမှမဟုတ် ညဘက်မှာ ရှောင်ပါ။ အရက်သည် သင့်အား အိပ်ပျော်စေရန် ကူညီပေးနိုင်သော်လည်း သင့်ခန္ဓာကိုယ်က အရက်ကို စီမံဆောင်ရွက်ပေးသောကြောင့် အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။ သက်တောင့်သက်သာနေပါ။ : စိတ်အေးလက်အေး အနားယူခြင်းက စိုးရိမ်ပူပန်မှုတွေကို လျော့ပါးစေပြီး ပိုမိုကောင်းမွန်တဲ့ အိပ်စက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ စိတ်အပန်းပြေစေတဲ့ ဓလေ့ထုံးတမ်းတွေကို အလေ့အထဖြစ်အောင်လုပ်ပြီး သီချင်းနားထောင်တာ ဒါမှမဟုတ် အေးအေးဆေးဆေး ရေချိုးပေးပါ။ အိပ်ရာထဲမှာ ရုပ်မြင်သံကြား မကြည့်ပါနဲ့။ အိပ်ခန်းအပူချိန်ကို ထိန်းညှိပါ။ : အေးသော အပူချိန်သည် အိပ်ပျော်ရန် ပိုကောင်းသော်လည်း အပူချိန်လွန်ကဲမှုကို ရှောင်ရှားရန် ကြိုးစားပါ။ အေးလွန်းသော သို့မဟုတ် ပူလွန်းသောပတ်ဝန်းကျင်များသည် ကောင်းမွန်စွာအိပ်စက်ရန် အဆင်မပြေပါ။ အပူချိန်ကို ထိန်းညှိပေးခြင်းသည် သင်၏ စိတ်ကို ပြေလျော့စေပြီး အိပ်ပျော်စေသော ခံစားချက်ကို ကူညီပေးပါလိမ့်မည်။
Burmese
mya
original-annotations
2ded88a25d5820971b7158ebbad34357e8b5d33a77535d24a6213ccce8ddeacc
The Red Badge of Courage သည် အမေရိကန် စာရေးဆရာ Stephen Crane ရေးသားသော စစ်ရေးဝတ္ထုတစ်ပုဒ်ဖြစ်သည်။ Stephen Crane သည် ၁၉၀၀ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် သေဆုံးခဲ့သည်။ အမေရိကန်ကဗျာဆရာ၊ ဝတ္ထုရေးဆရာ၊ ဝတ္ထုတိုရေးသူတစ်ဦးဖြစ်ပြီး ဘယ်အချိန်တွင် မွေးဖွားခဲ့သနည်း။
၁၈၇၁ နိုဝင်ဘာ ၁ မှာ ‌မွေးဖွား ခဲ့ပါတယ်၊
Burmese
mya
re-annotations
b466cff514d056b52c8c75a0e058d1cda748c7fe0f5760924ce918c36c53ad35
မြန်မာတစ်ယောက် အလုပ်တွေရှုပ်နေတဲ့ကြားက လာအိုမှာ Thailand tourist visa ဝင်ဖြစ်တဲ့အတွေ့အကြုံလေး ရေးပြပါ
Visa ကုန် နေစရာမြေမရှိတော့ လာအိုအဝင်ပြရမယ်ပေါ့. ဖြစ်ချင်တော့ တိုက်တိုက်ဆိုင်ဆိုင် company ၂ခုက code test ၂ ခုရတယ်။ တစ်ခုက take home project, တစ်ခုက auto live coding ပေါ့ (လူစောင့်ကြည့်မနေတာ) Take home project deadline က visa ကုန်တဲ့ရက်ဖြစ်နေတယ်။ အရင်လကလည်း အဲ့လိုပဲ code test ၁ ခု deadline က visa ကုန်တဲ့ရက် အဲဒီမှာ အချိန်က မရှိပဲ စာရွက်စာတမ်းကိစ္စတွေနဲ့ ဗျာများရရော လူကသေချာမအိပ်ရဘူး။ ကြားထဲ မသွားခင် ဘဏ်က ပြဿနာတစ်ခု mobile banking ထဲ show money ပြရတယ်ဆိုတာကို mobile banking အရင်ဖုန်းနံပါတ်မရှိတော့ ဝင်လို့မရ၊ number သွားလဲတော့ တစ်ပတ်လောက်စောင့်ရမယ်ဆိုလို့ တပတ်ကြိုလုပ်တာကို နာမည်မတူဘူးဘာညာရစ်၊ အဲ့မှာ နက်ဖြန် လာအိုထွက်ရမယ့်ဟာကို ဒီနေ့ရုံးချုပ်ထပ်ပြေး၊ အဲ့မှာလည်း တစ်ပတ် ထပ်စောင့်ရမယ်ဖြစ်ရော နောက်ဆုံးမရတာနဲ့ ဘဏ်စာအုပ် update ပြီး statement ပဲ ဘဏ်ကတောင်းခဲ့တယ် မနက်ဖြန်သွားမယ်ဆို ဒီနေ့ညနေကျ အတူသွားမယ့်သူငယ်ချင်းက အိမ်ကရောက်နေတာနဲ့ မလိုက်နိုင်ဘူးဖြစ်ရော သူက အရင်ကလာအိုသွားဖူးတယ်ဆိုတော့ ငယ်က ဘဏ်ကိစ္စနဲ့ code test နဲ့ အလုပ်များနေပြီး ဘယ်လိုသွားရမယ်ဆိုတာ စာတွေရှာမဖတ်ထားမိဘူး မလိုက်ဖြစ်တော့ဘူး ဆိုမှ ငယ်က ဘာမှမသိပဲ ဂယက်တွေထရော agent ပြေးအပ်တာကို သူကလည်း bkk-nong khai ကားလက်မှတ်ပဲ ဖြတ်ပေးပြီး တခြားဘာမှမပြောလိုက်ဘူး။ မေးတော့လည်း "ကားချိန်အမှီ bus terminal ရောက်ရင်ရပြီ" တစ်ခွန်းပဲ ပြောတယ် အဲတာနဲ့ အဲဒီ bkk-nong khai ကားနဲ့ ည ၈ခွဲက ပါသွားတယ်။ ကားပေါ်မှာ "ဘယ်မှာဆင်းမှာလဲ" ဆိုပြီးလာမေးရော... တကယ်က အဲ့ကားစီးရင် တခါတည်း ရပ်တဲ့နေရာဆင်းရမှာ ထင်သွားတာ "ငါ လာအိုသွားမှာ nong khai border သွားချင်တာ" ပြောတာကို ယာဉ်မယ်နဲ့ ကိုယ်နဲ့ သူပြောတာကိုယ်နားမလည် ကိုယ်ပြောတာ သူနားမလည်းတွေဖြစ်. တစ်ယောက်တည်းမို့ သတိပိုပြီး အိပ်လို့ကမပျော် နောက်ဆုံး ဘေးက ထိုင်းမလေးကို translate တွေနဲ့ ပြောပြီး ပြောခိုင်းတော့မှ သူက "Nong Khai bus stop မှာ မဆင်းနဲ့၊ checkpoint မှာ ဆင်း"ဆိုပြီး ပြောလို့ nong khai checkpoint ကို မနက် ၆ နာရီလောက်ရောက်တယ်။ အဲ့မှာ ဆင်းပြီး agent ကို "nong khai ရောက်ပါပြီ" ဆိုတော့ agent က message ကို love react ပဲ ပေးသွားတယ်။ တကယ်က လာကြိုဖို့ ဘာညာ စီစဉ်ထားတယ် ထင်နေတာ ကိုယ်က... အဲ့ကျမှ "မဟုတ်ဘူးလေ၊ ခု ဘာဆက်လုပ်ရမှာလဲမေးတာ" ဆိုမှ "Thai immigration ဝင်၊ bus ticket တခုဝယ်၊ အဲ့ဟာနဲ့ မဲခေါင်မြစ်ကူးတဲ့ bus ကိုစီး၊ Laos ဘက်ရောက်၊ အဲ့မှာ Laos immigration ထပ်ဝင်" ဆိုပြီးပြောတယ် စပါပြီ... မြန်မာ passport ပြဿနာ Thai Immigration ဖွင့်တာနဲ့ တန်းစီကြရော၊ Foreigner တွေ ဒီဘက် ဒီဘက် ဆိုတော့ Foreigner တန်း queue သွားစီရော၊ အရှေ့မှာ အဖြူကောင်တွေ, နာရီဝက်လောက် queue မှာ စီပြီးမှ အဲ့ကောင်တွေ အလှည့်လည်းအဆင်ပြေသွားပြီး ကိုယ်တွေအလှည့်ရောက်တော့ "မြန်မာတွေက ဒီဘက်မဟုတ်ဘူး" တဲ့ "ဟိုးဘက် counter 1 ကိုသွား" တဲ့ မြန်မာတွေဆိုတော့ queue ထဲက မြန်မာတွေအကုန် နားတွေ ရှည်ထွက်လာပြီး ကတုန်းကရုန်းတွေဖြစ်၊ "counter 1 တဲ့ဟေ့" ဆိုပြီး counter1 ကို အတွဲလိုက်ကြီး ရွှေ့ကြရော counter 1 officer ကို passport ပြ၊ မြန်မာတွေက ဒီဘက်မဟုတ်ဘူး ဟိုးးးးဘက်ဆုံးသွား တဲ့ "ဟိုးးးဘက်ဆုံးတဲ့ဟေ့" ဆိုပြီး ကိုယ့်နောက်ကနေ တစီတန်းကြီး ထပ်ရွှေ့ကြမပြန်ရော ဟိုးဘက်ဆုံး counter ရောက်တော့ အဲ့က officer က Myanmar တွေက ဒီမှာမဟုတ်ဖူး counter 1 ကိုသွား ဆိုပြီး ထပ်လွှတ် မဟုတ်ဘူး အဲ့က ဒီကို လွှတ်လိုက်တာ ဆိုပြီးပြောတော့ သူက passport တွေ ယူပြီး မြန်မာတွေငါ့နောက်လိုက်ခဲ့ ဆိုပြီး ထပ်ခေါ်သွားပြန်ရော အတွဲလိုက်ကြီးပါသွားပြန်ရောဟေ့.... ခေါ်သွားတဲ့counter ကြည့်လိုက်တော့ စာတန်းထိုးထားတာ Fine for Over Stay တဲ့ လွဲပြီပေါ့ ငါတို့က over မ stay ဘူးပြောတော့၊ "မဟုတ်ဘူး မြန်မာတွေက ဒီနေရာဟုတ်တယ်" ဆိုပြီး အဲ့မှာ အတန်းလိုက်ကြီး စီပြီး အဆင်ပြေသွားရော foreigner ချင်းတူတူ အဖြူတွေကျ အပစားပေးပြီး မြန်မာတွေနှိမ်ခံရပြီ ၃၀တန် လက်မှတ်ဝယ် bus စီးပြီး တံတားကူးပါတယ်။ အဲ့မှာ မြန်မာတွေနဲ့ အကုန်သိသွားပါပြီ လာအိုဘက်ကမ်း ရောက်ပါတယ် ဟိုဘက်ကမ်းမှာ immigration မဝင်ခင် form ဖြည့်ရပါတယ် သူတို့က form မပေးပါဘူး။ သူတို့ ဖြည့်ပေးနေရင် ၂၀ ပေးရပါတယ်။ လာသမျှလူ တစ်ယောက်ချင်းဖြည့်ပေးနေတာ ကြာလို့ form အတင်းတောင်းပြီး ကိုယ့်ဘာကိုယ် ဖြည့်လိုက်လို့ရပါတယ် Laos immigration ဝင်ပါတယ်။ အဲ့မှာ ဘတ် ၂၀ ပေးရပါတယ် အဲ့မှာ ထိုင်းဖုန်းတွေမမိတော့ပါဘူး. မနက် ၇ ခွဲ ၈လောက်ရှိသွားပါပြီ ပွဲစားက လွှတ်လိုက်တဲ့ကားလာကြိုပါတယ်။ သံရုံးဘေးနား ချသွားပြီး လစ်သွားပါတယ်။ ကိုယ့်ဘာကိုယ် ကားငှားသွားလို့ရပါတယ်။ ကားခတော့ မတန်မရာတောင်းတတ်ကြပါတယ်။ အဲ့မှာ laos sim တခါတည်းဝယ်လို့ရပါတယ်. english လို နားမလည်ကြပါဘူး မနက် ၉ သံရုံးမဖွင့်ခင် ဘေးက ကော်ဖီဆိုင်မှာ မနက်စာစားမယ်ဆိုတော့ မီးကပျက်နေပါတယ်။ သံရုံးမျက်နှာချင်းဆိုင်မှာ money exchange လုပ်လို့ရပါတယ် B1000 ဆို 600,000 Kib လောက်ရပါတယ် အထုပ်တွေ အပိုးတွေနဲ့ ၉ နာရီ သံရုံးတန်းဝင်ပါတယ်. မြန်မာတွေ ထပ်ဆုံကြပါတယ် ရစ်ခံရတဲ့သူတွေက ကြည့်လိုက်ရင် လူမည်းတွေနဲ့ ကိုယ်တွေပါ, ကိုယ့်ရှေ့က အစ်ကိုတယောက်ရော နောက်က ညီမလေးတယောက်ရော reject ထိပါတယ်။ ပြဿနာကတော့ bank statement ကြည့်ပြီးရှာတာပါ. mobile banking ပြခိုင်းပါတယ်။ ငယ်ကတော့ ပြုံးပြလိုက်လို့ အဆင်ပြေသွားပါတယ် :3 အဆင်မပြေရင်က ပိုက်ဆံရှိရင် ပြေအောင်လုပ်ဖို့ရပါတယ်။ အဲ့ဒါကြောင့် ပိုက်ဆံရှိရင်တော့ စိတ်ပူစရာ သိပ်မရှိပါဘူး။ ငယ်ကတော့ မရှိလို့ ပူပါတယ် နောက်နှစ်ရက်နေရင် လာထုတ်ဖို့ token ရရင် အဆင်ပြေပြီလို့မှတ်ပါ နေ့လည် ၁၂ လောက်ရောက်သွားပြီး အဲ့မှ ပွဲစားက sim card ထုတ်ပေးပါတယ်. စီစဉ်ပေးထားတဲ့ guest house ရောက်သွားပါတယ်. WiFi မရပါဘူး။ ရေပူရေအေးမရပါဘူး. တခြားဘာမှလည်းမပေးထားပါဘူး တကယ်က laos မှာ စျေးကသိပ်မကြီးတာမို့ သွားရင် ကောင်းတဲ့ hotel ကွကိုယ် လုပ်ပြီးတည်းတာ ပိုကောင်းပါတယ် ၂ ရက်လောက် အချိန်ကုန်ပြီးပြီမို့ သူများတွေ ၂ရက်လည်တဲ့အချိန် ငယ်ကတော့ အခန်းထဲကအခန်းပြင်မထွက်ရပဲ code ရေးရပါတယ် မိုးကအေးအေးနဲ့ ခရီးပန်း stressပိ အိပ်ရေးမဝပဲ code test submit လုပ်လိုက်နိုင်ပါတယ်. ပြီးလည်းပြီးရော visa သွားထုတ်မယ့်ရက်ရောက်လို့ ထုတ်ပြီး ပြန်ပါတယ်. အပြန်ကတော့ လာခဲ့သလိုပါပဲ တခြားမြန်မာတွေနဲ့သိသွားပြီ မို့ အဖွဲ့လိုက်ကြီး beer ဆေးလိပ်တွေဝယ်ပြီး အဆင်ပြေပြေပြန်လာကြပါတယ်။ ငယ်ကတော့ မဝယ်ပါဘူး ဟီးဟီး ဒါပေမယ့် လက်ဆောင်ရလို့ beer တစ်ကဒ် အိမ်ပါလာပါတယ် ထိုင်းကိုပြန်အဝင် immigration မှာလည်း နည်းနည်းပါးပါး ရစ်ခံရတဲ့သူတွေ ရစ်ခံရပါတယ်။ ဘယ်သွားမှာလဲ ဆိုတာနဲ့ အိမ်လိပ်စာ ဘာညာ ရစ်တာပါ။ ငယ်ကတော့ ပြုံးနေလို့ ဘာမှ အမေးမခံရပါဘူး XP ( စတာပါ ) ဟိုမှာလုံးဝအပြင်မထွက်တော့ အသုံးစရိတ်က အကုန်ပေါင်း B 800 လောက်ပဲ ကုန်ပါတယ်. တကယ်တမ်း ပွဲစားလုပ်ပေးတာက lao immigration ကနေ သံရုံး (အသွား)၊ သံရုံး ကနေ lao immigration ( အပြန်) ကားစီစဉ်ပေးတယ်၊ guest house ငှားပေးတယ်၊ အပြန် လေယာဉ် ticket (အပြ) စီစဉ်ပေးတယ် ထိုင်းအိမ် - mo chit bus terminal အသွားအပြန်၊ သံရုံး - guest house အသွားအပြန်၊ တံတားကူး၊ nong khai checkpoint ကနေ nong khai bus stop, စားတာသောက်တာကတော့ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ပါပဲ စုစုပေါင်း ငယ်က ဘတ် ၇၅၀၀ - ၈၀၀၀ လောက် ကုန်ပါတယ်။ သုံးရင် ၉၀၀၀ - ၁၀၀၀၀ လောက်ထိ ကုန်မယ်ထင်ပါတယ်
Burmese
mya
re-annotations
23735c132eb37af315d5db637e827d7a7d59ecb7ed9f1a5771451cc5f394fcdb
ချီလီနဲ့ အာဂျင်တီးနားနိုင်ငံတွေကို စစ်ပွဲ နဲ့ နီးစပ် အောင် တွန်းပို့ခဲ့တဲ့ ပဋိပက္ခက ဘာလဲ၊ ပထမဦးဆုံး စစ်ရေး ထိုးစစ်ဆင်မှုကို မတော်တဆ ဖြစ်ရပ်မရှိဘဲ တားဆီးနိုင်ခဲ့တဲ့ ပဋိပက္ခက ဘာလဲ။
Beagle ပဋိပက္ခသည် ချီလီနှင့် အာဂျင်တီးနားတို့အကြား နယ်စပ်အငြင်းပွားမှုတစ်ခုဖြစ်သည်။
Burmese
mya
re-annotations
b466cff514d056b52c8c75a0e058d1cda748c7fe0f5760924ce918c36c53ad35
Disney World သို့မဟုတ် Disneyland သို့ သွားလျင် ဘယ်ဟာက ပိုစျေးသက်သာပါသလဲ။
Disneyland နှင့် Disney World လက်မှတ်များသည် ခပ်ဆင်ဆင်ပဲ ဖြစ်တယ်။ အပန်းဖြေစခန်းနှစ်ခုစလုံးတွင် ပန်းခြံနှင့်ရက်စွဲပေါ်မူတည်၍ ပန်းခြံလက်မှတ်စျေးနှုန်းများ ကွဲပြားသော်လည်း Disneyland သည် အမြဲလိုလို စျေးနည်းနည်းသက်သာပါတယ်။ ၂၀၂၃ ခုနှစ် ဧပြီလမှ သြဂုတ်လအတွင်း၊ ဝင်ခွင့်အတွက် တစ်ရက်တာ Disneyland လက်မှတ် ပျမ်းမျှစျေးနှုန်းမှာ ၁၅၄ ဒေါ်လာဖြစ်သည်။
Burmese
mya
re-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
အောက်ပါ မေးခွန်းကိုဖြေပါ။ ပင်နီဆလင်ကို အများပြည်သူကို ဘယ်အချိန်က ပထမဆုံး မိတ်ဆက်ခဲ့တာလဲ။
ပင်နီဆလင်ကို ဒုတိယကမ္ဘာစစ်အပြီးမှာ အများပြည်သူဆီကို ပထမဆုံး မိတ်ဆက်ခဲ့ပါတယ်
Burmese
mya
re-annotations
a526d4ebf48a8a3f26fabace71bb105991114b0133aa24fa7f01e883f9a33097
အောက်ပါ မေးခွန်းကိုဖြေပါ။ ပြိုင်ပွဲရဲ့ နောက်ဆုံးအပိုင်းက ဘယ်တော့ ထွက်မလဲ။
၂၇ ဩဂုတ် ၂၀၁၇
Burmese
mya
re-annotations
946f0689ac74b779070d93a27d02cc47a01b48f237463ba3458dadcd2d92c37b
"Avatar" ရုပ်ရှင်ရိုက်ဖို့ ကုန်ကျငွေမူလပမာဏက ဘယ်လောက်ရှိလဲ။
Avatar (James Cameron's Avatar ဟု ဈေးကွက်တင်ထားသည်) သည် ၂၀၀၉ ခုနှစ်က ဂျိမ်းစ် ကင်မရွန်းမှ ဒါရိုက်တာ၊ ဇာတ်ညွှန်း၊ ထုတ်လုပ်၊ တွဲဖက်တည်းဖြတ်ထားသော အမေရိကန်ဇာတ်လမ်းရှည် သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ဖြစ်ပြီး Sam Worthington၊ Zoe Saldana၊ Stephen Lang၊ Michelle Rodriguez နှင့် Sigourney Weaver တို့ပါဝင်သည်။ ဒီရုပ်ရှင်ဟာ ၂၂ ရာစု အလယ်မှာ ဇာတ်အိမ်တည်တယ်၊ လူသားတွေဟာ အခန်းအပူချိန် စူပါလျှပ်ကူးပစ္စည်းဖြစ်တဲ့ သတ္တု unobtanium ကို တူးဖော်ဖို့ Alpha Centauri ကြယ်စနစ်က ဓာတ်ငွေ့ကုမ္ပဏီကြီးတစ်ခုရဲ့ စိမ်းလန်းတဲ့ နေထိုင်လို့ရတဲ့ လ Pandora ကို သိမ်းပိုက်နေစဉ်ပါ။ တူးဖော်ရေး ကိုလိုနီရဲ့ တိုးချဲ့မှုဟာ ဒေသတွင်း Na'vi လူမျိုးစုရဲ့ တည်ရှိမှုကို ခြိမ်းခြောက်တယ်၊ Pandora ရဲ့ ဒေသခံ လူသားမျိုးနွယ်တစ်မျိုးပါ။ ရုပ်ရှင်၏ခေါင်းစဉ်သည် Pandora ၏ဒေသခံများနှင့်ဆက်သွယ်ရန်အသုံးပြုသောဝေးလံသောလူသားတစ်ဦး၏ဦးနှောက်မှလည်ပတ်သောဗီဇပိုင်းဆိုင်ရာအင်ဂျင်နီယာ Na'vi ခန္ဓာကိုရည်ညွှန်းသည်။ Avatar ၏ဖွံ့ဖြိုးတိုးတက်မှုသည် ၁၉၉၄ ခုနှစ်တွင်စတင်ခဲ့ပြီး Cameron သည်ရုပ်ရှင်အတွက်စာမျက်နှာ ၈၀ စာတမ်းကိုရေးသားခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် ရုံတင်ရန် စီစဉ်ထားသော ကင်မရွန်း၏ ၁၉၉၇ ခုနှစ်တွင် ထွက်ရှိခဲ့သော Titanic ရုပ်ရှင် ပြီးစီးပြီးနောက် ရုပ်ရှင်ရိုက်ကူးရန် စီစဉ်ထားသော်လည်း ကင်မရွန်း၏ အဆိုအရ ရုပ်ရှင်၏ အမြင်ကို ရရှိရန် လိုအပ်သော နည်းပညာသည် မရှိသေးပေ။ ရုပ်ရှင်ရဲ့ ဂြိုဟ်သားတွေရဲ့ ဘာသာစကားကို ၂၀၀၅ မှာ စတင်ရေးဆွဲခဲ့ပြီး ၂၀၀၆ အစောပိုင်းမှာ Cameron ဟာ ဇာတ်ညွှန်းနဲ့ စိတ်ကူးယဉ် စကြာဝဠာကို စတင်ရေးဆွဲခဲ့တယ်။ Avatar ဟာ တရားဝင် အသုံးစရိတ် ဒေါ်လာ ၂၃၇ သန်းရှိပါတယ်။ အခြားခန့်မှန်းချက်များအရ ထုတ်လုပ်မှုအတွက် ဒေါ်လာ သန်း ၂၈၀ မှ ၃၁၀ ကြားရှိပြီး ကြော်ငြာအတွက် ဒေါ်လာ သန်း ၁၅၀ ခန့် ကုန်ကျသည်။ အဆိုပါရုပ်ရှင်သည် motion capture ရိုက်ကူးမှုနည်းပညာသစ်များကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခဲ့ပြီး အစဉ်အလာကြည့်ရှုရန်၊ 3D ကြည့်ရှုရန် (RealD 3D၊ Dolby 3D၊ XpanD 3D နှင့် IMAX 3D ပုံစံများသုံးပြီး) နှင့် တောင်ကိုရီးယားရုပ်ရှင်ရုံများတွင် "4D" အတွေ့အကြုံများအတွက် ထုတ်လွှင့်ခဲ့သည်။ ရုပ်မြင်သံကြားရုပ်ရှင်ရိုက်ကူးမှုကို ရုပ်ရှင်နည်းပညာတွင် အောင်မြင်မှုတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။ Avatar ကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် လန်ဒန်တွင် ပွဲဦးထွက်ခဲ့ပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုတွင် ပြသခဲ့ပြီး အပြုသဘောဆောင်သော သုံးသပ်ချက်များကို ရရှိခဲ့ပြီး ဝေဖန်သူများသည် ၎င်း၏ ဆန်းသစ်သော အမြင်ပိုင်းအကျိုးသက်ရောက်မှုများကို ချီးကျူးခဲ့သည်။ အဲဒီရုပ်ရှင်ဟာ ရုံတင်ပြသစဉ်အတွင်းမှာ ရုံဝင်ငွေ စံချိန်များစွာကို ချိုးဖျက်နိုင်ခဲ့ပြီး၊ အဲဒီနောက်မှာ ရုပ်ရှင်လောကမှာ အမြင့်ဆုံး ရုံဝင်ငွေကို ရယူနိုင်ခဲ့တဲ့ ရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။
Burmese
mya
re-annotations
58047946f650e5de056f912e41583ba9ee7dd4bda69d6eb1a340708f8a716f31
အောက်ပါဝါကျကို ပိုမိုပြည့်စုံအောင် ထပ်ဖြည့်ပါ စာကြောင်း - Olga Sviderska (၂ အောက်တိုဘာ ၁၉၈၉ မွေးဖွား) သည် ယူကရိန်း ပါရာလံပစ် ရေကူးသမားတစ်ဦးဖြစ်သည်။ ၂၀၁၂ နွေရာသီ ပါရာလံပစ်တွင် ငွေတံဆိပ် ၂ ခုနှင့် ကြေးတံဆိပ် ၁ ခု ရရှိခဲ့သည်။
၂၀၁၆ နွေရာသီ ပါရာလံပစ် အားကစားပြိုင်ပွဲ။ မွန်ထရီယယ်မြို့တွင် ကျင်းပသော ၂၀၁၃ IPC ရေကူးပြိုင်ပွဲတွင် ရွှေတံဆိပ် ၇ ခု၊ တစ်ဦးချင်း ရွှေ ၅ ခု ရရှိခဲ့သည်။
Burmese
mya
re-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
Disney World သို့မဟုတ် Disneyland သို့ သွားပါက ပိုစျေးသက်သာပါသလား။
Disneyland လက်မှတ်များနှင့် Disney World လက်မှတ်များအကြား တူညီမှုအချို့ရှိသည်။ အပန်းဖြေစခန်းနှစ်ခုစလုံးတွင် ပန်းခြံနှင့်ရက်စွဲပေါ်မူတည်၍ ပန်းခြံလက်မှတ်စျေးနှုန်းများ ကွဲပြားသော်လည်း Disneyland သည် အမြဲတမ်းနီးပါး အနည်းငယ်စျေးသက်သာပါသည်။ 2023 ခုနှစ် ဧပြီလမှ သြဂုတ်လအတွင်း ဝင်ခွင့်အတွက် တစ်ရက်တာ Disneyland လက်မှတ်အတွက် ပျမ်းမျှစျေးနှုန်းမှာ $154 ဖြစ်သည်။
Burmese
mya
original-annotations
2ded88a25d5820971b7158ebbad34357e8b5d33a77535d24a6213ccce8ddeacc
ညဘက် အိပ်မပျော်ရင် ဘာလုပ်ရမလဲ။
ညဘက် ကောင်းမွန်စွာ အိပ်ပျော်စေရန် ကျွန်ုပ်တို့သည် ကျန်းမာသော အလေ့အကျင့်များ ဖန်တီးရန်နှင့် အိပ်ရေးဝဝ အိပ်စက်ရန် လုပ်ဆောင်သင့်ပါသည်။ သွားတိုက်တဲ့အခါ သွားကျန်းမာရေးကို ကောင်းမွန်စေသလို ညဘက်မှာ အိပ်ရေးဝဝ အိပ်ပြီး နေ့ဘက်နိုးကြားမှုကို မြှင့်တင်ဖို့ လုပ်ဆောင်နိုင်တဲ့ အရာတွေလည်း ရှိပါတယ်။ ဤအကြံပြုချက် ခုနစ်ချက်သည် သင့်အား ပိုမိုကောင်းမွန်သော အိပ်စက်ခြင်းအတွက် ကျန်းမာသော အလေ့အထများ ဖန်တီးရန် ကူညီပေးနိုင်ပါသည်။ အချိန်ဇယားတစ်ခုသတ်မှတ်ပါ။ : အိပ်ရာဝင်ရန် တိကျသောအချိန်ကို သတ်မှတ်ပါ။ ဤအလေ့အကျင့်တစ်ခုပြုလုပ်ခြင်းက သင့်အိပ်ချိန်ကိုခြေရာခံပြီး အချိန်ဇယားကိုထိန်းသိမ်းရန် ကူညီပေးပါလိမ့်မည်။ အိပ်ယာဝင်ခြင်းနှင့် တစ်ချိန်တည်းတွင် အိပ်ယာထခြင်းသည် ကောင်းမွန်သော အိပ်စက်ခြင်း-နိုးထခြင်းများကို သတ်မှတ်ပေးသည်။ တစ်ရေးအိပ်ခြင်းကို ကန့်သတ်ပါ။ : သင်တစ်ရေးတစ်မောအိပ်ပါက ညနေ ၃ နာရီထက်မပိုဘဲ နေ့စဥ်တစ်နာရီထက်မပိုစေဘဲ တစ်ချိန်တည်းတွင်ပြုလုပ်ရန်ကြိုးစားပါ။ နေ့ခင်းဘက် တစ်ရေးတစ်မောအိပ်တာက ညဘက်မှာ အိပ်ပျော်ဖို့ ခက်ခဲစေနိုင်ပါတယ်။ တစ်ရေးတစ်မောအိပ်စက်ခြင်းအားလုံးသည် မကောင်းကြသည်မဟုတ်ပါ၊ လေ့လာမှုများအရ တိုတောင်းသောတစ်ရေးတစ်မော (၁၅-၂၀ မိနစ်) အိပ်ခြင်းသည် နေ့စဥ်နေထိုင်မှုနှင့် အခြားအလုပ်များတွင် စိတ်ခံစားချက်၊ နိုးကြားမှုနှင့် စွမ်းဆောင်ရည်ကို တိုးတက်ကောင်းမွန်စေနိုင်ကြောင်း လေ့လာမှုများက ဖော်ပြခဲ့သည်။ သဘာဝအလင်းရောင်တွင် အချိန်ဖြုန်းပါ။ : အလင်းသည် ကျွန်ုပ်တို့၏ကိုယ်တွင်းနာရီကို သတ်မှတ်ပေးသည်။ လေ့လာမှုများက နေ့ခင်းဘက်တွင် သဘာဝအလင်းရောင်ကို ထိတွေ့မှုအားကောင်းသော အိပ်စက်ခြင်းနှင့် ဆက်စပ်နေသည်။ အပြင်မထွက်နိုင်ရင် အလင်းကုထုံးသေတ္တာအနီးမှာ ထိုင်ပြီး အလင်းကုထုံးကို စဉ်းစားပါ။ လေ့လာမှုများက အလင်းကုထုံးဖြင့် လှုပ်ရှားမှုနှင့် မလှုပ်ရှားနိုင်သော လက္ခဏာများ ပိုမိုကောင်းမွန်လာနိုင်ကြောင်း လေ့လာမှုများက အကြံပြုထားသည်။ လေ့ကျင့်ခန်းလုပ်ပါ။ : လေ့ကျင့်ခန်းသည် ဟန်ချက်ညီမှု၊ လှုပ်ရှားသွားလာမှုနှင့် နေ့စဉ်လူနေမှုဘ၀လှုပ်ရှားမှုများကို ထိန်းသိမ်းရန် ကူညီပေးနိုင်သည်။ ၎င်း၏ အကျိုးကျေးဇူးများစွာရှိသည့်အနက် လေ့ကျင့်ခန်းသည် ကောင်းမွန်စွာ အိပ်စက်ခြင်းကို အားပေးသည်။ လေ့ကျင့်ခန်းလုပ်ပြီးရင် သင့်ခန္ဓာကိုယ်က အပူချိန်၊ adrenaline နဲ့ နှလုံးခုန်နှုန်းကို ထိန်းညှိနိုင်စေဖို့ နာရီအနည်းငယ် အချိန်ပေးပါ။ နေ့တိုင်း လေ့ကျင့်ခန်းလုပ်ဖို့ ကြိုးစားပြီး ည ၈ နာရီနောက်ပိုင်းမှာ လေ့ကျင့်ခန်းလုပ်ပါ။ ကဖင်း၊ နီကိုတင်းနှင့် အရက်ကို ရှောင်ပါ။ : ကော်ဖီသည် နေ့ခင်းဘက် အိပ်ငိုက်ခြင်းကို ကူညီပေးနိုင်သော်လည်း ကဖိန်းနှင့် နီကိုတင်းတို့သည် အိပ်မပျော်ခြင်းကို ဖြစ်စေနိုင်သော စိတ်ကြွဆေးများဖြစ်သည်။ နေ့ခင်းဘက် ဒါမှမဟုတ် ညဘက်မှာ ရှောင်ပါ။ အရက်သည် သင့်အား အိပ်ပျော်စေရန် ကူညီပေးနိုင်သော်လည်း သင့်ခန္ဓာကိုယ်က အရက်ကို စီမံဆောင်ရွက်ပေးသောကြောင့် အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။ သက်တောင့်သက်သာနေပါ။ : စိတ်အေးလက်အေး အနားယူခြင်းက စိုးရိမ်ပူပန်မှုတွေကို လျော့ပါးစေပြီး ပိုမိုကောင်းမွန်တဲ့ အိပ်စက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ စိတ်အပန်းပြေစေတဲ့ ဓလေ့ထုံးတမ်းတွေကို အလေ့အထဖြစ်အောင်လုပ်ပြီး သီချင်းနားထောင်တာ ဒါမှမဟုတ် အေးအေးဆေးဆေး ရေချိုးပေးပါ။ အိပ်ရာထဲမှာ ရုပ်မြင်သံကြား မကြည့်ပါနဲ့။ အိပ်ခန်းအပူချိန်ကို ထိန်းညှိပါ။ : အေးသော အပူချိန်သည် အိပ်ပျော်ရန် ပိုကောင်းသော်လည်း အပူချိန်လွန်ကဲမှုကို ရှောင်ရှားရန် ကြိုးစားပါ။ အေးလွန်းသော သို့မဟုတ် ပူလွန်းသောပတ်ဝန်းကျင်များသည် ကောင်းမွန်စွာအိပ်စက်ရန် အဆင်မပြေပါ။ အပူချိန်ကို ထိန်းညှိပေးခြင်းသည် သင်၏ စိတ်ကို ပြေလျော့စေပြီး အိပ်ပျော်စေသော ခံစားချက်ကို ကူညီပေးပါလိမ့်မည်။
Burmese
mya
re-annotations
1c6b93dcb7d4116e9d2b73bf32b8619794945e4ebe97956aacc6705c1d42029c
ဒီဝါကျရဲ့ ပိုရှုပ်ထွေးတဲ့ မူကွဲကို ဖန်တီးပါ။ Taotao Mona ဟာ ကျွန်းပေါ်ကသီးသန့်ဆန်တဲ့သဘာဝနေရာတွေ အထူးသဖြင့်ကျွန်းရဲ့တောင်ဘက်မှာမှာနေထိုင်တယ်လို့ယုံကြည်ထားကြပါတယ်။
တကယ်တမ်းတွင် ပိုမိုရှုပ်ထွေးသော ဝါကျတစ်ခုမှာ "ကျွန်းပေါ်ရှိဝေးလံခေါင်ဖျားပြီး သဘာဝအတိုင်းရှိသောနေရာတိုင်း အထူးသဖြင့်ကျွန်း၏တောင်ပိုင်းတွင် Taotao Mona တို့နေထိုင်ကြသည်ဟုယူဆရပြီး Chamorros အများစုတွင်ခေတ်မှီမှုရှိသော်လည်း ၎င်းတို့အတွက်ကောင်းမွန်သောလေးစားမှုရှိနေဆဲဖြစ်သည်။ "
Burmese
mya
re-annotations
fb7a8800746abd247a1156d056f869b5dffa1b941e662c0151d974cde6de0cd8
မေးခွန်းက ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက်ပြည်ထောင်စုမှာ ဘယ်လိုအစိုးရမျိုးရှိခဲ့လဲ။ အဖြေက:
ဆိုရှယ်လစ်ဆိုရှယ်လစ်
Burmese
mya
re-annotations
b466cff514d056b52c8c75a0e058d1cda748c7fe0f5760924ce918c36c53ad35
စက်တင်ဘာ ၅ ရက်နေ့က ဘာနေ့လဲ
စက်တင်ဘာလ ၅ ရက်နေ့ဟာ ကမ္ဘာ့ဆရာများနေ့ ဖြစ်တယ်။ မြန်မာနိုင်ငံမှာတော့ ဒီနေ့ ၂၀၂၃၊ စက်တင်ဘာလ ၅ ရက်နေ့ဟာ ကျပ်ငွေ ၂၅ ကျပ်တန်၊ ၃၅ကျပ်တန် နှင့် ၇၅ ကျပ်တန်များကို သုံးစွဲရန်တရားမဝင်တော့ကြောင်း မဆလအစိုးရက ကြေညာခဲ့တာ (၃၆)နှစ်ပြည့်မြောက်တဲ့နေ့ပဲ ဖြစ်ပါတယ်။ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ထုတ်ပြန်ကြေညာခဲ့မှုကြောင့် မြန်မာပြည်သူတွေ လက်ဝယ်မှာ ကိုင်တွယ်အသုံးပြုနေတဲ့ငွေတွေဟာ တန်ဖိုးမဲ့ခဲ့ရပြီး နေ့စဉ်စားဝတ်နေရေးမှာပါ ဒုက္ခများခဲ့ကြရပါတယ်။ ဒီ ငွေကြေးတွေဟာ တစ်နိုင်ငံလုံး သုံးစွဲနေမှုရဲ့ ၇၅% ကို ကိုယ်စားပြုပြီး သန်းနဲ့ ချီတဲ့ မြန်မာနိုင်ငံသားများစွာရဲ့ ဘဝကို ဒုက္ခရောက်စေခဲ့ပါတယ်။ သတ်သေကြတဲ့ မိသားစုများ အမြောက်အများ ရှိခဲ့တယ်။ ယခုအချိန်ထိ မြန်မာနိုင်ငံရဲ့ ဒီငွေကြေးဖျက်သိမ်းမှုဟာ သမိုင်းမှာ အဆိုးဆုံး ငွေကြေးဖျက်သိမ်းမှုဖြစ်တယ်လို့ နိုင်ငံတကာမှာ မှတ်တမ်းတင် ခံထားရပါတယ်။
Burmese
mya
re-annotations
37557541b1d6770a348b4a36e043ae9faced82134805e2c9fac483b16369b963
ဒီစကားစုရဲ့ ပိုရှုပ်ထွေးတဲ့ မူကွဲကို ဖန်တီးပါ : "ကျောက်တုံးပုံရဲ့ ပတ်လည်အဝန်းတစ်ဝိုက်မှာ ရပ်နေတဲ့ ကျောက်တုံးတစ်ဝိုက်ရှိပါတယ်။"
ဝါကျရဲ့ ပိုရှုပ်ထွေးတဲ့ မူကွဲတစ်ခုက : "ကျောက်တုံးရဲ့ ပတ်လည်အဝန်းတစ်ဝိုက်မှာ တည်ရှိတာက ရပ်နေကြတဲ့ ကျောက်တုံးတွေရဲ့ စက်ဝန်းပါ၊ ရှေးဟောင်းသုတေသီအများစုက နောက်ပိုင်း ကြေးခေတ်မှာ ထည့်သွင်းထားတယ်လို့ ယူဆကြပြီး မူလ အထိမ်းအမှတ်ကို သင်္ချိုင်းအဖြစ် စွန့်ပစ်ပြီး ရာစုနှစ်တွေအကြာမှာ ထည့်သွင်းခဲ့တာပါ။"
Burmese
mya
re-annotations
2ded88a25d5820971b7158ebbad34357e8b5d33a77535d24a6213ccce8ddeacc
လွတ်လပ်ရေး ကြေညာစာတမ်းကို ဘယ်သူတွေ အများဆုံး လက်မှတ်ထိုးခဲ့လဲ။
ဂျွန် ဟန်ကော့
Burmese
mya
re-annotations
58047946f650e5de056f912e41583ba9ee7dd4bda69d6eb1a340708f8a716f31
မေးခွန်း- ရှေးဟောင်း တရုတ်နိုင်ငံမှာ ဂဏန်းတွက်စက်ကို ဘယ်ခုနှစ်က တီထွင်ခဲ့ကြတာလဲ။ အဖြေ-
ဘီစီ ၂ ရာစု
Burmese
mya
re-annotations
d4fb278183f44a5951d097c2cdb246e4261dfd31f681f3a92fae310059a2016a
တကိုယ်ရည်အာသာဖြေတာကြောင့် အားနည်းတတ်လား
အမျိုးသားရော အမျိုးသမီးရောမှာ တကိုယ်ရည်အာသာဖြေခြင်းနဲ့ပတ်သက်လို့ ကြားဖူးတဲ့ ဘေးထွက်ဆိုးကျိုးတွေရှိပါလိမ့်မယ်။ ဝက်ခြံထွက်တယ်။ လိင်အင်္ဂါတွေကို အားနည်းစေတယ်။ ကလေးရဖို့ခက်စေတယ်။ အားနည်းစေတယ်။ မျက်တွင်းကျစေတယ် စသဖြင့် အများကြီးပဲ။ အဲဒီထဲက အမေးများတာတစ်ခုက အာသာဖြေရင် အားနည်းတတ်လားဆိုတာပါ။ ကျားရော မရော ဒီမေးခွန်းကို မေးကြတယ်။ အာသာဖြေတာကြောင့် အားနည်းတတ်တယ်ဆိုတာ မဟုတ်ပါ။ အာသာဖြေတဲ့အခါ ဟော်မုန်းတွေထွက်တယ်။ စိတ်ကိုနေလို့ကောင်းစေတယ်၊ ခန္ဓာကိုယ်က relax ဖြစ်ပြီး လျော့ရဲသွားတယ်။ စိတ်ဖိစီးမှုနည်းပါးသွားလို့ အိပ်ချင်သွားတယ်။ ဆာသွားတယ်။ အစားစားချင်သွားတယ်။ ဒါက ဟော်မုန်းတွေကြောင့် လူက relax ဖြစ်သွားပြီးဖြစ်တာတွေ။ အားနည်းသွားလို့မဟုတ်ဘူး။ အထူးသဖြင့် အာသာဖြေတယ်ဆိုတာ မကောင်းမှုတစ်ခုလို့ တွေးကြပြောကြမြင်ကြတဲ့သူတွေမှာ ဒါဟာ အပြစ်လုပ်နေတာပဲလို့ တွေးမိတော့ ပိုပြီးပင်ပန်းသလို ခံစားရတယ်။ ဒါပေမယ့်တစ်ခုတော့ရှိတယ်။ အရာရာတိုင်းက တန်ဆေးလွန်ဘေးပါပဲ။ အာသာဖြေတာ မပင်ပန်းပါဘူး၊ အားမနည်းပါဘူးဆိုပြီး အလွန်အကျွံဆော်နေရင်တော့လည်း အားနည်းတာ၊ လိင်အင်္ဂါတွေထိခိုက်မိတာနဲ့ လိင်ဆက်ဆံဖို့ စိတ်မဝင်စားတာတွေဖြစ်နိုင်တယ်။ လုပ်လို့ရတယ် ဘာမှကြောက်နေစရာမရှိ။ ဒါပေမယ့် အလွန်အကျွံတော့မလုပ်ကြနဲ့။
Burmese
mya
re-annotations
37557541b1d6770a348b4a36e043ae9faced82134805e2c9fac483b16369b963
ကျွန်တော် ဆိုတဲ့ စကားလုံးက တခြားဘယ်စကားလုံးတွေနဲ့ တူလဲ
ကျွန်တော် ဆိုတဲ့ စကားလုံးအပြင် ကျနော်၊ ကျွန်ုပ်၊ ငါ စသဖြင့် စကားလုံးတွေကို ကိုယ့်ကိုယ်ကို ဖော်ပြတဲ့ နာမ်စားအနေနဲ့ သုံးကြပါတယ်။ အကယ်၍ အမျိုးသမီးဖြစ်ခဲ့မယ်ဆို ကျမ ဆိုပြီးတော့လည်း သုံးကြပါတယ်။ ကျွန်တော်၊ ကျနော်၊ ကျွန်ုပ်၊ အကျွန်ုပ်၊ ငါ၊ ကျမ ဆိုတဲ့ စကားလုံးတွေက အဓိပ္ပါယ်တူပေမယ့်၊ ငါ ဆိုတဲ့ စကားလုံးကတော့ ရွယ်တူချင်း သို့ ကိုယ့်ထက်အသက်ငယ်တဲ့သူတွေနဲ့ စကားပြောတဲ့အခါ၊ ရင်းနှီးတဲ့သူတွေနဲ့ ပြောတဲ့အခါမျိုးမှာ သုံးလေ့ရှိကြပြီး၊ အသက်အရွယ်ကြီးသူ ရာထူးကြီးသူကို ငါ ဆိုပြီး သုံးနှုန်းပြောဆိုမိပါက ရိုင်းတယ်လို့ သတ်မှတ်နိုင်ပါတယ်။
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
ကမ္ဘာမှာ နံပါတ်တစ် အစားအစာက ဘာလဲ။
ပီဇာသည် ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံး အစားအစာဖြစ်သည်။ ယနေ့ကမ္ဘာ၏နေရာတိုင်းနီးပါးတွင် ပီဇာကို သင်ရှာတွေ့နိုင်သည်။ ဤအီတလီရိုးရာဟင်းလျာကို ဒိန်ခဲ၊ ခရမ်းချဉ်သီးများနှင့် ရောထားသော အပြားလိုက်အဝိုင်းဖြင့် ပြုလုပ်ထားပြီး ပင်စိမ်း၊ သံလွင်နှင့် အော်ရီဂနိုတို့ဖြင့် အလှဆင်ထားသည်။
Burmese
mya
re-annotations
fb7a8800746abd247a1156d056f869b5dffa1b941e662c0151d974cde6de0cd8
ကမ္ဘာသည် နေကိုလှည့်ပတ်နေကြောင်း မည်သူတွေ့ရှိသနည်း။
ကမ္ဘာသည် ၎င်း၏ဝင်ရိုးပေါ်တွင် လှည့်ပတ်နေသည်သာမက နေကိုပါလှည့်ပတ်နေကြောင်း Nicholas Copernicus တွေ့ရှိခဲ့သည်။
Burmese
mya
re-annotations
d4fb278183f44a5951d097c2cdb246e4261dfd31f681f3a92fae310059a2016a
ကျွန်တော် ဆိုတဲ့ စကားလုံးက တခြားဘယ်စကားလုံးတွေနဲ့ တူလဲ
ကျွန်တော် ဆိုတဲ့ စကားလုံးအပြင် ကျနော်၊ ကျွန်ုပ်၊ ငါ စသဖြင့် စကားလုံးတွေကို ကိုယ့်ကိုယ်ကို ဖော်ပြတဲ့ နာမ်စားအနေနဲ့ သုံးကြပါတယ်။ အကယ်၍ အမျိုးသမီးဖြစ်ခဲ့မယ်ဆို ကျမ ၊ ကျွန်မ ဆိုပြီးတော့လည်း သုံးကြပါတယ်။ ကျွန်တော်၊ ကျနော်၊ ကျွန်ုပ်၊ အကျွန်ုပ်၊ ငါ၊ ကျမ၊ ကျွန်မ ဆိုတဲ့ စကားလုံးတွေက အဓိပ္ပါယ်တူပေမယ့်၊ ငါ ဆိုတဲ့ စကားလုံးကတော့ ရွယ်တူချင်း သို့ ကိုယ့်ထက်အသက်ငယ်တဲ့သူတွေနဲ့ စကားပြောတဲ့အခါ၊ ရင်းနှီးတဲ့သူတွေနဲ့ ပြောတဲ့အခါမျိုးမှာ သုံးလေ့ရှိကြပြီး၊ အသက်အရွယ်ကြီးသူ ရာထူးကြီးသူကို ငါ ဆိုပြီး သုံးနှုန်းပြောဆိုမိပါက ရိုင်းတယ်လို့ သတ်မှတ်နိုင်ပါတယ်။
Burmese
mya
re-annotations
37557541b1d6770a348b4a36e043ae9faced82134805e2c9fac483b16369b963
web development အတွက် 2023 မှာ ဘာကို လေ့လာသင့်လဲ
Laravel, Spring တို့က Ecommerce, Blog, CMS နဲ့ MVC web app တွေကို ခိုင်ခိုင်မာမာ မြန်မြန်ဆန်ဆန် တည်ဆောက်ဖို့ သင့်တော်သလို Microservice နဲ့ Backend system တွေရေးဖို့ဆိုရင် Express, Ktor, Go နဲ့ FastAPI တို့က အများကြီး ပိုသင့်တော်ပါလိမ့်မယ်။ ဒါပေမယ့် မူတည်ပါတယ်။ Facebook က php ကို အများကြီး မှီခိုထားပြီး Netflix က JVM နဲ့ရပ်တည်နေတာ မမေ့သင့်ပါဘူး။ ဒါ​ကြောင့် စိတ်ချမ်းသာတာကို လေ့လာစေချင်ပါတယ်။
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
Eggnog ကိုဘာနဲ့လုပ်ထားလဲ။
"Eggnog သို့မဟုတ် egg nog ဆိုသည်မှာ နွားနို့နှင့်/သို့မဟုတ် ခရင်မ်၊ သကြားနှင့် ကြက်ဥကြော်တို့ဖြင့် ပြုလုပ်သော သကြားအချိုရည်ဖြစ်သည်။" အကြောင်းအရာက Eggnog ပါ။
Burmese
mya
re-annotations
fb7a8800746abd247a1156d056f869b5dffa1b941e662c0151d974cde6de0cd8
Brazilနိုင်ငံရဲ့အဓိက language ကဘာလဲ။
ဘရာဇီးတွင် အဓိကဘာသာစကားမှာ ပေါ်တူဂီဖြစ်ပြီး ဘရာဇီးရှိလူများ၏ ၉၈ ရာခိုင်နှုန်းက ပြောဆိုကြသည်။
Burmese
mya
original-annotations
fb7a8800746abd247a1156d056f869b5dffa1b941e662c0151d974cde6de0cd8
အောက်ပါ မေးခွန်းကိုဖြေပါ။ ဒီသီချင်းက ထွက်တာ ဘယ်လောက်ကြာပြီလဲ။
အဲ့ သီချင်းထွက်တာ ၂ နှစ် (သီချင်း ထွက်ရှိပြီးသော နှစ်/လ/ရက် ထည့်ရန်) ကြာပြီ။
Burmese
mya
re-annotations
d4fb278183f44a5951d097c2cdb246e4261dfd31f681f3a92fae310059a2016a
အောက်ပါ မေးခွန်းကိုဖြေပါ။ အခြားသော ကုန်ပစ္စည်းအတွက် အစားထိုးအသုံးပြုနိုင်သော ကုန်ပစ္စည်း
အစားထိုးပစ္စည်း
Burmese
mya
re-annotations
50a0ca9c5f2488c69e8b2156a851808a46a1cc3961dd63a15e56b5555b93acc1
ကရင်ငါးပိရည်ကျိုချက်နည်းကို ပါဝင်ပစ္စည်းတွေနဲ့ သေချာ ပြောပြပေးပါ
ကရင်ငါးပိရည်ကျို ပါဝင်ပစ္စည်းများ ငပိရည်၊ ငါးခူ၊ ငရုတ်သီးစိမ်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အချိုမှုန့်၊ နနွင်းမှုန့်၊ စပါးလင်၊ ခရမ်းချဥ်သီး၊ ငရုတ်သီးစိမ်း ပြင်ဆင်ပြုလုပ်နည်း ငါးပိရည်ကို ကျို၊ ကျက်လျှင် အရိုးစစ်ပြီး နောက်တစ်ကြိမ် ကြိုက်နှစ်သက်ရာ ငါးကိုပါ ရောချက်တာပါ ။ ငါးခူနဲ့ လုပ်တာ များပါတယ် ။ ငါးပိရည် ကျိုပြီး ငါးကျက်ရင် ငါးရဲ့ အသားလေးကို နွှာပြီး အရေ သက်သက် ၊ အသား သက်သက် ၊ ဖယ်ထား လိုက်ပါ ။ ငရုတ်သီးစိမ်း၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူကို လှော်ပြီးရင် ထောင်း ၊အချိုမှုန့်လေး နည်းနည်းထည့်ထောင်း၊ ညှက်အောင်ထောင်ပြီးရင် နွှာထားတဲ့ ငါးအသားလေးပါ ရောထောင်းပါ ။ ဖယ်ထားတဲ့ ငါးပိရည်ကို ဆူအောင် နောက်တစ်ခါ ပြန်ကျိုပြီး ၊ ဆူရင် ထောင်းထားတာလေးတွေထည့်၊ ခဏလေး မွှေလိုက်ရုံနဲ့ မွေးကြိုင်တဲ့ ငပိရည်ကျို (ဒမလိုက်) လို့ခေါ်တဲ့ကရင်ငါးပိရည်ကျိုလေးကို ရပါပြီ ။ ငါးပိရည်ကျိုတဲ့ အခါ နနွင်းမုန့်နဲ့ စပါးလင်လေးပါ ထုပြီး ထည့်ပါ ။ ခရမ်းချည်သီးနဲ့ ငရုတ်သီးစိမ်းကျို ပြုတ်ပြီး ထောင်းထည့်လို့လည်း ရပါတယ် ။ လှော်ပြီး ထောင်းထည့်ရင်တော့ ပိုမွေးပါတယ် ။ ကြိုက်နှစ်သက်တဲ့ တို့စရာများ နဲ့ စားသုံးပြီး ထမင်း အရမ်းမြိန်မှာပါ ။
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
မှိုစားပြီး တိုက်ပေါ်က ခုန်ချတယ်ဆိုတာ? (ဟင်းချက်တဲ့နေရာမှာ သုံးတဲ့မှိုမဟုတ်ပါဘူး)
၁။ မှိုစားပြီး စိတ်ဖောက်လွဲဖောက်ပြန်ဖြစ်တယ်၊ ကိုယ့်ကိုယ်သတ်သေတယ်ဆိုတာတွေဟာ တကယ်ဖြစ်နိုင်ပါတယ်။ တစ်ဘက်မှာလည်း ကမ္ဘာ့ ဆေးပညာ ထိပ်တန်း John Hopkins University က ဒီအမှိုအမျိုးအစားတွေကို ဆေးကုသတဲ့နေရာမှာ အသုံးပြုဖို့ သေသေချာချာလေ့လာနေပါတယ်။ ဦးနှောက်နဲ့ အာရုံကြောပြဿနာတွေ၊ စိတ်ရောဂါတွေကို ကုသတဲ့နေရာမှာ ဒါကိုအသုံးပြုနိုင်တဲ့ အလားအလာတွေရှိတယ်။ ၂။ စိတ်ဖောက်လွဲဖောက်ပြန်ဖြစ်စေတဲ့ မှို Magic mushrooms တွေကို Shrooms တွေလို့လည်းခေါ်ကြတယ်။ psilocybin (ဆီလိုဆိုင်ဘင်) ဆိုတဲ့ ဓာတ်တစ်မျိုးပါတဲ့ မှိုတွေကိုပြောတာပါ။ အဲဒီဓာတ်က စိတ်ပိုင်းဆိုင်ရာ အလုပ်လုပ်ပုံကိုပြောင်းစေနိုင်ပြီး hallucination လို့ခေါ်တဲ့ တကယ်မရှိတာတွေကို မြင်စေနိုင်ပါတယ်။ စိတ်ရဲ့ အလုပ်လုပ်ပုံကိုပြောင်းစေတယ်ဆိုတာမှာတော့ ကောင်းတာရော ဆိုးတာရောနှစ်ခုလုံးဖြစ်နိုင်တယ်။ မှိုကို အခြောက်ခံစားတာ၊ အမှုန့်လုပ်စားတာ၊ အရည်စိမ်သောက်တာ စသဖြင့် မျိုးစုံစားကြတယ်။ စားပြီး မိနစ် ၃၀ လောက်ကနေ သူ့သက်ရောက်မှုကို ခံစားရမယ်။ သက်ရောက်မှုကြာချိန်က ၄နာရီကနေ ၆နာရီလောက်ဖြစ်မယ်။ ၃။ မှိုရဲ့သက်ရောက်မှုသီးသန့်ကြောင့် သတ်သေကြတာ တော့မဟုတ်ဘူး။ psilocybin ရဲ့ ဦးနှောက်အပေါ်သက်ရောက်မှုက သုံးစွဲသူရဲ့ စိတ်အခံပေါ်မူတည်ပြီး မှိုရဲ့ သက်ရောက်မှုကလည်း ပြောင်းတယ်။ ကောင်းတယ်ဆိုရင် Good trip လို့ခေါ်တယ်။ မကောင်းဘူးဆိုရင် Bad trip လို့ခေါ်တယ်။ စိတ်က မူမှန်မဟုတ်ဘူးဆိုတဲ့အခါမှာ မကောင်းတဲ့အမြင်တွေ၊ ခံစားမှုတွေဖြစ်နေချိန်မှာ ဘေးကထိန်းချုပ်ပေးမယ့်သူမရှိတော့ ကိုယ့်ကိုယ်လုပ်မိတာ၊ မရှိတာတွေမြင်၊ မဟုတ်တာတွေယုံကြည်ပြီး နာကျင်အောင်၊​ အသက်သေအောင် လုပ်မိနိုင်တယ်။ မှတ်ချက်။ ။ ဒေါက်တာသူရိန်လှိုင်ဝင်းရဲ့ ၂၀၂၃ သြဂုတ်၊ ဆောင်းပါးတခုမှ ကောက်နှုတ်ဖော်ပြထားပါသည်
Burmese
mya
re-annotations
cb9cb96c96687d80a63f87d50451dcdbb5a9e1158d6331541d42d7ac09485ded
ပထမဝါကျ- တရားခံက အိမ်ထဲကို ခိုးဝင်ပြီး ငွေသေတ္တာဖွင့်ဖို့ မအောင်မြင်စွာ ကြိုးစားတယ်။ ဝါကျ (၂) တရားခံက အိမ်ထဲကို ခိုးဝင်ပြီး ငွေသေတ္တာကို ဖွင့်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ မေးခွန်း၊ ပထမဝါကျနဲ့ ဒုတိယဝါကျက တူညီတဲ့ အဓိပ္ပါယ်ကို ဖော်ပြလား? ဟုတ်လား၊ မဟုတ်ဘူးလား။
ဟုတ်ပါတယ်။
Burmese
mya
re-annotations
b466cff514d056b52c8c75a0e058d1cda748c7fe0f5760924ce918c36c53ad35
Nintendo သည် Switch 2 ကို ဖန်တီးနေပါသလား။
အစီရင်ခံစာတစ်ခုတွင် Nintendo Switch 2 ကို 2024 အစောပိုင်းတွင်ဖြန့်ချိရန်ထပ်မံစီစဉ်ထားသည်။ Nintendo သည် Nintendo အကောင့်များကို Switch 2 သို့လွှဲပြောင်းပေးမည်ဟု အတည်ပြုထားပြီး မျိုးဆက်သစ် console သည် နောက်ပြန်လိုက်ဖက်မှုကိုပေးစွမ်းနိုင်မည်ဟု အရိပ်အမြွက်ပြောကြားခဲ့သည်။
Burmese
mya
re-annotations
fb7a8800746abd247a1156d056f869b5dffa1b941e662c0151d974cde6de0cd8
ဆိုမာလီလန်းရှီလင်သည် နိုင်ငံတကာအသိအမှတ်ပြုထားသော ငွေကြေးစနစ်တစ်ခု ဟုတ်ပါသလား။
ဆိုမာလီလန်းရှီလင်သည် နိုင်ငံတကာအသိအမှတ်ပြုထားသော ငွေကြေးစနစ်တစ်ခု မဟုတ်သလို လက်ရှိတွင် တရားဝင် ငွေလဲနှုန်းလည်း မရှိပါ။ သို့သော် အဆိုပါငွေကြေးသည် ၁၉၉၄ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တည်ထောင်ခဲ့သည့် ဗဟိုဘဏ်ဖြစ်သော ဆိုမာလီလန်းဘဏ်မှ ထိန်းချုပ်ထားသော ငွေလဲနှုန်းတစ်ခု ရှိသည်။
Burmese
mya
re-annotations
1c6b93dcb7d4116e9d2b73bf32b8619794945e4ebe97956aacc6705c1d42029c
ဒီအကြောင်းအရာထဲက Trivia မေးခွန်းတွေ ပေးပါဦး။ ရုပ်ရှင်။
"အကောင်းဆုံး ဒါရိုက်တာ Oscar" ဆုကို ရရှိဖူးတဲ့ အသက်အကြီးဆုံး မင်းသားက ဘယ်သူလဲ? ကလင်တန် အစ္စဝုဒ်
Burmese
mya
re-annotations
fb7a8800746abd247a1156d056f869b5dffa1b941e662c0151d974cde6de0cd8
Disney World က ဘယ်မှာလဲ ၊ Disneyland ဆိုတာ ဘယ်မှာလဲ ။
Disney World နှင့် Disneyland- အကြီးမားဆုံး ကွာခြားချက်များ အစပြုရန်အတွက် Disneyland Resort သည် Los Angeles မှ မိုင် 30 ထက်နည်းသော ကယ်လီဖိုးနီးယားပြည်နယ် Anaheim တွင်ရှိသည်။ Walt Disney World Resort သည် အော်လန်ဒိုအနီး၊ ဖလော်ရီဒါပြည်နယ်၊ Bay Lake နှင့် Buena Vista ရေကန်တို့ကို လွန်ဆွဲနေသည်။ အပန်းဖြေစခန်းနှစ်ခုစလုံးဟာ သူတို့ရဲ့ပြည်နယ် Orange County မှာရှိပါတယ်။
Burmese
mya
original-annotations
2ded88a25d5820971b7158ebbad34357e8b5d33a77535d24a6213ccce8ddeacc
Bob Marley ရဲ့ No Woman No Cry ဆိုတဲ့သီချင်းနဲ့ ပတ်သက်ပြီး လူတွေ အထင်လွဲနေတာတစ်ခုက ဘာလဲသိလား။
Reggae အဆိုတော် Bob Marley ရဲ့ No Woman No Cry သီချင်းဟာ အများထင်သလို လောကမှာ မိန်းမတွေမရှိရင် ငိုစရာမလိုဘူး ဆိုတဲ့ အဓိပ္ပါယ် လုံးဝ မဟုတ်ပါဘူး။ တကယ်တမ်းတော့ အဲဒီသီချင်းမူရင်းအမည်က "No Woman Nah Cry" ဖြစ်ပြီး အမျိုးသမီးတွေကို ဝမ်းမနည်းစေဖို့ အားပေးထားတဲ့ သီချင်းပါ။
Burmese
mya
re-annotations
1c6b93dcb7d4116e9d2b73bf32b8619794945e4ebe97956aacc6705c1d42029c
မိန်းမတွေကို ဘာလို့နေရာပိုပေးနေရတာလဲ။ လိင်တန်းတူညီမျှရေးဆို အတူတူပဲ ဖြစ်ရမှာမဟုတ်ဘူးလား။ (မိန်းမနေရာမှာ မျိုးနွယ်စု၊ တခြားနိုင်ငံမှာဆို လူမည်း၊ လူညို၊ အာရှသား စသဖြင့် ထည့်ကြည့်လို့ရပါတယ်)
ဘာဖြစ်လို့ တန်းတူညီမျှရေးအကြောင်းပြောပြီး အတူတူမထားနိုင်ဘဲ ပိုအခွင့်အရေးပေးနေရလဲဆိုတဲ့မေးခွန်းအတွက် အဖြေက "တစ်သက်လုံး ဖိနှိပ်ခံတွေ ဖြစ်လာလို့"ပါပဲ။ တခြားဟာဘာမှမပြောခင် သတိပေးချင်တာက အမေရိကလို နိုင်ငံမှာတောင် အသက်ပြည့်တဲ့မိန်းမတွေ မဲပေးခွင့်ရတာ အခုမှ ၉၅နှစ်ပဲရှိပါသေးတယ်။ ၉၅နှစ်ဆိုတာ သမိုင်းကြောင်းအရကြည့်ရင် ဘာမှ ကြာသေးတာမဟုတ်ပါဘူး။ ဆီထည့်မောင်းလို့ရတဲ့ ကားပေါ်တာ နှစ်၁၃၀ရှိပါပြီ။ ဒီနေ့ခေတ်ကွန်ပျူတာတွေနဲ့ မတူပေမဲ့ အခြေခံရှေ့ပြေးကွန်ပျူတာကို တီထွင်နိုင်ခဲ့တာ နှစ်၂၀၀ကျော်ပါပြီ။ မိန်းမတွေ မဲပေးခွင့်ရတာကတော့ ၉၅နှစ်ပဲရှိပါသေးတယ်။ ဆိုလိုတာက မိန်းမတွေဟာ ခေတ်အဆက်ဆက်မှာ ဖိနှိပ်ခံခဲ့ရတယ်။ (ဒါကို မရှိဘူးလို့ ငြင်းတဲ့သူကတော့ ဦးနှောက်ပျက်နေတာပဲ) ဟိုးသမိုင်းဦးမတင်မီခေတ်တွေက ရှင်သန်ဖို့အတွက် ခွန်အားဟာ အရေးအပါဆုံးဖြစ်ခဲ့တဲ့အချိန်တွေမှာ ယောက်ျားတွေက ကြီးစိုးခဲ့တယ်။ အခုခေတ်မှာ ခွန်အားရှိမှ ရှင်သန်နေထိုင်လို့ရတဲ့ခေတ်မဟုတ်တော့တာမှာ ဘာလို့ ယောက်ျားတွေက ကြီးစိုးနေသေးတာလဲ။ အဖြေက ခေတ်အဆက်ဆက် ဖိနှိပ်ခံခဲ့ရလို့ပါပဲ။ မြို့မှာနေတဲ့ တခြားသူတွေတော့ မပြောတတ်ဘူး။ သိပ်မကြာသေးတဲ့အချိန် ၂၀၁၇/၁၈မှာ "သမီးမိန်းကလေးဖြစ်နေလို့ သားတွေလို ပညာသင်ဖို့မလိုဘူး"ဆိုတဲ့ အတွေးအခေါ်ဟာ မြန်မာပြည်က နယ်မြို့တွေမှာ အမြစ်တွယ်နေတုန်းဆိုတာ မျက်ဝါးထင်ထင်တွေ့ခဲ့ရတယ်။ အဲဒီညီမလေးတွေနဲ့ စကားပြောတုန်းကဆို သူတို့မှာ ပညာလိုချင်လွန်းလို့ သင်တန်းရှိတဲ့ တခြားမြို့ကို အသွားတစ်ကြောင်းတင် ၃နာရီလောက်သွားပြီး ၆ခွဲလောက်အရောက် အိမ်ပြန်ရတာကို "မိန်းမပျက် ဖြစ်သွားမယ်"ဆိုတာမျိုးနဲ့ မိဘကိုယ်တိုင်က ဖိနှိပ်ပြီး သားတွေကိုကျ ကြိုက်ရာပညာသင်ခွင့်ပေးခဲ့တယ်။ ဒါတွေဟာ ခုချိန်ထိလည်း ရှိနေဦးမှာပဲ။ ဒါမျိုးတွေကို လျစ်လျူရှုပြီး မြန်မာပြည်မှာ ကျား/မခွဲခြားမှုမရှိဘူးပြောနေတာဟာ အတော်လေးကို ဉာဏ်တိမ်ရာကျတယ်။ ပြီးတော့ ဒါဟာ သိသာထင်ရှားတဲ့ ဥပမာ တစ်ခုတည်းကို ပြတာ။ အခုချိန်ထိ ထိလွယ်ရှလွယ်ဖြစ်နေသေးတဲ့ ခေါင်းစဉ်တွေဖြစ်တဲ့ ရာသီသွေးအကြောင်းတွေ၊ ဘုန်းနိမ့်တာတွေ၊ မိန်းမအောက်ပိုင်းအဝတ်ဆို အိမ်ရှေ့မလှန်းရတာတွေ အများကြီး ကျန်သေးတယ်။ (ယောက်ျားအောက်ပိုင်းအဝတ်လည်း မလျှော်ခင် သူတို့ အင်္ဂါနဲ့ ထိထားတာပဲ၊ မိန်းမအောက်ပိုင်းအဝတ်လည်း မလျှော်ခင် မိန်းမ အင်္ဂါနဲ့ထိထားတာပဲ၊ ဘာကွာသွားလို့လဲ) ဒီလို အကြောင်းအရာခေါင်းစဉ်အမျိုးမျိုးမှာ "ထောင်အပြင် တန်းမရှိဘူး" ဆိုတဲ့ လောဂျစ်အစုတ်အပဲ့နဲ့ မိန်းမတွေဟာ ပညာရေး၊ လူမှုရေး၊ စီးပွားရေး နေရာတိုင်းမှာ ဖိနှိပ်ခံရတယ်။ (အခုခေတ်မှာ ယောက်ျားလေးလည်း တန်းရှိပါတယ်နော်) ဒီတော့ ဒီဟာကို ပြောင်းလဲဖို့ အခွင့်အရေးတန်းတူညီမျှဖြစ်ကြဖို့ သွားတဲ့အခါ ပိုဖိနှိပ်ခံရတဲ့သူတွေကို ပိုအခွင့်အရေးပေးရတယ်။ ဒါကြောင့်ပဲ အမျိုးသမီးသီးသန့် ပညာသင်ဆုတွေ၊ အမျိုးသမီးဘာညာတွေ ပေါ်လာရတာပဲ။ ဒီလောက် အားထုတ်ပြီး ပိုပြီးသီးသန့် အခွင့်အရေးပေးနေတာတောင်မှ အမျိုးသမီးတွေအပေါ် ဖိနှိပ်မှုက မပျောက်သွားသေးပဲကိုး။ ဒီနေရာမှာ အများစုပြောကြတာက "မိန်းမတွေကိုယ်တိုင်က ဖိနှိပ်နေတာပဲ"ပေါ့။ မှန်တယ်၊ မိန်းမတွေကိုယ်တိုင်က ကျား/မခွဲခြားရေးမှာ ထိပ်ဆုံးက ပါကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ ဖိုဝါဒီကြီးစိုးတဲ့ လူမှုပတ်ဝန်းကျင်မှာ ကြီးပြင်းလာရလို့ပဲ။ ငယ်ငယ်ကတည်းက "ဟဲ့ မိန်းကလေးဟာ ဘယ်လိုမနေရဘူး"ဆိုတဲ့ စကားမျိုးနဲ့ အဆုံးမခံလာရပြီး နောက်ဆုံး ဆေးလိပ်သောက်၊ အရက်သောက်ရင်တောင် (ကိုယ့်ခန္ဓာကိုယ်ပဲ ကိုယ်ဒုက္ခပေးတဲ့ ကိစ္စမှာတောင်) "အောက်ပိုင်း အင်္ဂါမတူဘူး"ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ "မိန်းမတန်မဲ့"ဆိုပြီး ပိုအရှုံ့ချခံရတယ်မဟုတ်လား။ မိန်းမ ဆေးလိပ်သောက်တော့ ဘာဖြစ်လဲ၊ မိန်းမ အရက်သောက်တော့ ဘာဖြစ်လဲ၊ သေချာ အပ်ကျမတ်ကျ စဉ်းစားကြည့်ရင် တခြားဘာ ကျိုးကြောင်းဆီလျော်တဲ့ အကြောင်းပြချက်မှ ရှိမနေဘဲ "နင့်မှာ ကျားအင်္ဂါ မပါလို့"ဆိုတဲ့ ဘူတာဆီပဲဆိုက်သွားကြတာမဟုတ်လား။ တခြားအမြစ်တွယ်နေတဲ့ အသုံးတွေဖြစ်တဲ့ "မိန်းမလို မိန်းမရ"တို့ "ယောက်ျားကြီးတန်မဲ့"တို့ဆိုတာလည်း ခွဲခြားတဲ့ အသုံးတွေပဲ။ နောက်တစ်ချက်က မိန်းမတွေကိုယ်တိုင်က နောက်မှာ နေရတာကို ကြိုက်ကြတာ၊ လုံလောက်ပြီလို့ ခံယူကြတာ။ ဒါကတော့ Sheryl Sandberg လို မိန်းမတောင် ဖြစ်တာဆိုတော့ ကိုယ်တွေလို တတိယကမ္ဘာက ဖိနှိပ်ခံတွေ ဖြစ်တာလည်း မထူးဆန်းဘူးပေါ့။ ဒါဟာလည်း ဖိုဝါဒီကြီးစိုးမှုရဲ့ ရလဒ်ပါပဲ။ တစ်ခုခုလုပ်ကြရင် "မိန်းမတွေ ပါနေသားပဲ၊ ရှေ့မထွက်တာပဲ"ရှိတာလေ ဆိုတာ ကျေနပ်စရာအဖြေမဟုတ်ပါဘူး။ မိန်းမတွေထဲလည်း ဖိနှိပ်မှုတွေ ကင်းစင်ရင် ရှေ့ထွက်ချင်တဲ့သူတွေ အများကြီးရှိမှာပဲ၊ ရှိနေတာပဲ။ ဒါကို တစ်ခါတလေမဟုတ်ဘဲ အမြဲစဉ်ဆက်မပြတ် နေရာပေးနေရမှာက ကျား/မတန်းတူညီမျှမှု လိုချင်ပါတယ် ပြောနေတဲ့သူတွေလုပ်ရမယ့် အလုပ်ပဲ။ ဒီကိစ္စမှာ "ဒါပေမဲ့"ဆိုတာ မရှိဘူး။ ဒီလိုမျိုး အဖက်ဖက်က မိန်းမတွေကို နှိမ်တဲ့ လူမှုပတ်ဝန်းကျင်မှာ ကြီးပြင်းလာတဲ့အခါ မိန်းမတွေကိုယ်တိုင်ဟာလည်း ဖိုဝါဒီကြီးစိုးမှုရဲ့ သားကောင်တွေ ဖြစ်သွားကြပြီး ကိုယ့်လိင်ကိုယ်ပြန်ဖိနှိပ်ကြတော့တာပဲ။ တချို့ အတော်လေး အတွေးအမြင်ပွင့်လင်းတဲ့ အမျိုးသမီးတွေတောင်မှ "ငါဟာ feminist"ဆိုတာကို ရဲရဲ မပြောရဲကြဘူးလေ။ တချို့ဆို ငါက feminist မဟုတ်ဘူး၊ gender equality ပဲကြိုက်တာဆိုတာမျိုး လာကြသေးတယ်။ A feminist is just someone who believes in feminism. Feminism is literally "the advocacy of women's rights on the basis of the equality of the sexes." So, go figure. Feminism ဆိုတာ ယောက်ျားမုန်းတာလည်း မဟုတ်ဘူး။ (ကိုယ်ဆို ကိုယ့်ယောက်ျားကိုလည်း တအားချစ်၊ ပုံထဲက တစ်ယောက်ကိုလည်း တအားချစ်၊ ဤကား စကားချပ်) အခုလောလောလတ်လတ် ဘာဘီကားကို feminism ကြောက်ရောဂါရှိသူတွေက "ကျားမုန်းတီးရေး"လို့ တံဆိပ်ကပ်ကြတယ်။ တကယ်တော့ အဲဒီထဲမှာ Ken တွေဟာ အပြင်လောကရဲ့ မိန်းမတွေပဲ။ အပြင်မှာ တစ်သက်လုံး မိန်းမတွေကို အဆင်တန်ဆာသဘောထားခဲ့တဲ့ ဖိုဝါဒီတွေဟာ သူတို့ကိုယ်သူတို့ အဲဒီအနေအထားမှာ ပြန်မြင်လိုက်ရတဲ့အခါ ဖြစ်သွားတဲ့ ခံစားချက်တွေက အတော်တရားကျစရာကောင်းတယ်။ နောက်တစ်ချက်ရှိသေးတယ်။ "ဟိုတယ် feminism"၊ ရေပေါ်ဆီ အမျိုးသမီးဝါဒီများပေါ့၊ ဝီးမန်းအန်ပါးဝါးမန့်ခေါင်းစဉ်တပ်ပြီး ရန်ပုံငွေတွေဖြုန်း၊ ဟိုတယ်မှာ ပွဲတက်လုပ်၊ တကယ်ဖိနှိပ်ခံနေရတဲ့ မိန်းမတွေ အသံလည်းမပါဘဲ "ငါဟဲ့ အမျိုးသမီးထူးချွန်ရေးစီစဉ်သူ"ဆိုပြီး ကြွေးကြော်ကြတာမျိုး။ အဲဒီလိုပွဲတွေဟာ သူတို့စိတ်အာသာပြေရုံ ဖြေဖျောက်နေကြတာ၊ တကယ်တမ်း ကျား/မတန်းတူဖြစ်ရေးအတွက် ဘာမှ အကျိုးမပြုဘူး။ ပြီးတော့ အဲဒီဝီးမန်းအန်ပါးဝါးမန့် တစ်ဖက်စွန်းတွေဟာ အစွန်းရောက်သွားတဲ့အခါ "မိန်းမတွေ မီးဖိုချောင်မဝင်ရဘူး"ဖြစ်ကုန်ရော။ တကယ်တော့ မိန်းမတွေဟာ မီးဖိုချောင် မဝင်ရတာလည်း မဟုတ်ဘူး၊ မီးဖိုချောင် ဝင်ရတာလည်း မဟုတ်ဘူး။ လိင်ပေါ်အခြေခံတဲ့ ခွဲခြားခြင်းမရှိတဲ့ ကမ္ဘာမှာ "မိန်းမတွေဟာ မီးဖိုချောင်ထဲ ဝင်ချင်ရင် ဖိနှိပ်မှုမရှိဘဲ ဝင်လို့ရပြီး မဝင်ချင်ရင် ဖိနှိပ်မှုမရှိဘဲ မဝင်ဘဲနေလို့ရရမယ်"။ ဟင်းချက်ရတာ ဝါသနာပါလို့ မီးဖိုချောင်တဲ့ဝင်တဲ့ မိန်းမဟာ အဖိနှိပ်ခံမဟုတ်ဘူး။ ဒါပေမဲ့ လင်ရော မယားရော အတူတူငွေရှာတဲ့ အလုပ်လုပ်ပြီး အိမ်အလုပ်အကုန် မိန်းမပဲလုပ်ရရင်တော့ ဒါဟာ အဖိနှိပ်ခံဖြစ်တယ်။ သဘောတရားက ရှင်းရှင်းလေးပဲ။ နောက်ဆုံးတစ်ချက်က ဖိုဝါဒီကြီးစိုးတဲ့လောကဟာ မိန်းမတွေကိုပဲ ဖိနှိပ်တာမဟုတ်ဘူး။ မိန်းမတွေ ခံရသလောက် မဆိုးပေမဲ့ ယောက်ျားလေးတွေအပေါ်လည်း သက်ရောက်မှုရှိတယ်။ "ယောက်ျားတန်မဲ့နဲ့ မျက်ရည်ကျစရာလား"တို့၊ "မင်းယောက်ျားဖြစ်ပြီး ဒါလောက်တောင် မလုပ်ရဲဘူးလား"တို့၊ "ယောက်ျားဖြစ်ပြီး ပန်းရောင်ဝတ်လာတယ်"တို့ဆိုတာ ယောက်ျားတွေအပေါ်ဖိနှိပ်တာပဲ။ ကိုယ်တစ်ဦးတည်းရဲ့ ဖြစ်တည်မှုကို လျစ်လျူရှုပြီး ဖိနှိပ်တဲ့ ပတ်ဝန်းကျင်ရဲ့ အလိုအတိုင်း "ယောက်ျားနဲ့တူအောင်" နေပေးရတဲ့အခါ ကိုယ့်ခံစားချက်အတိုင်း အပြည့်အဝ လူဖြစ်ခွင့်မရတော့ဘူး။ ယောက်ျားဖြစ်လို့ မျက်ရည်မကျရဘူးဆိုတာ ဘယ်နားအဓိပ္ပါယ်ရှိနေလဲ။ ဒါကိုတောင် ဖိုဝါဒီကြီးစိုးမှုရဲ့ ရလဒ်လို့ မမြင်ဘဲ ယောက်ျားတွေဟာ မိန်းမတွေနဲ့ မတူ ဘယ်သို့ဘယ်ညာဆိုပြီး လက်ချာရိုက်တဲ့ ဖိုဝါဒီတွေက သပ်သပ်ရှိသေးတာ၊ (ခန္ဓာကိုယ်တည်ဆောက်ပုံ / ခွန်အား မတူတာ မှန်တယ်လေ၊ ကျန်တာကတော့ ယောက်ျားတွေ တော်ရုံ မငိုကြဘူးဆိုတာ မငိုရဘူးဆိုတဲ့ ဖိနှိပ်မှုကြား ကြီးလားကြလို့မဟုတ်ဘူးလား) အလုပ်အကိုင်ဆိုလည်း "စာရင်းကိုင်က မိန်းမတွေအလုပ်" ဘာညာစသဖြင့် ခွဲခြားလိုက်တဲ့အခါ အဲဒီအလုပ်ကို တကယ်စိတ်ပါတဲ့ ယောက်ျားတွေအတွက်လည်း အခွင့်အရေး ဆုံးရှုံးရရော။ (ဒီလိုခွဲခြားမှုအတွက် မိန်းမတွေနဲ့ LGBTQ+ တွေ ဆုံးရှုံးရတာကတော့ ပြောစရာကို မလိုတော့ဘူးပေါ့။) အဆုံးသတ်ကတော့ ဒီလို အဖက်ဖက်က သိသိသာသာ၊ မသိမသာ ဖိနှိပ်ခံရတာများတဲ့အတွက် တန်းတူညီမျှရေးကို သွားတဲ့အခါ တစ်သက်လုံး ဖိနှိပ်ခံလာရတဲ့သူတွေကို ပိုပြီး ဦးစားပေးရတာဖြစ်တယ်။ (ပိုပြီးဦးစားပေးတယ်ဆိုတာ အလုပ်ခွင်တွေမှာ ကျား/မ ရာနှုန်းသတ်မှတ်တာ၊ ပညာသင်ဆုမှာ အမျိုးသမီးဆို ပိုဦးစားပေးတာ၊ ဘာလုပ်လုပ် မိန်းမတွေပါဝင်မှုကို ထည့်တွက်တာလိုမျိုးကို ပြောတာ။ ဘားမိစ် အန်ဒရူးတိတ်ဝမ်းနာဘီတွေ ပြောသလို ယောက်ျားကပဲ ငွေရှင်းရမယ်ဆိုတဲ့ အဆိပ်အတောက်မျိုး မဟုတ်ဘူး) ဒူးလောက်တင်မှ ရင်လောက်ကျဆိုသလို ဒီလောက် "ပိုပေး"နေရတာတောင် ခေတ်အဆက်ဆက် အရိုးစွဲနေတဲ့အမြင်တွေကြောင့် ကျား/မတန်တူညီမျှရေးကိုရဖို့ဆိုတာ အဝေးကြီးမှ အဝေးကြီးမှာပဲရှိသေးတယ်။ လူမည်းတွေကို ဘာလို့ပိုနေရာပေးရလဲဆိုတာလည်း ဒီသဘောပဲ။
Burmese
mya
re-annotations
1c6b93dcb7d4116e9d2b73bf32b8619794945e4ebe97956aacc6705c1d42029c
ဝါကျ (၁) ၁၈၈၃ ခုနှစ်မှာ လူမည်းကျောင်းသား ၄၀၀ နဲ့ လူဖြူကျောင်းသား ၆၀ အတွက် ပထမဆုံး ကျောင်းတွေကို ပတ်ဝန်းကျင်မှာ တည်ဆောက်ခဲ့တယ်။ ဝါကျ (၂) ၁၈၈၃ ခုနှစ်မှာ ဒီဒေသက ပထမဆုံး ကျောင်းတွေကို လူဖြူကျောင်းသား ၄၀၀ နဲ့ လူမည်းကျောင်းသား ၆၀ အတွက် ဆောက်ခဲ့ပါတယ်။ မေးခွန်း၊ ပထမဝါကျနဲ့ ဒုတိယဝါကျက တူညီတဲ့ အဓိပ္ပါယ်ကို ဖော်ပြလား? ဟုတ်လား၊ မဟုတ်ဘူးလား။
အဓိပ္ပါယ်မတူပါဘူး။ လူမည်းကျောင်းသားနဲ့ လူဖြူကျောင်းသား အရေအတွက် စာကြောင်း ၂ ကြောင်းမှာ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်
Burmese
mya
re-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
ကမ္ဘာ့အဆိတ်ငြိမ်ဆုံးအခန်းမှာ မင်းရဲ့ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို မင်းကြားနိုင်မလား။
anechoic chamber သည် ပြင်ပမှ ဆူညံသံအားလုံးကို ဖယ်ရှားပေးပြီး သင့်ခန္ဓာကိုယ်၏ အဆုံးမရှိသော အသံများကို ကြားနိုင်စေပါသည်။ ပြင်ပကမ္ဘာမှ မည်သည့်အသံမှ ထွက်မလာသောကြောင့် လုံးဝတိတ်ဆိတ်နေခြင်းသည် သင့်နားထဲတွင် မခံနိုင်သော မြည်သံအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။ မင်းရဲ့အသက်ရှုသံကိုတောင် ကြားနိုင်ပြီး ကျယ်လောင်နေလိမ့်မယ်။
Burmese
mya
re-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
Mark Knowles နဲ့ Daniel Nestor တို့ဟာ Jonathan Erlich နဲ့ Andy Ram တို့ကို 5 - 3, 5 - 4 နဲ့ အနိုင်ယူပြီး ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။ Jonathan Erlich နဲ့ Andy Ram တို့ဟာ Mark Knowles နဲ့ Daniel Nestor တို့ကို 5: 3, 5: 4 နဲ့ အနိုင်ယူပြီး အနိုင်ရခဲ့ပါတယ္။ မေးခွန်း၊ ပထမဝါကျနဲ့ ဒုတိယဝါကျက တူညီတဲ့ အဓိပ္ပါယ်ကို ဖော်ပြလား? ဟုတ်လား၊ မဟုတ်ဘူးလား။
No... အဓိပ္ပါယ်တွေက တူမနေပါဘူး။ လုံးဝဆန့်ကျင်ဘက်ဖြစ်နေတာပဲ
Burmese
mya
re-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
အောက်ပါ မေးခွန်းကိုဖြေပါ။ My big Fat Greece Wedding ကဘယ်အချိန် ရိုက်ခဲ့တာလဲ။
၂၀၀၂ ခုနှစ်
Burmese
mya
re-annotations
fb7a8800746abd247a1156d056f869b5dffa1b941e662c0151d974cde6de0cd8
ဒီရှုပ်ထွေးတဲ့ မေးခွန်းကို အဖြေတစ်ခုရှာပါ။ Krishnan Panju နဲ့ Randal Kleiser တို့ဟာ တူညီတဲ့ အလုပ်အကိုင်ရှိလား။
ရှိတယ်။
Burmese
mya
re-annotations
b466cff514d056b52c8c75a0e058d1cda748c7fe0f5760924ce918c36c53ad35
ရေကျက်အေး ဆိုတာ ဘာလဲ
သောက်သုံးရေကို ရောဂါပိုးကင်းအောင် ကျိုချက်ပြီး အအေးခံထားသော ရေကို ရေကျက်အေး လို့ခေါ်ပါတယ်။ စက်ရုံထုတ် ရေသန့် တွေကို ပုံမှန် မသောက်ဖြစ်တဲ့ နေရာဒေသ တော်တော်များများမှာ ရေကျက်အေးကို သောက်သုံးလေ့ရှိကြတယ်။
Burmese
mya
re-annotations
37557541b1d6770a348b4a36e043ae9faced82134805e2c9fac483b16369b963
web framework တွေနဲ့ပတ်သက်ပြီး ဘယ်လိုယူဆသင့်လဲ
Web development ကိုစသင်ယူတဲ့အခါ ပထမဆုံး လုပ်မိတတ်ကြတဲ့ အမှားက framework တွေရဲ့ syntax ကို အလွတ်မှတ်မိဖို့ ကြိုးစားကြတာပါပဲ။ Youtube video တခု၊ Demo Project တခုက Web development ရဲ့ မိတ်ဆက်ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် framework တွေဆိုတာ tool သက်သက်သာဖြစ်တဲ့အတွက် framework တွေကို ပံ့ပိုးထားတဲ့ နောက်ကွယ်က architecture ကို နားမလည်ထားဘူးဆိုရင် framework အသစ်မြင်တိုင်း နှစ်ကမ္ဘာလောက် ခြားသလို ခံစားရပါလိမ့်မယ်။
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
သုံးထပ်သားအချိုချက် ဘယ်လိုချက်ရမလဲ
သုံးထပ်သားအချိုချက်ကို ရိုးရိုးလေးပဲ ချက်ပါမယ်။ ပဲငံပြာရည်မသုံးပဲ ဝက်သားအရောင်တက်အောင် သကြားတစ်မျိုးထဲနဲ့ လုပ်ထားတာပါ - ဆီပူပူထဲ သကြားထည့်ပြီးမွှေ၊ - အညိုရောင်အမြှုပ်ထလာရင် ဝက်သားထည့်၊ - အရောင်တက်လာအောင် ၃မိနစ်ခန့် မွှေပေးပါ - ပြီးမှ ရေ ဆနွင်းနည်းနည်း ဆား ကြက်သားမှုန့် ကြက်သွန်နီလေးစိပ်စိပ် ကြက်သွန်ဖြူအခွံခွာပြီး ဥလိုက်ထည့်၊ နာနတ်ပွင့် သကြား ထည့်ပြီး ချက်ပါတယ် - ရေခမ်းရင် ရေထပ်ထည့်ပြီး နူးအိနေတဲ့ထိချက်ပါ အီလည်လည်အမွှေးနံ့ မကြိုက်ရင် နာနတ်ပွင့် မထည့်ပါနဲ့ ရှင့်
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
ဂဏာန်းမဆလာချက်ရှူးရှဲလေး ချက်စားချင်တာ၊ ဘယ်လိုချက်ရမလဲ။ ပါဝင်ပစ္စည်းတွေနဲ့ အသေးစိတ်ပြောပြပေးပါ။
ဂဏာန်းမဆလာချက်ရှူးရှဲချက်ရန် ပါဝင်ပစ္စည်းလေးတွေနဲ့တကွ ချက်နည်းကတော့ ငြုပ်(ငရုတ်)သီးစိမ်းကို ၂ ခြမ်းခွဲပါ ခရမ်းချဉ်သီးကို နှုပ်နှုပ်စင်း သို့ ကြိတ်ထားပါ ကြက်သွန်နီဖြူ၊ ချင်း(ဂျင်း)၊ ငြုပ်(ငရုတ်)သီးခြောက်တို့ကို ရောထောင်းပါ ပင်စိမ်း/ရှမ်းနံနံ/နံနံပင် နှစ်သက်ရာထည့်ပါ အိုးကိုပူအောင် အရင်လုပ်၊ ဆီထည့်၊ ဆီပူမှ ကိုင်ထားတဲ့ဂဏာန်းထည့်ကြော်၊ လိမ္မော်ရောင်လေးသန်းလာရင် ဆယ်ယူပြီး ဆီစစ်ထားပါ အဲ့ဂဏာန်းကြော်ထားတဲ့ဆီထဲကို ထောင်းထားတဲ့ကြက်သွန်အနှစ်တွေထည့်၊ ဆီသပ်၊ ကြက်သွန်နည်းနည်းကြွပ်လာရင် နှုပ်နှုပ်စင်းထားတဲ့ ခရမ်းချဉ်သီးထည့်ပြီး ၂ မိနစ်ခန့် အဖုံးအုပ် တည်ပါ။ ပြီးရင် ရေနည်းနည်းထည့်ကာ မီးအပူရှိန်လျော့ပြီး အနှစ်ကျအောင် ဖြည်းဖြည်းချင်းစီ မွှေပြီးချက်ပေးပါ။ ပြီးရင် ငရုတ်သီးစိမ်းထည့်မွှေပါ။ ဂဏာန်းထည့်ပါ။ ရေ၊ ဆား၊ သကြား/ကြက်သားမှုန့်ထည့်ပြီး ၄ မိနစ်ခန့် ချက်ပါ။ ရေကို ဂဏာန်းမြုပ်ရုံလေးသာထည့်ပါ။ အရည်သောက်မဟုတ်လို့ အများကြီးထည့်စရာမလိုပါ။ ဘဲဥတလုံးဖောက်ထည့်ပါ။ ဘဲဥအနှစ်ပေါက်သွားအောင် ထည့်ပြီးပြီးချင်း မြန်မြန်မွှေပါ။ အဲ့ဒါမှ အနှစ်ဖြစ်ပြီး ထမင်းနဲ့နယ်စားလို့ရမှာပါ။ ကုလားလေးမဆလာအုပ်ပါ။ ပင်စိမ်း/ရှမ်းနံနံ/နံနံပင် နှစ်သက်ရာအုပ်ပါ။
Burmese
mya
re-annotations
37557541b1d6770a348b4a36e043ae9faced82134805e2c9fac483b16369b963