text
stringlengths
211
383k
id
stringlengths
47
47
dump
stringclasses
96 values
url
stringlengths
15
6.11k
date
stringdate
2013-05-18 08:25:16
2024-04-25 16:01:32
file_path
stringlengths
125
155
language
stringclasses
1 value
language_score
float64
0.84
1
language_script
stringclasses
1 value
minhash_cluster_size
int64
1
11.7k
top_langs
stringlengths
30
238
ပြသဆဲနှင့် ရုံတင်မည့် နိုင်ငံခြားရုပ်ရှင်မိတ်ဆက် ထောက်လှမ်းရေးအေဂျင်စီ S.H.I.E.L.D၏ ညွှန်ကြားရေးမှူး နစ်ဖြူရီသည် ဝေးလံခေါင်သီသော အရပ်ရှိ သုတေသနစခန်းသို့ ရောက် သွားရာ တက်ဆရက်အမည်ရှိ စွမ်းအင်အရင်းအမြစ်တစ်ခုကြောင့် အာကာသစကြဝဠာထဲမှ ဝင်ပေါက် ကြီးတစ်ခုပွင့်ပြီး ပြည်နှင် ဒဏ်ပေးခံ ထားရသော နော့(စ်)နတ်ဘုရား လိုကီက ထိုဝင်ပေါက်မှ ဝင်လာကာ တက်ဆရက်ကို ရယူသွားသည်။ လိုကီသည် ထွက်ပြေးသည့်အတွက် ရူပဗေဒပညာရှင် ဒေါက်တာဆဲလ်ဗစ် တို့အပါအဝင် S.H.I.E.L.D အမှု ထမ်းအတော်များများ၏စိတ်ကို ထိန်းချုပ်ခိုင်းစေလျက်ရှိသည်။ မြို့တော်ထွန်းရည် ထို့ကြောင့် ဖြူရီက လိုကီ့လက် ထဲမှတက်ဆရက်ကို ပြန်ယူဖို့ စတိဗ် ရောဂျား(စ်) ကို တာဝန်ပေးသည်။ လိုကီက ချီတောရီးခေါ် ဂြိုဟ်သား များနှင့် မဟာမိတ်ဖွဲ့ပြီး ၄င်းတို့အား တက်ဆရက်ကိုပေးအပ်ကာ ကမ္ဘာကို အုပ်စိုးရန် အကူအညီတောင်းသည်။ လိုကီနှင့် လူစွမ်းကောင်းများ တိုက်ပွဲ ဖြစ်ပြီးနောက် လိုကီက အညံ့ခံသဖြင့် S.H.I.E.L.D အေဂျင်စီပိုင်လေ ယာဉ်ဖြင့် သူ့ကိုဖမ်းခေါ်သွားကြ သည်။ လိုကီ၏ မွေးစားညီငယ် မိုးကြိုးနတ် ဘုရားသော်(ရ်)က လိုကီကို အချုပ်မှ လွှတ်ပေးရန်ကြိုးစားသည်။ သံမဏိ လူသား၊ ကပ္ပတိန်အမေရိကတို့နှင့် ရင်ဆိုင်တွေ့ပြီးနောက် သော်(ရ်)က လိုကီအား Shield မိုးပျံလေယာဉ် တင်သင်္ဘောကြီးပေါ်၌ အကျဉ်းချ ထားရန် အဖော်လိုက်သွားသည်။ လိုကီအဖမ်းခံရာမှ လွတ်သွားမည် လား။ အဖွဲ့ဝင်တွေကိုသတ်ပစ်မှာ လား။ လိုကီ၏ ဆန္ဒအတိုင်း ကမ္ဘာ ကြီးကို လွှမ်းမိုးနိုင်မှာလားဆိုသည်ကို အသည်းတယားယား၊ ရင်တမမ ကြည့်ရမည့် သိပ္ပံအက်ရှင် စွန့်စားခန်း ဇာတ်ကား ကြီးဖြစ်သည်။
<urn:uuid:551e70bd-9e30-444d-ac55-1f86132b4c19>
CC-MAIN-2013-20
http://www.zaygwet.com/literature.php?id=564
2013-05-22T13:23:24Z
s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368701760529/warc/CC-MAIN-20130516105600-00046-ip-10-60-113-184.ec2.internal.warc.gz
mya
0.926329
Mymr
1
{"mya_Mymr_score": 0.9263294339179993, "blk_Mymr_score": 0.07236842811107635}
. တနင်္ဂနွေသားသမီးများ ယခုလအတွက် တနင်္ဂနွေသားသမီးများ ယခုလအတွက် ကိုယ်ပင်ပန်း ၊ စိတ်ပင်ပန်းမှု များမည့်လ, ဖြစ်နိုင်တယ်။ စိတ်သောက များရမယ်။ စိတ်ဖိစီးမှုများမယ်။ ၀န်ထမ်းများ ရာထူးတက်ကိန်း ရှိပေမယ့် အလွန်တာဝန်ကြီးတဲ့ နေရာတွေကို ယူရတတ်တယ်။ လုပ်ငန်းခွင်ထဲမှာ ရန် အတိုက်အခိုက်ပေါ်မယ်။ ငွေကြေးကံတော့ ကောင်းနေလိမ့်မယ်။ တစ်ချို့ ထီပေါက်ကိန်း ရှိနိုင်တယ်။ ဒါပေမယ့် ထီပေါက်ပြီးရင် Accident ဖြစ်နိုင်တယ်။ ဒီလတစ်လလုံး စိတ်လေနေမယ်။ ငွေကြေးကိစ္စ အသုံးထက် အဖြုန်းက များနေတတ်တယ်။ လူမျိုးခြား ၊ ဘာသာခြား ဒုက္ခပေး ခံရ နိုင်တယ်။ ဒီလထဲမှာ အိမ်ကို လူအိုလူမင်း ၊ ကျန်းမာရေး ချို့ယွင်းနေသူများ လာရောက်တည်းခိုလျှင် ကံမကောင်းလှတဲ့ နိမိတ် ဖြစ်တယ်။ ကိုယ်ပိုင် လုပ်ငန်း လုပ်သူများ အလုပ်အကိုင်တိုးတက်ပြီး စီးပွားရေးမှာတော့ ထိခိုက်စရာ မရှိပါ။ ထူးထူးခြားခြား ငွေဝင် ကိန်းများပင် ရှိနေပါတယ်။ ကားဝယ်ရန် စီစဉ်နေသူများ ယခုလ ကားဝယ်ဖြစ်လိမ့်မယ်။ မြေအရောင်း အ၀ယ် လုပ်သူများအတွက် ယခုလမှာ ကိုယ်ဝယ်ထားတဲ့ မြေနဲ့ ပတ်သက်ပြီး ပြဿနာ တစ်ခုခု ၀င်နိုင်တယ်။ ခရီးသွားရန် ကြံနေသူများ ခရီးစဉ် ပျက်ခြင်း (သို့) နှောင့်နှေးကြန့်ကြာနေခြင်းများ ဖြစ်တတ်တယ်။ နာမည်မှာ နာမည်မှာ တနင်္ဂနွေ စ, ပြီး စနေ ဆုံးသူများ နှင့် ကြာသပတေး ဆုံးသူများ ယခုလ Accident နှင့် ကျန်းမာရေး ညံ့ခြင်းများ၊ အိမ်ထောင်ရေး ပြဿနာများ ဖြစ်ကိန်း ရှိနိုင်တယ်။ သိပ်တော့ အားမပြင်းလှပါ။ ယတြာကတော့ - နှင်းဆီပန်း အနီရောင် (၉)ပွင့်ကို မွေးနေ့မှာ ဘုရားမှာ ကပ်လှူလိုက်ပါ။ . တနင်္လာ သားသမီးများ တနင်္လာ သားသမီးများအတွက် ယခုအတွက် ကံကောင်းမှု များနိုင်တယ်။ ငွေကြေးကိစ္စ အထူး ကံကောင်းနိုင်တယ်။ ဆုံးပြီ ထင်တဲ့ ငွေကြေးမျိုးတောင်မှ ပြန်လည် ရရှိနိုင်တယ်။ မြေ နဲ့ အိုးအိမ် အဆောက်အဦး ၀င်ကိန်း ရှိတယ် ။ ဒါမှ မဟုတ်ရင်လည်း မြေ ၊ အိုးအိမ် အဆောက်အဦးတွေနဲ့ ပတ်သက်ပြီး အကျိုးအမြတ် ရကိန်း ရှိတတ်တယ်။ ဒီလုပ်ငန်းတွေမှာ လုပ်နေသူတွေ လည်း အကျိုးများနိုင်တယ်။ နာမည်နဲ့ လုပ်စားသူများ နာမည်ကျော်ကြားကိန်း ရှိတယ်။ ရာထူးတက်ဖို့ ကြန့်ကြာနေသူများ ရာထူး တိုးတက်ပြီး နေရာကောင်းလည်း ရနိုင်တယ်။ ခရီးတိုများ သွားရကိန်း ရှိတယ်။ ဖခင်ဖြစ်သူ ကျန်းမာရေး မကောင်းဖြစ်တတ်ပြီး ဖြစ်လျှင် စိုးရိမ်ရတတ်တယ်။ အိမ်ထောင်ဘက် ကျန်းမာရေး ညံ့နိုင်တယ်။ ငယ်ရွယ်သူများ ကိုယ့်ထက် အသက်ကြီးသူများ ၊ လူမျိုးဘာသာခြားသူများ နှင့် အချစ်ရေး ကိစ္စ ကြုံရတတ်တယ်။ အချို့ အိမ်ထောင်ရှိသူများနှင့်ပင် ညိစွန်းတတ်တယ်။ အလိုလို နေရင်း စိတ်တို ၊ စိတ်ရှုတ်နေတတ်တယ်။ ဆွေမျိုးသားခြင်းရဲ့ ဒုက္ခပေးမှုကို ခံရတတ်တယ်။ ချစ်သူ ရှိပြီးသူများ အချစ်ရေး ကိစ္စများ အဆင်ပြေနိုင်တယ်။ နာမည်မှာ တနင်္လာ စ, ပြီး တနင်္ဂနွေ နှင့် အင်္ဂါ ၊ စနေ “ပိတ်” ထားသူများ ဒီလထဲမှာ အထူးကောင်းစားကိန်း ရှိပါတယ်။ ဒါပေမယ့် တစ်ဖက်ကလည်း ကျန်းမာရေး အညံ့ရှိနိုင်တယ်။ သိပ်တော့ စိုးရိမ်ဖွယ် မရှိပါ။ ယတြာကတော့ - မွေးနံ တနင်္လာနေ့မှာ အိမ်က ဘုရား ဘယာကြော်နဲ့ ဆွမ်းကပ်လှူ လှူဒါန်းလိုက်ပါ။ . အင်္ဂါ သားသမီးများ အင်္ဂါ သားသမီးများအတွက် ယခုလ, ဟာ ကံဇာတာ အညံ့ပိုများလိမ့်မယ်။ အထူး သတိထားရမှာက မတော်တဆ ထိခိုက်ဒါဏ်ရာ ရမှုဘဲဖြစ်တယ်။ ငွေကြေးကိစ္စတော့ ကံကောင်းနိုင်တယ်။ လာဘ်လာဘ ရွှင်လန်းနေလိမ့်မယ်။ ဥပဒေ နဲ့ မလွတ်ကင်းတဲ့ စီးပွားရေးမျိုး လုပ်နေသူများ ငွေများများဝင်ကိန်း ရှိပေမယ့် ဥပဒေနဲ့ ညိစွန်းကိန်းလည်း ရှိနေတယ်။ နာမည်မကောင်းသတင်း ထွက်တတ်တယ်။ နေရာထိုင်ခင်း အပြောင်းအလဲ ၊ အလုပ်အကိုင် အပြောင်းအလဲများ ရှိနိုင်ပြီး ဒီလို အပြောင်းအလဲ ရှိရင် အနည်းငယ် အဆိုးသက်သာခွင့် ရှိမယ်။ ဒီလထဲမှာ ခရီးတို ၊ ခရီးရှည်များ သွားလာရင် သတိအထူးထားပါ။ ဘေးအန္တရာယ် ကြုံတတ်ပါတယ်။ နိုင်ငံခြားထွက်ဖို့ ကြံနေသူများ ခရီးစဉ်ပျက်ပြားမှု နှောင့်နှေးကြန့်ကြာမှုများ ကြုံရတတ်ပါတယ်။ ဒီလထဲမှာ ၀င်တဲ့ ငွေကြေး လာဘ်လာဘဟူသမျှ မသန့်ရှင်းတဲ့ ငွေဖြစ်ရင် “ထောင် ၊ အချုပ်” များနှင့် အလွန်နီးစပ်လှတာကိုတော့ အထူး သတိပေးလိုပါတယ်။ သန့်ရှင်းတဲ့ငွေ ဖြစ်လျှင်သော်မှ ဒီလထဲမှာ ၀င်သမျှ အဖတ်မတင်တတ်ပါဘူး။ တနည်းနည်းနဲ့ ပြန်ထွက်တတ်ပါတယ်။ နာမည်မှာ အင်္ဂါ စ, ပြီး ဗုဒ္ဓဟူး ၊ ကြာသပတေး ၊ စနေ နံတွေနဲ့ “ပိတ်” ထားသူများ ဒီလထဲမှာ အညံ့များနိုင်တယ်။ အထူးသဖြင့် ဗုဒ္ဓဟူးနံ ပိတ်ထားသူများ အထူးသတိ ထားပါ။ ယတြာကတော့ - အိမ်ကဘုရားမှာ မွေးနေ့တိုင်း စွန်ပလွန်ယို လှူဒါန်းပေးပါ။ ပြီးရင် ကလေးငယ် တစ်ဦးဦးကို ပေးကမ်းစွန့်ကြဲလိုက်ပါ။ ကိုယ်တိုင် မစားရပါ။ . ဗုဒ္ဓဟူး/ရာဟု သားသမီးများ ဗုဒ္ဓဟူးသားသမီးများအတွက် ယခုလဟာ ကံကောင်းမှုတွေ ၊ ကံညံ့မှုတွေ အရောရော အထွေးထွေး ဖြစ်နိုင်တဲ့ လ, တစ်လဘဲ ဖြစ်ပါတယ်။ ကျန်းမာရေးကိုတော့ အထူးဂရုစိုက်သင့်တယ်။ ကျန်းမာရေး ရုတ်တရက် ထိခိုက်ဖွယ် ရှိတယ်။ ဒါပေမယ့် ဒီလထဲမှာ အလုပ်အကိုင် အခွင့်အလမ်းများ အလွန်တိုးတက်ကောင်းမွန်နိုင်တယ်။ ယခင်လများက လုပ်ငန်းသစ် စ, ထားသူများ ယခုလမှာ လုပ်ငန်းသစ်ကနေ အကျိုးအမြတ်များစွာ ရနိုင်တယ်။ တစ်ချို့ ဗုဒ္ဓဟူးသားများအတွက် ယခုလမှာမှ လုပ်ငန်းသစ်များ စ, တင်ဖွယ် ရှိပြီး ဒီလုပ်ငန်းဟာလည်း အလွန်အောင်မြင် တိုးတက်ဖို့ ရှိတယ်။ ငွေကြေး အလုံးအရင်း နဲ့ ၀င်ဖို့ ကိန်း ရှိနေတယ်။ အိမ်ထောင် ရေး အိမ်တွင်းရေးများမှာတော့ သာယာချမ်းမြေ့မှုများ ကြုံတွေ့ရမယ်။ (၀ါတွင်း အိမ်ထောင်မပြုရ ဆိုတာကို မယုံကြည်သူများ/ ဗုဒ္ဓဘာသာမဟုတ်သူများ) ယခုလမှာ အိမ်ထောင်ကျဖို့ အခွင့်အလမ်း အလွန်များတယ်။ ဟော်တယ် ၊ ခရီးသွားလာရေး ၊ စားပွဲရုံများ ၊ လူထု ဖျော်ဖြေရေးလုပ်ငန်း လုပ်သူများ ၊ အမျိုးသမီး အလှအပဆိုင်ပစ္စည်းများ ထုတ်လုပ် ရောင်းဝယ်သူများ ၊ ယာဉ်ကား ရောင်းဝယ်သူများ အထူးအကျိုးများနိုင်တယ်။ နိုင်ငံခြားကို ထွက်မည့်သူများ အဆင်ပြေ လွယ်ကူစွာထွက်ခွင့်ရမယ်။ ဒီလထဲမှာ အထူးသတိထားရမှာက ကျန်းမာရေးပါဘဲ။ ကိုယ်တိုင် ဆေးရုံ ဆေးခန်း ရောက်ချင်ရောက် ၊ မရောက်ရင် ဆေးရုံများကို လူနာမေးသွားရတတ်ပါတယ်။ ညီအစ်ကို မောင်နှမထဲမှာ မကျန်းမမာဖြစ်မှုမျိုးလည်း ဖြစ်နိုင်ပါတယ်။ နာမည်မှာ ဗုဒ္ဓဟူး စ, ပြီး အင်္ဂါ ၊ ဗုဒ္ဓဟူး ၊ ကြာသပတေး နဲ့ စနေနံတွေ နဲ့ “ပိတ်” ထားသူများ ကျန်းမာရေး ပြဿနာ သော်၎င်း ၊ လိင်ကိစ္စနဲ့ ပတ်သက်ပြီး နာမည်ပျက်မှုသော်၎င်း ကြုံနိုင်တယ်။ တနင်္ဂနွေ ၊ တနင်္လာ ၊ သောကြာ နံတွေနဲ့ နာမည် ပိတ်ထားသူများ သာ အညံ့နည်းနိုင်တယ်။ ယတြာကတော့ - မွေးနေ့တိုင်းမှာ အိမ်ကဘုရားမှာ သီဟိုစေ့ နဲ့ နာနတ်သီး တလှည့်စီ ဆွမ်းနဲ့အတူ ကပ်လှူပေးပါ။ . ကြာသပတေး သားသမီးများ ကြာသပတေးသားသမီးများအတွက် ယခုလဟာ ထူးခြားတဲ့ အပြောင်းအလဲတွေ ဖြစ်နိုင်တယ်။ အိုးအိမ် နေရာ ပြောင်းလဲခြင်း ၊ အလုပ်အကိုင်ပြောင်းလဲခြင်း ၊ ဘ၀အဆင့်အတန်း ပြောင်းလဲခြင်းများကြုံတွေ့နိုင်တယ်။ အထူးသတိပြုရမှာကတော့ ကျန်းမာရေး ဘဲဖြစ်ပါတယ်။ ဒီလမှာ ကြာသပတေးသားသမီးများဟာ မိမိကိုယ်တိုင်သော်၎င်း ၊ မိမိအိမ်ထောင်ဘက်သော်၎င်း ကျန်းမာရေး ညံ့ဖျင်းမှုနဲ့ ကြုံနိုင်တယ်။ ဒီလို ကျန်းမာရေး အညံ့ဟာ နဂိုရောဂါ အခံရှိသူများမှာ ပိုဆိုးလာနိုင်တယ်။ နောက်တစ်ခု ကျန်းမာရေး မဖြစ်ရင် အိမ်ထောင်ရေး ပြဿနာ ကြုံနိုင်တယ်။ နဂိုကတည်းက အိမ်ထောင်ရေး အရှုတ်အထွေးရှိပြီး လျှို့ဝှက်ထားသူများ ယခုလ မှာ မိမိဖုံးကွယ်ထားတဲ့ အိမ်ထောင်ရေး အရှုတ်ထုတ် “ဗူးပေါ်သလို” ပေါ်သွားနိုင်တယ်။ အိမ်ထောင်ရေး ပြဿနာ ကြုံနိုင်တဲ့ လ, ဘဲဖြစ်တယ်။ စီးပွားရေးလုပ်ငန်းရှင်များ စပ်တူလုပ်ငန်းများ လုပ်ထားတာရှိရင် စိတ်ဝမ်းကွဲပြားမှုတွေ ပေါ်နိုင်တယ်။ တစ်ဦး နဲ့ တစ်ဦး မယုံသင်္ကာဖြစ်မှုတွေ ကြုံရနိုင်တယ်။ နိုင်ငံခြား ခရီးသွားဖို့ အစီအစဉ် ရှိသူများအတွက်တော့ အခက်အခဲများကြားကနေ ထွက်ဖြစ်လိမ့်မယ်။ ကြာသပတေး သားသမီးများ ဒီလထဲမှာ ကံနည်းနည်း နိမ့်ဖွယ်ရှိလို့ တစ်ဖက်သားကို ရန်ရှာတဲ့ အပြုအမူများ ၊ မယုံသင်္ကာဖြစ်မှုများကို ချုပ်တီးထားပါ။ ပြဿနာ ကြီးလာတတ်တယ်။ ဒီလအတွက် ကောင်းတာ တစ်ခုက အလုပ်လျှောက်ထား သူများ ၊ အလုပ် အပြောင်းအရွှေ့အတွက် စာတင်ထားသူများတော့ အဆင်ပြေလိမ့်မယ်။ အလုပ်သစ် အကိုင်သစ်များ ရရှိကိန်း ရှိပါတယ်။ ငွေကြေးကံကတော့ သိပ်မကောင်းလှပါ။ အကြောင်း အမျိုးမျိုးကြောင့် ငွေကြပ်ပြီး ကြွေးတင်နေတတ်တယ်။ ငယ်ရွယ်သူများ ပညာရေးကံကတော့ သိပ်မဆိုးလှပါ။ နာမည်မှာ ကြာသာပတေး စ, ပြီး အင်္ဂါ ၊ ဗုဒ္ဓဟူး ၊ သောကြာ နဲ့ စနေနံတွေ နဲ့ “ပိတ်” ထားသူများ ကျန်းမာရေး အလွန်ညံ့ဖွယ်ရှိပြီး အိမ်ထောင်ရေး ပြဿနာတွေလည်း ကြုံနိုင်တယ်။ ယတြာကတော့ - မွေးနေ့တစ်နေ့မှာ သံဃာတော်တွေကို မုန့်ဖက်ထုပ်များကပ်လှူပေးပြီး ထိုနေ့မှာဘဲ အိမ်ကဘုရားမှာ “လဘ္ဘက်သုပ်” နဲ့ ဆွမ်းကပ်လှူပေးပါ။ . သောကြာ သားသမီးများ သောကြာ သားသမီးများအတွက် ယခုလဟာ အငြိမ်မနေရဘဲ လှုပ်ရှားသွားလာရမှု များမယ့် လ, တစ်လ ဖြစ်နိုင်တယ်။ ဒီလို များများ လှုပ်ရှားသွားလာရလေလေ ပိုက်ဆံပိုဝင်လေလေလည်း ဖြစ်တတ်တယ်။ ဒီလဟာ ခရီးသွားလာမှု လုပ်ငန်းများ ၊ အကျိုး ဆောင် ပွဲစားလုပ်ငန်းများ လုပ်ကိုင်သူများအတွက် အထူးကောင်းမယ့် လ, ဖြစ်တယ်။ ဒီလမှာ ငွေများများ ၀င်ကိန်း ရှိသလို များများထွက်ကိန်းလည်း ရှိတတ်တယ်။ ဘာသာရေးနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ ကိစ္စများ ၊ အလှူဒါနများ ဆောင်ရွက်ရတတ် တယ်။ ဒီလထဲမှာ များများ လှူပေးနိုင်ရင် ပေးနိုင်သလောက် အကျိုးများမယ့် လ, ဖြစ်တယ်။ ဘဏ်များကနေ ချေးငွေရဖို့ ကြိုးစား နေသူများ ၊ ဒီလထဲမှာ ချေးငွေကို အဆင်ပြေစွာ ရရှိနိုင်တယ်။ အိမ်ထောင်ရှိသူများ အိမ်ထောင်ဘက် ကျန်းမာရေး ခြူချာနေမယ်။ ဒီလထဲမှာ လူမျိုးခြား ၊ ဘာသာခြားများနဲ့ ဆက်ဆံလုပ်ကိုင်ရတဲ့ လုပ်ငန်းများ အဆင်မပြေနိုင်ပါ။ ခိုက်ရန် ဖြစ်ပွားမှုများပင် ဖြစ်နိုင် ပါတယ်။ စီးပွားရေး လုပ်ငန်းရှင်များအတွက် ဒီလထဲမှာ ၀န်ထမ်းများရဲ့ ပြဿနာများကို ရင်ဆိုင်ဖြေရှင်းရဖွယ် ရှိနေပါတယ်။ ယုံကြည်စိတ်ချရတဲ့ လူယုံ တပည့်များ ကိုယ့်ဆီကနေ အလုပ်ထွက်သွားတာမျိုး ကြုံရတတ်တယ်။ ဒီလထဲမှာ “အနက်ရောင်” အ၀တ်အစား အသုံးအဆောင်များ ၀တ်ဆင်သုံးစွဲမှု မပြုတာကောင်းတယ်။ “အနက်ရောင်” ဟာ ဒီလအတွက် ဒုက္ခပေးမယ့် နိမိတ် ကိုဆောင်တဲ့ အရောင်ဖြစ်နေတတ်တယ်။ (ဒီလ တစ်လတည်းပါ)။ မော်တော်ကားတောင်မှ အနက်ရောင် ကားကို မစီးပါနဲ့။ Accident ဖြစ်တတ်ပါတယ်။ နာမည်မှာ သောကြာ စ,ပြီး စနေ ဆုံးသူများ ဒီလအတွက် ကံညံမှုတွေ များနိုင်တယ်။ သောကြာစပြီး တနင်္လာ ၊ အင်္ဂါ ၊ ကြာသပတေး ပိတ်ထားသူများကတော့ ကံကောင်းမှုတွေ များလိမ့်မယ်။ ဗုဒ္ဓဟူး နဲ့ ကြာသပတေး ဆုံးသူများကတော့ အကောင်း/ အဆိုး ရောနှောနေလိမ့်မယ်။ ယတြာကတော့ - မိမိအိမ်က ဘုရားမှာဘဲ သရက်သီးသနပ် နဲ့ ဆွမ်းတော်ကပ်ပြီး စွန့်ပစ်လိုက်ပါ။ မိမိကိုယ် တိုင် မစားရပါ။ . စနေ သားသမီးများ စနေ သားသမီးများအတွက် အိုးသစ် အိမ်သစ် အလုပ်သစ် အကိုင်သစ်များ ၀င်ကိန်း ရှိတယ်။ သို့မဟုတ်ရင် အိုးအိမ် ၊ ဆောက်လုပ်ရေး ၊ ရောင်းဝယ်ရေး လုပ်ငန်းများကြောင့် အကျိုးကျေးဇူး ခံစားရဖို့ ရှိပါတယ်။ အလုပ်အကိုင်လုပ်ရာမှာ လူပင်ပန်း စိတ်ပင်ပန်းမှု များမယ်။ တာဝန်ယူရမှု များလိမ့်မယ်။ ဒါပေမယ့် ပင်ပန်းသလောက်လည်း အကျိုးကျေးဇူး ရှိပါလိမ့်မယ်။ ငွေကြေးကံ အထူးကောင်းနိုင်တယ်။ လာဘ်လာဘ ရွှင်လန်း နေလိမ့်မယ်။ ဒီလထဲမှာ ဆေးရုံဆေးခန်းများကို ရောက်ကိန်း ရှိပါတယ်။ ကိုယ်ကိုယ်တိုင် တက်ရတမဟုတ်ဘဲ လူနာမေးသွားဖို့ ရောက်တာဆိုရင်တော့ ကံကောင်းတယ်လို့ ယူဆလိုက်ပါ။ ဒီလထဲမှာ လက်ထဲမှာ ပိုက်ဆံရွှင်နေတော့ အပျော်အပါးများတတ်တယ်။ အသုံးအဖြုန်း များတတ်တယ်။ အပေါင်းအသင်းများနဲ့ ထွက်တာ များလွန်းလို့ အိမ်ထောင်ရှိသူများ အိမ်ထောင်ရေး တကျက်ကျက် ဖြစ်နေတတ်တယ်။ ဒါပေမယ့် အိမ်ထောင်မကျသေးသူ လူပျို လူလွတ်များ ယခုလမှာ ရုတ်တရက် အိမ်ထောင်ကျကိန်း ၊ လက်မှတ်ထိုးရကိန်းများ ရှိပါတယ်။ မိန်းမရှုပ်သူ ယောင်္ကျားပျိုများ မလည်ရှုတ်လုပ်ရာကနေ မယူချင်ဘဲ ယူလိုက်ရတဲ့ ကိစ္စမျိုး ကြုံရဖွယ် ရှိပါတယ်။ နိုင်ငံခြား နှင့် ပတ်သက်သော ကိစ္စများ ကံကောင်း နိုင်တယ်။ နာမည်မှာ စနေ စ, ပြီး တနင်္ဂနွေ ၊ တနင်္လာ ၊ အင်္ဂါ ဆုံးသူများ ဒီလ, မှာ အထူးကောင်းမွန်တဲ့ အခွင့်အရေး နဲ့ ကံကြမ္မာတွေ ရရှိ နိုင်တယ်။ နာမည်မှာ စနေ စ, ပြီး သောကြာ ၊ စနေ ၊ တနင်္ဂနွေ ဆုံးသူများ ဒီလထဲမှာ အိမ်ထောင်ရေးပြဿနာ ၊ မတော်တဆ ထိခိုက်မှု နဲ့ အလုပ်ရာထူး ထိခိုက်မှုများ ဖြစ်နိုင်ချေရှိတယ်။ (မှတ်ချက်။ ။ တနင်္ဂနွေနံနဲ့ နာမည်ဆုံးသူများ အကောင်း/အညံ့ ရောနေပါတယ်)။ ယတြာကတော့ - အုန်းသီး နဲ့ ထန်းလျှက်ကို အတူတွဲပြီး ဘုရားဆွမ်းတော်ကပ်ရာမှာ အချိုပွဲအဖြစ် ရောထည့် ကပ်လှူပေးပါ။ . မှတ်ချက်။ ။ ယခုလ(သြဂုတ်လ) တွင် ကောင်းကင် အမြင်ဂြိုဟ်များအရ ကန်ရာသီတွင် ရပ်တည်သော စနေဂြိုဟ် နှင့် မေထုန်ရာသီတွင် ရပ်တည်သော အင်္ဂါဂြိုဟ်တို့ တစ်လုံး နှင့် တစ်လုံး အပြန်အလှန် အဆိုးမြင်ဖြင့် မြင်နေကြခြင်းကြောင့် အနိဌာရုံ ကိစ္စများ ဖြစ်ပွားနိုင်ချေ ရှိပါသည်။ သဘာဝဘေးဥပဒ်များ အနက် “မုန်တိုင်း ၊ ငလျှင်” တစ်ခုခု ကျရောက် ကောင်း ကျရောက်နိုင်ချေရှိသည်။ သို့မဟုတ် “ဗုံးပေါက်ကွဲ” မှုများလည်း ဖြစ်နိုင်ချေရှိသည်။ (ထိုသို့ ဂြိုဟ်အမြင်အယှဉ်ရှိလျှင် ယခင်နှစ်များဆီက ဖြစ်ခဲ့ဘူးသော သာဓကများ ရှိသောကြောင့် သတိပေးခြင်းမျှသာ ဖြစ်ပါသည် ၊ မုချ ဖြစ်မည်ဟုကား မပြောနိုင်ပါ ) ထို့ကြောင့် မိမိ သက္ခတ် အညံ့ထဲသို့ ရောက်နေလျှင် လူစုလူဝေးများရှိရာသို့ သွားလာခြင်းများကို အထူးရှောင်ရှား သင့်ကြောင်း သတိပေးလိုပါသည် ခင်ဗျား။ . (၇)ရက် သားသမီးအားလုံး ဘေးဥပဒ် အန္တရာယ်များ ကင်ရှင်းပြီး ကျန်းမာချမ်းသာကြပါစေကုန်သော်။ ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)
<urn:uuid:59a8376c-097a-43b9-baa6-618988539ce8>
CC-MAIN-2013-20
http://compubaydathukhuma.com/?p=6047
2013-05-24T21:41:17Z
s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368705069221/warc/CC-MAIN-20130516115109-00046-ip-10-60-113-184.ec2.internal.warc.gz
mya
0.93188
Mymr
1
{"mya_Mymr_score": 0.9318795204162598, "blk_Mymr_score": 0.06676091998815536}
1 အို ဘုရားသခင်၊ အကျွန်ုပ်အော်ဟစ်ခြင်းကို နားထောင်၍ အကျွန်ုပ်၏ ပဌနာစကားကို မှတ်တော်မူပါ။ 2 စိတ်နှလုံးညှိုးငယ်လျက် မြေကြီးစွန်းမှ ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ၏။ အကျွန်ုပ်အထက်၌ မြင့်သော ကျောက်သို့ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ။ 3 ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ၊ ရန်သူတို့ရှေ့မှာ ခိုင်ခံ့သော ရဲတိုက်ဖြစ်တော်မူ၏။ 4 တဲတော်၌ အစဉ်နေပါမည်။ အတောင်တော်ဖုံးအုပ်ရာ၌ ခိုလှုံပါမည်။ 5 အို ဘုရားသခင်၊ အကျွန်ုပ်ပြုသော သစ္စာဂတိတို့ကို ကြားတော်မူ၏။ နာမတော်ကို ကြောက်ရွံ့သော သူတို့၏အမွေကို အကျွန်ုပ်အား ပေးတော်မူလိမ့်မည်။ 6 ရှင်ဘုရင်၏ အသက်နေ့ရက်ကာလကို ရှည်စေတော်မူ၍၊ နှစ်စဉ်မပြတ် နိစ္စထာဝရ တည်ပါစေသော။ 7 ဘုရားသခင် ရှေ့တော်၌ အနန္တကာလပတ်လုံး နေတော်မူစေသတည်း။ ကရုဏာနှင့် သစ္စာတော်သည် သူ့ကို စောင့်မစေသတည်း။ 8 သို့ဖြစ်၍ နေ့ရက်အစဉ်အတိုင်း သစ္စာဝတ်ကို ဖြေခြင်းငှါ၊ နာမတော်ကို အစဉ်အမြဲ ထောမနာသီချင်း ဆိုပါလေအံ့သတည်း။
<urn:uuid:4af1327e-874d-4b3f-a4b5-4bc040988a0f>
CC-MAIN-2013-20
http://www.bible.is/MYAOJV/Ps/61
2013-05-20T01:04:29Z
s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368698196686/warc/CC-MAIN-20130516095636-00049-ip-10-60-113-184.ec2.internal.warc.gz
mya
0.997213
Mymr
30
{"mya_Mymr_score": 0.9972127676010132}
အလက်ဇန်းဒါး ပုရှ်ကင် အလက်ဇန်းဒါး ဆာဂျီရေဗစ် ပုရှ်ကင် (Alexander Sergeyevich Pushkin) ( ဇွန်လ ၆ရက်၊ ၁၇၉၉ - ဖေဖော်ဝါရီလ ၁၀ရက်၊ ၁၈၃၇) သည် ရိုမန်တစ် ခေတ်ကာလ က ရုရှားစာရေးဆရာ တစ်ဦး ဖြစ်ပြီး အလွန်တော်သော ရုရှားကဗျာဆရာတစ်ဦး နှင့် ခေတ်သစ် ရုရှားစာပေကို တည်ထောင်သူ တစ်ဦး အဖြစ်လည်း အများက မှတ်ယူကြသည်။ မော်စကိုမြို့ရှိ ရုရှား သူကောင်းမျိုးအတွင်း မွေးဖွားခဲ့ပြီး ၁၅ နှစ်သားတွင် ပထမဆုံး ကဗျာကို ရေးသားဖြန့်ချီခဲ့သည်။ အထက်တန်းစား လူငယ်တို့ တက်ရောက်သင်ကြားလေ့ ရှိသော ဇာကိုရီ ဆီလို အင်ပီရီယယ် လိုင်ဆီယမ် ကျောင်းမှ ဘွဲ့ရပြီးချိန်တွင် စာပေနယ်ပယ်တွင် ကောင်းမွန်စွာ နေရာရရှိပြီး ဖြစ်နေပြီ ဖြစ်သည်။ ဇာဘုရင်၏ နိုင်ငံရေး ပုလိပ်များ တင်းကြပ်စွာ စောင့်ကြပ်ကြည့်ရှုနေမှုကြောင့် ထုတ်ဝေဖြန့်ချီမှု မပြုနိုင်သော အချိန်တွင် ပုရှ်ကင်သည် သူ၏ အထင်ရှားဆုံး ပြဇာတ်ဖြစ်သော ဘောရစ် ဂိုဒိုနော့ကို ရေးသားခဲ့သည်။ ကဗျာစာသားနှင့် ရေးသားထားသော ဝတ္ထုတစ်ပုဒ် ဖြစ်သည် ယူဂျင်း အိုနီဂျင်ကို ၁၈၂၅ နှင့် ၁၈၃၂ ကြားတွင် ရေးသားခဲ့သည်။ သူ၏ ဂုဏ်သိက္ခာနှင့် ပတ်သက်လျှင် ဆတ်ဆတ်ထိမခံသူ အဖြစ် နာမည်ဆိုး ထွက်ခဲ့ပြီး ပုရှ်ကင်သည် တစ်ဦးချင်း စိန်ခေါ်ပွဲ ၂၉ ခုတွင် ပါဝင် တိုက်ခိုက်ခဲ့သည်။ ဂျော့ရှ် ချားလ် ဒီ ဟက်ကရင်း ဒီ အန်သေး ဆိုသူသူ နှင့် တစ်ဦးချင်း ယှဉ်ပြိုင်တိုက်ခိုက်သော ပွဲတွင် သေလုမျောပါး ဒဏ်ရာ ရခဲ့သည်။ ထိုသူမှာ ကဗျာဆရာ၏ ဇနီးဖြစ်သူ နာတာလျာ ပုရှ်ကီနာကို မြူဆွယ်ရန် ကြံစည်နေသော ပြင်သစ် စစ်တပ်မှ အရာရှိ တစ်ဦး ဖြစ်သည်။ ပုရှ်ကင် အသက် ၃၇ နှစ် အရွယ်တွင် စောစီးစွာ ကွယ်လွန်သွားခြင်းကို ရုရှားစာပေ၏ ကပ်ဆိုက်သော အဖြစ်အပျက်တစ်ခု အဖြစ် မှတ်ယူကြဆဲပင် ဖြစ်သည်။
<urn:uuid:6864127e-f83d-461f-9b4f-ed3a1fbc7055>
CC-MAIN-2013-20
http://my.wikipedia.org/wiki/%E1%80%A1%E1%80%9C%E1%80%80%E1%80%BA%E1%80%87%E1%80%94%E1%80%BA%E1%80%B8%E1%80%92%E1%80%AB%E1%80%B8_%E1%80%95%E1%80%AF%E1%80%9B%E1%80%BE%E1%80%BA%E1%80%80%E1%80%84%E1%80%BA
2013-05-25T11:21:51Z
s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368705939136/warc/CC-MAIN-20130516120539-00051-ip-10-60-113-184.ec2.internal.warc.gz
mya
0.99955
Mymr
87
{"mya_Mymr_score": 0.9995495080947876}
Myanmar Today blog is currently running a visitor opinion survey on Myanmar’s upcoming election in 2010. The blog is running a poll on the topics that everybody is interested in: - should NLD participate in 2010 election? - will Myanmar’s 2010 election be free and fair? - will NLD win, if it participates, in 2010 election? Please visit opinion survey on Myanmar’s 2010 election on Myanmar Today blog and vote your opinion. မြန်မာယနေ့ ဘလော့ပေါ်မှာ ၂၀၁၀ ခုနှစ် မြန်မာပြည် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လာရောက် လည်ပတ် သူတွေရဲ့ သဘောထား အမြင်တွေကို သိရအောင် ဆာဗေး တစ်ခု တင်ထားပါတယ်။ လူတိုင်း သိချင် နေတဲ့ အချက်တွေ ဖြစ်တဲ့ - လာမယ့် ၂၀၁၀ ရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင် သင့်မသင့် - လာမယ့် ၂၀၁၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရား မျှတမှု ရှိမရှိ - ၂၀၁၀ ရွေးကောက်ပွဲကို အဖွဲ့ ချုပ်က ဝင်ပြိုင်ရင် အနိုင် ရနိုင်၊ မနိုင် အစ ရှိတဲ့ မေးခွန်းတွေကို မေးမြန်း ထားပါတယ်။ ယခု အချိန်ထိ ဖြေဆို ပြီးသူ ၄၀ ကျော် ရှိပါပြီ။ အခုထိ ဘာတွေ ဖြေဆို ထားတယ် ဆိုတာ ကိုလဲ ချက်ချင်း ကြည့်ရှု နိုင်ပါတယ်။ ၂၀၁၀ မြန်မာ ရွေးကောက်ပွဲ အမြင် ဆိုတဲ့ နေရာမှား မဲပေး နိုင်ကြပါပြီ။ Related posts: - User opinion poll for Zawgyi and Myanmar unicode 5.1 Dear visitors, I would like to run a small... - Want to know about Myanmar in one site? If you want to know about Myanmar, whether culture, tradition,... Do you like this post? Perhaps you might want to subscribe to my blog.
<urn:uuid:7e694a49-3a1a-400a-a2e2-f0b4e09b4e23>
CC-MAIN-2013-20
http://www.bamarlay.com/2009/10/visitor-opinion-on-2010-myanmar-election/
2013-06-18T21:37:42Z
s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368707188217/warc/CC-MAIN-20130516122628-00039-ip-10-60-113-184.ec2.internal.warc.gz
mya
0.953602
Mymr
1
{"mya_Mymr_score": 0.9536019563674927, "blk_Mymr_score": 0.0372098945081234}
အမေ့နားမှ ပြန်မလာနိုင်တာ.. ဆံပင်ညှပ်ပလိုက် ညှပ်မနေနဲ့တော့ နင် ဆံပင်ရှည်တဲ့ပုံမမြင်ဖူးသေးတော့ ဘယ်လိူုနေမလဲ မြင်ဖူးချင်လို့း)ဒီကဗျာက လွမ်းရမယ့် ကဗျာကို နှောင့်သွားတာမဟုတ်ဘူးနော် စိတ်များ ပြောင်းလေမလားလို့ စ သွားတာ ။ ဂတုံး သာတုံးထားလိုက်တော့ဗျာ ... မောင်မျိုးရယ် .. သူဆံပင်ရှည်တဲ့ပုံတွေ တွေ့ချင်ရင် ဖဘမှာ ကြည့်လေ သူ့ပုံအဟောင်းတွေ... ရီရတယ် ။ အမြဲ လွမ်းနေမယ့် အလွမ်း..... ကတုံးတုံးလိုက်ပါလား။ မေမေလဲသက်သာတာပေါ့။အုန်းဆီလဲ ကုန်တော့ဘူးပေါ့။ချစ်စရာ ကတုံးလေး..း)) သီလရှင် ဝတ်ပေးလိုက်ရင် ကောင်းမလား :P ကိုယ့်ညီမလေး ညီညီကမှ မေတ္တာထားသေးတယ်။ အဘိုးကြီး အဘွားကြီးတွေ... မလွယ်ပါလားး((မယ်သီလရင်ဘွဲ့တောင်ရှိတယ်။ မခေမာစာရီ တဲ့။လှဘူးလား ဘွဲ့အမည်လေးက :P သား...ဆံပင်ရှည်နဲ့အတူမေမေ့ရဲ့ မေတ္တာ အနန္တလဲသားရဲ့အပေါ် စီးဆင်းမြဲပေါ့သားရယ်..... mirror ရေ side bar မှာ ယူသုံးလိုက်ပြီနော်။ Post a Comment
<urn:uuid:4dec62a8-b0d8-4103-8b82-319b807fe772>
CC-MAIN-2013-20
http://www.makyaymone.info/2010/08/blog-post_25.html
2013-06-18T21:31:37Z
s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368707188217/warc/CC-MAIN-20130516122628-00039-ip-10-60-113-184.ec2.internal.warc.gz
mya
0.935692
Mymr
39
{"mya_Mymr_score": 0.9356918931007385, "blk_Mymr_score": 0.05541737750172615}
၈၈ မျိုးဆက် ကျောင်းသား ကိုသံဒုတ်က - "ကျွန်တော်တို့ မရောက်သေးတဲ့ ပန်းတိုင်ကို စစ်အာဏာရှင်တွေကနေ ဘယ်လို နည်းပရိယာယ်နဲ့ပဲ ကျင့်သုံးကျင့်သုံး ကျွန်တော်တို့ သတိရှိဖို့ လိုတယ်။ ကျွန်တော်တို့တတွေဟာ စည်းလုံးညီညွတ်မှုကို ဆက်လက်ပြီး ကိုင်စွဲဖို့လိုတယ်။ နောက်တချက် ဒီကနေ့ ကာလဟာ ကျွန်တော်တို့ အားလုံး စည်းလုံးညီညွတ်မှုနဲ့ သံဓိဋ္ဌာန် ပိုပြီးတော့ချမှတ်၊ ပိုပြီးတော့ ကျွန်တော်တို့ ရှေ့ဆက်ချီတက် ရလိမ့်မယ်" ရှစ်လေးလုံး အခမ်းအနားကို တရုတ် မြန်မာနယ်စပ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ရဲ့ မြောက်ပိုင်း ကျောင်းသား တပ်မတော်ဌာနချုပ်မှာလည်း စစ်ရေး တင်းမာနေတဲ့ကြားကနေ ကျင်းပကြပါတယ်။ ABSDF မြန်မာပြည် မြောက်ပိုင်း ကျောင်းသားခေါင်းဆောင် ကိုလဆိုင်းက - "ရှစ်လေးလုံးက ရခဲ့တဲ့ သမိုင်းပေးတဲ့ သင်ခန်းစာတွေ၊ အတွေ့အကြုံတွေကို ပြန်လည်ပြီးတော့ ဝေငှကြတယ်။ တက်ရောက် လာကြတာကတော့ မဟာမိတ် ကေအိုင်အို၊ ကေအိုင်အေ။ နောက် တော်လှန်ရေး အဖွဲ့အစည်းမှာ ရောက်နေတဲ့ ရခိုင့်တပ်မတော်၊ နောက် ချင်းအမျိုးသား တပ်ဦး၊ အမျိုးသမီး အစည်းအရုံး၊ လူငယ် အသင်းအဖွဲ့တွေနဲ့ လိုင်ဇာမြို့မှာရှိတဲ့ ရပ်မိရပ်ဖ ပြည်သူလူထု အပေါင်းနဲ့ စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ကျွန်တော်တို့ ကျောင်းသား တပ်မတော် မြန်မာပြည် မြောက်ပိုင်းရဲ့ ဌာနချုပ်မှာ ကျွန်တော်တို့ ရဲဘော် ရဲမေတွေနဲ့ ပူးပေါင်း ကျင်းပတဲ့ နိုင်ငံရေး အခမ်းအနား ဖြစ်ပါတယ်" အခမ်းအနားမှာ ကာတွန်း၊ ကဗျာ စတဲ့ နံရံကပ် ပိုစတာတွေ ပြသထားပြီး လူ ပေါင်း ၃၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။ အလားတူပဲ ကချင်ပြည်နယ် မိုးကောင်းမြို့ အင်န်အယ်ဒီ အဖွဲ့ဝင်တွေကလည်း ၈ လေးလုံးမှာ ကျဆုံးသွားသူတွေကို ရည်စူးပြီး ကုသိုလ်ကောင်းမှု အလှူဒါနများ ပြုလုပ်ကာ ၈ လေးလုံး အခမ်းအနားကို ကျင်းပကြကြောင်း အင်န်အယ်လ်ဒီ အဖွဲ့ဝင် ကိုဝင်းအောင်က ပြောပါတယ်။ အိန္ဒိယမြို့တော် နယူးဒေလီ ဂျန်တာမန်တာ ပန်းခြံရှေ့မှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် (ABSL) ကနေ ဦးဆောင်ပြီး နယူးဒေလီရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေ အယောက် ၅၀ ကျော်တို့က ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။ ABSL ခေါင်းဆောင် ကိုကျော်သန်းက - “၈၈ အရေးတော်ပုံ ၂၄ နှစ်မြောက် အထိမ်းအမှတ်အနေနဲ့ ကျွန်တော်တို့က ၈၈ ရဲ့ ရည်မှန်းချက် အစစ်အမှန်ဖြစ်တဲ့ စစ်အာဏာရှင် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီ ပြန်လည်ရရှိရေး ဆိုတဲ့ ရည်းမှန်းချက်တွေကို ပြန်လည်ဖော်ထုတ်တာပါပဲ။ ပြီးတော့ လက်ရှိ မြန်မာနိုင်ငံမှာ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ သွားနေတဲ့ ဖြစ်စဉ်တွေကို အယုံအကြည်မရှိဘူး။ ကျွန်တော်တို့ ၈၈ တုန်းက ရည်မှန်းခဲ့တဲ့ လူတွေ အသက်ချွေး ထောင်သောင်းချီပြီးတော့ အသက်ဆုံးရှုံးခံခဲ့တဲ့ တိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်တွေရဲ့ ရည်မှန်းချက်ကို ပြည့်မီနိုင်ခြင်းမရှိဘူး။ ဒါကြောင့် ကျွန်တော်တို့ ၂၀၀၈ ဖွဲ့စည်းပုံကို တိုက်ဖို့ဆိုတာရယ်၊ စစ်အာဏာရှင်စနစ်ကို ပြန်ပြီးတော့ တိုက်ဖို့ဆိုတာရယ်၊ ပြန်ပြီးတော့ ၈၈ ရဲ့ ကြွေးကြော်သံတွေကို ကျွန်တော်တို့က ဖော်ထုတ်တဲ့ သဘောပါဘဲ" အလားတူ အိန္ဒိယအရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှာလည်း ၈ လေးလုံး နှစ်ပတ်လည် အထိမ်းအမှတ် စကားဝိုင်းနဲ့ ပန်းချီပြပွဲကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
<urn:uuid:ed10a6d2-e7d2-4fa2-8285-36347d91a31d>
CC-MAIN-2013-20
http://www.rfa.org/burmese/news/8888-anniversary-abroad-08082012111241.html
2013-05-25T18:28:44Z
s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368706082529/warc/CC-MAIN-20130516120802-00056-ip-10-60-113-184.ec2.internal.warc.gz
mya
0.915387
Mymr
2
{"mya_Mymr_score": 0.9153869152069092, "blk_Mymr_score": 0.08324015885591507}
picture from google ကျွန်တော် ငယ်စဉ်ဘ၀လေးကတည်းက မေမေဟာ ကျွန်တော့်ကို ညာပြောခဲ့ပါတယ်.. ကျွန်တော်တို့မိသားစုက ဆင်းရဲပါတယ်.. တစ်ခါတစ်လေဆို စားစရာတောင် လုံလုံလောက်လောက် မရှိပါဘူး… ဒါပေမဲ့ စားစရာလေးများ ရလာပြီဆိုရင် မေမေက သူ့ဝေစုထဲကနေ ကျွန်တော့်ကို ခွဲပေးပါတယ်.. သူ့ပန်ကန် လေးထဲကနေ ကျွန်တော့ ပန်းကန်ထဲကို ပြောင်းထည့်ပေးရင်းနဲ့ ”သား စားလိုက်နော်.. မေမေ သိပ်မဆာလို့ပါ ” …. ဒါကကျွန်တော့မေမေရဲ့ ပထမဆုံး လိမ်ညာခြင်းပါ… ကျွန်တော် နည်းနည်း အရွယ်ရလာတော့ ရတဲ့ အချိန်လေးတွေမှာ မေမေဟာ အိမ်နားက မြစ်ထဲကို သွားပြီးငါးမျှားလေ့ရှိပါတယ်… မေမေက ငါးရလာရင် ကျွန်တော် အဟာရဖြစ်အောင် ကျွေးမယ်ဆိုတဲ့ စိတ်နဲ့ ငါးမျှားခြင်းသာဖြစ်ပါတယ်… တစ်နေ့ မေမေက ငါး၂ကောင် ဖမ်းမိလာတယ်..ရလာတဲ့ ငါး၂ကောင်ကို ဆွပ်ပြုတ် လုပ်ပါတယ်.. ကျွန်တော် အဲဒီ ငါးဆွပ်ပြုတ်ကို မိန်ရည်ရှက်ရည်သောက်ရင်း အသားတွေကို စားနေတုန်း မေမေက ဘေးကနေ ထိုင်ပြီး ကျွန်တော် စားလို့ ကျန်တဲ့ ပန်းကန်ထဲက အရိုးမှာ ကပ်နေတဲ့ အသားစလေးတွေကို စားနေပါတယ်.. ကျွန်တော်မေမေ့ကို ကြည့်ပြီး စိတ်မကောင်း ဖြစ်သွားမိတယ်.. ဒါကြောင့် ကျန်နေသေးတဲ့ ငါး တစ်ကောင်ကို မေမေ့ကို ပေးလိုက်တော့ မေမေက ချက်ခြင်းဘဲ ငြင်းတယ်.. “သားဘဲ စားပါကွယ် မေမေက ငါးမှမကြိုက်တာ “.. ဒါက မေမေ့ရဲ့ ၂ကြိမ်မြောက် လိမ်ညာခြင်း တစ်ဖြေးဖြေးနဲ ကျွန်တော့်ကျောင်းစရိတ်က ကြီးလာတယ်.. မေမေက အပိုဝင်ငွေ ရအောင်ဆိုပြီး မီးခြစ်စက်ရုံကနေ မီးခြစ်ဘူးခွံအဟောင်းတွေ တောင်းယူလာတယ်.. အိမ်ပြန်ရောက်တော့ မီးခြစ်ဆံ အသစ်လေးတွေ ပြန်ဖြည့်ပြီး ဈေးထဲမှာပြန်ရောင်းပါတယ်.. အဲဒီက ရတဲ့ ငွေကလေးနဲ့ အိမ်အတွက် လိုအပ်တာလေးတွေ ဖြည့်ဆည်းရတယ်.. ကျွန်တော့် ကျောင်းစရိတ် ထဲ ထည့်ရပါတယ်…. ချမ်းအေးလွန်းတဲ့ ဆောင်းည တစ်ညမှာ ကျွန်တော် တစ်ရေးနိုးလာတော့ မေမေဟာ ဖယောင်းတိုင် မီးကလေးနဲ့ မီးခြစ်ဆံတွေ ဖြည့်နေတုန်းဘဲ ရှိသေးတယ်.. ကျွန်တော်က “မေမေ အိပ်တော့လေ.. ညနက်နေပြီ.. မနက်ကျမှ ဆက်လုပ်လို့ ရသားနဲ့..” မေမေက ပြုံးပြီး ပြန်ပြောပါတယ်.. “သားလေးသာ သွားအိပ်ပါကွယ် .. မေမေက မအိပ်ချင်သေးပါဘူး..” ဒါက မေမေရဲ့ ၃ကြိမ်မြောက် လိမ်ညာခြင်းပါ.. ကျွန်တော် အတန်းတင်စာမေးပွဲဖြေမဲ့နေ့…. မေမေကလဲ ကျွန်တော်နဲ့အတူ ကျောင်းကို လိုက်လာတယ်.. ကျောင်းအပြင်ဘက် နေပူကျဲကျဲကြီးထဲမှာ ကျွန်တော် စာမေးပွဲဖြေတာကို မေမေက ထိုင်စောင့်နေတယ်.. စာမေးပွဲပြီး ခေါင်းလောင်းထိုးတော့ မေမေ့ဆီ ကျွန်တော်ပြေးသွားတယ်..မေမေက ကျွန်တော့်ကို ဆီးဖက်လိုက်ပြီး ဓာတ်ဗူးထဲမှာ ထည့်လာတဲ့ လ္ဘက်ရည်ကို ခွက်ထဲ ငှဲ့ပြီး ကျွန်တော်သောက်ဖို့ ပေးတယ်.. မေမေရဲ့ လ္ဘက်ရည်က မေမေရဲ့ မေတ္တာလောက် မချိုဘူးဆိုတာ ကျွန်တော် ပြောရဲပါတယ်ဗျာ.. နေပူထဲရပ်နေလို့ ချွေးတွေထွက်နေတဲ့ မေမေ့ကိုကြည့်ပြီး ကျွန်တော်ရဲ့ လ္ဘက်ရည်ခွက်ကို မေမေ့ကို ကမ်းပေးလိုက်ပြီး အတူတူ သောက်ဖို့ ပြောတော့ မေမေက “သားဘဲ သောက်စမ်းပါသားရယ်.. မေမေက ရေမငတ်ပါဘူး” ဒါက မေမေရဲ့ ၄ကြိမ်မြောက်လိမ်ညာမှု ကျွန်တော်တို့ အဖေဆုံးသွားတော့ မေမေတစ်ယောက်တည်း ဖခင်နေရာကရော အမေနေရာကနေပါ အိမ်တာဝန်ထမ်းရပါတော့တယ်.. . မေမေ့အရင် အလုပ်ဟောင်းကိုဘဲ ဆက်လုပ်တယ်… မေမေတစ်ယောက်တည်း ရုန်းကန်နေရတော့ ကျွန်တော်တို့ စားဝတ်နေရေးက ပိုပြီး ကျပ်တည်းလာတယ်.. ငတ်လုနီးပါး ဖြစ်လာတယ်.. အခြေအနေက ပိုပိုပြီး ဆိုးဆိုးလာတယ်.. အဲဒီတော့ ကျွန်တော်တို့ အိမ်နားမှာနေတဲ့ သဘောကောင်းတဲ့ ဦးလေးကြီးတစ်ယောက်က မကြာခန ရောက်ရောက်လာပြီး ကျွန်တော်တို့အိမ်ရဲ့ ပြဿနာ ကြီးကြီးသေးသေး မှန်သမျှ အကုန် သူဘဲ ဖြေရှင်းပေးပါတယ်.. ဒါတွေကို မြင်တဲ့ အိမ်နီးချင်းတွေက မေမေ့ကို အိမ်ထောင် ထပ်ပြုဖို့ အကြံပေးကြတယ်.. တိုက်တွန်းကြတယ်.. ဒါပေမဲ့ မေမေက တွင်တွင်ငြင်းတယ်.. “ကျွန်မ အိမ်ထောင်ရေးကို စိတ်မ၀င်စားတော့ပါဘူး.. အချစ်ဆိုတာလဲ ကျွန်မအတွက် မလိုအပ်တော့ပါဘူး” ဒါက မေမေရဲ့ ၅ကြိမ်မြောက် လိမ်ညာခြင်းပါ.. ကျွန်တော် ကျောင်းတွေပြီးလို့ တစ်မြို့တစ်ရွာမှာ အလုပ်ရတော့ မေမေ့ကို အနားပေးဖို့အချိန်ရောက်ပြီ…. ကျွန်တော် ပြန်လုပ်ကျွေးဖို့ အချိန်ဘဲဆိုပြီး မေမေ့ကို အလုပ်မလုပ်တော့ဖို့ပြောပေမဲ့ မေမေက မနက်တိုင်း ဈေးထဲမှာ ဟင်းသီး ဟင်းရွက်လေးတွေ ရောင်းတုန်းဘဲ… ကျွန်တော်က အမေသုံးဖို့ဆိုပြီး ငွေတွေ ပို့ပေးရင် ဘယ်တော့မဆို မေမေက ကျွန်တော့်ကို ပြန်ပို့ပေးတယ်.. “မေမေ့မှာ ငွေတွေ သုံးဖို့ ရှိပါသေးတယ် သားရယ် မေမေ ငွေမလိုပါဘူး” မေမေ့ရဲ့ ၆ကြိမ်မြောက် လိမ်ညာခြင်းပါ.. ကျွန်တော် အလုပ်လုပ်နေတဲ့ အမေရိကား ကော်ပိုရေးရှင်းရဲ့ အထောက်အပံ့နဲ့ မာစတာဒီဂရီ ရဖို့အချိန်ပိုင်း ကျောင်းတက်ပါတယ်.. မာစတာဘွဲ့ ရပြီးသွားတော့ ကျွန်တော် လစာတော်တော်များများ တိုးလာတော့ မေမေ့ကို ခေါ်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်.. လူနေမှု အဆင့်အတန်း မြှင့်မြှင့်နဲ့ မေမေ့ကို ကျွန်တော် ထားချင် ပါသေးတယ်.. ဒါပေမဲ့ မေမေက ကျွန်တော် အလုပ်ရှုပ်မှာ ကရိကထ များမှာကို မလိုလားတဲ့အတွက် ကျွန်တော်ခေါ်တာကို ငြင်းပါတယ်.. “မေမေ မလာတော့ ပါဘူးသားရယ် . မေမေက သား အခု ရောက်နေတဲ့ အဆင့်အတန်းမြင့်တဲ့ အသိုင်းအ၀ိုင်း မျိုးမှာ နေသားမကျပါဘူး..မေမေပျော်မှာ မဟုတ်ပါဘူးကွယ်..” မေမေရဲ့ ၇ကြိမ်မြောက် လိမ်ညာခြင်းပါ.. မေမေ အသက်အရွယ် တော်တော်ရလာတော့ ကင်ဆာကြောင့် ဆေးရုံမှာ ရောက်နေပြီ… ကျွန်တော် ကြားကြားချင်းဘဲ ပင်လယ်ကို ဖြတ်ပြီး မေမေ့ကို တွေ့ဖို့အိမ်ကို ပြန်လာခဲ့တယ်… မေမေက ရောဂါရဲ့ နှိပ်စက်မှုကြောင့် ခွဲစိတ်ကုသမှု ခံထားရတယ်.. အိပ်ရာပေါ်ကနေ မထနိုင် တော့ဘူး… ကျွန်တော့်ကိုတွေ့တော့ မေမေက ပြုံးပြဖို့ ကြိုးစားတယ်… ပိန်လှီပြီး အားနည်းဖျော့တော့ နေတဲ့ မေမေရဲ့ ရုပ်က ကျွန်တော် ငယ်ငယ်က မေမေ့ရဲ့ ရုပ်နဲ့ ဘယ်လိုမှကို မတူတော့ဘူး … မေမေ့ကို ကြည့်ပြီး ကျွန်တော် စိတ်ထိခိုက်မိတယ်.. မျက်ရည်တွေ အလိုလို ကျလာတယ်… မေမေက လေသံယဲ့ယဲ့လေးနဲ့ ကျွန်တော့်ကို ပြောတယ်.. “မငိုပါနဲ့ သားရယ် မေမေ မနာပါဘူး.. မေမေ နေကောင်းပါတယ်”.. ဒါကတော့ မေမေရဲ့ ၈ကြိမ်မြောက် လိမ်ညာခြင်းပါ… ၈ကြိမ်မြောက် လိမ်ညာပြီးတဲ့နောက် ကျွန်တော့်မေမေ ဆုံးသွားခဲ့ပါတယ်.. မေမေရဲ့ လိမ်ညာခြင်းကို ဘယ်လောက်ဘဲ ကျွန်တော် ပြန်လိုချင် ပြန်ကြားချင်ပေမဲ့ ပြန်မရနိုင်တော့ပါဘူးဗျာ… —————————————————————————————————————————————– ဒီဇာတ်လမ်းလေး ဖတ်ပြီးတော့ သားသမီးတွေအပေါ် ထားတဲ့ အမေတွေရဲ့ စုန်ရေမေတ္တာလေးကို နက်နက်နဲနဲ သဘော ပေါက်မိပါတယ်…… ကျွန်မတို့ရဲ့ အမေတွေ ကလည်း ကျွန်မတို့ အပေါ်မှာ ခုလို မုသား ဖြူဖြူလေးတွေနဲ့ လိမ်ညာခဲ့ကြ ဖူးပါတယ်နော်… သားသမီးတွေကို ချစ်ခြင်း အားဖြင့် လိမ်ညာတဲ့ အတွက် အမေတွေရဲ့ မုသားက အင်မတန်မှ လေးစားထိုက်တဲ့ ၊ ကိုယ်ကျိုးမပါတဲ့ အဖြူရောင် မုသားတွေပါ… ကျွန်မတို့ ဘ၀ တစ်လျှောက်လုံးမှာ အမေတွေရဲ့ မုသားတွေနဲ့ အခါခါ ကြုံခဲ့ကြ ဖူးပါလိမ့်မယ်…. သားသမီးတွေဘက်ကရော.. အမေတွေရဲ့ အဖြူရောင် မုသားလေးတွေအတွက် ဘာတွေများ ပြန်ပေးဆပ်နိုင်ကြပြီလဲ.. ပေးဆပ်ဖို့ ကြိုးစားကြပြီလဲ.. ကျွန်မတို့ အမေတွေရဲ့ မုသားလေးတွေ ဒီလောက ကမ္ဘာကြီးကနေ မပျောက်ကွယ်ခင်မှာ အချိန်မှီလေး ပြန်လည် ပေးဆပ်နိုင်ဖို့ ကြိုးစား ကြပါစို့လားရှင်….. http://www.funzug.com/sweet-8-lies-of-a-mother-story.html မှ ဘာသာပြန်ကာ ကမ္ဘာပေါ်ရှိ အမေ အားလုံးကို ဂုဏ်ပြု လိုက်ပါတယ်ရှင်… ချော (အစိမ်းရောင်လွင်ပြင်)
<urn:uuid:5aebb2db-56bd-48e9-a23e-9bcfaf6a01b8>
CC-MAIN-2013-20
http://www.missgreenlady.com/2009_12_27_archive.html
2013-06-20T07:23:49Z
s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368710963930/warc/CC-MAIN-20130516132923-00056-ip-10-60-113-184.ec2.internal.warc.gz
mya
0.884419
Mymr
6
{"mya_Mymr_score": 0.8844189047813416, "blk_Mymr_score": 0.1128314957022667}
နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာ့ဆန် ပြည်ပတင်ပို့မှုမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း ၅၇ ရာခိုင်နှုန်း တိုးတက်လာကြောင်း ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ကြီး FAO က ထုတ်ပြန်သည်။ FAO ၏ အာရှ ပစိဖိတ်ဒေသ စားနပ်ရိက္ခာဆိုင်ရာ လေ့လာချက်များအရ ဧပြီလ ၁ ရက်နေ့မတိုင်မီ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တန်ချိန် ၈၄၄,၂၀၀ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၂၄ သန်း ဝင်ငွေရရှိခဲ့သည်ဟု မြန်မာအစိုးရ ကိန်းဂဏန်းများအား ကိုးကား၍ ဖော်ပြထားသည်။ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်အတွင်းတွင်မူ ဆန်တန်ချိန် ၅၃၆,၈၀၀ တင်ပို့နိုင်ခဲ့သည်။ ယခုဘဏ္ဍာနှစ် ၂၀၁၂-၂၀၁၃ အတွင်းတွင် တန်ချိန် တသန်းအထိ တင်ပို့ကာ ၂၀ ရာခိုင်နှုန်း ထပ်မံတိုးမြှင့်မည်ဟု မြန်မာအစိုးရက ရည်မှန်းထားသည်။ အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တန်ချိန် နှစ်သိန်းကို တနှစ်အတွင်း ရောင်းချပေးရန် မြန်မာနိုင်ငံ ဆန်လုပ်ငန်းရှင်များ အသင်းနှင့် အင်ဒိုနီးရှားနိုင်ငံ အမျိုးသားကူညီထောက်ပံ့ရေး အေဂျင်စီ INLA တို့ ဇန်နဝါရီလ ၂၈ ရက်နေ့က ရန်ကုန်မြို့တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။ မြန်မာနိုင်ငံ ဆန်လုပ်ငန်းရှင်များအသင်းကမူ ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်ရေးနှင့် ဖူလုံလောက်ငှရေးကို ဦးစားပေးပြီးမှ ပြည်ပတင်ပို့မှုကို လုပ်ဆောင်သွားမည်ဟု ဆိုသည်။ “ကျနော်တို့နိုင်ငံအတွက် အရန်ဆန် မရှိဘဲနဲ့ နိုင်ငံခြားကိုပဲ အတင်းစာချုပ်တွေ ချုပ်ပြီး ပို့လိုက်လို့ ပြည်တွင်းဈေးတွေ ကမောက်ကမ ဖြစ်သွားရင် ပြည်တွင်းဈေးတွေ ထိန်းမနိုင် သိမ်းမရ ဖြစ်သွားမယ်လေ။ ပြည်တွင်း လိုအပ်ချက် ဖူလုံအောင် အရန်ဆန် ထိန်းသိမ်းထားပြီးမှ လုံလောက်တယ်ဆိုမှ ပြည်ပပို့ဖို့ ကျနော်တို့စဉ်းစားတာပါ” ဟု အသင်း ဒု-ဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင် က ပြောသည်။ မြန်မာနိုင်ငံမှ ထွက်သည့်ဆန်များကို အနောက် အာဖရိကနိုင်ငံများသို့ အများဆုံး တင်ပို့ပြီး ဘင်္ဂလားဒေရ်ှနှင့် ဖိလစ်ပိုင် နိုင်ငံများသို့လည်း တင်ပို့သည်။ မြန်မာနိုင်ငံ တနိုင်ငံလုံး၏ စပါးစိုက်ပျိုးမှုနှုန်းမှာ ဧက ၂၀.၄၃ သန်းရှိပြီး မိုးစပါး စိုက်ပျိုးမှု ဧကမှာ ၁၇.၂၇ သန်း ဖြစ်ကာ နွေစပါးစိုက်ပျိုးမှုမှာ ဧက ၃.၁၆ သန်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများ အသင်း၏ မှတ်တမ်းများ အရ သိရသည်။ ဒုတိယကမ္ဘာစစ် မတိုင်မီက မြန်မာနိုင်ငံသည် ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံ ဖြစ်ခဲ့ပြီး တနှစ်လျှင် တန်ချိန်ပေါင်း ၃,၅၀၀,၀၀၀ မျှ တင်ပို့နိုင်ခဲ့သည်။ ၁၉၄၇-၄၈ ခုနှစ်တွင်ကား လယ်ဧက ၉,၀၀၀,၀၀၀ သာ လုပ်ကိုင်နိုင်၍ နိုင်ငံခြားသို့ ဆန်တန်ချိန်ပေါင်း ၁,၅၀၀,၀၀၀ သာ တင်ပို့နိုင်မည်ဟု ခန့်မှန်းထားသည်။
<urn:uuid:98d6a77b-033a-4da9-8a43-bf31b421864e>
CC-MAIN-2013-20
http://mizzimaburmese.com/news/business/9244-2012-04-19-12-28-36.html
2013-05-22T06:17:07Z
s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368701409268/warc/CC-MAIN-20130516105009-00043-ip-10-60-113-184.ec2.internal.warc.gz
mya
0.933018
Mymr
2
{"mya_Mymr_score": 0.9330182671546936, "blk_Mymr_score": 0.0650673434138298}
Written by ၀င်းငြိမ်း Monday, 07 May 2012 16:17 ရသ စာပေတွေ ဈေးကွက်မှာ အားနည်းလာတယ် ဆိုကြပေမဲ့ အချစ်ဝတ္ထု များကတော့ ပန်းပန်လျက်ပါ အခြေအနေမှာ ရှိပါတယ်။ ကမ္ဘာမှာလည်း ထိုနည်း အတူပါပဲ။ အချစ်ဝတ္ထုများဟာ စာပေ ၀တ္ထုများ၊ လျှို့ဝှက်သည်းဖို ၀တ္ထုများထက် အများကြီး ရောင်းအား ကောင်းပါတယ်။ အချစ်ဝတ္ထု ရေးနည်း ၁၀၁ ဆိုတဲ့ ခေါင်းစဉ်နဲ့ စာရေးဆရာမ ရေဗက္ကာယော့ခ်က ၂၀၁၁ ခုနှစ် ဒီဇင်ဘာလထုတ် The Writer မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ ဆောင်းပါးကို ဒီလ စာပေဆောင်းပါး စိတ်ဝင်စားသူများ အတွက် ဖော်ပြ ပေးလိုက်ပါတယ်။ ၁၉၈၀ ပြည့်နှစ်များကတည်းက စာပေလောကမှာ ရောင်းအား အကောင်းဆုံး ၀တ္ထုများ အဖြစ် ရပ်တည်ခဲ့တဲ့ အချစ်ဝတ္ထုများ ဈေးကွက်က ပြောင်းလဲ လာပါတယ်။ အခြေခံ အချက်အလက်များက မပြောင်းလဲဘဲ ရှိခဲ့ပေမဲ့ ဇာတ်ကောင် စရိုက်များ၊ ဇာတ်အိမ်တည် ဆောက်ပုံများက အချစ် ၀တ္ထုများမှာ ဘယ်သူမှ မျှော်လင့် မထားတဲ့ ပုံစံမျိုး ပြောင်းလဲလာခြင်း ဖြစ်ပါတယ်။ ကျွန်မက အချစ် ၀တ္ထုများနဲ့ ပတ်သက်ပြီး ပြောလေ့ပြောထ ရှိခဲ့တာက အချစ်ဝတ္ထု ဆိုတာ ယောက်ျား တစ်ယောက်နဲ့ မိန်းမတစ်ယောက် ပေါင်းသင်း ဆက်ဆံရေး အခြေအနေ တိုးတက် ပြောင်းလဲလာမှုကို ဖော်ပြတာပဲ ဖြစ်တယ်လို့ ဆိုခဲ့တာပါ။ ဒါပေမဲ့ ဒီနေ့ခေတ် အချစ်ဝတ္ထုများကတော့ ယောက်ျား တစ်ယောက်နဲ့ မိန်းမတစ်ယောက် ချစ်ကြတဲ့ ဇာတ်လမ်းမျိုးသာ မကတော့ဘဲ မိန်းမ တစ်ယောက်နဲ့ ပုတ်သင်ညိုကလေး တစ်ကောင် သံယောဇဉ် နှောင်ဖွဲ့တာမျိုးလည်း ဖြစ်လာပါတယ်။ အဲဒါအပြင် ဒီနေ့ ရေးနေကြတဲ့ အချစ်ဝတ္ထုများက ယောက်ျားနှစ်ယောက် သို့မဟုတ် မိန်းမနှစ်ယောက် ချစ်ကြတဲ့ ဇာတ်လမ်းတွေလည်း ရေးဖွဲ့လာကြပါတယ်။ အမေရိကန် ပြည်ထောင်စု အချစ်ဝတ္ထု စာရေးဆရာများ အဆိုအရ ၂၀၀၇ ခုနှစ်မှာ အချစ်ဝတ္ထုများ ရောင်းရတဲ့ ၀င်ငွေဟာ ဒေါ်လာ ၁.၃၇၅ ဘီလီယံ ရှိပြီး သည်းထိတ်ရင်ဖို ၀တ္ထုများက ဒေါ်လာ သန်း ၆၅၀၊ စာပေဆိုင်ရာ ၀တ္ထုများ ရောင်းရငွေက ဒေါ်လာ ၄၆၆ သန်းသာ ရှိပါတယ်။ ၂၀၀၇ ခုနှစ်အတွင်းမှာ အချစ်ဝတ္ထုပေါင်း ၉၀၀၀ ထွက်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီကိန်းဂဏန်းတွေကို လေ့လာကြည့်မယ်ဆိုရင် အချစ်ဝတ္ထု စာရေးဆရာများအတွက် အခွင့်အလမ်းက အများကြီး ကောင်းနေပါတယ်။ ဒီလိုဆို အချစ်ဝတ္ထုတွေပဲ ရေးရတော့မလားလို့ မေးချင်သူများအတွက် ကျွန်မ အကြံ ပေးချင်ပါတယ်။ အချစ်ဝတ္ထုများကို ဖတ်ရတာ စိတ်ချမ်းသာတယ်၊ စိတ်ကြည်နူးတယ်၊ စိတ်ဝင်စားတယ် ဆိုတဲ့သူများသာ အချစ်ဝတ္ထု ရေးဖို့ ကြိုးစား စေချင်ပါတယ်။ အချစ် ၀တ္ထုများမှာ ရေးနည်းရေးဟန်၊ ပုံသေနည်းတွေ ရှိတယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ တကယ်တော့ အချစ် ၀တ္ထုများမှာ ပုံသေနည်း မရှိပါဘူး။ လျှို့ဝှက်သည်းဖိုဝတ္ထုများမှာတော့ တရားခံနဲ့ ဥပဒေဘက်တော်သားတို့ ဉာဏ်ရည်ချင်း ယှဉ်ပြိုင်ကြပြီး နောက်ဆုံးမှာ ဥပဒေ ဘက်တော်သားက အနိုင်ရကာ ဇာတ်သိမ်းလေ့ ရှိပါတယ်။ ဒါကြောင့် လျှို့ဝှက် သည်းဖိုဝတ္ထုများကတော့ ပုံသေနည်း ရှိတယ်လို့ ကျွန်မ ပြောချင်တာပါ။ လျှို့ဝှက်သည်းဖို ၀တ္ထုများကိုဖတ်တဲ့ ပရိသတ်တွေက သူတို့မှာ အတော်အတန် စာဖတ်သက် ရှိကြပြီး မှုခင်း ကျူးလွန်သူက ဘာလုပ်မယ်၊ ဥပဒေ ဘက်တော်သားက ဘာလုပ်မယ် ဆိုတာတွေကို ခန့်မှန်း တတ်ကြပါတယ်။ ထိုနည်းတူစွာပဲ အချစ်ဝတ္ထု ဖတ်သူများကလည်း အချစ်ဝတ္ထုတွေချည်း တစိုက်မတ်မတ် ဖတ်ခဲ့ကြသူတွေ ဖြစ်တာကြောင့် တော်ရုံတန်ရုံ ဇာတ်လမ်းဆိုရင် ရှေ့ဆက် ဘာဖြစ်မယ် ဆိုတာကို ခန့်မှန်း နိုင်ကြပါတယ်။ ကျွန်မ အတွေ့အကြုံ အရ အချစ်ဝတ္ထု ဖတ်သူ အများစုဟာ မိန်းမစာဖတ် ပရိသတ်များ ဖြစ်ပြီး သူတို့ မမျှော်လင့်တဲ့ ဇာတ်ကွက်မျိုးကို စာရေးဆရာက ဖန်တီးနိုင်မှသာလျှင် အောင်မြင်တဲ့ အချစ်ဝတ္ထု ဖြစ်မှာပါ။ အချစ်ဝတ္ထု ဖတ်သူများမှာ စာရေးဆရာ အစွဲ ရှိတတ်ပါတယ်။ ဥပမာ နိုရာရောဘတ်စ် ဖတ်သူက နိုရာရဲ့ဝတ္ထုများကို အစဉ်တစိုက် ဖတ်ပြီး ဂျူလီဂါဝုဒ် ၀တ္ထု ဖတ်သူများကလည်း ဂျူလီရဲ့ ၀တ္ထုကိုသာ ဖတ်တတ်ပါတယ်။ ဒါ ကြောင့် ကိုယ်က အချစ်ဝတ္ထု ရေးမယ် ဆိုရင် သူတို့ထက် ကောင်းတဲ့ဇာတ်အိမ် ဖွဲ့နိုင်သူဖြစ်ဖို့ လိုအပ်ပါတယ်။ အချစ် ၀တ္ထုများမှာ ဇာတ်အိမ် အမျိုးမျိုး တည်ဆောက်လို့ ရပါတယ်။ ရိုးရိုးတန်းတန်း အချစ်ဝတ္ထုများကတော့ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦး တို့ရဲ့ အချစ်ကို ဖော်ကျူးတဲ့ ၀တ္ထုများ ဖြစ်ပါတယ်။ တချို့ စာရေးဆရာများက ဒီနေ့ခေတ်ကို ရေးဖွဲ့တာ ဖြစ်ပေမဲ့ တချို့က သမိုင်းနောက်ခံ အချစ် ၀တ္ထုများကို ရေးကြတာတွေလည်း ရှိပါတယ်။ ဒီနေ့ရေးဖွဲ့နေကြတဲ့ အချစ်ဝတ္ထု များကို အမျိုးအစားအလိုက် သရုပ်ခွဲ ကြည့်မယ်ဆိုရင်- -သည်းထိတ်ရင်ဖိုအချစ်ဝတ္ထု -ချိုမြိန်ကြည်နူးဖွယ်ရာ အချစ်ဝတ္ထု (ဒီဝတ္ထုမျိုးမှာ တစ်ယောက်နဲ့ တစ်ယောက် လက်ကိုင်တဲ့အဆင့် လောက်သာ ရေးဖွဲ့ကြပြီး ဇာတ်သိမ်း တော့မှသာ အနမ်းနဲ့ ဇာတ်သိမ်းကြပါ တယ်။) -စိတ်ကြွစေသော အချစ်ဝတ္ထု (ဒီဝတ္ထုမျိုးကတော့ ချစ်ခန်းတော် တော်များများ ပါဝင်ပြီး စာဖတ်သူကို စိတ်ကြွလာစေအောင် ရေးဖွဲ့ကြပါတယ်။) -ထူးခြားဆန်းကြယ်တဲ့ အချစ်ဝတ္ထု (ဒီဝတ္ထုမျိုးမှာတော့ အမျိုးသား သို့မဟုတ် အမျိုးသမီးကလေးရဲ့ ချစ်သူ က ဂြိုဟ်သားဖြစ်နေတာမျိုး၊ သွေးစုပ် ဖုတ်ကောင် ဖြစ်နေတာမျိုး စတဲ့ သာမန် ဇာတ်ကောင်မဟုတ်တဲ့သူများနဲ့ ချစ် ကျွမ်းဝင်တာကို ရေးဖွဲ့ကြပါတယ်။) ဒီလိုသရုပ်ခွဲကြည့်ပြီးရင် ကိုယ်က ဘယ်လို ၀တ္ထုမျိုးကို ရေးချင်တာလဲ ဆိုတာ ဆုံးဖြတ် ရပါလိမ့်မယ်။ အချစ်ဝတ္ထု ရေးဖို့ အမှန်တကယ် လိုအပ်တဲ့ အချက် ၁၀ ချက်ကို ကျွန်မ ပြောပြပါမယ်။ ၁။ ပထမဆုံး လုပ်ရမယ့် အလုပ်ကတော့ အချစ်ဝတ္ထု ရေးတော့မယ် ဆုံးဖြတ်တဲ့ အတွက် လုံးချင်း အချစ်ဝတ္ထုတွေ ထောင်နဲ့ချီပြီး ဖတ်ဖူးသူ ဖြစ်ရပါမယ်။ ဒါမှသာ အချစ်ဝတ္ထု ကောင်းကောင်း တစ်ပုဒ်ကို ဘယ်လို ဖန်တီးရမယ်ဆိုတဲ့ အတွေးရနိုင်မှာပါ။ ၂။ အထက်မှာ သရုပ် ခွဲထားတဲ့ ၀တ္ထု အမျိုးအစားတွေထဲက ဘယ်လို အမျိုး အစားကိုပဲ ရေးမှာဖြစ်စေ၊ ဇာတ်ကောင်များရဲ့ အဖြစ်အပျက်ကတော့ အဓိကအာ ရုံစိုက်ရမယ့် ကိစ္စဖြစ်ပါတယ်။ ဆိုကြပါ စို့။ ကိုယ်က သည်းထိတ်ရင်ဖို အချစ် ၀တ္ထုတစ်ပုဒ်ကို ရေးမယ်လို့စဉ်းစားရင် အန္တရာယ် ကြုံတွေ့နေရပြီး ချစ်သူရှိတဲ့ မိန်းမတစ်ယောက် အကြောင်း ရေးရုံနဲ့ မပြီးနိုင်ပါဘူး။ အန္တရာယ် ရင်ဆိုင်နေရတဲ့ ကြားကနေ အချစ်တွေ ပေါက်ဖွားပြီး ချစ် သွားကြတဲ့ အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ ဇာတ်လမ်းသာ ဖြစ်ရပါမယ်။ တစ်ခါ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်း ကိုပဲ အသားပေးနေပြန်ရင်လည်း ရေးတဲ့ ၀တ္ထုက သည်းထိတ်ရင်ဖို အချစ်ဝတ္ထု ဖြစ်မလာတော့ဘဲ တခြားစီဖြစ်သွားပါ လိမ့်မယ်။ ကိုယ် ရေးချင်တာကသည်း ထိတ်ရင်ဖိုဇာတ်လမ်းလည်း ဖြစ်ရမယ်။ အချစ်အကြောင်းလည်း ပါရမယ် ဆိုတာကို သတိထားရပါမယ်။ ၃။ ဘယ်လိုစရေးမလဲ။ ပထမဆုံး ချ ရေးလိုက်တဲ့ ၀ါကျက စာဖတ်သူကို ဖမ်းစားနိုင်မယ့် ၀ါကျဖြစ်ဖို့ လိုပါတယ်။ ထိုနည်းတူစွာ ပထမဆုံး စာပိုဒ်က ကိုယ့် ၀တ္ထုကို အရောင် ပြောင်လက်လာအောင် တင်ပေးမယ့် စာပိုဒ်ဖြစ်ဖို့လည်း လိုအပ်တယ် ဆိုတာ သတိပြုရပါမယ်။ စာဖတ်သူကို ပထမ စာပိုဒ်နဲ့ ဖမ်းစားလိုက်နိုင် ရင် နောက်ဘာဖြစ်မှာလဲ ဆိုတာ စာ ဖတ်သူက အလိုလို စိတ်ဝင်စားလာပါ လိမ့်မယ်။ အချစ်ဝတ္ထု အများစုရဲ့ ဇာတ်လမ်း အစက နောက်ခံ အကြောင်းအရာတွေ အများကြီးနဲ့ စတတ်ပါတယ်။ ဒါကြောင့် ကျွန်မ အမြဲ သုံးသပ်ဖြစ်တဲ့ အချက်ကတော့ ဒီအချက်အလက်တွေကို အခု ချက်ချင်းမပြောဘဲ နောင်ကျမှ ၀တ္ထုထဲ မှာ တဖြည်းဖြည်းချင်း ထည့်သွင်းသွား ရင်ကော မဖြစ်နိုင်ဘူးလား။ ကိုယ့်ဝတ္ထုကလေးက စာဖတ်ပရိ သတ်လက်ကို မရောက်ခင် အယ်ဒီတာ စားပွဲကို ဖြတ်သန်းရမှာပါ။ အယ်ဒီတာ ဆိုတဲ့ လူမျိုးက သူ့စားပွဲပေါ်မှာ စာမူတွေ တောင်ပုံယာပုံ ရှိတတ်တာဆိုတော့ အား လုံးထဲမှာ ကိုယ့်ဝတ္ထုကို ရွေးဖတ်ဖြစ် သွားအောင် ဆွဲဆောင်နိုင်ဖို့ လိုပါတယ်။ အယ်ဒီတာကို မဆွဲဆောင်နိုင်ဘူးဆိုရင် တော့ ဈေးကွက်မှာလည်း အောင်မြင်မှာ မဟုတ်ပါဘူး။ ဂျူလီဂါဝုဒ် ရေးခဲ့တဲ့ Honor’s Splendour ၀တ္ထုရဲ့ ပထမဆုံး စာကြောင်းက “သူတို့က သူ့ကို သတ်ပစ် ဖို့အထိ ရည်ရွယ် ထားကြတယ်”လို့ စထားပါတယ်။ ဒီစာကြောင်းကို ဖတ် လိုက်ရုံနဲ့ စာဖတ်ပရိသတ်ကို ဖမ်းစား လိုက်ပါပြီ။ ကျွန်မ ရေးခဲ့တဲ့ Killing Moon ၀တ္ထုမှာဆိုရင် “ရော့စ်မာရှယ်လ်က တကယ့်ကို သေသေသပ်သပ် ၀တ်ထားတာ။ အနက်ရောင် ရှပ်အင်္ကျီ၊ အနက် ရောင် ဘောင်းဘီနဲ့ ပြောင်လက်တောက် ပနေတဲ့ အနက်ရောင် ရှူးဖိနပ်ကို စီးထား တယ်”လို့ စခဲ့ပါတယ်။ ဇာတ်ကောင်ရဲ့ အသေးစိတ်အချက်အလက်ကို ပထမဦး စွာ ပြောလိုက်ပြီးတော့မှ သူ့လှုပ်ရှားမှုကို စတင်ခဲ့ပါတယ်။ ၎။ ဟုတ်ပါပြီ။ ၀တ္ထုအစကို အဲဒီလို စိတ်ဝင်စားစရာ ကောင်းလောက်တဲ့ စာ ပိုဒ်နဲ့ စလိုက်ပြီးတဲ့ နောက်မှာ စာဖတ်ပရိသတ် ငြီးငွေ့ မသွားရအောင် ဘယ်လို ဆက်ပြီး သယ်သွားမလဲ။ ကိုယ့်ဇာတ်ကောင်က အမျိုးသားဆိုရင် အမျိုးသမီး တစ်ယောက်နဲ့ တွေ့ပေးရတော့မယ်။ အမျိုးသမီးဇာတ်ကောင် ဆိုရင်လည်း အမျိုးသား တစ်ယောက်နဲ့ တွေ့ပေးရမယ်။ ဘယ်လိုတွေ့ပေးမလဲ။ မြင်မြင် ချင်းမှာ သူတို့နှစ်ယောက် စိတ်ဝင်စား သွားရမယ်။ ချစ်သွားရမယ်။ အဲဒီနောက် မှာတော့ ပျော်ရွှင်စွာ ပေါင်းကြလေသတည်း ဆိုရင်တော့ စာဖတ်ပရိသတ်က အချိန်ကုန်ခံပြီး ဒီဝတ္ထုမျိုးကို ဖတ်နေမှာ မဟုတ်ပါဘူး။ ဝတ္ထုကောင်း တစ်ပုဒ်မှာ ပြဿနာ ဖြစ်တဲ့ ဇာတ်ကွက် တစ်ခုနဲ့ စရပါမယ်။ အဲဒီ ပြဿနာကို သူ သို့မဟုတ် သူမက ကျော်လွှား နိုင်ရပါမယ်။ ဒါတွေကို အတွင်း ပဋိပက္ခနဲ့ အပြင် ပဋိပက္ခရယ်လို့ နှစ်ပိုင်း ခွဲခြားပြီး ပြောနိုင်ပါတယ်။ တကယ်လို့ ကိုယ်က သည်းထိတ် ရင်ဖို အချစ် ဇာတ်လမ်းကို ရေးမယ်ဆိုရင် ဒီဇာတ်လမ်းမှာ စိတ်ရောဂါသည် လူသတ်သမားများ၊ ဒုစရိုက်သမားများ၊ ပညာတတ် အန္တရာယ်များသော ပုဂ္ဂိုလ်များ စသည်တို့က သူ သို့မဟုတ် သူမ ကို ခြိမ်းခြောက်နေတာ ဖြစ်ပါမယ်။ ဒါပေမဲ့ ထိပ်တိုက်ရင်ဆိုင်မှု သို့ မဟုတ် ပဋိပက္ခက အချစ်ဝတ္ထုများမှာ မပါမဖြစ် လိုအပ်တဲ့ အချက်တစ်ခု ဖြစ် ပါတယ်။ ဆိုကြပါစို့။ အမျိုးသမီးဇာတ် ကောင်က ပတ်ဝန်းကျင်ထိန်းသိမ်းရေး သမားဖြစ်ပြီး အမျိုးသားဇာတ်ကောင်က တောမီးရှို့ကာ စိုက်ခင်းဖော်ဆောင်တဲ့ သူ ဖြစ်တယ်ဆိုရင် သူတို့နှစ်ယောက် ထိပ်တိုက်ရင်ဆိုင်မိကြပြီပေါ့။ ဒါမှ မဟုတ် အမျိုးသမီးကလေးက စီးပွား ရေးလုပ်ငန်း ခပ်သေးသေးလေးတစ်ခု ကို ကြိုးစားလုပ်ဆောင်နေတဲ့သူဖြစ်ပြီး အမျိုးသားဇာတ်ကောင်ကတော့ ကျိကျိ တက်ချမ်းသာကာ စီးပွားရေးလုပ်ငန်း ကြီးတစ်ခုကို အမွေဆက်ခံထားသူ ဖြစ် မယ်ဆိုရင်လည်း သူတို့နှစ်ယောက် ထိပ် တိုက်ရင် ဆိုင်တွေ့မှာပါပဲ။ ဒီကျောရိုးမျိုး ဆိုရင်တော့ ထိပ်တိုက်ရင်ဆိုင်မှုက အတွင်းရော အပြင်ပါ ပါဝင်မှာ ဖြစ်ပါ တယ်။ သို့သော် ခိုင်မာတဲ့ အချစ် ၀တ္ထုများမှာ စာဖတ်သူကို စိတ်လှုပ်ရှားမှု အပြည့်အ၀ ပေးတဲ့ ဇာတ်လမ်းများ ဖြစ်တယ် ဆိုတာကို သတိပြုသင့်ပါတယ်။ ဒီဇာတ်လမ်းမျိုးမှာ အတွင်းရော အပြင်ပါ ပဋိပက္ခတွေ ရှိတဲ့အတွက် စာဖတ်သူရဲ့ ရင်ထဲမှာ ဒီအမျိုးသား ဇာတ်ကောင်နဲ့ အမျိုးသမီး ဇာတ်ကောင်တို့ဟာ ဆုံ စည်းနိုင်မှာ မဟုတ်ဘူးလို့ ခံစားသွားရ အောင် ရေးဖွဲ့နိုင်ရပါမယ်။ အမျိုးသမီး ဇာတ်ကောင်ရဲ့ ခင်ပွန်းက ရဲတစ်ယောက် ရဲ့ မတော်တဆ ပစ်ခတ်မှုနဲ့ ကွယ်လွန် သွားခဲ့ရပြီး အမျိုးသားဇာတ်ကောင်က အဲဒီရဲကို ပစ်လိုက်တယ်ဆိုရင် ရှေ့ဆက် ရမယ့်ဇာတ်လမ်းက သူတို့နှစ်ယောက် ချစ်ကြလေသတည်းပေါ့။ ဒါပေမဲ့ အမျိုးသားဇာတ်ဆောင်က နောက်ကြောင်းတစ်စုံ တစ်ရာရှိတဲ့သူ ဖြစ်နေမယ် ဆိုရင် သူတို့နှစ်ယောက် ဒီအခက် အခဲကို ကျော်လွှားကြပုံများက အချစ် ၀တ္ထု ဖတ်နေတဲ့ စာဖတ် ပရိသတ်ကို ဆွဲဆောင်နိုင် ပါလိမ့်မယ်။ လူတွေလိုက် သတ်နေတဲ့ လူသတ်သမား တစ်ယောက် ဖော်ထုတ်ဖို့ အမျိုး သားဇာတ်ကောင် စုံထောက်ကို ငှားရမ်း လိုက်ကြတယ်။ စုံထောက်ရဲ့အမြင်မှာ လူသတ်သမားဟာ သူ ချစ်မိတဲ့ မိန်း ကလေးရဲ့မောင် ဖြစ်နေတယ်။ ဒါမှ မဟုတ် မိန်းကလေး ကိုယ်တိုင် ဖြစ်နေတယ်။ ဒီလိုဇာတ်လမ်းမျိုးတွေက သည်းထိတ်ရင်ဖို အချစ်ဇာတ်လမ်းမှာ ပရိသတ်အကြိုက် ဖြစ်ပါတယ်။ ဝတ္ထု စရေးတော့မယ်လို့ ရည်ရွယ် ကတည်းက ကိုယ့်ဇာတ်ကောင်တွေ ဟာ သက်ရှိများနဲ့မခြား လှုပ်ရှားမှုတွေ ရှိရပါတယ်။ ဒါမှသာ စာဖတ် ပရိသတ်က ဇာတ်ကောင်များနဲ့ တစ်သားတည်း ဖြစ်မှာပါ။ ဒါကြောင့် ဇာတ်ကောင်ဖန် တီးမှုမှာ ဇာတ်ကောင်များရဲ့ စရိုက်ဟာ ပကတိ လူသားဆန်ရမှာ ဖြစ်ပြီး သုံးဖက်မြင် ရုပ်လုံးကြွလို ရှိနေရမှာ ဖြစ်ပါ တယ်။ အချစ်ဝတ္ထုများမှာ ဇာတ်ကောင် များရဲ့ အတွင်းစိတ်များက ချစ်ရမှာကို ကြောက်နေသူများ၊ သို့တည်းမဟုတ် ချစ်ကြောင်းဖွင့်ပြောရမှာကို စိုးရွံ့နေသူ များ ဖြစ်ပါမယ်။ သူတို့ နှစ်ယောက်ကြားက ပြဿနာ များဟာလည်း အလွယ် တကူ ဖြေရှင်းလို့ ရနိုင်မယ့် ပြဿနာ မဖြစ်စေရပါဘူး။ ဇာတ်လမ်းဆုံးတဲ့ အထိ သူတို့ပြဿနာများက လိပ်ခဲ တည်းလည်း ဖြစ်နေရပါမယ်။ ဒါမှသာ စာဖတ်ပရိသတ်ကို ၀တ္ထုဆုံးတဲ့အထိ ဆွဲ ခေါ်သွားနိုင်မှာ ဖြစ်ပါတယ်။ ၅။ အချစ်ဝတ္ထုများမှာ ထင်ရှားတဲ့ အချက်တစ်ခုကတော့ အချစ်ရဲ့ခွန်အား ပါပဲ။ ဇာတ်ကောင်များဟာ အကြောင်း တစ်စုံတစ်ခုကြောင့် ရင်ထဲမှာ ထိခိုက် နာကျင်နေကြပေမဲ့ အချစ်ရဲ့ခွန်အားနဲ့ ကုစားပြီး အရာရာကို ကျော်လွှားနိုင် ကြပါတယ်။ ကျွန်မ ၀တ္ထုများမှာတော့ အမျိုးသားဇာတ်ကောင်က အမြဲတမ်း ပြဿနာတွေဖြစ်ပြီး သူတစ်ယောက် တည်းရဲ့ အင်အားနဲ့ မကျော်လွှားနိုင်သူ ဖြစ်ပါတယ်။ ဥပမာလေးတွေ ကြည့် ကြရအောင်ပါ။ -ဆုရတဲ့ စာအုပ်တစ်အုပ် ဖြစ်တဲ့ စာရေးဆရာမ ရုသ်ဝင်းဒ်ရဲ့ Meant to be Marriet မှာဆိုရင် အမျိုးသား ကလေးနဲ့ အမျိုးသမီးကလေးတို့ဟာ လက်ထပ်ပေါင်းသင်းနေထိုင်ကြဖို့ အတွက် ထွက်ပြေးပြီး အိမ်ထောင် ပြုကြပါတယ်။ မိန်းကလေးရဲ့ဖခင်က သူ့ သမီးကို ခင်ပွန်းသည်ဆီကနေ အတင်း အကျပ် ခွဲခွာစေပြီး မွေးလာတဲ့ ကလေးကိုလည်း မိဘမဲ့ ကလေးဂေဟာကို ပို့ လိုက်ပါတယ်။ နှစ်ယောက်စလုံးက တစ်ယောက်ကိုတစ်ယောက် အပြစ်ရှိ တယ်လို့ မြင်ကြပြီး စိတ်နာနေကြပါ တယ်။ နောင်နှစ်ပေါင်းများစွာ ကြာတဲ့ အခါ မြို့တစ်မြို့ထဲမှာ ဆုံမိကြပြီး ခံစား ခဲ့ကြရတဲ့ ဝေဒနာတွေကို ထုတ်ဖော် မပြောနိုင်ခဲ့ကြပါဘူး။ -ကျွန်မ ၀တ္ထုတစ်ပုဒ် ဖြစ်တဲ့ Never Too Late ဆိုတဲ့ ၀တ္ထုမှာဆိုရင် အမျိုးသားလေးက အာဏာရှင် အုပ်ချုပ်တဲ့ နိုင်ငံ တစ်ခုမှာ နေပြီး တိတ်တခိုး မှတ်တမ်း ရုပ်ရှင်ကားတွေ ရိုက်ကူး နေပါတယ်။ သူ့ချစ်သူက အကြောင်း တစ်ခုကြောင့် သူ့ကို သစ္စာ ဖောက်လိုက်ရ ပါတယ်။ ဒီလို သစ္စာဖောက်လိုက်ရခြင်း ဟာ သူ့အသက်ကို ကယ်ဖို့အတွက် လုပ်လိုက်ရခြင်း ဖြစ်ကြောင်း အမျိုးသား ကလေးက မသိခဲ့ပါဘူး။ ရလဒ်က တော့ အမျိုးသားကလေး ထောင်ကျ သွားပြီး နှိပ်စက် ညှဉ်းပန်းခံရတဲ့ အပြင် ပြည်နှင်ဒဏ်လည်း ပေးခံရပါတယ်။ အခု ကျွန်မ ဥပမာပေးခဲ့တဲ့ ၀တ္ထု နှစ်ပုဒ်စလုံးမှာ တူညီတဲ့အချက်ကတော့ အချစ်ကြောင့် စွန့်လွှတ်ကြတယ်ဆိုတဲ့ အချက်ပါပဲ။ အချစ်ရဲ့ အားအင်ကြောင့် ကြောက်ရွံ့စိတ်တွေကို ဘေးဖယ်ပြီး စွန့် စားခဲ့ကြတယ်။ အမျိုးသားရော အမျိုိး သမီးပါ အချစ်ရဲ့ခွန်အားများနဲ့ သူတို့ ရည်မှန်းချက်ကို ရောက်အောင် သွားနိုင် ခဲ့ကြတယ်။ တချို့အချစ်ဝတ္ထုများမှာတော့ ဒီလို ခဲယဉ်းပင်ပန်းတဲ့ ဇာတ်ကွက်တွေ မပါ ဘဲ ပေါ့ပေါ့ပါးပါး ဟာသများနှောကာ ရေးသားတတ်တဲ့ စာရေးဆရာများ လည်း ရှိပါတယ်။ ၆။ ပြင်းထန်ခွန်အား ကြီးမားတဲ့ အချစ် ၀တ္ထုများမှာ နောက်ထပ်အချက်တစ် ချက် ရှိပါသေးတယ်။ ဘေးအန္တရာယ် အကြီးမားဆုံး ကြုံတွေ့ပြီး သေဘေး နဲ့ ရင်ဆိုင်ရတော့မယ့်အခါမှာ မိန်းက လေးရဲ့ အသက်ကို ကယ်တင်နိုင်ဖို့ အမျိုးသားလေးက အသက်ကို စွန့်လွှတ် စွန့်စားပြတတ်တဲ့ အချက်ပါပဲ။ ဒီလို စွန့်စား လိုက်ခြင်းကြောင့် တစ်ယောက်နဲ့ တစ်ယောက် ပိုမိုနက်ရှိုင်းတဲ့ အချစ်စိတ် တွေနဲ့ ချစ်သွားတတ်ကြပါတယ်။ ဘာဖြစ်လို့ အဲဒီလို အသက် အန္တရာယ် ကြုံတဲ့အထိ ကြီးမားတဲ့ဇာတ် ကွက်မျိုးကို ဖန်တီးရတာလဲလို့ မေးစရာ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလို ဇာတ်ကွက်မျိုးသာ မပါရင် အောင်မြင်မှု မရနိုင်လို့ပါပဲ။ တခြားနည်းတစ်ခုနဲ့ ဖြေ ရှင်းလိုက်နိုင်တဲ့အတွက် မင်းသားနဲ့ မင်း သမီးတို့ရဲ့ ဇာတ်သိမ်းမှာ ပျော်ရွှင်စွာ ပေါင်းကြလေသတည်း ဆိုတဲ့ဇာတ် သိမ်းမျိုး ရေးနိုင်မှာ ဖြစ်ပြီး စာဖတ်ပရိ သတ်လည်း ကျေနပ်မှု ရသွားမှာ ဖြစ် ပါတယ်။ ၇။ စိတ်လှုပ်ရှားခြင်းဟာ အချစ် ၀တ္ထုများ အတွက် နှလုံးသားနဲ့ ၀ိညာဉ်ဖြစ် တယ်လို့ ဆိုရင် မမှားပါဘူး။ စာဖတ် သူက ဇာတ်ကောင်များ ဘယ်လို ခံစား ရတယ်။ ဘာကြောင့် ဒီလိုခံစားရတယ် ဆိုတာတွေကို သိချင်ပါတယ်။ စာဖတ် သူက ဇာတ်ကောင်များနဲ့ အတူ စီးဝင် မျောပါခံစားစေလို့ ဖြစ်ပါတယ်။ ဒါ ကြောင့် စာရေးဆရာက သူ့ဇာတ်ကောင် များနဲ့ စာဖတ်ပရိသတ်ကို တစ်သား တည်း ဖြစ်နေအောင် ဖန်တီးတတ်ရပါ မယ်။ အအောင်မြင်ဆုံး အချစ်ဝတ္ထုရေး ဆရာများက သူ့ဇာတ်ကောင်တွေ ဘယ်လို ခံစားနေရတယ် ဆိုတာကို စာဖတ်ပရိသတ် သိအောင် အလွယ်တကူ ပြောမပြ ပါဘူး။ ဒါပေမဲ့ ဇာတ်ကောင်များရဲ့ စိတ်လှုပ်ရှားမှုကို စာဖတ်ပရိသတ် သိအောင် နည်းပရိယာယ်များနဲ့ ရေးဖွဲ့ပြ ကြပါတယ်။ နည်းတစ်နည်းကတော့ သူ သို့မ ဟုတ် သူမရဲ့ စိတ်ခံစားတုံ့ပြန်မှုကို ရေး ဖွဲ့ပြခြင်းပါပဲ။ ရင်ခုန်တဲ့အခါမှာ ဘယ် လိုခံစားရသလဲ။ ကြောက်တဲ့အခါ၊ ၀မ်း နည်းတဲ့အခါ၊ ချစ်တဲ့အခါ ခံစားရတာ တွေကို ရေးဖွဲ့ပြခြင်းအားဖြင့် သူ့ဇာတ် ကောင်ရဲ့ စိတ်ခံစားမှုကို စာဖတ်ပရိ သတ် နားလည်အောင် ရေးပြပါတယ်။ ဒီလိုရေးပြလိုက်တဲ့အတွက် စာဖတ်သူ က ဇာတ်ကောင်ရဲ့ ရင်ခုန်သံကိုတောင် ကြားနိုင်ပါတယ်။ ကြက်သီးမွေးညင်း ထတာကိုလည်း ခံစားနိုင်တယ်။ ကြောက်လွန်းလို့ အာခေါင်ထဲမှာ ခြောက် သွေ့လာတာကိုလည်း စာဖတ်သူက ခံ စားလို့ ရသွားပါပြီ။ ဒီနည်းနဲ့ ဆရာကြီး၊ ဆရာမကြီးများက သူတို့ဇာတ်ကောင် ရဲ့ စိတ်လှုပ်ရှားမှုများကို စာဖတ်သူ သိ အောင် ရေးဖွဲ့ကြပါတယ်။ ဒီလို ရေးဖွဲ့ရာမှာ သတိထားဖို့က တော့ ဇာတ်ကောင်ရဲ့ ခံစားမှုတိုင်းကို ရေးဖွဲ့ရပါမယ်။ သူ မြင်တာလေး လောက်ကို ကွက်ပြီး ရေးလို့ မရပါဘူး။ သူ ဘာကြားတယ်။ ဘာအနံ့ရတယ်။ ဘယ်အရသာကို ခံစားနေတယ်။ ဘယ် အထိအတွေ့ကို ခံစားနေရတယ်က အစ ရေးပြဖို့ လိုပါတယ်။ ၈။ အချစ်ဝတ္ထုတွေက စိတ်ခံစားမှုကို ဖော်ပြတဲ့ ဇာတ်လမ်းများ ဖြစ်ပြီး ဖြစ်ရပ် တိုင်းမှာ ဇာတ်ကောင်တွေက ဘယ်လို တုံ့ပြန်တယ် ဆိုတာကို ဖော်ပြရပါတယ်။ ဆိုကြပါစို့။ အမျိုးသားဇာတ်ကောင်တစ် ယောက်က တောင်စွန်းတစ်ခုမှာ တွဲလောင်း ဖြစ်နေတယ် ဆိုကြပါစို့။ ဒါမျိုး ကတော့ တကယ့်ကို သည်းထိတ်ရင်ဖို မြင်ကွင်းပါပဲ။ သူ့အောက်ကို ငုံ့ကြည့် လိုက်ရင် ပေ ၁၀၀ လောက်မှာ စီးဆင်း နေတဲ့ မြစ်တစ်စင်းကို မြင်ရတယ်ဆို ကြပါစို့။ သူ မြင်ရတဲ့ ခံစားချက်ထက် သူ့ကို မြင်ရတဲ့ သူ့ချစ်သူကောင်မလေး ဘယ်လိုခံစားရမယ်ဆိုတဲ့ ခံစားချက်က ပိုပြီးအရေးကြီးပါတယ်။ ပျာယာခတ် ပြီး သူ့ကို ကယ်တင်ဖို့ ကြိုးစားမလား။ ဘာမှ မလုပ်ဘဲ ကြောင်ပြီး ကြည့်နေမလား။ စာရေးဆရာမ အဲလစ်ဇဘက် အက်ရ်ှထရီး ရေးခဲ့တဲ့ The Captian and the Kid ၀တ္ထုမှာ မင်းသားရဲ့သား က နှလုံးခွဲစိတ်ကုသမှု မခံရဘူးဆိုရင် အသက် ဆုံးရှုံးတော့မယ်။ ဒါပေမဲ့ သူတို့နေအိမ်က ရုရှားမှာ ဖြစ်ပြီး အဲဒီ မှာက ကောင်းမွန်ထိရောက်တဲ့ ဆေးဝါး ကုသမှုကလည်း မရနိုင်ဘူး။ အဲဒီတော့ အဖေတစ်ယောက်အနေနဲ့ သားရဲ့ အသက်ကို ကယ်နိုင်ဖို့အတွက် အမေရိ ကန်ပြည်ထောင်စုထဲကို ခိုးဝင်ဖို့ နည်း လမ်းတစ်လမ်းပဲ ရှိတော့တယ်။ အဲဒီ အချိန်မှာ အဖေတစ်ယောက် အနေနဲ့ ဘယ်လို ခံစားရမလဲ။ မင်းသားရဲ့ချစ်သူ မင်းသမီးက အမေရိကန် ပြည်ထောင်စုရဲ့ ရဲတပ်ဖွဲ့က အရာရှိတစ်ယောက် လည်း ဖြစ်နေပြန်ရင် ဒီမိန်းကလေး အနေနဲ့ သူ့ချစ်သူရဲ့ ဥပဒေချိုးဖောက် မှုကို အရေးယူဆောင်ရွက်မလား။ လျစ် လျူရှုမလား။ အဲဒီလို စိတ်ခံစားမှု အထွေထွေကို အချစ်ဝတ္ထုများက ပေး နိုင်မှသာလျှင် စာဖတ်ပရိသတ်ကို ဆွဲ ဆောင်နိုင်မှာပါ။ အချစ်ဝတ္ထု အများစုမှာ စာရေး ဆရာများက အမျိုးသမီးဇာတ်ကောင် ဘက်က ရေးသလို အမျိုးသားဇာတ် ကောင်များထဲက ခံစားချက်ကိုလည်း ရေးကြပါတယ်။ ဒီလိုဘာကြောင့် ရေးရသလဲ ဆိုတော့ စာဖတ်သူများက ဇာတ်ကောင်များရဲ့ ရင်တွင်း ခံစားချက်ကို သိလိုကြခြင်းကြောင့် ဖြစ်ပါတယ်။ ၉။ အချစ်ဝတ္ထု ရေးတဲ့ စာရေးဆရာများမှာ အမြဲတစေ ကြုံရတဲ့ ပြဿနာကတော့ ချစ်သူနှစ်ဦးရဲ့ ချစ်ခန်းကြိုက်ခန်း များပါပဲ။ ကျွန်မ ရေးခဲ့တဲ့ ၀တ္ထုတစ်ပုဒ် အခန်း ၁၀ မှာ ကျွန်မက မင်းသားနဲ့ မင်းသမီးကို ခုတင်ပေါ် ပို့လိုက်ပါတယ်။ ခုတင်ပေါ်ရောက်သွားတယ်ဆို ကတည်းက နောက်ထပ် ဘာဆက်ဖြစ် ကြမယ်ဆိုတာ အထူးတလည် ရေးဖွဲ့ ပြစရာ မလိုတော့ပါဘူး။ ကျွန်မကတော့ ခုတင်ပေါ်က ချစ်ခန်း ကြိုက်ခန်းကို မရေးဘဲ နှစ်ယောက်သား တစ်ယောက် အကြောင်း တစ်ယောက် ပွင့်ပွင့်လင်း လင်း ပြောပြကြတဲ့ အခန်းအဖြစ် ရေး ဖွဲ့လိုက်ပါတယ်။ ဒီအခန်းကို ဖတ်ခြင်းအားဖြင့် မင်းသားနဲ့ မင်းသမီးရဲ့ နောက် ခံအကြောင်းအရာများကို စာဖတ်သူက သဘောပေါက် နားလည်သွားစေပါတယ်။ အချစ် ၀တ္ထုများမှာ စာရေးဆရာက ချစ်ခန်း ကြိုက်ခန်းကို ဘယ်လောက် အထိ ရေးမလဲ၊ ဘယ်လို စကားလုံးတွေ သုံးမလဲ ဆိုတာကတော့ ကိုယ့်စာအုပ်ကို ထုတ်ဝေမယ့်သူက လိုင်းချပေးတတ်ကြ ပါတယ်။ ကျွန်မ၀တ္ထု ဖြစ်တဲ့ Harlequin Intrigues မှာဆိုရင် အယ်ဒီတာရဲ့ လမ်း ညွှန်မှုနဲ့ ကျွန်မ ရေးခဲ့ရပါတယ်။ စာအုပ် ထုတ်ဝေတဲ့ တိုက်တစ်တိုက်တည်းနဲ့ အလုပ်လုပ်တဲ့ စာရေးဆရာများအနေနဲ့ အခုလိုပဲ အယ်ဒီတာ၊ ထုတ်ဝေသူများရဲ့ အလိုကို လိုက်ရတာတွေ ရှိပါတယ်။ တစ်ခါတလေမှာ ကိုယ်က မရေးချင် ပေမဲ့ သူတို့က တောင်းဆိုတဲ့ အခါ ရေး ရပါတယ်။ ရေးပြီးတဲ့ အခါတိုင်းမှာလည်း ငါ့အမေများ ဖတ်မိရင် ဘာပြော မလဲ။ ငါ့ကလေးတွေ ဖတ်မိရင် ဘယ် လိုထင်ကြမလဲ။ စိတ်တထင့်ထင့် ဖြစ်ရပါတယ်။ ဘယ်သူ ဘာထင်ထင် ဂရု မစိုက်ဘူးဆိုတဲ့ သူများအတွက်ကတော့ တစ်မျိုးပေါ့။ ၁၀။ အချစ်ဝတ္ထုများ အတွက် နောက် ဆုံးလိုအပ်ချက်တစ်ခုကတော့ ပျော်ရွှင်စွာ ပေါင်းကြလေသတည်း ဆိုတဲ့ ဇာတ် သိမ်းမျိုး ဖြစ်ပါတယ်။ ပျော်ရွှင်စွာ ပေါင်းကြလေသတည်း မဟုတ်ရင် ဒီ ၀တ္ထုဟာ အချစ်ဝတ္ထု မဟုတ်ဘူးလို့ သတ်မှတ်တဲ့ သူတွေတောင် ရှိပါတယ်။ အချစ်ဝတ္ထု ဆိုတာက လူနှစ်ယောက် ကြားမှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို ရေးဖွဲ့ပြီး နောက်ဆုံးမှာ တစ်ယောက်နဲ့ တစ်ယောက် လမ်းခွဲသွားကြ တာမျိုး မဟုတ်ပါဘူး။ အချစ်ဝတ္ထု ဆိုတာက လူနှစ်ယောက် တစ်ဘ၀အဖြစ် ပေါင်းစည်းကြပြီး ကြုံလာသမျှကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကြတဲ့ ဇာတ်လမ်းမျိုးသာ ဖြစ် ပါတယ်။ ပြဿနာတွေ ဘယ်လိုပဲ ရှိပါစေ။ ဖြေရှင်းကြပြီး နောက်ဆုံးမှာ နွေးထွေး မှု၊ ကြင်နာမှုတွေနဲ့ ပေါင်းစည်းရပါမယ်။ အဓိကဇာတ်ကောင် နှစ်ယောက်တည်းသာ မဟုတ်ဘဲ သူတို့ပတ်ဝန်း ကျင်မှာ ရှိတဲ့ မိတ်ဆွေတွေ၊ မိဘဆွေ မျိုးအသိုင်းအ၀ိုင်းတွေ အားလုံး ပျော်ရွှင် စွာ ဇာတ်သိမ်းခြင်းသာလျှင် အချစ်ဝတ္ထု စစ်စစ် ဖြစ်ပါတယ်။ ဆရာမ ရေဗက္ကာက အချစ်ဝတ္ထု များအကြောင်းကို အဲဒီလို ရေးဖွဲ့ခဲ့ပါ တယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဆယ်ကျော်သက်များ ဖတ်နေကြတဲ့ အချစ်ဝတ္ထုများကရော ဒီဘောင်အတွင်း မှာ ရှိကြပါသလား။ ဆန်းစစ်ကြည့်ကြ ပါစို့။ ဝင်းငြိမ်း (ရွှေအမြုတေ မဂ္ဂဇင်း၊မေလ ၂၀၁၂)
<urn:uuid:b4b76fe6-0a86-436a-96f6-1398f6473ae1>
CC-MAIN-2013-20
http://www.shweamyutay.com/index.php?option=com_content&view=article&id=4054&Itemid=694&fontstyle=f-default
2013-05-24T14:24:26Z
s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368704664826/warc/CC-MAIN-20130516114424-00043-ip-10-60-113-184.ec2.internal.warc.gz
mya
0.958354
Mymr
14
{"mya_Mymr_score": 0.9583536386489868, "blk_Mymr_score": 0.041017983108758926}
ဟာတူး ဟာတူး ကျေးရွာသည် ချင်းပြည်နယ် တောင်ပိုင်း၊ မတူပီ (Matupi) မြို့နယ် အရှေ့တောင်ဘက် ယွင်းယွင်း၌ တည်ရှိသော အလွန်လှပသည့် ကျေးရွာကလေး တစ်ရွာပင် ဖြစ်သည်။ အရှေ့ဘက် တွင် ယံပါး (Zampa) တောင်တန်း၊ အရှေ့တောင်ဘက်တွင် ဟာယုံ (Hal Zung) ကျေးရွာ၊ အနောက်ဘက်ခြမ်းတွင် ကာအိမ်း (Kal Im) ကျေးရွာအုပ်စု၊ မြောက်ဘက်ခြမ်းတွင် လှန်းပြန်း (Hlang Prang) ခေါ် ချန်းပြန်း ကျေးရွာ အုပ်စု၊ နှင့် တောင်ဘက်ပိုင်းတွင် ရွှင်သွီး (Sun Tui) နယ်တို့ဖြင့် နယ်နမိတ် ထိစပ်လျက် ရှိနေပါ သည်။ ရွာတည်ဆောက်မှု ပုံသဏ္ဍာန်မှာ ရွာတန်းရှည် ပုံသဏ္ဍာန်ဖြစ်ပြီး မြောက်မှ တောင်ဘက်သို့ သွယ်တန်းသွားသည်။ ရွာအတွင်း ရပ်ကွက် နှစ်ခုရှိပြီး ခေါ်ဒ်ဗါး ချောင်းငယ်ကလေးဖြင့် ခွဲခြားထားသည်။ ရွာ၏ အနောက်ဘက်ခြမ်းတွင် ကီလောင် (Ki Long) ချောင်းကလေး စီးဆင်းသွားရာ လှပ သော သဘာဝပန်းချီ ကားချပ်သဖွယ် ကဗျာဆန်လှသည်။ ရွာအတွင်း နေထိုင်သူများ အနေဖြင့် အိမ်ခြေ (၆ဝ) နီးပါးခန့် ရှိပြီး၊ လူဦးရေ အနေဖြင့် (၃ဝဝ) ခန့် နေထိုင်ကြသည်။ လူဦးရေ အိမ်ခြေအနေဖြင့် နည်းပါးလှသော်လည်း မတူပီ မြို့နယ် အတွင်း ဖွံ့ဖြိုးတိုးတက်မှုနှုန်း အမြင့်ဆုံး စံပြကျေးရွာပင် ဖြစ်သည်။ သာဓက တစ်ခုအနေဖြင့် မတူပီ တစ်မြို့နယ်လုံး၌ ကိုယ်ထူကိုယ်ထ ရေအားလျှပ်စစ် စတင်အသုံးပြုသော ရှေ့ဆောင် ရွာပင်ဖြစ်သည်။ ယခုအခါတွင် ဟာတူး ကျေးရွာ လူထုများအနေဖြင့် တခြား ဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍများကိုလည်း များစွာ အကောင်ထည်ဖေါ် ကြိုးပမ်း ဆောင်ရွက်လျက် ရှိနေပါသည်။ ဟာတူး ကျေးရွာ၏ အခြားသော ဆောင်ရွက် အောင်မြင်မှုများကို အလျှင်းသင့်သလို ဆက်လက်ဖေါ်ပြ သွားမည်ဖြစ်သည်။ ယခုမူ အစဉ်အလာကြီးစွာ ဖွံ့ဖြိုးတိုးတက် အောင်မြင်သော ဟာတူး ကျေးရွာ၏ ဖြစ်တည်မှု သမိုင်း အကျဉ်းကိုသာ ဖေါ်ပြသွားပါမည်။ သမိုင်း[ပြင်ဆင်ရန်] မြန်မာနိုင်ငံအတွင်း ရာစုခေါတ်ဦးပိုင်းလူများ နေထိုင်ပြောင်းလဲမှု အဆင့်ဆင့်[ပြင်ဆင်ရန်] ကမ္ဘာ့ သမိုင်းပညာရှင်များမှ BC ခေတ်နှောင်းပိုင်းနှင့် AD အစောပိုင်း ကာလများကို ကမ္ဘာ့သမိုင်း၏ သမိုင်းသစ် ပြုပြင်ခြင်း ကာလများ သို့မဟုတ် ကမ္ဘာ့ သမိုင်း၏ နယ်မြေသစ်များ ရှာဖွေခြင်း ကာလများဟူ၍ သတ်မှတ်ခဲ့ကြသည်။ ကျွန်ုပ်တို့ အမိမြန်မာပြည်၌ မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများသည်လည်း ထိုကာလ တစ်လျှောက်များ၌ပင် မြောက်ဘက် တိဘက် ကုန်းပြင်မြင့်မှ ဆင်းသက်လာကြခြင်းဖြစ်ကြောင်း သမိုင်း ပညာရှင်များမှ သုသေသနပြု မှတ်တမ်း တင်ခဲ့ကြသည်။ တိဘက် ကုန်းပြင်မြင့်မှ တဆင့် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်၊ သံလွင် မြစ်ကြောင်းများအတိုင်း ရေကြည်ရာ မြက်နုရာ စုန်ဆင်းလာကြပြီး၊ နောင်တွင် တိုင်းရင်းသားလူမျိုးများ အဖြစ်ဖြင့် မြန်မာပြည်အတွင်း နေထိုင်လာကြသည်။ ရောက်ရာဒေသများ၌ မြို့ပြ နိုင်ငံများ ထူထောင်လာကြကာ ပျူ၊ ဟန်လင်း၊ သရေခေတ္တရာ စသည့် ရှေးမြန်မာ့မြို့ပြနိုင်ငံများ ပေါ်ပေါက်လာကြသည်။ သမိုင်းဦးကာလများသည် ကျွန်ပိုင်ရှင်ခေတ်နှင့် ပဒေသရာဇ်ခေတ်များဖြစ်ရာ နိုင်လိုမင်းထက် ကြီးနိုင် ငယ်ညှင်းစံနစ်ဖြစ် စစ်မက်လိုလားသော ခေတ်ဖြစ်သည်။ ထိုကာလ၌ လူအများစုတို့မှာ စစ်မက်ကို ရှောင်ရှားရင်း နောင်အခါ၌ တောင်တန်းဒေသများသို့ ပြောင်းရွှေ့ နေထို်င်လာကြသည်။ ကချင်၊ ချင်း၊ ရှမ်း၊ နာဂ စသည့် တောင်ပေါ်နေ တိုင်းရင်းသားအဖြင့် နောင်တွင် ထင်ရှားလာသည်။ ကချင် လူမျိုးများသည် ယခု ကချင်ပြည်နှင့် ရှမ်းပြည် မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း မြောက်ပိုင်း၊ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံများ၌ ပျံ့နှံ့ နေထိုင်ကြပြီး၊ ရှမ်းလူမျိုးများသည်လည်း ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် အဖျားပိုင်း၊ စစ်ကိုင်းတိုင်း ခန္တီးဒေသနှင့် အိန္ဒိယနိုင်ငံ အာသံဒေသ၊ တရုတ်ပြည်၊ လာအို၊ ထိုင်းနှင့် ကမ္ဘောဒီးယား နိုင်ငံများသို့ ပျံ့နှံ့ နေထိုင်ကြသည်။ ချင်းလူမျိုးတို့၏ ပျံ့နှံ့နေထိုင်မှု ပုံစံမှာ ရှုပ်ထွေးလှသည်။ BC ၆ဝဝ ခန့်တွင် ချင်းတို့သည် တိဘက် ဒေသမှ စုန်ဆင်းလာကြပြီး၊ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်(သလ္လာဝတီ) ရိုးတစ်လျှောက် နေထိုင်လာခဲ့ကြရာမှ မြန်မာပြည် အလယ်ပိုင်းနှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသများအထိ ပျံ့နှံ့စွာ နေထိုင်လာကြသည်။ တချို့မှာ တမူး - ကဘော်ချိုင့်ဝှမ်းမှ တဆင့် အိန္ဒိယနိုင်ငံ မဏိပူရနှင့် မီဇိုရမ် ပြည်နယ်များသို့ လည်းကောင်း၊ ထိုမှတဆင့် မီရမ်နယ်နှင့် ပလက်ဝနယ် တစ်လျှောက်၊ တချို့ တမူး - ကဘော်ချိုင့်ဝှမ်းမှ ချင်းတောင် ဒေသရှိ တီးတိန်ဒေသများသို့ လည်းကောင်း၊ ထီးလင်း - ဂန့်ဂေါ ဒေသများမှ တဆင့် ဟားခါး - ထန်တလန်နှင့် ဖလမ်း ဒေသများ သို့လည်းကောင်း၊ ဒိုင် - မတူနယ်နှင့် ဇိုးတုန်နယ်များသို့ လည်းကောင်း ပျံ့နှံ့ခဲ့ကြသည်။ ကျန်တချို့မှာ စလင်း - ဆော - ချောက် ဒေသမှ ကန်ပက်လက် - မင်းတပ်နှင့် ခိုျးနယ်များ၊ ဒိုင်နယ်များသို့လည်းကောင်း၊ ရခိုင်ရိုးမမှ တဆင့် မိုျ၊ ခမီ၊ ဒိုင်နက် ဒေသများသို့လည်းကောင်း ပျံ့နှံ့ နေထိုင်ခဲ့ကြသည်။ ရှေးအခါများ၌ ချင်းလူမျိုးများသည် မိမိကိုယ်မိမိ ချင်းဟူ၍ မခေါ်တွင်ခဲ့ကြပေ။ ဇိုမီး၊ မီဇို၊ လိုင်မီး၊ ဒိုင်၊ ခူမီး၊ ခိုျး၊ ယော၊ အရှို စဟူ၍သာ ခေါ်ဆိုခဲ့ကြသည်။ ချင်းဟူသော ဝေါဟာရများသည် မည်သည့် ချင်းမျိုး နွယ်စုတွင်မှ မခေါ်ခဲ့ကြပေ။ မြန်မာစကား၊ မြန်မာအခေါ်များတွင်သာ တွေ့ရတတ်သည်။ ထို့ကြောင့် ‘ချင်း’ ဝေါဟာရသည် ဗမာများ၏ “သူငယ်ချင်း၊ အချင်းချင်း”ဟူသော စကားမှ ပေါ်ထွက်လာခြင်း ဖြစ်သည်ဟူသည့် အယူအဆ၊ အဆိုများ ရှိခဲ့သည်။ တိုင်းရင်းသား အချင်းချင်း ခေါ်ကြရာတွင် ချင်းမှ ကချင်ကို ‘ကချင်’၊ ရှမ်းကို ‘ရှန်’၊ ကရင်ကို ‘ကလန်’၊ ရခိုင်ကို ‘လခုန်’၊ ဗမာကို ‘ကောလ်’ ဟူ၍ ခေါ်ကြလေသည်။ ကချင်များမှ ခန်း (Khang)၊ ရှမ်းများမှ ချန်း (Chang)၊ ကရင်များမှ ချော (Chaw)၊ မွန်များမှ ချီးယဲန်း (Chieng)၊ ခယဲန်း (Khyeng)၊ ရခိုင်များမှ ချားန် စသည်ဖြင့် တိုင်းရင်းသား လေသံများဖြင့် အချင်းချင်း ခေါ်ဆိုခဲ့ကြသည်။ မြန်မာပြည် အလယ်ပိုင်း ဒေသများဖြစ်သည့် ပုပ္ပားဒေသများနှင့် ပဲခူးရိုးမများသို့ လည်းကောင်း၊ မင်းဘူး - ပြည် - သရက်နှင့် ဧရာဝတီတိုင်း၊ တနင်္သာတိုင်း တလျှောက်သို့တိုင် ချင်းလူမျိုးများ ပျံ့နှံ့ နေထိုင်ခဲ့ကြသည်။ နောင်တွင် မြေပြန့်ဒေသ၌ နေထိုင်ကြသည့် ချင်းလူမျိုးများအား ချင်းပုံ (သို့မဟုတ်) အရှိုချင်းများဟု ခေါ်ဆိုကြသည်။ တီးတိန် - တွွင်းဇံဒေသများ၌ နေထိုင်သူများကို ဇိုလူမျိုး၊ ဖလမ်း - ဟားခါး - ထန်တလန် ဒေသများ၌ လိုင်လူမျိုးများ၊ မင်းတပ် - ကန်ပက်လက် ဒေသများ၌ ခိုျးလူမျိုးများ၊ ထီးလင်း - ဂန့် ဂေါ - ဆော ဒေသများနှင့် ပုံတောင်ပုံညာ ဒေသများ၌ ယောလူမျိုးများ၊ ပလက်ဝနှင့် ရခိုင် နယ်စပ်တကြော၌ ခမီ - òမိ - ဒိုင်နက်လူမျိုးများ၊ ပလက်ဝ - မတူပီ - ထန်တလန်နှင့် အိန္ဒိယ နယ်များ၌ မရာလူမျိုးများ၊ မတူပီနယ်၌ မတူလူမျိုးများနှင့် မတူပီ - မင်းတပ် - ကန်ပက်လက် - ပလက်ဝ ဒေသများ၌ ဒိုင်လူမျိုးများ စသည်ဖြင့် ပျံ့နှံ့ နေထိုင်ကြသည်။ ဤသို့ဖြင့် ချင်းလူမျိုးများနှင့် အခြား တိုင်းရင်းသားလူမျိုးများ မြန်မာနိုင်ငံနှင့် အခြားနယ်မြေ အရပ်ရပ်သို့ ပျံ့နှံ့နေထိုင် ခဲ့ကြသည်။ မြန်မာပြည် အတွင်းသို့ ဝင်ရောက် ပျံ့နှံ့နေထိုင်ကြရာ၌ ချင်းလူမျိုးများသည် အစောဆုံးလူများ ဖြစ်ဖွယ်ရှိကြောင်း သမိုင်းပညာရှင်များ၏ ခန့်မှန်း တွေးဆချက်များ ရှိခဲ့သည်။ ရှေးမြို့ပြ နိုင်ငံများ ဖြစ်ကြသည့် သရေခေတ္တရာနှင့် ဗိဿနိုး မြို့ပြများသည် ချင်းလူမျိုးများ၏ မြို့ပြနိုင်ငံများပင် ဖြစ်ကြောင်းနှင့် ပျူလူမျိုးမှာ ယခု ချင်းလူမျိုးများပင် ဖြစ်နိုင်ကြောင်း ရှာဖွေ တွေ့ရှိမှုများပင် ရှိခဲ့သည်။ ပျူ၊ ကမ်းယံ၊ သက်တို့သည် AD အစောပိုင်းကာလများ၌ မြိ့ပြများ တည်ထောင်ကြပြီး အတူတကွ နေထိုင်ခဲ့ကြသည်။ ရာစုနှစ်များ ကြာလာ၍ မြန်မာလူမျိုးများ ဝင်ရောက်လာသောအခါ ကမ်းယံနှင့် သက်တို့မှာ တခြားဒေသများသို့ ပြောင်းရွှေ့ ထွက်ခွာသွားကြပြီး၊ ပျူလူမျိုးများသာ မြန်မာတို့နှင့်အတူ ရောနှောနေထိုင် ကျန်ရစ်ခဲ့ကြသည်။ နောင်တွင် ပျူနှင့်မြန်မာ ရောထွေးသွားပြီး ပျူလူမျိုးများ မှေးမှိန်သွားကာ မြန်မာလူမျိုးများ ဟူ၍သာ ကျန်ရစ်ခဲ့တော့သည်။ ရေကြည်ရာ ထွက်သွားကြပြီး ချင်းတွင်းဒေသအထိ သွားရောက် နေထိုင်ကြသော သက်လူမျိုးတို့မှာ ယနေ့ ချင်းလူမျိုးများအဖြစ် နေထိုင် တွင်ရစ်ခဲ့ကြောင်းလည်း ဖေါ်ပြထားသည်။ သို့ဖြင့် ချင်းလူမျိုးတို့သည် စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် မွန်ပြည်နယ်၊ တနင်္သာရီ သို့တိုင် ပြန့်နှံ့နေထိုင် ကြသည်။ ရခိုင်ပြည်တွင် ယနေ့ တိုင်အောင်ပင် သက်လူမျိုးများ ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။ ချင်းမှန်လျင် ပုဂံက[ပြင်ဆင်ရန်] “ချင်းမှန်လျှင် ပုဂံက” ဟူသော ဆိုရိုးစကားရှိခဲ့သည်။ ပုဂံဒေသမှ နောင်ချင်းယဉ်များ ဖြစ်လာမည့် ဒိုင်၊ မာ့တူ၊ မကန်း၊ ခူမ်၊ လေးမြို့ချင်းတို့သည် စစ်ရေးကြောင့် မုံရွာမြို့အနီးရှိ ကျောက်ကာရွာ၌ နေထိုင်ကြကာ “ကျောက်ကာ ဘုရား” ကို တည်ထားခဲ့ကြသည်။ ရန်များမှ လာရောက်တိုက်ခိုက် နှောင့်ယှက်သဖြင့် ကွဲအက်နေသော ကျောက်ပြားချပ်တွင် သံမြှား စိုက်ထားပြီး တောငှက် ပျောပင်များအား အပိုင်းပိုင်း ခုတ်ဖြတ်ထားခဲ့ကြသည်။ ရန်သူများ ကျောက်ကာသို့ ရောက်လာကြပြီး ဌက်ပျောပင်များ၏ အစို့များ ရှည်ထွက် နေသည်ကို မြင်သောအခါ လိုက်မှီတော့မည် မဟုတ်ကြောင်း ယူဆကြသည်။ ကျောက်ကိုပင် ကွဲအောင် မျှားဖြင့်ပစ်နိုင်သောကြောင့် တိုက်၍ မလွယ်ကြောင်း သုံးသပ်မိသဖြင့် ရန်သူများ နောက်ကြောင်း ပြန်လှည့်ကြသည်ဟု ဒိုင်း၊ ခိုျး၊ အရှို ချင်းများ၏ ရာဇဝင်ပုံပြင်များ၌ တူညီစွာ ဆိုစမှတ် ပြုကြသည်။ ချင်းလူမျိုးများ ပုဂံတွင် ရှေးက နေထိုင်ခဲ့သည့် သာဓက တခုမှာ အနော်ရထာ မင်းစော စုက္ကတေးမင်းအား ပုန်ကန်ရန်အတွက် ပုပ္ပါးသို့ သွားရောက် မှီခိုသောအခါ ချင်းတို့က တောင် အရှေ့ဘက်စောင်းသို့ ရွေ့ပေးရကြောင်း ရာဇဝင်များရှိခဲ့သည်။ ထို့ပြင် အနော်ရထာမင်း မင်းဖြစ်ပြီးနောက် ပုပ္ပါးတောင်သို့ ပန်းခူးရန် စေလွှတ်ခြင်းခံရသော ကုလား ခြေလျင်သည် (ဗျတ္တ) သည် သွားရဖန် များလာသောအခါ ပုပ္ပါးရှိ မယ်ဝဏ္ဏ (ဘီလူးမ) နှင့် သင့်မြတ်ပြီး ရွှေဖျင်းကြီး၊ ရွှေဖျင်းငယ် သားတော်နှစ်ပါး ဖွားမြင်ခဲ့ကြောင်း ပုပ္ပါး ရာဇဝင်၌ အထင်အရှား ရှိခဲ့သည်။ ထိုရာဇဝင်ရှိ မယ်ဝဏ္ဏသည် ဘီလူးမ မဟုတ်ဘဲ ချင်းမပင် ဖြစ်ကြောင်း ပုဂံရာဇဝင်များ၌ ဖေါ်ပြချက်များ ရှိထားသည်။ ထို ရွှေဖျင်းကြီး-ရွှေဖျင်းငယ် ညီနောင်တို့သည် နောင်တွင် မန္တလေး နယ်တွင်းရှိ တောင်ပြုံးဒေသ၏ ထင်ရှားသော နတ်များအဖြင့် လူသိများလာသည်။ ပုပ္ပါးတောင်နှင့် ချင်းလူမျိုး[ပြင်ဆင်ရန်] ပုပ္ပါးတောင်သည် အညာဒေသ (မြန်မာပြည် အလယ်ပိုင်း) ၏ အိုအေစစ်သဖွယ် ခိုင်းနှိုင်းတင်စားထား သည့် ဒေသတစ်ခု ဖြစ်သည်။ ပုပ္ပါးတောင် အမည်တွင်လာပုံမှာ ရာဇဝင် ဆရာများ၏ တင်ပြပုံများ မရှိသလောက် ရှားပြီး တစ်ဦးနှင့် တစ်ဦး၏ တင်ပြမှုပုံ ကွဲပြားကြသည်။ ချင်း လူမျိုးများ၏ တင်ပြမှုများလည်း ရှိသည်။ ရှေးချင်း လူမျိုးများ ပုပ္ပါးနယ် တစ်လွှား၌ နေထိုင်ကြပြီး ထိုမှ ရေကြည်ရာ မြက်နုရာများသို့ ရွေ့လျားလာကြရာမှ နောင် ပုပ္ပါးဒေသအား ဘိုး - ဘွားတို့၏ နေရာ၊ ဘိုး - ဘွားတို့ တောင် (Pupa Sawm) ဟူ၍ ချင်းစကားဖြင့် ခေါ်ဆိုကြရာမှ နောင် ပုပ္ပါးတောင်ဟု အမည်တွင်လာသည်။ နောက် ဖေါ်ပြချက် တစ်ခုမှာ ပုပ္ပါးတောင်မကြီး မီးတောင်ပေါက်ကွဲ ပြီးနောင် မီးငြိမ်းတောင် ဖြစ်လာသောအခါ ပေါက်ကွဲပြီး ပြန်ငြိမ်းသွားသောတောင် (pok-pa Sawm) ဟူ၍ ခေါ်ဝေါ်ကြရာမှ နောင်တွင် ပုပ္ပါးတောင် ဖြစ်လာကြောင်း ဖေါ်ပြမှုများ ရှိခဲ့သည်။ ပုပ္ပါးတောင်တော် သမိုင်းများတွင် ပုပ္ပါးတောင်ကို နဂါးရစတောင်ဟု ဖေါ်ပြထားသည်။ အလားတူပင် ချင်း ရာဇဝင်များတွင်လည်း ငါန်းပါးစုမ် (Nganpaa Cum) ဟူ၍ ခေါ်ကြသည်။ အဓိပ္ပါယ်မှာ “နဂါးထီးတောင်၊ နဂါးကြီးတောင်” ဟူ၍ အဓိပ္ပါယ်ရသည်။ အထက်ပိုင်း တီးတိန် - တွန်းဇံနယ်များနှင့် ဇိုမီး၊ လိုင်မီး မျိုးနွယ်စုများမှလည်း ပုပ္ပါးတောင်ကို ဟူ၍ ခေါ်တွင်ကြသကဲ့သို့ အရှိုချင်းများမှလည်း “ပုပ်ပတ်ဆွမ်” ဟူ၍ ခေါ်ကြသည်။ အထက် ဖေါ်ပြချက်များကို ထောက်ရှုခြင်းအားဖြင့် ချင်းတို့၏ နေထိုင်ရာ နေရာဒေသ “ချင်းမှန်လျင် ပုဂံက” ဟူသောဆိုရိုးမှာ မှန်ကန်ကြောင်း အခိုင်အမာ တွေ့ရပေသည်။ ရှေးအခါများ၌ ချင်းတို့သည် ပုပ္ပါးတောင် ဒေသတဝိုက်တွင် နေထိုင်ခဲ့ကြသည်။ ထိုသို့ နေထိုင်ကြရာတွင် ယနေ့ တိုင်အောင် သိသာထင်ရှားသည့် နေရာဌာန ငါးခု ရှိကြောင်း တွေ့ရှိရသည်။ ပုပ္ပါးဒေသ မြေကြီးပဘလွန်သည် ဆည်ပေါက် ရွာဟောင်း၏ ဤရှေ့ဘက် ငါးမတ်ခန့် (တစ်တိုင်ခွဲခန့်) တွင် တည်ရှိသည်။ စပါးပုံတော်၏ အရှေ့ဘက်ကျသည်။ ငှက်ပျောခြံများသို့ သွားရလမ်းဘေးရှိ ချင်းရွာဟောင်း နေရာတွင်တည်ရှိပြီး ယခုအခါ ပုပ္ပလွင်ဟု ခေါ်တွင်ကြသည်။ ရေပြာရွာတောင် ရွာဟောင်းကုန်းသည် ဆည်ပေါက်ရွာ အရှေ့၊ နှစ်တိုင်ခန့် ကွာဝေးသည်။ တောင်မကြီး၏ ဤနောင်ဘက်ခြမ်းတွင် ကျပြီးရွာ၏ အနေအထားမှာ တောင်ရိုးအလိုက် အရှေ့မြောက်မှ အနောက် - တောင်ဘက်သို့ သွယ်တန်း တည်ရှိသည်။ ရွာတည်ဆောက်ပုံ အလွန်ကျယ်ပြန့်သည့် ရွာကြီးတရွာ ဖြစ်ခဲ့ဟန်တူသည်။ ချင်းအိုင်ရွာသည်လည်း စပါးတောင်ပုံ တောင်ထိပ် အနီးတွင် တည်ရှိသည်။ ထို စပါးတောင်ပုံ တောင်၏ အနောက် - တောင်ဘက်တွင် တည်ရှိသည်။ စပါးတောင်ပုံ၏ အရှေ့ဘက်ခြမ်း လှေတောရွာနှင့် လက်ပံအိုင်ရွာ အကြားရှိ ရေဆူရေထွက်၏ အနီးတွင်လည်း ရေဆူယာလွန်ဟူ၍ ချင်းတို့၏နေရာ ရွာဟောင်းရှိသည်။ တောင်ကြီး၏ အရှေ့ - တောင်ဘက် လက်ပံရွာ၏ အရှေ့ဘက်တွင် လလယ်ရွာဟောင်း တည်ရှိသည်။ ဤသည်တို့သည် ချင်းတို့၏ အစဉ်အဆက် နှုတ်တိုက် မှတ်သားရသည့် အထောက်အထားများပင် ဖြစ်သည်။ ပုပ္ပါးဒေသ၌ ယနေ့တိုင်အောင် ထင်ရှားသည့် ချင်းမဘို့မယ်ချောင်းမှာ ချင်းမဘို့မယ် ဖေါက်လုပ်ထားသော ချောင်းဖြစ်၍ ဘို့မယ်ချောင်း အမည်တွင်သည်။ စလမိန် လယ်ကျင်းသို့ ချသွင်းသော ရေများသည် ရေထွက် ပေါင်းစုံမှရေများကို် စုဆောင်း ပေါင်းစပ်၍ ချင်းမ - ဘို့မယ် ဆယ်ယူထားသောကြောင့် ဆယ်ချောင်းဟု ခေါ်တွင် သည့်ချောင်းမှ ပေးသွင်းသော ရေများဖြစ်သည်။ ဆည်ချောင်း ဝဲယာရှိ ခြံ၊ ဥယျာဉ်များကို ဆယ်ခြံ၊ ဆယ်ဥယျာဉ်များဟု ခေါ်ကြသည်။ ပုပ္ပါးတောင် ငှက်ပျောများတွင် ဆယ်ခြံမှ ငှက်ပျောတို့သည် အရသာ အကောင်းဆုံးနှင့်၊ အခိုျဆုံးဖြစ်သည်။ ဤသို့ဖေါ်ပြရာ၌ ချင်းလူမျိုးများ သာလျှင် အစောဆုံးလူသားများ ဖြစ်သည်ဟု ဆိုလိုခြင်း မဟုတ်ဘဲ မြန်မာ့ သမိုင်းတလျှောက် ချင်းလူမျိုးများ၏ ဖြစ်တည် ဆင်းသက်မှုအား ထင်ရှားစေရန် ဖေါ်ပြခြင်းသာလျှင် ဖြစ်ကြောင်း စာရူအနေဖြင့် သိရှိစေလိုပါသည်။ ချင်းလူမျိုး သမိုင်း ရေးသားရာ၌ မြန်မာ့သမိုင်း ဆင်းသက်မှုကို လျစ်လျှူရှု၍ မဖြစ်ရကား ဤသို့ မြန်မာ့ တိုင်းရင်းသားများ၏ လူမျိုးဆင်းသက်မှုအား အကျဉ်းဖေါ်ပြရခြင်း ဖြစ်ကြောင်း ဖေါ်ပြအပ်ပါသည်။ အနော်ရထာနှင့် ပတ္တမြားငမောက်[ပြင်ဆင်ရန်] “အနော်ရထာ မင်းတရားကြီး” ဘုန်းတော် အထွက်အထိပ်သို့် ရောက်သောအခါ စစ်သည် ဗိုလ်ပါခြံရံလျက် ပုပ္ပါးတောင်သို့ တောကစားရင်း တောစောင့်နတ်၊ မင်းမဟာဂီရိနတ်တို့အား ပူဇော်ရန် ရောက်ရှိလာသည်။ တနေ့သော် တောကစားရင်း ပုပ္ပါးနယ်မြေ ချင်းအိုင်ဘက်သို့် ရောက်သွားရာ သွင်ပြင် ဆင်းရောင် ထူးခြား ဝင်းပြောင် တောက်ကြွားသည့် ပတ္တမြားတုံးကြီး ပတ်ပတ်လည်၌ ချင်းငမောက်၏ သမီးများ ဗိုင်းငင် - ယက်ဖေါက် နေကြသည်ကို တွေ့မိသည်။ ငမောက်အား ဤကျောက်ကြီး၏ အကြောင်း မေးမြန်းရာ ကျင်းတူးရင်း ရရှိသည့် ကျောက်စုန်းကြီးသာ ဖြစ်ကြောင်း၊ မိမိအတွက် ဘာမှ အသုံးမဝင်ကြောင်း၊ လိုချင်လျင် ယူသွားနိုင်ကြောင်း၊ မီးဖို - ဗိုင်းငင်ရန် အသုံးဝင်ကြောင်း ပြောပြီး ထိုပတ္တမြားကြီးအား အနော်ရထာ မင်းတရားကြီးသို့ ပေးလိုက်လေ၏။ မင်းကြီးကလည်း အလကား သိမ်းပိုက်ရယူခြင်း မပြုဘဲ လက်ဆောင်ဘဏ္ဍာ များချီးမြှင့်ခဲ့သည်။ ငမောက်ထံမှ ရရှိသော ပတ္တမြား ရတနာဖြစ်သောကြောင့် အစဉ် သတိရစေရန်အတွက် ထို ပြည်တန် ပတ္တမြားကြီးအား “နန်းစဉ် ငမောက်ကြီး” ဟု ထီးနန်းစဉ်ဆက် ခေါ်တွင်စေသည်။ ငမောက်ကြီးသည် မိမိအိမ်သားအသွင် သံယောဇဉ်ဖြစ် ချစ်ခင်မိသော အနော်ရထာမင်းအား အပြန်လမ်းကို် ညွှန်ပြပေးလေသည်။ ချင်းအိုင်မှ နှစ်မိုင်သာသာ ဝေးသော ရေငတ် ရေထွက်၏။ အနောက်ဘက်ရှိတောင် ပူစာလေးအထိ လိုက်ပို့ကာ ပုဂံကို လှမ်းမြင်ရသောအခါ ထိုနေရာမှ ပုဂံကို လှမ်းမျှော်ကြည့်၏။ အနော်ရထာ မင်းကြီးသည် ထိုနေရာမှ ပုဂံပြည်ကို လှမ်းမျှော်ပြကာ “အဘ လာခဲ့ပါ” ဟုမှာထားခဲ့ရာ၊ “အေးအေး ငါ့သား သွားပေတော့ အဘ လာခဲ့မယ်” ဟု ပြောထားလိုက်သည်။ နောင်တွင် ထိုနေရာကို ပုဂံမျှော်ဟူ၍ ယနေ့တိုင် ခေါ်တွင်လေ့ ရှိကြသည်။ ချင်းကြီးငမောက်သည် ရင်သွေးသမျှ ချစ်လှစွာသော မင်းကြီးအတွက် ပိန်းဥ၊ မျောက်ဥ စသည့် စားဖွယ်များနှင့် ကျောက်ဆင်ရုပ် သုံးစီးကို ယူဆောင်လျက် ပုဂံသို့ထွက် သွားလေ၏။ ငမောက် မရောက်မီ အချိန်၌ မင်းတရားကြီးအား “ရှေးဘဝဟောင်းများ၌ အဘဖြစ်ခဲ့ဖူးသူသည် ‘ဆင်ဖြူတော် သုံးစီး’ ဆက်သရန် ယနေ့ ဆိုက်ရောက်လတ္တံ့” ဟူ၍ ပုဏ္ဏားဖြူ ပုဏ္ဏားညိုတို့မှ ဟောထား နှင့်ကြ၏။ အဆင်းသဏ္ဌာန် ရိုးစင်းလှသည့် ငမောက်သည် နန်းတော်ရှေ့ တံခါးဝသို့ ရောက်လာသောအခါ ဟန်ပန်မူရာ မတင့်တယ်သဖြင့် တံခါးမှူးမှ ဝင်ခွင့် မပြုသဖြင့် သာမာန် လူစုဝေးတို့ ရှိရာသို့ ရောက်သွားလေ၏။ ဆင်ဖြူတော် ဆက်သရန် အခါသင့်သော်လည်း တစုံတရာ ရောက်လာခြင်း မရှိသေးသဖြင့် မင်းတရားကြီးမှ စုံစမ်းခိုင်းရာ “တောသားအသွင် ထင်မှတ်ရသည့် လူကြီးတစ်ယောက် နန်းတော်တံခါးဝသို့ ရောက်ရှိလာကြောင်း၊ နန်းတော်တွင်းသို့ဝင်ရန် လျော်ကံခြင်း မရှိသဖြင့် ဝင်ခွင့်မပြုကြောင်း” ကို တံခါးမှူးမှ လျှောက်တင်၏။ တံခါးမှူး လျှောက်တင်သည့် ဟန်ပန်အမူရာနှင့် ထိုလူကြီးအား လိုက်လံရှာဖွေရာ အရပ်လူစည်ကားရာ၌ ဝိုင်းရံလျက်ရှိသည့် ချင်းကြီး ငမောက်အား တွေ့မြင်သဖြင့် အထံတော်သို့် ဆင့်ခေါ်ကာ အခစား ဝင်စေသည်။ မင်းတရားကြီးမှ “ဤပုဂ္ဂိုလ်သည် အခြားလူမဟုတ်၊ ပုပ္ပါးတောင်ပေါ်ရှိ ချင်းအိုင်ဒေသမှ ချင်းလူမျိုး ဖြစ်ကြောင်း၊ နန်းတော်တွင်း၌ မြင်ရသော ပတ္တမြားကြီးသည် ၄င်း၏ ဌာနေဒေသမှ ရရှိခြင်း ဖြစ်ကြောင်း၊ ကျေးဇူးတရား အထူးဆပ်ရမည် ဖြစ်ကြောင်း” နှင့် ဖြစ်ကြောင်း ကုန်စင်ကို မိန့်ကြားတော်မူခဲ့၏။ ထို့နောက် နန်းတော်တွင်း၌ ပျော်သရွေ့ နေထိုင်စေလျက် ရွှေ၊ ငွေ၊ ရတနာ များနှင့်တကွ များလှစွာသော လက်ဆောင် ပဏ္ဏာတော်များ ချီးမြှင့်ခဲ့သည့် ရာဇဝင်များ ရှိခဲ့သည်။ ပုပ္ပါးတောင်ရှိ ချင်းများသည် နောင် နရပတိစည်သူ မင်းလက်ထက်တွင် ဧရာဝတီမြစ် အနောက်ဘက်ကမ်း ယခု ချင်းလူမျိုးတို့ နေထိုင်သည့် ဒေသများသို့ ပြောင်းရွှေ့သွားကြကြောင်း တောင်တော်ပုပ္ပါး သမိုင်း ရာဇဝင်များတွင် ဖေါ်ပြထားကြောင်း တွေ့ရှိရသည်။ ပုပ္ပါးတောင်ရှိ ချင်းလူမျိုးများသည် ပုပ္ပါးမြေကို စွန့်ခွာရသည့် အခြား အကြောင်းရင်းများလည်း များစွာ ရှိဟန်တူကြောင်း ဖေါ်ပြထားသည်။ ဤသာဓကများကို ထောက်ရှုခြင်းအားဖြင့် ရှေးကာလများတွင် ချင်းတို့သည် ပုပ္ပါး - ပုဂံနှင့် မြန်မာပြည် အလယ်ပိုင်း ဒေသများတွင် နေထိုင်ခဲ့ကြကြောင်း အခိုင်အမာပင် တွေ့ရှိရသည်။ လူမျိုးများ[ပြင်ဆင်ရန်] ချင်းလူမျိုးများ၏ နေထိုင်သက်ဝင်မှုနှင့် ဒိုင်လူမျိုး[ပြင်ဆင်ရန်] အထက် ဖေါ်ပြပြီးသည်အတိုင်း ချင်းလူမျိုးများ၏ နေထိုင်ဆင်းသက်မှု သမိုင်းသည် များစွာရှုပ်ထွေးလှသည်။ ဧရာဝတီ - ချင်းတွင်း မြစ်ကြောင်း တလျှောက်နှင့် မြန်မာပြည် အလယ်ပိုင်း၌ နေထိုင်ကြသော အရှိုချင်း မျိုးနွယ်စု၊ ကဘော်ခိုျင့်ဝှမ်းမှ တဆင့် အိန္ဒိယဘက်သို့ ရောက်ရှိသွားသော မီဇိုး - ကူကီးချင်းမျိုးနွယ်စု၊ ဇို် - ထာဒိုမျိုးနွယ်စု၊ လိုင်မျိုးနွယ်စု၊ ဒိုင်မျိုးနွယ်စု၊ မတူမျိုးနွယ်စု၊ မရာမျိုးနွယ်စု၊ ခိုျးမျိုးနွယ်စုနှင့် မိုျ - ခမီမျိုးနွယ်စု ဟူူ၍ ချင်းလူမျိုးများ ပျံ့နှံ့ နေထိုင်ကြသည်။ လူမျိုးစုကြီးများ အနေဖြင့် လူမျိုးစု ကိုးစုခန့်သာ ကွဲပြား ကြသော်လည်း တောတောင် ရေမြေ၊ ပထဝီ အနေအထားကြောင့် လူမျိုးစုငယ်များ ထပ်ဆင့် ကွဲပြားမှုများလည်း ရှိကြသည်။ ဇို၊ မီဇို၊ ဒိုင်၊ လိုင်၊ အရှို ဟူ၍ အခေါ် အဝေါ်များသာ ကွဲပြားမှု ရှိကြသော်လည်း ဆိုလိုရင်းမှာ ချင်းလူမျိုး တစ်ခုတည်းသာလျှင် ဖြစ်သည်။ တောတောင် ရေမြေအနေအထား၏ ကြမ်းတမ်းမှု၊ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှုများသည် ချင်းလူမျိုးများ၏ ဘာသာစကား ကွဲပြားမှုနှင့် စည်းလုံးမှု ခက်ခဲစေသော အဓိက အားနည်းချက် တရားခံပင် ဖြစ်သည်။ ဥပမာအားဖြင့် လိုင်မျိုးနွယ်လူမျိုးစု တစ်စုတည်း၌ပင် ဖလမ်းမျိုးနွယ်စု၊ ဟားခါးမျိုးနွယ်စု၊ ထန်တလန်မျိုးနွယ်စု၊ လာအိုသူမျိုးနွယ်စု ဟူ၍ လူမျိုးစုငယ်များ ထပ်ဆင့် ကွဲပြားမှုများ ရှိသည်။ မတူပီ မြိူ့နယ် အတွင်း၌ ပင်လျှင် မတူ၊ မရာ၊ ဇိုးတုန်၊ ဒိုင် စသည်ဖြင့် ကွဲပြား နေထိုင်ကြသည်။ ထိုသို့ လူမျိုးစုများ ကွဲပြားမှုများ ရှိကြသကဲ့သို့ လူမျိုးစု ဆင်းသက်မှု ပုံစံများလည်း ကွဲပြားကြသည်။ ဆင်းသက်မှု ပုံစံများ ကွဲပြားကြသကဲ့သို့ ဘာသာစကား အသုံးအနှုန်းများနှင့် ရှေးရိုးရာ အသုံးအဆောင်များ၊ ဓလေ့ထုံးတမ်းများလည်း အနည်းငယ်စီ ကွဲပြားမှုများ ရှိကြသည်။ ထိုသို့ ကွဲပြားကြသော လူမျိုးစုများထဲမှ ဒိုင် မျိုးနွယ်စုများ အကြောင်းကို ဆက်လက် ဖေါ်ပြသွားမည် ဖြစ်သည်။ ဒိုင်ချင်းမျိုးနွယ်စုများ၏ ဆင်းသက်နေထိုင်ကြပုံ အဆင့်ဆင့်[ပြင်ဆင်ရန်] ဒိုင် မျိုးနွယ်စုများသည် သဘာဝအားဖြင့် တည်ငြိမ်အေးချမ်း ငြိမ်သက်ခြင်းကို နှစ်သက်ကြသည်။ ဆင်းသက်မှု ပုံစံများကို အမျိုးမျိုး ကွဲပြားစွာ ဖေါ်ပြကြသဖြင့် ပွေလီ ရှုပ်ထွေးလှသည်။ ယခင် ဖေါ်ပြမှုများအား ကိုးကားပြီး အနီးစပ်ဆုံး ဖေါ်ပြသွားပါမည်။ ဒိုင် လူမျိုးများ၏ ဆင်းသက်လာသည့် အဓိက လမ်းကြောင်း နှစ်ခု ရှိသည်။ ပထမ လမ်းကြောင်းမှာ ကဘော်ချိုင့်ဝှမ်းနှင့် ပုံတောင်ပုံညာ ထီးလင်း - ဂန်ဂေါ ဒေသများမှ ဆင်းသက် လာကြပြီး ဝေးလောင် - ယကမ်း - ဝေတူး - ထီစောင်း စသည့် မတူပီòမိ့နယ်များဘက်သို့ လည်းကောင်း၊ မင်းတပ် òမိ့နယ် အတွင်းရှိ မောပီ တောင်တန်း များနှင့် ယခုဒိုင်လူမျိုးများ နေထိုင်ရာဒေသများသို့ လည်းကောင်း ပျံ့နှံ့ နေထိုင်ကြကြောင်း ဖေါ်ပြထားသည်။ ဒိုင် လူမျိုးများ ဆင်းသက်လာသည့် ဒုတိယ လမ်းကြောင်းမှာ ယုတ္တိရှိပြီး ပိုမို၍ ခိုင်လုံမှုရှိသည်။ ဤ ဒုတိယ လမ်းကြောင်း၌ပင် လမ်းကြောင်း နှစ်ခု ထပ်မံ ခွဲထားသည်။ ပုဂံ - ပုပ္ပား - တောင်တွင်းကြီး ဒေသနှင့် မင်းဘူး - စလင်း - ဆော ဒေသများမှ ကန်ပက်လက် - မင်းတပ် နယ်များသို့ ရွေ့လျား နေထိုင် ကြကြောင်း ဖေါ်ပြထားသည်။ နောက်ဆုံး လမ်းကြောင်း တစ်ခုမှာ အထက်ဖေါ်ပြခဲ့ပြီးသည့်အတိုင်း ရှေး ချင်း လူမျိုးများသည် ချင်းတွင်း မြစ်နှင့် ဧရာဝတီ မြစ်ကြောင်း များအတိုင်း စုန်ဆင်းလာကြပြီး၊ မြန်မာပြည် အလယ်ပိုင်း ဒေသများနှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသများသို့ ပျံ့နှံ့ နေထိုင်ခဲ့ကြသည်။ ထိုသို့ နေထိုင်ခဲ့ကြရာမှ တောင်ပေါ် ဒေသများဖြစ်သည့် ရခိုင် ရိုးမဘက်သို့ ရွေ့လျား နေထိုင်လာကြသည်။ ထိုမှ တဖြည်းဖြည်း ပြောင်းရွှေ့ နေထိုင်လာကြရာ ရခိုင် ရိုးမများမှ မိုျ၊ ခမီနှင့် ဒိုင် လူူမျိုးများ အဖြစ် ချင်းပြည်နယ် အတွင်းသို့ နေထိုင်လာကြသည်။ ချင်းလူမျိုးတို့သည် နေထိုင်ရာ ဒေသများ ကွဲပြားခဲ့ကြသော်လည်း တအူတုံဆင်း ညီအစ်ကိုရင်းများပင် ဖြစ်ကြသည်။ မြေပြန့် လွန်ပြင်များနှင့် မြန်မာပြည် အလယ်ပိုင်းဒေသများ၌ အများဆုံး နေထိုင်ခဲ့ကြသည့် အရှိုလူ ချင်းလုူမျိုးများသည် တောင်ပေါ်ဒေသများ၌ နေထိုင်ကြသည့် ချင်းလူမျိုးများနှင့် အခြေအနေ အရသာ အနည်း ငယ်မျှ ကွဲပြားမှုများ ရှိကြသော်လည်း ဘာသာစကား အသုံးအနှုန်း၊ အသုံးြုပခဲ့ကြသည့် အသုံးအဆောင်များ များစွာတူညီနေကြောင်း တွေ့ရသည်။ အထူးသဖြင့် ဒိုင် လူမျိုးများနှင့် ကာလ အတန်ကြာ အတူနေထိုင်လာခဲ့ကြ ဟန်တူသည်။ ရှေးအသုံးအဆောင် ပစ္စည်းများနှင့် အပြောအဆိုများတွင် တူညီမှုများ များစွာ တွေ့ရသည်။ ဒိုင် လူမျိုးတို့မှ ပြောဆိုသည့် အသုံးအနှုန်းများတွင် အထက်ပိုင်း၌ နေထိုင်သူများကို (Ahlung tuu) ဟုခေါ်ကြပြီး အောက်ပိုင်း၌ နေထိုင်သူများကို (Dawm tuu) ဟု ခေါ်ကြသည်။ ဥပမာအားဖြင့် လှန်ပြန်းရွာ သားများကို လှန်ပြန်းသူ (Hlangprang tu) ဟူ၍ လည်းကောင်း၊ ကာလ်အီမ်း ရွာသားများကို ကာလ်အီမ် သူ (Kal Im tuu) ဟုူ၍ လည်းကောင်း ခေါ်ဆိုကြသည်။ အရှို လူမျိုးများ၏ အသုံးအနှုန်းများတွင်လည်း တောင်ပေါ်ဒေသ၌ နေထိုင်သူများကို အရှိုစကားဖြင့် ကောန်သူ (Kaown tuu)၊ မြေပြန့် ဒေသများ၌ နေထိုင် သူများကို အောဒ်သူ (Awt tuu)၊ လောက်ချောင်း တစ်လျှောက်၌ နေထိုင်သူများကို လောက်သူ (Lau tuu)၊ အမ်းနယ်သားများကို အမ်သူ (Ann tuu) ဟူ၍ ခေါ်ဝေါ် ခဲ့ကြသည်။ ဤကား စကား အသုံးအနှုန်းကိုသာ ဖေါ် ပြခြင်းဖြစ်ပြီး တခြားအသုံး အဆောင်ပစ္စည်း အခေါ်အဝေါ်များလည်း များစွာ တူညီနေကြောင်း တွေ့ရသည်။ ထို့ကြောင့် ဒိုင်လူမျိုးစုများသည် အရှို - မြေပြန့်ချင်းများနှင့် ကာလအတန်ကြာ အတူ နေထိုင်ခဲ့ကြဖွယ် ရှိကြောင်း တွေ့ရှိရသည်။ ထိုမှနေ၍ နောင်တွင် ရခိုင်ရိုးမနှင့် ယခု ဒိုင်တို့ အများစု နေထိုင်ကြသည့် ချင်းတောင်များသို့ ရောက်ရှိလာခဲ့ကြဟန် တူသည်။ ထိုကဲ့သို့ ဒိုင် လူမျိုးများသည် ကန်ပက်လက် မြို့နယ်၊ ပလက်ဝ မြို့နယ်၊ မတူပီ မြို့နယ်နှင့် မင်းတပ် မြို့နယ်များသို့ ပျံ့နှံ့ နေထိုင်ကြသည်။ ဒိုင်လူမျိုးများ၏ နေထိုင်ရာဒေသ၊ နယ်ပယ်သည် ချင်းပြည်နယ် တစ်လွှား၌ အကျယ်ဝန်းဆုံး နယ်မြေတစ်ခုပင် ဖြစ်သည်။ သို့သော် ဒိုင်နယ်များသည် မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝ လေး မြို့နယ်အစပ်များ၌ တည်ရှိ နေထိုင်ကြခြင်းကြောင့် မိမိနေထိုင်ရာ ကျေးရွာများနှင့် နီးစပ်ရာ မြို့များသို့သာ ဆက်သွယ်နေကြရသည်။ တစ်ရွာနှင့် တစ်ရွာ ဆက်သွယ်သည့် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲခြင်း၊ မိမိ ဆက်သွယ်ရသည့် မြို့များ မတူညီကြခြင်း စသည့် အကြောင်းများကြောင့် ဒိုင် လူမိုျုးများ အချင်းချင်း ဆက်သွယ်ရန် ခက်ခဲမှုများ ရှိကြသည်။ ဒိုင် လူမျိုးချင်းပင် ဖြစ်ကြသော်လည်း ပြောဆိုသည့် စကားများ အနည်းငယ်စီ ကွဲပြားကြသည်။ ထို အားနည်းချက်များ၏ ရင်းမြစ်များမှာ ဒိုင်လူမျိုးများ အနေဖြင့် မိမိကိုယ်ပိုင် မြို့ိ့နယ ်မရှိခြင်း၊ လမ်းပန်း ဆက်သွယ်ရေးအပိုင်းတွင် ဒိုင်လူမျိုးများနေထိုင်သည့် ဒေသများ၌ မော်တော်ကား လမ်းများမရှိခြင်းနှင့် ဒိုင်လူမျိုးတို့၏ ခေါတ်မီ အတွေးအခေါ် ရင့်ကျက်မှု မရှိခြင်းများကြောင့် အဘက်ဘက်၌ တိုးတက်သင့်သလောက် တိုးတက်မှု အားနည်းရခြင်းနှင့် ဘာသာစကား အားနည်းရခြင်း ဖြစ်သည်။ ဤ အားနည်းချက်များအား သတိမထားမိ ခဲ့ခြင်းကြောင့် ရာဇဝင်သမိုင်းတလျှောက် တိုးတက်မှုများ နှောင့်နှေးရခြင်း ဖြစ်ကြောင်း ဒိုင်လူမျိုးများ နားလည် သဘောပေါက် သင့်ပေသည်။ မတူပီ မြို့နယ်နှင့် ဒိုင်လူမျိုး[ပြင်ဆင်ရန်] ဒိုင် လူမျိုးများ ကန်ပက်လက် မြို့နယ်၊ ပလက်ဝ မြို့နယ်၊ မတူပီ မြို့နယ်နှင့် မင်းတပ် မြို့နယ်များသို့ ပျံ့နှံ့ နေထိုင်ကြကြောင်း အထက်၌ ဖေါ်ပြပြီးဖြစ်သည်။ ထိုသို့ နေထိုင်ကြရာတွင် မတူပီ မြို့နယ်၌လည်း ဒိုင်လူမျိုးများ အများအပြား နေထိုင်ကြသည်။ တောင်ဘက် ပလက်ဝ နယ်စပ်များမှစ၍ အရှေ့ဘက် မင်းတပ်နယ်စပ် တလျှောက် နေထိုင်ကြပြီး၊ လည်မိုျ ချောင်းရိုး တလျှောက်နှင့် မတူပီ မြို့နယ် တောင်ဘက် တစ်လျှောက်သည် ဒိုင် လူမျိုးတို့၏ နေထိုင် ကျက်စားရာ ဒေသများပင် ဖြစ်သည်။ ဇိုတုန် နယ်စပ် ယကမ်းရွာမှ အရှေ့ဘက် ဝေးလောင် နယ်များ၊ ဝေတူး - ထီစောင်းရွာများနှင့် မတူပီမြို အရှေ့ပိုင်း၊ လည်မိုျ ချောင်း အရှေ့ဘက်ခြမ်း အိုင်ဒါ(ခ်)နယ်များ၊ တောင်ဘက် ဝီးလူ - ထင်းကောင် ဒေသနှင့် ပလက်ဝ နယ်သို့တိုင် ဒိုင်လူမျိုးတို့ နေထိုင်ရာ ဒေသသည် ကျယ်ဝန်းလှသည်။ မတူပီ မြို့နယ်အတွင်း နေထိုင်ကြသည့် ဒိုင် လူမျိုးစုများအား အကြမ်းအားဖြင့် နှစ်ပိုင်းခွဲခြား ထားသည်။ အရှေ့ဘက်နှင့် လည်မိုျချောင်း အရှေ့ဘက်၌ နေထိုင်ကြသော ဒိုင် လူမျိုးများကို (အထက်စုဒိုင်) ဟူ၍ လည်းကောင်း၊ မတူပီမြို့၏ တောင်ဘက်ပိုင်းနှင့် လည်မိုျချောင်း အနောက်ဘက်ခြမ်း၌ နေထိုင်သူများကို (အောက် စုဒိုင်) ဟူ၍ လည်းကောင်း အကြမ်းဖျင်း သတ်မှတ်ထားသည်။ ယခု တောင်ဘက် (အောက်စုဒိုင်) အပိုင်းကို ခေတ္တ ချန်လှပ်ထားပြီး လည်မိုျချောင်း အရှေ့ဘက်ခြမ်းရှိ (အထက်စုဒိုင်) အကြောင်းကိုသာ ဖေါ်ပြသွားမည် ဖြစ်သည်။ အထက်စုဒိုင်အုပ်စု၌ ပါဝင်သော ကျေးရွာအုပ်စု များမှာ ဝေတူး - ထီစောင်း ကျေးရွာအုပ်စု (Voeitu- Thaicoeng)၊ ချန်းပြန်း (Hlangprang) ကျေးရွာအုပ်စု၊ ရမ်သီုမ်း (Ramtuem) ကျေးရွာအုပ်စု၊ မွှန် တုန်း (Hmutung) ကျေးရွာအုပ်စု၊ ဘောဒ်ရှိ (Bawtshih) ကျေးရွာ အုုပ်စုနှင့် ဟာလ်တူး (Haltu) ကျေးရွာအုပ်စု စသည့် ကျေးရွာအုပ်စုများ ပါဝင် နေထိုင်ကြသည်။ ထို့ပြင် မင်းတပ် မြို့နယ်များ၌လည်း အထက် ဒိုင်များ နေထိုင်ကြသေးရာ ဤစာအုပ် ခေါင်းစည်း၌ ဖေါ်ပြပြီးခဲ့သည့်အတိုင်း ဟာလ်တူးကျေးရွာ သမိုင်း ကိုသာ အဓိက ရေးသားရခြင်းဖြစ်သဖြင့် အခြားသော ကျေးရွာအုပ်စု များအား ချန်လှပ်ထားပါမည်။ ဟာတူးရွာ[ပြင်ဆင်ရန်] ဟာတူး (Haltu) ရွာ စတင် ဖြစ်တည်ခြင်းနှင့် လူမျိုးစုများ[ပြင်ဆင်ရန်] ဟာသူ (သို့မဟုတ်) Pacuum[ပြင်ဆင်ရန်] ဟာတူးကျေးရွာ ဖြစ်တည်လာပုံ သမိုင်းကြောင်းအား လက်လှမ်းမှီသလောက်၊ လေ့လာ မှတ်သားထားမှုများအား ဖေါ်ပြအပ်ပါသည်။ ထိုသို့ တင်ပြရာ၌ ရာဇဝင် အဆက်ဆက် စာသမိုင်းများ ထားခဲ့ခြင်းများ မရှိခဲ့သောကြောင့် ဤရာဇဝင်သမိုင်းကြောင်းအား မှန်ကန်တိကျသည်ဟု မဆိုလိုပါ။ သို့သော် မိမိအနေဖြင့် နှုတ်ရာဇဝင်များနှင့် အထောက်အထားများ၊ မှတ်ကျောက်တိုင်များအား အတတ်နိုင်ဆုံး ရှာဖွေစုဆောင်းထားခြင်းဖြစ်ရာ စာရှုသူအနေဖြင့် တစုံတခုသော ကျေနပ်မှု ရရှိလိမ့်မည်ဟု ယုံကြည် ပါသည်။ Hatu aw voeng nati, kayang aw voeng nati[ပြင်ဆင်ရန်] တရံရောအခါ ခရီးသည်တစ်ဦး ရှိခဲ့သည်။ ခရီးရှည် သွားနေသူဖြစ်သည့်အလျောက် လမ်း ခရီးတလျှောက် ယာယီတဲများဖြင့် တစ်နေရာမှ တစ်နေရာ ပြောင်းရွေ့ နေထိုင်ခဲ့သည်။ ထိုသို့ ပြောင်းရွေ့ရင်း သူနေထိုင်ခဲ့သည် နေရာများ၏ အမည် နာမများသမုတ်ခဲ့သည်။ Pacuum တဖြစ်လဲ ထိုခရီးသည်ကြီးမှာ တောင်ယာခုတ်ရင်း-နေရာရွေ့ရင်း တဖြည်းဖြည်း ခရီးဆက်ခဲ့သည်။ တစ်နေ့ သောအခါ သူကိုင်ဆောင်သည့် ဓါးမဖြင့် တောင်ယာခုတ်ရာ ဓါးရိုးအခေါင်း လေတိုးရာမှ တဝှီးဝှီး အသံ ထွက်လာသည်။ ထိုအသံကြားလျှင် Pacuum အံ့ဩသဖြင့် “Hatu aw voeng nati, kayang aw voeng nati” ဟုဆိုပြီး ထိုဒေသအား “Yang” ဟူ၍ သမုတ်ခဲ့သည်။ ဓါးမ သုံးရဖန်များ၍ ဓါးတုန်းသွားသဖြင့် စမ်းချောင်း တစ်နေရာ ၌ မိမိ၏ ဓါးအား သွေးခဲ့သည်။ ထို့ကြောင့် ထိုနေရာအား Lung taak shih ဟူ၍ သမုတ်ခဲ့သည်။ မိုးနှောင်း ပိုင်းတစ်နေ့ စမ်းချောင်းဘေး တစ်နေရာ၌ ငါး (Puel Nga) များစွာ ဖမ်းမိပြီး အီလောက်အောင်ပင် အလွန် အကျွံစားမိသဖြင့် နေမထိထိုင်မသာဖြစ်ရာ ထိုနေရာအား ချင်းစကားဖြင့် (Lawn Puel) ဟု သမုတ် ထားခဲ့သည်။ ထိုသို့ တစ်နေရာမှ တစ်နေရာ ရွေ့ပြောင်းနေထိုင်ရင်း (Althawng Cung) ခေါ်သည့် တောင်ထိပ်ပေါ်သို့ ရောက်ရှိလာခဲ့သည်။ ထိုတောင်ထိပ်မှ ရှုခင်းများ ကြည့်ရှု ခံစားရင်း တောင်တန်း တစ်နေရာ၌ စပါးပင်ကဲ့သို့ ဝင်းဝါနေသည်ကို လှမ်းမြင်မိသည်။ စပါးဝင်းများ အထင်ဖြင့် ချက်ခြင်းပင် ထိုတောင်တန်း (zampa pawl) ဆီသို့ လိုက်သွားခဲ့သည်။ အနီးနား ရောက်မှ စပါးများ မဟုတ်ဘဲ မြက်ပင်တစ်မျိုး ဖြစ်နေသည်ကို သိသောအခါ မောမောဖြင့် ထိုနေရာ၌ပင် စတည်းချ နေထိုင်အနားယူလေ၏။ ဆက်လက်၍ ခရီးဆက်ရန် စိတ်မပါတော့သဖြင့် နောင်တွင် ဟာတူး ဖြစ်လာမည့် Pacuum မှာ Ludau Sawm တောင်ခြေရှိ Imteng တောင်ကြော Lawnghoi အရပ်ဒေသ၌ပင် တစ်သက်လုံး နေထိုင် လေတော့သည်။ ဤကား ဟာတူး၏ ဆင်းသက် ရောက်ရှိမှု ပုံစံဖြစ်သည်။ Pacuum ၏ စတင်ခရီးပြုခဲ့သည့် နေရာကို ဖေါ်ပြရာ၌ “Mahtu ben ei am na law” ဟူ၍ နှုတ်သမိုင်း၊ ပါးစပ်ရာဇဝင်နှင့် နှုတ်တိုက် သင်ပေးသည့် တေးသမိုင်းများ၌ ဆိုစမှတ် ပြုခဲ့ကြသည်။ ထိုအဆို အရ ပုဂံရာဇဝင်မှ ချင်း (ဒိုင်၊ မာ့တူ၊ မကန်း၊ ခူမ်၊ လေးမြို့ချင်း) တို့သည် ချင်းတွင်းဒေသနှင့် ပုပ္ပါး-ပုဂံ၊ ဧရာဝတီ မြစ်ကြောင်း တလျှောက်၌ နေထိုင်ခဲ့ကြပြီး တဖြည်းဖြည်း တောင်ပေါ် ဒေသများဖြစ်သည့် ရခိုင်ရိုးမနှင့် ယခု ချင်းတောင်ဒေသများ၌ ပြောင်းရွေ့ နေထိုင် ခဲ့ကြသည်။ ထိုမှ တချို့ (ဒိုင်) သည် လည်မိုျမြစ် (လေးမြို့မြစ်) ကြောင်းတစ်လျှောက် အထက်သို့ ဆန်တက်လာကြပြီး ရောက်ရာဒေသများ၌ ကျေးရွာများကို တည်ထား ခဲ့ကြဟန် ရှိသည်။ ထိုမှ Pacuum တဖြစ်လဲ ဟာတူးသည် ယခု မားဒူ (မာ့သူ) ဒေသမှ ဆက်လက် ဆန်တက်လာပြီး ဟာတူးရွာ၏ သမိုင်းစတင်ရာ ဖြစ်လာခဲ့သည်။ ချင်းလူမျိုးများ အတော်များများ အဦးပိုင်းကာလများ၌ စာပေများ ရှိခဲ့သော်လည်း အလေးအနက် မထားရှိခဲ့သဖြင့် အကြောင်း အမျိုးမျိုးကြောင့် ပျောက်ရှှကြရာ နောင်တွင် ရှေးဘိုးဘေးများ၏ နှုတ် သမိုင်း၊ ပါးစပ် ရာဇဝင်နှင့် နှုတ်တိုက်သင်ပေးသည့် တေးသမိုင်းများကိုသာ အလေးထား အားကိုး ကြရသည်။ အလားတူပင် ဤ ဟာတူးရွာ သမိုင်းသည်လည်း ခိုင်မာသည့် စာပေသမိုင်းများ မရှိခဲ့စေကာမူ ဖေါ်ပြပြီးသည့်အတိုင်း နှုတ်သမိုင်း၊ ပါးစပ်ရာဇဝင်နှင့် နှုတ်တိုက် သင်ပေးသည့် တေးသမိုင်းများအရ သော်လည်းကောင်း၊ တခြား ခိုင်လုံသည့် အထောက်အထား၊ မှတ်ကျောက်တိုင်များအား ကိုးကားဖေါ်ပြရခြင်း ဖြစ်သည်။ ယနေ့လက်ရှိ Pacuum သမုတ်ခဲ့သည့် နေရာများ၌ နေထိုင်ကြသော ဒေသခံများမှ ယနေ့တိုင် ထိုအမည် နာမများဖြစ်ပင် ခေါ်တွင် နေဆဲပင်ဖြစ်သည်။ ဒဏ္ဍာရီ ပုံပြင်သဖွယ် နှုတ်သမိုင်းများအဖြင့်သာ ကြားနာ မှတ်သားခဲ့ကြ ရသော်လည်း ယနေ့တိုင်ခေါ်ဝေါ်သည့် ထိုအမည်နာမများအား ထောက်ရှုခြင်းအားဖြင့် အခိုင်အမာပင် မှန်ကန်ကြောင်း တွေ့ရှိနိုင်သည်။ ချင်းလူမျိုးများ၏ ဆင်းမှုပုံသဏ္ဍာန်နှင့် လူမျိုးစု တခုစီ၏ အသုံးအဆောင်၊ အသုံးအနှုန်းများအား လေ့လာ သုံးသပ်ကြည့်မည်ဆိုလျှင် ဒိုင်လူမျိုးစုသမိုင်းသည် ရှေးပုဂံခေတ် သမိုင်း၌ပင်လျှင် အထင်အရှား နေထိုင်ခဲ့ကြကြောင်း ဖေါ်ပြထားမှုများအား တွေ့ရှိရသည်။ ဒိုင်လူမျိုးစု၏ စကား အသုံးအနှုန်းများကို လေ့လာကြည့်လျှင် တချို့ အသုံးအနှုန်းများတွင် အရှိုှုချင်းများ၏ အသုံးအနှုန်းနှင့် များစွာ တူညီနေကြောင်း တွေ့ရှိရသည်။ ၄င်းကို ထောက်ရှုခြင်းအားဖြင့် ဒိုင်လူမျိုးစုများသည် အရှိုှုချင်း (မြေပြန့်ချင်း) များနှင့်အတူ ကာလ အတော်ကြာ နီးနီးကပ်ကပ် နေထိုင်ခဲ့ဟန် တွေ့ရသည်။ စကားလုံး သုံးနှုန်းရာ၌ ဒိုင်လူမျိုးများမှ အထက်ပိုင်း၌ နေထိုင်သူများအား (Ahlungtu) ဟူ၍ လည်းကောင်း၊ ဥပမာ ချန်းပြန်းရွာသားများကို ချန်းပြန်းသူ၊ ကာအိမ်းရွာ၌ နေထိုင်သူများကို ကာအိမ်းသူဟူ၍ လည်းကောင်း ခေါ်ဆို သုံးနှုန်းကြသည်။ အလားတူပင် အရှိုှုချင်းများမှလည်း တောင်ပေါ်၌ နေထိုင်သူများအား ကောန်သူ၊ မြေပြန့်နေသူများအား အောတ်သူ၊ အန်းနယ်၌ နေသူများကို အန်သူ၊ ခရင်းဝါတွင်းနေသူများကို ဒိုင်းသူ ဟူ၍ ခေါ်ကြသည်။ ဤသို့သော အသုံးအနှုန်း တူညီမှုများ များစွာပင် တွေ့ရှိနေရသည်ဖြစ်ရာ ဒိုင်လူမျိုးစုများသည် ယခင် အရှိုှုချင်း (မြေပြန့်ချင်း) များနှင့်အတူ ကာလ အတော်ကြာ နီးနီးကပ်ကပ် နေထိုင်ခဲ့ဟန် ပိုမို ထင်ရှား ခိုင်မာစေသည်။ ဟာတူး(Haltu) ကျေးရွာ ဖြစ်တည်လာပုံ[ပြင်ဆင်ရန်] zampa pawl နှင့် Ludau Sawm တဝိုက်၌ စတည်းချရန် နေရာ ရှာဖွေနေရင်း Pacuum သည် ရေဆာလှသဖြင့် ခေတ္တအနားယူကာ လတ်တလော ရေရရှိမည့်နေရာကို အာရုံစိုက် စဉ်းစားရှာဖွေတော့သည်။ ထိုသို့ဖြင့် စဉ်းစားနေစဉ်၌ ငှက်ကလေး တစ်ကောင် (Hliksui Va) အသံပေးပြီး တောင်ခြေဘက်သို့ ထိုးဆင်းသွားသည်ကို လှမ်းမြင်လျှင် Pacuum သည် ရေရနိုင်မည့် နေရာကို စဉ်းစားမိတော့သည်။ ငှက်ကလေး (Hliksui Va) ထိုးဆင်းသွားသည့် တောင်ခြေသို့ လိုက်သွားရာ စမ်းချောင်းငယ်လေး တွေ့ရှိသဖြင့် (Tui ca) ဟုသမုတ်ပြီး ထိုနေရာ၌ပင် အခြေချ နေထိုင်လေတော့သည်။ ဤကား ဟာတူး ကျေးရွာ၏ အစပြု အမြစ်တည်ရာပင် ဖြစ်တော့သည်။ Tui ca မှတဖြည်းဖြည်း လူဦးရေ ထူထပ်များပြား လာသောအခါ လောင်ဟွေး (Long Hoi) ခေါ် (Imteng) တောင်ကြောတလျှောက် စည်ကားပျော်ရွှင်စွာ နေထိုင်ခဲ့ကြသည်။ ယနေ့တိုင် လောင်ဟွေး ဒေသတလျှောက် ရှေး အသုံးအဆောင်များနှင့် ယဉ်ကျေးမှု ပစ္စည်းများ တွေ့ရတတ်သည်။ အရိုးအိုးများ ထားသည့် ကျောက်ဖျာကြီးပင် ယနေ့တိုင် ရှိနေသေးရာ သမိုင်းမှတ်တိုင်သဖွယ် သက်သေသာဓက တစ်ခုပင် ဖြစ်နေတော့သည်။ ၄င်းအပြင် ဝတ်စားဆင်ယင်မှု၌ အသုံးပြုသည့် ရှေးပုတီးလုံးများကိုလည်း ထိုဒေသများ၌ ယနေ့တိုင်ပင် ရံဖန်ရံခါ တွေ့ရှိရတတ်သည်။ ဤသာဓကများကို ထောက်ရှုခြင်းအားဖြင့် ဟာတူးလူမျိုးများ၏ နေထိုင် ဖြစ်တည်မှုများသည် စာပေ အထောက်ထားများဖြင့် မတွေ့ရှိခဲ့ရသော်လည်း ၄င်းတို့၏ လက်တွေ့ နေထိုင်မှုများဖြင့် အခိုင်အမာပင် ဖေါ်ပြထားကြောင်း တွေ့ရှိရသည်။ ဟာတူး (Haltu) ရွာရှိ နေထိုင်ကြသည့် မျိုးနွယ်စုများ[ပြင်ဆင်ရန်] ဟာတူးရွာ၏ လူမျိုးစုများသည် အဓိကအားဖြင့် မိုျနွယ်စု လေးစုရှိသည်။ Pacuum သည် လောင်ဟွေးသို့ ရောက်ပြီးနောက် သားတစ်ယောက် ထွန်းကားခဲ့သည်။ ဇနီးသည်မှာ မည်သူမည်ဝါ ဖြစ်ကြောင်းကိုမူ မှတ်သား ဖေါ်ပြထားခြင်း မရှိခဲ့သောကြောင့် မသိရှိရပေ။ Pacuum ၏သား Boikuep မှ သားများ ဆက်လက် ထွန်းကားခဲ့ပြီး နောင်တွင် ဟာတူးရွာ၏ လူမျိုးစုများ ဖြစ်လာကြသည်။ Pa Boikuep ၏ သားများမှာ Piltun, Awitaam, Ceemca နှင့် Renghilh တို့ ဖြစ်ကြသည်။ သို့သော်လည်း ထိုသား များအနက် Ceemca မှာ သားအရင်း မဟုတ်ဘဲ မွေးစားသားသာ ဖြစ်ကြောင်း ဘိုးဘေးတို့၏ နှုတ် ရာဇဝင်၌ ဆိုစမှတ် ပြုကြသည်။ Piltun သည် Pacuum ၏ သားဦးဖြစ်ပြီး ပစ္စည်း ဥစ္စာများကို စုဆောင်း ထိန်းသိမ်းတတ်သော ကြောင့် Piltun ဟု အမည် မှည့်ရခြင်း ဖြစ်သည်။ တောထဲသို့ သားကောင် လိုက်သည့်အခါများ၌ သော်လည်းကောင်း၊ သွားလေရာရာ၌ ရတတ်သမျှများ ရှာဖွေ စုဆောင်းတတ်သဖြင့် ဤအမည်တွင်ရခြင်း ဖြစ်သည်။ ထိုကာလများတွင် မိမိ၏ အမူအကျင့်များအပေါ်၌ မူတည်၍် မှည့်ခေါ်လေ့ ရှိကြရာ နာမည်အရင်းနှင့် နာမည်ပြောင်ပင် ခွဲခြားရန် ခက်ခဲသည်။ သည်ဝါအရ သော်လည်းကောင်း၊ အသက်အရ သော်လည်းကောင်း အကြီး ဖြစ်သဖြင့် ရပ်ရွာ၏ ကိစ္စရပ်များတွင် ဦးစီး ဦးဆောင် ပြုလေ့ရှိသည်။ Awtaam သည် Pacuum ၏ ဒုတိယသား ဖြစ်သည်။ Awtaam သည် သားကောင်များကို် ကြီးငယ်မဟူ ရတတ်သမျှ၌ မိုးမြေများတိုင်တည် ကြွေးကြော်တတ်သဖြင့် Awtaam အမည်တွင် ရခြင်းဖြစ်သည်။ ထိုသို့် ပစ္စည်းဥစ္စာ အသေးအမွှား မှအစ ရရှိ ပိုင်ဆိုင်မိလျှင် ကြွားဝါ ကျိန်ဆိုတတ်သဖြင့် ဤအမည် တွင်ရခြင်းဖြစ်သည်။ Renghilh သည် Pacuum ၏တတိယသားဖြစ်၍ သူသည် သွားလေရာရာ၌ မိမိ၏ ပစ္စည်းများ မေ့ကျန်တတ်သဖြင့် အမည်တွင် ရခြင်း ဖြစ်သည်။ တောထဲ၊ တောင်ထဲ သွားသောအခါများတွင် မိမိ၏ဥစ္စာများ အကြိမ်ကြိမ် မေ့လျော့တတ်သဖြင့် မိသားစုတွင်း၌ စိတ်ချမှု အနဲဆုံးဖြစ်သည်။ Ceemca မှာမူ Pacuum ၏ သားအရင်း မဟုတ်ဘဲ မွေးစားသား ဖြစ်သည်။ သူသည်လည်း ထင်း ခွေ၊ ထင်းခွဲသည့် အခါများတွင် သတ်တောင်းတတ်သဖြင့် ဤအမည်တွင် ရခြင်းဖြစ်သည်။ သတ်ကို ချင်းဘာသာ ဖြင့် Ceem ဟုခေါ်ရာ နောင်တွင် Ceemca ဟူ၍ အမည်တွင်သွားခြင်းဖြစ်သည်။ ထိုသို့ နေထိုင်ခဲ့ကြပြီး နောင်တွင် Piltun မှ သားနှစ်ယေက် ထွန်းကားရာ ထိုသားများကို Piltun နှင့် Bawinaa ဟူ၍ မှည့်လေသည်။ ထိုမှ Piltun အမျိုးတွင် Piltun နှင့် Bawina ဟူ၍ မိသားစုုငယ် ထပ်မံ၍ ခွဲခြားထားသည်။ ထိုမှ Piltun, Bawinaa, Awitaam, Renghilh နှင့် Ceemca စသည့် လူမျိုးစုများဖြင့် ပျော်ရွှင်စွာ နေထိုင်ခဲ့ကြသည်။ ဟာတူးရွာ မျိုးနွယ်စုများတွင် Piltun မျိုးနွယ်စုသည် Pacuum ၏ သားဦးများဖြစ်သည်။ ထိုသို့ နှင့်အညီ မိသားစုအတွင်း ဦးဆောင် ဦးရွက် ပြနိုင်သူဖြစ်ပြီး ဖခင်ဖြစ်သူ၏ အားအထားရဆုံး သားလည်းဖြစ်ရာ ညီအကိုများထဲတွင် ဩဇာရှိသူ ဖြစ်သည်။ အစဉ်အဆက် ၄င်းမျိုးနွယ်စု၏ အဆုံးအဖြတ်၊ ဦးဆောင်မှုကို ရွာလူထုမှ နာခံ လိုက်လျှောက် ကြရသည်။ နယ်မြေ ပိုင်းခြားသတ်မှတ်ခြင်းနှင့် အုပ်ချုပ်မှုစနစ်[ပြင်ဆင်ရန်] နယ်မြေပိုင်ဆိုင်မှုများ[ပြင်ဆင်ရန်] တနေ့သ၌ Pacuum သည် မိမိ နေထိုင်ရာ ပိုင်ဆိုင်သည့် ဒေသများကို လေ့လာမှု ပြုရန်အတွက် ခရီးပြုခဲ့သည်။ မိမိ ပိုင်ဆိုင်သည့် နေရာဒေသများကို လိုက်လံ မှတ်သားရင်း တနေရာ အရောက်တွင် လူပုဂ္ဂိုလ်တစ်ဦး နှင့် တွေ့ဆုံမိကြသည်။ နောင်တွင် လှန်ပြန်း ဖြစ်လာမည့် ထိုပုဂ္ဂိုလ်နှင့် ဒါဝ် (Dau) အရပ်၌ တွေ့ဆုံကြပြီးနောက် နှစ်ဦး သဘောတူ နယ်မြေများ ခွဲဝေကြသည်။ လှန်ပြန်းဖြစ်လာမည့် ထိုပုဂ္ဂိုလ်သည် ဘက်မှ လာသဖြင့် နေ့လည်စာအဖြင့် ပြောင်းဖူးဖြင့် ပြုလုပ်သည့် သရေစာသာ ယူလာသည်။ “Muen ben lamei a law la awm uengh, Muen ai cang tun buh uengh vai ni ana cuun law” ဟူ၍ ဆိုစမှတ် ပြုကြသည်။ Pacuum မှာ ဤဒေသ သို့ အရင်ရောက်နှင့်သူ ပီပီ ကောက်ညှင်း ထမင်းထုပ်လာသည်။ ၄င်းတို့ နှစ်ဦးသား ခင်မင်မှု သဘောဖြင့် မိမိတို့ ယူဆောင်လာကြသည့် နေ့လည်စာများကို အချင်းချင်း အပြန်အလှန် ခွံ့ကြွေးကြသည်။ နေ့လည်စာ စားရင်းပင် မိမိ ပိုင်ဆိုင်ရမည့် မြေနေရာ တောင်ကြောများကို လက်ညှိုး ညွှန်ရာ ရွေးယူကြရသည်။ ယူဆောင်လာသည့် နေ့လည်စာမှာ ကောက်ညှင်း ထမင်းဖြစ်၍ မြိုရ လွယ်ကူသဖြင့် အဆင်ပြေ ချောမွေ့စွာ နယ်မြေ နေရာများကို လျင်မြန်စွာ ရွေးယူနိုင်သည်။ သို့သော် Pacuum မှာ လှန်ပြန်း ခွံ့ကြွေးသည့် နေ့လည်စာသည် ပြောင်းဖူးဖြင့် ပြုလုပ်သည့် (Vai) သရေစာသာဖြစ်ရာ မြိုရချရန်အခက်တွေ့သည်။ လည်ချောင်း၌ တစ်နေသဖြင့် နယ်မြေရွေးယူရာတွင် အခက်တွေ့တော့သည်။ လှန်ပြန်းကဲ့သို့ လျင်မြန်စွာ ရွေးယူနိုင်ခြင်း မရှိသဖြင့် မိမိ လက်လှမ်းမီသလောက်သာ ပိုင်ဆိုင်ရသည်။ Pacuum ပိုင်ဆိုင်ထားသည့် နယ်မြေများမှာ လှန်ပြန်းနှင့် နှစ်ဦးသဘောတူ ပိုင်းခြားသည့် နယ်နမိတ်မှ နေ၍ တောင်ကြောအလိုက် ရွေးယူ ပိုင်ဆိုင်ထားသည်။ ပိုင်ဆိုင်ထားသည့် နယ်မြေများမှာ ကီလောင်ချောင်း၏ အရှေ့ဘက်တွင် ဒါဝ်သူန် (Dautung)၊ ဒါဝ်ကဲက် (Daukeek)၊ လင် (Ling)၊ ရှိထာ့လ် (Shihthalh)၊ ရော်ဒူမ် (Rawdum)၊ အင်မ်သဲန်း (Imteng)၊ ရှီလ်သူန် (Shiltung)၊ ရှီလ်ထာလ် (Shilthal) စသည်ဖြင့် လည်းကောင်း၊ ကီလောင်းချောင်း၏ အနောက်ဘက်ခြမ်းတွင် ထောင်းဗန် (Thawngvan)၊ လေဇောင်း (Le- zoeng)၊ ရူဒ် (Ruut)၊ အဲလ် (El)၊နှင့် သီူမ် (Tuem) စသည်ဖြင့် နယ်မြေများကို ပိုင်ဆိုင်ထားသည်။ တောင်ကြောအလိုက် ပိုင်ဆိုင်မှု ဧရိယာများကို ဖေါ်ပြရလျင် ကီလောင်းချောင်း၏ အနောင်ဘက်ခြမ်း၌ လှန်ပြန်းနယ်စပ်၊ အာလ်ထောင်စူန်း (Althawng cung) မှ စ၍ သီူမ်လော်န် (Tuem lawn)၊ အယ်လ်လော်န် (Ellawn)၊ ရူဒ်လော်န် (Ruutlawn) မှ ရွှင်သွီးဘူန် (Suntui bung) - သောင် (Tawng) ဒေသများအထိ လည်းကောင်း၊ ကီလောင်းချောင်း၏ အရှေ့ဘက်ခြမ်းတွင် ဒါဝ်ဗားဆောခ် (Dauva shawk) မှ စာတလူးဆော်မ် (Saltlu sawm)၊ ယံပါးပေါလ် (Zampa pawl)နှင့် လူဒါဝ်ဆော်မ် (Ludau sawm) ဒေသများအထိလည်း ကောင်း နယ်မြေများကို ကျယ်ဝန်းစွာ ပိုင်ဆိုင်ထားသည်။ ဟာတူးတို့၏ နယ်မြေ ပိုင်ဆိုင်မှုများသည် နယ်မြေ ကျယ်ဝန်းသည်နှင့် ၄င်းဒေသတွင်း၏ ထွက်ရှိသည့် သစ်၊ ဝါးများသည် နောင်တွင် ဟာတူးရွာလူထု၏ တိုးတက်မှုများကို များစွာ အထောက်အကူ ပြုလေသည်။ ဒေသတွင်းရှိ မြစ်ချောင်းများ၊ သစ်တောများသည် ထူးကဲစွာ အကျိုးပြုသည့် သယံဇတများပင် ဖြစ်တော့သည်။ ဤသို့ဖြင့် ပိုင်ဆိုင်ရာ နယ်မြေများ ခွဲဝေ၍ ပိုင်ဆိုင်ခဲ့ကြသော်လည်း ရပ်ရေးရွာရေးအတွက် အသုံးလိုလျှင်မူ ခွဲခြားမူ မရှိဘဲ အချင်းချင်း နားလည်မှုဖြင့် လိုအပ်သလို ခုတ်ယူ အသုံးပြုကြရသည်။ မိမိ ရွာနီးချင်းများနှင့် ဒေသထွက် သစ်၊ ဝါး၊ ကြိမ်၊ နွယ်များကို အသုံးပြုခွင့်ရှိသည်။ သစ်တော ထူထပ်သည်နှင့်အညီ ၄င်းသစ်တောများမှ သစ်၊ ဝါး၊ ကြိမ်နွယ်များအပြင် တောရိုင်း တိရစြွာန်များလည်း ပေါများ၊ ကြွယ်ဝလှသည်။ သစ်ခွ၊ ချယ်ရီ၊ တောင်ဇလပ်ပန်းများနှင့် သစ်ခွ ပန်းပေါင်းစုံ အမျိုးပေါင်း စုံလင်လှပေရာ သဘာဝတရားများ၏ အလှဘဏ်သဖွယ် တင်စားရလောက်သည့် နယ်မြေတစ်ခုပင် ဖြစ်တော့သည်။ ဒေသအတွင်း အုပ်ချုပ်မှုစံနစ်များ[ပြင်ဆင်ရန်] ရှေးကာလများတွင် ဒိုင်လူမျိုးစုများ၏ အုပ်ချုပ်မှုစနစ်သည် ရိုးရှင်းလှပြီး ထိရောက်မှုရှိသည်။ အထက် အခန်းများ၌ ဖေါ်ပြခဲ့ပြီးသည်အတိုင်း အုပ်ချုပ်မှုအပိုင်းတွင် ငြင်းဆိုဖွယ်မရှိ တညီတညွတ်တည်း လက်ခံထားသည့် အုပ်ချုပ်မှုစနစ်ဖြစ်သည်။ ထိုသို့အုပ်ချုပ်ရာတွင် ရပ်ရွာအတွင်းရှိ အစဉ်အလာအရ အုပ်ချုပ်ရသည့် လူမျိုးဟူ၍ရှိသည်။ ဝါအရ သော်လည်းကောင်း၊ အစဉ်အလာအရ သော်လည်းကောင်း ကြီးမြတ်ကြသည်ဖြစ်ရာ လူထုတရပ်လုံး၏ နာစရာ၊ ခံစရာကိစ္စရပ်များတွင် ခေါင်းဆောင်ပီပီ ဦးစွာ ရင်ဆိုင် ဖြေရှင်းရသည်။ ရိုးရာလုပ်ငန်းဖြစ်သည့် တောင်ယာလုပ်ငန်းများ စတင် လုပ်ကိုင်ကြရာတွင်ပင်လျင် အုပ်ချုပ်သူများမှ ဦးစွာလုပ်ကိုင်ရသည်။ ထုံးစံအရ တောင်ယာခုတ်သောအခါ ၄င်းခေါင်းဆောင်၊ သက်ကြီးအကဲများမှ ဦးစွာ စတင်ရသည်။ အကယ်၍ ရွာလူထုမှ နာခံမှုမရှိဘဲ တောင်ယာကို ဖြတ်၍ ဦးစွာ သွားရောက် လုပ်ကိုင်မိလျင် ထိုတစ်နှစ်လုံး၌ တောင်ယာစပါးများ ဖြစ်ထွန်းမှုမရှိဘဲ ချုံနွယ်၊ ပိတ်ပေါင်း ထူထပ်ခြင်း၊ တောရိုင်း တိရစြွာန်များ၏ နှောင့်ယှက်ခြင်းများ ခံရတတ်သည်။ ထိုု့ကြောင့် တောင်ယာလုပ်ငန်းများကို စတင်ကြသည့်အခါ အုပ်ချုပ်ရသည့် အမျိုးမှ တစ်ယောက်ယောက်၏ ဦးဆောင်မှုဖြင့် စတင်ရသည်။ အုပ်ချုပ်မှုစနစ်သည် မိသားစုတွင်း အုပ်ချုပ်မှု အသွင်ဖြစ်ပြီး အသက်ကြီးသူ၏ နှုတ်ထွက်စကားကို လူထုမှ လိုက်နာ၊ နာခံရသည်။ အုပ်ချုပ်သူများတွင် Khawboi, Shukki, Mangki ဟူ၍ ခေါ်ဆိုကြသည်။ ထိုအုပ်ချုပ်သူများမှာ မျှတစွာ အုပ်ချုပ်သည်ဖြစ်ရာ အချင်းချင်း သင့်မြတ်မှုရှိသည်။ အင်အားကြီးသည့် အမျိုးမှ အင်အားသေးသည့် အမျိုးအပေါ် နိုင်ထက်စီးနင်း အုပ်သည့်စနစ် ဟူ၍မရှိပေ။ မျိုးနွယ်စုများအတွင်း အသင့်အသင့် ငြင်းခုန်မှုများ ရှိခဲ့သော်လည်း အကြီးအကျယ် စစ်ပွဲမျိုးများကား မရှိခဲ့ပေ။ အကယ်၍ ကြီးကျယ်သည့် ရန်ပွဲအသွန်ဖြစ်မည့် အခြေအနေများ ပေါ်လာလျင် ကြားဝင်ဖြန်ဖျေသည့် စနစ်ဖြင့် ညှိုနှိုင်းဖြေရှင်းရသည်။ မထင်မှတ်သည့် ရန်ပွဲ၊ စစ်ပွဲများရှိခဲ့လျှင် အင်အားကြီးသည့်ဘက်မှ အနိုင်ရတတ်ကြသော်လည်း ရှုံးနိမ့်သည့်သူများကို ကျေးကျွန်အဖြင့် ဖမ်းယူခြင်းများ မပြုကြပေ။ ဤသို့်ဖြင့် ကျေးကျွန်စနစ် ဟူ၍ လုံးဝ မရှိဘဲ တန်းတူရည်တူပင် နေထိုင်ကြရသည်။ နိုင်ထက်စီးနင်း ဗိုလ်လုပ်သည့် စနစ်များ မရှိပေ။ ရပ်ရွာတွင်း တွေ့ကြုံရတတ်သည့် ပြဿနာ၊ ကိစ္စကြီးငယ်များ ဖြေရှင်းရာတွင် အုပ်ခုျပ်သူ၊ ဩဇာ ညောင်းသူ အကြီးအကဲများမှ ရိုးရာထုံးတမ်း အစဉ်အလာအတိုင်း ကိုင်တွယ်ဖြေရှင်းကြသည်။ ထိုသို့ဖြေရှင်းကြ သည့်အခါ ပြဿနာဖြစ်သည့် နှစ်ဦး နှစ်ဘက်မှ ကာယကံရှင်များသည် အကြီးအကဲများ၏ အဆုံးအဖြတ်များကို ခံယူ လိုက်နာကြရသည်။ ထိုပြဿနာ ကိုင်တွယ်သည့် အကြီးကဲများမှလည်း ဘက်လိုက်မှု မရှိ နှစ်ဦးနှစ်ဘက် မျှတမှုရှိစေရန် ဂရုတစိုက် ဖြေရှင်းကြသည်။ ပြဿနာ အကြီးအငယ် ပမာဏ အလျောက် လျှော်ကြေးများ၊ ဆုံးမဩဝါဒများ စသည်ဖြင့် သင့်လျှော်သလို သင့်မြတ်ခြင်းများ ပြုလုပ်ကြရသည်။ “ကြီးသောအမှု ငယ်စေ၊ ငယ် သောအမှု ပပျောက်စေ” ထုံးကို အခြေခံ ကျင့်သုံးကြသဖြင့် ရှုပ်ထွေးမှုများ မရှိလှဘဲ ငြိမ်းချမ်းစွာဖြင့် နေထိုင်ခဲ့ကြသည်။ နောင် မျက်မှောက်ခေတ်များ နိုင်ငံတော်အာဏာ သက်ရောက်မှု ရှိလာသောအခါ မြို့စား၊ ရွာစားများ၊ တိုက်သုူကြီး - ရွာသူကြီးများနှင့် ကျေးရွာ ပါတီ - ကောင်စီ ဥက္ကဌများ၏ အုပ်ချုပ်မှုစနစ်များဖြင့် အုပ်ချုပ်လာကြသည်။ ရိုးရာဓလေ့[ပြင်ဆင်ရန်] ရိုးရာ ထုံးတမ်းစဉ်လာများ[ပြင်ဆင်ရန်] ဒိုင်လူမျိုးတို့သည် အထက်၌ ဖေါ်ပြခဲ့ပြီးသည့်အတိုင်း မကြီးကျယ်လှသည့် သာမာန် မှုခင်းပြဿနာများကို မိမိအိမ်နီးချင်းများ၊ နီးစပ်ရာဆွေမျိုး၊ အပေါင်းအသင်းများနှင့် နှစ်ဘက် ပြေလည်အောင် ဆုံးဖြတ် ဖြေရှင်းကြရသည်။ ထိုထက် ပြဿနာ အတန်ငယ်ကြီး၍ နှစ်ဘက်တင်းမာမှုများ ရှိနေလျှင် ရပ်ရွာတွင်းရှိ ဂုဏ်သရေရှိ အကြီးအကဲများနှင့် ဖြေရှင်းကြရသည်။ တချို့ ကြီးမားလွန်းသည့် ပြဿနာများတွင်မူ ရာဇဝင်ကြောင်း နားလည်သည့် ကျွမ်းကျင်သူများနှင့် ဖြေရှင်းကြရသည်။ ထုံးတမ်း အစဉ်အလာအရ ပုံသေ သတ်မှတ်သည့် ဥပဒေ မရှိသဖြင့် နှစ်ဦးနှစ်ဘက် ပြေလည် ကျေအေးသည်အထိ ညှိနှိုင်း ဖြေရှင်းကြရသည်။ ရှေးထုံးတမ်းများအရ ဒိုင် - ချင်းလူမျိုးတို့သည် လူသတ်ခြင်း၊ သေစား သေစေခြင်း၊ သူများသားမယား ပြစ်မှားခြင်း စသည့် ကြီးလေးသည့် ပြစ်မှုများတွင် လျော်ကြေးဖြင့် အလွယ်တကူ ကျေအေးမှု မရှိဘဲ လက်စား ချေမှုစနစ်ကို ကျင့်သုံးကြသည်။ ပြစ်မှုကျုးလွန်သည့် ကာယကံရှင် ထွက်ပြေး တိမ်းရှောင်၍ သော်လည်းကောင်း၊ အကြောင်း တစ်စုံတစ်ရာကြောင့် ရှိခဲ့လျင် ကာယကံရှင်ကိုယ်စား ၄င်းနှင့် အနီးစပ်ဆုံးသူ အမျိုးသား တစ်ဦးဦးကို သတ်၍ လက်စားချေယူကြသည်။ ၄င်းကို “Phutuk-manlawh” ဟုခေါ်ကြသည်။ ထိုသို့ လက်စားချေ သတ်ဖြတ်မှုများ မဖြစ်ရအောင် အကြီးအကဲများမှ အတတ်နိုင်ဆုံး ဖြေရှင်းကြကာ ကျေအေးအောင် ဆောင်ရွက်ကြရသည်။ လျော်ကြေးများအဖြင့် နွားနောက်၊ ရိုးရာစောင်၊ တောင်ယာ မြေနေရာ၊ သေနတ်၊ မျှား စသည် ဖြင့် ထိုက်သင့်သလို လျော်ကြေးပေးကြရသည်။ ထိုသို့ အသက်ကို အသက်ခြင်း လက်စားချေသည့် စနစ်များ၊ လျော်ကြေးများ ကြီးမားမှုများသည် ပြစ်မှု အရှုပ်အထွေးများ ကင်းရှင်း လျော့နည်းစေသည့် အကြောင်းရင်းများပင် ဖြစ်သည်။ ဤသို့သော ထုံးတမ်းအရ စီရင်သည့်ဓလေ့သည် စနစ်တကျ မရှိလှသော်လည်း ထိရောက်မှုရှိသည့် လေးစားဖွယ် ရိုးရာ ဥပဒေသများပင် ဖြစ်သည်။ လက်ထပ် ထိမ်းမြားခြင်းနှင့် အမွေ ဆက်ခံခြင်း[ပြင်ဆင်ရန်] ဒိုင် - ချင်းလူမျိုးတို့၏ လက်ထပ် ထိမ်းမြားခြင်းတွင် မိမိအိမ်ထောင်ပြုအပ်သည့် (Pu phun) အမျိုးနှင့် အိမ်ထောင် မပြုအပ်သည့် (Tu-ca phun) အမျိုးဟူ၍ ရှိသည်။ အိမ်ထောင်ပြုရာတွင် လူငယ်ချင်း မေတ္တာမျှ ၍ အိမ်ထောင်ပြုခြင်း၊ အမျိုးသားဘက်မှ မိမိ ကြိုက်နှစ်သက်၍ တောင်းရမ်း လက်ထပ်ခြင်း၊ လူငယ်များအား အသိမပေးဘဲ မိဘများ သဘောအတိုင်း စေ့စပ်ခြင်း၊ လူငယ် သတို့သားမှ နှစ်သက်သဖြင့် သမီးနှင့် သမီးရှင် များအား အသိမပေးဘဲ အတင်းအဓမ္မ ပေါင်းသင်းခြင်း စသည်ဖြင့် ပုံစံအမျိုးမျိုးရှိသည်။ မည်သည့် ပုံစံမျိုးဖြင့်ပင် လက်ထပ်စေကာမူ သတို့သမီးဘက်သို့ Aisathak-Aihai ဟုခေါ်သည့် ကြက်များနှင့် ဆန်များ သွားပို့ကြပြီး ထိုကြက်နှင့် ဆန်များကို ချက်ပြုတ် စားသုံးလျင် ဤလင်မယား၏ လက်ထပ် ထိမ်းမြားခြင်း အထမြောက်၏။ ထိုသို့ မင်္ဂလာပွဲ နှစ်ဦးနှစ်ဘက်မှ အသိအမှတ် ပြုပြီးသည်နှင့် တွင်းဖိုးများကို အမျိုးသားဘက်မှ အမျိုးသမီးဘက်သို့ ပေးရသည်။ တွင်းဖိုးများအဖြစ် နွားနောက်၊ တောင်ယာမြေ၊ သေနတ်၊ အိုး၊ ရိုးရာစောင်နှင့် ရိုးရာ အသုံးအဆောင်များ စသည်ဖြင့် ပေးဆောင်ကြရသည်။ အကယ်၍ လက်ထပ်ရန် နှစ်ဦး သဘောတူ သော်လည်းကောင်း၊ အများ ရှေ့မှောက်၌ သော်လည်းကောင်း ကတိပြုထားပြီးမှ ထိုကတိကို တဦးဦးက ချိုးဖေါက်ခဲ့လျင် ကတိ ဖျက်သူဘက်မှ Maalei ဟုခေါ်သည့် ကတိပျက်ကြေး ကို ပေးလျော်ရသည်။ ရိုးရာ ချင်းစောင်ဖြစ်စေ၊ နွားနောက်ဖြစ်စေ၊ ရိုးရာ အသုံးအဆောင်များကို လျော်ကြေးအဖြင့် ပေးလျော်ရသည်။ ဒိုင် လူမျိုးစုများတွင် လင်မယား ကွာရှင်းမှု ပြဿနာ ရှိခဲလှသည်။ အဘယ့်ကြောင့်ဆိုသော် ကိစ္စကြီးငယ်များတွင် နှစ်ဦးနှစ်ဘက် ဝိုင်းဝန်း ကူညီတတ်ကြသောကြောင့် ဖြစ်သည်။ အိမ်ထောင်စုတွင်း၌ ပြဿနာ တစုံတခု ကြောင့် မိမိ၏ ဇနီးသည် မိဘအိမ်သို့ ပြန်သွားခဲ့လျှင် လင်ယောက်ျားမှ ဇနီးသည်၏ မိဘမျာထံ တောင်းပန်ပြီး ပြန်ခေါ်ရသည်။ ဇနီးသည်မှ ချက်ချင်း လိုက်မလာဘဲ တင်းခံနေသဖြင့် တစုံတခု တောင်းဆိုမှု ပြုလျှင် ထိုတောင်းဆိုမှုများကို လိုက်လျောပေးရသည်။ အကယ်၍ လင်ယောက်ျားဘက်မှ စ၍ ကွာရှင်းလျှင် ဇနီးဖြစ်သူ သားသမီးများ မထွန်းကားသေးပါက နွားနောက်နှင့် သတ်မှတ်ထားကြသည့် လျှော်ကြေးများကို ပေးဆောင်ရသည်။ သို့သော် မင်္ဂလာကြေး တွင်းဖိုးများကိုမူ ပြန်လည် တောင်းပိုင်ခွင့် မရှိပေ။ ဇနီးဖြစ်သူဘက်မှ စတင်ကွာရှင်းလိုလျင် အမျိုးသားများ ပေးလျော်သကဲ့သို့ပင် ပေးလျော်ရသည်။ မိဘ အမွေ ဆက်ခံခြင်း[ပြင်ဆင်ရန်] မည်သည့် အကြောင်းကြောင့်ပင်ဖြစ်စေ လင်မယားကွာရှင်းလျှင် သားသမီးများကို ပိုင်ဆိုင်ခွင့် ရှိသည်။ လင်မယား ကွာရှင်းစဉ်တွင် ဇနီးသည်၌ ကိုယ်ဝန်နှင့်ဖြစ်စေ၊ နို့စို့အရွယ် ကလေးရှိစဉ်၌ ကွာရှင်းသည်ဖြစ်စေ ၄င်းကလေးငယ် အရွယ်ရောက်ချိန်အထိ မိခင်ဖြစ်သူမှ ပြုစုစောင့်ရှောက်ရန် တာဝန်ရှိသည်။ ကလေးအရွယ် ရောက်သောအခါ ဖခင်ဖြစ်သူမှ ပြန်လည် ခေါ်ယူပြီး မိခင်ဖြစ်သူအား ကလေးထိန်းခအဖြင့် နွားနောက်မ တစ်ကောင် ပေးကာ ထိုကလေးငယ်အား ခေါ်ယူရသည်။ မိဘအမွေများ ဆက်ခံရာတွင် သားယောက်ျားများသာ အမွေဆက်ခံခွင့် ရှိသည်။ မိသားစုအတွင်း ညီအကိုများနေပါက အများအားဖြင့် အထွေးဆုံးသားမှ မိဘနေအိမ်ကို ပိုင်ဆိုင်ရပြီး အကြီးဆုံးသားမှ ဖခင်၏ အသုံးပြုလေ့ရှိသော သေနတ်ကို အမွေ ရရှိတတ်ကြသည်။ ကျန်ရှိသည့် အတွင်း ပစ္စည်းများကိုမူ ဝေပုံကျ အညီအမျှ ခံစားကြသည်။ အကယ်၍ သားယောက်ျား မထွန်းကားခဲ့ပါက မိမိ အနီးစပ်ဆုံး ဆွေမျိုးများက အမွေ ခံစားခွင့် ရှိသည်။ အမျိုးသမီများ အမွေ ဆက်ခံခွင့်မရှိသည့် အကြောင်းရင်းများမှာ ရှေးအခါ၌ ရန်သူများမှ ကလဲ့စားချေလျှင် သားယောက်ျားများကိုသာ အဓိက ပစ်မှတ်ထားကြခြင်း၊ မိဘများ၏ ကြွေးမြီများ ဆပ်ရန် သားယောက်ျားများတွင်သာ တာဝန်ရှိပြီး ကြွေး မကျေမချင်း သားစဉ်မြေးဆက် ဆပ်ရသည်။ မိဘများ အိုမင်းမစွမ်း ဖြစ်လာကြသောအခါ သားများတွင်သာ စောင့်ရှောက်ရန် တာဝန်ရှိသည်။ သမီးများသည် အိမ်ထောင်ပြုပြီးသည်နှင့် ခင်ပွန်းသည်၏ အမျိုး ခံယူရပြီး မိမိမျိုးနွယ်စုနှင့် ပတ်သက်မှု မရှိတော့ပေ။ ဤ အကြောင်းရင်းများသည် အမျိုးသမီးများ၏ မိဘအမွေ ဆက်ခံခွင့် မရှိခြင်း၏ အကြောင်းရင်းများပင် ဖြစ်သည်။ သို့သော် အမျိုးသမီးသည် မိမိ၏ လင်ယောက်ျား သေဆုံးလျှင်မူ လင်ဖြစ်သူ၏ ဥစ္စာ ပစ္စည်းများကို ဇနီးသည်မှ ပိုင်ဆိုင် ဆက်ခံခွင့် ရှိသည်။ အကယ်၍ မုဆိုးမဖြစ်သူသည် အကြောင်းသင့်၍ နောက်အိမ်ထောင်ပြုခဲ့လျင် လင်ယောက်ျား ဖြစ်ဖူးသူ၏ အမွေဆက်ခံခွင့် မရှိတော့ပေ။ ထိုမုဆိုးမ၌ သားများရှိလျှင် ထိုသားများမှ အမွေ ဆက်ခံကြရပြီး သားများ မရှိပါက လင်ဖြစ်သူ၏ အနီးစပ်ဆုံး ဆွေမျိုးသားချင်းများမှ ထိုအမွေများကို ဆက်ခံကြရသည်။ ရှေးအခါ၌ စာပေများ မရှိခဲ့သဖြင့် အိမ်ထောင်ဦးစီး ဖြစ်သူသည် နာမကျန်းဖြစ်၍ ကျန်းမာရေး အခြေအနေများ ဆိုးဝါးနေလျင် မိမိ သားမယားများကိုခေါ်၍ ရပ်ရွာ အကြီးအကဲများရှေ့တွင် သေတမ်းစာသဘော နှုတ်ဖြင့် မှာကြားစရာများနှင့် အမွေဥစ္စာများကို ခွဲဝေ မှာကြားလေ့ ရှိကြသည်။ လူသတ်မှုနှင့် အခြား ပြစ်မှုများအတွက် ကျေအေး-ဖြေရှင်းခြင်း[ပြင်ဆင်ရန်] လူသတ်မှုဖြစ်၍ တရားလို - တရားခံတို့အတွက် ရပ်ရွာ အကြီးအကဲများမှ ဖျန်ဖြေ ဆုံးဖြတ်ကြပြီး လျှော်ကြေး ပေးပြီးသောအခါ ထိုနေ့၌ပင် ရပ်ရွာလူကြီးများနှင့် ရပ်ရွာရှိ ဂုဏ်သရေရှိ လူကြီးမင်းများ ရှေ့မှောက်တွင် ကာယကံရှင် နှစ်ဦးနှစ်ဘက်မှ ပြေငြိမ်ရေး အထိမ်းအမှတ် ခေါင်တစ်လုံးစီ ထိပ်စေသည်။ နွားနောက် သားခြောက်ကို ထောင်း၍ ဂျင်း၊ ငရုတ်သီး၊ ကြက်သွန်၊ ဆားများနယ်ပြီး ခေါင်ရည်ကိုလည်းကောင်း၊ အသားထောင်းကို လည်းကောင်း ခွံ့ကြွေး စေကြသည်။ နှစ်ဦးနှစ်ဘက်မှ ခေါင်သောက်၍ အသားများ အတူတကွ စားသောက်ကြမှသာ ကျေအေးမှု အထမြောက် အောင်မြင်မှု ရှိသည်။ အကယ်၍ လျော်ကြေးများကို လက်ခံသော်လည်း ခေါင်ရည်နှင့် အသားများကို စားသောက်ကြခြင်း မရှိပါက ဖျန်ဖြေခြင်း အောင်မြင်မှုမရှိဘဲ တစ်ဘက်နှင့် တစ်ဘက် ဝင်ထွက်သွားလာ ဆက်ဆံခြင်းများ မပြုကြပေ။ သို့ဖြစ်ရာ နှစ်ဦးနှစ်ဘက် ပြေလည်မှုရှိစေရန် ရပ်ရွာ အကြီးအကဲများမှ အထူးဆောင်ရွက် ဖြေရှင်း ပေးကြရသည်။ ဤပြဿနာမျိုးတွင် အစိုးရဘက်မှ တရား ဥပဒေအရ ဖြေရှင်းစေကာမူ ထိရောက်မှုမရှိဘဲ ရှေးထုံး ယဉ်ကျေးမှုသာ ပို၍ ထိရောက် အောင်မြင်မှု ရှိသည်။ အဆိပ်ခပ်ခြင်း၊ မန်းမှုတ်ခြင်း၊ ပြုစားခြင်း စသည့် နည်းအမျိုးမျိုးဖြင့် သူတစ်ပါးအား သေကြောင်း ကြံစည်၍ သက်သေ အထင်အရှားဖြင့် ပေါက်ကြားလာပါက နွားနောက်မကြီး တစ်ကောင် ပေးလျှော်ရသည်။ သို့အဟုတ်ပါကလည်း တချို့ ဒေသများတွင် လူသတ်မှု ကဲ့သို့ပင် လျော်ကြေးပေး ဖြေရှင်း ကြရသည်။ သို့တည်းမဟုတ် ရန်ဘက်ခြင်း လက်စားချေရာတွင် မတော်တဆ လူမှား သတ်မိပါက သတ်မှတ်ထားသည့် လျော်ကြေးအပြင် ထိုသို့ လူမှားသတ်မိခြင်းအတွက် နွားနောက်မ တစ်ကောင်နှင့် ငွေကြေးများ ပေးလျော်ရသည်။ အသုဘ စရိတ်ကိုလည်း ပေးလျော်ရသည်။ တစုံတဦး အဓမ္မ ပြုကျင့်ခြင်းခံရပါသည်ဟု အမျိုးသမီးမှ စွပ်စွဲမှု ပြုလာ၍ အမျိုးသားဘက်မှ ငြင်းဆိုမှု ပြုလာလျင် ပြဿနာ ဖြေရှင်းသူများမှ နေ၍ အမျိုးသမီး ဝတ်ဆင်သည့် ထဘီကို ရေစိမ်၍ ကျိန်ဆိုခြင်းပြုကြပြီး နေ့ရက်များ ကန့်သတ် သတ်မှတ်ထားကြသည်။ ထိုကျိန်ဆိုထားသည့် ထဘီရေကို ငြင်းဆန်သူ အမျိုးသားအား တိုက်ရသည်။ ထဘီရေ တိုက်ပြီး ထိုနေမှစ၍ ကန့်သတ်ထားသည့် နေ့ထိတိုင် စောင့်ကြည့်နေ ကြရသည်။ ထိုကန့်သတ်ထားသည့် ကာလအတွင်း စွပ်စွဲခံရသည့်ဘက်မှ ဆွေမျိုးသားခြင်းများထဲမှ လူသေခြင်း၊ ကျားကိုက်ခြင်း စသည်ဖြင့် ကံကြမ္မာဆိုး ကြုံရလျင် အမှုရှုံးပြီး လျှော်စရာများ ပေးလျော်ရသည်။ သို့တည်းမဟုတ် တစုံတရာ မဖြစ်ခဲ့လျှင် ထိုအစွပ်စွဲ ခံရသည့်ဘက်မှ အနိုင်ရသည်။ သတ်မှတ်ထားသည့် ရက်အတွင်း အမျိုးသားဘက်မှ ဘာမှ မဖြစ်ဘဲ အနိုင်ရလျှင် အမျိုးသမီးဘက်မှ မိမိ မှားကြောင်း ဝန်ခံပြီး မှားမိသည့် ပစပ်ဆေးသည့်အနေဖြင့် မျှားတစ်ချောင်း ပေးလျော်ရသည်။ ထိုမျှားသည် တန်ဖိုးအားဖြင့် နဲပါးလှသော်လည်း ဆိုလိုရင်း လေးနက်လှသည်။ မိမိ အသက်နှင့် ရင်း၍ ဝန်ခံကြောင်းပြခြင်း ဖြစ်သည်။ ၄င်းမျှားအပြင် အသရေဖျက်မှုအတွက် နွားနောက်နှင့် အခြား လျော်စရာများ ပေးလျော်ရသည်။ ခိုးမှု တရားများ စီရင်ခြင်း[ပြင်ဆင်ရန်] ခိုးမှု တရားများကို စီရင် ဖြေရှင်းကြရာတွင် ပစ္စည်းခိုးသူသည် ၄င်းခိုးယူသော ပစ္စည်းနှင့် ထိုပစ္စည်းနှင့် ညီမျှသော နောက်ထပ် လျော်ကြေးကိုပါ ပေးလျော်ရသည်။ အိမ် သို့မဟုတ် ပစ္စည်းသိုလှောင်သည့် အဆောက်အဦး (Khai) တခုခုကို ဖေါက်ထွင်း ခိုးယူလျင် ခိုးရာပါ ပစ္စည်းတန်ဖိုးအပြင် ဖေါက်ထွင်းထားသည့် တံခါး ပြန်ပိတ်ရသည့် တံခါး ပိတ်ခ လျော်ကြေးပါ ပေးရသည်။ အကယ်၍ သေတ္တာ ဖေါက်မိပါက သေတ္တာပိတ်ခ စသည်ဖြင့် လျော်ကြေးများ ပေးလျော်ရသည်။ အကယ်၍ လူတစ်ယောက်အား မခိုးပါဘဲနှင့် သူခိုးစွပ်စွဲလျင် အသရေဖျက်မှုနှင့် သိက္ခာ သမာဓိ ထိပါး စော်ကားမှုဖြင့် မျှားတစ်ချောင်း၊ နွားနောက်နှင့် အခြား သတ်မှတ်ထားသည်များဖြင့် လျော်ကြေးများ ပေးရသည်။ တစ်ပါးသူ ပိုင်ဆိုင်သည့် တိရစ္ဆာန် တစ်ကောင်ကို ခိုးခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်မိပါက ၄င်းတိရစ္ဆာန် တန်ဖိုးနှင့် နောက်ထပ် တန်ဖိုး၏ တစ်ဝက် အပိုထပ်ဆောင်း အလျော် ပေးရသည်။ တိရစ္ဆာန်များကို အနာတရဖြစ်အောင် ပြုလုပ်လျင် တိရစ္ဆာန် အကြီးအငယ်အလိုက် ငွေကြေးများနှင့် ရိုးရာ ချင်းစောင်တစ်ထည် အလျော် ပေးရသည်။ ပိုင်ရှင်ရှိပြီးသော ပျားအုံကို ဖွတ်မိ၊ ခိုးယူမိပါက ပျားအုံ တန်ဖိုး၏ တစ်ဆ အလျော် ပေးရသည်။ ထိုသို့ဆိုရာတွင် တောတောင်များ၌ တစ်စုံတစ်ဦးမှ ပျားအုံ တွေ့ရှိလျင် ၄င်းပျားအုံကို အမှတ်အသား ပြုလုပ်ပြီး မိမိ ပိုင်ဆိုင်ကြောင်း ပြရသည့် ထုံးစံ ရှိသည်။ သူတစ်ပါး၏ ပိုင်ဆိုင်သည့် ပစ္စည်းများကို အလွဲသုံးစား ပြုမိပါက ပစ္စည်းတန်ဖိုးနှင့် ၄င်းပစ္စည်း တန်ဖိုး၏ ထက်ဝက်ကို လျော်ပေးရသည်။ မိမိ အိမ်ထောင်ဘက်အဖြင့် ယူရသည့် မခင်ဘက်မှ ဦးလေးများကို Pu ဟုခေါ်ပြီး မိမိသားမက် ဘက်ကို Tuu ဟု ခေါ်သည်။ Tuu များအနေဖြင့် မိမိတို့၏ Pu များကို ရိုသေ လေးမြတ်မှု ပြုရသည်။ အကယ်၍ မထီလေးစား ပြုမိလျင် ကောင်းကြီး မခံစားရဘဲ သားသမီး ထွန်းကားခြင်း မရှိတတ်သည့် အယူအဆများ ရှိသည်။ ထို့ကြောင့် ထိုသို့ မတော်တဆ သော်လည်းကောင်း မရိုမသေ ပြုမိပါက သားတူများဘက်မှ ကျေအေးခွင့် တောင်းရသည်။ ကျေအေးကြရာတွင် ငှက်သားခြောက်၊ တောကြွက် သားခြောက်များကို ပြာရည်များဖြင့် ချက်ပြီး ၄င်းကို Annbek များနှင့် ခေါင်ရည်များကို ငင်၍ ဗူးနှင့် ထည့်ကာ သွားရောက် တောင်းပန်ရသည်။ သားနှင့် သားမက်များမှလည်း ကြက်သတ်၍ ခေါင်ရည်နှင့် ဧည့်ခံကျေ အေးပေးရသည်။ ဤသို့ဖြင့် အပြန်အလှန် ကျေအေး သင့်မြတ်မှသာ သားသမီးများမှ ဘိုးဘွား ကောင်းကြီးများ ခံစားရပြီး စီးပွား တိုးတက်သည် ဟူသော အယူအဆ ထုံးတမ်းဓလေ့များ ရှိသည်။ ရိုးရာ ဝတ်စား ဆင်ယင်မှုများနှင့် အသုံး အဆောင်ပစ္စည်းများ[ပြင်ဆင်ရန်] ဒိုင် ‘ချင်း’ မျိုးနွယ်စုများ၏ ရှေးရိုးရာ ဝတ်စား ဆင်ယင်မှုများသည် ရိုးရှင်းလှသည်။ ဝတ်စား ဆင်ယင်မှုတွင် အမျိုးသားများ၏ ဝတ်စား ဆင်ယင်မှုနှင့် အမျိုးသမီးများ၏ ဝတ်စား ဆင်ယင်မှု ဟူ၍ ခွဲခြားထားသည်။ ထိုသို့ ခွဲခြားမှုများ ရှိခဲ့သော်လည်း လက်ဝက် လက်စားများမှာ ကွဲပြားမှု မရှိလှပေ။ ဒိုင်အမျိုးသားများ၏ ဝတ်စား ဆင်ယင်မှုများမှာ ဦးခေါင်းပိုင်း၌ Lupawng ဟုခေါ်သည့် ခေါင်းပေါင်း (အနီ/အဖြူ)၊ အလွန် ရှားပါး တန်ဖိုးထား ရပြီး၊ ဦးခေါင်းထက်၌ အမြတ်တနိုး ဆင်မြန်း ပန်ဆင်ရသည့် အောက်ချင်းငှက် တောင်ပံများနှင့် အခြား ရှားပါးသည့် ငှက်များ၏ အမြီးတောင်များ (Luruk-aimul)၊ ဝါးဖြင့် အနုစိပ် ပြုလုပ်ထားသည့် ဝါးဘီး (Shizep)၊ လျှောင်ထုံးများတွင် ကန့်လန့်ထိုး ဆင်ယင်ရသည့် ကြေးဆံထိုး (Lukal cung)၊ နားကပ် - နားဆွဲများအဖြင့် ဆင်မြန်းရသည့် ငွေထည် ပစ္စည်း (Tangga)၊ လည်ပတ်အဖြင့် ဆင်မြန်းရသည့် ကြယ်သီးပုံစံ သီကုံးထားသော တန်ဆာ (Hawngdap)၊ အမျိုးသားများ လည်ဆွဲရန်အတွက် ရှေးပုတီးများ၊ ခရုခွံများဖြင့် စီရင် ပြုလုပ်ထားသည့် ပုတီးလည်ရွဲ (Pa oi) စသည်များကို လှပစွာ မြတ်နိုးစွာ ဆင်ယင်ကြသည်။ ကိုယ်ခန္ဓာပိုင်းတွင် (Hisui) ဟုခေါ်သည့် ဂုန်လျှော်ဖြင့် ယက်လုပ်ထားသေည ပစ္စည်းများနှင့် တိုလီမုတ်စများ ထည့်နိုင်ရန် စီရင်ထားသည့် သင်တိုင်း၊ နွားနောက် သားရေ၊ ကျားသားရေများဖြင့် ပြုလုပ် ထားသည့် ရင်အုပ်တန်ဆာ (Sapang)၊ လက်မောင်းများတွင် ဝတ်ဆင်ထားရသည့် ကြေးလုံးကြီးခွေ (Khenuu)၊ လေးလက္မခန့်အထိ ခွေ၍ ဝတ်ဆင်ရသည့် ကြေးခွေ (Khethawng)၊ လက်ကောက်ဝတ်၌ ရစ်ပတ်ထားရသည့် (Cau)၊ လက်စွပ် (Kutcuep) စသည်များ ဝတ်ဆင်ကြသည်။ ခါးအောက်ပိုင်းတွင် အရှက် လုံစေရန်အတွက် ဝါဂွမ်းစများဖြင့် အထုူး ယက်လုပ်သည့် (Hri) အထည်၊ ကြိမ်ကြိုးကို အနုစိပ်ကျစ်၍ ဝတ်ဆင်ရသည့် (Hol)၊ ကြိမ်ခါးပါတ်၊ (Saishin) ဟုခေါ်သည့် ခဲများဖြင့် မွမ်းမံထားသော ခါးပါတ်ခေါင်း (Nawnn) စသည်များကို ဆင်မြန်း ဝတ်ဆင် ကြရသည်။ အမျိုးသားများ၏ အသုံးအဆောင်များကို ဖေါ်ပြရလျင် (Shahoi) များဟုခေါ်သည့်၊ သေနတ် (Maei)၊ လဲယမ်းများနှင့် ကျည်ဆံများ ထည့်ဆောင်နိုင်ရန် ပြောင်ဦးချိုကို ပြုပြင် အသုံးပြုရသည့် (Yamphu)၊ နွားနောက် သားရေများဖြင့် ဓါးမများ ထည့်ရန် ပြုလုပ်ထားသည့် (Shapangki)၊ ဓါးမကြီးများ ထည့်လွယ်ရန် ဝါး - ကြိမ်များဖြင့် ယက်လုပ်ထားသည့် (Timimm)၊ ဆေးရွက်ခြောက်များ ဆောင်ရန် (Sheikap)၊ စသည်များနှင့် ရိုးရာ လှံ (caei) များကို အဓိက အသုံးပြုကြသည်။ ၄င်းအပြင် အမျိုးသားများ၏ အထူး နှစ်သက်စွာ အသုံးပြုကြသည့် လက်နက်နောက် တစ်မျိုးမှာ ဒူးလေးနှင့် လေး (Lii) ပင်ဖြစ်သည်။ ခရီးဆောင်ရန် ပေါ့ပါး လွယ်ကူခြင်း၊ သေနတ်ကဲ့သို့ ခဲယမ်း - မီးကျောက်များအတွက် မပူပန်ရခြင်း၊ အသံမထွက်ဘဲ တိတ်ဆိတ်စွာ အသုံးပြုနိုင်ခြင်း စသည်များကြောင့် လေးနှင့် ဒူးလေးကို် ပိုမို၍ နှစ်သက်စွာ အသုံးပြုကြသည်။ အမျိုးသမီးများ၏ အသုံးအဆောင်များမှာ ဦးခေါင်းကို အုပ်၍ ဆောင်းထားရသည့် (Lukhuem)၊ ဆံထုံးများ ကန့်လန့်ထားရန်အတွက် ကြေးဖြင့် ပြုလုပ်ထားသည့် (Lukalcung)၊ လည်ဆွဲများဖြစ်သည့် (Oiriit)၊ ခနွာကိုယ် အကွယ်အကာအတွက် အင်္ကျီအဖြစ် ဝတ်ဆင်ရသည့် (Hivai)၊ လက်ဝက် လက်စားများအဖြစ် အမျိုးသားများ ကဲ့သို့ပင် Khethawng, khenuu, Kutcuep, Cau စသည်များကိုပင် လှပ နှစ်သက်စွာ ဝတ်ဆင်ကြရသည်။ ခါးအောက်ပိုင်းတွင် အရှက် လုံရန်ဝတ်ဆင်ရသည့် ဂုန်လျှော်များဖြင့် ယက်လုပ်ထားသော (Hinaak)၊ ခါး၌ ခါးပါတ်များအဖြင့် ဝတ်ဆင်ရသည့် ဂုန်လျှော်၊ ဝါဂွမ်း၊ ငွေကွင်းလေးများဖြင့် စီမံ ပြုလုပ်ထားသော တန်ဆာ (ThawmRui) များနှင့် ခြေကျင်းဝတ်များတွင် ဆင်မြန်းရသည့် ခဲနှင့် ကြေးတန်ဆာများကို လှပစွာ ဆင်မြန်း ကြရသည်။ အမျိုးသမီးများမှာ မိမိ အိမ်ထောင်တွင်းကိုသာ အဓိက ထား၍ ထိန်းသိမ်းကြသည်ဖြစ်ရာ အသုံးအဆောင်များ အနေဖြင့် ထူးထူးထွေထွေ မရှိလှပေ။ အိမ်ထောင်တွင်း၌ ခင်ပွန်းသည်နှင့် သားသမီးများ၏ စားဝတ် နေရေးအတွက် စီမံရသည်ဖြစ်ရာ အခြား ဆောင်ရွက်စရာများ မရှိလှပေ။ ဖခင်ဖြစ်သူမှသာ မိမိ၏ မိသားစုအတွက် အဓိက ဆောင်ရွက်ရသည်။ ဤသို့ ဆင်မြန်းရသည့် အမျိုးသား၊ အမျိုးသမီးများ၏ အသုံးအဆောင် အဆင် တန်ဆာများကို မိမိတို့ ၏ ရင်သွေးသား/သမီးများ အိမ်ထောင် ပြုကြသောအခါ မိမိဘများ၏ အမွေအဖြင့် ဝေမျှပေးရသည်။ ထိုသို့ မိဘများ၏ အမွေဖြစ်သဖြင့် သားသမီးများ အနေဖြင့် မျိုးရိုး စဉ်ဆက် မပျောက်ပျက်အောင် တန်ဖိုးထား ထိန်းသိမ်း ကြရသည်။ အသုံးပြုသည့် တူရိယာ ပစ္စည်းများ[ပြင်ဆင်ရန်] ဒိုင် ချင်းလူမျိုးတို့သည် ရှေးပဝေဏသီ ကတည်းကပင် ဂီတအနုပညာနှင့် ရင်းနှီးမှု ရှိကြသည်။ အဓိက အသုံးပြုကြသည့် တူရိယာ ပစ္စည်းများမှာ သစ်သားနှင့် နွားနောက် သားရေများကို အသုံးပြုကာ ပြုလုပ် တီးမှုတ်ရသည့် ရိုးရာဗုံတို (Tawm) ၄င်းသည် အရွယ်အစား အမျိုးမျိုး ရှိသည်။ မောင်း (Mawng)၊ ဗူးသီးခြောက်များနှင့် ဝါးများကို အသုံးပြု၍ ဖန်တီး အသုံးပြု တီးမှုတ်ရသည့် လေမှုတ် တူရိယာပစ္စည်း (Thang Paa)၊ Tutu ဟုခေါ်သည့် ထန်ပါး တမျိုး၊ ဗူးသီးခြောက်များနှင့် ဝါးများဖြင့် ပြုလုပ်သည့် (Phrung)၊ ဝါးများဖြင့် အနုစိပ် ဖန်တီး ပြုလုပ်တီးမှုတ်ရသည့် (Tangkoi-Lilet)၊ Raw Shil, Pue Luen, Ving Voeng စသည့် လေမှုတ် တူရိယာများ၊ ဝါးများဖြင့် မွမ်းမံ တီးမှုတ်ရသည့် ကြိုးတပ် တူရိယာ (Ting Toeng) ဟု ခေါ်သည့် ကြိုးတပ် တူရိယာ၊ Raw Tuum, Cing Tawm စသည့် ကြိုးတပ် တူရိယာများ၊ ပွဲလမ်း သဘင်များတွင် ဝိုင်း၍ တီးမှုတ်သည့်အခါ အသုံးပြုကြရသည့် (Bel) နှင့် ရန်သူများ ဝင်လာသည့်အခါ သို့မဟုတ် စစ်ထွက်သည့်အခါ တပ်လှန့်ရာတွင် အသုံးပြု တီးမှုတ်ရသည့် (Auuht) စသည့် တူရိယာများကို အထူး နှစ်သက်စွာ အသုံးပြု တီးမှုတ်ကြသည်။ သိကောင်းစရာ ပသိုင်း အကြောင်းအရာ(Patai kawng)[ပြင်ဆင်ရန်] ချင်းလူမျိုး တို့၏ ရိုးရာ ယဉ်ကျေးမှုများတွင် လေးစားဖွယ် ယဉ်ကျေးမှုများ မြောက်များစွာ တွေ့ရသည်။ ယနေ့တိုင် ထင်ရှား၍ လူသိများသည်များလည်း ရှိသကဲ့သို့ တချို့မှာလည်း ခေတ်ရေစီး၏ တိုက်စားမှုကြောင့် တဖြည်းဖြည်း တိမ်ကော ပျောက်ကွယ်သွားသည်များလည်း ရှိသည်။ ယခင် ကာလများတွင် တွင်ကျယ်စွာ ကျင့်သုံးခဲ့ကြသည့် ဒိုင် ချင်းရိုးရာ ပသိုင်း (Patai) ယဉ်ကျေးမှုသည်လည်း ထိုထို ယဉ်ကျေးမှုတို့ထဲမှ အထူးထင်ရှား၍ လူသိများလှသော ယဉ်ကျေးမှု တစ်ရပ်ပင် ဖြစ်သည်။ ပသိုင်များ (Patai) ဟူသည် တနည်းအားဖြင့် သွေးရင်း သားရင်းသမျှ ခင်မင်ချစ်ခင်ကြသည့် ယောင်းရင်းများပင် ဖြစ်သည်။ နိုင်ငံတော် အစိုးရအာဏာ လွမ်းမိုးမှု မရှိသေးသည့် ရှေးကာလများတွင် ချင်းတောင် ဒေသများတွင် ကိုယ့်အစီအစဉ်နှင့်ကိုယ် အုပ်ချုပ် နေထိုင်ခဲ့ကြသည်။ လက်စားချေသည့် စနစ်၊ သင့်မြတ်မှု မရှိလျင် ရန်ထဖြစ်သည့် ထိုခေတ်အခါများတွင် ပသိုင်း ယဉ်ကျေးမှုသည် များစွာ အကျိုးရှိသော ယဉ်ကျေးမှုပင် ဖြစ်သည်။ ထိုသို့ ရန်သူများ (ကိုယ်နှင့် သက်ဆိုင်သူ၊ မသက်ဆိုင်သူ) ပေါများလှရာ မိမိနီးစပ်ရာ နီးစပ်ကြောင်း မိတ်ဖွဲ့ကြပြီး အပြန်အလှန် ကူညီခဲ့ကြသည်။ တနည်းအားဖြင့် တရားဥပဒေ စိုးမိုးမှုမရှိသည့် ထိုကာလများတွင် အချင်းချင်း ကူညီနိုင်ရန် မဟာမိတ်ဖွဲ့ကြခြင်းပင် ဖြစ်သည်။ ပသိုင်းဖွဲ့ကြရာတွင် ပသိုင်းဖွဲ့မည့်သူနှင့် နှစ်ဦးသဘောတူ မိတ်ဖွဲ့ကြပြီး ကြက်၊ ဝက် စသည့် တိရစ္ဆာန် တကောင်ကောင်ကို သတ်ကာ ထိုတိရစ္ဆာန်သွေးများအပေါ် ကတိသစ္စာ ပြုကြရသည်။ ထိုကတိသစ္စာသည် ထာဝရတည်ပြီး သားစဉ်မြေးဆက် အကျိုးဆက် ခံစားကြရသည်။ ပသိုင်း ပြုကြပြီးနောက် တစ်ဘက်ဘက်မှ တစ်စုံ တစ်ယောက်၏ ခံစားရသည့် ဒုက္ခ၊ သုခများတွင် ကိုယ်နှင့်အမျှ အတူတကွ ခံစား ဖြေရှင်းကြရပြီး အပြန်အလှန် ကူညီမှုများ ပြုလေ့ရှိကြသည်။ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့် ထိုကာလများတွင် မိမိလိုရာ ခရီးပြုသောအခါများ၌ ပသိုင်းများသည် မိမိ နီးစပ်ရာများမှ နေ၍ လိုအပ်သည့် ကူညီမှုများ ပေးလေ့ရှိကြသည်။ ထိုအခါ ရန်သူများ၏ နှောင့်ယှက်ခြင်းများနှင့် အခြားအန္တရာယ်များ တစုံတရာ ခံစားရခြင်း မရှိတော့ပေ။ နွေးထွေးသော ဧည့်ခံခြင်းနှင့် လူမှုရေး[ပြင်ဆင်ရန်] ရှေးခေတ် ချင်းလူမျိုးများ၏ နေထိုင်မှု ဓလေ့များတွင် လူမှုရေးကဏ္ဍများ၌ အထူးပင် နွေးထွေးမှု ရှိလှသည်။ အကယ်၍ တစ်စုံတစ်ယောက် ခရီးပြုရင်း ရွာတစ်ရွာ၌ ဧည့်သည်အဖြင့် ရောက်ရှိလာလျင် ထိုဧည့်သည် တည်းခိုသည့် အိမ်ရှင်သည် လိုလေသေးမရှိ ဧည့်ဝတ် ပြုကြရသည်။ ထိုခရီးသည်အား မိမိ၏ နေအိမ်၌ တည်းခိုနေစဉ် ကာလများအတွင်း ဘေးအန္တရာယ် မကြုံရအောင် ကာကွယ် စောင့်ရှောက်ရသည်။ မိမိနေထိုင်သည့် အိမ်ရိပ်နင်း၍ တည်းခိုလာသည့် ထိုဧည့်သည်အား မိမိ တစ်ယောက်တည်းမှ သာမက နီးစပ်ရာ ဆွေမျိုးများမှပါ နွေးထွေးမှုများ ပြုကြရသည်။ ထူးခြားသည်မှာ တစ်စုံတစ်ယောက်၏ နေအိမ်၌ တည်းခိုနေသည့် ဧည့်သည်အား ထိုတည်းခိုနေသည့် အိမ်ရှင်၏ ဆွေမျိုးသားချင်းများမှ သော်လည်းကောင်း၊ ရင်းနှီးသည့် မိတ်ဆွေများမှ သော်လည်းကောင်း အိမ်စေ့အောင် ထမင်းများ ကျွေးခြင်းဖြင့် နွေးထွေး ခင်မင်မှုကို ပြကြရသည်။ ဤသို့ နွေးထွေးမှုကို ဖေါ်ပြသည့် ထမင်း ကျွေးခြင်းကို ဧည့်သည်အနေဖြင့် တစ်အိမ် တက်ဆင်း၍ စားပေးရသည်။ ဧည့်သည်ဖြစ်သူမှ ဗိုက်တင်းနေ၍ သော်လည်းကောင်း၊ ထမင်းစားပြီးဖြစ်၍ သော်လည်းကောင်း စားသောက်ပေးခြင်း မပြုပါက ထမင်းကျွေးသည့် ထိုအိမ်ရှင်မှာ စိတ်မချမ်းမသာ ဖြစ်တတ်သည်။ ထို့ကြောင့် ဧည့်သည်အနေနှင့်လည်း ထိုသို့ နွေးထွေးစွာ ထမင်းကျွေးခြင်းကို အသိအမှတ် ပြုပေးသည့်အနေဖြင့် အနည်းငယ်စီ သော်လည်းကောင်း စားပေးရသည်။ ထိုအခါမှ မိမိ တည်းခိုသည့် အိမ်ရှင်နှင့် ရွာသူရွာသားများ စိတ်လက် ချမ်းသာမှု ရှိကြသည်။ ရန်သူပေါသည့် ကာလများဖြစ်သည့်အလျောက် အကယ်၍ တစ်စုံတစ်ယောက်သော သူသည် မိမိ၏ နေအိမ်၌ တည်းခိုနေစဉ် ရန်သူများ၏ ရန်ပြုခြင်းများ ရှိခဲ့လျင် အိမ်ရှင် အနေဖြင့် အသက်နှင့် ရင်းကာ ကာကွယ် စောင့်ရှောက်ပေး၏။ မိမိ နေအိမ်၌ တည်းခိုနေစဉ်တွင် ထိုရန်သူများ၏ တိုက်ခိုက်ခြင်းများ ကြုံတွေ့ရပါကလည်း မိမိ ဧည့်သည်တော်အား မိမိအသက်ရှိ နေသမျှ ကာလပတ်လုံး ဘေးမကြုံရလေအောင် ကာကွယ်ပေးရသည်။ မိမိ နေအိမ်သို့ ဧည့်သည်အဖြင့် သတ်သတ် မှတ်မှတ် ရောက်ရှိလာခြင်းမျိုး မဟုတ်ဘဲ ရန်သူများဘေးကို ရှောင်တိမ်းရင်း ဆေးတစ်ဖုံ၊ ရေတစ်ခွက် သောက်ရန် ခေတ္တဝင်ရောက် နားခိုခြင်းမျိုးပင် ဖြစ်စေကာမူ အိမ်ရှင်အနေဖြင့် ထိုဧည့်သည်၏ အသက်ဘေး လြုံခုံမှုရှိစေရန် ကာကွယ်ပေးရသည်။ မိမိ အိမ်ရိပ် နင်း၍ ရောက်လာသူအား မည်သည့် ဘေးရန်မျှ မကြုံရလေအောင် ကာကွယ်ခြင်းပင် ဖြစ်သည်။ အခြားအချိန်များ၌ မည်သည့် ဘေးရန်မျိုးပင် ရှိစေကာမူ မိမိ၏ အိမ်ရိပ်၌ ငြိမ်းချမ်းစွာ နေထိုင်စေလိုသည့် သဘောပင် ဖြစ်သည်။ ဤသို့ဖြင့် ချင်းတောင်ဒေသများသည် ရှေးအခါများ၌ ခေတ်မီ ဖွံ့ဖြိုးမှုများ၌ အခြေအနေအရ နောက်ကျခဲ့သော်လည်း လူမှု ကျင့်ဝတ်များ၌ကား အဆင့်အတန်း မြင့်မားလှသည်။ နှစ်သက် လေးစားဖွယ်ဖြစ်သည့် ဤ ယဉ်ကျေးမှုများသည် ယခုအခါများတွင် ရင်နာဖွယ် တစစ တိမ်ကောနေကြပြီ ဖြစ်သည်။ အဘက်ဘက်၌ ဖွံ့ဖြိုးမှုများ ရှိသကဲ့သို့် တဘက်၌ လူမှု အကျင့်စရိုက်များ ပျက်ပြားလာသည်မှာ အထူးသဖြင့် ဆုံးရှုံးမူ တစ်ရပ်ပင် ဖြစ်သည်။ နောင်အခါများ၌ ရင်းနှီးနွေးထွေးမှု ရှိလှသည့် ဓလေ့ ထုံးတမ်းများသည် အလွဲ သုံးစားမှုပြုခြင်း၊ ယုံကြည်မှု လွဲမှားခြင်းများကြောင့် ပျက်ပြားခဲ့ရခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ယနေ့ခေတ် လူငယ်များအနေဖြင့် မြတ်နိုးဖွယ် ကောင်းလှသည့် မိမိတို့၏ ယဉ်ကျေးမှုများ မပျောက်ပျက် ရလေအောင် ဆက်လက် ထိန်းသိမ်းရန် အလွန်ပင် လိုအပ်လှပေသည်။ ရောင်းဝယ် ဖေါက်ကားခြင်း[ပြင်ဆင်ရန်] ရှေးခေတ် ရောင်းဝယ် ဖေါက်ကားမှုများတွင် ဟာလ်တူးရွာ လူထုသည် ယခုကဲ့သို့ တွင်ကျယ်မှု မရှိခဲ့ချေ။ ထိုခေတ် ကာလများတွင် အဓိကအားဖြင့် ငွေကြေး သုံးစွဲ ရောင်းဝယ်ခြင်းမျိုး မဟုတ်ဘဲ ပစ္စည်းချင်း လဲလှယ်သည့် ရောင်းဝယ်မှုမျိုးပင် ဖြစ်သည်။ နွားနောက်များ၊ ကျွဲ၊ နွား၊ ဓါးမ၊ ဆား စသည့် အခြေခံလိုအပ်သည့် ပစ္စည်းများကို အချင်းချင်း လဲလှယ် ရောင်းဝယ်မှုများ ပြုကြသည်။ ခေတ်ဦးပိုင်း ကာလများတွင် ကုျတ်ရွာ (Tluk tu)၊ ရိုရွာ (Roeu) နှင့် မီုန်း (Muen) လူမျိုးစုများနှင့် အဓိကအားဖြင့် ရောင်းဝယ်မှု ပြုကြသည်။ နောင် အသိအမြင်များ တိုးတက်လာသည့် အခါများတွင် ခေတ်သုံး ငွေကြေးများ သုံးစွဲလာကြပြီး ရောင်း ဝယ်ဖေါက်ကားမှု နယ်များ ချဲ့ထွင်လာကြသည်။ အဓိကအားဖြင့် အရင် ရောင်းဝယ်ခဲ့ကြသည့် ကုျတ်၊ ရို၊ မီုန်း ဒေသများအပြင် ဇိုတုန်နယ် (Zotung)၊ မီရမ်နယ် (Miram) များနှင့်လည်း ရောင်းဝယ်မှုများ ပြုလာကြသည်။ ဤသို့ ရောင်းဝယ်မှုများ တိုးတက် လာသောအခါ ငွေကြေးများ သုံးစွဲတတ်လာ ကြပြီဖြစ်ရာ ပစ္စည်းချင်း လဲလှယ်ခြင်းထက် ငွေကြေးများနှင့် ရောင်းဝယ်မှုများ ပြုလာကြသည်။ ရှေးကာလ ငွေကြေးများကို Hruen သို့မဟုတ် Ngui-Tangga ဟူ၍ ခေါ်ဆိုခဲ့ကြသည်။ ရှေးက ငွေကြေးများကို ရေတွက်ရာတွင်- - တစ်ကျပ် - Phe At - နှစ်ကျပ် - Phe Hih - တစ်ဆယ်ကျပ် - Del Hra - နှစ်ဆယ်ကျပ် - A Thawng - သုံးဆယ်ကျပ် - Thum kip - တစ်ရာကျပ် - Pra kip - တစ်ထောင် - Pit - တစ်သောင်း - Rha စသည်ဖြင့် ခေါ်ဆို ရေတွက် ခဲ့ကြသည်။ ငွေကြေးများ သာမကဘဲ ဂဏန်းများ ရေတွက်ရာတွင် တစ်မှ တစ်ဆယ်အထိကို Tu mat, Pah nih, Pathum, Pali, Panga, Paruk, Parih, Pareet, Pako, Pahra ဟူ၍ ရေတွက် ရသည်။ ဆယ်ဂဏန်းများကိုမူ Pahra, Athawng, Thumkip, Likip, Ngakip, Ruk kip, Rih kip, Reetkip, Kokip, pra (တစ်ရာ) ဟူ၍ ရေတွက်ရသည်။ စိုက်ပျိုး မွေးမြုခြင်း[ပြင်ဆင်ရန်] တောင်ပေါ်နေ ချင်းတိုင်းရင်းသား တို့သည် တောင်ယာ လုပ်ငန်းဖြင့် အဓိက အသက် မွေးဝမ်းကျောင်း ပြုကြသည်။ ထိုသို့ အသက် မွေးဝမ်းကြောင်း ခဲ့ကြသည်နည်းတူ ဟာလ်တူး ကျေးရွာရှိ ရွာသူရွာသားများမှာလည်း တောင်ယာ လုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြသည်။ အထက်၌ ဖေါ်ပြခဲ့ပြီးသည် နှင့်အညီ ဟာလ်တူးရွာ၏ မြေယာပိုင်ဆိုင်မှု ဧရိယာမှာ ကျယ်ဝန်းလှသည်။ တောင်ကြောအလိုက် တောင်ယာမြေ ဆယ်ခု ထက်မက ရှိသည်ဖြစ်ရာ တောင်ယာမြေများ ဆယ်နှစ်မှ တစ်ကြိမ်ကျ တောင်ယာ ခုတ်ကြရသည်။ ရှေးကာလများ၌ တောင်ယာ လုပ်ငန်းကိုသာ အဓိက လုပ်ကိုင်ကြပြီး လယ်မြေများ၊ ခြံမြေများကို အသုံးပြုရ ကောင်းမှန်း မသိခဲ့ကြပေ။ နောက်ပိုင်းတွင် တောင်ယာမြေ စိုက်ပျိုးခြင်းများအပြင် ကီလောင်းချောင်းနှင့် အခြား ချောင်းရေများကို အသုံးပြုကာ လယ်မြေများ စိုက်ပျိုးလာကြသည်။ ယခုအခါ တောင်ယာ စိုက်ခင်းများအပြင် လယ်မြေများ၊ ဥယျာဉ်ခြံမြေများနှင့် လှေကားထစ် စိုက်ခင်းများကိုလည်း လုပ်ကိုင် အသုံးပြုလာကြပြီ ဖြစ်သည်။ တောင်ယာ မြေများ၌ အဓိက စိုက်ပျိုးသီးနှံများအဖြင့် စပါး၊ ပြောင်းဖူး၊ နှံစားပြောင်း၊ လုူး၊ ဆပ်များနှင့် အခြား စားသုံးသီးနှံများကို အမျိုးစုံလင်စွာ စိုက်ပျိုးကြသည်။ လယ်မြေများတွင်ကား စပါကိုသာ စိုက်ပိုျး ကြရသည်။ ဥယျာဉ်ခြံ စိုက်ပိုျးရေးတွင် ပိန္နဲ၊ သရက်၊ ငှက်ပျော၊ ရှောက်သီး၊ သင်္ဘောသီး၊ ကြံ၊ ကော်ဖီပင်များနှင့် အခြား ဖွယ်ဖွယ်ရာရာများကို စိုက်ပျိုး ကြသည်။ ထို့ပြင် ပဲမျိုးစုံနှင့် အခြား သီးနှံများကိုလည်း စိုက်ပျိုး ကြသည်။ မွေးမြူရေးတွင်မူ နွားနောက်ကို အဓိကထား၍ မွေးမြူကြသည်။ နွားနောက်၊ ကျွဲ၊ နွားများအပြင် အိမ် မွေး တိရစြွာန်များ အနေဖြင့် ဝက်၊ ကြက်၊ ဘဲ၊ ခွေး များကို အဓိက မွေးမြူကြသည်။ နွားနောက်များကို အထူးသဖြင့် တန်ဖိုးထားကြပြီး အလေးထား မွေးမြုကြသည်။ လူတစ်ဦး၏ ပစ္စည်း ဥစ္စာချမ်းသာမှုကို ၄င်း၏ နွားနောက် ပိုင်ဆိုင်မှုအပေါ်၌ ပို၍ အသိအမှတ် ပြုကြသည်။ နွားနောက်များသည် မြန်မာပြည် တစ်ဝှမ်းလုံးတွင် ချင်းတောင်၌သာ တွေ့ရသဖြင့် ရှားပါးသည့်၊ ချင်းလူမျိုးတို့၏ အမှတ်လက္ခဏာ တစ်ခုပင် ဖြစ်သည်။ ယခင် ကာလများ၌ တောထဲ တောင်ထဲ၌ လွှတ်ထားကြပြီး နွားနောက်ကြောင်းသူ (တစ်ရွာလုံး လူထုမှ တာဝန်အဖြင့် ပေးရခြင်းဖြစ်ပြီး ၄င်းမှ တိရစ္ဆာန်များ၏ အခြေအနေများကို စောင့်ကြည့်ကြရသည်။ တန်ဖိုး အနေဖြင့် နွားနောက်များ မွေးလာသောအခါ နွားနောက်အဖြင့် သော်လည်းကောင်း၊ စပါးများအဖြင့် သော်လည်းကောင်း ပေးရသည်။) မှသာ လိုက်လံ၍ ထိန်းကျောင်းရသည်။ ယခုအခါတွင် နိုင်ငံတော်၏ ရှားပါး တိရစ္ဆာန်များ ထိန်းသိမ်းခြင်း အစီအစဉ်ဖြင့် စနစ်တကျ မွေးမြူခြင်းများ ပြုလုပ် လာကြပြီ ဖြစ်သည်။ ဟာလ်တူး ကျေးရွာ၏ စိုက်ပျိုး မွေးမြူရေး၌ ရွာဘေးနားတွင် စီးဆင်းသည့် ကီလောင်းချောင်းသည် အရေးပါလှသည်။ လယ်ယာ စိုက်ပျိုးရာတွင် လည်းကောင်း၊ ဟင်းလျာများအတွက် သော်လည်းကောင်း၊ ကျေးရွာ ဖွံ့ဖြိုးခြင်းများ ဆောင်ရွက်ရာတွင် လည်းကောင်း အထူးသဖြင့် အရေးပါလှသည်။ ချောင်း မြောင်း ရေများ ပေါ များလှသည့် ဟာလ်တူး ကျေးရွာသည် စားသုံး သီးနှံများ ပေါကြွယ် လှပေသည်။ ရိုးရာ ပွဲလမ်းသဘင်များ[ပြင်ဆင်ရန်] ဒိုင် ချင်း လူမျိုးများ၏ ရိုးရာ ပွဲလမ်းသဘင်များသည် မများပြားလှသော်လည်း အထူး စိတ်ဝင်စားဖွယ် ကောင်းလှသည်။ ရိုးရာ ပွဲလန်းများအနေဖြင့် နှစ်၏ အစောပိုင်းများတွင် ယဉ်ကျေးမှုများအရ အပြန်အလှန် ချစ်ခင်မှု ပြသည့်အနေဖြင့် ယောက္ခမများမှ - သား/သမက်များသို့ လည်းကောင်း၊ ဦးလေးများမှ - သား/တူ များ၊ တူများမှ ဦးလေးများ၊ သမက်များမှ- ယောက္ခမများ စသည်ဖြင့် အချင်းချင်း ထမင်း - ဟင်းများ ပို့ကြရသည်။ ၄င်းကို (Zinkuu nak) ဟု ခေါ်သည်။ ထိုသို့ ထမင်းဟင်းများ ပို့ကြရာတွင် တူ - သမက်များဘက်မှ ကြက်သားဟင်းများနှင့် ငှက်သားခြောက်၊ တောကြွက်သား ခြောက်များကိုသာ ပို့ရသည်။ ဝက်သားများ မပို့ရပေ။ ဝက်သားဟင်းများကိုမူ ဦးလေး - ယောက္ခမများ ဘက်မှသာ ပို့ကြရသည်။ ဤကာလသည် ပွဲလမ်းဟု မခေါ်ဆိုအပ်သော်လည်း အစဉ်အဆက် ထိန်းသိမ်းရသည့် ယဉ်ကျေးမှု တစ်ခုပင် ဖြစ်သည်။ ထင်ရှားသည့် ပွဲလမ်းများမှာ - ခေါင်ထိပ်ပွဲ (Zuu suk poi) - ကောက်သစ် စားရသည့် ရိုးရာခိုသီူး (Khotue poi) ပွဲ - ကောက်သိမ်းပွဲ (Cangzawm-Hlaithar poi) - ရွာလုံးကျွတ် ပါဝင်ရသည့် ရိုးရာ (Rashak poi) ပွဲ စသည်များ ဖြစ်သည်။ ခေါင်ယူထိပ်ပွဲ (Zuu Suk Poi)[ပြင်ဆင်ရန်] ဒိုင် ရိုးရာ ပွဲလမ်းသဘင်များတွင် ရိုးရာ ခေါင်ထိပ်ပွဲသည် အထူးထင်ရှားသည့် ပွဲလမ်း တစ်ခုပင် ဖြစ်သည်။ ပွဲလမ်းများကို နှစ်စဉ် ကျင်းပကြရာတွင် တစ်နှစ်စာအတွက် တောင်ယာများ ခုတ်ထွန်ကြပြီးသည့် ဆောင်းရာသီ နှောင်းပိုင်း ကာလနှင့် နွေဦးပိုင်း ကာလများတွင် ကျင်းပလေ့ ရှိကြသည်။ ထိုကာလများသည် တောင်ယာ လုပ်ငန်း လုပ်ဆောင်ရန်၌ အလုပ်ပါးချိန် ဖြစ်၍ လည်းကောင်း၊ ရာသီဥတု သာယာသည့် ကာလများ ဖြစ်သောကြောင့် လည်းကောင်း ထိုကာလများတွင် ကျင်းပရခြင်း ဖြစ်သည်။ ခေါင်ရည်ထိပ်ပွဲ ကျင်းပရာတွင် ပြင်ဆင်မှုအနေဖြင့် ရွာတွင်းရှိ အကျယ်ဆုံး ကွင်းပြင်ကို ရွေးချယ်၍ သော်လည်းကောင်း၊ အဆင်ပြေလျင် ပွဲကျင်းပမည့်သူ၏ အိမ်ရှေ့ ကွင်းပြင်၌ သော်လည်းကောင်း ပြင်ဆင်ကြရသည်။ ထိုပြင်ဆင်မှု အပိုင်းတွင် အဆင်အလာအရ မိဘဘိုးဘွားများ၏ ပြင်ဆင်ခဲ့ပြီးကြသည်များကို အသုံးပြုကြသည်များလည်း ရှိသကဲ့သို့ ပွဲလုပ်သူ၏ စိတ်ကြိုက် ပြင်ဆင်ကြသည်များလည်း ရှိသည်။ ပြင်ဆင်ရသည်ဆိုရာ၌ ကွင်းပြင်များတွင် ပွဲလာ ဧည့်ပရိသတ်များနှင့်အတူ ပျော်ရွှင်စွာ ကခုန် ဆင်နွဲနိုင်ရန်အတွက် ပြင်ဆင်ခြင်းကို ဆိုလိုသည်။ ခေါင်ရည် ထိပ်ပွဲများအတွက် လိုအပ်သည့် ပြင်ဆင်မှုများမှာ နွားနောက်များကို ချည်နိုင်ရန် Phawng ဟု ခေါ်သည့် နွားနောက် ချည်တိုင်များကို ပြင်ဆင် ပြုလုပ်ထားရသည်။ ထိုသို့ ပြုလုပ်ရာတွင် အင်္ဂလိပ်အက္ခရာ Y ပုံသဏ္ဍာန် သစ်သားတိုင်များကို ရှာဖြွေပြုလုပ်၍ အိမ်ရှိ ကွင်းပြင်တွင် စိုက်ကာ ပြင်ဆင်ရသည်။ ၄င်း၌ နွားနောက်များကို လေး - ငါးကောင် မှစ၍ တဆယ့်ငါးကောင်၊ အကောင် နှစ်ဆယ် စသည်ဖြင့် ချည်နှောင်၍ ပွဲများကို ကျင်းပကြရသည်။ တောထဲ တောင်ထဲမှ ပန်းများ၊ ရွက်လှ အပင်များ၊ Shai Hlip ဟုခေါ်သည့် အပင်များနှင့် အခြား ဖွယ်ဖွယ်ရာရာများဖြင့် ပွဲကျင်းပရမည့် ထိုကွင်းကို အလှဆင် ပြင်ဆင် ကြရသည်။ ပွဲအတွက် ပြင်ဆင်ရာတွင် နောက်ထပ် လိုအပ်ချက်မှာ ပွဲလုပ်မည့် အိမ်ရှင်၏ ပြင်ဆင်မှုအပိုင်း ဖြစ်သည်။ ခေါင်ထိပ်ပွဲ ကျင်းပနိုင်ရန်အတွက် ပွဲရှင်သည် နှစ်ရှည်လများ ပြင်ဆင်ထားရသည်။ ပွဲအတွက် ဆန်ရေ စပါးများ စုဆောင်းခြင်း၊ နွားနောက်များ စုဆောင်းရခြင်း၊ ပွဲကာလအတွင်း လိုအဓိက လိုအပ်သည့် ခေါင်ချက် ခြင်း၊ ခေါင်အိုးများ ဇကက ပြင်ဆင် ပြုလုပ်ခြင်းများ စသည်ဖြင့် ပြင်ဆင်မှုများကို ပြုလုပ်ကြရသည်။ နွားနောက်များ ပွဲနေ့များ၌ ရည်ရွယ်ထားသလောက် လုံလောက်မှု မရှိသေးပါက မိမိနှင့် နီးစက်ရာ ဆွေမျိုးသားခြင်းများနှင့် ပြင်ဆင် ညှိနှိုင်း ကြရသည်။ ထိုပွဲများသည် မိမိ၏ ပိုင်ဆိုင်မှု ချမ်းသာမှုများ ပြသည့် ပွဲလန်းများဖြစ်ရာ ကြွရောက်လာကြသည့် ဧည့်သည်တော်များ၏ ငြိုငြင်မှု၊ စိတ် မချမ်းသာမှုများ မဖြစ်ရလေအောင် အစစ ဟာကွက် မရှိရလေအောင် ပြင်ဆင်ကြရသည်။ ခေါင်ရည်ထိပ်ပွဲများ ကျင်းပ ပြုလုပ်ရာတွင် သုံးရက်မှ တစ်ပတ် တိုင်အောင် ကျင်းပလေ့ ရှိကြသည်။ ပထမ ဆုံးရက်ကို ပွဲသို့ ကြွရောက်လာကြသည့် ဧည့်သည်တော်များအား ကြိုဆိုရသောနေ့ Zin Tun အဖြင့် သတ်မှတ်ကြပြီး အနယ်နယ်မှ ဧည့်သည့်တော်များ ထိုနေ့ရက်များတွင် အရောက် လာကြရသည်။ ဧည့်ကြိုသည့် ထိုနေ့များတွင် ကြွရောက်လာကြသည့် ဧည့်သည်တော်များအား ရွာအတွင်းရှိ လုံမပျိုများမှ ခေါင်ရည်ချိုများဖြင့် ဧည့်ခံ ကြိုဆိုကြရသည်။ ခေါင်ရည်၊ ကြက်သားများဖြင့် ဧည့်ခံရင်း အပြန်အလှန် လွမ်းဆွတ်မှုကို ပြသည့်အနေဖြင့် ရိုးရာ တေးသွားများဖြင့် သီဆို နှုတ်ဆက် ကြရသည်။ ဧည့်သည်တော်များအား မိမိ တည်းခိုရမည့် အိမ်နှင့် နေရာထိုင်ခင်းများကို လိုက်လံ ပို့ဆောင် ပေးကြရသည်။ ထိုနေ့သည် အကြို်နေ့ သဘောဖြစ်သဖြင့် ကခုန်ခြင်းများနှင့် အခြား အစီအစဉ်များ ပြုလုပ်ခြင်း မပြုလုပ်ရသေးချေ။ မိမိ၏ ယောင်းရင်းများ၊ သွေးသောက်များ (Patai) နှင့် အပြန်အလှန် နှုတ်ဆက်ခြင်း၊ ရှေးနှောင်းဖြစ်များ၊ အတွေ့ အကြုံများနှင့် အခြား ထွေရာလေးပါးများ ပြောကြရင်းဖြင့်သာ အချိန် ကုန်လွန်စေကြသည်။ ဒုတိယနေ့နှင့် ပွဲနေ့များတလျောက်တွင် ဧည့်သည်တော်များနှင့်အတူ ထုံးတမ်း စဉ်လာများအတိုင်း ပွဲများကို ပျော်ရွှင်စွာ ဆင်နွဲ ကခုန်ကြရသည်။ ပွဲဆင်ယင် ကျင်းပရာတွင် နွားနောက် ချည်တိုင်များနှင့် ပြင်ဆင်ထားသည့် ကွင်းပြင်များတွင် ခေါင်ရည်အိုးများအား ဆယ်လုံး၊ ဆယ့်ငါးလုံး၊ အလုံး နှစ်ဆယ်ထိတိုင် ခေါင်ထိပ်ကြပြီး ယူငင် သောက်သုံးကြသည်။ ကစား ခုန်စားခြင်းများနှင့် အခြား ပျော်ရွှင်ဖွယ်ရာများကို ဆင်နွဲကြရသည်။ ဝက်၊ ကြက် စသည်များနှင့် နွားနောက် ချည်တိုင်များတွင် ချည်နှောင်ထားသည့် နွားနောက်များကို လိုအပ်သလို သေနတ်၊ လေး - မျှား၊ လှံစသည်များဖြင့် သတ်ဖြတ်၍ ချက်ပြုတ် စားသုံးကြသည်။ ထိုပွဲ နေ့ရက်များတွင် အနယ်နယ်မှ လာကြသည့် ကာလသားများနှင့် လုံမပိုျများ၏ ရင်းနှီးမှုအတွက် အထူး မိဿဟာယ ဖွဲ့ခွင့်ရသည့် ပျော်ရွှင်ဖွယ် နေ့ရက်များပင် ဖြစ်တော့သည်။ ပွဲများ ကျင်းပ ပြုလုပ်ကြပြီးနောက် ပွဲနေ့များ၏ နောက်ဆုံးနေ့ အကြိုနေ့များတွင် Shel Shawl ဟု ခေါ်သည့် ချည်တိုင်များတွင် ချည်နှောင်ထားသည့် နွားနောက်များကို သတ်ကြရသည်။ ထိုသို့ ဆိုရာ၌ ပွဲနေ့များတွင် ဟင်းအဖြင့် ချက်စားရုံ သက်သက်မဟုတ်ဘဲ နွားနောက်သားများကို ဧည့်သည်တော်များ မိမိဌာနေများသို့ အပြန် ယူသွားနိုင်ရန် သတ်ဖြတ်ခြင်းပင် ဖြစ်သည်။ ထိုနေ့များတွင် ဧည့်သည်တော်များ မိမိနှင့် သင့်တော်ရာများ အတိုင်း ဝေမျှပေးကြရသည်။ မိမိ၏ ယောင်းရင်းမိတ်ဆွေများကို် နွားနောက်၏ ပေါင် တခုလုံး၊ လက်ဖျံသား တခု လုံး၊ နွားနောက် ခေါင်းများ စသည်ဖြင့် ဝေမျှ ပေးကြရသည်။ တချို့ နွားနောက် တစ်ကောင်လုံး ပေးရသည်များလည်း ရှိသည်။ ထိုသို့ ဝေငှရခြင်းအတွက် ထုံးစံအရ ထိုယောင်းရင်းများမှလည်း နောင်ပွဲလမ်း ကျင်းပ ကြသောအခါများတွင် ပြန်လည် ဝေခြမ်းပေးရသည်။ ပွဲ၏ နောက်ဆုံး ရက်များဖြစ်သည့် Zin Phreng ခေါ် ပွဲနောက်ဆုံးရက်များတွင်ကား ကြွရောက်လာ ကြသည့် ဧည့်သည်တော်များမှာ ပွဲနေ့များ၌ ပျော်ရွင်ခဲ့ကြသလောက် တစ်ယောက်နှင့် တစ်ယောက် ခွဲခွာရမည် ကို တသသ ခံစား ကြရသည်။ နှုတ်ဆက်ပွဲအနေဖြင့် ပွဲစည်ကားစေရန်အလို့ငှာ ထိုပွဲလာ ဧည့်သည်တော်များထဲမှ အသက် အကြီးဆုံး သူများအား အပျော်သဘော နဘမ်းလုံး စေကြရသည်။ ထိုသို့ ပြုလုပ်ရာတွင် ထိခိုက် နာကျင်စေခြင်း မဖြစ်စေဘဲ အပျော်သက်သက် ပြုလုပ်ကြခြင်းသာ ဖြစ်သည်။ နောက် ၄င်းတို့ နှစ်ဦးအား ထိုက်တန်သည့် ဆုလဒ် လက်ဆောင်များကို ချီးမြှင့် ကြရသည်။ နောက်တစ်မျိုးမှာ ဧည့်သည်တော်များထဲမှ အသက် အကြီးဆုံးသူအား ပွဲအတွင်း၌ သတ်ဖြတ်ကြသည့် နွားနောက်များ၏ မစင်များကို ရှင်းလင်းစေကြသည်။ ဤသို ပြုလုပ်ရခြင်းမှာ တဘက်သားကို အနိုင်ကျင့်ခြင်း သဘောမဟုတ်ဘဲ ရိုးရာ ထုံးတမ်းအရပြုလုပ်ရခြင်း ဖြစ်ပြီး ထိုအဘိုးကြီး ဖြစ်သူအား အိမ်ပြန်လက်ဆောင်အဖြင့် လက်ဆောင်များ မြောက်များစွာ ပေးကြရသည်။ ထိုနောက်မှ အိမ်ရှင် ရွာသားများနှင့် ဧည့်သည်တော်များ ဝမ်းနည်း ဝမ်းသာဖြင့် ခွဲခွာကြရသည်။ ဤကား ခေါင်းယူထိပ်ပွဲ၏ နှစ်သက်ဖွယ် ဓလေ့ ထုံးတမ်းပင် ဖြစ်သည်။ ကောက်သစ်စားရသည့် ရိုးရာခိုသီူး (Khotue Poi) ပွဲ[ပြင်ဆင်ရန်] ချင်း လူမျိုးများတွင် ပွဲလန်းသဘင်များ မြောက်များစွာ ရှိသည်။ ထိုပွဲများမှ ရိုးရာ ခေါ်သီူးပွဲမှာ အထူး အရေးပါလှသည့် ပွဲလန်း တစ်ခုပင် ဖြစ်သည်။ ခေါ်သီူးပွဲကို မျိုးနွယ်စုအလိုက် ကျင်းပကြရာ ကျင်းပရသည့် အချိန် တသမတ်တည်း မရှိဘဲ ကွဲပြားကြသည်။ယခု ဖေါ်ပြသည့် ခေါ်သီူးပွဲသည် မတူပီမြို့နယ်နှင့် ဒိုင်ဒေသများ၌ နှစ်စဉ် ဇူလိုင်လ (၁၅) ရက်နေ့တွင် ကျင်းပကြရသည့် ရိုးရာပွဲလန်း တစ်ခုပင် ဖြစ်သည်။ ဤပွဲကို လက်ရှိ အသက်မွေး ဝမ်းကြောင်းအတွက် လုပ်ဆောင်ကြသည့် တောင်ယာ၏ အခြေအနေကို ကြည့်ပြီး ကျင်းပသည့် ကြီးမြတ်သည့် ပွဲမျိုးပင် ဖြစ်သည်။ ချင်း လူမျိုးများသည် အဓိကအားဖြင့် တောင်ယာ လုပ်ငန်းဖြင့်သာ အသက် မွေးဝမ်းကြောင်းခြင်း ပြုကြသည်ဖြစ်ရာ တောင်ယာမှ အသီးအနှံများအား အခွင့်အခါသင့်၍ စတင် စားသုံးနိုင်ရန်အတွက် ရိုးရာ ကိုးကွယ်သည့် နတ်များ (တောင်ယာကို ကောင်းကြီး ပေးသည့် နတ်မင်းများ) အား ကျေးဇူး ချီးမွမ်းသည့် ပွဲပင်ဖြစ်သည်။ ထို့ကြောင့် ဤပွဲများတွင် တောင်ယာ၏ အခြေအနေကို ကြည့်ပြီး ကျင်းပကြခြင်း ဖြစ်သည်။ တောင်ယာလုပ်ငန်း လုပ်ဆောင်ကြသည့်အခါ ဆောင်းဦးပိုင်း (ဒီဇင်ဘာ - ဇန္နဝါရီလများ) တွင် တောင် ယာများကို စတင်ခုတ်ကြရပြီး မတ်လနှင့် ဧပြီလများတွင် ၄င်းတောင်ယာများကို မီးရှို့ကြရသည်။ ထိုမတ်လနှင့် ဧပြီလများတွင်ပင် တောင်ယာ စပါးနှင့် အခြား မျိုးစေ့များကို မျိုးချ ကြရသည်။ မေလ နှောင်းပိုင်းများတွင်မူ ၄င်းချထားသည့် မျိုးစေ့များမှ အပင်များ အညောင့်ထွက် ကြီးထွားလာရာ တောင်ယာ ပေါင်းရှင်းခြင်းကိုလည်း စတင် ပြုလုပ်လာကြသည်။ ဇူလိုင်လများတွင် ပြောင်း၊ ဆပ်နှင့် အခြား ဟင်းသီးဟင်ရွက်များ ခူးယူ စားသောက်ရန် သင့်လာပြီ ဖြစ်သည်။ ထိုသို့ သီးနှံများ ခူးယူစားသောက်ရန် အခွင့်အခါ သင့်ပြီဖြစ်သော်လည်း တောင်ယာရှင်များ အနေဖြင့် ထုံးတမ်းစဉ်လာအရ ခေါ်သီူးပွဲများ မကျင်းပမီ ၄င်းဟင်းသီးဟင်းရွက်များကို ခူးယူ စားသောက်ခြင်းများ မပြုလုပ်ခဲ့ကြပေ။ အဘယ့်ကြောင့်ဆိုသော် ကံကောင်း - ကျန်းမာခြင်း ဆုပေးသည့် တန်ခိုးရှင်ထံ၌ ဆုတောင်း အပ်နှံခြင်း မပြုရသေးသောကြောင့်ပင် ဖြစ်သည်။ ဆိုလိုရင်းမှာ မိမိလုပ်ဆောင်နေသည့် တောင်ယာအတွက် ကံကောင်း၍ သီးနှံအထွက် တိုးစေရန် ကောင်းကြီး တောင်းခံခြင်းပင် ဖြစ်သည်။ ခိုသီူးပွဲ မကျင်းပမီ အချိန်များတွင် တောင်ယာများ၌ မိမိ စိုက်ပြိုးခြင်းမဟုတ်ဘဲ အလိုအလျောက် ပေါက်သည့် ဟင်းသီးဟင်းရွက်များကိုသာ စားသုံးကြရသည်။ ရှေးယခင်များ၌ ဤပွဲများကို နေ့ရက် အတိအကျ သတ်မှတ်ခြင်း မရှိခဲ့ပေ။ သို့သော် နှစ်စဉ် တောင်ယာ၏ အခြေအနေအရ ကျင်းပလေ့ရှိကြရာ အများအားဖြင့် ဇူလိုင်လတွင် ကျင်းပတတ်ကြသဖြင့် လွန်ခဲ့သည့် အနှစ် နှစ်ဆယ်ကျော်ခန့်မှ စ၍ ဇူလိုင်လ (၁၅)ရက်နေ့ကို် ခေါ်သီူးပွဲ ကျင်းပရာ ရက်မြတ်အဖြင့် သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။ သီးနှံများ၌ အစောပိုင်း စားရသည့် သီးနှံနှင့် နှောင်းပိုင်းမှ စားကြရသည့် သီးနှံဟူ၍ရှိရာ ပွဲကျင်းပရသည့် နေ့ရက်များ မတူညီတတ်ကြပေ။ ခေါ်သီူးပွဲ ကျင်းပရာတွင် နှစ်ရက်ခွဲ ကျင်းပကြသည်။ ပထမနေ့များတွင် ပြင်ဆင်ရသည့် နေ့ဖြစ်ပြီး နက်ဖြန်နေ့အတွက် အစစအရာရာ ပြင်ဆင်ကြရသည်။ ဝက်၊ ကြက်၊ ဆိတ်၊ ခွေးနှင့် ခေါင်ရည်အိုးများကို ပွဲနေ့များအတွက် အသင့်ပြင်ကြရသည်။ ပွဲနေ့ ရောက်သောအခါ အိမ်ထောင်ရှင်မမှ နံနက်စောစော မိုးမလင်းမီ ပြင်ဆင်ထားသည်များကို တောင်ယာသို့ ယူဆောင်သွားရသည်။ တောင်ယာ ရောက်သောအခါ တဲငယ်လေး (နတ်စင်) ထိုးပြီး ထိုတဲငယ်၌ ယူဆောင်လာသည့် တိရစ္ဆာန်များကို သတ်ကာ ၄င်း၏ အသွေးများကို ဟင်းသီးဟင်းရွက်များနှင့် စပါးပင်များ ပေါ်သို့ ဖျန်းပေးရသည်။ ယဇ်ပူဇော်ခြင်း သဘောပင် ဖြစ်သည်။ သတ်ထားသည့် ယဇ်ကောင်၏ အမွှေးအမျှင်များကို မီးရှို့၍သာ သန့်စင်ရသည်။ ၄င်းယဇ်ကောင် အမွှေးများရှို့သည့် မီးခိုးငွေ့များ ရမှသာ နတ်မင်းများမှ ကောင်းကြီးပေးသည် ဟူ၏။ တောင်ယာ အထွက် တိုးနိုင်ရန်အတွက် ဆုမွန် ကောင်းများ တောင်းသည်။ ထို့နောက်မှ ဟင်းသီး ဟင်းရွက်များကို ခူးယူရသည်။ ဆောင်ရွက် ဖွယ်ရာများ ဆောင်ရွက်ပြီးသည်နှင့် သတ်ထားသည့် တိရစ္ဆာန်၏ အသားများကို ပိန်းဥရွက်ဖြင့် ထုပ်လျက် စပါးရွက် အနည်းငယ် ဆွတ်ကာ အိမ်သို့ ယူဆောင်သွားရသည်။ အိမ်၌ ကျန်ရစ်ခဲ့သော အိမ်ထောင်ရှင် အမျိုးသားကြီးမှလည်း နံနက်စောစော ထပြီး ခေါင်ရည်အိုးများနှင့် လိုအပ်သည့် ပြင်ဆင်ဖွယ် များကို ပြင်ဆင် ထားရသည်။ နောက် မောင်းငယ်လေးများ၊ ဗုံနှင့် အခြား တူရိယာ များတီးမှုတ်ကာ ကခုန်နှင့်၏။ တောင်ယာမှ ရောက်ရှိလာသည့် အိမ်ထောင်ရှင်မမှလည်း မိမိ ယူဆောင်လာသည့် ဟင်းသီးဟင်းရွက်နှင့် အသား - ငါးများကို ချက်ပြုတ်ထားရသည်။ ထမင်းဟင်းများ ကျက်ပြီးသည်နှင့် ချင်း (ဂျင်း) ထောင်းများဖြင့် နယ်ကာ အချင်းချင်း ထမင်း ခွံ့ကြွေ (Buhbai) ခြင်းများဖြင့် ပျော်ရွှင်ကြရသည်။ ထမင်း - ဟင်းများကို အိမ်နီးချင်းများ အချင်းချင်း အပြန်အလှန် ပို့ကြရသည်။ ဤသို့ဖြင့် ဟင်းအမယ်စုံ စားရသည့် ပွဲဖြစ်၍ ပျော်ရွွှင်ဖွယ် ကောင်းလှသည်။ ထိုပွဲနေ့တွင် အိမ်တိုင်းလိုလို ခေါင်ထိပ်ကြသဖြင့် တအိမ်တက်ဆင်း မိဿဟာယ ပြုသည့်အနေဖြင့် လိုက်သောက်ရသည်။ ကာလသားများ၏ အားစမ်းခြင်းများ သော်လည်းကောင်း၊ ရပ်ရွာတွင်းရှိ လုံမပျိုများနှင့်အတူ ကခုန် - ကဗျာရွက်ဆို ကြခြင်းများစသည်ဖြင့် ထိုပွဲကို ကျင်းပကြသည်။ ရှေးယခင်က တိုင်းတပါးသားများ ဝင်ရောက် သိမ်းပိုက်ခြင်း၊ အစိုးရ အာဏာစက် သက်ရောက်ခြင်းများ မရှိခဲ့သော်လည်း နှစ်သက်ဖွယ် ကောင်းလှသည့် ယဉ်ကျေးမှုများနှင့် ထုံးတမ်းများသည် လူထု၏ ကိုယ်ကျင့် တရားများကို ကောင်းစွာ ထိန်းကျောင်း ပေးလေ့ရှိသည်။ ထိုသို့် အစဉ်အလာဖြင့် နေထိုင် ကျင့်ကြံခဲ့သည့် လေးစားဖွယ် ဓလေ့များကို ခေတ်လူငယ်များ အနေဖြင့် ဆက်လက်၍ ထိန်းသိမ်းသင့်ပေသည်။ ကောက်သိမ်းပွဲ (Cangzawm-Hlaithar Poi)[ပြင်ဆင်ရန်] ရိုးရာ ကောက်သိမ်းပွဲများကို် နှစ်စဉ် မိုးနှောင်း ကာလများနှင့် ဆောင်းဦး ကာလများတွင် ကျင်းပလေ့ ရှိကြသည်။ ကျင်းပရခြင်း ရည်ရွယ်ချက်မှာ နှစ်ဟောင်း၌ ပင်ပန်းကြီးစွာ လုပ်ဆောင်ခဲ့သည့် တောင်ယာလုပ်ငန်းများ အောင်မြင်စွာ ပြီးစီးကြသဖြင့် တောင်ယာမှ သီးနှံများအထွက် ကောင်းစေရန် ကောင်းကြီးများ ပေးသည့် နတ်မင်း (Khawhi-Vanrai) အား ကျေးဇူးတင် ပူဇော်ခြင်း၊ အောင်ပွဲခံခြင်း ပင်ဖြစ်သည်။ နှစ်ဟောင်းတွင် တောင်ယာ လုပ်ငန်းများကို် ပင်ပန်းကြီးစွာ လုပ်ဆောင်ခဲ့ကြပြီး လုပ်ငန်းပြီးဆုံးသည့် တောင်ယာစပါးများ ရိတ်သိမ်းပြီးသောအခါ ထိုတောင်ယာမှ ထွက်သည့် စပါးများကို စုပေါင်း စားသုံးနိုင်ရန် ကျင်းပရခြင်းပင် ဖြစ်သည်။ ပွဲ ကျင်းပနိုင်ရန်အတွက် ကျေးရွာတွင်းရှိ အမျိုးသားများ အားလုံး တောထဲသို့ ထွက်ကြကာ အမဲလိုက်ကြရသည်။ တစ်ရက်၊ နှစ်ရက်နှင့် လိုအပ်လျင် သုံး - လေးရက် စသည်ဖြင့် အမဲလိုက်ကြရသည်။ ထို အချိန်များတွင် ရွာ၌ ကျန်ရစ်ခဲ့ကြသည့် အမျိုးသမီးထုနှင့် သက်ကြီးရွယ်အိုများမှလည်း လိုအပ်မည့် ဟင်းသီး ဟင်းရွက်များကို ရှာဖွေထားကြရသည်။ တောထဲသို့် အမဲလိုက်ထွက်သူများ၊ ဟင်းသီးဟင်းရွက် ရှာသူများ လိုအပ်သလောက် စုမိကြသောအခါ ကောက်သိမ်းပွဲကို ကျင်းပ ပြုလုပ်ကြသည်။ ထိုပွဲနေ့များတွင် မိမိတောင်ယာမှ ထွက်ရှိသည့် ဖွယ်ဖွယ်ရာရာများကို အိမ်ထောင်ရှင်များမှ ကိုယ်စီ ချက်ပြုတ်ခဲ့ကြပြီး သတ်မှတ်ထားသည့် နေရာသို့ ယူဆောင်လာ ကြရသည်။ အမျိုးသားများ ထုမှလည်း အမဲလိုက်ရာမှ ရရှိလာကြသည့် သားကောင်များကို ချက်ပြုတ်ထားကြပြီး ရွာလူထု စုရုံး လာကြသောအခါ ဝေမျှ ပေးကြရပြီး ပျော်ရွှင်စွာ စားသုံးကြရသည်။ ထိုနေ့မျိုးတွင် ထမင်းဟင်းများကို မိမိ နေအိမ်များ၌ မစားကြရပေ။ ချက်ပြုတ်ထားသမျှကို ပွဲစုရပ်နေရသို့ အားလုံး ယူဆောင်လာကြပြီး စားသုံးကြရသဖြင့် ကျေးလက်ဓလေ့၏ ပျော်ရွှင်ဖွယ်ကောင်းသည့် နေ့ထူးနေ့ရက် တနေ့ပင်ဖြစ်သည်။ တောင်ယာ လုပ်ငန်းများဖြင့် အသက် မွေးဝမ်းကြောင်းရသည့် တောင်ပေါ်သားများအဖို့ ထိုပွဲနေ့သည် နှစ်ဟောင်း (တောင်ယာဟောင်း) ကို နှုတ်ဆက်၍ နှစ်သစ်(တောင်ယာမြေသစ်) အတွက် ပြင်ဆင်ရသည့် နှစ်သစ်ကူးပွဲ သဘောပင်ဖြစ်သည်။ ကောက်သိမ်းပွဲများ ကျင်းပပြီးသည်နှင့် ရွာသူရွာသားများအတွက် လုပ်ဆောင်ရမည့် အလုပ် ထူးထူးထွေထွေ မရှိသဖြင့် အလုပ်ပါးချိန်၊ အနားယူရသည့် အချိန်ဖြစ်သည်။ ရပ်ရွာလူကြီးများ၊ သက်ကြီးရွယ်အိုများမှ နေ၍ ထိုကာလများတွင် နောင်နှစ် လုပ်ဆောင်ရမည့် တောင်ယာမြေများအတွက် ကောင်းခြင်း၊ ဆိုးခြင်း စသည်များကို နမိတ် ဗေဒင်များ၊ ကြက်ဥဗေဒင်များ၊ သစ်ကိုင်းတစ်မျိုးကို ယူ၍ လှီးပြီး ကြည့်ရသည့် ရိုးရာဗေဒင် စသည်များဖြင့် နမိတ်များ ယူခြင်းများ ပြုလုပ်ကြသည်။ အကယ်၍ နောင်နှစ်အတွက် နမိတ် မကောင်းဟု ယူဆရလျင် တောစောင့်နတ်၊ တောင်စောင့်နတ်များအား ယဇ်ပူဇော်ပသခြင်း၊ ကောင်းမှုများ ပြုလုပ်၍ ပူဇော်ပသခြင်းများ စသည်ဖြင့် လိုအပ်သည်များကို လုပ်ဆောင်ကြရသည်။ ရွာလုံးကျွတ် ပါဝင်ရသည့် ရိုးရာ ငါးဖမ်း (Rasak Poi) ပွဲ[ပြင်ဆင်ရန်] တောင်ပေါ်ရိုးရာ ပွဲများတွင် Rasak ပွဲသည်လည်း တစ်ခု အပါအဝင်ပင် ဖြစ်သည်။ ဤပွဲများကို နှစ်စဉ် နွေဦးကာလများတွင် ကျင်းပလေ့ ရှိကြသည်။ အဓိကအားဖြင့် တောင်ယာလုပ်ငန်းများ အလုပ်ပါးချိန်များတွင် ကျင်းပရခြင်း ဖြစ်သည်။ ထိုကာလများသည် ရသီဥတု ပူလာသည်က တစ်ကြောင်း၊ အလုပ်များ ပါးနေသည်က တစ်ကြောင်း ကျေးရွာ နေလူထုများအနေဖြင့် ပိုမို၍ အချင်းချင်း ချစ်ခင်မှုရှိစေရန် အထူး ပျော်ပွဲသဘောဖြင့် ကျင်းပ ရခြင်းပင် ဖြစ်သည်။ ရွာလူထု တရပ်လုံး ပါဝင်ကြရသဖြင့် အထူး ပျော်ရွှင်ဖွယ်ကောင်းသည့် ပျော်ပွဲတစ်ခုပင် ဖြစ်သည်။ ပွဲ ကျင်းပရာတွင် ရွာအနီးရှိ ကီလောင်းချောင်းတွင် ချောင်းရေ စီးကြောင်း ပိတ်၍ ငါးဖမ်းရသည့် ငါးဖမ်းပွဲကို ဆိုလိုခြင်းပင် ဖြစ်သည်။ ကျင်းပသည့် ပုံစံအား ဖေါ်ပြရလျှင် ချောင်းရေ စီးကြောင်းများသည် မိုးတွင်းကာလများတွင် ရေစီးကြောင်းများ ဖြာ၍ စီးဆင်းကြသည်။ ထို ရေစီးကြောင်းများသည် မြစ်ကြောင်းများစွာ ဖြာထွက်လျက်ရှိရာ ထိုရေ စီးကြောင်းများသည် နွေကာလများတွင် တချို့မြစ်ချောင်းများ ခမ်းခြောက် တတ်ကြသည်။ ထို ခမ်းခြောက်သည့် မြစ်ကြောင်း အဟောင်းတွင်းသို့ စီးဆင်းနေသည့် ချောင်းရေများကို လွှဲပြောင်းပေးရသည်။ ထိုအခါ တစ်ဘက်ရှိ ချောင်းရေမျာ ခမ်းခြောက်သွားပြီး ထိုခမ်းခြောက်သည့် ရေစီးကြောင်းထဲမှ ငါးများကို ဆယ်ယူ ဖမ်းဆီးကြရသည်။ တချို့ အိုင်ထွန်းသည့် နေရာများတွင်ကား ငါးများ အလွယ်တကူ ဖမ်းယူ၍ မရရာ တောထဲ၌ အလိုအလျောက်ပေါက်သည့် နွယ်ပင်ကြီးတစ်မျိုး (Ruu) ကို ခုတ်ယူ၍ ရေအိုင်ထဲသို့် အမြုပ်များ ထွက်သည် အထိ ထုထောင်း ကြရသည်။ အမြုပ်များ ထွက်သည်နှင့် ရေထဲရှိ ငါးများ မူးမော်လာကာ ထိုအခါမှသာ အလွယ်တကူ ဖမ်းယူ၍ ရသည်။ ငါးများဖမ်းဆီးကြရာတွင် ဝါးများဖြင့် မြုန်းများ (Uung)၊ ငါးဖမ်းရန်အတွက် ဂုန်လျှော်ဖြင့် ယက်လုပ်သည့် (sheuh)၊ ပိုက်ကွန် စသည်များကို အသုံးပြုကာ ငါးများကို ဖမ်းကြရသည်။ ထိုသို့ဖြင့် အန္တရာယ် ကင်းအောင် ဖမ်းကြရသဖြင့် မလိုအပ်သည့် ငါးကလေးများ၊ မဖမ်းမိသည့် ငါးများ ပျက်ဆီးသွားခြင်း မဖြစ်ဘဲ Ruu အမူးပြေသောအခါ ပြန်လည် ရှင်သန်ကြသည်။ ထို့ကြောင့် ရေသတ္တဝါများအတွက် ထိခိုက်မှု မဖြစ်လှပေ။ (နောင်များတွင်မူကား ထုံးရေများဖြင့် လည်းကောင်း၊ မိုင်းခွဲခြင်းများဖြင့် လည်းကောင်း ငါးများ ဖမ်းဆီးလာကြရာ ငါးများနှင့် ရေသတ္တဝါများအတွက် ထိခိုက်မှုများ ရှိလာသည်။) လူထု တရပ်လုံး၏ ဖမ်းမိသမျှ ငါးများကို တနေရာတည်းတွင် စုပုံထားကြကာ ရွာအတွင်း အသက်ကြီးသူမှ လေလွန့်မှု မရှိအောင် စောင့်ရှောက်ထားရသည်။ ငါးများ ဖမ်းဆီးကြပြီးနောက် ရရှိသမျှ ငါးများကို ကျေးရွာ လူကြီးမှ ဖြစ်စေ၊ သက်ကြီးရွယ်အိုများမှ ဖြစ်စေ လူထုအား အညီအမျှ ခွဲဝေပေးရသည်။ ထိုနောက် တနေ့တာ၏ ငါးဖမ်ခြင်းအလုပ် အပြီးသတ် ကြရသည်။ ဤပွဲသည် ကျေးရွာတွင်းရှိ ကာလသားများ နှင့် လုံမပျို များတို့၏ ပျော်ရွှင်ဖွယ်နေ့များဖြစ်သလို မိမိ၏ အစွမ်းအစများ ထုတ်ဖေါ်ရသည့် ပွဲလည်း ဖြစ်သည်။ ငါးဖမ်းပွဲပြီး၍ ညနေပိုင်းတွင် ရေမိုးချိုး ကြပြီး အပျို လူပျို လှည့်ခြင်းများ ပြုလုပ်ကြသည်။ နေ့ခင်း၌ ပင်ပန်းထားသည်များကို ညပိုင်းတွင် ရွာတွင်းရှိ လုံမပျို များမှ နှိပ်နယ်ခြင်းများ ပြုလုပ်ပေးကြသည်။ လူပျို လှည့်သည်ဟု ဆိုရာ၌ ရိုင်းစိုင်းသည့် သဘောများနှင့် မဟုတ်ဘဲ ရင်းနှီးခင်မင်မှု အနေဖြင့်သာ ဆက်ဆံကြရသည်။ ခေါင်ရည်ထိပ်ခြင်း၊ မီးပုံဖိုကြပြီး ဝိုင်းဖွဲ့ကြခြင်းများ ပြုလုပ်ခြင်းဖြင့် ထိုညကို ကုန်လွန်စေကြသည်။ ဤကား တောင်ပေါ်ဒေသ၏ နှစ်သက်ဖွယ် အလှတစ်ပါးဖြစ်ပြီး ဒိုင်ရိုးရာ ယဉ်ကျေးမှု ပွဲလန်းတစ်ခုပင် ဖြစ်သည်။ ရိုးရာခေါင်ရည်[ပြင်ဆင်ရန်] တောင်ပေါ်နေ တိုင်းရင်းသားများ၌ ရိုးရာ ယဉ်ကျေးမှုများနှင့် အသုံးအဆောင်၊ ရိုးရာ အစားအစာများ ကိုယ်စီ ရှိကြသည်။ အထူးသဖြင့် တောင်ပေါ်ဒေသများ၏ ရိုးရာ ယဉ်ကျေးမှုများတွင် တောင်ပေါ် ရိုးရာခေါင်ရည် ထင်ရှားသည်။ ချင်း ခေါင်ရည်၊ ကချင် ခေါင်ရည်၊ ရှမ်း ခေါင်ရည်၊ အင်းလေး ခေါင်ရည်၊ ကယား ခေါင်ရည် စသည်ဖြင့် တောင်ပေါ်နေ တိုင်းရင်းသားတိုင်းတွင် ရိုးရာ ခေါင်ရည် ကိုယ်စီ ရှိကြသည်။ တောင်ပေါ် ခေါင်ရည်များသည် တောင်ပေါ်ဒေသများ၏ ထင်ရှားသော ယဉ်ကျေးမှု ပြယုတ်တစ်ခုပင် ဖြစ်သည်။ ခေါင်ရည်များကို ပြုလုပ်ရာတွင် တစ်ခုနှင့် တစ်ခု မတူညီကြပေ။ ကချင် ခေါင်ရည်နှင့် ရှမ်း ခေါင်ရည်များကို ဆန်၊ ထမင်းများဖြင့် ပြုလုပ်ကြပြီး လှော်စာ ဆန်ဆန်ဖြစ်သည်။ ချင်းတောင်ဒေသ၌ ခေါင်ရည် ပြုလုပ်ကြပုံမှာ တခြားသော ပုံစံမျိုးနှင့် မတူဘဲ တမူထူးခြားသည်။ ချင်းတောင် ခေါင်ရည်ကို ဆပ်နီများနှင့် ပြောင်းဖူးများဖြင့် ချက်၍ ပြုလုပ် ကြသည်။ ပြုလုပ်ပုံမှာ ဆပ်နီ သို့မဟုတ် ပြောင်းများကို ချက်၍ နှပ်ထားရသည်။ ထိုနှပ်ထားသော ဆပ်နီများကို အအေး ခံထားရပြီး အေးသောအခါ တဆေးများ (Tawl) ကို လိုအပ်သလို ရေမွှေပေးရသည်။ သမအောင် မွှေပြီး ပြင်ဆင်ထားသည့် ခေါင်အိုးများတွင် သိပ်ထားရသည်။ ခေါင်အိုးဟု ဆိုရာ၌ မြေအိုး တစ်မျိုးဖြစ်ပြီး ခေါင်ရေများ ထည့်ရန် သီးသန့်စီရင် ပြုလုပ်ရသည့် မြေအိုး တမျိုးဖြစ်သည်။ ပြင်ဆင်ထားသည့် ဆပ်နီများ၊ ပြောင်းဖူးများကို ခေါင်အိုးထဲ ထည့်ပြီးနောက် လေ အလုံပိတ်ကာ သိပ်ထားရသည်။ ထိုသိပ်ထားသည့် ရက်မှစ၍ တစ်ပါတ်၊ နှစ်ပါတ် စသည်ဖြင့် မိမိလိုအပ်သည့် ကာလအတိုင်းတာ တခုအထိ သိပ်ထားရသည်။ တစ်ပါတ်ခန့် မှစ၍ စတင် သောက်သုံးနိုင်သည်။ ကြာလေ ကောင်းလေ ဖြစ်သောကြောင့် တစ် မှစ၍ နှစ်ချီ၍ပင် သိပ်ထားလေ့ ရှိကြသည်။ တချို့မှာ ဆယ်နှစ်၊ အနှစ် နှစ်ဆယ် တိုင်အောင်ပင် သိပ် ထားကြသည်များလည်း ရှိသည်။ ရိုးရာ ခေါင်ရည်များသည် ဆေးဝါးများအဖြင့်သာ သုံးစွဲခဲ့ကြသည်။ သို့သော် တခါတရံ အလွန်အကျွံ သောက်သုံးမိပါက မူးတတ်သဖြင့် ခေါင်ရည်ကို သေရည်အသွင် သောက်သုံးကြသည်များလည်း ရှိသည်။ ရှေးဘိုးဘေးတို့သည် တောင်ယာအလုပ်ကိုသာ နေ့စဉ်လုပ်ကိုင်ကြရာ ပင်ပန်းကြရသည်။ ထိုအခါ မိမိအတွက် သီးသန့် စီမံပြုလုပ်ထားသည့် ခေါင်ရည်များကို ထိပ်ကြရင်း ညနေခင်းများ၌ အမောဖြေသည့်အနေဖြင့် သောက်သုံးကြသည်။ ထိုအခါ အားအင်များ ပြန်လည် ပြည့်ဖြိုးလာပြီး နောက်နေ့အတွက် အင်သစ် အားသစ်ဖြင့် တောင်ယာအလုပ်ကို ဆက်လက် လုပ်ကိုင်ကြရသည်။ ကျန်းမာရေးအတွက် အလွန် သင့်လျော် ကောင်းမွန်ပြီး အားဖြည့်သည့် အဟာရ တစ်မျိုးပင်ဖြစ်သည်။ ရှေးဘိုးဘေးများ၏ အသက်ရှည် ကျန်းမာခြင်း အကြောင်းရင်းများတွင် ထိုခေါင်ရည် သောက်သုံးခြင်းသည်လည်း တစ်ခု အပါအဝင် ဖြစ်သည်။ လေလုံပိတ်၍ သိပ်ထားသည့် ခေါင်အိုးကို ထိပ်ရာတွင် အလုံ ပိတ်ထားသည့် ခေါင်အိုးအဖုံးကို ဖွင့်ပြီး ရေနွေး၊ သို့မဟုတ် ရေသတ်များဖြင့် စိမ်ထားရသည်။ ထိုသို့ နာရီဝက်၊ တစ်နာရီခန့် စိမ်ပြီးနောက် ပလူတံခေါ်သည့် (Paitawp) ဝါးဖြင့် ပြုလုပ်ထားသော စုပ်တံဖြင့် စုပ်ယူ၍ သောက်သုံးရသည်။ သို့တည်းမဟုတ် အရည်ငင်၍ သောက်သုံးလိုလျင် ထိုပလူတံမှ နေ၍ ဗူးသီးခြောက်ဖြင့် ပြုလုပ်ထားသည့် ကရိယာ (Cuemm) ဖြင့် ယူငင်ကာ ခေါင်ရည်သောက်ရန် ပြုလုပ်ထားသည့် ဝါးကျည်တောက် (Rawtleng) ဖြင့် ထည့်၍ ပျော်ရွှင်စွာ သောက်သုံး ကြရသည်။ နောင်အခါများတွင် ထိုခေါင်ရည်ကို မူးယစ်ဆေးဝါးအဖြင့် လွဲမှား၍ သောက်သုံးလာကြရာ မကောင်းမှု အသွင် မြင်လာကြသည်။ ခရစ်ယာန် ဘာသာတရားများ ပြန့်ပွားလာသောအခါ ခေါင်ရည်များကို မကောင်းဆိုးဝါးပမာ တော်လှန်လာကြသည်။ ယဉ်ကျေးမှု ထုံးတမ်းတစ်ခုဖြစ်သည့် ခေါင်ရည်သည် ယခုအခါတွင် အယူဝါဒသစ်များကြောင့် ယနေ့ မျက်မှောက် ကာလများတွင် ဆိတ်သုဉ်း ပျောက်ကွယ်လုနီးပင် ဖြစ်တော့သည်။ ထို့ကြောင့် ယနေ့ခေတ် လူငယ်များအနေဖြင့် မိမိတို့၏ ရိုးရာယဉ်ကျေးမှု အသွင်ဖြင့် ဆက်လက်၍ ထိန်းသိမ်းရန် သင့်လှပေသည်။ ဟာတူး (Haltu) ကျေးရွာ၏ ကံကြမ္မာနှင့် ရွာတည်နေရာများ ရွှေ့ပြောင်းခြင်း[ပြင်ဆင်ရန်] လောင်ဟွေးမှ ဟာတူး[ပြင်ဆင်ရန်] ဟာတူးရွာ၏ စတင်ဖြစ်တည်လာမှုကို ရှေ့အခန်းများ၌ ခေါ်ပြခဲ့ပြီး ဖြစ်သည်။ စတင်တည်ခဲ့သည့် ရွာတည်နေရာမှ ဟာတုူးရွာအထိ ပြောင်းလဲမှုများ၊ ကံကြမ္မာ အလှည့်အပြောင်းများ မြောက်များစွာဖြင့် ရင်ဆိုင် ကြုံတွေ့ရသည်။ သွီစား - လောင်ဟွေးဒေသ၌ နေထိုင်စဉ်၌ပင် နယ်ခြားများ၏ စစ်ပြုခြင်း ဘေးရန်များ၊ တောရိုင်း တိရစ္ဆာန်များ၏ ရန်များဖြင့် မျိုးစုံ ရင်ဆိုင်ခဲ့ကြရသည်။ ဟာလ်တူးရွာ၏ ဖခင်ကြီး Pacum သည် ယံပါးပေါလ်ကို စပါးအမှတ်ဖြင့် လိုက်သွားရင်း လောင်ဟွေး ဒေသ၌ နေထိုင်ခဲ့သည်။ ထိုသို့ဖြင့် နှစ်ပေါင်းကြာလာသောအခါ လူဦးရေ ထူထပ်များပြားလာပြီး စည်ကားပျော်ရွှင်စွာ နေထိုင်ခဲ့ကြသည်။ အီမ်သဲန်း (Immteng) တောင်ကြော၌ နေထိုင်ခဲ့ကြပြီးနောက် ကာလအတန် ကြာသောအခါ သဘာဝဘေးများနှင့် တခြားနယ်ခြားများ၏ နှောက်ယှက်မှုများများစွာ ရင်ဆိုင်ခဲ့ကြရသည်။ ထိုသို့ သော ဘေးအန္တရာယ်များ ထပ်မံ၍ မရင်ဆိုင်လိုသဖြင့် ဘေးကင်းရာသို့ အကြိမ်ကြိမ် ပြောင်းရွှေ့ကြရသည်။ ရွာ၏ တည်နေရများ တနေရာမှ တနေရာသို့ ပြောင်းရွှေ့ကြရင်း နောင်တွင် ယခုလက်ရှိ နေထိုင်ကြသည့် ဟာတူးရွာ တည်နေရာတွင် ရောက်ရှိ လာခဲ့ကြရသည်။ လောင်ဟွေးဒေသ၌ နေထိုင်ခဲ့ကြစဉ်တွင် တောရိုင်း တိရစ္ဆာန်ဖြစ်သည့် ခြင်္သေ့ (Samthuen) ရန်ကို ရင်ဆိုင်ခဲ့ကြရသကဲ့သို့ စဲမ် (Cem) တို့၏ စစ်ပြုခြင်းဒါဏ်ကိုလည်း အကြိမ်ပေါင်း များစွာ ရင်ဆိုင်ခဲ့ကြရသည်။ စစ်ဘေးကို အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ကြရသော်လည်း အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့ကြသည်များ ရှိသကဲ့သို့ ခံရသည်များလည်း ရှိသည်။ စဲမ် (Cem) ရန်များ ဟုဆိုရာ၌ ဘိုးဘေးတို့၏ နှုတ်သမိုင်းများအရ ယခု ဇိုးတုန်နယ်များရှိ Senthang မျိုးနွယ်စု ဟူ၍လည်ကောင်း၊ ဟားခါးမြို့နယ်ရှိ Surkhua-Zokhua ဒေသများရှိ မျိုးနွယ်စုများဟူ၍ လည်းကောင်း ဖေါ်ပြလေ့ ရှိကြသည်။ လောင်းဟွေးဒေသတွင် Cem များ၏ စစ်ပြုခြင်းကို ငါးကြိမ်တိုင်တိုင် ရင်ဆိုင်ခဲ့ကြရသည်။ ထိုသို့ စစ်ဘေး ရင်ဆိုင်ရဖန် များလာသောအခါ ရွာလူထုများ၏ ငြိမ်းချမ်းမှုကို နောင့်ယှက်လွန်းသဖြင့် လူထု ဆန္ဒအရ လောင်ဟွေးဒေသမှ နေ၍ နောင်ပါန်အီမ် (Nawng Pang Im)၊ ဟောန်သာန်အီမ်း (Hontang Imm) ဒေသများသို့ ပြောင်းရွှေ့ နေထိုင်လာခဲ့ ကြရသည်။ နောင်ပါန်း - ဟောန်သာန် ဒေသများသို့ ပြောင်းရွှေ့ နေထိုင်ခဲ့ကြရသောအခါ၌လည်း Cem ၏ စစ်ဘေး ဒါဏ်များမှ လွတ်မြောက် ကင်းရှင်းခြင်းမရှိဘဲ ကြုံတွေ့မြဲ ကြုံတွေ့ ကြရသည်။ လောင်ဟွေးဒေသ၌ စစ်မက်ဘေး ငါးကြိမ် ရင်ဆိုင်ခဲ့ရသကဲ့သို့ နောင်ပန် - ဟောန်သာန်ဒေသတွင်လည်း စစ်ဘေးဒါဏ်ကို လေးကြိမ်မျှ ရင်ဆိုင်ခဲ့ကြရသည်။ နောင်ပန်ဒေသ၌ နေထိုင်ခဲ့ကြစဉ်တွင် ရန်သူများ အလွယ်တကူ ဝင်ရောက်နိုင်ခြင်း မရှိစေရန် ရည်ရွယ်ချက်ဖြင့် ခံတပ်များအသွင် စူးပင်များ (Thangrawh Shing) ကို တန်း၍ စိုက်ကြသည်။ ထိုအပင်တန်းများ ယနေ့တိုင်ပင် ရှိနေဆဲဖြစ်သည်။ ထိုသို့ပြင်ဆင်မှုများ ပြုလုပ်ထားကြပါသော်လည်း စစ်ဘေးတွင်မူ အခိုက်အတန့်မျှသာ တားဆီးနိုင်ပြီး အပြည့်အဝမူ ဟန့်တားနိုင်ခြင်း မပြုနိုင်ခဲ့ပေ။ ဤသို့တဖန် စစ်ဘေးကို ရင်ဆိုင်ကြရ မြဲဖြစ်ရကား နောင်ပါန်းဒေသမှ ရှယ်လ်အီမ်း - ပုခ်ဗန်ဒေသသို့ ပြန်လည် ပြောင်းရွှေ့ကြရသည်။ နောင်ပါန်ဒေသမှ စစ်ဘေးကြောင့် ရှယ်လ်အီမ်းသို့ ပြောင်းရွှေ့ခဲ့ကြပြီး ထိုဒေသ၌ ကာလအတန်ကြာ နေထိုင်ခဲ့ကြရသည်။ စစ်ဘေးနှင့် ကင်းရှင်းလိုသဖြင့် ရှယ်လ်အီမ်း (Sel Imm) ဒေသသို့ ပြောင်းရွှေ့ခဲ့ကြသော်လည်း ၄င်းဒေသ၌ပင်လျင် စစ်ဘေးကို ငါးကြိမ်တိုင်တိုင် ရင်ဆိုင်ကြရသည်။ တနေ့သော် ရန်သူများသည် စစ်တိုက်၍ အပြန်၌ နောင်ပါန်အရပ်မှနေ၍ ပုဆိုး၊ သင်တိုင်း လှန်ပြ၍ ပြောင်လှောင်ကြရာ ရှယ်လ်အီမ်း - ပုခ်ဗန် (Puk Van) အရပ်မှနေ၍ တစ်ယောက်သောသူက လေးဖြင့် လှမ်းပစ်လိုက်သဖြင့် ထိုလှောင်ပြောင်သူ၏ တင်ပါးကို မှန်အောင် ပစ်နိုင်ခဲ့သည်။ ထိုအခါမှ ရန်သူများ လန့်ဖြန့်ကြကာ နောက်ကြောင်းလှန် ပြန်လည် ဆုတ်ခွာကြရတော့သည်။ လောင်ဟွေးနှင့်အနီး ဝန်းကျင်များ၌ ရန်သူ့စစ်ဘေး ရှောင်တိန်းရင်း အကြိမ်ကြိမ် အဖန်ဖန် နေရာ ပြောင်းရွှေ့ခဲ့ကြသော်လည်း စစ်ဘေး မလုံခြုံသဖြင့် ယခုလက်ရှိ ဟာတူးရွာ၏ အထက်နားရှိ လင်အီမ်း - ထေတလန် - ရှင်ဟိုင်း (Ling Imm - Thei Tlang - Shing Hai) ဒေသို့ တဖန် ပြောင်းရွှေ့ နေထိုင်ကြရသည်။ ဤဒေသတွင်မူ ယခင်ကာလများကဲ့သို့ စစ်ဘေးဒဏ်ကို မခံကြရတော့ပေ။ အတန်သင့် ငြိမ်းချမ်းမှုရှိပြီး စစ်ဘေးကင်းသည်ဟု ဆိုသော်လည်း လုံးဝ ကင်းရှင်းသွားခြင်းမျိုး မဟုတ်ဘဲ Cem ၏ စစ်ဘေး နောင့်ယှက်မှုကို သုံးကြိမ်တိုင်တိုင် ရင်ဆိုင်ကြရသည်။ ငြိမ်းချမ်းသယောင် ရှိသော်လည်း ထိုသို့ စစ်ဘေးကို တဖန် ရင်ဆိုင်လာရသောအခါ နယ်မြေသစ်ဖြစ်ခြင်း၊ အစစ အဆင်ပြေမှု မရှိခြင်းတို့ကြောင့် တစ်ဘက်ကမ်းရှိ ရင်ငက် - မာလ်ဆောမ် (Ringget - Malsawm) ဒေသများသို့ ပြောင်းရွှေ့ နေထိုင် လာကြသည်။ တဖန် ထို Ringget - Malsawm ဒေသ၌လည်း စစ်ဘေးကို သုံးကြိမ်ခန့် ပြန်လည် ရင်ဆိုင်ကြရသဖြင့် အလျင်နေထိုင်ရာ နေရာဟောင်းဖြစ်သည့် ရှယ်လ်အီမ်း - ပုခ်ဗန် ဒေသသို့ ပြောင်းရွှေ့ ခဲ့ကြရသည်။ အစစ အဆင်ပြေသည့် ရှယ်လ်အီမ်း (Shel Imm) ဒေသသို့ တချို့သာ ပြောင်းရွှေ့ကြသော်လည်း တချို့မှာ ထိုလက်ရှိနေရာ၌သာ ကျန်ရစ် နေထိုင်ခဲ့ကြသဖြင့် နောင်တွင် အထက် ဟာတူးရွာနှင့် အောက် ဟာတူးရွာ ဟူ၍ ဟာတူးရွာ နှစ်ရွာဖြစ်လာသည်။ ထိုသို့ ဟာတူးနှစ်ရွာ ခွဲ၍ နေထိုင်လာကြသောအခါ တစ်ရွာနှင့် တစ်ရွာ ကူးလူး ဆက်ဆံ ဆက်သွယ်မှု ခက်ခဲခြင်း၊ လူထု လှုပ်ရှားမှုများ၌ စည်းလုံးမှု အားနဲခြင်းနှင့် အခြား အားနဲချက်များကြောင့် နောင်တွင် အောက်ဟာတူးရွာ အနီးရှိ လင်ကော်လ် - ဒါဝ်ကော်လ် (Lingkawl - Daukawl) ဒေသများသို့ ပူးပေါင်း နေထိုင်လာကြသည်။ ထိုသို့ စုပေါင်း နေထိုင်လာကြသည့် နောက်ပိုင်းတွင် ကျေးရွာအတွင်း ဖွံ့ဖြိုးမှုများ ဆောင်ရွက်ရာတွင် များစွာ လွယ်ကူလာပြီး နောင်တွင် ဝန်ကျင်ဒေသများကြား၌ စံပြကျေးရွာအဖြင့် ရပ်တည်လာနိုင်သည်အထိ အောင်မြင်မှုများ ရရှိလာနိုင်ခဲ့သည်။ ဤကား ဟာတူးရွာ စတင်လာရာမှ ယနေ့ လက်ရှိ အခြေအနေအထိ ပြောင်းလဲနေထိုင်ခဲ့ကြသည့် နေထိုင်မှု အဆင့်ဆင့်ပင် ဖြစ်သည်။ Samthuen Lung နှင့် ခြင်္သေ့ရန်[ပြင်ဆင်ရန်] တရံရောအခါ ဟာလ်တူးရွာသားတို့သည် လောင်ဟွေးဒေသတွင် နေထိုင်ခဲ့ကြသည်။ လောင်ဟွေး၌ နေထိုင်ခဲ့ကြသည့် ကာလတလျောက် လူဦးရေ ထူထပ် များပြားလှ၍ အထူးသဖြင့် စည်ကားလှသည်။ ထိုကာလများတွင် လူထုအင်အား အတော်အသင့် ကောင်းမွန်နေသဖြင့် ကျေးရွာ အခြေအနေမှာ ငြိမ်းချမ်းလှသည်။ သို့ရာတွင် မလွန်ဆန်နိုင်သည့် သဘာဝ၏ ဘေးရန်ကိုကား ကျော်လွန်နိုင်စွမ်း မရှိခဲ့ပေ။ ဟာလ်တူးရွာသားများ နှင့် ဒိုင်လူမျိုးတို့တွင် ဒဏ္ဏာရီဆန်သည့် အဖြစ်အပျက်များ ရှိခဲ့သည်။ ထိုအဖြစ် ပျက်များတွင် ဟာလ်တူးတို့၏ ခြင်္သေ့ရန် (Samthuen) တော်လှန်ခြင်းမှာ အထူးထင်ရှားသည်။ လောင်ဟွေးဒေသ၌ နေထိုင်ကြသည့် ဟာလ်တူး လူမျိုးများသည် အန္တရာယ် ရန်စွယ်ကင်းစွာ နေထိုင်ခဲ့ကြကြောင်း ဖေါ်ပြခဲ့ပြီး ဖြစ်သည်။ထိုသို့ နေထိုင်ခဲ့ကြရာ တနေ့သောအခါ မထင်မှတ်ဘဲ ရွာတွင်းရှိ ကလေးသူငယ်များ တစ်ယောက်ပြီး တစယောက် ပျောက်ဆုံးနေကြသည်ကို တွေ့ရသည်။ ထိုသို့ဖြင့် ကလေးသူငယ်များ ပျောက်ဖန်များလာရာ ထိုအကြောင်းရင်းကို ရှာဖွေလာကြသည်။ နောက်မှ ခြင်္သေ့၏ ရန်ကြောင့် ကလေးများ နေ့စဉ် ပျောက်ဆုံးနေရခြင်း ဖြစ်ကြောင်း သိကြရသည်။ ကျေးရွာ လုံခြုံရေးအတွက် အန္တရာယ် ကြီးမားလှသော ထိုခြင်္သေ့ ရန်စွယ်ကို မည်သို့မည်ပုံ ဖြေရှင်းရမည်ကို နည်းလမ်းများ ရှာကြံလာကြသည်။ တခြား နည်းလမ်းများဖြင့် ဖြေရှင်းရန်မှာ မလွယ်ကူလှသောကြောင့် ခြင်္သေ့ကြီး အန္တရာယ်အား အသက်နှင့်ရင်းကာ ရင်ဆိုင် ဖြေရှင်းရန် ဆုံးဖြတ်ကြရသည်။ ထိုသို့ ဖြေရှင်းနိုင်ရန်အတွက် ကျေးရွာတွင်းရှိ သွပ်လက် ဖျတ်လတ်သည့် လူစွမ်းကောင်းများကို ရွေးကြရသည်။ ခြင်္သေ့ကြီးမှာ ရွာနှင့် ခပ်လှမ်းလှမ်းရှိ တောနက်ကြီး၌ ကျက်စားနေသည်ဖြစ်ရာ ထိုနေရာသို့ ရွာသားများမှ သွားရောက် နောင့်ယှက်ပြီး လူထုကြီး ရှိရာအရောက် မျှားခေါ်လာရန် ဖြစ်သည်။ လူထုကြီးအနား ရောက်လာလျင် ထိုလူထုကြီးမှ ထိုခြင်္သေ့ကြီးအား ရင်ဆိုင် သုတ်သင်ရန် ဖြစ်သည်။ အလွန် လျင်မြန်လှသည့် ခြင်္သေ့ကြီးအား ထိုသို့ မျှားခေါ်လာရန်မှာ အလွန်တရာ ကြီးမားသည့် ပေးဆပ်မှု၊ စွန့်စားမှုဖြစ်ရာ သာမာန်လူများအနေနှင့် မလွယ်ကူလှပေ။ ကျေးရွာ လူထုအနေဖြင့် ရွာတွင်းရှိ သွပ်လက် ဖျတ်လပ်သည့်သူ ငါးယောက် ရွေးချယ်ကာ ထိုခြင်္သေ့ အန္တရာယ်ကို ဖြေရှင်းရန် ပြင်ဆင်ကြသည်။ ရွာ၏ အောက်ခြေနားရှိ သွီစားရှိ (Tuica Shih) အနီး ကျောက်တုံးကြီးအနီးတွင် ကျေးရွာတွင်းရှိ အားကောင်း မောင်းသန် ယောက်ျားမှအစ၊ မိန်းမ၊ ကလေးငယ်များ အဆုံး လူထုတရပ်လုံးမှ သွားရောက်၍ စောင့်နေကြရသည်။ ထိုအခါ လက်ရွေးစင် ရွေးချယ်ထားသည့် သူရဲကောင်း ငါးယောက်တို့မှာ သတ်မှတ်ထားသည့် မိမိနေရာ အသီးသီး၌ စောင့်နေကြသည်။ ခြင်္သေ့ကြီးမှာ အလွန် လျင်မြန်လှသည်ဖြစ်ရကား ထို လက်ရွေးစင် လူငါးယောက်အနေဖြင့် လူစုခွဲ၍ တယောက်နှစ် တယောက် နှစ်ဖာလုံခန့် စီခွာ၍ နေရာယူကြရသည်။ ထိုမှ ခြင်္သေ့ကြီးရှိရာ အနီးရှိ အသံပြုကာ မျှားခေါ်လာ ကြရသည်။ ခြင်္သေ့ကြီးမှာ အလွန် လျင်မြန်လှသဖြင့် အသံပြုပြီး မိနစ် အနီးငယ်အတွင်းမှာပင် ခြင်္သေ့ကြီးမှ မီလာကာ ထိုသူအား သတ်ဖြတ် တတ်သည်။ ပထမ၊ ဒုတိယလူများအား သတ်ဖြတ်သည်ကို သိသောအခါ နောက်လူများမှ ပရိယယ်ဆင်ကာ အရင်ကထက် ခပ်ဝေးဝေးမှ နေ၍ အသံပြုတော့သည်။ ထိုသို့ ခပ်ဝေးဝေးမှ အသံပြုသည်ကိုပင် ခြင်္သေ့ကြီး၏ သတ်ဖြတ်ခြင်းကိုခံရသည်။ နောက်ဆုံးလူ အလှည့်ရောက်မှသာ ထိုခြင်္သေ့ကြီးအား လူထုကြီး စောင့်နေရာသို့ ခေါ်ဆောင်လာနိုင်တော့သည်။ ထိုအခါ စောင့်နေကြသည့် လူထုကြီးသည် ထိုခြင်္သေ့ကြီးအား အငြိုးတေးကြီးစွာဖြင့် ဝိုင်းဝန်း၍ သတ်ဖြတ်နိုင်ကြတော့သည်။ ရွာလူထု၏ စည်းလုံးညီညွတ်စွာ ရင်ဆိုင် ဖြေရှင်းမှုကြောင့် ကြီးမားသော အောင်မြင်မှု ရရှိကြပြီး ထိုနေရာရှိ အကွယ်အကာအဖြင့် အသုံးပြုသည့် ကျောက်တုန်းကြီးအား ဤအဖြစ်အပျက်ကို အစဉ် သတိရစေရန်အတွက် ဆာမ်ထီူန်လူးန် (Samthuen Lung) ဟု ခေါ်ဝေါ် သမုတ်ကြသည်။ ဤသည်မှာ ကျေးရွာလူထု၏ စုပေါင်းအင်အားဖြင့် အောင်မြင်မှုရရှိလာသည်ကို လက်တွေ့ သိရှိလာကြရာ နောင်တွင် ကျေးရွာ၏ ဖွံ့ဖြိုးမှုများ တည်ဆောက်ကြသောအခါ များစွာအောင်မြင်မှုများ ရရှိလာကြသည်။ မိမိဝန်ကျင်တွင် အတုယူဖွယ်ရာ စံပြကျေးရွာအဖြင့် ရပ်တည်နိုင်ခဲ့သည်။ ဤကား ဟာလ်တူးကျေးရွာ လူထု၏ ခြင်္သေ့ရန် ရင်ဆိုင်ခဲ့ကြသည့် ပုံပြင်ဆန်လှသည့် ဖြစ်ရပ်ပင် ဖြစ်ပေသည်။ ဟာတူးကျေးရွာအတွင်း ယုံကြည်ကိုးကွယ်မှု[ပြင်ဆင်ရန်] ဟာတူးကျေးရွာ၏ ဘာသာရေး အခြေအနေကို ဖေါ်ပြရာတွင် အဓိကအားဖြင့် သုံးပိုင်းခွဲ၍ ဖေါ်ပြသွားပါမည်။ ထိုသို့ဖေါ်ပြရာတွင် ဘာသာတရား ကိုးကွယ်ယုံကြည်မှု၌ အနည်းငယ် ရှုပ်ထွေးနေရာ ပို၍ ရှင်းလင်းစွာမြင်နိုင်စေရန် ဖေါ်ပြခြင်းဖြစ်သည်။ ဟာတူးရွာ၏ ရှေးရိုးရာ ကိုးကွယ် ယုံကြည်မှု၌ အရှုပ်အထွေး မရှိလှသော်လည်း ခရစ်ယာန်ဘာသာတရား ဝင်ရောက်လာပုံ၌ အနည်းငယ် ရှုပ်ထွေးမှုရှိသည်။ ခရစ်ယာန်ဘာသာဝင်ရောက်၍ သက်ဝင် ယုံကြည် ကိုးကွယ်မှုသည် အခြားသော ဒေသများကဲ့သို့ သမားရိုးကျ ဝင်ရောက်လာခြင်းမျိုး မဟုတ်ဘဲ စိတ်ဝင်စားဖွယ် တမူထူးခြားစွာ ရောက်ရှိလာခြင်း ဖြစ်သည်။ ရှေးရိုးရာ နတ်ဘာသာသာ ကိုးကွယ်ယုံကြည်မှု[ပြင်ဆင်ရန်] ရှေးကာလများ၌ ဟာလ်တူးရွာနှင့် ဒိုင် - ချင်းမျိုးနွယ်စုတို့သည် ရိုးရာ နတ်ဘာသာကို အထူးသဖြင့် ကိုးကွယ် ယုံကြည်ခဲ့ကြသည်။ ထိုယုံကြည်မှုဖြင့် နှစ်ရှည်လများ နေထိုင်လာခဲ့ကြရာ လူထုအတွင်း သာရေးနာရေး ကိစ္စများတွင် နတ်မင်းများအား ပူဇော်ပသခြင်းဖြင့် ဆောင်ရွက် ဖြေရှင်းလေ့ ရှိကြသည်။ တောင်ယာလုပ်ငန်းများ လုပ်ဆောင်ရာ၌လည်းကောင်း၊ အခြား ကိစ္စများ၌လည်းကောင်း ယဇ်နတ် ကိုးကွယ် ပူဇော်ပသခြင်းများဖြင့်သာ ဆောင်ရွက်လေ့ ရှိကြသည်။ တောင်ယာ လုပ်ငန်းများ လုပ်ဆောင်ကြရာတွင် ကြက်ဥဗေဒင်များနှင့် အခြား ရိုးရာဗေဒင်များဖြင့် တောင်ယာ၏ ကောင်းခြင်း၊ ဆိုးခြင်း ကံကြမ္မာများကို နမိတ်ဖတ်လေ့ ရှိကြသည်။ အကယ်၍ မကောင်းနမိတ်များ တွေ့ရှိပါက ကျေးရွာတွင်းရှိ နတ်ဆရာများ၊ သက်ကြီးရွယ်အိုများမှ ကြက်၊ ဝက်၊ ဆိတ် စသည်ဖြင့် ယူဆောင်သွားကြကာ ထိုတောင်ယာ၌ ယဇ်ပူဇော်လေ့ ရှိကြသည်။ ထိုသို့ ယဇ်ပူဇော် ပြီးမှသာလျင် တောင်ယာများကို ခုတ်ထွန်လေ့ ရှိကြသည်။ တောစောင့်နတ်၊ တောင်စောင့်နတ်များကို တိုင်တည်၍ ထိုတောင်ယာမှ တနှစ်ပတ်လုံး ကောင်းမွန်စွာ အကျိုးပြုနိုင်စေရန် ပသကြခြင်း ဖြစ်သည်။ တောင်ယာလုပ်ငန်းများ လုပ်ဆောင်ကြရာတွင် တခါတရံ မိမိ၏ ပိုင်နက်မှတ်တိုင်များသည် မြေများ ရွေ့လျားခြင်း၊ သဘာဝဒါဏ်များကြောင့် တခါတရံ နေရာများ ရွေ့တတ်သဖြင့် ပိုင်နက်စည်း ပြဿနာများ ရှိတတ်သည်။ ထိုအခါများတွင် ထိုမြေယာများ ပြန်လည်ပြုပြင် သတ်မှတ်ကြသောအခါ ကြက်၊ ဝက် စသည်များဖြင့် ယဇ်ပူဇော်ကြပြီး သင့်မြတ်မှုများ ပြုလုပ်တတ်ကြသည်။ ထိုသို့ ယဇ်ပူဇော်ကြရခြင်းမှာ သွေးသွင်းမှသာ ကတိ သစ္စာများ ခိုင်တတ်သည်ဟု ယုံကြည်ကြသောကြောင့်ပင် ဖြစ်သည်။ တိရစြွာန်များ၏ အသွေးများဖြင့် ဖြေရှင်းရသည့် ကိစ္စများသည် တောင်ယာ လုပ်ငန်းများတွင် သာမကဘဲ အခြားသော လူမှုရေး ကိစ္စရပ်များတွင်ပါ အသုံးပြု ဆောင်ရွက်လေ့ ရှိကြသည်။ တခါတရံ တစ်ယောက်နှင့် တစ်ယောက် တစုံတခုသော ပြဿနာများ ရှိခဲ့ပါကလည်း ထိုပြဿနာများ ကို တိရစ္ဆာန် တကောင်ကောင်ကို သတ်ကြပြီး သင့်မြတ်မှုများ ပြုလုပ်လေ့ ရှိကြသည်။ အကယ်၍ တောထဲ၌ သားကောင်ကြီးများ (ဥပမာ - ဝက်ဝံ၊ ကျား၊ တောဝက် စသည်များ) ရရှိမိပါကလည်း အိမ်မွေး တိရစ္ဆာန် များထဲမှ တစ်ကောင်ကောင်ကိုသတ်၍ ၄င်း၏ အသွေးများဖြင့် ယဇ်ပူဇော်ဂုဏ်ပြုကြပြီးမှသာ စားသုံးကြရသည်။ လင်မယား လက်ထပ် ထိမ်းမြားကြရာတွင်လည်း သေတပန်သက်တဆုံး ပေါင်းသင်းစေရန် လည်း တိရစ္ဆာန် များ၏ အသွေးများဖြင့်သာ ဂတိ ဂဝတ်ပြုကြရသည်။ ထိုသို့ အသွေးဖြင့် သက်သေတည်၍ ထိမ်းမြားကြရ သည်ဖြစ်ရာ တောင်ပေါ် ဓလေ့ရိုးရာများတွင် လင်မယား ကွာရှင်းခြင်း၊ အိမ်ထောင် ကွဲခြင်းများ တစုံတရာ တွေ့ရခဲလှသည်။ တစုံတရာ ပြုလုပ်သောအခါများတွင် နတ်မင်းများ၏ အလိုမကျဖြစ်မည်ကို စိုးရိမ်ရသဖြင့် မတရားမှုများနှင့် ဒုစရိုက်မှုများ နည်းပါးပြီး ငြိမ်းချမ်းမှုရှိသည်။ ကျန်းမာရေး ကဏ္ဍများတွင်လည်း ထိုကဲ့သို့ပင် ကျွမ်းကျင်သူ နတ်ဆရာများမှ ရောဂါရှင်၏ ခံစားရသည့် ဝေဒနာများကို နတ်မင်းအား တောင်းပန်ပေးရပြီး အသွေးသွန်းကာ ယဇ်ပူဇော်ရသည်။ ထိုမှသာ ရောဂါဝေဒနာများ ပျောက်ကင်းရသည်။ ထိုသို့ ကျန်းမာရေး ချို့ယွင်းရခြင်းသည် ကိုးကွယ်သည့် နတ်မင်းများ၏ မနှစ်သက်သည့် အရာများ ပြုလုပ်သောကြောင့် ဟူ၍ ယူဆ ယုံကြည်ကြသည်။ သို့ဖြစ်၍ တစုံတရာ လုပ်ဆောင်မည် ဆိုပါက ကျွမ်းကျင်သည့် နတ်ဆရာများနှင့် တိုင်ပင်ပြီးမှသာ ဆောင်ရွက်လေ့ရှိကြသည်။ အိမ်ထောင်ရှင် အမျိုးသမီးမှ မိမိ၏ လင်ယောက်ျားအား မထီလေးစားပြုခြင်း၊ မိဘစကား နားမထောင် ခြင်း၊ သက်ကြီးရွယ်အိုများအား မလေးမစားပြုခြင်း၊ သူတစ်ပါး စိတ်မချမ်းသာအောင် ပြုလုပ်ခြင့်း၊ သူတစ်ပါး ပစ္စည်းများ ခိုးယူခြင်း စသည်များသည် နတ်မင်းများ မနှစ်သက်သည့် အပြုအမူများပင် ဖြစ်သည်။ ထို့ကြောင့် ခိုးမှု၊ သူတပါးအား မကောင်းကြံစည်မှု စသည့် ဒုစရိုက်မှုများ မရှိသလောက် နဲပါးခဲ့သည်။ နောင်တွင် ခရစ်ယာန် သာသနာ ထွန်းကားလာသောအခါများတွင် နတ်ကိုးကွယ်မှု၌ ယုံကြည်အားကြီးသောသူ အချို့တို့မှာ ထိုနတ်ဘာသာကိုသာ ဆက်လက် ထိန်းသိမ်း ကိုးကွယ်လိုသူများလည်း ရှိခဲ့ကြသည်။ ခရစ်ယာန်သာသနာ စတင်ရောက်ရှိလားခြင်း[ပြင်ဆင်ရန်] ရှေးခေတ် ချင်းလူမျိုးတို့သည် ရိုးရာနတ်ဘာသာကို အထူးသဖြင့် ယုံကြည် ကိုးကွယ်ခဲ့ကြသည်။ ၂ဝ ရာစု အစောပိုင်း ကာလများ (၁၉ ရာစု နှောင်းပိုင်းကာလများမှ စတင်သည်။) တွင် ချင်းတောင်ဒေသများသို့ ခရစ်ယာန် သာသနာ ရောက်ရှိလာခဲ့သည်။ ဆရာတော် ဘုန်းတော်ကြီး ကာရ်ဆင် (Kharson) ၏ သာသနာပြုခြင်းဖြင့် ခရစ်ယာန်သာသနာ ရောက်ရှိလာပြီး ချင်းပြည်နယ် မြောက်ဖျားပိုင်းဖြစ်သည့် တီးတိန် - တွန်းဇံဒေသများမှ စ၍ ဖလမ်း - ဟားခါး - ထန်တလန် များသို့ သာသနာ ပြန့်နှံ့လာခဲ့သည်။ နောင်တွင် ချင်းပြည်နယ် တောင်ပိုင်းများ ဖြစ်သည့် မတူပီ-မင်းတပ် - ပလက်ဝနှင့် ကန်ပလက် ဒေသများသို့ ခရစ်ယာန် သာသနာများ ပြန့်နှံ့ ရောက်ရှိလာခဲ့သည်။ ၂ဝ ရာစု အစောပိုင်းကာလများတွင် ချင်းပြည်နယ် မြောက်ပိုင်းဒေသများ၌ ခရစ်ယာန် သာသနာတော် ပြန့်နှံ့ ရောက်ရှိလာပြီး ဖြစ်သော်လည်း တောင်ပိုင်းဒေသများ ဖြစ်သည့် မတူပီနှင့် ဝင်းကျင်ဒေသများ၌မူ ရိုးရာ နတ်ဘာသာကိုသာ ကိုးကွယ်နေကြဆဲ ဖြစ်သည်။ ဇိုမီးနှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်မှ သာသနာ မရောက်ရှိသေးသည့် တောင်ပိုင်းဒေသများကို သာသနာ့ အမှောင်နယ်မြေများအဖြင့် သတ်မှတ်ကြပြီး ထာဝရ ဘုရားသခင်၏ ချစ်ခြင်း မေတ္တာတော် မင်္ဂလာ သတင်းကောင်းတော်မြတ် ဝေငှရန် သာသနာပြုများကို စေလွှတ်၍ သာသနာပြု လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။ ထန်တလန်မြို့နယ်မှ ဆရာတော်ထပ်ဒွန်း (Rev. That Dun) အား ၁၉၄၄ ခုနှစ်တွင် မတူပီ မြို့နယ်များသို့ သာသနာပြုရန် စေလွှတ်ခဲ့ကြသည်။ ထိုအချိန်တွင် မတူပီမှာ မြို့နယ်အဖြင့် မသတ်မှတ်ခဲ့သေးပေ။ နောင် ၁၉၄၉ မတ်လ (၂၂) ၌သာ နိုင်ငံတော်မှ မြို့နယ်အဆင့်အဖြင့် သတ်မှတ် ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ခရစ်ယာန် သာသနာတော် မတူပီမြို့နယ်သို့ ၁၉၄၉ ခုနှစ်တွင် ရောက်ရှိခဲ့သော်လည်း ထိုကာလ၌ မင်းတပ်မြို့နယ်အဖြင့် သတ်မှတ်ခဲ့သည့် ဟာလ်တူးရွာနှင့် အနီးတဝိုက်တွင်မူ သာသနာတော် ရောက်ရှိခြင်း မရှိခဲ့သေးချေ။ အမှောင်နယ်မြေများကို ဖြိုခွင်းပြီး ခရစ်တော်၏ ကယ်တင်ခြင်း သတင်း အလင်းတရားတော် ဖြန့်ဝေ သာသနာပြုရန် အစီအစဉ်များဖြင့် ZBC မှ သာသနာပြုခြင်းကို တွင်ကျယ်စွာ လုပ်ဆောင်နေခဲ့ကြသည်။ ဤသို့ ဖြင့် မတူပီမြို့နယ် အနီးရှိ ချန်းပြန်း (လှန်ပြန်း) တိုက်နယ်များတွင် ခရစ်တော်၏ ကယ်တင်ခြင်း ဒေသနာ တရားတော်မြတ် ဟောကြား သာသနာပြုရန် ၁၉၅၃ ခုနှစ်တွင် မတူပီမြို့နယ် လုံငိုး (Lung Ngo) ကျေးရွာမှ ဆရာ ကာဒွေး (Saya Kadoi)အား ရွေးချယ် စေလွှတ်ခဲ့ကြသည်။ ZBC ၏ စီမံမှုဖြင့် ဆရာတော်သည် ၁၉၅၃ ခုနှစ်တွင် သတ်မှတ်ထားသည့် ချန်ပြန်းရွာသို့ လေ့လာရေးအဖြင့် စတင်ရောက်ရှိလာခဲ့သည်။ ၁၉၅၄ ခု နှစ်မှစ၍ ချန်းပြန်း တိုက်နယ်နှင့် အနီးတဝိုက်ရှိ ကျေးရွာများသို့ မင်္ဂလာ တရားတော်မြတ်ကို စတင်ဟောကြား သက်သေခံခဲ့သည်။ ဆရာတော်၏ သာသနာပြုခြင်း လုပ်ငန်းအစပိုင်းတွင် အခက်အခဲများ အနဲငယ် ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ဘုရားရှင်၏ ကူညီ လမ်းပြမှုကြောင့် ပျောက်ဆုံးသော ဝိညာဉ်များကို သာသနာပြုခြင်း အသီးအပွင့်အဖြင့် စတင်ရရှိခဲ့သည်။ ချန်းပြန်းရွာသို့ စတင်ရောက်ရှိခဲ့စဉ်က ခရစ္စမတ်ပွဲကိုပင် တစ်ဦးတည်း ကျင်းပသည်များ ရှိခဲ့သည်။ ချန်းပြန်း တိုက်နယ်တဖြစ်လဲ ယခု အိုင်ဒါခ် ဧရိယာ (Aidak area) များ ဖြစ်ကြသည့် ဝေတူး၊ ထိီစောင်း၊ ရမ်တိမ်း၊ ဟာလ်တူး၊ မွှန်တုန်းနှင့် ဘွေရှိ စသည့်ကျေးရွာများသို့ သတင်းကောင်းတော်ကို ဝေငှခဲ့ပြီး ထိုမှ ယခု မင်းတပ်နယ်များဖြစ်သည့် ကာလ်အီ်မ်း (Kal Imm)၊ လေရှိ (Laei Shih) ကျေးရွာများသို့တိုင် သာသနာပြု နယ်မြေချဲ့ထွန်ခဲ့သည်။ အကြောင်း တစ်စုံတစ်ရာကြောင့် ချန်းပြန်းကျေးရွာသို့ သွားရောက် နေထို်င်ခဲ့သော အဘ ဦးယုံကုမ်း (Pa Zungkuem) နှင့် အမိ ဒေါ်အွေမဲလ် (Nu Awimel) တို့၏သား ဦးထွန်သီုပ် (Pa ThunTuep) သည် ချန်းပြန်းရွာ၌ နေထိုင်စဉ်၌ ခရစ်တော်၏ သတင်းကောင်းတော်မြတ်ကို ကြားနာခဲ့သည်။ ထိုမှ ၁၉၅၇ ခု တွင် အသက်တာပြောင်းလဲပြီး ခရစ်ယာန်တစ်ယောက် ဖြစ်လာသည်။ နောင် ၁၉၅၈ ခုနှစ်တွင် ဆရာတော် ဦး ခွါဘုန်း (Pa Khua Bung) ၏ ကောင်းကြီးပေးခြင်းဖြင့် ရေနှစ်ခြင်း မင်္ဂလာတော်ကို ခံယူခဲ့သည်။ ထိုသို့ဖြင့် ဦးထွန်သီုပ်သည် ဟာလ်တူးကျေးရွာတွင် ပထမဦးဆုံးသော ခရစ်ယာန် ဖြစ်လာခဲ့သည်။ ဦးထွန်သီုပ ်(Pa Thun Tuep) သည် ဟာလ်တူးကျေးရွာ ဘွေနား မျိုးနွယ်စုမှ ဖြစ်ပြီး ၁၉၄၂ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ငယ်ဘဝများဖြစ်သည့် ၁၉၆ဝ ခုနှစ်ထိ တဆယ့်နှစ်နှစ် တိုင်အောင် ချန်းပြန်းရွာတွင် နေထိုင်ခဲ့ပြီး မိမိ၏ ဇာတိချက်ကြွေရာ ဟာလ်တူးရွာသို့ ပြန်လည်ရောက်လာသည်။ ထိုအချိန်မှ စ၍ ခရစ်တော်၏ သတင်းကောင်းတော်မြတ်ကို ဟောကြား သက်သေခံခဲ့သည်။ ရိုးရာနတ် ဘာသာ၌သာ ယုံကြည်ခြင်း အားကြီးကြသည်ဖြစ်ရာ လက်ခံသူမရှိဘဲ အမျိုးမျိုး လှောင်ပြောင် သရော်ခြင်းကို ခံခဲ့ရသည်။ စာတတ် ပေတတ် မဟုတ်ခဲ့သဖြင့် ဝတ်ပြုကိုးကွယ်ရာတွင် ဥပုတ်နေ့ကို တခါတလေ မေ့လျော့သည်များလည်း ရှိခဲ့သည်။ ထိုအခါများ၌ ချန်းပြန်းရှိ ဆရာတော် ကာဒွေးထံ သွားရောက် မေးမြန်းကာ ဝတ်ပြု ကိုးကွယ်ခဲ့ရသည်။ ထိုသို့ ဒုက္ခ ပြဿနာများ ရင်ဆိုင်ခဲ့ရသော်လည်း ထာဝရဘုရား၏ နာမတော်မြတ်ကို အမှီပြု၍ ယုံကြည်မှု အားကြီးစွာ ကိုးကွယ်ခဲ့သည်။ ယုံကြည်ခြင်းဖြင့် ရပ်တည်၍ ဒေသနာတော်မြတ်အား ဝေမျှဟောကြားခဲ့သည့် ဦးထွန်သီုပ်သည် ကျေးဇူးတော်ကြောင့် ၁၉၆၁ နှောင်းပိုင်းများတွင် ဝိညာဉ်တော် အသီးအပွင့်များ စတင် ခံစားလာခဲ့သည်။ ဦးရှယ်ကီး (Pa She Kuei)၊ ဦးဟုန်းထန်း (Pa Hrung Thang)၊ ဦး ပွီကိုက် (Pa PueiKai) တို့သည် ပထမဦး ဆုံးသော ဝိညာဉ် အသီးအပွင့်များပင် ဖြစ်ကြသည်။ ကျေးဇူးတော်ကို ချီးမွမ်းရင်း ၁၉၆၂ ခုနှစ် နှစ်သစ်ကူးပွဲအား ကျွဲပေါက်ကြီး တစ်ကောင် သတ်၍ ပျော်ရွှင်စွာ ကျင်းပနိုင်ခဲ့ကြသည်။ ယခင်က ရန်သူများသဖွယ် မသင့်မမြတ် ဆက်ဆံခဲ့ကြသည့် ပီလ်တွန်း (Piltun) မျိုးနွယ်စုနှင့် အွေသမ်း (Awitam) မျိုးနွယ်စုတို့အား ထမင်းလက်စုံ စားသောက်စေကြပြီး ဒေသနာတော်မြတ်ကို ကြားနာစေခဲ့သည်။ ဦးထွန်သီုပ် ဦးဆောင်သည့် ၁၉၆၂ ခုနှစ် နှစ်သစ်ကူးပွဲမှစ၍ ယနေ့တိုင်အောင် ထိုမျိုးနွယ်စု နှစ်စု၏ သင့်မြတ်ခြင်း အကျိုးကို ခံစားကြရသည်။ ထိုနှစ်သစ်ကူးပွဲ မှစ၍ ကျေးရွာတွင်းရှိ လူငယ်များသည် ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်လာကြပြီး ကျေးရွာလူထုအနေ ဖြင့် တစ်နေ့ပြီး တစ်နေ့ ခရစ်တော်၏ ကယ်တင်ခြင်း သတင်းတော်မြတ်ကို လက်ခံ ယုံကြည်လာကြသည်။ ခရစ်ယာန်သာသနာ တိုးတက်ထွန်းကားလာခြင်း[ပြင်ဆင်ရန်] ဆရာတော် ကာဒွေး၏ သာသနာ ပြုခဲ့ခြင်းဖြင့် ချန်းပြန်း တိုက်နယ် ဝန်းကျင်များတွင် ခရစ်တော်၏ မင်္ဂလာ သတင်းကောင်းကို လက်ခံ ယုံကြည်ခဲ့ကြသည်။ ထိုမှ ဦးထွန်သီုပ်၏ ခိုင်မာသော ယုံကြည်ခြင်းကြောင့် ဟာလ်တူးရွာတွင် ခရစ်ယာန်သာသနာ ရောက်ရှိလာခဲ့ပြီး ယုံကြည်သူများ တိုးတက်လာခဲ့ကြသည်။ ဟာလ်တူးရွာ၏ ခရစ်ယာန် ယုံကြည်မှုသည် ၁၉၆၂ ခုနှစ်မှ စတင်ခဲ့ပြီး ယုံကြည်သူ အင်အားများလဲ တဖြည်းဖြည်း ကြီးထွားလာခဲ့သည်။ ယခင် ကာလများတွင် ဝတ်ပြုကိုးကွယ်ကြရာ၌ ဦးထွန်သီုပ်၏ နေအိမ်၌သာ ဝတ်ပြု ကိုးကွယ်ခဲ့ကြရာမှ ခရစ်ယာန် အင်အားများပြား တိုးတက်လာသောအခါ နေအိမ်၌ နေရာလုံလောက်မှု မရှိတော့ပေ။ ထိုအခါ အသင်းသားများ၏ ဝိုင်းဝန်းကြိုးပန်းမှုကြောင့် ၁၉၆၃ ခုနှစ်တွင် ဝါးထရံ - သက်ကယ်မိုးဖြင့် ဗိမာန်တော်ကို တည်ဆောက်ခဲ့ကြပြီး အနုမောဒနာ ပြုနိုင်ခဲ့ကြသည်။ နောက်ပိုင်းတွင် ထိုဗိမာန်တော်၌ ဝတ်ပြု ကိုးကွယ်လာကြသဖြင့် ဘုရားကျောင်းကိစ္စ အဆင်ပြေခဲ့သည်။ ထိုသို့ဖြင့် ခရစ်ယာန်အင်အား တိုးပွားလာသည်နှင့်အမျှ စာတန်၏ စုံစမ်း နောင့်ယှက်မှုကိုလည်း များစွာ ရင်ဆိုင်ခဲ့ ကြရသည်။ မိရိုးဖလာ ရိုးရာ နတ်ဘာသာ ကိုးကွယ် ယုံကြည်သုူများမှ ဘာသာရေး ဖျက်ဆီးသူများအနေဖြင့်လည်းကောင်း၊ ဘာသာရေး စော်ကား မော်ကားပြုသုူများ ဟူ၍လည်းကောင်း အမျိုးမျိုးစွပ်စွဲမှုြုပကာ ဦးထွန်သီုပ်မှ လျှော်ကြေးပေးရန် ဝက်ကို သတ်ကြပြီး ယဇ်နတ်ပူဇော်ကြသည်။ ဝက်ဖိုးလျော်ရန် တိုက်နယ် ဥက္ကဌ ဦးသာရွှင်း (Pa Taishuen) ထံ တရားစွဲဆိုမှု ပြုကြသည်။ ဥက္ကဌကြီးမှ ဦးထွန်သီုပ်အား အနိုင်ပေးခဲ့သော်လည်း လူများစုနှင့် လူနဲစုဖြစ်နေသောကြောင့် အရှုံးပေးလိုက်ရပြီး ဝက်ဖိုးကျပ်ငွေ သုံးဆယ်ကျပ် (၃ဝ/-) ပေးလျော်လိုက်ရသည်။ ခရစ်ယာန် အသင်းသားများ ဂုဏ်တော် ချီးမွမ်းရာတွင် အဆင်မပြေ အားနဲနေသဖြင့် ဦးထွန်သီုပ်သည် သံစဉ်နုတ် (Tonic - Solfa) သင်ကြားရန် ၁၉၆၄ ခုနှစ်တွင် ရေဖိုင်ကျေးရွာသို့ သွားရောက်ခဲ့သည်။ ၄င်းခရီးပြု နေစဉ်တွင် အသင်းတော်အား ဦးဆောင် ဦးရွက်ပြုရန် ဦးစန်ပွေး (Pa Cangpoei) အား တာဝန်များ လွှဲထားခဲ့သည်။ ၁၉၆၄ ခုနှစ် သင်တန်းမှ ပြန်လည် ရောက်ရှိလာသောအခါ အသင်းတော် တာဝန်များကို ပြန်လည် ထမ်းဆောင်ပြီး ၁၉၇၂ တိုင်အောင် အသင်းထောက် တာဝန်ကို ထမ်းဆောင်ခဲ့သည်။ သင်းထောက် တာဝန်ယူနေ စဉ်ကာလ ၁၉၆၇ ခုနှစ်တွင် ကျမ်းစာရက်တို သင်တန်း (Bible Class) ကို ဦးဆောင် ဖွင့်လှစ်ခဲ့သည်။ ဦးထွန်သီုပ်သည် အသင်းတော် တိုးတက်ရေးအတွက် မကြာခဏ ခရီးထွက်တတ်လေ့ရှိရာ ၁၉၆၇ ခုနှစ်တွင် ဆရာတော်ကာဒွေးမှ ဦးဟာအောမ် (Pa HaAwm) အား လက်ထောက် သင်းထောက်အဖြင့် တာဝန်ပေး ခန့်အပ်ခဲ့သည်။ ထိုကဲ့သို့ အသင်းတော် တိုးတက်ရေးများ ဆောင်ရွက်ခဲ့ကြသည်။ ထိုကာလများတွင် အထက်ဟာလ်တူးနှင့် အောက်ဟာလ်တူးဟု၍ နှစ်ရွာခွဲနေသေးရာ အသင်းတော် ကိစ္စများ ဆောင်ရွက်ကြရာတွင် ခက်ခဲမှုများ ရှိတတ်သဖြင့် ၁၉၆၉ ခုတွင် အထက်ဟာလ်တူးအသင်း ခွဲထွက်လာခဲ့ကြသည်။ အထက်ဟာလ်တူး အသင်းတော်ကို အသင်းထောက် လူကြီးဖြစ်သည့် ဦးဟာအောမ်မှ တာဝန်ယူ ဦးဆောင်မှုပြုခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် ZBC သာသနာ၊ မင်းတပ်နယ်၏ (၁၂) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးကြီးကို ဟာလ်တူးကျေးရွာတွင် စည်ကားစွာ ကျင်းပခဲ့ကြသည်။ (ထိုကာလများတွင် ဟာလ်တူးကျေးရွာအား မင်းတပ်မြို့နယ်မှ မတူပီမြို့နယ်သို့ စတင်ပြောင်းလဲခဲ့သည့် အချိန်ဖြစ်သည်။) ဆရာတော် ကာဒွေး၏ ပေးဆပ်မှုကြောင့် ခရစ်တော်၏ ဝမ်းမြောက်ဖွယ် သတင်းကောင်းကို ကြားခဲ့ကြရသော်လည်း တကြိမ်တခါမျှ ဆရာတော်အား ဂုဏ်ပြု ကြိုဆိုခြင်း၊ အသိအမှတ်ပြုခြင်းများ မပြုလုပ်ခဲ့ကြချေ။ ခရစ်တော်၏ သတင်းကောင်းတော်မြတ်ကို ယူဆောင်လာသည့် ဆရာတော်အား ဂုဏ်ပြုခြင်း အစီအစဉ်ကို ၁၉၇၁ ခုနှစ်တွင် ကျင်းပနိုင်ခဲ့ကြသည်။ ယခင်ကာလ အထက်နှစ်အောက်ဟူ၍ နှစ်ရွာခွဲ၍ နေထိုင်ခဲ့ကြရာမှ ၁၉၇၆ ခုနှစ် ဒီဇင်ဘာလတွင် နှစ်ရွာပေါင်းကာ ဟာလ်တူးရွာ တစ်ရွာအဖြင့် ပူးပေါင်း နေထိုင်ခဲ့ကြသည်။ တိုက်နယ် ဆရာတော်ဖြစ်သည့် ဆရာတော် ကာဒွေးသည် မိမိ၏ သာသနာနယ်၌ အောင်မြင်မှုများ ရရှိလာပြီဖြစ်ရာ မွေးရပ်သို့ ပြန်လည် ထွက်ခွာချင်လာသည်။ ထိုအခါ ၄င်း၏နေရာ၌ သာသနာ့ တာဝန်များ ထမ်းဆောင်နိုင်ရန်အတွက် အထက်တန်း ကျောင်းသားဖြစ်သူ မောင်စံအောင် (Pa Tal Ang) အား ၁၉၇၃ခုနှစ်တွင် ဖလမ်းမြို့ ကျမ်းစာကျောင်း (Zomi Baptist Seminary) သို့ စေလွှတ်ခဲ့သည်။ ထို့နောက်မှ ဆရာတော် ကာဒွေးသည် မိမိ၏ မွေးရပ်ဖြစ်သည့် လုံငိုးရွာသို့ ပြန်လည် ထွက်ခွာခဲ့သည်။ အသင်းထောက် လူကြီးဖြစ်သည့် ဦးထွန်သီုပ်သည်လည်း ၁၉၇၂ ခုနှစ်တွင် တာဝန်မှ ရပ်နားပြီး ၄င်း၏နေရာ၌ ဦးစံပွေးအား တာဝန် လွှဲအပ်ခဲ့သည်။ ဦးစံပွေးမှ သင်းထောက်တာဝန်ကို ၁၉၇၂ ခုနှစ်မှ ၁၉၇၄ အထိ တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် ဦးဟာအောမ်မှ သင်းထောက် တာဝန်ကို ဆက်လက် တာဝန်ယူခဲ့သည်။ ၁၉၇၄ ခုနှစ် မေလ (၈) ရက်နေ့တွင် အသင်းတော် လူငယ် မိဿဟာယ အဖွဲ့ (BYF - Baptist Youth Fellowship) ကို စတင် ဖွဲ့စည်းနိုင်ခဲ့သည်။ ပထမဆုံး အသင်းတော် လူငယ်ဥက္ကဌမှာ ဦးထောင်ဘဲလ် (Pa ThawngBel) ဖြစ်သည်။ ၁၉၇၉ ခုနှစ် မတ်လ (၃) ရက် နေ ့တွင် အသင်းတော် အမျိုးသမီးများအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ကြသည်။ ပထမဆုံး ဥက္ကဌအဖြင့် ဒေါ်စေအိလ် (Nu Cei Ilh) မှ ဆောင်ရွက်သည်။ ဟာလ်တူးကျေးရွာ အသင်းတော်သည် ခရစ်ယာန်ဘာသာကို စတင်၍ သက်ဝင်ယုံကြည်သည်မှစ၍ ၁၉၈၁ ခုနှစ် တိုင်အောင် ဝါးကပ်ထရံ၊ သက်ကယ်အမိုးဖြင့် ဆောက်လုပ်ခဲ့ကြသည့် ဘုရားကျောင်း၌သာ ဝတ်ပြု ကိုးကွယ်ခဲ့ကြသည်။ ထိုကာလများတွင် ပျဉ်ထောင်အိမ်များ စတင်၍ ခေတ်စားလာပြီဖြစ်ရာ မိမိတို့ ဝတ်ပြု ကိုးကွယ်၊ ဘုရားရှိခိုးရသည့် ဘုရားကျောင်းကို ပျဉ်ထောင်အိမ်အဖြင့် ဆောက်လုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုဆုံး ဖြတ်ချက်နှင့်အညီ ကျေးရွာလူထု၏ တက်ညီစွာ ဝိုင်းဝန်းပါဝင်မှုဖြင့် ၁၉၈၂ ခုနှစ်တွင် ပျဉ်ထောင်အိမ်အဖြင့် ဆောက်လုပ်နိုင်ခဲ့ကြသည်။ ပျဉ်ထောင် အကာ၊ သက်ကယ် အမိုးဖြင့် ဘုရားကျောင်းသစ်ကို ဆောက်လုပ်နိုင်ခဲ့ ကြပြီး ၁၉၈၃ ခုနှစ် မေလ(၈)ရက်နေ့တွင် ဘုရားကျောင်းကို အနုမောဒနာပြုလုပ်နိုင်ခဲ့ကြသည်။ ထိုဘုရားကျောင်း အနုမောဒနာပြုပွဲ၌ (MBA. EC) များနှင့် အိုင်ဒါခ် (Aidak) ဧရိယာ အသင်းတော်များကို ဖိတ်ကြားပြီး စည်ကားစွာ ကျင်းပခဲ့ကြသည်။ ၁၉၈၃ ခုနှစ်တွင် အသင်းတော် ကော်မတီသစ်ကို ဖွဲ့စည်းကာ ထိုကော်မတီ၏ ဦးဆောင်မှုကို ခံယူကြ သည်။ အသင်းတော် လူငယ်များအဖွဲ့နှင့် အသင်းတော် အမျိုးသမီးများအဖွဲ့မှ ပူးပေါင်းရံပုံငွေ ရှာကြကာ အသင်းတော်၌ လိုအပ်လျက်ရှိသည့် အသံချဲ့စက် တစ်လုံး (၁၃၆ဝ ကျပ်ဖြင့်) ဝယ်ယူနိုင်ခဲ့ကြသည်။ ထို ့ပြင် ၁၉၈၄ ခုနှစ်တွင် ကက်စက်တစ်လုံး (၁၆၅ဝ ကျပ်ဖြင့်) ကို ဝယ်ယူနိုင်ခဲ့ကြသည်။ အသင်းတော်၌ လူငယ်များအသင်းနှင့် အမျိုးသမီးများအသင်းသည် ရံပုံငွေများ ရှာဖွေရာတွင် အဓိက ပါဝင်ကြရသည်ဖြစ်ရာ ထိုနှစ်ဖွဲ့အား အဖွဲ့ခွဲ၍ အမည်များ ပေးထားကြသည်။ အမျိုးသမီးများအသင်းကို Merry, Marta, Lidia, Dorcus နှင့် Devorah ဟူ၍လည်းကောင်း၊ လူငယ်များအသင်းကို Pawl, Peter, James နှင့် John ဟူ၍ လည်း ကောင်း အဖွဲ့များကို ဖွဲ့စည်းခဲ့ကြသည်။ ထိုသို့်အဖွဲ့များ ခွဲခြင်းဖြင့် ရံပုံငွေများ ရှာဖွေရာတွင် များစွာထိရောက်မှုများ ရှိခဲ့သည်။ ဟာလ်တူးကျေးရွာ အသင်းတော်သည် ၁၉၈၆ ခုနှစ် ဖေဖေါ်ဝါရီလ ၂ ရက်နေ့တွင် ပဉ္စမအကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးကြီးကို ကျင်းပနိုင်ခဲ့ကြသည်။ ၁၉၈၇ ခုနှစ် ဩဂုတ်လ (၁၄) ရက်နေ့ တိုင် MBA ၏ ဦး ဆောင်မှုဖြင့် ရပ်တည်လာခဲ့ပြီး ဩဂုတ်လ (၁၅) ရက်မှစ၍ MABC ၏ ဦးဆောင်မှုကို ခံယူခဲ့သည်။ ထိုမှ ဧရိယာ လူငယ်တွေ့ဆုံပွဲကို ၁၉၈၇ ဧပြီလ ၂၈ ရက်နေ့မှ မေလ ၄ ရက်နေ့အထိ “ကားတိုင်ကို ထမ်း၍ ငါ့နောက် သို့ လိုက်လော့” ဟူသော ကျမ်းချက်ဖြင့် ကျင်းပနိုင်ခဲ့ကြသည်။ မိမိ၏ ပတ်ဝန်းကျင် ဒေသများတွင် သာသနာ့ အလင်းတရားများ ရရှိသည့် အထိမ်းအမှတ်ဖြင့် လက်ဝါးကားတိုင်များ စိုက်ထူရန် MABC မှ ညွှန်ကြားခဲ့သည်။ အသင်းသူ အသင်းသားများနှင့် ကော်မတီဝင်များ ပူးပေါင်းကာ ၁၉၉၁ မေလ ၂၅ ရက်နေ့တွင် ရွာ၏ အနောက်ဘက်ခြမ်းရှိ သာ့ တောင်ကုန်း (Tah Tlang) တွင် လက်ဝါးကားတိုင်ကို စိုက်ထူနိုင်ခဲ့ကြသည်။ MABC ၏ သုံးနှစ် တစ်ကြိမ် ကျင်းပလေ့ရှိသည့် အစည်းအဝေးကြီး (Trinal) ကို ၁၉၉၄ ခုနှစ် ဖေဖေါ်ဝါရီလ ၇ - ၁၃ ရက်နေ့များတွင် “ရေနက်ရာသို့ ရွှေ့ ဦးလော့” ခေါင်းစဉ်ဖြင့် ကျင်းပနိုင်ခဲ့ကြသည်။ သက္ကရာဇ် ၂ဝဝ၃ ခုနှစ်တွင် ဟာလ်တူးရွာ အပါအဝင် အိုင်ဒါခ် ဧရိယာ၏ သာသနာ့နှစ် ၅ဝ ပြည့် ရွှေရတုယူဘိလ (Golden Jubilee) ပွဲတော်ကို စည်ကားစွာ ကျင်းပနိုင် ခဲ့ကြသည်။ ဖွံ့ဖြိုး တိုးတက်မှုများ[ပြင်ဆင်ရန်] လမ်းပန်းဆက်သွယ်ရေးနှင့် အခြား ဖွံ့ဖြိုးမှုများ[ပြင်ဆင်ရန်] ရှေးဦးပိုင်း ကာလများ၌ ဟာတူးရွာနှင့် မိမိဝန်းကျင်ရွာများသည် အပြန်အလှန် ဆက်သွယ် ခရီးပြုကြရာတွင် လမ်းဟူ၍ သတ်သတ် မှတ်မှတ်မရှိဘဲ အဆင်ပြေသလိုသာ သွားလာ ဆက်ဆံခဲ့ကြသည်။ ထိုသို့ သွားလာခဲ့ကြရင်း နောင်တွင် လူသွားလမ်းများ ပေါ်လာကာ ခရီးပြုသွားလာခဲ့ကြသည်။ အဆင်ပြေသလို သွားလာခဲ့ကြသည့် အခါများတွင် မိုးတွင်းကာလများနှင့် ရာသီဥတု ဆိုးရွားသည့် အချိန်များတွင် ခရီးသွားလာခြင်းများ ခက်ခဲတတ်သည်ဖြစ်ရာ ရပ်ရွာလူကြီးများနှင့် ကျေးရွာလူထုများမှ ထိုခရီးသွားလာမှု လွယ်ကူလာစေရန် လမ်းများ ဖေါက်လုပ်ရန်အတွက် စီစဉ်မှုများကိုပြုလုပ်ခဲ့ကြသည်။ ဟာတူးကျေးရွာသည် မတူပီ - မင်းတပ် ဆက်သွယ်ရာတွင် အချက်အခြာကျသည့် ကျေးရွာ တစ်ရွာပင် ဖြစ်သည်။ အထူးသဖြင့် မိုးတွင်းကာလများ၌ မတူပီမြို့နှင့် မင်းတပ်မြို့များ ဆက်သွယ်ရသည့် ကားလမ်းမကြီး မြေပြိုခြင်း၊ လမ်းပျက်၍ မော်တော်ကားများ သွားလာရန် ခက်ခဲခြင်း၊ လမ်းပိတ်ခြင်း စသည့် အခက်အခဲများ တွေ့ ကြုံရတတ်သည်။ ထိုအခါများတွင် ပြည်မဘက်သို့ ခရီးပြုသည့် ခရီးသွား - ကုန်သည်များ၊ အစိုးရ ဝန်ထမ်းများ၊ အရပ်ပြည်သူ အများစုတို့်သည် ဟာတူးကျေးရွာဘက်မှ ခြေလျင် ခရီးများဖြင့် ခရီးပြုလေ့ ရှိကြသည်။ ထိုသို့ မြို့ နှစ်မြို့နယ် ဆက်သွာယ်ရေးတွင် အချက်ခြာကျသည့် ဤရာတွင် ခရီးသည်များ စိတ်လက်ချမ်းသာစွာ လိုရာခရီးပြုနိုင်ရန် ရည်ရွယ်ချက်ဖြင့် လမ်းဖေါက်လုပ်ရေးကို ကြိုးစားခဲ့ကြသည်။ ပြည်ထောင်စု ဆိုရှယ်လစ်ခေတ်၌ ကျေးရွာကောင်စီ ဥက္ကဌဖြစ်သူ ဦးချစ်ဒါမ်း (Pa Kheu Dam) လက်ထက်တွင်မူ လမ်းဖောက်လုပ်ရေးအတွက် စတင် အကောင်ထည် ဖေါ်နိုင်ခဲ့သည်။ ဦးချစ်ဒါမ်း လက်ထက်တွင် ဟာတူး - ချန်းပြန်း နှစ်ရွာကြား လူသွားလမ်း (သုံးပေလမ်း) ကို အောင်မြင်စွာ ဖေါက်လုပ် နိုင်ခဲ့သည်။ ထို့အပြင် အရင်ကာလများ ပညာရေးအတွက် ချန်းပြန်းကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်းတွင် အခြေခံပညာကို သွားရောက် သင်ယူခဲ့ကြသည်။ ထိုသို့ ခက်ခဲစွာ ပညာသင်ယူခဲ့ကြရသဖြင့် လူတိုင်း ကျောင်းပညာကို သင်ယူနိုင်ခြင်း မရှိခဲ့ချေ။ ဦးချစ်ဒါမ်း လက်ထက်တွင် ထိုအခက်အခဲကို ဖြေရှင်းနိုင်ခဲ့ပြီး ဟာတူးကျေးရွာ အခြေခံပညာ မူလတန်းကျောင်းကို ဖွင့်လှစ်နိုင်ခဲ့သည်။ ဤအမြော်အမြင်ကြီးစွာဖြင့် ပညာသင်ယူကြသည့် ကျောင်းသူ၊ ကျောင်းသားများ၏ ကိုယ်လက်ကြံ့ခိုင် ကျန်းမာရေးအတွက် အားကစားကွင်း (ဘောလုံးကွင်း) ကိုလည်း တူးဖေါ်ကာ အကောင်အထည် ဖေါ်နိုင်ခဲ့သည်။ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ခေတ် ကုန်ဆုံး၍ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (နဝတ) ခေတ် ရောက်သောအခါတွင် ကျေးရွာ (ရဝတ) ဥက္ကဌအဖြစ် ဦးထန်စား (Pa ThangCa) မှ ဆောင်ရွက်ခဲ့သည်။ ဦးထန်စား လက်ထက်၌လည်း ကျေးရွာ၏ ဖွံ့ဖြိုးရေးကို အထူးပင် ဆောင်ရွက်ခဲ့သည်။ ဦးချစ်ဒါမ်း လက်ထက်၌ ဖေါက်လုပ်ခဲ့သည့် ချန်းပြန်း - ဟာတူး လူသွားလမ်း အစား မော်တော်ကားလမ်း အဖြင့် ဖေါက်လုပ်ရန် အစီအစဉ်များ ပြုလုပ်ခဲ့သည်။ ကျေးရွာတွင်း စည်ပင်ရေးအတွက် ရွာလယ်လမ်းမကြီးကို် ဖေါက်လုပ်နိုင်ခဲ့သည်။ ထို့ပြင် ဦးချစ်ဒါမ်းလက်ထက်၌ ချန်းပြန်း - ဟာတူး လူသွားလမ်းကို ဖေါက်လုပ်ခဲ့သကဲ့သို့ တစ်ဘက်၌ ကျန်ရှိနေသေးသည့် ဟာတူး - ကူျတ်ရွာသစ် လူသွားလမ်း (သုံးပေလမ်း) ကို ဖေါက်လုပ်နိုင်ခဲ့သည်။ ကျေးရွာအတွင်း ရေအားကို အသုံးပြုလျက် ရေအားဆန်စက်၊ အသေးစား ရေအားလျပ်စစ်များကိုပါ ဆောက်လုပ်နိုင်ခဲ့ သည်။ ကျေးရွာဒေသ သစ်တောထွက် ပစ္စည်းများကို အကျိုးရှိရှိ အသုံးချတတ်အောင် စတင်လမ်းပြခဲ့သည်။ ဤကဲ့သို့ပင် ကျေးရွာအတွင်း အလှည့်ကျ တာဝန်ယူခဲ့ကြသည့် ဥက္ကဌ ခေါင်းဆောင်သူများမှ မိမိ၏ကျရာ ကဏ္ဍများ၌ မလွဲမရှောင်ဘဲ ရပ်ရွာ တိုးတက်မှုအတွက် ဦးလည်မသုန် ဆောင်ရွက်ခဲ့ကြသည်။ ရှေ့၌ တာဝန်ယူ ခဲ့ကြသူများ၏ ဆောင်ရွက် ပြီးစီးမှုများကို ပိုမိုပြည့်စုံအောင် ဆောင်ရွက်ခြင်း၊ လိုအပ်သည့် ကြိုးတံတားများ ဆောက်လုပ်ခြင်း၊ အခြေခံပညာ မူလတန်းကျောင်း အဆောက်အဦးကို အုတ်တိုက်ဖြင့် ဆောက်လုပ်ခြင်း၊ ရေအားလျပ်စစ်ကို ပိုမို အားကောင်းအောင် မွမ်းမံခြင်း၊ ဘုရားကျောင်း (ဝတ်ပြုကျောင်း) ကို အုတ်တိုက်များဖြင့် တည် ဆောက်ခြင်း စသည်ဖြင့် ကျေးရွာ ဖွံ့ဖြိုးမှုများကို ဆောင်ရွက်ခဲ့ကြသည်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နယက) ခေတ်၌ ကျေးရွာ အုပ်ချုပ်ရေးကို တာဝန်ယူသည့် ဦးလောင်းဟော်န် (Pa Lawng Hawn) လက်ထက်တွင် ကျေးရွာ၏ ဖွံ့ဖြိုးမှု နောက်ဆုံး အခြေအနေ (စာရေးသူ စာရေးစဉ် ကာလအထိ ဆိုလိုသည်။) ဖြစ်သည့် ဟာတူး - ချန်းပြန်း မော်တော်ကားလမ်းကို အောင်မြင်စွာ ဖေါက်လုပ် ဖွင့်လှစ်နိုင်ခဲ့သည်။ ဤသို့ဖြင့် ဟာတူးကျေးရွာသည် အုပ်ချုပ်သူ၊ လူထုတို့၏ ဝိုင်းဝန်း အင်အားများကို သက်သေ တည်ပြနိုင်သည့် မတူပီမြို့နယ်အတွင်းရှိ စံပြကျေးရွာပင် ဖြစ်သည်။ ပညာရေး ဖွံ့ဖြိုးတိုးတက်မှု[ပြင်ဆင်ရန်] ဟာလ်တူးရွာ၏ ပညာရေးကဏ္ဍသည် အခြားသော အိမ်နီးချင်းရွာများနှင့် စာလျင် အနည်းငယ် နောက်ကျသည်။ ယခင် ကာလများ၌ ကျောင်းပညာများ သင်ကြားရာတွင် ဟာလ်တူး ရွာသားများအနေဖြင့် ချန်းပြန်းရွာသို့သာ သွားရောက်ပညာ သင်ကြားရသည်။ ချန်းပြန်းရွာနှင့် ဟာလ်တူးရွာသည် ယခုအခါတွင် သုံးမိုင်ခန့်သာ ဝေးကွာသော်လည်း ယခင်ကာလများတွင်ကား အထက်နှင့် အောက်ဟာလ်တူးဟူ၍ နှစ်ရွာခွဲ၍ နေခဲ့ကြရာ ချန်းပြန်းရွာနှင့် အလှမ်းကွာခဲ့သည်။ ငါးမိုင်ခန့် ကွာဝေးသည်ဖြစ်ရာ ပညာသင်ယူနေသည့် ကျောင်းသားများအတွက် ကျောင်းသွား - ကျောင်းပြန် ခက်ခဲမှုများရှိခဲ့သည်။ ထိုခက်ခဲမှုများကြောင့် ပညာသင်ယူလိုသည့် ကျောင်းသားများမှာ ကျောင်းနေရန် အခွင့်အရေးများ နဲပါး ခဲ့သည်။ ထို့ကြောင့် ပညာသင်ယူသည့် ကျောင်းသူ၊ ကျောင်း သားများမှာ တစ်ယောက်စ နှစ်ယောက်စ သာ ပညာသင်ယူခဲ့ကြသည်။ ဤကာလများတွင် ကျောင်းပညာများ ခေတ် မစားသေးခြင်း၊ စာသင်းကျောင်း အလှမ်းဝေးနေခြင်း စသည်များကြောင့် စာတတ် ပုဂ္ဂိုလ်များနှင့် အထက်တန်း ပညာသင်ကြားသူ မရှိသလောက်ပင် ရှားပါးခဲ့သည်။ ထိုအခက်အခဲများသည် ဟာလ်တူးရွာ၏ ပညာရေး နောက်ကျရခြင်း အကြောင်းရင်းများပင် ဖြစ်သည်။ အထက်နှင့် အောက်ဟာလ်တူး နှစ်ရွာ ပေါင်းပြီးသော ၁၉၇၄ နှောင်းပိုင်း ကာလများတွင် ရပ်ရွာဥက္ကဌ၏ ဆောင်ရွက် ကြိုးပမ်းခဲ့ခြင်းကြောင့် အခြခံ ပညာသင်ကျောင်း ထားရှိခွင့်ရလာသည်။ ကျေးရွာ ဥက္ကဌအဖြစ် ဦးချစ်ဒါမ်း (Pa Kheu Dam) မှ ဆောင်ရွက်ခဲ့သည်။ ထိုသို့ ပညာသင်ကျောင်း တည်ဆောက်ခွင့် ရရှိလာသောအခါ ရပ်ရွာလူထု၏ ပူးပေါင်း ဆောင်ရွက်မှုကြောင့် ဟာလ်တူးကျေးရွာ အခြေခံ ပညာသင်ကျောင်း အဆောက်အဦးကို ဆောက်လုပ်နိုင် ခဲ့ကြသည်။ ကျေးရွာတွင်းရှိ ကလေးသူငယ်များမှာလည်း ကျောင်းပညာများ ပိုမို တိုးတက်စွာ သင်ကြားလာခဲ့ကြသည်။ ၁၉၇၃-၇၄ ခုနှစ် များသည် ဟာလ်တူးရွာနှင့် ချန်းပြန်းတိုက်နယ်များကို မင်းတပ်မြို့နယ် အဖြစ်မှ မတူပီမြို့နယ်သို့ ပြောင်းလဲသော ကာလဖြစ်သည် နှင့်အညီ ရပ်ရေးရွာရေးများတွင် မြို့နယ်ရုံးသို့ ဆက်သွယ်ရန် ပိုမို၍ လွယ်ကူလာသည်။ ကျောင်းသုံး စာအုပ်ကိစ္စများနှင့် အခြားလိုအပ်သည်များကို လွယ်ကူစွာ သွားရောက် ထုတ်ယူကြသည်။ အခြေခံ ပညာအဆင့်များကို ကျေးရွာတွင်း၌ သင်ယူကြရပြီး အလယ်တန်းနှင့် အထက်တန်းပညာများကို မတူပီ မြို့ပေါ်သို့ သွားရောက် သင်ယူခဲ့ကြသည်။ ဤသို့ဖြင့် စာတတ် ပညာတတ်များကို မွေးဖွားပေး နိုင်ခဲ့သည်။ ခေတ်ပညာတတ်များ ရှိလာသည်နှင့်အမျှ ယခင် မိရိုးဖလာ တောင်ယာလုပ်ငန်းသာ လုပ်ကိုင်ခဲ့ကြရာမှ အစိုးရ ဝန်ထမ်းများ၊ လခစား လုပ်ငန်းများကို တဖြည်းဖြည်း လုပ်ကိုင်လာကြသည်။ ကျေးရွာတွင်းရှိ ပထမဦးဆုံး အစိုးရ ဝန်ထမ်းမှာ ဦးပီလ်သွန်းနှင့် ဒေါ်စေဆောဒ်တို့၏သား ဦးထန်းလွေ (Pa Thang Loei) ပင်ဖြစ်သည်။ ပထမဦးဆုံး အထက်တန်း ပညာသင်ယူသူမှာ ဦးအန်ထယ်၏သား ဆရာတော် စံအောင် (Rev. San Aung - Pa Tal Ang) ဖြစ်ပြီး၊ ပထမဦးဆုံး ပြည်ထောင်စု တိုင်းရင်းသား ဖွံ့ဖြိုးရေးကျောင်းဆင်းမှာ ဦးဘွေထန်း (Pa BawiThang) ဖြစ်သည်။ ဦးဘွေထန်းသည် ဟာလ်တူး ရွာသားများတွင် ပထမဆုံး ကျောင်းဆရာဖြစ်ပြီး မူလတန်း ကျောင်းအုပ်၊ အလယ်တန်းကျောင်းအုပ် စသည်ဖြင့် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ပထမဦးဆုံးသော စစ်ဘက်အရာရှိမှာ ဦးလုံမိုင်း (Pa TuemThang) ဖြစ်သည်။ ဟာလ်တူးကျေးရွာ၏ ပညာရေးတွင် ဘာသာရေးပညာ၊ တက္ကသိုလ်ပညာ စသည်ဖြင့် အမျိုးမျိုး လေ့လာ သင်ယူခဲ့ကြသည်။ ဘာသာရေးများတွင် ပထမဆုံးဘွဲ့ရမှာ သိက္ခာတော်ရ ဆရာတော် စံအောင်ဖြစ်ပြီး ပထမဆုံး BD ဘွဲ့ရသူများမှာ ဦးထွန်းကျော် (Pa ThunThang) ၏သား ဆရာဦးလျန်ဘွေးနှင့် ဦးဟာအောမ် (Ha Awm)၏သား ဆရာဦးလျန်ကုန်း တို့ပင် ဖြစ်ကြသည်။ ပထမ ဦးဆုံး ပညာရေးဘွဲ့B. Ed ရ သူမှာ ဦးခိုင်ထွန်း (Pa KhangThung) ဖြစ်သည်။ ပထမဦးဆုံးသော ကျန်းမာရေးဝန်ထမ်းမှာ ဦးထန်းလွေနှင့် ဒေါ်ငိုင်လီုမ်း တို့၏သမီး ဆရာမ ဒေါ်ခင်ကြည် ပင်ဖြစ်သည်။ ဟာလ်တူး ကျေးရွာအတွင်းမှ ပထမဦးဆုံး တက္ကသိုလ် ကျောင်းသားမှာ ဦးထန်းလွေနှင့် ဒေါ်ငိုင်လီုမ်း (Pa Thang Loei-Nu Ngai Luem) တို့၏သား ဆလိုင်းရဲကျော်နိုင် ဖြစ်သည်။ ပထမဦးဆုံးသော မဟာတန်းနှင့် MA ဘွဲ့ရသူများမှာ ဦးထန်းလွေနှင့် ဒေါ်ငိုင်လီုမ်းတို့၏ သားများဖြစ်ကြသည့် ဆလိုင်းရဲကျော်ဦးနှင့် ဆလိုင်းရဲကျော်နိုင် (၂ဝဝ၆) တို့ဖြစ်ကြသည်။ ၄င်းများအပြင် ယခုအခါ တက္ကသိုလ် ပညာသင်ယူသူများ၊ အဝေးရောက် စနစ်ဖြင့် တက္ကသိုလ်ပညာ သင်ယူသူများ စသည်ဖြင့် အဆင့်မြင့်ပညာ ဆည်းပူး တက်ရောက်သူများလည်း ပိုမို၍ တိုးတက် များပြားလာပြီ ဖြစ်သည်။ ဟာတူးရွာနှင့် ရေအားဆန်စက်[ပြင်ဆင်ရန်] ရှေးကာလများ၌ ဟာလ်တူးရွာသားများသည် တောက်ယာထွက် သီးနှံများဖြစ်သည့် စပါးများ၊ ပြောင်းများကို လက်ထောင်းဆုံများဖြင့် ထောင်းကြပြီး စားသုံးခဲ့ကြသည်။ ဘိုးဘွားများမှ ရေမောင်းဆုံများကို တီထွင်ကြပြီး ဆန်စပါးများကို ထောင်းကြိတ်ခဲ့ကြသည်။ သို့သော် လိုသလောက် ခရီး မတွင်ခြင်း၊ တခါတရံ ရေအားနည်းခြင်းများ ကြုံတတ်ကြရာ ထိုရေမောင်းဆုံမှာ သုံးစွဲသူများ နည်းလာပြီး မိမိတို့၏ လက်ထောင်းဆုံများကိုသာ ပြန်လည် အသုံးပြုတတ်ကြသည်။ ထိုသို့သော ဒုက္ခများကို ကျော်လွန်နိုင်ရန် ရွာသူရွာသားများမှ နည်းမျိုးစုံဖြင့် စဉ်းစား၊ အကြံထုတ် ခဲ့ကြသည်။ ဘွေနားမျိုးနွယ်စုမှ ဦးထန်စားသည် ထိုဒုက္ခများကို ဖြေရှင်းနိုင်ရန် နည်းလမ်းများ ရှာတွေ့ခဲ့သည်။ ရွာနဘေးရှိ ကိီလောင်းချောင်းအား အသုံးပြုကာ ပထမဆုံး ရေအားဆန်စက်ကို တီထွင် အသုံးပြုနိုင်ခဲ့သည်။ သင့်တော်သည့် နေရာတွင် ရေသွယ်မြောင်း ဖေါက်လုပ်ပြီး ရဟတ်ကြီးကို လည်ပတ်စေသည်။ ထိုလည်ပတ်သည့် ရဟတ်ကြီးဖြင့် ဆန်စက်ကို လည်ပတ်စေပြီး စပါးများကို ကြိတ်ခွဲစေသည်။ ထိုသို့ သော အောင်မြင်မှုသည် ဟာလ်တူးရွာသားတို့၏ အကျိုးတရားများစွာ ဖြစ်ထွန်းစေခဲ့သည်။ ယခင် တပင်တပန်း လက်ထောင်းဆုံများဖြင့် ထောင်းခဲ့သမျှ သက်သာမှုများစွာ ရရှိလာကြသည်။ ဤသည်ပင် နောင်အခါများတွင် ဟာလ်တူးရွာ၏ အောင်မြင်မှုများ ရရှိစေသည့် ခြေလှမ်းစပင် ဖြစ်တော့သည်။ ရေအားလျှပ်စစ်[ပြင်ဆင်ရန်] ဦးထန်စားသည် ခေတ်ပညာတတ် မဟုတ်ခဲ့သော်လည်း ရပ်ရွာ တိုးတက်ရေးအတွက် စဉ်းစားကြံဆတတ်သူ ဖြစ်သည်။ ဟာလ်တူး ရေအားဆန်စက်ကို အောင်မြင်စွာ တည်ဆောက်ပြီးသည့် နောက်ပိုင်းတွင်လည်း ရည်မှန်းချက်ကြီးသူပီပီ ထိုရေအားဖြင့် ဟာလ်တူးကျေးရွာအား လျှပ်စစ်မီး လင်းစေရမည် ဟူသည့် ရည်ရွယ်ချက်ထားခဲ့သည်။ ကျယ်ဝန်းလှသည့် ဟာလ်တူးရွာ ဧရိယာ၏ သစ်တောထွက် ပစ္စည်းများကို အကျိုးရှိစွာ အသုံးပြုခဲ့သည်။ သစ်ပင်ကြီးများကို ပျဉ်ချပ်များအဖြစ် ထုတ်လုပ်ပြီး မတူပီမြို့နှင့် လိုအပ်သူများထံသို့ ရောင်းချခြင်းဖြင့် ဝင်ငွေများကို ရှာဖွေခဲ့သည်။ ထိုဝင်ငွေများကို စုဆောင်းပြီး ထိုမှ လိုအပ်သည့် ပစ္စည်းကိရိယာများကို စုဆောင်းသည်။ ကျေးရွာလူထု၏ လုပ်အားယူကာ တူးမြောင်းများကို ပြင်ဆင် ဖေါက်လုပ်သည်။ ယခင်ပြုလုပ်ခဲ့သည့် ရေအားဆန်စက်ကို ပြုပြင် မွမ်းမံသည်။ ထို့နောက် ကျွမ်းကျင်သူများနှင့်အတူ ရေရဟတ်နှင့် ယန္တရားများကို် တပ်ဆင်ကြပြီး ရဟတ်၏ လည်ပတ်အားဖြင့် ဒိုင်နမိုကို လည်ပတ်စေကာ လျှပ်စစ်ဓါတ်အားကို ထုတ်လုပ်ခဲ့ကြသည်။ ရေအား လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုတွင် အလွန် စိတ်ဝင်စားဖွယ် ကောင်းလှသည်။ ရေမြောင်းမှ သွယ်ယူလာသည့် ရေများဖြင့် ရဟတ်ကြီးအား လည်ပတ်စေသည်။ ထိုရဟတ်ကြီး မှတဆင့် ရဟတ်ဘီးလုံးများကို ပတ်ကြိုးများဖြင့် ဆက်သွယ်ပြီး ထိုဘီးလုံးများ လည်ပတ်အားများစေရန် ပြုလုပ်ရသည်။ ရဟတ်ဘီးလုံးများမှာ ဘီးလုံး အကြီး အသေးခြား၍ တပ်ဆင်ပြီး လည်ပတ်အားကို မြှင့်စေရသည်။ လိုအပ်သည့် လည်ပတ်အား ရလာသောအခါ လျှပ်စစ်အား ထုတ်လွှတ်သည့် ဒိုင်နမို်နှင့် ဆက်သွယ်ပေးပြီး လျှပ်စစ်ဓါတ်အားကို ထုတ်ယူရသည်။ ရိုးရှင်းလှစွာ ထုတ်လုပ်သည့် ဤလျှပ်စစ်ဓါတ် အားဖြင့်ပင် မတူပီမြို့နယ် တလွားတွင် အောင်မြင်များ ရရှိပြီး စံပြကျေးရွာအဖြင့် ဂုဏ်ယူစွာ ရပ်တည်နိုင်ခဲ့သည်။ ရေအားလျှပ်စစ်ကို ၁၉၉ဝ ခုနှစ်တွင် မတူပီမြို့နယ် ကျန်းမာရေမှူး ဖြစ်သည့် ဒေါက်တာရိုအုပ်နှင့် မြို့နယ်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဥက္ကဌတို့မှ ဖွင့်လှစ်ပေးခဲ့ကြသည်။ ပထမဦးဆုံး ထုတ်လုပ်မှုဖြစ်သဖြင့် အားနည်းမှုများလည်း ရှိသည်။ ပုဂ္ဂလိက ပိုင်ဆိုင် ထုတ်လုပ်ခြင်းဖြစ်ရာ အခက်ခဲများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုအားနည်းချက်များကို တစ်ခုချင်း မြင်လာကြပြီး နောက်ပိုင်းတွင် ကျေးရွာလူထု၏ ဝိုင်းဝန်း လုပ်ဆောင်မှုဖြင့် ထိန်းသိမ်းခဲ့ကြသည်။ နောက်ပိုင်းတွင် တဖန် ဆန်းသစ်ကြပြီး ဓါတ်အားပိုမို ၍ ထုတ်လုတ်နိုင်သော စက်ရုံကို တည်ဆောက်နိုင်ခဲ့ကြသည်။ ဓါတ်အားများ ပိုမိုထုတ်လုပ်နိ်င်ခဲ့ကြရာ လိုအပ်သည့်နေရာများ၌ လိုအပ်သလို သုံးစွဲလာနိုင်ခဲ့ကြသည်။ ရေအား လျှပ်စစ်စက်ရုံသစ်ကို သက္ကရာဇ် ၂ဝဝ၂ ခုနှစ် တွင် မြို့နယ်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌမှ ဖွင့်လှစ်ပေးခဲ့သည်။ ဟာတူး (Haltu) ရွာ ဗိမာန်တော်[ပြင်ဆင်ရန်] ဟာလ်တူး ကျေးရွာတွင် ခရစ်ယာန် သာသနာတော် ၁၉၅၇-၅၈ ခုနှစ်များတွင် ရောက်ရှိလာသည်။ ထာဝရ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ယုံကြည်သူ ခရစ်ယာန်များ တိုးပွားလာခဲ့သည်။ ယုံကြည်သူ ခရစ်ယာန် အင်အား များပြားလာသောအခါ ၁၉၆၃ ခုနှစ်တွင် ဘုရားဝတ်ပြုနိုင်ရန် ဝါးထရံ သက်ကယ်မိုးဖြင့် ဗိမာန်တော်ကို တည်ဆောက်နိုင်ခဲ့ကြသည်။ အထက် - အောက် နှစ်ရွာခွဲ၍ နေရသဖြင့် ကျေးရွာလူထု၏ စည်းလုံးမှုအင်အား နဲပါးလှသည်ဖြစ်ရာ ဥပုတ်နေ့လောက်၌သာ အတူတကွ ဝတ်ပြုနိုင်ခဲ့ကြပြီး အခြားနေ့များတွင်မူ အဆင်ပြေသလိုသာ ဝတ်ပြုခဲ့ကြရသည်။ ၁၉၇၄-၇၅ ခုနှစ်များတွင် ဟာလ်တူးကျေးရွာသည် မတူပီမြို့နယ်၏ ကျေးရွာအုပ်စု တစ်ခုအဖြင့် သတ်မှတ်ခဲ့ကြသည်။ အထက်နှင့် အောက်ဟာလ်တူး နှစ်ရွာကို တစ်ခုတည်းသော ကျေးရွာအဖြင့် ပူးပေါင်း နေထိုင်နိုင်ခဲ့ကြသည်။ ဟာလ်တူးကျေးရွာ နှစ်ရွာပူးပေါင်းသည့် အခါများမှစ၍ စည်းလုံးမှုပိုမို အားကောင်းလာခဲ့သည်။ ယုံကြည်သူ များပြားလာသည်နှင့်အမျှ ယခင်တည်ဆောက်ခဲ့ကြသည့် ဗိမာန်တော်မှာလည်း ဟောင်းနွမ်းလာ သည်ဖြစ်ရာ ဘုရားကျောင်းသစ်ဆောက်လုပ်ရန် စဉ်းစားလာခဲ့ကြသည်။ ကျေးရွာဝန်းကျင်မှ သစ်တောထွက်များကို ကောင်းစွာ အသုံးချလာကြပြီဖြစ်ရာ သစ်လုံးကြီးများမှ ပျဉ်ချပ်များကို ထုတ်လုပ်ကြပြီး ပျဉ်ထောင်အိမ်များပင် ဆောက်လုပ်လာကြသည်။ ထိုသို့ဖြင့် ဘုရားကျောင်းကို ပျဉ်ထောင်ဖြင့် ဆောက်လုပ်နိုင်ရန် အသင်းတော် လူကြီး - လူငယ်၊ ကျား-မ များနှင့် ကျေးရွာလူထု တစ်ရပ်လုံး ညီညွတ်စွာ အားထုတ်လာကြသည်။ မိမိ တတ်ကျွမ်းသည့် စွမ်းအားများ၊ ကျွမ်းကျင်မှုများ အသီးသီးဖြင့် ကြိုးပမ်းခဲ့ကြသည်။ ကျေးရွာလူထု၏ ယုံကြည် အားထုတ်မှုကြောင့် ၁၉၈၂ ခုနှစ်တွင် ပျဉ်ထောင်၊ သက်ကယ်အမိုးဖြင့် ဘုရားဝတ်ပြုရာ ဗိမာန်တော်သစ်ကို ဆောက်လုပ်နိုင်ခဲ့ကြသည်။ ထိုဘုရားကျောင်းသစ်ကို ၁၉၈၃ ခုနှစ်မေလ (၈) ရက်နေ့တွင် MBC EC များ Aidak ဧရိယာ အသင်းတော်များနှင့်အတူ ဖွင့်ပွဲ၊ အနုမောဒနာ ပြုနိုင်ခဲ့ကြသည်။ ဟာလ်တူးကျေးရွာ နှစ်ခြင်းအသင်းတော်သည် ပျဉ်ထောင် - သက်ကယ်မိုးသည့် ဘုရားရှိခိုးကျောင်းသစ် ပျော်ရွှင်စွာ ထဝရဘုရား၏ နာမတော်မြတ်ကို ချီးမွမ်းနိုင်ခဲ့ကြသည်။ ဟာလ်တူး ကျေးရွာ နှစ်ခြင်းအသင်းတော်နှင့် ဆက်သွယ်ထားသည့် မတူပီမြို့ မြို့မ နှစ်ခြင်းအသင်းတော်တွင်း ပဋိပက္ခများ ဖြစ်လာသောအခါ ဟာလ်တူးနှစ် ခြင်းအသင်းတော်နှင့် အိုင်ဒါခ် နှစ်ခြင်းအသင်းတော်များသည် ခွဲထွက်သွားသည့် မတူပီမြို့ နှစ်ခြင်းအသင်းတော် MABC ဘက်မှ ရပ်တည်ပါဝင်ခဲ့ကြသည်။ ဟာလ်တူး နှစ်ခြင်းအသင်းတော်၏ အဖွံ့ဖြိုးဆုံး ကာလများဖြစ်ရာ ယုံကြည်သူများအနေဖြင့် သာသနာ ပြန့်ပွားရေးနှင့် ရပ်ရွာ တိုးတက်ရေးကို အထူး လုပ်ဆောင်လာကြသည်။ ဧဝံဂေလိတရားဟောဆရာ (Evangelist) များပင် စေလွှတ်နိုင်ခဲ့ကြသည်။ ဦးထန်းလွေနှင့် ဒေါ်ငိုင်လီုမ်းတို့၏ သမီးဖြစ်သူ ဒေါ်ခင်ဦးသည် မိမိတို့ မိသားစု၏ စားဝတ်နေရေးနှင့် မောင်နှမများ၏ ပညာရေးအတွက် ရည်ရွယ်ပြီး ညီမဖြစ်သူ ဒေါ်ခင်ကြည်နှင့်အတူ စီးပွားရှာခဲ့ကြသည်။ ဤသို့ဖြင့် မိသားစုတွင်း၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့ကြသည်။ ထိုသို့ဖြင့် ဒေါ်ခင်ဦး (ဒေးဗစ် စိုးစံနူး) သည် ကိုသိန်းဌေး (ဒေးဗစ်စိုးစံပါး) နှင့် အိမ်ထောင်ပြုခဲ့သည်။ ဒေါ်ခင်ဦးသည် ငယ်ရွယ်စဉ်ကပင် မိမိတို့ကျေးရွာ ဘုရားကျောင်း၏ တိုးတက်ရေးအတွက် တက်ကြွစွာပါဝင် လှုပ်ရှားခဲ့သည့် အသင်းတော် လူငယ်တစ်ဦးဖြစ်ရာ ကျေးရွာ ဘုရားရှိခိုးကျောင်း အမိုးအတွက် ကိုသိန်းဌေးနှင့် မခင်ဦးတို့် ဇနီးမောင်နှံမှ သွပ်ပြားများကို လှူဒါန်းခဲ့ကြသည်။ ထိုသို့ လှူဒါန်းသည့် သွပ်ပြားများကို ကျေးရွာအသင်းတော်မှ ရရှိကြသောအခါ ကျေးရွာဘုရားကျောင်းကို အင်္ကတေ အုတ်တိုက်ဖြင့် ဆောက်လုပ်နိုင်ရန် အားထုတ်လာကြသည်။ ဟာလ်တူး ကျေးရွာရှိ အသင်းတော်သူ အသင်းတော်သားများသည် ဦးသိန်းဌေးနှင့် ဒေါ်ခင်ဦးတို့၏ ပေးဆပ်မှုများနှင့် အခြားသော ပုဂ္ဂိုလ်များ၏ မိမိတို့တတ်နိုင်သည့် ပေးဆပ် အသုံးတော်ခံမှုများကို သာဓကပြုကြပြီး ဘုရားကျောင်းတော်ကြီး တည်ဆောက်ရေးကို ပိုမို၍ အားထုတ် ပေးဆပ်မှုများ ပြုလုပ်လာကြသည်။ ရံပုံငွေ ရှာဖွေ ခြင်း၊ ပစ္စည်း ကရိယာများ ဝယ်ယူ စုဆောင်းခြင်းစသည့် အစစလိုအပ်မှုများကို စုဆောင်းရှာဖွေ စုဆောင်းလာကြသည်။ လူထုလုပ်အားများဖြင့် အုတ်ဖုတ်ခြင်း၊ သဲများ စုဆောင်းခြင်း၊ ပျဉ်အတွက် လွှဆွဲခြင်း၊ ဘိလပ်မြေသယ်ခြင်း၊ လိုအပ်သည့် ပစ္စည်းများ လှူဒါန်းခြင်း စသည်ဖြင့် အသီးသီး ပါဝင်ခဲ့ကြသည်။ ထိုသို့ ထာဝရ ဘုရားသခင်၏ လမ်းပြဆောင်မမှု၊ အသင်းအုပ် သက‹္ခာတော် ဆရာတော် ္မစံအောင်နှင့် အသင်းတော် လူကြီးများ၏ ဦးဆောင်မှုဖြင့် ဟာလ်တူးကျေးရွာ၏ ဘုရားဝတ်ပြုရာ ဘုရားကျောင်း ဗိမာန်တော်ကြီးကို အောင်မြင်စွာ တည်ဆောက်နိုင် ခဲ့ကြသည်။ ထိုဘုရားကျောင်း ဗိမာန်တော်ကြီးကို သက္ကရာဇ် ၂ဝဝ၃ ခုနှစ်တွင် ဆောက်လုပ် ပြီးဆီးခဲ့ကြပြီး အိုင်ဒါခ်ဧရိယာ အသင်းတော်များနှင့်အတူ ကျေးဇူးတော် ချီးမွမ်းကာ အနုမောဒနာပြု ဖွင့်လှစ်နိုင် ခဲ့ကြသည်။ ဟာတူး (Haltu) ကျေးရွာ မူလတန်းကျောင်း[ပြင်ဆင်ရန်] ဟာလ်တူး ကျေးရွာ၏ မူလတန်း စာသင်ကျောင်းကို ၁၉၇၄ နောက်ပိုင်းမှ စတင်ဖွင့်လှစ်ခဲ့သည်။ ထိုမှ နိုင်ငံတော် အစိုးရ၏ ပံ့ပိုးမှုဖြင့် ပျဉ်ထောင် သက်ကယ်မိုးဖြင့် ဆောက်လုပ်နိုင်ခဲ့ကြသည်။ မဆလ ခေတ်ကာလ တလျှောက်လုံးတွင်ပင် ပညာရေး အခြေအနေမှာ အတန်သင့် တိုးတက်မှုများ ရှိလာခဲ့သည်။ မတူပီမြို့နယ်တွင် စာသင်ကျောင်း နောက်ကျစွာ ရရှိခဲ့သော်လည်း အိမ်နီးချင်းရွာဖြစ်သည့် ချန်းပြန်းရွာ၌ ပညာသင်ယူခဲ့ကြသဖြင့် အခြားသော ကျေးရွာများထက် နောက်ကျမှု မရှိလှပေ။ ထို့အပြင် ကျေးရွာလူထု၏ ကြိုးပမ်းမှုနှင့် တာဝန်ရှိ အုပ်ချုပ်သူများ၏ ရပ်ရွာတိုးတက် ဖွံ့ဖြိုးမှု ဆောက်ရွက်ခြင်းများကြောင့် မတူပီမြို့နယ်တွင် စံပြအဖြင့် ရပ်တည်နိုင်ခဲ့သည်။ ရေအား လျှပ်စစ်စီမံကိန်း အစရှိသော လုပ်ဆောင်မှုများသည် ဟာလ်တူးကျေးရွာ၏ တိုးတက်မှု ပြယုဂ်များပင် ဖြစ်သည်။ နိုင်ငံတော်အစိုးရ၏ ပံ့ပိုးမှုဖြင့် စာသင်ကျောင်းများရရှိ တည်ဆောက်နိုင်ခဲ့သည် နှင့်အညီ အခြားသော ပညာရေးဆိုင်ရာ အားပေးမှုများလည်း ခံစား ရရှိခဲ့သည်။ ကျေးရွာတွင်း၏ ဖွံ့ဖြိုးရေးကြိုးပမ်းမှုများကို အသိမှတ်ပြုသည့်အနေဖြင့် ကျေးရွာ စာသင်ကျောင်းကို အသစ်ဆောက်လုပ်ခွင့် ပေးခဲ့သည်။ နိုင်ငံတော် အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ဟာလ်တူးကျေးရွာ စာသင်ကျောင်းကို အုတ်တိုက်ဖြင့် ဆောက်လုပ်ခွင့်အပြင် ရံပုံငွေ များကိုလည်း ချမှတ်ပေးခဲ့သည်။ သက္ကရာဇ် ၂ဝဝဝ ခုနှစ်တွင် တိုက်ဖြင့် ဆောက်လုပ်ထားသည့် စာသင်ကျောင်း အသစ်ကို မြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌနှင့်အတူ မြို့နယ်လူကြီးများမှ ဖွင့်လှစ်ပေးခဲ့သည်။ ကျောင်းသား - ကျောင်းသူများအတွက် စာသင်အထောက်အကူ ပစ္စည်းများနှင့် ပညာရေးကဏ္ဍ လိုအပ်ချက်များ၊ ကျောင်းဆရာ - ဆရာမများကိုလည်း အားဖြည့်ပေးခဲ့သည်။ ချန်းပြန်း (Hlang Prang) - ဟာတူး (Haltu) မော်တော်ကားလမ်း[ပြင်ဆင်ရန်] ဟာလ်တူးကျေးရွာ၏ လမ်ပန်းဆက်သွယ်ရေးသည် အရင်ကာလများတွင် ခက်ခဲ့မှုများရှိခဲ့ကြောင်း ဖေါ် ပြခဲ့ပြီးဖြစ်သည်။ ထိုခက်ခဲသည့် လမ်းပန်း ဆက်သွယ်ရေးကို ဖြေရှင်းနိုင်ရန် အုပ်ခုျပ်သူများနှင့် ကျေးရွာလူထုမှ တွေးတော ကြံစည်ခဲ့ကြသည်။ မဆလခေတ် ကျေးရွာပြည်သူ့ကောင်စီ ဥက္ကဌဖြစ်သူ ဦးချစ်ဒါမ်း လက်ထက်တွင် လမ်းပန်း ဆက်သွယ်မှု ကဏ္ဍကို အထူးပင် အလေးထားခဲ့သည်။ ယခင်ကာလများတွင် လမ်းဟု၍ သတ်သတ် မှတ်မှတ် မရှိခဲ့သည့် ချန်း ပြန်း - ဟာလ်တူးလမ်းကို ဖေါ်ခဲ့ပြီး သွားလာရေး လွယ်ကူစေရန် သုံးပေလမ်း ဖေါက်လုပ်ခဲ့သည်။ အလားတူပင် ဟာလ်တူး - ကာလ်အီမ်းလမ်းကိုလည်း ဖေါက်နိုင်ခဲ့သည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက်တွင် ဥက္ကဌအဖြင့် ဆောင်ရွက် ဦးစီးခဲ့သည့် ဦးထန်စား လက်ထက်တွင် မိုးတွင်းကာလများတွင် မင်းတပ် - မတူပီ ဖြတ်လမ်းအဖြင့် အဓိကအသုံးပြုသည့် ဟာလ်တူး - ကူျတ်ရွာသစ်လမ်းကိုလည်း ဖေါက်လုပ်နိုင်ခဲ့ သည်။ ဤသို့ဖြင့် ကျေးရွာ တိုးတက်မှုကို အလေးထားသည့် ကျေးရွာ လူထုအနေဖြင့် ဟာလ်တူးကျေးရွာ အတွင်း မော်တော်ကားလမ်း ဖေါက်လုပ်ရေးကို များစွာလိုလားကြသည်။ ဦးထန်စား လက်ထက်တွင် ကျေးရွာတွင်း မော်တော်ကားလမ်း ဖေါက်လုပ်ရေးကို အထူး ကြိုးပမ်းခဲ့သည်။ ကားလမ်း ဖေါက်လုပ်ရေးကို ကိုယ်ထူ ကိုယ်ထအားဖြင့် စတင်ခဲ့ပြီး ဦးစွာရွာအတွင်း ရွာလယ်လမ်းမကို စတင်၍ ဖေါက်လုပ်ခဲ့သည်။ ကျေးရွာအဝင်လမ်း မှစ၍ ရွာအထွက်တိုင် လမ်းမကြီးကို ဖေါက်လုပ်ခဲ့သည်။ အခြေအနေ အရပ်ရပ်ကြောင့် ဆက်လက်၍ ဖေါက်လုပ်နိုင်ခြင်း မရှိခဲ့ချေ။ နောင်တွင် ကျေးရွာ ဥက္ကဌအဖြင့် တာဝန်ယူကြသည့် ခေါင်းဆောင်များမှ ကျေးရွာတွင်း မော်တော်ကားလမ်း ဖေါက်လုပ်ရေးကို အထူး ကြိုးပမ်းခဲ့ကြသည်။ လမ်းဖေါက်လုပ်မှုကို ဦးချစ်ဒါမ်း လက်ထက်မှစ၍ ဦးထန်စား၊ ဦးကာလ်ဗန်း၊ ဦးရိုင်ပွန်း၊ ဦးခါပ်နား စသည်ဖြင့် မိမိကျရာ၌ အသီးသီး ဆောင်ရွက်ခဲ့ကြသည်။ ကျေးရွာ လမ်းဖေါက်လုပ်ရေးကို ဖေါ်ပြပါ ဥက္ကဌအသီးသီးမှ ကြိုးပမ်းခဲ့ကြပြီး မြို့နယ် အကြီးအကဲများထံ ရံပုံငွေရရှိရေးကို တင်ပြခဲ့ကြသည်။ နောက်ပိုင်းတွင် လမ်းဖေါက်လုပ်ရန် ရံပုံငွေများ(ဘတ်ဂျက်) ရရှိလာကြပြီး လမ်းဖေါက်လုပ်ခြင်းကို ဆက်လက် ဆောင်ရွက်ခဲ့ကြသည်။ ကျေးရွာ ဥက္ကဌအဖြင့် ဦးလောင်းဟောန်မှ ဆောင်ရွက်လာသောအခါ ထိုလမ်းဖေါက်လုပ်ရေး ကြိုးပမ်းမှုမှာများစွာ အောင်မြင်မှု ရရှိခဲ့သည်။ လမ်းဖေါက်လုပ်ရန် ရံပုံငွေများ ရရှိခဲ့သည် သာမကဘဲ လမ်းဖေါက်လုပ်သည့် ယန္တရားများကိုပင် ငှားရမ်းပြီး ဖေါက်လုပ်နိုင်ခဲ့သည်။ သို့ဖြင့် သက္ကရာဇ် ၂ဝဝ၄ ခုနှစ်တွင် ချန်းပြန်း - ဟာလ်တူးကားလမ်းကို အောင်မြင်စွာ ဖေါက်လုပ်နိုင်ခဲ့ကြသည်။ အခက်အခဲ အဟန့်တား အမျိုးမျိုးကြားမှ မော်တော်ကား လမ်းမကြီးကို ဖေါက်လုပ်နိုင်ခဲ့ကြပြီး မတူပီမြို့နယ် အုပ်ချုပ်သူ အကြီးအကဲများမှ အောင်မြင်စွာ ဖွင့်လှစ်ပေးခဲ့ကြသည်။ ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်] - ဟာတူးရွာနှင့် သဘာဝပတ်ဝန်းကျင် - အနာဂါတ်ဆီသို့ မျှော်ကြည့်ရာဝယ်
<urn:uuid:b55ba7fb-8ab2-4386-9915-a8c22d2ee0eb>
CC-MAIN-2013-20
http://my.wikipedia.org/wiki/%E1%80%9F%E1%80%AC%E1%80%90%E1%80%B0%E1%80%B8
2013-06-18T03:40:09Z
s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368707773051/warc/CC-MAIN-20130516123613-00043-ip-10-60-113-184.ec2.internal.warc.gz
mya
0.998171
Mymr
47
{"mya_Mymr_score": 0.9981705546379089}
အားနည်းချက်များရှိရင် ဖြည့်စွက်ယူကြပါ ခင်ဗျား။ ၁။ စိတ်သာရှင်စော ဘုရားဟော - မိမိရဲ့ ခေါင်းဆောင်ကောင်းဖြစ်တဲ့ ဓမ္မနဲ့ ညီညွတ်တဲ့ မိမိရဲ့ အတွင်းသန္တာန် ကို လည်း သိပါပြီ။ ၂။ မျှော်နေရင် လင့်သွားမယ်။ မျှော်ခြင်းအလုပ်ကို လုပ်နေမည့်အစား လင့်မသွားရအောင် နိုင်ရာတာဝန်ကို ကိုယ်စီယူပြီး Work Done ဖြစ်အောင် လုပ်နေဖို့လည်း တိုက်တွန်းပြီးပါပြီ။ ၃။ အဆိုးဆုံးအတွက် ပြင်ဆင်ဖို့ရာမှာလည်း နီးရာရန်သူ မိစ္ဆာဒိဋ္ဌိတွေကို လက်ဦးမှု ရယူနိုင်ဖို့လည်း နှိုးဆော် ပြီးပါပြီ။ ဒီကနေ့တော့ ကိုယ့်တာဝန်ကိုယ်ယူ၊ ကိုယ့်အလုပ်ကိုယ်လုပ်၊ Partition ခွဲတဲ့ အလုပ်အပိုင်းကို တင်ပြလိုပါတယ်။ လူတန်းစားအသီးသီး၊ အလွှာအသီးသီး၊ ပုဂ္ဂိုလ်အမျိုးမျိုး၊ အရည်အချင်းအမျိုးမျိုးဖြင့် အမျိုး၊ ဘာသာ၊ သာသနာ ကို ကာကွယ်ဖို့ မိစ္ဆာဒိဋ္ဌိတွေကို တွန်းလှန်နိုင်ဖို့ ကြိုးစားနေကြပါပြီ။ ဥာဏ်ရှိသလို၊ ဥာဏ်ရည်ဥာဏ်သွေးမှီသလို ကိုယ်စီကိုယ်ငှ ဆိုင်ရာ၊ နိုင်ရာ တာဝန်ကို ယူနေကြပါပြီ။ ဥာဏ်ရည်မတူလျှင် အလုပ်သဘောမတူနိုင်ပါ။ ဥာဏ်ရည်မတူလျှင် အပြောအဆိုမတူနိုင်ပါ။ ဥာဏ်ရည်မတူလျှင် စွန့်လွှတ်နိုင်သည့် အရည်အသွေး မတူပါ။ မည်သို့ပင် မတူသော်ငြားလည်း ကျနော်တို့သည် အဆင့်အမျိုးမျိုး၊ အရည်အသွေးအမျိုးမျိုး အားလုံးကို မိစ္ဆာ ဒိဋ္ဌိတို့အား တိုက်ဖျက်ရန်အတွက် လိုအပ်နေပါသည်။ အားလုံးသော သူတော်ကောင်းတို့သည် အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်ရန်ဟူသော တူညီသော ရည်ရွယ်ချက်ဖြင့် မိစ္ဆာဒိဋ္ဌိတို့ကို ဆန့်ကျင် တွန်းလှန်နေခြင်းသည် ညီညွတ်ခြင်းပင် ဖြစ်သည်။ ဒီနေရာမှာ အရေးကြီးတာက Partition ပါပဲ။ ဓမ္မပေတံဖြင့် တိုင်းတာ၍ မိမိ အကောင်းဆုံး လုပ်နိုင်သော အလုပ် ကို မိမိကိုယ်တိုင် တာဝန်ယူနိုင်ဖို့၊ လုပ်နိုင်ဖို့ အလွန်အရေးကြီးပါတယ်။ သူတပါး၏ လုပ်နိုင်သော အရည်အသွေးနှင့် နှိုင်းယှဉ်ဝေဖန်ခြင်း၊ ကောင်း/ဆိုး ဝေဖန်ခြင်းတို့ကို မပြုကြဘဲ မိမိ၏ Partition အတွင်း၌ ကိုယ်လုပ်နိုင်သော အလုပ်ကို၊ ကိုယ်ယူနိုင်သော တာဝန်ကို ထိရောက်စွာ အကောင်းဆုံး လုပ်နေရန် အရေးကြီး ပါတယ်။ အလုံးစုံမတူညီနိုင်ပါ။ ကျနော်တို့သည် တစ်ဦးကိုတစ်ဦး စောင်းကြည့်၊ ငဲ့ကြည့်ပြီး မိမိပေတံဖြင့် သူတပါးကို တိုင်းတာဝေဖန်နေခြင်းဖြင့်၊ အပြစ်တင်နေခြင်းအားဖြင့် မိမိ၏ ပစ္စုပ္ပန်ကို ဘာမှမလုပ်လိုက်ရဘဲ အလွန်သန့်ရှင်း သစ်လွင်သော Present Moment ကို ဖြုန်းတီး ပစ်လိုက်မိသလို ဖြစ်သွားနိုင်ပါတယ်။ - ရည်ရွယ်ချက်တူညီသော အင်အားစုများ အချင်းချင်း အင်အားချည့်နဲ့အောင် ကိုယ့်ဘာသာကိုယ် ဖြိုခွဲမိသလို ဖြစ်သွားနိုင်ပါတယ်။ - မိမိ၏ ဆန့်ကျင်ဘက် အင်အားစုများကလည်း ဤသို့ဖြစ်အောင် စိတ်ဓာတ်စစ်ဆင်ရေး လုပ်ထားခြင်း ဖြစ်သဖြင့် ရန်သူကို စိတ်အားတက်စေနိုင်ပါတယ်။ - တစ်ဦးကို တစ်ဦး မှားတယ်၊ မှန်တယ် ဝေဖန်ရင်း အလွန်အန္တရာယ်ရှိသော အခြေအနေသို့ အချိန်နဲ့အမျှ နီးကပ်သွားပြီး ဘာမှမပြင်ဆင်လိုက်ရဘဲ ဖြစ်စေနိုင်ပါတယ်။ Community (အဖွဲ့အစည်း) နှင့် ပြုလုပ်မှရသော အခြေအနေများကို ရှောင်လွှဲ၍ မရနိုင်ပါ။ အချင်းချင်း ဆက် သွယ်ခြင်း၊ အချင်းချင်း နားလည်မှုရှိခြင်း၊ အချင်းချင်း ပူးပေါင်း၍ တိုက်ပွဲဝင်ခြင်းတို့သည် ပြုကိုပြုရ မည့်အရာလည်း ဖြစ်သည်။ Partition လုပ်ရန်ဟုဆိုရသော အဓိက ရည်ရွယ်ချက်တွင် Attitude (သဘောထား) သည် အရေးကြီးပါသည်။ Positive Attitude သည် အကောင်းဆုံး Partition ပင်ဖြစ်ပါသည်။ ဗုဒ္ဓ၏ အဘိဓမ္မာတွင် ဤအဓိပ္ပာယ်ကို ယောနိသောမနသိကာရ ဟူသော ပါဠိဘာသာဖြင့် ဖော်ပြထားပါ သည်။ ယောနိသောမနသိကာရ ဆိုသော ပါဠိဝေါဟာရသည် ဓမ္မသဘာဝလောကကြီးကို ဆန့်ကျင်ဖက်မလုပ်ဘဲ လော ကကြီး ၏ အမှန်သဘောအတိုင်း နှလုံးသွင်းခြင်းပင် ဖြစ်ပါသည်။ (တနည်းအားဖြင့်ဆိုသော် သူတစ်ပါးကို သူတစ်ပါးကို Judgment လိုက်လုပ်မနေဘဲ လောကဓမ္မအတိုင်း လူအမျိုးမျိုး စိတ်အထွေထွေ ရှိသည် ကို ကိုယ် တိုင် နားလည်ပြီး ရည်ရွယ်ချက်တူသူများ ကိုယ့်အလုပ်ကိုယ်လုပ်ခြင်းသည် အကောင်းဆုံး Partition အတွင်း နေထိုင် ကျင့်ကြံခြင်းပင်ဖြစ်သည်။) (ကိုယ်လည်း ကိုယ့်တာဝန် ကိုယ်ယူ၊ ကိုယ့်အလုပ် ကိုယ်လုပ်၊ ကိုယ့်ဥာဏ်နှင့် ကိုယ်ရွေးချယ်) အလုပ်ပြီး မြောက်အောင် လုပ်။ (သူလည်း သူ့တာဝန် သူယူ၊ သူ့အလုပ် သူလုပ်၊ သူ့ဥာဏ်နှင့် သူရွေးချယ်) အလုပ်ပြီးမြောက်အောင် လုပ်။ အလုပ်ပြီးမြောက်ဖို့သာ အဓိက ဖြစ်သည်။ ထိုသို့လက်ခံနားလည်နိုင်ရန် ကျနော်တို့တွင် လက်ခံနိုင်သော စွမ်းရည် (Acceptance) ကြီးဖို့ လိုအပ်ပါသည်။ အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်ရမည်ဟူသော ရည်မှန်းချက်တူညီသော သမ္မာဒိဋ္ဌိ ဗုဒ္ဓဘာသာဝင်များ ဖြစ်သည် နှင့်အညီ တူညီသော ရည်ရွယ်ချက်များအတွင် ဝေဖန်ခြင်းသည် အပြုသဘောဆောင်၍ နားခံသာ အောင် ညှိနှိုင်းဆက်သွယ်ကြသည့် သဘောမှတပါး အပြစ်တင်ခြင်း၊ အဆိုးမြင်ခြင်းများ မရှိသင့်ပေ။ ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်တာဝန်ကိုယ်ယူ …အချင်းချင်း အရည်အသွေးမတူနိုင်တာတွေကို အတင်းမညှိဘဲ၊ ဖိအားမပေးဘဲ အပြုသဘောဆောင်သော အမြင်ဖြင့်သာ ဆွေးနွေးညှိနှိုင်းသင့်ပေသည်။ အမျိုး၊ ဘာသာ၊ သာသနာအတွက် တူညီသော ဦးတည်ချက်တစ်ခုကိုသာ အာရုံပြု၍ ကိုယ့် Partition အတွင်း ကိုယ့်အလုပ်ကိုယ်ပြီးအောင် လုပ်နေကြဖို့ အရေးကြီးပါသည်။ အချိန်တိုင်း အန္တရာယ်ဆီသို့ ဦးတည် သွားနေပါသည်။ နောင်မှ လုပ်ရမည့် အသိဥာဏ်ချိန်ညျှိမှု ကိစ္စကို နောင်မှ ဆွေးနွေးကြပါစို့။ အရင်ဆုံး ဦးစားပေးလုပ်ရမည့် မိစ္ဆာဒိဋ္ဌိတော်လှန်ရေးကို အောင်မြင်စွာ ပြီးဆုံးနိုင်အောင် ကိုယ့် အလုပ် ကိုယ်လုပ်ရင်းဖြင့် ချီတက်ကြပါစို့။ ညီညွတ်ကြပါစို့။ လူတန်းစားအားလုံး တော်လှန်ရေးအတွက် လိုအပ်ပါသည်။ မလိုအပ်သောသူဟူ၍ မရှိပါ။ အားလုံးကို ကြိုဆိုပါသည်။ (တော်လှန်ရေးတွင် လူတန်းစားအားလုံး ပါဝင်ကြပါစို့။) Thursday, March 27, 2008 ဤ Unity Part V တွင် လုပ်ငန်းပိုင်းလေးတွေ ခွဲပြီး တင်ပြထားပါတယ်။
<urn:uuid:7ac53536-0dc3-4149-84b1-43b11f8b7606>
CC-MAIN-2013-20
http://niknayman.blogspot.com/2008/03/partition.html
2013-06-19T04:50:40Z
s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368707773051/warc/CC-MAIN-20130516123613-00043-ip-10-60-113-184.ec2.internal.warc.gz
mya
0.888933
Mymr
35
{"mya_Mymr_score": 0.8889331221580505, "blk_Mymr_score": 0.10465123504400253}
Western Union ငွေကြေး လွှဲပြောင်း မှု လုပ်ငန်းများ မြန်မာ နိုင်ငံ မှာ စတင် နိုင်ငံ တကာ ရှိ နိုင်ငံ ပေါင်း ၂၀၀ ကျော် တွင် ငွေကြေး လွှဲ ပြောင်း ၀န်ဆောင် မှု များ လုပ် ကိုင် နေသည့် Western Union နှင့် မြန်မာ နိုင်ငံ ရှိ ပုဂ္ဂလိက ဘဏ် တစ်ခု ဖြစ်သည့် Myanmar Oriental Bank (မြန်မာ အရှေ့ တိုင်း ဘဏ်) တို့ ပူး ပေါင်း ၍ ငွေ ကြေး လွှဲ ပြောင်း ၀န်ဆောင် မှု လုပ် ငန်းများ စတင် တော့ မည် အပတ် စဉ် စီးပွားရေး သတင်းစာ မှာ ဖော် ပြထား ပါတယ်။ Western Union ရဲ့ လုပ်ငန်း တွေ စတင် ရင် အရင် က လို ဟွန်ဒီ စတဲ့ တရား မ၀င် ငွေလွှဲ စနစ် တွေ နဲ့ နိုင်ငံ ရပ်ခြား ရောက် နေတဲ့ မြန်မာ တွေ က ပြည် တွင်း ကို ငွေ လွှဲ ပြောင်း ပေး ပို့ စရာ မလို တော့ ဘူး ဆို ပေမယ့် ၊ လွှဲပြောင်း တဲ့ ငွေကြေး တွေ မှာ အခွန် ကောက် ခံ မှု ပြု တာ တို့ ၊ ၀င် ငွေ ခွန် လိုက် တာ တွေ ဖြစ် လာ မှာ ကို တော့ သတိထား ရမှာ ဖြစ်တယ် လို့ စင်္ကာ ပူ မှာ ဆော်ဖ်ဝဲလ် အင်ဂျင်နီယာ တာဝန် ကို ထမ်းဆောင် နေ တဲ့ ကို ဇော် ဇော် က ပြော ပါတယ်။ Western Union ဟာ နိုင်ငံ ပေါင်း ၂၀၀ ကျော် မှာ ဧဂျင်စီ ငါးသိန်း ကျော် နဲ့ အလုပ် လုပ် ကိုင် နေတာ ကြောင့် ငွေ ကြေး လွှဲ ပြောင်း မှု တွေ ကို ကမ္ဘာ့ ဘယ် နေရာ က မဆို အခက် အခဲ မရှိ ငွေ လွှဲ နိုင်ပါတယ်။ တရားဝင် ငွေကြေး လွှဲ ပြောင်း မှု တွေ ဖြစ်လာ တဲ့ အခါ အရင် က လို ငွေ ကြေး လွှဲ ပြောင်း မှု မှာ အထစ် အငေါ့ ရှိ မှာ ကို တော့ စိုးရိမ် စရာ မလို တော့ ကြောင်း ရန်ကုန် မြို့ မှ အီလက်ထရောနစ် ပြခန်း ပိုင် ရှင် ဦးမောင်နိုင် က FNG ကို ပြောပါတယ်။ ယခင် က စီမံ ချက် ဖြင့် ဖမ်းဆီး မှု များ ၊ ဟွန်ဒီ များ မှ ထွက် ပြေး တိမ်းရှောင် မှု တွေ ရှိ ခဲ့ လို့ ငွေ လွှဲ သူ တွေ မှာ နစ်နာ ဆုံး ရှုံး မှု တွေ ရှိ ခဲ့ ကြ ပါတယ်။ မြန်မာ နိုင်ငံတွင်း အလုပ်အကိုင် ရှားပါးမှု နှင့် လုပ်ခလစာ ခေါင်းပုံဖြတ်ခြင်းများရှိနေခြင်း တို့ ကြောင့် နိုင်ငံရပ်ခြားသို့ သွားရောက် အလုပ်လုပ်ကိုင်ရသည့် မြန်မာအလုပ်သမားများသည် ဟွန်ဒီ ဟု ခေါ် သည့် ငွေကြေးလွှဲပြောင်းမှု စနစ်တစ်မျိုးဖြင့် မြန်မာ နိုင်ငံတွင်းရှိ မိသား စုများသို့ မိမိ တို့ ရှာဖွေ စုဆောင်းထားသည့် ငွေကြေးများ အား ပြန်လည် လွှဲ ပြောင်း မှု များ ရှိကြပါတယ်။ မြန်မာ အရှေ့ တိုင်း ဘဏ် နဲ့ Western Union တို့ ၏ ငွေကြေး လွှဲ ပြောင်း မှု လုပ် ငန်း များ ကို ကနဦး အဆင့် စတင် နေ ပြီ ဖြစ်ပေမယ့် မြန်မာ နိုင်ငံ တွင်း က နေ နိုင်ငံ ရပ် ခြား ကို ငွေ ကြေး လွှဲ ပြောင်း လို့ ရ အုံး မှာ မဟု တ်သေး ပဲ ၊ နိုင်ငံ ခြား က နေ မြန်မာ ပြည် တွင်း ကို သာ ငွေ ကြေး လွှဲ ပြောင်း လို့ ရမှာ ဖြစ်ပါတယ်။ နိုင်ငံရပ်ခြားရောက် မြန်မာ များ၏ နိုင်ငံတွင်းသို့ ငွေကြေးလွှဲပြောင်းပေးပို့ ငွေမှာ တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ သိန်းခြောက်ထောင် နီးပါးရှိမယ် လို့ ခန့် မှန်း ရပါတယ်။
<urn:uuid:3868affb-f4cc-42e5-a796-c52892f57dd0>
CC-MAIN-2013-20
http://freedomnewsgroup.com/2012/09/13/western-union/
2013-05-21T08:37:17Z
s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368699812416/warc/CC-MAIN-20130516102332-00057-ip-10-60-113-184.ec2.internal.warc.gz
mya
0.9995
Mymr
2
{"mya_Mymr_score": 0.9995002746582031}
မောင်မဲသူသည် ငယ်စဉ်အခါက လိမ္မာ၏။ မိဘ၏ ဆိုဆုံးမမှုကို နာခံ၏။ အကို အမတို့၏ စကားကိုလည်း နားထောင်၏။ ကျောင်းမှန်မှန်တက်ပြီး စာကြိုးစား၏။ အားလုံးကလည်း မောင်မဲသူကို ချီးမွမ်းကြ၏။ မောင်မဲသူ အထက်တန်းကျောင်းသား ဖြစ်လာသောအခါ အပေါင်းအသင်း များလာ၏။ ကောင်းသည့် အပေါင်းအသင်းမဟုတ်၊ ဆရာ့စကား နားမထောင်သော ကျောင်းပြေးတတ်သောသူများနှင့် ပေါင်းမိ၏။ ထို့ကြောင့် မောင်မဲသူ၏ ကောင်းသောအကျင့်စရိုက်များ တဖြည်းဖြည်း နိမ့်ကျလာ၏။ ကျောင်းတက်ချိန် မမှန်၊ စာမအံဘဲ အကို အမတွေကို ပြန်၍ အာခံလာ၏။ တနေ့တွင် မောင်မဲသူသည် သူငယ်ချင်းတစုနှင့် အရက်သောက်၏။ အရက်မူးပြီး အိမ်သို့ပြန်လာသော မောင်မဲသူကို အကိုဖြစ်သူက ဆူပူကြိမ်းမောင်းပြီး လက်ဖြင့်ရိုက်၏။ မောင်မဲသူက ပြန်လည်တုံ့ပြန်၏။ သူတပြန် ကိုယ်တပြန် ထိုးကြ ကြိတ်ကြ၏။ မိခင်ဖြစ်သူက ၀င်ရောက်ဖျန်ဖြေသော်လည်း မရ၊ မောင်မဲသူ ပြန်လည်ထိုးလိုက်သော လက်သီးသည် အကို့ကိုမထိ၊ မိခင်ဖြစ်သူကို ထိလေ၏။ မိခင်ဖြစ်သူ၏ မျက်နှာနှင့်လက်မောင်းတို့တွင် အညိုကွက်များ ဖြစ်သွားလေ၏။ ညီအကိုမောင်နှမများအားလုံး ၀ိုင်းဆွဲကြမှ ပြဿနာက ပြီးဆုံးသွား၏။ နောက်တနေ့တွင် မောင်မဲသူ ကျောင်းသို့သွားရာ၌ လူငယ်အချို့နှင့် စကားများ ရန်ဖြစ်ကြ၏။ မောင်မဲသူ၏ မချေမငံ ရန်လိုသောစကားများကြောင့်ဖြစ်၏။ ထိုရန်ပွဲတွင် မောင်မဲသူ အတော်ပင် ခံလိုက်ရ၏။ မျက်နှာတပြင်လုံးတွင် ဖူးရောင်နေသော အညိုကွက်များဖြင့် ပြည့်နှက်နေလေ၏။ ထိုသို့ဖြစ်ရခြင်းမှာ ပြီးခဲ့သည့်ညက မိခင်ဖြစ်သူအား ဒဏ်ရာဒဏ်ချက်များ ရရှိအောင် တမင်ရည်ရွယ်၍ လုပ်ဆောင်ခဲ့ခြင်း မဟုတ်သော်ငြားလည်း မိခင်ဖြစ်သူကို အနာတရဖြစ်စေခဲ့သော သူ၏လုပ်ရပ်အတွက် ပြန်လည်ပေးဆပ် လိုက်ရသော အပြစ်များပင် ဖြစ်ပေသည်။ အကယ်၍ မိခင် ဖခင် ဆရာသမားတို့အပေါ်၌ တမင်ရည်ရွယ်၍ နာကျင်ထိခိုက်အောင် ပြုလုပ်ခဲ့မည်ဆိုလျှင်ကား ပြန်လည်ရရှိမည့် အကုသိုလ်ဆိုးများသည် မတွေးဝံ့အောင်ပင် ဖြစ်သည်။ ကြီးလေးသာ အပြစ်များ ဧကန်မုချ ခံရမည်သည် ဖြစ်သည်။ နေထွဏ်း (န၀ရတ်) ( မြတ်မင်္ဂလာ ၂၀၀၈-ခု ဖေဖော်ဝါရီလ)
<urn:uuid:ae64e877-038b-4d0d-bb1b-3a66f228fdf5>
CC-MAIN-2013-20
http://www.mawluu.com/2010/07/blog-post_03.html
2013-05-23T17:14:48Z
s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368703635016/warc/CC-MAIN-20130516112715-00057-ip-10-60-113-184.ec2.internal.warc.gz
mya
0.980094
Mymr
4
{"mya_Mymr_score": 0.980094313621521, "blk_Mymr_score": 0.01930718868970871}
ပယင်း ပယင်း(Amber) သည် ဇီဝမူလ ကျောက်မျက် အမျိုးအစားဖြစ်သည်။ တိကျသော ဓါတုဖွဲ့စည်းမှုသော်လည်းကောင်း၊ ပုံဆောင်စနစ်သော်လည်းကောင်း မရှိပေ။ ဓါတုဖွဲ့စည်းမှုအားဖြင့် ဟိုက်ဒရို-ကာဘွန်နိတ် ဒြပ်ပေါင်းများပင်ဖြစ်သည်။ သိပ်သည်းဆ ၁.၀၇၊ မာဆင့် ၂.၅ သာရှိသောကြောင့် မီးအပူဒဏ်နှင့် ငရဲမီးဒဏ်တို့ကို မခံနိုင်ပေ။ ထို့ကြောင့် သတိထားထိန်းသိမ်းရန် လိုအပ်သည်။ ဖြစ်ပေါ်ပုံ [ပြင်ဆင်ရန်] ထင်းရှူးမျိုးနွယ်စုမှ ရသည့်သစ်စေးမှ ကျောက်ဖြစ်ရုပ်ကြွင်းများဖြစ်သည်။ ယေဘုယျအားဖြင့် နှစ်သန်းပေါင်း၆ဝသက်တမ်းရှိသည့် ပိုးမွှား၊အင်းဆက်များ အောင်းဝင်နေသည်မှာ ထင်ရှားသည်။ ဆားငံရည်တွင် ပေါ်နေနိုင်သည်။ မီးရှို့သော် စူးရှရှအနံ့မျိုးရသည်။
<urn:uuid:2ec2e87a-5648-49c2-82e0-095b84a1a9f2>
CC-MAIN-2013-20
http://my.wikipedia.org/wiki/%E1%80%95%E1%80%9A%E1%80%84%E1%80%BA%E1%80%B8
2013-05-18T09:27:49Z
s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368696382185/warc/CC-MAIN-20130516092622-00060-ip-10-60-113-184.ec2.internal.warc.gz
mya
0.997104
Mymr
1
{"mya_Mymr_score": 0.997104287147522}
??????????? ??????????? ?????????????? ?????????????? ?????? ????????????? ???? ???????????? မြန်မာ့တပ်မတော်မှာ ယခင်က ကိုယ်တိုင်တော်၊ အဖားတော်၊ အမျိုးတော်ဆိုပြီး တော်သုံးတော်ဆိုတဲ့ ဆိုရိုးစကား ရှိခဲ့ပါတယ်။ အရာရှိတွေဟာ အဲဒီ တော်သုံးတော်ထဲက အဖားတော်နဲ့ အမျိုးတော်တို့နဲ့ဘဲ လုံးပန်းနေရပြီး ကိုယ်တိုင်တော်ဆိုတဲ့ တော် တစ်မျိုးကတော့ နောက်ဆုံးမှာဘဲ ရှိနေပါတယ်။ နအဖခေတ် လက်ထက်မှာတော့ မိမိ အကြီးအကဲကို ဒုက္ခပေးမဲ့သူ၊ အန္တရယ်ပေးမဲ့သူ ဖြစ်လာရင် ဇာတာအရ စစ်ဆေးလိုက်ပါက ဘယ်လိုဘဲ တော်သုံးတော်ထဲမှာ အကျုံးဝင်နေပါစေ ချောင်ပို့လိုက်တာ များပါတယ်။ ဒေါ်ကြိုင်ကြိုင်ဟာ လင်တော်မောင် ဦးသန်းရွှေကို အကျိုးပေးမဲ့သူ၊ အနစ်နာခံမဲ့ သူမျိုးကိုသာ သေသေချာချာ တွက်ချက် စီစစ် ရွေးချယ်တတ်ပါတယ်။ ဒါကြောင့် ယနေ့ခေတ် မြန်မာ့တပ်မတော်မှာ အရာရှိတွေ နှုတ်ဖျားမှာ ရေပမ်းစားနေတာကတော့ ဇာတာတော်ရမယ် ဆိုတာဘဲ ဖြစ်ပါတယ်။ သောကြာသား ဦးသန်းရွှေနဲ့ အလွမ်းသင့်ရမယ် ဆိုတာ အဓိက ဖြစ်ပါတယ်။ အရာရှိကြီးကတော်တွေဟာ ဗေဒင်ယတြာ ဘိုးတော်၊ အောက်လမ်းနည်း၊ အထက်လမ်းနည်းတွေကို အင်မတန်မှ ယုံကြည်စွဲလမ်းကြီးကြသူများ ဖြစ်ပါတယ်။ ယခင်က န၀တ အတွင်းရေးမှူး (၃) ဒုတိယ ဗိုလ်ချုပ်ကြီး ၀င်းမြင့် ဆိုရင် ခမရ (၁၈) တပ်ရင်းမှူးဘ၀တုံးက ရှေ့တန်း ထွက်ခိုင်းတဲ့ရက်ဟာ ပြဿဒါးရက် ဖြစ်နေလို့ တပ်ရင်း တစ်ရင်းလုံး တပ်ခြံစည်းရိုးမှ တရက်စောထွက်ပြီး စာသင်ကျောင်း ဘောလုံးကွင်းမှာ သွားအိပ်ရတဲ့ အဖြစ်ဆိုးမျိုး ကြုံတွေ့ခဲ့ရတယ်လို့ စစ်သည်တွေက ပြောပါတယ်။ ရှေ့တန်းထွက်ရင် ယတြာချေတဲ့အနေနဲ့ ဆူးခက်တွေ ချထားတဲ့ သစ်ရွက်သစ်ကိုင်းတွေကို နင်းပြီးမှ ရှေ့တန်းထွက်ရပါတယ်။ ဒေါ်ကြိုင်ကြိုင် ဆိုရင် သူ့ရဲ့ လင်တော်မောင်ဟာ ယခင်က ရှင်ဘုရင်ဝင်စားခဲ့တယ်ဆိုလို့ ရှေးခေတ်ဘုရင် အသုံးအဆောင်များအတိုင်း အဆောက်အဦး ပြဿဒ်တွေကို နေပြည်တော် အဆောက်အဦးတွေမှာ သုံးခိုင်းတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဧည့်သည်တွေ့ရင် ဧည့်ခန်းမှာ ဖျာခင်းကော်ဇောခင်း ထိုင်ခိုင်းပြီး သူတို့ကတော့ ဆိုဖာတွေပေါ်မှာထိုင်ပြီး နာမ်နှိမ်တဲ့ သဘောနဲ့ ဆက်ဆံပြောဆိုတာ တွေ့ရပါတယ်။ ဗိုလ်ချုပ်ခင်ညွှန့်တောင် န၀ဒေးမှာ နေခဲ့စဉ်တုံးက အဲဒီလို ဖြစ်စဉ်မျိုး ကြုံတွေ့ခဲ့လို့ နောင်ဘယ်တော့မှ အိမ်တော်ကြီးကို မသွားတော့ကြောင်း သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နာမ်နှိမ်ဖို့ ကတ်ကင်းအနေနဲ့ ကြက်ဆူပင် စိုက်တဲ့ကိစ္စဟာလည်း ဒေါ်ကြိုင်ကြိုင်ရဲ့ ပယောဂ မကင်းကြောင်း သိရပါတယ်။ ကြက်ဆူပင် နိုင်ငံခြား ဧည့်သည်များကို ရွှေတိဂုံဘုရားဖူးရင် အစဉ်အလာမရှိတဲ့ ကျောက်စိမ်းဘုရားအား ဦးခိုက်စေတာဟာလည်း အစီအမံ တစ်မျိုးလို့ သိရပါတယ်။ ဒါပေမဲ့ ဦးနေ၀င်းရဲ့ မြေးတွေ ကိုးကွယ်တဲ့ ဘိုးတော်ကြောင့် အောက်လမ်းနည်းနဲ့ ထိုးနှက်ချက်တွေဟာ ဒေါ်ကြိုင်ကြိုင်အဖို့ အငိုက်မိသွားစေပါတယ်။ ဒါကြောင့် ဒေါသူပုန်ထပြီး ဦးနေ၀င်း အလောင်းကိုတောင်မှ ရေမျောခိုင်းခဲ့ပါတယ်။ ရန်ကုန် ကုန်းမြင့်သာမှ ၀န်ကြီးတွေ တောဇနပုဒ် ကြပ်ပြေးနေပြည်တော်ကို ပြောင်းရွေ့ဖို့ နိုဝင်ဘာ (၁၁) ရက် ၁၁ နာရီလိုမျိုး နေ့ရက်အချိန်အခါ ရွေးတဲ့အခါမှာလည်း ဒေါ်ကြိုင်ကြိုင်ရဲ့ အစီအမံ မကင်းဘူးလို့ သိရပါတယ်။ ဒါတွေဟာ ကိုးကွယ်တဲ့ဆရာသမားများအပြင် ဒေါ်ကြိုင်ကြိုင်ရဲ့ အချစ်ဆုံးသား ဘိုးတော်ဝင်စားသူတစ်ဦး လွှမ်းမိုးမှုလည်း သိရပါတယ်။ ဦးသန်းရွှေရဲ့ ကိုယ်ရံတော် အရာရှိ တစ်ဦးဟာ ဗေဒင်ဇာတာအရ စိုးရိမ်ရတဲ့အတွက် နေချင်းညချင်း ပြောင်းရွေ့သွားရဖူးပါတယ်။ ဗိုလ်ချုပ်ကြီး စိုးဝင်းဟာ အစဉ်အလာရှိတဲ့ ဗိုလ်ချုပ်များကို ကျော်ဖြတ်ပြီး အတွင်းရေးမှူး (၁) ကနေ ၀န်ကြီးချုပ်အထိ ထိုးတက် သွားရတာဟာ ဇာတာခွင်တော်တဲ့အချက် တစ်ချက် ပါဝင်ကြောင်း သိရပါတယ်။ ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရထားဝန်ကြီး ဦးအောင်မင်းတို့ဟာ ဇာတာခွင် စစ်ဆေးမှုမှ အောင်မြင်ခဲ့တာ သေချာပါတယ်။ ဒါပေမဲ့ မကြာသေးမှီကလေးကမှ ဦးသန်းရွှေတစ်ယောက် နာမကျန်းဖြစ်နေတယ်လို့ သိရပါတယ်။ မည်သို့ပင် ဖြစ်စေ အကုသိုလ် ၀ဋ်ကြွေးများကို ဒေါ်ကြိုင်ကြိုင် တစ်ယောက်ဆရာသမားတွေရဲ့ အစီအမံက ကျော်လွှားနိုင်မှာ မဟုတ်ကြောင်း စစ်ဖက်နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ် www.photayokeking.org သို့ သတင်းပေးပို့လာပါတယ်။ |< Prev||Next >|
<urn:uuid:6e919791-cdc5-4e9f-bbff-8900888d1084>
CC-MAIN-2013-20
http://www.photayokeking.org/hot-news/957-the-army-nature-of-4-kind-of-special-characters
2013-05-26T04:26:40Z
s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368706624988/warc/CC-MAIN-20130516121704-00060-ip-10-60-113-184.ec2.internal.warc.gz
mya
0.92396
Mymr
1
{"mya_Mymr_score": 0.9239598512649536, "blk_Mymr_score": 0.07102888822555542}
အာလူးကလည်း ပေါ့သေးသေးမဟုတ်ပါလား။ ကျနော်တို့ရွှေတွေက လေပေးကောင်းတဲ့သူကို အားလူးကောင်းတယ်လို့ပြောကြလေ့ရှိတယ်။ ဥပမာ အာလူး ဇော်ပေါ့။ :D အာလူး လာမပေးနဲ့ လေနည်းနည်းလျှော့ ဆိုတဲ့ သီချင်းတောင် ရှိသေးတယ်။း)) အပြောပဲရှိတယ် တကယ်ကြီး မလုပ်ဘူးပေါ့။ လေကြီးမိုးကြီး ဘာညာ ဘာညာပေါ့။ အဟီး..မီးဖိုအကြောင်းပြောတာပဲကောင်းပါတယ်။ နို့မို့ ဟိုမရောက် ဒီမရောက်ဖြစ်နေအုံးမယ်။ :) ငယ်ငယ်ကတော့ အမေ ထမင်းဟင်းချက်နေတုန်း ဘေးကနေ အားလူး၊ ပဲသီးစိမ်း၊ ထန်းပဲမြစ်၊ ကန်စွန်းဥ၊ ပိန်းဥ၊ မျောက်ဥ၊ အမဲခြောက် ၊ ငါးခြောက် စတာတွေကို ဖုတ်စားလေ့ရှိတယ်။ဆော့ချင်တာနဲ့ လွယ်တာလည်း ပါမယ်။ ကရိကထလည်း သိပ်မများဘူး။ မီးဖိုထဲ အာလူး ပစ်ထည့်လိုက်ရုံပဲ။ ပီးမှ ဘေးကနေ ဒုတ်တစ်ချောင်းနဲ့ ဟိုဘက်လှိမ့်ပေး ဒီဘက်လှိမ့်ပေးလုပ်။ အိုးမဲတွေလည်း ပေတူးလန်လို့ပေါ့ဗျာ။ အမေ ထမင်းအိုးနှပ်နေတုန်းပေါ့။ အမေက ကြည့်ပြီးရယ်ပေါ့။ အညာမှာတော့ အားလူး ကို သီးသန့် ချက်တာ ရှားတယ်။ တစ်ခုခုနဲ့ ရောပြီး ချက်လေ့ရှိကြတယ်။ အလိုက်ဖက်ဆုံးကတော့ ၀တ်သားနဲ့ထင်ပါ့။ အားလူကိုတော့ ကြော်စားလေ့မရှိကြပြန်ဘူး။ ဆိုင်တွေမှာ တော့ ရှိတယ်လေ။ အိမ်မှာ တကူးတက ကြော် မစားကြဘူး။အဲ...ဒါပေမဲ့ အာလူးပြုတ်ပြီး ပြန်ကြော်တာတော့ရှိတယ်။ အားလူး ကက်သလိပ်ကိုပြောတာမဟုတ်ဘူး။ အားလူကို ပြုတ်၊ အခွံခွာ၊ ခြေ၊ကြက်သွန်ဖြူ၊ ကြက်သွန်နီနိုင်းချင်းနဲ့ ကြော်တာ။ ဆားနဲ့ ဟင်းချိုမူန့်တော့ ထည့်တယ်။ အားလူးကို ခရမ်းချဉ်သီးများများ နဲ့လည်း ချက်စားကြသေးတယ်။ အာရှနိုင်ငံထဲမှာတော့ အားလူးကို India မှာ အသုံးများတယ်လို့ထင်မိတယ်။ တရုတ်က အဲ့လောက် အာလူး သိပ်မစားသလိုပဲ။ အားလူကို ခေါင်းကိုက်ရင်လည်း သေးသေးအကွင်းလေး လှီးပြီး နားထင်မှာ ကက်ထားကြပြန်တယ်။ မျက်နှာမှာ ပေါင်းတင်ရင်လည်း ကက်တာ တွေ့ဖူးတယ်။ ဂျပန်မှာလည်း အားလူးက ကင်ဆာကို ပျောက်တယ်ဆိုလား။ ငယ်ငယ်က ပုံပြင်လိုလို တစ်ခုတောင်ကြားဖူးတယ်။ အားလူးစားနိုင်တဲ့ မိသားစုက လူအထင်ကြီးခံရတယ်တဲ့။ ဈေးကပြန်လာရင် ဘာဝယ်လာလဲလို့ ဈေး ခြင်းတောင်းမှာ ကြည့်ကြတယ်။ အသား ငါး တွေပါလို့ အထင်မကြီးဘူးတဲ့လေ။ ကြည့်ရတာ အာလူးက ရှားပါးပစ္စည်းဖြစ်နေလို့နေမှာ။ အဓိက ကျနော်ပြောချင်တာက အာလူးကို အစားအစာထဲမှာ ကျနော်တို့ အလေး သိပ်မထားကြဘူး။ ဟုတ်ချင်မှလည်း ဟုတ်မယ်။ ကျနော်က အညာ အမြင်နဲ့ပြောနေတာလည်း ဖြစ်ချင်ဖြစ်မယ်။ နေ့တိုင်း အာလူး စားတဲ့သူ ရှားတယ်။ အနောက်နိုင်ငံတွေမှာတော့ အာလူးကို အဓိက ဟင်းလျှာအဖြစ် ထားတယ်ဗျာ။ ဥရောပစာ Ala Carte အာလာကဒ် ထဲက အသားပွဲမှန်သမျှ အာလူး ၊ နဲ့ အခြား အသီးအနှံ တွဲပေးလေ့ရှိကြတယ်။ ဘူဖေး buffet မှာလည်း အာလူး ကို မပါမဖြစ် တစ်နေရာ ထည့်ကြရပြန်တယ်။ နံနက်စာ breakfast၊ နေ့လယ်စာ lunch၊ ညစာ dinner တွေမှာ သတိထားမိရင် တွေ့ပါလိမ့်မယ်။ အားလူးကို အခွံမခွာပဲနဲ့လည်း စားကြတယ်။ သုတေသီတွေရဲ့ တွေ့ရှိချက်အရ အာလူးအခွံမှာလည်း အကျိုးပိုဖြစ်ထွန်းစေတဲ့ ဓါတ် ရှိလို့ပါ။ ်ဆက်ရန်
<urn:uuid:8e2f24ae-4dcb-40c6-bcc9-7361035bf304>
CC-MAIN-2013-20
http://mykitchenmylife.blogspot.com/2012/04/blog-post_25.html
2013-05-20T03:44:25Z
s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368698238192/warc/CC-MAIN-20130516095718-00078-ip-10-60-113-184.ec2.internal.warc.gz
mya
0.893
Mymr
37
{"mya_Mymr_score": 0.8930004239082336, "blk_Mymr_score": 0.10234865546226501}
ကြာ |ကြာ| |သိပ္ပံနည်းကျမျိုးခွဲခြင်း| ကြာပင်သည် 'နင်ဖီအေးစီး'မျိုးစဉ်တွင် ပါဝင်သည်။ ရေ၌ပေါလောပေါ်ပေါက်၍ အပွင့်ပွင့်သော အပင်မျိုး အားလုံး မှာ နင်ဖီအေးစီးမျိုးစဉ်ဝင်အပင်များ ဖြစ်သည်။ ကြာပင်သည် ရေကန်အင်းအိုင်များတွင်၄င်း။ ချောင်းရိုး ကမ်းစပ်များတွင်၄င်း ပေါက်ရောက်သည်။ အမြစ်များမှာ ပွ၍ ရွံ့ညွန်များကို ကုပ်တွယ်ထားသည်။ ကြာရွက်ဝိုင်းများသည် ရေပေါ်တွင် အမြဲ ပေါ်လျက်ရှိသည်။ ကြာပွင့်များသည် ကြာရွက်ဝိုင်းများ အကြား မှ ငွါးငွါးစွင့်စွင့် ရေပြင်ပေါ်တွင် ပွင့်ကြသည်။ ပွင့်ညှာတစ်ခု အဖျားတွင် များသောအားဖြင့် ကြာပွင့်တစ်ပွင့်သာ ပွင့်သည်။ ပွင့်ညှာတွင် အရွက်များ လုံးဝမပေါက်ချေ။ ကြာပွင့်တစ်ပွင့်တွင် ပွင့်ချပ်နှင့် ပွင့်ဖတ်ပေါင်း များပြား စွာ ရှိသည်။ ဝတ်ဆံဖိုတံများမှလည်း အများအပြား တစ်စု တစ်ဝေးတည်း ပေါက်ကြသည်။ ဝတ်ဆံမ တံတားတစ်ခု တည်းပင် ရှိသည်။ ဝတ်ဆံမတံ၏ အဖျားတွင် ပြားနေသော ဝတ်ဆံမထိပ် တစ်ခုရှိသည်။ အိုဗာရီခေါ် မျိုးစေ့အိမ်ကြီးထဲ တွင် မျိုးမှုန်အမကလေးများစွာ ပါရှိသည်။ ကြာပွင့်ကြာရွက် တို့နှင့် ဆက်သောကြာရိုးတို့မှာ လေလျှောက်နိုင်သော ခေါင်းပွများ ဖြစ်ကြသည်။ လေနှင့် အလင်းရောင်ကို ရေပေါ် တွင်ရှိသော အရွက်များက သိုမှီး၍ သတ္တုဓါတ်နှင့် ရေတို့ကို ကား အမြစ်များက စုတ်ယူကြသည်။ ကြာပွင့်များမှာ မျိုးကိုလိုက်၍ အရောင်အမျိုးမျိုးရှိသည်။ အဖြူ၊ အဝါ၊ အပြာ၊ အညို စသည်ဖြင့် အရောင်အမျိုးမျိုး ရှိလေသည်။ အများအားဖြင့် ကြာဖူးများသည် နံနက်အရုဏ် တက်ချိန်တွင် ပွင့်ကြ၍ ညနေ နေဝင်ခါနီးတွင် ပြန်၍ငုံသွားကြ သည်။ အချို့ ကြာမျိုးသည် ညနေတွင် ပွင့်ကြသည်။ ကြာပွင့် သည် ၃ ရက်လောက်သာ ခံသည်။ ၃ ရက်မှ လွန်လျှင် ညှိုးနွမ်းသွားလေ့ ရှိသည်။ ကုမုဒြာကြာသည် ညအခါ လရောင်ခံ၍ ပွင့်သည်ဟု ဆိုကြသည်။ ကြာပွင့်၏ အလယ်တွင် ကြာခွက်ကလေးများ ရှိသည်။ ကြာပွင့် မကြီးရင့်မီ ကြာခွက်မှာ မြင်နိုင်ရုံလောက်သာ ရှိ၏။ ကြာပွင့်မှ ပွင့်ဖတ်နှင့် ပွင့်ချပ်များ ကြွေကျပြီးနောက် တွင် ကြာခွက်သည် တဖြည်းဖြည်း ကြီးရင့်လာသည်။ ကြာခွက်ထဲမှ ကြာစေ့များကို ကလေးသူငယ်များသည် သရေစာအဖြစ် စားတတ်ကြသည်။ ရေကန်အင်းအိုင်များတွင် အတွေ့ရများသော ကြာတို့မှာ ကြာဖြူ၊ ကြာနီနှင့် ကြာညိုများ ဖြစ်သည်။ ကြာဖြူကို ရုက္ခဗေဒအမည်အားဖြင့် 'နင်ဖီအာအယ်လဗာ'ဟု ခေါ်သည်။ ဗြိတိသျှကြာမျိုးထဲတွင် အဝါရောင်ကြာပန်းမျိုးကို တွေ့ရသည်။ ကြာအပေါင်းတွင် အလှဆုံးကား ကြာပဒုမာပင် ဖြစ်သည်။အလွန်အံ့ဩဖွယ်ကောင်းသော ကြာပင်ကြီးတစ်မျိုးကို တောင်အမေရိကတိုက် အမေဇုန်မြစ်ကမ်းစပ်တစ်လျှောက်တွင် တွေ့ရသည်။ ထိုကြာကို ရုက္ခဗေဒအမည်ဖြင့် 'ဗစ်တိုးရီးယား ရီဂျီးယား'ဟု ခေါ်သည်။ ထိုကြာပင်မှာ မည်မျှကြီးမား သနည်းဟူမူ ကြာရွက်ပေါ်တွင် လူတစ်ယောက် ကောင်းစွာ ရပ်နေနိုင်လောက်အောင် ကြီးမားလေသည်။ အရွက်၏ အချင်းမှာ ၆ ပေမှ ရ ပေအထိ ရှိ၍ အပွင့်၏ အချင်းမှာ ၈ လက်မမှ ၁၆ လက်မအထိ ရှိသည်။ ကြာမျိုး ၅ ပါးရှိရာ ယင်းတို့မှာ ကုမုဒြာ၊ ပုဏ္ဏရိတ်၊ ပဒုမ၊ ကြာနီ၊ ကြာညိုတို့ ဖြစ်ကြသည်။ ကိုးကား [ပြင်ဆင်ရန်] - မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂) αJp
<urn:uuid:c5a3b06b-b0b2-4069-8574-6650efebad81>
CC-MAIN-2013-20
http://my.wikipedia.org/wiki/%E1%80%80%E1%80%BC%E1%80%AC
2013-05-25T07:01:10Z
s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368705618968/warc/CC-MAIN-20130516120018-00078-ip-10-60-113-184.ec2.internal.warc.gz
mya
0.999042
Mymr
18
{"mya_Mymr_score": 0.9990416765213013}
တိုင်းရင်းသား လူငယ်တွေ စီစဉ်တဲ့ ငြိမ်းချမ်းရေး အနုပညာပွဲ Written by ခင်ဆုမြတ်ထွန်း Monday, 23 April 2012 15:15 သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက် အစိုးရသစ် လက်ထက် မြန်မာနိုင်ငံမှာ အပြောင်းအလဲ တော်တော်များများ ဖြစ်ပေါ်လာ နေတာကို ဖူးငုံတို့လည်း သတိထား မိကြမှာပါ။ မြန်မာနိုင်ငံ အတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့လည်း တစ်ဖွဲ့ပြီး တစ်ဖွဲ့ ဆိုသလို ငြိမ်းချမ်းရေး သဘော တူညီချက်တွေ၊ စေ့စပ် ညှိနှိုင်းမှု တွေ ရယူ နိုင်ခဲ့တာဟာလည်း နိုင်ငံသား အားလုံးအတွက် ၀မ်းသာစရာ ကောင်းတဲ့ သတင်းကောင်းတွေပါပဲ။ မြန်မာနိုင်ငံမှာ တိုင်းရင်းသား အမျိုးပေါင်း စုံလင် လှပါတယ်။ အများစုကတော့ ဗမာ လူမျိုးတွေ ဆိုတာ အားလုံး သိကြပြီးသားပါ။ တကယ်တမ်း ပြောရမယ် ဆိုရင် ဗမာ ဆိုတာဟာလည်း မြန်မာနိုင်ငံ အတွင်းမှာ မှီတင်း နေထိုင်နေတဲ့ တိုင်းရင်းသား တစ်မျိုးပါပဲ။ ဒါပေမဲ့လည်း လူတချို့ အပြောအရ ဗမာဆိုရင် ဘယ်နေရာမဆို အရေးပေးခံရတယ်။ ဗမာတွေဟာ တခြား တိုင်းရင်းသားတွေကို ခွဲခြား ဆက်ဆံကြတယ် စသဖြင့် တော်တော်လေး ပြောဆိုကြတာ တွေ့ရတော့ ဗမာ ဖြစ်ရတာတောင် အားငယ်သလို ခံစားမိပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာ နေထိုင်ကြတဲ့ မည်သည့် တိုင်းရင်းသား မဆို မြန်မာ နိုင်ငံသားပါပဲ။ အဲဒီလို တစ်စိတ် တစ်သဘောတည်း မထားနိုင်ကြတဲ့ အခါ၊ တစ်ယောက်နဲ့ တစ်ယောက်အကြား နားလည်မှုတွေ လွဲတဲ့အခါ ပဋိပက္ခတွေ ဖြစ်ပွားရပြီး၊ အဲဒီ ပဋိပက္ခ အစိုင်အခဲတွေဟာ တဖြည်းဖြည်းနဲ့ ကြီးထွား လာပြန်တော့ မဆုံးနိုင်တဲ့ စစ်ဘေး သံသရာတွေကို ခံစားကြရပါတယ်။ စစ်ပွဲတွေ ဖြစ်ကြတဲ့အခါ အဲဒီ စစ်ပွဲတွေရဲ့ ဆိုးကျိုးကို ဒေသ တစ်ခုတည်းက ခံကြရတာ မဟုတ်ဘဲ၊ တစ်နိုင်ငံလုံးက ခံစားကြရတယ် ဆိုတာကို သတိပြုသင့်ပါတယ်။ တချို့ တိုင်းရင်းသားတွေရဲ့အမြင်မှာလည်း ကိုယ့်တိုင်းရင်းသား အရေးကိစ္စ ကိုယ်တိုင်ပဲ တွေးပူရ၊ ဖြေရှင်းရနေ တယ်လို့ မြင်နေကြတာရှိပါတယ်။ တကယ်တော့ အဲဒီလိုမဟုတ်ပါဘူး။ ငြိမ်းချမ်းရေး တည်ဆောက်မှု (Peace Building) ဆိုတာကို အားလုံးက တတ်နိုင်တဲ့ ဘက်ကနေ ၀ိုင်းဝန်းကြိုးပမ်း အားထုတ် နေကြတယ်ဆိုတာ မျက်မြင် သက်သေပါပဲ။ သူ့အတိုင်း အတာနဲ့သူ ဆောင်ရွက်ကြတဲ့ အချိန်မှာ လူငယ်တွေကလည်း သူတို့တတ်နိုင်တဲ့ ဘက်ကနေ ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ ပါဝင်အားဖြည့်၊ ကူညီဆောင်ရွက် လာကြတာတွေ တွေ့ရပါတယ်။ ဒီတစ်လ အုတ်တစ်ချပ်၊ သဲတစ်ပွင့် ကဏ္ဍအတွက် လူငယ်တွေ ကြိုးပမ်း အားထုတ်ခဲ့ကြတဲ့ ငြိမ်းချမ်းရေး ဆိုင်ရာ အနုပညာပွဲလေး တစ်ခု အကြောင်းကို ဖော်ပြပေးဖို့ရွေးချယ် ထားပါတယ်။ အဲဒီ ငြိမ်းချမ်းရေး အနုပညာပွဲကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ပြင်သစ် ယဉ်ကျေးမှု ဌာနမှာ မနက် ၁၀ နာရီကနေ ည ၁၁ နာရီ အထိ ကျင်းပခဲ့တာပါ။ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီ အထိကတော့ အခမဲ့ ၀င်ရောက်နိုင်တဲ့ အစီအစဉ် ဖြစ်ပြီး၊ ညနေ ၆ နာရီမှာ စတင်ခဲ့တဲ့ တိုင်းရင်းသားရိုးရာ အဆိုအကတွေ၊ နာမည်ကြီး တိုင်းရင်းသား အဆိုတော်တွေ ဖျော်ဖြေတဲ့ ရန်ပုံငွေပွဲ အစီအစဉ်ကိုတော့ ၀င်ကြေး ၂၅၀၀ အဖြစ် သတ်မှတ်ထားပါတယ်။ မနက် ၁၀ နာရီမှာ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး၊ ကချင်ပြည်နယ် WPN (Wunpawng Nighton) အမည်ရအဖွဲ့က စစ်ဘေး ဒုက္ခသည် စခန်းတွေရဲ့ လက်ရှိ အခြေအနေကို နာရီဝက်စာ Presentation ပေးပါတယ်။ အဲဒီနောက် ဆရာ မောင်စိမ်းနီ၊ ဆရာ သစ္စာနီတို့ အပါအ၀င် မြန်မာနိုင်ငံ ကဗျာဆရာများသမဂ်္ဂမှ ကဗျာဆရာများရဲ့ ငြိမ်းချမ်းရေးနဲ့ ပတ် သက်တဲ့ ကဗျာများနဲ့ ကဗျာရွတ်ပွဲ အစီအစဉ်ကို တစ်နာရီကြာ တင်ဆက်ခဲ့ ပါတယ်။ ကဗျာရွတ်ပွဲ အပြီးမှာတော့ ပြင်သစ်ယဉ်ကျေးမှုဌာနရဲ့ မြက်ခင်း ပြင်မှာ လူငယ်အနုပညာရှင်များ (Performance Artists) ရဲ့ Performance Art တင်ဆက်မှုများနဲ့အတူ တစ်ပြိုင်နက်တည်းမှာပဲYangon Film School မှ တိုင်းရင်းသားများအကြောင်း ရိုက်ကူးထားတဲ့မှတ်တမ်း ရုပ်ရှင် ၄ ကားတို့ ကိုလည်း ပြသခဲ့ပါသေးတယ်။ တစ်နေကုန်ပြသထားတဲ့ Art Ehibition မှာတော့ ပန်းချီ၊ ကာတွန်း၊ ဓာတ်ပုံ၊ ကဗျာနဲ့ Digital Art တို့ကို ပြသ၊ ရောင်းချပေးခဲ့ပါတယ်။ မနက်ပိုင်း အစီအစဉ်မှာ အ၀တ်အစား၊ အမှတ်တရ လက်ဆောင်ပစ္စည်း၊ ပို့စ်ကဒ်နဲ့ အစားအသောက်တွေကို ရောင်းချပေးတဲ့ ဈေးဆိုင်ခန်းတွေလည်း ပါဝင်ပါတယ်။ ဒီအနုပညာပြပွဲ တစ်လျှောက်ပြသ၊ ရောင်းချတဲ့ ပစ္စည်း အားလုံးဟာ ငြိမ်းချမ်းရေးနှင့် ဆက်နွယ်တဲ့အနုပညာ ပစ္စည်းများ ဖြစ်ပါတယ်။ Performance Art များနဲ့ တင်ဆက်လို့အပြီးမှာတော့ ပန်းချီဆရာဆန်း ဦးရဲ့လက်ရာတစ်ခုဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံကို ဆေးနဲ့ရေးပြီး၊ နောက်ခံမှာ Peace ဆိုတဲ့ စကားလုံးများ ရိုက်နှိပ်ထားတဲ့တီရှပ်ကို ကျပ်ငွေ တစ်သိန်း တစ်သောင်းနဲ့ လေလံတင်ရောင်းချနိုင်ခဲ့ပါတယ်။ မနက်ပိုင်း အစီအစဉ်ကိုတော့ လူငယ် ကဗျာဆရာ တစ်ဦးက ကဗျာရွတ်ဆိုကာ အဆုံး သတ်ခဲ့ပါတယ်။ ညနေ ၆ နာရီမှာတော့ တိုင်းရင်းသား ရိုးရာ အဆိုအကများနဲ့ စတင်ခဲ့ပြီး၊ ဂီတမိတ်ရဲ့ Music Performance တင်ဆက်မှု၊ DCC ကလေး စောင့်ရှောက်ရေး ဂေဟာမှ ကလေးများရဲ့ ဖျော်ဖြေတင်ဆက်မှုတို့နဲ့အတူ undergroundband ၂ ခုကလည်း ပါဝင် တီးခတ်ပေးထားပါတယ်။ မေတ္တာ နဲ့ ပါဝင်သီဆို ဖျော်ဖြေပေးကြတဲ့ အဆိုတော်တွေကတော့ ချိုပြုံး၊ ကေဂျာနူး၊ နောနော်၊ ဂျီလတ်၊ အောင်းလာ၊ ချစ်သုဝေနဲ့ စိုင်းအောင်ထီးခမ်းတို့ဖြစ်ပါ တယ်။ ညပိုင်းဖျော်ဖြေတင်ဆက်မှုများ အပြီးမှာတော့ ပွဲကိုလာရောက် ကြည့်ရှုကြတဲ့ ပရိတ်သတ်များ၊ ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ လူငယ်များနဲ့ အနုပညာရှင်များက မြက်ခင်းပြင်အလယ်မှာ ပြုလုပ်ထားတဲ့ ကျောက်တိုင်မှာ ပန်းများ ချိတ်ဆွဲကြပြီး၊ နှစ်မိနစ်ခန့် ငြိမ်သက်ကာ ငြိမ်းချမ်းရေးအတွက် ဆုတောင်း ခဲ့ကြပါတယ်။ ဒီငြိမ်းချမ်းရေး ဆိုင်ရာ အနုပညာ ပွဲလေးကို ဖြစ်ပေါ်လာအောင် အဓိက ဦးဆောင် လှုပ်ရှား ခဲ့သူတွေကတော့ နောနော်၊ ခင်စန္ဒာညွန့်နဲ့ ဇွန်စီဆိုတဲ့ လူငယ် ၃ ဦး ပဲဖြစ်ပါတယ်။ ဒီ ၃ ယောက်ထဲမှာ ဆိုရင် ဇွန်စီ ဟာ Performance Artist တစ်ယောက် ဖြစ်ပြီး၊ နောနော်ကတော့ Professional Graphic Designer တစ်ယောက် ဖြစ်ပါတယ်။ ခင်စန္ဒာညွန့်ကတော့ Civic Education Trainer တစ်ယောက် ဖြစ်ပါ တယ်။ အခုလို အနုပညာကိုအခြေခံတဲ့ ငြိမ်းချမ်း ရေးပွဲလေး စတင်ဖြစ်ပေါ်လာပုံနဲ့ ပတ်သက်ပြီး “ဒီပွဲကို လုပ်ဖြစ်ဖို့ နောနော်ဆီက အိုင်ဒီယာ ရတာ ပါ။ သူက ကချင်လူမျိုးလေ။ သူက သူတတ်တဲ့ အနုပညာနဲ့ သူ့ဒေသ၊ သူ့လူမျိုးတွေ ဒုက္ခရောက်နေတာကို ကူညီပေးချင်တယ်ပေါ့။ အစ တုန်းကတော့ သူက ပို့စ်ကဒ်လေးတွေ ထုတ်မယ် ရောင်းပေးကြမယ်ပေါ့။ ဒါပေမဲ့လည်း လုပ်မယ့် လုပ်တော့ ပွဲလေးတစ်ခု ဖြစ်အောင် လုပ်မယ်ဆို ပြီးတော့ လုပ်ဖြစ်သွားတာ”လို့ ပွဲစီစဉ်သူ တစ်ဦး ဖြစ်တဲ့ ခင်စန္ဒာညွန့်က ဆိုပါတယ်။ ဒီပွဲကို ကျင်းပဖြစ်ခဲ့ရတာဟာ စစ်ဘေး သင့် ပြည်သူတွေကို ကိုယ် တတ်နိုင်တဲ့ဘက် ကနေ အားပေးကူညီ ပေးနိုင်စေဖို့၊ ပြည်သူလူ ထုကြားမှာ ငြိမ်းချမ်းရေးတည်ဆောက်မှု (Peace Building) နဲ့ ပတ်သက်တဲ့အသိပညာတွေ တိုးလာ စေဖို့အပြင် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး လူငယ် တွေရဲ့ တာဝန်ယူစိတ်ကို ပြသတဲ့ လှုပ်ရှားမှုတစ် ခုအဖြစ် ဆောင်ရွက်လိုခြင်းစတဲ့ ရည်ရွယ်ချက် တွေကြောင့်ပဲ ဖြစ်ပါတယ်။ “စစ်ဘေးသင့်ပြည်သူ တွေအတွက် ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ညလိုအပ်နေတဲ့ ငွေကြေးကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးချင်တယ်။ စိတ်ထဲမှာ ဒီပွဲကို လုပ်ဖြစ်သွားအောင် ပံ့ပိုးပေးတဲ့ အဓိက အကြောင်းအရင်းကတော့ လူထုကြားထဲ မှာ ငြိမ်းချမ်းရေး တည်ဆောက်မှုနဲ့ ပတ်သက်တဲ့ အသိအားနည်းနေသေးတယ်လို့ မြင်တယ်။ ဒီအစီ အစဉ်ကို လုပ်တော့မယ်ဆိုတော့ အဲဒီဒေသက လူတော်တော်များများနဲ့လည်း စကားပြောဖြစ် တယ်။ စစ်ဘေး ဒုက္ခ သည် စခန်းတွေမှာ လုပ်နေ တဲ့ သူတွေရော၊ ပွဲစီစဉ်ဖို့ စလုပ်ပြီ ဆိုကတည်းက တခြားသူတွေရော လူတော်တော်များများနဲ့ စကားပြောဖြစ်တဲ့ အခါကျတော့ လူထုကြားထဲမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အများစု သိထားတာက အရမ်းကို အားနည်းနေတယ်။ ငြိမ်းချမ်း ရေးလက်မှတ်တွေ ထိုးပြီးနေကြပြီပဲ။ ငြိမ်းချမ်းနေ ပြီ မဟုတ်ဘူးလား။ နင်တို့က ဘာလုပ်ဦးမှာလဲ ဆိုပြီး မေးကြတယ်”လို့ ခင်စန်္ဒာညွန့်က သူ့ရဲ့ အတွေ့အကြုံတွေကို ပြောပြခဲ့ပါတယ်။ ဟုတ်ပါတယ်။ အခု လက်ရှိ ငြိမ်းချမ်းရေး သဘော တူညီမှု လက်မှတ် ရေးထိုးကြတာတွေ၊ အပစ်အခတ် ရပ်စဲရေး ဆိုတာတွေဟာ ငြိမ်းချမ်းရေး တည်ဆောက်မှု (Peace Building) ခရီးရှည် ကြီးရဲ့အစပြုဖြစ်စဉ်၊ ပထမ ခြေလှမ်းပဲ ဖြစ်ပါ တယ်။ တစ်ခဏတွင်းချင်း၊ အချိန်တို အတွင်းမှာပဲ ပြီးမြောက် သွားနိုင်တဲ့ ကိစ္စ မဟုတ်ပါဘူး။ အဲဒါ တွေကို သိမထားဘူး။ အသိပညာ အားနည်းသွား ရင် ဘာတွေ ဖြစ်လာနိုင်မလဲ ဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီး “အဲဒီလို အသိပညာ အားနည်းသွားရင် စိုးရိမ်မိတာက အခု အပစ်အခတ် ရပ်စဲရေး ကိစ္စတွေပြီးသွားရင် နောက်ပိုင်း Political Dialogue တွေ လာတော့မယ်။ အဲဒီ အခါကျရင် အစိုးရမူ ၀ါဒပိုင်းအရရော ပြန်လည် ထူထောင်ရေး လုပ်ငန်း တွေကို စနစ်တကျ လုပ်လာ ရတော့မယ်။ အဲဒီလို အချိန်မှာ ပြည်သူလူထု အနေနဲ့ ပါဝင်စောင့်ကြည့် မှု၊ ပံ့ပိုးပေးနိုင်မှု မရှိဘူး။ မီဒီယာ ပိုင်းကလည်း အားနည်းနေမယ် ဆိုရင် ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေပါ အားနည်း သွားနိုင်တယ်”လို့ သူမ ရဲ့အမြင်ကို ပြောပါတယ်။ ဒီငြိမ်းချမ်းရေး အနုပညာပြပွဲ ဖြစ်ပေါ်လာ အောင် ၃ လ နီးပါး အချိန်ယူခဲ့ရတယ်လို့ သိရ ပါတယ်။ စစ်ဘေး ဒုက္ခသည် စခန်းတွေကို သွား ရောက် ကူညီဖို့ ဆုံးဖြတ်ပြီးတဲ့နောက်၊ အဲဒီ စိတ် ဓာတ်ခွန်အားတွေနဲ့ အတူ လူသားအားလုံး ပါဝင် စီးမျောနိုင်တဲ့ အနုပညာကို အခြေခံပြီး ဆောင် ရွက်ဖို့ ရွေးချယ်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ပွဲကို စတင် အကောင်အထည် ဖော်ဖို့အတွက် ပထမဆုံး အနေနဲ့ Facebook မှာ Page တစ်ခု ဖွင့်ဖြစ်ခဲ့ပါ တယ်။ အဲဒီ Page ကတစ်ဆင့် လက်ရှိ Facebook မှာ Peace Campaign လုပ်နေတဲ့အဖွဲ့တွေနဲ့ ချိတ် ဆက်မိခဲ့ပြီး၊ စိတ်ပါဝင်စားသူ အလှူရှင်များနဲ့ အကူအညီပေးချင်တဲ့ သူငယ်ချင်းတွေကိုလည်း အသိပေးနိုင်ခဲ့ပါတယ်။ “Facebook မှာ Peace Campaign လုပ်နေတဲ့အဖွဲ့ ၄ ဖွဲ့ကသူတို့အတွက် ဆိုင်ခန်းခင်းပေးစရာ မလိုဘူး။ နေရာစီစဉ်ပေးရုံ ပဲပေါ့။ ရောင်းလို့ရသမျှ အမြတ်အားလုံးကို လှူ မယ်ဆိုပြီးတော့ ကမ်းလှမ်း လာကြပါတယ်။ ငြိမ်း ချမ်းရေးနဲ့ပတ်သက်တဲ့ အ၀တ်အထည်၊ အိတ်နဲ့လက်ဆောင်ပစ္စည်းတွေ အပြင် အစားအသောက် တွေလည်း ရောင်းချ ပေးပါတယ်။ Art Exhibition မှာ ရောင်းချလို့ရတဲ့ အနုပညာပစ္စည်း အားလုံးကိုလည်း အနုပညာရှင်တွေက သူတို့သတ်မှတ်ထားတဲ့ ရာခိုင်နှုန်းအလိုက် လှူဒါန်းပါတယ်။ တချို့ကလည်း ၁၀၀ ရာခိုင်နှုန်း အကုန်လှူပါတယ်။ ၇၀ ရာခိုင်နှုန်း၊ ၃၅ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်း အသီးသီး လှူဒါန်းကြပါတယ်။ စုစုပေါင်း အနုပညာ ပစ္စည်း ၁၁ ခုရောင်းရပါတယ်”လို့ မခင်စန္ဒာညွန့်က ပွဲနဲ့ ပတ်သက်ပြီး ရှင်းပြခဲ့ပါတယ်။ ငြိမ်းချမ်းရေး အနုပညာ ပြပွဲကို အဓိကဦးဆောင်သူ ၃ ယောက်ဟာ တစ်ဦးချင်းစီအနေနဲ့ အတွေ့အကြုံ ရှိပေမဲ့လည်း အဖွဲ့အစည်းတစ်ခုအနေနဲ့ မဟုတ်ဘဲ လူငယ်တွေ ကိုယ်တိုင်ဦး ဆောင် လှုပ်ရှားခဲ့ရတာမို့ အခက်အခဲတွေလည်း ရှိခဲ့ပါတယ်။ “ပွဲစီစဉ်တာ၊ အဖွဲ့အစည်းတွေနဲ့ လုပ်ကိုင်ရတာ၊ ပရဟိတလုပ်ငန်းတွေ လုပ်တာက တစ်ဦး ချင်းစီမှာတော့ အတွေ့အကြုံတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီလိုပွဲအမျိုးအစားမျိုး၊ အနုပညာကိုအခြေခံထားတဲ့ တစ်နေကုန်စီစဉ်ရတဲ့ ပွဲကြီးမျိုးကတော့ ပထမဆုံးပဲ။ စတိတ်ရှိုးလည်း ပါသေးတယ်ဆိုတော့ တီးဝိုင်းတွေ၊ မီး(Lighting)တွေနဲ့ နောက်ပြီး ၀င်ကြေးသတ်မှတ်ရတာစတဲ့ ဂီတဖျော်ဖြေပွဲ တစ်ခုကို အရင်က တစ်ခါမှ မစီစဉ်ဖူးပါဘူး။ တကယ့်ကို ကြီးမား၊ ကောင်းမွန်တဲ့ အတွေ့အကြုံ တစ်ခုကို ရလိုက်တာပါပဲ။ တခြားအနုပညာပွဲတွေ ထက်စာရင် ၀င်ကြေး ၂၅၀၀ ဆိုတာသက်သာတယ် ဆိုပေမဲ့လည်း Commercial Music Concert တွေလို တကယ့်ကို ပရော်ဖက်ရှင်နယ်ဆန်ဆန် နာမည်ကြီး အနုပညာရှင် တွေကို အခြေခံပြီး လုပ်တာလည်း မဟုတ်ဘူး။ ရန်ပုံငွေပွဲလည်း ဖြစ်တယ်ဆို တော့ ၀င်ကြေး ၂၅၀၀ ဆိုတာ များနေသလား ဆိုပြီး ပြန်ကြားရတာတွေ ရှိပါ တယ်။ တကယ်တော့ လက်မှတ်စီစဉ် လိုက်ရတယ်ဆိုတာကလည်း လာကူညီ ပေးတဲ့ သူတွေ၊ မေတ္တာနဲ့ပါဝင် သီဆိုဖျော်ဖြေ ပေးသူတွေ၊ တီးခတ် ပေးတဲ့သူ တွေကို ကျွေးမွေးဖို့နဲ့ အလှူငွေ အတွက်လည်း ရအောင်ဆိုပြီး သတ်မှတ်လိုက် ရတာပါ”လို့ ပွဲနဲ့ပတ်သက်တဲ့ အခက်အခဲတချို့ကို ပြောပြခဲ့ပါတယ်။ ဒီအနုပညာပြပွဲဟာ ထင်ထားတာထက် ပိုပြီး ကြီးကြီးကျယ်ကျယ်လည်း ဖြစ်သွားတယ်၊ အောင်အောင်မြင်မြင်နဲ့လည်း ပြီးဆုံး သွားခဲ့တယ်၊ လူထုကြား ထဲမှာလည်း အတိုင်းအတာတစ်ခုအထိ ပျံ့နှံ့သွားစေခဲ့တယ် ဆိုတဲ့ အချက်တွေ ကြောင့် လူငယ်တွေရဲ့ ဆန္ဒတွေလည်း ပြည့်ဝနိုင်ခဲ့မှာ သေချာပါတယ်။ အဲဒီ အနုပညာ ပြပွဲမတိုင်ခင်ကတော့ တကယ့် ကိုခေါင်းစားခဲ့ကြရမဲ့ အချိန်တွေပါပဲ။ ကျွန်မ မကြာခဏ ပြောလေ့ရှိတဲ့ လူငယ်တွေရဲ့ သဘာဝ တစ်ခုဖြစ်တဲ့ ဖြစ်ချင်တာကို ဖြစ်အောင်၊ မရရ အောင် ကြိုးစား အားထုတ်တတ်တဲ့ သူတို့တွေရဲ့ ဇွဲကြောင့်ပါပဲ။ “တကယ်တမ်း ဒီပွဲကိုတာဝန်ခံပြီး လုပ်တဲ့သူကတော့ ၃ ယောက်ပဲ။ တကယ်တမ်း လုပ်ဖြစ်တဲ့ အခါကျတော့ လူငယ် အယောက် ၂၀ ကျော် ၃၀ နီးပါး လောက်က ပါဝင်ခဲ့ကြပါ တယ်။ ၀ိုင်းဝန်းလုပ်ဆောင်ကြတာပေါ့။ အခက် အခဲကတော့ လူငယ်တွေချည်းပဲ လုပ်တာ လည်း ဖြစ်တယ်။ အဖွဲ့အစည်းအနေနဲ့လည်း မဟုတ် တော့ ငွေကြေးအခက်အခဲရှိတယ်။ မတည်ငွေ ဆိုတာလည်း မရှိဘူး။ အလုပ်စပြီးလုပ်ဖြစ်သွား အောင် ဆိုပြီး၊ အလှူလိုက်ခံဖို့အတွက် ပွဲအကြောင်းရေးထားတဲ့ Commercial Music Concert တွေ လုပ်တယ်။ ဒီစာရွက်စာတမ်းတွေ အတွက်အရင်ဆုံး နှစ်သောင်းခွဲ၊ သုံးသောင်း လောက်ကို အားလုံးစိုက်ပြီး အရင်းအနှီးလုပ်ခဲ့ တာပေါ့။ လှူတဲ့အခါ တစ်ဦးတစ်ယောက်ချင်းစီ က လှူတာ ပိုများတယ်။ အားလုံး စုစုပေါင်း လှူဒါန်းကြတာ ၁၅ သိန်း ၁ သောင်း ရှိပါတယ်။ တကယ်တမ်း ပွဲကုန်ကျစရိတ်က သိန်း၂၀ ကျော် ပါတယ်။ ပွဲမတိုင်ခင် အားလုံးလှူဒါန်းထားတဲ့ အထဲက ပို့စ်ကဒ်လေးတွေလုပ်ပြီး ရောင်းပါ တယ်။ ပွဲလုပ်ပြီး ဈေးရောင်းရတဲ့ ငွေတွေလည်း ရှိတော့ နည်းနည်းတော့ ကာမိပါတယ်”လို့ ဆိုပါ တယ်။ ငွေကြေး အခက်အခဲကြောင့် တချို့အစီအစဉ် တွေကို စိတ်ရှိတာထက် တတ်နိုင်သမျှချုံ့ပြီး လုပ်ရတာ၊ ဟာကွက်လေးတွေ ရှိခဲ့တယ် ဆိုပေ မဲ့ ဒီပွဲကို စီစဉ်ပြီးတဲ့ အခါမှာတော့ အတွေ့အကြုံ၊ သင်ခန်းစာ ယူစရာတွေ ရခဲ့ပါတယ်။ “ဟာကွက် တွေ အများကြီး ဖြစ်သွားတာ ရှိပါတယ်။ ဥပမာ-အဆိုတော်တွေ၊ လာရောက် ကူညီအားပေးတဲ့ သူတွေအတွက် နေရာထိုင်ခင်းက အစ တခြား ဂုဏ်ပြုလက်ဆောင်လိုမျိုးလည်း ဘာတစ်ခုမှ ပြန် မပေးလိုက်နိုင်ဘူး။ ကျွန်မတို့ရတဲ့ သင်ခန်းစာ တစ်ခုကတော့ အစီအစဉ်တွေ လုပ်တဲ့နေရာမှာ အားနည်းနေပါသေးတယ်။ နောက်ပိုင်းပွဲတွေ စီစဉ်ဖို့အတွက် စိတ်ရဲသွားတာပေါ့။ နောက်ထပ် စီစဉ်တဲ့အခါ ဒီထက်ပိုပြီး အောင်မြင်တဲ့ ပွဲတွေကို စီစဉ်နိုင်မယ်လို့ ယူဆပါတယ်။ အစပိုင်းမှာ Volunteer ပိုင်း အရမ်းလိုအပ်တယ်။ နောက်ပိုင်း တကယ်တမ်း လုပ်ဖြစ်တဲ့အခါ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေ အားလုံး၊ သူငယ်ချင်းတွေ အားလုံး ကူညီကြပါတယ်” ဒါကတော့ ပွဲနဲ့ပတ်သက်တဲ့ အတွေ့အကြုံ တွေကို မခင်စန္ဒာညွန့်က ပြောပြခဲ့တာဖြစ်ပါ တယ်။ လှူဒါန်းမယ့် စခန်းတွေနဲ့အရေအတွက်တွေ ကို ကြိုတင် ရွေးချယ် ထားတာမျိုး မဟုတ်ဘဲ စခန်းတွေမှာ လက်ရှိ လုပ်ကိုင်နေတဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံပြီး၊ နောက်ဆုံး သိရတဲ့ သတင်းအချက် အလက်တွေ အရ ရရှိထားတဲ့ ငွေပမာဏနဲ့ အမှန် တကယ်ပံ့ပိုးဖို့ လိုအပ်နေတဲ့ စခန်းတွေကို ဆုံးဖြတ် ရွေးချယ်သွားမှာ ဖြစ်ပါတယ်။“လောလော ဆယ်မှာတော့ လက်ရှိရထားတဲ့ငွေသားပဲ လှူမယ် လို့ စဉ်းစားထားတယ်။ ကျွန်မတို့ ဒီဘက်ကနေ သွားရောက်လှူဒါန်းနိုင်မယ်ဆိုရင်တော့ ငွေသားအပြင် နီးစပ်ရာ သူငယ်ချင်း တွေ၊ အဖွဲ့တွေကနေ ပစ်္စည်းတွေပါတစ်ပါတည်း ထည့်ဝင်လှူဒါန်း ပေးလိုက် ချင်တယ်ဆိုတာတွေလည်း ရှိပါတယ်။ တကယ်လို့အကြောင်းအမျိုးမျိုး ကြောင့် ကျွန်မတို့မသွားနိုင်ရင်လည်း အဲဒီဘက်က အဖွဲ့တွေကို ဖိတ်ခေါ်ပြီး မီဒီယာတွေနဲ့အတူ အလှူငွေကို လွှဲပြောင်းပေးအပ်မှာ ဖြစ်ပါတယ်” လို့ လှူ ဒါန်းမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီးတာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့ပါတယ်။ အဓိက အနေနဲ့ဒီငြိမ်းချမ်းရေး အနုပညာပွဲကနေတစ်ဆင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေကို သိစေချင်တာက “သြော်...မနက်ကနေ ညနေအထိ တစ်နေကုန် ငါတို့ဒေသတွေမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေ အတွက် သူတို့စိတ်ထဲ၊ နှလုံးသားထဲမှာထားပြီး လုပ်ပေးနေတာပဲ ဆိုတာကို သူတို့ သိမယ်ဆိုရင် အားဆေးတစ်ခွက် ဖြစ်လိမ့်မယ်လို့ ယုံတယ်။ သူတို့ဆီကို တစ်ဆင့် စကားတစ်ဆင့် ကြားပြီး ငါတို့ ကချင်ဒေသမှာ ဖြစ်နေတဲ့ကိစ္စ ငါတို့ တိုင်းရင်းသားတွေကပဲ အရေးကြီးတယ်လို့ စဉ်းစားတာ မဟုတ်ဘဲ မြန်မာပြည်မှာ နေထိုင်ကြတဲ့ ညီအစ်ကို မောင်နှမတွေ အားလုံးကလည်း အရေးကြီးတယ်လို့ စဉ်းစားပေးပါလား ဆိုပြီး အဲဒီလိုမျိုးလေး သိသွားနိုင်လိမ့် မယ်ထင်တယ်။ သိသွားနိုင်ခဲ့မယ် ဆိုရင်တော့ အဖိုးမဖြတ်နိုင်တဲ့ရလဒ်တစ်ခု လို့ မြင်စေချင်တာ ဖြစ်ပါတယ်။ ရရှိလာတဲ့ စုစုပေါင်းလှူဒါန်းငွေဟာ အတိုင်းအတာ တစ်ခုအထိပဲ ထောက်ပံ့ နိုင်မှာမို့၊ စခန်းတွေ အားလုံးကိုတော့ ထောက်ပံ့ ပေးနိုင်မှာ မဟုတ် ပါဘူး။ ကူညီ ပေးနိုင်သလောက်ကို အကူအညီ ပေးနိုင်မှာကတော့ ၀မ်းသာ စရာ ကောင်းပါတယ်။ အဲဒီဒေသက သူတွေကတော့ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ လိုအပ်ချက်တွေ ရှိနေမှာပါ။ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက် တွေ လျော့ပါးသွားစေဖို့၊ ကုစားပေးနိုင်ဖို့ အထူးသဖြင့် ကလေး သူငယ်တွေ အတွက် အဲဒီဒေသတွေကိုသွားပြီး ကလေးများနဲ့ အတူနေကာ ပန်းချီဆွဲသင် ပေးခြင်း၊ အနုပညာကို အခြေခံတဲ့အစီအစဉ်တွေ ပါဝင်တဲ့ခရီးကိုလည်းသွား နိုင်အောင် စီစဉ်နေတယ်လို့ သိရပါတယ်။ ဒီငြိမ်းချမ်းရေး အနုပညာပြပွဲ ကတော့ ငြိမ်းချမ်းရေးအတွက် လှုပ်ရှားမှုတွေ လုပ်ဆောင်နေတဲ့ လူငယ်တွေ အတွက် လမ်းခင်းပေးလိုက် သလိုပါပဲ။ လူငယ်များရဲ့ ငြိမ်းချမ်းရေး အနုပညာ ပြပွဲအကြောင်းနဲ့ ပတ်သက်ပြီး Facebook မှာ Save the war victims ဆိုပြီး ရှာလိုက်ရင် အလွယ်တကူ တွေ့နိုင်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ရှေ့မျိုးဆက်တွေကတည်း က ဆောင်ရွက်လာခဲ့တာဖြစ်ပါတယ်။ နောက်မျိုးဆက်သစ်တွေကလည်း ဆက်လက် လုပ်ဆောင်သွားရဦးမှာပါ။ ငြိမ်းချမ်းရေး လုပ်ဆောင်ချက်တွေဟာ မျိုးဆက်တစ်ခုတည်းနဲ့ ပြီးဆုံးသွားနိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။ ဒါကြောင့် လည်း နောင်အနာဂတ်မှာ လူငယ်တွေ မလွဲမသွေကြုံကြရမယ့် တာဝန်တစ်ခု ပါပဲ။ တာဝန်ကြီးသလို တာဝန်လည်းရှိပါတယ်။ လူငယ်တွေရဲ့ အားနဲ့ငြိမ်း ချမ်းရေးဆိုင်ရာ ၊ နိုင်ငံ့အရေးအရာ ကိစ္စတွေကို လျစ်လျူရှုမထားဘဲ တာဝန် ယူစိတ်အပြည့်နဲ့ အနုပညာလှုပ်ရှားမှုတစ်ခုအဖြစ် ဆောင်ရွက်ကြတာလေးစား စရာ ကောင်းပါတယ်။ ဖူးငုံတို့လမ်းဟောင်းအတိုင်း မလျှောက်ကြတော့ဘဲ လမ်း သစ်ထွင်ကာ ဘာအရာမဆို ကိုယ်နဲ့သက်ဆိုင်တယ်လို့သဘောထားပြီး ငြိမ်း ချမ်းရေးနဲ့နိုင်ငံ့အရေးတွေမှာ အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်နိုင်ကြပါ စေ။ ဒီဆောင်းပါးအတွက် ပံ့ပိုးပေးတဲ့ သင်ဇာဦးကို ကျေးဇူးတင်ပါတယ်။ ခင်ဆုမြတ်ထွန်း (Teen Magazine April 2012)
<urn:uuid:45a3eb0d-2a26-4472-b1ce-4814073a55a1>
CC-MAIN-2013-20
http://www.shweamyutay.com/index.php?option=com_content&view=article&id=4023&Itemid=0
2013-05-18T19:32:00Z
s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368696382764/warc/CC-MAIN-20130516092622-00063-ip-10-60-113-184.ec2.internal.warc.gz
mya
0.946185
Mymr
2
{"mya_Mymr_score": 0.9461850523948669, "blk_Mymr_score": 0.05214713513851166}
ခေါင်းဆောင်တွေ သတ္တိရှိပါ ကိုညို (အော်စလို) သမတ ဦးသိန်းစိန် အော်စလိုမှာ မြန်မာတွေနဲ့ တွေ့ဆုံစကားပြောတယ်။ သူ့အရင် ဒေါ်အောင်ဆန်းစုကြည်လည်း မြန်မာ တွေနဲ့စကားပြောတယ်။ ကိုမင်းကိုနိုင်လည်းပြောတယ်။ သမတနဲ့ သူတို့ မတူတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုမင်း ကိုနိုင် တို့က ပရိသတ်နဲ့ အမေးအဖြေလုပ်တယ်။ တိုက်ရိုက်ခံစားချက်တွေအသံတွေနားထောင်တယ်။ ဒေါ်အောင်ဆန်း စုကြည် လည်း သူ့ရဲ့ပြည် ပခရီးစဉ်တိုင်း အချိန်လုပြီးတွေ့တယ်၊ မေးခွန်းတွေဖြေတယ်။ ကိုမင်းကိုနိုင်ဆို ကျန်းမာရေးမ ကောင်းတဲ့ကြား၊ အိပ်ရေးပျက်ပြီး ပင်ပမ်းတဲ့ကြားက တတ်နိုင်သလောက် မြန်မာမိသားစုတွေ ကိုလိုက်လျောတယ်။ သမတ ဦးသိန်းစိန်ကတော့ ၁၀ မိနစ်နီးပါး သူပြောချင်တာပြောပြီး ဘာမေးခွန်းမှ မေးခွင့်မပေးဘဲ ထွက်သွားတယ်။ ခေါင်းဆောင်တွေ အလုပ်များတာ ကျနော်တို့ သဘောပေါက်တယ်။ မူလက သမတနဲ့ တွေ့ရမဲ့အချိန်က ညနေ ၄ နာရီခွဲ။ သမတ ကို တွေ့ဖို့ မြန်မာတွေ ၁၀၀ ကျော်က ညနေ ၃ နာရီကတည်းက လုံခြုံရေးရဲ ၃ ဆင့်နဲ့ အစစ်ဆေးခံပြီး ထိုင်စောင့် နေကြတာ။ သူနဲ့တွေ့ဖို့၊ မေးခွန်းထုတ်ဖို့ နော်ဝေးနိုင်ငံမြို့အနှံ့က မြန်မာတိုင်းရင်းသားတွေရော ကျနော်တို့လို ရှစ်လေးလုံး ကျောင်း သားဟောင်းတွေရော လာကြတာ။ ဒါပေမဲ့ ကျနော်တို့ သမတက သတ္တိမရှိဘူး။ သမတ တင်မကဘူး သမတနဲ့ပါလာတဲ့ ၀န်ကြီးတွေလည်း အတူတူပဲ။ သတင်းသမားတွေလည်း အတူတူပဲ။ ၀န်ကြီးဦးစိုးသိန်းက တနာရီနီးပါးကြာ သူပြောချင် ရာကို စစ်သားဘ၀တုန်းက စက်သေနတ် နဲ့ပစ်နေသလို ဒလစပ် ပစ်နေတယ်။ အခမ်းအနားမှူးကတားတာလည်း မမှုဘူး (ဘယ်မှုမလဲ အခမ်းအနားမှူးက သူ့တို့ကို ကပ်ဖားပြီး အောက်ကြို့ဆက်ဆံ နေရတဲ့ DVB က ကိုခင်မောင်ဝင်းလေ၊ အဲဒီ သမတနဲ့တွေ့တဲ့ အခန်းမှာပဲ တချိန်တုံးက NCGUB ညွန့်ပေါင်းအစိုးရခေါင်း ဆောင်တွေ၊ NCUB အဖွဲ့တို့နဲ့ အာဏာရှင်တွေကို ဘယ်နည်း ဘယ်ပုံ တိုက်ကြမဟဲ့ဆိုပြီး ပါးစပ်ကအမြှုတ်ထွက်အောင် ပြောဟောခဲ့တာကို ကိုခ င်မောင်ဝင်း ကိုယ်တိုင် Video ရိုက် အင်တာဗျူးလုပ် ၀ါဒဖြန့်ခဲ့သေးတယ်။ ပုလင်းတူဘူးဆို့ခဲ့ကြ သေးတယ်- စကားချပ်) ဝန်ကြီး ဦးစိုးသိန်းအာတာကို နားထောင်နေရတဲ့ ပရိဿတ်က စိတ်ပျက်နေပြီ။ မျက်နှာတွေရှုံ့နေပြီ။ ဘယ့်နှယ် အစိုးရ ကို မေးခွန်းထုတ်ဖို့လာတာ သူတို့ တရားဟောတာနားထောင်ဖို့ လာတာကျနေတာ ပဲတဲ့။ ပွစိပွစိပြောကုန်ပြီ။ ဒီတော့ အများပြည်သူအသံကို အမြဲဂရုစိုက်လေးစားတဲ့အနေနဲ့ သတင်း ထောက် ကျနော်လည်း အသံကျယ်ကျယ်နဲ့ ထပြော လိုက်တယ် … “၀န်ကြီး.. သိပ်ပွားတယ်” လို့ သူက “ဗျာ.. ဘာပြောတယ်” သူမရှင်းလို့ ကျနော် လက်ဟန်နဲ့ပါ ရှင်းအောင်ပြောတယ်။ ဘယ်လက်ချောင်းတွေကို စုလိုက် ကျဲလိုက် (ပွစိပွစိ လက်ဟန်) လုပ်ပြပြီး “၀န်ကြီး သိပ်ပွားတယ်လို့ ပြောတာပါ။ မေးခွန်းမေးမဲ့လူတွေ အများကြီးရှိသေးတယ်” လို့ ပြောတော့ မျက်နှာပျက်ပြီး “မေးကြပါ၊ ကျနော် ညနေအထိ ထိုင်စောင့်မယ်” လို့ ပြန်ပြောတယ်။ တကယ်တော့ အခန်းဌားတာ ၆ နာရီဆို အချိန်ပြည့်ပြီ။ တကယ့်အရေးကြီးတဲ့ မေးခွန်းတွေမမေးလိုက်ရဘူး။ လူတော်တော်များများမကြေမနပ်။ အား လုံးက သဘောပေါက်တယ်။ ဝန်ကြီးအဖွဲ့ အချိန်ကုန်အောင် အာသွားတယ်ဆိုတာ။ ကျနော်တို့ နိုင်ငံက ခေါင်းဆောင် လုပ်နေ သူတွေက သတ္တိမရှိဘူး။ ပြည်သူတွေက မအူပင် မလက်တိုကျေးရွာ က လယ်သမားတွေ အကြမ်းဖက် ရိုက်နှက်ခံရတာ၊ သွေးထွက်သံယို ဖြစ် နေတာကို သမတ သိအောင် ပြောပြချင်တယ်။ ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ် သတင်းထုတ်ပြန်တာ ကြားချင် တယ်။ ဒီမေးခွန်းတွေမေးဖို့ အဆင်သင့်ရှိတယ်။ ဒါပေမဲ့ မေးခွင့်မရကြဘူး။ တာဝန်ရှိသူတွေ သတ္တိမရှိဘူး။ အချိန်အကန့် အသတ်၊ မေးခွန်းအကန့်အသတ်နဲ ့ ပြီးသွားတယ်။ သုတ်သုတ်လစ်သွားတယ်။ သူတို့လားဆိုတော့ မဟုတ်သေးဘူး။ သမတခရီးစဉ်မှာလိုက်ပါလာတဲ့ မီဒီယာတွေရောပဲ။ သမတ ကို ကျနော်တို့ဆန္ဒပြတာကို စကိုင်းနက်၊ MRTV နဲ့ ပြန်ကြား ရေးဝန်ကြီးသတင်းအဖွဲ့တွေက ဓာတ်ပုံရော၊ ဗွီဒီယိုရော၊ အင်တာဗျူးတွေရော လုပ်တယ်။ သမတနဲ့ မြန်မာတွေ တွေ့ဆုံ ပွဲကိုလည်း အင်တာဗျူးတွေ လုပ်တယ်။ ဒါပေမဲ့ လွှင့်တာတော့မှုတ်ဘူး။ “ကျနော်တို့ လူကြီးတွေ သဘောအတိုင်းပဲ လုပ် ရတာပါ၊ အကိုတို့သတင်းတွေ မလွှင့်ဖြစ်ပါဘူး၊ မှတ်တမ်းအနေနဲ့ ယူထား တာပါ” လို့ ကျနော့်ကို သူတို့ မီဒီယာအဖွဲ့ဝင် တယောက်က ပြောတယ်။ တကယ်တော့ သမတကို ဆန္ဒပြသတင်းတွေ၊ အစိုးရအပေါ် အမြင်သဘောထားတွေကို မီဒီ ယာတွေကတဆင့် အစိုးရရော ပြည်သူတွေကိုပါ အသိပေးဖို့လိုတယ်။ အခုတော့ တဖက်လှည့် အင်တာဗျူးလုပ်၊ နား လှည့်ပါးလှည့်နဲ့ သတင်းဌာနအမည်ခံပြီး အဲဒီသတင်းကို စိတ်ဝင်စားတဲ့ ပြည်သူတွေကိုအသိ မပေးရဲတာဟာ ရှက်စရာ ကောင်းတယ်။ အစိုးရလက်ကိုင်တုတ်သတင်းဌာနတွေမို့ သတင်းမှန်ကို ပြည်သူတွေဆီပေးရဲမှာလည်း မဟုတ်ဘူး။ ရီစရာတခု ပြောရမယ်။ ၀န်ကြီး ဦးစိုးသိန်း အမေးအဖြေ အစီအစဉ်တွေပြီးသွားတော့ လူတော်တော်များများ ပြန်သွားတဲ့ အချိန် ၀န်ကြီးက သူတို့နဲ့ပါလာတဲ့ သတင်းမီဒီယာတွေကို “မင်းတို့ သေချာတည်းဖြတ်ပြီးမှလွှင့်နော်၊ ပြောတာတွေ အ ကုန်မထည့်နဲ့၊ အကုန်ဒုက္ခရောက်ကုန်မယ်” ဆိုပြီးပြောတာ ကျနော့ နားနဲ့ဆတ်ဆတ်ကိုကြား ခဲ့ရတာ။ အနားမှာရှိနေတဲ့ ကျနော်ကတောင် “ကျနော်က တည်းဖြတ်ပြီးလုပ်ရမှာလား” လို့ လှမ်းမေးလိုက်တော့ ဝန်ကြီးက မျက်နှာတည်တည်နဲ့ “ကျနော် သူတို့ကို ပြောနေတာပါ” လို့ ပြန်ပြောတယ်။ ဒါဆို ရှင်းနေတာပဲ။ ပြည်တွင်း မီဒီယာတွေဟာ သတင်းကို သတင်းအတိုင်း အစိုးရဘက်ကို မလိုက်ဘဲ တိတိ ကျကျ မှန် မှန်ကန်ကန် လုပ်ရဲသလား၊ မလုပ်ရဲဘူးလား၊ အဖြေက ရှင်းတယ်။ အစိုးရက သတင်းမီဒီယာတွေကို ချုပ်ကိုင်ထားတယ်။ ကျနော်တို့ ဆန္ဒပြသတင်းလည်း သူတို့ မကောင်းတာ ၀ါဒဖြန့်ချင်ရင် ထုတ်သုံးလိမ့်မယ်။ နိုင်ရင်ဖိထောင်းလိမ့်မယ်။ဆန္ဒပြတုန်းက သူတို့မီဒီယာတွေ မေးတဲ့ မေးခွန်းတခုကို ကျနော်ဖြေနေရင်း ထည့်ပြောလိုက်တာ တခုရှိတယ် … “ပြည်သူတွေရပိုင်ခွင့်က တကျပ်ဖိုးဆို တကျပ်ဖိုးပေးပါ။ တမတ်ဖိုး၊ ပေးလိုက် ငါးမူးဖိုးပေးလိုက်နဲ့ ဒီမိုကရေစီ ကို ပြန်ပေး မဆွဲထားနဲ့၊ ရေကူးတတ်ချင်တဲ့လူကို ရေနစ်မှာစိုးလို့ ရေထဲမဆင်းခိုင်းရင် ရေကူးတတ်မှာ မဟုတ်ဘူး၊ ဒီမိုကရေစီ နိုင်ငံ လုပ်မယ်ဆို သတ္တိရှိရှိလုပ်ပါ ကျနော်တို့ အားပေးမယ်” လို့ပြောခဲ့တယ်။ တကယ်ဆို ကျနော်တို့ မြန်မာလူထုဟာ မရိုင်းဘူး၊ ဒီမိုကရေစီစနစ်သာကျင့်သုံးခွင့်မရတာ ဘာကိုမလုပ် သင့်ဘူး၊ ဘာကို လုပ်သင့်တယ်ဆိုတာ ခွဲခြားသိတယ်။ ဘာသာတရားအဆုံးအမတွေမှာ ဒီမိုကရေစီ ကျင့်ထုံးတွေပါပြီးသား။ အစိုးရသာ ဒီမိုကရေစီ တန်ဘိုးကို နားမလည်သေးတာ ပြည်သူလူထုက ဒီမိုကရေစီအနှစ်သာရကို သဘောပေါက်ပြီးသား။ ကျနော် တို့ ပြည်သူက မ “အ” ဘူး။ အစိုးရက “အ” နေတာ။ ကျနော်တို့ပြည်သူက ဒီမိုကရေစီလမ်းပေါ်စလျှောက်နေပြီ။ နောက်ပြန်လျှောက်မှာမှုတ်ဘူး၊ ခေတ်ပြောင်းပြီ ဆိုတာနဲ့ မိမိတို့ လုပ်ရမယ့်အလုပ်တွေကို သတ္တိရှိရှိလုပ်နေကြတယ်။ အစိုးရကပြောပြီး တွန့်ဆုတ်ဆုတ်ဖြစ်နေတယ်။ နောက်ပြန် ရောက်နိုင်တယ်လို့ ခြိမ်းခြောက်နေပြန်တယ်။ ဘာမှ သတ္တိရှိရှိ မလုပ်ရဲဘူး။ အကြောက်တရားလွမ်းမိုးတုန်း၊ လူထုနဲ့ အ တိုက်အခံကို မယုံကြည်တုန်း။ ဒီပုံစံနဲ့ မိုးကြီးချုပ်လိမ့်မယ် သမတကြီး။ ဒီမိုကရေစီဖြစ်လာမှာမဟုတ်ဘူး။ ခရိုနီတွေပဲ အလုပ်ဖြစ်သွားမှာ။ သမတကြီးလည်နေတဲ့ ဥရောပနိုင်ငံတွေက သိပ်လည်တယ်။ သမတကြီးကအခုမှ ဥရောပ ၅ နိုင်ငံရောက်တာ သူတို့က တကမ္ဘာလုံးက ပထ၀ီမြေပုံတွေကို အပ်ကြောင်းထပ်နေအောင် လိုက်ကြည့်ပြီးပြီ။ သူတို့လိုချင်တာ သူတို့ ပြည်သူတွေ ကိစ္စက ပထမတန်းပဲ။ ကျနော်တို့ သမတကြီးက ဘယ်သူ့အတွက် ပထမတန်းဦးစားပေးမလဲ? သမတကြီးရဲ့ပါတီအတွက်လား? သမတကြီးရဲ့အစိုးရအတွက်လား? သမတကြီးရဲ့ တပ်မှုးတွေအတွက်လား? ဒါမှမ ဟုတ် မြန်မာပြည်သူတွေအားလုံး တိုးတက်ဖွံ့ဖြိုးရေးအတွက်လား? မြန်မာ ပြည်သူတွေအတွက် သက်သက် လုပ်မယ်ဆို သမတကြီး သတ္တိရှိဖို့လိုတယ်။ သမတကြီး သတ္တိမွေးပါ။ စစ်သားတယောက်လို လက်နက်ကိုင်ပြီး အာကျယ်တဲ့ သတ္တိ မလိုချင်ဘူး။ ပြည်သူတွေက အဲဒီ အာဏာရှင်စိတ်နဲ့ အာကျယ်တွေကို အနိုင်ယူနိုင်တဲ့ သတ္တိမျိုးပဲ သမတကြီးမှာဆီမှာ မြင်ချင်ကြတယ်။ ဒီတော့ သမတကြီးသတ္တိရှိပါ။ ၀န်ကြီးတွေ သတ္တိရှိပါ။ လွှတ်တော်လည်းသတ္တိရှိပါ။ ဒီမိုကရေစီကို မ ရှောင်ပါနဲ့ ၊ ပြည်သူတွေကို မကြောက်ပါနဲ့။ အစိုးရက သတ္တိရှိရှိ ဒီမိုကရေစီလမ်းကိုချဲ့ထွင်ပါ။ တိုးလျှောက်ပါ။ ခေါင်းဆောင်တွေ သတ္တိရှိပါ။ ကိုညို (အော်စလို)
<urn:uuid:b455c9a8-98ad-4a0c-8193-212a54c2a0da>
CC-MAIN-2013-20
http://freedomnewsgroup.com/2013/03/01/coward-mynmar-president/
2013-05-24T03:20:50Z
s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368704133142/warc/CC-MAIN-20130516113533-00063-ip-10-60-113-184.ec2.internal.warc.gz
mya
0.944789
Mymr
33
{"mya_Mymr_score": 0.9447886347770691, "blk_Mymr_score": 0.053560927510261536}
Written by မသီတာ (စမ်းချောင်း) Monday, 20 February 2012 16:48 ခေတ်က သတင်းမှ သတင်း၊ သတင်း မဟုတ်ရင် ဖတ်စရာ မလိုဘူးလို့ လူအတော် များများက ထင်ကြတဲ့ခေတ် ရောက်နေသလားပါပဲ။ မှန်ပါတယ်။ သတင်းကို သိဖို့လိုတာပေါ့။ သုတဆိုတာ ဗဟုသုတ ဖြစ်ရမယ်လို့ ဆိုသကိုး။ ဗဟုဆိုတော့ အများပေါ့။ သုတဆိုတာများလေ ကောင်းလေ။ အကြောင်းအရာ စုံကို သိလေ ကောင်းလေပေါ့။ ထားပါတော့။ သုတတွေများများ သိတော့ လူဆိုတာ ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးတာပေါ့။ ငါ သိထားတာတွေ အများကြီး ဆိုပြီးတော့လေ။ သုတစာပေဆိုတာ အဲဒီလို ကျေနပ်မှုကို ပေးနိုင်စွမ်းတာမျိုး။ ဒီတော့ ရသစာပေကရော။ ရသစာပေကတော့ ချစ်၊ရွှင်၊သနား၊ တည်ကြား၊ ကြမ်းကြုတ်၊ စက်ဆုပ်၊ ကြောက်ရွံ့၊ ရဲဝံ့၊ အံ့သြဆိုတဲ့ ကိုးပါးသော အရသာကို ပေးနိုင်စွမ်းတဲ့စာပေဆိုပါတော့။ ဒီတော့ သုတအနေနဲ့တော့ အများကြီးပါမှာ မဟုတ်ပေဘူး။ ရသဖတ်ပြီးရင် သိလာရတာတွေ အများကြီး မရှိနိုင်ဘူးလို့ ထင်စရာပေါ့။ ဒါပေမဲ့ စာမတတ်သူတွေအတွက် တွေးစရာတွေ အများကြီးတော့ ရလာနိုင်တာ အမှန်ပါ။ သုတတွေကြားမှာ အိပ်ပျော်နေတဲ့ ခံစားချက်တွေကို နှိုးဆွပေးမှာက ရသပါ။ မှတ်ဉဏ်သိတွေထဲမှာ မေ့လျော့ထားတဲ့ ဆင်ခြင်သိကို နှိုးဆွပေးမှာက ရသဖြစ်ပါတယ်။ ဒါကို နာမည်ကျော်အနုပညာ သမားတစ်ယောက်က ဖွင့်ဟပြောပြီးသား ဖြစ်ပါတယ်။ “သိပံ္ပပညာက လူတွေကို နှစ်သိမ့်ပေးပေမဲ့ အနုပညာကတော့ လူတွေ ကို နှိုးဆွပေးတယ်”တဲ့။ Georges Braque ဂျော့စ်ဘရက်ဂ်(၁၈၈၂-၁၉၆၃၊ Le Jour et la nuit) ပြောခဲ့တာပါ။ ပြင်သစ်ရဲ့ နာမည်ကျော် ပန်းချီဆရာပါ။ စပိန်ပန်းချီကျော် ပီကာဆိုနဲ့ တွဲဖက်ပြီး ၂၀ ရာစုမှာ ကျူဘစ်ဇင်ပန်းချီဝါဒကို ထူထောင်ခဲ့သူပေါ့။ သူ ပြောတာ ရှင်းပါတယ်။ သူ့ထက် ရှင်းရှင်းပြောသူလည်း ရှိနေပါသေးတယ်။ ဒါကတော့ သတင်းအကြောင်းရေးတဲ့ ဂျာနယ်လစ်ဇင်နဲ့ ရသစာပေအနုပညာသမား ဆိုတာ သဘောသဘာဝ မတူဘူးလို့ ပြောရိုးပြောစဉ်ထက် ပိုပြီး ပြောထားချက်ပါ။ ကြည့်ရအောင်။ “ဂျာနယ်လစ်ဇင်က အရှိန်အဟုန် မြန်မှုကို အားပေးတယ်။ အရှိန်အဟုန် မြန်တယ်ဆိုတာ အနုပညာအတွက်တော့ ရန်သူပဲ” Jeanette Winterson ဂျဲနက်တ်ဝင်တာဆင်(၁၉၅၉-) Art Objects (၁၉၉၅) သူက ဗြိတိသျှ ၀တ္ထုရေးဆရာမပါ။ အမျိုးသားများလို နေထိုင်တဲ့ အမျိုးသမီး တစ်ယောက်ပေါ့။ အဲဒီအတွက် မိသားစုထဲက ထုတ်ပယ် ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ သူ ပြောတဲ့စကားက စာရေးချင်သူတွေ အတွက် စဉ်းစားစရာ ပေါ့။ ကိုယ်က ဘယ်လို စာမျိုး ရေးချင်တာလဲ။ သတင်းလား။ အရှိန်အဟုန်နဲ့ သာ ပြင်ဆင်ပေတော့။ ဒီနေ့အကြောင်းကို ဒီနေ့ရေးနိုင်အောင် ကြိုးစားမှ သတင်းသမား၊ ဂျာနယ်လစ်ပေါ့။ အနုပညာသမား၊ ရသစာရေးဆရာ ဖြစ်ချင်တာလား။ ဒါဆိုဟော တစ်ပုဒ် ဟောတစ်ပုဒ်နဲ့ စက်နဲ့လှည့်ထုတ်သလို ရေးလို့ မဖြစ်နိုင်တာ သေချာနေပါပြီ။ ရသဆိုတာ ၀ါကျတစ်ကြောင်းက ပေးတဲ့ အနက်ကို တစ်ထိုင်တည်း ဘာသာပြန် သဘောပေါက်နိုင်တာမျိုး မဟုတ်ဘူးလေ။ ၀ါကျတစ်ကြောင်းထဲက ဝေါဟာရတွေ၊ ဖွဲ့စည်း တည်ဆောက်ပုံတွေ၊ အလင်္ကာတွေကို စာဖတ်သူက ဖတ်ပြီး ကိုယ်ချင်းစာနာသိ၊ ဆင် ခြင်သိတွေ ပေါ်ထွက်လာတဲ့ အထိ ခံစားနားလည်သွား သဘောပေါက်သွားအောင်သာ ရည်ရွယ် တာလေ။ ပြောရရင် စာနယ်ဇင်းသမားကောင်းရဲ့ အရည်အချင်းများ ဆိုတဲ့ သုတစာပေ စာအုပ်ကို ဖတ်ပြီး ဂျာနယ်လစ်ကောင်း ဖြစ်ချင်စိတ်ပေါ် လာသူ ဘယ်နှယောက် ရှိပါသလဲ။ ဒါပေမဲ့ ဂျာနယ်ကျော်မမလေးရဲ့ သူလိုလူကို ဖတ်ပြီး၊ ၀င်းတင်ရဲ့ ကွိ ဘာသာပြန်ကို ဖတ်ပြီး ဂျာနယ် လစ်ကောင်း ဖြစ်ချင်သူတွေကတော့ အများကြီး ပေါ်ထွက်ခဲ့ဖူးတာပါ။ ဒါကြောင့် စာဖတ်တော့ မယ့်လူထက် စာရေးတော့မယ့်လူက ကိုယ် ဘယ် လိုစာမျိုး ရေးချင်တာလဲ၊ ဘယ်လိုစာမျိုး ဖတ်ချင် တာလဲဆိုတာပေါ် မူတည်ပြီး စာ အမျိုးအစားကို ရွေးချယ်ရေးသားဖို့ လိုပါမယ်။ တကယ်တော့ စာရေးဆရာ ဖြစ်လာတဲ့အခါ မှာ သုတ စာရေးဆရာနဲ့ ရသ စာရေးဆရာရယ်လို့ ခွဲခြားထားတာ ရှိပေမဲ့ စာရေးဆရာ တစ်ယောက် အဖို့ကတော့ သုတပဲဖြစ်ဖြစ် ရသပဲဖြစ်ဖြစ် အား ထုတ်ရတာချည်းပဲ ဖြစ်ပါတယ်။ စာရေးဆရာ ဘ၀မှာ ကောင်းတာ တစ်ခုကတော့ ဘ၀မှာ ကောင်းတာပဲ ကြုံကြုံ၊ ဆိုးတာပဲ တွေ့တွေ့ စာ အဖြစ် ရေးနိုင်ခွင့်၊ ဖန်တီးနိုင်ခွင့် ရှိနေတာ ပါပဲ။ ဒါကို အတိအလင်း ထုတ်ပြောသူကတော့ F. Scott Fitzgerald အက်ဖ်စကော့တ်ဖစ်စဂျာရဲလ် (၁၈၉၆ -၁၉၄၀)ပါ။ သူ ပြောတာကို ဖတ်ကြည့်ရအောင်။ “စာရေးဆရာ တစ်ယောက်မှာ အလဟဿ ဖြစ်စရာရယ်လို့ ဘာမှမရှိပါဘူး”တဲ့။ သူဟာ အမေရိက အတွင်း ဂျပ်ဇ်ဂီတ ယဉ်ကျေးမှု ထွန်း ကားစကာလမှာ အောင်မြင်ခဲ့တဲ့ စာရေးဆရာပါ။ ဒီစကားကတော့ တကယ်တမ်းမှာ ဂျာနယ်လစ် Sheila Graham က သူနဲ့ဂျာရဲလ်တို့ရဲ့ အချစ် ဇာတ်လမ်းကို ပြန်ရေးကာ Beloved Infidel (၁၉၅၉)ရုပ်ရှင်အဖြစ် ဖန်တီးခဲ့တဲ့ အခါ အဲဒီထဲမှာ ဂျာရဲလ်အနေနဲ့ ပြောခဲ့တဲ့ စကားပါ။ ထားပါတော့။ ဘာပဲကြုံကြုံ ရေးစရာချည်း ပဲလို့ သဘောထားပြီးရင် ကိုယ့်စာကို သူများနား လည်အောင် ရေးပြဖို့တော့ လိုမှာပေါ့။ ဒါဆိုစာကို ဘယ်လိုရေးကြမလဲ။ ကိုယ့်အတွေးတွေကို ဘယ် လို အန်ထုတ်ကြမလဲ။ “စာကောင်းကောင်း ရေးဖို့ဆိုရင် ကိုယ့်ကိုယ် ကို သာမန်လူတွေလို ဖွင့်ဟ ပြောပြတတ်ရမယ်။ ဒါပေမဲ့ တွေးတဲ့ အခါမှာတော့ ပညာရှိ တစ်ယောက် လိုတွေးရမယ်”တဲ့။ Aristotle အရစ်စတိုတယ်လ် (ဘီစီ ၁၈၂-၃၂၂) ပြောခဲ့တာပါ။ သူကတော့ အားလုံးသိတဲ့ အတိုင်း ဂရိက အတွေးအခေါ် ပညာရှင်ပေါ့။ သူ့အတွေးအခေါ်တွေက သူ့ခေတ် အတွက် ဆန်းသစ်နေပြီး အဲဒီခေတ်က လူငယ် တွေရဲ့ အတွေးအမြင်တွေကို ပြောင်းလဲပေးနိုင်ခဲ့ သူလည်း ဖြစ်ပါတယ်။ သူက တွေးနည်းနဲ့ ပြော နည်းကို ရိုးစင်းတဲ့ ဥပမာနဲ့ ပေးထားပြီမို့ စာရေး တော့မယ့်သူတွေ နည်းနာယူနိုင်မှာပါ။ စာစရေးပြီ ဆိုရင် တစ်နေ့မှာ ဘယ်အချိန်တွေ ရေးသင့်လဲ။ ဘယ်လို အနား ယူတာမျိုး လုပ်ပြီး အားဖြည့်မလဲ။ ဒါလည်း မေးမယ်ဆို မေးချင်စရာ ပေါ့။ လွတ်လပ်တဲ့ စာရေးသူ တစ်ယောက်အဖို့ ရုံးဆင်းရုံးတက်ချိန် မရှိမှတော့ စာကို ဘယ်အချိန် ရေးပြီး ဘယ်အချိန် နားရမလဲ ဆိုတာ တွေးစရာ ဖြစ်နိုင်ပါတယ်။ ဖတ်ကြည့်ပါဦး။ “စာရေးခြင်း အမှုဆိုတာ စစ်သည်တော်တွေ စစ်တိုက်ကြသလိုပါပဲ။ အားလပ်ရက်ရယ်လို့ မရှိ ဘူး၊ ခွင့်ရက်လည်း မယူနိုင်ဘူး၊ အပန်းဖြေဖို့ လည်း မဖြစ်နိုင်ဘူး။ တကယ်တော့ အောင်မြင်ဖို့ အခွင့်အရေး ဆိုတာလည်း အလွန် နည်းပါးလှပါ တယ်။ စာရေးသူဟာ သင့်ရဲ့ အနှစ်သက်ဆုံး အိပ်မက်တွေက အလဲထိုးတာကိုပဲ သင် ခံရဖို့ကြောက်နေရသူပေါ့” Walter Mosley ဝေါလ်တာမော့စ်လေ (၁၉၅၂) Writers on Writing: Collected Essays from the New York Times (၂၀၀၁) သူက စုံထောက် ဇာတ်လမ်းတွေ ရေးတဲ့ အမေရိကန် စာရေးဆရာပါ။ သူ ပြောတာလည်း မှန်ပါရဲ့။ အချိန် ကန်သတ်ပြီး စာရေးလို့မှ မရနိုင် ပဲ။ စိတ်ထဲမှာ ပေါ်လာမယ့် အတွေးတွေဆိုတာ အချိန်မရွေး၊ နေရာမရွေး ၀င်လာနိုင်တာကိုး။ ဒီ တော့ စာရေးဆရာဆိုတာ အားရက်၊ နားရက် မရှိသူပေါ့။ ဒါဆို စာရေးဆရာဆိုတာ မလွတ်လပ်သူ လား။ သူ ဘယ်အချိန်မှာ လွတ်လပ်နေလဲ။ တွေးစရာပေါ့။ “လူသားတစ်ယောက် အနေနဲ့ လွတ်လပ်နေတဲ့ အချိန်ဆိုတာ သူ့အနေနဲ့ အနုပညာ အလုပ်တစ်ခု ကို လုပ်နေချိန်ပါပဲ” Friedrichvon Schiller ဖရဲဒရစ်ခ်ျဗွန်ရှီ လာ(၁၇၅၉-၁၈၀၅) သူက ဂျာမန်ကဗျာဆရာ၊ ပြဇာတ်ဆရာ သမိုင်းဆရာနဲ့ အတွေးအခေါ်ရှင်ပါ။ ဒီစကားက တော့ အမေရိကန်စာရေးဆရာ Edmund White (၁၉၄၀-) ရေးတဲ့The Burning Library (၁၉၉၄) စာအုပ်ထဲမှာ ရှီလာပြောခဲ့တဲ့စကားအဖြစ် ပါလာ တာဖြစ်ပါတယ်။ ဒီစကား အရတော့ ရှင်းပါတယ်။ စာရေးဆရာက စာရေးနေတဲ့အချိန်၊ သူ့အနုပညာ ကို ဖန်တီးနေတဲ့ အချိန်ဟာ လွတ်လပ်နေတဲ့ အချိန် ပေါ့။ ဒီတော့ စာရေးဆရာမှာ အားလပ်ရက် မရှိ ပေမဲ့ သူသာ စာရေးနေမယ် ဆိုရင် အဲဒီအချိန် တိုင်းဟာ သူ့အတွက် လွတ်လပ်နေချိန်ပဲလေ။ ဘာဝမ်းနည်းစရာ ရှိတော့လို့တုံး။ ဆက်တွေးရအောင်။ အတွေးတွေ ပေါ်လာ ပြီး ရင်ထဲမှာ ပူနွေးလာတဲ့အချိန်တိုင်း စာကို အမှန်တကယ် ချရေးဖြစ်ကြရဲ့လား။ အကြောင်း ကြောင်းတွေနဲ့ နေ့ရွှေ့ညရွှေ့ ရွှေ့ဖြစ်တာတွေ ရှိနေ ကြသေးတာကိုး။ မအားသေးလို့ဆိုတာမျိုး အကြောင်းပြချက်နဲ့ပေါ့။ တစ်နည်းအားဖြင့် မလွတ်လပ်သေးလို့ ဆိုပါတော့။ အဲဒါတော့ မကောင်းတာ သေချာပါတယ်။ “သင့်ရင်ထဲ ပူလောင်နေတုန်းမှာ စာရေး လိုက်ပါ။ စာရေးဆရာတစ်ယောက်က သူ့အတွေး တွေကို မှတ်တမ်းတင်ဖို့ အချိန်ရွှေ့ဆိုင်းတယ်ဆို တာ မီးပူကို အေးအောင်စောင့်ပြီးမှ တိုက်လိုက်လို့ မီးလောင်ပေါက်ကျန်အောင် လုပ်သလိုပဲ။ ဒီလို လုပ်ရင် သူ့ပရိသတ်တွေရဲ့ စိတ်ကို သူ့အနေနဲ့ တောက်လောင်အောင် မစွမ်းနိုင်တော့ဘူးပေါ့” Henry David Thoreau ဟင်နရီဒေးဗစ် သောရိုး(၁၈၁၇-၆၂)၊ ၁၉၅၂ ဖေဖော်ဝါရီ ၁ ရက်နေ့ ပေးစာ၊ သူက အမေရိကန် စာရေးဆရာ၊ အတွေး အခေါ်ရှင်နဲ့ သဘာဝ ပတ်ဝန်းကျင်သမားပါ။ ပြည်သူ့ အကြမ်းမဖက်အာခံမှု အတွေးအခေါ်ကို လည်း အစောဆုံး ဖော်ထုတ်ကျင့်သုံးခဲ့သူ ဖြစ်ပါ တယ်။ သူ ပြောတာ အမှန်ပါ။ ရင်ထဲမှာ တအုံ နွေးနွေး ရှိနေတုန်းမှ မရေးရင်၊ တစ်နည်း သွေးအေးသွားမှ ရေးရင် စာဖတ်သူကို လှိုက်ဖိုခံစား သွားအောင် လုပ်နိုင်စွမ်းလည်း ကျသွားတတ် တာ အမှန်ပါပဲ။ ဒီတော့ ရင်ထဲ နွေးနေတုန်း၊ တောက်လောင် နေတုန်း ရေးသာ ရေးချလိုက်ပေတော့။ ကိုင်း ရေးပါပြီတဲ့။ ဘာအကြောင်း ရေးမှာလဲ။ စာရေး တယ်ဆိုတာ လွယ်သလား။ “လှပပြီး ပြီးပြည့်စုံတဲ့ အကြောင်း အရာတွေကို ရေးသား ရတာထက် ပြိုကွဲပြန့်ကျဲနေတဲ့ အကြောင်းအရာတွေကို ရေးသား ရတာက ပိုလွယ် ပါတယ်” Beck ဘက်ခ်(၁၉၉၆) သူက အမေရိကန်တေးရေးဆရာနဲ့ အဆို တော်ပါ။ သူ ပြောတာလည်း သဘာဝ ကျတာပဲလေ။ အင်မတန် ခြောက်ပြစ်ကင်းသဲလဲစင်နေတဲ့ ဇာတ်လမ်းနဲ့ ဇာတ်ကောင်အကြောင်း ရေးရင် စာဖတ်သူတွေ စိတ်ဝင်စားပါ့မလား။ ဘာအခက် အခဲမှ မရှိတဲ့ဘ၀ကို လူတိုင်းက လိုချင်ကြပေမဲ့ စာတစ်အုပ်အဖြစ်၊ ရုပ်ရှင်တစ်ကားအဖြစ် ဆိုရင်တော့ ဘာအခက်အခဲမှ မရှိတာမျိုးဆို ပရိသတ် က ပျင်းမှာပဲလေ။ အခက်အခဲနဲ့ အပြိုင်အဆိုင် ဆိုတာ ဇာတ်တွေအတွက် လိုအပ်တာ အမှန်ပါ။ လက်တွေ့ဘ၀ဆိုတာကလည်း အခက်အခဲတွေ၊ အပြိုင်အဆိုင်တွေနဲ့မှ မကင်းနိုင်ဘဲကိုး။ ပြောတော့သာ လွယ်တာပါ။ အဲဒီလို အခက်အခဲတွေ၊ အပြိုင်အဆိုင်တွေ ပါဝင်တဲ့ ဇာတ်နဲ့ဇာတ်ကောင်တွေကို ဖန်တီးရတာ ထင် သလောက် မလွယ်ပါဘူး။ ဘယ်လောက်ပဲ အကွက်ချထားထား ဇာတ်ရော ဇာတ်ကောင်ပါ ကိုယ် ဖြစ်စေချင်တဲ့အတိုင်း ဖြစ်ချင်မှ ဖြစ်တတ် တာမျိုးပါ။ ကိုယ်ကိုယ်တိုင်က လည်း စာမျက်နှာ ပေါ်မှာ မဟုတ်တဲ့ ဇာတ်ကောင်တစ်ကောင် ဖြစ် နေလေတော့ ကိုယ့်အတွေး ၊ကိုယ့်စိတ်ကူး ဆိုတာ မျိုးက အကန့်အသတ်မဲ့ အချုပ်အချယ်မဲ့ပဲ ရှိနေမှာကိုး။ ကိုယ် ပြောချင်တာ ရေးချင်တာကို ဘယ်လိုစံတွေနဲ့ ကိုက်အောင် ဘယ်လိုပြုပြင် လိုက်မယ်လို့ တွေးပြီးမှ ရေးမယ် ဆိုရင်လည်း စာရေးဆရာ စစ်စစ် မဖြစ်နိုင်တော့ဘူးပဲပေါ့။ အီးအမ်ဖော်စ်တာ ပြောထားတာလေး ကြည့်ပါဦး လား။ “မပြောခင် တွေးတယ်ဆိုတာက ဝေဖန်ရေး သမားတွေရဲ့ ဆောင်ပုဒ်၊ မတွေးခင် ပြောတာ ကသာ ဖန်တီးသူ အနုပညာရှင်တွေရဲ့ ဆောင်ပုဒ်” E. M. Forster အီးအမ်ဖော်စ်တာ(၁၈၇၉-၁၉၇၀) Two Cheers for Democracy (၁၉၅၁) သူက အင်္ဂလိပ်စာရေးဆရာ၊ ရသစာတမ်း ပညာရှင်ဖြစ်ပြီး သိစိတ်အလျဉ်ရေးနည်းကို စတင် ရေးသားခဲ့သူပါ။ အင်္ဂလိပ်အစိုးရအမှုထမ်းအဖြစ် အိန်္ဒိယမှာ အမှုထမ်းခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ တကယ်လည်း မှန်တာပါပဲ။ စာရေးဆရာဆိုတာ က ကိုယ့်အတွေးကိုရော အရေးကိုပါ လွတ်လပ်ချင်သူ တွေဆိုတော့ ပေတံတွေ စံတွေအကြောင်း မတွေးဘဲ ရင်ထဲက ခံစားရတဲ့အတိုင်း ထုတ်ပြောမှ စာရေးဆရာစစ်မှာကိုး။ ကဲ၊ ဒါဆို စာရေးဆရာအစစ် ဆိုတာ ဘယ် လိုလူမျိုးလဲ။ တကယ့် ပင်ကိုစာရေးဆရာ ဆိုရင် လေ။ ဖတ်ကြည့်လိုက်ပါဦး။ “တကယ့်ပင်ကိုရေးစာရေးဆရာဆိုတာ တခြားသူတွေကို အတုမခိုးတဲ့သူမျိုး မဟုတ်ပါ ဘူး။ တခြားဘယ်သူကမှ အတုခိုးလို့ မရတဲ့သူ မျိုးပါ” Francois-Rene Chateaubriand ဖရန် ဆွိုင်းရီနေးချာတိုးဘရီရန် (၁၇၆၈-၁၈၄၈) Le Genie du Christianisme (၁၈၀၂) သူက ပြင်သစ်စာရေးဆရာ၊ နိုင်ငံ့ခေါင်း ဆောင်ဖြစ်သလို ပြင်သစ် စာပေလောကမှာ ရိုမန် တစ်ဝါဒကို စတင်ရေးသားခဲ့သူထဲက တစ် ယောက်ပါ။ သူ့စကားကတော့ အသေအချာ အမှန်အကန်ပါ။ ကိုယ့်လက်ရာကိုဖတ်သူက ကိုယ့် ကလောင်ကို မဖတ်မိရင်တောင် ဒါကတော့ ကိုယ့် လက်ရာပါလားလို့ ပြောနိုင်တဲ့အထိ ကိုယ်ပိုင် ဟန်ရှိတဲ့ စာရေးသူစစ်စစ်တစ်ယောက်ရဲ့ လက်ရာ ဆိုတာမျိုးဟာ တုပလို့ မရနိုင်တဲ့ အမှတ်တံဆိပ် ပါပဲ။ ကိုင်း။ စာရေးတော့မယ်ဆိုရင် ဒါလေးတွေ တော့ ထည့်တွေးကြရအောင်ပေါ့။ မသီတာ၊စမ်းချောင်း၊ Ref: The Wit and Wisdom of Great Writers (Teen မဂ္ဂဇင်း၊ဖေဖေါ်ဝါရီလ ၂၀၁၂)
<urn:uuid:43a4b51d-d1bb-4bfa-8112-a37b2f24d3f8>
CC-MAIN-2013-20
http://www.shweamyutay.com/index.php?option=com_content&view=article&id=3853&Itemid=&ed=113&fontstyle=f-default
2013-05-20T13:55:16Z
s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368699036375/warc/CC-MAIN-20130516101036-00081-ip-10-60-113-184.ec2.internal.warc.gz
mya
0.921923
Mymr
3
{"mya_Mymr_score": 0.9219232201576233, "blk_Mymr_score": 0.07706160098314285}
မုံရွာ လက်ပံတောင်းတောင် ပတ်ချာလည်က သပိတ်စခန်း ၆ ခုကို ရဲတွေက ဒီမနက် ၃ နာရီလောက်မှာ ၀င်စီးတယ်။ သပိတ်စခန်းတခုကို ကြေးနီ တူးဖော်ရာမှာ သုံးတဲ့ မီးသတ်ကား တစီးစီ ဦးတည်လာတယ်။ လူစု ခွဲရင်ခွဲ မခွဲရင် အင်အားသုံးပြီး နှိမ်နင်းရတော့မယ်လို့ စပီကာတွေနဲ့ အော်တယ်။ စခန်းတွေမှာ အိပ်နေတဲ့ လူတွေက မဖယ်ပေးဘဲ ဆက်ထိုင်နေတဲ့ အတွက် မီးသတ် ပိုက်တွေနဲ့ ထိုးတယ်။ လူတွေကမထဘဲ ငြိမ်နေတော့ မီးလောင်ဗုံးတွေနဲ့ စပစ်တော့တယ်။ သပိတ်စခန်းထဲက သံဃာတော်တပါးက “လက်ခလယ်လောက်ရှိတဲ့ ဖန်ပုလင်းလေးတွေ ပစ်သွင်းလိုက်တာ၊ အဲဒါတွေကနေ မီးပန်းတွေ ထွက်လာတယ်၊ အသားကိုထိရင် အသားလောင်တယ်၊ သင်္ကန်းကိုထိရင် သင်္ကန်းလောင်တယ်၊ မီးလောင်ဒဏ်ရာ ရတဲ့လူတွေ သိပ်များနေတယ်။ မန္တလေးက ဆရာတော်တပါးဆိုရင် တကိုယ်လုံး မီးလောင်သွားလို့ မန္တလေးကို ပြန်ပို့လိုက်ရတယ်” လို့ ပြောတယ်။ မနက် ၆ နာရီ လောက်အထိကို မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးမှာ မီးလောင်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတဲ့ လူပေါင်း ၁၅ ယောက် ရှိတယ်။ အခုချိန်ထိဆိုရင် ၃၀ လောက် ရှိနေပြီ။ ဖောင်ကား အလယ်ရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ အမျိုးသား သူနာပြု ကိုနောင်နောင်က ဒဏ်ရာ သိပ်မပြင်းထန်တဲ့ လူတွေကို ကုပေးနေတာ လူ ၇၀ ကျော်ရှိနေပြီ။ ဆေးရုံပို့ရမယ့် လူနာတွေကို မုံရွာ၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်မြို့တွေက မုဒိတာ၊ သင်္ဂဟ၊ ကရုဏာမြင့်မိုရ်၊ ဆားလင်းကြီး၊ ကရုဏာရှင်၊ ဇီဝသုခ စတဲ့ နာရေးကူညီမှုအသင်းက ကားတွေနဲ့ လာသယ်နေကြတယ်။ သပိတ်စခန်းတွေမှာ ရှိနေတဲ့ အများစုက သံဃာတွေဖြစ်လို့ ဒဏ်ရာရသူတွေကလည်း သံဃာတော်တွေ များနေတယ်။ မုံရွာ ပြည်သူ့ဆေးရုံကြီးရဲ့ ရဟန်းဆောင်မှာက မီးလောင်ဒဏ်ရာရတဲ့ သံဃာတွေကို နေရာလွတ်တွေရှိနေလျက်နဲ့ လက်မခံတော့ဘဲ ကလေး ကုသဆောင်မှာ ထားတယ်။ ဒဏ်ရာပြင်းထန်လို့ မန္တလေးကို ပြန်ပို့လိုက်ရတဲ့ ပုလဲမြို့နယ်သား ရဟန်းတော် ဥူးသိက္ခာဉာဏ ကတော့ ပျံလွန်တော်မူသွားတယ်လို့ နာရေးကူညီမှုအသင်းတွေက ပြောနေကြပေမယ့် ဧရာဝတီက အတည်ပြုချက် မရနိုင်သေးပါဘူး။ မနေ့ညက သပိတ်ကို အားပေးတဲ့ မုံရွာ မြို့ပေါ်ကလူတွေက စခန်းတွေမှာ ည ၂ နာရီလောက် အထိကို လာရောက်စောင့်ကြည့် ပေးခဲ့ကြတယ်။ သူတို့ပြန်သွားပြီးနောက် မနက် ၃ နာရီ လောက်မှာ ၀င်စီးခံရတာပါ။ ဝမ်ပေါင် ကုမ္ပဏီရှေ့က သပိတ်စခန်း ခေါင်းဆောင်ဖြစ်သူ ကိုမြင့်ဦးက“ကျနော်တို့မှာ လက်နက်ဆိုလို့ ဘောလ်ပင်လေးတွေပဲ ပါတာပါ။ ကိုယ့်နိုင်ငံသား အချင်းချင်း ဒီလိုမျိုး လုပ်ရက်တာကို အရမ်းရင်နာတယ်ဗျာ” လို့ ငိုသံနဲ့ ပြောနေတယ်။ အခုအချိန်မှာ ၀မ်ပေါင် ကုမ္ပဏီရှိတဲ့ ပုသိမ်-မုံရွာ ကားလမ်းမကြီးကို ရဲတွေက ပိတ်ဆို့ ထားလိုက်ပြီ။ တာဝန်ကျ ရဲမှူးကတော့ မုံရွာခရိုင် ရဲမှူး ဦးတင်ဝင်း ဖြစ်တယ်။ ပုလဲ မြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ၀မ်ပေါင်ကုမ္ပဏီက ၀ာာဝန်ရှိသူတွေနဲ့ သပိတ် ခေါင်းဆောင်တွေကို ညှိနှိုင်းပေးဖို့ ပြောဆိုနေပေမယ့် ကုမ္ပဏီဘက်က အထဲကို ၀င်ခွင့်မပြုခဲ့လို့ လွှတ်တော် ကိုယ်စားလှယ်လည်း ၀င်ပေါက် အပြင်မှာရပ်နေရတယ်။ ရန်ကုန်က ဦးနေမျိုးဇင်နဲ့ အဖွဲ့ကလည်း မနေ့ညက ဖျက်ဆီး ခံထားရတဲ့ သပိတ်စခန်းတွေနဲ့ လယ်တီ ဆရာတော်ဘုရားကြီးရဲ့ ကျောင်းတွေဆီကို အကူအညီပေးဖို့ သွားနေတယ်။ အခု ပြဿနာဖြစ်နေတဲ့ ၀မ်ပေါင် ကုမ္ပဏီရှေ့ကို မုံရွာမြို့နဲ့ အခြားမြို့တွေကနေ လာရောက်ကြတဲ့ လူတွေလည်း ရာနဲ့ချီ ရောက်နေတယ်။ ဒီနေ့မှာ ကြိုတင် သတင်း ထုတ်ပြန်ထားတဲ့အတိုင်း ဒေါ်အောင်ဆန်စုကြည်ဟာ ဒေသခံ ပြည်သူတွေနဲ့ တွေ့ဆုံဖို့ လက်ပံတောင်းကို လာနေပါတယ်။ တွေ့ဆုံမယ့် နေရာကတော့ ၀မ်ပေါင်ကုမ္ပဏီနဲ့ နီးနီးလေးမှာပါ။ စင်မြင့် တခုဆောက်ထားပြီးတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အဖွဲ့ဝင်တွေက လုံခြုံရေး ယူထားတာကို တွေ့ရပါတယ်။ လက်ပံတောင်း တောင်ပတ်ချာလည်မှာရှိတဲ့ သပိတ်စခန်း ၆ခုလုံးပျက်သွားပါပြီ။ နောက် မနက်က မီးလောင်ခံရတဲ့ နေရာအပျက်စီးတွေကိုလဲ အစအနတစ်ခုမှမကျန်အောင် သိမ်းဆည်းထားလိုက်လို့ ညက ဒီအဖြစ်အပျက်ဖြစ်ခဲ့တယ်ဆိုတဲ့ အရိပ်အယောင်တွေ မတွေ့ရတော့ပါဘူး။ မနက်က ဘုန်းကြီးကျောင်းတကျောင်းကို ဝင်ဖမ်းလို့ ထွက်ပြေးနေရတဲ့ လူ ၁၀၀ လောက်ပဲ ဖောင်းကားအလယ်ရွာမှာ ပုန်းခိုနေကြတယ်။ သပိတ်စခန်း ၆ ခုပေါင်းမှာဆိုရင် ဘုန်းကြီးအပါး ၃၀၀နဲ့ ၄၀၀ကြားရှိတယ်လို့ သိရပါတယ်။ ရွာခံလူတွေက ၇၀ လောက်ပဲ ရှိပါတယ်။ အခုဆိုရင် မုံရွာမြို့ပေါ်က သံဃာတွေနဲ့ အနီးအနားရွာတွေက သံဃာတွေက ပြန်ကုန်ကြတယ်။ ကျန်နေခဲ့တဲ့ သံဃာတွေကတော့ မန္တလေး၊ ပခုက္ကူ စတဲ့ စခန်းနဲ့ ဝေးတဲ့နေရာတွေကပါ။ “ဒေါ်အောင်ဆန်းစုကြည်၊ မုံရွာက လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်နဲ့ ၀မ်ပေါင်ကုမ္ပဏီက လူတွေအားလုံး ညှိနှိုင်းပြီးလို့ ထွက်လာတဲ့ရလဒ်ကို ကျနော်တို့ စောင့်ကြည့်နေပါတယ်” လို့ သပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဝင့်ကျော့မှူးက ပြောတယ်လို့ မုံရွာမှာရောက်နေတဲ့ ဧရာဝတီ သတင်းထောက်က ပေးပို့ပါတယ်။ (မုံရွာမှ ဧရာဝတီ သတင်းထောက် လဖိုင်နှင့် ရန်ကုန်မှ ကြယ်ပြာ ပူးပေါင်း ရေးသားသည်။)
<urn:uuid:44deb924-4e8c-4963-952e-ef5bdbaa175b>
CC-MAIN-2013-20
http://burma.irrawaddy.org/?slide=%E1%80%9C%E1%80%80%E1%80%B9%E1%80%95%E1%80%B6%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9%E1%80%B8-%E1%80%9E%E1%80%95%E1%80%AD%E1%80%90%E1%80%B9-%E1%80%85%E1%80%81%E1%80%94%E1%80%B9%E1%80%B8%E1%80%B1
2013-05-23T06:19:53Z
s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368702900179/warc/CC-MAIN-20130516111500-00081-ip-10-60-113-184.ec2.internal.warc.gz
mya
0.928585
Mymr
57
{"mya_Mymr_score": 0.9285848736763, "blk_Mymr_score": 0.0684819221496582}
ြမန်မာ့ေရွးေကာက်ပွဲဆိုင်ရာ ေနာက်ဆံုးရသတင်းများ၊ ေလ့လာဆန်းစစ်ချက်များနှင့် ရုပ်သံမှတ်တမ်းများ အြကမ်းဖက်မှု၊ ဖမ်းဆီးမှု၊ အြကပ်ကိုင်မှု၊ အဂတိလိုက်စားမှု၊ တရားမ၀င်လုပ်ရပ်များနှင့် ဆန္ဒြပမှုများကို ေြမပံုြဖင့် အချက်အလက်စုစည်းေဖါ်ြပထားြခင်း ြပည်သူ့လွှတ်ေတာ်သည် ေအာက်လွှတ်ေတာ်ြဖစ်ြပီး ြပည်ေထာင်စုလွှတ်ေတာ်၏ တစ်ဝက်ကိုဖွဲ့စည်းသည် အမျိုးသားညီလာခံသည် ြပည်ေထာင်စုလွှတ်ေတာ်၏ ကျန်တစ်ဝက်ကိုဖွဲ့စည်းမည်ြဖစ်သည် တိုင်းေဒသြကီးနှင့် ြပည်နယ်လွှတ်ေတာ်တွင် တိုင်းရင်းသား ကိုယ်စားလှယ်များ ပါ၀င်မည်ြဖစ်ြပီး အထက်လွှတ်ေတာ်တွင် ေနရာယူမည်ြဖစ်သည် တိုင်းရင်းသား ကိုယ်စားလှယ်များသည် တိုင်းေဒသြကီးနှင့် ြပည်နယ်လွှတ်ေတာ်၏ အစိတ်အပိုင်းတစ်ရပ်အြဖစ် ဖွဲ့စည်းမည်ြဖစ်သည် ဖျက်သိမ်းြပီး ေရွးေကာက်ပွဲ ကျင်းပမည့် ပံုစံ လွှတ်ေတာ် သံုးရပ်၏ လုပ်ငန်းတာဝန်များ ၂၀၁၀ မဲေရွးေကာက်ပွဲ၏ စည်းမျဥ်းဥပေဒများ အချို့ပါတီများ ေရွးေကာက်ပွဲတွင် မပါ၀င်ယှဥ်ြပိုင်ရသည့်အေြကာင်း ၂၀၁၀ ရှေးကောကျပှဲ၏ အွေခခံအုတျွမဈ လွန်ခဲ့သည့် အနှစ် ၂၀ က ကျင်းပခဲ့သည့် ေရွးေကာက်ပွဲ ရှေးကောကျပှဲကွိုကီွးကပျနေသူမြား သိသင့်သိထိုက်သည့် အချက်များ
<urn:uuid:e9854d90-ed71-4eea-9449-acfda0f10a5c>
CC-MAIN-2013-20
http://www.burma2010election.com/election/ethnic/constituency/1602?l=my
2013-05-21T03:11:08Z
s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368699675907/warc/CC-MAIN-20130516102115-00085-ip-10-60-113-184.ec2.internal.warc.gz
mya
0.997472
Mymr
152
{"mya_Mymr_score": 0.9974720478057861}
မေတ္တာရှင်ဆရာတော် နှင့် လားရှိုးလေး ဆရာတော်တို့ ပုလဲရတနာကြိုးတံတားတွင် အမှတ်တရ ၂၄.၆.၂၀၁၁ ရက်နေ့တွင် မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော် အရှင် ဇဝန နှင့် မန္တလေးမြို့မှ တပည့်ဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင် အလှူရှင်များ စုပေါင်း၍ ကျောက်ဆည်မြို့ရှိ ဘုန်းတော်ကြီးသင် အခမဲ့ ပညာရေးကျောင်းများသို့ သွားရောက်၍ လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြပါသည်။ ဆရာတော်နှင့် အလှူရှင်တို့သည် ကျောက်ဆည်မြို့ မြင်စိုင်း၊ ဆင်ဖြူချပ် ရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ မနက် ပိုင်းတွင် ရောက်ရှိကြပြီး မေတ္တာရှင် ဆရာတော်မှ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအတွက် လိုအပ်တဲ့ နေရာများတွင် အသုံးပြုရန်အတွက် အလှူငွေများကို ကျောင်းအုပ်ဆရာတော်ထံ ဆပ်ကပ်လှူဒါန်းပြီးနောက် ၊ ကျောင်းအတွက် ဆန်၊ ဆီ၊ ဆား၊ ဆပ်ပြာ များကိုလည်း လှူဒါန်းခဲ့ပါသည်။ ထိုကျောင်းရှိ ကိုရင်လေးများနှင့် ကျောင်းသူကျောင်းသားကို ဆရာတော်တို့ မရောက်ခင် အချိန်တွင် အဆိုတော် ဒွန်းမှ ကလေးများအတွက် စိတ်ဓာတ်ခွန်အား တိုးပွားစေရန်အတွက် သီချင်းများဖြင့် သီဆိုဖျော်ဖြေပေးသည့် အပြင် စိတ်ဓာတ်မြှင့်တင်ရေး အကြောင်းများကိုလည်း ပြောကြားပေးသွားခဲ့ပါသည်။ ထိုနောက် အလှူရှင်များမှ ကိုရင်လေးများနှင့် ကျောင်းသူကျောင်းသားများအတွက် ဗလာစာအုပ်၊ ဆပ်ပြာခဲ့၊ ရေဗူး၊ မုန့်၊ ချိုချဉ် ၊ ပိုက်ဆံ၊ ၅၀၀၀ ကျပ်တန် ကံစမ်းမဲများ စသည်ဖြင့် ပစ္စည်းမျိုးစုံတို့ကို ကံစမ်းမဲဖောက်ပြီး လှူ ဒါန်းမှုများ ပြုလုပ်ခဲ့ကြပါသည်။ ဆရာတော်မှ ကိုရင်လေးများ၊ ကျောင်းသားကျောင်းသူ မိဘများအား သြဝါဒ၊ တရားဟောကြားနေပုံ။ အဆိုတာ် ဒွန်းမှ ကိုရင်လေးများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများအား သီချင်းဖြင့် အားပေး ဖြေဖျော်နေပုံ။ ကိုရင်လေးများနှင့် ကျောင်းသားများကို ကံစမ်းမဲ ဖောက်ပေးနေစဉ်။ ပညာသင်ကလေးများ စားသုံးရန် ထမင်းပွဲများ ပြင်ဆင်ထားပုံ ကိုရင်လေးများနှင့် ကျောင်းသားကျောင်းသူများ ထမင်းမစားခင် ဆုတောင်းနေပုံ ကျောင်းသူ၊ကျောင်းသားများအတွက် ဆင်းရဲ နွမ်းပါးလှသည့် ထမင်းစားဆောင် နှစ်ဆောင်တွဲ။ ထိုမှတဆင့် ဆရာတော်နှင့် အဖွဲ့သည် စဥ့်ကိုင်မြို့ အရှေ့ဘက်ရှိ မက္ခရာမြို့ဟောင်း ၌ ရှိသော ကျွန်းဦးကျောင်း ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းသို့ သွားရောက်ကြ၍ လှူဒါန်းမှုများ ထပ်မံ ပြုလုပ်ခဲ့ကြပါသည်။ မေတ္တာရှင် ဆရာတော်မှ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအတွက် အလှူငွေများကို ကျောင်းထိုင် ဆရာတော်ကြီးထံ ဆပ်ကပ်လှူဒါန်း ပြီးနောက် ၊ ကိုရင်လေးများနှင့်ကျောင်းသားကျောင်းသူ (၁၀၇) ဦးတို့ အတွက် ဗလာစာအုပ်၊ ရေဗူး၊ ဆပ်ပြာခဲ၊ မုန့်မျိုးစုံ ၊ ချိုချဉ် ပိုက်ဆံ တို့ကို ကံစမ်းမဲ ဖောက်၍ လှူဒါန်းခဲ့ကြပါတယ်။ ထိုကံစမ်းမဲများတွင် မေတ္တာရှင် ဆရာတော်မှ ၅၀၀၀ ကျပ်တန် ကံစမ်းမဲ (၁၀) မဲ ကိုလည်း ထည့်သွင်း၍ မဲဖောက်ပေးခဲ့သည့် အပြင် အလှူရှင် အများစုမှလည်း ၅၀၀၀ ကျပ်တန် ကံစမ်းမဲ များကိုလည်း ထည့်သွင်း မဲဖောက်ပေး ခဲ့ကြပါသည်။ ကိုရင်လေးများကို ကံစမ်းမဲ ဖောက်ပေးရာတွင် ငါးထောင်မဲ ပေါက်သော ကိုရင်လေး။ အလှူရှင်အားလုံးတို့နှင့်တကွ အများပြည်သူများ ကြည်ညိုသဒ္ဒါပွားများ၊ သာဓုခေါ် နိုင်စေရန် မှတ်တမ်း ဓာတ်ပုံလေးများနှင့်တကွ ရေးသားဖော်ပြေပေးလိုက်ရပါသည်။ ခင်မင်စွာဖြင့် ဇော်သိင်္ခ ခင်မင်စွာဖြင့် ဇော်သိင်္ခ
<urn:uuid:d4385085-3655-4a29-8112-8ec425a63db3>
CC-MAIN-2013-20
http://www.zawtk.com/2011/06/blog-post_25.html
2013-05-21T03:42:04Z
s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368699675907/warc/CC-MAIN-20130516102115-00085-ip-10-60-113-184.ec2.internal.warc.gz
mya
0.966832
Mymr
6
{"mya_Mymr_score": 0.9668324589729309, "blk_Mymr_score": 0.026073729619383812}
သမ္မတဦးသိန်းစိန်၏ အပြန်ခရီးတွင် ပြည်သူများက ကြိုဆို အတွဲ ၃၀ ၊ အမှတ် ၅၈၉ ( ၅ - ၁၁ ၊ ၁၀ ၊ ၂၀၁၂) ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သမ္မတကြီးကို ကြိုဆို နေကြသူများ။ ဓာတ္ပုံ-ရတနာ အောက်တိုဘာလ ၁ ရက်နေ့က အမေရိကန်ပြည်ထောင်စုမှ ပြန်လာ သည့် သမ္မတဦးသိန်းစိန်ကို နိုင်ငံရေးပါတီများ၊ အသင်းအဖွဲ့များနှင့် ပြည်သူလူထုက ရန်ကုန်လေဆိပ်တွင် ကြိုဆိုခဲ့ကြသည်။ "ကျွန်တော်တို့ သွားကြိုဆိုရတဲ့ ရည်ရွယ်ချက်ကတော့ သမ္မတဦးသိန်းစိန်က ကုလသမဂ္ဂအစည်းအဝေးသွားတက်တယ်။ သွားတက်တော့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုအကြောင်းတွေ ရှင်းပြတာပေါ့။ သူရှင်းပြတဲ့အကြောင်းတွေကို နိုင်ငံတကာက လက်ခံနိုင်အောင် ရှင်းပြနိုင်တယ်ပေါ့။ နိုင်ငံတကာက လက်ခံလို့ ရှိရင် မြန်မာနိုင်ငံအတွက် ကူညီမှုတွေ ထောက်ပံ့မှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ လာ မယ်ပေါ့။ အဲဒါတွေကို သမ္မတက အမေရိကန်ခေါင်းဆောင်တွေ နဲ့လည်း တွေ့တယ်။ တခြားခေါင်းဆောင်တွေနဲ့လည်း တွေ့တယ်။ အဲဒီခေါင်းဆောင်တွေ ယုံကြည်အောင် သမ္မတက ပြောနိုင်တာပေါ့။ နောက်တစ်ခုက စီးပွားရေးသမား တွေနဲ့လည်း တွေ့တယ်။ အဲဒီစီးပွားရေး သမားတွေ မြန်မာနိုင်ငံမှာ လာရင်းနှီး မြှုပ်နှံအောင် လုပ်ပေးနိုင်တာပေါ့။ ဆိုလိုတာကတော့ သူသွားပြီးတော့တွေ့တဲ့အခါ နိုင်ငံတကာက ယုံကြည်အောင် မြန်မာနိုင်ငံရဲ့အကျိုးကျေးဇူးကို အများ ကြီးလုပ်ပေးနိုင်ခဲ့တယ်။ အဲဒါမျိုးလုပ် တာကို လက်ခံတယ်။ ကြိုဆိုတယ်။ ဆက် လုပ်ပါဆိုတာကို အားပေးချင်လို့ ဂုဏ်ပြု ချင်တဲ့သဘောနဲ့ သွားကြိုဆိုခဲ့တာပါ" ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။ ထို့ပြင် အမျိုးသားဒီမိုကရေစီ အင်အားစုမှပါတီဝင် ၂၀ ကျော်ကလည်း သမ္မတကြီးအား ဂုဏ်ပြုသောအနေဖြင့် သွားရောက်ကြိုဆိုခဲ့ ကြောင်း အမျိုးသား ဒီမိုကရက်တစ်ပါတီ အင်အားစုပါတီ ဗဟိုအလုပ်အမှုဆောင် ဦးကျော်သူရက မြန်မာတိုင်း(မ်)ကို ပြောသည်။ "ပါတီက ညွှန်ကြားတာမဟုတ်ဘဲ ပါတီဝင်တစ်ယောက်ချင်းစီရဲ့ လွတ်လပ် တဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ ထောက်ခံတဲ့အနေနဲ့ သွားကြိုတာပါ။ သမ္မတကဆိုလို့ရှိရင် နိုင်ငံအတွက် ဒီမို ကရေစီပြုပြင်ပြောင်းလဲမှုတွေ စွမ်း ဆောင်ပြီး အများကြီးလုပ်ခဲ့တယ်။ ဒီလို ဂုဏ်ပြုသင့်တဲ့ လူတစ်ယောက်ကို ဂုဏ်ပြု ချင်တာကြောင့် လွတ်လွတ်လပ်လပ် သွားကြိုခဲ့တာပါ"ဟု ၎င်းကပြောသည်။ "ပါတီက ဦးသိန်းစိန်လုပ်တာကို ထောက်ခံတော့ တစ်ဦးချင်းတစ်ယောက် ချင်းသွားရင် သွားနိုင်တယ်ဆိုပြီး ခွင့်ပေး လိုက်တယ်။ ဒါပေမယ့် ပါတီရဲ့ဆုံးဖြတ် ချက်နဲ့ သွားကြိုတာမဟုတ်ပါဘူး" ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက မြန်မာ တိုင်း(မ်)ကို ပြောသည်။ သမ္မတဦးသိန်းစိန်သည် စက်တင်ဘာ လ ၂၄ ရက်နေ့တွင် အမေရိကန်နိုင်ငံ သို့ ထွက်ခွာသွားခဲ့ပြီး (၆၇)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။ သမ္မတဦးသိန်းစိန်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့တွေ့ဆုံစဉ် အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ်တွင် အရေးယူချမှတ်ထားသည့် ပို့ကုန်ပိတ်ဆို့မှုများကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ဟီလာရီကလင်တန်က ဦးသိန်းစိန်ကို အသိပေး ပြောကြားခဲ့သည်။
<urn:uuid:6abd3c56-2a28-4ed9-aecc-2925d75fafa9>
CC-MAIN-2013-20
http://www.myanmar.mmtimes.com/2012/news/589/news05.html
2013-05-25T21:05:37Z
s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368706413448/warc/CC-MAIN-20130516121333-00085-ip-10-60-113-184.ec2.internal.warc.gz
mya
0.897619
Mymr
1
{"mya_Mymr_score": 0.8976187705993652, "blk_Mymr_score": 0.09747346490621567}
အဖွဲ့ကို ကော်မရှင်အတွင်းရေးမှူးဦးကျော်တင့်ဆွေက ဦးဆောင်လာတာဖြစ်ပြီး လူနာတွေကို စနစ်တကျနဲ့ စိတ်ရှည်လက်ရှည် သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းခဲ့မှုနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တာလို့ လူနာတဦးဖြစ်တဲ့ ဦးဇင်း ပါဋ္ဋက ကမိန့်ကြားပါတယ်။ အဖွဲ့ဝင်တွေဟာ ညနေ ၃ နာရီလောက်မှာ မန္တလေးဆေးရုံကြီးကတဆင့် ၆၂လမ်းရှိ ကန်တော်နတီ ဆေးခန်းကို ဆက်လက်သွားရောက်ပြီး ဆေးခန်းမှာ အတွင်းလူနာအဖြစ် ဆေးကုသ မူခံယူနေတဲ့ သံဃာ ၃၇ပါးကိုလည်း သွားရောက်ကြည့်ရူ မေးမြန်းလျောက်ထားခဲ့တယ်လို့ သိရပါတယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင်က သံဃာတော်တွေကို လျှောက်ထားမေးမြန်းတာနဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က စုစည်းတင်ပြထားပါတယ်။ ျအသံဖိုင်နားထောင်ရန် ျအသံဖိုင်ယူရန်။ျ
<urn:uuid:7ef5d6d1-e4e4-46f2-8058-e8870d07ba22>
CC-MAIN-2013-20
http://www.rfa.org/burmese/news/lpt-monk-12072012113548.html
2013-05-25T21:33:01Z
s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368706413448/warc/CC-MAIN-20130516121333-00085-ip-10-60-113-184.ec2.internal.warc.gz
mya
0.958545
Mymr
18
{"mya_Mymr_score": 0.9585447311401367, "blk_Mymr_score": 0.03749372437596321}
ဗုံးပေါက်ကွဲခဲ့တဲ့ နေရာဟာ မြစ်ကြီးနားမြို့ ဧရာရပ်ကွက် အနီးမှာရှိတဲ့ မိုးလုံလေလုံ အားကစားကွင်း အနီးမှာ ဖြစ်တယ်လို့ မျက်မြင်သက်သေ တစ်ဦးက အာအက်ဖ်အေ ကို ပြောပါတယ်။ "ဟုတ်တယ်၊ ဗုံးပေါက်တယ်၊ ၆ နာရီ ၁၀ မိနစ်လောက်မှာ ကျနော်တို့ ဒီ ဘော်လုံးကွင်းနဲ့ လ၀က ရုံးလမ်းကြား၊ အဲ့ဒီမှာ ဆိုင်ကယ်ပေါ်ကနေ ကွဲတာဗျ၊ လူတစ်ယောက် သေတယ်၊ ပေါက်တဲ့နေရာက မြို့တော်ခမ်းမနဲ့ နီးတယ်၊ ၀န်ကြီးများရုံးနဲ့ ကပ်ရပ်ပဲ။ အမှတ် ၂ ရဲစခန်းနဲ့ ဆိုလို့ရှိရင်လည်း ကိုက် ၂၀၀ လောက်ပဲ ရှိမယ်၊ လူတွေကတော့ အထိတ်တလန့်နဲ့ ဖြစ်တာပေါ့။" ဗုံးပေါက်ကွဲချိန်ဟာ မိုးလုံလေလုံ အားကစားကွင်းမှာ အုပ်ချုပ်ရေး ဖလား ဘော်လုံး ဗိုလ်လုပွဲ အပြီး ပရိတ်သတ်တွေ ပြန်ချိန်နဲ့လည်း တိုက်ဆိုင်နေတယ်လို့ သိရပါတယ်။ မြစ်ကြီးနား အမှတ် ၁ ရဲစခန်းကို ဆက်သွယ် မေးမြန်းခဲ့ရာ တာဝန်ကျ ရဲအရာရှိ တစ်ဦးက ဗုံးပေါက်ကွဲခဲ့တာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောဆိုပြီး ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သူဟာ အသက် ၃၀ အရွယ် တိန်ရောင်နော် ခေါ် မွန်ဂွတ် ဆိုသူဖြစ်တယ်လို့ ပြောပါတယ်။ "ဟုတ်တယ်၊ သူက တိန်ရောင်နော် (ခေါ်) မွန်ဂွတ် အသက် ၃၀၊ ကချင် ခရစ်ယာန်ပဲ၊ သူကတော့ တပ်ကုန်း အမှတ် (၁) ၃၁၉ ထွယ်ဆန် နယ်မြေပေါ့၊ သူက မီးသတ်ဝတ်စုံနဲ့ပေါ့နော်။ ၀တ်လာတာ အပေါ်ကတော့ စွတ်ကျယ် အောက်က ယူနီဖောင်းနဲ့ ဘော်လုံးပွဲ ကြည့်ပြီးတော့ ပြန်ထွက်သွားပြီး အဲ့ဒီ ကျနော်တို့ လ၀က ရုံးအ၀င်နားမှာ သူတစ်ယောက်တည်းပဲ ဘယ်သူမှ မရှိဘူး ဆိုင်ကယ်ကတော့ စုတ်ပြတ်သတ်သွားတာပေါ့နော်၊ ဘော်လုံးပွဲလည်းပြီးရော လမ်းမှာ ကွဲတာပဲ၊ ကွက်တိပဲ၊ ပွဲချင်းပြီးပဲ။" ဗုံးပေါက်ကွဲခဲ့မှုနဲ့ပတ်သက်ပြီး တရားခံ ဖော်ထုတ်နိုင်ဖို့ အတွက် မြို့နယ် ရဲတပ်ဖွဲ့နဲ့ SB တို့က သေဆုံးသွားသူရဲ့ မိဘတွေနဲ့ သူတို့အိမ်အ၀င်အထွက် ရှိသူ တွေကို စုံစမ်း မေးမြန်းနေပြီး ဘယ်သူ့ လက်ချက်ဖြစ်တယ် ဆိုတာ မသိရှိသေးကြောင်း အဆိုပါ ရဲအရာရှိက ပြောဆိုပါတယ်။
<urn:uuid:4dc98bea-c6f6-4952-a2c4-58293aa2ff51>
CC-MAIN-2013-20
http://www.rfa.org/burmese/news/myitkyinar-bomb-killed-one-07012012130205.html
2013-05-25T21:19:32Z
s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368706413448/warc/CC-MAIN-20130516121333-00085-ip-10-60-113-184.ec2.internal.warc.gz
mya
0.966593
Mymr
6
{"mya_Mymr_score": 0.9665930867195129, "blk_Mymr_score": 0.03223773092031479}
ဒီနေ့ နံနက် ၉း၀၀ နာရီက မင်္ဂလာတောင်ညွန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ဆိုင်းဘုတ်တင်ပွဲအခမ်အနားတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူလူထုသိူ့ ပြောကြားသော မိန့်ခွန်း.... အင်္ဂါနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် NLD ပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် အမှာစကားပြောကြားစဉ် လာရောက် နားထောင်ကြသော ပရိသတ်ထဲမှ ထိုင်ခုံ ကျိုးကျသည်ကို မြင်၍ ရုတ်တရက် ပြောဆိုလိုက်သော စကားကြောင့် လူထုပရိသတ် လက်ခုပ်သြဘာ ပေးခဲ့ကြသည်။ “ဒီလောက်အများကြီး ဒီခုံလေးပေါ်မှာ တက်နေရင် ပြုတ်ကျမှာပေါ့”ဟု ဒေါ်အောင်ဆန်းစုကြည်က ရယ်ရွှန်း မှတ်ချက် ပေးလိုက်သည့်အတွက် ပရိသတ်က နှစ်သက် သဘောကျသွားခြင်း ဖြစ်သည်။ ဤသို့ ပရိသတ်သြဘာပေးကြသည်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က “ကျမ ရိုးရိုးပြောတာပါ။ ပြည်သူတွေက ……. အရမ်းဉာဏ်ပြေးတာပဲ” ဟု ထပ်မံမှတ်ချက်ပြုလိုက်သေးသည်။ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည့် မြို့နယ် ဆိုင်းဘုတ်တင်ပွဲတွင် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မိနစ် ၂၀ ခန့်ကြာ အမှာစကား ပြောကြားခဲ့ရာ “ဒီလို မြို့နယ်ရုံးခန်းတွေ ဖွင့်တာဟာ ပြည်သူတွေနဲ့ နီးနီးစပ်စပ် ဆက်ဆံနိုင်ဖို့ ပါပဲ” ဟု ပြောသည်။ ဒီကနေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လာမည့်ဧပြီလမှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲတွင် မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မယ့် မဖြူဖြူသင်းတို့အား မင်္ဂလာတောင်ညွန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးဖွင့်ပွဲအခမ်းအနားမှာ တွေ့ရစဉ်...။ မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ကြားဖြတ် ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မည့် မဖြူဖြူသင်းအား မဲထည့်ရန်လည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူများအား တိုက်တွန်းခဲ့သည်။ Credit : Mizzima , Demowaiyan, Burma VJ
<urn:uuid:cc6cfc56-fa81-4498-861a-56391b39ad18>
CC-MAIN-2013-20
http://www.rohingyablogger.com/2012/01/blog-post_7646.html
2013-05-19T11:49:16Z
s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368697442043/warc/CC-MAIN-20130516094402-00073-ip-10-60-113-184.ec2.internal.warc.gz
mya
0.946905
Mymr
1
{"mya_Mymr_score": 0.9469053149223328, "blk_Mymr_score": 0.04453657567501068}
ပစ္စိအိုတာ-ဆိုတဲ့ အမျိုးသမီးဟာ တနေ့ကို လေးဆယ့်ငါးမိနစ်လောက် လမ်းလျှောက်ခဲ့တာကြောင့် ကိုယ်အလေးချိန် ၆၅-ကီလိုအထိ လျော့ကျသွားပါတယ်။ ယူတန်ဘတ်-ဆိုတဲ့ အမျိုးသမီးကျတော့ တနေ့ကို တနာရီလောက် လမ်းမှန်မှန်လျှောက်ခဲ့တာ ၁၈-လ အတောအတွင်း ကိုယ်အလေးချိန် ၁၅-ကီလို လျောကျသွားပါတယ်။ ဒါပေမဲ့ ပစ္စိအိုတာ နဲ့ ယူတန်ဘတ်တို့ကတော့ တနေ့ ၄၅-မိနစ်လောက် လမ်းလျှောက်ဖို့ကိုပဲ တိုက်တွန်းကြပါတယ်။ လမ်းလျှောက်တာဟာ အတော့ကိုလွယ်ကူပြီးတော့ တော်တော့်ကို အကျိုးများလှပါတယ်။ လမ်းလျှောက်ရင် ရလာမယ့်အကျိုးကျေးဇူးတွေကို အောက်မှာဖော်ပြလိုက်ပါတယ်။ ( လမ်းလျှောက်တာ ဘာလို့ အကောင်းဆုံး လေ့ကျင့်ခန်းလို့ ပြောရတာလဲ ) လမ်းလျှောက်တာဟာ ကိုယ်အလေးချိန် လျော့ကျသွားဖို့အတွက် အတော့်ကို ထိရောက်မှု ရှိပါတယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။ ကော်လိုရာဒို ကျန်းမာရေးသိပ္ပံမှာရှိတဲ့ အစာအာဟာရဆိုင်ရာဌာနရဲ့ ဒါရိုက်တာတယောက်ဖြစ်တဲ့ ဂျိမ်း(စ်)ဟေး(လ်)ဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး စူးစမ်းလေ့လာမှုတွေ လုပ်ခဲ့ပါတယ်။ ဟေး(လ်)က တနှစ်အတွင်း ကိုယ်အလေးချိန် (၁၃)ကီလိုလောက် လျော့ကျသွားတဲ့ လူ(၂၀၀၀)ကို လေ့လာခဲ့ရာမှာ အဲဒီလူ (၂၀၀၀)ထဲက (၅၀)ယောက်မှာ (၄၉)ယောက်ဟာ ပုံမှန်လမ်းလျှောက်ကြတဲ့သူတွေပဲ ဖြစ်ကြပါတယ်။ ဒီလူတွေဟာ တခြားလေ့ကျင့်ခန်းတွေကို မလုပ်ကြပေမဲ့လည်း လမ်းလျှောက်တာကိုတော့ မပျက်မကွက် ပုံမှန်လုပ်ခဲ့ကြပါတယ်။ ဟေး(လ်)က လမ်းလျှောက်တာဟာ ခန္ဓာကိုယ် ပိန်သွယ်လျစေပြီး အဆီကျသွားအောင်လုပ်ဖို့ အဓိကလေ့ကျင့်ခန်းဖြစ်တယ်လို့ ဆိုပါတယ်။ ( ဘာပြုလို့ ၄၅-မိနစ် လမ်းလျှောက်ရတာလဲ ) တနေ့ကို အချိန်ဘယ်လောက်ကြာအောင် လမ်းလျှောက်ရင် လုံလောက်မယ်ဆိုတာကို ဘယ်သူတွေကမှ အတိအကျ မဖော်ထုတ်နိုင်သေးပါဘူး။ ဟေး(လ်)ကလည်း တနေ့ကို အချိန်ဘယ်လောက်ကြာအောင် လမ်းလျှောက်ဖို့ဆိုတာကို သူမသိသေးတဲ့အကြောင်း ထုတ်ဖော်ပြောကြားပါတယ်။ ဒါပေမဲ့ ဟေး(လ်) အပါအ၀င် သုတေသီပညာရှင်တွေရဲ့ ယေဘုယျ အကြံပေးတာကတော့--- တနေ့ကို (၄၅)မိနစ် လမ်းလျှောက်ကြဖို့ပဲ ဖြစ်ပါတယ်။ ဟေး(လ်) လေ့လာနေတဲ့ လူ(၂၀၀၀)ဟာလည်း တနေ့ကို ၄၅-မိနစ် လမ်းလျှောက်ကြတယ်လို့ ဆိုပါတယ်။ တနေ့ ၄၅-မိနစ်၊ တကြိမ်ကို ၁၅-မိနစ်စီ သုံးကြိမ်ခွဲပြီး လမ်းလျှောက်ပေးရင်လည်း ကီလိုဂျိုးတွေကို တိုက်ဖျက်ပစ်နိုင်ပါတယ်လို့ ဆိုပါတယ်။ ( နေ့တိုင်း ဘာပြုလို့ လမ်းလျှောက်ဖို့ လိုအပ်သလဲ ) တပတ်ကို အနည်းဆုံး ၅-ရက် လမ်းလျှောက်တာကြောင့်လည်း ကိုယ်အလေးချိန် လျော့ကျသွားနိုင်ပါတယ်။ တခြားလေ့ကျင့်ခန်းတွေ မလုပ်ရင်တော့ တနေ့ကို ၁-နာရီလောက် လမ်းလျှောက်ပါ။ အားလပ်တဲ့ စနေ၊ တနင်္ဂနွေလိုနေ့တွေမှာ တောင်တက်ရင်လည်း ကိုယ်အလေးချိန် လျော့စေပါတယ်။ တပတ်ကို နာရီဘယ်လောက်ထိ လမ်းလျှောက်ရမလဲဆိုတဲ့ မေးခွန်းက သင့်အပေါ်မှာပဲ မူတည်ပါတယ်။ သတ်မှတ်ထားတဲ့ နာရီကို နှစ်ရက်နဲ့ ပြည့်သွားအောင် အလွန်အကျွံ လမ်းလျှောက်တာမျိုးကိုတော့ ရှောင်ကြဉ်ပါ။ နေ့တိုင်း လမ်းလျှောက်တာဟာ အတော်လွယ်ကူတဲ့ လေ့ကျင့်ခန်းဖြစ်လို့ ပျက်ကွက်သွားမှာကို စိုးရိမ်စရာမလိုပါဘူး။ ပစ္စိအိုတာ-က ကျွန်မအိပ်ရာက နိုးရင် အမြဲသွားတိုက်တတ်ပါတယ်၊ အဲဒီလိုပဲ လမ်းလျှောက်တာဟာလည်း အမြဲမပျက် လုပ်နေတဲ့ အဓိကအလုပ်တခုပါပဲ-လို့ ပြောကြားခဲ့ပါတယ်။ ( အစားအသောက် ဘယ်လိုစားရမှာလဲ ) နေ့တိုင်း လမ်းလျှောက်နေပေမဲ့ အစားအစာကိုတော့ အကန့်အသတ်မရှိ စိတ်ကြိုက်စားတာမျိုးကိုတော့ ရှေင်ကြဉ်ရပါလိမ့်မယ်။ တာ(ဖ်)တက္ကသိုလ်က နှလုံးရောဂါ ပါရဂူ ရစ်ပီကော့(စ်)-က အစားအသောက် မဆင်ခြင်ရင်တော့ ကိုယ်အလေးချိန် မလျော့နိုင်ပါဘူး။ ဒါပေမဲ့ အစာကြေလွယ်တဲ့ အစာတွေကို သင့်တင့်တဲ့ ပမာဏ စားသုံးရပါမယ်။ ရေတော့ များများကြီး သောက်ပါ။ အဲဒီလို အစာကိုကန့်သတ် စားသောက်ရင်တော့ အဆီကျပြီး ပိန်သွယ်လျလာပါလိမ့်မယ်။ ဒီလိုဖြစ်လာဖို့ လမ်းလျှောက်တာဟာ လုံလောက်တဲ့လေ့ကျင့်ခန်းပါပဲ-လို့ ဆိုပါတယ်။ ( အဆီကျတဲ့နှုန်း ဘယ်လောက်ထိ ရှိနိုင်သလဲ ) လူတယောက်စီရဲ့ အဆီကျနှုန်းဟာ အသက်အရွယ် ခန္ဓာကိုယ်အတွင်း ဓာတ်ပြောင်းလဲမှုနဲ့ မူလခန္ဓာကိုယ် အလေးချိန်တွေပေါ်မှာ မူတည်ပါတယ်။ ရူတန်ဘတ်က ကိုယ်အလေးချိန် ၃-ကီလိုလျော့ကျဖို့ လအတော်ကြာ လမ်းလျှောက်ခဲ့ရပါတယ်။ ဒါပေမဲ့ အစားအသောက်၊ အနေအထိုင် ဆင်ခြင်မှု နေသားတကျ ဖြစ်သွားချိန်မှာ ကိုယ်အလေးချိန် ၉-ကီလို လျော့ကျဖို့ ၆-လပဲကြာခဲ့ပါတယ်။ ပစ္စိအိုတာ-ကတော့ တလအတောအတွင်း ၁-ကီလို လျော့ကျခဲ့တယ်လို့ သိရပါတယ်။ ခန္ဓာကိုယ်မှာ အဆီပို မရှိသူတွေက ကိုယ်အလေးချိန် လျော့ကျမှာ မဟုတ်ပါဘူး။ တချို့ အခြေအနေတွေမှာ လေ့ကျင့်ခန်းလုပ်တာဟာ ကိုယ်အလေးချိန် လျော့ကျဖို့ အမြန်ဆုံးနည်း မဖြစ်နိုင်ပါဘူး။ ဟူစတန်မှာ ရှိတဲ့ ဘေလာဆေးကောလိပ်ရဲ့ လေ့လာချက်တွေအရ အစားအသောက်ရှောင်တဲ့ လူတွေဟာ ပထမတနှစ်မှာ ကိုယ်အလေးချိန် ၇-ကီလို လျော့ပြီး။ လေ့ကျင့်ခန်း လုပ်သူတွေက ၃-ကီလိုပဲလျော့ကျပါတယ်။ ဒါပေမဲ့ ဒုတိယနှစ်မှာ အစားအသောက် ရှောင်တဲ့လူတွေဟာ အလေးချိန် ပြန်တက်လာကြပါလိမ့်မယ်။ လေ့ကျင့်ခန်း လုပ်သူတွေကတော့ ကိုယ်အလေးချိန် လျော့ကျတာကို ဆက်ပြီးထိန်းထားနိုင်ကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ခန္ဓာကိုယ်မှာ အဆီတွေကျပြီး ပိန်လျသွားမှု ရှိ-မရှိကို ကိုယ်အလေးချိန်နဲ့ တိုင်းတာဟာ မှန်ကန်တဲ့နည်းလမ်းမဟုတ်ပါဘူး။ ဘာပြုလို့လဲဆိုတော့ တချို့လူတွေဟာ အဆီကျသွးပေမဲ့လည်း ကြွက်သားတွေ ဖြစ်ပေါ်လာနိုင်တာကြောင့်ပါပဲ။ အဲဒီအခါမှာ အဆီကျသွားပေမဲ့လည်း ကိုယ်အလေးချိန်ဟာ လျော့ကျသွားမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ ကိုယ့် ကိုယ်ခန္ဓာဟာ အဆီလျော့ကျပိန်လျသွားမှု ရှိ-မရှိ သိနိုင်ဖို့အတွက် ဘောင်းဘီရှည်တထည်ကိုဝတ်ပြီး အကျဉ်းအကျပ် ဘယ်လောက်ရှိသလဲဆိုတာကို တိုင်းတာတာဟာ အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။ ( လမ်းလျှောက်ရင် ဘယ်လောက်ခွန်အားစို့ရသလဲ ) ကိုယ်သွားလည်ချင်တဲ့ နေရာတခုကို သွားသလိုမျိုးပဲ ပုံမှန်နှုန်းနဲ့ လျှောက်ရမယ်။ အေးအေးဆေးဆေးပဲ တလှမ်းချင်း လျှောက်သွားရတာမျိုး မဟုတ်သလို အစွမ်းကုန် အားအင်စိုက်ပြီး မောကြီးပန်းကြီး လျှောက်ဖို့လည်း မလိုပါဘူး။ တနာရီကို ၆-ကီလိုမီတာနှုန်းနဲ့ လျှောက်ရင် လုံလောက်ပါတယ်။ ( လမ်းလျှောက်ဖို့ စိတ်ဝင်စားလာအောင် ဘယ်လိုလုပ်ရမလဲ ) တောင်တက်တောင်ဆင်းတွေ၊ မရောက်ဖူးတဲ့နေရာအသစ်မှာ လမ်းလျှောက်တာဟာ လမ်းလျှောက်တာကို ငြီးငွေ့နေတာကို ပျောက်ကင်းစေပါတယ်။ အုပ်စုဖွဲ့ပြီးတော့ လျှောက်တာဟာလည်း စိတ်ပျော်ရွှင်မှုကို ရရှိစေနိုင်ပါတယ်။ လမ်းလျှောက်ရင်းနဲ့ လူမှုပေါင်းသင်းဆက်ဆံရေးကိုလည်း ပြုလုပ်နိုင်ပါတယ်။ ရှင့် သူငယ်ချင်းတွေနဲ့ပဲ ဖြစ်ဖြစ်၊ ရှင့်အိမ်ထောင်ဖက်နဲ့ပဲ ဖြစ်ဖြစ် အုပ်စုလိုက်ပဲ ဖြစ်ဖြစ် လမ်းလျှောက်ပါ။ ပြီးခဲ့တဲ့ လေးနှစ်လောက်က ဒစ်ထရပ်မန်နဲ့ သူ့ဇနီး ဂျိုတုိ့ဟာ တာဝေးလမ်းလျှောက်အဖွဲ့ထဲမှာ ပါဝင်ခဲ့ကြပါတယ်။ သူတို့နှစ်ဦးစလုံးဟာ အသက် ၆၀-ကျော်နေကြတဲ့သူတွေပါ။ ဒါပေမဲ့လည်း အပတ်စဉ်လုပ်နေတဲ့ ၁၀-ကီလိုမီတာ လမ်းလျှောက်ပြိုင်ပွဲကို အမြဲဝင်နွှဲနေကြတုန်းပါပဲ။ သူတို့က-တာဝေး လမ်းလျှောက်ရတာဟာ နယ်မြေဒေသမျိုးစုံကို ရောက်နိုင်ပြီး လူမျိုးစုံနှင့်လည်း ထိတွေ့ဆက်ဆံခွင့်ရပါတယ်-လို့ ဆိုပါတယ်။ ( ဘာပြုလို့ လမ်းလျှောက်တာကို မစွန့်လွှတ်နိုင်ရတာလဲ ) တနေ့ကို ၄၅-မိနစ်လောက် လမ်းလျှောက်တဲ့သူတွေဟာ အစပိုင်းမှာတော့ ပိန်ချင်ကြလို့ လျှောက်ခဲ့ကြတာပါ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ စိတ်ချမ်းသာမှုအတွက် လမ်းလျှောက်ကြပါတယ်။ နှလုံးရောဂါ ပါရဂူ ရစ်ပီကတော့ လမ်းလျှောက်တာဟာ စိတ်ပိုင်းဆိုရာမှာလည်း အကျိုးရှိလှပါတယ်-လို့ လေ့လာတွေ့ရှိခဲ့တာကို ပြောခဲ့ပါတယ်။ လေ့လာမှုတွေအရ တနေ့ကို ၄၅-မိနစ်လောက် လမ်းလျှောက်တာဟာ စိုးရိမ်ပူပန်မှုနဲ့ စိတ်တင်းကြပ်တာတွေကို လျော့နည်းသွားစေတယ်လို့ တွေ့ရပါတယ်။ လမ်းလျှောက်တာဟာ စနစ်ကျတဲ့ ကျန်းမာရေးကို ရရှိနိုင်ပါတယ်။ နေ့တိုင်း လမ်းလျှောက်ရင်းနဲ့ ကျန်းမာရေးကို တဆင့်ပြီးတဆင့် ကောင်းမွန်မြင့်တက်လာနိုင်ပါတယ်။ အဲဒီလိုပဲ စိတ်စွမ်းရည်ကိုလည်း မြှင့်တင်ပေးလာမှာ ဖြစ်တယ်ဆိုတဲ့အကြောင်း ရေးသားတင်ပြလိုက်ရပါတော့တယ်။ ( မြရီသွေး ) ( စရဏ မဂ္ဂဇင်း-၂၀၀၄-သြဂုတ် )
<urn:uuid:06a8d7bf-ed6d-4dcc-935b-72149777ff0a>
CC-MAIN-2013-20
http://www.mawluu.com/2009/08/blog-post_5560.html
2013-05-22T08:53:52Z
s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368701543416/warc/CC-MAIN-20130516105223-00073-ip-10-60-113-184.ec2.internal.warc.gz
mya
0.870022
Mymr
4
{"mya_Mymr_score": 0.8700218200683594, "blk_Mymr_score": 0.1264687329530716}
သူ့အတွက်တော့ ထိုအရာများကို ငွေကြေးထက် ပိုမို မက်မောခဲ့လေသည်။ ပိုက်ဆံငွေကြေး၊ ပိုင်ဆိုင်ခွင့်များ မတန်တဆ ရှိဖို့မလို၊ စိတ်ချမ်းမြေ့ဖွယ် မိသားစုလေးတစ်ခုနှင့်အတူ ဘဝကို အေးအေး ချမ်းချမ်း ဖြတ်သန်းခွင့်ရသည်ကပင် သူကျေနပ်မိရသည်။ ဘဝအတွင် အရေးအကြီး ဆုံးသော လိုအပ်ချက်မှာ ချစ်ခင် သူများနှင့် ပျော်ပျော်ရွှင်ရွှင် စိတ် ချမ်းချမ်းသာသာ နေနိုင်ဖို့ဟု သူက ယူဆမိပါသည်။ လူတိုင်းသည် မိမိသမိုင်းကို မိမိကိုယ်တိုင် ရေးကြသည်။ မိမိတို့ဘဝ အသက်ရှင် နေထိုင်ချိန်တွင် လုပ်ခဲ့၊ ပြုခဲ့သော ကောင်းမှု၊ မကောင်းမှုတို့သည် တစ်ချိန်ချိန် တွင် ရောင်ပြန် ခံစားရမည်ဟု သူကတော့ ယုံကြည်မိသည်။ ထို့ကြောင့်လည်း မကောင်းမှုကို နည်းနိုင်သမျှ နည်းအောင် နေထိုင်ခဲ့သည်။ လူ့လောကကြီးတွင် ဧည့်သည်အဖြစ် ရောက်လာသော တစ်ခဏသာအတွက် ဧည့်သည်ဆိုးတစ်ယောက် သူမဖြစ်ချင်ခဲ့ပါ။ လောကကြီးအတွက် အကျိုးမပြုနိုင်ဦးတော့တောင် ဆိုးကျိုတော့ဖြင့် မပေးလိုပါ။ သူ သားသမီးဖြစ်စဉ်က မိဘတို့ကို ပြန်လည် သိတတ်ခဲ့ပြီး ပြုစု လုပ်ကျွေးခွင့်ရခဲ့သောကြောင့် မိဘကို မကျွေးမွေး မစောင့်ရှောက် လိုက်ရသော နောင်တမျိုး မရခဲ့ပါ။ ယခု သူ့အသက် ကြီးရင့်လာသော အခါတွင်လည်း သူ၏ သားသမီးမြေးမြစ်တို့က သူ့ကို ပြန်လည် စောင့်ရှောက်ကြလေပြီ။ သူသည် ကြွေးဟောင်းကို ဆပ်ခဲ့ပြီးပြီ။ ကြွေးသစ်ကိုလည်း ချခဲ့ပြီးပြီ။ သူ့အတွက် ဘာမှ အပန်းတကြီး ဖြစ်စရာ အခြေအနေလည်း မရှိတော့ပါ။ ဘဝကို အေးအေးချမ်းချမ်း ကုန်ဆုံးရန်သာ ရှိတော့သည်။ လူတိုင်းသည် မိမိ သေလွန်သွားသည့်အခါတွင် စုဆောင်းထားသော မည်သည့် ပစ္စည်းဥစ္စာမှ ယူဆောင်မသွားနိုင်ပါ။ အရာအားလုံးကို ထားပစ်ခဲ့ရမည်သာ ဖြစ်လေသည်။ သို့သော် ယူဆောင် သွားနိုင်သည့် တစ်ခုတည်းသော အရာမှာ ကုသိုလ်ကောင်းမှု ဖြစ်သည်။ ကုသိုလ်ကောင်းမှုလည်း တတ်နိုင်သမျှ သူလုပ်ခဲ့ပြီးပြီ။ လုပ်နေဆဲ လည်း ဖြစ်သည်။ နေဝင်ချိန်ဟူသည် နေ့နှင့်ညကို ပိုင်းခြား ကန့်သတ်လိုက်သည့် အနားသတ်ဟု သူက ယူဆပါသည်။ ဆည်းဆာချိန်ရောက်ပြီ ဆိုသည်နှင့် တစ်နေ့တာ ကုန်ဆုံးတော့မည်။ ယခု သူ့ဘဝသည်လည်း နေဝင် ဆည်းဆာချိန် ရောက်နေပေပြီ။ မကြာသောတစ်နေ့တွင် သူထွက်ခွာရတော့မည်။ ယခုအချိန်တွင် အေးချမ်းသော သူ့ဇာတိရွာကလေးမှာ သူ့ဘဝနေဝင်ချိန်ကို ကုန်ဆုံးဖို့ ကြိုးစားနေခြင်းသာ ဖြစ်တော့သည်။ အစောဆီက လိမ္မော်ရောင် အဆင်းဖြင့် လင်းချင်းတောက်ပကာ ကမ္ဘာမြေကြီး၏ တစ်နေ့တာ အား နောက်ဆုံး နှုတ်ဆက်နေခဲ့သော နေမင်းကြီးသည် ဂေါယံဆီသို့ ယွန်းသွားလေပြီ။ ကောင်းကင်ပြင်နှင့် တိမ်စိုင်တစ်ချို့ကတော့ လိမ္မော်သွေးများ လိမ်းကျံထားဆဲ ရှိလေသည်။ သို့သော် ထိုလိမ္မော်ရောင် သည်လည်း မကြာခင်တွင် စုန်းစုန်း ပျောက်ကွယ်ကာ မဲမှောင်လာပေတော့မည်။ သူသည် ခုံဘေးတွင် ချထားခဲ့သော တောင်ဝှေးကို ကောက်ယူလိုက်ပြီး ထိုနေရာမှ တစ်လှမ်းချင်း ထွက်ခွာကာ အိမ်ဆီသို့ ဖြေးဖြေးမှန်မှန် တည်တည်ငြိမ်ငြိမ် ခြေလှမ်းများဖြင့် လျှောက်လှမ်း သွားနေလေသည်။
<urn:uuid:cd443182-ddb5-4313-9086-d255ff2864ff>
CC-MAIN-2013-20
http://www.missgreenlady.com/2011_12_01_archive.html
2013-05-20T00:25:54Z
s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368698150793/warc/CC-MAIN-20130516095550-00005-ip-10-60-113-184.ec2.internal.warc.gz
mya
0.975442
Mymr
1
{"mya_Mymr_score": 0.9754424691200256, "blk_Mymr_score": 0.02354891411960125}
.fi .fi သည် နိုင်ငံတော်များနှင့် သက်ဆိုင်သည့် အဓိက ဒိုမိန်းများထဲမှာ တစ်ခုဖြစ်ပြီး၊ ဖင်လန်နိုင်ငံကို ကိုယ်စားပြုသည်။ ၄င်းကို ဖီကော်ရာ(Ficora) မှ ထိမ်းသိမ်းကိုင်တွယ်ခြင်းပြုသည်။ ဖီကော်ရာသည် ဖင်လန်နိုင်ငံ ဆက်သွယ်ရေးကို ကြည့်ရှုစစ်ဆေးရသည့် နိုင်ငံတော်ပိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ၁၉၈၆ ခုနှစ် ဒီဇင်ဘာလ ၄ရက်နေ့တွင် တန်ပယ်ရယ်မြို့ရှိ Finnish Unix Users Group မှ နိုင်ငံပိုင် ဒိုမိန်းတစ်ခုရရှိရန် လျှောက်ထားခဲ့ခြင်းဖြစ်သည်။ လျှောက်လွှာများ လက်ခံခဲ့ပြီးနောက် တန်ပယ်ရယ် နည်းပညာ တက္ကသိုလ် သို့ .fi ဒိုမိန်းအား အသုံးပြုခွင့် ချပေးခဲ့သည်။ ထို့နောက် ဒိုမိန်းသည် FICIX ၏ ထိန်းသိမ်းမှု အောက်တွင် ရှိခဲ့ပြီး၊ ယခုအခါ ဖီကော်ရာ လက်အောက်တွင်ဖြစ်သည်။ ဖီကော်ရာသည် .fi ဒိုမိန်အား ဂရုဆိုက်၍ စည်းကမ်းချက် များစွာဖြင့် အသုံးပြုခွင့်ပေးသည်၊ ဒိုမိန်းလိပ်စာများကို ကုမ္ပဏီ နာမည်များ၊ သို့မဟုတ် ကုမ္ပဏီ အမှတ်အသားများ မှတ်ပုံတင်ထားမှသာလျင် အသုံးပြုခွင့်ပေးခဲ့သည်။ ထို့ကြောင်လည်း ကုမ္ပဏီအများစုသည် .fi ကိုသာ အသုံးပြုခဲ့ကြသည်။ ၂၀၀၃ ခုနှစ် ဆက်တင်ဘာလ ၁ ရက်နေ့တွင် ဒိုမိန်းပိုင်ဆိုင်ခွင့်ရရန် မူတစ်ချို့ကို ပြင်ဆင်ခဲ့သည်။ ၂၀၀၅ ခုနှစ် ဆက်တင်ဘာလ ၁ရက်နေ့တွင် စကန်ဒီနေဗီးယား စာလုံးများဖြစ်သည့် (ä, å, ö) တို့ကို .fi ဒိုမိန်းလိပ်စာတွင် အသုံးပြုခွင့်ပေးခဲ့သည်။ သို့သော် အဓိက ဒိုမိန်းလိပ်စာအဖြစ် အသုံးပြုရန် ဖီကော်ရာမှ အကြံမပြုခဲ့ပေ။ ၂၀၀၆ ခုနှစ် မတ်လ ၁ ရက်နေ့တွင် လူပုဂ္ဂိုလ် အသီးသီးတို့အား .fi ဒိုမိန်းကို ဝယ်ခွင့်ပြုလိုက်သည်။ သို့သော် လွယ်ကူစွာ ဝယ်ယူ၍မရပေ၊ ကုမ္ပဏီများသည် ၄င်းတို့၏ ကုမ္ပဏီအမှတ်အသားများ၊ သို့မဟုတ် မှတ်ပုံတင်ထားသော ကုမ္ပဏီများမှသာလျင် .fi ဒိုမိန်းကို ပိုင်ဆိုင်ခွင့်ရှိသည်။ ကြည့်ပါ၊ .ax သည် အာလန် ကျွန်းပိုင် ဒိုးမိန်းတစ်ခုဖြစ်သည်။
<urn:uuid:c0d35bd6-9dd5-4df3-bba2-4483e28fe646>
CC-MAIN-2013-20
http://my.wikipedia.org/wiki/.fi
2013-05-22T19:32:56Z
s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368702414478/warc/CC-MAIN-20130516110654-00005-ip-10-60-113-184.ec2.internal.warc.gz
mya
0.99895
Mymr
75
{"mya_Mymr_score": 0.9989499449729919}
ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်က (UWSA) ကို စစ်လက်နက် ပစ္စည်းများ ရောင်းချ ပေးခဲ့သည်ဆိုသော စွပ်စွဲချက်များ မဟုတ်မမှန်ကြောင်း မြန်မာနိုင်ငံအခြေစိုက် တရုတ်သံရုံးက ငြင်းဆိုသည်။ တနင်္ဂနွေနေ့က ထုတ်ပြန်သော ကြေညာချက်တွင် တရုတ်တို့အနေဖြင့် မြန်မာစစ်တပ်ကိုသာမက ကချင်၊ ရှမ်းနှင့် ဝ တပ်ဖွဲ့များသို့လည်း လက်နက်ရောင်းချနေသည်ဟူသော စွပ်စွဲပြောဆိုချက်များသည် “အခြေအမြစ်မရှိ” ဟု ရေးသားထားသည်။ ယင်းထုတ်ပြန်ကြေညာချက်သည် ယမန်နှစ် နှစ်လည်ပိုင်းက တရုတ်လုပ် PTL02 ဘီးတပ်တင့်ကားများ UWSA က ရရှိခဲ့ကြောင်း ဒီဇင်ဘာလအတွင်း ထုတ်ဝေခဲ့သော စစ်ဘက်ရေးရာ မဂ္ဂဇင်း “ဂျိန်းစ် ထောက်လှမ်းရေး အစီရင်ခံစာ” Jane’s Intelligence Review ၏ သတင်းရေးသားချက်ကို ရည်ညွှန်းခြင်းဖြစ်သည်။ ဂျိန်းစ်၏ သတင်းပေးပို့ချက်တွင် ယင်းလက်နက်ပစ္စည်းများကို တရားဝင် မဟုတ်သော တဆင့်ခံ ဈေးကွက်မှ ရောင်းဝယ်ခဲ့ခြင်းဟု ဆိုသည်။ တရုတ်သံရုံး၏ ထုတ်ပြန်ကြေညာချက်တွင်မူ “တရုတ် အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ နယ်မြေပိုင်ဆိုင်မှုနှင့် အချုပ်အခြာ အာဏာကို လေးစားအသိအမှတ်ပြုသည့် ရှင်းလင်းပြီး တသမတ်တည်းဖြစ်သော မူဝါဒကို လက်ကိုင်ထား” ပါကြောင်းနှင့် ဂျိန်းစ်၏ သတင်းသည် “မြန်မာလူထုနှင့် ကျယ်ပြန့်သော ပရိဿတ်များအတွက် မှားယွင်းစွာ နားလည်လက်ခံခြင်းနှင့် ရှုတ်ထွေးခြင်းတို့ကို ဖြစ်စေနိုင်သည်” ဟု တုန့်ပြန်ရေးသားထားသည်။ ယခု အငြင်းပွားမှုမှာ တရုတ်-မြန်မာ နယ်စပ်တွင် ကချင်လွတ်လပ်ရေးတပ် (KIA) နှင့် မြန်မာတပ်များ အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားချိန်နှင့်လည်း တိုက်ဆိုင်နေပြီး နှစ်ဘက်စလုံးကလည်း တရုတ်လုပ် စစ်လက်နက်ပစ္စည်းများ တစိတ်တပိုင်း သုံးစွဲနေသည်။ UWSA နှင့် နီးစပ်သူများကလည်း အကယ်၍ KIA ဌာနချုပ် ကျပြီးလျှင် မြန်မာစစ်တပ်အနေဖြင့် “ဝ” တပ်များထံ မြှားဦးလှည့်လာမည်ကို စိုးရိမ်ကြောင်း ပြောကြသည်။ ပြီးခဲ့သည့်အပတ် သောင်္ကြာနေ့တွင် ပြုလုပ်သော ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တရုတ်က KIA ကို လက်နက် မထောက်ပံ့ကြောင်း ပြောဆိုသည်။ “တရုတ်ဘက်က ကြားဝင်ညှိနှိုင်းပေးတာ၊ စကားဝိုင်းတွေကို ကမကထ လုပ်ပေးတာတွေနဲ့ မြန်မာပြည် မြောက်ပိုင်းက ပဋိပက္ခကို အပြုသဘော ပါဝင်ဆောင်ရွက်ပါတယ်” ဟု မစ္စတာ ဟုံလီက ပြောဆိုခဲ့သည်။ ဇန်နဝါရီ ၁၈ ရက်ကလည်း တရုတ်အထူးသံ ဖူယင်းနှင့် တရုတ်စစ်တပ် ကိုယ်စားလှယ် တဖွဲ့ သမ္မတ ဦးသိန်းစိန်နှင့် ရန်ကုန်တွင် တွေ့ဆုံပြီး ကချင်ပဋိပက္ခအကြောင်း ပြောဆိုကြသော်လည်း အဖြေရှာမရခဲ့ကြပေ။
<urn:uuid:ee597e78-ee16-4e0e-9cc5-d6eb3ff3e5d2>
CC-MAIN-2013-20
http://burma.irrawaddy.org/archives/32515
2013-05-21T21:20:34Z
s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368700626424/warc/CC-MAIN-20130516103706-00094-ip-10-60-113-184.ec2.internal.warc.gz
mya
0.935883
Mymr
33
{"mya_Mymr_score": 0.9358833432197571, "blk_Mymr_score": 0.061685286462306976}
ဒေါ်အောင်ဆန်းစုကြည်ဟာ ဖခင်ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားခဲ့တဲ့ နတ်မောက်မြို့ကို ၁ဝနှစ်အတွင်း ပထမဆုံး အကြိမ် သွားရောက်ခဲ့တာပါ။ နတ်မောက်မြို့လာရာလမ်းတစ်လျှောက်မှာရှိတဲ့ တောင်တွင်းကြီးမြို့ NLD ရုံး၊ ဆတ်သွားကျေးရွာ၊ ချောင်းနက်ကျေးရွာလမ်းဆုံ၊ မြို့လုလင်ကျေးရွာ၊ မြို့သစ်မြို့ NLD ရုံးတွေမှာ လူထုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ မိသားစုဝင်တစ်ဦးဖြစ်တဲ့ အစ်ကို ဦးအောင်မြင့်သိန်း နေအိမ်ကိုလည်း သွားရောက်နှုတ်ဆက်ခဲ့ပါတယ်။ မကွေးမြို့မှာ ညအိပ်ပြီး တနင်္ဂနွေနေ့မှာ မကွေးမြသလွန်ဘုရားကွင်းမှာ လူထုတွေ့ဆုံပွဲ ကျင်းပမှာပါ။ အဲဒီနောက် ရေနံချောင်းမြို့နဲ့ ကျောက်ပန်းတောင်းမြို့တွေကို ဆက်လက်သွားရောက်မှာ ဖြစ်ပါတယ်။
<urn:uuid:1b975709-5624-4b69-8c41-e46bbb7079ca>
CC-MAIN-2013-20
http://www.rfa.org/burmese/news/dassk-speech-netmauk-12082012103546.html
2013-05-21T21:55:16Z
s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368700626424/warc/CC-MAIN-20130516103706-00094-ip-10-60-113-184.ec2.internal.warc.gz
mya
0.865872
Mymr
42
{"mya_Mymr_score": 0.865872323513031, "blk_Mymr_score": 0.12396589666604996}
ဒေါ်ခင်ခင်ထက် ( ခ ) Lilian Smith @ ဒေါ်လှလှမြင့် Managing Director Tanjong Pagar Cantonment Towers. Blk 13 # 30-29 Ph- 97788251 Fax-- 67370163 Email-- email@example.com ယခုအမျိုးသမီးသည် မြန်မာများကို အလုပ်ရှာပေးမည် ဟုဆိုကာပိုက်ဆံတောင်းပြီးသူဌေးနှင့် ပေါင်းကာ မြန်မာများအားပြန်လည်အလုပ်ဖြုတ်ပြီး ငွေကိုလိမ်လည်စားနေပါသည်။ မြန်မာများဘက်မှကာကွယ်လုပ်ဆောင်ခြင်းမရှိပါ။ ဤအမျိုးသမီး ဖြင့် အလုပ်ရှာခိုင်းသောမြန်မာမိန်းခလေး နှင့် ယောင်္ကျားလေးများအလွန်ပင်ဒုက္ခရောက်ရပါသည်။ ဤအမျိုးသမီးသည် ငွေရပြီဆိုလျှင်ငွေပေးထားသောသူကိုအဆက်အသွယ်ဖြတ်ကာနောက်ထပ်လူသစ်များထံမှငွေလိမ်လည်စားရန်နည်းမျိုးစုံဖြင့်လုပ်ကိုင်လျှက်ရှိပါသည်။ ထို့ အတွက်ကျွန်တော်သူငယ်ချင်းများ သိသင့် သိထိုက်သောစင်ကာပူက အမျိုးသမီးအကြောင်းကို ပြောပြလိုက်ရပါသည်။ ဤစာကိုဖတ်ပြီးသောသူငယ်ချင်းများ တစ်ခြားမိမိတို့ ရဲ့ သူငယ်ချင်းများထံသို့ စာများကို ဖြန့် ဝေပေးချင်းနှင့် ကူညီပေးကြပါခင်ဗျာ။ မြန်မာအချင်းချင်းဂုတ်သွေးစုတ်နေတဲ့ မြန်မာတွေကို စာဖြန့် ဝေသောအနေဖြင့် ကူညီပေးကြပါခင်ဗျာ။ နောက်ဆက်တွဲ ယခုအမျိုးသမီးသည် အမှန်တကယ်ကျွန်တော် ၊ ကျွန်မတို့ ထံမှစင်ကာပူငွေကိုလိမ်လည်သွားပါသည်။မူလစာရေးပြီးသတိပေးချိန်နောက်ကျသွား၍ ကျွန်တော်ကျွန်မ ငွေလိမ်ခံလိုက်ရပါသည်။ ဤအမျိုးသမီးသည် အထက်ပါစာအတိုင်းကျွန်တော်ကျွန်မတို့ ထံမှငွေကိုလိမ်ယူကာ ၊ အဆက်အသွယ်ဖျက်ပြီး ကျွန်တော်ကျွန်မတို့ကိုစင်ကာပူမှာနေသည့်STAYမကုန်မချင်းကိုအဆက်အသွယ်ဖြတ်ကာထားရှိပါသည်။သူမထံအကြိုးအကြောင်းဖုန်းဆက်သော်လည်းဖုန်းမကိုင်ပဲနဲ့ သူမ၏ မိတ်ဆွေထံမှ ဖုန်းဆက်လာပြီးဖြစ်ပျက်နေသောပြဿနာများကိုဖြေရှင်းခြင်ယောင်ဆောင်ပြီး ကျွန်တော်ကျွန်မတို့ အားခြိမ်းခြောက်ခဲ့ ပါသည်။ သူတို့ က စင်ကာပူမှာနေတာ ၁၅ နှစ်ရှိပြီ ငါတို့ လုပ်ရင်နင်တို့ ခွေးပြေးဝက်ပြေး နဲ့ ပြန်သွားရလိမ့် မယ်ဟုရိုင်းစိုင်းစွာ တယ်လီဖုန်းဖြင့် ပြောဆိုဆက်ဆံခဲ့ ပါသည်။ သူတို့ တစ်သိုက်က စင်ကာပူမှာနေတာ ၁၅ နှစ်လုံးလုံးမြန်မာဘယ်နှစ်ယောက်ကိုလိမ်စားနေလဲဆိုတာကျွန်တော်ကျွန်မ တို့ မသိရတာအမှန်ပါ။ သူတို့ နှင့် အတူပေါင်း ပြီးစင်ကာပူနိုင်ငံသားသူဌေးတစ်ဦးလည်းပါပါသေးတယ်။ အဲ့ ဒီသူဌေးက မြန်မာမိန်ကလေးများကိုမတရား တစ်နေ့ ကို အလုပ်ချိန် ၁၂ နာရီခိုင်းပြီး တစ်လလုံးပိတ်ရက်မရှိပဲအလုပ်လုပ်ကိုင်နေရပြီး အင်တာဗျူးတုံးကပြောထားတာလစာက S$ ၁၀၀၀ လို့ ပြောထားပြီး တကယ်တန်းလစာထုတ်တော့ S$ ၃၁၅ပဲရပြီးအရမ်းကိုဒုက္ခရောက်နေကြရပါတယ်။ အလုပ်ရှင်ကနည်းမျိုးစုံသုံးကာ ပိုက်ဆံကိုဖြတ်တောက်ယူပါတယ်။ အလုပ်ကထွက်ချင်ရင်လည်းသူတိုမတရားလက်ဗွေနှိပ်ထားတဲ့့အတွက်ပိုက်ဆံလျှော်ပေးရမှာဖြစ်ပြီး လျှော်ရမဲ့ ပိုက်ဆံက S$၁၀၀၀၀ ဖြစ်တော့ တော်တော်ကိုအခက်အခဲတွေ့ နေကြရပါတယ်။နောက်ပြီး အဲ့ ဒီသူဌေးနဲ့ အတူမြန်မာပွဲစားများက S' pass နှင့် အလုပ်ရမည်ဟုဆိုပြီးပိုက်ဆံတောင်းကာ၆ရက်တစ်ပါတ်နှင်အလုပ်ထုတ်ကာနောက်တစ်ယောက်အားထပ်မံတောင်းယူလိမ်လည်ပြန်ပါတယ်။ သူဌေးရဲ့ ကုပ္မဏီလိပ်စာကတော့ .............. HONG HUANG TRADING & THREE STARS TRADING CO 55 KAKI BUKIT INDUSTRIAL TERRACE SINGAPORE 416135 Phone -- 67483833 Fax --67482322 အမှန်တကယ်ခံစားရတဲ့ ကျွန်တော်ကျွန်မတို့ ကိုကူညီသောနေဖြင့် ဤစာကိုထပ်မံဖြန့် ဝေပေးကြပါခင်ဗျာ။ မြန်မာနိုင်ငံသာအချင်းချင်း ကလိမ်ကကျစ်လုပ်ကာနိုင်ငံခြားသားနဲ့ ပေါင်းပြီးဂုတ်သွေးစုတ်နေသော်မြန်မာအမျိုးယုတ်တွေ နောက်ထပ်လိမ်လည်စားသောက်လို ့မရအောင်ကူညီဖြန့် ဝေပေးကြပါခင်ဗျာ။ Friday, September 4, 2009 စက်တင်ဘာ ၄၊ ၂၀၀၉ အာဏာရှိသူနဲ့အာဏာမဲ့သူ သြဇာရှိသူနဲ့ သြဇာမဲ့သူ လစာစားသူနဲ့ လစာမဲ့သူ မှန်ကန်သူနဲ့ မှားယွင်းသူ အခွင့်ထူးခံသူနဲ့ အနစ်နာခံသူ ဤလူကြားမှာ ပြသနာရှိစမြဲ--- စကားကြီးကျယ်သူနဲ့ တိတ်ဆိတ်ငြိမ်သတ်သူ လိမ်ညာသူနဲ့ ရိုးသားသူ ဘက်လိုက်သူနဲ့ ဖြောင့်မတ်သူ အားကြီးသူနဲ့ အားနွဲ့သူ မိုက်ရိုင်းသူနဲ့ ယဉ်ကျေးသူ ဤလူကြားမှာ ပြသနာရှိစမြဲ၊ ကြမ်းတမ်းသူနဲ့ ငြိမ်းချမ်းသူ လက်ရုံးရည်ကိုင်သူနဲ့ နှလုံးရည်ကိုင်သူ လက်နဲ့ရေးသူနဲ့ ခြေနဲ့ဖြတ်သူ တောင်းဆိုသူနဲ့ ပယ်ချသူ အသိအမှတ်ပြုသူ လျစ်လျူရှုသူ ဤလူကြားမှာ ပြသနာရှိစမြဲ၊ အထက်ဖားအောက်ဖိ-နအဖမှာလည်းရှိ အတိုက်အခံတော်လှန်ရေးထဲမှာလဲထပ်ရှိ အတိမ်အနက်မသိ အဖြေညှိပြီးရှာ ပြသနာရှင်းတာ လွယ်လွယ်လေးများ နိဂုံချုပ်ရိုးထုံးစံရှိပါသလား၊ ဥကၠာ SOURCE Wednesday, 02 September 2009 19:00 ရဲနည် မြန်မာ စစ်အစိုးရတပ်နှင့် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသရှိ ကိုးကန့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအကြား မကြာသေးမီက တိုက်ပွဲများ ပြန်လည်ဖြစ်ပေါ် လာခဲ့သည်။ ဤအချက်ကပင် ၂၀၀၈ ခုနှစ် မေလ နာဂစ်မုန်တိုင်းအပြီး အပျက်အစီး ကြီးမားစွာကြုံနေရစဉ်မှာပင် စစ်အစိုးရက အတင်း အကျပ် အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အားနည်းချက်များရှိနေကြောင်း ထင်ရှားစွာ ပြသနေသည်။ စစ်အစိုးရက အထူးဒေသ (၁) ဟု သတ်မှတ်ထားသည့် ကိုးကန့်ဒေသအတွင်း မြန်မာနိုင်ငံလူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု တပ်မတော် (MNDAA) ဟုခေါ်သော ကိုးကန့်တပ်ဖွဲ့နှင့် တိုက်ပွဲများပြီးဆုံးခဲ့ပြီ၊ အခြေအနေ ပြန်လည် တည်ငြိမ်လာပြီဟု လွန်ခဲ့သည့် တနင်္ဂနွေနေ့က ကြေညာခဲ့သော်လည်း ဤတိုက်ပွဲများကြောင့် စစ်အစိုးရတပ် နှင့် တရုတ်-မြန်မာနယ်စပ်ဒေသရှိ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား မယုံသင်္ကာမှုများ ဆက်လက်ရှိ နေကြသကဲ့ သို့ သံသယများလည်း ပို၍ကြီးထွားလာစေသည်။ နေပြည်တော်ရှိ စစ်အစိုးရက ပြီးခဲ့သည့်ဧပြီလတွင် တိုင်းရင်းသား အပစ်ရပ်အဖွဲ့များအားလုံး ၎င်းလက်အောက်ခံ နယ်ခြား စောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရမည်ဟု ညွှန်ကြားခဲ့ချိန်မှစ၍ ဆက်ဆံရေး ယိုယွင်းပျက်ပြားလာခဲ့ ခြင်းဖြစ်သည်။ စစ်အစိုးရက တိုင်းရင်းသားအပစ်ရပ်အဖွဲ့များ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စကို ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ မတိုင်မီ ဆောင်ရွက်လိုပြီး၊ သူတို့ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များကြောင့်လည်း ဤသို့ဆောင်ရွက် လိုပုံရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၇ ၊ "တပ်မတော်" အခန်း၊ ပုဒ်မ ၃၃၈ တွင် တနိုင်ငံလုံးရှိ လက်နက်ကိုင်တပ်ဖွဲ့များအားလုံး သည် တပ်မတော်၏ အမိန့်ပေးမှုအောက်တွင် ရှိရမည်၊ တပ်မတော်သည်သာ နိုင်ငံတော်ကာကွယ်ရေးအတွက် ပင်မ လက်နက်ကိုင် အင်အားစု ဖြစ်ရမည်ဟု ဆိုထားပါသည်။ စစ်အစိုးရက ကမ်းလှမ်းထားသည့် နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အဆိုပြုချက်ကို အကြောင်းပြန်ရန် အတွက် နောက်ဆုံးသတ်မှတ်ထားသည့်ရက် ဇွန်လ (၃၀) ရက် မတိုင်မီ စစ်ဖက်ရေးရာလုံခြုံရေး အကြီးအကဲလည်းဖြစ်၊ နယ်ခြား စောင့်တပ် အသွင်ကူးပြောင်းရေးကော်မတီ ၏ အတွင်းရေးမှူးလည်းဖြစ်သူ ဒု ဗိုလ်ချုပ်ကြီးရဲမြင့်က ၀၊ ကိုးကန့်၊ မုန်းလား ဒေသများကို အကြိမ်ကြိမ်သွားရောက် တိုက်တွန်းပြောဆိုခဲ့သည်။ မြန်မာ စစ်အစိုးရ ခေါင်းဆောင်များကလည်း ကချင်ပြည်နယ်ရှိ ကချင် လွတ်လပ်ရေးတပ်မတော် (KIA) ခေါင်း ဆောင် များနှင့် အလားတူတွေ့ဆုံ တိုက်တွန်းခဲ့သည်။ လက်ခံသူဟူ၍ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) နှင့် ကချင် ပြည် ဒီမိုကရေစီသစ် တပ်မတော်(NDA-K) တို့သာရှိပြီး ကျန်တိုင်းရင်းသားအပစ်ရပ်အဖွဲ့များက နယ်ခြားစောင့်တပ် အသွင် ပြောင်းရေး အဆိုပြုချက်ကို လက်မခံ ပယ်ချ ခဲ့ကြ သည်။ သို့ဆိုလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပင်မကျလှသည့် ပြဌာန်း ချက်ကို ချိုးဖောက်ရာ ရောက်နေပြီ ဖြစ်သည်။ တရားဝင်ဖော်ပြချက်များအရ ၁၉၈၉ ခုနှစ်မှစ၍ မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီထားသည့် လက် နက်ကိုင်တိုင်းရင်းသား တပ်ဖွဲ့ ၁၇ ဖွဲ့ ရှိသည်ဟု သိရသည်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရှိထားသော်လည်း ယခုအခါ မြန်မာ စစ်အစိုးရနှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွား လာနိုင်သည့်အတွက် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များက စစ်ရေးပြင်ဆင်နေကြပြီ ဖြစ်သည်။ စစ်သားစုဆောင်းမှု များ၊ စစ်ရေးလေ့ကျင့်ပေးမှုများ ရှိသကဲ့သို့ လက်နက်ငယ်နှင့် ကျည်ဆန် ထုတ်လုပ်သူများလည်း ရှိလာသည်။ အထူး သဖြင့် ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ၎င်းတပ်ဖွဲ့များ ကိုယ်ပိုင်သုံးရန်နှင့် ဒေသအတွင်းရှိ အခြားသူပုန်တပ်ဖွဲ့များကို ရောင်းချရန် လက်နက်ငယ်စက်ရုံ၊ ကျည်စက်ရုံများ တည်ထောင်ထားပြီဟု ဆိုသည်။ ဂျိန်း စစ်ဖက်ရေးရာ သတင်းစာစောင် (Jane’s security report) ဖော်ပြချက်အရလည်း ၀ တပ်ဖွဲ့များက ဒေသအတွင်းရှိ လက်နက်ကိုင်သူပုန်တပ်ဖွဲ့များအနက် ပထမဦးဆုံး လက်နက်ငယ်စက်ရုံတခု အောင်မြင်စွာ တည်ထောင်နိုင် ခဲ့ကြပြီဟု ဖော်ပြခဲ့သည်။ ၀တပ်ဖွဲ့များက တရုတ်နိုင်ငံရှိ လက်နက်ထုတ်လုပ်သူများထံမှ အိန္ဒိယနိုင်ငံရှိ သူပုန်တပ်ဖွဲ့များနှင့် ကချင် တပ်ဖွဲ့များအတွက် လက်နက်ရောင်းဝယ်ပေးနေသကဲ့သို့ ကြားပွဲစားအဖြစ်လည်း အလုပ်ဖြစ်နေကြသည်ဟု သိရ သည်။ လေ့လာ သုံးသပ်သူများက နေပြည်တော်ရှိ မြန်မာစစ်ခေါင်းဆောင်များ၏ သည်းညည်းခံနိုင်မှု နည်းပါးလာပြီ၊ အခြားရွေးချယ်စရာ လမ်းမရှိ၊ တိုင်းရင်းသားအပစ်ရပ်အဖွဲ့များကို နောက်ဆုံးစစ်ရေးထိုးစစ်များ ဆင်နွှဲ တော့မည်ဟုလည်း ယူဆနေကြသည်။ အဆိုပါ နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရေး အဆိုပြုချက်ကို တိုင်းရင်းသားအဖွဲ့များ လိုက်နာလာစေရေးအတွက် နည်းပရိယာယ်အနေနှင့် စစ်အစိုးရက ကိုးကန့်အဖွဲ့ကို စတင်ဖိအားပေးလာခဲ့သည်။ တရားမ၀င်လက်နက်ထုတ်လုပ်နေ သည်ဟု စွပ်စွဲလာခဲ့သည်။ ကိုးကန့် (MNDAA) အဖွဲ့ ဥက္ကဋ္ဌ ဖုန်ကြားရှင်၏ အိမ်တွင် လက်နက်စက်ရုံရှိနေသည်ဟု အကြောင်းပြ၍ ရှာဖွေမှုများ လုပ်လာခဲ့သည်။ စစ်အစိုးရတပ် နှင့် ကိုးကန့်တပ်ဖွဲ့ အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ကြသည့် ဒေသများမှာ လောင်းကစား၊ မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းဝယ်မှု စသည့် ရာဇ၀တ်မှုတို့ဖြင့် ကျော်စောသည့် ဒေသများ ဖြစ်သည်။ ထို့ကြောင့်လည်း စစ်အင်အား အသုံးပြုပြီး တိုင်းရင်းသား အဖွဲ့များကို “ဥပဒေဘောင်အတွင်း” သွပ်သွင်းရန်၊ ထိုအဖွဲ့များ၏ ခြိမ်းခြောက်နိုင်မှုကို ဖယ်ရှား ရန်၊ လာမည့်နှစ် ရွေးကောက်ပွဲ၏ “တရားဝင်မှု”တချို့ ရရှိရန် စသည်တို့အတွက် စစ်အစိုးရတွင် ဆင်ခြေပေးစရာ ဖြစ်နေ သည်။ ယခုအခါ စစ်အစိုးရက တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ နယ်စပ်တလျှောက်ရှိ လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့များကို ထိန်းချုပ်နိုင်ရေးအတွက် တပ်ပြင်ဆင်ချထားမှုများကိုလည်း အလျင်အမြန် အားဖြည့် ဆောင်ရွက်နေသည်။ ယခင် စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်နှင့် စတင်ထားခဲ့သည့် အပစ်အခတ်ရပ်စဲရေး ရွှေခေတ် နိဂုံးချုပ်ပြီး စစ်ပွဲများ ပြန်လည်ဖြစ်ပေါ်လာဦးမည်လောဟူသည့် စိုးရိမ်မှုများလည်း ကြီးထွားလာနေသည်။ တရုတ်-မြန်မာနယ်စပ်တွင် ဖြစ်ပွားနေသည့် ယခုလက်နက်ကိုင် ပဋိပက္ခများကြောင့် လာမည့်ရွေးကောက်ပွဲသည် တိုင်းရင်း သားလူမျိုးစုတို့၏ ဒေသများအတွက် မည်သို့အဓိပ္ပာယ်ဆောင်လိမ့်မည်ကို ထင်ထင်ရှားရှားဖော်ပြနေပေတော့သည်။ တိုင်းရင်းသားများအနေနှင့် ယခင် ကြုံတွေ့နေကြရသည့် ပဋိပက္ခများ၊ ဒုက္ခသည်များ ထွက်ပြေးကြရမှုများနှင့် လူ့အခွင့် အရေး အကြီးအကျယ် ချိုးဖောက်မှုများကိုသာ ကြုံကြရလိမ့်ဦးမည်ဆိုသည်မှာ ထင်ရှားနေပေတော့သည်။ ရဲနည်ရေးသားသည့် Kokang Conflict Highlights Constitutional Flaw ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။ လယ်ရီ ဂျေဂင် သောကြာနေ့၊ စက်တင်ဘာလ 04 ရက် 2009 ခုနှစ် 13 နာရီ 18 မိနစ် ဘန်ကောက် (မဇ္ဈိမ) ။ ။ နှစ်နိုင်ငံအကြား သံတမန်အသွားအလာများ ဆက်တိုက် ပြုလုပ်ခဲ့ပြီးနောက် မြန်မာနှင့် တရုတ်နယ်စပ်တွင် မလွယ်ကူလှသော တည်ငြိမ်မှု ပြန်လည်ရရှိလာသည်။ ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီးဗိုလ်မှူးချုပ်ဘုန်းဆွေ ဦးဆောင်သော မြန်မာအဖွဲ့သည် တရုတ်ပြည့်သူ့လုံခြုံရေး ဝန်ကြီး မန်ဂျီယန်နှင့် တနင်္လာနေ့က တရုတ်ပြည်တွင် အဆင့်မြင့် အစည်းအဝေးတခု ပြုလုပ်ခဲ့သည်။ “မြန်မာဘက်က နယ်စပ်တလျှောက်မှာ ငြိမ်းချမ်းတည်ငြိမ်အောင် မြန်နိုင်သမျှ အမြန်လုပ်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်“ ဟု အင်္ဂါနေ့က ပေကျင်းတွင် ပုံမှန်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတခု၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျီယန်ယုက သတင်းထောက်များကို ပြောကြားသည်။ နှစ်နိုင်ငံသံတမန်များသည် တရုတ်နယ်စပ်တလျှောက်တွင် ကိုးကန့်တိုင်းရင်းသား သူပုန်များကို ချေမှုန်းရန်အတွက် မြန်မာစစ်တပ်မှ ရုတ်တရက် ထိုးစစ်ဆင်မှုအပြီး သီတင်းပတ်အနည်းငယ်အတွင်း အလွန်ပင် အလုပ်ရှုပ်သွားခဲ့ကြသည်။ ဒုက္ခသည်များအား နေရာထိုင်ခင်း စီစဉ်ပေးထားသော ယူနန်နယ်မှ တရုတ်အာဏာပိုင်များ အဆိုအရ လွန်ခဲ့သည့် သီတင်းပတ်အတွင်းက တိုက်ပွဲများ ရှောင်ရှားနိုင်ရန် ဒုက္ခသည် ၃၀,၀၀၀ ကျော် နယ်စပ်ဖြတ်ကျော် ဝင်ရောက် လာခဲ့သည်။ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ဟုခေါ်သော ကိုးကန့်တပ်အား တိုက်ခိုက်မှုသည် ပေကျင်းကို တုန်လှုပ်သွားစေခဲ့သလို စစ်အစိုးရနှင့် အလွန်နီးကပ်စွာ တည်ရှိနေသော ၎င်း၏ ဆက်ဆံရေးကိုလည်း ခါရမ်းပစ်လိုက်လေသည်။ တိုက်ပွဲများ စတင်ဖြစ်ပွားကတည်းက တရုတ်အစိုးရသည် အခြေအနေကို မထိန်းနိုင်မသိမ်းနိုင်မဖြစ်ခင် တည်ငြိမ်မှုရှိအောင် ကြိုးစားသည့်အနေနှင့် ချက်ချင်းပင် ပေကျင်း၏ သံရေးတမန်ရေး လှုပ်ရှားမှုများ လုပ်လာခဲ့သည်။ နှစ်ဖက်အပြန်အလှန် အစည်းအဝေးများကို မြန်မာနိုင်ငံမြို့တော် နေပြည်တော်နှင့် ပေကျင်းတွင် ပြုလုပ်ခဲ့သည်။ ပူပန်သတိရှိမှု၊ အံသြမှုတို့နှင့်အတူ ဖြစ်ပေါ်လာနိုင်ခြေရှိသော အကြမ်းဖက်မှုများ ထိန်းချုပ်တားဆီးနိုင်ရန် ပေကျင်းက ထိုဒေသတွင်းသို့ ရာပေါင်းများစွာသော အပိုတပ်များနှင့် လက်နက်တပ်ဆင်ထားသော ရဲများကို စေလွှတ်ခဲ့သည်။ အခြေအနေအရ အမည်မဖော်ဘဲ ပြောဆိုသော တရုတ်အထက်တန်းအစိုးရအရာရှိတဦး၏ အဆိုအရ တရုတ် ဗဟိုအာဏာပိုင်များသည် နယ်စပ်တလျှောက် မြန်မာစစ်တပ်၏ အပြုအမူကြောင့် အလွန်အမင်း စိတ်အနှောင့်အယှက်ဖြစ်ရကာ ကြိုတင်အသိမပေးခြင်းအပေါ် ဒေါသဖြစ်ရသည်ဟု သိရသည်။ ပေကျင်း၏ စိတ်မချမ်းမမြေ့ဖြစ်ရမှုကို ပြောကြားရန်အတွက် အထက်တန်း သံတမန်တဦးသည် ပြီးခဲ့သည့်အပတ်က နေပြည်တော်သို့ လေယာဉ်ဖြင့် သွားရောက်ခဲ့သည်။ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိများ အဆိုအရ တရုတ်နယ်စပ်တလျှောက် ဖြစ်ပွားခဲ့သော မတည်ငြိမ်မှုများအတွက် ယခုအခါ မြန်မာက တောင်းပန်ခဲ့သည်ဟု ဆိုသည်။ နယ်စပ်သည် ပေါက်ကွဲနိုင်ခြေရှိသော နေရာတခုမဟုတ်တော့ကြောင်း ကူမင်းမှ အမည်မဖော်လိုသော တရုတ်ဒေသခံ အရာရှိတဦးက မဇ္ဈိမကို ပြောကြားခဲ့သည်။ “အခုလက်ရှိတော့ ဒုက္ခသည်တွေ မြန်မာပြည်ထဲကို ပြန်နေကြပြီ။ တရုတ်-မြန်မာနယ်စပ်က အခြေအနေဟာ မြန်မြန်ဆန်ဆန် ပြန်ကောင်းလာနိုင်ပါတယ်“ ဟု မစ်စ်ဂျီယန်က ပြောသည်။ “တရုတ်နဲ့ မြန်မာဟာ ရင်းနှီးတဲ့ အိမ်နီးချင်းကောင်းတွေ ဖြစ်ပြီးတော့ မြန်မာဟာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်တာကို မြင်ရဖို့ မျှော်လင့်ပါတယ်“ ဟု သူမက ထပ်ပြောသည်။ ယခုအခါ ဒေသတွင်းရှိ အခြားနိုင်ငံများနှင့် မြန်မာစစ်အစိုးရအား စစ်မှန်သည့် နိုင်ငံရေးပြောင်းလဲမှုနှင့် မိတ်ဆက်ပေးနိုင်ရန် တွန်းအားပေးရေးအတွက် အပြည်အပြည်ဆိုင်ရာမှ ချဉ်းကပ်မှုများအပေါ် အရေးကြီးသော ရိုက်ခတ်မှုကို ဖြစ်ပေါ်စေနိုင်သည့် နိုင်ငံနှစ်ခုအကြား တည်ရှိနေသော ထင်ရှားသည့် အက်ကွဲကြောင်းသည် ပိုမို၍ သက်သေပြနိုင်လာပါသည်။ နယ်စပ်ဒေသအတွင်းရှိ အထူးသဖြင့် ကိုးကန့်နှင့် ဝ ကဲ့သို့သော တိုင်းရင်းသားအုပ်စုအများစုသည် မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရယူထားသလို အစဉ်အလာအားဖြင့်လည်း တရုတ်အာဏာပိုင်များနှင့် နီးကပ်သော ဆက်သွယ်မှုများ ရှိနေကြသဖြင့် နှစ်နိုင်ငံအကြား ကြီးထွားလာသော ဆန့်ကျင်ကွဲပြားလာမှုသည် အဆိုပါ ဒေသများသို့ သိသာစွာ သက်ရောက်မှုများ ရှိနေနိုင်သည်။ ထိုဒေသသည် စီးပွားရေးအရသော်လည်းကောင်း၊ ယဉ်ကျေးမှုအရသော်လည်းကောင်း မြန်မာအစိုးရထက် တရုတ်နှင့် ပိုမိုနီးကပ်မှုရှိသည်မှာ အသေအချာ ဖြစ်သည်။ ထောင်ပေါင်းများစွာသော တရုတ်စီးပွားရေး လုပ်ငန်းရှင်များနှင့် အလုပ်သမားများသည် လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်းက ရှမ်းပြည်မြောက်ပိုင်းကို အလုံးအရင်းနှင့် ဝင်ရောက်လာကာ အလုပ်အကိုင်များနှင့် စီးပွားရေး အခွင့်အလမ်းများ ရှာဖွေခဲ့ကြသည်။ ထိုတိုင်းရင်းသားခေါင်းဆောင် အများအပြားသည် ကျန်းမာရေးကုသမှု ခံယူရန် နယ်စပ်ဖြတ်ကျော်၍ တရုတ်ဆေးရုံများသို့ သွားရောက်ကြကာ၊ သူတို့၏ သားသမီးများကိုလည်း တရုတ်ကျောင်းများသို့ ပို့ထားကြသည်။ တရုတ်ဘာသာစကားနှင့် တရုတ်ငွေကြေး ယင်မင်ဘီ ကိုပင် ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်နှင့် ဝ' ဒေသတခုလုံးတွင် သုံးစွဲကြသည်။ မြန်မာပြည်တွင်းရှိ သူတို့၏ တိုင်းရင်းသားညီအကိုများဖြစ်သော ဝ၊ ကိုးကန့်နှင့် ဗဟိုအစိုးရအကြား ရွေးချယ်ရန် ပေကျင်းအား ဖိအားပေးသည့် မည်သည့်အရာမဆို ပေကျင်းအား ကြီးမားသောပြသာနာ ဖြစ်စေသည်။ အဆုံးတွင် မြန်မာနှင့် တရုတ်ဝင်ရိုး၏ တကယ့်သဘာဝကို ထင်ရှားပြတ်သားစွာ တွေ့မြင်ရမှာဖြစ်သည်။ ကိုးကန့်များသည် လူမျိုးအရ တရုတ်အနွယ်များဖြစ်ကာ တရုတ်စကား ပြောဆိုကြသော်လည်း မြန်မာပြည်တွင်း၌ ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြသည်။ သူတို့တွင် ကိုယ်ပိုင်လက်နက်ကိုင် ပြည်သူ့စစ်များရှိကာ ၁၉၈၉ ခုနှစ်တွင် မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးကို သဘောမတူခင်အထိ ဆယ်စုနှစ်ပေါင်းများစွာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုရင်း မြန်မာစစ်တပ်အား တိုက်ခိုက်လာခဲ့သည်။ လာမည့်နှစ်တွင် ကျင်းပရန် စီစဉ်ထားသော ရွေးကောက်ပွဲမတိုင်ခင် စစ်အစိုးရသည် အပစ်ရပ် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များအား (အဓိကအားဖြင့်) ကချင်၊ ကိုးကန့်နှင့် ဝ တို့ကို လက်နက်ချရန် ဖိအားပေးလျက်ရှိသဖြင့် နယ်စပ်ဒေသများတွင် လပေါင်းများစွာကြာအောင် တင်းမာမှုများ ရှိနေခဲ့ခြင်း ဖြစ်လေသည်။ စစ်အစိုးရက သူတို့အား နယ်စပ်လုံခြုံရေး တပ်များအနေနှင့် လက်ခံပေါင်းစည်းစေချင်ခဲ့သော်လည်း တရုတ်နယ်စပ်ရှိ အဓိက တိုင်းရင်းသားအုပ်စုများက ထိုကိစ္စကို တင်းခံနေခဲ့သည်။ “နောက်ပိုင်းရက်များတွင် ထိပ်တိုက်ရင်ဆိုင်ရမှုများနှင့် စစ်ရေးရင်ဆိုင်မှုများ ပိုမိုရှိလာမည်ဟု မျှော်လင့်ရကာ ထောင်ပေါင်းများစွာ ရွာသားများသည် ထိုစစ်ပွဲများနှင့် နောက်ဆက်တွဲ လူ့အခွင့်အရေး ချိုးဖောက်မှုများအား ရှောင်ရှားနိုင်ရန် တရုတ်-မြန်မာနယ်စပ်သို့ ထွက်ပြေးလာနေကြသည်“ ဟု ကိုးကန့်အဖွဲ့မှ ထုတ်ကာ ယခုသီတင်းပတ် အစောပိုင်းက မဇ္ဈိမသို့ ပို့ပေးခဲ့သော ကြေညာချက်တွင် ပါရှိသည်။ ကိုးကန့်ဒုက္ခသည်များ နယ်စပ်ဖြတ်ကျော်လာသည့် နေရာနှင့် မဝေးလှသော တရုတ်မြို့တမြို့ဖြစ်သည့် ရိုင်လီအခြေစိုက် မြန်မာအတိုက်အခံများ အဆိုအရ အနှစ် ၂ဝ သက်တမ်းရှိသော စစ်အစိုးရနှင့် ကိုးကန့်တို့အကြား အပစ်ရပ် သဘောတူညီချက်မှာ အမှန်တကယ် အဆုံးသတ်သွားသည်ဟု ထင်ရကြောင်း ဆိုသည်။ တရုတ်နယ်စပ်အနီး တိုက်ပွဲများမှာ ခေတ္တခဏ ရပ်သွားသည်ဟု ဆိုနိုင်သော်လည်း ကိုးကန့်မြို့တော်လည်းဖြစ်၊ နယ်စပ်မြို့လည်းဖြစ်သော လောက်ကိုင် တောင်ဘက်ပိုင်း၏ အခြေအနေမှာမူ တင်းမာနေဆဲဖြစ်သည်။ ထိုဒေသရှိ UN အဖွဲ့များ အဆိုအရ ကိုးကန့်ပြောက်ကျားများအား ထိုးစစ်ဆင်နေသော အဆက်မပြတ် စစ်ဆင်ရေးများကြောင့် လားရှိုးလမ်းကိုလည်း ပိတ်ထားရကြောင်း သိရသည်။ ယခုအခါ စစ်အစိုးရတပ်များသည် ပြန်တိုက်ရန် သေချာသလောက်ရှိသော ဝ'တပ်ဖွဲ့ကို ဖယ်ပစ်ရန် ကြိုးစားလိမ့်မည်ဟူသော စိုးရိမ်မှုများ ဖြစ်ပေါ်နေလေသည်။ ဝ'တပ်ဖွဲ့များသည် ကိုးကန့်ပြောက်ကျားတပ်များလို မဟုတ်ဘဲ စေလွှတ်နိုင်သော (ရှေ့ထွက်အင်အား) လက်နက်ကိုင်စစ်သား ၁၅,၀၀၀ ကျော် ရှိသည်။ မြန်မာနိုင်ငံကိစ္စကို နီးကပ်စွာ စောင့်ကြည့်နေသော တရုတ်အစိုးရအရာရှိတဦး အဆိုအရ တရုတ်-မြန်မာနယ်စပ်တွင် လက်နက်ကိုင် ပဋိပက္ခများ ပြန်ဖြစ်လာနိုင်သည့် ကြီးမားသော အန္တရာယ်ရှိနေသည်ဟု ဆိုသည်။ “ပြဿနာကတော့ ဝ'တွေဟာ တရုတ်အစိုးရနဲ့ အရမ်းနီးစပ်ကြပြီး တရုတ်က သူတို့ကို အခုလို အရေးကြီးနေတဲ့ အချိန်မှာ ပစ်ထားဖို့ အရမ်းခက်နေတာပါပဲ“ ဟု သူက ထပ်ပြောပြသည်။ ပေကျင်းသည် ယခုအခါ ကြီးမားသော ဆုံးဖြတ်ရခက်သည့် အခြေအနေတခုတွင် ရောက်ရှိနေသည်။ စစ်အစိုးရ၏ ခြေလှမ်းသည် စစ်အစိုးရအတွင်း တရုတ်အစိုးရအား မကြိုက်နှစ်သက်မှုများ တိုးလာနေသည်ဟုသော မကြာသေးခင်က တွေးဆချက်ကို ပိုမို၍သာ အားကောင်းလာစေခဲ့သည်။ ပြီးခဲ့သည့် လအနည်းငယ်က စစ်အစိုးရသည် ပေကျင်းနှင့် သဘောထားကွဲမှု ဖြစ်ပေါ်လာခဲ့သည်။ အဓိကအားဖြင့် တော်လှန်ရေးအုပ်စုများ၊ အထူးသဖြင့် တရုတ်နှင့် အထူးဆက်ဆံရေး ရှိနေသော အဖွဲ့များအား လက်နက်အပ်ရန် စစ်အစိုးရ၏ ကြိုးစားမှုကို စိတ်ပါလက်ပါနှင့် ပြန်လည်နောက်ဆုတ်ရန် မလုပ်ဆောင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ နိုင်ငံခေါင်းဆောင်များအတွက် အမြဲတမ်း ထိန်းသိမ်းထားသော၊ အရေးအကြီးဆုံးလည်းဖြစ်သော အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်အား စိတ်အားထက်သန်စွာ လက်ခံခဲ့ခြင်းသည် နေပြည်တော်တွင် ပြောင်းလဲနေသော အခြေအနေအား ရှင်းလင်းစွာ ဖော်ပြလိုက်သော အချက်တချက်ပင် ဖြစ်သည်။ ရန်ကုန်မှ သံတမန်အသိုင်းအဝိုင်း အဆိုအရ မြန်မာနှင့် ပေကျင်းအကြား အခြား အက်ကြောင်းကို ဖော်ပြသော အခြားအချက်တခုမှာ အပတ်စဉ်ထုတ် သတင်းစာတခုဖြစ်သော မြန်မာတိုင်းမ် သတင်းစာ၏ ယခုတပတ်ထုတ် သတင်းစာထဲတွင် စိစစ်ရေးကျပြီးဖြစ်သည့် တိဘက်ဘာသာရေး ခေါင်းဆောင် ဒလိုင်လားမား ထိုင်ဝမ်သို့ သွားရောက်ခြင်းအပေါ် ရေးသားထားသော ဆောင်းပါးအတိုလေးကို ဖော်ပြလိုက်ခြင်းပင် ဖြစ်သည်။ ၎င်းသည် ပေကျင်းအား အထိမခံဖြစ်စေသော တိဘက်ခေါင်းဆောင်နှင့်ပတ်သက်၍ အနှစ် ၂ဝ ကျော်အတွင်း သူ့နာမည်ကို ပြည်တွင်း မြန်မာသတင်းများတွင် ပထမဆုံးအကြိမ် ဖော်ပြလိုက်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် တရုတ်တို့သည် လက်ရှိတွင် ဘာလုပ်ရမည်ကို မတွေးတတ်အောင် ဖြစ်နေလေသည်။ သူတို့၏ အကြီးမားဆုံး စိုးရိမ်မှုမှာ မြန်မာသည် သူတို့ကို ကျော်ကာ အနောက်သို့ ရုတ်တရက် လှည့်သွားမည်ကိုပင် ဖြစ်သည်။ အထူးသဖြင့် အမေရိကန်ထံသို့ ဖြစ်သည်။ “ကျနော်တို့ ညတွင်းချင်းကို အားလုံး လက်လွှတ်လိုက်ရနိုင်တယ်“ ဟု တရုတ်သံတမန်တဦးက ပြစ်တင်ပြောကြားသည်။ ပေကျင်းသည် အိုဘားမား၏ အုပ်ချုပ်မှုအောက်တွင် အရှေ့တောင်အာရှ၌ အမေရိကန်၏ ပြန်လည်အသစ်ပြင်ထားသော စိတ်ဝင်စားမှုနှင့် ဒေသတွင်း၌ သူ၏ တည်ရှိမှုကို ပြန်လည်အားကောင်းလာစေရန် သူ၏ ကြိုးစားမှုကို စိုးရိမ်ကြီးစွာ စောင့်ကြည့်နေသည်။ တရုတ်အစိုးရသည် မြန်မာကို ပွင့်လင်းစွာ ဝေဖန်၍ မရနိုင်သလို လွဲချော်မှုများ ဖြစ်လာနိုင်သည့်အတွက် အစိုးရကို ဖိအားများပြားစွာ ပေးခြင်းလည်း မပြုလုပ်နိုင်သည်ကို နားလည်သည်။ “မြန်မာခေါင်းဆောင်များဟာ အတော်ပဲ အထိမခံသူတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် တရုတ်ဟာ စစ်အစိုးရအပေါ် ရှိထားတဲ့ ဘယ်လွှမ်းမိုးမှုကိုမဆို အဆုံးအရှုံးမခံနိုင်တဲ့ စိုးရိမ်မှုကြောင့် သူ့ရဲ့ ပါးစပ်ကို မဟတာသာ ဖြစ်ပါတယ်“ ဟု တရုတ်အစိုးရ အရာရှိတဦးက မကြာသေးခင်က မဇ္ဈိမကို ပြောပြသည်။ ယခုထိဆိုလျှင် တရုတ်သည် အနည်းဆုံး ပျော့ပျောင်းသော ချဉ်းကပ်မှုကိုသုံးရန် ပိုမိုဖြစ်နိုင်သည်။ ထိုသို့ အရေးကြီးသော ကျန်ရှိနေသေးသည့် မေးခွန်းမှာ ဝ' ကိစ္စအား မည်သို့ကိုင်တွယ်မည်ကို ပေကျင်းနှင့် နေပြည်တော်အကြား သဘောတူညီမှု ရရှိနိုင်ပါမည်လားဆိုသည်ပင် ဖြစ်သည်။ လာမည့်လများတွင် နှစ်နိုင်ငံအကြား၌ အန္တရာယ်ဖြစ်စေနိုင်မည့် အကြောင်းများ ပိုမို၍ပင် ရှိကောင်း ရှိလာနိုင်သော်လည်း ရင်းနှီးမြှုပ်နှံထားမှုများမှာ များပြားလှသည့်အတွက် နှစ်ဖက်စလုံးမှ နောက်ထပ် မည်သည့်ပြဿနာကိုမဆို ငြိမ်းချမ်းသော ဖြေရှင်းမှုဖြင့်သာ ဖြေရှင်းရန် အလိုရှိကြလိမ့်မည်။ ( မဇ္ဈိမ၏ အင်္ဂလိပ်ပိုင်းဝက်ဆိုက်တွင် စက်တင်ဘာလ ၁ ရက်နေ့က ဖော်ပြပြီးဖြစ်သော Larry Jagan ၏ Burma’s push to control border sends China into a spin ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။) ဘရိုင်ယန် မက်ကာတန် (Brian McCartan) သောကြာနေ့၊ စက်တင်ဘာလ 04 ရက် 2009 ခုနှစ် 13 နာရီ 27 မိနစ် စစ်အစိုးရ၏ `သွေးခွဲအုပ်ချုပ်မှု´ အကြောင်း အတော်လေးပြောကြသည်။ သို့သော် မျက်စိလျှမ်းနေကြသည်မှာ ဤအခြေအနေများကို စစ်အစိုးရက ဖန်တီးခဲ့ခြင်းမဟုတ်ဘဲ ဖြစ်ပေါ်နေသော အကွဲအပြဲများကို အသုံးချခဲ့ခြင်းသာ ဖြစ်သည်ဆိုသည့် အချက်ဖြစ်သည်။ ငြိမ်းအဖွဲ့များအပေါ် နောက်ထပ်လုပ်ဆောင်လာမည့် လှုပ်ရှားမှုများအနက် ကြီးမားသော အကျိုးဆက်များ ပေါ်ပေါက်လာနိုင်သည်မှာ မြောက်ပိုင်း ဝ'နယ်နှင့် ဝေရှောက်ခန်း ခေါင်းဆောင်သည့် တောင်ပိုင်း ဝ'အဖွဲ့များအကြား ပြဿနာဖြစ်သည်။ ဝ'ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ထားသော နယ်မြေသည် တရုတ်-မြန်မာနယ်စပ်တလျှောက် မြောက်ပိုင်းနယ်မြေနှင့် ထိုင်းနယ်စပ်ရှိ တောင်ပိုင်းနယ် မြေဟူ၍ နှစ်ပိုင်းကွဲနေသည်။ မြောက်ပိုင်းနယ်မြေမှာ တချိန်က ဗမာပြည်ကွန်မြူနစ်ပါတီ (BCP) လှုပ်ရှားခဲ့သောနယ်မြေဖြစ်ပြီး ဝ တပ်များက ၁၉၈၉ ခုနှစ် ဧပြီလတွင် ပုန်ကန်ခွဲထွက်ကာ ထိုနှစ်တွင်ပင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရယူခဲ့သည်။ တောင်ပိုင်းဒေသသည် မူလက ကွန်မြူနစ်မဟုတ်သော ဝ' အုပ်စုဖြစ်ပြီး တဖြည်းဖြည်း မြောက်ပိုင်း ဝ'အဖွဲ့နှင့် ပုန်ကန်မှုအပြီးတွင် ပေါင်းစည်းခဲ့သည်။ တောင်ပိုင်း ဝ' ကို ယခင် ဝ' စော်ဘွားတဦးဖြစ်သည့် မဟာဆန်းနှင့် တရုတ်-မြန်မာနယ်စပ်မှ တရုတ်တိုင်းရင်းသားတဦးဖြစ်သူ ဝေရွှယ်ကန်းတို့က ခေါင်းဆောင်သည်။ ယင်းဒေသကို အမှတ် ၁၇၁ စစ်ဒေသဟုခေါ်ပြီး တဖြည်းဖြည်း ဝေနှင့် သူ့ညီများဖြစ်သော ဝေရွှယ်ယင်းနှင့် ဝေရွှယ်လုံတို့ လက်အောက်သို့ လုံးလုံးလျားလျား ကျဆင်းသွားခဲ့သည်။ ဝေတို့ ညီအကိုများကို တောင်ပိုင်း ဝ' အဖွဲ့၏ ခေါင်းဆောင်များအဖြစ်သာမက UWSA အဖွဲ့ကို ငွေကြေးထောက်ပံ့ပေးနေသော သူများအဖြစ် မြန်မာပြည်အရေး စောင့်ကြည့်လေ့လာနေသူများက ယူဆကြသည်။ ဤအဖွဲ့၏ နိုင်ငံရေးပါတီဖြစ်သော ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဗဟိုကော်မတီဝင်တဦးအဖြစ် ၁၉၉၆ ခုနှစ်က ခန့်အပ်ခံခဲ့ရသည်။ ဝေ သည် UWSA အဖွဲ့၏ ဘဏ္ဍာရေးဌာန အကြီးအကဲအဖြစ် ၂၀၀၆ ခုနှစ် ဇူလိုင်လမှ ၂၀၀၇ ခုနှစ် ဒီဇင်ဘာလအထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ဝေ၏ ဘဏ္ဍာရေးရေသောက်မြစ်သည် ထိုင်းနယ်စပ်တလျှောက် ထားရှိသော ဘိန်းဖြူလုပ်ငန်းများကို ထိန်းချုပ်ထားခြင်းနှင့် မက်တာအက်ဖတီမင်း စိတ်ကြွဆေးပြားများ ထုတ်လုပ်ခြင်းဖြစ်သည်။ နိုင်ငံတကာ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှု အဆက်အသွယ်များလည်း ရှိသည်။ ဝေနှင့် သူ့အပေါင်းအပါများ ရှာဖွေရရှိသော ကြီးမားလှသည့် အမြတ်အစွန်းများကြောင့် UWSA သည် ရှမ်းပြည်နယ်တခွင် နယ်ပယ်ချဲ့ထွင်ကာ သြဇာကြီးထွား လာခဲ့သည်။ ထို့ပြင် စစ်သားအင်အား တိုးချဲ့စုဆောင်းလာနိုင်ခဲ့ပြီး ခေတ်မီလက်နက် ကိရိယာများ ကိုလည်း တပ်ဆင်ပေးထားနိုင်ခဲ့သည်။ ဝေ၏ အနေအထား ပိုခိုင်မာလာခြင်းမှာ တရုတ်နယ်စပ်ရှိ ဝ'လူမျိုးများကို သောင်းနှင့်ချီ၍ တောင်ပိုင်း ဝ'နယ်သို့ ၁၉၉၉ ခုနှစ်တွင် အတင်းအကျပ် ပြောင်းရွှေ့စေနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ဝ'တို့က ထိုဒေသအတွင်း လွှမ်းမိုးလာနိုင်ခဲ့ပြီး ဌာနေရှမ်းတိုင်းရင်းသားများကို မောင်းထုတ်၍ ဝ'ကျေးရွာသစ်များ ထူထောင်ခဲ့ကြသည်။ ဝ' တို့က နှစ်ပေါင်းများစွာ တိုက်နေခဲ့သည့် ယခင် ဘိန်းဘုရင် ခွန်ဆာ၏ အမာခံနယ်မြေဟောင်းများကို ၁၉၉၆ ခုနှစ်တွင် ခွန်ဆာ လက်နက်ချအပြီး ဝေတို့အဖွဲ့ ဝင်ရောက်နေရာယူနိုင်ခဲ့သည်။ ထိုင်းနယ်စပ်တလျှောက် ထိုနေရာများကို အရယူနိုင်ခဲ့သည်နှင့်အမျှ ဝေတို့အဖွဲ့အတွက် မူးယစ်ဆေးဝါးအပါအဝင် မှောင်ခိုလုပ်ငန်း အများအပြားကို လုပ်ကိုင်နိုင်သည့် အခွင့်အရေး ရရှိခဲ့သည်။ နိုင်ငံရေးအမြင်တွင်လည်း ဝေနှင့် ကျန် UWSA အဖွဲ့တို့ အမြင်မတူကြ။ တိုင်းရင်းသား ဝ'လူမျိုးစုခေါင်းဆောင် အတော်များများတွင် စီးပွားရေးအကျိုးစီးပွားများ ရှိကြသလို၊ အမျိုးသားရေး အကျိုးစီးပွားလည်း ရှိကြသည်။ ဝေကမူ သူ့စီးပွားရေးအကျိုးစီးပွားများ ဆက်လက်ချဲ့ထွင် အရယူနိုင်ရေးကိုသာ ပို၍စိတ်ဝင်စားသည်။ မြန်မာစစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားခြင်းသည် ဝေ၏ရှုထောင့်မှကြည့်လျှင် စီးပွားရေးအတွက် မကောင်းသည်မှာ သေချာသည်။ သူ၏ တရားဝင်စီးပွားရေးလုပ်ငန်းအများစုမှာ မြန်မာပြည်မထဲတွင် ရှိပြီး သူဆုံးရှုံးရမည်ဖြစ်သည်။ စစ်မက်ဖြစ်ပွားလာလျှင် မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် မှောင်ခိုရောင်းဝယ်မှုကို အဟန့်အတားဖြစ်စေလိမ့်မည်။ အထူးသဖြင့် ထိုင်းလုံခြုံရေးတပ်ဖွဲ့များက သူတို့နယ်စပ်မှနေ၍ မြန်မာစစ်တပ်၏ လှုပ်ရှားမှုကို အထောက်အကူပြုပေးလိမ့်မည်။ စစ်အစိုးရက ဤအချက်ကို ကောင်းကောင်းသိသည်။ ဝေကို သီးသန့် ငြိမ်းချမ်းရေးရယူပြီး အစိုးရကျောထောက်နောက်ခံပြုသည့် ပြည်သူ့စစ်အဖွဲ့သို့ ပြောင်းလဲရန် အကြိမ်ကြိမ်ကြိုးစား ခဲ့သည်။ အသေးစိတ် အချက်အလက်များကို အသေအချာ မသိရသော်လည်း နှစ်ဖက်သဘောတူညီချက်များအရ ဝေက သူ၏ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှုကို အနှောင့်အယှက်မရှိ လုပ်ခွင့်ရမည်ဟု ယူဆရသည်။ ဝေသာသူ့ကံကြမ္မာကို စစ်အစိုးရနှင့် ပုံအပ်ထားလိုက်လျှင် UWSA အတွက် ဘဏ္ဍာရေး အခက်အခဲ အကြီးအကျယ် တွေ့ရတော့မည်ဖြစ်သည်။ ဝေ၏ မူးယစ်ဆေးဝါးလုပ်ငန်းကြီးမှ ရှာရသမျှ ငွေအမြောက်အမြားတို့လည်း ထိုင်းနိုင်ငံက ရယူသွားတော့မည်ဖြစ်သည်။ ဤဆုံးရှုံးရသမျှကိုလည်း တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းက အစားထိုးဖြည့်ဆည်းပေးနိုင်မည်မဟုတ်။ တရုတ်နိုင်ငံက ပေးအပ်နေသော ဖွံ့ဖြိုးရေးအကူအညီနှင့် အခြား နယ်စပ်ဖြတ်ကျော်ပေးအပ်သော အကူအညီများသည် မူးယစ်ဆေးဝါး မလုပ်ရဟူသော စည်းကမ်းချက်ဖြင့် ပေးအပ်နေခြင်းဖြစ်သည်။ ဗိုလ်ချုပ်ကြီးများကို ဆန့်ကျင်ရေးအတွက် နိုင်ငံရေးအရ ထောက်ခံမှုကို ရရှိရန်မှာလည်း ဤစည်းကမ်းချက်သည် အကြုံးဝင်သည်။ ဝ'အဖွဲ့ကို တိုက်ခိုက်အနိုင်ယူရန်မှာ ယခင်ရက်သတ္တပတ်က ကိုးကန့်ကို တိုက်ခဲ့သလောက် လွယ်ကူလျှင် မြန်မည်မဟုတ်သော်လည်း ဝေ၏ ဘဏ္ဍာရေးအကူအညီ အထောက်အပံ့သာ မရလျှင် ဝ'အတွက်လည်း မြန်မာစစ်တပ်ကို ရင်ဆိုင်တိုက်ခိုက်ရန် အလွန်ခက်ခဲလိမ့်မည်ဖြစ်သည်။ ယခုအထိတော့ တောင်ပိုင်း ဝ'အဖွဲ့က စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို ခုခံငြင်းဆန်နေဆဲဖြစ်သည်။ စေ့စပ်ညှိနှိုင်းမှု မှန်သမျှကို ပန်ဆန်းနှင့်သာ ပြုလုပ်ပါဟု ပြောဆိုနေဆဲဖြစ်သည်။ ဝ' တပ်ဖွဲ့များကမူ ဖြစ်ပွားလာတော့မည့် မည်သည့် ရန်လိုတိုက်ခိုက်မှုကိုမဆို ရင်ဆိုင်ရန် အသင့်အနေအထားတွင် ပြင်ဆင်ထားသည်ဟု သိရှိရသည်။ ကိုးကန့်တပ်ဖွဲ့များ ယခင် အပတ်က လျင်မြန်စွာ ကျဆုံးအရေးနိမ့်သွားခြင်းနှင့် ဖုန်ကြားရှင်၏ နေရာတွင် အစိုးရက ကျောထောက်နောက်ခံပြုပေးထားသော ပြိုင်ဘက်နှင့် အစားထိုးလိုက်ခြင်းတို့ကိုကြည့်ပြီး ဝေအဖွဲ့ကလည်း သူတို့အတွက် ရွေးလမ်းကို ပြန်စဉ်းစားလာနိုင်သည်။ ရှေ့တွင်လည်း ၁၉၉၆ ခုနှစ်က ခွန်ဆာပြခဲ့သော အစဉ်အလာက ရှိခဲ့ပြီးဖြစ်သည်။ ဘိန်းဘုရင်အိုကြီးသည် ၂၀၀၇ ခုနှစ်အတွင်း သူ သေဆုံးချိန်အထိ ရန်ကုန်တွင်ပင် အေးအေးချမ်းချမ်း သက်သောင့်သက်သာ နေသွားခဲ့သည်။ (မဇ္ဈိမ အင်္ဂလိပ်ပိုင်းတွင် စက်တင်ဘာလ ၃ ရက်နေ့က ဖော်ပြထားပြီးဖြစ်သော Brian McCartan ၏ UWSA will be in a spot if Wei sides with junta ကို ဘာသာပြန်ဆိုပါသည်။) ဇင်လင်း ၎ စက်တင်ဘာ ၂၀၀၉ ရွှေဝါရောင်သံဃာ့အရေးတော်ပုံသည် ယခု ၂၀၀၉ စက်တင်ဘာတွင် (၂) နှစ်ပြည့်ပြီဖြစ်သည်။ စစ်အာဏာရှင်တို့က သံဃာတော်တို့အား နိုင်ငံရေးကိစ္စများတွင် ပါဝင်ပတ်သက်ခြင်းမရှိစေရဟု အမိန့်အာဏာဖြင့် တားမြစ်ကန့်သတ်ရုံမျှမက သာသနာ့နယ်မြေအတွင်း လက်နက်ကိုင်ကျူးကျော်ကာ ရဟန်းသံဃာတော်များအား သတ်ဖြတ် ညှဉ်းပန်းနှိပ်စက် ထောင်သွင်းအကျဉ်းချ စသည့် သာသနာဖျက်လုပ်ငန်းများကို အကြမ်းဖက်မှုမျိုးစုံသုံး၍ လူမဆန်စွာလုပ်ခဲ့ကြသည်။ ထိုသို့ ရက်ရက်စက်စက် သွေးထွက်သံယို သတ်ဖြတ်ပြလိုက်ရုံဖြင့် စစ်အာဏာကို အန်တုမှုများ ငြိမ်ကျသွားမည်ဟု စစ်အုပ်စုက ထင်ပုံရသည်။ မြန်မာနိုင်ငံတွင် ပြည်သူတို့ ဆင်းရဲဒုက္ခရောက်ရသည့် အရေးကိစ္စရပ်တိုင်း၌ သံဃာတော်တို့ မားမားမတ်မတ် ရပ်ခဲ့ကြသည့် သမိုင်းအစဉ်အလာကို စစ်ဗိုလ်ချုပ်များ မေ့လျော့နေဟန်တူသည်။ ရွှေဝါရောင်သံဃာ့အရေးတော်ပုံ (၂) နှစ်ပြည့်သည့် ယခုနှစ်သည် “ဆရာတော် ဦးဥတ္တမ” ပျံလွန်တော်မူခြင်း နှစ်(၇၀) ပြည့်ချိန်နှင့်လည်း တိုက်ဆိုင်နေပေသည်။ ဆန်ရေစပါးနှင့် သယံဇာတမျိုးစုံ ပေါကြွယ်လှသော မြန်မာနိုင်ငံတွင် တိုင်းသူပြည်သားတို့ စားဝတ်နေရေး ခက်ခဲကျပ်တည်းကာ ဆင်းရဲဒုက္ခရောက်နေကြရခြင်းသည် “အစိုးရ ညံ့ဖျင်းလွန်း၍ ဖြစ်သည်” ဟု ၁၉၂၁ ခုနှစ် မတ်လ (၂၃) ရက်နေ့ ဒေးဒရဲမြို့နယ် ဆုကလပ်ရွာ၌ တရားဟောခဲ့သဖြင့် ဗြိတိသျှစစ်ပုလိပ်တို့၏ ဖမ်းဆီးအကျဉ်းချခံခဲ့ရသည့် သာသနာ့နယ်ပယ်မှ ထူးခြားသော ရဟန်းတော်ကို မြန်မာတို့မမေ့လောက်သေးဟု ထင်သည်။ ထိုရဟန်းတော်သည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် ပထမဦးဆုံး ဖမ်းဆီးထောင်ချခံရသော ရဟန်းအာဇာနည်ဖြစ်သည်။ အထူးသဖြင့် “ကရက်ဒေါက် ဂက်ဒေါက်” (Craddock, Get Out!) ဟူသော ကြွေးကြော်သံကို အကြောင်းပြု၍ ထိုအာဇာနည်အရှင်ကား “ဆရာတော် ဦးဥတ္တမ” ဖြစ်လာသည်ကို မှတ်မိကြမည်ထင်ပါသည်။ “ကရက်ဒေါက်” (Sir Reginlad Henry Craddock) သည် ထိုစဉ်က ဗြိတိသျှကိုလိုနီ မြန်မာနိုင်ငံ၏ ဒုတိယဘုရင်ခံဖြစ်သည်။ ဆရာတော် ဦးဥတ္တမ၏ ဟောပြောချက်တခု၌ “ဒီတိုင်းပြည် သူတပါးလက်အောက်ခံ ကျွန်နိုင်ငံဖြစ်နေရင် ဒီတိုင်းပြည်က လူမျိုးဟာလည်း ကျွန်လူမျိုး၊ ဒီလူမျိုးကိုးကွယ်တဲ့ ဘာသာဟာလည်း ကျွန်ဘာသာ ကျွန်သာသနာဖြစ်မယ်။ ဒါကြောင့် ကျွန်ဘာသာ ကျွန်သာသနာအဖြစ်က လွတ်အောင် သံဃာတော်များ ကျောင်းတွင် ကျိန်းအိပ်မနေကြဘဲ သံဃာ့သမဂ္ဂီအဖွဲ့များ ဖွဲ့ပြီး ဒီတိုင်းပြည်ဒီလူမျိုး လွတ်လပ်အောင် ဆောင်ရွက်သင့်ကြတယ်” စသည်ဖြင့် ပွင့်ပွင့်လင်းလင်း ဟောပြောခဲ့ပုံမှာ ကြက်သီးထလောက်သည်ဟု မှတ်တမ်းများရှိသည်။ ကိုယ်ကျိုးမငဲ့ တိုင်းပြည်နှင့်လူမျိုး လွတ်လပ်ရေးအတွက် ပင်ပန်းဆင်းရဲမှုအမျိုးမျိုးခံကာ ဆရာတော်သည် ကိုလိုနီနယ်ချဲ့အင်္ဂလိပ်အစိုးရအား နှလုံးရည်တိုက်ပွဲဆင်ခဲ့သည်။ ဖိနှိပ်ချုပ်ချယ်မှုအမျိုးမျိုးကြားမှ မိမိနိုင်ငံသူနိုင်ငံသားတို့ နိုင်ငံရေးအသိအမြင် ကျယ်ပြန့်တိုးတက်လာစေရန် ထောင်တန်းအကျခံကာ ဟောပြောခဲ့သည့် မျိုးချစ်ပုဂ္ဂိုလ်လည်းဖြစ်သည်။ ဆရာတော်သည် မြန်မာတို့အား အစောဆုံး နိုင်ငံရေးမျက်စိဖွင့်ပေးခဲ့သူတို့အနက် ရှေ့ဆုံးတန်းမှ ပါဝင်ခဲ့သည်။ ‘ဆရာတော် ဦးဥတ္တမ’ သည် ဒုတိယကမ္ဘာစစ်ကြီး စတင်သည့် ၁၉၃၉ ခုနှစ် စက်တင်ဘာလ (၉) ရက်နေ့ သက်တော် (၆၀) ပြည့်ချိန်တွင် ပျံလွန်တော်မူခဲ့သဖြင့် ယခု ၂၀၀၉ စက်တင်ဘာတွင် နှစ်ပေါင်း (၇၀) ပြည့်ခဲ့ပေပြီ။ သို့သော် ဆရာတော်၏ သြ၀ါဒများကား ရှင်သန်နေဆဲရှိသည်။ ဆရာတော် အစပျိုးခဲ့သည့် နိုင်ငံရေးနိုးကြားမှုကား ရဟန်းသံဃာတော်များအကြား၌ ယနေ့တိုင် ရှင်သန်နေဆဲ ဖြစ်ပေသည်။ ဆရာတော်၏ ငယ်နာမည်မှာ “ပေါ်ထွန်းအောင်” ဖြစ်၍ အဘ ဦးမြနှင့် အမိ ဒေါ်အောင်ကျော်သူတို့မှ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ (၁၈၇၉ ခုနှစ် ဒီဇင်ဘာ ၁၄) တွင် ဖွားမြင်သည်။ အသက် (၁၅) နှစ်တွင် ကာလကတ္တားမှ တက္ကသိုလ်ဝင်ခွင့် ဆယ်တန်းအောင် သည်။ ထို့နောက် ပခုက္ကူမြို့ ရေစကြိုစာသင်တိုက်တွင် ဗုဒ္ဓဘာသာ စာပေကျမ်းဂန်များ သင်ယူသည်။ ၁၉၀၀ ပြည့်နှစ်တွင် ရဟန်းဝတ်ဖြင့် အိန္ဒိယနိုင်ငံသို့ ကြွရောက်၍ ကာလကတ္တားရှိ အိန္ဒိယအမျိုးသားကောလိပ်၌ ပါဠိ၊ သက္ကဋ၊ ဘင်္ဂါလီ၊ မာဂရီ၊ ရှေးဟောင်း ဟိန္ဒူစာပေများ သင်ယူခဲ့သည်။ ထိုကျောင်း၌ပင် ပါဠိပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့ဖူးသည်။ ၁၉၀၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံမှတဆင့် ပြင်သစ်၊ အင်္ဂလန်၊ ဂျာမနီတို့သို့ ခရီးလှည့်၍ နိုင်ငံတကာအရေးအရာများကို လေ့လာဆည်းပူးခဲ့သည်။ ဥရောပ၌ရှိနေစဉ် ၁၉၀၅ ခုနှစ် ရုရှ-ဂျပန်စစ်ဖြစ်ရာ ဂျပန်က အနိုင်ရသည့်သတင်းကို ကြားသိရ၍ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာသော ဂျပန်နိုင်ငံအကြောင်းကို လေ့လာလိုစိတ်ဖြစ်ခဲ့သည်။ သို့ဖြင့် ဆရာတော်သည် ၁၉၀၇ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ သွားရောက်ကာ တိုကျိုဗုဒ္ဓဘာသာတက္ကသိုလ်တွင် ပါဠိနှင့်သက္ကဋဘာသာဆိုင်ရာ ပါမောက္ခအဖြစ် (၄) နှစ်နီးပါး ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံအပြန်ခရီးတွင် ကိုရီးယား၊ မန်ချူးရီးယား၊ တရုတ်၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံများသို့ ၀င်ရောက်လေ့လာခဲ့သည်။ ၁၉၁၁ ခုနှစ် မြန်မာနိုင်ငံသို့ ပြန်ရောက်သောအခါ သူရိယသတင်းစာတွင် နိုင်ငံတကာ တိုးတက်မှုအခြေအနေ အထွေထွေကို နိုင်ငံသားများ ပညာဗဟုသုတရစေရန် ရေးသားတင်ပြခဲ့သည်။ “၀ိုင်အမ်ဘီအေ” ကို စတင်ထူထောင်ခဲ့ကြသော ဦးဘဘေ၊ ဦးမောင်ကြီး၊ ဦးဘရင်တို့နှင့်လည်းကောင်း၊ သူရိယသတင်းစာ စတင်တည်ထောင်ခဲ့ကြသည့် ဦးဘကလေး၊ ဦးလှဖေ အစရှိသော ထိုခေတ် လူငယ်လူလတ်များနှင့်လည်းကောင်း၊ အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရန် မည်သို့ဆောင်ရွက်သင့်ကြကြောင်း နိုင်ငံရေးဆွေးနွေးမှုများလုပ်ခဲ့သည်။ ဆရာတော် ဦးဥတ္တမ၏ နိုင်ငံရေးအမြင်မှာ မြန်မာနိုင်ငံကို အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရေးသို့ ဦးတည်သည်။ လွတ်လပ်ရေး မရနိုင်သေးမီစပ်ကြား ‘ဟုမ္မရူး’ ခေါ် ကိုယ့်တိုင်းပြည်ကို ကိုယ့်အမျိုးသားတို့ ကိုယ်တိုင်အုပ်ချုပ်ခွင့်ရရေး ကြိုးပမ်းအားထုတ်ကြဖို့ ရေးသားဟောပြောသည်။ ပညာတတ်လူငယ်လူလတ်များ ဟုမ္မရူးသဘောတရား စိတ်ဓာတ်များကို နားဝင်အောင် ဆွေးနွေးပြောဆိုသည်။ အထူးသဖြင့် အိန္ဒိယနိုင်ငံတွင်ရှိစဉ်က အိန္ဒိယ-မြန်မာ နှစ်နိုင်ငံလွတ်လပ်ရေး ရရှိရန်ကိစ္စများကို ကွန်ဂရက်ပါတီခေါင်းဆောင်များနှင့် ဆွေးနွေးတိုင်ပင်သည်။ ဆရာတော်ကိုယ်တိုင်မှာလည်း မြန်မာဒေသခွဲ ကွန်ဂရက်ပါတီအဖွဲ့ဝင်ဖြစ်သည်။ ၁၉၁၂ ခုနှစ်တွင် ဆရာတော်သည် ဂျပန်နိုင်ငံသို့ ဒုတိယအကြိမ် သွားရောက်ခဲ့သည်။ ဂျပန်တွင် ဆရာတော်သည် ပါဠိနှင့် သက္ကဋဘာသာ ပါမောက္ခအဖြစ် ဆောင်ရွက်နေစဉ် မြန်မာနိုင်ငံရေးရာကိစ္စများကို ဂျပန်ရောက် တရုတ်ကျောင်းသားများနှင့် ဆွေးနွေးခဲ့သည်။ တရုတ်နိုင်ငံသို့လည်း သွားရောက်ခဲ့၍ တရုတ်အမျိုးသားခေါင်းဆောင် ဒေါက်တာဆွန်ယက်ဆင်နှင့်လည်း တွေ့ဆုံသိကျွမ်းခဲ့သည်။ ဒေါက်တာဆွန်ယက်ဆင်နှင့် အာရှဒေသလွတ်လပ်ရေးကိစ္စများ ဆွေးနွေးခွင့်ရရှိခဲ့သည်။ ပထမကမ္ဘာစစ်ပြီးကာနီးတွင် ဆရာတော် မြန်မာနိုင်ငံသို့ ပြန်ကြွလာသည်။ ထိုအချိန်မှစတင်၍ မြန်မာလူထု နားမျက်စိပွင့်စေရန် နိုင်ငံတကာမှရရှိခဲ့သော အသိပညာဗဟုသုတများနှင့် ယှဉ်တွဲ၍ နိုင်ငံရေးတရားများ ဟောပြောခဲ့သည်။ ဆရာတော်၏ ဟောပြောချက်များမှာ စကားလုံးပြောင်ပြောင် ထိထိမိမိရှိလှသဖြင့် တရားပွဲတိုင်း ကြိတ်ကြိတ်တိုး စည်ကားသည်ဟု မှတ်တမ်းများရှိသည်။ ဆရာတော်၏ ဟောပြောချက်တရပ်မှာ ဤသို့ဖြစ်သည်။ “မြန်မာတိုင်းသူပြည်သားတို့ဟာ ကျိုးနွံတယ်ဆိုတဲ့ အောက်တန်းကျစိတ်များကို ဖယ်ရှားပစ်ကြရမယ်။ မြန်မာတိုင်းသူပြည်သား တို့ဟာ စွမ်းရည်သတ္တိရှိကြောင်း၊ ပညာရှိကြောင်းနဲ့ မဟုတ်မခံစိတ်ဓာတ်ကို ပြရမယ်။ ဒီလိုပြနိုင်ရင် ကျုပ်တို့ကို ဘယ်သူကမှ စော်ကားရဲ ဖိနှိပ်ရဲမှာ မဟုတ်တော့ဘူး။ ဘယ်လိုအင်အားကြီးပြီး ရက်စက်ကြမ်းကြုတ်တဲ့ အစိုးရဖြစ်ဖြစ် တိုင်းရင်းသားအပေါင်း စည်းလုံးညီညာစွာနဲ့ တွန်းလှန်နိုင်ကြရင် တာရှည်ခံနိုင်မယ် မဟုတ်ပါဘူး၊ ကိုယ့်ရည်မှန်းချက် အောင်စေချင်ရင် နောက်မတွန့်ကြနဲ့။ ကြောက်အားမပိုကြနဲ့၊ ဒုက္ခကို ပဓာနမထားကြနဲ့၊ ဟုမ္မရူးတို့ လွတ်လပ်ရေးတို့ဆိုတာ ကျုပ်တို့ရထိုက်တဲ့ ကမ္ဘာ့အမွေအနှစ်ကြီးများဖြစ်တယ်။ ဗျူရိုကရေစီဝါဒသမားတွေက ဘယ်လောက်ပဲ နှောင့်ယှက်နှောင့်ယှက် တကယ်ရအောင်လုပ်နိုင်တဲ့ သဘောမှန်ဟာ တိုင်းသူပြည်သားတို့ လက်ထဲမှာသာရှိတယ်။˝ ထို့ကြောင့်လည်း ဆရာတော်ဦးဥတ္တမအား ရှေးဟောင်းအတွေးအခေါ် အယူအဆတို့ကို ပယ်လှန်သူ၊ ၀ံသာနုစိတ်ဓာတ် တက်ကြွအောင် လှုံ့ဆော်သူအဖြစ် ထိုခေတ်လူထုက လက်ခံထားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ ၀ံသာနုအမျိုးသားရေးလှုပ်ရှားမှု စတင်ဖော်ဆောင်ခဲ့သည့် ‘ဂျီစီဘီအေအသင်းကြီး’ ၏ နိုင်ငံရေးလှုပ်ရှားမှုများ အောင်မြင်စေရန်အတွက်လည်း ဆရာတော်က များစွာအထောက်အကူပြုခဲ့သည်။ ဆရာတော်၏ ဟောပြောမှုများကြောင့် အမျိုးသားရေးလှုပ်ရှားမှုလည်း ပိုမိုအရှိန်ရလာသည်။ လူထုအများ နိုင်ငံရေး နိုးကြားလာလျက် ၀ံသာနုအသင်းများလည်း တိုးတက်များပြားလာသည်။ သူရိယသတင်းစာကလည်း ဆရာတော်၏ ဟောပြောမိန့်ကြားချက်များကို ထောက်ခံရေးသားခဲ့သည်။ ဆရာတော်၏ အတွေးအမြင်သစ် ဆောင်းပါးများကိုလည်း သူရိယသတင်းစာက တခမ်းတနား ဖော်ပြခဲ့သည်။ သူရိယသတင်းစာတိုက်ကို ဆရာတော်၏ ဌာနချုပ်ဟုပင် ထိုခေတ်က သတ်မှတ်ကြသည်။ ဗုဒ္ဓသာသနာ စည်ပင်တိုးတက်စေရန် ဦးစွာပထမ ကျွန်ဘ၀က လွတ်အောင်လုပ်ရမည်ဟု ဆရာတော်က ဟောပြောသည်။ ထို့ကြောင့် အမျိုး၊ ဘာသာ၊ သာသနာအကျိုးအတွက် ‘သံဃာ့သမဂ္ဂီများ’ ထူထောင်ဖွဲ့စည်း၍ လွတ်လပ်ရေးရအောင် ဆောင်ရွက်ကြရမည်ဟု ဦးဥတ္တမက မိန့်ကြားသဖြင့် နိုင်ငံအနှံ့တွင် သံဃာ့သမဂ္ဂီများ ပေါ်ထွန်းလာကာ နိုင်ငံရေးတရားဟောသည့် သံဃာတော်များ တိုးပွားလာခဲ့သည်။ ဤသို့ ဆရာတော်၏ ၀ါယမစိုက်ထုတ်မှုကြောင့် ၁၉၂၁ ခုနှစ် ဇူလိုင် (၁) ရက် (၂) ရက်တွင် သံဃာ့သမဂ္ဂီအဖွဲ့ပေါင်း (၃၀) ကျော်မှ ကိုယ်စားလှယ်များအစည်းအဝေးကို ရန်ကုန်မြို့၌ ကျင်းပနိုင်ခဲ့သည်။ ဆရာတော် သံဃာတော်များ ဂျီစီဘီအေအသင်း ခေါင်းဆောင်များ အပါအ၀င် ရဟန်းရှင်လူ ပရိသတ် (၅၀၀) ကျော် တက်ရောက်ခဲ့သည်။ ဒေးဒရဲမြို့နယ် ဆုကလပ်ရွာ တရားပွဲအပြီး ဆရာတော် ဦးဥတ္တမအား နိုင်ငံရေးလုပ်မှုဖြင့် ထောင်ဒဏ်အပြစ်ပေးလိုက်သောအခါ ရဟန်းရှင်လူ ပြည်သူအများ မခံမရပ်နိုင်ဖြစ်ကြရသည်။ ဆရာတော်ကို အကြောင်းပြု၍ ‘ဂျီစီဘီအေ’ အသင်းကြီးကို လူထုက ပိုမိုထောက်ခံအားပေးခဲ့သည်။ ဆရာတော်သည် ပထမအကြိမ်ထောင်ကျရာမှ ပြန်လွတ်လာပြီးနောက် တပြည်လုံးလှည့်လည်၍ နိုင်ငံရေးတရားများ ဟောကြားခဲ့ပြန်သည်။ “အင်္ဂလိပ်ပစ္စည်းကို သပိတ်မှောက်ကြ” “အင်္ဂလိပ်ဆိုင်တွေကို သပိတ်မှောက်ကြ” “တိုင်းရင်းဖြစ် ပစ္စည်းကို ၀ယ်ယူအားပေးကြ” “တိုင်းရင်းသားဆိုင်တွေမှာ ၀ယ်ယူအားပေးကြ” “ဒို့လူမျိုးတွေ ညီညွတ်မှ လွတ်လပ်ချမ်းသာမယ်” “ဟုမ္မရူး ကိုယ်ပိုင်အုပ်ချုပ်ရေးရအောင် တောင်းဆိုကြိုးပမ်းကြ” “ကရက်ဒေါက် ဂက်ဒေါက်”(Craddock,Get Out!) စသော ကြွေးကြော်သံများကြောင့် ၁၉၂၄ ခုနှစ် ရန်ကုန် ကျုံးကြီးလမ်း နန်းတော် ရုပ်ရှင်ရုံတရားပွဲအပြီး ဒုတိယအကြိမ် အဖမ်းခံရပြန်သည်။ အင်္ဂလိပ်အစိုးရကို အကြည်ညိုပျက်အောင် ဟောပြောကြောင်း ပြစ်မှုထင်ရှားသည်ဆိုကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ် အပြစ်ပေးခံရသည်။ မြန်မာ့နိုင်ငံရေးသမိုင်းကို ပြန်လှန်လေ့လာသည့်အခါတိုင်း ၀ိုင်အမ်ဘီအေခေါ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း၊ နောင် ဂျီစီဘီအေခေါ် မြန်မာအသင်းချုပ်ကြီး၏ ကြိုးပမ်းအားထုတ်မှုများကို ချန်လှပ်ထား၍ မရနိုင်ပေ။ ထိုမြန်မာအသင်းချုပ်ကြီး တိုးတက်ကျယ်ပြန့်လာအောင် အထောက်အကူပြုပေးခဲ့ရာတွင် သံဃာတော်များနှင့် သံဃာ့သမဂ္ဂီအဖွဲ့များ၏ ထောက်ခံအားပေးမှုများမှာ အဓိကနေရာမှပါဝင်ပေသည်။ ထိုကြောင့် သံဃာတော်များ တိုင်းကျိုးပြည်ကျိုးဆောင်ရာ၌ ရှေ့တန်းမှ တက်တက်ကြွကြွပါလာအောင် အဦးဆုံး ဟောပြောခဲ့သော ဆရာတော်ကား ဦးဥတ္တမပင်ဖြစ်သည်။ ဗုဒ္ဓ၏ စာပေကျမ်းဂန်များကိုသာ သင်အံလေ့လာလျက် တရားဘာဝနာပွားများနေကြကုန်သော သံဃာတော်တို့အနေဖြင့် ဆရာတော် ဦးဥတ္တမ၏ နိုင်ငံတကာအတွေ့အကြုံများ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဟောပြောချက်များကို လက်ဦးတွင် နားမ၀င်နိုင်ခဲ့ကြပေ။ နောင်နှစ်အတန်ငယ်ကြာသောအခါ ဆရာတော် ဦးဥတ္တမ၏ နိုင်ငံရေးတရားများမှာ စကားဝေါဟာရအရ မာကြောသော်လည်း လက်တွေ့အနှစ်သာရအရ အမျိုး၊ ဘာသာ၊ သာသနာအတွက် အမှန်ပင်အကျိုးပြုကြာင်း သိမြင်လာကြ၍ ၀န်းရံထောက်ခံလာကြသည်။ ထိုစဉ်က ဆရာတော်ဦးဥတ္တမနှင့် သူရိယသတင်းစာတို့သည် ၀ိုင်အမ်ဘီအေအသင်းကို ပြည်သူတရပ်လုံး ထောက်ခံအားပေးလာအောင် စိုက်လိုက်မတ်တတ် လှုံ့ဆော်ရေးသားခဲ့သဖြင့် အမျိုးသားရေးစိတ်ဓာတ်များ တက်ကြွလာခဲ့သည်။ ဦးဥတ္တမ၏ ရိုးသားမှု၊ ကိုယ်ကျိုးမငဲ့မှု၊ တိုင်းပြည်နှင့် လူထုအကျိုးကိုသာ ရှေးရှုမှုတို့ကြောင့် ဆရာတော်ကို စံထားကာ သံဃာအများ မြန်မာအသင်းချုပ်ကြီး၏ လှုပ်ရှားမှုများတွင် ပါဝင်လာကြသည်။ အစည်းအဝေးများ၊ ကွန်ဖရင့်များတွင် သံဃာတော်များ ပါဝင်ဆွေးနွေး ဟောပြောလာကြသည်။ သံဃာ့သမဂ္ဂီအဖွဲ့များ ဖွဲ့စည်းကာ နိုင်ငံ့အရေးအရာများ၌ ပါဝင်ဆောင်ရွက်လာကြသည်။ ဆရာတော် ဦးဥတ္တမသည် မြန်မာနိုင်ငံ ဒုတိယဘုရင်ခံ ကရက်ဒေါက်၏ ဒိုင်အာခီအုပ်ချုပ်ရေးစနစ်ကို ဆန့်ကျင်ကာ ၀ိုင်အမ်ဘီအေကို ထောက်ခံလျက် ဟုမ္မရူးကို တောင်းဆိုဟောပြောခဲ့သည်။ ဒိုင်အာခီအုပ်ချုပ်ရေးစနစ်တွင် အမတ် (၁၀၃) နေရာ လျာထားသော်လည်း (၇၉) ဦးသာ ရွေးကောက်ခံဖြစ်သည်။ ကျန်သူတို့မှာ ဘုရင်ခံခန့် ဗျူရိုကရက်များဖြစ်သည်။ ပြည်သူ့ကိုယ်စားလှယ်နှင့် ဗျူရိုကရက်တို့ တွဲဖက်အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ ဥပဒေပြုကောင်စီတွင် အဆိုတခုတင်ရာ၌ ပြည်သူ့ကိုယ်စားလှယ်တို့ မဲအများစုရ၍ နိုင်သော်လည်း ဘုရင်ခံသဘောမတူလျှင် (ဗီတို) ဖြင့် ပယ်ချခံရတတ်သည်။ ထို့ကြောင့် ၁၉၂၂ ဇူလိုင် (၁၅)(၁၆) ဂျူဗလီဟောအစည်းအဝေးတွင် ဆရာတော်ဦးဥတ္တမက “ဒိုင်အာခီအုပ်ချုပ်ရေးစနစ်သည် ဗျူရိုကရေစီအုပ်ချုပ်ရေးဖြစ်သဖြင့် ပြည်သူကိုမတိုင်ပင်ဘဲ ဗျူရိုကရက်တို့က စီမံအုပ်ချုပ်သောစနစ်ဖြစ်သည်ဟု ထောက်ပြခဲ့သည်။ ပြည်သူ့ကိုယ်စားလှယ် (၇၉) ဦးသည် အာဏာပါဝါမရှိသော ရုပ်ပြလှည့်စားမှုသာဖြစ်သည်။ ပြည်သူက သဘောတူ၍ ဆောင်ရွက်လေဟန် ပရိယာယ်ဆောင်သော အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ ထို့ကြောင့် ဒိုင်အာခီရွေးပွဲ မ၀င်သင့်။ ဒိုင်အာခီကောင်စီ၌ မပါသင့်။ ဒိုင်အာခီကောင်စီဝင်၍ ပူးသတ်ရေးလုပ်ရန် မဖြစ်နိုင်။ ဗျူရိုကရက်တို့၏ သြဇာကို မလွန်ဆန်နိုင်” စသည်ဖြင့် ဆရာတော်က ရှင်းပြခဲ့သည်။ ဆရာတော်၏ မိန့်ခွန်းမှ ကောက်နုတ်ချက်တခုမှာ ဤသို့ဖြစ်သည်။ “ဟုမ္မရူးအတွက် ကြိုးစားကြရာမှာ ကြောက်လန့်စိတ်တွေ မထားကြနဲ့၊ ကြောက်မွှေးပါရင် ဇာဂနာနဲ့ နုတ်ပစ်ကြရမယ်။ ခိုးရမှာ၊ ဒိုင်အာခီကောင်စီဝင်ရမှာသာ ကြောက်၊ ကျေးလက်က ဒကာတွေ သူကြီးကို မကြောက်ကြနဲ့၊ သူကြီးတင်မက မြို့အုပ်ဝန်ထောက်လည်း ကြောက်ဖို့မလိုဘူး။ သူတို့ထက်ကြီးတဲ့ ဘုရင်ခံဆိုတာလည်း ကြောက်စရာမရှိပါဘူး။ ကိုယ့်တိုင်းပြည်ကို ကိုယ့်လူမျိုး အုပ်ချုပ်ရအောင် ဘုရင်ခံနဲ့ ဗျူရိုကရက်တွေကို နှင်ထုတ်ကြရမယ်။ ကရက်ဒေါက် ထွက်သွားလို့ ဥတ္တမက ဂျူဗလီမှ ထပ်ပြီး အမိန့်ပေးနေတယ်။” ဆရာတော်ဦးဥတ္တမနှင့် ဂျီစီဘီအေခေါင်းဆောင်များက ဟုမ္မရူး ကိုယ်ပိုင်အုပ်ချုပ်ရေးပေးရန်၊ သဿမေဓ လူခွန် ဖျက်သိမ်းပေးရန်၊ လယ်ယာမြေ အခွန်အကောက်များ လျှော့ချပေးရန်၊ အဓိကထား၍ ဟောပြောတောင်းဆိုခဲ့ကြသည်။ အင်္ဂလိပ်အစိုးရက ၁၉၃၀ ဆရာစံသူပုန် ဖြစ်ပေါ်ရခြင်းကိစ္စကို ပြန်လှန်သုံးသပ်ရာ၌ ဆရာတော်ဦးဥတ္တမ၏ ဟောပြောချက်များကို အကြောင်းရင်းတချက်အဖြစ် ထည့်သွင်းထားသည်ကို တွေ့ရသည်။ ၁၉၅၆ ခုနှစ် မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းမှထုတ်ဝေသော “နှစ်ငါးဆယ် ကမ္ဘာ့ရေးရာ စာအုပ်”တွင် “ဆရာတော်၏ ကြိုးပမ်းမှုကြောင့် မြန်မာနိုင်ငံသားတို့သည် ‘အိပ်သောယောက်ျား နိုးသောလားသို့’ လွတ်လပ်ရေးလမ်းစကို မြင်ကြရ၏။ ဆရာတော်ကား ယခု မြန်မာနိုင်ငံတော်သူ မြန်မာနိုင်ငံတော်သားတို့ လက်ဆုပ်လက်ကိုင် အပိုင်ရှု ခံစား စံစားနေရသော လွတ်လပ်ရေးဗိမာန်ကြီးကို အစဦးစွာ ပန္နက်ချခဲ့သော အာဇာနည်မျိုးချစ်ပုဂ္ဂိုလ်ကြီးပေတည်း” ဟု ဖော်ပြခဲ့သည်။ သို့ဖြစ်၍လည်း ဆရာတော်ဦးဥတ္တမ၏ သမိုင်းနှင့်အာဇာနည်ဂုဏ်ပုဒ်တို့ကို စစ်အာဏာရှင်အဆက်ဆက်က မပျက်ပျက်အောင် ဖျက်နေကြသော်လည်း ပယ်ဖျက်၍မရဘဲ ရှိနေခြင်းဖြစ်ပေသည်။ ယနေ့ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးတိုက်ပွဲတွင် ပါဝင်ဆင်နွှဲနေကြသော ရဟန်းပျိုမျိုးဆက်သစ်၊ လူငယ်မျိုးဆက်သစ်တို့သည် ဆရာတော်ဦးဥတ္တမ၏ ဂုဏ်ကျေးဇူးနှင့် အာဇာနည်စိတ်ဓာတ်ကို စံနမူယူ၍ မကြာမီ ဆင်နွှဲတော့မည့် တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်တွင် တက်တက်ကြွကြွ ပါဝင်ရန် ပြင်ဆင်နေကြပေပြီ။ ၂၀၀၉ အောက်တိုဘာလ (၃) ရက်နေ့တွင် သံဃာတော်များ၏ တတိယအကြိမ် သံဃာ့သပိတ်တိုက်ပွဲတရပ် ဆင်နွှဲမည်ဖြစ်၍ သံဃာတော်များနှင့်အတူ တပြည်လုံး အတိုင်းအတာဖြင့် ပါဝင်ကြရန် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက သြဂုတ်လ (၂၈) ရက်စွဲဖြင့် နှိုးဆော်ထားပေသည်။ စစ်အစိုးရအနေဖြင့် အောက်တိုဘာလ (၂) ရက်နေ့ မွန်းတည့်ချိန် နောက်ဆုံးထား၍ သံဃာထုအား တောင်းပန်ရန် နှိုးဆော်ထားသည်။ မလိုက်နာပါက လာမည့်သီတင်းကျွတ်လပြည့် (၁၅) ရက်၊ (၃-၁၀-၂၀၀၉)၊ သံဃာပ၀ါရဏာပွဲနေ့တွင် သံဃာထုကြီးက တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် ဆင်နွှဲမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက ထုတ်ပြန်ကြေညာထားသည်။ သံဃာ့တပ်ပေါင်းစု နိုင်ငံခြားရေးရာတာဝန်ခံ အရှင်ဣဿရိယ၏ ရှင်းပြချက်အရ တတိယအကြိမ် သပိတ်မှောက်ကံဆောင်ရာတွင် ထူးခြားချက်မှာ အပြည်ပြည်ဆိုင်ရာသာသနာ့ဥသျှောင်အဖွဲ့၊ ပြည်တွင်းပြည်ပ သံဃာ့သမဂ္ဂီအဖွဲ့များက မြတ်စွာဘုရား၏ ၀ိနည်းဥပဒေကို လိုက်နာရန် ပျက်ကွက်သော သံဃာတော်များ၊ စစ်တပ်နှင့်ပေါင်းသော သံဃာတော်များအား သာသနာတော်မှ ကျဉ်ပယ်ကာ ပကာသနီယ ကံဆောင်မည်ဖြစ်ပါသည်။ “ဦးဥတ္တမခေတ်” ၁၉၂၀ ခန့်တွင် အစပျိုးခဲ့သော သံဃာ့သမဂ္ဂီ စိတ်ဓာတ်ဝိညာဉ်ကား နှစ်ပေါင်း (၉၀) မျှ သက်တမ်းရင့်ရှည်ခဲ့ပြီးနောက် “ရွှေဝါရောင်ခေတ်” သံဃာ့သမဂ္ဂီအဖွဲ့များထံသို့ ဆက်လက်ကူးလူး ထွန်းလင်းလျက်ရှိပေသည်။ ဓမ္မနှင့် အဓမ္မ အားပြိုင်ပွဲ၌ ဓမ္မသည် အဓမ္မအပေါ် အောင်ပွဲဆင်မြဲ ဆင်ပေလိမ့်မည်။ -“ဆရာတော် ဦးဥတ္တမ” ပျံလွန်တော်မူခြင်း နှစ်(၇၀) အထိမ်းအမှတ် ကျမ်းကိုးစာရင်း (၁) ၀ံသာနုအရေးတော်ပုံသမိုင်း (၁၉၀၆ - ၁၉၃၆)၊ သခင်ဘမောင်၊ တသက်တာစာပေ၊ ၁၉၇၅ ဇန်န၀ါရီ။ (၂) ဂျူဗလီဟောမြင်ကွင်း၊ တိုက်စိုး၊ ချင်းတွင်းစာပေ၊ ၁၉၇၈ သြဂုတ်လ။ (၃) မြန်မာနိုင်ငံအလုပ်သမားလှုပ်ရှားမှုသမိုင်း၊ သခင်လွင်၊ ပုဂံစာအုပ်တိုက်၊ ၁၉၆၈ မေလ။ (၄) ကိုလိုနီခေတ် မြန်မာ့သမိုင်းအဘိဓာန်၊ မြဟန်၊ မိုးမင်းစာပေ၊ ၁၉၈၁။ (၅) သာသနာ့ဝန်ထမ်းဆိုတာ သာသနာကို ကာကွယ်ဖို့ပဲ၊ ၂၅ သြဂုတ် ၂၀၀၉၊ ခေတ်ပြိုင်။ ဖိုင်ရယူရန် ကေအိုင်အို ကိုယ်စားလှယ်များ ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့်တွေ့မည် ခိုင်လင်း / ၄ စက်တင်ဘာ ၂၀၀၉ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို အဓိကတာဝန်ယူထားသည့် စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) မှ ကိုယ်စားလှယ်များ ယခုလ (၆) ရက်တွင် မြစ်ကြီးနားမြို့၌ တွေ့ဆုံရန်ရှိသည်။ ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့သည် မနက်ဖန် လိုင်ဇာမြို့တွင် ကချင်ပြည်နယ်အတွင်းရှိ ဘာသာရေး၊ လူမှုရေး အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့် တွေ့ဆုံစည်းဝေးပြီးနောက်ပိုင်း မြစ်ကြီးနားသို့ သွားရောက်ရန်ရှိကြောင်း ကေအိုင်အိုအဖွဲ့နှင့် နီးစပ်သူက ပြောသည်။ ၎င်းက “မြစ်ကြီးနားကို မသွားခင် ဘာသာရေးခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ အရင်တွေ့မယ်။ အကြံဉာဏ်တွေ၊ ခွန်အားတွေ ယူတဲ့သဘောမျိုးပေါ့။ ပြီးမှ မြစ်ကြီးနားကို သွားမှာ၊ အရင်သွားနေကျသူတွေပဲဖြစ်မှာပါ။ သူတို့ အဲလိုဆွေးနွေးဖို့ ကော်မတီဖွဲ့စည်းထားတာ ရှိတယ်လေ။ ဒေါက်တာလှဂျာတို့၊ ဗိုလ်မှူးချုပ် ဂွမ်မော်တို့တွေနဲ့” ဟု ပြောသည်။ ကေအိုင်အိုက နယ်ခြားစောင့်တပ်ဖွဲ့ (BGF) အစား ကချင်ဒေသကာကွယ်ရေးတပ်ဖွဲ့ (KRGF) အဖြစ် အသွင်ပြောင်းလိုပြီး အနာဂတ် ကချင်ပြည်နယ်အစိုးရအဖွဲ့တွင် တိုက်ရိုက်ပါဝင်နိုင်ရေး တောင်းဆိုထားသကဲ့သို့ ကေအိုင်အို အဖွဲ့အစည်းတွင် လက်နက်ကိုင်တပ်ဖွဲ့ (KIA) နှင့် အဆင့်အတန်းတူညီသည့် အုပ်ချုပ်ရေး၊ ရဲ၊ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ အကောက်ခွန် စသည့်ဌာနများလည်း ရှိနေ၍ အဆိုပါဌာနများကိုလည်း အသွင်ပြောင်းဖွဲ့စည်းရာတွင် ထည့်သွင်းစဉ်းစားရန် တင်ပြထားသည်။ ကေအိုင်အိုအဖွဲ့နှင့် နအဖအကြား ယခုတကြိမ် တွေ့ဆုံမှုမှာ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စကို ပြတ်ပြတ်သားသား ဆွေးနွေးရန်ပိုများသည်ဟု တရုတ်-မြန်မာနယ်စပ် အပစ်ခတ်ရပ်အဖွဲ့များနှင့် နီးစပ်သူတဦးက ပြောသည်။ ၎င်းက “ကိုးကန့်အရေးအခင်းနဲ့ ပတ်သက်လို့တော့ ပြီးခဲ့တဲ့ (၂၉) ရက်နေ့မှာ မပခက ဒု-ဗိုလ်မှူးကြီး သက်ပုံ လိုင်ဇာကိုလာပြီး ရှင်းပြပြီးပြီ။ နယ်ခြားစောင့်ကိစ္စက အခုချိန်ထိ မပြတ်သေးဘူး။ ကေအိုင်အိုဘက်က တင်ပြထားတာကို နအဖဘက်က လက်မခံဘူး။ နယ်ခြားစောင့်တပ်က လွဲလို့ အခြားရွေးခွင့် မပေးဘူး။ အလျှော့အတင်းလုပ်လို့မရတဲ့ အခြေအနေအောက်မှာ။ နောက်တခုက နအဖတပ်တွေက အပစ်ခတ်ရပ်အဖွဲ့တွေကို စစ်ရေးအရ ခြိမ်းခြောက်နေသလို၊ အပစ်ခတ်ရပ်အဖွဲ့တွေလည်း စစ်ရေးသတိနဲ့ တပ်လှန့်ထားချိန်မှာ အခုတွေ့မယ်ဆိုတော့ အန္တရာယ်တော့ များတယ်။ အရေးလည်းကြီးတယ်” ဟု ပြောသည်။ ကေအိုင်အို ထိန်းချုပ်ရာ လိုင်ဇာမြို့အနီး ဗန်းမော်-မြစ်ကြီးနား မော်တော်ကားလမ်းတလျှောက်တွင် နအဖစစ်ကြောင်းများ သွားလာလှုပ်ရှားနေ၍ ကေအိုင်အို ထိန်းချုပ်ရာဒေသနှင့် အနီးနားရှိ လူထုမှာ စစ်ဖြစ်မည်ကို စိုးရိမ်ထိတ်လန့်မှုများရှိနေချိန်တွင် နအဖနှင့် ကေအိုင်အို၏ တွေ့ဆုံပွဲ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ရန်ကုန်ရပ်ကွက်များစွာ ရေမရပြည်သူများ ဒုက္ခရောက် အောင်ကျော်မိုး / ၄ စက်တင်ဘာ ၂၀၀၉ ရန်ကုန်မြို့တွင်း မြို့နယ်အတော်များများတွင် ရေစုပ်ယူ၍မရ ဖြစ်နေကြပြီး အစိုးရက တစုံတရာ တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသည့်အတွက် ပြည်သူအများ ရေပြတ်လပ်မှုဖြင့် ရင်ဆိုင်နေကြရသည်။ “ရေစုပ်လို့မရတာ (၃) ရက်ရှိနေပြီ။ ရေမရတော့ ရေသန့်ဘူးတွေ ၀ယ်သုံးနေရတယ်။ ဘယ်အချိန်ရေလာမလဲဆိုပြီး ညဘက်ထထ ရေတင်ကြည့်နေရလို့ အိပ်ရေးပျက်တာလည်း (၃) ရက်ရှိနေပြီ။ ကိုယ့်လိုပဲ တတိုက်လုံး ညမအိပ်ဘဲ ရေထထ စုပ်တင်ကြည့်နေတဲ့ သူတွေ အများကြီးပဲ” ဟု ပုဇွန်တောင်တွင် နေထိုင်သူတဦးက ပြောသည်။ တာမွေနှင့် ဗိုလ်တထောင်မြို့နယ်တို့တွင်လည်း အလားတူ ရေအခက်အခဲဖြစ်နေပြီး မြေညီထပ်နေသူများသာ တညလုံးမအိပ်ဘဲ ရေထစုပ်မှ ရေအနည်းငယ်ရရှိကြသည်ဟု သိရသည်။ စည်ပင်သာယာအနေဖြင့် ရေပေးဝေမှုနှင့်ပတ်သက်၍ ပြည်သူများအား သတင်းထုတ်ပြန် အကြောင်းကြားသင့်ကြောင်း၊ ရေမပေးသည်ကို တစုံတရာပြောဆိုခြင်းမရှိသောကြောင့် ပြည်သူများသည် ရေ ရနိုးရနိုးဖြင့် ညဘက်မအိပ်ဘဲ ရေတင်နေကြရသဖြင့် အိပ်ရေးပျက်ကာ ရေစုပ်မော်တာများ ပျက်စီးကုန်ကြောင်း ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သူက ပြောသည်။ စည်ပင်သာယာမှ ၀န်ထမ်းတဦးကမူ ယခုနှစ်မိုးရာသီ မိုးနည်းကြောင်း၊ လာမည့်နွေရာသီတွင် ရေအခက်အခဲကြုံနိုင်သဖြင့် ယခုကတည်းက ရေကိုသုံးလောက်ရုံ လျှော့ပေးနေခြင်းဖြစ်ကြောင်း ပြောကြားသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။ ရန်ကုန်မြို့တွင်း ရေပေးဝေနေသည့် ရေတွန်းစက်များသည် မီးအားအပြည့်အ၀ မရရှိသောကြောင့် မီးအားပြည့်သည့် ညနက်ပိုင်းရောက်မှသာ ရေတွန်းပေးနိုင်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရေနှင့်သန့်ရှင်းရေးဌာနက ပြည်တွင်းဂျာနယ်များမှတဆင့် သတင်းထုတ်ပြန်ခဲ့ဖူးသည်။ ရန်ကုန်မြို့ခံများမှာ မီးမှန်မှန်မလာသည့်ဒုက္ခအပြင် မိုးတွင်း၌ ရေအခက်အခဲဖြစ်နေသည့်အပေါ် စိတ်ဆိုးဒေါသထွက်နေကြ သည်ဟု သိရှိရသည်။ မင်းသားကြီး ထွန်းဝေ၏ဓာတ်ပုံနှင့်နာမည် ဖော်ပြခွင့်ရ NEJ / ၄ စက်တင်ဘာ ၂၀၀၉ နအဖစာပေစိစစ်ရေးဌာနက နှစ်ပေါင်းများစွာ ပိတ်ပင်ထားခဲ့သည့် ရုပ်ရှင်မင်းသားကြီး ထွန်းဝေ၏ဓာတ်ပုံနှင့်နာမည်ကို စက်တင်ဘာလထုတ် ပေဖူးလွှာမဂ္ဂဇင်းတွင် ပထမဆုံးအကြိမ် ပြန်လည်ဖော်ပြပါရှိသည်။ စက်တင်ဘာလထုတ် ပေဖူးလွှာမဂ္ဂဇင်း စာမျက်နှာ (၇ဝ) တွင် ရုပ်ရှင်မင်းသမီး အကယ်ဒမီ ဒေါ်မြတ်မွန်နဲ့ တွေ့ဆုံခန်း၌ ရုပ်ရှင်မင်းသားကြီး ထွန်းဝေ၏ဓာတ်ပုံနှင့် အမည်ကိုပါ ထည့်သွင်းဖော်ပြထားသည်။ ဦးထွန်းဝေသည် သက်ရှိထင်ရှားရှိစဉ်ကတည်းက ရုပ်ရှင်ရိုက်ခွင့်၊ စာရေးခွင့်များ ပိတ်ပင်ခံရပြီး စာစောင်များတွင် နာမည်ပင် ဖော်ပြခွင့်မရခဲ့သည်မှာ ကွယ်လွန်ချိန်အထိဖြစ်သည်။ ရန်ကုန်အခြေစိုက် သတင်းဂျာနယ်အယ်ဒီတာတဦးက “ဦးထွန်းဝေ ကွယ်လွန်လို့ နှစ်တချို့ကြာမှ ခုလို သတင်းဆောင်းပါးမှာ နာမည်နဲ့ဓာတ်ပုံ ဖော်ပြခွင့်ပြုတာလောက်အတွက်ကတော့ ဝမ်းသာစရာလို့ မထင်ပါဘူး။ ဦးထွန်းဝေရဲ့ဘဝ၊ ဦးထွန်းဝေရဲ့ နိုင်ငံရေးခံယူချက်တွေ အကြောင်းရေးရင်တော့ ခွင့်မပြုမှာ သေချာတယ်” ဟု ပြောသည်။ အလားတူ နိုင်ငံရပ်ခြားတွင် ကွယ်လွန်သွားပြီဖြစ်သည့် မြန်မာနိုင်ငံ၏ထင်ရှားသည့် ကဗျာဆရာကြီး ဦးတင်မိုး၏ မြန်မာစာပေခရီး ပင်မရေစီး ဆိုသည့် ဆောင်းပါးတိုတပုဒ်ကို သောကြာနေ့ထုတ် လျှပ်တစ်ပြက်ဂျာနယ် စာမျက်နှာ (၄) ၌ ဖော်ပြထားသည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး သတင်းဂျာနယ် အယ်ဒီတာ အခြားတဦးကလည်း စာပေစိစစ်ရေးသည် ၎င်းတို့၏လုပ်ဆောင်ချက်များ လွန်ကဲနေသဖြင့် ယခုကဲ့သို့ အနည်းငယ်လျှော့ပေးလာခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်သည်။ ၎င်းက “မြန်မာနိုင်ငံထဲက စာရေးဆရာတွေ၊ ကဗျာဆရာတွေကို ထောင်ကျနေတယ်ဆိုရင်လည်း စာရေးခွင့်ပိတ်၊ ကဗျာရေးခွင့်ပိတ်။ နိုင်ငံခြားရောက်နေရင်လည်း စာရေးခွင့်ပိတ်၊ ကဗျာရေးခွင့်ပိတ်။ နိုင်ငံခြားလည်းမရောက်၊ ထောင်လည်းမကျ ဥပဒေဘောင်ထဲမှာ တရားဝင်နေထိုင်တဲ့ သူတွေကိုတောင် စာရေးခွင့်၊ ကဗျာရေးခွင့်ပိတ်ထားတာမျိုး အများကြီး လုပ်ခဲ့တယ်။ ပိုဆိုးတာက တချို့ဆို သေသာသွားရော ဘယ်လို အကြောင်းကြောင့်နဲ့မှ နာမည်တွေကိုတောင် ဖော်ပြခွင့်မရကြဘူး။ အဲဒီလောက်ကို ဆိုးခဲ့တာ ဆိုးနေတာ” ဟု ပြောသည်။ စာပေရေးသားခွင့် လွတ်လပ်သည် မလွတ်လပ်သည်ကို မကြာသေးမီက ဖြစ်ခဲ့သည့် ရုပ်ရှင်မင်းသမီးတဦး အိမ်ထောင်ပြု ကိုယ်ဝန်ဆောင်သည့်ကိစ္စကိုကြည့်ပါက သိနိုင်ကြောင်း၊ အချို့ဂျာနယ်များ လုံးဝဖော်ပြခွင့်မရဘဲ အချို့ဂျာနယ်များ ဖော်ပြခွင့်ရကာ အချို့ဂျာနယ်များမှာ စိစစ်ရေးကခွင့်မပြုဘဲ ဖော်ပြခဲ့သဖြင့် ခံဝန်လက်မှတ်ထိုးရကြောင်း အဆိုပါ သတင်းဂျာနယ် အယ်ဒီတာက ပြောသည်။ “အားလုံးဟာ စာပေစိစစ်ရေးက လုပ်တာပဲ။ ဒီနေ့ချိန်ထိ ဖြုတ်ချင်တာဖြုတ်၊ ပယ်ချင်တာပယ်၊ ပြန်မေးရင် အငြိုးအတေးထားပြီး နောက်ပိုင်း ရန်ရှာတာမျိုး လုပ်တယ်။ နောက် ဂျာနယ်၊ မဂ္ဂဇင်း အချင်းချင်း သိသိသာသာကြီးကို မျက်နှာသာပေးတာ၊ အခွင့်အရေး ပိုပေးတာမျိုးလုပ်ပြီး သွေးခွဲတယ်။ မူနဲ့ စစ်ဆေးတာ၊ ပိတ်ပင်တာကို ဘာကြောင့် ပိတ်ပင်တယ်ဆိုပြီး တရားဝင်ဖြေရှင်းပြတာမျိုး ဘယ်တုန်းကမှ မလုပ်ခဲ့ဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။ နအဖစစ်အစိုးရ စာပေစိစစ်ရေးသည် လူပုဂ္ဂိုလ်များ၏ စာများ၊ ဓာတ်ပုံများ၊ နာမည်များ ဖော်ပြခွင့်နှင့်ပတ်သက်၍ ပိတ်ပင်မှုများရှိပြီး တရားဝင် ထုတ်ဖော်ပြောလေ့မရှိကြောင်း၊ နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူကို ရုပ်ရှင်ဗီဒီယို ရိုက်ခွင့် ပိတ်ပင်ထားသကဲ့သို့ စာရေးဆရာကြီး ဦးဝင်းတင်၏စာမူများကိုလည်း ဖော်ပြခွင့်မပေးကြောင်း စာပေလောက အသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။ စစ်ပြေးဒုက္ခသည်များအား နေရပ်ပြန်ပို့ပါကအသက်အန္တရာယ် စိုးရိမ်ရ ရဲရင့် / ၄ စက်တင်ဘာ ၂၀၀၉ ထိုင်းနိုင်ငံဘက်သို့ ရောက်ရှိနေသည့် ကရင်စစ်ပြေးဒုက္ခသည်များ အား မြန်မာနိုင်ငံဘက်သို့ ပြန်လည်ပို့ဆောင်မည်ဆိုပါက ယခုလက်ရှိအနေအထားတွင် လုံခြုံမှုမရှိကြောင်း မြန်မာဘက်မှ ဒေသခံများက ပြောသည်။ ဇွန်လဆန်းကဖြစ်ပွားခဲ့သည့် တပ်မဟာ (၇) ထိုးစစ်ကြောင့် ထိုင်းနိုင်ငံဘက်သို့ထွက်ပြေးကာ ထာ့ဆောင်ရမ်းမြို့နယ်တွင် ခိုလှုံနေကြသည့် ကရင်စစ်ပြေးဒုက္ခသည် (၄,၀၀၀) ခန့်အား မြန်မာဘက်သို့ပြန်လွှတ်ရန် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) ၉၉၉ က ထိုင်းစစ်တပ်နှင့် လာရောက်ဆွေးနွေးခဲ့သည်။ ၉၉၉ တပ်မဟာတပ်ရင်း (၇) မှ တပ်ရင်းမှူး ဗိုလ်လိုက်သိမ့်နှင့် အဖွဲ့ဝင်များက လွန်ခဲ့သည့်တပတ်ကျော်တွင် ဒေသခံထိုင်း စစ်တပ်နှင့် လာရောက်ဆွေးနွေးခဲ့သော်လည်း ဒုက္ခသည်များက ပြန်ရန်ငြင်းဆိုခဲ့သဖြင့် ဆွေးနွေးပွဲ သောင်မတင်ရေမကျဖြစ်ခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ကေအန်ယူတပ်မဟာ (၇) ဘားအံခရိုင်အတွင်း တပ်စွဲထားသည့် ဒီကေဘီအေ တပ်ဖွဲ့ဝင်တဦးက ဒုက္ခသည်များအား ပြန်ပို့လျှင် အသက်အန္တရာယ် ရှိနိုင်ကြောင်း ပြောကြားသည်။ မြေမြှုပ်မိုင်းနင်းမိ၍ ခြေတဖက်ဖြတ်လိုက်ရသည့် အဆိုပါ ဒီကေဘီအေ တပ်ဖွဲ့ဝင်ဖြစ်သူက “ဘားအံခရိုင်အတွင်းမှာ ကျနော်တို့ မိုင်းနင်းမိတာ နေ့တိုင်းနီးပါးပဲ။ အခုဆိုရင် မိုင်းထိလို့ ခြေလက်ဖြတ်ထားတဲ့လူ၊ မဲဆောက်ဆေးရုံမှာ ဒီနေ့လာတဲ့ လူပါဆိုရင် (၁၁) ယောက်ရှိတယ်။ ဒီကေဘီအေကလူတွေ မဲဆောက်ဆေးရုံမှာ တက်လိုက်ဆင်းလိုက်နဲ့ (၃) လကျော်ပြီး မကုန်နိုင် သေးဘူး” ဟု ပြောသည်။ ဒီကေဘီအေတပ်ဖွဲ့ဝင်များပင် မိုင်းရှင်းကိရိယာများကို အသုံးပြု၍ သွားလာလှုပ်ရှားသည့်တိုင် မကြာခဏ မြေမြှုပ်မိုင်းနင်းမိသဖြင့် သေကျေဒဏ်ရာရသူများရှိသောကြောင့် အန္တရာယ်ကင်းမည့် ကြိုတင်ပြင်ဆင်မှုများမရှိဘဲ ထိုင်းဘက်သို့ ရောက်ရှိနေသည့် စစ်ပြေးဒုက္ခသည်များကို ပြန်ပို့မည်ဆိုပါက သေတွင်းပို့သကဲ့သို့ဖြစ်မည်ဟု ၎င်းက ပြောသည်။ ကေအန်ယူတပ်မဟာ (၇) ဒေသအတွင်း ကေအန်ယူဘက်မှ စခန်းဆုတ်ခွာစဉ် မြေမြှုပ်မိုင်းအလုံး (၃,၀၀၀) ခန့် ထောင်ထားခဲ့သဖြင့် မိုင်းပြဿနာနှင့် နေ့စဉ်ရင်ဆိုင်နေရကြောင်း၊ လာမည့်ပွင့်လင်းရာသီတွင် မြေတူးစက်များဖြင့် မိုင်းရှင်းပြီးလျှင် မြို့သစ်တည်ဆောက်ပြီး ကုန်သွယ်ရေးဂိတ်နှင့် နယ်ခြားစောင့်တပ်စခန်း ဆောက်လုပ်မည်ဖြစ်ကြောင်း ဒီကေဘီအေအရာရှိတဦးက ပြောသည်။ ဒေသခံထိုင်းအာဏာပိုင်များက ဒုက္ခသည်များကို နေရပ်ပြန်စေလိုသော်လည်း ၎င်းတို့ဆန္ဒမပါဘဲ အတင်းအကျပ် ပြန်ပို့မည်မဟုတ်ဟု ပြောဆိုသော်လည်း ထိုင်းဘက်မှ အတင်းအကျပ်ပြန်ပို့မည်ကို ဒုက္ခသည်များက စိုးရိမ်နေကြကြောင်းဒုက္ခသည်အရေးကူညီနေသူတဦးက ပြောသည်။ ရန်ကုန်တိုင်းတရားရုံး ဒေါ်စုအမှု အယူခံလက်ခံ မင်းနိုင်သူ / ၄ စက်တင်ဘာ ၂၀၀၉ ရန်ကုန်တိုင်းတရားရုံးတွင် ယမန်နေ့က တင်သွင်းထားသော ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံကို တရားရုံးက လက်ခံကြားနာရန် ယနေ့ ဆုံးဖြတ်လိုက်ကြောင်း အန်အယ်လ်ဒီပြောခွင့်ရ ဦးအုံးကြိုင်က ပြောသည်။ “နှစ်ဘက်ရှေ့နေတွေ အပြန်အလှန်လျှောက်လဲချက်ပေးဖို့ စက်တင်ဘာ (၁၈) ရက်နေ့ကို ရုံးချိန်းပေးလိုက်ပါတယ်” ဟု ၎င်းက ပြောသည်။ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၈၈ ခုနှစ်နောက်ပိုင်းမှ စတင်၍ နအဖစစ်အစိုးရက နှစ်ပေါင်း (၁၄) နှစ်နီးပါး နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။ ထိုသို့ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရစဉ် ယခုနှစ်မေလအတွင်း အမေရိကန်နိုင်ငံသား မစ္စတာယက်တော ဒေါ်အောင်ဆန်းစုကြည်နေအိမ်အတွင်း ၀င်ရောက်လာခဲ့ရာ နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် အင်းစိန်အထူးတရားရုံး၌ တရားစွဲဆိုခဲ့ပြီးနောက် သြဂုတ် (၁၁) ရက်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ်ချမှတ်ခဲ့သည်။ ယင်းကဲ့သို့ အင်းစိန်အထူးတရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းသည် ဥပဒေများနှင့် မလျော်ညီသဖြင့် ပြန်လည်သုံးသပ်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ရန်ကုန်တိုင်းတရားရုံးသို့ အယူခံတင်လိုက်ခြင်းဖြစ်သည်။ မြန်မာလူငယ်လေး မောင်သောင်ဒီဂျပန်နိုင်ငံသို့ သွားခွင့်ရ NEJ / ၄ စက်တင်ဘာ ၂၀၀၉ ဂျပန်နိုင်ငံတွင်ပြုလုပ်မည့် နိုင်ငံတကာ စက္ကူအရုပ်ချိုး လေယာဉ်ပြိုင်ပွဲတွင် ထိုင်းနိုင်ငံကို ကိုယ်စားပြုပါဝင် ယှဉ်ပြိုင်ရန်အတွက် ထိုင်းနိုင်ငံဖွား မြန်မာလူငယ်တဦးကို ထိုင်းအစိုးရက ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရန် ခွင့်ပြုလိုက်သည်။ အသက် (၁၂) နှစ်အရွယ် မြန်မာလူငယ်လေး မောင်သောင်ဒီ (Mong Thongdee) သည် ထိုင်းနိုင်ငံ၌မွေးဖွားသော်လည်း မြန်မာနိုင်ငံသား ဖြစ်သည့်အတွက် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက တရားဝင်ခရီးသွားခွင့် လက်မှတ် ထုတ်ပေးရန် လက်မခံဘဲ ငြင်းပယ်လိုက်သည့်အတွက် ထိုင်းဝန်ကြီးချုပ် မစ္စတာအဖိဆစ်က ၀င်ရောက်ကူညီကာ ယမန့်နေ့က မောင်သောင်ဒီနှင့် တွေ့ဆုံအပြီးတွင် ယခုကဲ့သို့ ထိုင်းအစိုးရက သဘောတူလိုက်ခြင်းဖြစ်သည်။ မောင်သောင်ဒီ၏မိဘများမှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လာရောက် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများဖြစ်ပြီး မောင်သောင်ဒီအား ထိုင်းနိုင်ငံတွင် မွေးဖွားခဲ့ခြင်းဖြစ်သည်။ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက မောင်သောင်ဒီအား နိုင်ငံခြားသို့ တရားဝင်ခရီးသွားခွင့်လက်မှတ် ထုတ်ပေးမည်ဖြစ်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးမည်ဟု ထိုင်းဝန်ကြီးချုပ် မစ္စတာအဖိဆစ်က ပြောကြားကြောင်း ယနေ့ထုတ်ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြသည်။ ထိုင်းဝန်ကြီးချုပ်က ယခုမောင်သောင်ဒီ၏ ကိစ္စသည် နိုင်ငံမဲ့ကလေးများနှင့်ပတ်သက်၍ မည်သို့ကိုင်တွယ်လုပ်ဆောင်ရ မည်ဆိုသည်ကို ထိုင်းအစိုးရဧဂျင်စီများအတွက် အကောင်းဆုံးဥပမာတခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဂျပန်သံရုံးမှ ဗီဇာရရှိပါက မောင်သောင်ဒီသည် ဂျပန်နိုင်ငံတွင် ယခုလ (၁၉) မှ (၂၀) ရက်အထိပြုလုပ်မည့် စက္ကူအရုပ်ချိုး လေယာဉ်လွှတ်ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန် ယခုလ (၁၆) ရက်တွင် ထိုင်းနိုင်ငံမှ ထွက်ခွာမည်ဖြစ်သည်။ “ခရီးသွားခွင့်ရလို့ ကျနော်ဝမ်းသာပါတယ်။ ထိုင်းတွေရဲ့ ထောက်ခံအားပေးမှုကို ကျေးဇူးတင်ပါတယ်။ ပြိုင်ပွဲမှာ အနိုင်ရရှိဖို့ ကျနော့်နောက်မှာ အားပေးကြစေချင်ပါတယ်” ဟု မောင်သောင်ဒီက ပြောကြားခဲ့သည်။ ယခုကဲ့သို့ မောင်သောင်ဒီအား ဂျပန်နိုင်ငံသို့ သွားရောက်ခွင့်ပြုလိုက်ခြင်းသည် နိုင်ငံခြားတိုင်းပြည်များနှင့်သဘောတူထားသည့် သဘောတူညီချက်များ လုံခြုံရေးနှင့် လူအခွင့်အရေးများအပေါ် အခြေခံကာ ထည့်သွင်းစဉ်းစားခြင်းဖြစ်ကြောင်း ထိုင်းပြည်ထဲရေးဝန်ကြီးဌာနမှ ပြည်နယ်ဆိုင်ရာအုပ်ချုပ်ရေးဌာအကြီးကဲဖြစ်သူက ပြောသည်။ မောင်သောင်ဒီသည် ထိုင်းနိုင်ငံတွင် မွေးဖွားခဲ့သော်လည်း မိဘများမှာ မြန်မာနိုင်ငံသားဖြစ်နေသည့်အတွက် ထိုင်းအစိုးရအနေဖြင့် မောင်သောင်ဒီအား ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ်မပြုနိုင်ကြောင်း၊ မောင်သောင်ဒီအနေဖြင့် ဂျပန်တွင်ပြုလုပ်မည့်ပြိုင်ပွဲသို့ ၀င်ရောက်လိုပါက မြန်မာနိုင်ငံသားအနေဖြင့်သာ မြန်မာနိုင်ငံကိုကိုယ်စားပြုရမည်ဖြစ်ကြောင်း ထိုင်းပြည်ထဲရေးဝန်ကြီးဌာနမှ ၀န်ကြီးချာဝရတ် ချန်ဝီရပ်ကွန်က ပြောကြားခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ ထိုင်းဝန်ကြီးချုပ်က ၀င်ရောက်ဖြေရှင်းခဲ့ခြင်းဖြစ်သည်။ ချင်းမိုင်မြို့ Ban Huay Sai မူလတန်းကျောင်းတွင် ပညာသင်ကြားနေသော မောင်သောင်ဒီသည် စက္ကူဖြင့် လေယာဉ်အရုပ်ချိုး ခေါက်ရာတွင် ထူးချွန်သူတဦးဖြစ်သည်။ ယမန်နှစ်က ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် National Mental and Material Tenology Centre က ကျင်းပသည့် စက္ကူလေယာဉ်ပြိုင်ပွဲတွင် မောင်သောင်ဒီ ပထမဆုရရှိခဲ့ပြီး ဂျပန်နိုင်ငံတွင်ပြုလုပ်မည့် နိုင်ငံတကာ စက္ကူအရုပ်ချိုးလေယာဉ် ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ မောင်သောင်ဒီသည် မြန်မာရွှေ့ပြောင်းအလုပ်သမားမှ မွေးဖွားသူအဖြစ်သာ ထိုင်းနိုင်ငံက အသိအမှတ်ပြုထားခြင်းခံရပြီး လာမည့်နှစ် ဖေဖော်ဝါရီ၌ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည့်သူများ စာရင်းတွင် ပါဝင်သူဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံကို ရန်ကုန်တိုင်းတရားရုံးက လက်ခံ မုံပီး သောကြာနေ့၊ စက်တင်ဘာလ 04 ရက် 2009 ခုနှစ် 19 နာရီ 27 မိနစ် နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့သည်ကို အယူခံဝင်ရန်အတွက် သူမ၏ ရှေ့နေများက ရန်ကုန်တိုင်း တရားရုံးထံ ယနေ့ လျှောက်လဲချက်ပေးရာ တရားရုံးက လက်ခံလိုက်ပြီဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့များထဲမှ တဦးဖြစ်သူ ဦးကြည်ဝင်းက သူနှင့် လုပ်ဖော်ကိုင်ဘက် ရှေ့နေများက လျှောက်လဲချက်ပေးပြီးနောက် တိုင်းတရားသူကြီး ဦးမြင့်အောင်က လက်ခံလိုက်ခြင်းဖြစ်သည်ဟု ပြောသည်။ “တရားသူကြီးက စက်တင်ဘာလ ၁၈ နေ့မှာ နှစ်ဖက်ရှေ့နေတွေ လျှောက်လဲချက်ပေးဖို့ ချိန်းဆိုလိုက်တယ်” ဟု ဦးကြည်ဝင်းက ပြောသည်။ အမေရိကန်နိုင်ငံသားတဦးက အင်းယားကန်ကို ရေးကူးကာ နေအိမ်အတွင်း ဝင်ရောက်လာခဲ့သည်ကို လက်ခံခဲ့သဖြင့် အကျယ်ချုပ်စည်းကမ်း ဖောက်ဖျက်သည်ဟုဆိုကာ အင်းစိန်ထောင်တွင်း မြောက်ပိုင်းခရိုင် တရားရုံးက ပြီးခဲ့သည့်လ ၁၁ ရက်နေ‹တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်အား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့သည်။ သို့သော်လည်း မြန်မာစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တရားရုံး၏ ပြစ်ဒဏ်ကို ထက်ဝက်လျှော့ချကာ နေအိမ်၌ပင် ဆိုင်းငံ့ပြစ်ဒဏ် ကျခံစေရန် ညွှန်ကြားခဲ့သည်။ “၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ စီရင်ချက်ချလို့ မရဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီဥပဒေဟာ အသက်မရှိတော့ဘူးလို့ ကျနော်တို့က လျှောက်လဲတယ်။ ကျနော်တို့ အမြင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို တရားသေလွှတ်ရမယ်” ဟု ဦးကြည်ဝင်းက ဆက်ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်အား ထိုကဲ့သို့ ပြစ်ဒဏ်ချလိုက်သဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ပြစ်တင်ဝေဖန်လိုက်ကြပြီး၊ သူမကို ချက်ချင်း ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ အထွေထွေအတွင်းရေးမှူးဖြစ်ပြီး၊ လွန်ခဲ့သည့် ၁၉ နှစ်အတွင်း ၁၄ နှစ်ခန့် အကျယ်ချုပ်ကျခံခဲ့ရသည်။ ဦးရွှေအုန်းနှင့် တတိယအင်အားစု မဟာမိတ်အဖွဲ့ ဖွဲ့စည်းမည် Print E-mail နန်းဒေဝီ သောကြာနေ့၊ စက်တင်ဘာလ 04 ရက် 2009 ခုနှစ် 16 နာရီ 14 မိနစ် နယူးဒေလီ (မဇ္စျိမ)။ ။ ၂၀၁၀ ရွေးကောက်ပွဲဝင်မည့် ဝါရင့်ရှမ်းနိုင်ငံရေးသမားကြီး ဦးရွှေအုန်းက မြန်မာ့နိုင်ငံရေး၌ တတိယအင်အားစုအဖြစ် လှုပ်ရှားနေသူတစုနှင့် မဟာမိတ်အဖွဲ့ ဖွဲ့စည်းသွားမည်ဟု ဆိုသည်။ ၂၀၀၈ ခုနှစ်တွင် တည်ထောင်ခဲ့သည့် သူ၏ ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ်အဖွဲ့နှင့် စစ်အစိုးရဘက်သို့လည်းမလိုက်၊ ပင်မအတိုက်အခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဘက်လည်း မလိုက်ဆိုသော တတိယအင်အားစုဟု နိုင်ငံရေးနယ်ပယ်တွင် လူသိများသော နိုင်ငံရေးသမား ၅ ဦးတို့ မဟာမိတ်အဖွဲ့ ထူထောင်နိုင်ရန် မူဝါဒသဘောထားများ ရေးဆွဲနေခြင်း ဖြစ်သည်။ “ဖွဲ့မယ်။ ဥပဒေထွက်လာရင် ဖွဲ့မယ်။ ကြိုတင်ပြင်ဆင်ထားတယ်။ ရှေ့လုပ်ငန်းစဉ်တွေက တကွဲတပြားလုပ်ဖို့ မလွယ်တော့ဘူး။ ပေါင်းနိုင်မှ တော်ကာကျမှာ။ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ထားပြီး ပူးပေါင်းလုပ်ဆောင်သွားမယ်” ဟု ပင်လုံညီလာခံတွင် တက်ရောက်ခဲ့ဖူးသူ ဦးရွှေအုန်းက မဇ္စျိမကို ပြောသည်။ မဟာမိတ်ဖွဲ့မည့်သူများမှာ တသီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်လောင်း ကွန်ယက်အဖွဲ့ဝင် ကိုနေမျိုးဝေနှင့် ဦးဌေးတို့အပြင် ကိုသိန်းတင်အောင်၊ ဦးသန်းမင်းစိုး၊ ကိုသောင်းဝင်း ဆိုသူတို့ ဖြစ်သည်။ ကိုနေမျိုးဝေက “၉၉ ရာခိုင်နှုန်း သေချာသွားပါပြီ။ ပါတီတခုအနေနဲ့ ရပ်တည်ဖို့က မလွယ်ပါဘူး။ လူရှားတာရယ်၊ ရပ်တည်ပြောဆိုရဲတဲ့သူ နည်းတယ်။ ဒါကြောင့် ပူးပေါင်းလုပ်ဆောင်ကြမယ်လို့ စီစဉ်ကြတာပါ” ဟု ပြောသည်။ ဦးရွှေအုန်းက “သူတို့နဲ့က ဝါဒက သိပ်မကွဲပါဘူး။ အပေါက်ကျယ်ကျယ် ဖွင့်ထားတယ်ဆိုတော့ ဘယ်သူမဆို အခြေခံမူဝါဒ တူကြမယ်ဆိုရင် ပေါင်းကြမယ်။ စတင်တည်ထောင်လို့ ကျနော်တို့က ထိပ်ကနေမှာ မဟုတ်ဘူး။ အင်အားကြီးရင် ကြီးသလိုတက်လာ။ တက်လာတဲ့ခေါင်းဆောင်နောက် ကျနော်တို့လိုက်ဖို့ အဆင်သင့်ပါ'' ဟု ပြောသည်။ မဟာမိတ်အဖွဲ့ ဖွဲ့စည်းမည်ဖြစ်သော်လည်း သူ၏ ပါတီအမည်ကို ဆက်လက်ထားရှိသွားမည်။ တတိယအင်အားစု ဆိုသူများသည် စစ်အစိုးရ၏ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို လက်ခံကာ စစ်တပ်အုပ်ချုပ်ရေးမှ အရပ်သားအုပ်ချုပ်ရေးသို့ ပြောင်းလဲရာ၌ တည်ငြိမ်အေးချမ်းစွာ ပြောင်းလဲမှုသာ လက်တွေ့ဖြစ်နိုင်မည်ဟု ယုံကြည်ထားကြသည်။ ၅ ဦးပါ အုပ်စု၌ ပါဝင်သည့် ကိုသိန်းတင်အောင်က “ကျနော်တို့က အုပ်ချုပ်ရေး အာဏာပိုင်းမှာ နေရာရဖို့ဆိုတာ မမျှော်မှန်းဘူး။ ရနိုင်မှာလည်း မဟုတ်ဘူး။ ဒါပေမဲ့ ကျနော်တို့မျှော်မှန်းနိုင်တာက ဥပဒေပြုရေးအာဏာပဲရှိတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ပဲ လွှတ်တော်ထဲကို သွားဖို့ ရည်ရွယ်ရမှာ” ဟု မဇ္ဈိမကို ပြောသည်။ သူက ဆက်ပြီး “တချို့ပါတီတွေက အခုချိန်မှာ ငါတို့တော့ ဝန်ကြီးချုပ်ဖြစ်မယ်ဆိုပြီး မျှော်မှန်းနေတာတွေက စိတ်ကူးယဉ်နေတာ။ ဘယ်လိုမှ မဖြစ်နိုင်ဘူး။” ဟု ပြောဆိုသည်။ ၎င်းတို့၏ ရပ်တည်ချက်သည် စစ်တပ်သြဇာခံ မဟုတ်ဘဲ၊ အတိုက်အခံလည်း မပြုလုပ်လိုသည့်အပြင် အန်အယ်ဒီကို ပုတ်ခတ်ခြင်း၊ နောက်လိုက်ခြင်း ပြုလုပ်မည်မဟုတ်ကြောင်း ပြောဆိုကြသည်။ အန်အယ်ဒီသည် ၁၉၉၀ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲအပြတ်သတ်ဖြင့် အနိုင်ရခဲ့သော်လည်း အာဏာသိမ်းစစ်အစိုးရက လွှဲပြောင်းပေးအပ်ရန် ငြင်းဆိုထားသည်။ ၈၆ နှစ်အရွယ် ဦးရွှေအုံးသည် “မပြိုကွဲနိုင်သော ပြည်ထောင်စုကြီးကို တည်ဆောက်ကြပါစို့” စာအုပ်ကို ရေးသားခဲ့သေးသည်။ စာမျက်နှာ ၃၁၁ မျက်နှာရှိပြီး၊ အခန်း ၁၇ ခန်းရှိကာ မြန်မာပြည်တွင် နေထိုင်သော လူမျိုးများ ဆင်းသက်လာပုံ၊ ပုဂံနိုင်ငံတော် ပေါ်ပေါက်လာပုံ၊ သမိုင်းဝင် ပင်လုံစာချုပ်နှင့် မြန်မာနိုင်ငံ အခြေခံ ဥပဒေများအပေါ် အမြင်များ ပါဝင်သည်။ ထိုစာအုပ်သည် ၂၀၀၈ ခုနှစ်အတွင်း နိုင်ငံရေးလှုပ်ရှားသူများအကြား ပျံ့နှံ့ခဲ့ပြီး၊ တရားဝင် ပုံနှိပ်ထုတ်ဝေရန် စာပေစိစစ်ရေးထံ တင်ပြခဲ့သော်လည်း ယနေ့ထိတိုင် ခွင့်ပြုချက် မရရှိခဲ့ပေ။ ၁၉၉၃ ခုနှစ်တွင် “တတိယ ပြည်ထောင်စု ဘယ်သို့ဘယ်ပုံ” အမည်ရှိ စာအုပ်ကိုလည်း ရေးသားထုတ်ဝေခဲ့သည်။ ထိုနှစ်တွင် သူသည် စစ်အစိုးရ၏ အမျိုးသားညီလာခံသို့ ''၈ ပြည်နယ် ပြည်ထောင်စုမူ'' စာတမ်းကို တင်ပြခဲ့သဖြင့် ထောင်ဒဏ် တနှစ် ချမှတ်ခံခဲ့ရသည်။ အမျိုးသမီးများ၏ မလုံမခြုံ ခန္ဓာပုံများ ခိုးရိုက်သူ ထောင်ကျ Print E-mail မဇ္ဈိမသတင်းဌာန သောကြာနေ့၊ စက်တင်ဘာလ 04 ရက် 2009 ခုနှစ် 13 နာရီ 04 မိနစ် ချင်းမိုင် (မဇ္ဈိမ)။ ။ အမျိုးသမီး ၂၀ ခန့်၏ ခန္ဓာကိုယ်အောက်ပိုင်းကို မိုဘိုင်းဖုန်းဖြင့် ခိုးရိုက်ကူးခဲ့သူဟု စွပ်စွဲကာ မြန်မာနိုင်ငံသားတစ်ဦးကို ထောင်ဒဏ် သီတင်းပတ် ၁၂ ပတ် အပြစ်ပေးလိုက်သည်ဟု စင်္ကာပူ နေ့စဉ်ထုတ် သတင်းစာ The Straits Time ၏ ဝဘ်ဆိုဒ်တွင် ရေးသားထားသည်။ ၂၇ နှစ်အရွယ် ကိုချစ်စမ်းမောင်ဆိုသူသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှ ယခုနှစ် ဇန်နဝါရီလအတွင်း အမျိုးသမီး ၃ ဦး၏ ပုဂ္ဂလဘဝကို နှောင့်ယှက်လွန်ကျူးမှု (၃) မှု ပြုလုပ်ခဲ့ကြောင်း ဝန်ခံခဲ့သည်ဟု သတင်းစာက ရေးသားထားသည်။ ယခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့က SUN ပလာဇာတွင် ဓာတ်ပုံခိုးရိုက်နေစဉ် ၃၃ နှစ်အရွယ် အမျိုးသမီး၏ ခင်ပွန်းသည်က လက်ပူးလက်ကြပ် ဖမ်းမိခဲ့သည်ဟု ပါရှိသည်။ စုံစမ်းစစ်ဆေးချက်များအရ အလားတူ ရိုက်ကူးမှုများလည်း ယခင်က ပြုလုပ်ခဲ့ဖူးကြောင်း တွေ့ရှိရသည်ဟု သတင်းစာတွင် ဆက်လက် ရေးသားထားသည်။ မြန်မာ့အထည်ချုပ် တူရကီနှင့် ဒေါ်လာ ၆ သန်းခွဲဖိုး သဘောတူ မေကျော် သောကြာနေ့၊ စက်တင်ဘာလ 04 ရက် 2009 ခုနှစ် 13 နာရီ 34 မိနစ် ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာ့ အထည်ချုပ်လုပ်ငန်းများနှင့် တူရကီ အထည်အလိပ်အုပ်စု တီးမားတို့ ဒေါ်လာ ၆ သန်းခွဲတန် စီမံကိန်းတခုအတွက် ရန်ကုန်တွင် တွေ့ဆုံဆွေးနွေးခဲ့ကာ သဘောတူညီမှု ရခဲ့သည်။ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းက မြန်မာ အထည်ချုပ်လုပ်ငန်းရှင်များနှင့် တူရကီ တီးမားအုပ်စုတို့ အင်းယားလိတ်ဟိုတယ်တွင် သြဂုတ်လ ၁၉ ရက်နေ့က တွေ့ဆုံနိုင်ရန် စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။ "တူရကီ ကုမ္ပဏီက ရှင်းလင်းပွဲကို သြဂုတ်လ ၁၉ ရက်နေ့က အင်းယားလိတ်ဟိုတယ်မှာ ရှင်းလင်းပွဲလုပ်တယ်။ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းက တွေ့လို့ရအောင် စီစဉ်ပေးတယ်။ ကျန်တာကို အထည်ချုပ် လုပ်ငန်းရှင်တွေနဲ့ ညှိကြတာပါ" ဟု မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း တာဝန်ရှိသူတဦးက ပြောကြားသည်။ အထည်ချုပ်လုပ်ငန်းရှင် သတင်းရပ်ကွက်အရ သဘောတူညီချက် ရရှိပြီးဖြစ်သည်ဟု ဆိုသည်။ တူရကီ အထည်အလိပ်အုပ်စု တီးမား Tema က လာမည့်နှစ်တွင် စတင်မည့် ၆ လ စီမံကိန်းကို CMP စနစ် (ဖြတ်၊ ချုပ်၊ ထုပ်ပိုး စနစ်) ဖြင့် ဝယ်ယူမည်ဖြစ်သည်။ “ဒီရာသီပြီးတော့ နောက်ရာသီ ချမချ ဆိုတာက ပိုစိတ်ဝင်စားဖို့ ကောင်းတယ်။ အခုဟာက နောက်တနှစ်လုံးစာ စာချုပ်ချုပ်တာလည်း မဟုတ်ဘူးဆိုတော့လေ။ အော်ဒါ ချကြည့်တဲ့ သဘောပါပဲ” ဟု ရွှေပြည်သာ အခြေစိုက် အထည်ချုပ် စက်ရုံပိုင်ရှင်က ဆိုသည်။ “စာချုပ်ကတော့ ချုပ်လိုက်ပြီ။ ဒါပေမဲ့ ဘယ်ရုံတွေက ဘယ်လိုခွဲလဲ ဆိုတာကတော့ ထုံးစံအတိုင်းပေါ့။ အစိုးရနဲ့ နွယ်တဲ့ စက်ရုံတွေကို မပေးလို့ မရဘူး” ဟု သူက ထပ်ပြောသည်။ ကမ္ဘာ့ငွေကြေး အကျပ်အတည်း ၂၀၀၈ ခုနှစ်အတွင်း ပြည်ပ အမှာနည်းသည့်အတွက် မြန်မာ့အထည်ချုပ်လုပ်ငန်း အချို့ လုပ်ငန်းရပ်နားခဲ့ရပြီး ယခုနှစ်တွင်လည်း လုပ်အားခ သက်သာသည့် ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် ဘင်္ဂလားဒေ့ရ်ှကို ဈေးကွက်ယှဉ်ပြိုင်နိုင်မှု မရှိဘဲ ဖြစ်ခဲ့ရသည်။ “အခုအထည်ချုပ်က ရပ်တည်လို့ ရရုံပဲ။ အရင် အော်ဒါ အတော်များများက ဗီယက်နမ်နဲ့ ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေ့ရ်ှကိုပဲ သွားကုန်ပြီလေ” ဟု အထည်ချုပ်လုပ်ငန်းရှင် အသင်းဝင်က ဆိုသည်။ သို့သော် ယခု အော်ဒါ ပမာဏက အထည်ချုပ်လုပ်ငန်းကြီး တခုလုံးအတွက် အပြောင်းအလဲ မဖြစ်နိုင်သော်လည်း ယခုနှစ်အတွင်း ဂျာမဏီနှင့် ပြင်သစ်မှ အော်ဒါများ လုံးဝ မရတော့သော အခြေအနေတွင် အထည်ချုပ် ဝန်ထမ်းများကို အလုပ်ပေးထားနိုင်မည်ဟု အထည်ချုပ်လုပ်ငန်းရှင်များက ဆိုသည်။ “အထည်ချုပ် လောကအတွက်တော့ ဒီအော်ဒါရလို့ အသက်ရှူချောင်သွားလောက်တဲ့ ပမာဏလည်း မဟုတ်ပါဘူး။ အော်ဒါလေးတွေရှိတော့ ဝန်ထမ်းကိုလည်း ထိန်းထားလို့ ကောင်းတယ်” ဟု ရွှေပြည်သာ စက်မှုဇုန်မှ အထည်ချုပ် လုပ်ငန်းရှင်က ဆိုသည်။ တူရကီ ကုမ္ပဏီက အထည်ကုန်ကြမ်းပေးမည်ဖြစ်ပြီး၊ မြန်မာဘက်မှ ပုံစံညှပ်ခြင်း၊ ချုပ်ခြင်းနှင့် ထုပ်ပိုးပေးခြင်းအတွက် အထည်တထည်ကို ပျမ်းမျှ အမေရိကန် ၅ ဒေါ်လာခန့် ရရှိမည်ဖြစ်သည်။ ကျေးလက်နေ အမျိုးသမီးငယ်များ အဓိက လုပ်ကိုင်နေသည့် အထည်ချုပ်စက်ရုံတွင် အခြေခံ လစာအဖြစ် တလလျှင် ၁၅၀၀၀ ကျပ်ဖြင့် နေ့စဉ် လုပ်အားခကို ပေါင်းပြီး တွက်ချက်ပေးနေခြင်းဖြစ်ရာ အထည်ချုပ် ဝန်ထမ်းတဦးသည် တလလျှင် ဝင်ငွေမှာ တလ ၃၀၀၀၀ ကျပ်မှ ၄၅၀၀၀ ကျပ် အတွင်းသာ ရှိသည်။ မြန်မာ့အထည်ချုပ်လုပ်ငန်းများတွင် အမေရိကန်စီးပွားရေး ပိတ်ဆို့မှုအပြင် ပြည်တွင်း အခြေခံ အဆောက်အအုံဖြစ်သော လျှပ်စစ်ဓာတ်အား မလုံလောက်မှု၊ သယ်ယူပို့ဆောင်ရေး အခက်အခဲများနှင့် ဆက်သွယ်ရေး အခက်အခဲများလည်း ရှိနေကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ၁၉၉၇ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း မြန်မာ့အထည်ချုပ်လုပ်ငန်း အခြေအနေ တင်ပြချက်တွင် ဖော်ပြခဲ့သည်။ CMP စနစ်ဖြင့် အဓိက လုပ်ငန်းလုပ်ကိုင်သော မြန်မာ့အထည်ချုပ်လုပ်ငန်းသည် ၂၀၀၁ ခုနှစ်က ဝင်ငွေ ကန်ဒေါ်လာ သန်း ၈၂၉ သန်းအထိ ဝင်ငွေရရှိခဲ့ပြီး၊ ၂၀၀၅ ခုနှစ်တွင် ကန်ဒေါ်လာ ၃၁၄ ဒဿမ ၄ သန်းအထိ ကျဆင်းခဲ့ကာ အထည်ချုပ်လုပ်ငန်းရှင်များ သုံးသပ်ချက်အရ ယခု အထည်ချုပ် စက်ရုံများမှာ လုပ်ငန်းလည်ပတ်နိုင်ရုံ ရပ်တည်နိုင်သော အခြေအနေတွင်သာရှိကြောင်း ဆိုသည်။ ကချင်က အရေးပေါ် လူထုအစည်းအဝေး ကျင်းပမည် ဖနိဒါ သောကြာနေ့၊ စက်တင်ဘာလ 04 ရက် 2009 ခုနှစ် 19 နာရီ 07 မိနစ် ချင်းမိုင် (မဇ္ဈိမ) ။ ။ နယ်ခြားစောင့်တပ်ပြောင်းရေး ဖိအားပေးခံနေရသော အဖွဲ့တခုဖြစ်သည့် ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ - KIO က အရေးပေါ် လူထုအစည်းအဝေးတရပ်ကို နယ်စပ်မြို့ လိုင်ဇာတွင် မနက်ဖြန် ပြုလုပ်မည်။ ကချင်ပြည်သူလူထု၏ ရှေ့လျှောက်ရမည့် လမ်းစဉ်နှင့် ပတ်သက်၍ ဆုံးဖြတ်ရန် မနက်ဖြန်တွင် KIO ဌာနချုပ်ရှိရာ လိုင်ဇာတွင် KIO ခေါင်းဆောင်များနှင့် ကချင်ပြည်နယ်အတွင်းရှိ သာဘာရေး ခေါင်းဆောင်များ၊ ကချင်ယဉ်ကျေးမှု အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်သည်။ “ကချင်ပြည်သူလူထုရဲ့ ရှေ့ရေးအတွက် ပြည်သူတွေရဲ့ ယုံကြည်မှုတွေကို ချပြဖို့ ပြည်သူတွေရဲ့ သဘောထားတွေကို ဆွေးနွေးဖို့ နေရာအနှံ့က ခေါ်လိုက်တယ်။ ဒီနေ့က တချို့ရောက်နေပါပြီ” ဟု KIO အရာရှိတဦးက မဇ္ဈိမကို ပြောသည်။ ကိုယ်စားလှယ် ၃၀၀ ခန့် တက်ရောက်ဖွယ်ရှိနေပြီး၊ ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDAK) လည်း ပါဝင်သည်ဟု အစည်းအဝေး ကျင်းပရေးအဖွဲ့ဝင်တဦးက ပြောသည်။ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်၊ ဖားကန့်၊ ကားမိုင်း၊ ဗန်မော်၊ ရွှေဂူ စသည့်မြို့နယ်များ အပါအဝင် နေရာအနှံ့ရှိ ဘာသာရေးခေါင်းဆောင်များ၊ ကချင်အမျိုးသား ကာကွယ်ရေး တပ်မတော် (KDA) ၊ ကိုယ်စားလှယ်များ ရောက်ရှိနေပြီဖြစ်သည်။ ကချင်ခေါင်းဆောင်များအနေဖြင့် မြစ်ကြီးနားမြို့တွင် ယခုလ ၆ ရက်နေ့၌ စစ်ဖက်ရေးရာ လုံခြုံရေးမှ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် မတွေ့ဆုံခင် လူထုအစည်းအဝေးပွဲ ခေါ်ယူခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့ကလည်း ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် စစ်တိုင်းဌာနချုပ် တိုင်းမှူးများနှင့် အပစ်ရပ် ၆ ဖွဲ့မှ ခေါင်းဆောင်များကို သက်ဆိုင်ရာ နယ်မြေများအလိုက် သီးခြားစီခွဲ၍ တွေ့ဆုံခဲ့သည်။ အခြားသော အပစ်အခတ်ရပ် ကိုးကန့်အဖွဲ့ကို စစ်အစိုးရတပ်များက ထိုးစစ်ဆင် အနိုင်ယူခဲ့ပြီးနောက် ကချင်ဘက်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားလာနိုင်သည်ဆိုသော စိုးရိမ်မှုများ ရှိနေသည်။ နအဖ က စစ်တပ်များကို ဒေသတွင်း ပိုမိုစေလွှတ်ထားခြင်းကြောင့် လိုင်ဇာဒေသခံအချို့မှာ တရုတ်နိုင်ငံဘက်သို့ ပစ္စည်းများ ပြောင်းရွှေ့ကြသည်။ “ပစ္စည်းတွေကတော့ ပို့နေကြတယ်။ တကယ်လို့ နအဖက တိုက်လာမယ်ဆိုရင် ကြိုပြင်ဆင်တာပဲပေါ့။ တရုတ်ပြည်ဘက် အိမ်တောင်ငှားပြီး ပစ္စည်းတွေ ပို့နေကြတယ်။ ကိုးကန့်ဘက်ကလို တိုက်လာမှာ စိုးလို့ ဒေသခံတွေက ပစ္စည်းတွေ အကုန်သယ်နေကြပြီ” ဟု လိုင်ဇာဒေသခံတဦးက မဇ္ဈိမကို တယ်လီဖုန်းမှတဆင့် ပြောသည်။ စစ်အစိုးရက တောင်းဆိုထားသည့် KIO ၏ စစ်တပ်ကို နယ်ခြားစောင့်တပ်အသွင်ပြောင်းကာ တပ်မတော်၏ အုပ်ချုပ်ခံပြုလုပ်ရန်ကို ငြင်းဆန်ထားပြီး ကချင်ဒေသလုံခြုံရေးတပ်ဖွဲ့ (KRGF) အဖြစ်သာ ပြောင်းလဲလိုကြောင်း တုံ့ပြန်ထားသည်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်ကိုင်တော်လှန်နေခဲ့သော KIO သည် ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ မြန်မာ တရုတ် နယ်စပ် ဒုက္ခသည်များ ပိုမိုထွက်ပြေးနေ Friday, 04 September 2009 19:03 ရန်ပိုင် စစ်အစိုးရ သတင်းစာများတွင် ကိုးကန့်ဒေသ တည်ငြိမ်လာ သောကြောင့် ဒေသခံများ ပြန်လည်ဝင်ရောက် လာသည်ဟု ဖော်ပြနေသော်လည်း ၀ အပစ်ရပ်အဖွဲ့ ထိန်းချုပ်ရာ ပန်ဆန်းတွင် တရုတ်နိုင်ငံဘက် ရှောင်တိမ်း ထွက်ပြေးသူပိုမို များပြားလာ ကြောင်း သိရသည်။ [တရုတ် မြန်မာ နယ်စပ်သို့ ပြီးခဲ့သည့် အင်္ဂါနေ့က ဝ ဒေသမှထွက်ပြေးလာသည့် ဒုက္ခသည်များကိုတွေ့ရစဉ် (ဓာတ်ပုံ - Reuters)] တရုတ် မြန်မာ နယ်စပ်သို့ ပြီးခဲ့သည့် အင်္ဂါနေ့က ဝ ဒေသမှထွက်ပြေးလာသည့် ဒုက္ခသည်များကိုတွေ့ရစဉ် (ဓာတ်ပုံ - Reuters) ပြီးခဲ့သည့် ရက်များအတွင်း ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများသည် ၀ ဒေသအတွင်းသို့ပါ ကူးလာနိုင်သည် ဟု ထင်မြင်ချက်များ ရှိနေသောကြောင့် ပန်ဆန်းတွင် စီးပွားရေးလုပ်ကိုင်နေကြသော တရုတ်လူမျိုးများအလုံးအရင်းဖြင့် နယ် စပ်ဖြတ်ကျော် ထွက်ပြေးနေပြီး တခြားသော စီးပွားရေးလာရောက် လုပ်ကိုင်သူများမှာလည်း လားရှိုးသို့ ထွက်ပြေးမှုများ ရှိ သည်ဟု ဒေသခံများက ဆိုသည်။ “ပန်ဆန်းမှာ ထွက်ပြေးတဲ့ တရုတ် ကုန်သည်တွေ တော်တော်များလာတယ်၊ တရုတ်နယ်ခြား နမ့်ခါချောင်း တံတားမှာ ဖြတ် ဖို့ စောင့်တဲ့ကားတွေက အစီး ၆၀ ကျော်လောက်ရှိတယ်၊ ဒီတံတားဂိတ်က ည ၆နာရီပိတ်တယ်”ဟု ဒေသခံတဦးက ဧရာဝ တီ သို့ပြောသည်။ ထိုသို့ဖြစ်ရခြင်းမှ ကိုးကန့်ဒေသတွင် တိုက်ခိုက်မှုများကဲ့သို့ မြန်မာစစ်တပ်များက လက်နက်ကြီးများ တင့်ကားများဖြင့် ၀ဒေသကိုလည်း တိုက်ခိုက်မှုများ ပြုလုပ်လာနိုင်သည်ဟု သတင်းများ ထွက်ပေါ်လာသောကြောင့် ဖြစ်သည်ဟုသိရသည်။ “၀ခေါင်းဆောင်ပိုင်းက အစည်းအဝေးလုပ်ပြီး လူထုကြားမှာ အထိတ်တလန့် မဖြစ်ဖို့ နှိုးဆော်တဲ့ ပိုစတာတွေကပ်တယ်၊ စာရွက်တွေ ဝေတယ်၊မစိုးရိမ်ဖို့ ကိုယ့်နေရာမှာကိုယ် အေးအေးဆေးဆေးနေဖို့ပါ” ဟု ၎င်းဒေသခံက ပြောသည်။ ထိုသို့ နှိုးဆော်မှုများကို ၀ဒေသအာဏာပိုင်များက ပြုလုပ်နေသော်လည်း ဒေသခံ လူထုမှာ နားမထောင်ဘဲ အိုးအိမ် များကို စွန်ခွာ ထွက်ပြေးနေကြောင်း၊ အများစုမှာ တရုတ်ပြည်ထဲမှ ၀ဒေသသို့ စီးပွားရေးလုပ်ငန်းများ လာရောက်လုပ်ကိုင်နေသော တရုတ်လူမျိုးများ ဖြစ်ပြီး မြန်မာနိုင်ငံမှ တရုတ်အများစုမှာ လားရှိုးသို့ထွက်ပြေးကြောင်း သိရသည်။ “ပန်ဆန်းကနေပြီး တာကောအက် တံတားကို ဖြတ်ပြီး တန်ယန်းကိုကူးလာတာ၊ ပြီးရင် လားရှိုးဘက်တက်မယ်၊ ကားခတွေ လည်း ဈေးတက်သွားတယ်၊ ပြီးခဲ့တဲ့ ၄ရက် ၅ရက်ကမှ ကားခက တယောက် ၄သောင်းပဲရှိတယ်၊ အခု၁သိန်းပေးရတယ်” ဟု ၀ဒေသမှ ထွက်ပြေးလာသော စီးပွားရေးလုပ်ငန်းရှင် တဦးက ပြောသည်။ ထိုသို့ ဒုက္ခသည်များ ထွက်ပြေးမှုသည် ၀ အပစ်ရပ်အဖွဲ့ဌာနချုပ် ပန်ဆန်းမြို့တွင်သာ မက တခြားသော အပစ်ရပ်အဖွဲ့ များဖြစ်သည့် မိုင်းလား အထူးဒေသ (၄) နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ်ရာ ဒေသများတွင်လည်း တရုတ်ပြည်ဘက်သို့ ထွက်ပြေးမှုများ ပိုမိုများပြားလာသည်ဟု သိရသည်။ “မိုင်းလား နဲ့ ပန်ဆန်းက အရပ်သားတွေရယ် ၊ KIA ဌာနချုပ်က တချို့ရယ် မနေ့က တရုတ်ပြည်ထဲကို ပစ္စည်းတွေရွှေ့ တယ်၊ ရုတ်ရုတ်သဲသဲပဲ၊ မိုင်းလားကတော့ မြို့တခုလုံးကို ခြောက်ကပ်သွားပြီ” ဟု တရုတ်မြန်မာနယ်စပ်မှ စီးပွားရေး လုပ်ငန်းရှင်တဦးက ပြောသည်။ တရုတ်နိုင်ငံ ရှိ Phoenix TV ရုပ်မြင်သံကြားသတင်းဌာန မှ ထုတ်လွှင့်သည် သတင်းတခုတွင် မိုင်းပေါက်နှင့် မိုင်းဖျံဒေသ သို့ စစ်အစိုးရ တပ်မှ တင့်ကား အစီး ၂၀ဖြင့် ၀င်ရောက်လာသည်ဟုကြေညာခဲ့သည်။ “တင့်ကားအစီး ၂၀သာ တကယ်ဝင်ရင်တော့ မိုင်းလားနဲ့ ၀ဒေသ အဆက်ပြတ်ပြီ၊ ဖီးနစ်တီဗီ က အဲ့ဒါကို လွှင့်တော့ လူတွေ ကကြောက်ပြီး ပြေးတာပေါ့၊ အခုကတရုတ်ပြည်ဘက်ကိုတင်ပြေးတာမဟုတ်ဘူး၊ မိုင်းယန်းကိုလည်း ၀ကတိုက်မယ်ဆိုလို့ လူတွေက ကျိုင်းတုံဘက်ကိုပြေးပြန်တယ်” ဟု အဆိုပါကုန်သည်က ဆက်လက်ပြောသည်။ ဤထွက်ပြေးမှုများနှင့် ပတ်သက်၍ တရုတ်အစိုးရနှင့် မြန်မာအစိုးရဘက်မှ မှားယွင်းသော သတင်းများကို ထုတ်ပြန်နေ သည်ဟုထင်ကြောင်း တရုတ်မြန်မာ နယ်စပ် အခြေစိုက် စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက သုံးသပ်သည်။ အထူးဒေသ (၁) ကိုးကန့်နယ်မြေတွင် WY စာတန်းပါသည့် မူးယစ်ဆေးပြားများ နှင့် ထုတ်လုပ်သည့်စက်များ၊ ဓာတုဆေး ၀ါးများကို စီအောရွာရှိ ဦးဖုန်ကြာဖူး နေအိမ်မှ ရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့ နှင့် ကိုးကန့်ယာယီ ဦးစီးကော်မတီများက ဖမ်းဆီး ရမိခဲ့သည်ဟု ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ အဆိုပါသတင်းစာများတွင် နယ်မြေအေးချမ်းလာပြီဖြစ်၍ ပြည်သူ ၉၃၀၄ ဦး ပြန်လည် ၀င်ရောက်လာပြီ ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ အတည်မပြုနိုင်သော သတင်းများအရ ကိုးကန့်ခေါင်းဆောင်ဟောင်း ဦးဖုန်ကြားရှင်နှင့် ညီဖြစ်သူ ဦးဖုန်ကြာဖူး ၊သားများ ဖြစ်သော ဖုန်တာ့လီ နှင့် ဖုန်တာ့ရွှင်တို့ကို လွှဲအပ်ပေးရန် စစ်အစိုးရက ၀တပ်ဖွဲ့ထံသို့ တောင်းဆိုထားသည်ဟု သိရသည်။ ကိုးကန့်နှင့်ဝ ခေါင်းဆောင်အများစုသည် မူးယစ်ဆေးဝါးဖြင့် မပတ်သက်သူ နည်းပါးကြောင်း၊ ထိုဒေသသည်လည်း ယခင် က ဘိန်းစိုက်ပျိုးရာ နေရာများအဖြစ် နာမည်ဆိုးထွက်ခဲ့သည့် ဒေသများဖြစ်ပြီး ယခုအခါတွင် စိတ်ကြွဆေးများ ကိုပြောင်း လဲ ထုတ်လုပ်ခဲ့ကြောင်း ယင်းမူးယစ်ဆေးဝါးကိစ္စများတွင် စစ်အစိုးရ၏ အရာရှိများလည်း ပါဝင်ပတ်သက်မှုများ ရှိနိုင် ကြောင်း သျှမ်းသံတော်ဆင့် သတင်းစဉ်မှ ဦးစိန်ကြည်က သုံးသပ်သည်။ ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ၏ ဘဏ္ဍာရေးဌာနတွင် ဒုတိယဌာနမှူးအဖြစ် ဦးကျော်မြင့် တာဝန် ယူခဲ့စဉ်က မူးယစ်ဆေးဝါးလုပ်ငန်း၊ ငွေမည်းခ၀ါချသော လုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြောင်း ထောက်လှမ်းရေး အရာရှိ ဟောင်း ဦးအောင်လင်းထွဋ်က ဗီအိုအေ မြန်မာပိုင်း အသံလွှင့်ဌာန၏ အသံလွှင့်အစီအစဉ်တွင် ပြောဆိုခဲ့သည် ဝ နှင့် ကိုးကန့်တပ်ဖွဲ့များကို မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်မှုများတွင် ပါဝင်ပတ်သက်သည်ဟု အပြည်ပြည်ဆိုင်ရာ မူး ယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့များက သံသယရှိနေသောကြောင့် ၂၀၀၃ ခုနှစ်တွင် ကိုးကန့်ခေါင်းဆောင်များက မူးယစ် ဆေးဝါးကင်းစင်သောနယ်မြေအဖြစ် သတ်မှတ်ပြောဆိုခဲ့သည်။ စစ်တွေတွင် ထောက်လှမ်းရေးများ ဥပုသ်သည်ဟန်ဆောင်၍ သတင်းယူ Friday, 04 September 2009 20:10 ဘစောတင် E-mail Print ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ သံဃာတော်များ၏ လှုပ်ရှားမှုကို အာဏာပိုင်များက ဘုရားကျောင်းကန် အစရှိ သည့် သာသနာ့နယ်မြေ များတွင်ပါ ဘာသာတရား ကိုင်းရှိုင်းသူများ ဟန်ဆောင်၍ လေ့လာစုံစမ်းမှုများ ပြု လုပ်နေသောကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေကြရသည်ဟု သံဃာတော်များနှင့် မြို့ခံများက ပြောသည်။ ဒေသခံ သံဃာတော်တပါးက“ဦးပဉ္ဇင်းတို့ စစ်တွေမှာ အခုတလော စသုံးလုံးတွေ၊ ရဲထောက်လှမ်းရေးတွေ ဟာ ဥပုသ်နေ့တွေဆိုရင် အရပ် သားတွေနဲ့ ရောနှောပြီး ဥပုသ်စောင့်သလိုလို ဘာလိုလိုနဲ့ သံဃာတွေ ဘာ တွေပြောနေကြသလဲ၊ ဘယ်လိုလှုပ်ရှားမှုတွေ ရှိမလဲဆိုတာတွေကို တိတ်တဆိတ်လာရောက် စုံစမ်းနေတယ် ဆိုတာကို ဒကာ ဒကာမတွေက သိနေကြတယ်၊ အေးအေးချမ်းချမ်း တရားရိပ်မှာ နေလိုကြတဲ့သူတွေ အတွက် တော်တော့်ကို အနှောင့်အယှက် ဖြစ်စေတာ အမှန်ပဲ”ဟု မိန့်ဆိုသည်။ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်ကာလဖြစ်သည့် ယခုလအတွင်း စစ် အာဏာပိုင်များက သံဃာတော်များကို စောင့်ကြည့်လေ့လာ၍ လုံခြုံရေး တင်းကျပ်မှုများ ပြုလုပ်နေ ခြင်း ဖြစ်ကြောင်းလည်း ၎င်း သံဃာတော်က မိန့်သည်။ မကြာသေးခင်က မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကြီးမှ တတိယအကြိမ်မြောက် သပိတ်မှောက် ကံ ဆောင်ရန် အစီအစဉ်များကို ထုတ်ပြန်ကြေညာပြီးနောက် စစ်တွေမြို့ရှိ ပြည်လုံးချမ်းသာ ဘုရားကြီး၊ ဧစေတီ ဘုရား၊ ဦးရဲကျော်သူကျောင်း (ခေါ်) သံကျောင်း အနီးနှင့် လောကနန္ဒာ ဘုရားတ၀ိုက်တို့တွင် ရဲတပ်ဖွဲ့ဝင်များ သည် နေ့ညမပြတ် လှည့်လည်လျက်ရှိသည်ဟု အဆိုပါ သံဃာတော်က မိန့်ဆိုသည်။ စစ်တွေတွင် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကာလအတွင်း သံဃာတော် (၂၀၀)ကျော်ပါဝင်သော စီတန်းလှည့်လည် ပရိတ်ရွတ်မေတ္တာပို့ ခြင်းကို ပထမဆုံး ပြုလုပ်ခဲ့သည်။ စစ်တွေတက္ကသိုလ်မှ ဆရာတဦးက“အခုအချိန်ဟာ ရွှေဝါရောင်နှစ်ပတ်လည် ကာလဖြစ်သလို ဆရာတော် ဦးဥတ္တမနေ့ အနှစ် (၇၀)ပြည့်ကာလနဲ့လည်း လာတိုက် နေတယ်လေ၊ နှစ်တိုင်း ဒီမှာက ဆရာတော် ဦးဥတ္တမနေ့ ကိုလည်း အဆင်ပြေသလို လုပ်လေ့ရှိတာမို့ ဘုန်းကြီးတွေကိုသာမက ကျောင်းသားတွေကို လည်း မျက်ခြည်မပြတ်စောင့်နေတာရှိတယ်”ဟု ဆိုသည်၊ ၎င်းကဆက်လက်၍ တက်ကြွလှုပ်ရှားသော လူငယ်များနေထိုင်ရာ ရပ်ကွက်များဖြစ်သည့် ရွှေပြားရပ်ကွက်၊ ဘောက်သီးစုရပ်ကွက်၊ ရူပတောင်ရပ်ကွက်နှင့် လမ်းမတော်ရပ်ကွက်များတွင် ထောက်လှမ်းရေးများက အရပ် ၀တ်ပုံစံ၊ ဆိုက်ကားသမားပုံစံများဖြင့် ထောက်လှမ်းလျှက်ရှိသည်ဟုလည်း ဆိုသည်။ တက္ကသိုလ်ကျောင်းသားတဦးဖြစ်သူ ကိုအေးထွန်းက“အခု စစ်တွေမှာ လှုပ်ရှားနေတဲ့ ရဲထောက်လှမ်းရေးတွေ ကို အဓိက ကွပ်ကဲနေတာက ပြည်နယ် ရဲမှူး အောင်ဒိုင်းက ကွပ်ကဲနေတာဖြစ်တယ်၊ စစ်တွေဟာ သံဃာ လှုပ်ရှားမှု မှာ အရမ်းကို တက်ကြွတာမို့ အခုတခေါက် စစ်တွေကနေ စတင်မဖြစ်ပွားအောင် သေသေချာချာ ကြပ်မတ်ဖို့ အမိန့် ပေးထားတယ်လို့ ကြားတယ်”ဟု ပြောသည်။ ယခုရက်ပိုင်းအတွင်း စစ်တွေတွင် လှုပ်ရှားမှု တစုံတရာ မလွဲမသွေဖြစ်မည်ဟု သတင်းများ ထွက်ပေါ်နေ သောကြောင့် စစ်တွေမြို့တွင် လုံခြုံရေး ပိုမိုတင်းကျပ် လျက်ရှိသည်။ ကချင်တပ်ဖွဲ့က နယ်ခြားစောင့်ရေး ထပ်မံ စဉ်းစားဦးမည် Friday, 04 September 2009 20:05 အေးလဲ့ E-mail Print စစ်အစိုးရက ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ကို နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းလဲရန် ဆက်လက် နားချလျက် ရှိသောကြောင့် KIA ၏ နိုင်ငံရေးဆိုင်ရာ ခေါင်းဆောင် များကြားတွင် ထိုအကြောင်းအရာကို ပြန်လည် ဆွေးနွေးဦးမည်ဟု သိရသည်။ KIA ၏ နိုင်ငံရေး ဦးဆောင်မှု အဖွဲ့ဖြစ်သော ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)၏ ဗဟိုကော်မတီ ဆွေးနွေးပွဲကို လိုင်ဇာမြို့ရှိ KIO ဌာနချုပ်တွင် စနေနေ့၌ ကျင်းပမည် ဖြစ်ကြောင်း KIO ဗဟို အလုပ်အမှုဆောင် ကော်မတီ အဖွဲ့ဝင်တဦး ဖြစ်သူ ဂျိမ်းစ်လွမ်ဒေါင်က ဧရာဝတီကို ပြောသည်။ ကချင်ဒေသ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ အဖြစ်မှ နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းရေးနှင့် ပတ်သက်၍ KIO နှင့် မြန်မာ့ တပ်မတော်တို့ ၆ ကြိမ်ခန့် တွေ့ဆုံ ညှိနှိုင်းခဲ့ပြီး ဖြစ်သည်။ KIO ခေါင်းဆောင်များ မနက်ဖြန်တွင် ဆွေးနွေးကြသည့်အခါ မြန်မာ့တပ်မတော်နှင့် မည်သည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်း၊ မည်သည့် အဆင့်အထိ သဘောတူညီခဲ့ကြောင်းကို ရှင်းလင်း အစီရင်ခံမည်ဟု မြစ်ကြီးနား အခြေစိုက် KIO ရုံးမှ တာဝန် ရှိသူ တဦးက ပြောသည်။ KIO ထိပ်သီး ခေါင်းဆောင်များ တွေ့ဆုံပွဲ ပြီးဆုံးသည့်အခါ စစ်အစိုးရ လိုလားသည့် ရလဒ်များ ထွက်ပေါ်ဦးမည်မဟုတ်ကြောင်း သိရသည်။ ထိုတွေ့ဆုံပွဲမှ ရလာသည့် ဆုံးဖြတ်ချက်များကို ယူဆောင်၍ မြန်မာ့တပ်မတော်နှင့် ထပ်မံ ဆွေးနွေး ညှိနှိုင်းကြမည်ဟု ဆိုသည်။ ထိုသို့ ညှိနှိုင်းခြင်းကို ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားတွင် ရက်ပိုင်းအတွင်း ပြုလုပ်မည်ဟု သိရသည်။ စစ်အစိုးရက ယခုနှစ် ဧပြီလမှစ၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို နယ်ခြားစောင့်တပ်များ အဖြစ် အသွင်ပြောင်းရန် ကမ်းလှမ်းခဲ့သည်။ ထိုသို့ ညှိနှိုင်း ကမ်းလှမ်းနေခြင်းများကို အများပြည်သူ သိရှိရန် တရားဝင် ထုတ်ပြန် ကြေညာခြင်း မပြုသေးပေ။ လာမည့်နှစ်တွင် အထွေထွေ ရွေးကောက်ပွဲ ပြုလုပ်မည် ဖြစ်သောကြောင့် တိုင်းရင်းသား တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းရန် ထိုသို့ လိုက်လံ ညှိနှိုင်းနေခြင်း ဖြစ်သည်ဟု အများက သုံးသပ်နေကြသည်။ သို့သော်လည်း KIA က ရွေးကောက်ပွဲများ ကျင်းပပြီး အစိုးရ တရပ် ပေါ်ပေါက်လာရေးကိုသာ ပထမဦးဆုံး ဆောင်ရွက်ရမည် ဟု စစ်အစိုးရကို ယခင်က အကြောင်းပြန်ထားသည်။ KIA သည် ၁၉၉၄ တွင် မြန်မာ့တပ်မတော်နှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ အပစ်ရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂၀ ၀န်းကျင်ရှိသည့်အနက် အဖွဲ့ ၂ ဖွဲ့က စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို သဘောတူထားပြီးဖြစ်သည်။ ပြီးခဲ့သည့် လကုန်ပိုင်းတွင် မြန်မာစစ်အစိုးရ တပ်များက KIA နှင့် စစ်ရေး မဟာမိတ်ဖွဲ့ထားသည့် ကိုးကန့်ဒေသ အခြေစိုက် မြန်မာနိုင်ငံ လူမျိုးစု ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု (MNDAA)ကို ၀င်ရောက် တိုက်ခိုက်လိုက်သည်။ နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းရေးကို လက်မခံသည့် အဖွဲ့များထဲမှ တပ်ဖွဲ့ဝင်အင်အား အနည်းဆုံး ဖြစ်သော MNDAA ကို တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် အပစ်ရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ထိန်းချုပ်ရာ ဒေသ အထူးသဖြင့် တရုတ်-မြန်မာ နယ်စပ်ဒေသတွင် မတည်မငြိမ်မှုများ ဖြစ်ပေါ်နေသည်။ ဒေါ်အောင်ဆန်းစုကြည် အယူခံတင်ခွင့်ရ Friday, 04 September 2009 16:23 သန်းထိုက်ဦး E-mail Print မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမှုနှင့် ပတ်သက်သည့် အယူခံကို ရန်ကုန်တိုင်း တရားရုံးက ယနေ့ လက်ခံလိုက်ကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။ ဒေါ်အောင်ဆန်း စုကြည်အား စစ်အစိုးရက ၁ နှစ်ခွဲ နေအိမ်အကျယ်ချုပ် စီရင်ချက်ချထားမှုအပေါ် အယူခံတင်ခွင့် ကို တရားရုံးက လျှောက်လဲချက်ပေးပြီးတော့ လက်ခံလိုက်သည်။ ၎င်း အမှုအတွက် နှစ်ဘက်ကြားနာရန် စက်တင် ဘာလ ၁၈ ရက်နေ့သို့ ရုံးချိန်းပေးလိုက်သည်ဟု ဦးဉာဏ်ဝင်းက ဧရာဝတီသို့ပြောသည်။ “ကျနော်တို့က နဂို မျှော်လင့်ချက် ရှိတာထက်ကို ပိုပြီးတော့ မျှော်လင့်ချက်ရှိလာတာပေါ့၊ အခု လက်မခံလိုက်ရင် အပယ်ခံရမယ်၊ အခု မပယ်ဘူး အမှုကို လက်ခံထားတယ်”ဟု ၎င်းက ပြောသည်။ အဆိုပါ ဒေါ်အောင်ဆန်းစုကြည်၏ အမှုအား တိုင်းတရားရုံးသို့ ယမန်နေ့က စတင်၍ အယူခံတင်ခဲ့ရာ တရားရုံးက လက်ခံရေး၊မခံရေးအတွက် ၄ ရက်နေ့ကို ရက်ချိန်းပေးခဲ့ပြီး ယခုကဲ့သို့ အယူခံကို လက်ခံခဲ့ခြင်းဖြစ်သည်။ အယူခံတင်ရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဖြစ်သော ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်းနှင့် ဒေါ်ခင်ဌေး ကြွယ်တို့ ယမန်နေ့က တရားရုံးသို့ သွားရောက်ခဲ့ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမှုနှင့် ပတ်သက်ပြီး ရှေ့နေများအနေဖြင့် ကွင်းလုံးကျွတ် လွတ်မြောက်ရန် မျှော်လင့် ထားသည်ဟု ရှေ့နေကြီး ဦးဉာဏ်ဝင်းက ဆိုသည်။ “မျှော်လင့်တာကတော့ လုံးဝ ကွင်းလုံကျွတ်လွတ်ဖို့ မျှော်လင့်တယ် ၊ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ် ပြစ်မှုကိုမှ မကျူးလွန်ဘူး၊ ကျနော်တို့ ဒီအတိုင်းပဲ ခံယူပါတယ်”ဟုလည်း ၎င်းက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မေလအတွင်း ၎င်း၏နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသားကြောင့် ရုံးတင် တရားစွဲခံခဲ့ရခြင်းဖြစ်သည်။ ထိုအမှုတွင် အင်းစိန်ထောင်တွင်း အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ သည်။ သို့သော် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ကျခံရမည့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ စီရင်ချက် ချမှတ်ခံခဲ့ရသည်။ ပြစ်ဒဏ်လျှော့ပေါ့ရခြင်း အကြောင်းအရင်းမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်၍ လည်းကောင်း၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ အာဃာတ မရှိစေရေး အတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေး အတွက် လည်းကောင်း ဖြစ်သည်ဟု ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။ တိုင်းရင်းဆေးနှင့် ငရုတ်ဆီများ ထပ်မံပိတ်ပင် Friday, 04 September 2009 16:21 ဟိန်းဇော် E-mail Print မြန်မာပြည်တွင်း ထုတ်လုပ်ရောင်းချနေသော တိုင်းရင်းဆေးဝါး အမှတ်တံဆိပ် ၁၄ မျိုးနှင့် ငရုတ်ဆီ အမျိုးအစား ၁၀ မျိုးကို သုံးစွဲရန် မသင့်ကြောင်း ကျန်းမာရေး ၀န်ကြီးဌာနက ယမန်နေ့ တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။ ဈေးကွက်အတွင်းရောင်းချလျက်ရှိသော ငရုတ်ဆီများကို ဓာတ်ခွဲစစ်ဆေးရာတွင် အမှတ်တံဆိပ် ၁၀မျိုး၌ အစား အသောက်တွင် သုံးစွဲရန်ခွင့်မပြုသော လိမ္မော်ရောင်ဆိုးဆေး Orange II ပါဝင်နေပြီး ရေရှည်စားသုံးမိလျှင် မျိုးရိုး ဗီဇ ထိခိုက်နိုင်ခြင်း၊ ကင်ဆာ ရောဂါ ဖြစ်ပွားနိုင်ခြင်းတို့ကြောင့် စားသုံးရန် မသင့်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနဗဟို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ တာဝန်ရှိသူ တဦးက ပြောဆိုသည်။ ပိတ်ပင်ခံရသော ငရုတ်ဆီ အမှတ်တံဆိပ်များမှာ ပလတ်စတစ်ဖြင့် ထုပ်ပိုးရောင်းချနေသော ရွှေပုစွန် (ခရမ်းချဉ် သီးနှင့်မန်ကျည်းသီး)၊ (ရွှေ) ပျံလွှား၊ ပုစွန်နှစ်ကောင်၊ စိန်သုံးလုံး၊ စားကြည့်၊ စိန်ရံ၊ ဂရိတ်(အနီနှင့်အညိုရောင်) ၊ ယုဇန စပါယ်ရှယ် စသည်တို့ဖြစ်ကြောင်း ယမန်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။ အလားတူ ဈေးကွက်အတွင်းရောင်းချနေသော တိုင်းရင်းဆေးဝါးများ ဖြစ်သည့် မြလင်းရောင်လတံဆိပ် မျက်စဉ်း ဆေး၊ ဇာပျံလျက်ဆား၊ ဒို့မောင်နှံ ဒဏ်ကြေလိမ်းဆေး၊ နဂါးနီ တံဆိပ် အစာကြေဆေး၊ ဦးသက်ထွန်း ကလေး သူငယ်နာဆေး၊ EVER LIFE အကိုက်အခဲ ပျောက်ဆေး၊ ရွှေပုစွန် ငှက်ဖျားဖြတ်ဆေးနှင့် ဖျားနာပျောက်ဆေးမှုန့်၊ ဂျပန်နားသန့်ဆေး၊ မြင်းနီပျံ အမှတ်တံဆိပ် မက်ကလောင်အဖျားဖြတ်ဆေး၊ ခြင်္သေ့ကမ္ဘာ ငှက်ဖျား မက်ကလောင် ဖြတ်ဆေး၊ ငှက်ဖျား အမြစ်ဖြတ်ဆေး၊ ငှက်ဖျားနှင့် မက်ကလောင် အမြစ် ဖြတ်ဆေး ၊ မြင်းနီပျံ မက်ကလောင် ဆေးတို့ကိုလဲ မှတ်ပုံတင်ထားခြင်းမရှိ၍ ပိတ်ပင်လိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားသည်။ ယင်း တိုင်းရင်းဆေးများသည် ရန်ကုန်မြို့အပါအဝင် မွန်ပြည်နယ် မော်လမြိုင်၊ မုဒုံမြို့၊ ရှမ်းပြည်နယ် လားရှိုးမြို့၊ ကချင်ပြည်နယ် အစရှိသည့် မြန်မာပြည် တဝန်းမှ ထုတ်လုပ်ဖြန့်ဖြူးနေခြင်းဖြစ်ကြောင်းသိရသည်။ မော်လမြိုင်မြို့မှ တိုင်းရင်းဆေးထုတ်လုပ်သူ တဦးက“နယ်မှာက တိုင်းရင်းဆေးကိုပဲ ဟိုးအရင်ကတည်းက အားကိုးလာတာ ဒီနေ့ထိပဲ တကယ်လို့ ဒီဆေးတွေကို မှတ်ပုံတင်ပြီး ဈေးကွက်မှာ ပြန်ရောင်းရင်တော့ ရမယ်နဲ့ တူပါတယ်”ဟု ပြောသည်။ ပြီးခဲ့သည့် မေလအတွင်းကလည်း မှတ်ပုံတင်ထားခြင်း မရှိသော တိုင်းရင်းဆေး ၁၆ မျိုးကို အများ ပြည်သူ သုံးစွဲ ရန် မသင့်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာခဲ့သေးသည်။ အဆိုပါ ဆေးများတွင် စိန်သော့၊ တူတံစဉ် စသည့် အကိုက်အခဲပျောက် ဆေးမှုန့်များ၊ ဒူးလေး အစာအိမ် လေနိုင် ဆေး၊ သမားတော် အစာကြေ လေပုပ်ထုတ်ဆေးတို့ ပါဝင်သည်။ မှတ်ပုံတင်ထားခြင်း မရှိသော ဆေးဝါးများကို ဖြန့်ဖြူး ရောင်းချပါက အရေးယူမည်ဟု ကြေညာချက်တွင် ဖော်ပြ ထားသည်။ ဧပြီ လဆန်းပိုင်းကလည်း ဒေါ်တွေး အမှတ်တံဆိပ် ဂေါမုတ္တဆေး၊ ဒေါ်ကျင်၏ ကလေးသူငယ်နာ လေပုပ်ထုတ် ဆေး တို့တွင် အဆိပ် အတောက် ဖြစ်စေနိုင်သည့် သတ္တုဓာတ်များ ပါဝင်ခြင်းကြောင့် သုံးစွဲခြင်း မပြုရန် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ကျန်းမာရေး ဌာနက တိုင်းရင်းဆေးဝါးများ အပြင် မြန်မာနိုင်ငံအတွင်း လူကြိုက်များသည့် စားသောက်ကုန် ၂ မျိုးတွင် အန္တရာယ်ကြီးသော ဆိုးဆေးများ အသုံးပြုထားကြောင်းလည်း ကြေညာထားသည်။ ထိုကြေညာချက်များတွင် မြန်မာနိုင်ငံတွင် ဖြန့်ချိရောင်းချနေသော လက်ဖက် အမျိုးအစား ၁ဝဝ ကျော် နှင့် ငါးပိ အမျိုးအစား ပေါင်း ၇ဝ ကျော် ပါဝင်ခဲ့သည်။ စက္ကူ လေယာဉ် ချန်ပီယံ မြန်မာကလေးကို ထိုင်းဝန်ကြီးချုပ်တွေ့ဆုံ Friday, 04 September 2009 18:03 ကိုထွေး E-mail Print မောင်သောင်ဒီကို ဂျပန်ရိုးရာ အိုရီဂါမီ စက္ကူလေယာဉ် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် နိုင်ရေးအတွက် ထိုင်းဝန်ကြီးချုပ်က ယာယီနိုင်ငံကူး လတ်မှတ်ထုတ်ပေးရန် ဆုံးဖြတ်လိုက်ခြင်းသည် ကလေး တယောက်၏ အခွင့်အရေးကို အပြည့်အ၀ ပေးလိုက်ခြင်း ဖြစ်သည့် အပြင် လူ့အခွင့်အရေး လေးစားကြောင်း ပြသလိုက်ခြင်းဖြစ်သည် ဟု ဒေါက်တာ သိန်းလွင်က ပြောသည်။ [ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ နှင့် စက္ကူလေယာဉ် ချန်ပီယံ မောင်သောင်ဒီတို့ ဘန်ကောက်မြို့တွင် ယမန်နေ့က တွေ့ဆုံစဉ် (ဓာတ်ပုံ - AP)] ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ နှင့် စက္ကူလေယာဉ် ချန်ပီယံ မောင်သောင်ဒီတို့ ဘန်ကောက်မြို့တွင် ယမန်နေ့က တွေ့ဆုံစဉ် (ဓာတ်ပုံ - AP) ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း အလုပ်သမားများ၏ ပညာရေး အတွက် အကျိုးဆောင် ပေးနေသူ ဒေါက်တာ သိန်းလွင်က “တကယ်လို့သာ သွားခွင့် မရှိဘူး ဆိုရင်တော့ ကလေး တယောက်ရဲ့ အခွင့်အရေး ဆုံးရှုံးတယ်၊ ထိုင်းဝန်ကြီးချုပ်က ဒီလို ဆုံးဖြတ် လိုက်ခြင်းဟာ ထိုင်းနိုင်ငံက လူ့အခွင့်အရေးကို လေးစားတယ် ဆိုတာ ပြသလိုက်တာဘဲ၊ မြန်မာ နိုင်ငံသားတွေ အပေါ်မှာ စာနာရာလည်း ရောက်တယ်၊ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ကြိုးပမ်း အားထုတ်မှုကို အားပေးခံရတဲ့ အတွက် ဒီထက်ပိုပြီးတော့ ထူးချွန်နိုင်တယ်လေ ” ဟု ဧရာဝတီသို့ ပြောသည်။ ထို့အပြင် ထိုင်းနှင့် မြန်မာ ၂ နိုင်ငံလုံးက အသိအမှတ် မပြုသည့် နိုင်ငံမဲ့နေသော ကလေးများ နယ်စပ် တလျှောက် မြောက်မြားစွာ ရှိကြောင်း၊ ၀န်ကြီးချုပ်၏ ယခု လုပ်ဆောင်ချက်သည် ထိုကလေးများကို အလားတူ စဉ်းစားပေးရန် လမ်းညွှန် လိုက်သကဲ့သို့ ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံက စာနာထောက်ထား အသိအမှတ် ပြုလိုက်သဖြင့် အဆိုပါ ကလေးက ထိုင်းနိုင်ငံကို တနေ့တွင် ပြန်လည် အကျိုးပြုနိုင်သည်ဟု ၎င်းက ဆိုသည်။ မောင်သောင်ဒီ၏ ဖခင် ဖြစ်သူက“ သားက ဂျပန်ကို သွားခွင့်ရတော့ ကျနော် အရမ်း ၀မ်းသာတယ်၊ သားကလည်း ဂျပန်ကို သွားရတဲ့ အတွက် အရမ်း ၀မ်းသာနေပါတယ်” ဟု ပြောသည်။ ထိုင်းဝန်ကြီးချုပ်က မောင်သောင်ဒီ၏ ဖြစ်ရပ်သည် ထိုင်း အစိုးရ ဌာနများကို နိုင်ငံမဲ့ ကလေးများနှင့် ပတ်သက်၍ ပိုမိုကောင်းမွန်စွာ ကိုင်တွယ်နိုင်ရန် အတွက် ဥပမာကောင်း တရပ်ဖြစ်ကြောင်း ပြောသည်။ ပါလီမန်တွင် ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက မောင်သောင်ဒီနှင့် အတူ ဆရာ ဖြစ်သူ Duangrit Ketima ချင်းရိုင် ခရိုင် လွှတ်တော် အမတ် Tuenjai Deetes ကို ယမန်နေ့က တွေ့ဆုံခဲ့ကြောင်း သိရသည်။ ဂျပန်သံရုံးက မောင်သောင်ဒီကို ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးမည်ဆိုပါက မောင်သောင်ဒီ အနေဖြင့် ပြိုင်ပွဲဝင်ရန် အတွက် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ထိုင်းနိုင်ငံမှ ထွက်ခွာမည်ဖြစ်ကြောင်းလည်း သိရသည်။ အပစ်ရပ် မွန်ဒေသတွင်လည်း မတည်မငြိမ်ဖြစ်နေ Friday, 04 September 2009 16:25 ဧရာဝတီ E-mail Print မွန်ပြည်သစ်ပါတီ (NMSP) ခေါင်းဆောင်ပိုင်းတွင် အပစ်အခတ် ရပ်စဲရေးကို ဆက်လက် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများ ရှိနေကြောင်း ၎င်းပါတီနှင့် နီးစပ်သော အသိုင်းအ၀န်းက ပြောသည်။ ပါတီ အတွင်းရေးမှူး နိုင်ဟံသာနှင့် တခြားသော ခေါင်းဆောင် တချို့က အပစ်အခတ်ရပ်စဲရေးကို ရပ်ဆိုင်းရန် ဆန္ဒရှိပြီး ကိုယ်ကျိုးစီးပွားများစွာ ပိုင်ဆိုင်ထားသော ခေါင်းဆောင်များက အပစ်အခတ် ရပ်စဲရေးကို ဆက်လက် ထိန်းသိမ်းထားလိုကြောင်း သိရသည်။ မွန် အမျိုးသားဒီမိုကရေစီအဖွဲ့ (MNDF) ဒု ဥက္ကဋ္ဌ နိုင်ငွေသိန်းက“စစ်အစိုးရက သဘောထား တင်းမာတဲ့ နိုင်ဟံသာကို ပစ်မှတ်ထားမယ်လို့ ယုံကြည်တယ်” ဟု ဧရာဝတီသို့ ပြောသည်။ ယခင်ရက်ပိုင်းအတွင်းက နိုင်ဟံသာသည် ပြည်ပရောက် မွန်တိုင်းရင်းသားများထံမှ အလှူငွေများ ကောက်ခံနေ သည်ဟု စွပ်စွဲချက် စာရွက်စာတမ်းများကို ကရင်ပြည်နယ်အတွင်း ဖြန့်ဝေခဲ့ကြောင်း၊ မွန်တိုင်းရင်းသားများ အနေ ဖြင့်လည်း ပါတီခေါင်းဆောင်ပိုင်း သဘောထားကွဲလွဲမှုနှင့် ပတ်သက်၍ စိုးရိမ်လျက်ရှိကြောင်း၊ ယင်းကိစ္စများသည် စစ်အစိုးရ၏ သွေးခွဲအုပ်ချုပ်ရေး ဗျုဟာကြောင့် ဖြစ်နိုင်ကြောင်း ခန့်မှန်း ပြောဆိုမှုများရှိကြသည်။ ထို့အပြင် စစ်အစိုးရကNMSP ပါတီနှင့် ခေါင်းဆောင် တချို့ ပိုင်ဆိုင်သည့် အိုးအိမ်ခြံမြေ အစရှိသော မရွှေ့ ပြောင်းနိုင်သည့် ပစ္စည်းများ ရောင်းချခြင်းကို ခွင့်မပြုကြောင်း နီးစပ်သည့် အသိုင်းအ၀န်းအရ သိရသည်။ ယင်းသို့ရောင်းချမှုကို တားမြစ်ပိတ်ပင်ခြင်းနှင့် ပတ်သက်၍ တစုံတရာ ရှင်းလင်းပြောဆိုခြင်း မရှိသော်လည်း ပါတီခေါင်းဆောင်များ လက်နက်ကိုင်၍ ပြန်လည်တောခိုမည်ကို တားဆီးလိုခြင်းဖြစ်ကြောင်း ခန့်မှန်း ပြောဆို မှုများ ရှိခဲ့သည်။ စစ်အစိုးရက NMSP ပါတီကို နယ်ခြားစောင့်တပ် ပုံစံ(သို့) ပြည်သူ့စစ် ပုံစံဖြင့်ဖွဲ့စည်းရန် ကမ်းလှမ်းခဲ့မှုကို ပယ်ချ ခဲ့ပြီးနောက်ပိုင်း ဆက်ဆံရေးတင်းမာလာကာ ယင်းကဲ့သို့ NMSP ပါတီနှင့် ခေါင်းဆောင်ပိုင်းက ပိုင်ဆိုင်သော ပစ္စည်းများ ရောင်းချရန် တားမြစ်နေခြင်းဖြစ်ကြောင်း သိရသည်။ NMSP နှင့် မြန်မာစစ်အစိုးရ တာဝန်ရှိသူများသည် ဇွန်လနှင့် သြဂုတ်လများတွင် တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။ ယင်း ဆွေးနွေးပွဲများတွင် မွန်ပြည်သစ်ပါတီကို နယ်ခြားစောင့်တပ်ပုံစံ (သို့မဟုတ်) ပြည်သူ့စစ် ပုံစံဖြင့် ဖွဲ့စည်းရန် ကမ်းလှမ်းခဲ့သည်။ မွန်ပြည်သစ်ပါတီသည် စစ်အစိုးရ၏ အမျိုးသားညီလာခံတွင် လေ့လာသူအဖြစ်သာ တက်ရောက်ခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကိုလည်း လက်မခံပေ။ လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း ၀င်ရောက် အရွေးခံမည် မဟုတ်ဟု ကြေညာထားသော အပစ်အခတ် ရပ်စဲရေး အဖွဲ့တစ်ဖွဲ့လည်းဖြစ်သည်။ NMSP သည် ၁၉၉၅ ခုနှစ်၊ ဇွန်လတွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့ပြီး လက်ရှိအင်အား ၇၀၀ ခန့် ရှိသည်။ ၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ် ရပ်စဲခဲ့သည့် လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ရှိကြောင်း စစ်အစိုးရ၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။ ဒေါ်အောင်ဆန်းစုကြည်အယူခံမှု တရားရုံးလက်ခံ 04 September 2009 မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ အမှုကို ပြန်လည်ကြားနာဖို့ သူ့ရဲ့ ဥပဒေကျိုးဆောင်တွေက လျှောက်လဲချက်တင်ထားတာကို ရန်ကုန်တိုင်းတရားရုံးက လက်ခံလိုက်ပြီဖြစ်ပါတယ်။ သူတို့ရဲ့ လျှောက်လဲချက်ထဲမှာ လက်ခံစဉ်စားထိုက်တဲ့ အချက်တွေ ပါနေတဲ့အတွက် အခုလို တိုင်းတရားရုံးက ပြန်လည်ကြားနာဖို့ လက်ခံလိုက်တာ ဖြစ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်နဲ့ ထိန်းချုပ်ထားတဲ့ ဥပေဒ ချိုးဖောက်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ အောက်တရားရုံးက နေအိမ်အကျယ်ချုပ်နဲ့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့က ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လ ချမှတ်ခဲ့တဲ့ အမှုအတွက် ရန်ကုန်တိုင်း တရားရုံး အနေနဲ့ ပြန်လည် ကြားနာပေးဖို့ သူ့ရဲ့ ဥပဒေအကျိုးဆောင်တွေက မနေ့က လျှောက်လဲချက် တင်ခဲ့ကြတာပါ။ ဒီကနေ့မှာတော့ အဲဒီလျှောက်လဲချက်ကို ကြားနာဖို့ တိုင်းတရားရုံးက လက်ခံ လိုက်ပြီလို့ အကျိုးဆောင်ရှေ့နေတဦး ဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ "ကျနော်တို့ မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ တရားစီရင်ရေးနဲ့ပတ်သက်ရင်၊ အခု အယူခံနဲ့ပတ်သက်ရင် နှစ်မျိုး ရှိပါတယ်။ တမျိုးကတော့ ပထမအဆင့်ပေါ့လေ။ လက်ခံခြင်းမခံခြင်း အမှုတင်လိုက်တယ်။ အမှုတင်ပြီးတဲ့အခါမှာ ဒီအမှုကို လက်ခံ စဉ်းစားမယ် မစဉ်းစားဘူး ဆိုတာ တဆင့်ပေါ့။ တကယ်လို့ အဲဒီအဆင့်ကျော်သွားရင် ကျနော်တို့ တင်လိုက် တဲ့ အယူခံရဲ့ အတိမ်အနက်အပေါ်မှာ မူတည်ပြီးတော့ အဆုံးအဖြတ် ပြုဖို့ပါ။ အဲဒီလို ကျနော်တို့ဆီမှာ ရှိပါတယ်။ ကျနော်တို့ ဒီကနေ့ ရန်ကုန်တိုင်း တရားရုံးကနေပြီးတော့ အမှုကို လက်ခံဖို့ လျှောက်လဲချက်ပေးပြီးတဲ့အခါမှာ တရားရုံးက လက်ခံကြောင်းနဲ့ ကျနော်တို့ အယူခံတရားလို၊ ဟိုဘက်က အယူခံတရားခံ နှစ်ဦးနှစ်ဖက် ကြားနာဖို့ ရက်ချိန်း တခါတည်းပေးလိုက်ပါတယ်။ ကျနော်တို့အမြင်ကတော့ ဒီဥစ္စာဟာ ဥပဒေအရ ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ဖို့လိုနေတဲ့အမှု ဖြစ်ကြောင်းကို တရားရုံးက လည်း သဘောပေါက်လို့ လက်ခံတယ်လို့ပဲ ကျနော် ဒီလိုပဲ မြင်ပါတယ်။" ရန်ကုန်တိုင်းတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံလွှာကို ကြားနာဖို့ လက်ခံလိုက်တာဟာ နိုင်ငံတကာရဲ့ ဖိအား ပေးမှုတွေကြောင့်လို့ ယတိပြတ်ပြောလို့မရပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဖက်က ဥပဒေလမ်းကြောင်းအရ မှန်နေတဲ့ အတွက် လက်ခံလိုက်တာဖြစ်နိုင်ပြီး လျှောက်လဲချက်ပေးတဲ့အခါမှာလည်း အနိုင်ရလိမ့်မယ်လို့ မျှော်လင့် ထားတဲ့အကြောင်း ဦးဉာဏ်ဝင်းက ဆက်ပြောပါတယ်။ "ကျနော်တို့က ယူဆတယ်။ ဥပဒေအရ 'on the margin' ကျနော်တို့ ဟိုဘက်ဒီဘက် စဉ်းစားရမယ့်အချက်မျိုး မပါဘူး။ ကျနော်တို့ဘက်က ဥပဒေအရ လုံးဝသာတယ်။ အဲဒါကြောင့် ကျနော်တို့ ပြောနိုင်တာ။" တိုင်းတရားရုံးက ဒီလျှောက်လဲချက်ကို ကြားနာဖို့ လက်ခံလိုက်တာဟာ ပထမအဆင့်သာဖြစ်ပြီး ဒုတိယအဆင့်အနေနဲ့ လျှောက်ထားသူနဲ့ တရားလို နှစ်ဖက်စလုံးက ရုံးတော်မှာ လျှောက်လဲချက်ပေးရမှာဖြစ်ပါတယ်။ "ဒါက ပထမအဆင့်လေ။ admitted or not ဆုံးဖြတ်ဖို့ ကျနော်တို့ တဖက်က လျှောက်လဲချက်ပေးတာ။ ပြီးသွားတော့ လက်ခံတယ်ဆိုတဲ့အတွက် နောက်တဆင့်မှာ ကျနော်တို့ အစိုးရဘက်ကရော၊ ကျနော်တို့ ဘက်ကရော၊ တရားလို ဘက်ကရော၊ ကျနော်တို့ဘက်ကရော နှစ်ဘက်လျှောက်လဲချက် ပေးရမယ်။ ပေးပြီးခါမှ ဒီအယူခံလွှာကို အဆုံးအဖြတ် ပေးမှာ။ ကျနော်တို့ လျှောက်လဲချက်က လာမယ့် ၁၈ ရက် မနက် ၁၀ နာရီမှာ ရုံးချိန်းပေးထားတယ်။" အခု အယူခံတင်ထားတဲ့ အဓိကအချက်က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်ဥပဒေကိုမှ ချိုးဖောက်ခဲ့ခြင်းမရှိတဲ့အတွက် သူ့အပေါ် ချထားတဲ့ စီရင်ချက်ကို ပြင်ပြီး လွှတ်ပေးဖို့အတွက် လျှောက်လဲချက်တင်ခဲ့တာဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လွတ်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။ "ဟုတ်ကဲ့။ လွတ်နိုင်ပါတယ်။ ကျနော်တို့အယူခံကလည်း အဲဒါနဲ့ တောင်းထားတာ။ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်မှာ အပြစ်တွေ့တယ်။ convicted ဆိုတာကို verdict ဆိုတာကို လက်မခံနိုင်ဘူး။ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် ဟာ ဘယ်ဥပဒေကိုမှ ချိုးဖောက်တာမရှိဘူး။ လုံးဝအပြစ်ကင်းစင်တယ်။ အဲဒါကို ကျနော်တို့ လာမယ့် ၁၈ ရက်နေ့ မနက် ၁၀ နာရီမှာ ကျနော်တို့ အယူခံ တရားလိုရော၊ တဖက်ကရော နှစ်ဖက်လျှောက်လဲချက် ပေးကြရမှာ။ ပေးပြီးကာမှ တိုင်း တရားရုံးက အဆုံးအဖြတ်ပေးမယ်။" တကယ်လို့ ရန်ကုန်တိုင်းတရားရုံးမှာ တင်သွင်းတဲ့ အယူခံလွှာမအောင်မြင်ခဲ့ရင် ဗဟိုတရားရုံးတင်သွင်းပြီး အဲဒီမှာမှ မအောင်မြင်ပြန်ရင်လည်း နိုင်ငံတော်အကြီးအကဲထံ အယူခံလွှာ တင်သွင်းဖို့အထိ ပြင်ဆင်ထားတဲ့အကြောင်း ဦးဉာဏ်ဝင်းက ပြောပြပါတယ်။ "ကျနော်တို့ ဒီရုံးမှာ မအောင်မြင်ဘူးဆိုရင် တရားရုံးချုပ်မှာ ကျနော်တို့ ပြင်ဆင်မှု ဖွင့်ရမှာပေါ့ ဒီဟာကို။ ပြင်ဆင်မှု ဖွင့်လို့လည်း မအောင်မြင်သေးဘူးဆိုရင် ကျနော်တို့ အထူး အယူခံတင်သွင်းမယ်။" ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ရုံးတင်စစ်ဆေးပြီး နေအိမ်အကျယ်ချုပ်နဲ့ ၁၈ လ ဆိုင်းငံ့ပြစ်ဒဏ် ချမှတ် လိုက်တာဟာ စစ်အစိုးရက လာမယ့် ၂၀၁၀ ခုနှစ်မှာကျင်းပဖို့စီစဉ်နေတဲ့ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ၀င်မပါနိုင်အောင် နိုင်ငံရေးအရ တမင်အကွက်ဆင် လုပ်ကြံတာဖြစ်လိမ့်မယ်လို့ အများက ထင်မြင် ယူဆနေကြပါတယ်။ ဖုန်ကြားရှင်နဲ့ မူးယစ်ဆေးသတင်း နိုင်ငံရေးရည်ရွယ်ချက်နဲ့ဖော်ပြ 04 September 2009 မြန်မာနိုင်ငံမြောက်ပိုင်း အထူးဒေသ (၁) ဖြစ်တဲ့ ကိုးကန့်နယ်မြေအတွင်းက မူးယစ်ဆေးဝါးတွေ ဖမ်းဆီးမိတဲ့အကြောင်းကို စစ်အစိုးရပိုင် သတင်းစာတွေမှာ ရေးသားလာတာဟာ အဲဒီဒေသက တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအရ ပြဿနာတွေ ဖြစ်လာတာကြောင့် အခုလို မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပတ်သက်သူတွေအဖြစ် စစ်အစိုးရဘက်က ဖော်ပြလာတာဖြစ်တယ် ဆိုပြီး သုံးသပ်သူတွေ ရှိပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြထားပါတယ်။ မြန်မာပြည်မြောက်ပိုင်း အထူးဒေသ (၁) ကိုးကန့်နယ်မြေထဲမှာ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးမိတယ်ဆိုတဲ့ သတင်းတွေကို ဖော်ပြလိုက်တာဟာ ကိုးကန့်လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာစစ်အစိုးရကြားမှာ ပိုပြီးတင်းမာလာတဲ့ အခြေအနေတွေကို ပြလိုက်တာဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၉၂ ခုနှစ်နောက်ပိုင်းလောက်ကစပြီးတော့ အဲဒီ ကိုးကန့်ဒေသတွေမှာ မြန်မာစစ်တပ်က ၀င်ရောက်နေထိုင်နေတာဖြစ်ပြီးတော့ ကိုးကန့်နယ်မြေတွေ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တယ်ဆိုတဲ့ သတင်းမျိုး ဖော်ပြတာမရှိသလို အခုတိုက်ပွဲတွေဖြစ်ခဲ့ပြီးနောက်ပိုင်း အဆင်မပြေ ဖြစ်လာကာမှ မူးယစ်ဆေးဝါးနဲ့ ပတ်သက်မှုရှိတယ်ဆိုတဲ့အကြောင်းကို မြန်မာစစ်အစိုးရဘက်က ပြောလိုက်တာဟာ ထူးဆန်းတယ်လို့ သျှမ်းသံတော်ဆင့် သတင်းစဉ်ရဲ့ အယ်ဒီတာ ဦးခွန်ဆိုင်းက သုံးသပ်ပါတယ်။ "အရင်တုန်းကဆိုရင်တော့ ဦးဖုန်ကြားရှင် တို့ဆို အမျိုးသားခေါင်းဆောင်တွေပေါ့ဗျာ။ တိုင်းရင်းသား ခေါင်းဆောင်တွေ ပေါ့ ဆိုပြီးတော့ ခေါ်ကြတာပေါ့လေ။ အခုတော့ နိုင်ငံရေးအရ သူတို့ နအဖ နဲ့ ဆန့်ကျင်လာတဲ့ အခါကျတော့ တိုင်းရင်းသား ခေါင်းဆောင် မဟုတ်တော့ဘဲနဲ့ အလိုအလျောက် မူးယစ်ဆေးဝါး ရာဇာတွေ ဖြစ်သွားတာပေါ့ဗျာ။ အရင်တုန်းက ဒီလို ဘာကြောင့် မတွေ့သလဲ၊ အခုမှ ဒီလို ဘာကြောင့်တွေ့သလဲ၊ ဒါ ထူးဆန်းတဲ့ သတင်းပဲလို့ ပြောလို့ရပါတယ်။" အခု ကိုးကန့်တိုင်းရင်းသားခေါင်းဆောင် ဦးဖုန်ကြားရှင် ကို မူးယစ်ဆေးဝါးနဲ့ ပတ်သက်မှုရှိတယ်လို့ ပြောဆိုလိုက်သလို မြန်မာစစ်အစိုးရနဲ့ ပူးပေါင်းသွားတဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့ရဲ့ ဒု-ဥက္ကဌ ပိုင်စောက်ချိန် ကရော မူးယစ်ဆေးဝါးနဲ့ ကင်းရှင်း မှု ရှိပါရဲ့လား ဆိုတဲ့ မေးခွန်းတွေ ထွက်နေပါတယ်။ တကယ်တော့ အဲဒီနယ်မြေတွေမှာ ကိုးကန့်တိုင်းရင်းသား ခေါင်းဆောင်တွေဟာ မူးယစ်ဆေးဝါး ကိစ္စနဲ့ ကင်းရှင်းတဲ့သူ မရှိသလောက်ဖြစ်တယ်လို့လည်း ဦးခွန်ဆိုင်းက ပြောပါတယ်။ "မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ရှိရင် ကိုးကန့်ခေါင်းဆောင်ပိုင်းမှာ လုံးဝ ကင်းရှင်းတယ်လို့ ပြောနိုင်တဲ့ခေါင်းဆောင် ဆိုတာ လက်ညှိုးထိုးလို့ မရနိုင်သလောက် ဖြစ်ပါလိမ့်မယ်။ အဲဒါကြောင့်မိုလို့ အခုချိန်ခါမှ လာပြီးတော့ စွပ်စွဲတာဟာ ဒါဟာ နိုင်ငံရေးနဲ့ ပတ်သက်တယ်၊ ဒီဥစ္စာဟာ မူးယစ်ဆေးဝါးနဲ့ ဘာမှ မပတ်သက်ဘူးဆိုတာ ပြောလို့ရပါတယ်။" မြန်မာစစ်အစိုးရအနေနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို နယ်ခြားစောင့်တပ်တွေ အဖြစ် အသွင်ပြောင်းလဲဖို့ ဖိအားပေးနေတဲ့ကိစ္စတွေမှာ မအောင်မမြင်ဖြစ်ရာကနေ အခုလို တင်းမာတဲ့ အခြေအနေတွေ စခဲ့တာ ဖြစ်တယ်လို့ ဦးခွန်ဆိုင်းက သုံးသပ်ပါတယ်။ "ကိုးကန့်တင်မကပါဘူး။ ဒီဥစ္စာဟာ အပစ်အခတ်ရပ်စဲရေးအဖွဲ့ အားလုံးနီးနီးကို ခင်ဗျားတို့ကို တိုက်မယ်ဆိုရင် ကျနော်တို့ နိုင်ငံရေးအရ မတိုက်ဘူး။ နိုင်ငံရေးအရ ဆိုလို့ရှိရင် - ခင်ဗျားတို့ဟာ ကျနော်တို့ရဲ့ နယ်ခြားစောင့်တပ်တွေအဖြစ် အသွင် ပြောင်းဖို့လိုတယ်။ ဒါတွေကို ခင်ဗျားတို့က လက်မခံဘူးဆိုတော့ အဲဒီအကြောင်းကို အကြောင်းပြပြီးတော့ ကျနော်တို့ မတိုက်ဘူး။ ခင်ဗျားတို့ကို တိုက်မယ်ဆိုလို့ရှိရင် ကမ္ဘာက အားလုံးစိတ်ဝင်စားတဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တယ် ဆိုပြီးတော့မှ အဲဒါနဲ့ပဲ တိုက်မှာပဲ။ အဲဒါကို သတိပေးလိုက်တဲ့ သင်္ကေတပဲလို့ ပြောလို့ရပါတယ်။" ဒါ့အပြင် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ တရုတ်မြန်မာနယ်စပ် ကိုးကန့်နယ်မြေတွေမှာ တိုက်ပွဲကြီးကြီးမားမား နောက်ထပ် ဆက်မဖြစ်တော့ပေမဲ့ တိုက်ပွဲငယ်လေးတွေဟာ အခုချိန်အထိ ဆက်တိုက်ဖြစ်နေဆဲပဲလို့လည်း သူက ပြောပါတယ်။ "ကိုးကန့်က စစ်ပွဲအကြီးကြီးတွေကတော့ ပြီးသွားသလောက် ရှိပါပြီ။ အခုကျန်နေတာကတော့ ပျောက်ကျားတိုက်ပွဲတို့ ဘာတို့ ကတော့ ဆက်လက်ကျန်နေဆဲပေါ့။ နံပါတ်နှစ်က နအဖ က စစ်တပ်တွေဟာ ပြန်လည်ရုတ်သိမ်းခြင်း မရှိဘဲနဲ့ ၀ ဘက်တို့၊ မိုင်းလား ဘက်တို့၊ ကေအိုင်အေ ဘက်တွေကို အခုထိ ဆက်ပြီးတော့ ပို့နေပါတယ်။ အဲဒီတော့ ဒီဥစ္စာဟာ နောက်ထပ် အခြေအနေ ပိုပြီးတော့ တင်းမာလာမယ့် ပေါက်ကွဲလာမယ့် လက္ခဏာကို ပြပါတယ်ဗျာ။" သျှမ်းသံတော်ဆင့် သတင်းစဉ် အယ်ဒီတာ ဦးခွန်ဆိုင်း ပြောပြခဲ့တာပါ။ ကိုးကန့်ဒုက္ခသည် ကုလတွေ့ခွင့်တောင်း 04 September 2009 မကြာခင်တုန်းက မြန်မာနိုင်ငံ အရှေ့မြောက်ခြမ်း ကိုးကန့်ဒေသမှာဖြစ်ပွားခဲ့တဲ့ စစ်ရေး ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံကနေ တရုတ်ပြည်ဘက် ထွက်ပြေးခဲ့ရတဲ့ သောင်းနဲ့ချီတဲ့ ကိုးကန့်ဒုက္ခသည်တွေကို တွေ့ခွင့်ပေးဖို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက တရုတ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။ ကုလသမဂ္ဂအနေနဲ့ ကိုးကန့်ဒုက္ခသည်တွေကို အကူအညီပေးနိုင်ဖို့အတွက် အရင်ဦးဆုံး သူတို့ဆီမှာ ဘာတွေလိုအပ်တယ် ဆိုတာကို လေ့လာအကဲဖြတ်ခွင့်ရဖို့အတွက် တရုတ်အစိုးရကို ပန်ကြားလိုက်တာပါ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း ရှမ်းပြည်အရှေ့မြောက်ဘက် ကိုးကန့် တရုတ်လူမျိုးအများစု နေထိုင်တဲ့ဒေသမှာ ကိုးကန့်လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာစစ်အစိုးရတို့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် ကိုးကန့်ဒုက္ခသည်ပေါင်း ၃ သောင်းလောက်အထိ တရုတ်နိုင်ငံ ယူနန်နယ်ထဲကို ထွက်ပြေးခိုလှုံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီအထဲက အများစုကတော့ ဌာနေ မြန်မာပြည်ထဲကို ပြန်သွားကြပြီလို့ ဆိုပါတယ်။ အခြေအနေ မတည်ငြိမ်တဲ့ ၀ဒေသမှာလည်း ပဋိပက္ခတွေ အချိန်မရွေးဖြစ်လာနိုင်တာမို့ အဲဒီလိုဖြစ်လာရင် ဒုက္ခသည်တွေ ထွက်ပြေးလာနိုင်ဖို့ ရှိတယ်လို့လည်း ကုသလမဂ္ဂက သတိပေးထားပါတယ်။ အာဖဂန်စစ် အနိုင်ရရေး အမေရိကန် ဗျူဟာသစ် အချိန်ပေးဖို့လို 04 September 2009 Defense Sec. Robert Gates (L) and Joint Chiefs Chairman Adm. Michael Mullen arrive for a news conference at the Pentagon, 03 Sep 2009 အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ် (၀ဲ) နှင့် ရေတပ်ဗိုလ်ချုပ်ကြီး မိုက်ခ်မူလန်။ စက်တင်ဘာ ၃၊ ၂၀၀၉။ အာဖဂန်နစ္စတန်နိုင်ငံမှာ စစ်ဗျူဟာသစ် အလုပ်ဖြစ်ကြောင်း ပြသဖို့ အချိန် အကန့်အသတ်နဲ့သာ ရှိတော့တယ်ဆိုတာကို အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် (Robert Gates) က အသိအမှတ်ပြုပေမယ့် အမေရိကန်တို့ အရေးနိမ့်တော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီ ဆိုတာကိုတော့ ငြင်းဆိုသွား ပါတယ်။ အာဖဂန်နစ္စတန်က စစ်ပွဲဟာ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ရဲ့ လက်ချောင်းလေးများအတွင်းက လျှောကျသွားတော့မယ်လို့တော့ သူ မယုံကြည် ဘူး လို့ ၀န်ကြီး ဂိတ်စ်က ကြာသပတေးနေ့က ၀ါရှင်တန်မှာ သတင်းထောက် တွေကို ပြောကြားသွားတာ ဖြစ်ပါတယ်။ နောက်ထပ် တပ်ဖွဲ့ဝင် ၂၁,၀၀၀ ထပ်ပို့ဖို့ သမ္မတက အတည်ပြုခဲ့ပြီး တပ် အများအပြား ရော အရပ်သားများပါ အာဖဂန်နစ္စတန်နိုင်ငံကို မရောက်ကြသေး ဘူး လို့လည်း သူက ထောက်ပြပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံသို့ နောက်ထပ် တပ်ဖွဲ့များ စေလွှတ်ဖို့ ဘယ်လို မေတ္တာရပ်ခံချက်မျိုးမဆို လက်ရှိအခြေအနေကို သေချာစွာ စိစစ်ပြီးမှသာ လုပ်ရမှာလို့လည်း ကာကွယ်ရေးဝန်ကြီးက ထောက်ပြပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံမှာ အမေရိကန်တပ်ဖွဲ့များ ဦးရေထက် အာဖဂန်ပြည်သူတွေကို ဘယ်လို အကာအကွယ် ပေးမလဲ ဆိုတာက ပိုပြီး အရေးကြီးပါတယ်လို့ အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး မိုက်ခ် မူလန် (Michael Mullen) ကလည်း ပြောဆိုပါတယ်။ ဂျပန်ပြိုင်ပွဲဝင်မယ့် မြန်မာကျောင်းသား ထိုင်းခရီးသွားလက်မှတ် ရပြီ 04 September 2009 ဂျပန်နိုင်ငံမှာ ကျင်းပမယ့် အိုရီဂါမီ (Origami) စက္ကူအရုပ်ချိုးလွှတ် ပြိုင်ပွဲမှာ သွားပြိုင်ဖို့ မြန်မာနွယ်ဖွား နိုင်ငံမဲ့ လူငယ်လေးကို ထိုင်းအစိုးရက ခွင့်ပြုလိုက်ပါပြီ။ အသက် ၁၂ နှစ်အရွယ်ရှိ မောင်သောင်ဒီ ကို ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်း အလုပ်သမား မိဘတွေက မွေးဖွားခဲ့တာကြောင့် ထိုင်းနိုင်ငံကူးလက်မှတ် မရနိုင် ဖြစ်ခဲ့ရပါတယ်။ ဘန်ကောက်မြို့က အဲဒီပြိုင်ပွဲမှာ ပထမရ ဗိုလ်စွဲခဲ့တဲ့ မြန်မာလူငယ်လေးက ချင်းမိုင်ကနေ ဘန်ကောက်ကို ပြန်လာပြီး ယာယီ နိုင်ငံကူးလက်မှတ် လျှောက်ခဲ့ပေမဲ့ ထိုင်းအစိုးရ ပြည်ထဲရေးဌာနက လက်မခံဘဲ ပယ်ချခဲ့ပါတယ်။ ထိုင်းနိုင်ငံ ရှေ့နေများကောင်စီက အစိုးရကို တရားစွဲမယ်လို့ ဆိုလိုက်တာနဲ့ အများက ဒီကိစ္စကို အာရုံစိုက်လာကြရပြီး ထိုင်း အစိုးရအဖွဲ့ ၀န်ကြီးများ စည်းဝေးကာ မောင်သောင်ဒီအား ယာယီ ခရီးသွားလက်မှတ် ထုတ်ပေးဖို့ သဘောတူလိုက်တာ ဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝ (Abhisit Vejjajiva)ကို သွားရောက်တွေ့ဆုံပြီး ကျေးဇူးတင်စကား ပြောခွင့်ရလိုက်တဲ့ မြန်မာနွယ်ဖွား လူငယ်လေးဟာ ဂျပန်ပြည်မှာ စက်တင်ဘာလ ၁၉ ရက်နဲ့ ၂၀ ရက်တို့မှာ ပြုလုပ်မယ့် အဲဒီ နိုင်ငံတကာ ပြိုင်ပွဲ မှာ သွားရောက် ယှဉ်ပြိုင်ရပါလိမ့်မယ်။ တရုတ် ရှင်ဂျန်းပြည်နယ် လူမျိုးရေး အဓိကရုဏ်း ထပ်ဖြစ် 04 September 2009 Han Chinese demonstrators push against riot shields of security forces during protest downtown in Urumqi, 03 Sep 2009 ဟန်တရုတ်လူမျိုး ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အူရုမ်ချီမြို့တွင် ရင်ဆိုင်တွေ့နေကြစဉ်။ စက်တင်ဘာ ၃၊ ၂၀၀၉။ တရုတ်နိုင်ငံ အနောက်ပိုင်းက ရှင်ဂျန်း (Xinjiang) ဒေသ လမ်းတွေပေါ်မှာ ဆန္ဒပြသူတွေ စုဝေးနေကြပါတယ်။ ရာနဲ့ချီတဲ့ လူတွေကို ဆေးထိုးအပ်တွေနဲ့ လိုက်ထိုးတဲ့ တိုက်ခိုက်မှုတွေ ဖြစ်အပြီးမှာ ပြည်သူလူထုအနေနဲ့ လုံခြုံမှုမရှိဘဲ နေနေကြရတယ်လို့ ဆန္ဒပြသူတွေက ပြောကြပါတယ်။ တရုတ်နိုင်ငံရဲ့ အကြီးဆုံး တိုင်းရင်းသားအုပ်စုဖြစ်တဲ့ ဟန်တရုတ်လူမျိုးတွေ အများဆုံးပါဝင်တဲ့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ အူရုမ်ချီ (Urumqi) မြို့ထဲမှာ ချီတက်နေကြပြီး သူတို့ကို လုံခြုံရေး အကာအကွယ်တွေ ပိုပေးဖို့ ရှင်ဂျန်း အာဏာပိုင်တွေကို တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ ရှင်ဂျန်းဒေသ ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ ၀မ်လီကွမ်ကတော့ ဆန္ဒပြသူတွေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ တိုက်တွန်းထားတယ်လို့ ဆင်ဟွာသတင်းဌာနက ဖော်ပြထားပါတယ်။ ဆန္ဒပြ လူအုပ်ကြီးကတော့ ဥက္ကဋ္ဌ ၀မ်လီကွမ်ကို ပြစ်တင်ရှုတ်ချပြီး ဒေသအာဏာပိုင်တွေ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ၂ ပတ်အတွင်း လူပေါင်း ၄၇၆ ယောက်ဟာ ဆေးထိုးအပ်သုံး အကြမ်းဖက်သူတွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ကြရတယ်လို့ သတင်းတွေက ဆိုပါတယ်။ အဲဒီ ဆေးထိုးအပ်နဲ့ အထိုးခံခဲ့ရသူတွေထဲမှာ အဆိပ်သင့်တာနဲ့ မူးယစ်ဆေးအာနိသင် ပြတာတွေတော့ မတွေ့ရဘူးလို့ ဆရာဝန်တွေက ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မသင်္ကာသူ ၂၁ ယောက် အဖမ်းဆီး ခံထားရတယ်လို့ ဆင်ဟွာသတင်းဌာနက ဖော်ပြထားပါတယ်။ မရှိလည်း ကောင်း ရှိမကောင်း သို့မဟုတ် စာပေကင်ပေတိုင် မိုးမခ အထောက်တော်၊ ရန်ကုန် စက်တင်ဘာ ၃၊ ၂၀၀၉ ယခုတပတ်ထုတ် လျှပ်တပြက်ဂျာနယ်ပါ ဆောင်းပါးအချို့ကို ဖတ်ရှုပြီးနောက် စာနယ်ဇင်းလောကမှ ဂျာနယ်လစ် အချို့ အမြင်ရှုပ်ထွေးကုန်ကြပါတယ်။ အစဉ်အမြဲ စာပေလွတ်လပ်ခွင့်နဲ့ စာနယ်ဇင်းသမားများ အခွင့်အရေး အတွက် ပြောဆိုရေးသားခဲ့တဲ့ လူထုစိန်ဝင်းက စာပေစိစစ်ရေး ညွှန်မှူး ဗိုလ်မှူး တင့်ဆွေ (ကလောင် အမည် ရဲရင့်တင့်ဆွေ) ရဲ့ဆောင်းပါးများ စုစည်းပြီးထုတ်တဲ့ စာအုပ်မှာ အမှာစာရေးပေးခဲ့ပြီး ဗိုလ်မှူး တင့်ဆွေကို `စာပေကို တန်ဖိုးထားသလို စာရေးဆရာတွေအပေါ်မှာလည်း စာနာစိတ်ရှိတဲ့သူလို့ မှတ်ချက်ချမိတယ်´ `ဒီအဖွဲ့လက်ထက်မှာ ကိုယ်တိုင်ရေး တဲ့စာတွေ အဖြုတ်ခံရတာ သိသိသာသာကြီးကို လျော့နည်းသွားတာ လည်းအမှန်ဖြစ်တယ်´ လို့ရေးသားထားတာတွေ့ရပါတယ်။ ဆရာလူထုစိန်ဝင်း ဘယ်လို ဖြစ်သွားပါလိမ့် ဆိုပြီး စာနယ်ဇင်းလောက ထဲကသတင်းထောက်တွေ မေးကုန်ကြပါတယ်။ စိစစ်ရေးကို ရှုမြင်ပုံတွေ ပြောင်းကုန်ပြီလား၊ တကယ်ပဲ စိစစ်ရေးဟာ ပြောင်းလဲလာသလား ဆိုတဲ့မေးခွန်းတွေ အချင်းချင်း မေးမြန်းကုန်ကြပါတယ်။ ဆရာက စာပေစိစစ်ရေး ရှိတာကို ရှိသင့်တဲ့သဘောမျိုး လက်ခံထားလိုက်ပြီလား၊ လူပုဂ္ဂိုလ်အရ ကောင်းတယ်ဆိုးတယ် ဆိုတာ အငြင်းပွားနိုင်သော်လည်း စိစစ်ရေး ရှိနေတာကိုက စာအုပ်စာပေ လွတ်လပ်စွာ ထုတ်ဝေဖို့၊ သတင်းတွေ မြန်မြန်ဆန်ဆန် စာဖတ်သူဆီရောက်ဖို့ ၊ လူတွေဖတ်ချင်တဲ့ သတင်းအချက် အလက်မှန်တွေ တတ်နိုင်သမျှ မရောက်အောင်နဲ့ အစိုးရရဲ့ ၀ါဒဖြန့်ချက်၊ လူထုရဲ့ ခံစားနေရတဲ့ ခံစားချက်ကို ပြောင်းပြန်လှန်ထားတဲ့ ၀ါဒဖြန့်ချက်တွေ ပုဂ္ဂလိက စာစောင်တွေမှာ အခမဲ့ ထည့်သွင်းစေဖို့အတွက် စာပေ စိစစ်ရေးဆိုတာ ယန္တရား တခုဆိုတာ ဆရာမပြောတော့ဘူးလား စသဖြင့် လူငယ် သတင်းထောက်များအကြား မေးမြန်းလာကြပါတယ်။ သတင်းမီဒီယာ တင်မကပဲ တေးသီချင်းရေးဖွဲ့သူ၊ ဘာသာရေး စာအုပ်စာတန်းတွေ ထုတ်ရာမှာ၊ နိုင်ငံရေး အထုပ္ပတ္တိစာအုပ်စာပေ၊ သမိုင်းစာပေတွေ ထုတ်ဝေရာမှာပါ စာပေစိစစ်ရေးဟာ အတားအဆီးကြီး တခု၊ ထည့်သွင်းမစဉ်းစားလို့ မရတဲ့အရာ တခုပါ။ ၁၉၆၂ တော်လှန်ရေးကောင်စီအာဏာ သိမ်းပြီး စစ်တပ်အာဏာရှင် စနစ်နဲ့ အုပ်ချုပ်လာပြီးနောက် စာပေစိစစ်ရေးယန္တရားကို တည်ထောင်ခဲ့တာပါ။ စာပေလောက၊ သတင်းမီဒီယာလောကမှာ စာပေစိစစ်ရေးဟာ အစဉ်အမြဲ ဆူးညှောင့်ခလုတ်တခု၊ အတားအဆီးကြီး တခုဖြစ်နေတယ်လို့ ဒီလောကကလူတွေ အားလုံးနားလည်ထားကြပါတယ်။ သတင်းမီဒီယာ လောကက အယ်ဒီတာတွေ၊ ပိုင်ရှင်တွေက စာပေစိစစ်ရေးဆိုတာကို အိမ်ဦးခန်းမှာ ဆွဲထားတဲ့နတ်အုန်းသီးလို သဘောထားပြီး ပသနေကြရပါတယ်။ မ ပသတဲ့ဂျာနယ်၊ အယ်ဒီတာတွေကတော့ ကံမကောင်းနိုင်ကြရှာပါ။ ငွေကြေး အကျိုးအမြတ်ပေးသူ၊ လက်ဆောင်ပဏ္ဍာမှန်မှန် ပေးသူ၊ အစိုးရရဲ့ ပေါ်လစီကို ထောက်ခံရေးသားပေးတဲ့ ဂျာနယ်တွေဆို စိစစ်ရေးက အခွင့်အရေးပေးပြီး ၊ လူထုဘက်က ရပ်တည်သူ၊ အစိုးရအပေါ် ဝေဘန်တဲ့အမြင်ရှိတဲ့ အယ်ဒီတာ၊ သတင်းထောက်တွေရဲ့ ဂျာနယ်၊ ဆောင်းပါးတွေကို ဖြတ်တောက် ခုတ်ထစ်၊ အချိန်ဆွဲထား စတဲ့နည်းအမျိုးမျိုးနဲ့ နှောင့်နှေးအောင် ဈေးကွက်မှာ ရပ်တည်ရ ခက်အောင် လုပ်ဆောင်နေတယ်ဆိုတာ ဒီလောက ကအားလုံး သိရှိကြပါတယ်။ ရန်ကုန်မီဒီယာ အသိုင်းအ၀ိုင်းမှာ အလဲဗင်းမီဒီယာက စာပေစိစစ်ရေးကို အိတ်ထဲထည့်ထားတယ်ဆိုတာ အားလုံး လက်ခံထားကြပါတယ်။ သတင်းဂျာနယ် မထုတ်ခင်ကတည်းက ညဘက်သန်းကောင်ကျော် မှာကန်တဲ့ ဘောလုံးပွဲကို First Eleven က မနက်မှာ အချပ်ပိုနဲ့ဖေါ်ပြခွင့်ရှိခဲ့တာပါ။ အခုနောက်ပိုင်း သတင်းဂျာနယ်ထုတ်ဝေ လာတော့လည်း ဘယ်ဂျာနယ်တိုက်နဲ့မှ မတူတဲ့အခွင့်အရေးတွေ ရတာ၊ ညဘက်ဖြစ်ပွားတဲ့ သတင်းတွေ နောက်တရက်မနက်ထွက်တဲ့ အလဲဗင်းဂျာနယ်မှာ ဖေါ်ပြခွင့်ရခဲ့ပါတယ်။ အဲဒီလို ဖေါ်ပြခွင့်ပေးတာကို အခြားဂျာနယ်တိုက်တွေက ဝေဘန်ကြတဲ့အခါမှာ နောက်ပိုင်း အခြားဂျာနယ်တွေလည်း အဲဒီလိုသတင်းမျိုး ညဘက်သွားပြတာ၊ တာဝန်ခံပြီး သတင်းကို ဖေါ်ပြတဲ့ အခွင့်အရေးမျိုးနောက်ပိုင်းမှ ရကြတာပါ။ မကြာမီ သတင်းပတ်မှာတော့ ဆရာလူထု စိန်ဝင်းကို လျှပ်တပြက် အယ်ဒီတာချုပ် မြတ်ခိုင်က ချဉ်းကပ်ကာ အင်တာဗျူးလုပ်ပြီး မီဒီယာနဲ့ အန်ဂျီအိုဆိုပြီး အင်တာဗျူး ဖေါ်ပြခဲ့ပါတယ်။ မြတ်ခိုင်က ဆရာလူထုစိန်ဝင်းကို ခွဲထုတ်ပြီး စိစစ်ရေးနဲ့ ဆရာနဲ့အကြားမှာ ဘာမှ ပြဿနာမရှိတော့ သယောင် ပုံဖေါ်တာလို့ နားလည်သူကနားလည် ကြပေမယ့် အချို့သော မီဒီယာလောကမှ သူတွေကတော့ ဆရာများ ပြောင်းလဲသွားပြီလား ဆိုပြီး ထင်မြင်ကြပါတယ်။ သတင်းထောက်တယောက်က `ဆရာ့ အနားကို မြတ်ခိုင်တို့ ဗိုလ်မှူး တင့်ဆွေတို့ ကပ်လာကြတော့ ဆရာ အနီးမှုန်သွားသလား မပြောတတ်ဘူး၊ အဝေးမှာနေတုန်းကတော့ သူတို့ရဲ့ ပုံသဏ္ဍန်ဟာ ဘာဆိုတာကို ဆရာနားလည်ပေမယ့် အခုလို အနီးကပ်လာတော့ မှုန်ဝါးသွားလားမသိဘူး´ လို့အားမရတဲ့ လေသံနဲ့ ပြောပါတယ်။ ယခုတပတ် လျှပ်တပြက်ဂျာနယ်မှာ ရုပ်ရှင် မင်းသားကြီး ဦးထွန်းဝေ ရဲ့ ဓါတ်ပုံ ဖေါ်ပြခွင့်ရတာ၊ ဆရာတင်မိုးရဲ့ ဆောင်းပါး ယခုသီတင်းပတ်ပိုင်းမှာ ဖေါ်ပြခွင့်ရတာ၊ ဆရာတင်မိုးနာမည် ပြန်ဖေါ်ပြခွင့်ရတာ၊ ဆရာနန်းညွှန့်ဆွေရဲ့ ကလောင်ခွဲ သုခမိန်ကိုလည်း နန်းညွန့်ဆွေမှန်းသိလျက်နဲ့ စိစစ်ရေးက ဖေါ်ပြခွင့်ပြုတာတွေဟာ စိစစ်ရေး မူပြောင်းလဲလာပြီ ဆိုပြီး ရေးသားဖေါ်ပြထားပါတယ်။ ဦးထွန်းဝေ၊ ဆရာတင်မိုးတို့ကို အမည်ဖေါ်ပြခွင့်ပြုတာဟာ စာပေစိစစ်ရေးအနေနဲ့ သဘောထားကြီးတယ်လို့ ဆိုပါတယ်။ သူ့ရဲ့စာတွေ၊ သူတို့ရဲ့ အနုပညာလက်ရာတွေ ပြန်လည်ထုတ်ဝေ၊ ပြသခွင့်ရတာမဟုတ်ပါဘူး။ ယခုအချိန်ထိ ကျင့်သုံးလာတဲ့ အစိုးရနဲ့ သဘောကွဲလွဲတဲ့သူ အမည်ပါရင်တောင် ဖြုတ်ရမယ်ဆိုတဲ့ မူဟာ ဘယ်လောက်ထိ ကလေးကလား ဆန်တယ်ဆိုတာ၊ ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေဆိုရင်လည်း ၈၈ ခုနှစ်နောက်ပိုင်းမှ သေဆုံးသည်အထိ ဆယ်လေးငါးနှစ် ကျော်သူ့အနုပညာတွေ ဖေါ်ထုတ်ခွင့်မရတော့တာ၊ အမည်တောင် ဖေါ်ပြခွင့်မရှိခဲ့တာဟာ စစ်အစိုးရ အာဏာရှင်စနစ်ရဲ့ ချုပ်ချယ်လွန်းတဲ့ မူဝါဒတွေဆိုတာ မေ့လို့မရပါဘူး။ အခုလက်ရှိမှာကိုပဲ နာမည်လေးတောင် ဖေါ်ပြခွင့်မရှိသူ စာရေးဆရာ၊ ကဗျာဆရာ သတင်းစာဆရာ တွေဒါဇင်နဲ့ ချီရှိနေပါသေးတယ်။ ကွယ်လွန်ပြီးသူတွေထဲမှာ မောင်သော်ကလို၊ သက်ရှိထင်ရှား ထဲကဆို မောင်စွမ်းရည်၊ ဒါရိုက်တာ ၀င်းဖေ၊ အဆိုတော် မာမာအေး စတဲ့သူတွေလည်း ရှိပါသေးတယ်။ သူတို့ရော အမည်ဖေါ်ပြခွင့်၊ ဓါတ်ပုံ ဖေါ်ပြခွင့်ရဖို့ ကွယ်လွန်ပြီးတဲ့ အထိစောင့်ဆိုင်းရမှာလား ဆိုတဲ့ မေးခွန်းတွေ မေးစရာရှိလာပါတယ်။ ဒီနေ့ သတင်းဂျာနယ် လောကမှာ သတင်းရေးနေတဲ့သူတိုင်း ကိုယ်ရေးတဲ့ အချက်အလက်ခိုင်လုံပြီး စာဖတ်သူဖတ်ရှု ရရင် အကျိုးလည်းရှိမယ့် သတင်းတပုဒ် စိစစ်ရေးမှာ ဖြုတ်တာခံလိုက်ရရင် ဘယ်လိုခံစားရသလဲ ဆိုတာ ခံစားရဖူးသူတိုင်း နားလည်ကြပါတယ်။ ပြီးခဲ့တဲ့နှစ် နာဂစ်ဖြစ်ပြီးခါစမှာ တပတ်သာသာလောက်ပဲ သတင်းတွေ ဓါတ်ပုံတွေ အတိုင်းအတာတခုထိ ဖေါ်ပြခွင့်ရခဲ့ပြီး နောက်မှာတော့ နာဂစ်နဲ့ ပတ်သက်တဲ့ အဖြစ်အပျက်တွေ၊ ဒုက္ခရောက်နေဆဲ နေရာ ဒေသတွေ အကြောင်း၊ ဒုက္ခရောက်သူတွေအတွက် အကျိုးရှိမယ့် သတင်းတွေ၊ ကူညီမယ့်သူတွေအတွက် အထောက်အကူပြုမယ့် သတင်းအချက်အလက်တွေ အများစုဟာ စာပေစိစစ်ရေးကို ဖြတ်ကျော်မလာနိုင်ပဲ အမှိုက်ခြင်းထဲပဲ ရောက်ကုန်ပါတယ်။ နာဂစ် ပတ်သက်ပြီး သတင်းယူခဲ့တဲ့ သတင်းထောက်တချို့ဆိုရင် နှစ်ညအိပ် ၊ သုံးညအိပ် ဒုက္ခခံကာ သွားရောက်ပြီး သတင်းယူခဲ့တဲ့ အဖြစ်အပျက်တွေ စာဖတ်သူ ရှေ့မပို့နိုင်ပဲ စိစစ်ရေးမှာတင် မှင်နီနဲ့ ကြက်ခြေခတ်ခံလိုက်ရလို့ စိတ်ထိခိုက်ကာ မျက်ရည်ကျခဲ့တဲ့ အဖြစ်အပျက်မျိုးတောင် ပတ်ဝန်းကျင်မှာ ကြုံတွေ့ခဲ့ရဖူးပါတယ်။ ပင်ပင်ပန်းပန်း ကြိုးစားခဲ့သမျှ သဲထဲရေသွန် ဖြစ်စေတာဟာ စိစစ်ရေးဆိုတဲ့ စနစ်ကြီးကြောင့်ပါ။ မြန်မာပြည်မှာလို စာပေစိစစ်ရေး ဆိုတာကြီး သူများနိုင်ငံတွေမှာ မရှိကြပါဘူး။ အခြားနိုင်ငံကသူတွေ ကြားတဲ့အခါ စာပေစိစစ်ရေးဆိုတာကြီးကို နားလည်အောင် မနည်းရှင်းလင်းပြရပါတယ်။ ကမ္ဘာမှာ မြန်မာနိုင်ငံလို စာပေစိစစ်ရေး ရှိတဲ့နိုင်ငံ လက်ချိုးရေးရလောက်အောင် နည်းပါးမှာပါ။ ပုဂ္ဂလိက နေ့စဉ်သတင်းစာတွေ မထုတ်နိုင်တာဟာလည်း စာပေစိစစ်ရေးကြောင့်ပါပဲ။ သတင်းတွေ အနည်းဆုံး နှစ်ရက်ကနေ အများဆုံး ၅၊ ၆ရက်ထိ ရက်ခေါက်ပြီးမှ စာဖတ်သူထံရောက် ရတာဟာလည်း စာပေစိစစ်ရေးကြောင့်ပါ။ စာပေစိစစ်ရေး ရှိတာ ဗိုလ်မှူးတင့်ဆွေကြောင့်မဟုတ်သလို ၊ ဗိုလ်မှူးတင့်ဆွေ ရှိနေလို့လည်း စာပေစိစစ်ရေးဆိုတာဟာ လက်ခံစရာ၊ ချီးမွမ်းစရာ ဌါနတခုမဟုတ်တာတော့ သေချာပါတယ်။ စာပေ စိစစ်ရေး ဆိုတာဟာ အမှန်တော့ လွတ်လပ်ပွင့်လင်းမှုလိုလားတဲ့ သတင်းသမားတိုင်း၊ စာပေ အနုပညာ လွတ်လပ်စွာ ဖန်တီးလိုသူတိုင်း အတွက်မလိုလား အပ်တဲ့ အဖွဲ့အစည်းပါပဲ။ နိုင်ငံရေးလိုအပ်ချက် မတူတော့သည့်အတွက် ကိုးကန့်အရေးကို စစ်အစိုးရက ဖန်တီးခဲ့ဟု (ဗကပ) ပြော Friday, 04 September 2009 14:59 ဗထူး E-mail Print မကြာမီကဖြစ်ပွားခဲ့သည့် ကိုးကန့်ဒေသတိုက်ခိုက်မှုသည် ယခင် အပစ်ခတ်ရပ်စဲကာလနှင့် နှစ်၂၀ ကြာ (နအဖ)၏ ယနေ့နိုင်ငံရေးလိုအပ်ချက် မတူတော့သည့်အတွက် စစ်အစိုးရက ဖန်တီးခဲ့သည်ဟု ယမန်နေ့က ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ကြေညာလိုက်သည်။ ယခုထုတ်ပြန်ချက်တွင် (န၀တ) (နအဖ) စစ်အစိုးရလက်ထက် ထားရှိသည့် နိုင်ငံရေးလိုအပ်ချက်အပေါ် သုံးသပ်တင်ပြထားပြီး ရှေ့အလားအလာနှင့် ၎င်းတို့ပါတီ၏ သဘောထားများကို ဖော်ပြထားသည်။ ၁၉၈၉ ခုနှစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(န၀တ) လက်ထက် နိုင်ငံရေးလိုအပ်ချက်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) ပြိုကွဲရေး၊ တောခိုလာသည့် ၈၈ မျိုးဆက် ကျောင်းသားများနှင့် တရုတ်-မြန်မာနယ်စပ်ရှိ လက်နက်ကိုင်အဖွဲ့များအကြား အဆက်ဖြတ်ရေးနှင့် တရုတ်အစိုးရနှင့် ပြန်လည်ရင်ကြားစေ့ရေးဖြစ်သည်ဟု ဆိုသည်။ ထို့နောက် ယနေ့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(နအဖ) လက်ထက်တွင်မူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီပြိုကွဲရေး၊ ကမ္ဘာ့အနှံ့အပြားတွင် ရောက်ရှိနေသည့် ၈၈ မျိုးဆက်များ အညံ့ခံ၍ ပြည်တော်ပြန်လာရေးနှင့် အမေရိကန်အစိုးရနှင့် ပြန်လည်ရင်ကြားစေ့ရေး ဖြစ်သည်ဟု သုံးသပ်ထားသည်။ ကိုးကန့်အရေးအခင်း ပေါ်ပေါက်လာပုံနှင့် ပတ်သက်၍ “ ၂၀၀၉ နိုင်ငံရေးလိုအပ်ချက် အောင်မြင်ဖို့ (နအဖ)က သွေးတိုးစမ်းနေတာ ကြာပါပြီ၊ ညောင်နှစ်ပင်ညီလာခံထဲကဖြစ်တယ်။ (NLD) က သပိတ်မှောက်ထားတဲ့ ညီလာခံကို (ငြိမ်း)အဖွဲ့တွေ တက်လာအောင် (နအဖ) က လုပ်ခဲ့တာပါ၊ ဒါဟာ ပေါ်လစီအပြောင်းအလဲ စပြီး လုပ်တာပါပဲ။ ၁၉၉၈ ကတည်းက (ငြိမ်း)အဖွဲ့တွေကို ဗမာပြည်ရဲ့ ပင်မ နိုင်ငံရေးလှုပ်ရှားမှုရေစီးကြောင်းထဲ မပါအောင် လုပ်ထားရာကနေပြီး ပင်မနိုင်ငံရေးထဲ ပါလာအောင် လုပ်လိုက်တာပဲဖြစ်တယ်။ အဲ့ဒီလို တနပ်စားဥာဏ်နဲ့ လုပ်လိုက်တာရဲ့ အကျိုးဆက်အဖြစ် ကိုးကန့်အရေးအခင်း ပေါ်လာတာပဲ” ဟု (ဗကပ)ပြောခွင့်ရက ပြောဆိုသည်။ စစ်အစိုးရခေါင်းဆောင်အနေဖြင့် အပစ်ခတ်ရပ်စဲရေး (ငြိမ်း)အဖွဲ့များသည် နယ်ခြားစောင့်တပ်ဖွဲ့(BGF) ဖွဲ့စည်းမှုကို လက်ခံပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်မည်ဟု ထင်ထားသော်လည်း လက်တွေ့တွင်မူ ယင်းအဖွဲ့များအနေဖြင့် (BGF) ဖွဲ့စည်းမှုကို လက်မခံခြင်း၊ ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် ငြင်းဆိုလာခဲ့ခြင်းအပြင် အပစ်ရပ်အဖွဲ့များ၏ ၂၀၁၀ ရွေးကောက်ပွဲအပေါ် ရပ်တည်ချက်သည် အခြေခံအားဖြင့် (NLD) ပါတီ၏ ရွှေဂုံတိုင်ရပ်တည်ချက်နှင့် တူနေသည်ဟု ဆက်လက်ဖော်ပြထားသည်။ ထိုအခြေအနေများကြောင့် စစ်အစိုးရက ကိုးကန့်အဖွဲ့ခေါင်းဆောင် ဦးဖုန်ကြားရှင်အား အမှုဆင်ဖမ်းဆီးရန် ကြိုးစားခဲ့ပြီးနောက်တွင် လက်နက်ကိုင်ဖြေရှင်းသည်အထိ ရောက်ရှိခဲ့သည်ဟု ဆိုသည်။ ရှေ့အလားအလာနှင့်ပတ်သက်၍ ထုတ်ပြန်ရာတွင် အပစ်ခတ်ရပ်စဲရေးသည် ယခု ကိုးကန့်အရေးမှ စတင်ပျက်စီးသွားပြီဖြစ်ရာ အဆိုပါပဋိပက္ခသည် ပိုမိုကြီးမားလာတော့မည်ဟု ဆိုသည်။ “(နအဖ)ကလည်း ၂၀၁၀ ရွေးကောက်ပွဲအတွက် လိုအပ်တဲ့ ဥပဒေတွေ ထုတ်ရတော့မယ်။ ရွေးကောက်ပွဲကော်မရှင် ဖွဲ့ရတော့မယ်၊ အဲ့ဒါတွေ မထုတ်ပြန်ခင်မှာ (NLD) ကို ရွှေဂုံတိုင်ကြေညာချက်ကနေ ရွေ့သွားအောင် လုပ်ခဲ့တယ်။ မအောင်မြင်ဘူး။ (ငြိမ်း)အဖွဲ့တွေကို ငြိမ်အောင်လုပ်တာလည်း မအောင်မြင်ရုံမက ဆန့်ကျင်ဖက်အကျိုးတွေပဲ ဖြစ်လာနေပြီ” ဟု (ဗကပ)ပြောခွင့်ရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၎င်းတို့ပါတီ၏ သဘောထားကို ဆက်လက်ဖော်ပြရာတွင် ယင်းတို့အခေါ် (ရဲဘော်ဟောင်း) ယခင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်သွားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ဗမာပြည် ပင်မနိုင်ငံရေးလှုပ်ရှားမှုထဲသို့ ပါဝင်လာသည်ကို ကြိုဆိုအားပေး၍ ပြတ်ပြတ်သားသား ရပ်တည်သွားမည်ဟု ဖော်ပြကာ မော်စီတုန်းအတွေးအခေါ်ကို ဗမာပြည်တော်လှန်ရေးလက်တွေ့နှင့် ပေါင်းစပ်ဖို့ (ရဲဘော်ဟောင်း)မိတ်ဆွေများကို တိုက်တွန်းသည်ဟု ဖော်ပြထားသည်။ ပြီးခဲ့သည့်လ (၂၈) ရက်နေ့ကလည်း ကိုးကန့်အဖွဲ့ခေါင်းဆောင် ဦးဖုန်ကြားရှင်က အထူးကြေညာချက် ထုတ်ပြန်ခဲ့ရာတွင် အပစ်ခတ်ရပ်စဲရေးကို စစ်အစိုးရက စတင်ဖောက်ဖျက်ခဲ့ခြင်းဖြစ်ပြီး ၁၄ နှစ်ကြာ ကျင်းပပြုလုပ်၍ ၂၀၀၈ ခုနှစ်တွင် တဖက်သတ် အတည်ပြုပြဌာန်းခဲ့သည့် အခြေခံဥပဒေသည် တိုင်းရင်းသားပြည်သူများ၏ ဆန္ဒသဘောာထား မပါသည့်အတွက် ထောက်ခံမှုမရှိဟု ဖော်ပြခဲ့သည်။ ထို့အပြင် အမျိုးသားညီလာခံတွင် တင်ပြခဲ့သည့် တိုင်းရင်းသားများ၏ တောင်းဆိုချက်များကို လိုက်လျောခြင်းမရှိခဲ့သည့်အတွက် များစွာသော တိုင်းရင်းသားလူမျိုးများအနေဖြင့် လက်နက်စွဲကိုင်တောင်းဆိုရသော အခြေအနေသို့ ရောက်ရှိခဲ့သည်ဟု ဖော်ပြခဲ့သည်။ စစ်အစိုးရအနေဖြင့် ပြီးခဲ့သည့် သြဂုတ်လ (၂၇) ရက်နေ့တွင် ကိုးကန့်တပ်ဖွဲ့များထိန်းချုပ်ရာ လောက်ကိုင်နှင့် ချင်းရွှေဟော်ဒေသများသို့ စစ်အင်အားအလုံးအရင်းဖြင့် ၀င်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် တရုတ်-မြန်မာ နယ်စပ်တလျှောက်ရှိ အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့၏ နယ်မြေများအတွင်း စစ်ရေးအရ အင်အားတိုးချဲ့ချထားမှု၊ ပြင်ဆင်မှုများကို ဆက်လက်ပြုလုပ်လျက်ရှိသည်။ အဆိုပါ ကိုးကန့်အရေးမတိုင်မီကာလတွင် စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရေးကို လက်မခံသည့် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ ကချင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KIA)၊ ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ မိုင်းလားဒေသ (NDAA-ESS) အဖွဲ့ ၄ ဖွဲ့က ပြီးခဲ့သည့် ဇူလိုင်လအတွင်း စစ်ရေးမဟာမိတ်ဖွဲ့စည်းခဲ့ကြသည် မြို့နယ်ဥက္ကဌ ကိုယ်ကျိုးရှာအမြတ်ထုတ်မှုကို အောက်ခြေဝန်ထမ်းများ မကျေနပ် Thursday, 03 September 2009 11:42 ဉာဏ်မောင် E-mail Print ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်(မယက)ဥက္ကဌက ဌာနပိုင်ပစ္စည်းများကို ငှားရမ်းကာ ကိုယ်ကျိုးအတွက် အသုံးပြုနေပြီး ဝန်ထမ်းလစာများကိုလည်း အဆမတန် ဖြတ်တောက်မှုများ ပြုလုပ်နေခြင်းကြောင့် ဝန်ထမ်းများ မကျေမနပ် ဖြစ်နေကြသည်။ မယကဥက္ကဌ ဦးလှသောင်းက ရုံးပိုင် ဖုန်းနှစ်လုံးကို တလလျှင် ကျပ် ၂ သောင်းနှုန်းဖြင့် နှစ်ချုပ် ငှားရမ်းထားပြီး ဝန်ထမ်းများ လစာထုတ်လျှင်လည်း ခေါင်းစဉ်အမျိုးမျိုးပြ၍ ငွေဖြတ်ယူထားကြောင်း အမည်မဖော်လိုသည့် ဝန်ထမ်းတဦးက ပြောသည်။ “ဖုန်း၂ လုံးကို ကျုံတူးကျေးရွာက ဦးတင်အောင်ကို တလုံး ငှားထားတယ်။ နောက်တလုံးက ထရံကန်ကျေးရွာကို ငှားထားတယ်။ ၂ နှစ်စာ ငှားထားတဲ့ ငွေကို သူ အကုန်သုံးထားတယ်။ ဝန်ထမ်းတွေ လစာထုတ်ရင်လည်း ဆွမ်းလောင်းကြေး ၅၀၀၊ ထီဖိုး ၁၀၀ နဲ့ အမျိုးသမီးရေးရာကြေး ၄,၂၀၀ လစာထဲကနေ ဖြတ်တယ်။ အဲဒါတွေကို သူ့အတွက်ပဲ သုံးနေတာ” ဟု ၎င်းက ပြောသည်။ ဦးလှသောင်း ခရမ်းမြို့သို့ ရောက်ရှိလာသည့် အချိန်မှစ၍ အစိုးရက ထုတ်ပေးသည့် မြေသြဇာများကိုလည်း လယ်သမားများထံ ရောက်ရှိအောင် ဖြန့်ဖြူးပေးခြင်းမရှိဘဲ ရုံးဝန်ထမ်းများမှတဆင့် နေကြာမျိုးစေ့များ ရောင်းချခိုင်းပြီး ငွေကျန်ဝန်ထမ်းများကို အတင်းအကြပ် အမှုဖွင့်အရေးယူခြင်းများ ပြုလုပ်ခဲ့ကြောင်း အဆိုပါဝန်ထမ်းက ဆက်ပြောသည်။ “မျိုးစေ့တွေ ရောင်းခိုင်းထားတာက လယ်သမားတွေ အခက်အခဲဖြစ်တော့ ငွေကျန်ရှိနေတဲ့ ဝန်ထမ်း ၈ ဦးကို ၂၀၀၇ တုန်းက မြို့နယ်တရားသူကြီးကို သူ့ရုံးခန်းထဲခေါ်ပြီးတော့ အမှုဖွင့်အရေးယူခိုင်းတယ်။ စာရေးဝန်ထမ်းတွေက အပြင်မှာ ငွေရှာပြီး စိုက်ရှင်းလိုက်ရတယ်။ သူရောက်လာတဲ့ ၂ နှစ်ကျော်အတွင်းမှာ ဝန်ထမ်း ၂၂ ဦးကို အကြောင်းရှာပြီး အလုပ်ထုတ်ပစ်လိုက်တယ်” ဟု ၎င်းက ပြောသည်။ ထို့အပြင် မြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များထံမှ အလှူငွေများ မကြာခဏ ကောက်ခံနေသော်လည်း ဒေသဖွံ့ဖြိုးရေးအတွက် တစုံတရာ လုပ်ဆောင်ခြင်းမရှိကြောင်း အဆိုပါ ဝန်ထမ်းက ဆက်ပြောသည်။ “သူရောက်လာပြီးတော့ မြို့မှာ တိုးတက်မှု ဘာမှမရှိဘူး။ သူ့ဆီမှာတော့ သိန်းနှစ်ရာလောက်တန်တဲ့ (၁ခ/၇၃၆၇) နံပါတ်နဲ့ ကားတစီးရယ်၊ ၇ သိန်းတန် ဆိုင်ကယ်တစီးရယ် ဝယ်ထားနိုင်တယ်၊ ဒီကိုမရောက်ခင်က သာပေါင်းမြို့မှာ အိမ်တလုံး၊ သီဟို၌ခြံ၊ အင်းအိုင်တွေ လုပ်ထားတာရှိတယ်။ ကားတစီးဝယ်ထားတယ်” ဟု ၎င်းက ပြောသည်။ ထိုကဲ့သို့ မယကဥက္ကဌက ဝန်ထမ်းများအပေါ် ညှာတာထောက်ထားခြင်းမရှိဘဲ ကိုယ်ကျိုးအတွက်သာ လုပ်ဆောင်နေသဖြင့် မြို့ပေါ်ရှိ ဌာနဆိုင်ရာဝန်ထမ်းအများစုကလည်း မကျေမနပ်ဖြစ်နေကြောင်း အမည်မဖော်လိုသည့် ဝန်ထမ်းက ဆက်လက်ပြောဆိုခဲ့သည်။ KNU မဲကသာဒေသသို့ DKBAနောက် နအဖစစ်ကြောင်းလိုက်ပါဝင်ရောက် Kaowao စက်တင်ဘာ ၄၊၂၀၀၉။ စံခလပူရီ(စက်တင်ဘာ-၄)i။ - ။ ဒီကေဘီအေ စောနော်တယာ စစ်ကြောင်း ဘုရားသုံးဆူဒေသအနီးရှိ မဲကသာရွာ သို့ ဝင်ရောက်လာပြီးနောက် ယမန်နေ့တွင် နအဖစစ်ကြောင်းတစ်ကြောင်း ၄င်းရွာအနီးသို့ ထပ်မံရောက်ရှိလာရာ ရွာသားအချို့ အခြားနေရာများသို့ မသိမသာပြောင်းရွေ့ထွက်ခွာနေကြကြောင်း ဆက်သွယ်မေးမြန်မှုများအရ သိရသည်။ အဆိုပါ ဝင်ရောက်လာသည့် နအဖစစ်ကြောင်းမှာ ဘုရားသုံးဆူမြို့၌ အခြေပြုလျှက်ရှိသော ခမရ ၂၈၃ မှ ဗိုလ်ကြီး အောင်သန်းဝင်း ဦးစီးအင်အား ၃၀ ခန့်တပ်ခွဲတစ်ခွဲဟု ယူဆရကြောင်း၊ မဲကသာချောင်းတစ်ဝိုက်၌ လှုပ်ရှားနေကြ ကြောင်း KNU တပ်မဟာ ၆ ပြောခွင့်ရ အရာရှိတစ်ဦးက ဆိုပါသည်။ KNU တပ်မဟာ၆ တပ်ဖွဲ့သည် DKBA တပ်ဖွဲ့ဝင်ရောက်လာမှုကို တစ်စုံတစ်ရာ အနှောက်အယှက် မပြုသေးသော် လည်း မြန်မာစစ်အစိုးရတပ်ဖွဲ့များ ယခုကဲ့သို့ဝင်ရောက်လာမှုအပေါ် အဆိုပါတပ်ဖွဲ့များ အကြား မကြာမီတွင် တိုက်ပွဲစတင်ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု ဒေသခံများ ယူဆနေကြသည်။ မဲကသာသို့ ယခုရက်ပိုင်းအတွင်း ရောက်ရှိလာသော DKBA အမှတ် ၉၀၇ တပ်ရင်းမှူး စောနော်တယာနှင့် အမှတ် ၉၀၁ မှ ဗိုလ်ကြီးစောအေဝမ်းတို့တပ်ဖွဲ့အင်အားမှာ ၇၀ ခန့်သာရှိသည်ဟု နယ်စပ်စစ်ရေး လေ့လာနေသူများ ခန့်မှန်း တွက်ချက်နေကြသည်။ ထို့အတူ DKBA တပ်ဖွဲ့များ မြန်မာစစ်အစိုးရတပ်များ အကူအညီဖြင့် KNU တပ်မဟာ ၅၊ တပ်မဟာ ၇ ဧရိယာများ တွင်လည်း ဝင်ရောက်တိုက်ခိုက်နေကြဆဲဖြစ်သည်။ မြန်မာစစ်အစိုးရကမူ ကရင်လူမျိုးအချင်းချင်း ပစ်ခတ်မှုများသာဖြစ်ကြောင်း၊ မြန်မာအစိုးရတပ်များ ပါဝင်ပတ်သက် မှုမရှိကြောင်း လွန်ခဲ့သည့်ဇွန်လထုတ် စစ်အစိုးရသတင်းစာများ၌ ထုတ်ပြန်ဖေါ်ပြခဲ့သည်။ မဲကသာဒေသသည် KNU တပ်မဟာ ၆ အဓိကခြေကုတ်စခန်းတစ်ခုဖြစ်ပြီး ယခုကဲ့သို့ DKBA ကိုအလွယ်တကူ ဝင်ရောက်ခွင့်ပေးခဲ့ခြင်းမှာ တစ်ဖက်နှင့်တစ်ဖက် အပေးအယူများရှိကြသည်ဟု နယ်စပ်စစ်ရေးလေ့လာသူများ လက်ခံရရှိသော သတင်းအချက်အလက်များအရ သုံးသပ်ပြောဆိုနေကြသည်။ သို့သော် KNU အရာရှိက ၄င်းအပေးအယူကိစ္စကို အတည်မပြုခဲ့သော်လည်း တစ်ဖက်နှင့်တစ်ဖက် စကားပြောစက် ဖြင့် တစ်ခါတစ်ရံ ဆက်သွယ်ပြောကြားမှုရှိကြသည်ဟု ဆိုပါသည်။ ok မိုင်းများကိုပြင်ဆင်နေသော စောနော်တယာ၏ ဒီကေဘီအေတပ်ဖွဲ့ဝင်တစ်ဦး အဆိုပါ မဲကသာရွာ၌ ဒီကေဘီအေ စခန်းသစ်တည်ဆောက်မည်ဟု ပြောဆိုနေကြသည်။ ဒေသခံရွာသား များအား ရွာပြင်ထွက်ခွင့်ကိုလည်း DKBA မှ ပိတ်ပင်ထားသည်ဟု သတင်းများထွက်ပေါ်နေသည်။ ဆိုပါ မဲကသာရွာ၌ ဒီကေဘီအေ စခန်းသစ်တည်ဆောက်မည်ဟု ပြောဆိုနေကြသည်။ ဒေသခံရွာသားများ ရွာပြင်ထွက်ခွင့်ကိုလည်း DKBA မှ ပိတ်ပင်ထားသည်ဟု သတင်းများထွက်ပေါ်နေသည်။ အဆိုပါ စောနော်တယာ ဒီကေဘီအေစစ်ကြောင်းမှာ ဘုရားသုံးဆူမြို့တွင် စခန်းချနေစဉ် ရိက္ခာပြဿနာများ ဖြစ်ပေါ်ခဲ့ပြီး သစ်ကုန်သည်များအပေါ် သယ်ဆောင်ခွင့်အကောက် တိုးမြင့်ကောက်ခံခဲ့ရ သည်ဟု သတင်းများတွင် ဖေါ်ပြကြသည်။ KNU တပ်မဟာ ၆ အနေဖြင့် ကရင်အမျိုးသားအချင်းချင်း ပစ်ခတ်သတ်ဖြတ်မှုကို မပြုလုပ်လိုဟု သတင်းများတွင် ထုတ်ဖေါ်ပြောကြား ခဲ့ပြီးဖြစ်သည်။ သို့သော် မြန်မာစစ်အစိုးရတပ်ဖွဲ့တို့ ယခုကဲ့သို့ ဝင်ရောက်လာမှုအပေါ် KNLA တပ်ရင်း ၁၆ ကလက်မခံနိုင်ကြောင်း KNU အရာရှိက ဆိုပါသည်။ KIO ဌာနချုပ်ရှိ ဒေသခံများတရုတ်ပြည်သို့ ပစ္စည်းရွှေ့ပြောင်းမှု တရုတ်ကလက်မခံ ဇော်ကြီး။ စက်တင်ဘာလ ၃ ရက်၊ ၂၀၀၉ ခုနှစ်။ တရုတ်မြန်မာနယ်စပ်ရှိ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်ရုံးစိုက်ရာ လိုင်ဇာမြို့ရှိ ဒေသခံများမှ တ ရုတ်ပြည်ဖက်သို့ ပစ္စည်းများပြောင်းရွှေ့နေမှုကို တရုတ် အာဏာပိုင်များက လက်မခံဟု ဒေသခံများကပြောသည်။ ယခုရက်ပိုင်းအတွင်း လိုင်ဇာမြို့နှင့်အနီးတ၀ိုက်တွင် စစ်အစိုးရတပ်အင်အားများ ပိုမိုဖြည့်တင်းလာမှုကြောင့် တိုက် ပွဲများဖြစ်ပွားလာမည်ကို စိုးရိမ်ပြီး ယနေ့နံနက်က တရုတ်ပြည်ဖက်သို့ ပစ္စည်းသယ်ပို့သည့် ဒေသခံများအား တ ရုတ်အာဏာပိုင်များက လက်မခံဘဲ မောင်းထုတ် နေသည်ဟု လိုင်ဇာမြို့ခံတဦးကပြောသည်။ တရုတ်ပြည်ဖက်ခြမ်းမှ လာရောက်စီးပွားရှာနေကြသည့် တရုတ်လူမျိုးများကိုသာ ပစ္စည်းသယ် ယူခွင့်ပေးပြီး မြန် မာနိုင်ငံသားများအား ပြန်မောင်းထုတ်နေသည်ဟု ၎င်းကယခုလိုပြောသည်။ “သူတို့နိုင်ငံကလူတွေသယ်တာတော့ ခွင့်ပြုတယ်။ ဒီဖက်ကမ်းကလူတွေဆိုရင်တော့ ပြန်မောင်း ထုတ်ခဲ့ တာ။ အခု ဂိတ်တဲ့တဲ့ကဆိုင်ထဲကနေ မြင်နေရတယ်။” ဒေသခံလူထုများသည် ယခင်နေ့များကတည်းက ပြောင်းရွှေ့နေကြသော်လည်း ယနေ့နံနက်မှ တရုတ်အာဏာပိုင် များက ပိတ်ပင်ခြင်းဖြစ်သည်။ ယခုလိုဒေသခံများ တရုတ်ဖက်ခြမ်းသို့ရွှေ့ပြောင်းနေမှုအား ကေအိုင်အိုမှ တရားဝင်ပြောင်းရွှေ့ ခိုင်းခြင်းမဟုတ် သ လို ပိတ်ပင်တားဆီးမှုလည်းမရှိဟု ၎င်းကဆက်ပြောသည်။ “လူထုတွေ ပြောင်းတာရွှေ့တာကိုတော့ ဘာမှမပြောဘူး။ ပြောင်းပါလို့လည်းမညွှန်ကြားထားဘူး။ စိတ် မချဘူးဆိုလည်း သွားနေကြပေ့ါ။ ဘာမှမဖြစ်ဖူးလို့ပဲပြောတယ်။” ကေအိုင်အို ဌာနချုပ်အနီး လဂျားယန်ရွာသို့ သြဂုတ်လကုန်ပိုင်းက ရောက်ရှိလာသည့် စစ်အစိုးရတပ်များ ပြန် လည်ရုပ်သိမ်းခြင်း မရှိသည့်အပြင် ထပ်မံတိုးလာခဲ့သည်။ သြဂုတ်လ ၃၀ ရက်နေ့ညက လက်နက် ခဲယမ်းများ တင်ဆောင်ထားသည့် ကားသုံးစီး လဂျားယန်ရွာသို့ ထပ်မံ ရောက်ရှိလာပြီး စစ်အစိုးရတပ်အင်အားများပိုတိုးလာသည်ဟု ၎င်းက ယခုလိုဆက်ပြောသည်။ “လဂျားယန်နဲ့ မန်ဆန်ယန်ကြားပေ့ါ။ နောက်ဒီ မြစ်ကြီးနားကားလမ်းတလျှောက်မှာ နေရာတကာ တွေ့ နေရတယ်လို့ပြောတယ်။ ကားစီးခဲ့တဲ့ ခရီးသည်တွေပြောတာကတော့ တလမ်းလုံးသူတို့ချည်းပဲ စိမ်းနေ တာပဲတဲ့။” ကချင်ပြည်လွတ်မြောက်ရေးတပ်မတော် KIA ကလည်း ယခုရက်ပိုင်းအတွင်း ၎င်းတို့၏ တပ်ဖွဲ့ဝင်ဟောင်းများအား ပြန်လည်စုဆောင်း နေသည်ဟု သတင်းများထွက်ပေါ်နေသည်။ လွန်ခဲ့သည့် သြဂုတ်လက ကိုးကန့်တပ်ဖွဲ့များအား စစ်အစိုးရမှ တိုက်ခိုက်ခဲ့သည့်အချိန်မှစ၍ KIA လှုပ်ရှားနယ် မြေအတွင်း စစ်အစိုးရတပ်များ ၀င်ရောက်လာခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သည့် သြဂုတ်လအတွင်းက ကိုးကန့်တပ်ဖွဲ့များကို စစ်အစိုးရမှ တိုက်ခိုက်ခဲ့သည့် အပေါ်အခြေခံ၍ KIO အ ပေါ် စစ်ရေးအရ ဖိအားပေးလာပြီး တိုက်ပွဲများ ဖြစ်ပွားလာမည်ကို ဒေသခံများကစိုးရိမ်နေကြသည်။ မြန်မာ အလုပ်သမား ၂၄ ဦး အလုပ်ထုတ်ခံရ မြတ်သဇင်။ စက်တင်ဘာလ ၃ရက်၊ ၂၀၀၉ ခုနှစ်။ ထိုင်းနိုင်ငံတောင်ပိုင်း မဟာချိုင်ဒေသရှိ Lim Line co,ltd အထည်ချုပ်စက်ရုံမှ မြန်မာအလုပ်သမား ၂၄ ယောက် အလုပ်ထုတ်ခံခဲ့ရသည်။ ပြီးခဲ့သည့် စက်တင်ဘာ (၁) ရက်နေ့က အလုပ်ထုတ်ခံရသည်ဟု မသီတာ က ယခုလို ပြောသည်။ “၉လပိုင်း ၁ရက်နေ့က ကျမတို့ ၂၄ ယောက်ကို အလုပ်ထုတ်ပစ်တယ်၊ ကျမတို့ကို နေ့စား ပေးထား တာ။” အလုပ်ထုတ်ခံရသူအများစုမှာ အမျိုးသမီးများဖြစ်ပြီး ၎င်းတို့အထဲတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးနှင့် အ မျိုးသား ၅ ဦးပါဝင်သည်။ ယင်းစက်ရုံမှ အလုပ်သမားခေါင်းဆောင်များသည် ယခင်ကလည်း လူဟောင်းများကို အကြောင်းအမျိုးမျိုး ရှာ၍ အလုပ်ထုတ်နေသည်ဟု အလုပ်ထုတ်ခံရသူ ကိုဆွမ်ချိုင်းက ပြောသည်။ “လူဟောင်းတွေကို ပဲထုတ်တယ်၊ ထုတ်ရတဲ့အကြောင်းရင်းက လူသစ်တွေကို ခေါ်လို့ရှိရင် သူတို့အ တွက် ဆမတ်ခလို့ ခေါ်တဲ့ အလုပ်သွင်းခ ပိုက်ဆံရတယ်၊ လူတယောက်ဝင်လို့ ရှိရင်၊ ဗမာပြည်သား အ လုပ်ဝင်ခ ၄၀၀၀ ကနေ ၈၀၀၀ ထိရှိတယ်၊ အဲဒါကြောင့် လူဟောင်းတွေကို အပြစ်ရှာပြီးထုတ်တာ၊ အခု အလုပ်ထုတ်ခံရသူတွေ ကလည်း ၂ နှစ်ကနေ ၅နှစ် အထိရှိတာ၊ နောက်လည်း လူ၁၀၀ လောက်ထုတ် ဦးမယ်လို့ ပြောသံကြားတယ်။” အလုပ်ထုတ်ခံရသူများသည် လုပ်အားခ မရရှိသဖြင့် အခက်အခဲနှင့် ကြုံတွေ့ နေရသည်ဟု ၎င်းက ဆက်ပြော သည်။ “လုပ်အားခလည်းမရသေးဘူး၊ ပိုက်ဆံရဖို့လို့နော် ၁၃ရက်စာက တစ်ယောက် ၃၀၀၀ ကျော် ၄၀၀၀ လောက်ရမယ်။ အခုဘယ်လိုလုပ်ရမှန်းမသိဘူး၊ ဘယ်သွားလို့ ဘယ်လာရမှန်း မသိဘူး၊ ရှိတဲ့ပိုက်ဆံ လေးနဲ့ ၀ယ်စားနေရတယ်၊ ထိုင်းစာတွေနဲ့ရေးထားတဲ့ စာရွက်မှာ လက်မှတ်တွေ အတင်းထိုးခိုင်းနေ တယ်၊ ထိုးတဲ့လူက ထိုးပြီးပြီ၊ ခုထက်ထိ အဖြူအမဲက မသဲကွဲသေးဘူး။” အလုပ်ထုတ်ခံရသူများသည် အလုပ်ထုတ်ခံရသည့်အပြင် ခြိမ်းခြောက်မှု ခံနေရသည်ဟု ယင်း အလုပ်သမား က ပြောသည်။ “ကျနော်တို့က အပြင်ဆောင်မှာ ငှားနေရတယ်၊ တိုင်တဲ့လူတွေကို ထိုင်းလမ်းသရဲတွေနဲ့ ရိုက်ခိုင်းမယ် လို့ ပြောနေကြတယ်၊ အခုကြောက်နေတယ်၊ အိပ်လို့တောင် ကောင်းကောင်း မရဲဘူး။” အဆိုပါစက်ရုံတွင် မြန်မာရွေ့ပြောင်းအလုပ်သမား ၈၀၀ ခန့်နှင့် ထိုင်း အလုပ်သမား ၂၀၀ ခန့် ရှိကာ မဟာချိုင် မြို့တွင် မြန်မာအလုပ်သမား သုံးသိန်းကျော်ရှိပြီး အထည်ချုပ်စက်ရုံ၊ အလုပ်ရုံနှင့် အသားငါး လုပ်ငန်းတွင် အများ စု လုပ်ကိုင်နေကြသည်။ လွန်ခဲ့သည့် နှစ်ကစတင်ပြီး ကမ္ဘာနှင့် အ၀ှမ်း စီးပွားရေးအကျပ်အတည်းနှင့် ကြုံတွေ့ရစဉ် ကလည်း ထိုင်းနိုင်ငံ တွင် မြန်မာအလုပ်သမားအများအပြား အလုပ်ထုတ်ပယ်ခံခဲ့ရသည်။ စက္ကူလေယာဉ်ချန်ပီယံ မြန်မာကလေးငယ်ကို ထိုင်းက ပတ်စ်ပို့ ထုတ်ပေးပြီ မဇ္ဈိမသတင်းဌာန သောကြာနေ့၊ စက်တင်ဘာလ 04 ရက် 2009 ခုနှစ် 16 နာရီ 46 မိနစ် ချင်းမိုင် (မဇ္ဈိမ) ။ ။ ဂျပန်နိုင်ငံတွင် မကြာမီကျင်းပမည့် စက္ကူလေယာဉ်ပစ် ပြိုင်ပွဲအား သွားရောက်ယှဉ်ပြိုင်နိုင်ရန် ထိုင်းနိုင်ငံဖွား မြန်မာကလေးငယ်တဦးကို ထိုင်းအစိုးရက နိုင်ငံကူးလက်မှတ် ထုတ်ပေးလိုက်ပြီ ဖြစ်သည်။ ချင်းမိုင်မြို့ ဟွေဆိုင်းအရပ်ရှိ အစိုးရကျောင်းတခုတွင် ပညာသင်ကြားနေသော ၁၂ နှစ်အရွယ် မောင်ထောင်းဒီးကို ထိုင်း-ဂျပန် အသွားအပြန် ခရီးစဉ်တခုထဲအတွက် ရက် ၉၀ ခရီးသွားလက်မှတ် ပေးအပ်လိုက်ပြီဖြစ်ကြောင်း ထိုင်းနေ့စဉ်ထုတ် သတင်းစာ The Nation ၏ ဝဘ်ဆိုဒ်တွင် ဖော်ပြထားချက်အရ သိရသည်။ ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လုံခြုံရေးကောင်စီတို့ အရေးပေါ် အစည်းအဝေး ခေါ်ယူပြီးနောက် လက်မှတ်ထုတ်ပေးရန် ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။ မောင်ထောင်းဒီး၏ မိဘများမှာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် အလုပ်လုပ်နေသော ရှမ်းတိုင်းရင်းသားများဖြစ်၍ နိုင်ငံကူးလက်မှတ် ထုတ်ပေးရန် ပြည်ထဲရေးဝန်ကြီးဌာနက အစောပိုင်းတွင် ငြင်းဆိုခဲ့သည်။ ဘန်ကောက်မြို့တွင် ယခင်နှစ်က ကျင်းပခဲ့သော စက္ကူလေယာဉ်ပစ် ပြိုင်ပွဲတွင် မောင်ထောင်းဒီးက လေထဲ၌ ၁၂ ဒဿမ ၅၀ စက္ကန့်ကြာ ပျံဝဲနိုင်ရန် ပစ်လွှတ်နိုင်ခဲ့ကာ ပထမဆုရခဲ့သည်။ ထို့ကြောင့် ထိုင်းနိုင်ငံအား ကိုယ်စားပြု၍ ယခုလ ၁၉-၂၀ တွင် ဂျပန်နိုင်ငံ၌ ကျင်းပရန်ရှိသော Origami Airplane စက္ကူလေယာဉ်ပစ်ပြိုင်ပွဲ ဝင်ရန် အရည်အချင်းရှိသူ ဖြစ်လာခဲ့သည်။ ဂျပန်ပြည် ဝင်ခွင့်ဗီဇာရပါက ယခုလ ၁၆ ရက်နေ့တွင် ထိုင်းနိုင်ငံမှ ထွက်ခွာဖွယ်ရှိသည်။ မောင်ထောင်းဒီးသည် ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ခ်ျချာချီဝနှင့် ပါလီမန် အဆောက်အဦ၌ ယမန်နေ့က တွေ့ခွင့်ရခဲ့သေးသည်။ ဝန်ကြီးချုပ်က မောင်ထောင်းဒီးကို ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်းသည် ထိုင်းအစိုးရ ဌာနဆိုင်ရာများအနေဖြင့် နိုင်ငံမဲ့ကလေးများနှင့်ပတ်သက်၍ မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို ပြသသည့် ဥပမာကောင်းတခုဖြစ်ကြောင်း ပြောသည်။ ခရိုင်များနှင့်ပတ်သက်သော အုပ်ချုပ်ရေးဆိုင်ရာ ဌာနအကြီးအကဲ ဗွန်းဆက် စဝါဒီပါနစ်ကမူ ယခုကဲ့သို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်းသည် လူ့အခွင့်အရေး၊ နိုင်ငံအချင်းချင်းကြား နားလည်မှုနှင့် စာချုပ်စာတမ်းများအပေါ် အခြေခံ၍ ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ပြောသည်။ သို့သော် မောင်ထောင်းဒီးသည် မြန်မာရွှေ့ပြောင်းလုပ်သား မိဘများမှ ဖွားမြင်သူဖြစ်ပြီး လာမည့်နှစ် ဖေဖော်ဝါရီလတွင် မြန်မာပြည်သို့ ပြန်ပို့ခံရမည့်သူများထဲတွင် ပါဝင်လျက်ရှိနေသေးကြောင်း သူက ဆက်ပြောသည်။ ပြည်ထဲရေးဝန်ကြီးဌာနက နိုင်ငံကူးလက်မှတ်ထုတ်ပေးရန် အစပိုင်း၌ ငြင်းဆိုခဲ့သဖြင့် ထိုင်းနိုင်ငံ ရှေ့နေများကောင်စီက ပြည်ထဲရေးဝန်ကြီး ချောင်ဝရတ် ချန်ဝီရကွန်း ကို အုပ်ချုပ်ရေးဆိုင်ရာ တရားရုံးတခုတွင် လူ့အခွင့်အရေး ချိုးဖောက်မှုဖြင့် စွပ်စွဲ၍ အမှုဖွင့်ခဲ့သေးသည်။ ပညာရှင်များ၊ အခွင့်အရေး လှုပ်ရှားသူများကလည်း ဝေဖန်ပြစ်တင်ခဲ့ကြသည်။ တားမြစ်ပိတ်ပင်မှုများရှိသော ကြောင့်တိုင်းရင်းဆေးထုတ်လုပ်သူများ အခက်အခဲကြုံတွေ့ ၅ စက်တင်ဘာ ရန်ကုန် ၊ ၊ယူကွန် Plight of Burmese Traditional Medicines Makers ယခုနှစ်မေလမှစ၍ကျန်းမာရေးဝန်ကြီးဌာန က တိုင်းရင်းဆေးဝါးများကို အများပြည်သူသုံးစွဲရန် မသင့်ကြေညာခဲ့ပြီး စက်တင်ဘာလ ၂ ရက်နေ့ တွင် ထပ်မံ၍ တိုင်းရင်းဆေးဝါး ၁၄ မျိုးကို ထပ်မံကြေညာမှု ကြောင့် တိုင်းရင်း ဆေးဝါး ထုတ် လုပ်သည့် လုပ်ငန်းရှင်များ အခက်အခဲ တွေ့ နေကြရသည် ဟု သတင်းရရှိသည်။ စက်တင်ဘာလ ၂ ရက် ထုတ် မြန်မာ့ အလင်းသတင်းစာတွင် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါး ၁၄ မျိုးကို မှတ်ပုံတင် ထားခြင်းမရှိ မှု ကြောင့် ကျန်းမာရေးဝန်ကြီးဌာန က ပိတ်ပင်လိုက်သည် ဟု ဖေါ်ပြထားသည်။ပိတ်ပင်ခံထားရသည့် တိုင်းရင်ဆေးဝါး ထုတ်လုပ်သူ တစ်ဦးက “အဘတို့ က ဒီဆေးတွေ ကို ငွေကြေး ဓန အင်အားနဲ့ ထုတ်လုပ်နိုင်တာ မဟုတ်ပါဘူး။ဘယဆေးဝါး နဲ့ လိုအပ်တဲ့ သစ်ဥသစ်ဖု တွေ ကြိုမှ ထားရတယ် ။တချိူ့ ပါဝင် ပစ္စည်းတွေ ဆိုရင် ရှားတယ် ၊တောထဲတောင်ထဲမှာ မုဆိုးတွေ ကို ငွေကြိူပေးပြီးမှာ ရတယ်။အများကြီးရင်းမထားနိုင်ဘူး၊ရောင်းရတဲ့ ငွေပြန်ပေါ်မှ နောက်ဆေး ထုတ်ဖို့ ထပ်ရင်းနိုင် တာ အခု တားမြစ်ခံထားရတော့ အလျှင်မမှီဘူး ၊နောက်ထပ်ရင်းဖို့ ခက်တယ် ”ဟု သူထုတ်လုပ်နေသည့် တိုင်းရင်းဆေးလုပ်ငန်း သဘာဝ ကိုFreedom News Group သို့ ပြောသည်။ မေလ အတွင်းက ကျန်းမာရေးဝန်ကြီးဌာနက မှတ်ပုံမတင်ထားသောကြောင့် အများပြည်သူ သုံးစွဲရန် မသင့်ကြောင်း ကြေညာခဲ့သည့် တိုင်းရင်းဆေးဝါး ၁၇ မျိုးတွင် အချို့ ဆေးဝါးထုတ်လုပ်သူများမှာ နယ်မြို့ များမှ ဖြစ်သောကြောင့် ပြန်လည် မှတ်ပုံတင်ရန် အခက်အခဲ ဖြစ်နေသည် ဟု သိရသည်။ ကျန်းမာရေးဝန်ကြီးဌာန က ထို သို့ ဆေးဝါးများပိတ်ပင် တားမြစ်မှုများရှိသော် လည်း လက်လုပ်လက်စား ပြည်သူ အများစု မှာ ကုန်စုံဆိုင် နှင့် ကွမ်းယာဆိုင်များတွင်ရောင်းချနေဆဲရှိသော ထိုပိတ်ပင်ခံထားရသည့် တိုင်းရင်းဆေးဝါးများကို ပင် အားကိုးနေဆဲဖြစ်သည်။ မန္တလေး မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ ထိုင်းအဆိုတော် တာတာယန်း လာရောက်ဖျော်ဖြေမည် September 4, 2009 · Leave a Comment ၎ သြဂုတ် မန္တလေး ၊ ၊ညွန့် သက်ထားဦး Tata Young Join MNL Kick Off in Manadaly မန္တလေးမြို့ ဗထူးကွင်းတွင် ကျင်းပမည့် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ (၂ဝဝ၉)ခုနှစ် အတွက် ဒုတိယ အကြိမ်မြောက် ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတွင် အမေရိကန်နွယ်ဖွား ထိုင်းနာမည်ကြီး အဆိုတော် ဖြစ်သူ တာတာယန်း လာရောက်သီဆို ဖျော်ဖြေမည် ဟု သတင်းရရှိသည်။ MNL ဖွင့်ပွဲအခမ်းအနားတွင် တာတာယန်း လာရောက်သီဆိုရန် အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်နှင့် Air Bagan တို့ မှ စီစဉ်ခဲ့ခြင်းဖြစ်သည်။မြန်မာနေရှင် နယ်လိဂ်ပြိုင်ပွဲများကို အင်္ဂလန် ပရီးမီးယားလိဂ် ကဲ့သို့ နှစ်ကျော့ခွဲ ကစားမည် ဖြစ်သည်။ ပထမ အကျော့ ကို စက်တင်ဘာလ ၅ ရက်မှ အောက်တိုဘာလ နှောင်း ပိုင်းထိ ရန်ကုန် နှင့် မန္တလေးတွင် ကစားမည် ဖြစ်ပြီး ဒုတိယ အကျော့ကိုပွဲစဉ်များကို အောက်တိုဘာလ ၃၁ ရက်နေ့ မှ ဇန်န၀ါရီလ ၂၁ ရက်နေ့ ထိယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ ပြိုင်ပွဲတွင် အမှတ်အများဆုံး အသင်းကို မြန်မာ အမျိုးသားလိဂ် MNL အမှတ်ပေး ချန်ပီယံအဖြစ် သတ်မှတ်မည် ဖြစ်ပြီး အမှတ်ဇယားအလိုက် (၂ဝ၁ဝ)ပြည့်နှစ်တွင် ကျင်းပမည့် MNL ပြိုင်ပွဲအတွက် အဆင့်(၁)မှ(၈)အထိ သတ်မှတ်မည်ဖြစ်သည်။ (၂ဝဝ၉)ခုနှစ် MNL အမှတ်ပေးချန်ပီယံသည် (၂ဝ၁ဝ)ပြည့်နှစ် အတွင်း ကျင်းပမည့် AFC, AFF ကလပ်အသင်းများ ပြိုင်ပွဲသို့ နိုင်ငံကိုယ်စားပြု ကလပ်အသင်း အဖြစ် ပါဝင် ကိုယ်စားပြုမည် ဖြစ်သည်။ ပထမအကျော့နှင့် ဒုတိယအကျော့ ပွဲစဉ်ကြား (၁၉၊၁ဝ၊၂ဝဝ၉)ရက်မှ (၃ဝ၊၁ဝ၊၂ဝဝ၉)ရက် အထိကို မြန်မာ့လက်ရွေးစင် အသင်း၏ နိုင်ငံတကာပြိုင်ပွဲ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားနိုင်ရန် နားရက်အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရှိရသည်။ တာတာယန်းသည် ၂၀၀၇ ခုနှစ် ကထိုင်းနိုင်ငံတွင် ကျင်းပခဲ့သော ဆီးဂိမ်း ဖွင့်ပွဲအခမ်းအနားတွင် Rhythm of the Winner သီချင်းကို သီဆိုခဲ့သည်။( ပြီးခဲ့သည့် အာရှဖလား ပွဲတွင် လည်း အဖွင့်သီချင်းသီဆိုခဲ့)ထိုင်းနိုင်ငံသူ မိခင် နှင့် အမေရိကန် နိုင်ငံသားဖခင် တို့ မှ မွေးဖွားခဲ့သည်တာတာယန်းသည် ၁၉၉၁ ခုနှစ် သူမ အသက် ၁၁ နှစ်အရွယ်မှ စ၍ အနုပညာ လောကထဲသို့ ဝင်ရောက်ခဲ့သည်။ သူမ၏ Amita Tata Young အမည်ရှိ ပွဲဦးထွက် အယ်(လ)ဘမ်ကို ၁၉၉၅ ခုနှစ်တွင် ထုတ်ဝေ ခဲ့သည်။၂၀၀၆ ခုနှစ်ကထုတ်ဝေခဲ့သော သူမ၏ Dhoom Machale သီချင်းမှာမြန်မာ နိုင်ငံတွင်လူကြိုက်များသည်။ မေလက ကျင်းပခဲ့သည့် မြန်မာလိဂ် ကွင်းဖွင့်ပွဲကို သုဝဏ္ဏအားကစားကွင်းတွင် ကျင်းပခဲ့ရာ အဆိုတော် လေးဖြူ နှင့် အိုင်းရင်းခရောစ်အဖွဲ့ မှာ သီဆိုဖျော်ဖြေရန် စီစဉ်ထားသော်လည်းအာဏာပိုင်များက ပရိသတ် ထိမ်းမရ မည်ဆိုးသောကြောင့် ဟု အကြောင်းပြကာ ပယ်ဖျက်ခဲ့သည်။ တရုတ်မြန်မာနယ်စပ်မှလက်နက်များဖြင့် ပါလက်စတိုင်းစစ်သွေွးွ့ကများအားပံ့ပိုး 2009-09-04 တရုတ်မြန်မာနယ်စပ်က လာတဲ့ လက်နက်ပစ္စည်းတွေကို အီရန်ပွဲစားတွေက ဈေးပေါပေါနဲ့ ဝယ်ပြီး အရှေ့အလယ်ပိုင်းက အစ္စရေးလ်ဆန့်ကျင်ရေး ပါလက်စတိုင်း စစ်သွေွးွ့ကအဖွဲ့တွေ ဖြစ်တဲ့ ဟားမားနဲ့ ဟစ္စဘိုလာ သူပုန်တွေကို ပံ့ပိုးပေးနေတယ်လို့ စက်တင်ဘာ ၃ရက် မနေ့က ထုတ်တဲ့ ဝါရှင်တန်ဒီစီအခြေစိုက် Wayne Madsen Report အင်တာနက်သတင်းမှာ ဖော်ပြထားပါတယ်။ ဒီလို လက်နက် ပံ့ပိုးတာတွေကို အစ္စရေးလ်က မလိုလားတဲ့အတွက် မြန်မာအာဏာပိုင်တွေက ကိုးကန့်ဒေသ လက်နက်စက်ရုံကို ရှာဖွေရာကနေ ကိုးကန့် တိုက်ပွဲတွေ ဖြစ်ခဲ့တာလို့ တရုတ်နိုင်ငံထဲက ထောက်လှမ်းရေး သတင်းတွေကို ကိုးကားပြီး သတင်းစာဆရာ Mr. Wayne Madsen က ရေးသားလိုက်ပါတယ်။ Mr. Madsen နဲ့ ဆက်သွယ်မေးမြန်းပြီး RFA အဖွဲ့သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။ စစ်အစိုးရနှင့် KIO ကချင်အဖွဲ့ ဆွေးနွေးရန် စီစဉ် 2009-09-04 နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စကို ထပ်မံဆွေးနွေးဖို့ KIO ကိုယ်စားလှယ်အဖွဲ့ဟာ စစ်အစိုးရ စစ်ဖက်ရေးရာ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်နဲ့ စက်တင်ဘာ ၄ ရက်နေ့မှာ တွေ့ဆုံဖို့ ရှိပေမဲ့ အစီအစဉ် ပျက်သွားခဲ့ရပြီး ရှေ့လာမဲ့ အပတ်အတွင်းမှာမှ တွေ့ဆုံနိုင်ဖွယ် ရှိကြောင်း KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်ဆိုင်းက RFA ကို ပြောပါတယ်။ ဒီအတောအတွင်း KIO ထ်ိန်းချုပ်ရာဒေသအတွင်း စစ်အစိုးရတပ်တွေရဲ့ စစ်ရေးပြင်ဆင်မှု ရှိနေတယ်ဆိုတဲ့ သတင်းတွေကြောင့် ဒေသခံတွေ စိတ်မအေးဖြစ်နေကြောင်း သိရပါတယ်။ ဒီအကြောင်းတွေနဲ့ ဆက်နွယ်ပြီး KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်ဆိုင်းကို RFA အဖွဲ့သား ဦးဥာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။ KIO ကချင်အဖွဲ့နှင့် စစ်အစိုးရတို့ နောက်တပတ်မှာ ဆွေးနွေးမည် 2009-09-04 မြန်မာစစ်အစိုးရနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုတို့ လာမဲ့သီတင်းပတ်ထဲမှာ တွေ့ဖို့ အစီအစဉ်ရှိတယ်လို့ သတင်းရရှိပါတယ်။ ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကို စစ်အစိုးရတပ်တွေက အင်အားအလုံးအရင်းနဲ့ မကြာခင်က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ကေအိုင်အိုနယ်မြေအတွင်း တပ်စွဲထားတဲ့ ကေအိုင်အေတပ်ကိုလည်း ဆက်ပြီး တိုက်လာနိုင်တယ် ဆိုပြီး ခန့်မှန်းပြောဆိုနေကြချိန်မှာ ဒီသတင်းထွက်လာတာပါ။ ဒီလိုတွေ့ဆုံဖို့ကိစ္စကို အစတုံးက ဒီကနေ့ စက်တင်ဘာ ၄ ရက်နေ့မှာ စီစဉ်ထားပေမဲ့ ပျက်သွားလို့ နောက်တပတ်ကို ရွှေ့လိုက်တာလို့ သိရပါတယ်။ အခုလာမဲ့ ဆွေးနွေးပွဲမှာ အသွင်ကူးပြောင်းရေးကာလနဲ့ ပတ်သက်ပြီး ဆွေးနွေးဖွယ် ရှိတဲ့အကြောင်း ကေအိုင်အိုအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်ဆိုင်းက RFA ကို ခုလို ပြောပါတယ်။ ဗိုလ်ချုပ်ဇော်ဆိုင်း။ ။ 'အခုလိုနေတဲ့ အသွင်ကူးပြောင်းရေး ကိစ္စပဲ ဖြစ်မှာပါ၊ ကျနော်တို့က ခန့်မှန်းလို့တော့ မရသေးဘူးလေ။ နေပြည်တော်က ဗိုလ်ချုပ်ကြီးရဲမြင့်လည်း ရောက်လာမယ်လို့တော့ သတင်းရတယ်၊ ဒါပေမဲ့ မသေချာသေးဘူးခင်ဗျ။' လွန်ခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့ကလည်း မြန်မာစစ်အစိုးရ စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့က ဗိုလ်မှူးကြီးတယောက် ဦးဆောင်ပြီးတော့ လိုင်ဇာမြို့က ကေအိုင်အို ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်၊ အဲဒီတုံးက ကိုးကန့်ဒေသရဲ့ အခြေအနေ တွေကို လာရှင်းပြတာလို့ ဗိုလ်ချုပ်ဇော်ဆိုင်းက ပြောပါတယ်၊ ဗိုလ်ချုပ်ဇော်ဆိုင်း။ ။ 'ကိုးကန့်က အခြေအနေ နောက်အဲဒီကိစ္စတွေနဲ့ ပတ်သက်လို့ ဘယ်လို အဖြစ်အပျက် ဖြစ်တယ် ဒါကို အမြန်ဆုံးသူတို့က ပြေလည်အောင်လုပ်မယ် ဒီလောက်ပါပဲ သူတို့ပြောတာ။' ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုဟာ ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလမှာ မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တဖွဲ့ ဖြစ်ပါတယ်။ အခုနှစ် စောစောပိုင်းမှာ အပစ်ရပ် တိုင်းရင်းသား အဖွဲ့တွေအားလုံးကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းဖို့ စစ်အစိုးရက တောင်းဆိုတာကို ငြင်းဆန်တဲ့အထဲမှာ ကေအိုင်အိုလည်း အပါအဝင် ဖြစ်ပါတယ်။ ဒါ့အပြင် ကေအိုင်အိုဟာ စစ်အစိုးရတပ်တွေ မကြာခင်က တိုက်ခိုက် ချေမှုန်းခဲ့တဲ့ ကိုးကန့်အဖွဲ့နဲ့လည်း စစ်ရေးမဟာမိတ် လုပ်ထားတဲ့ အဖွဲ့ဖြစ်ပါတယ သံဃာများညီညွတ်ဖို့ စာသင်သား ရဟန်းများ တိုက်တွန်းလှုပ်ရှား 2009-09-04 မြန်မာပြည်အလယ်ပိုင်း မကွေးတိုင်းအတွင်း သံဃာတော်တချို့ကို ဖမ်းဆီးသွားတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့အပြီး သောသုသနသမဂ္ဂ ဆိုတဲ့အဖွဲ့ကနေ ပခုက္ကူမြို့ စာသင်တိုက်ကြီးတွေအတွင်းမှာ သံဃာတော်တွေကို ညီညွတ်ဖို့ တိုက်တွန်း နှိုးဆော်တဲ့ စာရွက်တွေ ကပ်တဲ့ လှုပ်ရှားမှုစပြီး လုပ်နေတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။ ပခုက္ကူက စာသင်တိုက်ကြီးတွေဖြစ်တဲ့ မဟာဝိဇယာရာမ ပါဠိတက္ကသိုလ် အရှေ့တိုက်၊ မဟာသုဇိတာရာမ အလယ်တိုက် ၊ မဟာဝိပုလာရာမ အနောက်တိုက် စတဲ့ စာသင်တိုက်ကြီးတွေမှာ စာသင်သား သံဃာတော်များအဖွဲ့လို့ အဓိပ္ပာယ်ရတဲ့ သောသုသနသမဂ္ဂအဖွဲ့ က စက်တင်ဘာလ ၂ ရက်နေ့ကစပြီး လုပ်ဆောင်နေတာနဲ့ ပတ်သက်လို့ သောသုသနသမဂ္ဂအဖွဲ့ဝင် စာသင်သား သံဃာတပါးက အခုလို မိန့်ပါတယ်။ စာသင်သား သံဃာ။ ။ 'စာလုံးပွိုင့်ကြီးကြီးနဲ့ အရေးကြီးပြီး သွေးစည်းကြစို့ ညီနောင်တို့ သောသုသန သမဂ္ဂ ဆိုပြီးတော့ စာရွက်စာတမ်း ကပ်တာတွေတော့ ရှိတယ်လေ။' ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်နေ့ကစလို့ မကွေးတိုင်း ရေနံချောင်း၊ ချောက်နဲ့ ပခုက္ကူမြို့တွေမှာ သံဃာတော်တွေ အဖမ်းအဆီးခံခဲ့ရတာပါ။ ဒီလိုလုပ်ရပ်အပေါ် ပခုက္ကူ သံဃာတော်တွေအနေနဲ့ မကျေမနပ်ဖြစ်နေပြီး သောသုသနသမဂ္ဂအဖွဲ့ အနေနဲ့ ဖမ်းဆီခံ သံဃာတော်တွေ ပြန်လွတ်အောင် ကြိုပမ်းလုပ်ဆောင်သွားဖို့ ရှိကြောင်း စောစောက သံဃာတော်ကပဲ အခုလို ဆက်မိန့်ပါတယ်။ စာသင်သား သံဃာ။ ။ 'ခဏတွေ့ချင်ပါတယ်ဆိုပြီ မလိမ့်တပတ်နဲ့ ခေါ်သွားတာဆိုတော့ ဒေါသတွေ ထွက်နေကြတယ်လေ။ ရဲထောက်လှမ်းရေးကနေတဆင့်ပေါ့နော်။ ဦးဇင်းကိုလည်း အရင်က ဝင်ထွက်ပြီးတော့ ဆရာဒကာဆိုပြီး လုပ်ထားတာပဲလေ၊ ဒီနေ့ဆရာဒကာ အလုပ်ခံထားရတဲ့ ဦးဇင်းတွေကိုက စိုးရိမ်နေကြတယ်၊ သံဃာတွေကတော့ ဒီလို မတရားဖမ်းဆီးထားတာ ဘယ်သူကမှ မကျေနပ်ကြဘူး။ ဒီဖမ်းဆီးချုပ်နှောင်ခံထားရတာကို အမြန်ဆုံးနည်းနဲ့ လွတ်မြောက်အောင် တက်နိုင်သမျှ တက်စွမ်းသမျှ နည်းလမ်းပေါင်းစုံသုံးပြီး ဆောင်ရွက်ကြမယ်ဆိုတာ ဆုံးဖြတ်ထားတယ်။' စာရွက်စာတမ်းတွေကပ်တဲ့ လှုပ်ရှားမှုတွေ စခဲ့တဲ့နေ့ ညနေပိုင်းမှာ အရှေ့တိုက်က သံဃာတော်တွေကို တိုက်အုပ်ဆရာတော်လည်းဖြစ်တဲ့ နိုင်ငံတော် သြဝါဒစရိယ ဆရာတော် ဦးနိမ္မိန္ဓက တပည့်စာသင်သား သံဃာတော်တွေကို ဝိပဿနာ အလုပ်နဲ့ စာသင်စာချအလုပ်ကို လုပ်ဖို့နဲ့ ကိုယ်နဲ့မဆိုင်တဲ့ လောကီအလုပ်တွေကို မလုပ်ဖို့၊ တခုခု ပြဿနာတက်လာရင် ဆရာတော်ကြီးအနေနဲ့ တာဝန်မယူနိုင်ကြောင်း မိန့်ကြားခဲ့တယ်လို့ သိရပါတယ်။ မုန်းလားဒေသခံများ တရုတ်ပိုင်နက်ထဲ ပြေးဝင်နေကြ 2009-09-04 ကိုးကန့်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကြောင့် တရုတ်ပိုင်နက်ထဲ ပြေးလာတဲ့ စစ်ပြေးဒုက္ခသည်တွေကို ကူညီနိုင်ရေးအတွက် ဒုက္ခသည်တွေရှိရာကို သွားခွင့်ပြုဖို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက တရုတ်အစိုးရကို ဒီကနေ့ စက်တင်ဘာ ၄ ရက်မှာ တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံက စစ်ပြေးဒုက္ခသည်တွေကို တရုတ်နိုင်ငံနဲ့ ပူးတွဲ ကူညီသွားနိုင်ရေးအတွက် တရုတ်အစိုးရက အပြုသဘောဆောင် စဉ်းစားပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း၊ တရုတ် မြန်မာနယ်စပ် ဝဒေသမှာ မတည်မငြိမ်ဖြစ်ပြီး စစ်ပြေးဒုက္ခသည် နောက်ထပ်တိုးလာမဲ့ အခြေအနေတွေ ရှိနေစဉ်မှာ စစ်ပြေးဒုက္ခသည်အရေးကို ဆောင်ရွက်ခွင့်ရဖို့ မိမိတို့ မျှော်လင့်ပါကြောင်း UNHCR ဌာနေကိုယ်စားလှယ်က ပြောပါတယ်၊ ဒီအတောအတွင်း မြန်မာစစ်တပ်က အလုံးအရင်းနဲ့ ဝင်ရောက်လာတယ်ဆိုတဲ့ ဟောင်ကောင်အခြေစိုက် ဖီးနစ်ရုပ်မြင်သံကြားရဲ့ ကောလာဟလ ထုတ်လွှင့်မှုတွေကြောင့် တရုတ်မြန်မာနယ်စပ် မုန်းလားဒေသခံတွေ ဈေးဆိုင်ကို ရရာဈေးနဲ့ ရောင်းပြီး တရုတ်ပိုင်နက်ထဲ ပြေးဝင်နေကြတယ်လို့ နယ်စပ် စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောပါတယ်။ ဦးအောင်ကျော်ဇော။ ။ 'ပြဿနာက မုန်းလားမှာ၊ ဟို မုန်းလားဆိုတာ ရှမ်းပြည်အရှေ့ပိုင်းမှာ၊ နယ်စပ်ဒေသမှာ ရှိတဲ့ ဒေသခံ တရုတ်တွေကတော့ ဆိုင်တွေကို လျှော့ဈေးတွေ အကုန်လျှော့ရောင်း၊ ဆိုင်လုံးက္ဆွတ်ရောင်းတာတောင် ရှိတယ်။ ရောင်းပြီးတော့ တရုတ်ပြည်ဖက်ကမ်း ပြေးကြတယ် ပြောတယ်။ ၃ ရက်နေ့က နေ့ခင်းဖက် ဟောင်ကောင်က ဖီးနစ်စ် တီဗီကနေပြီးတော့ ထုတ်တဲ့ သတင်းကလည်း ဦးစိုင်းလင်းဒေသနဲ့ ဝနဲ့ ကြားမှာ ဗမာစစ်တပ်က တင့်ကား အစီး ၂ဝ ဝင်လာတယ်လို့ သတင်းက ထွက်တာကိုး။ အဲဒီမှာ လန့်ဖျပ်ပြီးတော့ ပြေးကြတယ်။ အဲလို ဖြစ်ကြတယ်။ တကယ်တော့ ဒီသတင်းက အမှန်လည်း မဟုတ်ဖူးလေ၊ အမှားကြီးကို။ ကချင်ပြည်နယ်မှာလည်း လိုင်ဇာဖက်မှာ အဲလို ပြေးမှုလွှားမှု တချို့ရှိတယ်လို့ ပြောတယ်။ မုန်းလားဆိုလို့ရှိရင် မြို့က ခြောက်ခြောက်ကပ်ကပ် ဖြစ်နေတယ်။ ပန်ဆန်းမှာလည်း အဲလိုပဲ။' မြန်မာစစ်အစိုးရပိုင် သတင်းစာတွေမှာတော့ ကိုးကန့် ပြည်သူ သုံးသောင်းခုနစ်ထောင်လောက် တရုတ်ဖက် ထွက်ပြေးသွားတဲ့အနက် ကိုးထောင်ကျော် မြန်မာပြည်ထဲကို ပြန်လာနေပြီလို့ ရေးသားပါတယ်။ ဒါ့အပြင် စစ်အစိုးရသတင်းစာမှာ ကိုးကန့်ဒေသတွင်း W.Y တံဆိပ် မူးယစ်ဆေးပြား တသိန်းခြောက်သောင်းနီးပါးကို ဒီရက်ပိုင်းအတွင်း သိမ်းဆည်းရမိတယ်လို့ ဒီကနေ့ စက်တင်ဘာ ၄ ရက်မှာ ဖော်ပြထားပါတယ်။ တကိုယ်တော်ဆန္ဒပြသူ ဦးဇော်ညွန့်ကို ထောင်ဒဏ် ၂ နှစ်စီရင် 2009-09-04 အင်းစိန်ထောင်တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်စစ်ဆေးတဲ့ မေလ ၂၈ ရက်နေ့က သူ့ကို လွှတ်ပေးဖို့ စာတမ်းကိုင်ဆောင်ပြီး အင်းစိန်ဈေးရှေ့ တကိုယ်တော် ဆန္ဒပြခဲ့တဲ့အတွက် အဖမ်းခံခဲ့ရတဲ့ ဦးဇော်ညွန့်ကို ဒီနေ့ အင်းစိန်တရားရုံးက ထောင်ဒဏ် ၂ နှစ် အပြစ်ဒဏ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။ ဒီနေ့ ရုံးချိန်းကို ရှေ့နေ ဦးမောင်မောင်လတ်နဲ့အတူ ဦးဇော်ညွန့်ရဲ့ တူဖြစ်သူနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်တဲ့နေ့က နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး စာတမ်းကိုင်ဆောင် ဆန္ဒပြလို့ အဖမ်းခံခဲ့ရတဲ့ ကိုထွေးသိန်း ရဲ့ ဇနီး ဖြစ်သူတို့လည်း သွားရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ ထောင်ဒဏ် ၂ နှစ် အပြစ်ပေးခံရတဲ့ ဦးဇော်ညွန့်က မြန်မာပြည်ဒီမိုကရေစီရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အင်အားစုတွေကို လူထုတရပ်လုံက ထောက်ခံ ပူးပေါင်းကြဖို့ မေတ္တာရပ်ခံလိုပါကြောင်း ၊ ဟံသာဝတီ ဦးဝင်းတင်လို အသက်အရွယ်ကြီးရင့်တဲ့ မျိုးချစ်ပုဂ္ဂိုလ်တွေကို အားလုံး ဝိုင်းဝန်း စောင့်ရှောက်ကြစေချင်ကြောင်း ၊ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် မမေ့မလျော့ ဆက်လက် တိုက်ပွဲဝင်ကြစေလိုကြောင်းနဲ့ နိုင်ငံ့ဒီမိုကရေစီရေးအတွက် သူလှုပ်ရှားခဲ့တာဖြစ်လို့ အခုလို အပြစ်ပေးခံရတာကို သူ့အနေနဲ့ ဂုဏ်ယူပါကြောင်း တူဖြစ်သူကို ပြောခဲ့တယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံ ကြားနာဖို့ တရားရုံး သဘောတူ 2009-09-04 နေအိမ်အကျယ်ချုပ် ၁၈ လ ချမှတ်ခံထားရတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အတွက် ရန်ကုန်တိုင်း တရားရုံးမှာ စက်တင်ဘာ ၃ ရက် မနေ့က တင်သွင်းလိုက်တဲ့ အယူခံလျှောက်ထားမှုကို လက်ခံကြားနာဖို့ တရားရုံးက ဒီကနေ့ သဘောတူလိုက်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးကြည်ဝင်းက RFA ကို ပြောပါတယ်။ ဦးကြည်ဝင်း။ ။ 'ဒီနေ့ က္ဆွန်တော်တို့ တင်တဲ့ အယူခံလွှာ၊ တိုင်းရုံးကလေ၊ ရန်ကုန်တိုင်း တရားရုံးက လုပ်ရိုးလုပ်စဉ်အတိုင်းပါပဲ၊ လက်ခံသင့် မသင့်ပေါ့ဗျာ၊ ကြားနာတယ်ဆိုပြီးတော့ တရားသူကြီးက ကြားနာတယ်။ အဲ က္ဆွန်တော်တို့ လျှောက်ကြတယ်။ လျှောက်လဲတော့ကာ လျှောက်လဲချက်တွေ အားလုံး ပြီးသွားတဲ့အခါကျ တရားသူကြီးက အမိန့် တခါတည်း တန်းချတယ်ဗျ၊ လက်ခံတယ်တဲ့။' အယူခံမှုကို လာမဲ့ စက်တင်ဘာလ ၁၈ ရက်နေ့မှာ နှစ်ဖက်ရှေ့နေတွေ အပြန်အလှန်လျှောက်လဲဖို့ တရားရုံးက ချိန်းဆိုလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ပြစ်ဒဏ် ချမှတ်ခံထားရတဲ့ ဒေါ်ခင်ခင်ဝင်းတို့ သားအမိ အယူခံတင်တဲ့ ကိစ္စအတွက်ပါ ကြားနာဖို့ တရားရုံးက လက်ခံလိုက်တယ်လို့ ဦးကြည်ဝင်းက ပြောပါတယ်။ အယူခံမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဥပဒေကြောင်းအရ အပြစ်မရှိကြောင်း အချက် ၁၁ ချက်ကို အခိုင်အလုံ ဖော်ပြထားပြီး၊ ၁၉၈၈ ခုနှစ်ကတည်းက ချုပ်ငြိမ်းသွားခဲ့ပြီဖြစ်တဲ့ ၁၉၇၄ ခုနှစ်အခြေခံ ဥပဒေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားမှုကို ရုပ်သိမ်းပေးဖို့ အဓိကအချက်အနေနဲ့ တောင်းဆိုမှာ ဖြစ်တယ်လို့ ရှေ့နေ ဦးကြည်ဝင်းက ပြောပါတယ်။ ၁၉၇၄ခုနှစ် အခြေခံဥပဒေ ချုပ်ငြိမ်းကြောင်း ဗိုလ်ချုပ်မှူးကြီး စောမောင်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ၄ ကြိမ်ခန့် ပြောကြားခဲ့တာတွေကို တရားရုံးက လက်ခံအတည်ပြုရင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်က လုံးဝလွှတ်ပေးရမှာ ဖြစ်တယ်လို့ ဦးကြည်ဝင်းက ပြောပါတယ်။ ဦးကြည်ဝင်း။ ။ 'ကွင်းလုံးက္ဆွတ်ကို လွှတ်ကို လွှတ်ပေးရမယ်၊ လွှတ်ပေးတဲ့အခါကျတော့ ဘယ်အတိုင်းအတာထိအောင် ဖြစ်သွားလဲဆိုတော့ သူ့ကို ၁၉၈၉ ခုနှစ်က ၅ နှစ်ကျော် ဟုတ်လား ၆ နှစ်နီးပါး ဟုတ်လား ၉၅ ကျမှ ပြန်လွှတ်တာကိုးဗျ။ အဲတော့ အဲဒီအကျယ်ချုပ်က နံပါတ်တစ်၊ နောက်တခါ ၂ဝဝဝ ပြည့်နှစ်မှာ မီးရထားဘူတာက ဖြစ်တဲ့ တနှစ်နဲ့ ခုနစ်လ အကျယ်ချုပ် လုပ်လိုက်တာက နံပါတ်နှစ်။ နောက် အခု ၂ဝဝ၃ ဒီပဲယင်းပြီးတော့ အခုထိအောင် လုပ်လိုက်တဲ့ အကျယ်ချုပ်က အဲဒါ နံပါတ်သုံး။ အဲဒါတွေက အားလုံးက ဘာဖြစ်မလဲဆိုတော့ unlawful illegal detention တွေ ဖြစ်သွားမယ်။' အယူခံမှုကြာနာမဲ့ ၁၈ ရက်နေ့ မတိုင်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရဖို့ အာဏာပိုင်တွေထံ တင်ပြမယ်လို့လည်း ရှေ့နေ ဦးကြည်ဝင်းက ပြောပါတယ်။
<urn:uuid:7ecdb393-50de-4344-93aa-90f1e7de2480>
CC-MAIN-2013-20
http://www.yeyintnge.com/2009_09_04_archive.html
2013-05-21T21:49:28Z
s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368700626424/warc/CC-MAIN-20130516103706-00094-ip-10-60-113-184.ec2.internal.warc.gz
mya
0.924714
Mymr
1
{"mya_Mymr_score": 0.9247137308120728, "blk_Mymr_score": 0.07211627066135406}
ခြင်္သေ့မင်းဟာ ညနေချမ်းအခါ နေရာကထွက်ပြီး တင့်တယ်စွာ နေတယ်။ ပတ်ဝန်းကျင်အရပ်လေးမျက်နှာကို ကြည့်တယ်။ သုံးကြိမ် ဟိန်းတယ်။ ပြီးတော့ စားကျက်အတွက် လှည့်လည်သွားလာတယ်။ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ ကျားသစ်တွေ ဖမ်းယူတဲ့အခါ အထင်မသေးဘဲ မလွဲမချော်စေဘဲ ဖမ်းယူတယ်။ သားကောင်ငယ်လေးတွေကို အောက်ထစ်ဆုံးအားဖြင့် ယုန်-ကြောင်-တွေကို ဖမ်းယူလျှင်တောင် အထင်မသေး၊ မလွဲချော်စေဘဲ ဖမ်းတယ်။ အကြောင်းကတော့ သူရဲ့ ကြိုးစားမှု အကြောင်းတရား မလျော့ပါး မပျက်သွားစေလိုလို့ပါပဲ။ ဘုရားရှင်ဟာ ရဟန်း ရဟန်းမ ဥပါသကာ ဥပါသိကာတွေအား တရားဟောတဲ့အခါ လေးလေးစားစားပဲ ဟောပါတယ်။ မလေးမစား မဟောပါ။ ပုထုဇဉ်တွေအားလည်း အောက်ထစ်ဆုံးအားဖြင့် သူတောင်းစား၊ ငှက်မုဆိုးတွေအား ဟောလျှင်တောင် လေးလေးစားစား ဟောပါတယ်။ မလေးမစား မဟောပါဘူး။ အကြောင်းကတော့ ဘုရားရှင်ဟာ တရားကို ရိုသေလေးစားလို့ပါပဲ။ ( အံ-ဒု ၁၀၆-၇ )
<urn:uuid:dd2b344d-478b-4c2e-8b38-c766c77cd2c0>
CC-MAIN-2013-20
http://www.mawluu.com/2009/07/blog-post_2283.html
2013-05-20T18:59:48Z
s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368699186520/warc/CC-MAIN-20130516101306-00011-ip-10-60-113-184.ec2.internal.warc.gz
mya
0.926253
Mymr
4
{"mya_Mymr_score": 0.9262527227401733, "blk_Mymr_score": 0.07200684398412704}
မြန်မာနိုင်ငံ ဒေသတချို့မှာ ဒေသခံပြည်သူတွေအပေါ် အောက်ခြေ လက်နက်ကိုင်အဖွဲ့တွေ၊ အာဏာရပါတီ အဖွဲ့အစည်း အဆင့်ဆင့်တို့ရဲ့ အင်အားသုံး ဖိနှိပ်မှုတွေ၊ လူ့အခွင့်အရေးနဲ့ ဥပဒေ ချိုးဖောက်မှုတွေ၊ တိုင်းရင်းသားလူမျိုးစုတွေနဲ့ လူနည်းစု ဘာသာဝင်တွေအပေါ် ခွဲခြားဆက်ဆံ အကြမ်းဖက်မှု၊ ဘာသာရေး အကြမ်းဖက်မှု စတဲ့ ဖြစ်ရပ်တွေ ပေါ်ပေါက်နေကြောင်း၊ ဒီဖြစ်ရပ်တွေဟာ အပြောင်းအလဲကို ဆန့်ကျင်လိုသူတွေက နိုင်ငံရေး အကြပ်အတည်းဖြစ်အောင်၊ ဒီမိုကရေစီ လမ်းကြောင်းကနေ နောက်ကြောင်း ပြန်လှည့်သွားအောင် ရည်ရွယ်ချက်ရှိရှိ တမင်လုပ်ကြံ ဖန်တီးနေတယ်ဆိုတာ သက်သေခံနေကြောင်း၊ ဒါ့ပြင် နိုင်ငံတော် သမ္မတ၊ အစိုးရအဖွဲ့၊ တပ်မတော်တို့အနေနဲ့ ပြုပြင် ပြောင်းလဲနေသူများအဖြစ် နိုင်ငံတကာအလယ်မှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်ရေးကိုလည်း ဒီဖြစ်ရပ်တွေက ထိခိုက်စေကြောင်း၊ ဒါကြောင့် နိုင်ငံတော် တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်း သာယာရေးနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် နိုင်ငံတော် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ စည်းပြီး အချိန်နဲ့ တပြေးညီ ဖော်ထုတ် အရေးယူသင့်ကြောင်း ကြေညာချက်မှာ ဖော်ပြပါရှိပါတယ်။
<urn:uuid:3935ee83-0785-4c29-9ee8-c73cc7cf6ccd>
CC-MAIN-2013-20
http://www.rfa.org/burmese/news/political-prisoner-04232012220821.html
2013-06-20T07:02:27Z
s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368710605589/warc/CC-MAIN-20130516132325-00011-ip-10-60-113-184.ec2.internal.warc.gz
mya
0.90506
Mymr
46
{"mya_Mymr_score": 0.9050599336624146, "blk_Mymr_score": 0.08812025934457779}
အခမ်းအနားကို တပ်မဟာ ၆၄၈ က ကြီးမှူးကျင်းပတာဖြစ်ပြီး ၀တပ်ဖွဲ့တွေ ၁၉၈၉ ခုနှစ်က ဗကပက ခွဲထွက်ပြီး စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူခဲ့တဲ့ အထိမ်းအမှတ် အခမ်းအနား ဖြစ်ပါတယ်။ တပ်မဟာ ၆၄၈ ရဲ့ စစ်သည် ၃၀၀၀ ခန့်က UWSA ဥက္ကဋ္ဌ ပေါက်ယူခြမ်းကို ချီတက်အလေးပြုပါတယ်။ အခမ်းအနားနဲ့ ပတ်သက်ပြီး UWSA ပြင်ပဆက်ဆံရေးဌာန ဒုတိယအကြီးအကဲ ဦစံကွန်းက- " ကျွန်တော်တို့ရဲ့ ဥက္ကဋ္ဌကြီးကိုယ်စား ဒုတိယ စစ်သေနာပတိချုပ် ကျောက်ကျုံးသန်းက အမှာစကား မိန့်ခွန်းပြောပါတယ်။ ကျွန်တော်တို့ ဒေသမှာရှိတဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံ ကိုယ်စားလှယ်က စကားပြောတယ်။ ရပ်ဝေး အထူးဧည့်သည်တော် ကိုယ်စားလှယ် ကိုယ်စား မိုင်းလားက ဒုဥက္ကဋ္ဌက စကားပြောတယ်။ ၁၅ မမ တွေ၊ စက်အမြောက်တွေ၊ မြင်းလားတွေနဲ့ ဒီလက်နက်ငယ်တွေ တင်တဲ့ အခမ်းအနားတွေ၊ ကားပေါ်မှာ စက်အမြောက်တွေ တင်တာတော့ နည်းနည်းပါးပါးတော့ ပြတာပေါ့ဗျာ" လို့ပြောပြပါတယ်။ အခမ်းအနားမှာ မိုင်းပေါက်မြို့နယ်မှာ နေထိုင်တဲ့ တိုင်းရင်းသား ၁၆ မျိုးကလည်း တပ်ဖွဲ့ဝင်တွေနဲ့အတူ စစ်ရေးပြ အခမ်းအနားမှာ ပါဝင်ပါတယ်။ တရုတ်ပြည်က ကိုယ်စားလှယ်တွေ၊ ၀ပြည်နယ်အတွင်းက ကိုယ်စားလှယ်တွေအပြင် မိုင်းလားအဖွဲ့လည်း အခမ်းအနားကို တက်ရောက်ပါတယ်။ ဒါပေမဲ့ အစိုးရဘက်က ကိုယ်စားလှယ်တွေ တက်ရောက်လာတာ မတွေ့ရဘူးလို့ ဦးစံကွန်းက ပြောပါတယ်။ အစိုးရနဲ့ UWSA အပစ်အခတ်ရပ်စဲရေး ပြည်နယ်အဆင့် ဒုတိယအကြိမ် ပြုလုပ်ထားတာဖြစ်ပြီး ပြည်ထောင်စုအဆင့် ဆက်လက်ပြီး ဆွေးနွေးဖို့ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းက ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က UWSA ဥက္ကဋ္ဌထံ စာပေးပို့ထားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ UWSA ဘက်က ဆွေးနွေးမဲ့နေ့ကို အကြောင်းပြန်ကြားခြင်း မရှိသေးဘူးလို့ သိရပါတယ်။
<urn:uuid:9b1b4341-74b9-49d3-94cd-e35d212fedc4>
CC-MAIN-2013-20
http://www.rfa.org/burmese/news/wusa-23rd-annivasary-04172012110924.html
2013-06-20T07:08:42Z
s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368710605589/warc/CC-MAIN-20130516132325-00011-ip-10-60-113-184.ec2.internal.warc.gz
mya
0.934104
Mymr
83
{"mya_Mymr_score": 0.9341040253639221, "blk_Mymr_score": 0.06449567526578903}
ဆုံးမလွယ်ခြင်းသည် မင်္ဂလာတပါး ဖြစ်သည်။ တနည်းအားဖြင့်-ကြီးပွားချမ်းသာခြင်း၏ အကြောင်းတရပ် ဖြစ်သည်။ အောက်ပါဇာတ်တော်ကို သာဓကအဖြစ် တင်ပြအပ်ပါသည်။ တခါသော် ဗြဟ္မဒတ်မင်းသည် ဒီဃီတိကောသလမင်းကို စစ်တိုက်ရန် မိမိ၏နိုင်ငံမှ ရဲမက်များကို ဦးဆောင်ချီတက်လာသည်။ ဒီဃီတိမင်းမှာ အင်အားခြင်းမမျှသဖြင့် မိဖုရားကိုခေါ်ကာ တိုင်းပြည်မှ ထွက်ပြေးသွားရသည်။ မြို့စွန်တနေရာရှိ အိုးထိန်းသည်၏ နေအိမ်၌ ရုပ်ဖျောက်၍ မထင်မရှား နေထိုင်သည်။ မကြာမီ မိဖုရားကြီးသည် သားတော်တပါး ဖွားမြင်သည်။ ဒီဃာဝု မင်းသားဟု အမည်ပေးသည်။ ဒီဃီတိကောသလမင်းက - ငါတို့ရုပ်ဖျောက်နေထိုင်သည်ကို တနေ့နေ့တွင် ဗြဟ္မဒတ်မင်း သိနိုင်သည်။ ထိုအခါ ငါတို့ကို ဖမ်း၍ သတ်လျှင် သားတော်ပါ အသတ်ခံရလိမ့်မည်-ဟူ၍ ဆင်ခြင်ကာ မင်းသားကို အခြားလုံခြုံသော တနေရာသို့ ပို့ထားသည်။ အတတ်ပညာ သင်စေသည်။ မင်းကြီး ကြိုတင်မှန်းဆသည့်အတိုင်း တနေ့တွင် ဗြဟ္မဒတ်မင်းကြီးသည် ဒီဃီတိကောသလမင်းနှင့် မိဖုရားကို တွေ့ရှိသွားသည်။ ချက်ချင်းပင် ဖမ်းဆီးသည်။ သတ်ရန် သူသတ်ကုန်းသို့ ခေါ်ဆောင်သွားလေသည်။ ဒီဃာဝု မင်းသားသည် အတတ်ပညာများ တတ်မြောက်သဖြင့် မိဘနှစ်ပါးကို ခေတ္တတွေ့ရန် ပြန်လာသည်။ ထိုအခါ သူသတ်ကုန်းသို့ ဆောင်ယူသွားသော မိဘနှစ်ပါးကို တွေ့ရသည်။ လမ်းဘေးဝဲယာမှ လူအများသည် မင်း-မိဖုရား နှစ်ပါးကို ကြည့်နေကြသည်။ ဒီဃာဝုမင်းသားသည် ထိုသူများအကြားမှနေ၍ မိဘနှစ်ပါးကို လှမ်းကြည့်ရှာသည်။ ဒီဃီတိကောသလမင်းသည် လူအုပ်ထဲတွင် သားတော်ကို မြင်သောအခါ ဆုံးမစကားကို တကိုယ်တည်း ပြောကြားသွားသည်။ (ရန်တို့မည်သည်မှာ ရန်တုံ့မူခြင်းဖြင့် မငြိမ်းအေးကုန်။ ရန်တုံ့မမူသဖြင့်သာ ငြိမ်းအေးကုန်၏။) ထိုစကားကို ဘေးမှလူများ နားမလည်ကြ။ ဤမင်းသည် ရူးသွပ်သွားသဖြင့် တကိုယ်တည်း ထင်ရာ ရောင်ရမ်း မြည်တမ်းနေသည်-ဟု ဆိုကြ၏။ မင်းကြီးက-အမောင်တို့၊ ရူးသွပ်သဖြင့် ငါရောင်ရမ်းမြည်တမ်းခြင်း မဟုတ်၊ ငါ့စကားကို ပညာရှိတို့ သိကြလိမ့်မည်-ဟူ၍ ပြန်ပြော၏။ သူသတ်ကုန်းသို့ရောက်သောအခါ သူသတ်တို့လည်း မင်း-မိဖုရားနှစ်ပါးကို အဆုံးစီရင်လိုက်ကြလေသည်။ ဒီဃာဝုမင်းသားသည် အစောင့်တို့အား အရက်မူးအောင်တိုက်သည်။ မူး၍ လဲကျသော် အမိ အဖတို့၏ အလောင်းကို ကောင်းစွာမီးသင်္ဂြိုဟ်သည်။ အားရအောင် ငိုမြည်တမ်းသည်။ ထို့နောက် မျက်ရည်များကို သုတ်ပြီးလျှင် ဗြဟ္မဒတ်မင်း၏ ဆင်ဆရာထံသွား၍ တပည့်ခံကာ နေထိုင်သည်။ နံနက်တိုင်း စောင်းတီးလျက် သီချင်းဆိုသည်။ မင်းကြီးကြားလျှင် နှစ်သက်သဖြင့် မိမိထံ ခေါ်ထားသည်။ စောင်းတီး၍ ဖျေဖြော်သည်။ ဒီဃာဝုမင်းသားလည်း အမှုကိစ္စတို့ကို ကျွမ်းကျင်လိမ္မာစွာ ဆောင်ရွက်ပေးသည်။ မင်းကြီး ပိုမိုနှစ်သက်သဖြင့် အတွင်းတော်၌ ခစား ထမ်းရွက်စေသည်။ တနေ့သ၌ မင်းကြီးသည် ဒီဃာဝုမင်းသားကို ရထားမောင်းစေလျက် ဥယျာဉ်တော်သို့ ထွက်တော်မူသည်။ ဥယျာဉ်သို့ရောက်သောအခါ ဒီဃာဝုမင်းသားသည် မင်းကြီးအား မင်းချင်းများနှင့် ဝေးရာအရပ်သို့ ပရိယာယ်ဖြင့် ခေါ်ဆောင်သွားသည်။ မင်းကြီးလည်း ပင်ပန်းသဖြင့် သစ်ရိပ်အောက်သို့သွားသည်။ ဒီဃာဝုမင်းသား၏ ပေါင်ကို ခေါင်းအုံးလျက် စက်တော်ခေါ်သည်။ မင်းကြီးအိပ်ပျော်သွားသောအခါ မင်းသားက-အခွင့်ရပြီ၊ ငါ့ အမိ-အဖတို့ကို သတ်သူကို ယခုပြန်သတ်နိုင်ပြီ-ဟု ကြံလျက် သန်လျက်ကို ဆွဲထုတ်သည်။ ထိုစဉ် သူသတ်ကုန်းသို့ ဖခင်အသွားတွင် ပြောဆိုဆုံးမသွားသော စကားတို့ကို သတိရသွားသည်။ မင်းကြီးကို မသတ်ဘဲ သန်လျက်ကို ချထားလိုက်သည်။ ထို့နောက် သတ်မည် ပြုပြန်သည်။ အဖ စကားကို သတိရကာ မသတ်ဖြစ်ပြန်။ ၃-ကြိမ်တိုင် ချီတုံချတုံ ဖြစ်ခဲ့သည်။ ထိုစဉ် မင်းကြီး နိုးလာသည်။ ဒီဃာဝုမင်းသားသည် လက်ဝဲလက်ဖြင့် မင်း၏ဦးသျှောင်ကို ဆွဲလျက် လယ်ယာလက်ဖြင့် သန်လျက်ကိုကိုင်ကာ မိမိသည် ကောသလမင်း၏သား ဖြစ်ကြောင်းမှစ၍ အကြောင်းစုံ ပြောပြသည်။ အရှင်မင်းကြီးသည် ကျွန်ုပ်၏လက်မှ လွတ်နိုင်ပါမည်လော-ဟု ဆို၏။ ဗြဟ္မဒတ်မင်းလည်း -အမောင်၊ သင့်လက်မှ ငါ မလွတ်နိုင်တော့ပါ-ဟု ဆိုကာ တောင်းပန်စကား ပြောကြားသည်။ ဒီဃာဝုမင်းသားက ဖခင် ပြောကြားသွားသော ဆုံးမစကားကို ပြန်လည်ပြောပြသည်။ ထိုအဆုံးအမ အတိုင်း ကျွန်ုပ် သင့်ကို ရန်မပြုတော့ပါ။ အကယ်၍ သင် ရန်ပြုလိုပါမူ ကျွန်ုပ်ကို သတ်နိုင်ပါသည်-ဟု ဆိုကာ သန်လျက်ကို ပေး၏။ မင်းကြီးကလည်း-အမောင်၊ ငါလည်း သင့်ကို ရန်မပြုပါ-ဟုဆိုကာ နန်းတော်သို့ ပြန်ခေါ်သွားသည်။ မိမိ၏ သမီးတော်နှင့် ထိန်းမြားပေးစားသည်။ ဒီဃီတိကောသလမင်း၏ ထီးနန်းကို ဒီဃာဝု မင်းသားအား ပြန်လည် နှင်းအပ်သည်။ ထိုအခါမှစ၍ မင်းနှစ်ပါးတို့သည် ညီညွတ် ငြိမ်းချမ်းစွာဖြင့် မိမိနိုင်ငံကို မိမိကိုယ်စီ မင်းပြုကြလေသည်။ အကိုး။ ။ ၅၅ဝ-ဒီဃီတိကောသလဇာတ်။ ( မင်းယုဝေ) (မြတ်မင်္ဂလာ ၂ဝဝ၃-ခု နိုဝင်ဘာလ)
<urn:uuid:f72ee3f8-e5ee-4258-a608-5a1ebf82cd58>
CC-MAIN-2013-20
http://www.mawluu.com/2010/02/blog-post_9852.html
2013-05-22T04:32:44Z
s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368701314683/warc/CC-MAIN-20130516104834-00099-ip-10-60-113-184.ec2.internal.warc.gz
mya
0.967155
Mymr
5
{"mya_Mymr_score": 0.9671550393104553, "blk_Mymr_score": 0.03226982057094574}
. မဟာဘုတ်ပညာဟာ အခုအချိန်အထိ မြန်မာ့ဗေဒင်ပညာ “စစ်စစ်” လို့ သတ်မှတ်ခံထားရဆဲ ဖြစ်တဲ့ ပညာတစ်ခု ဖြစ်ပါတယ်။ “မြန်မာ ၀ီကီပိဒိယ” ထဲမှာ ရေးသားထားချက်အရတော့ မဟာဘုတ်ပညာဟာ ဟိန္ဒူလက်ရိုး ဗေဒင်ပညာတွေရဲ့ အဆွယ်အပွားတစ်ခုလို့ ရေးထားသဗျ။ (ဘယ်သူဝင်ရေးသွားလဲတော့ မသိပါ) ။ ဒီရေးသားချက်ဟာ လက်ခံနိုင်စရာ မရှိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဟိန္ဒူ နက္ခတ်ဗေဒင် စနစ်မှာ သုံးတဲ့ ဂြိုဟ်တွေရဲ့ ပရိယာယ် တွေ နဲ့ လက်ဆန်း မဟာဘုတ်မှာ သုံးတဲ့ ဂြိုဟ်တွေရဲ့ ပရိယာယ်ခြင်းမှ မတူတာဘဲ။ ဂြိုဟ်သက်တွေ၊ ဂြိုဟ်ရဲ့ အရောင်တွေ ၊ အရပ်ဒေသတွေ ၊ ကျောက်မျက်ရတနာတွေ . . . စတဲ့ ယူဆပုံတွေ အများကြီးကို ကွဲလွဲပါတယ်။ (ပရိယာယ် ဆိုတာ ဗေဒင် အသုံးအနှုံးဖြစ်ပြီး အဓိပ္ပါယ်က Definition ကို ဆိုလိုတာဖြစ်တယ်) စာရေးသူလည်း ဟိန္ဒူ ၊ အနောက်တိုင်း ဗေဒင်ပညာ ရှေးကျမ်းဟောင်း တော်တော်များများကို ဖတ်ဘူးပါတယ်။ အင်္ဂ၀ိဇ္ဇာပညာမှာ သုံးတဲ့ “သူရဇ္ဇ၊ သောကြ၊ ဗုဒ္ဓ ၊ စနြေ္ဒာ ၊ သောရီ ၊ ဂုရု ၊ ဘောမ” ဆိုတဲ့ ဂြိုဟ်တွေကို ဆပွတ်အစီအစဉ်နဲ့ နေရာချထားတာကို ဟိန္ဒူ ရှေးဟောင်း ကျမ်းတွေမှာရော ၊ အနောက်တိုင်း နက္ခတ်ဗေဒင်ကျမ်း တွေမှာပါ တွေ့ဘူးပါတယ်။ ဒီကျမ်းတွေဟာ မြန်မာနိုင်ငံမှာ အင်္ဂ၀ိဇ္ဇာပညာကို ဖော်ထုတ်ခဲ့တဲ့ “တောင်တွင်းအကျော် ခင်ကြီးဖျော်” မမွေးခင်က ကျမ်းတွေ ပါပါတယ်။ ဒါကြောင့် အင်္ဂ၀ိဇ္ဇာပညာဟာ ဟိန္ဒူ နက္ခတ်ဗေဒင်ပညာရဲ့ အဆွယ်အပွားဆိုရင် လက်ခံနိုင်စရာ ရှိပါတယ်။ ဒါတောင်မှ “အထက်တစ်လုံး ၊ အောက်တစ်လုံး” ဆပွတ်ရိုက်သွားတာကတော့ ဆရာတော် ခင်ကြီးဖျော်ရဲ့ ဆင့်ပွားတီထွင်မှု ဖြစ်လောက်စရာ ရှိပါတယ်။ နောက်ပြီး တစ်နာရီခွဲစီ ယူထားတဲ့ “အခါ (၈)ခါ ပိုင်းတဲ့မူ” ကလည်း မူရင်း ဟိန္ဒူကျမ်းတွေနဲ့ ကွာခြားပါတယ်။ သူတို့က “တစ်နာရီစီ ပိုင်းသွားတဲ့ မူ” ကို ယူထားကြတာဘဲ တွေ့ရတယ်ခင်ဗျ။ ဒါပေမယ့် ဘယ် ရှေးဟောင်း ဟိန္ဒူကျမ်း၊ ရှေးဟောင်း အနောက်တိုင်း ကျမ်းမှာမှ “မဟာဘုတ်” နဲ့ ဆင်တူတာ တစ်ခုမှ မတွေ့ဘူးပါ။ (ကျွန်တော် ဖတ်ဘူး မှတ်ဘူး သလောက်ပေါ့နော်)။ ဒီတော့ ပြောချင်တာက မဟာဘုတ်ဟာ မြန်မာ့ရိုးရာဗေဒင် ပညာစစ်စစ်ဖြစ်တယ် ဆိုတာ ပြောချင်တာပါဘဲ။ ဘယ်ပညာရှင် ကနေ ဘယ်ခေတ်လောက်မှာ စတင်တီထွင်ခဲ့တယ်ဆိုတာတော့ ခုချိန်ထိ မသိရသေးဘူးခင်ဗျ။ နောက်တစ်ခုက မဟာဘုတ်ပညာရဲ့ “အဓိပ္ပါယ်ဖွင့်ဆိုချက်” ။ ဒီ ဆောင်းပါးမှာ ဒါလေးကို အဓိကထား ပြောချင်တာပါ။ မဟာဘုတ်ပညာဆိုတာ ဘာလဲ။ “မဟာ” ဆိုတာ “ကြီးကျယ်ခမ်းနားသော” ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပြီး “ဘုတ်” ဆိုတာ “ဘူတ” ဓာတ်ကြီးလေးပါးကနေ လာတယ်တဲ့။ “ပထ၀ီ၊ အာပေါ၊ ၀ါယော ၊ တေဇော” ဆိုတဲ့ ဓာတ်ကြီး (၄)ပါးပေါ့ဗျာ။ ကျွန်တော် တို့လက်ဆန်းဗေဒင် လေ့လာလိုက်စားသူတွေ အတော်များများဟာ “မဟာဘုတ်” ရဲ့ Defination ကို ဒီလိုဘဲ နားလည်ထားကြ ပါတယ်။ “ပထ၀ီ၊ အာပေါ၊ ၀ါယော ၊ တေဇော” ဆိုတဲ့ ဓာတ်ကြီး (၄)ပါး ကို အခြေပြု တွက်ချက်ရသော ပညာပေါ့ဗျာ။ မဟာဘုတ် စာအုပ်ပေါင်းများစွာကလည်း ဒီလိုဘဲ ရေးထားကြပါတယ်။ ဒီကြားထဲ ရှိသေးတယ်။ အွန်လိုင်းပေါ်မှာ မဟာဘုတ်ကို Buddhist Astrology တဲ့။ လုပ်ချလိုက်ပုံက။ နိုင်ငံခြားသားတွေကို ဉာဏ်ပညာ သိပ် ကြီးကျယ်တယ်လို့ချည်း မထင်လေနဲ့။ သူတို့လည်း ထင်ရာ မြင်ရာ လျှောက်ပြောတတ် ကြတာပါဘဲ။ Buddhist Astrology ဆိုတဲ့ စကားလုံးဟာ အင်မတန် နူးညံ့သိမ်မွေ့နက်ရှိုင်းတဲ့ ဗုဒ္ဓရဲ့ ဖီလိုဆိုဖီ ကို သို့လော၊ သို့လော ထင်ရောင်ထင်မှား ဖြစ်စေနိုင်တဲ့ စကားလုံးပါ။ လုံးဝ မသုံးစွဲသင့်တဲ့ စကားလုံးပါနော်။ အဓိက တရားခံကတော့ တန်ခိုးကြီး စေတီဘုရားတွေပေါ်မှာ ရှိတဲ့ “ဂြိုဟ်တိုင်” တွေဘဲဗျ။ မြန်မာ့ဗေဒင် ပညာကို နည်းနည်းပါးပါး တီးမိခေါက်မိရှိတဲ့ နိုင်ငံခြားသားတွေရဲ့ အမြင်မှာ ဘုရားရှေ့ကဂြိုဟ်တိုင်တွေမှာ ယတြာချေ နေကြတာ မြင်တော့ “ဘုရား နဲ့ ဗေဒင်ပညာ” ကို ပေါင်းစပ်လိုက်ပြီး Buddhist Astrology ဆိုတဲ့ အမည်နာမ ထွက်ပေါ်လာတယ်နဲ့ တူပါတယ်ဗျာ။ ဟုတ်ပြီ။ နိုင်ငံခြားသားတွေ မှားတာက ထားဦး။ ကျွန်တော်တို့ မြန်မာလူမျိုး ဗေဒင်ပညာရှင်တွေကရော။ အထက်က ပြောခဲ့တဲ့ အတိုင်း “မဟာဘုတ်” ဟာ “မဟာဘူတ ဓာတ်ကြီးလေးပါး” နဲ့ တည်ဆောက်ထားတဲ့ ပညာဆိုတာ ဟုတ်ရဲ့လား ? ။ ကျွန်တော်တို့ ပြန်ပြီး စဉ်းစားသင့်တယ်။ ကျွန်တော့ မိတ်တွေတွေထဲမှာ (ဗေဒင်ပညာရှင် မဟုတ်တဲ့) အသိအကျွမ်း ဦးလေးကြီးတစ်ယောက် ရှိပါတယ်။ နာမည်က “ဦးသောင်းတင်” လို့ ခေါ်ပါတယ်။ ဒီ ဦးလေးကြီးက တစ်နေ့မှာ ကျွန်တော့်ကို မဟာဘုတ် ဆိုတဲ့ အသုံးအနှုံးနဲ့ ပတ်သတ်ပြီး နဲ့ ပတ်သက်ပြီး မေးခွန်းတစ်ခု ထုတ်သွားဘူးပါတယ်။ သူ့အပြောက “ဆရာဗိုလ်ရေ ၊ ကျွန်တော့် ယူဆချက်ကတော့ မဟာဘုတ်ဆိုတာ ဓာတ်ကြီးလေးပါးကို ပြောတာမဟုတ်ဘဲ ၊ “ဆိုင်းဘုတ်” ၊ “ဘုတ်တိုင်” စတဲ့ အသုံးအနှုံးတွေမှာ ပါတဲ့ “ဘုတ်တိုင်” ကို ပြောတာလို့ ယူဆချင်တယ် တဲ့။ ဆရာတို့ မဟာဘုတ် ထူရင် အရင်ဆုံး တိုင်လေး နှစ်ချောင်းထောင် ၊ ပြီးရင် တန်းလေး နှစ်တန်းပစ် ပြီး “တိုင် စ, ပြီး ထူလိုက်တာ” မဟုတ်လား တဲ့။ ပြီးမှ “အောင်၊ လံ၊ ထူ၊ စစ်၊ သူ၊ ကြီး၊ ပွဲ” ဆိုပြီး ဂဏန်းတွေ လိုက်ချတာ မဟုတ်လား တဲ့။ ဒီတော့ ဆိုင်းဘုတ်ထူလိုက်ပြီး စာတွေ လိုက်ရေးလိုက်တာ နဲ့ မတူပေဘူးလား တဲ့။ အင်း - ဂွတော့ ကျပြီ။ ဟိုက ဗေဒင်ပညာရှင် မဟုတ်တဲ့သူ။ ကိုယ်က ဗေဒင်ပညာရှင်လို့ ခံယူထားတဲ့သူ။ လွယ်လွယ်နဲ့ လက်ခံလိုက်ရင် ကိုယ်ညံ့ရာကျမယ်။ (ကျွန်တော့် စိတ်ထဲမှာ ဖြစ်နေတဲ့ အတွေးတွေပါ)။ ဒါကြောင့် ချေပဖို့ စကားလုံး ရှာကြည့်တော့ မြန်မာတွေ သုံးတဲ့ “ဆိုင်းဘုတ်” က “ဘုတ်” ဟာ အင်္ဂလိပ်ဘာသာထဲက “Board” နဲ့ သွားတူနေတယ်။ ဒီတော့ ကျွန်တော်က ပြန်ပြီး ချေပတာပေါ့။ ဟာ - ဦးလေးကလည်း ၊ မြန်မာနိုင်ငံက အင်္ဂလိပ်လက်အောက်မှာ နှစ်ပေါင်း (၁၀၀)လောက် ကျွန်ဖြစ်ခဲ့တာဆိုတော့ တစ်ချို့စာလုံးတွေက အင်္ဂလိပ်ကနေ မြန်မာမှု ပြုထားတာ ရှိတယ်လေ။ “ဘောလုံး” တို့ ၊ “ဘက်ထရီအိုး” တို့ ရှိတယ်လေ။ “ဆိုင်းဘုတ်” ဆိုတာလည်း “Sign Board” ကနေ လာတာဖြစ်မှာပေါ့လို့ ချေပရတာပေါ့ဗျာ။ ဒီတော့ ဦးလေးကြီးက “မဟုတ်သေးဘူး ဆရာ။ “ဘုတ်” ဆိုတဲ့ စကားလုံးက မြန်မာ့စကားထဲမှာ အင်္ဂလိပ် မလာခင် ကတည်းက ရှိတာပါ။ ကျွန်တော်တို့ ငယ်ငယ်က “လိုက်တမ်း ပြေးတမ်း” ကစားတော့ “ဘုတ်တေး” ဆိုတဲ့ စကားကို ဆရာ သုံးဖူး မလား မသိဘူး။ “ဘုတ်တေး” လုပ်လိုက်ရင် လိုက်ဖမ်းတဲ့သူက ဆက်ဖမ်းလို့ မရတော့ဘူး။ “ဘုတ်” လုပ်လိုက်တယ် ဆိုတာက ရပ်နားလိုက်တာ၊ အခြေစိုက်လိုက်တာ၊ အခိုင်အမာ တည်ဆောက်လိုက်တာ ဆိုတဲ့ အဓိပ္ပါယ်တွေ ပါနေတယ် ဆရာ။ စဉ်းစားကြည့်ပါ။ “မဟာဘုတ်” က “ဘုတ်” ဟာ ဒီသဘောဘဲလို့ ကျွန်တော် ယူဆတယ်ဆရာ။ ပြေးတမ်းလိုက်တမ်း ကစားနည်း က မြန်မာပြည်ကို အင်္ဂလိပ်မလာခင်ကတည်းက ရှိနေတဲ့ မြန်မာ့ရိုးရာ ကစားနည်း တစ်ခုပါ တဲ့။ ကျွန်တော်လည်း ဒီစကားကို ချက်ခြင်းကြီး လက်ခံလိုက်တာ မဟုတ်ပေမယ့် စဉ်းစားစရာတော့ ဖြစ်လာတယ်။ ဒီ ဦးလေးကြီး “ဦးသောင်းတင်” ဆိုတာကလည်း နှယ်နှယ်ရရ ပုဂ္ဂိုလ်တော့ မဟုတ်ဘူးနော်။ ယခင် အစိုးရ၀န်ကြီးဌာန တစ်ခုမှာ ညွှန်ကြားရေးမှူး လုပ်ဘူးသူဖြစ်ပြီး အင်္ဂလိပ်ဘာသာ နဲ့ ပြင်သစ်ဘာသာကို အလွန်ကျွမ်းကျင်သူဖြစ်တယ်။ ဗေဒင်ပညာ မဟုတ်ပေမယ့် အဂ္ဂိရတ်ပညာ နဲ့ ဂမ္ဘီရ ပညာအချို့ကိုလည်း တီးမိ ခေါက်မိ ရှိသူဖြစ်တယ်။ ကိစ္စရပ်တစ်ခုကို လေးလေးနက်နက် သုံးသပ် ဆင်ခြင်တတ်တဲ့ ဉာဏ်မျိုးရှိသူဖြစ်တယ်။ ဦးလေးကြီး ပြန်သွားတော့ ကျွန်တော် ဒီကိစ္စကို ဆက်ပြီး စဉ်းစားဖြစ်တယ်။ လက်ဆန်းဗေဒင်ထဲမှာ “ပထ၀ီ၊ အာပေါ၊ ၀ါယော၊ တေဇော” ဆိုတဲ့ ဌာနတွေ ရှိပေမယ့် အဲဒါတွေက “မဟာဘုတ်ခွင်” ထဲမှာ မဟုတ်ဘဲ “အဌလဂ်ခွင်” မှာ ဖြစ်နေတယ်။ တကယ်တော့ အဌလဂ်ခွင်က မဟာဘုတ်တစ်ဦးတည်းပိုင် မဟုတ်ပါဘူး။ သုံးတန်ပေါ်နိစ် ကလည်း အဌလဂ်ခွင်ကို ပိုင်တာဘဲ။ ဆန်းဗေဒင်ကလည်း ပိုင်တာဘဲ။ အင်္ဂ၀ိဇ္ဇာကလည်း ဆိုင်တာပါဘဲ။ မဟာဘုတ် တစ်ဦးတည်းပိုင် မဟုတ်ပါဘူး။ မဟာဘုတ်ခွင်ထဲမှာတော့ “ပထ၀ီ၊ အာပေါ၊ ၀ါယော၊ တေဇော” ဆိုတဲ့ ဌာနတွေ မတွေ့မိဘူးဗျ (ကျွန်တော် စာဖတ်နည်းတယ် ထင်ရင်ခွင့်လွှတ်ပါ)။ မဟာဘုတ်ကသစ်အိမ် တွေဖြစ်တဲ့ “လှ၊ တော ၊ မြို့ ၊ သား ၊ အ ၊ ကြွား ၊ ဆင့်” ဆိုပြီး ရှိပေမယ့် မဟာဘုတ် (၇) အိမ်တွေမှာ - ပထ၀ီ အိမ် ၊ ၀ါယောအိမ် ၊ အာပေါအိမ် ၊ တေဇောအိမ် ရယ်လို့ သတ်မှတ်တာမျိုးတော့ မတွေ့ဘူးတာ အမှန်ပါ။ ကျွန်တော်တို့ တရုတ်လူမျိုးတို့ရဲ့ အကောင် (၁၂)ကောင် ဗေဒင်မှာ “ကျား” နှစ်မှာ မွေးသူတစ်ဦး ဆိုပါစို့။ အဲဒီမှာ တရုတ် ဘုတ်ကြီး(၅)ပါးအရ “ရေကျား ၊ သစ်သားကျား ၊ မီးကျား ၊ သတ္တုကျား . . . စသည်ဖြင့် ခွဲခြားထားတာ ရှိပေမယ့် ကျွန်တော်တို့ မဟာဘုတ်မှာ “သိုက်ဖွား” တစ်ဦးကို “ပထ၀ီ သိုက်ဖွား” “အာပေါ သိုက်ဖွား” . . . စသည်ဖြင့် ခွဲခြားထားတာ ၊ အဟောထုတ်တာရယ်လို့ မတွေ့ဘူးသေးဘူးခင်ဗျ။ နောက်ဆုံး အဌလဂ်ခွင်မှာတောင်မှ ဓာတ်ကြီး (၄)ပါး ရှိတယ်ဆိုပေမယ့် ဂြိုဟ်ခွင် သက်ရောက်အဟောတွေမှာ ဂြိုဟ်ရဲ့ ပရိယာယ်တွေကိုသာ အဓိကထားပြီး ဟောတာမျိုး တွေ့ရပြီး မီးဓာတ် အဟော ၊ ရေဓာတ် အဟော . . . စသည့်ဖြင့် ဟောတာမျိုး သိပ်မတွေ့ရပါဘူး။ တနင်္ဂနွေ သက်ရောက်ဆိုရင် “ ဖခင် ၊ အိုး ၊ အိမ် ၊ အလုပ်အကိုင် ၊ အကြီးအကဲ ၊ မင်္ဂလာကိစ္စ ” စသည်များနဲ့ ဆိုင်တဲ့ အဟောမျိုး ၊ တနင်္လာ သက်ရောက် ဆိုရင် “ မိခင် ၊ ငွေ ၊ ခြေနှစ်ချောင်း ၊ ယာဉ်ကား ” စသည်များနဲ့ ဆိုင်တဲ့ အဟော မျိုးတွေဘဲ ဟောကြ ပြောကြတာဘဲ တွေ့ဘူးပါတယ်။ ဒီလို ပြောနေတာဟာ “မဟာဘုတ်” ပညာကို သိက္ခာချလိုစိတ် ၊ “မဟာဘုတ်ပညာရှင်” တွေကို သိက္ခာချလို စိတ် အလျှဉ်း မရှိပါ။ ဒီသဘောနဲ့ ပြောနေတာ မဟုတ်ပါ။ ကျွန်တော်ကိုယ်တိုင် မဟာဘုတ်ကို အလွန်မြတ်နိုး တန်ဖိုးထားသူဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်လေ့လာလိုက်စားတဲ့ ပညာရပ် တစ်ခုရဲ့ အဓိပ္ပါယ် “ဇစ်မြစ်” ကိုတော့ တိတိကျကျ သိထားရင် ပိုကောင်းမယ် ထင်ပါတယ်။ ဖြစ်လည်း ဖြစ်သင့်ပါတယ်။ ကျွန်တော့် အနေနဲ့က အခုစာရေးနေချိန်အထိ ဘယ်ဟာ အမှန်ဆိုတာ ပြတ်ပြတ်သားသား မခံယူနိုင်သေးပါ။ ဒါပေမယ့် ဦးလေးကြီး “ဦးသောင်းတင်” ရဲ့ စကားက ပိုဖြစ်နိုင်ချေ ရှိတယ်လို့တော့ ထင်နေပါတယ်။ ဒါကြောင့် “မဟာဘုတ်” ရဲ့ အနက်အဓိပ္ပါယ်ကို တိတိကျကျ ခိုင်ခိုင်မာမာ သိသူ ရှိလျှင် ကွန်းမန့်ထဲမှာ ၀င်ပြီး ရေးပေးဖို့ ဖိတ်ခေါ်ပါတယ်။ ဒါမှမဟုတ် အထက်က အယူအဆ နှစ်ခုအပေါ်မှာ (ပိုင်ပိုင်နိုင်နိုင်မသိသော်လည်း) ဘယ်ဟာ ပိုဖြစ်နိုင်တယ်လို့ ထင်မြင်ယူဆချက်မျိုးကိုလည်း လက်ခံပါတယ်။ ကျွန်တော်ကိုယ်တိုင် “မဟာဘုတ်ပညာ” ကို ပိုင်ပိုင်နိုင်နိုင် အသုံးချနေသူဖြစ်ပေမယ့် ဒီလို အနက်အဓိပ္ပါယ်ကို တိတိကျကျ မပြောနိုင်သေးတာကို ကိုယ့်ကိုယ့်ကို ဘ၀င်မကျမိတာ အမှန်ပါ။ ဒါကြောင့် “မဟာဘုတ်” ပညာဟာ “မဟာဘူတ ဓာတ်ကြီးလေးပါး” လား ၊ “ကြီးကျယ်ခမ်းနားသော ဘုတ်တိုင်” လား ဆိုတာ ဝေဖန်ဆန်းစစ် ပေးကြပါခင်ဗျား။ . ပညာရှင်များ အားလုံးသို့ မေတ္တာများစွာဖြင့် . ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)
<urn:uuid:52478156-3d1c-4e72-ab80-baad0b306dfc>
CC-MAIN-2013-20
http://compubaydathukhuma.com/?p=6220
2013-05-24T13:09:14Z
s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368704658856/warc/CC-MAIN-20130516114418-00099-ip-10-60-113-184.ec2.internal.warc.gz
mya
0.937819
Mymr
1
{"mya_Mymr_score": 0.9378188252449036, "blk_Mymr_score": 0.06117325276136398}
ပြည်သူလွှတ်တော်အားကစား ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံ ရေးဖွံ့ဖြိုးတိုးတက်မူကော်မတီ ဥက္ကဋ္ဌသူရဦးအေးမြင့် ၁၀.၈.၂၀၁၂ နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုရာ၌ မီဒီယာဥပဒေကို စာနယ်ဇင်းသမားများကို လွှတ်တော် သို့မတင်မှီ အရင်ချပြရန် အစီအစဉ် ကို ထုတ်ဖော်ပြောဆိုခဲ့သည်။ ယခု မီဒီယာဥပဒေမူကြမ်းရေးဆွဲ နေရာ၌ မီဒီယာလောကမှ ကြိုတင် သိရှိခွင့်မရရခြင်းနှင့် ပြန်ကြားရေး ၀န်ကြီးဌာနမှ မီဒီယာသမားများ ထံမှ အကြံဉာဏ်များရယူခြင်းမရှိ မူအပေါ်တွင် ဝေဖန်ကန့်ကွက်မူ များ အများအပြား လည်းကြား သိနေရသည်။ စာနယ်ဇင်းလွတ်လပ်ခွင့် ကော်မတီပြန်ကြားရေးတာဝန်ခံ ကို သက်ဇင်ကလည်း မီဒီယာ ဥပဒေရေးဆွဲပြီးမှ အကုန်အချော သတ်ပြီးမှ စာနယ်ဇင်းသမားများ ကို ခေါ်ပြတာက သိပ်ပြီးလက်ခံ ချင်စရာမရှိဘူး။ လက်မခံနိုင်ဘူး၊ စာနယ်ဇင်းသမားတွေပါဝင်တဲ့ အဖွဲ့က ရေးဆွဲထားတဲ့ဟာကိုမှ အစိုးရကို တင်ပြကာ ဖြစ်ရမယ် လေ” ဒါကိုမှ အစိုးရက လက်မခံ နိုင်တဲ့အချက်ကို ပြန်ညှိနှိုင်းပေးရ မယ်လေ အခုဟာက အစိုးရက ရေးဆွဲပြီးထားမှ သတင်းစာနယ်ဇင်း သမားတွေကို ခေါ်ပြမယ်ဆိုတာ က လက်ခံချင်စရာမကောင်းပါဘူး ဟုပြောပြခဲ့သည်။ ဥယျာဉ်မှူး
<urn:uuid:654c557d-f0e2-4cc5-a9b0-872f547d106c>
CC-MAIN-2013-20
http://www.hotnewsweekly.com/archives/8824
2013-05-21T08:08:57Z
s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368699798457/warc/CC-MAIN-20130516102318-00013-ip-10-60-113-184.ec2.internal.warc.gz
mya
0.959917
Mymr
1
{"mya_Mymr_score": 0.9599165916442871, "blk_Mymr_score": 0.038144029676914215}
1 ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းကြ လော့။ 2 ထာဝရဘုရား၏ အိမ်တော်၊ ငါတို့ ဘုရား သခင်၏ အိမ်တော်တန်တိုင်းတွင် အမှုစောင့်သော ထာဝရဘုရား၏ ကျွန်တော်တို့၊ ချီးမွမ်း ခြင်းကိုပြုကြ လော့။ 3 ထာဝရဘုရားသည် ကောင်းမြတ်တော်မူသော ကြောင့်၊ ထာဝရဘုရားကို ချီးမွမ်းကြလော့။ နာမတော်ကို ထောမနာသီချင်းဆိုကြလော့။ ထိုသို့သော အမှုသည် တင့်တယ်လျောက်ပတ်ပေ၏။ 4 အကြောင်းမူကား၊ ထာဝရဘုရားသည် ယာကုပ် အမျိုးကို ကိုယ်တော်အဘို့၎င်း၊ ဣသရေလအမျိုးကို ဘဏ္ဍာတော်ဖြစ်စေခြင်းငှါ၎င်း ရွေးကောက်တော်မူပြီ။ 5 ထာဝရဘုရားသည် ကြီးတော်မူကြောင်း၊ ငါတို့ ၏ဘုရားရှင်သည် ဘုရားတကာတို့ထက် မြတ်တော် မူကြောင်းကို ငါသိ၏။ 6 ထာဝရဘုရားသည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ နက်နဲရာအရပ်ရပ်တို့၌ အလိုတော်ရှိသမျှတို့ကို ပြုတော်မူ၏။ 7 မြေကြီးစွန်းမှ မိုဃ်းတိမ်တို့ကို တက်စေတော် မူ၏။ မိုဃ်းနှင့်တကွ လျှပ်စစ်ကို ဖန်ဆင်းတော်မူ၏။ ဘဏ္ဍာတော်တိုက်ထဲက လေကို ထုတ်တော်မူ၏။ 8 အဲဂုတ္တုပြည်၌ လူမှစ၍ တိရစ္ဆာန်တိုင်အောင် သားဦးရှိသမျှတို့ကို ဒဏ်ခတ်တော်မူ၏။ 9 အို အဲဂုတ္တုပြည်၊ သင်၏အထဲမှာ ဖာရောမင်းမှ စ၍၊ သူ၏ကျွန်အပေါင်းတို့၏အပေါ်သို့ လက္ခဏာ သက်သေ၊ အံ့ဘွယ်သောအမှုတို့ကို စေလွှတ်တော်မူ၏။ 10 အာမောရိပြည်ကို အစိုးရသော ရှိဟုန်မင်း၊ 11 ဗာရှန်ပြည်ကို အစိုးရ သောဩဃမင်းနှင့်တကွ၊ ဘုန်းကြီးသော ရှင်ဘုရင်များကို ကွပ်မျက်၍၊ များပြား သော လူမျိုးနှင့်တကွ၊ ခါနာန်တိုင်းနိုင်ငံအပေါင်းတို့ကို လုပ်ကြံသဖြင့်၊ 12 သူတို့နေရာ မြေကိုလွှဲ၍၊ မိမိလူ ဣသရေလ အမျိုးအား အမွေကို ပေးချေတော်မူ၏။ 13 အိုထာဝရဘုရား၊ ကိုယ်တော်၏ အမည်သည် နိစ္စထာဝရဖြစ်ပါ၏။ အိုထာဝရဘုရား၊ ဘွဲ့နာမတော် သည် ကာလအစဉ်အဆက် တည်ပါ၏။ 14 ထာဝရဘုရားသည် မိမိကျွန်တို့၏ အတွက် နောင်တရ၍၊ မိမိလူစုဘက်မှ တရားစီရင်တော်မူ၏။ 15 သာသနာပလူတို့ ကိုးကွယ်သော ရုပ်တုတို့ကား ငွေလည်းဖြစ်၏။ ရွှေလည်းဖြစ်၏။ လူလက်ဖြင့် လုပ် သော အရာပေတည်း။ 16 ထိုရုပ်တုတို့သည် နှုတ်ရှိ၍ စကားမပြောတတ်။ မျက်စိရှိ၍ မမြင်တတ်။ 17 နားရှိ၍ မကြားတတ်။ သူတို့ပစပ်၌လည်း ထွက်သက်ဝင်သက် မရှိပါတကား။ 18 လုပ်သော သူတို့လည်း အတူတူ၊ ကိုးစားသော သူအပေါင်းတို့လည်း အတူတူပါတကား။ 19 အိုဣသရေလ အမျိုး၊ ထာဝရဘုရားကို ကောင်းကြီးပေးလော့။ အိုအာရုန် အမျိုးအနွယ်၊ ထာဝရဘုရားကို ကောင်းကြီးပေးလော့။ 20 အိုလေဝိအမျိုးအနွယ်၊ ထာဝရဘုရားကို ကောင်း ကြီးပေးလော့။ ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့၊ ထာဝရဘုရားကို ကောင်းကြီး ပေးကြလော့။ 21 ယေရုရှလင်မြို့မှာ ကျိန်းဝပ်တော်မူသော ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်မှာ မင်္ဂလာရှိတော် မူစေသတည်း။ ဟာလေလုယ။
<urn:uuid:842c0b55-6b45-466b-8ba9-ec6a6b852f47>
CC-MAIN-2013-20
http://www.bible.is/MYAOJV/Ps/135
2013-05-23T16:33:00Z
s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368703592489/warc/CC-MAIN-20130516112632-00013-ip-10-60-113-184.ec2.internal.warc.gz
mya
0.997341
Mymr
32
{"mya_Mymr_score": 0.9973405599594116}
ဒီဆုံးဖြတ်ချက်ကို လာမယ့် မတ်လ ၂၄ ရက်နေ့ အရေးပေါ်ညီလာခံမှာ တင်သွင်းမှာ ဖြစ်တယ်လို့ အတွင်းရေးမှူး ဦးကိုကို (စက်မှု) က အာအက်ဖ်အေကို ပြောပါတယ်။ “မြန်မာနိုင်ငံ သတင်းစာဆရာအဖွဲ့ Myanmar Journalists' Association ၊ မြန်မာနိုင်ငံ စာရေးဆရာအဖွဲ့ Myanmar Writers' Association ၊ မြန်မာနိုင်ငံ ပုံနှိပ်ထုတ်ဝေ ဖြန့်ချိသူများအသင်း ... ဆိုပြီး အသင်း ၃ သင်း ပြောင်းလဲ ဖွဲ့စည်းမယ်။ မြန်မာနိုင်ငံ စာပေစာနယ်ဇင်းအဖွဲ့ ဆိုတာ အရင် တပ်မတော်အစိုးရ လက်ထက်မှာ အဲဒီတုန်းက ခေတ်စနစ်နဲ့ လိုက်လျောညီထွေအောင် ဖွဲ့ခဲ့ရတဲ့ အဖွဲ့ဖြစ်တယ်။ အခု ဒီမိုကရေစီစနစ်ကို ကူးပြောင်းတဲ့ အခါမှာ ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရ၊ အသွင်သဏ္ဍန်နဲ့ လိုက်ဖက်ညီမယ့် အဖွဲ့တွေ ပြောင်းလဲဖွဲ့စည်းဖို့ လိုအပ်လာတယ်။ အဲဒါကြောင့် ကျနော်တို့ ပြောင်းလဲဖွဲ့တာ ဖြစ်ပါတယ်” ဒီအဖွဲ့ ၃ ဖွဲ့လုံးကို သီးခြား ဖွဲ့စည်းပုံအလိုက် လွတ်လွတ်လပ်လပ် ဖွဲ့စည်းထူထောင်မှာ ဖြစ်ပြီး အဲဒီ ဖွဲ့စည်းပုံတွေကို ညီလာခံမှာ တင်ပြဆွေးနွေး အတည်ပြုမှာ ဖြစ်တယ်လို့ ဦးကိုကိုက ပြောပါတယ်။ “ညီလာခံ ကိုယ်စားလှယ်တွေက ဖွဲ့ပါလို့ ပြောပြီဆိုရင်တော့ ကျနော်တို့က အသင်း ၃ သင်းလုံးအတွက် ဖြစ်မြောက်ရေးကော်မတီတွေ ဖွဲ့စည်းပြီးတော့ အမြန်ဆုံး ဖွဲ့စည်းသွားမယ်” လောလောဆယ် တစ်နိုင်ငံလုံး အတိုင်းအတာအရ မြန်မာနိုင်င စာပေနဲ့ စာနယ်ဇင်းအဖွဲ့ဝင် ၇ ထောင်ကျော် ရှိတယ်လို့ သိရပါတယ်။
<urn:uuid:78ca518b-ea7b-4152-8116-c999cce7d3f3>
CC-MAIN-2013-20
http://www.rfa.org/burmese/news/media-associations-03112012102027.html
2013-05-26T00:28:14Z
s3://commoncrawl/crawl-data/CC-MAIN-2013-20/segments/1368706474776/warc/CC-MAIN-20130516121434-00013-ip-10-60-113-184.ec2.internal.warc.gz
mya
0.873857
Mymr
42
{"mya_Mymr_score": 0.8738565444946289, "blk_Mymr_score": 0.12075230479240417}
ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် ရန်ကုန်-အင်းစိန် လမ်းမကြီး စံရိပ်ငြိမ်ကားမှတ်တိုင်အနီး ကားတစီးအား အုပ်စုဖွဲ့ ဝိုင်းဝန်း ရိုက်နှက်ခဲ့မှုတွင် ပါဝင်သည်ဟု ရဲကယူဆသူ တရားခံ ၈ ဦးအနက်မှ ၄ ဦးကို မိထားပြီဖြစ်ကြောင်း ကမာရွတ်မြို့နယ်ရဲစခန်းက ထုတ်ဖော် ပြောဆိုလိုက်သည်။ ယခုလ ၁ ရက်နေ့ မနက် ၁ နာရီခန့်က စံရိပ်ငြိမ်မှတ်တိုင်အနီးတွင် ကား ၁ စီးအား အခြား ကား ၄ စီးက ရှေ့နောက် ပိတ်ဆို့၍ ကားပေါ်တွင်လိုက်ပါလာသူနှင့် ကားအား ရိုက်နှက်ဖျက်ဆီးခဲ့သူ ၈ ဦးအနက် ၄ ဦးကို အခင်းဖြစ်ပွားရာတွင် စီးနင်းခဲ့သော ကား ၃ စီးနှင့်အတူ ဖမ်းမိကြောင်း ရဲကပြောသည်။ “လောလောဆယ်တော့ ၄ ယောက်နဲ့ ကား ၃ စီးမိထားပြီဗျ၊ ဖြစ်တာတော့ လူမှုရေးကိစ္စပါ၊ ကောင်မလေး၊ ကောင်လေး ကိစ္စတွေ ပါ၊ ဖြစ်စဉ်မှာတော့ အားလုံး ၈ ယောက်ပါ” ဟု ကမာရွတ်မြို့နယ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဧရာဝတီသို့ ပြောသည်။ အဆိုပါအမှုဖြစ်စဉ်၌ ဝိုင်းဝန်းရိုက်နက်ခဲ့သည်ဟု ရဲကယူဆထားသူများထဲတွင် ပါဝင်သူ ကိုစည်သူမျိုးဇင် အား ယခုလ ၇ ရက်နေ့က ပြစ်မှုကျူးလွန်ရာတွင် စီးနင်းခဲ့သော မတ်တူးအမျိုးအစား ယာဉ်နှင့်အတူ ကျွန်းတောလမ်း၊ ထူပါ စားသောက်ဆိုင်တွင် ဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အင်တာနက်စာမျက်နှာတွင်လည်း ဓာတ်ပုံနှင့်အတူ ပူးတွဲ ဖော်ပြထားသည်။ အခင်းဖြစ်ပွားစဉ်တွင် ကားထဲတွင်ပါဝင်သူ အမျိုးသမီးနှင့် အမျိုးသားကို ကား ၄ စီးပေါ် လိုက်ပါလာသူ လူငယ် တစ်စုက ထိုးကြိတ် ရိုက်နှက်သကဲ့သို့ ကားကိုလည်း အသင့်ပါလာသော ဒုတ်များဖြင့် ရိုက်နှက်ဖျက်ဆီးခဲ့ကြောင်း ဓာတ်ပုံများနှင့် အတူ အင်တာနက် စာမျက်နှာအချို့နှင့် လူမှုဆက်သွယ်ရေးကွန်ရက် Facebook စာမျက်နှာများပေါ်တွင် ယခုလဆန်းပိုင်းက ပေါ်ထွက် လာခဲ့သည်။ အဆိုပါ မှုခင်းနှင့် ပတ်သက်၍ အသေးစိပ်အချက်အလက် ကို ပြောဆိုရန် ရဲတပ်ဖွဲ့က ငြင်းဆန်ခဲ့ပြီး အခင်းဖြစ်ပွားမှုတွင် ပါဝင်သူ ကျန်ရှိနေသေးသော ၄ ဦးကိုလည်း ဆက်လက် ဖော်ထုတ်နိုင်ရန် စစ်ဆေးနေဆဲဖြစ်ကြောင်း ဧရာဝတီသို့ ရှင်းပြသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ယခင်က မှုခင်းဖြစ်စဉ်များကို အများပြည်သူတို့ ရှင်းလင်း ချပြမှု ရှားပါးသော်လည်း ယခုနှစ်ပိုင်းတွင် ၎င်းတို့၏ အင်တာနက် ဝက်ဘ်ဆိုက်နှင့် ဖေ့ဘုတ်များကို လွှင့်တင်ကာ ထိုမှတဆင့် အမှုအခင်းအချို့ကို တင်ပြလျက် ရှိသည်။ သို့သော်လည်း ၂၀၀၈ ခု မတ်လတွင် ရန်ကုန် ကမာရွတ်မြို့နယ် စိမ်းလဲ့ကန်သာလမ်း၌ ဖြစ်ပွားခဲ့သော ၅ လောင်းပြိုင် လူသတ်မှု ကဲ့သို့သော အမှုကြီးမျိုးကိုမူ ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။ ၂၀၁၁ ခုနှစ်အတွင်း လူသတ်မှု ၁၂၄၅ မှုအပါအဝင် အမှုကြီး ၁၀ မျိုး၌ စုစုပေါင်း ၂၂၉၀ မှုဖြစ်ပွားခဲ့ကြောင်း၊ လူသတ်မှု ၁၂၄၅ မှုအနက် ၁၁၂၁ မှုအား ဖော်ထုတ်အရေးယူနိုင်ခဲ့ကြောင်း၊ တရားခံဖော်ထုတ်နိုင်ခြင်း မရှိသေးသော အမှုများကိုလည်း အမှုမှန် ပေါ်ပေါက်ရေး ကြိုးစားနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ၎င်းတို့အင်တာနက်ဝဘ်ဆိုက် စာမျက်နှာတွင် ဖော်ပြထားသည်။
<urn:uuid:98c58e2b-19c6-449c-b41b-9c99417d772d>
CC-MAIN-2013-48
http://burma.irrawaddy.org/?slide=%E1%80%85%E1%80%B6%E1%80%9B%E1%80%AD%E1%80%95%E1%80%B9%E1%81%BF%E1%80%84%E1%80%AD%E1%80%99%E1%80%B9-%E1%82%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%82%8F%E1%80%BD%E1%80%80%E1%80%B9%E1%80%99%E1%82%88
2013-12-06T17:55:36Z
s3://commoncrawl/crawl-data/CC-MAIN-2013-48/segments/1386163052286/warc/CC-MAIN-20131204131732-00066-ip-10-33-133-15.ec2.internal.warc.gz
mya
0.985417
Mymr
55
{"mya_Mymr_score": 0.9854172468185425, "blk_Mymr_score": 0.01413970347493887}
ဟဲဟိုး လေဆိပ်မှာ လေယဉ်ပေါ်က ဆင်းတော့ ပတ်ဝန်းကျင်က အရမ်းမအေးဘူး ၊ နေလဲသာတယ် ၊ နေလို့ကောင်းတယ် ။ ဓါတ်ပုံတွေ အုန်းအုန်းထ ရိုက်ကြတယ် ။ သူများနည်းတူ ဓါတ်ပုံတွေလိုက်ရိုက်လိုက်တယ် ။ လေဆိပ်ထဲမှာ ရှေးဟောင်းစက်ပစ္စည်း ( အသုံးအဆောင်) တွေကို ဆေးသုတ်ပြီး ထားထားတယ် ။ နိုင်ငံခြားသားတွေက အဲသည့်ပစ္စည်းတွေကို ဓါတ်ပုံရိုက်ကြတယ် ။ ကျနော်လည်း ရိုက်ခဲ့တယ် ။ ဘာပစ္စည်းလဲ ၊ ဘာအတွက်သုံးတာလဲဆိုတော့ မသိဘူး ။ ဟဲဟိုးမြို့နဲ့တောင်ကြီးမြို့ကိုဆက်ထားတဲ့ကားလမ်းမကြီးပေါ်က အိမ်လေးတွေ ။ လေဆိပ်ကထွက်တဲ့လမ်းတလျှောက်မှာ လေယဉ်လက်မှတ်ရောင်းတဲ့ အေဂျင်စီတွေကိုတွေ့ရတယ် ။ အရင်ကရောက်ဖူးတဲ့ နောင်ချိုမြို့လိုပဲ ။ လှတယ် ။ ဟဲဟိုးကနေ တောင်ကြီးကို ၁ နာရီလောက်ကားမောင်းရတယ်လို့ လိုက်ပို့ပေးတဲ့အကိုက ပြောပြတယ် ။ လမ်းမှာ ရိုးရာထီးလုပ်ငန်း ဆိုင်လေး ၂ ဆိုင်ရှိတယ်လို့လည်းပြောတယ် ။ ဒါနဲ့ပဲ ဓါတ်ပုံရိုက်ချင် ၊ မြင်ဖူးချင်တာနဲ့ ဝင်လိုက်တယ် ။ ဆိုင်ပိုင်ရှင်က သူကိုယ်တိုင် ထီးတလက်ကို လက်တွေ့လုပ်ပြတယ် ။ ထီး အမိုးကိုလုပ်တဲ့ လုပ်ငန်းခွင်နေရာ ၊ အမိုးလုပ်တဲ့ အဆင့်ကိုမကြည့်လိုက်ရဘူး ။ ဓါတ်ပုံပဲရိုက်ခဲ့တယ်။ ထီးရိုးတံ နဲ့ ဆက်စပ်နေတဲ့ အစိတ်အပိုင်းတွေထဲ တချို့ကို လက်တွေ့လုပ်ပြတယ် ။ ဘယ်အပိုင်းကို ဘယ်လိုခေါ်သလဲကို ရှင်းပြပေမယ့် မမှတ်မိ ၊ အသေးစိတ်မသိ ။ လက်တွေ့သရုပ်ပြတဲ့ အတွက်ပိုက်ဆံပေးစရာ မလိုပါဘူး ။ ထီးလေးတွေ ၊ ထီးကြီးတွေ နဲ့ တခြား ရှေးဟောင်း ပစ္စည်း ၊ လက်မူ ပစ္စည်းတွေကို အမှတ်တရ ဝယ်ယူနိုင်ပါတယ် ။ မြန်မာပန်းချီဆရာမတယောက် ထီးပေါ်မှာရေးထားသော ပန်းချီများကို တလောက အွန်လိုင်းပေါ်တွင် ကြည့်လိုက်ရပါတယ် ။ ဓါတ်ပုံထဲက ထီးအမိုးပေါ်မှာ ရေးထားတဲ့လက်ရာ ပန်းပွင့်လေးတွေ ကို အထားအသိုမှန်အောင် နေရာချထားပုံက စိတ်ဝင်စားဖွယ်ကောင်းပါတယ် ။ ထီးလုပ်တဲ့ နေရာမှာ သုံးတဲ့ သစ်သားက ဘာသားလဲမသိဘူး ။ သစ်သား အသားက အရမ်းမမာ သလို ၊ အရမ်းလည်း မပျော့လွန်းဘူး ။ တွင်ခုံလိုမျိုးလုပ်ထားတဲ့ စက်နဲ့ လိုချင်တဲ့ အပိုင်းကိုရအောင် ဓါးတလက်နဲ့ အလုပ်လုပ်သွားပါတယ် ။
<urn:uuid:241e7208-e2c3-4c93-b8ab-b9c1983faa75>
CC-MAIN-2013-48
http://imaginaryclouds.blogspot.com/2011/11/blog-post_27.html
2013-12-13T01:39:37Z
s3://commoncrawl/crawl-data/CC-MAIN-2013-48/segments/1386164796892/warc/CC-MAIN-20131204134636-00066-ip-10-33-133-15.ec2.internal.warc.gz
mya
0.905222
Mymr
45
{"mya_Mymr_score": 0.9052221179008484, "blk_Mymr_score": 0.09427240490913391}
that' s amazing,my favourite,thks for sharing,, ငပူသီးဆိုလို့ တစ်ခါမှ ကြားတောင်မကြားဖူးဘူး။ ပြင်ထားတာတော့ သရက်သီးထောင်းတို့ ဘာတို့လို လျှာရည်လည်စရာပဲ ။ ငပူသီး ဆိုတာ ကြားတောင် ကြားဖူးဘူးရော .. ကြည့်ရတာ စားချင်စရာလေး ..း)) တို့က မပူသီး (ဆင်ခရမ်းချဉ်သီး) လို့ခေါ်တယ် ကြိုက်လဲကြိုက်လဲကြိုက်တယ်။ငရုပ်သီးစပ်စပ်လေးနဲ့ ထောင်းစားရင် ရှယ်ဘဲအစိမ်းလဲပါးပါးလှီး နှုတ်နှုတ်စင်းပြီး ပဲသီးတို့နဲ့ ရောပြီး ထောင်းစားသေးတယ်။ တစ်ခါမှမစားဘူးပေမယ့် ပုံစံကြည့်ပြီး စားချင်စိတ်ဖြစ်မိတယ် ..။ ငပုသီးရဲ့ပုံကိုမမြင်ဘူးဘူး။နှင်းဟေမာwww.hninhaymar.com တခါမှမကြားဖူး မစားဖူးဘူး။ ကြည့်ရတာတော့ စားလို့ကောင်းမှာပဲ။ ညီမလေးေ၇ပုံမှာကြည်.၇တာတော. ၇န်ကုန်ကခ၇မ်းကျွတ်သီးနဲ.တူပါတယ်ကွယ်။ ကြည်.ယုံနဲ.တင်သေ၇ကျလာပြီ။ တခါမှမစားဘူးဘူး။ အရမ်းစားချင်တယ်။ စားရင်ကြိုက်မှာသေချာတယ်။Iora ချောရဲ့မှတ်ချက်ကိုတွေ့ မှ ဆင်ခရမ်းချဉ်သီးဆိုတာသိသွားတယ်။ ဒါဆို စားဘူးတာပေါ့။ တအိမ်လုံးကြိုက်ကြပါတယ်။ ဒီတော့ပိုစားချင်သွားပြန်ပြီ။ Thanks, Iora ခရမ်းကဇော့် သီးမဟုတ်ဘူးလား..။မစားရတာကြာပေါ့..။ ငပူသီးကို အနော်တို့လည်း ဆင်ခရမ်းချဉ်သီးလို့ပဲ သိတာ.. အတူတူပါပဲလေ.. သူ့ကို အစိမ်းပါးပါးလှီး၊ ငရုတ်သီးစိမ်း၊ ငါးပိမီးဖုတ် (သို့) ပုစွန်ခြောက်ထောင်း ၊ ဆား ၊ အချိုမှုန့်၊ သံပုရာသီးနည်းနည်းညှစ်ပြီး သုပ်စားလည်း ကောင်းတယ်.. Post a Comment
<urn:uuid:3087f98c-f217-4c07-a45d-c55c759ba37f>
CC-MAIN-2013-48
http://mogaungthu.blogspot.com/2011/03/blog-post.html?showComment=1299599292162
2013-12-11T03:35:37Z
s3://commoncrawl/crawl-data/CC-MAIN-2013-48/segments/1386164030159/warc/CC-MAIN-20131204133350-00023-ip-10-33-133-15.ec2.internal.warc.gz
mya
0.885558
Mymr
32
{"mya_Mymr_score": 0.8855579495429993, "blk_Mymr_score": 0.10201835632324219}
Thursday, August 13, 2009 Monday, July 27, 2009 ဘယ်လောက်ပဲ ကောင်းမွန်တဲ့အရာ ဖြစ်ပါစေ။ အသုံးမတတ်ရင် အန္တရာယ် ဖြစ်ပါတယ်။ အသက်ကယ်ဆေးတောင် သူ့အချိန်အဆအတိုင်း မသုံးတတ်ရင် အဆိပ်ဖြစ်သွားရတာပါ။ 'သုံးတတ်ရင်ဆေး ၊ မသုံးတတ်ရင်ဘေး' ဆိုတဲ့ စကားပုံအတိုင်းပါပဲ။ မိမိကသာ သုံးတတ်မယ်ဆိုရင် မကောင်းတဲ့အရာ၊ အန္တရာယ်ရှိတဲ့ အရာတွေတောင် အသုံးဝင် အကျိုးရှိလာရပါတယ်။ ဥပမာဆိုရရင် လူကိုသေစေတဲ့ မြွေဆိပ်ကိုပဲ မြွေဆိပ်ဖြေဆေးအဖြစ် အသုံးပြုကြရပါတယ်။ ကြောက်စရာ ကပ်ရောဂါကြီးဖြစ်တဲ့ ကျောက်ရောဂါကို ကာကွယ်ဖို့ ရောဂါပိုးစတိကိုပဲ ဆေးအဖြစ် ထိုးသွင်းခဲ့ကြရပါတယ်။ ကမ္ဘာကြီးကို ပျက်သွားအောင် လောင်ကျွမ်းပစ်နိုင်တဲ့ မီးတောင်မှ သုံးတတ်မယ်ဆိုရင် သတ္တဝါတွေအတွက် မရှိမဖြစ် အသုံးဝင်သွားရပါတယ်။ ဒီနည်းတူပါပဲ။ သတ္တဝါတွေကို ပူလောင်စေတတ်တဲ့၊ အပါယ်ဆင်းရဲကို ပို့နိုင်တဲ့ အကုသိုလ် ကိလေသာမီးတွေကိုလည်း မိမိကသာ အသုံးချတတ်မယ်ဆိုရင် အပူမီးတွေ ငြိမ်းသွားရတဲ့အပြင် အနှိုင်းမဲ့ချမ်းသာကိုတောင် ခံစားရနိုင်ပါတယ်။ ရှေးတုန်းက ကာသိတိုင်းမှာ သူငယ်ချင်းနှစ်ယောက် လယ်ထွန်သွားကြပါတယ်။ တစ်ယောက်က ရေဆာလာတဲ့အခါ မိမိရေဘူးထဲကရေ ကုန်သွားမှာစိုးလို့ အခြားတစ်ယောက်ရဲ့ ရေကို ခိုးသောက်လိုက်ပါတယ်။ အလုပ်ပြီးလို့ ညနေချမ်း ရေမိုးချိုး အနားယူပြီးတဲ့အခါ တစ်နေကုန်ပြုမိတဲ့ ကိစ္စတွေကို ပြန်စဉ်းစားတော့ ရေခိုးသောက်မိတဲ့ မကောင်းမှုကို ပြန်သတိရမိပါတယ်။ (မိမိတို့လည်းပဲ တစ်နေ့တာ ပြုမိတဲ့ ကောင်းမှု၊ မကောင်းမှုတွေကို ပြန်လည်ဆင်ခြင်ပြီး ကောင်းမှုတွေကို တိုးပွားစေ၊ မကောင်းမှုတွေကို နောင်မဖြစ်ပွားစေရအောင် သံဝေဂပွါး သုံးသပ်တဲ့ အကျင့်လေးထားသင့်ပါတယ်။) အဲဒီလို သတိရလိုက်တဲ့အခါ ဒီခိုးမှုဟာ မိမိကို အပါယ်ထိအောင် ဆွဲချနိုင်ပါလားလို့ ထိတ်လန့်သွားပြီး အဲဒီ့ အကုသိုလ်ကိုပဲ အာရုံပြုပြီး ဝိပဿနာရှုလိုက်တာ ပစ္စေကဗုဒ္ဓါ ဖြစ်သွားပါတယ်။ ခိုးမှုဆိုတဲ့ အဒိန္နာဒါနကံကို ကျူးလွန်မိတဲ့ပုဂ္ဂိုလ်တောင် အဲဒီ့အကုသိုလ်ကို အသုံးချပြီး သဗ္ဗညုဘုရားရှင်ထက် တစ်ဆင့်သာနိမ့်တဲ့ ပစ္စေကဗုဒ္ဓါ ဖြစ်ခွင့်ရှိသေးရင်…၊ ဖြစ်အောင် လုပ်နိုင်ခဲ့သေးရင်…။ နောက်အကြောင်းအရာတစ်ခုက အဲဒီ့ ကာသိတိုင်းရွာငယ်တစ်ခုမှ သူကြွယ်တစ်ယောက်ဟာ မိမိရှေ့က ဖြတ်သွားတဲ့ ဇနီးမောင်နှံနှစ်ယောက်အနက် အမျိုးသမီးကို တပ်မက်သဘောကျလွန်းလို့ စူးစူးစိုက်စိုက် ကြည့်လိုက်မိပါတယ်။ ကြည့်မိပြီးကာမှ သူတစ်ပါးရဲ့ မယားကို လောဘနဲ့ ကြည့်မိတဲ့ အကုသိုလ်ကြောင့် အပါယ်ကျရတော့မှာပဲလို့ ထိတ်လန့်ပြီး အဲဒီ့အကုသိုလ်ကို အခြေခံပြီး ဝိပဿနာရှုလိုက်တာ ပစ္စေကဗုဒ္ဓါ ဖြစ်သွားပါတယ်။ ကာယကံမှုပြုမှ ကမ္မပထမြောက်တဲ့ ကာမေသုမိစ္ဆာစာရကံကို စိတ်ကလေးနဲ့တင် ကျူးလွန်မိတာကို အချိန်မီ တားဆီးချုပ်ငြိမ်းစေနိုင်ခဲ့တဲ့ နောက်တစ်ဦးလည်း ရှိပါသေးတယ်။ ထိုကာသိရွာမှာပဲ သားအဖနှစ်ယောက် ရှိပါတယ်။ ထိုခေတ်ကလည်း တောအုပ်တွေထဲမှာ ပြန်ပေးသမားတွေ ရှိပါတယ်။ အဲဒီ့ ပြန်ပေးသမားတွေဟာ သားအဖကို ဖမ်းမိရင် သားကို ဖမ်းထားပြီး အဖေကို ငွေပြန်ယူခိုင်းကာ ရွေးစေပါတယ်။ (မိဘမေတ္တာကို သေချာပေါက် တွက်လို့ရပါတယ်နော်။) ညီအစ်ကိုဖြစ်ရင် ညီကိုဖမ်းထားပြီး အစ်ကိုကို လွှတ်ကာ ရွေးစေပါတယ်။ ဆရာတပည့်ဖြစ်ရင် ဆရာကို ဖမ်းထားပြီး တပည့်ကို လွှတ်ပါတယ်။ ပညာကို လိုချင်တဲ့ တပည့်က ဥစ္စာကို ပြန်ယူပြီး ဆရာကို ရွေးရပါတယ်။ အခု ကာသိရွာသား သားအဖနှစ်ယောက်ကိုလည်း ပြန်ပေးသမားတို့က ဖမ်းထားကြပါတယ်။ အဖမ်းများခံရရင် ပြန်ပေးဆွဲခံရမှုမှ လွတ်မြောက်ဖို့အတွက် ဘာတော်သလဲမေးရင် ဘာမှမတော်ဘူးလို့ လိမ်ပြောဖို့လည်း တိုင်ပင် ထားကြပြီးသားပါ။ ဒီတော့ တကယ်မေးလာတဲ့အခါမှာလည်း တိုင်ပင်ထားတဲ့အတိုင်းပဲ ညာပြောလိုက်ကြပါတယ်။ ပြန်ပေးလက်က လွတ်မြောက်ပြီးလို့ ညချမ်းအခါ မိမိအကြောင်းတွေကို ပြန်တွေးတော့ လိမ်လည်မှုကိုမြင်ပြီး ထိတ်လန့် ဝိပဿနာရှုလိုက်တာ ပစ္စေကဗုဒ္ဓါ ဖြစ်သွားပါတယ်။ (မျက်မှောက်ခေတ်မှာတော့ လင်္ကာချောစေဖို့ မပါမဖြစ် ပါရပါတယ်ဆိုတဲ့ မုသား၊ အကျင့်ပါနေတဲ့ မုသား၊ အကျိုးစီးပွား ပျက်စီးစေတဲ့ မုသား၊ အကျိုးစီးပွား မပျက်စီးစေတဲ့ မုသား စသည်.. စသည် ရေလဲသုံးနေတဲ့ မုသားတွေ များလွန်းလို့ မထူးဆန်းတော့ဘဲ သံဝေဂလည်းမရ၊ ဒန်ဝေဂလည်းမရ ဖျောက်ဖျက်ဖို့လည်း မစဉ်းစား၊ ကြောက်လန့်ဖို့လည်း မတွေးအားကြတော့တာနဲ့ မုသာဝါဒကို အခြေခံတဲ့ ၀ိပဿနာဆိုတာ ကြားတောင်မကြားဖူးကြပါဘူး။) အဲ... နောက်တစ်ယောက်ကတော့ ကာသိတိုင်းမှ ရွာစားတစ်ယောက် ဖြစ်ပါတယ်။ အဲဒီ့ရွာစားက သူ့ရွာမှာ သားငါးမသတ်ရလို့ စည်းကမ်းထုတ်ထားပါတယ်။ တစ်နေ့မှာ သားကောင်တွေကို သတ်ပြီး နတ်ပူဇော်ရတဲ့အခါနဲ့ ကြုံကြိုက်နေပါတယ်။ ရွာသားတွေ စုဝေးပြီး ရှေးထုံးစံအတိုင်း သားသတ်ပြီး နတ်ပူဇော်ခွင့်ပြုဖို့် တောင်းပန်ကြပါတယ်။ ဒါနဲ့ ရွာစားလည်း ထုံးစံရှိတဲ့အတိုင်း ပြုလုပ်ဖို့ ခွင့်ပေးလိုက်ရပါတယ်။ ခွင့်ရတာနဲ့ လူတွေလည်း သတ်ဖြတ်ပူဇော်ကြပါတယ်။ ရွာစားလည်း မိမိရဲ့ ခွင့်ပြုစကား တစ်ခွန်းကြောင့် သတ္တဝါတွေ သေကြရတယ်ဆိုပြီး နောင်တကုက္ကုစ္စ ဖြစ်ရပါတယ်။ အဲဒီ့ ပါဏာတိပါတကံနဲ့ စပ်လျဉ်းတဲ့ နောင်တကိုပဲ ဝိပဿနာရှုလိုက်တာ ပစ္စေကဗုဒ္ဓါ ဖြစ်သွားပါတယ်။ အဲဒီ့ရွာစားလိုပဲ နောက်ထပ် ရွာစားတစ်ယောက် ရှိပါသေးတယ်။ ဒီရွာစားကတော့ သေအရက် ရောင်းဝယ်ခြင်းကို တားမြစ်ထားပါတယ်။ သေသောက်သဘင် ကျင်းပရာအခါ ရောက်တော့ လူအပေါင်းက ရွာစားကို ဝိုင်းတောင်းပန်ကြပါတယ်။ ရွာစားလည်း ရှေးထုံးစံဖြစ်နေတော့ မတားမြစ်သာဘဲ ခွင့်ပြုလိုက်ရပါတယ်။ လူတွေလည်း သောက်စားမူးယစ်ပြီး ခိုက်ရန်ဖြစ်ပွားကြလို့ ကျိုးပဲ့ဒဏ်ရာတွေ ရကုန်ကြပါတယ်။ ဒီလို လူအများ ဆင်းရဲဒုက္ခရောက်ကြရတာ မိမိရဲ့ စကားတစ်ခွန်းကြောင့်ပဲဆိုပြီး ရွာစားလည်း နောင်တရမိပါတယ်။ သုရာမေရယကံကို အခြေခံတဲ့ အဲဒီ့နောင်တကို ဝိပဿနာရှုလိုက်တာ ပစ္စေကဗုဒ္ဓါ ဖြစ်သွားပါတယ်။ (အိမ်တစ်အိမ်၊ ရုံးတစ်ရုံး၊ အဖွဲ့တစ်ဖွဲ့၊ ရွာတစ်ရွာ၊ မြို့တစ်မြို့၊ နိုင်ငံတစ်နိုင်ငံ... စသဖြင့် ဆိုင်ရာဆိုင်ရာ နေရာတွေမှာ ခေါင်းဆောင်ဖြစ်တဲ့သူရဲ့ စကားတစ်ခွန်းဟာ အလွန်အရေးပါပါတယ်။ နောက်လိုက်တို့ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေဟာ ခေါင်းဆောင်အပေါ်မှာ မှီနေပါတယ်။ နယ်ကျဉ်းသည်ပဲဖြစ်စေ၊ နယ်ကျယ်သည်ပဲဖြစ်စေ မိမိခေါင်းဆောင် ဖြစ်နေတဲ့အချိန်မှာ ကောင်းကျိုးများများ ဖြစ်ထွန်းစေသင့်ပါတယ်။ ဂုဏ်ရှိ၊ ဂုဏ်ရရန်အတွက် မဟုတ်ဘဲ အများကောင်းကျိုး များများဆောင်ရွက်နိုင်ရန်အတွက် ဒီပစ္စေကဗုဒ္ဓါငါးပါးတို့ ဗာရာဏသီပြည်ကို ဆွမ်းခံကြွကြတဲ့အခါ (ဘုရားလောင်း)ရှင်ဘုရင်က ကြည်ညိုလွန်းလို့ ဆွမ်းဘောဇဉ်နဲ့ ပြုစုလုပ်ကျွေးပြီး ရဟန်းပြုရခြင်း အကြောင်းတွေကို မေးမြန်းလျှောက်ထားပါတယ်။ ပစ္စေကဗုဒ္ဓါ အသီးသီးက အကြောင်းအသီးသီးကို ပြောပြကြတဲ့အခါ ပိုမိုကြည်ညို သဒ္ဓါပွားလာတဲ့အတွက် ကာမဂုဏ်တရားတွေကို ဝေးစွာ ရှောင်ကြဉ်ပါတော့တယ်။ မိမိအခန်းထဲက နံရံအဖြူကို ကြည့်ပြီး သြဒါတကသိုဏ်းပွားလိုက်တာ ဈာန်ရသွားပါတယ်။ (ဈာန်၊ မဂ်၊ ဖိုလ်ရဖို့ ဘယ်လိုနေရာမျိုးမှာ အချိန်ဘယ်လောက်ကြာအောင် အားထုတ်ရပါ့မလဲလို့ မေးလေ့ရှိသူများ သတိပြုပါ။) အဲဒီ့လို ဘုရားလောင်း ရှင်ဘုရင်ကြီးက ကာမဂုဏ်ကို အပြစ်မြင်ပြီး ဈာန်ချမ်းသာ ရနေချိန်မှာ ယသော်ဓရာလောင်း မိဖုရားကြီးကတော့ ကာမဂုဏ်ချမ်းသာထက် ကောင်းတဲ့အရာ မရှိဆိုပြီး ကာမဂုဏ်ကို ချီးမွမ်းနေပါတယ်။ ဒါနဲ့ ရှင်ဘုရင်ကြီးက ကာမဂုဏ်နဲ့ ပက်သတ်ပြီး အောက်ပါအတိုင်း ကဲ့ရဲ့ပါတယ်။ မြည့်နေအောင်ထက်တဲ့ သန်လျက်နဲ့ အခုတ်ခံရခြင်းထက်၊ ရင်ဝကို လှံနဲ့ အထိုးခံရခြင်းထက် ကာမဂုဏ်ကြောင့်ဖြစ်တဲ့ ဆင်းရဲက ပိုကြီးပါတယ်။ တစ်လံကျော်နက်တဲ့ ရဲရဲတောက်နေတဲ့ မီးကျီးတွင်းထက်၊ နေ့အခါ အလွန်ပူပြင်းတဲ့ နေမင်းထက် ကာမဂုဏ်ဆင်းရဲက ပိုပြီး ပူပြင်းပါတယ်။ ချက်ချင်းသေစေနိုင်တဲ့ အဆိပ်ထက်၊ ကျိုက်ကျိုက်ဆူနေတဲ့ သံရည်ပူ၊ ကြေးရည်ပူထက် ကာမဂုဏ်ဆင်းရဲက ပိုပြီး ပြင်းထန်ပါတယ်။ အဲဒီ့လို ကာမဂုဏ်တွေရဲ့ အပြစ်ကို ပြောပြပြီး အမတ်တွေကို တိုင်းပြည်အပ်ကာ တောတွက် ရသေ့ရဟန်း ပြုသွားပါတယ်။ ဝတ္ထုလေးကတော့ ဒါပါပဲ။ ပြောချင်တာကတော့… မိမိတို့ဆိုတာ ရဟန္တာ မဖြစ်သေးတဲ့အတွက် လောဘ၊ မာန စသည်လည်း မကုန်သေးပါဘူး။ အနာဂါမ် မဟုတ်တဲ့အတွက် ဒေါသလည်း မကုန်သေးပါဘူး။ သောတာပန်, သကဒါဂါမ် မဟုတ်သေးလို့ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာတောင် မကုန်သေးပါဘူး။ ဘာအကုသိုလ်ကိုမှ တရားဝင်မပယ်ရသေးတဲ့ ဇဉ်၊ ဇဉ်လို့မည်နေတဲ့ ပုထုဇဉ်အစစ်ကြီးတွေ ဖြစ်ကြတဲ့အတွက် တစ်နေကုန်မှာ ကုသိုလ်ထက် အကုသိုလ်ပဲ အဖြစ်များတတ်ကြပါတယ်။ အစိုးမရတဲ့ တရားတစ်ခုဖြစ်တဲ့ စိတ်ဆိုတာကလည်း အကုသိုလ်တရား မကောင်းမှုများမှာ အလွန်ပဲ ပျော်မွေ့တတ်တဲ့အတွက် ဗုဒ္ဓကတောင် 'ပါပသ္မိံ ရမတိ မနော' လို့ ဟောတော်မူထားခဲ့တာပါ။ ဒီတော့ သူ့သဘာဝအတိုင်း မကောင်းမှုတွေမှာ အားရပါးရမွေ့လျော်ချင်တဲ့ စိတ်ကို မထိန်းမချုပ် အလိုလိုက်ခဲ့မိလို့ မိမိတို့ဘ၀တွေမှာ မကောင်းမှု အဖြစ်များပြီး ညစ်နွမ်းခဲ့ရပါတယ်၊ ဒီဘ၀မှာ တရားမှ ရပါဦးမလားဆိုပြီး စိတ်မပျက် အားမလျော့ပါနဲ့။ အသိနောက်ကျတယ်ဆိုတာ မရှိပါဘူး။ ကောင်းသည်ပဲဖြစ်စေ၊ ဆိုးသည်ပဲဖြစ်စေ (ပဉ္စာနန္တရိယကံမှ မဟုတ်ရင်ပေါ့) ဖြစ်ပေါ်လာတဲ့ အကောင်း၊ အဆိုး သင်္ခါရတရားတွေကို ဝိပဿနာအသိနဲ့ ရှုပွားနိုင်ခဲ့ရင် 'ခုရှု - ခုငြိမ်း' ဆိုတဲ့ တရားတော်ရဲ့ 'အကာလိက' ဂုဏ်တော်နဲ့အညီ ငြိမ်းအေးချမ်းသာမှုကို မိမိတို့ရဲ့ ပါရမီအလျှောက် ခံစားကြရမှာပါပဲ။ ဒါ့ကြောင့် စာဖတ်သူများလည်း အပါယ်ကို ခြေလှမ်းပြင်နေတဲ့ မိမိတို့ရဲ့ အကုသိုလ် ကြီးငယ်မှန်သမျှကို သံဝေဂပွါး ဝိပဿနာရှုပြီး ဆေးအဖြစ် သုံးတတ်နိုင်ကြပါစေ…။ Labels: မှတ်သားဖွယ်ရာများ Friday, July 17, 2009 အကယ်ေ၇ွ့ မင်းတယောက်သောသူကိုမချစ်တော့ဘူး အကယ်ေ၇ွ့မင်းချစ်သူကမင်းကိုထား တခြားတယောက်ကိုချစ်ဖို့အခွင့်အေ တချို့ပစ္စည်းကို မင်းကြိုက်နေလည်း စွန့်လွှတ်ချင်စွန့်လွှတ်၇မယ်.... ဘ၀မှာအမျိုးမျိုး၇ှိတယ်..... ေ၇စက်ရှိတိုင်း ပိုင်ဆိုင်ရယူနိုင်မယ်လို့ မဆိုလိုဘူး။ တချို့ေ၇စက်ဆိုတာ ဆုံးရှုံး၇တာပဲ... တချို့ကျတော့ ဘယ်တော့မှ၇လာဒ်ကောင်းမ၇နိုင်ဘူ လူတယောက်ကိုချစ်ခွင့်ရရုံနဲ့ ပိုင်ဆိုင်ဖို့ဆိုတာ မသေချာဘူး ... ဒါပေမဲ့တယောက်ယောက်ကို ပိုင်ဆိုင်ပြီး၇င်တော့ ကောင်ကောင်းလေးသူ့ကိုပြန်ချစ်ပါ ယောက်ကျားလေးတွေငိုတာတကယ်ချစ်လိ မိန်းကလေးတွေငိုတာတကယ်စွန့်လွှ အကယ်ေ၇ွ့ ရိုးသားခြင်းဟာ ထိခိုက်စေနိုင်တယ်ဆိုရင်မုသားကိုပဲေ၇ွးချယ်မယ်..... အကယ်ေ၇ွ့ မုသားစကားဟာ ထိခိုက်စေမယ်ဆို၇င် ဆိတ်ဆိတ်နေခြင်းကိုေ၇ွးချယ်မယ်.... အကယ်ေ၇ွ့ ဆိတ်ဆိတ်နေခြင်းက ထိခိုက်စေမယ်ဆို၇င် ခွဲခွာခြင်းကိုေ၇ွးချယ်မယ်........ အကယ်ေ၇ွ့ ဆုံးရှုံးခြင်းကို ဒုက္ခလို့ဆို၇င် မင်းပေးဆပ်၇မှာကိုကြောက်နေသလား ????? အကယ်ေ၇ွ့ စွဲလမ်းခြင်းက ဒုက္ခဆို၇င် မင်းပြီးဆုံးခြင်းကိုေ၇ွးချယ် ချစ်ခြင်းနှင့်ေ၇စက်ဆုံခြင်း ၁။ သူမပျင်းနေချိန်မှာအဖော်ပြုပေး ၂။ သူမ၀မ်းနည်းချိန်မှာနှစ်သိမ့်ေ ၃။ ယောက်ကျားလေးကတက်ကြွစွာဦးဆောင် ၎။ မိန်းကလေးကိုချိန်းဆိုပြီးအပြင် ၅။ မိန်းကလေးမှဦးဆောင်ဆောင်၇ွက်မှု ၆။ သူမအားနေ့တိုင်းပျော်၇ွှင်နိုင် ၇။ ချစ်သူကိုကောင်းကောင်းမွန်မွန် ၈။ ချစ်သူဆန္ဒကိုလိုက်လျောပါ ၉။ သူမကိုစိတ်ထိခိုက်ဝမ်းမနည်းပါေ ၁၀။ သူမအနိုင်ကျင့်ခံ၇ချိန်မှာချက် ၁၁။ ချစ်သူအကြောင်းကိုကွယ်ဝှက်မထား ၁၂။ ချစ်သူကိုသစ္စာမဖောက်ပါနဲ့ အကယ်ေ၇ွ့ ၇၇ှိအောင်ကြိုးစားခြင်းကို ဒုက္ခဆို၇င် မင်းတယူသန်ဖြစ်ခြင်းကိုေ၇ွးချယ်မလား ????? အကယ်ေ၇ွ့ ခွဲခွာခြင်းဟာဒုက္ခဆို၇င် မင်းဘယ်သူကို၇င်ဖွင့်မလဲ ?????? ကိစ္စတော်တော်များဟာ ပြီးသွားမှ ၇ှုင်း၇ှင်းလင်းလင်းသိ၇တယ်....ြ ကိစ္စတော်တော်များကို ဖြစ်နေချိန်မှာ အကောင်းအဆိုးကွဲကွဲပြားပြားမခွဲ Labels: မှတ်သားဖွယ်ရာများ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာ နိုင်ငံ၊ ရန်ကုန်မြို့ မြန်မာနိုင်ငံ ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် နိုင်ငံရေးတွင် အလွန် အရေးပါသော ခေါင်းဆောင်ကြီး ကိုးဦး ကျဆုံးခဲ့သည်။ ထိုနေ့ကို အာဇာနည်နေ့ ဟု သတ်မှတ်ပြီး ယနေ့ထက်တိုင် အောင့်မေ့ သတိရ အမှတ်တရ ကျင်းပလျက်ရှိသည်။ ဗိုလ်ချုပ် အောင်ဆန်း (၁၉၁၅ - ၁၉၄၇) ဗိုလ်ချုပ် အောင်ဆန်း ၁၉၁၅ ခု၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မကွေးတိုင်း၊ တောင်တွင်းကြီး ခရိုင်၊ နတ်မောက်မြို့၌ အမိန့်တော်ရ ရှေ့နေ ဦးဖာ - ဒေါ်စု တို့မှ နောင်တခေတ်တွင် ဗိုလ်ချုပ် အောင်ဆန်း ဟူ၍ မြန်မာ နိုင်ငံ သမိုင်း၌ တွင်စေမည့် သားရတနာကို ဖွားမြင် ခဲ့သည်။ ဇာတာ အမည်မှာ မောင်ထိန်လင်း ဖြစ်သော်လည်း ငယ်စဉ် ကပင် မောင်အောင်ဆန်းဟု တွင်သည်။ ငယ်စဉ်က နတ်မောက်မြို့ ဆရာတော် ဦးသောဘိတ ကျောင်း၌ နေခဲ့သည်။ ၁၉၂၈ ခုတွင် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းသို့ ပြောင်းရွှေ့ ပညာ သင်ယူ ခဲ့ပြီး၊ ယင်းကျောင်းမှ မြန်မာ၊ ပါဠိ ၂ ဘာသာ ဂုဏ်ထူးဖြင့် ၁ဝ တန်း အောင်မြင် ခဲ့သည်။ ပညာ ထူးချွန်သူ ဖြစ်၍ အထက်တန်း စကောလားရှစ်နှင့် ဦးရွှေခိုဆု ရရှိခဲ့ ဖူးသည်။ ထိုနောက် ရန်ကုန် တက္ကသိုလ်သို့ တက်ရောက်ပြီး ဆက်လက် ပညာ ဆည်းပူး ခဲ့သည်။ ၁၉၃၅ - ၃၆ ပညာ သင်နှစ်မှ စ၍ ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂ အမှုဆောင် အဖွဲ့ဝင် ဖြစ်လာ ခဲ့ပြီး၊ သမဂ္ဂ၏ အာဘော် အိုးဝေ မဂ္ဂဇင်း အယ်ဒီတာလည်း လာခဲ့သည်။ ကိုအောင်ဆန်း အယ်ဒီတာ အဖြစ် ဆောင်ရွက်သော အိုးဝေ မဂ္ဂဇင်းတွင် ယမမင်း အမည် အိုးဝေ ညိုမြ ရေးသားသော “ငရဲခွေးကြီး လွတ်ပြီး သရမ်း နေသည် (The Hell Hound At Large)” ခေါင်းစဉ်ဖြင့် ပေးစာ တစောင် ဖော်ပြခဲ့ မှုသည်လည်း ၁၉၃၆ ဒုတိယ ကျောင်းသား သပိတ် ဖြစ်ပွား စေခဲ့သော အဓိက အကြောင်းရင်း တချက် ဖြစ်သည်။ ၁၉၃၆ ဒုတိယ ကျောင်းသား သပိတ်၏ သပိတ်မှောက် ကောင်စီ အဖွဲ့ဝင် တဦးလည်း ဖြစ်ခဲ့သည်။ ကုလား - ဗမာ အဓိကရုဏ်း ပေါ်ခဲ့သည်။ သမဂ္ဂသည် အဓိကရုဏ်းကြောင့် ဒုက္ခ ရောက်သူ များအား ကယ်ဆယ်ရေး လုပ်ငန်း များကို ဆောင်ရွက် ခဲ့သည်။ ၁၉၃၆ ခု သပိတ် အရေးတော်ပုံတွင် ဖွဲ့စည်း ပေးခဲ့သော ဆာမြဘူး ကော်မတီ အစီရင်ခံစာ ထွက်လာသည်၊ အစီရင် ခံစာကို တကသမှ ကန့်ကွက် ခဲ့သည်။ ဒေါက်တာ ဘမော် အစိုးရ တက္ကသိုလ် အက်ဥပဒေကြမ်း ပြုလုပ်ရန် စီစဉ်သည် ကိုလည်း လက်မခံခဲ့ပေ။ ၁၉၃၆ - ၃၇ ပညာ သင်နှစ်တွင် ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ဒုတိယ ဥက္ကဋ္ဌ ဖြစ်လာပြီး၊ ၁၉၃၈ - ၃၉ တွင် ဥက္ကဋ္ဌ အဖြစ် တာဝန် ယူခဲ့သည်။ ၁၉၃၆ တက္ကသိုလ် သပိတ် အပြီးတွင် ပေါ်ပေါက် လာသော ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂကြီးကို ဦးစီး တည်ထောင်သူ တဦးလည်း ဖြစ်ပြီး၊ ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂတွင် ပထမဆုံး အတွင်းရေးမှူး ဖြစ်လေသည်။ ၁၉၃၇ - ၃၈ တွင် ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ အဖြစ် တာဝန် ယူခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ဝိဇ္ဇာတန်းကို အောင်ပြီး၊ ဥပဒေ ဝိဇ္ဇာတန်းသို့ ဆက်တက် ခဲ့သည်။ ၁၉၃၈ - ၃၉ တွင် တကသ ဥက္ကဋ္ဌ ဖြစ်သည်။ တက္ကသိုလ် အက်ဥပဒေ ပြင်ဆင်ရေး ကော်မတီတွင် အဖွဲ့ဝင် အဖြစ်လည်း တာဝန် ယူခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဖြစ်သည့် တက္ကသိုလ် ကောင်စီဝင်တွင် ပထမဆုံး ကျောင်းသား ကိုယ်စားလှယ် အဖြစ် တာဝန် ပေးအပ်ခြင်း ခံခဲ့ရသည်။ ဗိုလ်ချုပ် အောင်ဆန်းသည် တကသ ဥက္ကဋ္ဌ အဖြစ် သက်တန်း ကုန်သည်ထိ မနေခဲ့ပေ။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ်မှ ထွက်ပြီး သခင် ကိုယ်တော်မှိုင်း ကြီးမှူးသော တို့ဗမာ အစည်းအရုံးသို့ ဝင်ရောက်၍ သခင် အောင်ဆန်း အဖြစ် နိုင်ငံရေး နယ်ပယ်သို့ ခြေစုံပစ် ဝင်ခဲ့သည်။ ၁၉၃၉ တွင် တို့ဗမာ အစည်းအရုံး၏ အတွင်းရေးမှူး အဖြစ် တက်မြောက်ခြင်း ခံရသည်။ သခင် အောင်ဆန်းသည် ဒုတိယ ကမ္ဘာစစ် ဖြစ်လာ၍ မြန်မာ့ လွတ်လပ်ရေး အတွက် စည်းစည်းလုံးလုံး ဆောင်ရွက်နိုင်ရန် ဖွဲ့စည်း ခဲ့သော ဗမာ ထွက်ရပ်ဂိုဏ်းတွင် အတွင်းရေးမှူး အဖြစ်လည်း တာဝန် ယူခဲ့သည်။ မြန်မာ့ လွတ်လပ်ရေး အတွက် လက်နက်ကိုင် တော်လှန်ရေး ဆင်နွဲရန် ပေါ်ပေါက် ခဲ့သော ပြည်သူ့ အရေးတော်ပုံ ပါတီ (နောင် ဆိုရှယ်လစ် ပါတီ) ၏ ပြည်ပ ဆက်သွယ်ရေး ခေါင်းဆောင် တာဝန်ကိုလည်း ယူခဲ့သည်။ ၁၉၄ဝ မတ်လ အတွင်း အိန္ဒိယ နိုင်ငံ ရမ်းဂါးမြို့၌ ကျင်းပသော အိန္ဒိယ အမျိုးသား ကွန်ဂရက် ညီလာခံသို့ တက်ရောက် ခဲ့သည်။ သခင် အောင်ဆန်းအား အင်္ဂလိပ် နယ်ချဲ့ အစိုးရကို ဆန့်ကျင် ဟောပြော မှုဖြင့် ဖမ်းဆီးရန် ဟင်္သာတ ခရိုင် ရာဇဝတ်ဝန် ဆုငွေ ၅ ကျပ်ဖြင့် ဖမ်းဝရမ်း ထုတ်ခဲ့သည်။ ၁၉၄ဝ သြဂုတ်လ အတွင်း မြန်မာ့ လွတ်လပ်ရေး အတွက် အင်္ဂလိပ် နယ်ချဲ့ အစိုးရအား မြန်မာ့ မြေပေါ်မှ လက်နက် အားဖြင့် မောင်းထုတ် နိုင်ရန် အတွက် နိုင်ငံခြားမှ အကူအညီ ရယူရန် တရုတ်နိုင်ငံသို့ စွန့်စား ထွက်ခွာ ခဲ့သည်။ တရုတ်ပြည် အမွိုင်၌ သောင်တင် နေစဉ် မြန်မာနိုင်ငံမှ ရဲဘော်များ၏ စီစဉ် ဆောင်ရွက် ပေးမှုကြောင့် ဂျပန် အရာရှိ စူဖူကိကေအိချိနှင့် အဆက်အသွယ် ရကာ ဂျပန် နိုင်ငံသို့ ရောက်သွားသည်။ဂျပန်ပြည်တွင် ‘ဗမာ့ လွတ်လပ်ရေး စီမံကိန်း’ စာတမ်း တရပ်ကို ရေးဆွဲကာ ဂျပန် စစ်အာဏာပိုင် များနှင့် ညှိနှိုင်းခဲ့သည်။ ယင်း စီမံကိန်း အရ မြန်မာပြည် အတွင်းမှ မျိုးချစ် လူငယ် များကို စုစည်းကာ အလီလီ ခွဲလျက် ဂျပန်ပြည်သို့ ပို့ပေးခဲ့သည်။ ဤမျိုးချစ် လူငယ် တစုသည် ပင်လျှင် နောင်သော အခါတွင် ဗိုလ်တေဇ (ခေါ်) ဗိုလ်အောင်ဆန်း ခေါင်းဆောင်သည့် ရဲဘော် သုံးကျိပ် ဖြစ်လာ ခဲ့သည်။ ဤမျိုးချစ် လူငယ်များသည် ဗမာ့ လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ကို ယိုးဒယား (ယခု ထိုင်း) နိုင်ငံ ဘန်ကောက်တွင် ဖွဲ့စည်း တည်ထောင်ကာ မြန်မာနိုင်ငံ အတွင်းသို့ ဂျပန်များ နှင့်အတူ ဝင်ရောက် တိုက်ခိုက် ခဲ့သည်။ ဂျပန် တပ်မတော်က မြန်မာနိုင်ငံကို သိမ်းပြီးသော အခါ အင်အား ကြီးထွားပြီး ဗရမ်းဗတာ ဖြစ်လာသော ဗမာ့ လွတ်လပ်ရေး တပ်မတော်ကို အင်အား လျော့ချပြီး ဗမာ့ ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) အဖြစ် ပြန်လည် ဖွဲ့စည်း သည့်အခါ ဗိုလ်ချုပ် အောင်ဆန်းသည် ဘီဒီအေ၏ စစ်သနာပတိ ဖြစ်လာသည်။ ၁၉၄၂ ခု စက်တင်ဘာလတွင် သူနာပြု ဆရာမ ဒေါ်ခင်ကြည်နှင့် လက်ထပ်သည်။ မြန်မာနိုင်ငံကို ဂျပန်က ရွှေရည်စိမ် လွတ်လပ်ရေး ပေးသော အခါ ဗိုလ်ချုပ် အောင်ဆန်းသည် စစ်ဝန်ကြီးနှင့် စစ်သေနာပတိ ဖြစ်လာသည်။ ဖက်ဆစ် ဂျပန် စစ်အုပ်ချုပ်ရေး သမားများသည် မြန်မာ နိုင်ငံနှင့် ပြည်သူတို့အား ဖက်ဆစ်နိုင်ငံ၏ လက်အောက်ခံ နိုင်ငံ တနိုင်ငံ သဖွယ် သဘောထား လာကြသည်။ ထို့ကြောင့် ၁၉၄၄ ခုနှစ် သြဂုတ်လ အတွင်းမှာ ဗိုလ်ချုပ် အောင်ဆန်းနှင့် သခင် စိုးတို့ ဦးဆောင်ပြီး ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ် (ဖတပလ) [ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ)] ကို ဖွဲ့စည်း တည်ထောင်ကာ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဗမာ့ ကာကွယ်ရေး တပ်မတော်သည် ဗိုလ်ချုပ် အောင်ဆန်း၏ တိုက်ရိုက် ကွပ်ကဲ ညွှန်ကြားမှုဖြင့် ဖက်ဆစ် ဂျပန် တို့ကို အတိအလင်း စစ်ကြေညာကာ ဖက်ဆစ် တော်လှန်ရေးကို ဆင်နွှဲ ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးနောက်တွင် ဗမာ့ တပ်မတော်ကို ဂန္ဒီ စာချုပ် အရ ဆက်လက် ဖွဲ့စည်း တည်ထောင် ပြီးနောက် ဗိုလ်ချုပ် အောင်ဆန်းသည် တပ်မတော်မှ နှုတ်ထွက်ကာ နိုင်ငံရေး ခေါင်းဆောင် ဖဆပလ ဥက္ကဋ္ဌ အဖြစ် တိုင်းပြည် တာဝန်ကို ဆက်လက် ထမ်းဆောင် ခဲ့သည်။ ဒုတိယ ကမ္ဘာစစ် အပြီးတွင် မြန်မာနိုင်ငံ ဘုရင်ခံ ဆာဒေါ်မန်စမစ်က ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် ဖဆပလ ခေါင်းဆောင်များအား ဘုရင်ခံ၏ အမှုဆောင် ကောင်စီတွင် ရာထူး လက်ခံရန် စကား ကမ်းလှမ်းသော်လည်း ဖဆပလမှ ချမှတ်ထားသော စည်းကမ်းချက်များ အတိုင်း မရ၍ ဗိုလ်ချုပ် အောင်ဆန်းတို့က လက်မခံခဲ့ဘဲ၊ ဘုရင်ခံရဲ့ စက္ကူဖြူ စီမံကိန်း တိုက်ဖျက်ရေး ကိုသာ ပြည်သူ လူထုအား စည်းရုံးကာ အင်တိုက်အားတိုက် ဆောင်ရွက် ခဲ့သဖြင့်၊ ပုလိပ် သပိတ် အပါအဝင် အထွေထွေ အမူထမ်း ပေါင်းစုံ သပိတ်ကြီး ပေါ်ပေါက် လာပြီး၊ နယ်ချဲ့ အင်္ဂလိပ် တို့၏ အုပ်ချုပ်ရေး ရပ်တန့် သွားခဲ့ရသည်။ ဗြိတိန် အစိုးရလည်း ဘုရင်ခံ ဆာဒေါ်မန်စမစ်ကို အင်္ဂလန်သို့ ပြန်ခေါ်ပြီး၊ ဘုရင်ခံ အသစ် အဖြစ် ဆာဟူးဘတ်ရန်စ်ကို ခန့်အပ် လိုက်သည်။ ဘုရင်ခံသစ် ဆာဟူးဘတ်ရန်စ်က ဗိုလ်ချုပ်တို့ အလိုကျ အစိုးရ ဖွဲ့စည်းရန် စကား ကမ်းလှမ်း လာတော့သည်။ ထို ကမ်းလှမ်းချက် များကို ဖဆပလနှင့် ဆွေးနွေး ညှိနှိုင်း ကြပြီးနောက် ဗိုလ်ချုပ် အောင်ဆန်းနှင့် ဖဆပလ ခေါင်းဆောင် များသည် ဘုရင်ခံ၏ အမှုဆောင် ကောင်စီဝင် ရာထူးကို ယူလိုက် ကြသည်။ ထိုကြောင့် ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ မှစ၍ ဗိုလ်ချုပ် အောင်ဆန်းသည် ဘုရင်ခံ၏ အမှုဆောင် ကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဖြစ်လာသည်။ ထိုနောက် တနှစ် အတွင်း လုံးဝ လွတ်လပ်ရေး ရရှိရေး ဆောင်ပုဒ် အရ မြန်မာ့ လွတ်လပ်ရေး ကိစ္စ ဆွေးနွေးရန် ဗြိတိသျှ လေဘာ အစိုးရ၏ ဖိတ်ကြားချက် အရ မြန်မာ ကိုယ်စားလှယ် အဖွဲ့ကို ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်ပြီး ၁၉၄၇ ခု ဇန်နဝါရီလတွင် လန်ဒန်သို့ သွားရောက် ခဲ့သည်။ ထိုဆွေးနွေးပွဲမှ မြန်မာနိုင်ငံအား တနှစ်အတွင်း လွတ်လပ်ရေး ပေးမည့် အောင်ဆန်း - အက်တလီ စာချုပ် ချုပ်ဆို နိုင်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံကို လွတ်လပ်ရေး ပေးရာတွင် ဗြိတိသျှတို့က တောင်တန်း ဒေသများကို ချန်ထား လိုသောကြောင့် ဗိုလ်ချုပ် အောင်ဆန်းက တောင်တန်း ဒေသ ကိုပါ တပါတည်း လွတ်လပ်ရေး ပေးရန် တောင်းဆို ခဲ့ပြီး၊ တောင်တန်း ဒေသနှင့် မြန်မာပြည်ပ ပေါင်းစည်း အတွက် အားသွန် ကြိုးပမ်း ခဲ့ပြန်သည်။ ဗိုလ်ချုပ် အောင်ဆန်း၏ ကြိုးစား ရိုးသားမှုကြောင့် တောင်တန်း ဒေသ တိုင်းရင်းသား ခေါင်းဆောင်များ၏ ယုံကြည် ကိုးစားမှု ကိုပါ ရရှိခဲ့ပြီး၊ မြန်မာနိုင်ငံ သမိုင်းတွင် အရေးပါသော တိုင်းရင်းသား ပေါင်းစုံ သွေးစည်း ညီညွတ်ရေး သင်္ကေတ ဖြစ်ခဲ့သည့် ပင်လုံ စာချုပ် ချုပ်ဆို နိုင်ခဲ့သည်။ ထိုလုပ်ငန်းများ ပြီးစီး၍ လွတ်လပ်ရေး ရရန် သေချာသော အခြေအနေသို့ ရောက်သော အခါ လွတ်လပ်သော မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲကြမည့် တိုင်းပြု ပြည်ပြု လွတ်တော် အတွက် ရွေးကောက်ပွဲ ကြီးကို ၁၉၄၇ ခု ဧပြီလတွင် အောင်မြင်စွာ ကျင်းပ နိုင်ခဲ့သည်။ ယင်းသို့ မြန်မာ့ လွတ်လပ်ရေး ဗိမာန်ကြီး ပြီးခါနီး အချိန် လွတ်လပ်သော မြန်မာနိုင်ငံ တည်ထောင်ရေး အားသွန် ကြိုးပမ်း နေဆဲတွင် နယ်ချဲ့ လက်ပါးစေ ဦးစောနှင့် အပေါင်းပါ တို့၏ ရက်စက် ယုတ်မာစွာ လုပ်ကြံ သတ်ဖြတ်မှုကြောင့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်တွင် အခြားသော လုပ်ဖော်ကိုင်ဖက် တိုင်းပြည် ခေါင်းဆောင် အာဇာနည်ကြီးများ နှင့်အတူ ကျဆုံး ခဲ့ရ ပေသည်။ သခင် မြ (၁၈၉၇ - ၁၉၄၇) သခင် မြသည် ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သော ဝန်ကြီး အဖွဲ့တွင် ပြည်ထဲရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။ ကွယ်လွန်သူ အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး သခင်မြသည် ပြည်မြို့နယ် ထုံးဘိုရွာ ဇာတိ ဖြစ်သည်။ အဖ ဦးဘိုးချွန်နှင့် အမိ ဒေါ်သက်လယ် တို့မှ ၁၈၉၇ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ဖွားမြင်သည်။ ငယ်နာမည် မောင်ဘရွှေ ဖြစ်သည်။ နှမ မမြငွေ တဦးသာ ရှိ၍ နောင်အခါ သီလရှင် ဝတ်သွားပြီး ဒေါ်ခေမာဝတီ ဖြစ်လာ ခဲ့သည်။ သာယာဝတီ အေဘီအမ် ကျောင်းမှ သတ္တမတန်း အောင်ပြီး ဆယ်တန်းကို ရန်ကုန် ဘက်ပတစ် အထက်တန်း ကျောင်းမှ အောင်သည်။ ၁၉၁၈ ခုနှစ်တွင် ရန်ကုန် ကောလိပ်နှင့် ကာလတ္တား တက္ဗသိုလ် တို့မှ အိုင်အက်စ်စီ တန်းကို ဓာတုဗေဒ ဂုဏ်ထူးဖြင့် အောင်သည်။ ၁၉၂ဝ ပြည့်နှစ် တက္ကသိုလ် သပိတ်မှောက် ကောင်စီတွင် ဒုတိယ ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ ယင်း သပိတ်နောက် ပေါ်လာသော အမျိုးသား ပညာရေး ကောင်စီ တွင်လည်း အဖွဲ့ဝင် တဦး ဖြစ်ရုံမက ကြည့်မြင်တိုင် အမျိုးသား အထက်တန်း ကျောင်းအုပ်လည်း လုပ်ခဲ့ ဖူးသည်။ ၁၉၂၄ ခုနှစ်တွင် ဘီအက်စ်စီတန်းကို ဓာတုဗေဒ ဂုဏ်ထူးဖြင့် အမျိုးသား ကောလိပ်မှပင် အောင်သည်။ ၁၉၂၆ ခုနှစ်တွင် ဒေါ်ခင်ညွန့်နှင့် လက်ထပ်သည်။ ၁၉၂၇ ခုနှစ်တွင် ဥပဒေ ဝိဇ္ဇာဘွဲ့ အောင်ပြီးသော အခါ သာယာဝတီသို့ ပြန်၍ ရှေ့နေ အလုပ်ဖြင့် အသက် မွေးသည်။ ၁၉၃ဝ ပြည့်နှစ် တောင်သူ လယ်သမား အရေးတော်ပုံတွင် အရေးတော်ပုံ သားများ ဘက်မှ ရှေ့နေ လိုက်ရာမှ ထင်ရှား လာသည်။ ၁၉၃၆ ခုနှစ် ရောက်သော် တို့ ဗမာ အစည်းအရုံး ဝင်ရာမှ သခင် ဖြစ်လာပြီး သခင်မြဟု ထင်ရှား လာခဲ့သည်။ ထို့နောက် တို့ဗမာ အစည်းအရုံး၏ ကိုယ်ပွား ဖြစ်သော ‘ကိုယ်မင်း ကိုယ်ချင်း အဖွဲ့’ ၏ ဥက္ကဋ္ဌ ဖြစ်လာသည်။ ကိုယ်မင်း ကိုယ်ချင်း အဖွဲ့၏ တာဝန် ပေးချက် အရ သာယာဝတီ တောင်ပိုင်းမှ အမတ် အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရာ အရွှေး ခံရ၍ ၉၁ ဌာနခေတ် ဥပဒေပြု လွှတ်တော် အမတ် ဖြစ်လာသည်။ ထို့ကြောင့် ဥပဒေပြု လွှတ်တော် အတွက် ပထမဆုံး အရွေးခံ ရသော သခင် အမတ် သုံးဦး အနက် တစ်ဦး အပါအဝင် ဖြစ်ခဲ့သည်။ ထိုသို့ အမတ် အဖြစ် အရွေးခံ ရသော်လည်း အင်္ဂလိပ် နယ်ချဲ့ အုပ်စိုးမှုကို ဆန့်ကျင်သည့် အနေဖြင့် အမတ်လစာ မယူသည့် သခင်အမတ်တစ်ဦးလည်း ဖြစ်သည်။ ပြည်သူ့ အရေးတော်ပုံပါတီ ဖွဲ့သော အခါတွင် ဗိုလ်ချုပ်အောင်ဆန်းက ပြည်ပ ဆက်သွယ်ရေး တာဝန် ယူပြီး သခင်မြက ပြည်တွင်း ခေါင်းဆောင် တာဝန် ယူခဲ့ ရသည်။ ၁၉၄၁ ခုတွင်မူ တို့ဗမာအစည်းအရုံး ဥက္ကဋ္ဌ အဖြစ် တင်မြှောက် ခံရသည်။ ရဲဘော် သုံးကျိပ် ဂျပန် နိုင်ငံသို့ စစ်ပညာသင် သွားနိုင်ရေး အတွက် စီစဉ် ဆောင်ရွက် ပေးခဲ့ရသူ တဦးလည်း ဖြစ်သည်။ ဒေါက်တာ ဘမော် ဦးဆောင်သော ဂျပန်ခေတ် လွတ်လပ်ရေး အစိုးရ အဖွဲ့တွင် ဒုတိယဝန်ကြီးချုပ် ဖြစ်သည်။ ဖက်ဆစ် တော်လှန်ရေး အတွက် ဖတပလကို ဖွဲ့သော အခါ ပြည်သူ့ အရေးတော်ပုံ ပါတီကို ကိုယ်စားပြု၍ သခင်မြလည်း ပါဝင် ခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ပြည်သူ့ အရေးတော်ပုံ ပါတီကို မြန်မာပြည် ဆိုရှယ်လစ် ပါတီဟု ပြင်ဆင် ဖွဲ့စည်းသောအခါ သခင်မြပင် ဥက္ကဋ္ဌ ဖြစ်လာသည်။ စစ်ပြီးစ ဖဆပလ အဖွဲ့၏ ဗဟို အလုပ်အမှုဆောင် တဦးလည်း ဖြစ်ခဲ့သည်။ စစ်ပြီးခေတ် ဗိုလ်ချုပ် အောင်ဆန်း ဦးစီးသော ကြားဖြတ် အစိုးရ အဖွဲ့တွင် ဘဏ္ဍာရေးနှင့် အခွန်တော် ဌာန ဝန်ကြီး တာဝန်များ ယူခဲ့ရ သူလည်း ဖြစ်သည်။ ထို့နောက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ ဥက္ကဋ္ဌနှင့် တိုင်းပြု ပြည်ပြု လွှတ်တော် ယာယီ သဘာပတိ တာဝန်များ အပေး ခံရသည်။ အောင်ဆန်း - အက်တလီ စာချုပ် ချုပ်ဆိုရန် ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သည့် လန်ဒန်သွား မြန်မာ ကိုယ်စားလှယ် အဖွဲ့တွင်လည်း ပါဝင် ခဲ့သည်။ လယ်သီစား ဥပဒေ ဋီကာ ကိုလည်း ရေးသား ခဲ့သေးသည်။ ဗိုလ်ချုပ် အောင်ဆန်းနှင့် အခြား ခေါင်းဆောင်ကြီးများ နှင့်အတူ မသမာ သူတို့ လက်ချက်ဖြင့် ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ်တွင် အသက် ဆုံးရှုံး ခဲ့ရ ရှာသည်။ ဦးဘချို (၁၈၉၃ - ၁၉၄၇) ဒီးဒုတ် ဦးဘချိုမှာ မြောင်းမြ ဇာတိ ဖြစ်သည်။ အဖ မြန်မာဆေးဆရာကြီး ဦးဘိုးစာနှင့် အမိဒေါ်မြစ် တို့မှ ၁၈၉၃ ခု ဧပြီလ ၂၄ ရက်နေ့တွင် ဖွားမြင်သည်။ အသက် ၁၄ နှစ်တွင် မြောင်းမြမြို့ ဆရာ ဦးမောင်မောင် ကျောင်းမှ သတ္တမတန်းကို အထူး အောင်၍ စကောလားရှစ် ပညာသင်ဆု ရရှိ ခဲ့သည်။ ထိုနောက် ရန်ကုန်မြို့ရှိ စိန်ပေါလ်ကျောင်းတွင် ဆက်လက် ပညာ သင်ယူရာ ၁ဝ တန်းကို အထူး အောင်သောကြောင့် ပညာသင်ဆု ထပ်ရသည်။ ရန်ကုန် တက္ကသိုလ်တွင် ဘီအေ အထက်တန်း တက်နေဆဲ မျက်စိ ရောဂါကြောင့် တက္ကသိုလ်မှ ထွက်ခဲ့ ရသည်။ ပေါင်းတည်နှင့် ဟင်္သာတ မြို့များတွင် အစိုးရ ကျောင်းဆရာ အဖြစ် အမှုထမ်းခဲ့သည်။ ပညာအုပ်လည်း လုပ်ခဲ့ ဖူးသည်။ ၁၉၂ဝ တွင် ဒေါ်လှမေနှင့် လက်ထပ်သည်။ အမျိုးသား ကျောင်းများ ဖွင့်လာသော အခါ အစိုးရဝန်ထမ်းအဖြစ်မှ ထွက်ပြီး အမျိုးသားကောလိပ်တွင် မြန်မာစာ ဆရာ ဝင်လုပ်သည်။ အစိုးရ အထောက်အပံ့ မယူသော အမျိုးသား ကျောင်းဆရာလည်း လုပ်ခဲ့ ဖူးသည်။ တပတ် တကြိမ်ထုတ် ‘မြန်မာ့ ရီဗျူးဂျာနယ်’ ကို အယ်ဒီတာချုပ် အဖြစ် ဦးစီး ထုတ်ဝေ ခဲ့သည်။ ထိုနောက် ‘ဒီးဒုတ် ဂျာနယ်’ ကို ၁၉၂၅ ခုနှစ်တွင် ဦးစီး ထုတ်ဝေရာတွင် ဒီးဒုတ် ဦးဘချိုဟု ထင်ရှား လာသည်။ ဆရာကြီးသည် အင်္ဂလိပ် - မြန်မာနှင့် ပါဠိစာပေများတွင် နှံ့စပ်ပြီး ဆေးကျမ်း၊ ဗေဒင်၊ နက္ခတ်နှင့် အဂ္ဂရပ် ပညာ များကိုလည်း လိုက်စား ခဲ့သည်။ မြန်မာ သီချင်း ကြီးကိုလည်း စည်းစနစ် ကျစွာ တတ်မြောက်သူ တဦးဖြစ်သည်။ တူရိယာ၊ ကဗျာ၊ ဂီတကို မြတ်နိုးပြီး စောင်းကောက်ကိုလည်း ပိုင်နိုင်စွာ တီးတတ်သည်။ မြန်မာ သီချင်းကြီး သီချင်းခန့် များကို မူမှန် အတိုင်း ဖြစ်စေရန် ‘ဂီတဝိသောဓနိ’ ကျမ်းကိုလည်း တည်းဖြတ် ခဲ့သည်။ ၁၉၃၈ ခုနှစ် အတွင်း ဒီးဒုတ် နေ့စဉ် သတင်းစာကို ထုတ်ဝေ ခဲ့သည်။ ဆရာကြီးသည် သတင်းစာ ဆရာ၊ အယ်ဒီတာ၊ စာရေးဆရာ စသည့် စာပေ သမား တဦး အနေဖြင့် ပြည်သူလူထု နိုင်ငံရေး အသိတရား နိုးကြား စေသည့် စာပေ များကိုလည်း ရေးသား ခဲ့သည်။ အင်္ဂလိပ်တို့ ပေးသော ဒိုင်အာခီအုပ်ချုပ်ရေးနှင့် ၉၁ဌာနအုပ်ချုပ်ရေး တို့ကို ဆန့်ကျင် ခဲ့သည်။ ဖေဘီယန် (Fabian) ပါတီ ကိုလည်း တည်ထောင် ခဲ့ပြီး ဥက္ကဋ္ဌအဖြစ် တာဝန် ယူခဲ့သည်။ မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌလည်း ဖြစ်ခဲ့ သေးသည်။ ၁၉၃၆ ခုနှစ် တက္ကသိုလ် သပိတ်မှောက် ကျောင်းသားများ စောင့်ရှောက်ရေး အဖွဲ့ဝင် တဦးလည်း အဖြစ်လည်း တာဝန် ယူခဲ့သည်။ ဂျပန်ခေတ် အဓိပတိ ဒေါက်တာ ဘမော် အစိုးရ လက်ထက်တွင် အတိုင်ပင်ခံ လွှတ်တော် အမတ် အဖြစ် ထမ်းဆောင် ခဲ့သည်။ စာရေး ဆရာ အသင်း နယကလည်း ဖြစ်သည်။ မြန်မာနိုင်ငံ လုံးဝ လွတ်လပ်ရေး ရရှိ ကြိုးပမ်းရန် အတွက် ဖဆပလ အဖွဲ့ချုပ် ဖွဲ့စည်းသော အခါ ဝင်ရောက် ဆောင်ရွက်သည်။ ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သော ဖဆပလ ကြားဖြတ် အစိုးရ အဖွဲ့တွင် ပြန်ကြားရေး ဝန်ကြီး အဖြစ် တာဝန် ယူခဲ့သည်။ တိုင်းပြု ပြည်ပြု လွှတ်တော်တွင် မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ အဖွဲ့ဝင် အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ တို့နှင့် အတူ အထူး အပင်ပန်း ခံ၍ ဆောင်ရွက် ခဲ့သည်။ ချင်းပြည်နယ် ထီးလင်း မြို့တွင် ကျင်းပသော ချင်း - ဗမာ ချစ်ကြည်ရေး ကျောက်တိုင် ဖွင့်ပွဲ အခမ်းအနားသို့ ဗိုလ်ချုပ် အောင်ဆန်း ကိုယ်စား အဖြစ် လည်းကောင်း၊ ပြန်ကြားရေး ဝန်ကြီး အနေဖြင့် လည်းကောင်း တက်ရောက် ခဲ့သည်။ ၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ်တွင် အခြား ခေါင်းဆောင်ကြီးများ နှင့်အတူ လုပ်ကြံ ခံရပြီး၊ မွန်းလွဲ ၁ နာရီ ၄၅ မိနစ် အချိန်တွင် ကွယ်လွန်သည်။ ဦးရာဇာတ် (၁၈၉၈ - ၁၉၄၇) အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး ဦးရာဇတ်သည် အငြိမ်းစား တိုက်ပိုင် အင်စပက်တော် မစ္စတာ အေရာမန်နှင့် ဒေါ်ညိမ်းလှ တို့၏ သားဖြစ်သည်။ ဆရာကြီးကို မိတ္ထီလာ၌ ၁၈၉၈ ခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့တွင် ဖွားမြင်သည်။ မန္တလေး စက်စလီ ယောက်ျားလေးကျောင်းမှ ဆယ်တန်းကို ပါဠိ၊ အင်္ဂလိပ်စာ ဂုဏ်ထူးတို့ဖြင့် အောင်မြင်ခဲ့သည်။ တက္ကသိုလ်တွင် ပညာ သင်နေစဉ် ၁၉၂ဝ ပြည့်နှစ် တက္ကသိုလ် သပိတ်တွင် ပါဝင် ခဲ့သည်။ ၁၉၂၁ ခုတွင် မန္တလေး ဗဟိုအမျိုးသားအထက်တန်း ကျောင်းကြီးကို ဦးစီး ဖွင့်လှစ်ခဲ့ပြီး ထိုကျောင်း၌ အထက်တန်းပြဆရာ လုပ်သည်။ ၁၉၂၂ ခုတွင် အမျိုးသား ပညာရေး အဖွဲ့ကြီး၏ ဘီအေ စာမေးပွဲကြီးကို အောင်ခဲ့၍ အေရာဇတ် ဘီအေ (နယ်ရှင်နယ်) အမည် ခံခဲ့သည်။ ၁၉၂၂ ခုနှစ်မှ ၁၉၄၁ ခုနှစ်တိုင် ဗဟို အမျိုးသား အထက်တန်း ကျောင်းတွင် ကျောင်းအုပ်ဆရာကြီး အဖြစ် ထမ်းရွက်ခဲ့သည်။ ဗဟိုအမျိုးသားအထက်တန်း ကျောင်းအုပ် အဖြစ် ဆောင်ရွက်စဉ် ရဲညွန့်တပ် ဖွဲ့စည်းပြီး ကျောင်းသား လူငယ် များကို စစ်ပညာသင်ပေးရုံမက မျိုးချစ်စိတ်လည်း သွင်းပေးသည်။ ၁၉၃၈ ခုတွင် ရွှေဘိုသူ ဒေါ်ခင်ခင်နှင့် လက်ထပ်သည်။ ၁၉၄၅ ခုနှစ်တွင် စစ်အတွင်းက ပိတ်ထား ခဲ့ရသော အမျိုးသား ကျောင်းကြီးကို ပြန်လည် ဖွင့်လှစ်သော အခါ အမျိုးသား ကျောင်းတွင် ဆရာ ပြန်လုပ်သည်။ အထက် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ဖဆပလ အဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်လာသည်။ ဗမာမွတ်စလင် ကွန်ဂရက် (ဗ.မ.က) ဥက္ကဋ္ဌလည်း ဖြစ်ခဲ့သည်။ မြန်မာ နိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီဝင် တဦးလည်း ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော ကြားဖြတ် အစိုးရ အဖွဲ့တွင် ပညာရေးနှင့် အမျိုးသား စီမံကိန်း ဌာန ဝန်ကြီး အဖြစ် တာဝန် ယူနေစဉ် အခြား ခေါင်းဆောင်ကြီးများ နှင့်အတူ မသမာသူ တို့၏ လက်ချက်ဖြင့် ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက် စနေနေ့၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ်တွင် လုပ်ကြံ ခံရပြီး အသက် ဆုံးရှုံး ခဲ့သည်။ မန်းဘခိုင် (၁၉ဝ၃ - ၁၉၄၇) ကရင် အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး မန်းဘခိုင်သည် ဟင်္သာတမြို့နယ် ယုန်တလင်းရွာ ဇာတိ ဖြစ်သည်။ အဖ ယုန်တလင်း ရွာသူကြီး မန်းပေကုန်းနှင့် အမိ ဒေါ်ပု ဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉ဝ၃ ခုနှစ် အောက်တိုဘာလ ၂၆ ရက်ဖြစ်သည်။ ဟင်္သာတမြို့ အေဘီအမ် ကျောင်းတွင် ပညာ သင်ယူ ခဲ့ရာ ၁၉၂ဝ ပြည့်နှစ်တွင် သတ္တမတန်း အောင်သည်။ ကရင်ဘာသာသင်ကျောင်း တစ်ကျောင်းကို ဦးစီးဖွင့်လှစ်ခဲ့သူတစ်ဦး ဖြစ်သည်။ ၁၉၃၇ ခုတွင် ပုသိမ် မြောက်ပိုင်းမှ အမတ် အဖြစ် အရွေး ခံရသည်။ ၁၉၃၈ ခုတွင် ပဲခူးသူ ဒေါ်ခင်နီနှင့် လက်ထပ်သည်။ ၁၉၄၁ ခုတွင် တရားရေး ဌာန အတွင်းဝန် ဖြစ်ခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးတွင်လည်း ပါဝင်ခဲ့ရုံမက ကရင် - ဗမာ ချစ်ကြည်ရေးကို အထူး ဆောင်ရွက်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ စစ်ပြီး ခေတ်တွင် ဖဆပလ ဗဟိုအမှုဆောင် လူကြီးတစ်ဦး ဖြစ်လာသည်။ ကရင်လူငယ်များအစည်းအရုံး ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်းခံရသည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ် အစိုးရ အဖွဲ့တွင် စက်မှုလက်မှုနှင့်အလုပ်သမားဝန်ကြီ မိုင်းပွန် စော်ဘွားကြီး စပ်စံထွန်း (၁၉ဝ၇ - ၁၉၄၇) မိုင်းပွန် စော်ဘွားကြီး စပ်ခွန်ထီးနှင့် မြောက်နန်းဆောင် မဟာဒေဝီ နန်းစိန်ဥ တို့၏ သား စပ်စံထွန်းသည် ၁၉ဝ၇ မေလ ၃၁ ရက်နေ့ဖွား ဖြစ်သည်။ တောင်ကြီးမြို့ ရှမ်းစော်ဘွား သားများ အထက်တန်း ကျောင်းမှ ဆယ်တန်း အောင်သည်။ မန္ဈလေး ပုလိပ် အတတ်သင် ကျောင်းလည်း တက်ခဲ့ ဖူးသည်။ ထို့နောက် ပုလိပ် အရာရှိ အဖြစ် ခေတ္တ အမှု ထမ်းခဲ့သည်။ ၁၉၂၈ ခုတွင် စော်ဘွား အဖြစ် ခံယူ လိုက်၍ မိုင်းပွန် စော်ဘွားကြီး ဖြစ်လာသည်။ ၁၉၃၂ ခုတွင် မိုးမိတ် စော်ဘွားကြီး၏ သမီး စပ်ခင်သောင်းနှင့် လက်ထပ်သည်။ ရှမ်းပြည်နယ်တွင် သိပ္ပံနည်းကျ စိုက်ပျိုးရေး လုပ်ငန်းများ ထွန်းကား လာစေရန် ကြိုးပမ်း ခဲ့သူ တဦးလည်း ဖြစ်သည်။ အင်္ဂလန် နိုင်ငံမှ စိုက်ပျိုးရေး ဆိုင်ရာ ခေတ်မီ စာအုပ်များ၊ ကိရိယာ တန်ဆာ ပလာများနှင့် သီးနှံ မျိုးစေ့များ ကိုပင် မှာယူ ခဲ့ဖူးသည်။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီး၍ အင်္ဂလိပ်များ မြန်မာ နိုင်ငံသို့ ပြန်ဝင် လာသော် ယင်းနှင့် အတူ ပါလာသော စက္ကူဖြူ အုပ်ချုပ်ရေးကို ဆန့်ကျင် ခဲ့သူ ဖြစ်သည်။ တောင်တန်းနှင့် မြေပြန့် သွေးခွဲ၍ အုပ်ချုပ် သည်ကို မလိုလား၍ မြေပြန့်နှင့် တောင်တန်း စည်းလုံး ညီညွတ်ရေး အတွက် လုံးပမ်းခဲ့သူ ဖြစ်သည်။ ထို့ကြောင့်လည်း ပင်လုံ စာချုပ်ကို လက်မှတ် ရေးထိုး ခဲ့သည့် စော်ဘွားလည်း ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော ကြားဖြတ် အစိုးရ အဖွဲ့တွင် အတိုင်ပင်ခံ တောင်တန်း ဒေသရေးရာ ဝန်ကြီး ဖြစ်လာသည်။ ထို့ပြင် တိုင်းပြု ပြည်ပြု လွှတ်တော်၏ ပြည်ထောင်စုနှင့် ပြည်နယ် ဆိုင်ရာ ဆပ် ကော်မတီ၊ လူနည်းစု ဆိုင်ရာ ဆပ် ကော်မတီ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ များတွင် အဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ် အောင်ဆန်း တို့နှင့် အတူ လုပ်ကြံ ခံရပြီး၊ ဇူလိုင်လ ၂ဝ ရက်၊ မွန်းတည့် ၁၂ နာရီတွင် ကွယ်လွန် ခဲ့သည်။ ဦးဘဝင်း (၁၉ဝ၁ - ၁၉၄၇) နတ်မောက်မြို့ ရှေ့နေ ဦးဖာ၊ ဒေါ်စုတို့၏ သားသမီး ၉ ယောက် အနက် ဦးဘဝင်းသည် အကြီးဆုံးသား ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း၏ အစ်ကို အကြီးဆုံး ဖြစ်ပြီး၊ ၁၉ဝ၁ ခု၊ ဇွန်လ ၁၁ ရက်နေ့တွင် ဖွားမြင်သည်။ ၁၉၁၄ ခုတွင် နတ်မောက် အလယ်တန်း ကျောင်းမှ သတ္တမတန်း အောင်သည်။ မြန်မာလို ကိုးတန်း အောင်ပြီးနောက် အလယ်တန်း ဆရာဖြစ် စာမေးပွဲလည်း အောင်သော အခါ နတ်မောက်၌ပင် ကျောင်းအုပ် ခေတ္တ လုပ်သည်။ ထို့နောက် ရေနံချောင်း၌ ကျောင်းဆရာ၊ ဘီအိုစီ စာရေး ဘဝဖြင့် ကျင်လည်ရင်း အင်္ဂလိပ်စာ အလွတ် ပညာသင်ကျောင်း တက်သည်။ ၁၉၂၄ ခုတွင် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းမှ ဆယ်တန်းကို သုံးဘာသာ ဂုဏ်ထူးဖြင့် အောင်ရုံမက ပထမလည်း ရသည်။ ၁၉၂၉ ခုတွင် ရန်ကုန် တက္ကသိုလ်မှ သင်္ချာ ဂုဏ်ထူးတန်း အောင်၍ ဘီအက်စ်စီ ဘွဲ့ရသည်။ ပထမဆုံး တက္ကသိုလ် ဘွဲ့ရ နတ်မောက်သားလည်း ဖြစ်သည်။ ဘွဲ့ရပြီးနောက် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းတွင် အထက်တန်းပြ ဆရာ အဖြစ် လည်းကောင်း၊ ဖြူးမြို့ အမျိုးသား အထက်တန်း ကျောင်းတွင် အထက်တန်း ကျောင်းအုပ် အဖြစ်လည်းကောင်း ဆောင်ရွက် ခဲ့သည်။ ၁၉၃၅ ခုတွင် တောင်တွင်းကြီး မြို့မှ ဦးစံ၊ ဒေါ်ရွှေမေ တို့၏ သမီး ဒေါ်ခင်စောနှင့် လက်ထပ်သည်။ စစ်ပြီးခေတ်တွင် ရေနံချောင်း မြို့နယ် ဖဆပလ ဥက္ကဋ္ဌ ဖြစ်လာသည်။ ၁၉၄၇ ခုနှစ်တွင် ထောက်ပံ့ရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်သည်။ တိုင်းပြု ပြည်ပြု လွှတ်တော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ တွင်လည်း ပါဝင် ခဲ့သည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ် အချိန်တွင် လုပ်ကြံ ခံရပြီး ကွယ်လွန်သည်။ ဦးအုန်းမောင် (၁၉၁၃ - ၁၉၄၇) ဦးအုန်းမောင်သည် မင်းဘူးမြို့ မစ္စတာ အိပ်ခ်ျဒဗလျူတရပ်(တ်)ဝန်း၊ ဒေါ်ရွှေမြင့် တို့၏ ဒုတိယသား ဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉၁၃ ခု၊ ဖေဖော်ဝါရီလ ၂ ရက် ဖြစ်သည်။ တက္ကသိုလ် ကျောင်းသား ဘဝက ရန်ကုန် တက္ကသိုလ် တပ်ရင်းတွင် တပ်ခွဲ တပ်ထောက် အဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် ဝိဇ္ဇာတန်း အောင်သည်။ ၁၉၃၇ ခုတွင် အိုင်စီအက်(စ်) စာမေးပွဲ ဖြေသူ ၃ ဦး အနက် ပထမ ရသည်။ ၁၉၃၉ ခုတွင် မန္ဈလေးမြို့၊ အရှေ့နယ်ပိုင် ဝန်ထောက် အဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် မြစ်ကြီးနား အရေးပိုင် အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ထို့နောက် လမ်းပန်း ဆက်သွယ်ရေး အတွင်းဝန် အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်နေ့ စနေနေ့၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ်တွင် လုပ်ကြံ ခံရသည်။ ရဲဘော် ကိုထွေး (၁၉၂၉ - ၁၉၄၇) မန္တလေးမြို့ တောင်ပြင် သိပ္ပံရပ် ပင်စင်စား လယ်ယာ စိုက်ပျိုးရေး ဝန်ထောက် ဦးကိုကိုလေး၊ ဒေါ်မင်းရီ တို့၏ ဆဋ္ဌမမြောက် သားဖြစ်သည်။ နဝမတန်း အထိ ပညာ သင်ကြား ခဲ့သည်။ အသက် ၁၈ နှစ် အရွယ်တွင် ပညာရေး ဝန်ကြီး ဦးရာဇတ်၏ သက်တော်စောင့် အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် အာဇာနည် ခေါင်းဆောင်ကြီး များကို လုပ်ကြံသော မသမာ သူတို့၏ လက်ချက်ဖြင့် ကျဆုံး ရသည်။ အိမ်တစ်အိမ်သို့ ရောက်လာသော ဧည့်သည်များသည် ငှက်ပျောပင်ကို အလွန်သဘောကျကြသည်။ ငှက်ပျောပင် ပင်စည်မှာ ထန်းပင်နှီးပါး ကြီးထွားနေပါသည်။ မပြောမဖြစ်ရွေ့ ပြောစရာ ဆိုစရာများကို ပြောဆိုဆွေးနွေးနေသူများမှာ စကားကို ဖြောင့်အောင် မပြောနိုင်ကြ။ ငှက်ပျောပင်ကိုလှမ်းကြည့်နောကသည်။ စကားပြောရန် မလိုသူ တစ်ယောက်ယောက်ကတော့ ငှက်ပျောပင်ဘေးတွင် အိမ်သားတစ်ယောက်နှင့် စကားပြောနေပုံမှာ ... "နောက်တစ်ဖက်ထွက်ရင် ကျွန်တော့်ပေးပါဗျာ" "ရပါတယ်ကွာ" "အပင်ကြီး ဒါလောက်ကြီးနေမှတော့ အသီးကျတော့ လဲတစ်လုံး တစ်လုံး ခြေသလုံးလောက် ရှိမှာပဲနော်" "ကြီးတာတော့ မပြောနဲ့တော့ဟေ့၊ အဲဒီငှက်ပျောမျိုးက အဖူးထွက်ပြီဆိုရင် သုဇိတာ သုမာလာတို့ အိပ်ရာအောက်ကိုတန်ဲးပီး ရောက်သွားတာပဲ" တစ်သီးတစ်ခြား စကားပြောနေသူများမှ ထိုစကားကြောင့် ၀ါးကနဲ ပွဲကျကာ စကားဝိုင်းပျက်သွားလေ၏၊ Thursday, July 16, 2009 အိမ်တစ်အိမ်သို့ ဧည့်သည် သုံးလေးယောက် ၀င်သွားကြသည်။ သို့ရာတွင် ခွေးဟောင်နေသောကြောင့် ရုတ်တရက် မ၀င်နိုင်ကြပေ။ ဧည့်သည်များမှာ ရွာခံတစ်ယောက်နှင့် ရွာဝေးနှစ်ယောက်ဖြစ်သည်။ ရွာဝေးနှစ်ယောက်သည် ခွေးကို လက်ဖျောက်တီးကာချော့ရင်း ရှေ့သို့တိုးသွားရာ၊ ရွာခံလူက၊ "ဒီခွေး ကိုက်တယ်နော်၊ အရောဝင်သလိုလိုနှင့် လာဖက်ပြီး မျက်နှာကိုမှ ကိုက်တာဗျ" "ကိတ်စမရှိပါဘူးကွာ" "ကိတ်စမရှိဘူး လုပ်မနေနဲ့၊ ဒီခွေးကိုက်ရင် မသက်သာဘူး၊ ဂျီသရီးနဲ့ပစ်ခဲ့ထားသလား အောက်မေ့ရတယ်" ထိုသို့ သတိပေးမှ နောက်ဆုတ်နေကြလေ၏။ ဝက်လက်ဘောလုံးသင်းနှင့် လှတောဘောလုံးသင်းတို့ လှတောရွာကွင်းတွင် မိတ်ဆက်ကစားကြစဉ်ကဖြစ်၏။ လှတောနှင့် အနီးအနားမှ များစွာလာရောက်အားပေးကြသည်။ လှတောသားများသည် ၀က်လက်မှ ဘောလုံးသများတစ်ယောက်ကို မျက်စိကျနေ၏။ ထိုဘောလုံးသမားမှာ မည်းမည်းညိုညို တုတ်တုတ်ခိုင်ခိုင်ကြီးဖြစ်၏။ ပေါင်လုံးကြီးများမှ ထန်းပင်လောက် တုတ်နေရာ၊ လှုပ်ရှားပြေးလွှားမှုတွင် နှေးကွေးသည်ဟု ထင်ရ၏။ ထို့ကြောင့် လှတောသား တစ်ယောက်က ... "အလိုလေးဟဲ့၊ နှေးကွေးလေးလံလိုက်တဲ့ ဘောလုံးသမားရယ်၊ မြင့်မိုရ်တောင်ကြီး အင်္ဂတေကိုင်ထားသလားမှတ်ရ" နောက်တစ်ယောက်က ... "နှေးတော့မှာပေါ့ကွာ၊ ကြီးလိုက်တဲ့ ပေါင်လုံးကြီးတွေနှယ်၊ ရေစည်ပီပါကြီးတွေ ထောင်ထာသလိုပါကလား" ဆိုလိုက်သောအခါ ရယ်မောသံများ ဆူညံသွားလေသည်။
<urn:uuid:24bee06d-8b5c-429b-bbd6-b8a78ead3d2a>
CC-MAIN-2013-48
http://mylilnotebk.blogspot.com/
2013-12-11T04:01:22Z
s3://commoncrawl/crawl-data/CC-MAIN-2013-48/segments/1386164030159/warc/CC-MAIN-20131204133350-00023-ip-10-33-133-15.ec2.internal.warc.gz
mya
0.959538
Mymr
41
{"mya_Mymr_score": 0.9595379829406738, "blk_Mymr_score": 0.03893868997693062}
ကလေးစာပေ ကလေးစာပေ[ပြင်ဆင်ရန်] ဥရောပတိုက်တွင် ပုံနှိပ်စက် မပေါ်မီကပင် ကလေးသူငယ်များအဖို့ စာအုပ်စာတမ်းများ ရှိခဲ့သည်။ အဲလဖရစ်နှင့် အဲလကွင်တို့၏ ဂျင်စတာ ရိုးမနိုးရမ်ခေါ် စကားထာ များ၊ သင်ခန်းစာများ၊ အီစွပ်၏ ဒဏ္ဍာရီပုံပြင်များ စသည် တို့ကို အသက်အနည်းငယ်ကြီးသော ကလေးများ ဖတ်ရှုကြလေ သည်။ ထိုစာအုပ်များမှာ အထက်တန်းကျသော စာကြီးပေကြီး များ မဟုတ်စေကာမူ ယင်းတို့ကို ဖတ်ရှုသဖြင့် ကလေးများ သည် လူ့အကြောင်း လူ့လောကသမိုင်းများကို သိမြင်နိုင်လေ သည်။ ထိုနောက်တွင် ပေါ်ပေါက်ခဲ့သော ဂျွန်ဗန်ညင်၏ 'ယောက်ျားကလေးများနှင့် မိန်းကလေးများအဖို့ စာအုပ်'နှင့် 'ကလေးများအဖို့ တောရွာ ဘွဲ့တေးကဗျားများ'သည် ကလေး များကို သဘာဝနှင့်မိတ်ဆက်ပေးသည့်ပြင်၊ ကောင်းမြတ်သော ကိုယ်ကျင့် တရားများကိုလည်း မျိုးစေ့ချပေးလေသည်။ ကလေး သူငယ်များသည် ယောက်ျားကလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ၊ ကဗျာလင်္ကာများကို ရိုးရိုးစကားပြေများထက် ပို၍ နှစ်သက်ကြ ၏။ ထိုကြောင့် ကလေးတို့အကြိုက် စရိုက်ကိုလိုက်၍ မိခင် များသည် သားငယ်သမီးငယ်များကို ချော့မြှူသည့်အခါ၊ ထွေရာ လေးပါး စကားများဖြင့် မဟုတ်ဘဲ ကလေးချော့ကဗျာများ သီချင်းဂီတများဖြင့်သာ ချော့မြှူကာ အိပ်ဆေးကို ပေးလေ့ ရှိသည်။ စာရေးဆရာများသည်လည်း ကလေးတို့အတွက် စာစပ်မည် ရေးမည်ဟု ရည်ရွယ်လိုက်သည့်အခါ၊ သူတို့ ကိုယ်တိုင် ကလေးများနှင့်အတူ ရောနှောပျော်ရွှင်နေသကဲ့သို့ စိတ်ကူးပြီးမှ၊ တိရိစ္ဆာန်ကျေးငှက်ကလေးများအကြောင်း၊ သစ်ပင်၊ ရေမြေ၊ တောတောင်၊ အာကာသ စသည့် ဩကာသလောက ကြီးအကြောင်းတို့ကို ကလေးတို့ ဉာဏ်အမြင်မှီနိုင်သလောက် မျက်စိထဲတွင် ပေါ်လာအောင် သုတိသံ သာသာဖြင့် ရေးစပ် လေ့ရှိ၏။ ရှေးရိုးပုံပြင်များမှာ ကလေးစာပေပေါက်ဖွားရာ အရင်း မူလဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ယင်းတို့မှာလည်း ရှေးလူကြီး များ ပြောကြားလေ့ရှိသော ငလက်မပုံ၊ မောင်အကြီးပုံ၊ ရွှေယုန် နှင့်ရွှေကျား သက်ငယ်ရိတ်သွား၊ ကြက်မကြီးနှင့် ကြက်ကလေး၊ စင်ဒါရဲလား(စန္ဒမာလာ)၊ စနိုးဝှိုက်နှင့် လူပုလေး ခုနစ်ဖေါ် စသည်တို့ ဖြစ်၏။ ဤပုံကလေးများမှာ ဘယ်သောအခါမျှမရိုးနိုင်ဘဲရှိ သည့်ပြင်၊ ငယ်ရွယ်သော ကလေးသူငယ်များအဖို့ မှတ်သား အတုယူနိုင်သည့် သင်ခန်းစာများလည်း ပါဝင်သည်။ ကဗျာ များမှာလည်း ကလေးစာပေတွင် အကျုံးဝင် လျက်ရှိ၍၊ ယင်း တို့မှာ ဖိုးလမင်း၊ ကြောင်နှင့် ကြွက်၊ ကြောင်ကြီး မြီးတံတို၊ ဝါဆိုဝါခေါင်၊ ဥပုသ်စောင့်၊ ပြက္ခဒိန်၊ တောက်တဲ့ အစရှိသည် တို့ ဖြစ်၏။ အင်္ဂလိပ်စာပေတွင်ကား ကလေး ကဗျာများစွာ ရှိလေရာ 'ဂူစီဂူစီဂင်ဒါ၊' 'ခြောက်ပဲနိသီချင်း၊' 'ဂျက်ဟော်နာ ကလေး' 'မျက်မမြင်ကြွက်ကလေးသုံးကောင်' စသော ကဗျာ ကလေးများမှာ ကလေးတို့ နှုတ်ဖျားတွင် သီးနေသောကဗျာများ ဖြစ်ပေသည်။ သိမှတ်ဖွယ်ရာအဖြစ်ဖြာဟူသော စာအုပ်ကလေးများမှာ ကလေးသူငယ်များအဖို့ မိတ်ကောင်းဆွေကောင်းများနှင့် တူလေ သည်။ မိတ်ဆွေသူငယ်ချင်းတို့သည် မိမိတို့နှင့်နီးစပ်ရာ အကြောင်းအရာများ အားလုံးကို ဖေါက်သည်ချသဖြင့် သိရှိ နိုင်သကဲ့သို့၊ စာအုပ်များထဲ၌ ရေးသားထားသော ထူးခြားသည့် အကြောင်းအရာများ၊ နုယဉ်ဆန်းသစ်သည့် အတွေးအခေါ်များ၊ အဖိုးတန် အကြံဉာဏ်များကို တဆင့်တဆင့် ရရှိသဖြင့် ဗဟု သုတ ကျယ်ပြန့်လာနိုင်ပေသည်။ ကလေးသူငယ်များ၏ ပင်ကိုယ်အသိဉာဏ်ကို ထိုထို စာအုပ်ကလေးများမှ အကြောင်း အရာတို့က ထပ်လောင်း၍ ပိုမိုထက်သန်အောင် ပြုပြင်ပေး သည်။ လောကကြီးအကြောင်းကို ကိုယ်တွေ့ မဆည်းပူးနိုင် သေးမီ ကလေးများသည် စာတွေ့ဖြင့် ကောင်းကောင်း သိ နားလည်လာနိုင်သည်။ ကလေးတစ်ယောက်စီ တစ်ယောက်စီ၌ အကြိုက်တစ်မျိုးစီ ရှိကြ၏။ အချို့ကလေးက သဘာဝဆန်သော ပုံပြင်ကဗျာများကို ကြိုက်၍ အချို့က ရဲရင့်သည့် အဖြစ်သနစ် မျိုးကို ဖေါ်ပြသောပုံများ သို့မဟုတ် သူရဲကောင်းများအကြောင်း ကို ကြိုက်ပြီးလျှင်၊ အချို့ကလည်း တစ္ဆေသူရဲစသည်တို့ ပါဝင် သော ထိတ်လန့်စရာ အံ့ဩဖွယ်ရာပုံမျိုးကို ကြိုက်လေသည်။ စာအုပ်များမှာလည်း သူတို့အကြိုက်ကိုလိုက်၍ အမျိုးမျိုး အဖုံဖုံ ရေးသားထား၏။ ကလေးတို့၏ စိတ်ဓါတ်ကို ဆွဲဆောင်သော စာအုပ်များမှာ များသောအားဖြင့် ဒဏ္ဍာရီပုံပြင်များ၊ ထုံးဟောင်း ပုံပြင်များနှင့် ရှေးရိုးပုံပြင်များ ဖြစ်လေသည်။ ပသီပုံပြင်များမှာ နာမည်ကြီးသလောက်လည်း စာဖတ်သူများကို ဆွဲဆောင်နိုင် လေသည်။ ယင်းတို့ကို ဖတ်လိုက်လျှင် စာဖတ်သူ ကိုယ်တိုင် ဆန်းကြယ်လှသည့် တစ်တိုင်းတစ်နိုင်ငံသို့ ရောက်နေဘိသကဲ့သို့ စိတ်တွင် ထင်မြင်လာတတ်၏။ ရောမနှင့်ဂရိတို့၏ ထုံးဟောင်းပုံပြင်များတွင် အိုလင်းပတ် တောင်ထက်၌ စံမြန်းသော ဇုနတ်မင်းနှင့်တကွ နတ်သား နတ် သမီးများ၏ ဘဝစခန်းကို ဆန်းပြားဖွေနှည် စာမွန်ရည်ဖြင့် တင်ဆက်ထားလေရာ၊ ဖတ်ရသူ၏ စိတ်တွင် သာဓိနမင်းကြီးကို တာဝတိံသာမှ သိကြားမင်းက နတ်ရထားဖြင့်ပင့်သွား၍ နတ် လောကကို လှည့်လည်ပြနေဘိသကဲ့သို့ ထင်ရလေသည်။ ဤ ဂရိထုံးဟောင်းပုံပြင်များတွင် ပါဝင်သော နတ်သားနတ်သမီး များအကြောင်းကို ကလေးများ အလွန်နှစ်သက်ကြ၏။ ကလေး အရွယ်သည် မည်သည်ကိုမဆို ပြောလျှင် ယုံလွယ်မှတ်လွယ် အာရုံစိုက်လွယ်သောအရွယ်ဖြစ်၍ ဒဏ္ဍာရီပုံပြင်များကိုပင် အဟုတ်ထင်ကာ ဖတ်ချင်သော ဝါသနာ၊ နားထောင်ချင်သော ဆန္ဒများ တဖွားဖွား တက်ကြွလာတတ်သည်။ ဝတ္ထုများတွင်လည်း ကလေးများအတွက် 'တွမ်ဗရောင်း၏ ကျောင်းသားဘဝ'၊ 'ဟပ်ကယ်ဗဲရီဖင်း၏ စွန့်စားခန်းများ'၊ 'ရောဗင်ဆန်ကရူးဆိုး'၊ 'ဂါလီဗါ၏ခရီးစဉ်'၊ 'အေမီနှင့်ကလေး စုံထောက်များ' စသော ဝတ္ထုများ အပြင်၊ 'ဝမ်းဘဲကလေးပီတာ' စသော လွယ်ကူသည့် ပုံတိုကလေးများ အများအပြား ရှိပေ သည်။ ဤပုံတို ကလေးများမှာ ကလေးများနားလည်နိုင်သည့် စကားလုံးများနှင့် ရေးထား၍ ပုံနှင့်ဆီလျော်သော အရုပ်များကို ဆေးရောင်စုံဖြင့် ပုံနှိပ်ထားရာ၊ ရူပါရုံဗန်းပြပြီးလျှင် ကလေး များစိတ်ကို ဆွဲဆောင်ထားလေသည်။ ကလေးအရွယ်သည် အရုပ်နှင့်အဖေါ်လုပ်ကာ ပျော်ရသောအရွယ် ဖြစ်သည့်အတိုင်း၊ အရုပ်ဆိုလျှင် မကြည့်ရ မနေနိုင်၊ မကိုင်ရ မနေတတ်အောင် စွဲစွဲလမ်းလမ်း အာသာရှိတတ်ရကား၊ သူတို့နှစ်သက်သည့် အရုပ်ကားများကို ပုံပြင်ကဗျာတို့၏ အဓိပ္ပါယ်ပေါ်မှုနှင့် ကလေးစိတ်ကြိုက်အတွက် စာအုပ်များ၌ ထည့်သွင်းပေးရ လေသည်။ ကလေးများအား သူတို့၏ အမျိုးသားသမိုင်းကို နားလည် ထားနှင့်စေရန် ကလေးများအတွက် သမိုင်းပုံပြင် စာအုပ်များ လည်း ရှိပေသေးသည်။ ယင်းစာအုပ်များကို ပုံဝတ္ထုသဘော သို့မဟုတ် ပြဇာတ်သဘောဖြင့် ရေးသားထားတတ်ကြသည်။ ပမာအားဖြင့် မြန်မာနိုင်ငံသမိုင်းကို အနည်းငယ် သိထားစေရန် အတွက် ကျန်စစ်သား၊ နော်ရထာမင်းစော၊ နတ်သျှင်နောင် စသည်တို့၏ အကြောင်းများကို ပုံဝတ္ထုသဖွယ် လွယ်ကူ ရှင်းလင်းသည့် စကားလုံးတို့ဖြင့် ရေးသားထားလေသည်။ ထိုပြင် မထီးတူမ သမ္ဘူလပြဇာတ်၊ ဝက်ဝံမင်းသားပြဇာတ် စသော ကိုယ်ဟန်လက်ဟန် အမူအရာနှင့် ပြောပြနိုင်သည့်၊ တစ်နည်းလည်း ကလေးများကိုယ်တိုင် ဇာတ်ကောင်များအနေ နှင့် ပါဝင်၍ သဏ္ဍာန်လုပ် သရုပ်ဖေါ်ကာ ကပြနိုင်သည့် ပြဇာတ်စာအုပ် များလည်း ရှိလေသည်။ ကလေးများကို ဖျော်ဖြေရန် အင်္ဂလန်ပြည်၌ ကလေးစာအုပ် များကို ၁၇၄၄ ခုနှစ်တွင် အဦးဆုံး ထုတ်ဝေခဲ့သူမှာ ဂျွန်နျူးဗဲရီ ဆိုသူ ဖြစ်၏။ သို့သော် ဥရောပတိုက်တွင် ဒဏ္ဍာရီပုံပြင်များကို ၁၆၉၇ ခုနှစ်၌ အဦးဆုံးရေးသား၍ ထုတ်ဝေခဲ့သူမှာ ပြင်သစ် နိုင်ငံမှ ချားပဲရိုးဆိုသူ ဖြစ်သည်။ သူသည် ပြင်သစ်ဘုရင် ၁၄ ဆက်မြောက်လူဝီ လက်ထက်တွင် လူကြိုက်များသော ဒဏ္ဍာရီ ပုံပြင်များကို ရေးသားထုတ်ဝေခဲ့သည်။ သူသည် စင်ဒရဲလား (စန္ဒမာလာ)၊ မုတ်ဆိတ်ပြာနှင့် ဖိနပ်ကြီးနှင့် ကြောင်ကလေး စသောပုံတိုကလေးများကို ပြင်သစ် ဘာသာမှ အင်္ဂလိပ်ဘာသာ သို့ ပြန်ဆိုခဲ့လေရာ၊ အင်္ဂလိပ်စာတတ် ကလေးများပင် ပြင်သစ် ကလေးများနည်းတူ ထိုပုံပြင်များကို အသည်းစွဲ ဖြစ်နေကြ၏။ ယင်းတု့ိကို မြန်မာဘာသာသို့လည်း ပြန်ဆိုထားပြီဖြစ်ရာ မကြာ မီ အတွင်း မြန်မာ့ကလေးစာပေ မြှင့်တင်ရေးအတွက် ပုံပြင် များ၊ ကဗျာများ၊ ပြဇာတ်များ၊ အမြောက်အမြား ပေါ်ထွက်လာ ဖွယ်ရာ အကြောင်း ရှိပေသည်။ ကလေးများ၏ စာရိတ္တဗလ ကောင်းမွန်စေရန် အခြေခံသော ပုံကလေးများကို နာမည်ကျော် ကလေးပုံ ပြောဆရာမ မရီယာ အက်ဂျဝပ်က အများအပြား ရေးသားထုတ်ဝေခဲ့သည်။ သူ၏မိတ်ဆွေ သောမတ်ဒေးသည် ရူးဆိုး၏သဘောတရား များကို မှီငြမ်းပြု၍ ကလေးပုံပြင် စာအုပ်များကို ကြိုးကြိုးပမ်းပမ်း ရေးသားထုတ်ဝေခဲ့၏။'ဆင်းဖို့နှင့်မားတန်' အမည်ရှိ ကလေးများအဖို့ ပုံပြင်မှာ သောမတ်၏ အကောင်းဆုံး လက်ရာ ဖြစ်၍ ထင်ရှားလှပေသည်။ သောမတ်သည် ကလေးများအဖို့ ပျော်တော်ဆက်စာအုပ် များရေးရာ၌၎င်း၊ သနားစရာကောင်း သည့် ပုံပြင်များရေးရာ၌၎င်း၊ ထူးချွန်သူ ဖြစ်လေသည်။ သောမတ်ကဲ့သို့ ပါရမီအထုံ ပါလာသော ကလေးကဗျာ စာရေးဆရာများမှာ အန်းနှင့်ဂျိန်းတေလာ ညီအစ်မတို့ဖြစ်၏။ သူတို့၏ လက်ရာ ဖြစ်သည့် 'မှိတ်တုတ် မှိတ်တုတ် ငယ်သော ကြယ်'ဟူသော ကဗျာကလေးတစ်ပုဒ်တည်းနှင့်ပင် သူတို့၏ ကဗျာစွမ်းရည်ကို ကောင်းစွာ ချိန်ဆနိုင်ပေသည်။ [၁] ကိုးကား[ပြင်ဆင်ရန်] - မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)
<urn:uuid:da9da502-85fc-4146-ad9f-c75bba17e15d>
CC-MAIN-2013-48
http://my.wikipedia.org/wiki/%E1%80%80%E1%80%9C%E1%80%B1%E1%80%B8%E1%80%85%E1%80%AC%E1%80%95%E1%80%B1
2013-12-08T20:47:39Z
s3://commoncrawl/crawl-data/CC-MAIN-2013-48/segments/1386163811461/warc/CC-MAIN-20131204133011-00073-ip-10-33-133-15.ec2.internal.warc.gz
mya
0.998029
Mymr
88
{"mya_Mymr_score": 0.9980289936065674}
မဟာသီယာ မိုဟာမက်ဒ် |ဒေါက်တာမဟာသီယာ မိုဟာမက်ဒ်| |Mahathir bin Mohamad| |၁၀ ဇူလိုင် ၁၉၂၅ -| |ကိုယ်ရေး အချက်အလက်| |မွေးရက်||၁၀ ဇူလိုင် ၁၉၂၅| |နိုင်ငံသား||မလေးရှား၊ အလော်ဆီတာမြို့| |ဘာသာ||ဆွန်နီမွတ်ဆလင်| |ပညာရေး||ဆရာဝန်(သတ္တမမြောက် အက်ဒွပ်ဘုရင် ဆေးပညာကောလိပ် (ယခု စင်္ကာပူ အမျိုးသား တက္ကသိုလ်))| |ကြင်ဖော်||စီတီ ဟတ်စ်မာ| |သားသမီး||မာရီနာ၊ မီရ်ဇန် ၊ မလင်ဒါ၊ မော့က်ဇာနီ ၊ မူ့ရ်ခရစ်ဇ် ၊ မာဇာ| |ဝဘ်ဆိုတ်||http://www.chedet.cc| |လက်မှတ်| ဒေါက်တာ မဟာသီယာ မိုဟာမက်စ် (Mahathir Mohamad)သည် မလေးရှားနိုင်ငံကို စီးပွားရေးဖွံ့ဖြိုးအောင် အရှေ့တောင်အာရှ ကျားတကောင်အဖြစ် ဦးဆောင်ခဲ့သူ ဖြစ်သည်။ ၂၀-ရာစုနောက်ပိုင်း ရာစုဝက်ကာလတွင် အာရှတိုက်၌ ပေါ်ထွန်းလာခဲ့ကြသော နိုင်ငံရေးခေါင်းဆောင်များ အနက် မလေးရှားဝန်ကြီးချုပ် ဒေါက်တာမဟာသီယာ မိုဟာမက်သည် ထူးခြားထင်ရှားသော ပုဂ္ဂိုလ်တဦး ဖြစ်ပါသည်။ မဟာသီယာသည် မလေးရှားနိုင်ငံကို လူမျိုးရေးအဓိကရုဏ်းများ ပြွမ်းတီးနေသည့် ဆင်းရဲသော ဖွံ့ဖြိုးဆဲနိုင်ငံငယ်လေးဘဝမှ အရှေ့တောင်အာရှ၏ ကျားတကောင်ဘဝသို့ ရောက်ရှိအောင် ဆွဲတင်နိုင်ခဲ့သည့် ခေါင်းဆောင်တဦးဖြစ်သည်။ ထိုမျှမက ခရစ်နှစ် ၂၀၂၀-ပြည်နှစ်တွင် မလေးရှားနိုင်ငံအား ဖွံ့ဖြိုးဆဲနိုင်ငံဘဝမှ ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်အောင် လုပ်ဆောင်ရန် ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်စေရန် သတင်းနှင့် နည်းပညာ၊ စက်မှုနှင့် စီးပွားရေးနယ်ပယ် အသီးသီးတွင် မျှော်မှန်းချက် ၂၀၂၀ (Vision 2020) စီမံကိန်းဖြင့် အရှိန်မြင့်စွမ်းအားပေး ဆောင်ရွက်ခဲ့သူတဦးလည်း ဖြစ်သည်။ ငယ်ဘဝ[ပြင်ဆင်ရန်] ဒေါက်တာမဟာသီယာကို မလေးကျွန်းဆွယ် အနောက်မြောက်ဘက်ရှိ အလော်ဆီထာမြို့ကလေးတွင် ၁၉၂၅-ခုနှစ်၌ မွေးဖွားခဲ့သည်။ မွေးချင်း ၁၀-ဦးရှိသည့်အနက် အထွေးဆုံးဖြစ်သည်။ မဟာသီယာ၏ မိဘများမှာ လူလတ်တန်းစားလွှာ အနိမ့်စားအဆင့်တွင် ပါဝင်ပြီး မြို့ဆင်ခြေဖုံး ရပ်ကွက်ကလေးတွင် နေထိုင်ခဲ့ကြရသည်။ ဖခင်မှာ ကျောင်းဆရာ စာရင်းစစ် စသည့် တာဝန်များကို ထမ်းဆောင်ခဲ့သည်။ မဟာသီယာ၏ ဖခင်သည် သားသမီးများ၏ ပညာရေးကို အထူးအားပေးသူ ဖြစ်သည်။ အလွန်ရှေးရိုးဆန်၍ စည်းကမ်းကြီးသူလည်း ဖြစ်သည်။ ဤသို့သောမိသားစုအသိုင်းအဝိုင်းမှ ကြီးပြင်းလာရသော မဟာသီယာအနေဖြင့် မိသားစု၏ တန်ဖိုးကို ချစ်မြတ်နိုးမှု ရှိလာခဲ့သည်။ ဖခင်၏ ပညာရေးအားပေးမှုကြောင့် တလလျှင် ကျောင်းလခ ရင်းဂစ်ငွေ သုံးကျပ် ပေးရသော အင်္ဂလိပ်ကျောင်းတွင် ပညာသင်ကြားခွင့် ရခဲ့သည်။ အိမ်တွင် မိခင်က အစ္စလာမ်ဘာသာရေး စာပေများနှင့် အစ္စလာမ်ယဉ်ကျေးမှုများကို သင်ကြားပေးခဲ့သည်။ မဟာသီယာသည် ငယ်စဉ်က ပညာကို တန်ဖိုးထားမှု၊ စည်းကမ်းရှိမှုနှင့် မိဘစကားကို လိုက်နာရိုသေတတ်မှု စသော အလေ့အကျင့်ကောင်းများကို အမွေရရှိခဲ့သည်။ မလေးရှားသို့ ဂျပန်တို့ ဝင်လာပြီးနောက် မဟာသီယာသည် အသက် ၁၆-နှစ်အရွယ်၌ အခြေအနေအရ ဈေးထဲတွင် ငှက်ပျောသီးရောင်းရသော ဘနားနားကျောင်းသား ဖြစ်ခဲ့ရသည်။ မိဘများက ပညာကို ဆက်လက်သင်စေသဖြင့် ဂျပန်ကျောင်းသို့တက်ကာ ဂျပန်စာများကို သင်အံရွတ်ဖတ်ရသည်။ ဒုတိယကမ္ဘာစစ်ကြီးအပြီး အင်္ဂလိပ်တို့ ပြန်လည်ဝင်ရောက်လာသော အခါ မလေးယူနီယံစီမံကိန်းကြီး ပါလာခဲ့သည်။ ၄င်းစီမံကိန်းသည် ဗြိတိသျှတို့ လုံးဝဥဿုံ ကျွန်ပြုရေးစီမံကိန်းပင် ဖြစ်သည်။ ထို့ကြောင့် ဗြိတိသျှဆန့်ကျင်ရေး မြေအောက်လူငယ်လှုပ်ရှားမှု ပေါ်ပေါက်လာကာ မဟာသီယာသည် လူငယ်ခေါင်းဆောင်ဖြစ်လာခဲ့သည်။ မဟာသီယာတို့ စည်းရုံးလှုပ်ရှားခဲ့သော ကီဒါမလေးလူငယ်သမဂ္ဂသည် နောင်တွင် ကီဒါမလေးသမဂ္ဂဖြစ်လာခဲ့ပြီး ယင်းမှတဆင့် လွတ်လပ်ရေးလှုပ်ရှားမှုအဖွဲ့များ ပေါင်းစည်း ညီညွတ်သော မလေးအမျိုးသားအစည်းအရုံး (UMNO) ဖြစ်လာခဲ့သည်။ နိုင်ငံရေးလောကအတွင်း ဝင်ရောက်ပုံ[ပြင်ဆင်ရန်] မလေးရှားလွတ်လပ်ရေး အကြိုကာလတွင် မဟာသီယာသည် တက္ကသိုလ်ပညာ ဆက်လက်သင်ယူရန် ၁၉၄၇-ခုနှစ်တွင် စင်ကာပူသို့ ထွက်လာခဲ့သည်။ စင်ကာပူ၌ ၁၉၄၇-မှ ၁၉၅၃-ခုနှစ်အထိ ဆေးပညာ သင်ကြားခဲ့သည်။ ပညာသင်ကြားနေစဉ် မလေးနိုင်ငံရေးနှင့် မျက်ခြည်မပြတ်ခဲ့ပေ။ အခြားတဖက်တွင် စည်းရုံးရေးစွမ်းရည်ကို မြှင့်တင်နိုင်ရန် စာပေးစာယူဆောင်းပါးများ အခါအားလျော်စွာ ရေးသားသည်။ ဆေးကျောင်းတက်နေစဉ် အတန်းတူ ဆေးကျောင်းသူ ဆတီဟာစမာနှင့် လက်ထပ်ခဲ့သည်။ သားသမီး ရ-ယောက် ထွန်းကားသည်။ မဟာသီယာသည် ဆရာဝန်ဘွဲ့ရပြီး ၁၉၅၃-ခုနှစ်တွင် မလေးသို့ပြန်လာခဲ့သည်။ အစိုးရဝန်ထမ်းဆရာဝန်အဖြစ် ဆောင်ရွက်လျက် ၁၉၅၇-ခုနှစ်တွင် အလုပ်မှထွက်၍ ဇာတိမြို့၌ ကိုယ်ပိုင် ဆေးခန်း ဖွင့်ရင်း UMNO အဖွဲ့အတွင်း နိုင်ငံရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ခဲ့သည်။ တစထက်တစ နိုင်ငံရေးတာဝန်များ အဆင့်တိုးမြှင့်ပေးခြင်းခံရကာ ၁၉၆၀၊ အသက် ၃၉-နှစ်တွင် လွှတ်တော်အမတ်အဖြစ် စတင်ရွေးကောက်ခံရသည်။ ၁၉၇၄-ခုနှစ်တွင် အစိုးရအဖွဲ့ဝန်ကြီးအဖြစ် တာဝန်ပေးခြင်း ခံရသည်။ ထိုအချိန်မတိုင်မီ ၁၉၆၉-ခုနှစ်တွင် လူများစု မလေးနွယ်ဖွားများနှင့် စီးပွားရေးကို ထိန်းချုပ်ထားသော တရုတ်နွယ်ဖွားများအကြား အဓိကရုဏ်း ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်၍ UMNO ခေါင်းဆောင်ပိုင်း၏ လုပ်နည်းလုပ်ဟန် မူဝါဒကို မနှစ်မြို့၍ ထိုစဉ်က ဝန်ကြီးချုပ်တွန်ကူအဗ္ဗဒူရာမန်ထံသို့ ပြင်းထန်စွာ ဝေဖန်ကန့်ကွက်သော စာတစောင်ကို ဒေါက်တာမဟာသီယာက ပေးပို့ခဲ့ရာ ဒေါက်တာ မဟာသီယာသည် UMNO ပါတီမှ သုံးနှစ်ခန့် ထုတ်ပယ်ခြင်းခံရသည်။ ၁၉၇၂-ခုနှစ်တွင် ပါတီသို့ ပြန်ဝင်ခွင့်ရပြီး ၁၉၇၄-ခုနှစ်တွင် ပညာရေးဝန်ကြီး ဖြစ်လာသည်။ ၁၉၇၆-ခုနှစ်တွင် ဒုတိယဝန်ကြီးချုပ်အဖြစ် တိုးမြှင့်ခြင်းခံရပြီး ၁၉၈၁-ခုနှစ်တွင် ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ ဝန်ကြီးချုပ် သက်တမ်း[ပြင်ဆင်ရန်] ဒေါက်တာမဟာသီယာသည် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ချိန်တွင် ဒုတိယဝန်ကြီးချုပ်ဘဝက တွေ့မြင်သိခဲ့ရသော အတွေ့အကြုံများကို အခြေခံ၍ ပြုပြင်ပြောင်းလဲမှုများကို အောက်ခြေသိမ်း စတင်ပြုလုပ် ခဲ့သည်။ အခြေအနေအားလုံးကို ပြန်လည်စစ်ဆေးပြီး မူဝါဒရေးရာများ၊ နေ့စဉ်လုပ်ငန်းဆောင်ရွက်မှု အစီအစဉ်များ၊ ရုံးလုပ်ငန်းများကို ကိုယ်ပိုင်စိတ်ကူးသစ်၊ ပုံစံသစ်များဖြင့် ဆောင်ရွက်တတ်စေရန် ကြပ်မတ်ခဲ့သည်။ စီးပွားရေးအပိုင်းတွင် အရှေ့ကို မှျော်ကြည့် (Look East) ကြွေးကြော်သံဖြင့် ဂျပန်နိုင်ငံမှ နည်းပညာများ၊ ရင်းနှီးမြှုပ်နှံမှုများကို ရယူကာ ဖွံ့ဖြို့တိုးတက်အောင် ဆောင်ရွက်ခဲ့သည်။ စီးပွားရေးတွင် တရုတ်နွယ်ဖွားတို့ အုတ်စီးခြယ်လှယ်မှုမှ မှျတသောအခြေအနေသို့ ရောက်ရှိစေရန် ဘူမိပုတြနွယ်ဖွား မလေးများကို ပံ့ပိုးထောက်ကူမှုများ ပေးအပ်ခဲ့သည်။ မလေးနိုင်ငံ၏ နည်းပါးသော လူ့အရင်းအမြစ်ကို အဆင့်မြင့်စွာ ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာအဆင့်မီ ပညာရေးကို အထူးအားပေးခဲ့သည်။ ရာစုခေတ်သစ်တွင် အရေးပါလာသည့် သတင်းအချက်အလက် နည်းပညာကို လိုက်မီစေရန် သတင်းအချက်အလက်လမ်းကြောင်း ဌာနကြီးတခု တည်ထောင်စေခဲ့ပြီး ပူထရာဂျာယခေါ် တော်မီနည်းပညာမြို့သစ်ကို ထူထောင်ခဲ့သည်။ တချိန်က ကျွန်တပိုင်းဘဝဖြင့် လူမွေးလူတောင် မပြောင်ခဲ့သော မလေးရှားနိုင်ငံသည် ၂၀-ရာစုနောက်ပိုင်းတွင် ဒေါက်တာမဟာသီယာ၏ ဦးဆောင်မှုအောက်၌ အရှေ့တောင် အာရှ ကျားပေါက်နိုင်ငံတခုအဖြစ် ဝင့်ကြွားလာနိုင်ခဲ့သည်။ မလေးရှားနိုင်ငံသည် ၁၉၇၀-ပြည့်လွန်နှစ်များ အတွင်းက လူတဦးလှျင် တနှစ်ဝင်ငွေ ဒေါ်လာ ၃၀၀-ခန့်သာရှိသော ဖွံ့ဖြိုးမှု နည်းပါးသည့်နိုင်ငံငယ်ကလေးမှ ၁၉၉၀-ပြည့်လွန်နှစ်များ၌ တဦးလျှင် တနှစ်ဝင်ငွေ ဒေါ်လာ၃၈၀၀-ခန့်အထိ မြင့်တက်လာအောင် ဦးဆောင်မှုပေးခဲ့သော ဒေါက်တာမဟာသီယာသည် မလေးရှားနိုင်ငံအတွက် ဂုဏ်ယူဝင့်ကြွားနိုင်ခဲ့ပေသည်။ ယခုအခါ ဒေါက်တာမဟာသီယာသည် ဝန်ကြီးချုပ်ရာထူးမှ အနားယူပြီး လူမှုရေး၊ ဘာသာရေး ယဉ်ကျေးမှုများကို ကူညီဆောင်ရွက်လျက် ရှိနေပါသည်။[၁] ကိုးကား[ပြင်ဆင်ရန်] - ဦးမြင့်စော (သမိုင်းပါမောက္ခ၊ ပုသိမ်တက္ကသိုလ်)၊( မင်္ဂလာမောင်မယ် ၂၀၀၉-ခု ဒီဇင်္ဘာလ)
<urn:uuid:51840cf7-941c-479e-b915-4f580848a7c7>
CC-MAIN-2013-48
http://my.wikipedia.org/wiki/%E1%80%99%E1%80%9F%E1%80%AC%E1%80%9E%E1%80%AE%E1%80%9A%E1%80%AC_%E1%80%99%E1%80%AD%E1%80%AF%E1%80%9F%E1%80%AC%E1%80%99%E1%80%80%E1%80%BA%E1%80%92%E1%80%BA
2013-12-21T09:57:26Z
s3://commoncrawl/crawl-data/CC-MAIN-2013-48/segments/1387345775423/warc/CC-MAIN-20131218054935-00073-ip-10-33-133-15.ec2.internal.warc.gz
mya
0.997369
Mymr
56
{"mya_Mymr_score": 0.997369110584259}
စကော့၊ အာအက်(ဖ်) စကော့အာ၊ အက်(ဖ်) (ခရစ် ၁၈၆၈-၁၉၁၂)[ပြင်ဆင်ရန်] ရောဘတ် ဖောလကွန်စကော့မှာ ဗြိတိသျှလူမျိုး ရေတပ် ဗိုလ်တစ်ဦးဖြစ်၍၊ သိပ္ပံပညာ သုတေသနလုပ်ငန်းအတွက်၊ တောင်ဝင်ရိုးစွန်းသို့ သွားရောက် စွန့်စားရှာဖွေသူ ဖြစ်၏။ ဒက်ဗွန်ပို့မြို့တွင် မွေးဖွား၍ ရေတပ်တွင် ဝင်ရောက်အမှုထမ်းရာ ၁၈၉၇ ခုနှစ်တွင် ရေတပ်ဗိုလ်ကြီး ဖြစ်လာလေသည်။ ၁၉ဝ၁ ခုနှစ်တွင် သူ၏ စွန့်စားမှုသတ္တိနှင့် ခေါင်းဆောင်နိုင် သော အရည်အခြင်းကြောင့် တောင်ဝင်ရိုးစွန်းသို့ သွားရောက် မည့်အဖွဲ့ကို ဦးစီးရန် တာဝန်လွှဲအပ်ခြင်းခံရသည်။ ထိုကြောင့် 'ဒစ်စကပ်ဗာရီ'အမည်ရှိ သင်္ဘောဖြင့် အဖွဲ့ကို အုပ်ချုပ်ကာ လိုက်ခဲ့လေသည်။ ထိုအကြိမ်မှာ တောင်ဝင်ရိုးစွန်းသို့ စကော့ သွားရောက်သည့် ပထမအကြိမ် ဖြစ်၍ ၁၉ဝ၁ ခုနှစ်မှ ၁၉ဝ၄ ခုနှစ်အထိ သုံးနှစ်ခန့်မျှ ကြာလေသည်။ တောင်ဝင်ရိုးစွန်းမှ နေရပ်သို့ ချောမောစွာ ပြန်ရောက်လာ သော် စကော့သည် ရေတပ်တွင် အမှုထမ်းပြန်၏။ ၁၉၁ဝ ပြည့်နှစ်တွင် ပထမအကြိမ်က မပြီးဆုံးခဲ့သောလုပ်ငန်းများကို ဆက်လက် စူးစမ်းလုပ်ကိုင်ရန်၊တောင်ဝင်ရိုးစွန်းသို့ ခရီးထွက်ရ ပြန်သည်။စကော့တို့အဖွဲ့ကို ဗြိတိသျှနှင့်ဒိုမီနီယန်အစိုးရများက စရိတ်ထောက်ပံ့လေသည်။ ၁၉၁ဝ ပြည့်နှစ် နိုဝင်ဘာလတွင်၊ စကော့တို့ လူစုသည် စွတ်ဖားများဖြင့် တောင်ဝင်ရိုးစွန်းသို့ ခရီးစထွက်ကြလေသည်။ ရာသီဥတုမှာ ဆိုးရွားလှသဖြင့် တောင်ဝင်ရိုးသို့ သွားကြရာဝယ်၊ အလွန်တရာ ကြံ့ခိုင်သော စိတ်ဓာတ်၊ ဇွဲသတ္တိတို့ဖြင့် အားခဲ ကာ၊ ခဲယဉ်း ပင်ပန်းစွာ သွားရောက် ကြရ၏။ ဤသို့ဖြင့် ၁၉၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် တောင်ဝင်ရိုးစွန်း သို့ ရောက်ရှိကြ၏။ သို့သော် နော်ဝေးနိုင်ငံသား၊ အားမန်ဆင်အာ လူစုက တောင်ဝင်ရိုးစွန်းနေရာတွင် တစ်လခန့် စော၍ အလံ စိုက်ခဲ့သည်ကို တွေ့ကြသဖြင့် စကော့တို့ထက် အရင်ဦးသွား ကြောင်း သိကြရလေသည်။ ထိုနေရာမှ ရိက္ခာထောက် စခန်းသို့ ပြန်လှည့်ကြသည့်အပြန် ခရီးတွင် စကော့တို့လူစုသည် ဖျားနာခြင်း၊ ရိက္ခာမလုံလောက် ခြင်း၊ ရာသီဥတု၏ဆိုးရွားခြင်း ဘေးဒုက္ခတို့ကို တွေ့ကြုံကြရ လေတော့၏။ စကော့နှင့် အဖော်လေးဦးတို့သည် ထိုဘေးဒုက္ခ များကို အလျှော့မပေးဘဲ၊ အစွမ်းကုန် ကြိုးစားတွန်းလှန်ကြပါ သော်လည်း၊ အက်ဗန်းအမည်ရှိ စကော့၏လက်ထောက် မှာ၊ ဖေဖော်ဝါရီလတွင် သေဆုံးရလေ၏။ နောက်တစ်လလောက် တွင် အုတ်အမည်ရှိ အဖွဲ့ဝင်တစ်ဦးမှာလည်း မိမိ၏ မဟန်နိုင် သော အခြေအနေကြောင့် အခြားအဖွဲ့ဝင်တို့အား ဝန်မလေးစေ လိုသည်က တစ်ကြောင်း၊ မိမိအတွက် ဝန်ပေါ့သဖြင့်၊ ကျန် အဖော်များ သက်သာရာရစေရန်က တစ်ကြောင်းတို့ကို ထောက် ထား၍ နှင်းမုန်တိုင်းထဲသို့ အတင်းထွက်သွားကာ အသက်စွန့် လိုက် လေသည်။ သို့ဖြစ်လင့်ကစား စကော့နှင့် ကျန်အဖော်နှစ်ဦး ဖြစ်သော ဒေါက်တာဝီလဆန်နှင့် လက်ဖတင်နင်ဗောင်းဝါးတို့မှ အုတ် မျှော်လင့်သကဲ့သို့ သက်သာခွင့် မရရှာချေ။ ရိက္ခာပြတ်သည့်ပြင် ရာသီဥတုမှာ ပို၍ ဆိုးရွားလာရာ ထိုသူသုံးဦးမှာ ၁၉၁၂ ခုနှစ် မတ်လ ၂၇ ရက်နေ့ လောက်တွင် သေဆုံးရှာကြလေ၏။ စကော့၏ အဖွဲ့အား အရှာထွက်ခဲ့သော ကယ်ဆယ်ရေး အဖွဲ့သည် ၁၉၁၂ ခုနှစ် နိုဝင်ဘာလ တွင်မှ စကော့တို့၏ အလောင်းများကို တွေ့ရှိကြရလေသည်။ စကော့သည် မိမိတို့ စူးစမ်းရခဲ့သမျှ တွေ့ကြုံ ဆောင်ရွက်ခဲ့သမျှကို မှတ်တမ်းတင် ခဲ့ရာ၊သေခါနီးဆဲဆဲတွင် မရေးနိုင်ရေးနိုင်နှင့်ပင် မှတ်တမ်းတင်ခဲ့ သေးသည်။ သူတို့၏မှတ်တမ်းများကို ဖတ်ရှုကြရာတွင် စကော့ နှင့် အဖွဲ့သားများသည် ယောကျာ်းကောင်းပီသစွာ အာဇာနည် စိတ်ဖြင့် ဒုက္ခဆင်းရဲ အမျိုးမျိုးခံ၍ ရည်ရွယ်ချက် ဖြစ်မြောက် အောင် ဆောင်ရွက်ခဲ့ပုံများကို အံ့ဩချီးမွမ်းစိတ်၊ သနားစိတ်တို့ ဖြင့် ဖတ်ရှုကြရလေသည်။ စကော့၏ အဖွဲ့သားများမှာ အသက်ပင် ဆုံးကြသော်လည်း သူတို့၏စူးစမ်းလေ့လာထားခဲ့သည့်အချက်များမှာ သိပ္ပံပညာ ရပ်အတွက် အဖိုးမဖြတ်နိုင်အောင် အသုံးဝင်လှသည်။ ထိုကြောင့် ဗြိတိသျှလူမျိုးတို့၏ စွန့်စားမှုသမိုင်းတွင် စကော့၏ အမည်မှာ မော်ကွန်းဝင်ဖြစ်၍ လန်ဒန်မြို့ ဝါတာလူးရပ်ကွက် တွင် စကော့၏ ရုပ်ပုံကို ကြေးရုပ် ထုထားကြလေသည်။ ကျန်ရစ်သူ စကော့၏ဇနီးနှင့် သားအတွက် တိုင်းသားပြည်သူ တို့က ရန်ပုံငွေများ ကောက်ခံပေး၍ ဘုရင်မင်းမြတ်ကမူ ကွယ် လွန်သူ စကော့အား ကေ၊ စီ၊ ဘီ၊ ဘွဲ့ထူးဖြင့် ချီးမြှင့်လေရာ ဇနီးသည်မှာလည်း လေဒီစကော့ဟူ၍ ဖြစ်လာလေသည်။[၁] ကိုးကား[ပြင်ဆင်ရန်] - မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)
<urn:uuid:b84cd8cc-dbb0-4653-a428-c8c5ba7dfa26>
CC-MAIN-2013-48
http://my.wikipedia.org/wiki/%E1%80%85%E1%80%80%E1%80%B1%E1%80%AC%E1%80%B7%E1%81%8A_%E1%80%A1%E1%80%AC%E1%80%A1%E1%80%80%E1%80%BA(%E1%80%96%E1%80%BA)
2013-12-09T01:48:37Z
s3://commoncrawl/crawl-data/CC-MAIN-2013-48/segments/1386163844441/warc/CC-MAIN-20131204133044-00087-ip-10-33-133-15.ec2.internal.warc.gz
mya
0.995836
Mymr
84
{"mya_Mymr_score": 0.9958359003067017}
မန္တလေးမြို့ ကျွဲဆည်ကန်မှ ကားဂိတ်များကို ၇ မိုင်ခန့်ဝေးသည့် ပြည်ကြီးမင်္ဂလာ ကုန်တင် ယာဉ်ရပ်နား စခန်းသစ်သို့ ပြောင်းရွေ့ခိုင်းမှုနှင့် ပတ်သက်၍ အဝေးပြေး ကုန်စည်ပို့ဆောင်မှု လုပ်ငန်းရှင်များ အသင်းက သမ္မတ ဦးသိန်းစိန်ထံသို့ ယနေ့တိုင်ကြားလိုက်သည်။ ကားကွင်းအသစ်၏ အဆောက်အဦးများကို မန္တလေး စည်ပင်သာယာမှ တခန်းလျှင် သိန်း ၁၃၅၀ နှင့် သိန်း ၇၀၀ ကျပ်ဟု သတ်မှတ် ထားကြောင်း၊ ငွေကြေး မတတ်နိုင်သည့်အတွက် နိုင်ငံတော်အနေဖြင့် ညှိနှိုင်းဆောင်ရွက်ပေးရန် ကားဂိတ်လုပ်ငန်းရှင်များက တောင်းဆိုခြင်းဖြစ်သည်ဟု အသင်း ဒုဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောသည်။ “နိုင်ငံတော်စီမံကိန်းကြောင့် ပြောင်းပါဆိုရင်တော့ ပြောင်းပေးမှာပါ၊ ဒါပေမယ့် ပြောင်းရွှေ့ဖြစ်အောင် ဈေးသက်သက်သာနဲ့ လုပ်ဆောင်ပေးဖို့ သမ္မတထံကို တင်ပြတာပါ။ အဆောက်အဦး ဈေးနှုန်းတွေကလည်း ကျသင့်တာထက် ပိုများတယ်” ဟု ၎င်းက ဆိုသည်။ ကားဂိတ်လုပ်ငန်းရှင်များ အနေဖြင့် အခန်းတန်ဖိုးကို ကျပ်သိန်း ၃၀၀ ခန့်သာ သတ်မှတ်ပြီး အရစ်ကျစနစ်ဖြင့် ရောင်းချရန်၊ ငှားရမ်းမည် ဆိုပါကလည်း တလလျှင် ကျပ် ၁ သိန်းခန့်ဖြင့် ငှားရခွင့်ရရန် လိုလားကြောင်း ၎င်းက ဆက်ပြောသည်။ အဝေးပြေးကားဂိတ် လုပ်ငန်းများအနေဖြင့် တောင်းဆိုချက်များကို သမ္မတထံသာမက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ စီးပွားကူးသန်း ၀န်ကြီးဌာန၊ ဆောက်လုပ်ရေး ၀န်ကြီးဌာန အပါအ၀င် နိုင်ငံတ၀န်းရှိ အဝေးပြေးကားဂိတ် လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့ လိုလားချက်များကို မရရှိပါက အသင်းသားများဖြင့် တိုင်ပင်ပြီး တောင်းဆိုမှုများ လုပ်သွားမည် ဖြစ်သည်ဟု ဦးဝင်းမြင့်က ရှင်းပြသည်။ ယခု စွယ်တော် (ပြည်ကြီးမင်္ဂလာ) ကားကွင်းသစ်သည် ၆၀.၀၈ ဧက ကျယ်ဝန်းပြီး အခန်းပေါင်း ၁၃၅ ခန်း ဆောက်လုပ်ထားသည်။ ပြီးခဲ့သည့် ကြာသပတေးနေ့က မန္တလေးမြို့တော်ဝန်မှ ကားဂိတ်လုပ်ငန်းရှင်များကို ခေါ်ယူကာ လာမည့် ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း ကျွဲဆည်ကန်မှ ကားဂိတ်များကို ပြည်ကြီးမင်္ဂလာ ကားကွင်းအတွင်း အပြီးပြောင်းရွေ့ရန် ပြောဆိုထားကြောင်း သိရသည်။ မန္တလေးမြို့ စည်ပင်သာယာရေး ကော်မတီက မြို့တွင်းယာဉ်ကြော ပိတ်ဆို့ခြင်း၊ ပွင့်လင်းလာမည် အာဆီယံ- တရုတ် ကုန်သွယ်ရေး လမ်းကြောင်းအတွက် အရေးပါခြင်းတို့ကြောင့် ပြည်ကြီးမင်္ဂလာ ကုန်တင်ကုန်ချယာဉ်များ ရပ်နားစခန်းသစ်ကို ၂၀၀၉ ခုနှစ်က မန္တလေး-လားရှိုး ကားလမ်းဘေး စွယ်တော် ဘုရားအနီးတွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ယခုပြောင်းရွေ့သည့် နေရာသစ်မှာ စီးပွားရေး အချက်အချာကျသည့် ဈေးချိုတော်ဖြင့် ၁၄ မိုင်ခန့် ဝေးလံသည့်အတွက် မြို့တွင်း ကုန်စည်ဖြန့်ချိရေး၌ သယ်ယူပို့ဆောင်ရေး ဈေးနှုန်းများ မြင့်တက်ပြီး ကုန်ဈေးနှုန်းမှာလည်း ပိုမိုမြင့်တက်လာနိုင်ကြောင်း၊ ထို့အပြင် ကားဂိတ်ကိုမှီ၍ အသက်မွေးဝမ်းကျောင်း ပြုသူများအနေဖြင့်လည်း ခက်ခဲမှုများ ရှိလာနိုင်ကြောင်း ဦးဝင်းမြင့်က ဆက်ပြောသည်။ ၁၉၉၂ ခုနှစ် စစ်အစိုးရ လက်ထက်ကလည်း ကုန်တင်ကုန်ချနှင့် အဝေးပြေးကားများကို ယာဉ်ကြောပိတ်ဆို့သည်ဟု ဆိုကာ ရတနာပုံရပ်မှ ကျွဲဆည်ကန်သို့ ပြောင်းရွေ့စေခဲ့သေးသည်။ ယခုအခါ ကျွဲဆည်ကန်ကားကွင်းတွင် ကားဂိတ်ပေါင်း ၆၈ ဂိတ်ရှိပြီး၊ တခြားသော ဈေးဆိုင်ခန်းများနှင့် ပွဲရုံများလည်း ရှိသည်။ မြန်မာပြည်၏ အလယ်ဗဟိုချက် မန္တလေးမြို့သည် ကုန်စည်စီးဆင်းမှုတွင် အရေးပါပြီး ရှမ်းပြည်တောင်ပိုင်း၊ မြောက်ပိုင်း၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတို့နှင့်လည်း ဆက်သွယ်မှုရှိသည်။
<urn:uuid:2269c630-a96e-4a24-8eab-ec762a836e35>
CC-MAIN-2013-48
http://burma.irrawaddy.org/%e1%81%80_business/2013/01/21/31540.html
2013-12-05T17:51:35Z
s3://commoncrawl/crawl-data/CC-MAIN-2013-48/segments/1386163047052/warc/CC-MAIN-20131204131727-00097-ip-10-33-133-15.ec2.internal.warc.gz
mya
0.947325
Mymr
56
{"mya_Mymr_score": 0.9473252296447754, "blk_Mymr_score": 0.044238585978746414}
ပြက္ခဒိန် ပြက္ခဒိန်သည် ဘာသာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ရုံးသုံးရေးအတွက် အချိန်စီမံနည်းစနစ်ဖြစ်သည်။ မာတိကာ အချိန်ကို ပိုင်းခြားသတ်မှတ်ထားရာ ပြက္ခဒိန်[ပြင်ဆင်ရန်] ပြက္ခဒိန်ဟူသည်မှာ အချိန် နှစ်အပိုင်းအခြား၊ ရာသီ အပိုင်း အခြား၊ လ အပိုင်းအခြား၊ နေ့ရက် အပိုင်းအခြား သတ်မှတ် ထားခြင်းပင် ဖြစ်သည်။ ပြက္ခဒိန်ကို မည်သို့ သတ်မှတ်ကြ သနည်း။ မည်သည့်လူမျိုးများ စတင် တီထွင်ခဲ့ကြပါသနည်း။ မည်သည့် အကျိုးထူးများ ရရှိခံစားစေခဲ့သနည်း။ ဤအကြောင်းရပ်တွင် စုံလင်စွာ ဖတ်ရှုရပေမည်။ (ပက္ခ+ဒိန-ပက္ခ=လဆန်း+လဆုတ်+ဒိန=နေ့များ- သို့အတွက် ပြက္ခဒိန်ဟု စာလုံးပေါင်းရမည်။-ပြည်ထောင်စု နိုင်ငံတော် ပြက္ခဒိန်တော်ဆက်အဖွဲ့၏ ဆုံးဖြတ်ချက်- ၁၉၄၉ ခုနှစ်။) ပြက္ခဒိန်ဟူသည်မှာ အချိန်ကို ပိုင်းခြားသတ်မှတ်ခြင်း။ တစ်နည်းဆိုရသော်နှစ်အပိုင်းအခြား၊ ရာသီအပိုင်းအခြား၊ လအပိုင်းအခြား၊ နေ့ရက် အပိုင်းအခြားသတ်မှတ်ခြင်း ဖြစ်သည်။ ကမ္ဘာမြေလုံးကြီးသည် နေကို လှည့်ပတ်သွား ခြင်းအားဖြင့် ရာသီများ ဖြစ်ပေါ်လာ၏။ တစ်ပတ် ပြည့်သောအခါ၊ တစ်နှစ်ပြည့်ချိန်ဟု သတ်မှတ်ကြ၏။ ရှေးလူများ၏ တိုင်းထွာမှတ်သားမှုအရ တစ်နှစ်လျှင် ၃၆၅ ရက် ၆ နာရီသာရှိ၏။ ထိုအခါက လူတို့သည်ရာသီသုံးမျိုးသာ သတ်မှတ်ထားရှိသည်ဟု ရာဇဝင်ကျမ်းများတွင် ဖော်ပြထား၏။ လကို သတ်မှတ်ရာ၌ လဆန်းတစ်ခုမှ လဆန်းတစ်ခုအထိ တစ်လဟု သတ်မှတ်၍၊ ယင်းသည့်လပေါင်း ၁၂ လကို 'တစ်နှစ်'ဟု သတ်မှတ်ကြ၏။ တစ်လျှင် ရက်ပေါင်း ၂၉ ရက် ၁၂ နာရီကျော်ရှိ၍၊ ၁၂ လတွင် ၃၅၄ ရက်ကျော် ၃၅၅ ရက် ရှိလေသည်။ အလွန်ရှေးကျသော အီဂျစ်လူမျိုးတို့သည် နေသွားကို အမှီပြု၍ တစ်နှစ်လျှင် ၃၆၅ ရက် သတ်မှတ်ပြီးလျှင်၊ ရက်ပေါင်း ၃ဝ ရှိသော ၁၂ လနှင့် အပို ၅ ရက်ပါဝင်သော ပြက္ခဒိန်သတ်မှတ်သည်။ လေးနှစ်တစ်ကြိမ်တွင် တစ်ရက်တိုး၍၊ ၃၆၆ ရက်ရှိ ရက်ငင်နှစ်ဟု သတ်မှတ်၏။ နှစ်စဉ် ရက်ပို ၅ ရက်နှင့် လေးနှစ် တစ်ကြိမ် ရက်ပို ၆ ရက်ကို ပွဲတော်နေ့ အဖြစ်သတ်မှတ်ကြလေသည်။ ရှေးရောမလူမျိုးတို့ အသုံးပြုခဲ့သော ပြက္ခဒိန်တွင် ၁ဝ လ သာရှိ၍၊ အင်္ဂလိပ်အခေါ်အားဖြင့် မတ်လ (၃၁)၊ ဧပြီလ(၂၉)၊ မေလ (၃၁)၊ ဇွန်လ (၂၉)၊ ကွင်းတီးလစ်လ (၃၁)၊ ဆက္ကစတီး လစ်လ (၂၉)၊ စက်တင်္ဘာလ (၂၉)၊ အောက်တိုဘာလ (၃၁)၊ နိုဝင်ဘာလ (၂၉)၊ ဒီဇင်္ဘာလ (၂၉) ရက်၊ ရက်ပေါင်း ၂၉၈ ရက်ရှိ၍၊ တစ်နှစ်ပြည့်ရန် ရက်ပိုများ၊ လပိုများဖြင့် အသုံးပြုကြ ၏။ နောင်အခါ ရောမမြို့ကို အုပ်စိုးခဲ့သူ နူမာပွန်ပီလယပ်က ဇန်နဝါရီလ (၂၉) နှင့် ဖေဖွာဝါရီလ (၂၈) ထပ်တိုး၍၊ ရက်ပေါင်း ၃၅၅ ရက်ရှိ ပြက္ခဒိန် သတ်မှတ်၏။ ပထမဆုံး ပြက္ခဒိန်[ပြင်ဆင်ရန်] လူ့သမိုင်းတစ်လျှောက်တွင် ပထမဆုံး ပြက္ခဒိန်ကို တီထွင်အသုံးပြုကြသူများမှာ အီဂျစ်လူမျိုးများဖြစ်ကြသည်။ စိုက်ပျိုးရေးကို အမှီပြုကာ အသက်မွေးကြသည့် ပထမအီဂျစ် ပြည်ထောင်စုအတွက် စိုက်ပျိုးရေးအတွက် အရေးပါသော အထောက်အကူအဖြစ် ပြက္ခဒိန်ကိုလည်း တီထွင်နိုင်ခဲ့သည်။ သို့သော် ပြည်ထောင်စုခေတ် မစတင်မှီကပင် မြောက်ပိုင်းအီဂျစ်နိုင်ငံမှ လူတို့အနေဖြင့် တစ်နှစ်တွင် ၃၆၅ရက်ရှိသည်ကို တွက်ချက်မိပြီးဖြစ်ဟန်တူသည်။ ပြည်ထောင်စုခေတ်အရောက်တွင်လည်း ထိုကဲ့သို့ပင် သတ်မှတ်ကာ တစ်နှစ်တာအတွင်းရှိ နေ့ရက်များကို အုပ်စုဖွဲ့၍ လ ဟုသတ်မှတ်ရာတွင်လည်း ကောင်းကင်ပေါ်ရှိ လ၏ အခြေအနေကိုမူတည်ကာ တွက်ချက်သတ်မှတ်ကြသည်။ သို့ဖြင့် ဘီစီ ၄၂၄၁ခုနှစ်အရောက်တွင် ပထမပြည်ထောင်စုမှ အီဂျစ်လူမျိုးများသည် ပြက္ခဒိန်သစ်တစ်ခုကို တီထွင်နိုင်ခဲ့သည်။ အဆိုပါ ပြက္ခဒိန်အရ တစ်နှစ်တွင် ၁၂လ၊ ၃၆၅ရက် ရှိကာ တစ်လတွင် ရက်ပေါင်း ၃၀ ဟုသတ်မှတ်သည်။ အစွန်းထွက်ကာ ပိုလျှံနေသော ၅ ရက်ကို ပွဲတော်ရက်အဖြစ် သတ်မှတ်လိုက်ကြသည်။ ထို ပြက္ခဒိန်ကို မှီတည်ကာ ဖြည့်စွပ်ပြင်ဆင်ထားသော ပြက္ခဒိန်ကို နှစ်ကာလတာရှည်စွာဖြင့် ဂရိ၊ ရောမခေတ်များမှသည် ယနေ့တိုင် အသုံးပြုနေကြခြင်း ဖြစ်သည်။ သို့သော် နှစ်များကိုမူ ယခုခေတ်ကဲ့သို့ နံပါတ်စဉ်တပ်၍ ခေါ်ဆိုခြင်းမပြုကြသေးဘဲ ထူးခြားသည့် အခြင်းအရာ၊ အဖြစ်အပျက်တို့ကို စွဲမှတ်ကာ သတ်မှတ်ကြသည်။ (ဥပမာ- ရေကြီးသောနှစ်၊ မီးလောင်သောနှစ် စသည်ဖြင့်) နောက်ပိုင်းကာလများတွင်မူ နန်းတက်သည့် နှစ်မှစကာ နံပါတ်စဉ်တပ်၍ သတ်မှတ်လာကြသည်။ ထိုသို့သတ်မှတ်ရာတွင် ဘုရင်ဖြစ်သူ နန်းကျခြင်း(သို့) နတ်ရွာစံခြင်း ဖြစ်လျှင် အဆုံးသတ်သွားပြီး နောက်နန်းတက်လာသည့် ဘုရင်သစ်အတွက် နှစ်ကာလ သတ်မှတ်ချက် တဖန်စတင်သည်။ ယင်းသည့် နူမာနှစ်မှာ လေးနှစ်တစ်ကြိမ် တစ်ပတ်ကာလ သတ်မှတ်ပြီးလျှင် ပဌမနှစ်တွင် ၃၁ ရက်ရှိ လပေါင်း (၄)လ၊ ၂၉ ရက်ရှိလပေါင်း (၇)နှင့် ၂၈ ရက်ရှိ ဖေဖေါ်ဝါရီလ တစ်လ ရှိ၍၊ လပေါင်း ၁၂ လတွင် ရက်ပေါင်း ၃၅၅ ရက်ရှိ၏။ ဒုတိယနှစ်တွင် ဖေဖေါ်ဝါရီလ၌ ၂၃ ရက်ရှိ၍၊ ရက်ပေါင်း ၂၇ ရက်ဖြင့် လအပို တစ်လဖြည့်ပြီးလျှင် သတ်မှတ်၏။ တတိယ နှစ်တွင် ပထမအနှစ်အတိုင်း သတ်မှတ်၍၊ စတုတ္ထနှစ်တွင် ဒုတိယနှစ်ကဲ့သို့ပင် လပိုဖြည့်၍ ဖေဖေါ်ဝါရီလတွင် ၂၄ ရက်ဖြင့် သတ်မှတ်၏။ ဤနည်းမှာလည်း ၄ နှစ် တစ်ကြိမ်တွင် ၄ ရက်ပိုလျက်ရှိ၏။ ဂျူးလယပ်ဆီဇာလက်ထက်ရောက်သောအခါ လများနှင့် ရာသီဥတု မညီမညွတ်ဖြစ်၍ ဇန်နဝါရီလတွင် ဆောင်းကူးရာသီဖြစ်နေသောကြောင့် နက္ခတ်ပညာရှိ ဆိုဆီး ဂျင်းနစ်၏ အကြံပေးချက်အရ၊ ဘီစီ ၄၆ ခုနှစ်တွင် ရက်ပေါင်း ၉ဝ (နိုဝင်္ဘာလနှင့် ဒီဇင်ဘာလအကြားတွင် ၆၇ ရက်နှင့် ဖေဖေါ်ဝါရီလ နောက်ဆုံးတွင် ၂၃ ရက်) ထပ်တိုး၍၊ ဘီစီ ၄၅ ခုနှစ် နွေကူးရာသီကို မတ်လတွင် စစေခဲ့၏။ ဤကဲ့သို့ ရာသီနှင့် လများမှန်ကန်ညီညွတ်စေရန် ဇန်နဝါရီလနှင့် ဆက္ကစတီးလစ်လ(ဩဂုတ်လ) တို့ကို ၂ ရက်စီတိုး၍၊ ဒီဇင်ဘာလကို ၃၁ ရက်လ၊ ပြုပြင်ပြီးလျှင် ကျန် ဧပြီလ၊ ဇွန်လ၊ စက်တင်ဘာလ၊ နိုဝင်ဘာလများကို ၃ဝ ရက်ဟု သတ်မှတ်လျက်၊ ဖေဖေါ်ဝီရီလတွင် ၂၈ ရက်ဟု သတ်မှတ်သော ၃၆၅ ရက် ပြက္ခဒိန်ကို ပြုပြင်ခဲ့လေသည်။ ထိုပြင် လေးနှစ်တစ်ကြိမ်လည်း ဖေဖေါ်ဝါရီလ ၂၃ ရက်နှင့် ၂၄ ရက် အကြားတွင် ရက်ပိုတစ်ရက်တိုး၍ ၃၆၆ ရက် ရက်ငင်နှစ် သတ်မှတ်၏။ မတ်လ၊ မေလ၊ ကွင်းတီးလစ်လ (နောင်အခါ ဂျူးလယပ်ဆီဇာကို အကြောင်းပြု၍ ဇူ(ဂျူ)လိုင်လ အမည်ပြောင်းသည်)နှင့် အောက်တိုဘာလများကို ယခင် ပြက္ခဒိန်အတိုင်း ၃၁ ရက် လများအဖြစ် သတ်မှတ်၏။ ထိုနောက် ပုပ်ရဟန်းမင်းကြီး ဂရက်ဂရီ (၁၃)က အနည်းငယ် ပြုပြင်၍ ဂရက်ဂရီယန်း ပြက္ခဒိန် ဖြစ်ပေါ်လာ၏။ သို့သော်လည်း ထိုအခါက နေသွားနှစ်တစ်နှစ်မှာ ၃၆၅ ရက် ၆ နာရီဟု ယူခဲ့ကြ၍ အမှန်နေသွားနှစ်မှာ ၃၆၅ ရက် ၅ နာရီ ၄၈ မိနစ် ၄၆ စတ္တန့်ဖြစ်သဖြင့် ၁၆ ရာစု နှစ်အတွင်း ၁၅၈၂ ခုနှစ် မတ်လ ၁၁ ရက်ကို ၂၁ ရက်ဟု သတ်မှတ် ပြီးလျှင်၊ ရောမပြက္ခဒိန်ကို ထပ်မံပြုပြင်၍ ယခုထက်တိုင် အသုံးပြုနေကြသည်။ နှစ်စဉ် ပြုလုပ်ရမည့် ပြက္ခဒိန်တွက်နည်း မှာလည်း ခုနှစ်ကို ၄ နှင့်စားသည့်အခါ အကြွင်းမရှိသော နှစ်များကို ရက်ငင်နှစ်ဟု သတ်မှတ်၍၊ နှစ်ပေါင်း ၁ဝဝ( ရာစု)ကျရောက်သော နှစ်များတွင် ရက်တိုးခြင်း မပြုရ။ သို့သော် ခုနှစ်ကို ၄ဝဝ နှင့် စားသည့်အခါ၊ အကြွင်းပြတ်လျှင်သာ ရက်ငင်နှစ် ဖြစ်ရမည်ဟု သတ်မှတ်၏။ သို့အတွက် ၁၆၀၀ ပြည့်နှစ်သည် ရက်ငင်နှစ်ဖြစ်၍၊ ၁၇ဝဝ ပြည့်နှစ်၊ ၁၈ဝဝ ပြည့်နှစ်နှင့် ၁၉ဝဝ ပြည့်နှစ်များသည် ရက်ငင်နှစ်များမဟုတ်ချေ။ သို့သော် ၂ဝဝဝ ပြည့်နှစ်သည် ရက်ငင်နှစ်ဖြစ်ရမည်။ ဤပြက္ခဒိန်ကို ရောမလက်အောက်ခံ နိုင်ငံများက လက်ခံ အသုံးပြုကြသော်လည်း၊ ဗြိတိန်နိုင်ငံကမူ ၁၇၅၁ ခုနှစ်တွင်သာ လက်ခံအသုံးပြုခဲ့၏။ ပြင်သစ်နိုင်ငံတွင် ၁၇၉၃-ခုနှစ်မှ ၁၈ဝ၅ ခုနှစ်အထိ တော်လှန်ရေး ပြက္ခဒိန်ကို အသုံးပြု ခဲ့၏။ တူရကီနှင့် ရုရှနိုင်ငံတို့သည် ဂရက်ဂရီယန်း ပြက္ခဒိန်ကို ၁၉၁၇-ခုနှစ်တွင် လက်ခံခဲ့သည်။ ဗော်လကန် နိုင်ငံများကမူ ၁၉၂၃-ခုနှစ်မှသာ လက်ခံခဲ့သည်။ မြန်မာပြက္ခဒိန်[ပြင်ဆင်ရန်] အင်္ဂလိပ်ပြက္ခဒိန်ကို စီစဉ်ရာ၌ နေသွားကိုသာ အခြေပြုထားသဖြင့် လထပ်ဟူ၍ မရှိ၊ ရက်ငင်သာရှိ၏။ သို့သော် အရှေ့နိုင်ငံများတွင် ပြက္ခဒိန်ကို စီစဉ်ရာ၌ နေသွားလသွားတို့ကို အမှီပြုကာ တွက်ချက်ရသောကြောင့် သာမန်လူများမတွက်နိုင်ချေ။ နက္ခတ်ပညာတွက်ကိန်များ လိုက်စားသူများသာလျှင်တွက်နိုင်၏။ သို့အတွက် မြန်မာပြက္ခဒိန်ကို စီစဉ်ရာ၌လည်း လထပ်ရက်ငင်အရေးများ မှန်ကန် ညီညွတ်စေရန်၊ ဗေဒင်ပညာရှိ ပြက္ခဒိန်တော်ဆက်အဖွဲ့ကို အစိုးရမင်းတို့က ခန့်အပ် ပြီးလျှင်၊ မှန်ကန်သော ပြက္ခဒိန်များကို တွက်ချက်ပြီးမှ ကြေညာသတ်မှတ်ခဲ့၏။ မြန်မာနိုင်ငံသို့ သူရိယသိဒ္ဓိကျမ်းများ မရောက်သေးမီက၊ ပြက္ခဒိန်တွက်ချက်ရာ၌၊ မကာရန္တကျမ်း သံဒိဌတွက်ရိုးကျမ်းများကိုသာ အသုံးပြုခဲ့ကြ၏။ ယင်းသည့်ကျမ်းများသည် သူရိယ သိဒ္ဓိကျမ်းကဲ့သို့ တွက်ခြေ၊ ကိန်းခန်း၊ ဂဏန်းများ မမှန်ကန်ချေ။ အကျဉ်းချုံး၍ စီရင်ထားသော တွက်ရိုးကျမ်းများဖြစ်သဖြင့် တိမ်းစောင်းမှားယွင်းခဲ့၏။ သူရိယသိဒ္ဓန္တကျမ်းမှ ကိန်းဂဏန်းများသာလျှင် အခြေခံ သဘောတရားမှန်ကန်သည်ဟု ဆိုရငြားလည်း နက္ခတ်မျှော်စင်၊ မှန်ပြောင်းများဖြင့် လေ့လာနေကြခြင်းကြောင့်၊ အနောက်နိုင်ငံများ၏ ကိန်းခန်း ဂဏန်းများကသာလျှင် သာလွန်၍ မှန်ကန်ကြောင်းကို ဝန်ခံ ရပေမည်။ သူရိယ သိဒ္ဓန္တကျမ်းထွက်အရ၊ ပြက္ခဒိန်တွက်ချက်ရာတွင် အခြေပြုသော ကိန်းများမှာ တဖက်ပါအတိုင်း ဖြစ်သည်။ - ရက် နာရီ မိနစ် စက္ကန့် - သူရိယမာသနှစ် တစ်နှစ်လျှင် ၃၆၅ ၆ ၁၂ ၃၇ - စန္ဒရမာသလ တစ်လလျှင် ၂၉ ၁၂ ၄၄ ၃ - စန္ဒရမာသနှစ် တစ်နှစ်လျှင် ၃၅၄ ၈ ၄၈ ၃၄ - ဝေါဟာရနှစ် တစ်နှစ်လျှင် ၃၅၄ ဝ ဝ ဝ - အဓိမာသပြို တစ်ကြိမ်လျှင် ၉၉ဝ ၇ ၄၅ ၃၇ - ရင်ငင်ပြို တစ်ကြိမ်လျှင် ၁၈၈၃ ၁၂ ၃၃ ၂၈ - စန္ဒရသံဝစ္ဆရနှစ် တစ်နှစ်လျှင် ၃၅၄ ၄ ၃၉ ၁၅ မြန်မာပြက္ခဒိန်တွင် နှစ်သုံးမျိုးရှိ၏။ - ရက် နာရီ မိနစ် စက္ကန့် - သူရိယမာသနှစ် ၃၆၅ ၆ ၁၂ ၃၇ - စန္ဒရမာသနှစ် ၃၅၄ ၈ ၄၈ ၃၄ - ဝေါဟာရမာသနှစ် ၃၅၄ ဝ ဝ ဝ သူရိယမာသနှစ်သည် ရှေ့နှစ် သင်္ကြန်တက်ချိန်မှ နောက်နှစ် သင်္ကြန်တက်ချိန်အထိ ဖြစ်၏။ စန္ဒရမာသနှစ်သည် ကောင်းကင်မျက်မြင် ရှေ့လဆန်းစသည့် နေ့မှ နောက်လဆန်းစသည့်နေ့အထိ တစ်ကြိမ်- တစ်ကြိမ်၊ အကြိမ်ပေါင်း ၁၂ ကြိမ် ပြည့်ချိန် ဖြစ်၏။ ဝေါဟာရမာသနှစ်မှာ နှစ်မျိုး ရှိ၏။ (၁) သာမန်နှစ် (လပေါင်း ၁၂ လ)နှင့် (၂) ဝါထပ်နှစ် (လပေါင်း ၁၃ လ) ဖြစ်၏။ ထိုနောက် တစ်ဖန် ဝါထပ်နှစ်များ၌လည်း (က) ဝါငယ်ထပ်နှစ် (၃၈၄ ရက်)နှင့် (ခ) ဝါကြီးထပ်နှစ်၊ တစ်နည်းဆိုရသော် ဝါထပ်ရက်ငင်နှစ် (၃၈၅) ရက်ဟူ၍ နှစ်မျိုးခွဲခြားထား၏။ မြန်မာနိုင်ငံ၌ ရှေးမင်းအဆက်ဆက်မှ စ၍ ယနေ့အထိ အသုံးပြုသော ပြက္ခဒိန်သည် ဝေါဟာရ ပြက္ခဒိန် ဖြစ်၍ ယင်းသည့် ပြက္ခဒိန်ကို တွက်ချက် စီစဉ်ရာ၌လည်း၊ သူရိယမာသနှစ်၊ စန္ဒရမာသနှစ်၊ ဝေါဟာရ မာသနှစ် သုံးပါးလုံးကို ညိ|နှိုင်း၍ တွက်ရသည်။ သူရိယမာသနှစ်သည် ဝေါဟာရမာသနှစ်ထက် ၁၁ ရက် ၆ နာရီ ၁၂ မိနစ် ၃၇ စတ္တန့် ပိုနေ၏။ နောက်တစ်နှစ်ကျ ရောက်သည့်အခါ ၂၂ ရက်ကျော်ပို၍ ၃ နှစ်နီးပါးသို့ ရောက်သည့်အခါ ဝေါဟာရမာသ တလ (၃ဝ ရက်) ပိုလာ၏။ ထိုသို့ ရောက်ပြီးနှစ်၌ ဝေါဟာရ မာသ တလတိုးရ၏။ ထိုအခါ၌ အဓိမာသ် လလွန်ပြိုတစ်ကြိမ် ဖြစ်၏။ ထိုနှစ်ကို ဝါထပ်နှစ်ဟု ခေါ်၏။ လပေါင်း (၁၃)လ ရှိသော နှစ်ဖြစ်၏။ မြန်မာပြက္ခဒိန်၏ စည်းကမ်းချက်မှာ ထိုသို့ တိုးသည့် လသည် ဒုတိယဝါဆိုလဟု သတ်မှတ်ရ၏။ ဤကဲ့သို့ တစ်လတိုးသည့် အတွက် ဆောင်းနွေမိုးစသော ဥတုသုံးပါးတို့၏ အစဉ်အလာ သဘာဝတို့နှင့် ကိုက်ညီမည် ဖြစ်၏။ ဝါကြီးထပ်သောနှစ်သည် အမှန်အားဖြင့် ဝါထပ်+ရက်ငင် နှစ်ဖြစ်၏။ ယင်းသည့်နှစ်၌ ဒုတိယဝါဆိုလ ရှိသည့်အပြင် နယုန်လတွင် ရက်မစုံ ၂၉ ရက်ဖြင့် လကွယ် သတ်မှတ်ရမည့် အစား၊ ရက်စုံ ၃ဝ ရက်ဖြင့် လကွယ် (ရက်ပိုတစ်ရက်) သတ်မှတ်ရ၏။ ဗေဒင်စကားအားဖြင့် ရက်ငင်ရက်ခေါ်၏။ ယင်းသည့်ရက် ဖြစ်ပေါ်ခြင်းမှာ စန္ဒရ သံဝစ္ဆရနှစ် တနှစ်လျှင် ၃၅၄ ရက် ၄ နာရီ ၃၉ မိနစ် ၁၅ စက္ကန့်ရှိသည်။ သို့ဖြစ်၍ ဝေါဟာရနှစ်ထက် စန္ဒရသံဝစ္ဆရနှစ်သည် တစ်နှစ်တစ်နှစ်လျှင် ၄ နာရီ ၃၉ မိနစ် ၁၅ စက္ကန့် ပိုလွန်၏။ ထိုသို့ ပိုလွန်သော နာရီစသည်တို့သည် အကြင်အခါ၌ ၂၄ နာရီပြည့်၍ တစ်ရက် ဖြစ်လာ၏။ ထိုအခါ အဓျာဟ ရက်လွန်တစ်ကြိမ်ပြိုသည် ဖြစ်၍၊ သင့်လျော်သော ဝါထပ်နှစ်၌ နယုန်လတွင် တစ်ရက် တိုး၍၊ ဝါကြီးထပ်ခြင်း အမှုကိုပြုကြ၏။ မြန်မာပက္ခဒိန်၌ ဝါကြီးထပ်သော နှစ်သည် အရေးကြီး၏။ တစ်နည်းကား ရက်ငင်ခြင်းသည် အရေးကြီး၏။ ရက်ငင်ခြင်း၏ ဥပဒေသများမှာ- - (၁) ဒုတိယဝါဆိုလပြည့်နေ့တွင် တိထီ ၁၅ လုံးပြည့်လျှင် ရက်မငင်ရ။ မပြည့်လျှင် ရက်ငင်ရမည်။ - (၂) ဒုတိယဝါဆိုလပြည့်နေ့တွင်၊ ပြုဗ္ဗါသဠ်၊ ဥတ္တရာသဠ် နက္ခတ်တစ်လုံးလုံးနှင့် စန်းယှဉ်ရမည်။ ရှေးပဝေဏီအခါက ဝါထပ်ရက်ငင် ပြဿနာကို ၁၉ ခုစားကိန်းကို အခြေပြု၍ ဆုံးဖြတ်ကြ၏။ ၁၉ ခု စားကိန်း သည် သက္ကရာဇ်ကိုတည်၍ ၁၉ ခုနှင့် စားသည့်အခါ အကြွင်း ၂၊ ၅၊ ၇၊ ၁ဝ၊ ၁၃၊ ၁၅၊ ၁၈ ရသော နှစ်များသည် ဝါထပ် နှစ်များ ဖြစ်ကြ၏။ ထိုကိန်းဖြင့် မြန်မာ ၁၂၁၆ ခုနှစ်အထိ လထပ်ကိန်းများ ပြုလုပ်ခဲ့၏။ သို့သော် မြန်မာ ၁၂၁၈ ခုနှစ်သည် မူလကိန်း အရ၊ နှစ်ခုကြွင်းဖြစ်၍၊ လထပ်ရမည် ဖြစ်သော်လည်း၊ ညောင်ကန်ဆရာတော် အဆုံးအဖြတ်ဖြင့် မြန်မာ ၁၂၁၇ ခုနှစ်တွင် အဓိမာသပြိုကိန်းအရ၊ လထပ်ခဲ့၏။ ထိုအချိန်မှစ၍ ၁၉ ခုစားကြွင်းများ ဖြစ်သည့် ၁၊ ၄၊ ၇၊ ၁ဝ၊ ၁၂၊ ၁၅၊ ၁၈ တို့အသီးအသီးရသော နှစ်များတို့ကို ဝါထပ်နှစ်များအဖြစ် မြန်မာ ၁၂၇၃ ခုနှစ်အထိ ဆုံးဖြတ်ခဲ့၏။ တစ်ဖန် မြန်မာ ၁၂၇၄ ခုနှစ်မှ ၁၃၁၁ ခုနှစ်အထိ စားကြွင်း ၁၊ ၄၊ ၇၊ ၉၊ ၁၂၊ ၁၅၊ ၁၈ တို့အသီးအသီးရသော နှစ်များကို ဝါထပ်နှစ်များ အဖြစ် သတ်မှတ်ခဲ့၏။ မြန်မာ ၁၃၁၂ ခုနှစ်မှစ၍ စားကြွင်း ၁၊ ၄၊ ၆၊ ၉၊ ၁၂၊ ၁၅၊ ၁၇တို့ အသီးအသီးရသော နှစ်များ တွင် ဝါထပ်၏။ ၁၉ ခု စားကိန်းသည် သူရိယ သိဒ္ဓန္တကျမ်း၏ ကိန်းများကို အခြေခံထား၍ ပြက္ခဒိန်တွက်ရာ၌ မှတ်သား လွယ်ကူစေရန် ဖော်ပြသော ကိန်းဖြစ်၏။[၁] ရက္ခိုင်ပြက္ခဒိန်[ပြင်ဆင်ရန်] ပြက္ခဒိန်ဟူသော ဝေါဟာရကို ရခိုင်ပြည်၊ မြန်မာပြည်တို့တွင် မည်သည့် ခေတ်ကာလကစ၍ အသုံးပြုလာ ခဲ့ သည်ဟု အတိအကျ မသိရသေးချေ။ သို့သော် ယနေ့တိုင် မြန်မာနိုင်ငံအတွင်း တွေ့ရှိရသော စာပေများစွာ တို့တွင် ရခိုင်ဘုရင် ဘစောဖြူမင်းလက်ထက် ရေးစပ်ခဲ့သော ထိုရခိုင်ဘုရင် ဘစောဖြူမင်း၏ သမီးတော် ဧချင်းတွင် "ပြက္ခဒိန်"ဟူသော ဝေါဟာရကို အစောဆုံးရေးသားခဲ့ကြောင်း သုတေသီများ လေ့လာတွေ့ရှိရသည်ဆို၏။ ထိုဧချင်းကား ရခိုင်စာဆိုတော် ဗဒူမင်းညို၏ လက်ရာဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးတွင် ရှေးအကျ ဆုံးဖြစ်နေသော ဧချင်းဖြစ်ကြောင်းကိုလည်း အားလုံးက အသိအမှတ်ဖြစ်ကြပေလိမ့်မည်။ ထိုရခိုင်မင်း၏ သမီးတော်ဧချင်းပါ ပြက္ခဒိန်ဟူသော ဝေါဟာရအသုံးသည် ယနေ့တိုင် ဆက်လက်သုံးစွဲမြဲ ရှိနေသေးရာ ခေတ်ပေါ်အသုံးမဟုတ်ကြောင်း ထင်ရှားလှ၏။ ယခုအခါ ပြက္ခဒိန်အစား "ပက္ခဒိန်"ဟူ၍လည်း ရေးထုံးပြုနေကြသည်များကိုပါ တွေ့ရှိနေကြပေသေး၏။ ကျွန်ုတို့ လေ့လာသိရှိရသလောက်ဆိုလျှင် သက္ကတဘာသာ၊ ဘင်္ဂါလီစာပေတို့၌ ပြက္ခဒိန်ကို ပဉ္စကာ (အသံ ထွက်ဖွင့်ကာ)ဟူ၍ ရေးသုံးကြပေ၏။ ပါဠိဘာသာသုံး ဗေဒစိန္ဒာဋီကာ၌လည်း ပဉ္စကာဟူ၍ ရေးသုံးထားပေသည်။ အဓိပ္ပါယ်မှာ နေ့ရက်တို့ကို မှတ်သားထားသော နေ့စဉ် မှတ်တမ်းဒိုင်ယာရီ သဘောပင်ဖြစ်သည်။ ဤတွင် ပြက္ခဒိန်မှန်သလော၊ ပက္ခဒိန်မှန်သလော ကျွန်ုပ်တို့ ဆုံးဖြတ်ပေးလို၍ကား မဟုတ်ပါ။ ပြက္ခဒိန်ဟူသော ဝေါဟာရသည် ပါဠိ-ပဝုတ္တဒိန၊ သက္ကတ-ပြုတ္တဒိန ဟူသောဝေါဟာရမှ အခြေခံလာသည် ဟူ၍ ဘာသန္တရသုတေသီ ဆရာတော်ကြီးများ၏ ယူဆချက်အရ လေ့လာသိရှိရသည်။ နေ့ရက်ကို ပြောပြပါသည်။ ပြောဆိုသည်၊ ဟောပြသည့် အရာဖြစ်ကြောင်း အဓိပ္ပါယ်ရှိသည်။ ထိုပဝုတ္တ/ပြုတ္တမှ တစ်ချောင်းငင်ပြုတ်၍ ပြတ္တသို့ ရွှေ့ပြောင်းလျက် ထိုမှတစ်ဖန် ပြတ္တမှ တ္တသည် က္ခသို့ရွှေ့ ပြောင်းကာ ပြက္ခဖြစ်ပြီး ပြက္ခနှင့် ဒိနစပ်လျှင် ပြက္ခဒိန ဖြစ်လာရသည်ဟူ၍ ယူဆကြသည်။ ပြက္ခဒိနကို ပါဠိပျက်လျှင် ပြက္ခဒိန် ဖြစ်လာရကြောင်း အယူအဆကို လေ့လာနိုင်သည်။ ရခိုင်တွင် ပြက္ခဒိန်ကို မည်သည့်ခေတ်ကာလကပင် စတင်သုံးစွဲလာသည်ကို မသိရသော်လည်း ရာဇဝင်တို့ တွင် သက္ကရာဇ် ဖြိုခြင်းများကို ဓည၀တီခေတ်မှစ၍ အိန္ဒိယနှင့် ညှိနှိုင်းကာ အသုံးပြုလာခဲ့ရာ ထိုအခါမှစ၍ ပြက္ခဒိန်အသုံး ရှိလာခဲ့သည်ဟု ယူဆရပေသည်။ ရခိုင် ပြက္ခဒိန်ကို မြောက်ဦးခေတ် နရအဘယရာဇာ မင်းလက်ထက် ရဟန်းပညာရှိ၊ လူပညာရှိများနှင့် ညှိနှိုင်း၍ ခရစ် ၁၇၆၁-ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၁၂၂-ခုနှစ်တွင် အစည်းအေ၀း ပြုကာ ဝါဆိုလပြည့်နေ့နှင့် သင်္ကြန်အတာ အတက်နေ့တို့ကို သတ်မှတ်လျက် နှစ်ပေါင်းနှစ်ထောင်အတွက် တန်ခူးလထပ် ပြက္ခဒိန်ကို ပြုလုပ်စီစဉ်လာခဲ့ရသည် ဆို၏။ ထို့နောက် အင်္ဂလိပ်လက်ထက် အရောက်တွင် စစ်တွေမြို့ ကျားရုပ်ဆရာတော် ဦးအဂ္ဂ၊ ရွှေစေတီဆရာတော် ဦးတေဇာရာမ၊ ဝတ်လုံတော်ရ ဦးထွန်းစံတို့သည် ထိုနရအဘယရာဇာမင်းလက်ထက် ပြုလုပ်ခဲ့ကြသော ပြက္ခဒိန်ကို အမှီပြု၍ သက္ကရာဇ် ၁၁၈၁-ခုနှစ်မှ ၁၂၉၀-ခုနှစ်အထိ (ခရစ် ၁၈၂၀-မှ ၁၉၂၉-ခုထိ) နှစ်ပေါင်း တစ် ရာ့တစ်ဆယ်အတွက် အင်္ဂလိပ်၊ မြန်မာ၊ ရခိုင် သုံးဝါဒပါဝင်သော ပြက္ခဒိန်ကို စီစဉ်ထုတ်ဝေခဲ့ကြသည်။ ထို့နောက် ၁၂၉၁-မှ ၁၂၉၅-ခုနှစ်အထိ (ခရစ် ၁၉၃၀မှ ၁၉၃၄ထိ) ငါးနှစ်အတွက် ဗေဒင်ဆရာ ဦးချင်းရှီနှင့် ဦးဖြူသာအောင်တို့က အင်္ဂလိပ်၊ရခိုင် နှစ်ဝါဒပါဝင်သည့် ပြက္ခဒိန်ကို ဓညဝတီပြက္ခဒိန်ဟူသော အမည်ဖြင့် ထုတ်ဝေလာခဲ့ကြလေသည်။ သက္ကရာဇ် ၁၂၉၅-ခုနှစ်မှစ၍ ဓညဝတီပြက္ခဒိန်အမည်ဖြင့် နက္ခတ်ဗေဒင် ပညာရှိ ဦးထွန်းလှခိုင်က အင်္ဂလိပ်၊ မြန်မာ၊ ရခိုင် သုံးဘာသာဖြင့် တစ်နှစ်တစ်ကြိမ်ကျစီ ပြက္ခဒိန်ကို ယခုတိုင် နှစ်မပျက် ထုတ်ဝေလာခဲ့လေ သည်။ ထို့ပြင် ၄င်းဦးထွန်းလှခိုင်ပင်လျှင် ဦးထွန်းစံ၏ နှစ်တစ်ရာ့တစ်ဆယ် ပြက္ခဒိန်စာအုပ်ကို လက်ခံသော အားဖြင့် အင်္ဂလိပ်၊ ရခိုင်၊ မြန်မာ သုံးဝါဒပါသည့် နှစ်(၁၀၀) ပြက္ခဒိန် စာအုပ်ကြီးတစ်အုပ်ကို ခရစ် ၁၉၅၉မှ ၁၉၆၀ထိ၊ ရခိုင်-မြန်မာ သက္ကရာဇ် ၁၂၂၀မှ ၁၃၂၂-ခုနှစ် စုစည်းစီစဉ်၍ ၁၃၂၂-ခု၊ နယုန်လတွင် စစ်တွေမြို့ ဖဖြူလမ်း၊ ရခိုင်ခေတ် ပုံနှိပ်တိုက်တွင် ရိုက်နှိပ်ထုတ်ဝေခဲ့လေသေးသည်။ ဖော်ပြပါ မြောက်ဦးခေတ် နရအဘယရာဇာမင်းမှ ယခုတိုင် ဆက်ခံလာခဲ့ရသော ပြက္ခဒိန်များအရဆိုလျှင် ရခိုင်ပြည်တွင် တန်ခူးလကို ပထမတန်ခူးလ၊ ဒုတိယတန်ခူးလဟု နှစ်လခွဲ၍ လထပ်ပြုခဲ့ကြ သည်။ မြန်မာ ပြည်တွင်ကား ပထမဝါဆိုလ၊ ဒုတိယဝါဆိုလဟု ဝါထပ်နှစ်ပြုလာခဲ့ကြသည်။ ထို့ကြောင့် ရခိုင်ပြည်တွင် တန် ခူးလထပ်သော (ဒွေစိတြ) ပြက္ခဒိန်နှင့် မြန်မာပြည်တွင် ဝါဆိုလထပ်သော ပြက္ခဒိန်ဟူ၍ မူဝါဒကွဲပြားလာခဲ့ရာ ယခုတိုင် ရှည်ကြာလာခဲ့ရသည်။ အင်္ဂလိပ်တို့ အုပ်ချုပ်လာသောအခါ အနောက်နိုင်ငံ ဝါဒ နေသွားပြက္ခဒိန် တစ်မျိုးလည်း ဝင်ရောက်ခဲ့လေရာ ယခုအခါတွင် ရခိုင်ပြည်၌ ပြက္ခဒိန်မှာ သုံးမျိုး သုံးဝါဒဖြင့် ရှိလာခဲ့ရ လေ သည်။ မြန်မာဝါဒ ပြက္ခဒိန်မှာ အသုံးများခဲ့ရသော်လည်း ရခိုင်ဝါဒပြက္ခဒိန်ကိုလည်း သက်ဆိုင်ရာအစိုးရက လုံးဝပစ်ပယ်နိုင်ခြင်း မရှိရကား အသိအမှတ်ပြု ခွင့်ပေးထားလာခဲ့ရ သဖြင့် အသုံးပြုသူများလည်း ရှိခဲ့ကြသည် သာတည်း။ သို့ရာတွင် မြန်မာဝါဆိုလပြည့်နေ့တို့၌ နိုင်ငံတစ်ဝှမ်း ရုံးပိတ်နေ့ သတ်မှတ်ပေးခဲ့သော်လည်း ရခိုင်ဝါဆိုလပြည့်နေ့တွင်ကား သီးခြားရုံးပိတ်ရက် သတ်မှတ်ချက် မတွေ့ရသဖြင့် သီတင်းသီလစောင့်ရန်၊ ကုသိုလ်ကောင်းမှုပြုရန် လူတိုင်းအားလပ်ခွင့် မရနိုင်ကြသေးချေ။ ရခိုင်ရဟန်းတော်များ အနေဖြင့်လည်း ရခိုင်ပြက္ခဒိန်မူအရ ဝါဆိုကြသည့် ပုဂ္ဂိုလ်များ ရှိကြသကဲ့သို့ မြန်မာဝါဒ ပြက္ခဒိန်မူအရ ဝါဆိုကြသော ပုဂ္ဂိုလ်များလည်း အများအပြား ရှိလာခဲ့ကြသည်။ မြန်မာဝါဒတွင်ပင် ဝါထပ် ရက်ငင်ကိစ္စသည် မရှင်းမလင်းလာခဲ့သောကြောင့် မြန်မာမင်းလက်ထက်မှစ၍ ဝိဝါဒကွဲပြားကာ အင်္ဂလိပ် လက်ထက် အရောက်တွင်ပို၍ ရဟန်းရှင်လူတို့ ပြဿနာကြီးစွာ ဖြစ်ပေါ်လာခဲ့ကြရကြောင်း ဦးကုဏ္ဍလ ဆရာတော်၏ အာကနသဘာ၀စိန္တာကျမ်း နောက်ဆက်တွဲမှ သက်သေခံ အထောက်အထား၊ စာတမ်းမှတ် တမ်းများအရ လေ့လာသိရှိနိုင်ပေသည်။ အမှန်မှာ ဝါထပ်ရက်ငင်သည် ဗုဒ္ဓခေတ် အလိမကျဖြစ်ခြင်း၊ ဝိနည်း ကျမ်းဂန် အယူအဆကွဲပြားခြင်း၊ ဗေဒသုတေသီများနှင့် အစိုးရတို့က စနစ်ကျ မှန်ကန်မှုရရန် ဆောင်ရွက် မပေးလာနိုင်ခြင်းတို့ကြောင့်လည်း ထိုဝါဆိုဝါထပ်ပြဿာနာသည် ရဟန်းရှင်လူလောကတွင် ဝိဝါဒရှိမြဲ ရှိနေကြမည်သာဖြစ်၏။ ယခု ကျွန်ုပ်တင်ပြလိုသည့် ပြက္ခဒိန်ကား ရခိုင်တန်ခူးလထပ် ပြက္ခဒိန် မူပင်ဖြစ်လေသည်။ ထိုပြက္ခဒိန်ကို ပေတွင် ရှေးရခိုင် ဂဏန်းတို့ဖြင့် ဇယားကွက်စဉ်ဖြင့် ရေးမှတ်ထားခဲ့ရာ ၁၂၆၃-ခု ထိ တွေ့ရသည်။ ပေစာ အရင်းအစကိုတော့ မည်သည့်နှစ်ကဟူ၍ မသိနိုင်တော့ပြီ။ ပျက်စီး ကျိုးပြတ်သွားရာ သက္ကရာဇ် ၁၂၃၇ -ခု နှစ်ကစ၍သာ ဖတ်ရှုနိုင်ပေသည်။ ယခု ပေမူအတူ အခြားအရပ်ရပ် ရခိုင်ဒေသတို့၌လည်း ရခိုင်မူပြက္ခဒိန် များ ရှိတန်ကောင်းနိုင်ပေရာတည်း။ ဤတင်ပြထားသော ပေမူလာ ရခိုင်ပြက္ခဒိန်စနစ်သည် ယခုခေတ်စနစ်နှင့် မတူချေ။ ရှေးခေတ်စနစ်သုံး ပြက္ခဒိန်သာဖြစ်ပေသည်။ လပြည့်လကွယ်ကိုသာ အဆုံးပြထားရာ လဆန်းရက်စဉ်၊ လဆုတ်ရက်စဉ်ကို တွေး ဆ၍သာ ဖတ်ယူရပေမည်။ သို့သော် တနင်္ဂနွေနေ့၊ တနင်္လာနေ့စသော နေ့စဉ်များကား ဖော်ပြပါရှိပေသည်။ ထို့ပြင် ဂြိုဟ်စဉ်နှင့် အမြင်နက္ခတ် စသည်တို့ကိုလည်း ပြဆိုထားပေရာ ရှေးခေတ်ပြက္ခဒိန်စနစ် မည်သို့ရှိခဲ့ သည်၊ မည်သို့ပုံစံရှိသည် စသော ဗေဒင်ပညာ ဗဟုသုတတို့ကိုပါ လေ့လာရရှိနိုင်ပေသည်။ ထို့ပြင် ဤယခု တင်ပြပါ ပြက္ခဒိန်မှာ ရခိုင်နရအဘယရာဇာမင်း လက်ထက်မှ သတ်မှတ်ခဲ့သော ပြက္ခဒိန်ကို မူထား၍ စီစဉ် ထားခဲ့ဖြင်းဖြစ်ရာကား ယခုရခိုင်ပြက္ခဒိန်များသည် ဤဖော်ပြပါ ပေမူလာ ပြက္ခဒိန်မှ ဆက်ကာ ဆက်ခံလာ ခဲ့ရကြောင်း သိနိုင်သည်။ ယခုနမူနာအဖြစ် ပေမူရင်းမှ တစ်လအတွက် ပုံစံ(၁)၊(၂)ပြု၍ ဖော်ပြလိုက်ရပေသည်။ ထိုသို့ဖော်ပြရာ ၌ ပေမူရင်းတွင်ပြရှိထားသော ဂဏန်းကိုလည်း နမူနာအဖြစ်တင်ပြအပ်ပါသည်။ ဤ၌ သိသာရန်ယခု အများသုံး ဂဏန်းဖြင့်လည်း တင်ပြရခြင်းဖြစ်ပေသည်။ နမူနာပြပုံစံ(၁)၊(၂)ကို သိသာရန်မှာ ပုံစံ(၁)တွင် အစရင်းလာ လဆန်းတစ်ရက်ဇယား ကွက်၌ ထိပ်စီး(၆) သည် သောကြာနေ့ကိုပြသည်။ ၄င်းအောက် ဝဲဘက်ကွက်တွင်ရှိ ၆၊၁၃၊၃၃ တို့သည် တနင်္ဂနွေဂြိုဟ်စဉ်ကို ဖော်ပြသည်။ ၄င်းအောက် ၀၊၁၀ သည် တိထီနှင့် ဃဋီကို ဖော်ပြသည်။ လက်ယာဘက်တွင် ၆၊၂၁၊၃၉ တို့သည် တနင်္လာဂြိုဟ်စဉ်ကိုဖော်ပြသည်။၄င်းအောက် ၁၅၊၇ သည် နက္ခတ် နှင့် ဃဋီကို ဖော်ပြသည်။ ဤအတိုင်း လဆန်း ၂၊၃၊၄ ရက်စသည် ရက်စဉ် တို့ကိုလည်း သိသာနိုင် ပေသည်။ လပြည့်နေ့၌ကား ဂြိုဟ်(၈)လုံး တိထီ၊ ဃဋီ၊ နက္ခတ် ဃဋီကိုပါ စုပေါင်းဖော်ပြသည်ဟု သိမှတ်နိုင် သည်။ လဆုတ်ဇယားကွက်တို့၌လည်း ဤနည်းအတိုင်း သိမှတ်နိုင်သည်။ ယင်းပြက္ခဒိန်၏ ဂြိုဟ်၊ တိထီဃဋီ၊ နက္ခတ်ဃဋီတို့၏ တွက်နည်းကိုလည်း ရှေးမူအရ ရခိုင်ပြည်သုံး မက္ခကာရန္တနည်းဖြင့် တွက်ဆ သိသာနိုင်ပေ သတည်း။ [၂] - (၁၉၇၅-ခုနှစ် ဖေဖော်ဝါရီလထုတ် ရခိုင်မဂ္ဂဇင်း အမှတ်(၂)တွင် နက္ခတ်ဗေဒင် သုတေသီ နတ်မြစ်ဦးကုမာရ အမည်ဖြင့် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။) ကိုးကား[ပြင်ဆင်ရန်] - မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁) - အရှင်စက္ကိန္ဒ (ရခိုင်ယဉ်ကျေးမှုများ အမှတ်၆ မှ-)
<urn:uuid:02744888-a485-45f9-90f1-2efe285aa450>
CC-MAIN-2013-48
http://my.wikipedia.org/wiki/%E1%80%95%E1%80%BC%E1%80%80%E1%80%B9%E1%80%81%E1%80%92%E1%80%AD%E1%80%94%E1%80%BA
2013-12-09T21:39:35Z
s3://commoncrawl/crawl-data/CC-MAIN-2013-48/segments/1386163999838/warc/CC-MAIN-20131204133319-00056-ip-10-33-133-15.ec2.internal.warc.gz
mya
0.998063
Mymr
93
{"mya_Mymr_score": 0.9980628490447998}
ကမ္ဘာ့ နာရီစင် အင်္ဂလိပ်စာ လေ့လာချင်ရင်(သို့)အွန်လိုင်းတွင် သူငယ်ချင်းများမအားလို့ ပျင်း ရင် ဒီ ဆရာကြီးကိုကိုမိုက်နှင့် စကားပြောကြည့်ပါလား။ပြောချင်ရင် ဒီပုံကို ကလိပါ။ ကွက်လပ်တွင် စာရေးပြီးEnter ခေါက်လိုက်ပါ။ ယောက်ကျားမကြိုက်ရင် ဟိုး...ဒီမှာ ဆရာမလေး (အင်္ဂလိပ်လေ့လာ ချင်သူများ စာကိုဖတ်ပြီး အသံထွက်ကိုပါ နားဆင်နိုင်ပါသည်။နားဆင် ချင်ရင် အောက်ကပုံကို ကလိပါ။) မှတ်ချက်။ ။x=ä,y=ü ***လာလည်သူ အားလုံး ကြိုဆိုပါတယ်***
<urn:uuid:f3bfa233-73bf-41b6-a56d-dc78210b4cca>
CC-MAIN-2013-48
http://kangnet.webs.com/
2013-12-07T13:54:09Z
s3://commoncrawl/crawl-data/CC-MAIN-2013-48/segments/1386163054576/warc/CC-MAIN-20131204131734-00004-ip-10-33-133-15.ec2.internal.warc.gz
mya
0.994115
Mymr
8
{"mya_Mymr_score": 0.9941152334213257}
နိုင်ငံရပ်ခြားတွင် ကာလကြာမြင့်စွာ နိုင်ငံရပ်ခြားတွင် သွားရောက်နေထိုင် အလုပ်လုပ်နေသည့် မြန်မာ ရွှေ္ပ္ပ့ပြောင်း အလုပ်သမားများ၏ သားသမီးများ ပြည်တွင်းတွင် ပညာပြန်လည် သင်ကြားနိုင်ရန် အဆင်ပြေနိုင်မည့် နည်းလမ်းများဖြင့် စီစဉ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ပြည်ပနိုင်ငံ အရပ်ရပ်တွင် ရောက်ရှိနေသည့် ရွှေ့ပြောင်း အလုပ်သမားများ၏ သားသမီးများသည် မိခင်နိုင်ငံနှင့် ကာလကြာမြင့်စွာ ဝေးကွာနေသည့်အတွက် ဘာသာစကား၊ ယဉ်ကျေးမှုတို့တွင် အခက်အခဲ ပြဿနာများ ရှိနိုင်သဖြင့် အဆင်ပြေနိုင်မည့် နည်းလမ်းများကို စီစဉ်ပေးမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၂ ရက်က တက္ကသိုလ် စိန်ရတု ခန်းမတွင် ပြုလုပ်ခဲ့သည့် မြန်မာရွှေ့ပြောင်း လုပ်သားများဆိုင်ရာ ပထမအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲ၌ အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မြင့်က ပြောသည်။ “မိဘတွေက ရွှေ့ပြောင်း လုပ်သားတွေအဖြစ် နှစ် ၂၀၊ ၃၀ လောက် ကိုယ့်နိုင်ငံနဲ့ ဝေးနေတော့ ကလေးတွေရဲ့ ပညာရေး စနစ်က ပြဿနာရှိနေတာကြောင့် သူတို့တွေရဲ့ ပညာရေး အပါအဝင် လူမှုဘဝ တိုးတက်ရေးတွေကို အဆင်ပြေစေမယ့် နည်းတွေနဲ့ စီစဉ်ဖို့ရှိတယ်” ဟု သူက ဆိုသည်။ ပြည်တွင်းတွင် အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေ နည်းပါးသဖြင့် ဝင်ငွေပိုမို ရရှိနိုင်သည့် ပြည်ပ အလုပ်အကိုင်များသို့ နည်းမျိုးစုံဖြင့် ရွှေ့ပြောင်းလုပ်ကိုင်နေကြသော အလုပ်သမား အများစုမှာ အခွင့်အရေး အပြည့်အဝ မရရှိခြင်း၊ ခေါင်းပုံဖြတ် ခံရခြင်း၊ ညှဉ်းပန်းနှိပ်စက် ခံရခြင်း စသည်ဖြင့် ကြုံတွေ့နေရသော်လည်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့ အထိ ဝန်ကြီးဌာန စာရင်းများအရ ရွှေ့ပြောင်းအလုပ်သမား ဦးရေ ၃ သန်းနီးပါးအထိ ရှိနေကြောင်း သိရသည်။ ထို့ကြောင့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ ဖြစ်ပေါ်ခံစားနေရသည့် ပြဿနာများ ပြေလည်နိုင်စေရန် ပြည်ပ အလုပ်အကိုင် အေဂျင်စီများစုပေါင်းကာ အသင်းတခုဖွဲ့စည်း၍ သက်ဆိုင်ရာနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယင်းသို့ ဖွဲ့စည်းလိုက်မည် ဆိုပါက အစိုးရဌာနမှ ဖြေရှင်းနေရသည့် ပြဿနာများကို အေဂျင်စီများက သက်ဆိုင်ရာ နိုင်ငံအလိုက် အသင်းကိုယ်စားလှယ်များ ထားရှိ၍ လုပ်သားစေလွှတ်ရာတွင် မှန်ကန်မှုရှိ မရှိ စိစစ်နိုင်မည် ဖြစ်သည့်အပြင် လုပ်သားများ၏ အခက်အခဲ ပြဿနာများကို ထိထိရောက်ရောက် ဖြေရှင်း နိုင်မည်ဟု ယူဆကြောင်း၊ လက်ရှိတွင် ပြဿနာများကို သက်ဆိုင်ရာ နိုင်ငံအလိုက် မြန်မာသံရုံးကိုယ်စားလှယ်များ ထားရှိကာ ဆောင်ရွက် နေသော်လည်း ဖြေရှင်းရမှု များပြားသဖြင့် ကြန့်ကြာခြင်း ရှိနေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောသည်။ Today Top Star ပြည်ပ အလုပ်အကိုင် အေဂျင်စီမှ စီမံခန့်ခွဲမှု ဒါရိုက်တာ ဒေါက်တာ ဒေါ်ဝါဝါစိန်ကလည်း “လုပ်သားတွေက နိုင်ငံတကာမှာ ဆိုတော့ သူတို့အတွက် လုံခြုံ စိတ်ချရမှုက အရေးပါတယ်။ ရွှေ့ပြောင်း လုပ်သားတွေတင် မဟုတ်ဘဲ သူတို့ရဲ့ ရင်သွေးတွေ အတွက်ကိုပါ ထည့်စဉ်းစား သင့်တယ်။ နှစ်နိုင်ငံ ညှိနှိုင်းဖို့ လိုတယ်” ဟု ဆိုသည်။ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ ပြည်ပနိုင်ငံများသို့ သွားရောက်ရာတွင် သက်ဆိုင်ရာ နိုင်ငံအလိုက် မြန်မာသံရုံး ကိုယ်စားလှယ်များ၏ ဖုန်းနံပါတ်၊ fax နံပါတ်၊ လိပ်စာတို့ကို ပြည်တွင်းမှ မထွက်ခွာမီ ပေးထားမည် ဆိုပါက ပြဿနာ တစုံတရာ ရှိလာချိန်တွင် တိုင်ကြားရန် လွယ်ကူမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ၏ နည်းအမျိုးမျိုးဖြင့် နှိပ်စက်ခြင်းကို ခံနေရခြင်း၊ နိုင်ငံသား မှတ်ပုံတင်၊ နိုင်ငံကူးလက်မှတ် စသည့် အထောက်အထားများကို လုပ်ငန်းရှင်က သိမ်းယူထားခြင်း၊ လိင်မှု စော်ကားခံရခြင်း စသည့် အခြေအနေများ ရှိနေသည့်အတွက် ရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေးကို အပြည့်အဝ ကာကွယ်ရန် လိုအပ်နေကြောင်း သိရသည်။ “အထောက်အထားတွေ မရှိတဲ့ အလုပ်သမားအချင်းချင်း ယူပြီး မွေးလာတဲ့ ကလေးကို မြန်မာနိုင်ငံ ကလည်း မွေးစာရင်း မပြနိုင်တော့ လက်မခံဘူး၊ အလုပ်လုပ်နေတဲ့ နိုင်ငံကလည်း နိုင်ငံသားအဖြစ် လက်မခံတော့ ကလေးက ဘယ်နိုင်ငံသားမှန်း မသိတဲ့ အခြေအနေတွေ ရှိတယ်” ဟု မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေသူ ကိုရှိုင်းက ပြောသည်။ ပြည်တွင်းရှိ အေဂျင်စီများက လုပ်သားစေလွှတ်ရာတွင် ဌာနကို မတင်ပြဘဲ တရားမဝင် ပို့ခြင်း၊ အလုပ်စာချုပ်ထဲတွင် ပါရှိသည့် အချက်အလက်များနှင့် လက်တွေ့ အခြေအနေ ကွဲပြားနေခြင်း၊ အခြေခံ ဝန်ဆောင်မှု စရိတ်ကို လုပ်သား၏ လေးလစာထက် ပိုမို တောင်းခံခြင်းများ ရှိနေပါက စိစစ်ကာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရွှေ့ပြောင်း လုပ်သား ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ခင်နွေဦးက ဆိုသည်။ ပြည်ပ အလုပ်အကိုင် အေဂျင်စီများသည် ပြည်ပ အလုပ်အကိုင် ကြော်ငြာခေါ်ယူပါက အလုပ်သမား ဝန်ကြီးဌာန၏ ခွင့်ပြုမိန့် ရှိမှသာ ကြော်ငြာရမည်ဟု စည်းကမ်းချက် ထုတ်ပြန်ထားသော်လည်း ခွင့်ပြုချက် မရှိဘဲ လုပ်သား ကြော်ငြာ ခေါ်ယူနေသည့် အေဂျင်စီများ ရှိနေကြောင်း သူကဆက်ပြောသည်။ ရွှေ့ပြောင်းလုပ်သားများ အနေဖြင့် ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်ရာတွင် တရားဝင် နည်းလမ်းဖြင့် သွားရောက်ကြရန် လိုအပ်ကြောင်း၊ အလုပ်အကိုင် အေဂျင်စီများအနေဖြင့် ပြည်ပ လုပ်သား စေလွှတ်ရာတွင် မသမာသော နည်းများဖြင့် ဆောင်ရွက်မှုများ မပြုလုပ်သင့်ကြောင်း၊ သို့မှသာ ပြည်ပနိုင်ငံများတွင် ဖြစ်ပေါ်နေသော မြန်မာရွှေ့ပြောင်း လုပ်သားများ၏ ပြဿနာတချို့ ပြေလည်သွားနိုင်မည် ဖြစ်ကြောင်း ဒေါ်ခင်နွေဦးက သုံးသပ်သည်။ စင်ကာပူနိုင်ငံသို့ တရားမဝင် နည်းလမ်းဖြင့် အိမ်အကူ သွားရောက် လုပ်ကိုင်နေသည့် အလုပ်သမ အများစုမှာ အသက်မပြည့် သူများ ဖြစ်နေသည့်အတွက် ယင်းနိုင်ငံသို့ အေဂျင်စီများမှ တဆင့် အိမ်အကူအလုပ်အတွက် စေလွှတ်မည် ဆိုပါက သက်ဆိုင်ရာ ဌာနနှင့် ညှိနှိုင်းသင့်ကြောင်း၊ ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများ အများဆုံး တွေ့ကြုံနေရသည့် ယာယီနိုင်ငံကူးလက်မှတ် သိမ်းဆည်းခြင်းကို လုပ်ငန်းရှင်များ မလုပ်နိုင်ရန် အလုပ်သမား ဝန်ကြီးဌာနက ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာ အစိုးရဌာနသို့ ညွှန်ကြားထားကြောင်းနှင့် ရွှေ့ပြောင်း မြန်မာ အလုပ်သမားများ တိုးတက်မှု မှတ်တမ်းကို အလုပ်သမား ဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံရှိ တီမားဆက် ဖောင်ဒေးရှင်းတို့ ပူးပေါင်း စီစဉ် ရေးဆွဲလျှက် ရှိကြောင်း သိရသည်။ “စင်ကာပူနိုင်ငံကို သက်ဆိုင်ရာက အိမ်ဖော် စေလွှတ်ခွင့်မပြုထားပေမယ့် အဲဒီမှာ မြန်မာအိမ်ဖော်တွေ အများကြီးပဲ။ အစိုးရ အနေနဲ့ မြန်မာ အလုပ်သမားတွေနဲ့ သင့်လျော်မယ့် နိုင်ငံသစ်တွေမှာ အလုပ်လုပ်ကိုင်ခွင့် ပြုဖို့ လိုပါတယ်” ဟု သုခစုစံ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ ဒါရိုက်တာ ဦးချမ်းသာက ပြောသည်။ လက်ရှိတွင် အေဂျင်စီများ အနေဖြင့် ထိုင်းနိုင်ငံသို့ လုပ်သားတင်ပို့ရာတွင် ယင်း နိုင်ငံရှိ အေဂျင်စီများမှတဆင့် ဆောင်ရွက် နေရပြီး လုပ်ငန်းရှင်များနှင့် တိုက်ရိုက် ဆက်သွယ်ရခြင်း မရှိသည့်အတွက် မြန်မာ အေဂျင်စီများ အနေဖြင့် လုပ်ငန်း ဆောင်ရွက်ရာတွင် အခက်အခဲများ ရှိနေကြောင်း သူက ဆိုသည်။ ပြည်ပနိုင်ငံများတွင် သွားရောက် အလုပ်လုပ်ကိုင်ကြသူ အများစုသည် စက်ရုံများ၊ ကုမ္ပဏီများ၊ အထည်အလိပ် လုပ်ငန်းများ၊ စားသောက်ဆိုင်များနှင့် ဟိုတယ်များတွင် လုပ်ကိုင်ကြကြောင်း သိရသည်။ လက်ရှိ မြန်မာရွှေ့ပြောင်း လုပ်သားများမှာ ထိုင်းနိုင်ငံတွင် ၂ ဒဿမ ၄သန်း၊ မလေးရှားတွင် တသိန်းကျော်၊ ဂျပန်တွင် ၁၅၀၀၀ ဦးရေ၊ ဘင်္ဂလားဒေ့ရ်ှတွင် ဦးရေ ၂၀၀၀၀ မှ ၁ သိန်းကြား၊ ကိုရီးယားတွင် ဦးရေ ၄၀၀၀ မှ ၁၀၀၀၀ ကြား သွားရောက် လုပ်ကိုင်နေပြီး တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ယူနန် ပြည်နယ်တို့တွင် လုပ်ဆောင် နေသော်လည်း ယင်းနိုင်ငံများသို့ သွားရောက် လုပ်ကိုင်နေသည့် မြန်မာလုပ်သား စာရင်းမှာ အတိအကျ သိရခြင်း မရှိသေးကြောင်း အလုပ်သမား ဝန်ကြီး ဌာနမှ သိရသည်။ မြန်မာနိုင်ငံ ရွှေ့ပြောင်း အလုပ်သမားဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်ဖြင့် ရွှေ့ပြောင်း အလုပ်သမားများနှင့် သက်ဆိုင်သော သတင်း အချက်အလက်များနှင့် လုပ်သားဈေးကွက်၊ လုပ်သားများ အပေါ် ထိထိရောက်ရောက် ကာကွယ်ပေး နိုင်မည့် အစီအမံများ၊ လုပ်သားများ လွတ်လပ်စွာ ရွှေ့ပြောင်းနေထိုင်ခွင့် ရစေရေး စသည်တို့ကို သက်ဆိုင်ရာက ဆောင်ရွက်လျှက် ရှိကြောင်း၊ မြန်မာရွှေ့ပြောင်း လုပ်သားများသည် မိမိတို့ သွားရောက် လုပ်ကိုင်သည့် နိုင်ငံတွင် ပြဿနာများ ဖြစ်ပေါ်လာပါက အလုပ်သမား ဝန်ကြီးဌာနသို့ အွန်လိုင်းမှဖြစ်စေ၊ ဌာန၏ ဖုန်းများသို့ဖြစ်စေ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း သိရသည်။
<urn:uuid:f913b746-1545-4f74-9b82-65d1a7a2a053>
CC-MAIN-2013-48
http://burma.irrawaddy.org/%e1%81%80_migrant-workers/2012/10/23/23583.html
2013-12-10T19:26:43Z
s3://commoncrawl/crawl-data/CC-MAIN-2013-48/segments/1386164023947/warc/CC-MAIN-20131204133343-00004-ip-10-33-133-15.ec2.internal.warc.gz
mya
0.974926
Mymr
32
{"mya_Mymr_score": 0.974926233291626, "blk_Mymr_score": 0.024195736274123192}
ရခိုင်ပြည်နယ်မှာ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ပေါ်စေဖို့ စစ်တွေ နဲ့ ပေါက်တောမြို့နယ်မှာရှိတဲ့ နယ်မြေ ၂ ခုနဲ့ စခန်း ၆ ခုကို တိုင်းတပါးသား လူဦးရေ ထိန်းချုပ်ရေးအတွက် ဒေသန္တရအမိန့် ထုတ်ပြန်နိုင်ဖို့ ဒီကနေ့ ပြည်သူ့ လွှတ်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။ အဲ့ဒီအမိန့် ထုတ်ပြန်နိုင်ဖို့ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ ပြည်ထဲရေး ၀န်ကြီးဌာနတို့က အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။ ဒီဆွေးနွေးချက်ဟာ ရခိုင်ပြည်နယ်၊ စစ်တွေမဲဆန္ဒနယ်မှ ဦးမောင်ညိုရဲ့ မေးမြန်းချက်အပေါ် ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ "ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင် အစိုးရ ရခိုင်အနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ကို ထပ်မံတင်ပြ ထားရှိပြီဖြစ်ကြောင်းလည်း သိရှိရပါတယ်၊ ဒါကြောင့်မို့ မလိုလားအပ်တဲ့ ပြဿနာများ မဖြစ်ပေါ်စေရေး၊ နိုင်ငံခြားသားများ လူဦးရေထိန်းချုပ်နိုင်ရေးအတွက်ကို စစ်တွေမြို့နယ်နဲ့ မောင်တောမှာရှိတဲ့ နယ်မြေရုံးနှစ်ရုံး စခန်းလေးခုအတွက်ကို ဒေသန္တရအမိန့် ထုတ်ပြန်နိုင်ရေးအတွက်ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ ဆောင်ရွက်လျက်ရှိနေပါတယ်" ဒါ့အပြင် ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ အခြေအနေမဲ့ နေထိုင်သူတွေနဲ့ ကျုးကျော်သူတွေ ပပျောက်ရေး၊ တရားရုံးတွေမှာ DNA စစ်ဆေးပြီး သက်သေအထောက်အထား ယူခွင့်အရေးကိစ္စရပ်တွေကို လွှတ်တော်ကိုယ်စားလှယ်တွေက မေးမြန်းခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းဥပဒေနဲ့ ပတ်သက်တဲ့ ပြင်ဆင်ချက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
<urn:uuid:f0c52080-9388-421b-b634-37e8a39890ad>
CC-MAIN-2013-48
http://www.rfa.org/burmese/news/control-illegal-immigrant-02222013111951.html
2013-12-13T03:15:54Z
s3://commoncrawl/crawl-data/CC-MAIN-2013-48/segments/1386164836485/warc/CC-MAIN-20131204134716-00097-ip-10-33-133-15.ec2.internal.warc.gz
mya
0.890935
Mymr
40
{"mya_Mymr_score": 0.890934944152832, "blk_Mymr_score": 0.09787627309560776}
ကီလိုဂရမ် ၁ ကီလိုဂရမ် သည် ၂.၂ ပေါင် ထက် အနည်းငယ်မျှသာ ပိုသည်။ ၁၀၀၀ ကီလိုဂရမ် သည် ၁ တန် နှင့် ညီမျှသည်။ ရေ ၁ လီတာ သည် အမြင့် သုံည ( ပင်လယ်ရေမျက်နှာပြင်) နှင့် အပူချိန် ၃.၉၈° စင်တီဂရိတ် ရှိသော ပတ်ဝန်းကျင် အခြေအနေတွင် ၁ ကီလိုဂရမ် အတိအကျ နီးပါး ရှိသည်။ သို့သော် ဤ အဓိပ္ပာယ် မှာ ၁၇၉၅ တွင် ဖွင့်ဆိုခဲ့ခြင်းဖြစ်သည်။ ဆိုခဲ့သည့် အတိုင်း ကီလိုဂရမ် သည် ဒြပ်ထု ၏ ယူနစ်ဖြစ်သည်။ အရပ်စကား ဖြင့် မည်မျှလေးသနည်း ကို တိုင်းတာခြင်း ဖြစ်သည်။ သို့သော် ဤနားလည်မူသည် သိပ္ပံနည်းကျ အားဖြင့် မမှန်ပေ။ အလေးချိန်သည် ကြီးမားသော အရာဝတ္ထု တစ်ခုခု ၏ ဆွဲငင်အားပေါ်မူတည် ပြီး ဒြပ်ထု သည် မည်သည့်နေရာမဆို မူလ အတိုင်းဖြစ်သည်။ ဆွဲငင်အား မရှိသလောက် နေရာတွင် ဒြပ်ထုများသည် အလေးချိန်မဲ့နီးပါး ဖြစ်သည်ကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်။
<urn:uuid:4e0e29ca-3af2-4de7-8fc6-41ab38790f28>
CC-MAIN-2013-48
http://my.wikipedia.org/wiki/%E1%80%80%E1%80%AE%E1%80%9C%E1%80%AD%E1%80%AF%E1%80%82%E1%80%9B%E1%80%99%E1%80%BA
2013-12-11T05:51:40Z
s3://commoncrawl/crawl-data/CC-MAIN-2013-48/segments/1386164032040/warc/CC-MAIN-20131204133352-00063-ip-10-33-133-15.ec2.internal.warc.gz
mya
0.999476
Mymr
101
{"mya_Mymr_score": 0.9994763731956482}
ကိုယ် ခရီးသွားတာ မိသားစု ပြန်ဆုံကြတာမို့ အမတွေအပြင် အပိုဆုလေးတွေ ဖြစ်တဲ့ တူမလေးတွေနဲ့ ဆုံခဲ့ ပျော်ခဲ့ရပါတယ်။ သူတို့လေးတွေနဲ့ ဆုံရတော့ ၀မ်းသာ ၀မ်းနည်းပေါ့။ ၀မ်းသာတာကတော့ အခုလို တစုတစည်းတည်း ဆုံဆည်းခွင့်ရတာကို ကြည်နူးမိတာပါ။ ၀မ်းနည်းတာကတော့ သူတို့တွေရဲ့ အခုလို ချစ်စရာအကောင်းဆုံး အရွယ်လေးတွေမှာ အနားမှာနေပြီး သူတို့ တိုးတက်လာတာလေးတွေ၊ အလေ့အကျင့်လေးတွေ စောင့်ကြည့် အကဲခတ်ခွင့် မရတာကိုပါ။ ကလေးတွေက ငယ်ငယ်တုန်းကနဲ့ မတူတော့ပါဘူး။ မယ်တတ်ပ လေးတွေ ဖြစ်နေကြပြီ။ အသက်တွေက ၁၃ နှစ်၊ ၁၀ နှစ် နှစ်ယောက် နဲ့ ၈ နှစ် တို့ပါ။သူတို့မှာ သူတို့ဖာသာ သူတို့ စီစဉ်ချင်တဲ့ အကြံလေးတွေနဲ့..။ လူကြီးတွေလို သီချင်းတွေကိုလဲ ရွေး ကြိုက်တတ်ပြီ။ အ၀တ်အစားဆိုလဲ လှ မလှ ကြည့်တတ်နေပြီ။ ချိုချို ဒီလိုလုပ်ထားတာ လှတယ်၊ ဒါကြီးနဲ့ မလိုက်ဘူး လို့ ပြောတတ်နေပြီ။ သူတို့ ချိုချိုကလဲ မလိုက်တာကြီး ဆွဲဆွဲ ထုတ်လာလို့ အလိုအလျောက် ကြည့်တတ်သွားရတာလဲ ဖြစ်နိုင်ပါတယ်။ ကိုယ့်ရဲ့ မလှတာ မြင်ပါများတော့ အလှကို ပိုခံစားတတ်သွားသလိုပေါ့။ ကိုယ်ကလဲ သူတို့လေးတွေနဲ့ နေရတဲ့အချိန်မှာ ဒိတ်အောက်နေပြီ ဆိုပြီး မပေါင်းသင်းမှာစိုးလို့ သူတို့အုပ်စုနောက် တကောက်ကောက် လိုက်နေပါတယ်။ သုံးယောက်ပေါင်းတော့ လောင်းကျော် လို့ ဆိုကြတာ တူမ၄ယောက်၊ အဒေါ်တယောက် - ၅ယောက်ပေါင်းတော့ ဘာများ ကျော်မလဲ မသိ။ သူတို့ ကြိုက်တဲ့ သီချင်းတွေ လမ်းသွားရင်း ပျော်ပျော်ရွှင်ရွှင် ဆိုကြတော့ ကိုယ့်မှာ လိုက်မဆိုတတ်လို့ ပြုံးနေရတယ်။ လိုက် ယောင်ဝါးဖို့တော့ ကြိုးစားပါသေးတယ်။ ဒါပေမဲ့ အလှမ်းကျယ် လို့ အလယ်မှာ ပြုတ်ကျသွားတယ်။ လေဒီဂါဂါ လို ဆတ်ကနဲ ဆတ်ကနဲ တွန့်သွားတာမျိုး သူတို့သဘောကျကြတာ ကိုယ်က ဘေးကနေ ပါးစပ်ကြီး ဟ ပြီး ငေးရတယ်။ သူတို့ တယ်လီဖုန်း ring tone က ဘေးဘီ ဘေးဘီ (baby baby) ဆိုပြီး ဂျက်စတင်ဘီဘာ အသံ ထည့်ထားပြန်တော့ ကိုယ့်မှာ ဘေးဘီ လှည့်ကြည့်ရသေးတယ်။ ကိုယ့်များ ဘေးကပ်ခိုင်းနေသလား လို့..။ ကိုယ်က ဟောလိဝုဒ် ရှိတဲ့ မြို့မှာ နေတယ်ဆိုတော့ သူတို့က စူးစမ်းချင်တဲ့ မျက်လုံးလေးတွေနဲ့ မေးကြတယ်။ ချိုချို ရုပ်ရှင်မင်းသား ဘယ်သူနဲ့ တွေ့ဖူးသလဲ တဲ့။ ကိုယ်လဲ မနည်း ပြန်စဉ်းစားရတယ်။ ဒီဦးနှောက်ကြီးက စဉ်းစားစမ်း စဉ်းစားစမ်း ဆိုပြီးတော့..။ နောက်တော့ တခါတွေ့ဖူးတဲ့ Wesley Snipes လို့ ပြောလိုက်တော့ မျက်မှောင်လေးတွေ ကုတ်ပြီး စဉ်းစားလိုက်ကြတာ..။ ပြီးမှ အဲဒါ ဘယ်ဒူကြီးလဲ တဲ့..။ ငါ့နှယ် မပြောလိုက်မိရင် အကောင်းသား လို့ ဖြစ်မိတယ်။ ကိုယ့်အဖြစ်က တခါ ကြားဖူးတဲ့ ဇာတ်လမ်းလေးလို ဖြစ်နေပါပြီ။ ရွာကို သွားလည်တော့ ရွာကလူတွေက ဘယ်မှာနေလဲ မေးတော့ ရန်ကုန် လို့လဲ ဆိုရော ဒါဆို ကျော်ဟိန်းကြီးနဲ့ ခင်မှာပေါ့ တဲ့။ သူတို့က ရန်ကုန်ဆိုတာ ရွာလေးတခုလို တယောက်နဲ့တယောက် သိ၊ ဟင်းတွေ ဖလှယ်စား၊ ကျော်ဟိန်းကြီးနဲ့ ဂွေလှိမ့်ဖက် လောက် ရင်းနှီးတယ် ထင်နေတာလေ..။ အခုလဲ တူမတွေက သူတို့ ကြိုက်တဲ့ အဆိုတော်တွေ ဟိုလူ့ တွေ့ဖူးလား၊ ဒီလူနဲ့ သိလား မေးကြတော့ ကိုယ့်မှာ သင့်သလို ဖြေနေရတယ်။ ခေါင်းညိတ် ခေါင်းခါ လုပ်ရတာလဲ လည်ပင်းလေ့ကျင့်ခန်း လုပ်လိုက်ရသလို ဖြစ်သွားတယ်။ ဥပမာ Hannah Montana ကို တွေ့ဖူးသလား မေးရင် ကိုယ်လဲ ဘာပြန်ဖြေရမယ် မသိလို့ စဉ်းစားနေတုန်း မျက်လုံးလေးတွေ ၀ိုင်းပြီး ကိုယ့်ကို မော့ကြည့်နေကြတာ။ ကိုယ်လဲ တခါတော့ တွေ့ဖူးတယ် လုပ်လိုက်ရင် ဘယ်လိုနေမလဲ တွေးမိတာနဲ့ တွေ့ဖူးတယ် ပြောလိုက်ရင်ပဲ အိုးးး ချိုချို ကံကောင်းလိုက်တာ တဲ့။ ကိုယ့်လည်ပင်းကို သူတို့လက်ကလေးတွေနဲ့ တွဲခိုထားတတ်တယ်။ နောက်တနေ့ကျတော့ ဒီမေးခွန်းကိုပဲ ထပ်မေးကြပြန်ပါရော..။ ကိုယ်လဲ မနေ့က ဖြေထားတာ မေ့သွားပြီ။ ဘယ်တယောက်ကို တွေ့ဖူးထားတယ် ပြောမိပြီး ဘယ်တယောက်တော့ မတွေ့ဖူးဘူး လုပ်ထားမိလဲ မမှတ်မိတော့ဘူး။ “ချိုချိုက Miley Cyrus နဲ့ တွေ့ဖူးတယ်နော်” လာလုပ်တော့ “ဘယ်တယောက်လဲ၊ တွေ့ဖူးဖို့ နေနေသာသာ၊ ကြားတောင် မကြားဖူးပါဘူး” လို့ အတင်း ခံငြင်း နေတာလေ..။ တကယ်က Hannah Montana နဲ့ Miley Cyrus က တယောက်တည်းဆိုတာ ကိုယ်မှ မသိဘဲ။ ကိုယ့်မှာ သူတို့နဲ့ ပေါင်းတာ မှတ်စုကြီးတအုပ်နဲ့ လမ်းသွားရမလို ဖြစ်နေပြီ။ ခရီးသွားရင်း ကားပေါ်မှာ သီချင်းနားထောင်ဖို့ နားကြပ်လေးတဖက်ကို ကိုယ့်နားထဲ လာထည့်၊ တဖက်ကို သူ့နားထဲ ထည့် အတူ နားထောင်ကြတယ်။ ကြိုက်တဲ့ သီချင်းဆိုရင် မျက်လုံးလေးတွေပါ လိုက်ပြုံးပြီး ကောင်းတယ်နော်၊ ကောင်းတယ်နော် .. နဲ့ မေးပြော ပြောကြတယ်။ ချိုချို နားထောင်ဖူးသလား တဲ့၊ ကိုယ့်မှာ နေ့တိုင်း စာမေးပွဲ အစစ်ခံရတဲ့သူလို ဖြစ်နေတော့တာပါ။ အင်း ကြားဖူးတယ် တို့၊ အင်း နားထောင်ဖူးသလိုပဲ တို့ တလှည့်စီ လုပ်နေရတယ်။ တကယ်က ချိုချိုက စန္ဒယားလှထွတ်ရဲ့ ချစ်တဲ့သူငယ်လေ..ကို နားထောင်နေတာဟေ့..။ သူတို့ ရေကူးတော့ ကိုယ်လဲ ရောယောင် ရေထဲ ဆင်းရပြန်တယ်။ တကယ်က ကိုယ်လဲ ခွေးကူးလောက်တော့ ဖြစ်ပါတယ်။ ရေကူးရင်း အသက်မရှူတတ်တာလေး တခုပါပဲ။ အဲဒါကို ဆရာမကြီး လေးယောက်က ၀ိုင်းသင်ပေးကြပါတယ်။ အငယ်ဆုံးလေး မာယာက အသင်ဆုံးပါ။ “ဟိုဖက်ကို ကူး၊ ဒီဖက်ကို ကူး၊ မာယာ့ဆီကို ကူးလာခဲ့” ဆိုပြီး လက်ညှိုးတချောင်း နဲ့ ညွှန်ကြားတာပါ။ “သမီး၊ ချိုချို မောနေပြီ၊ မကူးနိုင်တော့ဘူး” ဆိုတော့ “ဒါဆို ဘေဘီကန်မှာ သွားကူး” တဲ့။ ဒဏ်ပေးပါတယ်။ ဘေဘီကန်ဆိုတာ ကလေး လက်တောက်လောက်လေးတွေ ကူးတဲ့ ကန်ကို ပြောတာပါ။ အခုတော့ ငယ်သေးလို့ ထင်ပါရဲ့။ တခြားလဲ စိတ်ဝင်စားစရာ မရှိသေးတော့ စာတွေလဲ လိုက်နိုင်ကြတယ်။ ကျောင်းစာလဲ လုပ်၊ မြန်မာစာလဲ ဖတ်ပေါ့။ ရွှေသွေးတွေ အသံထွက်ပြီး သူတို့ ဖတ်ပြတာကို ဘေးကနေ ဟင်းပွဲပြင်ရင်း နားထောင်ရတယ်။ ညကျရင် လူကြီးတွေကို ရှိခိုးပြီးမှ အိပ်တာကို ကြည့်ပြီး ကြည်နူးရတယ်။ မိုးပွင့်လေးက မြန်မာစာကို ကွန်ပျူတာနဲ့ ရိုက်တတ်အောင် ကြိုးစားပြီး တလုံးချင်း ရိုက်နေတာတွေ့ရင် စိတ်ချမ်းသာမိတယ်။ မအေးရဲ့ သမီးတွေ ဖြစ်တဲ့ မိုးပွင့် နဲ့ မိုးဥက ရောက်တာ မကြာသေးပေမဲ့ အဲဒီ နိုင်ငံသားတွေ ပြောတဲ့ ဒတ်ခ်ျ ဘာသာစကားကို ကလေးဆိုတော့ အတတ်မြန်ကြတယ်။ စန္ဒြာနဲ့ မာယာကလဲ ပြန်သင်ပေးတော့ ပို မြန်တယ်။ မာယာတို့ ညီအမကလဲ မြန်မာလို ပြောတတ်ပေမဲ့ မိုးပွင့်တို့နဲ့ ညီအမချင်း ပြောတော့ ပိုနှုတ်သွက်တာပေါ့။ သူတို့အချင်းချင်းလဲ ဒတ်ခ်ျလို ပြောပြော နေတတ်လို့ ညီအမလေးယောက်ဆုံရင် မြန်မာလိုပဲ ပြောရမယ် လို့ ပြောထားရတယ်။ သူတို့ကသာ ကလေးတွေဆိုတော့ တတ်လွယ်ကြတာ ကိုယ်တို့လူကြီးတွေ အဖို့မှာတော့ အတော်ခက်တာပါ။ လူကြီးတွေ ခက်တယ်ဆိုလို့ အပွင့်နဲ့ ဥ တို့အမေ ကိုယ့်အမ မအေး ရဲ့ ဘာသာစကား လေ့လာ လိုက်စားပုံလေး ပြောပါရစေအုံး။ မအေးက ကိုယ့်လိုပဲ ပျော်ပျော်ရွှင်ရွှင် နေတတ်သူပါ။ သူလဲ ဒီနိုင်ငံ ရောက်လာတော့ ရောက်စ မို့ သူသိသလောက်လေးနဲ့ လူတိုင်းကို ဖော်ဖော်ရွေရွေ အင်မတန် နှုတ်ဆက်ချင်တာ။ ဒတ်ခ်ျတွေက တယောက်နဲ့ တယောက် နှုတ်ဆက်ရင် “ဒါ့” လို့ နှုတ်ဆက်တတ်သတဲ့။ တခါတခါကျရင် “ဟိန်” လို့ နှုတ်ဆက်ပြန်သေးသတဲ့။ တကယ်က “Hey..” ဖြစ်မှာပါ။ ဒတ်ခ်ျ အသံထွက်နဲ့ဆိုတော့ အသံတမျိုး ဖြစ်ပြီး မအေးက ဟိန် လို့ပဲ ကြားသတဲ့။ သူက အဲဒီ ၂ခုတော့ အသေမှတ်ထားတာပါ။ တနေ့တော့ သူက ကလေးတွေ ကျောင်းသွားကြိုရင်း လမ်းမှာ မိုးဥလေး ရဲ့ သူငယ်ချင်းရဲ့ အမေနဲ့ လမ်းမှာ ဆုံတယ် တဲ့။ အမြဲ ကျောင်းကြိုနေကျမို့ တယောက်နဲ့ တယောက် မျက်မှန်းတန်းပြီး မှတ်မိနေတာပေါ့။ ဒါနဲ့ မအေးက ခပ်ဝေးဝေးကတည်းက သူတို့တွေလို “ဒါ့” လို့ နှုတ်ဆက်ပစ်လိုက်မယ် လို့ အားခဲထားသတဲ့။ နှုတ်ကလဲ အစမ်း ရွတ်နေမိတာပေါ့။ အနီးလဲ ရောက်ရော အဲဒီ အမျိုးသမီးက မအေးကို ပြုံးပြီး သူက အရင် “ဟိန်” လို့ နှုတ်ဆက်လိုက်တာ မအေးလဲ ယောင်ပြီး “ဒိန်” လို့ အသံအကျယ်ကြီး ပြန်နှုတ်ဆက်လိုက်မိတာ .. တဲ့။ တကယ်က “ဒါ့” လို့ ပြောမယ် မှန်းထားတာ ဟိုဖက်က “ဟိန်” လိုက်တော့ သူလဲ “ဒိန်” ဖြစ်သွားရတာပါ။ ဒါတောင် ဒိန် ကို ရိုးရိုး မပြောဘဲ ယောင်ပြီး အကျယ်ကြီး ဒိန် မိတော့ ဟိုမိန်းမကြီးလဲ လန့်သွားတယ် ထင်ပါရဲ့ ။ သုတ်သုတ် သုတ်သုတ် နဲ့ လစ်တော့တာပဲ တဲ့။ ဖြစ်မှ ဖြစ်ရလေ၊ ဘယ့်နှယ်ဟာကြီးပါလိမ့် လို့ ထင်ရှာမှာပဲ။ ဒါနဲ့ ကိုယ်လဲ အမလုပ်သူရဲ့ သင်ခန်းစာယူပြီး ဥရောပ ခရီးစဉ်တလျှောက်လုံး ဘယ်သူ့ကိုမှ နှုတ်ဆက်ဖို့ မကြိုးစားတော့ဘူး။ လူတိုင်းကို ပြုံးပြုံး ပြုံးပြုံး နဲ့ မေးလေးထိုး နှုတ်ဆက်လိုက်၊ လက်ကလေး ပြ နှုတ်ဆက်လိုက်သာ အသံတိတ် လုပ်ခဲ့ပါတယ်။ တလတာ ခရီးဆိုပေမဲ့ တသက်တာ မေ့မရအောင် ပျော်ရွှင်ခဲ့ပါတယ်။ မိုးချိုသင်း
<urn:uuid:25e9175b-b975-4bc0-8db1-a6ebf6e5a6be>
CC-MAIN-2013-48
http://moechothin.blogspot.com/
2013-12-12T15:06:07Z
s3://commoncrawl/crawl-data/CC-MAIN-2013-48/segments/1386164641332/warc/CC-MAIN-20131204134401-00063-ip-10-33-133-15.ec2.internal.warc.gz
mya
0.948841
Mymr
82
{"mya_Mymr_score": 0.9488407969474792, "blk_Mymr_score": 0.049590565264225006}
ပုသိမ်မြို့မှ လျှပ်စစ်မီးရရှိရေး ပြည်သူများရဲ့ လမ်းလျှောက် ဆန္ဒထုတ်ဖော်ပွဲ.. ၂၇.၅.၂၀၁၂ညက ပုသိမ်မြို့မှာ သုံးရက်ဆက်တိုက် ငြ်ိမ်းချမ်းစွာနဲ့ ဖယောင်းတိုင်မီးထွန်းပြီး ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။ တိုင်း EPCရုံးရှေ့မှ ည၇း၀၀နာရီမှာ စတင်ပြီး ငြိမ်းချမ်းစွာနဲ့ လျှပ်စစ်မီးပုံမှန်ရရှိ ရေးအတွက် ဆန္ဒထုတ်ဖော် ခဲ့ကြတာ ဖြစ်ပါတယ်။ လူအင်အားကတော့ ရာနဲ့ချီပြီး ရှိပါတယ်။ မနက်ဖြန်၇း၀၀မှာလည်း စတင်ချီတက်ကြမည်ဟု အများသဘောတူ ချိန်းဆိုကြပါတယ်။ ယနေ့မှာတော့ တိုင်း EPCရုံးရှေ့မှ စတင်ပြီါ် ပုသိမ်မြို့ ရွှေမုဠောဘုရားမှာ အဆုံးသတ်လိုက်ကြကြောင်း သိရှိရပါသည်..။ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပွဲ... ရန်ကုန်မြို့ ဆူးလေစေတီတော်မှ ၂၇ရက်နေ့က (၆) ရက်မြောက်နေ့အဖြစ် ခြေတလှမ်း ပြင်လိုက်ပြီး အစိုးရကို အချိန် တပတ် ပေးလိုက်ပါတယ်ဟု ဆန္ဒပြရာတွင် ပါဝင်သူတဦးမှ ဆိုပါတယ်.. တပတ် တိတိ နားပြီ ရပ်ကွက်အတွင်းရှိ ဖယောင်းတိုင်စစ်သည် တွေကို စည်းရုံးရေး ဆင်းပါမယ်..။ လာမယ့် ဇွန်လ ၃ ရက်နေ့မှ သူတို့ ပြောထားသလို ဖြစ်မလာရင် အရှိန်အဟုန် ပြင်းပြင်း နဲ့ ဆက်လက်လှုပ်ရှား ဆောင်ရွက် မည်ဟု ရန်ကုန်ဖယောင်းတိုင် စစ်သည်များအား ဦးဆောင်သူများမှ ကြေငြာလိုက်သည် .။ တောင်ဒဂုံ ဆန္ဒထုတ်ဖော်ပွဲ ရုပ်သံ ဗိုလ်ကြီးဟောင်းနေမျိုးဇင်.. ညီငယ်ဇေယျာမှ ပြန်လည်ဖန်တီးဖော်ပြသည်..။ ဓာတ်ပုံများပေးပို့ လာသူများအား ကျေးဇူးတင်ပါသည်..
<urn:uuid:2a728d97-ee2f-4967-82f7-6f4dbbdd0ef1>
CC-MAIN-2013-48
http://www.demowaiyan.org/2012/05/blog-post_3933.html
2013-12-08T23:11:18Z
s3://commoncrawl/crawl-data/CC-MAIN-2013-48/segments/1386163828351/warc/CC-MAIN-20131204133028-00006-ip-10-33-133-15.ec2.internal.warc.gz
mya
0.873371
Mymr
36
{"mya_Mymr_score": 0.8733713626861572, "blk_Mymr_score": 0.11834646016359329}
ဗုဒ္ဓ၏ အဆုံးအမ "ဟန္ဒဒါနိဘိက္ခဝေ အာမန္တယာမိဝေါ ဝယဓမ္မာသင်္ခါရာ အပ္ပမာ ဒေနသမ္ပာဒေထ။ ရုပ်နာမ်ခန္ဓာ သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘောရှိကြကုန်၏။ မမေ့ မလျော့ မပေါ့ မဆသော ဝိပဿနာသတိတရားဖြင့် ပြည့်စုံစွာနေရစ်ကြလော့။" "အတ္တာဟိ အတ္တနော နာထော မိမိကိုယ်သာလျှင် မိမိကိုးကွယ်အားထားရာ။" "ယောခေါ ၀က္ကလိဓမ္မံ နပဿတိ သောမံနပဿတိ။ ဝက္ကလခန္ဓာ နာမ်ရုပ်တရားကို မမြင်သောသူသည် ငါဘုရားကို မမြင်။" "ေယာ စ ၀ႆသတံ ဇီေ၀၊ အပႆံ ဥဒယဗၺယံ။ ဧကာဟံ ဇီဝိတံ သေယျော၊ ပဿန္တော ဥဒယဗ္ဗယံ။ လူတစ်ယောက်ဟာ အသက်တစ်ရာနေရပေမယ့် ရုပ်နာမ်တို့ရဲ့အဖြစ်အပျက်ကို မမြင်ဘူး (မသိဘူး) ဆိုရင် မမြတ်ဘူး။ လူတစ်ယောက်ဟာ တစ်ရက်တည်းနေရပေမယ့် ရုပ်နာမ်တို့ရဲ့အဖြစ်အပျက်ကို မြင်ရတယ် (သိတယ်) ဆိုရင် မြင့်မြတ်ပါတယ်။" "သေခြင်းတရားသည် ကွေးသောလက် မဆန့်ခင်၊ ဆန့်သောလက် မကွေးခင်မှာ ရောက်လာနိုင်တယ်လို့ ဗုဒ္ဓ ဟောကြားတော်မူခဲ့ပါတယ်။" နေ့စဉ်ပွားပါ ဤငါးဖြာ ၁) ငါသည် အိုခြင်းသဘော ရှိ၏။ အိုခြင်းသဘောတရားကို မလွန်ဆန်နိုင်။ ၂) ငါသည် နာခြင်းသဘော ရှိ၏။ နာခြင်းသဘောတရားကို မလွန်ဆန်နိုင်။ ၃) ငါသည် သေခြင်းသဘော ရှိ၏။ သေခြင်းသဘောတရားကို မလွန်ဆန်နိုင်။ ၎) ငါ့အား ခပ်သိမ်းသော နှလုံးကိုပွားစေတတ်သော အဆွေအမျိုး၊ အဆွေခင်ပွန်း၊ ချစ်ကျွမ်းဝင်သူတို့နှင့် အရပ်တစ်ပါးသို့ ပြောင်းသွားသဖြင့် ရှင်ကွဲ ကွဲရခြင်းသည် လည်းကောင်း၊ ဘ၀တစ်ပါးသို့ ပြောင်းသွားသဖြင့် သေကွဲ ကွဲရခြင်းသည်လည်းကောင်း ဖြစ်တတ်ချေ၏။ ၅) ငါသည် ကံသာလျင် မိမိဥစ္စာ ရှိသည်။ ကံသာလျင် အကြောင်းရင်း ရှိသည်။ ကံသာလျင် အမွေခံ ရှိသည်။ ကံသာလျင် အဆွေအမျိုး ရှိသည်။ ကံသာလျင် ကိုးကွယ်လဲလျောင်းရာ ရှိသည်ဖြစ်၏။ ကောင်းသည် ဖြစ်စေ၊ မကောင်းသည်လည်း ဖြစ်သော အကြင်ကံကိုပြုအံ့။ - Recent Posts Categories - ဆုံးမသြ၀ါဒများ (38) - တရားတော်များ (6) - ဓမ္မ စာအုပ်များ (15) - ပါဠိ ဘာသာပြန် (5) - ဗုဒ္ဓ သြ၀ါဒများ (2) - ဗုဒ္ဓ၀င် (1) - လကာင်္များ (4) - အဆိုအမိန့်များ (2) - အတွေးအမြင်များ (2) - အမေးအဖြေ (4) - ကောက်နှုတ်မှုများ (25) - ထေရ၀ါဒ ဗုဒ္ဓဘာသာ (65) - ထေရ၀ါဒ မှတ်ကျောက် (11) - မေတ္တာရိပ်မှ နှုတ်ခွန်းစကား (3) - လောကနိတိ (9) - ၀ိပဿနာ (2) - မြတ်ဗုဒ္ဓ သာသနာ (13) - မြတ်ဗုဒ္ဓ ဂေါတမ (5) - Links (2) Archives December 2013 M T W T F S S « Oct 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 Recent Comments than htut on ပဋ္ဌာန်း (၂၄ ပစ္စည်း) kyann kan kaung on အရှင်ဇ၀န (မေတ္တာရှင်) ရွြှေ… amara on ပဋ္ဌာန်း၊ ဓမ္မစကြာနှင့် ပရိတ်ကြီး… Ko Thant on ဆရာတော်များ၏ ဆုံးမသြ၀ါဒမျ… mettayate on ပဋ္ဌာန်း၊ ဓမ္မစကြာနှင့် ပရိတ်ကြီး… - Meta Top Posts & Pages - အရှင်ဇ၀န (မေတ္တာရှင်) ရွှေပြည်သာ - သီတဂူဆရာတော် အရှင်ညဏိဿရ - ပဋ္ဌာန်း၊ ဓမ္မစကြာနှင့် ပရိတ်ကြီး ၁၁ သုတ် ပါဠိ ဘာသာပြန် စာအုပ်များ - ပဋ္ဌာန်း (၂၄ ပစ္စည်း) - “ အရိုးရှင်းဆုံး တရားအားထုတ်နည်း ” - ဆရာတော်ဦးဇောတိက - ဓမ္မစကြာ တရားတော် - ဆရာတော်ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်) - မေတ္တာ ဘာဝနာ ပွားများနည်း - အောင်ဆန်းဆရာတော် ဘဒ္ဒန္တသဒ္ဓကိတ္တိသာရ စာအုပ်များ - လူ့ ဘ၀ကြီး၏အကြီးမားဆုံးသော အသိတရား(၁၄)ချက် Category Archives: တရားတော်များ ဗူဒ္ဓ၀ါဒ အခြေခံတရားတော် (၇)နေ့ဗုဒ္ဓ၀င်တရားတော် အပိုင်း (၁) အပိုင်း (၂) အပိုင်း (၃) မြတ်စွာဘုရားရှင် ပြန်လည်ဝတ်ခံစားရသည့် ဝတ်တော် ၁၂ ပါး တရားတော်များ အပိုင်း (၁) - နိဒါန်း အပိုင်း (၂) - ပထမ ၀တ်တော်။ အပိုင်း (၃) - ဒုတိယ ၀တ်တော်။ အပိုင်း (၄) - ဒုတိယ ၀တ်တော်အဆက်။ အပိုင်း (၅) - တတိယ ၀တ်တော် နှင့် စတုတ္ထ၀ိတ်တော်။ … Continue reading အနန္တ ကျေးဇူးရှင် ဂေါတမမြတ်စွာဘုရား ဘုရားဖြစ်ပြီးခါက ပဉ္စ၀ဂ္ဂီ အား ဟောကြားခဲ့သော ပထမဦးဆုံးတရားဖြစ်ပါတယ်။ ထိုပဉ္စ၀ဂ္ဂီငါးဦးတွင် ကောဏ္ဍည သည် ဖြစ်ခြင်းသဘောရှိသော တရားအလုံးသုံသည် ချုပ်ခြင်းသဘောတရားရှိ၏ ဟူသော ကိလေသာမြူအညစ်အကြေးကင်းသော တရားမျက်စိ သောတ္တိမဂ်ဉာဏ်ဖြင့် သောတပန်တည်ခဲ့ပါသည်။ ထို့နောက် အရှင် ကောဏ္ဍည သည် ရဟန်းအဖြစ် တောင်းဆိုကာ ဂေါတမမြတ်စွာဘုရား၏ ပထမဆုံးသံဃာရတနာ ဖြစ်ခဲ့ပါတယ်။ MP3 File မင်းကွန်းဆရာတော်ဘုရားကြီး – ဓမ္မစကြာရွတ်ဆိုမှုနှင့် အနတ္တလက္ခဏာသုတ် PDF Files ဓမ္မစကြာ ပါဠိ ဘာသာပြန် အနတ္တ … Continue reading ကက်ဆက်ခွေကတဆင့် စီဒီပေါ်တင်ထားလို့ တချို့နေရာမှာ အသံတွေ မတည်ငြိမ်၊ ပျက်တာများရှိပါတယ်။ သည်းခံခွင့်လွှတ်ပေးပါရန်နှင့် ကောင်းသောအခွေများ တွေ့ရင် ပြန်တင်ပေးပါ့မယ်။ CD 1 နိဗ္ဗာန် ၃ မျိုး သူတော်စင်များ၏ စိတ်ထား ကြောက်ရင်လွဲ ရဲရင်မင်းဖြစ် အနာထပိဏ် ကျတဲ့မျက်ရည် စုန်လမ်း ဆန်လမ်း ၀ိပဿနာရှုပွားနည်း မေတ္တာအစွမ်း အံ့မခန်း ပ မေတ္တာအစွမ်း အံ့မခန်း ဒု CD … Continue reading ပဋ္ဌာန်းဒေသနာတော်သည် ဗုဒ္ဓဘာသာဝင်တိုင်းတို့ ရဲ့အသက် လို့ ပြောရင် မှားလိမ့်မယ် မထင်ပါဘူး။ သာသနာကွယ်ပျောက်ခဲ့မယ်ဆိုရင် ဒီ ပဋ္ဌာန်းဒေသနာတော်ကနေ စပြီး ကွယ်မယ်လို့ ဆရာတော်ဘုရားကြီးက မိန့်တော်မူပါတယ်။ ဘာကြောင့်လဲဆိုတော့ နက်နဲခက်ခဲတဲ့အတွက် ဉာဏ်အမြင် မလိုက်နာတော့လို့ပဲ ဖြေရပါလိမ့်မယ်။ MP3 files ဆရာတော် ဦးသုမင်္ဂလ၏ ပဋ္ဌာန်းတရားတော်များ (၂၄ ပစ္စည်း) မန္တလေးတိုင်း မိုးကုတ်ဝိပဿနာ တွင် ဟောကြားတော်မူခဲ့ပါတယ်။ Day 1 -Day 2 Day 3 -Day 4 -Day 5 … Continue reading MP3 files ကြာနီကန်ဆရာတော်ဘုရားကြီး – ပရိတ်ကြီး ၁၁ သုတ် ရွတ်ဆိုမှု အရှင်ဇ၀န (မေတ္တာရှင်) – ပရိတ်တရားတော် (ရတနသုတ်+ ဗောဇ္ဈင်သုတ်) PDF File ပရိတ်ကြီး (၁၁) သုတ် ပါဠိ+မြန်မာ (ကျမ လေ့လာတွေ့မိသလောက် စုစည်းပြီး တင်ပေးလိုက်ပါတယ်နော်။ ဓမ္မမိတ်ဆွေတွေကိုလည်း တခြားဆရာတော်တွေရဲ့တရားတော်များရှိရင်လည်း မျှဝေပေးစေလိုပါကြောင်း မေတ္တာရပ်ခံပါတယ်ရှင်။) စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများဖြင့် ဘေးရန်ကြောင့်ကြ ကင်းဝေးကြပါစေ။ မေတ္တာရိပ် မိမိသည် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်လား။ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်လား။ မိမိသည် ဗုဒ္ဓဘာသာဝင်တစ်ယောက်အဖြစ် ခံယူထိုက်ပြီလား ဆိုတဲ့ မေးခွန်းများကို သိချင်ရင်တော့ မိဂါဒါဝုန်ကျောင်းတိုက် ဆရာတော်ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်) တရားတော်များကို နာကြားပြီး ခွဲခြားနိုင်ပါတယ်။ ဆရာတော်သည် မိုးကုတ်ဝိပဿနာ မှ ဖြစ်ပါတယ်။ ဆရာတော်သည် သာသနာ့အကျိုးကို ရှေးမူးထားပြီး တရားဓမ္မများကို ကျန်းမာရေးမကောင်းသည့်တိုင်အောင် မြန်မာပြည်အနှံ့လှည့်လည် တရားဟောကြားနေတဲ့ ဆရာတော်တစ်ပါး အပါအ၀င် ဖြစ်ပါတယ်။ ရခဲခြင်း ၅ ပါးမှာ- ဘုရားတစ်ဆူပွင့်ရခြင်းဟာ အင်မတန်မှ တွေ့ကြုံခဲရလှပါတယ်။ အနန္တ ကျေးဇူးရှင် မဟာ မေတ္တာ ကရုဏာရှင် ဂေါတမမြတ်စွာဘုရားရှင်၏ … Continue reading
<urn:uuid:71f33bef-bac8-4626-b661-5cf05c324bf1>
CC-MAIN-2013-48
http://mettayate.wordpress.com/category/%E1%80%90%E1%80%9B%E1%80%AC%E1%80%B8%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8/
2013-12-09T19:16:37Z
s3://commoncrawl/crawl-data/CC-MAIN-2013-48/segments/1386163996785/warc/CC-MAIN-20131204133316-00076-ip-10-33-133-15.ec2.internal.warc.gz
mya
0.901249
Mymr
47
{"mya_Mymr_score": 0.9012491703033447, "blk_Mymr_score": 0.09720060229301453}
Published January 19, 2013 ပြည်သူ့ဆန္ဒမပါဘဲအတည်ပြုပြဌာန်းခဲ့တဲ့ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံကြောင့် မြန်မာနိုင်ငံရဲ့ လက်ရှိပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ထင်သလောက်ခရီးမပေါက်ဖြစ်နေရတယ်လို့ ရှေ့နေများကွန်ရက်က သုံးသပ်လိုက်ပါတယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် အရည်အချင်းရှိတဲ့လူတွေ လူမှန်နေရာမှန်နဲ့ တိုင်းပြည်နဲ့ ပြည်သူလူထုအကျိုး မသယ်ပိုးနိုင်တဲ့ခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့လည်းဆိုပါတယ်။ ဒါ့ကြောင့် ပြောင်းလဲနေတဲ့စံနစ်နဲ့အတူ ခေတ်နဲ့အညီ လိုက်လျောညီထွေမှုရှိအောင် ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်နိုင်မည့် အချက်တွေနဲ့နည်းလမ်းတွေကို ရှေ့နေများကွန်ရက်က ရေးသားပြုစုထားပြီး မကြာမီ စာအုပ်ထုတ်ဝေဖို့ရှိပါတယ်။ ဒီစာအုပ်ကို ရေးသားပြုစုနေတဲ့ ရှေ့နေများကွန်ရက်က ရှေ့နေကြီး ဦးကိုနီကို ဒေါ်ခင်စိုးဝင်းက သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
<urn:uuid:ccb33e2b-1511-418d-b578-746390c0f094>
CC-MAIN-2013-48
http://www.voanews.com/media/video/1586872.html
2013-12-09T19:16:13Z
s3://commoncrawl/crawl-data/CC-MAIN-2013-48/segments/1386163996785/warc/CC-MAIN-20131204133316-00076-ip-10-33-133-15.ec2.internal.warc.gz
mya
0.87896
Mymr
40
{"mya_Mymr_score": 0.8789597153663635, "blk_Mymr_score": 0.10406658053398132}
Management theory တွေထဲမှာ လူသိများတဲ့ Theory X နဲ့ Theory Y အကြောင်းကိုဆွေးနွေးချင်ပါတယ်။ဒီ Theory ကိုဖော်ထုတ်ခဲ့တဲ့လူက – Douglas McGregor ဆိုသူဖြစ်ပြီး ဒီ theory ရဲ့အဓိကအချက်ကတော့ လူတွေရဲ့ nature အပေါမှာလိုက်ပြီး management style ကိုပြောင်းလဲသင့်တယ်လို့ ဆိုလိုတာပါ။အဓိကအားဖြင့်တော့ Theory X က negative view ဖြစ်ပြီး Theory Y က positive view ဖြစ်ပါတယ်။ Theory X အရ လူတွေဟာ အလုပ်လုပ်ရမှာ မကြိုက်ဘူး၊ အလုပ်ကိုတက်နိုင်သမျှရှောင်ချင်တယ်၊ တာဝန်(responsibility ) ယူချင်စိတ်မရှိဘူး၊ စသည်ဖြင့် human nature အပေါ်မှာ အဆိုးမြင်ရှုထောင့်ကနေကြည့်ပါတယ်။ အဲဒါကြောင့် ဒီလိုပုံစံရှိတဲ့လူတွေကို အုပ်ချုပ်တဲ့နေရာမှာ Manager ဒါမှမဟုတ် Supervisor တွေအနေနဲ့ တင်းကျပ်တဲ့အမိန့်တွေပေး ရမယ်၊ တိကျတဲ့စည်းမျဉ်းစည်းကမ်းတွေသတ်မှတ် ရမယ် ၊ ပေးအပ်ထားတဲ့တာဝန်မကျေရင် အပြစ်ပေးရမယ် စသည်ဖြင့်အလုပ်သမားတွေအပေါ်မှာ force လုပ်ပြီး အုပ်ချုပ်ဖို့ ဆိုထားပါတယ်။ Theory Y ကတော့ X နဲ့ဆန့်ကျင်ဘက်ပေါ့။ ဒီ theory အရလူတွေဟာ human nature အရကို အလုပ် လုပ်ချင်စိတ်ရှိတယ်၊ ကိုယ်လုပ်ရတဲ့အလုပ်ပေါ်မှာလဲ တာဝန်ယူချင်စိတ် ရှိတယ်၊ အထက်လူကြီးကတာဝန်ပေး ရင်လဲ ကြေပြွန်အောင် ထမ်းဆောင်တယ်၊ အလုပ်လုပ်ရမှာကို လဲ လူ့ဘ၀ရဲ့ natural activity လို့လက်ခံထားတယ်လို့ဆိုပါတယ်။ အဲဒါကြောင့် ဒီလိုလူတွေကို manage လုပ်တဲ့အခါမှာ တင်းကျပ်တဲ့ စည်းမျဉ်း တွေပေးမဲ့အစား သူတို့မှာရှိတဲ့ အလုပ်လုပ်ိချင်စိတ်ကို မှန်ကန်တဲ့လမ်းကြောင်းပေါ် ရောင်အောင်တွန်းအားပေးဖို့က အရေးကြီးတယ်လို့ဆိုပါတယ်။ ဒီနေရာမှာ မှန်ကန်တဲ့လမ်းကြောင်းဆိုတာက organization က ရည်ရွယ်ထားတဲ့ organizational goal ပေါ့။ ဥပမာ အနေနဲ့- အရောင်းမြှင့်တင်ရေး project တစ်ခုကိုလုပ်မယ်ဆိုပါစို့။ Theory Y nature ရှိတဲ့လူတွေကို အုပ်ချုပ်ရတဲ့ manager တစ်ယောက်အနေနဲ့ ၀န်ထမ်းတွေ ဆီက အကြံတွေတောင်းမယ် ၊idea တွေတောင်းမယ် ၊ ဒီ project ကိုအောင်မြင်အောင် ဘယ်လိုလုပ်ကြမလဲ ဆိုတဲ့ plan ချတဲ့နေရာမှာ ၀န်ထမ်းတွေကိုပါ ပါဝင်ခိုင်းမယ်၊ စသည်ဖြင့် ဒီလိုနည်းလမ်းတွေနဲ့ ကိုယ်ရည်မှန်းထားတဲ့ အလုပ်ကိုအောင်မြင်အောင်လုပ်ရမှာပါ။ Theory X style ရှိတဲ့ လူတွေကို အုပ်ချုပ်ရတဲ့ အခါမှာတော့ ၀န်ထမ်းတွေကို ဒီလို project အကောင်အထည်ဖော်ချင်လို့ အကြံလေးပေးကြပါ ဆိုပြီး တာဝန်ပေးလိုက်လို့မရနိုင်တော့ပါဘူး။ Manager ကိုယ်တိုင်က တိကျတဲ့ plan ကိုချပေးရပါမယ် ဒါ့အပြင် ၀န်ထမ်းတွေကို ဘယ်သူက ဘာဝန် ယူရမယ်ဆိုတဲ့ အသေးစိတ် (detail ) တာဝန်တွေကိုပါ သတ်မှတ်ပေးရပါမယ်။ အဲဒီ တာဝန်တွေ မကျေရင်လဲ ဘယ်လို အပြစ်ဒါဏ် (punishment ) တွေပေးမယ်ဆိုတာကိုပါ တစ်ခါထဲပြောရမယ် ၊ ပြီးရင်လဲ တိတိကျကျ လုပ်မလုပ် ဆိုတာကို စောင့်ကြည့်ရပါမယ်။ အဲဒီတော့ အဓိက အရေးကြီးတဲ့အချက်ကတော့ Manager (သို့) အလုပ်တစ်ခုကို စီမံအုပ်ချုပ်ရတဲ့ လူနေနဲ့ ကိုယ့်လက်အောက်က၀န်ထမ်းတွေဟာ Theory X style ရှိတဲ့ လူတွေလား ဒါမှမဟုတ် Theory Y style ရှိတဲ့လူတွေလားဆိုတာ သေသေချာချာသိထားဖို့ လိုအပ်ပါတယ်၊ အဲဒါမှ ကိုယ်ရည်မှန်းထားတဲ့ organizational goal ရောက်အောင် သင့်တော်တဲ့ management style ကို သုံးပြီးအုပ်ချုပ်နိုင်မှာပါ။
<urn:uuid:551146d8-0c99-4969-a006-5130323229ff>
CC-MAIN-2013-48
http://edu-junction.org/economics/2009/06/12/theory-x-theory-y/
2013-12-12T19:00:00Z
s3://commoncrawl/crawl-data/CC-MAIN-2013-48/segments/1386164677368/warc/CC-MAIN-20131204134437-00076-ip-10-33-133-15.ec2.internal.warc.gz
mya
0.861754
Mymr
1
{"mya_Mymr_score": 0.8617540001869202, "blk_Mymr_score": 0.1349399834871292}
အောက်တိုဘာ(၃၀) ဘင်္ဂါလီလူမျိုးများ ပြည်တွင်းသို့ KIA နယ်မြေမှ ၀င်ရောက်ရန် မဏီပူရတွင် နေထိုင်သူ အကြမ်းဖက်သမား ကိုယ်စားလှယ်တစ်ဦး၊ ဘင်္ဂါလီလူမျိုးတစ်ဦးနှင့် ကချင်လူမျိုးတစ်ဦးတို့သည် အောက်တိုဘာ(၂၃) ရက်နေ့တွင် KIOေ ခါင်းဆောင်များနှင့် လိုင်ဇာဌာနချုပ်တွင် ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ဘင်္ဂါလီလူမျိုး မွတ်စလင်ဘာသာ ကိုးကွယ်သူများသည် ပြည်တွင်းသို့ဝင်ရောက်ရန် နည်းလမ်း အမျိုးမျိုးဖြင့် ကြိုးပမ်းလျှက် ရှိသော်လည်း ၀င်ရောက်ရန်ခက်ခဲနေသဖြင့် KIA တပ်မဟာ(၂) နယ်မြေ၊ ရော်ကာအိုင် စခန်းဘက်မှ တဆင့် ဖြတ်သန်း ၀င်ရောက်နိုင်ရေး ဆွေးနွေးရန် မြန်မာနိုင်ငံတွင် မွေးဖွားပြီး အန္ဒိယနိုင်ငံ၊ မဏိပူရတွင်နေထိုင်သူ အကြမ်းဖက်အဖွဲ့မှ ကိုယ်စားလှယ် မွတ်စလင် ဘာသာကိုးကွယ်သူ ယူစွတ်အာနီ ၊ဘင်္ဂါလီလူမျိုး ရာစွတ်(ခ) ဦးမောင်ထော် နှင့် ကချင်လူမျိုးနော်ဆိုင်း ဆိုသူတို့(၃)ဦးသည် အောက်တိုဘာလ (၂၃)ရက်တွင် လိုင်ဇာ ဌာနချုပ်သို့ ရောက်ရှိလာခဲ့ပြီး KIO ဒုဥက္ကဌ အင်ဘန်လ၊ စစ်ဦးစီးချုပ် ဂမ်ရှောင် နှင့် ဒုစစ်ဦးစီးချုပ် ဂွမ်မော်တို့(၃)ဦးနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုအား ရခိုင်လူမျိုးများ သိရှိမည်ကို စိုးရိမ်သဖြင့် တံခါးပိတ်ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အောက်တိုဘာလ(၁၄)ရက်နေ့ကလည်း KIA အဖွဲ့ ဗဟိုဌာနချုပ် လိုင်ဇာတွင်ရှိသော တပ်ဖွဲ့များတွင် ပါဝင်သည့် ရခိုင်လူမျိုးများမှ ယခုလက်ရှိတွင် ဖြစ်ပွားနေသော ရခိုင်-ဘင်္ဂါလီအရေးအခင်းများနှင့် ပတ်သက်၍ KIA အနေဖြင့် ကြေငြာချက် တစ်စုံတစ်ရာထုတ်ပြန်ပေးရန် တပ်ကြပ်ကြီးအဆင့်ရှိသူ ရခိုင်လူမျိုးတစ်ဦးမှ ဦးဆောင်၍ ရခိုင်လူမျိုးတပ်ဖွဲ့ဝင်များကိုယ်စား တောင်းဆိုခဲ့သော်လည်း အဆိုပါ တောင်းဆိုချက်အား KIA ဒုစစ်ဦးစီးချုပ် အက်စ်ရှမ်မော်မှ ပယ်ချခဲ့သဖြင့် KIA တပ်ဖွဲ့ဝင် ရခိုင်လူမျိုးများမှ မကျေမနပ်ဖြစ်နေကြောင်း သိရပါတယ်။
<urn:uuid:2f60d8ce-9e7e-487a-ad4c-15dadf93bf85>
CC-MAIN-2013-48
http://www.kachindailynews.com/2012/10/kia-kia_30.html
2013-12-07T11:06:54Z
s3://commoncrawl/crawl-data/CC-MAIN-2013-48/segments/1386163054096/warc/CC-MAIN-20131204131734-00030-ip-10-33-133-15.ec2.internal.warc.gz
mya
0.939474
Mymr
22
{"mya_Mymr_score": 0.9394736289978027, "blk_Mymr_score": 0.0496213398873806}
မြန်မာနိုင်ငံကလေးစစ်သားအသုံးပြုမှုတိုက်ဖျက်မှုအတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အရပ်သားအဖွဲ့အစည်းတွေက နှစ်ကာလအတန်ကြာအောင် ကြိုးပမ်းအားထုတ်မှုတွေ ရှိလာခဲ့ပြီးဖြစ်ပါတယ်။ ကလေးစစ်သား အသုံးပြုမှုလုံးဝ ပပျောက်တော့မယ့် အခြေအနေ အခုအချိန်မှာ ရောက်လာပါပြီးလာဆိုတာတော့ အာရှလူ့အဖွဲ့ရေးကော်မရှင်က ရှေ့ နေဦးမင်းလွင်ဦး အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံရဲ့ အထွေထွေအတွင်းရေးမှူး မတင်တင်ညိုတို့ကို ဦးကျော်ဇံသာက ဆက်သွယ်မေးမြန်းပြီး တင်ဆက်ထားပါတယ်။ ဦးကျော်ဇံသာ။ ။ ဒီကနေ့ ကျနော်ဆွေးနွေးချင်တာကတော့ မြန်မာနိုင်ငံမှာ ကလေးစစ်သားအသုံးပြုမှုနှင့် ပတ်သက်ပါတယ်။ မကြာသေးခင်ကတင်ပဲ ကုလသမဂ္ဂက မြန်မာနိုင်ငံဟာ ကလေးစစ်သားအသုံးပြုတဲ့ တိုင်းပြည်နိုင်ငံစာရင်းက ပပျောက်ဖို့အတွက် ညှိနှိုင်းဆောင်ရွက်ပါတယ်။ မြန်မာနိုင်ငံဟာ ကလေးစစ်သားအသုံးပြုမှု စာရင်းက ပပျောက်သွားမယ်ဆိုတာ တိုင်းပြည်အတွက် အင်မတန်ဂုဏ်ယူစရာ၊ အင်မတန် အားတက်စရာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စဟာ ဘယ်လောက်ထိ လျင်လျင်မြန်မြန် ဖြစ်နိုင်မလဲမယ်ဆိုတာ ကျနော်စမ်းစစ်ပါတယ်။ ကိုမင်းလွင် ဘယ်လို သဘောရပါလဲ။ ပြောပါဦးခင်ဗျာ။ ဦးမင်းလွင်ဦး။ ။ မြန်မာနိုင်ငံအတွင်းမှာ ကလေးစစ်သား ပပျောက်ရေးအတွက် ဆောင်ရွက်တဲ့ ဥစ္စာက ကုလသမဂ္ဂမှာလည်း ဒီအသံက လူ့အခွင့်ရေးကောင်စီမှာလည်း ဒီအသံက တော်တော် ကျယ်ကျယ်လောင်လောင်ဖြစ်တာ အတော်ကြာပါပြီ။ အဲ့ဒီတော့ ကျနော်တို့ ဒီလိုဖြစ်တဲ့အတွက် စစ်အစိုးရ လက်ထက်မှာပဲ ၂၀၀၇ ခုနှစ်မှာ တပ်မတော်အတွင်းမှာ အသက်အရွယ်မပြည့်သေးတဲ့ ကလေးတွေကို စစ်သားအဖြစ် စုဆောင်းခြင်းကနေ ကာကွယ်တဲ့အဖွဲ့အစည်းတွေကို သူတို့စတင်ဖွဲ့စည်းပြီးတော့ အရေးယူဆောင်ရွက်ဖို့ လုပ်တာကိုကျနော်တို့ တွေ့ရတယ်။ ၁၄ ရက် ဒီဇင်ဘာ ၂၀၀၇ ကတည်းကနေ စတင်ပြီးတော့ ဆောင်ရွက်လာတာပေါ့နော်။ အဲ့ဒီတော့ အဲ့ဒီမှာ ကော်မတီရဲ့ ဥက္ကဌကတော့ ကျနော်တို့ သူရဦးမြင့်အောင် လက်ထက်ကစပြီးတော့ ဆောင်ရွက်လာတာပေါ့။ အဲ့ဒီတော့ အခုချိန်ထိကို ၂၀၁၁ ခုနှစ်အထိကို မပပျောက်နိုင်သေးဘူး ဖြစ်တယ်။ ဘာကြောင့်လဲဆိုတာကို ကျနော်တို့က ပြန်လည်းကြည့်တဲ့အခါမှာ တပ်မတော်အတွင်းမှာ ကလေးစစ်သားအဖြစ် ခေါ်ယူစုဆောင်းဖို့အတွက် သာမန်ပြည်သူတွေကနေပြီးတော့လည်း ကလေးတွေကို နည်းမျိုးစုံနှင့် ဖျားယောင်းပြီးတော့ စစ်တပ်အတွင်းကို အခကြေးငွေယူပြီးတော့ ရောင်းစားတဲ့ကိစ္စတွေရှိတယ်။ စစ်တပ်အတွင်းက အရာရှိ၊ အရာခံတွေ ကိုယ်တိုင်ကိုက အငြိမ်းစားယူချင်တယ်ဆိုလိုရှိရင် ဘယ်နှစ်ဦး အစားပြန်လဲသွင်းပေးရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေကြောင့် သူတို့အနေနှင့် ငွေပေးပြီးတော့ခေါ်ယူတဲ့ ဥစ္စာတွေရှိတယ်။ ဒါတွေကြောင့် မပျောက်ပျက်ဘဲနှင့် ဒီကလေးစစ်သားအမှုတွေက ဆက်လက်ပြီးတော့ဘဲ ဖြစ်ပွားနေတယ်လို့ဘဲ ကျနော်တို့က ထင်မြင်ယူဆတယ်။ နောက်ပြီးတော့တခါ ထိရောက်စွာအရေးယူမှုနှင့်လည်း အားနည်းတယ်ဆိုတာ ကျနော်တို့တွေ့ရတယ်။ ဒါကြောင့် တကယ်တမ်းက အရေးယူမယ်ဆိုလို့ရှိရင် ကျနော်တို့ လူကုန်ကူးမှု တားမြစ်ရေးဥပဒေ၊ ကလေးလူငယ် စောင့်ရှောက်ရေးဥပဒေတွေအရ ထိထိရောက်ရောက် အရေးယူမှ ဒီဥစ္စာက ပပျောက်သွားမယ်လို့ ကျနော်ပြောချင်ပါတယ်။ ဦးကျော်ဇံသာ။ ။ ကျနော် စစ်တပ်၊ တပ်မတော်ဆိုလို့ တပ်မတော်ထဲက ပုဂ္ဂိုလ်တစ်ဦးက ဒါအမည်မဖော် အသံမပေးဘဲ သူတို့ရဲ့ ပြသနာကိုပြောပြတာ။ သူတို့က စစ်သားစုဆောင်းပေးဖို့ သူတို့ကို တာဝန်ပေးတယ်တဲ့ အထက်က။ ဆိုတော့ စစ်သားစုဆောင်းမယ့်အခါမှာကြတော့ ၁၈ နှစ်အထက် တစ်ယောက်မှ စုဆောင်းလို့မရဘူး။ ဆိုတော့ သူတို့က ရတဲ့လူကို စုဆောင်းရတယ်။ ကလေးတွေကို လာရောင်းကြတယ်။ အဲ့ဒီတော့ သူတို့က ကလေးတွေကို ယူပြီးတော့ စုဆောင်းပေးရတယ်လို့ ဆိုတယ်။ ဆိုတော့ စုဆောင်းရတဲ့ တပ်သား တပ်မတော်အောက်ခြေအဆင့်က သူတွေအတွက်လည်း ဒါလည်း ပြဿနာတစ်ခုပဲ။ သူတို့မှာလည်းပဲ။ မြန်မာနိုင်ငံမှာ စစ်သားစုဆောင်းပေးဖို့ လိုအပ်နေတဲ့ ကိစ္စက။ ဘယ်လောက်ထိ အရေးကြီးစုဆောင်းနေဖို့ လိုအပ်နေလို့လဲ။ စာရင်းအရကတော့ မြန်မာပြည်မှာ စစ်သားက သိန်းတော်တော်များများကို ရှိနေတာပဲ။ ကိုမင်းလွင် လက်တွေ့စာရင်းမှာများ တကယ်မရှိဘူးလား။ စစ်သားတွေ ဘယ်လောက်တောင် ထပ်ပြီးစုဆောင်းနေသလဲ။ အဲ့ဒါနှင့် ပတ်သက်လို့ ဘယ်လို အထောက်အထားတွေ သိရှိရပါသလဲ။ ဦးမင်းလွင်ဦး။ ။ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ လက်ရှိတင်ဘဲ ကျနော်တို့ အရှေ့တောင်အာရှမှာ ဆိုလို့ရှိရင် အင်အားအကြီးဆုံး အတောင့်ဆုံးလို့တောင် ပြောလို့ရတာပေါ့ဗျာ။ တရုတ်ပြည်ပြီးလို့ရှိရင် ကျနော်တို့ မြန်မာနိုင်ငံက စစ်တပ်အင်အားအများဆုံးလို့တောင် ဆိုနိုင်တယ်။ သို့သော်လည်း ဒီပြည်တွင်းစစ်တွေ မရပ်စဲနေ လို့ကတော့ အစိုးရကိုယ်တိုင်ကလည်း စစ်သားတွေကို ခေါ်ယူစုဆောင်းနေမယ်။ ထိုနည်းတူစွာပဲ နယ်စပ်ဒေသ၊ တိုင်းရင်းသားဒေသတွေမှာလည်း ဒီပြည်တွင်းစစ် မငြိမ်းချမ်းတဲ့အတွက်ကို စစ်သားတွေက ခေါ်ယူစုဆောင်း အသုံးပြုမှုတွေ ရှိနေဦးမှာပဲဖြစ်တယ်ဆိုတာကို ကျနော်အနေနှင့် အပေါ်ယံ အကြမ်းဖျဉ်း ပြောချင်ပါတယ်ခင်ဗျာ။ ဦးကျော်ဇံသာ။ ။ မတင်တင်ညိုရဲ့ သဘောထားကိုလည်း ပြောပါဦး။ မြန်မာနိုင်ငံဟာ ကလေးစစ်သား အသုံးပြုခြင်းမရှိတဲ့ တိုင်းပြည်အဖြစ်က လွတ်မြှောက်ဖို့ လွယ်လွယ်ကူကူနှင့် ဖြစ်နိုင်မယ်ထင်လား။ မတင်တင်ညို။ ။ မှန်းစပြီးပြောရင်တော့ အင်မတန်ခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါကလက်ရှိပေါ့လေ ဒီနိုင်ငံကို အုပ်ချုပ်နေတဲ့ ခေါင်းဆောင်တွေက အခုလိုမျိုး ဘယ်လိုလုပ်မယ်၊ ဘယ်လိုကိုင်မလဲ၊ ဘာတွေတော့ လုပ်နေပါပြီးဆိုတဲ့ဟာမျိုးကို ဒီစာရွက်တွေပေါ်မှာ ချရေးတာထက်စာလိုရှိရင် တကယ့်ရိုးရိုးသားသားနှင့် စိတ်ဆန္ဒရှိရှိနှင့်တာ လုပ်သွားမယ်ဆိုလို့ရှိရင်တော့ ဖြစ်နိုင်ချေရှိတယ်လို့ ကျမမြင်ပါတယ်။ အရေးကြီးဆုံးကတော့ အဲ့ဒီစစ်ပွဲတွေ ရပ်သွားဖို့က အရေးကြီးပါတယ်။ စစ်ပွဲတွေမရှိတော့ဘူးဆိုလို့ရှိရင် စစ်သားတွေဆိုတာလည်းဘဲ အခုလိုမျိုး အရေးတကြီး လိုအပ်တော့မှာ မဟုတ်ဘူးပေါ့နော်။ နောက်ပြီးတော့မှလည်း ဒီကလေးအခွင့်အရေးနှင့် ပတ်သက်တဲ့ စာချုပ်စာတမ်းတွေလည်း ရှိပါတယ်။ နိုင်ငံတကာက ပြဌာန်းထားတာဟာ။ အဲ့ဒီကလေးအခွင့်အရေးတွေကို အဲ့ဒီမှာပြဌာန်းတဲ့အတိုင်း သူတို့ရဲ့ ပညာရေး၊ စားဝတ်နေရေး၊ ပြီးတော့မှ ဒီကျန်မာရေး၊ ဒီလိုမျိုး အသီးသီးပေါ့လေ၊ ဒီလိုမျိုး ကိစ္စတွေလိုမျိုးကိုတာ သေသေချာချာလိုက်နာဆောင်ရွက်သွားမယ်ဆိုလို့ရှိရင် ပပျောက်သွားမယ်လို့ပြောချင်ပါတယ်။ ဦးကျော်ဇံသာ။ ။ ဆိုတော့ မတင်တင်ညိုရေ အစိုးရတင်ပဲလား။ အခု ကလေးစစ်သားစုဆောင်းမယ်ဆိုတယ့် မြန်မာနိုင်ငံမှာ သူတို့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေလည်း ပါတယ်။ အားလုံး စုစုပေါင်း အဖွဲ့ခြောက်ဖွဲ့ဝင်က စာရင်းတွေမှာ သူတို့ တွေ့ရပါတယ်။ ဆိုတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ကလေးစစ်သားစုဆောင်းမှုတွေကို မတင်တင်ညိုအနေနှင့် ဘယ်လိုထောက်ပြချင်ပါသလဲ။ မတင်တင်ညို။ ။ ကျမတို့အနေနှင့်ကတော့ မရှိဘူးလိုတော့ ပြောလို့မရဘူးပေါ့နော်။ ဘာဘဲဖြစ်ဖြစ် ပုံစံအမျိုးမျိုးနှင့်ကတော့ လက်နက်ကိုင်အင်အားစုတွေ အသီးသီးတွေမှာတော့ ကလေးစစ်သားတွေက အနည်းနှင့်အများကတော့ ရှိမယ်လို့တော့ကျမတို့အနေနှင့်ပြောချင်တာပေါ့နော်။ ဒါကလည်းဘဲ မဖြစ်သင့်တဲ့ ကျမတို့နိုင်ငံမှာမရှိသင့်တဲ့ စနစ်တစ်ခုကြောင့်မို့လို့ လက်နက်ကိုင်ဆွဲပြီးတော့မှ တိုက်ပွဲဝင်နေရတဲ့ တိုင်ရင်းသားလက်နက်ကိုင် အင်အားအသီးသီးကလည်းပဲ လိုအပ်မှုအရ စုဆောင်းလိုက်တဲ့ အနေအထားမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ရှိနိုင်မယ်လို့တော့ ကျမတို့အနေနှင့် ပြောချင်ပါတယ်။ ဒါပေမယ့် တာဝန်အရှိဆုံးကတော့ လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရဖြစ်တယ်ပေါ့နော်။ ဒါပေမယ့်လည်းပဲ အခုနလိုမျိုး တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေမှလည်း ကလေးစစ်သားတွေကို အသုံးပြုထားတာမျိုးရှိတယ်ဆိုရင် သူတို့အနေနှင့် ဒါအမြန်ပေါ့လေ ဒီကိစ္စမျိုးတွေ မဖြစ်သင့်ဘူး။ ဒါကို ဝိုင်းဝန်းတိုက်ဖျက်ရမယ်။ အပြစ်ပေးအရေးယူမှုတွေ လုပ်ဆောင်ရမယ်။ ဒီတာဝန်ယူမှု၊ တာဝန်ခံမှုတွေကတော့ ရှိရမယ်ဆိုတာကို ကျမတို့ နည်းနည်းထောက်ပြချင်ပါတယ်။ ဦးကျော်ဇံသာ။ ။ ဆိုတော့ နောက်တစ်ခုက ကျနော်တို့ဆီက ကလေးစစ်သားစုဆောင်းခံရတဲ့ ကလေးတွေဟာ များသောအားဖြင့် သိပ်ဆင်းရဲနွမ်းပါးတယ်။ စားဝတ်နေရေး မဖူးလုံနိုင်တဲ့ကလေးတွေ၊ ပညာရေးကိုလည်း ကောင်းကောင်းမွန်မွန် သင်ယူခွင့် မရရှာတဲ့ ကလေးတွေဖြစ်ပါတယ်။ ဆိုတော့ အဲ့လိုကလေးတွေ ပပျောက်ရေးအတွက် နိုင်ငံတကာရဲ့ ကူညီမှုတွေကကော ဘယ်လောက် ထိထိရောက်ရောက် ဖြစ်လာနိုင်ပါသလဲ။ နောက် မတင်တင်ညိုကိုလည်း ကျနော်မေးချင်ပါတယ်။ ကိုမင်းလွင် အဲ့လို နိုင်ငံတကာမှာ ဒီလို နိုင်ငံတကာအဖွဲ့အစည်းတွေ ဒီအလှူရှင်တွေက ကလေးတွေရဲ့ ဘဝသာယာစိုပြည်ရေး လုံခြုံရေးအတွက် ပံ့ပိုးထားတဲ့ဟာတွေကော ရှိပါသလား။ ဦးမင်းလွင်ဦး။ ။ UNICEF ကနေပြီးတော့ ဒီကလေးသူငယ်၊ ဒီ လမ်းဘေးရောက်သွားပြီးတော့ ဘဝမျိုးစုံ ကျင်လည်ရတဲ့အဆင့်ကို ခုနစ်ဆင့် သတ်မှတ်ပြီးတော့ သူတို့ သုတေသနလုပ်ထားတဲ့ ဥစ္စာတွေရှိပါတယ်။ အဲ့ဒီတော့ ဒီနိုင်ငံတကာအဖွဲ့စည်းတွေကလည်း တက်နိုင်သလောက် အဖက်ဖက်ကနေပြီးတော့ ဝိုင်းဝန်း ပံ့ပိုးချင်သော်လည်း ကျနော်တို့ တိုင်းပြည်အုပ်ချုပ်တဲ့ အစိုးရကိုယ်တိုင်က ပူးပေါင်းပါဝင်ရမယ်။ နောက်ပြီးတော့ ဒီလိုမျိုးလုပ်ဆောင်တဲ့ လုပ်ဆောင်ချက်တွေကို ခွင့်ပြုပေးရမယ်။ အကြမ်းဖျဉ်းပြောရရင်ဗျာ လမ်းဘေးရောက်နေတဲ့ စာမသင်နိုင်တဲ့ ကလေးတွေကို စာသင်နိုင်ဖို့အတွက် အခွင့်အရေးဖန်တီးပေးတဲ့ ဘုန်းကြီးကျောင်းသော်လည်းကောင်း၊ အခမဲ့ ပညာသင်ကြားရေး ကျောင်းကိုသော်လည်းကောင်း ဖွင့်ရင်ဖွင့်ခွင့်ပြုဖို့အတွက် အစိုးရက အားပေးအားမြှောက် လုပ်ပေးရမယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ ယခင်က အဲ့ဒီလိုမျိုး မဖြစ်ခဲ့ဘူး။ စစ်အစိုးရလက်ထက်မှာ ကလေးသူငယ်တွေကို စာသင်ပေးမယ်ဆိုရင် အဲ့ဒီစာသင်ပေးတဲ့သူက ပြသနာအရှာခံရပြီးတော့ ထောင်ကျမယ့်ကိန်းဆိုက်တဲ့ အခြေအနေတွေ ထိရောက်ခဲ့တာကို ကျနော်တို့တွေ့ရတယ်။ ဒါကြောင့် အုပ်စိုးသူအစို့ရကနေပြီးတော့ ဒီလိုမျိုးနိုင်ငံတကာက ကူညီချင်တဲ့ကိစ္စရပ်တွေကို ဝမ်းပန်းတသာကြိုဆိုရမယ်။ ပံ့ပိုးကူညီမှုတွေ လုပ်ရမယ်။ လုပ်နိုင်မယ့် အခွင့်အလမ်းတွေကို ဖန်တီးဖို့အတွက် လုပ်ပေးရမယ်။ ဒါမှလည်းပဲ ကျနော်တို့ ဒီကလေးတွေရဲ့ အနာဂတ်လှပလာမယ့် အခြေအနေမျိုးကို ဖန်တီးနိုင်မှာ ဖြစ်တယ်။ အခုအစိုးရလက်ထက်မှာ တော်တော်များများ လမ်းတွေဖွင့်ပေးတယ်။ ဆောင်ရွက်မှုတွေ ခွင့်ပြုလာတယ်ဆိုတာ ကျနော်တို့ တွေ့ရတယ်။ ဒါတွေကို ကျနော်တို့ ကြိုဆိုတယ်။ ဒီလိုမျိုး အဖက်ဖက်ကနေ ကူညီပံ့ပိုးပေးမယ့် အဖွဲ့တွေကို ပိုပြီးတော့ လမ်းဖွင့်ဆောင်ရွက်ပေးဖို့လိုတယ်။ ကူညီဆောင်ရွက်ပေးမယ့် အဖွဲ့အစည်းတွေကလည်း ပွင့်လင်းမြင်သာတဲ့ ဆောင်ရွက်မှုတွေနှင့် ချဉ်းကပ်ဆောင်ရွက်ဖို့လိုတယ်လို့ပဲ ကျနော်အနေနှင့် ပြောချင်ပါတယ်ခင်ဗျာ။ ဦးကျော်ဇံသာ။ ။ အစိုးရနှင့်လက်နက်ကိုင် တိုက်နေတဲ့ တိုင်းရင်းသားအင်အားစုတွေ၊ လက်နက်ကိုင်အင်အားစုတွေဘက်ကိုလည်း ကြည့်ပါဦး မတင်တင်ညို။ အဲဒီဘက်မှာရောက်နေတဲ့ ကလေးစစ်သားတွေကို တိုင်းရင်းတွေလက်နက်ကိုင်တွေရဲ့ လက်ကဆွဲထုတ်ပြီးတော့ သူတို့ဘဝကို ထူထောင်ပေးမယ်ဆိုတဲ့ နိုင်ငံအဖွဲ့အစည်းမျိုးကော မရှိဘူးလား။ ရှိရင်ကော ဒီတိုင်းရင်းသားအဖွဲ့အစည်းတေအနေနဲ့ လက်ခံနိုင်တဲ့ အခြေအနေ ရှိပါသလား။ မတင်တင်ညို။ ။ ကျမအမြင်ကို ပြောရမယ်ဆိုလို့ရှိရင်တော့ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်းပဲ သူတို့ကတော့ ဘယ်ဖက်အခြမ်းမှာ ရှိနေတဲ့ ကလေးစစ်သားရယ်လို့ သတ်မှတ်မှာတော့ မဟုတ်ဘူးပေါ့နော်။ တကယ့်တကယ် ကူညီခွင့်ရမယ်ဆိုလို့ရှိရင် သူတို့ကလည်း ကူညီဖို့ အစီအစဉ်မျိုးရှိတယ် ဆိုလို့ရှိရင် သူတို့ကတော့ အကုန်လုံးကို ကူညီမှာပေါ့နော်။ ပြီးတော့ နောက်တစ်ခုက ကျမအနေနှင့် ယုံကြည်နေတာတစ်ခုက အခုနလို ဒီလက်နက်ကိုင်တိုင်ရင်းသား အင်အားစုတွေကလည်းပဲ သူတို့မှာရှိနေတဲ့ ကလေးစစ်သားတွေကို အခုနကလိုမျိုး သူတို့ဘဝကို တိုးတက်ဖို့အတွက် အစစအရာရာ တဖက်ကနေ တာဝန်ယူပြီး လုပ်ဆောင်ပေးမယ် ဆိုလို့ရှိရင် သူတို့အနေနှင့် ငြင်းမယ်လို့ မထင်ထားဘူးပေါ့နော်။ ကျမအနေနှင့် တစ်ခုပြောချင်တာကတော့ အရင် ကလေးစစ်သားဟောင်းတွေကောပေါ့နော် သူတို့တွေကိုလည်း ပြန်ပြီးတော့မှ ပြုစုပျိုးထောင်တဲ့ဟာတွေမှာကြတော့ ကိုယ့်တပ်မှာရှိတယ့် ကလေးကမှ ကိုယ်တာဝန်ရှိတယ် မဟုတ်ဘဲနဲ့ပေါ့လေ တာဝန်ယူထားတဲ့ အစိုးရအနေနှင့်ပေါ့လေ အခုလိုမျိုး လုပ်ဆောင်မယ်ဆိုလို့ရှိရင် အားလုံးကို တာဝန်ယူပြီးတော့ လုပ်ဆောင်တာကောင်းတယ်။ ဒီကလေးတွေကို တကယ်ပဲ စိတ်ဓါတ်ပိုင်းဆိုင်ရာအရရော၊ သူတို့ဘဝ ဆက်လက်ရပ်တည်နိုင်ဖို့အတွက်ပါ လုပ်ပေးရမယ့်ပုံစံမျိုးလို့ ကျမအနေနှင့် မြင်ပါတယ်။ ဦးကျော်ဇံသာ။ ။ မတင်တင်ညို ကို ကျနော်ဆက်မေးချင်တာက မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ်အနေနှင့် ဒီကလေးတွေ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို လုပ်ဆောင်နေတယ်။ အခု အစိုးရကလည်း ကုလသမဂ္ဂနှင့် ဒီလိုပူးပေါင်းဆောင်ရွက်ပါ့မယ်လို့ လုပ်လာတော့ မတင်တင်ညိုတို့အနေနှင့်ကော မြန်မာနိုင်ငံအစိုးရနှင့် ပူးပေါင်းပြီးတော့ ဒီကိစ္စတိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့ ပါဝင်ဆောင်ရွက်ဖို့ အစီအစဉ်မရှိဘူးလား ခင်ဗျာ။ မတင်တင်ညို။ ။ ကျမတို့ကတော့ တတတ်တအား နှင့် ဝင်ရောက်ပူးပေါင်း လုပ်ကိုင်ချင်တဲ့ဆန္ဒ ရှိပါတယ်။ တကယ်လည်း ဖြစ်သင့်တယ်ပေါ့နော်။ နောက် အစိုးရတွေရဲ့ ဆုံးဖြတ်ချက်က အင်မတန်မှ ကောင်းတယ်လို့ ကျမတို့ ပြောချင်တာပေါ့နော်။ အရေးကြီးတာက လက်တွေ့မှာ တကယ် အကောင်ထည်ဖော်ဖို့၊ တကယ်ပဲ စိတ်လိုက်မာန်ပါ လိုက်လုပ်ဖို့ပဲ အရေးကြီးတယ်လို့ ကျမတို့အနေနှင့်က ထောက်ပြချင်တာပါ။ ဦးကျော်ဇံသာ။ ။ ကိုမင်းလွင်ကိုကျနော်နောက်ဆုံးမေးချင်တာက အခုရက်ပိုင်းအတွင်းမှာ တချိန်တုန်းက Congo မှာ ကလေးစစ်သားစုဆောင်း တိုက်ခဲ့တဲ့ စစ်ခေါင်းဆောင် warlord စစ်သားတစ်ယောက်ကို ICC အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာခုံရုံးက ထောင်ဒဏ်ချမှတ် လိုက်ပါတယ်။ ပထမဦးဆုံးက ဒီကိစ္စနှင့် ပတ်သက်ပြီးတော့ အပြည်ပြည်ဆိုင်ရာ ခုံရုံးတစ်ခုကနေပြီးတော့ ပြစ်ဒဏ်ချမှတ်တာ ဖြစ်ပါတယ်။ ဒီပြစ်ဒဏ်ချမှတ်မှုဟာ မြန်မာနိုင်ငံလို ကလေးစစ်သားစုဆောင်းမှု အသုံးပြုမှု ကျူးလွန်မှုရှိခဲ့တဲ့နိုင်ငံ အပေါ်မှာ ဘယ်လိုမျိုးရိုက်ခက်မှုရှိမယ်လို့ ထင်ပါသလဲခင်ဗျာ။ ဦးမင်းလွင်ဦး။ ။ ဟာ အများကြီး ရှိတာပေါ့ဗျာ။ ကျနော်တို့ မြန်မာနိုင်ငံမှာ နောက်ပိုင်းတွေမှာ ကလေးစစ်သားတွေ အသုံးပြုမှုရပ်စဲသွားဖို့အတွက်က ဒါက အဓိကကျတယ်။ ဦးကျော်ဇံသာ။ ။ အဲ့ဒီတော့ မြန်မာနိုင်ငံ အရင်ကလေးစစ်သားစုဆောင်းပြီးတော့အသုံးပြုခဲ့တဲ့ အမှုကိစ္စတွေကော နိုင်ငံတခွင်က လွတ်မြောက်မလား။ ဦးမင်းလွင်ဦး။ ။ အဲ့ကိစ္စကတော့ ကျနော်တို့ အခု ဒီနေ့ ကျနော်တို့ သိရတဲ့ ထောင်ဒဏ် (၁၄) နှစ်အပြစ်ပေးခြင်း ခံရတဲ့လူကတော့ သူကိုယ်တိုင်ကိုက ကလေးစစ်သားတွေကို စုဆောင်းဖို့ အမိန့်ပေးတယ်။ စစ်ပွဲတွေကို စေလွှတ်တယ်။ စီမံခန့်ခွဲ အုပ်ချုပ်တယ်ဆိုတဲ့ ကိစ္စရပ်တွေနှင့် ပတ်သက်ပြီးတော့ အရေးယူခြင်းခံရတာပါ။ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာတော့ အဲဒီလို မဟုတ်ဘဲနှင့် တစ်ဦးတစ်ယောက် အထက်က ညွှန်းကြားတယ်ဆိုပေမယ့် အဲဒီအထက်က ဘယ်သူမှန်း မသိတာက ပြသနာဖြစ်တယ်။ နောက်တခါ အရေးယူမယ်ဆိုလို့ရှိရင်လည်း ကျနော်တို့ လာရောင်းတဲ့သူကော၊ လက်ခံတဲ့သူကော နှစ်ဦးလုံးကို အရေးယူရမှာ ဖြစ်တယ်။ အဲ့ဒီတော့ လက်ရှိအခြေအနေမှာ အဲ့ဒီလို အရေးယူတာ မဟုတ်ဘဲနဲ့ လာရောင်းတဲ့ သူကိုတော့ ကလေးမိဘထံက ခိုးယူတယ်ဆိုတဲ့ လူခိုးမှုနှင့် အရေးယူလိုက်တယ်။ ဝယ်တယ်ဆိုတဲ့ စစ်တပ်က စစ်ဗိုလ်တွေ၊ အရာခံဗိုလ်တွေ၊ ဗိုလ်ကြီးတွေက ဒီအမှုကနေ ကင်းလွှတ်နေတယ်။ အဲ့ဒီလိုမျိုး မဖြစ်အောင် တပ်မတော်ကိုယ်တိုင်ကိုက တိတိကျကျနှင့် အရေးယူဖို့လိုတယ်။ အရေးယူတယ်လို့တော့ သူတို့က ဆိုပါတယ်။ အဲ့ဒီတော့ တစ်နှစ်မှာ (၆၀) တခါတလေ (၁၂၀) အရေးယူမှုတွေ ရှိတယ်ဆိုတာကို ရံဖန်ရံခါ သတင်းစာမှာ ဖော်ပြတာကို ကျနော်တို့ တွေ့ရပါတယ်။
<urn:uuid:49d89d40-1a09-44f0-adc2-b88d07341b59>
CC-MAIN-2013-48
http://www.voafanti.com/gate/big5/burmese.voanews.com/content/news-analysis-07-11-2012-162148445/1417217.html
2013-12-10T16:34:29Z
s3://commoncrawl/crawl-data/CC-MAIN-2013-48/segments/1386164022208/warc/CC-MAIN-20131204133342-00030-ip-10-33-133-15.ec2.internal.warc.gz
mya
0.869213
Mymr
30
{"mya_Mymr_score": 0.8692126870155334, "blk_Mymr_score": 0.1269053965806961}
1ရှောလမုန်မင်းကြီးသည် ဣသရေလနိုင်ငံလုံးကို စိုးစံလျက် နေတော်မူ၏။ 2မှူးတော်မတ်တော်ဟူမူကား၊ ယဇ်ပုရောဟိတ် ဇာဒုတ်သားအာဇရိ၊ 3ရှိရှသားဧလိဟောရပ်နှင့် အဟိယတို့သည် စာရေးတော်ကြီးဖြစ်၏။ အဟိလုပ်သား ယောရှဖတ်သည် အတွင်းဝန်ဖြစ်၏။ 4ယောယဒသား ဗေနာယသည် ဗိုလ်ချုပ်မင်း ဖြစ်၏။ ဇာဒုတ်နှင့် အဗျာသာတို့သည် ယဇ်ပုရောဟိတ် ဖြစ်၏။ 5နာသန်သားအာဇရိသည် ဝန်စာရေးအုပ်ဖြစ် ၏။ နာသန်သားဇာဗုဒ်သည် မင်းသားအရာနှင့် တိုင်ပင် မတ်ဖြစ်၏။ 6အဟိရှာသည် နန်းတော်အုပ်ဖြစ်၏။ အာဗဿားအဒေါနိရံသည် အခွန်တော်ဝန်ဖြစ်၏။ 7ရှောလမုန်သည် ဣသရေလနိုင်ငံအရပ်ရပ်၌ ခန့်ထားသော ဝန်စာရေးတကျိပ်နှစ်ယောက်တို့သည် တယောက်တလစီ ရှင်ဘုရင်နှင့်နန်းတော်သားတို့ အဘို့ စားစရာကို ပြင်ဆင်ရကြ၏။ 8သူတို့အမည်ဟူမူကား၊ ဧဖရိမ်တောင်ရပ်မှာ ဟုရ၏သား၊ 9မာကတ်မြို့၊ ရှာလဗိမ်မြို့၊ ဗက်ရှေမက်မြို့၊ ဧလုမ္ဘေသနန်မြို့မှာ ဒေကာ၏သား၊ 10စောခေါမြို့၊ ဟေဖာပြည်လုံးနှင့်တကွ အရုဗုတ် မြို့မှာ ဟေသက်၏သား၊ 11ဒေါရပြည်လုံးကိုစီရင်သောသူ ရှောလမုန်၏ သမီးတော်တာဖတ် နှင့်စုံဘက်သော အဘိနဒပ်၏သား၊ 12တာနက်မြို့၊ မေဂိဒ္ဒေါမြို့နှင့် တကွဗက်ရှန်မြို့မှ အာဗေလမဟောလမြို့တိုင်အောင်မက၊ ယုတ်နန်မြို့ အလွန်၊ ယေဇရေလမြို့ အောက်ဇာတနမြို့နှင့်နီးစပ် သော ဗက်ရှန်မြို့နယ်လုံးကို စီရင်သော အဟိလုပ်၏သား ဗာန၊ 13ဂိလဒ်ပြည်၌ မနာရှေ၏သားယာ ဣရပိုင်သော မြို့များ၊ ဗာရှန်ပြည်၊ အာဂေါဘအရပ်၌မြို့ရိုး၊ ကြေးဝါ တံခါးကျင်နှင့်ပြည့်စုံသော မြို့ကြီးခြောက်ဆယ်ကို စီရင် သော ဂိလဒ်ပြည်ရာမုတ်မြို့မှ ဂေဗာ၏သား၊ 14မဟာနိမ်မြို့မှာ ဣဒေါ၏သားအဟိနဒပ်၊ 15နဿလိခရိုင်ကိုစီရင်သောသူ၊ ရှောလမုန်၏ သမီးတော် ဗာသမတ်နှင့်စုံဘက်သောအဟိမတ်၊ 16အာရှာခရိုင်နှင့် အာလုပ်မြို့မှာ ဟုရှဲ၏သား ဗာနာ၊ 17ဣသခါခရိုင်မှာပါရွာ၏သားယောရှဖတ်၊ 18ဗင်္ယာမိန်ခရိုင်မှာ ဧလာ၏သားရှိမိ၊ 19အာမောရိရှင်ဘုရင်ရှိဟုန်၏နိုင်ငံ၊ ဗာရှန် ရှင်ဘုရင်ဩဃ၏နိုင်ငံ၊ ဂိလဒ်ပြည်မှာအခြားသောမင်း မရှိ။ တပါးတည်းစီရင်သော ဥရိ၏သားဂေဗတည်း။ 20ထိုကာလ၌၊ ယုဒအမျိုးနှင့် ဣသရေလ အမျိုးသားတို့သည် အရေအတွက်အားဖြင့် သမုဒ္ဒရာ သဲလုံးနှင့်အမျှများပြား၍ စားသောက်ပျော်မွေ့လျက် နေကြ၏။ 21ရှောလမုန်သည်လည်း မြစ်ကြီးမှ စ၍ဖိလိတ္တိ ပြည်၊ အဲဂုတ္တုပြည်တိုင်အောင် တိုင်းနိုင်ငံလုံးကို အစိုးရ သဖြင့်၊ အရပ်ရပ်သားတို့သည် လက်ဆောင်ပဏ္ဏာတို့ကို ဆက်၍၊ ရှောလမုန်လက်ထက်ကာလပတ်လုံး မင်းမှုကို ဆောင်ရွက်ရကြ၏။ 22တနေ့တနေ့လျှင် နန်းတော်၌ ကုန်သောရိက္ခာ ဟူမူကား၊ ဂျုံမုန့်ညက်ကောရသုံးဆယ်၊ မုယော မုန့်ညက်ကောရခြောက်ဆယ်၊ 23ဆူဖြိုးအောင်ကျွေးသောနွားတဆယ်၊ ကျက်စား ရာထဲက နွားနှစ်ဆယ်၊ ဆတ်သမင်ဒရယ်အမျိုးမျိုးကို မဆိုဘဲသိုးတရာ၊ ဆူဖြိုးအောင် ကျွေးသောငှက်မျိုး တည်း။ 24ရှောလမုန်သည် မြစ်ကြီးအနောက်ဘက်၊ တိဖသမြို့မှအဇ္ဇာမြို့တိုင်အောင် ရှင်ဘုရင်အပေါင်းတို့ကို အစိုးရသဖြင့် ပတ်ဝန်းကျင်အရပ်တို့၌ စစ်မှုစစ်ရေးမရှိ။ 25လက်ထက်တော်ကာလပတ်လုံး၊ ယုဒအမျိုးနှင့် ဣသရေလအမျိုးသားတို့သည်ဒန်မြို့မှစ၍ ဗေရရှေဘမြို့ တိုင်အောင် အသီးအသီးမိမိစပျစ်ပင်၊ မိမိသင်္ဘောသဖန်း ပင်အောက်မှာ ငြိမ်ဝပ်စွာ နေရကြ၏။ 26ရှောလမုန်သည်လည်း၊ ရထားတော်များနှင့် ဆိုင်သော မြင်းတင်းကုပ်လေးထောင်၊ မြင်းစီးသူရဲ တသောင်းနှစ်ထောင်ရှိ၏။ 27ဝန်စာရေးတို့သည်လည်း ရှောလမုန်မင်းကြီးနှင့် စားပွဲတော်သို့ ဝင်သောသူအပေါင်းတို့အဘို့ တယောက် တလစီစုံလင်စွာ ပြင်ဆင်ရကြ ၏။ 28မုယောစပါးကို၎င်း၊ မြင်းတော်များ၊ လားတော် များဘို့ မြက်ခြောက်ကို၎င်း၊ အလှည့်သင့်သည်အတိုင်း နေရာအရပ်သို့ ဆောင်ခဲ့ရကြ၏။ 29ဘုရားသခင်သည် များစွာသော ဥာဏ်ပညာကို ၎င်း၊ သမုဒ္ဒရာသဲလုံးနှင့်အမျှ ကျယ်ဝန်းသော နှလုံးကို၎င်း ပေးတော်မူသည်ဖြစ်၍၊ 30ပညာတော်သည် အရှေ့ပြည်သားပညာနှင့် အဲဂုတ္တုပြည်သား ပညာကို လွန်ကဲ၏။ 31ရှောလမုန်သည် ဧဇရဟိတ်အမျိုးဧသန်၊ မဟောလသားဟေမန်၊ ခါလကောလ၊ ဒါရဒအစရှိသော လူအပေါင်းတို့ထက်သာ၍ ပညာရှိသဖြင့်၊ ခပ်သိမ်းသော တိုင်းနိုင်ငံအရပ်ရပ်၌ ကျော်စောလေ၏။ 32စီရင်တော်မူသော သုတ္တံစကားသုံးထောင်နှင့် သီချင်းတထောင် ငါးခုရှိ၏။ 33လေဗနုန်အာရဇ်ပင်မှစ၍ အုတ်ရိုးနားမှာ ပေါက်တတ်သောဟုဿုပ်ပင်တိုင်အောင် မြွက်ဆို၏။ သားမျိုး၊ ငှက်မျိုး၊ ပိုးကောင်မျိုး၊ ငါးမျိုးတို့၏ အကြောင်းကိုလည်း မြွက်ဆို၏။ 34ရှောလမုန်မင်း၏ ပညာသိတင်းကို ကြားသော ရှင်ဘုရင်အမျိုးမျိုးစေလွှတ်သော သူတို့သည် ပညာစကား တော်ကို နားထောင်ခြင်းငှါ လာကြ၏။ 1 Kings 4
<urn:uuid:eec5d951-273d-4787-a84c-a702cdf21d40>
CC-MAIN-2013-48
http://www.bible.is/MYAOJV/1Kgs/4
2013-12-05T01:28:00Z
s3://commoncrawl/crawl-data/CC-MAIN-2013-48/segments/1386163037952/warc/CC-MAIN-20131204131717-00089-ip-10-33-133-15.ec2.internal.warc.gz
mya
0.99616
Mymr
33
{"mya_Mymr_score": 0.9961601495742798}
ရေဒီယို သတ္တိကြွခြင်း ရေဒီယေးရှင်း[ပြင်ဆင်ရန်] ရှေးက ကျွန်ုပ်တို့သည် အလင်း၏ရောင်ခြည် ဖြာထွက်ပုံ တစ်ခုတည်းကိုသာ တွေ့ရသောကြောင့် မျက်စိဖြင့် မြင်ရသော အလင်းရောင်တစ်ခုတည်းသာလျှင် ရောင်ခြည်အဖြစ် ရှိသည်ဟု ထင်မိခဲ့ကြသည်။ သို့ရာတွင် မျက်စိဖြင့် မြင်နိုင်သော အလင်း အပြင်၊ မျက်စိဖြင့် မမြင်ရသော်လည်း အလင်းနည်းတူ ဖြစ်ပေါ် ရာနေရာမှ ပတ်ဝန်းကျင်သို့ ဖြာထွက်တတ်သော အခြားရောင် ခြည်များ တသီတတန်းကြီးရှိသေးကြောင်းကို သိပ္ပံပညာရှင်ကြီး အသီးသီးတို့၏ ကြိုးစားမှုကြောင့် ယခုအခါ တွေ့ရှိလာလေပြီ။ ထိုရောင်ခြည်များမှာ ဝိုင်ယာလက်၊ အပူ၊ ခရမ်းဘေးရောင်ခြည်၊ အိပ်စရေး၊ ဂမ်မာ၊ ကော့စမစ် စသောရောင်ခြည်များပင်တည်း။ ရေဒီယေးရှင်းဆိုသည်မှာ ထိုရောင်ခြည်များ ဖြာထွက်ခြင်းကို ဆိုလိုသည်။ ၁၈ဝဝ ပြည့်နှစ်တွင် ဆာဝီလျံဟာရှယ်သည် အလင်း၏ ရောင်စဉ်၌ အနီရောင်ရှိသည့် အစွန်းဘက်တွင် ခရမ်းရောင် ရှိသည့် အစွန်းဘက်မှာထက် အပူချိန်ပို၍ များပြီးလျှင် အနီ အောက်ရောင်ခြည်ဘက်၌သာ၍ပင် အပူချိန် များသေးကြောင်း ကို လက်တွေ့ပြသခဲ့လေသည်။ ထိုလက်တွေ့ပြသမှုက မျက်စိ ဖြင့် မြင်နိုင်သည့် ရောင်စဉ်အပြင်ဘက်၌ ရောင်ခြည်ဖြာထွက်မှု ရှိကြောင်းကို ဖော်ပြသည်။ ထိုနောက် နှစ်နှစ်ခန့်ကြာသောအခါ ရောင်စဉ်တွင် ခရမ်းဘေးရောင်ခြည်ဘက်၌လည်း အလားတူ မျက်စိဖြင့် မမြင်ရသော ရောင်ခြည်တစ်မျိုး ရှိသေး၍ ထိုရောင် ခြည်သည် မျက်စိဖြင့် မြင်ရသော ခရမ်းရောင်အလင်းထက်ပင် ပို၍ ဆီလဗာကလိုရိုက်အပေါ်တွင် သတ္တိပြမှု အားကြီးသေး သည်ကို အခြားသိပ္ပံပညာရှင်ကြီးများက တွေ့ရပြန်လေသည်။ သိပ္ပံပညာတွင် အထက်ပါ ခရမ်းဘေးရောင်ခြည်ကို အာလတြာဗိုင်အိုလက်ရောင်ခြည်ဟူ၍၎င်း၊ အနီ အောက်ရောင် ခြည်ကို အင်ဖရာရက် ရောင်ခြည်ဟူ၍၎င်း ခေါ်ကြသည်။ ၁၈၇၃ ခုနှစ်တွင် သင်္ချာနှင့် ရူပဗေဒပညာရှင်ကြီးတစ်ဦး ဖြစ်သော ဂျိမ်းကလပ်မက်ဆွဲသည် လျှပ်စစ်ဓာတ်နှင့် သံလိုက် ဓာတ်ခေါ် ကျမ်းတစ်စောင်ကို ရေးသားထုတ်ဝေကာ လျှပ်စစ် ဓာတ်၊ သံလိုက်ဓာတ်တို့နှင့် သက်ဆိုင်သော သီအိုရီများကို ဖော်ထုတ်လိုက်လေသည်။ ထိုကျမ်းတွင် လျှပ်စစ်ဓာတ်နှင့် သံလိုက်ဓာတ်တို့သည် လှိုင်းများအဖြစ်ဖြင့် ဘာမျှမရှိဟု ထင်ရ သော အာကာသကို မည်ကဲ့သို့ ဖြတ်သန်းကြပုံ၊ အဆိုပါ လှိုင်း အမျိုးမျိုးနှင့်သက်ဆိုင်သောကိစ္စများကို သင်္ချာနည်းနှင့် တွက်ယူ နိုင်ပုံ၊ လျှပ်စစ်လှိုvittuင်းတို့၏ အသွားနှုန်းနှင့် အလင်းလှိုင်း၏ အသွားနှုန်းတို့ တူညီပုံတို့ကို ရှင်းပြထားလေသည်။ တစ်ဖန် လျှပ်စစ်လှိုင်းနှင့် အလင်းmitäလှိုင်းတို့ထက် 'တုန်ကြိမ် (တစ်စက္ကန့် တွင် တုန်လှုပ်သည့်အကြိမ်ပေါင်း)နည်း၍၊ 'လှိုင်းအလျား' (လှိုင်းထပ်တစ်ခုနှင့် တစ်ခုအကွာPASKAAအဝေး) ရှည်သည့်လှိုင်းမျိုး ရှိမည်ဆိုပါက ထိုလှိုင်းတို့သည် ခရီးဝေးသို့ ဖြတ်သန်းကာ လျှပ်စစ်ဓာတ်တန်ခိုးကို သက်ရောက်စေလိမ့်မည် ဟူ၍လည်း မက်ဆွဲက ကြိုတင်၍ ဟောကိန်းထုတ်ခဲ့လေသည်။ အထက်ပါ ယူဆချက်မှာ မက်ဆွဲမသေမီက ခန့်မှန်း ရမ်းဆပြီး ပြောဆိုခဲ့သော အချက်များသာ ဖြစ်သော်လည်း နောင်သော် သူမှန်းဆခဲ့သည့်အတိုင်း မှန်ကန်နေသည့်အတွက် ထိုအယူအဆကို သိပ္ပံသမိုင်းတွင် အမှန်ဆုံး မှန်းဆချက်ဟူ၍ပင် တစ်ခါတစ်ရံ ပြောဆိုကြလေသည်။၁၈၈၆ ခုနှစ်မှ ၁၈၈၈ ခုနှစ် အကြားတွင် ဟိုင်းနရစ်ဟက်ဇဆိုသူသည် မက်ဆွဲမှန်းဆခဲ့သည့် လျှပ်စစ်၏ တန်ခိုးသက်ရောက်မှုများကို ပထမ စတင်၍ တွေ့ရှိ လေသည်။ ဟက်ဇ၏လှိုင်းများကို အခြေပြု၍ အခြားသိပ္ပံပညာရှင်ကြီး များသည် ဝိုင်ယာလက်အထိ တိုးတက် ဖြစ်မြောက်လာအောင် ကြံစည်ဖန်တီးနိုင်ခဲ့ကြပေသည်။ သို့သော် သိပ္ပံပညာ၏ အဓိက အောင်မြင်မှုမှာ ဝိုင်ယာလက် မဟုတ်ပေ။ လျှပ်စစ်သံလိုက် ရောင်စဉ်အဖြစ်ဖြင့် ရောင်ခြည်လှိုင်းများ တသီတသန်းကြီး ရှိသည့်အချက်ကို တွေ့ရှိလာခြင်းသည်သာလျှင် အဓိက အောင် မြင်မှုကြီး ဖြစ်လေသည်။ ရောင်ခြည်များ ဖြာထွက်ခြင်း ကိစ္စတွင် လှိုင်းအလျား အလွန့်အလွန်တိုသော လျှပ်စစ်သံလိုက်လှိုင်းများသည် အလင်း ကို ဖြစ်ပေါ်စေသည်ဟု သိပ္ပံပညာရှင်ကြီးများက ယုံကြည်ထား ပြီး ဖြစ်သည်။ ထိုနောက် ဟက်ဇ တွေ့ရှိသော လှိုင်းအလျား မိုင်ပေါင်းများစွာ ရှည်သည့်လှိုင်းများနှင့် မာကိုနီတွေ့ရှိသော လှိုင်းအလျား မိုင်ပေါင်းများစွာ ရှည်သည့်လှိုင်းများသည် ဝိုင်ယာလက်လှိုင်းများ ဖြစ်ကြောင်းကို တစ်ဖန် သိလာကြပြန် သည်။ ထိုသို့ဖြစ်လျှင် အဆိုပါ လှိုင်းတိုနှင့် လှိုင်းရှည်တို့၏ စပ်ကြားတွင် မည်သည့်လှိုင်းမျိုး ရှိရမည်နည်း။ ဤအချက်ကို သိပ္ပံပညာရှင်ကြီးများက စိတ်ဝင်စားစွာ လေ့လာကြလေသည်။ အဆိုပါ စပ်ကြားတွင်ရှိသော လှိုင်းများကား အခြားမဟုတ်၊ အနီအောက်ရောင်ခြည်ခေါ် အပူလှိုင်းများပင် ဖြစ်သည်။ ထိုနောက်တစ်ဖန် အိပ်စရေး၊ ဂမ်မာရေး၊ ကော့စမစ်ရေးဟု ဆိုအပ်သော ရောင်ခြည်တို့တွင် အလင်းလှိုင်းထက်ပင် လှိုင်းအလျား တိုသေးသည့် လှိုင်းများ ရှိသေးကြောင်းကို တွေ့လာကြပြန်သည်။ အဆိုပါ လှိုင်းအားလုံးသည် လှိုင်းအလျားအတိုအရှည်နှင့် တန်ခိုးသက်ရောက်ပုံချင်းသာ ကွဲပြားကြသည်။ ထိုလှိုင်းအားလုံး သည် အာကာသအတွင်း၌ မက်ဆွဲပြောသကဲ့သို့ လျှပ်စစ် သံလိုက်လှိုင်းများအဖြစ်ဖြင့်သာ လှုပ်ရှားသွားလာကြသည်။ ထိုလှိုင်းများကို လှိုင်းအလျားအလိုက် အမျိုးအစားခွဲထား၍၊ ထိုလှိုင်းအားလုံး တသီတသန်းကြီး ပါဝင်သည့် အစီအစဉ် တစ်ခုလုံးကို လျှပ်စစ်သံလိုက်ရောင်စဉ်ဟူ၍ ခေါ်ကြလေသည်။ ပြာ၊ စိမ်း၊ ဝါ၊ နီ အစရှိသည်ဖြင့် မျက်စိဖြင့် မြင်နိုင်သော အလင်း၏ ရောင်စဉ်မှာ ထိုရောင်စဉ်၏ တစ်စိတ် တစ်ဒေသ မျှသာ ဖြစ်ပေသည်။ ၁၉ဝဝ ပြည့်နှစ်လွန်မြောက်၍ ၂ဝ ရာစုနှစ်အစဆီသို့ ရောက်သောအခါ၊ အဆိုပါ လှိုင်းအားလုံးတို့သည် ဒြဗ်မှန်သမျှ တို့တွင် ပါဝင်သော ပရိုတွန်နှင့် အီလက်ထရွန်တို့ လှုပ်ရှားမှု အပေါ်တွင် အခြေတည်ကြောင်းနှင့် ထိုအခြေခံလှုပ်ရှားမှုကို လိုက်၍ လှိုင်းအတိုအရှည် ကွဲပြားကြောင်းတို့ကို သိပ္ပံပညာရှင် ကြီးများက ယုံကြည်လာကြလေသည်။ တစ်ဖန် အဆိုပါ လှိုင်း အားလုံးတို့သည် တစ်စက္ကန့်လျှင် ၁၈၆၂၈၄ မိုင်နှုန်း တစ်မျိုး တစ်စားတည်းဖြင့် ရွေ့ရှားကြောင်းကိုလည်း တွက်ချက်တွေ့ရှိကြ ပြန်သည်။ လှိုင်းအလျား အရှည်ဆုံးအမျိုးမှအတိုဆုံးအမျိုးသို့ ကြီးစဉ် ငယ်လိုက် ဖော်ပြရလျှင် ဝိုင်ယာလက်(ရေဒီယို) လှိုင်းများ၊ အနီ အောက်ရောင်ခြည်လှိုင်းများ၊ ခရမ်းဘေးရောင်ခြည်လှိုင်းများ၊ အိပ်စရေးရောင်ခြည်လှိုင်းများနှင့် ကော့စမစ်ရောင်ခြည်လှိုင်းများ ဖြစ်လေသည်။ ထိုလှိုင်းများသည် တုန်ကြိမ်နည်းလျှင် လှိုင်း အလျား ရှည်၍၊ တုန်ကြိမ်များလျှင် လှိုင်းအလျား တိုစမြဲ ဖြစ်သည်။ တုန်ကြိမ်အနည်းဆုံး အစွန်းဘက်တွင် ကျရောက် သည့် လှိုင်းများသည် တစ်စက္ကန့်လျှင် တုန်လှုပ်သည့် အကြိမ် ပေါင်း ၁ဝဝ ပင် မပြည့်ဘဲ လှိုင်းအလျားမှာ ၄၅ မိုင်ထက်ပင် ပို၍ ရှည်လေသည်။ တုန်ကြိမ်အများဆုံး အစွန်းဘက်ရှိ လှိုင်း များ၏ တစ်စက္ကန့်အတွင်း တုန်ကြိမ်ပေါင်းမှာ တစ်သန်းကို တစ်သန်းနှင့် မြေ|ာက်၍ရသည့်ဂဏန်း (တစ်နောက် သုညပေါင်း ၂ဝ ရှိသည့်ကိန်းဂဏန်း) ဝင်ဆံ့နိုင်သည်အထိ တိုလေသည်။ လှိုင်းအလျား အရှည်ဆုံးအစားဖြစ်သည့် ဝိုင်ယာလက် (ရေဒီယို) လှိုင်းများတွင် မိုင်ပေါင်းများစွာ ရှည်လျားသော လှိုင်းများမှ တစ်မီလီမီတာ၏ ၁ဝ ပုံ တစ်ပုံအထိ တိုသော လှိုင်းများ ပါဝင်သည်။ ပင်လယ်သမုဒ္ဒရာအတွင်း၌ အလွန်ပြင်း ထန်သော လေတိုက်ခတ်မှုကြောင့် လှိုင်းအလျားရှည်သော လှိုင်းကြီးများ ဖြစ်ပေါ်လာကြသည့်နည်းတူ၊ ဤဝိုင်ယာလက် လှိုင်းများမှာလည်း အသံလွှင့်စက်အတွင်း အထူးစီမံထားသော ကိရိယာတွင် အလွန်တရာ များပြားသည့် အီလက်ထရန်တို့၏ လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာကြသည်။ ဒုတိယလှိုင်းအလျား အရှည်ဆုံးအမျိုးဖြစ်သော အနီ အောက် ရောင်ခြည်လှိုင်းများသည် ယင်းတို့နှင့် ထိတွေ့သော အရာဝတ္ထုများကို အပူဓာတ်ပေးကြသဖြင့် ထိုလှိုင်းတို့သည် အမှန်အားဖြင့် အပူလှိုင်းများ ဖြစ်ကြသည်။ကျွန်ုပ်တို့ စကြဝဠာ တစ်ခွင်လုံးက အားကိုးအားထားပြုနေရသည့် နေလုံးကြီးသည် အဆိုပါ အပူဓာတ်ဖြစ်ပေါ်ရာ အရာဝတ္ထုအတွင်းရှိ မော်လီကျူး များ၏ ပြင်းထန်စွာ လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာပြီးလျှင် ယင်းတို့နှင့် ထိတွေ့သည့် အရာဝတ္ထုများအတွင်းရှိ မော်လီကျူး များအားလည်း တိုး၍ လှုပ်ရှားထကြွစေခြင်းဖြင့် အပူဓာတ်ကို ဖြစ်ပေါ်စေသည်။ လှိုင်းအလျား အရှည်ဆုံးသော အနီအောက် ရောင်ခြည်သည် အတိုဆုံးသော ဝိုင်ယာလက်လှိုင်းနှင့် ဟပ်မိပြီး နောက် တဖြည်းဖြည်းတိုသွားသောအခါ အောက်ဘက်ရှိအလင်း လှိုင်းများနှင့် ဆက်၍ သွားလေသည်။ အနီအောက်ရောင်ခြည်လှိုင်းများထက် လှိုင်းအလျားတို သော နောက်လှိုင်းများမှာ မျက်စိဖြင့် မြင်နိုင်သည့် အလင်း လှိုင်းများ ဖြစ်သည်။ အလင်းလှိုင်းတို့၏ လှိုင်းအလျားမှာ တစ်လက်မကို အစိတ်ပေါင်းတစ်သန်း စိတ်၍ရသော သန်းစိတ် တစ်စိတ်၏ လေးပုံတစ်ပုံမှ ရှစ်ပုံ တစ်ပုံအထိ ရှိသည်။ထိုလှိုင်း တို့သည် အက်တမ်များအတွင်း၌ အီလက်ထရွန် လှည့်ပတ်သွား ရာ လမ်းကြောင်းများကို ကူးပြောင်းခြင်းကြောင့် ဖြစ်ပေါ်လာ ကြသည်ဟု ဆိုသည်။ အလင်းလှိုင်းအောက်တွင် ခရမ်းဘေးရောင်ခြည်လှိုင်းများ ရှိ၍၊ ထိုလှိုင်းတို့သည် ကျန်းမာရေးနှင့် စက်မှုလုပ်ငန်းများ အတွက် များစွာအသုံးကျ၏။ ထိုရောင်ခြည်၌ ရောဂါပိုးနှင့် ဗက်တီးရီးယားများကို သေစေနိုင်ခြင်း၊ ဗီတာမင်ဒီဓာတ်ကို ဖြစ်ထွန်းစေနိုင်ခြင်း၊ စက်မှုလုပ်ငန်းများတွင် ဓာတ်ဆေးအများ အပေါ်၌ ပြင်းထန်စွာ တန်ခိုးသက်ရောက် စေနိုင်ခြင်း၊ အချို့ သော အရာဝတ္ထုများကို ထိုရောင်ခြည်နှင့်ပြပြီးနောက် အမှောင် ထဲ၌ ထားလျှင် အရောင်ထွက်ပြီး လင်းစေနိုင်ခြင်း၊ စာချုပ် စာတမ်း၊ ငွေစက္ကူ၊ တံဆိပ်၊ ပန်းချီကား စသည်များကို အတု အစစ် ခွဲခြားနိုင်ခြင်း၊ ဖန်ရိုးရိုးကို မဖောက်ထွင်းနိုင်သော်လည်း ကျောက်သလင်းကို ဖောက်ထွင်းနိုင်ခြင်း စသော သတ္တိထူးများ ရှိလေသည်။ အထူးသဖြင့် ထိုရောင်ခြည်တွင် ချည့်နဲ့ပျော့ ပျောင်း နာမကျန်းသူများကို ကျန်းမာသန်စွမ်းစေနိုင်သည့် သတ္တိ ရှိသဖြင့် ယခုအခါ လူမမာကုရန် ခရမ်းဘေး ရောင်ခြည်ခေါ် နေရောင်ခြည်တုကို ထုတ်လွှတ်နိုင်သည့် ဓာတ်မီးအမျိုးမျိုးကို တီထွင်အသုံးပြုလျက် ရှိပေပြီ။ ခရမ်းဘေး ရောင်ခြည်နှင့် အိပ်စရေးရောင်ခြည် နှစ်မျိုးစလုံးပင် ပုံဖမ်းဓာတ်ပုံကော်ပြား အပေါ်၌ တန်ခိုးသက်ရောက်နိုင်ကြသည့်အတိုင်း ထိုရောင်ခြည် များဖြင့်လည်း ကျောက်သလင်းမှန်ဘီလူးတပ် ဓာတ်ပုံရိုက် ကိရိယာကို သုံးကာ ဓာတ်ပုံရိုက်ယူနိုင်ပေသည်။ လျှပ်စစ်သံလိုက်ရောင်စဉ်တွင် ခရမ်းဘေးရောင်ခြည်နှင့် အိပ်စရေးရောင်ခြည်တို့သည် ထက်အောက် ဆက်နေကြ၍၊ ခရမ်းဘေးရောင်ခြည်လှိုင်းများ၏ လှိုင်းအလျားသည် တစ်လက်မ၏ သန်းစိတ် တစ်စိတ်၏ ရှစ်ပုံတစ်ပုံမှ ၃၂ ပုံ တစ်ပုံထိ ရှိကြသည်။ အိပ်စရေးရောင်ခြည်ရှိ အတိုဆုံးလှိုင်းများက ရေဒီယို သတ္တိရှိသော ပစ္စည်းများမှ ထုတ်လွှတ်သည့် ဂမ်မာရောင်ခြည် လှိုင်းများနှင့် တစ်ဖန် ထပ်နေပြန်၍ ထိုလှိုင်းများ၏ အတိုဆုံး လှိုင်းအလျားသည် တစ်လက်မ၏ သန်းစိတ်တစ်စိတ်၏ အပုံ ပေါင်း နှစ်သောင်းတွင် တစ်ပုံခန့်မျှသာ ရှိသည်။ အားလုံးသောလှိုင်းများအောက် အတိုဆုံးလှိုင်းမှာ ကော့ စမစ်ရောင်ခြည်လှိုင်းများ ဖြစ်သည်။ ထိုလှိုင်းများသည် တိုလွန် အားကြီးသဖြင့် ယခုတိုင်အောင် မည်သို့သောကိရိယာမျိုးနှင့်မျှ တိုင်းတာရန် မဖြစ်နိုင်သေးပေ။ အချို့သောကော့စမစ်ရောင်ခြည် များသည် ၁၈ ပေ ထူသည့် ခဲထုကို ဖောက်ထွင်းနိုင်သည် အထိပင် သတ္တိ ပြင်းထန်သည်။ ထိုရောင်ခြည်ရှိကြောင်းကို ၁၉ဝ၃ ခုနှစ်တွင် စတင်တွေ့ရှိရသည်။ ထိုရောင်ခြည်များသည် ကြယ်များအတွင်း၌ဖြစ်စေ၊ ကြယ်များတည်ရှိရာ အာကာသ အတွင်း၌ ဖြစ်စေ အက်တမ်များ အကြီးအကျယ် ပြောင်းလဲကြ ရာမှ စတင်ဖြစ်ပွား ပေါ်ပေါက်လာဟန် တူသည် ဟူ၍၎င်း၊ ဤပြောင်းလဲမှုများမှာလည်း ဒြဗ် ဝတ္ထုသစ်တို့ ဖြစ်ပေါ်ရာမှ ဖြစ်စေ ပေါ်ပေါက်လာနိုင်စရာ အကြောင်းရှိသည်ဟူ၍၎င်း ရူပဗေဒပညာရှင်ကြီးအများက ယုံကြည်ကြသည်။ ထိုသို့ တစ်ခေတ်ပြီး တစ်ခေတ် မှန်ကန်သောအသိသစ် အတွေ့သစ်များ တိုးတက်များပြားလာသည့်နှင့်အမျှ သိပ္ပံပညာ တွင် ယုတ္တိတန် မတန် သံသယဖြစ်ဖွယ် ကျန်နေသေးသော အချို့သော ယုံကြည်ယူဆချက်များသည် မကြာမီအတွင်း၌ အမှန်နှင့်အမှား ကွဲပြား ပြေရှင်းသွားလိမ့်မည်ဟူ၍ မျှော်လင့်ရ ပေသည်။[၁] ကိုးကား[ပြင်ဆင်ရန်] - မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)
<urn:uuid:52bf9b0b-8648-4541-bfc9-829eaf0b8e4f>
CC-MAIN-2013-48
http://my.wikipedia.org/wiki/%E1%80%9B%E1%80%B1%E1%80%92%E1%80%AE%E1%80%9A%E1%80%AD%E1%80%AF_%E1%80%9E%E1%80%90%E1%80%B9%E1%80%90%E1%80%AD%E1%80%80%E1%80%BC%E1%80%BD%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8
2013-12-06T02:16:40Z
s3://commoncrawl/crawl-data/CC-MAIN-2013-48/segments/1386163049020/warc/CC-MAIN-20131204131729-00042-ip-10-33-133-15.ec2.internal.warc.gz
mya
0.997489
Mymr
39
{"mya_Mymr_score": 0.9974890351295471}
လိင်လုပ်သား လိင်လုပ်သားဆိုသည်မှာ လိင်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်သူကို ခေါ်ဆိုသည်။ ဤဝေါဟာရကို လိင်လုပ်ငန်းတွင် စီမံခန့်ခွဲသူနှင့် ထိုလုပ်ငန်းများ၏ ဝန်ထမ်းများကို မဆိုလိုပဲ လိင်မှုဆိုင်ရာ ဝန်ဆောင်မှုများကို တကယ်တမ်းပေးသော သူများကို ရည်ညွှန်းရာတွင် အသုံးပြုသည်။ အချို့လိင်လုပ်သားများသည် ဖောက်သည်များနှင့် ကာယထိတွေ့မှု အတိုင်းအတာ အမျိုးမျိုးပါဝင်သော လိင်မှုဆိုင်ရာ ပွင့်လင်းသော အပြုအမူများအတွက် အခကြေးငွေရရှိသည် (ပြည့်တန်ဆာများ၊ ကြိုတင်ချိန်းဆိုရသော မိန်းကလေးများ၊ ပြည့်တန်ဆာများကိုကြီးကြပ်သူများ)။ အပြာဓာတ်ပုံရုပ်ရှင်များတွင် သရုပ်ဆောင်သော မော်ဒယ်လ်များနှင့် ရုပ်ရှင်သရုပ်ဆောင်များသည် ရုပ်ရှင် သို့မဟုတ် ဓာတ်ပုံ ရိုက်ကူးသောအခါတွင် လိင်မှုဆိုင်ရာ ပွင့်လင်းသော အပြုအမူများ လုပ်ဆောင်ကြသည်။ ဖုန်းမှတစ်ဆင့် လိင်ဆက်ဆံသော အော်ပရေတာများသည် ဖောက်သည်များကို ဖုန်းမှတစ်ဆင့် လိင်အသားပေး စကားပြောဆိုမှုများ ပြုလုပ်ကြပြီး လိင်ဆက်ဆံမှုပြုသကဲ့သို့ ပြောဆိုကြသည်။ အခြားသော လိင်လုပ်သားများသည် လိင်မှုဆိုင်ရာ တိုက်ရိုက်ဖျော်ဖြေမှုများအားဖြင့် အခကြေးငွေ ရရှိကြရာ ကွန်ယက် ကင်မရာမှတဆင့်လိင်ဆက်ဆံခြင်းနှင့် တိုက်ရိုက်တင်ဆက်သော လိင်ပြပွဲများတွင် သရုပ်ဆောင်ခြင်း အစရှိသည်တို့ဖြစ်သည်။ အချို့လိင်လုပ်သားများသည် ကြည့်ရှုသူများအတွက် တဏှာရာဂကြွစေသောအကများကို ကပြခြင်းနှင့် အခြားသော ဖျော်ဖြေမှုများ (ခုနစ်လွှာချွတ်အက၊ ဂိုးဂိုးအက၊ သရော်ပြောင်တင်ဆက်မှုများ၊ ချောင်းကြည့်သောပြပွဲများ) တင်ဆက်ကြသည်။ ထို့ကြောင့် ဝေါဟာရသည် ပြည့်တန်ဆာနှင့် တစ်ခါတစ်ရံ အဓိပ္ပါယ်တူအဖြစ် သို့မဟုတ် ပို၍ပျော့ပျောင်းသော စကားကို ပြောင်းလဲသုံးစွဲခြင်းအဖြစ် ရှုမြင်ရသော်လည်း ပို၍ ယေဘုယျကျပါသည်။ မာတိကာ အယူအဆ၏ နောက်ခံသမိုင်းကြောင်း[ပြင်ဆင်ရန်] “လိင်လုပ်သား” ဆိုသည့် ဝေါဟာရကို လိင်လုပ်သားဆိုင်ရာ လှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်သူ ကာရိုးလေး (Carol Leigh)က ၁၉၈၀ခုနှစ်တွင် စတင် အသုံးပြုခဲ့သည်။ ဤဝေါဟာရ အသုံးပြုမှုသည် ၁၉၈၇ ခုနှစ်တွင် လိင်လုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီးများ စုပေါင်းရေးသားသော “လိင်အလုပ်၊ လိင်လုပ်ငန်းမှ အမျိုးသမီးများရေးသားမှု” စာပေါင်းချုပ် ပုံနှိပ်ထုတ်ဝေမှုအပြီးတွင် လူသိများလာခဲ့သည်။ ထိုအချိန်မှစတင်၍ “လိင်လုပ်သား” ဆိုသည့် ဝေါဟာရကို တွင်ကျယ်စွာ အသုံးပြုလာခဲ့ရာ NGO များ နှင့် အလုပ်သမားသမဂ္ဂ အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကဲ့သို့သောအစိုးရနှင့်ဆိုင်သည့် သို့မဟုတ် အစိုးရများပူးပေါင်းလုပ်ဆောင်သော အေဂျင်စီများက ထုတ်ဝေသည့် ပညာရပ်ဆိုင်ရာ ပုံနှိပ်ထုတ်ဝေခြင်းများတွင်လည်း ထည့်သွင်း အသုံးပြုနေပြီဖြစ်သည်။ ဤဝေါဟာရကို အောက်စဖို့ အင်္ဂလိပ် အဘိဓာန်နှင့် မာရီယမ်-ဝက်စတာ အဘိဓာန် တို့တွင် ထည့်သွင်းထားခဲ့သည်။ သို့သော် လူမှုရေးဆိုင်ရာ ပြောင်းလဲမှုကို မလိုလားသူများ၊ ပြည့်တန်ဆာဆန့်ကျင်ရေး အမျိုးသမီးဝါဒီများနှင့် အခြား ပြည့်တန်ဆာလုပ်ငန်း ဖျက်သိမ်းလိုသူများကဲ့သို့သော လိင်လုပ်ငန်းကို စိတ်ဓာတ်ရေးရာ ဆန့်ကျင်သူပေါင်းများစွာက ဤဝေါဟာရကို ပြင်းထန်စွာ ကန့်ကွက်ခဲ့ကြသည်။ ထိုအုပ်စုများက ပြည့်တန်ဆာလုပ်ငန်းကို ပြစ်မှုကျူးလွန်ခြင်း သို့မဟုတ် ဓားစာခံဖြစ်မှုအဖြစ် သုံးသပ်ကြပြီး “လိင်လုပ်သား” ဆိုသည့် ဝေါဟာရကို ပြစ်မှုုဆိုင်ရာလှုပ်ရှားမှုကို တရားဝင်ဖြစ်အောင်လုပ်ခြင်း သို့မဟုတ် အလုပ်သမား အမျိုးအစားတစ်ခုအဖြစ် ခေါင်းပုံဖြတ်ခြင်းအဖြစ် ရှုမြင်ကြသည်။မယ်လီဆာ ဖာလေး(MelissaFarley)နှင့် အခြားသော ပြည့်တန်ဆာ ဆန့်ကျင်ရေး အမျိုးသမီးဝါဒီများ၏ အမြင်တွင် အဝတ်အစားများကို ဖော်ချွတ်ခြင်းနှင့် အပြာဓာတ်ပုံရုပ်ရှင်များတွင် သရုပ်ဆောင်ခြင်း အပါအဝင် လိင်လုပ်ငန်းဆိုင်ရာ မည်သည့်ပုံစံမဆိုသည် ပြည့်တန်ဆာလုပ်ငန်း၏ အသွင်မတူသော အမျိုးအစားများသာ ဖြစ်သည်။ ရှီလာဂျက်ဖရေး (Sheila Jeffreys) ကဲ့သို့ ပြည့်တန်ဆာဆန့်ကျင်ရေး အမျိုးသမီးဝါဒီများက ထိုကဲ့သို့သောဆောင်ရွက်မှုသဘာဝအဖြစ်၎င်းတို့ မြင်တွေ့သောဓားစာခံဖြစ် စေခြင်းများကို ရှင်းလင်းစွာတင်ပြနိုင်ရန် အမျိုးသမီးပြည့်တန်ဆာ (နှင့် “ကလေးပြည့်တန်ဆာ” ကဲ့သို့ ဆင်တူဝေါဟာရများ) ဟူသည့် ဝေါဟာရကို ပိုမိုနှစ်သက်ကြသည်။ တရားဥပဒေကိုလိုက်နာခြင်းနှင့် လူမှုရေးအမြင်များ[ပြင်ဆင်ရန်] ဒေသဆိုင်ရာ ဥပဒေပေါ်မူတည်၍ လိင်လုပ်သားလှုပ်ရှားမှုများကို တရားဥပဒေကိုလိုက်နာခြင်း၊ ထိန်းချုပ်ခြင်း၊ ခွင့်ပြုခြင်း သို့မဟုတ် တားမြစ်ခြင်းများ ပြုလုပ်နိုင်သည်။ နိုင်ငံအများစုတွင် လိင်လုပ်ငန်းကို တရားဝင် ခွင့်ပြုထားသည့် နေရာများတွင်ပင် လိင်လုပ်သားများကို အသရေပျက်စေခြင်းနှင့် ဖယ်ကျဉ်ထားခြင်းများ ရှိသည်။ ထို့ကြောင့် ခွဲခြားဆက်ဆံခြင်း(ဥပမာ၊ ခုနစ်လွှာချွတ် ကပွဲရုံပိုင်ရှင်က လူမျိုးရေး ခွဲခြားဆက်ဆံခြင်း)၊ ဖောက်သည်က အခကြေးငွေမပေးခြင်း၊ အစော်ကားခံရခြင်း သို့မဟုတ် အဓမ္မပြုကျင့်ခံရခြင်းတို့အတွက် တရားဝင် နည်းမှန်လမ်းမှန်ဖြစ်ရန် ကြိုးစားခြင်းကို အဟန့်အတားဖြစ်နိုင်သည်။ လူမှုရေးတွင် တူညီစွာ ဆက်ဆံခြင်းမပြုခြင်းနှင့် ဆင်းရဲနွမ်းပါးခြင်းတို့သည် မကြာခဏတွေ့မြင်ရသော တွန်းအားများဖြစ်သည်။ လူသိရှင်ကြားထောက်ခံပြောဆိုခြင်း[ပြင်ဆင်ရန်] လိင်လုပ်သားများ၏ အခွင့်အရေး လိင်လုပ်သားများ၏အခွင့်အရေးဆိုင်ရာလူသိရှင်ကြားထောက်ခံပြောဆိုသူများကလိင်လုပ်သားများတွင်အခြားအလုပ်လုပ်သောသူများကဲ့သို့ အခြေခံလူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးများ ရှိသင့်သည်ဟုပြောဆိုကြသည်။ ဥပမာ၊ ကနေဒီယန်းကာမအာရုံဆိုင်ရာ အလုပ်သမား အကျိုးတူစုပေါင်းအဖွဲ့က လိင်လုပ်ငန်းတရားဝင်ဖြစ်ရေး၊ အခြားအလုပ်သမားများနှင့် စီးပွားရေးလုပ်ငန်းများအပေါ် တင်းကြပ်သည်ထက် သာ၍ ဖိအားပေးသော နိုင်ငံတော် စည်းမျဉ်းများကို ပယ်ဖျက်ရေး၊ အလုပ်သမားဥပဒေနှင့် အလုပ်ခန့်အပ်ခြင်း ဥပဒေများအရ အသိအမှတ်ပြုခွင့်နှင့် ကာကွယ်ခွင့်၊ အသက်မွေးဝမ်းကြောင်း အဖွဲ့အစည်းများ သို့မဟုတ် အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့် သို့မဟုတ် ပူးပေါင်းပါဝင်ခွင့် နှင့် အလုပ်လုပ်ရန် ကန့်သတ်ချက်များကို တရားဝင် ကျော်ဖြတ်ခွင့်များကို တောင်းဆိုသည်။
<urn:uuid:c7254736-72c9-4ef8-976f-8585b8db2572>
CC-MAIN-2014-10
https://my.wikipedia.org/wiki/%E1%80%9C%E1%80%AD%E1%80%84%E1%80%BA%E1%80%9C%E1%80%AF%E1%80%95%E1%80%BA%E1%80%9E%E1%80%AC%E1%80%B8
2014-03-07T03:35:39Z
s3://commoncrawl/crawl-data/CC-MAIN-2014-10/segments/1393999635677/warc/CC-MAIN-20140305060715-00008-ip-10-183-142-35.ec2.internal.warc.gz
mya
0.996088
Mymr
84
{"mya_Mymr_score": 0.9960883259773254}
မြန်မာနိုင်ငံနှင့် တောင်ကိုရီယား နိုင်ငံတို့ အနာဂတ်တွင် ၂ နိုင်ငံ ပိုမို ပူးပေါင်း ဆောင်ရွက်ရေးအတွက် တောင်ကိုရီယားနိုင်ငံ၏ ပထမဆုံး အမျိုးသမီး သမ္မတလောင်း မစ္စ ပတ်ဂုန်ဟေး (Ms. Park Geun-hye) နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးကြကြောင်း သိရသည်။ “အနာဂတ်မှာ အာရှတိုက်နဲ့ ကမ္ဘာကြီးမှာလို တောင်ကိုရီယားနဲ့ မြန်မာနိုင်ငံတို့ဟာ ပိုပြီး လွတ်လပ်ပျော်ရွှင်မှုတွေ တည်ဆောက်ဖို့ ကျမတို့ အတူလက်တွဲ လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်တယ်” ဟု သမ္မတသစ် မစ္စ ပတ်ဂုံဟေးက ပြောကြောင်း တောင်ကိုရီယား မီဒီယာများက ဖော်ပြသွားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတသစ် မစ္စ ပတ်ဂုံဟေး နှင့် ယနေ့ နေ့လယ် ၁ နာရီခွဲတွင် တွေ့ဆုံရာတွင် မစ္စ ပတ်ဂုံဟေးက ထိုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖော်ဆောင်နေခြင်းသည် မြန်မာသာမက ကမ္ဘာတ၀ှမ်းမှ လူသားများအတွက်လည်း အကူအညီများ ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း တောင်ကိုရီယားသို့ ၅ ရက်တာ ခရီးအဖြစ် အလည်အပတ် ရောက်ရှိနေစဉ် ပြောကြားသည်။ “ကျမတို့ နိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးနဲ့ ကြွယ်ဝချမ်းသာရေးတွေအကြောင်း ကျမတို့ ပြောနေတာဟာ ကျမတို့ နိုင်ငံတွေရဲ့ ပြည်သူတွေ အတွက်ချည်း ပြောနေတာ မဟုတ်ပါဘူး။ ကမ္ဘာတ၀ှန်းက လူသားအားလုံးအတွက်လည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ စနစ်ကို အကောင်အထည် ဖော်နေတဲ့ တချိန်တည်းမှာ ကမ္ဘာတလွှား တခြားနေရာတွေက လူတွေကိုလည်း အကူအညီတွေ ပေးနိုင်ဖို့ အခြေအနေကောင်းတွေ ပိုရှိလာမယ်လို့ ကျမတို့လည်း မျှော်လင့်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ သမ္မတသစ် မစ္စ ပတ်ဂုန်ဟေးနှင့် ဒေါ်အောင်ဆန်းစုကြည် တို့၏ ဖခင်များသည် သေနတ်ဖြင့် လုပ်ကြံသတ် ဖြတ်ခံရသည့် နိုင်ငံခေါင်းဆောင်ဟောင်းများ အဖြစ် တူညီသော နောက်ခံ သမိုင်းကြောင်းရှိသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ် အောင်ဆန်းသည် ၁၉၄၇ ခုနှစ်က လုပ်ကြံခံရပြီး မစ္စ ပတ်ဂုန်ဟေး၏ ဖခင် သမ္မတ ပတ်ချုံဟီးသည် ၁၉၇၉ ခုနှစ်က သူ၏ ထောက်လှမ်းရေး အကြီးအကဲ၏ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည်။ “ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ စံပြပုဂ္ဂိုလ်အဖြစ် တဖက်မှာ ရပ်တည် လှုပ်ရှားနေစဉ်မှာ ပတ် (မစ္စ ပတ်ဂုံဟေး) ကတော့ ကိုရီယားနိုင်ငံ ဒီမိုကရေစီအရေး လှုပ်ရှားမှု မြင်ကွင်းတွေကနေ မိသားစု ကိစ္စကြောင့် ဖယ်ခွာနေရတယ်” ဟု ဆိုးလ်မြို့ ကိုရီယားတက္ကသိုလ် နိုင်ငံရေး သိပ္ပံဌာန ပါမောက္ခ လီရှင်ဟွာက ပြောသည်ကို ၀ါရှင်တန် အိတ်ဇမိုင်နာ သတင်းတပုဒ်က ကိုးကားဖော်ပြသည်။ ထို့အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် တောင်ကိုရီယား လက်ရှိ သမ္မတ မစ္စတာ လီမြောင်ဘတ်နှင့်လည်း ယနေ့ နံနက်ပိုင်းက ဆိုးလ်မြို့ အပြာရောင် သမ္မတ အိမ်တော်၌ တွေ့ဆုံကြရာ တောင်ကိုရီးယားနှင့် မြန်မာ ၂ နိုင်ငံ စီးပွားရေး၊ ပညာရေး ဖလှယ်ရေးကိစ္စများ ဆွေးနွေးကြကြောင်း သိရသည်။ “စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးတို့ဟာ လက်တွဲ ဆောင်ရွက်သွားသင့်တယ်” ဟု သမ္မတ လီ မြောင်ဘတ်က ပြောကြောင်း ၎င်း၏ ကိုယ်ရေးအရာရှိကို ကိုးကား၍ ဆင်ဟွာ သတင်းက ဖော်ပြသည်။ မြန်မာနိုင်ငံသို့ ယမန်နှစ် နိုဝင်ဘာလက လာရောက်စဉ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သူ ကိုရီယား အမျိုးသား လွှတ်တော် အကြီးအကဲနှင့်လည်း ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့သည်။ ထို့နောက် ဆိုးလ် မြို့တော်ဝန် မစ္စတာ ဘတ်ဝန်ဆုန်းနှင့်လည်း တွေ့ဆုံခဲ့သေးသည်။ “ဒီမနက် အစိမ်းရောင်ဖောင်ဒေးရှင်း ဥက္ကဌက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံပြီး ဒေါ်လာ ၂ သိန်းဖိုးလောက် ရှိတဲ့ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်မီးတွေကို မြန်မာနိုင်ငံမှာ အသုံးပြုဖို့ အကူအညီပေးမယ်ဆိုတဲ့ အကြောင်း ပြောပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည် ကိုရီယားခရီးစဉ် ပူးပေါင်းဆောင်ရွက်မှု ကော်မတီမှ ကိုနေထွန်းနိုင်က ဧရာဝတီသို့ ပြောသည်။ အဆိုပါ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်မီးသည် မြန်မာနိုင်ငံနှင့် ကိုက်ညီပြီး ၄ နာရီကြာ နေရောင်ခြည်ဖြင့် အားသွင်း ထားပြီးလျှင် ၁၀ နာရီခန့်ကြာ အသုံးပြုနိုင်သည့် ဓာတ်မီးမျိုးဖြစ်ကြောင်း သူက ဆက်ရှင်းပြသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် ၄င်း၏ ၅ ရက်တာ တောင်ကိုရီယားခရီးစဉ် အတွင်း ပြုံချံမြို့တွင် ကျင်းပမည့် အထူး အိုလံပစ် ဖွင့်ပွဲအခမ်းအနားသို့ တောင်ကိုရီယား သမ္မတနှင့်အတူ တက်ရောက်မည်ဟု သိရသည်။ ထို့နောက် ဂွမ်ဂျူးမြို့တွင် ၂၀၀၄ ခုနှစ်က ရရှိခဲ့သည့် ဂွမ်ဂျူး လူ့အခွင့်အရေးဆုကို လက်ခံယူမည်ဖြစ်သည်။ ဂွမ်ဂျူး လူ့အခွင့်အရေးဆုသည် ၁၉၈၀ ပြည့်နှစ်က ဒီမိုကရေစီ လှုပ်ရှားမှုတွင် လုံခြုံရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရမှုကို ဂုဏ်ပြု၍ နှစ်စဉ် ကမ္ဘာတ၀ှန်းမှ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများအား ချီးမြှင့်လေ့ရှိသည့် ဆုဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် ပြည်ထောင်စု ဟာဝိုင်ယီ၊ ဟိုနိုလူလူကျွန်းသို့ ဇန်န၀ါရီလ ၂၄ ရက်နေ့က Rotary ကမ္ဘာ့ ငြိမ်းချမ်းရေး ညီလာခံတက်ရောက်ရန် သွားရောက်ခဲ့ပြီး Rotary ငြိမ်းချမ်းရေးဆုကိုလည်း ဇန်န၀ါရီလ ၂၆ ရက်နေ့က လက်ခံယူခဲ့သည်။ အမေရိကန် ခရီးစဉ်အတွင်း ဟာဝိုင်ယီ ငြိမ်းချမ်းရေးအဖွဲ့တခုဖြစ်သော Pillars of Peace အဖွဲ့က ကြီးမှူးကျင်းပသည့် ကျောင်းသူ၊ ကျောင်းသားများနှင့် တွေ့ဆုံပွဲတွင် ကချင်ပြည်နယ် လက်နက်ကိုင် ပဋိပက္ခ များအကြား အရပ်သား ပြည်သူများ ဒုက္ခရောက်နေရမှုအပေါ် ၄င်းတို့ ငြိမ်းချမ်းရေး ရစေရန်အတွက် ပဋိပက္ခများကို စတင်ဖန်တီးခဲ့သူများ အနေဖြင့် သတ္တိရှိရှိ ပြဿနာကို အဆုံးသတ်ရန် လိုအပ်ကြောင်းလည်း ပြောဆိုသွားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဟာဝိုင်အီမှ လေကြောင်းဖြင့် ကိုရီးယားနိုင်ငံသို့ ဆိုးလ်မြို့တော်၊ အင်ချွန်း နိုင်ငံတကာလေဆိပ်သို့ ယမန်နေ့က ဆိုက်ရောက်လာကြောင်း၊ တည်းခိုရာ ဆိုးလ်မြို့ ဂျိုဆောန် ဟိုတယ်သို့ လာရာတွင်လည်း လုံခြုံရေး အထူး တင်းကြပ်ထားသည့်ကြားက စနစ်တကျဖြင့် မြန်မာ တိုင်းရင်းသားများ၊ ကိုရီးယား အခြေစိုက် မြန်မာအဖွဲ့အစည်း အသီးသီးတို့က ရိုးရာဝတ်စုံများဖြင့် ကြိုဆိုခဲ့ကြကြောင်း ကိုနေထွန်းနိုင်က ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဆိုးလ်မြို့ မာဖိုဂူ အရပ်ရှိ သမ္မတဟောင်း ကင်မ်ဒေးဂျုံး စာကြည့်တိုက်နှင့် ပြတိုက် အဆောက်အဦတွင် ကျင်းပမည် ဖြစ်သည်။ တောင်ကိုရီယားနိုင်ငံတွင် မြန်မာနိုင်ငံမှ ရောက်ရှိလာသူ စုစုပေါင်း ၅ ထောင်ဝန်းကျင်ခန့်ရှိမည်ဟု ခန့်မှန်းကြောင်း ကိုနေထွန်းနိုင်က ပြောသည်။
<urn:uuid:dfd40a28-4a1b-4376-863e-4e7725c224b4>
CC-MAIN-2014-10
http://burma.irrawaddy.org/%e1%81%80_south-korea/2013/01/29/32554.html
2014-03-08T23:07:20Z
s3://commoncrawl/crawl-data/CC-MAIN-2014-10/segments/1393999666921/warc/CC-MAIN-20140305060746-00027-ip-10-183-142-35.ec2.internal.warc.gz
mya
0.966403
Mymr
37
{"mya_Mymr_score": 0.9664028882980347, "blk_Mymr_score": 0.025748079642653465}
လက်ပ်တော့ပ် ကွန်ပျူတာ Laptop Computer (ပေါင်ပေါ်တင်ထားလို့ရတဲ့ ကွန်ပျူတာ) ဆိုတာ ဒါမှမဟုတ် ခပ်လွယ်လွယ် Laptopဆိုတာ ပြောင်းရွေ့သယ်ယူလို့ရတဲ့ ကျွန်ပျူတာအသေးလေးတွေကိုပြောတာပါ။ တစ်ခြားနာမည်တွေအနေနဲ့ Notebook Computer(မှတ်စုစာအုပ်အရွယ်ကွန်ပျူတာ)၊ ကွန်ပျူတာဆိုတာကြီးမထည့်ပဲနဲ့ Notebook လို့လည်း လွယ်လွယ်ခေါ်ကြပါတယ်။ သူ့ရဲ့အလေးချိန်ကတော့ ၂.၂ပေါင်ကနေ ၁၈ ပေါင်(၁ ကီလိုဂရမ်ကနေ ၆ ကီလိုဂရမ်အထိ)အလေးချိန်ရှိပါတယ်။ အရွယ်အစား၊ ပါဝင်တဲ့ပစ္စည်း၊ အခြားအချက်တွေအပေါ်မူတည်ပြီး အလေးချိန်ကွဲပြားသွားပါတယ်။ Personal Computer (တစ်ကိုယ်ရည်သုံးကွန်ပျူတာ)အနေနဲ့ laptops တွေဟာ Desktop Computer (စားပွဲတင်ကွန်ပျူတာ) တွေနဲ့ စွမ်းဆောင်ရည်အတူတူပါပဲ။ ဒါပေမယ့် ဈေးခြင်းတူမယ်ဆိုရင်တော့ စွမ်းဆောင်ရည်နိမ့်သွားတတ်ပါတယ်။ (ဥပမာ - Desktop Computer ကောင်းကောင်းတစ်လုံးရဲ့တန်ဖိုးနဲ့ Laptop Computer ဆိုရင် အတော်အသင့်လောက်ပဲရနိုင်ပါတယ်) laptops တွေမှာ desktops တွေမှာ ပါတဲ့အစိတ်အပိုင်းတွေအကုန်ပါပါတယ်။ လုပ်ဆောင်နိုင်စွမ်းလည်းအတူတူပါပဲ။ ဒါပေမယ့်မတူတဲ့အချက်ကတော့ Laptops တွေကို သယ်လို့လွယ်အောင် ပါဝင်တဲ့အစိတ်အပိုင်းတွေကို သေးနိုင်သမျှသေးအောင်၊ ရွေ့လျားအသုုံးပြုတဲ့အခါမှာ စွမ်းဆောင်ရည်အကောင်ဆုံးဖြစ်အောင်၊ လျှက်စစ်ပါဝါအသုံးပြုမှုနည်းပါးအောင် စီစဉ်ဆောင်ရွက်ထားတတ်ကြပါတယ်။ Laptops တွေမှာလျှပ်စစ်ပါဝါပင်ရင်းဖြစ်တဲ့ Battery ကိုထည့်သွင်းတည်ဆောက်ပေးထားလေ့ရှိပါတယ်။ Speaker, Mic, Web camစတဲ့ မီဒီယာဆက်စပ် ၏ပစ္စည်များ Bluetooth, Wifi , lan, Modem နက်ဝပ်ချိတ်ဆက်စနစ်များလည်း ထည့်သွင်းပါလေ့ရှိပြီး အခုနောက်ပိုင်းမှာ Parallel Port နှင့် Serial Port (Com Port) များချန်လှပ်ထားကာ USB Port များသာထည့်သွင်းလာပါတယ်။
<urn:uuid:c4a3254a-a91c-4bb1-8180-afa37bb3a5d8>
CC-MAIN-2014-10
http://my.wikipedia.org/wiki/%E1%80%9C%E1%80%80%E1%80%BA%E1%80%95%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%B7%E1%80%95%E1%80%BA_%E1%80%80%E1%80%BD%E1%80%94%E1%80%BA%E1%80%95%E1%80%BB%E1%80%B0%E1%80%90%E1%80%AC
2014-03-07T09:00:23Z
s3://commoncrawl/crawl-data/CC-MAIN-2014-10/segments/1393999639602/warc/CC-MAIN-20140305060719-00012-ip-10-183-142-35.ec2.internal.warc.gz
mya
0.971141
Mymr
35
{"mya_Mymr_score": 0.9711405634880066, "blk_Mymr_score": 0.027589134871959686}
လေးညှင်းပင် |လေးညှင်းပင်| |သိပ္ပံနည်းကျမျိုးခွဲခြင်း| |ဒွိနာမ| |''Syzygium aromaticum''| လေးညှင်းပင်[ပြင်ဆင်ရန်] အမြဲစိမ်းလန်း၍ အမြင့်ပေ ၃ဝ မှ ၄ဝ အထိ ရှိသော လှပသည့် လေးညှင်းပင်သည် မာတေးစီအီးမျိုးရင်းတွင် ပါဝင်၍ ယင်း၏ ရုက္ခဗေဒအမည်မှာ ယူဂျီးနီးယား ကယ်ရီယိုဖီလေးတားဖြစ်သည်။ လေးညှင်းပင်၏မူလပေါက်ရာဒေသမှာ အရှေ့အိန္ဒိယ ကျွန်းစုများတွင် အပါ အဝင်ဖြစ်သော မိုလက်ကာကျွန်းများဖြစ်၍ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံ တို့သို့ တစ်ဆင့်ယူဆောင် စိုက်ပျိုးခဲ့ခြင်းဖြစ်လေသည်။ ဒတ်ချလူမျိုးတို့ သည် အရှေ့အိန္ဒိယကျွန်းစုများကို ပေါ်တူဂီလူမျိုးများ လက်ထဲမှ တိုက်ခိုက် သိမ်းယူလိုက်သောအခါ လေးညှင်း အစရှိသည့် အမွှေးအကြိုင်ပင်များကို အမ်ဗွိုင်နားကျွန်းတွင် အားသွန်စိုက်ပျိုးကြသည်။ ပြင်သစ်လူမျိုးတို့သည် လေးညှင်းပင်ကို အာဖရိကတိုက် အရှေ့ဘက်ရှိ ဇန်ဇီဗာကျွန်းနှင့် အနောက် အိန္ဒိယ ကျွန်းစုများတွင် တစ်ဆင့်ယူဆောင်စိုက်ပျိုးခဲ့ကြသည်။ ယခုအခါ တွင်ကား အပူပိုင်းတိုင်းပြည်အားလုံးလောက်တွင် စိုက်ပျိုးလျက်ရှိကြသည်။ လေးညှင်းပင်များသည် ဆင်ခြေလျှော ဖြစ်နေသည့် မြေနေရာရှိ သဲမြေ နုံးမြေများကို ကြိုက်နှစ်သက်၍ ပေပေါင်း ၂ဝဝဝ အမြင့်တိုင် အောင် ဖြစ်ထွန်းကြသည်။ ထိုအပင်မျိုးကို အစေ့မှ မျိုးပွားယူရာ ပျိုးသည့် အခါ ရက်သတ္တ ငါးပတ်မှ ခြောက်ပတ်အတွင်း အညှောက်ထွက်လေသည်။ အတက်အလွန်နှေးကွေးသည့် ပျိုးပင်များကို ၁၂ လက်မ အရွယ်ရှိသောအခါ မြေတစ်ဧကတွင် အပင်ပေါင်း ၁ဝဝ နှုန်းဖြင့် တစ်ပင်နှင့်တစ်ပင် ပေ ၂ဝ ခန့်ခွာ၍ ပြောင်းယူစိုက်ပျိုးနိုင်သည်။ အပင်သက် ရှစ်နှစ် သို့မဟုတ် ကိုး နှစ်ခန့်ရှိလာသောအခါ ပထမဆုံးအကြိမ် လေးညှင်းပွင့်များကို ရရှိနိုင်ရာ အပင်သက် အနှစ် ၂ဝ ခန့်အထိ ဆက်လက်ရရှိလေသည်။ ထိုအခါ တစ်ပင် တစ်ပင်မှ လေးညှင်းပွင့်အခြောက် ရှစ်ပေါင်မှ ၁ဝ ပေါင်အထိ ရရှိနိုင် လေသည်။ ကမ္ဘာ့လေးည|င်းပွင့်အထွက် ၉ဝ ရာခိုင်နှုန်းလောက်သည် ဇန်ဇီ ဗာကျွန်းနှင့် ပင်ဗာနယ်မှရရှိရာ တစ်ဝက်လောက်ကို အိန္ဒိယနိုင်ငံသို့လည်း ကောင်း။ အချို့ကို သီဟိုဠ်ကျွန်းသို့လည်းကောင်း တင်ပို့ရသည်။ မြန်မာနိုင်ငံ၌ အတွေ့ရများသော လေးညှင်းပွင့်များသည် စင်စစ် လေးညှင်းအဖူးကလေးများကို မပွင့်မီခူး၍နေပူ၌ အခြောက်လှန်းထားခြင်းဖြစ် သည်။ အဖူးကလေးများသည် ထွက်စအချိန်တွင် ဖြူယော်ယော် အရောင်ရှိ၍ တဖြည်းဖြည်း အစိမ်းရောင်သို့ ပြောင်းလဲသွားသည်။ အနည်းငယ် ရင့်လာ သောအခါ အနီရောင်သို့ ပြောင်းလဲသွားပြန်သည်။ ထိုအခါ အဖူးများကို ခူး၍ နေတွင် အခြောက်လှန်းရာ ခြောက်သွေ့သောအခါ အညိုရင့်ရောင်ဖြစ် လာလေသည်။ လေးညှင်းပွင့်သည် အလျားလက်မဝက်ခန့်ရှိ၍ တစ်ဖက်ဖျား တွင် အဖုကလေးရှိရာ ထိုအဖုကလေးမှာ စင်စစ်အားဖြင့် မပွင့်ရသေးသော ပွင့်ဖတ်ငယ်များသာဖြစ်သည်။ မပွင့်ရသေးသဖြင့် ယင်းပွင့်ဖတ်ငယ်များမှာ တစ်ခုနှင့်တစ်ခုထပ်၍လုံးနေခြင်းဖြစ်သည်။ လေးည|င်းပွင့်သည် အမွှေး အကြိုင်များတွင် အဝင်အပါတစ်ခုဖြစ်သည်အားလျော်စွာ အလယ်ခေတ်၌ အမွှေးအကြိုင်ကုန် ကူးသန်းရောင်းဝယ်ရေး ပြုလုပ်ရာတွင်အရေးပါ အရာ ရောက်သော ထုတ်ကုန်တစ်မျိုးဖြစ်ခဲ့သည်။ လေးညှင်းဆီကို လေးညှင်းအဖူး များ၊ အရွက်များနှင့် အကိုင်းအခက်များကို ရေဖြင့်အထပ်ထပ် ပေါင်းတင် ခြင်းဖြင့်ရရှိသည်။ လေးညှင်းဆီမှာ အစပထမတွင် အဝါရောင်ဖျော့ဖျော့၊ သို့မဟုတ် အရောင်မရှိသလောက်ဖြစ်၏။ ထို့နောက်မှ တဖြည်းဖြည်း အညို ရောင်သို့ ပြောင်းလဲသွားသည်။ အနံ့ အရသာမှာ လေးညှင်းပွင့်များကဲ့သို့ပင် သင်း၍ ပူစပ်စပ်ဖြစ်သည်။ ယင်းအဆီကို သွားကိုက် သွားနာ ဖြစ်သည့် အခါ အသုံးပြုကြသည်။ အခြားဆေးဘက်အဖြစ်ဖြင့်လည်း အသုံးပြုကြ သည်။[၁] Clove (လေးညှင်း)[ပြင်ဆင်ရန်] - Botany Term : Eugenia carryophyllata Thunb - Species/Family : Myrtaceae ပုံသဏ္ဌာန် : အပင်-- အမြဲစိမ်း နှစ်ကြာခံ ပင်ကြီးမျိုး ဖြစ်၍ အမြင့် ၂၅-၅၀ ပေထိ မြင့်၏။ အခေါက် မွဲပြာ ရောင် ရှိ၏။ အကိုင်း အခက်များ တည့်မတ်စွာ ဘေးသို့ ဖြာထွက်သည်။ အရွက်-- ရွက်လွှဲ ထွက်၏။ ရှည်မျောမျော ဘဲဥပုံ လှံစွပ်ပုံ ထိရှိပြီး ရွက်ရင်း အနည်းငယ် ဝိုင်း၍ ရွက်ထိပ် ချွန်သွယ်သည်။ အလျား ၅-၆ လက်မ ထိရှည်၍ အနံ ၂ လက်မခန့် ကျယ်၏။ရွက်ပြား သားရေ ကဲ့သို့ ပြောင်ချောပြီး အစက် အပြောက်ကလေး များရှိသည်။ အပေါ် မျက်နှာပြင် အစိမ်းရင့်ရောင် ရှိ၍ အောင်မျက်နှာပြင် အဝါဖျော့ရောင် ရှိ၏။ အရွက်ကို ခြေ၍ နမ်းကြည့်က မွှေးသော အနံ့ ရ၏။ ရွက်ရင်း ရွက်ညှာတံ ပန်းရောင် ရှိ၏။ အပွင့်-- ၃ ပွင့် တစ်ခိုင် ဖြစ်သည်။ ပွင့်စ၌ ခရမ်းနုရောင် ရှိပြီး တဖြည်းဖြည်း အဝါရောင်သို့ ပြောင်းသွား၏။ ပွင့်ချပ် ပြွန်ပုံ ရှိသည်။ တစ်ပင်တည်းတွင် အဖိုပွင့် အမပွင့် သီးခြားရှိသည်။ ဆေးဖက် အဖြစ် အဖိုပွင့် ကိုသုံး၏။ အသီး--ရှည်မျောမျော ပုံသဏ္ဌာန် ရှိ၍ အညိုရောင် ဖြစ်သည်။ အစေ့ ၄-၆ စေ့ ထိပါ၏။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အပွင့်၊ အဆီ။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : ပူအိုုက်စွတ်စို၍ အမြဲတစေ မိုးအနည်းငယ် ရွာသွန်းသော အရပ်ဒေသ တွင် စိုက်ပျိုး ဖြစ်ထွန်းသည်။ မိုးများ၍ ပူအိုက် စွတ်စိုသော ဂျာဗား၊ ဘိုနီယို ကျွန်းများ၌သာ သဘာ၀ အလျောက် ပေါက်ရောက် တွေ့ရှိ နိုင်သည်။ ပေါက်ရောက်ပုံ-- စိုက်ပျိုးပင် ဖြစ်သည်။ စိုက်ပျိုးပုံ-- (က) ပျိုးထောင်ခြင်း-- အစေ့ မှ စတင် ပျိုးယူရ၏။ ၅ ပတ် ၆ ပတ် ကြာမှ အညှောင့် ထွက်၍ အထူး ဂရုစိုက် ရန်လိုသည်။ ပျိုးဘောင် ပြင်ရာ၌ မြေဆွေးနှင့် နုန်းမြေ များများဖြင့် ပြုလုပ်ရ၏။ ပျိုးဘောင် အကျယ် ၃ ပေ၊ အမြင့် ၉ လက်မ၊ အရှည် ၁ ပေ ထား၍ ဘောင်ဖော်ပြီး ဘောင်ပေါ် တွင် အရိပ် ပြုလုပ်ပေး ရ၏။ မျိုးစေ့ တစ်စေ့ နှင့် တစ်စေ့ ၄ လက်မ ခြား၍ စိုက်ပြီး ရေရွှဲရွှဲ လောင်းပေးရသည်။ ပျိုးထောင်ပြီး ၈ လ မှ ၁၂ လ ခန့် ကြာမှ ခြင်းတောင်း၊ ဝါးကျည်တောက်၊ပလတ်စတစ် အိတ်တို့တွင် ပျိုးမြေပါ တစ်ပါတည်း အမြစ်ဥ ကို မထိခိုက် စေဘဲ တူးဖော်၍ ရွှေ့စိုက်ရသည်။ တစ်နှစ်အကြာ (ပျိုးပင် ၂ နှစ်သား အရွယ် ) တွင် စိုက်ခင်း၌ ရွှေ့စိုက် နိုင်သည်။ (ခ) ပြောင်းရွှေ့စိုက်ပျိုးခြင်း-- စိုက်ခင်းတွင် အချင်း ၂ ပေ၊ အနက် ၂ ပေရှိ စိုက်ကျင်း များ တစ်ကျင်း နှင့် တစ်ကျင်း ပေ ၂၀ ခွာ၍ တူးရ၏။ ယင်းကျင်း များတွင် မစိုက်မီ တစ်လ ကြိုတင်၍ နွားချေး၊သစ်ဆွေး မြေဩဇာ များကျွေးပြီး အမြင့် ၁ ပေ ခန့်ရှိ ပျိုးပင်များ ချစိုက်ရသည်။ (ဂ) ထိန်းသိမ်းပြုစုခြင်း-- ငယ်စဉ် အခါ တိုက်ရိုက် နေပူခြင်း မခံနိုင် သည့်အတွက် ခေတ္တအရိပ် ပင်များ စိုက်ပျိုးပေး ရမည်။ အပင်ထ နှေးသည့် အတွက် ပေါင်းမကြာ ခဏ ရှင်းပေးခြင်း၊ရေလောင်းပေးခြင်း၊ မြေဆွ ပေးခြင်းများ ဂရုစိုက် ဆောင်ရွက်ရ၏။ အရွက်များ တွင် ကျရောက်သော ပိုးမွှား ရောဂါများကို စောင့်ရှောက် ပေးရမည်။ စုဆောင်းရယူခြင်း-- ၈ နှစ် ၉ နှစ် အကြား ပန်းစပွင့်ပြီး စတင် သီးလေ့ ရှိသည်။ လေးညှင်းပွင့် များကို ခူးရာ၌ အငုံက စ၍ အစိမ်းမှ နီညိုရောင်သို့ ပြောင်းလာသည့် အခါ ပြာသို၊ တပို့တွဲ လများတွင် စတင် ခူးရ၏။ ခူးပြီး ရေနွေးငွေ့ ခံ၍ နွမ်းအောင် ပြုပြီး အခြောက်လှန်း ရ၏။ အဖူးများ အညိုရောင် ရပါက ခြောက်သွေ့သည် ဟု ယူဆရ၏။ လေးညှင်းဆီကို အရွက်၊ အသီးစိမ်း၊ အပွင့်ခြောက်၊ အပွင့်ရိုး တို့မှ ထုတ်ယူ ရရှိ နိုင်သည်။ အသုံးဝင်ပုံ : အာနိသင်-- မြန်မာ ဆေးကျမ်း များအလို အရ လေးညှင်း သည်စပ်ဖျဉ်းဖျဉ်း ရှိ၏။ ခါးသက်သက် ရှိ၏။ မျက်စိ ကို အကျိုးပြု၏။ အေး၏။ ဝမ်းမီး တောက်စေ၏။ ကြေညက် လွယ်၏။ နှုတ်မြိန် စေ၏။ သလိပ် ၊ သည်းခြေ၊ သွေးရာဂါ များ၊ အပုပ် အစပ် တို့ကို ငြိမ်းအေး စေ၏။ ရေငတ်ခြင်း၊ မူးေ၀ခြင်း၊ ဝမ်းဖောရောင်ခြင်း၊ ဝမ်းဗိုက် ထိုးအောင့် ခြင်းနှင့် အဆုတ်နာ တို့ကို နိုင်၏။ အသုံးပြုပုံ- အပွင့်-- ၁။ ဝမ်းဗို်က် အမြဲ ထိုုးအောင့် နာကျင်၍ ဝမ်းဖြူဖြူ အရေ ကျဲကျဲများ သွားပါက လေးညှင်းမှုန့် ကို ပျားရည်နှင့် ရော၍ လျက်သော် ပျောက်၏။ ၂။ လေးညှင်းပွင့် နှင့် ကနခို တို့ကို ညက်ညက် ကြိတ်၍ လုံးပြီး အရိပ်၌ အခြောက်လှန်း၍ ရေနွေးနှင့် သုံးဆောင်ပါက ဓာတ်ချုပ်ခြင်း၊ စမြင်းခံခြင်း၊ သလိပ် ကျပ်ခဲခြင်း တို့ပျောက်၏။ ၃။ လေးညှင်းပွင့် ကို သွေး၍ သကြားခဲ ကျိုရည် ပျစ်ပျစ် နှင့် ရောလျက်သော် ကိုယ်ဝန် တည်စ အန်သော ရောဂါ ပျောက်၏။ ၄။ လေးညှင်းပွင့် ကို ဆေးခါးကြီး နှင့် ရောကြိတ်ပြီး ရေနွေး ပူပူနှင့် သောက်သော် အဖျားရောဂါ နှင့် အားအင် ကုန်ခန်းခြင်း များကို ပျောက်ကင်းစေ၏။ ၅။ ကြေးနီခွက် သန့်သန့်၌ လေးညှင်းပွင့် ကို ပျားရည်နှင့် ထုခြေ၍ မျက်စဉ်း ခတ်သော် မျက်စိနာခြင်း၊ မျက်လုံး၌ တိမ်ဖြူစွဲ ခြင်း ပျောက်၏။ ၆။ လေးညှင်းပွင့် ကို ရေနှင့် ကြိတ်၍ ခပ်နွေးနွေး ပြုပြီး သောက်သော် ရေငတ်ခြင်း၊ ပျို့အန်လိုခြင်း၊ လျှာခြောက်ခြင်း၊ ချွဲခြင်း၊ အရသာ မပေါ်ခြင်း များပျောက်၏။ ၇။ လေးညှင်းပွင့် နနွင်း ဆတူ စပ်၍ ကြိတ်ပြီး မြုံနေသော အနာများ ပေါ်တွင် လိမ်းပေးသော် ပျောက်၏။ ၈။ သလဲသီး အချဉ် အရည်နှင့် လေးညှင်း ရောသောက်သော် ဝက်ရူးနာ ထ၍ အန်ခြင်းနှင့် ရိုးရိုး အန်သော ရောဂါ များ ပျောက်၏။ ၉။ အထိုင် အထတို့ ၌ မူး၍ မျက်စိ မူးမိုက် သော် လေးညှင်း ကို ရေအေးနှင့် သွေးပြီး မျက်စဉ်းခတ် ပေးက ပျောက်၏။ ၁၀။ လေးညှင်းပွင့် ကို မီးနှင့်လှော်၍ ကြိတ်ပြီး ပျားရည်နှင့် ရောလျက်သော် ကြက်ညှာ ချောင်းဆိုး ပျောက်၏။ အဆီ-- ၁။ လေးညှင်းဆီ သို့မဟုတ် လေးညှင်းပွင့် ကို သွေး၍ သွားနာ၊ သွားကိုက်သော နေရာသို့ လိမ်းပေးသော် သွားနာ၊ သွားကိုက် ပျောက်၏။ ၂။ လေးညှင်းဆီကို မုန်ညင်းဆီနှင့် ရောလိမ်းသော် အဆစ် အမျက် ကိုက်ခဲ နာကျင်ခြင်း များပျောက်၏။ ၃။ မျက်နှာ နဖူး၏ အထက်ပိုင်းသို့ လေးညှင်းဆီကို လိမ်းပေးသော် ခေါင်းကိုက် ရောဂါ ပျောက်၏။ [၂] ကိုးကား[ပြင်ဆင်ရန်] - မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂) - http://arogyamonline.com/commodity/materials/?raw=53
<urn:uuid:5eb8fe29-34f1-4f5d-93ae-9c59546aa13b>
CC-MAIN-2014-10
http://my.wikipedia.org/wiki/%E1%80%9C%E1%80%B1%E1%80%B8%E1%80%8A%E1%80%BE%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%84%E1%80%BA
2014-03-12T06:46:39Z
s3://commoncrawl/crawl-data/CC-MAIN-2014-10/segments/1394021429299/warc/CC-MAIN-20140305121029-00012-ip-10-183-142-35.ec2.internal.warc.gz
mya
0.998173
Mymr
97
{"mya_Mymr_score": 0.9981727004051208}
RSS Feed (xml) Skin Design: Free Blogger Skins Posted by စိန်ခလုတ် at 5:14 PM “အောင်ခြင်းကိုးပါး”လူတိရစ္ဆာန် ယုတ်စွယုတ်စွာရှိလေရာကို ဂေါတမ ချက်ချင်းသွားနေကျအောင်ခြင်းကိုးပါး လာတော့မယ်မင်းမမီမှာ စိုးသကွယ်ရေးသူအမည် မင်းသိတယ်။ (ဒေါက်တာ သန်းထွန်း)ဟုတ်ကဲ့ အထက်က ဖွင့်ဆိုထားသလို ကျနော်တို့ မြန်မာနိုင်ငံတော်ကြီးအတွက် အောင်ခြင်းကိုးပါးလာပါတော့မယ်။ဒါတခါတော့ ဗုဒ္ဓဘာသာရဲ့ အမြင့်မြတ်ဆုံး ဗုဒ္ဓမြတ်စာဘုရားရဲ့ ပုံတော်တွေ ဆင်းတုတော်တွေကို ကိုင်ဆောင်ဦးထိပ်တင်ပြီးတော့ သာသနာ့အလံကို လွှင့်ထူပြီး စစ်အာဏာရှင်ကို အနိုင်ယူဖို့ အကြမ်းဖက်မှုတွေကနေ ကာကွယ်ဖို့ ၊ အားဖြည့်လိုက်ပါသူ ပြည်သူလူထုတွေကို အားမာန်တက်ကြွလာစေဖို့ မဖြစ်မနေ ရှေ့တန်းတင်ရပါတော့မယ်။ အကြမ်းဖက်လာမယ့် လူတွေကိုလည်း ဗုဒ္ဓဘုရားရှင်ကို မြင်တွေ့ခြင်းအားဖြင့်လည်း အသိတရားများရလာပြီး လက်နက်ချ ပူးပေါင်းပါဝင်လာစေဖို့လည်း အကျိုးရှိနိုင်ပါတယ်။ကျနော်တို့ဖက်မှာ မြတ်ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင် ရှိနေပါတယ်။ မြတ်စွာဘုရားရှင် ကိုယ်တိုင် ကလည်း အကြောက်တရားကင်းဖို့အတွက် ဟောာကြားခဲ့ဖူးတဲ့ တရားတော်တွေရှိပါတယ်။“စစ်သည်ရဲမက်တွေဟာ စစ်ကို အနိုင်ရဖို့အတွက် တပ်ဦးမှာ လွှင့်ထူထားတဲ့ တံခွန်တွေ အလံတွေကို ကြည့်ပြီး အားမာန်တက်ကြွစွာနဲ့ စစ်ကို နိုင်အောင်တိုက်ကြတယ်။ ထို့အတူ ရဟန်းသံဃာတော်တွေကလည်း အကြောက်တရားများနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ ငါဘုရားရှင်ရဲ့ ကျေးဇူးဂုဏ်တော်များကို အောက်မေ့ဆင်ခြင်ပြီး သတိနဲ့ရင်ဆိုင်က အကြောက်တရားကို အောင်မြင် အနိုင်ရရာ၏”လို့ ဟောကြားခဲ့တော်မူပါတယ်။ကျနော်တို့ဖက်က အာဏာရှင်စနစ် ချုပ်ငြိမ်းပျောက်ကွယ်အောင် ရိုးသားသန့်ရှင်းတဲ့ တရားမျှတသော နည်းလမ်းပေါင်းစုံကို သုံးရပါမယ်။ ကိုယ်တတ်နိုင်သမျှ နည်းပေါင်းစုံကို စဉ်စားတွေးခေါ်ပြီး ဒီနေ့ ဒီအချိန်မှာ သံဃာတော်များနှင့် ပြည်သူလူထုကို တင်ပြ အကြံဥာဏ်ပေးဖို့ အထူးလိုအပ်နေပါတယ်။နိုင်ငံလုံးဆိုင်ရာ အထွေထွေသပိတ်ကြီးအတွက် လုပ်သင့်တဲ့အချက်များကတော့ ...၁။သံဃာတပ်ဦးနှင့် လူထုတပ်ဦးများတွင် မြတ်ဗုဒ္ဓရဲ့ ရုပ်ပုံများ၊ ဆင်းတုတော်များနှင့် သာသနာ့အလံတော်များကို ခပ်များများသုံးပြီး တောင်းဆိုချက်များနဲ့ ချီတက်သင့်ပါတယ်။၂။ အကြမ်းဖက်လာမည့် အင်အားစုများကို အတတ်နိုင်ဆုံး သံဃာတော်များမှ တရားဟောပြ စည်းရုံး နားချသင့်ပါတယ်။၃။ အကြမ်းဖက်လာပါကလည်း စုစုစည်းစည်းထား တောင့်ခံပြီး “မင်းတို့တတွေ အန္တရယ်ခပ်သိမ်း ကင်းငြိမ်းကြပါစေ” ဆိုတဲ့ မေတ္တာပို့သတဲ့ စကားတွေ မပြတ်တမ်း ရွတ်ဆိုနေသင့်ပါတယ်။၄။ ထိပ်တိုက်ရင်ဆိုင်မှုများတွေ့ပါက “ပြည်သူ့သံဃာ တို့သံဃာ ပြည်သူ့စစ်သား တို့စစ်သား ပြည်သူ့အရေး တို့အရေး သံဃာစစ်သား ပြည်သူအားနှင့် အာဏာရှင်စနစ် တိုက်ဖျက်ပစ်” လို့ ကြွေးကြော်သင့်ပါတယ်။၅။ နိုင်ငံရေးသမားများ ကျောင်းသားခေါင်းဆောင်များက ပြည်သူလူထုကို နိုင်ငံရေးတရားများ ဟောပြောစည်းရုံးခြင်းတွေလည်း အမြန်ဆုံး အကျယ်ပြန့်ဆုံး လုပ်ဆောင်သင့်ပါတယ်။သန့်ရှင်းရိုးသား၍ တရားမျှတသော ဒီမိုကရေစီစနစ်သို့ ရည်ရွယ်လျှက် Post a Comment
<urn:uuid:ee9e4946-64cb-440e-88fd-9a8d061304e1>
CC-MAIN-2014-10
http://www.seinkhalote.blogspot.com/2007/09/blog-post_2338.html
2014-03-08T01:46:18Z
s3://commoncrawl/crawl-data/CC-MAIN-2014-10/segments/1393999652570/warc/CC-MAIN-20140305060732-00028-ip-10-183-142-35.ec2.internal.warc.gz
mya
0.945091
Mymr
65
{"mya_Mymr_score": 0.9450905919075012, "blk_Mymr_score": 0.053812433034181595}
ဝက် |ဝက် Pig |သိပ္ပံနည်းကျမျိုးခွဲခြင်း| ဝက်သည် ခြေချောင်းတွင် ခွာတစ်စုံစီ ရှိသည့် ခြေလေးချောင်းရှိ နို့တိုက်သတ္တဝါများဖြစ်သည်။ ဝက်ကို စီးပွားဖြစ် မွေးမြူကြသည်။ ဝက်တို့သည် အစုံစား သတ္တဝါများ ဖြစ်ကြသည်။ ဝက်ကို လူတိုင်းမြင်ဖူးကြမည်ဖြစ်သော်လည်း ဝက် မျိုး၏မူရင်းအစကို သိရှိသူကား နည်းပါးလှပေမည်။ ယခု ကမ္ဘာအနှံ့အပြား တွင် တွေ့ရှိနေရသော ဝက်များမှာ တောဝက်များကို ယဉ်ပါးအောင် အိမ် တွင် မွေးမြူကြရာမှ တဖြည်းဖြည်းပေါက်ဖွားလာသော ဝက်များဖြစ်ကြ သည်။ မြေတွင်မြုပ်၍ ကျောက်သားဖြစ်နေသော ဝက်ရိုးအကြွင်းအကျန် များကို တူးဖော်တွေ့ရှိရခြင်းဖြင့် ရှေးဝက်ရိုင်းများကို ဥရောပတိုက်နှင့် အာရှတိုက်တွင်တွေ့ရကြောင်း သိရလေသည်။ အမေရိကတိုက်တွင်ကား မတွေ့ရချေ။ ယခု ဝက်များသည် ဥရောပတိုက်နှင့် အာရှတိုက်ရှိ တောဝက် ရိုင်းများမှ ဆင်းသက်ပေါက်ပွားလာကြသော ဝက်များဖြစ်ကြသည်။ ဘီစီ ၂၉ဝဝ နှစ်လောက်မှစ၍ တရုတ်တို့သည် ဝက်များကို ယဉ်ပါးအောင် မွေးမြူလာကြသည်ဟုဆိုသည်။ ဝက်များသည် ညစ်ပတ်၍ မသန့်ဟု အယူရှိကာ အချို့သော လူမျိုးတို့က ဝက်သားကို မစားကြသော်လည်း အခြားလူမျိုးများ အထူး သဖြင့် တရုတ်လူမျိုးသည် ဝက်သားကို အလွန်နှစ်သက်ကြလေသည်။ အမှန်မှာ ဝက်သည် ထင်သလောက် ညစ်ပတ်ပေကျံသော တိရစ္ဆာန် မဟုတ် ပေ။ သဘာဝအလျောက် ဝက်သည် အခြားသန့်ရှင်းသော တိရစ္ဆာန်များ ကဲ့သို့ပင် သန့်ရှင်းသော တိရစ္ဆာန်ဖြစ်သည်။ မညစ်ပတ်သည်သာမက ဝက် မွေးမြူသူတို့သည် ဝက်ကို သန့်ရှင်းစွာသာထားနိုင်ပါက အထူးပင်စင်ကြယ် သောတိရစ္ဆာန်ဖြစ်နိုင်သည်။ မွေးမြူသူတို့၏ ညစ်ပတ်စွာ ထားရှိမှုကြောင့် သာ ဝက်များကို ညစ်ပတ်သည်ဟု ထင်မှတ်ကြလေသည်။ ဝက်မွေးမြူရာ၌ သန့်ရှင်းစင်ကြယ်စွာ ကျန်းမာရေးနှင့်ကိုက်ညီအောင် ထားနိုင်လျှင် ကြီးလွယ် ၍ ဝက်ဦးရေ များစွာတိုးပွားနိုင်လေသည်။ ကျန်းမာသန်စွမ်းသော ဝက်သိုးတစ်ကောင်သည် အသက် ရှစ်လ အရွယ်မှစ၍ မိတ်လိုက်နိုင်စွမ်းရှိ၍ ဝက်မတန်းများမှာလည်း အသက်ရှစ်လ၊ ရှစ်လခွဲအရွယ်မှစ၍ မိတ်လိုက်နိုင်ပြီးလျှင် တစ်နှစ်အရွယ်တွင် ပထမသားများ မွေးကြလေသည်။ ထိုသို့မွေးပြီးနောက် တစ်နှစ်လျှင် နှစ်သားပေါက် သည်။ တစ်သားတစ်သားလျှင် ဝက်ရိုင်းဖြစ်ပါက ဝက်ကလေး လေးကောင် မှ ခြောက်ကောင်အထိမွေး၍ အိမ်မွေးဝက်မှာကား ရှစ်ကောင်မှ ဆယ်ကောင် အထိ မွေးလေသည်။ ဝက်ကလေးများသည် ရက်သတ္တခြောက်ပတ်မှ ဆယ် ပတ်အတွင်းတွင် မိခင်ဝက်မကြီးမှ သားခွဲလေသည်။ ဝက်သည် ဗိုင်းရပ်ရောဂါတစ်မျိုးဖြစ်သော ဝက်ကာလဝမ်းရောဂါ အထူးသဖြင့် စွဲကပ်တတ်၏။ ထိုရောဂါ စွဲကပ်သောဝက်၏ အဆုတ်နှင့် နှာခေါင်းတို့သည် ရောင်လာပြီးလျှင် များသောအားဖြင့် ထိုရောဂါကြောင့် သေတတ်သည်။ ထိုကြောင့် ဝက်မွေးမြူသူများသည် ဝက်ကလေးများ ရက် သတ္တပတ်အနည်းငယ် ကြီးပြင်းလာသောအခါတွင် ထိုကာလဝမ်းရောဂါ မကျရောက်စေရန် ဆေးထိုးပေးလေ့ရှိကြသည်။ အကယ်၍ ဝက်တွင် ကာလ ဝမ်းရောဂါကျရောက်လာလျှင် ဝက်အားလုံးကိုသတ်ပြီးလျှင် ထိုသတ်ပြီးဝက် များကို မီးရှို့ပစ်ရပေမည်။ ဝက်များနေထိုင်သည့် နေရာများကိုလည်း ပိုးများ သေကုန်သည်အထိ ပိုးသတ်ဆေးများဖြင့် သုတ်သင်ရှင်းပစ်ရပေမည်။ ဝက်တစ်ကောင်လုံးသည် အသုံးဝင်၏။ အသားကိုစားရ၍ အဆီ ကို အိမ်သုံးဟင်းချက်ဆီအဖြစ် အသုံးပြုနိုင်ပြီးလျှင် အမွေးကို ဝက်မှင်ဘီး ပြုလုပ်ရာ၌လည်းကောင်း၊ ဝက်ရေကို မြင်းကုန်းနှီး၊ ပိုက်ဆံအိတ် စသည် တို့ကို ပြုလုပ်ရာ၌လည်းကောင်း၊ အသုံးပြုကြ၏။ ဝက်သည် အစာအကျွေးရနည်းပြီးလျှင် အသားအများဆုံးဖြစ်သော တိရစ္ဆာန်မျိုးဖြစ်၏။ ယင်းတို့ စားသောက်ရသော အစားအစာတို့၏ ၂ဝ သို့မဟုတ် ၂၅ ရာခိုင်နှုန်းမျှကို အသားဖြစ်စေနိုင်ကြသည်။ ပုံပမာ - ကောင်းမွန်သော အစာလေးပိဿာ သို့မဟုတ် ငါးပိဿာ ကျွေးတိုင်း ကျွေးတိုင်း ဝက်တို့သည် အသားတင် ဝက်သားတစ်ပိဿာကျ ထွက်နိုင်ကြ သည်။ နွားများမှာကား ၁ဝ ပိဿာ၊ ၁၂ ပိဿာကျွေးမှ အသားတင် နွား သားတစ်ပိဿာ ထွက်နိုင်သည်။ အခြားတိရစ္ဆာန်များကဲ့သို့ပင် ဝက်တွင်လည်း ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ ဓာတ်သတ္တုနှင့် ဗီတာမင်များ ယင်းတို့၏ အစာများ၌ပါဝင်ရန် အရေးကြီးလေသည်။ ဝက်သည် ဓာတ်သတ္တုများချို့တဲ့သည့် ကောက်နှံ အများအပြားကို စားသောက်၏။ ထိုကြောင့် ယင်း၏အစာတွင် ဓာတ်သတ္တု ထည့်ပေးရပေမည်။ အခြေအနေကိုလိုက်၍ ဝက်၏အစာကို ပြောင်းလဲပေး သင့်သည်။ ထင်ရှားအောင် ဖော်ပြရလျှင် ကိုယ်ဝန်ဆောင်ဝက်မကို သား ငယ်များ၏ ခန္ဓာကိုယ်ထွားကျိုင်းစေမည့်အစာကို ကျွေးသင့်၍ အသား အတွက် ရောင်းစားမည့်ဝက်ကိုမူ အလေးချိန်လျင်မြန်စွာ တိုးတက်စေမည့် ကာဗိုဟိုက်ဒရိတ်နှင့် အဆီများကို ကျွေးသင့်သည်။ ကိုယ်ဝန်ဆောင် ဝက်မ များကို တစ်ခါတစ်ရံ အိုင်အိုဒင်းပါသော အစာများကို ကျွေးသင့်၏။ သို့မှ သာ မွေးဖွားလာမည့် သားငယ်များတွင် အမွေးများ လုံလောက်စွာ ပါလာ နိုင်ပေလိမ့်မည်။ အခြားတိရစ္ဆာန်များကဲ့သို့ပင် ဝက်သည်လည်း ဗီတာမင် များကို လုံလောက်စွာမရရှိလျှင် ဒုက္ခရောက်နိုင်လေသည်။ ဝက်အတွက် အထူးအရေးကြီးသော ဗီတာမင်များမှာ ဗီတာမင် အေ နှင့် ဒီတို့ ဖြစ်သည်။ လူကဲ့သို့ပင် ဝက်သည်လည်း ဗီတာမင် ဒီကိုသာ လုံလောက်စွာမရရှိလျှင် ရစ်ကက်ရောဂါ ဖြစ်တတ်ပေသည်။ ဝက်များမွေးမြူခြင်းနှင့် ဝက်သားစည်သွတ်လုပ်ငန်းသည် အမေရိ ကန်ပြည်ထောင်စုတွင် အလွန်ကြီးကျယ်သော လုပ်ငန်းတစ်ရပ်ဖြစ်၏။ ဝက် သားစည်သွတ်လုပ်ငန်းလုပ်ကိုင်သော မြို့ကြီးများမှာ ရှိကားဂိုးမြို့၊ ကင်းဆပ်မြို့နှင့် အိုမာဟာမြို့တို့ ဖြစ်ကြသည်။ အင်္ဂလန်နိုင်ငံတွင် မွေးမြူသော ထင်ရှားသည့် ဗြိတိသျှဝက်မျိုး များမှာ ယော့ရှိုင်ယားနယ်ရှိ ဝက်ကြီး၊ ဝက်လတ်၊ ဝက်ငယ်မျိုး၊ လင်ကွန်ရှိုင် ယားနယ်ရှိ အမွေးလိမ်ဝက်ဖြူမျိုးနှင့် ဗတ်ရှိုင်ယားနယ်ရှိ ဝက်မျိုးများဖြစ်ကြ သည်။ ပါဏဗေဒအလိုအားဖြင့် ဝက်သည် ဆူအီဒီးမျိုးရင်းတွင် ပါဝင် ၏။ ယခုအခါ၌ တွေ့မြင်နေကြရသော အိမ်မွေးဝက်များ များသောအားဖြင့် ဆင်းသက်ပေါက်ဖွားလာသည့် ရိုးရိုးဥရောပတိုက် တောဝက်သည် ဆပ်စ ဆကရိုဖာဖြစ်၍ တရုတ်ဝက်သည် ဆပ်စအင်ဒိကပ်ဖြစ်သည်။ [၁] ကိုးကား[ပြင်ဆင်ရန်] - မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
<urn:uuid:36ade9d5-2e54-4a29-8e07-94f54f3d3e9d>
CC-MAIN-2014-10
https://my.wikipedia.org/wiki/%E1%80%9D%E1%80%80%E1%80%BA
2014-03-12T21:00:55Z
s3://commoncrawl/crawl-data/CC-MAIN-2014-10/segments/1394024787620/warc/CC-MAIN-20140305130627-00028-ip-10-183-142-35.ec2.internal.warc.gz
mya
0.998038
Mymr
95
{"mya_Mymr_score": 0.9980377554893494}
ရန်ကုန်မြို့ကို စင်္ကာပူပုံစံအတိုင်း ပြန်ဆောက်လို ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောဆိုပြီး ဘန်ကောက်က မိုးပျံရထားတွေ၊ မိုးပျံလမ်းတွေပါ ထည့် စိတ်ကူးခဲ့သည်။ ဤသည်မှာ ၂၀၁၁ ခုနှစ်တွင် သမ္မတဖြစ်လာပြီးနောက် ဦးသိန်းစိန် အကောင်အထည်ဖော် ဆောင်ရွက်လိုသည့် ရည်မှန်းချက် တရပ်ဖြစ်သည်။ ယင်း ဆန္ဒမှာ လက်တွေ့နှင့် လုံးဝ ခြားနားနေသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်သည် အစိုးရသစ် တာဝန်ယူပြီး ၂ နှစ်ခန့် ကြာသွားသော်လည်း သိသိသာသာ တိုးတက်လာခြင်း မရှိသေး။ မြို့တော်၏ အခြေခံ လိုအပ်ချက်များ ဖြစ်သည့် ပို့ဆောင်ရေး၊ စွမ်းအင်၊ ၀န်းကျင်သန့်ရှင်းရေး၊ သောက်သုံးရေ ရရှိရေး စသည့် ကဏ္ဍများသည် လည်း နောက်ကျနေဆဲ။ ဤသို့ အခက်အခဲ၊ အကြပ်အတည်း များစွာ ရှိနေသော်လည်း ပြန့်ကျဲ တည်ရှိနေသည့် ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့် များ ချပေးရာ၌ အစိုးရသည် လက်သင့်ရာ စားတော်ခေါ် ဆိုသကဲ့သို့ လျှို့ဝှက်စနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုနေ၏။ ရန်ကုန်မြို့သို့ နိုင်ငံခြားသား စွန့်ဦးထွင် စီးပွားရေးသမားများ၊ ကမ္ဘာလှည့် ခရီးသည်များနှင့် ဆင်းရဲသား လယ်ယာ လုပ်သားများ အဆက်မပြတ် ၀င်ရောက်လျက်ရှိသည်။ လူတန်းစား အစုံ၊ အလွှာစုံ ၀င်ရောက်လာသဖြင့် လာရင်း ရည်ရွယ်ချက်လည်း အမျိုးစုံ ဖြစ်နိုင်ပါသည်။ အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရှာဖွေရန်၊ အပျော်တမ်း ဓါတ်ပုံရိုက်ရန်၊ လစာကောင်းသည့် အလုပ်ရရှိရန် စသဖြင့် ရည်ရွယ်ချက်ကိုယ်စီဖြင့် ရောက်လာကြသည်။ ဤသို့ အားခဲ၍ လာကြသော်လည်း ၎င်းတို့ မကြာခဏ ကြုံရသည်များမှာ ဗြူရိုကရေစီ အုပ်ချုပ်ရေးယန္တရား၊ လျှပ်စစ်မီး ပြတ်တောက်ခြင်းနှင့် အိပ်စက်နားနေရန် နေရာထိုင်ခင်းပင် ရှာမရခြင်း စသည်တို့သာ ဖြစ်သည်။ ရေနှင့်လျှပ်စစ်မီး မလုံ မလောက်ဖြစ်နေပြီး စွန့်ပစ် ပစ္စည်း (အမှိုက်သရိုက်) များဖယ်ရှား ရှင်းလင်းရေး စနစ်မှာလည်း အလွန်ဟောင်းနွမ်း နေသဖြင့် လူထု၏ ကျန်းမာရေး အတွက် စိုးရိမ်ရပါသည်။ ယာဉ်ကြော ပိတ်ဆို့မှုမှာလည်း ကြာလေ ဆိုးလေပင်။ ရန်ကုန်မြို့ကြီး အလျင်အမြန် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြင်ဆင်သင့်သည်များကို မပြင်ဆင်ရသေးကြောင်း၊ အဓိက ကျသည့် ချို့ယွင်းချက်မှာ ဖွံ့ဖြိုးမှုသစ်များကို မည်သို့ နေရာချပြီး မည်သို့ ဝန်ဆောင်မှုပေးမည်ကို ကြိုပြင်ဆင် ထားသည့် မြေ အသုံးပြုမှုနှင့် လမ်း တံတား ဆောက်လုပ်ရေး အစီအစဉ်များ ကင်းမဲ့နေခြင်းဟု ဖွံ့ဖြိုးမှုလေ့လာရေး အဖွဲ့တခုက သတိပေး နှိုးဆော်ထားသည်။ အများပြည်သူ ပါဝင်မှုကို လျစ်လျူရှုထားသော စီမံကိန်း တင်ပြချက်များအပေါ် မှန်ကန်သော တုန့်ပြန်မှုများ ဖြစ်ပေါ်လာစေမည့် ဘက်စုံပါဝင်နိုင်သော ရန်ကုန်ဖွံ့ဖြိုးရေး အစီအစဉ် တိုးတက်ကောင်းမွန်လာစေခြင်းသည် အရေးကြီးကြောင်း၊ သို့မှသာလျှင် အများပြည်သူအကျိုး ရည်မှန်းပုံဖော်ထားသော မြို့တော်ဖွံ့ဖြိုးရေး အထောက်အကူ ပြုနိုင်မည် ဖြစ်ကြောင်းနှင့် ထိုသို့ အစီအမံ မရှိပါက မြို့တော်၏ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများတွင် အများပြည်သူ အကျိုးအစား ပုဂ္ဂလိက အကျိုးစီးပွားကသာ နေရာယူသွားနိုင်ကြောင်း ဟားဗတ် တက္ကသိုလ် ဒီဇိုင်းကျောင်းနှင့် ချိတ်ဆက်ထားသော မြို့ပြစီမံကိန်း ပညာရှင်များအဖွဲ့တဖွဲ့၏ လေ့လာချက်တွင် ရေးသား ဖော်ပြပါသည်။ ရန်ကုန်မြို့တော် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအတွက် ယခုနှစ်အတွင်း အပြီး ရေးဆွဲ တင်ပြရန် ဖြစ်သည်။ သို့သော် စီမံကိန်းတင်ပြချက် ပြီးအောင် မစောင့်တော့ပဲ ဆောက်လုပ်ရေးကုမ္ပဏီများက လုပ်ကွင်းလုပ်ကွက် အောင်ပြီးဖြစ်ပြီး ပရောဂျက်များစွာလည်း စတင်နှင့်နေပြီဖြစ်သည်။ ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးစိုးတင့်က အိမ်ခြံမြေ ဖိုရမ်တခုတွင် ရန်ကုန် မြို့တော် အရှေ့ပိုင်း ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင် အိမ်ယာစီမံကိန်းတခုကို ဆောက်လုပ်ခွင့် ပြုလိုက် ကြောင်း အတည်ပြု သည်။ လုပ်ငန်းများကို ယခုနှစ် ဧပြီလတွင် စတင်ဆောင်ရွက်မည်ဟုဆိုသည်။ ယင်းစီမံကိန်းတွင် စင်ကာပူ၊ ထိုင်းနှင့် တောင်ကိုး ရီးယားနိုင်ငံ ဆောက်လုပ်ရေး ကုမ္ပဏီများ ဆက်စပ်နေလည်း သတင်း အသေးစိတ်ကို ထုတ်ပြန်ခြင်း မရှိ။ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနသည်လည်း ဗီယက်နမ် ပုဂ္ဂလိက ကုမ္ပဏီ Hoang Amh Gia Lia Group (HAG) နှင့် လွန်ခဲ့သော ဒီဇင်ဘာလက သဘောတူ စာချုပ်တခုကို လက်မှတ်ရေးထိုး ခဲ့သည်။ ယင်းကုမ္ပဏီသည် ရန်ကုန်မြို့လယ်တွင် အမေရိကန် ဒေါ်လာ သန်း ၃၀၀ ကုန်ကျမည့် ဟိုတယ်တလုံးနှင့် ကုန်တိုက်ကြီး တခုကို ဆောက်လုပ်မည် ဖြစ်သည်။ ထိုကုမ္ပဏီသည် ရန်ကုန်မြို့ရှိ မြေဧရိယာ ၈ ဟက်တာကို ငှားရမ်း အသုံးပြုမည် ဟု ဆိုသော်လည်း မည်သည့်ကာလအထိ အသုံးပြုမည်၊ လုပ်ငန်းများကို မည်သည့်အချိန်၌ စတင်မည်၊ နိုင်ငံခြားကုမ္ပဏီ အတွက် မည်သို့ ငှားရမ်းသုံးစွဲခွင့်ပြုသည် တို့ကိုမူ ရှင်းရှင်းလင်းလင်း မသိရချေ။ မြန်မာ ဆောက်လုပ်ရေး ကုမ္ပဏီဖြစ်သည့် Mandalay Golden Wings ကုမ္ပဏီသည် ရန်ကုန်မြို့ အင်းလျားကန် အနီး၌ အထပ် ၃၄ ထပ်ပါ ကွန်ဒိုမီယမ် တလုံးဆောက်လုပ်ရန် အစိုးရထံမှ လျှို့ဝှက်လေလံတခုကို နိုဝင်ဘာလက ရရှိခဲ့သည်။ ယင်းဆောက်လုပ်မည့် ကွန်ဒိုမီယမ်တွင် ယာဉ်ရပ်နားရန် အထပ် ၆ ထပ် ထည့်သွင်း တည်ဆောက်မည် ဖြစ်ပြီး အဆင့်မြင့် လူနေအိမ်ခန်းပေါင်း ၄၀၀ ပါဝင်မည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ လက်ရှိ ဥပဒေရေးရာ အနေအထားမှာ ရဲတင်းလွန်းသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအား စွန့်စားလုပ်ကိုင်စေပြီး အဆက်အသွယ်ကောင်းများကိုလည်း ကော်မရှင်ခ မြိုးမြိုးမြတ်မြတ် စားပေါက်ရစေသည်။ အာမခံချက်နှင့် ရေရှည်ကို ကြည့်သော စနစ်ကျနပြီး နာမည်ကောင်းရ လုပ်ငန်းရှင်တို့အတွက်မူ အတိမ်းအစောင်း များလွန်းနေသည်။ မြန်မာနိုင်ငံတွင် ဥပဒေစိုးမိုးမှု အခြေအနေ ယမန်နှစ်ထက် အနည်းငယ် တိုးတက် ကောင်းမွန်လာသည်ဟု ဆိုနိုင်သော် လည်း ရင်းနှီးမြှုပ်နှံသူများအတွက် ကြီးမားသော စွန့်စားရမှုများ ရှိနေဆဲ ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ လေ့လာ သုံးသပ်သည့် Maplecroft ၏ အစီရင်ခံစာက ဆိုသည်။ တရားဥပဒေ စိုးမိုးမှု၊ စည်းကမ်း လိုက်နာမှုတွေ ပုံမှန် မရှိသေးကြောင်းနှင့် အဂတိလိုက်စားမှုများ ထူပြောနေဆဲ ဖြစ်ကြောင်းလည်း ဆိုသည်။ ဝါရှင်တန်အခြေစိုက် ဘရွတ်ကင်း ကျွမ်းကျင်သူများအဖွဲ့မှ အမေရိကန်လူမျိုး စီးပွားရေး ပညာရှင် လက်ဇ်ရီဖယ် ၏ မြန်မာနိုင်ငံ အကြောင်း လေ့လာမှု တခုတွင် မြန်မာအစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များသည် လာရောက်လည်ပတ်သည့် အကြံဥာဏ်နှင့်အကူအညီပေးမည့် ဧည့်သည်များကြောင့် ဗျာများနေကြောင်း ရေးသား ဖော်ပြထားသည်။ ယင်း “ပြဿနာ” ဧည့်သည်များစာရင်းတွင် သံတမန်များ၊ အကူအညီပေးရေး အေဂျင်စီ ကိုယ်စားလှယ်များ၊ INGOs များမှ ကိုယ်စားလှယ်များ၊ စီးပွားရေး အမှုဆောင်အရာရှိများ ပါဝင်သည်ဟု ဆိုသည်။ နိုင်ငံတကာမှ ဧည့်သည်များ အဆက်မပြတ် ၀င်လာခြင်းသည် မူဝါဒီဆိုင်ရာ အကောင်အထည်ဖော်သူများ၊ ဝန်ကြီးများ၊ ဦးဆောင်ညွှန်ကြားရေးမှူးများကို အလုပ်ရှုပ်စေကြောင်း၊ ယင်း အရာရှိကြီးများသည် နေ့စဉ် ရောက်လာကြသည့် နိုင်ငံခြားသား ဧည့်သည်များ နှင့် တွေ့ဆုံဆွေးနွေးရန် အချိန်များစွာ ကုန်ကြောင်း၊ မူဝါဒကောင်းများ နှင့် လုပ်ငန်း အကောင်အထည်ဖော်ရန် လုံလောက်သည့် အချိန် မရကြကြောင်း၊ အလားတူ အခြေအနေများကို ကမ္ဘောဒီးယား နိုင်ငံတွင်လည်း ကြုံတွေ့ကြောင်း မစ္စတာ ရီဖယ်က နှိုင်းယှဉ်၍ ပြောဆိုသည်။ ဆယ်စုနှစ်ပေါင်း များစွာ အထီးကျန် နေထိုင်ခဲ့ရသည့် ရန်ကုန်မြို့သည် အရှေ့အာရှမြို့တော် အားလုံးလိုလို ခံစားခဲ့ရသည့် ဆိုးရွားသည့် ပြန်လည်မွမ်းမံတည်ဆောက်ရေး ဒဏ်မှ ဝေးခဲ့ရသည်။ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တော်မှာ ခြွင်းချက်ဖြစ်သည်။ ကောင်းမွန်ပြည့်စုံသည့် ဖွံ့ဖြိုးရေး စီမံကိန်းမျိုး ရေးဆွဲ ချမှတ် လုပ်ကိုင်နိုင်ခြင်း မရှိပါက ရန်ကုန်မြို့တော်သည် အခြား အာရှမြို့တော်များဖြစ်သည့် ဘန်ကောက်၊ မနီလာ၊ ဟိုချီမင်းနှင့် ဂျာကာတာ မြို့တော်များ တွေ့ကြုံခဲ့ရသကဲ့သို့ မလွဲမသွေ တွေ့ကြုံရမည် ဖြစ်ကြောင်း သုံးသပ် ရရှိသည်။ တချိန်တည်းမှာပင် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်နိုင်ပြီး ဒေါ်လာငွေရှာပေးမည့် ကိုလိုနီခေတ် ဗိသုကာ လက်ရာ အဆောက်အဦးများကို ဖြိုချနေပြီး ဈေးဆိုင်ကြီးများ၊ ရုပ်ဆိုးသော မိုးမျှော်တိုက်ကြီးများ၊ အဆင့်မြင့်တာဝါကြီးများ တည်ဆောက်ရန် ကြိုးစားနေပေပြီ။ “စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ပြဌာန်းထားသည့် တည်ဆဲဥပဒေများ၊ ကန့်သတ်ချက်များသည် ငွေရှင် ကြေးရှင် ကြီးများ၏ ဖိအားပေးမှု ကြောင့် အကျိုးသက်ရောက်မှု မရှိ” ဟု “ရန်ကုန်၏ အမွေအနှစ် အဆောက်အအုံ ၃၀” စာအုပ် ရေးသားသူ ဆာရာရွန်းနေက ပြောသည်။ ရွန်နေသည် ဘန်ကောက်မြို့တွင် နေထိုင်သူဖြစ်ပြီး ဘန်ကောက်မြို့တွင် အဆင်ခြင်မဲ့ ဗရမ်းဗတာ ဆောက်လုပ် ထားသည့် ကွန်ဒိုမီနီယမ်နှင့် ရုံးခန်း အဆောက်အဦး များစွာရှိကြောင်း၊ အဆောက်အဦး ဆောက်လုပ်နေသူများသည် ဆောက်လုပ်မည့် အဆောက်အဦးနှင့် ပတ်ဝန်းကျင်၏ အခြေခံ လိုအပ်ချက်များကို ဂရုမစိုက်ဘဲ ဆောက်လုပ်နေကြ ကြောင်း၊ ထိုသို့ စည်းကမ်းမဲ့ တည်ဆောက်မှုများကြောင့် ထိုင်းနိုင်ငံ၏ သမိုင်းဝင် ဘုရားပုထိုးများ၊ ထိုင်းရိုးရာ ဗိသုကာ လက်ရာများ ပျောက်ကွယ်သွားရကြောင်း၊ ယာဉ်သွားယာဉ်လာ လမ်းကြောင်းနှင့် ရပ်နားခြင်းများကို ထည့်သွင်း စဉ်းစားခြင်း မပြုဘဲ စည်းမဲ့ကမ်းမဲ့ ဆောက်လုပ်မှုများ ကြောင့် ထိုင်းပြည်သူများ၊ ရုံးဝန်ထမ်းများ သွားလာရေး အခက်အခဲ များစွာ ကြုံကြရကြောင်း၊ ထောင်ပေါင်း များစွာသော ရုံးဝန်ထမ်းများ ရုံးတက်ရုံးဆင်းရန် တနေ့လျှင် အချိန် ၃ နာရီခန့် ယူ၍ ယာဉ်ကြော ပိတ်ဆို့နေသည့် လမ်းပေါ်၌ ခရီးသွားနေကြရ ကြောင်း ၎င်းက ပြောသည်။ အများပြည်သူ အတွက် ရေရှည် အကျိုး ရှိစေမည့် အစီအမံများကို ထည့်သွင်း စဉ်းစား ဖော်ဆောင်ခြင်း မပြုပါက ရန်ကုန်သည် ဘန်ကောက်လို ဖရိုဖရဲ မြို့တော် ဖြစ်လာနိုင်ပြီး စနစ်တကျနှင့် မှန်မှန်ကန်ကန် အစီအမံများ ချမှတ် လုပ်ဆောင်မည် ဆိုလျှင် သန့်ရှင်း သပ်ရပ်၍ စံမီသော စင်ကာပူလို ဖြစ်လာပေမည်။ (Rangoon’s Future: Orderly Singapore or Disorderly Bangkok? ကို ဆီလျော်အောင် တင်မောင်ယု ဘာသာပြန်ဆိုသည်)
<urn:uuid:20b968c0-65be-45cf-a648-bf9a0f371f70>
CC-MAIN-2014-10
http://burma.irrawaddy.org/%e1%81%80_construction/2013/02/23/34446.html
2014-03-09T13:21:37Z
s3://commoncrawl/crawl-data/CC-MAIN-2014-10/segments/1393999678747/warc/CC-MAIN-20140305060758-00015-ip-10-183-142-35.ec2.internal.warc.gz
mya
0.965397
Mymr
36
{"mya_Mymr_score": 0.9653965830802917, "blk_Mymr_score": 0.033085066825151443}
မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုသမိုင်းမှာ လွန်ခဲ့တဲ့ ၂၅ နှစ်က အထင်ကရဖြစ်ပျက်ခဲ့တဲ့ အင်းလျားကန်ဘောင် တံတားနီအရေးအခင်းမှာ ထိခိုက်သေကျေပျောက်ဆုံးခဲ့ရတဲ့ ကျောင်းသားလူငယ်တွေရဲ့ သမိုင်းကို အတိအကျဖော်ထုတ်ဖို့ ၈၈ မျိုးဆက်တွေအနေနဲ့ ကြိုးစားနေကြတယ်လို့ အဲ့ဒီအရေးအခင်းမှာ ဦးဆောင်ပါဝင်သူ ကျောင်းသားခေါင်းဆောင်တွေက ပြောကြားလိုက်ပါတယ်။ ဒီကနေ့ကျရောက်တဲ့ မတ်လ ၁၆ ရက်နေ့ ၂၅ နှစ်မြောက် တံတားနီနှစ်ပတ်လည်နေ့မှာ သမိုင်းမှန်တွေကို ဖော်ထုတ်ဖို့ လိုအပ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက ပြောကြားလိုက်တာဖြစ်ပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။ အာဏာရှင်လက်အောက်ကလွတ်မြောက်ကြဖို့ ရဟန်းရှင်လူကျောင်းသားပြည်သူတွေ တိုက်ပွဲဝင်ခဲ့ကြတဲ့ မြန်မာ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတိုက်ပွဲတွေထဲက အထင်ရှားဆုံး သမိုင်းဝင်နေ့တနေ့ဖြစ်တဲ့ အင်းလျားကန်ဘောင် တံတားနီနေ့ဟာ ဒီကနေ့ဆိုရင် ၂၅ နှစ် တင်းတင်းပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ တံတားဖြူကနေ တံတားနီလို့ ခေါ်ဝေါ်သတ်မှတ်ခံ ရလောက်အောင်ကို စစ်လုံခြုံရေးရဲတွေရဲ့ ရိုက်နှက်သတ်ဖြတ်မှုကြောင့် အင်းလျားကန်ဘောင်မှာ သွေးလွှမ်းခဲ့ရတဲ့ အနေအထားဟာ ကျောင်းသားပြည်သူတွေ ဘယ်လောက်အထိ သွေးမြေကျခဲ့ရတယ်ဆိုတာ ခန့်မှန်းဖို့တောင် ခက်တယ်လို့ ကျောင်းသားခေါင်းဆောင် ကိုမင်းဇေယျာက ပြောပါတယ်။ “ဘယ်လောက်ထိသေဆုံးခဲ့ရလဲ။ ဘယ်လောက်ထိ နစ်နာခဲ့ရလဲ ကိန်းဂဏန်းအရေအတွက်ကိုတော့ ကျနော်တို့ကိုယ်တိုင် သိချင်တဲ့မေးခွန်းပါ။ ကျနော်သိချင်တဲ့အဖြေတခုပါ။ ဒီအချိန်မှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ကျပ်ကျပ်မတ်မတ် စုံစမ်းဖော်ထုတ်ခွင့်ရဖို့ မျှော်လင့်ထား ပါတယ်။ အခုချိန်ထိ ကျနော်တို့က ကိန်းဂဏန်းအတိအကျ မသိရသေးဘူး။ ကျနော်ကိုယ်တိုင် ကြုံခဲ့ရတဲ့ ကျနော်ကိုယ်တိုင်မြင်ခဲ့ရတဲ့မြင်ကွင်းတွေအရ ကတော့ တံတားနီဆိုတဲ့နေရာဟာ တံတားနီလို့ သူတို့ဘာဖြစ်လို့ ပြောင်းခဲ့ရလဲဆိုတဲ့အဖြေက ကျနော်တို့ အင်းယျားကန်ဘောင်ရှေ့မှာရှိတဲ့ လမ်းကြီးဟာ သွေးတွေဖုံးလွှမ်းသွားတဲ့အတွက် ကျနော်တို့က ဒီနေရာကို တံတားနီလို့ ကျနော်တို့ ကျောင်းသားတွေက သတ်မှတ်ခဲ့တာပါ။” အာဏာပိုင်တွေဘက်ကလည်း တံတားနီအရေးအခင်းကြောင့် သေဆုံးပျက်စီးခဲ့ရတဲ့သူစာရင်းကို ဒီကနေ့အထိ တရားဝင် ထုတ်ပြန်ကြေညာခြင်း လုံးဝမရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ဒီတံတားနီအရေးအခင်းမှာ ကျောင်းသားလူငယ်တွေ ဘယ်လောက်အထိ သေဆုံးခဲ့ရတယ်၊ ဘယ်လောက်အထိ ဖမ်းဆီးခံရပြီးတော့ ဘယ်သူတွေ ပျောက်ဆုံးခဲ့ရတယ်ဆိုတာကို ဒီအရေးအခင်းမှာ ပါဝင်ခဲ့သူ ကျောင်းသားမျိုးဆက်တွေက သမိုင်းမှန်ကို ဖော်ထုတ်ဖို့ ကြိုးစားနေကြတယ်လို့ ကိုမင်းဇေယျာက ပြောပါတယ်။ ၁၉၈၈ ခုနှစ် မတ်လ ၁၆ ရက်နေ့မှာ စက်မှုတက္ကသိုလ်ကျောင်းသားကိုဖုန်းမော် သေဆုံးခဲ့ရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဈာပနလုပ်ခွင့်ပေးဖို့နဲ့ အာဏာပိုင်တွေအနေနဲ့ စုံစမ်းဖော်ထုတ်ပေးဖို့ စတဲ့ တောင်းဆိုချက်တွေနဲ့ အပါအဝင် ရန်ကုန်တက္ကသိုလ်ပရဝုဏ်မှာ ကျောင်းသားတွေ ဆန္ဒပြနေတဲ့အချိန် စစ်တပ်နဲ့ရဲလုံခြုံရေးတွေက လက်နက်သုံး၊ အကြမ်းဖက်အင်အားသုံးဖြေရှင်း ခဲ့တဲ့ သွေးထွက်သံယိုမှု အများဆုံးဖြစ်ပျက်ခဲ့ရတဲ့အထဲက အဖြစ်အပျက်တခုဖြစ်ပါတယ်။ ဒီလိုမျိုး မြန်မာ့ဒီမိုကရေစီရေး အရေးတော်ပုံအတွင်း ဖြစ်ပျက်ခဲ့တဲ့ သမိုင်းတွေကို နောင်လာတဲ့မျိုးဆက်သစ်တွေနဲ့ မြန်မာပြည်သူတွေ မမေ့ပျောက်စေဖို့အတွက် ရည်ရွယ်ပြီးတော့ ဒီနေ့နှစ်ပတ်လည်နေ့အောက်မေ့ဖွယ်နေ့ကို ကျင်းပကြတာဖြစ်တယ်လို့ ၈၈မျိုးဆက်ကျောင်းသားတွေကဆိုပါတယ်။ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေမှာ အသက်တွေ၊ ဘဝတွေ ပေးဆပ်ခဲ့ရတဲ့ အညတရ ကျောင်းသားလူငယ်တွေရဲ့ ဆုံးရှုံးနစ်နာမှုတွေနဲ့ သမိုင်းမှန်တွေကိုဖော်ထုတ်ဖို့က အဲ့ဒီ့အချိန်တုန်းက တာဝန်ရှိခဲ့သူတွေနဲ့ လက်ရှိတိုင်းပြည်အုပ်ချုပ်သူတွေ၊ နိုင်ငံ့ခေါင်းဆောင်တွေမှာ တာဝန်ရှိတယ်လို့လည်း ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။ “ဒီဟာ ဟာ ဖုံးကွယ်ခံခဲ့ရတဲ့သမိုင်းပေါ့ဗျာ။ အဲဒါကို ပြန်ပြီးတော့ အမှန်တရားကို မဖော်ထုတ်နိုင်သေးဘူးပေါ့။ အဲဒီမှာ အထူးသဖြင့်ကတော့ အညတရတွေပေါ့ဗျာ။ တော်တော်ကြီးကို နစ်နာဆုံးရှုံးခဲ့ရသူတွေ ပါပါတယ်။ ကျောင်းသူတွေက အစပါ။ ဘက်နှစ်စလုံးကပေါ့ ပြောချင်တာကတော့ အဲဒီအချိန်က လက်နက်ကိုင်အဖွဲ့အစည်းတွေ ကျနော်တို့ ကျောင်းသားတွေအပေါ်မှာ အကြမ်းပတမ်းကိုင်တွယ်ပြီးတော့ အကြမ်းဖက်ခဲ့တဲ့သူတွေပါ။ ဒီကနေ့ဟာ သူတို့လည်းမေ့မယ့်နေ့မဟုတ်ပါဘူး။ ဒီကနေ့ ဒီအကြောင်းအရာတွေ ပြန်ပြောနေကြပြီဆိုကတည်းက သူတို့ဟာ အဲဒီသမိုင်းမှာ ဘယ်နေရာက ပါခဲ့ကြတယ်ဆိုတာ သိပါလိမ့်မယ်။ အမိန့်ပေးတဲ့သူက အမိန့်ပေးတယ်၊ လက်တွေ့အကောင်အထည် ဖော်တဲ့သူက ဖော်ကြတယ်ပေါ့ဗျာ။ ကျနော်တို့ အဲဒီနားတ၀ိုက်က ပြည်သူတွေ၊ တချို့ဆိုလည်း ကျောင်းသားတွေ၊ တချို့ဆိုလည်း ပြည်သူတွေ။ ဘာဖြစ်လို့လဲဆိုတော့ တချို့ ကျောင်းသူတွေကို ကယ်ပေးခဲ့တာ အိမ်ဖော်မလေးတွေကအစ ကျနော်တို့ကို နောက်ဖေးတံခါးဖွင့်ပြီးတော့ လွတ်ရာကျွတ်ရာကို ကယ်တင်ပေးခဲ့တာတွေ ရှိတယ်ဗျ။ ပြောချင်တာကတော့ သမိုင်းနဲ့ပတ်သက်လာရင် တချိန်မှာပြန်ပြီး အမှန်တရားပေါ်လာတဲ့အခါမှာ ဘယ်သူတွေ ဘယ်လိုနေရာက ပါဝင်နေကြလဲဆိုတာ ကိုယ့်ကိုယ်ကိုသိကြပါလိမ့်မယ်။ နောက်သားတွေကို ပြန်ပြောပြတဲ့အခါမှာလည်း ကိုယ့်အခန်းကဏ္ဍကို မလိမ်တမ်းမညာတမ်း ပြန်ပြောနိုင်တာပေါ့ဗျာ။” အဲ့ဒီ့နေ့တုန်းက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး သမိုင်းမှန်တွေကိုမမေ့ဖို့နဲ့ ဒီလိုရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်ကို အာဏာပိုင်တွေဘက်က အကြမ်းဖက်လုပ်ခဲ့တယ် ဆိုတဲ့ အမည်းစက်ကို အခုလိုနိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လာတဲ့အချိန် တာဝန်ရှိသူတွေအနေနဲ့ တာဝန်ယူပြီးဖြေရှင်းပေးသင့်ပြီး ကျောင်းသား မျိုးဆက်တွေ နောင်လာနောင်သားတွေအနေနဲ့လည်း သမိုင်းကို မမေ့ပျောက်ဖို့ အရေးကြီးတယ်လို့ အခမ်းအနားကို ဦးဆောင်ခဲ့တဲ့ ၈၈မျိုးဆက် ကျောင်းသားတွေက ပြောပါတယ်။ တံတားနီနေ့နှစ်ပတ်လည်နေ့အခမ်းအနားကို ၈၈ မျိုးဆက်ကျောင်းသားတွေ လွတ်မြောက်လာပြီးနောက်ပိုင်း ၂၀၁၂ခုနှစ်က ပထမဆုံးအကြိမ် ရန်ကုန် ရွှေဂုံတိုင်မှာ ကျင်းပခဲ့ပြီး (၂၅) နှစ်မြောက် နှစ်ပတ်လည်နေ့ကိုတော့ မတ်လ ၁၆ ရက်နေ့မှာ ရန်ကုန်မြို့မှာ ကျင်းပခဲ့သလို တံတားနီအရေးအခင်းဖြစ်ပျက်ခဲ့တဲ့ အင်းလျားကန်ဘောင်ပေါ်မှာလည်း ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားဟောင်းတွေ၊ စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းတွေနဲ့ မျိုးဆက်သစ်ကျောင်းသားလူငယ်တွေ စုဝေးပြီး ကျင်းပခဲ့ကြပါတယ်။ အရပ်သားအစိုးရလက်ထက်၊ နှစ်ရှည်ထောင်ဒဏ်ကျခံခဲ့ရတဲ့ နိုင်ငံရေး လှုပ်ရှားသူတွေ ပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်းမှာတော့ ဒီမိုကရေစီရေးလှုပ်ရှားမှု သမိုင်းဝင်နေ့တွေကို အမှတ်တရ ကျင်းပခွင့်ရလာတာလည်း ဖြစ်ပါတယ်။
<urn:uuid:4e0593f6-e2cf-4b86-b9c3-4dfadb5c494e>
CC-MAIN-2014-10
http://burmese.voanews.com/content/red-bridge-day-03-16-13/1622754.html
2014-03-09T13:21:01Z
s3://commoncrawl/crawl-data/CC-MAIN-2014-10/segments/1393999678747/warc/CC-MAIN-20140305060758-00015-ip-10-183-142-35.ec2.internal.warc.gz
mya
0.919447
Mymr
50
{"mya_Mymr_score": 0.9194473624229431, "blk_Mymr_score": 0.07604929059743881}
ချစ်သူများနေ့ ကမ္ဘာတွင် ချစ်သူများနေ့ကို နှစ်စဉ် ဖေဖေါ်ဝါရီ (၁၄)ရက်နေ့ဟု သတ်မှတ်သည်။ သမိုင်းကြောင်း[ပြင်ဆင်ရန်] ရောမပြည်မှ အချစ်အကြောင်းသည် ချစ်သူများနေ့ ဖြစ်ပေါ်ခြင်း၏ သမိုင်းအစဖြစ်သည်။ ရောမဘုရင်တစ်ပါး လက်ထက်တွင် စစ်တိုက်ထွက်ကြသော စစ်သည်တော်များသည် ချစ်သူရည်းစားနှင့် ဇနီးမယားများကို တမ်းတအမှတ်ရမူများကြောင့် စစ်ပွဲတိုင်းအမြဲရှုံးနှိမ့်ခဲ့ကြသည်။ ထိုအကြောင်းကို ဘုရင်ကြီးသိသောအခါ ရောမမြို့တွင် ချစ်သူရည်းစား မထားရ။ အစဉ်အလာအားဖြင့် လက်ထက်ထိမ်းမြားခြင်း အမှုကို ပြုလုပ်ပေးကြသော ဘုန်းတော်ကြီးများအားလည်း လုံးဝမပြုလုပ်ပေးရဟု ပြင်းပြင်းထန်ထန် အမိန့်ထုတ်ခဲ့သည်။ နှလုံးသားရဲရင့်သည့် ချစ်သူနှစ်ဦးသည် သူတို့၏ အချစ်ကို နေ့တစ်နေ့အတွက် မရည်စူးပါ။ ချစ်တတ်သူတွေ အမြဲရှင်သန်ဖို့ ဘုန်းတော်ကြီး စိန့် ဗယ်လင်တိုင်း (St. Valentine) ကို လက်ထပ်ပေးရန် တောင်းဆိုခဲ့ကြသည်။ ဘုန်းတော်ကြီး စိန့် ဗယ်လင်တိုင်း သည် ချစ်သူတို့၏ ဘဝ ချစ်ခြင်းနိယာမကို နားလည်စာနာတတ်သူမို့ မိမိအသက်ကို ပဓာနမထားပဲ လက်ထပ်ပေးလိုက်ပါသည်။ ထိုအကြောင်းကို ဘုရင်သိသောအခါ ထိုနေ့ ဖေဖေါ်ဝါရီ (၁၄)ရက်တွင် ဘုန်းတော်ကြီးကို အဆုံးစီရင်လိုက်ပါသည်။ ချစ်သူများအတွက် အသက်ပေးသွားခဲ့သော ဘုန်းတော်ကြီး စိန့် ဗယ်လင်တိုင်း ကို ဂုဏ်ပြုသောအားဖြင့် Valentine's Day (သို့မဟုတ်) ချစ်သူများနေ့ဟု ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်ပါသည်။
<urn:uuid:a5e357ff-f903-4a38-8a95-4fae033deb6b>
CC-MAIN-2014-10
http://my.wikipedia.org/wiki/%E1%80%81%E1%80%BB%E1%80%85%E1%80%BA%E1%80%9E%E1%80%B0%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%94%E1%80%B1%E1%80%B7
2014-03-11T10:54:11Z
s3://commoncrawl/crawl-data/CC-MAIN-2014-10/segments/1394011176878/warc/CC-MAIN-20140305091936-00015-ip-10-183-142-35.ec2.internal.warc.gz
mya
0.998971
Mymr
19
{"mya_Mymr_score": 0.9989712238311768}
Channel 7 မှာ လွှင့်နေတဲ့ အိပ်မက်ဆုံရာ Season 5 နောက်ဆုံး ဗိုလ်လုပွဲကို မေ ၅ ရက်နေ့ ညနေပိုင်းမှာ မျှော်စင်ကျွန်းမှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ နိုင်ငံကျော် တေးသံရှင် ဇော်ပိုင်၊ ဖြိုးကြီး၊ ဟဲလေး၊ ဇမ်နူး၊ နေနေ တို့ကလည်း ပြိုင်ပွဲဝင်တွေနဲ့ အတူ သီချင်းတပုဒ်စီ တွဲဆိုကြမယ်လို့ သိရပါတယ်။ ပြိုင်ပွဲဝင်တွေကလည်း သီးသန့် သီချင်းတပုဒ်စီနဲ့ ပြိုင်ကြမှာ ဖြစ်ပြီး အဲဒီ သီးသန့် တယောက်ချင်း ဆိုတဲ့သီချင်းနဲ့ပဲ အမှတ် ပေးမှာဖြစ်တယ်။ ထုံးစံအတိုင်း The Ugly တေးဂီတက တီးခတ်ပေးမယ်၊ ဒိုင်လူကြီးအဖြစ် တေးရေးမြင့်မိုးအောင်၊ တေးသံရှင် စည်သူလွင်နဲ့၊ ရေဗက္ကာဝင်းအစား အယ်လ်ခွန်းရီက တာဝန်ယူပေးမယ်လို့ စည်သူလွင်ဆီက သိရပါတယ်။ ‘အိပ်မက်ဆုံရာ’ အစီအစဉ်ကို Season 1 မှာ ကတည်းက ပရိသတ် တော်တော်များများ စိတ်ဝင်စား ခဲ့ကြတာပါ။ နော က်ပိုင်းတော့ အိပ်မက်ဆုံရာဟာ အဆိုပြိုင်ပွဲမှ မဟုတ်တာ၊ ပါဖောမန့် ပြိုင်နေတာပဲ ဆိုတဲ့ ဝေဖန်သံတွေ ထွက်လာခဲ့တယ်။ အိပ်မက်ဆုံရာဟာ အဆိုပြိုင်ပွဲ ဖြစ်တယ်၊ ပါဖောမန့် ပွဲမဟုတ်ပါဘူးလို့ အိပ်မက်ဆုံရာ ဒိုင်လူကြီး တေးသံရှင် စည်သူလွင်က ပြောပါတယ်။ “အပြင်က ပရိသတ်တွေရော၊ ဝါသနာရှင် ကလေးတွေရော ပြောချင်တာက အိပ်မက်ဆုံရာဆိုရင် ပါဖောမန့်ကို ဦးစားပေးတဲ့ အစီအစဉ်လို့ ထင်ကြမြင်ကြတယ်။ အမှန်တော့ မဟုတ်ပါဘူး၊ ပါဖောမန့် ဆိုတာက ကြည့်သူတွေ မျက်စိပသာဒ ဖြစ်ဖို့ အတွက်ပါ၊ Channel 7 ဆိုတာကလည်း ဖျော်ဖြေရေး ချယ်နယ် တခုဖြစ်တယ် သီချင်းဆို ပြိုင်ပွဲတခုရဲ့ အသွင်ကိုလည်း ဆောင်မယ်၊ ပရိသတ်အတွက် ဖျော်ဖြေရေးလည်း ဖြစ်မယ်ဆိုတဲ့ သဘောနဲ့ အိပ်မက်ဆုံရာ အစီအစဉ်ကို တင်ဆက်ခဲ့ ကြတယ်။ ကျနော်တို့ ဒိုင်တွေအနေနဲ့ ဆုံးဖြတ်ပေးတဲ့ အခါကျတော့ အဆိုပညာကိုပဲ အဓိက ဦးစားပေးတယ် ဆိုတဲ့ အကြောင်း အားလုံးကို သိစေချင်ပါတယ်။ အဆိုတော်တဲ့ ပြိုင်ပွဲဝင်တွေရဲ့ သူမသာကိုယ်မသာ အမှတ်တွေထဲက ဆုံးဖြတ် ရွေးချယ်ချင်ပါတယ်။ တကယ် အဆိုကောင်းတဲ့သူတွေ လာစေချင်ပါတယ်” လို့ စည်သူလွင်က ရှင်းပြပါတယ်။ အိမ်မက်ဆုံရာရဲ့ နည်းပြဆရာ တဦးအဖြစ် အားလုံးသိပြီးသား ဖြစ်တဲ့ ခိုင်မြဲသာကတော့ အိမ်မက်ဆုံရာလို့ စာတမ်း ထိုးတယ်၊ အဆိုပြိုင်ပွဲလို့စာတမ်း မထိုးထားဘူး၊ ရုပ်ရှင်လည်းမဟုတ်၊ Reality ရှိုးလည်း မဟုတ်တဲ့ တီဗီရှိုး ဆိုတာမျိုး တခုရှိတယ် ဆိုတဲ့အကြောင်း ဧရာဝတီကို ပြောပါတယ်။ “ကျနော်က ဂီတဘက်က လူဆိုတော့ ဂီတနဲ့ပဲ နားလည်တယ်၊ သို့သော် ရုပ်ရှင် ရှုထောင့်က ကြည့်မယ်ဆိုရင် နားလည်တဲ့ သူတွေက တီဗီရှိုးဆိုတာကို နားလည်တယ်။ ပါဖောမန့်ကိုလည်း ၁၀၀ ရာခိုင်နှုန်း ဦးစားပေးတယ်၊ အသံကိုလည်း ၁၀၀ ရာခိုင်နှုန်း ဦးစားပေးတယ်။ ဥပမာ ကိုရီးယားရုပ်ရှင်တွေကို မြန်မာပရိသတ်တွေ ဘာကြောင့် စွဲလန်းနေလဲ သူတို့ နားလည်တယ်။ အဲဒီလိုပဲ ဒီကလေးတွေ အပေါ်မှာ မြန်မာပရိသတ်တွေ ဘယ်လို စွဲလန်းအောင် လုပ်မလဲဆိုတာ ဒီအစီအစဉ် လုပ်သူတွေက နားလည်တယ်” လို့ သူက ဆိုတယ်။ ဆက်လက်ပြီး ခိုင်မြဲသာက အပြင်မှာ အိမ်မက်ဆုံရာကို ပါဖောမန့် ဦးစားပေးတယ်လို့ ထင်မြင်ချက်ပေးကြတာဟာ မမှားဘူး၊ ဒါပေမယ့် ထင်မြင်ချက်ရဲ့ နောက်ကွယ်မှာ ပြီးပြည့်စုံမှု တခုတော့ သိစေချင်တယ် ဆိုတဲ့အကြောင်း၊ အဆို ပြိုင်ပွဲဆိုတာ အသံပဲ ကောင်းရမယ် ဆိုတာ လက်ခံတယ်၊ ဒါဟာ အဆိုပြိုင်ပွဲလို့ နာမည်မတပ်ဘူး၊ တီဗီရှိုးလို့ပဲ နားလည်ပေး စေချင်တယ်လို့ ပြောပါတယ်။ အိမ်မက်ဆုံရာ Season 5 မှာ နောက်ဆုံးပြိုင်ပွဲဝင် ၁၀ ဦးဖြစ်တဲ့ ဗို၊ ထင်တိုင်း၊ စောနေလင်းဟန်၊ စနိုး၊ စိုင်းရဲလင်း၊ ရွှေပု၊ ဇန်ဝေယံထူး၊ အောင်မြင့်မြတ်၊ ပိုးအိအိခန့်၊ ကြူကြူ တို့က မျှော်စင်ကျွန်းမှာ ပြိုင်ကြရမှာ ဖြစ်ပြီး ပြိုင်ပွဲနဲ့ ပတ်သက်လို့ အင်တာဗျူးခွင့် ကိုတော့ MRTV4 က မပေးတဲ့အကြောင်း ဖုန်းနံပါတ်လည်း ပေးခွင့်မရှိတဲ့ အကြောင်း၊ တခါက အင်တာဗျူး တခုမှာ အမှားဖြေမိတဲ့ အတွက် အိမ်မက်ဆုံရာ ပြိုင်ပွဲဝင်တွေကို ဌာနက ဖြေခွင့် မပေးသေးတာ ဖြစ်တဲ့အကြောင်း ခိုင်မြဲသာက ရှင်းပြပြီး သူ့ဆီမှာလည်း ဖုန်းနံပါတ်တွေ မရှိဘူးလို့ ဆိုပါတယ်။ မေ ၅ ညနေ ပြုလုပ်မယ့်ပွဲကို ကြည့်ချင်သူတွေက အိမ်မှာရှိတဲ့ MRTV Receiver ကတ်ထဲက နံပါတ်ကိုပြောပြီး လက်မှတ် ၂ စောင် ထုတ်ယူနိုင်ကြောင်း၊ အဲဒီ Receiver တခုက ကျပ် ၄၅၀၀၀ တန်ကြေးရှိကြောင်း၊ MRTV 4 တီဗီဂိုက် ဌာနက သိရပါတယ်။ အိမ်မက်ဆုံရာ Season 6 အတွက် ဧပြီ ၃ ရက်နေ့က လျှောက်လွှာစတင် ရောင်းခဲ့ကြောင်း၊ လျှောက်ထားသူ ၁၀၀၀ ထဲကမှ မေ ၂ ရက်နေ့မှာ နောက်ဆုံး လူရွေးပွဲကျင်းပပြီး လူတရာလောက် ရွေးမှာ ဖြစ်တဲ့အကြောင်း၊ Season တခုနဲ့တခု လူရွေးပုံ ပေါ်လစီ မတူကြောင်း ခိုင်မြဲသာက ပြောပါတယ်။ လျှောက်လွာတစောင်ကို ၃၀၀၀ ကျပ်နဲ့ ရောင်းရာမှာ တရက်တည်းနဲ့ အစောင် တထောင်ကျော် ကုန်သွားတယ်လို့ MRTV 4 ကနေ သိရပါတယ်။
<urn:uuid:892fe08f-1eea-4780-8f8e-ce50636cfa30>
CC-MAIN-2014-10
http://burma.irrawaddy.org/entertainment/2013/05/03/38788.html
2014-03-11T02:20:41Z
s3://commoncrawl/crawl-data/CC-MAIN-2014-10/segments/1394011094911/warc/CC-MAIN-20140305091814-00031-ip-10-183-142-35.ec2.internal.warc.gz
mya
0.928123
Mymr
31
{"mya_Mymr_score": 0.9281232953071594, "blk_Mymr_score": 0.07016458362340927}
မေ့ဆေးထုံဆေး လွန်ခဲ့သည့် နှစ်ပေါင်းတစ်ရာကျော်လောက်က သွားနုတ်လိုလျှင် ဖြစ်စေ၊ ကိုယ်အင်္ဂါ အစိတ်အပိုင်းတစ်ခုခုကို ခွဲစိတ်ကုသလိုလျှင်ဖြစ်စေ လူကို ခုတင်ပေါ်တွင် တင်၍ သားရေပတ်များဖြင့် မလှုပ်မရှားနိုင်အောင် ကျပ်တည်းစွာ စည်းထားပြီးမှ ခွဲစိတ်ကုသကြရ လေသည်။ ထိုအခါ မေ့ဆေးမပါဘဲ အစိမ်းသက်သက် ခွဲစိတ်ကုသရသဖြင့် လူနာမှာ သတိရလျက်ပင် နာကျင်ခြင်း ဝေဒနာကို မချိမဆန့် ခံစားရရှာသည်။ အချို့ လူနာများမှာ ရောဂါပျောက်ကင်းကြသော်လည်း များသေားအားဖြင့်ကား ခွဲစိတ်ကုသခြင်း၏ ဒဏ်ကိုမချိမဆန့် ခံစားယင်းပင် အသက်ဆုံးရှုံး ကြရလေသည်။ ဤသည်ကား မေ့ဆေးမပေါ်မီ ခေတ်က တွေ့ကြုံခံစားခဲ့ကြရသော ဒုက္ခများပင်တည်း။ မေ့ဆေးကို အင်္ဂလိပ်ဘာသာဖြင့် Anesthetic သို့မဟုတ် Anaesthetic ဟုခေါ်သည်။ မေ့ဆေးပေါ်လာသော ယခုခေတ်၌ကား ခွဲစိတ်ကုသရာ၌ လူများသည် နာကျင်းခြင်း ဝေဒနာကို အနည်းငယ်မျှ မခံစားရဘဲ ရာခိုင်နှုန်းပြည့် အသက်ချမ်းသာမှုရရှိကြလေသည်။ မေ့ဆေးကို ခွဲစိတ်ကုသရာ၌ အသုံပြုရန် ပထမဆုံး အကြံပေးခဲ့သူမှာ နာမည်ကျော်ဗြိသိသျှဓာတုဗေဒပညာရှင် ဆာဟမ်ဖရီဒေဗီအမည်ရှိ ပုဂ္ဂိုလ်ကြီးဖြစ်သည်။ ၁၈ဝဝ ပြည့်နှစ်တွင် ဆာဟမ်ဖရီဒေဗီက နိုက်ထရပ်အောက်ဆိုက်ခေါ် ရယ်ဒေတတ်သော ဓာတ်ငွေ့ ကို ခွဲစိတ်ကုသရာ၌ အသုံးပြုရန် အကြံပေးခဲ့သည်။ သို့သော် သူ၏အကြံပေးချက်ကိုမည်သူမျှ ဂရုမပြုခဲ့ကြချေ။ ၁၈၁၈ ခုနှစ်၌ တစ်ဖန် ဗြိတိသျှ သိပ္ပံပညာရှင် တစ်ဦးဖြစ်သူ မိုက်ကယ် ဖားရဒေးက အီသာဓာတ်ငွေ့တွင် နိုက်ထရပ်အောက်ဆိုက် မှာကဲ့သို့ အလားတူ မေ့ဆေးဂုဏ်သတ္တိများရှိကြောင်း ပြသခဲ့ဘူးလေသည်။ သို့သော်လက်တွေ့အားဖြင့် အသုံးမပြု ခဲ့ပေ။ မေ့ဆေးကို ခွဲစိတ်ရာ၌ ပထမဆုံး လက်တွေ့အသုံးပြုခဲ့သူမှာ အမေရိကန်လူမျိုးထဲမှ ဖြစ်သည်။ ၁၈၄၂ ခုနှစ်တွင် အမေရိ ကန်ပြည်ထောင်စုနိုင်ငံ၊ ဂျောဂျီးယား ပြည်နယ်မှ ဒေါက်တာ စီ ဒဗျူ လောင်းအမည်ရှိ ဆရာဝန်တစ်ဦးသည် အီသာကို အသုံးပြု၍လူနာတစ်ဦး၏ အသားပိုကို အောင်မြင်စွာ ခွဲစိတ် ထုတ်နိုင်ခဲ့လေသည်။ သို့သော် ဒေါက်တာ လောင်းသည် သူ၏ အောင်မြင်မှုကို၁၈၄၉ ခုနှစ် တိုင်အောင် ထုတ်ဖော်မပြောခဲ့ပေ။ ၁၈၄၄ ခုနှစ်တွင် တစ်ဖန် အမေရိကန်နိုင်ငံ ကွန်နက်တီကတ်ပြည်နယ် ဟတ်ဖိုမြို့မှ ဒေါက်တာ ဟိုးရေ့ဝဲအမည်ရှိ သွားကုဆရာဝန်တစ်ဦးသည် နိုက်ထရပ်အောက်ဆိုက်ဓာတ်ငွေ့ကို အသုံးပြု၍ လူနာတစ်ဦး၏သွားကိုမနာမကျင်ဘဲ နုတ်ယူနိုင်ခဲ့လေသည်။ ထိုအချိန်မှစ၍ မေ့ဆေးများ၏ အသုံးဝင်ပုံကို သိရှိလာကြသည် အလျောက် ဆက်ကာ ဆက်ကာ အသုံးပြုခြင်းကို ကန့်ကွက်ခဲ့ကြသည်။ သို့ရာတွင် ဝိတိုရိယဘုရင်မကြီးကိုယ်တိုင် မီးဖွားရာ၌ ကလိုရိုဖောင်းကို အသုံးပြုပြလိုက်သောအခါ မေ့ဆေးသုံးစွဲခြင်းမှာ ခေတ်စားလာလေသည်။ အီသာဓာတ်ငွေ့သည် အလွန်ထက်မြက်သော မေ့ဆေးဖြစ်သော်လည်း ဆရာဝန်များသည် အသေးအဖွဲ့ ခွဲစိတ်ခြင်းများအတွက်အက်သလိန်း၊ ဆိုင်ကလိုပရိုပိန်း ဓာတ်ငွေ့များကိုလည်း အသုံးပြုကြသေးသည်။ မေ့ဆေးအဖြစ် အသုံးပြုရာ၌ ရှူသွင်းရသော ဤဓာတ် ငွေ့များ အပြင် ပါးစပ်မှ မျိုရသော အခဲမေ့ဆေးများလည်းရှိ၏။ ယင်းတို့မှာ ဖီနိုဗာဗီတဲ၊ အမ်မီတဲ၊ ပင်တိုဗာဗီတဲ နှင့် အီဗီပဲ တို့ ဖြစ်ကြသည်။ ယင်းတို့ကို ထိုးဆေးအဖြစ်ဖြင့်လည်း အသုံးပြုနိုင်သည်။ မေ့ဆေးများ ဆက်ကာ ဆက်ကာ ပေါ်လာပြီးသည့်နောက် ထုန်ဆေးဟူ၍လည်း ပေါ်လာပြန်သည်။ မေ့ဆေးကို အသုံးပြု လိုက်သည့်အခါ လူသည် အိပ်ပျော်သွားပြီးလျှင် တစ်ကိုယ်လုံး ဘာမျှမသိ၊ သတိမရတော့ဘဲ ခွဲစိတ်မှုကို မသိတော့ပေ။ သို့သော်ထုတ်ဆေးကို ထိုးလိုက်သောအခါ ဆေးထိုးထားသည့် နေရာတစ်ဝိုက်၌သာ ထုန်သွား၍ အခြားနေရာများ၌ကား ပကတိအတိုင်းပင် နာကျင်မှု ရှိလေသည်။ ထုတ်သွားသော နေရာတစ်ဝိုက်တွင် ခွဲစိတ်၍ နေသော်လည်း လူနာတွင် နာကျင်မှု အနည်းငယ်မျှ မရှိ၊ သတိရှိလျက် ခွဲစိတ်မှုကိုပင် ကြည့်ရှုနေနိုင်သည်။ ထုန်ဆေးများကား ကိုကင်း၊ နိုဗိုကိန်း၊ ယကိန်း၊ မီတီကန်း၊ ပွန်တိုကိန်း၊နူပါ ကိန်းတို့ ဖြစ်ကြသည်။ ဤထိုးဆေးများသည် ထိုးလိုက်သည့် နေရာရှိ နာဗ်ကြော အားလုံးကို ထုန်ထိုင်းသွားစေသည်။ အခြား ထုန်ဆေးတစ်မျိုးမှာ အက်သဲကလိုရိုက် ဆေးရည်ဖြစ်၍ အနာတဝိုက်တွင် ယင်းဆေးရည်ကို မှုတ်ပေးလိုက်သည့်အခါ ထုန်သွားလေသည်။ ကျောရိုးထိုး ထုန်စေသည့် နည်းတစ်နည်း ရှိသေး၏။ ထိုနည်းတွင် ထုတ်ဆေးကို ကျောရိုးနာဗ်ကြောတဝိုက် တစ်နေရာရာတွင် ထိုလိုက်သည့်အခါ ဆေးထိုးလိုက်သည့်နေရာ အောက်ပိင်းတစ်ခုလုံးသည့် လုံးလုံးထုန်သွားသော်လည်း လူနာကား သတိရလျက်ရှိနေသည်။ ဤထိုဆေးမျိုးကို ဝမ်းပိုက်ခွဲသည့်အခါနှင့် ကိုယ်အောက်ပိုင်း၌ ခွဲစိတ်သည့် အခါများတွင် သုံးသည်။ မြီးပွားထုန်ဆေးဟု ခေါ်သောထုံဆေးကို မီးဖွားရား ကျောရိုး နာဗ်ကြောတွင် ထိုးပေးလျှင် မနာမကျင် လွယ်ကူစွာ သားဖွားနိုင်လေသည်။[၁] ကိုးကား[ပြင်ဆင်ရန်] - မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
<urn:uuid:b5b12d4b-6bc5-4388-a3d2-db4c2605a9a2>
CC-MAIN-2014-10
http://my.wikipedia.org/wiki/%E1%80%99%E1%80%B1%E1%80%B7%E1%80%86%E1%80%B1%E1%80%B8%E1%80%91%E1%80%AF%E1%80%B6%E1%80%86%E1%80%B1%E1%80%B8
2014-03-09T16:11:27Z
s3://commoncrawl/crawl-data/CC-MAIN-2014-10/segments/1394009829804/warc/CC-MAIN-20140305085709-00021-ip-10-183-142-35.ec2.internal.warc.gz
mya
0.997021
Mymr
86
{"mya_Mymr_score": 0.9970207214355469}
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး၊ သပိတ်စခန်း အကြမ်းဖက်မှုတို့အတွက် သံဃာတော်များ ဦးဆောင်သည့် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို ရန်ကုန်နှင့် မြို့ကြီးတချို့တွင် ယနေ့ လုပ်ဆောင်ကြကြောင်း သတင်းရရှိသည်။ နိုဝင်ဘာလ ၂၉ ရက်နေ့က လက်ပံတောင်း ဆန္ဒပြ သပိတ်စခန်းများအား လုံခြုံရေး တပ်ဖွဲ့များက အကြမ်းဖက်ဖြိုခွင်းမှုနှင့် ပတ်သက်၍ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ပခုက္ကူ၊ ပြည်မြို့စသည့်တို့တွင် ဆန္ဒ ဖော်ထုတ်မှုများကို ၁၂၊ ၁၂၊ ၁၂ ရက် ယနေ့ နေ့လယ်ပိုင်းက လုပ်ဆောင်ကြသည်။ ရန်ကုန်မြို့တွင် ကြေးသွန်းဘုရားကြီး အနီး နေ့လယ် ၁ နာရီခွဲကျော်က စတင်၍ သံဃာတော် ၁၀၀ နီးပါးက ဦးဆောင်ကာ မေတ္တာပို့ ဆန္ဒပြကြသည်။ မုံရွာမြို့တွင် သံဃာတော်များက ရွှေစည်းခုံ စေတီဝန်းမှ စတင်ကာ ယနေ့ နေ့လယ် ၁၂ နာရီက မုံရွာမြို့တွင်းသို့ မေတ္တာသုတ်များ ရွတ်ဆိုကာ လှည့်လည် ဆန္ဒဖော်ထုတ်ကြသည်။ ပဲခူးတိုင်း ပြည်မြို့တွင်လည်း ဗိုလ်ချုပ်လမ်းနှင့် ရွှေတချောင်း လမ်းတလျှောက် သံဃာတော်များက ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြသည်။
<urn:uuid:689e5f1a-7647-40b9-ae02-eaf315209468>
CC-MAIN-2014-10
http://burma.irrawaddy.org/short-news/2012/12/12/27899.html
2014-03-11T13:44:29Z
s3://commoncrawl/crawl-data/CC-MAIN-2014-10/segments/1394011205602/warc/CC-MAIN-20140305092005-00021-ip-10-183-142-35.ec2.internal.warc.gz
mya
0.932892
Mymr
32
{"mya_Mymr_score": 0.932892382144928, "blk_Mymr_score": 0.05155910924077034, "und_Mymr_score": 0.011938798241317272}
မြန်မာနိုင်ငံ သစ်နဲ့ပြုလုပ်တဲ့ ပရိဘောဂတွေ ဥရောပကို တင်ပို့ခွင့်ရနေပြီ ဖြစ်ပေမယ့် ပြည်တွင်း လုပ်ငန်းရှင်တွေက စျေးကွက်ကို မတိုးနိုင်သလို လုပ်ငန်းစတင် နိုင်ဖို့က အခက်အခဲတွေ ရှိနေတုန်းပဲလို့ ပြောပါတယ်။ ရန်ကုန်မြို့ အတိုင်းအတာနဲ့ သစ်စက်နဲ့ ပရိဘောဂ ထုတ်လုပ်တဲ့ စက်ရုံ ၂ဝဝ ကျော်ထဲမှာ လည်ပတ်နိုင်တဲ့ စက်ရုံက ဆယ်ဂဏန်း လောက်ပဲရှိသေးတယ် ၊ ဥရောပနဲ့ အမေရိကန်ကို မြန်မာပရိဘောဂ တင်ပို့ခွင့်ရပေမယ့် စျေးကွက်ရဖို့ရော နည်းပညာ အခက်အခဲဖြစ်နေပြီ လို့ ပရိဘောဂ လုပ်ငန်းရှင်များ အသင်း ဥက္ကဌဟောင်း ဦးကျော်ကျော်ဝင်းက ပြောပါတယ်။ ပရိဘောဂလုပ်ငန်းက ၂ဝဝ၈ ခုနှစ် မတိုင်ခင်က နိုင်ငံခြားကို အစပျိုး တင်ပို့နေတာ တစ်လကို အမေရိကန်ဒေါ်လာ ၃ သန်းဖိုးလောက် တင်ပို့နိုင်ခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်းမှာ မြန်မာပရိဘောဂ လုပ်ငန်းက ရပ်ဆိုင်းသွားသလောက်ဖြစ်သွားပါတယ်။ အခုအခါ ဥရောပကို ပရိဘောဂ စတင် ပို့နိုင်ပြီလို့ အရင်ထက်တော့ နည်းနည်းကောင်းလာတယ်လို့ မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များ အသင်းဝင် ဦးမင်းသိန်း ကပြောပါတယ်။ မြန်မာနိုင်ငံက ပရိဘောဂ လုပ်ငန်း ဦးမော့လာဖို့က အချိန်ယူ ကြိုးစားရဦးမယ်လို့ သစ်လုပ်ငန်းရှင်တွေက ပြောကြပါတယ်။
<urn:uuid:86e0d4c9-a415-4577-90be-74c09207384a>
CC-MAIN-2014-10
http://www.bbc.co.uk/burmese/burma/2013/10/131026_burmese_timber_business.shtml
2014-03-15T14:05:19Z
s3://commoncrawl/crawl-data/CC-MAIN-2014-10/segments/1394678697956/warc/CC-MAIN-20140313024457-00021-ip-10-183-142-35.ec2.internal.warc.gz
mya
0.99729
Mymr
2
{"mya_Mymr_score": 0.9972903728485107}
ဦးသန့် အရေးအခင်း ဦးသန့် အရေးအခင်း ဆိုသည်မှာ ၁၉၇၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့၌ အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကွယ်လွန်သွားသော ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ကွယ်လွန်အနိစ္စရောက်ရာမှ အစပြုပေါ်ထွက်လာသော မြန်မာ့သမိုင်းဝင် အရေးတော်ပုံ တစ်ခုဖြစ်သည်။ ကမ္ဘာ့အဆင့်အမြင့်ဆုံး ရာထူးဖြစ်သည့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရာထူးအား မြန်မာလူမျိုးတစ်ဦးအနေဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့် ငြိမ်းချမ်းရေးဗိသုကာ ဦးသန့်အား ကမ္ဘာ့နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များက ဂါရဝပြုပြီးနောက် ဦးသန့်၏ မိသားစုဝင်များ၏ တောင်းဆိုချက်အရ အမိမြန်မာနိုင်ငံတော်တွင်သာ သင်္ဂြိုဟ်ရန် အစီအစဉ်များပြုလုပ်ခဲ့ကြသည်။ ဤသည်မှာ ဦးသန့်အရေးအခင်း ဖြစ်ပွားရန် နိဒါန်းပျိုးလိုက်ခြင်းပင် ဖြစ်ပေသည်။ မာတိကာ နိုင်ငံတော် ဈာပနအဖြစ် မသတ်မှတ်ခြင်း[ပြင်ဆင်ရန်] ဦးသန့်၏ ရုပ်ကလာပ်သည် ၁၉၇၄ ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး တော်လှန်ရေးကောင်စီအစိုးရ ဦးသန့်၏ ရုပ်ကလာပ်အား ကျိုက္ကဆံကွင်း(မြင်းပြိုင်ကွင်းဟောင်း)အတွင်း၌ မဏ္ဍပ်ငယ်တစ်ခု ဆောက်လုပ်ပြီး ကြက်ခြေနီလူငယ်များအား အစောင့်အဖြစ် တာဝန်ပေးအပ်ခဲ့သည်။ ထို့နောက် ဒီဇင်ဘာလ (၅)ရက်၊ မွန်းလွဲ (၁)နာရီအချိန်တွင် ကြံတောသင်္ချိုင်းသို့ ပို့ဆောင်သင်္ဂြိုဟ်မည်ဖြစ်ကြောင်း ပြည်သူလူထုအား အသိပေးကြေညာခဲ့သည်။ နိုင်ငံ့ဂုဏ်ဆောင်ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဦးသန့်၏ရုပ်ကလာပ်အား နိုင်ငံတော်ဈာပနအဖြစ် သတ်မှတ်၍ အခမ်းအနားဖြင့် သင်္ဂြိုဟ်မည်ဟု မျှော်လင့်ထားသော ပြည်သူလူထုသည် ယင်းကဲ့သို့ အသိပေးကြေညာချက်ကြောင့် မကျေမနပ် ဖြစ်ခဲ့ကြလေသည်။ ဈာပနကော်မတီများ၏ အခက်အခဲ[ပြင်ဆင်ရန်] ယင်းသို့ အသိပေးကြေညာပြီးနောက် တက္ကသိုလ်ကျောင်းပေါင်းစုံမှ ကျောင်းသားကျောင်းသူများသည် ဈာပနကော်မတီများ ဖွဲ့စည်းပြီး နောက်ဆုံးဂါရဝပြုခြင်း၊ အသုဘလိုက်လံပို့ဆောင်ရန် စီစဉ်ခြင်းများ ပြုလုပ်ကြလေသည်။ ထိုသို့စီစဉ်ပြီးနောက် ကျိုက္ကဆံကွင်းသို့ သွားရောက်ရန် ကားများ သွားရောက်ငှားရမ်းရာတွင် ကျောင်းသားကျောင်းသူများအား ကားများငှားရမ်း ပို့ဆောင်ခြင်းမပြုရန် သက်ဆိုင်ရာမှ ကြိုတင် ပိတ်ပင်ထား ခဲ့ကြသည်။ ထို့ကြောင့် ကျောင်းသားများသည် ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်တွင် စုရပ်အဖြစ် စုံရုံး၍ ကျိုက္ကဆံကွင်းအား ခြေလျင်ချီတက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ဆယ်စုနှစ် တစ်ခုကျော်ကြာမှ ပွင့်သည့်ပန်းများ[ပြင်ဆင်ရန်] ဒီဇင်ဘာလ(၅)ရက်နေ့တွင် စုရပ်အဖြစ်သတ်မှတ်ထားသော ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်သို့ တက္ကသိုလ်ကျောင်းပေါင်းစုံ တဖွဲဖွဲရောက်ရှိလာကြပြီး ရောက်ရှိလာသော ကျောင်းသားများအား အရင်ရောက်နှင့်ပြီးသော ကျောင်းသားများက လက်ခုပ်လက်ဝါးတီးကာ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြ လေသည်။ ယခုကဲ့သို့ ကျောင်းသားထုကြီးစုရုံးမိခြင်းသည် တော်လှန်ရေး ကောင်စီအစိုးရ၏ ၁၉၆၂ ခုနှစ် ဇူလိုင်လ(၇)နေ့တွင် မြန်မာပြည်လွတ်လပ်ရေး မော်ကွန်းဝင် ကျောင်းသားသမဂ္ဂအဆောက်အအုံကို ဗုံးခွဲဖျက်ဆီးပြီး ရာပေါင်းများစွာသော ကျောင်းသားစုစည်းမှုကို လက်နက်အားကိုးဖြင့် ဖြိုခွဲဖျက်ဆီး သတ်ဖြတ်ခဲ့ပြီး နောင် ၁၂ နှစ်ကျော်ကာလနောက်ပိုင်းတွင် ပထမဦးဆုံးအကြိမ် ပြန်လည်ပေါင်းစည်းစုရုံးမိသော နေ့တစ်နေ့ဖြစ်သည်။ ကျောင်းသားပြည်သူပူးပေါင်းမိပြီ[ပြင်ဆင်ရန်] ဦးသန့်၏ရုပ်ကလာပ်ထားရှိသည့် ကျိုက္ကဆံကွင်းသည် ဦးသန့်ကို နောက်ဆုံးဂါရဝပြုရန်ရောက်ရှိလာနေသော လူထုကြီးနှင့် ပြည့်လျှံနေသည်။ ရုပ်ကလာပ်ထားရှိရာ မဏ္ဍပ်အတွင်းတွင်လည်း ဦးသန့်မိသားစု၊ ဆွေမျိုးမိတ်ဆွေများနှင့် သက်ဆိုင်ရာတာဝန်ရှိလူကြီးများက နေရာယူထားကြသည်။ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်စုရပ်မှ ခြေလျင်ချီတက်လာသောတက္ကသိုလ်ကျောင်းပေါင်းစုံမှ ကျောင်းသားများ ကွင်းအတွင်း ဝင်ရောက်လာကြသော အခါ ရောက်နှင့်ပြီးကြသော မိဘပြည်သူတစ်ရပ်လုံး၏ လက်ခုပ်ဩဘာသံများဖြင့် ကြိုဆိုနှုတ်ဆက် ကြလေသည်။ ပွဲကြည့်စင်များတွင် မိဘပြည်သူများနှင့် ပြည့်နှက်နေပြီး ကျောင်းသားထုတစ်ရပ်လုံးသည် ဦးသန့်ရုပ်ကလာပ် ထားရှိရာ မဏ္ဍပ်၏အရှေ့ဘက်ကွင်းပြင်တွင် နေရာယူကြရလေသည်။ ကိုးကား[ပြင်ဆင်ရန်] - ၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာလထုတ် သူရိယဂျာနယ်မှ စက်မှုတက္ကသိုလ်စိုးဝင်းရေးသားသော ဦးသန့်အရေးခင်းဆောင်းပါးအား အနည်းငယ်ပြုပြင်ရေးသားဖော်ပြပါသည်။
<urn:uuid:49f9e538-1189-4804-9e81-95a6aaf9dc5a>
CC-MAIN-2014-10
http://my.wikipedia.org/wiki/%E1%80%A6%E1%80%B8%E1%80%9E%E1%80%94%E1%80%B7%E1%80%BA_%E1%80%A1%E1%80%9B%E1%80%B1%E1%80%B8%E1%80%A1%E1%80%81%E1%80%84%E1%80%BA%E1%80%B8
2014-03-12T15:21:16Z
s3://commoncrawl/crawl-data/CC-MAIN-2014-10/segments/1394021900438/warc/CC-MAIN-20140305121820-00022-ip-10-183-142-35.ec2.internal.warc.gz
mya
0.992888
Mymr
39
{"mya_Mymr_score": 0.9928882718086243}
အတိတ်မှ အရိပ်များ (၁၁) ကျမတို့ကိုလိုက်ပို့သူက တရုပ်ငွေ ၅၀ ကို စားပွဲပေါ်တင်ပေးလိုက်တော့ ကျမတို့ကို ဓာတ်ပုံရိုက်ဖို့လာခေါ်ပါတယ်။ ဓာတ်ပုံရိုက်ပြီးတာနဲ့ စာအုပ်ပေါ်မှာကပ်ပြီး တုံးထုပေးလိုက်ပါတယ်။ (နောက်ပိုင်းမှာ ဦးဝဏ္ဏစိုး ထောင်အနှစ် ၂၀ ကျသွားကြောင်း သိလိုက်ရပါတယ်။) တရုပ်ပြည်ရဲ့အပြောင်းအလဲက အလွန်ပဲ မြန်ဆန်လှပါတယ်။ အဲဒီစာအုပ်ရတာနဲ့ ယူနန်ပြည်နယ်တခုလုံး သွားခွင့်ရှိတယ်လို့ ရှင်းပြပါတယ်။ ရွှေလီမြို့ထဲ ၀င်လိုက်တာနဲ့ တွေ့ရတာကတော့ နေရာတိုင်းမှာ တရုပ်အိမ်ဟောင်းကြီးတွေကို ဖြိုချပြီး တိုက်အသစ်ကြီးတွေ ဆောက်နေတာပါဘဲ။ အဲဒီထဲမှာ ရီစရာ ပြောရအုံးမယ်၊ ကျမတို့လမ်းတ၀က်မှာ ကားရပ်နားတော့ ဗိုက်ဆာဆာနဲ့ ခေါက်ဆွဲ စားကြတာ၊ မကြာပါဘူး၊ ဒိုင်း ဖောင်းဆိုပြီး အသံတွေ ဆက်တိုက်ထွက်လာတာ မြေကြီးတောင် အက်ကွဲမတတ်ပါဘဲ။ ကျမတို့နှစ်ယောက်က တိုက်ပွဲတွေဖြစ်ပြီထင်ပြီး ကြောက်ကြောက်လန့်လန့်နဲ့ပြေးပေါက်ရှာနေကြတာပေါ့။ ပါတ်ဝန်းကျင်ကလည်း ယမ်းငွေ့တွေနဲ့ မှုန်ဝါးနေတယ်။ ကျမတို့ကြည့်ပြီး သဘောပေါက်သွားတဲ့ သူငယ်ကလေးက ဘာမှမဖြစ်ပါဘူး၊ မင်္ဂလာဆောင်ရှိလို့ ဗျောက်အိုးဖောက်တာပါလို့ ပြောမှပဲ ကိုယ့်အဖြစ်ကိုယ် ရယ်ချင်မိတော့တယ်။ ဗျောက်အိုး တထောင်လောက်ကို တပြိုင်တည်း ဖောက်တာဆိုတော့ တခါမှ မကြုံဘူးဘူးလေ။ ရွှေလီမြို့ထဲက မိသားစုတည်းခိုခန်းမှာ တထောက် နားကြရပြန်ပါပြီ။ ကိုကျင်ထွန်းနဲ့ မအေးစိန်တို့က ပျူပျူငှာငှာ ဆီးကြိုကြပါတယ်။ ရွှေလီမြို့ထဲကိုပါ လိုက်ပို့ကြတယ်လေ။ နယ်စပ်မြို့ဆိုတော့ ကျောက်အရောင်းအ၀ယ်ဈေးတန်းတွေက များပါတယ်။ အခြားအများဆုံးကတော့ စားသောက်ဆိုင်တွေပါ။ လမ်းပမ်းဆက်သွယ်ရေးကို တရုတ်အစိုးရက အားသွန်လုပ်ထားတာဆိုတော့ လမ်းတွေ အလွန် ကောင်းပြီး နယ်စုံက ပစPည်းစုံနဲ့ ဆယ်တန်ကားတန်းကြီးတွေက မပြတ်မလတ်ပါ ဘဲ။ မြန်မာဘက်က သစ်တွေ၊ ၀ါးတွေ၊ တိရိစ္ဆာန်မျိုးစုံ၊ ဘယဆေးပင်မျိုးစုံ၊ပဲ၊ ငြုပ် အစုံပါပဲ။ ရောင်းဝယ်ဖောက်ကားမှုတွေက အလွန် စည်ကားပါတယ်။ လူစီးတဲ့မှန်လုံကားတွေကလည်း ၁၅ မိနစ် တစီး ထွက်နေတာတွေ့ရတယ်။ မြန်မာပြည်က သစ်တွေကိုကြည့်ပြီး နှမြောမိတဲ့အပြင် သစ်တောပြုန်းတီးပြီး ရာသီဥတုဖောက်ပြန်မှာ တွေးပြီး စိုးရိမ်မိတာ အမှန်ပါ။ တရုတ်ပြည်က ပိတ်အုပ်တွေနဲ့ အိမ်သုံးပစ္စည်းအမျိုးမျိုးက မြန်မာပြည်ဖက်ကို ထွက်နေကြပါတယ်။ တန်ဘိုးကြီးမားလှတဲ့ အဘိုးတန် မြန်မာပြည်ထွက်ကုန်တွေကို ဈေးပေါတဲ့ တရုတ်ကုန်တွေနဲ့ ဖလှယ်နေကြတာကို တွေ့နေရတော့ မြန်မာပြည်ရဲ့အနာဂတ်ကို မွဲဆေးဖော်နေကြတာလို့ပဲ နားလည်မိပါတယ်။ ကိုကျင်ထွန်းက ဘီစီပီ (မြန်မာပြည်ကွန်မြူနစ်ပါတီ) အတွက် အစစအရာရာ ဆောင်ရွက်ပေးနေတာလို့ သိရတယ်။ မံစီဘက်ကို သွားဖို့အတွက် နက်ဖန်မှာ ခရီးထွက်မှာဖြစ်ပါတယ်။ မအေးစိန်က ကချင်စကားလည်းတတ်တာမို့ ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ ကျောင်းသားတပ်မတော်အတွက် ပံ့ပိုးကူညီနေသူ ဖြစ်ပါတယ်။ ရဲဘော်သစ်တွေ စုဆောင်းပေးတဲ့အလုပ်ကိုလည်း လုပ်ကြောင်း မကြာမီမှာ ရဲဘော်သစ်နှစ်ယောက် ကိုလောချူနဲ့ ရာကေး (ခ) ကျော်မြင့်တို့ ခေါ်ဘို့လာလိမ့်မယ်လို့ ပြောပြပါတယ်။ ရွှေလီက ရာသီဥတုကောင်းပါတယ်။ သိပ်ပြီးတော့လည်း မအေးဘူး၊ အပူလည်း မလွန်ကဲဘူး။ ဆိုင်မှာ ထမင်း ၀ယ်စားကြရတယ်။ နှစ်ရက်လောက်ကြာတော့ လောချူလို့ခေါ်တဲ့ ကျောင်းသားတပ်မတော် အဖွဲ့ဝင်နဲ့ ဗဟိုကော်မတီဝင် ရာကေး (ခ) ကျော်မြင့် ရောက်လာပါတယ်။ ကျမတို့ကို လာခေါ်တာပါ။ အဲဒီမှာ မန္တလေး၊ ဂေါဝိန်ဆိပ်က ကိုကျော်စိန်၊ ကိုအုန်းကြိုင်နဲ့ ကိုသန်းဇော်တို့လည်း ရောက်လာပါတယ်။ သူတို့အားလုံးက မန္တလေး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ ပါ။ ကျမတို့ငါးဦးကို လာခေါ်တာပါ။ မနက် ၆ နာရီမှာ ရွှေလီကနေပြီး ဖျင်ရန်မြို့ကို ကားစီးသွားရပါတယ်။ ဖျင်ရန်ရောက်တော့ ကျောင်းသားတပ်ဖွဲ့ဝင် ရဲမေ ကချင်မလေး အားအိုင်တီးလည်း လိုက်လာပါတယ်။ သူကတော့ ကျောင်းသားတပ်မတော် ဗဟိုမှာ နေတာပါ။ သူ့မိဘတွေဆီ ခဏ ပြန်လည်လာတာလို့ပြောပါတယ်။ ရင်ချမ်းမြို့မှာ ထမင်းစားကြရတယ်။ ရင်ချမ်းမြို့မှာလည်း တိုက်တွေဆောက်နေကြတာ အပြိုင်းအရိုင်း ပေါ့။ မြန်မာအလုပ်သမားတွေနဲ့ တရုတ်အလုပ်သမားတွေ ပါ။ အရင်တုံးက စနစ်မပြောင်းခင်မှာ တူညီဝတ်စုံ အပြာရင့်ရောင်တွေပဲ ၀တ်ကြရပြီး ဆန်ပြုတ်တောင်မှ အနိုင်နိုင်သောက်နေရတဲ့ နိုင်ငံမှာ လူကြီး၊ လူလတ်၊ လူငယ်တွေ ရောင်စုံ ၀တ်စား ဆင်ယင်နေကြပြီး တရုတ်မလေးတွေကလည်း ပြောင်းလဲနေလိုက်ကြတာ ရောင်စုံလိပ်ပြာလေးတွေလိုပါ ဘဲ။ သူတို့ရဲ့ သွက်လက် မြူးကြွနေပုံတွေကို မြင်လိုက်ရတော့ ပထမ ရင်ထဲမှာ ကြည်နူးမိပေမယ့် ခဏလေးမှာပဲ မြန်မာပြည်ရဲ့လူငယ်တွေမှာတော့ မျက်စေ့ပိတ်နားပိတ်နဲ့ ဘောင်ကျဉ်းကျဉ်းကလေးထဲမှာနေရတာကို သတိရပြီး ကျမတို့ နိုင်ငံကို ခေါင်းဆောင်နေသူတွေရဲ့ အတွေးကို နားမလည်နိုင်တော့ပါဘူး၊ ရာကေးက ကုလားလူမျိုး ဖြစ်ပေမယ့် လမ်းမှာ တရုတ်စကားကို ပိုင်ပိုင်နိုင်နိုင် ပြောတတ်တာ တွေ့ရပါတယ်။ ကားပေါ်ကလူတွေနဲ့အဖွဲ့ကျနေလိုက်တာ သူက မြစ်ကြီးနားကောလိပ် ကျောင်းကလို့ ပြောပါတယ်။ ဒီလိုနဲ့ဘဲ ကျမတို့ မြို့တွေများစွာကို ဖြတ်ကျော်ပြီးတဲ့အခါမှာတော့ နေ့လည် ၂ နာရီလောက်မှာ ဆမားမြို့လေးကို ရောက်ခဲ့ပါတယ်။ ဆမားမြို့ကလေးက မြန်မာ တရုတ်နယ်စပ်မှာဖြစ်ပြီး ၀န်ကြီးချုပ်ဦးနုလက်ထက်မှာ နယ်ခြားမှတ်တိုင် စိုက်ထူတော့ တရုတ်ကိုပေးလိုက်ရတာလို့ သိရတယ်။ ကားပေါ်ကဆင်းပြီးတော့ ထော်လာဂျီလို့ခေါ်တဲ့ လယ်ထွန်စက် အသေးစားမျိုးနဲ့ ဆွဲတဲ့ နောက်တွဲယာဉ်ပေါ်မှာ ထိုင်ပြီး လိုက်လာကြရတာ ပေါ့။ အတွေ့အကြုံသစ်မို့ ပျော်စရာပါဘဲ။ တောတန်းတခု အနားရောက်တော့ ယာဉ်ကိုရပ်လိုက်ပြီး ရာကေးက ဆင်းလျှောက်ကြရမယ်လို့ပြောတာကြောင့် ဆင်းကြရတယ်။ လောချုကတော့ ပါမလာဘူး။ သူက ရွှေလီမြို့ရဲ့တာဝန်ခံမို့ နေခဲ့တာဖြစ်ကြောင်း ရာကေးက ပြောပြပါတယ်။ အမှန်က ကျမတို့သွားနေရတဲ့ ခရီးက ဗမာပြည်ဘက်ကဆိုရင် နီးနီးလေး ပါ၊ လွိုင်ဇာမြို့အနားမှာ ပါ၊ ဒါပေမယ့် ဗမာစစ်တပ်က အဲဒီမြို့နားမှာ တပ်စွဲထားတော့ တရုတ်ပြည်ဘက်ကနေပတ်ပြီး သွားနေရတာပါ။ ကချင်တပ်ရှိတဲ့ဘက်ကနေ သွားနေရတာဖြစ်တယ်။ တောတန်းကလေးမှာ လမ်းလျှောက်ကြတော့ တရုတ်ရွာတွေကို တွေ့ကြရတယ်။ အိမ်တိုင်းလိုလို ဂေါ်ရခါးပင်စင်ကြီ်းတွေနဲ့ ကျောက်ဖရုံ၊ ရွှေဖရုံပင်တွေကို တွေ့နေရတယ်။ ရွာကလေးတွေက အိမ်ခြေ ငါးဆယ်လောက် ရှိမှာပါ။ ရွာတွေကို လွန်တော့ တောင်ပူစာတခုကို တက်ရပြန်ပါပြီ။ သုံးနာရီလောက် နောက်ထပ် တောင်တခုကို တက်ပြီးချိန်မှာတော့ ချားဟော့ပါ ရွာကို ရောက်တယ်။ အဲဒီမှာ စာသင်ကျောင်းလေးကို တွေ့ရတယ်။ ကျောင်းသား ၃၀ ခန့် ရှိမှာပါ။ကျမတို့ကို မြင်တော့ အမျိုးသမီးလေး နှစ်ယောက် ပြေးထွက်လာတယ်။ ကိုရာကေးက မိတ်ဆက်ပေးတယ်။ ခင်မာအေးနဲ့ဘေဘီလို့ သိလိုက်တယ်။ သူတို့က အလွန် ဖော်ရွေလှပါတယ်။ သူတို့က မိုးညှင်းမြို့ရဲစခန်းကို ၀င်စီးရာမှာ ပါလို့ အဖမ်းခံခဲ့ရပြီး လွတ်လာတော့ မနေရဲလို့ တောထဲကို ပြေးလာတဲ့သူတွေ ပါ။ သူတို့နဲ့ စကားစမြည်ပြောပြီးတော့ ကိုရာကေးက ကျမတို့ကို ကျောင်းနားမှာရှိတဲ့ အိမ်ကြီးတလုံးဆီ လိုက်ပို့ပါတယ်။ အိမ်အမိုးက ကတWရာလိပ် မိုးထားပြီး အကာကတော့ သစ်သားတွေ ပါ။ ဒေသအခေါ်ကတော့ ရင်ဘောင်ချမ်း ပေါ့။ အပေါက်ဝမှာ ကချင်ရဲဘော်နှစ်ယောက် စောင့်နေတယ်။ ကိုရာကေးက ပြောပြလိုက်တော့မှ ၀င်ခွင့်ပြုပါတယ်။ ၀င်သွားတော့ လူကြီးတယောက် ကုလားထိုင်မှာ ထိုင်နေပါတယ်။ ဖော်ရွေ ကြင်နာတဲ့မျက်နှာနဲ့ ကျမတို့ကို “လာကြပါ” လို့ ပြောပါတယ်။ ထိုင်ခုံတွေမှာ ၀င်ထိုင်လိုက်တော့ ရဲဘော်တယောက်က ရေနွေးကြမ်းအိုးကို ဖြည့်ပေးရင်း “ဒါကတော့ ကချင်တပ်မတော်က ဒူကဘာ ပန်းအောင်” လို့ မိတ်ဆက်ပေးပါတယ်။ ကျမတို့ကလည်း မတ်တပ်ရပ်ပြီး ရိုရိုသေသေနဲ့ လက်ဆွဲနှုတ်ဆက် ဂါရ၀ပြုလိုက်ကြပါတယ်။ သူက ဗမာပြည်ထဲမှာ ဘာတွေ တွေ့ကြုံခဲ့ရသလဲလို့မေးတာကြောင့် အနည်းအကျဉ်း ပြောပြကြပါတယ်။ လမ်းခရီးမှာ တော်တော် ပင်ပန်းလာကြမှာပဲလို့လဲ သူက ရင်းရင်းနှီးနှီး ပြောပါတယ်။ ကျမတို့ကို ထမင်း ကျွေးပါတယ်။ ရှမ်း တို့ဟူးချဉ် ကြက်သွန်နီချဉ်နဲ့ ကြက်သားဟင်းတွေ ပါ။ စားသောက်ပြီး ၁၅ မိနစ် လောက်ကြာတော့ ကိုရာကေးက တောင်ပေါ် တက်ကြရအောင်ဆိုပြီး ခေါ်လို့ အားလုံးခရီးဆက်ကြရပြန် တာပေါ့။ ချားဟောပါ့ရွာကနေ ကြည့်လိုက်ရင် တကယ်ကို မိုးမျှော်တောင်တန်းကြီးတွေကို မြူနှင်းတွေ တောင်ခိုးဝေေ၀ရဲ့အောက်မှာ မှိုင်းပျပျ တွေ့ရပါတယ်။ တောင်ပေါ်လမ်းကို စ,တက်တော့ တောင်ကြားမှာ ကွေ့ပတ် ဖောက်ထားတဲ့လမ်း ဖြစ်ပေမယ့် ကျောက်တုံးတွေက ရွှံ့တွေနဲ့ လူးပြီး ချော်နေတာကြောင့် မနည်းဘဲ ကြိုးစား လျှောက်နေရတယ်။ မိုးရွာထားတာမို့ မြေနီရွှံ့စေးတွေ ဖြစ်နေတာပေါ့။ နှစ်နာရီလောက် ဆက်တိုက် အတက်လမ်းပဲဆိုတော့ အတော်လေးမောနေပါပြီ။ ချွေးတွေ ပျံလာပြီး ရေငတ်ပေမယ့် ရေပုလင်း ပါ မလာပါ။ ရေငတ်တဲ့ဝေဒနာကို အောင့်အီး ခံစားနေရပါပြီ။ တောင်ထိပ်ရောက်တော့ စမ်းချောင်းလေးကို တွေ့ရတာကြောင့် အငမ်းမရ သောက်လိုက်တာ အမောပြေပြီး အရသာရှိနေသလိုပါ ပဲ။ တောင်ထိပ် ရောက်တော့ ရောက်ပြီထင်နေတာ ဘယ်ဟုတ်မလဲ၊ နောက်ထပ် တောင်တခု ထပ် တက်ရအုံးမယ်တဲ့ လေ။ ကျွန်းပင်ကြီးတွေအပြင် အခြားသစ်ပင်ကြီးတွေပါ အုံ့ဆိုင်းနေပြီး မျောက်လေပွေတွေက အကိုင်းတခုမှတခု ကူးပြီး ဆော့ကစားနေတာကို တွေ့ရတယ်။ အောက်ချင်းငှက်တွေကတော့ နှုတ်သီးရှည်ရှည်နဲ့ အရောင်အသွေးကလည်း လှလိုက်တာ။ သစ်ခွပန်းမျိုးစုံကို မက်မက်မောမော ကြည့်နေမိတယ်။ “မိုးလုံးမှိုင်း”သီချင်းကြီးက ဒီနေရာကို ညွှန်းပြီး ရေးစပ်ထားတာလားလို့ တွေးမိတယ်။ တောင်အထပ်ထပ်မှာ မြူခိုးတွေ ဝေနေတာ လှပသလို လွမ်းစရာလည်း ဖြစ်နေပါတယ်။ လမ်းများများ လျှောက်တဲ့အတွေ့အကြုံ မရှိတဲ့အပြင် တောင်မတက်ဖူးတော့ အတော့်ကို မောလှပါတယ်။ နောက်ထပ် တောင်ထိပ်တခု အရောက်မှာတော့ ကျမ ပက်လက်လှန် အိပ်ချလိုက်ပါတော့တယ်။ မကြာခဏ ကျောက်ခဲနဲ့တိုက်မိလို့ ခြေချောင်းထိပ်တွေကလည်း နာကျင်နေတယ်။ ဒီတောင်က လိုင်စင်တောင် တန်း ပါ။ ပေရှစ်ထောင်ကျော် မြင့်တယ်လို့ သိရပါတယ်။ တက်လိုက်၊ ရေ ပြေးရှာလိုက်နဲ့ အလုပ်က ပို ရှုပ်နေတာပေါ့။ အားအိုင်တီးကတော့ တက်နေကျဆိုတော့ မောပမ်းပုံ မပေါ်ပါဘူး၊ အေးအေးဆေးဆေးပါ ဘဲ။ ကျန်တဲ့သူတွေကလည်း အမျိုးသားတွေဆိုတော့ ကျမလောက် မောမှာ မဟုတ်ပါဘူး။ ကျမဘ၀မှာတော့ အပင်ပန်းဆုံး အခက်ခဲဆုံး ခရီးတခု ပါဘဲ။ ဒီလိုနဲ့ပဲ ခရီးကြမ်းကို အောင်မြင်ခဲ့ကြပါပြီ။ အတွေ့အကြုံ - အတိတ်က အရိပ်များ ခင်စန်းနွယ် - Oct 24 2012 08:17 AM EST သတင်းမာတိကာ ဆောင်းပါး မာတိကာ ကဗျာ မာတိကာ ဓါတ်ပုံ မာတိကာ ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ အနုပညာသတင်း မာတိကာ ခင်စန်းနွယ် ရဲ့ ဆောင်းပါးများ သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast) Click for weather forecast Click for weather forecast 1 US Dollar = 822 Kyats အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ် May 3, 2012 အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ် May 3, 2012
<urn:uuid:b71de13d-4ab3-4858-88f5-0743548f40c1>
CC-MAIN-2014-10
http://www.burmatoday.net/articles.php?articles_ID=21&authors_ID=4
2014-03-12T15:21:13Z
s3://commoncrawl/crawl-data/CC-MAIN-2014-10/segments/1394021900438/warc/CC-MAIN-20140305121820-00022-ip-10-183-142-35.ec2.internal.warc.gz
mya
0.876374
Mymr
35
{"mya_Mymr_score": 0.8763744831085205, "blk_Mymr_score": 0.11964749544858932}
ဝီလီယံ ကောင်းပါး ကူးပါး ဒဗျူ (ခရစ် ၁၇၃၁-၁၈ဝဝ)[ပြင်ဆင်ရန်] ဝီလျံကူးပါးသည် အင်္ဂလိပ်ကဗျာစာဆိုတစ်ဦးဖြစ်၍၊ ၁၇၃၁ ခု နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဟားဖို့ရှိုင်ယာနယ်၌ ဖွားမြင်၏။ ဖခင်မှာ ဂျွန်ကူး ပါးခေါ် အင်္ဂလိပ်ဘုန်းကြီးတစ်ပါးဖြစ်သည်။ ပင်ကိုယ် စိတ်နေ စိတ်ထားအားဖြင့် ရှက်ကြောက်အားငယ်တတ်သောကူးပါးသည် ၆ နှစ်သားအရွယ် လူမမယ်ဘဝကပင် မိတဆိုး ကလေး ဖြစ်ခဲ့ လေသည်။ အသက် ၁ဝ နှစ်အရွယ်တွင် ကူးပါးသည် ဝက်စမင်စတာ စာသင်ကျောင်းသို့ သွားရောက်၍ ပညာသင်ကြား၏။ သူ၏ ရှက်ကြောက်တတ်သော စိတ်နေစိတ်ထားကိုသိရှိကြသည့် ကျောင်းနေဖက်သူငယ်ချင်းများသည် ကူးပါးကို နောက်ပြောင် ကျီစယ်ခြင်း၊ နိုင်လိုမင်းထက်ပြုခြင်းတို့ကို အကြင်နာကင်းမဲ့စွာ ပြုလုပ်ကြသည်။ သို့ရာတွင် နေသားကျလာသောအခါ ကူးပါး သည် ပျော်ရွှင်လာပြီးလျှင် ဤကျောင်းတွင်ပင် ၈ နှစ်တိတိ ကြာမြင့်ခဲ့လေသည်။ ကူးပါးသည်အသက်မွေးဝမ်းကျောင်းပြုရန်အလို့ငှါ ဥပဒေ ပညာကို လေ့လာဆည်းပူးခဲ့သဖြင့် နောင်အခါတွင် ဝတ်လုံ တော်ရတစ်ဦး ဖြစ်လာသည်။ သို့ရာတွင် ထိုအလုပ်မှာ အရှက် အကြောက်ကြီး၍ လူရှေ့သူရှေ့တွင် စကားမပြောဝံ့သော ကူးပါး ကဲ့သို့ လူစားမျိုးနှင့် အလျင်းပင်မသင့်တော်ချေ။ ဤအလုပ်ကို ရွေးချယ်မိခြင်းမှာ ကူးပါး၏အမှားကြီးပင် ဖြစ်လေသည်။ အထက်လွှတ်တော်တွင် စာရေးတော်ကြီးရာထူး ပေါ်ပေါက်စဉ် ကလည်း ကူးပါးသည် ထိုရာထူးအတွက် စာမေးပွဲဝင်ရမည်ကို အလိုလိုနေရင်း ထိတ်လန့်ကြောက်ရွံ့နေခဲ့သဖြင့် အဆိုပါ ရာထူးကို မရရှိခဲ့ချေ။ ကူးပါးသည် ဝမ်းနည်းပူပန်တတ်၍ တည်ငြိမ်ခြင်းမရှိ၊ တုန်လှုပ်ချောက်ချားလျက် သည်းခြေပျက်မတတ်ဖြစ်နေစဉ်တွင်၊ သူ၏ကြေကွဲဖွယ် အချစ်ဇာတ်လမ်းတစ်ခုက သူ၏အခြေအနေ ကို ပိုမို၍ဆိုးရွားစေရန် ဖန်တီးခဲ့သည်။ သူသည်နှမဝမ်းကွဲ တော်သူတစ်ဦးနှင့် လူငယ်တို့ဘာဝ မေတ္တာသက်ဝင် ချစ်ခင် ခဲ့၏။ သို့ရာတွင် မိန်းမပျို၏ဖခင်က သဘောမတူသဖြင့် လက်မထပ်နိုင်ကြချေ။ ကူးပါးသည် ချစ်သူနှင့်ကွေကွင်းရသဖြင့် စိတ်အညစ်ကြီးညစ်ပြီးလျှင် မိမိကိုယ်ကို အဆုံးစီရင်ရန် ကြံစည် အားထုတ်ခဲ့ဖူး၏။ ထိုကြောင့်သူ့ကို စိတ္တဇဆေးရုံတစ်ခုတွင် နှစ်ပေါင်းများစွာ အပ်နှံထားခဲ့ကြရလေသည်။ စိတ္တဇရောဂါမှ သက်သာ၍ ဆေးရုံမှဆင်းရသောအခါ၊ စိတ်အေး လက်အေး နေထိုင်လိုသဖြင့် တောရွာဒေသသို့ ပြောင်းရွှေ့ နေထိုင်လေ သည်။ ထိုဒေသတွင်ကူးပါးသည် သူ့အား ခင်မင်ရှာကြသော မိတ်ဟောင်းဆွေဟောင်းများ၏ ကြင်နာယုယခြင်းကို ခံရ၏။ အထူးသဖြင့် သူ့မိတ်ဆွေတစ်ဦး၏ဇနီးဖြစ်သော မစ္စက်အန်းဝင်း ခေါ် အမျိုးသမီးကြီးသည် ကူးပါးအား သားအရင်းနှင့်မခြား ပြုစုစောင့်ရှောက်ခဲ့ပေသည်။ ကူးပါးသည် မစ္စက်အန်းဝင်း ပြောဆိုသောစကားများကို သားငယ်သည် မိခင်၏စကားကို နားထောင်ဘိသကဲ့သို့ မြေဝယ်မကျ လိုက်နာခဲ့၏။ မစ္စက်အန်းဝင်း၏ တိုက်တွန်း ချက်များကြောင့်ပင်လျှင် ကူးပါးသည် ကဗျာလင်္ကာများကို ရေးဖြစ်ခဲ့လေသည်။ ကူးပါးရေးသမျှသော ကဗျာလင်္ကာတို့မှာ အများအားဖြင့် မိတ်ဆွေသူငယ်ချင်းများ၏ တိုက်တွန်း တောင်းပန်ချက်ကြောင့်ရေးသော ကဗျာလင်္ကာတို့သာ ဖြစ်သည်။ 'ဂျွန်ဂီလပင်'နှင့် 'ဆောင်ရွက်ဖွယ်ရာ' ကဗျာတို့မှာလည်း လေဒီအောစတင်အမည်ရှိ ကူးပါး၏အမျိုးသမီး မိတ်ဆွေ တစ်ဦးက တိုက်တွန်းသဖြင့် ထွက်ပေါ်လာပေသည်။ ကူးပါး သည် သစ်ပင်၊ တောတောင်၊ ရေမြေအစရှိသော ဩကာသ လောက သဘာဝအလှတွင် စိတ်ကြည်နူးရကား တောရွာ ဒေသ၌နေစဉ် အားလပ်သည့် အချိန်တို့၌ လယ်ကွင်းပြင်များကို ဖြတ်၍ လမ်းလျှောက်ခြင်း၊ ဥယျာဉ်ပန်းမာလ် စိုက်ပျိုးခြင်း၊ ယုန်ကလေးများကို အလှမွေးမြူခြင်းတို့ဖြင့် အချိန်ကုန်လွန်ခဲ့ လေသည်။ ဤသို့အားဖြင့် ကူးပါးသည်ကဗျာလင်္ကာများ စပ်ဆိုလိုက်၊ ယုန်ငယ်ကလေးများကို ယုယလိုက်နှင့် စိတ်ပျော်ပိုက်သလို နေထိုင်နိုင်ခဲ့သော်လည်း ကူးပါး၏ အတွင်းသန္တာန်၌ကား နုပျိုစဉ်က တွေ့ကြုံခဲ့ရသည့်အဆွေးဇာတ်ကလေးသည် အမြဲမပြတ် ကိန်းအောင်းလျက်ရှိခဲ့၏။ ဤအပူဓာတ်ခံကလေးကို အကြောင်းပြု၍ တစ်နေ့နေ့တွင် စိတ္တဇရောဂါ ပြန်လည်ပေါ်ပေါက်လာမည်ကို ကူးပါးသည် အထူး စိုးရိမ်မိ၏။ 'ဥပါဒါန်ကြောင့် ဥပါဒ်ရောက်' ဆိုသော စကားအတိုင်း ၁၇၈၇ ခုနှစ်တွင် ယခင်က စိတ္တဇရောဂါ ပြန်လည်ပေါ်ပေါက်လာလေသည်။ ၁၇၉၄ ခုနှစ်တွင် နိုင်ငံတော် အစိုးရသည် ကူးပါးအား အငြိမ်းရိက္ခာများ ထောက်ပံ့ခဲ့၏။ ၁၇၉၆ ခုနှစ်တွင် ကူးပါးသည် အရှေ့ဒီယာရမ်နယ်သို့ သွား ရောက်နေထိုင်ခဲ့လေသည်။ ထိုနှစ်တွင်ပင် ကူးပါး၏ အရင်းနှီး ဆုံး မိတ်ဆွေဖြစ်ရာ မစ္စက်အန်းဝင်း ကွယ်လွန်သဖြင့် ကူးပါး သည် စိတ်နှလုံးအထူးထိခိုက်ပြီးလျှင် ၁၈ဝဝ ပြည့်နှစ် ဧပြီလ ၂၅ ရက်နေ့တွင် ကွယ်လွန်အနိစ္စရောက်လေသည်။ [၁] ကိုးကား[ပြင်ဆင်ရန်] - မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)
<urn:uuid:7681ae6a-ba2b-4996-b447-519903d09938>
CC-MAIN-2014-10
http://my.wikipedia.org/wiki/%E1%80%9D%E1%80%AE%E1%80%9C%E1%80%AE%E1%80%9A%E1%80%B6_%E1%80%80%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%AB%E1%80%B8
2014-03-09T08:48:16Z
s3://commoncrawl/crawl-data/CC-MAIN-2014-10/segments/1393999675992/warc/CC-MAIN-20140305060755-00038-ip-10-183-142-35.ec2.internal.warc.gz
mya
0.996912
Mymr
58
{"mya_Mymr_score": 0.9969117641448975}
နေ့စွဲ။ ။ ၂၀ ၊ ၀၂၊ ၂၀၁၂ စာအမှတ်- ၀၀၁။၂၀၁၂ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ် မကဒတ(ABSDF)သည် ခေတ်အဆက်ဆက် ဗမာပြည်ကျောင်းသားထု ကိုင်ဆွဲခဲ့သည့် “အမျိုးသားနိုင်ငံရေးလမ်းစဉ်” ကိုချမှတ်ပြီး ဗကသ အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်လျက် ရပ်တည်လာခဲ့သည့် ကျောင်းသားတပ်ဦး အဖွဲ့အစည်းလည်းဖြစ်ပေသည်။ မကဒတ(ABSDF)သည် အဖ်ိနှိပ်ခံပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်စံနစ်အောက်မှလွတ်ြေ ယခုအခါ မကဒတ(ABSDF) စတင်ဖွဲ့စည်းစ အတွေ့အကြုံနုနယ်စဉ်ကာလတွင် ဖြစ်ပွားခဲ့သည့် အင်မတန်တုန်လှုပ်ဖွယ် ကောင်းလှသည့် မြောက်ပိုင်းဖြစ်ရပ်ကို ဗဟိုပြုပြီး ဗမာပြည်ကျောင်းသားထုကိုယ်စား ဗကသ အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်လာခဲ့သည် မိမိတို့ နိုင်ငံတကာရောက် မကဒတ(ABSDF) အဖွဲ့ဝင်များ၊ ရဲဘော်ဟောင်းများအနေဖြင့် အမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့သူများပီပီ အမှန်တရားပေါ်ပေါက်ရေးကို လိုလားသည်။ နိုင်ငံတကာရောက် မကဒတ အဖွဲ့ဝင်များ၊ ရဲဘော်ဟောင်းများအနေဖြင့် ထိုတုန်လှုပ်ဖွယ်ရာ မြောက်ပိုင်း ဖြစ်ရပ်နှင့်ပတ်သက်ပြီး ဆုံးရှူံးနှစ်နာခဲ့မှုများအတွက် အပြည့်အဝကိုယ်ချင်းစာသည့်အပြင် ဖြစ်ပျက်ခဲ့သည့်အမှုနှင့်ပတ်သက် သို့သော် အဆိုပါဖြစ်ရပ်ကိုအကြောင်းပြုပြီ - ကျောင်းသားထု ညီညွတ်ရေးကို ကာကွယ်ကြ - တိုက်ပွဲဝင်ခွပ်ဒေါင်းအလံတော်နှ နိုင်ငံတကာရောက် မကဒတ (ABSDF) အဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်ဟောင်းများ (Stand for the ABSDF) ဒီနေရာမှာ လည်း PDF ဖိုင်ထဲမှာ တိုက်ရိုက်ဖတ်နိုင်ပါတယ်။ ဒီစတိတ်မင့်နဲ့ ပတ်သက်ပြီး Stand for the ABSDF သြစကြေလျှရောက် ကိုယ်စားလှယ် ကိုသန်းထွဋ်ဆွေနှင့် ABC မြန်မာပိုင်းအစီစဉ် ဆက်သွယ်မေးမြန်းချက်။ Sound clip 05 by Zaw Lin 1
<urn:uuid:a42f6fca-4484-4cbb-b97f-6fbf2900af06>
CC-MAIN-2014-10
http://nge-naing.blogspot.com/2012/02/stand-for-absdf.html
2014-03-08T00:04:14Z
s3://commoncrawl/crawl-data/CC-MAIN-2014-10/segments/1393999651896/warc/CC-MAIN-20140305060731-00056-ip-10-183-142-35.ec2.internal.warc.gz
mya
0.843103
Mymr
36
{"mya_Mymr_score": 0.843103289604187, "blk_Mymr_score": 0.15283288061618805}
Smart Grid အကျဉ်းချုပ်[ပြင်ဆင်ရန်] Smart Grid ဆိုသည်မှာ အဆင့်မြင့် လျှပ်စစ်သုံး ပစ္စည်းကရိယာများဖြင့်ဖွဲ့စည်းထားသော လျှပ်စစ် စစ္စတမ်ကို ဆိုလိုပါသည်။ အဆင့်မြင့် ဒစ်ဂျစ်တယ် လျှပ်စစ်ပစ္စည်း၏ အတွက်အချက်စွမ်းအားကို အသုံးချပြီး၊ လျှပ်စစ်ဓာတ်အားသုံးစွဲပံ့ပိုးမှုကို ကိုယ်တိုင် လိုအပ်သလို ထိမ်းသိမ်းနိုင်သည့် ဖန်ရှင်ကို ပိုင်ဆိုင်သည့် ပစ္စည်းကရိယာများကို အသုံးချပြီး၊ စွမ်းအင်ခြွေတာမှု၊ ယုံကြည်စိတ်ချရမှုနှင့် ပီပြင်မှုတိုးတက်ရေးကို ရည်မှန်းထားတဲ့ လျှပ်စစ်ဓာတ်အား ကွန်ယက်ကို ဆိုလိုပါသည်။ ရှင်းလင်းချက်[ပြင်ဆင်ရန်] အမေရိကန်ပြည်ထောင်စုရှိ လျှပ်စစ်ဓာတ်အားလုပ်ငန်းတစ်ခုမှ စတင်ခဲ့သော အကြံတစ်ခုဖြစ်ပါသည်။ Smart ဟု အမည်ပေးထားသည့်အတိုင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့်နေရာမှအစ အသုံးပြုသည့်လျှပ်စစ် ပစ္စည်းကရိယာများ တိုင်အောင် ဒစ်ဂျစ်တယ်ကွန်ပျူတာ၏ အဆင့်မြင့် ထိမ်းချုပ်ရေးစနစ်ကို ထည့်သွင်းထားသော လျှပ်စစ်ပစ္စည်းများကို ဆက်သွယ်ပြီး၊ လက်ရှိ ဗဟိုထိမ်းချုပ်ရေးစနစ်ဖြင့် ထိမ်းချုပ်ခြင်းမပြုနိုင်သော ကိုယ်ပိုင်ခွဲခြမ်းထိမ်းချုပ်ရေးစနစ်ဖြင့် လျှပ်စစ်ဓာတ်အားကွန်ယက်အတွင်းတွင် လျှပ်စစ်ဓာတ်အား၏ လိုအပ်ချက်နှင့် ပံ့ပိုးမှု အနေအထားကို အသင့်တော်ဆုံး ထိမ်းချုပ်ပြီး မလိုအပ်ပဲဖြစ်ပွားတတ်သော ဘေးအန္တရာယ်နှင့် အလွန်အကျွံဓာတ်အားလိုအပ်မှု အပေါ်မှာ ခံနိုင်ရည်ကိုမြှင့်တင်နိုင်ရန်နှင့်၊ ထိုလိုအပ်ချက်များအတွက် အတတ်နိုင်ဆုံး ကုန်ကျစရိတ်ကို လျှော့ချနိုင်ရန် ရည်ရွယ်ထားပါသည်။ စတင်လာရခြင်းအကြောင်းအရင်းမှာ အမေရိကန်ပြည်ထောင်စု၏ အားနည်းချို့ယွင်းလာပြီဖြစ်သည့် လျှပ်စစ်ဓာတ်အား ပံ့ပိုးသုံးစွဲမှု့ဓာတ်ကြိုး ကွန်ယက်အား၊ ကွန်ပျူတာနည်းပညာကိုအသုံးပြုပြီး အကုန်အကျသက်သာ၍ လုံခြုံစိတ်ချရသော ပံ့ပိုးမှုစနစ်ကို ကျင့်သုံးနိုင်ရန် ရှာဖွေရာမှ မွေးဖွားလာသော စနစ်ဖြစ်၏။ လျှပ်စစ်ကွန်ယက်အပေါ်တွင် ပံ့ပိုးသူနှင့် သုံးစွဲသူအကြားကို ဒီဂျစ်တယ် ဆက်သွယ်ရေးကြိုးနှင့် ဆက်သွယ်ရန် အကြံအစီတွင် အိမ်သုံးလျှပ်စစ်ပစ္စည်းများကို ကွန်ယက်နှင့်ဆက်သွယ်မည့် အကြံတွင်ရှုံးနှိမ့်ခဲ့ရသော လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းများက အဆင့်မြင့် အိမ်သုံးလျှပ်စစ်ပစ္စည်းဈေးကွက် ကို ထိုးဖောက်ရန်အကြံကောင်းဟု ပါဝင်ရာမှ၊ လက်ရှိ အိုင်တီလုပ်ငန်းများကလည်း လူနေအိမ်အတွင်းသို့ ဒစ်ဂျစ်တယ်ကွန်ယက်ကို ထည့်သွင်းရန် အခွင့်အရေးကောင်းဟု အားလုံးပါဝင်ခဲ့သော စီမံကိန်းတစ်ခုဖြစ်ပါသည်။ အမေရိက ပြည်ထောင်စုမှာသာမက အခြားသောနိုင်ငံများတွင်လည်း ဟိုက်ဘရစ်ကားများ၊ လျှပ်စစ်ကားများ၊ နေရောင်ခြည်စွမ်းအားသုံး အိမ်သုံးလျှပ်စစ်ပစ္စည်းများ အစရှိသည်တို့ကို တဖြည်းဖြည်း သုံးစွဲလာမှုကလည်း အမေရိက၏ ပြည်သူလူထုရော အစိုးရကပါ နောက်တစ်ခေတ်လျှပ်စစ် ဖြန့်ချီရေးစနစ်၏ လိုအပ်ချက်ကို ပိုမို၍ ဖိအားပေးနေစေပါသည်။ ဤကဲ့သို့ အမေရိကမှ စ၍ လျှပ်စစ်ဓာတ်အား ဖြန့်ချီသုံးစွဲရေး စနစ်အသစ်ကို Smart Grid အမည်ဖြင့် စတင်နေသည့်အချိန်နှင့် တပြိုင်နက်ထဲမှာပင်၊ အခြားသော ဥရောပနိုင်ငံများတွင်လည်း အမေရိကကဲ့သို့ပင် အဆင့်မြင့် လျှပ်စစ်ဓာတ်အား ဖြန့်ချီရေးစနစ်ကို ကျင့်သုံးနိုင်ရန် သုံးသပ်ချက်များ ပြုလုပ်နေကြပြီဖြစ်သည်။ ဂျပန်နိုင်ငံမှာတော့ လက်ရှိလျှပ်စစ်ဓာတ်အား ပံ့ပိုးမှု့မှာ တည်ငြိမ်မှုရှိနေပါသဖြင့် အခြားသော နိုင်ငံများနှင့်စာလျှင် လှုပ်ရှားမှုအားနဲနေသည်ဟု အပြောများကြပါသည်။ Smart Grid ကို လက်တွေ့ကျင့်သုံးနိုင်ရန် လျှပ်စစ်ဓာတ်အားဖြန့်ချီရေး ကွန်ယက်နှင့် ပတ်ဝန်းကျင်၏ အနာဂတ်နည်းပညာအား ခန့်မှန်းနိုင်မှု၊ အနာဂတ်လျှပ်စစ်ဓာတ်အားလိုအပ်မှု၏ ပမာဏနှင့် အရည်အသွေးတို့၏ ခန့်မှန်းချက်၊ နည်းပညာတီထွင်မှုနှင့် အခြေခံချထားမှု အစရှိသည့်ပြဿနာများလည်းရှိနေရုံသာမက၊ လျှပ်စစ်ဓာတ်အားဖြန့်ချီရေး ကွန်ယက်နှင့်၊ အဆင့်မြင်လျှပ်စစ်ပစ္စည်းများ အတွက်မြှုပ်နှံရမည့် အရင်းအနှီးမှာပင် လွန်စွာများပြားလွန်းလှပါသဖြင့်၊ လျှပ်စစ်ဓာတ်အားနှင့် လျှပ်စစ်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများသာမက မော်တော်ကားလုပ်ငန်းအစရှိတဲ့ နယ်အသီးသီးမှ လုပ်ငန်းများကို ပူးပေါင်းပြီး၊ အထူးသဖြင့် အမေရိကနှင့် ဂျပန်လုပ်ငန်းများက ပူးပေါင်းပြီး ဖြစ်မြောက်ရေးနှင့် နိုင်ငံတကာစနစ် သတ်မှတ်ရေးအတွက် ဆောင်ရွက်နေကြ၏။ အသုံးပြုသူများအပေါ် မည်သို့အကျိုးသက်ရောက်မည် ဆိုသည်မှာ မသိနိုင်သေးသော်လည်း အနည်းဆုံး ကုန်ကျစားရိတ်ဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ချီနိုင်ရန် စီမံနေပါသဖြင့်၊ ကွန်ယက်တည်ဆောက်မည့် ကုန်ကျမှုကို လျှော့ပေါ့နိုင်ရန် စီမံနိုင်မှုက အဓိက လုပ်ဆောင်ရန် လိုအပ်ချက်ပင် ဖြစ်နေပါတော့သည်။ အခြေခံစနစ်ချမှတ်ရေး[ပြင်ဆင်ရန်] IEEEတွင် ၂၀၀၉ခုနစ် မှစ၍ P2030 ဆက်သွယ်ရေးစနစ်၏သတ်မှတ်ရေး၏ အောက်တွင် သက်မှတ်သွားရန် စီစဉ်ထား၏။ တဖန် အမေရိက အစိုးရသည်NIST တွင်၊ စက်ပစ္စည်းကရိယာနှင့် စစ္စတမ်ကြားတွင် အပြန်အလှန်အသုံးပြုနိုင်ရန်အတွက် အခြေခံစနစ် (စက်ကရိယာနှင့် စစ္စတမ်၏ စနစ်မဟုတ်သော) အား သက်မှတ်ရန် ချမှတ်ခဲ့၏။ NISTသည် အထက်ပါချမှတ်ချက်အရ EPRI နှင့် သဘောတူညီချက်စာချုပ်ကို ချုပ်ဆိုခဲ့၏။。 ZigBeeနှင့် HomePlug Powerline Alliance အစရှိသော လုပ်ငန်းများကလည်း လုပ်ငန်းတွင်းသုံး လျှပ်စစ်ပစ္စည်းများတွင် အသုံးပြုသွားရန် စီစဉ်လျှက်ရှိသည်ကို တွေ့ရပါသည်။ ကိုးကား[ပြင်ဆင်ရန်] - Smart Grid News Free bi-monthly news letter with information on Smart Metering and the Smart Grid - Google Map of AMI & Smart Metering Programmes across the World. Maintained by Smart Metering Project Team at the Energy Retail Association in the UK. - Similar Google Map showing North American Initiatives categorized by AMR/AMI/Smart Grid Data provided by Enernex, map created by Energy Retail Association project team in the UK. - How the Smart Grid will recharge Plug-In Electric Hybrids - Smart Grid Takes Off - Sustainable Industries Magazine. - Power meters help homeowners track and cut their energy use - The Christian Science Monitor. - 技術論文集 SEI テクニカルレビューJanuary 2008 No.172 GENESIS計画と高温超電導直流ケーブル -究極の持続可能な「新エネルギー」の開発について- - 住友電気工業株式会社 - スマートグリッドとは - 電子行政:キーワード:ITpro(文・渡辺敏康、NTTデータ経営研究所)
<urn:uuid:1ea43dbc-4fb9-486f-8869-58e7da9a727e>
CC-MAIN-2014-10
http://my.wikipedia.org/wiki/Smart_Grid
2014-03-10T21:47:42Z
s3://commoncrawl/crawl-data/CC-MAIN-2014-10/segments/1394011025510/warc/CC-MAIN-20140305091705-00056-ip-10-183-142-35.ec2.internal.warc.gz
mya
0.989022
Mymr
75
{"mya_Mymr_score": 0.9890223741531372, "blk_Mymr_score": 0.010354170575737953}
27 July 2013 | - By Popular News "အထည်တွေက အရင်တုန်းကဆို တအားရောင်း ရတယ်။ အခုက တရုတ် ပစ္စည်းတွေ ဝင်လာတော့ ဝယ်ယူတဲ့ သူတွေက အဟောင်းနဲ့ အသစ်ဈေးသိပ် မကွာတဲ့ အတွက် အသစ်ကိုပဲ ဝယ်လာကြတယ်။ ဖက်ရှင်ကလည်း အဟောင်း ထက်စာရင် အသစ် က ပိုပြီးအမြင်လှ တာကိုး။ ကိုယ့်မိတ်နဲ့ ကိုယ်ပေါ့။ကျွန်တော်တို့ကကျောက်မြောင်းကဒိုင်မှာပြန်ဝယ်ရတယ်။ဝယ်တဲ့အခါ အထုပ်လိုက် ကို ပိတ်ပြီးသား။ သူတို့က ပြချက်လေးတွေကို ပြ တယ်။ကိုယ်က အဲဒါလေးကိုအပေါ်ယံလှန်ပြီးကိုယ့်ရဲ့ ကျွမ်းကျင်မှုနဲ့ ကိုယ် ကြည့်ရတာပေါ့။ အမြတ်အစွန်းကတော့ အရောင်း အဝယ် ရှိရင် ရှိသလို၊ အကျိုးအမြတ်ရတယ်။ အရင်ကတော့ ဘာမှ ပြောစရာ မလိုဘူး။ ပိုလျှံတာပေါ့။အခုကတော့တစ်နေ့စာမိသားစု စားဖို့အတွက်တောင်မနည်း ရုန်းကန်နေရတယ်" လို့ အဟောင်းထည် ဖက် ရှင်ဈေးကွက်အကြောင်း တစေ့တစောင်းပြောပါတယ်။ လမ်း၃ဝတစ်ဝိုက်ရှိ နိုင်ငံခြားဖြစ် ဖိနပ်အမျိုးမျိုး၊ ခေတ်ပေါ် ဖိနပ်အမျိုးမျိုးကို ဖိနပ်ဖက်ရှင်ဈေးကွက်အဖြစ် အဆင့်ဆင့် ရောင်း ဝယ်ဖောက်ကားနေသူ အမျိုးသားတစ်ဦးရဲ့ စကားသံ က "အခုခေတ် ကတော့ တရုတ်ပြည်ကလာတဲ့ ဖန်စီဖိနပ်လေးတွေ ဝင်လာတယ်။ ဘမညေိ လို့ ခေါ်တာတွေ မရောင်းရတော့ဘူး။ ကွာလတီ ပစ္စည်းဝယ်တဲ့ သူ နည်းသွားတယ်။ ကျွန်တော်တို့ ဒီဆိုင်ကို ဖွင့်လာ တာ နှစ် ၂ဝကျော်လောက်ရှိပြီ။ အဲဒီတုန်း ကတော့ ဖိနပ်သီးသန့် ချည်းပဲတော့ မဟုတ်ဘူး။ ဂျာကင်တို့၊ ဂျင်းဘောင်းဘီ ၅ဝ၁ တို့ ကွာလတီပစ္စည်းေ တွရောင်းတယ်။များသောအားဖြင့် သင်္ဘောသား တွေဆီကရတယ် ။အဲဒီတုန်းကသင်္ဘောသားခေတ်ဆိုတော့ သင်္ဘောသားတွေက တစ်ခါသွားပြီး ပြန်လာရင် အများကြီး ဝယ် လာကြတယ်။ဂျာကင်တို့ ၊ဘောင်းဘီတို့ဆိုရင်သင်္ဘောသားတွေ ဆီက အများ ဆုံးရတယ်။ ကျွန်တော်တို့ဆီမှာကျ တော့ ဖက်ရှင်ဆိုင် တွေထက်စာရင် ဈေးသက် သာတာပေါ့။ ဖက်ရှင်ဆိုင်တွေမှာ နှစ်သောင်းခွဲ၊ သုံးသောင်းရောင်းရတဲ့ ဖိနပ်ကို ကျွန်တော်တို့ ဆီမှာ သောင်းနှစ်ထောင်လောက်နဲ့ ရတယ်။ ကျွန်တော်တို့အတွက် ၅ဝဝ၊ ၁ဝဝဝလောက်မြတ်ရင် လွှတ်လိုက်တာပါပဲ" လို့ ပြောပါတယ်။ တရုတ်နဲ့ ယိုးဒယားက ပစ္စည်းအသစ်တွေဝင်လာတဲ့အတွက် အဟောင်းဆိုင်တန်းများသိပ် အလုပ်မဖြစ်တော့ကြောင်း၊ အရင်က ဆို ဂျကင်တွေ၊ ဘောင်းဘီတွေကို သင်္ဘောသားတွေဆီက တစ်ဆင့် ပြန် ဝယ်ရောင်းချကြကြောင်း၊ သူ့ ခေတ်၊သူ့အခါ အလိုက် ခေတ်စားတဲ့ ဖက်ရှင်တွေကို အဟောင်းဈေးအလိုက် ပြန်လည် ရောင်းချရကြောင်းကို ၁၉၉၉ခုနှစ် ဝန်းကျင်မှစ၍ ဖက်ရှင်ပစ္စည်း အမျိုးမျိုးရောင်းချခဲ့ပြီး အခုလည်း ဖိနပ်အမျိုးမျိုး ရောင်းဝယ်နေ သူ ကိုပါပါးက ပြောပါတယ်။ လူတစ်ယောက်က သူ့မှာရှိတဲ့ အဝတ်အစားကို စတိုင်လ် ကျကျဝ တ်တတ်ရင် ဖက်ရှင်ပါပဲ။ ဘေထုပ်မှာ လည်း ဘေထုပ် ဖက်ရှင်ရှိတဲ့ အတွက် ဟောင်းနေပေမယ့် ကောင်းနေဆဲ အခြေခံ လူတန်းစားတွေရဲ့ ခိုနားရာ ဖက်ရှင်ကမ္ဘာကတော့ သူ့နေရာနဲ့ သူ သီးသန့်ရပ်တည်လို့ နေမှာပါ။
<urn:uuid:70b14d10-5950-4f77-b0e0-b4144fb7d3f5>
CC-MAIN-2014-10
http://www.themeltingpot4u.com/2013/07/blog-post_3741.html
2014-03-12T07:54:09Z
s3://commoncrawl/crawl-data/CC-MAIN-2014-10/segments/1394021512937/warc/CC-MAIN-20140305121152-00040-ip-10-183-142-35.ec2.internal.warc.gz
mya
0.949464
Mymr
56
{"mya_Mymr_score": 0.9494637846946716, "blk_Mymr_score": 0.0492522306740284}
ဂျရတ် ဝတ်သ်ဟိုင်းမား |ဂျရတ် ဝတ်သ်ဟိုင်းမား| ဂျရတ် ဝတ်သ်ဟိုင်းမား(ပြင်သစ်အသံထွက် ရူဟက် ဝါ့သ်သီမီ) (၁၉၅၀ ခုနှစ်ဖွား)သည် ပြည်သစ်ပြည်အခြေစိုက် House of Chanel ရေမွှေးကုမ္ပဏီကို သူ့၏ညီ အလန် ဝတ်သ်ဟိုင်းမား နှင့်အတူ ပိုင်ဆိုင်လုပ်ကိုင်နေသာ ပြင်သစ်လူမျိုး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။Jacques Wertheimer နှင့် Eliane Fischer တို့၏ သားဖြစ်ပြီး Chanel စီးပွားရေးလုပ်ငန်းများကို တည်ထောင်ခဲ့သူ Pierre ၏ မြေးဖြစ်သည်။ တစ်ဦးထဲပိုင် House of Chanel ကို ထိုနာမည်ဖြင့်မဟုတ်ဘဲ Eres Lingerie ၊ Tanner Krolle မြင်းကုန်းနှီးနှင့် လယ်သာထုတ်ကုန်များ လုပ်ငန်း၊ Holland &Holland စသည့်အမည်များဖြင့် လုပ်ငန်းများစွာကိုပိုင်ဆိုင်သော Alain Wertheimer က စီမံလုပ်ကိုင်နေခြင်းဖြစ်သည်။ ပြင်သစ်တွင် ရုံးထိုင်ကာ Wertheimer ညီအစ်ကိုတို့သည် oenophiles ၏ အထင်ကရ ဝေဖန်ရေးဆုများကို ရထားသော Margaux ရှိ Rauzan-Segla ကဲ့သို့သော စပျစ်ခြံများ၊ Saint-Emilion ရှိ Chate au Canon တို့ကိုပိုင်ဆိုင်ထားသည်။ ညီအစ်ကို နှစ်ယောက်စလုံးပင် မြင်းစီးရာတွင် စိတ်အားထက်သန်ကြပြီး La Presle Farm ဟုအမည်ပေးထားသော အရေးကြီးသည့် မျိုးကောင်းမျိုးသန့်မြင်းများအတွက် ပြိုင်ပွဲဝင် မြင်းကွင်းမြင်းဇောင်းများကို ဖွင့်လှစ်လုပ်ဆောင်ထားသည့် အပြင် အမေရိကန်ပြည်ထောင်စုတွင် ပြိုင်ပွဲများပြုလုပ်ရန်အတွက် Wertheimer Farm နှင့် ပြင်သစ်ပြည်အတွက် Wertheimer et Frere တွဲဖက်လုပ်ငန်းဟု ပြုလုပ်ထားသေးသည်။
<urn:uuid:83147aaa-b80b-48e9-af6e-0e6e5efe1ca3>
CC-MAIN-2014-10
http://my.wikipedia.org/wiki/%E1%80%82%E1%80%BB%E1%80%9B%E1%80%90%E1%80%BA_%E1%80%9D%E1%80%90%E1%80%BA%E1%80%9E%E1%80%BA%E1%80%9F%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%B8
2014-03-11T23:23:54Z
s3://commoncrawl/crawl-data/CC-MAIN-2014-10/segments/1394011352596/warc/CC-MAIN-20140305092232-00057-ip-10-183-142-35.ec2.internal.warc.gz
mya
0.991919
Mymr
44
{"mya_Mymr_score": 0.9919191002845764}
၄၁၈ခုနှစ်ရောက်တဲ့အခါ ပုဂံနေပြည်တော်ကို စိုးစံတော်မူတဲ့ အနော်ရထာမင်းဟာ ဥတည်ဘွားမင်း စိုးစံနေတဲ့ ဂန္ဓလရာဇ (ဂန္ဓလရာဇ်) ခေါ် တရုတ်ပြည်ကို သွားရောက်ပြီး မြတ်စွာဘုရားရဲ့ စွယ်တော်အစစ်ဖြစ်သော ဗုဒ္ဓမြတ်စွယ်တော်ကို ဖူးမျှော်ပါတယ်။ တရုတ်မင်း ဥတည်ဘွားက လက်ဆောင်ပေးလိုက်တဲ့ မြဘုရားတစ်ဆူကို ပင့်ဆောင်ပြီး တရုတ်ပြည်က အပြန်မှာ စယ်လန့်နေပြည်တော်နဲ့ မဝေးလှတဲ့ ရွှေလီမြစ်ကမ်းက ဟိုလောင်းရွာကလေးမှာ စခန်းချနေပါတယ်။ အဲဒီလို စခန်းချ နားနေစဉ်မှာ ရှမ်းတို့ရဲ့ ဥသျှောင် စယ်လန့်စော်ဘွား စဝ်ဆေဟုံဖနဲ့ ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံဖြစ်ကြပါတယ်။ ဘုရင် မင်းဧကရာဇ်များရဲ့ထုံးစံ နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် လက်ဆောင်ပဏ္ဍာ ပေးဆက်ကြရိုး ထုံးစံရှိကြရာ ရှမ်းမင်းသမီးလေး စောမွန်လှဟာလည်း ပဏ္ဍာ ဆက်ခံရတဲ့မင်းသမီး ဖြစ်လာပါတယ်။ အနော်ရထာမင်းကြီး ပုဂံပြည်ပြန်အကြွမှာတော့ စောမွန်လှ မင်းသမီးလေးကို စုလျားရစ်ပတ် လက်ထပ်သိမ်းမြန်းလို့ ရွှေနန်းတော်ကြီးဆီ ခေါ်ဆောင်သွားပါတော့တယ်။
<urn:uuid:cc3e920e-52f2-41c9-96ca-f929154a3759>
CC-MAIN-2014-10
http://www.missgreenlady.com/2011_09_05_archive.html
2014-03-07T13:34:04Z
s3://commoncrawl/crawl-data/CC-MAIN-2014-10/segments/1393999642523/warc/CC-MAIN-20140305060722-00045-ip-10-183-142-35.ec2.internal.warc.gz
mya
0.869095
Mymr
21
{"mya_Mymr_score": 0.869094729423523, "blk_Mymr_score": 0.12440350651741028}
ပြည်ထောင်စုဝန်ကြီးများ ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ဇန်န၀ါရီလ ၁၆ ရက်နေ့ ည ၈ နာရီမှာ သတင်းတပုဒ်ကြေညာ သွားပါတယ်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး ဦးသိန်းထွန်း၊ သာသနာရေး ၀န်ကြီး သူရဦးမြင့်မောင်တို့ နှစ်ဦးကို သူတို့ရဲ့ ဆန္ဒအလျောက် ရာထူးကနေ သမ္မတ ဦးသိန်းစိန်က နုတ်ထွက်ခွင့် ပြုလိုက်တယ်လို့ အမိန့်ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အမိန့်စာမှာတော့ မိမိသဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုတယ်လို့ ရေးသားထားပေမယ့် သတင်း ထွက်ပေါ်လာချိန်မှာတော့ အွန်လိုင်းစာမျက်နှာတွေ၊ အစိုးရ၀န်ကြီးတွေနဲ့ နီးစပ်တဲ့ စီးပွားရေး အသိုင်းအ၀ိုင်းမှာတော့ ၀န်ကြီးနှစ်ဦး အဖြုတ်ခံလိုက်ရတာလို့ ပြောဆိုကြပါတယ်။ အဓိကအားဖြင့် လာဘ်ပေးလာဘ်ယူမှု၊ အမိန့်မနာခံမှုတွေနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ သမ္မတရုံးနဲ့ အလွန်နီးစပ်တဲ့ စီးပွားရေး အသိုင်းအ၀ိုင်းကတော့ ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်းမှာ ပြစ်ချက်၊ အနာအဆာများပြီး အဓိကအားဖြင့် ဆက်သွယ်ရေး စီမံကိန်းတွေ အကောင်အထည် ဖော်တဲ့နေရာမှာ သမ္မတဆီ တင်ပြမှုမရှိဘဲ လုပ်ဆောင်တာတွေ အပါအ၀င် ခြစားမှုတွေကြောင့် ဦးသိန်းထွန်းကို ၀န်ကြီးအဖြစ်ကနေ အနားပေးလိုက်တာလို့ ဆိုပါတယ်။ သာသနာရေးဝန်ကြီး သူရဦးမြင့်မောင်ကတော့ သမ္မတရဲ့ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်မှုမရှိခဲ့တာတွေ ရှိတယ်လို့ သတင်းတွေက ဆိုပါတယ်။ နောက်ထပ် ၀န်ကြီး ၃ ဦးလောက် အပြောင်းအရွေ့ ထပ်လုပ်ဖို့ရှိတယ်လို့ အစိုးရနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီက သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဆက်သွယ်ရေးဝန်ကြီး ရာထူးမှ နုတ်ထွက်သွားပြီဆိုတဲ့သတင်း ထွက်ပေါ်လာတာနဲ့ တပြိုင်နက် ဖေ့စ်ဘုတ် စာမျက်နှာတွေပေါ်မှာ ကမ္ဘာဇဘဏ်ကနေတဆင့် ဦးသိန်းထွန်းအမည် တပ်ထားတဲ့သူဆီကို ဦးသိန်းဝင်းဆိုသူက ငွေကျပ်သိန်း ၂၅၀၀ တိတိ ၂၀၁၂ ခုနှစ် ဧပြီလ ၄ ရက်နေ့စွဲနဲ့ ငွေလွှဲစာရွက် ဓာတ်ပုံတပုံကလည်း တွင်တွင်ကျယ်ကျယ် ပျံ့နှံ့နေပါတယ်။ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက အစိုးရ အရာရှိကြီးတဦးကတော့ သဘောထား ပျော့ပျောင်းတဲ့ သမ္မတ ဦးသိန်းစိန် အနေနဲ့ ၀န်ကြီးတွေ အပြောင်းအလဲလုပ်တဲ့အခါမှာ မိမိသဘောဆန္ဒအလျောက် နုတ်ထွက်စေတယ်ဆိုတဲ့ အသုံးအနှုန်းမျိုးကိုပဲ သုံးစွဲလေ့ရှိတယ်လို့ ဆိုပါတယ်။ ၂၀၁၂ ခုနှစ်၊ သြဂုတ် ၂၈ ရက်နေ့မှာ အမှတ် (၁) လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း၊ ဆောက်လုပ်ရေး ၀န်ကြီး ဦးခင်မောင်မြင့်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးလွန်းမောင်တို့ကို ရာထူးက ဖယ်ရှားချိန်တုန်းကလည်း မိမိသဘော ဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုသည်ဆိုတဲ့ အသုံးအနှုန်းကိုသာ သုံးစွဲခဲ့တာမို့ ဦးသိန်းထွန်းနဲ့ သူရဦးမြင့်မောင်ကိုလည်း သမ္မတ ဦးသိန်းစိန်က ရာထူးကနေ ဖယ်ရှားလိုက်တယ်ဆိုတာ ထင်ရှားစေတယ်လို့ သူက ဆက်ပြောပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ်ကတော့ ၀န်ကြီးနှစ်ပါး နုတ်ထွက်မှုအပေါ်မှာ မှတ်ချက် မပေးလိုတဲ့အကြောင်း၊ ၀န်ကြီးအပြောင်းအလဲတွေ ထပ်လုပ်၊ မလုပ်ဆိုတာ မသိတဲ့အကြောင်း ပြောပါတယ်။ “ဒါတော့ ကျနော်လည်း မသိပါဘူး။ သူတို့ကတော့ သူတို့ဆန္ဒအလျောက် နုတ်ထွက်တာဖြစ်လို့ သူတို့အပေါ်မှာ ကျနော်တို့က မှတ်ချက်လည်း ပေးလို့မရပါဘူး။ သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက် ဖြစ်လို့လေ။ နောက်ထပ် ၀န်ကြီးတွေ လဲဖို့ရှိတယ် ဆိုတာလည်း ကျနော်တို့ဘာမှ မကြားပါဘူး” လို့ ဒု ဝန်ကြီး ဦးရဲထွဋ်က ဆိုပါတယ်။ နိုင်ငံတော်သမ္မတ အမျိုးသားစီးပွားရေးနဲ့ လူမှုရေးအကြံပေး ကောင်စီက ဦးလှမောင်ရွှေကတော့ သူ့အနေနဲ့ ၀န်ကြီးနှစ်ပါး နုတ်ထွက်ခွင့် ပြုသွားတာကိုတောင် နိုင်ငံပိုင်မီဒီယာက ကြေညာမှ သိရတဲ့အကြောင်း၊ နောက်ထပ် ၀န်ကြီးအပြောင်းအရွေ့ ရှိ၊ မရှိဆိုတာလည်း မသိကြောင်း ပြောပါတယ်။ “ကျနော်က မနေ့ညက သတင်းလာမှ သိတာ။ သိပ်တော့ မသိဘူး။ သတင်းတွေကတော့ ထွက်နေမှာပဲ။ ကျနော်တို့ကတော့ အဲဒီလောက်ကြီးတော့ အလှမ်းမမီဘူး။ နောက်ထပ် ၀န်ကြီးတွေ ထပ်လဲမယ်ဆိုတာလည်း မကြားမိဘူး။ သတင်းတွေကတော့ ထွက်နေမှာပဲ။ မှန်တာလည်းရှိမယ်၊ မှားတာလည်းရှိမယ်။ တခါတလေလည်း မှန်တာတွေလည်း ဖြစ်နိုင်ပါတယ်” လို့ ဦးလှမောင်ရွှေက ပြောပါတယ်။ ပြည်ထောင်စုဝန်ကြီးတွေ အပြောင်းအလဲ ဖြစ်မယ်ဆိုတဲ့သတင်း သိုးသိုးသန့်သန့်က ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ လပိုင်းလောက်မှာ သမ္မတရုံးနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းထဲကနေ ထွက်ခဲ့တာပါ။ လက်ပံတောင်းသပိတ်စခန်းတွေမှာ သံဃာတော်တွေ အကြမ်းဖက် နှိမ်နင်းခံရပြီးတဲ့နောက် သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း ရာထူးကနေ နုတ်ထွက်ဖို့၊ အနားယူဖို့ သမ္မတဆီက တရားဝင် ခွင့်ပြုချက် တောင်းတယ်ဆိုတဲ့ သတင်းတွေ ထွက်ချိန်ကတည်းကစပြီး သမ္မတ ဦးသိန်းစိန် အနေနဲ့ ၀န်ကြီးတွေ အပြောင်းအလဲ ထပ်လုပ်ဖို့ သမ္မတရုံးအတွင်းမှာ ဆွေးနွေးမှုတွေ စတင်လာတာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ သမ္မတ ဦးသိန်းစိန်က ၀န်ကြီးတွေ အပြောင်းအလဲလုပ်ဖို့ ကိစ္စတွေကို အဓိကအားဖြင့် ဦးစိုးသိန်း၊ ဦးအောင်မင်းတို့ နှစ်ဦးနဲ့သာ တိုင်ပင်လေ့ရှိပြီး ၀န်ကြီးတွေ အများစုကလည်း ဦးစိုးသိန်းနဲ့ ဦးအောင်မင်းကို “အဘကြီး” တွေလို့ ခေါ်ဆိုကာ ကြောက်ရွံ့ ရိုသေလေးစား ကြရတယ်လို့ သိရပါတယ်။ ဧရာဝတီသတင်းဌာနနဲ့ ယမန်နှစ်က တွေ့ဆုံခဲ့တဲ့ ပြည်ထောင်စု ၀န်ကြီးတဦးကတော့ သူ့အနေနဲ့ ၀န်ကြီးဌာန လုပ်ငန်းတွေ လုပ်ဆောင်တဲ့နေရာမှာ ဦးစိုးသိန်းနဲ့ တိုင်ပင်လေ့ရှိပြီး အမှားအယွင်းမရှိစေဖို့ သတိထား လုပ်ဆောင်နေရကြောင်း ပြောပါတယ်။ “ကျနော်ကတော့ အဘ နာယကကြီး (ဦးစိုးသိန်း) နဲ့ အမြဲတိုင်ပင်ပြီးမှ လုပ်တယ်။ အဘ နာယကကြီးကလည်း သမ္မတကြီးက မှာထားတယ်၊ မင်းတို့ ကောင်းအောင်လုပ်ကြ။ မှားရင်တော့ မှားတဲ့သူခံရမယ်ဆိုပြီး ကျနော့်ကို အမြဲသတိပေးပါတယ်” လို့ အဲဒီဝန်ကြီးက ဆိုပါတယ်။ ဒါကိုကြည့်ရင် ပြည်ထောင်စု ၀န်ကြီးတွေအနေနဲ့ သမ္မတ ဦးသိန်းစိန်နဲ့ အဆင်ပြေဖို့တင်မက သမ္မတရုံး ၀န်ကြီးတွေနဲ့ပါ အဆင်ပြေဖို့ပါ လုပ်ဆောင်နေရတယ်ဆိုတာ ထင်ရှားပါတယ်။ လက်ရှိအချိန်မှာတော့ နောက်ထပ် ၀န်ကြီး ၃ ဦးလောက် ထပ်ပြီး အပြောင်းအလဲ ဖြစ်ဦးမယ်ဆိုတဲ့ သတင်းတွေက ထွက်ပေါ်နေတာမို့ သမ္မတ ဦးသိန်းစိန် အနေနဲ့ ဘယ်ဝန်ကြီးတွေကို မိမိသဘောဆန္ဒ အလျောက်ဆိုပြီး နုတ်ထွက်ခိုင်းဦးမလဲ ဆိုတာ စောင့်ကြည့်ရမယ့်အပြင် ဘယ်သူတွေကို လစ်လပ်ဝန်ကြီးတွေနေရာ ပေးမလဲဆိုတာကို အားလုံးက စိတ်ဝင်တစား စောင့်ကြည့်ဝေဖန်နေကြပါတယ်။
<urn:uuid:0e514956-b91f-466a-8e14-d8ef493c1877>
CC-MAIN-2014-10
http://burma.irrawaddy.org/?slide=%E1%81%80%E1%80%94%E1%80%B9%E1%82%80%E1%80%80%E1%80%AE%E1%80%B8%E1%82%8F%E1%80%BD%E1%80%85%E1%80%B9%E1%80%95%E1%80%AB%E1%80%B8-%E1%80%98%E1%80%AC%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9
2014-03-08T05:46:26Z
s3://commoncrawl/crawl-data/CC-MAIN-2014-10/segments/1393999653416/warc/CC-MAIN-20140305060733-00061-ip-10-183-142-35.ec2.internal.warc.gz
mya
0.903155
Mymr
59
{"mya_Mymr_score": 0.9031546711921692, "blk_Mymr_score": 0.07801260054111481, "und_Mymr_score": 0.013413547538220882}
ဦးကုလား မဟာရာဇဝင်[ပြင်ဆင်ရန်] ဦးကုလား၏ အဘသည် စဥ့်ကူးရွာသူဌေး ဒေဝသေဋ္ဌ၊ အမိ မဏိဩဃ ဖြစ်သည်။ ဦးကုလား၏ မွေးသက္ကရာဇ်ကို မသိရပါ။ စဥ့်ကူးရွာဇာတိ ဖြစ်သည်။ အဘသည်သူဌေးမျိုး၊ အမိသည် စော်ဘွား မြို့စားမျိုးဖြစ်၍ သူဌေးသား ဦးကုလားသည် မိမိစည်းစိမ်နှင့် အေးချမ်းသာယာစွာ နေနိုင်သော်လည်း နောင်လာနောက်သားတို့အတွက် အပတ်တကုတ် ကြိုးစားရှာဖွေ စုဆောင်း၍ ရာဇဝင်ကျမ်းကြီးများကို ပြုစုခဲ့သည်။ ပုဂံရာဇဝင်၊ တကောင်းရာဇဝင်၊ သရေခတ္တရာရာဇဝင်၊ အင်းဝရာဇဝင်၊ တောင်ငူရာဇဝင် စသည်ဖြင့် ရှေးဟောင်းရာဇဝင် ကျမ်းငယ်များကို စုပေါင်းညှိနှိုင်းပြီး မဟာရာဇဝင်ကြီး ကိုရေးသားခဲ့သည်။ ကျမ်းငယ်များအပြင် ကျောက်စာ ၊ ဧချင်း ၊ မော်ကွန်း များကိုလည်း အထောက်အထားပြု လေ့လာ၍ ရေးသားခဲ့၏။ ကွဲပြားနေသော ရှေးရာဇဝင်ကျမ်းငယ်များကို တကွဲတပြား တသီးတခြားဆီ မဖြစ်ရလေအောင် စုစည်း၍ စနစ်တကျ ပြုစုပြီး တစ်စောင်တည်း ပြုလုပ်ခဲ့သည်။ ဦးကုလား မဟာရာဇဝင်ဟုလည်း ခေါ်၍ စံပြုလောက်သော ကျမ်းဖြစ်သည်။ ထို့ကြောင့် နောင် ရာဇဝင်ကျမ်းဆရာတို့သည် ဦးကုလား မဟာရာဇဝင်ကို အမှီပြု၍ ရေးသားကြသည်။ ဦးကုလား မဟာရာဇဝင်တွင် မှတ်တမ်းတင်လောက်သည့် အချက်မှာ ပြေပြစ်ကောင်းမွန်သော ဝါကျအသုံးအနှုန်း၊ စကားလုံး အထားအသိုများပင် ဖြစ်သည်။ စကားပြေရိုးရိုး ဖြစ်သည်။ ဘကြီးတော် မင်းတရားလက်ထက် ရေးသားသော မှန်နန်းရာဇဝင် သည်လည်း ဦးကုလား မဟာရာဇဝင်ကို အမှီပြုရသည်။ ခေတ်ပြိုင်[ပြင်ဆင်ရန်] ကျမ်းကိုး[ပြင်ဆင်ရန်] - ရှေးဟောင်း မြန်မာစာပေ သမိုင်း
<urn:uuid:c187be66-bccd-45c5-ba5c-cf3fde8f3e47>
CC-MAIN-2014-10
http://my.wikipedia.org/wiki/%E1%80%A6%E1%80%B8%E1%80%80%E1%80%AF%E1%80%9C%E1%80%AC%E1%80%B8
2014-03-11T03:28:41Z
s3://commoncrawl/crawl-data/CC-MAIN-2014-10/segments/1394011112269/warc/CC-MAIN-20140305091832-00061-ip-10-183-142-35.ec2.internal.warc.gz
mya
0.995822
Mymr
72
{"mya_Mymr_score": 0.995822012424469}
စတုန်းဟင်းချ် |စတုန်းဟင်းချ်၊ အေ့ဗ်ဘူရီနှင့် ဆက်စပ်သောနေရာများ*| |UNESCO ကမ္ဘာ့အမွေခံနေရာများ| |တည်ရှိသည့် နိုင်ငံ||ယူနိုက်တက်ကင်းဒမ်း| |အမျိုးအစား||ယဉ်ကျေးမှု| |ရွေးချယ်သည့်စံနှုန်း||i, ii, iii| ျကိုးကာျးျ373ျ |ဒေသ**||ဥရောပ| |သတ်မှတ်ခြင်း မှတ်တမ်း| |စတင်သတ်မှတ်ခြင်း||၁၉၈၆ (ဒသမအကြိမ်)| |* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည် ** ယူနက်စကို မှခွဲခြားသတ်မှတ်ထားသောဒေသ စတုန်းဟင်းချ် (Stonehenge) ဆိုသည်မှာ သမိုင်းမတိုင်မီ ကာလကပင် တည်ရှိခဲ့သော အထိမ်းအမှတ် အဆောက်အဦး တစ်ခုဖြစ်ပြီး အင်္ဂလန်နိုင်ငံ ဝစ်ရှိုင်းယား (Wiltshire) ခရိုင် အမတ်စ်ဘူရီ (Amesbury) မြို့ မြောက်ဖက် ၂မိုင် (၃.၂ကီလိုမီတာ) အကွာ စလစ်စ်ဘူရီ (Salisbury) မြို့၏ မြောက်ဖက် ၈.၁မိုင် (၁၃ ကီလိုမီတာ) အကွာတို့တွင် တည်ရှိသည်။ စတုန်းဟင်းချ်တွင် ပုံဖော်ထားသောမြေကြီး (earthworks) နှင့် ထိုအရာကို စက်ဝိုင်းပုံသဏ္ဌန် ဝိုင်းရံထားသော ထောင်မတ်နေသည့် ကြီးမားသော ကျောက်တုံးများပါဝင်သည်။ ရှေးဟောင်း သုတေသန ပညာရှင်များက ဤကျောက်တုံးသဏ္ဌန် တည်ဆောက်မှုသည် ဘီစီ ၂၅၀၀ ခန့်ကပင်တည်ရှိခဲ့ပြီး ဘီစီ ၂၄၀၀ မှ ဘီစီ ၂၂၀၀ အထိ အချိန်ကာလအတွင်း တိုးတက်ပြောင်းလဲလာခဲ့သည် ဟုယူဆကြသည်။[၁] သို့သော် ယခုလက်ရှိတွေ့မြင်နေရသော ကျောက်တုံးများမှာ ထိုနေရာရှိ အစောဆုံး ကျောက်တုံးတည်ဆောက်မှုများ မဟုတ်ပေ။ ပထမဦးဆုံးတည်ဆောက်မှုတွင် ပါဝင်ခဲ့ပြီး ယခုထက်တိုင် ဘေးပတ်ဝန်းကျင်တွင် တွေ့မြင်နိုင်သော ပုံဖော်ထားသောမြေကြီးနှင့် တူးမြောင်းများကို ဘီစီ ၃၁၀၀ ခန့်တွင် တည်ဆောက်ခဲ့ကြသည်။ ထိုနေရာနှင့် ပတ်ဝန်းကျင်နေရာများကို ယူနက်စကို၏ ကမ္ဘာ့ သမိုင်းဝင် အမွေအနှစ်များ အဖြစ် ၁၉၈၆ ခုနှစ်တွင် ထည့်သွင်းခဲ့ပြီး အေ့ဗ်ဘူရီ ဟင်းချ်တည်ဆောက်မှုများ (Avebury henge monument) နှင့်အတူတွဲဖက်၍ စာရင်းသွင်းခဲ့သည်။ ထို့ပြင် အင်္ဂလန်နိုင်ငံ၏ အမျိုးသားရေးရာ အရေးကြီး ထိန်းသိမ်းရမည့်ရှေးဟောင်းတည်ဆောက်မှုများ (Scheduled Ancient Monument) တွင်လည်း တရားဝင်စာရင်း ဝင်သည်။ စတုန်းဟင်းချ်ကို အင်္ဂလန်နိုင်ငံတော်အစိုးရမှ ပိုင်ဆိုင်ပြီး အင်္ဂလိပ် သမိုင်းဝင်အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးမှ ကြီးကြပ်သည်။ ပတ်ဝန်းကျင်မြေနေရာများကို မူ နေရှင်နယ် ထရပ်စ် မှ ပိုင်ဆိုင်သည်။[၂][၃] စတုန်းဟင်းချ် ရေးဗားဆိုက် ပရိုဂျက် (Stonehenge Riverside Project) မှ အသစ်ထပ်မံတွေ့ရှိရသော ရှေးဟောင်း သုတေသန အထောက်အထားများအရ စတုန်းဟင်းချ်သည် အစောဆုံး စတင်တည်ရှိစဉ် အခါကပင် သင်္ချိုင်းမြေအဖြစ် တည်ရှိခဲ့ကြောင်း ညွှန်ပြနေသည်။ ကျန်ရှိနေသော အရိုးပြာများကို ကာဘွန်ဒိတ်တင်း နည်းဖြင့် ဆန်းစစ်ကြည့်ရာတွင် မြှုပ်နှံမှုများမှာ ပထမဆုံး တူးမြောင်းကို အဆောက်အဦး၏ ပတ်ပတ်လည်တွင် စတင်တူးဖော်ခဲ့သော အချိန်ဖြစ်သည့် ဘီစီ ၃၀၀၀ ခန့်ကပင် စတင်ခဲ့သည်ဟု ညွှန်ပြနေသည်။ စတုန်းဟင်းချ်တွင် နောက်ထပ် အနည်းဆုံး နှစ်ပေါင်း ၅၀၀ ကျော်ကြာသည်အထိ မြှုပ်နှံမှုများ ဆက်လက်ပြုလုပ်နေခဲ့ကြပြီး ယခု အထိမ်းအမှတ်ဖြစ်နေသော ကျောက်တုံးကြီးများကို ထူထောင်ထားခဲ့ကြသည် ဟု စတုန်းဟင်းချ် ရေးဗားဆိုက် ပရိုဂျက်၏ ခေါင်းဆောင် ပရော်ဖက်ဆာ မိုက်ပတ်ကား ပီရာဆင်ကဆိုသည်။ ရည်ညွှန်းချက်များ[ပြင်ဆင်ရန်] - Dig pinpoints Stonehenge origins. BBC (2008-09-21). Retrieved on 2008-09-22။ - How did Stonehenge come into the care of English Heritage?. FAQs on Stonehenge. English Heritage. Retrieved on 2007-12-17။ - Ancient ceremonial landscape of great archaeological and wildlife interest. Stonehenge Landscape. National Trust. Retrieved on 2007-12-17။
<urn:uuid:7a6a9874-dd36-44c5-8439-6a51512cc2d6>
CC-MAIN-2014-10
https://my.wikipedia.org/wiki/%E1%80%85%E1%80%90%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%9F%E1%80%84%E1%80%BA%E1%80%B8%E1%80%81%E1%80%BB%E1%80%BA
2014-03-08T18:34:26Z
s3://commoncrawl/crawl-data/CC-MAIN-2014-10/segments/1393999657010/warc/CC-MAIN-20140305060737-00049-ip-10-183-142-35.ec2.internal.warc.gz
mya
0.992929
Mymr
98
{"mya_Mymr_score": 0.9929288029670715}
ဘုရားရှင် ကိုယ်တော်မြတ် သာကေတမြို့မှ သာဝတ္ထိမြို့သို့ ကြွတော်မူလာနေပြီဟု သတင်းကြားရသော အနာထပိဏ် သူဌေးကြီးသည် ဘုရားရှင် ကြွတော်မူလာမည့် လမ်းတစ်လျှောက်လုံးကို အလံများ နဖူးစီးများဖြင့် တန်ဆာဆင်စေ၏။ ထို့နောက် ဘုရားရှင်ကို ကြိုဆိုရန် မြင်းဆွဲယာဉ် တစ်စီးဖြင့် ထွက်လာခဲ့၏။ ရှင်ဥဒါယီလည်း သူဌေးကြီးနှင့်အတူ မြင်းဆွဲယာဉ်ဖြင့် လိုက်ပါလာ၏။ ရှင်ဥဒါယီသည် ရှင်မဟာကဿပ၏ ထံတော်ပါး၌ ရဟန်းပြုခဲ့ပြီး ချမ်းသာကြွယ်ဝ၍ ထည်ဝါခန့်ငြားသည့် မြို့တော်သာဝတ္ထိ၌ သီတင်းသုံးတော်မူနေခြင်း ဖြစ်သည်။ ကျောင်းမြေကို ရွှေဒင်္ဂါးခင်း၍ ၀ယ်ယူခဲ့ရသော အနာထပိဏ် သူဌေးကြီး၏ ကောင်းမှုတော် ဇေတ၀န်ကျောင်းကို ရှင်ဥဒါယီက ကြည့်ရှု စောင့်ရှောက်နေ၏။ ယခုအခါ ကျောင်းထိုင်ဆရာတော် ရှင်ဥဒါယီနှင့် ကျောင်းဒါယကာ အနာထပိဏ်တို့သည် ဘုရားရှင်ကို ကြိုဆိုကြမည် ဖြစ်၏။ ရှင်ဥဒါယီသည် လမ်းတစ်လျှောက်လုံး နှုတ်ဆိတ်လျက် လိုက်ပါလာရင်း ဘုရားရှင်ကို လျှောက်တင်မည့် စကားလုံးများကို စိတ်ဖြင့်မှန်း၍ ကဗျာလင်္ကာ စီကုံးနေ၏။ ထိုစဉ် “အရှင်ဘုရား . . . ဘုရားရှင် နီးလာရော့မယ်။ တပည့်တော်တို့ ဆင်းလျှောက်ကြတာ ကောင်းမယ်ထင်တယ် ဘုရား”ဟု သူဌေးကြီးက ရှင်ဥဒါယီကို လျှောက်ထားလိုက်၏။ “သူဌေးကြီး . . . ဘုရားရှင် တစ်ဂါဝုတ် ခရီးအတွင်း ၀င်တော်မူလာပြီဆိုရင် သိနိုင်ပါတယ်”ဟု ရှင်ဥဒါယီက မိန့်တော်မူ၏။ “အရှင်ဘုရား . . . တကယ် သိနိုင်ပါ့မလား။” “သိနိုင်ပါတယ် သူဌေးကြီး . . .။ လောကသုံးပါးမှာ ဘုရားရှင်လောက် ကြီးကျယ် မြင့်မြတ်တဲ့သူမှ မရှိတာပဲ။ ဘုရားရှင်ဟာ အံ့သြစရာကောင်းတဲ့ ပုဂ္ဂိုလ်မြတ်ပါ။ ဘုရားရှင် ဒေသစာရီ ကြွတော်မူရင် . . . ရှေ့တော်ပြေး အနေနဲ့ ရနံ့သင်းတဲ့ လေးညှင်းက အရင်လာတယ် . . .။ လေက ပန်းတွေကို ကျဲချဖြန့်ခင်းပေးတယ်။ မြေပထ၀ီမှာလည်း မို့မောက်တာတွေ ချိုင့်ခွက်တာတွေ မရှိတော့ဘဲ ပြင်ညီဖြစ်သွားတယ်။ ဘုရားရှင်ရဲ့ ခြေလှမ်းတိုင်းကို ခံယူဖို့ ကြာပန်းတွေ မြေထဲက ထွက်လာကြတယ်။ အထက်နတ်ဘုံက နတ်ကောင်း နတ်မြတ်တွေကလည်း နတ်တူရိယာတွေ တီးခတ်ရင်း သာဓုသံတွေ သီကြွေးကြတယ် . . .။”ဟု ရှင်ဥဒါယီက သူဌေးကြီးကို ရှင်းပြ၏။ ရှင်ဥဒါယီမှာ ကြည်ညိုသဒ္ဓါပွားလျက် ရွှင်လန်းတက်ကြွနေလေသည်။ “အရှင်ဘုရား . . . အရှင်ဘုရားက ဘုရားရှင်ကို မျက်မြင်ကိုယ်တွေ့ ဖူးပြီးပြီမို့လား။” “ဘုရားရှင်ကို မဖူးရသေးပေမယ့် ဘုရားရှင်ကို မျက်မြင်ကိုယ်တွေ့ ဖူးဖူးတဲ့သူတွေထက် ပိုပြီးတော့တောင် ဘုရားရှင်အကြောင်း ပြောပြနိုင်ပါတယ် . . .။” “အရှင်ဘုရားက ဘုရားရှင်ရဲ့ တပည့်သား သံဃာတော့ ဟုတ်ပါတယ်။ ဒါပေ့မယ့် ဘုရားရှင်ကို ဖူးမှ မဖူးဘူးသေးတာပဲ။ တပည့်တော်က ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်မှာ ဘုရားရှင်ကို အားရပါးရ ဖူးခဲ့တာပါ။ ဘုရားရှင် ကိုယ်တော်တိုင် ဟောတော်မူတဲ့ တရားတော်တွေကိုလည်း နာခဲ့ရတာပဲ။ ဘုရားရှင်ဟာ လူသားတွေထဲမှာ အကြီးမြတ်ဆုံး ဖြစ်တော်မူတယ် ဆိုတာပဲ တပည့်တော် ကြားခဲ့ရတာပါ ဘုရား။ အဲဒါလည်း တရားတော်တွေကို နှုတ်တော်လျှာတော်အာတော် ကြည်ကြည်လင်လင်နဲ့ အဓိပ္ပာယ် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားဖြစ်အောင် ဟောတော်မူနိုင်လို့ပါ၊ ဣနြေ္ဒတွေ ကြည်လင်နေတဲ့ ရူပကာယတော်ကြေင့်ပါ။ တရားဓမ္မကြောင့်ပါ။ နတ်တွေ သိကြားတွေ ဗြဟ္မာတွေ ၀ိုင်းဝန်းမြှောက်ပင့်ပြီး ဂုဏ်တင်ပေးကြလို့ မဟုတ်ပါဘူး။ တပည့်တော်ရဲ့ ရှေ့မှာ ဘုရားရှင်ကို ကဗျာဉာဏ်နဲ့ အမွှန်းမတင်စမ်းပါနဲ့ ဘုရား။ အရှင်ဘုရား ဒါတွေ ပြောချင်ရင် ဉာဏ်နည်းတဲ့ ဒကာဒကာမတွေဆီ သွားပြောပါ . . .။ လူအထင်ကြီးအောင် ကြွားဝါတာ မြှောက်ပင့်တာမျိုးတွေကို တပည့်တော် မကြိုက်ပါဘူး . . .။” သူဌေးကြီးက ဤသို့ ဆိုသောအခါ ရှင်ဥဒါယီ နှုတ်ဆိတ်သွား၏။ သူ၏ ရှက်ရွံ့မှုကို ဖုံးကွယ်ရန်အတွက် တစ်စုံတစ်ရာ ပြောလိုက်ဖို့ စဉ်းစားနေလေသည်။ ********** နာဋပုတ္တ တက္ကဒွန်းသည် မြို့တော်သာဝတ္ထိ၌ အချိန်ကာလ အတန်ကြာအောင် နေပြီးနောက် သာဝတ္ထိမှ သာကေတသို့ သွားနေ၏။ မြို့နှစ်မြို့ကို ဆက်သွယ်ထားသော လမ်းမကြီးမှာ ဖုန်ထူပြီး ညစ်ပတ်လှ၏။ နေမင်းက ချစ်ချစ်တောက် ပူနေသည်။ လောင်ကျွမ်းလုနီးပါး ပူပြင်းသည့် နေရောင်ခြည်အောက်၌ လျှောက်လှမ်းနေသူ နာဋပုတ္တသည် ကိုယ်လုံးတီး တက္ကဒွန်းဖြစ်၏။ ဖိနပ်စီးခြင်း ခေါင်းဆောင်းခြင်းလည်း မပြုပေ။ နာဋပုတ္တ တက္ကဒွန်းနှင့် တစ်ခရီးတည်း နှင်နေသော အနာထပိဏ် သူဌေးကြီးသည် မင်းသားဝဘကို စွန့်လွှတ်၍ အတ္တကိလမထာနုယောဂအကျင့် ကျင့်နေသူ နာဋပုတ္တ တက္ကဒွန်း၏ အသွင်အပြင်ကို ကောင်းစွာမှတ်မိ၏။ နောက်မှလှမ်း၍ မြင်လိုက်သည်နှင့် နာဋပုတ္တ တက္ကဒွန်းမှန်း သိလိုက်သည်။ သူဌေးကြီး၏ မြင်းဆွဲယာဉ်သည် နာဋပုတ္တ တက္ကဒွန်း၏ အနီးသို့ ချဉ်းကပ်နေ၏။ သူဌေးကြီးသည် မြင်းဆွဲယာဉ်ကို ရပ်လိုက်ပြီး ယာဉ်မှဆင်း၍ နာဋပုတ္တ တက္ကဒွန်ထံသို့ ချဉ်းကပ်၍ အရိုအသေပြု ရှိခိုး၏။ နာဋပုတ္တ တက္ကဒွန်းသည် ကျက်ကျက်ပူသည့် မြေသားလမ်းပေါ်၌ ရပ်လျက် သူဌေးကြီးအတွက် ကောင်းချီးမင်္ဂလာ ပြုပေးသည့် အနေဖြင့် လက်ကို ဝှေ့ရမ်းနေ၏။ “အရှင်ဘုရား . . . ရှင်တော်ဂေါတမ သာဝတ္ထိကို ကြွလာတော်မူနေပါပြီ။ တပည့်တော်တို့ သူ့ကို ကြိုဖို့ လာခဲ့ကြတာပါ။ ရာသီဥတုက ပူလွန်းပါတယ် . . .။ တပည့်တော်တို့နဲ့အတူ လိုက်ခဲ့ဖို့ လျှောက်ထားပါတယ် . . . ။” “သူကြွယ် . . . တော်ပြီ။ ခန္ဓာကိုယ် သက်တောင့်သက်သာဖြစ်ဖို့ ငါ မစဉ်းစားဘူး။ ငါတို့လို ရဟန်းတွေအတွက် ခြေလျင်ကြွတာ ပိုကောင်းတယ်။ ကျင့်သားလည်း ရနေပြီ။” “ဒါဆိုလည်း တပည့်တော်တို့ သွားလိုက်ပါအုံမယ် ဘုရား . . .။” “သူကြွယ် . . . အောင်ခြင်းမင်္ဂလာနှင့် ပြည့်စုံပါစေ။” အနာထပိဏ် သူဌေးကြီးသည် နာဋပုတ္တ တက္ကဒွန်းကို ကျော်တက်နေစဉ် ယာဉ်ကို ဖြည်းဖြည်းသက်သာ မောင်းနှင်ရန် အမိန့်ပေးလိုက်၏။ နာဋပုတ္တ တက္ကဒွန်းကို ကျော်တက်ပြီးသည့် တိုင်အောင်လည်း ယာဉ်သည် ဖြည်းဖြည်းသာ သွားနေ၏။ သူဌေးကြီးသည် တက္ကဒွန်းဆီသို့ ပြန်လှည့်ကြည့်ရင်း တစ်စုံတစ်ရာကို အလေးအနက် စဉ်းစားနေ၏။ သူဌေးကြီးက တက္ကဒွန်းကို အာရုံစိုက်လွန်းနေသည့်အတွက် ရှင်ဥဒါယီ မကျေမနပ် ဖြစ်မိ၏။ ဒေါသလွှမ်းသည့် လေသံဖြင့် ရှင်ဥဒါယီ ဆို၏။ “သူဌေးကြီး . . . ဘာဖြစ်လို့ ဒီ ကိုယ်တုံးလုံး တက္ကဒွန်းကို အရေးစိုက်နေရတာလဲ။ နာဋပုတ္တဟာ မိစ္ဆာဒိဋ္ဌိပဲ။ သူ့ကို အရိုအသေ ပေးတာဟာ ဘုရားရှင်ကို စော်ကားတာနဲ့ အတူတူပဲ။” “အရှင်ဘုရား . . .။ နာဋပုတ္တကိုပဲဖြစ်ဖြစ် တစ်ခြားဘာသာရေး ခေါင်းဆောင်ကိုပဲဖြစ်ဖြစ် အရိုအသေ မပေးရဘူးလို့ ဘုရားရှင်က ဘယ်နေရာမှာ ဟောခဲ့ဖူးလို့လဲ။” “အဲဒီလိုတော့ မဟောပါဘူး သူဌေးကြီး . . .။ ဒါပေမယ့် ဘုရားရှင်ရဲ့ အဆုံးအမ တရားတော်တွေကိုပဲ အမြင့်ဆုံး အမြတ်ဆုံးလို့ ခံယူထားကြတာဆိုတော့ ဘုရားရှင်ရဲ့ သာဝကပဲ ဖြစ်ကြရမှာပေါ့။ ဘုရားရှင်ကိုပဲ ရှိခိုးကြရမှာပေါ့။” “ဒါကတော့ . . . အရှင်ဘုရားရဲ့ အမြင်ပဲ . . .။ ဒါ . . . ဘုရားရှင်ရဲ့ အမြင် မဟုတ်ဘူး။ ပူရဏကဿပက ဟောတယ်။ ကုသိုလ်လည်း မရှိဘူး၊ အကုသိုလ်လည်း မရှိဘူး၊ ကုသိုလ်ရဲ့ အကျိုးလည်း မရှိဘူး၊ အကုသိုလ်ရဲ့ အကျိုးလည်း မရှိဘူး၊ သုဂတိဘ၀လည်း မရှိဘူး၊ ဒုဂ္ဂတိဘ၀လည်း မရှိဘူး၊ သတ်ဖြတ်ခြင်း ဖျက်ဆီးခြင်းတွေဟာ ကုသိုလ်လည်း မဟုတ်ဘူး၊ အကုသိုလ်လည်း မဟုတ်ဘူးလို့ ဟောတယ်။ ဒါနဲ့ ပတ်သက်လို့ကတော့ ပူရဏကဿပရဲ့ ပါးစပ်ဟာ ရေစီးကြောင်းမှာ ချထားတဲ့ ငါးထောင်တဲ့ မြှုံးနဲ့တူတယ်လို့ ဘုရားရှင်က မှတ်ချက်ချတော်မူတယ်။ ဒါပေမယ့် ဘုရားရှင်ဟာ ဘယ်ဘာသာရေး ခေါင်းဆောင်ကိုမှ ချိုးချိုးဖဲ့ဖဲ့ နှိမ့်ချတော်မူတာ မဟုတ်ဘူး . . .။ ရိုသေထိုက်သူကို ရိုသေဖို့၊ ပူဇော်သင့်သူကို ပူဇော်ဖို့ပဲ ဘုရားရှင် ဟောတော်မူတာ။ တကယ်လို့သာ ဘုရားရှင်က သူ့ကိုယ်သူပဲ ကြွားဝါမြှောက်ပင့်မယ်၊ သူ့တရားတွေကိုပဲ ဂုဏ်တင်ချီးကျူးမယ်၊ တစ်ခြားဘာသာတွေကိုတော့ အထင်သေးမယ် ရှုပ်ချမယ်ဆိုရင် တပည့်တော် အနေနဲ့ သူ့သာသနာတော်ကို ထောက်ပံ့ဖို့ ငွေတွေသန်းချီပြီး သုံးစွဲခဲ့မှာ မဟုတ်ဘူး။ အခုလို သူ့ကို ကြိုဆိုချင်စိတ်လည်း ရှိမှာမဟုတ်ဘူး။” ရှင်ဥဒါယီ ဘာမှ ပြန်မပြောတော့ပေ။ ပူပြင်းသည့် နေရောင်ခြည်ဖြင့် လောင်မြှိုက်အပ်သော လမ်းမကြီးတစ်လျှောက် မျှော်ခေါ်၍ ကြည့်လိုက်ရာ အ၀ါရောင် တစ်ခုကို မြင်လိုက်ရ၏။ ဖန်ဝါသင်္ကန်း ဆင်မြန်းထားသည့် ရဟန်းအသွင် ဖြစ်သည်ဟု ခန့်မှန်းနိုင်သော်လည်း ခရီးကွာဝေးလျက် ရှိသေးသည်။ သို့သော် သူဌေးကြီးသည် ယာဉ်ကို အရှိန်သတ်ရန် ညွှန်ကြားလိုက်ပြီး အ၀ါရောင် ရဟန်းအသွင်ကို စူးစူးစိုက်စိုက် ကြည့်နေ၏။ ယာဉ်ပေါ်မှာပင် မတ်တပ်ရပ်လိုက်ပြီး လက်အုပ်ချီမိုးကာ ရဟန်းသွင်ကို လှမ်း၍ ဦးညွတ်ရှိခိုးလေသည်။ ထိုစဉ် ရှင်ဥဒါယီက ဆို၏။ “သူဌေးကြီး . . . ဘုရားရှင် ဒေသစာရီ ကြွတော်မူရင် ရဟန်းတော်တွေနဲ့ အတူ ကြွတော်မူတာပါ။ ဘုရားရှင် တစ်ပါးတည်း ကြွတော်မူလေ့ မရှိဘူး။ ဘုရားရှင်နဲ့ အသွင်တူတဲ့ ရဟန္တာ တစ်ပါးပါးပဲ။ ဥပဇ္ဈာယ် အရှင်မြတ်ကြီး ရှင်မဟာကဿပလား မသိပါဘူး . . .။ ဘုရားရှင် မဟုတ်ပါဘူး။” “နာဋပုတ္တ ကိုယ်တော်နဲ့ တွေ့တုန်းကလိုပဲ ယာဉ်ပေါ်က မဆင်းဘဲသာ နေခဲ့တော့။ တပည့်တော်ကတော့ ဆင်းပြီ။ ဘုရားရှင်ကို ခြေလျင်ဆီးကြိုမယ် . . .။” သူဌေးကြီးနှင့် ယာဉ်မောင်းတို့ မြင်းဆွဲယာဉ်ပေါ်မှ ဆင်းလိုက်ကြပြီး ခြေလျင်ဆက်လျှောက်ကြသည်။ ရှင်ဥဒါယီကား ယာဉ်ပေါ်မှာပင် ဆက်လက်၍ ထိုင်နေရင်း ဘုရားရှင် ကြွတော်မူလာမည့် ဘက်သို့ လှမ်းမျှော်ကြည့်နေ၏။ ဘုရားရှင်ဆီ ရည်ရွယ်၍ လက်အုပ်ချီမိုး ရှိခိုးလျက်သားနှင့် တစ်လှမ်းချင်း လျှောက်နေသည့် သူဌေးကို ရှင်ဥဒါယီ မြင်နေရ၏။ ကြွလာနေသည့် ရဟန်းအသွင်လည်း ဖြည်းဖြည်းချင်း ထင်ရှားလာ၏။ ဘုရားရှင်ကို ပြတ်ပြတ်သားသား မြင်ရလေပြီ။ သို့သော် ဘုရားရှင် ကြွချီသည့် ခြေလှမ်းတိုင်းကို ခံယူရန် ကြာပန်းများ မြေမှ ထွက်ပေါ်လာသည်ကို ရှင်ဥဒါယီ မတွေ့ရပေ။ လမ်းပေါ်ရှိ မြူအညစ်အကြေးများကို ပယ်ရှားရန် ရွာချသော မိုးဖွဲဖွဲကိုလည်း မတွေ့ရပေ။ သင်းရနံ့ကို သည်ဆောင်လာသည့် လေပြေကိုလည်း မရှူရှိုက်မိပေ။ သို့သော် သူ့မျက်လုံးများနှင့် သူ့နှလုံးသားကို အလွန်အမင်း နှစ်သိမ့်စေနိုင်သော၊ အေးငြိမ်းသက်သာမှု ပြည့်လျှမ်းနေသည့် ဘုရားရှင်၏ အတုမဲ့ မျက်နှာတော်ကို ဖူးမြင်လိုက်ရ၏။ ချက်ချင်းပင် မတ်တတ်ရပ်လိုက်ပြီး ယာဉ်ပေါ်မှ ခုန်ချကာ ဘုရားရှင်ထံသို့ ပြေးဝင်သွားလေ၏။ * * * * * * * * * * ဘုရားရှင် ကြွချီတော်မူစဉ် ရှင်ဥဒါယီသည် ဘုရားရှင်နှင့် ကပ်လျက်သား လိုက်ပါနေ၏။ သူဌေးကြီးလည်း ဘုရားရှင်၏ အနီးမှာ ကပ်လျက်ပင် လိုက်ပါနေ၏။ အလွန်အကျူး နှစ်ထောင်းအားရ ရှိနေသူ သူဌေးကြီးသည် ဘုရားရှင်ကို လျှောက်ထား၏။ “မြတ်စွာဘုရား . . . ချစ်ချစ်တောက် နေပူနေပေမယ့် အရှင်ဘုရားရဲ့ ထံတော်ပါးမှာ ရှိနေရလို့ တပည့်တော် ပင်ပန်းတာတွေ မခံစားရပါ ဘုရား။ အရှင်ဘုရားရဲ့ အရိပ်ဟာ နှစ်သက်စရာ ကောင်းလှပါတယ် ဘုရား။ အရှင်ဘုရားကို ဖူးမြင်ရတာ ကျေနပ်အားရ ရှိလပါတယ် ဘုရား။ ဒီနေ့လို နှစ်သက်စရာကောင်းတဲ့ နေ့မျိုး မကြုံဖူးခဲ့ပါ ဘုရား။” ဤသို့ အနာထပိဏ် သူဌေးကြီး လျှောက်ထားပြီးသည်နှင့် တူရူအရပ်မှ လာနေသည့် နာဋပုတ္တ တက္ကဒွန်းကို မြင်လိုက်ရ၏။ ဤဇမ္ဗူဒိပ်၌ ဖွားမြင်ခဲ့ကြသည့် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်နှစ်ဦးတို့ ထိပ်တိုက်ရင်ဆိုင် တွေ့ကြတော့မည့် အခါသမယပင် ဖြစ်သည်ဟု တွေးမိသူ သူဌေးကြီး၏ နှလုံးသားထဲ၌ ကြောက်ရွံ့တုန်လှုပ်မှု ဂယက်ငယ် ထသွား၏။ သူဌေးကြီးသည် တူရူမှ လာနေသူ နာဋပုတ္တ တက္ကဒွန်းကို ဘုရားရှင် သိတော်မူမည်မဟုတ်ဟု ထင်မိသဖြင့် ဘုရားရှင်နှင့် ပို၍နီးအောင် တိုးကပ်လိုက်ပြီး ခရီးရင်ဆိုင်မှ လာနေသူမှာ မည်သူမည်ဝါဖြစ်ကြောင်း လေသံတိုးတိုးဖြင့် လျှောက်ထားလိုက်၏။ “သူဌေးကြီး . . . ငါ သူ့ကို မမြင်ဖူးခဲ့ပေမယ့် အခု မြင်မြင်ချင်းပဲ သူဆိုတာ သိလိုက်တယ်။” နှစ်ဘက်လုံးက ပုံမှန် လျှောက်လှမ်းနေကြရာ အချင်းချင်း နီးကပ်လာကြ၏။ သူဌေးကြီး၏ ရင်မှ စိုးရိမ်စိတ်လည်း ပိုမိုကြီးမားလာ၏။ ရှင်ဥဒါယီသည် လမ်းမ၏ လက်ျာဘက်ဘေးမှာ ကပ်၍ လျှောက်လာနေသူ နာဋပုတ္တ တက္ကဒွန်းကို မျက်မှောင်ကြုတ်၍ မလိုတမာ လှမ်းကြည့်လိုက်၏။ ကိုယ်လုံးတီး နာဋပုတ္တ တက္ကဒွန်းသည် သူ၏ အရှက်တရားကို သူ့သပိတ်နှင့် ဖုံးကွယ်ထား၏။ ဘုရားရှင်နှင့် တက္ကဒွန်းတို့ ရှောင်ကွင်းလိုက်ကြစဉ် ရှင်ဥဒါယီသည် လည်ချောင်းခြစ်သံဖြင့် ချောင်းသုံးချက် ဟန့်လိုက်၏။ ဘုရားရှင်သည် ရှင်ဥဒါယီ၏ ချောင်းဟန့်သံကို ကြားလိုက်ရသည်နှင့် တုံ့ခနဲ ရပ်တန့်တော်မူလိုက်ပြီး ရှင်ဥဒါယီကို ခေါ်တော်မူ၏။ “ဥဒါယီ . . . ဒီကို လာခဲ့စမ်း . . .။” ရှင်ဥဒါယီသည် “အရှင်ဘုရား . . .”ဟု ထိတ်ထိတ်ပြာပြာ ထူးလိုက်၏။ “အချည်းနှီး ရဟန်း . . .။ သင်ဟာ မောက်မာတဲ့စိတ်နဲ့ နာဋပုတ္တ တက္ကဒွန်းကို ပစ်မှားစော်ကားလိုက်ပြီ။ ဒီတော့ သင့်ဆရာ ငါ့ကိုပါ စော်ကားရာရောက်တယ်။ အခု သွား။ နာဋပုတ္တ တက္ကဒွန်းကို တောင်းပန်လိုက်။” ချက်ချင်းပင် ရှင်ဥဒါယီ၏ တစ်ကိုယ်လုံး ချွေးပျံသွား၏။ ရှင်ဥဒါယီသည် ခေါင်းငိုက်စိုက်ချလျက် တက္ကဒွန်းနောက်သို့ ခပ်သုတ်သုတ် လိုက်သွား၏။ တက္ကဒွန်းကို မီသောအခါ တက္ကဒွန်းကို အရိုအသေပေးကာ တောင်းပန်စကား ဆို၏။ တက္ကဒွန်းသည် လက်ျာလက်ကို ဝှေ့ရမ်းလျက် ကောင်းချီးပြုနေ၏။ အနာထပိဏ် သူဌေးကြီးသည် အဖြစ်အပျက်ကို စောင့်ကြည့်နေသည်။ သူဌေးကြီးသည် ဘုရားရှင်ကိုရော နာဋပုတ္တ တက္ကဒွန်းကိုပါ ပို၍ လေးစားသွား၏။ ဘုရားရှင်၏ ခြေတော်အစုံ၌ ပြားဝပ်၍ ဦးတိုက်ရှိခိုးရင်း ဘုရားရှင်ကို လျှောက်ထား၏။ “မြတ်စွာဘုရား . . . အရှင်ဘုရားရဲ့ မြင့်မြတ်မှုအတွက် အရှင်ဘုရားရဲ့ ခြေတော်အစုံကို ဦးတိုက်ပါတယ် ဘုရား။ နာဋပုတ္တ တက္ကဒွန်းလည်း သူတော်စင်ပါပဲ ဘုရား . . .။ သူ့ကိုလည်း တပည့်တော် ရှိခိုးလိုက်ပါဦးမယ် ဘုရား . . .။” သူဌေးကြီးသည် ပြောပြောဆိုဆိုနှင့် မတ်တပ်လိုက်ပြီး နာဋပုတ္တ တက္ကဒွန်းနောက်သို့ ပြေးလိုက်သွား၏။ :) ရှင်အာစာရ (ဆက်ရန် . . . . .) ----- Ref: Portrait of the Buddha (from a Novelist's Pen) by Jayasena Jayakody, English Translation by K. D. de Lanerolle. FOR FREE DISTRIPUTION - NOT FOR SALE. (ပုံနှိပ်မှတ်တမ်း အပြည့်အစုံ မတွေ့ရပါ။)
<urn:uuid:3dcfb3dd-7cad-4a78-92d6-fbf0d52161e1>
CC-MAIN-2014-10
http://mrmrt.blogspot.com/2012/07/blog-post_2065.html
2014-03-09T17:19:52Z
s3://commoncrawl/crawl-data/CC-MAIN-2014-10/segments/1394009903935/warc/CC-MAIN-20140305085823-00049-ip-10-183-142-35.ec2.internal.warc.gz
mya
0.943467
Mymr
40
{"mya_Mymr_score": 0.9434667825698853, "blk_Mymr_score": 0.05518709868192673}
မည်သူမဆို ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ မဲရုံအတွင်းမှာဖြစ်စေ၊ မဲရုံမှကိုက် ၅၀၀ အကွာ အတွင်း၌ဖြစ်စေ မဲဆွယ်ခြင်း၊ မဲဆန္ဒရှင် တစ်ဦးဦးကို လွတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးဦးကို ဆန္ဒမဲပေးရန် တောင်းဆိုခြင်း၊ တိုက်တွန်း သွေးဆောင်ခြင်း၊ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးဖို့၊ မပေးဖို့ တိုက်တွန်း သွေးဆောင်ခြင်း မပြုရလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေမှာ ထုတ်ပြန်ထားပေမယ့် ဒီကနေ့ ကလောမြို့နယ်ထဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တွေက ဥပဒေ ချိုးဖောက်နေကြောင်း NLD ပါတီကနေ ၀င်ရောက်ယှဉ်ပြိုင် အရွေးခံမယ့် ဒေါက်တာ ဒေါ်သန်းငွေက ပြောပါတယ်။ "နန်းနိုင်မှာ မဲရုံ ၃ ရုံ ရှိတဲ့အထဲမှာ ညောင်ပင်ကုန်းဆိုတဲ့ မဲရုံရယ်၊ မြင်းကဘော်ဆိုတဲ့ မဲရုံ။ အဲဒီ၂ ရုံနားမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းတွေက မဲရုံနဲ့ ကိုက် ၂၀၀ အတွင်းမှာ ကြံ့ဖွံ့အဖွဲ့ဝင် ၅ ယောက်က မဲလက်မှတ်လေးတွေ ခေါက်ပြီးတော့မှ ပိုက်ဆံ ၃၀၀၀ ထည့်ပြီးတော့မှ ရော့ ဒါလေး ကိုယ့်နံပါတ်လေး မှတ်သွားအုံး ဆိုပြီးတော့မှ စာရွက်လေးနဲ့ သူတို့ ပိုက်ဆံတွေ ထည့်ထည့်ပေးနေပါတယ်။ နောက်တစ်ခုက ဘောစိုင်းက ရွာဟောင်းမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းက လာစည်းရုံးတာ ၀တ်စုံပြည့်တွေနဲ့ ထော်လာဂျီနဲ့ အလံထောင်ပြီးတော့ လာစည်းရုံးတာ။ အဲဒီ သုံးနေရာပဲ" ကလောမြို့နယ်ထဲမှာ ဒီလိုမဲဆွယ် စည်းရုံးနေမှုတွေကို သက်သေအထောက်အထားတွေ ရယူထားပြီး ရွေးကောက်ပွဲ ကော်မရှင်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကို တိုင်ကြားထားတယ်လို့ ဆက်ပြောပါတယ်။ ဒါ့အပြင် ကလော ပြည်သူ့လွတ်တော် အမတ်နေရာအတွက် မဲဆန္ဒပေးမယ့် ပြည်သူ တစ်ရာခန့် ဟာလည်း အောင်ပန်းမြို့နယ်က ရပ်ကွက် ၃ မှာနေထိုင်တဲ့ သက်သေ အထောက်အထားတွေ ရှိပေမယ့် အောင်ပန်း အမက စာသင်ကျောင်း ၁၂ က မဲရုံမှာ မဲပေးခွင့် မရခဲ့ဘူးလို့ အောင်ပန်းမြို့နယ်က မဲရုံတွေကို လိုက်ကြည့်ခဲ့တဲ့ NLD ပါတီ အောင်နိုင်ရေးအဖွဲ့ဝင် ရှေ့နေ ဒေါ်ခင်မိုးမိုးက ပြောပါတယ်။ "လူတစ်ရာလောက်က မဲပေးခွင့်မရဘူး။ သူတို့က မဲစာရင်းမှာ မပါလို့ မရတာ၊ သူတို့မှာ အိမ်ထောင်စု ဇယားတွေရှိတယ်။ မှတ်ပုံတင်တွေလည်း ရှိတယ်။ ဒီမှာနေတာလည်း ကြာပြီ။ ဘာလို့ သူတို့ မဲပေးခွင့်မရလည်း ဆိုပြီးတော့ နည်းနည်း စုစုဆူဆူ ဖြစ်သွားတယ်။ ကျွန်မ ခရိုင်ကော်မရှင် ဥက္ကဋ္ဌနဲ့ ဆက်သွယ်ပြီးတော့ မေးလိုက်တယ်။ အဲဒါက ကျွန်မတို့က မဲစာရင်းမှာ မပါရင် ရွေးကောက်ပွဲ မတိုင်ခင် တစ်ပတ်အလိုမှာ တင်ရမှာလေ။ အဲဒါတွေကို မတင်ဖြစ်ခဲ့ဘူး။ အဲဒါကြောင့်မို့လို့ ဒီလူတွေ မဲပေးခွင့် မရတာပေါ့နော်။ မဲပေးခွင့် မရတဲ့လူတွေကတော့ တော်တော်လေးကို မကျေမနပ် ဖြစ်သွားတယ်" ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ရှမ်းပြည်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်ဦးကို ဆက်သွယ်မေးမြန်းရာ ပါတီအချင်းချင်း အပြန်အလှန် တိုင်ကြားထားမှုတွေ ရှိနေကြောင်းနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ဆက်တင်ပြပေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ "အဲဒါတွေက တိုင်တာကတော့ အခုလတ်တလော သူတို့ဟာသူတို့ approve လုပ်ပြီး တိုင်လိမ့်မယ်။ နောက်ပိုင်းကျရင် ကန့်ကွက်လွှာ တင်ကြတော့ပေါ့။ ကော်မရှင် ဥပဒေအရ ဆိုလို့ရှိရင် သူတို့က ကန့်ကွက်လွှာ တင်ရမယ်။ ကိုက် ၅၀၀ အတွင်း စည်းရုံးပြီးတော့မှ မဲယူသွားတယ်။ ဒါတွေကတော့ အခုတိုင်တယ်။ ဟုတ်တယ် မဟုတ်ဘူးဆိုတာ ကျွန်တော်တို့လည်း ကွင်းဆင်းပြီး မကြည့်နိုင်ဘူးလေ။ တိုင်နေပြီးတော့ နိုင်သွားတဲ့ အခါကျတော့ နိုင်တဲ့ပါတီက နောက်ဆုတ်သွားရော။ ကျွန်တော်တို့က ဒီမှာ ဒီးစေရှင်း လုပ်ဖို့ မဟုတ်ဘူး၊ သူတို့တိုင်တဲ့ဟာကို ကွန်ဗိုင်း လုပ်ပြီးရင် ပြည်တောင်စု ကော်မရှင် ရွေးကောက်ပွဲခုံကို တင်ပေးရုံပဲ" ကလောမြို့နယ်က ပြည်သူ့လွတ်တော်နေရာကို NLD ပါတီ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ တစညပါတီ၊ ပအိုဝ့် အမျိုးသားအဖွဲ့ချုပ်နဲ့ ကျားဖြူပါတီ၊ စုစုပေါင်း ပါတီ ၅ ပါတီက ယှဉ်ပြိုင် အရွေးခံကြပါတယ်။
<urn:uuid:49f95be0-0be9-49de-8c75-0adb4285b881>
CC-MAIN-2014-10
http://www.rfa.org/burmese/news/kalaw-voting-04012012110955.html/story_main
2014-03-12T13:39:33Z
s3://commoncrawl/crawl-data/CC-MAIN-2014-10/segments/1394021791079/warc/CC-MAIN-20140305121631-00049-ip-10-183-142-35.ec2.internal.warc.gz
mya
0.950331
Mymr
90
{"mya_Mymr_score": 0.9503307938575745, "blk_Mymr_score": 0.046491555869579315}
1ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့။ အံ့ဘွယ်သော အမှုတို့ကို ပြုတော်မူပြီ။ လက်ျာလက်တောနှင့် သန့်ရှင်းသော လက်ရုံးတော်သည် ကိုယ်တော်အဘို့ ကယ်တင်ခြင်း၊ အမှုကို ပြုလေပြီ။ 2ထာဝရဘုရားသည် ကယ်တင်တော်မူခြင်း ကျေးဇူးကို ထင်ရှားစေ၍၊ ဖြောင့်မတ်တော်မူခြင်း တရား ကိုလည်း တပါးအမျိုးသားတို့အား ဘော်ပြတော်မူပြီ။ 3ဣသရေလအမျိုးသားတို့၌ ကရုဏာတော်နှင့် သစ္စာတော်ကို အောက်မေ့တော်မူပြီ။ ငါတို့ဘုရားသခင် ၏ ကယ်တင်တော်မူခြင်းကျေးဇူးကို မြေကြီးစွန်းအပေါင်း တို့သည် မြင်ရကြပြီ။ 4မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရားအား ကြွေးကြော်ကြလော့။ အသံဗလံကို ပြု၍ ရွှင်လန်းစွာ သီချင်းဆိုလျက် ချီးမွမ်းကြလော့။ 5စောင်းတီး၍ထာဝရဘုရားအားသီချင်းဆိုကြလော့။ စောင်းတီး၍ တုရိယာ သံကို ပြုကြလော့။ 6တံပိုးနှဲခရာကိုမှုတ်၍၊ ရှင်ဘုရင်တည်းဟူသော ထာဝရဘုရားရှေ့တော်၌ ကြွေးကြော်ကြလော့။ 7ထာဝရဘုရားရှေ့တော်၌၊ ပင်လယ်နှင့်ပင်လယ် တန်ဆာသည် အသံဗလံကို ပြုစေ။ လောကဓာတ်နှင့် လောကသားတို့သည် ထိုနည်းတူ၊ 8မြစ်တို့သည် လက်ခုပ်တီး၍၊ တောင်ရှိသမျှ တို့သည်လည်း ရွှင်လန်းကြစေ။ 9အကြောင်းမူကား၊ မြေကြီးသားတို့ကို တရား စီရင်ခြင်းငှါ ကြွလာတော်မူ၏။ လောကာသားတို့ကို ဖြောင့်မတ်စွာ စီရင်၍၊ လူများကို ဟုတ်မှန်ခြင်းတရား အတိုင်း စီရင်ဆုံးဖြတ်တော်မူလတံ့။ Psalms 98
<urn:uuid:c7c95179-592f-45ca-9f73-1fe1efecfb12>
CC-MAIN-2014-10
http://www.bible.is/MYAOJV/Ps/98
2014-03-15T18:38:02Z
s3://commoncrawl/crawl-data/CC-MAIN-2014-10/segments/1394678699096/warc/CC-MAIN-20140313024459-00049-ip-10-183-142-35.ec2.internal.warc.gz
mya
0.998336
Mymr
33
{"mya_Mymr_score": 0.9983356595039368}
June 27, 2009 မတ်လ၏ နွေညများ “ဟယ်” ခရီးရောက်မဆိုက် ဒေါ်လေးရဲ့ ရှည်လျားလှတဲ့ အံ့အားတသင့် အာမေဋိတ်သံက ဆီးကြိုလိုက်တဲ့အပြင် ဘေးမှာရှိနေတဲ့ မေမေရဲ့ ကွက်ခနဲပျက်သွားတဲ့ မျက်နှာတို့ကို ကြည့်ရင်း နွေ ကြောင်သွားသည်။ “ကလေးကို လာတွဲပြီး အိပ်ရာထဲကို ပို့ပေးလိုက်ပါ” မေမေက ဒေါ်လေးကို လှမ်းပြောလိုက်သော်ငြား နွေ လက်ခါပြလိုက်ရင်း ဗိုက်ကလေးကို နှိပ်ပြလိုက်သည်။ “သြော် သမီး အပေါ့သွားချင်လို့လား။ ဒေါ်လေး ခေါ်သွားလိမ့်မယ်လေ။ မေမေ အထုပ်လေးတွေ ချလိုက်ဦးမယ်နော်” ပြောရင်းဆိုရင်း ကားနောက်ခန်းမှ ဓာတ်ဘူး၊ ရေခွက် အစုံထည့်ထားသည့် ခြင်းတွေ အိတ်တွေကို မေမေနဲ့ မမတို့က ချနေသည်။ သြော် အိမ်ကို ပြန်ရမှာမို့ ပျော်နေခဲ့တဲ့ ခံစားချက်က ခုတော့လည်း တစ်မျိုးပါလား။ နွေ တွေဝေနေသည်။ စိတ်သွားတိုင်း မပါနိုင်သည့် ခန`ဓာကိုယ်ကို လေးကန်စွာ သယ်ဆောင်ရင်း ဘေးမှ တွဲထားသည့် ဒေါ်လေးကို အားနာစွာ ကြည့်လိုက်သည်။ “သမီးလေး တော်တော်နေကောင်းသွားပြီပဲ။ လာလာ၊ ပြီးရင် တံခါးခေါက်လိုက်နော်။ ဒေါ်လေး ဒီရှေ့မှာပဲ ရှိနေမယ်” နွေ အားယူကာ ရေချိုးခန်းထဲ ၀င်လိုက်သည်။ မှန်... မှန်ဘယ်မှာဘဲ။ “နေမကောင်းတဲ့လူက မှန်းမကြည့်ရဘူး သမီးရဲ့၊ မှန်ကြည့်ရင် ရောဂါက တော်တော်နဲ့ မပျောက်တတ်ဘူးတဲ့” ဆေးရုံမှာရှိနေစဉ်တစ်လျှောက်လုံး မေမေတို့က မှန်မပြခဲ့။ ခု ရေချိုးခန်းထဲမှ မှန်ကရော။ နွေ မျက်မှောင်လေးတစ်ချက်ကြုတ်ကာ ထိုင်ချလိုက်သည်။ ရင်ထဲမှ ပျို့အန်ချင်သလိုလို။ တံခါးကို အဆက်မပြတ် ထုလိုက်သည်။ “သမီး ပြီးပြီလား” အပြုံးတစ်စနှင့် ဒေါ်လေးက လှမ်းမေးလိုက်သော် နွေ ပါးစပ်ကို လက်ညှိုးထိုးပြလိုက်သည်။ “အန်ချင်လို့လား၊ သမီး အန်ချင်လို့လား။ မအန်ပါနဲ့ သမီးရယ်၊ မအန်ပါနဲ့။ မေမေ့ကိုသနားရင် မအန်ပါနဲ့” လက်ထဲမှ အထုပ်တစ်ထုပ်ကိုပစ်ချရင်း မေမေ ပြေးလာလေသည်။ နွေ ကိုယ်လေးကို တောင့်လိုက်ကာ လက်ဖ၀ါးထဲကို စာရေးဟန်ပြလိုက်သည်။ “ကလေး notepad ပေး” မမကို မေမေ လှမ်းအော်သည်။ “သမီး မအန်ချင်ပါဘူး မေမေရယ်၊ ဒါပေမဲ့ အလိုလို ပျို့နေတယ်” ရေးရင်း မျက်ရည်တွေ ၀ဲလာသည်။ “သမီး လှဲချင်တယ်၊ အိပ်ရာထဲ ပို့ပေးပါ” နေ့လယ် 11 နာရီ 40 မိနစ်။ သူနာပြုဆရာမလေးနှစ်ယောက် ရောက်လာကာ နွေ့ကို လာခေါ်သည်။ မေမေက နွေ့လက်ဖ၀ါးလေးကို ဆုပ်ထားသည်။ “အ၀တ်အစားတွေ ချွတ်လိုက်ပါနော်၊ ပြီးရင် ဒီဟာလေး ၀တ်ပေးပါ” မေမေက နွေ့ထံလှမ်းပေးသော အစိမ်းရောင်ဝတ်ရုံရှည်ကြီးကို လှမ်းယူကာ နွေ့ကို ၀တ်ပေးသည်။ “အို အကုန်ချွတ်ရမှာရှင့်၊ ဒီဝတ်ရုံတစ်ထည်ပဲ ၀တ်ပေးပါ” သူနာပြုဆရာမလေးစကားကိုကြားတော့ နွေ တွန့်သွားသည်။ မေမေ့ကိုပင် ရှက်ရွံ့ ဟန်ဖြင့် လှမ်းကြည့်တော့ မေမေက စိုးရိမ်ထိတ်လန့်မှုများကြားက ပြုံးပြလိုက်သေးသည်။ “သမီး ဘာမှမကြောက်နဲ့နော်။ ဆရာဝန်ကြီးက အရမ်းတော်တာ။ ခုတင်ပေါ်ရောက်တာနဲ့ သမ`ဗုဒေ`ဓ ရွတ်နေနော်သမီး” “ရပါပြီ၊ ကျွန်မနဲ့ လိုက်ခဲ့ပါ” သူနာပြုဆရာမလေးခေါ်ဆောင်ရာနောက် လိုက်သွားသော နွေ့ခြေလှမ်းများ သာမာန်ထက် ပိုမိုတောင့်တင်းနေတာ မေမေသိသွားမှာစိုးသဖြင့် နွေ ခပ်သွက်သွက်လှမ်းလိုက်သည်။ “ခေါင်းအုံးကို ဖယ်လိုက်” “အောက်ဆီဂျင်ဘူး အသင့်ပြင်” “ခေါင်းစွပ်က မလုံဘူး၊ ဆံပင်တွေ ထွက်နေသေးတယ်လေ။ အမြဲပြောတယ်၊ ဆံပင်ကို စုချည်ပြီးမှ ခေါင်းစွပ် စွပ်ပါလို့” မျက်လုံးကို စုံမှိတ်ကာ ဘုရားစာရွတ်နေပါသော်လည်း ကြားနေရသော အသံများကို ဥပေက္ခာမပြုနိုင်။ ရုတ်တရက် ရင်ဘတ်အစုံအေးစက်သွားတော့ မျက်လုံးကို ကပျာကယာ ဖွင့်ကြည့်လိုက်မိသည်။ ရင်ဘတ်တစ်ဖက်တစ်ချက်တွင် အေးစက်စက် စတီးလ်ပြားနှစ်ခုကို ကပ်ထားတာ တွေ့ရသည်။ လက်ထဲကိုလည်း ဆေးထိုးအပ်တွေ ကြိုးတန်းလန်းနှင့် ထိုးကြသည်။ ရှုပ်ယှက်ခတ်နေသော မြင်ကွင်းများကိုကြည့်ရင်း နွေ အားလျော့သလို ခံစားလာရသဖြင့် မျက်စိအစုံကို ဇွတ်မှိတ်လိုက်ပြန်သည်။ “ဒါ မေ့ဆေးမဟုတ်သေးဘူးနော် သမီး၊ သမီး အားရှိအောင် ဆရာမကြီးက ထိုးပေးမှာ” ဆရာဝန်မကြီးတစ်ယောက်က ညာလက်ထဲသို့ ဆေးထိုးရန်ပြင်ဆင်ရင်း ပြောလိုက်သည်။ ခုချိန်ထိ နွေ့ကို ခွဲစိတ်မည့် ဆရာဝန်ကြီးကို မတွေ့ရသေး။ လက်ဖျံမှ စူးခနဲ နာကျင်စွာ ခံစားလိုက်ရသည်။ “သမ`ဗဳေဒ`ဓ“ “အတ္ထ၀ီသင်စ” “နွေ အိပ်ပျော်နေတာလား၊ ရတယ် အန်တီ၊ သမီးတို့ စောင့်နေလိုက်မယ်လေ။ အန်တီ ခဏနားလိုက်ပေါ့” “ရပါတယ် သမီးရယ်၊ သမီးလေးက အန်လို့မရဘူးလေ။ အဲဒါကြောင့် အနားမှာ မပြတ်စောင့်နေရတာ” “သြော် ဟုတ်။ နွေ့ကို အော်ပရေးရှင်းလုပ်တဲ့နေ့က သမီးတို့အရမ်းစိတ်ပူနေတာ။ သမီးတို့က မဟာမြိုင်ဆေးခန်းမှာ နေ့လယ် နှစ်နာရီမထိုးခင် အမီ သွားစောင့်နေတာလေ။ အော်ပရေးရှင်းခန်းထဲကနေ 2 နာရီလောက်ထွက်ပြီး မဟာမြိုင်ကို ရောက်မယ်ပြောတာကိုး။ နောက် ရောက်မလာလို့ ဆေးခန်းမှာ ၀င်မေးတော့ ခုထိ သတိမရသေးလို့ မလာသေးတာလို့ပြောတော့ တအားစိတ်ပူသွားတာ။ ဒီကြားထဲ သူ့ဖုန်း တတီတီကိုလည်း ပြန်ဖြေရသေးတယ်” “ဟုတ်တယ် သမီးရယ်၊ ဆရာဝန်ကြီးက 11 နာရီ 45 စပြီး 2 နာရီလောက်ဆို ပြီးပြီလို့ ပြောသွားတာ။ 3 နာရီလည်း ထွက်မလာ၊ 4 နာရီလည်း ထွက်မလာ။ အန်တီ့မှာ ရွတ်ရဖတ်ရတာလည်း စုံလို့။ နောက်တော့ ဆရာဝန်ကြီးက ထွက်လာပြီး မိန်းကလေးက အားနည်းတာရော၊ အားငယ်တာရော ပေါင်းပြီး ခုထိ သတိမရသေးဘူး။ စိုးရိမ်စရာတော့ မရှိဘူး၊ အမေ ၀င်ကြည့်လို့ရတယ် ပြောလို့ အန်တီဝင်သွားတော့ သမီးက ခုတင်ပေါ်မှာ လုံးဝသတိမရသေးဘူး။ 4 နာရီခွဲလောက်ကျတော့မှ နည်းနည်းလှုပ်လာတယ်။ ဒါပေမဲ့ မျက်စိက ကောင်းကောင်းမဖွင့်သေးဘူး။ သမီး သတိရလား။ မေမေ့ကို မှတ်မိလား၊ မြင်လား မေးတော့ ခေါင်းညိတ်ပြတယ်။ ပြီးတော့ ချက်ချင်းပြန်အိပ်သွားတယ်။ သူနာပြုဆရာမကတော့ မေ့ဆေးအရှိန်ကြောင့် ကောင်းကောင်းမနိုးသေးတာလို့ပြောတယ်။ အဲဒီနေ့က သား မပါဘူးနော်” “ဟုတ်တယ် အန်တီ၊ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့က ရုံးမှာ project အသစ် စလုပ်ရတဲ့နေ့။ အဲဒီမတိုင်ခင်ကတည်းက ကြိုသိနေရတာ။ project လုပ်ဖို့ကတော့ ရက်ပြောင်းလို့မရဘူးလေ။ တခြား အဖွဲ့ဝင်တွေလည်း ရှိသေးတော့။ မဖြစ်မနေ ကျွန်တော် ပျက်လိုက်ရင် ရပေမဲ့ နွေကလည်း နင် မလာပါနဲ့။ project ပြီးရင်သာ ငါ့ကို ပြန်ရှင်းပြဆိုလို့ မလာတော့တာ။ ဒါပေမဲ့ ရုံးကနေတော့ ကျွန်တော် သူတို့ဆီ ဖုန်းဆက်ဆက်ပြီး မေးနေတာ။ ခုရော သူ ဘာစားလို့ရလဲ။ ဆေးခန်းကရော ဘယ်တော့ ပြန်ပြရမှာလဲ အန်တီ” “အင်း တစ်လခွဲလောက်ထိကို ထမင်းမပြောနဲ့၊ အဖတ် ဘာအဖတ်မှ စားလို့မရဘူး။ ကြက်သားကို ပေါင်းပြီး အရည်ကိုတောင် ရေစစ်နဲ့စစ်ပြီးမှ တိုက်ရတယ်။ အနည်က ပါတဲ့ အဖတ်လေးတောင် စားလို့မရဘူး။ အရည်ကြည်ကြည်ပဲ တိုက်ရတယ်။ ရင်ထဲမှာ အစာမရှိတော့ ပူတာပေါ့သမီးရယ်၊ နေကလည်း တအားပူ၊ မီးကလည်း မမှန်တော့ နေ့ခင်းဘက်ဆို အိပ်ရာထဲမှာ မနေနိုင်ဘူးဆိုပြီး ရေချိုးခန်းထဲ ပိုက်ဖျာလေးခင်းပြီး ၀င်နေတယ်။ အန်တီ့မှာ အအေးပတ်မှာစိုးလို့ ပြောနေရပေမဲ့ သူ ဘယ်လိုမှမနေနိုင်တော့လည်း စောင်တွေထပ်ခင်းပြီး အဲဒီပေါ်မှာ လှဲခိုင်းရတာပဲ။ ဘေးက ကြွေပြားတွေကို လက်နဲ့ပွတ်လိုက်၊ အောက်က စောင်လွတ်တဲ့နေရာလေးကို လက်နဲ့ပွတ်လိုက်နဲ့” “ဟုတ်တယ် ကျွန်တော်တို့ ပုံမှန်လူတွေတောင် နေ့ခင်းဆို အပြင်မထွက်ချင်လောက်အောင် ပူတာ။ ဆရာဝန်ကြီးက မဟာမြိုင်မှာတုန်းက ဘာပြောသေးလဲ အန်တီ၊ အကုန် အိုကေတယ်တဲ့လား” “အင်း သူက အားရတယ်လို့ပြောတယ်။ သမီးငယ် ပထမဆုံး ဆေးခန်းသွားတဲ့အချိန်ကို အန်တီ့ကို ပြန်ပြောပြသေးတယ်။ အမေ ပါမလာဘူးလားမေးတော့ မေမေ စိတ်မကောင်းမှာစိုးလို့ လို့ပြောတယ်တဲ့။ အဲဒါ အော်ပရေးရှင်းလုပ်ရင် ဖြစ်နိုင်မလား၊ ဘယ်လောက်ကုန်မလဲ အစုံပေါ့။ ဆရာဝန်ကြီးက သမီးက အရမ်းလိမ္မာတဲ့ ကလေးပဲ၊ မဖြစ် ဖြစ်အောင် လုပ်ပေးရမှာပေါ့။ သမီးက အရမ်းနောက်ကျနေပြီ။ တခြားသူဆို မလုပ်ပေးတော့ဘူး။ ဒါပေမဲ့ သမီးကိုတော့ လုပ်ပေးမယ်ဆိုပြီး ဘာတွေ လုပ်ရမယ်ဆိုတာ ပြောပြလိုက်တယ်တဲ့။ နောက်တစ်ခါလာရင်တော့ မေမေ့ကို ခေါ်လာခဲ့ဆိုပြီး မှာလိုက်ရတယ်တဲ့” “အင်း ဟုတ်တယ်၊ အဲဒီတုန်းက သူ့မျက်နှာမကောင်းလို့မေးတော့ ဘာမှမဟုတ်ဘူးတဲ့။ ပြီးတော့ နင့်မှာ စုထားတဲ့ပိုက်ဆံ ဘယ်လောက်လောက်ရှိလဲတဲ့။ သမီးစိတ်ထင် အန်တီ့ကို မပြောဘဲ သူ့ဘာသူ လုပ်လို့ရရင် လုပ်လိုက်မယ်ဆိုတဲ့ စိတ်ရှိတယ်။ သူ့ခံစားရတဲ့ ဝေဒနာကို အန်တီသိသွားလို့ စိတ်မကောင်းဖြစ်မှာ တအားကြောက်တယ်ထင်တယ်” “ဟုတ်တယ်၊ အဲဒါကြောင့်လည်း အန်တီ ပိုပြီးစိတ်မကောင်းဖြစ်တာ။ သူက အမေကို အရမ်းချစ်တာလေ။ အဲဒီတုန်းက အန်တီက ဘုရားဖူး သွားဖို့ ပိုက်ဆံတွေဘာတွေ သွင်းပြီးပြီ။ အဲဒီကိစ္စ သိလိုက်ရတော့ မသွားတော့တာတောင်မှ မေမေ သွားပါ၊ ပြန်လာမှ လုပ်မယ် ပြောသေးတယ်။ ဆရာဝန်က အတတ်နိုင်ဆုံး မြန်လေ ကောင်းလေပဲလို့ ပြောတာတောင်မှ။ ဒါနဲ့ သားတို့ သမီးတို့လည်း ဆေးရုံတက်တုန်းကလည်း လာရ၊ အိမ်ကိုလည်း ခဏခဏလာရနဲ့” “ရတယ် အန်တီ၊ နွေ့ကိုကြည့်ပြီး စိတ်မကောင်းတာပဲ။ သူမြန်မြန်နေကောင်းပါစေလို့ပဲ ဆုတောင်းရတယ်” “ဟုတ်တယ်၊ အန်တီလည်း သူ့အတွက် အချိန်ရတိုင်း ရွတ်ဖတ်ပေးနေရတာပဲ။ အဓိဋ္ဌာန်တွေလည်း ၀င်တယ်။ သနားတယ်သမီးရယ်၊ ဘာမှလည်း မစားရ၊ စကားလည်း မပြောရဆိုတော့။ သမီးတို့ ခဏထိုင်ဦးနော်၊ အန်တီ အောက်မှာ သမီးကြီးကို ပြောစရာရှိလို့” “ရတယ် ရတယ် အန်တီ၊ စိတ်ချလက်ချသွားပါ” “နွေ၊ ဒါ နင့်အတွက် ဆုတောင်းပြီး လုပ်ထားတာ။ အားလုံးကို ငါကိုယ်တိုင်လုပ်ထားတာနော်။ ပြီးတော့ ဒါက notepad။ နင် အော်ပရေးရှင်းလုပ်ပြီးရင် စကားမပြောရဘူးဆိုတော့ ဒါက လိုအပ်မှာပဲ” ခေါင်းရင်းဘက် ရှိုးကေ့စ်ထဲမှ သူငယ်ချင်းပေးထားသော ကြယ်ဘူးလေးကို ထုတ်ကာ ကြယ်ပွင့်လေးများကို အိပ်ရာပေါ် သွန်ချလိုက်သည်။ ဖောင်းဖောင်းအိအိ ကြယ်ပွင့်လေးများက အရောင်အသွေးစုံဖြင့် ချစ်စဖွယ် တောက်ပလျက်။ ရုတ်တရက် သတိရလိုက်မိသဖြင့် notepad ကို ဆွဲယူလိုက်သည်။ “နွေ၊ နင့်အတွက် ငါ ကဗျာတစ်ပုဒ် စပ်ထားတယ်။ ဒီ notepad ထဲမှာ။ ဖတ်ပြီး နင် ကျိတ်ရယ်မနေနဲ့နော်” အမြဲလိုလို ကြည်လင်တဲ့ အပြုံး တိတ်ဆိတ်စိတ်ငြိမ်မှုနဲ့ စိုးထိတ်တဲ့နင့်အကြည့်တွေက ငါ့ခင်မင်မှုကို ဖဲ့ချခဲ့တယ်။ တစ်ခါတစ်ရံ အပြုံးတွေဆိတ်သုဉ်း တက်ကြွလှုပ်ရှားမှုတွေနဲ့ ထီမထင်တဲ့ နင့်အကြည့်တွေက ငါ့စိတ်တွေကို ညှို့ယူခဲ့တယ်။ နှုတ်ခမ်းနီ မဆိုးနဲ့နော်ဆိုတဲ့ ချစ်သူ နှုတ်ခမ်းနီမလေးနောက် ပါသွားတဲ့ ပုံပြင်တွေ ဆံပင်ရှည်ထားပါလားဆိုတဲ့ ချစ်သူ ဆံပင်ရှည်တွေနဲ့ တုပ်နှောင်မထားနိုင်ခဲ့တာလည်းရှိသလို အသံတွေရဲ့ကဝေ “စပီးယား” လည်း သူ့ချစ်သူ Dancer လေးကို အသံတွေနဲ့ မဆွဲဆောင်နိုင်ခဲ့ဘူး။ အရာရာဟာ နေသားတကျပြီးဆုံးသွားမှာပါလို့တွေးတဲ့နေ့ အဲဒီနေ့မှာ မျက်စိတ်ကို မှိတ် စိတ်ကို သွေးလို့ သီချင်းတစ်ပုဒ်ဆိုကြည့် အရာရာဟာ နေသားတကျ ပြီးဆုံးသွားပါလိမ့်မယ်။ သူငယ်ချင်းလေး ငါ နင့်အနားမှာ အမြဲရှိချင်တယ် နင်ရယ်ရင် လိုက်ရယ်ဖို့ နင်ငိုရင် ချော့မြှူဖို့ နင်စိတ်ဓာတ်ကျတဲ့အခါ အားပေးဖြေသိမ့်ဖို့။ နွေ သည်ကဗျာလေးကို အကြိမ်ပေါင်းမည်မျှ ဖတ်ပြီးသည် မသိ။ ကျေးဇူးပါ သူငယ်ချင်းရယ်ဟု စိတ်ထဲက ခပ်တိုးတိုးရေရွတ်လိုက်မိသည်။ တစ်နေ့ကျရင်တော့... နွေ မျှော်လင့်ခဲ့တဲ့ အဲဒီတစ်နေ့ဆိုတာ ရှိခဲ့ရင်ပေါ့... သူငယ်ချင်းနဲ့ ယှဉ်တွဲလမ်းလျှောက်ရင်း သီချင်းတွေ အကျယ်ကြီး အော်ဆိုလိုက်ချင်သည်။ အရင်တုန်းက မလုပ်ခဲ့ဖူးသော အပြုအမူမျိုး နွေ ပြုဖူးချင်သည်။ အရာရာကို စိတ်လွတ်ကိုယ်လွတ် တစ်ခါလောက်တော့ ခံစားကြည့်ချင်သည်။ “သမီးဆေးရုံတက်နေတုန်းက မဂ`ဂဇင်းတိုက်က ဖုန်းဆက်တယ်။ ဆရာ “လေး” တဲ့။ သမီးရုံးကိုဆက်တော့ နေမကောင်းလို့ ခွင့်ယူထားတယ်ဆိုလို့ အိမ်ကိုဆက်လိုက်တာတဲ့။ ဒေါ်လေးလည်း ဘာပြန်ပြောရမှန်းမသိတာနဲ့ သမီးနေကောင်းတဲ့အခါ ဖုန်းပြန်ဆက်ခိုင်းလိုက်ပါ့မယ်လို့ပဲ ပြောလိုက်တယ်” ဆေးပုလင်းကို လှုပ်ခါရင်းက ဒေါ်လေး ပြောသည်။ ပြီးနောက် ခွက်လေးထဲသို့ ဆေးထည့်ကာ မီလီ အချိန်အဆကို တိုက်ကြည့်နေပြန်သည်။ “15 မီလီသောက်ရတဲ့ဆေးက ပူရှိန်းရှိန်းနဲ့လို့ သမီးပြောတယ်နော်။ အဲဒါကောင်းတာပေါ့ သမီးရဲ့၊ ဒေါ်လေးဆို ပူရှိန်းရှိန်း သိပ်ကြိုက်၊ နေဦး သမီးအမေကို ခေါ်လိုက်ဦးမယ် ဆေးတိုက်ခိုင်းဖို့” ပြောရင်း ဒေါ်လေး အောက်ဆင်းသွားတော့ နွေ မဂ`ဂဇင်းတိုက်ကို သတိရသွားသည်။ ကဗျာ ပါလာလို့များလား။ ဒါမှမဟုတ် ၀တ္ထုလား။ မေမေ့ကိုဖုန်းဆက်ခိုင်းရမည်။ နွေ စာမူလေးကို မြင်ချင်စိတ်တွေ တဖွားဖွားပေါ်လာသည်။ သရုပ်ဖော်ပုံက ဘယ်လိုဆွဲထားမည်လဲ၊ ထိုအကြောင်းကို စဉ်းစားမိတော့ ရင်ခုန်သံတွေတောင် မြန်သွားသလိုလို။ ပွင့်အံကျမလာသော ကဗျာတစ်စကို ညည်းလိုက်စဉ် ဝေဒနာကို နွေ လုံးလုံးမေ့လျော့သွားလေသည်။ ရင်ထဲက အနုပညာကို နှလုံးသားနဲ့ စာစီပြီး တိတ်ဆိတ်မှု သံစဉ်ပေါ်မှာ စိတ်တွင်းက ခပ်ပါးပါးရွတ်ဆိုတယ် ကဗျာက ရင်ဘတ်ထဲမှ အပြည့်အ၀ထွက်ကျမလာခဲ့။ တချို့ကဗျာတွေ နွေ အကုန်မမှတ်မိတော့။ မေ့ဆေးအရှိန်မပြေသေးရ်ျများလားဟု သံသယ၀င်မိသည်။ ဖြစ်နိုင်သည်။ နွေရေးခဲ့ဖူးသော ကဗျာတွေ၊ ၀တ္ထုတွေ အားလုံးကို နွေ့နှလုံးသားထဲမှာ အကန့်လိုက် အကန့်လိုက် သိမ်းဆည်းထားသည်ပဲ။ အချိန်မရွေး လိုအပ်သလို ထုတ်ယူစားသုံးသည်။ အရည်ကြည်ကြည်သာ သောက်ရပြီး အဖတ်လုံးဝမစားရပါဘဲလျက် နွေ ကောင်းမွန်စွာ အသက်ရှင်သန်နေတာပဲမဟုတ်လား။ ဘုရားဂုဏ်တော်တွေကို နွေ ယုံကြည်ကိုးစားသည်။ အနုပညာကို မြတ်နိုးသည်။ နောက်ဆုံးဆိုတဲ့အချိန်ထိ နွေ လုပ်နိုင်သမျှတွေ လုပ်သွားချင်သည်။ အိပ်မပျော်နိုင်တဲ့ ညများစွာထဲက တစ်ညမှာ နွေ ကဗျာလေးတစ်ပုဒ် ရေးလိုက်သေးသည်။ ထိုညက... ဝေဒနာကို အပြင်းအထန်ခံစားရသဖြင့် နွေ အိပ်မရ။ အချိန်က ညဥ့်နှစ်ချက်ထိုးခါနီး။ ပင်ပန်းလွန်းသဖြင့် အိပ်ပျော်နေသော မေမေ့ကို ကြည့်ကာ နွေ သနားနေမိသည်။ “မေ မေ” နွေ အကျယ်ကြီး အော်သည်။ ရှိုက်ကြီးတငင်ငိုရင်းက အကျယ်ကြီးအော်လိုက်သည်။ သို့သော် စိုးစဉ်းမျှထွက်မလာသော အသံက အိပ်ပျော်နေသူတစ်ယောက်ကို နိုးထစေမည်တဲ့လား။ မေမေ့ကို နှိုးလိုသော ဆန္ဒလည်း နွေ့ထံတွင် မရှိပါ။ သို့သော် အလိုလိုနေရင်း လှိုက်တက်လာသည့် ရင်ထဲက ၀မ်းနည်းမှုကိုမူ မဖြေဖျောက်နိုင်။ ဘာအတွက်လဲ၊ ဘာကြောင့်လဲ။ နွေ့မှာ အဖြေမရှိ။ စိတ်သောကဆိုတာ မိမိ မယူရဘဲ တင်နေတဲ့ အကြွေးအတွက် အတိုးပေး စုရခြင်းဖြစ်တယ်။ ဝန်ထုပ်ဝန်ပိုးတွေနဲ့ လေးလံပြီးသား ဘ၀တစ်ခုကို အပိုဝန်ဆောင်မှု မဖြစ်စေနဲ့ဟု စာအုပ်တစ်အုပ်မှာ နွေ ဖတ်ဖူးသည်။ Do not take life too seriously. You will never get out of it alive (ဘ၀ကို သိပ်ပြီး ပြင်းပြင်းထန်ထန် လေးလေးနက်နက် မခံယူပါနဲ့။ အဲဒီအထဲက သင် အသက်ရှင်ပြီး ထွက်လာနိုင်မှာမဟုတ်ဘူး) တဲ့။ ဟုတ်သည်။ ဝေဒနာကို နွေ တွန်းလှန်ရမည်။ သူ့ကို ခံစားနေလျှင် သူက နွေ့ကို အနိုင်ယူသွားမည်လေ။ နွေ တခြားတစ်ခုခုကို စဉ်းစားဖို့ပြင်သည်။ ဘာဖြစ်နိုင်မလဲ၊ နွေ ဘာကိုစဉ်းစားရမလဲ။ နွေ ဖေဖေ့ကို သတိရလိုက်သည်။ ဟိုးငယ်ငယ်က ဖေဖေနဲ့အတူ လေဆိပ်တာဝါပေါ်မှာ တက်ထိုင်ကြတာ အမှတ်ရသည်။ ခုနေ အဲဒီနေရာလေးမှာသာ ထိုင်လျက် ဖေဖေ၊ မေမေတို့နဲ့ တူတူနေနေရရင် နွေ ဝေဒနာကို မေ့လျော့နေနိုင်ကောင်းသည်။ မဟုတ်သေးဘူးလေ၊ တခြားတစ်ခုကို စဉ်းစား၊ သို့သော် နွေ ဖေဖေ့ကိုပင် ထပ်မံသတိရမိသည်။ အဲဒီတုန်းက ဖေဖေ့ရုံးခန်းခြံဝင်းထဲက ဆီးချိုသီးတွေ ခူးစားကြသည်။ ဖေဖေက ရေဆေးပေးသည်။ ဘာမှမဆိုင်ပါဘဲ ဆီးချိုသီးစားလိုက် ရေခဲရေသောက်လိုက်နှင့် ပြုံးပျော်နေခဲ့ကြသည်။ ရုတ်တရက် ထိုင်းပန်းရနံ့ သင်းသင်းလေးကို ရှူရှိုက်မိသလိုလို။ ဖေဖေက အမြဲရေစိမ်ပေးထားတတ်သည်ပဲ။ “သမီးလေးက လေယာဉ်မယ်လေးနဲ့တူတယ်” သမီးတွေကိုချစ်လွန်းသဖြင့် တစ်ခါဖူးမျှ မရိုက်ရက်ခဲ့သော ဖေဖေ။ ရင်ထဲက တလှပ်လှပ် လှိုက်တက်လာပြန်သည်။ မျက်ရည်တွေက ပိုးပိုးပေါက်ပေါက်။ မဟုတ်သေးဘူး၊ နွေ ဘာကိုမျှမစဉ်းစားချင်တော့။ အသံတိတ် နွေ့ရှိုက်သံတွေက ရင်ထဲမှာ ပဲ့တင်ထပ်နေသည်။ notepad ကို လှမ်းယူလိုက်သည်။ စိတ်ကို တည်ငြိမ်အောင်ထားရင်း ကဗျာတစ်ပုဒ်ရေးဖို့ ကြိုးစားသည်။ 2 နာရီ 45 မိနစ်၊ 3 နာရီ... လက်တံတွေ တစ်ချက်ချင်း ရွေ့လျားနေသည့်အလိုက် နွေ့လက်ချောင်းကလေးတွေလည်း တစ်ချက်ချင်း လှုပ်ရှားနေသည်။ နောက်ဆုံး ရေးပြီးသွားချိန်မှာ ကဗျာလေးကို စ ဆုံး တစ်ခေါက် ပြန်ဖတ်လိုက်သည်။ အနည်းဆုံး အချိန်တစ်ခုတော့ နွေ သက်သာရာရသွားသည်ပဲ။ ဒါ အနုပညာရဲ့စွမ်းအားပဲမဟုတ်လား။ ခေါင်းစဉ်ကို နွေ စဉ်းစားသည်။ စဉ်းစား မရ။ နောက်များမှပေါ့။ ခုတော့ မနက်ဖြန်ဆိုတာ မပီပြင်သေးခင် ညတစ်ညကို ကောင်းစွာပုံဖော်ရဦးမည်။ ခန`ဓာရှိရင် ဝေဒနာရှိမယ် ဟူရ်ျ နွေ ကြားနာဖူးသည်။ ယခုလည်း ခန`ဓာတည်သရွေ့ မမြဲခြင်းတရားထဲမှာ နွေ လည်ပတ်ရဦးမည်လေ။ မနက်ကျလျှင် မဂ`ဂဇင်းတိုက်သို့ သွားရမည်။ စာမူခ နှင့် မဂ`ဂဇင်း သွားယူရန်ဖြစ်သည်။ notepad လေးကို အိပ်ရာဘေးတွင် ထောင်လိုက်သည်။ ဟိုးတစ်ညက နွေရေးခဲ့သော ကဗျာလေး ဖြစ်သည်။ ထိုကဗျာလေးကို မမှိတ်မသုန် စိုက်ကြည့်ရင်း မျက်လုံးတွေ အညောင်းကို နွေ စောင့်သည်။ နွေ အိပ်ချင်ပါသေးသည်။ သို့သော် အိပ်စက်ခြင်း မဲ့၊ လှုပ်ရှားခြင်းမဲ့စွာဖြင့် နွေ ငြိမ်နေမိသည်။ ထိုစဉ် နံဘေးမှာ အိပ်မောကျနေပြီဖြစ်သော မေမေ့ထံမှ အသံထွက်လာသည်။ “သမီး အိပ်ပျော်ရဲ့လား” တဲ့။ နွေက “ဟုတ်” ဟု ပြန်လည်ဖြေလိုက်ငြား မေမေ့ထံမှ အသံမထွက်လာတော့။ မေမေ ပြန်လည်အိပ်မောကျနေလေပြီ။ သြော် အိပ်မက်ထဲမှာတောင် နွေ့ကို မေမေ စိတ်မချနိုင်ပါလား။ ရည်ရွယ်ချက်မရှိပါဘဲ ကဗျာတစ်စကို နွေ ညည်းလိုက်သည်။ စကားလုံးတွေက တိုးလျလျ။ နွမ်းပါးသော အသံတော့မဟုတ်။ လေးနက်မှုအပြည့်ပါသော၊ သို့သော် နှေးကွေးလှသော ကဗျာရွတ်သံ။ ကိုယ့်ကို လူတွေက အေးတယ်တဲ့ တကယ်တော့ အေးတာဟာ ငြိမ်ဆိတ်ခြင်း၊ ငြိမ်းချမ်းခြင်း တစ်နည်း ဘ၀အပေါ် အသံတိုးပြခြင်းပါ တိတ်တိတ်နေခြင်းဟာလည်း ဘ၀ရဲ့အသံကို ပိတ်လိုက်ခြင်း မည်တယ် ကိုယ် အေးအေးလေးနေချင်ခဲ့တယ် အစွန်းအစကလေးတောင်မထွက်ဘဲ အနားသတ်ညီညာတဲ့မျဉ်းထဲ ကိုယ်နေထိုင်ချင်ခဲ့တယ် ဒါပေမဲ့ အမြဲညံဆူနေတဲ့ကမ္ဘာကြီးထဲ ဘ၀ရဲ့အသံတွေကို ပိတ်ပြီး ကျုံ့ကျုံ့လေး ကိုယ်နေထိုင်တယ် ကိုယ် တိတ်တိတ်ကလေးပဲ နေပါတယ်။ စကတည်းက ရယူလိုစိတ်မရှိတဲ့ ကိုယ့်အချစ်ရဲ့ ရင်နင့်အောင်ရိုးသားခဲ့ခြင်းအပေါ်လည်း ဦးနှောက်အသိညာဏ်က နာကျင်စွာ လက်ခံခဲ့တယ် ကိုယ်ပိုင်ဆိုင်တာ ဘာလဲ တရားသဘောအရ ရှိခြင်းဟာ ပျက်ခြင်း ဒီလိုနဲ့ ကိုယ် ဘ၀ရဲ့အသံတွေကိုပိတ် တိတ်တိတ်ကလေးပဲ နေပါတယ်။ ကိုယ်နေထိုင်တဲ့အခန်းရဲ့နံရံတွေဟာ အနွေးဓာတ်ကိုပေးပါတယ် မမြင်နိုင်တဲ့ လက်တစ်စုံကလည်း ကိုယ့်ကို ကာဆီးပေးပါတယ် ဒါပေမဲ့ ကိုယ့်နှလုံးသားအေးစက်မှုကိုတော့ မလုံခြုံစေခဲ့တာ အမှန်ပဲ ဒီအတွက် မျှော်လင့်ခြင်းမဲ့မဟုတ်တဲ့ ရောင့်ရဲခြင်းမျိုးနဲ့ ကိုယ် ဘ၀ရဲ့အသံတွေကိုပိတ် တိတ်တိတ်ကလေးပဲ နေပါတယ်။ ကိုယ့်နှလုံးသားစေခိုင်းသလို ရင်ဖွင့်ခွင့်ရှိတဲ့ တစ်ခုတည်းသောအရာအဖြစ်နဲ့ ကဗျာတွေရေးခဲ့တဲ့ ကိုယ်ဟာ တစ်ခါတစ်ခါလည်း အရမ်းလူသားဆန်နေတတ်ပြန်တယ် ပိုင်းခြားတတ်တဲ့ အသိညာဏ်၊ ခံစားတတ်တဲ့ နှလုံးသား မသေချာမှုများနဲ့ ကြာတော့ ကိုယ် ကဗျာရေးရမှာကြောက်လာတယ် ရင်ထဲကလာတဲ့ စကားလုံးတွေ ရင်ထဲမှာ မျိုချ မြေကြီးကလာတဲ့ လူတွေ မြေကြီးထဲ ပြန်သွားရ ဆိုတဲ့စကား ကြားယောင်ရင်း ကိုယ် ဘ၀ရဲ့အသံတွေကိုပိတ် တိတ်တိတ်ကလေးပဲ နေပါတယ်။ ကဗျာရွတ်သံက နှေးသထက် နှေးလာသည်။ နောက်ဆုံး တိမ် ၀င် ပျောက် ကွယ်။ နွေ အိပ်ပျော်သွားလေပြီလား၊ သို့မဟုတ် တိတ်တိတ်ကလေး ငြိမ်နေသလား နွေကိုယ်တိုင် မရေရာတော့ပါ။
<urn:uuid:8e5240fd-0ed3-49cb-82a4-242feb46b964>
CC-MAIN-2014-10
http://www.ayechanthu.blogspot.com/
2014-03-07T08:26:15Z
s3://commoncrawl/crawl-data/CC-MAIN-2014-10/segments/1393999638008/warc/CC-MAIN-20140305060718-00068-ip-10-183-142-35.ec2.internal.warc.gz
mya
0.890697
Mymr
73
{"mya_Mymr_score": 0.89069664478302, "blk_Mymr_score": 0.10742636770009995}
19သင်၏ အနာမပျောက်နိုင်။ ပြင်းစွာခံရ၏။ သင်၏သိတင်းကို ကြားသမျှသော သူတို့သည် သင့်အပေါ်မှာ လက်ခုပ်တီး ကြလိမ့်မည်။ အကြောင်းမူကား၊ သင်ပြုသော အဓမ္မအမှု ကို မခံဘဲလွတ်သော သူကား အဘယ်သူနည်း။ ပရောဖက်နာဟုံစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။ Nahum 3:19 FREE! One App. 1349 Languages.
<urn:uuid:8664d1bf-0d6f-40eb-bca5-3d2a16e61d5e>
CC-MAIN-2014-10
http://www.bible.is/MYAOJV/Nah/3/19
2014-03-07T08:36:38Z
s3://commoncrawl/crawl-data/CC-MAIN-2014-10/segments/1393999638008/warc/CC-MAIN-20140305060718-00068-ip-10-183-142-35.ec2.internal.warc.gz
mya
0.992832
Mymr
24
{"mya_Mymr_score": 0.992832362651825}
တနင်္ဂနွေနေ့က ရန်ကုန်မြို့၊ မြန်မာ အီးဂရက်စ် ခန်းမမှာ ပြုလုပ်တဲ့ ကရင်အဖွဲ့အစည်းများနဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း တွေ့ဆုံပွဲမှာ ၀န်ကြီးဦးအောင်မင်းက KNU အဖွဲ့နဲ့ အစိုးရ အပစ်အခတ်ရပ်စဲရေး ပဏာမသဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး နောက်ပိုင်း ဆက်လက်ဆောင်ရွက်မယ့် အခြေအနေများကို ရှင်းပြခဲ့ပါတယ်။ ဒီပွဲမှာ ကရင်အဖွဲ့အစည်းများက ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က အင်းစိန်းထောင် အထူးတရားရုံးကနေ နိုင်ငံတော်ပုန်ကန်မှု၊ မတရားသင်း ဆက်သွယ်မှု စတဲ့ ပုဒ်မတွေနဲ့ ဖဒိုမန်းငြိမ်းမောင်ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီးမေးမြန်းခဲ့ရာ ၀န်ကြီး ဦးအောင်မင်းက ဖဒိုမန်းငြိ်မ်းမောင် လွတ်စေရမယ်လို့ မိမိကတိပေးခဲ့ကြောင်း၊ ကတိကို တည်စေရမှာ ဖြစ်တယ်လို့ တာဝန်ခံ ပြောဆိုသွားပါတယ်။ ဒီပွဲကို မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကရင်အဖွဲ့အစည်းပေါင်း ၃၀ ခန့် တက်ရောက်ခဲ့ပါတယ်။ ဒီအကြောင်းများကို ရန်ကုန်မြို့အီးဂရက်ခန်းမကို သွားရောက် သတင်းယူခဲ့သူ RFA အဖွဲ့သား ဦးခင်မောင်စိုးကို ဦးကျော်မင်းထွန်းက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ တဆက်တည်းမှာပဲ ဦးကျော်မင်းထွန်းက အမျိုးသားကဇာတ်ရုံမှာ ပြုလုပ်တဲ့ အမျိုးသားသတင်းဆုပေးပွဲ အခမ်းအနားကိုလည်း ပထမဆုံး မေးမြန်းခဲ့ပါတယ်။ ျဆက်သွယ်မေးမြန်းချက်။ ျအသံဖိုင်ယူရန်။ျ
<urn:uuid:95d9fe1d-29ac-405a-8293-e6be6c9418a4>
CC-MAIN-2014-10
http://www.rfa.org/burmese/news/mann-nyein-maung-u-aung-min-03192012090708.html/story_main?textonly=1
2014-03-12T09:02:52Z
s3://commoncrawl/crawl-data/CC-MAIN-2014-10/segments/1394021585790/warc/CC-MAIN-20140305121305-00070-ip-10-183-142-35.ec2.internal.warc.gz
mya
0.951645
Mymr
43
{"mya_Mymr_score": 0.9516450762748718, "blk_Mymr_score": 0.04574671760201454}
မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ပထမဆုံးလက်ခံကျင်းပမယ့် အရှေ့တောင်အာရှ အားကစားပွဲတော်ကို တရုတ်က အဓိက အကူအညီပေးနေကြောင်း သိရပါတယ်။ တရုတ်အားကစားနည်းပြ ၂၈ ယောက်ဟာ မြန်မာနိုင်ငံမှာ ရက်ရှည်နေထိုင် လေ့ကျင့်သင်ကြားပေးဖို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက ရောက်ရှိနေခဲ့ကြပြီ၊း၊ အကပညာရှင်တွေနဲ့ ဇာတ်ခုံပညာ ကျွမ်းကျင်သူတွေပါဝင်တဲ့ ၂၄ ဦးပါ အဖွဲ့ဟာလည်း ဒီနှစ်ဇန်န၀ါရီလက နေပြည်တော်ကို ရောက်ရှိလာခဲ့ပြီး အရှေ့တောင်အာရှ အားကစားပွဲတော်ခန်းမနဲ့ တခြားအဆောက်အဦးတွေကို ပဏာမလေ့လာခဲ့ကြပါတယ်။ သူတို့ဟာ ပွဲတော်ဖွင့်ပွဲနဲ့ ပိတ်ပွဲအတွက်လည်း တာဝန်ယူ ကြမှာဖြစ်ပါတယ်။ အလားတူ တရုတ်နည်းပညာ အကြံပေးတွေဟာလည်း ပွဲတော်မစခင် သုံးလကြိုတင် ရောက်ရှိလာကြမှာဖြစ်ပြီး၊ ပြိုင်ပွဲအချိန်စနစ်စတဲ့ အရေးကြီးတဲ့ ကျွမ်းကျင်မှုတွေအတွက် မြန်မာအရာရှိတွေကို လေ့ကျင့်ပေးမယ်လို့ DPA သတင်းကဖေါ်ပြပါတယ်။ မြန်မာနိုင်ငံမှာ လာမယ့်ဒီဇင်ဘာ ၁၁ ရက်နေ့မှာ စတင်ကျင်းပမယ့် အရှေ့တောင်အာရှ အားကစားပွဲတော်ကို တရုတ်အနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ပေမယ့် ၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်အပြီးမှာ အရှေ့တောင်အာရှ အားကစားပွဲတော်အတွက် နည်းပညာအကူအညီပေးဖို့ တရုတ်အစိုးရက လက်ခံခဲ့ပါတယ်။ မြန်မာ အရှေ့တောင်အာရှ အားကစားပွဲတော်အတွက် ကူညီပံ့ပိုးနေတာတွေအကြောင်း တရုတ်သတင်းမီဒီယာတွေမှာ အကျယ်အပြန့်ဖေါ်ပြနေပေမယ့် မြန်မာအစိုးရပိုင် သတင်းမီဒီယာတွေကတော့ ဒီအကြောင်း နှုတ်ဆိတ်နေတယ်လို့ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ မြန်မာတိုင်းဂျာနယ်က ရေးပါတယ်။ မြန်မာနိုင်ငံက ဒေသတွင်းဆိုင်ရာ အခမ်းအနား ပွဲလမ်းကြီးတစ်ခုမှာ တရုတ်ပါဝင်ပတ်သက်မှု ကြီးမားနေတာကို ပြည်သူတွေသိရင် စိတ်မချမ်းမြေ့ဖြစ်မှာ စိုးရိမ်လို့ပါ လို့ ဒုတိယအားကစားဝန်ကြီး ဦးသောင်းထိုက်က ပြောဆိုကြောင်း မြန်မာတိုင်းဂျာနယ်က ဖေါ်ပြပါတယ်။
<urn:uuid:45875a67-e950-47b4-9f58-d127c3223636>
CC-MAIN-2014-10
http://www.rfa.org/burmese/news/seagame-china-02252013011104.html
2014-03-11T01:46:15Z
s3://commoncrawl/crawl-data/CC-MAIN-2014-10/segments/1394011085177/warc/CC-MAIN-20140305091805-00087-ip-10-183-142-35.ec2.internal.warc.gz
mya
0.959602
Mymr
44
{"mya_Mymr_score": 0.9596020579338074, "blk_Mymr_score": 0.03741929680109024}
သူငယ်ချင်းက ဝက်သားဟင်းချက်နည်းရေးပေးမယ်ဆိုလို့ မေးလာလို့ ကြောင်တောင်တောင် ဖြစ်သွားတယ်။ ဘယ်တုန်းက ပြောမိပါလိမ့်ပေါ့။ နောက်မှ အင်မီဂရေးရှင်းရုံးမှာ ထိုင်စောင့်တုန်း တောင်ရောက်မြောက်ရောက် စကားတွေပြောရာက ပြောမိတာထင်တယ်။ ဟင်းချက်နည်းသက်သက်ရယ်တော့ မဟုတ်ပါဘူး။ ကိုယ်တိုင်လဲ ခုထိစမ်းတဝါးဝါးနဲ့ချက်တုန်းမို့ပါ။ တကယ်က ဟင်းချက်နည်းဆိုတာထက် အပျင်းတက်နည်းပါ။ သူငယ်ချင်းက အသားတွေကို ရေခဲရိုက်ပြီး ဟင်းချက်တဲ့အခါ စားမကောင်းဘူးပြောရာက စတာ။ အိမ်မှာလဲ အရင်က အသားတွေ အများကြီးဝယ်ပြီး ခဲထားပါတယ်။ အဲဒီတော့ ဟင်းမချက်ခင် အခဲဖျော်ရရင် အခက်တွေ့တယ်။ မိုက်ခရိုဝေ့နဲ့ အခဲဖျော်လို့ရလဲ ဘေးသားတွေသာ အရင်ပျော်ပြီး အလယ်က ခဲကောင်းတုန်း။ အလယ်က ပျော်အောင်ထားပြန်ရင် ဘေးအသားတွေက ကျက်ခါနီးလောက် ဖြစ်သွားပြန်ရော။ အဲဒီအခါကျ ဟင်းချက်ရင် အရသာ မဝင်တော့ပါဘူး။ အဲဒီတော့ ညနေ ဒီဟင်းချက်မယ်ဆို မနက်မှာ အသားကို အပြင်ထုတ်ထားရတယ်။ ဒါမှမဟုတ် တရက်ကြိုပြီး အောက်ဘက်အဆင့်ထဲ ပြောင်းထားရတယ်။ အဲလို ထားဖို့ မေ့သွားရင်တော့ ချက်ခါနီး ပျာယာခတ်ပြီ။ ဒီနောက်ပိုင်းတော့ အသားတွေကို မခဲခင် ဆား အသားမှုန့် ဂျင်းနဲ့ နယ်နှပ်လို့ ရေနဲနဲနဲ့ ပြုတ်ထားဖြစ်တယ်။ အဲဒါကို သူငယ်ချင်းက ဟင်းချက်နည်းထင်သွားတယ် မှတ်တယ်။ အသားတွေကို အဲလိုပြုတ်ထားလိုက်တော့ ဟင်းချက်ချင်ရင် အရင်ကထက်တော့ မြန်သွားပါတယ်။ အသားထဲလဲ အရသာဝင်ထားတာမို့ ဟင်းချက်ရတာ မြန်ပါတယ်။ အဲ အသားများများ ဝယ်လာမိတဲ့နေ့ကတော့ မသက်သာပါဘူး။ ဝက်သား (အသား နံရိုး) ကြက်သား (ပေါင်သား တောင်ပံအရင်း အဖျား အသည်း အမြစ် စိတ်ကူးရရာ ၂မျိုး ၃မျိုး) အပြင် ခုနောက်ပိုင်း သွေးအားနည်းလို့ အမဲသားကိုလည်း တခါတလေ ဝယ်ဖြစ်တယ်။ တရက်ထဲနဲ့ မလုပ်နိုင်ရင် expire dateအလိုက် တန်းစီပြုတ်ပါတယ်။ ပြီးရင် အအေးခံလို့ တခါထဲ ဟင်းချက်ဖို့ စိတ်ကူးရရင်လဲ ချက်၊ မရရင်လဲ လှီးပြီး ဘူးတွေနဲ့ ထည့်ထားလိုက်တယ်။ ပုံထဲမှာတော့ ကြက်တောင်ပံအရင်းကို ပြုတ်ပြီး အသားမဆလာနဲ့ ပြန်ကြော်ထားတာရယ်၊ အမဲသားပြုတ်ကို အတုံးလိုက် လှီးထားတာနဲ့ အလွှာလိုက်လှီးထားတာရယ်၊ ဝက်သားပြုတ်တချို့ကို အစပ်ဟင်းချက်ထားတာနဲ့ ပိုတာကို ဒီအတိုင်း ထည့်ထားတာရယ်၊ ကြက်သွန်ဖြူနီဂျင်း ဆီသပ်တဲ့အနှစ်ပါ။ ဆီသပ်တဲ့အနှစ်အကြောင်းပြောရင် ဂျင်းက စရမယ်။ အများအားဖြင့်တော့ ဂျင်းကို အသားတွေ အများကြီးဝယ်တဲ့နေ့မှာ ဝယ်ပါတယ်။ ဂျင်းဝယ်ရင်လည်း ၁ထုပ်မှာ ဂျင်းတက် နှစ်တက်လောက် ပါတယ်။ အသားတွေကို ပြုတ်ပြီး အများကြီးပိုနေရင် ကိုယ်တိုင်ဘဲ မထားတတ်လို့လားတော့မသိဘူး ဂျင်းတက်တွေ ကြာကြာအထားမခံပါဘူး။ ရေခဲသေတ္တာထဲထားရင်လဲ ပုပ်၊ အပြင်မှာထားတော့ ခြောက်နဲ့ရယ်။ ကြက်သွန်နီဆိုတာလဲ အကြီးကြီးတွေမို့ တခြမ်းလောက် ဟင်းချက်ပြီး နောက်တခြမ်းကို ၂ရက်အတွင်းလောက် ချက်မှ ကောင်းပါတယ်။ ၂ယောက်ထဲနေတဲ့အိမ်မှာ အဲလောက်အမြန်ချက်ဖို့လဲမလိုတာမို့ ကြက်သွန်နီက အပင်ပေါက် ဂျင်းကခြောက်မို့ လွှတ်ပစ်ရတာတွေရှိတယ်။ ဒီတော့ တခါတလေ ဆီသပ်အနှစ်လုပ်ထားလိုက်တယ်။ ငရုတ်ဆုံထောင်းလို့မဖြစ်တော့ Minichoppaလေးနဲ့ ကြိတ်တယ်။ ဆီပူထဲ ဆနွင်းလေးထည့်လို့ ဆီသပ်ပါတယ်။ နဲနဲ စိုစိုအနေလောက်ဘဲ ဆီသပ်ရင်တော့ အကြာကြီးထားလို့ သိပ်မကောင်းပါဘူး။ မီးအေးအေးမှာ စိတ်ရှည်လက်ရှည်နဲ့ တည်ရပါတယ်။ မီးပြင်းပြင်းတင်မိရင် အောက်ဘက်ကတူးလို့ မကျက်တာမကျက်နဲ့ မညီမညာဖြစ်တတ်တယ်။ (အရင်က မြန်မြန်ပြီးအောင်လုပ်ရာက ရသွားတဲ့ သင်ခန်းစာ) ခပ်ခြောက်ခြောက်လေး တည်လိုက်တော့ စကြော်ခါစရဲ့ သုံးပုံတပုံလောက်ဘဲ ကျန်ပါတော့တယ်။ ဒါပေမယ့် ဟင်းချက်ရင် ရေနဲ့နူးပြီး ပြန်ပွါးလာလို့ ၅ခါ ၆ခါလောက်တော့ ချက်လို့ရတယ်။ ဒါက တနေ့က ဥအဲနိုက ဝယ်လာတဲ့ ငါးကလေးကို အိုးကပ်ချက်ထားတာနဲ့ ပုစွန်ဆီပြန်။ အိမ်ကြီးရှင်က ပုစွန်ခေါင်းမစားတော့ ဆီသပ်ပြီးမှ ခေါင်းတွေသပ်သပ် ပြန်ဖြုတ်ရတယ်။ ကျောက်ဖရုံသီးတစိတ်ဝယ်ရင် တခါနေ့စာ ဟင်းခါးချက်ပြီး အများကြီးပိုတယ်။ အဲဒီတော့ အခွံခွါ ပါးပါးလှီးပြီး အိပ်သွပ်လို့ ရေခဲရိုက်ထားလိုက်ပါတယ်။ နောက်တခါ ချက်စားရင် ရေနွေးပူထဲ ထည့်လိုက်ရုံပါဘဲ။ နွေဦးဘက်ရောက်တော့မှာမို့ ကျောက်ဖရုံသီးလဲ ဈေးပြန်တက်လာပြီ။ မရှားခင် ထပ်ဝယ်ပြီး ရေခဲရိုက်ထားဖို့ စိတ်ကူးနေတယ်။ ဝက်နံရိုးကိုလည်း ဈေးတော်ရင် ၃/၄ဗူးလောက် ဝယ်လာပစ်တတ်တယ်။ အဲလိုဘဲ ဂျင်း ဆား အသားမှုန့်နဲ့ နူးပြီး ရေမခမ်းတခမ်းပြုတ်တယ်။ ဝက်နံရိုးပြုတ်ရည်ကိုတော့ သွန်မပစ်ပါဘူး။ ကော်ရည်ခေါက်ဆွဲ၊ ကြေးအိုးချက် ၊ ဟင်းခါးဖြစ်ဖြစ် ချက်ရင် ပြန်သုံးပါတယ်။ ကြေးအိုးလိုမျိုးချက်ရင် အချိန်အတော်ကြာတာမို့ ဒီလို ကြိုလုပ်ထားရင် ချက်တဲ့နေ့ကျ သက်သာပါတယ်။ အများအားဖြင့် ပိတ်ရက်မှာ ဒီလိုမျိုးတွေ ချက်စားဖြစ်တာ။ ပိတ်ရက်ဆိုတော့ မနက်လဲ နေမြင့်မှ ထတာလေ (တခါတလေ နေများ ဝင်တော့မလား မှတ်ရတယ်) အဲလိုအခါကျ ထတာနဲ့ နေ့လည်စာ အမြန်ချက်ရပြီ။ အဆင်သင့် နီးနီးချက်ထားပြီးသားဆိုရင်တော့ လုပ်ရတာ မြန်တယ်။ အသားပြုတ်ရည်ထဲ အစာပလာတွေထည့်တည်၊ ဆန်ကြာဇံတွေကိုတော့ ဒယ်အိုးသပ်သပ်ထဲ အသားပြုတ်ရည်နဲ့တည် အရွက်ထည့် နှမ်းဆီလေးထည့်.... အပ်ချလောင်း!! ရသွားပြီ ကြေးအိုးချက်။ ပျင်းနည်းပျင်းရာ ဟင်းချက်နည်း အဖြာဖြာပါ။ ကိုယ့်ဘာသာတော့ သိပ်မကြာလိုက်ဖူးထင်မိတယ်။ ပရိုတွေ (ဥပမာ အိုဆာကာက အမ)လိုတော့ မမြန်ပါဘူး။ မီးဖိုချောင်ဝင်တဲ့သက်တန်း ၃နှစ်မို့ မတတ်တာတွေ အများကြီးရှိနေပါသေးတယ်။ ကိုယ့်လက်ရာကိုယ် ကောင်းလှချည်ရဲ့လို့လဲ အာမမခံရဲပါ။ ဘာဖြစ်ဖြစ်စားနိုင်တယ်ဆိုရင်တော့ ချက်ကျွေးပါတယ်။
<urn:uuid:37b9b279-949f-4274-a60f-d5996d42f266>
CC-MAIN-2014-10
http://myaywetwai.blogspot.com/2010/04/blog-post.html
2014-03-12T00:31:38Z
s3://commoncrawl/crawl-data/CC-MAIN-2014-10/segments/1394011405327/warc/CC-MAIN-20140305092325-00087-ip-10-183-142-35.ec2.internal.warc.gz
mya
0.900361
Mymr
36
{"mya_Mymr_score": 0.9003610014915466, "blk_Mymr_score": 0.09544357657432556}
အမေရိကန်ပြည်ထောင်စုဟာ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် ဇွန်လအတွင်းက ပထမဦးဆုံးအကြိမ် ကူညီခဲ့ပါတယ်။ အခုတစ်ကြိမ်နဲ့ဆိုရင် စုစုပေါင်းထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၇ သန်းကျော်ရှိပြီလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဇန်နဝါရီလ ၃ဝ ရက် ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒုက္ခသည်တွေကို နည်သူမည်ဝါ မခွဲခြားပဲ နိုင်ငံတကာ အခြေခံမူတွေ၊ စံချိန်စံညွှန်းတွေအတိုင်း ကူညီထောက်ပံ့မှုတွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
<urn:uuid:03954d77-b70c-472e-b490-4acf7b050d21>
CC-MAIN-2014-10
http://www.rfa.org/burmese/news/usaid-help-rakhine-refugees-01302013223426.html
2014-03-12T00:32:02Z
s3://commoncrawl/crawl-data/CC-MAIN-2014-10/segments/1394011405327/warc/CC-MAIN-20140305092325-00087-ip-10-183-142-35.ec2.internal.warc.gz
mya
0.85893
Mymr
45
{"mya_Mymr_score": 0.8589300513267517, "blk_Mymr_score": 0.12784667313098907}
မြန်မာ သမ္မတ ဦးသိန်းစိန်ရဲ့ ဗြိတိန် ခရီးစဉ် အတွင်း လူ့အခွင့်အရေး ကိစ္စတွေ နဲ့ စပ်လျဉ်း ပြီး မြန်မာ သမ္မတကို ဖိအားပေး တိုက်တွန်း သွားဖို့ လူ့အခွင့်အရေး အဖွဲ့တွေက တိုက်တွန်း နှိုးဆော် ခဲ့ပါတယ်။ မြန်မာ ပြည်က မွတ်ဆလင် တွေ အပေါ် ရက်စက်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေ ကျူးလွန် ခဲ့တာ တွေကို အရေးယူ ဆောင်ရွက်ဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ နိုင်ငံတကာ စံချိန်မီ ဥပဒေ တွေ ပြဋ္ဌာန်း ပေးဖို့ Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့က တောင်းဆို ပါတယ်။ လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့ရဲ့ သုတေသန လုပ်သူတွေ မြန်မာ နိုင်ငံ တွင်းကို အကြိမ်ကြိမ် သွားခဲ့ပါတယ်။ ရခိုင် ပြည်နယ် ကိုလည်း ရောက်ပါတယ်။ အဲဒီမှာ မျက်မြင် သက်သေတွေ ကိုယ်တိုင် ခံစားရသူ တွေနဲ့ တွေ့ဆုံပြီး လေ့လာ တွေ့ရှိချက် တွေကို ပြီးခဲ့တဲ့ ဧပြီလက အစီရင်ခံစာ ရေးခဲ့ပါတယ်။ ရိုဟင်ဂျာတွေ လူ့အခွင့်အရေး ဘယ်လို ချိုးဖောက်ခံ နေရတယ် ဆိုတာ အစီရင်ခံစာ တစောင် ပြည့်ပြည့် စုံစုံ ရေးခဲ့ ပါတယ်။ ပြီးတော့ အခု ပဋိပက္ခ တွေဟာ လူမျိုး တမျိုးနဲ့ တမျိုး နှစ်ပေါင်း များစွာ မုန်းတီးမှု တခုထဲ မကပါဘူး။ အထူးသဖြင့် ၂ဝ၁၂ ခုနှစ် အောက်တိုဘာလ တိုက်ခိုက်မှု တွေမှာ အစိုးရနဲ့ ပြည်နယ် တာဝန်ရှိ သူတွေ ပါနေတာ တွေ့ရတဲ့ အတွက် ဒါဟာ ethnic cleansing ရိုဟင်ဂျာ တွေကို သူတို့ရဲ့နေရာ ဒေသတွေ ကနေ အတင်း ပြောင်းရွှေ့ပြီး သုတ်သင် ရှင်းလင်းတာ လို့ HRW က ရေးသားပါတယ် ။ ကင်မရွန်း လုပ်ရမှာက ဒေးဗစ် ကင်မရွန်း နဲ့ ဦးသိန်းစိန် တွေ့တဲ့အခါ ဒီပြစ်မှု တွေမှာ ဘယ်သူ့မှာ တာဝန် ရှိတယ် ဆိုတာ ကုလသမဂ္ဂလို နိုင်ငံတကာနဲ့ ပူးပေါင်းပြီး အစိုးရက ဖေါ်ထုတ် အရေးယူဖို့ ဖိအား ပေးဖို့ လူ့အခွင့်အရေး အဖွဲ့တွေက တိုက်တွန်းတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ကပဲ မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူမှု တွေထဲက လက်နက် တင်ပို့ရောင်းချမှု ကလွဲလို့ အားလုံးလိုလို လျှော့ချ လိုက်ပါပြီ။ အဲဒီတုန်း ကလည်း ဒါဟာ အချိန်မတန်သေးဘူး ဆိုပြီး HRW က ထောက်ပြ ဝေဖန်ခဲ့ ပါတယ်။ အခု ဗြိတိန် အနေနဲ့ စီးပွားရေး ကုန်သွယ်ရေး သံတမန်ရေး ကဏ္ဍတွေ ကနေ တွန်းအားပေး နိုင်သေးပါတယ်။ ပြည်တွင်းမှာ အပြောင်းအလဲတွေ လုပ်တယ် ဆိုပေမယ့် ဦးသိန်းစိန်က သမ္မတ အိုဘားမားကို ကတိ ပေးထားတဲ့ အတိုင်း လူ့အခွင့်အရေး ပိုကောင်းအောင် လုပ်မယ် ဆိုတာ အချို့ပဲ ဆောင်ရွက်နိုင် ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာရုံး ပြည်တွင်းမှာ ဖွင့်ခွင့် ပေးမယ်လို့ ကတိပြု ပေမယ့် အခုထိ ဘာမှ ဖြစ်မလာ သေးပါဘူး။ ဒီကိစ္စတွေကို ဒေးဗစ် ကင်မရွန်းရော ဝီလျံဟိတ်ပါ ပြောဆို တိုက်တွန်းဖို့ လိုပါတယ်။ လျစ်လျူ မရှုနိုင် ၂နှစ်အတွင်း ရွေးကောက်ပွဲ တွေက တဆင့် ဒေါ်အောင်ဆန်း စုကြည်နဲ့ ပါတီဝင် တွေ နိုင်ငံရေး လုပ်လာနိုင်တာ သတင်း လွတ်လပ်ခွင့် အချို့ ရလာပြီး အင်ဂျီအိုတွေ သွားလာ လှုပ်ရှားနိုင်တာ တွေဟာ ကြိုဆို ထိုက်ပါတယ်။ ဒါပေမဲ့ ရခိုင် ကချင်ရှမ်း စတဲ့ ပြည်နယ်တွေမှာ လူ့အခွင့်အရေး ချိုးဖောက်တာ၊ ညှဉ်းပန်း နှိပ်စက် တာတွေကို လျစ်လျူရှု ထားလို့ မဖြစ်ပါဘူး။ စီးပွားရေး ပြုပြင်ပြောင်းလဲ လာပေမယ့် စစ်တပ်က စီးပွားရေးမှာ လက်ဝါးကြီး အုပ်ထားဆဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီ အပြောင်းအလဲ တွေဟာ နောက်ကြောင်း ပြန်မလှည့်အောင် ခိုင်မာတယ် ဆိုတာ ပြောဖို့ အဝေးကြီး လိုပါသေးတယ်။ ဆက်ပြုပြင် ပြောင်းလဲအောင် နိုင်ငံတကာ အားပေး ထောက်ခံမှု လိုသလို အခြေခံ လူ့အခွင့်အရေး ကိုလည်း နိုင်ငံတကာ စံနှုန်းအတိုင်း လိုက်နာအောင် ဆက်ဖိအား ပေးဖို့ လိုလိမ့်မယ်လို့ HRW ဗြိတိန် ဒါရိုက်တာ David Mepham က ဘီဘီစီကို ပြောကြား ပါတယ်။
<urn:uuid:43bc9ec5-6a1f-48a6-b1f2-8a3b38c7103d>
CC-MAIN-2014-10
http://www.bbc.co.uk/burmese/burma/2013/07/130713_theinseinhrw.shtml
2014-03-13T12:43:52Z
s3://commoncrawl/crawl-data/CC-MAIN-2014-10/segments/1394678674071/warc/CC-MAIN-20140313024434-00087-ip-10-183-142-35.ec2.internal.warc.gz
mya
0.998631
Mymr
2
{"mya_Mymr_score": 0.9986306428909302}
ကူဗလိုင်ခန် |ကူဗလိုင်| |မွန်ဂိုအင်ပါယာ၏ ခန်ဘုရင်များ ယွမ်မင်းဆက်၏ ဧကရာဇ်များ တရုတ်အင်ပါယာ |ယွမ်မင်းဆက်ခေတ်မှ ကူဗလိုင်ခန်၏ ပန်းချီပုံ| |နန်းသက်||May 5, 1260–Feb. 18, 1294| |နန်းတက်||1260| |Titles||Zhongtong (中統) 1260-1264 Zhiyuan (至元) 1264-1294 Setsen Khan (Цэцэн хаан) Temple name: Shizu (世祖) Posthumous name: Emperor Shengde Shengong Wenwu (聖德神功文武皇帝) |မွေးနေ့||23 September, 1215| |နတ်ရွာစံ||18 February, 1294| |နတ်ရွာစံရာအရပ်||Dadu (Khanbalic)| |ဂူဗိမာန်||Burkhan Khaldun, Khentii province| |ယခင်မင်းဆက်||Mongke Khan| |Jingim| |နောက်မင်းဆက်||Temur Khan| |ကြင်ရာတော်||Chabi| |Consort||Tegulen| |Wife||Nambui| |Royal House||Borjigin Mongolian: Боржигин |Royal anthem||There is only god in heaven and only one lord Chingis khaan on earth.| |ခမည်းတော်||Tolui| |မယ်တော်||Sorghaghtani Beki| ကူဗလိုင်ခန် ( ၁၂၁၆- ၁၂၉၄ ) သည် ကမ္ဘာ့အရှေ့ဘက် တစ်လွှားတွင် တန်ခိုးကြီးမားခဲ့သော မွန်ဂိုဘုရင် ဂျင်ဂစ်ခန်၏ မြေးဖြစ်သည်။ ကူဗလိုင်ခန်မှာ တူလီ၏ ဒုတိယသားဖြစ်၍ ၁၂၁၆ ခုနှစ်တွင် မွေးဖွားသည်။ ငယ်စဉ်ကပင် နောင်တော်ဖြစ်သူ မန်ဂူ၏ လက်အောက်တွင် စစ်မှုထမ်းကာ တရုတ်နိုင်ငံ အနောက်ပိုင်းဒေသများကို တိုက်ခိုက်သိမ်းယူခဲ့သည်။ မန်ဂူဘုရင် ကွယ်လွန်သောအခါ ၁၂၆၀ ပြည့်နှစ်တွင် မွန်ဂိုမင်းဆွေမင်းမျိုးတို့၏ အစည်းအဝေးကြီးက သူ့အား ခန်မင်းကြီးအဖြစ် တင်မြှောက်လိုက်ကြသည်။ ခန်မင်းကြီးမှာ လက်ရုန်းရည်၊ နှလုံးရည်နှင့် ပြည့်စုံသူဖြစ်၍ ဖိုးတော် ဂျင်ဂစ်ခန်၏ ရည်ရွယ်ချက်အတိုင်း တရုတ်နိုင်ငံတစ်ခုလုံးကို သိမ်းသွင်းလိုသော ဆန္ဒပြင်းပြသည်။ ထို့ကြောင့် ဆွန်ဘုရင်တို့ ပိုင်နက်ဖြစ်သော တရုတ်နိုင်ငံ တောင်ပိုင်းကို တစ်စတစ်စ တိုက်ခိုက်သိမ်းသွင်းခဲ့ရာ နောက်ဆုံးတွင် ကူဗလိုင်ခန်မှာ တရုတ်နိုင်ငံ တစ်ခုလုံး၏ ဘုရင်ဖြစ်လာတော့သည်။ ခန်မင်းကြီးသည် မိမိ၏ မြို့တော်ကို ကယ်ရာကိုးရမ်းမှ တရုတ်နိုင်ငံတံတိုင်းကြီးအတွင်း ယခု ပီကင်းမြို့ နေရာသို့ ပြောင်းရွှေ့ခဲ့သည်။ ထိုမြို့တော်သစ်မှာ လေးထောင့်မြေကွက်ပေါ်တွင် တည်ရှိ၍ အဝန်း ၁၈ မိုင်ရှိသည်။ မြို့တော်မှာ အလွန်ခမ်းနား ကြီးကျယ်လှသဖြင့် နိုင်ငံခြားသားများကပင် အထူးချီးကျူး ရေးသားကြသည်။ ထိုမြို့တော်ကို တိုင်တူးဟု သမုတ်၍ ‘ရုံးတော်ကြီး’ ဟု အဓိပ္ပာယ်ရသည်။ အနောက်တိုင်းသားတို့ကမူ ခန်ဗာလိ (ဝါ) ခန်မင်းကြီး၏ မြို့တော်ဟု ခေါ်ကြသည်။ ဤမြို့တော်ကြီး ခမ်းနားကြီးကျယ်ပုံကို ၁၇ နှစ်တိုင်တိုင် ခန်မင်းကြီးထံတွင် အမှုထမ်းဖူးသူ ဗင်းနစ်မြို့သား မာကိုပိုလိုက မှတ်တမ်းတင်ထားခဲ့သည်။ ၁၈ ရာစုနှစ်တွင် အင်္ဂလိပ်ကဗျာဆရာကြီး ကိုးလားရစ်က ၅၄ ကြောင်းသော ကဗျာဖြင့် ချီးကျူးရေးသား ပြန်သေးသည်။ ခန်မင်းကြီးသည် မဟာယန ဗုဒ္ဓဝါဒီ တစ်ယောက် ဖြစ်သော်လည်း တရုတ်ယဉ်ကျေးမှုနှင့် ထုံးတမ်းစဉ်လာများကိုလည်း လေးစားသည်။ အုပ်ချုပ်ရေးဌာနများတွင် တရုတ်လူမျိုးများကို အများအပြား ခန့်ထားသည်။ ၁၂၆၃ ခုနှစ်တွင် တရုတ်လူမျိုးများ အလေးအမြတ်ထားလေ့ရှိသော ဖိုးဖွားဗိမာန်ခေါ် ကျောင်းဆောင်ကြီးကို ယန်ချင်မြို့တွင် တည်ဆောက်လေသည်။ ၁၂၇၉ ခုနှစ်တွင် မြို့တော်၏ အရှေ့တောင်ဘက်တွင် နက္ခတ်တာရာများ ကြည့်ရှုလေ့လာနိုင်ရန် နက္ခတ်မျှော်စင်ကြီး တစ်ခုကို ဆောက်လုပ်ပေးခဲ့သည်။ ခန်မင်းကြီးသည် တရုတ်လူမျိုးတို့ အထွတ်အမြတ်ထားသည့် ကွန်ဖြူးရှပ် ကျောင်းတော်ကြီးကို မြို့တော်သစ်ကြီးအတွင်းတွင် ဆောက်လုပ်ပေးခဲ့သည့်အပြင် ကွန်ဖြူးရှပ် ဆွေတော်မျိုးတော်များအတွက် နယ် ၂ နယ်ကိုလည်း လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။ ထိုမှတပါး ယန်ချင်မြို့နှင့် ပင်ယန်မြို့များရှိ တက္ကသိုလ်ကျောင်းကြီး ၂ ကျောင်းကိုလည်း ခိုင်မြဲတည်တံ့အောင် ပြုပြင်ကူညီခဲ့သည်။ နိုင်ငံတော်အတွင်း ကူးသန်းရောင်းဝယ်မှု လွယ်ကူစေရန် မြင်းပေါင်း ၂၀၀,၀၀၀ ပါဝင်သော စာပို့စနစ်ကိုလည်းကောင်း၊ တည်းခိုရန် စခန်းပေါင်း ၁၀,၀၀၀ ကိုလည်းကောင်း တီထွင်ဖွင့်လှစ်ခဲ့သည်။ မြို့တော်နှင့် ရေလမ်းဆက်သွယ်မှု လွယ်ကူစေရန် တူးမြောင်းမဟာကြီးကိုလည်း အသစ်ထပ်မံ ဖောက်လုပ်ခဲ့သည်။ ဖောက်ကားရောင်းဝယ်မှုတွင် အခက်အခဲ မရှိစေရန် ငွေစက္ကူများ ထုတ်ခဲ့သည်။ ကူးသန်းရောင်းဝယ်မှုများကို အထူးအားပေး ချီးမြှောက်ခဲ့သည်။ ပိုးထည်လုပ်ငန်းနှင့် ရွှေတောင့်လုပ်ငန်းများမှာ များစွာတိုးတက်ကောင်းမွန်လာသည်။ မင်းကြီးသည် စာပေပညာများကိုလည်း အားပေးခဲ့သည်။ တိဗက်လူမျိုး လာမားဘုန်းကြီး မတီဒဝတ်ရှားဆိုသူ ပုဂ္ဂိုလ်အား စာပေအက္ခရာ အသစ်တီထွင်စေခဲ့သည်။ ပါရှင်းလူမျိုး ဂျာမားအာလာဒင်ဆိုသူအား ခေတ်မှီပြက္ခဒိန် ပြုလုပ်ရန် တာဝန်ပေးအပ်ခဲ့သည်။ အခြားပညာရှင်များအားလည်း မွန်ဂိုတို့၏ သမိုင်းကို ရေးသားစေခဲ့သည်။ ၁၂၆၉ ခုနှစ်တွင် ဝီးဝူးဝါး စာလုံးများဖြင့် စာရေးနည်းကို ပယ်ဖျက်၍ စနစ်သစ်ကို ပေးအပ်ခဲ့သည်။ မဟာယန ဗုဒ္ဓဝါဒကိုလည်း နိုင်ငံတော် ဘာသာအဖြစ် အသိအမှတ်ပြုခဲ့သည်။ ကူဗလိုင်ခန် လက်ထက်တွင် အနောက်နိုင်ငံမှ သာသာနာပြုပုဂ္ဂိုလ် ၂ ဦး ရောက်ရှိလာသည်။ တစ်ဦးမှာ မွန်တီကော်ဗီအရပ်မှ ဂျွန်ဆိုသူဖြစ်၍ ကျန်တစ်ဦးမှာ ပေါ်ဒနိုနီအရပ်မှ အိုဒိုရစ်ဆိုသူ ဖြစ်သည်။ မင်းကြီးသည် ထိုပုဂ္ဂိုလ်နှစ်ဦးအား လေးလေးစားစားထား၍ ခရစ်ယာန် သာသနာပြုခွင့် ပေးသည့်အပြင် ဂျွန်အား ပီကင်းမြို့၏ ပထမဆုံး ဂိုဏ်းချုပ်အဖြစ် ချီးမြှင့်လေသည်။ တိဗက်နယ်တွင်မူ ဘုန်းကြီးဘုရင်စနစ်ကို တီထွင်ပေးခဲ့ရာ ယခုတိုင် ဒလိုင်းလားမားခေါ် တိဗက် သာသနာပိုင်များမှာ တန်ခိုးထွားလျက်ရှိကြသည်။ ခန်မင်းကြီးမှာ ရှေးဘိုးလောင်းတော်၊ ဘေးလောင်းတော်များနည်းတူ စစ်တိုက်ခိုက်မှု၊ နိုင်ငံသိမ်းသွင်းမှုများကို လိုလားသည်။ ထိုကြောင့် တိဗက်နိုင်ငံ၊ တာကီစတန်နိုင်ငံ၊ မြန်မာနိုင်ငံ၊ ကိုချင်ချိုင်းနားနိုင်ငံ၊ ဂျာဗားကျွန်းများသို့ စစ်ချီတက်တိုက်ခိုက်ခဲ့ရာ အောင်မြင်သည်သာ များခဲ့သည်။ ဂျပန်ကျွန်းကိုမူ ရေတပ်ဖြင့် အကြိမ်ကြိမ်တိုက်ခိုက်ခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ ကူဗလိုင်ခန်၏ နိုင်ငံတော်မှာ ဘုရင်တစ်ဦးတည်းပိုင် နိုင်ငံများအနက် အကျယ်အဝန်းဆုံး နိုင်ငံတော်ဖြစ်၍ အရှေ့ဘက်တွင် ပစိဖိတ် သမုဒ္ဒရာမှ အနောက်ဘက်တွင် ပင်လယ်နက် ကျော်သည်အထိ ကျယ်ပြန့်သည့် အင်ပါယာကြီး တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင် တရုတ်ပြေးမင်းခေါ် နရသီဟပတေ့မင်းလက်ထက် ကူဗလိုင်ခန်၏ စစ်သည်တော်များ မြန်မာနိုင်ငံသို့ ဝင်ရောက်တိုက်ခိုက်သဖြင့် နရသီဟပတေ့မင်းမှာ ပုဂံမှပြည်မြို့သို့ ထွက်ပြေးတိမ်းရှောင်ရလေသည်။ နရသီဟပတေ့မင်းသည် သျှင်ဒိသာပါမောက္ခ ရဟန်းတော်အား သဝဏ်လွှာနှင့် ပီကင်းမြို့ ကူဗလိုင်ခန်ဘုရင်ထံ စေလွှတ်စေ့စပ်ခဲ့ရကြောင်း၊ မင်္ဂလာစေတီကျောက်စာတွင် တွေ့ရှိရသည်။ ထိုကျောက်စာတွင် ကူဗလိုင်ခန်၏ နေပြည်တော်ကို တယ်တူ (တိုင်တူး) ဟု ဖော်ပြထားသည်။ ကူဗလိုင်ခန်ဘုရင်မှာ အရှေ့ဘက် နိုင်ငံများတွင်သာမက အနောက်ဥရောပ နိုင်ငံများအထိ တန်ခိုးပျံ့နှံ့ခဲ့သော မွန်ဂိုဘုရင် ဖြစ်သည်။ တရုတ်နိုင်ငံတွင် ယွန်မင်းဆက်ကို စတင်တည်ထောင်ခဲ့သော မင်းလည်း ဖြစ်သည်။ ၁၂၉၄ ခုနှစ်တွင် ကံကုန်တော်မူသည်။
<urn:uuid:10fc8d20-3550-4117-a3c6-94f160808b36>
CC-MAIN-2014-10
https://my.wikipedia.org/wiki/%E1%80%80%E1%80%B0%E1%80%97%E1%80%9C%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%81%E1%80%94%E1%80%BA
2014-03-11T13:10:25Z
s3://commoncrawl/crawl-data/CC-MAIN-2014-10/segments/1394011198589/warc/CC-MAIN-20140305091958-00076-ip-10-183-142-35.ec2.internal.warc.gz
mya
0.998084
Mymr
99
{"mya_Mymr_score": 0.9980840682983398}
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ Oxford Senior School ကျောင်းမှာ ဒီနေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်တဲ့ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောခဲ့တာပါ။ "မြန်မာနိုင်ငံဟာ တကယ်ပဲ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ရောက်ပြီလား၊ မရောက်ဘူးလားဆိုတာ အဖြေသိချင်လုိ့ရှိရင် ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ဆန္ဒ တကယ်ရှိသလား၊ မရှိဘူးသလားဆိုတာကို ကျမတို့ လေ့လာရမှာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဘဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ လွတ်လပ်ပြီးတော့ တရားမျှတတယ်လို့ ဘယ်လိုမှ ပြောလို့ ရမှာ မဟုတ်ပါဘူး။ လွတ်လပ်ရင်တော့ လွတ်လပ်မယ်၊ တရားမျှတမှာ မဟုတ်ပါဘူး။ ဒီလို ပြောရခြင်းအကြောင်းက ဖွဲ့စည်းပုံ အခြေခံဥပဒေကကိုက တရားမမျှတတဲ့အခြေအနေတခုကို ဖန်တီးထားလုိ့ပါ။ ဒီတော့ အကြံပြုချက်အတိုင်းပဲ မြန်မာနိုင်ငံ ပြင်ပရော၊ မြန်မာနိုင်ငံအတွင်းမှာကောရှိတဲ့ မြန်မာနိုင်ငံအတွက် ဒီမိုကရေစီလိုလားတဲ့ အစုအဖွဲ့ပုဂ္ဂိုလ်များအားလုံးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေးအတွက် ဦးတည်ပြီးတော့ ဆောင်ရွက်ရမယ်၊ လှုပ်ရှားရမယ်ဆိုတာ ကျမ လုံးဝ သဘောတူပါတယ်" ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယနိုင်ငံအပါအ၀င် တစ်ကမ္ဘာလုံးမှာ ရောက်ရှိနေကြတဲ့ မြန်မာလူမျိုးတွေ ကိုယ့်နိုင်ငံကို ပြန်နိုင်အောင် ကြိုးစားသွားရမယ်လို့ တွေ့ဆုံပွဲမှာ ပြောပါတယ်။ "ကျမတို့ တကမ္ဘာလုံးမှာ ရောက်နေတဲ့၊ မြန်မာပြည်က ထွက်လာတဲ့ ကျမတို့ မိသားစုဝင်တွေအားလုံးဟာ အချိန်မရွေး ကိုယ့်နိုင်ငံကို ကိုယ့်ရဲ့ အမိနိုင်ငံကို ကိုယ့်ရဲ့ အဖနိုင်ငံကို လုံလုံခြုံခြုံနဲ့ အေးအေးဆေးဆေးနဲ့ လွတ်လွတ်လပ်လပ်နဲ့ ပြန်ချင်တဲ့အခါ ပြန်နိုင်တဲ့အခြေအနေမျိုး ဖြစ်အောင်လို့ ကျမတို့ ကြိုးစားပြီးတော့ လုပ်သွားပါမယ်" ဒါ့အပြင် မြန်မာနိုင်ငံဟာ ဒီမိုကရေစီပန်းတိုင်ကို ရောက်ရှိဖို့ ရှေ့လျှောက် အခက်အခဲတွေ ရှိနေသေးတဲ့အတွက် ပြည်ပရောက်မြန်မာတွေအနေနဲ့ စည်းလုံးညီညွတ်ကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားပါတယ်။ အဲဒီ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပွဲကို နယူးဒေလီမြို့ရောက် မြန်မာဒုက္ခသည် ၁၀၀၀ နီးပါး တက်ရောက်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယခရီးစဉ် စတုတ္ထနေ့မှာ မြန်မာမိသားစုတွေနဲ့ မတွေ့ဆုံခင် သူ တက်ရောက်ပညာသင်ကြားခဲ့တဲ့ Lady Shari Ram Collage (လေဒီရှရီယမ်) ကောလိပ်ကို သွားရောက်လေ့လာခဲ့သလို သူ့ရဲ့ အထောက်အပံ့နဲ့ ဖွင့်လှစ်ထားတဲ့ Prospect Burma ကျောင်းကို လည်းသွားရောက်ပြီး ကျောင်းသားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
<urn:uuid:2dee9a41-95b9-43e4-bd6c-ac3d74fa9dce>
CC-MAIN-2014-10
http://www.rfa.org/burmese/news/dassk_india_constitutions_2015-11162012065516.html
2014-03-09T07:05:53Z
s3://commoncrawl/crawl-data/CC-MAIN-2014-10/segments/1393999675037/warc/CC-MAIN-20140305060755-00093-ip-10-183-142-35.ec2.internal.warc.gz
mya
0.853905
Mymr
43
{"mya_Mymr_score": 0.8539047241210938, "blk_Mymr_score": 0.14093279838562012}