text
stringlengths
211
383k
id
stringlengths
47
47
dump
stringclasses
96 values
url
stringlengths
15
6.11k
date
stringdate
2013-05-18 08:25:16
2024-04-25 16:01:32
file_path
stringlengths
125
155
language
stringclasses
1 value
language_score
float64
0.84
1
language_script
stringclasses
1 value
minhash_cluster_size
int64
1
11.7k
top_langs
stringlengths
30
238
ဒွိုက် ဒေးဗစ် အိုင်ဆင်ဟောင်ဝါ |ဒွိုက် ဒေးဗစ် အိုင်ဆင်ဟောင်ဝါ Dwight D. Eisenhower |မွေးနေ့||၁၄၊ အောက်တိုဘာ၊ ၁၈၉၀| |မွေးရပ်||ဒနီဆင် တက္ကဆက်ပြည်နယ်| |ကွယ်လွန်နေ့||၂၈၊ မတ်၊ ၁၉၆၉| |ကွယ်လွန်ရပ်||ဝါရှင်တန် ဒီစီ| |အခြားအမည်||အစ်ကီ| |လူသိများရခြင်း||အမေရိကန်ပြည်ထောင်စု၏ ၃၄ဦးမြောက်သမ္မတ| |အလုပ်အကိုင်||စစ်ဗိုလ်ချုပ်၊ အမေရိကန်သမ္မတ| |ရာထူးသက်တမ်းကာလ||၂၀၊ဇန်နဝါရီ၊၁၉၅၃- ၂၀၊ဇန်နဝါရီ၊ ၁၉၅၆| |ဒုတိယ သမ္မတ||ရစ်ချက် နစ်ကဆင်| |လွှဲအပ်သူ||ဟယ်ရီ ထရူးမန်း| |ဆက်ခံသူ||ဂျွန် ဖဇ်ဂရက်ဒ်ကနေဒီ| |နိုင်ငံသား||အမေရိကန် နိုင်ငံ| ဒွိုက် ဒေးဗစ် အိုင်ဆင်ဟောင်ဝါ[ပြင်ဆင်ရန်] အမေရိကန်ပြည်ထောင်စု၏ (၃၄)ယောက်မြောက် ဒွိုက် ဒေးဗစ် အစ်ကီ အိုင်စင်ဟောင်ဝါအား ၁၈၉၀ပြည့်နှစ်၊ အောက်တိုဘာလ၊ ၁၄ ရက်နေ့က တက္ကဆပ်ပြည်နယ်၊ ဒနီဆန်တွင်ဖွားမြင်သည်။ ဖခင် ဒေးဗစ်ဂျက်ကော့ဘ် နှင့် မိခင် အိုင်ဒါအဲလိဇဘတ် အိုင်စင်ဟောင်ဝါတို့မှ ဖွားမြင်ကာ အလယ်နာမည် အစ်ကီမှာ ချစ်စနိုးဖြင့် ခေါ်တွင်သည့် အမည်ဖြစ်သည်။ ကန်းဆက်စ်ပြည်နယ် အဘီလီနီအရပ်ရှိလယ်ယာလုပ်ငန်းတွင် ကြီးပြင်းခဲ့ပြီး အထက်တန်းအောင်မြင်ပြီးနောက်တွင် ဝက်စ်ပွိုင့်စစ်တက္ကသိုလ်သို့ တက်ရောက်ပြီး နောက် စစ်မှုထမ်းခဲ့သည်။ ပထမကမ္ဘာစစ်အတွင်းတွင် စစ်မှုထမ်းကောင်းတံဆိပ် ချီးမြှင့်ခံခဲ့ရသည်။ မာမီနှင့် လက်ထပ်ခဲ့သည်။ ၁၉၂၈ခုနှစ်တွင် ကြည်းတပ်စစ်တက္ကသိုလ်သို့ ဆက်လက်တက်ရောက်ပြီးနောက် ၁၉၃၅-၁၉၃၉အတွင်း ဖိလစ်ပိုင်နိုင်ငံရှိ ဗိုလ်ချုပ်ကြီး ဒေါက်ကလပ် မက်ခ်အာသာ၏ စစ်ဦးစီးအဖွဲ့တွင် အမှုထမ်းခဲ့သည်။ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၁ခုနှစ်တွင် ဗိုလ်မှုးချုပ်ရာထူးသို့ တိုးမြှင့်ခံရပြီး၊ ၁၉၄၂ခုနှစ်တွင် ဥရောပ အမေရိကန် လက်နက်ကိုင်တပ်များ၏ တပ်မှူးကြီးဖြစ်လာသည်။ ၁၉၄၂တွင် မဟာမိတ်တပ်များ မြောက်အမေရိကကမ်းခြေဒေသအား ကမ်းတက်တိုက်ခိုက်ရာတွင် စစ်ဆင်ရေးအားဦးစီးကွပ်ကဲသူ တပ်မှုးကြီးဖြစ်လာသည်။ ၁၉၄၄၊ ဇွန်၊ ၆တွင်ဆင်နွှဲသော နော်မန်ဒီကမ်းတက်တိုက်ပွဲတွင်လည်း ဆက်လက်ဦးစီးကွပ်ကဲသည်။ ၁၉၄၃ခုနှစ်တွင် မဟာမိတ်နိုင်ငံခြားတပ်ပေါင်းစု၏ အကြီးအကဲ တပ်မှူးချုပ်ဖြစ်လာခဲ့သည်။ ထိုနှစ် ဒီဇင်ဘာ၊ ၂၀တွင် အမေရိကန် ကြည်းတပ်မတော်တွင် ကြယ်လေးပွင့်အဆင့် ဗိုလ်ချုပ်ကြီးအဖြစ် အစမ်းခန့်အပ်တာဝန်ပေးခံရပြီးနောက် ၁၉၄၆တွင် ထိုရာထူးတွင် အမြဲခန့်အပ်ခံရသည်။ ၁၉၄၅၊မေ၊၇တွင် ရိုင်း၌ပြုလုပ်သော နာဇီဂျာမနီတို့၏ လက်နက်ချပွဲအခမ်းအနားတွင် မဟာမိတ်များ၏ ကိုယ်စားလှယ်အဖြစ်တက်ရောက်ခဲ့သည်။ အမေရိကန်နိုင်ငံသို့ ပြန်ရောက်သောအခါ စစ်ဦးစီးချုပ် အဖြစ် (၁၉၄၅-၁၉၄၈) အတွင်း တာဝန်ထမ်းရွက်ခဲ့သည်။ စစ်တွင်းကိုယ်တွေ့ဖြစ်ရပ်များကို Crusade in Europe အမည်ဖြင့် ၁၉၄၈တွင် စာအုပ်ရေးသားထုတ်ဝေရာ အရောင်းရဆုံးစာအုပ်စာရင်းဝင်ခဲ့သည်။ ၁၉၄၈တွင် ကိုလံဘီယာတက္ကသိုလ်၏ အဓိပတိ၊ ၁၉၅၀တွင် နေတိုးစစ်မဟာမိတ်အဖွဲ့၏ ဦးစီးချုပ် စသည့်ရာထူးများကိုလည်း ထမ်းဆောင်ခဲ့သည်။ တပ်မှထွက်ပြီးနောက်တွင် ရီပါပလီကန်ပါတီဝင်ဖြစ်လာပြီး နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့သည်။ ၁၉၅၂ခုနှစ်တွင် သမ္မတအဖြစ် ရွေးကောက်ခြင်းခံရသည်။ နိုင်ငံရေးအယူအဆများတွင် အိုင်ဆင်ဟောင်ဝါသည် လွတ်လပ်မှုရှိသူတစ်ဦးအဖြစ်ခံယူထားပြီး စီးပွားရေးတွင်လည်း လွတ်လပ်သည့်ဈေးကွက်စနစ်ကို လက်ခံယုံကြည်သည်။ စစ်ရေးတွင်လည်း စစ်ဗိုလ်ချုပ်တစ်ဦးအမြင်ဖြင့် စနစ်တကျတည်ဆောက်သည်။ တိုက်ချင်းပစ်ဒုံးပျံများကို အဆင့်မြှင့်တင်ခြင်းသည် ထင်ရှားသည့် လုပ်ဆောင်ချက်ဖြစ်သည်။ နိုင်ငံတကာရေးရာများတွင်လည်း တက်ကြွစွာပါဝင်ခဲ့သည်။ ကိုရီးယားစစ်ပွဲအဆုံးသတ်နိုင်ရေးအတွက် ကြိုးပမ်းခဲ့ပြီး အရှေ့တောင်အာရှစစ်ရေးမဟာမိတ်အဖွဲ့ (ဆီးတိုး)ကို အခိုင်အမာထောက်ခံသည်။ အီဂျစ်နိုင်ငံအား ပြင်သစ်နှင့် အင်္ဂလန်တပ်များ ဝင်ရောက်တိုက်ခိုက်တပ်စွဲသည့်အခါ ကုလသမဂ္ဂ၏ ရှုံချသည့်အဆိုအား ထောက်ခံခဲ့သည်။ ဆိုဗီယက်နှင့် အမေရိကန် နှစ်နိုင်ငံလုံးပါဝင်သည့် “Open Skies’’ မူဝါဒအား သဘောတူသည်။ သမ္မတရာထူးမှ အနားယူပြီးနောက် ၁၉၆၉၊မတ်လ၊ ၂၈ရက်တွင် ဝါရှင်တန် ဒီစီတွင်ပင် ကွယ်လွန်ခဲ့သည်။
<urn:uuid:68ee3ef6-003b-48ca-b01c-dcb78854518a>
CC-MAIN-2014-35
http://my.wikipedia.org/wiki/%E1%80%92%E1%80%BD%E1%80%AD%E1%80%AF%E1%80%80%E1%80%BA_%E1%80%92%E1%80%B1%E1%80%B8%E1%80%97%E1%80%85%E1%80%BA_%E1%80%A1%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%86%E1%80%84%E1%80%BA%E1%80%9F%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%9D%E1%80%AB
2014-09-02T11:38:42Z
s3://commoncrawl/crawl-data/CC-MAIN-2014-35/segments/1409535921957.9/warc/CC-MAIN-20140901014521-00060-ip-10-180-136-8.ec2.internal.warc.gz
mya
0.99711
Mymr
89
{"mya_Mymr_score": 0.9971098899841309}
စတော်ဘယ်ရီ စထရော်ဗယ်ရီကို မြန်မာတို့က ရှမ်းဆီးဟူ၍ ခေါ်ကြသည်။ စထရော်ဗယ်ရီ၏ ရုက္ခဗေဒမျိုးစုအမည်မှာ 'ဖရာဂေးရီးယား' ဖြစ်သည်။ စထရော်ဗယ်ရီသည် သမပိုင်းဇုန်၌၎င်း၊ အပူပိုင်း ဇုန်အတွင်းရှိ တောင်ကုန်းဒေသများ၌၎င်း၊ ပေါက်ရောက်သည်။ စထရော်ဗယ်ရီအသီးမှာ အလွန်ထင်ရှားသည်။ တောင်အမေရိက တိုက် ချီလီနိုင်ငံ တောင်ပိုင်း၌လည်း စထရော်ဗယ်ရီပင်တစ်မျိုး ပေါက်သည်။ ဥရောပတိုက်တွင် ရှေးမဆွကပင် စထရော်ဗယ်ရီ ပင် တစ်မျိုးလည်း ပေါက်ရောက်သည်။ စထရော်ဗယ်ရီသည် အစေ့များ၍ အနှစ်အရသာမရှိလှသဖြင့် လူတို့သည် ထိုအပင်ကို စိုက်ပျိုးရန် စိတ်မကူးခဲ့ကြချေ။ သို့ရာတွင် အမေရိကတိုက်ကို တွေ့ရှိသောအခါ၌ စထရော်ဗယ်ရီပင်ရိုင်း အသစ်နှစ်မျိုးကို ထပ်မံတွေ့ရှိကြ၏။ ထိုနှစ်မျိုးစလုံးမှ အသီးများမှာ ဥရောပ တိုက်မှ စထရော်ဗယ်ရီပင်နှင့် မခြားနားလှချေ။ ဥရောပတိုက်မှ စထရော်ဗယ်ရီပင်နှင့် အမေရိကတိုက်ရှိ စထရောက်ဗယ်ရီပင် တို့ကို မျိုးစပ်လိုက်သည့်အခါကျမှ ယခုစိုက်ပျိုးလျက်ရှိကြသော အနှစ် အရသာနှင့်ပြည့်စုံသည့် စထရော်ဗယ်ရီပင် အမျိုးမျိုးကို ရရှိလေသည်။ စထော်ဗယ်ရီပင်များမှာ ချုံပင်ငယ်များ ဖြစ်၍ မြေလျှောက် ပင်စည် အဆစ်အပိုင်းများမှ အပင်သစ်များ ပွား လာကြသည်။ စထရော်ဗယ်ရီပင် အသီးသီးချိန်တွင် အသီးများ စင်ကြယ်လှပစေရန် အပင်ရင်းတွင် ကောက်ရိုးကို ပုံထားလေ့ ရှိသည်။ စထရော်ဗယ်ရီကို လူကြိုက်များသဖြင့် ရာသီမဟုတ်ဘဲ သီးသောအပင်မျိုးများကို အမေရိကတိုက်၌ တီထွင်စိုက်ပျိုးကြ သည်။ လူများ အလိုရှိသလောက် အသီးများကို တင်ပို့ ရောင်းချနိုင်ရန် အလွန်ကျယ်ဝန်းရလေသည်။ စထရော်ဗယ်ရီပင် စိုက်ခင်းများမှ အသီးမှည့်များကို ရေခဲစိမ်ရန် တွဲဲများ ပါရှိသော အထူးမီးရထားဖြင့် သယ်ယူပို့ဆောင်ကြရသည်။ နှစ်ပေါင်းသုံးဆယ်ခန့်က အိန္ဒိယနိုင်ငံမှ မျိုးကိုယူ၍ မြန်မာ နိုင်ငံ ရှမ်းကုန်းပြင်မြင့်တွင် ရှမ်းဆီးပင်ကို စတင်စိုက်ပျိုးခဲ့ကြ ရာ ယခုအခါ မေမြို့၊ ကလောမြို့နှင့် တောင်ကြီးမြို့များ အနီး အပါးတွင် ပေ ၃ဝဝဝ ကျော်မြင့်သော တောင်ကုန်းများ၌ ရှမ်းဆီးပင် စိုက်ခင်းများကို တွေ့မြင်နိုင်သည်။ ရှမ်းဆီးပင်ကို စိုက်ပျိုးရာတွင် တစ်ပေစီကွာသော အတန်းများ ပြုလုပ်၍ စိုက်ပျိုးကြသည်။ အပင်များမစိုက်မီ မြေဆီလွှာတွင် နောက်ချေး နှင့် သစ်ရွက်ဆွေးမြေဩဇာ နိုင်နိုင်ထည့်ပေးရသည်။ရေလောင်း ပေးခြင်း၊ ပေါင်းသင်ခြင်း၊ မြေတောင်မြေ|ာက်ပေးခြင်းကို အခါ မလပ် ပြုလုပ်ပေးရသည်။ မြန်မာနိုင်ငံတွင် ရှမ်းဆီးပင်များ သည် ဖေဖွာရီလမှစ၍ အပွင့်များ ပွင့်ကြ၏။ မတ်လမှ ဇွန်လ အထိ အသီးများ သီးသည်။ သို့သော် ဧပြီလနှင့် မေလများတွင် ဆွတ်ခူးရရှိသော အသီးများမှာ အကောင်းဆုံးဖြစ်သည်။ ရှမ်းဆီးသီးမှည့်များကို အသီးမှည့်အတိုင်း သို့မဟုတ် ယိုထိုး၍ စားကြသည်။[၁] ကိုးကား[ပြင်ဆင်ရန်] - မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
<urn:uuid:84b2513c-ee1c-4f32-9042-972118403b95>
CC-MAIN-2014-35
http://my.wikipedia.org/wiki/%E1%80%85%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%98%E1%80%9A%E1%80%BA%E1%80%9B%E1%80%AE
2014-09-01T21:00:00Z
s3://commoncrawl/crawl-data/CC-MAIN-2014-35/segments/1409535920694.0/warc/CC-MAIN-20140909041237-00011-ip-10-180-136-8.ec2.internal.warc.gz
mya
0.997907
Mymr
95
{"mya_Mymr_score": 0.9979066848754883}
ဘီနင်နိုင်ငံ ဘီနင်နိုင်ငံ (Benin) ၏ တရားဝင်အမည်မှာ ဘီနင်သမ္မတနိုင်ငံ (Republic of Benin) ဖြစ်သည်။ အနောက်အာဖရိကတွင် တည်ရှိသည်။ အနောက်ဘက်တွင် တိုဂို၊ အရှေ့ဘက်တွင် နိုင်ဂျီးရီးယား၊ မြောက်ဘက်တွင် ဘာကီးနားဖားဆိုနှင့်နိုင်ဂျား တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ နိုင်ငံ၏တောင်ပိုင်းတွင် ပင်လယ်ကမ်းရိုးတန်းနှင့် ထိစပ်နေပြီး လူနေထူထပ်သည်။ ဘီနင်နိုင်ငံ၏မြို့တော်မှာ ပိုတိုနိုဗို (Porto-Novo) ဖြစ်သော်လည်း အစိုးရအဖွဲ့ရုံးထိုင်ရာသည် အကြီးဆုံးမြို့တော်ဖြစ်သော ကိုတိုနို(Cotonou) မြို့ ဖြစ်သည်။ ဧရိယာစတုရန်းကီလိုမီတာပေါင်း (၁၁၀,၀၀၀) (စတုရန်းကီလိုမီတာပေါင်း ၄၂,၀၀၀) ရှိပြီး လူဦးရေမှာ ၉.၀၅သန်းရှိသည်။ ဘီနင်သည် အပူပိုင်း၊ ဆာဟာရတစ်ပိုင်း နိုင်ငံဖြစ်သည်။ အဓိကစီးပွားရေးမှာ စိုက်ပျိုးရေးလုပ်ငန်းဖြစ်သည်။ [၁] ဘီနင်နိုင်ငံ၏ တရားဝင်ရုံးသုံးဘာသာစကားမှာ ပြင်သစ်ဘာသာစကားဖြစ်သည်။ ဒေသခံဘာသာစကားများဖြစ်သော ဖွန် (Fon language) စကားနှင့် ယိုရူဘာ (Yoruba) စကားတို့မှာ အပြောများသည်။ ကိုးကွယ်ရာလူဦးရေအများဆုံးဘာသာမှာ ရိုမန်ကက်သလစ် (Roman Catholicism) ဖြစ်သည်။ မူဆလင်၊ ဗိုဒွန် (Vodun) နှင့် ပရိုတက်စတင့် (Protestants) များလည်း ရှိကြသည်။ ဘီနင်သည် ကမ္ဘာ့ကုလသမဂ္ဂ၊ အာဖရိကသမဂ္ဂ၊ အစ္စလမ်ကွန်ဖရင့်အဖွဲ့ (rganisation of the Islamic Conference) တောင်အတ္တလန္တိတ်ငြိမ်းချမ်းရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဇုန် (South Atlantic Peace and Cooperation Zone) ဆာဟာရတိုင်းပြည်များအဖွဲ့ (Community of Sahel-Saharan States)၊ အာဖရိကရေနံထုတ်လုပ်သူများအဖွဲ့ (African Petroleum Producers Association) နှင့် နိုင်ဂျားမြစ်ဝကျွန်းပေါ်အာဏာပိုင်အဖွဲ့ (Niger Basin Authority) တို့တွင် အဖွဲ့ဝင်ဖြစ်သည်။ [၂] ၁၇ရာစုနှစ်မှ ၁၉ရာစုနှစ်အထိ ဘီနင်နိုင်ငံကို ဒါဟိုမေဘုရင့်နိုင်ငံက အုပ်ချုပ်ခဲ့သည်။ ၁၇ရာစုအစောပိုင်းကာလများတွင် အတ္တလန္တိတ်သမုဒ္ဒရာဖြတ် ကျွန်ကုန်ကူးရေး လမ်းကြောင်း သင့်နေသောကြောင့် ကျွန်ရောင်းဝယ်ရာဒေသဖြစ်ခဲ့သည်။ ၁၈၉၂တွင် ကျွန်ရောင်းဝယ်ရေးကို ပိတ်ပင်တားမြစ်ခဲ့ပြီး ဒေသတွင်း ဩဇာကျဆင်းလာသည်။ ပြင်သစ်က သိမ်းပိုက်လိုက်ပြီး ပြင်သစ်ပိုင်ဒါဟိုမေ (French Dahomey) ဟုအမည်ပေးခဲ့သည်။ ၁၉၆၀တွင် ပြင်သစ်ထံမှ လုံးဝလွတ်လပ်ရေး ရရှိခဲ့ပြီးနောက် ၁၂နှစ်အကြာအထိ ဒီမိုကရေစီနိုင်ငံကို တည်ထောင်ခဲ့သည်။ ၁၉၇၂မှ ၁၉၉၀အထိ မာ့ခ်စ်-လီနင်ဝါဒီ (Marxist-Leninist) ဟုအမည်ခံသော အာဏာရှင်အုပ်ချုပ်သည့် ဘီနင်ပြည်သူ့သမ္မတနိုင်ငံ (People's Republic of Benin) ကို တည်ထောင်ခဲ့သည်။ ထိုကာလအတွင်းစီးပွားရေး ယိုယွင်းပျက်စီးခဲ့သည်။ ၁၉၉၁တွင် ဘီနင်သမ္မတနိုင်ငံကို တည်ထောင်ခဲ့ပြီး ပါတီစုံစနစ်ကို ကျင့်သုံးခဲ့သည်။ ဝေါဟာရရင်းမြစ်[ပြင်ဆင်ရန်] ကိုးကား[ပြင်ဆင်ရန်] - "Food and Agriculture Organization of the United Nations". United Nations, June 29th, 2010 - "Benin - International Cooperation". Nation Encyclopedia, June 29th, 2010
<urn:uuid:f74a627e-d4dd-4542-b317-93b0d26cb583>
CC-MAIN-2014-35
http://my.wikipedia.org/wiki/%E1%80%98%E1%80%AE%E1%80%94%E1%80%84%E1%80%BA%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6
2014-09-01T21:00:55Z
s3://commoncrawl/crawl-data/CC-MAIN-2014-35/segments/1409535920694.0/warc/CC-MAIN-20140909041237-00011-ip-10-180-136-8.ec2.internal.warc.gz
mya
0.99264
Mymr
80
{"mya_Mymr_score": 0.9926396608352661}
မြန်မာ့သမိုင်း |ဤဆောင်းပါးသည် မြန်မာ့သမိုင်း၏ တစိတ်တဒေသဖြစ်သည်။ |ခေတ်ဦးမြန်မာ့သမိုင်း |ပျူမြို့ပြနိုင်ငံများ ( ဘီစီ ၁၀၀ - အေဒီ ၈၄၀) |မွန်တိုင်းပြည်များ (၉ ရာစု - ၁၁ ရာစု၊ ၁၃ရာစု - ၁၆ ရာစု၊ ၁၈ ရာစု) |ပုဂံခေတ် (၈၄၉-၁၂၈၇ ပထမမြန်မာနိုင်ငံတော်) |အင်းဝခေတ် (၁၃၆၄-၁၅၅၅) |ပဲခူး (၁၂၈၇-၁၃၅၉၊ ၁၇၄၇-၁၇၅၇) |မြောက်ဦး (၁၄၃၄-၁၇၈၄) |တောင်ငူ-ဟံသာဝတီခေတ် (၁၄၈၆-၁၇၅၂ ဒုတိယမြန်မာနိုင်ငံတော်) |ကုန်းဘောင်ခေတ် (၁၇၅၂-၁၈၈၅ တတိယမြန်မာနိုင်ငံတော်) |အင်္ဂလိပ်မြန်မာစစ်ပွဲများ (၁၈၂၄-၁၈၂၆, ၁၈၅၂, ၁၈၈၅) |British Arakan (1824–1852) |British Tenasserim (1824–1852) |British Lower Burma (1852–1886) |British Upper Burma (1885–1886) |ကိုလိုနီခေတ် (၁၈၂၄–၁၉၄၂, ၁၉၄၅-၁၉၄၈) |တို့ဗမာအစည်းအရုံး (၁၈၈၆ နောက်ပိုင်း) |ဒေါက်တာဘမော်| |ဗိုလ်ချုပ်အောင်ဆန်း| |ဂျပန်ကိုလိုနီခေတ် (၁၉၄၂-၁၉၄၅) |လွတ်လပ်ရေးခေတ် (၁၉၄၈-၁၉၆၂) |ဦးနုနှင့် ဦးသန့်| |မဆလခေတ် (၁၉၆၂-၁၉၈၉) |ဗိုလ်ချုပ်ကြီးနေဝင်း| |ရှစ်လေးလုံးအရေးအခင်း (၁၉၈၈) |ဒေါ်အောင်ဆန်းစုကြည်| |နအဖခေတ် (၁၉၈၉–ယခု) |ရွှေဝါရောင်တော်လှန်ရေး (၂၀၀၇) |နာဂစ်မုန်တိုင်း (၂၀၀၈) |[ဤဇယားအားပြင်ဆင်ရန်]| မြန်မာ့သမိုင်းကိုရေးမည်ဆိုလျှင် မနုဿအကြိုသမိုင်းကိုရေးရန်ပင် အတော်ပင်ခက်ခဲမည့်သဘောမှာရှိပါသည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာ ဟုဆိုလျှင် ဗမာတစ်မျိုးတည်း မဟုတ်သည့်အပြင် တိဗက်တို-မြန်မာ အုပ်စုဝင်အနွယ်များသာမက မွန်ခမာအုပ်စုများ၊နှင့် အခြားသော လူမျိုးများ၏ အရေးကိုလည်း လျစ်လျူရှုသည် မရှိရလေအောင် ရေးသားနိုင်ပါမှသာ ပြည့်စုံသည့် မြန်မာ့သမိုင်းကို ရေးသားသည်ဟု သတ်မှတ်နိုင်ပေမည်။ အဓိက အုပ်စုကြီးအဖြစ် တိဗက်တို-မြန်မာ အုပ်စုဝင်များကို ဦးစားပေးလျက် အခြားအုပ်စု များကို လေ့လာရှာဖွေပြီး လစ်ဟင်းသည် မရှိစေရန် ရေးမည်ဆိုလျှင် အတော်ပင် ကျယ်ပြန့်လွန်းအားကြီးသကဲ့သို့ အတော်လည်း ဝန်ကြီးလွန်းသည် ဖြစ်မည်အမှန်ပင်။ မာတိကာ ရှေးဟောင်းမြန်မာလူမျိုးများ[ပြင်ဆင်ရန်] အာရှတိုက်ဆိုင်ရာ ဘာသာဝေါဟာရ ပညာရှင်များက မြန်မာလူမျိုးများသည် အရှေ့တိဗက် ဘာသာဝေါဟာရ အုပ်စုဝင်လူမျိုး တမျိုးဖြစ်သည်ဟု အတည်ပြုထားကြသည်။ တရုတ်မှတ်တမ်းဟောင်းများ၏ အဆိုအရ မြန်မာလူမျိုးများသည် တရုတ်ပြည် အနောက်မြောက် ကန်ဆူနယ်တွင် နေထိုင်ကြသည်။ တရုတ်က ဖိသဖြင့် တိဗက်ကုန်းမြင့်ဒေသ တဝိုက်သို့ ပြောင်းသွားကြသည်။ ဗမာလူမျိုးတို့သည် တိဘက်-မြန်မာ(Tbeto-Burman) လူမျိုးနွယ်စုကြီးမှ အကြီးဆုံးသော လူမျိုးဖြစ်သည်။ မွန်ဂိုလွိုက်(Mongoloid race) ဖြစ်သည်[၁][၂] ဟု မြန်မာ သမိုင်းပညာရှင် သမိုင်းပါမောက္ခဆရာကြီးဒေါက်တာသန်းထွန်း က မှတ်ချက် ပြုသည်။ ယနေ့ မြန်မာနိုင်ငံဟု ခေါ်သော နေရာတွင် ယခင်အနှစ် ၄၀၀,၀၀၀ လောက်က လက်နက်ကို အသုံးပြုတတ်ပြီ ဖြစ်သော ရှေးလူများ နေထိုင် ခဲ့ကြသည်။ ရာသီဥတုမှာ ယခုအခါထက် ပို၍ အေးသည်။ မိုးမှာ၊ ယခုထက် သုံးဆမှ ခြောက်ဆခန့် ပိုသဖြင့်၊ မိုးစွေကာလဟု ခေါ်ရပါသည်။ ယခင် အနှစ် ၂၀၀,၀၀၀ လောက်မှ စ၍ ထို ရှေးလူများသည် လက်နက် လုပ်တတ်သော အဆင့်သို့ ရောက်လာသည်။ အလွန်အေးသော မြောက်လေကို ကြောက်သဖြင့်၊ တောင်စောင်းများ၌ တောင်ဘက်သို့ အပေါက်လှည့်သော ဂူများတွင်သာ နေကြသည်။ ယခင်အနှစ် ၄၀,၀၀၀ လောက်မှ စ၍ လူအစစ်များ ဖြစ်လာ ကြသည်။ ရာသီဥတုမှာ ယခင်အနှစ် ၁၀,၀၀၀ မှ စ၍၊ တဖြည်းဖြည်း ယခု ရာသီဥတုမျိုး ဖြစ်လာပါသည်။ ယခင်အနှစ် ၁၁,၀၀၀ ခန့်က၊ ထိုသူများ နေခဲ့သော ပြဒါးလင်းဂူတွင် သူတို့ ရေးဆွဲခဲ့သော ကျောက်ခေတ်ဟောင်း နံရံ ပန်းချီကား တို့ကို တွေ့နိုင်ပါသည်၊၊ ယခု ဆင်၊ ဝက်၊ သမင်တို့နှင့် တူသော ပုံများ၊ အရိုးသာ ဖော်ပြသော ငါးနှင့် လက်ဝါးပုံများကို ရေးဆွဲခဲ့သည်။ ဂူတွင်းမှ မြင်ရသော နေထွက်ပုံမှာ၊ ရှုခင်းကား ဖြစ်မည် ထင်ရပါသည်။မြန်မာတို့သည် ခရစ် (၁၁) ရာစုနှစ်မှ စ၍ ဗုဒ္ဓ သာသနာကို လက်ခံခဲ့၍ မည်သည့် ကိစ္စမဆို ဗုဒ္ဓ သာသနာကို ထိပ်တန်းက ထား၍ စဉ်းစား ဆောင်ရွက်သော ဓလေ့ကို ရခဲ့ပါသည်။မျိုးရိုး စဉ်ဆက်မှာ တိဗက် တရုတ်နှင့် နီးစပ်သဖြင့် တရုတ် ဘက်မှ ဓလေ့ များစွာလည်း မြန်မာတို့ ယခုတိုင် ဆက်လက်၍ အသုံးပြု နေပါသည်။[၃][၄] တိဗက်တို့က မောင်းထုတ်သဖြင့် ယူနန်ပြည်နယ်သို့ ပြောင်းကြသည်။ ထိုအချိန်တွင် ယူနန်နယ်တွင် အင်အားကြီးမား လာသည့် ထိုင်းရှမ်းများသည် ပြည်နယ်ကြီး ၆ ခုကို နန်ချိုနိုင်ငံ အဖြစ် ပထမဆုံးသိမ်းသွင်းနေသည့် ကာလဖြစ်သည်။ မြန်မာလူမျိုးများသည် ယူနန်နယ်တွင် နန်ချိုထိုင်း ရှမ်းများနှင့် နှစ်အတန်ကြာ နေထိုင် လာခဲ့ကြသည်ဟု ယူဆရသည်။ တရုတ်ရာဇဝင် ဆရာကြီး ဖန်ချုံ ၏မှတ်တမ်း၌ ငှင်းတို့၏ အကြီးအကဲအား မင်းဟု ခေါ်ဝေါ်ကြောင်း ထိုင်းရှမ်းများက စောမင်းဟု ခေါ်ဝေါ်ကြောင်း ရေးသားထားသည်။ ယင်းသို့ နန်ချို ထိုင်းရှမ်းများ၏ လက်အောက်တွင် နေထိုင်ရာမှ ထိုင်းရှမ်းတို့၏ ဖိနှိပ်မှုအား မခံနိုင်သဖြင့် မြန်မာနိုင်ငံ တွင်းသို့ဝင်ရောက်လာကြသည်။ မ မြန်မာနိုင်ငံသမိုင်းနှင့် ပတ်သက်၍ အကြားအမြင်များသည့် သမိုင်းဆရာ ဂေါ်ဒွင်လုစ်၏ အဆိုအရ မြန်မာများသည် ရှေးဦးစွာ ကျောက်ဆည်နယ်သို့ ဝင်ရောက်လာပြီး မြန်မာနိုင်ငံ အလယ်ပိုင်းသို့ ပြန့်နှံ့သွားသည်ဟု ဆိုသည်။ မြန်မာတို့ ရာစုနှစ် အနည်းငယ်အတွင်း အခြေစိုက်နိုင်ခြင်းမှာ မြန်မာတို့၏ အစွန်းအစအပြင် ထိုအချိန် ကာလတွင် နန်ချို ထိုင်းရှမ်းတို့၏ တိုက်ခိုက်ဖျက်ဆီးခြင်းကို ခံလိုက်ရပြီး ၊ တိုင်းပျက်ပြည်ပျက်နှင့် အုပ်ချုပ်ရေး ပျက်သုဉ်းရုံသာမက ကုန်ထုတ်လုပ်ငန်းများပါ ပျက်ပြားပြီး ရပ်တည်ရာမရ ကစင့်ကလျား ဖြစ်နေသည့် ပျူလူမျိုးများနှင့် ရောထွေးနေ ထိုင်ရာမှ ရာစုနှစ် အနည်းငယ်ခန့်အတွင်း ပျူလူမျိုးများနှင့် သွေးရောနှောသွားကြပြီး လူမျိုးကြီးနှစ်မျိုး ပေါင်းစပ်လိုက်ကြသဖြင့် စိုက်ပျိုးရေး ၊ ကုန်ထုတ်လုပ်ငန်းများ ၊ အုပ်ချုပ်ရေး ၊ ကာကွယ်ရေး၊ ယဉ်ကျေးမှု စသည်ဖြင့် အစစအရာရာ တိုးတက်ဖွံ့ဖြိုး လာပြီး ကိုးရာစုနှင့် ဆယ်ရာစုခန့်လောက်တွင် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသအား စည်းလုံးသိမ်းသွင်းပြီး ပုဂံပြည်နှင့် ပုဂံမင်းဆက်ကို စတင် တည်ထောင်လေသည်။ ပျူခေတ်[ပြင်ဆင်ရန်] နောက်ဆုံးတွေ့ရှိဖော်ထုတ်ထားသည့် မြန်မာ့ သမိုင်းမှတ်တမ်းများအရ မြန်မာနိုင်ငံ အတွင်းသို့ ရှေးဦးစွာဝင်ရောက်လာခဲ့သည့် လူမျိုးများမှာ မြောက်ဖက်တွင် တိုဘက်တို-မြန်မာအနွယ်ဝင်များဖြစ်ကြသည့် ပျူ၊ သက်၊ ကမ်းယံနှင့် တောင်ဖက်တွင် မလေးအနွယ်ဝင်များနှင့် ယှဉ်ပြိုင်အနိုင်ရသွားသည့် မွန်တို့ဖြစ်သည်။ ထို့အပြင် အရှေ့ဖက်ဒေသများတွင်လည်း တိဘက်-တရုတ်အနွယ်ဖြစ်သည့် ရှမ်းလူမျိုးလည်း အနည်းငယ် ရှိနေကြပြီးဖြစ်သည်။ ထိုလူမျိုးများအနက် ပျူလူမျိုးမှာ ယနေ့မြန်မာနိုင်ငံ အလယ်ပိုင်း ဧရာဝတီမြစ်ဝှမ်းတစ်လျောက်တွင် မြို့ရွာများ တည်ထောင်ကာ နေထိုင်ကြသည်။ ၄ရာစုနှင့် ၅ရာစုများတွင် ပျူတို့ အထွဋ်အထိပ်ရောက်၍ မွန်တို့ကို လွမ်းမိုးကာ ပျူမြို့ပြနိုင်ငံများဖြစ်သည့် ဗိဿနိုး၊ ဟန်လင်းနှင့် သရေခေတ္တရာတို့မှာ အရှေ့တောင်အာရှ၏ ကုန်သွယ်ရေးလမ်းကြောင်းတွင် ထင်ရှားခဲ့သည်။ ထိုကုန်သွယ်ရေးလမ်းကြောင်းမှာ အရှေ့ဖက်ခမာနိုင်ငံမှ အနောက်ဖက် ရခိုင်ကမ်းရိုးတန်းအထိဖြစ်သည်။ ၉ရာစုအစောပိုင်းတွင် စည်းလုံးမှုနည်းသည့် ပျူတို့ကို မြောက်ပိုင်းမှ အင်အားကြီး နန်ကျောက်တို့က ဝင်ရောက်တိုက်ခိုက်ဖျက်စီးသဖြင့် ပျူတို့ပျက်ဆီးရသည်။ ထိုခေတ်တွင် အကြမ်းအားဖြင့် ပျူတို့က ဧရာဝတီမြစ်အနောက်ဖက်ခြမ်း နှင့် မွန်တို့က ဧရာဝတီမြစ်အရှေ့ဖက်ခြမ်းတွင် နေထိုင်ကြသည် သတ်မှတ်နိုင်သည်။ အချို့သော သမိုင်းပညာရှင်များက ထိုပျူခေတ်ကို ပထမပြည်ထောင်စု ဟုလည်း သတ်မှတ်ကြပါသည်။ ပုဂံခေတ်[ပြင်ဆင်ရန်] မြန်မာနိုင်ငံနယ်နိမိတ်ထဲသို့ နောက်ဆုံးမှ ဝင်ရောက်လာသည့် ဗမာတို့သည် ယနေ့ရှမ်းပြည်နယ်ကိုဖြတ်ကျော်ကာ ကျောက်ဆည်နယ်သို့ တစစထိုးဖောက်လာပြီးနောက် ဆန်စပါးစိုက်ပျိုးရန် သင့်တော်သည်ဟု ယူဆသောထိုဒေသတွင် ကျောက်ဆည်ဆယ့်တစ်ခရိုင်ကိုတည်ထောင်ကာ အခြေချနေထိုင်ကြသည်။ထိုသို့ရောက်ရှိလာခဲ့ပြီးနောက် စာပေအက္ခရာ တွင် ဒေသခံမွန်တို့ကို ဆရာတင်ခဲ့ကြသည်။ ယဉ်ကျေးမှုနှင့် အယူဝါဒတွင် ပျူတို့ကို ဆရာတင်ခဲ့ကြသည်။ နှစ်ကာလကြာရှည်လာပြီး လူဦးရေထူထပ်လာသောအခါ နယ်ပယ်များဆက်လက်ချဲ့ထွင်ကြသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသကို ကောင်းစွာအုပ်စီးမိတော့သည်။ အစောပိုင်းဗမာတို့သည် အကြီးအကဲဖြစ်သူကို မိမိတို့ ဘာသာစကားဖြင့်`မင်း´နှင့် ရှမ်းတို့ခေါ်သကဲ့သို့ `စော´(စဝ်)ကိုပေါင်းကာ `မင်းစော´ဟုခေါ်ကြသည်။ အချိန်ကြသည်နှင့်အမျှ ထိုမင်းများထဲတွင် အစွမ်းအစကောင်းသူများ ပေါ်ထွန်းလာသဖြင့် ထိုအကြီးအကဲကို `မင်းကြီး´ဟုခေါ်ကြသည်။ ထိုသို့မင်းများထဲတွင်မှ ကျယ်ပြန့်လှသော နယ်ပယ်ကို အုပ်ချုပ်ရလွယ်ကူစေရန် ဆက်သွယ်ရေးအချက်အချာကျသည့် ပုဂံမှ ပုဂံမင်းကြီးသည် `မင်းစော´ အပေါင်းတို့၏ အကြီးအကဲအဖြစ်သို့ ရောက်ရှိလာသည်။ `မူလက ပုဂံကို ရွာ၁၉ရွာဖြင့် စတင်ဖွဲ့စည်းသည်´ ဟူသော အဆိုက ဤအချက်ကို အတည်ပြုနေသကဲ့သို့ရှိသည်။ အနော်ရထာမင်း လက်ထက်တွင် ပုဂံ၏ အင်အား အထွဋ်အထိပ်ရောက်ကာ ရာမည(ရှေးမွန်=`ရာမည်´)မှ သထုံကို အနိုင်ရပြီး ယနေ့ မြန်မာနိုင်ငံနီးနီးမျှ ကျယ်ပြန့်သည့် နယ်ပယ်ကို သိမ်းပိုက်နိုင်ခဲ့သည်။ ထိုမှဆင်းသက်သည့် ကျန်စစ်သား၊ အလောင်းစည်သူ အစရှိသည့် ပုဂံမင်းများသည်လည်း ဩဇာကြီးသူများဖြစ်သည့်အတွက် တိုင်းပြည်ကို ကောင်းစွာစုစည်းထားနိုင်ခဲ့သည်။ သို့သော် နောက်ပိုင်းမင်းများသည် အရည်အသွေးညံ့ဖျင်းလာကြပြီး ပုဂံ၏ဩဇာမာှ သိသာစွာ ကျဆင်းလာရသည်။ နောက်ဆုံးတွင် မွန်ဂိုတို့၏ တိုက်ခိုက်မှုကြောင့် ပုဂံပျက်ဆီး၍ ပုဂံမင်းဆက်လည်း ကျဆင်းရလေသည်။ မွန်ဂိုတို့ တပ်ဆုတ်ပြန်ပြီးနောက်တွင် နန်းတက်ကြသည့် ကျစွာ၊ စောနစ် နှင့် စောမွန်နစ်တို့ လက်ထက်များတွင် ပုဂံမင်းဆိုသည်မှာ အမည်ခံမျှသာဖြစ်၍ အမှန်တကယ် ဩဇာအာဏာမှာ ရှမ်းညီနောင် သုံးဦးလက်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။ အင်းဝခေတ်[ပြင်ဆင်ရန်] ပုဂံခေတ်ကုန်ဆုံးပြီးနောက်တွင် အစုစုကွဲပြားနေသည့် မြန်မာနိုင်ငံအထက်ပိုင်းဒေသကို စုစည်းသိမ်းသွင်းကာ အုပ်ချုပ်သည့် မင်းတစ်ပါး ပေါ်ထွန်းလာသည်။ ထိုသူမှာ ရှမ်းညီနောင်သုံးဦးမှ ဆင်းသက်လာသည့် အင်းဝမြို့တည် သတိုးမင်းဖျား ဆိုသူဖြစ်သည်။ ဒုတိယ နန်းတက်သည့် မင်းကြီးစွာစော်ကဲ လက်ထက်မှစကာ အောက်အရပ် ရာမညမှ မွန်ပဒေသရာဇ်များ မညီညွှတ်သည်ကို အခွင့်ကောင်းယူသည့် အနေဖြင့် စစ်ပြုခဲ့သည်။ ထိုမှအစပြုကာ အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ် ဖြစ်ပွားသည်။ မင်းကြီးစွာစော်ကဲနောက် နန်းတက်သည့် ဆင်ဖြူရှင် ၊ ဘုရင်မင်းခေါင်တို့လက်ထက်များအထိတိုင် တိုက်ခိုက်ခဲ့ရသည့် စစ်ပွဲဖြစ်ပေသည်။ ထိုမင်းများနောက် နန်းတက်သည့် မင်းများလက်ထက်တွင်လည်း တိုင်းပြည်အေးချမ်းရေးကို လိုလားစွာ ဆောင်ရွက်ကြသည်မရှိသလောက် နည်းပါးသဖြင့် အချိန်ကြာသည် နှင့်အမျှ အင်အားဆုတ်ယုတ်လာပြီး နောက်ဆုံးတွင် လက်အောက်ခံ ပဒေသရာဇ်များဖြစ်သည့် ရှမ်းစော်ဘွားများအင်အားကြီးလာသည်။ နောက်ဆုံးမင်းဖြစ်သည့် ရွှေနန်းကျော့ရှင်နရပတိ လက်ထက်တွင် ပြည်မင်း သတိုးမင်းစော နှင့် ရှမ်းစော်ဘွား မိုးညှင်းစလုံ၊ ၄င်း၏သား သိုဟန်ဘွားတို့က အင်းဝကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြသည်။ ထို့နောက်သိုဟန်ဘွား နန်းတက်သည် ။သိုဟန်ဘွားလုပ်ကြံခံရပြီးနောက် နန်းတက်သည့် အုန်းဘောင်ခုံမှိုင်းနှင့် မိုးဗြဲနရပတိ တို့လက်ထက်များတွင် ဟံသာဝတီကို သိမ်းပိုက်လိုက်သည့် တောင်ငူမှ တပင်ရွှေထီးနှင့် စစ်ပြိုင်ရန်ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့ပေ။ ထို့နောက်နန်းတက်သည့် နရပတိစည်သူ လက်ထက်တွင် ဘုရင့်နောင်၏ လက်သို့ ကျရောက်ရတော့သည်။ တောင်ငူ-ဟံသာဝတီခေတ်[ပြင်ဆင်ရန်] တောင်ငူ-ဟံသာဝတီခေတ်သည် မြန်မာတို့၏ အထွတ်အထိပ်ရောက်သည့် ကာလများအနက်မှ တစ်ခုဖြစ်သည်။ ပုဂံပျက်သုဉ်းပြီးချိန်မှ စကာ အင်းဝကိုဗဟိုပြုနေသည့် ဗမာတို့အတွက် အောက်ပြည်အရပ်မှ မွန်တို့၏ရန်စစ်၊မြောက်ဖက်မှ တစ်စတစ်စအင်အားကြီးလာသည့် ရှမ်းစော်ဘွားတို့၏ ရန်စစ်သာမက မြန်မာနိုင်ငံတစ်ဝန်းလုံး တစ်နယ်တစ်မင်း အုပ်ချုပ်နေသည်အထိ ပျက်စီးနေချိန်တွင် အင်းဝလက်အောက်ခံ ကေတုမတီတောင်ငူမှ မင်းကြီးညို၊ သားတော် တပင်ရွှေထီး နှင့် ယောက်ဖဖြစ်သူ ဘုရင့်နောင်တို့ ကအသီးသီး အစဉ်မပျက် နိုင်ငံကိုချဲ့ထွင်ကြရာ မင်းကြီးညိုလက်ထက်တွင် အတန်အတင့် အင်အားကောင်းမွန်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းသားဖြစ်သူ တပင်ရွှေထီးလက်ထက်တွင် အောက်ပြည်ရှိ မွန်တို့၏ပိုင်နက် နှင့် ဘုရင့်နောင်လက်ထက်တွင် ယနေ့မြန်မာနိုင်ငံ နယ်နိမိတ်အပြင်သို့ကျော်ကာ အနောက်ဖက်တွင် မဏိပူရ မှ အရှေ့ဖက် ထိုင်းနိုင်ငံ အယုဒ္ဒယ အထိ၊မြောက်ဖက်တွင် ကချင်ပြည်နယ်မှ တောင်ဖက်ကော့သောင် အထိ ကျယ်ပြန့်လာခဲ့သည်။ နောက် ကမ္ဘောဇသာဒီ နန်းတော် ကိုလည်းတည်ခဲ့သည်။ သို့သော် အမြော်အမြင်ကြီးမားသည့် ဘုရင့်နောင်သည် သားတော် နန္ဒဘုရင်လက်ထက်တွင် မိမိတည်ထောင်သည့် နိုင်ငံကြီး အလွယ်တကူ ပြိုပျက်သွားမည့်အရေးကိုမူ ကြိုသိမသွားခဲ့နိုင်ပေ။ နန္ဒဘုရင်လက်ထက်တွင် လက်အောက်ခံ နယ်စားပယ်စားများ အသီးသီးပုန်ကန်ကြပြီး နောက်ဆုံးတွင် ရခိုင်ဘုရင် မင်းဗာကြီး နှင့်တောင်ငူဘုရင်ခံ မင်းရဲသီဟသူတို့၏တိုက်ခိုက်မှုကြောင့် ကမ္ဘောဇသာဒီနန်းတော်ကြီးဖျက်ဆီးခံရပြီး နန္ဒဘုရင်လည်းနန်းကျကာ တောင်ငူသို့ သုံပန်းအဖြစ်သို့ပါပြီးနောက်ပိုင်းတွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။ ညောင်ရမ်းခေတ်[ပြင်ဆင်ရန်] ဘုရင့်နောင်၏ မထင်မရှားသားတော်တစ်ပါးဖြစ်သည့် ညောင်ရမ်းစားရှင်သစ္စာက အကွဲအကွဲအပြားအပြားဖြစ်နေရသည့် နိုင်ငံကို စုစည်းရန်အတွက် အင်းဝကိုသိမ်းပိုက်၍ ညောင်ရမ်းမင်းဆက်ကို တည်ထောင်သည်။ သူ့လက်ထက်တွင် ရှမ်းပြည်များကို ပြန်လည်သိမ်းသွင်းနိုင်ခဲ့သည်။ သူ့အားဆက်ခံသည့် အနောက်ဖက်လွန်မင်း၏ လက်ထက်တွင် အတန်ပင် အင်အားကြီးလာပြီး တောင်ငူကိုသိမ်းပိုက်ကာ တောင်ပိုင်းမှ ပေါ်တူဂီ ငဇင်ကာကို နှိမ်နှင်းနိုင်သလို၊ အရှေ့တောင်ဖက်မှ ထိုင်းဘုရင် ဗြနရာဇ်(နာရေစွမ်)၏ မြန်မာနိုင်ငံတောင်ပိုင်းကို ထိုးဖောက်ရန် ကြိုးပမ်းနေသည်များကို ဟန့်တားထားနိုင်ခဲ့သည်။ သာလွန်မင်းလက်ထက်တွင် တိုင်းပြည်အရပ်ရပ် တည်ငြိမ်အေးချမ်းရေးကို စတင်ဆောင်ရွက်ရာ မြန်မာ့သမိုင်းတစ်လျှောက်တွင် ပထမဆုံးအကြိမ်အဖြစ် လူဦးရေ စစ်တမ်းများကောက်ယူခြင်းကို ပြုလုပ်နိုင်ခဲ့သည်ကို တွေ့ရသည်။ နောက်ပိုင်းတွင် ရာသီဥတုဆိုးဝါးမှု၊မင်းများ၏ အရည်အသွေးကျဆင်းမှုတို့ကြောင့် ဟံသာဝတီမှ မွန်တို့ကပုန်ကန်ရာ ညောင်ရမ်းခေတ် ကုန်ဆုံးရတော့သည်။ နောက်ဆုံးမင်းဖြစ်သည့် စနေမင်းလည်း ဟံသာဝတီသို့ ပါကာ နောက်ပိုင်းတွင် ကွပ်မျက်ခံခဲ့ရသည်။ ကုန်းဘောင်ခေတ်[ပြင်ဆင်ရန်] ညောင်ရမ်းမင်းဆက် ကျဆုံးပြီးနောက်တွင် မုဆိုးဘိုရွာသူကြီး ဦးအောင်ဇေယျက အလောင်းဘုရားဘွဲ့ဖြင့် မွန်တို့ကိုတော်လှန်သည်။ အင်းဝကိုပြန်လည်သိမ်းပိုက်နိုင်ကာ ဆက်တိုက်ဆိုသလိုပင် တိုက်ပွဲများတွင် မွန်တို့ကိုအနိုင်ရသဖြင့် အလွန်ဩဇာကြီးလာပြီး အယုဒ္ဓယတိုင် ချီတက်သိမ်းပိုက်ရန် ကြိုးပမ်းခဲ့သည်။ သို့သော် တတိယမင်းဖြစ်သည့် ဆင်ဖြူရှင်လက်ထက်မှ အယုဒ္ဓယကို အပြီးသတ်အနိုင်ရရှိသည်။ ထိုမင်းလက်ထက်တွင် မြောက်ဖက်မှ မန်ချူးတို့၏ ကျူးကျော်မှု ၅ ကြိမ်တိုင်တိုင် ခံခဲ့ရသော်လည်း ကောင်းစွာတွန်းလှန်ဟန့်တားနိုင်ခဲ့သည်။ ၆ဆက်မြောက်မင်းဖြစ်သည့် ဗဒုံမင်း လက်ထက်တွင် ယဉ်ကျေးမှုနှင့် အတွေးအခေါ်အယူအဆတို့ကို ပြောင်းလဲရန် ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့ပေ။ ထိုမင်းလက်ထက်တွင် ခေတ်အဆက်ဆက်က မြန်မာ့နယ်နိမိတ်တွင် မပါဝင်ခဲ့သော ရခိုင်ပြည်နယ်ကို အိမ်ရှေ့မင်းသားဦးပေါ်က သိမ်းပိုက်နိုင်ခဲ့ကာ မဟာမြတ်မုနိဘုရားကြီးကို မန္တလေးသို့ ပင့်ဆောင်လာနိုင်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် နန်းတွင်းအရှုပ်အထွေးများကြောင့် ကုန်းဘောင်မင်းဆက်မှ အင်အားနည်းခြင်းသို့ရောက်လာခဲ့သဖြင့် အင်္ဂလိပ်တို့၏ သုံးကြိမ်ကျူးကျော်စစ်ပြုခြင်းခံရပြီး သီပေါမင်းလက်ထက်တွင် မြန်မာနိုင်ငံသည် အင်္ဂလိပ်လက်အောက် ကျရောက်သွားတော့သည်။
<urn:uuid:ec45a91e-56f8-4139-95ac-57f017d28e31>
CC-MAIN-2014-35
http://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%B7%E1%80%9E%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8
2014-09-01T20:57:32Z
s3://commoncrawl/crawl-data/CC-MAIN-2014-35/segments/1409535920694.0/warc/CC-MAIN-20140909041237-00011-ip-10-180-136-8.ec2.internal.warc.gz
mya
0.995175
Mymr
94
{"mya_Mymr_score": 0.9951753616333008}
1September 2014 —- ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်က မဟာသန္တိ သုခကျောင်းတိုက်ပိုင်ဆိုင်မှုနဲ့ ပတ်သက်တဲ့ အမှုအတွက် အရင်က ကျောင်းထိုင်ဆရာတော်ဖြစ်တဲ့ ပီနန်ဆရာတော်က နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ထံ ပေးပို့တဲ့စာကို သက်သေခံစာအဖြစ် လက်ခံ စစ်ဆေးဖို့ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။ 1September 2014 —- စစ်ကိုင်းမြို့မှာရှိတဲ့ စစ်ကိုင်းတက္ကသိုလ်၊ စစ်ကိုင်းနည်း ပညာတက္ကသိုလ်နဲ့ သမ၀ါယမတက္ကသိုလ်တွေရှေ့မှာ တက္ကသိုလ်ကျောင်းသား ၃၀ လောက်ဟာ ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားတဲ့ အမျိုးသားပညာရေး ဥပဒေကို ပယ်ဖျက်ပြီး အသစ်ပြန်လည်ရေးဆွဲပေးဖို့ ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ 1September 2014 —– အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ ညှိနှိုင်းဆွေးနွေးနေတဲ့ အခြေအနေတွေကို မွန်ပြည်သစ် ပါတီက ဒီနေ့ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဒေသခံ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး ရှင်းပြခဲ့ပါတယ်။ 1September 2014 —- တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကနေ ကရင် အမျိုးသား အစည်းအရုံး KNU က ယာယီနုတ်ထွက်လိုက်ပါတယ်။ ဖွဲ့စည်းပုံနဲ့ မူဝါဒပိုင်းဆိုင်ရာကွဲလွဲမှုတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ သတင်းအပြည့်အစုံကို တော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။ 1September 2014 —– မြန်မာနိုင်ငံကို ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားရာမှာ အင်တာနက် အွန်လိုင်း ကနေတဆင့်လျှောက်ထားလို့ရတဲ့ e-visa စနစ်ကို စက်တင်ဘာလ (၁) ရက် ဒီကနေ့ကနေ စပြီး ခွင့်ပြုပေးလိုက်ပါပြီ။ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ အီတလီ၊ အာဆီယံနိုင်ငံတွေအပြင် တရုတ်၊ ဂျပန်နဲ့ မြောက်ကိုရီးယားစတဲ့ နိုင်ငံပေါင်း (၄၁) နိုင်ငံက မြန်မာနိုင်ငံအတွင်း လာရောက်လည်ပတ်မယ့် နိုင်ငံခြားသားခရီးသွားတွေအတွက် ခရီးသွားဗီဇာကိုပဲ အဓိကထား လျှောက်ထားခွင့်ပြုတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း ၀င်ရောက်လာမယ့် နိုင်ငံခြားသားခရီးသွားတွေအတွက် အွန်လိုင်းဗီဇာအကြောင်း အပြည့်အစုံကို ကိုစည်သူက တင်ပြပေးထားပါတယ်။ 1September 2014 —- ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေက Azov ပင်လယ်အတွင်းမှာရှိတဲ့ ယူကရိန်းနိုင်ငံပိုင် နယ်စပ် ကင်းလှည့်သင်္ဘောကို တနင်္ဂနွေနေ့က ပစ်ခတ်ခဲ့ပါတယ်။ 1September 2014 —- လစ်ဗျားနိုင်ငံမြို့တော် ထရီပိုလီအတွင်း စစ်သွေးကြွအုပ်စုတွေကြား အချင်းချင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့အတွက် လူတွေ ထွက်ပြေး တိမ်းရှောင်သွားကြအပြီး တလအကြာမှာ လစ်လပ်နေတဲ့ အမေရိကန်သံရုံးရဲ့ လူနေအိမ်ရာ နေရာကို သိမ်းပိုက်ထိန်းချုပ်ထားလိုက်ပြီ ဖြစ်တယ်လို့ အစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့တဖွဲ့က ပြောပါတယ်။ 31August 2014 —– အီရတ်နိုင်ငံမြောက်ပိုင်းမှာ ဂျီဟဒ်ဝါဒီတွေ စီးနင်းခံရလို့ မြို့နေလူတွေ နှစ်လကြာ ပိတ်မိနေပြီးတော့ စားရေရိက္ခာနဲ့ပစ္စည်းတွေလည်း လျော့ပါးလာနေတဲ့ အမာလီမြို့ကို အီရတ်တပ်ဖွဲ့တွေ ဒီကနေ့ပဲ ထိုးဖောက် ဝင်ရောက်နိုင်ပြီလို့ အရာရှိတွေက ပြောပါတယ်။ 31August 2014 —- အိန္ဒိယနဲ့ဂျပန် နှစ်နိုင်ငံပူးပေါင်ဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ရည်ရွယ်ချက်နဲ့ ဂျပန်နိုင်ငံကို ၅ ရက်တာ ခရီးစဉ်နဲ့ ရောက်နေတဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ဟာ အိန္ဒိယရဲ့ ဘာသာရေးအရ အထွဋ်အမြတ်ထားတဲ့ ရှေးဟောင်း ဗာရာဏသီမြို့ကို အရာရာခေတ်မီ အဆင်ပြေတဲ့မြို့အဖြစ် အသွင်ပြောင်းရေး အတွက် မြို့ရဲ့မြေပုံကို ကျိုတိုမြို့တော်ဝန် Daisaku Kadokawa ကို ပေးအပ်လိုက်ပါတယ်။ 1September 2014 —- ဘင်္ဂလားဒေ့ရ်ှနိုင်ငံအတွင်းက ဒုက္ခသည်စခန်းတွေမှာ ရှိနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲ ၂၄၅၁ ယောက်ကို လာမယ့် နှစ်လအတွင်း မြန်မာအစိုးရက ပြန်လည်လက်ခံဖို့ ဘင်္ဂဘားဒေ့ရ်ှအစိုးရနဲ့ သဘောတူညီမှု ရရှိသွားပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံထုတ် သတင်းမီဒီယာတွေမှာ ရေးသား ဖော်ပြကြ ပါတယ်။ 31August 2014 —– ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မနေ့က ကျင်းပခဲ့တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ညီလာခံကနေ KNU ကရင်အမျိုးသားအစည်းအရုံး ထွက်သွားခဲ့တာနဲ့ ပတ်သက်ပြီး၊ ဝေဖန်ချက်မျိုးစုံ ထွက်ပေါ်နေပါတယ်။ 31August 2014 —– ပီအာ ခေါ် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ် ကန့်ကွက်တဲ့ လက်မှတ်တွေကို ရန်ကုန်တိုင်းဒေသ ကြီးက မြို့နယ် ၁၁ မြို့နယ်မှာ ပြည်သူ့လှုပ်ရှား မှုမြှင့်တင်ရေး ကွန်ရက်၊ ဒီမိုကရေစီအင်အားစု၊ ကြည့်မြင်တိုင် လူမှုဖံွ့ဖြိုးရေးကွန်ရက် အဖွဲ့ဝင်တွေ ၂၀၀ လောက်ကကောက်ခံနေကြပါတယ်။ 30August 2014 —- တောင်သူလယ်သမားတွေအနေနဲ့ မိမိတို့ လယ်ယာမြေတွေကို အလွယ်တကူ မရောင်းချကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ဒီနေ့ ကော့မှူးနဲ့ ကွမ်းခြံကုန်းမြို့နယ်တွေ က တောင်သူလယ်သမားတွေနဲ့ တွေ့ဆုံဆွေးနွေးစဉ် မှာ မေတ္တာရပ်ခံလိုက်ပါတယ်။ 30August 2014 —– အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်စဉ် ကတည်းက ခက်ခဲကြမ်းတမ်းတဲ့ကာလတွေမှာ တာဝန်ယူခဲ့ကြတဲ့ လူလတ်ပိုင်းတွေအနေနဲ့ မျိုးဆက်သစ် လူငယ်တွေကို အခွင့်အရေး သို့မဟုတ် ရွေးချယ်ပိုင် ခွင့်တွေ ပေးဖို့လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းပြောကြားခဲ့ပါတယ်။ 30August 2014 —- ယူကရိန်းနိုင်ငံအရှေ့ခြမ်းကို ရုရှားဘက်က သိသိသာသာ ကျူးကျော်ဝင်ရောက်ခဲ့တဲ့ အပေါ်မှာ ဥရောပကော်မရှင်ရဲ့ အကြီးအကဲက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ ဥရောပကော်မရှင်ဥက္ကဋ္ဌ Jose Manuel Barroso ဟာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် နဲ့ သောကြာနေ့က အလွန်ပဲ ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေး ခဲ့ကြတယ်လို့ ကော်မရှင်က ပြောပါတယ်။ သူတို့ ၂ ဦး တယ်လီဖုန်းကနေ ပြောကြား ခဲ့စဉ်အတွင်း လနဲ့ချီဖြစ်နေတဲ့ ပဋိပက္ခအတွင်း စစ်ရေးတင်းမားမှုတွေ မြင့်တက် လာတာက ၊ ဥရောပသမဂ္ဂဘက်က သံတမန်နည်းနဲ့ ဖြေရှင်းဖို့ကြိုးပမ်းချက်ကို ကဖျက်ယဖျက် လုပ်သလိုဖြစ်နေတယ်လို့ မစ္စတာ ဘာရိုဆိုက ပြောပါတယ်။ 29August 2014 —- ယူကရိန်းအရှေ့ဖက်ခြမ်းက ရုရှားတွေရဲ့စစ်ဆင်ရေးကို ရပ်ပစ်ဖို့ မြောက် အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ NATO က တောင်းဆိုလိုက်ပါတယ်။ အခြေအနေ ဆိုးရွားလာနေတဲ့ ယူကရိန်းအရေးဆွေးနွေးဖို့ ဘရာဇီးလ်မြို့မှာ ဒီကနေ့ ကျင်းပခဲ့တဲ့ အရေးပေါ်အစည်းအဝေးအပြီး NATO အကြီးအကဲ Anders Fogh Rasmussen က အခုလိုပြောဆိုလိုက်တာပါ။ ယူကရိန်းသမ္မတ Petro Poroshenko က ရုရှားတပ်ဖွဲ့တွေ ယူကရိန်းဘက်ဝင်လာပြီး Novoazovsk မြို့ကိုဝိုင်းထားတဲ့အပြင် အနီးနားက ရွာတွေကိုလည်း ထိန်းချုပ်ထားတယ်လို့ ပြောဆိုအပြီးနောက်တရက်မှာ Rasmussen က အခုလိုပြောခဲ့တာပါ။ 30August 2014 —– အီရတ်နိုင်ငံမှာရှိတဲ့ IS အစ္စလာမ်မစ်စစ်သွေးကြွအဖွဲ့တွေကို အမေရိကန်က စစ်ဆင်ရေး လုပ်နေတာဟာ ကုန်ကျစရိတ်တွေအလွန်များပြားပြီး တနေ့ကို ပျမ်းမျှ အမေရိကန်ဒေါ်လာ ၇.၅ သန်း ကုန်ကျတယ်လို့ အမေရိကန်ပန်တာဂွန် စစ်ဌာနချုပ်က ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လလယ်ကစတင်ပြီး လှုပ်ရှားမှုတွေ အရှိန်အဟုန်မြင့်လုပ်ဆောင်လာခဲ့တာကြောင့် အီရတ်နိုင်ငံအတွင်း ကုန်ကျစရိတ်ဟာလည်း တိုးလာခဲ့တယ်လို့ ရေတပ်ဗိုလ်ချုပ် John Kirby က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။ 30August 2014 —- အဆိပ်ပြင်းတဲ့ အစ္စလာမ် အစွန်းရောက်တွေရဲ့အန္တရာယ်က ဗြိတိန်နဲ့ တကမ္ဘာလုံးအတွက် ကြီးမားတဲ့ ပြဿနာဖြစ်လာနေတယ်လို့ ဗြိတိသျှဝန်ကြီးချုပ် David Cameron က ပြောကြားလိုက်ပြီး ဗြိတိန်နိုင်ငံရဲ့ အကြမ်းဖက်မှု အန္တရာယ်အဆင့်ကိုလည်း ကြီးမားတဲ့ အန္တရာယ်အဆင့်ကနေ အတော်လေး စိုးရိမ်ရတဲ့ အဆင့်အထိ သောကြာနေ့မှာ တိုးမြင့်လိုက် သတ်မှတ်လိုက်ပါတယ်။ 29August 2014 —- ဆီးရီးယား ပြည်တွင်းစစ်ဒဏ်ကြောင့် အိုးအိမ်စွန့်ခွါထွက်ပြေးကြသူပေါင်း သုံးသန်းကျော်ရှိတယ်လို့ ကုလသမဂ္ဂအဖွဲ့ကြီးက ပြောဆိုလိုက်ပါတယ်။ ဒါဟာ ကနေ့ခေတ် လူသားမျိုးနွယ်စုအပေါ် အကြီးမားဆုံး ကပ်ဘေးသင့်မှုကြီး လည်း ဖြစ်ပါတယ်။ သောကြာနေ့မှာ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာ ကုလသမဂ္ဂ ဒုတ်ခသည် အေဂျင်စီက ဆီးရီးယားနိုင်ငံက ဆိုးရွားလာတဲ့ အခြေအနေတွေကြောင့် လွန်ခဲ့တဲ့နှစ်ထဲမှာ အိုးအိမ်စွန့်ခွါ ထွက်ပြေးလာသူပေါင်း တသန်းလောက်ရှိတယ်လို့ ဆိုပါတယ်။ 29August 2014 —- ရခိုင်ပြည်နယ်ထဲက ဘင်္ဂါလီမွတ်စလင်တွေအနေနဲ့ ရိုဟင်ဂျာအဖြစ် အသိမှတ်ပြုရေးထက် တရားဥပဒေ အရ နိုင်ငံသားဖြစ်ရေးလမ်းကြောင်းကိုသာ သွားသင့်ကြောင်း၊ လက်ရှိဥပဒေတွေအရ နိုင်ငံ သားဖြစ်ရေးကိုသာ အစိုးရက ဆောင်ရွက်သွား မှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်သစ်အဖြစ် ဇူလိုင်လ ၁ ရက်နေ့က ခန့်အပ်ခံရသူ ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက RFA ကို ပြောကြား လိုက်ပါတယ်။ 29August 2014 —- လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် မဲပေးနိုင်သူစာရင်း တိတိကျကျ ကောက်ယူနိုင်ဖို့နဲ့ ရွေး ကောက်ပွဲအပြီးမှာလည်း မဲပေးသူအရေအတွက် တိတိကျကျ စာရင်းထုတ်ပြန်နိုင်ဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ အရပ်ဘက်အဖွဲ့အစည်းတချို့ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ 29August 2014 —- မြန်မာနိုင်ငံမှာ အရင်က လက်တဆုပ်စာ လူတန်းစားက လက်ဝါးကြီးအုပ်ခဲ့တဲ့ အခွင့်အလမ်းနဲ့ သာယာဝပြောမှုတွေကို ထူးချွန်ထက်မြက်တဲ့ ကိုယ်ပိုင် အရည်အချင်းရှိတဲ့ မျိုးဆက်သစ် လူငယ်တွေကို လွှဲပြောင်းပေးဖို့ Caterpillar လို အမေရိကန် ကုမ္ပဏီကြီးတွေက လေ့ကျင့်ပျိုးထောင်ပေးနေပါပြီလို့ အမေရိကန် စီးပွားရေးနဲ့ စီးပွားရေး လုပ်ငန်းများဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ 29August 2014 —– မြန်မာနိုင်ငံက စီးပွါးရေး အချက်အချာကျတဲ့ ရန်ကုန်မြို့ကိုတိုးချဲ့ဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ကြေညာလိုက်တဲ့အတွက် အခြေအတင်ဖြစ် စရာတွေ ထွက်ပေါ်လာခဲ့ပါတယ်။ စီမံကိန်းသစ် ကို အိမ်ခြံမြေ လုပ်ငန်းရှင်တွေ အပါအဝင် စီးပွားရေး အသိုင်းအဝိုင်းက ကြိုဆိုခဲ့ကြပေမယ့် အကုန်အကျများ လွန်းတယ်လို့ ဝေဖန်ခဲ့ကြသူတွေ ပွင့်လင်းမြင်သာမှု ရှိပါ့မလားလို့ ဆိုတဲ့ သံသယ အမြင်နဲ့ ကြည့်သူတွေလည်းရှိနေတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုအောင်ရဲမောင်မောင်က ပြောပြမှာပါ။ မီဒီယာ အသံ ဝေဖန်မှုတွေကြုံနေရတဲ့ ရန်ကုန်မြို့သစ် စီမံကိန်း နားဆင်ရန် ရန်ကုန်မြို့ရဲ့ အနောက်ဘက် ပန်းလှိုင်မြစ်နဲ့ တွံတေးတူးမြောင်းကြား၊ လှိုင်မြစ်နဲ့ လှိုင်သာယာ တွံတေး ကားလမ်းကြားက မြေဧက ၃ သောင်းဝန်းကျင်ပေါ်မှာ မြို့သစ် တိုးချဲ့မယ့် အစီအစဉ်ကို [...] 29August 2014 —- ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တပ်မတော်က ထိန်းသိမ်းကာကွယ်စောင့်ရှောက် သွားမယ်လို့ အမျိုးသမီး ၁၀၀ ဦး ပါဝင်တဲ့ ဗိုလ်လောင်းသင်တန်းဆင်းပွဲမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထပ်မံကတိပြုပြောကြားလိုက်ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ဟာ တပ်မတော်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်မယ်လို့ အကြိမ်ကြိမ် ထုတ်ပြောခဲ့ဖူးပြီး သြဂုတ် ၂၈ ရက်က မှော်ဘီမှာ ကျင်းပခဲ့တဲ့ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းဆင်းပွဲ အမှတ်စဉ် ၁ ရဲ့ သင်တန်းဆင်းပွဲမှာ အခုလို ထပ်ပြောလိုက်တာ ဖြစ်ပါတယ်။ မြန်မာစစ်တပ် ချမှတ်ထားတဲ့ ငြိမ်းချမ်းရေးမူ ၆ ချက်ထဲမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို လေးစားလိုက်နာပြီး အဲဒီဖွဲ့စည်းပုံအတိုင်း လုပ်ဆောင်ကြဖို့ ဆိုတဲ့အချက် ပါဝင်နေပြီး ဒီအချက်ကို [...] 29August 2014 —- ရုရှားက ထောက်ခံမှုပေးထားတဲ့ ယူကရိန်းနိုင်ငံအတွင်းက အကြမ်းဖက်မှုတွေ တိုးများလာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုက စစ်ရေးအရ အရေးယူဆောင်ရွက် သွားဖို့မရှိဘူးလို့ သမ္မတ အိုဘားမားက ပြောဆို လိုက်ပါတယ်။ ဒါပေမဲ့ အမေရိကန် အစိုးရဟာ ဒီဖြစ်ပွားနေတဲ့ အရေးကိစ္စနဲ့ ပတ်သက်ပြီး ဥရောပ မဟာမိတ်တွေနဲ့ အတူတကွ ရပ်တည် သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ 28August 2014 —- ယူကရိန်းအရှေ့ဖက်ခြမ်းက Donetsk ဒေသမှာ အခြေအနေတွေဟာ လျင်လျင်မြန်မြန်နဲ့ ဆိုးရွားလာနေပြီး ရုရှားတပ်တွေ ယူကရိန်းနိုင်ငံထဲ တကယ်ပဲ ဝင်ရောက်လာကြပြီလို့ ယူကရိန်းသမ္မတ Petro Poroshenko က ပြောပါတယ်။ သူ့ရဲ့ တူရကီနိုင်ငံ ခရီးစဉ်ကိုလည်း ဖျက်သိမ်းလိုက်ပြီး ဒီကိစ္စဆွေးနွေးဖို့ လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီ အရေးပေါ် အစည်းအဝေး ခေါ်ယူလိုက်ပါတယ်။ ယူကရိန်း အရှေ့တောင်ပိုင်းက အချက်အချာကြတဲ့ Novoazovsk မြို့ကို ရုရှားစစ်တပ်က ထိန်းချုပ်လိုက်တာပါ။ အဲဒီမြို့အနီးအနားက ရွာတွေကိုလည်း ရုရှားတွေ ထိန်းချုပ်ထားကြောင်း ယူကရိန်း လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီက တွီတာမှာ ရေးသားထားတာပါ။ 29August 2014 —– ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၄၃ ယောက်ဟာ အစ္စရေးနဲ့ ဆီးရီးယားနိုင်ငံ နယ်စပ်မှာ လက်နက်ကိုင်အဖွဲ့တဖွဲ့က ဖမ်းဆီးသွားတာကိုခံခဲ့ရပြီး၊ နောက်တခြား ၈၁ ယောက်ဟာ ဆိုရင်လည်း နယ်စပ်ဖြတ်ကျော်တဲ့ နေရာအနီး သူတို့ရောက်နေတဲ့ နေရာကနေ မထွက်ခွာနိုင်ပဲ ဖြစ်နေတယ်လို့ ကုလသမဂ္ဂ က ကြာသာပတေးနေ့မှာ ပြောဆိုပါတယ်။ 28August 2014 —- ဆီးရီးယားနိုင်ငံမှာ စစ်သွေးကြွတွေနဲ့ ပူးပေါင်းတိုက်ခိုက်ရင်း သေဆုံးခဲ့သူ ဒုတိယမြောက် အမေရိကန်နိုင်ငံသားဟာ ဆိုမာလီ အမေရိကန် တယောက်ဖြစ်ပါတယ်။ Abdirahman Muhumed ဟာ အစ္စလာမ်နိုင်ငံတော် အဖွဲ့လို့ ခေါ်တဲ့ ISIS စစ်သွေးကြွအဖွဲ့ဝင်တွေနဲ့ ပူးပေါင်းတိုက်ခိုက်ဖို့ ဆီးရီးယားကို ထွက်ခွါသွားခဲ့တယ်လို့ Minneapolis မှာအခြေစိုက်တဲ့ KSMP ရုပ်သံဌာနက ပြောဆိုပါတယ်။ ပထမ သေဆုံးခဲ့သူ အမေရိကန်နိုင်ငံသား Douglas McCain သေဆုံးခဲ့တဲ့ တိုက်ပွဲတွင်းမှာပဲ Muhumed သေဆုံးခဲ့တာဖြစ်ကြောင်း သိရတယ်လို့ KSMP က ပြောပါတယ်။ 29August 2014 —- မြန်မာနိုင်ငံ ရဲ့ အိမ်သုံးနဲ့ စက်မှု လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက်ပါ လျှပ်စစ် စွမ်းအင် လိုအပ်ချက် ကြီးမားလာနေတဲ့အချိန်မှာပဲ အဲဒီ စွမ်းအင် လိုအပ်ချက်ကို ဖြည့်တင်းတဲ့ နေရာမှာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု နည်းတဲ့ နေရောင်ခြည်သုံး စွမ်းအင် ဟာ လျှပ်စစ်ထုတ်လုပ်ဖို့ အတွက် နည်းလမ်းကောင်းတစ်ခုပါလို့ ပညာရှင်တွေက ထောက်ပြပါတယ်။ မြန်မာပြည်မှာ အမေရိကန် ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီ တစ်ခုက ဒေါ်လာ သန်း ၄၈၀ ရင်းနှီးမြုပ်နှံပြီး မဂ္ဂါဝက် ၁၅၀ ထုတ်နိုင်တဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံ နှစ်ရုံ တည်ဆောက်ဖို့ အတွက် သဘောတူ လက်မှတ် ထိုးကြတော့မှာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။ 28August 2014 —- အမေရိကန်သမ္မတ Barack Obama ဟာ လာမယ့်နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံကို လာရောက်မယ်လို့ သမ္မတရဲ့ အာရှပစိဖိတ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုရေးရာဌာနက အမေရိကန် အကြီးတန်းအရာရှိ Robert Wang က ဒီကနေ့ပြောကြားပါတယ်။ 28August 2014 —- ထိုင်းနုိုင်ငံ ချင်းမုိုင်မြို့မှာ ကျင်းပနေတဲ့ ညီညွတ်သော တုိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ရဲ့ ပထမဆုံးအကြိမ် ညီလာခံမှာ အဖွဲ့တွင်း ဖွဲ့စည်းပုံကိုဆွေးနွေးရာ သဘောထားကွဲလွဲနေတဲ့ အတွက် ဆုံးဖြတ်ချက်မချနိုင်ဘဲ ညီလာခံကို ဒီကနေ့ ရပ်နားလိုက်ပြီး ပြည်တွင်းက တိုင်းရင်းသားအဖွဲ့အစည်း နဲ့ နုိုင်ငံရေးအင်အားစုတွေကို တွေ့ဆုံဆွေးနွေးပြီးမှ ဒီကိစ္စ ဆက်ဆွေးနွေးကြဖို့ ဒီကနေ့ သဘောတူ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။ 28August 2014 —- တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို ပါဝင်လက်မှတ်ရေးထိုးဖို့ ရှိပေမဲ့ သဘောထား ကွဲလွဲနေတဲ့ ကိစ္စတွေကိုတော့ နောက်တဆင့် နိုင်ငံရေး ဆွေးနွေး ပွဲတွေမှာ ဆက်လက် ဆွေးနွေးမှာ ဖြစ်တဲ့အကြောင်း အဓိကလက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ ၀ပြည်သွေးစည်း ညီညွတ်ရေးပါတီ UWSPနဲ့ အမျိုးသား ဒီမိုကရေစီ သွေးစည်းညီညွတ်ရေးတပ်မတော် NDAA မိုင်းလား အဖွဲ့တို့က ပြောဆိုခဲ့ပါတယ်။ တဆက်တည်းမှာဘဲ ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေးမှာ သဘောမတူတဲ့ အချက်တွေ ပါဝင်နေတာတွေကိုလည်း ဆွေးနွေးဖို့ လိုမယ်လို့ ဒီကနေ့ ပထမဆုံး အကြိမ် သတင်းစာရှင်းလင်းပွဲအဖြစ် ရန်ကုန်မြို့မှာ ပြုလုပ်ရာမှာ UWSPရဲ့ ပြောရေးဆိုခွင့် ရှိသူက ပြောဆိုခဲ့တာပါ။ သတင်းအပြည့်အစုံကို ကိုယ်တိုင် သွားရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က [...] 28August 2014 —– မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး ကဏ္ဍမှာ အသုံးစရိတ်တိုးမြှင့်ဖို့နဲ့ အစိုးရရဲ့ လက်ရှိ ကျင့်သုံးနေတဲ့ စိုက်ပျိုးရေး မူဝါဒတွေကို ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်တယ် လို့ ဗြိတိန်နိုင်ငံ အခြေစိုက် Oxfam ဆင်းရဲနွမ်းပါးမှု နဲ့ မတရားမှု ဖြေရှင်းပေးရေး အဖွဲ့ကြီးက တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်း မိုးခေါင်ရေရှား ရပ်ဝန်းဒေသကို အခြေပြုလေ့လာချက်တွေအရ အသေးစား စိုက်ပျိုး ထုတ်လုပ်သူ တောင်သူလယ်သမားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့နဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ Oxfam ရဲ့ သုတေသနပြုချက်နဲ့ မိုးခေါင်ရေရှားဒေသ စိုက်ပျိုးရေးလုပ်ငန်း အခြေအနေတွေကို ကိုစည်သူကပြောပြပေးမှာပါ။
<urn:uuid:3f3da1de-7c7e-49e1-b8b9-7d02233239ee>
CC-MAIN-2014-35
http://www.myanmarnewshub.com/
2014-09-01T20:59:44Z
s3://commoncrawl/crawl-data/CC-MAIN-2014-35/segments/1409535920694.0/warc/CC-MAIN-20140909041237-00011-ip-10-180-136-8.ec2.internal.warc.gz
mya
0.874529
Mymr
1
{"mya_Mymr_score": 0.8745290040969849, "blk_Mymr_score": 0.12060967832803726}
Genesis 27:33မသေမှီ ငါ့ဝိညာဉ်သည် သင့်ကို ကောင်းကြီး ပေးမည်အကြောင်း၊ သင်၏လက်နက်တည်းဟူသော လေးနှင့်မြှားတောင့်ကို ဆောင်ယူလျက် တောသို့သွား၍၊ ငါစားစရာဘို့ အမဲကောင်ကို ရအောင်ရှာပြီးလျှင်၊ Last Verse Next Verse Old Judson Version brought to you by Public Domain.
<urn:uuid:3b58992e-6fe6-4afe-9b79-1a8f74d22cd6>
CC-MAIN-2014-35
http://www.bible.is/MYAOJV/Gen/27/3
2014-08-21T20:38:56Z
s3://commoncrawl/crawl-data/CC-MAIN-2014-35/segments/1408500821289.49/warc/CC-MAIN-20140820021341-00058-ip-10-180-136-8.ec2.internal.warc.gz
mya
0.975608
Mymr
26
{"mya_Mymr_score": 0.9756078720092773, "blk_Mymr_score": 0.023870619013905525}
1သူသည် လူဆိတ်ညံရာမြေပေါ်မှာ ထိုင်ရလိမ့် မည်။ ထိုကာလ၌ မိန်းမခုနစ်ယောက်တို့သည် ယောက်ျား တယောက်ကို ကိုင်ဆွဲလျက်၊ ကျွန်မတို့သည် ကိုယ်မုန့်ကို စားပါမည်။ ကိုယ်အဝတ်ကိုလည်း ဝတ်ပါမည်။ ကျွန်မ တို့ကို မောင်၏နာမဖြင့် သမုတ်ခြင်းသာရှိစေ၍၊ ကျွန်မတို့ ရှက်ကြောက်ခြင်းကို ပယ်ဖျောက်ပါဟု ဆိုကြလိမ့်မည်။ 2ထိုကာလ၌ ထာဝရဘုရား၏အညွန့်သည် ဘုန်း အသရေပွင့်လန်းလိမ့်မည်။ လွတ်သောဣသရေလ အမျိုးသားတို့အဘို့၊ မြေအသီးအနှံသည် ကောင်းမြတ် လျောက်ပတ်လိမ့်မည်။ 3ထာဝရဘုရားသည် တရားစီရင်သောဝိညာဉ်၊ မီးလောင်သော ဝိညာဉ်တော်အားဖြင့်၊ 4ဇိအုန်သတို့သမီးတို့၏ အညစ်အကြေးကို ဆေး ကြော၍၊ ယေရုရှလင်မြို့၌ နေရစ်သော သူတည်းဟူသော အသက်စာရင်းဝင်သမျှသော ယေရုရှလင်မြို့သားတို့ သည် သန့်ရှင်းခြင်းရှိကြလိမ့်မည်။ 5ထာဝရဘုရားသည်လည်း ဇိအုန်တောင်မှာရှိ သမျှသော အိမ်များနှင့် စည်းဝေးရာ ပရိသတ်များအပေါ် တွင်၊ နေ့အချိန်၌ မိုဃ်းတိမ်နှင့် မီးခိုးကို၎င်း၊ ညဉ့်အချိန်၌ မီးလျှံအလင်းကို၎င်း ဖန်ဆင်းတော်မူ၍၊ မြတ်သောအရာ အလုံးစုံတို့ကို လွှမ်းမိုးတော်မူလိမ့်မည်။ 6နေ့အချိန်၌လည်း နေပူကိုကွယ်ကာသောတဲ၊ မိုဃ်းသက်မုန်တိုင်းရောက်မှ လုံခြုံသော ခိုလှုံရာဖြစ်လိမ့် မည်။ Isaiah 4
<urn:uuid:2c12511f-330f-44dc-a7e8-0c71d20c2ce1>
CC-MAIN-2014-35
http://www.bible.is/MYAOJV/Isa/4
2014-08-21T20:33:18Z
s3://commoncrawl/crawl-data/CC-MAIN-2014-35/segments/1408500821289.49/warc/CC-MAIN-20140820021341-00058-ip-10-180-136-8.ec2.internal.warc.gz
mya
0.997774
Mymr
25
{"mya_Mymr_score": 0.9977737665176392}
သာလွန် OS ကို ပြည်တွင်းပြည်ပ ရှိ မြန်မာစာသုံးကွန်ပျူတာ လည်ပတ် မှုစနစ် ဖြစ်ပေါ်လာရေး ထောက်ခံ အား ပေးသူများ စုပေါင်းကာ လွန်ခဲ့သည့် မေလက စတင်၍ ကြိုးပမ်းလုပ်ဆောင် ခဲ့ကြောင်း၊ သာလွန် OS မြန်မာမှုပြုရေး တွင် စတင်ချိန်က မျှော်လင့်ထားသည် ထက် ပိုမိုပြီးပြည့်စုံခဲ့ပြီး ယခုအစမ်း သဘော ထုတ်ဝေသည့် Version တွင် ကွန်ပျူတာ စနစ်တစ်ခုလုံး၌ ဖွင့်လျှင်ဖွင့်ချင်း မြင်ရသည့် နေရာများနှင့် မရှိမဖြစ် အသုံးတွင်ကျယ်သည့် Software ၁၀ ခု ကျော်ကို မြန်မာစာ အညွှန်းများဖြင့် အသုံးပြုနိုင်ပြီဖြစ်ကြောင်း သာလွန် OS Project Manager ကိုသူရလှိုင်က ဆိုသည်။ သာလွန် OS သည် နာမည်ကျော် အသုံးများသည့် Linux Distro တစ်ခု ဖြစ်သည့် Ubuntu OS Version 10.10 ကို အခြေခံ၍ မြန်မာမှုပြု ထုတ်လုပ်ထား ခြင်းဖြစ်ပြီး ကွန်ပျူတာ စနစ်တစ်ခုလုံး ရှိ မြန်မာဘာသာ စကားအသုံးများ အတွက် ယူနီကုတ်စံနှုန်း အတိုင်း လိုက် နာထုတ်လုပ်ထားသည့် ယွန်းချိုယူနီ ကုတ် Font ကို အနည်းငယ်ပြုပြင်ထား သော သာလွန်ယူနီကုတ်စံ Font ကို အသုံးပြုထားသည်။ (သာလွန် Font ကို အသုံးပြုသူများ အနေဖြင့် Myanmar NLP Lab မှထုတ်လုပ်ထားသည့် မြန်ဆန် လက်ကွက် အခင်းအကျင်း အတိုင်း အသုံး ပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။) Tharlon OS ရှိ မြန်မာဘာသာ ပြန်ဆိုမှုများ အတွက် မြန်မာ Open source Developer များ အသိုင်းအဝိုင်း တစ်ခုဖြစ်လာစေရန် ရည်ရွယ်သည့် Libre Works ၏ ပံ့ပိုးကူညီမှုဖြင့် Myanmar L10N Group (Myanmar Localization Group ကကြိုးပမ်းလုပ် ဆောင်ခဲ့ခြင်းဖြစ်သည်။ Download Here http://rl.soenaung.info/files/tharlon-1.0-beta-i386.iso
<urn:uuid:27d761c3-1557-49a6-9e5c-fd7b3bc1b4fa>
CC-MAIN-2014-35
http://myitcollection.blogspot.com/2011/10/os-beta-10.html
2014-08-27T10:49:19Z
s3://commoncrawl/crawl-data/CC-MAIN-2014-35/segments/1408500829210.91/warc/CC-MAIN-20140820021349-00265-ip-10-180-136-8.ec2.internal.warc.gz
mya
0.948669
Mymr
39
{"mya_Mymr_score": 0.9486694931983948, "blk_Mymr_score": 0.04839765653014183}
ခဥမသည် သူ့ဘာသာ ကြည့်ကာ အံသြသွားလေသည် မီးပူတိုက်ဝတ်တတ်သောကြောင့် မီးပူတိုက်ရန် ဝယ်ထားသော ရွီး၇ွီးဘူးများဖြစ်သည် ဟိုတုံးကတော့ရေကလေးဖျန်းတိုက်သော်လည်းယခုတော့ရွီး၇ွီးဖျန်းတိုက်လေသည်။ ရွီးချိန်ိမရသောကြောင့်သတိရတိုင်းတိုက်၇န်ဆိုပြီးဝယ်ထားရင်းနင့်များသွားခြင်းဖြစ်သည်. နောက်ရပ်ထားရန်ဆင်ခြင်ရမည်။ ပေါင်မုန့်ဝယ်ရင်းနင့်ထပ်ဝယ်လာမိခြင်းဖြစ်သည် စည်းကပမ်းမရှီသည်မှာဝယ်သည်သာဖြစ်ပြီးပြန်လျည့်မကြည့်ရော ကိုယ်ထံတွင် ဘယ်နစ်ဘူးရှရွေ့ ဘယ်နစ်ဘူးရှိမှန်းမသိချေ။ ပေါင်မုန့်စားရမည် ယခုတစ်လော ဝိတ်တက်လာသည်. စိတ်ငြိမ်သောကြောင့်ဖြစ်မည် သို့မဟုတ်လည်း စိတ်လှူပ်ရှားသောကြောင့်ဖြစ်မည် ဘာမှန်းတော့မသိ ဘိုက်ကလည်းဆာပြီ ဘာလုပ်ရမည် မသိတိုင်း မုန့်ထိုင်စားသောကြောင့်ဖြစသ်ည ဆာမည်စိုးသောကြောင်္င့မုန့်များဝယ်ထားပြီ မဆာသော်လည်ူဝယ်ထားသည်များကို ကုန်အောင်စားရသောကြောင့်လည်းဖြစသ်ည ပေါင် မုန့်မီးကင်ပြန်ဝါးရမည် ။ ပေါက်စီ မုန့်များ ကိတ်ဆီဦးထောပတ်များ ချိစ်ကိတ်များ. ကို ဆက်စားနေရွေ့မဖြစ်သောကြောင့် .......ဆင်ခြင်သည် ဆိုပြီ ပေါင်မုန့်မီးကင်နစ်ချပ်နင့် ငပိကြော်ထိုင်စားလိုက်ရာအတော်ဝင်သွားသည်။ နွားနို့ဆက်သောကရမလား စဥင်္းစားနေဆဲဖြစ်သည. ဘာမှ စဉ်းစားစရာမလိုသည်ို စဉ်းစားသည်မှာလည်းမျုးရိုးဂုဏ်ကို ထိန်းသိန်းရာရောကပေသည် သူရို့အမျိုးသည် အားကြီးစဉ်းစားတတ်သောအမျိုးဖြစ်သည်။ သွားတိုက်ဆေးမှာ သူသုံးရန်ဖြစ်ပြီး အိတ်ကလေးထဲက သွားတိုက်ဆေးမှာ တစ်စုံတစ်ယောက်ို သတိရသောကြောင့်ဝယ်လာခြင်းဖြစ်သည်. လာမယူပါနင့် လမ်းစရိတ်ကုန်မည် WATSON တွင် တွေ့ခဲ့သည် သွားဝယ်ရန်ဖြစ်သည်။ မထင်မှတ်ဘဲ မိုးရွာသောကြောင့်ဝယ်ခဲ့သောထီးကလေးဖြစ်သည်. အပွေးမြင်အပင်သိသော သူသည်နစ်လက်ဝယ်ခဲ့သည်။ ထိုထီးကို ဆောင်းသူသည် သူမဟုတ်ပါ. လူများစွာဖြစ်သည်. ဈေးသက်သသာကြောင့် မိုး၇ွာနေစဉ်လူအားလုံးသည် ထိုထီးကို ဝယ်ကြလေသည် ။ ဈေးသက်သာသောလည်းအတော်ကောင်းသည်။ သူမသည် ဈေးကြီးသောဖိနပ်များကို အသာငေးကြည့်ကာ သူတတ်နိုင်သောပမာဏဖြစ်သော ဖိနပ်ကိုသာ ဝယ်ရရှာသည်.။ သနားတတ်လျင် မျက်ရည်ဖြိုင်ဖြိုင့်ကျနိုင်သည်။ သူဝယ်သော ဖိနပ်မျှာ ဆိုင်တွင် ဈေးအသက်သာဆုံးဖြစ်သည်။။။။။။။။။။။။။။။။။ သူမသည် အဆောင်လည်းနေတတ်သည် ရံဖန်ရံခါ အဆောင်သွားလျင် အမြန်ဆုံးအကျီကို ချွတ်ကာသက်သာသော အကျီကိုလဲရသည်. အများနင့်ဖြစ်ရာ.သင့်တော်လုံခြုံမှဖြစ်သည်. ဟယ် အကျီကြီးက ကြီးလိုက်တာ တို့က ဆိုဒ် ၂၉ တော့ဟု ပြောသူသည် မျက်ဖြူဆိုက်သွားလေသည် သူခန့်မှန်းထားသည်မှာ မမလှလှဖြစ်ရာ သူသည် ဘလော့ ၂၁၄.. တိုပါရိုး .အတွက်စိတ်မကောင်းဖြစ်မိလေသည်. အမှန်ကတော့ခေါင်းစွပ် အနွေးထည်ဖြစ်သည် ဘေထုတ်ထဲမှကောက်လာခြင်းဖြစ်သည်။ သူမအိမ်တွင် စားပွဲမရှိပါ။ ပါတိတ်မှာ ဒီအတိုင်းဝယ်လာခြင်းဖြစသ်ည ဝတ်ခြင်ဝယတ်. မဝတ်ချင်လျှင် လက်ဆောင်ပေး. ပါတိတ်၏ ဒုတ်ခမှာ သိတ်လေးခြင်းဖြစသ်ည်။ဝယ်ရသည် အပန်းမကြီး အဲလေ အပန်းကြီသလို သယ်ရသည်မှာလေးပြီး ဝေလိုက်လျင် ခဏလေးကုန်သွားသော အရာသည် ပါတိတ်ဖြစ်သည်ပေးမလောက်ထဲတွင်ပါသည်။ စာရင်းချုပ်သော် အိတ်တစ်လုံးပါလာသည်။ လက်ကိုင်ရွေ့ရသလို ကြိုးအရှည်အလတ်လဲဖြစ်သည်။
<urn:uuid:0ab79382-fd16-4a74-aaed-910880d93340>
CC-MAIN-2014-35
http://khinoomay77.blogspot.sg/2012/08/my-shop.html
2014-08-23T09:26:24Z
s3://commoncrawl/crawl-data/CC-MAIN-2014-35/segments/1408500825567.38/warc/CC-MAIN-20140820021345-00052-ip-10-180-136-8.ec2.internal.warc.gz
mya
0.84424
Mymr
44
{"mya_Mymr_score": 0.8442403674125671, "blk_Mymr_score": 0.14607584476470947}
ကွမ်တုန်းပြည်နယ် |ကွမ်တုန်းပြည်နယ် Guangdong Province |အတိုကောက်အမည်: 粤 (pinyin: Yuè)| |အမည်ရင်းမြစ်||广 guǎng - "ကျပြန့်သော" 东 dōng- "အရှေ့ဘက်" "အရှေ့ဘက်မှပြင်ကျယ်ကြီး" |အုပ်ချုပ်ရေးအမျိုးအစား||ပြည်နယ်| |မြို့တော် (နှင့် အကြီးဆုံးမြို့) |ကွမ်ကျိုးမြို့| |ကွန်မြူနစ်ပါတီ အကြီးအကဲ||ဝမ်းယမ်| |ပြည်နယ်အုပ်ချုပ်ရေးမှူး||ဟွမ်းဟွာဟွာ| |ဧရိယာ||၁၇၇,၉၀၀ စတုရန်းကီလိုမီတာ| |- လတ္တီကျု||20° 13' to 25° 31' N| |- လောင်ဂျီကျု||109° 40' to 117° 20' E| |လူဦးရေ (၂၀၁၀) - သိပ်သည်းမှု |၁၀၄,၃၀၃,၁၃၂ (၁) ၅၃၆ |ဂျီဒီပီ (၂၀၁၀) - လူတစ်ဦးချင်း |ယွမ်ငွေ ၄.၅၅ ထရီလီယံ US$ ၆၈၉.၀၂ ဘီလီယံ[၁] (၁) CNY ၄၀,၇၄၈ US$ ၅,၉၆၅ (၇) |HDI (၂၀၀၈)||၀.၈၄၄ (high) (၄)| |ကိုးကွယ်ယုံကြည်မှုများ||ဗုဒ္ဓဘာသာ၊| |တိုင်းရင်းသားလူမျိုးများ||ဟန့်လူမျိုး - 99% ကျွမ်းလူမျိုး - 0.7% ယောင်လူမျိုး - 0.2% |ဒေသသုံးဘာသာစကားများ||ကန်တုံတရုတ်စကား ဟတ်ခါတရုတ်စကား Teochew စကား လေကျိုးစကား မင်ဒရင်စကား |ခရိုင်ကြီး(Prefecture)အဆင့်||၂၁ ခု| |ခရိုင်ငယ်(County)အဆင့်||၁၂၁ ခု| |မြို့နယ်(Township)အဆင့်*||၁၆၄၂ ခု| |ISO 3166-2||CN-44| |အင်တာနက် စာမျက်နှာ http://www.gd.gov.cn |Source for population and GDP data: 《中国统计年鉴—2005》 China Statistical Yearbook 2005Source for nationalities data: ISBN 7503747382 《2000年人口普查中国民族人口资料》 Tabulation on nationalities of 2000 population census of China*As at December 31, 2004 ISBN 7105054255 |Template ■ Discussion ■ WikiProject China| ကွမ်တုန်း (Guangdong) သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၏တောင်တရုတ်ပင်လယ်ကမ်းခြေတွင် တည်ရှိသော ပြည်နယ်တစ်ခု ဖြစ်သည်။ ရှေးယခင်က အင်္ဂလိပ်စာဖြင့် Kwangtung Province ဟုရေးသားသည်။ ၂၀၀၅ ခုနှစ် ဇန်နဝါရီလမှစတင်၍ ဟဲနန်ပြည်နယ်နှင့် စစ်ချွမ်းပြည်နယ်များကို ဖြတ်ကျော်ကာ တရုတ်ပြည်၏ လူဦးရေအများဆုံး ပြည်နယ်တစ်ခု ဖြစ်လာခဲ့သည်။ အမြဲတမ်းနေထိုင်သူဦးရေ ၇၉ သန်းရှိပြီး ရွှေ့ပြောင်းနေထိုင်သူများမှာ ၃၁ သန်းမျှ ရှိသည်။ [၂][၃] ပြည်နယ်မြို့တော် ကွမ်ကျိုးမြို့ နှင့် စီးပွားရေးမြို့တော် ရှင်းကျင့်မြို့ တို့သည် တရုတ်ပြည်၏ စီးပွားရေးအဖွံ့ဖြိုးဆုံး နှင့် လူဦးရေအထူထပ်ဆုံးသော မြို့တော်များထဲတွင် ပါဝင်သည်။ ၁၉၈၉ ခုနှစ်မှစ၍ ကွမ်တုန်းပြည်နယ်သည် တရုတ်တစ်ပြည်လုံးတွင် ဂျီဒီပီ အမြင့်ဆုံးသော ပြည်နယ် ဖြစ်လာသည်။ ကျန်းစူပြည်နယ်နှင့် ရှန်းတုန်းပြည်နယ်တို့မှာ ဒုတိယ နှင့် တတိယ အမြင့်ဆုံး ဖြစ်ကြသည်။ [၄] ၂၀၀၉ ခုနှစ်တွင် ကွမ်တုန်းပြည်နယ်၏ ဂျီဒီပီသည် ယွမ်ငွေ ၃,၉၀၈,၁၅၉ သန်း (US$ ၅၇၂,၁၂၁ သန်း) အထိရောက်ရှိခဲ့သည်။ ယင်းပမာဏမှာ အင်ဒိုနီးရှားနိုင်ငံ တစ်နိုင်လုံး သို့မဟုတ် တူရကီနိုင်ငံ တစ်နိုင်ငံလုံးစာ နှင့် ညီမျှသည်။ [၅] လူတစ်ဦးချင်းဂျီဒီပီအရမူ ကျန်းစူးပြည်နယ်နှင့် ကျဲ့ကျန်းပြည်နယ်တို့၏ နောက်မှ ကပ်လျက် တတိယလိုက်နေသည်။ ပြည်နယ်မြို့တော် ကွမ်ကျိုးမြို့တွင် ကန်တုန်ကုန်စည်ပြပွဲ (Canton Fair) ဟုခေါ်ဆိုသော တရုတ်ပြည်၏ အကြီးမားဆုံးသော ပို့ကုန်သွင်းကုန် ကုန်စည်ပြပွဲကြီးများကို ကျင်းပလေ့ရှိသည်။ မာတိကာ အမည်ဖြစ်ပေါ်လာပုံ[ပြင်ဆင်ရန်] ကွမ် ("Guang") ဟူသောအမည်သည် ကျယ်ပြန့်သော၊ များပြားသော ဟု အဓိပ္ပါယ်ရသည်။ အေဒီ ၂၂၆ ခုနှစ်တွင် ကွမ်ခရိုင်ကြီး (Guang Prefecture) ကို တည်ထောင်ခဲ့ကြသည်။ တုန်းဟူသည်မှာ အရှေ့ဘက်ဟု အဓိပ္ပါယ်ရသောကြောင့် ကွမ်တုန်းဟူသည်မှာ ကျယ်ပြန့်သောအရှေ့ပိုင်း ("expanse east") ဟု အဓိပ္ပါယ်ရသည်။ ကွမ်ရှီးပြည်နယ်သည်လည်း အလားတူ အဓိပ္ပါယ်ရသည်။ ကွမ်ရှီးဟူသောစကားလုံးတွင် ရှီးဟူသည်မှာ အနောက်ဘက် ဟု အဓိပ္ပါယ်ရသောကြောင့် ကျယ်ပြန့်သောအနောက်ပိုင်း ("expanse west") ဟု ဖြစ်သည်။ ထို့ကြောင့် ကွမ်တုန်း နှင့် ကွမ်ရှီး ပြည်နယ် နှစ်ခုပေါင်းကို ကွမ်နှစ်ပြည် ("Dual-Guangs" - 兩廣 - liăng guăng) ဟု ခေါ်ဆိုသည်။ အတိုကောက်အားဖြင့် ယွဲ့ (粤/粵 - Yue) ဟု သတ်မှတ်သည်။ တရုတ်စာ ဖျင်းယင်းကို မတီထွင်ခင်က အင်္ဂလိပ်စာအားဖြင့် Kwangtung Provinceဟုရေးသားသည်။ အထူးမှတ်ရန်မှာ ကန်တုန် (Canton) ဟူသော ဝေါဟာရသည် ပေါ်တူဂီစကားဖြစ်ပြီး ကွမ်တုန်းပြည်နယ်ကို မဆိုလိုပဲ ကွမ်ကျိုးမြို့ကို သာ ဆိုလိုသည်။ ကွမ်ကျိုးသားများ ပြောဆိုကြသော တရုတ်စကားကို ယွဲ့စကားဟု ခေါ်သည်။ လူဦးရေနှင့်လူမျိုးများ[ပြင်ဆင်ရန်] ၂၀၀၅ခုနှစ် ဇန်နဝါရီလတွင် ကွမ်တုန်းပြည်နယ်သည် တရုတ်ပြည်၏ လူဦးရေအများဆုံးသော ပြည်နယ် ဖြစ်လာခဲ့သည်။ [၂][၃] သို့ရာတွင် စစ်တမ်းများအရ ကွမ်တုန်းပြည်နယ်သို့ တစ်နှစ်တာလျှင် အနည်းဆုံး ခြောက်လခန့် ပြောင်းရွှေ့လာရောက် နေထိုင်ကြသူ ဦးရေမှာ သန်း ၃၀ ကျော် ရှိသည်။ ထို့ကြောင့် စုစုပေါင်း လူဦးရေမှာ သန်းပေါင်း ၁၁၀ ကျော်လေသည်။ [၆] ဤသို့ လူအများအပြား ရွှေ့ပြောင်းလာကြခြင်းမှာ ကွမ်တုန်းပြည်နယ်သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာပြီး လုပ်သားအင်အားလိုအပ်ချက် မြင့်တက်လာသောကြောင့် ဖြစ်သည်။ ကွမ်တုန်းသည် ပြည်ပနေတရုတ်လူမျိုး အများစုတို့၏ ဘိုးဘွားပင်ရင်းဒေသလည်း ဖြစ်သည်။ ၁၉ ရာစု နှစ်များက ကနေဒါနိုင်ငံ မီရထားလမ်းဖောက်လုပ်ရေးလုပ်ငန်းများ၊ ပနားမားနိုင်ငံ နှင့် အမေရိကန်ပြည်ထောင်စု အနောက်ပိုင်း ပြည်နယ်များသို့ ကွမ်တုန်းဒေသမှ တရုတ်လူမျိုး အများအပြား ရွှေ့ပြောင်းသွားခဲ့ကြသည်။ ၁၈၄၉ ခုနှစ် ရွှေအဖျားတက်ပွဲကာလကလည်း ကွမ်တုန်းဒေသမှ တရုတ်လူမျိုး အတော်များများသည် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် နှင့် ဩစတြေးလျနိုင်ငံများသို့ ထွက်ခွာခဲ့ကြသည်။ စီးပွားရေးဖွံ့ဖြိုးလာသောကြောင့် ပြည်ပထွက်ခွာပြောင်းရွှေ့မှု လျော့ကျသွားသော်လည်း မြောက်အမေရိက နှင့် ကမ္ဘာတစ်ဝန်းလုံးသို့ လူပြောင်းရွှေ့မှု အများဆုံးသောဒေသအဖြစ် ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။ အများစုမှာ ဟန့်လူမျိုး (တရုတ်လူမျိုး) များ ဖြစ်ကြသည်။ ယင်းတို့အနက် ကန်တုန်တရုတ်လူမျိုး (Cantonese people) တို့မှာ လူဦးရေအများဆုံး ဖြစ်သည်။ အခြားသော လူများစုမှာ ချောင်ရှန်းဒေသမှ ချောင်ကျိုးတရုတ်လူမျိုး (Teochew people) နှင့် ဟွေကျိုး၊ မေကျိုး၊ ဟဲယွမ်၊ ရှောက်ကွမ်း၊ ကျန်းကျန်း ဒေသများမှ ဟတ်ခါတရုတ်လူမျိုးများ ဖြစ်ကြသည်။ ပြည်နယ်မြောက်ပိုင်းတွင် ယောင်လူမျိုး အနည်းငယ်ရှိသည်။ အခြားလူနည်းစုများမှာ ရှဲ့လူမျိုး၊ မြောင်လူမျိုး၊ လီလူမျိုး နှင့် ကျွမ်းလူမျိုး တို့ ဖြစ်ကြသည်။ ကွမ်တုန်းသည် ကျားမဦးရေအချိုး မညီမျှသော ပြည်နယ်တစ်ခု ဖြစ်သည်။ ၂၀၀၉ ခုနှစ် ဗြိတိသျှဆေးပညာဂျာနယ် (British Medical Journal) ၏ လေ့လာချက်အရ အသက် ၁ နှစ်မှ ၄ နှစ်ကြား ကျားမဦးရေအချိုးမှာ မိန်းကလေး ၁၀၀ တွင် ယောက်ျားလေး ၁၃၀ ယောက် ဖြစ်နေသည်။ [၇] နိုင်ငံရေး[ပြင်ဆင်ရန်] ကွမ်တုန်းပြည်နယ်သည် အခြားသော ပြည်နယ်များကဲ့သို့ပင် ပြည်နယ်အုပ်ချုပ်ရေးမှူးဖြင့် အုပ်ချုပ်သည်။ သို့ရာတွင် ပြည်နယ်ကွန်မြူနစ်ပါတီအတွင်းရေးမှူးက ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ကို စစ်ဆေးနိုင်သည်။ ဟောင်ကောင်၊ မကာအိုတို့နှင့် ဆက်ဆံရေး[ပြင်ဆင်ရန်] ဟောင်ကောင် နှင့် မကာအို တို့သည် ဗြိတိသျှ နှင့် ပေါ်တူဂီ တို့၏ ကိုလိုနီ မဖြစ်ခင်က ကွမ်တုန်းပြည်နယ်၏ အစိပ်အပိုင်းများ ဖြစ်ခဲ့သည်။ သို့ရာတွင် ယခုအခါ ယင်းတို့သည် အထူးအုပ်ချုပ်ခွင့်ရဒေသ (special administrative regions - SARs) များ ဖြစ်နေပြီဖြစ်သည်။ သို့ဖြစ်၍ ဒေသတွင်းအုပ်ချုပ်ရေးဆိုင်ရာများတွင် ကွမ်တုန်းပြည်နယ်မှ ဝင်ရောက်စွက်ဖက်ခြင်း မပြုနိုင်ပေ။ ပညာရေး[ပြင်ဆင်ရန်] ဗဟိုအစိုးရပိုင်တက္ကသိုလ်ကောလိပ်များ[ပြင်ဆင်ရန်] - Jinan University (Guangzhou, Zhuhai, Shenzhen) - Sun Yat-sen University (Guangzhou, Zhuhai) - Guangdong University of Foreign Studies (廣東外語外貿大學)(since 1965)(Guangzhou) - Guangzhou University of Chinese Medicine - South China Agricultural University (華南農業大學) (founded 1909) (Guangzhou) - South China University of Technology (Guangzhou) ပြည်နယ်အစိုးရပိုင်တက္ကသိုလ်ကောလိပ်များ[ပြင်ဆင်ရန်] - Dongguan Institute of Technology - Dongguan University of Technology (Dongguan) - Foshan University (Guangzhou, Foshan) - Guangzhou Academy of Fine Arts (廣州美術學院) - Guangdong Ocean University (廣東海洋大學) - Guangdong University of Business Studies (廣東商學院) - Guangdong Institute of Science and Technology (廣東省科技干部學院) - Guangzhou Medical College (廣州醫學院) - Guangzhou Normal University - Guangdong Pharmaceutical University (廣東藥學院) - Guangdong Polytechnic Normal University (廣東技術師范學院) - Guangzhou Sports University (廣州體育學院) - Guangdong University of Technology (廣東工業大學) - Guangzhou University (廣州大學) - Hanshan Teachers College - Huizhou University - Guangdong Education and Research Network - Guangzhou Education College - Guangdong Institute of Education - Guangdong Medical College - Guangdong Petrochemical Academy - Guangdong Radio & TV. University - Panyu Polytechnic - Shaoguan University - Shenzhen Party School - Shantou University (Shantou) - Shenzhen University (Shenzhen) - Shenzhen Polytechnic - Shunde University (Shunde) - South China Normal University (華南師范大學) - Southern Medical University - Xijiang University - Xinghai Conservatory of Music (星海音樂學院) - Zhanjiang Normal University - Zhaoqing University (肇慶大學) - Zhongkai Agrotechnical College (仲愷農業技術學院) (founded 1927) - Wuyi University (五邑大學) ခရီးသွားလုပ်ငန်း[ပြင်ဆင်ရန်] - တန်းရှတောင်တန်း (Danxia Mountain) - ယွဲရှို့တောင် (Yuexiu Hill) - ကြယ်ပုံရေကန် (Star Lake) - ကြယ်ခုနစ်ပွင့်ကျောက်ချွန်တောင် (Seven Star Crags) - တင်းဟူတောင် (Dinghu Mountain) - ဒေါက်တာဆွန်ယက်ဆင်ကို ဂုဏ်ပြုသော ကျုံးရှန်းပန်းခြံ (Zhongshan Sun Wen Memorial Park for Sun Yat-sen in Zhongshan) အုပ်ချုပ်ရေးခရိုင်များ[ပြင်ဆင်ရန်] အောက်ပါခရိုင်ကြီးများကို ခရိုင် (၄၉)ခု၊ ခရိုင်ငယ် (၇၂)၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ငယ် (၃) ခုတို့ဖြင့် ထပ်မံ ပိုင်းခြားထားသည်။ |Map||စဉ်||ရုံးစိုက်ရာမြို့||တရုတ်စာဖြင့်||ဖျင်းယင်းဖြင့်||ခရိုင်အမည်||လူဦးရေ (၂၀၁၀ခုနှစ်)| |— ပြည်နယ်ခွဲမြို့တော်များ —| |9||ကွမ်ကျိုးမြို့||廣州市||Guǎngzhōu Shì||ယွဲ့ရှို့ခရိုင်||12,700,800| |21||ရှင်းကျင့်မြို့||深圳市||Shēnzhèn Shì||ဖူထျန်းခရိုင်||10,357,938| |— ခရိုင်ကြီးများ —| |1||ချင်းယွမ်မြို့||清遠市||Qīngyuǎn Shì||ချင်းယွမ်ခရိုင်||3,698,394| |2||ရှောင်ကွမ်းမြို့||韶關市||Sháoguān Shì||ကျင်းကျန်းခရိုင်||2,826,612| |3||ဟဲယွမ်မြို့||河源市||Héyuán Shì||ယွမ်းချင်ခရိုင်||2,953,019| |4||မေကျိုးမြို့||梅州市||Méizhōu Shì||မေကျန်းခရိုင်||4,240,139| |5||ချောင်ကျိုးမြို့||潮州市||Cháozhōu Shì||ဖွင်းရှီခရိုင်||2,669,844| |6||ကျောက်ချင့်မြို့||肇慶市||Zhàoqìng Shì||တွမ့်ကျိုးခရိုင်||3,918,085| |7||ယွင်းဖူမြို့||雲浮市||Yúnfú Shì||ယွင်းချင်ခရိုင်||2,360,128| |8||ဖော်ရှန်းမြို့||佛山市||Fóshān Shì||ချန်းချင်ခရိုင်||7,194,311| |10||တုန်းကွမ်းမြို့||東莞市||Dōngguǎn Shì||တုန်းကွမ်းခရိုင်||8,220,237| |11||ဟွေကျိုးမြို့||惠州市||Hùizhōu Shì||ဟွေချင်ခရိုင်||4,597,002| |12||ရှန်းဝေမြို့||汕尾市||Shànwěi Shì||ချင်ချွီးခရိုင်||2,935,717| |13||ကျဲ့ယန်မြို့||揭陽市||Jiēyáng Shì||ရုန်းချင်ခရိုင်||5,877,025| |14||ရှန်းထိုမြို့||汕頭市||Shàntóu Shì||ကျင်းဖျင်ခရိုင်||5,391,028| |15||ကျန့်ကျန်းမြို့||湛江市||Zhànjiāng Shì||ချီးခန်ခရိုင်||6,993,304| |16||မောက်မင်မြို့||茂名市||Màomíng Shì||မောက်မင်ခရိုင်||5,817,753| |17||ယန်ကျန်းမြို့||陽江市||Yángjiāng Shì||ကျန်းချင်ခရိုင်||2,421,812| |18||ကျန်းမင်မြို့||江門市||Jiāngmén Shì||ဖင်းကျန်းခရိုင်||4,448,871| |19||ကျုံးရှန်းမြို့||中山市||Zhōngshān Shì||ကျုံးရှန်းခရိုင်||3,120,884| |20||ကျူးဟိုင်မြို့||珠海市||Zhūhǎi Shì||ရှန်းကျိုးခရိုင်||1,560,229| ကိုးကား[ပြင်ဆင်ရန်] - Three provinces lower GDP targets - English people.com.cn - Chinadaily.com - preliminary statistics of Guangdong'GDP in 2009 - GDP of 31 provinces in China released - media163 - China’s excess males, sex selective abortion, and one child policy: analysis of data from 2005 national intercensus survey - Zhu et al. 338 - bmj.com - Economic data - Economic profile for Guangdong at Hong Kong Trade Development Council ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်] |ဟူနန်ပြည်နယ်||ကျန်းရှီးပြည်နယ်||ဖူကျန့်ပြည်နယ်| |ကွမ်ရှီးပြည်နယ်||တောင်တရုတ်ပင်လယ်| |ကွမ်တုန်းပြည်နယ်| |တုံကင်ပင်လယ်ကွေ့||တောင်တရုတ်ပင်လယ်||ဟောင်ကောင် မကာအို
<urn:uuid:18bb80b8-3950-41a2-b0b6-d5f335129987>
CC-MAIN-2014-35
http://my.wikipedia.org/wiki/%E1%80%80%E1%80%BD%E1%80%99%E1%80%BA%E1%80%90%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA
2014-08-29T20:04:55Z
s3://commoncrawl/crawl-data/CC-MAIN-2014-35/segments/1408500833115.44/warc/CC-MAIN-20140820021353-00410-ip-10-180-136-8.ec2.internal.warc.gz
mya
0.975376
Mymr
97
{"mya_Mymr_score": 0.9753764867782593, "blk_Mymr_score": 0.023472825065255165}
“လုပ်ငန်းက ဘယ်လောက် ကြာမယ်ဆိုတာ အတိအကျ ပြောလို့မရဘူး။ ရာသီဥတု အခြေအနေက ရှိသေးတယ်၊ သိမ်ဟောင်းနေရာမှာ အုတ်တစ်ချပ်တောင် ချန်ခဲ့မှာ မဟုတ်ဘူး။ ကျန်ခဲ့ရင် နင်းမိတဲ့သူတွေ အပြစ်ဖြစ်မှာမို့ ဆရာတော်ကြီးတွေရဲ့ အနီးကပ် ကြီးကြပ်မှုနဲ့ ဆောင်ရွက် နေပါတယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။ ယင်းတောင်ကြားရှိ လယ်တီသိမ်မှ ဌာပနာများကို စေတီသစ်တွင် ပြောင်းရွှေ့ ဌာပနာမည် ဖြစ်ပြီး၊ သိမ်ပြောင်းရွှေ့ခြင်း လုပ်ငန်းများကိုလည်း ဆရာတော်ကြီးများ၏ သြဝါဒနှင့်အညီ ဆောင်ရွက်မည်ဟု ဝန်ကြီးက ရှင်းပြသည်။ လယ်တီသိမ်နုတ်ခြင်းအား မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းနှင့် ညပိုင်းအချိန်များတွင် လက်ပံတောင်းတောင် ဒေသရှိ သံဃာအများစု ပါဝင်ပြီး သံဃာတော် ၂၇ ပါးဖြင့် သိမ်နုတ်ခြင်း ပြုလုပ်ခဲ့ပြီး ဧပြီလ နောက်ဆုံးပတ်တွင် စတင်ပြောင်းရွှေ့ကြောင်း ဒေသခံများက ပြောကြားသည်။ “သိမ်ရွှေ့ဖို့ အစီရင်ခံစာမှာ ဖော်ပြထားတာက မူလပုံသဏ္ဌာန်မပျက် ပွင့်လင်းမြင်သာစွာ ရွှေ့ပြောင်းရမယ်ဆိုတဲ့ အချက်ပါတယ်။ အခုလုပ်ဆောင် နေတာလည်း မသိဘူး။ ရွှေ့နေတာလဲ မသိရဘူး၊ ညမှာပဲ လုပ်ငန်းလုပ်နေတယ် ဆိုတဲ့ သတင်းတွေ ကြားနေရတယ်” ဟု လက်ပံတောင်းတောင် ဒေသခံတစ်ဦးက ပြောဆိုသည်။ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဧရိယာအတွင်း ကျရောက်နေသော ဗုဒ္ဓသာသနိက အဆောက်အအုံများ ဖြစ်သည့် စေတီတော်၊ သိမ်ကျောင်းဆောင်၊ ဂန္ဓကုဋိကျောင်းဆောင်၊ အုတ်တံတိုင်းနှင့် အဝင်မုခ်ဦးများကို ရွှေ့ပြောင်းလျှင် မြတ်စွာဘုရား ဟောတော်မူသည့်အတိုင်း ပါဠိတော်ပါ အဋ္ဌကထာ ဋီကာများနှင့်အညီ ရွှေ့လျှင် ရွှေ့ပြောင်းနိုင်ကြောင်း၊ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော်ကြီးများက ဖေဖော်ဝါရီလ၂၅ ရက်နေ့တွင် ဆားလင်းကြီးမြို့ ကံစွယ်ကျောင်းတိုက်၌ ပြုလုပ်ခဲ့သော သြဝါဒခံယူပွဲတွင် မိန့်ကြားပြီး ဖြစ်သည်။ လက်ရှိအချိန်၌ လက်ပံတောင်း တောင်ကြားတွင်ရှိသော သာသနိက အဆောက်အအုံများကို မူလနေရာနှင့် ကိုက် ၁၅၀၀ ခန့်အကွာရှိ ကျော်ရွာ၏ တောင်ဘက် ပေ ၃၀၀ ခန့်အကွာ ညောင်ပင်ကြီး- ယင်းမာပင်ကားလမ်း အနီးရှိ မြေဧက ၁ ဒသမ ၈၄ ကျယ်ဝန်းသည့် မြေနေရာသို့ ရွှေ့ပြောင်း တည်ဆောက်မည် ဖြစ်ပြီး စေတီတော်၏ အမြင့်ပေမှာ လက်ရှိထက်၂ ဆမြင့်ကာ ဉာဏ်တော် ၅၄ ပေမြင့်မည် ဖြစ်သည်။ တည်ဆောက်မည့် မြေနေရာအတွက် အခွန်လွတ် သာသနာ့မြေဂရန် ရရှိပြီးဖြစ်ကာ သိမ်ဆောက်လုပ်မည့် မြေဧရိယာ ၀ ဒသမ ၀၅ ဧကအတွက် ဝိသုံဂါမ သိမ်ဂရန် ရရှိပြီး ဖြစ်ကြောင်း အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီ၏ ထုတ်ပြန်ချက်များအရ သိရသည်။
<urn:uuid:3d551232-5870-4f50-85bf-816946c7fe64>
CC-MAIN-2014-35
http://thevoicemyanmar.com/index.php/news/item/159-lpt
2014-09-02T21:15:57Z
s3://commoncrawl/crawl-data/CC-MAIN-2014-35/segments/1409535922871.14/warc/CC-MAIN-20140901014522-00112-ip-10-180-136-8.ec2.internal.warc.gz
mya
0.960994
Mymr
24
{"mya_Mymr_score": 0.9609942436218262, "blk_Mymr_score": 0.03461184725165367}
မဟာစင် ဆိုင်ကလုန်း မုန်တိုင်း ၀င်ရောက်နိုင်သည်ဟု ခန့်မှန်းထားသည့် ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသများအတွက် အရေးပေါ်အခြေအနေတွင် အသုံးပြုမည့် စားနပ်ရိက္ခာနှင့် သောက်သုံးရေများ အဆင်သင့် စုဆောင်းထားပြီး ဖြစ်ကြောင်း သိရသည်။ ရခိုင်ပြည်နယ်အစိုးရက ယနေ့နံနက်ပိုင်းက ကျင်းပသော အစည်းအဝေးတွင် ပြောကြားခြင်း ဖြစ်ကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) ဥက္ကဋ္ဌ က ပြောသည်။ ယနေ့နံနက် ၁၀ နာရီတွင် ရခိုင်ပြည်နယ်အစိုးရက နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဘများကိုဖိတ်ကြားပြီး မုန်တိုင်းအတွက် ကြိုတင်ပြင် ဆင်ထားမှုများနှင့်ပတ်သက်၍ အသိပေးမှုများပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောပြသည်။ “ရိက္ခာနဲ့ ရေသန့် စုဆောင်းထားပြီလို့ ပြောတယ်။ ပြီးတော့ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်မသွားအောင် အဓိက လုပ်ထား တယ်တဲ့။ ဒုက္ခသည်တွေကိုတော့ ရွက်ဖျင်တဲတွေကနေ ဆောက်ပြီးသားအိမ်တွေကို ပြောင်းနေပြီလို့ ပြောတယ်။ ရုတ်တရက်ဖြစ် လာရင် ဘာလုပ်မယ်ဆိုပြီး ကော်မတီတွေ ဖွဲ့ထားတယ်လို့ ပြောတယ်”ဟု ၎င်းက ဆိုသည်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့သည် မုန်တိုင်းတိုက်ခတ်ပါက ဆက်လက်လုပ်ဆောင်နိုင်ရန် သတင်းနှင့်ပြန်ကြားရေး၊ လူမှုကယ်ဆယ် ရေး၊ ပြောင်းရွှေ့နေရာချထားရေး၊ ထိခိုက်ဒဏ်ရာရသူများကို မည်သို့ လုပ်ဆောင်မည်၊ ပစ္စည်းများကို မည်သို့ စုဆောင်းမည် စသည် တို့ကို တာဝန်ယူမည့် ကော်မတီများ ဖွဲ့စည်းထားပြီးဖြစ်ကြောင်းလည်း သိရသည်။ ရခိုင်ပြည်နယ်တွင် ၁၉၆၇ ခုနှစ်နောက်ပိုင်းက စတင်ပြီး မေလများတွင် နှစ်စဉ်မုန်တိုင်းဒဏ် ခံခဲ့ရသော်လည်း ကြိုတင်ပြင်ဆင်မှုနှင့် သဘာဝဘေး ကာကွယ်ရေးပစ္စည်းများ ပံ့ပိုးပေးမှု အားနည်းခဲ့ကြောင်း ဒေါက်တာအေးမောင် က ပြောဆိုသည်။ “မေလတွေမှာ တိုက်ခဲ့တဲ့ မုန်တိုင်းတွေက အကြိမ်များပြီ။ ဒါပေမယ့် ဆိုင်ကလုန်းရှယ်လ်တာ(မုန်တိုင်း ဒဏ်ခံ အဆောက်အအုံ) တွေ မရှိဘူး။ အခု ရခိုင်မှာ NGO တွေ လာကူညီနေတုန်း ကမ်းရိုးတန်းတလျှောက် ဆိုင်ကလုန်းရှယ်လ်တာ တွေ ဆောက်ပေးခဲ့ဖို့လိုတယ်။ ဒီရေထိန်း တာတမံတွေ ဆောက်ပေးဖို့ လိုတယ်။ ဒီရေတောတွေ ထိန်းဖို့ လိုတယ်။ ဒါတွေကို အစိုးရအဖွဲ့အနေနဲ့ ဆက် လုပ်ဖို့ အကြံပေးဆွေးနွေးခဲ့တယ်”ဟုလည်း ဒေါက်တာအေးမောင် က ဆိုသည်။ ရခိုင်ပြည်နယ်တွင် ၁၉၆၇ ခုနှစ်က တိုက်ခတ်ခဲ့သော မုန်တိုင်းကြောင့် မြေပုံမြို့နယ်အတွင်းရှိ ကျွန်းများ ပင်လယ်ရေအောက်သို့ ရောက်ရှိကာ ကျွန်းပတ် တာတမံများ ပျက်စီးခဲ့ရပြီး ထိုတာတမံများကို ယနေ့တိုင်ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေးကြောင်း ရခိုင် ကမ်းရိုးတန်းဒေသ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်းမှ သိရသည်။ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာ ၂၂ ရက်နေ့ကလည်း ဂီရိ ဆိုင်ကလုန်း မုန်တိုင်းသည် ရခိုင်ပြည်နယ် အတွင်းရှိ ကျောက်ဖြူ၊ မြေပုံ၊ အမ်း၊ ပေါက်တော၊ မာန်အောင်၊ ရမ်းဗြဲ စသည့် ဒေသများကို တနာရီလျှင် မိုင် ၁၂၀ ၀န်းကျင်ဖြင့် တိုက်ခတ်ခဲ့သည်။ ၂၀၁၀ နိုဝင် ဘာ ၁၀ ရက်နေ့က ထုတ်ပြန်သော ကုလသမဂ္ဂ အစီရင်ခံစာအရ အဆိုပါ ဂီရိမုန်တိုင်းကြောင့် အိမ်ခြေပေါင်း နှစ်သောင်းခန့် ပျက်စီး ဆုံးရှုံးခဲ့ရပြီး လူဦးရေ တသိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ၂၀၀၆ ခုနှစ်တွင် တိုက်ခတ်ခဲ့သော မာလာမုန်တိုင်းကြောင့်လည်း ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ဂွမြို့နယ်တွင် ပျက်စီးဆုံးရှုံးမှုများရှိခဲ့ပြီး ကမ်းသာယာ ကမ်းခြေရှိ ဟိုတယ်လုပ်ငန်းများ ရပ်နားခဲ့ရသည်။ ယခုရက်ပိုင်းအတွင်း မုန်တိုင်းဝင်ရောက်နိုင်သည်ဆိုသော ခန့်မှန်းချက်များကြောင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ပြင်ဆင်မှုများ၊ အသိပေးချက်များနှင့် လူထု၏ သဘာဝဘေးဒဏ် ကာကွယ်ရေးအသိ တက်ကြွစိတ်များက အားရဖွယ်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူတဦးက ပြောသည်။ ဆိုင်ကလုန်းမုန်တိုင်း မဟာစင်သည် မေ ၁၆ ရက်နေ့၌ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်း ကမ်းခြေသို့ ဖြတ်ကျော် ၀င်ရောက် နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန က ခန့်မှန်းထားသည်။ အ၀ါရောင် အဆင့်သာ သတ်မှတ် ထားသော ယင်းမုန်တိုင်း၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်၊ တနင်္သာရီ ကမ်းရိုးတန်း တလျှောက် နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရန်ခါ မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးမည် ဖြစ်ကြောင်း၊ ရေပြင်မြေပြင် လေသည် တနာရီ လျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် ကမ်းခြေဒေသများဆီသို့လည်း ၀င်ရောက်နိုင်ကြောင်း အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။ အိန္ဒိယ သတင်း တပုဒ်တွင်လည်း ဘင်္ဂလားပင်လယ်အော်၌ စတင်ဖြစ်ပေါ်ခဲ့သည့် ယင်း မုန်တိုင်းသည် အားနည်းသွားပြီ ဖြစ်ပြီး အနောက်မြောက် ယွန်းယွန်း၊ ဘင်္ဂလားဒေ့ရ်ှနှင့် မြန်မာ နယ်စပ်တလျှောက် ဖြတ်သန်း ရွေ့လျားဖွယ် ရှိကြောင်း ဖော်ပြ ထားသည်။ ဆက်သွယ်ရေး ဂြိုဟ်တုမှ ရရှိသည့် ပုံများအရ မုန်တိုင်းကို အားဖြည့်ပေးသည့် တိမ်ထူထပ်မှု နည်းပါးသွားပြီး မုန်တိုင်းလည်း အားနည်းသွားပြီ ဖြစ်ကြောင်း အိန္ဒယ ဒေသတွင်း မိုးလေ၀သ ညွန်ကြားရေးမှူး S K Dastidar က ပြောဆိုသည်ဟု ဆိုသည်။
<urn:uuid:ad85c171-c5e5-4ecb-8c72-54b52c391e0b>
CC-MAIN-2014-35
http://burma.irrawaddy.org/%e1%81%80_storm/2013/05/13/39625.html
2014-09-01T07:31:47Z
s3://commoncrawl/crawl-data/CC-MAIN-2014-35/segments/1409535917463.1/warc/CC-MAIN-20140901014517-00359-ip-10-180-136-8.ec2.internal.warc.gz
mya
0.967854
Mymr
29
{"mya_Mymr_score": 0.9678537249565125, "blk_Mymr_score": 0.030750377103686333}
တိုင်တေနီယမ်သတ္တုကို ၁ရ၉၁ ခုနှစ်တွင် အင်္ဂလိင်္ပ်လူမျိုး ဝီလျံဂရက်ဂါဆိုသူက စတင်တွေ့ရှိခဲ့သည်။ ဂျာမန်လူမျိုး အမ်၊ အိပ်၊ ကလပ်ပရုပ်ဆိုသူက ရူတီးခေါ် တိုင်တေးနီယမ်အောက် ဆိုက် တွင်းထွက်ပစ္စည်းရိုင်းမှ အောင်မြင်စွာ ထုတ်ယူ၇ရှိ၍ ဂရိဒဏ္ဍာရီ၌ပါသော ယူရေးနပ်၏သား တိုင်တန်ကို အစွဲပြုပြီးလျှင် တိုင်တေးနီယမ်ဟု အမည်ပေးခဲ့သည်။ ကမ္ဘာ့အပေါ်ယံ မြေလွှာတွင် တိုင်တေးနီယမ်သည် ရာခိုင်နှုန်း ဝ. ၆၅ မျှပါဝင် သည်။ ကမ္ဘာပေါ်တွင် အတွေ့ရအများဆုံး ဒြပ်စင်စာရင်းတွင် ယင်းသည် နဝမမြောက် ဒြပ်စင်ဖြစ်သည်။ အစ်လမင်နိုက်နှင့် ရူတီး တွင်းထွက်ပစ္စည်းရိုင်းနှစ်မျိုးသည် တိုင်တေးနီယမ်သတ္တု ထုတ်ယူ ရရှိသော အဓိက ပစ္စည်းနှစ်မျိုးဖြစ်သည်။ သို့သော် တိုင်တေးနီဖာရပ် မက်ဂနက်တိုက်၊ တိုင်တင်းနိုက်၊ ပီရော့စ ကိုက်နှင့် အခြားတွင်းထွက်ပစ္စည်းရိုင်များတွင်လည်း ဤသတ္တု ပါဝင်သည်။ အမေရိကန်ပြည်ထောင်စု၊ ကနေဒါနိုင်ငံ၊ ဆွီဒင်နိုင်ငံ၊ ဩစတြေးလျနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ ရုရှနိုင်ငံနှင့် နော်ဝေနိုင်ငံများတွင် တိုင်တေနီယမ် တွင်းထွက်ပစ္စည်းရိုင်းကို အနှံ့အပြား တွေ့ရ သည်။ မြန်မာ့စွယ်စုံကျမ်း အတွဲ ၅
<urn:uuid:299d2833-4944-4151-80bc-8ad8f3829d6a>
CC-MAIN-2014-35
http://my.wikipedia.org/wiki/%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E2%80%8C%E1%80%90%E1%80%B1%E1%80%94%E1%80%AE%E1%80%9A%E1%80%99%E1%80%BA
2014-09-01T07:37:48Z
s3://commoncrawl/crawl-data/CC-MAIN-2014-35/segments/1409535917463.1/warc/CC-MAIN-20140901014517-00359-ip-10-180-136-8.ec2.internal.warc.gz
mya
0.996803
Mymr
118
{"mya_Mymr_score": 0.9968031048774719}
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်းရှိ ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်ရေး လုပ်ငန်း၊ ဓာတ်ငွေ့သန့်စင် စက်ရုံတည်ဆောက်ရေး လုပ်ငန်း စသည်တို့ကို တာဝန်ယူထားသည့် တွဲဘက် ကန်ထရိုက် ကုမ္ပဏီများက ဒေသခံ အလုပ်သမား များကို တလနီးပါးအထိ လုပ်ခ ရှင်းမပေးသည့် ဖြစ်ရပ်များ ရှိနေကြောင်း ကြားသိရသည်။ “တပတ်ကို တကြိမ် လုပ်ခတွေ ရှင်းပေးခဲ့တယ်။ အခု လုပ်ခ ရှင်းမပေးတာ ၂၈ ရက်ရှိပြီ။ တခြား လုပ်စရာလည်း မရှိတော့ ဒီမှာပဲ ဆက် အလုပ်ဆင်းနေရတယ်။ တချို့ လစာမရလို့ ဆက်မလုပ်တော့ တာတွေလည်း ရှိတယ်” ဟု ကျောက်ဖြူ မြို့နယ် မလကျွန်း ကျေးရွာရှိ ပိုက်လိုင်း တည်ဆောက်ရေး လုပ်ငန်းတွင် နေ့စားလုပ်နေသည့် ကိုခင်ရီက ပြောသည်။ နေ့စား အလုပ်သမားများသည် မနက် ခြောက်နာရီခွဲမှ ညနေ ၅ နာရီခွဲအထိ အလုပ်ဆင်းရပြီး နေ့လယ်စာ စားချိန်နှင့် နားချိန်ကို မနက် ၁၁ နာရီခွဲမှ ၁ နာခွဲအထိ ရရှိကြောင်း သိရသည်။ အများအားဖြင့် မြေကျင်းတူး၊ မြေသယ် စသည့် အလုပ်များကို လုပ်ကိုင်ရပြီး လုပ်အားခအဖြစ် တရက်လျှင် ၃၅၀၀ ကျပ်နှုန်း ရရှိကြသည်။ “ကျနော်တို့က ဒီပိုက်လိုင်း စီမံကိန်းရဲ့ တစိတ်တပိုင်းကိုပဲ တာဝန်ယူထားတဲ့ တွဲဘက် ကန်ထရိုက်ဆိုတော့ ကျနော်တို့ အထက်က ကုမ္ပဏီကြီးတွေက ငွေရှင်းမှပဲ အလုပ်သမားခတွေ ပေးနိုင်ပါတယ်။ အခုလည်း ရစရာရှိတာ မရတော့ ကြန့်ကြာနေတာပါ” ဟု ပိုက်လိုင်း တည်ဆောက်ရေး တစိတ်တပိုင်းကို တာဝန်ယူထားသည့် MCC ကုမ္ပဏီမှ အလုပ်သမားရေးရာ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောသည်။ သဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်း သွယ်တန်းမှု စီမံကိန်းအတွက် ရခိုင်ပြည်နယ်အတွင်း ၂၀၂ ကီလိုမီတာ တည်ဆောက်ရန် တာဝန်ယူထားသည့် အိန္ဒိယ ကုမ္ပဏီတခုဖြစ်သည့် Punj Loid ကုမ္ပဏီမှ တာဝန်ရှိသူ တဦးကလည်း နေ့စား အလုပ်သမား များအတွက် လုပ်ခလစာများကို ၁၅ ရက်လျှင် တကြိမ်ထုတ်ပေးလေ့ရှိပြီး အကြောင်း အမျိုးမျိုးကြောင့် ကြန့်ကြာမှုများ ရှိနိုင်သည်ဟု ဖြေရှင်းပြောဆိုသည်။ ကျောက်ဖြူမြို့နယ်အတွင်းရှိ သဘာဝဓာတ်ငွေ့ တူးဖော်ရေး၊ ပိုက်လိုင်း တည်ဆောက်ရေး၊ ဓာတ်ငွေ့သန့်စင် စက်ရုံ တည်ဆောက်ရေး စသည့် လုပ်ငန်းများအတွက် ဒေသခံ များကို အလုပ်ပေးထား နိုင်သော်လည်း ဒေသခံ အများစုမှာ နေ့စား အလုပ်သမားများ အဖြစ်သာ ရပ်တည်နေရကြောင်း သိရသည်။ “ကျနော်တို့ ဓာတ်ငွေ့ သန့်စင်စက်ရုံ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ ဒေသခံ ၃၀ ရာခိုင်နှုန်း ခန့်ထားပါတယ်။ အများဆုံးကတော့ မြေသယ်၊ ကျင်းတူးစတဲ့ အလုပ်ကြမ်းတွေမှာ ခန့်ထားတာပါ။ ကျနော်တို့ အနေနဲ့ ဒေသခံတွေကို ဒီထက်ပိုကောင်းတဲ့ အလုပ်အကိုင်တွေမှာ ခန့််ထားချင်ပေမယ့် ပညာအရည်အချင်း၊ လုပ်ငန်း ကျွမ်းကျင်မှုလိုအပ်ချက် တွေ အများကြီး ရှိတဲ့အတွက် အဲဒီလို မလုပ်နိုင်ပါဘူး” ဟု MGC ကုမ္ပဏီမှ အထွေထွေ မန်နေဂျာ ဦးဇော်မင်းဦးက ဆိုသည်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းနှင့် ၀င်ရောက်လာချိန်တွင် ဒေသခံများ၏ ပညာရေး အခြေအနေ နိမ့်ကျမှု၊ လုပ်ငန်း မကျွမ်းကျင်မှု၊ အရည်အသွေး မပြည့်မီမှုတို့သည် မြန်မာနိုင်ငံအတွက် ကြီးမားသော စိန်ခေါ်မှုများ ဖြစ်ကြောင်း ရွှေ သဘာဝဓာတ်ငွေ့လုပ်ငန်း ဆန့်ကျင် လှုပ်ရှားမှု အဖွဲ့ခေါင်းဆောင် ဦးဝင်းအောင်က ဧရာဝတီနှင့် သီးသန့် တွေ့ဆုံမေးမြန်းစဉ် ပြောကြားခဲ့သည်။ ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းကို ၂၀၁၃ ခုနှစ်အတွင်း အပြီးသတ် ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်း ပြီးစီးပါက ထွက်ရှိမည့် သဘာဝဓာတ်ငွေ့ကို တရုတ်၊ အိန္ဒိယနှင့် ကိုရီးယား နိုင်ငံများနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတို့က ခွဲဝေ ရယူကြမည်ဖြစ်ကြောင်း သိရသည်။ ခွဲဝေယူရာတွင် တရုတ်နိုင်ငံမှ ရာခိုင်နှုန်း အများဆုံးအဖြစ် ၅၀ ဒဿမ ၉ ရာခိုင်နှုန်း ရရှိမည်ဖြစ်ကာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှရရှိမည့် သဘာဝဓာတ်ငွေ့ကို ရခိုင်ပြည်နယ်အတွက် အသုံးပြုမည်၊ မပြုမည်ကို တရားဝင် သတင်းထုတ်ပြန်မှု မရှိသေးပေ။
<urn:uuid:f2e72988-1caf-4682-addc-e08f36825bf3>
CC-MAIN-2014-35
http://burma.irrawaddy.org/%e1%81%80_worker/2013/01/10/30321.html
2014-09-03T04:38:01Z
s3://commoncrawl/crawl-data/CC-MAIN-2014-35/segments/1409535924501.17/warc/CC-MAIN-20140909013106-00289-ip-10-180-136-8.ec2.internal.warc.gz
mya
0.956129
Mymr
58
{"mya_Mymr_score": 0.9561289548873901, "blk_Mymr_score": 0.04229765012860298}
ဒီကနေ့ ဦးရာရှစ် နှစ်တစ်ရာပြည့် အခမ်းအနားကို တက်ရောက်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က အခုလို ပြောကြားခဲ့ပါတယ်။ "သမိုင်းမှာ ထိုက်ထိုက်တန်တန် နေရာယူပေးခဲ့တဲ့ တာဝန်ပေးခဲ့တဲ့ ကျွန်တော်တို့ လူမျိုးရဲ့ အင်မတန် သဘောထားကြီးကြောင်းကိုလည်း ဆက်ပြီးတော့ ပြပါ။ကျွန်တော်တို့ ဒီကနေ့ အရေးကြီးနေတဲ့ အချိန်မှာ ကျွန်တော်တို့ဟာ လူမျိုးမခွဲဘူး၊ဘာသာ မခွဲခဲ့ဘူးဆိုတဲ့ အစဉ်အလာကို ဆက်ပြီး ထိန်းရမယ်။တစ်ဘက်ကလည်း ဘယ်ဘာသာ၊ဘယ်လူမျိုး ဖြစ်ဖြစ် ကျွန်တော်တို့က နိုင်ငံသားမှန်ရင် နိုင်ငံသား အခွင့်အရေး အပြည့် ပေးသလို ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး အပေါ်မှာလည်း သစ္စာရှိကြောင်းကိုလည်း ကျွန်တော် တိုက်တွန်းပါတယ်" တ.က.သ နဲ့ ဗ.က.သ ဥက္ကဌဟောင်း ဦးရာရှစ် နှစ်တစ်ရာပြည့် အခမ်းအနားကို ဝါရင့်နိုင်ငံရေးသမားတွေ ဖြစ်တဲ့ ဦးဝင်းတင်၊ ဦးတင်ဦးစတဲ့ နိုင်ငံရေးသမားတွေ၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တွေ အပါအ၀င် နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ ရဟန်းသံဃာတော်တွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ လူပရိသတ် (၅၀၀) ကျော် တက်ရာက်ခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ တ.က.သ/ဗ.က.သ ဥက္ကဌ ဦးရာရှစ် ရာပြည့်အခမ်းအနား ကျင်းပရေးကော်မတီက ၁၉၆၂ ခုနှစ်က ဖျက်ဆီးခံခဲ့ရတဲ့ တ.က.သ အဆောက်အဦးကို မူလနေရာမှာ ပြန်လည် တည်ဆောက်ပေးရေး၊ ကျောင်းသား သမဂ္ဂ သမိုင်းကို ကျောင်းသုံးစာအုပ်တွေမှာ ပြန်လည် ထည့်သွင်း ဖော်ပြပေးရေး စတဲ့အချက်တွေ ပါဝင်တဲ့ သဘောထား ထုတ်ပြန်ချက် တစ်ခုကို ဖတ်ကြားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ရန်ကုန်တက္ကသိုလ် ရှင်သန်ဖွံ့ဖြိုးရေးနဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦး ပြန်လည်တည်ဆောက်ရေးအတွက် ရံပုံငွေ ရှာဖွေတဲ့အနေနဲ့ (၅)ရက်ကြာ ပြုလုပ်မယ့် ရှင်သန်ဖူးဝေ ကံ့ကော်မြေ ပန်းချီပြပွဲ ကို ရန်ကုန်မြို့၊ လှိုင်မြို့နယ်မှာရှိတဲ့ ယုဒဿန်ခန်းမမှာ ဒီကနေ့ မနက်က စတင်ဖွင့်လှစ် ပြသရောင်းချနေပြီဖြစ်ပါတယ်။ ျအသံဖိုင်နားထောင်ရန် ျအသံဖိုင်ယူရန်။ျ
<urn:uuid:6e914bd7-c437-40a8-8e08-4dee7996db4c>
CC-MAIN-2014-35
http://www.rfa.org/burmese/news/88-mkn-11062012002434.html
2014-08-23T19:17:39Z
s3://commoncrawl/crawl-data/CC-MAIN-2014-35/segments/1408500826343.66/warc/CC-MAIN-20140820021346-00111-ip-10-180-136-8.ec2.internal.warc.gz
mya
0.890435
Mymr
41
{"mya_Mymr_score": 0.8904352784156799, "blk_Mymr_score": 0.10715077072381973}
မာတင်လူသာကင်း ဂျူနီယာ မာတင်လူသာကင်း ဂျူနီယာ (Martin Luther King Jr) ( January 15,1929-April 4,1968) သည် အာဖရိကန်-အမေရိကန် သင်းအုပ်ဆရာ တစ်ယောက်ဖြစ်ပြီး အမေရိကန် လူ့အခွင့်ရေး လှုပ်ရှားသူများထဲတွင် တက်ကြွထင်ရှားသော သူတစ်ယောက်ဖြစ်သည်။ သူ၏ ထင်ရှားခဲ့သော ဂုဏ်ရည်မှာ အမေရိကန် လူ့အခွင့်အရေးကို ပိုမိုထိရောက်သော အဆင့်အဖြစ်သို့ ပို့ဆောင်ပေးနိုင် ခဲ့ခြင်းဖြစ်သည်။ မာတင်လူသာကင်းအား ယနေ့တိုင်ပင် လူ့အခွင့်အရေး သင်္ကေတ တစ်ခုအဖြစ် မကြာခဏ ရည်ညွှန်း ပြောဆိုလေ့ရှိကြသည်။ ကင်းသည် သင်းအုပ်ဆရာတော် ဖြစ်လာပြီးနောက် လူ့အခွင့်အရေး လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက် လာလေသည်။ သူသည် မောင်ဂိုမာရီ ဘတ်(စ)ကားလိုင်းအား သပိတ်မှောက်မူ့တွင် ဦးဆောင်ခဲ့ပြီး၊ တောင်ပိုင်း ခရစ်ယာန် ခေါင်းဆောင်မှု ညီလာခံနှင့် သားဖွားဆရာမ သင်တန်းသူများ၏ အကြမ်းမဖက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီ စသည်တို့ကို ဖွဲ့စည်းပေးခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ကင်းသည် ဘာမင်ဟန်သို့ချီတက်ကာ I Have a Dream ဟူသော မိန့်ခွန်းကို ဟောပြောခဲ့သည်။ ထိုနေရာတွင် သူသည် လူထု၏ လူ့အခွင့်အရေး အမြင်များအား နိုးကြားစေခဲ့ကာ သူကိုယ်တိုင်သည်လည်း အမေရိကန် သမိုင်းတွင် စည်းရုံးဟောပြောခြင်း အကောင်းဆုံးသူများထဲမှ တစ်ယောက်ဖြစ်လာသည်။ သူ၏ အကြမ်းမဖက်ရေး လှုပ်ရှားမှုများကြောင့် ၁၉၆၄ ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဘယ်ဆုကို ရရှိခဲ့သည်။ သူသေမည့် ၁၉၆၈ ခုနှစ်ထဲတွင် သူ၏ ဆင်းရဲမွဲတေမှု လျော့ချခြင်းနှင့် ဗီယက်နမ် စစ်ပွဲအား ဆန့်ကျင်သည့် အချက်အား ဘာသာရေး ရှုထောင့် မှနေ၍ ပြန်လည်သုံးသပ်ခဲ့သည်။ ကင်းသည် ၁၉၆၈ ခုနှစ် ဧပြီ ၄ ရက်နေ့တွင် တန်နက်စီပြည်နယ်၊ မင်းဖစ်မြို့တွင် လုပ်ကြံခံခဲ့ရသည်။ သူသေဆုံးပြီးနောက်လည်း သူ့အားဂုဏ်ပြုကာ ဆုတံဆိပ်များစွာ ချီးမြှင့်ခဲ့ကြသည်။ ၁၉၇၇ တွင် Presidential Medal of Freedom ဆုကိုလည်းကောင်း၊ ၂၀၀၄ ခုနှစ်တွင် Congressional Gold Medal ဆုတံဆိပ်ကိုလည်းကောင်း ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။ ၁၉၈၆ ခုနှစ်တွင် မာတင်လူသာကင်းနေ့ ဟူ၍ အမေရိကန်တစ်နိုင်ငံလုံး အားလပ်ရက်အဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့ကြသည်။ မာတိကာ ငယ်စဉ်ဘဝ[ပြင်ဆင်ရန်] မာတင်လူသာကင်းအား ဂျော်ဂျီယာပြည်နယ်၊ အတ္တလန်တာမြို့တွင် ၁၉၂၉၊ ဇန်နဝါရီ ၁၅ ရက်နေ့တွင်မွေးဖွားခဲ့သည်။ သူ၏ မိဘများမှာ မာတင်လူသာကင်း စီနီယာနှင့် အယ်လဘာတာဝီလျံကင်းတို့ဖြစ်ကြသည်။ သူ၏ ဖခင်မှာ သားနှစ်ယောက်အား မိုက်ကယ်ကင်းနှင့် မိုက်ကယ်ကင်း ဂျူနီယာဟု အမည်ပေးခဲ့သော်လည်း ၁၉၃၄ ခုနှစ်တွင် ဂျာမနီသို့သွားရောက် လည်ပတ်ပြီးသည်တွင် ခရစ်ယာန်ဝါဒပြုပြင်ရေး လုပ်ခဲ့သူ ပုဂ္ဂိုလ်ကြီးအားဂုဏ်ပြုသည့် အနေဖြင့် သားနှစ်ယောက်လုံးအား မာတင်ဟု နာမည်ပြောင်းခဲ့သည်။ မာတင်ဆိုသည့်နာမည်မှာ ထိုခရစ်ယာန်ဝါဒပြုပြင်ရေး လုပ်ခဲ့သူ ဂျာမနီပရိုတက်စတင့် ဂိုဏ်းဝင် မာတင်လူသာ ၏ အမည်ဖြစ်သည်။ အတ္တလန်တာ မြို့တွင် ကြီးပြင်းခဲ့စဉ်ကာလအတွင်း မာတင်လူသာကင်းသည် ဘွတ်ကာတီဝါရှင်တန် အထက်တန်းကျောင်း တွင် ပညာသင်ကြားခဲ့သည်။ သူသည် ကိုးတန်း နှင့် ဆယ့်နှစ် တန်းအဆင့်များအား အဆင့်ကျော်အောင်မြင်နိုင်ခဲ့ပြီး ၁၅ နှစ်သားအရွယ်တွင် အတ္တလန်တာရှိ မိုးဟောက်စ် လူမည်းကောလိပ်တွင် ပညာဆက်လက်သင်ကြားခဲ့သည်။ မိုးဟောက်စ် ကျောင်းမှ လူမှုရေးဒဿန (sociology) ဘာသာဖြင့် ဘွဲ့ရခဲ့ပြီးနောက် ပင်ဆယ်လ်ဗေးနီးယားပြည်နယ်၊ ချက်စတာမြို့ရှိ ခရိုဇာ သီအိုလိုဂျီကယ် ဆီမင်နရီ ကျောင်းတွင် ပညာဆက်သင်ခဲ့သည်။ ထိုကျောင်းမှ ဘာသာရေးဆိုင်ရာ ဘွဲ့ကိုရရှိခဲ့သည်။ ထို့နောက် ၁၉၅၅ ခုနှစ်တွင် ဘာသာရေးအတွေးအခေါ် ဖြင့် ဒေါက်တာဘွဲ့ကို ရယူခဲ့သည်။ ကင်းသည် ကော်ရက်တာစကော့ဆိုသူအမျိုးသမီးနှင့် ၁၉၅၃ ဂျွန်၊ ၁၈ ရက်နေ့တွင်လက်ထပ်ခဲ့သည်။ ကင်းနှင့် စကော့တို့သည် သားသမီး လေးယောက်ထွန်းကားခဲ့သည်။ ၁၉၅၄ ခုနှစ် ကင်း အသက် ၂၅ နှစ်အရွယ်တွင် အယ်လဘားမား ပြည်နယ်၊ မောင့်ဂိုမာရီမြို့တွင် သင်းအုပ်ဆရာတော်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့လေသည်။ မောင့်ဂိုမာရီ ဘတ်စ်လိုင်းအား သပိတ်မှောက်မှု[ပြင်ဆင်ရန်] ၁၉၅၅ ခုနှစ် မတ်လတွင် အသက် ၁၅ နှစ်အရွယ်ကျောင်းသူလေး တစ်ယောက်သည် သူ၏ အနီးရှိ လူဖြူအမျိုးသား တစ်ယောက်အား ထိုင်ခုံပေးရန် ငြင်းဆန်ခဲ့သောကြောင့် ဥပဒေအရ အရေးယူခံခဲ့ရလေသည်။ ဘာမင်ဂမ် အာဖရိကန်-အမေရိကန် ကော်မတီဝင်ဖြစ်သော ကင်းက ထိုကိစ္စကို အရေးယူဖြေရှင်းချင်သော်လည်း၊ အက်ဂါနစ်ဆန်(Edgar Nixon) နှင့် ကလစ်ဖို့ဂျား Clifford Durr တို့က ပိုမိုကောင်းမွန်သော အချက်ကြုံမှဖြေရှင်းရန် တားမြစ်ခဲ့ကြသည်။ ၁၉၅၅ ဒီဇင်ဘာ ၁ ရက်နေ့တွင် လူမည်းအမျိုးသမီး တစ်ယောက်ဖြစ်သော ရိုဆာပတ်(Rosa Parks) သည် လူဖြူအမျိုးသားတစ်ယောက်အား ထိုင်ခုံပေးရန်ငြင်းဆန်မှုဖြင့် အဖမ်းခံခဲ့ရလေသည်။ ထိုကိစ္စအား လူမည်းများက မကျေနပ်သောကြောင့် ဘတ်စ်ကားလိုင်းအား သပိတ်မှောက်ခဲ့ရာ နစ်ဆန်က အဓိက အကြံဉာဏ်နှင့် အစီအစဉ်များ ချမှတ်၍ ကင်း ကဦးဆောင်ခဲ့သည်။ ရက်ပေါင်း ၃၈၅ ရက်မျှ သပိတ်မှောက် ခဲ့ပြီး လူမည်းများက တရားရုံးချုပ်အထိ လျှောက်လဲခဲ့ကြသည်။ ဆန္ဒပြကာလအတွင်း တင်းမာမူ့များဖြစ်လာခဲ့ပြီး ကင်း၏ အိမ်သည်လည်း လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခြင်းခံခဲ့ရသည်။ ထိုလှုပ်ရှားမှုအတွင်းတွင် ကင်း သည်လည်း ဖမ်းဆီးခံခဲ့ရသည်။ နောက်ဆုံးတွင် မောင်ဂိုမာရီသည် ဘတ်စ်ကားလိုင်းသည် နီဂရိုး အစည်းအရုံးကို အလျှော့ပေးခဲ့ရပြီး အမေရိကန်တရားရုံးချုပ်ကလည်း မောင်ဂိုမာရီရှိ လူထုဘတ်စ်ကားများပေါ်တွင် လူဖြူ၊ လူမည်းခွဲခြားခြင်းကို ပယ်ဖျက်ရန်ဆုံးဖြတ်ချက်ချခဲ့သည်။ မောင်ဂိုမာရီ အရေးတော်ပုံတွင် အောင်ပွဲ စတင်ရရှိလိုက်သောကြောင့် ကင်း၏ဒဿနကို မှတ်ကျောက်တင်လိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။ ထိုနှစ်ကာလများအတွင်းတွင် ကင်း၏ စည်းရုံးလှုံ့ဆော်မှုဖြင့် ထိုင်သပိတ်များ မှောက်ကြပြီး လူမည်း လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသည်။ တောင်ပိုင်း ခရစ်ယာန် ခေါင်းဆောင်မူ့ ညီလာခံ[ပြင်ဆင်ရန်] ကင်း၊ Ralph Abernathy နှင့် အခြား လူမှုအခွင့်အရေး လှုပ်ရှားသူများသည် ၁၉၅၇ ခုနှစ်တွင် တောင်ပိုင်း ခရစ်ယာန် ခေါင်းဆောင်မှု ညီလာခံ(Southern Christian Leadership Conference,SCLC) ကို တည်ထောင်ခဲ့သည်။ ထိုအုပ်စုသည် လူမည်းဘုရားကျောင်း များ၏ သာသနာရေးအာဏာကို စုစည်းအသုံးပြုကာ မြို့ပြလူမှုအခွင့်အရေး လှုပ်ရှားဆန္ဒပြသူများအတွက် အကြမ်းမဖက်ရေး လမ်းစဉ်ကို အသုံးပြုရန် ဖန်တီးလှုံ့ဆော်ခဲ့ကြသည်။ ကင်းသည် သူသေဆုံးသည်အထိ SCLC အဖွဲ့အား ဦးဆောင်မှုပေးခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် သူ၏ စာအုပ်ဖြစ်သော Strive Toward Freedom အား Harlem ကုန်တိုက်စတိုးတွင် လက်မှတ်ရေးထိုးပေးခိုက် စိတ်မနှံ့သူ လူမည်း အမျိုးသမီးတစ်ဦးမှ ဓားဖြင့်ထိုးခဲ့ရာ နှလုံးနှင့် အနီးဆုံးနေရာကို ထိသွားခဲ့ဖူးသည်။ အလွန်ကံကောင်း သောကြောင့် ကင်းသည် သေဘေးမှ လွတ်မြောက်ခဲ့ရခြင်းဖြစ်သည်။ ဂန္ဒီ၏ အကြမ်းမဖက်ရေး လှုပ်ရှားမူ့များသည် ကင်းအပေါ်တွင် များစွာလွှမ်းမိုးခဲ့ပြီး၊ ထိုနည်းလမ်းများသည် အယ်လဘားမား ပြည်နယ်ရှိ လူ့အခွင့်အရေး လှုပ်ရှားမှုများအား မှန်ကန်သောလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။ SCLC မှ စုစည်းပေးသော ဆန္ဒပြသူများအား ကင်းသည် အကြမ်းမဖက်ရေးဝါဒများကို ဟောပြောပို့ချပေးခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် သူသည် The Measure of A Man ဆိုသည့်စာအုပ်ကို ရေးသားခဲ့ပြီး ထိုစာအုပ်အား What is Man ဟူသော စာအုပ်မှ ရေးသားခဲ့ခြင်းဖြစ်သည်။ ယင်းစာအုပ် The Measure of A Man တွင်လူ့အဖွဲ့အစည်း၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အဆောက်အဦးများ၏ အခက်အခဲရုန်းကန်ရမှုများကို ခြယ်မှုန်းရေးသားခဲ့သည်။ ပြည်ထောင်စု ထောက်လှမ်းရေး ဗျူရို(FBI) မှလည်း ကင်းအား ၁၉၆၃ ခုနှစ်မှစတင်ကာ တယ်လီဖုန်းကြားဖြတ် နားထောင်ကာ စုံစမ်းခဲ့သည်။ ညွှန်ကြားရေးမှုးချုပ် ဂျေအဂ္ဂါဟူးဗားသည် လူ့အခွင့်အရေး လှုပ်ရှားမှုများတွင် ကွန်မြူနစ်များက စိမ့်ဝင်ထိုးဖေါက်လာမည်ကို ကြောက်ရွံ့ခဲ့သည်။ ထို့ကြောင့် စုံစမ်းမှုများလုပ်ခဲ့သော်လည်း မည်သည့်အထောက်အထားမှ မရှိခဲ့သဖြင့် တယ်လီဖုန်းလိုင်းတစ်ခုမှ မတော်တဆဖမ်းယူခဲ့သော ကင်း၏ ပုဂ္ဂလိက အကြောင်းအား တိပ်ဖြင့်ဖမ်းကာ ကင်းအား ထင်ရှားသော ခေါင်းဆောင်အဖြစ်မှ နှုတ်ထွက်ရန် ဖိအားပေး ခြိမ်းခြောက်ခဲ့သည်။ ကင်းသည် လူမည်းများအား စုစည်းကာ ဦးဆောင်မှုပေးနိုင်ခဲ့ပြီး လူမည်းများမဲပေးခွင့်၊ လူဖြူလူမည်း တန်းတူအခွင့်အရေး ရရှိမှု၊ အလုပ်သမား အခွင့်အရေးနှင့် အခြားအခြေခံ လူ့အခွင့်အရေးများအား တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်များထဲမှ အများအပြားမှာ အောင်မြင်မှုများရရှိခဲ့ပြီး အမေရိကန် ပြည်ထောင်စု ဥပဒေများထဲတွင် ၁၉၆၄ လူမှုအခွင့်အရေး ဥပဒေနှင့် ၁၉၆၅ မဲပေးခွင့်ဥပဒေများအဖြစ် ထည့်သွင်းအသက်ဝင်စေခဲ့သည်။ ကင်းနှင့် SCLC တို့သည် အကြမ်းမဖက်ရေး ဆန္ဒပြမှု စည်းမျဉ်းများအား ချမှတ်နိုင်ခဲ့ပြီး ကြီးမားသော အောင်မြင်မှုများလည်း ရရှိခဲ့သည်။ အောင်မြင်ရသော အကြောင်းရင်းများတွင် ဆန္ဒပြမှု နည်းလမ်းများနှင့် ဆန္ဒပြရမည့် နေရာများအား မှန်ကန်စွာ ရွေးချယ်နိုင်ခဲ့ခြင်းတို့ကြောင့်လည်းဖြစ်သည်။ အာဏာပိုင်များမှ မကြာခဏဆိုသလိုပင် ပုံမှန်နှိပ်ကွပ်မှုများနှင့်လည်း ဆန္ဒပြသူများ ကြုံခဲ့ရသည်။ တစ်ခါတစ်ရံတွင် ထိုနှိမ်နင်းမှုများသည် အကြမ်းဖက်ပွဲများဆီသို့ ဦးတည်သွားတတ်လေသည်။ အယ်ဘာနီ လှုပ်ရှားမှု[ပြင်ဆင်ရန်] ဘာမင်ဟန် တိုက်ပွဲ[ပြင်ဆင်ရန်] ဘာမင်ဟမ် ဆန္ဒပြပွဲသည် အာဖရိကန်-အမေရိကန် များ၏ လူမှုအခွင့်အရေးများ ပိုမိုရရှိစေရန်အတွက် SCLC ၏ မဟာဗျူဟာ မြောက်သော စီစဉ်မှုတစ်ရပ်လည်းဖြစ်သည်။ ထိုဆန္ဒပြပွဲသည် နှစ်လမျှကြာမြင့်ခဲ့ပြီး နောက်ဆုံးတွင် အောင်မြင်မှုရရှိခဲ့သည်။ ထိုစဉ်က အရေးအခင်းအား ပြည်သူ့လုံခြုံရေး ဌာန မင်းကြီး သီအိုဖီးလ်စ်(ဘူးလ်) ကွန်နာ က ကိုင်တွယ်ခဲ့သည်။ ဆန္ဒပြသူအများအပြားအားလည်း ထောင်သွင်း အကျဉ်းချခဲ့ကြသည်။ ထိုအထဲတွင် ယောက်ျား၊ မိန်းမ၊ ကလေးသူငယ်များပင် ပါဝင်လေသည်။ ရဲများသည် ဆန္ဒပြသူများအား တုတ်ဖြင့်ရိုက်ခြင်း၊ သံချပ်ကာ ကားဖြင့် ဝင်တိုက်ခြင်းများ ပြုလုပ်ခဲ့ကြပြီး၊ ထိုအဖြစ်အပျက်များအား မြင်တွေ့ရသော လူဖြူများပင်လျင် လူမှုအခွင့်အရေး လှုပ်ရှားမူ့အတွင်း ပါဝင်လာကြသည်ဟု ဆိုသည်။ မည်သို့ပင်ဖြစ်စေ အကျပ်အတည်း တစ်ရပ်အား မာတင်လူသာကင်းသည် ဖန်တီးနိုင်ခဲ့လေသည်။ ထိုအကျပ် အတည်းမှ တဆင့် လိုချင်သော ဆန္ဒများအား အကြမ်းမဖက်ရေး နည်းလမ်းကို အသုံးပြုကာ တောင်းယူခဲ့ကြသည်။ ဆန္ဒပြပွဲကြီး ပြီးဆုံးသွားပြီးနောက် ကွန်နာသည် အလုပ်ပြုတ်သွားပြီး ကင်းမှာ ပိုမိုနာမည်ကျော်ကြားလာလေသည်။ အကျိုးဆက်အားဖြင့် အများပြည်သူဆိုင်ရာနေရာ အများစုသည် လူမည်းများအတွက်လည်း အကျုံးဝင်လာလေသည်။ လုပ်ကြံခံရခြင်း[ပြင်ဆင်ရန်] ကင်းလုပ်ကြံသတ်ဖြတ်ခံခဲ့ရသော လော်ရိန်း တည်းခိုခန်းအာ ယခုအခါ နိုင်ငံတော်လူမှုအခွင့်အရေး ပြတိုက်အဖြစ်ပြောင်း လဲထားသည်။ ၁၉၆၈ ခုနှစ်နွေဦးတွင် သာမာန်အလုပ်သမား ပြဿနာလေးတစ်ခုအား ဖြေရှင်းရန် မင်းဖစ်မြို့သို့ ကင်းရောက်ရှိခဲ့သည်။ မင်းဖစ်မြို့တွင် တံမြက်လှည်း၊ မြောင်းဖေါ်၊ အညစ်အကြေး ဆေးကြောသန့်ရှင်းရသည့် အလုပ်သမား ၁၃၀၀ ခန့်ရှိသည်။ ထိုအလုပ်သမားအားလုံးမှာ လူမည်းများဖြစ်ကြပြီး လုပ်ခလစာ အလွန်နည်းပါးသည့် အတွက် လစာတိုးပေးရန် သပိတ်မှောက်ကြသည်။ ပထမဆုံး ဆန္ဒပြချီတက်ပွဲမှာပင် လူမည်းများက အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် ကင်းစိတ်ပျက်သွား ခဲ့သည်။ သူ၏ အကြမ်းမဖက်ရေး ဝါဒမှာ သဲထဲရေသွန်သကဲ့သို့ ဖြစ်သွားသည်ဟု ခံစားမိကာ မင်းဖစ်မြို့မှ ကင်းလှည့် ပြန်ခဲ့သည်။ သို့သော် လုပ်ဖေါ်ကိုင်ဖက်များက ဝိုင်း၍ တိုက်တွန်းကြသည့်အတွက် နောက်ဆုံတွင် မင်းဖစ်သို့ ပြန်သွားရန် သဘောတူခဲ့သည်။ လူမည်းတစ်ယောက်ပိုင်ဆိုင်သည့် လော်ရိန်းအမည်ရှိတည်းခိုခန်းတွင် တည်းခိုခဲ့သည်။ ဧပြီလ ၄ ရက်နေ့ညနေတွင် သူတည်းခိုသည့် အခန်း နံပါတ် ၃၀၆ မှနေ၍ အပြင်ဘက်ထွက်လာကာ လေညင်းခံရန်အတွက် လသာဆောင်တွင် ထွက်ရပ်သည်။ ထိုအချိန်တွင် လမ်းတစ်ဖက် မျက်နှာခြင်းဆိုင်အိမ်အပေါ်ထပ်မှ နေ၍ လူသတ်သမားက သေနတ်ဖြင့် ချောင်းမြောင်းပစ်ခတ်လိုက်သည်။ ကျည်ဆံသည် ကင်း၏ လည်ပင်းကိုဖေါက်ထွက်သွားသည်။ သေနတ်ပစ်ခံရပြီး တစ်နာရီအကြာ ည ရ နာရီ ၅ မိနစ်တွင် စိန့်ဂျိုးဆက် ဆေးရုံတွင် ကွယ်လွန်ခဲ့သည်။ သူကွယ်လွန်ချိန်တွင် အသက် ၃၉ နှစ်သာ ရှိသေးသည်။ မာတင်လူသာကင်းအား လုပ်ကြံသတ်ဖြတ်သူမှာ လူဖြူကြီးစိုးရေး ဝါဒီ အစွန်းရောက်တစ်ဦး ဖြစ်သည့် ဂျိမ်းစ်အားလ်ရေး ဆိုသူ ဖြစ်သည်။ သူ့ကို ဖမ်းဆီးမိပြီးနောက် ထောင်ဒဏ် ၉၉ နှစ်ချမှတ်ခဲ့သည်။[၁] အကိုးအကား[ပြင်ဆင်ရန်] - အင်္ဂလိပ်ဝီကီ နှင့် ၂၀ ရာစုအကြီးကျယ်ဆုံးပုဂ္ဂိုလ်များ၊ ရာပြည့်စာတည်းအဖွဲ့၊
<urn:uuid:16e59a68-90e1-491e-af68-eb901e7f400b>
CC-MAIN-2014-35
http://my.wikipedia.org/wiki/%E1%80%99%E1%80%AC%E1%80%90%E1%80%84%E1%80%BA%E1%80%9C%E1%80%B0%E1%80%9E%E1%80%AC%E1%80%80%E1%80%84%E1%80%BA%E1%80%B8_%E1%80%82%E1%80%BB%E1%80%B0%E1%80%94%E1%80%AE%E1%80%9A%E1%80%AC
2014-09-01T13:40:51Z
s3://commoncrawl/crawl-data/CC-MAIN-2014-35/segments/1409535919066.8/warc/CC-MAIN-20140901014519-00411-ip-10-180-136-8.ec2.internal.warc.gz
mya
0.999037
Mymr
97
{"mya_Mymr_score": 0.9990366697311401}
ပြေးခုန်ပစ် အားကစားနည်းသည် မြန်မာနိုင်ငံတွင် သမိုင်းနှင့်အတူ ရှိခဲ့ဖူးသည်။ ဒဏ္ဍာရီပုံပြင်များထဲတွင် ပြေးခုန်ပစ် အားကစား နည်းများ ပြေးခုန်ပစ် အားကစားသမားများ ရှိခဲ့သည်။ သွားပါများ ခရီးရောက် ဆိုသည့် မောင်ပေါက်ကျိုင်းမှာ လမ်းလျှောက်အားကစားသမားဖြစ်သည်။ ပုဂံရာဇ၀င်တွင် ရှူးပျံကြီးကို လေးနှင့် ဖြိုခွင်း နှိမ်နင်းခဲ့သော ပျူစောထီးမှာလည်း ယခုခေတ်အရ ဆိုလျှင် မြားပစ် ချန်ပီယံ ဖြစ်နိုင်သည်။ ယာခင်းကို ကာထားသည့် ဆင်တရပ်အမြင့်ရှိသော ခြံစည်းရိုးကို လှံထောက်၍ ခုန်နိုင်သည့် ကျန်စစ်သား၊ ဧရာဝတီမြစ်ကို အသွား အပြန် ဖြတ်ကူးနိုင်သည့် ညောင်ဦးဖီး၊ ပုဂံနှင့် ပုပ္ပားတောင် ပြေးပြီး ပန်းများခူးပေးသည့် ဗျတ္တ ဆိုသူတို့မှာ သမိုင်းထဲမှ အားကစား သမားများ၊ ပြေးခုန်ပစ်သမားများပင် ဖြစ်သည်။ ပုဂံခေတ်လွန်ကာလများတွင်လည်း မြန်မာ့သမိုင်း၌ အားကစားလှုပ်ရှားမှုများ ရှိခဲ့သည်။ တောင်ငူခေတ်တွင် မြင်းစီး၍ ပိုလိုရိုက်ကစားနည်းနှင့် ဆင်တူသည့် “ကူလီ” ရိုက်ကစားနည်း ခေတ်စားခဲ့သည်။ ယင်းနောက် ခေတ် အဆက်ဆက်တွင် လှေပြိုင်ပွဲများ၊ မြင်းစီးပြိုင်ပွဲများ၊ လက်ဝှေ့ပွဲများ ရှိခဲ့ဖူးသည်။ သို့ရာတွင် ကုန်းဘောင်ခေတ် နှောင်းပိုင်းတွင်မူ အထက်ပါ ပြိုင်ပွဲများ ကျင်းပသည့် မှတ်တမ်းမှတ်ရာများ မတွေ့ရပါ။ အင်္ဂလိပ်ခေတ် မြန်မာကို အင်္ဂလိပ်တို့က သိမ်းပိုက်ပြီးနောက် အနောက်တိုင်း အားကစားနည်း (သို့မဟုတ်) ခေတ်သစ်အားကစားနည်းများ မြန်မာပြည်တွင်းသို့ ကျူးကျော်စစ်နှင့်အတူ ရောက်လာခဲ့ခြင်းဖြစ်သည်။ ယင်းအားကစားနည်းများ စုစည်း၍ ပြိုင်ပွဲများအဖြစ် ပြောင်းလဲခဲ့ သည့် အဖွဲ့အစည်းများမှာ B A A (Burma Athletic Association) ပင် ဖြစ်သည်။ B A A က မြန်မာနိုင်ငံတွင် နိုင်ငံတကာ အားကစား နည်းများဖြစ်သည့် ဘောလုံး၊ ကြက်တောင်၊ တင်းနစ်၊ ဟော်ကီ စသည့်တို့အပြင် ပြေးခုန်ပစ်ပြိုင်ပွဲကို တနှစ် တကြိမ်ကျ မှန်မှန် ကျင်းပ ပေးခဲ့သည်။ သို့ရာတွင် ထိုစဉ်က မြန်မာနိုင်ငံတွင် တပ်စွဲလျက်ရှိသည့် အင်္ဂလိပ်များ၊ အင်္ဂလိပ်လက်အောက်ခံ တပ်များနှင့် သာသနာပြု ကျောင်းများမှ စစ်သားများ၊ ကျောင်းသားများသာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲများတွင် အနိုင်ရသည့် စစ်ဘက်အမှုထမ်းများအား ဆုကြေးငွေများ ချီးမြှင့်သည်။ ၅ ကျပ်နှင့် ၁၅ ကျပ်ကြား ပေးခြင်းဖြစ်သည်။ အရပ်သား နှင့် ကျောင်းသားများကိုမူ ဆုဖလားနှင့် ဆုတံဆိပ်များသာ ချီးမြှင့်သည်။ ပြေးခုန်ပစ်ပြိုင်ပွဲတွင် ထိုစဉ်က အင်္ဂလိပ် အတိုင်း အတာများ ဖြစ်သည့် လက်မ၊ ပေ၊ ကိုက် စသည့် အတိုင်းအတာ များကိုသာ အသုံးပြုသည်။ ကိုက် ၁၀၀ ၊ ကိုက် ၂၂၀၊ ကိုက် ၄၄၀၊ တမိုင် စသည်တို့ဖြစ်သည်။ ယင်းကဲ့သို့ ပြိုင်ပွဲများ ကျင်းပရာ၌ အမျိုးသမီးများအတွက် ပြေးခုန်ပစ်ပြိုင်ပွဲများ ကျင်းပပေးခြင်း မရှိပါ။ ထည့်သွင်းကျင်းပပေးလျှင် လည်း မြန်မာအမျိုးသမီးများ ပါဝင်ယှဉ်ပြိုင်ကြဖွယ် မရှိပါ။ ကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲကို ပညာရေးဌာနမှ ကြီးမှူးလျက် ၁၉၂၆ ခုနှစ်တွင် စတင်ကျင်းပခဲ့သည်။ ထိုစဉ်က ထူးချွန်သည့် ပြေးခုန်ပစ်အားကစားသမားများ ပေါ်ထွက်ခဲ့သော်လည်း ကမ္ဘာ့အိုလံပစ် အစရှိသည့် နိုင်ငံတကာ ပြိုင်ပွဲကြီးများတွင် ၀င်ရောက် ယှဉ်ပြိုင်ခွင့် မရရှာကြပါ။ သက်ဆိုင်ရာ နိုင်ငံတကာပြေးခုန်ပစ်အဖွဲ့ချုပ်နှင့် ဆက်သွယ်မထားခြင်း၊ မြန်မာနိုင်ငံတွင် အိုလံပစ်ကော်မတီ မဖွဲ့စည်းသေးခြင်းကြောင့် ကမ္ဘာနှင့် အဆက်ပြတ်နေရခြင်းပင် ဖြစ်သည်။ ကဏ္ဍသစ် မြန်မာနိုင်ငံ၏ အားကစားကဏ္ဍသစ်ကို ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၆ ခုနှစ်တွင် စတင်ခဲ့ရာ ပြေးခုန်ပစ် အားကစားနည်းလည်း အပါအ၀င် ဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဆန်းပိုင်းတွင် မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်ကို စနစ်တကျ ဖွဲ့စည်းခဲ့သည်။ ပြေးခုန်ပစ်အဖွဲ့ ချုပ်နှင့်အတူ လက်ဝှေ့နှင့် အလေးမအဖွဲ့ချုပ်တို့ကိုလည်း ဖွဲ့စည်းခဲ့ကြပြီးနောက် အပြည်ပြည်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များနှင့် ဆက်သွယ်ခွင့်များလည်း ရရှိခဲ့သည်။ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီကိုလည်း ၁၉၄၆ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။ မြန်မာပြည်အိုလံပစ်အသင်းကြီး၏ ပထမဆုံးသော နာယက နှစ်ဦးမှာ ဖဆပလ အဖွဲ့ချုပ် ဥက္ကဌ ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာပြည်ဆိုင်ရာ အင်္ဂလိပ်ဘုရင်ခံ ဆာ ဟူးဘရန့်စ် တို့ပင်ဖြစ်သည်။ မြန်မာပြည် ပြေးခုန်ပစ်အဖွဲ့ချုပ်နှင့် အလေးမ အဖွဲ့ချုပ်တို့သည် သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့ချုပ်များနှင့် ဆက်သွယ်ခွင့်ရရှိခြင်း အထိမ်း အမှတ်အဖြစ် ၁၉၄၇ ဇူလိုင်လ ၈ ရက်တွင် မြို့တော်ခန်းမ၌ လက်ဖက်ရည်ပွဲကျင်းပရာ ဗိုလ်ချုပ်အောင်ဆန်း တက်ရောက် ခဲ့သည်။ ကမ္ဘာ့အိုလံပစ် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရရှိပြီးသည့်နောက် လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံ အနေဖြင့် ၁၉၄၈ ခုနှစ် ဇူလိုင် ၂၉ မှ သြဂုတ် ၁၄ ရက်အထိ ကျင်းပသည့် ကမ္ဘာ့အိုလံပစ်သို့ ပထမဆုံး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ သည်။ ယင်းနောက် ၁၉၅၀ – ၅၁ တွင် ပထမဆုံးအကြိမ် ကျင်းပသည့် အာရှအားကစားပွဲတော် (နယူးဒေလီ၊ အိန္ဒိယ)၊ ၁၉၅၉ ခုနှစ် ထိုင်း နိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲ(South East Asia Penisula Games – SEAP GAMES) တွင်လည်း ဗွေဆော်ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ၁၉၇၇ ခုနှစ် ကွာလာလမ်ပူမြို့တွင် စတင်ကျင်းပသည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (South East Asia Games – SEA GAMES) တို့ကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ ရာတွင် ပြေးခုန်ပစ် အား ကစား နည်းသည် အောင်မြင်မှု အရှိဆုံး အားကစားနည်းပင် ဖြစ်သည်။ ဘောလုံး မြန်မာနိုင်ငံတွင် လူကြိုက်များပြီး ထင်ရှားကျော်ကြားသည့် ဘောလုံးကစားနည်းမှာ ကျွန်းဆွယ်ခေတ်တွင် ပူးတွဲ ၁ ကြိမ်၊ ကျွတ်ကျွတ် လွတ်လွတ် ၄ ကြိမ်၊ အာရှအားကစား ပွဲတော်တွင် ကျွတ်ကျွတ်လွတ်လွတ် ၁ ကြိမ် (၁၉၉၆)၊ တောင်ကိုရီးယား နှင့် ပူးတွဲ ၁ကြိမ် (၁၉၇၀) နှင့် ကမ္ဘာ့အိုလံပစ်ဘောလုံးပြိုင်ပွဲ အသန့်ရှင်းဆုံးဆု (၁၉၇၂ ခုနှစ်၊ မြူးနစ်) တို့ ဆွတ်ခူးရရှိ ထားသည်မှာ ကျွန်းဆွယ် ခေတ် (၁၉၅၉ – ၁၉၇၅) အတွင်းသာ ဖြစ်သည်။ ၁၉၇၇ ခုနှစ်မှ စကာ မြန်မာဘောလုံးအသင်း ရွှေတံဆိပ်ဆု မရသည်မှာ ကြာပြီ ဖြစ်သည်။ ပြေးခုန်ပစ်အားကစားနည်းကတော့ ၁၉၅၉ ကျွန်းဆွယ်ခေတ်မှ စကာ ၁၉၉၉ ခုနှင့် ၂၀၀၉ ခုနှစ် ဆီးဂိမ်းစ် ပွဲ ၂ ပွဲ မှ အပ ကျန် SEA GAMES နှင့် SEAP GAMES များတွင် ရွှေတံဆိပ် မဆွတ်ခူး နိုင်သည့်နှစ် မရှိသလောက်ပင် ဖြစ်သည်။ ကျွန်းဆွယ် သို့မဟုတ် ဆီးဂိမ်းစ် ပြိုင်ပွဲ၌ မြန်မာအသင်း၏ ဆုတံဆိပ် ဆွတ်ခူးနိုင်မှုတွင် ပြေးခုန်ပစ်အားကစားနည်းမှ ရရှိသည့် ဆုတံဆိပ် များက ဦးဆောင်လျက် ရှိသည်။ ကျွန်းဆွယ်ခေတ် ပထမပြိုင်ပွဲတွင် မြန်မာနိုင်ငံက ရွှေတံဆိပ် ၁၁ ဆု ဆွတ်ခူးသည့် အထဲ၌ ပြေးခုန်ပစ် အားကစားနည်းက ရွှေတံဆိပ် ၅ ဆု ဆွတ်ခူးပါဝင်ခဲ့သည်။ ၁၉၆၁ ခုနှစ် ရန်ကုန်တွင် ပထမဆုံးအကြိမ် ကျင်းပသည့် ဒုတိယကျွန်းဆွယ် ပြိုင်ပွဲတွင် မြန်မာနိုင်ငံက ရွှေတံဆိပ် ၃၅ ဆု ဆွတ် ခူးခဲ့ရာ ပြေးခုန်ပစ်အားကစားသမားများက ရွှေတံဆိပ် ၇ ဆု ဆွတ်ခူးခဲ့သည်။ ၁၉၆၅ ခုနှစ် ကွာလာလမ်ပူ ကျွန်းဆွယ်ပွဲတွင် မြန်မာနိုင်ငံက ရွှေတံဆိပ် ၁၈ ဆု ရရှိရာ ပြေးခုန်ပစ်က ရွှေတံဆိပ် ၆ ဆု ဆွတ် ခူးခဲ့သည်။ ၁၉၆၇ ခုနှစ် ဘန်ကောက် ကျွန်းဆွယ်ပွဲတွင် မြန်မာနိုင်ငံက ရွှေတံဆိပ် ၁၁ ဆုသာ ရရရှိသည်။ ထိုအထဲတွင် ပြေးခုန်ပစ် အား ကစားက ရွှေတံဆိပ် ၅ ဆုပါဝင်သည်။ မြန်မာနိုင်ငံတွင် ဒုတိယအကြိမ် ကျင်းပသည့် ၅ ကြိမ်မြောက် ကျွန်းဆွယ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံက ရွှေတံဆိပ် ၅၇ ဆုဖြင့် နိုင်ငံ အလိုက် အဆင့် ၁ ရခဲ့သည်။ ပြေးခုန်ပစ်အားကစားသမားများက ရွှေတံဆိပ်ဆု ၂၀ အထိ ဆွတ်ခူးပေးနိုင်ခဲ့သည်။ ၁၉၇၁ ခုနှစ် ကျွန်းဆွယ်ပြိုင်ပွဲကို မလေးရှားနိုင်ငံတွင် ကျင်းပခဲ့ရာ မြန်မာအားကစား တဖွဲ့လုံးက ရွှေတံဆိပ် ၂၀ ရသည်။ ပြေး ခုန်ပစ် အားကစားသမားများက ရွှေတံဆိပ် ၉ ဆု ပါဝင်သည်။ ၁၉၇၃ ခုနှစ် ကျွန်းဆွယ်ပြိုင်ပွဲကို စင်ကာပူနိုင်ငံတွင် ကျင်းပသည်။ မြန်မာနိုင်ငံက ရွှေတံဆိပ် ၂၈ ဆု ရသည်။ ပြေးခုန်ပစ် အား ကစားမှ ရွှေတံဆိပ် ၁၀ ဆုပါဝင်သည်။ ၁၉၇၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ကျွန်းဆွယ်ပြိုင်ပွဲကို နောက်ဆုံးအကြိမ် ကျင်းပရာ မြန်မာနိုင်ငံက ရွှေတံဆိပ် ၁၈ ဆု ရရှိပြီး ပြေး ခုန်ပစ် အားကစားမှ ၁၀ ဆု ရရှိသည်။ ၁၉၅၉ ခုနှစ်တွင် စတင်ပြီး ၁၉၇၅ ခုနှစ်တွင် နိဂုံးချုပ်ခဲ့သည့် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲ ၈ ကြိမ်မြောက်တွင် မြန်မာ အားကစားအဖွဲ့က ရွှေတံဆိပ်ပေါင်း ၇၉ ဆု တိတိ ဆွတ်ခူးနိုင်ခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် စတင်ကျင်းပခဲ့သည့် ဆီးဂိမ်းစ် အစ ပိုင်း ပြိုင်ပွဲများတွင် ပြေးခုန်ပစ် အားကစားသမားတို့ အစွမ်းပြနိုင်ကြသေးသည်။ ။
<urn:uuid:e940eb93-958b-4f62-8d9f-398dd09da2ed>
CC-MAIN-2014-35
http://burma.irrawaddy.org/?slide=%E1%80%B1%E1%80%BB%E1%80%95%E1%80%B8%E1%80%81%E1%80%AF%E1%80%94%E1%80%B9%E1%80%95%E1%80%85%E1%80%B9-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%8A%E1%80%B9%E1%80%B8
2014-09-02T14:04:00Z
s3://commoncrawl/crawl-data/CC-MAIN-2014-35/segments/1409535922087.15/warc/CC-MAIN-20140909041038-00013-ip-10-180-136-8.ec2.internal.warc.gz
mya
0.974497
Mymr
54
{"mya_Mymr_score": 0.9744974374771118, "blk_Mymr_score": 0.02448168396949768}
ရန်ကုန်မြို့ရှိ ဟိုတယ်နှင့် စားသောက်ဆိုင် အချို့၏ ညပိုင်းအ ချိန်များတွင် မြန်မာနိုင်ငံသို့ လာ ရောက်လည်ပတ်သော စိနတိုင်း သား (တရုတ်)များဖြင့် စည်ကား လေ့ရှိတတ်ပြီး အထူးခန်းဟုခေါ် သော စားသောက်ဆိုင်အတွင်း ဘက်ရှိ အခန်းငယ်လေးများတွင် အထူးဟင်းလျာနံ့များနှင့် ထုံမွမ်း သင်းကြိုင်နေလေ့ရှိသည်။ အထူးဟင်းလျာများကို ဆိုင် မီနူးစာအုပ်တွင် တွေ့ရမည်မ ဟုတ်ဘဲ ဆိုင်တွင် အမြဲစားသုံး သော စားသုံးသူ၏ ထောက်ခံချက် ဖြင့်သာ အာရှသားဧည့်သည်အ ချို့အတွက် ချက်ပြုတ်ပေးထား ခြင်းဖြစ်သည်။ အဆိပ်ပြင်းလွန်းသော မြွေ ဟောက်၊ မြွေပွေး၊ တောငှက်၊ လိပ်ဟင်းနှင့် အခြားတောတွင်း တိရစ္ဆာန်သားကောင်ဟင်းလျာ များကို ရန်ကုန်မြို့ရှိ ဟိုတယ်နှင့် စားသောက်ဆိုင်များ၌ သိုသိုသိပ်သိပ် ရောင်းချပေးနေသည်။ မြွေ၊ တောငှက်၊ လိပ်၊ မျောက်၊ ၀က်ဝံ၊ သင်းခွေချပ် စ သည့် တားမြစ်ထားသော တော တွင်းတိရစ္ဆာန်များကို စားသုံးလို သူက ကြိုတင်မှာယူရသည့် စနစ် ဖြင့် ရောင်းချနေသည့် စား သောက်ဆိုင်ဈေးကွက်က ယနေ့ အချိန်အထိ အားကောင်းနေဆဲ ဖြစ်ပါသည်။ ရန်ကုန်မြို့ရှိ လူစည်ကား ရာ သိမ်ကြီးဈေး(C) ရုံတွင် မြွေ မျိုးစုံ၊ လိပ်၊ ဖွတ်၊ တောကြောင်၊ သင်းခွေချပ်၊ ၀က်ဝံစသည့် တော တွင်းတိရစ္ဆာန်အစုံကို သံလှောင် ချိုင့်များတွင် ထည့်သွင်းပြသထား ကာ စားသောက်လိုသူက လက် ညှိုးထိုးမှာယူနိုင်သည့် စား သောက်ဆိုင်ကြီးတစ်ခု ရှိခဲ့ဖူးပြီး လွန်ခဲ့သော ခုနစ်နှစ်ခန့်က ပိတ် သိမ်းခဲ့ရသည်။ စားသောက်စားပွဲဝိုင်းအ လယ်တွင် မျောက်အရှင်၏ ဦး ခေါင်းကို ဖော်ထားပြီး စားသောက်သူများက မျောက်ဦးနှောက်ကို ဇွန်းဖြင့် ခပ်ယူစားသောက်လို့ရ အောင် စီစဉ်ပေးနိုင်မှုကြောင့် ယင်းဆိုင်က နာမည်ကြီးခဲ့သည်။ ယင်းဆိုင်တွင် တောတွင်း တိရစ္ဆာန်များကို ရောင်းချခြင်း မရှိ တော့သော်လည်း သိမ်ကြီးဈေး အနီးတစ်ဝိုက်ရှိ တရုတ်စား သောက်ဆိုင်အချို့မှာ ယနေ့အထိ တောတွင်းတိရစ္ဆာန်သားများကို ရောင်းချနေဆဲဖြစ်သည်ဟု ဆို သည်။ လှည်းကူးမြို့နယ်တွင် တော တွင်းတိရစ္ဆာန်များကို သံလှောင် ချိုင့်များဖြင့် လှောင်ထားသည့် အိမ်ကြီးတစ်ခုရှိပြီး ရန်ကုန်မြို့ရှိ စားသောက်ဆိုင်များက သွားရောက်ဝယ်ယူခြင်းများ ယခင်က ရှိခဲ့ကြောင်း သိမ်ကြီးဈေးတစ်ဝိုက် ရှိ စားသောက်ဆိုင်များမှ စုံစမ်း သိရသည်။ ‘‘သူဌေးက မန်နေဂျာတွေနဲ့ အကြော်ဆရာနဲ့သွားတာ။ အိမ် ကအကြီးကြီးပဲ။ အကောင်အရှင် ဆိုအရှင်၊ အသေဆိုအသေဈေး ရှိတယ်’’ ဟု အကြော်ဆရာတစ် ဦးက ဆိုသည်။ တောကောင်သားရောင်းချ သည့်ဆိုင်များသည့် တိရစ္ဆာန်များကို သံလှောင်ချိုင့်ဖြင့် သိုလှောင်ခြင်းမပြုတော့ဘဲ စားသောက်လိုသူက တယ်လီဖုန်းဖြင့် ကြိုတင်မှာကြားသည်ကို စီစဉ်ပေးခြင်းဖြစ် သည်။ မြွေဟင်းအပါအ၀င် တော တွင်းတိရစ္ဆာန်များကို စားသောက် သူ အော်ဒါရှိပါကတောကောင် ပို့ဆောင်သူများက ဆိုင်သို့ လာပို့ ပြီးနောက် စားဖိုမှူးက လက်စ ဖျောက်၍ သားကောင်များကို ချက်ပြုတ်ရောင်းဝယ်နေကြခြင်း ဖြစ်သည်။ ဗီယက်နမ်ဟိုတယ်ဟု လူသိ များသော လမ်းမတော်ရှိ မစ္စတာ လီဟိုတယ်တွင် ၅၅ ဒေါ်လာတန် မြွေဟောက်ဟင်းပွဲများ ရောင်းချ နေသည်ဟု လူမှုကွန်ရက်တွင် ဓာတ်ပုံနှင့်တကွ ဖော်ပြခဲ့ပြီး ဆိုင် ရှင်က မြွေဟင်းမရောင်းချကြောင်း ငြင်းဆိုခဲ့သည်။ ဗဟန်းမြို့နယ်အတွင်းရှိ ဗီ ယက်နမ်စားသောက်ဆိုင်တစ်ခု တွင်လည်း မြွေဟောက်၊ လိပ်၊ တောငှက်များ စားသောက်လိုပါ က ကြိုတင်မှာယူနိုင်ကြောင်း၊ မှာယူလိုပါက နိုင်ငံခြား ဧည့်သည် ၁၅ ယောက်စာထိ စီစဉ်ပေးနိုင် သည်ဟု ဆိုသည်။ တရုတ်လူမျိုးများသည် မြွေ ပွေးဟင်းကို ကင်ဆာရောဂါအ တွက် ကောင်းသည်ဟုဆိုကာ စားသောက်ကြပြီး သွေးကင်ဆာ လူနာကို မြွေပွေးဟင်း ၁၀ ပွဲကျွေး လျှင် ရောဂါပျောက်ကင်းသည်ဟု တရုတ်လူမျိုးများက ယုံကြည်ကြ ကာ ဗီယက်နမ်လူမျိုးများက မြွေ ဟောက်ဟင်းကို ပိုမိုနှစ်သက်ကြ သည်။ သဘာ၀၀န်းကျင်နှင့် သား ငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန တာဝန်ရှိသူတစ်ဦးက ‘‘တော ကောင်သားတွေရောင်းတာက သတ္တ၀ါအမျိုးအစားပေါ်မူတည် ပြီး ပြစ်ဒဏ်ကွာသွားတယ်။ တောရိုင်းတိရစ္ဆာန်တွေကို လုံးဝကာ ကွယ်တာရယ်၊ ရာသီအလိုက် ကာကွယ်တာရယ်၊ သာမန်အ လိုက် ကာကွယ်တာရယ် ရှိတယ်။ ဒါက မြို့မှာ စည်ပင်တို့၊ ထွေအုပ် တို့က မရောင်းဖို့ တားမြစ်ပေးရ မယ်။ တောရိုင်းတိရစ္ဆာန်ကို တ ရုတ်ဆိုင်တွေက ရောင်းတာများ တယ်။ သူတို့ပဲ စားတယ်။ ဒါတွေ ရောင်းချခြင်းက တရားမ၀င်ဘူး’’ ဟု ဆိုသည်။ ‘‘တောက လူတွေက တော့ ပိုက်ဆံရတော့ ရောင်းတာ ပေါ့။ တကယ်လည်း ဖမ်းရော သူ ပဲ အဖမ်းခံရတယ်။ အများပြည် သူတွေနဲ့လည်း သက်ဆိုင်တယ်။ ဒီလိုမျိုးရောင်းချရင် သတင်းပေး သင့်တယ်။ သားငှက်ထိန်းသိမ်း ရေးဌာနကလည်း နေရာတိုင်းမှာ ဌာနမရှိဘူးဆိုတော့ လိုက်မစစ် နိုင်ဘူး။ သတင်းရလို့ သွားစစ် တော့ ပိတ်တာ၊ ရှောင်နေတာ တွေဖြစ်နေတယ်’’ ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ပြီးခဲ့သည့်နှစ်က လသာ လမ်းရှိ တိုက်အပေါ်ထပ်တွင် ဖွင့် လှစ်ထားသော တောတွင်းတိ ရစ္ဆာန်သားဟင်းလျာများ ရောင်းချသည့် ဆိုင်သို့ တရုတ်ပြည်မမှ လာရောက်သော တရုတ်လူမျိုး များကို ပို့ဆောင်ပေးခဲ့ရကြောင်း တရုတ်ဧည့်လမ်းညွှန်တစ်ဦးက ဆိုသည်။ ယင်းဆိုင်ရှိသည့်နေရာ သည် လသာရဲစခန်းနှင့်နီးပြီး လ သာမြို့နယ်တွင် တောတွင်းတိ ရစ္ဆာန်ရောင်းချမှုနှင့် ပတ်သက်၍ ရောင်းသည့်ဆိုင် မရှိသလို ဖမ်း ဆီးအရေးယူမှု မရှိခဲ့ကြောင်း လ သာမြို့နယ် ရဲစခန်းမှ တာဝန်ကျ ဒုရဲအုပ်တစ်ဦးက ပြောသည်။ ‘‘လသာမှာ စားသောက်ဆိုင် လေးဆိုင်လောက် ရောင်းတယ်။ လသာလမ်းထောင့်က ဆိုင်က ပိတ်သွားပြီ။ ဟိုတုန်းက အကြီးအ ကျယ် တောကောင်တွေဝယ် တယ်။ ပြီးခဲ့တဲ့နှစ်က ပိတ်လိုက် တာ။ ဖွင့်တဲ့ တရုတ်က ပြည်မပြန် သွားပြီ’’ ဟု လသာလမ်းနေသူ တစ်ဦးက ဆိုသည်။ လမ်းမတော်နှင့် လသာမြို့ နယ်များရှိ တရုတ်လူမျိုးများ ဖွင့် လှစ်သော စားသောက်ဆိုင်များ မှာ ဆယ်စုနှစ် နှစ်ခုကျော်ကြာ ဖွင့်လှစ်ထားသော ဆိုင်များဖြစ်ပြီး တောတွင်းတိရစ္ဆာန်များကို ဆက် လက်ရောင်းဝယ်နေခြင်းဖြစ် သည်။ ရန်ကုန်တွင် ဆောက်လုပ် ရေးလုပ်ငန်း ကျွမ်းကျင်သော ဗီ ယက်နမ်လူမျိုးများမှာ ဟိုတယ် နှင့် ကွန်ဒိုများဆောက်လုပ်ရန် ရောက်ရှိနေသည့်အတွက် မြွေ ဈေးကွက်မှာ စိနတိုင်းသားများ နှင့် အပြိုင်စားသောက်သူများ ထပ်မံပေါ်ပေါက်နေခြင်းဖြစ် သည်။ မြွေဟောက်ဟင်းဈေးနှုန်း မှာ ကျပ်နှစ်သောင်းခွဲမှ ကျပ်ငါး သောင်းအထိ ဈေးကွက်ရှိနေကာ မြွေအသုပ်၊ မြွေစွပ်၊ မြွေဟင်းအ စရှိသဖြင့် ကြိုက်နှစ်သက်သလို မှာယူရာကို စားဖိုမှူးက လုပ်ပေး ပြီး သင်းခွေချပ်အရှင် တစ်ကောင် လျှင် ကျပ်တစ်သိန်းခွဲထိ ဈေးပေါက်ကြောင်း စုံစမ်းသိရသည်။ ပဲခူး၊ စစ်ကိုင်း၊ ကရင်၊ ရှမ်းနှင့် ရခိုင်ပြည်နယ်တို့တွင် လိပ်ခွံ၊ ဆင်စွယ်၊ ချေသားရေ၊ နွား နောက်ချို၊ မျောက်ခန္ဓာကိုယ် အ ပိုင်းအစနှင့် တောင်ဆိတ်ချိုများ၊ မြွေအရေခွံများ၊ သမင်ချိုများ၊ တောဝက်အစွယ်များ၊ တန်ဖိုးကြီး လိပ်များ၊ ၀က်ဝံအမွေးများ၊ တိ ရစ္ဆာန်အရိုးပေါင်းစုံနှင့် ကျားသား ရေများကို မကြာခဏ ဖမ်းဆီးရ မိလေ့ရှိကြောင်း သက်ဆိုင်ရာ ရဲ စခန်းများထံမှ သိရသည်။ ကုန်သည်အချို့မှာ တော ရိုင်းတိရစ္ဆာန် ကိုယ်အင်္ဂါအစိတ် အပိုင်းများကို မှောင်ခိုကူးသန်း ရောင်းချရန် လျှို့ဝှက်စွာ ဈေး ကောင်းပေးဝယ်ယူမှုများကြောင့် မုဆိုးများမှာ တောတောင်များတွင် တရားမ၀င်အမဲလိုက်သတ်ဖြတ် ဖမ်းဆီးမှု များပြားနေခြင်းဖြစ် သည်။ ‘‘ဘာတောကောင်မှ ရောင်း ခွင့်မရှိဘူး။ ရောင်းချင်ရင် ကိုယ့် ဟာကိုယ်မွေးပြီး တတိယမျိုး ဆက်မှ ရောင်းချခွင့် ရှိမယ်။ အခု ရောင်းနေတာတွေက တောထဲက ကောင်တွေကို ရောင်းချတာ’’ ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး ပညာရှင် ဦးသိန်းအောင်က ဆိုသည်။ တောရိုင်းတိရစ္ဆာန်ကို ခွင့် ပြုချက်မရှိဘဲ သတ်ဖြတ်ခြင်း၊ အ မဲလိုက်ခြင်း (သို့မဟုတ်) အနာတ ရဖြစ်စေခြင်း၊ ယင်းတောရိုင်း တိ ရစ္ဆာန်ကိုဖြစ်စေ၊ ယင်း၏ အစိတ် အပိုင်းကိုဖြစ်စေ၊ ခွင့်ပြုချက်မရှိ ဘဲ လက်ဝယ်ထားရှိခြင်း၊ ရောင်း ချခြင်း၊ သယ်ဆောင်ခြင်း (သို့မ ဟုတ်) လွှဲပြောင်းခြင်း ပြုလုပ်ပါ က တောရိုင်းတိရစ္ဆာန်နှင့် သဘာ ၀အပင်များ ကာကွယ်ရေးနှင့် သ ဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃၇ (က) အရ အရေး ယူနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခံရ လျှင် ထိုသူကို ငွေဒဏ်ကျပ်ငါး သောင်းအထိဖြစ်စေ၊ ထောင် ဒဏ်ခုနစ်နှစ်အထိဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင် သည်။ တရုတ်နိုင်ငံတွင် မြွေသား ကို အလွန်အကျွံစားသုံးကြသူ များပြားခြင်းကြောင့် မြွေမွေးမြူ ရေးသည် အရေးပါသော စီးပွား ရေးလုပ်ငန်းတစ်ခုဖြစ်လာ ကြောင်း ဆင်ဟွာသတင်းဌာနက ထုတ်လွှင့်ဖူးသည်။ ‘‘တောကောင်တွေကိုင်တာ သတိထား။ အရမ်းကို လောဘ ကြီးပြီးမလုပ်နဲ့။ တောကောင်တွေ က ဘုန်းအရမ်းကြီးတယ်။ ငါ့ဆီ မှာ လုပ်ခဲ့တဲ့ တောက မုဆိုးတွေ အကုန်လုံး ဒုက္ခရောက်ကုန်တယ်။ ခု တောကောင်တွေ မလုပ်တော့ ဘဲ ရိုးရိုးစားသောက်ဆိုင်ပဲ ဖွင့် တော့မယ်’’ ဟု တောတွင်း တိရစ္ဆာန်သားကောင်များကို သံလှောင် ချိုင့်များဖြင့် ရောင်းချခဲ့ဖူးသည့် တရုတ်လူမျိုးတစ်ဦးက ပြော သည်။ 7day daily
<urn:uuid:f1fa1621-f330-4787-abc0-7232d0fa6c81>
CC-MAIN-2014-35
http://www.ygnnews.com/
2014-09-02T13:57:13Z
s3://commoncrawl/crawl-data/CC-MAIN-2014-35/segments/1409535922087.15/warc/CC-MAIN-20140909041038-00013-ip-10-180-136-8.ec2.internal.warc.gz
mya
0.975966
Mymr
12
{"mya_Mymr_score": 0.9759660959243774, "blk_Mymr_score": 0.02334607020020485}
တစ်နှစ်ခွဲကျော်ကြာ စစ်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသော ကချင်ပြည်နယ်ကို ငြိမ်းချမ်းရေးရရှိလိုကြောင်း ယင်းဒေသတွင်းရှိ နိုင်ငံ ရေးသမား များက ပြောဆိုကြသည်။ အစိုးရတပ်များက ကချင်ပြည် လွတ်လပ်ရေး တပ်မတော်(KIA)အပေါ် ခုခံရုံမှအပ ထိုးစစ်ဆင်ခြင်း၊ တိုက်ခိုက်ခြင်း မရှိကြောင်း ပြော သည်။ သို့သော် ဒေသခံများအနေဖြင့် စစ်မြေပြင်ကို ကိုယ်တိုင်ကြုံတွေ့ ခံစားနေရကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ(NDF) ပါတီ ၏ ကချင်ပြည်နယ် ခေါင်းဆောင် ဒေါ်ဘောက်ဂျာ က ပြောပြသည်။ “စစ်တပ်ဘက်က ထိုးစစ်တွေက တကယ်ရှိနေတာ၊ ဒုက္ခသည်တွေ ဘယ်လောက် ဒုက္ခရောက်နေကြတယ် ဆိုတာ၊ ဒေသခံတွေ အသိ ဆုံးပဲ၊ အခု ငြိမ်းချမ်းရေးကိစ္စမှာလည်း အစိုးရဘက်က တကယ်ရိုးသားတယ်၊ မှန်ကန်တယ် စေတနာထားတယ်ဆိုရင်တော့ ဖြစ် လာနိုင်စရာ ရှိပါတယ်၊ ငြိမ်းချမ်းရေးအတွက် အချိန်ဆွဲနေစရာမလိုဘူး၊ စောင့်နေစရာမလိုဘူး၊ အဓိက ကတော့ သမ္မတ အနေနဲ့ တိုင်းရင်းသားတွေ အပေါ်မှာ စေတနာထားဖို့၊ ရိုးသားဖို့ လိုအပ်တယ်၊ အဲဒါဆိုရင် ဒီပြဿနာက ၅ မိနစ်အတွင်းတောင် ပြေလည် သွားနိုင်ပါတယ်”ဟု ဒေါ်ဘောက်ဂျာ က ဧရာဝတီသို့ ပြောသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်နေ့က ကချင်ပြည် လွတ်လပ်ရေး အဖွဲ့(KIO) နှင့် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့တို့ တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့တွင် တွေ့ဆုံခဲ့ကြသည်။ သို့သော် စစ်ရေးအရ ဆွေးနွေးရန် နှစ်ဘက် စစ်ဘက်ဆိုင်ရာခေါင်းဆောင်များ တက် ရောက်နိုင်ခြင်းမရှိ၍ သဘောတူညီချက် တစုံတရာ မရရှိဘဲ ဆွေးနွေးပွဲများ ဆက်လုပ်သွားရန်သာ ပြောဆိုနိုင်ခဲ့ကြသည်။ ထို့နောက် တိုက်ပွဲများလည်း ဆက်လက် ဖြစ်ပွားလျက်ရှိသည်။ အစည်းအဝေးတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင် က တပ်ပိုင်းဆိုင်ရာကိစ္စရပ်များ အဆုံးအဖြတ် ပေး ဆွေးနွေးနိုင်မည့် ဗိုလ်မှူးချုပ် ဂွန်မော် တက်ရောက်နိုင်ခြင်းမရှိသည့်အတွက် ကာကွယ်ရေး ၀န်ကြီးဌာန အထူးစစ်ဆင်ရေး မှူး ဒု ဗိုလ်ချုပ်ကြီး မြင့်စိုး တက်ရောက်နိုင်ခြင်း မရှိကြောင်း၊ ဆွေးနွေးနိုင်မည့် အခွင့်အရေး လက်လွှတ်ဆုံးရှုံးခဲ့ရသည့်အတွက် စိတ် မကောင်းဖြစ်ရကြောင်း၊ ၎င်း အနေဖြင့် တိုက်ပွဲများ လျော့နည်းအောင် ပြုလုပ်ခဲ့ကြောင်း ဆွေးနွေးပွဲ၌ ပြောသည်ဟု ဆိုသည်။ ထို့အပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ငြိမ်းချမ်းရေးကို အလေးထားသူဖြစ်ကြောင်း၊ ထို့အတူ ၎င်းတို့ အနေဖြင့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်၏ အမိန့်ညွှန်ကြားချက် အတိုင်း လိုက်နာ ဆောင်ရွက်ကြောင်း ယနေ့ချိန်အထိ ၎င်းတို့ဘက်မှ ခုခံယုံမှလွဲ၍ တိုက်ခိုက်ခြင်းမရှိကြောင်း ဗိုလ်မှူးချုပ် ထွန်းထွန်းနောင် က အစည်းအဝေးတွင် ပြောဆိုခဲ့ကြောင်း သိရသည်။ KIA အပေါ်တိုက်ခိုက်ခြင်းမရှိဟု ယင်းသို့ပြောဆိုမှုအပေါ် ဒေသတွင်းနေထိုင်သော ဒေါ်ဘောက်ဂျာ၊ KIO ခေါင်းဆောင် ဟောင်းနှင့် ကချင်ပြည်နယ် တိုးတက်ရေး ပါတီ(KSPP) ခေါင်းဆောင် တဦးဖြစ်သူ ဒေါက်တာ တူးဂျာ နှင့် တရုတ်-မြန်မာနယ်စပ် အခြေစိုက် မြန်မာ့အရေး လေ့လာသူ ဦးအောင်ကျော်ဇောတို့က မဟုတ်မှန်ကြောင်း တုံ့ပြန်လိုက်ပြီး အစိုးရဘက်မှ ထိုးစစ်များပြုလုပ်နေ ခြင်းကို ဒေသခံများလည်း တွေ့မြင်နေကြကြောင်း ထုတ်ဖော်ပြောဆို ကြသည်။ ဒေါက်တာ တူးဂျာ က ဆက်လက်ပြီး အစိုးရနှင့် KIO တို့ နှစ်ဘက်လုံး ငြိမ်းချမ်းရေးလိုလားနေသည်ဟု မြင်ကြောင်း၊ ယခု တစ်ကြိမ် ဆွေးနွေးပွဲကို အစ ယူပြီး စစ်မှန်သည့် ငြိမ်းချမ်းရေး ကိုဖော်ဆောင်နိုင်မည့် လမ်းများ ရှာဖွေလုပ်ဆောင်စေလိုကြောင်း ဧရာဝတီ သို့ ပြောသည်။ “ငြိမ်းချမ်းရေးကိုတော့ နှစ်ဘက်စလုံး လိုချင်ကြတာပဲ၊ ဒါကြောင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရရှိရာ ရရှိကြောင်း နည်းလမ်းတွေ ကို တော့ ရှာကြရမှာပဲ၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေးက ဘာလဲ၊ ဘာတွေကိုဖြေရှင်းလို့ရှိရင် ရနိုင်တယ်ဆိုတာ၊ ငြိမ်းချမ်းရေးက အဓိက ဖြစ် တယ် ဆိုတာ၊ သမ္မတ ကိုယ်တိုင်ကလည်း ပြောနေပြီ၊ အဖွဲ့အစည်း အသီးသီးကလည်း ပြောနေပြီး ဒါပေမယ့် အတုအယောင် ငြိမ်း ချမ်း ရေး ဆိုရင်တော့ အကျိုးရှိမှာမဟုတ်ဘူး”ဟု ဒေါက်တာ တူးဂျာ က ဆိုသည်။ KIO နှင့် အစိုးရအဖွဲ့တို့ တွေ့ဆုံရာ၌ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု ဥက္ကဌ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း က နောက်တကြိမ်တွင် နိုင်ငံရေးဆွေးနွေးကြမည်ဟု ပြောခဲ့သော်လည်း ဖြစ်မြောက်ရန် ခက်ခဲသော အနေအထား သို့ ရောက်ရှိသွားကြောင်း အစည်းအဝေးတက်ရောက်သူ အစိုးရ အဖွဲ့ဝင် တဦးက ဧရာဝတီသို့ ပြောသည်။ “စစ်တပ်ကနေ တပ်တွေဆုတ်ပေးဖို့ နဂိုက သူတို့ (KIO) က တောင်းတယ်၊ တောင်းလို့ ဦးအောင်မင်းက အပင်ပန်းခံပြီး တပ်တွေ ဆုတ်ပေးဖို့ ခေါ်လာတယ်၊ ခေါ်လာတော့လည်း ဘာပြောလဲဆိုတော့ နိုင်ငံရေးဆွေးနွေးမယ်ကြီး ပြောနေတော့ ဦးအောင်မင်း က လည်း တော်တော့ကို စိတ်ဓာတ်ကျသွားပုံရတယ်၊ နိုင်ငံရေးဆွေးနွေးမယ်ဆိုတဲ့ ကိစ္စကလည်း ဖြစ်မြောက်ဖို့က ရင်လေးစရာ ဖြစ်နေပြီ”ဟု သူက ပြောဆိုသည်။ ဆွေးနွေးပွဲတွင် အစိုးရက အပစ်ရပ်ရေးကို အဓိကထားဆွေးနွေးလိုသော်လည်း KIO က နိုင်ငံရေးအရ အသေအချာဆွေးနွေးရန် ဆန္ဒရှိကြောင်း၊ ထို့အပြင် အစိုးရဘက်မှ ခေါ်ဆောင်လာမည့် ဒု ဗိုလ်ချုပ်ကြီး မြင့်စိုး၏ လုပ်ပိုင်ခွင့်အာဏာများကိုလည်း ကြိုတင် အကြောင်းကြားထားခြင်း မရှိသည့်အတွက် လွဲချော်မှုတချို့ဖြစ်သွားခဲ့ကြောင်း အစည်းအဝေးတက်ရောက်ခဲ့သူ ဦးအောင်ကျော်ဇော ကပြောသည်။ “အခုဖြစ်တဲ့ ပြဿနာမှာ ဦးအောင်မင်းတို့က ဘာတွေ ဆွေးနွေးမယ် ဆိုတာကြိုမပြောထားဘူး၊ ကိုမြင့်စိုးနဲ့ပတ်သက်ပြီးပြောတာ ကြို တင်ရှင်းပြ မထားတာလည်း ပါတယ်၊ နောက်တခုက ဦးအောင်မင်းက မီဒီယာတွေမှာပြောနေတဲ့ ဒီအစည်းအဝေးနဲ့ ပတ်သက် လို့ သူ့ရည်ရွယ်ချက်က နိုင်ငံရေးကိစ္စနောက်ရောက်ပြီးတော့ တပ်ပဲ အဓိကထား ပြောတာကိုး၊ ဒါကြောင့်မို့ သူလည်းတပ်ကို ခေါ်လာ တာ”ဟု ဦးအောင်ကျော်ဇော က ပြောဆိုသည်။ ဆွေးနွေးပွဲသို့ ဒု ဗိုလ်ချုပ်ကြီး မြင့်စိုး တက်ရောက်နိုင်ခြင်းမရှိသော်လည်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်း ထွန်းနောင် အပါအဝင် ဒေသတွင်းရှိ တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်လာသည်ကို တိုးတက်မှု တရပ်အဖြစ်ရှုမြင်ကြောင်း ဦးအောင်ကျော်ဇော က ဆက်ပြောသည်။ ဝန်ကြီး ဦးအောင်မင်းက နိုဝင်ဘာလ ထဲတွင် နှစ်ဘက်ပြန်ဆုံကြပြီး နိုင်ငံရေးအရဆွေးနွေးချင်ကြောင်း ပြောဆိုသော်လည်း KIO က မူ ကြိုတင်ကန့်သတ်ချက် ထားသော ဆွေးနွေးပွဲမျိုး မဖြစ်လိုကြောင်း ဗိုလ်မှူးချုပ် ဂွန်မော် က ဧရာဝတီသို့ ပြောသည်။ “ဘယ်လို ပုံစံ ဆွေးနွေးကြမလဲ ဆိုတာကို သဘောတူကြရင် အချိန်မရွေး တွေ့လို့ရပါတယ်။ ကျနော်တို့ ဘက်ကနေ ပြောထား တာ ကတော့ ၂၀၀၈ အခြေခံဥပဒေ အောက်ကို ၀င်ပါ၊ ရွေးကောက်ပွဲ ၀င်ပါလို့ ကြိုတင် ကန့်သတ်ချက်နဲ့ လုပ်ထားရင် ရှေ့ကို ဆက်ပြီး ဆွေးနွေးရတာ အခက်အခဲ ရှိနိုင်တယ်။ အဲဒီလို ကြိုတင် ကန့်သတ်ချက်တွေ မထားဘဲနဲ့ နိုင်ငံရေး ဆွေးနွေးကြမယ်၊ ဆွေးနွေးတဲ့ အခါကျမှ ဘယ်လို ပုံစံမျိုးနဲ့ ဆွေးနွေးမလဲ၊ ဒါကို အဲဒီဆွေးနွေးပွဲမှာ ညှိနှိုင်းချင်တယ်”ဟု သူက ပြောပြသည်။ ယမန်နေ့ထုတ် အစိုးရ စစ်တပ်အာဘော် မြဝတီသတင်းစာ၌ ရခိုင်ပြည်နယ် ပဋိပက္ခနှင့် ပတ်သက်ပြီး ရေးသား ထားသော “အမှန် တရား ဘက်တွင် တပ်မတော် ရှိပါသည်” ဆိုသည့် ဆောင်းပါးတွင် တပ်မတော်အနေဖြင့် အငြင်းပွားဖွယ် တစုံတရာ ရင်ဆိုင်လာရ ပါ က နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဘက်မှ မားမားမတ်မတ် ရပ်တည် သွားမည်ဆိုသည်ကို အခိုင်အမာ ပြောကြား လိုကြောင်း ဖော်ပြထားသည်။
<urn:uuid:40cfcaf9-7765-44cc-809f-0becb2901ec8>
CC-MAIN-2014-35
http://burma.irrawaddy.org/?slide=%E1%80%80%E1%80%81%E1%80%BA%E1%80%84%E1%80%B9%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%94%E1%80%9A%E1%80%B9-%E1%81%BF%E1%80%84%E1%80%AD%E1%80%99%E1%80%B9%E1%80%B8%E1%80%81%E1%80%BA%E1%80%99%E1%80%B9
2014-08-21T04:21:32Z
s3://commoncrawl/crawl-data/CC-MAIN-2014-35/segments/1408500814701.13/warc/CC-MAIN-20140820021334-00283-ip-10-180-136-8.ec2.internal.warc.gz
mya
0.956285
Mymr
62
{"mya_Mymr_score": 0.9562847018241882, "blk_Mymr_score": 0.04197948798537254}
ပလိပ်ရောဂါ ပလိပ်ရောဂါ[ပြင်ဆင်ရန်] ပလိပ်ရောဂါသည် ယာဆင်နီယာ ပက်စ်တစ်(Yersinia pestis)ခေါ်သည့် ဘက်တီးရီးယား ကြောင့် ဖြစ်ပွားသော ကြောက်မက်ဖွယ် ကူးစက်ရောဂါ ဖြစ်သည်။ ပြင်သစ်−ဆွစ်လူမျိုး ဘက်တီးရီးယား ပညာရှင် အလက်ဇန္ဒား ယာဆင်Alexendre Yersinက အဆိုပါ ပိုးကို တွေ့ရှိခဲ့သည်။ ရောဂါပိုးကို ကြွက်များက အဓိကသယ်ဆောင်ပြီး ကြွက်သန်း(လှေး) များမှတဆင့် ပြန့်ပွားသည်။ ကမ္ဘာ့သမိုင်းတွင် လူအသေအပျောက်အများဆုံးရေဂါအဖြစ် အမည်ဆိုးဖြင့် ကျော်ကြားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကပ်ရောဂါအသွင်ကျရောက်တတ်သောကြောင့် အဓိကစောင့်ကြည့်ရမည့်ရောဂါအဖြစ် ၂၀၀၇ခုနှစ်၊ ဇွန်လအထိ သတ်မှတ်ထားသည်။ အမည်[ပြင်ဆင်ရန်] အင်္ဂလိပ်ဘာသာ Plagueဟူသော စကားလုံးကို မြန်မာအမည်အဖြစ် မွေးစားထားသည်။ == ရောဂါဖြစ်ပွားပုံနှင့် ကူးစက်ပုံ ကုသပုံ[ပြင်ဆင်ရန်] ၁၈၉၇ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ ဘုံဘေမြို့၌ အလုပ်လုပ်သော ဒေါက်တာ ဝါလ်ဒီမာ ဟပ်ဖ်ကိုင်း http://en.wikipedia.org/wiki/Waldemar_Haffkineက ပလိပ်ရေဂါ ကာကွယ်ဆေးကို စတင်တီထွင်စမ်းသပ်သည်။ ရောဂါ အချိန်မီ ဖော်ထုတ်နိုင်ပါက ပဋိဇီဝဆေး ကုထုံးဖြင့် ထိရောက်စွာ ကုသနိုင်သည်။ အသုံးပြုလေ့ရှိသော ဆေးများမှာ စထရက်တိုမိုင်စင်(streptomycin)၊ ကလိုရမ် ဖင်နီကော(chloramphenicol)၊ တက်ထရာ ဆိုင်ကလင်း(tetracycline) တို့ ဖြစ်သည်။ |Plague| |Classification and external resources| Yersinia pestis seen at 200× magnification with a fluorescent label. This bacterium, carried and spread by fleas, is the cause of the various forms of the disease plague. |ICD-10||A20.| |ICD-9||020| |MedlinePlus||000596| |eMedicine||med/3381| |MeSH||D010930|
<urn:uuid:50fd5b6b-bb6e-4647-ad86-288c3a30f82c>
CC-MAIN-2014-35
http://my.wikipedia.org/wiki/%E1%80%95%E1%80%9C%E1%80%AD%E1%80%95%E1%80%BA%E1%80%9B%E1%80%B1%E1%80%AC%E1%80%82%E1%80%AB
2014-09-02T01:50:57Z
s3://commoncrawl/crawl-data/CC-MAIN-2014-35/segments/1409535921318.10/warc/CC-MAIN-20140909054230-00439-ip-10-180-136-8.ec2.internal.warc.gz
mya
0.961679
Mymr
24
{"mya_Mymr_score": 0.9616791605949402, "blk_Mymr_score": 0.036829251796007156}
မစပ္စု on April 25, 2012 “မပြောမပြီး မတီးမမြည်” ဆိုတဲ့ မြန်မာစကားပုံတရပ်လိုပဲ Facebook စာမျက်နှာတွေထက် ဝေဖန် နေကြတဲ့ သရုပ်ဆောင် တယောက်ရဲ့ သင်္ကြန်တွင်း ၀တ်စားဆင်ယင်မှု၊ မြန်မာသင်္ကြန်ပွဲတော်ကို မြန်မာ ပြည်သားတွေ ရိုးရာမပျက် ဘယ်လို ဆင်နွှဲကြသလဲ ဆိုတာကို မစပ်စု လည်း နည်းနည်း ပါးပါးလောက် ပြောဦးမှလို့တော့ တွေးမိနေပါတယ်။ ပထမဆုံး ပြောချင်တာကတော့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ရဲ့ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် ဆင်နွှဲပုံပါပဲ။ သူ လျှပ်ပေါ်လော်လီ ၀တ်စား ထားပုံတွေအကြောင်း သင်္ကြန်ကာလတွင်းကတည်းက လူပြောများ လာခဲ့တာ သင်္ကြန်ပွဲတော်ကြီး ပြီးတာတောင် Facebook စာမျက်နှာ ထက် ဝေဖန်သံတွေ မပြီးနိုင်၊ မစီးနိုင်သေးပါ။ သူရဲ့ ၀တ်စားပုံကလည်း ပြောချင်စရာပါပဲ။ အင်္ကျီရင်ဘတ်မှာ အပေါက်တွေ ဖောက်ထားပါတယ်။ အတွင်းခံ မပါဘူး။ ရာသီဥတုကလည်း ပူပြင်းလေတော့ ခန္တာကိုယ် အတွင်းပိုင်း လေ၀င်အောင်များ ၀တ် ဆင် ထားလေသလားလို့တောင် ထင်မိနေပါတော့တယ်။ ဒီလို ၀တ်စားဆင်ယင် နေထိုင်မှုနဲ့ ပတ်သက်ပြီးတော့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ကို ခေါ်ယူသတိပေးသွားမယ်လို့ ရုပ်ရှင်အစည်းရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ရန်ကုန်အခြေစိုက် The True News ဂျာနယ်မှာ ပြောကြားထားပါသေးတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သရုပ်ဆောင် သင်ဇာဝင့်ကျော်ကို ဧရာဝတီက မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် တယ်လီဖုန်း အဆက်အသွယ် မရခဲ့ပါ။ ဒီလို သရုပ်ဆောင်တွေ လျှပ်ပေါ်လော်လီစွာ ၀တ်စားနေထိုင်လာတယ် ဆိုလို့ မစပ်စု သတိရမိတာတခုက သရုပ်ဆောင်အကယ်ဒမီခိုင်ခင် ဦး ၀တ်ဆင်ပုံပါ။ ၁၉၉၁ ခုနှစ်လောက်က ပွဲတခုမှာ စကတ်အတို ၀တ်ဆင်လာတဲ့အတွက် လျှပ်ပေါ်လော်လီတယ် ဆိုပြီး အနုပညာလုပ်ငန်း ၆ လ ပိတ်ပင် ခံခဲ့ ရဖူး ပါတယ်။ ရုပ်ရှင် ဂီတ လောကသားများ မဟုတ်တဲ့ ပြင်ပ လူငယ် လူရွယ်များကလည်း မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကြီးကို အကြောင်းပြပြီး လျှပ် ပေါ်လော်လီ ၀တ်စားတဲ့ ပုံရိပ်တွေ အမြင်မတော် ပြုမူ နေထိုင်ကြတဲ့ ပုံရိပ်တွေဟာ ဖေ့ဘုတ် စာမျက်နှာ တွေထက်မှာ ပလူပျံ နေပါ တော့တယ်။ ဒီလို ပလူပျံနေတဲ့ ဓာတ်ပုံတွေကို တွေ့မြင်ရတဲ့ သူတွေအနေနဲ့ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ဟာ ဒီလောက်တောင် ဆိုးဝါးနေပြီလား ဆိုတဲ့ မေးခွန်းပေါင်းများစွာနဲ့ပါ။ ဒါတွေကိုလည်း ပြည်တွင်း ပြည်ပ မီဒီယာတွေမှာရော Facebook မှာပါ ကန့်ကွက်တဲ့ သတင်းဆောင်း ပါးတွေ အကြောင်းအရာတွေနဲ့ ဖော်ပြလာကြတာပါ။ သက်ဆိုင်ရာ အာဏာပိုင်တွေက မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို အရုပ်ဆိုးအကျည်းတန်တဲ့ ပွဲတော်ကြီး၊ သရုပ်ပျက်ပွဲတော်ကြီး မဖြစ်ရလေ အောင် မဏ္ဍပ်နာမည်တွေ၊ မဏ္ဍပ်မှာ တည်ခင်း ဧည့်ခံတာတွေ မြန် မာဆန်ဆန် ဖြစ်ရလေအောင် စည်းကမ်း ချက်တွေ အမော တကော ထုတ်ပြန် ခဲ့တာ လည်း ပါးစပ် ရာဇ၀င် ဖြစ်လို့ နေခဲ့ ပါတယ်။ “မန္တလေးမှာ စင်တွေကို ပေ ၁၀၀၊ ၂၀၀ တွေဆောက် အမြင့်တွေကလည်း ဆယ်ပေလောက် မြင့်နေတော့အောက်မှာအခန်းတွေပြန်လုပ် တယ်။ အဲ့ဒီမှာ member ၀င်ခိုင်းမယ်။ ကြေးကို ကြီးကြီး တောင်း တယ်။ အဲ့ဒီ အောက်မှာ ကလပ်တွေ ပြန်ဖွင့်တယ်။ မူးယစ် ဆေးဝါးမျိုး စုံကို ရောင်းဝယ် ဖောက်ကား နေကြတယ်” လို့ မန္တလေးသူ တဦးက ဆိုပါတယ်။ ဒီလို မဏ္ဍပ်တွေကို မန္တလေးမြို့ရဲ့ အထင်ကရ မင်းနေပြည်တော်ဖြစ်တဲ့ ကျုံးပတ်ပတ်လည်မှာ မေးတင် ဆောက်ထားပြီး ဖြစ်ချင် သလိုဖြစ် နေတဲ့ အပေါ် မန္တလေး သားတွေ ရင်ထု မနာ ဖြစ်ရ ကြောင်း သူက ဆိုပါ တယ်။ စာရေးဆရာ အသင်း ပြန်လာမယ် တမျိုးသားလုံးနဲ့ဆိုင်တဲ့ ယဉ်ကျေးမှု၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာ သဘောထားများ ထုတ်ပြန်ခြင်း၊ အခွင့်အရေး တောင်းဆိုခြင်း၊ ကာကွယ်ခြင်းဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အထက်မြန်မာပြည် စာရေးဆရာ အသင်းကို ပြန်လည် ဖွဲ့စည်းတော့မှာပါ။ “ဥပမာ သင်္ကြန်ဆိုရင် ကျုံးပတ်ပတ်လည်မှာ ဖြစ်ပျက်နေတဲ့ အမြင်မတော်တာတွေ၊ နောက် မဏ္ဍပ်တွေ ဆောက်လုပ်တာတွေကို ကျနော်တို့ စာရေးဆရာများ အသင်းက ကန့်ကွက်တာမျိုးတွေလုပ်မယ်။ ရိုးရာ ယဉ်ကျေးမှုကို ဖျက်ဆီးနေတဲ့ ရေကစားသူတွေရဲ့ အမူအကျင့်တွေကို ဆန့်ကျင်တာမျိုးတွေ လုပ်မယ်” လို့ အသင်းဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ဆူးငှက်က ဧရာဝတီကို ပြောပါတယ်။ “အာဏာပိုင် အဖွဲ့အစည်းတွေကို အရေးယူပေးဖို့တောင်းဆိုတာတွေ လုပ်မယ်။ ဒါတွေလည်း ပါပါမယ်” လို့ စာရေးဆရာ ဆူးငှက်က ဖြည့်ွစွက်ပြောကြားပါတယ်။ အထက် မြန်မာပြည်စာရေးဆရာအသင်းကို ၁၉၄၄ ခုနှစ်ကတည်းက စတင် ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၁၉၆၃ ၀န်းကျင်မှာ အသင်းအဖွဲ့များ ဥပ ဒေနဲ့ တော်လှန်ရေး အစိုးရ လက်ထက်မှာ အသင်းအဖွဲ့များ အားလုံး ဖျက်ခံရပါတယ်။ အထက်မြန်မာပြည် စာရေးဆရာအသင်းက လှုပ်ရှားမှုများမလုပ်တော့ဘဲ စာတမ်းဖတ်ပွဲများနဲ့သာ ရပ်တည်ခဲ့ပါတယ်။ ၁၉၇၂ခုနှစ် နောက်ပိုင်း အာဏာပိုင်တို့အစီအစဉ်နဲ့ စာပေလုပ်သားအဖွဲ့ ဆိုတာ ပေါ်ပေါက်လာချိန်က စလို့ အထက်မြန်မာပြည် စာရေး ဆရာ အသင်းအဖွဲ့ရဲ့ အခန်းကဏ္ဍ ရပ်ဆိုင်းခဲ့ပါတော့တယ်။ အထက်မြန်မာပြည် စာရေးဆရာ အသင်း ပြန်လာမယ် ဆိုတော့ စာရေးဆရာတွေရဲ့ ကလောင်အစွမ်းနဲ့ တိုင်းပြည်ရဲ့ ယိုယွင်းနေတဲ့ အ ခန်း ကဏ္ဍပေါင်းစုံကို အားဖြည့် ဝေဖန် ပေးနိုင်မှုကို မျှော်လင့်ရင်း…။
<urn:uuid:ecf6cb34-0ab1-4256-9fb9-19a4ec0deabb>
CC-MAIN-2014-35
http://abbsoluteright.blogspot.com/2012/04/facebook_25.html
2014-09-02T23:38:50Z
s3://commoncrawl/crawl-data/CC-MAIN-2014-35/segments/1409535923940.4/warc/CC-MAIN-20140909030511-00072-ip-10-180-136-8.ec2.internal.warc.gz
mya
0.934286
Mymr
44
{"mya_Mymr_score": 0.9342857003211975, "blk_Mymr_score": 0.05609246715903282}
ဂျပန်နိုင်ငံ တိုကျိုဆိပ်ကမ်း၌ ဖမ်းဆီးရမိသည့် ယူရေနီယမ်သန့်စင်ခြင်းနှင့် ဒုံးကျည်ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည့် အဆင်မြင့် သတ္တုပိုက်များသည် မြန်မာနိုင်ငံနှင့် မည်သို့မျှ မသက်ဆိုင်ကြောင်း သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက ဧရာဝတီသို့ ပြောသည်။ ပြီးခဲ့သည့် သြဂုတ်လက တိုကျိုဆိပ်ကမ်း၌ ထိုင်ဝမ်မှတ်ပုံတင် ကုန်တင်သင်္ဘောတစီးပေါ်မှ DPRK (ကိုရီးယား ဒီမိုကရက်တစ် သမ္မတနိုင်ငံ) တံဆိပ်ပါရှိသည့် အဆင့်မြင့် သတ္တုပိုက် ၆၅ ချောင်းကို ဖမ်းဆီးရမိခြင်းဖြစ် ပြီး၊ ၎င်းသင်္ဘောသည် မြောက်ကိုရီးယား နိုင်ငံမှ ထွက်ခွာလာသည်ဟု အာဏာပိုင်များက ယူဆနေကြောင်း၊ တရုတ်နိုင်ငံမှတဆင့် မြန်မာနိုင်ငံသို့ ပို့ရန်ဖြစ်ကြောင်း နိုဝင်ဘာ ၂၄ ရက်နေ့ထုတ် ဂျပန်နိုင်ငံထုတ် အဆာဟိ ရှင်ဘွန်းသတင်းစာက ပြီးခဲ့သည့် ရက်ပိုင်းက စုံစမ်းဖော်ထုတ် တင်ပြထားသည်။ သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက “လွန်ခဲ့တဲ့ သြဂုတ်အတွင်းက မိတယ်၊ တရုတ်လည်း ပါဝင်ပတ်သက်တယ်လို့ ပါတယ်။ တကယ်သာ မြန်မာပြည်ကို ပို့ဖို့မှန်ရင် ဂျပန်အစိုးရ အပါအ၀င် နိုင်ငံတကာအစိုးရတွေက တရားဝင် ပြောကြားကန့်ကွက်မှာပါ” ဟု ဆိုသည်။ အဆိုပါဖြစ်ရပ်တွင် ပါဝင်ပတ်သက်ခြင်း ရှိ မရှိ မြန်မာအစိုးရနှင့် နိုင်ငံတကာအစိုးရများ ဆက်ဆံရေး ကောင်းမွန်နေခြင်းကို ကြည့်ခြင်းဖြင့် သိနိုင်ကြောင်း၊ ဂျပန်အစိုးရထံမှလည်း တရားဝင်ပြောဆိုမှု မရှိသည့်အပြင် မြန်မာအစိုးရ ပါဝင်ပတ်သက်နေသည် ဆိုပါက အမေရိကန်သမ္မတ အိုဘားမား အပါအ၀င် ကမ္ဘာ့ခေါင်းဆောင်များ လာရောက်လည်ပတ်မည် မဟုတ်ကြောင်း ဦးဇော်ဌေးက ဆက်ပြောသည်။ စစ်အစိုးရလက်ထက်က မြောက်ကိုရီးယားနိုင်ငံနှင့် နျူကလီးယား စီမံကိန်းများ အပါအ၀င် ဒုံးကျည် ထုတ်လုပ်မှုများ ပြုလုပ်နေကြောင်း၊ မြောက်ကိုရီးယား ကျွမ်းကျင်သူများ မြန်မာနိုင်ငံတွင် ရောက်ရှိနေသည်ဆိုသော သတင်းများကြောင့် အမေရိကန် အပါအ၀င် နိုင်ငံတကာအသိုင်းအ၀န်းက သံသယဖြင့် စောင့်ကြည့်ခြင်းကို ခံခဲ့ရသည်။ “မြောက်ကိုရီးယားနဲ့ စစ်အစိုးရ လက်ထက်ကသာ စစ်ရေးဆက်ဆံမှု ရှိခဲ့တာပါ။ အခု သမ္မတ ဦးသိန်းစိန် လက်ထက်မှာ လုံးဝမရှိပါဘူး” ဟု ဦးဇော်ဌေးက ရှင်းပြသည်။ စစ်အစိုးရလက်ထက်က ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းကိုယ်တိုင် မြောက်ကိုရီးယားသို့ သွားရောက်ကာ စစ်ရေးဆက်ဆံမှုများ ပြုလုပ်ခဲ့ဖူးရာ အမေရိကန်နိုင်ငံက မြန်မာနှင့် မြောက်ကိုးရီးယားတို့၏ စစ်ရေးဆက်ဆံမှုများကို ဖြတ်တောက်ပစ်ရန် မြန်မာအစိုးရကို အကြိမ်ကြိမ် တောင်းဆိုခဲ့သည်။ မြန်မာနိုင်ငံတွင် ရုရှားနိုင်ငံ အကူအညီဖြင့် နျူကလီးယားသုတေသန ဓာတ်ပေါင်းဖို တည်ဆောက်ရန် စစ်အစိုးရက ကြိုးစားခဲ့သော်လည်း လုံလောက်သည့် ငွေကြေးနှင့် နည်းပညာ မတတ်နိုင်ခြင်း၊ နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ အထင်အမြင် လွဲမှားခြင်းများကြောင့် အစိုးရသစ်လက်ထက်တွင် ရပ်ဆိုင်းလိုက်ကြောင်း၊ ထို့ကြောင့် နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ၏ စည်းကမ်းချက်များကို လိုက်နာပြီး သဘောတူ လက်မှတ်ရေးထိုးရန်လည်း သဘောတူညီပြီးဖြစ်ကြောင်း နိုဝင်ဘာ ၁၈ ရက်နေ့ အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့က ဆိုသည်။
<urn:uuid:5470c103-a5f6-4648-84f3-3e3a9d03d388>
CC-MAIN-2014-35
http://burma.irrawaddy.org/?slide=%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%AD%E1%80%B3%E1%81%8C-%E1%80%96%E1%80%99%E1%80%B9%E1%80%B8%E1%80%99%E1%80%AD%E1%80%9E%E1%80%8A%E1%80%B9%E1%80%B7-%E1%80%B1%E1%80%BB%E1%80%99%E1%80%AC
2014-09-02T23:45:20Z
s3://commoncrawl/crawl-data/CC-MAIN-2014-35/segments/1409535923940.4/warc/CC-MAIN-20140909030511-00072-ip-10-180-136-8.ec2.internal.warc.gz
mya
0.9449
Mymr
59
{"mya_Mymr_score": 0.9449002742767334, "blk_Mymr_score": 0.03630509972572327, "und_Mymr_score": 0.015355333685874939}
တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို လွှတ်တော် တက်ရောက်ခွင့် ပေးထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပါ ပြဌာန်းချက်ကို ပြင်ဆင် သင့်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စား လှယ် သောမတ်စ် အိုဟေး ကင်တာနားက မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖေဖော်ဝါရီ လ ၁၆ ရက် နေ့က ပြောကြားခဲ့မှု့နှင့် ပတ်သက်၍ ပြည်သူများနှင့် လွှတ်တော် ကိုယ်းစားလှယ်များ မှ ပြင်းပြင်း ထန်ထန် ဝေဖန်လိုက်ကြောင်း သိရသည်။ “ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ ဆိုတာက တိုင်းရင်းသား အချင်း ချင်း ဖြေ ရှင်း ရမယ့် ပြဿနာပါ။ သူ့ကို ပေးအပ်ထားတဲ့ တာဝန် အသေးစိတ် ဘောင်ကို မသိဘူး။ တာဝန် ထဲ မှာ မ ပါရင်တော့ ဘောင်ကျော် ပြီးတော့ ခုလို မပြောသင့်ဘူး” ဟု သင်္ဃန်းကျွန်း မြို့နယ်မှ ပြည်သူ့ လွှတ်ေ တာ် ကိုယ်စားလှယ် ဦးသိန်းညွန့် က ဆိုသည်။ တောင်ဥက္ကလာပ မြို့နယ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က “ကိုယ်နဲ့မ ဆိုင်တာ ဝင်မပါ သင့်ဘူး။ လူ့အခွင့်အရေး ကိုယ်စားလှယ်က လူ့အခွင့်အရေး ကိစ္စပဲ ပြောပေါ့။ ခုတော့ ဗမာတွေ သဘော ကောင်းတာကို အခွင့်ကောင်း ယူပြီး ခြေကျူး လက်ကျူးနဲ့” ဟု ပြောသည်။ ကင်တာနားသည် ပြုပြင်ပြောင်းလဲမှု့ကို မလိုလားသည့် ၊ အကောင်းမမြင်သည့် အဖွဲ့အစည်း အချို့နှင့် တွေ့ဆုံခဲ့ပြီး ယခင် အစိုးရ လက်ထက် ကကဲ့သို့ အစိုးရ ဝေဖန်ခဲ့လျှင် ချီးမွှမ်းခံရ မည်၊ ထောက်ခံ ခံရမည်အထင် ရှိနေပုံရကြော့င်း၊ မြန်မာ ပြည်သူများ သည် များစွာပြောင် လဲခဲ့ပြီ ဖြစ်ကြောင်း၊ အစိုးရ လုပ်တိုင်း မကောင်းမြင်သည့် ခေတ်မဟုတ်တော့ကြောင်း ကင်တားနားသည် အစိုးရ အတိုက်အခံ အဖွဲ့ အစည်း အချို့ လေသံ လိုက်ပြီး ၎င်း လိုလားသည့် ဘင်္ဂလီ များ ရသင့်တဲ့ အခွင့်အရေးထက် ပိုရအောင် ပြောသွားကြောင်း၊ ပြည်သူတစ်ဦးက ပြောသည်။ အဲလူက လူ့ အခွင့် အရေး အကြောင်းပြပြီး ဘင်္ဂလီ တွေ နိုင်ငံသား ဖြစ်လာအောင် လာလုပ်ပေးနေတာ ဟု ပြည်သူ တစ်ဦးက ဝေဖန်သည်။ စစ်တပ် ကိုယ်စားလှယ်ကိစ္စသည် မြန်မာ ပြည်သူများ၊ တရားဝင် ဖွဲ့စည်းထားသော နိုင်ငံရေး ပါတီ များ၊ အဖွဲ့ အစည်းများ၏ အရေးကိစ္စ ဖြစ်ကြောင်း၊ မဆိုင်သည့် စကားတွေ လာပြောသည့် ကင်တားနား ကို နောက် တစ်ခေါက် မြန်မာပြည် ပေးမ၀င်သင့်တော့ကြောင်း ပြောကြားသွားပါသည်။ မြန်မာ့သားကောင်း
<urn:uuid:07eee606-eb04-4d0c-b136-2fedc19ce504>
CC-MAIN-2014-35
http://golden-land-myanmar-mm.blogspot.com/2013/02/blog-post_9322.html
2014-09-02T23:38:50Z
s3://commoncrawl/crawl-data/CC-MAIN-2014-35/segments/1409535923940.4/warc/CC-MAIN-20140909030511-00072-ip-10-180-136-8.ec2.internal.warc.gz
mya
0.990274
Mymr
37
{"mya_Mymr_score": 0.9902738332748413}
အကီနို Developer Conference ပွဲမှာတုန်းက ပြောသွားတဲ့ လေ့လာ ချင်သူတွေ အတွက် စွယ်စုံကြမ်း လင့်လေးပါ။ https://developer.mozilla.org/en-US/ ၂၀၀၅ ခုနစ်ကထဲက စတင်တည် ထောင်ခဲ့တဲ့ မော်ဇီလာ ရဲ့ တရား၀င် developer center တခုဖြစ်ပါတယ်။ Topic မှာတော့ Web, Apps ,Mobile, Add-ons, Mozilla စတာတွေကိုလေ့လာနိုင်သလို။ သူများတွေ စမ်းပြီးရေးထားတဲ့ ဒီမိုလေးတွေကိုလည်း demos https://developer.mozilla.org/en-US/demos/ မှာတွေ့နိုင်မှာပါ။ ကိုယ်ကိုတိုင်ကလည်း ကိုယ့် ဒီမိုလေးတွေကို တင်ချင်တယ်ဆိုရင် တော့ persona နဲ့ login ၀င်ပြီးတင်နိုင်ပါတယ်။ Learninig … Continue reading Posts tagged with “CSS” မော်ဇီလာရဲ့ သတင်းအသစ်လေးတခုကို မျှေ၀ချင်ပါတယ်။ဇွန်လရဲ့နောက်ဆုံး အပတ်မှာ မော်ဇီလာရဲ့Mozilla Thimble ကို စတင်ထုတ်လွင့်တော့မှာဖြစ်ပါတယ်။ Mozilla Thimble ဆိုတာဘာလဲ။ Mozilla Thimble ဆိုတာကတော့ ရိုးရှင်းတဲ့ web page editor လေးပါ သူ့ကို မြောက်များစွာသောprojects လေးတွေနဲ့ပေါင်းစပ်ထားပြီးသင့်ကို HTMLနဲ့ CSS ကိုလွယ်လွယ်ကူကူနဲ့လေ့လာနိုင်စေမှာပါ။ သူ့ရဲ့ရည်ရွယ်ချက်ကလေးကတော့ လူတွေကိုHTML and CSS အခြေခံ အကြောင်းကိုထဲထဲ၀င်၀င်သိရှိသွားစေလိုပြီး အသစ်တွေကို စတင်ပြုလုပ်ဖန်တီးလာနိုင်စေလိုတဲ့ရည်ရွယ်ချက်ကလေးပါ။ Mozilla Thimble ကိုတော့ Summer Code Party … Continue reading
<urn:uuid:a4934f00-eae9-4746-b284-9a97b61f89d2>
CC-MAIN-2014-35
http://mozillamyanmar.org/tag/css/
2014-09-02T23:41:14Z
s3://commoncrawl/crawl-data/CC-MAIN-2014-35/segments/1409535923940.4/warc/CC-MAIN-20140909030511-00072-ip-10-180-136-8.ec2.internal.warc.gz
mya
0.978978
Mymr
101
{"mya_Mymr_score": 0.9789783954620361, "blk_Mymr_score": 0.01998508907854557}
ကချင်သတင်းဌာနရဲ့ ပြောကြားချက်အရ တရုတ်မြန်မာ နယ်စပ် နယ်ခြား မှတ်တိုင် အမှတ်၅မှာ ရှိတဲ့ အဲဒီစခန်းမှာ လူအင်အား ၃၀ ကျော် ဝန်းကျင်လောက် ရှိနေကြောင်း၊ စခန်းတခုလုံး ကျသွားတဲ့အတွက် သေဆုံးသူ အရေအတွက် များပြီး အသက်ရှင်သူ တခိျု့ကိုလည်း KIA က ဖမ်းဆီးသွားကြောင်း သိရပါတယ်။ ဒီစခန်းဟာ NDAKနဲ့ အစိုးရ ပူးပေါင်းထားတဲ့ နယ်ခြားစောင့် တပ်ရင်း ၁၀၀၃ရဲ့ ရှေ့တန်းစခန်းဖြစ်တယ်လို့ ဆိုပါတယ်။ NDAK နဲ့ အစိုးရတို့ ပူးပေါင်းထားတဲ့ နယ်ခြားစောင့် တပ်ရင်း ၁ဝဝ၃ ရဲ့ရှေ့ တန်း စခန်းကို KIAက ဘာကြောင့် အခုလို စခန်းသိမ်း တိုက်ခိုက်ရသလဲ ဆိုတာကိုတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။ ဘီဘီစီ - မြန်မာပိုင်း ျNDAK အဖွဲ့ရဲ့ ဥက္ကဌအဖြစ် ဦး စခုံတိန်ယိန်း တာဝန်ယူချဲ့
<urn:uuid:376bf259-814c-43fe-b69f-83e13925f83a>
CC-MAIN-2014-35
http://www.thithtoolwin.com/2012/09/ndak-kia.html
2014-09-02T23:41:43Z
s3://commoncrawl/crawl-data/CC-MAIN-2014-35/segments/1409535923940.4/warc/CC-MAIN-20140909030511-00072-ip-10-180-136-8.ec2.internal.warc.gz
mya
0.995904
Mymr
36
{"mya_Mymr_score": 0.9959040880203247}
အဲလ်ဖရက် နိုဘဲလ် |အဲလ်ဖရက် နိုဘဲလ် Alfred Nobel |မွေးနေ့||21 October 1833 Stockholm, Sweden |ကွယ်လွန်||10 December 1896 (aged 63) Sanremo, Italy |ဂူဗိမာန်||Norra begravningsplatsen, Stockholm| |အလုပ်အကိုင်||Chemist, engineer, innovator, armaments manufacturer and inventor.| |ကျော်ကြားမှု||Invention of dynamite, Nobel Prize| |လက်မှတ်| အဲလ်ဖရက် ဘနာ့ဒ် နိုဘဲလ် (Alfred Bernhard Nobel) (၁၈၃၃ - ၁၈၉၆) သည် ဆွီဒစ်လူမျိုး ဓာတုဗေဒပညာရှင် တစ်ဦးဖြစ်သည်။ ကုန်ပစ္စည်းများ ထုတ်လုပ်သူအဖြစ် လည်းကောင်း၊ ဒိုင်းနမိုက် (ယမ်းဘီလူး) ကို တီထွင်သူ ပညာရှင်အဖြစ် လည်းကောင်း၊ နိုဘဲလ်ဆုများ၏ ဒါနရှင်အဖြစ် လည်းကောင်း ကျော်ကြားသူဖြစ်သည်။ နိုဘဲလ်အား စတော့ခ်ဟုမ်းမြို့၌ ၁၈၃၃ ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့တွင် ဖွားမြင်သည်။ ဖခင်ဖြစ်သူသည် တီထွင်တတ်သူ ပညာရှင်တစ်ဦးဖြစ်သည်။ နိုဘဲလ်သည် စိန်ပီတာစဘတ်မြို့၌ ပညာသင်ကြားခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်၍ နာမည်ကျော် အင်ဂျင်နီယာကြီး အဲရစ်ကဆန်ထံ၌ အင်ဂျင်နီယာ အတတ်ကို သင်ယူခဲ့သည်။ ထိုနောက်တွင် စိန်ပီတာစဘတ်မြို့သို့ ပြန်လာကာ မိမိဖခင်၏ လုပ်ငန်းကို ကူညီယင်း နိုက်ထရို ဂလစ်ဆရင်းကို စမ်းသပ် လုပ်ကိုင်ကြည့်ရာ အောင်မြင်ခဲ့သဖြင့် ပထမဦးစွာ နိုက်ထရို ဂလစ်ဆရင်း ထုတ်လုပ်သော စက်ရုံတစ်ခုကို ဆွီဒင်နိုင်ငံတွင် တည်ထောင်ခဲ့သည်။ သို့သော် မျှော်လင့်ထားသည့်အတိုင်း ဘေးကင်းစွာဖြင့် အသုံးမပြုနိုင်ပဲ ပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပေါ်ခဲ့သည်။ တစ်ကြိမ်တွင် အလုပ်ရုံအတွင်း၌ ပေါက်ကွဲမှု မတော်တဆ ဖြစ်ပွားခဲ့ရာ သူ၏ညီမှာ သေဆုံးသွား၍ ဖခင်ကြီးမှာလည်း မစွမ်းမသန် ဖြစ်ခဲ့ရလေသည်။ နောက်ဆုံးတွင် ၁၈၆၇ ခုနှစ်၌ သူသည် နိုက်ထရို ဂလစ်ဆရင်းကို အခြားပစ္စည်းတစ်ခုနှင့် ပေါင်းစပ်ကြည့်ရာ ဘေးကင်းစိတ်ချစွာ ကိုင်တွယ်နိုင်သည်ကို တွေ့ရပြီး ဒိုင်းနမိုက်ဟု အမည်ပေးခဲ့သည်။ ဤတွင် နှစ်အနည်းငယ်အတွင်း သူသည် ဒိုင်းနမိုက်လုပ်ငန်းနှင့် ကြီးပွားလာခဲ့ရာ ကမ္ဘာတွင် အကြွယ်ဝဆုံး ပုဂ္ဂိုလ်များအနက် တစ်ဦး အပါအဝင်ဖြစ်လာသည်။ ကမ္ဘာအနှံ့အပြား၌ ဒိုင်းနမိုက်စက်ရုံများနှင့် ခဲယမ်းမီးကျောက်စက်ရုံများကို တည်ဆောက်ခဲ့သည်။ ဓာတ်ချက်ကော်ဖတ်၊ ပိုးတုနှင့် အခြားကုန်ပစ္စည်း အမျိုးမျိုးကိုလည်း စမ်းသပ်ပြုလုပ်၍ အောင်မြင်ခဲ့သည်။ သို့သော် သူသည် ဒိုင်းနမိုက်တီထွင်မိသည့်အတွက် စိတ်မချမ်းမသာ ဖြစ်ခဲ့ရသည်။ သူ၏ ညီ၊ ဖခင်နှင့်တကွ လူပေါင်းများစွာအား အန္တရာယ်ဖြစ်စေသည့် ပစ္စည်းကို ပြုလုပ်မိသောကြောင့် သူ့တွင် အပြစ်ရှိသည်ဟု ယူဆခဲ့သည်။ တီထွင်စဉ်ကမူ ငြိမ်းချမ်းစွာ စားသောက်နေထိုင်မှုအတွက် လူသုံးပစ္စည်း တစ်ခုအဖြစ် ရည်စူးခဲ့သော်လည်း နောင်အခါ စစ်ပွဲများ၌ ဒိုင်းနမိုက်ကို အသုံးပြုနေကြသဖြင့် မနှစ်မြို့ခြင်း ဖြစ်ရလေသည်။ ထို့ကြောင့်ပင် သူ၏ သေတမ်းစာ၌ ရန်ပုံငွေဒေါ်လာပေါင်း ၉ သန်းခန့်ကို သီးသန့်ထား၍ နှစ်စဉ် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းသူ၊ ထူးချွန်သော စာရေးဆရာ၊ ရူပဗေဒတွင် ရှာဖွေတီထွင်နိုင်သူ၊ ဓာတုဗေဒတွင် ရှာဖွေတီထွင်နိုင်သူ၊ ဆေးပညာ သို့မဟုတ် ဖီဇီဩလိုဂျီတွင် ရှာဖွေတီထွင်နိုင်သူများအား ဆုချီးမြှင့်ရန် လျာထားခဲ့သည်။ အဲလ်ဖရက် နိုဘဲလ်သည် ၁၈၉၆ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အီတလီနိုင်ငံ ဆန်ရီမိုမြို့၌ ကွယ်လွန်လေသည်။
<urn:uuid:f03ed847-0bac-43d5-b2ac-1d456a957053>
CC-MAIN-2014-35
http://my.wikipedia.org/wiki/%E1%80%A1%E1%80%B2%E1%80%9C%E1%80%96%E1%80%9B%E1%80%80%E1%80%BA_%E1%80%94%E1%80%AD%E1%80%AF%E1%80%98%E1%80%B2%E1%80%9C%E1%80%BA
2014-09-02T06:45:56Z
s3://commoncrawl/crawl-data/CC-MAIN-2014-35/segments/1409535921869.7/warc/CC-MAIN-20140901014521-00469-ip-10-180-136-8.ec2.internal.warc.gz
mya
0.998183
Mymr
168
{"mya_Mymr_score": 0.9981833696365356}
ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ရတဲ့ အကြောင်းရင်းအပေါ် ရခိုင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သဘောထားအမြင်တွေကို ရှင်းလင်းတင်ပြရခြင်း ဖြစ်တယ်လို့ ပါတီ ခေါင်းဆောင် ဦးအေးသာအောင်က ပြောပါတယ်။ "အခု ဒီဖြစ်ပေါ်သွားတဲ့ ဒီအဖြစ်ဆိုးဟာပေါ့လေ၊ တကယ်တော့ တဘက်နိုင်ငံက နိုင်ငံခြားသားတွေက မြန်မာနိုင်ငံကို နည်းမျိုးစုံနဲ့ ဝင်ရောက်လာတယ်။ လူဦးရေများလာတယ်။ ဒီများလာတဲ့လူဦးရေအရ တဘက်စောင်းနင်း ဆက်ဆံမှုတွေ ရှိတဲ့အတွက်ကြောင့် ဒီပြဿနာတွေ ဖြစ်ရတယ် ဆိုတာကို မီးမောင်းထိုးပြချင်တာ" လက်ရှိ ဘူးသီးတောင်၊ မောင်တောမြို့မှာ အခြေအနေတွေ ဆိုးဝါးနေပြီး တခြားမြို့တွေကိုပါ ကူးစက်လာနေတဲ့အတွက် မိမိတို့အဖွဲ့အနေနဲ့ စိုးရိမ်ပူပန်ကြောင်း၊ ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက်မှုတွေကို အမြန်ဆုံးရပ်စဲအောင် နိုင်ငံတော်အစိုးရ၊ နိုင်ငံရေးပါတီများ အခြားအဖွဲ့အစည်းများ ပူးပေါင်းပြီး ဆောင်ရွက်ပေးဖို့ ရခိုင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မေတ္တာရပ်ခံလိုက်ပါတယ်။ ဒါ့အပြင် အကြမ်းဖက်မှုတွေ မပြန့်ပွားအောင် ကြိုတင်တားဆီး ကာကွယ်မှုတွေ ပြုလုပ်ရန်၊ ဒေသခံပြည်သူတွေကို အကာအကွယ်ပေးနိုင်မယ့် လုံခြုံရေး အစီအစဉ်တွေကို ဆောင်ရွက်ပေးရန်နဲ့ ဘူးသီးတောင် မောင်တောဒေသ ပြန်လည်ထူထောင်ရေးကို အမြန်ဆုံး ကူညီဆောင်ရွက်ပေးရန်၊ တရားမ၀င် ၀င်ရောက်လာတဲ့ နိုင်ငံခြားသားတွေကို နိုင်ငံသားဥပဒေအရ ထိထိရောက်ရောက် ဆောင်ရွက်ပေးရန် စတဲ့အချက်တွေကိုလည်း တိုက်တွန်းတောင်းဆိုထားပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲကို တိုင်းရင်းသားပါတီခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီအသီးသီးက ပုဂ္ဂိုလ်တွေ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ လူမှုအဖွဲ့အစည်းအသီးသီးက ပုဂ္ဂိုလ်တွေ ၅၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ဖြစ်ပျက်မူတွေအပေါ်ဆန္ဒဖော်ထုတ်ခြင်းနဲ့ ဆုတောင်းပွဲကို ရန်ကုန်မြို့ ရွှေတိဂုံဘုရားမှာပြုလုပ်ပါတယ်။ ဒီအကြောင်းကို RFA သတင်းထောက် ကိုမိုးကျော်က သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။ ျသတင်းပေးပို့ချက်။ျ ျအသံဖိုင်ယူရန်။ျ လက်ရှိဖြစ်နေတဲ့ ရခိုင်ပြည်နယ်က အရေးကိစ္စဟာ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာဝင်တွေကြားမှာ ဖြစ်တဲ့ ပဋိပက္ခမဟုတ်ဘူးလို့ မြန်မာ-မူစလင် အမျိုးသားရေးရာ အဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး ဦးကျော်ခင်က ပြောလိုက်သလို အစ္စလာမ်ဘာသာဝင်တွေအားလုံး မေတ္တာတရားနဲ့ ယှဉ်ပြီး ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်ဖို့ မြန်မာ-မူစလင် အမျိုးသားရေးရာအဖွဲ့ချုပ် က တိုက်တွန်းလိုက်ပါတယ်။ ဦးကျော်ခင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။ ျဆက်သွယ်မေးမြန်းချက်။ျ ျအသံဖိုင်ယူရန်။ျ
<urn:uuid:01a281ed-f75b-4a13-8b9a-3fa7eb93448a>
CC-MAIN-2014-41
http://www.rfa.org/burmese/news/rakhine-riot-people-protest-06112012112656.html
2014-09-22T08:12:12Z
s3://commoncrawl/crawl-data/CC-MAIN-2014-41/segments/1410657136963.94/warc/CC-MAIN-20140914011216-00151-ip-10-234-18-248.ec2.internal.warc.gz
mya
0.907269
Mymr
43
{"mya_Mymr_score": 0.907268762588501, "blk_Mymr_score": 0.0888623297214508}
Bit Binary digit ကို အတိုကောက်ခေါ်ဆိုခြင်းဖြစ်သည်။ စက်တစ်လုံးပေါ်မှ အသေးငယ်ဆုံး သတင်းအချက်အလက် ယူနစ် ဖြစ်သည်။ ရှေ့ဆောင် စာရင်းအင်းပညာရှင် ဂၽွန်တူကီက ဤေဝါဟာရကို 1946 ခုနှစ်တွင် စတင်သုံးစွဲခဲ့သည်။ Circuit တစ်ခုပေါ်တွင် လျှပ်စစ်ဓါတ်အား တစ်ခု ဖြတ်စီးခြင်း/မစီးခြင်းကို သတ်မှတ်သည်။ အကယ်၍ ဆားကစ်တစ်ခုပေါ် လျှပ်စစ်ဖြတ်စီးလျှင် Bit ၏ တန်ဖိုးသည် 1 ဖြစ်ပြီး လျှပ်စစ်ဖြတ်စီးမှုမရှိလျှင် Bit ၏ တန်ဖိုးသည် 0 ဖြစ်နေသည်။ တစ်ခုတည်းသော Bit သည် 0 သို့မဟုတ် 1 ဆိုသည့် တန်ဖိုးနှစ်ခုအနက် တစ်ခုကိုသာ ဆောင်ထားနိုင်သည်။ ဆက်တိုက်လာသည့် Bit များကို ပို၍ ကြီးမားသည့် ယူနစ်များအဖြစ် ပေါင်းစပ်ပေးခြင်းဖြင့် ပို၍အဓိပ်ပါယ်ပြည့်၀သော သတင်းအချက်အလက်များကို ရရှိသည် ဥပမာအားဖြင့် Byte တစ်ခုကို ဆက်တိုက်လာသည့် Bit ရှစ်ခုဖြင့် ဖွဲ့စည်းထားသည်။ တစ်ခါတရံတွင် ကွန်ပျူတာများကို တစ်ကြိမ်လျှင် ၎တို့ process လုပ်နိုင်သည့် Bit အရေအတွက်ဖြင့်ဖြစ်စေ၊ Address များအား ကိုယ်စားပြုရန် ၎တို့အသုံးပြုသည့် Bit အရေအတွက် ဖြင့် ဖြစ်စေ အဆင့်အတန်းသတ်မှတ်သည်။ ဤတန်ဖိုးနှစ်ခုမှာ အမြဲတမ်း တူညီခြင်းမရှိသည့်အတွက် နားလည်မှုရှုပ်ထွေးသွားတတ်ကြသည်။ ဥပမာအားဖြင့် ကွန်ပျူတာတစ်လုံးအား 32 bit စက်တစ်လုံးအဖြစ် သတ်မှတ်ခြင်းသည် ယင်း၏ data register မှာ 32 bits ကျယ်ဝန်းသည် သို့မဟုတ် စက်သည် မှတ်ဉာဏ်ထဲမှ Adress တစ်ခုစီကို ရှာဖွေသတ်မှတ်ရာတွင် 32 bits အသုံးပြုသည် ဟု အဓိပ်ပါယ်ရသည်။ ပို၍အရွယ်ကြီးသည့် data register များက Computer အား ပို၍ မြန်ဆန်စေသကဲ့သို့ adress များအတွက် bits ပိုမိုသုံးစွဲခြင်းဖြင့် စက်တစ်လုံးသည် ပိုမိုကြီးမားသည့် ပရိုဂရမ်များကို အထောက်အကူ ပြုနိုင်သည်။ Graphic များကို မကြာခဏဆိုသကဲ့သို့ dot တစ်ခုချင်းအား ကိုယ်စားပြုရန် အသုံးပြုသည့် bit အရေအတွက်ဖြင့်လည်း ဖော်ပြတတ်သည်။ 1-bit ပုံရိပ်တစ်ခုသည် monochrome ဖြစ်သည်။ 8-bit ပုံရိပ်တစ်ခုသည် 256 color သို့မဟုတ် grayscale များကို အထောက်အကူပြုသည်။ 24 သို့မဟုတ် 32 bit ဂရပ်ဖစ်များသည် true color ကို အထောက်အကူပြုသည်။
<urn:uuid:1085e564-57b8-4887-b90a-e67ce437d7e8>
CC-MAIN-2014-41
http://my.wikipedia.org/wiki/Bit
2014-09-30T05:56:35Z
s3://commoncrawl/crawl-data/CC-MAIN-2014-41/segments/1412037662880.10/warc/CC-MAIN-20140930004102-00141-ip-10-234-18-248.ec2.internal.warc.gz
mya
0.996116
Mymr
98
{"mya_Mymr_score": 0.9961162209510803}
အဲပုဂံ (Air Bagan) လေကြောင်းမှ ခရီးသည်တင်လေယာဉ် ဟဲဟိုးလေယာဉ်ကွင်းအဆင်းတွင် မတော်တဆ ပျက်ကျမှု ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် တလပြည့်ပြီ ဖြစ်သော်လည်း ပျက်ကျသည့် အကြောင်းရင်းကို အဖြေထုတ်နိုင်ခြင်း မရှိသေးပေ။ ထို မတော်တဆမှုဖြစ်စဉ်တွင် လေယာဉ်ပါ ခရီးသည် ၆၅ ဦး အနက် စပိန်နှင့် အင်္ဂလိပ် ဧည့်လမ်းညွန် မနွယ်လင်းရှိန် သေဆုံးခဲ့ရကာ ခရီးသည် ၁၁ ဦး ဆေးရုံသို့ တက်ရောက်ကုသခဲ့ရသည်။ ထို့အပြင် လေယာဉ်ပျက်ကျရာ လမ်းကြောင်းတွင် ဆိုင်ကယ်စီးနေသော ဟဲဟိုးဒေသခံ ဦးပြား (ခ) ဦးသိန်းတန် လည်း သေဆုံးခဲ့သည်။ ယခုတိုင်လည်း မီးလောင်ဒဏ်ရာ ရရှိထားတဲ့ ဧည့်လမ်းညွန် မတိုးတိုးခင်နှင့် ဟဲဟိုးဒေသခံ ကိုဌေးအောင်တို့ နှစ်ဦးလည်း ရန်ကုန် ဆေးရုံကြီး၌ ဆက်လက်ကုသမှု ခံယူနေရ ဆဲဖြစ်သည်။ ထိခိုက်ဒဏ်ရာရသူများနှင့် ပတ်သက်ပြီး အဲပုဂံ လေကြောင်းလိုင်းနှင့် ထူးဖောင်ဒေးရှင်းတို့မှ ဆက်လက် ကူညီနေပြီး လေကြောင်းလိုင်းနှင့် ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများလည်း ယနေ့တွင် ဟဲဟိုးဒေသသို့ သွားရောက်ကြကြောင်း သိရသည်။ “သေဆုံးသွားတဲ့ မနွယ်လင်းရှိန်တို့၊ ဦးပြားတို့ကို ဒေသအခေါ် သွေးသောက်အကူငွေတွေကို ပေးအပ်တဲ့အပြင် ဦးပြားရဲ့ မိသားစုနဲ့ ပတ်သက်လို့ ကလေးတွေကို ဆက်တာဝန်ယူဖို့လည်း ရှိပါလိမ့်မယ်။ ဆက်လက် လုပ်ဆောင်နေပါတယ်” ဟု အဲပုဂံ လေကြောင်းလိုင်း ပြောခွင့်ရပုဂ္ဂိုလ် ဦးဖြိုးကိုကိုသက်က ဆိုသည်။ အဆိုပါ လေယာဉ် မတော်တဆမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး လေကြောင်းပို့ဆောင်ရေး ညွန်ကြားရေး ဦးစီးဌာန (DCA) မှ ဒု ညွန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ဥက္ကဋ္ဌ၊ လေယာဉ် မတော်တဆဖြစ်ပွားမှု စုံစမ်းစစ်ဆေးရေး ဗျူရို (MAIB) မှ ဦးမျိုးသန့်၊ မြန်မာ့လေကြောင်း (MAI) မှ လေယာဉ်မှူးကြီး ဦးခင်မောင်ငြိမ်း၊ MAI မှ အင်ဂျင်နီယာ ဦးမြင့်မောင်တို့က အဖွဲ့ဝင်များအဖြစ် ပါဝင်သည့် စုံစမ်းရေးကော်မရှင် ဖွဲ့စည်းခဲ့သည်။ ထို့အပြင် အဓိကကျသော လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်ကရိယာ ဘလက်ခ်ဘောက်စ်ဟု ခေါ်ကြသည့် Flight Data Recorder ကို စစ်ဆေးရန် စင်ကာပူနိုင်ငံသို့ ပိုဆောင်ခဲ့သော်လည်း မီးလောင်ထားသည့်အတွက် သြစတြေးလျနိုင်ငံသို့ ထပ်မံ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။ ထို့အတွက် စုံစမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းဆွေထွန်း ကိုယ်တိုင် သြစတြေးလျနိုင်ငံသို့ သွားရောက်ကာ စစ်ဆေးနေပြီး တွေ့ရှိချက်များကို တရားဝင်ထုတ်ပြန်သွားမည်ဟု လေကြောင်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာနမှ စုံစမ်းသိရသည်။ “ကြန့်ကြာနေတာ မဟုတ်ပါဘူး။ ရတဲ့အဖြေပေါ်မှာ မူတည်ပြီး ခုံရုံးအဖွဲ့က စဉ်းစားဆုံးဖြတ်ပြီး တရားဝင် ထုတ်ပြန်မှာပါ” ဟု လေကြောင်း ပို့ဆောင်ရေးဌာန သတင်းတာဝန်ခံ ဒေါ်နွယ်နီဝင်းကျော်က ဆိုသည်။ ခုံရုံးအဖွဲ့ က စစ်ဆေးတွေ့ရှိချက်များကို သက်ဆိုင်ရာ တရားရေးအဖွဲများသို့ လွှဲပြောင်းပေးမည်ဖြစ်ပြီး လေကြောင်း ဥပဒေအရ ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ ရန်ကုန်-မန္တလေး-ဟဲဟိုး-ရန်ကုန် ခရီးစဉ်များ ပျံသန်းနေသည့် ယင်းလေယာဉ်သည် မန္တလေးမှ ထွက်ခွာလာပြီး ဟဲဟိုး လေဆိပ်သို့ ဆင်းသက်စဉ် ဖြစ်ပွားခြင်း ဖြစ်သည့်အတွက် သက်ဆိုင်ရာ မန္တလေး တံတားဦးလေဆိပ် လေကြောင်းထိန်းဌာန တာဝန်ခံနှင့် အဲပုဂံ လေကြောင်းလိုင်း မန်နေဂျာတို့ကို လည်းစစ်ဆေးပြီးဖြစ်ကြောင်း သိရသည်။ ဘလက်ခ်ဘောက်စ်မှ ရရှိသည့် လေယာဉ်ပျံသန်းမှုဆိုင်ရာ မှတ်တမ်းများနှင့် လေယာဉ်ပေါ်တွင် ပါရှိသည့် လေယာဉ် အမှုထမ်းများ၊ ခရီးသည်များ၊ မန္တလေး-ဟဲဟိုး လေဆိပ်များမှ လေကြောင်းတာဝန်ခံများ၏ ထွက်ဆိုချက်များကို တိုက်ဆိုင်စစ်ဆေး သုံးသပ်မှသာ အဖြေမှန် ရရှိမည်ဖြစ်သည်။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ပွင့်လင်းလာပြီး လေကြောင်းခရီးသွားလာမှု တဖြည်းဖြည်း များပြားလာသည့် မြန်မာနိုင်ငံတွင် ယခုကဲ့သို့ လေယာဉ်မတော်တဆ ဖြစ်ပွားမှုကြောင့် ခရီးသွားလုပ်ငန်းများကို ထိခိုက်နိုင်သည်ဟု ပြောဆိုဝေဖန်မှုများလည်း ရှိသည်။ နိုင်ငံခြားခရီးသွား များပြားလာသည်နှင့်အမျှ လေကြောင်းသွားလာရေး၌ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံရေးအတွက် ပိုမို လုပ်ဆောင်ရမည်ဖြစ်ပြီး လေကြောင်းပို့ဆောင်ရေး ညွန်ကြားရေး ဦးစီးဌာန (DCA) ၏ အခန်းကဏ္ဍမှာလည်း ပိုမို အရေးပါလာမည်ဟု ဆိုသည်။ ထို့အတွက်လည်း မြန်မာနိုင်ငံ လေယာဉ်ကွင်းများတွင် ဆင်းသက်နေသည့် ပြည်တွင်း၊ ပြည်ပ လေကြောင်းလိုင်းများ အန္တရာယ် ကင်းရှင်းရေးအတွက် နိုင်ငံတကာ၏ စစ်ဆေးမှုကိုခံယူကာ စံချိန်စံညွှန်းများနှင့်အညီ ဖြစ်ရန် ပိုမိုမြှင့်တင် လုပ်ကိုင်နေပြီး၊ ၂၄နာရီ လေယာဉ်များ ဆင်းသက်နိုင်စေရန်နှင် အဓိကကျသည့် လေယာဉ်ကွင်းများကို ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။ လေဆိပ်ပေါင်း ၃၃ ခုရှိသည့် မြန်မာနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသည်များ အများဆုံး လာရောက်သည့် ပြည်တွင်း လေယာဉ်ကွင်းများမှာ ပုဂံ-ညောင်ဦး၊ ဟဲဟိုး၊ တာချီလိတ်၊ သံတွဲ၊ စစ်တွေ၊ မြစ်ကြီးနားလေဆိပ်တို့ ဖြစ်ကြောင်း သိရှိရသည်။
<urn:uuid:1f4caf9c-eb4d-4d0e-b060-f555dad14cfd>
CC-MAIN-2014-41
http://burma.irrawaddy.org/%e1%81%80_tourism/2013/01/25/32109.html
2014-09-18T17:44:51Z
s3://commoncrawl/crawl-data/CC-MAIN-2014-41/segments/1410657128337.85/warc/CC-MAIN-20140914011208-00169-ip-10-196-40-205.us-west-1.compute.internal.warc.gz
mya
0.919994
Mymr
31
{"mya_Mymr_score": 0.9199938774108887, "blk_Mymr_score": 0.06843411922454834}
ဂရင်းညီနောင် သိုးဆောင်းစာပေလောကတွင် ဂရင်းဒဏ္ဍာရီပုံပြင်များမှာ ကလေးများအဖို့ လွန်စွာ ထင်ရှားသောစာပေ ဖြစ်သည်။ အရွယ်မရွေး ကလေးတိုင်းလိုပင် ဂရင်းဒဏ္ဍာရီပုံပြင်များတွင် ပါဝင်သည့် တံငါသည် လင်မယား၊ ငလက်မ၊ နှင်းပေါက် စသော ပုံကလေးများကို များစွာ နှစ်သက်ကြ၏။ သို့သော် ထိုသို့ကလေးများဖတ်ချင်၊ နားထောင်ချင်အောင် ဒဏ္ဍာရီများကို ရေးသားခဲ့သူများကား မည်သူတို့ဖြစ်ကြောင်း သိရှိသူနည်း၏။ စင်စစ်အားဖြင့် ကလေးစာပေဟု ဆိုထိုက်သော ဂရင်းဒဏ္ဍာရီ ပုံပြင်များကို စုဆောင်းပြုစုခဲ့သူများမှာ ဂျေးကော့ဂရင်းနှင့် ဝီလင်ဂရင်းခေါ် ဂျာမန်အမျိုးသားညီနောင် ၂ ယောက် ဖြစ် ပေသည်။ ၁၇၈၅ ခုနှစ် ဂျာမနီနိုင်ငံ ဟနော်ရွာကလေးတွင် ဂျေး ကော့ဂရင်းအား မွေးဖွားခဲ့၏။ ညီဖြစ်သူ ဝီလင်ဂရင်းကိုကား နောက်တစ်နှစ်တွင် မွေးဖွား၏။ သူတို့၏ဖခင်မှာ ရှေ့နေတစ်ဦး ဖြစ်၏။ သူတို့တွင် မွေးချင်းပေါက်ဖော် ၆ ယောက်မျှရှိသော် လည်း သူတို့ ၂ ယောက်သာလျှင် တစ်ယောက်နှင့်တစ်ယောက် အလွန်ချစ်ခင် ရင်းနှီးစွာ နေခဲ့ကြပေသည်။ သူတို့ ၂ ယောက် သည် ငယ်စဉ်ကတည်းက အတူနေ၊ အတူသွား၊ အတူလာ၊ အမြဲမကွာ အတူတူသာလျှင် ပူးတွဲလုပ်ဆောင်တတ်ကြလေ သည်။ ဂျာမန်စာပေသမိုင်းတွင် ဂရင်းညီအစ်ကို ၂ ယောက်၏ အမည်များမှာ အလွန်ထင်ရှားလေသည်။ အစ်ကိုကြီးဖြစ်သူ ဂျေးကော့သည် ဂျာမန်အဘိဓာန်ကျမ်းကြီးတစ်စောင်ကို စတင် ပြုစုသူ ဖြစ်၏။ ထိုသို့ ပြုစုနေစဉ် ဂရင်းသည် စကားလုံးတို့၏ အသံပြောင်း အသံလွှဲနှင့် စပ်လျဉ်းသည့် စည်းတစ်ခုကို ရှာဖွေ တွေ့ရှိလေသည်။ ထိုစည်းမှာ 'ဂရင်းစည်း'ဟု ယနေ့ထက်တိုင် ထင်ရှားလျက်ရှိသည်။ ထိုစည်းမှာ သက္ကဋ၊ ဂရိ၊ လက်တင် စသော ဘာသာစကားလုံးတို့သည် အင်္ဂလိပ်၊ ဂျာမန် စကားလုံး များအဖြစ်သို့ ပြောင်းလဲလာပုံကို ဖော်ပြရှင်းလင်းထားသောစည်း ဖြစ်၏။ ထို့ပြင် ဂျာမန်အဘိဓာန်နှင့် ထုံးဟောင်း ပုံပြင်ကျမ်းကို လည်း ပြုစုခဲ့ပေသေးသည်။ ဂျေးကော့ပြုစုသည့် အထင်ရှားဆုံးသောကျမ်းများမှာ ဂျာမန် သဒ္ဒါကျမ်းနှင့် ဂျာမန်ဘာသာစကားသမိုင်းတို့ဖြစ်၏။ ညီဖြစ်သူ ဝီလင်၏ အကောင်းဆုံးသောကျမ်းမှာ ဂျာမန်သူရဲကောင်း တို့၏ ရာဇဝင်ပုံပြင် ဖြစ်လေသည်။ဂရင်းညီနောင်တို့ ပူးပေါင်း ၍ ရေးသားပြုစုခဲ့ကြသော စာပေများအနက် ဂရင်းဒဏ္ဍာရီ ပုံပြင်များသည် စာပေလောကတွင် အထင်ရှားဆုံးဖြစ်သည်။ ဂရင်းညီနောင်တို့သည် ငယ်စဉ်ကလေးဘဝတွင် တွေ့သမျှ၊ ကြားသမျှတို့ကို အမြဲတစေ ဆင်ခြင်တွေးတောနေလေ့ရှိကြ သည်။ ထိုသို့ ငယ်စဉ်က ကြားခဲ့ဖူးသော ရှေးဟောင်းပုံပြင် များကို စုဆောင်း၍ စာတစ်စောင်တစ်ဖွဲ့ ဖြစ်လာအောင် ညီအစ်ကို ၂ ယောက် ရေးသားထားခဲ့သဖြင့် ဂရင်းဒဏ္ဍာရီ ပုံပြင်များဟူ၍ ကလေးတို့အတွက် စာစောင်တစ်ဖွဲ့ ပေါ်ထွက် လာလေသည်။ ကိုးကား[ပြင်ဆင်ရန်] - မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
<urn:uuid:25f79d8e-3d2c-4598-95d6-9b1033f094e5>
CC-MAIN-2014-41
http://my.wikipedia.org/wiki/%E1%80%82%E1%80%9B%E1%80%84%E1%80%BA%E1%80%B8%E1%80%8A%E1%80%AE%E1%80%94%E1%80%B1%E1%80%AC%E1%80%84%E1%80%BA
2014-09-18T17:42:01Z
s3://commoncrawl/crawl-data/CC-MAIN-2014-41/segments/1410657128337.85/warc/CC-MAIN-20140914011208-00169-ip-10-196-40-205.us-west-1.compute.internal.warc.gz
mya
0.999355
Mymr
88
{"mya_Mymr_score": 0.999354898929596}
အတိတ်မှ အရိပ်များ (၁၃) ကချင်ထုံးစံက အိမ်ပြောင်းရင် အိမ်သစ်တက်ပွဲ လုပ်လေ့ ရှိပါတယ်။ ကျမကတော့ အဲဒီထုံးစံကို အကြိုက်ဆုံးပါ။ ရန်ကုန်မြို့က ပစ္စည်း မှာရင် တပတ်အတွင်း ရောက်ပါတယ်။ အဆက်အသွယ်က မပြတ်ပါဘူး။ အဲဒီမှာ ဗိုလ်ကြီးဆန်နီဆိုတာ ရှိတယ်။ စကားပြောရင် မြန်မာလို ပီပီသသ ပြောတတ်တဲ့အပြင် ခင်မင်စရာ အလွန် ကောင်းပါတယ်။ ကျမနဲ့ နိုင်ငံရေးဆွေးနွေးလေ့ရှိတော့ ဒီမိုကရေစီရရင် ကချင်တပ်မတော်အနေနဲ့ ဘာလုပ်မလဲ မေးကြည့်တော့ သူက ကချင်ပြည်နယ်ကို စောင့်ရှောက်မယ်လို့ ဆိုပါတယ်။ ကျမက ဒါဆိုရင် ကချင်က ကချင်ကို စောင့်၊ ရှမ်းကလည်း ရှမ်းပြည်ကို စောင့်၊ မွန်ကလည်း မွန်ကို စောင့်ဆိုရင် ရန်ကုန်မြို့ကိုပဲ စစ်တပ်က စောင့်ရမှာလား ပြည်ထောင်စုတပ်ထဲ ၀င်ပေါ့ လို့ ဆိုတော့ သူ ပြန်မဖြေတော့ဘူး လေ။ တိုင်းရင်းသားပြဿနာဟာ ခေတ်အဆက်ဆက် ခေါင်းဆောင်ပိုင်းရဲ့ဖြေရှင်းမှု မမှန်ကန်တာကြောင့် ကနေ့အချိန်မှာ ပေါက်ကွဲမှုတွေ ထိန်းဖို့ အခက်အခဲတွေဖြစ်နေပြီး အန္တရာယ်ကြီးလှပါတယ်။ ကျမတို့ရောက်တာ တလကျော်သွားပါပြီ။ ဗဟိုကော်မတီရုံးကနေပြီး စစ်သင်တန်းအပါတ်စဉ် (၄) တက်ဖို့အတွက် နောင်ရာပါ ကိုသွားရမယ်လို့ သတင်းထုတ်ပြန်ပါတယ်။ ကျောင်းသားတပ်မတော် တပ်ရင်း (၇၀၁) က ရဲဘော်တွေဟာ ကချင် လွတ်မြောက်ရေး တပ်မတော်နယ်မြေမှာ တာဝန်ထမ်းဆောင်နေကြရတယ်။ ကျောင်းသားတပ်မှာ လက်နက်ဆိုလို့ စခန်းမှူးကိုင်တဲ့ ပစ္စတိုတလက်ဘဲ ရှိတယ်လေ။ ကေအိုင်အေရဲ့ လက်နက်ကိုပဲ (လူနား လက်နက် မနားနဲ့) ဆိုတဲ့ဆောင်ပုဒ်နဲ့သုံးစွဲနေကြတာပါ။ တပ်ရင်း ၁၊ ၂၊ ၃၊ ၄၊ ၅ ဆိုပြီး တပ်ရင်း ၅ ရင်း ရှိတယ်။ ကျောင်းသားတပ်မတော် တပ်ဖွဲ့ဝင်ပေါင်း ၈၀၀ ကျော် ရှိတယ်။ အဲဒီ တပ်ရင်းတွေထဲမှာလည်း တပ်သားသစ်အဖြစ် ၀င်မယ့်သူတွေ ရှိနေတော့ အားလုံးစုပြီး နောင်ရာပါကို သွားကြရမှာပါ။ ဇော်ထွန်း (ဌေးအောင်) (ယခု နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အဖွဲ့) ၊ ကိုထွန်းထွန်းဦး တို့အပြင် အားလုံးပေါင်း ၃၀ ခန့် ရှိမယ် ထင်ပါတယ်။ ကျမတို့ကို ကိုကိန်းမြင့်က ဦးဆောင်ခေါ်ပြီး တောင်အောက်ကို ဆင်းကြတယ်။ လမ်းခုလတ် တရုတ်ရွာတရွာမှာ ညအိပ်နားကြရတယ်။ တရုပ်ရွာလေးတွေက အိမ်ခြေနည်းပေမယ့် မျက်နှာချင်းဆိုင်မှာတော့ တောင်ပေါ်လမ်းတလျှောက် လမ်းဘေးက တောင်ထိပ်တွေပေါ်မှာ ကျောက်တုံး တွေကို မညီမညာစီပြီး ထပ်ထားတာ့ ၁၂ ပေလောက်မြင့်မယ် ထင်ပါတယ်။ လမ်းလျှောက်နေရတာ အဲဒီ ကျောက်ထပ်တွေအောက် လျှောက်နေရသလိုဆိုတော့ အသဲထိပ်စရာပါ ပဲ။ အဲဒီအမှတ်အသားတွေက တရုတ် သချိုံင်းဆိုတဲ့ အမှတ်အသားတွေလို့ သိခဲ့ရတယ်။ ကျမတို့ ထွက်လာတဲ့နေရာကနေပြီး တရုတ်ရွာကို ငါးနာရီ လောက်တော့ လျှောက်ခဲ့ရတယ်။ အဲဒီရွာမှာဘဲ အိမ်တအိမ်ကို ၀င်ကြတယ်။ ကိုကိန်းမြင့်က တရုတ်စကား တတ်တော့ အဆင်ပြေတာပေါ့။ အိမ်ရှင်လင်မယားက ကျမတို့ကို နေရာပေးပါတယ်။ မီးဖိုက အိမ်အလယ်ခေါင်မှာ ပါ။ ပတ်ပတ်လည်မှာ ကွပ်ပစ်တွေ ခင်းထားတယ်၊ အိပ်ဖို့နေရာတွေ ပါ။ ရွှေဖရုံသီးဟင်းနဲ့ ထမင်းစားကြပြီး ခဏအကြာမှာတော့ အိပ်ကြတယ်။ မီးဖို အနွေးဓာတ်က အိပ်ပျော်စေပါတယ်။ မနက်စောစော ထွက်လာကြတာ ဖရုံခင်း၊ သခွားခင်း၊ ဂေါ်ရခါးပင်တွေနဲ့ စပါးခင်းတွေက မြင်ကွင်းကို အေးမြစေတယ်။ မွေးမြူထားတဲ့ ၀က်တွေကလည်း နေရာအနှံ့မှာပါ။ နေ့လည်ခင်းမှာတော့ တောစပ်က စခန်း တခုကို ရောက်တယ်။ (CS) ဗိုလ်ချုပ်သံချောင်းက ကျမတို့ဆီလာပြီး နှုတ်ဆက်ပါတယ်။ မျက်နှာက လေးဒေါင့် မကျတကျ အသားဖြူဖြူ၊ မျက်လုံးမျက်ခုံးကောင်းကောင်းနဲ့ အလွန်ကျက်သရေရှိတဲ့ ရုပ်မျိုး ပါ။ ရယ်လိုက်ရင် ပါးချိုင့်နှစ်ဖက်နဲ့ သွားတက်ကလေး ပေါ်တတ်ပါတယ်။ အသက်က ၂၅ - ၂၆ လောက်ပဲ ရှိမှာပါ။ (ယခု သူက တောင်ငူထောင်မှာ သေဒဏ်လေးကြိမ် ကြိုးလေးကြိုး ပြစ်ဒဏ်ပေးခံထားရပါတယ်)။ ဘယ်မြို့ကလဲလို့ မေးပြီး အားလုံး ဗိုက်ဆာလာကြမှာပဲ လို့ ပြောပြီးတာနဲ့ သူ့ရဲဘော်တွေကို ထမင်းပွဲ ပြင်ခိုင်းလိုက်ပါတယ်။ တဲပျက်တခုရဲ့ ၀ါးကွပ်ပျစ်ပေါ်မှာ မိုးကာတခုကို ဖြန့်ခင်းလိုက်တာ တွေ့ရတော့ ပန်းကန် တွေ လာချမယ်ထင်လို့ စောင့်နေတုံး ဟန်းကောချိုင့်ထဲက ထမင်းတွေကို ပလပ်စတစ်ပေါ်မှုာ တပုံစီ လိုက်ပုံပြီးတာနဲ့ ထမင်းပေါ်မှာ အာပြဲခြောက်နဲ့ အာလူးနှစ်တုံးစီ ပုံပြီး “စားကြပါ“ လို့ ဖိတ်ခေါ်သံကို ကြားလိုက်ပါတယ်။ ကျမတို့ တယောက်မျက်နှာ တယောက် အထူးအဆန်းသဖွယ်ဘဲဆိုတဲ့ အဓိပ္ပါယ်နဲ့ ကြည့်လိုက်ပြီး ၀င်ထိုင်ကာ အားရပါးရ စားလိုက်ကြပါတော့တယ်။ စားပြီးကြတော့ တဲအနီးက ချောင်းထဲမှာ လက်ဆေးနေကြတုံး ရဲဘော်တယောက်က စောစောက ပလပ်စတစ်စကို ချောင်းထဲမှာ ရေနဲ့ဆေးနေတယ် လေ။ ပြီးမှ ရေခါပြီး ဖြန့်လှမ်းတာ တွေ့ရတယ်။ တော်လှန်ရေးခရီးအစကတော့ အမှတ်တရ ပေါ့။ ဗိုလ်ချုပ်သံချောင်းက “တောင်ပေါ်ရောက်ရင် ပြန် တွေ့ကြတာပေါ့ဗျာ သင်တန်းမှာ ကြိုးစားကြပါ။ ဒီမှာရှိတဲ့ လူတွေလဲ ခေါ်သွား” လို့ ပြောပြီး ကျမတို့နဲ့လမ်းခွဲသွားပါတယ်။ ကျမတို့ ဆက် ထွက်ခဲ့ရတဲ့ခရီးကတော့ မြေပြန့်ပါ။ စားပင် သီးပင်တွေနဲ့ စမ်းချောင်းကလေးတွေကို မကြာခဏ တွေ့မြင်နေရတာ ကြည်နူးစရာပါဘဲ။ မြန်မာပိုင်နက်နယ်မြေတခု ပါ။ နောင်ရာပါရွာလေးရဲ့အနားမှာဖြစ်လို့ နောင်ရာပါ လို့ပဲ ခေါ်ပါတယ်။ မြေပြန့်ကျယ်ကြီးကို တောင်တန်းတွေက အနားကွပ်ထားတဲ့ ပန်းချီကားချပ်ကြီး တခု ပေါ့။ လုံခြုံပြီး ရုတ်တရက် ရန်သူ ၀င်လာဘို့မလွယ်တဲ့ နေရာ ပါ။ တရုတ်ပြည်ဖက်က မြစ်ကြီးတခုရဲ့မြစ်လက်တက်တခုက ဖြတ်စီးနေတော့ ချောင်းဆိုပေမယ့် အတန်ငယ် ကျယ်ပြီး ရေစီးကလည်း သန်လှတယ်။ မြစ်အလျားက ရှည်ပါတယ်။ သင်တန်းသားတွေအတွက် ရေ ဖူလုံတာပေါ့ လေ။ ကချင်ရဲမေလေးတွေနေတဲ့ ဘားတိုက်မှာ ကျမကို နေရာချပေးပါတယ်။ ဘားတိုက် ငါးလုံးလောက် တန်းစီ ဆောက်ထားတာပါ။ ဘားတိုက်တခုမှာ အနည်းဆုံး လူငါးဆယ်လောက်တော့ ဆန့်ပါတယ်။ အခင်းက ၀ါး ဖြစ်ပြီး အမိုးကတော့ ရုန်းပင်တွေ ပါ။ တပ်သားသစ်တွေ ရောက်လာရင် ကိုယ့်ဖာသာ ဘားတိုက် ဆောက်ကြရတာ ပါ။ ၀ါးခုတ်ရတာက ပင်ပန်းရုံ ရှိပေမယ့် ရုန်းပင်တွေ ခုတ်ရတာက ဆူးတွေ ရှိတော့ သွေးထွက်သံယိုပါ ဘဲ။ မြို့ပေါ်မှာနေ လာခဲ့တဲ့လူတွေအတွက်တော့ ကြမ်းတမ်းတဲ့ အတွေ့အကြုံတခု ပါ။ ဦးဆောင်ပြီး ခိုင်းတာက ဒူဝါလှဆိုင်း ပါ။ ခိုင်းတာ ရက်စက်တဲ့အပြင် စကားပြောတာလည်း ရိုင်းလှပါတယ်။ သူက သင်တန်းမှူုးဖြစ်တဲ့အပြင် အုပ်ချုပ်သူလဲ ဖြစ်ပါတယ်။ ကျမတို့နဲ့အတူတူ ရောက်လာသူတွေကတော့ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ကို ခွဲထွက်ခွင့် တောင်းနေတဲ့ အာသံပြည်နယ်က အာသံလူမျိုးတွေ ပါ။ သူတို့ကို ကချင်ဘာသာနဲ့ အာဇန်လို့ ခေါ်တယ်။ လူပေါင်းသုံးဆယ် ပါ။ နာဂတောင်တန်းကို ဖြတ်ကျော်ပြီး စစ်သင်တန်းတက်ဖို့ လာကြတာပါ။ စတီးရေခွက်၊ စတီးပန်းကန်ပြားတွေကို ခါးမှာ ချိတ်ထားတာ တွေ့ရတယ်။ ဘားတိုက်အသစ်ဆောက်ရာမှာ သူတို့ပါ ပါတာ ပေါ့။ သူတို့က လူကောင် ထွားပြီး တောတောင်အတွေ့အကြုံရှိတော့ ကျမတို့ကလေးတွေလောက်တော့ ပင်ပန်းပုံ မပေါ်ဘူး။ ကချင်ရဲမေလေးတွေက ထမင်းဟင်းချက်ကျွေးကြပါတယ်။ တိုင်ကီတပိုင်းပြတ်ထဲကို ခွေးခြေလို ခုံလေးတခု ချထားပြီး ဆန်ကောတခု တင်ထားတဲ့အပေါ် ပိတ်စကို အ်ိတ်ချုပ်ထားပြီး ဆန်ထဲ့ထားတဲ့အိတ်ကို ဆန်ကောပေါ်မှာ ထားပါတယ်။ တိုင်ကီပြတ်ထဲမှာတော့ တ၀က်လောက်ထိ ရေထဲ့ထားတာ ပေါ့။ ထိုင်ခုံတ၀က်လောက်က ရေထဲမှာ ပါ။ အပေါ်က လုံအောင် ဖုံးပြီး တိုင်ကီပြတ်အောက်က မီးထဲ့ပါတယ်။ ထမင်းပေါင်းဘဲ ဆိုပါတော့။ ဟင်းချက်ပုံကတော့ မိုးဗြဲဒယ်အိုးထဲကို ဆား လက်တဆုပ် ထည့်၊ ဆွန်တန်ငါးစီးလောက် ထည့်ပြီး ကြိုထားတဲ့ ဟင်းချို ပေါ့။ ဆီတို့ဟူး တဇွန်းစီ ထပ်ပေးပြီး ကျွေးပါတယ်။ နောင်ရာပါရွာကတော့ မြန်မာပြည်ပိုင်ဖြစ်လို့ သင်္ဘောပင်၊ ငှက်ပျောပင်တွေ ပေါတာ ပေါ့။ သင်္ဘောသီးပင်တွေက ပို များတယ်။ ကျမတို့က ကချင်ရဲမေလေးတွေ ချက်တဲ့ သင်္ဘောသီးဟင်းကို အမြဲလိုလို တောင်းစားနေရတယ်။ မြက်ခင်းထဲမှာ ကြယ်မှိုလေးတွေ ရှိတော့ ကျမ နှုတ်ပြီး ချောင်းထဲမှုာ ရေစင်အောင် ဆေးပြီး ပြုတ်စားပါတယ်။ ချောင်းထဲမှာ ငါးမွေထိုးတွေ ရှိတော့ ဘက်ထရီအိုးမှာ ၀ါယာကြိုးတတ်ပြီး ၀ါးလုံးမှာ ၀ါယာကြိုး ကပ်ချည်ကာ ဖမ်းလေ့ ရှိကြတယ်။ သူတို့ဖမ်းပြီးရင် ကျမက နှစ်ကောင်သုံးကောင် သွားတောင်းပြီး ရေလုံပြုတ် စားတာ ပေါ့။ ငရုပ်ပင်တွေက ပေါလွန်းတော့ ကျမ ခူးးပြီး ကျောင်းသားရဲဘော်တွေနဲ့ အာဇန်တွေကို ဝေပေးပါတယ်။ အာဇန်တွေက ဆရာဝန်တွေ အင်ဂျင်နီယာတွေနဲ့ ပညာတတ်တွေ များပါတယ်။ ကျမတို့ကို ကချင်တွေ ခေါ်သလို “ဂျောင်မာနီ” လို့ လိုက်ခေါ်ကြတယ် လေ။ အနီးအနားက ရွာသားတွေက ဆန်တွေ ယူလာပြီး ဆက်ကြေး ပေးကြတယ်။ နောင်ရာပါချောင်းရဲ့အပေါ်မှာ တံတားလေးတခု ရှိပါတယ်။ ကချင်တွေလာပြီး ဆန်နဲ့ အခြားစားစရာ အသုံးအဆောင်တွေ ပို့ရင် ချောင်းကို ဖြတ်ရ ပါတယ်။ တရက်မှာတော့ ကချင်အဖွားအိုတယောက်က ဆန် လေးပြီလောက်ရှိတဲ့ အိတ်ကို ရွက်လာတာ တွေ့လို့ ကျမ ပြေးပြီး “အားရှောင်၊ အားရှောင် ကျမကို ပေး” ဆိုပြီး ဆန်ထုတ်ကို ယူလိုက်ကာ ကျမက “အားရှောင်၊ တခြား လူကို ပို့ခိုင်းပါလား။ အဝေးကြီး သယ်လာရတာ ပင်ပမ်းတာပေါ့” ဆိုတော့ သူက “ငါ့အိမ်မှာ လူ မရှိတော့ဘူး။ ငါ့သားရော ချွေးမရော ငါ့မြေးနှစ်ယောက်ပါ ကချင်စစ်သား လုပ်နေရတယ်။ ငါ့မှာ မြေးမလေးတယောက်ပဲ ရှိတော့ ဖမ်းမှာ စိုးလို့ ငါကိုယ်တိုင် လာပို့တာ” လို့ ပြောပြရှာတယ်။ ကျမစိတ်ထဲမှာ ကြင်နာသနားမှုတွေ ပိုမိတာ အမှန် ပါ။ အတွေ့အကြုံ - အတိတ်က အရိပ်များ ခင်စန်းနွယ် - Nov 5 2012 01:07 AM EST သတင်းမာတိကာ ဆောင်းပါး မာတိကာ ကဗျာ မာတိကာ ဓါတ်ပုံ မာတိကာ ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ အနုပညာသတင်း မာတိကာ ခင်စန်းနွယ် ရဲ့ ဆောင်းပါးများ သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast) Click for weather forecast Click for weather forecast 1 US Dollar = 822 Kyats အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ် May 3, 2012 အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ် May 3, 2012
<urn:uuid:9a06b1c1-fff4-4b00-8c82-aa8604bcb188>
CC-MAIN-2014-41
http://www.burmatoday.net/articles.php?articles_ID=28&authors_ID=4
2014-09-19T15:48:55Z
s3://commoncrawl/crawl-data/CC-MAIN-2014-41/segments/1410657131545.81/warc/CC-MAIN-20140914011211-00324-ip-10-196-40-205.us-west-1.compute.internal.warc.gz
mya
0.924415
Mymr
39
{"mya_Mymr_score": 0.924414873123169, "blk_Mymr_score": 0.07327225059270859}
ရန်ကုန်မြို့တွင် အခပေး သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ဖွင့်လှစ်သူ ယခုနှစ်တွင် လျော့ကျနေပြီး ရေကစားခ နှုန်းထားများ မြင့်မားကြောင်း သတင်းရရှိသည်။ ရန်ကုန်မြို့တော်တွင်မဏ္ဍပ်စုစုပေါင်း ၄၅ ခု ခွင့်ပြုထားပြီး ယင်းမဏ္ဍပ်များတွင် စီးပွားရေး ကုမ္ပဏီများ၏ ရေကစားမဏ္ဍပ်၊ အစိုးရဌာနများ၏ ရေကစားမဏ္ဍပ်များနှင့် စီးပွားရေးအတွက် ဆောက်လုပ်ထားသော ရေကစားမဏ္ဍပ်တချို့ ပါဝင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ စုံစမ်းသိရှိရသည်။ “၂၀၁၀ X2O မဏ္ဍပ်မှာ ဗုံးပေါက်ပြီးကတည်းက ရေကစားမဏ္ဍပ်ဆောက်တဲ့ အရေအတွက်က နည်းသွားတယ်။ မနှစ်ကလည်း နည်းတယ်။ ဒီနှစ်လည်း နည်းတယ်။ မဏ္ဍပ်ထိုင် ရေကစားတဲ့သူက နည်းတယ်။ ရေပက်ခံ ထွက်တဲ့သူ၊ ခရီးထွက်တဲ့သူကတော့ ပိုများတယ်ပြောရမယ်” ဟု နှစ်စဉ် ရေကစားမဏ္ဍပ် ဆောက်လုပ်လေ့ရှိသူ Spirit လူငယ်အဖွဲ့မှ လူငယ်တဦးက ပြောသည်။ ၂၀၁၀ ပြည့်နှစ်အတွင်း ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းရှိ X2O သင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲမှုတွင် လူ ၁၀ ဦးသေဆုံး၍ ၁၇၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ဗုံးပေါက်ကွဲမှု မဖြစ်ပွားခင် နှစ်များက ရန်ကုန်မြို့တွင် ရေကစကားမဏ္ဍပ် ၁၀၀ နီးပါးရှိပြီး တချို့နှစ်များတွင် မဏ္ဍပ် ၁၀၀ ပင် ကျော်ကြောင်း သိရှိရသည်။ ရေကစားမဏ္ဍပ် နည်းပါးပြီး ရေကစားမဏ္ဍပ်များတွင် ရေကစားခနှုန်းထားများမှာလည်း မြင့်မားကြောင်း သိရသည်။ “တချို့မဏ္ဍပ်တွေက လုံခြုံရေးစရိတ်ပါ ထည့်တွက်ကြတယ်။ ဗုံးတွေဘာတွေ လာဖောက်မှာစိုးလို့ ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်းတွေ ခန့်ထားကြတာ။ ၀န်ဆောင်မှုကို လိုက်ပြီး ဈေးကအမျိုးမျိုးရှိတယ်” ဟု Channel-V မဏ္ဍပ်မှ တာဝန်ခံလူငယ်တဦးက ပြောသည်။ ရေကစားမဏ္ဍပ်များတွင် ၀န်ဆောင်မှုအလိုက် ဈေးနှုန်းအမျိုးမျိုးရှိပြီး နာမည်ကြီးအဆိုတော်များ လာရောက်ဖြေဖျော်မှု၊ ဘီယာ၊ အရက် သောက်နိုင်သော ၀န်ဆောင်မှု ပါဝင်သည့် မဏ္ဍပ်များမှာ တနေ့လျှင် လူတဦး ရေကစားခ တသိန်းကျော် ပေးရကြောင်း၊ ရေကစားခများမှာ တနေ့လျှင် လူတဦး အနည်းဆုံး ကျပ်နှစ်သောင်းမှ ၀န်ဆောင်မှုကို လိုက်၍ ကျပ်တသိန်းခွဲအထိ ဈေးပေါက်ကြောင်း သိရှိရသည်။ ယခုနှစ်သင်္ကြန်သည် ငါးရက်ကြာသည့်အတွက် ရေကစားမဏ္ဍပ်များမှာ သူ့ထက်ငါ ရေကစားသူရရှိရန် အပြိုင်အဆိုင် အရောင်းမြှင့်တင်ရေး အစီအစဉ်များပြုလုပ်နေကြကြောင်းလည်း သိရသည်။ “မဏ္ဍပ်တွေမှာ ငါးဦးလက်မှတ်ဝယ်ရင် တဦး အခမဲ့ပေးပါ့မယ်။ ဒါက ငါးရက်လုံးဆိုရင် ၁၀ ရာခိုင်နှုန်းလျော့ ဈေးပေးမယ်” ဟု 69.4 မဏ္ဍပ်မှ လူငယ်တဦးက ရှင်းပြသည်။ သင်္ကြန်ကာလ ရေပက်ခံကား ငှားရမ်းမှုမှာမှု မြင့်တက်နေပြီး ဈေးနှုန်းလည်း မြင့်ကြောင်း ကားငှားရမ်းသည့် လုပ်ငန်းများထံမှ သိရသည်။ ရေပက်ခံကား ငှားရမ်းကြရာတွင် စက်မှုဇုန်ထုတ် Light Truck ကား ငှားရမ်းမှု အများဆုံးဖြစ်ပြီး ဂျစ်ကားငှားရမ်းမှု နည်းပါးကြောင်း၊ ဈေးနှုန်းအားဖြင့်လည်း သင်္ကြန်ရက် ရှည်ကြာသည့်အတွက် ကားငှားရမ်းဈေးနှုန်းများ ယမန်နှစ်ထက် ပိုမိုမြင့်ကြောင်း သိရှိရသည်။ “၀ီလီဂျစ်ကားတွေက ကားဟောင်းအပ်တဲ့အထဲမှာ ပါသွားတော့ ဂျစ်ကားရှားတယ်။ စက်မှုဇုန်ဂျစ်တွေကလည်း သိပ်ပြီး အရည်အသွေးမကောင်းတော့ ကားပျက်မှာ စိုးရိမ်ရတယ်။ Light Truck တွေ အများဆုံးငှားရမယ်။ ကားငှားတဲ့ လုပ်ငန်းတွေ အားလုံးလိုလို ကားတွေငှားနေရတာ” ဟု ကိုကို ကားငှားရမ်း ၀န်ဆောင်မှုလုပ်ငန်းမှ မန်နေဂျာတဦးက ပြောသည်။ ယခုနှစ်အတွက် ရေပက်ခံကားငှားရာတွင် ဂျစ်ကား တရက်လျှင် ကျပ် ခုနစ်သောင်းခွဲ၊ Light Truck ကား တရက်ငှားရမ်းခ ကျပ်တသိန်းနှစ်သောင်းနှင့် ကျပ်တသိန်းခွဲအကြား၊ သင်္ကြန်ငါးရက်စလုံး ငှားရမ်းမည်ဆိုလျှင် ၁၅ ရာခိုင်နှုန်း လျှော့ပေးသည့်စနစ်ဖြင့် ငှားရမ်းကြကြောင်း သိရှိရသည်။ “ငါးရက်စလုံး တဆက်တည်းငှားတဲ့သူတော့ နည်းတယ်။ ရက်အပိုင်းအခြားအလိုက် ငှားကြတာ။ တချို့လူငယ်တွေက တရက်ပဲ ငှားတယ်။ တခြားအဖွဲ့တွေက သုံးရက်လည်ဖို့ ငှားကြတယ်။ ကားတွေအားလုံးကတော့ သင်္ကြန်ငါးရက်စလုံးအတွက် အော်ဒါတွေ အပြည့်ပဲ” ဟု ကားငှားရမ်းသော ၀န်ဆောင်မှုကုမ္ပဏီတခုမှ တာဝန်ရှိသူတဦးက ဆိုသည်။ ရေပက်ခံကားများသာမက ဘုရားဖူးနှင့် အပန်းဖြေခရီးထွက်သူ များပြားသည့်အတွက် စင်းလုံးငှား ကားဝန်ဆောင်မှုလုပ်ငန်းများလည်း ယခုနှစ်တွင် ထူးထူးခြားခြား အလုပ်ဖြစ်ကြကြောင်း သိရသည်။ “ခရီးသည် ၄၅ ဦးဆန့်တဲ့ လေအိတ်ကားကြီးတွေလည်း ငှားရတယ်။ Hi-Ace ကားတွေလည်း ငှားရတယ်။ Hi-Ace ကားတွေကျတော့ မိသားစုခရီးထွက်ကြတာ။ ကားငှား ၀န်ဆောင်မှုလုပ်ငန်းတွေ ဒီနှစ်က အရမ်းအလုပ်များတဲ့ နှစ်ပဲ” ဟု စိန်ဝင်းနှင့် ရောင်ရင်းများ ခရီးသွားလုပ်ငန်းမှ ၀န်ထမ်းတဦးက ပြောသည်။ အဝေးပြေး ခရီးသည်တင်ယာဉ်လိုင်းများတွင်လည်း ခရီးထွက်သူများပြားသည့်အတွက် လက်မှတ်ဝယ်မရတော့ကြောင်း စုံစမ်းသိရှိရသည်။ သင်္ကြန်ကာလ နီးကပ်လာချိန်တွင် ခရီးသည်တင် ယာဉ်လိုင်းများအနေနှင့် လက်မှတ်များကို ဈေးတင်ရောင်းချမှုများ မပြုလုပ်ကြရန် သက်ဆိုင်ရာက သတင်းထုတ်ပြန် သတိပေးထားသည်။
<urn:uuid:cab28a89-28e0-4745-8edb-3b4b01fb5d57>
CC-MAIN-2014-41
http://burma.irrawaddy.org/satire/thin-gyan-2012/2012/04/11/8430.html
2014-10-01T03:59:55Z
s3://commoncrawl/crawl-data/CC-MAIN-2014-41/segments/1412037663359.6/warc/CC-MAIN-20140930004103-00127-ip-10-234-18-248.ec2.internal.warc.gz
mya
0.903683
Mymr
30
{"mya_Mymr_score": 0.9036826491355896, "blk_Mymr_score": 0.09238092601299286}
Eczema cure comes closer to reality နှင်းခူနာအတွက်ဆေး ပေါ်နိုင်တော့မည် ပျောက်ခဲလှတဲ့ နှင်းခူနာအတွက်ဆေး ပေါ်နိုင်တော့မည် ကနေ့လာတဲ့ ကျန်းမာရေး သတင်းတခုအရ နှင်းခူလိုမျိုး ပျောက်နိုင်ခဲတဲ့ အရေပြားရောဂါတွေအတွက် ဆေးဖေါ်စပ်လာနိုင်စရာ ရှိပါတယ်။ ပညာရှင်တွေကနေ အဲလိုအနာမျိုး ဖြစ်စေတဲ့ Yeast (ရိစ်) မှိုတမျိုးကို တွေ့ရှိ ဖေါ်ထုတ်လာနိုင်လို့ပါ။ ဒါကို Peptides (ပက်ပ်တိုက်) တမျိုးမျိုးနဲ့ ဆေးဖေါ်နိုင်စရာ ရှိလာပါပြီ။ ကလေး၊ လူငယ်၊ လူကြီး၊ ကျာ-မ မရွေး ဖြစ်တတ်ကြတဲ့ နာတာရှည် အရေပြားရောဂါအတွက် ဆေးကောင်း လိုနေပါတယ်။ ဗြိတိန်နိုင်ငံမှာ ကလေး ၂ဝ% မှာ Atopic eczema နှင်းခူနာတမျိုး ဖြစ်ကြတယ်။ လူကြီး ၇% မှာလဲ ရှိတာက တချို့မှာ သေရာပါအနာ ဖြစ်တယ်။ နှင်းခူနာတွေက အရေပြားမှာ ခြောက်သွေ့၊ ယားယံ၊ ကွာကျတတ်တာမျိုး၊ ပျောက်ခဲတာမျိုး၊ ပေါ်လိုက်-ပျောက်လိုက်၊ နာတာရှည်တယ်။ ဘာလို့ဖြစ်သလဲ အသေအခြာ မပြောနိုင်ပေမဲ့ Malassezia sympodialis yeast နဲ့ပတ်သက်တာ သေခြာတယ်။ လူအတော်များများမှာ ရောဂါမပေါ်ပေမဲ့ ဒီ (ရိစ်) က ရှိနေတတ်တယ်။ ကြာတော့ အရေပြား အားနည်းလာပြီး၊ အပေါက်အပြဲဖြစ်ရာကနေ ပိုးကနေ ရောဂါ ရစေတော့တယ်။ ဆွီဒင်မှာ ရှိတဲ့ Karolinska Institute ကပညာရှင်တွေကနေ (ပက်ပ်တိုက်) ၂၁ မျိုးနဲ့ စမ်းသပ်နေကြတယ်။ ကောင်းနေတဲ့ အရေပြား (ဆဲလ်) တွေကိုလဲ မထိခိုက်စေအာင် ကြည့်ရတယ်။ သတ္ကိ ၂ မျိုးရှိတယ်။ (ဆဲလ်) အဖုံးလွှာကို ဖေါက်ဝင်နိုင်တာ နဲ့ ပိုးတွေကို သေစေတာ။ ၂၁ မျိုးထဲက ၆ မျိုးဟာ (ရိစ်) တွေကို သေစေနိုင်တာ တွေ့လာရတယ်။ တခြား (ဆဲလ်) တွေကို မထိခိုက်စေဘူး။ ဆေးအဖြစ်အသုံးချနိုင်ဘို့ရာ မေးခွန်းတွေ အများကြီးတော့ ရှိပါသေးတယ်။ ဒါပေမဲ့ အခုလို ဆေးနဲနဲ နဲ့ ပိုးကိုသေစေပြီး လူကို မထိခိုက်တာဟာ Antifungal agents (ဖန်းဂတ်စ်) ဆေး ဖေါ်ဘို့ အလွန် အလားအလား ကောင်းပါတယ်။ အခုတွေ့ရှိချက် အသစ်ကို Society for Applied Microbiology ဂျာနယ်မှာ Letters in Applied Microbiology ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ Eczema နှင်းကူနာ http://dts-medicaleducation.blogspot.com/2011/05/eczema.html Dr. တင့်ဆွေ ၂၅-၁၁-၂ဝ၁၁
<urn:uuid:9b032d27-8202-4372-ad86-052ae80af668>
CC-MAIN-2014-41
http://dts-medicaleducation.blogspot.com/2011/06/clobetasol-propionate-and-neomycin.html
2014-09-20T22:01:10Z
s3://commoncrawl/crawl-data/CC-MAIN-2014-41/segments/1410657133568.71/warc/CC-MAIN-20140914011213-00096-ip-10-196-40-205.us-west-1.compute.internal.warc.gz
mya
0.839596
Mymr
39
{"mya_Mymr_score": 0.8395957350730896, "blk_Mymr_score": 0.15766844153404236}
Git ကို အရင်ရုံး point-star မှာ စသုံးဖူးတာပါ။ git ဆိုတာကို အရင်တုန်းကတော့ opensource တွေကို download ဆွဲချပြီး သုံးဖို့လောက်ပဲ သုံးဖြစ်တယ်။ point-star မှာ github သုံးရမယ်ဆိုတာနဲ့ github ကို လေ့လာဖြစ်တာပဲ။ github နဲ့ git အစတုန်းက လုံးဝ ကို မကွဲတာ။ github သုံးရင်းနဲ့ git နဲ့ github မတူဘူးဆိုတာ သိလာတာ။ git သုံးတတ်ပြီးနောက်ပိုင်းမှာ github မှာ opensource project တွေ တင်ဖြစ်တယ်။ သို့ပေမယ့် တစ်ယောက်တည်းပဲ ဖြစ်တဲ့အတွက် git အကြောင်းကို ကောင်းကောင်း မသိခဲ့ဘူး။ အရင်ရုံးတုန်းကလည်း တစ်ယောက်တည်းလိုလို ဖြစ်နေတဲ့အတွက် မထူးခြားလှဘူး။ backup သာသာ ရှိပါတယ်။ ဒီရုံးရောက်တော့ repo သုံးမယ် ဆိုတော့ ကျွန်တော်က bitbucket ကို recommend လုပ်ခဲ့တယ်။ သို့ပေမယ့် bitbucket က hg ပဲ support လုပ်တယ်။ ဒါကြောင့် git ထက်စာရင် hg ကို အသုံးပြုဖြစ်ခဲ့တယ်။ အခုနောက်ပိုင်း bitbucket က git support လုပ်တော့ ကျွန်တော်တို့တွေ git ကို ပြောင်းသုံးခဲ့တယ်။ hg နဲ့ git က အတူတူပဲ လို့ ဆိုလို့ရပါတယ်။ သို့ပေမယ့် ကျွန်တော်က git ကို ပိုကြိုက်တယ်။ git က data တွေကို compress လုပ်ပြီး သိမ်းထားတဲ့အတွက်ကြောင့် နေရာ သိပ်မယူဘူးလို့ ဆိုရမလိုပဲ။ Git ကို စသုံးတဲ့အချိန်မှာ ကျွန်တော်တို့ ရုံးက ၂ ယောက်တည်း မဟုတ်တော့တာအတွက်ကြောင့် hg ထက်စာရင် git အကြောင်းကို ပိုသိပါတယ်။
<urn:uuid:8c9f1211-6429-4f65-b355-3d69bcdb1e5a>
CC-MAIN-2014-41
http://blog.mysteryzillion.org/2012/01/
2014-09-30T15:50:25Z
s3://commoncrawl/crawl-data/CC-MAIN-2014-41/segments/1412037663036.27/warc/CC-MAIN-20140930004103-00140-ip-10-234-18-248.ec2.internal.warc.gz
mya
0.99759
Mymr
48
{"mya_Mymr_score": 0.9975899457931519}
ရခိုင်ပြည်နယ် ဂွမြို့နယ်၊ ကမ်းသာယာ ပင်လယ်ကမ်းခြေတလျှောက်ရှိ အုန်းခြံများနှင့် လယ်မြေဧက ထောင်ချီ၍ အစိုးရ စစ်တပ်က အဓမ္မ သိမ်းယူထားသည်ကို စစ်ဆေးတွေ့ရှိကြောင်း သတင်းရရှိသည်။ ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားသော လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေး ရေးကော်မရှင်အဖွဲ့သည် ရခိုင်ဒေသတွင်း လယ်ယာမြေ သိမ်းဆည်းခံရမှုများအား၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းသွားရောက် စစ်ဆေးစဉ် ထိုသို့ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ “ပင်လယ်ကမ်းခြေ တလျှောက်မှာ ရှိတဲ့ အုန်းသီးခြံတွေကို ခလရ ၅၅ က သိမ်းယူထားတာ စစ်ဆေးတွေ့ရှိတယ်။ ဒေသခံ အုန်းခြံပိုင်ရှင်တွေ အားလုံးဟာ အလုပ်လက်မဲ့ ဖြစ်သွားပြီး မိမိနေရပ်ကို စွန့်ခွာသွားကြရတဲ့အထိ ၀မ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်တွေ မြင်တွေ့ခဲ့ရတယ်” ဟု စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ဧရာဝတီသို့ ပြောသည်။ ဂွမြို့နယ်၊ ကမ်းသာယာ ပင်လယ်ကမ်းခြေသည် ငပလီ ကမ်းခြေကဲ့သို့ သာယာလှပသည့် ကမ်းခြေတခုဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များ လာရောက်လည်ပတ်မှု နည်းပါးပြီး ထင်ရှားမှု မရှိသည့်ကမ်းခြေတခုလည်း ဖြစ်သည်။ ခရီးသွားလုပ်ငန်းများကို မျှော်ကိုး၍ ကမ်းခြေတွင် ဆောက်လုပ်ထားသည့် ဟိုတယ် အသေးစား အများအပြားမှာ ပျက်စီးနေသည်ကို တွေ့ခဲ့ရကြောင်း၊ နောင်တချိန်တွင် ငပလီကဲ့သို့ အပန်ဖြေစခန်း ဖြစ်လာနိုင်၍ ကမ်းခြေ လယ်မြေများကို စစ်တပ်က ကြိုတင်လက်ဦးမှု ရယူထားခြင်း ဖြစ်နိုင်ကြောင်း ဦးဘရှိန်က ဆိုသည်။ ပင်လယ်ကမ်းခြေ တလျှောက်ရှိ မိုင်ပေါင်းများစွာ ရှည်လျှားသော အုန်းခြံများကို တွေ့ခဲ့ရကြောင်း၊ ထိုအုန်းခြံများ အားလုံးကို ယခုအခါ သံတွဲမြို့နယ်၊ ငပလီ အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ) ၅၅ က သိမ်းယူထားကြောင်း၊ အလားတူ ဂွမြို့နယ်အတွင်းရှိ လယ်ယာမြေ ဧက တထောင်ကျော်ကိုလည်း စစ်တပ်က သိမ်းယူထားကြောင်း သိရသည်။ “ဥပမာ – သိမ်းထားတဲ့ လယ်မြေအမှု ၁၀ မှုရှိရင် ၈ မှုက စစ်တပ်က နည်းလမ်းစုံနဲ့ အဓမ္မ သိမ်းယူထားတာ တွေ့တယ်။ စစ်တပ်နဲ့နီးစပ်တဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်တွေ၊ သူတို့နဲ့နီးစပ်သူတွေက သိမ်းယူထားကြတာ တွေ့တယ်။ ရခိုင် စစ်တိုင်းမှူးဟောင်း ဒု ဗိုလ်ချုပ်ကြီး ခင်မောင်သန်း မိသားစုက သိမ်းထားတဲ့ အမှုတခုကိုလည်း သံတွဲ့မြို့မှာ စစ်ဆေးတွေ့ရှိခဲ့တယ်” ဟု စုံစမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးဘရှိန်က ပြောသည်။ ရခိုင်ပြည်နယ်၏ လယ်ယာမြေ စုံစမ်းရေး ကော်မရှင်အဖွဲ့သည် ဒီဇင်ဘာလအတွင်း ကျောက်ဖြူ၊ ဂွ၊ သံတွဲ မြို့နယ် ၃ ခုကို စစ်ဆေးရာ အမှုအားလုံးနီးပါးသည် စစ်တပ်နှင့် အာဏာပိုင်တို့က အဓမ္မသိမ်း ယူထားသည့် အမှုများ ဖြစ်ကြောင်း သိရသည်။ ကျောက်ဖြူမြို့နယ်ရှိ လယ်မြေ အဓမ္မသိမ်းမှု ၈ ခုကို စစ်ဆေးရာတွင် ကျောက်ဖြူ အခြေစိုက် ဓည၀တီ ရေတပ် စခန်းဌာနချုပ်၊ ထောက်လှမ်းရေးတပ်၊ ခြေမြန်တပ်ရင်း (ခမရ) ၅၄၂၊ ဂက်စ် ပိုက်လိုင်းစီမံကိန်း စတင်ရာ မဒေးကျွန်းရှိ ရဲစခန်းမှူးနှင့် ရပ်ရွာအုပ်ချုပ်ရေးမှူး စသူတို့ သိမ်းယူသော အမှုမှာ ၇ မှုရှိပြီး၊ အာဏာပိုင်တို့နှင့် နီးစပ်သည့် ကုမ္ပဏီက သိမ်းယူမှု ၁ မှု ပါဝင်ကြောင်း ကော်မရှင်အဖွဲ့ထံမှ သိရသည်။ ကျောက်ဖြူဒေသ လယ်မြေသိမ်းမှုတွင် ရခိုင် စစ်တိုင်းမှူးဟောင်းနှင့် န၀တ အစိုးရလက်ထက် အတွင်းရေးမှူး (၃) ဒု ဗိုလ်ချုပ်ကြီး ၀င်းမြင့်၏ သမီးအမည်ဖြင့် သိမ်းထားသည့်အမှုလည်း ပါဝင်သည်။ ဂွမြို့နယ်ရှိ ကမ်းသာယာကမ်းခြေနှင့် တခြားလယ်ယာမြေသိမ်းထားသည့် အမှုအားလုံးသည် စစ်တပ်က သိမ်းယူထားခြင်းဖြစ်ကာ သံတွဲမြို့နယ်အမှုများတွင် ဒု ဗိုလ်ချုပ်ကြီး ခင်မောင်သန်း မိသားစု သိမ်းထားသည့်အမှု၊ ငပလီ အခြေစိုက် ခလရ ၅၅ က သိမ်းသည့်အမှု၊ သံတွဲအခြေစိုက် ရေတပ်က သိမ်းယူမှုနှင့် သံတွဲခရိုင် အုပ်ချုပ်ရေးမှူးဟောင်း သိမ်းယူထားသည့် အမှုတို့ကို စစ်ဆေးခဲ့ရကြောင်း၊ ၎င်းတို့ကို အစီရင်ခံစာ တစောင်ရေး၍ ယခုလတွင် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော်၌ တင်သွင်းမည်ဟု ဦးဘရှိန်က ဆိုသည်။ ရခိုင်ပြည်နယ်အတွင်း လယ်မြေသိမ်းသည့် စစ်တပ်အာဏာပိုင်များတွင် ရခိုင်ဒေသ၌ တိုင်းမှူး တာဝန် ယူခဲ့ကြသော ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ၀င်းမြင့်၊ ဒု ဗိုလ်ချုပ်ကြီး ခင်မောင်သန်း၊ ဗိုလ်ချုပ် မောင်ဦး၊ ဗိုလ်ချုပ် သောင်းအေး၊ ဗိုလ်မှူးချုပ် သူရမောင်နီ၊ ပို့ဆောင်ရေး ၀န်ကြီးဟောင်း ဗိုလ်ချုပ်သိန်းဆွေ စသူတို့နှင့် ၎င်းတို့မိသားစုဝင်များ ပါဝင်ကြောင်း ရခိုင်ဒေသခံများက ပြောသည်။ မြန်မာတနိုင်ငံလုံးရှိ လယ်မြေ အဓမ္မသိမ်းယူမှုများကို စုံးစမ်းစစ်ဆေးရန် ပြည်နယ်နှင့် တိုင်းအလိုက် စုံစမ်းရေး ကော်မရှင် အဖွဲ့များကို ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် ဖွဲ့စည်းပေးခဲ့သည်။ ရခိုင်ပြည်နယ်အတွက် စုံးစမ်းရေး ကော်မရှင်တွင် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်ပြီး စစ်တပ်လွှတ်တော် ကိုယ်စား လှယ် ဒု ဗိုလ်မှူးကြီး စိုးရွှေ ဦးဆောင်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ ရခိုင်ဒေသ လယ်ယာမြေ သိမ်းယူမှု စုံစမ်းရေး ကော်မရှင်အဖွဲ့သည် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလတွင်လည်း မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ ရသေ့တောင်၊ တောင်ကုတ်၊ ပုဏ္ဏားကျွန်း စစ်တွေ စသည့်မြို့နယ်များသို့ သွားရောက် စစ်ဆေးခဲ့ရာ၌ စစ်တပ်ကသိမ်းထားသည့် လယ်မြေဧက ထောင်ပေါင်းများစွာရှိကြောင်း၊ ထို့အတူ ရမ်းဗြဲ၊ ပေါက်တော၊ မာန်အောင် စသည့်မြို့နယ်များတွင်လည်း စစ်တပ်က သိမ်းယူထားသည့် အမှု များကို စုံစမ်း စစ်ဆေးရန် ရှိသေးကြောင်း ကော်မရှင်အဖွဲ့ထံမှ သိရသည်။
<urn:uuid:317833dd-9ac5-4a5e-81d2-eb0331bd791a>
CC-MAIN-2014-41
http://burma.irrawaddy.org/%e1%81%80_land-confiscation/2013/01/08/30014.html
2014-09-30T15:51:43Z
s3://commoncrawl/crawl-data/CC-MAIN-2014-41/segments/1412037663036.27/warc/CC-MAIN-20140930004103-00140-ip-10-234-18-248.ec2.internal.warc.gz
mya
0.968067
Mymr
49
{"mya_Mymr_score": 0.968067467212677, "blk_Mymr_score": 0.029818858951330185}
============================== ဒီကနေ့ အဲဒါပဲပေါ့ ဘာပဲလုပ်လုပ် အမျိုးသားရေးအမြင်နဲ့ အလုပ်လုပ်ကြပါ။ ဘာအမြင်နဲ့ အလုပ်လုပ်ရမလဲ? အမျိုးသားရေး အမြင်နဲ့ အလုပ်လုပ်ရပါမယ်ဘုရား။ ဘာနဲ့ အလုပ်လုပ် ရမလဲ? အမျိုးသားရေးအမြင်နဲ့ အလုပ်လုပ်ရမယ်။ မျက်စိနဲ့ ကြည့်ရင်လည်း အမျိုးသားရေး အမြင်နဲ့ ကြည့်ရမယ်။ နားနဲ့ကြားနာရင်လည်းပဲ အမျိုးသားရေး အမြင်နဲ့ နားထောင်ရမယ်။ အဲဒီလိုပဲ ဘယ်လိုအလုပ်ပဲလုပ်လုပ် အမျိုးသားရေးအမြင်နဲ့ပဲ အလုပ်လုပ်ရမယ်။ စားလည်း အမျိုးသားရေး အတွက်ပဲစား၊ သွားလည်း အမျိုးသားရေးအတွက်ပဲ သွား။ အေး အရောင်းအဝယ် လုပ်လည်း အမျိုးသားရေးအတွက်ပဲ အလုပ်လုပ်ပါ။ အဲဒါတွေကိုဦးဇင်းတို့ တိုင်းသူ ပြည်သားတွေမှာ အားနည်းနေလို့ ဒီကနေ့ လိုက်ဟောနေရတာ။ အေး သူတို့တတွေ ကြတော့နော် ခင်ဗျားတို့ကြည့် ဘာပဲလုပ်လုပ် အမျိုးသားရေး အမြင်နဲ့ပဲ အလုပ်လုပ်တာ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးခေတ် မရောက်ခင်တုန်းကစစ်အစိုးရခေတ်၊ စစ်အစိုးရနဲ့ ပေါင်းပြီးတော့ သူတို့တွေ အမျိုးသားရေးအမြင်တစ်ခုတည်းနဲ့ အလုပ်လုပ်ခဲ့ကြလို့ ဒီကနေ့ ရန်ကုန်မြို့ကြီးရဲ့ ဆောက်လုပ်ရေးဈေးကွက်ကိုသူတို့ အုပ်စီးသွားပြီ ချုပ်ကိုင်သွားပြီ။ အမျိုးသားရေးအမြင်နဲ့ အလုပ်လုပ်လို့။ သူတို့လည်းစစ်တပ်ကိုချစ်တယ်လို့တော့ မထင်နဲ့။ သူတို့ အမျိုးသားအကျိုးစီးပွားအတွက် စစ်တပ်နဲ့ ပေါင်းတာ။ အဲဒီလိုပဲ ကြံ့ခိုင်ဖွံ့ဖြိုးရေး ခေတ်ကောင်းလာတော့ အလုံးလိုက်၊ အရင်းလိုက် ကြံ့ခိုင်ဖွံ့ဖြိုးရေးထဲသူတို့ ဝင်ကြတယ်။ အမျိုးသားရေးအမြင်နဲ့ နိုင်ငံရေးလုပ်တာ။ နိုင်ငံရေးခံယူချက်ရှိလို့ မဟုတ်ဘူး။ ဒီမိုကရေစီကို နားလည်လို့ မဟုတ်ဘူး။ လူ့အခွင့်အရေးကိုလေးစားလို့ မဟုတ်ဘူး။ သူတို့ ကိုယ်တိုင်ကိုယ်က လူ့အခွင့်အရေးကို ချိုးဖောက်နေတဲ့သူတွေ။ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ရက်ရက်စက်စက် ချိုးဖောက်နေတဲ့ သူတွေ။ အေးဒါပေမယ့် ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီထဲ ဝင်တယ်။ ဘာကြောင့်လဲ။ ဒီပါတီထဲပါတီအာဏာရရင် သူတို့တတွေ နေရာရမယ်။ သူတို့တွေနေရာရရင် သူတို့ အမျိုးသား အကျိုးစီးပွားအတွက် အများကြီး အလုပ်လုပ်နိုင်မယ်။ နောက်ဆုံးအကာအကွယ် ပေးနိုင်မယ်။ဒီရည်ရွယ်ချက်နဲ့ ဝင်တယ်။ ဒီကနေ့ NLD ခေတ်ကောင်းလာတော့ကော NLD ထဲပြောင်းပြီး သူတို့တွေ နေရာယူ သွားကြပြီ။ ဘယ်မြို့မှာ ကြည့်ကြည့် ရုံးထိုင်နေရင် မုတ်ဆိတ်တွေချည်းပဲ။ အဲတော့ မိတ္ထီလာရောက်တော့ မိတ္ထီလာက ဒကာတော်က လျှောက်တယ်။ ခွပ်ဒေါင်းဟာ ခွပ်ဒေါင်း မဟုတ်တော့ပါဘူး ဆရာတော်၊ မွတ်ဒေါင်း ဖြစ်သွားပါပြီ။ ဘာ့ကြောင့်တုံးဗျ။ မွတ်ဆလင်တွေ ချည်းပဲ။ အေး ခင်ဗျားပြောတဲ့ စကားလည်း မဆိုးဘူးဗျ။ စဉ်းစား ကြည့်နေနော်။ သူတို့ နိုင်ငံရေးခံယူချက် မရှိဘူး။ ဒါပေမယ့် နိုင်ငံရေးလုပ်တယ်။ ဘာအမြင်နဲ့ လုပ်လဲ၊ အမျိုးသားရေးအမြင်နဲ့ လုပ်တယ်။ ဒါဘဲ၊ အဲတော့ ဘာဖြစ်မလဲ၊ သူတို့တွေ နေရာရတာပေါ့။ နေရာရတော့ ဘာဖြစ်မလဲ။ သူတို့လူမျိုး၊ သူတို့ ဘာသာ တိုးတက်အောင် လုပ်နိုင်တာပေါ့။ တစ်ခုပဲပြောလိုက်မယ်။ ဦးဇင်းမြို့လှမြို့ကိုရောက်တယ်။ ဦးဇင်းတွေ ဆီးပြီးတိုင်တယ်။ အာဇာနည်နေ့ကတဲ့ NLDရုံးမှာဆွမ်းကပ်ချင်တာတဲ့။ ဆွမ်းကပ်ခွင့် မရဘူးတဲ့။ ထောင်းခနဲ ဖြစ်သွားတယ်။ ရိုင်းလှချည်လားကွာ၊ ဒီ အုပ်ချုပ်ရေးမှူးက ဒီအာဏာပိုင်တွေက ဗိုလ်ချုပ်အောင်ဆန်းဆုံးတဲ့ နေ့တောင် ဆွမ်းကပ်ခွင့် မပေးဘူး။ ဘာကောင်တွေလဲပေါ့။ မဟုတ်ဘူး ဘုရားတဲ့။ NLD ရုံးက ကုလားအိမ် ငှားပြီးဖွင့်ထားတာ၊ ကုလားကခွင့်မပေးတာ။ သေဟ၊ ပြီးရော၊ သူတို့ နေရာရသွားပြီလေ။ NLDရုံးလေးအငှားဖွင့်တဲ့အိမ်ကတောင်မှ ဒီဆွမ်းလေး ကပ်ခွင့်ကို ပိတ်ပင်ခဲ့ရင် ဒီပါတီ ဥက္ကဋ္ဌ ဖြစ်သွားခဲ့သော်၊ ဒီနိုင်ငံ့ ခေါင်းဆောင်ဖြစ်သွားခဲ့သော်၊ ဒီလွှတ်တော် ကိုယ်စားလှယ်၊ ဒီလွှတ်တော် အမတ်ဖြစ်သွားခဲ့သော် စဉ်းစားကြည့်ပါ။ မလွယ်ဘူးနော်၊ ဒီကိစ္စက အလေးအနက်တွေးလေ ကြောက်စရာကောင်းလေ ပဲနော်၊ သူတို့တွေ စီးပွားရေးလုပ်လည်း အမျိုးသားရေးအမြင်နဲ့ လုပ်တယ်။ ဒါကြောင့် သူတို့ အမျိုးသားတွေ ဟိုးမြေတွေ လိုက်ဝယ်တာတွေ၊ အိမ်တွေ လိုက်ဝယ်တာ။ ဒီငွေထုပ် ပိုက်ပြီးတော့ မိန်းကလေးတွေ လိုက်တောင်းတာ။ ဒီဟာတွေပြပြီး မိန်းကလေးတွေကို မြူဆွယ်တာ။ အကုန် အမျိုးသားရေးအမြင်နဲ့ အကုန် အလုပ်လုပ်နေတာ။ အကုန်ကပ်တာ။ စစ်အစိုးရ ခေါင်းဆောင်တုန်းက ဗိုလ်ချုပ်ကြီးတွေကို ကပ်တာ။ ပါတီထောင်တော့ ပါတီ ခေါင်းဆောင်တွေကို ကပ်တယ်။ NLD အားကောင်းတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကပ်တယ်။ လိုက်ကြည့် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်က ပြန်လာ၊ နိုင်ငံခြားက ပြန်လာတဲ့အခါ လေဆိပ်မှာသူ့ကားပဲစီးလာတာ။ မန္တလေးကိုလာတယ်။ လေဆိပ်မှာ သူ့ကုလားကားပဲ စီးတာ။ ကပ်ထားပြီ။ အပီကပ်ထားပြီ။ ဘယ် ရော်နယ်ဒို ဘယ်လောက် ကောင်းကောင်း ခင်ဗျား ၄၊ ၅ ယောက် ကပ်ထားတော့ လှုပ်ကိုမလှုပ်တော့ဘူး။ ရခိုင်ပြည် အတုံးအရုံးနဲ့ အသတ်ခံရတာဒေါ်စုတစ်ခွန်းမှ မပြောနိုင်တော့ဘူး။ ဘာတတ်နိုင်တုန်း၊ အဲဒါမှတ်ထား။ သူတို့တွေ အမျိုးသားရေးအမြင်နဲ့ အလုပ်လုပ်နေတာ။ ဓမ္မနဲ့ အဓမ္မ ဆိုတဲ့ မင်းကိုနိုင် ဘာတတ်နိုင်သေးတုန်း၊ ရခိုင် အရေးအခင်းမှာတစ်ခွန်းမှကိုမဟနိုင်တော့ဘူး။ ကပ်ထားပြီ၊ ခင်ဗျားတို့ ရန်ကုန်သတိထား။ အမျိုးသားရေးကိုအလေးအနက်ထားကြမှ ဖြစ်မယ်။ အဲဒီလိုပဲ၊ ဟိုးဦးဇင်းတို့ ပြီးခဲ့တဲ့ ၃ ရက်၊ ၄ ရက်၊ ၅ ရက် လောက်က မွန်ပြည်နယ် သွားတယ်။ တွေ့ခဲ့ရတယ်။ ရာဇာမင်းဆိုတဲ့ ကားအသင်း၊ ကုလားပိုင်ပဲ။ အဲဒီ ကားအသင်းက အဲဒီကားပိုင်ရှင်ကအဲဒီကားအသင်းရဲ့ ဥက္ကဋ္ဌ ဖြစ်နေ၊ မထသဥက္ကဋ္ဌ ဖြစ်နေတာ။ အေး သူဖြစ်လိုက်ကတည်းက ကထိန်ခင်းခွင့် မပေးတော့ဘူး။ ဘာကြောင့်လဲ။ အပိုအလုပ်တွေ၊ ပြီးပြီ။ သူနေရာရသွားတာနဲ့ တပြိုင်နက် တန်းပြီးတော့ကို လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ လှူဒါန်းခွင့်ကိုပိတ်ပစ်လိုက်ပြီ။ သတိထားပါ။ ဦးဇင်းတို့တွေက အမျိုးသားရေးနဲ့ လူမှုရေးကွဲတယ်။ အဲအမျိုးသားရေးနဲ့ လူ့အခွင့်အရေးကွဲတယ်။ နိုင်ငံရေး သမားတွေက အမျိုးသားရေးနဲ့ လူ့အခွင့်အရေးမကွဲဘူး။ ဒါကြောင့်မို့လို့ သူတို့တွေက ဓမ္မဘက်မှာလည်း မရပ်တည်နိုင်ဘူး။ ပြည်သူဘက်မှာလည်း မရပ်တည်နိုင်ဘူး။ ဒီလို လူတွေသာ ဆက်တိုက် ဆက်တိုက် နေရာရကြည့်။ ကထိန်ခေတ် ဆိုတာတောင် ဘယ်ပျောက်သွားမှန်း သိမှာမဟုတ်တော့ဘူး။ အဲဒါပဲလေ။ သူနေရာရသွားပြီး၊ နေရာရတော့ ဘာဖြစ်လဲ။ ကထိန်ခင်းခွင့်ကို ပိတ်ပစ်လိုက်တယ်။ ကထိန်ခင်းခွင့်ကို ပိတ်ပင်လိုက်တော့ ဘာဖြစ်မလဲ။ ဗုဒ္ဓဘာသာနစ်နာတာ၊ ထိခိုက်တာ၊ ကုသိုလ်တရားတွေ ဆုံးရှုံးသွားတာ။ အေးအဲဒါတွေကိုသိတဲ့အခါကျတော့ မော်လမြိုင်က စာချ ဆရာတော်လေး တွေ စုဖွဲ့ထားတဲ့ သံဃာကွန်ယက်က အဲဒီမှာ စတစ်ကာတွေ ကပ်ပြီး လိုက်ပြီးတော့ ဘာသာတူ လူမျိုးတူ ဆိုင်တွေမှာ ဈေးဝယ်ဖို့၊ ဘာသာတူ လူမျိုးတူကားအသင်းတွေကိုပဲ စီးဖို့၊ ဒါမျိုးလေးလိုက်ပြီးတော့ ဆောင်ပုဒ်လေးတွေနဲ့ ပြောကြတယ်။ စားလည်း ၉၆၉၊ သွားလည်း ၉၆၉၊ ဝယ်လည်း ၉၆၉၊ စီးလည်း ၉၆၉၊ အဲလိုမျိုးတွေ ဘုရားဂုဏ်တော် ၉ ပါး၊ တရားဂုဏ်တော် ၆ ပါး၊ သံဃာဂုဏ်တော် ၉ ပါး ဒါလေးကို ရည်ရွယ်ပြီးတော့ စားလည်း ၉၆၉ ဝယ်စားခဲ့သော် ဘုရား၊ တရား၊ သံဃာ အထိမ်းအမှတ် သင်္ကေတ အမှတ်အသားပါတဲ့ ဆိုင်တွေမှာ ဈေးဝယ်စားပါ။ သွားလည်း ၉၆၉ ဘာသာတူ လူမျိုးတူတဲ့ ကားအသင်းတွေကို သွားပါ။ အဲဒါမျိုးဆိုတာဝယ်လည်း ၉၆၉၊ ရောင်းလည်း ၉၆၉၊ အေး ကိုယ်က ဈေးတစ်ခု ဝယ်တယ်။ ကိုယ့်ပစ္စည်းတစ်ခုရရုံနဲ့ မပြီးသေးဘူး။ ဒီအမြတ်ငွေ ရန်သူလက်ထဲ ရောက်သွားရင် အမျိုးဘာသာသာသနာအကုန်နစ်နာတယ်။ ဒီငွေတွေနဲ့ မိန်းကလေးတွေကို ယူမယ်။ အတင်းအဓမ္မ ဘာသာသွတ်သွင်းမယ်။ မွေးလာတဲ့ ကလေးတွေ အကုန်လုံး တိုင်းပြည်ရဲ့ အန္တရာယ် ဖြစ်မယ်။ ဘာသာကိုဖျက်စီးမယ်။ သာသနာကိုဖျက်စီးမယ်။ နောက်ဆုံး လူဦးရေတိုးပွားရင် ရခိုင်ပြည်လိုနယ်ချဲ့မယ်။ တိုင်းပြည်ကိုလုယူမယ်။ သွားပြီလေ၊ ဒါကြောင့်မို့လို့ ဒီအဝေးကြီးကို ကြည့်တယ်။ ဒီအရှည်ကို ကြည့်တယ်။ ကိုယ်လိုချင်တဲ့ ပစ္စည်းရရုံလေးနဲ့ ဈေးအလွယ်တကူမဝယ်နဲ့။ ၉၆၉ သင်္ကေတပါတဲ့ ဈေးဆိုင်တွေမှာ ဈေးဝယ်ပါ။ ဒီလိုလိုက်လံပြီးဟောတော့ ဘာဖြစ်တုန်းဆိုတော့ အဲဒီ ရာဇာမင်းကား မော်လမြိုင်ကလူတွေ မစီးကြတော့ဘူးဗျာ။ အဲဒီကျတော့ ဟိုဘက်ကနေ ဒီရန်ကုန်ကို လာရင် ကားကချောင်နေတာပဲ။ လူသိပ်မပါဘူး။ သူတို့ အချင်းချင်းပဲ လာကြတာ။ စီးကြတာ။ ဒါပေမယ့် ရန်ကုန်ကနေဟိုဘက်ကိုလာတဲ့ ကားကျတော့ အပြည့်ဗျ။ ရွှေမြန်မာတွေ အားပေးကြတာ။ အဲတော့ ရာဇာမင်းကားဘာလုပ်လဲ။ ဈေးချပ လိုက်တယ်။ အစတုန်းကတော့ အဈေးအတူ ၆၀၀၀ ပဲ။ ၅၀၀၀ အထိချပလိုက်တယ်။ ၁၀၀၀ သက်သာတယ်။ ဗမာတွေ မစီးဘူး။ ၁၀၀၀ နဲ့ ကိုယ့်ကားပဲကိုယ်စီးမယ်တဲ့။ ထပ်ချလိုက်တယ်။ အဆင့်ဆင့်။ ၃၅၀၀ အထိချ လိုက်တယ်။ အဲဒီအချိန်မှာဗမာတွေ တောင့်ခံ မနေနိုင်တော့ဘူး။ အခု ပြန်စီးနေပြီ။ သွားပြီလေ။ ဒီပွဲသာဗမာတွေရှုံးရင် နောက် ဒီလိုဟာမျိုးတွေ သူတို့တတွေ အုပ်စုဖွဲ့ပြီးတော့ ဒီဆော်ဒီအာရေးဗီးယားတွေလို ရေနံသူဌေးတွေက ထောက်ပံ့တဲ့ ငွေတွေနဲ့ အဲ့စီးပွားရေးတွေ အပြိုင် လုပ်တော့မှာ။ ဒါမျိုးတွေ အများကြီးပဲ။ ဒီတစ်ခုပဲပြောလိုက်မယ်။ ဒါကြောင့်မလို့ ဗမာတိုင်း ဗမာတိုင်း ကလေ ဟိုသက်သာတာလေး တစ်ခုတည်းကို မကြည့်နဲ့ ဒီလို ကိုယ်က ရေသာခိုလိုက်တဲ့အတွက်ကြောင့် ဒီငွေလေး ၁၅၀၀ လောက် ကိုယ်ကြည့်မြင်လိုက်တဲ့ အတွက်ကြောင့် ဒီ ၁၅၀၀ ပေါင်းသောင်းချီသွားရင်၊ သိန်းချီသွားရင် အေးရန်သူရဲ့ အင်အားဟာ ဘယ်လောက်ထိအောင် ကောင်းသွားမလဲ။ ဘယ်လောက်ထိအောင် ကြီးသွားမလဲ။ ကြီးရင် ကြီးသလောက်၊ ကောင်းရင် ကောင်းသလောက် လူမျိုးကိုဝါးမြိုမယ်။ ဘာသာ သာသနာကို ဖျက်စီးမယ်။ နိုင်ငံရဲ့ ရေထု၊ မြေထုတွေကိုလုယူမယ်၊ သိမ်းပိုက်မယ်။ ဒါဘဲ။ အဲဒီအထိကို ကြည့်ပြီးတော့ တစ်မျိုးသားလုံးကဒီဘက်ကသွားတဲ့ လူတွေရော၊ ဟိုဘက်က လာတဲ့လူတွေ အကုန်လုံးညီတူမျှတူကိုယ့်ကားကိုပဲစီးကြမယ် ဆိုရင်တော့ ခရီးသွားတာတောင်မှ၊ ကားစီးတာတောင်မှ အမျိုးသားရေးအမြင်နဲ့ သွားကြမယ်။ အမျိုးသားရေးအမြင်နဲ့ စီးကြမယ်။ နောက်ဆုံးကုလားလျှော့တဲ့ အဲငွေ ၁၅၀၀ သည် ငါ့အမျိုး ဘာသာသာသနာအတွက် လှူဒါန်းပါ၏။ အဲဒီ ၁၅၀၀ အဆုံးရှုံးခံပြီး ကိုယ့်ကားကို စီးလိုက်ပါ။ အေးအဲဒါဆိုရင် ဒီပွဲအနိုင်ရရင်တော့ နောက်ပွဲတွေလည်း ရွှေမြန်မာတွေ ဆက်ပြီးတော့ အနိုင်ရနိုင်ပါတယ်။ အဲဒါဆိုရင် ပစ်မှတ်တစ်ခုချင်း၊ တစ်ခုချင်း၊ တစ်ခုချင်း တစ်ခုချင်း ပြောင်းပြောင်းပြီးတော့ ကိုယ့်အမျိုး ဘာသာသာသနာကို ကာကွယ်သွားရုံပဲ။ အေး ဒီပွဲမှာတော့ ကိုယ်တော်လေးတွေနဲ့ ပြည်သူတွေနဲ့ ပေါင်းပြီးတော့ တိုက်တယ်။ ဒါပေမယ့် ဈေးနှုန်းက အဆမတန် ကွာနေတယ်။ ဒီဘက်ကလည်း သိပ်ပြီးတော့ မချနိုင်ဘူး။ ချနိုင်တဲ့ နည်းလမ်းတွေကို သူတို့ ရှာကြံနေကြတယ်။ ဒါကြောင့်မလို့ ပြည်သူ့အား မပါရင်တော့ အဲဒီမော်လမြိုင် ကျဆုံးတော့မှာ။ ပလေတို ဒီမို
<urn:uuid:e8866ced-fe8e-4243-8d1a-37a049531b9a>
CC-MAIN-2014-41
http://news-myanmar.blogspot.com/2013/02/nld.html
2014-10-02T16:28:30Z
s3://commoncrawl/crawl-data/CC-MAIN-2014-41/segments/1412037663762.45/warc/CC-MAIN-20140930004103-00110-ip-10-234-18-248.ec2.internal.warc.gz
mya
0.877936
Mymr
35
{"mya_Mymr_score": 0.8779359459877014, "blk_Mymr_score": 0.1187199279665947}
ဒီစာတွေမှာ ကျောင်းသားသမဂ္ဂတွေ နိုင်ငံတဝှန်း ဖွဲ့စည်းတည်ထောင် နေတဲ့အပေါ် ဆရာ ဆရာမတွေကပါ အားပေးကူညီဖို့နဲ့ အခုလိုသမဂ္ဂတွေ ဖွဲ့စည်းတည်ထောင်ဆဲ ကာလမှာ ရင်ဆိုင်ရမယ့် အခက်အခဲတွေကို ကျောင်းသူ ကျောင်းသားတွေ စုပေါင်းဖြေရှင်းဖို့ တိုက်တွန်းထားပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုက အခုလိုပြောပါတယ်။ " ကျောင်းသားထုရဲ့ အခွင့်အရေးကို ကာကွယ်ဖို့၊ ကျောင်းသားတွေ အားလုံးနဲ့ တိုင်းပြည်တစ်ပြည်လုံးရဲ့ အရေးတွေမှာ ပိုမိုဖွံ့ဖြိုး တိုးတက်လာအောင် ဆောင်ရွက်ဖို့ ကျောင်းသားကျောင်းသူတွေ ဘက်ကလည်း ကတိသစ္စာပြုတယ်ပေါ့။ ဆရာ ဆရာမတွေကလည်း ကျောင်းသား ကျောင်းသူတွေရဲ့လှုပ်ရှားမှုကို စိုးရိမ်စရာမလိုပဲနဲ့ အားပေးကူညီဖို့ အားလုံးကိုယ်စား ဗကသများ အဖွဲ့ချုပ်ကတိုက်တွန်းတယ်။ နောက်တခါ သမဂ္ဂအဖွဲ့ တစ်ခုကို ခြိမ်းခြောက်တာမျိုး၊ အခက်တွေ့အောင် ဒါမှမဟုတ် ဖျက်သိမ်းပစ်အောင် ဖိအားပေးတာမျိုး၊ သွယ်ဝိုက်သတိပေးတာမျိုးတွေ ရှိလာခဲ့တယ် ဆိုရင်လည်း ကျွန်တော်တို့အားလုံးက စနစ်တကျ ပြင်ဆင်ပြီး ဒါမျိုးတွေ မဖြစ်ရလေအောင် ကျောင်းသားအားလုံးရဲ့ ထုထည်အင်အားနဲ့ ဝိုင်းဝန်းဖြေရှင်းကြမယ်။ ပြီးတော့ သတင်းကွန်ယက်တစ်ခု တည်ဆောက်ပြီးတော့ အမြဲမပြတ် ဆက်သွယ်နေခြင်းအားဖြင့် လှုပ်ရှားမှုတွေမှာ ပိုမိုမြန်ဆန် သွက်လက်လာစေမယ်။ အဲဒီလိုမျိုး ကြိုးပမ်းပေးကြပါလို့ တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသား သမဂ္ဂ အဖွဲ့ခွဲတွေကို တိုက်တွန်းလိုက်တာပါ"။ ဗကသများအဖွဲ့ချုပ်အနေနဲ့ နိုင်ငံအနှံ့ ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းနေရာမှာ အခုဆိုရင် ခရိုင် (၁၀) ခု၊ ဒေသကြီး (၂) ခု၊ မြို့နယ် (၃)ခု တို့မှာ ဖွဲ့စည်းပြီးပြီလို့ သိရပါတယ်။
<urn:uuid:1036e510-fe90-43b0-8a17-20b21120c531>
CC-MAIN-2014-41
http://www.rfa.org/burmese/news/absfu-declare-04272012115028.html
2014-09-19T05:51:17Z
s3://commoncrawl/crawl-data/CC-MAIN-2014-41/segments/1410657130272.73/warc/CC-MAIN-20140914011210-00076-ip-10-196-40-205.us-west-1.compute.internal.warc.gz
mya
0.924691
Mymr
55
{"mya_Mymr_score": 0.9246906042098999, "blk_Mymr_score": 0.07319631427526474}
သွားခဲ့သော ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ဖြစ်စဉ်မှာ KNU/ KNLA ကရင်ငြိမ်းချမ်းရေးကောင်စီ (ဗိုလ်ထိန်မောင်)အဖွဲ့မှ စောဝင်းမြင့် ဦးစီး ၂၀ ဦးခန့်သည် ခွင့်ပြုချက်မရဘဲ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းသို့ တရားမဝင် လက်နက် ခဲယမ်းများနှင့် လက်ပစ်ဗုံးများ သယ်ဆောင်လာပြီး ဝင်ရောက်လာကြောင်း၊ ဒေသခံပြည်သူများမှ တာဝန်ရှိသူ များအား သတင်းပို့ခဲ့ပြီး တာဝန်ရှိ သူများမှ ၎င်းတို့အားသွားရောက်တွေ့ဆုံပြီး လက်နက်များယူလာ၍ မရကြောင်း ရှင်းလင်းပြောဆိုပြီး ပါလာသော လက်နက်ခဲယမ်းများကို အပ်နှံစေခဲ့ကြောင်း၊ ထို့ပြင် ၎င်းတို့အဆင်ပြေ စေရန်အတွက် ပုသိမ်မြို့မှတာဝန် ရှိသူများနှင့် တွေ့ဆုံပေးခဲ့ကြောင်း သိရှိရသည်။ ၎င်းအဖွဲ့သည် ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့တွင် ယာဉ်လေးစီးဖြင့် ပုသိမ်ရန်ကုန်ကားလမ်းအတိုင်းထွက်ခွာခဲ့ပြီး ကန်ကြီးထောင့်မြို့ လမ်းဆုံတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင် (၁) ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် (၁) ဦးတို့အား အတင်းအဓမ္မ ကားပေါ်သို့ဆွဲတင်ကာဖမ်းဆီး ခေါ်ဆောင်သွားပြီး ၎င်းဝန်ထမ်း(၂)ဦးအား အသက်ရှင်လျက် ပြန်လိုချင်ပါက ၎င်းတို့ထံမှသိမ်းဆည်းထားသော လက်နက်များအားပြန်ပေးရန် ဆက်သွယ်ပြောကြားခဲ့ကြောင်း သိရှိရသည်။ ၎င်းအဖွဲ့အင်အား ၁၈ ဦးနှင့် ကား ၃ စီးအား အင်းတိုင်မြို့တွင် တာဝန်ရှိသူများမှ တားဆီးနိုင်ခဲ့ပြီး ဖမ်းခေါ်သွားသောနိုင်ငံ့ဝန်ထမ်း(၂)ဦးအား ပြန်လည် ကယ်တင်နိုင်ခဲ့ကြောင်းသိရှိရသည်။ “ အခြေအနေကတော့ တော်တော်ဆိုးပါတယ်။ငြိမ်းချမ်းရေးအဖွဲ့အမည်ခံပြီးမြို့ပေါ်မှာလာပြီး သောင်းကျန်း ငြိမ်းချမ်းရေးလက်မှတ်ထိုးထားတဲ့ အဖွဲ့တွေအနေနဲ့ လက်အောက်ငယ်သားတွေကို စနစ်တကျ ထိန်းသိမ်း သင့်ပါတယ်။ အခုဟာက အထက်ကခေါင်းဆောင်ကမသိဘူး အောက်ကတပ်သားတွေက ကိုယ့် သဘောကိုယ်ဆောင်ပြီး လုပ်ချင်တာလုပ်နေကြတယ်ဟု ကရင်နယ်ခြားစောင့်တပ်မှ တပ်မှူးတစ်ဦးကလည်း ပြောကြားခဲ့သည်။ ၎င်း ကိစ္စနှင့်ပတ်သက်၍ KNU/ KNLA ကရင်ငြိမ်းချမ်းရေးကောင်စီ (ဗိုလ် ထိန်မောင်) အဖွဲ့မှ ဆက်ဆံရေးတာဝန်ခံအား မေးမြန်းခဲ့ရာ ဥပဒေချိုးဖောက်ခဲ့သော စောဝင်းမြင့်နှင့် အဖွဲ့အားပြန်ရောက်လာပါက ဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ယခုဖြစ်စဉ်တွင် ခေါင်းဆောင်ဖြစ်သော ဗိုလ်မှူးအဆင့်ရှိ စောဝင်းမြင့်ဆိုသူသည် ယခင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ငွေကြေးအလွဲသုံးစားမှုဖြင့် ခွင့်မဲ့ ပျက်ကွက် ဖြစ်ပွား ခဲ့သဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထောင်ချထုတ်ပယ်ခဲ့ကြောင်း၊ ထောင်မှ ထွက်ပြီးနောက် KNU/ KNLA ကရင်ငြိမ်းချမ်းရေးကောင်စီ(ဗိုလ် ထိန်မောင်) အဖွဲ့သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်း ဆက်ဆံရေး တာဝန်ခံမှပြောကြားခဲ့သည်။ KNU/ KNLA ကရင်ငြိမ်းချမ်းရေးကောင်စီ (ဗိုလ် ထိန်မောင်)အဖွဲ့သည်KNU အဖွဲ့ထံမှ(၂၀၀၇)ခုနှစ်တွင် ခွဲထွက်ခဲ့ပြီး ယခင် အစိုးရဟောင်းနှင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးသောအဖွဲ့တစ်ဖွဲ့ဖြစ်ပြီး၊ ယခု အစိုးရသစ် လက်ထက် ၂၀၁၂ခုနှစ် ဖေဖေါ်ဝါရီလတွင် ပြည်နယ်အဆင့်( ၁ ) ကြိမ်ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေး လက်မှတ် ရေးထိုးထားသော အဖွဲ့ဖြစ်သည်။ ၎င်းအဖွဲ့သည် တပ်ဖွဲ့ဝင်အင်အား ၅၀၀ ကျော်ခန့်ရှိပြီး ကရင်ပြည်နယ် ထို့ကော်ကိုး၊ မဲလဒေသတွင် အခြေချကာ ထိုင်းနိုင်ငံမှမှောင်ခိုပစ္စည်းများအား အကောက် ကောက်ခံခြင်း၊ လိုင်စင်မဲ့ကားများအား တင်သွင်းခြင်း၊ သစ်ခိုးထုတ်ခြင်း စသည့် လုပ်ငန်းများလုပ်ကိုင်နေသော အဖွဲ့တစ်ဖွဲ့ ဖြစ်ကြောင်း သိရသည်။ သန်းနိုင် (မောင်ကျောက်ခဲ အဖွဲ့)
<urn:uuid:0c821636-30f3-4356-b11a-4b2875e01cea>
CC-MAIN-2014-41
http://mgkyautkhae.blogspot.com/2013/02/knu-knla.html
2014-10-02T04:21:23Z
s3://commoncrawl/crawl-data/CC-MAIN-2014-41/segments/1412037663711.39/warc/CC-MAIN-20140930004103-00122-ip-10-234-18-248.ec2.internal.warc.gz
mya
0.951273
Mymr
37
{"mya_Mymr_score": 0.9512726664543152, "blk_Mymr_score": 0.04317270219326019}
၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွက် အစိုးရအဖွဲ့ အသုံးစရိတ် လျာထားငွေတွင် နိုင်ငံတော်ဘတ်ဂျက်၏ ၂၁ ရာခိုင်နှုန်းကို စစ်တပ်အသုံးစရိတ်အတွက် တင်ပြတောင်းခံထားရာ ယခင်နှစ် စစ်အသုံးစရိတ်ထက် မြင့်နေကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၁၂-၁၃ ဘဏ္ဍာာရေးနှစ်တွင် စစ်အသုံးစရိတ်ကို နိုင်ငံတော်ဘတ်ဂျက်၏ ၁၄ ဒသမ ၃၉ ရာခိုင်နှုန်း သုံးစွဲရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးခဲ့သည်။ “ငွေစာရင်း ကော်မတီဝင်တချို့ ပြောတာကတော့ စစ်တပ်အသုံးစရိတ်က ၂၁ ရာခိုင်နှုန်း ၀န်းကျင်အထိ တင်ပြထားတော့ တော်တော်ကြီး များနေတယ်လို့ ပြောကြတယ်။ ခွင့်ပြုပေးရေးကိစ္စကို လွှတ်တော်မှာ ဆွေးနွေးပြီးမှ ဘယ်လောက်ပဲ ခွင့်ပြုမယ်ဆိုတာ ဆုံးဖြတ်ကြမှာပါ” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဧရာဝတီသို့ ပြောသည်။ ၂၀၁၃-၁၄ ခုနှစ် ဘဏ္ဍာရေးနှစ် ဘတ်ဂျက် လျာထားငွေ စာရင်းများကို လွှတ်တော် ကိုယ်စားလှယ်များထံ ယမန်နေ့က ဖြန့်ဝေပေးထားသော်လည်း ကိုယ်စားလှယ်များအနေဖြင့် အသေးစိတ် မလေ့လာရသေးကြောင်း၊ စာရင်းကို ကြိုတင်ရရှိထားသည့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ယခုအခါ စိစစ်သုံးသပ် စစ်ဆေးနေပြီဖြစ်ကြောင်း ကိုယ်စားလှယ်များထံမှ သိရသည်။ ယခုနှစ်တွင် စစ်ရေးအသုံးစရိတ် တိုးတောင်းလာခြင်းသည် လက်ရှိဆင်နွဲနေသော ကချင်ဒေသ စစ်ပွဲများကြောင့် ကုန်ကျမှု များပြားသည့်အတွက်လည်း ဖြစ်နိုင်ကြောင်း၊ စစ်ရေးအသုံးစရိတ်သည် နှစ်စဉ်များနေသည့်တိုင် ယခင်ထက် တိုးမြှင့်ရန် မသင့်တော့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရီ (ခ) ဦးခင်မောင်ရီက ပြောသည်။ “မြန်မာနိုင်ငံက စစ်ရေးအင်အားကြီး နိုင်ငံတည်ဆောက်ဖို့ မလိုအပ်သေးတော့ စစ်အသုံးစရိတ်တွေ လျော့ချပြီးတော့ ပြည်သူတွေအတွက် အရေးကြီးတဲ့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍတွေမှာ ပိုမိုသုံးစွဲသင့်ပါတယ်၊ စစ်အသုံးစရိတ်ဟာ ပြည်သူတွေအတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်မနေသင့်ဘူး” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။ စစ်တပ်၏ အသုံးစရိတ်အား လျှော့ချကာ ငြိမ်းချမ်းရေး တည်ဆောက်ရေး တည်ဆောက်ခြင်းကိုသာ အဓိကထား ဆောင်ရွက်သင့်ကြောင်း၊ တနိုင်ငံလုံး တည်ငြိမ်အေးချမ်းသွားပါက တိုက်စစ်စရာ မလိုတော့ဘဲ ပြည်သူတို့၏ လူမှုဘ၀ စီးပွားရေး တိုးတက်မှု လုပ်ငန်းများကို ပိုမိုလုပ်ဆောင်နိုင်မည်ဟုလည်း ဦးခိုင်မောင်ရီက ပြောသည်။ ၂၀၁၃-၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံပိုင်စီမံကိန်းများ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် ၀န်ကြီးဌာန ၃၄ ခု အတွက် အသုံးစရိတ် လျာထားငွေမှာ ကျပ်သန်းပေါင်း ၄၆၈၉၆၁၉ ဒသမ ၈၆၂ တင်ပြထားကြောင်း၊ ၎င်းအနက် စစ်တပ် တခုတည်းအတွက် လျာထားငွေမှာ ကျပ်သန်းပေါင်း ၁၀၆၇၃၆၅ ဒသမ ၆၀၃ သန်းဖြစ်ကြောင်း The Voice Weekly ဂျာနယ်၏ အင်တာနက် စာမျက်နှာ၌ ဖော်ပြထားသည်။ စစ်တပ်သည် ဦးနေ၀င်းအစိုးရ လက်ထက်မှ နအဖ စစ်အစိုးရ လက်ထက်အထိ နိုင်ငံတော် ဘတ်ဂျက်၏ ထက်ဝက်နီးပါးကို သုံးစွဲခဲ့သော်လည်း တရားထုတ်ပြန်၍ ပြည်သူထံ အသိပေးလေ့မရှိပေ။၂၀၁၀ ရွေးကောက်ပွဲအပြီး လွှတ်တော်များ ပေါ်ပေါက်ပြီးနောက်ပိုင်း တရားဝင် ထုတ်ပြန်လာခြင်း ဖြစ်သည်။ ယခု သီတင်းပတ်တွင် ပြန်လည်ကျင်းပနေသည့် ဆဋ္ဌမအကြိမ် လွှတ်တော်အစည်းများတွင် ဥပဒေကြမ်း ကိစ္စများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စများ၊ ခေတ်မမီတော့သည့် ဥပဒေတချို့ ဖျက်သိမ်း ပြင်ဆင်ရေးဆွဲရေးကိစ္စ၊ နိုင်ငံတော် ဖွဲ့စည်းပုံဆိုင်ရာ အခြေခံဥပဒေခုံရုံးကိစ္စများနှင့် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် အသုံးစရိတ် ကိစ္စများကို ဆွေးနွေးကြမည်ဟု ကိုယ်စားလှယ်များက ပြောသည်။
<urn:uuid:dadc45d1-c53c-415d-b964-04a56fdf92df>
CC-MAIN-2014-41
http://burma.irrawaddy.org/?slide=%E1%80%85%E1%80%85%E1%80%B9%E1%80%A1%E1%80%9E%E1%80%B6%E1%80%AF%E1%80%B8%E1%80%85%E1%80%9B%E1%80%AD%E1%80%90%E1%80%B9%E1%80%80%E1%80%AD%E1%80%AF-%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%84
2014-09-20T05:56:20Z
s3://commoncrawl/crawl-data/CC-MAIN-2014-41/segments/1410657132883.65/warc/CC-MAIN-20140914011212-00313-ip-10-196-40-205.us-west-1.compute.internal.warc.gz
mya
0.944933
Mymr
68
{"mya_Mymr_score": 0.9449332356452942, "blk_Mymr_score": 0.05194772407412529}
ရန်ကုန် ရွှေပြည်သာမြို့နယ် ၀ါးတရာက တော်ဝင် သစ်အချောထည် စက်ရုံရှေ့မှာ အရိပ်မရှိဘဲ ကျဲကျဲတောက်ပူနေတဲ့ စက်မှု ဇုန်ရဲ့ နေရောင်ကို အံတုဖို့ တာလပတ်စ မိုးထားတဲ့ အမိုးအောက်မှာ အလုပ်သမားတွေ စုဝေးထိုင်နေကြပါတယ်။ ညာဘက် မလှမ်း မကမ်းမှာတော့ ခေါင်းမှာ ပိတ်စအနီတွေ ပတ်ထားပြီး တုံးလုံးလှဲ နေကြတဲ့ လူငယ် ၈ ဦးကိုတွေ့လိုက်ရတယ်။ သူတို့ လှဲနေတဲ့ နေရာကို ၀ါးလုံးနဲ့ကာ၊ ပလတ်စတစ်ကြိုးတွေတန်းပြီး ဘေးနာမှာ လူငယ် ၃ ဦးလောက်က စောင့်ပေးနေတယ်။ “သူ့တို့တတွေပေါ့။ အခုလောလောဆယ် အောက်တိုဘာ ၅ ရက်နေ့ညကပဲ ၂ ယောက် ဆေးရုံပို့လိုက်ရတယ်။ အစာငတ်ခံ ဆန္ဒပြနေတာ ဒီနေ့နဲ့ဆို ၇ ရက်ရှိပြီ” လို့ ရွှေပြည်သာမြို့နယ်က အလုပ်သမားအရေးဆောင် ရွက်ပေးနေတဲ့ ကိုကျော်မင်းက ပြောပြတယ်။ အဲဒီ အထဲမှာ ထူထူထောင်ထောင် လုပ်နိုင်တဲ့သူဆိုလို တ၀က်လောက်ပဲ ရှိတော့တယ်။ ကျန်တဲ့သူတွေက လူတွေ ရောက်လာရင် ခဏ ခေါင်းထောင်ကြည့်ပြီး ပြန်လှဲနေကြတယ်။ သူတို့တတွေက ပြီးခဲ့တဲ့ တလကျော်က အလုပ်ရှင်နဲ့ ညှိပြီးသား အချက်တွေကို အလုပ်ရှင်ဘက်က မလိုက်လျောပေးလို့ ဆန္ဒပြကြတာ ၁၄ ရက်ရှိနေပါပြီ။ သူတို့ ဆန္ဒစပြတုန်းကတော့ ဒီလို အစာငတ်ခံမယ့် အဆင့်အထိ မရှိခဲ့ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါပေမယ့် သူတို့သာ ဆန္ဒပြနေကြတယ် အစိုးရ အလုပ်သမားရေးရာ ဘက်ကလည်း ဘာမှ အရေးယူညှိနှိုင်းပေးဖို့ လာရောက် တွေ့ဆုံတာမျိုး မရှိခဲ့သလို၊ အလုပ်ရှင်ဘက်ကလည်း ဘာမှတုံ့ပြန် ဆောင်ရွက်တာမျိုး မရှိသေးတော့ နောက်ဆုံး သူတို့ထဲက လူငယ် ၁၀ ဦးက အစာငတ်ခံ ဆန္ဒပြဖို့ဆုံးဖြတ်ခဲ့ကြတာ ဖြစ်တယ်လို့ သိရတယ်။ သူတို့ဟာ အခုဆိုရင် ဒီစက်ရုံမှာ ဆန္ဒပြတာ ၄ ကြိမ်ရှိပါပြီ။ နိုဝင်ဘာ ၇ ရက်နေ့ကဆိုရင် သူတို့တွေအားလုံး တော်ဝင် ကုမ္ပဏီရှေ့ကို ဆန္ဒပြဖို့ ချီတက်လာကြပြီး အဲဒီအထဲမှာ အစာငတ်ခံ ဆန္ဒပြနေတဲ့သူတွေလည်း ပါလာပါတယ်။ သူတို့တတွေ ဒီလိုဆန္ဒပြဖို့ ဖြစ်လာတဲ့ အကြောင်းကတော့ အလုပ်သမားတွေကို အပြင်ဆိုက်ကို မပို့ဖို့၊ တကယ်လို့ ပို့မယ်ဆိုရင်လည်း အလုပ်သမား ကိုယ်စားလှယ်တွေနဲ့ အရင်ညှိဖို့ ပြောဆိုထားပြီးမှ အလုပ်သမားတွေ ဆန္ဒမပါဘဲ ပို့လိုက်တဲ့ အတွက် အခုလိုထပ်ဖြစ်ရတာလို့ အစာငတ်ခံ ဆန္ဒပြနေတဲ့ အလုပ်သမား တဦးက ပြောပါတယ်။ “အပြင်ဆိုက်ကိုပို့တော့ ကြွေပြားကပ်တဲ့ မိန်းကလေးတွေက နံရံတွေကို ချောပေးရတယ်၊ သံငြမ်းတွေ ထမ်းခိုင်းတယ်။အပြင်ဆိုက်မှာ ထွက်လုပ်တာက ပိုက်ဆံပိုရတာ မှန်ပါတယ်။ ဒါပေမယ့် ဒီစက်ရုံမှာ ၀င်လုပ်တယ် ဆိုတာက ကိုယ်နေတဲ့ နေရာနဲ့ နီးလို့၊ သွားရလာရလွယ်ကူလို့ ၀င်လုပ်ကြတာပါ။ အဲဒီအတွက် ကျနော်တို့က ဒီစက်ရုံမှာ ပြန်လုပ်ခွင့် ရဖို့အတွက် ပြန်တောင်းဆိုတာပါ” လို့ သူက ဆိုပါတယ်။ သူတို့ တော်ဝင်သစ်အချောထည် စက်ရုံမှာ လုပ်နေတဲ့အချိန်က တရက်ကို ကျုပ် ၂၀၀၀၊ ၂၅၀၀၊ ၃၀၀၀ ပဲရတယ်။ အပြင် ကန်ထရိုက် တိုက်ခနုးတွေ ဆောက်နေတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေက အလုပ်သမား တဦးကို အနည်းဆုံး ၃၀၀၀ ကျပ်ရပြီး ဒါကလည်း အကြမ်းသမားတဦးရဲ့ လုပ်အားခဖြစ်ပါတယ်။ တကယ်အုတ်စီတတ်လို့၊ လက်သမား ကောင်းကောင်း လုပ်တတ်တဲ့ ပညာရှင် အဆင့်ဆိုရင် ၅၀၀၀ ကျပ်အထိ ရနိုင်ပါတယ်။ ဒါပေမယ့် သူတို့အားလုံး လုပ်အားခ နည်းနည်းပဲ ရတာတောင် သူတို့လုပ်ခဲ့တဲ့ စက်ရုံမှာပဲ ပြန်လုပ်ခွင့်ရဖို့ တောင်းဆိုနေ ကြတာ ဖြစ်ပါတယ်။ “အလုပ်ရှင်ဘက်က ကျနော်တို့အပေါ် နာကျည်းကောင်းနာကျည်း နေပါလိမ့်မယ်။ သူတို့ရဲ့ အရှက်ကို ကျနော်တို့က ခွဲသလို ဖြစ်နေတဲ့အတွက် သိပ်တော့ အဆင်ပြေလိမ့်မယ်လို့ မထင်ပါဘူး” လို့ အလုပ်သမားတဦးက ပြောပါတယ်။ တော်ဝင် အလုပ်သမားတွေ လက်ရှိ တောင်းဆိုနေတာတွေက ဥပဒေ ဘောင်အတွင်းက တောင်းဆိုနေတာ ဖြစ်တဲ့အပြင် လက်ရှိ စက်ရုံအတွင်းထုတ် ပြန်ထားတဲ့စည်းကမ်း တချို့တွေက လုပ်ငန်းခွင်နဲ့ ဘာမှ မသက်ဆိုင်ပါဘူးလို့ အစာငတ်ခံ ဆန္ဒပြနေတဲ့ အလုပ်သမား ကိုမျိုးသိန်းအေးက ဆိုပါတယ်။ “ဒီတောင်းဆိုရမယ်ဆိုရင် ကျနော်တို့ကို နှိမ်လို့ မရတော့ဘူးပေါ့။ အလုပ်ပြန်ရရှိရေးကို တောင်းဆိုနေတာကလည်း နောင် ဒီတော်ဝင် စက်ရုံမှာ လုပ်ကြမယ့် အလုပ်သမားတွေ၊ လူသစ်တွေ ကျနော်တို့လို မခံရဖို့၊ နောင်အဆက်ဆက် ဒီစက်ရုံ တည်မြဲနေသ၍ မကောင်းတဲ့ ဥပဒေတွေ ဒီမှာမစိုးမိုးဖို့၊ အမှန် အကန်ဖြစ်ဖို့အတွက်ပါ” လို့ သူက ဆက်ပြောတယ်။ သူတို့ရဲ့ တောင်းဆိုချက်တွေ ကတော့ အလုပ်သမားတွေကို အပြင်ဆိုက်သို့မပို့ဖို့၊ အလုပ်သမားတွေနဲ့ ညှိနှိုင်းဆွေးနွေး သဘောတူညီချက် မရရှိဘဲ စည်းကမ်း ချက်တွေ မထုတ်ပြန်ဖို့၊ စက်ရုံအတွင်း ဝင်ခွင့်မပေးတဲ့ အလုပ်သမားတွေကို အိုဗာတိုင် ဂျူတီ သတ်မှတ်ဖို့နဲ့ လုပ်ခပေးဖို့၊ တောင်းဆိုထားတဲ့ အချက်အလက်တွေကို စုပေါင်းပြီး တရားဝင် သဘောတူ စာချုပ် (EC) အမြန်ဆုံး ချုပ်ပေးဖို့နဲ့ အလုပ်သမားတွေအတွက် လူမှုဖူလုံရေးကတ်တွေ တပတ်အတွင်း အမြန်ဆုံး ထုတ်ပေးဖို့ ဖြစ်ပါတယ်။ တကယ်လို့ စက်ရုံကလျှော်ကြေးပေးပြီး သူတို့ကို အလုပ်က ထုတ်လိုက်မယ်ဆိုရင်တောင် သူတို့အနေနဲ့ လျော်ကြေးငွေ ရတဲ့အတွက် သင့်တင့်လျှောက်ပတ်တဲ့ ခံစားမှုမျိုးကို ရရှိနိုင်ပေမယ့် ဒီလိုဖြစ်စဉ်မျိုးကြီး စက်ရုံမှာ ဆက်ရှိနေဦးမှာကို မလိုလားဘူး၊ အဲဒီလိုသာဆိုရင် အခု သူတို့ လုပ်ဆောင်နေတယ် ဆိုတာကလည်း ဘာမှ အရာထင်မှာ မဟုတ်ဘူးလို့ ကိုမျိုးသိန်းအေးက ဆိုပါတယ်။ လက်ရှိအခြေအနေအရ ဆန္ဒပြကြသူတွေရဲ့ စားရေးသောက်ရေးက အရေးတကြီး လိုအပ်တဲ့ အနေအထားမှာ ရှိနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစာငတ်ခံ ဆန္ဒပြကြသူတွေက ၁၀ ဦးဆိုပေမယ့် အဲဒီ တော်ဝင်သစ် အချောထည် စက်ရုံရှေ့မှာ နေ့ရောညပါ ဆန္ဒပြနေကြတဲ့ မှော်ဘီမြို့နယ်ထဲကနေ ဒီစက်ရုံမှာအလုပ်လာလုပ် သူတွေ၊ ရွှေပြည်သာ မြို့နယ်ထဲက အလုပ်သမားတွေနဲ့ ၀ါးတရာဒေသခံ အလုပ်သမား၊ အလုပ်သမတွေ အားလုံး လူ ၂၅၀ ကျော်ရှိနေတာကြောင့် စားရေးသောက်ရေး ခက်ခဲနေတယ်လို့ သိရပါတယ်။ သူတို့ ဆန္ဒစပြတဲ့အချိန်က ဒီဝါးတရာ တဘက်ကမ်းမှာ ရှိတဲ့ကျေးရွာတွေဆီ အလှူခံ ထွက်ခဲ့ကြပေမယ့် သူတို့အတွက် အဆင်မပြေမှုတွေ ကြုံခဲ့ရတယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။ “ရွာကို ၀င်သွားတဲ့တလျှောက် ရွာကလူတွေမှာ အယုံအကြည်ရှိတဲ့ သူတွေကလည်း ရှိသလို၊ အယုံအကြည်မရှိတဲ့ သူတွေလည်းရှိတယ်။ ရွာတရွာကိုရောက်တော့ ကျေးရွာဥက္ကဋ္ဌက လက်ပြတ်နေလို့လား၊ ခြေပြတ်နေလို့လား၊ ဒီလို အလှူခံ စားရတာတဲ့။ အဲဒီလောက်အထိ အပြောခံရတာလည်း ကြုံခဲ့ရတယ်” လို့ ဆန္ဒပြအလုပ်သမ မချစ်ချစ်ဇော်က ပြောပြတယ်။ အခုသူတို့ တောင်းဆိုနေတာတွေက တကယ်တမ်း ပြောရရင် ဘာမှမဟုတ်သေးတဲ့ ကိစ္စလေးတွေပါတယ်၊ အဲဒါကိုတောင် အခုလို အစာငတ်ခံ ဆန္ဒပြရတဲ့အထိ ဖြစ်နေတာကတော့ စိတ်မကောင်းစရာပဲလို့ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ ကိုကျော်မင်းက ပြောတယ်။ “သူတို့ ရေရှည်ဆန္ဒပြနေတဲ့အခါ ကျနော်တို့လည်း အမြဲတမ်း မတတ်နိုင်ဘူး။ ကိုယ်တတ်နိုင်သလောက်ပဲ လုပ်ပေးနိုင်တာ။ တခြား အဖွဲ့အစည်းတွေ တချို့လည်း လာကူပေမယ့် ရေရှည် တောင်းဆိုတာဆိုတော့ သူတို့ရဲ့ကျန်းမာရေး၊ လူမှုရေး၊ စားရေး သောက်ရေးက အရမ်းကို စိုးရိမ်စရာ အခြေအနေမှာ ရှိနေပါတယ်” လို့ သူက ဆိုတယ်။ တောင်းဆိုမှုတွေ ရမယ်ဆိုရင်တော့ ဒါဟာ သမိုင်းဝင် အပြောင်းအလဲတခုတော့ ဖြစ်သွားလိမ့်မယ်၊ ဥပဒေတွေပါ ပြောင်းလဲဖို့ စဉ်းစားလာလိမ့်မယ်လို့ ထင်တယ်ဆိုတဲ့အကြောင်း ကိုကျော်မင်းက ဆက်ပြောပါတယ်။ အခုလက်ရှိအချိန်မှာ တော်ဝင် သစ်အချောထည်စက်ရုံမှာ ဆက်လက်လုပ်ကိုင်နေတဲ့ သူတွေလည်းရှိသလို၊ ဆန္ဒပြနေကြတဲ့ သူတွေလည်း ရှိပါတယ်။ စက်ရုံရဲ့ရှေ့မှာရှိတဲ့ အလုပ်သမားတန်းလျား ထဲမှာတော့ နိုဝင်ဘာ ၇ ရက်နေ့မှာ ရေဖြတ်မီးဖြတ်တဲ့ လုပ်ရပ်တချို့ စဖြစ်နေပါပြီ။ ဆန္ဒပြမှုတွေက အလုပ် လုပ်နေတဲ့ အလုပ်သမားတွေအတွက် အကျိုးသက်ရောက်မှု တစုံတရာ ရှိနေတဲ့အတွက် ဆက်လက် ဆန္ဒပြနေကြတဲ့သူတွေကို အလုပ်ခွင် ၀င်နေကြတဲ့ သူတွေက ဆန္ဒဆက်မပြဖို့ လာတောင်းဆိုတာတွေလည်း ရှိတယ် ဆိုတဲ့အကြောင်း ကိုမျိုးသိန်းအေးက ပြောပါတယ်။ “ဒီစက်ရုံမှာ ကျနော်တို့က လုံခြုံရေး လုပ်နေရတယ်ဆိုတာ အပြင်က လူတွေမ၀င်ဖို့ပဲ။ အခု သူတို့ ဆန္ဒပြနေကြတဲ့ သူတွေ ကလည်း အလုပ်သမားတွေပဲ။ ကျနော်တို့လည်း အလုပ်သမားတွေပါပဲ။ တခြားဘာမှ ၀င်မစွတ်ဖက်ပါဘူး။ သူတို့ ခံစားချက် တွေကိုလည်း နားလည်တယ်” လို့ တော်ဝင်စက်ရုံမှာ အလုပ်ဆက်လုပ်နေတဲ့ လုံခြုံရေးတဦးက ဆိုပါတယ်။ ။
<urn:uuid:4d723cbd-5d89-4a09-bcee-0a1b55e690ee>
CC-MAIN-2014-41
http://burma.irrawaddy.org/?slide=%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%99%E1%80%9D%E1%80%84%E1%80%B9%E1%80%90%E1%80%B2%E1%80%B7-%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%9D%E1%80%84%E1%80%B9-%E1%80%A1%E1%80%9C%E1%80%AF%E1%80%95
2014-10-01T14:14:35Z
s3://commoncrawl/crawl-data/CC-MAIN-2014-41/segments/1412037663460.43/warc/CC-MAIN-20140930004103-00054-ip-10-234-18-248.ec2.internal.warc.gz
mya
0.950015
Mymr
59
{"mya_Mymr_score": 0.9500152468681335, "blk_Mymr_score": 0.048791877925395966}
မန္တလေး ၊ ၂၂-၉-၂၀၁၄ ဘိုးတော် ဗဒုံမင်း လက်ထက် တွင် သံတမန် များစွာ တည်းခိုရန် သံတမန်တဲများ ဆောက်လုပ် ပေးထားပြီး ထို သံတဲများမှာ ရတနာပုံ တက္ကသိုလ် အနီး ကျောက်တော်ကြီး ဘုရား အရှေ့ဘက်၊ ထန်းတောရွာ မြောက်ဘက် မြေနီလမ်း နေရာတွင် ရှိကြောင်း သိရသဖြင့် ရတနာပုံ တက္ကသိုလ် ဝန်းကျင် နေရာသည် ရှေးခေတ်အခါ က စည်ပင်သာယာ ခေတ်မီခဲ့သော နေရာတစ်ခု ဖြစ်ကြောင်း သိရသည်။ အမရပူရခေတ် တွင် တရုတ်သံ၊ ယွန်းကြီးသံ၊ ယိုးဒယားသံ၊ ဗြိတိသျှသံများ ဝင်ရောက်ကြောင်း ဗြိတိသျှ သံအဖွဲ့ဝင် ဟင်နရီယူးလ် ၏ အမရပူရ သံတဲ မြင်ကွင်း မှတ်တမ်းအရ သိရသည်။ ထိုသံတဲ များသည် အလျား ပေ ၈ဝ၊ အနံ ပေ ၈ဝ ခန့် ရှိသော အဆောက်အအုံ ဖြစ်သည်။ စတုရန်းပုံ မြေကွက်အတွင်း ဝါးထရံများဖြင့် ဝန်းခတ် ပေးထားပြီး အရှေ့ အနောက် ဝင်ပေါက် ထွက်ပေါက် များရှိကာ အဆောက်အအုံ ၏ တိုင်၊ ထုပ်၊ လျောက်၊ ရက်မ တို့ကို ကျွန်းသားဖြင့် ပြုလုပ်ကာ အကာနှင့် အခင်းကို ဝါးကြမ်းခင်း၊ ဝါးထရံ ကာ ထားကြောင်း သိရသည်။ စားပွဲ၊ ကုလားထိုင်၊ ပရိဘောဂများ နှင့် မျက်နှာကြက်တွင် ဆွဲယပ်များ တပ်ဆင် ပေးထားပြီး နံရံတွင် တရုတ်မီးအိမ်၊ အိန္ဒိယ မီးအိမ်များ ချိတ်ဆွဲ ထားသည်။ ညဘက်တွင် မှန်အိမ်များ၊ ဖယောင်းတိုင်များ ထွန်းညှိ ထားကြသည်ဟု ဆိုသည်။ ထိုသံတဲ များသည် အမရပူရမြို့ အကြောင်းစာဖြင့် ရေးဖွဲ့ မှတ်တမ်းတင် သကဲ့သို့ နန်းတော်၊ ကျုံးတော်လမ်း၊ အဆောက်အအုံ များကိုပါ ပုံတူ ပန်းချီများဖြင့် မှတ်တမ်းတင် လေ့ ရှိကြောင်း သိရသည်။ အမရပူရခေတ် က နန်းတော် နှင့် တောင်သမန် ကျောက်တော်ကြီး ဘုရား၊ သံတဲများထံ သွားရာ လမ်းလည်း ရှိသည်။ ထိုလမ်းဘေး တွင် ဘကြီးတော်မင်း လက်ထက် သက္ကရာဇ် ၁၁၈၉ နှစ်တွင် မယ်ဘယက် သူကြွယ် တည်ထားသော အမရပူရခေတ် လက်ရာမြောက် ဘုရား တစ်ဆူနှင့် အုတ်ခင်းလမ်း တို့ ရှိသည်။ လက်ရာမြောက် ဘုရားကို မယ်ဘယက် ဘုရားဟု ယခုတိုင် ခေါ်တွင်ပြီး မယ်ဘယက် အုတ်လမ်းမှာ ယခုအခါ ရတနာပုံ တက္ကသိုလ် အဝင် တောင်- မြောက် ကျောက်လမ်း အဖြစ် ဖြစ်သွားသည်။ သို့အတွက် မယ်ဘယက် ဘုရား (ပုံ) နှင့် မယ်ဘယက် အုတ်လမ်းတို့ ရှိသည့် ရတနာပုံ တက္ကသိုလ် ဝန်းကျင်နေရာ သည် သမိုင်းဝင် ဖွံ့ဖြိုးခဲ့သော နေရာဟောင်း ဖြစ်ခဲ့ကြောင်း သိရသည်။ (၁၅၉) #Yadanarpondaily
<urn:uuid:a3db379c-8330-4ab2-9c99-28bea4581662>
CC-MAIN-2014-41
http://www.themyawadydaily.blogspot.com/
2014-09-22T16:14:46Z
s3://commoncrawl/crawl-data/CC-MAIN-2014-41/segments/1410657137108.99/warc/CC-MAIN-20140914011217-00182-ip-10-234-18-248.ec2.internal.warc.gz
mya
0.969325
Mymr
1
{"mya_Mymr_score": 0.9693250060081482, "blk_Mymr_score": 0.030228430405259132}
တိတ်ဆိတ်သော နွေဦး (စာအုပ်) တိတ်ဆိတ်သော နွေဦး(Silent Spring)စာအုပ်သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုနှင့် ပတ်သက်သော အစောဆုံးစာအုပ်တစ်အုပ်ဖြစ်သည်။ စာရေးသူမှာ ရေချယ်ကာဆန်ဖြစ်သည်။ အဆိုပါ စာအုပ်ကို ၁၉၆၂ ခုနှစ်ခန့်က ထုတ်ဝေခဲ့သည်။ ထိုစာအုပ်တွင် ပတ်စတီဆိုက်ခေါ် ပိုးသတ်ဆေးများ အသုံးပြုမှုကြောင့် ငှက် ကလေးများ သေဆုံးကြပုံကို သုတေသနပြုရေးသားထားသည်။ တိတ်ဆိတ်သော နွေဦး စာအုပ် ပုံနှိပ်ထွက်ပေါ်လာပြီး နောက်ပိုင်း ၂ နှစ်ခန့်အကြာတွင် အမေရိကန်အစိုး ရ ပြည်သူ့ကျန်းမာရေးဌာနကလည်း အင်ဒရင်းပိုးသတ်ဆေးကြောင့် မစ္စစ္စပီ မြစ်အောက်ပိုင်းနှင့် လည်းကောင်း စီးဝင်ရာ မက္ကဆီကိုပင်လယ်ကွေ့ထဲတွင် ငါးကောင်ရေ ၁၀ သန်းခန့် သေဆုံးခဲ့ကြောင်း၊ ယင်းပိုးသတ်ဆေးများ သည် မြစ်ကမ်းဘေးတစ်ဖက်တစ်ချက်ရှိ စိုက်ပျိုးခင်းများမှ ကျဆင်းလာခဲ့ခြင်း ဖြစ်ကြောင်း အတည်ပြု ပြောဆိုခဲ့ သည်။ အလားတူ ၁၉၆၈ ခုနှစ် ဇူလှိုင်လ အတွင်းက နယူးဝိခ်စ် မဂ္ဂဇင်း သတင်းတစ်ပုဒ်တွင် ဘော်နီယိုကျွန်း (အင်ဒိုနီးရှားကျွန်းစု)၌ ကျေးရွာများတွင် ယင်ကောင်များ သောင်းကျန်းနေသဖြင့် သုတ်သင်ရှင်းလင်းရန် ကျန်း မာရေးဌာနက ဒီဒီတီဆေးဖျန်းကြောင်း၊ ဒီဒီတီကြောင့် ယင်ကောင်များ ချက်ခြင်းရှင်းသွားသော်လည်း မကြာမီပင် ယင်ကောင်ကို စားသည့် အိမ်မြှောင်၊ ပုတ်သင်၊ ကင်းလိပ်ချော စသည်တို့ သေဆုံးကြကြောင်း၊ ထို့နောက်တွင် အိမ် မြှောင်၊ ပုတ်သင် တို့ကိုစားသည့် ကြောင်များ သေဆုံးကြပြန်ကြောင်း၊ ကြောင်မရှိသည့်အခါ ကြွက်များ ပွားများလာပြီး ပလိပ်ရောဂါ အန္တရယ်ကို ရင်ဆိုင်လာရကြောင်း စသည့်ဖြင့် ဖော်ပြထားရာ ပိုးသတ်ဆေးတို့ ကြောင့် ဆင့်ကဲဖြစ်ပေါ်လာသည့် ဘေးအန္တရယ်တို့၏ သဘောကို ရေချယ်ကာဆန် စတင်ခဲ့သည့် လမ်းကြောင်း အတိုင်း ဖော်ထုတ်တင်ပြလာကြသည်။ တိတ်ဆိတ်သော နွေဦးကို စာအုပ်အဖြစ် ထုတ်ဝေခြင်း မပြုမီ နယူးယောက့်ခါမဂ္ဂဇင်းတွင် တစ်စိတ် တစ်ဒေသ အခန်းဆက်အဖြစ် ဖော်ပြခဲ့ရာ ပထမတစ်ပတ်မှာပင် ပရိသတ်ဘက်မှ စိတ်ဝင်တစား တုံ့ပြန်သံများ ထွက်ပေါ်ခဲ့သည်။ စာအုပ်အဖြစ်ထွက်ပေါ်လာသည့်အခါတွင် အကြီးအကျယ် ရောင်းခဲ့ရပြီး နယူးယောက်တိုင်း သတင်းစာမှ အပတ်စဉ် ဖော်ပြသည့် အရောင်းရဆုံး စာအုပ်စာရင်းတွင် ၃၁ ပတ်မျှ ဆက်တိုက်ပါရှိခဲ့သည်။ ကိုးကား[ပြင်ဆင်ရန်] ၂၄ ရက် ဇူလှိုင် ၂၀၁၁ ခုနှစ်ထုတ် ကြေးမုံသတင်းစာ၏ စာမျက်နှာ ၆ မှ ဒေါက်တာဇော်မြင့်နီ၏ သဘာဝလက်ဆောင်များတည်ရှိဖို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစို့ ဆောင်းပါး။ ဖေမြင့်၏ စာအုပ်ကမ္ဘာ စာအုပ်ပါ ရေချဲလ်ကာဆင်၏ အဆိပ်သင့်နွေဉီး ဆောင်းပါး။ ( ပထမအကြိမ်ထုတ်၊ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ)
<urn:uuid:e40c4590-1eb3-478e-9b80-15d71809d9aa>
CC-MAIN-2014-41
http://my.wikipedia.org/wiki/%E1%80%90%E1%80%AD%E1%80%90%E1%80%BA%E1%80%86%E1%80%AD%E1%80%90%E1%80%BA%E1%80%9E%E1%80%B1%E1%80%AC_%E1%80%94%E1%80%BD%E1%80%B1%E1%80%A6%E1%80%B8_(%E1%80%85%E1%80%AC%E1%80%A1%E1%80%AF%E1%80%95%E1%80%BA)
2014-10-01T22:19:21Z
s3://commoncrawl/crawl-data/CC-MAIN-2014-41/segments/1412037663611.15/warc/CC-MAIN-20140930004103-00052-ip-10-234-18-248.ec2.internal.warc.gz
mya
0.997792
Mymr
56
{"mya_Mymr_score": 0.997791588306427}
ယုံကြည်ချက်နဲ့ဆောင်ရွက်မှုကို သူတပါးကဝင်ပြီး ငွေနဲ့အာမခံပေးရတယ်ဆိုတဲ့အပေါ် အာမခံပေးရသူတွေကို ဝန်ထုတ်ဝန်ပိုး မဖြစ်စေချင်တာကတကြောင်း၊ ကိုယ်တိုင်အာမခံတဲ့အခါမှာလဲ လက်မှတ်ထိုးရမယ့်စာပေါ်မှာ တရားခံလို့သုံးနှုန်းထားတာ၊ တရားရုံးလာဖို့ပျက်ကွက်ရင် ငွေ ၅ သိန်းလျော်ရမယ်ဆိုတာကိုလဲ လက်မခံနိုင်တာကတကြောင်းကြောင့် ဒီစနစ်ကို ဆန့်ကျင်တာဖြစ်တယ်လို့ ဗကသများအဖွဲ့ချုပ်က ကိုရဲရင့်ကျော်က ပြောပါတယ်။ ဒါကြောင့် ဒီနေ့ညနေမှာတော့ သူတို့ကို ရဲက မန္တလေးအိုဘိုထောင်ကို ပြောင်းရွှေ့ချုပ်နှောင်လိုက်ပါတယ်။ ကိုအောင်မှိုင်းဆန်း၊ ကိုသန်းထိုက်၊ ကိုမင်းနိုင်လွင်နဲ့ ကိုသိန်းအောင်မြင့်တို့ကို ၁၂ ရက် နေ့က သံဃာတွေရဲ့ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်ခဲ့လို့ ခွင့်ပြုချက်မရှိပဲ စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ ရဲက ဖမ်းဆီးတရားစွဲလိုက်တာပါ။ ဒီပုဒ်မသဘောအရ ပြင်ပပုဂ္ဂိုလ်တွေက ငွေကြေးအာမခံပေးရင်ဖြစ်ဖြစ်၊ ကိုယ်တိုင်အာမခံရင်ဖြစ်ဖြစ် လွှတ်ပေးခွင့်ရှိပြီး၊ တရားစွဲခံရသူအနေနဲ့ ပြင်ပကနေ တရားရုံးတက်ရမှာဖြစ်ပါတယ်။ အထက်မြန်မာပြည် ဗကသများအဖွဲ့ချုပ်က ကိုရဲရင့်ကျော် ကို RFA ၀ိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။ ျအသံဖိုင်နားထောင်ရန် ျအသံဖိုင်ယူရန်။ျ
<urn:uuid:acc84f6b-83a0-4006-85b0-d8fbfaa93315>
CC-MAIN-2014-41
http://www.rfa.org/burmese/news/mdy-protester-lpt-12142012095527.html
2014-09-21T18:12:00Z
s3://commoncrawl/crawl-data/CC-MAIN-2014-41/segments/1410657135777.13/warc/CC-MAIN-20140914011215-00025-ip-10-234-18-248.ec2.internal.warc.gz
mya
0.899233
Mymr
47
{"mya_Mymr_score": 0.8992330431938171, "blk_Mymr_score": 0.09795314818620682}
လိုင်ဇာမြို့က နေခွာဖို့ဆိုတာ လိုင်ဇာမြို့ပေါ်မှာ နေထိုင်သူများအနေနဲ့ မစဉ်းစားဖူးတဲ့ အကြောင်းအရာသစ်တခု ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၄ – ၁၅ တုန်းက လဂျားယန်ဘက်မှာ လေယဉ်ပျံဝဲတော့ အိမ်တိုင်း ကတုတ်ကျင်းတွေ တူးပြီး ကြံကြံခံဖို့ ပြင်ဆင်ထားပေမယ့် မြို့ကို စွန့်ခွာပြေးဖို့ဆိုတာကတော့ မစဉ်းစားဖြစ်တဲ့အရာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဇန်န၀ါရီလ ၁၄ ရက်နေ့မှာ လိုင်ဇာက လူနေရပ်ကွက်ထဲကို လက်နက်ကြီးနှစ်လုံး ကျရောက်ပေါက်ကွဲ၊ လူ ၃ ဦးသေ၊ ၃ ဦး အပြင်းအထန် ဒဏ်ရာရပြီးနောက်ပိုင်းတော့ အရပ်ထဲမှာ ပြောင်းဖို့ရွေ့ဖို့ စဉ်းစားကြသလို တကယ် ပြောင်းသွားတဲ့ သူတွေလည်း ရှိလာပါတယ်။ အရင်က လက်နက်ကြီးသံ ကြားလည်း အပြုံးမပျက်နေသူ လိုင်ဇာမြို့သားတွေလည်း အခုတော့ လက်နက်ကြီးသံ ကြားရင် အရင်လို မပြုံးနိုင်တော့ပါဘူး။ စကား ၀ိုင်းပြောနေရင်တောင် “ဝုန်း” ဆို အသံကြားတာနဲ့ “နားထောင်စမ်း … နားထောင်စမ်း” …။ “အေး … တို့ဘက်မဟုတ်ဘူး … ဆက်ပြော … ဆက်ပြော” ဆိုတဲ့ အနေအထားတွေဖြစ်ခဲ့ပါတယ်။ အခြေအနေ အရပ်ရပ်ကြောင့် အစိုးရစစ်တပ်ဟာ မှန်းမရတဲ့ အနေအထားဖြစ်နေခဲ့ပြီး မြို့ထဲကိုပဲ ထပ်ပစ်ဦးမလားဆိုတဲ့ အတွေးတွေက စိတ်မအေးစေပါဘူး။ တရုတ်ဘက်ကိုလည်း လက်နက်ကြီးတွေ ကျနေပါတယ်။ ၁၇ ရက်နေ့မှာ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်တဲ့ လက်နက်ကြီး ၄ လုံးကျတယ် ဆိုတာကတော့ မိတ်ဖြစ်ဆွေဖြစ် လျှော့ပြောတာဖြစ်ပြီး အမှန်တကယ်ကတော့ ၆ လုံးလောက် တရုတ်မြေပေါ် ကျတာပါ။ ဒီဇင်ဘာ ၁၅၊ ၁၆ ရက်တွေမှာလည်း အစိုးရစစ်တပ်ကပစ်တဲ့ လက်နက်ကြီးတွေဟာ လိုင်ဇာကိုကျော်ပြီး နားဘန်းမြို့ထဲကို ကျသွားပါသေးတယ်။ ကျသွားတဲ့နေရာရဲ့ အပျက်အစီးတွေကိုတော့ တရုတ်ဘက်ခြမ်းက အာဏာပိုင်များက ချက်ခြင်းပြင်ဆင် ဖာထေးရုံသာမက ဓတ်ပုံရိုက်ခွင့်လည်း မပေးပါဘူး။ လိုင်ဇာမြို့ကနေ ပြောင်းသူအများစုကတော့ လိုင်ဇာ တဖက်ကမ်းက တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ဒယ်ဟောင်ခရိုင်၊ နာဘန်းမြို့ကို ပြောင်းကြပါတယ်။ ပြောင်းရွှေ့ကြတဲ့ သူတွေကတော့ လိုင်ဇာမှာ လာရောက် လုပ်ကိုင်စားသောက်ကြတဲ့ တရုတ်နိုင်ငံသားတွေ၊ ဟိုဘက်ကမ်းမှာ ဆွေမျိုးသားချင်းရှိသူတွေ အများစု ဖြစ်ကြပါတယ်။ လိုင်ဇာ ဒေသခံများအဖို့တော့ လိုင်ဇာဟာ နောက်ဆုံးနေရာဖြစ်လို့ ဒီထက်ကျော်ပြီး ပြေးဖို့မရှိသလို ပြေးစရာလည်း မရှိပါဘူး။ တချိန်တခါက ကုန်သွယ်ရေးနဲ့ လျမ်းလျမ်းတောက်ခဲ့တဲ့ လိုင်ဇာအဝေးပြေးကားဝင်း၊ ညလုံးပေါက် ဖွင့်လေတဲ့ စားသောက်ဆိုင်များ၊ မိုက်ကလေးနဲ့ ဟဲချင်သူများအတွက် ဖောချင်းသောချင်းများခဲ့တဲ့ ကာရာအိုကေ ဆိုင်တွေ အခု မရှိတော့ပါဘူး။ အရင်တုန်းက ရောင်းသံဝယ်သံတွေ၊ စားသောက်ဆိုင်ဖွင့်တဲ့ အသံတွေနဲ့ နေ့သစ် စတဲ့လေ့ရှိတဲ့မြို့ဟာ အခုတော့ မိုးမလင်းတလင်းကတည်းက လက်နက်ကြီးသံနဲ့ စတင်ပါတယ်။ အရင်က လက်ဖက်ရည်ဆိုင်၊ ခေါက်ဆွဲဆိုင် ဆိုင်ပေါင်းစုံပေမယ့် အခုတော့ ရွေးချယ်စရာ နည်းနည်းနဲ့ပဲ ကျေနပ်ရပါတယ်။ ခြောက်ကပ်နေပေမဲ့ ဈေးထဲက ဈေးဆိုင်ကြီးတွေကတော့ တာဝန်ကျေ ဖွင့်နေတုန်းပါပဲ။ မနက်ခင်း သုတ်သုတ်နဲ့ ဈေးဝယ်၊ ချက်ပြုတ်စားသောက်ပြီး အိမ်ထဲမှာပဲ အောင်းနေပါရပါတယ်။ လက်နက်ကြီးသံများ ကြားရင်ဖြင့် “ဒါကတော့ ဘယ်ဘက်ကို ကျလောက်တယ်”၊ “ဟာ … ဒါကတော့ဖြင့် နီးလာပြီးဟေ့” အစရှိသဖြင့် မှန်းဆရင်း လေယဉ်ပျံများ ရောက်လာရင်တော့ ထွက်ကြည့်ကြ၊ ဘယ်နှစီး၊ ဘယ်နှစ်ခါပြန်ပြီဆိုပြီး ရေတွက်ကြနဲ့ အချိန်ကုန်လွန်ကြရပါတယ်။ လမ်းမတွေပေါ်မှာတော့ အသွားအလာမရှိဘဲ မဖြစ်မနေသွားရမယ့် သူတွေသာ လှုပ်ရှားသွားလာနေကြပါတယ်။ လက်နက်ကြီး ကျခဲ့တဲ့ ခကျန် ရပ်ကွက်က လူတွေကတော့ အသစ်တိုး စစ်ပြေးဒုက္ခသည်များအနေနဲ့ ၁၀ မိနစ် လမ်းလျှောက်စာလောက် အဝေးက လိုင်ဇာမြို့ အလယ်တန်းကျောင်းကို ပြောင်းပြီးနေရပါတယ်။ မနေလို့လည်း မရပါဘူး။ ၁၄ ရက်နေ့ မနက်ရော ညမှာပါ အဲဒီ ရပ်ကွက်ထဲကို လက်နက်ကြီးတွေ ကျခဲ့တာကြောင့် အားလုံးပြောင်းရွေ့ကုန်ပါတယ်။ နေ့လည်နေ့ခင်းမှာတော့ ကိုယ့်အိမ်ကိုယ်ပြန်ပြီး ရေချိုး၊ ထမင်းချက်၊ လုပ်စရာရှိတာလုပ်။ ပြီးရင် ညနေ နေ၀င်ချိန်မှာတော့ အထုပ်အသီးသီးစွဲပြီး လုံခြုံရာဆီသို့ အလျှိုလျှို ပြန်သွားကြပါတယ်။ အဲဒီအခါများမှာ ဆိုရင်တော့ ခကျန်ရပ်ကွက်ဟာ တိတ်ဆိတ်ခြောက်ကပ်ပြီး အလွမ်းဓာတ်ခံရှိသူများ မျက်ရည်စို့စေမဲ့ အချိန်အခါပါ။ မြစ်ကြီးနား ဟိုတယ်၊ ရှင်းလီ ဟိုတယ်၊ ဆင်မ်ဆ ဟိုတယ်၊ တည်းခိုခန်းတွေ စားသောက်ဆိုင်တန်းတွေရှိတဲ့ ခကျန်ရပ်ကွက်ရဲ့ ပြောင်းလဲသွားမူကတော့ သက်ပြင်းချ မျက်ရည်စို့စရာပါ။ ညနေခင်းဆိုရင်တော့ ကိုယ်လုံခြုံတယ်လို့ သတ်မှတ်ထားတဲ့ဆီကို အလျှိုလျှိုသွားတဲ့လူတွေ၊ ဘုရားကျောင်း သွားတဲ့သူတွေကို တွေ့ရမှာဖြစ်ပြီး ညနေစာ အဆာပြေအတွက် လိုင်ဇာနာမည်ကြီး အကြော်ဆိုင်ကတော့ ရှိနေတုန်းပဲဖြစ်ပါတယ်။ ည ၇ နာရီဆိုရင်တော့ တမြို့လုံး တိတ်ဆိတ်ငြိမ်သက်နေပြီး ရိုမန်ကက်သလစ် ဘာသာဝင်များရဲ့ မြို့လုံးပတ်လည် လမ်းလျှောက်ဆုတောင်းမှု ပြီးဆုံးရင်တော့ လိုင်ဇာမြို့ဟာ ငြိမ်သက်သွားပါပြီ။ လူသံ စက်သံ ငြိမ်ပေမယ့် လက်နက်ကြီးသံကတော့ ပုံမှန်ကြားနေရဆဲပါ။ အိမ်ထဲမှာတော့ ဘီဘီစီ၊ အာရ်အက်ဖ်အေ၊ ဗီအိုအေ၊ ဒီဗီဘီ နားထောင်ကြည့်ကြ၊ ဘယ်သတင်းဌာနကတော့ ဘယ်သတင်းကို ဘယ်လိုရေးတယ်၊ ဘာဖြစ်တယ်ညာဖြစ်တယ် သုံးသပ်ကြပါတယ်။ မရဲသော်လည်း ပြေးခဲစေဆိုတာတော့ လိုင်ဇာသားတွေအတွက် အလွန်သင့်တော်တဲ့စကား ဖြစ်ပါတယ်။ လေယဉ်ပျံလာလိုက်၊ လက်နက်ကြီးသံကြားလိုက်၊ ကိုယ့်ရှေ့မှာပဲ အရပ်သားတွေ သေတာမြင်ရတော့ ကြောက်တော့ကြောက်တာ မှန်ပေမယ့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အခြေစိုက်ရာမြို့ လိုင်ဇာသားတွေကတော့ ဂုဏ်ယူစွာနဲ့ လိုင်ဇာမှာ နေနေကြတုန်းပဲ ဖြစ်ပါတယ်။ ဂုဏ်သရေရှိ လိုင်ဇာသားတယောက်ကို အေးဆေးပဲလားလို့ မေးမိရင်တော့ အေးဆေးပါလို့ ပြန်ဖြေပါလိမ့်မယ်။ စည်းကမ်းပြည့်ဝတဲ့ အစိုးရစစ်တပ်ကသာ မြို့ထဲကို ထပ်မပစ်တော့ဘူး ဆိုရင်ပေါ့။
<urn:uuid:ce326ef9-20c7-44b5-b263-1e65ed55e2f4>
CC-MAIN-2014-41
http://burma.irrawaddy.org/article/2013/01/19/31403.html
2014-09-21T00:04:24Z
s3://commoncrawl/crawl-data/CC-MAIN-2014-41/segments/1410657134114.26/warc/CC-MAIN-20140914011214-00175-ip-10-196-40-205.us-west-1.compute.internal.warc.gz
mya
0.909501
Mymr
60
{"mya_Mymr_score": 0.9095010757446289, "blk_Mymr_score": 0.08326032757759094}
ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားပါတီအသီးသီးက ကိုယ်စားလှယ် ၃၀ လောက်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့ညက ရခိုင်ပြည်နယ်အရေး တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီအစည်းအဝေးက ထွက်ပေါ်လာတဲ့ သဘောထားတွေ၊ ဆောင်ရွက်နိုင်မယ့်အခြေအနေတွေကို ကြေညာချက် ထုတ်ပြန်ဖို့ သဘောတူဆုံးဖြတ်ခဲ့တယ်လို့ NLD ပြန်ကြားရေးတာဝန်ခံ လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။ ဒီကြေညာချက်နဲ့ ပတ်သက်ပြီး တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်တစ်ဦးစီနဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်တို့ ဒီကနေ့ ညနေမှာ တွေ့ဆုံပြီး မူကြမ်းရေးဆွဲခဲ့တယ်လို့လဲ ဆိုပါတယ်။ အဲဒီ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေကို RFA ဝိုင်းတော်သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထား ပါတယ်။ ျဆက်သွယ်မေးမြန်းချက်။ ျအသံဖိုင်ယူရန်။ျ
<urn:uuid:fdfce74c-192c-4a44-8a97-e17031f16296>
CC-MAIN-2014-41
http://www.rfa.org/burmese/news/rakhine-conflict-statement-release-11062012115159.html
2014-09-30T18:00:34Z
s3://commoncrawl/crawl-data/CC-MAIN-2014-41/segments/1412037663060.18/warc/CC-MAIN-20140930004103-00067-ip-10-234-18-248.ec2.internal.warc.gz
mya
0.918791
Mymr
44
{"mya_Mymr_score": 0.9187913537025452, "blk_Mymr_score": 0.06786242127418518}
တိုင်တန်းနစ်သင်္ဘော တိုင်တန်းနစ် သင်္ဘော ခေါ် RMS[၁] Titanic (or SS[၂] Titanic) မှာ ဗြိတိသျှ သင်္ဘော ဖြစ်ပြီး ကြယ်ဖြူလိုင်း သင်္ဘောလိုင်း အတွက် ဟာလန်းနှင့် ဝုဖ် သင်္ဘော ဆောက်လုပ်ရေးက ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုကြယ်ဖြူလိုင်းတွင် ရှယ်ယာအများဆုံးထည့်ဝင်ခဲ့သူမှာ အမေရိကန်သူဌေးကြီး ဂျေပီမော်ဂန် ဖြစ်သည်။ တိုင်တန်းနစ် သင်္ဘောမှာ ခရီးသည်များ ပို့ဆောင်ရန် နှင့် စာပို့ခြင်း အတွက် တည်ဆောက်ထားသော ပင်လယ်ပြင်သွား သင်္ဘောကြီး ဖြစ်သည်။ မာတိကာ တည်ဆောက်ပုံ[ပြင်ဆင်ရန်] မည်သည့်အခါမျှ မနစ်မြုပ်နိုင်အောင် တည်ဆောက်ထားပြီး တစ်နာရီတွင် ရေမိုင် ၂၃-မိုင်မှ ၂၅-မိုင် အမြန်နှုန်းသွားနိုင်သည်။ သင်္ဘောအရှည် (၈၈၂)ပေ ရှိပြီး အသက်ကယ်လှေ ၂၀ ပါသည်။ မြင်းကောင်ရေ ၅၀၀၀၀ အား ကိုအသုံးပြုထားပြီး ပန်ကာ သုံးလုံးတပ် သင်္ဘောဖြစ်ပြီး သင်္ဘောတွင် ရေလုံခန်း ၁၅ခန်းပါသည်။ မထွက်ခွာခင် အချိန်ထိ လူအများစု က ဘယ်တော့မှ မနစ်မြုပ်နိုင်သော သင်္ဘောဟု အထင် ရောက်ခဲ့ကြသည်။ [၃] နစ်မြုပ်ခြင်း[ပြင်ဆင်ရန်] ၁၉၁၂ ခုနှစ် ဧပြီလ ၁၀ ရက်တွင် အင်္ဂလန် နိုင်ငံ ဆောက်သန်တန်မှ ထွက်ခွါခဲ့ပြီး ခရီးသည် ၂၂၀၀ ပါရှိပြီး ၄ ရက်မြောက်နေ့ ၁၉၁၂ ခု ဧပြီ၁၄ ရက် ည ၁၁နာရီ၄၀ မိနစ်အချိန်တွင် တိုင်တန်းနစ်သည် အတ္တလန္တိတ်သမုဒ္ဒရာ အတွင်း၌ မြောပါနေသော ရေခဲတောင်ဖြင့် ဝင်တိုက်မိခဲ့သည်။ ထိုဖြစ်ရပ်ကြောင့် တိုင်တန်းနစ် ၏ ရေလုံခန်း အတွင်းသို့ ရေများဝင်ရောက်ခဲ့သည်။ ၂ နာရီ နှင့် မိနစ် ၄၀ အကြာ ဧပြီ ၁၅ ရက် မနက် ၂ နာရီ ၂၀ မိနစ်တွင် သင်္ဘော နစ်မြုပ်ခဲ့သည်။ သင်္ဘောမှာ နှစ်ပိုင်းထက်ခြမ်းဖြစ်သွားခဲ့ပြီး လူပေါင်း ၁၅၀၀ နှင့် အထက် သေဆုံးခဲ့ရသည်။ ၇၀၅ ယောက်သာ အသက်ရှင် ကျန်ရစ်ခဲ့သည်။ [၄] ငြိမ်းချမ်းသော ကာလ (စစ်အတွင်းမဟုတ်သော) အတွင်း အဆိုးရွားဆုံး သင်္ဘောမှောက်မှု တစ်ရပ်ဖြစ်သည်။ အသက်ကယ်လှေများ လုံလောက်စွာ မရှိမှုကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးရခြင်း ဖြစ်သည်။ အသက်ကယ်လှေများ အတွင်းသို့ အမျိုးသမီးများ နှင့် ကလေး သူငယ်များ အရင် တက်ရောက်စေပြီး အထက်တန်းမှ ခရီးသည် များလည်း အခြားအဆင့် မှ ခရီးသည်များ ထက်ပို၍ ဦးစားပေး ခံခဲ့ရသည်။ အသက်ရှင်ကျန်ရစ်သူများ[ပြင်ဆင်ရန်] ယခုအခါ နစ်မြှပ်စဉ်က အသက်ရှင်ကျန်ရစ်သူ တစ်ဦးတစ်ယောက်မှ မရှိကြတော့ပေ။ အားလုံးသေဆုံးခဲ့ပြီဖြစ်သည်။ အသက်ရှင် ကျန်ရစ်သူများထဲမှ နောက်ဆုံး သေဆုံးခဲ့သူမှာ မီးဗီနာ ဒင်း ဟုခေါ်သော အမျိုးသမီး ဖြစ်သည်။ သင်္ဘောကြီး နစ်မြှပ်စဉ်က သူသည် အသက်ကိုးပတ် သမီး အရွယ်သာ ရှိသေးသည်။ အသက် ၉၇ နှစ် အရွယ် ၂၁ မေ ၂၀၀၉ တွင် အင်္ဂလန်ပြည် ဟမ်ရှိုင်းယား အရပ်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ [၆] အကျိုးဆက်များ[ပြင်ဆင်ရန်] ထို ဖြစ်ရပ်ဆိုးမှ သင်ခန်းစာ ယူနိုင်ခဲ့ကြသည်။ အကျိုးဆက်အားဖြင့် သင်္ဘောတည်ဆောက်ရေး ဥပဒေများ ပြောင်းလဲလာခဲ့သည်။ သင်္ဘောပေါ်တွင် စီးနင်းလိုက်ပါသူတိုင်း အတွက် လုံလောက်သော အသက်ကယ်လှေများ ထားရှိစေပြီး ဆက်သွယ်ရေး ရေဒီယိုတွင် တစ်ယောက်ယောက်က အမြဲတမ်း စောင့်နားထောင်သည့် စနစ်ကို ထည့်သွင်းစေခဲ့သည်။ ပြန်လည်ရှာဖွေခြင်း[ပြင်ဆင်ရန်] သင်္ဘောပျက် ကို ပြင်သစ်နှင့် အမေရိကန် တို့ ပါဝင်သော ရောဘတ် ဘောလက် နှင့် ယန်းလူးဝစ္စ မိုက်ကယ် တို့ ဦးဆောင်သည့် ရှာဖွေရေး အဖွဲ့မှ ၁၉၈၅ စက်တင်ဘာ ၁ ရက် မနက် ၁ နာရီ တွင် ပြန်ရှာတွေ့ခဲ့သည်။ အခြား[ပြင်ဆင်ရန်] ထိုနစ်မြှပ်မှုနှင့်ဆိုင်သော ရုပ်ရှင်များစွာ ပေါ်ထွက်ခဲ့သည်။ အကျော်ကြားဆုံးသော ရုပ်ရှင်မှာ ၁၉၉၇ ခုနှစ်က ပြသခဲ့သော တိုင်တန်းနစ် အမည်ရှိ ရုပ်ရှင်ဖြစ်ပြီး ကိတ်ဝင်းစလက် နှင့် လီယိုနာဒို ဒီကပ္ပရီယို တို့ ပါဝင်သရုပ်ဆောင်ခဲ့သည်။ ကိုးကား[ပြင်ဆင်ရန်] - Royal Mail Ship - Steam Ship - http://www.snopes.com/history/titanic/unsinkable.asp - http://www.nationalgeographic.com/media/world/9607/titanic.html - Brett, Allan. Radio Story. - "Millvina Dean – Obituary" The Independent, 16 June 2009, p37
<urn:uuid:123f3bbf-9950-4221-8005-47d785b6e8a8>
CC-MAIN-2014-41
http://my.wikipedia.org/wiki/%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%90%E1%80%94%E1%80%BA%E1%80%B8%E1%80%94%E1%80%85%E1%80%BA%E1%80%9E%E1%80%84%E1%80%BA%E1%80%B9%E1%80%98%E1%80%B1%E1%80%AC
2014-09-16T04:54:58Z
s3://commoncrawl/crawl-data/CC-MAIN-2014-41/segments/1410657113000.87/warc/CC-MAIN-20140914011153-00062-ip-10-196-40-205.us-west-1.compute.internal.warc.gz
mya
0.99706
Mymr
80
{"mya_Mymr_score": 0.9970602989196777}
2013 Asia New Star Model Contest ကို ကိုရီးယားနိုင်ငံ မှာ ယှဉ်ပြိုင်ခဲ့ရာမှာ မြန်မာ ပြည်မှ အမျိုးသား မော်ဒယ် ထွန်းကိုကို က ပထမဆုရရှိသွားပါတယ်။ မော်ဒယ် ထွန်းကိုကို ဟာ ဒီဆု ကို ရရှိခဲ့တာကြောင့် အာရှကိုယ်စား နောင်လာမယ့် အီတလီ ၊ မီလန် မြို့ မှာ ကျင်းပမယ့် နိုင်ငံတကာ မော်ဒယ်ပြိုင်ပွဲကိုယှဉ်ပြိ မြန်မာ နိုင်ငံ မှ အားလုံးပေါင်း အမျိုးသား ၂ ယောက် ၊ အမျိုးသမီး ၂ ယောက် သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ထွန်းကိုကို က ထိုက်ထိုက်တန်တန် ဆုရရှိခဲ့တာဖြစ်ပါတယ်။ myarnatmg face book မှ သိသမျှ ။
<urn:uuid:7c771699-1708-423a-8b92-1e6cd5bfd3ad>
CC-MAIN-2014-41
http://uzawyankin.blogspot.com/2013/01/2013-asia-new-star-model-contest.html
2014-10-01T10:11:11Z
s3://commoncrawl/crawl-data/CC-MAIN-2014-41/segments/1412037663417.12/warc/CC-MAIN-20140930004103-00053-ip-10-234-18-248.ec2.internal.warc.gz
mya
0.935364
Mymr
41
{"mya_Mymr_score": 0.9353640675544739, "blk_Mymr_score": 0.06422074139118195}
ဘောပွိုင့်ပင် မာတိကာ - ၁ ပထမဆုံးသော ဘောပွိုင့်ပင် - ၂ ၁၈၀ဝ ပြည့်နှစ် စောစောပိုင်းများ - ၃ ၁၉၃၈ ခုနှစ် - ၄ ၁၉၄၅ ခုနှစ် မေလ - ၅ ၁၉၄၅ ခုနှစ်၊ ဇွန်လ - ၆ ၁၉၄၅ ခုနှစ် အောက်တိုဘာလ - ၇ ၁၉၄၅ ခုနှစ် ဒီဇင်ဘာလ - ၈ နာမည် ပျက်လာခဲ့သော ဘောပွိုင့်ပင်များခေတ် - ၉ ၁၉၄၈ ခုနှစ် - ၁၀ ၁၉၅၁ ခုနှစ် - ၁၁ ၁၉၅၄ ခုနှစ် - ၁၂ ဘောပင်များ၏ အောင်မြင်မှု - ၁၃ ၁၉၅ဝပြည့် နှစ် နှောင်းပိုင်း ကာလများ - ၁၄ ၁၉၅၈ ခုနှစ် - ၁၅ ၁၉၆ဝ ပြည့် နှစ် ပထမဆုံးသော ဘောပွိုင့်ပင်[ပြင်ဆင်ရန်] ပထမဆုံးသော ဘောပွိုင့်ပင် (ballpoint pen) သို့မဟုတ် ဘောပင်ကို ဟန်ဂေရီယန်လူမျိုးဂျာနယ်သမားဖြစ်သူ Laszio Biro ဆိုသူက ၁၉၃၈ ခုနှစ်တွင်တီထွင်ခဲ့သည်။ သူသည် ထိုစဉ်က သတင်းစာများတွင် ပုံနှိပ်အသုံးပြုနေသည့် မင်သည် စက္ကူပေါ်တွင် လျင်မြန်စွာ ခြောက်သွေ့သွားသည်ကို သတိပြုမိခဲ့သည်။ သို့ဖြစ်၍ အဆိုပါမင်ကို အသုံးပြု၍ ရေးရသည့် ဖောင်တိန် (pen) ကို တီထွင်ခဲ့သည်။ သို့ရာတွင် ပျစ်နှစ်နေသော မင်သည် ဖောင်တိန်နစ်သွားတွင် အဆင်ပြေစွာ မစီးနိုင်ခဲ့ပေ။ ၎င်းအတွက် ပုံစံပြောင်းရန် ကြိုးစားခဲ့ရသည်။ ဖောင်တိန်နစ်နေရာတွင် သေးငယ်သောဘောဘယ်ရာရင်းအလုံးကလေးကို အစားထိုးထည့်ထားလိုက်သည်။ ဖောင်တိန် ရွေ့လျားသည်နှင့်အညီ မင်အိမ်အတွင်းမှ မင်များဖြင့် ဖုံးနေသော အဆိုပါ ဘောလုံးကလေးသည် လည်ပတ်နေကာ စက္ကူပေါ်တွင် မင် အရာထင်စေပါသည်။တကယ်တမ်းတွင် အဆိုပါ ဘောပင်၏ အခြေခံကို ၁၈၈၈ ခုနှစ်များကတည်းက John J. Loud ဆိုသူက မူပိုင်အဖြစ် မှတ်ပုံတင်ခဲ့ပြီးဖြစ်သည်။ သို့သော်လည်း ထိုစဉ်က စီးပွားဖြစ် ထုတ်လုပ်မှုများ မရှိခဲ့ပေ။ ၁၉၃၈ ခုနှစ်တွင် Laszio Biro က သူ၏ ဘောပင်ကို မူပိုင်အဖြစ် မှတ်ပုံတင်နိုင်ခဲ့သည်။ ၁၉၄၃ ခုနှစ်တွင် Laszio Biro သည် အာဂျင်တီးနားသို့ပြောင်းရွှေ့ခဲ့ပြီး ၎င်းနိုင်ငံတွင်လည်းမှတ်ပုံတင်ခဲ့ပြန်သည်။ ၎င်းတွင်မှ ဗြိတိသှျအစိုးရသည် အဆိုပါ မူပိုင်ခွင့်များကိုဝယ်ယူလိုက်ပါသည်။ အဘယ်ကြောင့်ဆိုသော် စစ်အတွင်းက ဗြိတိသှျ တော်ဝင်လေတပ်မှ လေယာဉ်မှူးများသည် လေယာဉ်မောင်းနှင်နေစဉ် လေထု အမြင့်၌ မင်မယိုသော ဖောင်တိန် အမျိုးအစားကို အလိုရှိနေ၍ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ Biro ၏ ဘောပင်သည် အောင်မြင်ခဲ့၍ ထင်ရှားကျော်ကြားခဲ့ပါသည်။ ဘောပင်ဟူ၍ မပေါ်ပေါက်မီက စာရေးသားမှုများနှင့် ပတ်သက်၍ ငန်းငှက်အတောင်များ၊ ဒေါင်းတောင်စသည်တို့ကို အသုံးပြုခဲ့ကြပါသည်။ ကလောင်တံဟုလည်း ဆိုကြပါသည်။ ၎င်းမှ စာရေးသားသည့် ကိရိယာကို တီထွင်လာခဲ့ကြရာတွင် အောက်ပါခုနှစ်များအတိုင်း ပြောင်းလဲတိုးတက်လာခဲ့ပါသည်။ ၁၈၀ဝ ပြည့်နှစ် စောစောပိုင်းများ[ပြင်ဆင်ရန်] ပထမဆုံး မင်နှင့် တို့၍ ရေးရသည့် ပင် (pen) များအတွက် ဒီဇိုင်းကို ဖော်ထုတ်ခဲ့သည်။ ၁၈၈၄ ခုနှစ် နယူးယောက်စီတီးမှ L.E. Waterman ဆိုသူ အာမခံကိုယ်စားလှယ် တစ်ဦးက အသုံးချနိုင်သည့် ဖောင်တိန်ကို တီထွင်၍ မူပိုင်အဖြစ် မှတ်ပုံတင်ခဲ့သည်။ နောက် ၆ နှစ်အကြာတွင် စာရေးသားသည့် လုပ်ငန်းများတွင် အဓိကကျသော ပစ္စည်းတစ်ခု ဖြစ်လာခဲ့ပါသည်။ ထိုအချိန်ကာလများက Parker, Sheaffer, Waterman ESifh Wahi-Eversharp အမည်ရသော ကုမ္ပဏီလေးခုက ဖောင်တိန်ပင် ထုတ်လုပ်မှုတွင် ကြီးစိုးခဲ့သည်။ ၁၉၃၈ ခုနှစ်[ပြင်ဆင်ရန်] Laszio Biro ESifh George Biro ညီအစ်ကိုနှစ်ဦးက ဘောပင်ကို တီထွင်ခဲ့သည်။ အာဂျင်တီးနားမှ Eterpen Company ခေါ်ကုမ္ပဏီအသစ်တစ်ခုက အဆိုပါ ဘောပင်များကို စီးပွားဖြစ်ထုတ်လုပ်ခဲ့သည်။ စာပေနယ်ပယ်မှ ၎င်းပစ္စည်းကို များစွာနှစ်သက်ခဲ့ကြပါသည်။ ၁၉၄၅ ခုနှစ် မေလ[ပြင်ဆင်ရန်] Eversharp Co. ကုမ္ပဏီသည် Eberhard-Faber ကုမ္ပဏီနှင့် ပူးပေါင်း၍ ဘောပင်များကို တံဆိပ်တစ်မျိုးနှင့် ထုတ်လုပ်လာခဲ့သည်။ ၎င်းတွင် အလွန်သေးငယ်သော မင်လမ်းကြောင်းကို ပြုလုပ်ထားသည်။ ၁၉၄၅ ခုနှစ်၊ ဇွန်လ[ပြင်ဆင်ရန်] ချီကာဂိုမှ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သူ Milton Reynolds သည် ဗြိုနို့စ်အေရီးစ်သို့ အလည်အပတ်ခရီး ရောက်လာခဲ့သည်။ ဈေးဆိုင်တစ်ခုမှ Biro တို့၏ ဘောပင်များကို တွေ့ရှိ နမူနာအဖြစ် ဝယ်ယူသွားခဲ့သည်။ သူသည် အမေရိကသို့ပြန်လာခဲ့ပြီး Reynolds International Pen ကုမ္ပဏီကို တည်ထောင်ခဲ့သည်။ ၁၉၄၅ ခုနှစ် အောက်တိုဘာလ[ပြင်ဆင်ရန်] Reynolds သည် ၎င်းဘောပင်အမျိုးအစားများကို တုပပြုလုပ်ခဲ့ပြီး Reynold's Rocket ဟု အမည်ပေးကာ နယူးယောက်စီးတီးရှိစတိုးဆိုင်များတွင် ရောင်း ချခဲ့သည်။ ၎င်းဘောပင်များသည် ဈေးကွက်တွင် အထူးရောင်းချနိုင်ခဲ့သည်။ စတင်ရောင်းချသည့်နေ့မှာပင် ဘောပင် တစ်ချောင်းလှျင် ၁၂.၅ဝ ဒေါ်လာဖြင့် ရောင်းချခဲ့ရာ ဒေါ်လာ တစ်သိန်းဖိုးအထိ ရောင်းချခဲ့ရသည်။ ၁၉၄၅ ခုနှစ် ဒီဇင်ဘာလ[ပြင်ဆင်ရန်] ဗြိတိန်နိုင်ငံတွင်လည်း Miles-Martin Pen ကုမ္ပဏီမှ ခရစ်စမတ်နေ့တွင် စတင် ရောင်းချခဲ့သည်။ နာမည် ပျက်လာခဲ့သော ဘောပွိုင့်ပင်များခေတ်[ပြင်ဆင်ရန်] ဘောပင်များ ပေါ်ပေါက်စဉ် က ဖောင်တိန်ပင်များနှင့်သဘာဝချင်း မတူဘဲ လွယ်ကူစွာ အသုံးပြုနိုင်ခြင်း၊ မင်ထည့်ရန် မလိုခြင်း၊ မင် မစွန်းထင်းစေခြင်းစသည် အချက်များကြောင့် လျင်မြန်စွာ နာမည်ရလာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း တကယ်တမ်းတွင် အားနည်းချက်များ ရှိနေသေးသည်။ ထိုစဉ်အတွင်း Ever-sharp ကုမ္ပဏီမှ Reynolds ကုမ္ပဏီကို မူပိုင်ခွင့်ချိုးဖောက်သည်ဟုဆိုကာ စွပ်စွဲခဲ့သည်။ သို့သော် Laszio Biro သည် တစ်ချိန်က အမေရိကန်ပြည်ထောင်စုတွင် ပြုလုပ်ထားခဲ့သော မူပိုင်ခွင့်အပေါ် အလေးမထားခဲ့ခြင်းကြောင့် ထူးခြားမှု မဖြစ်ပေါ်ခဲ့ပါ။ Reynolds ၏ ဘောပင်များသည် မင်ယိုခြင်း၊ ရေးသားရာတွင် ထစ်ခြင်းများ ရှိခဲ့သည်။ Eversharp ၏ ဘောပင်များသည်လည်း ရောင်းအားကျလာခဲ့သည်။ သုံးစွဲသူများကို စိတ်ပျက်စေခဲ့ပါသည်။ ၁၉၄၈ ခုနှစ်[ပြင်ဆင်ရန်] ဘောပင်များကို ၁၂.၅ဝ ဒေါ်လာဖြင့် ရောင်းချခဲ့ရာမှ တစ်ချောင်းလှျင် ဆင့် ၅ဝ အထိ ဈေးနှုန်းများ ကျဆင်းလာခဲ့သည်။ ၁၉၅ဝ ပြည့်နှစ် Bich အမည်ရသော ပြင်သစ် ကုမ္ပဏီတစ်ခုသည် ဘောပင်များကို ရောင်းချလာခဲ့သည်။ ဘောပင်၏ အမည်ကို BIC ဟု ပေးထားသည်။ Bich ၏ နောက်မှ "h" စာလုံးကို ဖြုတ်လိုက်ခြင်းဖြစ်သည်။ ၁၉၅၁ ခုနှစ်[ပြင်ဆင်ရန်] ဖောင်တိန်များကို ပြန်လည်အသုံးများလာကြပြန်ပါသည်။ ကုမ္ပဏီများမှ ဖောင်တိန်များကို အရည်အသွေး ပိုမိုကောင်းမွန်အောင် ပြုလုပ်လာကြခြင်းကြောင့်ဖြစ်သည်။ ၁၉၅၄ ခုနှစ်[ပြင်ဆင်ရန်] ဇန်နဝါရီလ၊ Parker Pens မှ Jotter ဟု အမည်ပေးထားသော ပထမဆုံး ဘောပင်ကို မိတ်ဆက် ထုတ်လုပ်ခဲ့သည်။ ၎င်းသည် Eversharp နှင့် Reynolds ဘောပင်များထက် ၅ ဆမှျ ကြာရှည်စွာ ရေးနိုင်ပြီး စာလုံးအထူ၊ အပါးအတွက် ပွိုင့် အရွယ်အစား အမျိုးမျိုး ရှိသည်။ မင်ထည့်သည့်အိမ် ကြီးမား၍ မင်ကုန်လှျင် ပြန်ဖြည့်ပေးနိုင်သည်။ ယခင်က ထုတ်လုပ်ခဲ့သည့် ဘောပင်များနှင့် များစွာ ကွာခြားသည်။ သို့ဖြစ်၍ တစ်နှစ်အတွင်းမှာပင် Parker သည် အဆိုပါ Jotters ဘောပင်များကို ၃.၅ သန်း အထိ ရောင်းချနိုင်ခဲ့သည်။ ဈေးနှုန်းမှာ ၂.၉၅ ဒေါ်လာမှ ၈.၇၅ ဒေါ်လာအထိ ဖြစ်သည်။ ဘောပင်များ၏ အောင်မြင်မှု[ပြင်ဆင်ရန်] ၁၉၅၇ ခုနှစ် Parker ကုမ္ပဏီသည် တန်စတန်းကာဘိုက် (tungsten carbide) ဖြင့် ပြုလုပ်ထားသော ဘောစေ့များကို သုံးလာခဲ့သည်။ Eversharp ကုမ္ပဏီကမူ ဘောပင်ဈေးကွက်ကို မတိုးနိုင်တော့၍ ဖောင်တိန်များဘက်သို့ဦးလှည့်သွားသည်။ ၁၉၆ဝ ပြည့်နှစ်တွင် Eversharp မှ မင်အခဲများကို စမ်းသပ်ပြုလုပ်ခဲ့သည်။ ၁၉၅ဝပြည့် နှစ် နှောင်းပိုင်း ကာလများ[ပြင်ဆင်ရန်] BIC သည် ဥရောပဈေးကွက်၏ ရဝ ရာခိုင်နှုန်းကို ကြီးစိုးနိုင်ခဲ့သည်။ ၁၉၅၈ ခုနှစ်[ပြင်ဆင်ရန်] BIC သည် နယူးယောက်အခြေစိုက် Waterman Pens လုပ်ငန်း၏ ၆ဝ ရာခိုင်နှုန်းကို ဝယ်ယူလိုက်သည်။ ၁၉၆ဝ ပြည့် နှစ်[ပြင်ဆင်ရန်] BIC သည် Waterman Pens ၏ လုပ်ငန်း အားလုံးကိုဝယ်ယူလိုက်ပါသည်။ ယနေ့အချိန်ကာလများတွင် BIC သည် ဘောပင်ဈေးကွက်တွင် ကြီးစိုးလျက်ရှိသည်။ Parker, Sheaffer, Waterman တို့သည်လည်း ဖောင်တိန်များနှင့်အတူ ဈေးမြင့်သော ဘောပင်အမျိုးအစားများကို ထုတ်လုပ်နေသည်။ ဘောပင်အမျိုးအစားများလည်း စုံလင်လှသည်။ သုံးစွဲသူများ နှစ်သက်ဖွယ် ပုံစံဒီဇိုင်းမျိုးစုံကို တွေ့နေရသည်။ Biro နှင့် BIC Crystalတို့၏ နည်းပညာသစ်များဖြင့် ထုတ်လုပ်ထားသောဘောပင်များသည် နေ့စဉ် ကမ္ဘာတစ်ဝန်းတွင် အရေအတွက် ၁၄ သန်းမှျ ရောင်းချနေရသည်ဟုဆိုသည်။ Parker မှ ထုတ်လုပ်သည့် ဘောပင်သည် ပေပေါင်း၂၈၀၀ဝ ကို တစ်ဆက်စပ်တည်းရေးနိုင်သည်ဟုလည်း ညွှန်းကြပါသည်။
<urn:uuid:07df1b0a-25aa-46c7-830a-a0dcf099ac04>
CC-MAIN-2014-41
http://my.wikipedia.org/wiki/%E1%80%98%E1%80%B1%E1%80%AC%E1%80%95%E1%80%BD%E1%80%AD%E1%80%AF%E1%80%84%E1%80%B7%E1%80%BA%E1%80%95%E1%80%84%E1%80%BA
2014-09-17T09:34:06Z
s3://commoncrawl/crawl-data/CC-MAIN-2014-41/segments/1410657123274.33/warc/CC-MAIN-20140914011203-00182-ip-10-196-40-205.us-west-1.compute.internal.warc.gz
mya
0.997515
Mymr
96
{"mya_Mymr_score": 0.9975152611732483}
ပိုက်သာဂိုးရပ်စ် ပိုက်သဂိုးရ (ဘီစီ ၅၈၂-၅၀၀ ခန့်) ပိုက်သဂိုးရပ်သည် ထင်ရှားသောဂရိလူမျိုး သိပ္ပံပညာနှင့် ယထာဘူတပညာရှင်ကြီးဖြစ်သည်။ ဆေးဆော့ကျွန်းတွင် ဖွားမြင်ခဲ့၍ မြေထဲပင်လယ် ကမ်းရိုးတန်းရှိ နိုင်ငံများတွင် နှစ်ပေါင်းသုံးဆယ်ခန့် လှည့်လည်နေထိုင်ခဲ့ပြီးနောက်၊ အသက်ငါးဆယ်ကျော်အရွယ်တွင် ဣတလီပြည်တောင်ပိုင်းရှိ ကရိုတိုနာမြို့တွင် အတည်တကျနေထိုင်လေသည်။ ကရိုတိုနာမြို ့၌ နေထိုင်စဉ် ပိုက်သဂိုးရပ်သည် ဂိုဏ်းတစ်ဂိုဏ်းထောင်ကာ၊ ယင်း၏ယထာဘူတ သဘောတရားများကို ဟောပြောလေသည်။ ပိုက်သဂိုးရပ်၏ယုံကြည်ချက်မှာ လူသေပြီးနောက်၊ လူ့ဝိညာဉ်သည် အခြားသက်ရှိ တစ်ခုအတွင်းသို့ဝင်သည်။ လူနှင့် တိရစ္ဆာန်သည် ဆက်သွယ်လျက်ရှိသဖြင့်၊ လူကွယ်လွန်သော် နောက်ဘဝတွင် တိရစ္ဆာန်လည်းဖြစ်နိုင်သည်။ လူသည် အပြစ်ကင်းစင်စွာနေထိုင်ပါမှ၊ နောက်ဘဝတွင် တိရစ္ဆာန်ဖြစ်မည့် ဒုက္ခမှကင်းလွတ်နိုင်မည်။ ထိုကြောင့် ပိုက်သဂိုးရပ်ဂိုဏ်းဝင်များသည် တည်ကြည်စွာနေထိုင်၍ ခြိုးခြံစွာ ကျင့်ကြံကြရသည်။ မကြာမီ ယင်းဂိုဏ်းဝင်များ ပြန့်ပွားလာသော်လည်း၊ နိုင်ငံရေးအငွေ့အသက်များ ဝင်ဘာသောအခါ၌မူ၊ အစိုးရ၏နှိပ်ကွပ်ခြင်းခံရသဖြင့်၊ တစ်ဂိုဏ်းလုံး ဖရိုဖရဲဖြစ်သွားရလေသည်။ ပိုက်သဂိုးရပ်နှင့် သူ့ဂိုဏ်းသားများ၏ ကြံဆချက်များသည် သင်္ချာနှင့် နက္ခတ္တဗေဒပညာရပ်များကို ပိုမိုကျယ်ပြန့်လာစေသည်။ သူနှင့် သူ့ဂိုဏ်းဝင်တို့က "ထောင့်မှန်တြိဂံတစ်ခုတွင် ထောင့်မှန်ခံအနားရှိ စတုရန်းသည် ကျန်အနားနှစ်ခုရှိ စတုရန်းများပေါင်းကိန်းနှင့် တူသည်" ဟူ၍ သက်သေထုတ်ပြချက်ကို ပိုက်သာဂိုရ သီအိုရမ်ဟု ပင်ခေါ်ကြသည်။ ပိုက်သဂိုးရပ်နှင့် တပည့်များ၏ နက္ခတ္တဗေဒနှင့် စပ်လျဉ်းသော ထုတ်ဖော်ချက်တစ်ရပ်ကား "ကမ္ဘာမြေကြီးသည် အလုံးဖြစ်၍ အခြားဂြိုဟ်များနှင့်အတူ နေကို လှည့်ပတ်လျက် သွားနေကြသည်" ဟူသောအချက်ဖြစ်သည်။ ယင်းအချက်မှ ကော့ပါးနီကပ်၏ အဆိုမှ ပေါ်ပေါက်လာရသည်ဟု ဆိုရန်ရှိသည်။ ယထာဘူတပညာရှင်ကြီး ပလေးတို၏ အတွေးအခေါ်အယူအဆများသည် ပိုက်သဂိုးရပ်၏ အယူအဆမှား၏ ကျေးဇူးမကင်းလှချေ။ ပိုက်သဂိုးရပ်သည် ဘီစီ ၅၀၀ ခန့်တွင် မက်တာပွန်တန်မြို့၌ ကွယ်လွန်သည်။ ကျမ်းကိုး[ပြင်ဆင်ရန်] မြန်မာ့စွယ်စုံကျမ်း၊ အတွဲ ၆၊ ၁၉၆၁ခုနှစ်။
<urn:uuid:04df4c4e-83be-49b9-8e26-66bb41b86523>
CC-MAIN-2014-41
http://my.wikipedia.org/wiki/%E1%80%95%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%9E%E1%80%AC%E1%80%82%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%95%E1%80%BA%E1%80%85%E1%80%BA
2014-09-21T06:05:30Z
s3://commoncrawl/crawl-data/CC-MAIN-2014-41/segments/1410657134620.5/warc/CC-MAIN-20140914011214-00128-ip-10-234-18-248.ec2.internal.warc.gz
mya
0.992903
Mymr
85
{"mya_Mymr_score": 0.9929030537605286}
ချင်းတောင်ပေါ်မှ အသည်းပုံသဏ္ဍန် နတ်ရေကန် မြန်မာနိုင်ငံက စေတီပုထိုးများ ၊ သယံဇာတများနှင့် အံ့မခန်း အောင်လှပ လွန်းသည့် သဘာဝ သယံဇာတ များကြောင့် လူသိများ ထင်ရှားသည့် နိုင်ငံတစ်ခု ဖြစ်သည်။ သို့ရာတွင် ထိုမျှ သဘာဝ အလှများ နှင့် ရှုခင်းများကို လူသိ များသည့်တိုင် လူသူ အရောက်အပေါက် နည်းပါး မှုကြောင့် လူသိ နည်းနေ သေးသော သဘာဝ အလှများစွာ ကျန်ရှိနေပေသေးသည်။ ထိုအထဲ တွင် အမြင့်ပေ (၁၉၆၆)ပေရှိသော ချင်းတောင်တန်း ကြီးများပေါ်မှ အသည်းပုံ တိတိကျကျ ပေါ်လွင်နေသော ရေကန်ကြီး တစ်ခု သည်လည်း အပါအ၀င်ပင် ဖြစ်ပေသည်။ ထိုရေကန် ကြီးသည်ကား ချင်းလူမျိုး တို့အတွက် ဒဏ္ဍာရီ ဆန်သော ရာဇ၀င်များ၊ ယုံကြည် စွဲလမ်းမှုများ၊ အမြတ်တနိုး တန်ဖိုးထားမှုများဖြင့် ပြည့်နှက် နေသော ရိဒ်ရေကန်ကြီး (Reh-Lake) ပင်ဖြစ်ပေသည်။ တည်နေရာ ရိဒ် ရေကန်ကြီး၏ တည်နေရာမှာ မြန်မာနိုင်ငံ၏ အနောက် မြောက်ဖက် ဒေသ ၊ ချင်းပြည်နယ်၏ အနောက်မြောက်ဖက် အစွန်းတွင် တည်ရှိသည်။ အထူးသဖြင့် အိန္ဒိယ - မြန်မာ နယ်စပ် နှင့်ပို၍ နီးသည်။ နယ်စပ် မျဉ်းနှင် ၂ မိုင်သာဝေးသည်။ အိန္ဒိယ နိုင်ငံဘက် ကြံဖိုင်းမြို့ နှင့် မိုင် (၂၀) ဝေးပြီး မီဇိုရမ် ပြည်နယ်ရှိ မြို့တော် အိုက်ဇောနှင့်လည်း မိုင်(၁၃၀) သာဝေးသည်။ သို့အတွက် ရိဒ်ရေကန်ကြီးသို့ လာရောက် လည်ပတ် သူများမှာလည်း အိန္ဒိယနိုင်ငံ ဘက်မှသာ များသည်။ မြန်မာ နိုင်ငံဘက်မှ သွားရောက် သူတွေများ အနေဖြင့်တော့ ချင်းတောင်၏ တံခါးဝဟု ဆိုစမှတ်ပြုသည့် ကလေးမြို့မှ တစ်ဆင့်သာ ခရီးဆက်ကြရသည်။ စစ်ကိုင်းတိုင်း ကလေးမြို့မှ မိုင် (၄၀)ဝေးသည်။ ကလေးမြို့မှ မိုင် (၆၀) နီးပါးဝေးသော ချင်းပြည်နယ် တီးတိန်မြို့ကို ဖြတ်ကာ တီးတိန်မှ (၃၂) မိုင်ဆက် သွားကြရသည်။ သို့ရာတွင် အိန္ဒိယ နိုင်ငံဘက်မှ လာသည် ဖြစ်စေ ၊ မြန်မာနိုင်ငံဘက်မှ သွားသည်ဖြစ်စေ၊ သေချာသည် တစ်ခုကတော့ အမြင့်ပေ လေး၊ ငါးခြောက်ထောင် ကျော်ရှိသော တောင်တန်းများပေါ်မှ ကျော်ဖြတ်၍ သွားကြရခြင်း ပင်ဖြစ်သည်။ ထိုသို့ အမြင့်ပေ လေး ၊ငါး ခြောက်ထောင် တောင်တန်းကြီးများကို ဖြတ်သန်း သွားရသဖြင့် မြန်မာနိုင်ငံဘက်မှ အပန်းဖြေ လေ့လာသူတွေ ရှိသလို နိုင်ငံခြားသား အချို့လည်း လာရောက် လေ့ရှိပါသည်။ သို့ရာတွင် အများဆုံး အလာများသည် ကတော့ အိန္ဒိယနိုင်ငံဘက်မှ ဖြစ်သည်။ ၄င်းတို့အနေဖြင့် ထိုသို့ အလားများရသည်ကတော့ "၄င်းတို့၏ ဆွေမျိုး သားချင်းများ၏ ၀ိညာဉ်များသည်လည်း ရိဒ်ရေကန်ကြီးတွင် လာရောက်မှီခိုနေထိုင်ကြသည်" ဟူသော အယူအဆ တစ်ရပ် အရ အထွတ်အမြတ်ထားရာ နေရာအဖြစ်လာရောက် ကြခြင်းဖြစ်သည်။ သို့ရာတွင် ယခုအခါတွင်တော့ ရိဒ်ရေကန်ကြီးအတွင်း အပျော်စီးလှေများ စီးနင်းနိုင်အောင် စီစဉ် ပေးထားခြင်းနှင့် ညအိပ် တန်းခိုနိုင် ရန်ပင် ဘန်ဂလိုများ စီစဉ်ပေးထား ခြင်းတို့ကြောင့် ရိဒ်ရေကန်ကြီးမှာ အပျော်စီး လှေလာရောက် စီးနင်းသည့် တောင်ပေါ် သားများနှင့် ပျားရည်ဆန်း ခရီးထွက်သူများ ဖြင့်ပါ စည်ကားနေ လေ့ရှိပေသည်။ Reh lake ပုံသဏ္ဍာန်နှင့် အနေအထား ထိုမျှ ဒဏ္ဍာရီဆန်သော အတိတ်သမိုင်းများ ၊ ဆန်းပြားသော ယုံကြည်ချက် များနှင့် ထူးခြားချက်များနှင့် ပြည့်နှက်နေသော ရိဒ်ရေကန်ကြီးမှာ ပတ်လည် အကျယ် ၂.၅ မိုင်ရှိသော တောင်ပေါ် ရေကန်ကြီးတစ်ခု ဖြစ်သည်။ ထိုပတ်လည် အနား တစ်လျှောက် တွင်လည်း မိုးမခပင်များက ခြံစည်းရိုး ရှည်ကြီးသဖွယ် သဘာဝ အလျောက် စီတန်းကာ ပေါက်ရောက် နေပြန်ရာ အဆိုပါ မိုးမခ ပင်တန်းကြီးကို ချင်းလူမျိုးတို့က ( ၄င်းတို့၏ ယုံကြည် ချက်အရ ၀ိညာဉ် ခြံစည်း ရိုးဟု ကင်ပွန်း တတ်ထားကြ လေသည်။) ကန်အတွင်း ရေပြင်၏ ပျှမ်းမျှ အနက်မှာပေ (၅၀) ရှိပြီးအနက်ဆုံး နေရာများ တွင်မူ ပေ (၆၀) အထိ ရှိသည်။ ရေအရောင်မှာ ပြာလဲ့လဲ့ရှိပြီး ကန်အတွင်းတွင် ကြာဖြူ ၊ ကြာနီ နှင့် ဗေဒါများ ဖူးပွင့်နေလေ့ရှိသည်။ အလားတူပင် ရေကန်ပတ်လည်ရှိ မိုးမခပင်များ ထက်တွင် လည်း သစ်ခွပင်များ ပေါက် ရောက်နေပြန်ရာ ရိဒ်ရေကန်ကြီးမှာ တောင်ပေါ်ဒေသမှ စာပန်းချီခြယ်သ မကုန်နိုင်သည့် ရှုခင်းကြီး တစ်ခု သဖွယ် ဖြစ်နေ ပါတော့သည်။ ဒဏ္ဍာရီဆန်သော ဖြစ်တည်မှုသမိုင်း ရိဒ်ရေကန်ကြီး၏ ဖြစ်တည်မှု သမိုင်းကား အလွန်ပင် ဒဏ္ဍာရီဆန်လှသည်။ သို့ရာတွင် ထိုသို့ ဒဏ္ဍာရီ ဆန်လွန်းလှသည့်တိုင် အဆိုပါ ဖြစ်တည်မှု သမိုင်းကို တော့ ချင်းလူမျိုးတို့က ယနေ့တိုင် အခိုင်အမာ ယုံကြည်နေ ကြဆဲဖြစ်သည်။ အဆိုပါ ဖြစ်တည်မှု ဒဏ္ဍာရီကြီး၏ အစကား လွန်ခဲ့သော နှစ်ပေါင်း ငါးရာကျော် ၊ ခြောက်ရာ နီးပါး ကာလ၊ မီဇို ချင်းလူမျိုးတို့၏ အခြေချ နေထိုင် ခဲ့သည့် အချိန်မှ ပင်ဖြစ်ပေသည်။ ချင်းအနွယ်ဝင် မီဇိုလူမျိုးနှင့် ဟွာလ်ငိုး (Huanlngo) နွယ်ဝင် တို့သည် ၁၄၅၀ ခုနှစ်ခန့် မှစတင်၍ ချင်းတောင်တန်း ပေါ်တွင် မြို့ပြ တည်ထောင်ကာ အခြေချ နေထိုင် ခဲ့ကြသည်။ ဤ သို့နေထိုင် လာခဲ့ရာမှ တစ်နေ့သော အခါတွင်မူ ဒုတိယမြောက် ဆွေးပွီးမြို့သူကြီး ဟွာထန် (Huathana) သည် အိပ်မက်တစ်ခုအား မြင်မက်လေတော့သည်။ ယင်း အိပ်မက်တွင် မုတ်ဆိတ်မွေး ဖားဖားနှင့် အလွန်တရာမှပင် ကျက် သရေ ရှိလှသော နတ်မင်းကြီး တစ်ပါးက ဟွာလ်ထန်အား ကိုယ်ရောင်ပြပြီး " ငါသည် ၀ိညာဉ်စောင့်နတ်မင်းကြီး ပူးရိဒ် ဖြစ်ပေသည်။ သင်တို့၏ ၀ိညာဉ်များ အားစောင့်ရှောက်ရန်အလို့ငှာ ငါသည် နွားနောက်ဖြူ အသွင်ဖန်ဆင်းကာ ကောင်းကင် ခရီး ဖြင့်လာခဲ့ရာ သင်တို့၏ သင်တို့အရပ်၏ အနောက် မြောက်ဖက်ခရီး အတန်ငယ်ဝေးသော နေရာတွင် နေရာတစ်ခုကို တွေ့ရှိခဲ့ပေသည်။ ငါသည် ထိုနေရာ၌ စံစားနေထိုင်ရန် အလို့ငှာ ထိုနေရာအား လူတို့၏ အသည်းနှလုံးပုံ တိတိကျကျ ရှိသော ရေအိုင်ကြီးတစ်ခု အဖြစ်ဖန်ဆင်းလိုက်ပေသည်။ ထိုရေအိုင်ကြီး တွင်ယနေ့မှ စ၍ ငါကိုယ်တော်စံစားမည် ဖြစ်သလို .. သေသောသူအားလုံးတို့၏ ၀ိညာဉ်များသည်လည်း မဖြစ်မနေ ငါထံသို့ လာကြရပေမည် " ပြောဆိုမိန့်ကြားသွားခဲ့လေသည်။ ထိုအိပ်မက်အရ ဟွာလ်ထန်သည် သူ၏ မူးမတ်များအား လွှတ်၍ ရေအိုင်ကြီးကို ရှာဖွေစေခဲ့ရာ ခုနှစ်ရက်တိတိ ပြည့်မြောက်သော နေ့မှာပင် ထိုရေအိုင်ကြီးအား တွေ့ရှိခဲ့ပြီး ယင်းသို့တွေ့ရှိချိန်မှ အစပြု၍ ထိုရေကန်ကြီးအား ရိဒ်ရေကန် (RHI-DIL) ဟုခေါ်ဆို ကြလေသည်။ ရိဒ်ဆိုသည်မှာ ရိဒ်နတ်မင်းကြီးအား ကိုယ်စားပြုပြီး (DIL) မှာရေကန်ဟု အဓိပ္ပါယ် ရလေသည်။ ဆိုလိုရင်းမှာ ရိဒ်နတ်မင်းစံစားရာ ရေအိုင်ပင်ဖြစ်လေသည်။ ချင်းလူမျိူးတို့၏ ယုံကြည်မှု ရိဒ်ရေကန်ကြီးနှင့် ပတ်သက်ပြီး မီးဇိုချင်းများက လူတစ်ယောက် သေဆုံးသွားသည့် အခါတွင် ထိုသေဆုံးသူ၏ ၀ိညာဉ်သည် ဘ၀တစ်ပါးသို့ ကူးပြောင်း နိုင်ရန် နောက်ဆံတင်းစွာဖြင့် ရိဒ်ရေကန် သို့လာကြရပြီး ရေကန်သို့ ရောက်သောအခါမှ လုံးလိုသွေး (Longlotui) ခေါ် အတိတ်ဘ၀ မေ့စေနိုင်သည့် စမ်းရေကြည်ကို သောက်ကာ ဟိုလ်လိုပါးရ် (Hoilopar) ခေါ် နောက်မလှည့်ပန်း ကို ပန်ဆင်ကြရသည်။ ထိုအခါ တွင်မှသေသူ၏ ၀ိညာဉ်များမှာ အတိတ်ဘ၀အား တမ်းတစိတ် များပျောက်ကွယ်ကာ ဘ၀သစ်သို့ ကူးပြောင်း သွားနိုင်ရန် အတွက် ရေကန်ကြီး အတွင်းသို့ စိတ်ဖြောင့် လက်ဖြောင့် ဆင်းသွားနိုင်ကြသည်ဟု ယုံကြည်ထားကြည် ထားကြသည်။ အဆိုပါယုံကြည်မှု အရလည်း ချင်းလူမျိုး တို့မှာ ပွင့်လင်းရာသီရောက်တိုင်း ရိဒ်ရေကန်ကြီးသို့ လာရောက် လည်ပတ်ကာ ရက်လည် ၊ နှစ်လည်ပွဲကဲ့သို့သော နာရေးပွဲများကို ကျင်းပလေ့ရှိသည်။ ယင်းပွဲများတွင် ဘုန်းတော်ကြီးများက ရေကန်တွင်းမှကို လက်ခုပ်နှင့် ခပ်ကာ သရဇ္ဇယ် ကြလေ့ရှိပြီး ကန်အတွင်းသို့ ငွေအကြွေစများ နှင့်အမွှေးနံ့သာများ ပက်ကြဲကာ ရေကန်အနီးရှိ အရိပ်ကောင်းသော ညောင်ပင်ကြီးအောက်တွင် တရားပေးလေ့ရှိကြသည်ဟု ဆိုသည်။ ထူးခြားချက်များ ကမ္ဘာအ၀ှမ်းတွင် ရှိရှိသမျှသော ရေကန်များအနက် အသည်းပုံစစ်စစ် ရှိသည့် တစ်ခုတည်းသော ရေကန်ဖြစ်သည်။ အမြင့်ပေ (၁၉၀၀) ကျော်သော တောင်တန်းပေါ်တွင် တည်ရှိသည့် ရေကန်လည်းဖြစ်သည်။ ထိုအချက်များထက် ပို၍ထူးခြားသည်မှာ ချင်းပြည်နယ်၏ မြို့တော် ဖြစ်သော ဟားခါးတွင် အပူချိန် (ရေခဲမှတ်အောက်) အနှုတ် (၃) ဒီဂရီရောက်နေချိန်၌ ရိဒ်ရေကန်ကြီးအတွင်း ထူးခြားစွာ အနွေးဓါတ်ရရှိနေခြင်းပင် ဖြစ်ပေသည်။ ထိုမှ တဖြန် အထူးခြားဆုံးဟု ဆိုရမည့်အချက်ကား ရိဒ်ရေကန်ကြီးအတွင်းသို့ ချောင်းရေ ၊ မြောင်းရေ လည်း စီးမ၀င် ၊ မိုးလည်းမရွာသည့် ဒီဇင်ဘာလကုန်ပိုင်း နှင့် ဇန်န၀ါရီ လဆန်းကဲ့သို့ ဆောင်းနှင်းထန်သည့် ကာလများတွင် ကန်ရေ ပြင်မှာ အလိုအလျောက် နောက်ကျိနေတတ်ခြင်းပင်ဖြစ်သည်။ ရေးသားသူ = ချမ်းညိမ်း http://wikimyanmar.co.cc/wiki/index.php?title မှ သန်းပေါင်းများစွာ ရှိသောဆိုဒ်တွေ ထဲက ကျွန်တော်တွေ့သမျှ ဖတ်မိသမျှလေးတွေကို ပြန်လည်မျှဝေခြင်းသာ ဖြစ်ပါသည်။
<urn:uuid:a385ae7f-dc74-4cd2-bd95-bcae88c5ec83>
CC-MAIN-2014-41
http://chintaungtan.blogspot.com/2010/09/blog-post_22.html
2014-09-30T21:52:44Z
s3://commoncrawl/crawl-data/CC-MAIN-2014-41/segments/1412037663167.8/warc/CC-MAIN-20140930004103-00065-ip-10-234-18-248.ec2.internal.warc.gz
mya
0.965423
Mymr
38
{"mya_Mymr_score": 0.9654232859611511, "blk_Mymr_score": 0.03322899714112282}
အဲဒီရွာဟာ မူလကတည်းက ရေရှားတဲ့အတွက် အခုလို ရုတ်တရက်မီးလောင်တဲ့အခါ မီးသတ်ဖို့ ရေအလုံအလောက်မရှိပဲ တစ်ရွာလုံးနီးပါး လောင်သွားတာလို့ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ရုပ်ရှင်မင်းသား ဦးကျော်သူက ပြောပါတယ်။ အဲဒီနေ့က စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ပုလဲမြို့မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အနုပညာရှင်တွေက ပညာပေးစည်းရုံးရေးနဲ့ ဖျော်ဖြေရေးပွဲ ကျင်းပနေတာကို ရွာသားတွေ သွားရောက် ကြည့်ရှုနေတုန်းမှာ ရွာမီးလောင်သွားတာ ဖြစ်ပါတယ်။ မီးဘေးကြောင့် လူပေါင်း တစ်ထောင်ကျော် အိုးမဲ့အိမ်မဲ့ဖြစ်သွားပြီး လောလောဆယ်တော့ သူတို့ကို မီးမလောင်ပဲ ကျန်ခဲ့တဲ့ သီရိမင်္ဂလာ ဘုန်းကြီးကျောင်းမှာ ခေတ္တနေရာ စီစဉ်ပေးထားပါတယ်။ အဲဒီဝင်းကုန်းရွာ မီးဘေးသင့် ပြည်သူတွေအတွက် အဝတ်အထည်၊ စားသောက်စရာတွေအပြင် ပြန်လည်ထူထောင်ရေးအတွက် အကူအညီ လိုနေတယ်လို့ သိရပါတယ်။
<urn:uuid:86b13de7-1742-45a8-a596-9fb4ce13b18c>
CC-MAIN-2014-41
http://www.rfa.org/burmese/news/fire-victim-needed-help-04042012090704.html
2014-09-30T21:57:19Z
s3://commoncrawl/crawl-data/CC-MAIN-2014-41/segments/1412037663167.8/warc/CC-MAIN-20140930004103-00065-ip-10-234-18-248.ec2.internal.warc.gz
mya
0.933164
Mymr
45
{"mya_Mymr_score": 0.9331643581390381, "blk_Mymr_score": 0.06349317729473114}
လာမည့် နှစ် ၂၀ အတွင်း စစ်ကိုင်းပြတ်ရွေ့ တလျှောက်နှင့် ပြတ်ရွေ့ကြောအနီးရှိ မြို့ကြီးတချို့တွင် ပြင်းအား ၇ အဆင့်ကျော်ရှိ ငလျင်ကြီး ထပ်မံ လှုပ်နိုင်ခြေ ရှိကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ အထွေထွေအတွင်းရေးမှူး ဦးစိုးရသူရထွန်းက ပြောဆိုသည်။ ယနေ့ ရန်ကုန်မြို့ မြန်မာနိုင်ငံ မြေငလျင် ကော်မတီ ရုံးခန်းတွင် ဧရာဝတီ သတင်းဌာနနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါ အတိုင်း ပြောဆို လိုက်ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ မြောက်ဘက်ပိုင်း ပူတာအိုမှ ရန်ကုန်တိုင်း သုံးခွမြို့နယ်ထဲမှ ဖြတ်ကာ အက်ဒမန်ပင်လယ်အတွင်းသို့ ၀င်ရောက် သွားသော ကီလိုမီတာ ၁၀၀၀ ရှည်လျားသည့် စစ်ကိုင်းပြတ်ရွေ့သည် နှစ်ပေါင်း ၁၀၀ ၀န်းကျင်တွင် ငလျင်များ လှုပ်လေ့ ရှိကြောင်း၊ မန္တလေးမြို့၏ တောင်ဘက်မှ ရန်ကုန် သုံးခွအထိ ဖြတ်သန်းနေသော စစ်ကိုင်းပြတ်ရွေ့ အစိတ်အပိုင်းသည် ငလျင်လှုပ်နိုင်ခြေ မြင့်မားနေပြီး ငလျင်ပြင်းအားအဆင့် ၇ ကျော်ရှိသည့် ငလျင်ကြီးများ ဖြစ်နိုင်ကြောင်း၊ ငလျင်လှုပ်မည် ဆိုပါက ရန်ကုန်၊ နေပြည်တော်၊ ပဲခူး၊ ဖြူးအပါအ၀င် မြို့ကြီး အများစုမှာ ငလျင်ဒဏ် ခံစားရမည်ဖြစ်ကြောင်း၊ ယမန်နေ့က စစ်ကိုင်းတိုင်း ရွှေဘိုမြို့ကို ဗဟိုပြုလှုပ်ရှားသွားသည့် ငလျင်မှာ စစ်ကိုင်းပြတ်ရွေ့၏ စဥ့်ကူး အစိတ်အပိုင်းတွင် လှုပ်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ “ရန်ကုန်မြို့နဲ့ အနီးစပ်ဆုံးရှိနေတဲ့ စစ်ကိုင်းပြတ်ရွေ့က ၁၉၃၀ ခုနှစ်က ပဲခူးငလျင်ကြီး ဖြစ်စေခဲ့တယ်။ ပြင်းအားက ၇ ဒဿမ ၃ အဆင့်ရှိခဲ့တယ်။ ငလျင်က နှစ်တရာ ၀န်းကျင်ကို တခေါက်ပြန်လာတတ်တော့ မန္တလေးမြို့ရဲ့ တောင်ဘက်ကနေစပြီး ပြတ်ရွေ့ တကြောလုံးက စိုးရိမ်ရမယ့် အခြေအနေရှိတယ်။ အဲဒီနေရာတွေက လှုပ်ရင်လည်း ၆ ဒဿမ ၈ ထက်ပိုများနိုင်တယ်။ ပြင်းအား ၇ သို့မဟုတ် ၇ ထက်ပိုကြီးနိုင်တယ်။ မန္တလေးမြို့ရဲ့ တောင်ဘက်ကနေ ရန်ကုန်အထိက စိုးရိမ်စရာပေါ့” ဟု ဦးစိုးသူရထွန်းက ဆိုသည်။ ငလျင်လှုပ်နိုင်ခြေရှိသည့် မြို့ကြီးများတွင် ရန်ကုန်၊ နေပြည်တော်၊ ဖြူး၊ ပဲခူး၊ ပျဉ်းမနား၊ အပါအ၀င် စစ်ကိုင်းပြတ်ရွေ့ ဖြတ်သွား သည့် ဧရာဝတီမြစ်ကြောင်း တလျှောက်တွင် တည်ရှိသော မြို့ကြီးများ ပါဝင်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ လူဦးရေထူထပ်သည့် ရန်ကုန်မြို့သည် စစ်ကိုင်းပြတ်ရွေ့ပေါ်တွင် မတည်ရှိသော်လည်း စစ်ကိုင်းပြတ်ရွေ့နှင့် အနီးစပ်ဆုံး တည်ရှိနေသည့်အတွက် အထူးစိုးရိမ်ရကြောင်း၊ အထူးသဖြင့် အထပ်မြင့် တိုက်တာများပြားလွန်းသည့်အတွက် ပိုမို စိုးရိမ်ရကြောင်း၊ ငလျှင်ဒဏ်ခံစားရမည့် အခြေအနေမှာလည်း အောက်ခံမြေ အနေအထားပေါ်တွင် မူတည်ကွဲပြားမည် ဖြစ်ကြောင်း သိရှိရသည်။ “ရန်ကုန်မြို့ကတော့ စစ်ကိုင်းပြတ်ရွေ့ပေါ်မှာ တည့်တည့်တော့မကျဘူး။ စစ်ကိုင်းပြတ်ရွေ့က ရန်ကုန်အရှေ့ဘက် ၁၅ ကီလိုမီတာ ကျော်ကျော်လောက်ကနေ ဖြတ်သွားတာ။ ငလျင်ရဲ့သဘောအတိုင်း ရန်ကုန်ကို ဗဟိုပြု မလှုပ်ပေမယ့် ရန်ကုန်မှာက အထပ်မြင့် အဆောက်အအုံတွေ ရှိနေတော့ အန္တရာယ်ရှိတာပဲ။ ရန်ကုန်မြို့နဲ့ နီးစပ်နေတဲ့ စစ်ကိုင်း Segment က မလှုပ်တာ တော်တော်ကြာပြီ” ဟု ဦးစိုးသူရထွန်းက ဆက်လက်ရှင်းပြသည်။ ရန်ကုန်တွင် ငလျင်လှုပ်ခဲ့ပါက မြစ်ကမ်းဘေးနှင့် နီးစပ်သော နေရာများ၊ နုံးတင်မြေနုနေရာများတွင် အန္တရာယ်ပိုမိုများပြားနိုင် ကြောင်းလည်း သိရှိရသည်။ “၁၉၃၀ ပြည့်နှစ်ကတည်းက အဲဒီအပိုင်းက မလှုပ်ခဲ့တာဆိုတော့ လှုပ်မယ်ဆိုရင် ရန်ကုန်မြို့လည်း ခံရမယ်။ ဒါပေမယ့် တနေရာနဲ့ တနေရာ ခံစားရပုံချင်းတော့ တူမှာတော့မဟုတ်ဘူး။ အထူးသဖြင့် မြစ်နဲ့နီးတဲ့နေရာတွေ၊ ပုဇွန်တောင်ချောင်း၊ ရန်ကုန်မြစ် ကမ်းဘေးတွေ၊ ငမိုးရိပ်ချောင်းလို နေရာမျိုးတွေက ပိုပြီးတော့ အန္တရာယ်များတာပေါ့။ တောင်ကုန်းပေါ်မှာရှိတဲ့ ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်း နေရာတွေကတော့ အဲဒီလောက်ထိ ခံရမှာမဟုတ်ဘူး။ ငလျင်လှိုင်းက နုန်းတင်မြေနုတွေ၊ မြေအောက် ရေများတဲ့နေရာတွေမှာ ပိုကြီးတတ်တယ်။ အဲဒါကြောင့် အန္တရာယ်များတာ။ တောင်ကုန်းပေါ်မှာတော့ အဲဒီလောက် အန္တရာယ်မကြီးဘူး” ဟု ၎င်းက ဆိုသည်။ ရန်ကုန်မြို့ရှိ အထပ်မြင့် အဆောက်အအုံများသည် ငလျင်ဒဏ်ခံနိုင်စေရန် တွက်ချက် ဆောက်လုပ်မှု အလွန်နည်းပါးကြောင်း ရွှေသံလွင် ဆောက်လုပ်ရေး ကုမ္ပဏီမှ အင်ဂျင်နီယာချုပ် ဦးဝင်းနိုင်က ရှင်းပြသည်။ “ရန်ကုန်မြို့က ဆောက်ထားတဲ့ အဆောက်အအုံတွေက ငလျင်ဒဏ် ခံနိုင်စေဖို့ တွက်ချက်ဆောက်လုပ်တာ မျိုးတော့ တော်တော်နည်းတယ်။ ငလျင်လှုပ်ပြီ ဆိုရင်တော့ မလွယ်ဘူး” ဟု ဦးဝင်းနိုင်က ဆိုသည်။ ယမန်နေ့က စစ်ကိုင်းတိုင်း ရွှေဘိုမြို့ကို ဗဟိုပြုလှုပ်ခတ်သွားခဲ့သည့် ငလျင်ကြောင့် လူအနည်းဆုံး ၆ ဦး သေဆုံးပြီး ၄ ဦး ပျောက်ဆုံးကာ ၅၀ ကျော် ဒဏ်ရာရရှိကြောင်း၊ တံတားများပြိုကျခြင်း၊ ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီးခြင်း အပါအ၀င် အပျက်အစီး များပြားကြောင်း အစိုးရ၏ တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
<urn:uuid:74baa589-adef-453e-a050-1fc531a3d5e4>
CC-MAIN-2014-42
http://burma.irrawaddy.org/?slide=%E1%80%9C%E1%80%AC%E1%80%99%E1%80%8A%E1%80%B9%E1%80%B7-%E1%82%8F%E1%80%BD%E1%80%85%E1%80%B9-%E1%81%82%E1%81%80-%E1%80%A1%E1%80%90%E1%80%BC%E1%80%84%E1%80%B9%E1%80%B8-%E1%80%84%E1%80%9C%E1%80%BA
2014-10-23T12:21:10Z
s3://commoncrawl/crawl-data/CC-MAIN-2014-42/segments/1413558066290.7/warc/CC-MAIN-20141017150106-00310-ip-10-16-133-185.ec2.internal.warc.gz
mya
0.94089
Mymr
61
{"mya_Mymr_score": 0.9408902525901794, "blk_Mymr_score": 0.045616403222084045}
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများ စတင်ခဲ့ချိန်မှ ပြီးခဲ့သည့်လအထိ မြန်မာဘက်မှ တရားမဝင် ဝင်ရောက်လာ သည့် မြန်မာမွတ်စလင်များကို ဘင်္ဂလားဒေ့ရ်ှနိုင်ငံက ဖမ်းဆီးပြန်ပို့သည့် လူဦးရေ ၁ သောင်းကျော်သွားပြီ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံ နယ်ခြားစောင့်တပ် အရာရှိ၏ အဆိုအရ သိရသည်။ ၂၀၁၂ ခုနှစ် ဇွန်၊ ဇူလိုင်နှင့် နိုဝင်ဘာလများမှ စ၍ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ် နယ်စပ်မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အတွင်းသို့ တရားမဝင် ခိုးဝင်လာသူ များကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင် အဖွဲ့အစည်းများက ဖမ်းဆီးကာ တက္ကနာ အခြေစိုက် အမှတ် ၄၂ နှင့် ကော့စ်ဘာဇာ အခြေစိုက် အမှတ် ၁၇ BGB တပ်ရင်းများက တာဝန်ယူပြီး နယ်စပ်တွင် ၎င်းတို့၏ နေရပ်နိုင်ငံဆီ ပြန်လည်ပို့ဆောင်ပေးနေခြင်း ဖြစ်ကာ လူ ၁ သောင်းဝန်းကျင်ခန့် ရှိပြီဟု နယ်ခြားစောင့်တပ် ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားကြောင်း ကော့စ်ဘာဇာမြို့ထုတ် သတင်းများတွင် ယခုလ ၁၃ ရက်နေ့က ဖော်ပြသည်။ နယ်စပ်တလျှောက်မှ တရားမဝင် ဝင်ရောက်လာသည့် မြန်မာမွတ်စလင် များကို နေ့စဉ် ဖမ်းဆီးပြန်ပို့နေခြင်း ဖြစ်ပြီး နောက်ထပ် ဝင်လာမှုများလည်း ရှိနေဆဲဖြစ်ကြောင်း နယ်စပ်အနီး ဘင်္ဂလားဒေ့ရ်ှဘက်ခြမ်းမှ ခေါင်းတုန်း ကျေးရွာသား တဦးက ဆိုသည်။ “ကျနော်တို့ ဘက်မှာကတော့ ကော့စ်ဘာဇာ ခရိုင်ထဲက နေရာတိုင်းမှာ ဖမ်းလို့ရတဲ့ မြန်မာ နိုင်ငံသားတွေကို BGB ကလည်း နေ့တိုင်း သွင်းနေတာပဲ၊ ခိုးဝင်လာတဲ့ လူတွေကလည်း ဝင်နေကြတာပဲ” ဟု ခေါင်တုံးရွာသားက ပြောသည်။ ယင်းသို့ ဖမ်းဆီးပြီး ပြန်လည် ပို့ဆောင်မှုများ ရှိနေသော်လည်း ကော့စ်ဘာဇာ ခရိုင်အတွင်းမှ ကော့စ်ဘာဇာ၊ ဦးကီယာ၊ ရာမူး (ပန်းဝါ)၊ ဆော်ကော်ဒီယာ၊ မဟားဇိုးကျွန်း၊ တက္ကနာ၊ ညစ်လ၊ ရှင်မဖြူနှင့် ဘန်တရို ခရိုင်အတွင်း မြို့နယ်တချို့တွင် မြန်မာမွတ်စလင်များ ယခင်ကထက် ပိုမိုတိုးပွားလာနေပြီး ပင်လယ်အပမ်းဖြေ စခန်းတခုဖြစ်သည့် ကော့စ်ဘာဇာမြို့ ဟိန်းစရီ ရွာအနီးတွင်လည်း မြန်မာမွတ်စလင်များ ပိုမိုများလာကြောင်း ဟိန်းစရီရွာမှ ရွာသားတဦးက ပြောသည်။ “ကျနော်တို့ ရွာဘက်မှာ မြန်မာဘက်ကလူတွေ အခြေချလာတာ ပိုများလာတယ်။ ပင်လယ်ကမ်းခြေမှာ ရသလို တဲထိုးပြီး နေလာတာတွေ ပိုတွေ့လာနေရတယ်” ဟု ဟိန်းစရီရွာသားက ဆိုသည်။ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံသားများကို ဖမ်းဆီး ပြန်ပို့နေသော်လည်း ထပ်မံဝင်ရောက်မှု နည်းပါးသွားခြင်း မရှိသကဲ့သို့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံအတွင်း မြန်မာနိုင်ငံသားများ ပိုမိုတိုးပွားနေခြင်းမှာ ဖမ်းဆီးရမိသူများကို ဘင်္ဂလားဒေ့ရှ် အစိုးရ အနေဖြင့် မြန်မာအစိုးရထံ တရားဝင် အပ်နှံခြင်းမရှိသည့် အတွက်ကြောင့် ဖြစ်ကြောင်း တက္ကနာမြို့မှ ထောက်လှမ်းရေး တပ်ဖွဲ့ဝင် တဦးက ထောက်ပြပြောဆိုသည်။ “ဖမ်းတယ်၊ နယ်စပ်က ပြန်ပို့တယ်။ ဒီနေရာက ပို့တယ်ဆိုရင် ဟိုနေရာက နေပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို တနည်းမဟုတ် တနည်းနဲ့ ပြန်ဝင်တာပဲ။ ဒီတော့ ဘာမှမထူးဘူး” ဟု ရှင်းပြသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲသို့ ၀င်ရောက်လာသည့် မြန်မာမွတ်စလင်များ အနေဖြင့် ရိုသားစွာ လုပ်ကိုင် စားသောက်သူ နည်းပါးပြီး ဓားပြတိုက်၊ လုယက်၊ ပြည့်တန်ဆာ အလုပ်များကိုသာ လုပ်ကိုင်ကြကြောင်း၊ ယင်းကဲ့သို့ ပြစ်မှု ကျူးလွန်သည့် အတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများနှင့် မကြာခဏ ပြဿနာဖြစ်ပွားလေ့ရှိကြောင်း ယင်းထောက်လှမ်းရေး တပ်ဖွဲ့ဝင်က ဆက်ပြော သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် အကျဉ်းကျပြီး လွတ်မြောက်လာသူများ၊ ဒုက္ခသည် စခန်းများမှ မြန်မာနိုင်ငံသို့ ပြန်လိုသော ဒုက္ခသည်များကို မြန်မာ အစိုးရအနေဖြင့် စစ်ဆေးမှုများ ပြုလုပ်ကာ မြန်မာနိုင်ငံသား မှန်ကန်ပါက ပြန်လည် လက်ခံကြောင်း၊ ပြန်လည် လက်ခံရေး စခန်းကို မြန်မာ နယ်ခြားစောင့်တပ်က တာဝန်ယူကာ မောင်တောမြို့တွင် ဖွင့်လှစ်ထားကြောင်း သိရသည်။ မြန်မာ အစိုးရအနေဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း ဖမ်းဆီးခံရသူများကို လက်မခံခြင်း မဟုတ်ကြောင်း၊ သို့သော် ဘင်္ဂလားဒေ့ရှ် အစိုးရက အစီအစဉ်တကျမဟုတ်ဘဲ ပို့လာခြင်းကိုသာ လက်မခံနိုင်ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသည့်ြုမန်မာ နစက တပ်ကြပ်ကြီးတဦးက ပြောသည်။ “သူတို့ ပြန်ပို့သလို အခုဖမ်းပြီး အခုပြန်လက်ခံပါ ဆိုတဲ့ ပုံစံမျိုးကို ကျနော်တို့ဘက်က လက်မခံဘူး။ မြန်မာနိုင်ငံသား ဟုတ် မဟုတ်ဆိုတာကို စစ်ဆေးပြီး မှန်တယ်ဆိုရင် ယူတယ်။ အခုက သူတို့က ဖမ်းချင်တဲ့နေရာက ဖမ်းပြီး မြန်မာနိုင်ငံသားတွေပါ ဆိုပြီး လာပေးလို့ လက်မခံတာဖြစ်တယ်” ဟု ယင်း တပ်ကြပ်ကြီးက ဆိုသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း မြန်မာမွတ်စလင်များ ပိုမိုတိုးပွားလာနေသော အဓိက နေရာတခုမှာ ကော့စ်ဘာဇာခရိုင်၊ ဦးကီယာမြို့နယ်၊ ကူတူပါလန် ကျေးရွာအနီးရှိ UNHCR က ဒုက္ခသည် အဖြစ် အသိအမှတ် မပြုဘဲ ဘင်္ဂလားဒေ့ရှ် အစိုးရက နေထိုင်ခွင့် တခုသာ ခွင့်ပြုထားသော ဒုက္ခသည်စခန်းတွင် ဖြစ်ကြောင်း၊ ယခင်က လူ ၇ သောင်းကျော် ရှိခဲ့သော်လည်း အခုအခါ လူဦးရေ ၁ သိန်းကျော် ရှိလာနေကြောင်း ဒုက္ခသည်များ၏ အဆိုအရ သိရသည်။ “လူတွေကတော့ တိုးလာနေတာပဲ။ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲက နေရာအနှံ့အပြားမှာ နေတဲ့ လူတွေလည်း ပါသလို မြန်မာ နိုင်ငံဘက်က အခုမှ ပြောင်းလာကြသူတွေလည်း ရှိကြတယ်။ ဒီစခန်းမှာက ဦးစီးအဖွဲ့အစည်းလည်း မရှိတော့ လူဦးရေ ဘယ်လောက် တိုးတယ်။ ဘယ်က လူတွေ ဆိုတာ သေသေချာချာ ပြောလို့မရဘူး” ဟု ဒုက္ခသည် တဦးဖြစ်သည့် နိုဒူလ် မာမွတ်က ပြောသည်။ အလားတူ ထိုင်းနိုင်ငံအတွင်းသို့ မြန်မာ – ဘင်္ဂလားဒေ့ရှ် နယ်စပ်မှတဆင့် ဝင်ရောက်လာသည့် မြန်မာမွတ်စလင် ၄ ထောင်ကျော်ခန့် ရှိကြောင်း၊ ထိုသူတို့ကို ထိုင်းနိုင်ငံသို့ ပို့ပေးသည့် လူကုန်ကူးသည်ဟု သံသယရှိသူ ထိုင်းစစ်တပ် အရာရှိ ၂ ဦးအား ထိုင်းအထူးစုံစမ်းစစ်ဆေးရေး အဖွဲ့က စစ်ဆေးခဲ့ကြောင်း သတင်းများ၏ အဆိုအရ သိရသည်။
<urn:uuid:b2425668-5be9-4bba-a207-c13254ae8162>
CC-MAIN-2014-42
http://burma.irrawaddy.org/immigration/2013/02/18/34131.html
2014-10-25T11:55:46Z
s3://commoncrawl/crawl-data/CC-MAIN-2014-42/segments/1414119648148.32/warc/CC-MAIN-20141024030048-00259-ip-10-16-133-185.ec2.internal.warc.gz
mya
0.966523
Mymr
39
{"mya_Mymr_score": 0.9665232300758362, "blk_Mymr_score": 0.032603394240140915}
တစ်ဂိုးစီသရေကျခဲ့တဲ့ လီဗာပူးနဲ့ အာဆင်နယ်တို့ရဲ့ အန်းဖီလ်းကွင်းတိုက်ပွဲမှာ ၁၀ယောက်ကျန်လီဗာပူးကို မိနစ်၉၀မှာ ရေးနားရဲ့ အမှားကတစ်ဆင့် သရေကစားခဲ့တဲ့ အာဆင်နယ်အသင်းသားများကို အာဆင်ဝင်းဂါးက ချီးကျူးပြောဆိုလိုက်ပါတယ်။ “ကျွန်တော်တို့ ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့တယ်။ လီဗာပူးဟာ ကျွန်တော်တို့ကို ကောင်းကောင်းဒုက္ခပေးခဲ့ပြီး အခွင့်အရေးများစွာရရှိခဲ့ပေမယ့် ကျွန်တော်တို့ အရှုံးမပေးခဲ့ပါဘူး။ ဒါဟာ လီဗာပူးကွင်းမှာ ကောင်းမွန်တဲ့ရလဒ်ပါဘဲ။” ပထမပိုင်းပြီးခါနီး ဂျိုးကိုလ်း အထုတ်ခံရခြင်းနဲ့ပတ်သတ်ပြီး “ဘောလုံးက ကိုလ်စီနီ ရထားတာပါ။ ဒါပေမယ့် ဖျက်ထုတ်မှုကိုတော့ ကျွန်တော်သေချာမတွေ့ ခဲ့ဘူး” ပရီးမီးယားလိဂ် ပထမဆုံးပွဲကစားခဲ့သူ တိုက်စစ်မှုးချာမက်ရဲ့ ကစားပုံကိုလည်း ကျေနပ်မိကြောင်း ပြောခဲ့ပါတယ်။ “ချာမက် ကောင်းကောင်းကစားခဲ့ပါတယ်။ ကိုလ်စီနီလဲ ထူးထူးချွန်ချွန် ကစားခဲ့တာဘဲ။ ကျွန်တော်သူကစားတာကို သဘောကျပါတယ်” ဒုတိယပိုင်းအစတွင် ပေးခဲ့ရသော ဒေးဗစ်အန်းဂေါ့ရဲ့ ဂိုးနဲ့ပတ်ပြီး၍မူ အယ်မူနီယာကို အပြစ်တင်ရန် ငြင်းဆန်ခဲ့ပြီး လီဗာပူးတိုက်စစ်မှုးရဲ့ ထူးချွန်မှုကိုသာ ချီးကျူးခဲ့ပါတယ်။ ထိုတောအတွင်း လီဗားပူးမန်နေဂျာ ရွိုင်းဟောဒ့်ဆန်ကမူ သူ့အသင်းအနေဖြင့် ထိုက်တန်သောရလဒ်ကို မရရှိခဲ့ကြောင်း ညည်းတွားခဲ့ပါတယ်။ သို့သော်လည်း ၁၀ယောက်တည်းဖြင့် ဒုတိယပိုင်းတစ်ပိုင်းလုံး ရင်ဆိုင်ခဲ့သော အသင်းသားများကို ချီးကျူးသွားပါတယ်။ “၂မှတ်ဆုံးရှုံးရတာ စိတ်ပျက်စရာပါဘဲ။ ဒါပေမယ့်လည်း ကျွန်တော့်အသင်းသားတွေဟာ ၁၀ထဲကျန်နေချိန်မှာ ဂိုးသွင်းခဲ့တဲ့အပြင် နောက်ထပ် အခွင့်အရေးတွေလည်း ရခဲ့ပါသေးတယ်။” ဂျိုးကိုလ်းအထုတ်ခံရခြင်းနှင့် ပတ်သတ်ပြီးတော့ စိတ်မကောင်းဖြစ်ခဲ့ပေမယ့် ဒိုင်လူကြီး မာတင်အက်ကင်ဆန်ကို ဝေဖန်အပြစ်တင်ရန် ငြင်းဆိုခဲ့ပါတယ်။ “ဂျိုးကိုလ်းမှာ ပြစ်ဒါဏ်ကျူးလွန်ချင်စိတ် မရှိခဲ့တာတော့ မေးစရာမလိုပါဘူး။ သူဟာ ဘောလုံးကိုတားဖို့ ကြိုးစားခဲ့ရုံပါ။ ဒါပေမယ့် တကယ်တမ်းမှာတော့ ပြတ်သားတဲ့အမြင်ရဖို့ ခက်ခဲပါတယ်။ အခုလို တစ်ကိုယ်လုံးဆလိုက်ပြစ်ပြီး ဖျက်ထုတ်မှုမျိုးတွေမှာ ကစားသမားနှစ်ဦးကြား ထိခိုက်မှုတွေဟာ ရှိလာတတ်စမြဲပါ။ ဒိုင်လူကြီးကတော့ တကယ်ဖြစ်သွားတာထက် ပိုပြင်းထန်တဲ့ပြစ်ဒါဏ်တစ်ရပ်လို့ မြင်ခဲ့ပုံပါဘဲ။” “ကိုလ်စီနီ ကြီးကြီးမားမား ထိခိုက်မသွားတာကိုဘဲ ကျွန်တော်ဝမ်းသာပါတယ်” Ref: goal.com
<urn:uuid:4133d128-b71b-435b-a2d0-3c50acf2b84b>
CC-MAIN-2014-42
http://www.arsenalmyanmar.com/index.php?option=com_content&view=article&id=791:-fighting-spirit-&catid=1:news&Itemid=107
2014-10-26T07:40:03Z
s3://commoncrawl/crawl-data/CC-MAIN-2014-42/segments/1414119660038.53/warc/CC-MAIN-20141024030100-00184-ip-10-16-133-185.ec2.internal.warc.gz
mya
0.932926
Mymr
26
{"mya_Mymr_score": 0.9329261183738708, "blk_Mymr_score": 0.06437604874372482}
ရခိုင်တော်လှန်ရေးနိဒါန်း (အစ/အဆုံး) Arakan Revolution PDF File Download ရခိုင်တော်လှန်ရေးနိဒါန်း ------------------------------ မဟာဝိဟိံက မော်ကွန်းလင်္ကာ ------------------------------ မဟိရန်သူ၊ ဖက်မပြူသား၊ သုံးလူထွဋ်ထား၊ မြတ်ဘုရား၏၊ ကိုယ်စားရုပ်ဝါ၊ ခြောက်ရောင်ဖြာ၍၊ မဟာမုနိ၊ ဘုရားကြီးကို၊ ညွတ်ပြီးကော်ရော်၊ ရှိပူဇော်၍၊ ပင့်ခေါ်ပြီးမှ၊ ရက္ခပူရ၊ နန်းမဒေ၀ီ၊ မဟေသီနှင့်၊ အညီယဿ၊ ရံမောင်းမကို၊ ယူကြစုပြီ၊ ဆောင်ယူလီ၏။ သင့်နီဌာန၊ ရပ်ဒေသ၌၊ စောင့်ထပြီးခိုင်၊ လက်နက်ကိုင်ရို့၊ အနိုင်ပြုလျှင်း၊ ရဲမက်ချင်း၏၊ မြို့တွင်းမှန်သား၊ မြို့ပြင်များနှင့်၊ တိုင်းကားရပ်ဌံ၊ နာဂရံဟု၊ နိုင်ငံအပေါင်း၊ တောမြို့ကောင်း၌၊ ပုန်းအောင်းနီငြား၊ ရခိုင်သားကို၊ ယောက်ျားမိမ္မ၊ မလွတ်ရအောင်၊ ချိုင်နှောင်တန်းလန်း၊ ကျွဲနွားဖမ်းသို့၊ လိုင်ဂုတ်ကိုဖြတ်၊ အသီသတ်၏၊ ချောမွတ်ရူပ၊ မိမ္မလှကို၊ ပဉ္စအာရုံ၊ ကာမဂုဏ်ဖြင့်၊ မြူးတူးစိမ့်ငှာ၊ ယူကြပါ၏။ သူနာသူအို၊ ကျိုးကန်းကိုကား၊ မလိုပိတ်ထား၊ တိုက်လုပ်ငြား၍၊ သွင်းထားအပြည့်၊ ယမ်းဆီးထည့်လျှက်၊ မြိမြေ့ညက်ကြီ၊ မီးတိုက်စီ၏၊ သီလီမကြွင်း၊ လူခပင်းရို့၊ ချင်းချင်းနွီးနွီး၊ ကနိမွီးသား၊ သားထွီးသားငယ်။ အပုချေရို့၊ ပြုံးရယ်ရွှင်ဘိ၊ မှည်မသိကို၊ မွီးမိထံက၊ ယူပြီးမှလျှင်၊ လက်နှင့်ကိုင်မြှောက်၊ ကောင်းခင်ရောက်က၊ အောက်ကတဖန်၊ ဓါးကိုလှန်၍၊ ခံပြန်ပြီးခါ၊ ပြုသည်မှာကြောင့်၊ ကျကာမလွဲ၊ ရဲရဲသွီးစက်၊ အအူထွက်၏၊ တချက်မြီ၌၊ လှံကိုစိုက်၍၊ ခံလိုက်တံကျင်၊ ရင်က၀င်၏။ နှစ်လိုပျော်ပါး၊ သားမယားကို၊ ပေါင်းကြအတူ၊ မထားမူဘဲ၊ ဆွဲယူရိုက်သတ်၊ နားကြိုးတပ်လျှက်၊ ပူးပြွတ်ချိုင်နှောင်၊ ကြက်ကိုလှောင်သို့၊ ပုံဆောင်ပမာ၊ ယူကြပါ၏၊ များစွာခွတ်ထစ်၊ သတ်၍ပစ်လျှက်၊ အချစ်ဝါသနာ၊ မဟိပါငြား၊ ပျူအောက်သားသည်။ စကားမုသာဝါဒီတည်း --။ ပုံဘိတောင်နှယ်၊ ကောင်ပုတ်ဝယ်ကား၊ လူငယ်တသောင်း၊ လူကြီးပေါင်းမူ၊ သျှစ်သောင်းအစွန်၊ တသိန်းလွန်၏၊ အမှန်ယင်းခါ၊ သီလီပါ၏၊ သိမ်းကာယူထ၊ ပြည်အင်းဝသို့၊ ပါရလီငြား၊ လူယောက်ျားနှင့်၊ မပြားမှန်ထ၊ လူမိမ္မကို၊ တွက်ချရွီသော်၊ နှစ်သိန်းကျော်၏၊ ကြားသော်မြင်ခါ၊ ကြောက်ဖွယ်သာတည်း၊ ဒွါရာသံတွဲ၊ မြို့ရမ်းဗြဲနှင့်၊ မြစ်တဲဝန်းမြောင်၊ ကျွန်မာန်အောင်၌၊ ဖမ်းနှောင်ချိုင်လျှင်း၊ ယူလီခြင်းကို၊ သတင်းစကား၊ နားသာကြား၏၊ မှတ်သားတထစ်၊ ရွီတွက်စစ်၍၊ တစ်နှစ်သုံးလေး၊ စာနှင့်ရေးပြီး၊ ပီးသူမဟိ၊ ဖြစ်လီဘိခြင်း၊ ဇိဝင်္သခါ၊ ယုံမှားစွာဖြင့်၊ ဆိုရာစကား၊ ကျယ်ဝန်းလျှား၏၊ သီလားအကောင်၊ ဖူးဖူးရောင်၍၊ ပုပ်ဟောင်နံစော်၊ ရုပ်ခန္ဓာကို၊ ကာကာလင်းတ၊ သိန်းစွန်မှသည်၊ ခွီးကစလျှက်၊ ကျားသစ်ဝက်ရို့၊ လုယက်ဖန်ဖန်၊ ကိုက်စားဟန်ကို၊ ကျန်လူအများ၊ မြင်လီငြားမူ၊ ဘုရားတရား၊ သံဃာများကို၊ အားကိုးပြီးခါ၊ မြည်တမ်းပါ၍၊ ငိုခါရွီရွတ်၊ နဖူးသတ်သည်၊ ရင်ဖတ်လက်တင်ခတ်တီးတည်း --။ ရခိုင့်တော်လှန်ရေးနိဒါန်း (ပထမပိုင်း) (ရခိုင်ရာဇ၀င်သစ်ကျမ်းမှ ကောက်နှုတ်ဖော်ပြပါသည်။) ကုန်းဘောင်မင်းဆက် မြန်မာဘုရင်ဘိုးတော်င၀ိုင်း၏သားတော် အိမ်ရှိငဥပရာဇာဦးစီး၍ ရာမရကန်ငတိုးလိုက်ပါသော မြန်မာကျူးကျော်သူနယ်ချဲ့ရို့သည် လွတ်လပ်သော အချုပ်အချာအာဏာလက်နက်ပိုင် ရခိုင်နိုင်ငံတော်ကြီးအား ရခိုင်သက္ကရာဇ် (၁၁၄၆) ခု ပြာသိုလဆုတ် (၇) ရက် စနီနိ။ ခရာဇ်သက္ကရာဇ် (၁၇၈၄) ခု ဒီဇင်ဘာလ (၃၁) ရက်နိတွင် မတရားကျူးကျော်သိမ်းပိုက်လိုက်သဖြင့် ရခိုင်ပြည်နှင့် ရခိုင်လူမျိုးရို့သည် မြန်မာကိုလိုနီကျွန်ဘ၀သို့ ရောက်ခြင်းမလှရောက်လားရသည်။ ရခိုင်နိုင်ငံတော်၏နောက်ဆုံးဘုရင်မဟာသမတရာဇာ (နံတော်စနီသား၊ သက်တော် ၄၂ နှစ်၊ နန်းစံ (၂) နှစ်အား) ရခိုင်သက္ကရာဇ် (၁၁၄၆) ခု ပြာသိုလဆုတ် (၁၅) ရက် တလဂုင်္နီနိ။ ခရာဇ်သက္ကရာဇ် ၁၇၈၄ ခု ဇန္န၀ါရီလတွင် မြန်မာကျူးကျော်သူရို့သည် မတရားဖမ်းဆီးသံခြီချင်းခတ်၍ မြန်မာပြည်သို့ အကျဉ်းသားအဖြစ် ဖမ်းဆီးခေါ်ဆောင်လားကာ အမရပူရမြို့တွင် ကွပ်မျက်စီရင်လိုက်သည်။ မြန်မာကျူးကျော်သူရို့သည် ရခိုင်နိုင်ငံတော်အားသိမ်းပိုက်ပြီးနောက် ရခိုင်နိုင်ငံတော်၏မြို့တော် မြောက်ဦးတွင် မြန်မာနန္ဒငပကျန်အား မြို့ဝန်ထား၍အုပ်ချုပ်ခိုင်း၏။ သို့သော် ရခိုင်ရို့သည် မြန်မာ့သူ့ကျွန်မခံဘဲ (၁၁၄၆) ခု တပေါင်းလကစ၍ ဒါးပိုင်ကြီး၏ယောက်ဖတော်ကျော်ပုံ၏ဦးဆောင်မှုကိုခံယူကာ မြန်မာကျူးကျော်သူများအား စတင်တော်လှန်သည်။ တောင်မင်းကြီးကျော်ထွီး၊ ယင်း၏နောင်တော် မုဇုန္တတ်ကြီးဘရွေး၊ ဒါးပြန်စီးရို့အမှုးပြုသော ရခိုင်တပ်များသည်လည်း မြန်မာကျူးသော်သူရို့အား အနောက်အရပ်က တော်လှန်တိုက်ပွဲဝင်သည်။ မြန်မာနန္ဒငပကျန်သည် ရခိုင်ရို့၏တော်လှန်မှုကိုအကြောင်းပြုပြီး အပြစ်မဟိသော ရခိုင်ပြည်သူရို့အား လက်နက်ချရန်ဟုအကြောင်းပြကာ ပေါင်းတုန်အရပ်၌တထောင်၊ သရက်အုပ်အရပ်၌တထောင်၊ စံကားတောင်အရပ်၌နှစ်ထောင်၊ မြို့တော်ပရိစ္ဆေဒ၌ သုံးသောင်းခုနှစ်ထောင်၊ ပုခက်တွင်းသားအသူငယ်ရို့အား ဒါးကဇတ်သည်ကတသောင်း၊ ဘုရားပေါ်အရပ်၊ ဒိုင်းကျီအရပ်၊ မောင်းဆွဲအရပ်၊ ငရကောက်အရပ်၊ ဂေါင်းပြိုတောင်အရပ်၊ ပုရိန်အရပ်၊ ပေါင်းတုတ်အရပ်၊ ရတနာပြည်အရပ်၊ လက်မဖက်အရပ်၊ တောတန်းအရပ်၊ ကိုးဆယ့်ကိုးတောင်အရပ်၊ သံတွဲ၊ ရမ်းပြည့်၊ မာန်အောင်အရပ်ရို့၌ လူပေါင်း တသောင်းသျှစ်သောင်းလေးထောင်ရို့ကို ယင်းနှစ်အတွင်းမှာပင် အဆုံးစီရင်လိုက်သည်။ ထို့အပြင် မြန်မာနန္ဒငပကျန်သည် ဒါးပိုင်ကြီးကျော်ပုံ၏မယား ကောင်းကျော်ထင်မကိုလည်း ကာမပိုင်လင်ယောက်ကျားဟိယင့်သားနှင့် ဗလက္ကာယယုတ်မာရိုင်းပြစွာ စော်ကားခသည်။ တောင်မင်းကြီးကျော်ထွီးသည် စစ်တကောင်းအင်္ဂလိပ်မြို့ဝန်ထံမှ စစ်ရေးအကူအညီရယူရန် ကြိုးစားသည်။ အင်္ဂလိပ်ဗိုလ်ချုပ်နှင့် တွိဆုံဆွေးနွေးရာတွင် ဒါးပြန်စီး၏သမက် သာမကောင်းစံရွှီကို ဘာသာပြန်ခိုင်းသည်။ သို့သော် မပြည်လည်သောကြောင့် မြို့သစ်ချောင်းညာဖက်သို့ခိုဝင်ကာ မြန်မာကျူးကျော်သူများအား ရရာလက်နက်စွဲကိုင် တော်လှန်သည်။ အားမတန်သဖြင့် လက်ဝဲမြန်ကုန်းဖောင်သည်၊ မုဇုန္ဒာတ်ကြီးဘရွေး၊ ဒါးပြန်စီးရို့သည် အနောက်စစ်တကောင်းနယ်သို့ခိုဝင်ရောက်လာ၍ အင်္ဂလိပ်မြို့ဝန်က ကျွန်းရွာများပီးသနားထား၏။ (၁၁၄၆) ခု ကဆုန်လတွင် တောင်မင်းကြီးကျော်ထွီးသည် အနောက်စစ်တကောင်းအရပ်၌ တပ်စွဲ၍ မြန်မာကျူးကျော်သူရို့အား ခုခံတော်လှန်ယင်း လက်နက်ထိမှန်ကျဆုံးသည်။ မြန်မာနန္ဒငကျန်၏တပ်များသည် တောင်မင်းကြီးကျော်ထွီး တော်လှန်သည်ကိုအကြောင်းပြု၍ မြို့သစ်ချောင်းအရပ်မှ မိမ္မအသူငယ်ရို့အား ကြိုးတုတ်ချိုင်နှောင်ကာ မြစ်ဝတွင်ပစ်ချ၍ သတ်ဖြတ်လိုက်သည်။ အနောက်စစ်တကောင်းအရပ်မှ ရောက်လာသူ လူအပေါင်းရို့ကိုလည်း တောင်မင်းကြီးကျော်ထွီး၏လူဟုစွပ်စွဲကာ များစွာသတ်ဖြတ်လိုက်သည်။ ရခိုင်ပြည်တောင်ပိုင်း အနောက်ခုနှစ်ရိုင် တောင်စိုင်အရပ်၌ စနည်းရွာသားရို့သည်လည်း မြန်မာ့သူ့ကျွန်မခံဘဲ ရမ်းပြည့်စားဗိုလ်ပေါလုံး၊ လမုစားဗိုလ်လာခိုင်ရို့နှင့်ပေါင်းဖက်ကာ မြန်မာကျူးကျော်သူရို့အား တော်လှန်တိုက်ပွဲဝင်သည်။ ဤသည်ကိုအကြောင်းပြု၍ သံတွဲမြို့ကို ကျူးကျော်သိမ်းပိုက်ထားသော မြန်မာရာဇငသင်္ကြန်သည် သူ၏စစ်ကဲငလှကို လွှတ်ကာ စနည်းရွာသူရွာသားများအားလုံးကို အစတုန်းခြီမှုန်းလိုက်သည်။ မြန်မာကျူးကျော်သူရို့သည် ၁၁၄၉ ခု တပေါင်းလတွင် ရခိုင်ပြည်မှ ဘုန်းကြီးရဟန်း၊ မင်းသားမင်းသမီးစုစုပေါင်း ခုနှစ်ထောင့်ခုနှစ်ရာကို အမရပူရမြို့သို့ ဖမ်းဆီးခေါ်ဆောင်လားသည့်အပြင် သက္ကရာဇ် (၁၁၅၁) ခု နံယုန်လတွင် မြောက်ဦး၊ သံတွဲ၊ ရမ်းပြည့်၊ မာန်အောင်၊ လေးမြို့စသည်အရပ်ရို့က လူပေါင်းခြောက်ထောင်ကိုလည်း ယိုးဒယားသို့စစ်တိုက်ရန် ဖမ်းဆီးခေါ်ဆောင်လား၏။ သက္ကရာဇ် (၁၁၅၀) ပြည့် နတ်တော်လဆန်း (၉) ရက်နိတွင် မြန်မာအနောက်ဖက်ငတိုက်ဝန်သည် ရခိုင်နိုင်ငံတော်မြောက်ဦးမြို့သို့ ၀န်ပြုလာပြီး (၂) နှစ်ကြာလျှင် ရာထူးမှ ပြုတ်ကျ၏။ မြန်မာပုသိမ်ငသခင်သည် ငသီဟဘွဲ့နာမည်ကိုခံလျှက် ၁၁၅၂ ခု တပေါင်းလတွင် ရခိုင်နိုင်ငံမြောက်ဦးမြို့၌ ၀န်ပြုလာပြန်၏။ တနှစ်ဟိလျှင် သီ၏။ ပုသိမ်ငသခင်စုတေ့ပြီးလျှင် မြန်မာတိုင်းတာဝန်သည် အာကာကငကျော်ထင်ဟူသောနာမည်ကိုခံယူလျှက် ရခိုင်သက္ကရာဇ် (၁၁၅၃) ခု တန်းခူးလတွင် ရခိုင်နိုင်ငံမြောက်ဦးကို ၀န်ပြုလာပြန်၏။ ယင်း အာကာငကျော်ထင်သည်လည်း (၂) နှစ်ဟိလျှင် ရာထူးမှချောကျ၏။ အာကာငကျော်ထင်ရာထူးမှချောကျပြီးလျှင် မြန်မာငကျော်လှသည် ငလှရာဇာဘွဲ့ကိုခံယူ၍ ရခိုင်သက္ကရာဇ် (၁၁၅၅) ခု တပိုးထွဲလဆန်း (၉) ရက် စနီနိတွင် ရခိုင်နိုင်ငံမြောက်ဦးမြို့သို့ ၀န်လုပ်လာပြန်၏။ ငကျော်လှလက်ထက်တွင် ရမ်းပြည့်စားဗိုလ်ပေါလုံး၊ ဗိုလ်ခွင်းပေါက်၊ ဗိုလ်ကျွဲတကောင်နိုင်ရို့သည် အနောက်စစ်တကောင်းနယ်ကို ခြီကုတ်ယူကာ မြန်မာကျူးကျော်သူများအား တော်လှန်တိုက်ပွဲ၏။ နေမျိုးငကုန်ဒရာ၊ ငပေါတလီစသော မြန်မာတပ်မှုးရို့သည် အင်္ဂလိပ်စစ်တကောင်းမြို့ဝန်နှင့်ပေါင်းဖက်ပြီး ရခိုင်ဗိုလ်ပေါလုံး၊ ဗိုလ်ခွင်းပေါက်၊ ဗိုလ်ကျွဲတကောင်နိုင်ရို့အား ဖမ်းဆီးပီးရန်တောင်းဆို၏။ မြန်မာသူယုတ်ရို့သည် ရမ်းပြည့်၊ မာန်အောင်၊ မြောက်ဦး၊ လေးမြို့အရပ်အသီးသီးမှ လင်မယားအိမ်ထောင်စုံတအိမ်ကို ငွေဒင်္ဂါး (၅) ပြားစီကောက်ယူပြီးလျှင် စုစုပေါင်းငွေဒင်္ဂါး တသိန်းနှစ်သောင်းကို အင်္ဂလိပ်စစ်တကောင်းမြို့ဝန်အား လဘ်ထိုး၏။ စစ်တကောင်းအင်္ဂလိပ်မြို့ဝန်သည်လည်း ရခိုင်ဗိုလ်ပေါလုံး၊ ဗိုလ်ခွင်းပေါက်၊ ကျွဲတကောင်နိုင်ရို့အား ဖမ်းဆီး၍ (၁၁၅၆) ခု ပြာသိုလပြည့်ကျော် (၂) ရက် တလဂုင်္နီနိတွင် ပင်းဝါ (ရာမူး) ရာဇဖက်အရပ်၌ မြန်မာတပ်များအား လွှဲအပ်ပီးလိုက်၏။ အင်္ဂလိပ်မြို့ဝန်ကိုယ်တိုင် ကုလားဆင်ချောင်းဖျားတိုင်အောင် လိုက်ပို့ပီး၏။ သို့သော် ရခိုင့်ဂေါင်းဆောင်များဖြစ်ကြသော ဗိုလ်စိန်ရောင်၊ ဗိုလ်မြရောင်၊ ဗိုလ်ပက်လက်၊ ဗိုလ်ကိုးခွက်စား၊ ဗိုလ်ထွန်းဦး၊ ဗိုလ်မျက်တောင်ဖြူ၊ ဗိုလ်တိုင်းချစ်ပရံ၊ နတ်တောင်စားဗိုလ်ရွှေကျော်၊ ဗိုလ်ဆယ်ခင်းစီးစသော သွီးသောက်ရဲဗိုလ်ကိုးဦးကား အင်္ဂလိပ်ရို့၏အဖမ်းအဆီးကိုတိမ်းယှောင်ကာ မြန်မာကျူးကျော်သူများအား အယာမခံ စွမ်းမာန်တရဲ ဆက်လက်တော်လှန်တိုက်ပွဲဝင်ခကတ်ပါသည်။ ဤသည်မှာ ပထမအကြိမ် (ရခိုင့်တော်လှန်ရေးနိဒါန်း) ပင်ဖြစ်ပါသည်။ ရခိုင်တော်လှန်ရေးနိဒါန်း (ဒုတိယပိုင်း) မြန်မာမြို့ဝန် ငလှရာဇာ (ခေါ်) ငကျော်လှသည် နှစ်နှစ်ခန့်ကြာသော် ရာထူးမှပြုတ်ကျ၏။ မြန်မာငစိန်ဘူးသည် ငလှကျော်ထင်နာမည်ကိုခံ၍ ရခိုင်သက္ကရာဇ် (၁၁၅၆) ခု နတ်တော်လတွင် ရခိုင်နိုင်ငံ မြောက်ဦးမြို့တွင် ၀န်ပြုလာ၏။ ထို့အပြင် ဘိုးတော်င၀ိုင်းလည်း မင်းကွန်းစေတီတည်ရန် ရခိုင်လူမျိုးနှစ်ထောင်ပီးရမည်ဟု တောင်းလာပြန်၏။ ရခိုင်နိုင်ငံတ၀ှမ်း လေးမြို့၊ မြောက်ဦး၊ သံတွဲ၊ ရမ်းပြည်။ မာန်အောင်ရို့မှ အုတ်ဖုတ်ရန်အတွက် လူပေါင်းနှစ်ထောင်ကို စုရုံးကောက်ခံလာသောကြောင့် မခံမရပ်နိုင်သော ရခိုင်ပြည်သူပြည်သားများသည် လက်ယာမြန်ရွာအုပ် ဗိုလ်ထုံးစံ၊ ဗိုလ်ကောစွေ၊ င်္ဒဂါးတောင်စား ဗိုလ်တုံးစံရွှီရို့၏ ဦးဆောင်မှုကိုခံယူကာ ရခိုင်သက္ကရာဇ် (၁၁၆၀) ပြည့် တန်းဆောင်ဘုန်းလဆန်း င်္အဂါနိတွင် မြန်မာကျူးကျော်သူများအား ထပ်မံတော်လှန်ပါသည်။ မြို့စောင့်မြန်မာတပ်ရို့လည်း ရခိုင်ရို့၏တော်လှန်မှုကိုတိုက်ဖျက်ရန် သူရဲလက်နက်များစွာနှင့် မြို့သူကြီးငသံတွေ၏သား စိုင်းတင်စားဗိုလ်ချင်းပြန်ကို စေလွှတ်လိုက်၏။ မယူကမ်းအောင်တပ်သို့ရောက်လျှင် သစ္စာစောင့်သိသော ဗိုလ်ချင်းပြန်သည် မြန်မာမြို့ဝန် သီရိငကျော်ထင်နှင့် အခွန်စာရွီး ဇေယျငကျော်ရို့အား အစတုန်းသတ်ပစ်လိုက်၏။ ဗိုလ်ချင်းပြန်သည် အောင်တပ်အရပ်က စတင်တော်လှန်၍ လက်ရုံးဗိုလ်နှင့်ပူးပေါင်းကာ မယူကမ်းအောင်တပ်တွင် တပ်တည်၍နီ၏။ ရခိုင်နိုင်ငံ သံတွဲမြို့ကို ကျူးကျော်အုပ်ချုပ်နီသော မြန်မာကျော်ထင် ငသီဟသည် ဤသတင်းကိုကြားသောအခါ ရဲမက်ဗိုလ်ပါအပေါင်းဖြင့် မြောက်ဦးသို့ချီလာ၍ ရမ်းပြည့်၊ မာန်အောင်၊ လေးမြို့ဝန်ရို့အား ဗိုလ်ချင်းပြန်အားတိုက်ခိုက်ရန် မယူကမ်းသို့ချီတက်ခိုင်း၏။ ရခိုင်သက္ကရာဇ် (၁၁၆၀) ပြည့် ပြာသိုလတွင် မယူကမ်းကျွဲရိုင်းခုံ၌ တပ်တည်၍နီသော ရခိုင်ဂေါင်းဆောင်ဗိုလ်ချင်းပြန်၊ လက်ရုံးဗိုလ်၊ ပလက်စားဗိုလ်စံအမှုးပြုသော ရခိုင်တပ်များနှင့် ကျူးကျော်လာသော မြန်မာတပ်ရို့ အကြီးအကျယ်တိုက်ပွဲဖြစ်ပွား၏။ ဗိုလ်ချင်းပြန်ရို့တပ်သည် အနောက်စစ်တကောင်းနယ်သို့ ဆုတ်ခွာပီးရ၏။ မြန်မာတပ်ရို့သည် နောက်ကလိုက်၍ ပင်းဝါဂေါ်တောပလ္လင်တွင် တပ်တည်လာ၏။ ထိုအကြောင်းကို စစ်တကောင်း အင်္ဂလိပ်မြို့ဝန်ကြားသော် အင်္ဂလိပ်စစ်တပ်အားချီတက်ခိုင်း၍ ဂေါ်တောပလ္လင်တွင် တပ်ပြိုင်ချထား၏။ ထိုအကြောင်းကို ဘိုးတောင်င၀ိုင်းကြားသောအခါ ပင်းတလဲငဗိုလ်ကို တောင်ကြောင်းခရီး၊ အရှိဝင်းမှုးငတာကို ရီကြောင်းခရီး၊ အသီးသီးလွှတ်၍ အင်အားဖြည့်တင်းလာ၏။ ရခိုင်သို့ရောက်သောအခါ မြန်မာကျူးကျော်သူများသည် ရခိုင်တော်လှန်ရေးဂေါင်းဆောင်ကြီးများဖြစ်ကြသော ဗိုလ်ချင်းပြန်၊ လက်ရုံးဗိုလ်၊ ပလက်စားဗိုလ်စံ၊ ဗိုလ်ကောစွေ၊ ဗိုလ်တုံးစံရွှေရို့အားဖမ်းပီးရန် အင်္ဂလိပ်အစိုးရထံ တောင်းခံ၏။ အင်္ဂလိပ်ကမပီးဘဲငြင်းဆန်သောအခါ ရခိုင်သက္ကရာဇ် (၁၁၆၀) ပြည့် တပိုးထွဲလပြည့်နိတွင် မြန်မာကျူးကျော်တပ်နှင့် အင်္ဂလိပ်တပ် စစ်ဖြစ်ပွား၏။ အင်္ဂလိပ်ဖက်မှ အင်္ဂလိပ်ဗိုလ်မှုးနှစ်ဦးကျဆုံး၍ ကုလားစစ်သည် (၁၀၀) ကျော် သီဆုံး၏။ ကျူးကျော်သူမြန်မာတပ်ရို့သည် ဗိုလ်ချင်းပြန်၏တော်လှန်မှုကိုအကြောင်းပြု၍ ရခိုင်နိုင်ငံအ၀ှမ်း ရခိုင်သားအမြောက်အမြားကို သတ်ပစ်လိုက်၏။ ဤသည်မှာ ရခိုင်သက္ကရာဇ် (၁၁၅၇) ခုနှစ်မှ (၁၁၆၀) ပြည့်နှစ်အထိ “ဒုတိယပိုင်း ရခိုင်တော်လှန်ရေးနိဒါန်း” စိုင်းတင်မြို့စားဗိုလ်ချင်းပြန်၏ ပထမအကြိမ် မြန်မာတော်လှန်ရေးဖြစ်သည်။ ရခိုင့်တော်လှန်ရေးနိဒါန်း (တတိယပိုင်း) ရခိုင်သက္ကရာဇ် ၁၁၆၀ မှ ၁၁၇၃ ခုအထိ “ဒုတိယပိုင်း ရခိုင့်တော်လှန်ရေးနိဒါန်း” ဗိုလ်ချင်းပြန်၏ ဒုတိယအကြိမ် မြန်မာတော်လှန်ရေး မြန်မာရို့သည် ရခိုင်တော်လှန်ရေးဂေါင်းဆောင်များဖြစ်ကြသော ဗိုလ်ချင်းပြန်၊ လက်ရုံးဗိုလ်၊ ပလက်စားဗိုလ်စံ၊ ဗိုလ်တုံးစံရွှေ၊ အရှိဝင်းမှူး၊ လက်ဝဲမြန်ဖောင်သာရို့အားဖမ်းဆီးပီးရန် အင်္ဂလိပ်အစိုရထံ အကြိမ်ကြိမ်တောင်းဆို၏။ အိန္ဒိယတိုင်းမင်းကြီးလည်း အကောက်ဝန်ဧရကောက်ကိုသံပြု၍ မြန်မာဝန်များဖြစ်ကြသော ကျော်ထင်ငသီဟ၊ ရမ်းပြည့်ဝန် ငလယ်ကိုင်းစား၊ မာန်အောင်ဝန်ရို့နှင့် ရခိုင်သက္ကရာဇ် (၁၁၆၁) ခု နတ်တော်လတွင် မြောက်ဦးမြို့ ဗားဗူတောင်ထိပ်၌ မျက်နှာစုံညီအစည်းအဝေးပြု၏။ သက္ကရာဇ် ၁၁၆၈ ခု နံယုန်လတွင် ယိုးဒယားထိုင်းနိုင်ငံသို့ စစ်တိုက်ရန် ရခိုင်လေးမြို့တွင်နီသော လူပေါင်းများစွာကို မြန်မာရို့သည် အတင်းအဓမ္မသိမ်းရုံးဆောင်ယူလား၏။ ဗိုလ်ချင်းပြန်သည် စစ်တကောင်းနယ်မှ ယှောင်ထွက်လာပြီးလျှင် များစွာသောသူရဲအပေါင်းနှင့် နတ်မြစ်လက်ယာဖက်၌အစောင့်ချထားသော မြန်မာတပ်မှူးမုံတောစားကို ခြီမှုန်းပြီးလျှင် မယူကမ်းအောင်တပ်၌ အောင်တပ်တည်၍နီ၏။ သက္ကရာဇ် ၁၁၇၃ ခု ကဆုန်လတွင် မြောက်ဦးမြို့ကို အကြီးအကျယ်ထိုးနှက်တိုက်ခိုက်၍ မြန်မာကျူးကျော်သူများထံမှ ပြန်လည်သိမ်းပိုက်ရယူလိုက်၏။ ဤသည်ကိုကြားလျှင် မာန်အောင်၊ ရမ်းပြည်၌တပ်စွဲထားသော မြန်မာတပ်များလာ၍တိုက်၏။ ဗိုလ်ချင်းပြန်၏တပ်များသည် လက်နက်အင်အားမမျှသဖြင့် ဆုတ်ခွာကာ ဆည်တိုင်ကန်တွင် တပ်တည်၍နီ၏။ မာန်အောင်ဝန် ငရန်တိုင်၊ ရမ်းပြည့်ဝန် လက်ယာစည်သူ ငနော်ရထာ၊ သံတွဲဝန်ငရွှေပန်းစသော မြန်မာကျူးကျော်သူများသည် ဗိုလ်ချင်းပြန်တပ်စွဲရာသို့ လာ၍တိုက်၏။ သို့သော် မာန်အောင်ဝန်အစဟိသော မြန်မာကျူးကျော်သူများသည် တယောက်မကျန် ခြီမှုန်းခြင်းခံရ၏။ ထိုအခါ မြန်မာတပ်မှူး ဗိုလ်မှူးရို့သည် ရှိဆက်မတိုက်ဝံ့ဘဲ ကြောက်ရွံ့ကာ လောင်းကိုပစ်၍ ကုန်းကြောင်းထွက်ပြီးကြကုန်၏။ မြန်မာငရွှေပန်း၊ ရမ်းပြည့်မြန်မာဝန် လက်ယာစည်သူ ငနော်ရထာရို့သည် သူရဲဘောကြောင်စွာ ထွက်ပြီးကြကုန်၏။ ထိုအခါ ဗိုလ်ချင်းပြန်နှင့် လက်ရုံးဗိုလ်ရို့သည် မြန်မာလူမျိုးအများအပြားကိုသတ်၍ လက်နက်အမြောက်အများကို သိမ်းပိုက်ရယူလိုက်၏။ ဗိုလ်ချင်းပြန်လည်း ဗိုလ်ချုပ်မျက်တောင်ရှည်ကို “နန္ဒိသေနဗန္ဓုလ”ဘွဲ့အပ်နှင်း၍ စစ်သူကြီးအရာပီးသနားတော်မူ၏။ ဗိုလ်ချင်းပြန်။ လက်ရုံးဗိုလ်၊ ဗိုလ်ချုပ်မျက်တောင်ရှည်ရို့ဦးဆောင်သော ရခိုင်တပ်ရို့သည် ဆက်လက်ချီတက်ကာ ရမ်းပြည့်၊ မာန်အောင်၊ သံတွဲနယ်အားလုံးကို မြန်မာကျူးကျော်သူများလက်ထဲမှ ပြန်လည်သိမ်းပိုက်ရယူလိုက်၏။ ရခိုင်နိုင်ငံတော်၏ပြည်မဖက်တွင် ဗိုလ်ချင်းပြန်သည် လက်ယာမြန်အရပ်၌ ပလက်စားဗိုလ်စံ၊ တပ်မှူးဗိုလ်မောင်ရွှေရို့ကို၎င်း၊ ငရကောက်အရပ်၌ နောင်တော်လေးမြို့စားကျော်အောင်ကို၎င်း၊ ရွှေနတ်ပင်အရပ်၌ ဗိုလ်အောင်ကျော်ရွှီကို၎င်း၊ လောင်းကြက်မြို့ဟောင်း၌ ဗိုလ်စော်ကဲ၊ တပ်မှူးသောက်ကြာအောင်ကို၎င်း၊ ရန်းဝမြစ်က ဗိုလ်နန်းရွှီ၊ တပ်မှူးသာရကန္တ၊ ဗိုလ်တိုးအောင်ကျော်ရို့ကို၎င်း၊ ခုနှစ်ခရိုင်တောင်စိုင်တွင် မြန်မာရို့လာလမ်းဖြစ်သော မအီအရပ်က တောင်စားဗိုလ်မှူးမောင်ညို၊ တပ်မှူးညိုရောင်ဖြူရို့အား အသီးသီးတပ်စောင့်ချထား၏။ ဤသို့အသီးသီးတပ်စောင့်ချထားပြီး ဗိုလ်ချင်းပြန်သည် ဂစ္ဆပနဒီမြန်အနောက်ဖက်ကမ်း ရိုးငူအရပ်၌ တပ်စီးတပ်နင်းပြု၍နီသည်ကို ဘိုးတော်င၀ိုင်းကြားသောအခါ ရခိုင်နိုင်ငံတော်တွင်ကျန်ဟိနီသော အကြွင်းအကျန်မြန်မာတပ်ရို့အား အင်အားဖြည့်တင်းရန် ငလှစည်သူကို စေလွှတ်လိုက်၏။ ထိုနှစ်တွင် ဗိုလ်ချုပ်မျက်တောင်ရှည်၊ လမ္မုစားရို့ဦးစီးသော ရခိုင်တပ်များနှင့် ရမ်းပြည့်မြို့တွင်ဟိသော မြန်မာတပ်များ အကြီးအကျယ်တိုက်ပွဲဖြစ်ပွား၏။ ရခိုင်တပ်များသည် အင်အားဖြည့်တင်းထားသော မြန်မာတပ်များနှင့်တိုက်ခိုက်ရာ အင်အားမမျှသဖြင့် လက်ဖန်အညာအရပ်သို့ဆုတ်ခွာပီးရကာ ရခိုင်သက္ကရာဇ် ၁၁၇၃ ခု ၀ါခေါင်လဆန်း (၂) ရက် စနီနိတွင် စနည်းချောင်း၌ လှီတပ်တည်၍နီ၏။ သံတွဲမြို့ကိုဝိုင်းရံထားသော ရခိုင်ဗိုလ် မြို့သစ်စားမောင်ငယ်၊ ဗိုလ်ဘချစ်ရည်ရို့လည်း စစ်ရေးမသာသောကြောင့် ထိုသက္ကရာဇ် ၀ါခေါင်လတွင် လမ္မုချောင်းဝ၌ တပ်တည်၍နီရကုန်၏။ မာန်အောင်မြို့ကို ၀ိုင်းရံထားသော လက်ရုံးဗိုလ်၊ တိမ်ကြားဗိုလ်ရို့လည်း စစ်ရေးမမျှသဖြင့် မာန်အောင်မြို့ အုန်းချောင်းဝ၌ တပ်တည်၍နီရ၏။ ဤသို့ ရမ်းပြည့်၊ သံတွဲ၊ မာန်အောင်ရို့၌ ရခိုင်တပ်ရို့ အင်အားမသာကြောင်းကြားသိရလျှင် မြန်မာမြို့ဝန် ငလှစည်သူသည် အသစ်ခန့်ထားသော မာန်အောင်ဝန်ကို အရှိခုနှစ်ခရိုင်ကိုတိုက်ရန် လွှတ်လိုက်၏။ မြန်မာမာန်အောင်ဝန် သူရဲတထောင်နှင်ချီလာပြီး ရခိုင်သက္ကရာဇ် ၁၁၇၃ ခု ၀ါခေါင်လပြည့်နိ၌ မအီချောင်းဝတွင် တပ်တည်လာ၏။ ယင်းသို့ တပ်တည်လာသော မာန်အောင်ဝန်သစ်တပ်အား ရခိုင်ဗိုလ်လမ္မုစားရွှေလူလား၍တိုက်သော် မြန်မာမာန်အောင်ဝန်သစ်တပ်တည် တယောက်မကြွင်းပြုန်း၏။ ထိုအခါ မြန်မာဆင်ဖြူကျွန်းဗိုလ်သည် အရေးမလှသောမြန်မာတပ်ရို့အား အင်အားဖြည့်တင်းရန် လူတထောင်နှင့် စစ်ကူရောက်လာ၏။ ၄င်းသက္ကရာဇ် တော်သလင်းလတွင် ဒါးလချောင်းဝ၌ တပ်တည်လာပြန်၏။ ထိုသတင်းကိုကြားသောအခါ မြန်မာဆင်ဖြူကျွန်းဗိုလ်တပ်အား ရခိုင်တိမ်ကြားဗိုလ်တပ်လား၍တိုက်သော် မြန်မာတပ်ရို့ အတုန်းအရုံးသီကြီပျက်စီး၏။ ယင်းနှစ်တွင် မြောက်ဦးဝန် မြန်မာငကျော်ထင်သည် မြို့သူကြီးငရကောက်ကို ဗိုလ်ချုပ်ခန့်ပြီးလျှင် ကုန်းအားရီအားချီလာပြီး လောင်းကြက်မြို့ဟောင်း၌ တပ်စောင့်ချ၍နီသော ရခိုင်ဗိုလ်စော်ကဲ၊ ဗိုလ်မှူးသောက်ကြာအောင်ရို့တပ်အား အကြီးအကျယ်ထိုးနှက်တိုက်ခိုက်၏။ တပ်မှူးသောက်ကြာအောင်သည် လက်နက်ထိမှန်သီဆုံး၏။ ၎င်းသက္ကရာဇ် တန်းဆောင်ဘုန်းလဆုတ် (၅) ရက် တလင်းလာနိတွင် လက်ယာမြန်အရပ်၌ တပ်စောင့်နီသော ပလက်စားဗိုလ်စံ၊ တပ်မှူးမောင်ရွှေရို့ဦးစီးသောရခိုင်တပ်ရို့အား မြန်မာတပ်ရို့လာတိုက်သဖြင့် အင်အားနည်းသော ရခိုင်တပ်များသည် ကုန်းကြောင်းအားဖြင့် ဆုတ်ခွာပီးရ၏။ ငရကောက်အရပ်၌ တပ်စွဲထားသော ဗိုလ်အောင်ကျော်၊ ရွှေနတ်ပင်တပ်စောင့် ဗိုလ်အောင်ကျော်ရွှီရို့လည်း ဗိုလ်ချင်းပြန်နီသော ဇေယျဝတီမြို့သို့ဆုတ်ခွာပီးရ၏။ အရေးမသာသောအခြင်းအရာများကို ကြားရသောအခါ ဗိုလ်ချင်းပြန်သည် ဇေယျဝတီမြို့၌ဟိသော တပ်မှူးဗိုလ်မှူးရို့နှင့်တိုင်ပင်၍ စစ်ယှုံးသော ဗိုလ်မျက်တောင်ရှည်၊ လမ္မုစားဗိုလ်ရွှေလူ၊ ဗိုလ်တလိုင်းရှည်၊ ဒင်္ဂါးတောင်စား တုံးစံရွှီ၊ ဗိုလ်စော်ကဲအစဟိသော သုံးရာ့ခုနှစ်ကျိတ်သောလူရို့ကို မြန်မာနှင့်စစ်ပြီးသောအခါ အကုန်သူအား သတ်ပစ်မည်ဟု မှားယွင်းစွာတိုင်ပင်၏။ ထိုအခိုက် မြန်မာတိုင်းတာဝန် အာကာငကျော်ထင်သည် နဂါးရစ်မော်တင်လမ်းက ချီလာ၏။ မကျည်းကျွန်းအနားသို့ရောက်သောအခါ စတုကျွန်း၌တပ်စောင့်ချနီသော ရခိုင်ဗိုလ် တိုးအောင်ကျော်တပ် ဆီးကြိုတိုက်ခိုက်သဖြင့် မြန်မာတိုင်းတာဝန် အာကာငကျော်ထင်သည် မခံမရပ်နိုင်ဖြစ်ပြီး ထွက်ပြီး၍ သံတွဲမြို့ထဲသို့ခိုဝင်ကာ သံတွဲဝန်နှင့်ပေါင်းဖက်၍နီ၏။ တခါ ဗိုလ်ကျားကြီး၊ မြို့သစ်စား ငဝေစသော မြန်မာတပ်များပေါင်းဖက်၍ စတုမြစ်သို့ချီလာပြန်၏။ မြန်မာဗိုလ်ကျားကြီးတပ်နှင့် စတုကျွန်း၌တပ်စွဲနီသော ရခိုင်တပ်ရို့သည် ရီကြောင်းတိုက်ပွဲဖြစ်ပွားရာ စစ်ကူမရသော ရခိုင်တပ်များ အရေးမလှဆုတ်ခွာပီးရ၏။ ၄င်းရခိုင်စတုတပ်လည်း ရမ်းပြည့်စနည်းဖက်သို့ခိုဝင်ကာ ဗိုလ်မျက်တောင်ရှည်တပ်နှင့် ပေါင်းဖက်၍နီ၏။ ထိုအခါ မြန်မာတိုင်းတာဝန်အာကာငကျော်ထင်နှင့် မြင်းဝန်ငမှိုင်းရို့သည် ကုန်းရီအားချီလာပြီး သံစစ်မြစ်သို့ရောက်လျှင် စနည်းတွင်တပ်ချ၍နီသော ဗိုလ်ချုပ်မျက်တောင်ရှည်တပ်နှင့်တွိဆုံ၍ တိုက်ပွဲဖြစ်ပွား၏။ ဗိုလ်ချင်းပြန်ပြောဆိုသောစကားကိုကြားနှင့်ပြီးသော ဗိုလ်ချုပ်မျက်တောင်ရှည်သည် အနည်းငယ်မျှ ရင်ဆိုင်တိုက်ခိုက်ပြီး ယှောင်ထွက်လားလီ၏။ မြန်မာတိုင်းတာဝန်ငကျော်ထင်လည်း ရမ်းပြည့်၊ မာန်အောင်၊ သံတွဲမြို့ကို အစောင့်ချထားခပြီးလျှင် မြောက်ဦးမြို့တော်သို့ ချီတက်လာ၏။ ကျောက်ငနွားအရပ်သို့ရောက်သောအခါ ရခိုင်တပ်များနှင့်တွိဆုံ၏။ သို့သော် ရခိုင်တပ်မှူးရို့သည် ဗိုလ်ချင်းပြန်၏စကားကို ကြားနှင့်ပြီးဖြစ်သောကြောင့် တိုက်ခိုက်လိုသည့်ဆန္ဒမဟိဘဲ တိမ်းယှောင်၍ နီကုန်၏။ ဗိုလ်ချင်းပြန်လည်း ကျူးကျော်လာသောမြန်မာတပ်ရို့အားတိုက်ခိုက်ရန် လမ္မုစားရွှေဗိုလ်၊ မြုံထောင်စားရို့ကို ထပ်လောင်း၍ ချီတက်ခိုင်း၏။ ရခိုင်တပ်မှူးဗိုလ်မှူးရို့သည် ဗိုလ်ချင်းပြန်၏အကြံကို သိရင်းစွဲဟိကြသည်နှင့် ထိုသို့ဤသို့ရာ တိမ်းယှောင်လားကြကုန်၏။ ဗိုလ်ချင်းပြန်သည် ဤအခြင်းအရာကို ကြားသိရသောအခါ မတည်မရပ်နိုင်ဘဲ နောင်တပူပန်ယူကျုံးမရဖြစ်ကာ လေးမြို့နီ ရခိုင်လူဦးရေစုစုပေါင်း ကိုးသောင်းကိုးထောင်ကို သိမ်းကျုံးပြီး ရခိုင်သက္ကရာဇ် ၁၁၇၃ ခု ပြာသိုလပြည့် ဗုဒ္ဓူးနိတွင် ဇေယျဝတီမြို့မှ အင်္ဂလိပ်ပိုင် အနောက်ဘင်္ဂလားနယ်သို့ တိမ်းယှောင်ထွက်ခွာလာရ၏။ မြန်မာတိုင်းတာဝန် အာကာငကျော်ထင်သည် တပ်အလုံးအရင်းဖြင့် အနောက်ဘင်္ဂလားဖက်သို့ချီတက်လာပြီး မုံတောတွင် တပ်စခန်းချလာပြန်၏။ ဤသို့ မြန်မာတိုင်းတာဝန်တပ်ချီလာကြောင်းကို အင်္ဂလိပ်စစ်တကောင်းမြို့ဝန် ကြားသိလျှင် အင်္ဂလိပ်တပ်များသည်လည်း အင်အားများစွာနှင့် နတ်မြစ်လက်ယာဖက်ကမ်းအရပ်၌ တပ်တည်လာ၏။ ဤသို့ ဗိုလ်ချင်းပြန်နှင့် လက်ရို့ဗိုလ်ရို့သည် ရခိုင်နိုင်ငံတ၀ှမ်းလုံးအား မြန်မာကျူးကျော်သူများလက်ထဲမှ ပြန်လည်သိမ်းပိုက်ထိမ်းချုပ်နိုင်ပြီးခါမှ မြန်မာစစ်အင်အားဖြည့်တင်းလာသည်ကို မခုခံနိုင်ဘဲ ပြန်လည်ဆုတ်ခွာ ပီးလိုက်ရကုန်၏။ (ဤသည်မှာ ရခိုင်သက္ကရာဇ် ၁၁၆၀ မှ ၁၁၇၃ ခုအထိ “ဒုတိယပိုင်း ရခိုင့်တော်လှန်ရေးနိဒါန်း” စိုင်းတင်မြို့စား ရခိုင်ဗိုလ်ချင်းပြန်၏ “ဒုတိယအကြိမ် မြန်မာတော်လှန်ရေး” ဖြစ်ပါသည်) ရခိုင့်တော်လှန်ရေးနိဒါန်း (တတိယပိုင်း) ရခိုင်သက္ကရာဇ် ၁၁၇၄ မှ ၁၁၈၅ အထိ “ဒုတိယပိုင်း ရခိုင့်တော်လှန်ရေးနိဒါန်း” ဗိုလ်ချင်းပြန်၏ “တတိယအကြိမ် မြန်မာတော်လှန်ရေး” ဗိုလ်ချင်းပြန်သည် အနောက်ဘင်္ဂလားနယ်သို့ ခိုလှုံလာရပြီးနောက် ယောက်ဖတော်လက်ရုံးဗိုလ်နှင့် စွမ်းရည်ဟိသော တပ်မှုးဗိုလ်မှုးရိုအား ပြန်လည်စုရုံးပြီးလျှင် သူရဲလက်နက်ကိုင်များကိုလွှတ်၍ ရခိုင်သက္ကရာဇ် ၁၁၇၄ ခုနှစ် ကဆုန်လတွင် မြန်မာရို့တပ်စွဲထားသော ငကြည်းတောင်တပ်ကို တိုက်ခိုင်း၏။ မြန်မာတပ်မှုးငလွန်းသည် အရေးမလှ ယှုံးနိမ့်ထွက်ပြီးရ၏။ ထိုအကြောင်းကို မြန်မာဝန်ငကျော်ထင်ကြားသော် ဗိုလ်မှုးတပ်မှုးသူရဲလက်နက်ကိုင်များကို စေလွှတ်၍ ရခိုင်တပ်များအား တိုက်ခိုင်းစီသော် ရခိုင်ဗိုလ်ချင်းပြန်တပ်သားများသည် မခံမရပ်နိုင်၍ ဘင်္ဂလားနယ်သို့ ဆုတ်ခွာပီးရ၏။ အင်္ဂလိပ်အစိုးရလည်း လမ္ဗုစားဗိုလ်ရွှေလူနှင့် ဗိုလ်ချင်းပြန်မယား (မိမင်း) ရို့အား လှည့်ဖျားခေါ်ယူပြီးလျှင် ဒေလီပဆာသို့ပို့ဆောင်ကာ အစောင့်အယှောက်ဖြင့်ထား၏။ ဗိုလ်ချင်းပြန်ယောက်ဖ လက်ရုံးဗိုလ်သည် အင်္ဂလိပ်၏အဖမ်းအဆီးခံရ၍ စစ်တကောင်း၌အကျဉ်းချထားလီရာ အကျဉ်းထောင်၌ပင် ကွယ်လွန်အနိစ္စရောက်၏။ သို့တိုင်အောင် အယာမခံ ဗိုလ်ချင်းပြန်သည် တပ်မှုးဗိုလ်မှုးလူသူလက်နက်ရို့အား စုရုံးပြီးလျှင် ဘင်္ဂလားမှပြန်ထွက်ခွာကာ နတ်မြစ်လက်ယာဖက် မင်္ဂလာကြီးအရပ်၌တပ်တည်၍ မြန်မာကျူးကျော်သူရို့အား ထပ်မံတော်လှန်၏။ ဗိုလ်ချင်းပြန်သည် သူ၏အစ်ကို လေးမြို့စားအောင်ကျော်၊ ဒင်္ဂါးတောင်စား တုံးစရွှီ၊ ဗိုလ်စော်ကဲနှင့် တပ်မှုးဗိုလ်မှုးရို့အားရုံးစု၍ သူ၏ယောက်ဖအသက်နှံကို ဗိုလ်ချုပ်ခန့်ကာ မြန်မာဝန်ငကျော်ထင်ကို ရီကြောင်းကုန်းကြောင်းချီ၍ တိုက်၏။ ဤအကြောင်းကို မြန်မာဝန်ငကျော်ထင်ကြားသိသော် ရမ်းဗြဲမှ မြန်မာသူရဲများနှင့် ရမ်းဗြဲဝန် လက်ယာငစည်သူကို ဗိုလ်ချုပ်ခန့်၍ ချီတက်ခိုင်းရာ ရခိုင်သက္ကရာဇ် ၁၁၇၄ ခု ပြာသိုလတွင် ရခိုင်ဗိုလ်ချင်းပြန်၏တပ်နှင့် မိုးစည်းမြစ်တွင်တွိဆုံ၍ ရင်ဆိုင်တိုက်ပွဲဖြစ်ပွား၏။ ဗိုလ်ချင်းပျံ၏တပ်များ လက်နက်အင်အားမမျှသဖြင့် မိုးစည်းကျွန်းသို့ ဆုတ်ခွာပီးရ၏။ ထိုအခါ မြန်မာတပ်ရို့သည် မိုးစည်းကျွန်း၌ဟိသော ရခိုင်ပြည်သူအပေါင်းအား ဗိုလ်ချင်းပြန်၏လူဟုစွပ်စွဲပြီး မြီလှန်သတ်ဖြတ်လိုက်၏။ ထိုအကြောင်းကို နောက်ချီလာသော ဗိုလ်အောင်ကျော်၊ ဗိုလ်ချင်းပြန်၏ယောက်ဖ ဗိုလ်ချုပ်အသက်နှံကြားသိရလျှင် တပ်ရပ်နီပြီး ဗိုလ်ချင်းပြန်သည် မင်္ဂလာကြီးအရပ်ကပြောင်း၍ ရှောက်ချောင်းဖျား၌ ရခိုင်သက္ကရာဇ် ၁၁၇၄ ခု၊ တပိုးထွဲလတွင် သရက်ချိုမြို့ကို တည်၍နီ၏။ မြန်မာစိန်ဘူးငကျော်ထင်သည် အများမကြာသီလွန်၏။ စိန်ဘူးငကျော်ထင်သီလွန်ပြီးနောက် မြန်မာ မဟာငနော်ရထာသည် ရခိုင်သက္ကရာဇ် ၁၁၇၅ ခုနှစ် နတ်တော်လတွင် ရခိုင်ဝန်ပြုလာ၏။ ဗိုလ်ချင်းပြန်လည်း သမက်တော် တိမ်ကြားဗိုလ်နှင့် တပ်မှုးဗိုလ်မှုးရို့အား အသီးသီးခန့်၍ သူရဲတထောင်နှင့် မြန်မာမြို့ဝန် မဟာငနော်ရထာကို တိုက်ရန်စေလွှတ်လိုက်၏။ ဗိုလ်ချင်းပြန်၏တပ်မှုးဗိုလ်မှုရို့လည်း တပ်ချီတက်လာ၍ ဂစ္ဆပနဒီမြစ်ညှာဝသို့ရောက်သောအခါ မြန်မာငနော်ရထာသတင်းရပြီး မြန်မာမြို့သူကြီး ငရန်ကင်းကို ဗိုလ်ချုပ်ခန့်၍ များစွာသော လက်နက်ကိုင်ရို့နှင့် ချီတက်ခိုင်း၏။ ထိုအခါ ရခိုင်သက္ကရာဇ် ၁၁၇၅ ခု ပြာသိုလတွင် ဂစ္ဆပနဒီ (ကုလားတန်) မြစ်ညှာကူးဝတွင် ရခိုင်ဗိုလ်ချင်းပြန်၏တပ်နှင့် မြန်မာတပ်များ ရခိုင်တိုက်ပွဲဖြစ်ပွား၏။ ဗိုလ်ချင်းပြန်တပ်များ များစွာထိခိုက်နစ်နာ ဆုံးယှုံး၏။ ထိုအခါ ဗိုလ်ချင်းပြန်လည်း သရက်ချိုမြို့မှ ပြောင်းရွှိကာ ပင်းဝါ (ရာမူး) ဘင်္ဂလားနယ်သို့ ဆုတ်ခွာလာ၏။ ကြွင်းကျန်သော ရခိုင်တပ်ရို့သည်လည်း မြန်မာတပ်ရို့၏၀ိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခြင်းခံရ၏။ သို့သော် ရခိုင်သူရဲရို့သည်ကား မြန်မာကျူးကျော်သူများအား အယာမခံ စွမ်းမံတရဲ အလံမလှဲ တော်လှန်တိုက်ပွဲဝင်ခကတ်ပါသည်။ ဗိုလ်ချင်းပြန်သည် ပင်းဝါရာမူးနယ်သို့ ၀င်ရောက်လာကြောင်းကို စစ်တကောင်းအင်္ဂလိပ်မြို့ဝန်ကြားသိလျှင် ဗိုလ်ချင်းပြန်အားဖမ်းဆီးစီပြန်၏။ ဗိုလ်ချင်းပြန်သည် တောနက်ထဲသို့ ၀င်ပုနုးနီရ၏။ မြန်မာဝန် မဟာငနော်ရထာလည်း ရခိုင်သက္ကရာဇ် တပေါင်းလမှစ၍ အနောက်ပြည်မှလာသော ရခိုင်သားရို့အား၎င်း၊ ရခိုင်ပြည်၌ကြွင်းကျန်ရစ်သောလူသန်လူမြန်အားလုံးအား ဗိုလ်ချင်းပြန်၏လူဟုစာရင်းသွင်းကာ အစတုံး ခြီမှုန်းပစ်လိုက်၏။ ၁၁၇၄ ခုနှစ်မစ၍ (၅) နှစ်တိုင်တိုင် ရခိုင်ပြည်၌ စပါးဆန်ရီယှားပါးကာ အငတ်ဘေးကြောင့် လူပေါင်းမြောက်များစွာ သီကြီပျက်စီး၏။ ထိုနောက် ရခိုင်သက္ကရာဇ် ၁၁၇၇ ခု၊ တပိုးထွဲလ ခရစ်သက္ကရာဇ် ၁၈၁၅ ခု ဇန္န၀ါရီလ (၂၄) ရက်နိတွင် ဗိုလ်ချင်းပြန်သည် ပင်းဝါ ဖလောင်းဆူအရပ်၌ ဆုံဆို့နာဖြင့် ကွယ်လွန်အနိစ္စရောက်၏။ ဇန္န၀ါရီ (၂၈) ရက်နိတွင် ကောင်းမွန်စွာသဂြိုဟ်ခြင်းပြီးစီး၏။ (ဤသည်မှာ “ဒုတိယပိုင်းရခိုင်တော်လှန်ရေးနိဒါန်း” စိုင်းတင်မြို့စားဗိုလ်ချင်းပြန်၏ “တတိအကြိမ်မြောက် မြန်မာတော်လှန်ရေး” ဖြစ်သည်။) (ရခိုင်ပေါင်းကူး သာလှဦး) ||22.214.171.124||3/22/2009 8:41:19 AM|| Email Address: Press (Ctrl + Shift) To Type. Font Download (Click Run. Password = zawgyimandalay ) Please type "arakan" Save Document Print Document
<urn:uuid:9b1cd6bb-a61c-46f2-b6fb-811292a1985f>
CC-MAIN-2014-42
http://www.arakanmusic.com/UNI/message.asp?id3=892
2014-10-22T22:19:18Z
s3://commoncrawl/crawl-data/CC-MAIN-2014-42/segments/1413507447660.26/warc/CC-MAIN-20141017005727-00168-ip-10-16-133-185.ec2.internal.warc.gz
mya
0.869695
Mymr
26
{"mya_Mymr_score": 0.8696953058242798, "blk_Mymr_score": 0.12623360753059387}
အားလုံးအတွက် အနွေးထွေးဆုံး တစ်ခုတည်းသောနေရာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၁ မှ ၂၂ ရက်နေ့အထိ ကျင်းပမည့် နေပြည်တော် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ (ဆီးဂိမ်း) တွင် ချီးမြှင့်မည့် ဆုတံဆိပ်စာရင်း ထွက်လာသည်။ ရွှေတံဆိပ်ပေါင်း ၄၆၀၊ ငွေတံဆိပ်ပေါင်း ၄၆၀ နှင့် ကြေးတံဆိပ် ၆၃၇ ဆု၊ စုစုပေါင်း ၁၅၅၇ ဆု ချီးမြှင့်မည်ဟု ပြည်ထောင်စု အားကစားဝန်ကြီးဌာနက မေလ ၂၃ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။ ကြေးတံဆိပ် အရေအတွက် ရွှေနှင့် ငွေတို့ထက် များနေခြင်းမှာ ပူးတွဲ တတိယ နေရာများရှိနေသဖြင့် များနေရခြင်း ဖြစ်သည်။ ၂၀၁၁ ခုနှစ် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် ဆီးဂိမ်းတွင်မူ အားကစားနည်းပေါင်း ၄၄ မျိုး ထည့်သွင်း ကျင်းပခဲ့ပြီး ဆုတံဆိပ်ပေါင်း ၅၅၄ ဆုချီးမြှင့်ခဲ့သည်။ ထိုစဉ်က ရွှေတံဆိပ်များ ဆွတ်ခူးခဲ့ကြသည့် နိုင်ငံများမှာ အိမ်ရှင် အင်ဒိုနီးရှား ၁၈၂ ဆု၊ ထိုင်း ၁၀၉၊ ဗီယက်နမ် ၉၆၊ မလေးရှား ၅၉၊ စင်ကာပူ ၄၂၊ ဖိလစ်ပိုင် ၃၆၊ မြန်မာ ၁၆၊ လာအို ၉၊ ကမ္ဘောဒီးယား ၄ နှင့် အရှေ့တီမော ၁ တို့ ဖြစ်ကြသည်။ ဆီးဂိမ်းပြိုင်ပွဲတွင် ၁၁ နိုင်ငံ ယှဉ်ပြိုင်ကြသည့် အနက် ၁၀ နိုင်ငံက ရွှေတံဆိပ် အသီးသီး ဆွတ်ခူးခဲ့ကြသော်လည်း ဘရူနိုင်း နိုင်ငံက ရွှေတံဆိပ် မရရှိဘဲ ငွေတံဆိပ် ၄ ဆုနှင့် ကြေးတံဆိပ် ၇ ဆုသာ ဆွတ်ခူးနိုင်ခဲ့သည်။ နေပြည်တော် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ် အများဆုံး ချီးမြှင့်မည့် အားကစားနည်းများမှာ ပြေးခုန်ပစ် (အမျိုးသား/အမျိုး သမီး) ရွှေတံဆိပ် ၄၆ ဆု၊ ရေကူး (ဒိုင်ဗင်၊ ၀ါတာပိုလို) ၄ ဆု၊ တိုက်ကွမ်ဒို ၂၁ ဆု၊ နပန်း ၂၁ ဆု၊ စစ်တုရင် ၁၈ ဆု၊ ဂျူဒို ၁၈ ဆု၊ ကင်ပို ၁၈ ဆု၊ ပိုက်ကျော်ခြင်း/ရိုးရာခြင်း ၁၈ ဆု၊ ဗိုဗီနမ် ၁၈ ဆု၊ ကရာတေး ၁၇ ဆု၊ ရိုးရာလှေ ၁၃ ဆု၊ ကနူး/ကယတ် ၁၆ ဆု၊ ပန်ကတ်ဆီလတ် ၁၅ ဆု၊ လက်ဝှေ့ ၁၄ ဆု၊ မွေ (လက်ဝှေ့) ၁၄ ဆု၊ စက်ဘီး ၁၃ ဆု၊ ရွက်လှေ ၁၃ ဆု၊ ဘိလိယက်/စနူကာ ၁၂ ဆု၊ သေနတ်ပစ် ၁၂ ဆု၊ ပီတန်း ၁၁၊ အလေးမ ၁၁ ဆု၊ မြားပစ် ၁၀ ၊ အနောက်တိုင်းလှေ ၉ ဆု၊ မြင်းစီး ၆ ဆု၊ ကြက်တောင် ၅ ဆု၊ ကာယဗလ ၅ ဆု၊ ဂေါက် ၄ ဆု၊ စားပွဲတင် တင်းနစ် ၄ ဆု၊ ဘတ်စကက်ဘော ၂ ဆု၊ ဘော်လီဘော ၂ ဆု၊ ဘောလုံး ၂ ဆု၊ ဖူဆယ် ၂ ဆု (အမှန်မှာ ဘောလုံးနှင့် ဖူဆယ်မှာ တအုပ်စုတည်း ဖြစ်သည်) တို့ ဖြစ်ကြောင်း အားကစားဝန်ကြီးဌာန၊ ၂၇ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပါဝင်ကစားမည့် အားကစားများ သိကောင်းစရာ စာအုပ်တွင် ဖော်ပြသည်။ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့် အားကစားနည်း ၃၃ မျိုးအနက် ယခင်က မြန်မာနိုင်ငံတွင် အဖွဲ့ချုပ်လည်း မရှိ အားကစား ပြိုင်ပွဲ (ပြည်တွင်းရော၊ နိုင်ငံတကာ) များ လုံးဝ မရှိခဲ့သည့် အားကစားနည်း ၇ မျိုး ပါဝင်လာသည်ကို တွေ့ရသည်။ ယင်း အားကစားနည်းများမှာ မြင်းစီး ၆ ဆု၊ ကမ်ပို ၁၈ ဆု၊ မွေ လက်ဝှေ့ ၁၄ ဆု၊ ပန်ကာဆီလတ် ၁၅ ဆု၊ ပီတန်း ၁၁ ဆု၊ ဗိုဗီနမ် ၁၈ ဆု၊ နပန်း ၂၁ ဆု ဖြစ်သည်။ ယင်း အားကစားနည်း ၇ မျိုးတွင် ချီးမြှင့်မည့် ရွှေတံဆိပ်ပေါင်းမှာ ၁၀၃ ဆုအထိ ရှိသည်။ ယင်း အားကစားနည်းများမှာ ပြိုင်ဘက်နိုင်ငံ အချို့တွင်သာ နှစ်ရှည်လများ လေ့ကျင့်ပြိုင်နေကြသည့် အားကစားနည်းများ ဖြစ်သည်။ ယင်း အားကစားနည်းများကို ပြည်ပတွင် တကြိမ် နှစ်ကြိမ်၊ ပြည်တွင်းတွင် ယခု အကြိမ် သက်ဆိုင်ရာ မြန်မာ အားကစား သမားများ ယှဉ်ပြိုင်ကြရခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ယင်း အားကစားနည်းများမျ ရွှေတံဆိပ်များ ဆွတ်ခူး ရရှိရန် မလွယ်ပါ။ တမျိုးလျှင် ရွှေတံဆိပ် ၁ ဆုစ၊ ၂ ဆုစ ထက် ပိုရရှိနိုင်ဖွယ် မရှိပါ။ ရွှေတံဆိပ် ၁၀၃ ဆု ချီးမြှင့်ရာတွင် မြန်မာနိုင်ငံက အားကစားနည်းပေါင်း ၇ မျိုးတွင် ရွှေတံဆိပ် ၁၀ ဆုထက် ပိုရနိုင်ဖွယ် မရှိဟု သတ်မှတ်ရမည် ဖြစ်သည်။ သို့ဖြစ်ရာ ကျန် ရွှေတံဆိပ် ၉၀ ခန်ု့ကို ပြိုင်ဘက် နိုင်ငံများကသာ ခွဲယူသွားကြပါလိမ့်မည်။ ပြိုင်ဘက် နိုင်ငံများဟု ဆိုရာ၌လည်း ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံများက အများစု ရရှိသွားဖွယ် ရှိပါသည်။ အထက်ပါ အားကစားနည်း ၇ မျိုး အနက် မြင်းစီးနှင့် နပန်း အားကစားနည်း နှစ်မျိုးမှလွဲ၍ ကျန် အားကစားနည်း ၅ မျိုးမှာ သက်ဆိုင်ရာ နိုင်ငံများ၏ ရိုးရာ အမည်ခံ အားကစားနည်း များသာ ဖြစ်ကြပါသည်။ အဘယ်ကြောင့် ရွှေတံဆိပ် ၁၀၀ ကျော် ရှိသော တိုင်းတပါးတို့၏ အားကစားနည်း ၅ မျိုးနှင့် မြန်မာပြည်တွင် လေ့လာ လိုက်စား ပြိုင်ဆိုင်မှု မရှိသလောက် ဖြစ်သည့် နိုင်ငံတကာ နပန်းပြိုင်ပွဲနှင့် နိုင်ငံတကာ မြင်းစီးပြိုင်ပွဲများကို ယခု အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲတွင် ထည့်သွင်း ကျင်းပပေးပါသနည်းဟု မေးရမလိုပင် ဖြစ်ပါသည်။ နိုင်ငံတကာ နပန်းပြိုင်ပွဲမှာ အိုလံပစ် အားကစားနည်းအဖြစ်မှ ဖယ်ထုတ်တော့မည့် အနေအထား ရှိနေသည်။ ယင်း အားကစားနည်း ၇ မျိုးနှင့် ဆန့်ကျင်ဘက် သဖွယ် အားကစားနည်း ၉ မျိုးပေါင်းမှ ရွှေတံဆိပ် ၂၈ ဆု ချီးမြှင့်ရသည့် ပြိုင်ပွဲများလည်း ရှိနေခဲ့သည်။ ယင်း အားကစားနည်း ၉ မျိုးထဲတွင် မြန်မာ ရွှေတံဆိပ်ဆု ရနိုင်သည့် အားကစားနည်း ဘယ်နှမျိုး ပါဝင်ပါသနည်း။ ယခင် ပြိုင်ပွဲများ ရလာဒ်အရ ဆိုလျှင် အားကစားနည်း ၉ မျိုးပေါင်းမှ ရွှေတံဆိပ် ၁၀ ခုထက် ပိုရနိုင်မည် မထင်ပါ။ နည်းကောင်း နည်းသွားနိုင်ပါသေးသည်။ သို့ဖြစ်ရာ အားကစားနည်း ၁၇ မျိုးသာ ကျန်ပါတော့သည်။ ယင်း အားကစားနည်းများမှာ ပြေးခုန်ပစ် ၄၆၊ ရေကူး ၄၁၊ မြားပစ် ၁၀၊ ဘိလိယက် ၁၆၊ စက်ဘီး ၁၃၊ စစ်တုရင် (ရိုးရာအပါ) ၁၈၊ ဂျူဒို ၁၈၊ ကရာတေး ၁၇၊ အနောက်တိုင်းလေ…..၉၊ ပိုက်ကျော်ခြင်း (ရိုးရာပါ) ၁၈၊ သေနတ်ပစ် ၁၂ ၊ ရွက်လှေ ၁၃၊ ရိုးရာလှေ ၁၇ နှင့် အလေးမ ၁၁ တို့ ဖြစ်ကြသည်။ အားကစားနည်း အလိုက် တမျိုးစီ ယခင် ဆီးဂိမ်းများမှ ရလာဒ်များကို ပြန်လည်သုံးသပ်ကြည့်လျှင် မြန်မာ အားကစား ရွှေရောင်ခေတ်တွင် ဦးဆောင်ခဲ့သည့် ပြေးခုန်ပစ်သည် ၂၀၁၁ ဆီးဂိမ်းတွင် ရွှေတံဆိပ် မရပါ။ ၂၀၀၉ လာအို ဆီးဂိမ်းတွင် ရွှေတံဆိပ် ၂ ဆု ရရှိခဲ့ခြင်းမှာ မီဒီယာသမား အများအသိပင် ဖြစ်သည်။ သို့ရာတွင် ဆီးဂိမ်း တကြိမ်ပြီး တကြိမ်ကျဆင်းလာရာ ၁၉၉၇ ခုနှစ် အင်ဒိုနိးရှားနိုင်ငံ ဂျာကာတာ မြို့တွင် ကျင်းပသည့် ၁၉ ကြိမ်မြောက် ဆီးဂိမ်းတွင် ရွှေတံဆိပ် လုံးဝ မဆွတ်ခူးနိုင်တော့ပါ။ ငွေ ၂ နှင့် ကြေး ၅ သာ ရပါသည်။ ၁၉၉၉ ဘရူနိုင်း ဆီးဂိမ်းတွင် ငွေတံဆိပ်သာ ရပါသည်။ ချယ်ရီ မီတာ ၄၀၀ တန်းကျော် အပြေးနှင့် အေးအေးနွယ် သံပြားဝိုင်းပစ် တို့ ရရှိခြင်း ဖြစ်သည်။ ၂၀၁၁ မလေးရှား ဆီးဂိမ်းတွင် မီတာ ၁၀၀၀ ပြေးပွဲတွင် အောင်သူရ ရသည့် ရွှေတံဆိပ် ၁ ဆုသာ ရသည်။ ၂၀၁၃ ဗီယက်နမ် ဆီးဂိမ်းတွင် အမျိုးသား မီတာ ၁၅၀၀ ပြေးပွဲ၌ အောင်သီဟက ရွှေတံဆိပ် ၁ ဆု၊ ယဉ်ယဉ်ခိုင်က အမျိုးသမီး မီတာ ၄၀၀ တွင် ရွှေတံဆိပ် ၁ ဆုနှင့် ယဉ်ယဉ်ခိုင်၊ လဲ့လဲ့ဝင်း၊ မြင့်မြင့်အေးနှင့် ကေခိုင်လွင်တို့ ပြေးသည့် ၄ x ၄၀၀ မီးတာ အလံကိုင် ပြေးပွဲတွင် ရွှေတံ ၁ ဆု ဆွတ်ခူးခဲ့သည်။ ထိုင်းနိုင်ငံ ဆိးဂိမ်း တွင် ရွှေတံဆိပ် ရရှိခြင်း မရှိခဲ့ပါ။ သို့ရာတွင် ၂၀၀၅ လာအို ဆီးဂိမ်းတွင် အမျိုးသား မီတာ ၅၀၀၀ ပြေးပွဲ၌ ရွှေတံဆိပ် ရသည့် အောင်ခိုင်နှင့် အမျိုးသမီး မီတာ ၂၀ လမ်းလျှောက်ပြိုင်ပွဲတွင် ရွှေတံဆိပ်ရ ကေခိုင်မျိုးထွန်းတို့မှာ ပြေးခုန်ပစ်လောကမှ အံသြဖွယ်ရာ ပျောက်ကွယ်နေ သည်။ သို့ဖြစ်ရာ ပြေးခုန်ပစ် ပြိုင်ပွဲတွင် ချီးမြှင့် ရွှေတံဆိပ် ၄၆ ဆု အနက် ရွှေတံဆိပ် မည်မျှ နေပြည်တော် ဆီးဂိမ်းတွင် ဆွတ်ခူး နိုင်မည်ကို မှန်းဆ ကြည့်နိုင်သည်။ ရေကူး အားကစားနည်းတွင် ဒိုက်ဗင်နှင့် ၀ါတာပိုလို ကစားနည်းများ ပေါင်းပြီး ရွှေတံဆိပ် ၄၁ ဆု ချီးမြှင့်မည်ဖြစ်ရာ ဒိုက်ဗင်နှင့် ၀ါတာပိုလို ကစားနည်းများ ကျွန်းဆွယ်နှင့် ဆီးဂိမ်းပြိုင်ပွဲများ တလျှောက်တွင် လုံးဝ ရွှေတံဆိပ် မရခဲ့ပါ။ ရေကူး အားကစားနည်း တွင်မူ မြန်မာရေကူး အားကစားသမားများသည် “ရေလွှာသင်ဖျူး၊ ငါးပျံမြူးဟန်” ဟူသည့် ဆောင်ပုဒ်နှင့် အညီ ကျွန်းဆွယ်ပြိုင်ပွဲတင်မက အာရှ အားကစားပွဲ၊ နိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲကြီးများပါ ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့ကြသည်။ သို့သော် အရှေ့တောင် အာရှ အားကစားပွဲတွင် မူ ၁၉၇၁ ခုနှစ် လောက်ကတည်းက ရွှေတံဆိပ် မရခဲ့တော့ပါ။ ၂၀၀၁ ခုနှစ် မလေးရှား ဆီးဂိမ်းမှာတော့ မြန်မာ ရေကူး သူရဲကောင်း အမျိုးသမီး ထွက်ပေါ်လာခဲ့သည်။ သူက အမျိုးသမီး ရေကူးမယ် မိုးသူအောင် ဖြစ်သည်။ မိုးသူအောင်က ကွာလာလမ်ပူ ဆီးဂိမ်းပြိုင်ပွဲမှာ အဲဒီအချိန် လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြား နေသည့် စင်ကာပူရေကူးမယ် ဂျိုစလင်းကို မီတာ ၅၀ အလွတ်တန်း ပြိုင်ပွဲတွင် အနိုင်ရပြီး ရွှေတံဆိပ်ဆွတ်ခူးခဲ့သည်။ မိုးသူအောင်သည် မီတာ ၁၀၀ အလွတ်ကူးတွင် ငွေတံဆိပ်၊ မီတာ ၁၀၀ လိပ်ပြာကူးတွင် ငွေတံဆိပ် စုစုပေါင်း ရွှေတံဆိပ် ၁ ဆု၊ ငွေတံဆိပ် ၂ ဆု ကို ၂၀၀၁ ကွာလာလမ်ပူ ဆီးဂိမ်းတွင် ဆွတ်ခူးနိုင်ခဲ့သည်။ ယင်းနောက် ရေကူးပြိုင်ပွဲတွင် မြန်မာ ရေကူးသမားများနှင့် ဆုတံဆိပ်နှင့် ဝေးခဲ့သည်မှာ ၁၀ နှစ်ကျော်ရှိခဲ့ပြီဖြစ်သည်။ ၂၀၀၃ ခုနှစ်အတွင်း သက်တမ်းအလိုက် ဖိတ်ခေါ် ရေကူး ပြိုင်ပွဲတွင် မြန်မာကလေးငယ်များ အောင်မြင်မှု ရခဲ့ကြသည်။ သို့ရာတွင် အသက်ကန့်သတ်မဲ့ဖြင့်ပြိုင်ရသည့် ဆီးဂိမ်းလို ပြိုင်ပွဲများအတွက် အသက်ငယ်လွန်း အားကြီးနေသည်။ နုလွန်း နေသေးသည်။ ယင်း ကလေးငယ်များ ဆက်ထိန်းနိုင်ကြလျှင် ၂၀၁၅ စင်ကာပူ ဆီးဂိမ်းတွင် ဆုတံဆိပ် ရရန် မျှော်မှန်းနိုင် သည်။ နေပြည်တော် ဆီးဂိမ်းတွင် ဆုတံဆိပ် အများဆုံးပေးသည့် (၄၆+၄) ပြေးခုန်ပစ်နှင့် ရေကူး ဒိုက်ဗင် ၀ါတာပိုလို ပြိုင်ပွဲများက လက်ရှိ အနေအထားအရ ရွှေတံဆိပ် မမျှော်လင့်နိုင်ပါ။ သို့ဖြစ်ရာ အားကစားနည်း ၁၈ မျိုးမှ ရွှေတံဆိပ် မည်မျှ ရရှိမည်ကို ခန့်မှန်းနိုင်ကြမည် ဖြစ်သည်။ တင်ပြခဲ့သည့် အားကစားနည်း ၁၈ မျိုး နုတ်လိုက်လျှင် နေပြည်တော် ဆီးဂိမ်းတွင် ထည့်သွင်း ကျင်းပမည့် အားကစားနည်း ၁၅ မျိုးသာ ကျန်သည်။ ယင်း ၁၅ မျိုးထဲမှ ရွှေတံဆိပ် အများဆုံး ရနိုင်သည့် အားကစားနည်း များမှာ ဘိလိယက်/စနူကာ ၁၂၊ ကနူး/ကယက် ၁၆၊ စက်ဘီး ၁၃၊ စစ်တုရင် ၁၈၊ ဂျူဒို ၁၈၊ ကရာတေး ၁၇၊ အနောက်တိုင်းလှေ ၉၊ ပိုက်ကျော်ခြင်း+မြန်မာခြင်း ၁၈၊ တိုက်ကွမ်ဒို ၂၁၊ ရိုးရာလှေ ၁၇၊ အလေးမ ၁၁၊ လက်ဝှေ့ ၁၄ စသည်တို့မှ သာလျှင် မြန်မာ အားကစားအဖွဲ့အတွက် ရွှေတံဆိပ် (များ) ဆွတ်ခူးပေးနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။ အားကစား ပြိုင်ပွဲကြီး များကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးသည့် နိုင်ငံများသည် ဆုတံဆိပ် (ရွှေ) များများ ရရှိရေးထက် (တတ်နိုင်လျှင်) လိုအပ်သလို အိမ်ရှင်ကောင်း ပီသစွာဖြင့် ပြိုင်ပွဲဝင် ဧည့်နိုင်ငံအားလုံး စိတ်ချမ်းမြေ့စွာဖြင့် ယှဉ်ပြိုင်နိုင်ကြ ဖို့ လည်းကောင်း၊ ပြိုင်ပွဲများ စနစ်တကျ စည်းကမ်းရှိရှိ ကျင်းပပေးနိုင်ရန် လည်းကောင်း၊ ကျင်းပပေးသည့် ပြိုင်ပွဲတိုင်း တရား မျှတစွာဖြင့် ပါဝင်ယှဉ်ပြိုင်သည့် နိုင်ငံအားလုံး သက်ဆိုင်ရာ အားကစားနည်းအလိုက် ချမှတ်ထားသော စည်းမျဉ်း စည်းကမ်းဥပဒေဘောင်အတွင်း မှန်မှန်ကန်ကန် ယှဉ်ပြိုင်ခွင့်ရရေးတို့ကလည်း ရွှေတံဆိပ်များများ ရရှိရေးထက် အိမ်ရှင် နိုင်ငံအတွက် ပို၍ တာဝန်ရှိသည်၊ ပို၍ အရေးကြီးသည်။ အိုလံပစ် ဆောင်ပုဒ်ကတော့ “NOT TO WIN BUT TO PERTICIPATE” (အနိုင်ရရန် မဟုတ်၊ ယှဉ်ပြိုင်ခြင်းသာ ဖြစ်သည်) ဟူ၍ ဖြစ်ပါသည်။ အိမ်ရှင်နိုင်ငံများသည် ရုပ်ပျက်ဆင်းပျက် ရှုံးဖို့ မဟုတ်သလို ရုပ်ပျက်ဆင်းပျက် မတရား အနိုင်ရဖို့လည်း မသင့်ပါပေ။ ကြည့်ရှူ့သွားသူ - 94 မှတ်ချက်ပေးမယ်
<urn:uuid:11dde4dc-4f83-4d55-939e-ea0ff90d5eb5>
CC-MAIN-2014-42
http://friendsmyanmar.ning.com/profiles/blogs/4557204:BlogPost:2320198
2014-10-25T14:29:54Z
s3://commoncrawl/crawl-data/CC-MAIN-2014-42/segments/1414119648297.22/warc/CC-MAIN-20141024030048-00290-ip-10-16-133-185.ec2.internal.warc.gz
mya
0.988436
Mymr
14
{"mya_Mymr_score": 0.9884361028671265, "blk_Mymr_score": 0.011136820539832115}
Local News International News <p class="rtejustify">ဆီးရီးယားနိုင်ငံ ကိုဘာနီမြို့မှာ ကာ့ဒ်တိုက်ခိုက်ရေးသမားများနှင့် အိုင်အက်စ် လက်နက်ကိုင်များ အကြား တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွါးနေပြီး တိုက်ဂျက်လေယာဉ်များဟာလ ကြေညာချက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ သတင်းများ ပေးပို့လိုပါက ဖက်စ် - ဝ၆၇-၇၉၃၂၂ သို့ ပေးပို့နိုင်ပါသည်
<urn:uuid:c662e9bd-6d0b-4268-8516-f92b072a1284>
CC-MAIN-2014-42
http://www.mrtv.gov.mm/
2014-10-25T14:30:23Z
s3://commoncrawl/crawl-data/CC-MAIN-2014-42/segments/1414119648297.22/warc/CC-MAIN-20141024030048-00290-ip-10-16-133-185.ec2.internal.warc.gz
mya
0.997596
Mymr
2
{"mya_Mymr_score": 0.997596263885498}
၄၆ နှစ်အတွင်း ပြည်ပကို ဆန်အများဆုံး တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မြန်မာ ဝန်ကြီးပြောကြား မြန်မာနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ ၉ လ အတွင်း ပြည်ပကို ဆန်နဲ့ ဆန်ထွက် ပစ္စည်း တန်ချိန် ၁ သန်း ၁ သိန်း တင်ပို့နိုင်ခဲ့ကြောင်းနဲ့ ဒါဟာ ပြီးခဲ့တဲ့ ၄၆ နှစ်ကြာကာလအတွင်း ပြည်ပကို ဆန်တန်ချိန် ပမာဏ အများဆုံး ရောင်းချနိုင်ခဲ့တာ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးဝင်းမြင့်က နေပြည်တော်မှာ ကျင်းပတဲ့ ဆန်ဝယ်ယူရေးနဲ့ ဆန်စပါးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးမှာ ပြောကြား ခဲ့တယ်လို့ မြန်မာပြည်က စနေနေ့ ရောက်ရှိလာတဲ့ သတင်းတွေမှာဖေါ်ပြထားပါတယ်။ ဒီအတောအတွင်း ကမ္ဘာပေါ်မှာ ဆန်တင်ပို့မှု အများဆုံးနိုင်ငံတွေအဖြစ် ထိုင်းနိုင်ငံ ဆန်ကုန်သည်ကြီးများ အသင်းရဲ့ သောကြာနေ့ ထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့နှစ်အတွင်း အိန္ဒိယနိုင်ငံက ဆန်တန်ချိန် ၉ သန်းခွဲ၊ ဗီယက်နမ်က ဆန်တန်ချိန် ၈ သန်းနီးပါးနဲ့ သူတို့ထိုင်းနိုင်ငံက ဆန်တန်ချိန် ၇ သန်းနီးပါး နိုင်ငံခြား တိုင်းပြည်တွေကို တင်ပို့ရောင်းချခဲ့ကြောင်း ဖေါ်ပြထားပါတယ်။
<urn:uuid:76c51b34-6cdb-49ba-a026-740940d13d9d>
CC-MAIN-2014-42
http://www.rfa.org/burmese/news/export-rice-01052013231025.html
2014-10-31T19:26:18Z
s3://commoncrawl/crawl-data/CC-MAIN-2014-42/segments/1414637900160.30/warc/CC-MAIN-20141030025820-00097-ip-10-16-133-185.ec2.internal.warc.gz
mya
0.951721
Mymr
42
{"mya_Mymr_score": 0.9517207741737366, "blk_Mymr_score": 0.0324975848197937, "und_Mymr_score": 0.012983391992747784}
~ "ရယ်မောတတ်တဲ့ အကျင့်ရှိဖို့လည်း လိုအပ်ပါတယ်။ ...ဟာသရုပ်ရှင်များကြည့်ခြင်း၊ နောက်ပြောင် ပြောဆိုခြင်း တို့က ဦးနှောက်ထဲက endorphin –level ကို မြင့်တက်စေပါတယ်..." ဉာဏ် ကောင်းကိုကောင်းစေရပါမယ် လို့တော့ မဟုတ်ပါဘူး။ သေချာတာကတော့ ဦးနှောက်ကို ဖွံ့ဖြိုးတိုးတက်စေမယ့် နည်းလမ်းများ ဖြစ်တဲ့အတွက် ဘာသာပြန် မျှဝေပေးလိုက်ပါတယ်။ 1. Go for a walk with a friend လုပ်ငန်းခွင်ရယ်လို့ မဟုတ်ပါ၊ သင်တန်း၊ကျောင်း တက်သူများအနေနဲ့လည်း ရုံးတက်၊ ကျောင်းတက်ချိန် မိတ်ဆွေ သူငယ်ချင်းနဲ့ သွားရပါမယ်။ အဲဒီလိုသွားခြင်းက လူမှုဆက်ဆံရေး၊ ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်း၊ စိတ်ပိုင်းဆိုင်ရာ တက်ကြွရေး တို့မှာ တိုးတက်စေပြီး ဦးနှောက်ကို သန်မာစေပါတယ်။ 2. Solve Puzzles, Play Games ဉာဏ်စမ်းဂိမ်းများ၊ ပဟေဠိဂိမ်းများ ဆော့ကစားပေးရပါမယ်။ ဖြေရှင်းရ ခက်သော ဆူဒိုခု၊ စာလုံးစီ တို့ကို ဆော့ကစား ပေးခြင်း၊ အလွယ်တကူ ဆော့ရသော ဖုန်းထဲမှ ဂိမ်း၊ ကွန်ပျူတာဂိမ်း၊ ကစားကွင်း ဂိမ်း အစရှိသဖြင့် တို့ကို မိနစ်ပိုင်း ဆော့ကစားပေးခြင်းတို့ ပြုလုပ်ပေးရပါမယ်။ ယင်းကဲ့သို့ ဆော့ကစားခြင်းက ဦးနှောက်သွေးဆဲလ်တွေကို တက်ကြွစေပြီး တစ်စုံတစ်ခုအပေါ် အာရုံစူးစိုက်နိုင်မှု အားကို ကောင်းစေပါတယ်။ 3. Meditate တရားထိုင်ခြင်းက လွယ်ကူသော အလုပ်ဖြစ်ပါတယ်။ အချို့ က ခက်ခဲသော အလုပ်လို့ ယူဆပါတယ်။ မထိုင်နိုင်လည်း ထိုင်နိုင်သလောက် မိနစ်ပိုင်း တရားထိုင်ပေးခြင်းလည်း ပြုလုပ်နိုင်ပါတယ်။ တရားထိုင်တဲ့ အလေ့အကျင့်ကို နေ့စဉ်မဟုတ်တောင် ၂ ရက်တစ်ခါလောက် ပြု လုပ်ပေးခြင်းဖြင့် မှတ်ဉာဏ်ကောင်းစေပါတယ်။ 4. Eat healthy မိမိစားသမျှ အစားအသောက်အားလုံးမှ အာဟာရနှင့် အောက်စီဂျင်များရဲ့ ၂၀ ရာခိုင်နှုန်းကို ဦးနှောက်က အသုံးပြုပါတယ်။ ဒါကြောင့် မိမိစားသောက် တဲ့အစားအစာများကို ဦးနှောက်အတွက် အရေးပါ တယ်ဆိုတာ သိထားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်များ စားသောက်ပေးခြင်းဖြင့် ဦးနှောက်ကို ကျန်းမာဖွံ့ ဖြိုးစေမှာ ဖြစ်ပါတယ်။ 5. Think positive အရာအားလုံးကို အကောင်းမြင်ပေးဖို့ လိုအပ်ပါတယ်။ စိတ်ဖိအားနဲ့ စိုးရိမ်ကြောင့်ကြမှုများက ဦးနှောက်ထဲက Neuron တွေကို သေဆုံးစေပါတယ်။ ဒါကြောင့် ဘယ်လောက်ပဲ အခက်အခဲ၊ ပြဿနာများနဲ့ ကြုံကြုံ အကောင်းဘက်က မြင်ပေးတဲ့ စိတ်ထားနိုင်အောင် ကြိုးစားရပါမယ်။ ယင်းကဲ့သို့ အကောင်းဘက်က မြင်ပေး၊ စာနာပေးတတ်ခြင်းက ဦးနှောက်က ဆဲလ်အသစ်တွေ ပိုမို တိုးတက်စေပြီး စိတ်ဖိအားနဲ့ စိုးရိမ်ကြောင့်ကြမှုများကို ဖယ်ရှားပေးပါတယ်။ 6. Laugh It Up ရယ်မောတတ်တဲ့ အကျင့်ရှိဖို့လည်း လိုအပ်ပါတယ်။ ရယ်သော သူသည် အသက်ရှည်၏ ဆိုတဲ့အတိုင်း ရယ်မောခြင်းက ရုပ်ပိုင်း၊ စိတ်ပိုင်းနာကျင်မှုများကို လျှော့ချပေးပါတယ်။ ပျော်ပျော်ရွှင်ရွှင်နေတတ်သူ၊ ရယ်မောလွယ်တတ်သူများဟာ သဘာဝ အလျောက် စိတ်ဖိအား နည်းသူများ ဖြစ်ပါတယ်။ ဒါကြောင့် ဟာသရုပ်ရှင်များကြည့်ခြင်း၊ နောက်ပြောင် ပြောဆိုခြင်း တို့က ဦးနှောက်ထဲက endorphin –level ကို မြင့်တက်စေပါတယ်။ 7. Listen To Music သီချင်းနားထောင်ခြင်းကလည်း စိတ်ပိုင်းဆိုင်ရာ၊ ဉာဏ်ရည်ဉာဏ်သွေးကို မြင့်တက်စေပါတယ်။ အတွေးအခေါ်သစ်တွေ ရနိုင်ပြီး ထူးခြားတဲ့ စိတ်ကူးဆန်းတွေ ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် သီချင်းနားထောင်ခြင်းက ဦးနှောက်ရဲ့ ညာဘက်အခြမ်းကို သန်မာစေတယ်လို့ ဆိုပါတယ်။ 8. Do Self-Hypnosis Hypnosis ဆိုတာ စိတ်ညို့ခြင်းကို ဆိုလိုပါတယ်။ ဒီတော့ Self-Hypnosis က မိမိကိုယ်ကိုယ် စိတ်ညို့ ခြင်းလို့ ဘာသာပြန်နိုင်ပါတယ်။ သို့သော် မိမိကိုယ်ကိုယ် စိတ်ညို့ခြင်း၊ အိပ်ငွေ့ချခြင်း ထူထူထွေးထွေးမဟုတ်ပါ။ ဥပမာ- လကုန် ရက် တစ်ရက်ရက်မှာ လုပ်စရာတစ်ခုရှိသည်ဆိုပါစို့။ ယင်းနေ့ကို အမှတ်ရနေပြီး တကယ်ပဲ ယင်းနေ့မှာ မမေ့မလျော့ လုပ်ဆောင်နိုင်တာမျိုး၊ မနက်အိပ်ယာ ၆နာရီထဖို့ စီစဉ်ထားရင် တကယ်ပဲ ၆ နာရီတိတိမှာ နှိုးစက်မပါဘဲ ကိုယ်တိုင် ထနိုင်အောင် ကြိုးစားတာမျိုးကို ဆိုလိုပါတယ်။ မမေ့မလျော့ဘဲ အိပ်စက်နိုင်ခြင်းမျိုး ဖြစ်ပါတယ်။ အနာဂတ်မှာ ပြုလုပ်ရန် စီစဉ်ထားတဲ့ လုပ်ငန်းများကို တကယ်ပဲ မပြတ်မကွက်အောင် ပြုလုပ်နိုင်ပြီး အခြား သာမန် လုပ်ငန်းများအပေါ်လည်း ဆိုးကျိုးမသက်ရောက်စေတာမျိုး ဖြစ်ပါတယ်။ ဦးနှောက်ကို ဒီလို မှတ်သားခိုင်းစေနိုင်မှုက စိတ်ဖိအားလျော့ချနိုင်ပြီး အတွေးအခေါ်များကို ပိုမို ရှင်းလင်းပြတ်သားစေပါတယ်။ 9. Set Goals ရည်မှန်းချက်ထားရပါမယ်။ ခြောက်လအအတွင်း ဖြစ်လာမယ့်ရည်မှန်းချက်၊ တစ်နှစ်အတွင်း ဖြစ်လာမယ့် ရည်မှန်းချက် အစရှိသဖြင့် ပန်းတိုင်တစ်ခုခု ထားပြီး ကြိုးစားလုပ်ကိုင်တတ်ရပါမယ်။ ဘဝရည်ရွယ်ချက်မဲ့ လုပ်ကိုင်နေခြင်းက ဦးနှောက်ရဲ့ တွေးခေါ်စဉ်းစားနိုင်မှု စွမ်းအား လျော့ကျစေပါတယ်။ ရည်မှန်းချက် ပန်းတိုင် ထားတတ်သူများက ဦးနှောက်ဉာဏ်ရည် အမြဲ ဖွံ့ဖြိုးနေပြီး ဘဝမှာ အောင်မြင်မှုကို အတိုင်းအတာတစ်ခုအတွင်း ရတတ်ကြပါတယ်။ 10. Follow a Sleep and Wake up Routine စောစောအိပ်၊ စောစောထ ဆိုတာထက် အချိန်မှန် အိပ်၊ အချိန်မှန် ထလို့ ပြောရင် ပိုမှန်ပါတယ်။ ညဘက် သန်းခေါင်ကျော်အောင် မအိပ်ဘဲ နေပြီး မနက် အိပ်ယာထနောက်ကျသူများဟာ ဦးနှောက်လေးလံ ထိုင်းမှိုင်းပါတယ်။ ဒီမှာ အိပ်ဆေး အသုံးပြုပါက အိပ်ရေးဝပေမယ့် မှတ်ဉာဏ်ချို့ ယွင်းမှုကို ဖြစ်ပေါ်စေပါတယ်။ ညအိပ်နောက်ကျပြီး အိပ်ယာစောစောထရတာကလည်း စိတ်ပိုင်းရော၊ ရုပ်ပိုင်းရော ထိခိုက်စေပါ တယ်။ စောစော အိပ်ပေမယ့်၊ နောက်ကျမှ ထတာမျိုးကလည်း ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ကို နှေးကွေးစေပါတယ်။ ဒီတော့ အချိန်မှန် အိပ်၊ အချိန်မှန်ထခြင်း က အိပ်ရေးဝစေပြီး စိတ်ရော၊ ကိုယ်ရော ကျန်းမာစေပါတယ်။ ဦးနှောက်ကို လန်းဆန်းစေပါတယ်။ အထက်ပါအချက်များအတိုင်း ကျင့်သုံးသွားရင် ဉာဏ်ကောင်းမလာရင်တောင် လူမှုပတ်ဝန်းကျင်မှာ အမြဲ စမတ်ကျနေတဲ့ လူတစ်ယောက် ဖြစ်စေပါတယ်။ သာမန် နေထိုင်တတ်သူများနဲ့စာရင် အထက်ပါ ၁၀ ချက် အတိုင်း လုပ်ဆောင်သွားသူများက ဉာဏ်ရည် ဖွံ့ဖြိုးမှု မြန်ဆန်ပြီး ဘဝအခက်အခဲများကြား အောင်မြင်မှု ရရှိရန် အခွင့် အလမ်းပိုများကြောင်း သုတေသန ဝဘ်ဆိုဒ် တစ်ခုက ဖော်ပြထားပါတယ်။ Ref:unu-facts အောင်ခမ်း (TSJ team) TechSpace ဂျာနယ် http://techspacejournal.blogspot.com/2012/09/blog-post_620.html
<urn:uuid:be5f8a29-dcd2-4ea6-8db7-8ab474af533c>
CC-MAIN-2014-42
http://blog.irrawaddy.org/2012/09/blog-post_5203.html
2014-10-21T23:58:04Z
s3://commoncrawl/crawl-data/CC-MAIN-2014-42/segments/1413507445159.36/warc/CC-MAIN-20141017005725-00359-ip-10-16-133-185.ec2.internal.warc.gz
mya
0.936274
Mymr
37
{"mya_Mymr_score": 0.936273992061615, "blk_Mymr_score": 0.062207892537117004}
ခင်လေးမြင့် (ရွှေအမြုတေ မဂ္ဂဇင်း ဇန်န၀ါရီ ၂၀၁၃) နိုဝင်ဘာ၊ ဒီဇင်ဘာကို ရောက်ပေမဲ့ ရန်ကုန်မြို့ ရဲ့ ရာသီဥတု ကဆောင်းတွင်း ဆိုတဲ့ အရသာကို မခံစား ရပါဘူး။ ဆောင်းဆိုတဲ့ အရသာကို မခံစား ရတဲ့ အပြင် နေပြင်းပြင်း ပူပြီး မိုးတွေ ရွာနေပါတယ်။ ၂၀၁၃ ဇန်န၀ါရီ အတွက် မိုးဟေကိုကို ရွှေအမြုတေ မဂ္ဂဇင်း မျက်နှာဖုံး ရိုက်ဖို့ စီစဉ် ဖြစ်တဲ့အခါ မိုးလွတ်တဲ့ အချိန် လည်း ရောက်နေပြီလို့ ယူဆတာ ကြောင့် CHATRIUM Hotel ရဲ့Pool Side မှာရိုက်ဖို့ စီစဉ် ဖြစ်ပါတယ်။ မိုးဟေကိုကို ရွှေအမြုတေ အတွက် ဓာတ်ပုံ ရိုက်မယ် ဆိုရင် မိုးတွင်း ကာလမှာပဲ စီစဉ် ဖြစ်တာကြောင့် မိုးလွတ် တဲ့ ကာလမှာပဲ စီစဉ်မယ်လို့ စဉ်းစား ခဲ့တာပါ။ အဲဒါကြောင့် ဇန်န၀ါရီလ အတွက် ဒီဇင်ဘာမှာ ရိုက်မယ်လို့ စီစဉ် ပေမဲ့ ဆောင်းတွင်းမှာ မိုးတွေ ရွာပါ တော့တယ်။ ဓာတ်ပုံ ရိုက်မဲ့ မနက် စောစောမှာပဲ မိုးတွေ ရွာခဲ့ပေမဲ့ ဓာတ်ပုံ ရိုက်ခါနီး မှာမိုးကတိတ် သွားပါတယ်။ ဒါပေမဲ့ အစိုး မရတဲ့ ရန်ကုန်မိုးက ဒုတိယ ၀တ်စုံနဲ့ ရိုက်ခါနီး မှာပဲ ရွာချပါ တော့တယ်။ မိုးဟေကို ကို ဓာတ်ပုံ ရိုက်ရင် မိုးနဲ့ ဘယ် တော့မှမလွတ်ဘူးလို့ ပြောနိုင် ပါတယ်။ ရေကူးကန် နံဘေးမှာ ရိုက်မှာ ဖြစ်တဲ့အတွက် ၀တ်စုံ တွေကိုလည်း ကမ်းခြေလို နေရာမျိုးမှာ ၀တ်ဆင် တဲ့ပုံစံ မျိုး မိုးဟေကိုက စီစဉ် လာပါ တယ်။ မိုးဟေကိုရဲ့ အ၀တ် အစား၊ လိုအပ်တဲ့ Accessories တွေ အတွက် အကြံ ဉာဏ်ပေး၊ စီစဉ်ပေး သူလည်း ဓာတ်ပုံ ရိုက်တဲ့ နေ့မှာ အတူ လိုက်ပါ လာတာ တွေ့ရပါတယ်။ သူ ကတော့ သရုပ်ဆောင် ဖူးဖူးပါ။ ဖူးဖူးက သူငယ်ချင်း ဖြစ်သူ အတွက် အားတဲ့ အချိန်လေး တွေမှာ အားဖြည့် ကူညီပေး တတ်သူ လည်း ဖြစ်ပါတယ်။ မိုးဟေကိုက မိုးရွာသွန်း မှုကြားထဲ မှာပဲ ရွှေအမြုတေ အတွက် ဓာတ်ပုံကို အချိန်ပေး ရိုက်ကူးပေး ခဲ့တာပါ။ မိုးဟေ ကိုက ၂၀၁၂ ကို နှုတ်ဆက် ပြီး ၂၀၁၃ ကို ကြိုဆိုမဲ့ နှစ်သစ်ကူးည ကိုတော့ ရန်ကုန်မှာပဲ ဖြတ်သန်း ဖို့ စီစဉ်ထား ပါတယ်။ ဇန်န၀ါရီ လဆန်းမှာ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးမဲ့ ရုပ်ရှင် ဇာတ်ကား မှာ မိုးဟေ ကိုက ပါဝင် သရုပ်ဆောင်မှာ ဖြစ်ပြီး အဲဒီကား ရိုက်ဖို့ ပုပ္ပား ကို သွားမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားမှာ မင်းသား မပါဘဲ သရုပ်ဆောင် ဗေလုဝ၊ တက္ကသိုလ် ဂွမ်းပုံ စတဲ့ ဟာသ သရုပ်ဆောင်များနဲ့အတူ သရုပ်ဆောင် ရမှာ ဖြစ်ပါတယ်။ ရိုက်ကူးမဲ့ ရုပ်ရှင် ဇာတ်ကားက ဟာသကား စစ်စစ် ဖြစ်သလို ပရိသတ်ကို ရသ မျိုးစုံ ပေးချင်တဲ့ ဆန္ဒ ကြောင့် မိုးဟေကိုက လက်ခံ ရိုက်ကူးမှာ ဖြစ် ပါတယ်။ မိုးဟေကိုက ဇာတ်လမ်း မျိုးစုံ ရွေးချယ် ရိုက်ကူး နေတဲ့ အချိန် မှာ ဒီလို ဟာသ ဇာတ်ကားကို ရိုက်ဖြစ်တာ ဖြစ်ပြီး ဟာသ ကားတွေချည်း ရိုက်ဖြစ်မှာ မဟုတ်တဲ့ အတွက်လည်း လက်ခံတာလို့ သိရ ပါတယ်။ အခု ရိုက်မဲ့ ရုပ်ရှင်ဇာတ် ကားက မင်းသား မပါဘူး။ ဟာသကားလည်း ဖြစ်တော့ ရုပ်ရှင် မဟုတ်ဘဲ ဗီဒီယိုကား ဆိုရင် မိုးဟေကို လက်ခံရိုက် ဖြစ်မလား။ ဒါရိုက်တာ တိုင်းကို ယုံကြည်မှု တစ်ခုစီ ထားထား တယ်။ ဇာတ်ကိုလည်း ကြိုက်တယ်။ ရုပ်ရှင်ကားကြီး လည်း ဖြစ်လို့ ရိုက်ဖြစ်တာပါ။ ဇာတ်ကားတွေ ရိုက် ရင်းနဲ့ပဲ သီချင်းဆို၊ စီးရီး ထွက်မယ်လို့ ပြောထားတော့ ဂီတဘက် လှုပ်ရှားမှုက ရော ဘယ်လိုရှိလဲ။ အဲဒီ ကိစ္စက စိတ်သိပ် မပါသေးဘူး ဖြစ်နေတယ်။ ကိုယ့်အသံ ကလည်း Perfect မဖြစ် ပါဘူး။ အပျော် တမ်း အနေနဲ့၊ ၀ါသနာ အနေနဲ့ ထုတ် တယ် ဆိုပေမဲ့ ပရိသတ်ကို အသံနဲ့ နှိပ်စက်ရမှာ အားနာ တယ်။ အဲဒါ ကြောင့် မိုး ၀ါသနာပါတဲ့ သရုပ်ဆောင် အလုပ်ကိုပဲ ဇောက်ချ လုပ်ဖြစ် တယ်။ သီချင်း ဆိုတာကို လူမှုရေး ပွဲ တွေပဲ ဖြစ်ဖြစ်၊ ရန်ပုံ ငွေပွဲ တွေမှာပဲ ဖြစ်ဖြစ် တစ် တပ်တစ်အား ပါဝင် ပေးဖို့က အဆင်သင့် ပါပဲ။ မိုးဟေ အနေနဲ့ အခု အချိန်မှာ အနုပညာ အလုပ်တွေ လုပ်ဖြစ် နေတာက မိုးဟေရဲ့ မိသားစု အတွက် လား၊ မိုးဟေရဲ့ ဘ၀ ရပ်တည်ချက် ပိုကောင်း ဖို့လား။ အဓိကက ဒီ အနုပညာ အလုပ်ကို ၀ါသနာ ပါတယ်။ ကိုယ့်စိတ်ထဲမှာ စိတ်အား ထက်သန်တဲ့ အချိန်ထိ လုပ်မယ်။ အဲဒီမှာ လုပ်ရင်းနဲ့ အနုပညာ အလုပ်က ရလာတဲ့ ၀င်ငွေနဲ့ ကိုယ့်မိသားစုကို ပြန်စောင့် ရှောက်ခွင့် ရတယ်။ ဒါပေမဲ့ ဒီအနုပညာ အလုပ်ဆိုတာ မိုးတို့ တစ်သက်လုံး ရပ်တည်လို့ရတဲ့ အလုပ် မဟုတ်ဘူး။ အာမခံလို့မရတဲ့ အတွက်ကြောင့် ကိုယ်ဝါသနာ ပါတဲ့ အချိန်ရယ်၊ ကိုယ်လုပ်ချင်တဲ့ စိတ်ရှိ နေတဲ့ အချိန် အထိ လုပ်သွား မှာပါ။ တခြား စီးပွားရေးလည်း လုပ်သင့် တယ်လို့ ထင်တယ်။ မိုးရဲ့စိတ်ထဲ မှာ ဘယ်အလုပ် ကိုပဲ လုပ်လုပ်၊ လုပ်နေတဲ့ အချိန်မှာ အကောင်းဆုံး ဖြစ်အောင် လုပ်ပြီး လက်ရှိ အချိန်တွေ ကို အကျိုး ရှိအောင် အသုံးချတယ်။ မိသားစု အတွက် လုပ်ရင်း မိုးဟေမှာ အမှားနဲ့ ကြုံလာရင် အဲဒီ အမှား အတွက် ဘယ်လို ရင်ဆိုင်လဲ၊ မေ့ပျောက်နိုင်ဖို့ ဘယ်လို ကြိုးစားလဲ။ လူတိုင်း၊ လူတိုင်းက အမှားနဲ့ မကင်းပါဘူး။ အနည်းနဲ့ အများ ကွာတာပဲ ရှိမယ်။ အမှားကို အမှားမှန်း သိပြီး မှားခဲ့တဲ့ လူလည်း မရှိဘူးလို့ ထင်ပါတယ်။ မသိခဲ့လို့ မှားခဲ့တဲ့ အမှား တစ်ခုကို သိတဲ့ အချိန်မှာ ပြင်တယ်။ မှားခဲ့တဲ့ အတွက်ကြောင့် မိဘတွေ စိတ်ဆင်း ရဲရ မှာတွေ ရှိမယ်။ အဲဒါက မိုး တကယ်ကို မသိခဲ့လို့၊ လူဆို တာ မှားနေမှန်း သိရက်နဲ့ ဘယ်သူကမှ မှားမှန်း သိသိနဲ့ မလုပ်ဘူးလို့ ထင်ပါတယ်။ မိုးတုိ့က ဗုဒ္ဓ ဘာသာ မြန်မာ လူမျိုး၊ မိန်းကလေး ပိုပြီး စဉ်းစား ဆင်ခြင် သင့်တယ် ထင်တယ်။ မိန်းကလေးနဲ့ ယောက်ျားလေး ယှဉ်ရင် မိန်းကလေး တွေက နစ်နာမှု ပိုများသလို ထိခိုက်၊ အပြောဆို ခံရမှု လည်း ပိုများတယ်။ အနုပညာရှင် မိန်းကလေး တစ်ယောက် ဖြစ်တဲ့ အတွက် ကိုယ့်ကို လိုလားသူ ရှိသလို၊ ကိုယ့်ကို မကြိုက်သူ၊ မလိုလားသူ၊ မနာလိုသူ မုန်းသူတွေ လည်းရှိတယ်။ ကိုယ့်ကို ကြိုက်တဲ့ သူကတော့ နားလည် ပေးမယ်၊ မကြိုက်တဲ့ သူကတော့ အပြစ်ကြီး တစ်ခုလို ပြောနေမှာပဲ။ သူများကို အပြစ်တွေ ပြောနေမဲ့ အစား ကိုယ့်ကိုယ်ကိုပဲ ကောင်းအောင် လုပ်တယ်။ မသိခဲ့လို့ မှားခဲ့တဲ့ အမှားကို မှားမှန်း သိတဲ့ အချိန်မှာ ကိုယ်ဘယ်လို ကောင်းအောင် ပြင်ဆင် မလဲ၊ ကိုယ်ဘယ်လို ရှေ့ဆက်ပြီး သွားမလဲ အဲဒီလိုမျိုးပဲ စဉ်းစားတယ်။ အမှား အတွက် ပတ်ဝန်းကျင်က လက်ညှိုး ၀ိုင်းထိုးတဲ့ အခါ မိဘတွေ စိတ်မဆင်း ရဲအောင် မိုးဟေ ဘက်က ဘယ်လို ကာကွယ်လဲ။ ကိုယ့်ကိုယ် ကိုရော ဘယ်လိုပြုပြင် ထိန်းသိမ်းတာ မျိုးရှိလဲ။ ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်မှာပါ။ အမှား တစ်ခုကို မှားမှန်း သိပြီး ကောင်းတဲ့ဘက် ကို သွားတယ်။ ကောင်းတာ လုပ်ရင် ကောင်းတာ ပြန်ခံ စားရမယ်လို့ နဂိုကတည်းက တွေးထားတယ်။ ဘုရားကလည်း မှားနေတယ်လို့ သိအောင် ချက်ချင်း အသိပေး လိုက်တယ်။ အဲဒီ အသိရတဲ့ အချိန်မှာ နောက်ထပ် ကောင်းတာ တွေပဲ လုပ်ဖို့ စဉ်းစားတယ်။ အမှားကို နည်းအောင် ဆင်ခြင်တယ်။ နောင်ဆို သတိ လက်လွတ်နဲ့ ဘယ်အရာ ကိုမှ ပေါ့ပေါ့ တန်တန် မတွေး တော့ဘူး။ မိုးရဲ့ အကျင့်က လုပ်ချင် တာကိုပဲ ဦးစား ပေးလိုက် တယ်။ မှားတာမှန်တာ မိုး သိပ်မစဉ်း စားဘူး။ အခု အဲဒီ အမှားတွေက မိုးဘ၀ အတွက် သင်ခန်းစာ တွေပါ။ အလုပ်တစ်ခု လုပ်တော့မယ် ဆိုရင် ဘက်ပေါင်းစုံ ကနေ သေချာစဉ်းစား၊ သေချာ လေ့လာပြီးမှ လုပ်တာ အကောင်း ဆုံးပဲ။ အချိန်ယူပြီး ဘက်ပေါင်းစုံ က လေ့လာလေ၊ ကိုယ့်အတွက် အကျိုးရှိ လေ၊ အမှား နည်းလေပဲ။ နောက်တစ်ချက် မိုးရဲ့ အားနည်းချက်က လူတစ်ယောက်ကို အယုံ လွယ်တယ်။ ပတ်ဝန်းကျင်က ပြောနေတဲ့ စကားတွေကို မကြားဘဲ မျက်စိလည်းပိတ်၊ နားတွေပိတ်ပြီး ဒီအရာ ကိုပဲ ယုံကြည်မိတာ အမှားပဲ။ ကိုယ့်ရဲ့ ယုံကြည်မှု တွေကို ရိုက်ချိုးခံရ ရင်ဘယ်လို ခံစားရလဲ။ ယုံကြည်မှု တွေ အစော်ကား ခံလိုက် ရတဲ့ အတွက် ကိုယ့်ကိုယ်ကို ၀မ်းနည်းတယ်။ ကိုယ့်စိတ် လိုမျိုး လူတိုင်း မဟုတ်ကြပါလား ဆိုတာ တွေးမိသလို လူတွေ ကိုလည်း ကြောက်လာတယ်။ အယုံ အကြည် လည်း မဲ့သွားတယ်။ လူတိုင်း ကလည်း ဒီလို စိတ်မျိုး မရှိပါဘူး လို့လည်း ကိုယ့်ကိုယ်ကို ပြန်ပြီး ဖြေရတယ်။ ကိုယ့်ရဲ့ ယုံကြည်မှု ရိုက်ချိုးခံ ရတော့ သူများ သားသမီးကို ကိုယ်ချင်းစာစိတ် မရှိဘဲ အမှန် တရားတွေ မပြောဘဲ ဟန်ဆောင် ဖုံးကွယ်ပြီး သူများ ဘ၀တွေထဲ ၀င်လာပြီး လုပ်ရက် လေခြင်း ဆိုပြီး စိတ် မကောင်းဖြစ်၊ ၀မ်းနည်း မိတယ်။ အဲဒါလေး တစ်ခုတော့ တော်တော်လေး ခံစား ရပါတယ်။ လူလူချင်း ကိုယ်ချင်းစာ စိတ် မရှိ လှပါလား။ လူလူချင်း ဗုဒ္ဓ ဘာသာ ဖြစ်နေတာ တောင်မှ လုပ်ရက်ပါလား ဆိုပြီး စိတ်မကောင်း ဖြစ်မိတယ်။ကျန်တာတော့ အားလုံးကို မေတ္တာ ထားပါတယ်။ ကိုယ့်ကံက ဒီလိုပါလာတော့ လည်း ဘယ်တတ် နိုင်မလဲ။ မိုးဟေရဲ့ စိတ်ရှုပ်ထွေးမှု တွေကို ဘယ်အရာတွေနဲ့ ပြန်ထိန်းလဲ။ “မိုးက အရွယ်လည်း ရောက်လာပြီ ဖြစ်သလို စဉ်းစားတတ် လာတဲ့ အချိန်လည်း ဖြစ်လာပြီး ဘေးနားမှာ မိဘ၊ ညီအစ်ကို မောင်နှမတွေ ရှိတယ်။ ဘုရား၊ တရား လုပ်ရင်း ကိုယ့်စိတ်ကိုယ် နိုင်အောင် ထိန်းတယ်။ ကိုယ်လုပ် နေတဲ့ အလုပ်လေး တွေက ဘယ်သူ့ မှလည်း မထိခိုက်ဘူး ဘယ်သူ့ မှလည်း မစော်ကားဘူး။ ကိုယ့်ရဲ့ အလုပ်တွေကို ကောင်းကောင်း မွန်မွန်နဲ့ တာဝန် ကျေအောင် လုပ်တယ်။ ကိုယ်ရေး ကိုယ်တာတွေ ဘယ်လောက်ပဲ ရှိရှိ ရိုက်ကွင်းပေါ် ရောက်တာ နဲ့ ပျော်တယ်။ အပေါင်း အသင်းတွေ၊ သူငယ်ချင်း တွေလည်း ရှိတယ်။ စိတ်ညစ် စရာက လူတိုင်း ကြုံကြ ရမှာပဲ။ အသက်တစ်ရာ မနေရ ပေမဲ့ စိတ်ညစ်စရာက မျိုးစုံ ကြုံရတယ်။ ကြုံတွေ့ ရမှု တွေကို ပြဿနာ တစ်ခု၊ စိတ်ညစ် စရာလို့ မသတ်မှတ်ဘဲ ရင်ဆိုင် စရာရှိ ရင်ဆိုင်၊ ရှေ့ဆက် စရာရှိရှေ့ဆက်၊ ဘယ်တော့မှ အရှုံး မပေးဘူး။ လဲကျသွား ခဲ့ရင် တောင်မှ ပြန်ထ နိုင်ရမယ်။ လဲသွားပြီ ဆိုပြီး ကမ္ဘာကြီးကို အရှုံးပေး နေနေလို့မှ မရတာ။ ပြန်ထ နိုင်ရမယ်။ အလဲထိုး နိုင်တဲ့ သူကိုလည်း အမျက် ဒေါသ မထွက်ဘဲ မေတ္တာ ထားမယ်။ ဘယ်တော့မှလည်း အလဲကျ မခံဘူး။ ကိုယ်လုပ် စရာရှိတဲ့ အလုပ် လုပ်တယ်။ ဒီသင်ခန်းစာအတွေ့အကြုံ တွေက ပိုက်ဆံနဲ့ ပေးဝယ်လို့ မရတဲ့ ဘ၀ သင်ခန်းစာ အတွေ့အကြုံ တွေပါ”လို့ မိုးဟေကိုက ဖြေပေး ပါတယ်။ မိုးဟေကိုက ရွှေအမြုတေ မဂ္ဂဇင်းက မေးမြန်း သမျှကို အချိန်ပေး ဖြေကြားပေး ခဲ့တာပါ။ ကျေးဇူး အများကြီး တင်ရှိပါတယ်။ ခရီး မသွားခင် ဓာတ်ပုံ ရိုက်ပေးတဲ့ ကိုလင်း(Studio-K), မိတ်ကပ် ပြင်ပေးတဲ့ ညီညီမောင်(စမ်းချောင်း)၊ သူငယ်ချင်း ဖြစ်သူ မိုးဟေကို အတွက် ကူညီ အကြံဉာဏ် ပေးတဲ့ ဖူးဖူးနဲ့ ဓာတ်ပုံရိုက် ကူးမှုနဲ့ ပတ်သက် သူများ အားလုံးကို ကျေးဇူးတင် ရှိပါတယ်။
<urn:uuid:a01b7185-5ade-400e-9b0a-4570d9639933>
CC-MAIN-2014-42
http://blog.irrawaddy.org/2013/01/blog-post_4.html
2014-10-21T23:58:01Z
s3://commoncrawl/crawl-data/CC-MAIN-2014-42/segments/1413507445159.36/warc/CC-MAIN-20141017005725-00359-ip-10-16-133-185.ec2.internal.warc.gz
mya
0.970715
Mymr
50
{"mya_Mymr_score": 0.9707145094871521, "blk_Mymr_score": 0.02875775285065174}
အာဆင်နယ်မြန်မာ၏ ခန့်မှန်းပြိုင်ပွဲကို ယခင်နှစ်များနှင့် မတူပဲ ယခုနှစ်အတွက် www.premierleague.com မှ Fantasy Game ကို အခြေခံပြီး ကျင်းပမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်လိုသူများ Private League Code ကို အာဆင်နယ်မြန်မာ ဖိုရမ်အတွင်း ၀င်ရောက် ရယူနိုင်ပါသည်။ ပြိုင်ပွဲဝင် စည်းကမ်းများ ၁။ ပြိုင်ပွဲဝင်တစ်ဦးသည် အကောင့်တခု (သို့) အီးမေးလိပ်စာ တစ်ခုဖြင့်သာ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရှိသည်။ အာဆင်နယ်မြန်မာ အက်မင်အဖွဲ့မှ အကောင့် တစ်ခု (သို့) အီးမေးလိပ်စာ တစ်ခုထက် ပိုမိုပြီး ယှဉ်ပြိုင်ကြောင်း တွေ့ရှိပါက ထိုသူသည် ဆုရသူဖြစ်ပါက ဆုလက်ခံရရှိမည်မဟုတ်ပဲ နောက်မှ လူကိုသာ ဆုချီးမြှင့်မည်ဖြစ်ပါသည်။ ၂။ ပြိုင်ပွဲဝင်သူသည် အာဆင်နယ်မြန်မာ အဖွဲ့ဝင်တစ်ဦးဖြစ်ရမည်။ ကိုယ်ပြိုင်ပွဲဝင်သည့် Team Name , Manager Name ကို အာဆင်နယ်မြန်မာ User Name နှင့်တကွ ဖိုရမ်အတွင်း ပေးထားတော့ လင့်မှ ၀င်ရောက်ပေးသားရန် လိုအပ်ပါသည်။ http://www.arsenalmyanmar.com/Forum/viewtopic.php?f=42&t=362#p6069 ၃။ ပြိုင်ပွဲ ဆုများမှာ အာဆင်နယ် အမှတ်တရ ဆုများဖြစ်သည့်အတွက် အာဆင်နယ်အသင်းဖန်စစ်စစ်များသာ ၀င်ရောက်ယှဉ်ပြိုင်ခြင်းက ပိုမိုသင့်လျော်ပါသည်။ ၎။ ပြိုင်ပွဲတွင် Classic League အတွက် အာဆင်နယ် ဂျာစီ ဆု ၁ ခု ၊ Head to Head League အတွက် အာဆင်နယ် အမှတ်တရ ဆု ၁ ခု ပေးမည်ဖြစ်ပြီး ဆုစပွန်ဆာပေးမည့် သူများပေါ်မူတည်ပြီး ပိုမိုလည်း ပေးနိုင်ရင် အာဆင်နယ်မြန်မာမှ ကြိုးစားပါမည်။ ဆုရသူများအတွက် ဆုများကို မြန်မာ ၊ စင်ကာပူ နိုင်ငံများသို့သာ ပို့ပေးမည်ဖြစ်ပြီး ဆုရသူသည် ထိုနိုင်ငံများတွင် မပါဝင်ပါက မြန်မာပြည်ရှိ နေရပ်လိပ်စာ သို့ ပေးပို့ပေးပါမည်။ အာဆင်နယ်မြန်မာ ဖိုရမ်ထဲ ၀င်မရသေးတဲ့ မန်ဘာတွေကိုလည်း ကျနော်တို့ ၀င်လို့ရအောင် Register အကောင့်တွေအဖြစ် ဒီတပတ်အတွင်း အကုန်ပြောင်းပေးပါ့မယ်။
<urn:uuid:f130ca18-ec6e-432b-9c72-fe5d924a033b>
CC-MAIN-2014-42
http://www.arsenalmyanmar.com/index.php?option=com_content&view=category&layout=blog&id=54&Itemid=120&limitstart=5
2014-10-23T05:53:24Z
s3://commoncrawl/crawl-data/CC-MAIN-2014-42/segments/1413507450767.7/warc/CC-MAIN-20141017005730-00358-ip-10-16-133-185.ec2.internal.warc.gz
mya
0.882351
Mymr
44
{"mya_Mymr_score": 0.8823506832122803, "blk_Mymr_score": 0.1140148788690567}
အမေး - Human Papillomavirus (HPV) က ဘယ်လိုဆိုးကျိုးတွေ ဖြစ်စေနိုင်ပါသလဲခင်ဗျာ ကျနော့်ရဲ့ အဂါင်္မှာ ကြွက်နို့ လေးတစ်ခုထွက်လာပါတယ်။ ဆရာဝန်သွားပြတော့ အက်ဆစ်ပါပုံရတဲ့ လိမ်းဆေးပေးပါတယ် တနေ့နှစ်ကြိမ်တို့ခိုင်းပါတယ် ကျနော် စသုံးတော့နဲနဲစပ်ပါတယ်။ ဆက်မသုံးရဲဘူးခင်ဗျ ။ကျနော် သိချင်တာက ဒီဆေးနဲ့ လုံလောက်မလား။ ဆက်ရောသုံးသင့်ပါလား။ အဖြေ - လိင်အင်္ဂါကြွက်နို့ Human papillomavirus (HPV) သည် ဗိုင်းရပ်စ်တမျိုးဖြစ်သည်။ အမျိုးအစားပေါင်း ၂၀၀ ခန့် တွေ့ထားရသော်လည်း တချို့ကသာ လူတို့ကို ရောဂါရစေသည်။ အချို့ဗိုင်းရပ်စ်များက ရှားရှားပါးပါး အမျိုးသမီး လိင်အင်္ဂါများတ၀ှိုက်နှင့် ယောက်ျားများ လိင်တံနှင့် စအိုတို့မှာ ကင်ဆာ ဖြစ်စေသည်။ အမျိုးအစား ၃၀-၄၀ တို့သည် လိင်ဆက်ဆံခြင်းဖြင့် ကူးစက် စေသည်။ လိင်အင်္ဂါနေရာ ကြွက်နို့ Warts (Verrucae) ဖြစ်စေသည့် ဗိုင်းရပ်စ်လည်း အပါအ၀င်ဖြစ်သည်။ လိင်အင်္ဂါမဟုတ်သော အရေပြားတွင် ဖြစ်သည့်ကြွက်နို့များမှာ HPV-1 နှင့်HPV-2 တို့ကြောင့်ဖြစ်သည်။ လိင်အင်္ဂါကြွက်နို့သည် (STI/STD) ခေါ်လိင်မှတဆင့် ကူးစက်ရောဂါများတွင် အများဆုံးဖြစ်ပြီး၊ အမေရိကားတွင် လူပေါင်း သန်း ၂၀ သို့မဟုတ် လိင်ဆက်ဆံနိုင်သည့် အရွယ်ရှိသူပေါင်း၏ ၁% မှာ ရှိနေသည်။ သားအိမ် အ၀ကင်ဆာ ဖြစ်စေသည့် ပိုးနှင့် လိင်အင်္ဂါကြွက်နို့ ဖြစ်စေသည့်ပိုးတို့ မတူကြပါ။ အခြားနေရာများတွင် ကြွက်နို့ ဖြစ်စေသည့် ပိုးနှင့်လည်း မတူပါ။ အချို့မှာ ပိုးရှိနေသော်လည်း ကြွက်နို့ မပေါ်သေးချေ။ ပါးစပ်၊ အာခေါင်၊ လျှာတို့မှာလည်း ကြွက်နို့ ဖြစ်လာနိုင်သည်။ ကြွက်နို့ ပေါက်မနေသူထံမှလည်း ကူးလာနိုင်သည်။ လိင်ဆက်ဆံနည်း မျိုးစုံ (ရိုးရိုး နှင့် စအို၊ ပါးစပ်) လမ်းတို့မှလည်း ကူးနိုင်သည်။ ပိုးရှိသူနှင့် ဆက်ဆံပြီးနောက် အချိန်တို သို့မဟုတ် ကြာမှလည်း ကြွက်နို့ ဖြစ်လာတတ်သည်။ မိခင်မှာ ကြွက်နို့ရှိနေစဉ် မွေးလာမည့်ကလေးအား ကူစက်နိုင်မှုမှာ လွန်စွာနည်းပါးလှပါသည်။ သုံးခါ ထိုးရသည့် ကာကွယ်ဆေးရှိသည်။ လိင်မဆက်ဆံမီအရွယ်မှာ ထိုးနိုင်တာကောင်းသည်။ အမျိုးသမီးများအတွက် (Cervarix and Gardasil) ခေါ် သားအိမ်ကင်ဆာ ကာကွယ်ဆေး ၂ မျိုးရှိရာ၊ (Gardasil) က ကြွက်နို့ကိုပါ ကာကွယ်သည်။ ယောက်ျားများအတွက် (Gardasil) သည် လိင်အင်္ဂါကြွက်နို့ကို ကာကွယ်သည်။ (ကွန်ဒွန်) သည် HIB အတွက်သာမက လိင်အင်္ဂါကြွက်နို့ နှင့် သားအိမ်အ၀ ကင်ဆာတို့အတွက်ပါ ကာကွယ်ရာကျသည်။ သို့သော် ကြွက်နို့ပေါက်ရာနေရာကို (ကွန်ဒွန်) က ဖုံးမထားနိုင်ခြင်းကြောင့် ကြွက်နို့မှန်သမျှကိုမူ ကာကွယ်မှု မပေးနိုင်ပါ။ လိင်ဆက်သည့် အဖေါ်ကို သတ်သတ်မှတ်မှတ် ရှိသင့်သည်။ မိမိ၏ အဖေါ်၊ ဇနီး၊ ခင်ပွန်းအား သစ္စာရှိပါလေ။ လိင်အင်္ဂါကြွက်နို့ကို ဖြစ်စေသည့် ဗိုင်းရပ်ကို သတ်မည့်ဆေး မရှိပါ။ ကြွက်နို့ဖြစ်လာလျင် ကုသနည်း အမျိုးမျိုးတော့ရှိသည်။ အလွယ်ဝယ်ယူရရှိသော ဆေးဆိုင်ကောင်တာပေါ်ကဆေးကို အားမကိုးပါနှင့်။ မည်သည့်နည်းက အကောင်းဆုံးဟု မပြောနိုင်ပါ။ ပျောက်သွားမည်ဟုလည်း ရာနှုန်းပြည့် အာမ မခံနိုင်ပါ။ ခွဲစိတ်ကုသမှု လုပ်နိုင်သည်။ ဆရာဝန်က သမားရိုးကျ ဓါးဖြင့် လှီးထုတ်မည်။ သို့မဟုတ် လျှပ်စစ်နည်းဖြင့်လည်းကောင်း၊ မီးရှို့နည်းဖြင့်လည်းကောင်း သုံးနိုင်သည်။ လေဆာဖြင့်လည်းကောင်း၊ အေးခဲစေနည်းလည်းကောင်း သုံးနိုင်သည်။ သိထားရမည်မှာ ကြွက်နို့ မျက်စိအောက်က ပျောက်စေကာမူ သူ့ကိုဖြစ်စေသည့် ဗိုင်းရပ်စ်ကို ရှင်းထုတ်မရပါ။ ထို့ကြောင့် ပြန်ပေါ်နိုင်သည်။ မကုဘဲထားလျင် သူ့အလိုလို ပျောက်သွားချင် သွားမည်။ ရှေ့မတိုး နောက်မဆုတ် ရှိနေမည်။ တိုးချင် တိုးလာမည်။ သို့သော် ကင်ဆာ ဖြစ်မသွားပါ။ ၉၀%လောက်တွင် ကိုယ်ခံအားမှ တိုက်ဖျက်ပေးနိုင်သည်။ ထို့ကြောင့် ဆေးမကုဘဲ ၂ နှစ်ဆိုလျင် ပျောက်သွားနိုင်သည်။
<urn:uuid:414687fd-8a9e-42fa-bbe3-9d09f8636151>
CC-MAIN-2014-42
http://www.mlgbts.com/magazine/read/-----_2617.html
2014-10-25T04:13:02Z
s3://commoncrawl/crawl-data/CC-MAIN-2014-42/segments/1414119647629.9/warc/CC-MAIN-20141024030047-00166-ip-10-16-133-185.ec2.internal.warc.gz
mya
0.926298
Mymr
24
{"mya_Mymr_score": 0.9262980222702026, "blk_Mymr_score": 0.07251933217048645}
ကျူနီးဖောင်းစာ ကျူနီးဖောင်းစာ[ပြင်ဆင်ရန်] ကျူနီဖောင်းဆိုသည်မှာ မြားဦး သဏ္ဌာန်ရှိသော ရှေးအခါက ရေးထိုးသည့် ကမ္ပည်းစာတစ်မျိုး ဖြစ်သည်။ ထိုစာမျိုးကို ဆူမီးယားရီးယန်းလူမျိုးတို့က စတင်တီထွင်ရေးသားကြ၍၊ မက်ဆိုပိုတေးမီးယားနယ်ရှိ တိုင်းဂရစ်နှင့် ယူဖရေးတီးမြစ်ဝှမ်းဒေသတွင် ရှေးအကျဆုံးသော ကျူနီးဖောင်း အရေးအသားမျိုးကို တွေ့ရ၏။ အရုပ်နှင့် သရုပ်ဖော်ရေးနည်းမှ တဖြည်းဖြည်း ကျူနီးဖောင်းရေးနည်းကို ထွင်ယူကြ၏။ ကျူနီဖောင်း အက္ခရာများမှာ ရွံ့ပြားပေါ်တွင် ကညစ်ဖြင့် ရေးသား၍၊ ရွံ့ပြားကို မီးဖုတ်ပြီးလျှင် ကမ္ပည်းစာများကို အဓွန့်ရှည်စွာ တည်တံ့အောင် ပြုထားခြင်းဖြစ်သည်။ ကျူနီဖောင်းအရေးအသားများကို အဓိပ္ပါယ်ဖော်၍ ဘာသာပြန်ရန် အလွန်ခဲယဉ်း၏။ အကြောင်းမှာ လက္ခဏာအမှတ်အသား တစ်ခုသည် အဓိပ္ပါယ်အမျိုးမျိုး ပေါက်နိုင်သောကြောင့် ဖြစ်၏။ လက္ခဏာများသည် အတူယှဉ်တွဲထားသော အမှတ်အသားကို လိုက်၍ အဓိပ္ပါယ်အမျိုးမျိုး ပြောင်းနိုင်၏။ ၁၈ဝဝ ပြည့်နှစ် ခန့်တွင် ဂျီအက်(ဖ) ဂရိုတီဖင်းဆိုသူ ဂျာမန်လူမျိုးတစ်ဦးသည် ထိုကျူးနီဖောင်း အရေးအသားများကို ကြိုးစား၍ ဘာသာပြန်ခဲ့ရာ၊ ၁၈၅ဝ-ပြည့်နှစ်နောက်ပိုင်းတွင် ပြီးဆုံးအောင်မြင်လေသည်။ ထိုအက္ခရာများကို ဖတ်နိုင်ခြင်းအားဖြင့် ကျွနု်ပ်တို့ သိနှင့်ပြီးသော ရှေးဟောင်းသမိုင်းများကို အထောက်အပံ့များစွာ ပေးလေသည်။ ကျူနီဖောင်းအရေးအသားများတွင် ဆူမီးယားရီးယန်းလူမျိုးတို့ အက္ခရာများသည် ရှေးအကျဆုံး ဖြစ်သည့်အပြင် အရှုပ်ထွေးဆုံးလည်း ဖြစ်သည်။ အက်ကေးဒီးယန်းဆူမီးယားရီးယန်း လူမျိုးတို့၏ ကျူနီဖောင်းအက္ခရာ စာလုံးရေပေါင်းမှာ ၆ဝဝ နီးပါးခန့် ရှိလေသည်။ ကိုးကား[ပြင်ဆင်ရန်] - မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
<urn:uuid:6d4717aa-46b0-4983-9b67-cd3b84ef917a>
CC-MAIN-2014-42
http://my.wikipedia.org/wiki/%E1%80%80%E1%80%BB%E1%80%B0%E1%80%94%E1%80%AE%E1%80%B8%E1%80%96%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AC
2014-10-26T00:15:22Z
s3://commoncrawl/crawl-data/CC-MAIN-2014-42/segments/1414119652530.43/warc/CC-MAIN-20141024030052-00091-ip-10-16-133-185.ec2.internal.warc.gz
mya
0.976305
Mymr
93
{"mya_Mymr_score": 0.976304829120636, "blk_Mymr_score": 0.023653946816921234}
နစ်ကီဘိုမင်းအောင်နှင့် ရက်ပါကောင်းထက် (ဓာတ်ပုံ- နဒီထိုက်/ ဧရာဝတီ) သူ့ အကောင့် အတုပေါ်မှာ ရေးထားတဲ့ စာတွေက သူရေးတာ မဟုတ်တဲ့အတွက် ပရိသတ်ရဲ့အထင်လွဲမှု ကို သူခံနေရတယ်လို့ နစ်ကီက ဧရာဝတီနဲ့ တွေ့ဆုံခိုက် ရင်ဖွင့်လာပါတယ်။ ယူကျုပေါ်တင်ပြီးပြီးချင်း အသားကုန် ဆဲဆို အားပေးခံရပြီး သူရေး၊ ဆို၊ ရိုက်ခဲ့တဲ့ “နင်ငါ့ကို ချစ်လဲလဲ လဲလဲ” သီချင်း အခုလို ပေါက်သွားခဲ့တာ သူ့ရဲ့ ချစ်ဖေဖေ ကျေးဇူးကြောင့်ပါတဲ့။ “ကျနော် သီချင်း ၆ ပုဒ်ပြီးလို့ ခွေဖြန့်တော့မယ်ဆိုတော့ အဖေက အရမ်းအေးတဲ့ အပုဒ်ကို ဖြုတ်ခိုင်းတာနဲ့ အမြန်ပဲ အဲဒီ လဲလဲလဲ သီချင်းကို သွင်းလိုက်တာ၊ ရိုက်တာတောင် ကင်မရာနဲ့ One Shot ပဲ ရိုက်လိုက်ရ တယ်၊ Edit တောင် မလုပ်လိုက်ရဘူး” လို့ နစ်ကီက လှိုက်လှိုက်လဲလဲ ပြောပါတယ်။ သူ့ရဲ့သီချင်း ၆ ပုဒ်ကို ဗီစီဒီအဖြစ် သေသေချာချာ ဖန်တီးပြီး စင်တာတွေမှာ ဝေတယ်။ နီးစပ်ရာမှာ ဝေခဲ့ တယ်တဲ့။ ပထမဆုံး တုံ့ပြန်မှုအဖြစ် သူငယ်ချင်းတွေက ဘယ်သူကမှ အားမပေးကြဘူးလို့ နစ်ကီ က ပြောတယ်။ တချို့ကဆို တားတောင် တားကြပါသေးတယ် တဲ့။ ဒါပေမယ့် မလျှော့သော ဇွဲ လုံ့လနဲ့ ဆက်ပြီး ကြိုးစား ရာ အင်တာနက်မှာ သီချင်းတွေ တင်ခဲ့တယ်။ အဲ့ဒီမှာပဲ လူသိများဖို့ အကြောင်းဖန်လာပါတော့တယ်။ အရင်ဆုံး ဟစ်ဟော့ပ် မုန်းတီးသူများ တိုက် ဖျက်ရေး အဖွဲ့က သူတို့ပေ့ခ်ျမှာ တင်လိုက်တယ်၊ နောက် လူတွေ ဝိုင်းရှယ် ဝိုင်းအားပေးကြရတဲ့ သူ့ရဲ့ လဲလဲလဲ သီချင်းကို ဟာသကမ္ဘာက ယူတင်ခဲ့တဲ့အတွက် အခုလို သူ ပေါက်သွားခဲ့ရတာပါပဲ လို့ နစ်ကီက အသေးစိတ် ရှင်းပြတယ်။ နစ်ကီက လသာ ၁ အထက်တန်းကျောင်းမှာ ၁၀ တန်းအောင်ခဲ့ပြီး အခု ကျောင်းတက်ဖို့ အမေရိကန် စကောလားရှစ် ရှာနေတယ်လို့ပြောပါတယ်။ သူ့ရဲ့ အဖေကလည်း အင်္ဂလိပ်စာဆရာ တဦးဖြစ်လို့ သူ့သီချင်းတွေမှာလည်း အင်္ဂလိပ်စာသားတွေ ထည့်ဆိုနိုင်တာ ဖြစ်ပါလိမ့်မယ်။ သတင်းကြီးနေတဲ့ တကိုယ်တော် မျှော်စင်ကျွန်း ရှိုးပွဲနဲ့ ပတ်သက်ပြီးတော့ နစ်ကီက မဟုတ်ရပါဘူးလို့ ဆိုပါတယ်။ စိတ်တောင်မကူးရဲတဲ့အကြောင်း၊ သူရဲ့ ဖေ့စ်ဘွတ် အတု ကနေ လုပ်ကြံရေးသားနေကြတဲ့အကြောင်း ပြောပါတယ်။ အင်တာနက်ပေါ်မှာ သူ့ထက် အရင် သတင်းကြီးနေတဲ့ အိန်အိန်းကလည်း သူ့ဆရာ မဟုတ်ပါဘူးလို့ နစ်ကီက ပြောပါတယ်။ အိန်အိန်းနဲ့ ဖေ့စ်ဘွတ်မှာခင်ပြီး အကိုလို ခင်မင်သွားတာပါတဲ့။ အိန်အိန်းက သူ့ကို သေချာကြိုးစားဖို့၊ ရှိုးပွဲမှာ ဆိုရဲပြီဆိုရင် Play Back မဆိုဘဲ ဆိုရဲပြီဆိုမှ ခေါ်မယ် လို့ သေချာ အားပေး လမ်းပြတယ်လို့ နစ်ကီက ပြောပါတယ်။ နစ်ကီက ရောခ့်သီချင်း ၂ ပုဒ်ကို အရင်ရေးပြီး ဆိုခဲ့တာပါတဲ့။ သူ တကယ်ကြိုက်တာက ရောခ့်ဂီတပါတဲ့။ ဒါပေမယ့် အခုလို ဟစ်ဟော့ပ်နဲ့ ပေါက်သွားတော့ ဟစ်ဟော့ပ်ဘက်ကိုပဲ ခြေစုံပစ်ဝင်တော့မှာတဲ့။ (ဟစ်ဟော့ပ် ပရိသတ်အတွက် ရင်ခုန်စရာကြီးပေ့ါ) သူ သီချင်းတွေက ရယ်စရာ မဟုတ်ဘူး၊ အတည် လုပ်ခဲ့တာတဲ့။ ဒါပေမယ့် အခုလို ရယ်စရာ ဖြစ်သွားတော့လည်း လူတွေ မြန်မြန် သိသွားတဲ့အတွက် ကျေးဇူးတင်ရ မလိုဖြစ်နေပြီလို့ပြောပါသေးတယ်။ ပရိတ်သတ်တွေအတွက် နစ်ကီ ကြိုးစားနေပါတယ်။ အခုဆိုရင် သီချင်း အသစ်တွေ ရေးနေသလို ဂစ်တာလည်း သင်နေပါပြီတဲ့။ ဒါ့အပြင် နစ်ကီရဲ့ တွဲဘက် (လဲလဲလဲသီချင်းရဲ့ ရက်ပါ) ကောင်းထက်ကလည်း ဂစ်တာတီးသင်နေပါပြီတဲ့။ လဲလဲလဲသီချင်းနဲ့ ပတ်သက်ပြီး ကောင်းထက်က ဒီသီချင်းဟာ သူ့ဘဝမှာ ပထမဆုံး ဆိုရတဲ့ သီချင်းမို့လို့ သူ့မှာ ဒူးတောင်အောင် ကြောက်ခဲ့ရတဲ့အကြောင်း၊ ဗီစီဒီအတွက်လည်း ဘာမှ မပြင်ဆင်ဘဲ ရိုက်လိုက်ရတဲ့ အတွက် စိတ်တိုင်းသိပ်မကျပေမယ့် ပေါက်သွားတဲ့အတွက် အလွန့် အလွန် ပျော်ရပါကြောင်း ပြော ပါတယ်။ နစ်ကီကတော့ ဂီတလောကထဲ ခြေစုံပစ်ဝင်ဖို့ ဆုံးဖြတ်လိုက်ပြီတဲ့။ သူနဲ့ အလှမ်းဝေးနေတဲ့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေက သူ အင်တာနက်ပေါ် ပေါက်သွားတဲ့အတွက် ဖုန်းဆက်ပြီး အားပေး စကားပြောကြတဲ့အတွက် ပို အားရှိလာပြီး ဆက်လုပ်တော့မှာလို့ နစ်ကီက ဘယ်လိုမှ တားမရတော့မယ့် အားမာန်အပြည့်နဲ့ ပြောလာပါတယ်။ စီးရီးကို official ထွက်နိုင်အောင် ကြိုးစားနေပြီး ရှိုးပွဲတွေအတွက်လည်း သေချာလေ့ကျင့်နေပြီလို့ နစ်ကီက ဆိုတာမို့ အားပေးကြမယ့် ပရိသတ်ကြီး ပါးစပ်သာ ပြင်ထားပေရော့။(ပြုံးရယ်နိုင်ကြဖို့ ပြောတာနော်) နဒီထိုက် ~
<urn:uuid:4044a4a4-5f4b-44aa-88bc-006f54e6387b>
CC-MAIN-2014-42
http://blog.irrawaddy.org/2013/05/blog-post_13.html
2014-10-31T07:36:30Z
s3://commoncrawl/crawl-data/CC-MAIN-2014-42/segments/1414637899124.21/warc/CC-MAIN-20141030025819-00033-ip-10-16-133-185.ec2.internal.warc.gz
mya
0.969455
Mymr
36
{"mya_Mymr_score": 0.9694553017616272, "blk_Mymr_score": 0.0294223353266716}
တနင်္ဂနွေနေ့က မိုင်းပြင်းမြို့နယ်၊ မိုင်းဟဲတိုက်နယ်အတွင်းမှာ တစ်ကြိမ်၊ သီပေါမြို့နယ်အတွင်းမှာ တစ်ကြိမ် ဖြစ်ပွားခဲ့ပြီး SSA ဘက်က ဒုဗိုလ် စိုင်းတလုံ ကျဆုံးခဲ့ကြောင်း ရှမ်းပြည်တောင်ပိုင်း တပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပြောပါတယ်။ SSA တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဆန်းက ပြည်နယ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေးအပါအ၀င် အချက် ၄ ချက်ကို သဘောတူ လက်မှတ်ထိုးခဲ့ကြပြီး ဇန်န၀ါရီ လလယ်ပိုင်းမှာတော့ ပြည်တောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့နဲ့ ဒုတိယအဆင့် ဖွံ့ဖြိုးတိုးတက်ရေး အပါအ၀င် အချက် ၁၁ ချက်ကို မူအားဖြင့် သဘောတူ လက်မှတ်ထိုးခဲ့ပါတယ်။ အစိုးရနဲ့ သဘောတူညီချက်တွေ ရရှိထားပေမယ့် ရှမ်းပြည်နယ်အပါအ၀င် တခြား တိုင်းရင်းသား လက်နက်ကိုင် ဒေသတွေမှာလည်း အလားတူ တိုက်ပွဲတွေ ဖြစ်ပေါ်နေတာ ကြားသိ နေရတဲ့အတွက် လက်ရှိ အခြေအနေအပေါ် သံသယ ဖြစ်ရကြောင်း ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပြောပါတယ်။ အခုလ ၆ ရက်နဲ့ ၇ ရက်တုန်းကလည်း တာချီလိတ်မြို့နယ်နဲ့ မိုင်းဆတ်မြို့နယ်တွေမှာရှိတဲ့ SSA အခြေစိုက် စခန်းတွေကို အစိုးရတပ်တွေက ၀င်ရောက်တိုက်ခိုက်ခဲ့လို့ SSA ဗဟိုဌာနချူပ်က အစိုးရ တြိဂံတိုင်းကို ကန့်ကွက်စာ တစ်စောင် ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။ အပစ်ရပ် လက်မှတ် ရေးထိုးခဲ့ချိန်ကနေ အခုထိ SSA နဲ့ အစိုးရတပ်တွေကြား ပစ်ခတ်မှု ၇ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒီသတင်းကို အာအက်ဖ်အေ သတင်းထောက် ကိုအောင်မိုးမြင့် ပေးပို့ခဲ့တာပါ။
<urn:uuid:e20b78da-10d8-460b-97b1-3c2891005c31>
CC-MAIN-2014-42
http://www.rfa.org/burmese/news/ssa-government-battle-02202012205148.html/story_main?textonly=1
2014-10-31T07:46:15Z
s3://commoncrawl/crawl-data/CC-MAIN-2014-42/segments/1414637899124.21/warc/CC-MAIN-20141030025819-00033-ip-10-16-133-185.ec2.internal.warc.gz
mya
0.961101
Mymr
44
{"mya_Mymr_score": 0.961100697517395, "blk_Mymr_score": 0.037230782210826874}
ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦး ဖြစ်တဲ့ (အငြိမ်းစား)ဒုတိယဗိုလ်မှူးကြီး ဦးချစ်ကိုကိုက ဖဒိုမန်းငြိမ်းမောင်ကို အထူးဧည့်သည်တော်တစ်ဦးလို ကနေ့မနက်မှာ လာရောက်ခေါ်ဆောင်သွားတာဖြစ်ကြောင်း အင်းစိန် ဗဟိုအကျဉ်းထောင်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ဆိုပါတယ်။ ကေအင်ယူနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းမှု ဖော်ဆောင်ရေးအဖွဲ့နဲ့ တွေ့ဆုံဖို့ ဖဒိုမန်းငြိမ်းမောင်ကို အစိုးရရုံးစိုက်ရာ နေပြည်တော်သို့ အမြန်ခေါ်ဆောင်သွားမှာ ဖြစ်ပြီး၊ အခုလအတွင်း မိခင်အဖွဲ့အစည်းဖြစ်တဲ့ ကရင်အမျိုးသား အစည်းအရုံးကို ပြန်လည်လွှဲပြောင်းပေးဖို့ ရှိတယ်လို့ သိရပါတယ်။ ဖဒိုမန်းငြိမ်းမောင်ကို ယခင်နှစ် ဇူလိုင်လက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဖမ်းဆီးခဲ့ပြီး၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေကို ချိုးဖောက်မှုနဲ့ ထောင်ဒဏ်ခြောက်လ ချမှတ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ဆက်လက်ပြီး နိုင်ငံတော် ပုန်ကန်မှု၊ မတရားအသင်း ဆက်သွယ်မှုတွေနဲ့ တရားစွဲဆိုခဲ့ပြီး၊ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။အစိုးရနဲ့ အပစ်ရပ် ငြိမ်းချမ်းရေး ဆွေးနွေးနေဆဲကာလမှာ KNU ဗဟိုကော်မတီဝင် မန်းငြိမ်းမောင် ပြန်လွတ်လာတာနဲ့ ပတ်သက်ပြီး ကိုဥာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။ ျစုစည်းတင်ပြချက်။ ျအသံဖိုင်ယူရန်။ျ
<urn:uuid:b9779d94-d99a-418c-babc-4ffad34d9371>
CC-MAIN-2014-42
http://www.rfa.org/burmese/news/mann-nyein-maung-release-03192012095954.html/story_main?textonly=1
2014-11-01T06:56:29Z
s3://commoncrawl/crawl-data/CC-MAIN-2014-42/segments/1414637904722.39/warc/CC-MAIN-20141030025824-00161-ip-10-16-133-185.ec2.internal.warc.gz
mya
0.935755
Mymr
44
{"mya_Mymr_score": 0.9357553720474243, "blk_Mymr_score": 0.05830587446689606}
အဆီဓာတ် နဲ့အငန်ဓာတ်ဟာ သင့်ကျန်းမာရေးကို ထိခိုက်နိုင်တာမို့ အဲဒါတွေရဲ့ %DV နည်းတဲ့ အစားအစာကိုရွေးချယ်သင့်သလို ဗိုက်တာမင် နဲ့ အမျှင်ဓာတ် %DV များများပါတဲ့ အစားအစာတွေကိုလည်း ရွေးချယ်သင့်တဲ့အကြောင်း ကျွမ်းကျင်သူများက ဆိုထားပါတယ်။ အစားအသောက်အမျိုးမျိုးရဲ့ Percent Daily value နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် ပျိုမေတို့ဈေးဝယ်ထွက်တဲ့အခါ ကို ဘယ်လိုအစားအစာတွေမှာ ခန္ဓာကိုယ်အတွက် သင့်လျော်တဲ့ အာဟာရ ဓါတ် ပိုမိုပါဝင်တယ်ဆိုတာ အလွယ်တကူသိနိုင်မှာဖြစ်လို့ အထူးအထွေ ခေါင်းခြောက်နေစရာမလိုတော့ဘူးပေါ့။ Sources: U.S. Food and Drug Administration; Dietary Reference Intakes National Academy of Sciences, 2004 Katherine Zeratsky RD, L.D. What does Percent Daily Value mean on food labels? ; Available from: http://www.mayoclinic.com/health/food-and-nutrition/AN00284. မွန်းသက်ပန် (ဆေး ၁)
<urn:uuid:54129318-3d46-4e9e-81bf-a0f1f1f96989>
CC-MAIN-2014-42
http://gayunarletmyarr.blogspot.com/2011_04_01_archive.html
2014-10-21T11:55:28Z
s3://commoncrawl/crawl-data/CC-MAIN-2014-42/segments/1413507444385.33/warc/CC-MAIN-20141017005724-00026-ip-10-16-133-185.ec2.internal.warc.gz
mya
0.924559
Mymr
54
{"mya_Mymr_score": 0.9245592355728149, "blk_Mymr_score": 0.06326242536306381}
အရှေ့အလယ်ပိုင်း ရေးရာ ကျွမ်းကျင်သူ ပညာရှင်တစ်ဦးက အီဂျစ်နိုင်ငံ၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးဆိုင်ရာအလားအလာ များနှင့်ပတ်သက်၍ ဤသို့ ကောက် ချက်ချခဲ့ဖူး၏။ ”ကမ္ဘာ့ မီဒီယာလောကဟာ တာဟီရာ ရင်ပြင်ပေါ်က လူထု လှုပ်ရှားမှုတွေလောက်ပဲ အာရုံစိုက်ပြီး အီဂျစ်ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးရဲ့ အလား အလာ ကို အကဲ ဖြတ်နေကြတာပါ။ လက်ရှိ လူထု လှုပ်ရှားမှုနောက်ကွယ်က အချက် အချာ ကျတဲ့နေရာမှာ အီဂျစ်စစ် တပ်က ဘယ်သဘောထားနဲ့ ဘယ်လို ပါဝင်နေတယ် ဆိုတာ ကို သုံးသပ်လေ့လာဖို့ မေ့လျော့နေခဲ့ ကြတယ်။ အီဂျစ်နိုင်ငံရေးလောက မှာ မူဘာရက်ရှိသည်ဖြစ်စေ၊ မရှိ သည်ဖြစ်စေ စစ်တပ်ကတော့အဓိက ကျတဲ့ အဆုံးအဖြတ်တွေ မှာ အရေး ပါတဲ့နေရာက ဆက်လက် ပါဝင်နေ ဦးမှာပါပဲ။ ဒါကြောင့်လည်း မူဘာ ရက်ကိုဖြုတ်ချတဲ့ အရေးအခင်းမှာ အီဂျစ် စစ်တပ်က လူထုနဲ့လက်တွဲခဲ့ တာပေါ့။ ဒါရဲ့ အကျိုးဆက်အဖြစ် မူဘာရက် ပြုတ်ကျပြီး နောက်ပိုင်း မှာ လက်နက်ကိုင်တပ်ဖွဲ့များ၏ အမြင့်ဆုံး စစ်ဦးစီးကောင်စီ (Supreme Council of Armed Force) က နိုင်ငံတော် အာဏာကို သိမ်းပိုက်ရယူနိုင်ခဲ့တာ ဖြစ်တယ်။ ဒီလို အနေအထားတွေ အောက်မှာ အီဂျစ်ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ ရေးရဲ့ အလားအလာဟာ ထင်သ လောက် လွယ်ကူချောမွေ့နိုင်စရာ မရှိပါဘူး။” သို့ဖြင့် အာဏာသိမ်းပိုက် ထားသည့် စစ်ဦးစီးကောင်စီက တည်ရှိဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းကြောင်း ကြေ ညာလိုက် သည့်အခါ လွှတ်တော်နှစ်ရပ်သည် လည်း အလိုအလျောက် ရပ်ဆိုင်း သွားခဲ့ရ၏။ တစ်ချိန်တည်းတွင် စစ်ဦးစီးကောင်စီက ပြုတ်ကျသွား သော ယခင် အစိုးရ အဖွဲ့နေရာ တွင် အိမ်စောင့်အစိုးရအဖြစ် အစား ထိုးဝင်ရောက် နေရာယူခဲ့သည်။ သို့တိုင် အိမ်စောင့် အစိုးရအဖွဲ့ တွင် ပါဝင်သည့် ဝန်ကြီးအများစု မှာသမ္မတ မူဘာရက် အစိုးရအဖွဲ့ ဝင် ယခင်ဝန်ကြီးဟောင်းများပင် ဖြစ်ကြ၏။ ထိုအခါ သဘာဝကျစွာ ပင် တာဟီရာ ရင်ပြင်ပေါ်တွင် ဒီ မိုကရေစီရေး ဆန္ဒပြသမားများ ထောင်နှင့်သောင်းနှင့် ချီကာ ပြန် လည် ရောက်ရှိလာကြပြီး စစ်ဦးစီး ကောင်စီကို ရှုတ်ချကြ၏။ ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တန်တာဝီ နုတ်ထွက်ပေးရန် တောင်းဆိုဆန္ဒပြ ခဲ့ကြ၏။ သို့ဖြင့် တာဟီရာ ရင်ပြင် တစ်ဝိုက်တွင် ဆန္ဒပြသမားများနှင့် လုံခြုံရေးအဖွဲ့ဝင်များ၏ အဓိကရုဏ်း တိုက်ပွဲများနောက် တစ်ကြိမ် ထပ်မံ ပေါ်ပေါက်လာခဲ့ ရပြန်သည်။ ယင်းသို့ တာဟီရာ ရင်ပြင် တစ်ဝိုက်တွင် ဆန္ဒပြအဓိကရုဏ်း ဖြစ်မှုများ၊ သွေးထွက်သံယိုဖြစ်ကာ အသက်ပေးကြရမှုများ အကြိမ် ကြိမ် ဖြစ်ပွားပြီးမှ ၂ဝ၁၁ ဒီဇင်ဘာလ တွင် အထွေထွေ ရွေး ကောက်ပွဲကြီးကို ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။ ရွေးကောက်ပွဲတွင် မူဆလင် ညီအစ်ကိုများ (Muslim & Brotherhood) အဖွဲ့ကို လိုလား ထောက် ခံသည့် ‘လွတ်လပ်ရေးနှင့် တရားမျှတမှု’ (Freedom and Justic Party) ပါတီက တစ်ပြည် လုံး၌ အပြတ်အသတ် အောင်ပွဲခံ ခဲ့ကြ၏။ သို့တိုင် စစ်ဦးစီး ကောင်စီ ၏ ပြောရေးဆိုခွင့် ရှိသူက ယခု ရွေးကောက်တင်မြှောက်လိုက်သည့် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း မည့် ပါလီမန်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေး ဆွဲပြဋ္ဌာန်းခွင့် မရှိ။ ဖွဲ့စည်းပုံ မူကြမ်းရေးဆွဲရေး အဖွဲ့သစ်တစ်ဖွဲ့ကို စစ်ဦးစီးကောင် စီက ဖွဲ့စည်းရေးဆွဲမည် ဖြစ် ကြောင်း ကြေညာလိုက်ရာ တစ်ပြည်လုံး တွင် ကန့်ကွက်ဆန္ဒပြမှုများ ထပ်မံ ပေါ်ပေါက်လာခဲ့ပြန်၏။ မည်သို့ပင်ဖြစ်စေ၊ အခက်အခဲ တိုက်ပွဲများကြားမှပင် နောက်ဆုံး တွင် အီဂျစ်ပါလီမန်မှ ‘လွတ်လပ် ရေးနှင့် တရားမျှ တမှု ပါတီ’ ခေါင်း ဆောင် မိုဟာမက်မော်စီ သမ္မတ အဖြစ် ဦးဆောင်ပါဝင်သည့် အစိုးရ အဖွဲ့တစ်ရပ်ကို ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ် သည်။ ယင်းသို့ ‘မူဆလင် ညီအစ် ကိုများအဖွဲ့’ ကိုလိုလားသည့် ပါတီ အာဏာရလာခြင်းအပေါ် သဘော မကျလှသည့် အမေရိကန်က အခြေအနေကို ရွေးကောက်ပွဲသက် တမ်း တစ်ခုစာ ၅ နှစ်ခန့် စောင့် ကြည့်ရင်း ပုံမှန်ဆက်ဆံ သွားမည် ဟု ဆိုပါသည်။ သို့တိုင် လက်တွေ့ အားဖြင့်မူ အမေရိကန်တို့ လေ့ ကျင့်ပြုစုပျိုးထောင်ပေးထားသည့် အီဂျစ်စစ်တပ်နှင့်သာ ပိုမို ပူးပေါင်း ဆောင်ရွက်သွား ဖွယ်ရာ အလား အလာ ရှိပေသည်။ ယင်းသို့သော အနေအထားအောက်တွင် သမ္မတ သစ် မော်စီအနေဖြင့် အီဂျစ်စစ်တပ် အပေါ် နည်းပရိယာယ် ကြွယ်ဝစွာ အထူးသတိ ထား ကိုင်တွယ် ဆက်ဆံသွားရပေလိမ့်မည်။ တာဟီရာ ရင်ပြင်ပေါ်မှစတင်ခဲ့သောဒီမိုကရေ စီပြုပြင်ပြောင်းလဲရေး၏ ကံကြမ္မာ သည် စစ်ဘက် အရပ်ဘက် အသွင် ကူးပြောင်းရေးလုပ်ငန်းစဉ် ချော မွေ့အောင်မြင်ရေး အပေါ်တွင် အဓိက မူတည်ပေလိမ့်မည်။ ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်း မှာပင် ဗိုလ်ချုပ်ကြီး အက်ဘ် ဒယ်လ်ဖာတာအယ်-စီစီ (Abdel Fatah Al-sisi) အား အီဂျစ်တပ် မတော်၏ ကာကွယ်ရေးဦးစီးချုပ် နှင့် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ပေး ခန့်အပ်လိုက်ကြောင်း သမ္မတသစ် မော်စီက ထုတ်ပြန် ကြေညာလိုက်သည်။ ဗိုလ်ချုပ်ကြီး အယ်-စီစီသည် ယခင် စစ်ဦးစီး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တန်တာဝီ၏နေရာကို လွှဲပြောင်း ရယူလိုက်ခြင်း ဖြစ်၏။ အသက် ၇၆ နှစ်ရှိပြီဖြစ်သော မာရှယ်တန် တာဝီသည် လွန်ခဲ့သော ဆယ် စုနှစ် နှစ်ခုကျော်မျှ သမ္မတဟောင်း မူဘာရက် လက်ထက်ကတည်းက ကာကွယ်ရေးဦးစီးချုပ်နှင့် ဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်၏။ ပြောရလျှင် သမ္မတ မူဘာရက် ရာထူးမှ နုတ်ထွက်ပြီးနောက်ပိုင်း အီဂျစ်နိုင်ငံတွင် တာာဝန်အရှိဆုံး အာဏာအရှိဆုံး ပုဂ္ဂိုလ်ကြီးမှာ မာရှယ်တန်တာဝီပင် ဖြစ်သည်။ ယခုအခါ မာရှယ်တန်တာဝီ ရာထူး မှ နုတ်ထွက်ပြီး သမ္မတသစ်၏ စစ်ဘက်အကြံပေး ဖြစ်သွားပြီဆိုသော အခါ အီဂျစ်ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်မှာအဆင် ပြေချောမွေ့သွားပြီဟုသာ ဆိုရ ပေလိမ့်မည်။ သမ္မတသစ်မော်စီ၏ လှပကြွယ်ဝသည့် နည်းပရိယာယ် အောက်တွင် အီဂျစ်၏ စစ်ဘက် အရပ်ဘက် အသွင်ကူးပြောင်းရေး ခရီးစဉ်မှာ ညင်သာသိမ်မွေ့ စွာ အောင်မြင်သွားခဲ့လေပြီ။ ကာကွယ်ရေးဦးစီးချုပ်သစ် အဖြစ် ခုန်တက်လာသူ အယ်-စီစီ မှာ မည်သူနည်း။ ဗိုလ်ချုပ်ကြီး အယ်-စီစီ မှာ အီဂျစ်တပ်မတော် ထောက်လှမ်းရေး အကြီးအကဲပင် ဖြစ် သည်။ ထိုသို့ ထောက်လှမ်းရေး အကြီးအကဲဘဝမှအယ်-စီစီသည် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာနိုင် ခြင်းမှာ သမ္မတသစ်မော်စီ၏ ပြောင် မြောက်သည့် မဟာဗျူဟာစီမံ ချက်နှင့် ကျွမ်းကျင်လိမ္မာသည့် အခင်းအကျင်းကြောင့်ပင် ဖြစ် သည်။ အချို့သော သတင်းရပ်ကွက် များကမူ ဗိုလ်ချုပ်ကြီး အယ်-စီစီ မှာ ‘မူဆလင်ညီနောင်များအဖွဲ့’ မှ တပ်မတော်ထဲတွင် ရေရှည်မြှုပ်နှံ မွေးမြူလာသူ တစ်ဦးပင်ဖြစ်မည် ဟု ထင်ကြေးပေးကြပါသည်။ သို့ တိုင် အထောက်အထား ခိုင်ခိုင်မာ မာကား မရှိလှ၊ မပြနိုင်ခဲ့ကြပေ။ မာရှယ်တန်တာဝီမှာ ၁၉၆၇ ခုနှစ် အာရပ်-အစ္စရေး စစ်ပွဲကာလ များအတွင်းက ဆိုဗီယက်စစ်သင် တန်း ကျောင်းမှ မွေးထုတ်ပေးခဲ့ သည့် အရာရှိတစ်ဦးဖြစ်၏။ နောက် ပိုင်းတွင် ဒေါ်လာဘီလျံနှင့် ချီသော စစ်ရေးအကူအညီများကို အမေရိကန်တို့ထံမှ လှိုက်လှဲဝမ်း သာစွာ လက်ခံရယူခဲ့သည့်တိုင် မာ ရှယ်တန်တာဝီသည် အီဂျစ်စစ်တပ် အတွင်းမှ အမေရိကန်နှင့် နီးစပ် သူများကို သံသယဖြင့် အမြဲတမ်း စောင့်ကြည့်အကဲခတ်လာခဲ့သူ ဖြစ်ပေသည်။ ယင်းသို့သော အနေ အထားအောက်ကပင် အမေရိကန် နိုင်ငံ ပင်ဆယ်ဗေးနီး ယားစစ် တက္ကသိုလ်မှ စစ်ပညာ မဟာဝိဇ္ဇာ ဘွဲ့ရယူခဲ့သူ ဗိုလ်ချုပ်ကြီး အယ်-စီစီကမာရှယ် တန်တာဝီ၏ ရာထူး နေရာကို အရယူသွားနိုင်ခဲ့ခြင်း ဖြစ်၏။ ဗိုလ်ချုပ်ကြီးအယ်-စီစီသည် သူ၏ရာထူးသက်တမ်း တစ်လျှောက် တွင်ခြေလျင်တပ်ဖွဲ့များစွာကို ဦးစီး တာဝန်ယူကာ စစ်ရေးစွမ်းရည် ပြသနိုင်ခဲ့သူဖြစ်၏။ ထို့ပြင် တပ်မ တော် ထောက်လှမ်းရေးမှူးအဖြစ် ဒေါ်လာဘီလျံနှင့်ချီသည့် စစ်ရေး အကူအညီများကို မိမိတို့အိတ်ထဲသို့ ပြောင်းထည့်နေကြသည့် ဗိုလ်ချုပ် များ၏ လှုပ်ရှားမှုကို မပြတ် စောင့် ကြည့်နေတတ်သူဖြစ်၏။ ထို့ကြောင့် အထက်လွှာမှ ဗိုလ်ချုပ်များက ထောက်လှမ်းရေးမှူး အယ်-စီစီကို မုန်းတီးကြသလောက် အောက်ခြေ တပ်မှူး တပ်သား များက သူ့ကို လေးစားချစ်ခင်ခဲ့ကြ၏။ သို့ဖြင့် သမ္မတသစ်မော်စီသည် ထောက် လှမ်းရေးမှူး အယ်-စီစီနှင့် ကျော ချင်းကပ်ကာ အခွင့်အခါကောင်းကို စောင့်ကြည့်နေကြ ခြင်းဖြစ်သည်။ သို့တိုင် အခွင့်အခါမှာ ကြာ ကြာစောင့်စရာ မလိုခဲ့ပါ။ သြဂုတ်လ ၅ ရက်နေ့တွင် ဘာသာရေးအကြမ်း ဖက်သမားတစ်စုက အီဂျစ်နယ်ခြား စောင့်စစ်စခန်းတစ်ခုကို စီးနင်း တိုက်ခိုက်ခဲ့ရာစစ်သည် ၁၆ ဦးမျှ ကျဆုံးပြီး ဒဏ်ရာများစွာ ရရှိခဲ့သဖြင့် အီဂျစ်တပ်မတော်၏ ဂုဏ် သိက္ခာကျဆင်းညှိုးနွမ်းခဲ့ရ၏။ ဤ အကြောင်းအချက်ကို အသုံးချ၍ သမ္မတသစ်မော်စီက ၃ ရက်အတွင်း မှာပင် မာရှယ်တန်တာဝီကို ရာထူး မှ ဂုဏ်သိက္ခာရှိစွာ နုတ်ထွက်စေခဲ့ပြီး အယ်စီစီကို ကာကွယ်ရေး ဦးစီးချုပ် နှင့် ဝန်ကြီးအဖြစ်ခန့် အပ်တာဝန် ပေးလိုက်တော့သည်။ ဤသို့ဖြင့် တာဟီရာ ရင်ပြင်ပေါ်မှ စတင်ခဲ့ သည့် ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေး ဖြစ်စဉ်တွင် အရေးကြီးဆုံး ဆက်ထုံးတစ်ရပ်ဖြစ် သည့် စစ်ဘက် အရပ်ဘက် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်မှာ ပန်းနုရောင်ကတ္တီပါ ကော်ဇောခင်းသည့်လမ်းအတိုင်း လျှောက်လှမ်းနိုင်စွမ်း ရှိလာပေ တော့မည်။ သန်းစိုးနိုင် Ref: Al-si si Newsweek (Aug-12)
<urn:uuid:3a059e0d-a68e-4da0-a323-9896a7e10239>
CC-MAIN-2014-42
http://www.popularmyanmar.com/mpaper/2012/09/%E1%80%90%E1%80%AC%E1%80%9F%E1%80%AE%E1%80%9B%E1%80%AC-%E1%80%9B%E1%80%84%E1%80%B9%E1%80%BB%E1%80%95%E1%80%84%E1%80%B9%E1%80%94%E1%80%AE%E1%80%99%E1%80%BD-%E1%80%80%E1%80%90%E1%81%B2%E1%80%AE%E1%80%95/
2014-10-21T11:54:49Z
s3://commoncrawl/crawl-data/CC-MAIN-2014-42/segments/1413507444385.33/warc/CC-MAIN-20141017005724-00026-ip-10-16-133-185.ec2.internal.warc.gz
mya
0.959107
Mymr
17
{"mya_Mymr_score": 0.9591071605682373, "blk_Mymr_score": 0.0380837544798851}
မောင်တော ။ ။ မောင်တော မြို့နယ် တောင်ပိုင်း မောရ၀တီ ကျေးရွာတွင် လုံခြုံရေး တာဝန်ယူ ထားသော စစ်တပ်မှ ဗိုလ်စိန်ဝင်း ဦးဆောင်သော အဖွဲ့သည် ကြာသပတေးနေ့ (ဧပြီလ ၂၅) နံနက် ၁၁ နာရီ ခန့်တွင် ချိန်ခါလီ ကျေးရွာတွင် နေထိုင်သော ဦးဆယာဒုလ္လာ (ဘ) ဦးဖဇာလ် ကရီးမ်၏ နေအိမ်သို့ ၀င်ရောက်ပြီး ဦးဆယာဒုလ္လာ အား ၎င်း၏ မိဘ များရှေ့တွင် လူမဆန်စွာ ရိုက်နှက် ခဲ့သည်။ ဦးဆယာဒုလ္လာ အား ဖမ်းဝရမ်း မပြဘဲ ၀ရမ်းပြေးဟု မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီး ခေါ်ဆောင် သွားရန် ကြိုး စား ခဲ့သည်။ ဦးဆယာဒုလ္လာမှ အချုပ်ခန်း ထဲတွင် ညှင်းပန်း နှိပ်စက် ခံရမည့် အရေးကို တွေးပြီး ဗိုလ်ကြီး စိန်ဝင်း တောင်းသော ငွေကျပ် ၁၆ သိန်း ပေးခဲ့ ရကြောင်း ဒေသခံ တစ်ဦးမှ RB News သို့ ပြောပါသည်။ ယင်းနေ့ တွင်ပင် ဗိုလ်ကြီးစိန်ဝင်း ဦးဆောင်သော အပေါင်း အပါ ၄ ဦးမှ သောင်းပညာ ကျေးရွာ အုပ်စု၊ ၀ါး ချ ကျေးရွာတွင် မိမိတို့၏ အိမ်မွေး နွားများ ကျောင်းနေသော ကလေးငယ် နှစ်ဦးကို နွားများကို နတလ ရွာတွင် ကျောင်းနေ သည်ဟု ပြောဆိုပြီး ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ “ကလေးငယ် နှစ်ယောက်လုံးက နွားကျောင်း နေတာ နတလ ရွာနဲ့ နီးတယ်။ အဲဒါကို နတလ ရွာထဲ ကို နွား ကျောင်းနေတယ် ဆိုပြီး ဖမ်းသွားတယ်။ ကလေးတွေရဲ့ မိဘတွေက ဆင်းရဲလွန်း ပါတယ်။ ဒါပေ မယ့် ဖမ်းသွားတဲ့ ကလေးတွေ မတရား နှိပ်စက်ခံ ရမှာကို စိုးရိမ်ပြီး ကလေး နှစ်ယောက်လုံး အတွက် တစ်ယောက် ကို ၅ သောင်းစီ ငွေ တစ်သိန်း ပေးပြီး ညနေ ၅ နာရီ ပြန်ရွေး လာခဲ့ ရတယ်” ဟု ရွာသား တစ်ဦးမှ RB News သို့ ပြောပါသည်။ ဖမ်းဆီး ခံရသော ကလေးငယ် နှစ်ဦးမှာ – (၁) မာမွတ်ခါန် (ဘ) ဦးခိုက်ရ် ဟူစိန်း (အသက် ၉ နှစ်) (၂) အေနာမ် (ဘ) ဦးလတိဖ် (အသက် ၁၀ နှစ်) — တို့ ဖြစ်ပါသည်။ ရခိုင် ပြည်နယ် အ၀န်းရှိ နစက၊ စစ်တပ်နှင့် အာဏာပိုင် များသည် အစိုးရ ၀န်ထမ်း များနှင့် မတူဘဲ ဓါးပြများ ထက်ပင် ပို၍ ဆိုးရွား နေကြောင်း အဆိုပါ ရွာသားမှ ပြောသည်။
<urn:uuid:5de3b7c9-2ef9-4913-902d-e72a4f8c6569>
CC-MAIN-2014-42
http://burmamuslim.wordpress.com/2013/04/28/%E1%80%93%E1%80%AB%E1%80%B8%E1%80%BB%E1%80%95%E1%80%9E%E1%80%96%E1%80%BC%E1%80%9A%E1%80%B9-%E1%80%85%E1%80%85%E1%80%B9%E1%80%9E%E1%80%AC%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%82%8F%E1%80%BC/
2014-10-24T18:45:01Z
s3://commoncrawl/crawl-data/CC-MAIN-2014-42/segments/1414119646425.54/warc/CC-MAIN-20141024030046-00073-ip-10-16-133-185.ec2.internal.warc.gz
mya
0.990737
Mymr
37
{"mya_Mymr_score": 0.9907368421554565}
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် မှာ ဇော်ဝင်း ဖြစ်သည်။ဒုတိယရဲချုပ်မှာ ရဲမှူးချုပ်ဇော်ဝင်း ဖြစ်ပြီး လက်အောက်ခံတပ်ဖွဲ့နှင့် အကြီးအကဲများမှာ- ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ် ခင်မောင်စီ၊ ရဲရေးချုပ် ရဲမှူးချုပ် စိုးဝင်းမြင့်၊ ရဲထောက်ချုပ် ရဲမှူးချုပ်ဝင်းစိုး၊ ရဲတပ်ရင်းများကွပ်ကဲရေးမှူး ရဲမှူးချုပ်သန်းဟန် သတင်းတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် မြင့်သိန်း ၊စည်ပင်သာယာရေးတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းကြည်၊ မှုခင်းတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် ခင်မောင်၊ရဲဗဟိုလေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီးရဲမှူးချုပ်သိန်းတင့်ဖြစ်သည်။ ပြည်နယ်နှင့် တိုင်ဒေသကြီးရဲတပ်ဖွဲ့မှူး များမှာ - ရဲမှူးကြီးအောင်နိုင်သူ(ရန်ကုန်)၊ ရဲမှူးကြီးအောင်ထွဋ်(မန္တလေး)၊ ရဲမှူးကြီးဘကြည်(မကွေး)၊ ရဲမှူးကြီးသိန်းကြည်(ပဲခူး)၊ ရဲမှူးကြီးမျိုးဆွေဝင်း(ပဲခူး အနောက်)၊ ရဲမှူးကြီးညွန့်ဝင်း(တနသာၤရီ)၊ ရဲမှူးကြီးမောင်မောင်လွင်(ကချင်)၊ ရဲမှူးကြီး မောင်မောင်(ကယား)၊ ရဲမှူးကြီးဆယ်မောင်(ကရင်)၊ ရဲမှူးကြီးမြင့်တိုး(ချင်း)၊ ရဲမှူးကြီးတင်မောင်(မွန်)၊ ရဲမှူးကြီး အောင်ဒိုင်း(ရခိုင်)၊ ရဲမှူးကြီးဝင်းနိုင်(ရှမ်း တောင်ပိုင်း)၊ ရဲမှူးကြီးစန်းလွင်(ရှမ်း မြောက်ပိုင်း)၊ ရဲမှူးကြီးဝင်းကြည်(ရှမ်း အရှေ့ပိုင်း)တို့ ဖြစ်သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့နောက်ခံသမိုင်းကြောင်း[ပြင်ဆင်ရန်] ဗြိတိသျှတို့သည် ၁၈၈၇ အောက်တိုဘာလ ၂၈ တွင် ကျေးရွာအက်ဥပဒေကို ပြဌာန်းခဲ့ပြီး ကျေးရွာပုလိပ်အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သည်။ ၁၈၈၉တွင် ရန်ကုန်ပုလိပ်အက်ဥပဒေကိုပြဌာန်းပြီး ရန်ကုန်ပုလိပ်အဖွဲ့(Rangoon city Police) ကိုခွဲထုတ်ဖွဲ့စည်းခဲ့ရာ ပုလိပ်အဖွဲ့ ၊ မြို့ပြပုလိပ်အဖွဲ့၊ ရန်ကုန်မြို့တော်ပုလိပ်အဖွဲ့၊တို့ ပေါ်ပေါက်လာသည်။ ၁၉၃၇တွင် Home rule(ကိုယ်ပိုင်အုပ်ချုပ်ရေး)ကာလတွင် ပုလိပ်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး ပုလိပ်မင်းကြီးတစ်ဦးမှအုပ်ချုပ်သော သာမန်ပုလိပ်နှင့် စစ်ဘက်အရာရှိကြီးတစ်ဦးမှ အုပ်ချုပ်သော စစ်ပုလိပ်ဆိုပြီး ၂မျိုး ခွဲထုတ်ခဲ့ပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း လက်နက်ကိုင်ပုလိပ်တပ်ဖွဲ့များအား ပြည်ထောင်စုစစ်ရဲတပ်(Union Military Police - UMP) အဖြစ်ပေါင်းစည်းဖွဲ့ခဲ့ပါသည်။တပ်ရင်းပေါင်း ၂၁ရင်းရှိပြီး နယ်ခြားစောင့်နှင့် ပြည်တွင်းလုံခြုံရေးတပ် ဟုဖွဲ့စည်းခဲ့သည်။ ၁၉၅၄တွင် အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့(အင်တာပိုလ်)သို့ ဝင်ရောက်ခဲ့သည်။ ၁၉၆၀ ဧပြီလ ၁၇က်နေ့တွင် ပြည်ထောင်စုစစ်ရဲကို ပြည်စောင့်ရဲ(Union Constabulary)ဟု ပြင်ဆင်ခဲ့သည်။ ၁၉၆၄အောက်တိုဘာ ၁ တွင် ပြည်သူ့ရဲတပ်ဖွဲ့(People's Police Force) အမည်ဖြင့် အောက်ပါအတိုင်းပြန်လည်ဖွဲ့စည်းခဲ့သည်။ - ပြည်သူ့ရဲတပ်ဖွဲ့ဌာနချုပ် - ပြည်နယ်/တိုင်း ပြည်သူ့ရဲတပ်ဖွဲ့များ - ခရိုင်ရဲတပ်ဖွဲ့များ - ပြည်သူ့ရဲတပ်ဖွဲ့စခန်းများနှင့် ကင်းစခန်းများ - အထူးသတင်းထောက်လှမ်းရေးတပ်ဖွဲ့ခွဲ(သတင်းတပ်ဖွဲ့) - မှုခင်းစုံစမ်းရေးတပ်ဖွဲ့ခွဲ(မှုခင်းတပ်ဖွဲ့) - မီးရထား ရဲတပ်ဖွဲ့(ရထားတပ်ဖွဲ့) - အထူးတပ်ဖွဲ့များ တို့ဖြစ်ပါသည်။ ၁၉၉၅ စက်တင်ဘာ၁၃ ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့မှ အမိန့်အမှတ် ၁/၉၅ ကိုထုတ်ပြန်ကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (Myanmar Police Force) ဟု အမည်ပြောင်းလဲခဲ့ပြီး နှစ်စဉ် အောက်တိုဘာလ ၁ရက်နေ့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ဟု သတ်မှတ်ခဲ့သည်။ ယခုအခါ မြန်နိုင်ငံရဲတပ်ဖွဲ့၏ ရဲချုပ်မှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ရဲချုပ် ကျော်ကျော်ထွန်း ဖြစ်ပါသည်။ လက်ရှိဖွဲ့စည်းထားသော အဖွဲ့အစည်းများ[ပြင်ဆင်ရန်] ၎င်း၏ လက်အောက်ရှိ ရဲတပ်ရင်း များမှာ- - ရဲတပ်ရင်း (၁) - ရဲတပ်ရင်း (၂) - ရဲတပ်ရင်း (၃) - ရဲတပ်ရင်း (၄) - ရဲတပ်ရင်း (၅) - ရဲတပ်ရင်း (၆) - ရဲတပ်ရင်း (၇) - ရဲတပ်ရင်း (၈) ထို့အပြင်အခြားလက်အောက်ခံအဖွဲ့များမှာ- - အရံရဲတပ်ဖွဲ့တို့ဖြစ်သည်။ ရဲတပ်ဖွဲ့၏ အင်တာနက် စာမျက်နှာမှာ http://www.myanmarpoliceforce.org/ ဖြစ်ပြီး ဖေ့စ်ဘုတ် လူမှုကွန်ရက်မှာ http://www.facebook.com/pages/%E1%80%9B%E1%80%B2%E1%80%87%E1%80%AC%E1%80%94%E1%80%8A%E1%80%B9/463287083724096?ref=ts&fref=ts ဖြစ်သည်။
<urn:uuid:6397a567-b1a7-44f4-942c-90ad8fd2bf19>
CC-MAIN-2014-42
http://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6_%E1%80%9B%E1%80%B2%E1%80%90%E1%80%95%E1%80%BA%E1%80%96%E1%80%BD%E1%80%B2%E1%80%B7
2014-10-20T17:55:53Z
s3://commoncrawl/crawl-data/CC-MAIN-2014-42/segments/1413507443062.21/warc/CC-MAIN-20141017005723-00217-ip-10-16-133-185.ec2.internal.warc.gz
mya
0.995751
Mymr
14
{"mya_Mymr_score": 0.995751142501831}
မြန်မာ့ ရုပ်ရှင်သည် အစိုးရ အဆက်ဆက်၏ ဝါဒဖြန့်ရေး အတွက် အသုံးချခံရခဲ့ပြီး ကန့်သတ်ပိတ်ပင်မှု အမျိုးမျိုးကြောင့် အနုပညာ အရည်အသွေး ကျဆင်းခဲ့ရကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်း က ပြောဆိုသည်။ ထို့အပြင် ဆင်ဆာမူဝါဒကြောင့် လုံးဝ စွန့်လိုက်ရသည့် ရုပ်ရှင် ဗီဒီယိုဇာတ်ကားများ၊ ပြန်လည် ရိုက်ကူးရသည့် ဇာတ်ကား များစွာ ရှိခဲ့ကြောင်း၊ အနုပညာ လွတ်လပ်စွာ ဖန်တီး ရိုက်ကူးခွင့် မရသဖြင့် သာမန် ချစ်ကြိုက်ကွဲညား ဇာတ်လမ်းများသာ ရိုက်ကူးခဲ့ ကြခြင်း ကြောင့် ပရိသတ် စိတ်ဝင်စားမှု လျော့နည်း၍ ရုပ်ရှင်အရည်အသွေး ကျဆင်းခဲ့ရကြောင်း ဒီဇင်ဘာ ၁ ရက်နေ့ ကန်တော်ကြီး ပဲလေ့စ် ဟိုတယ်၌ ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲတွင် ၎င်းက ပြောဆိုလိုက်ခြင်းဖြစ်သည်။ ၂၀၁၂ခုနှစ် နှစ်ဆန်းပိုင်းတွင် ဆင်ဆာမူဝါဒများ လျှော့ချခဲ့သော်လည်း ရုပ်ရှင်လောကသားများ မျှော်လင့်သည့် လွတ်လပ်စွာ ရိုက်ကူး ဖန်တီးခွင့်နှင့် ဝေးကွာနေဆဲဖြစ်ကြောင်း၊ ဇာတ်လမ်းဇာတ်ညွှန်းပိုင်းတွင်လည်း ဆန်းသစ်တီထွင်နိုင်ခြင်း မရှိ၊ အသုံးပြုနေ ရသည့် ရုပ်ရှင် ဆိုင်ရာ စက်ပစ္စည်း ကင်မရာများအစား ခေတ်မီ အဆင့်မြှင့်တင်ရန်လိုကြောင်း၊ မျိုးဆက်သစ်များ မွေးထုတ်ပေးရန် လည်းလိုအပ်ကြောင်း ဦးဇင်ဝိုင်းက ဆက် ပြောသည်။ နာမည်ကျော် လူရွှင်တော် ဒါရိုက်တာ ဦးဇာကနာကလည်း “မြန်မာ့ရုပ်ရှင် လောကက အခုမှ အစပျိုးမယ့် အခြေအနေပေါ့။ ပြီး ခဲ့တာတွေကို ထားလိုက်ရမှာပဲ။ မှားခဲ့တာတွေလည်း မှားခဲ့ပြီ။ သိလို့ ပြင်မယ် ဆိုရင် ပြင်ဖို့ လိုတယ်”ဟု ပြောသည်။ မြန်မာ့ရုပ်ရှင် အရည်အသွေးသည် ခေတ်စနစ်အခြေအနေ၊ စက်ကိရိယာနှင့် ပြသရေး အခြေအနေများကြောင့် အားသာချက်များ လုံးဝမရှိဘဲ ဆုတ်ယုတ်သွားသည့် အခြေအနေများသာ ရှိနေသည်ဟု ဝါရင့် ဒါရိုက်တာ ဦးမောင်မောင်မြင့်ကလည်း ပြောဆိုသည်။ “သေငယ်ဇောနဲ့ မျောနေတဲ့ ရုပ်ရှင်လောကက ပြန်ရှင်သန်မယ် ဆိုရင်တော့ ဝမ်းသာရမှာပေါ့၊ ရုပ်ရှင်လောကက အားသာချက် လုံးဝမရှိဘူး အားနည်းချက်တွေပဲ အများကြီးရှိနေတယ်”ဟု ၎င်းက ဆိုသည်။ ပြန်ကြားရေး ၀န်ကြီး ဦးအောင်ကြည်ကမူ စည်းမျဉ်းစည်းကမ်းများလိုအပ်ကြောင်းနှင့် လက်ရှိ မြန်မာ့ရုပ်ရှင်လောက၏ အကြီးမား ဆုံးပြဿနာမှာ တရားမဝင် ကူးယူဖြန့်ဝေခြင်း ဖြစ်နေကြောင်း၊ နိုင်ငံတကာတွင် ရုပ်ရှင်သည် ကူးသန်းရောင်းဝယ်ရေး ပစ္စည်းတခု အဖြစ်ရပ်တည်နေသည့် အတွက် မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံအမှတ်တံ ဆိပ်အဖြစ် နိုင်ငံတကာသို့ တင်ပြရာတွင် အရေးကြီး လာကြောင်း ပြောဆိုသည်။ ရုပ်ရှင်၊ ဗီဒီယို ရိုက်ကူးသူများသည် အကျိုးအမြတ် ရရှိရေးကိုသာ ဦးတည်နေကြပြီး ဒါရိုက်တာများ အနေနှင့် ဇာတ်ကား ထုတ် လုပ်သူက ချထားပေးသည့် ငွေကြေးအရ ရိုက်ကူးနေရခြင်းကြောင့် အရည်အသွေးထက် အရေအတွက်ကို ဦးစားပေး နေသည့် အခြေအနေများ ဖြစ်နေကြောင်းလည်း သိရသည်။ “ရုပ်ရှင်လောက နိုင်ငံတကာ အဆင့်အတန်း မီဖို့အတွက် လိုအပ်ချက်တွေကတော့ အများကြီးပဲ။ ဈေးကွက်၊ စတူဒီယို၊ ရုပ်ရှင်နဲ့ သက်ဆိုင်တဲ့ ဥပဒေတွေနဲ့ စက်ကိရိယာတွေလိုတယ်”ဟု ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်က ပြောသည်။ မြန်မာ့ရုပ်ရှင် ဇာတ်ကားပေါင်း ၁၀၀၀ ကျော်အတွက် ဇာတ်ညွှန်း ရေးသားပေးနေသူမှာ ဦးရေ ၃၀ ခန့်သာရှိသောကြောင့် ဇာတ် လမ်း များမှာ အပ်ကြောင်းထပ်နေကြောင်း၊ ဗီဒီယို တကားအတွက် အချိန်တပတ်ခန့်ဖြင့် အပြီးရိုက်ကူးခြင်းများရှိနေသည့်အတွက် ငွေကြေးရရှိမှု ကိုသာ အခြေခံလာသည်ဟု သုံးသပ်မိကြောင်းလည်း ၎င်းက ဆိုသည်။ မြန်မာနိုင်ငံ၌ ၁၉၆၀ ခုနှစ်က ရန်ကုန်နှင့်မန္တလေးတွင် ခေတ်မီစတူဒီယို ၂၀ ကျော်ရှိခဲ့ပြီး လက်ရှိတွင် လုံးဝ မရှိတော့ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန၏ စာရင်းများအရ တနိုင်ငံလုံးတွင် ရုပ်ရှင်ရုံပေါင်း ၁၁၆ ရုံရှိသော်လည်း လက်ရှိ ပြသနေသည်မှာ ၄၉ ရုံရှိ ကြောင်း၊ ၆၀ ရာခိုင်နှုန်းမှာ အများပြည်သူ ကြည့်ရှုရန် မသင့်သည့် ရုံများဖြစ်နေကြောင်း၊ ရုပ်ရှင်စတူဒီယို ပညာရှင်များ၊ စင်တင် ပညာရှင်များလည်း မျိုးဆက်ပြတ်သွားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ မြန်မာ့ရုပ်ရှင် လောက ပြန်လည်ဖွံ့ဖြိုးစေရေးအတွက် မြန်မာ့ရုပ်ရှင် လောကသားများနှင့် ဟောလိဝုဒ်၊ ဘောလိဝုဒ်နှင့် ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံတို့မှ အနုပညာရှင်များ၊ ကာတွန်းရုပ်ရှင်လောကမှ ပညာရှင်များသည် ဒီဇင်ဘာ ၁ ရက်နှင့် ၂ ရက်တွင် ရန်ကုန်မြို့ ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်တွင် မြန်မာ့ရုပ်ရှင်၏ ခိုင်မာသောအနာဂတ်ဆီသို့ အလုပ်ရုံဆွေးနွေးပွဲ၌ တက်ရောက် ဆွေးနွေးခဲ့ကြ ခြင်း ဖြစ်သည်။ ကမ္ဘာ့ရုပ်ရှင် ပေါ်ထွန်းလာပြီးနောက်၂၅ နှစ်ခန့် အကြာ ၁၉၂၀ ၀န်းကျင်က မြန်မာနိုင်ငံတွင်လည်း ရုပ်ရှင်လုပ်ငန်း ပေါ်ပေါက်လာပြီး အစပိုင်းတွင် အသံတိတ် ရုပ်ရှင်ဖြင့် စတင်ခဲ့ကြသည်။ မြန်မာနိုင်ငံ၏ ပထမဆုံးသော အသံတိတ် ရုပ်ရှင်ဇာတ်ကားမှာ “ဘားမားဖလင်” ကုမ္ပဏီက ရိုက်ကူးသည့် “မေတ္တာနှင့် သူရာ” ဇာတ်ကားဖြစ်ပြီး ဇာတ်လမ်းရေးသူမှာ စာရေးဆရာ ပီမိုးနင်း၊ ဒါရိုက်တာ ဦးတုတ်ကြီး၊ သရုပ်ဆောင်များမှာ မောင်ညီပု၊ မအေးကြည်၊ မောင်မောင်ချစ်၊ မောင်မောင်ကလေး၊ ကိုညိမ်းနှင့် ဦးပါကြီး တို့ ဖြစ်သည်။ ထို့နောက် ၁၉၂၈ ၀န်းကျင်ခန့်တွင် နိုင်ငံတကာ၌ အသံထွက် ရုပ်ရှင်ကို ဖန်တီးနိုင်ခဲ့ပြီး ၄ နှစ်ခန့်အကြာတွင် မြန်မာပြည်တွင်လည်း အသံထွက် ရုပ်ရှင် ပေါ်ပေါက်လာခဲ့သည်။ မြန်မာ့ရုပ်ရှင်ဟူ၍ ပေါ်ထွန်းလာစေရန် ကြိုးပမ်းခဲ့သူမှာ လန်ဒန်အတ် ဦးအုန်းမောင်ဖြစ်ပြီး ပထမဆုံးသော ရုပ်ရှင်ဇာတ်ကားကို ၎င်းနှင့်အတူ ဓာတ်ပုံဆရာ ဦးမောင်မောင်၊ မောင်ညီပု တို့က ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
<urn:uuid:bd156f95-4a90-4f72-9e6d-d11fd1c45cfa>
CC-MAIN-2014-42
http://burma.irrawaddy.org/?slide=%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B-%E1%80%80%E1%80%94%E1%80%B9%E1%82%94%E1%80%9E%E1%80%90%E1%80%B9%E1%80%95%E1%80%AD%E1%80%90%E1%80%B9%E1%80%95%E1%80%84%E1%80%B9-%E1%80%A1%E1%80%9E
2014-10-24T07:44:49Z
s3://commoncrawl/crawl-data/CC-MAIN-2014-42/segments/1414119645432.37/warc/CC-MAIN-20141024030045-00272-ip-10-16-133-185.ec2.internal.warc.gz
mya
0.937068
Mymr
57
{"mya_Mymr_score": 0.9370681047439575, "blk_Mymr_score": 0.059968192130327225}
လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့် မြန်မာပြည်တွင်းက မြို့အတော်များများမှာ ကန့်ကွက်ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေကြောင်း၊ မြန်မာ့စွမ်းအင် အရင်းအမြစ်တွေကို အစိုးရက တရုတ်ပြည်ကို ရောင်းချနေတဲ့အတွက် ပြည်တွင်းမှာ စွမ်းအင်မလုံလောက်ရတာ ဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောဆိုကြကြောင်း ဆင်ဝှာသတင်းက ဖော်ပြပါတယ်။ တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဟုန်လီကတော့ တရုတ်အစိုးရဟာ နှစ်ပြည်ထောင်က ပြည်သူတွေ အကျိုးအတွက် မိမိတို့ ကုမ္ပဏီတွေကိ်ု နှစ်ဦးနှစ်ဘက် အကျိုးရှိရေး အခြေခံမူကို ကိုင်စွဲပြီး မြန်မာနိုင်ငံနဲ့ စီးပွားရေး၊ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ကြဖို့ အမြဲတိုက်တွန်းနေကြောင်း၊ အခု စွမ်းအင်ကဏ္ဍ မှာလည်း ဒေသဆိုင်ရာ ဥပဒေ စည်းမျဉ်းတွေနဲ့အညီ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာနဲ့ တရုတ်ကုမ္ပဏီတွေကြား ကန်ထရိုက် စာချုပ်တွေ ချုပ်ဆိုခဲ့ကြကြောင်း ပြောဆိုပါတယ်။ မြန်မာနိုင်ငံမှာ လျှပ်စစ်စွမ်းအင် မလုံမလောက် ဖြစ်ရတာဟာ အဓိကအချက်အနေနဲ့ ဓာတ်အားလိုင်းတွေ မကောင်းလို့ ဖြစ်ကြောင်း၊ တရုတ်အစိုးရ အနေနဲ့ မြန်မာ့ဓာတ်အားလိုင်းတွေ အဆင့်မြှင့်ပေးရေးအတွက် မိမိတို့ ကုမ္ပဏီတွေကို မြန်မာအစိုးရနဲ့ ဆွေးနွေးစေလိုကြောင်း တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဟုန်လီက ပြောဆိုခဲ့ပါတယ်။
<urn:uuid:5f88030f-fe90-46a2-9044-298e707c4d14>
CC-MAIN-2014-42
http://www.rfa.org/burmese/news/china-burma-electricity-05252012222937.html
2014-10-24T07:47:10Z
s3://commoncrawl/crawl-data/CC-MAIN-2014-42/segments/1414119645432.37/warc/CC-MAIN-20141024030045-00272-ip-10-16-133-185.ec2.internal.warc.gz
mya
0.963294
Mymr
84
{"mya_Mymr_score": 0.9632940888404846, "blk_Mymr_score": 0.03353410214185715}
1တနေ့သ၌ ကိုယ်တော်သည် ဗိမာန်တော်တွင် လူများကို ဆုံးမဩဝါဒပေး၍ ဧဝံဂေလိတရားကို ဟော တော်မူစဉ်၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူအကြီးအကဲတို့သည် လာ၍၊ 2ကိုယ်တော်သည် ဤအမှုများကို အဘယ်အခွင့်နှင့်ပြုသည်ကို၎င်း၊ ထိုအခွင့်ကို အဘယ်သူပေးသည်ကို ၎င်း၊ အကျွန်ုပ်တို့အား ပြောပါဟု ဆိုကြသော်၊ 3ကိုယ်တော်က၊ ငါသည် တစုံတခုကို မေးဦးမည်။ သင်တို့ ဖြေကြလော့။ 4ယောဟန်၏ ဗတ္တိဇံတရားသည် ဘုရားကဖြစ်သလော။ လူကဖြစ်သလောဟု မေးတော်မူ၏။ 5ထိုသူတို့သည် အချင်းချင်းဆင်ခြင်၍၊ ဘုရားက ဖြစ်သည်ဟု ငါတို့ဖြေလျှင်၊ သင်တို့သည် ယောဟန်ကို အဘယ်ကြောင့် မယုံသနည်းဟု သူမေးလေဦးမည်။ လူက ဖြစ်သည်ဟု ငါတို့ဖြေလျှင်၊ 6ယောဟန်သည် ပရောဖက်ဖြစ်သည်ကို လူအပေါင်းတို့သည် ယုံသဖြင့် ငါတို့ကို ကျောက်ခဲနှင့် ပစ် ကြလိမ့်မည်ဟု အချင်းချင်းဆင်ခြင်ပြီးမှ၊ 7အဘယ်ကဖြစ်သည်ကို အကျွန်ုပ်တို့ မသိပါဟု ပြန်ပြောကြ၏။ 8ယေရှုကလည်း၊ထိုအတူ ဤအမှုများကိုအဘယ်အခွင့်နှင့် ငါပြုသည်ကို ငါမပြောဟု မိန့်တော်မူ၏။ 9ထိုအခါ ပရိသတ်တို့အား မိန့်တော်မူသော ဥပမာကား၊ လူတဦးသည် စပျစ်ဥယျာဉ်ကို စိုက်ပျိုးပြီးမှ လုပ်ဆောင်သောသူတို့အား ဥယျာဉ်ကိုငှါး၍ အခြားသောပြည်သို့ ကြာမြင့်စွာ သွားနေ၏။ 10ကာလအချိန်တန်လျှင်၊ လုပ်ဆောင်သောသူတို့သည် စပျစ်သီးအချို့ကို ပေးစေခြင်းငှါ ဥယျာဉ်ရှင်သည် သားငယ်ကို စေလွှတ်လေ၏။ ဥယျာဉ်စောင့်တို့သည် ငယ်သားကိုရိုက်၍ လက်ချည်းလွှတ်လိုက်ကြ၏။ 11နောက်တဖန် အခြားသော ငယ်သားကို စေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည် သူ့ကိုရိုက်၍ အရှက်ခွဲပြီးမှ လက်ချည်းလွှတ်လိုက်ကြ၏။ 12နောက်တဖန် အခြားသောငယ်သားကို စေလွှတ်ပြန်လျှင်၊ သူ့ကိုဒဏ်ရာပေါ်အောင် နာကျင်စွာ ရိုက် ၍ နှင်ထုတ်ကြ၏။ 13ထိုအခါ ဥယျာဉ်ရှင်က၊ ငါသည် အဘယ်သို့ပြုရမည်နည်း။ ငါ၏ချစ်သားကို ငါစေလွှတ်မည်။ ထိုသူတို့ သည် ငါ့သားကိုမြင်လျှင် အားနာကောင်းအားနာကြလိမ့်မည်ဟု ဆို၏။ 14ဥယျာဉ်စောင့်တို့သည် သားကိုမြင်လျှင်၊ ဤသူသည် အမွေခံဖြစ်၏။ လာကြ။ သူ့ကို သတ်ကြကုန်အံ့။ ထိုသို့သူ၏ အမွေဥစ္စာကို ငါတို့ ရကြလိမ့်မည်ဟု အချင်းချင်းတိုင်ပင်ပြီးမှ၊ 15ဥယျာဉ်ရှင်၏သားကို ဥယျာဉ်ပြင်သို့ ထုတ်၍ သတ်ပစ်ကြ၏။ သို့ဖြစ်လျှင် ဥယျာဉ်ရှင်သည် ဥယျာဉ် စောင့်တို့ကို အဘယ်သို့ ပြုမည်နည်း။ 16ဥယျာဉ်ရှင်သည် လာ၍ ထိုသူတို့ကို သုတ်သင်ပယ်ရှင်းပြီးမှ ထိုဥယျာဉ်ကို အခြားသောသူတို့အား ပေး လိမ့်မည်ဟု မိန့်တော်မူ၏။ ပရိသတ်တို့သည် ကြားလျှင် ထိုသို့မဖြစ်ပါစေနှင့်ဟု လျှောက်ကြသော်၊ 17ကိုယ်တော်သည် ထိုသူတို့ကို ကြည့်ရှု၍၊ တိုက်ကိုတည်လုပ်သောသူများ ပယ်ထားသော ကျောက်သည် နောက်တဖန်တိုက်ထောင့်အထွဋ်ဖျားသို့ ရောက်ပြန်၏ဟူသော ကျမ်းစာချက်သည် အဘယ်သို့ ဆိုလိုသနည်း။ 18အကြင်သူသည် ထိုကျောက်အပေါ်သို့ကျ၏။ ထိုသူသည် ကျိုးလတံ့။ အကြင်သူ၏အပေါ်သို့ ထို ကျောက်သည် ကျ၏။ ထိုသူသည် ညက်ညက်ကြေလတံ့ဟု မိန့်တော်မူ၏။ 19ထိုအခါ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့သည် မိမိတို့ကို ရည်ဆောင်၍ ထိုဥပမာစကားကို ဟောပြောတော်မူသည်ကိုသိသောကြောင့် ကိုယ်တော်ကို ဘမ်းဆီးခြင်းငှါ ရှာကြံကြ၏။ သို့သော်လည်း လူများ ကိုကြောက်၍ နေရကြ၏။ 20ထိုအခါ ဖာရိရှဲတို့သည် ကိုယ်တော်ကိုချောင်းမြောင်းလျက်၊ စကားတော်၌ အပြစ်ကိုရှာ၍ မြို့ဝန်မင်း လက်သို့ အပ်နှံသောခွင့်ကိုရခြင်းငှါ သူတော်ကောင်းဖြစ်ယောင်ဆောင်သောသူလျှိုတို့ကို အထံတော်သို့ စေ လွှတ်ကြ၏။ 21ထိုသူလျှိုတို့က၊ အရှင်ဘုရား၊ ကိုယ်တော်သည် လူမျက်နှာကို မထောက်ဘဲ ဖြောင့်မတ်စွာ ဆုံးမဩဝါဒ ပေး၍၊ ဘုရားသခင်၏ တရားလမ်းကို ဟုတ်မှန်စွာ ပြတော်မူသည်ကို အကျွန်ုပ်တို့သိကြပါ၏။ 22အကျွန်ုပ်တို့သည် ကဲသာဘုရင်အား အခွန်ကိုဆက်အပ်သလော၊ မဆက်အပ်သလောဟု မေးလျှောက် ကြ၏။ 23ကိုယ်တော်သည် ထိုသူတို့၏ ပရိယာယ်ကို သိမှတ်တော်မူလျှင်၊ သင်တို့သည် ငါ့ကို အဘယ်ကြောင့် စုံစမ်းနှောင့်ရှက်ကြသနည်း။ 24ဒေနာရိတပြားကိုပြပါ။ အဘယ်သူ၏ပုံ၊ အဘယ်သူ၏လိပ်စာပါပါသနည်းဟု မေးတော်မူလျှင်၊ ကဲသာ ဘုရင်၏ပုံ၊ လိပ်စာပါပါသည်ဟု လျှောက်ကြသော်၊ 25ကိုယ်တော်က၊ ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကို ကား ဘုရားသခင်အား ဆက်ပေးကြလော့ဟု မိန့်တော်မူ၏။ 26ထိုသူတို့သည် လူများရှေ့တွင် စကားတော်၌ အပြစ်မတွေ့နိုင်သဖြင့် ပြန်ပြောတော်မူသော စကားကို အံ့ဩ၍ တိတ်ဆိတ်စွာနေကြ၏။ 27ထမြောက်ရှင်ပြန်ခြင်းမရှိဟု ငြင်းခုံတတ်သော ဇဒ္ဒုကဲအချို့သည်လည်း အထံတော်သို့ ချဉ်းကပ်၍၊ 28အရှင်ဘုရား၊ မယားရှိသောသူသည် သားမရှိဘဲသေလျှင်၊ သူ၏မယားကို သူ့ညီသိမ်းယူ၍ အစ်ကို အမျိုးမပြတ်ဆက်နွယ်စေဟု အကျွန်ုပ်တို့အား မောရှေစီရင်ပါပြီ။ 29ညီအစ်ကိုခုနစ်ယောက်ရှိပါ၏။ အစ်ကိုအကြီးသည် မိန်းမနှင့်စုံဘက်၍ သားမရှိဘဲသေလျှင်၊ 30သူ၏မယားကို သူ့ညီအကြီးသိမ်းယူ၍ သားမရှိဘဲ သေပြန်လေ၏။ 31ထိုအတူ တတိယသူမှစ၍ တယောက်နောက်တယောက်ခုနစ်ယောက်သော ညီအစ်ကိုတို့သည် ထို မိန်းမကို သိမ်းယူ၍ သားကို မကျန်ရစ်စေဘဲ သေကြ၏။ 32နောက်ဆုံး၌ မိန်းမသည်လည်း သေလေ၏။ 33သို့ဖြစ်၍ ထမြောက်ရာကာလ၌ ထိုမိန်းမသည် အဘယ်သူ၏မယားဖြစ်ရပါမည်နည်း။ ထိုသူခုနစ် ယောက်တို့သည် ထိုမိန်းမနှင့် စုံဘက်ကြပြီဟု လျှောက်ကြ၏။ 34ယေရှုကလည်း၊ ယခု ဘဝသားတို့သည် စုံဘက်ခြင်း၊ ထိမ်းမြားပေးစားခြင်းကို ပြုတတ်ကြ၏။ 35နောင်ဘဝကို၎င်း၊ သေခြင်းမှ ထမြောက်ခြင်းကို၎င်း ရထိုက်သည်ဟု မှတ်တော်မူခြင်းကို ခံရသောသူ တို့သည် စုံဘက်ခြင်း၊ ထိမ်းမြားပေးစားခြင်းကို မပြုတတ်ကြ။ 36သေခြင်းနှင့်အစဉ်ကင်းလွတ်၍ ကောင်းကင်တမန်ကဲ့သို့ဖြစ်သည်သာမက၊ ထမြောက်ခြင်း၏သားဖြစ် သောကြောင့် ဘုရားသခင်၏သားဖြစ်ကြ၏။ 37ထိုမှတပါး၊ မောရှေသည် ထာဝရဘုရားကို အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား ဟု ချုံခဏ်း၌ ခေါ်ဝေါ်သောအခါ သေလွန်သောသူတို့သည် ထမြောက်ကြောင်းကို ဘော်ပြခဲ့ပြီ။ 38ဘုရားသခင်သည် သေနေသောသူတို့၏ဘုရားမဟုတ်။ အသက်ရှင်သောသူတို့၏ဘုရား ဖြစ်တော်မူ၏။ ထိုသူအပေါင်းတို့သည် ဘုရားသခင်၌ အသက်ရှင်ကြသည်ဟု မိန့်တော်မူ၏။ 39ကျမ်းပြုဆရာအချို့တို့က၊ အရှင်ဘုရား၊ ကိုယ်တော်၏စကားသည် လျှောက်ပတ်ပါ၏ဟု လျှောက် ကြ၏။ 40နောက်တဖန် အလျှင်းမမေးမလျှောက်ဝံ့ကြ၊ 41ယေရှုကလည်း၊ ခရစ်တော်သည် ဒါဝိဒ်၏သားဖြစ်သည်ဟု အဘယ်ကြောင့်ဆိုကြသနည်း။ 42ဒါဝိဒ်၏စကားမှာ၊ ထာဝရဘုရားက၊ သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချမထားမှီတိုင်အောင် ငါ့လက်ျာဘက်၌ ထိုင်နေလော့ဟု၊ 43ငါ့သခင်အား မိန့်တော်မူသည်ဟု ဆာလံကျမ်းစာ၌ ဒါဝိဒ်ဆိုသတည်း။ 44ထိုသို့ ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ခေါ်လျှင် အဘယ်သို့သူ၏သားဖြစ်သနည်းဟု မေးတော် မူ၏။ 45ပရိသတ်များ နားထောင်စဉ်တွင် တပည့်တော်တို့အား တဖန်မိန့်တော်မူသည်ကား၊ 46ကျမ်းပြုဆရာတို့ကို ရှောင်ကြလော့။ သူတို့သည် ရှည်သောအင်္ကျီကို ဝတ်လျက်လည်ခြင်းငှါ အလိုရှိ ကြ၏။ ဈေး၌ရိုသေစွာ နှုတ်ဆက်ခြင်းကို၎င်း၊ ပွဲသဘင်၊ တရားစရပ်တို့၌ မြင့်မြတ်သောနေရာထိုင်ရာကို၎င်း နှစ်သက်ကြ၏။ 47သူတို့သည် မုတ်ဆိုးမအိမ်ကို လုယူသိမ်းစား၍ အပြစ်မပေါ်စေခြင်းငှါ ရှည်စွာသော ပဌနာစကားကို ရွတ်တတ်ကြ၏။ ထိုသူတို့သည် သာ၍ကြီးစွာသောဒဏ်ကိုခံရကြလတံ့ဟု မိန့်တော်မူ၏။ Luke 20
<urn:uuid:ad1b251b-00c6-45db-b623-5504e45d2f93>
CC-MAIN-2014-42
http://www.bible.is/MYAOJV/Luke/20
2014-10-25T07:03:05Z
s3://commoncrawl/crawl-data/CC-MAIN-2014-42/segments/1414119647865.10/warc/CC-MAIN-20141024030047-00197-ip-10-16-133-185.ec2.internal.warc.gz
mya
0.99853
Mymr
33
{"mya_Mymr_score": 0.9985296130180359}
ခရစ္စမတ် ခရစ္စမတ်[၁] သို့မဟုတ် ခရစ္စမတ် ပွဲတော်နေ့[၂][၃] သည် ခရစ်ယာန်ဘာသာဝင်များ ယေရှုခရစ်တော်ဖွားမြင်သည့် နေ့ကို အထိန်းအမှတ်ပြုသည့် နေ့ထူးနေ့မြတ် ဖြစ်သည်။[၄][၅] ယခုခေတ်တွင် ခရစ္စမတ်ပွဲတော်ကို နှစ်စဉ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ကျင်းပကြသည်။ [၆] ခရစ္စမတ်ပွဲတော်ကျင်းပမည့်ရက်နှင့် ပတ်သက်၍ ခရစ်တော် ကွယ်လွန်ပြီးနောက် အနှစ် ၃၀၀ အတွင်း ခရစ်ယာန်တို့အချင်းချင်း သဘောထား ကွဲလွဲမှုများ ရှိခဲ့သည်။ ရှေးဦးစွာ ခရစ္စမတ်ပွဲတော်ကို မေလတွင် ကျင်းပကြသည်။ ထိုနောက် ဧပြီလတွင် ကျင်းပပြန်သည်။ ထိုမှတဖန် ဇန္နဝါရီလတွင် ကျင်းပခဲ့သေးသည်။ အေဒီ ၃၀၀ ပြည့်နှစ်ကျမှသာ ဒီဇင်ဘာလ ၂၅ ရက်နေ့ကို ပွဲတော်နေ့အဖြစ် အတည်တကျ သတ်မှတ်ခဲ့ကြသည်။ ထိုအခါမှစ၍ ခရစ္စမတ်ပွဲတော်ကို ဒီဇင်ဘာလတွင် ကျင်းပလာကြသည်။ ခရစ္စမတ်ပွဲတော်သည် ခရစ်ယာန်များ၏ အထွတ်အမြတ်ဆုံး ပွဲတော်ဖြစ်သည်။ ခရစ္စမတ်ပွဲတော်၏ ဓလေ့ထုံးစံများသည် ဘာသာရေး ပွဲတော်သက်သက် အဖြစ်မှ တဖြည်းဖြည်း ပြောင်းလဲကာ မိရိုးဖလာ အယူဝါဒ၊ အမျိုးသားရေး စသော လောကီဓလေ့များ ပါဝင်သော ပွဲတော် ဖြစ်လာသည်။ ခရစ်ယာန်နိုင်ငံ အသီးသီး၌ ခရစ္စမတ်ပွဲတော်ကို ကျင်းပရာတွင် မိမိတို့နိုင်ငံ မိမိတို့လူမျိုးဆိုင်ရာ ဓလေ့ထုံးစံများအတိုင်း ကျင်းပကြသည်။ ပွဲတော်နေ့တွင် ယောက်ျား၊ မိန်းမ၊ လူကြီးလူငယ်မရွေး မိမိတို့၏ လုပ်ငန်းများကို ရပ်စဲလျက် ပျော်ပွဲရွှင်ပွဲ စားသောက်ပွဲများကို တခမ်းတနား ကျင်းပကြသည်။ ခရစ်ယာန်နိုင်ငံတိုင်း၌လိုလိုပင် ခရစ္စမတ်သီချင်းများကို တပျော်တပါး သီဆိုလေ့ရှိသည်။ ဗြိတိန်တွင် ပွဲတော်မတိုင်မီ အကြိုညတွင် ပြတင်းများအောက်၌ သီချင်းများ သီဆိုကြသည်။ ပွဲတော်တွင် အရေးပါသည့် ခရစ္စမတ်သစ်ပင်ကိုလည်း မီးပွင့်များဖြင့် လှပစွာ အဆန်းတကြယ် တန်ဆာဆင်ကြသည်။ ခရစ္စမတ်ပွဲတော်နေ့တွင် ခရစ်ယာန်များသည် မိမိတို့ခင်မင်သော မိတ်ဆွေများ၊ ဆွေမျိုးများထံ လက်ဆောင်များ ပေးပို့လေ့ရှိသည်။ ထိုအလေ့အထမှာ ရှေးရောမခေတ်ကပင် အစပျိုးခဲ့သော အလေ့အထဖြစ်သည်။ ခရစ်ယာန် ကလေးသူငယ်များသည် ပွဲတော်အခါတွင် သူတို့အား စန်တာကလော့သည် လက်ဆောင်ပစ္စည်းများ လာရောက်ပေးလေ့ရှိသည်ဟု ယုံကြည်ကြသည်။ စန်တာကလော့မှာ ခရစ်ယာန်လောကတွင် ပါသော စိန့်နစ်ကလပ်ပင်ဖြစ်သည်။ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတွင် ကလေးသူငယ်များသည် ခရစ္စမတ်အကြိုည၌ စန်တာကလော့လာ၍ လက်ဆောင်ထည့်နိုင်ရန် ခြေအိတ်ရှည်များကို အလွတ်ချိတ်ဆွဲထားလေ့ရှိသည်။ ပြင်သစ်နိုင်ငံတွင် ကလေးများသည် လက်ဆောင်များကို ခံယူရန် သစ်သားဖိနပ်များကို မီးဖိုပေါ်တွင် တင်ထားလေ့ရှိသည်။ နော်ဝေးနိုင်ငံတွင်မူ ကလေးသူငယ်များသည် လက်ဆောင် ကစားစရာများကို အိမ်တွင်းအိမ်ပြင်များ၌ တပျော်တပါး လိုက်လံရှာဖွေ တတ်ကြသည်။ [၇] ကိုးကား[ပြင်ဆင်ရန်] - Canadian Heritage – Public holidays — Government of Canada. Retrieved November 27, 2009. - 2009 Federal Holidays — U.S. Office of Personnel Management. Retrieved November 27, 2009. - Bank holidays and British Summer time — HM Government. Retrieved November 27, 2009. - Christmas, Merriam-Webster. Retrieved October 6, 2008. "Christmas," MSN Encarta. Retrieved October 6, 2008. Archived 2009-10-31. - "Christmas", The Catholic Encyclopedia, 1913. - How December 25 Became Christmas, Biblical Archaeology Review, Retrieved 2009-12-13 - မြန်မာ့စွယ်စုံကျမ်း အတွဲ ၂ အပိုင်း ခ
<urn:uuid:ba133f82-dd40-43e7-bb71-4fa3c13315a2>
CC-MAIN-2014-42
http://my.wikipedia.org/wiki/%E1%80%81%E1%80%9B%E1%80%85%E1%80%B9%E1%80%85%E1%80%99%E1%80%90%E1%80%BA
2014-10-31T10:36:56Z
s3://commoncrawl/crawl-data/CC-MAIN-2014-42/segments/1414637899548.41/warc/CC-MAIN-20141030025819-00049-ip-10-16-133-185.ec2.internal.warc.gz
mya
0.997184
Mymr
83
{"mya_Mymr_score": 0.997184157371521}
LG ကလည်း စွမ်းဆောင်ရည် မြင့်မားလှတဲ့ ထိပ်တန်း Optimus G စမတ်ဖုန်းကို ထုတ်လုပ်ပြီး နောက်ပိုင်းမှာ Optimus GJ ရေစိုခံ စမတ်ဖုန်းသစ်ကို ထပ်မံ ထုတ်လုပ်ပြန်ပါတယ်။ အခုလည်း Samsung ရဲ့ နာမည်ကျော် Galaxy S4 ကို ပွဲထုတ်ပြီး မကြာမီမှာပဲ ရေစိုခံနိုင်တဲ့ Galaxy S4 Active စမတ်ဖုန်းကို မိတ်ဆက်ပြန်ပါပြီ။ သေချာတာကတော့ ရေစိုခံဖုန်းတွေက ထိပ်တန်း စမတ်ဖုန်းတွေရဲ့ အဆင့်မြင့်ဆုံး နည်းပညာရပ်တစ်ခု ဆိုတာပါပဲ။ အရင်က စိတ်ကူးထဲမှာ တမ်းတရုံသာ ရှိတဲ့ အကြောင်းအရာတွေက ယနေ့ခေတ်မှာ နည်းပညာရပ်သစ် တစ်ခုအဖြစ် ရောက်ရှိလို့ လာနေပါပြီ။ နောက်ပိုင်းမှာလည်း အံ့သြဘနန်း ဖြစ်ရလောက်တဲ့ နည်းပညာရပ်တွေကို အများကြီး ပေါ်ထွက်လာဦးမှာပါ။ ဒီတစ်ပတ်မှာတော့ Samsung ရဲ့ ရေစိုခံဖုန်း Galaxy S4 Active ရဲ့ စိတ်ဝင်စားဖွယ်ရာ နည်းပညာသစ်တွေရဲ့ လေ့လာကြည့်လိုက်ရအောင်... S4 နဲ့ ဆင်တူတဲ့ ဒီဇိုင်းပုံစံ S4 နဲ့ S4 Active က ၅ လက်မ အရွယ်အစားချင်း တူညီရုံတင် မဟုတ်ဘဲ ဒီဇိုင်းပုံစံကလည်း ဆင်တူတာကို တွေ့ရပါတယ်။ ဒါပေမယ့် S4 Active မှာ အောက်ခြေ Button သုံးခုကို ထည့်သွင်းပေး ထားခြင်းကတော့ S4 နဲ့ မတူညီတဲ့ အချက်လို့ ဆိုနိုင်ပါတယ်။ အဲဒီအချက်က လွဲရင် S4 နဲ့ S4 Active က ခွဲခြားမရအောင်ပါပဲ။ S4 Active က ၅ လက်အမရွယ် ရှိတယ်လို့ ဆိုပေမယ့် လည်း S4 ထက် အနည်းငယ်ကြီးပြီး အနယ်းငယ်ထူကြောင်း တွေ့ရပါတယ်။ အလေးချိန်အရလည်း S4 ထက် အနည်းငယ်ပိုပါတယ်။ S4 နဲ့ အဓိက ကွာခြားချက်များ S4 မှာ Super AMOLED မျက်နှာပြင် အမျိုးအစားကို အသုံးပြုထားတာပါ။ S4 Active မှာတော့ ရိုးရိုး TFT မျက်နှာပြင် အမျိုးအစားကိုပဲ အသုံးပြုထားတာပါ။ Sony Xperia Z ရေစိုခံဖုန်းမှာတောင်မှ TFT မျက်နှာပြင်ကိုပဲ အသုံးပြုထားတာပါ။ ဒါဆိုရင် TFT မျက်နှာပြင်က ရေစိုခံဖုန်းတွေအတွက် အကိုက်ညီဆုံးပဲ ဖြစ်မယ့်ပုံပါပဲ။ နောက်ထပ် ကွာခြားချက်တစ်ခုက ကင်မရာ အရည်အသွေးပါ။ S4 မှာ 13MP ကင်မရာကို အသုံးပြုထားပေမယ့်လည်း S4 Active မှာ 8MP အရည်အသွေး လျှော့ချထားတာ တွေ့ရပါတယ်။ ရေထဲမှာ ကင်မရာ အသုံးပြုနိုင်ဖို့ အဓိကထား ကင်မရာ အရည်အသွေးကို လျှော့ချထားတယ် ဆိုပေမယ့်လည်း အခြား ရေစိုခံဖုန်းတွေထက် ထူးခြားတဲ့ Aqua Mode တစ်ခုကို ထည့်သွင်းပေးထားပါတယ်။ ၎င်း Mode က ရေအောက်မှာ ဓာတ်ပုံနဲ့ ဗွီဒီယိုများကို ပုံမှ အရည်အသွေးထက် မလျော့စေဘဲ ကြည်လင်ပြတ်သားတဲ့ ရိုက်ကူးမှုများကို ပြုလုပ်နိုင်တယ်လို့ Samsung မှ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ဖော်ပြပေးထားပါတယ်။ Sony Xperia Z က ရေအောက်ထဲမှာ ကင်မရာ အသုံးပြုနိုင်တယ်လို့ ဆိုပေမယ့်လည်း ပုံထွက် အရည်အသွေး မကောင်းတာကို တွေ့ရှိရပါတယ်။ Samsung ကတော့ ဒီအချက်ကို အဓိက အာရုံစိုက်ပြီး နည်းပညာ တိုးမြှင့်ထားတဲ့ ပုံပါပဲ။ S4 ရဲ့ ဆန်းသစ်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင် S4 မှာ စတင် လုပ်ဆောင်နိုင်ခဲ့တဲ့ လုပ်ဆောင်ချက် တချို့တွေကိ S4 Active မှာ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ မျက်လုံးကို အဝေးကို လွှဲလိုက်တာနဲ့ ကြည့်နေတဲ့ Video က Pause ဖြစ်သွားစေ မယ့် Smart Puase လုပ်ဆောင်ချက်နဲ့ လေထဲမှာ လက်ကို ဝှေ့ယမ်းလိုက်ရုံနဲ့ စာမျက်နှာတွေကို အလိုအလျောက် လှည့်လည် ဖော်ပြပေးမယ့် Air Gesture လုပ်ဆောင်ချက်တွေကို S4 Active မှာ မြင်တွေ့နိုင်မှာ အသုံးပြုနိုင်ဦးမှာပါ။ လက်ရှိ ထွက်ပေါ်နေတဲ့ အချက်အလက်တွေ အရတော့ S4 Active မှာ ကင်မရာနှစ်လုံးကို တစ်ပြိုင်နက် ရိုက်ကူးနိုင်မယ့် Dual Shot လုပ်ဆောင် ချက်ကိုတော့ အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ ရေစိုခံနိုင်စွမ်း ရေစိုခံဖုန်းတွေမှာဆိုရင် IP67 နည်းပညာကို အသုံးပြုလေ့ ရှိတယ်ဆိုတာ သိကြမယ်လို့ ထင်ပါတယ်။ S4 Active မှာလဲ ဒီလို နည်းပညာကို ထည့်သွင်းထားပါတယ်။ IP6 က အမှုန် အညစ် အကြေးတွေ ဝင်ရောက်မှုကို အပြည့်အဝ ကာကွယ်ပေးနိုင်ပြီး IP7 ကတော့ ဖုန်းကို ရေအောက် 1m (15cm) အနက်မှာ မိနစ် ၃၀ ကြာအထိ အထားခံနိုင်စွမ်း ရှိပါတယ်။ နောက်ပြီး S4 Active ရဲ့ နားကြပ်ပေါက်ကလဲ ရေစိုခံနိုင်တယ်လို့ ဆိုပါတယ်။ သင်သာ ရေစိုခံနားကြပ် ဝယ်လိုက်မယ်ဆိုရင် ရေထဲမှာ သီချင်းနားထောင်ရင်း ရေအောက် ရှုမျှော်ခင်းတွေကို မှတ်တမ်း တင်နိုင်ပြီပေါ့။ S4 Active ကို အရောင် သုံးရောင်ဖြင့် ပွဲထုတ် S4 Active ကို အညိုရောင်၊ အပြာရောင်၊ လိမ္မော်ရောင် အရောင်သုံးမျိုးနဲ့ စတင် ပွဲထုတ်လာမှာ ဖြစ်တယ်လို့ သတင်းများအရ သိရပါတယ်။ ၎င်းအရောင် သုံးမျိုးက S4 နဲ့ ကွဲပြားတဲ့ အရောင်တွေ ပါ။ နောက်ပိုင်းမှာ ရွေးချယ်စရာ အရောင်တွေ ထွက်ရှိလာဦးမှာပါ။ S4 Active ရဲ့ ဈေးနှုန်း အတိအကျကိုတော့ Samsung မှ ကြေညာထားခြင်း မရှိသေးပါဘူး။ US နှင့် Sweden ဈေး ကွက်မှာ ပထမဆုံး ရောင်းချနိုင်ဖွယ် ရှိတယ်လို့ သုံးသပ်ကြပါတယ်။ Yatanarpon
<urn:uuid:6932fdb5-a974-44a1-a550-c90ba4c95b1b>
CC-MAIN-2014-42
http://www.myawady.com.mm/tech/localtechnews/item/17380-2013-06-23-08-33-45
2014-11-01T09:27:03Z
s3://commoncrawl/crawl-data/CC-MAIN-2014-42/segments/1414637905189.48/warc/CC-MAIN-20141030025825-00177-ip-10-16-133-185.ec2.internal.warc.gz
mya
0.91499
Mymr
12
{"mya_Mymr_score": 0.9149898886680603, "blk_Mymr_score": 0.08371339738368988}
အခုဆိုရင် အီဘိုလာ ဗိုင်းရပ်စ် ကြောင့် သေဆုံးသူ အယောက်ပေါင်း ၇၃၀ နီးပါး ရှိသွားပြီ ဖြစ်ပါတယ်။ အဲဒီရောဂါ ခံစားနေရသူ တွေကို တခြားနေရာ သွားခိုင်းမှာ မဟုတ်ပဲ ရဲတွေ၊ စစ်တပ်တွေနဲ့ အစောင့် အကြပ် ထားပြီး ရောဂါမပျံ့နှံ့အောင် ထိန်းသိမ်း သွားမယ်လို့ Sierra Leone နိုင်ငံ သမ္မတက ပြောပါတယ်။ Liberia နဲ့ Sierra Leone နိုင်ငံ နှစ်ခု စလုံးမှာ ရောဂါပျံ့နှံ့မှု ထိန်းသိမ်းတဲ့ အနေနဲ့ လူစုလူဝေး ပြုမှုတွေ ကိုလည်း ကန့်သတ်မှု လုပ်လိုက် သလို သေဆုံးမှု မှန်သမျှကို အာဏာပိုင်တွေကို အသိပေးဖို့ လည်း ညွှန်ကြားထားပါတယ်။ အီဘိုလာပိုးဟာ Guinea, Liberia နဲ့ Sierra Leone နိုင်ငံမှာ ပျံ့နှံ့နေ တာဖြစ်ပြီး အဲဒီနိုင်ငံက လူတွေကိုလည်း အိမ်နီးချင်း နိုင်ငံတွေက အဝင်အထွက် ကန့်သတ်လိုက်ပြီ ဖြစ်ပါတယ်။ ဒီပိုးကို နှိမ်နင်းဖို့ အတွက် အရေးပေါ် ဒေါ်လာ သန်း ၁၀၀ လောက် လိုမယ်လို့ လည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ပြောပါတယ်။ ဒါပေမဲ့ အခုအချိန် အထိ ဒီရောဂါပိုး အတွက် ကာကွယ်ဆေးတွေ မရှိသေးပါဘူး။ အနောက် အာဖရိက နိုင်ငံတွေကနေ တခြားနိုင်ငံတွေဆီ ကူးစက်မှာကို စိုးရိမ်တဲ့ အတွက်လည်း အမေရိကန် US peace corps အဖွဲ့က အာဖရိက အနောက်ပိုင်းက သူ့ရဲ့အမှုထမ်းအယောက် ၃၄၀ ကိုလည်း ပြန်လာဖို့ စီစဉ်ပေးနေပြီ ဖြစ်ပါတယ်။ အီဘိုလာပိုးဟာ လင်းနို့ကနေ ပြန့်ပွားလာကြောင်း ၁၉၇၆ ခုနှစ်မှာ သိရှိကြတာ ဖြစ်ပါတယ်။ အီဘိုလာပိုးရှိနေတဲ့ လင်းနို့က တခြားအကောင်တွေကို ကိုက်မိပြီး အဲလို အကိုက်ခံရတဲ့ သားကောင်တွေကို လူတွေက စားမိတဲ့အခါ ရောဂါကူးစက်တာဖြစ်ပါတယ်။ လူတစ်ဦးကနေတစ်ဦး ထပ်မံကူးစက်နိုင်တဲ့အတွက်လည်း စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။ ABC Radio Australia http://www.radioaustralia.net.au/burmese/2014-08-01/1351140 အနောက်အာဖရိကနိုင်ငံတွေမှာ ပျံ့နှံ့နေတဲ့ အီဘိုလာ ဗိုင်းရပ်စ်ပိုးကြောင့် Sierra Leone နိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေညာနေရသလို Libaria နိုင်ငံမှာလည်း စာသင်ကျောင်းတွေကို ပိတ်ချလိုက်ရပါတယ်။
<urn:uuid:44541c53-80ce-4b15-8270-867c3563957d>
CC-MAIN-2014-42
http://nyamintharlay.blogspot.sg/
2014-10-23T02:16:07Z
s3://commoncrawl/crawl-data/CC-MAIN-2014-42/segments/1413507449153.0/warc/CC-MAIN-20141017005729-00263-ip-10-16-133-185.ec2.internal.warc.gz
mya
0.889826
Mymr
51
{"mya_Mymr_score": 0.8898262977600098, "blk_Mymr_score": 0.10915026813745499}
နိုင်ငံတကာ အာကာသ စခန်း နိုင်ငံတကာ အာကာသ စခန်း (International Space Station, ISS) ) သည် ကမ္ဘာ့မျက်နှာပြင်အထက် ကီလိုမီတာ ၂၀၀၀ အထက် ပတ်လမ်းနိမ့်ပေါ် လွှတ်တင် တပ်ဆင်ထားသည့် နိုင်ငံတကာ သုတေသန အဆောက်အအုံ တစ်ခုဖြစ်သည်။ ၁၉၉၈ ခုနှစ်တွင် စတင် တပ်ဆင်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် အဆုံးသတ်မည်ဟု လျာထားပြီး ၂၀၁၅ ခုနှစ် အထိ လည်ပတ် စေနိုင်မည်ဟု ခန့်မှန်းရသည်။ [၁][၂] လက်ရှိ အာကာသ စခန်းသည် ယခင်စခန်းများထက် ကန့်လန့်ဖြတ်အလျား ပိုမိုရှည်လျားပြီး လက်ရှိ ကမ္ဘာကို လည်ပတ်နေသည့် ဂြိုလ်တုဖြစ်ကာ သာမန်မျက်လုံးဖြင့် မြင်နိုင်သည်။ [၃] သိပ္ပံပညာရှင်များသည် နိုင်ငံတကာ အာကာသ စခန်းကို ဆွဲငင်အား လွန်စွာ နည်းပါးသည့် မိုက်ခရို ဂရဗ်ဗီတီ (microgravity) ဓာတ်ခွဲခန်းတစ်ခုအဖြစ် အသုံးချကာ ဇီဝဗေဒ၊ ဇီဝကမ္မဗေဒ၊ ဓာတုဗေဒ၊ ရူပဗေဒနှင့် ဆေးဝါးဆိုင်ရာ စမ်းသပ်မှုများကို လုပ်ဆောင်ကြသည်။ အာကာသနှင့် မိုးလေဝသကို စောင့်ကြည့် လေ့လာကြသည်။ [၄][၅] ကိုးကား[ပြင်ဆင်ရန်] - Rand Simberg (29 July 2008). The Uncertain Future of the International Space Station: Analysis. Popular Mechanics. Retrieved on 6 March 2009။ - Template:Cite press release - Nations Around the World Mark 10th Anniversary of International Space Station. NASA (17 November 2008). Retrieved on 6 March 2009။ - Fields of Research. NASA (26 June 2007). Archived from the original on 25 March 2008။ - Getting on Board. NASA (26 June 2007). Archived from the original on 8 December 2007။
<urn:uuid:c34666aa-71a8-47bf-9c85-e85aa4fa4c84>
CC-MAIN-2014-42
http://my.wikipedia.org/wiki/%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%90%E1%80%80%E1%80%AC_%E1%80%A1%E1%80%AC%E1%80%80%E1%80%AC%E1%80%9E_%E1%80%85%E1%80%81%E1%80%94%E1%80%BA%E1%80%B8
2014-10-25T19:40:36Z
s3://commoncrawl/crawl-data/CC-MAIN-2014-42/segments/1414119649807.55/warc/CC-MAIN-20141024030049-00029-ip-10-16-133-185.ec2.internal.warc.gz
mya
0.977792
Mymr
29
{"mya_Mymr_score": 0.9777920246124268, "blk_Mymr_score": 0.02106798253953457}
“အင်တာနက် ၀က်ဘ်ဘလော့ နှင့် ၀က်ဘ်ဆိုက်များပေါ်တွင် သတင်းဖေါ်ပြမှု များပြားလာ ခဲ့သော်လည်း လွတ်လပ်စွာ ရေးသားခွင့်နှင့် စောင့်ထိန်းရမည့် ကျင့်ဝတ်များ အပေါ်တွင် နားလည်မှု နည်းပါးသေး” ဆိုသည့် ခေါင်းစဉ်ဖြင့် ရေးသားထားသည့် ဆောင်းပါးတွင် ပါရှိသည့် ပုံစာမှာ ဂူးဂဲလ် အင်တာနက် ရှာဖွေရေးတွင် မြန်မာစာလုံး “အတင်းအဖျင်း” ဆိုသည်ကို ရိုက်ထည့်ပြီး ရှာဖွေထားသည့် ရလဒ် ကို ဖန်သားပြင် ပုံရိပ်ရိုက်၍ ပြန်လည် ဖေါ်ပြရာမှ ထို အတင်းအဖျင်း မြန်မာ့အလင်း ပါဝင်လာကြောင်း တွေ့ရှိရသည်။ ဖေါ်ပြထားသည့် အတင်းအဖျင်း မြန်မာ့အလင်း စားသားတွင် မြန်မာ့အလင်း စာသားကို ဖိုတိုရှောပ် ဖြင့် မှုန်ဝါးထားသော်လည်း စာဖတ်သူများသဲကွဲစာ မြင်ရသည့် အနေအထားရှိ သည် ကို ယနေ့ထုတ် ဘိုင်ဝီကလီ ဂျာနယ်တွင် တွေ့ ရသည်။ ၂၀၀ရ နှစ်က မြန်မာတိုင်းဂျာနယ် တွင် လူသတ်ကောင် သန်းရွှေ (Killer Than Shwe)ဆိုသော စကားကို ကြော်ငြာပုံစံဖြင့် အခြား ဘာသာ စကားတစ်ခု ကဲ့သို့ ထင်ရအောင် စီစဉ်ထားသော်လည်း ပြည်သူများက သိရှိခဲ့သည်။ ထိုကြော်ငြာကြောင့် ထိုအပတ်ထုတ် မြန်မာတိုင်း(မ်)ဂျာနယ် များမှာ ဈေးကွက်မှ လိုက်လံ သိမ်းဆည်း ခဲ့ရသည်။ မြန်မာ့အလင်း သတင်းစာမှာ စစ်အစိုးရ မှ ထိန်းချူပ်ထားသည့် စစ်အစိုးရ အာဘော် သတင်းစာ ဖြစ်သည့် အတွက် မည်ကဲ့သို့ ဆက်ဖြစ် လာမည်ကို မျက်နှာဖုံးတွင် ဖြစ်နေသောကြောင့် ခန့်မှန်းရခက်ကြောင်း ပြည်တွင်း စာနယ်ဇင်း သမားတစ်ဦးက သုံးသပ်သည်။ source by : FREEDOM NEWS GROUP
<urn:uuid:e25e76e8-9b8a-4fe5-b3e9-e4c1a55e5f3e>
CC-MAIN-2014-42
http://peacock-land.blogspot.com/2009/05/blog-post_04.html
2014-10-25T19:41:20Z
s3://commoncrawl/crawl-data/CC-MAIN-2014-42/segments/1414119649807.55/warc/CC-MAIN-20141024030049-00029-ip-10-16-133-185.ec2.internal.warc.gz
mya
0.980671
Mymr
31
{"mya_Mymr_score": 0.9806706309318542, "blk_Mymr_score": 0.0186371561139822}
ဗမာမွတ်စလင် – အစ္စလာမ်၊ မွတ်ဆလင်မ်၊ မဟာမေဒင် “အစ္စလာမ်”ဟုသည် အရဘီစကား ဖြစ်ပါသည်။ “ငြိမ်းချမ်းစေခြင်း၊ အမိန့်နာခံခြင်း”ဟု အဓိပ္ပါယ်ရပါသည်။ (အလ်-ဖရာအိဒ် အရဗီ-အင်္ဂလိပ် အဘီဓါန် ၊ဘေရွက်မြို့ထုတ်) “မွတ်ဆလင်မ်”ဟူသည်အရဘီသာသာစကားဖြစ်သည်။ “ငြိမ်းချမ်းစေသူ၊ အမိန့်နာခံသူ ” ဟု အဓိပ္ပါယ်ရပါသည်။ (အထက်ပါ အဘိဓါန်) လက်တွေ့အသုံးချတွင် အစ္စလာမ် ဟူသည် ဘာသာတရားတစ်ခုဖြစ်၍ ယင်းဘာသာတရားကို သက်ဝင်ယုံကြည်သူ မည်သူကိုမဆို မွတ်ဆလင်မ် ဟု ခေါ်ပါသည်။ ထို့ကြောင့် “မွတ်ဆလင်မ် ” ဟူသည်မှာ “အစ္စလာမ်” ဘာသတရားကိုကိုးကွယ် သူမည်သည့်လူမျိုးမဆိုခေါ်ပြီးလူမျိုးတစ်မျိုး ၏ အမည်မဟုတ်ပါ။ “မဟာမေဒင်” ဟူသည် ဗြိတိသျှနယ်ချဲ့တို့ က ခရစ်တော် ၏သာသနာ “ခရစ်ယာန်” ဟုခေါ်သကဲ့သို့ အစ္စလာမ် ဘာသာ၏ ခေါင်းဆောင်ကြီး “တမန်တော် မုဟမ္မဒ်” ကိုအစွဲပြု၍ “မဟာမေဒင်” ဘာသာတရားဟု မှားယွင်းစွာ အမည်ပေးထားခြင်းဖြစ်သည်။ (ဗြိတိသျှတို့သည် မြန်မာ ကိုဘားမား ၊ ရန်ကုန်ကို ရဲန်ဂူးန် ဟု မှားယွင်းစွာ အမည်ပေးသကဲ့သို့ ဖြစ်ပါသည်။ ) (စာရေးသူ၏ ဥပဒေဘွဲ့စာတမ်း) မြန်မာနိုင်ငံ သို့ အစ္စလာမ်ရောက်ရှိလာပုံ (၁) ခရစ်သက္ကရာဇ် (၇၀၀-မှ ၁၅၀၀) အတွင်းအင်္ဂလန် နိုင်ငံတွင် နှင်းဆီစစ်ပွဲ (War of Rose ) စစ်ပွဲကြီးများ ဖြစ်ပွားနေဆဲ ရခိုင်ပြည်နယ်၊ရမ်းဗြဲကျွန်းအနီး အာရဘ် သဘောင်္တစ်စီး ပျက်ခဲ့ပြီး ၊ သဘောင်္ပေါ်ပါ အာရဘ် များသည် ရမ်းဗြဲ ကျွန်းတွင် အခြေစိုက် နေထိုင်ခဲ့ကြပါသည်။ (British Burma Gazatte , 1897) အေဒီ (၆၅၂-၆၆၀) ပုဂံ၊ ပိတ်သုံမင်း ခေတ်တွင် အာရဗ်ကုန်သည် သဘောင်္များ သထုံ မုတ္တမ ဆိပ်ကမ်း မျာသို့ မကြာခဏ ၀င်ရောက်ကြကြောင်း ၊ အေဒီ (၈၀၀) ကျော်တွင်ရေးသား ခဲ့သော အာရဗ် မှတ်တမ်းများတွင် တွေ့ရပါသည်။ (ဦးကြည် (ဘီအေ) ရာဇ၀င်ဂုဏ်ထူး၊ မြန်မာ့ရာဇ၀င်မှ သိမှတ်ဘွယ်ရာအဖြာဖြာ -စာ ၁၅၆၊၁၅၇) ထိုအာရဗ် များမှာ အစ္စလာမ်ဘာသာဝင် မွတ်ဆလင်မ် များဖြစ်ကြပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ (ရခိုင်ဒေသ၊ မွန်ဒေသ)အတွင်းဦးစွာရောက်ရှိလာသော အစ္စလာမ်ဘာသာဝင်များမှာ ဘင်္ဂါလီများ မဟုတ်ပဲ အာရဗ် မွတ်ဆလင်မ်များ သာဖြစ်ပါသည်။ (၂) ထို့နောက် မြန်မာနိုင်ငံအတွင်းအခြေချနေထိုင်ကြသော အစ္စလာမ် ဘာသာဝင်များမှာ (အီရန် )ပါရှား နိုင်ငံသားများဖြစ်သော ဖာရစီ လူမျိုးနွယ်များ ဖြစ်ကြပါသည်။ ဖာရစီမှ ပါရသီ၊ ပါရသီ မှ ပါသီ၊ ပါသီမှ ပသီ ဟု မြန်မာ အသံဖလှယ်ခဲ့ကြပါသည်။ အထောက်အထားများမှာ …….. ကောဇာသက္ကရာဇ် (၅၈၃) ခုနှစ်မှစ၍ ကုလား-ပသီ မင်း (၃)ဆက် ပုသိမ်မြို့ကို ၁၂နှစ်တိုင် အုပ်ချုပ်ခဲ့ကြ၍ ပုသိမ်မြို့မှာ “ ပသီ”မြို့ဖြစ်ခဲ့ဖူးပါသည်။ (မြန်မာ့စွယ်စုံကျမ်း ၊ အတွဲ ( ၆) စာ -၃၅၀ ) (၁၉၅၅ -၅၆ ခုနှစ်ထုတ် ပုသိမ်တက္ကသိုလ်ကျောင်းသား ကျောင်းသူများ မဂ္ဂဇင်း ၊ စာ-၅) (ဦးမာဃ ၊ပုသိမ် ရာဇ၀င် ၊စာ- ၁၃၇) ထိုဖာရစီ -ပသီများမှာ အစ္စလာမ်ဘာသာဝင် အီရန်အနွယ် ၀င်များဖြစ်ကြပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ တောင်ပိုင်းတွင် ဦးစွာ အခြေချ နေထိုင်သူများမှာ ဘင်္ဂါလီများမဟုတ်ပဲ အီရာန် နွယ်ဖွား ပသီ မွတ်ဆလင်မ်များသာ ဖြစ်ပါသည်။ ထို့အတူ မြန်မာနိုင်ငံမြောက်ပိုင်းသို့လည်း အစ္စလာမ် ဘာသာဝင်များ ၀င်ရောက်နေ၍ အခြေချနေထိုင်သည်များရှိပါသည်။ (၃) အေဒီ (၁၂၅၅-၁၂၈၅) ပုဂံမင်းဆက် ၊ နရပတေ့မင်း လက်ထက်တွင် တရုတ်တို့နှင့် စစ်ဖြစ်ပွားခဲ့ပါသည်။ တရုတ်စစ်တပ် (တာတာ စစ်တပ်) ၏ အကြီးအမှူးမှာ ဗိုလ်မှူးနဇရွတ်ဒင်း (အစ္စလာမ်အာရဗ်အမည်) ဖြစ်ပါသည်။ (၁၃၇၃-၇၄ ခုနှစ်တွင် စိုက်ထူခဲ့သော ရတနာစေတီ ကျောက်စာ) ရတနာစေတီကျောက်စာ တွင် “မြင်းစိုင်းရောက် ခန်းတရက် မင်းကြီး ”ဟု ရေးထားပါသည်။ “ခန်း” ဟူသည် (တရုတ် ဧကရာဇ်) “ ကုဗလိုင်ခန်း” ကို ဆိုလိုဟန်တူပါသည် ။“တရက်”ဟူသည် “တူရကီ” ဟူသောစကားမှာ ပျက်လာဟန်တူသည်။ “တရက်”လူမျိုး တို့ကို မောင်ဂို (မောင်းဂွတ်) မန်ချူးရီးယန်းလူမျိုး၊ မဟာမက်ဘာသာဝင်များ၊ တရုတ်ပန်းသေးများ စသည်ဖြင့် အမျိုးမျိုးခေါ်ကြပါသည်။ (ဦးဘသန်း ၊ ကျောင်းသုံးမြန်မာရာဇ၀င် ၊ စာ- ၈၇-၉၆ ) ထိုတရုတ် / မောင်ဂို/ မောင်းဂွတ် / မန်ချူးရီးယား (ယခုအခေါ်)ပန်းသေး များမှာ အစ္စလာမ်ဘာသာဝင် တရုတ်လူမျိုးများ ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် မြောက်ပိုင်းသို့ ၀င်ရောက်လာသော အစ္စလာမ် ဘာသာဝင်များမှာ ဘင်္ဂလီများမဟုတ်ကြပဲ တရုတ်မွတ်စလင် များသာဖြစ်ပါသည်။ (၄) (၁၄)ရာစုနှစ်များအတွင်း မြန်မာနိုင်ငံမြိတ်မြို့သို့ အာရဘ်ကုန်သည် များရောက်ရှိရုံသာမက ၊မြိတ်မြို့နောက်လယ်ရပ်တွင်အခြေစိုက်နေထိုင်ခဲ့ကြပါသည်။ (မောရစ်ကောလစ် Into Hidden Burma ) (ဦးခင်မောင်ကြီး ၊ဗြိတိသျှ သံဖနောင့်အောက်မှ မြန်မာပြည် ၊ဒုတိယတွဲ -စာ ၂၀၇) ထို့ကြောင့် မြန်မာနိုင်ငံ တောင်ဘက် မြိတ်ဒေသသို့ ၀င်ရောက်အခြေစိုက်နေထိုင်ကြသော အစ္စလာမ် ဘာသာဝင်များမှာ ဘင်္ဂလီများမဟုတ်ကြပဲ အာရဗ် မွတ်ဆလင်များသာဖြစ်ပါသည်။ ထို့နောက်ရခိုင်ဘုရင်များနဲ့ အစ္စလာမ်ဘာသာ ဆက်စပ်ပုံကိုတင်ပြပါမယ်။ (၅) အေဒီ ( ၁၄၀၄ မှ ၁၆၀၂) အထိ ရခိုင်ဘုရင်များသည် မွတ်ဆလင်မ်ဘွဲ့ အမည်များတပ်ခဲ့ပါသည်။ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ထုတ် ၊ အခြေပြ မြန်မာ့ နိုင်ငံရေး သမိုင်း၊ ပ-တွဲ။ စာမျက်နှာ -၃၈၇ ) (၁၄၅၉ -၈၂) တွင်မင်းဖြစ်ခဲ့သူ ဘစောဖြူလက်ထက်တွင်ရခိုင်ပြည်သုံး ကျပ်ဒင်္ဂါများတွင် အစ္စလာမ် ယုံကြည်ချက် အာရဗီစာသားများ ဖေါ်ပြခဲ့ပါသည်။ ရခိုင်ဘုရင် အတော်များများ ၏ အင်အားမှာ မသေးသောကြောင့် ဘင်္ဂလား ၁၂မြို့မှ ရခိုင် ဘုရင်များကို လက်ဆောင်ပဏ္ဍာ များဆက်သခဲ့ကြကြောင်း သမိုင်းအထောက်အထား များတွေ့ရပါသည်။ (၁၆၆၀) ခုနှစ်တွင် ရခိုင်ဘုရင်ဖြစ်လာသော စန္ဒဓမ္မမင်းလက်ထက်တွင် အိန္ဒိယ ပြည်မဂို ဘုရင် သြရန် ဂဇစ် နှင့် ညီတော် ရှာရှုဂျာ မင်းသားတို့ နန်းလုခဲ့ကြရာမှ ရှာရှုဂျာ မင်းသား အရေးနိမ့်ပြီ ချွေယံသင်းပင်းများနှင့် ရခိုင် ဘုရင်ထံ ခိုလှုံခဲ့ကြပါသည်။ ထိုသူများ ၏ အဆက်အနွယ်များမှာ “ကမန်” တိုင်းရင်းသားများဖြစ်လာပါသည်။ (ပသီ ဦးကိုလေး၊ မြန်မာပြည်နှင့် အစ္စလာမ်သာသနာ) ထိုကမန်တို့မှာလည်း ဘင်္ဂါလီများမဟုတ်ပဲ မဂိုအနွယ် အစ္စလာမ် ဘာသာဝင်များ သာဖြစ်ပါသည်။ (၆) အေဒီ (၁၅၃၀-၁၅၅၀) တွင်တောင်ငူ ဘု၇င်တပင်ရွှေထီးလက်ထက်တွင် ၄င်း၏ တပ်များက မွန်တို့ဌာနေ ဟံသာဝတီ ကို ချီတက်တိုက်ခိုက်ခဲ့သည်။ မွန်တို့ဘက်မှ ပသီပန်းသေးများ က မြို့ထိပ်မှ စိန်ပြောင်း မြတပူ တို့ဖြင့် ပစ်လွတ်နေ၍ အရှအနာများပြီးရှေ့မတိုးနိုင်အောင်ဖြစ်ခဲ့ရသည် (မှန်နန်းရာဇ၀င် တော်ကြီး၊ ဒုတိယတွဲ ၊စာ-၁၈၆ )တောင်ငူရာဇ၀င် စာ-၂၉၆) ထို ပသီပန်းသေးတို့မှာ အစ္စလာမ်ဘာသာဝင် တရုတ်အနွယ်မွန်နိုင်ငံသားများ ဖြစ်ကြပါသည်။ ၄င်းတို့ ဘင်္ဂါလီများ ဟုတ်ကြပဲ မွန် မွတ်ဆလင်မ်များ ဖြစ်ပါသည်။ (၇) အေဒီ ( ၁၆၀၅-၁၆၈၂)အတွင်း တောင်ငူဘုရင် အနောက်ဘက်လွန်မင်း ခေတ်ဖြစ်ပါသည်။ ထိုခေတ်တွင် သန်လျင်မြို့မှ ပေါ်တူကီလူမျိုး ငဇင်ကာ ပုန်ကန်ခြားနားလာသဖြင့် အနောက်ဘက်လွန်မင်းတပ်များ သန်လျင်ကို ချီတက်တိုက်ခိုက်ခဲ့သည်။ ငဇင်ကာ က အိန္ဒိယ မှ အစ္စလာမ် ဘာသာဝင် စစ်သားများ ပါဝင်သော စစ်သင်္ဘော ၅စင်း ကို ငှားရမ်းခေါ်ယူခဲ့ပါသည်။ ဘုရင့်စစ်သည် များအောင်နိုင်၍ ငဇင်ကာ အသတ်ခံရပါသည်။ စစ်သင်္ဘော ၅စင်းအနက် ၄စင်းကို စစ်သားများဖမ်းမိခဲ့သည်။ လှေတပ်ဝန်မင်း ရဲကျော်ထင် ၏လျှောက်ထားခဲ့ရာ မင်းကြီး က ပသီ တို့ကို မသတ်မညှစ်ရ ဟု အမိန့်ထုတ်ပြီး ဖမ်းဆီခေါ်ဆောင်လာစေခဲ့ပြီး ယင်းသုံ့ပန်းများ ကို ရွှေဘို မြို့မြောက်ဘက်ရပ်နှင့် အင်းဝ မြောက်ဘက်တို့တွင် အစုခွဲ ပြီးနေရာချထားပေးခဲ့ပါသည်။ (မှန်နန်း ရာဇ၀င်၊ တတိယတွဲ၊စာ ၁၇၂ ) အနောက်ဘက်လွန်မင်း လွန်ပြီးနောက် (၁၆၂၉-၁၆၄၈) တွင်နန်းတက်သော သာလွန်မင်း လက်ထက်တွင် ဘုရင့် အမိန့်တော်နှင့် ဖမ်းဆီးရမိလာသော အစ္စလာမ်ဘာသာဝင် တို့ကို ရွှေဘိုနယ်၊ စစ်ကိုင်းနယ်၊ ကျောက်ဆည်နယ်၊ တို့တွင် လုပ်မြေ၊နေမြေ များပေး၍ အတည်တကျနေရာချထားပေး၏ ။ ဘုရင့်ကိုယ်ရံတော်တပ်တွင် လည်းသေနက်ကိုင် စစ်မှုထမ်းများ အနေဖြင့် ခန့်ထားခဲ့၏။ (ဦးဘသန်း၊ ကျောင်းသုံးမြန်မာ ရာဇ၀င်) စာ-၂၇၀) ယင်းသို့ မြန်မာနိုင်ငံအထက်ပိုင်းတွင် အခြေတကျ နေထိုင်ခွင့်ရသူများမှာ ဘင်္ဂါလီများ မဟုတ်ပဲ မြန်မာ ဘုရင့် သစ္စာခံ အစ္စလာမ် ဘာသာဝင်များဖြစ်ပါသည်။ (၈) အေဒီ (၁၆၉၈-၁၇၁၄) အတွင်း စနေမင်းထံသို့ အိန္ဒိယနိုင်ငံသား (၃၀၀) ကျော်သည် ရခိုင်ဒေသမှ တဆင့် ၀င်ရောက်ခိုလှုံလာကြသည်။ ၄င်းတို့အထဲတွင်စစ်ရေးကျွမ်းကျင် သူ ဗိုလ်မှူး စစ်မှူးများပါလာကြသည် ။ ထို့ကြောင့် ၄င်းတို့ကို တစ်စုတစ်ဝေး ထဲမထားသင့် ဟု မှူးမတ်များက ဘုရင့်ကိုလျှောက်တင်ကြသည်။ ထို့ကြောင့် ၁၇၀၉ ခုနှစ်တွင် ၄င်းတို့ကို ဘုရင့်အမိန့်တော်နှင့် လူစုခွဲပြီးနေရာ ချထားပေးခဲ့ပါသည်။ ချထားသော နေရာများမှာ တောင်ငူ၊ရမည်းသင်း ၊ ညောင်ရမ်း၊ ယင်းတော်၊ မိတ္ထီလာ ပင်းတလဲ ၊ ဗောဓိ ၊ စည်သာ၊ စည်ပုတ္တရာ ၊မြေတူး၊ ဒီပဲယင်း စသော ၁၂မြို့မှာ ပသီ ၁၂ အုပ်စု နေရာခွဲချထားပေးပါသည်။ (ဇေယျကျော်ထင် ဗိုလ်မှူးဘရှင် ၊ Come of Islam of Burma ) (ဆရာ ဦးဘိုးချယ် ဗမာမွတ်စလင်တို့ ၏ ရှေးဟောင်းအထုပ္ပတ္တိ) ယနေ့ ရွှေဘို မြောက်လက်မှာ ရှိကြသော (၃၇၀၀) အနွယ်များမှာ ဤအနွယ်များဖြစ်သည်။ ၄င်းတို့သည် ဘင်္ဂလီ များ မဟုတ်ပဲ မြန်မာနိုင်ငံ သားခံယူလာကြသူ အိန္ဒိယ အနွယ် အစ္စလာမ် ဘာသာဝင်များ သာဖြစ်ပါ သည်။ မြန်မာမူဆလင်သည် ဘင်္ဂါလီမဟုတ်ပါ (၂) (၉) အလောင်းမင်းတရားလက်ထက် အောက်ပြည်အောက်ရွာသို့ ချီတက်တိုက်ခိုက်ရာတွင် မွန်စစ် သူကြီး တလပန်း နှင့်ပြည်မြို့ အနီး တိုက်ခဲ့ရသည်။ မွန်တို့ဖတ်မှ ပသီကုလား ၊ ပန်းသေး တို့က မြောက် စိန်ပြောင်း နှင့်လှမ်းကာပစ်လွှတ် လေလျှင် ရဲမတ်တော် အပေါင်းတို့ ထိပါးသေဆုံးသည်ကား မရေ တွက်နိုင်အောင်ရှိ၏။ (လက်ဝဲအနော်ရထာ၊ အလောင်းဘုရား အရေးတော်ပုံမှတ်တမ်းများ ၊စာ -၇၀) အလောင်းမင်းတရား ရန်ကုန်ကိုအောင်နိုင် သောအခါ မွန်တို့ဘက်မှ အလောင်းမင်းတရားကြီး ကို သစ္စာခံကြသည်။ထိုသစ္စာ ခံ တပ်များထဲတွင် တစ်ကျွန်းသား ပသီကုလား သင်္ဘောသူဌေး (၄)ဦးတို့လည်း ရွှေရက် ငွေရက် အုပ်မျိုးထည်မျိုး သေနက်လက်နက် လက်ဆောင်တောများ ဆက်သ၍ သင်္ဘော၎စင်းနှင့် တကွ အမှုတော်ကိုထမ်းပါမည် ဟု ခြေတော်ရင်း ခိုဝင်လာ၏။ (အလောင်းဘုရားအရေးတော်ပုံ မှတ်တမ်း စာ ၇၇) ဆက်လက်တိုက်ပွဲဝင်ရန် လူမျိုးပေါင်းစုံထဲမှ သင့်တော်သူများကို သွေးသောက်ကြီးများအဖြစ် လိုက်ပါစေခဲ့၏။ (ကုန်းဘောင် ခေတ် မဟာရာဇ၀င်တော်ကြီး ပ တွဲ၊စာ ၁၈၅-၁၈၆) ဤသည်ကား အစ္စလာမ်ဘာသာဝင်များ ကို ဘုရင်မင်းမြတ်က ယုံကြည်စိတ်ချ၍ ရာထူးကြီးများပေးခဲ့သော အထောက် အထား ပင် ဖြစ်သည်။ ဆက်လက်၍ အလောင်းမင်းတရားကြီသည် သန်လျင်မြို့ သို့ချီတက်တိုက်ခိုက် ပြန်ပါသည်။ သန်လျင်ကို အောင်မြင်၍ အိန္ဒိယ ပြည် မှ သင်္ဘောလေးစင်း ပါစစ်သားများ ကိုလည်း စစ်မှုထမ်းစေခဲ့၏။ (တွင်းသင်းတိုက်ဝန် ရေး၊အလောင်းဘုရား အရေးတော်ပုံမှတ်တမ်း ၊စာ – ၂၀၃) ယင်းသို့ မြန်မာဘုရင် မွန်ဘုရင် တို့ထံတွင် ၀င်ရောက်အမှုထမ်းနေသူများမှာ ဘင်္ဂါလီများ မဟုတ်ကြပဲ ပသီ-ပန်းသေး အစ္စလာမ်ဘာသာဝင်များ သာဖြစ်ပါသည်။ (၁၀) ခရစ်သက္ကရာဇ် (၁၇၈၁-၁၈၁၈) (ကောဇာ သက္ကရာဇ် ၁၁၄၃-၁၁၈၁) အမရပူရနန်းတည် ဘိုးတော်ဦးဝိုင်း (ပဒုံမင်း) လက် ထက် ပသီများအတွက် အာပစ်ရှာ ဟိုသိန္ဒိ ကို တရားသူကြီး အဖြစ်ခန့်ကြောင်း အမိန့်တော် ပြန်တမ်းထုတ်ခဲ့ပါသည်။ (ဘိုးတော် မင်းတရားကြီး ၏ ရာဇသတ်ကြီး (ခ) အမိန့်တော်ပြန်တမ်း ကြီး ၊အတွဲ (၄) ၊စာ-၁၇၆) ထိုခေတ်မှာပင် ရမ္မာ ၀တီ မြို့ ၀န် ၊ရွှေတောင် သာဂသူ စာဆိုတော်ကြီး ဦးနု (ခ ) မိုဟမ္မဒ် ကာစင်ကို အိန္ဒိယ ပြည်သွားရောက်၍ သက္ကဋ ကျမ်း ၊ ဟိန္ဒူ ကျမ်း ၊ နှင့် ပသီကျမ်း များကို သယ်ယူသည့် အဖွဲ့ခေါင်းဆောင် အဖြစ်ခန့်အပ်ခဲ့ပါသည်။ (ကုန်းဘောင် မဟာရာဇ၀င်တော်ကြီး ဒု-တွဲ၊ စာ-၁၅၇/၁၆၆) ဘုရင်သစ္စာခံ ယင်းအရာရှိကြီးများမှာ ဘင်္ဂါလီများမဟုတ်ကြပဲ အစ္စလာမ်ဘာသာဝင် မြန်မာနိုင်ငံသား မင်းမှုထမ်းများသာ ဖြစ်ပါသည်။ (၁၀) နယ်ချဲ့ဗြိတိသျှ များမြန်မာနိုင်ငံကို စတင် ထိပါးလာစဉ် ရမူးပန်းဝါစစ်ပွဲ ဖြစ်ပွားခဲ့ပါသည်။ ယင်းစစ်ပွဲကို မြန်မာတို့နိုင်လိုက် ၍ ရန်သူများထံမှ အမြောက်ကြီး ၁ လက် ၊ သေနက် ၂၀၀ ကျော် ၊ နှင့် စစ်ပါရီကုလား သုံ့ပန်း (၂၀၀) ကျော် ရလိုက်ပါသည်။ ယင်းသုံ့ပန်းများကို ဘုရင့် နေပြည်တော် တောင်ဘက် (မြစ်သားချောင်းတောင်ဘက် ) မှာနေရာချထားပေးခဲ့သည်။ (ကုန်းဘောင် ဆက်မဟာ ရာဇ၀င်တော်ကြီး ၊ ဒု-တွဲ၊ စာ – ၃၇၇) ရမူးပန်းဝါ တိုက်ပွဲ မစမီ မြန်မာ တပ်မတော်မှ တပ်မှူးတပ်သားများ လှံရှည် ၊ အဲမောင်း ၊ များကို ကိုင်၍ စစ်ရေး ပြစေခဲ့ ပါသည်။ ထိုစစ်ရေး ပြရာတွင် တပ်ဗိုလ် နေမျိုးဂုဏ် နရပ် ဘွဲ့ ရ ခန်ဆပ်ဗိုလ် ဦးစီးသော မြင်းစီးရေး (၇၀)ကျော်က မြင်းရေး ကစား သည်ကို စစ် ခေါင်းဆောင်ကြီး ၀န်ကြီး သတိုးမဟာဗန္ဓ္ဓုလ က ရွှေထီးဖြန့်ပြီး ရှုစားတော်မူခဲ့သည်။ (ကုန်းဘောင် ဆက် မဟာရာဇ၀င်တော်ကြီး ၊ ဒု-တွဲ ၊စာ – ၃၉၂) ယင်းခန်ဆပ်ဗိုလ် ကို ဘကြီးတော် မင်းက ယွန်းကြီးပြည် ဟု ခေါ်သော အင်ဒိုချိုင်းနားသို့ မြန်မာဘုရင်၏ သံကိုယ်စားလှယ် အဖြစ် သံကိုယ်စားလှယ်အဖြစ် စေလွတ်ခဲ့ရသည်။ ယင်းခန်ဆပ်ဗိုလ် မှာ မင်းတုန်းမင်း လက်ထက်နှင့်သီပေါမင်း လက်ထက် အလွန်ကျော်ကြားခဲ့သော ၀လီခန် မြင်းတပ် ဗိုလ် ၀လီခန် ၏ ဘခင်ဖြစ်သည်။ ဘကြီးတော်က တိုင်းပြည်နှင့် ဘုရင့်အပေါ် သစ္စာရှိပြီး တိုက်ပွဲ ၀င်ခဲ့ကြသော တပ်မတော်သား များကို ဂုဏ်ပြုရာတွင် ကုလား ပျို သေနက်အစုသား ၊(၁၃၀၀) ကျော်တို့အား ဘောက်တို ရွှေပိန်၊မျဉ်းတို သက္ကလပ် စိမ်း၊ မျဉ်းရှည် သက္ကလပ်နီ၊ သက္ကလပ် စိမ်း အဖြူဆင့် တို့ကို ချီးမြင့်ခဲ့ပါသည်။ (ကုန်းဘောင်ခေတ် မဟာရာဇ၀င်တော်ကြီး၊ ဒုတိယတွဲ ၊စာ – ၄၇၇) သာယာဝတီ မင်း (၁၈၄၁) ခုနှစ်တွင် ဥက္ကလာပသို့ ချီတက်တိုက်ခိုက်ရာတွင်လည် ပသီ အမြောက်အမှုထမ်း ၁၀၀ ကျော်ပါ ၀င်ခဲ့ပါ သည်။ (ကုန်းဘောင် ဆက် မဟာရာဇ၀င်တော်ကြီး ၊တတိယတွဲ – စာ ၆) မင်းတုန်းမင်း နှင့် ကနောင်မင်းသား တို့ နောင်တော် ပုဂံမင်းသား ကိုခြားနားရာတွင် ကုလားပျို သေနတ်အစုသား များပါဝင်ခဲ့သည်။ (ကုန်းဘောင် ဆက် မဟာရာဇ၀င်တော် ကြီး တတိယတွဲ၊ စာ – ၁၃၉) မင်းတုန်းမင်လက်ထက် နိုင်ငံတော် ကာကွယ်ရန် စစ်တပ်ဖွဲ့စည်းရာတွင် (၁)ရံဖြိုခွင်း(၂) ရံပုံခွင်း(၃) ရဲကင်း (၄) ရဲလင်း(၅) လက်မနှိပ် ဟူသော အမြောက်တပ်ကြီးများတွင် တပ်မှူး တပ်သားများမှာ ကင်းတား ကုလားပျို မြေတူးပသီများ ပါဝင်ကြပါသည်။ (ဦးမောင်မောင်တင် ၊မဟာဝိဇ္ဖာ မြန်မာမင်းလက်ထက် စာတမ်းများ စာ – ၆၆ -၇၁-၇၂) မြန်မာသက္ကရာဇ် (၁၂၁၅) (၁၈၅၃ အေဒီ)ခုနှစ် တွင် မင်းတုန်းမင်းကြီး က မြေနန်းတော် ကို ထွက်ပြီး ဥပုသ် ယူခဲ့ပါသည်။ ယင်းအခန်းအနားတွင် မင်းမှုထမ်းများကိုလည်း ကျွေးမွေးပြုစုခဲ့ပါသည်။ သာသနာရေးအရ သီးခြားစားသုံးရမည့် အက္ကပတ် မြင်းတပ်၊ စားထိုးမြင်းတပ် ၊ ။၀လီခန်း မြင်းတပ် ၊ ကသည်းမြင်းတပ် တို့မှ မြင်းစီးအမှုထမ်း (၇၀၀) ကျော် တို့ကို ပုဆိုးခေါင်း ပေါင်းများ ပေးလှူပြီး ဘာသာထမင်းချက်ပြုတ် ကျွေးမွေး စေတော်မူသည်။ (ကုန်းဘောင် ဆက် မဟာရာဇ၀င်တော်ကြီး ၊တတိယတွဲ- စာ ၁၇၀) မင်းတုန်းမင်း လက်ထက်တွင် နိုင်ငံတွင်းနေ အစ္စလာမ် ဘာသာဝင်များအတွက် သာသနာ့ကျင့်စဉ် အရ အဆုံးအဖြတ် ပေးနိုင်ရန် ကာဘူလ် မော်လ၀ီကြီး ကို ဓမ္မသတ် မှူးအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။ မြန်မာသက္ကရာဇ် (၁၂၁၈) တပေါင်း လ ဆန်း ၃ရက် နေ့တွင်ရတနာပုံ မန္တလေးမြို့ တည်ရေးအတွက် လူပေါင်းများစွာ နှင့် မြို့ကွက်ရှင်းရာ ဗိုလ်မင်းထင်ရာဇာ ဦးစီး သော ပသီအမျိုးသား (၄၀၀) ကျော် ပါဝင်ခဲပါသည်။ သက္ကရာဇ် ၁၂၁၉ ၀ါခေါင်လဆန်း ၁၂ရက်နေ့တွင် မန္တလေးမြို့ သို့ မင်းနေပြည်တော်ပြောင်း ရွှေ့ရာတွင် လူမျိုးပေါင်းစုံကို အစုလိုက် နေရာချထားပေးပါသည်။ ပသီလူမျိုး ဟု သတ်မှတ် ထား သော အစ္စလာမ်ဘာသာဝင်များအတွက် (၁)စစ်ကိုင်းတန်း (၂) ကန်းရိုးတန်း(၃) တောင်ပလူ(၄)အိုးဘို (၅) စကြာ နွယ် ဇင်(၆) ဂျွန်းအမြောက်တန်း(၇) ၀လီခန် ရပ်(၈) တိုက်တန်းရပ်ကွက် (၉) ကိုယ်ရံတော်ရပ် (၁၀) အချုပ်တန်း ရပ်ကွက်(၁၁)ကုလားပျို ရပ်ကွက် စုစုပေါင်း ၁၁ရပ်ကွက် သတ်မှတ်ပေးခဲ့ပါသည်။ ထိုရပ်ကွက်တို့အတွက် ဗလီပေါင်း ၂၀ ကိုလည်းသတ်မှတ်ပေးခဲ့ပါသည်။ ဘုရင့်ကိုယ်ရံတော်ဖြစ်သော ရွေးလက်ယာ တပ်သားများအတွက် ရွှေပုန္နက်ဗလီ တစ်လုံးဆောက်လုပ်လှူဒါန်းခဲ့ပါသည်။ ဗြိတိသျှ နယ်ချဲ့တို့ ယင်းဗလီကို ဖျက်စီးခဲ့ပါသည်။ (ပသီကိုလေး၊ မြန်မာပြည်နှင့် အစ္စလာမ်သာသနာ အနှစ် ၂၀ မြောက် အစ္စလာမ် ဓမ္မဗိမာန် အထူးထုတ် စာစောင် ၊ စာ ၁၀၅) ထို့ပြင် မင်းတုန်းမင်း တရားကြီး က မြန်မာနိုင်ငံမှ အစ္စလာမ်သာသာဝင်များ ဟဂ်ျပြုရာတွင် တည်းခိုနိုင်ရေးအတွက် မက္ကာမြို့ တွင် ဒေါင်းဇရပ်ကြီး တစ်ဆောင်ဆောက်လုပ် လှူဒါန်းခဲ့ပါသည်။ ထိုဇရပ်ကြီး သွားရောက်ဆောက်လုပ်ရန် နေမျိုး ဂုဏ္ဏ ဘွဲ့ ရ ခလီဖွာ သခင်ကြီး ဦးဘိုးမြ နှင့် ဟာဂျီ ဦးရွှေဘော်တို့ကို တာဝန်ပေးအပ်ခဲ့ပါသည်။ မြန်မာအစ္စလာမ် ဘာသာ ၀င် များ လှူဒါန်းငွေနှင့် လိုသမျှ ကို မင်းတရားကြီးက စိုက်ထုတ် လှူဒါန်းခဲပါသည်။ (မြေတူးမြို့ ပလီထိုင်ဆရာကြီး ဦးရွှေတောင်ပြုစု သော လင်္ကာ ) သီပေါမင်းလက်ထက် ၁၂၄၁ ခုနှစ် ၊ သီတင်းကျွတ် လကုန်ပိုင်းတွင် တပ်ခင်းရန် ဘုရင်က အမိန့်တော်ထုတ်ဆင့်ခဲ့ပါသည်။ ထိုအခါ ကင်းတား ကုလားပျို သေနက်ကိုင် ဗိုလ်မင်းထင်ကျော်သူ နှင့်ကင်းတာ ကုလားပျိုအစု သေနက် ကိုင်စွဲသူ လူ ၃၅၀ တပ်တစ်တပ် ၊စကြာင်္အမြောက် ဗိုလ်ဟာရှင် နှင့် အမြောက် အမှုထမ်း လူ(၁၁၃) တစ်တပ်၊ မင်္ဂလာအမြောက် ဗိုလ်ဦးကြယ် နှင့် လူ (၁၁၃) တစ်တပ်၊ မင်္ဂလာအမြောက် ဆူးလေကုန်း ဗိုလ် ဦးမောင် နှင့် အမှုထမ်း လူ (၁၁၃) တစ်တပ် မင်္ဂလာ အမြောက် ဘုံးအို ဘို ဗိုလ်ဦးယောက်နှင့် အမှုထမ်း လူ (၁၁၃) တစ်တပ်ကို စစ်အင်္ဂါ ခင်း ပြခဲ့ပါသည်။ (ကုန်းဘောင် ဆက် မဟာ ရာဇ၀င်တော်ကြီး ၊ တတိယတွဲ ၊ စာ-၅၂၄/၅၂၆) သီပေါမင်းလက်ထက် နောက်ဆုံး အင်္ဂလိပ် မြန်မာစစ်ပွဲတွင် တောင်တွင်းကြီး စစ်ကြောင်းကို အက္ကပတ် မြင်းဝန် ပင်လယ်မြို့စား ကြီး မဟာ မင်းထင်ရာဇာ (ဦးခြုံ)က ဦးစီးခဲ့ရပါသည်။ (ကုန်းဘောင်ဆက် မဟာရာဇ၀င်တော်ကြီး ၊ တတိယတွဲ၊စာ ၇၁၂-၇၁၅) ယင်းသို့ ကုန်းဘောင်မင်း အဆက်ဆက်တွင် ခိုဝင်သစ္စာ ခံ အမှုထမ်းကြသူများမှာ ဘင်္ဂါလီ များမဟုတ်ကြပဲ မြန်မာ မွတ်ဆ လင်မ် စစ်စစ်များသာ ဖြစ်ပါသည်။ ရေးသားသူ မောင်ဝတ်လုံ(မြောင်းမြ) Via “ဒေါင်း” (သို့) ဗမာမွတ်စလင် shared from the FB Zaw Min Tun on Friday, May 11, 2012 at 1:32am · Tags: Asia, Aung San, Aung San Suu Kyi, Burma, Myanmar, National League for Democracy, Politics
<urn:uuid:895fab30-3ca2-4266-8af1-beb49d3540bb>
CC-MAIN-2014-42
http://drkokogyi.wordpress.com/2012/05/11/%E1%80%97%E1%80%99%E1%80%AC%E1%80%99%E1%80%BC%E1%80%90%E1%80%B9%E1%80%85%E1%80%9C%E1%80%84%E1%80%B9/
2014-11-01T01:00:32Z
s3://commoncrawl/crawl-data/CC-MAIN-2014-42/segments/1414637901687.31/warc/CC-MAIN-20141030025821-00129-ip-10-16-133-185.ec2.internal.warc.gz
mya
0.959823
Mymr
45
{"mya_Mymr_score": 0.9598231911659241, "blk_Mymr_score": 0.039180219173431396}
ဒါကာမြို့ ဒါကာမြို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မြို့တော် ဖြစ်ပြီး ဒါကာပြည်နယ်၏ မြို့တော်လည်း ဖြစ်သည်။ ဒါကာ သည် မက်ဂါမြို့တော် အဆင့်ရှိသော မြို့တော်တစ်ခုဖြစ်ပြီး အာရှတောင်ပိုင်း၏ အရေးပါသော မြို့တစ်မြို့လည်း ဖြစ်သည်။ ဒါကာမြို့တော်နှင့် ၎င်း၏ မက်ထရိုပိုလစ်တန် ဒေသတို့သည် ဘူရိဂန်ဂါမြစ်ကမ်းပေါ်တွင် တည်ရှိသည်။ ၂၀၁၁ ခုနှစ်တွင် လူဦးရေ ၁၆ သန်းမျှ ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံးမြို့အဖြစ် တည်ရှိသည်။ ကမ္ဘာပေါ်ရှိမြို့ကြီးများတွင် နဝမမြောက် အကြီးဆုံးဖြစ်ပြီး လူဦးရေ အသိပ်သည်းဆုံးမြို့များတွင် အဆင့် ၂၈ ရှိသည်။ ဒါကာမြို့ကို ဗလီများ၏မြို့တော် ဟုလည်း ခေါ်ဝေါ်လေ့ ရှိကြသည်။ မြို့တော်၏ လမ်းများပေါ်တွင် ဆိုက်ကားစီးရေ ၄ သိန်းမျှ နေ့စဉ်သွားလာနေသဖြင့် ကမ္ဘာ့ဆိုက်ကားမြို့တော် ဟုလည်း ခေါ်ကြသည်။
<urn:uuid:15137019-b2bc-463b-8b0b-2b90f9d530d1>
CC-MAIN-2014-42
http://my.wikipedia.org/wiki/%E1%80%92%E1%80%AB%E1%80%80%E1%80%AC%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
2014-10-22T09:35:44Z
s3://commoncrawl/crawl-data/CC-MAIN-2014-42/segments/1413507446525.24/warc/CC-MAIN-20141017005726-00073-ip-10-16-133-185.ec2.internal.warc.gz
mya
0.999957
Mymr
24
{"mya_Mymr_score": 0.9999568462371826}
စုန်းကဝေအတက် စုန်းကဝေအတတ်[ပြင်ဆင်ရန်] မြန်မာတို့၏ ရှေးဟောင်းအယူ၌ စုန်းဟူသည် အရောင် အဝါတောက်ပ၍၊ လူကို ဖမ်းစားနိုင်သော တန်ခိုးရှိသည်ဟု ယုံမှတ်ကြသည်။ စုန်းဟူသော ဝေါဟာရမှာ ဇုဏှဟူသော ပါဠိ သဒ္ဒါမှ ပျက်၍၊ ဇုန်း၊ စုန်းဟူ၍ အဆင့်ဆင့်ပြောင်းလဲလာသည် ဟု ယေဘုယျအားဖြင့် ယူဆကြသည်။ လောကီအင်္ဂုတ္တိုရ်ကျမ်းရင်းကြီးအရ စုန်းမျိုးခုနစ်ပါးရှိသည် ဟုဆိုသည်။ ယင်းတို့ကား ခြေစုန်း၊ ခေါင်းစုန်း၊ ကိုယ်စုန်း၊ မောက်လုံးစုန်း၊ မောက်ပြားစုန်း၊ အိန့်ကလိန့်စုန်း၊ ကဝေ မြောက်စုန်းဟူ၍ ခုနစ်မျိုးတည်း။ - (၁)ခြေစုန်းသည် သစ်သီး သစ်ပွင့်ကိုသာစား၍၊ ခြေကိုသော်၎င်း၊ ခြေရာကိုသော်၎င်း ကိုယ်တိုင်ကိုင်ရမှ ဖမ်းစားနိုင်သည်ဟု အဆိုရှိသည်။ ယင်းကို ရွာသူဟုလည်းခေါ်ကြသည်။ - (၂) ခေါင်းစုန်းသည် သစ်သီးမှည့် အချို အချဉ်ကိုစား၍၊ အရပ်ကိုသော်၎င်း၊ ခြေရာကိုသော်၎င်း ကိုယ်တိုင်ထိရမှ ဖမ်းစားနိုင်သည်။ ယင်းကို နဖားတပ်ဟုလည်း ခေါ်ကြသည်။ - (၃) ကိုယ်စုန်းသည် မစင်ချေးခြောက်ကိုသာ စား၍၊ ခြေရာကိုတိုင်ထိရမှ ဖမ်းစားနိုင်သည်။ ယင်းကို ဆင်ကွပ်ဟုလည်း ခေါ်ကြသည်။ - (၄) မောက်လုံးစုန်းသည် အသွေး အသား အရေကိုစား၍၊ ကိုယ်တိုင်မြင်ရ ထိရနမ်းရှုပ်ရမှ ဖမ်းစားနိုင်သည်။ ယင်းကို စုန်းဟုလည်းခေါ်ကြသည်။ - (၅) မောက်ပြားစုန်းကား အအူအသည်းအမြစ်ကိုစား၍ မောက်လုံးစုန်းကဲ့သို့ပင်၊ ကိုယ်တိုင်မြင်ရ ထိရ နမ်းရှုပ်ရမှသာ ဖမ်းစားနိုင်သည်။ ယင်းကို ရွာသမီးဟုလည်း ခေါ်ကြသည်။ - (၆) အိန့်တလိန့်စုန်းသည် အကြော်အလှော် အဆိမ့်အအိမ့်တို့ကိုစား၍ အမည်နာမကို သိရမှ၊ မိမိလက်အောက်ရှိ ၃၇ မင်းနတ်တို့ကို စေပါးခိုင်းခန့် ဖမ်းစားနိုင်သည်။ ယင်းကို ဇော်ဂနီ ဟုလည်းခေါ်ကြသည်။ - (၇) ကဝေမြောက်စုန်းကား လူသွေး လူသားလူရိုးတို့ကိုစား၍၊ အမည်နာမကိုသိရမှ၊ မိမိလက်အောက် နတ်တို့ကို စေပါးခိုင်းခန့် ဖမ်းစား နိုင်သည်။ ယင်းကို ကဝေဟုလည်းခေါ်ကြသည်။ ခြေစုန်း၊ ခေါင်းစုန်း၊ ကိုယ်စုန်း သုံယောက်တို့သည် လူကိုသေအောင် မဖမ်းစားနိုင်။ ကျန်လေးယောက်သော စုန်းတို့သာလျှင် လူကို သေအောင် ဖမ်းစားနိုင်သည်ဟု အဆိုရှိသည်။ ကဝေသာရကျမ်းအလို၌ ခြေစုန်း၊ ခေါင်းစုန်း၊ ကိုယ်စုန်း၊ မောက်လုံးစုန်း၊ မောက်ပြားစုန်းတို့သည် ယင်းတို့၏ ကိုးကွယ်ရာနတ် အထူးမရှိခြင်းကြောင့် မိမိတို့ကိုယ်တိုင် ဖမ်းစားကြရသည်။ အိန့်တလိန့်စုန်းနှင့် ကဝေမြောက်စုန်းတို့၌မူ အထူးကိုးကွယ်သော နတ်များရှိခြင်းကြောင့် ယင်းနတ်တို့ကို စေစား၍ ဖမ်းစားနိုင်သည်ဟုဆိုသည်။ အချို့သော ကျမ်းပြုပုဂ္ဂိုလ်တို့၏ အလို၌ ဇော်ဂနီကို စုန်း ဟူ၍မပြချေ။ မိစ္ဆာနတ်စိမ်းဟုသာ ဆိုကြ၏။ ကဝေသာရကျမ်းအလို၊ ဇော်ဂနီဟူရာ၌ - (၁) ဒေဝဇော်ဂနီ၊ အောက်တန်းနတ်ဆိုး နတ်ယုတ်များ၊ - (၂) ဗျဂ္ဃဇော်ဂနီ၊ ကျားနှင့်ယှဉ်သော နတ်စိမ်း များ၊ - (၃) ယက္ခဇော်ဂနီ၊ ဘီလူး၊ သရဲ၊ ဖုတ်၊ ပြိတ္တာများ၊ - (၄) ဣန္ဒဇော်ဂနီ၊ အထက်ပါဇော်ဂနီတို့ကို အစိုးရသော နတ်စိမ်းများ ဟူ၍ ဇော်ဂနီလေးမျိုးရှိ၏။ ပတ်ဝန်းကျင်ရှိ သဘာဝဓမ္မတို့ကို လူတို့ကိုကောင်းစွာမ သိရှိကြရသေးသောခေတ်တွင် ကြောက်ရွံ့ခြင်း၊ အယူသည်းခြင်း၊ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်း စသည်တို့ကြောင့် လူတို့သည် စုန်းကဝေ စသည်တို့၌ ယုံကြည်ခဲ့ကြသည်။ အသိတရား မဖွံဖြိုးသေးသော ခေတ်၌ မြန်မာနိုင်ငံ၌သာမက၊ ယနေ့ယဉ်ကျေးမှု အဆင့်အတန်းမြင့်သည်ဆိုသော နိုင်ငံကြီးများ၌ပင်လျှင် စုန်းအတတ်ကို ယုံကြည်ခဲ့ကြကြောင်း တွေ့ရှိရသည်။ စုန်းအတတ်နှင့်စပ်လျဉ်းသော အနောက်နိုင်ငံအယူအဆ ဗဟုသုတတို့ကို အောက်တွင် ဆက်လက်၍ ဖော်ပြလိုက်သည်။ ရှေးရောမခေတ်မတိုင်မီ နှစ်ပေါင်းများစွာကစ၍ အီဂျစ်ပြည်တွင် စုန်းအတတ်သည် ခေတ်စားခဲ့သည်။ ရောမ ဥပဒေများတွင် စုန်းအတတ်သည် ခေတ်စားခဲ့သည်။ ရောမ ဥပဒေများတွင် စုန်းအတတ်ကို တတ်သူတို့အား ရာဇဝတ်ပြစ်မှု ကျူးလွန်သူဟူ၍ ပညတ်ထားသည်။ စုန်းကဝေတို့သည် လူကိုသာမက၊ လူတို့ပိုင်ဆိုင်သော ကျွဲ၊ နွား၊ လယ်ယာ၊ ချောင်းမြောင်းတို့ကိုလည်း ပြုစားတတ်သည်ဟု ဆိုကြသည်။ ကလေးများကိုလည်း ဖမ်းစားတတ်သည်ဟု ယူဆကြသည်။ စုန်းမတို့သည် ရေကြီးရအောင်သော်လည်းကောင်း၊ မိုးခေါင်၊ စပါးသီးနှံ ပျက်စီးရအောင်သော်လည်းကောင်း၊ လူကိုတိရိစ္ဆာန်ဖြစ်အောင်သော်လည်းကောင်း ဖန်တီးနိုင်သည်ဟုလည်း ဆိုကြသည်။ ထို့ကြောင့် ရောမဥပဒေတွင် ကောက်ပဲသီးနှံများကို ဖျက်ဆီးခြင်း၊ ဘုရားဝတ်ကျောင်းမှ ပစ္စည်းများကို ဖျက်ဆီးခြင်း၊ လူသေအလောင်းကို တူးဖော်ခြင်း၊ ရုပ်တုများ ပြုလုပ်ခြင်းစသော စုန်းပညာနှင့်မကင်းသည့် လုပ်ငန်းများကို အရေးယူ တားမြစ်ထားပေသည်။ ထို့ပြင် အရပ်သူ အရပ်သားတို့မှာလည်း၊ လူတစ်ဦးတစ်ယောက် ရုတ်တစ်ရက်နာမကျန်းရှိ၍ သေလတ်သော် စုန်း ပြုစားခြင်းကြောင့်ဟု ယူမှတ်ကြသည်။ စုန်းပြုစားသူတို့သည် မိမိတို့က ပြုစားလိုသူ၏ ရုပ်ပုံ အတုကို ဖယောင်းဖြင့်ထုလုပ်၍ ဆေးဝါးမန္တရားဖြင့် စီရင်ကြသည်ဟုဆိုသည်။ အချို့ကား ပြုစားခြင်းခံရမည့်သူ၏ လက်သည်း၊ ခြေသည်း၊ ဆံပင်၊ အဝတ်အစား စသည်တို့ကိုရလျှင် ပြုစားနိုင်သည်ဟုဆိုသည်။ ထို့ကြောင့် အလွန်ရှေးကျသော လူတို့သည် လူပြုစားခံရမည်ကိုကြောက်ရွံ့၍၊ ခြေသည်း၊ လက်သည်းနှင့် ဖြတ်ပြီးသော ဆံပင်တို့ကို ကောင်းစွာသိမ်း ဆည်းထားတတ်ကြသည်။ အနောက်နိုင်ငံ အယူအဆအရဆိုလျှင်၊ ဆက်တန်ခေါ် နတ်ဆိုးကြီးသည် စုန်းအတတ်ကိုပေးသူဖြစ်လေရာ စုန်းအတတ်ကိုတတ်သူသည် ဆက်တန်အား ဝိညာဉ်ကို ပေးအပ်ထားရသူဟု ဆိုလေသည်။ စုန်းကဝေတို့သည် တိရစ္ဆာန်အသွင်ကိုယူကာ လူနှင့်လည်း ရောနှော နေထိုင်တတ်ကြသည်။ မိစ္ဆာနတ်တို့နှင့်လည်း ရောနှောနေထိုင်တတ်ကြသည်။ စုန်းကဝေတို့၌ မိစ္ဆာနတ်နှင့်ရသော သားသမီးများ ရှိတတ်သည်။ ထို့ကြောင့် လူမိန်းမက ဘီလူးကိုမွေးသည်ဟူ၍လည်းကောင်း၊ ထိုမွေးသော ဘီလူးမှာ မိစ္ဆာနတ်တို့နှင့်ရသော သားသမီး ဖြစ်သည် ဟူ၍လည်းကောင်း ယုံကြည်ကြသည်။ ဥရောပတိုက်တွင် စုန်းမများသည် မိမိတို့၏ကိုယ်ပေါ်တွင် ဖားပြုပ်နှင့် ယုန်ခြေထောက် အရုပ်များကို ဆေးထိုးထားလေ့ရှိသည်။ ဥရောပတိုက်တွင် ၁၅ ရာစုနှင့် ၁၇ ရာစုနှစ်လောက်မှစ၍ ၁၉ ရာစုနှစ်တိုင်အောင် စုန်းကဝေတို့ကို ရာဇဝတ်မှု ကျူးကျော် သူဟူ၍ ကားစင်တွင်သတ်ရန် အပြစ်ဒဏ်ပေးသည့်ထုံးတမ်းနှင့် ဥပဒေများရှိခဲ့သည်။ သမိုင်းဆရာတို့က ခရစ် ၁၄၈၄ ခုမှ ၁၇၈၂ ခုနှစ်အတွင်း စုန်းဟူသော စွပ်စွဲချက်ဖြင့် ခရစ်ယာန် ဝတ်ကျောင်းတော်၌ စီရင်ခဲ့သည်မှာ သုံးသိန်းနီးပါးမျှရှိသည်ဟု ဆိုသည်။ ဂျာမနီ၊ အင်္ဂလန်၊ ပြင်သစ်၊ စပိန်နှင့် အီတလီနိုင်ငံတို့တွင် စုန်းများကို ဝတ်ကျောင်းများ၌ စီရင်လေ့ရှိ၏။ အမေရိကန်ပြည်ထောင်စု၌ကား စုန်းတို့ကို ဆေးလမ်မြို့၌ ပျူရီတန် ဂိုဏ်းဝင်တို့က စီရင်ကြသည်။ အနောက်နိုင်ငံတို့၏ အယူအဆ၌ စုန်းဟုတ်သည်၊ မဟုတ်သည်ကို အပ်ဖြင့်ထိုး၍စမ်းက သိနိုင်သည်ဟု ဆိုသည်။ စုန်းဖြစ်ခဲ့လျှင်၊ စုန်း၏ ကိုယ်၌ အပ်ရာအပေါက်ထင်စေကာမူ နာကျင်ခြင်းမရှိဟုဆိုသည်။ ရှေးကအင်္ဂလန်နိုင်ငံတွင် မကောင်းဆိုးရွား ပူးကပ်ခြင်းရှိသည်ဟု ယုံကြည်ကြသည်။ တစ်ရံရော အခါက ကလေးများတက်၍ ပါးစပ်မှ တွယ်အပ်များကို အန် ထုတ်သည်ဟု သတင်းဖြစ်ပွားခဲ့ရာ လူအများသည် ထိုကလေးတို့ကို စစ်ဆေးကြည့်ရှုခဲ့ကြ၏။ ထိုကလေးများသည် 'ဆက်တန်'ဟူ၍ မိစ္ဆာနတ်၏ အမည်ကိုကား မဆိုနိုင်သည်ကို တွေ့ရလေသည်။ ထို့ကြောင့်လူတို့က ဆက်တန်နတ် ပူးနေသည်ဟု ယူဆကြသည်။ အနောက်နိုင်ငံများ၌ စုန်းအတတ်သည် ခရစ်ယာန်အယူဝါဒ မထွန်းကားမီ ရှေးဂရိနှင့်ရောမတို့လက်ထက်က ပေါ်ပေါက်လာပြီးလျှင် ခရစ်ယာန်အယူဝါဒ ထွန်းကားလာသောအခါ ပပျောက်သွားသည်။ စုန်းကဝေအတတ်မှာ အသိအလိမ္မာ အလွန်နည်းကြသေးသော ရှေးလူရိုင်းများခေတ်က စတင်ပေါ်ခဲ့ပေသည်။ ထိုစဉ်က လူများမှာ ဗဟုသုတနည်း၍ ဆင်ခြင်ဝေဖန်နိုင်သည့် အရည်အချင်းများ မရှိဘဲ၊ ကြောက်ရွံ့ခြင်း၊ အယူသည်းခြင်းစသော စိတ်ဓာတ်များသာ လွှမ်းမိုးနေကြသည်။ သူတို့၏စိတ်၌ လငပုပ်ဖမ်းခြင်း၊ နေကြတ်ခြင်းစသည် တို့ကိုပင် မကောင်းဆိုးရွားတို့က လုပ်သည်ဟု ယုံကြည်နေကြသည်။ ဂါထာမန္တရားတို့ကို အလွန် ယုံကြည်ကြသည်။ ဆေးဝါးများ မရှိသေးသောခေတ် ဖြစ်၍ တစ်စုံတစ်ယောက် နေထိုင်မကောင်းလျှင် မန်းမှုတ်ခြင်းဖြင့် ကုစားကြ၏။ လူရိုင်းတို့၏စိတ်၌ ကမ္ဘာကြီးသည် နှစ်ခြမ်းကွဲလျက် တစ်ဖက်၌ လူကောင်း သူကောင်းများရှိ၍ အခြားတစ်ယောက် နာဖျားလျှင်လည်းကောင်း၊ ဒုက္ခရောက်လျှင် လည်းကောင်း မကောင်းဆိုးရွားများက လုပ်သည်ဟု ယူဆ၍၊ ထိုမကောင်းဆိုးရွားများထွက်အောင် ကြိုးစား၍ ဂါထာမန္တရားများကို ရွတ်ဖတ်လေ့ရှိကြ၏။ ယခုအခါ စုန်းအတတ်ကို မှန်သောအယူမဟုတ်ဟု ယူဆလာကြသည်။ မှန်သောအယူကို လေးလေးနက်နက် ယုံကြည်ကြသောသူများမှာ စုန်းအတတ်ကို လုံးဝမယုံကြည်ချေ။[၁] ကိုးကား[ပြင်ဆင်ရန်] - မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
<urn:uuid:9615c558-3ad9-4429-b555-4b9f10d1c853>
CC-MAIN-2014-42
http://my.wikipedia.org/wiki/%E1%80%85%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%80%E1%80%9D%E1%80%B1%E1%80%A1%E1%80%90%E1%80%80%E1%80%BA
2014-10-24T10:19:28Z
s3://commoncrawl/crawl-data/CC-MAIN-2014-42/segments/1414119645845.57/warc/CC-MAIN-20141024030045-00303-ip-10-16-133-185.ec2.internal.warc.gz
mya
0.996315
Mymr
98
{"mya_Mymr_score": 0.9963152408599854}
အက အကဆိုသည်မှာ သံစဉ်များကို လိုက်၍ ကိုယ်ခန္ဓာယိမ်းနွဲ့လှုပ်ရှားမှု တစ်မျိုးကို ဆိုလိုပါသည်။ အက အမျိုးအစား အများအပြားရှိသည့် အပြင် jazz (အမေရိကန်လူမျိုးများ စတင်တီထွင်ခဲ့သည့် အပြင်းစားအက), ballet(ဘဲလေးအက), tap(စည်းချက်လိုက်အက), waltz(သာယာညိမ့်ညောင်းသော စုံတွဲအက), hip hop(အမေရိကန်လူမည်းများ စတင်ခဲ့သည့် အက)ဟူ၍ ရှိပါသည်။ အကသည် အနုပညာအမျိုးအစားတစ်ရပ် ဖြစ်ပြီး လူတစ်ဦးချင်းသော်လည်းကောင်း၊ လူအများအပြားဖြင့် သော်လည်း အကကို ဖန်တီးနိုင်သည်။ အက ပညာရှင်အများစုသည် ၎င်းတို့၏ ခံစားချက်တို့ကို အကဖြင့် သရုပ်ဖော်ပြသလာသည်ကို တွေ့ရမည်။ သမိုင်း[ပြင်ဆင်ရန်] ပထမဆုံးသော အကပညာသင်ကျောင်းကို ၁၆၆၁ ခုနှစ်တွင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ စတင်ဖွင့်လှစ်ခဲ့သည်။ အဆိုပါ ကျောင်းအား ၁၉၆၁ ခုနှစ်အထိ အကပညာရှင် အမျိုးသားများကသာ အုပ်ချုပ်ခဲ့ကြပြီး ၁၉၆၁ ခုနှစ်နောက်ပိုင်းမှ သာ အမျိုးသမီးများ အုပ်ချုပ်လာခဲ့ သည်။ ကာလရွေ့လျားသည်နှင့်အမျှ အနောက်တိုင်း စုံတွဲအကများ ပေါ်ထွက်လာခဲ့ပါသည်။ အနောက်တိုင်းစုံတွဲအကများထဲတွင် အမျိုးသားနှင့် အမျိုးသမီး တွဲဖက်ကရသော စုံတွဲအက ဝေါ့ဇ် အကမှာ ထင်ရှားလာခဲ့သည်။ အကပညာရပ်အား စတင်စိတ်ဝင်စားသူများသည် အကပညာသင်ကျောင်းများသို့ သွားရောက် ပညာသင်ကြားရသည်။ ထို ပညာသင်ကျောင်းများမှ အကပညာရပ်အား အခြေခံစည်းချက်မှ စတင်သင်ကြားပေးပြီး ကျွမ်းကျင်တတ်မြောက်သည့် ပညာရှင်များ ဖြစ်သည်အထိ သင်ကြားပေးလေ့ ရှိသည်။ အကပုံစံများ[ပြင်ဆင်ရန်] အကပုံစံမှာ အများအပြားရှိသည်။ ၎င်းတို့မှာ- Ballet (ဘဲလေးအက) Ballroom dancing (အနောက်တိုင်း အစဉ်အလာ စုံတွဲအက) Belly dancing (ဗိုက်သားလှုပ်အက) Breakdancing (အမေရိကန်လူငယ်များအကြား မြူးကြွသည့် အပြိုင်ကသည့် အက) Classical (ရှေးရိုးအက) Contemporary (ခေတ်ပေါ်အက) Funk (လူမည်း ခေတ်ပေါ် စည်းချက်အက) Hip hop (အမေရိကန်လူမည်းများ စတင်ခဲ့သည့် အက) Jazz (အမေရိကန်လူမျိုးများ စတင်တီထွင်ခဲ့သည့် အပြင်းစားအက) Lyrical (ခံစားမှုပြ အက) Modern (ခေတ်သစ် အက) R n’ B Salsa (တောင်အာဖရိက အက) Song and dance Swing (မြူးမြူးကြွကြွ အက) Tango (တောင်အာဖရိက စည်းချက် အက) Tap dance (စည်းချက်လိုက်အက)
<urn:uuid:cf884896-b156-4709-9242-f93e2a1f6480>
CC-MAIN-2014-42
http://my.wikipedia.org/wiki/%E1%80%A1%E1%80%80
2014-10-21T03:46:23Z
s3://commoncrawl/crawl-data/CC-MAIN-2014-42/segments/1413507443883.29/warc/CC-MAIN-20141017005723-00359-ip-10-16-133-185.ec2.internal.warc.gz
mya
0.996851
Mymr
33
{"mya_Mymr_score": 0.9968510866165161}
အဆိုပါ လူသတ်မှုကို ကျူးလွန်တယ်လို့ သံသယရှိသူ ၃ ဦးစလုံးကို ယခုအခါ ခလရ (၇၅) တပ်ရင်း အချုပ်ခန်းတွင် ထိန်းသိမ်းထားပြီး စစ်ခုံရုံးတွင် စုံစမ်းစစ်ဆေးတွေ လုပ်သွားမယ်လို့ သိရပါတယ်။ ယမန်နေ့က သေဆုံးသူ အသက် ၂၃ နှစ် ရှိ မောင်ဇော်မင်းဦးရဲ ဈာပနကို လာရောက်ပြီး DNA ထုတ်ယူစဉ် စစ်ခုံရုံး ဥက္ကဋ္ဌဖြစ်သူ ဒု ဗိုလ်မှူးကြီးနေဝင်းက သက်ဆိုင်သူ မိသားစုဝင်များနှင့် သတင်းထောက်များအား စစ်ခုံရုံးဖွဲ့စစ်ဆေးမယ်လို့ ပြောသွားခဲ့တာပါ။ တနေ့ည ၉ နာရီလောက်က ပြည်မြို့ ဆင်စု ရပ်ကွက် အနားက ဧရာဝတီ မြစ်သောင်ပြင်ပေါ် (နဝဒေး တံတားအောက်) မှာ ချိန်းတွေ့နေတဲ့ သမီးရည်းစား စုံတွဲကို လူ ၃ ဦးက ပစ္စည်းယူ လူသတ်မှုဖြစ်ခဲ့ရာ မသင်္ကာသူ ၂ ဦးကို ဖမ်းဆီးမိလိုက်ချိန်မှာ တပ်မတော်သားများ ဖြစ်နေခဲ့တာပါ။ အဖမ်းခံရသည့် တပ်သား ရဲကိုဦးနှင့် တပ်သား သန်းထိုက်အောင်တို့ကိုတော့ ရဲတပ်ဖွဲ့က ခလရ (၇၅) တပ်ရင်းကို ပြန်လွှဲခဲ့လို့တပ်အချုပ်မှာ ချုပ်နှောင်ထားကြောင်း၊ လွတ်မြောက်သွားတဲ့ တပ်သား သန်းဝင်းအောင်ကိုလည်း တပ်ရင်းကို ပြန်အလာမှာ ဖမ်းဆီးပြီး အချုပ်ချထားခဲ့ကြောင်း သိရပါတယ်။ ဒီအကြောင်း သတင်းအပြည့်အစုံကိုလည်း ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ ကောင်းမြတ်မင်း ရေးသား တင်ပြထားတဲ့ ပြည်မြို့ လူသတ်မှု စစ်ခုံရုံး ဖွဲ့စစ်မည် ( http://burma.irrawaddy.org/archives/38337 ) ဆိုတဲ့ သတင်းမှာ တင်ပြထားပါတယ်။
<urn:uuid:315c581d-350a-4d7f-b379-8ecaeaf88812>
CC-MAIN-2014-42
http://blog.irrawaddy.org/2013/04/blog-post_5836.html
2014-10-23T05:07:17Z
s3://commoncrawl/crawl-data/CC-MAIN-2014-42/segments/1413507450252.23/warc/CC-MAIN-20141017005730-00167-ip-10-16-133-185.ec2.internal.warc.gz
mya
0.959315
Mymr
70
{"mya_Mymr_score": 0.9593150019645691, "blk_Mymr_score": 0.03996766358613968}
မဲနည် မဲနည် ဟုခေါ်သော အပြာရင့်ရောင်ဆိုးဆေးကို မဲနည်ပင်မှ သီးခြားရ၍ ရှေးအခါကပင် ဆိုးဆေးအဖြစ် အသုံးပြုလာခဲ့ ကြသည်။ အိန္ဒိယနိုင်ငံမှ မဲနည်အကောင်းဆုံးနှင့် အများဆုံး ထွက်သဖြင့် မဲနည် ရောင်းဝယ်ရေးသည် အိန္ဒိယနိုင်ငံနှင့် အခြား မဲနည်ထွက်သော နိုင်ငံများတွင် များစွာ ဖွံ့ဖြိုးခဲ့လေသည်။ ယခုခေတ်တွင်ကား သိပ္ပံပညာသည်များသည် ဓာတုဗေဒနည်းဖြင့် မဲနည်မျာကို အဖိုးချိုချိုဖြင့် မြောက်မြားစွာ ထုတ်လုပ်နိုင်ပြီ ဖြစ်ရကား အပင်မှရသော သဘာဝ မဲနည်လုပ်ငန်းမှာ ပျက်စီး ခဲ့ရလေသည်။ မဲနည်ပင်သည် ပဲမျိုးတွင်ပါဝင်၍ အမြင့် ၃ ပေမှ ၅ ပေထိ ရှိသည့် ပင်ပျပ် ဖြစ်သည်။ အရွက်များ၏ ထိပ်သည် ဝိုင်း၍ နီဖျော့ဖျော့ပန်းများ ပွင့်ကြသည်။ မဲနည်ပင်ကို အိန္ဒိယနိုင်ငံ ဘင်္ဂလားနယ်တွင် အများဆုံးစိုက်၍ ဂျားဗားကျွန်း၊ တရုတ်နိုင်ငံ၊ သီဟိုဠ်ကျွန်း၊ မက္ကဆီကိုနိုင်ငံ၊ ဗရာဇီးနိုင်ငံနှင့် အမေရကတိုက် အလယ်ပိုင်းတို့တွင်လည်း စိုက်ပျိုးကြသည်။ ဘင်္ဂလားပြည်နယ်မှ မဲနည်ပင်၏ ရုက္ခဗေဒအမည်မှာ အင်ဒီဂိုဖာရာ စူမာထရားနာ ဖြစ်၍ တရုတ်နိုင်ငံမှ မဲနည်ပင်၏ ရုက္ခဗေဒ အမည်မှာပေါ်လီဂိုနမ် တင့်ကိုရီယမ်ဖြစ်သည်။ မဲနည်ကိုစိုက်၍ ၃ လကြာသောအခါ အပင်များ ပွင့်ကြ၏။ ထိုအခါ အပင်ကို ခုတ်ကြလေသည်။ သို့သော် မကြာမီ အပင်များ ပြန်တက်လာသဖြင့် ဒုတိယ အကြိမ် ခုတ် ကြပြန်သည်။ တစ်နှစ်အတွင်း တတိယအကြိမ် ထိအောင် ခုတ်ကြသည်။ခုတ်ပြီးသော အကိုင်းအခက် အရွက်များကို စင်း၍ ရေအပြည့်ရှိသော စည်ကြီးများထဲသို့ ထည့်ပြီးလျှင် ၉ နာရီမှ ၁၄ နာရီခန့်ကြာအောင် ရေစိမ်ထားရသည်။ ထိုအခါ ကဇော်ပေါက် လာလေသည်။ ကဇော် ပေါက်လာသော အဝါရောင် ရေကြည် ကြည်ကို အခြားစည်ကြီးတစ်ခုသို့ လောင်းယူပြီးလျှင်မွှေပေး ရသည်။ လေသလပ်ခံရသဖြင့် အပြာရောင်မဲနည်လွှာ ကလေးများအဖြစ်ဖြင့် ရေအောက်သို့ အနည်ထိုင်သွားလေသည်။ ထိုအနည်ကို ပိတ်ဖြင့်စစ်ယူပြီးလျှင် အတုံးကလေးများလုပ်၍ အခြောက်လှန်းလေသည်။ ထိုနောက်ဗူးများတွင်ထည့်၍ ရောင်းချ ကြသည်။ ဓာတုဗေဒနည်းဖြင့် မဲနည်ထုတ်ယူသော နည်းမှာ လွန်စွာ စိတ်ဝင်စားဖွယ် ကောင်းပေသည်။ ယင်းလုပ်ငန်း အောင်မြင် ထမြောက်၍ အကောင်အထည် ပေါ်လာစေရန် ၁၇ နှစ်ကြာမျှ မနေမနား အချိန်ယူ၍ လက်တွေ့စမ်းသပ် ပြုလုပ်ပြီးလျှင် ငွေကြေး မြောက်မြားစွာအကုန်အကျခံခဲ့ရလေသည်။ ခရစ် ၁၈၈ဝ ပြည့်နှစ် စောစောပိုင်းလောက်က အဒေါ့ဖွန်ဗေယာဆိုသူ ဂျာမန်ဓာတုဗေဒပညာ ရှင်တစ်ဦးသည် ကျောက်မီးသွေးကတ္တရာမှ ဓာတ်ဖော်မဲနည်ကိုဖော်စပ်နိုင်ခဲ့၏။ သို့သော် ယင်းမှာ အပင်မှ ရသောသဘာဝမဲနည်ထက် ထုတ်လုပ်ရာ၌ စရိတ်များစွာ ပိုမိုကုန်ကျသဖြင့် တွက်ကိန်း မကိုက်ချေ။ ထိုမှ တစ်ဖန် ခရစ် ၁၈၉၇ ခုနှစ် ရောက်သောအခါယင်းဓာတုဗေဒ ပညာရှင်ကြီးနှင့် အခြားပုဂ္ဂိုလ်များပူးပေါင်း၍ စရိတ်သက်သာသော နည်းကို နောက်ဆုံး တွေ့ရှိခဲ့လေသည်။ သို့ဖြင့်ယခုခေတ်တွင် အပင်ထွက်မဲနည်လုပ်ငန်းမှာ များစွာ ပျက်စီးခဲ့လေသည်။ သို့သော် အရောင်ခိုင် ဆိုးဆေး အပြာများကို အလိုရှိသည့် အခါ အပင်ထွက် သဘာဝမဲနည်ကို မှာယူကြရလေသည်။[၁] ကိုးကား[ပြင်ဆင်ရန်] - မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
<urn:uuid:ca94c3e3-2797-4adc-8f6e-7e3f0d43fdfd>
CC-MAIN-2014-42
http://my.wikipedia.org/wiki/%E1%80%99%E1%80%B2%E1%80%94%E1%80%8A%E1%80%BA
2014-10-25T02:45:36Z
s3://commoncrawl/crawl-data/CC-MAIN-2014-42/segments/1414119646944.14/warc/CC-MAIN-20141024030046-00240-ip-10-16-133-185.ec2.internal.warc.gz
mya
0.99821
Mymr
65
{"mya_Mymr_score": 0.9982095956802368}
1ထိုသို့ဖြစ်လျှင်၊ ကောင်းကင်ဘုံနှင့်စပ်ဆိုင်သော ခေါ်ဘိတ်တော်မူခြင်းကျေးဇူးကို ခံရသောသူ၊ သန့်ရှင်းသော ညီအစ်ကိုတို့၊ ငါတို့ဝန်ခံသောတမန်တော်နှင့် ယဇ်ပုရောဟိတ်မင်းတည်းဟူသော ယေရှု၏ အကြောင်းကို စေ့စေ့ဆင်ခြင်ကြလော့။ 2မောရှေသည် ဘုရားသခင်၏ အိမ်တော်တအိမ်လုံး၌ သစ္စာစောင့်သကဲ့သို့၊ ယေရှုသည် မိမိကို ခန့်ထားတော်မူသောသူ၏ အမှုတော်၌ သစ္စာစောင့်တော်မူ၏။ 3အိမ်ကိုဆောက်သောသူသည် အိမ်ထက်သာ၍ ကြီးသောအသရေရှိသကဲ့သို့၊ ယေရှုသည် မောရှေထက် သာ၍ ကြီးသော အသရေကိုခံထိုက်သောသူဖြစ်သည်ဟု ထင်မှတ်စရာအကြောင်းရှိ၏။ 4အိမ်မည်သည်ကား၊ တစုံတယောက်သောသူ ဆောက်သောကြောင့်ဖြစ်၏။ အလုံးစုံတို့ကို တည်ဆောက်သောသူကား၊ ဘုရားသခင်ပေတည်း။ 5မောရှေသည်၊ နောက်ဟောပြောလတံ့သော အရာတို့ကို သက်သေခံခြင်းအလိုငှါ၊ အစေခံကဲ့သို့ အိမ်တော်တအိမ်လုံး၌ သစ္စာစောင့်၏။ 6ခရစ်တော်မူကား၊ သားကဲ့သို့ အိမ်တော်ကို အုပ်စိုး၍ သစ္စာစောင့်တော်မူ၏။ ငါတို့သည်ကား၊ ရဲရင့်ခြင်း၌၎င်း၊ မြော်လင့်ခြင်းနှင့်စပ်ဆိုင်သော ဝါကြွားဝမ်းမြောက်ခြင်း၌၎င်း၊ အဆုံးတိုင်အောင် တည်ကြည် လျှင်၊ ထိုအိမ်တော်ဖြစ်သတည်း။ 7ထိုကြောင့်၊ သန့်ရှင်းသောဝိညာဉ်တော် မိန့်တော်မူသည်ကား၊ ယနေ့တွင် သင်တို့သည် ဗျာဒိတ် တော်အသံကို ကြားလျက်ရှိသည် ဖြစ်၍၊ 8ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်။ သင်တို့အဘများသည် အနှစ်လေးဆယ်ပတ်လုံး ငါ့ကို အနည်းနည်း စုံစမ်း၍၊ 9ငါ၏အမှုတို့ကို မြင်ရသော တောတွင် ငါ့ကိုဆန့်ကျင် ဘက်ပြု၍ စုံစမ်းရာကာလ၌ ရှိသကဲ့သို့ မရှိစေကြနှင့်။ 10ထိုလူမျိုးကို ငါရွံသည်ဖြစ်၍၊ သူတို့သည် အစဉ်စိတ်သဘော မှားယွင်းတတ်ကြ၏။ ငါ၏ အလေ့အလာ တို့ကို နားမလည်ကြဟု ငါဆိုရ၏။ 11ထိုကြောင့်၊ သူတို့သည် ငါ၏ချမ်းသာထဲသို့ မဝင်ရကြဟု အမျက်ထွက်၍ ငါကျိန်ဆိုသည်ဟု မိန့်တော် မူချက်ရှိသည်နှင့်အညီ၊ 12ညီအစ်ကိုတို့၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်ထံတော်မှ ထွက်သွားသောအားဖြင့် မယုံကြည်တတ်၊ ဆိုးညစ်သော စိတ်နှလုံးမရှိစေခြင်းငှါ သတိပြုကြလော့။ 13ဒုစရိုက်၏ လှည့်ဖြားခြင်းအားဖြင့် သင်တို့ စိတ်နှလုံး မခိုင်မာစေခြင်းငှါ၊ ယနေ့ဟူ၍ ခေါ်ဝေါ်သော အချိန်၊ နေ့တိုင်းအစဉ် အချင်းချင်း တယောက်ကိုတယောက် တိုက်တွန်းနှိုးဆော်ကြလော့။ 14ငါတို့သည် စိတ်စွဲလမ်းခြင်းကို အစပြုသကဲ့သို့ အဆုံးတိုင်အောင် တည်ကြည်လျှင်၊ ခရစ်တော်နှင့် ဆက်ဆံသောသူ ဖြစ်ကြ၏။ 15ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကို ကြားလျက် ရှိသည်ဖြစ်၍၊ ဆန့်ကျင်ဘက်ပြုရာကာလ၌ ရှိသကဲ့သို့၊ ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်ဟု ကျမ်းစာ လာသည်အရာမှာ၊ 16ကြားပြီးမှ ဆန့်ကျင်ဘက်ပြုသော သူတို့ကား၊ အဘယ်သူနည်း၊ မောရှေနောက်သို့လိုက်၍ အဲဂုတ္တုပြည်မှ ထွက်လောသော သူအပေါင်းတို့သည် ထိုသို့ပြုကြသည် မဟုတ်လော။ 17အနှစ်လေးဆယ်ပတ်လုံး နှစ်သက်တော်မမူသော သူတို့ကား၊ အဘယ်သူနည်း။ ဒုစရိုက်အပြစ်ကို ပြုသောကြောင့် တော၌လဲ၍ သေသောသူပင် မဟုတ်လော။ 18သင်တို့သည် ငါ၏ချမ်းသာထဲသို့ မဝင်ရကြဟု ကျိန်ဆိုတော်မူသော သူတို့ကား၊ မယုံကြည်သော သူမှ တပါး အဘယ်သူနည်း။ 19သို့ဖြစ်၍၊ သူတို့သည် မယုံကြည်သောကြောင့်သာ မဝင်နိုင်သည်ကို ငါတို့သိမြင်ကြ၏။ Hebrews 3
<urn:uuid:d6b9bc78-e288-4ebb-9f75-c647c1152a71>
CC-MAIN-2014-42
http://www.bible.is/MYAOJV/Heb/3
2014-10-25T22:54:40Z
s3://commoncrawl/crawl-data/CC-MAIN-2014-42/segments/1414119651018.25/warc/CC-MAIN-20141024030051-00165-ip-10-16-133-185.ec2.internal.warc.gz
mya
0.998253
Mymr
43
{"mya_Mymr_score": 0.9982532262802124}
ဆလတ်ပင် ဆလတ်ပင်[ပြင်ဆင်ရန်] ဆလတ်ပင်သည် 'လက်တျူကာ' မျိုးစုတွင်၎င်း၊ 'ကွန် ပေါ်ဇီတီ'မျိုးရင်းတွင်၎င်း ပါဝင်၍၊ ယင်းကိုသိပ္ပံအမည်အားဖြင့် 'လက်တျူကာ စတီဗား'ဟု ခေါ်သည်။ ဆလတ်ပင်သည် အပင် စိမ်းမျိုး ဖြစ်သည်။ အရွက်များမှာ ကြွပ်ဆတ်၏။ ဆလတ်ပင် ကို ကမ္ဘာ့မြောက်ပိုင်းဒေသတို့တွင် ခြံဥယျာဉ်များ၌ စိုက်ပျိုးကြ သည်။ သိပ္ပံအလိုအားဖြင့် ဆလတ်မျိုးများစွာရှိသော်လည်း၊ အဓိကအားဖြင့် ဆလတ်ပင်နှစ်မျိုးရှိသည်။ ပထမအမျိုးမှာ ဂေါ်ဘီထုပ် သို့မဟုတ် မုန်လာထုပ်ကဲ့သို့သော ဆလတ်ထုပ်မျိုး ဖြစ်သည်။ အရွက်များမှာ ကျယ်ပြန့်၏။ ဒုတိယအမျိုးမှာ ဆလတ်ပင်ရိုးရိုးဖြစ်သည်။ ထိုဆလတ်မျိုး၏အရွက်မှာ ဆလတ် ထုပ် အရွက်ထက်ပို၍ အရည်ရွမ်း၏။ ထိုအမျိုးကို မြန်မာနိုင်ငံ တွင်စိုက်ပျိုးကြ၏။ အလွန်အေးသော တိုင်းပြည်များတွင် ဆလတ်ထုပ်များကို ပထမဦးစွာ ဖန်မိုးဖန်ကာ တဲငယ်များတွင် စိုက်ပျိုးပြီးလျှင် ထွက်လာသော အပင်ကလေးများကို ခြံများအတွင်းသို့ ရွေ့ ပြောင်း၍စိုက်ပျိုးရသည်။ နှစ်လခွဲမှ သုံးလအကြာတွင် ဆွတ်ခူး ယူနိုင်သည်။ ဆလတ်ပင်သည် စိုစွတ်အေးမြသော ရာသီဥတုကို နှစ်သက်သည်။ ဆလတ်ပင် ရိုးရိုးစိုက်ပျိုးရာတွင် မျိုးစေ့များကို အတန်းလိုက်ပျိုးရသည်။ မြေကိုနက်အောင် မတူးဆွရဘဲ၊ အပေါ်ယံ၌သာ မျိုးစေ့များကို ပျိုးရသည်။ ဩဂုတ်လမှ အောက် တိုဘာလ အလယ်လောက်အတွင်းတွင် မျိုးစေ့ပျိုးနိုင်သည်။ မျိုး စေ့များကို ပရွက်ဆိတ်များ ဖျက်ဆီးတတ်သဖြင့်၊ ပျိုးခင်းကို ရေနံချေး စိမ်ထားသောအဝတ်ဖြင့်ကာရံထားရသည်။ အညေ|ာက် ထွက်လာသောမျိုးစေ့ကို ပရွက်ဆိတ်များ မဖျက်ဆီးကြတော့ ချေ။ အရွက်အနည်းငယ်ထွက်လာပြီး၊ ပျိုးခင်းမှ ရွေ့ပြောင်း စိုက်ရန် အချိန်ရောက်ခါနီးတွင် ပျိုးပင်များကို ၄ လက်မ သို့မဟုတ် ၅ လက်မခန့် ခြားအောင်ရှင်းပေးရသည်။ ဆလတ် ပင် ရွေ့ပြောင်းစိုက်ရန်ရာသီ ကျရောက်သောအချိန်တွင် ပျိုး ထားသည့် ဆလတ်ပင်ကလေးများကို ပျိုးခင်းတွင် မထားတော့ ဘဲ၊ မြေ0x100သဇာကောင်းသောမြေသို့ ရွေ့ပြောင်း၍ စိုက်ပျိုးရသည်။ ထိုသို့ ရွေ့ပြောင်းစိုက်ရာတွင် တစ်ပင်နှင့်တစ်ပင်ကို ၁၂Þလက်မ စီခြား၍ တစ်တန်းနှင့်တစ်တန်းကို ၁၅ လက်မခြားထားရသည်။ ပြောင်းရွေ့ပြီးသော အပင်ငယ်များကို နေပူမထိုးအောင် ရက် အနည်းငယ်မျှ ကာကွယ်ပေးရသည်။ ရာသီဥတုခြောက်သွေ့လျှင် ရေလောင်းပေးရသည်။ အပင်အတော်ကြီးရင့်လာသောအခါ၊ အပွင့်မပွင့်မီ နှုတ်ယူရသည်။ နှစ်ထောင်ပေါင်းများစွာကပင် ဆလတ်ပင်ကို အာရှတိုက် တွင် စိုက်ပျိုးခဲ့သည်။ ဆလတ်ပင် စိုက်ပျိုးခြင်းသည် ပါးရှား ပြည်မှ ဥရောပတိုက်သို့ ပျံနှံ့လာခဲ့ပြီးလျှင်၊ ၁၃၄၅ ခုနှစ်တွင် အင်္ဂလန်ပြည်၌ စိုက်ပျိုးခဲ့သည်။ ဆလတ်ထုပ်စိုက်ပျိုးခြင်းမှာ မကြာသေးမီကမှ စတင်စိုက်ပျိုးခြင်းဖြစ်သည်။ အအေးဓာတ် ပေးကုန်တွဲများ ပေါ်ပေါက်လာပြီးသည့်နောက် ဆလက်ထုပ်များ ကို လူသိများလာကြသည်။ ယခုအခါ အမေရိကန်ပြည်ထောင် စုနှင့် အခြားအနောက်နိုင်ငံများတွင် ဆလတ်ထုပ်များကို တစ်နှစ်ပတ်လုံးရနိုင်သည်။ ဆလတ်ရွက်သည် ဗိတာမင်အေ နှင့် ဗီတာမင်ဘီ တို့ဖြင့် ကြွယ်ဝ၏။ ကျန်းမာရေးကို ဖြည့်စွမ်းနိုင်သဖြင့် စားသုံးရန် အထူးသင့်လျော်သော ဟင်းရွက်မျိုးဖြစ်ကြောင်း ဆရာဝန်များက ထောက်ခံကြသည်။ ဆလတ်ရွက်ကို များသောအားဖြင့် အစိမ်း စားကြသည်။ မြန်မာတို့၏ ဟင်းလျာ၌ ဆလတ်ထုပ်ကို ကြော် ချက်၍ စားကြသည်လည်းရှိ၏။ ဆလတ်ပင်ကို မြန်မာနိုင်ငံ ပြည်မနှင့် ရှမ်းပြည်နယ်တွင် အနှံ့အပြား စိုက်ပျိုးကြသည်။[၁] ကိုးကား[ပြင်ဆင်ရန်] - မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
<urn:uuid:fb2e4ef6-08cd-437e-8907-519129413c90>
CC-MAIN-2014-42
http://my.wikipedia.org/wiki/%E1%80%86%E1%80%9C%E1%80%90%E1%80%BA%E1%80%95%E1%80%84%E1%80%BA
2014-10-25T15:57:19Z
s3://commoncrawl/crawl-data/CC-MAIN-2014-42/segments/1414119648438.26/warc/CC-MAIN-20141024030048-00072-ip-10-16-133-185.ec2.internal.warc.gz
mya
0.998486
Mymr
85
{"mya_Mymr_score": 0.9984855055809021}
ကဆုန်လပြည့် ဗုဒ္ဓနေ့… သန္ဓေယူခါ၊ ဆယ်လကြာသော် မဟာသက္ကရာဇ်၊ ခြောက်ဆဲ့ရှစ်ကြုံ ကဆုန်လပြည့်၊ သောကြာနေ့ဝယ် ချမ်းမြေ့စုံညီ၊ လုမ္ဗိနီ၌ မဟီလှိုက်ဆူ၊ ဖွားတော်မူသည် နတ်လူအောင်မြို့ လမ်းပါကို။ (ခုနစ်နေ့ ဗုဒ္ဓဝင်ဘုရားရှိခိုး၊ လယ်တီဆရာတော်ဘုရားကြီး) +++++ မဟာသက္ကရာဇ် ၆၈ ခု ဥတုဂိမှာန ကဆုန်လပြည့် သောကြာနေ့ ဤနေ့ နံနက်အခါ၌ ကပိလဝတ်ပြည်နှင့် ဒေဝဒဟပြည်တို့ကြားတွင် ရှိသော လုမ္ဗိနီ အမည်ရှိသည့် မင်္ဂလာအင်ကြင်းဥယျာဉ်တော်သည် အမြစ်ရင်းမှ အခက်ဖျားတိုင်အောင် အလုံးစုံ တစ်ခဲနက် ပင်လုံးကျွတ် ပွင့်ခြင်းသို့ ရောက်၏။ နတ်တို့၏ နန္ဒဝန်ဥယျာဉ်နှင့် အသွင်တူ၏။ အရွယ်နုပျို လူထိုထို၏ စိတ်ကို ဖောက်ပြား ချောက်ချား တုန်လှုပ်စေနိုင်သော၊ ပန်းမျိုးစုံ ပန်ဆင်၊ ပုတီးနားဍောင်းတို့ ဆင်ယင်၊ သွယ်ပျောင်းသော ကိုယ်အင်္ဂါအစိတ်အပိုင်း ကြီးငယ်ကို ဆန်းပြားစုံလင် ဆင်ယင်ထားသော မိန်းမပျိုတစ်ဦးနှယ် အထူးတင့်တယ်၏။ ဆယ်လတို့ပတ်လုံး ဘုရားလောင်းကို ချီပိုးရွက်ဆောင်၍ ကိုယ်ဝန်ရင့်ကာ သားဖွားရန် နီးလတ်သောအချိန်၌ မိဘဆွေမျိုးတို့ရှိရာ ဒေဝဒဟပြည်သို့ ကြွလှမ်းလာသော မဟာမာယာဒေဝီမိဖုရားကြီးသည် မင်္ဂလာအင်ကြင်းတောသို့ ရောက်သော် ပန်းအတိ တန်းဆာဆင်အပ်သော အင်ကြင်းပင်၏အခက်ကို လက်ဖြင့် လှမ်းယူလိုခြင်း ဖြစ်လာတော့၏။ မဟာမာယာဒေဝီမိဖုရားကြီး ရွှေချည်ထဘီကို ဝတ်၍ ငါးကြင်းမျက်စိနှင့်တူသော အကွက်တို့ဖြင့် ဆန်းကြယ်သော အပေါ်ရုံဘွဲ့ဖြူလွှာကို ခြေဖျားတိုင်အောင် ဝတ်ရုံဆင်မြန်းလျက် မင်္ဂလာအင်ကြင်းခက်ကို ယာလက်တော်ဖြင့် ကိုင်ဆွဲကာ လွန်ကဲသော တင့်တယ်ခြင်းဖြင့် တင့်တယ်စွာ ရပ်သောခဏ၌ မဟာမာယာဒေဝီ၏ ဘုရားအလောင်းတော်ကို ဖွားမြင်ကြောင်း ကမ္မဇလေတို့သည် တုန်လှုပ်လာကုန်၏။ ထိုအခါ ကိုယ်လုပ်မောင်းမ မှူးမတ်စသော လူအပေါင်းတို့သည် မဟာမာယာဒေဝီအတွက် တင်းတိမ်ကန့်လန့်ကာတို့ဖြင့် ပတ်ကာ ဝန်းရံကြကုန်ပြီးလျှင် ထိုအပါးမှ ဖယ်ရှား ဆုတ်ခွာကြကုန်လေသည်။ မဟာမာယာဒေဝီမိဖုရားကြီးသည် အင်ကြင်းခက်ကို ကိုင်၍ ရပ်လျက်လျှင် သားတော်ကို မီးရှူးသန့်စင် ဖွားမြင်တော်မူလေ၏။ ကိလေသာမှ အထူးစင်ကြယ်ကုန်သော သုဒ္ဓါဝါသဗြဟ္မာကြီး လေးဦးတို့က ရွှေကွန်ရက်ဖြင့် ဘုရားလောင်းကို ခံယူ၍ မယ်တော်၏ ရှေ့မှာ ထားကာ “အရှင်မိဖုရား၊ နှစ်သက် ဝမ်းမြောက်သော စိတ်ရှိသည် ဖြစ်ပါလော့။ ရှင်မိဖုရားအား ဘုန်းတန်ခိုး အာနုဘော် ကြီးမြတ်သော သားတော် ဖြစ်ပေါ် ဖွားမြောက်ခဲ့လေပြီ”ဟု ပြောဆိုကြကုန်၏။ ထိုနောက် စတုမဟာရာဇ် နတ်မင်းကြီး လေးဦးတို့က မင်္ဂလာရှိသည်ဟူ၍ သမုတ်ပညတ် ခေါ်ဝေါ်အပ်သော သစ်နက်ရေဖြင့် သားတော်ကို ခံယူကြကုန်၏။ တဖန် ထိုနတ်မင်းကြီး လေးဦးတို့၏ လက်မှ လူတို့သည် ဘွဲ့ဖြူပုဆိုးဖြင့် သားတော်ကို ခံယူကြကုန်၏။ ဘုရားအလောင်းတော်သည် လူတို့၏ လက်မှ မြေကြီး၌ တည်၍ အရပ်ဆယ်မျက်နှာတို့ကို ကြည့်ရှုသော် ကိုယ်တော်မြတ်နှင့်တူသောသူ တစ်စုံတစ်ယောက်မျှ မြင်တော်မမူသောကြောင့် ရပ်တည်တော်မူရာအရပ်မှ မြောက်အရပ်သို့ မျက်နှာတူရူ ခုနစ်ဖဝါး လှမ်းကြွတော်မူ၏။ ခုနစ်ခုမြောက်သော ဖဝါးအလှမ်း၌ ရပ်တန့်တော်မူလျက် – “အဂ္ဂေါဟမသ္မိ လောကဿ (ငါသည် လူသုံးပါးထက် မြတ်သူ ဖြစ်၏။) ဇေဋ္ဌောဟမသ္မိ လောကဿ (ငါသည် လူသုံးပါးထက် ကြီးကဲသူ ဖြစ်၏။) သေဋ္ဌောဟမသ္မိ လောကဿ (ငါသည် လူသုံးပါးထက် ချီးမွမ်းအပ်သူ ဖြစ်၏။) အယမန္တိမာ ဇာတိ (ဤယခု ပဋိသန္ဓေတည်နေရခြင်းကား ငါ့အဖို့ရာ နောက်ဆုံးပဋိသန္ဓေ တည်နေရခြင်း ဖြစ်၏။) နတ္ထိဒါနိ ပုနဗ္ဘဝေါ (ယခုအခါ၌ ငါ့အဖို့ရာ တဖန် ဘဝသစ်ဖြစ်ရခြင်း မရှိတော့ပြီ။)” ဟူ၍ လောကဓာတ် စကြဝဠာတိုက်ပေါင်း တစ်သောင်းလုံးကို ကိုယ်တော်မြတ်၏ အသံတော်ဖြင့် တစ်ပြိုင်နက်တည်း ကြားလွှံ့စေ၍ ရဲရဲတောက်စကားကို ကြုံးဝါးကျူးရင့်တော်မူ၏။ အလုံးစုံသော ဗြဟ္မာ နတ် လူတို့သည် ကောင်းကြီးပေးကြရကုန်၏။ ဘုရားအလောင်းတော်မြတ် ဖွားကာစ စကားဆိုဖူးသည်မှာ သုံးဘဝ ရှိ၏။ မဟောသဓာဘုရားလောင်း ဖွားမြင်သော် ထိုဘုရားလောင်း၏ လက်၌ သိကြားမင်း လာ၍ ထားအပ်သော စန္ဒကူးနှစ်ကို မိခင်သူဌေးကတော်ကြီး မြင်၍ “ချစ်သား၊ သင်ချစ်သားသည် အဘယ်ဝတ္ထုကို ယူ၍ လာသနည်း”ဟု မေးလေရာ “မိခင်၊ ဆေးပါတည်း”ဟု ဆို၏။ ဝေဿန္တရာမင်းအဖြစ် မယ်တော်ဖုဿတီမိဖုရားဝမ်းမှ ဖွားမြင်ကာစ၌ လက်ယာလက်ကို ဆန့်တန်း၍ “မယ်တော်မိခင် ရွှေနန်းရှင်၊ ရွှေနန်းတော်၌ တစ်စုံတစ်ခုသော ဥစ္စာသည် ရှိပါ၏လော။ အလှူကို လှူပါအံ့”ဟု ဆို၏။ ထိုအခါ မယ်တော်မိဖုရားကြီးက “ချစ်သား၊ သင်ချစ်သားသည် ဥစ္စာရှိသော အမျိုး၌ ဖြစ်၏”ဟု ဆို၍ သားတော်၏ လက်ကို မိမိ၏လက်ဖဝါးအပြင်၌ တင်သည်ကို ပြု၍ ဥစ္စာတစ်ထောင်ထုပ်ကို ထားပေ၏။ +++++ စာညွှန်း မဟာဗုဒ္ဓဝင်ဝတ္ထုတော်ကြီး-ပဌမငါးခုန်ဆရာတော်ဘုရားကြီး မဟာဗုဒ္ဓဝင်-မင်းကွန်းဆရာတော်ဘုရားကြီး ဂမ္ဘီရကဗျာကျမ်း-လယ်တီဆရာတော်ဘုရားကြီး တို့မှ ယူ၍ ကြည်ညိုပူဇော်၏။ From: lokachantha
<urn:uuid:c5af6b33-14eb-41a5-9325-abc8c1c8e9a2>
CC-MAIN-2014-42
http://mandalaygazette.com/4524
2014-10-31T20:35:18Z
s3://commoncrawl/crawl-data/CC-MAIN-2014-42/segments/1414637900248.22/warc/CC-MAIN-20141030025820-00033-ip-10-16-133-185.ec2.internal.warc.gz
mya
0.923897
Mymr
39
{"mya_Mymr_score": 0.923896849155426, "blk_Mymr_score": 0.07339742034673691}
ဆယ်လ်ဗီယို ဘာလူစကိုနီ |ဆယ်လ်ဗီယို ဘာလူစကိုနီ| |လက်မှတ်| ၁၉၃၆ ခုနှစ်တွင် မွေးဖွားခဲ့ သော ဆီဗီယို ဘာလူစကိုနီ Silvio ဘာလူစကိုနီ သည် အီတလီ နိုင်ငံရေးသမားတစ်ဦး ဖြစ်ပြီး၊ လက်ရှိတွင် အီတလီဝန်ကြီးချူပ် ဖြစ်ပြီး အောင်မြင်ကြော်ကြားသော စွန့်ဦးတီထွင် စီးပွားရေးသမားတစ်ဦး လည်း ဖြစ်သည်။ သူ့ကို အခြားနာမည်တစ်မျိုးဖြစ်သည့် “အများအကျိုးဆောင်သူ(Cavaliere)” ဟု အဓိပ္ပါယ်ရသည့် နာမည်လည်း ရှိသေးသည်။ ၁၉၇၇ ခုနှစ်တွင် သူရရှိခဲ့သည့် သူရဲကောင်းဘွဲ့ထူး ကို အမှီ ပြု၍ မှည့်ခေါ်ကြခြင်း ဖြစ်သည်။ သူသည် အီတလီ၏ ဒုတိယသက်တမ်း အရှည်ကြာဆုံး ဝန်ကြီးချူပ် ဖြစ်သည်။ ယင်းရာထူးကို ၁၉၉၄ မှ ၁၉၉၅ ခုနှစ်အထိ၊ ၂၀၀၁ မှ ၂၀၀၆ ခုနှစ်အထိ၊ ၂၀၀၈ ခုနှစ်မှ လက်ရှိ၂၀၁ဝ အတွင်း ဟူ၍ အချိန်ကာလသုံးခု၌ ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံရေးဘာသာရပ် နှင့် ပြောရလျှင်တော့ ဘာလူစကိုနီ သည် လေးကြိမ်တိုင်တိုင် ကြမ်းကြိမ်ဆိုခဲ့ပြီးဖြစ်သည်။ အကြောင်းရင်းမှာ အစိုးရ အုပ်ချူပ်ရေးယန်တရား ပြန်လည်ပြောင်းရွှေ့ချထားချိန် ဘာလူစကိုနီ လက်ထက်၂၀၀၅ ခုနှစ် တွင် အစိုးရအုပ်ချူပ်ရေးယန်တရား သစ်သည် ပြည်သူမှ အမှန်တကယ် ကြည်ညိုပြီးပေးသည့် မဲ များရရှိလို၍ ထပ်မံ ကြမ်းကြိမ်ခဲ့သောကြောင့် ဖြစ်သည်။ ဘာလူစကိုနီ သည် လွတ်လပ်သည့် နိုင်ငံရေးလှုပ်ရှားမှုများကို အဓိက ဦးစားပေးသည့် ဗဟို-လက်ယာယိမ်း ပါတီ ကို ၂၀၀၉ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ပါတီ ခေါင်းဆောင်လည်း ဖြစ်သည်။ ၂၀၀၉ နိုဝင်ဘာတွင် သူသည် G8 နိုင်ငံများတွင် သက်တမ်း အရှည်ကြာဆုံး နိုင်ငံရေးခေါင်းဆောင် ဖြစ်သည်။ ၂၀၁ဝ တွင် Forbes မဂ်ဂဇင်းကြီးက ဘာလူစကိုနီ အား အမေရိကန်ဒေါ်လာ ၉ဘီလျံ ပိုင်ဆိုင်မှုဖြင့် ကမ္ဘာ့အချမ်းသာဆုံး နံပါတ် ၇၄ နေရာ တွင် ထားခဲ့သည်။ ဘာလူစကိုနီ ၏ နိုင်ငံရေးအတက်သည် လျှင်မြန်သော်လည်း အငြင်းပွားစရာ အချက်များနှင့်လည်း ပြည့်နှက်နေသည်ကို တွေ့ရသည်။ ပထမအကြိမ် ပါလီမန်အမတ်အဖြစ် အရွေးခံရပြီး၊ ၁၉၉၄ မတ်လ ကြားဖြတ်ပါလီမန်ရွေးကောက်ပွဲများ အပြီးတွင် ဝန်ကြီးချူပ်အဖြစ် ခန့်အပ်ခြင်းခံရသည်။ သို့သော် ယာယီအစိုးရဖွဲ့ခြင်း အပေါ်တွင် ပါတီတွင်း သဘောထားကွဲလွဲမှုများကြောင့် သူ၏အစိုးရအဖွဲ့သည် ရ လ ကြာအပြီးတွင်ပင် ယိုယွင်းလာခဲ့သည်။ ၁၉၉၆ ဧပြီလတွင် ဝန်ကြီးချူပ်နေရာအတွက် ပြုလုပ်သော ကြားဖြတ်ရွေးကောက်ပွဲတွင် ဘာလူစကိုနီက ထပ်မံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ဗဟို- လက်ဝဲယိမ်းပါတီမှ ကိုယ်စားလှယ် Romano Prodi ကို ရှုံးနိမ့်ခဲ့သည်။ ၂၀၀၁ ခုနှစ် မေ ပါလီမန် ရွေးကောက်ပွဲတွင် ဗဟို- လက်ယာယိမ်းပါတီမှ နေ၍ ဝန်ကြီးချူပ်အဖြစ် ဝင်ရောက်အရွေးချယ်ခံခဲ့ပြီး၊ ဗဟို- လက်ဝဲယိမ်းပါတီမှ ကိုယ်စားလှယ် Francesco Rutelli ကို အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် ဘာလူစကိုနီ က ၂၀၀၆ ခုနှစ်အထိ ဒုတိယ နှင့် တတိယ အကြိမ်ထပ်မံ သူ၏ အစိုးရဖွဲ့ခွင့် ရခဲ့သည်။ ၂၀၀၆ ဧပြီတွင် ကျင်းပသော ပါလီမန်ရွေးကောက်ပွဲတွင် ဗဟို-လက်ယာယိမ်းညွန့်ပေါင်းပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သောအခါ Romano Prodi ကို ပြိုင်ဘက် အဖြစ်ထပ်တွေ့ပြီး မဲ အနည်းငယ်အကွာနှင့် ရှုံးနိမ့် ခဲ့သည်။ ၂၀၀၈ ဧပြီလတွင် ပါလီမန်ရွေးကောက်ပွဲတွင် ပြန်လည်အရွေးခံရပြီး၊ အစိုးရအဖွဲ့သည်၂၀၀၈ ခုနှစ် ဇန်နဝါရီ ၂၄ တွင် တဖန် ပြိုလဲခဲ့သည်။ ၂၀၀၈ ခုနှစ် မေ ၈ ရက်နေ့တွင် Romano Prodi ဝန်ကြီးချူပ်၏ အစိုးရအဖွဲ့ကျမ်းကြိမ်ဆိုကာ ပြန်လည်အုပ်ချူပ်ခဲ့သည်။ ( ၂၀၀၈ ခုနှစ် အီတလီနိုင်ငံရေး အကျပ်အတည်းများ တွင်လည်း တွေ့နိုင်သည် ) မာတိကာ - ၁ မိသားစု နောက်ခံအခြေအနေနှင့် ပုဂ္ဂိုလ်ရေးဘဝ - ၂ လုပ်ငန်းရှင် ဘဝ - ၃ ပုဂ္ဂိုလ်ရေး - ၄ နိုင်ငံရေးသမား ဘဝ - ၅ ဥပဒေရေးရာ ပြဿနာများ - ၆ အငြင်းပွားစရာ ကိစ္စရပ်များ - ၇ မားဖီးယားဂိုဏ်းနှင့် ပက်သက်သည့် စွပ်စွဲချက်များ - ၇.၁ The Economist (စီးပွားရေးဂျာနယ်) - ၇.၂ မီဒီယာ ထိန်းချူပ်မှု - ၇.၃ အနောက်တိုင်း လူ့အဖွဲ့အစည်း ယဉ်ကျေးမှုနှင့် အစ္စလာမ် တို့အပေါ် မှတ်ချက် - ၇.၄ ကြားဖြတ်ဖုန်းခိုးနားထောင်မှုနှင့် ပြည်တန်ဆာမှုကို အသုံးချပြီး နိုင်ငံရေးအကျင့်ပျက်ချစားမှုပြုလုပ်ခဲ့သည်ဟူသော စွပ်စွဲချက် - ၇.၅ ပြည်တန်ဆာမှုဖြင့် မကောင်းသတင်းထွက်ခဲ့ခြင်းနှင့် ကွာရှင်းပြတ်စဲခြင်း - ၇.၆ ဟာသ ဖြစ်စရာ ပြုမူပြောဆိုမှုများ နှင့် အရှက်ရဖွယ် အဖြစ်အပျက်များ - ၇.၇ ဘုရားရှိခိုးကျောင်းမှ တိုက်ခိုက်မှု မိသားစု နောက်ခံအခြေအနေနှင့် ပုဂ္ဂိုလ်ရေးဘဝ[ပြင်ဆင်ရန်] ဘာလက်စ်ကိုနီ ကို ၁၉၃၆ တွင် Milan ၌ မွေးဖွားခဲ့ပြီး၊ အောက်ခြေ လူလတ်တန်းစား မိသားစုတွင် ကြီးပြင်းခဲ့သည်။ ဖခင်ဖြစ်သူ Luigi ( ၁၉၀၈ မှ ၁၉၈၉ ) သည် ဘဏ်ဝန်ထမ်းတစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူ Rosa Bossi ( ၁၉၁၁ မှ ၂၀၀၈ ) သည် အိမ်ထောင်ရှင်မ တစ်ဦးဖြစ်သည်။ မွေးချင်းများမှာ Maria Francesca Antonietta ဘာလူစကိုနီ (၁၉၄၃ မှ ၂၀၀၉) နှင့် Paolo ဘာလူစကိုနီ ( ၁၉၄၉ တွင် မွေးဖွား ) တို့ဖြစ်ပြီး နှစ်ဦးစလုံးမှာ စွန့်ဦးတီထွင် စီးပွားရေးသမားများ ဖြစ်ကြသည်။ Salesian college တွင် အထက်တန်းပညာရေးပြီးဆုံး၍ Milan ရှိ Università Statale တွင် ဥပဒေပညာကို ဆက်လက်သင်ယူခဲ့ပြီး၊ “ကြော်ငြာခြင်း ကို ဥပဒေရေးရာရှုထောင့်မှသုံးသပ်ခြင်း” စာတမ်းနှင့်အတူ ၁၉၆၁ တွင် ဘွဲ့ရခဲ့သည်။ ထိုအချိန်က အီတာလျံ စစ်တပ်တွင်တစ်နှစ် တာဝန် မဖြစ်မနေ ထမ်းရသော်လည်း ဘာလက်စ်ကိုနီ သည် တာဝန်ထမ်းစရာ မလိုခဲ့ပေ။ တက္ကသိုလ်စာသင်နှစ် တစ်လျှောက်လုံးတွင် အပျော်တမ်းအားကစားအဖွဲ့ တွင် ခေါင်းဆောင်ဖြစ်ပြီး၊ အုပ်စုထဲတွင် အထင်ကြီးစရာ ကောင်းလှသော ဘေစ့် ဘောလုံးကစားသမား တစ်ယောက်ဖြစ်ခဲ့သည်။ တခါတရံတွင် ခရူဇာစစ်သင်္ဘော၏ လွမ်းတေးအဆိုတော် တစ်ယောက်လည်း ဖြစ်ခဲ့ပြန်သည်။ နောက်ပိုင်းတွင် အေစီမီလန် ဘောလုံးအသင်း အတွက်ဓမ်မသီချင်းကို အီတာလျံ တေးထုတ်လုပ်သူနှင့်ပေါ့ပ် အဆိုတော် Tony Renis နှင့် အတူ ရေသားခဲ့သည်။ Forza Italia ပါတီ၏ ကိုယ်ပိုင် အထိမ်းအမှတ် သီချင်းကို ပြဇတ် ဒါရိုက်တာ Renato Serio နှင့်အတူ ရေးသားခဲ့သည်။ နပဲလ် လူမျိုး (အီတလီ အနောက်တောင် ပိုင်းဒေသရှိ လူမျိုး) အဆိုတော် Mariano Apicella နှင့်အတူ နပဲလ် သီချင်း အယ်လ်ဘမ် နှစ်ခွေ ရေးခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် Meglio 'na canzone အယ်လ်ဘမ် နှင့် ၂၀၀၆ ခုနှစ်တွင် L'ultimo amore အယ်လ်ဘမ် တို့ ဖြစ်ကြသည်။ ၁၉၆၅ တွင် Carla Elvira Dall'Oglio နှင့် လက်ထပ်ခဲ့ပြီး၊ ကလေးနှစ်ယောက် မွေးဖွားခဲ့သည်။ Maria Elvira (Marina လို့ အများကပိုသိကြသော) ကို ၁၉၆၆ တွင် မွေး၍၊ Pier Silvio ကို ၁၉၆၉ တွင် မွေးခဲ့သည်။ ၁၉၈ဝ တွင် ဘာလက်စ် ကိုနီ သည် သရုပ်ဆောင် မင်းသမီး Veronica Lario (Miriam Bartolini မြို့တွင် မွေးဖွားသူ)နှင့် အဆက်အဆံရှိခဲ့ပြီး၊ ကလေးသုံးယောက် ရခဲ့သည်။ Barbara ကို (၁၉၈၄ တွင်)၊ Eleonora ကို ( ၁၉၈၆ တွင်)၊ နှင့် Luigi ကို ( ၁၉၈၈ တွင် ) အသီးသီး မွေးဖွားခဲ့သည်။ သူသည် ၁၉၈၅ တွင် Dall'Oglio နှင့် ကွားရှင်းခဲ့ပြီး၊ မင်းသမီး Lario ကို ၁၉၉ဝ တွင် လက်ထပ်ယူခဲ့သည်။ ထိုအချိန်တွင် ဘာလူစကိုနီ က လူသိများသော စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်နေပြီး ဖြစ်ရာ သူ၏ လက်ထပ်ပွဲကို အမှတ်တရ အောက်မေ့ဖွယ် လူမှုရေး ပွဲလေး တစ်ပွဲ ပုံစံ ကျင်းပခဲ့သည်။ သူ၏ သတို့သား အရံတစ်ဦးအဖြစ် ဝန်ကြီးချူပ်ဟောင်း အီတလီ ဆိုရှယ်လစ်ပါတီ ခေါင်းဆောင် Bettino Craxi က ပါဝင်ပေးခဲ့သည်။ ၂၀၀၉ ခုနှစ် မေလတွင် Lario က ကွာရှင်းစာချူပ်မှာ လတ်မှတ် ရေးထိုး ပြီး ဖြစ်ကြောင်း ကြေငြာခဲ့သည်။ လုပ်ငန်းရှင် ဘဝ[ပြင်ဆင်ရန်] Milano 2[ပြင်ဆင်ရန်] ဘာလူစကိုနီ ၏ လုပ်ငန်းရှင် ဘဝသည် ၁၉၆ဝ အစောပိုင်းကာလများရှိ ဆောက်လုပ်ရေးလုပ်ငန်းများဖြင့်စတင်ခဲ့သည်။ စီမံကိန်း အချို့အောင်မြင်မှု ရအပြီးတွင် Milano 2 တိုက်ခန်းများ၏ နောက်ပိုင်း ဆယ်စုနှစ်တစ်စုစာ စီမံချက်ဖြစ်သော အခန်းပေါင်း ၁၀၅၀ဝ ခန့် ပါဝင်သည့် အကြီးစား ဆောက်လုပ်ရေး စီမံကိန်း ကို ဆောက်လုပ်ပေးရန် တာဝန်ယူပေးရသည်။ နောက်ဆုံး၌ Milan မြို့ ၏ အရှေ့ဘက် မြို့စွန် Segrate တွင် ဆောက်လုပ်ခဲ့သည်။ Telemilano[ပြင်ဆင်ရန်] Milano ၏ ဆက်သွယ်ရေးလုပ်ငန်းများ ဘာလူစကိုနီ သည် ၁၉၇၃ ခုနှစ် တွင် အသေးစား ကေဘယ်လ်နှင့် ပြုလုပ်သော ရုပ်မြင်သံကြား ကုမ္ပဏီ၊ Telemilano( Milano ၏ တယ်လီဆက်သွယ်ရေး လုပ်ငန်း) တို့ကို ဝန်ဆောင်မှုများကို ၎င်း၏ Segrate၏ ပိုင်ဆိုင်မှုလုပ်ငန်းများအနေနှင့် ထည့်သွင်းခဲ့ခြင်းအားဖြင့် ဆက်သွယ်ရေးနှင့် မီဒီယာကဏ်ဍသို့ စတင်ဝင်ရောက်ခဲ့သည်။ နောက်တစ်နှစ် စက်တင်ဘာလတွင် ဆက်သွယ်ရေး လုပ်ငန်းများ စတင် လည်ပတ်ခဲ့သည်။ ၁၉၇ရ တွင် ဘာလူစကိုနီ သည် ရုပ်သံလိုင်း ၂ လိုင်း ထပ်မံ ဝယ်ယူတပ်ဆင်ပြီးသည့်နောက် ပင်မလုပ်ငန်းဌာန ( Station )ကို Milan မြို့လယ်ခေါင်သို့ ပြောင်းရွှေ့ခဲ့ပြီး လေလှိုင်းမှ ရုပ်သံထုတ်လွှင့်ခြင်းကို စတင်ခဲ့သည်။ Fininvest[ပြင်ဆင်ရန်] ၁၉၇၈ တွင် ဘာလူစကိုနီ သည် ၎င်း၏ပထမဆုံး မီဒီယာ အုပ်စုဖြစ်သော Fininvest ကို စတင်တည်ထောင်ခဲ့ပြီး၊ ဖရီးမေဆင်အသင်းသားများမှ ပြုလုပ်သော ဝါဒဖြန့်အစီအစဉ် ၂ နှင့် ပူးပေါင်းခဲ့သည်။ ငါးနှစ်ကြာပြီးနောက် ၁၉၈၃ ခုနှစ်တွင် သူသည် အီတလီ လီရာ ၁၁၃ ဘီလျံ ( ယူရို ၅၈.၃ သန်း ) ပိုင်ဆိုင်နေပြီ ဖြစ်သည်။ ထိုလုပ်ငန်းကြီးသည် နောက်ကြောင်းလိုက်ရန် မဖြစ်နိုင်လောက်အောင် ရှုပ်ထွေးလှသည့်ပုံစံဖြင့် အကျိုးတူစပ်ပေါင်း ကုမ္ပဏီများမှ ဖွဲ့စည်းထားသောကြောင့် အမျိုးမျိုးသောပြည်နယ်ရှေ့နေများမှ စုံစမ်းစစ်ဆေးမှုမျိုးစုံကို ပြုလုပ်ခဲ့သော်လည်း နောက်ခံ ငွေအရင်းအနှီးနှင့် ပက်သက်၍မူ ယနေ့အချိန်အထိ မသိရပေ။ Fininvest သည် မကြာမီတွင် ဆင်တူသောအစီအစဉ်များ၊ တူညီသောတင်ဆက်ပုံများရှိသည့် ပြည်တွင်း ရုပ်သံဌာနများစွာကို စုပေါင်း၍ တနိုင်ငံလုံးအတိုင်းအတာ တစ်ခုတည်းသော အမျိုးသား ရုပ်သံလွှင့် ကွန်ယက်ကြီး တစ်ခုအဖြစ်သို့ ချဲ့ထွင်ခဲ့သည်။ ဤကဲ့သို့ ပြုလုပ်လိုက်ခြင်းသည် အများပြည်သူပိုင် ရုပ်သံလွှင့်ဌာန RAI ကို တစ်ခုတည်းသော တနိုင်ငံလုံးအတိုင်းအတာ ရုပ်သံလွှင့် ကွန်ယက်အဖြစ် တည်ရှိစေခဲ့သော ဥပဒေကို ဖောက်ဖျက်သကဲ့သို့ဖြစ်ခဲ့ပြီး ယင်းဥပဒေအား နောက်ပိုင်းတွင် ရုတ်သိမ်းခဲ့သည်။ ၁၉၈ဝ တွင် ဘာလူစကိုနီ သည် အီတလီ၏ ပထမဆုံး ပုဂ်ဂလိက အမျိုးသား ရုပ်သံလွှင့် ကွန်ယက်ဖြစ်သည့် Canale 5 ကိုတည်ထောင်ခဲ့သည်။ သိပ်မကြာခင်မှာပင် ၁၉၈၂ တွင် Rusconi မိသားစု၏ Italia 1 ရုပ်သံလိုင်း၊ ၁၉၈၄ တွင် Mondadori မှ Rete 4 ရုပ်သံလိုင်းတို့ ဆက်လက် ဖြစ်ပေါ်လာခဲ့သည်။ ဘာလူစကိုနီ ယခုကဲ့သို့ စီးပွားဖြစ် ရုပ်သံ အင်ပါယာ ကြီးကို ထူထောင်နိုင်ခဲ့သည်မှာ Bettino Craxi (အီတလီ ဆိုရှယ်လစ်ပါတီ ၏ အတွင်းရေးမှူးချူပ် ဖြစ်ပြီး၊ ထိုအချိန်က အီတလီနိုင်ငံ၏ ဝန်ကြီးချူပ်လည်း ဖြစ်သူ) နှင့် ဆက်သွယ်မိပြီး ၎င်း၏ အထောက်အပံ့ အကူအညီများရရှိခဲ့သောကြောင့် လည်း ဖြစ်သည်။ Bettino Craxi ၏အစိုးရအဖွဲ့သည် ၁၉၈၄ အောက်တိုဘာ ၂ဝ တွင် ဘာလူစကိုနီ ၏ ရုပ်သံလွှင့် ဌာနများမှ ထုတ်လွှင့်မှုများ နှင့်ပက်သက်သည့် အရေးပေါ် ဥပဒေ အမိန့်တစ်ခုကို ချမှတ်ခဲ့ရသည်။ ဤသို့ဖြစ်ရခြင်းမှာ Turin, Pescara နှင့် Rome မြို့တော် တို့မှ တရားသူကြီးများက ယခင် တနိုင်ငံလုံးအတိုင်းအတာ ရုပ်သံလွှင့်ဌာန RAI အပေါ် ချမှတ်ခဲ့သည့် ရုပ်သံထုတ်လွှင်ခြင်းဆိုင်ရာ တားမြစ်ခြင်း ဥပဒေ တစ်ခုအား ယခု ပုဂ်ဂလိက ရုပ်သံကွန်ယက်များ အတွက် ချမှတ်ရန် တိုက်တွန်းနေကြခြင်းကြောင့် ဖြစ်သည်။ နိုင်ငံရေးရုန်းရင်းဆန်ခတ်ဖြစ်မှု အနည်းငယ် ဖြစ်ပွားခဲ့ပြီးနောက် ယင်းဥပဒေမှာ အတိအကျ အတည်ပြုပြဌာန်း ဖြစ်ခဲ့သည်။ သို့သော် နှစ်အနည်းငယ်ကြာသည်အထိ ဘာလူစကိုနီ ၏ ရုပ်သံလွှင့် လိုင်း ၃ လိုင်း မှာ ဥပဒေအရ မတင်မကျ အခြေအနေ ဖြစ်ခဲ့ပြီး ထို့အတွက်ကြောင့်ပင် သတင်းအချက်အလက်များနှင့် နိုင်ငံရေး တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်များနှင့် ပက်သက်၍ ပိတ်ပင်ခံရခြင်းများ ရှိခဲ့သည်။ ၁၉၉ဝ တွင် Mammi ဆက်သွယ်ရေးနှင့် နည်းပညာဥပဒေ ဆိုသည့် သံသယဖြစ်ဖွယ် ဥပဒေတစ်ရပ်ကို ပြဌာန်းပြီး တနိုင်ငံလုံး အတိုင်းအတာ အပြည့်ရသည်အထိ ထို ရုပ်သံ ထုတ်လွှင့်မှု လိုင်းများ၏ အခြေအနေကို မြှင့်တင်ပေးခဲ့သည်။ ၁၉၉၅ တွင် ဘာလူစကိုနီ သည် ၎င်း၏ မီဒီယာ အဆောက်အအုံတစ်ချိူ့ကို ပထမအကြိမ်တွင် Kirch ဂျာမန် မီဒီယာ အုပ်စု (ယခု ဒေဝါလီခံပြီး) နှင့် နောက်ပိုင်း တွင် အများပြည်သူဆိုင်ရာ လုပ်ငန်းတို့ သို့ ရောင်းချခဲ့သည်။ ၁၉၉၉ တွင် ဘာလူစကိုနီ သည် သူ၏ မီဒီယာ စိတ်ဝင်စားမှုကို Epsilon MediaGroup ခေါ် Kirch နှင့် ပူးပေါင်း၍ ဆက်လက်တိုးချဲ့ခဲ့သည်။ ပုဂ္ဂိုလ်ရေး[ပြင်ဆင်ရန်] ၂၀၁ဝ တွင် ဘာလူစကိုနီ ကို ခန့်မှန်းခြေ ပိုင်ဆိုင်မှု အမေရိကန် ဒေါ်လာ ၉ ဘီလျံ နှင့် အီတလီ၏ တတိယမြောက် အချမ်းသာဆုံး အဖြစ် Forbes မှ ဖော်ပြခဲ့သည်။ ကိုယ်ပိုင် အရင်းအနှီး ပိုင်ဆိုင်မှုများ အနေနှင့် ရုပ်သံလွှင့် လိုင်းများ၊ သတင်းစာ ပုံနှိပ်လုပ်ငန်းများ၊ ရုပ်ရှင်လုပ်ငန်းများ၊ ငွေကြေးဆိုင်ရာ လုပ်ငန်းများ၊ ဘဏ်လုပ်ငန်းများ၊ အာမခံလုပ်ငန်းများနှင့် အားကစား လုပ်ငန်းများပင် ပါဝင်ခဲ့သည်။ ဘာလူစကိုနီ ၏ အဓိက လုပ်ငန်းဖြစ်သော မီဒီယာလုပ်ငန်းများကိုကြည့်လျှင် ၎င်း၏တနိုင်ငံလုံး အတိုင်းအတာ ထုတ်လွှင့်လျှက်ရှိသည့် ရုပ်သံ လိုင်းများ အားလုံးပေါင်းလိုက်လျှင် တနိုင်ငံလုံး၏ ရုပ်မြင်သံကြားထုတ်လွှင့်ကဏ်ဍ၏ တဝက်ခန့်ကို လွှမ်းမိုးလျက်ရှိသည်။ ပုံနှိပ်ဖြန့်ဝေခြင်းဆိုင်ရာ လုပ်ငန်းများမှာလည်း အီတလီ၏ ကြော်ငြာကဏ်ဍနှင့် ပုံနှိပ်ဖြန့်ဝေခြင်း ကိုယ်စားလှယ် လုပ်ငန်းများ အတွက် ဦးဆောင်လမ်းပြ အနေဖြင့် ရှိနေသည်။ ဘာလူစကိုနီ သည် Panorama ကဲ့သို့သော အီတလီနိုင်ငံ၏ အထင်ရှားဆုံး သတင်းမဂ္ဂဇင်းများကို ပုံနှိပ်ဖော်ပြလျှက်ရှိသည့် နိုင်ငံ့ အကြီးဆုံး ပုံနှိပ် တိုက် Arnoldo Mondadori Editore ကိုလည်း ပိုင်ဆိုင်သေးသည်။ သူ၏ အကိုဖြစ်သူ Paolo ဘာလူစကိုနီ သည် il Giornale သတင်းစာတိုက်ကို ပိုင်ဆိုင်ပြီး ဆက်လက် ထုတ်ဝေလျှက်ရှိသည်။ ယင်းမဂ်ဂဇင်းမှာ အီတလီနိုင်ငံ၏ နိုင်ငံရေး သတင်းများကို ဗဟို-လက်ယာယိမ်း နိုင်ငံရေး အယူအဆများပေါ် အခြေခံ၍ ဘာလူစကိုနီ ကို ပံ့ပိုးပေးထားသည့် ဘက်လိုက်သော သတင်းများကို ဖော်ပြသည်။ အီတလီ၏ လက်ယာယိမ်း နိုင်ငံရေး အယူအဆများ နှင့်ပက်သက်၍ အလွှမ်းမိုးနိုင်ဆုံးသော သတင်းစာဖြစ်သည့် Il Foglio ကိုမူ ဇနီးဖြစ်သူ Veronica Lario က တဝက်ပိုင်ဆိုင်သည်။ ဘာလူစကိုနီ တည်ထောင်ခဲ့ပြီး လက်ရှိရှယ်ယာ အများဆုံး ပိုင်ဆိုင်ထားသော Fininvest မီဒီယာ လုပ်ငန်းမှာ အီတလီ၏ အကြီးဆုံးပုဂ်ဂလိက လုပ်ငန်း ၁ဝ ခုတွင် ပါဝင်ပြီး၊ လက်ရှိတွင် မီဒီယာနှင့် ဘဏ်ဍာငွေကြေးဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်လျှက်ရှိသည်။ အီတလီ နိုင်ငံ၏ အကြီးဆုံး ဘဏ်လုပ်ငန်းနှင့် အာမခံလုပ်ငန်း အုပ်စုများ ထဲတွင်တစ်ခု အပါအဝင်ဖြစ်သည့် Mediolanum ကို Ennio Doris နှင့် အတူ ပူးပေါင်း၍ တည်ထောင်ခဲ့သည်။ သူသည် ရုပ်ရှင်လုပ်ငန်းများနှင့် ရုပ်ရှင်ဒီယို ဖြန့်ချိရေး ( Medusa ရုပ်ရှင်နှင့် Penta ရုပ်ရှင် ) လုပ်ငန်း ရှယ်ယာ များလည်း ရှိသေးသည်။ အီတလီ၏ အကောင်းဆုံး ပြင်ဆင်ထားပြီးသော ဘောလုံးအသင်း များထဲမှ တစ်ခု ဖြစ်သည့် A.C. Milan အသင်း၏ ပိုင်ရှင်လည်း ဖြစ်သည်။ ဘာလူစကိုနီ သည် Antigua မြို့စွန်ရှိ ခြံဝန်းကျယ်နှင့် အိမ်ကို ဝယ်ယူခဲ့သည်။ Telegraph သတင်းစာ ဆောင်းပါးတစ်ပုဒ်တွင် ရာဇဝတ်မှုတစ်ခုခုအတွက် တရားဆွဲဆိုခံရရင် သူဟာ အဲ့ဒီနေရာကို ရွှေ့သွားနိုင်တယ် ဟု ထင်ကြေးပေး ရေးသားခဲ့သည်။ နိုင်ငံရေးသမား ဘဝ[ပြင်ဆင်ရန်] Forza Italia ပါတီကို တည်ထောင်ပြီး၊ နိုင်ငံရေးလောက ထဲသို့ ဝင်ရောက်ခဲ့သည်။ ဘာလူစကိုနီ သည် “လွတ်လပ်ခွင့်၊ နိုင်ငံသားတစ်ဦးချင်းအလိုက်၊ မိသားစုတစ်စုအလိုက်၊ လုပ်ငန်းကြီးတစ်ခုဖြစ်ပေါ်လာစေရေး၊ အီတလီ ရိုးရာယဉ်ကျေးမှုကိုထိန်းသိမ်းရေး၊ ခရစ်ယာန်ရိုးရာယဉ်ကျေးမှု ကိုထိန်းသိမ်းရေးနှင့် အားနည်းသူကို မေတာ်တထားခြင်း” တို့ကို ထောက်ခံ အားပေးပြီး၊ အစိုးရ ရ-သုံးမှန်းခြေ ငွေစာရင်းနှင့်ပက်သက်၍ သော်လည်းကောင်း၊ တရားစီရင်ရေးနှင့်ပက်သက်၍ သော်လည်းကောင်း အစိုးရ အုပ်ချုပ်ရေး ယန်တရား နှင့်ပက်သက်၍ သော်လည်းကောင်း အီတလီ နိုင်ငံသားများအပေါ် ဖိနှိပ်လျှက်ရှိနေသည် များကို တိုက်ဖျက်သွားရန် ရည်ရွယ်ထားကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။ ၁၉၉၉ တွင် Forza Italia ပါတီသည် ယူရိုပီယံ ပြည်သူ့ပါတီ နိုင်ငံရေးမိသားစု အသိုင်းအဝိုင်းနှင့် ပေါင်းခဲ့ပြီး၊ ၂၀၀၉ တွင် People of Freedom မဂ်ဂဇင်း၌ ဖော်ပြခဲ့သည်။ ဘာလူစကိုနီ ၏ မဟာမိတ်ပါတီ အချို့( အထူးသဖြင့် Lega Nord ) က လူဝင်မှုကြီးကြပ်ရေးကို ထိန်းချူပ်ရန် တိုက်တွန်းခဲ့ကြသည်။ ဘာလူစကိုနီ ကိုယ်တိုင်ကတော့ မဟာမိတ်ပါတီ များ ကြိုက်နှစ်သက်လောက်သည် အထိ မူဝါဒများကို ချမှတ်အကောင်အထည် ဖော်ဖို့ တွန့်ဆုတ်နေခဲ့သည်။ အချို့သော ဥပဒေများ ချမှတ်ခဲ့သော်လည်း ရလာဒ်များအနေနဲ့ကတော့ ရှင်းရှင်းလင်းလင်း မရှိခဲ့ပေ။ အငြင်းပွားနိုင်စရာရှိသော လူဝင်မှုကြီးကြပ်ရေး ဥပဒေ တစ်ရပ် (the "Bossi-Fini" law - Lega Nord ပါတီနှင့် အမျိုးသား မဟာမိတ် ခေါင်းဆောင်များ မှ ပထမဆုံး ဖော်ပြသော ဥပဒေဖြစ်၍ ၎င်းတို့၏ နာမည်ကို ယူ၍ ပေးထားသည့်) ကို စတင်ပြဌာန်းပြီးနောက် အီတလီအစိုးရသည် အီတလီကမ်းရိုးတန်းများသို့ တရားမဝင် ဝင်ရာက်လာကြသည့် မြောက်များလှစွာသော လူများကို လျှော့ချနိုင်ရန် ဥရောပ နှင့် အခြားသော မြေထဲပင်လယ်နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရန် အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့သည်။ အီတလီကမ်းရိုးတန်းများသို ရောက်ရှိရန် တရားမဝင် ဝင်ရောက်လာသူများသည် အလွန်အသက်အန်တရာယ်ကြီးလှ သည့် (တခါတရံ သေဆုံးမှုများရှိ) ဟောင်းနွမ်းဆွေးမြည့်နေသော အကာအရံများနှင့် ပုံမှန်ခံနိုင်ရည်အားထက် ပိုမို တင်ဆောင်ထားသည့် ငါးဖမ်းလှေများကို စီး၍ ဝင်ရောက်လာကြခြင်း ဖြစ်သည်။ ဥပဒေရေးရာ ပြဿနာများ[ပြင်ဆင်ရန်] စွပ်စွဲချက်များ၏ အနှစ်ချူပ်[ပြင်ဆင်ရန်] ဆယ်လ်ဗီယို ဘာလူစကိုနီ သည် မာဖီးယားနှင့် တိတ်တဆိတ်ပူးပေါင်းမှု၊ ဘဏ်ဍာငွေများ မှားယွင်းမှု၊ အခွန်ငွေများ လိမ်လည်မှု၊ ရဲအရာရှိများနှင့် တရားသူကြီးများ၏ အကျင့်ပျက်ချစားမှု၊၊ နှင့် လာဘ်စားမှုများ အပါအဝင် စွပ်စွဲချက်အမှုတွဲများ မှာ အလွန်ပင်များပြားလှသည်။ ဘာလူစကိုနီ သည် အီတလီ တရားရုံးများသို့ အကြိမ်ပေါင်းများစွာ ရောက်ရှိခဲ့ရဖူးသည်။ ပြစ်မှုအမျိုးမျိုးအတွက် စုံစမ်းစစ်ဆေးချိန်ကန့်သတ်ချက်ကို လျှော့ချမည့် ဥပဒေများ နှင့် ငွေကြေးဆိုင်ရာ လိမ်လည်မှုနှင့်ပက်သက်၍ လိမ်လည်ခံရသည့်ဘက်မှ ၎င်းခံရသည်ကိုသက်သေနှင့်တကွ အာဏာပိုင်များသို့ တိုင်ကြားခြင်းမရှိသရွေ့ တရားမဝင်ကြောင်း ဥပဒေ များကို အတည်ပြုရာတွင် ဘာလူစကိုနီ ၏ ပါလီမန်တွင်း မဲ အများဆုံးရရှိမှုကြောင့် ယင်းစွပ်စွဲခံရသော အမှုများအနက် သုံးခုကို တရားစီရင်ရေး မှ ရပ်နားပစ်ခဲ့ရသည်။ ၎င်းစွပ်စွဲခံရသောအမှုများအနက် တစ်ခုမှ အပ ကျန်အားလုံးသည် တည်ဆဲဥပဒေများ သက်တမ်းကုန် သွားသောကြောင့် ပထမဆုံးအမှု ကြားနာစစ်ဆေးခြင်းသော်လည်းကောင်း၊ အယူခံဝင်ခြင်းသော်လည်းကောင်း၊ ပြစ်ဒဏ်စီရင်ချက်ချခြင်းသော်လည်းကောင်း ရပ်ပြီး ဘာလူစကိုနီ အား တရားသေ လွှတ်ပေးခဲ့ရသည်။ ထို့ကြောင့် သူသည် ယခုအချိန်ထိ ပြစ်မှုမှတ်တမ်း တစ်ခုမှ မရှိခဲ့ပေ။ ဘာလူစကိုနီ ကပြောခဲ့သည်မှာ “ ဒီလို ရှင်းလင်းပြတ်သားတဲ့ တရားစီရင်ရေးဥပဒေတွေကို ကျွန်တော့် အနေနဲ့ ခုခံချေပရတာ ဂုဏ်ယူစရာကောင်းပါတယ်။ တကယ်တော့ ကျွန်တော့်ရဲ့ ခုခံချေပနိုင်စွမ်းနဲ့ ပေးဆပ်အနစ်နာခံမှု တွေကြောင့် အီတလီလူမျိုးတွေအတွက် ပိုမို မျှတပြီး၊ ပိုမိုအစွမ်းထက်တဲ့ တရားစီရင်ရေး စနစ်တွေကို ပေးနိုင်ခဲ့တဲ့ အတွက် ပိုပြီး ဂုဏ်ယူ ရပါတယ်။” ဟူ၍ ဖြစ်သည်။ ထပ်မံ ဖြည့်စွက်ပြောကြားသည်မှာ “ ၇၈၉ ယောက်သော ဝေဖန်စွပ်စွဲသူများ နဲ့ ရာဇဝတ်တရားသူကြီးများဟာ ၁၉၉၄ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ နိုင်ငံရေးသမား ဘာလူစကိုနီ ကို ပေးနေတဲ့ အီတလီပြည်သူများရဲ့ မဲ တွေ ကို လျော့ကျသွားစေရမယ် ဆိုတဲ့ ရည်ရွယ်ချက် နဲ့ လုပ်ဆောင်ခဲ့ကြတယ်” “ရဲတပ်ဖွဲ့ က ၅၇ရ ကြိမ်သော ဝင်ရောက်ရှာဖွေမှု၊ ၂၅၀ဝ သော ရုံးတင်စစ်ဆေးမှုများ နဲ့ ပေးလိုက်ရတဲ့ ရှေ့နေခ ယူရို၁၇၄ ဘီလျံ အပါအဝင် ခါးသီးရက်စက်တဲ့ အတွေ့အကြုံတွေပါပဲ” လို့ စာရင်းအင်း အတိအကျနဲ့ အထုပ်ဖြေ ပြခဲ့ ပြန် ပါသည်။ ဘာလူစကိုနီ သည် အမြဲလိုလိုပင် ထိပ်သီး ရှေ့နေများကို ငှါးရမ်းနိုင်ခဲ့သည်။ ဥပမာအားဖြင့် Nicolas Sarkozy သည် သူ၏ ပြင်သစ် ထိပ်သီး တရားရုံးချူပ်ရှေ့နေ တစ်ယောက်ဖြစ်သည်။ အရင်က ဘာလူစကိုနီ အား စွပ်စွဲဝေဖန်ခဲ့သည့် အချို့သော သူများသည် နောင်တွင် အတိုက်အခံ ပါလီမန်အမတ် များဖြစ်လာခဲ့သည်။ သူ၏ အချို့သော အမှုလိုက် ရှေ့နေများသည်လည်း ပါလီမန် အမတ်များ ဖြစ်လာခဲ့သည်။ တရားစီရင်ရာတွင် ကြန့်ကြာစေသော အစီအမံများ[ပြင်ဆင်ရန်] အီတလီနိုင်ငံ၏ တရားဥပဒေ စနစ်သည် အမှုစစ်ဆေးနေစဉ် တလျှောက်တွင် တည်ဆဲဥပဒေ အကန့်အသတ် များကို ဆက်လက်အသုံးပြုနေစေပြီး၊ ဆုံးဖြတ်ချက် အဆင့်ဆင့်ကို အလွန်အမင်း ရှည်လျားစွာ ပါဝင်နေစေသည်ကို တွေ့ရသည်။ ထိုကဲ့သို့ နှေးကွေးပြီး၊ ပြီးပြတ်နိုင်ခဲသည့် တရားစီရင်ရေး စနစ်များကို အသုံးချ၍ ဘာလူစကိုနီ ၏ အမှုလိုက် ရှေ့နေများ၏ တရားစီရင်ရာတွင် ကြန့်ကြာစေသော အစီအမံများ ( တရားစီရင်ရာ တရားရုံးကို ထပ်ခါထပ်ခါ ရွှေ့နေခြင်းများ အပါအဝင် ) က အမှုေတော်တော်များများတွင် ပြစ်ဒဏ်ကျခါနီး တိုင်း ပျက်ပျယ် သွားရန် လုပ်နိုင်ခဲ့သည်။ အချို့သော ဘာလူစကိုနီ ၏ အနီးကပ် ပူးပေါင်းဆောင်ရွက်သူများ၊ သူငယ်ချင်းနှင့် လုပ်ငန်းမန်နေဂျာများ သည် လည်း ရာဇဝတ်မှုများနှင့် ပါဝင်ပက်သက်နေ၍ အပြစ်ရှိကြောင်း စုံစမ်းတွေ့ရှိခဲ့သည်။ မှတ်မှတ်ရရ အကိုဖြစ်သူ Paolo သည် ၂၀၀၁ ခုနှစ်က အီတလီ လီရာ ၁၀၀,၀၀၀,၀၀ဝ ( ယူရို ၅၂၀၀၀) ကို အကျင့်ပျက်ချစားမှု အပါအဝင် အခြားသော ပြစ်ဒဏ်သေးငယ်သည့် အမျိုးမျိုးသော အမှုများတွင် ဝန်ခံသက်သေထွက်ဆိုရန်ညှိုနှိုင်းရာ၌ အသုံးချခဲ့သည်။ ဖရီးမေဆင်အသင်းသားများ၏ ဝါဒဖြန့်အစီအစဉ် ၂၏ အဖွဲ့ဝင်ဖြစ်ခြင်းနှင့်ပက်သက်၍ မှားယွင်းသော သက်သေထွက်ဆိုချက်။[ပြင်ဆင်ရန်] ၁၉၈၁ တွင် ကွန်မြူနစ်ဝါဒ ဆန့်ကျင်ရန် အီတလီ နိုင်ငံရေးစနစ်အား ပို၍အာဏာရှင်ဆန်သော အုပ်ချူပ်မှုစနစ် အဖြစ်သို့ပြောင်းမည် ဟု ရည်ရွယ်ထားသည့် Licio Gelli ၏ ဖရီးမေဆင် ဝါဒဖြန့်အစီအစဉ် ၂ ( P2 )ကို ရဲ မှ တွေ့ရှိသွားပြီးနောက် နိုင်ငံရေး ကောလဟာလ တစ်ခုအနေနှင့် ထွက်ပေါ်လာခဲ့တော့သည်။ P2 ရှိစာရင်းတွင် ပါဝင်နေသူများမှာ လျှို့ဝှက်အဖွဲ့အစည်းများ၏ အဖွဲ့ဝင်များနှင့် နိုင်ငံရေး၊ စီးပွားရေး၊ စစ်တပ် နှင့် မီဒီယာ လောကများမှ ထင်ရှားကြော်ကြားသောသူအချို့ ပါဝင်သည်။ ဆယ်လ်ဗီယို ဘာလူစကိုနီ သည် Canale 5" TV ရုပ်သံလိုင်းကို တည်ထောင်ထားသူ အနေနှင့် ကြော်ကြားမှုကို စတင်ရရှိနေပြီ ဖြစ်ရာ P2 စာရင်းတွင် အဖွဲ့ဝင် အနေနှင့် ထည့်သွင်းခံရသည်။ ၁၉၈၁ ဒီဇင်ဘာလတွင် P2 ဝါဒဖြန့်အစီအစဉ် ကိစ္စကို ပါလီမန်တွင် ဖြေရှင်းခဲ့ကြပြီး၊ အလားတူ အဖွဲ့အစည်းများအား တရားမဝင် အဖွဲ့အစည်းများ အဖြစ်ကြေငြာခဲ့သည်။ သို့သော် စာရင်းတွင် ပါဝင်နေသော သူ တစ်ယောက်ချင်းစီကို ပြစ်မှုကျူးလွန်ကြောင်း တိတိကျကျ တရားစွဲဆိုခဲ့ခြင်းတော့ မရှိခဲ့ပေ။ အီတလီ ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် လျှို့ဝှက်အဖွဲ့အစည်းများအား တားမြစ်ပိတ်ပင်ထားခဲ့သည်မှာ ၁၉၄၈ ခုနှစ်ကတည်းက ဖြစ်သည်။ မည်သည့် ပြစ်မှုဆိုင်ရာဥပဒေ မျိုးမှ ထိုဥပဒေကို ပြဌာန်းနိုင်ရန် ပါလီမန် တွင် ဘယ်တုန်းကမှ ဖြတ်ကျော်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ထို့ပြင် အီတလီ တရားရေးစနစ်တွင် လုပ်ဆောင်မှုတစ်ခုသည် ကျူးလွန်စဉ်အချိန်တွင် အတင်းအကျပ် စေခိုင်းခြင်းရှိသည်ဟု ဥပဒေအကြောင်းအရ ကြေငြာခြင်း မရှိသ၍ ရာဇဝတ်မှု မမြောက်ပေ။ ထို့ကြောင့် P2 စာရင်းရှိ လူများသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေအားဆန့်ကျင်လျက်ရှိသော်လည်း၊ တရားမဝင် အဖွဲ့အစည်း တစ်ခုလည်း မဟုတ်ပဲ ရှိနေခဲ့သည်။ ဘာလူစကိုနီ သည် နောက်ပိုင်းတွင် (၁၉၈၉ တွင်) ဂျာနယ်လစ် သုံးယောက်အား ၎င်းသည် ငွေရေးကြေးရေး ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သည်ဟု အရိပ်အမြွတ်ဖော်ပြ ရေးသားထားသော ဆောင်းပါးများအား ခွင့်ပြု ထုတ်ဝေစေ ခဲ့ခြင်းအတွက် တရားစွဲဆိုခဲ့သည်။ တရားရုံးတွင် P2 အဖွဲ့ဝင် အဖြစ် ဝင်ထားပြီးဖြစ်ကြောင်း “ကောလဟာလ မထွက်လာသေးခင် အချိန်တိုကလေးမှာပဲ ဝင်လိုက်တာ” နောက်ပြီး “အဲ့ဒါ အတွက် ဝင်ကြေးလည်း လုံးဝ မပေးခဲ့ရပါဘူး” လို့ ကြေငြာခဲ့သည်။ ပါလီမန်၏ စုံစမ်းစစ်ဆေးရေး ကော်မတီ မှ P2 အဖွဲ့အစည်း၏ လုပ်ဆောင်ချက်များကို စုံစမ်းထောက်လှမ်းခဲ့ပြီး ပစ်စည်းသက်သေများနှင့်တကွ ဖော်ထုတ်လိုက်နိုင်ပြီးချိန်တွင် ယင်းကြေငြာချက်နှင့်သာမက ယခင် ဘာလူစကိုနီ ၏ သက်သေထွက်ဆိုချက်နှင့် ပါ ကွဲလွဲချက်များ ပေါ်ပေါက် လာခဲ့တော့သည်။ အမှန်တကယ်မှာ သူသည် P2 အဖွဲ့၏ အဖွဲ့ဝင်အဖြစ် ၁၉၇၈ ခုနှစ် ကတည်းက ရှိနေခဲ့ပြီး၊ ဝင်ကြေးအဖြစ် ၁၀ဝ ဝ၀ဝ အီတလီ လီရာ (ယနေ့ ပေါက်ဈေး ယူရို ၃၀ဝ ခန့်) ကို ပေးခဲ့ရကြောင်း ကို သက်သေ ပြနိုင်ခဲ့သည်။ ၁၉၉ဝ တွင် Venice အမည်ရှိ တရားရုံး ( အဆင့်နိမ့် တရားရုံး များမှ ကြားနာချက် နှင့် စီရင်ချက်များကို ပြန်လည် ကြားနာ စစ်ဆေးသော တရားရုံးတစ်ခု) မှ ဘာလူစကိုနီ သည် Verona တရားရုံးတွင် မှားယွင်းစွာ သက်သေထွက်ဆိုခဲ့သည့် အတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့သည်။ သို့သော် ထိုတရားရုံးမှ တွေ့ရှိသော ပြစ်မှု သည် ၁၉၈၉ ခုနှစ်က စီရင်ချက်ကျပြီးသော လွတ်ငြိမ်းချမ်းသာခွင့် အရ လွတ်ငြိမ်းချမ်းသာခွင့် ပေးရမည်ဖြစ်ရာ ပြစ်ဒဏ်စီရင်ချက် မချနိုင်ခဲ့ပေ။ အချို့သော နိုင်ငံရေး ကောက်ချက်ချသူများမှ ထင်မြင်ချက်ပေးကြသည်မှာ ဘာလူစကိုနီ ၏ ရွေးကောက်ပွဲဝင်ဖို့ အစီအစဉ်သည် P2 အဖွဲ့သို့ဝင်ပြီးမှ ဆွဲခြင်း ဖြစ်မည် ဟူ၍ ဖြစ်သည်။ "Jowellgate"/David Mills လာဘ်ပေးလာဘ်ယူ အမှု “[ပြင်ဆင်ရန်] မှုရင်းဆောင်းပါး။ ။ Tessa Jowell ၏ ငွေရေးကြေးရေး ဆိုင်ရာ စွပ်စွဲချက်များ ဗြိတိန်အစိုးရ၏ ဝန်ကြီး Tessa Jowell ၏ အမျိုးသားဖြစ်သူ ရှေ့နေ David Mills သည် ၁၉၉ဝ အစောပိုင်း ကာလများတွင် ဘာလူစကိုနီ အတွက် ရှေ့နေလုပ်ပေးခဲ့သည်။ နောက်ပိုင်းတွင် သူသည် တရားမဝင်ငွေကြေးများအား တရားဝင် ပြောင်းလဲခြင်း နှင့် မျက်မြင်သက်သေ ထွက်ဆိုချက်ကို ဘာလူစကိုနီ ထံမှ လက်ဆောင်ယူ၍ ပြုလုပ်ပေးခဲ့ခြင်း တို့အတွက် အီတာလျံ စွပ်စွဲချက်တင်သူများ ၏ စွပ်စွဲပြောဆိုခြင်းကို ခံခဲ့ရသည်။ Mills က ပြောခဲ့သည်မှာ ဘယ်ကလာမှန်း မသိတဲ့ ငွေတွေဟာ ဘာလူစကိုနီ ဆီက မဟုတ်ပေမဲ့ အခြားတစ်ယောက်ဆီက ဖြစ်နေတယ် ဟူ၍ဖြစ်သည်။ Tessa Jowell သည် Mills နှင့် ကွာရှင်းပြီးဖြစ်ကြောင်း ကြေငြာခဲ့သည်။ UK မီဒီယာအချိူ့က ခန့်မှန်းကြသည်မှာ ကောလဟာလ တွေထွက်ဖို့ အလားအလာ ရှိနေလို့ ခပ်ခွာခွာ နေဖို့ ကြိူးစားတာ ဖြစ်မယ် ဟူ၍ ဖြစ်သည်။ ငွေကြေးကိစ္စနှင့်ပက်သက်၍ သူမ၏ အမျိုးသားဖြစ်သူနှင့် ဆွေးနွေးခဲ့ခြင်းမရှိ ဟု ငြင်းဆိုခဲ့သည်။ Private Eye မဂ္ဂဇင်း၏ သရော်စာ ကဏ္ဍ တွင် Jowell ၏ စကားကို ဖော်ပြထားသည်မှာ “ကျွန်မ ယောက်ျား ကို တခါမှ မတွေ့ဖူးသေးဘူး” ဟူ၍ ဖြစ်သည် ။ ၂၀၁ဝ ဒီဇင်ဘာ ဝီကီ လိခ် ( လျှို့ဝှက်သတင်းများအား စုစည်းတင်ပြသည့် စွယ်စုံကျမ်း ) တွင် မစ်စတာ ဘာလူစကိုနီ သည် မစ်စ Jowell အား တဖြည်းဖြည်းနှင့် ကြိုက်နှစ်သက်လာခဲ့ပြီး ပုဂ္ဂလိက ကုမ္ပဏီ 'piccolo puntaspilli' ( ဆူးမွေ့ရာ ဟု အဓိပ္ပါယ် ရသော ) ကို လွှဲပြောင်းပေးခဲ့သည် ဟု ထုတ်ဖော်ထားသည်။ ၂၀၀၉ ဖေဖော်ဝါရီ ၁ရ ရက်နေ့တွင် Mills သည် Silvio ဘာလူစကိုနီ ဆီမှ လာဘ်စားငွေ စတာလင် ပေါင် ၄၀ဝ ဝ၀ဝ ခန့်ကို လက်ခံထား၍ အပြစ်ရှိကြောင်း တွေ့ရှိပြီး ထောင်ဒဏ် လေးနှစ် ခွဲ ကျခံရန် စီရင်ချက် ချခဲ့သည်။ Cassation တရားရုံးချူပ်မှ တည်ဆဲ ဥပဒေများ ၏သက်တမ်းကုန်ဆုံးချိန် ဖြစ်၍ Mills သည် ပြစ်မှုကျူးလွန်ခဲ့သည် မှန်သော်လည်း အပြစ်ဒဏ်ကျခံ စရာ မလိုတော့ကြောင်း စီရင်ချက်ချ အပြီး ၂၀၁ဝ ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် အယူခံဝင်ခြင်း လည်း ပြီးဆုံးခဲ့သည်။ အငြင်းပွားစရာ ကိစ္စရပ်များ[ပြင်ဆင်ရန်] ပုဂ္ဂိုလ်ရေးလွှမ်းမိုးမှုပါဝင်သော ဆုံးဖြတ်ချက်များ[ပြင်ဆင်ရန်] ဂျာနယ်လစ်နှစ်ယောက်ဖြစ်သော Marco Travaglio နှင့် Enzo Biagi တို့၏ အဆိုအရ ဘာလူစကိုနီ သည် သူ၏ ကုမ္ပဏီများ ဒေဝါလီခံရခြင်းမှ ကင်းလွတ်နိုင်ရန်နှင့် သူ၏ ပြစ်ဒဏ်များမှ ကင်းလွတ်စေရန် နိုင်ငံရေးလောကထဲသို့ ဝင်ခဲ့ခြင်း ဖြစ်သည် ဟု ဆိုသည်။ ဟိုးအရင် အစပိုင်းတွင် သူနှင့်အတူတွဲဖက်လုပ်ကိုင်သူများအား ထိုအကြောင်းကို ရှင်းရှင်းလင်းလင်း ပြောပြခဲ့သည်။ ဘာလူစကိုနီ အား ထောက်ခံအားပေးသူများက သူ့ကို “အသစ်ဖန်တီးသူ” ဟု ဂုဏ်ပြုခေါ်ဝေါ် ကြသည်။ အစိုးရ အုပ်ချူပ်ရေးယန်တရား အတွင်းသို့ စွမ်းဆောင်ရည် အသစ်များအား ထည့်သွင်းခဲ့ပြီး နိုင်ငံတော်ကို အထက်မှ အောက်သို့ ပြောင်းလဲပုံသွင်းပေးခဲ့သည့် အုပ်ချူပ်ရေး အပြင်ဘက်က လူ ဟူ၍ ရည်ညွှန်းသည်။ ယင်းကိစ္စရပ်များအား စုံစမ်းထောက်လှမ်းဖော်ထုတ်ရာတွင် ဂျာနယ်လစ် သုံးယောက်သည် အောက်ပါ အချက်များအား ထည့်သွင်း ဖော်ပြခဲ့ကြသည်။ - Mediobanca ရင်းနှီးမြုပ်နှံမှု ဘဏ်မှ နှစ်စဉ် အစီရင်ခံစာတွင် အီတလီ၏ အကြီးဆုံး ကုမ္ပဏီ ဆယ်ခု အကြောင်း ကိုဖော်ပြရာတွင် : ၁၉၉၂ ခုနှစ်၌ ဘာလူစကိုနီ ၏ Fininvest မီဒီယာနှင့် ငွေကြေးဆိုင်ရာ လုပ်ငန်း သည် အီတလီ လီရာ ၇၁၄ဝ ဘီလျံ ခန့် ငွေသား၊ အီတလီ လီရာ ၈၁၉၃ ဘီလျံတန်ဖိုးရှိ အခြားအရင်းအနှီးများ (ငွေပေါ်လွယ်မှု ၃၅%ရှိ) နှင့် အမြတ်ငွေ အီတလီ လီရာ ၁၀၅၃ ဘီလျံ တို့ အကြွေးတင်နေကြောင်း ဖော်ပြခဲ့သည်။ လုပ်ငန်းကျွန်းကျင်မှု နှင့် အကြွေး အချိုးသည် ဒေဝါလီခံခြင်းကို ကန့်သတ်ရာတွင် ကိုယ်စားပြုသော ဥပဒေ အချက်တစ်ချက် ဖြစ်သည်။ [တရားဝင်ဖော်ပြချက် ဖြစ်ရန်လိုသေး ] - ၁၉၉၂ နှင့် ၁၉၉၃ ခုနှစ် အကြားတွင် Fininvest သည် Milan, Turin နှင့် Rome မြို့တော်တို့မှ စွပ်စွဲအပြစ်ရှာသူများ ၏ စုံစမ်းထောက်လှမ်းခြင်းကို အကြိမ်ကြိမ် ခံခဲ့ရသည်။ ထောက်လှမ်းမှုများမှာ လာဘ်စားမှုများ ( နိုင်ငံရေးပါတီများနှင့် အစိုးရ အရာရှိများသို့ စာချူပ်များချုပ်ဆိုနိုင်ရန် ရည်ရွယ်၍ ပေးခဲ့ခြင်းများ)၊ Publitalia မှ ပြုလုပ်သော ပြေစာ အတုများ၊ နိုင်ငံရေးညီလာခံများ၏ ငွေကြေးကုန်ကျမှုများ နှင့် ရုပ်သံလွှင့် လိုင်းများ၏ လှိုင်းကြိမ်နှုန်းများအား အလွဲသုံးစားပြုခြင်း တို့နှင့် ပက်သက်ခဲ့သည်။ - အခြားတဖက်တွင်လည်း Bruno Vespa သည် ၁၉၉၄ ဇန်နဝါရီ လ တွင် Silvio ဘာလူစကိုနီ နှင့်ပက်သက်၍ မည်သည့် တရားစွဲဆိုမှုမှ မရှိကြောင်း ကို သိရှိခဲ့သည်။ ဘဏ်ဍာရေး ဝန်ကြီးဌာနရှိ ဝန်ထမ်းနှစ်ယောက်အား Fininvest မှ မန်နေဂျာ တစ်ယောက်၏ အခင်းဖြစ်ရပ် အငယ်စားတစ်ခုတွင် လာဘ်စားခဲ့သည့် အတွက် တရားစွဲဆိုခံခဲ့ရသည်။ နောက်ပိုင်းတွင် ယင်းစွပ်စွဲမှုမှာ မခိုင်လုံပဲ ပြီးဆုံးသွားသည်။ ထိုစဉ်က Fininvest နှင့်တွဲ၍ အလုပ်လုပ်နေသူ Aldo Brancher သည် "Feste dell'Unità" နှင့် "L'Avanti!" တို့၌ ငွေကြေးများ ထောက်ပံ့ခဲ့မှုနှင့် တရားစွဲဆိုခံရသည်။ ၂၀၀၄ ခုနှစ်ရောက်မှသာ သူသည် လုံးဝ အပြစ်မရှိကြောင်း ကြေငြာခံခဲ့ရသည်။ Cavaliere နိုင်ငံရေးလောကထဲ ဝင်ပြီးသည်နှင့် Paolo ဘာလူစကိုနီ [ဆယ်လ်ဗီယို ဘာလူစကိုနီ ၏ အစ်ကို ဖြစ်သူ] က ဘာလူစကိုနီ အစား အဖမ်းခံခဲ့ရသည်။ နိုင်ငံရေးလောကထဲဝင်ဖို့ ဆုံးဖြတ်ပြီးသည်နှင့် ဘာလူစကိုနီ သည် နှစ် နှစ် ခန့်အတွင်း တွင် မမျှော်လင့်ဘဲ သေဆုံးခဲ့သော အမှုပေါင်း ၄ဝ ၏ အကြောင်းအရင်းများအတွက် စုံစမ်းထောက်လှမ်းခြင်းခံခဲ့ရသည်။ ပုဂ္ဂိုလ်ရေးလွှမ်းမိုးမှုများနှင့်ဆုံးဖြတ်သော အုပ်ချူပ်မှုများ[ပြင်ဆင်ရန်] ဘာလူစကိုနီ သည် တနိုင်ငံလုံးစာ ရုပ်သံ လိုင်းပေါင်း ခုနှစ် လိုင်းရှိသည့် အနက် သုံး လိုင်းကို ပိုင်ဆိုင်သည်။ (Canale 5, Italia 1, နှင့် Rete 4)။ ဘာလူစကိုနီ ၏ ကိုယ်ပိုင် စီးပွားရေး အင်ပါယာနှင့် နိုင်ငံရေး လောက အကြားရှိ အငြင်းပွားဖွယ် ကိစ္စရပ်များအား ပိုမို နားလည် နိုင်ရန် အီတလီ၏ နိုင်ငံပိုင်ရုပ်သံလိုင်းများအား အစိုးရယန်တရားမှ မည်သို့မည်ပုံ ချုပ်ကိုင်ထားသည်ကို အနည်းငယ် ကြည့်ရှုလေ့လာရန် ကျိန်းသေလိုအပ်သည်။ ဥပဒေအရ လွှတ်တော် နှစ်ရပ်မှ ပြောရေးဆိုခွင့်ရှိသူ နှစ်ဦးက RAI ( နိုင်ငံပိုင် ရုပ်သံလွှင့်ဌာန ) ၏ အကြီးအကဲသမ်မတ နှင့် အဖွဲ့ဝင် ဒါရိုက်တာ များကို ခန့်အပ်ရသည်။ လက်တွေ့တွင် ရာထူးများချထားခြင်းနှင့် ပက်သက်သည့် ဆုံးဖြတ်ချက်မှာ နိုင်ငံရေးအရ ပင်ဖြစ်သည်။ ယေဘုယျအားဖြင့် အချို့သော အတိုက်အခံ ကိုယ်စားလှယ်များက ဒါရိုက်တာများ ဖြစ်လာကြပြီး၊ ထိပ်ပိုင်းရှိစီမံခန့်ခွဲရေး ရာထူးများမှာမူ အစိုးရမှ သနားစာနာခြင်းခံရသူများ အတွက် ဖြစ်သည်။ ဒါရိုက်တာနှစ်ယောက် နှင့် ဥက်ကဌကို ပါလီမန်မှ အများစု၏ သဘောအတိုင်း မဲခွဲ ဆုံးဖြတ်ရမည် မှာ ပုံမှန်ဖြစ်ပြီး၊ ယင်းဒါရိုက်တာ နှစ်ယောက်မှာ အတိုက်အခံ များဘက်မှ ဖြစ်သည်။ ပါလီမန် ကွပ်ကဲကြီးကြပ်ရေး ကော်မရှင် ဟူ၍လည်း ရှိပြီး၊ ယင်း ကော်မရှင် ဥက်ကဌမှာ အစဉ်အလာအရ အတိုက်အခံ ဘက်မှပင်ဖြစ်သည်။ Mr. Baldassarre ၏ RAI အကြီးအကဲသမ်မတ သက်တမ်းတွင် အတိုက်အခံ မှ ဒါရိုက်တာ နှစ်ယောက် နှင့် Union of Christian and Centre Democrats ပါတီ နှင့် နီးစပ်သူ တစ်ဦး တို့ သည် ဆင်ဆာဖြတ်တောက်မှု ကိစ္စများနှင့် အဓိက ပက်သက်၍ ဌာနတွင်း သဘောမတူညီမှုများ ကို ချန်ထားရစ်ခဲ့သည်။ RAI သည် “နှစ်ဦးအသင်း(two-man team)” (ဒုတိယ ကမ္ဘာ့စစ်အပြီးတွင် ပစိဖိတ်သမုဒ်ဒရာတွင် တိုက်ခိုက်ရင်း ကျန်နေခဲ့သော ဂျပန် စစ်သား များမှ ဖြစ်ပေါ်လာသော ဂျပန် အတိုက်အခံများ မှ လှောင်ပြောင်၍ ပေးထားသော နာမည်ပြောင် )အနေနှင့် ဆက်လက် ချီတက်ခဲ့သည်။ အီတလီ၏ ဝန်ကြီးချူပ်ဟောင်း ဗဟို-လက်ဝဲယိမ်း ပါတီ မှ Romano Prodiက အီတလီ၏ ၁၉၉၆ မှ ၂၀၀၁ ခုနှစ်အထိ ဥပဒေပြုရေးကိစ္စရပ်တစ်ခုလုံးအား အုပ်ချုပ်စီမံ ပေးခဲ့သော်လည်း အလားအလာရှိနေသော မီဒီယာလောကရှိ ပိုင်ဆိုင်မှုများ နှင့် နိုင်ငံရေးတွင် နေရာရမှု တို့အကြားတွင် ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှု လွှမ်းမိုးသော ဆုံးဖြတ်ချက်ချခြင်း ကိစ္စရပ်များ ကို ထိန်းချူပ်နိုင်မည့် ဥပဒေတစ်ရပ် တင်သွင်းရာတွင် မအောင်မြင်ခြင်း အတွက် မကြာခဏ အပြစ်တင်ဝေဖန်ခံရသည်။ ၂၀၀၂ ခုနှစ်တွင် ထင်ရှားသော လက်ဝဲ သမားတစ်ယောက်ဖြစ်သည့် Luciano Violante က ပါလီမန် မိန့်ခွန်းတွင် : “….လေးစားရပါသော Anedda ခင်ဗျား၊ လေးစားရတဲ့ ပုဂ္ဂိုလ် ဖြစ်တဲ့ ဘာလူစကိုနီ ကို မေးစေချင်ပါတယ် ဘာလို့ဆိုတော့ ၁၉၉၄ မှာ အစိုးရ ပြောင်းတော့ သူဟာ ရုပ်မြင်သံကြား ဌာနများကို မထိပါဘူးလို့ အပြည့်အဝ အာမခံထားခဲ့ပါတယ်။ ဒါကို သူသိသလို လေးစားရပါသော Letta လဲ သိပါတယ်…..” Inciucio26 စာအုပ် ကိုရေးသားသည့် စာရေးဆရာများ က ယင်းဝါကျကို ၁၉၉၄ တွင် လက်ဝဲများ အနေနှင့် ဘာလူစကိုနီ ကိစ္စအား ကိုင်တွယ်ရန် ပြုလုပ်ခဲ့သော အတွေးအခေါ် တစ်ခုရှိခဲ့ကြောင်းကိုပြသည့် သက်သေ တစ်ခုအနေနှင့် ကိုးကားကြသည်။ ယင်းတွင် ဥပဒေတစ်ရပ်အား အီတလီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးတွင် လက်မခံရန် ကတိတစ်ခု ပါရှိသည်။ ထိုဥပဒေမှာ လူအများ၏ သဘောထားကိုထင်ဟပ်သော၊ အတွေးအခေါ်များအပြိုင်အဆိုင်ဖြစ်သော အစီအစဉ်များ ဆက်လက်ထုတ်လွှင့်စေရန် ဘာလူစကိုနီ ၏ ရုပ်သံလိုင်း ၃ လိုင်းအနက် တစ်ခုကို စွန့်လွှတ်စေရန် ပြုလုပ်ထားသော ဥပဒေ ဖြစ်သည်။ စာရေးသူများ၏ အဆိုအရ ၎င်းဝါကျသည်ပင် လက်ဝဲသမားများ အနေနှင့် ၁၉၉၆ ရွေးကောက်ပွဲများတွင် အနိုင်ရပါလျက် ဤကဲ့သို့သော မီဒီယာလောရှိပိုင်ဆိုင်မှု နှင့် နိုင်ငံရေးလောက အကြား ဖြစ်ပေါ်လျက်ရှိသော “ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှု လွှမ်းမိုးသော ဆုံးဖြတ်ချက်ချခြင်း” ကိစ္စရပ်များအားဖြေရှင်းနိုင်မည့် ဥပဒေကို အတည်ပြုနိုင်ခြင်း မရှိ ရသည့် အကြောင်းရင်းကို ဖော်ပြထားခြင်း ဖြစ်ပေလိမ့်မည်။ ဘာလူစကိုနီ ၏ အငြင်းပွားဖွယ်ရာ “ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှု လွှမ်းမိုးသော ဆုံးဖြတ်ချက်ချခြင်း” ကိစ္စရပ်များသည် များသောအားဖြင့် ၎င်း၏ မီဒီယာအပေါ်မှာ ချယ်လှယ်နိုင်ခြင်းနှင့် နိုင်ငံရေး အပေးအယူကိစ္စရပ်များတွင် လွှမ်းမိုးနိုင်ခြင်း တို့၌ ဦီးတည်သည်။ သူရရှိနေသော ငွေကြေးများ နှင့်ပက်သက်၍လည်း အငြင်းပွားစရာ ပင်ဖြစ်သည်။ နိုင်ငံပိုင်ရုပ်သံလွှင့်ဌာန RAI ကို လွှတ်တော်နှစ်ရပ် ရှိ (Chamber of Deputies and the Senate) [ နှစ်ခုစလုံး ဘာလူစကိုနီ နှင့် ပူးပေါင်းထားပြီး ] သမ်မတများက ခန့်အပ်သော နှစ်ဦး အဖွဲ့ (two-man team) နှင့် ဆက်လက် ထုတ်လွှင့်နေခဲ့သောအခါ နိုင်ငံပိုင် ရုပ်သံလွှင့်မီဒီယာအနေနှင့် ကြည့်ရှုသူများ များပြားလာခဲ့သော်လည်း ပုဂ္ဂိုလ်ရေးအရ ကြိုက်နှစ်သက်မှုတွင် အားသာနေသော ပြိုင်ဘက် ဘာလူစကိုနီ မိသားစု၏ Mediaset အုပ်စုကြောင့် ကြော်ငြာအခွန်အခများစွာ ဆုံးရှုံးနစ်နာနေခဲ့သည်။ [ အကိုးအကား လို ] ဘာလူစကိုနီ ၏ အုပ်ချူပ်စီမံမှုများ သည် အခွန်ငွေ လိမ်လည်မှု နှင့်ပက်သက်သော ဥပဒေများကို သက်တမ်း လျှော့ချသော ဥပဒေတင်သွင်းမှုများကို အတည်ပြုခဲ့သည်။ ဘာလူစကိုနီ က ဝေဖန်သူများကို အခွန်ငွေနဲ့ပက်သက်လို့ သူဟာ အကျိုးတစုံတရာ ယူမှာမဟုတ်ပါဘူးလို့ ပြောပြီး တုန့်ပြန်ခဲ့ပေမယ့် နောက်ပိုင်းတွင် ယင်းကို သူ ကျူးလွန်ခဲ့သည် [ အကိုးအကားလို ] ။ 2006 ခုနှစ်တွင် Romano Prodi က ဒီဥပဒေတွေဟာ ဘာလူစကိုနီ ရဲ့ပြဿနာတွေကို ဖြေရှင်းဖို့ နဲ့ သူ့ရဲ့ အကျိုးတူလုပ်ငန်းရှင်တွေကို ကာကွယ်ပေးဖို့အတွက် လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ရေးလွှမ်းမိုးမှုပါတဲ့ ဥပဒေတွေ ပဲ လို့ တိုက်ခိုက်ပြောဆိုခဲ့သည်။ Bettino Craxi နှင့် အပေါင်းအသင်းဖြစ်ခြင်း[ပြင်ဆင်ရန်] ဘာလူစကိုနီ ၏ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်ဘဝ တလျှောက်တွင် မလိုမုန်းထားသူများမှ မကြာခဏ မေးခွန်းထုတ်ခံခဲ့ရသည်။ ထိုစွပ်စွဲပြောဆိုမေးမြန်းချက်များသည် များသောအားဖြင့် ၎င်း၏ ဆောက်လုပ်ရေးလုပ်ငန်း စီးပွားရေးလုပ်ငန်းရှင်ဘဝ ဖြစ်သော ၁၉၆၁ မှ ၁၉၆၃ ခုနှစ်အတွင်းတွင် အလွန်လျှင်မြန်လှသည့် စီးပွားရေး အရ ဖွံ့ဖြိုးတိုးတက်လာမှု ကို သံသယဖြစ်ကြခြင်း ပေါ် အခြေခံကြသည်။ ယင်းကာလအတွင်းတွင် သူ့အနေနှင့် မည်သူမှ မသိနိုင်သော၊ တရားဝင်မဟုတ်ခြင်းလည်း ဖြစ်နိုင်သေးသော နေရာများမှ ငွေကြေးအထောက်အပံ့ များကို ရရှိခဲ့ခြင်း ဖြစ်နိုင်သည် ဟူ၍ အရိတ်အမြွတ်သဘော ပြောဆိုစွပ်စွဲကြလေသည်။ ဘာလူစကိုနီ နှင့် အပေါင်းအသင်းများကတော့ ယင်း စွပ်စွဲ သတ်မှတ်ချက်များနှင့်ပက်သက်၍ ဘာလူစကိုနီ အနေနှင့် ခက်ခက်ခဲခဲ ကိုယ်တိုင်တည်ဆောက် ခဲ့ရသော ဂုဏ်သတင်း ကို ဖျက်ဆီးရန် ကြိုးစားသည့် ပုဂ္ဂိုလ်ရေးတိုက်ခိုက်သည့် စကားရပ်များ အနေနှင့်သာ သတ်မှတ်ခဲ့သည်။ ၎င်း၏ ပြိုင်ဘက်များမှ မကြာခဏ ထောက်ပြစွပ်စွဲသော ကိစ္စများမှာ ၁၉၈ဝ ခုနှစ် ပတ်ဝန်းကျင်က ကိစ္စရပ်များနှင့် ပက်သက်၍ ဖြစ်သည်။ ဘာလူစကိုနီ နှင့် အီတလီ ဆိုရှယ်လစ်ပါတီ ခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း Bettino Craxi တို့ အကြားရှိ နည်းအမျိုးမျိုးဖြင့် လာဘ်စားခဲ့သည့်ငွေများအား “မျက်နှာသာ ရရန် အလဲအလှယ် လုပ်ခြင်းများ” ဟု နာမည်တပ် ပြောဆိုခဲ့သည့် ကိစ္စလည်း ပါဝင်သည်။ Milan မြို့တော် တရားရေး ကိုင်တွယ်သူများ ကတော့ Mr. Craxi အား အပြစ်မရှိကြောင်း အခိုင်အမာ စီရင်ချက်ချနိုင်ခဲ့ပြီး၊ စုံစမ်းစစ်ဆေးမှုများအရ လုပ်ငန်းရှင်များ သည် နိုင်ငံရေးပါတီနှင့် တစ်သီးပုဂ်ဂလ နိုင်ငံရေးသမားများအား ၎င်းတို့၏ အီတလီရှိ ကုမ္ပဏီများ အတွက်ရော အစိုးရကိုယ်တိုင် အတွက်ပါ အဆင်ပြေ ချောမွေ့စွာ ပူးပေါင်း လုပ်ကိုင်နိုင်ရန် အတွက် ဒေါ်လာ သန်း ပေါင်း ရာနှင့်ချီပေး၍ အလဲအလှယ် လုပ်ခဲ့ကြကြောင်း ပြောဆိုခဲ့ကြသည်။ ဘာလူစကိုနီ သည် Craxi နှင့် ပုဂ္ဂိုလ်ရေးအရ ခင်မင်ခွင့် ရရှိခဲ့သည်ကို ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သည်။ ဥပဒေပြုရေးဆိုင်ရာ ပြောင်းလဲမှုများ[ပြင်ဆင်ရန်] အချို့သောကိစ္စရပ်များတွင် အီတလီ အတိုက်အခံပါတီ အတွင်းနိုင်ငံရေး လှုပ်ခတ်မှုများ ကိုအကြီးအကျယ် ဖြစ်ပေါ်စေခဲ့သည်။ ဘာလူစကိုနီ လက်ထပ်က အတည်ပြုခဲ့သော ဥပဒေများသည် ၎င်းအား အမှုစီရင်ရာတွင် အကြီးအကျယ် နှောင့်နှေးကြန့်ကြာနေစေခဲ့သည်။ ၎င်းနှင့် သက်ဆိုင်သော ဥပမာများအနေဖြင့် ငွေကြေးစာရင်းကိုင်အမှားများနှင့်ပက်သက်သည့် အမှုများအားလုံးတွင် အပြစ်ဒဏ်လျှော့ပေါ့ထားသည့် ဥပဒေ၊ နှင့် သံသယဖြစ်ဖွယ် တရားဝင်မှုသတ်မှတ်ချက် ဥပဒေ တို့ ၌ ဖြစ်သည်။ ထို ဥပဒေများတွင် တရားပြိုင်များအနေနှင့် ၎င်းတို့၏ အမှုများကို ဒေသဆိုင်ရာ တရားသူကြီးများမှ ဘက်လိုက်သည်ဟု ယုံကြည်ပါက တခြားသော တရားရုံးသို့ ပြောင်းရွှေ့ ရန် တောင်းဆိုပိုင်ခွင့် ပြုထားသည်။ ဤကဲ့သို့သော ဥပဒေပြုရေးဆိုင်ရာ လုပ်ဆောင်ချက်များကြောင့် နိုင်ငံရေးပြိုင်ဘက်များက ဘာလူစကိုနီ ကို ပြစ်ဒဏ်များမှ မိမိကိုယ်ကို ကာကွယ်နိုင်ရန် တမင်ကြံစည်၍ ဥပဒေများအတည်ပြုပြဌာန်းခဲ့ခြင်း ဖြစ်သည်ဟု စွပ်စွဲကြခြင်း ဖြစ်သည်။ La Repubblica သတင်းစာ မှ ပြုလုပ်သော စုံစမ်းချက်များအရ ဘာလူစကိုနီ သည် သူ့အတွက် အကျိုးရှိမည့် အမျိုးမတူသော ဥပဒေပေါင်း ၁ရ ခု ကို အတည်ပြုပြဌာန်းခဲ့သည် ဟု ဆိုသည်။ တဖက်တွင် ဘာလူစကိုနီ နှင့် သူ၏ မဟာမိတ်ပါတီများကမူ ယင်းဥပဒေ များသည် မြန်ဆန်ပြီး မှန်ကန်တဲ့ တရားစီရင်မှုကို ရရှိစေပြီး အပြစ်ရှိသည်ဟု မသေချာသေးသ၍ အပြစ်မဲ့သူ ဟု သတ်မှတ်ထားရမည် ဆိုသည့် မူ (garantismo) နှင့် လည်း ညီသည် ဟုဆိုသည်။ ထို့အပြင် သူတို့က ထောက်ပြပြောဆိုကြသည်မှာ ဘာလူစကိုနီ သည် ရှိပြီးသားဥပဒေတွေကို နိုင်ငံရေးအရ လိုသလိုပြောင်းနေတဲ့သူတစ်ယောက် ဖြစ်ပြီးတော့ အချို့သော တရားသူကြီးတွေက (လက်ဝဲအုပ်စုဟုစွပ်စွဲခဲ့) သူ့ကို ဆိုင်ဝိုင်းတီးပေး နေကြတယ် ဟူ၍ ဖြစ်သည်။ ထိုအကြောင်းများကြောင့် ဘာလူစကိုနီ နှင့် သူ၏ အစိုးရအဖွဲ့သည် အီတလီ၏ တရားစီရင်ရေး အဖွဲ့နှင့် စကားများငြင်းခုံခြင်းများ တောက်လျှောက်ဖြစ်ပွားခဲ့ကြသည်။ ထိုငြင်းခုံမှုများသည် ၂၀၀၃ ခုနှစ်၌ ဘာလူစကိုနီ မှ နိုင်ငံခြား ဂျာနယ်လစ် တစ်ယောက်အား တရားသူကြီးတွေဟာ “စိတ်ပိုင်းဆိုင်ရာ နည်းနည်းမှားယွင်းနေကြတယ်လေ” ပြီးတော့ “သတ်တဗေဒရှုထောင့်က ကြည့်ရင် ကျန်တဲ့လူ အမျိုးအနွယ်တွေနဲ့ ကွဲပြားနေကြတယ်” ဟု မှတ်ချက်ပေး ပြောဆိုအပြီးတွင် အမြင့်ဆုံးသို့ ရောက်ရှိသွားတော့သည်။ နောက်ပိုင်းတွင် ဘာလူစကိုနီ က သူဆိုလိုသည်မှာ ဟာသဆန်တဲ့ တရားသူကြီး အချို့ကိုသာ အတိအကျ ပြောချင်တာဖြစ်ကြောင်း ပြန်လည် ပြောဆိုခဲ့သည်။ ပိုဆိုးသည်မှာ လက်ရှိ တရားသူကြီးများ၊ ရာဇဝတ်တရားသူကြီးများ အနေနှင့် စီရင်ဆုံးဖြတ်ရာတွင် အဆင်ပြေနေပြီးဖြစ်သော ပြောင်းလွယ်ပြင်လွယ်ရှိသည့် တရားစီရင်ရေး ဥပဒေများကို ဘာလူစကိုနီ အစိုးရအဖွဲ့က ထိုပြောင်းလွယ်ပြင်လွယ်မှုအား ကန့်သတ်မည့် တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများကို ရေရှည်အစီအစဉ် ဆွဲ၍ ပြုလုပ်နေခြင်းပင် ဖြစ်သည်။ ယင်းကြောင့် ဝေဖန်ပြောဆိုသူများက ပြောသည်မှာ အုပ်ချူပ်ရေး အပိုင်းရဲ့ ထိန်းချူပ်မှုအောက်ကို တရားစီရင်ရေးကို ထိုးသွင်းလိုက်ခြင်းဖြင့် ရာဇဝတ်တရားသူကြီးများ ရဲ့ လွတ်လပ်စွာ တရားစီရင်နိုင်ခြင်းကို ကန့်သတ်လိုက်တာပါဘဲ ဟူ၍ ဖြစ်သည်။ ယင်းပြုပြင်ပြောင်းလဲမှုရေးများကို အီတလီတရားသူကြီး များအားလုံးနီးပါး တညီတညွတ်တည်း ကန့်ကွက်ခဲ့ကြသော်လည်း သုံးနှစ်ကြာ ငြင်းခုံမှုများ၊ ရုန်းရင်းဆန်ခတ်ဖြစ်မှုများ အပြီး ၂၀၀၄ ဒီဇင်ဘာတွင် အီတလီပါလီမန်မှ အတည်ပြုခဲ့သည်။ သို့သော် အီတလီ သမ်မတ Carlo Azeglio Ciampi က အတည်ပြုပြီးသည့် ဥပဒေများမှ အချို့သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ စည်းမျဉ်းနှင့် ဆန့်ကျင်နေသည် ဟု ဆိုကာ ဗီတိုအာဏာ သုံး၍ ပယ်ချ ခဲ့သည်။ ဘာလူစကိုနီ မိသားစုသည် ပုဂ်ဂလိက ရုပ်မြင်သံကြားကွန်ယက် Telecincoလုပ်ငန်းနှင့်ပက်သက်ပြီး အခွန် လိမ်လည်မှုနှင့် စီးပွားရေးလုပ်ငန်းများနှင့် ပက်သက်သည့် ဥပဒေများကို ချိုးဖောက်ခြင်းတို့ကြောင့် စပိန်တွင် တရားစွဲခံရသည်။ သို့သော် ဥရောပ ပါလီမန် အဖွဲ့ဝင်ဖြစ်နေခြင်းကြောင့် ၂၀၀၅ ခုနှစ်အထိ လွတ်ငြိမ်းချမ်းသာခွင့် ပေးထားခဲ့သည်။ ၂၀၀၈ ဇူလိုင်တွင် စပိန် တရားရုံး (Corte de Casacion) မှ ဘာလူစကိုနီ အား တရားစွဲဆိုမှုအားလုံးမှ တရားသေ လွှတ်ပေးခဲ့သည်။ ၂၀၁ဝ မတ်လ ၅ ရက်နှင့် ၆ ရက်နေ့ ညများတွင် ဘာလူစကိုနီ ဦးဆောင်သော အီတလီ အစိုးရ သည် ရွေးကောက်ပွဲနှင့် ပက်သက်သည့် ဥပဒေ အမိန့် တစ်ရပ် (Decree) ကို အတည်ပြုခဲ့ကြသည်။ သူ၏ PDL ပါတီ မှ Lazio ပြည်နယ်အုပ်ချူပ်ရေးမှူး နေရာ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီး အမတ်လောင်းအား ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်ရာတွင် အဆင်ပြေစေရန် ဖြစ်သည်။ အီတလီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ရွေးကောက်ပွဲ နှင့်ပက်သက်သည့် နည်းဥပဒေများမှာ ပါလီမန်၌သာ အတည်ပြု ပြဌာန်းနိုင်ပြီး အစိုးရအဖွဲ့မှ အမိန့် ဥပဒေ ( Decree )အနေနှင့် ပြောင်းလဲ အတည်ပြု၍ မရကြောင်း ဖော်ပြပါရှိသည်။ အီတလီ သမ်မတ ကတော့ အစိုးရ အဖွဲ့လုပ်လိုက်တာဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို မချိုးဖောက်နိုင်ကြောင်းကို အငြင်းပွားစရာ တွေအကြားမှာ ဖြေရှင်းတဲ့ အနေနဲ့ ဥပဒေနဲ့ညီရင်တော့ အစိုးရအဖွဲ့အနေနဲ့ ဒီလို အတည်ပြုလို့ ရပါတယ် ဟု ပြောခဲ့သည်။ မားဖီးယားဂိုဏ်းနှင့် ပက်သက်သည့် စွပ်စွဲချက်များ[ပြင်ဆင်ရန်] ခိုးနားထောင်ထားသည့် ဖုန်းစကားပြောချက်တစ်ခုမှ .မာဖီးယား ဂိုဏ်းချူပ် ဂူစပ်ပီ ဂတ်တာဒါယူရို မှ ပြောသည်မှာ…. “ဘာလူစကိုနီ ဟာ သူရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ကျုပ်တို့ရဲ့ ပြဿနာ တွေကို ရှင်းမှ ရမယ်။” မာဖီးယား အရေခွံချွတ်များက ဘာလူစကိုနီ သည် Sicilian ရှိဒုစရိုက် အဖွဲ့အစည်းများနှင့် အဆက်အသွယ် အများအပြားရှိသည်ဟု ပြောဆိုကြသော်လည်း Silvio ဘာလူစကိုနီ သည် Cosa Nostra (Sicilian မာဖီးယားများ) ၏ အမှုများတွင် ဘယ်တုန်းကမှ ပါဝင်ပက်သက်ခဲ့ခြင်း မရှိခဲ့ပေ။ ယင်းစွပ်စွဲမှုများသည် မားဖီးယားအမှုများနှင့် ဆက်စပ်သူ Vittorio Mangano ကို Milan မြို့အနီးရှိ မြို့ငယ်လေးတစ်ခုဖြစ်သော Arcore တွင်ရှိသည့် ဘာလူစကိုနီ ၏ Villa San Martino ပန်းဥယျာဉ်လေးအတွက် ဥယျာဉ်မှူးအနေနှင့် ရေရှည်တာဝန်ယူပေးမည့်သူ အဖြစ်ခန့်အပ်ထား လိုက်ခြင်းမှ စတင်ခဲ့ခြင်း ဖြစ်သည်။ ၁၉၇၃ တွင် သူငယ်ချင်းဖြစ်သူ Marcello Dell'Utri မှတဆင့် Vittorio Mangano ကို သိရှိခဲ့ရခြင်းဖြစ်ပြီး ဘာလူစကိုနီ မှ မာဖီးယားနှင့် ချိတ်ဆက်ရန် မည်သည့် ကြိုးစားမှုမျှ မပြုလုပ်ခဲ့ဟု ငြင်းဆိုသည်။ Marcello Dell'Utri သည် “မာဖီးယား ဆိုတာ အစကတည်းက ရှိကို မရှိခဲ့တာ” ဟူ၍ပင် ပြောဆိုခဲ့သည်။ Forza Italia ကို ပါဝင်တည်ထောင်ခဲ့သူ Dell'Utri သည် ၂၀၀၄ ခုနှစ်တွင် “မာဖီးယားနှင့် အပြန်အလှန် ပက်သက်ခြင်း” အမှုအတွက် Palermo တရားရုံး မှ ကိုးနှစ် အပြစ်ဒဏ် ချမှတ်ခြင်းခံရသည်။ ယင်းစီရင်ချက်တွင် ဖော်ပြထားသည်မှာ Dell'Utri သည် ဘာလူစကိုနီ ၏ စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ဒုစရိုက်အဖွဲ့အစည်းများ ၏ အကြားတွင် ကြားခံအနေဖြင့် ဆက်သွယ် ချိတ်ဆက်ပေးခဲ့သည် ဟု ပါရှိသည်။ ဘာလူစကိုနီ သည် ထိုစီရင်ချက် အား အတည်မပြုနိုင်ကြောင်း ငြင်းဆန်ခဲ့သည်။ ၂၀၁ဝ တွင် Palermo တရားရုံးမှ ယင်းပြစ်ဒဏ်ကို ရ နှစ်သို့ လျှော့ချခဲ့သည်။ သို့သော် ဘာလူစကိုနီ နှင့် mafia အကြားရှိ Dell'Utri's ၏ ကဏ်ဍကိုတော့ ၁၉၉၂ ခုနှစ်အထိ အခိုင်အမာ အတည်ပြုခဲ့သည်။ ၁၉၉၆ တွင် မာဖီးယား သတင်းပေး Salvatore Cancemi မှ ၁၉၈ဝ တဝိုက်နှင့် ၁၉၉ဝ တဝိုက်တွင် ဘာလူစကိုနီ နှင့် Dell'Utri တို့သည် Sicilian Mafia အကြီးအမှူးဖြစ်သူနှင့် တိုက်ရိုက်ပက်သက်မှု ရှိခဲ့ကြကြောင်း ကြေငြာခဲ့သည်။ Cancemi မှ Fininvest သည် Marcello Dell'Utri နှင့် Sicilian Mafia အဖွဲ့ဝင် Vittorio Mangano တို့မှတဆင့် Cosa Nostra သို့ နှစ်စဉ် အီတလီ လီရာ သန်း ၂၀ဝ ( ယနေ့ ယူရိုငွေ ၁၀ဝ ဝ၀ဝ နှင့် ၂၀ဝ ဝ၀ဝ အကြား ) ပေးနေခဲ့ကြောင်း ဖော်ထုတ်ခဲ့သည်။ Cancemi ၏ အဆိုအရ ကြမ်းတမ်းသော 41-bis ခေါ် ထောင်တွင်းစည်းမျဉ်းများကြောင့် Cosa Nostra မာဖီးယားများကို မျက်နှာသာပေးထားသော ဥပဒေများကို အတည်ပြုပြဌာန်းစေခဲ့သည်။ ဆိုလိုသည်မှာ Nostra မာဖီးယားများသည် ၎င်းတို့ နိုင်ငံရေး အရ မျက်နှာသာ ပေးခံရရန်ရည်ရွယ်ပြီး ဘာလူစကိုနီ၏ Forza Italia ပါတီ ကို ထောက်ခံခဲ့ကြခြင်း ဖြစ်နိုင်သည်။ နှစ်နှစ် ခန့်ကြာသော စုံစမ်း ထောက်လှမ်းမှုများ အပြီးတွင် ရာဇဝတ်မှု တရားသူကြီးများမှ မည်သည့် ပြစ်ဒဏ်မှ ချမှတ်ခြင်းမရှိပဲ Cancemi ၏ စွပ်စွဲချက်များအတွက် မည်သည့် သက်သေမှ ရှာ မရသောကြောင့် စစ်ဆေးမှုများကို ရပ်နားလိုက်တော့သည်။ အလားတူပင် Cancemi ၏ ဘာလူစကိုနီ နှင့် မာဖီးယား ဆိုင်ရာ စွပ်စွဲချက်များအတွက် သက်သေရှာရန် ပြုလုပ်ခဲ့သော နှစ်နှစ်ကြာ စုံစမ်းစစ်ဆေးမှုများ ကိုလည်း ၁၉၉၆ တွင် အပြီးတိုင် ရပ်နားခဲ့တော့သည်။ ၂၀၀၂ ဧပြီ တွင် အဖမ်းခံရသော မာဖီးယား အခွံချွတ် Antonino Giuffrè နှင့် ပက်သက်၍လည်း အဖြစ်အပျက်များရှိခဲ့သေးသည်။ ၎င်းသည် ၁၉၉ဝ အစောပိုင်းတွင် မာဖီးယား အုပ်စုများအား ကြည့်ရှုစောင့်ရှောက်နိုင်ရန် အနိုင်ရ ပါတီ ဖြစ်သော Christian Democrat party အကျဘက် ရောက်သည်နှင့် ဘာလူစကိုနီ ၏ Forza Italia ပါတီဘက်သို့ ရွှေ့လာသော မာဖီးယား တစ်ယောက် ဖြစ်သည်။ Sicily ကျွန်း ရှိ Christian Democrat party ခေါင်းဆောင်များသည် Rome မြို့တော်ရှိ မာဖီးယား အုပ်စုများအား ကြည့်ရှုစောင့်ရှောက်ခဲ့ဖူးသည်။ ၁၉၉၂ ခုနှစ် မတ်လ တွင် Sicily ကျွန်း ရှိ Christian Democrat party မှ နိုင်ငံရေးသမား Salvo Lima အသတ်ခံရပြီးနောက် Christian Democrats များနှင့် မားဖီးယားများ ၏ ပက်သက်မှုမှာလည်း ရှင်းရှင်းလင်းလင်း ဖြစ်သွားခဲ့သည်။ “Lima ကို သတ်တဲ့လူသတ်သမားဟာ ခေတ်ဟောင်း ရဲ့အဆုံးကို သတ်မှတ်ပေးလိုက်တာပါပဲ” လို့ Giuffrè က တရားရုံးသို့ ပြောခဲ့သည်။ “ခေတ်အသစ်ကတော့ Christian Democrats တွေ ဘယ်တော့မှ မပေးနိုင်ခဲ့တဲ့ အာမခံချက်တွေကို ပေးနိုင်တဲ့ နိုင်ငံရေး အတွေးအခေါ် တွေကို ပိုင်ဆိုင်တဲ့ နိုင်ငံရေး အင်အားစုအသစ်နဲ့ စတင်ဖွင့်လှစ် လိုက်ပြီ ဖြစ်ပါတယ်” ရှင်းနေပါပြီ ဒါကတော့ Forza Italia ပါတီ ပါဘဲ။ Giuffrè အပြောအရ “Dell'Utri ဟာ မာဖီးယားတွေကို သက်သာစေမယ့် ဥပဒေပြုရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်မှုတွေကို ရွေးကောက်ပွဲ အောင်နိုင်ရေး အထောက်အပံ့တွေနဲ့ အလဲအလှယ် လုပ်တဲ့နေရာမှာ ကြားခံဆက်သွယ်ပေးခဲ့တဲ့ သူပါဘဲ။” “Dell'Utri ဟာ Cosa Nostra မာဖီးယား အဖွဲ့နဲ့ အရမ်းနီးကပ်တဲ့ လူတစ်ယောက်ဖြစ်ခဲ့သလို ဘာလူစကိုနီ နဲ့ဆက်သွယ်ဖို့ အတွက် အရမ်းအဆင်ပြေတဲ့ နေရာမှာလည်း ရှိနေခဲ့ပြန်တယ်” လို့ သူက ပြောခဲ့သည်။ မာဖီးယား ခေါင်းဆောင် Bernardo Provenzano က Giuffrè ကို “ငါတို့တော့ တကယ့် လူကောင်းကို ရခဲ့တာပဲ” လို့ တကယ့်ကိုတော်ပြီး စိတ်ချယုံကြည်ရတဲ့ လူတစ်ယောက် ဖြစ်တဲ့ Dell'Utri နဲ့ပက်သက်ပြီး ပြောဆိုခဲ့သည်။ Provenzano က ၁၉၉၂ နောက်ပိုင်း ဆယ်နှစ်အတွင်းမှာပဲ မာဖီးယား ရဲ့ တရားစီရင်ရေးဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းနိုင်လိမ့်မယ် “Forza Italia ရဲ့ ဆောင်ရွက်ချက်တွေအတွက် ကျေးဇူးပါ” လို့ ထုတ်ဖော် ပြောဆိုခဲ့သည်။ ၁၉၇ဝ နှစ်လယ်ပိုင်းလများတွင် ဘာလူစကိုနီ ကိုယ်တိုင်က မာဖီးယား ထိပ်သီးခေါင်းဆောင် Stefano Bontade နှင့် အဆက်အသွယ်ရှိနေခဲ့သည် ဟု Giuffrè က ပြောသေးသည်။ ထိုအချိန်က ဘာလူစကိုနီ သည် အိမ်ခြံမြေ လုပ်ငန်းရှင်သူဌေး တစ်ဦးအဖြစ်သာ ရှိနေသေးပြီး ပုဂ်ဂလိက ရုပ်သံအင်ပါယာကို စတင်ခဲ့သည်။ Bontade သည် ဘာလူစကိုနီ ၏ Arcore မြို့စွန်ရှိခြံ သို့ Vittorio Mangano မှတဆင့် ဆက်သွယ် လည်ပတ်ခဲ့သည်။ ဘာလူစကိုနီ ၏ ရှေ့နေသည် Giuffrè ၏ ယင်း ထွက်ဆိုချက်ကို “မှားသည်” ဟု ဆိုပြီး၊ ဝန်ကြီးချူပ် နှင့် သူ၏ ပါတီအား ယုံကြည်မှုကင်းမဲ့စေရန် ကြိုးစားအားထုတ်မှု တစ်ခု အဖြစ် သတ်မှတ်၍ ပါယ်ချခဲ့သည်။ ဘာလူစကိုနီ နှင့် အဆက်အသွယ်ရှိခဲ့သည့် အခြားသောမာဖီးယား ကိုယ်စားလှယ်များ အနေနှင့် Palermo ရှိ မာဖီးယား ခေါင်းဆောင်များ ဖြစ်သော Filippo Graviano နှင့် Giuseppe Graviano တို့လည်း ပါဝင်ကြောင်း ပြောဆိုခဲ့သည်။ ၁၉၉၃ စက်တင်ဘာ နှင့် အောက်တိုဘာ အကြားတွင် Graviano ညီအစ်ကို သည် စီးပွားရေးသမား Gianni Letta ကိစ္စ ကြောင့် ဘာလူစကိုနီ နှင့်အတူ တိုက်ရိုက် စွပ်စွဲခံရသည်။ မာဖီးယားနှင့်ပက်သက်သည့် စွပ်စွဲချက်များသည် ၂၀၀၂ တွင် ပြီးဆုံးခဲ့သည်။ Cosa Nostra သည် မည်သည့် ပြစ်ဒဏ်မှ မရရှိခဲ့ပေ။ Dell'Utri ၏ ရှေ့နေ Enrico Trantino သည် Giuffrè ၏ စွပ်စွဲချက်များကို “တဆင့်ကြားသော စကားများ” အနေနှင့် ပါယ်ချခဲ့သည်။ Giuffrè ဟာ ပိုက်ဆံရဖို့နဲ့ တရားဥပဒေအရ အထူးအခွင့်အရေးတွေ ရရှိနိုင်ဖို့အတွက် မာဖီးယား အရေခွံချွတ်တွေတိုင်း Dell'Utri နဲ့ ဝန်ကြီးချူပ်ဟောင်း Christian Democrat Giulio Andreotti တို့ကို တိုက်ခိုက်ကြမယ့် အလားအလာ တစ်ခုကို ထပ်တလဲလဲ ပြုလုပ်နေခဲ့တာ သာ ဖြစ်တယ် ဟု Enrico Trantino ကဆိုသည်။ ၂၀၀၉ အောက်တိုဘာတွင် Mafioso အဖြစ်မှ pentito အဖြစ်သို့ ပြောင်းလဲခဲ့သော Gaspare Spatuzza က Giuffrè ၏ ပြောကြားချက်များကို အတည်ပြုပေးခဲ့သည်။ ၁၉၉၄ တွင် ၎င်း၏ ခေါင်းဆောင်ဖြစ်သူ Giuseppe Graviano က ဘာလူစကိုနီ သည် ၎င်း၏ Forza Italia ပါတီနှင့် မာဖီးယား Cosa Nostra အကြား နိုင်ငံရေးအရ အခွင့်အရေးများ ရရှိရေးနှင့် ရွေးကောက်ပွဲ အရွေးချယ်ခံရရေး အပေးအယူ လုပ်ခဲ့သည်ဟု ပြောခဲ့သည့်အကြောင်း ကိုSpatuzza က သက်သေခံ ထွက်ဆိုပေးခဲ့သည်။ Spatuzza က “ Graviano က ဒီသတင်းအချက်အလက်တွေကို အီတလီနိုင်ငံ Rome မြို ့၊ Via Veneto ဒေသမှ Graviano ပိုင်ဆိုင်သည့် အရက်ဘားတခုမှာ တွေ ့ဆုံစကားပြောစဉ်မှာ သူကို ဖွင့်ဟပြောဆိုခဲ့တယ် “ လို့ ပြောကြားခဲ့ တယ်။ Spatuzza ၏ အမှုမှာ Dell'Utri က ကြားဝင်စေ့စပ်ပေးသူ ဖြစ်သည်။ Dell'Utri က Spatuzza ၏ စွပ်စွဲချက်များကို အခြေအမြစ်မရှိဟုဆိုပြီး ပယ်ချခဲ့သည်။ ဘာလူစကိုနီ ၏ ရှေ့နေနှင့် Pdl ၏ MP ဖြစ်သူ Niccolò Ghedini က “ Spatuzza ၏ ဝန်ကြီးချုပ် ဘာလူစကိုနီ နှင့်ပက်သက်တဲ့ ထွက်ဆိုချက်တွေဟာ အခြေအမြစ်မရှိတဲ့အပြင် မှန်ကန်ကြောင်းအတည်ပြုဖို ့အတွက် နည်းလမ်းမရှိဘူး “ လို့ပြောကြားခဲ့တယ်။ ၂၀၀ရ နိုဝင်ဘာတွင် အီတလီနိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီတခုဖြစ်သော Eni မှ ရှရှားနိုင်ငံပိုင် Gazprom ကုမ္ပဏီနှင့် တောင်ဘက်တွင် အငြင်းပွားဖွယ်ရာ ဓါတ်ငွေ့ပိုက်လိုင်းတခုတည်ဆောက်ရန် သဘောတူစာချုပ်တခုကို လက်မှတ် ရေးထိုးခဲ့သည်။ အီတလီပါလီမန်အဖွဲ့ဝင်များကထိုကိစ္စကို စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ Centrex Group ပိုင်ဆိုင်သည့် ကုမ္ပဏီတခု ဖြစ်သော Central Energy Italian Gas Holding ( CEIGH ) မှ ထိုအကျိုးအမြတ်အများကြီးရှိသည့် စာချုပ်ချုပ်ဆိုရာ တွင် အဓိကအခန်းကဏ်ဍမှ ပါဝင်ခဲ့ကြောင်း တွေ ့ရှိခဲ့ရသည်။ ဘာလူစကိုနီ ၏ ရင်းနှီးသောသူငယ်ချင်း တယောက်ဖြစ်သည့် Bruno Mentasti-Granelli သည် CEIGH ၏ ၃၃ % ကို ပိုင်ဆိုင်သည်။ အီတလီပါလီမန်က ထိုစာချုပ်ကို ပိတ်ပင်တားဆီးခဲ့ပြီး ဘာလူစကိုနီ အား နိုင်ငံပိုင် Eni-Gazprom သဘောတူစာချုပ်တွင် ပုဂ်ဂလိက ပိုင်ဆိုင်မှုထားရှိသည်ဟု စွပ်စွဲခဲ့သည်။ ၂၀၁ဝ ဒီဇင်ဘာ ၁ နေ ့တွင် Wikoleaks မှ အမေရိကန်ပြည်ထောင်စု သံတမန်ရေးရာကြေးနန်းများပေါက်ကြားမှုတွင် အမေရိကန်အရာရှိများက ဘာလူစကိုနီ ၏ ရက်ရက်ရောရောပေးကမ်းထားသည့် လက်ဆောင်ပစ်စည်းများ၊ အကျိုး အမြတ်အများကြီးရှိသည့် စွမ်းအင်ထုတ်လုပ်မှုနှင့်သက်ဆိုင်သည့် စာချုပ်များအပါအဝင် Putin နှင့်သာမန်ထက်ပိုလွန်း သည့် ရင်းနှီးမှုကို စိုးရိမ်သည့်အကြောင်းကိုထုတ်ဖော်ပြောဆိုထားသည်။ သံတမန်များက ဘာလူစကိုနီ သည် “ ဥရောပ တွင် Putin ပြောဆိုလိုသည်များကို ပြောပေးသည်လူတယောက်အဖြစ် “ သတ်မှတ်ခဲ့ကြသည်။ - ရောမ ရှိ ဂျော်ဂျီယာနိုင်ငံ သံအမတ်ကြီးက “ ဂျော်ဂျီယာအနေဖြင့် Gazprom မှ Eni S.p.A. နှင့်ချိတ်ဆက်ပြီး ပြုလုပ်သည့် မည်သည့် ဓါတ်ငွေ ့ပိုက်လိုင်းမှ မဆိုရရှိသည့် အကျိုးအမြတ် ၁% ကို Putin က ဘာလူစကိုနီ ပေးမယ်လို့ကတိပြုခဲ့တာကို ယုံကြည်ကြောင်း “ အမေရိကန်အရာရှိများကို ပြောကြားခဲ့သည်။ The Economist (စီးပွားရေးဂျာနယ်)[ပြင်ဆင်ရန်] အီတလီနိုင်ငံပြင်ပတွင် ဘာလူစကိုနီ ကို အပြင်းထန်ဆုံးဝေဖန်သည့် မီဒီယာတခုမှာ ဗြိတိန်အပတ်စဉ်ထုတ် The Econoumist ဂျာနယ် ( The Ecommunist ဟု ဘာလူစကိုနီ မှ နာမည်ပြောင်ဖြင့်ခေါ်သည် ) ဖြစ်သည်။ ၂၀၀၁ ဧပြီ ၂၆ နေ့ထုတ် ဂျာနယ်မျက်နှာဖုံးတွင် “ ဘာကြောင့် ဘာလူစကိုနီ သည် အီတလီကို ဦးမဆောင်သင့် သနည်း “ ဟူသောခေါင်းစဉ်ဖြင့် ရေးသားထားခဲ့သည်။ ဘာလူစကိုနီ မှ ပုံနိုပ်ထုတ်ဝေမှုများကို Rome ရှိ တရားရုံးသို့ယူဆောင်သွားခဲ့ခြင်းနှင့် The Econoumist မှ ဘာလူစကိုနီ ကိုဆန့်ကျင် သည့် စာများရိုက်နိုပ်ထုတ်ဝေခဲ့ခြင်းတို့နှင့်အတူ ဘာလူစကိုနီ နှင့် The Econoumist ဂျာနယ်တို့အကြားတွင် ဖြစ်ပွားခဲ့သောစကားလုံးဖြင့် တိုက်ခိုက်မှုများသည် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်။ The Economist မှ “ ဘာလူစကိုနီ ၏ ပိုင်ဆိုင်မှုနှင့်ပက်သက်ပြီး အငြင်းပွားမှုဖြစ်ပေါ်ခဲ့သော သက်သေခံ အထောက်အထား စာရွက်စာတမ်းများပါဝင်သည့် ဆောင်းပါးသည် ဘာလူစကိုနီ အား ရာထူးနှင့်မထိုက်တန်ဟု သက်သေပြခဲ့ကြောင်း ” ကို အခိုင်အမာပြောကြားခဲ့သည်။ ဘာလူစကိုနီ က “ စွပ်စွဲချက်အကြောင်းအရာဟောင်းများ ပါဝင်သည့် ထိုဆောင်းပါးသည် အမှန်တရားနှင့် ဉာဏ်ပညာကို စော်ကားမှုတခုသာဖြစ်သည်” ဟု ပြန်လည်ချေပ ပြောဆိုခဲ့သည်။ The Economist မှ ဘာလူစကိုနီ အီတလီဝန်ကြီးချုပ်အဖြစ် လုပ်ကိုင်နေစဉ်အတွင်း နိုင်ငံပိုင် တီဗီအသံလွှင့်လုပ်ငန်း အားလုံး၏ ၉ဝ % ကို ထိထိရောက်ရောက်ချုပ်ကိုင်ထိမ်းသိမ်းထားကြောင်း ရှာဖွေတွေ့ရှိ ခဲ့သည်။ အီတလီဝန်ကြီးချုပ်သည် အကျင့်စာရိတ်တချို့ယွင်းလျက်ရှိပြီး သူ ့အတွက်သူအလုပ်လုပ်ခဲ့ကြောင်း အခိုင်အမာပြော ကြားခဲ့သည်။ The Economist မှ အဓိကသတင်းထောက်တယောက်ဖြစ်သူ David Lane မှ ထိုစွပ်စွဲချက်များ အားလုံးကို သူ၏ စာအုပ်ဖြစ်သော ဘာလူစကိုနီ’s Shadow တွင် ရေးသားထားခဲ့သည်။ Lean က “ ဘာလူစကိုနီ သည် အဓိကစွပ်စွဲချက်များအတွက် တရားရုံးတွင် ခုခံကာကွယ်မှုမပြုလုပ်ခဲ့ကြောင်း အထူးသဖြင့် မြို ့တော်ဝန်ရာထူးကို ထိခိုက်စေမည့် စွပ်စွဲချက်များကို ကာကွယ်ရန်အတွက် ပြဌာန်းထားသည့် ကန် ့သတ်ချက် ဥပဒေများကို ပြုပြင် ပြောင်းလဲခြင်းပြုလုပ်ခဲ့ပြီး နိုင်ငံရေးနှင့် တရားဥပဒေများကို ချယ်လှယ်ကစားခြင်း များအပေါ်တွင် အဓိကအားကိုးခဲ့ ကြောင်း ထောက်ပြခဲ့သည်။ ထိုဆောင်းပါးတွင်ပါဝင်သော သက်သေခံအထောက်အထားပြထားသောစွပ်စွဲချက်များ၏ အမှန်တရားကို လူသိရှင် ကြား သက်သေပြနိုင်ရန်အတွက်၊ The Economist မှ ဘာလူစကိုနီ အား အသေရေဖျက်မှုဖြင့် တရားစွဲရန် လူသိရှင်ကြားစိန်ခေါ်ခဲ့သည်။ ဘာလူစကိုနီ သည် The Economist ကို တရားစွဲဆိုခဲ့ရာ ရူံးနိုမ့်ခဲ့ပြီး ၂၀၀၈ စက်တင်ဘာ ၅ နေ့တွင် တရားရုံးကုန်ကျစရိတ်များအားလုံးကို ကျခံပေးခဲ့ရသည်။ Milan တရားရုံးမှ Mr.ဘာလူစကိုနီ ၏ ချေပပြောဆိုချက်များကို ငြင်းပယ်ခဲ့ပြီး တရားဥပဒေအရ ကုန်ကျစရိတ်များကို ပေးလျော်ရန် စီရင်ချက်ချခဲ့သည်။ မီဒီယာ ထိန်းချူပ်မှု[ပြင်ဆင်ရန်] ဘာလူစကိုနီ ၏ မီဒီယာအပေါ်တွင် အလွန်အမင်း ထိန်းချူပ်ထားမှုကြောင့် အီတလီသည် လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့် နှင့်ပက်သက်၍ အကန့်အသတ်များရှိသည်ဟု လေ့လာသုံးသပ်သူများနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများ က စွပ်စွဲဝေဖန်ကြသည်။ American organisation Freedom House ၏ နှစ်စဉ် ပြုလုပ်နေကျ ဖြစ်သော ၂၀၀၄ ခုနှစ် လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့်ဆိုင်ရာ ကမ္ဘာ့တဝန်း စစ်တမ်းကောက်ယူလေ့လာခြင်း တွင် အီတလီသည် ဘာလူစကိုနီ ၏ RAI ရုပ်သံဌာနအပေါ်တွင် လွှမ်းမိုးမှုရှိသောကြောင့် “လုံးဝလွတ်လပ်ခြင်းအဆင့်”မှ “တစိတ်တပိုင်း လွတ်လပ်ခြင်း အဆင့်” သို့ အဆင့် လျှော့ကျခဲ့သည်။ အနောက်ပိုင်း ဥရောပ (Western Europe )တစ်ခုလုံးအနေနှင့် မူ Turkey နှင့် အဆင့်သတ်မှတ်ချက် အတူတူ ပင် ဖြစ်သည်။ ( ၂၀၀၅ တွင် နောက်ဆုံး ရရှိသော သတင်း ) ၂၀၀၄ တွင် နယ်စည်းမခြား သတင်းထောက်များ မှ “ဝန်ကြီးချူပ် Silvio ဘာလူစကိုနီ နဲ့ သူရဲ့ကြီးမားကျယ်ပြန့်တဲ့ မီဒီယာ အင်ပါယာကြီးရဲ့ ပုဂ္ဂိုလ်ရေး လွှမ်းမိုးမှုပါတဲ့ ဆုံးဖြတ်ချက်တွေနဲ့ အုပ်ချူပ်မှုတွေဟာ ဆက်လက်ပြီး ရှိနေတုန်းပါဘဲ။ အဲ့တော့ အမျိုးမျိုးသော သတင်းအချက်အလက် စီးဆင်းမှု အပေါ်မှာလည်း ခြိမ်းခြောက်နေတုန်းပါဘဲ” ဟု ဝေဖန်စာ ဖော်ပြခဲ့သည်။ ၂၀၀၄ ခုနှစ် ဧပြီလတွင် အပြည်ပြည်ဆိုင်ရာ ဂျာနယ်လစ် အဖွဲ့အစည်းကြီး မှ Carlo Azeglio Ciampi ၂၀၀၃ တွင် ဗီတိုနှင့် ပယ်ချထားသော ဥပဒေအား အတည်ပြုပေးလိုက်ခြင်း ကိစ္စရပ်ကို ဦးတည်၍ ယင်းဝေဖန်စာကို ချိတ်ဆက်လာသည်။ ဝေဖန်သူများက အီတလီ တမျိုးသားလုံးအတိုင်းအတာ ၏ ၉၀% သောမီဒီယာ အား ဘာလူစကိုနီ မှ ထိန်းချူပ်ထားမှုကို ကာကွယ်ပေးသည် ဟု ယုံကြည်သောကြောင့် ဖြစ်သည်။ ဘာလူစကိုနီ ၏ RAI အပေါ်လွှမ်းမိုးမှုရှိသည့် အကြောင်းသည် ၎င်း Sofia, Bulgaria နိုင်ငံများတွင် ရောက်နေစဉ် ဂျာနယ်လစ်များဖြစ်သည့် Enzo Biagi နှင့် Michele Santoro နှင့် comedian Daniele Luttazzi တို့အား ၎င်း၏ အမြင်နှင့် ပက်သက်၍ ပြောပြစဉ်တွင် ထင်ရှားလာခဲ့သည်။ သူက ပြောသည်မှာ “ရုပ်မြင်သံကြားကို ရာဇဝတ်မှုမြောက်တဲ့ ဆက်သွယ်ရေးနည်းပညာ တစ်ခုလိုမျိုး အသုံးချ နေကြေတယ်လေ” နောက်ဆုံး ရလာဒ်အနေနဲ့ သူတို့ အလုပ်ပြုတ်သွားရော” ဟူ၍ ဖြစ်သည်။ ယင်း ပြောကြားချက်ကို “Editto Bulgaro” ဟု ခေါ်သည်။ ဘာလူစကိုနီ မီဒီယာ အင်ပါယာနှင့် ပက်သက်၍ ဟာသ သရုပ်ဆောင် မင်းသမီး Sabina Guzzanti က ပြက်လုံးထုတ်ဖော် ပြောပြီးနောက် အမှားပြုလုပ်သူများ၏ ဟာသ သတင်းများကို တင်ဆက်သော RAIot အမည်ရှိ အစီအစဉ်ကို ၂၀၀၃ နိုဝင်ဘာတွင် ဆင်ဆာဖြတ် ပြီးစီးခဲ့သည်။ ဘာလူစကိုနီ ၏ မီဒီယာ ကုမ္ပဏီ တစ်ခုဖြစ်သော Mediaset က RAI ၏ Guzzanti's အစီအစဉ်နှင့် ပက်သက်၍ တရားစွဲဆို ၍ ၂ဝ မီလျံ ယူရို လျော်ကြေးတောင်း သည်။ အကြောင်းရင်းမှာ ၂၀၀၃ နိုဝင်ဘာတွင် RAI ဥက္ကဋ္ဌ Guzzanti's program က ပွဲ ကျင်းပရန် အစီအစဉ်ဖျက်မှုကြောင့် ဆုံးရှုံးနစ်နာမှုများ အတွက် ဖြစ်သည်။ အသေးစိတ် အဖြစ်အပျက်အား Guzzant မှ ထုတ်သည့် Michael Moore-style ရိုက်ကူးထားသော Viva Zapatero! အမည်ရှိ မှတ်တမ်းခွေ အဖြစ်သို့ ပြုလုပ်ခဲ့သည်။ ဘာလူစကိုနီ ၏ ရုပ်သံထုတ်လွှင့်ရေး အုပ်စု တစ်ခုဖြစ်သည့် Mediaset က ၎င်းသည် သင့်တော်သော နိုင်ငံရေးသတင်းဖော်ပြချက်များ ကို အရေးကြီးဆုံး နိုင်ငံရေးပါတီများ နှင့် ၎င်းတို့၏ နိုင်ငံရေးလှုပ်ရှားမှုများ(သူတို့အဆို အထွေထွေရွေးကောက်ပွဲ 'Par Condicio') (မကြာခဏ မှားနေကြောင်း သက်သေပြပြီးဖြစ်သည့်) အတွက် နိုင်ငံပိုင် မီဒီယာ RAI မှ သတ်မှတ်ချက် အတိုင်း အသုံးပြုလျက်ရှိသည် ဟု ဖော်ပြခဲ့သည်။ ၂၀၀၆ မတ်လ တွင် ရုပ်သံ ချန်နယ် Rai Tre မှ Lucia Annunziata ၏ ဟောပြောပွဲတွင် ရုပ်မြင်သံကြား အမေးအဖြေ လုပ်ရာ၌ သူ့အစိုးရအဖွဲ့ရဲ့ စီးပွားရေး အုပ်ချူပ်စီမံမှုများဆိုင်ရာ ဆိုးကျိုးတွေနဲ့ပက်သက်တဲ့ သဘောမတူမှုတစ်ခုကြောင့် နာရီဝက်အတွင်း စတူဒီယိုပြင်ပ၍ ဒေါသမုန်တိုင်းထန်နေခဲ့သည်။ ၂၀၀ရ ခုနှစ် နိုဝင်ဘာလတွင် သတင်းများကို ဝင်ရောက်ချယ်လှယ်သည် ဟူသော စွပ်စွဲချက်များကြောင့် ဘာလူစကိုနီ ၏ ကိုယ်ရေး အရာရှိ RAI မှ ထွက်သွားရသည်။ ၂၀၀၈ ဧပြီလ တွင် Canale 5 သတင်းဋ်ဌာန ၏ အမှီအခိုကင်းသည့် မီဒီယာရပ်တည်မှုကို အာမခံပေးသူအဖြစ် အချိန်အကြာကြီး မြင်တွေ့ခဲ့ရသူ ရုပ်သံသတင်း ထောက် Enrico Mentana က ရွေးကောက်ပွဲ (ကမ်ပိန်း) ကော်မတီ တစ်ခုနဲ့တူတဲ့ ဒီအုပ်စုထဲမှာ ဆက်ပြီးသည်းခံ မနေနိုင်တော့ဘူး ဟု ပြောဆိုပြီး အလုပ်မှ ထွက်သွားခဲ့သည်။ ၂၀၀၉ ခုနှစ် ဇွန်လ ၂၄ တွင် အီတလီ Santa Margherita Ligure ရှိ Confindustria အမည်ရှိ လူငယ်များ အသင်း အစည်းအဝေးတွင် Editoriale L'Espresso အုပ်စု၏ သတင်းစာ၊ မဂ်ဂဇင်းများ နှင့် ကြော်ငြာစာချူပ်များ ချူပ်ဆိုခြင်း မပြုလုပ်တော့ရန် သို့မဟုတ် လက်မခံတော့ရန် ကြော်ငြာလုပ်ငန်းရှင်များကို ဖိတ်ခေါ်၍ ပြောဆိုခဲ့သည်။ အထူးသဖြင့် la Repubblica မဂ်ဂဇင်းနှင့် L'espresso သတင်းမဂ်ဂဇင်း နှစ်ခုကို “အရှက်မရှိ” တဲ့ ပုံနှိပ်လုပ်ငန်းတွေ ဟု ခေါ်ခဲ့သည်။ ၎င်းတို့မှ စီးပွားရေး အကျပ်အတည်းအကြောင်းကို ပိုမို ပြောပြပြီး မီးထိုးနေသည့်အပြင် သူ့ကို တုန့်ပြန်တဲ့ အနေနဲ့ အရွေးချယ်မခံရအောင် လုပ်ဖို့လည်း ပြော နေသောကြောင့် ဖြစ်သည်။ ၎င်းပုံနှိပ်လုပ်ငန်း အုပ်စုကြီးမှ ၎င်းတို့၏ လုပ်ငန်းပုံရိပ်(Image)နှင့် အကျိုးစီးပွားကို ကာကွယ်သည့်အနေနှင့် တရားဥပဒေအရ ဘာလူစကိုနီ အား တန်ပြန် တုံ့ပြန်သွားမည်ဖြစ်ကြောင်း ကြေငြာခဲ့သည်။ ၂၀၀၉ အောက်တိုဘာ ၁၂ နေ့တွင် Silvio ဘာလူစကိုနီ သည် Confindustria Monza and Brianza အဖွဲ့ဝင်များ ညီလာခံပြုလုပ်နေစဉ်တွင် စက်မှုလုပ်ငန်းရှင်များကို သတင်းစာများအား မည်သည့် ထိန်းချုပ်ကန့်သတ်ချက်မှမရှိပဲ အစိုးရကို အယုံအကြည်မဲ့စေသည့်သတင်းများ ဖော်ပြခြင်းနှင့် နိုင်ငံခြားသတင်းစာများကို ဝါဒဖြန် ့ခြင်းများအတွက် ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်မှုတခု ပြုလုပ်ရန် ထပ်မံဖိတ်ကြားခဲ့သည်။ ၂၀၀၉ အောက်တိုဘာတွင် နယ်စည်းမခြား သတင်းထောက်များအဖွဲ့အတွင်းရေးမှူးချုပ် Jean-Francois Julliard မှ “ဘာလူစကိုနီ ကို လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့် ချုပ်ကိုင်သူများစာရင်းတွင် ထည့်သွင်းရခါနီးပြီဖြစ်ကြောင်းနှင့် ဥရောပမှ ခေါင်းဆောင်များအတွက် ထိုစာရင်းတွင်ပါဝင်ခြင်းမှာ ပထမဆုံးဖြစ်လိမ့်မည်ဖြစ်ကြောင်း” ကြေငြာခဲ့သည်။ “အီတလီသည် ဥရောပသမဂ္ဂအဖွဲ့အစည်း၏ နယ်စည်းမခြား သတင်းထောက်များအဖွဲ့လွတ်လပ်စွာ ထုတ်ဖော် ရေးသားခွင့်ရသည့် နိုင်ငံများစာရင်းတွင် အောက်ဆုံးအဆင့်သို့ရောက်လုနီးနီးဖြစ်နေကြောင်း” ထပ်မံပြောကြား ခဲ့သည်။ အနောက်တိုင်း လူ့အဖွဲ့အစည်း ယဉ်ကျေးမှုနှင့် အစ္စလာမ် တို့အပေါ် မှတ်ချက်[ပြင်ဆင်ရန်] ၂၀၀၁ စက်တင်ဘာ ၁၁ တွင် နယူးယောက်မြို့တိုက်ခိုက်မှုအပြီးတွင် .. ဘာလူစကိုနီ က “ ငါတို့ လူမျိုးတွေရဲ့ လူအခွင့်အရေးကို လေးစားမှု .. ပြီးတော့ အစ္စလာမ်နိုင်ငံတွေနဲ့မတူတဲ့ ဘာသာရေးနှင့် နိုင်ငံရေးအရ အခွင့်အရေး တွေကို အလေးအနက်ထားမှုအစရှိတဲ့ ကောင်းကျိုးချမ်းသာနဲ့ ပြည့်စုံရမယ်လို့ အာမခံထားတဲ့စနစ်၊ ကွာခြားချက် နှင့် ထိန်းသိမ်းစောင့်ရှောက်မှုအစီအမံတွေကို တန်ဖိုးထားနားလည်မှုရှိသည့်စနစ် စတဲ့သူများထက် သာလွန် မြင့်မြတ်မှု တွေကို အထူးဂရုစိုက်သတိထားနေမှရမယ်” ဟုပြောကြားခဲ့သည်။ ထိုကြေငြာချက်ကြောင့် အာရပ်နှင့် မူဆလင် ကမ္ဘာ့တွင်သာမက အီတလီအပါအဝင် ဥရောပတိုက်တခုလုံးတွင် ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ကြသည်။ နောက်ပိုင်းတွင် ဘာလူစကိုနီ က စာနယ်ဇင်းများသို့အရေးပါလှသည့် အစွန်းရောက် မဟုတ်တဲ့ အာရပ်နိုင်ငံများရဲ့ပါဝင်နိုင်မှု အခန်းကဏ္ဍကို ငါတို့အလေးထားရမည်။ အာရပ်နှင့် မူဆလင်ကမ္ဘာမှ ငါ့မိတ်ဆွေတွေရဲ့ သိမ်မွေ့နှူးညံမှုကို စိတ်အနှောက်အယှက်ဖြစ်စေခဲ့သည့် နားလည်မှု လွဲခဲ့တဲ့ စကားလုံးတွေအတွက် ငါစိတ်မကောင်းဖြစ်မိပါတယ်”ဟု ပြောကြားခဲ့သည်။ ကြားဖြတ်ဖုန်းခိုးနားထောင်မှုနှင့် ပြည်တန်ဆာမှုကို အသုံးချပြီး နိုင်ငံရေးအကျင့်ပျက်ချစားမှုပြုလုပ်ခဲ့သည်ဟူသော စွပ်စွဲချက်[ပြင်ဆင်ရန်] ၂၀၀ရ ဒီဇင်ဘာတွင် ထိုစဉ်က အတိုက်အခံပါတီများ၏ ခေါင်းဆောင် ဘာလူစကိုနီ နှင့် RAI မှ General Director ဖြစ်သူ Agostino Sacca တို့၏ ကြားဖြတ်အသံဖမ်းထားသည့် ဖုန်းပြောဆိုမှုသည် L’espresso Magazine တွင် ဖော်ပြခံရပြီး မီဒီယာအများအပြားတွင် မကောင်းသတင်းအဖြစ်ဖော်ပြခဲ့ကြသည်။ ကြားဖြတ်ဖုန်းခိုးနားထောင်မှုသည် ..Naples ရှိ အစိုးရ ရှေ့နေရုံးမှ စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ပြီး ဘာလူစကိုနီ သည် အကျင့်ပျက်မှုအတွက် စုံစမ်းစစ်ဆေးခြင်းခံရသည်။ ထိုဖုန်းပြောဆိုမှုတွင် Saccà သည် ဘာလူစကိုနီ အား နိုင်ငံရေးနှင့်ပက်သက်ပြီး လှိုက်လှိုက်လှဲလှဲထောက်ခံသော စကားလုံးများကို ပြောကြားခဲ့ပြီး ဘာလူစကိုနီ ၏ မဟာမိတ်များ၏အပြုအမှုများကို ဝေဖန်ခဲ့သည်။ ဘာလူစကိုနီ သည် Saccà အား သူ၏ မဟာမိတ် Umberto Bossi မှ ခိုင်ခိုင်မာမာထောက်ခံပြောဆိုထားသည့် ရုပ်သံဇာတ်လမ်းတွဲကို အသံလွှင့်ပေးရန်အတွက် တိုက်တွန်းပြောဆိုခဲ့သည်။ Saccà က သူသည် ထိုစာချုပ်နှင့် ပက်သက်ပြီး ကောလဟာလများသည် အများ ပြည်သူကြားတွင် ပျံနှံလျက်ရှိတာကြောင့် သူ့အတွက် ပြသာနာများဖြစ်ပေါ်ခဲ့ကြောင်း ညည်းညူပြောဆိုခဲ့သည်။ ထို ့နောက်တွင် ဘာလူစကိုနီ က မိန်းကလေး တယောက်အတွက် RAI တွင် အလုပ်တခုရှာပေးရန် သွားရောက်ပြောဆိုစေခဲ့သည်။ ထိုသို့ သွားရောက်ပြောဆိုရာတွင် ထိုမိန်းကလေးသည် Prodi အား သူ၏ အစိုးရအဖွဲ့နှင့်အတူ ကျဆုံးသွားအောင် ကူညီနိုင်သည့် အရေးပါအရာရောက်သည့် ဥပဒေပြု အထက်လွှတ်တော်အမတ်တယောက်နှင့် လျှို့ဝှက်အလဲအလှယ်ပြုလုပ်ရာတွင် တန်ဖိုးရှိပစ်စည်း တခုအနေဖြင့် အသုံးချနိုင်မည်ဖြစ်ကြောင်း ကိုပါ ပွင့်ပွင့်လင်းလင်း ထည့်သွင်းပြောဆိုရန် စေခိုင်းခဲ့သည်။ ထိုဖုန်းပြောဆိုမှုသည် လူသိရှင်ကြားပေါ်ထွက်လာပြီးနောက်တွင် အခြားနိုင်ငံရေးသမားများနှင့် သတင်းထောက်များ က ဘာလူစကိုနီ အား ပြည်တန်ဆာမှုကို အပြည့်အဝအသုံးချခြင်းအားဖြင့် နိုင်ငံရေး အကျင့်ပျက်မှုပြုလုပ်ခဲ့ ကြောင်း စွပ်စွဲခဲ့ကြသည်။ သူ၏ ပြန်လည်ချေပချက်တွင် ဘာလူစကိုနီ က “ ဖျော်ဖြေရေးလောကမှာ အဲဒါကို လူတိုင်းသိကြတယ်။ အချို့သော RAI တီဗွီရဲ့ အခြေအနေတွေမှာ ကိုယ့်ကို ကိုယ် ရောင်းစားတာ ( ဒါမှမဟုတ် ) လက်ဝဲဝါဒီ ဆိုရင် RAI TV မှာ သတင်းဖြစ်တာပဲ “ ငါက လက်ဝဲဝါဒီများမဟုတ် ပဲ RAI TV ရဲ့ လုံးဝခွဲခြားဆက်ဆံခံရတဲ့ ပုဂ္ဂိုလ်တွေအစား ဝင်လုပ်လိုက်တာ…” လို့ပြောကြားခဲ့သည်။ Right-to-die case - ဘဝကို အဆုံးသတ်ရန် ခွင့်ပြုခဲ့သည့် အမှု ( ၁၇ နှစ်ကြာအောင်သတိလစ်မေ့မြောနေသောသူ ) Eluana Englaro ၏ မိသားစုသည် သူမ၏ ဘဝကို အဆုံးသတ်ရန် အခွင့်အရေးကို .. တရားသူကြီးများမှ အသိအမှတ်ပြုလက်ခံလာအောင်ဆောင်ရွက်နိုင်ခဲ့ပြီး သူမ၏ ဘဝကို တရားရုံးမှခွင့်ပြုသည့် နည်းလမ်းဖြင့် အဆုံးသတ်ရန် စတင်လုပ်ဆောင်မည့်ဆရာဝန်များကို ခေါ်ယူခဲ့ပြီး သည့်နောက်တွင်၊ ဘာလူစကိုနီ မှ ဆရာဝန်များအား ထိုသို့လုပ်ဆောင်မှုကို ရပ်တန့်ရန် အမိန့် ထုတ်ပြန်ကြေငြာ ခဲ့သည်။ “ ဒါဟာလူသတ်မှုပဲ၊ ငါသူမကို ကယ်တင်ဖို ့ကြိုးစားမယ်။ ငါက ( ပထမဆုံးရာစုနှစ်တုံးက ရောမအုပ်ချုပ်သူ ဂျူးလူမျိုးခေါင်းဆောင် ) Pontius Pilate မဟုတ်ဘူး “ ဟု ဖော်ထုတ်ပြောကြားခဲ့သည်။ “ သတိလစ်မေ့မြောနေသူ အမျိုးသမီးဟာ မီးယပ်သွေးပေါ်/ရာသီသွေးဆင်းတုံးပဲ ရှိသေးတယ်။ သူမဟာ ကလေးရနိုင်တဲ့ အခြေအနေမှာရှိတယ် ” ဟူသော အချက်ကို အခိုင်အမာပြောကြားခြင်းဖြင့် သူ၏ ဆုံးဖြတ်ချက်ကို ကာကွယ်ပြောဆိုရန်အတွက် ဆက်လက်လုပ်ဆောင်ခဲ့သည်။ ပြည်တန်ဆာမှုဖြင့် မကောင်းသတင်းထွက်ခဲ့ခြင်းနှင့် ကွာရှင်းပြတ်စဲခြင်း[ပြင်ဆင်ရန်] ၂၀၀၉ ဧပြီလကုန်တွင် Veronica Lario ဥရောပ ပါလီမန် ရွေးကောက်ပွဲတွင် ငယ်ရွယ်ပြီး ဆွဲဆောင်မှုရှိသော်လည်း နိုင်ငံရေးအတွေ့အကြုံ မရှိသလောက်နည်းပါးသည့် အမျိုးသမီးကို ပါတီကိုယ်စားပြု အမတ်လောင်းအဖြစ် ရွေးချယ်ခဲ့ သောကြောင့် သူမ၏ ဒေါသကို ပွင့်ပွင့်လင်းလင်းဖော်ပြထားသော စာတစောင်ကိုရေးသားခဲ့သည်။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုပြုလုပ်နေစဉ်မှာ ယခုလိုမျိုးအဖြစ်အပျက်မျိုး သုံးကြိမ်တိုင်တိုင်ပြုလုပ်ခဲ့မှုအတွက် ပြည်သူလူထုထံ ခွင့်လွတ်ရန် တောင်းဆိုခဲ့ပြီး သူ့အိမ်ထောင်ရေးကို ဆက်လက်ပေါင်းသင်းနေထိုင်ရန် မျှော်လင့်ချက် အလားအလာ အနည်းငယ်သာရှိကြောင်း ဖော်ထုတ်ပြောဆိုခဲ့သည်။ မေလ ၃ ရက်နေ့တွင် Veronica Lario သည် Naples, Casoria တွင် ပြုလုပ်ခဲ့သော မိန်းကလေးတယောက်၏ အသက် ၁၈ နှစ်ပြည့်မွေးနေ့ ပါတီပွဲသို့သူမယောက်ျားတက်ရောက်ခဲ့ပြီးသည့်နောက်ပိုင်းတွင် ကွာရှင်းစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း ကြေငြာခဲ့သည်။ သူမက ဘာလူစကိုနီ သည် သူ၏သား အသက် ၁၈ နှစ်မွေးနေ့ပါတီသို့ မတက်ရောက်ခဲ့ကြောင်း၊ သူမကို အရေးမထားပဲ ဆက်ဆံသော ယောက်ျားတယောက်နှင့် ဆက်လက်ပေါင်းသင်းရန်မဖြစ်နိုင်ကြောင်းနှင့် အလားအလာ ကောင်းမည် မဟုတ်ကြောင်း အခိုင်အမာပြောဆိုခဲ့သည်။ အဆိုပါမိန်းကလေး Noemi Letizia သည် အီတလီသတင်းစာ ဆရာများနှင့် တွေ့ ဆုံမေးမြန်းခန်းပြုလုပ်ခဲ့ပြီး သူမ သည် ဘာလူစကိုနီ အား papi ( အဖေဟု အဓိပ္ပါယ်ရှိ ) ဟုခေါ်ကြောင်း၊ သူတို့သည် အတူတကွ အချိန်ဖြုန်းခဲ့သည့် ကာလများရှိခဲ့ကြောင်း၊ သူမ၏ အလုပ်အကိုင်ကို ကပြအသုံးတော်ခံသည့် မိန်းကလေးတယောက်အဖြစ် ( သို့မဟုတ် ) နိုင်ငံရေးသမားတယောက်အဖြစ် တာဝန်ယူလုပ်ကိုင်စေမည်ဖြစ်ကြောင်း၊ ဘာပဲဖြစ်ဖြစ် ဆက်လက်လုပ်ကိုင်ရန် ရွေးချယ်ဆုံးဖြတ်ခဲ့ကြောင်း စသည့်အချက်များကို ထုတ်ဖော်ပြောကြားခဲ့သည်။ နောက်တနေ့တွင် ဆယ်လ်ဗီယို ဘာလူစကိုနီ ထိုကိစ္စနှင့်ပက်သက်ပြီး သတင်းစာဆရာများထံသို့ ဖြေရှင်းချက်ပေးခဲ့ပြီး သူမအား သူမ၏ အဖေမှတဆင့် သိရှိခဲ့ကြောင်းနှင့် သူမ၏ မိဘများမရှိပဲ ဘယ်သောအခါမှ သူမအားတယောက်တည်း တွေ့ဆုံခြင်းမျိုးမရှိခဲ့ကြောင်း ကျိန်ဆိုပြောကြားခဲ့သည်။ မေ ၁၄ နေ့တွင် La Repubblica သတင်းစာမှ လက်ရှိအချိန်အထိပေါ်ထွက်လာသော ရှေ့ နောက်မညီညွတ်ခြင်းနှင့် အမြီးအမောက်မတည့်ခြင်းများစွာဖော်ပြထားပြီး လက်ရှိအခြေအနေကို ရှင်းလင်းနိုင်ရန်အတွက် ဘာလူစကိုနီ အား ဖြေဆိုရန် မေးခွန်း ၁ဝ ခုကို တရားဝင်မေးမြန်းထားသည့် ဆောင်းပါးတပုဒ်ကို ထုတ်ဝေခဲ့သည်။ ၁ဝ ရက်ကြာပြီးနောက် Letizia ယခင်ချစ်သူဟောင်းဖြစ်သူ Luigi Flaminio က ဘာလူစကိုနီ သည် ၂၀၀၈ အောက်တိုဘာတွင် သူ့ချစ်သူ မိန်းကလေး၏ ဓါတ်ပုံကို သတင်းထောက် Emilio Fede ( TG4 ဒါရိုက်တာ ) ယူ ဆောင်လာသည့် ဓါတ်ပုံစာအုပ်တအုပ်တွင် တွေ့ရှိပြီးနောက်တွင် သူမ၏ ရိုးသားသန့်စင်မှုနှင့် အပြစ်ကင်းစင်၍ ချစ်စရာကောင်းသောမျက်နှာကို သဘောကျပြီး ပုဂ္ဂိုလ်ရေးအရတွေ့ဆုံရန်အတွက်ဆက်သွယ်ခဲ့ကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။ Flaminio က သူမသည် ၂၀၀၉ နှစ်သစ်ကူးအကြိုပွဲကျင်းပခါနီးတွင် ဘာလူစကိုနီ ၏ Sardinian villa တွင် သူမ၏ မိဘများမပါပဲ ၁ ပတ်ခန့်သွားရောက်နေထိုင်အချိန်ဖြုန်းခဲ့ကြောင်းကိုလဲ ထပ်မံထုတ်ဖော်ပြောဆိုခဲ့သည်။ နောက်ပိုင်း တွင် သူမ၏ အမေက ထိုအချက်မှန်ကန်ကြောင်း အတည်ပြုပေးခဲ့သည်။ထိုကိစ္စနှင့်ပက်သက်ပြီးသတင်းမုဆိုးများ၏ ရိုက်ကူးရရှိသောဓါတ်ပုံများကို Rome ရှိ အစိုးရရှေ့နေရုံးမှ သီးသန့် သတ်မှတ်ချက်များကို ချိုးဖောက်မှုဖြင့် သိမ်းယူခဲ့ကြသည်။ သို ့သော် ထိုဓါတ်ပုံများထဲမှ သီးသန့်ရွေးချယ်ထားသော ဓါတ်ပုံများကို ဇွန်လ ၄ ရက်နေ့တွင် El País မှ ပုံနိုပ်ထုတ်ဝေခဲ့သည်။ ၂၀၀၉ မေ ၂၈ နေ့တွင် ဆယ်လ်ဗီယို ဘာလူစကိုနီ က သူသည် Noemi Letizia နှင့် ဘယ်တုံးကမှ ထူးခြားဆန်းပြားသော ဆက်ဆံရေးမျိုးမရှိခဲ့ကြောင်း သူ၏ သားသမီးများ၏ ခေါင်းကိုကိုင်ပြီး ကျိန်တွယ်ပြောဆိုခဲ့သည်။ အကယ်၍ ထိုကဲ့သို့သောဆက်ဆံရေးမျိုးရှိခဲ့လျှင်၊ ရာထူးမှ ချက်ချင်းနုတ်ထွက်မည်ဟုလဲ ပြောဆိုခဲ့သည်။ ၂၀၀၉ ဇွန် ၁၇ နေ့က အီတလီ၊ ဘာရီမှ ရုပ်ရှင်မင်းသမီးအဖြစ်မှ အနားယူခဲ့သော အသက် ၄၂ နှစ်ရှိ ကိုယ်ရံတော် Patrizia D'Addario က သာမန်မိတ်ဆွေတယောက်မှတဆင့် ယူရို ၂၀၀ဝ ပေးပြီး .. ဘာလူစကိုနီ နှင့်အတူ ညနေခင်း အချိန်ဖြုန်းရန်တကြိမ်နှင့် ညဘက်အတူ အချိန်ဖြုန်းရန်တကြိမ် နှစ်ကြိမ်တိုင်တိုင် စည်းရုံးခြင်းခံရကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။ ဘာရီမှ ရာဇဝတ်မှုတရားသူကြီးမှ ထိုကိစ္စကို စုံစမ်းစစ်ဆေးခဲ့ပြီး ၎င်း၏ မိတ်ဆွေဖြစ်သူသည် ပြည့်တန်ဆာမှုအတွက် အကူအညီပေးခြင်းကြောင့် တရားစွဲခံရနိုင်သည်။ ဆယ်လ်ဗီယို ဘာလူစကိုနီ က အငှါး အဖော်အဖြစ်နေခြင်း နှင့်ပက်သက်၍ D'Addario ၏ ပြောသမျှတိုင်းကို ငြင်းပယ်ခဲ့သည်။ “ငါဟာမိန်းမတစ်ယောက်ကို ပိုက်ဆံပေး ငှါးထားပြီး...တိုက်ပွဲအောင်တဲ့ စိတ်ချမ်းသာမှုမျိုးကို မရဘဲနဲ့ ဆိုရင် ဘာစိတ်ကျေနပ်မှုမျိုး ရနိုင်ဦးမှာလဲ ဆိုတာ ငါဘယ်လိုမှ နားမလည်လို့မရဘူး ” လို့ ကြေငြာခဲ့သည်။ သူက D'Addario ကို ပိုက်ဆံပေးပြီး စေခိုင်းနေတဲ့ အမျိုးအမည်မသိ လူရှိတယ်လို့လည်း စွပ်စွဲ ခဲ့သေးသည်(ယင်းစွပ်စွဲချက်များကို သူမက အကြောက်အကန် ငြင်းခဲ့သည်) အခြားသော မိန်းမငယ် များကလည်း ဘာလူစကိုနီ ၏ Rome မြို့ရှိ နေအိမ် (Palazzo Grazioli) တွင် ကျင်းပခဲ့သည့် ပါတီများ အကြောင်းကို မီဒီယာများတွင် ဖော်ပြခဲ့ကြသည်။ ဓါတ်ပုံများနှင့် ကတ်ဆက်အသံမှတ်တမ်းများ လည်း ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ခဲ့သည်။ အထူးသဖြင့် ထို ဖော်ပြချက်များက ဝန်ကြီးချူပ်၏ နေအိမ် လုံခြုံရေးနှင့် ပက်သက်၍ လုံခြုံရေး အစီအမံများ မရှိကြောင်း၊ ထိန်းချူပ်မှု မရှိဘဲ ဝင်ထွက်သွားလာခွင့် ရှိခဲ့ခြင်းများ ကို သိသာစေခဲ့သည်။ ၂၀၀၉ ဇွန် ၂၆ နေ ့တွင် la Repubblica သတင်းစာမှ ဘာလူစကိုနီ သို ့မေးထားသော မေးခွန်း ၁ဝ ခုကို ပြန်လည်ဖော်ထုတ်ခဲ့ပြီးနောက် မကြာခဏဆိုသလို သတင်းစာတွင် ပြန်လည်ပုံနိုပ်ထုတ်ဝေခဲ့သည်။ ၂၀၀၉ ဩဂုတ် ၂၈ နေ ့အထိ မည်သည့်အဖြေမှ ဖြေကြားခြင်းမရှိပဲ အဆိုပါ သတင်းစာကုမ္ပဏီ ပိုင်ရှင် L'Espresso Magazine အယ်ဒီတာ Gruppo ကို တရားစွဲဆိုခဲ့ပြီး ထိုမေးခွန်း ၁ဝ ခုကို အသရေပျက်စေပြီး ဖြေဆိုစရာမလိုသော မေးခွန်းများအဖြစ် သတ်မှတ်ခဲ့သည်။ ဘာလူစကိုနီ ၏ နေပုံထိုင်ပုံကို အထူးသဖြင့် Conferenza Episcopale Italiana ( အီတလီ ဘုန်းတော်ကြီးများညီလာခံ ) မှ ပိုင်ဆိုင်သည့် Avvenire သတင်းစာတွင် ရေးသားဖော်ပြခဲ့ပြီး ကက်သလစ်ဘာသာ အသိုင်းအဝိုင်းတွင် မျက်ခုံးပင့်စရာ ဖြစ်ခဲ့သည်။ ထိုသို့ရေးသားဖော်ပြခဲ့ပြီးနောက်တွင် Avvenire သတင်းစာအယ်ဒီတာ Dino Boffo အား ဥပဒေကြောင်းအရ အရေးယူခဲ့ပြီး ထိုကိစ္စနှင့်ပက်သက်၍ အသေးစိတ်ကို ဘာလူစကိုနီ မိသားစုပိုင် il Giornale သတင်းစာတွင် တရားဝင်ဖော်ပြခဲ့သည်။ ထိုဖော်ပြချက်အရ Dino Boffo သည် သူ့လုပ်ဖော်ကိုင်ဖက်ဟောင်း၏ ဇနီးအား နှောက်ယှက်တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု ထင်ရဟန်ရှိသည်။ Dino Boffo သည် ထိုဥပဒေကြောင်းအရ အရေးယူခဲ့မှုကို မှားယွင်းသည်ဟု အမြဲတမ်းကြေငြာခဲ့သော်လည်း ထိုအချက်ကို မငြင်းပယ်နိုင်ခဲ့ပေ။ အပြန်အလှန်တင်းမာမှုများနှင့် အခြေအတင်ငြင်းခုံမှုများဖြစ်ပေါ်ခဲ့ပြီးသည့်နောက် ၂၀၀၉ စက်တင်ဘာ ၃ နေ့တွင် Boffo သည် သူ၏ အယ်ဒီတာရာထူးနေရာမှ နုတ်ထွက်ခဲ့ပြီး လက်ထောက် အယ်ဒီတာ Marco Tarquinio သည် လက်တလော ကြားကာလ အယ်ဒီတာဖြစ်လာခဲ့သည်။ ၂၀၀၉ စက်တင်ဘာ ၂၂ နေ့တွင် Silvio ဘာလူစကိုနီ သည် စာနယ်ဇင်း ညီလာခံအပြီးတွင် သူ၏ ဝန်ကြီးအား အတင်းအဖျင်းသတင်းများနှင့်ပက်သက်ပြီးမေးမြန်းခြင်းကို တုံပြန်ဖြေကြားခြင်း မပြုလုပ်ရန်ပြောဆိုထားကြောင်း ကြေ ငြာခဲ့သည်။ အီတလီစာနယ်ဇင်းများသည် အီတလီအစိုးရအဖွဲ ့မှ ချမှတ်ထားသော ပြည်တွင်းနှင့် နိုင်ငံခြားမှုဝါဒများနှင့်ပက်သက်ပြီး အောင်မြင်မှုအကြောင်းကိုသာပြောသင့်သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ “ L’Aquila တွင် တိုက်ခန်း ဘယ်လောက်များများဆောက်လုပ်ပေးမည်နည်း” ဟူသော မေးခွန်းမျိုးကိုသာ .. စာနယ်ဇင်းမှ မေးနိုင်လိမ့်မည်ဖြစ် ကြောင်း၊ တနည်းဆိုသော် သူ၏ အုပ်ချုပ်မှုနှင့်ပက်သက်ပြီးမေးနိုင်ကြောင်းနှင့် အတင်းအဖျင်းသတင်းများနှင့်ပက်သက် ပြီးမေးခွင့်ရမည်မဟုတ်ကြောင်းထပ်မံပြောကြားခဲ့သည်။ ၂၀၀၉ အောက်တိုဘာ ၁ ရက်နေ့တွင် AnnoZero ဦးဆောင်မှုနေရာအတွက် အပြိုင်အဆိုင်လှုပ်ရှားသည့် လှုပ်ရှားမှုတခုတွင် အစီအစဉ်တင်ဆက်သူ သတင်းထောက် Michele Santoro က Patrizia D'Addario ကို တွေ့ဆုံမေးမြန်းခဲ့သည်။ သူမသည် ဘာရီမှ သူမအားယခင်ကတည်းကသိကျွမ်းနေသူ စီးပွားရေးသမား Giampaolo Tarantini နှင့်တွေ့ဆုံခဲ့ပြီး “သူမအား သမ္မတနှင့်အတူ Palazzo Grazioli တွင် အတူနေပေးရန် တောင်းဆိုခဲ့ကြောင်း” ဖော်ပြခဲ့သည်။ D'Addario က “သူမသည် လစာနှင့် အလုပ်လုပ်သည့် ကိုယ်ရံတော်တယောက်ဆိုတာ ဘာလူစကိုနီ သိသည်” ဟုထပ်မံ ပြောကြားခဲ့ သည်။ ၂၀၁ဝ နိုဝင်ဘာတွင် ဆယ်ကျော်သက် ဘဲလေး အကသမား Karima El Mahroug (Ruby Rubacuori ဟူသော နာမည်ပြောင်ဖြင့် လူသိပိုများသည် ) က ဘာလူစကိုနီ ထံမှ သူမ၏ ကိုယ်ပိုင် အပန်းဖြေသည့်ပင်လယ်ကမ်းခြေအိမ်များ တွင် ပြုလုပ်ခဲ့သောပါတီပွဲများအတွက် ဒေါ်လာ ၁၀,၀၀ဝ ပေးရန် တောင်းဆိုခဲ့သည်။ Karima El Mahroug က Milan ရှိ အစိုးရရှေ ့နေများကို ဘာလူစကိုနီ နှင့် မိန်းကလေး ၂ဝ ယောက်တို့သည် အာဖရိကရိုးရာအကပုံစံ Bunga Bunga အကကို အဝတ်အစားမဝတ်ပဲ ကပြဖျော်ဖြေခဲ့ကြပြီး ထိုပွဲများသည် ရမ်းကားသည့် ပျော်ရွင်ပွဲများနှင့်တူသည်ဟူ၍ ပြောကြားခဲ့သည်။ ၂၀၁ဝ မေ ၂၇ နေ့တွင် El Mahroug သည် ခိုးမှုဖြင့် မီလန် ရဲတပ်ဖွဲ့မှဖမ်းဆီးခြင်းခံရပြီး ( အမှုသေးသောကြောင့် ) ငယ်ရွယ်ပြီး ဥပဒေကျူးလွန်သူများထိမ်းသိမ်းထားရှိသည့် နေရာသို့ပို့ခြင်းခံရကြောင်း သိရှိရသည်။ သို့သော် ရဲတပ်ဖွဲ့အာဏာပိုင်များဆီသို့ ဘာလူစကိုနီ မှ ဖုန်းခေါ်ဆိုမှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီးနောက်တွင် ( အထူးသဖြင့်၊ အီဂျစ် သမ်မတ Hosni Mubarak ၏ အလွန်ရင်းနှီးသည့် ဆွေမျိုးတယောက်အဖြစ် မှားယွင်းစွာ ဖော်ပြခဲ့ပြီးနောက် ) ထိုမိန်းကလေးကို ပြန်လွှတ်ပေးခဲ့ပြီး PDL ၏ ဒေသဆိုင်ရာ အကြံပေးပုဂ္ဂိုလ် (ဘာလူစကိုနီ ၏ သွားကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုပေးသူ ) Nicole Minetti ထံသို့အပ်နှံခဲ့သည်။ ဘာလူစကိုနီ သည် .. အများပြည်သူပြောကြားချက်များအရ နာမည်သိပ်မကြီးသော Bulgarian မင်းသမီး Michelle Bonev ကို ထောက်ပံရန်အတွက် နိုင်ငံတော်ဘဏ္ဍာငွေထဲမှ ၁.၈ သန်းကို ဖြုန်းတီးပစ်ခြင်းကြောင့် အပြင်းအထန် ဝေဖန်ခံခဲ့ရသည်။ ထိုကဲ့သို့နိုင်ငံပိုင် အနုပညာအသုံးစရိတ်ကို အကြီးအကျယ်ဖြတ်တောက်သုံးစွဲမှုသည် ပြည်သူလူထုထံမှ ပြင်းထန် သော တုံပြန်မှုတခု ဖြစ်ပေါ်စေရန် တွန်းပို့ပေးသောအချက်တချက်အဖြစ် တထပ်တည်းကျစေခဲ့သည်။ ဟာသ ဖြစ်စရာ ပြုမူပြောဆိုမှုများ နှင့် အရှက်ရဖွယ် အဖြစ်အပျက်များ[ပြင်ဆင်ရန်] ဘာလူစကိုနီ သည် သူ၏ တခါတလေတွင် မဖွယ်မရာတွေးတက်သည့် ဟာသဉာဏ်ကြောင့် နာမည်ဆိုးဖြင့် ကျော်ကြား ခဲ့သည်။ ၂၀၀၂ ဖေဖော်ဝါရီတွင် နိုင်ငံခြားဝန်ကြီးများ၏ ဥရောပသမဂ်ဂညီလာခံတွင် သူ၏ ယခင်နိုင်ငံခြားရေးဝန်ကြီး Renato Ruggiero အစား ဘာလူစကိုနီ ကို တရားဝင်မခန် ့အပ်ရသေးသော်လည်း တက်ရောက်ခဲ့ပြီး အခမ်းအနား တက်ရောက်သူများ ဓါတ်ပုံရိုက်ကူးစဉ် စပိန်နိုင်ငံခြားရေးဝန်ကြီး Josep Piqué ၏ ခေါင်းအနောက်တွင် ( လက် ၂ ချောင်းထောင်ပြီး ဂျိုပုံစံဖြင့် ) ကြာခိုသူတယောက်အဖြစ် အသိပေးအကြောင်းကြားသည့်ပုံစံ ရိုင်းပျသော အမှုအရာတခု ပြုလုပ်ခဲ့သည်။ ထိုအပြုအမှုသည် အီတလီကလေးငယ်များကြားတွင် ဟာသတခုအဖြစ် ပျံနှံခဲ့ပြီး လူအတော်များများက ထိုအပြုအမှု သည် နိုင်ငံတကာအစည်းအဝေးနှင့် လုံးဝမသက်ဆိုင်သည့်အပြုအမှုတခုအဖြစ် မှတ်ယူခဲ့ကြသည်။ သူနောက်ရုံသာ နောက်လိုက်တာပါ ဟုနောက်ပိုင်းတွင်ဖြေရှင်းခဲ့ပြီး သက်တောင့်သက်သာရှိသည့် အခြေအနေတခုကို ဖန်တီးရန် ကြိုးစားခဲ့ခြင်းသာဖြစ်ကြောင်း၊ ပူးပေါင်းပါဝင်ကြသူများကြားတွင် ခင်မင်ရင်းနှီးမှု၊ လှိုက်လှဲုပျူငှာမှု၊ နှစ်လိုဖွယ်ရှိမှု၊ ချစ်ခင်ကြင်နာမှုရှိသည့် အစည်းအဝေးပွဲတခုဖြစ်ရန်ရည်ရွယ်ကြောင်းနှင့် ဘေးမှရပ်ကြည့်နေသည့် ကင်းထောက် လူငယ်အဖွဲ ့ကို သဘောကျနှစ်သက်စေလိုသောသဘောဖြင့်ပြုလုပ်ခဲ့ကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။ ၂၀၀၃ ဇူလိုင် ၂ နေ့တွင် EU ဝန်ကြီးအဖွဲ့၏ ဥက္ကဌနေရာကို လွဲပြောင်းရယူခဲ့ပြီးနောက်တနေ့တွင် ဥရောပပါလီမန်အဖွဲ့မှ ဂျာမန် SPD အဖွဲ့ဝင် Martin Schulz က ဘာလူစကိုနီ အား သူ၏ ပြည်တွင်းနှင့် ပက်သက်ပြီး ချမှတ်ထားသော မှုဝါဒများနှင့် မာဖီးယားဂိုဏ်းနှင့်ပက်သက်ပြီး စွပ်စွဲခံရမှုများကြောင့် ပြင်းထန်စွာ ဝေဖန် ပြစ်တင်ခဲ့သည်။ “ Mr Schulz, နာဇီ အကျဉ်းစခန်းတွေအကြောင်း ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ အီတလီက ရုပ်ရှင် ထုတ်လုပ်သူတယောက်ကို ကျုပ်သိတယ်။ Kapo ရဲ့နေရာမှာ မင်းကိုဝင်သရုပ်ဆောင်ခိုင်းဖို့ငါသူ့ကို ကူပြောပေးမယ်။ အဲဒီဇာတ်ရုပ်က မင်းနဲ့ဆို ကွက်တိပဲ။” ဆိုရှယ်လစ်အဖွဲ့သားများဆီမှ တုံပြန်အော်ဟစ်ခဲ့ကြပြီး ဘာလူစကိုနီ ကသူရယ်စရာပြောခြင်းသာ ဖြစ်တယ်လို့ အခိုင် အမာပြောဆိုခဲ့သည်။ သို့သော် သိပ်မကြာခင်မှာ Martin Schulz နှင့် အခြား လက်ဝဲဝါဒီများကို ဒီမိုကရေစီကို အဆိုး မြင်သူတွေအဖြစ် သတ်မှတ်စွပ်စွဲခဲ့သည်။ သူ၏ နာဇီနှင့်နှိုင်းယှဉ်ပြချက်သည် ဂျာမနီနှင့် အီတလီဆက်ဆံရေးကို အေးစက်သွားစေသည့် အကြောင်းတချက် ဖြစ်စေခဲ့သည်။ ၂၀၀၃ တွင် ပြုလုပ်သော Nicholas Farrell နှင့် ထိုအချိန်က The Spectator magazine မှ အယ်ဒီတာ Boris Johnson တို့နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဘာလူစကိုနီ က “ မူဆိုလီနီ သည် ပြိုင်ဘက်တွေကို သတ်ဖြတ်ခြင်း မပြုသည့် နှူးညံပျော့ပြောင်းသော အာဏာရှင်တယောက်ဖြစ်တယ်။ ဒါပေမဲ့ သူတို့ကို အားလပ်ရက်အပျော်ခရီး အဖြစ်ပို့ဆောင်ပေးခဲ့တယ် “ လို့အခိုင်အမာပြောကြားခဲ့သည်။ ၂၀၀၅ မေလလယ်လောက်တွင် Parma ရှိ ဥရောပ အစားအသောက် ဆိုင်ရာဘေးအန္တရာယ် ကင်းရှင်းရေးအာဏာပိုင်အဖွဲ့စတင်ဖွဲ့စည်းသည့် အခမ်းအနားတွင် Finland နိုင်ငံသားများ အား အီတာလျှံကြက်ကင်ဆိုတာဘာမှန်းတောင်မသိဘူးဟု ပြင်းပြင်းထန်ထန်ပြောဆိုခဲ့ပြီးနောက်၊ .. Finland သမ္မတ တာရ်ရ ဟာလိုနန် ကို ဥရောပ အစားအသောက် ဆိုင်ရာဘေးအန်တရာယ် ကင်းရှင်းရေးအာဏာ ပိုင်အဖွဲ့အစည်းကို Finland နိုင်ငံမှာ အခြေစိုက်ထားရှိရန်အတွက် စည်းရုံးသိမ်းသွင်းနိုင်ဖို့ သူရဲ့မိန်းမနဲ့ ပက်သက်ပြီးကျွမ်းကျင်မှုကို ဖုန်ခါပြီးပြန်လည် အသုံးပြုရတော့မယ်ဟု အခိုင်အမာပြောကြားခဲ့သည်။ ဖင်လန်နိုင်ငံရှိ အီတလီ သံအမတ်ကြီးကို ဖင်လန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးမှ ဆင့်ခေါ်ခဲ့ပြီး ပြစ်တင်ဝေဖန်မှုပြုလုပ်ခဲ့ပြီး အီတလီနှင့် ဖင်လန်နိုင်ငံများမှ ထိုပြောကြားချက်ကို ဝေဖန်မှုပြုခဲ့ကြတယ်။ သူ၏ အတွင်းရေးဝန်ကြီးမှ Halonen ဓါတ်ပုံကို မြင်ဖူးတဲ့သူတိုင်း သူနောက်ပြောင်ပြောနေတယ်ဆိုတာကို သတိပြုမိကြပါလိမ့်မည် “ ထိုကိစ္စ မတိုင်မီက နယူးယောက်မှ ကုန်သည်များအဖွဲ့ကို အီတလီနိုင်ငံမှာ လာရောက်ရင်းနှီးမြုပ်နှံမှုပြုလုပ်ရန် အကြောင်းအချက်များကို စာရင်းပြုစုထားကြောင်းနှင့် ပထမဆုံးအချက်ကတော့ ငါတို့နိုင်ငံမှာ ကမ္ဘာ့ အချောအလှဆုံး ကိုယ်ရေးအရာရှိတွေ ရှိတယ်ဆိုတဲ့အချက်ပဲ ဖြစ်တယ်လို့ပြောကြားခဲ့တယ်။ ရလဒ်ကတော့ အီတလီနိုင်ငံမှာ ရုတ်ရုတ်သဲသဲဖြစ်ခဲ့ပြီး ပါလီမန်မှ အမျိုးသမီးအဖွဲ့ဝင်များက တရက်ကြာ ပါတီ ပေါင်းစုံဆန်ဒပြပွဲကို ကျင်းပခဲ့ကြတယ်။ အီတာလျှံကြက်ကင် ကိစ္စနှင့်ပက်သက်ပြီး ဖင်လန်နိုင်ငံမှ ပီဇာလုပ်ငန်း Kotipizza သည် သမင်ကျပ်တင်သား ပါဝင်သည့် Pizza ဘာလူစကိုနီ အမည်ရှိ ပီဇာအသစ်တမျိုးကို ထုတ်လုပ်ခဲ့ပြီး ပြန်လည်နာမည်ကျော်ကြားလာခဲ့သည်။ ၂၀၀၈ မတ်လတွင် ကျင်းပသော America's Plate နိုင်ငံတကာပီဇာပြိုင်ပွဲတွင် ထိုပီဇာသည် ပထမဆုရရှိခဲ့သည်။ ၂၀၀၆ မတ်လတွင် ဘာလူစကိုနီ က “ ကွန်မြူနစ်တွေက ကလေးတွေကို စားလေ့စားထရှိတယ်” လို့စွပ်စွဲပြောဆိုခဲ့မှုကို ကာကွယ် ပြောဆိုသည့်အနေဖြင့် “ ကွန်မြူနစ်တွေအကြောင်းရေးထားတဲ့ Black Book ဆိုတဲ့စာအုပ်ကို ဖတ်ကြည့်၊ တရုတ်ကွန်မြူနစ် Mao အကြောင်းကိုတွေ့လိမ့်မည်။ သူတို့က ကလေးအသားကို မစားဘူး။ ဒါပေမဲ့ ဆူနေအောင် ပြုပ်ပြီးတော့ လယ်ကွင်းတွေမှာ မြေဩဇာအဖြစ်အသုံးပြုခဲ့တယ်” လို့အခိုင်အမာ ပြောခဲ့တယ်။ သူနောက်ပိုင်းမှာ ဝန်ခံခဲ့တယ်။ အဲဒီဟာက မဖွယ်မရာ ဇောက်ထိုးစကားဖြစ်ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာသက မဖွယ်မရာဟာသဖြစ်ခဲ့လို့ပဲ။ ဒါပေမဲ့အဲဒီလိုမပြောဖို့ အတွက် ငါ့ကိုငါ ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ မသိခဲ့ဘူး။ သူ၏ နိုင်ငံရေးလှုပ်ရှားမှုများတွင် ပြိုင်ဘက်ဖြစ်သူ Romano Prodi က “ ထိုထိခိုက်နစ်နာမှုဟာ သေချာတာကတော့ ထိပ်ဆုံးကလူတယောက်က လူဦးရေ ၁.၃ ဘီလျံ ကို စော်ကား ခဲ့လို ့ဖြစ်ပေါ်ခဲ့ခြင်းပြီး ဘာလူစကိုနီ ၏ ဝေဖန်ချက်တွေဟာ တွေးတောင်မတွေးဝံဘူး” လို ့စာနယ်ဇင်းများကို ပြောကြားခဲ့သည်။ ဘာလူစကိုနီ က သူ၏ ရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးပွဲများတွင် Black Book of Communism စာအုပ် ၁၀၀ဝ ကို လက်ဆောင်ပေးခြင်းဖြင့် တုံပြန်ခဲ့သည်။ ၂၀၀၆ ဧပြီ ၄ ရက်နေ့တွင် အီတလီ နိုင်ငံရွေးကောက်ပွဲကျင်းပရန် တပတ်တောင်မလိုတော့သည့်အချိန် National Chamber for Trade တွင် မိန့်ခွန်းပြောကြားစဉ် “ ဒီနေရာမှာ ငတုံးတွေအများကြီးရှိသည့်အတွက် သူတို့စိတ် ဝင်စားတဲ့လူကို ဆန့်ကျင်ပြီး မဲပေးရာမှာ အီတလီလူမျိုးတွေရဲ့အရမ်းကို အထင်ကြီး လေးစားကောင်းသည့် အသိဉာဏ်ပညာကို လက်ကိုင်ထားပြီး စဉ်းစားရန်” ပြောကြားခဲ့သည်။ နောက်ပိုင်းတွင် သူ၏ ရိုင်းစိုင်းပေမယ့် ထိရောက်သည့်စကားအတွက် ပြန်လည်တောင်းပန်ခဲ့သည်။ ၂၀၀၇ ဆုပေး ညစာစားပွဲတွင် ”ငါသာလက်ထပ်မထားဘူးဆိုရင်၊ မင်းကိုငါအခုချက်ချင်းလက်ထပ်ဖြစ်မှာပဲ။ မင်းနဲ့ အတူတူဆိုရင်၊ ဘယ်နေရာပဲဖြစ်ဖြစ်ငါသွားရဲတယ်” ဟု Forza Italia အဖွဲ့ကိုယ်စားလှယ်ဖြစ်သူ ယခင် ကပြ အသုံးတော်ခံသည့် မိန်းကလေး Mara Carfagna ကို ကိုးကားပြောဆိုခဲ့သည်။ ထိုသို့အရောတဝင်သွားရောက်ပြောဆိုချက်များသည် သူ၏ဇနီး Veronica အား ..ဘာလူစကိုနီ မှ ဝန်ချတောင်းပန်မှု ပြုလုပ်ရန် တောင်းဆိုဖို့အတွက် ဘာလူစကိုနီ ၏ ပြိုင်ဘက် စာနယ်ဇင်းလုပ်ငန်းတခုဖြစ်သော အီတလီသတင်းစာ la Repubblica မှ တိုက်တွန်းနှိုးဆော်ခဲ့သည်။ သူ၏ နိုင်ငံရေးပါတီမှ ထုတ်ဝေခဲ့သောကြေငြာချက်တွင် သူသည် ခွင့်လွတ်ဖို ့တောင်းပန်ခဲ့ပြီး ဂုဏ်သိက္ခာကိုအမြဲတန်းထိမ်းသိမ်းမည်ဟု ဖော်ပြခဲ့သည်။ Mara Carfagna သည် လက်ရှိသူ၏ လက်အောက်တွင် လူအခွင့်အရေးတန်းတူညီမျှရရှိရေးအဖွဲ့အစည်းမှ ဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ ၂၀၀၈ အီတလီနိုင်ငံ အထွေထွေရွေးကောက်ပွဲ အကြိုကာလတွင် “လက်ယာအစွန်းရောက်ပါတီဝင် အမျိုးသမီး နိုင်ငံရေးသမားများသည် လက်ဝဲအစွန်းရောက်ပါတီမှ အဆင့်တူပုဂ္ဂိုလ်များထက်ပိုကြည့်လိုကောင်းသည်” ဟု အခိုင်အမာပြောကြားခဲ့သည်။ သူ၏မှတ်ချက်ကို အီတလီ ဗဟိုလက်ဝဲပါတီများမှ ဒေါ်သထွက်စွာတုန့်ပြန်ခဲ့ကြပြီး တဏှာရမက်ပြင်းထန်သည့်လူတယောက်အဖြစ် စွပ်စွဲခဲ့ကြသည်။ ဘာလူစကိုနီ က “သူပါလီမန်ထဲမှာ လှည့်ပြီးကြည့်ရူလိုက်ရင် ညာဘက်မှ အမျိုးသမီးနိုင်ငံရေးသမားများသည် ပိုပြီး ချောမောလှပ ကြောင်းနှင့် ဘယ်ဘက်မှ လူများသည် မိန်းမများဖြစ်လာရင်တောင်မှ ကြည့်ရတာမျက်စိပဒသာ မရှိကြောင်း “ ပြောကြား ခဲ့သည်။ ၂၀၀၈ ဧပြီ ၁ဝ နေ့တွင် မဲပေးသူများနှင့် တိုက်ရိုက်ထိတွေ့သည့် အစီအစဉ်ကို ရုပ်မြင်သံကြားမှ ထုတ်လွှင့်သောအခါ မိန်းကလေးတယောက်က Silvio ဘာလူစကိုနီ အား လူငယ်များအနေဖြင့် ဘဝအတွက်လုံခြုံစိတ်ချရသော အလုပ်အကိုင်များမရရှိသောကိစ္စကို မည်သို့ပြုလုပ်သင့်သနည်းဟု မေးမြန်းခဲ့သည်။ သူက မဆိုင်းမတွပင် “မင်းလိုပဲ အရမ်းလှအောင်ပြုံးပြီး ငါ့ရဲ့သားနဲ့လက်ထပ်နိုင်အောင် ကြိုးစားသင့်တယ်။ မင်းကြိုးစားနိုင်ပါတယ်”ဟု အကြံပေးပြောကြားခဲ့သည်။ ၂၀၀၈ အထွေထွေရွေးကောက်ပွဲပြုလုပ်စဉ်အချိန်ကတည်းက ဘာလူစကိုနီ က အငြင်းပွားဖွယ်ရာကိစ္စရပ်အတွက် ဥရောပအဆင့်တွင် ရုံးတင်စစ်ဆေးခြင်း စတင်နေခဲ့ပြီ ဖြစ်သည်။ သူသည် စပိန်အစိုးရအဖွဲ့ဝန်ကြီးများကောင်စီဖွဲ့စည်းထားပုံကို ( ဥက္ကဌ José Luis Rodríguez Zapatero ကို ထည့်သွင်းရေတွက်သည် ) ယောက်ျားနှင့် မိန်းမ အရေအတွက်သည် အတူတူပါဝင် ထည့်သွင်းဖွဲ့စည်းထားခြင်းကို အကြောင်းပြုပြီး လက်ဝဲဆန်လွန်းသည်ဟု လူသိရှင်ကြားဝေဖန်ခဲ့သည်။ ထိုသို့ဖွဲ့စည်းထားပုံသည် အီတလီနိုင်ငံရေးတွင် ယောက်ျားများပျံနှံတည်ရှိနေမှုကို ထည့်သွင်းစဉ်းစားပြီး ဖွဲ့ စည်းထား ခြင်းဖြစ်နိုင်သည်ဟု သူသံသယရှိကြောင်းဟုလဲ ထုတ်ဖော်ပြောဆိုခဲ့သည်။ Sardinia ရှိ Villa La Certosa တွင် ၂၀၀၈ ဧပြီ ၁ရ နေ့က ရှရှားသမ္မတ ဗလာဒီမာပူတင်နှင့် ပူးတွဲကျင်းပသည့် စာနယ်ဇင်းညီလာခံတွင် Nezavisimaya Gazeta သတင်းစာမှ ရှရှားသတင်းထောက် Natalia Melikova က ပူတင်အား လက်ရှိဇနီးသည်ကို ကွာရှင်းပြီး ရှရှားပါလီမန်မှ အဖွဲ့ ဝင်တယောက်ဖြစ်သူ အိုလံပစ် ရွှေတံဆိပ်ဆုရှင် Alina Kabayeva ကို လက်ထပ်ရန်ရည်ရွယ်ထားသည့် ကိစ္စအတွက် မေးမြန်းရန် မေးခွန်းတခု ပေးပို့ထားခဲ့သည်။ သူ၏ ဧည့်သည်ဖြစ်သူ ရှရှားသမ္မတ ဗလာဒီမာပူတင် စိတ်အနှောက်အယှက်မြင်ရသည့်အခါ သတင်းထောက်ဆီသို့ သေနတ်သမားက ပစ်ခတ်နေသည့်ဟန်ကိုအတုယူ၍ အမူအရာ လုပ်ပြခဲ့သည်။ အများပြောကြားချက်အရ ထိုသတင်းထောက်မှာအပြင်သို့ဆွဲထုတ်ခံလိုက်ရသည်။ ပူတင်က Kabaeva ကို လက်ထပ်ရန်သတင်းမှာ ကောလဟာလသတင်းအဖြစ် ငြင်းဆိုခဲ့သည်။ ဘာလူစကိုနီ ၏ ပြောရေးဆိုခွင့်ရှိသူက ထိုသေနတ်သမားအမူအရာကို လျှောချရန် ကြိုးစားခဲ့သည်။ သူက အဲဒါက ပျော်စေပျက်စေသဘောဖြင့်ပြသည့် အမူအရာတခုသာဖြစ်တယ်။ တကယ်တော့ .. ရှည်လျားပြီး ငြီးငွေ့ဖွယ်ရာ ရုရှားဘာသာကိုပြန်ဆိုဖို့ လိုအပ်တဲ့ အချိန်ကို ပေးခဲ့တဲ့ အတွက် ချီးကျူးစရာပါပဲ…. နောက်ပိုင်းမှာ Melikova က “ ငါ ဘာလူစကိုနီ ရဲ့အမူအရာကိုတွေ့ခဲ့ပြီးတော့ သူ့မှာ ဂျိုကာလိုမျိုး ကျော်ကြား တဲ့ နာမည်ဂုဏ်သတင်းရှိတယ်ဆိုတာ ငါသိခဲ့တယ် “ လို ့ပြောကြားခဲ့တယ်။ ဘာအကျိုးဆက်မှ မရှိပါစေနဲ့လို့ ငါမျှော် လင့်ပါတယ် “ ဟု ပြောကြားခဲ့သည်။ ဘာလူစကိုနီ နှင့် ဂျော့ချ် ဒဗလျူ ဘုရှ် တို့သည်ရင်းနှီးသောသူငယ်ချင်းများဖြစ်ကြပြီး ဘုရှ် ပိုင်ဆိုင်သည့် Texas ranch ရှိ Crawford တွင် အတူတကွ အချိန်ဖြုန်းခဲ့ကြသည်။ အတိတ်ကိုသတိရအောက်မေ့သောအားဖြင့် ဘုရှ် သမ္မတရာထူးသက်တမ်းကုန်ဆုံးချိန်တွင် သူနှင့် ဘုရှ် တို့သည် သူငယ်ချင်းများအဖြစ် ထာဝရတည်ရှိနေမည်ဖြစ်ကြောင်းကြေငြာခဲ့သည်။ ၂၀၀၈ အောက်တိုဘာတွင် အိမ်ဖြူတော်အရာရှိ ညစာစားပွဲတွင် ဘုရှ် ၏ ပွေ့ဖက်နှုတ်ခွန်းဆက်မှုအပေါ် အရမ်းစိတ် လှုပ်ရှားခဲ့သဖြင့် မိုက်ခရိုဖုန်းကြိုးကို ခလုတ်တိုက်လဲခဲ့ပြီး စကားပြော စင်မြင့်ပျက်စီးခဲ့သည်။ နောက်ပိုင်းတွင် ဘာလူစကိုနီ က “အလွန်ကြီးမားတဲ့ သံယောဇဉ်ကဘာလုပ်နိုင်သလဲဆိုတာမင်းတွေ့ရဲ့လား” ဟူ၍ မှတ်ချက်ပေးခဲ့ သည်။ ၂၀၀၈ နိုဝင်ဘာ ၆ နေ့တွင် ဘားရက် အိုဘားမား ပထမဆုံး အာဖရိကန်- အမေရိကန်လူမျိုး အမေရိကန်သမ္မတ အဖြစ် ရွေးချယ်ခံရပြီး နှစ်ရက်အကြာတွင် သူ၏ အသားအရေညိုမည်းခြင်းကို လှောင်ပြောင်ချီးမွမ်းခဲ့သည်။ “ရှရှားနဲ့ အမေရိကန်ပြည်ထောင်စုကြားမှာ မျိုးဆက်သစ်တွေ အင်နဲ့အားနဲ့တိုးတက်သွားဖို့လိုအပ်တဲ့ ဆက်ဆံရေး အတွက် ငါကြိုးစားကူညီမယ်။ အိုဘားမားနှင့် ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်နိုင်ရန် Medvedov အတွက် ဘာပြသာနာရှိမယ်လို့မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အိုဘားမားက ငယ်တယ်၊ ခန် ့ညားတယ် ပြီးတော့ ညိုမောင်းတဲ့ အသားအရေလဲ ရှိတယ်။ အဲဒါကြောင့် ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်လာနိုင် တယ်လို့ငါထင်တယ်။ “ ၂၀၀၉ မတ် ၂၆ နေ့တွင် .. “ ငါက အိုဘားမားထက် အသားရောင်ပိုဖျော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါနေပူ ဆာသွားလှုံခဲ့တုန်းကတည်းကဆိုရင် တော်တော်ကြာပြီ။ သူက ပိုပြီး ခန့်ညားတယ်။ ငယ်တယ်။ ပြီးတော့ အရပ်လည်း ပိုရှည် တယ် ” ထပ်မံပြောကြားခဲ့သည်။ နောက်ပိုင်းတွင် ၂၀၀၉ ငလျင်အတွင်း လူပေါင်း ၃၀,၀၀ဝ ကျော်တို့၏ အိမ်များဆုံးရှုံးခဲ့ရပြီးနောက်တွင် မြို့စွန် L’Aquila အိမ်ယာစီမံကိန်းရှိ ရွက်ဖျင်တဲစခန်းတခုတွင် အာဖရိကန် ဘုန်းတော်ကြီးကို သူက .. “မင်းမှာ ညိုမောင်းပြီးကောင်းမွန်တဲ့အသားအရေရှိတယ် “ လို့ပြောကြားခဲ့တယ်။ နောက်ပြီးတော့ ဘုန်းတော်ကြီးကို ဖမ်းဆွဲပြီးတော့ “ငါ့ကို မြဲမြဲကိုင်ထားပြီးတော့ ပါ ပါး လို့ခေါ်” .. ဆိုပြီး ပြောလိုက်တယ် ၂၀၀၈ နိုဝင်ဘာ ၁၈ နေ့တွင် ဘာလူစကိုနီ သည် ဂျာမန် အစိုးရဝန်ကြီးချုပ် Angela Merkel နှင့် တူတူပုန်းတမ်းကစား ခဲ့သည်။ Merkel ကို လက်ခံတွေ့ဆုံဖို့အတွက်စီစဉ်ခဲ့သော်လည်း Merkel နှင့် နောက်လိုက်များ ဖြတ်ကျော်သွားနေစဉ် တိုင်အနောက်မှာ ပုန်းနေခဲ့တယ်။ သတင်းထောက်များက ” ဘာလူစကိုနီ က coo coo ဟုအော် ပြောခဲ့ပြီး ချက်ချင်းပဲ Mrs Merkel က “ Oh, Silvio “ ဟု ပြန်အော်ခဲ့ကြောင်း ” ဖော်ပြခဲ့ကြသည်။ ၂၀၀၉ ဇန်နဝါရီ ၂၄ နေ့တွင် ဘာလူစကိုနီ သည် ပြစ်မှုကျူးလွန်သူများအတွက် မကောင်းဆိုးဝါးစစ်တပ်ဟု ခေါ်တွင်သည့် အီတလီမြို့တော်များကို ကင်းလှည့်သည့်စစ်တပ်ကို ရာဇဝတ်မှုများ ထိထိရောက်ရောက်နိုမ်နှင်း နိုင်ရန်ရည်ရွယ်ပြီး စစ်သားအင်အားကို ၃၀၀ဝ မှ ၃၀၀၀ဝ အထိ တိုးမြှင့်မည့် သူ၏ ရည်ရွယ်ချက်ကို ထုတ်ဖော် ကြေငြာခဲ့သည်။ “ ထိုကဲ့သို့ကင်းလှည့်စစ်တပ်အင်အားကို ၁ဝ ဆ တိုးမြှင့်ခဲ့သည့်အတွက် အီတလီအမျိုးသမီးများ အဓမ္မကျင့်ခံရသည့် အန္တရာယ်မှ လုံလောက်သည့် ကာကွယ်မှုပေးနိုင်မလား “ ဟုမေးမြန်းခဲ့သောအမျိုးသမီးသတင်းထောက်ကိုယခုလို တုံပြန်ပြောကြားခဲ့သည်။ “အဓမ်မမှုများကို တားဆီးနိုင်လောက်သည့် အင်အားကြီးတပ်ဖွဲ့မျိုးငါတို့မဖွဲ့စည်းနိုင်သေးဘူး။ မိန်းမတွေအများကြီး ရှိသလောက်ကို စစ်သားတွေအများကြီးလိုလိမ့်မည်။ ဒီကိစ္စဟာ ဖြစ်နိုင်မယ်လို့ငါမထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငါတို့ဆီကအမျိုးသမီးတွေက အရမ်းလှနေလို့။” အတိုက်အခံခေါင်းဆောင်များက ထိုဖြေကြားချက်သည် စာနာစိတ်ကင်းမဲ့ပြီး အဆင့်အတန်းမရှိသည့် စကားဖြစ်သည် ဟု သတ်မှတ်ပြောဆိုခဲ့ကြသည်။ ဘာလူစကိုနီ က “ အီတလီအမျိုးသမီးတွေကို ချီးမွမ်းချင်ရုံပါပဲ “ ဟုပြန်လည်ပြော ကြားခဲ့သည်။ အခြားဝေဖန်ရေးလုပ်သူများက “ ရဲတပ်ဖွဲ့အာဏာကိုသုံးပြီး အုပ်ချုပ်သည့် နိုင်ငံတခုအဖြစ်ဖန်တီးသည်” ဟု စွပ်စွဲခဲ့ကြသည်။ ၂၀၀၉ ဧပြီ ၃ နေ ့ G-20 ထိပ်သီးတွေ့ဆုံဆွေးနွေးပွဲတွင် တွင် ဘာလူစကိုနီ သည် Queen Elizabeth II အား ဓါတ်ပုံရိုက်ခံရမည့်အချိန်တွင် စိတ်အနှောက်အယှက်ဖြစ်စေမည့် ကိစ္စကို ပြုလုပ်ခဲ့သည်။ ဓါတ်ပုံရိုက်ခံနေစဉ်တွင် ဘာလူစကိုနီ သည် မစ္စတာ အိုဘားမား၊ မစ္စတာ အိုဘားမား ဟု အော်ဟစ်ခဲ့သည်။ ချက်ချင်းပင် ဘုရင်မ ကြီးက လှည့်ကြည့်ပြီး “ ဘာလဲ၊ ဘာဖြစ်လို့သူအဲဒီလို အော်တာလဲ “ ဟု ဝေဖန်ပြစ်တင်ခဲ့သည်။ နောက်နေ့ Kehl တွင်ပြုလုပ်သော NATO အစည်းအဝးပွဲတွင် ဂျာမန် အစိုးရဝန်ကြီးချုပ် Angela Merkel အပါအဝင် အခြား NATO ခေါင်းဆောင်များက Rhine တံတားပေါ်တွင် ဓါတ်ပုံရိုက်ခံရန်စောင့်နေစဉ် ဘာလူစကိုနီ က ဖုန်းပြော နေခဲ့သည်။ ထို့နောက်တွင် ဘာလူစကိုနီ က “ သူသည် Turkish ဝန်ကြီးချုပ်နှင့် အတွင်းရေးမှူးချုပ် Anders Fogh Rasmussen ၏ ဦးဆောင်မှုစွမ်းရည်ကို လက်ခံကြောင်း ပြောနေခြင်းဖြစ်သည် ” ဟု အခိုင်အမာပြောဆိုခဲ့သည်။ ထိုအဖြစ်အပျက်နှင့် ပက်သက်ပြီး အီတလီမီဒီယာများ၏ တုံပြန်မှုကို သူက ” သတင်းထောက်များနှင့် ပက်သက်ပြီး စဉ်းစားရခက်ကြောင်း၊ သူတို့၏ ပြောကြားချက်များသည် သူ့အတွက်အသရေပျက်အောင်ရည်ရွယ်ပြီးပြောဆိုခြင်းဖြစ် ကြောင်း” တုံပြန်ပြောဆိုခဲ့သည်။ ၂၀၀၉ L’Aquila ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် နှစ်ရက်အကြာတွင် Abruzzo ဒေသရှိ အဓိကမြို့ တော်တခုလုံး ဖွတ်ဖွတ်ညက်ညက်ကျေအောင်ပျက်စီးခဲ့ရပြီး လူပေါင်း ၂၉ဝ ကျော်သေဆုံးခဲ့ရသည်။ ဘာလူစကိုနီ မှ n-tv သို့ “ ငလျင်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ပြီး ကျန်ခဲ့တဲ့လူတွေကို စနေ၊တနင်္ဂနွေ အားလပ်ရက် အပျော်စခန်းချ ခရီးထွက်သည့် အတွေ ့အကြုံတခုအနေဖြင့် သဘောထားကြည့်ရူသင့်တယ် “ လို့ပြောခဲ့သည်။ ထိုအချိန်တွင် အမျိုးသမီးကောင်စီဝင် Lia Beltrami ကို ငလျင်ဒဏ်ခံလိုက်ရသည့် နေရာသို့ သွားရာလမ်းတွင် ဘာလူစကိုနီ က “ ငါမင်းကို ယုယုယယ ပွတ်သပ်ပေးလို့ရနိုင်မလား “ ဟုမေးခဲ့သည်။ ၂၀၀၉ မေတွင် ရောမ ရှိ တိုက်ရိုက်အသံလွှင့်အစီအစဉ်တွင် သူကသတင်းထောက်များကို “ ဖင်လန် နိုင်ငံတွင် ရှိနေစဉ် ထိုနိုင်ငံ၏ ကျေးလက်ဒေသရှိ နှစ်ပေါင်း ၂၀ဝ ခန့်ကြာပြီဖြစ်သည့် ဘုရားရှိခိုးကျောင်းကို ကြည့်ရူရန်အတွက် ၃ နာရီခန့်ခရီးသွားခဲ့ရကြောင်း” ပြောကြားခဲ့သည်။ ထိုသစ်သားဖြင့်ဆောက်လုပ်ထားသော ဘုရားရှိခိုးကျောင်းသည် အီတလီတွင် ရှိနေလျှင် ဖျက်ဆီးခံရမည် ဟု သူ၏ အမြင်ကို ပြောပြခဲ့သည်။ မစ္စတာ ဘာလူစကိုနီ သည် ၁၉၉၉ ခုနှစ်တွင် Finland နိုင်ငံသို့တရားဝင်ကြေငြာခြင်းမရှိပဲ သွားရောက်လည်ပတ်ခဲ့ပြီး Finland နိုင်ငံရှိ မည်သည့် ဘုရားရှိခိုးကျောင်းကိုမှ သွားရောက်ကြည့်ရူခဲ့ခြင်းမရှိခဲ့ပေ။ သူသည် Iceland ကိုသာ သွားရောက်လည်ပတ်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁ဝ အောက်တိုဘာတွင် အီတလီဘာသာစကားဖြင့် အလေးနက်ဆုံးကျိန်စာတခုဖြစ်သည့် offensive and deplorable jokes ကို ရိုက်ကူးခဲ့ပြီး နောက်တွင် ဗာတီကန် သတင်းစာ L’Osservatore Romano မှ ဝေဖန်ပြစ်တင်ခြင်းခံရသည်။ သူသည် ဂျူးလူမျိုးများအားဆန့်ကျင်သည့် ပျက်လုံးတခုကို အရင်ရက်အနည်းငယ်အတွင်းမှာ ပြုလုပ်ခဲ့သည့် အကြောင်းလဲ ပေါ်ထွက်လာခဲ့သည်။ Mr.ဘာလူစကိုနီ က ထိုစွပ်စွဲချက်များကို ယခုလို ဟာသပြောခြင်းဖြင့် ပြန်လည်တုံ ပြန်ခဲ့သည်။ “ပြစ်မှုတခုလဲမဟုတ်ဘူး အပြစ်တခုလဲမဟုတ်ဘူး။ ရယ်စရာတခုပဲ။” ၂၀၁ဝ နိုဝင်ဘာ ၁ နေ့တွင် လူငယ်ပြည့်တန်ဆာများအမှုတွင် ပါဝင်သည်ဟု နောက်တကြိမ် ထပ်မံစွပ်စွဲခံ ရပြီးနောက်တွင် Fiera di Milano ပရိသတ်များသို့ ကြေငြာခဲ့သည်။ “ သတင်းစာကို နောက်ထပ်ဘယ်တော့မှ မဖတ်နဲ့တော့။ ဘာဖြစ်လို့လဲဆိုတော့ သတင်းစာတွေက အလိမ်တွေပဲ။ (..) ငါကတနေ့လုံးအလုပ်တွေကို ကြိုးစားပြီးလုပ်တဲ့လူတယောက်ဖြစ်တယ်။ တခါတလေ ကြည့်လို့ ကောင်းတဲ့မိန်းကလေးတယောက်ကို ကြည့်လိုက် မိတာဟာ လိင်တူချင်းထက်တော့ ပိုပြီးနှစ်သက်စရာကောင်းတယ်။” ထိုကြေငြာချက်သည် ချက်ချင်းပင် အီတလီနိုင်ငံ၏ အဓိက လိင်တူဆက်ဆံသူများအတွက် အခွင့်အရေးတောင်းဆိုသည့် အဖွဲ့အစည်းမှ ဝေဖန် ပြစ်တင်ခံရသည်။ အမျိုးသမီးများနှင့် လိင်တူဆက်ဆံသူများကိုယ်စား၊ ထိုအဖွဲ့အစည်း၏ ကိုယ်စား ဥက္ကဌ ပါလို ပတ်တိန်း မှ “အစိုးရအဖွဲ့ခေါင်းဆောင်တယောက်အနေနှင့် လူမျိုးကြီးဝါဒနှင့် အောက်တန်းကျသည့် အပြုအမှုတွေကို အားပေးအားမြှောက်ပြုလုပ်ခဲ့တဲ့အတွက် ဘယ်လိုမှလက်ခံနိုင်စရာမရှိဘူး ..” လို့ပြောကြားခဲ့ပြီး ဘာလူစကိုနီ အားဝန်ချတောင်းပန်ရန် မေတ္တာရပ်ခံခဲ့သည်။ နိုင်ငံရေးသမားများက ပါလိုပတ်တိန်း ၏ ပြောကြားချက်ကဲ့သို့ပြောကြားချက်များနှင့်အတူ “လိင်ကိစ္စအလွန်အကျွံ ဝါသနာပါတဲ့အကြံသမား ဘာလူစကိုနီ လို လူမျိုးဖြစ်ရတာထက် လိင်တူဆက်ဆံသူဖြစ်ရတာ ပိုကောင်းတယ်” ဟူသော ဝေဖန်ချက်များကို ထုတ်ပြန်ခဲ့သည်။ Agedo အဖွဲ့ ဥက္ကဌ ဖလာဗီယာ မန်ဒက်စ်ချီ က ဘာလူစကိုနီ လို လူမျိုးဖြစ်ရတာထက် မိန်းမလျာ ဖြစ်ရတာ ပိုကောင်းတယ် လို့မှတ်ချက်ပေးခဲ့တယ်။ အခွင့်အရေးလှုပ်ရှားသူများက Palazzo Chigi အပြင်ဘက်တွင် လိင်တူကြောက်စိတ် လွန်ကဲမှုကို ဆန့်ကျင်ဆန္ဒပြပွဲများ ကျင်းပခဲ့ကြသည်။ ဘုရားရှိခိုးကျောင်းမှ တိုက်ခိုက်မှု[ပြင်ဆင်ရန်] ၂၀၀၉ ဒီဇင်ဘာ ၁၃ တွင် ဘာလူစကိုနီ သည် Milan's Piazza Duomo ရှိ ဘာသာရေး အားသစ်လောင်းပွဲအပြီးတွင် Milan ဘုရားရှိခိုးကျောင်းရှိ စကျင်ကျောက် ရုပ်ထုနှင့် မျက်နှာကို အရိုက်ခံခဲ့ရဖူးသည်။ ဘာလူစကိုနီ က ပြည်သူလူထုအား တရင်းတနှီး လက်ဆွဲနှုတ်ဆက်နေချိန်တွင် လူအုပ်ထဲမှ တစ်ယောက်က ရှေ့တိုးလာပြီး သူ့အား ရိုက်ခဲ့ခြင်း ဖြစ်သည်။ ယင်းတိုက်ခိုက်မှုအား ဖမ်းယူရိုက်ကူးထားပြီး ချက်ချင်းပင် ကျူးလွန်သူအားဖမ်းဆီးခဲ့သည်။ ၎င်းမှာ Milan မြို့စွန်တွင်နေထိုင်သော အသက် ၄၂ နှစ် အရွယ် Massimo Tartaglia ဟု အမည်ရှိ အင်ဂျင်နီယာ တစ်ယောက်ဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှု ရောဂါမှတ်တမ်းရှိသော်လည်း ရာဇဝတ်မှုကျူးလွန်ဖူးသော မှတ်တမ်းတော့ မရှိပေ။ အီတလီ သတင်းစာ ကိုယ်စားလှယ် ANSA မှ Tartaglia သည် ယင်းတိုက်ခိုက်မှုအတွက် တောင်းပန်ခဲ့ကြောင်း၊ စာထဲတွင် “ကျွန်တော်ဟာ ကိုယ့်ကို ကိုယ်တောင် မမှတ်မိခဲ့ဘူး” ဟုရေးခဲ့ပြီး၊ တစ်ယောက်ထဲပဲ ကျူးလွန်ခဲ့တာ ဖြစ်ပြီး အခြားမည်သည့် နိုင်ငံရေး အသင်းအဖွဲ့များ နှင့် တင်းမာသော နိုင်ငံရေး အုပ်စုများ မပါဝင်ခဲ့ကြောင်း ထပ်ဖြည့်ပြောထားခဲ့သည်။ ဘာလူစကိုနီ သည် မျက်နှာထိခိုက်ဒဏ်ရာများ ခံစားလိုက်ရသည်။ နှစ်ခေါင်းရိုးကျိုးပြီး သွားနှစ်ချောင်းလည်း ကျိုးသွားခဲ့သည်။ ချက်ချင်းပင် ဆေးရုံတင်လိုက်ရသည်။ အီတလီ သမ္မတ Giorgio Napolitano နှင့် အားလုံးသော ပါတီများမှ နိုင်ငံရေးသမားများ ဝိုင်းပြီး ယင်းတိုက်ခိုက်မှုကို စုံစမ်းဖော်ထုတ်ကြသည်။ ဒီဇင်ဘာ ၁၅၊ ၁၆ ရက်နေ့ ညများတွင် ၂၆ နှစ် အရွယ် လူတစ်ယောက်အား ရဲများနှင့် ဘာလူစကိုနီ ၏ သက်တော်စောင့်များက ၎င်း၏ ဆေးရုံ အခန်းအတွင်းသို့ ဝင်ရောက်ရန် ကြိုးစားနေသည်ကို တားဆီးခဲ့ကြသည်။ ၎င်းအား ရှာဖွေကြည့်ရာ မည်သည့် လက်နက်မျှ ကိုင်ဆောင်မထားသော်လည်း သူ၏ကားထဲတွင်မူ ဟော်ကီ ရိုက်တံ ၃ ချောင်းနှင့် ဓါးနှစ်ချောင်း ကို ရှာဖွေ တွေ့ရှိခဲ့ကြသည်။ ၎င်းသည် စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှု ရောဂါရှိပြီး စိတ်ရောဂါကုဆေးရုံတွင် ဆေးကုသမှု မဖြစ်မနေ ခံယူရမည့်သူ ဖြစ်သည် ဟု သိရသည်။ ဘာလူစကိုနီ သည် ၂၀၀၉ ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ဆေးရုံမှ ဆင်းခဲ့သည်။
<urn:uuid:7cb9220e-d7c5-49fc-ac10-b87cb92be339>
CC-MAIN-2014-42
http://my.wikipedia.org/wiki/%E1%80%86%E1%80%9A%E1%80%BA%E1%80%9C%E1%80%BA%E1%80%97%E1%80%AE%E1%80%9A%E1%80%AD%E1%80%AF_%E1%80%98%E1%80%AC%E1%80%9C%E1%80%B0%E1%80%85%E1%80%80%E1%80%AD%E1%80%AF%E1%80%94%E1%80%AE
2014-10-24T07:01:26Z
s3://commoncrawl/crawl-data/CC-MAIN-2014-42/segments/1414119645329.44/warc/CC-MAIN-20141024030045-00023-ip-10-16-133-185.ec2.internal.warc.gz
mya
0.998173
Mymr
62
{"mya_Mymr_score": 0.9981734156608582}
ကိုဦးဆွေသည် ၁၉၈၈ခုနှစ်တွင်၅(ည) ပုဒ်မနှင့်ထောင်ကျခဲ့ပြီး ၁၉၉၂ ခုနှစ်တွင်ထောင်ကလွတ်ကာစာနယ်ဇင်း လောကထဲ ဝင်ရောက် ခဲ့သူ ဖြစ်သည်။ ရနံ့သစ်မဂ္ဂဇင်းတွင်အောက်ခြေသိမ်း အလုပ်မှ စ၍ လုပ်ဆောင်ခဲ့သူ ဖြစ်ပြီး ၁၉၉၅ တွင် မဟေသီမှာဆောင်းပါးရှင် အင်တာဗျူးသမားအဖြစ် လုပ်ဆောင်ခဲ့သည်။ ၁၉၉၈ခုနှစ်တွင် ရွှေအမြုတေမဂ္ဂဇင်း အယ်ဒီတာချုပ် ဦးဝင်းငြိမ်းနှင့် အတူအလင်းတန်း ဂျာနယ်တွင် တာဝန်ခံအယ်ဒီတာ အဖြစ် ၂၀၀၃ ခုနှစ်အထိ ဆောင်ရွက် ခဲ့ပြီးနောက် အလင်းတန်း ဂျာနယ်မှ ထွက်ကာ၂၀၀၇ခုနှစ်တွင်Middle Line ဂျာနယ်တွင် အယ်ဒီတာချုပ် လုပ်ခဲ့သည်။ မကြာသေးခင်က ညှို့မဂ္ဂဇင်း အယ်ဒီတာချုပ်အဖြစ် တာဝန်ယူလုပ်ဆောင်ခဲ့ရာ ဒုတိယမြောက် ညှို့ မဂ္ဂဇင်းမှ စတင်၍ ပြန်ကြားရေး ဝန်ကြီးဌာက ထုတ်ဝေခွင့် တင်သည့်ပုံစံနှင့် ပါဝင်သည့် အကြောင်းအရာ ၁၀၀ ရာခိုင်နှုန်းလွဲနေသည်ဆိုကာ ထုတ်ဝေခွင့် ရပ်ဆိုင်းလိုက်သည်။ ယခု လက်ရှိတွင် ညှို့ မဂ္ဂဇင်းကို ဖက်ရှင် အသားပေး မဂ္ဂဇင်းအဖြစ် ပြန်လည် ထုတ်ဝေခွင့်ရရန် ကြိုးစားနေသော ကိုဦးဆွေကို ဧရာဝတီ မဂ္ဂဇင်းမှ အေးချမ်းမြေ့နှင့် ကျော်ဖြိုးသာတို့က တွေ့ဆုံမေးမြန်းခဲ့ပါသည်။ မေး။ ။ “ညှို့” ဆိုတဲ့ နာမည်ကို ဘယ်သူရွေးတာလဲ၊ ဘာကြောင့် ဒီနာမည် ပေးလိုက်တာလဲ။ ဖြေ။ ။ ကျနော်ပဲ ပေးတာပါ။ ကြည့်လိုက်ရင် မြန်မာပြည်က မဂ္ဂဇင်း၊ ဂျာနယ် အတော်များများဟာ အင်္ဂလိပ် စာလုံးတွေနဲ့ အင်္ဂလိပ် နာမည်တွေချည်း ဖြစ်နေတာတွေ့တော့ ကျနော် မဂ္ဂဇင်းလုပ်တဲ့အချိန်မှာ စဉ်းစားတယ်၊ မြန်မာလို့ နာမည်လှလှ ပေးလို့မရနိုင်ဘူးလား၊ မဂ္ဂဇင်း အကြောင်းအရာနဲ့လည်း ကိုက်ညီရမယ်ပေါ့။ အဲဒါနဲ့ သွားစဉ်းစားမိတာ၊ ညှို့လို့ ပေးရင် ကောင်းမှာပဲဆိုပြီး ပေးဖြစ်သွားတာပါ။ မေး။ ။ လိင်ပညာပေး မဂ္ဂဇင်း ဆိုပြီးတော့ ကြော်ညာချိန်မှာ ဘာကြောင့် အရွယ်မရောက်သေးသူများ မဖတ်ရ ဆိုတာမျိုး လုပ်တာလဲ။ ဖြေ။ ။ ဒါကတော့ ကြော်ငြာတမျိုးပါပဲ။ အရွယ်ရောက်သူ ဆိုတာ ၁၈ နှစ်ပြည့်တာနဲ့ မဆိုင်ပါဘူး။ ယောက်ျားလေးပဲ ဖြစ်ဖြစ်၊ မိန်းကလေးပဲ ဖြစ်ဖြစ် ၁၃၊ ၁၄ နှစ်ဆိုရင် အရွယ်ရောက်ပြီလို့ ပြောလို့ရတယ်။ ဒီအရွယ်မှာ ဒီကိစ္စနဲ့ ပတ်သက်လို့ ပညာပေးဖို့ လိုအပ်ပါပြီ။ နောက်တချက်ကတော့ ဒီကြော်ငြာကြောင့်လည်း ကျနော့်မဂ္ဂဇင်းက လူစိတ်ဝင်စားမှုများပြီး ပိုပေါက်ခဲ့တယ်လို့ ပြောရမှာဖြစ်ပါတယ်။ မေး။။ ဖက်ရှင် မဂ္ဂဇင်းအဖြစ် လျှောက်ထားခဲ့တဲ့ ညှို့မဂ္ဂဇင်းကိုSex Education ပုံစံ ဘာကြောင့် လုပ်ဖြစ်သွားတာလဲ။ ဖြေ။။ စလျှောက်တုန်း ကတော့ဖက်ရှင်ပါပဲ လို့ စဉ်းစား စီစဉ်ခဲ့ကြတာ ပါပဲ။ ဒါပေမယ့်ဈေးကွက် အနေအထားကို လည်းထည့် တွက်ရ ပြန်ပါတယ် ။မြန်မာပြည်မှာ လူဦးရေ သန်း ၆၀ရှိတယ်။ ဒါပေမယ့် မဂ္ဂဇင်း တအုပ် ၁၀၀၀လောက် ရိုက်ပြီးအုပ်၂၀၀ –၃၀၀ လောက်ရောင်းရအောင် မနည်း ရောင်းနေရတယ်။ နောက် တခါ လူ ငယ်ထုကြားမှာ လက်ကိုင်ဖုန်းတလုံး ရှိတာနဲ့ Sex Entertainment အကုန်လုံး ၊ ပေါက်က ရကားတွေ အပါအ၀င်ပေါ့ …၊ အားလုံး အလွယ် တကူကြည့်လို့ ရတယ်။ လူငယ်တွေမှာ သာမဟုတ်ဘူး၊ လူကြီးတွေရဲ့ဖုန်းတွေမှာ လည်းနည်းပညာ တိုးတက်မှုနဲ့ အတူ ကျယ်ပြန့်နေ တာတွေ့ရတော့ Sex Education လုပ်ရင်ကောင်းမယ်၊ တိုင်းပြည် အတွက်လည်းလို အပ်တယ်ဆိုတဲ့ စိတ်ကလေးတွေးမိပြီးတော့ အခုတွေ့ရတဲ့ “ညှို့” ပုံစံထွက်ရှိလာတာပါ။ မေး။။ မဂ္ဂဇင်းကို ဘာကြောင့်အခုလို အပိတ်ခံလိုက် ရတယ်ဆိုတဲ့ အကြောင်းပြောပြပါဦး။ ဖြေ။။ “ညှို့”ကိုစလျှောက် ထားတုန်း ကဖက်ရှင် ဦးစားပေး မဂ္ဂဇင်း အဖြစ်လျှောက်ခဲ့တာ။ ဒါပေမယ့်နောက်ထွက် လာတော့Sex Education အဖြစ် ရာနှုန်းပြည့်ထွက် လာတယ် ဆိုပြီးပြန်ကြားရေး ကပိတ်လိုက်တာ။ မေး။။ မဂ္ဂဇင်းကိုဆက်လက်ပြီးဘယ်ပုံစံနဲ့ပြန်ထွက်နိုင်မလဲ။ ဖြေ။။ မဂ္ဂဇင်း ၊ဂျာနယ်၊ စာစောင်တွေဆို တာ အယ်ဒီတာတွေမွေးထုတ်ထားတဲ့ သားသမီးပဲလေ။ ကိုယ်မွေးထားတဲ့ သားသမီးအသက် ဆက်လက်ရှင်သန်ဖို့၊ ပြန်လည်ထုတ်ဝေခွင့် ရဖို့အသနား ခံစားတင်ထားတယ်။ မူလကဖက်ရှင် အဖြစ်နဲ့လျှောက်ခဲ့ သလိုဆက်လက်ပြီး ဖက်ရှင်အဖြစ်နဲ့ ထုတ်ဝေခွင့်ပြုဖို့အသနားခံစားတင်ထားတယ်။ မေး။။ ညှို့ ထွက်လာတော့ ပရိသတ်တွေရဲ့တုန့်ပြန်မှုဘယ်လိုရှိလဲ။ ဖြေ။။ ပရိသတ်ရဲ့တုန့်ပြန်မှု ကတော့ လက်ခံတဲ့အပိုင်းရှိ သလို၊ထုံးစံ အတိုင်း ကန့်ကွက်တဲ့ အုပ်စုကိုလည်းရင်ဆိုင် လိုက်ရတယ်။ ဒါကတော့လောကကြီးရဲ့ ဓမ္မတာတခုပဲလို့ ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စတီရီယိုခေတ်ဦးတုန်းက ဆိုရင်ကျော်ဟိန်းတို့၊ တက္ကသိုလ်ထွန်းနောင် တို့ဆိုရင်ပျဉ်းမနား ၂ကျိပ်ရှစ်ဆူပွဲမှာလမ်း သရဲလို့ သမုတ်ခံခဲ့ရတယ်၊ ခဲပေါက် ခံခဲ့ရတယ်။ အဲဒါကိုယ်တိုင်ကြုံ တာတော့မဟုတ်ဘူး၊ စာမျက်နှာတွေပေါ်မှာ မှတ်တမ်းကျန်နေတယ်။ ဒါပေမယ့်အဲဒီ ကာလက အာဏာရှင်ဦးနေ၀င်းတောင်မှ ဒါတွေကိုတားဆီးလို့ မရခဲ့ဘူး။ ဆိုလိုတာက ကန့်ကွက်သူ၊ လက်ခံသူတွေရှိနေ သေးတာပဲ။စိုင်းထီးဆိုင်ရဲ့ “မောတော့မောတာပေါ့.. ဒါပေမယ့်.. မမောဘူး”ဆိုတဲ့သီချင်း ကိုတောင် ညစ်ညမ်းတယ်ဆိုပြီးနိုင်ငံပိုင် သတင်းစာတွေမှာ အဲဒီကာလတုန်းကရေးခဲ့သေး တာပါပဲလေ။ လက်ခံနိုင် သူကန့်ကွက်သူတွေ မျိုးစုံရှိခဲ့ကြတာပဲ။ ပြီးတော့မြန်မာပြည်မှာက အစွဲကြီးကကြီးတယ်။ အမျိုးသမီးလစဉ်သုံး ပစ္စည်းတွေ တီဗီမှာကြော်ငြာတုန်း ကတောင်မှ နာမည်ကြီး စာနယ်ဇင်းသမားတွေ ကိုယ်တိုင်မောင်နဲ့နှမ၊ သားနဲ့ အမိမသင့်တော်ပါဘူး လို့ရေးခဲ့ကြပါတယ်။ အဲဒီလိုပဲ အခုလည်းကန့်ကွက်တဲ့သူ ၊ထောက်ခံတဲ့သူတွေကြုံ ရတာပါ။ ဒါပေမယ့် အဲဒါတွေ ဟာလောကရဲ့ ဓမ္မတာ တခုလို့နှလုံးသွင်း ပါတယ်။ မေး။။ စာနယ်ဇင်းကောင်စီ ကစာနယ်ဇင်းကျင့်ဝတ် ၁၆ချက် ဆိုပြီးချမှတ် ထားတာရှိတယ်။ အဲဒီမှာညှို့ကို စီစဉ်တော့ အဲဒီအချက်တွေကို ထည့်သွင်းပြီး မစဉ်းစားမိဘူးလား၊ မစိုးရိမ်ခဲ့ဘူးလား။ ဖြေ။။ ကျနော့်ကိုနောက် ဆုံးအမှတ်၁၅ နဲ့ငြိတယ် ဆိုပြီးစိစစ်ရေးရုံး ကနေ စာနယ်ဇင်းကောင်စီကို စာပို့ခဲ့တာပါ။ မှတ်မိ သလောက်ပြန်ပြောရရင် အဲဒီထဲမှာမြန်မာ့ ယဉ်ကျေးမှု ဆိုတာ လည်းပါတယ်၊ အများရဲ့ အကျင့်စာရိတ္တကို ထိခိုက် စေတယ်ဆိုတာတွေလည်း ပါတယ်။ စာနယ် ဇင်းကောင်စီ ကပြန်ကြားရေးရဲ့ အကြောင်းကြားမှုနဲ့ အတူကျနော့်ကို ဒီဇင်ဘာ ၃ရက်နေ့ ကခေါ်တွေ့ခဲ့ပါတယ် ။ခေါ်တွေ့တယ်ဆိုရာမှာ လည်း“ညှိနှိုင်း ဆွေးနွေးလိုပါ သဖြင့်”ဆိုပြီးခေါ်တာ ပါ။ အဲဒီမှာအမှတ်၁၅နဲ့ ပတ်သက်ပြီး ကျနော့်ထင်မြင်ယူဆ ချက်တွေပြောခဲ့ပါတယ်။ “အများပြည်သူရဲ့ စာရိတ္တကို ထိခိုက်စေသော..” ဆိုတဲ့ အပိုဒ်ကို တိတိကျကျအဓိပ္ပာယ် ဖွင့်ဆိုပေးဖို့တောင်းဆိုခဲ့တယ်။ အဲဒါကတော့ စနေနေ့ညမှာ မန်ယူနဲ့ပျော်လိုက်ပါ.. တို့၊ ချယ်လ်ဆီးနဲ့ဆိုရင် ပိုပြီးတော့ ရင်ခုန်လို့ကောင်းမှာမို့ .. စတဲ့ ရေးသားဖော်ပြနေ ချက်တွေဆိုရင်လူတွေရဲ့လောင်း ကစားစိတ်ဓာတ်ကို၊ အကျင့်စာရိတ္တကိုပျက်ပြားစေတဲ့ရေးသား ဖော်ပြမှုတွေပဲမဟုတ်လားလို့ .. ပြောခဲ့ပါတယ် ။ပြီးတော့PH7 လို့စာလုံးသေးသေးလေးနဲ့ကြော်ငြာတဲ့ အရက်ကြော်ငြာေ တွ၊ရုပ်သံမှာဘာမှန်းမသိဘဲေ ကြာ်ငြာနေတဲ့ဘီယြာေ က်ာငြာတွေကရော .. အ များပြည်သူအကျ င့်စာရိတ္တကိုထိ ခိုက် ပျက်ပြားစေတာတွေ မဟုတ်ဘူးလားလို့မေး ခဲ့တယ်။အဲဒီအချ က်နဲ့ပတ်သက်ြ ပီးကျယ်ကျယ်ပြန့်ြ ပန့်အဓိပ္ပာယ်ဖွင့်ဆိုပေးဖို့ကျေ န်ာပြောခဲ့တယ်။ပထမအချ က်ပေါ့။နောက်ဒုတိယနံ ပတ်၂အချက်က“မြ န်မာ့ယဉ်ကျေးမှု”ဆိုတဲ့စ ကားလုံးပေါ့ေ နာ်။ ယဉ်ကျေးမှုဆိုတာစီး ဆင်းနေတာပဲ။ဘ ယ်အရာမှတားဆီးလို့မရခဲ့ဘူး။ စတီရီယိုခေတ်ဦးတုန်းက အကြောင်းပြန်ကောက်ပြောရမှာပဲ။ အာဏာရှင်ဦးနေ၀င်း လည်းတားမရခဲ့ဘူး၊ ဒီဘက်ခေတ်၉၅/ ၉၆လောက် မှာမော်ဒယ်လ်တွေေ ပ်ါပြန်တော့လည်းဒီလိုပဲ ကျနော်တို့တားမရခဲ့ဘူး။ ယဉ်ကျေးမှုဆိုတာမှာ လည်းကုန်းဘောင်ခေတ် ယဉ်ကျေးမှုနဲ့အလုပ်လုပ်မှာလား၊ ပုဂံခေတ်ယဉ်ကျေးမှုနဲ့ အလုပ်လုပ်မှာလား။ ကျနော်တို့မိဘများခေတ်ကလိုမှန်နိုင်လွန် ဇာတွေယဉ်ကျေးမှုနဲ့ အလုပ်လုပ်ရမှာလား။ ယဉ်ကျေးမှုဆိုတဲ့ အဲဒီအမှတ် ၁၅နဲ့ ပတ်သက်ပြီး တိတိကျကျအဓိပ္ပာယ် သတ်မှတ်ဖော်ဆောင်ပေးဖို့ စာနယ်ဇင်း ကောင်စီက တာဝန်ရှိသူတွေရှေ့မှာကျနော်တင်ပြခဲ့ပါတယ်။ မေး။ ။စောစော ကပြောခဲ့တဲ့ အထဲမှာ လက်ကိုင်ဖုန်း တခုရှိရင်တောင် ကိုယ်ကြည့်ချင် တာတွေကြည့်လို့ ရပြီလို့ပြောထားတယ် ။မြန်မာပြည် အတွက်က လိင်ပညာပေး ကတကယ်ကိုလိုအပ်နေပြီလို့ ထင်ပါသလား။ ဘယ်လောက် အထိလို အပ်နေပြီလို့ထင်ပါသလဲ။ ဖြေ။။ NGO တွေနဲ့မေးမြန်းပြော ဆိုဖြစ်ခဲ့တာတွေရှိ တယ်။ကြားသိရတာေ တွရှိတယ်။ ထိုင်းနိုင်ငံ ဆိုရင်AIDS/ HIV ရောဂါဝေ ဒနာရှင်အရေအတွက်သိသိသာ သာလျော့ကျသွားတယ်လို့ ဆိုပေမယ့်မြန်မာပြည်မှာတော့ေ တ်ာတော်မြင့်မားလာတယ်လို့သိ ရတယ်။အဲဒါဟာSex Education အပိုင်း အားနည်းလို့ပေါ့။နောက်လိ င်အလုပ်သမတွေလည်းဘယ်ေ နရာမှာ၊ဘယ် အုပ်စုမှာ ရှိတယ်ဆိုပြီးတိတိကျကျ မသိရဘဲ .. နေရာတိုင်းမှာပျံ့ ကျဲနေတော့NGO တွေအနေနဲ့ ပညာပေးရာမှာထိထိရောက်ေ ရာက်မဆောင်ရွက်နိုင်တာေ တွရှိတယ်လို့သိရတ ယ်။အဲဒီအချက်တွေပေါင်းစ ပ်ပြီးSex Education လုံးဝလိုအပ်တယ်လို့ ဆုံးဖြတ်လိုက်တာပါ။ မေး။။ ဒီလိုSex Education လုပ်တဲ့အခါမှာ သုံးစွဲခဲ့တဲ့ပုံတွေနဲ့ ပတ်သက်ပြီးမေးချင်ပါတယ်။ ဒီပုံတွေသုံးစွဲဖို့ လိုအပ်တယ်လို့ တကယ်ပဲ ယူဆခဲ့သလား။ ဖြေ။။ တကယ်လို့ ပညာပေးသီးသန့် သက်သက်ဆိုရင် ကျနော့်စာအုပ်က ရောင်းရမှာမဟုတ်ဘူး ။ဒေါက်တာထွန်းဝင်းဆိုရင် လုံးချင်းထုတ်ပြီးသားပါ။ ဒါပေမယ့်ဘယ် သူမှစိတ်မ၀င်စားဘူး။ ဒါနဲ့လူ စိတ်ဝင်စားအောင် ဓာတ်ပုံတွေနဲ့ပေါင်းစပ် လုပ်ထားတာ။ ဒါက ၁အချက်။နောက်တချက် ကဓာတ်ပုံတွေကို လည်းအလင်းအမှောင် အရောင်တွေရအောင် ဓာတ်ပုံဆရာနဲ့ပေါင်း၊ ဒီဇိုင်းဆရာနဲ့ပေါင်းပြီးမူလ အနေအထားပုံ ထွက်အတိုင်းသုံးခဲ့တာပါ။ ပုံတွေနဲ့ဆောင်းပါးတွေကို တွဲစပ်ပြီး ပညာပေးဖို့Sex Education ကိုEntertainment နဲ့ပေါင်းလိုက်တာပါ။ ဒီအတိုင်းသာ ဆိုဘယ်သူမှဝယ်မှာမဟုတ်ဘူး။ မဂ္ဂဇင်းထဲမှာအချစ်ဝတ္ထုတွေ ၊အချစ်ကဗျာတွေလည်း ပါပါတယ်။ မေး။။ စာနယ်ဇင်းလောကမှာ တော်တော်ကြာကြာ လုပ်ခဲ့တာဆိုတော့ စိစစ်ရေးနဲ့ ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေ ပြောပြပေးပါဦး။ ဖြေ။။ စိစစ်ရေးရုံးနဲ့ ထိတွေ့ခဲ့တာ ၁၉၉၅ ခုနှစ်ကနေ ယနေ့ အထိပေါ့။ ဖြတ်သန်းခဲ့ရတဲ့ ကာလတလျှောက်မှာ စိစစ်ရေးက အနုပညာ သတင်းတွေကိုတောင် လွတ်လွတ် လပ်လပ်ရေးသားခွင့် မပေးပါဘူး။ မင်းသား မင်းသမီး ကတားလိုက်ရင် စိစစ်ရေးရုံး ကရေးခွင့်ပိတ်လိုက်တော့ တာပဲ။ မသိဘဲပါသွားပြီ ဆိုတာနဲ့ စိစစ်ရေးရုံးရဲ့ အကြိမ်း အမောင်းနဲ့ သတိပေးခြင်းကို ခံရပါတယ်။ မှတ်မှတ်ရရ အဖြစ်တခုက အလင်းတန်း ၁၀စောင်မြောက် ထွက်ပြီးတဲ့ အချိန်မှာပြည်ထဲရေး ဒုဝန်ကြီးရဲ့ခေါ်ယူကြိမ်းမောင်းခြင်းကို ကျနော်ရယ်၊ အယ်ဒီတာချုပ်ဦးဝင်းငြိမ်းရယ်၊ ထုတ်ဝေသူဟင်္သာတမြင့်ငွေရယ် ၃ယောက်ပြည်ထဲရေး ရုံးမှာသွားပြီးငုတ်တုပ်ခံခဲ့ ရသေးတယ်။ အဲဒီတုန်းကပြည်ထဲရေးဒုဝန်ကြီး သူရမြင့်မောင်က “ခင်ဗျားတို့ ဂျာနယ်ထုတ်မှာလား ၊နိုင်ငံရေးလုပ်မှာလား”တဲ့။ “နိုင်ငံရေးလုပ်မှာ ဆိုရင်တော့ လာမလုပ်နဲ့။ တပ်ကထုတ်တဲ့ လျှပ်တပြက်ဂျာနယ်ကိုတောင် ပိတ်ပစ်တာ” လို့ခေါ်ယူကြိမ်းမောင်း ခဲ့တယ်။ ၂၀၀၇ခုနှစ်ရွှေဝါရောင် အရေးအခင်း မတိုင်ခင်ဖြစ်စလေးကာလမှာ စာပေစိစစ်ရေးရုံးရဲ့မညီမျှမှုတွေကို RFA ကနေ ကျနော် ပြောခဲ့တယ်။ ဂျာနယ်နောက်ကွယ်မှာ အာဏာရှိတဲ့လူပါရင်တမျိုး၊ အာဏာရှိတဲ့ လူမပါရင် တမျိုးစာပေစိစစ်က ဆက်ဆံတဲ့အကြောင်းပြောခဲ့တယ်။ အဲဒါနဲ့ကျနော့်ရဲ့ Middle Line ဂျာနယ်သည် ထုတ်ဝေခွင့် လုံးဝရပ်ဆိုင်း သွားခဲ့တယ်။ သူတို့ကတော့ တရားဝင်ထုတ်ေ ၀ခွင့်ပိတ်လို က်တယ်လို့မပြောပေမယ့်ဂျာ နယ်ကိုဘယ်လိုနည်းနဲ့ မှဆက်လက်ထုတ်ဝေ လို့မရတော့တြာေ ကာင့်ရပ်လိုက် ရတယ်။အဲဒါကြောင့်ကြုံတုန်းပြောရ ရင်ကျနော့်သားသမီး ၂ယောက်ရှိပြီပေါ့အသတ်ခံရတာ။ Middle Line ဂျာနယ်ရော၊ အခုညှို့မဂ္ဂဇင်းရောအဲဒီလိုဖြစ်ပြန်ပြီပေါ့။ မေး။။ ဒီဘက်ခေတ်မှာရော စာနယ်ဇင်းလောက၊ စာပေလွတ်လပ်ခွင့်ဘယ်လိုတွေပြောင်းလဲလာပြီလို့ဆိုနိုင်မလဲ။ ဖြေ။။ လက်ရှိအချိန်မှာတော့ ဒီမိုကရေစီကူးပြောင်းတဲ့ ကာလလို့တော့ကျနော် မမြင်သေးဘူး။ကူးပြောင်းဖို့ဖြေလျှော့မှုတွေ စတင်ပေးတဲ့ကာလပါပဲ ။ဖြေလျှော့မှု ရဲ့အသီး အပွင့်ကိုတော့စာပေနဲ့ စာနယ်ဇင်းလောက လည်းခံစားရပါတယ်။အ ခုလိုဖြေလျှော့လာတဲ့အရှိတရားကိုတော့ လက်ခံပါတယ်။ အရင်ကထက်အဆပေါင်း များစွာကွာတယ်လို့တော့ြေ ပာရမှာပါ ။ဒါပေမယ့်ချု ပ်ကိုင်မှုကတော့ရှိနေ ဆဲပါပဲ။ မေး။။ ဘယ်လောက် အထိဖြေလျှော့ပေးမှ လွတ်လပ်တဲ့ စာနယ်ဇင်းလောက အနေအထားကိုရောက်ပြီ၊ ရပြီလို့ဆိုနိုင်မှာပါသလဲ။ ဖြေ။။ အဲဒါကိုတော့ အနောက်တိုင်းစံနှုန်းတွေနဲ့တော့ မနှိုင်းချင်ပါဘူး။ အခုအတိုင်းအတာ အပေါ်မှာလည်းပြောရမယ် ဆိုရင်ကျေနပ်တဲ့ အတိုင်း အတာတော့ရှိပါတယ်။ ဒါပေမယ့် ရာနှုန်းပြည့်တော့ မရသေးဘူးပေါ့ ။ပြောရမယ်ဆိုရင် အခုဖြစ်ရပ်ကိုပဲပြန်ကြည့်ကြည့်ပါ။ တကယ့်ဒီမိုကရေစီနိုင်ငံတွေမှာ ဆိုဒီစာအုပ်မျိုးသည် ဘာမှမဟုတ်တဲ့ကိစ္စပါ။ ဒါပေမယ့်ဒီမှာတော့ အခုလိုအရေး ယူခံလိုက်ရတယ်ပေါ့။ ဒီစာအုပ်ကို လက်ခံတဲ့သူတွေက စာပေလွတ်လပ်ခွင့်လိုသေးတယ်လို့ ပြောမှာဖြစ်သလို လက်မခံနိုင်တဲ့သူတွေ ကလည်းတော်ပြီ လို့ပြောမှာပေါ့။
<urn:uuid:a16bc702-a903-41d4-a23d-4bd42d6870c1>
CC-MAIN-2014-42
http://burma.irrawaddy.org/interviews/2013/01/19/31380.html
2014-10-26T01:03:11Z
s3://commoncrawl/crawl-data/CC-MAIN-2014-42/segments/1414119653628.45/warc/CC-MAIN-20141024030053-00196-ip-10-16-133-185.ec2.internal.warc.gz
mya
0.857748
Mymr
32
{"mya_Mymr_score": 0.8577479124069214, "blk_Mymr_score": 0.13591890037059784}
ထိုင်းနိုင်ငံ၌ ရောက်ရှိနေသည့် မြန်မာ အလုပ်သမားများအတွက် ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး လုပ်ငန်းစဉ်ကို ၃ လ ထပ်မံ တိုးမြှင့် ပေးလိုက်ကြောင်း သိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းက သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ယင့်လပ် ရှင်နာဝပ်တို့ တွေ့ဆုံစဉ် ထိုင်းဝန်ကြီးချုပ်က ၃ လ သက်တမ်းတိုးရန် ကတိပေး လိုက်ခြင်း ဖြစ်သည်။ ထိုင်းအစိုးရ အလုပ်သမား ၀န်ကြီးဌာနက ယင်း လုပ်ငန်းစဉ်သည် ဒီဇင်ဘာ ၁၄ ရက်၌ သက်တမ်းကုန်ဆုံးပြီ ဖြစ်၍ ထပ်မံ သက်တမ်းတိုးခြင်း မပြုတော့ကြောင်း မကြာသေး ခင် က ကြေညာထားသည်။ ထိုင်းနိုင်ငံအတွင်း၌ မြန်မာရွှေ့ပြောင်းလုပ်သား ၂.၅ သန်းခန့်ရှိပြီး အလုပ်သမား ၁ သန်းခန့်သည် မှတ်ပုံတင် မပြုလုပ်ရသေးဟု ခန့်မှန်းကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
<urn:uuid:5b4788c4-cf81-404e-adc8-93021b6842e1>
CC-MAIN-2014-42
http://burma.irrawaddy.org/?slide=%E1%80%9A%E1%80%AC%E1%80%9A%E1%80%AE-%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%80%E1%80%B0%E1%80%B8%E1%80%9C%E1%80%80%E1%80%B9%E1%80%99%E1%80%BD%E1%80%90%E1%80%B9-%E1%80%91
2014-11-01T08:16:59Z
s3://commoncrawl/crawl-data/CC-MAIN-2014-42/segments/1414637904794.47/warc/CC-MAIN-20141030025824-00097-ip-10-16-133-185.ec2.internal.warc.gz
mya
0.974964
Mymr
53
{"mya_Mymr_score": 0.9749642014503479, "blk_Mymr_score": 0.024046890437602997}
လွန်ခဲ့တဲ့ အပတ်က ၅ သိန်းတန် CDMA ဖုန်းအတွက် EVDO သွားလျောက်ဖြစ်ပါတယ်။ ၅ သိန်းတန် ဒေါ်လာ ၅၀၀ တန် ဖုန်းက မြန်မာပြည်မှာ လက်ရှိ ၃ မျိုးရှိပါတယ်။ CDMA 800 MHz ခေါ် ရန်ကုန်ဖုန်း ရှိတယ်၊ CDMA 450 MHz ခေါ် နေပြည်တော်ဖုန်းရှိတယ်၊ နောက် ၅ သိန်းတန် GSM ဆိုတာလဲ ရှိသေးတယ်။ အဲဒီထဲကမှ 800 MHz အတွက် လျောက်တာပါ။ နောက်လူများ အင်တာနက် လျောက်မယ်ဆို လွယ်အောင် steps တွေ အခုတင်ထားလိုက်ပါတယ်။ ပထမဆုံး သက်ဆိုင်ရာဖုန်းလျောက်တုန်းက မြို့နယ်ရဲ့ ဆက်သွယ်ရေးရုံးကို သွားရပါတယ်။ သူက လေး၊ ငါးမြို့နယ်ကို ဆက်သွယ်ရေးရုံးတစ်ခု သတ်မှတ်ပေးထားတာပါ။ အဲဒီမှာ ဖုန်းလျောက်တုန်းက စာချုပ်မူရင်း၊ နောက် ဓာတ်ပုံ ၂ ပုံလိုပါတယ်။ ဖောင်ဖိုးတစ်ထောင်နဲ့ ဘာမှန်းမသိတဲ့ဖိုး ၅၀၀ ပေါင်း ၁၅၀၀ လောက်ပေးပြီး ဖောင်ဖြည့်ပါ ။ နောက် CDMA SIM card ကို ထုတ်ကြည့်ပြီး အဲဒီက code number တွေ ဖောင်မှာ ဖြည့်ပါ ပြီးရင် အဲဒီက ရုံးပိုင်လားတော့ မသိ စာတွေစစ်ပြီး ေငွသွင်းဖို့ ပန်းဆိုးတန်းသွားခိုင်းပါလိမ့်မယ်။ ေငွသွင်းဖို့က ပန်းဆိုးတန်း အောက်ဘလောက်မှာ ရှိတဲ့ ဘဏ် ၂ ကို သွားရပါမယ်။ ဘဏ် ၁ နဲ့ ကပ်ရပ်ဖြစ်ပါတယ်။ အဲဒီမှာ ပိုက်ဆံသွင်း နောက် ချလံ ယူပြီးရင်း အစောပိုင်းက ဖောင်ဝယ်ခဲ့ရတဲ့ သက်ဆိုင်ရာ ဆသရ ရုံးကို ပြန်သွားပါလေ။ အဲဒီမှာ ဘာမှန်းမသိတာတွေ လုပ်ပေးပါလိမ့်မယ်။ နာမည်ခေါ်ရင် ရလာတဲ့ စာရွက်နဲ့ အလုံကို သွားရပါမယ်။ ဆသရ ကရလာတဲ့ စာရွက်တွေနဲ့ အလုံ exchange ရုံးမှာ ဖောင်ဖြည့်ပြီး လက်ရှိ ရပြီးသား CDMA SIM card ကို ပလပ်စတစ်အိပ်လေးထဲထည့် ဖောင်နဲ့တွဲပြီး တင်ထားပါ။ နောက် ၁ နာရီကျော်လောက် အဲဒီမှာ ထိုင်စောင့် ပြီးနာမည် ခေါ်တဲ့ အခါ SIM Card အသစ်ကို ယူလို့ရပါပြီ။ အခုရေးထားတာ စာအနေနဲ့ တိုပေမယ့် တကယ်တမ်းလုပ်ရင် နေပူကြီးထဲမှာ လူတန်းစီရ စောင့်ရနဲ့ တစ်နေကုန်ပါတယ်။ SIM card ရပြီး နောက်နေ့မှာ ဖုန်းပြန်ပြောလို့ ရပါမယ်.. နောက် ထပ် ၄၈ နာရီလောက်ကြာရင်တော့ EVDO Internet ရပါပြီ။ ပြောရရင် ခေတ်မှီဖွံ့ဖြိုးတိုးတက်ချင်တယ်ဆိုရင် လူ့စွမ်းအားတွေကို ဒီလို ဘာမဟုတ်တဲ့ ကိစ္စနဲ့ တစ်နေကုန်ရတာ နှမြောဖို့ ကောင်းပါတယ်။ စင်ကာပူတုန်းက ဖုန်း 3G ပါအပါအဝင်လျောက်တုန်းက အကိုလျောက်ပေးတာ ၁၅ မိနစ်အတွင်း SingTel မှာ ရလိုက်ပါတယ်.. ဘန်ကောက်မှာတုန်းကလဲ ကိုမျိုးကျော်ထွန်း EDGE Internet လုပ်ပေးတာ texi စီးရင်းလုပ်ပေးသွားတာ ကားပေါ်ကနေ အောက်မဆင်းခင်ရပါတယ်။ ကွျန်တော်တို့ဆီမှာတော့ တစ်နေကုန်တယ်.. နောက် ပိုက်ဆံယူပုံကလဲ data usage နဲ့ မဟုတ်ပဲ မိနစ်နဲ့ ဖြတ်ယူပါတယ်။ ဒါမျိုးက အင်တာနက် ကျချင်ကျနေမယ် ပိုက်ဆံတော့တွက်နေမယ့် သဘောပဲ။ လွန်ခဲ့တဲ့ ၂ ရက်က MRTV က သတင်းမှာ ကြေငြာတာတစ်ခုတွေ့ရတယ် လွှတ်တော်အမတ် တစ်ယောက်က မြန်မာနိုင်ငံမှာ ဖုန်းတွေ စျေးအရမ်းကြီးနေပြီး ဖုန်းအမျိုးအစားတွေလဲ များနေကြောင်းနဲ့ သူများနိုင်ငံတွေလို လူတိုင်းသုံးနိုင်တဲ့ စျေးဖြစ်အောင် လုပ်ပေးဖို့ လွှတ်တော်မှာ အဆိုတင်တာတွေ့တယ်။ သက်ဆိုင်ရာ ဆက်သွယ်ရေးဝန်ကြီးက မြန်မာနိုင်ငံမှာ ဖုန်းဘယ်လောက်ချပေးထားပြီး လူဘယ်နှယောက်သုံးတယ်ဆိုတာတွေ ပြောပြီး လူတိုင်း ဖုန်းကိုင်နိုင်ဖို့ တစ်ဆင့်ခြင်းလုပ်နေတဲ့ အကြောင်းရှင်းပြသွားတယ်။ ကွျန်တော်တို့ဖုန်းလိုင်းေငွသွင်းရတာ ဒေါ်လာ ၅၀၀ ကျော်သွင်းယူရတာပါ ဒါတောင် သူများနိုင်ငံတွေလိုမဟုတ်ပဲ အိမ်ထောင်စုစာရင်းတွေကော မိတ္တူတွေကောအစုံပဲ ပါရသေးတယ်။ သူများနိုင်ငံတွေထက် စျေးအရမ်းကြီးပါတယ်။ အခုချိန်က ဒီမိုကရေစီ ကူးပြောင်းမယ်လို့ တရားဝင်ကြေငြာထားတဲ့ အချိန်ပါ။ အစိုးရ အဖွဲ့ အစည်းတစ်ရပ်ဟာ ပြည်သူကို အလုပ်အကွျေးပြုဖို့ က အရေးအကြီးဆုံး အချက်ပါ ပြည်သူတွေကို လွယ်အောင် ကိုယ်တိုင် လုပ်မပေးနိုင်ရင် လုပ်ပေးနိုင်မယ့် အခြား ပုဂ္ဂလိကကို လွှဲပေးလိုက်ပါ လို့ အကြံပြုချင်ပါတယ်။ ဒီစာကိုဖတ်နေမယ့် သူထဲမှာ ဘလော့ဂ်တွေစောင့်ကြည့်ဖို့ တာဝန်ယူထားရတဲ့ ပုဂ္ဂိုလ်တွေလဲပါမှာပါ စဉ်းစားကြည့်ပါ မိတ်ဆွေတို့ မိသားစုဝင်တွေလဲ ဖုန်းအလကားရနေတာမဟုတ်ပါဘူး ကိုယ်က ပိုင်တယ်ဆိုပြီး အလွယ်ရလိုက်ပေမယ့် မိတ်ဆွေတို့ သားသမီးတွေ မျိုးဆက်တွေကြရင် မိတ်ဆွေတို့လို့ VIP ဖြစ်ချင်မှ ဖြစ်တော့မယ် အဲဒီအခါရောက်ရင် သူတို့ မပင်ပန်းပဲ လုပ်လို့ ရနိုင်မယ့် စနစ်တွေကို ကိုယ်ချင်းစာစိတ်တွေနဲ့ ပြောင်းလဲဖို့ လိုနေပြီဆိုတာ စဉ်းစားသင့်ပါကြောင်း ဒီနေရာကနေ ပြောလိုပါတယ်။
<urn:uuid:72dbb0e0-2126-4e6e-ae74-b180310315df>
CC-MAIN-2014-42
http://www.htootayzar.com/myblog/2011/03/applying-myanmar-cdma-evdo-internet/
2014-11-01T08:02:17Z
s3://commoncrawl/crawl-data/CC-MAIN-2014-42/segments/1414637904794.47/warc/CC-MAIN-20141030025824-00097-ip-10-16-133-185.ec2.internal.warc.gz
mya
0.994305
Mymr
36
{"mya_Mymr_score": 0.994305431842804}
ဖြူဖြူသင်း |မဖြူဖြူသင်း| |Phyu Phyu Thin| |[[ပြည်သူ့လွှတ်တော်အဖွဲ့ဝင်]] မင်္ဂလာတောင်ညွန့်ရွေးကောက်နယ်မြေ |၀၂၊ မေ၊ ၂၀၁၂ -| |ယခင်||အောင်ကြည်| |[[အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်]] အလုပ်အမှုဆောင် |ကိုယ်ရေး အချက်အလက်| |အမည်ရင်း||ဖြူဖြူသင်း| |မွေးရပ်ဇာတိ||တောင်ဥက္ကလာပ၊ ရန်ကုန်တိုင်း| |နိုင်ငံသား||မြန်မာနိုင်ငံ| မဖြူဖြူသင်းကို ၁၉၇၂ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့၌ မွေးဖွားခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် အခြေခံပညာ အထက်တန်းစာမေးပွဲ အောင်မြင်ခဲ့ပြီး၊ ၁၉၉၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)၌ တက်ရောက် ပညာသင်ကြားခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် သမိုင်းအဓိကဖြင့် ဘွဲ့ရခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဝင်ရောက်ခဲ့ပြီး မြို့နယ်လူငယ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် လူငယ်တာဝန်ခံ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၏ ညွှန်ကြားချက်ဖြင့် လူငယ် ၁၉ ဦး စိစစ်ရွေးချယ်ရာတွင် ပါဝင်ခဲ့ပြီး ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ရုံးက ပြုလုပ်သည့် HIV ကာကွယ်တားဆီးရေးနှင့် ပြုစုစောင့်ရှောက်ရေးသင်တန်းကို တက်ရောက်ခဲ့သည်။ ထိုသင်တန်းမှ အစပြုကာ HIV/AIDS ဝေဒနာရှင်များ ကူညီရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့သည်။ မြန်မာနိုင်ငံတွင် ခုခံအားကျဆင်းမှုရောဂါနှင့်ပတ်သက်၍ ကာကွယ်တားဆီးရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် NGO များအနေဖြင့် HIV/AIDS နှင့် ပတ်သက်ပြီး အသိပညာပေး ဟောပြောပွဲ ကျင်းပလိုပါက၊ အာဏာပိုင်များထံ ခွင့်ပြုချက် အဆင့်ဆင့်တင်ရခြင်း၊ နေရာဒေသနှင့် လူဦးရေ ကန့်သတ်ခြင်းများ ရှိနေပါသည်။ နယ်များသို့ သွားရောက်ပညာပေးလိုပါက၊ သွားရောက်ခွင့် အဆင့်ဆင့် တောင်းခံကြရပါသည်။ ထို့ကြောင့် AIDS ကာကွယ်တားဆီးရေး လုပ်ငန်းများလည်း လိုသလောက် ခရီးမတွင်ကျယ်လှပါ။ ၂၀၁၀ ပြည့်နှစ် ကုလသမဂ္ဂ (UN AIDS) က ထုတ်ပြန်ထားသည့် ကိန်းဂဏန်းများအရ မြန်မာပြည်တွင် အိတ်ချ်အိုင်ဗီ ရောဂါပိုး ကူးစက်ခံရသူ ၃ သိန်း ၆ သောင်းကျော်ရှိပြီး အေအိုင်ဒီအက်စ် ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ အသုံးစရိတ်မှာ ၁ နှစ်လျှင် အမေရိကန် ဒေါ်လာတစ်သိန်း ဝန်းကျင်သာရှိပါသည်။[ကိုးကားချက်လိုသည်] ထိုပမာဏအရ၊ လူတစ်ဦးချင်းစီ ပျမ်းမျှရရှိမည့် ကျန်းမာရေးစောင့်ရှောက်မှုနှုန်းသည် အိမ်နီးချင်း ထိုင်းနိုင်ငံတွင် အစိုးရက သူ့နိုင်ငံသားတစ်ဦးအတွက် အကုန်အကျခံသည့် ပမာဏထက် အဆပေါင်း ၂၅ဝ ခန့် လျော့နည်းနေကြောင်း ကမ္ဘာ့ကုလသမဂ္ဂ၏ စာရင်းဇယားများအရ သိရှိရသည်။ ထိုသို့ အစိုးရကူညီထောက်ပံ့မှု မလုံလောက်သော လူထုကျန်းမာရေးကဏ္ဍကို မဖြူဖြူသင်းက ကိုယ်ကျိုးစွန့် ကူညီဆောင်ရွက်ပေးခဲ့သည်။ မဖြူဖြူသင်းသည် ၂ဝဝ၂ ခုနှစ်မှ စပြီး တောင်ဒဂုံမြို့နယ် ရပ်ကွက် (၁၈) နှင့် (၂၀) ရှိ ကယ်ဆယ်ရေးဂေဟာ ၂ ခုကို ဦးဆောင်တာဝန်ယူခဲ့သူ ဖြစ်သည်။ HIV/AIDS ကူညီရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများအတွက် အစဦးပိုင်းတွင် ရောဂါသည်များကို အားပေးမှု အပိုင်းသာ ဆောင်ရွက်နိုင်ခဲ့သော်လည်း၊ နောက်ပိုင်းတွင် လူနာများကို အေအာဗွီီ ဆေးများ တိုက်ကျွေးနိုင်ခဲ့သည်။ ၂၀၁၀ ခုနှစ်အထိ နိုင်ငံတဝန်းက ဝေဒနာရှင်ပေါင်း ၅၀၀၀ ကျော်ကို အခမဲ့ ဆေးဝါးအကူအညီ ပေးနိုင်ခဲ့သည်။ ၎င်းတို့အဖွဲ့အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်လူငယ်များနှင့် စတင် တည်ထောင်ခဲ့သောကြောင့် အာဏာပိုင်များ၏ နှောင့်ယှက်မှုများကို အမြဲလိုလို ကြုံတွေ့ခဲ့ရပြီး၊ ဖမ်းဆီးခံရမှုများပင် ရှိခဲ့ပါသည်။ ထို့အပြင် NGO အဖွဲ့များအနေဖြင့် နိုင်ငံရေးနှင့် မပတ်သက်ရဟု သတိပေး တားမြစ်ထားသောကြောင့် မည်သည့် NGO အဖွဲ့ကမျှ မဖြူဖြူသင်းတို့အဖွဲ့အား မကူညီရဲကြပါ။ ထို့ကြောင့် အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရသည်။ မဖြူဖြူသင်းသည် HIV/AIDS ကာကွယ်တားဆီးရေးနှင့် ရောဂါဝေဒနာသည် ပြုစုစောင့်ရှောက်ရေး လုပ်ငန်းထဲတွင် ဘဝကို မြှုပ်နှံလုပ်ကိုင်နေသူ ဖြစ်သည်။ အထူးသဖြင့် တဖက်တွင် ဝေဒနာသည်များအား နေ့ညမရွေး ပြုစုစောင့်ရှောက်ပေးနေသကဲ့သို့၊ အခြားတဖက်တွင်လည်း အတွေ့အကြုံများကို အခြေခံပြီး ကျန်းမာရေးအသိပညာပေး ဆောင်းပါးများရေးသားကာ လူထုအတွင်း အမြင်ကျယ်လာစေရန်နှင့် ဝေဒနာရှင်များကို လူမှုအသိုင်းအဝိုင်းက ဖေးမ ကူညီစိတ်များ တိုးပွားလာစေရန် ကြိုးပမ်းလုပ်ဆောင်လျက် ရှိသည်။ ထိုသို့ ပြည်သူအကျိုးပြု လူမှုရေးလုပ်ငန်းများကို ကိုယ်ကျိုးစွန့် ကူညီပေးနေသော မဖြူဖြူသင်းအား အာဏာပိုင်များက အကူအညီမပေးသည့်အပြင် နှောင့်ယှက်ဟန့်တားခြင်း၊ အန္တရာယ်ပေးခြင်းများကို အမြဲလိုလို ပြုကျင့်တတ်ပါသေးသည်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ပေါ်ပေါက်ခဲ့ပြီး၊ မဖြူဖြူသင်းသည် အာဏာပိုင်များ အန္တရာယ်မှ ခေတ္တတိမ်းရှောင်နေစဉ် ဖခင်ဖြစ်သူ ဦးလှထွန်း ဆုံးပါးခဲ့ပြီး် ဖခင်ကြီး၏ နောက်ဆုံးခရီးကိုပင် လိုက်ပါပို့ဆောင်နိုင်ခြင်း မရှိခဲ့ပါ။ မဖြူဖြူသင်းသည် ၂၀၁၀ ခုနှစ်နှင့် ၂၀၁၁ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆု နောက်ဆုံး ဆန်ခါတင် ၅ ဦး အမည်စာရင်းတွင် ၂ နှစ်ဆက်တိုက် အဆိုပြုခံခဲ့ရသူ ဖြစ်ပါသည်။ ။[၁] ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြု၍ မင်္ဂလာတောင်ညွန့်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော် အမတ် အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည်။
<urn:uuid:35f25371-6de0-415f-acb5-519cb25031ca>
CC-MAIN-2014-42
http://my.wikipedia.org/wiki/%E1%80%96%E1%80%BC%E1%80%B0%E1%80%96%E1%80%BC%E1%80%B0%E1%80%9E%E1%80%84%E1%80%BA%E1%80%B8
2014-10-23T17:09:51Z
s3://commoncrawl/crawl-data/CC-MAIN-2014-42/segments/1413558067100.54/warc/CC-MAIN-20141017150107-00071-ip-10-16-133-185.ec2.internal.warc.gz
mya
0.997653
Mymr
44
{"mya_Mymr_score": 0.9976533055305481}
ဝေါလ်လမ်း ဝေါလ်လမ်း (Wall Street) သည် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ရှိ ငွေရေးကြေးရေး လုပ်ငန်းများ စုဝေးရာ ရပ်ကွက်ဖြစ်ပြီး မန်ဟတ်တန် (Manhattan) အောက်ပိုင်း ဘရော့ဒ်ဝေးလမ်း (Broadway) မှ အရှေ့ဖက်သို့ တောင်လမ်း (South Street) အထိ ရှည်လျားသည်။ အချိန်ကာလ ကြာမြင့်လာသည်နှင့် အမျှ ‘ဝေါလ်လမ်း’သည် အမေရိကန်၏ ငွေရေးကြေးရေး ဈေးကွက်တစ်ရပ်လုံးကို ကိုယ်စားပြုသည့် ဝေါဟာရ ဖြစ်လာသည်။
<urn:uuid:449fe278-6084-4042-87da-6bd211a80b82>
CC-MAIN-2014-42
http://my.wikipedia.org/wiki/%E1%80%9D%E1%80%B1%E1%80%AB%E1%80%9C%E1%80%BA%E1%80%9C%E1%80%99%E1%80%BA%E1%80%B8
2014-10-24T23:07:27Z
s3://commoncrawl/crawl-data/CC-MAIN-2014-42/segments/1414119646484.16/warc/CC-MAIN-20141024030046-00178-ip-10-16-133-185.ec2.internal.warc.gz
mya
0.99656
Mymr
90
{"mya_Mymr_score": 0.9965596199035645}
Englishspeak.com ဆိုတာဘာလဲ? Englishspeak.com သည် အင်္ဂလိပ်စာ စကားပြော လေ့လာရန် အခမဲ့ နှင့် ဆုရ စံနစ် အသစ် တစ်ခုဖြစ်ပါသည်။ အစီအစဉ်တွင် အင်္ဂလိပ် အသံထွက် နှင့် နေ့စဉ်သုံး စကားများ ကို ဦးစားပေးထားသည်။ သင်ခန်းစာပေါင်း ၁၀၀ ကျော်တွင် Englishspeak.com အသံထွက် ပေါင်းမြောက်မြားစွာ ထားရှိပါသည်။ အသုံးပြုသူများသည် တစ်ခုချင်းစီ အတွက် ပြန်လှန်နားထောင်ရန် နှုံး ၂ မျိုးပါရှိပါသည်။ Englishspeak.com ဘာလို့ လိုအပ်သလဲ? ယခင်က စကားပြောရန် ပြဿနာ ရှိသူ အများစု သည် သူတို့ အင်္ဂလိပ်စာ လေ့လာရာတွင် အားနည်းသည် ဟု အယူအဆမှား နေကြပါသည်။ တကယ်တမ်း မှာ အင်္ဂလိပ်စာ သင်တန်း အများစု သည် စကားပြောရန် အတွက် သီးသန့် ပြင်ဆင်ထားခြင်း မဟုတ်၍ဖြစ်သည်။ အင်္ဂလိပ်စာ သင်ခန်းစာ အများစု ၏ ပြဿနာမှာ စကားပြောရန် အတွက် သီးသန့် အထူးပြုထားခြင်း မဟုတ် ၍ ဖြစ်သည်။ ၎င်း သင်ထောက်ကူပြု ပစ္စည်းများကို အသုံးပြုသူများသည် အသံထွက် မှားယွင်း၍ ပြဌာန်းစာအုပ် ဖတ်နေ သကဲ့သို့ ဖြစ်နေသည်။ ထို့အပြင်၊ သင်တန်းသားများ သည် ၎င်းတို့ အချင်းချင်း လေ့ကျင်မှုများပြုလုပ်၍ မွေးရာပါ ပြောသူများ နှင့် မလေ့ကျင့်၍ အသံထွက်များ ယွင်းချင်း နှင့် အလေ့အထဆိုးများကြောင့် တိုးတက်သင့်သလောက် မတိုးတက်ပေ။ အားသာချက်များက ဘာလဲ? အသံထွက် ပေါင်း မြောက်များစွာရှိခြင်း။ ပုံမှန် နှင့် အနှေး နှုံး ပြန်လည်ဖွင့်လှစ်ခြင်းများ။ အသံထွက်၊ ဘာသာပြန်၊ အဓိပ္ပာယ် နှင့် စကားလုံး များအား ခွဲခြမ်းစိတ်ဖြာခြင်း။ ဝေါဟာရ နှင့် စကားစု ပေါင်း ၂၅၀၀။ အခမဲ့။ ထူးခြားချက်များ။? အင်္ဂလိပ်စာ သင်ခန်းစာ တိုင်း သည် အသုံးပြုသူနှင့် မွေးရာပါ စကားပြောသူတို့ အကြားပြောနိုင်ရန် ဖန်တီးပေးထားခြင်။ အသုံးပြုသူများသည် ဖြစ်ရပ်မှန် အခြေအနေများ နှင့် အပြန်အလှန်စကားပြောခြင်းများ ကို အသုံးများသော အင်္ဂလိပ်စကားလုံး များ နှင့် အင်္ဂလိပ် သဒ္ဒါများ ကို အသုံးပြုနိုင်ခြင်း။ အသံထွက်နှင့် ပတ်သတ်၍ အထူးအလေးပြုထားပါသည်။ အသုံးပြုသူများသည် ပုံမှန် နှင့် အနှေး နှုံးများ ကို အသုံးပြု၍ အပြန်အလှန်စကားပြောများ၊ စာကြောင်းများ နှင့် စကားလုံးများ ကို နားထောင်နိုင်ပါသည်။ သင်၏ ကာဆာတံ ကို စကားလုံးပေါ်တွင် ထားလိုက်လျှင် ကျွန်ုပ်တို့၏ သင်ကြားသူမှ ဖြေးညှင်းစွာ အသံထွက်ပြမည်ဖြစ်ပါသည်။ ကွန်ပျူတာမှ ထုတ်လုပ်ပေးသော အသံမဟုတ်ပါ။
<urn:uuid:712ef96d-9a71-4a90-bea3-2a882bef5058>
CC-MAIN-2014-42
http://englishspeak.com/my/
2014-10-23T09:21:24Z
s3://commoncrawl/crawl-data/CC-MAIN-2014-42/segments/1413507457324.47/warc/CC-MAIN-20141017005737-00262-ip-10-16-133-185.ec2.internal.warc.gz
mya
0.998381
Mymr
65
{"mya_Mymr_score": 0.9983814358711243}
ပဲခင်းကျော်အုပ်စု၊ မှတ်တော်ကန်ကွင်းမှာရှိတဲ့ လယ်ယာမြေတွေကို ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းက စတင်သိမ်းယူခဲ့ပြီး အခုအခါ လုပ်ငန်းများ ပြန်လည်စတင် လုပ်ကိုင်နေတဲ့အတွက် ထပ်မံ ကန့်ကွက်စာတွေကို ပေးပို့ခဲ့တာ ဖြစ်ကြောင်း လယ်သမားတွေဘက်က ပြောပါတယ်။ " ကျွန်တော်တို့ မနေက ၂ နာရီ ၁၅ ကနေစပြီးတော့ အက်စ်ဘီရုံးကို သွားစာပိ်ု့တယ်။ နောက်မြေစာရင်း ဦးစီးဌာနကို သွားစာပို့တယ်။ နောက် ကျွန်တော်တို့ သန်းဇော်ရွှေ ကုမ္ပဏီကို သွားစာပို့တယ်ဗျ။ အခုလက်ရှိ လယ်သမားတွေက လုပ်ကိုင်စားစရာ ဘာမှမရှိဘူး ဖြစ်နေတယ်။ တော်တော် အခက်အခဲတွေ့နေတယ်ဗျ။ ဒီ သန်းဇော်ရွှေ ကုမ္ပဏီက တာဝန်ခံပေါ့ဗျာ၊ အဲဒီတာဝန်ခံက ဆက်ပြီးတော့ သူတို့ ဆောင်ရွက်သွားမယ်တဲ့။ ဒီဥစ္စာကို သိမ်းယူထားမယ်ဆိုတဲ့ အကြောင်းကိုပဲ ပြောပြတယ်ဗျ" ၂၀၁၁ ခုနှစ် ဇန်န၀ါရီလအတွင်းက လယ်သမားတွေ ထွန်ယက်စိုက်ပျိုးထားတဲ့ ပဲခင်းတွေကို ဖျက်ဆီးပြီး မြေဧက ၁၂ ဧကကျော်မှာ ဇီးပင်နဲ့ စပျစ်ပင်တွေ စတင်စိုက်ပျိုးခဲ့ကြောင်း၊ ဒါပေမယ့် အဲဒီနောက် ရပ်ဆိုင်းသွားခဲ့ပြီး အခုအခါ ပြန်လည် စတင်လုပ်ကိုင်လာတာ ဖြစ်ကြောင်း လယ်သမားတွေက ပေးပို့တဲ့ စာထဲမှာ ရေးသားထားပါတယ်။ ဒီလယ်ယာမြေတွေမှာ စိုက်ပျိုးလုပ်ကိုင်လာတာ နှစ်ပေါင်း ၄၀ ကျော်ရှိခဲ့ပြီလို့လည်း လယ်သမားတွေဘက်က ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သန်းဇော်ရွှေ ကုမ္ပဏီရဲ့ တာဝန်ခံတစ်ဦးဖြစ်သူ ဦးနေမျိုးကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ အခုလို ဖြေဆိုခဲ့ပါတယ်။ " ဟုတ်ကဲ့၊ ကျွန်တော် မြေတိုင်းဦးစီးမှူးကိုလည်း ပြောပြထားပါတယ်။ ကျွန်တော်တို့ မလုပ်ခင်ကို အဲအကွက်ကို မစခင်ကို ကျွန်တော်တို့ သူတို့ကိုတားထားပါတယ်ခင်ဗျ။ သုံးကြိမ်စာထွက်ပြီးတော့ ရွာကိုလေ၊ ရွာ ဥက္ကဋ္ဌဆီကို သုံးကြိမ်စာထွက်ပြီးတော့ တားထားပါတယ်။ သူတို့မလုပ်ခင်ကတည်းက ထယ်စထိုး ကတည်းကိုကလေ၊ ကျွန်တော်က ပြောတယ်၊ ဒါမလုပ်ဖို့ အဲဒီက မြို့နယ် နယ်ခံစာရေးကိုလည်း ပြောထားပါတယ်ခင်ဗျ။ အဲတာကို သူကဆက်ပြီးတော့ ဆက်လုပ်တာလေ။ ချပေးကတည်းကိုက မြေလွတ်မြေရိုင်းကို ချပေးထားတာခင်ဗျ" ကုမ္မဏီဘက်က ဆက်လက်လုပ်ကိုင်သွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ လယ်သမားတွေက ပြောပါတယ်။ အခုလို ဒေသဆိုင်ရာ အာဏာပိုင်တွေကို ကန့်ကွက် အရေးဆိုခဲ့သလို၊ ဒီလယ်ယာမြေတွေ ပြန်လည် ရရှိတဲ့အထိ ဆက်လက် ကန့်ကွက်လှုပ်ရှားသွားမှာ ဖြစ်ကြောင်း လယ်သမားတွေကလည်း ပြောဆိုထားပါတယ်။
<urn:uuid:01843573-5d0e-4b66-b39f-88aa9bd2e795>
CC-MAIN-2014-42
http://www.rfa.org/burmese/news/land-grab-05252012124807.html
2014-10-31T11:31:49Z
s3://commoncrawl/crawl-data/CC-MAIN-2014-42/segments/1414637899632.42/warc/CC-MAIN-20141030025819-00231-ip-10-16-133-185.ec2.internal.warc.gz
mya
0.936536
Mymr
45
{"mya_Mymr_score": 0.9365357160568237, "blk_Mymr_score": 0.06112406402826309}
ရွှေနဘေနတ် ရွှေနဘေနတ်သည် အိမ်တွင်းနတ် ရ-ပါးမှ ပန်းပဲမောင်တင့်တယ် အိမ်တွင်း မင်းမဟာဂီရိနတ်၏ ဇနီးဖြစ်သည်။ နဂါးမင်း၏ သမီးတော် ရွှေနဘေ နဂါးမင်းသမီး ဖြစ်သည်။ တချို့စာများတွင် မင်းတုန်းမြို့သူ ဖြစ်သည်ဟု ဆိုသည်။ မောင်တင့်တယ်နှင့် ပေါင်းသင်း၍ သားနှစ်ယောက် မွေးဖွားခဲ့သည်။ ထိုသားတော်နှစ်ပါး၏ အမည်များမှာ ရှင်ဖြူ မြောက်မင်း ရှင်ဖြူ၊ ရှင်ညို တောင်မကြီး ရှင်ညို ဟူ၍ ဖြစ်လေသည်။ မောင်တင့်တယ်အား တကောင်းဘုရင် သတ်လိုက်သောသတင်းကို ကြား၍ ရင်ကွဲနာကျကာ ရွှေနဘေနတ် ဖြစ်လာသည်ဟု အဆိုရှိသည်။ ရွှေနဘေနတ်သည် အပြင် ၃၇ မင်း နတ်များတွင် ပါဝင်သည်။ ရွှေနဘေနတ်၏ နတ်ကွန်းသည် ပုပ္ပါးတောင်တွင် ရှိသည်။[၁] ရွှေနပေနတ်သည် သရက်မြို့အနောက်ဘက်တွင် ရှိသော မင်းတုံးမြို့သူဖြစ်သည်။ နဂါးနှင့် ညားပြီးနောက် လင်ပစ်သွားသဖြင့် စိတ္တဇနှင့်သေရာမှနတ်ဖြစ်သည်ဟု ဆိုသည်။ အချို့ကရွှေနပေသည် နဂါးမျိုးဖြစ်၍ မောင်တင့်တယ်နှင့်ပြေးလွှားနေရစဉ်တွင်ညားသည်။ ဥနှစ်လုံးမွေးဖွားပြီးသေ သည်ဟုဆိုသည်။ တစ်မျိုးကား ရွှေနပေသည် တောလုလင်တစ်ယောက်နှင့် ညားပြီးလျှင် လင်ပစ်သွား သဖြင့် စိတ္တဇနှင့်သေသည်ဟုဆိုသည်။ နတ်ရုပ်မှာ ကြာခုံပေါ်တွင် မတ်ရပ်ထလျက် ဦးခေါင်းတွင် နဂါးလည်ပေါ် စည်းပုံဆောင်း၊ဆူးနားတောင်းပန်ထားသည်။ ယာလက်က ရင်ကိုပိုက်၍ ဝဲလက်က ကိုယ်ကိုမြှောင်၍ချထားသည်။[၂] ကိုးကား[ပြင်ဆင်ရန်] - မင်းရာမ ရေး ၃၇-မင်း နတ် သိမှတ်ဖွယ်ရာအဖြာဖြာ - မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃) သုံးဆဲ့ခုနစ်မင်း
<urn:uuid:56a8b4da-446c-4985-b696-139e2e25e132>
CC-MAIN-2014-42
http://my.wikipedia.org/wiki/%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%80%94%E1%80%98%E1%80%B1%E1%80%94%E1%80%90%E1%80%BA
2014-11-01T11:11:52Z
s3://commoncrawl/crawl-data/CC-MAIN-2014-42/segments/1414637905639.57/warc/CC-MAIN-20141030025825-00113-ip-10-16-133-185.ec2.internal.warc.gz
mya
0.999424
Mymr
61
{"mya_Mymr_score": 0.9994237422943115}
ကချင်ပြည်နယ် တနိုင်းမြို့နယ်၌ အစိုးရ ရိက္ခာသယ်ယာဉ်တန်း ဖြတ်သန်းနေစဉ် လမ်းအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အဆိုပါ ယာဉ်တန်းက အနီးရှိ ကချင်ရွာ ၂ ရွာကို ပစ်ခတ်ခဲ့ရာ ရွာခံ ကျောင်းသားတဦးနှင့် ရွာသားတဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိသွားကြောင်း ရွာခံများက ပြောသည်။ ပစ်ခတ်ခံခဲ့ရသည့် ရှဒူးဇွပ်နှင့် အောင်ရာ ရွာများသည် ကချင်တိုင်းရင်းသား အများစုနေထိုင်သည့် ရွာများဖြစ်ပြီး အောင်ရာရွာသည် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီ ကချင်ပြည်နယ် ခေါင်းဆောင် ဒေါ်ဘောက်ဂျာ နေထိုင်ရာ ကျေးရွာဖြစ်သဖြင့် ပစ်ခတ်မှုများကို ကိုယ်တိုင် ကြားသိခဲ့ရကြောင်း ဒေါ်ဘောက်ဂျာက ဧရာဝတီသို့ ပြောသည်။ “အဲဒီအချိန်က ကျမ ရွာထဲမှာရှိတယ်။ သေနတ်သံကြားတော့လည်း ပုန်းနေရတာပေါ့။ ငြိမ်သွားမှ လိုက်ကြည့်တော့ ဟိုဘက်က ရှဒူးဇွပ်ရွာက အသက် ၄၁ နှစ်အရွယ် ဦးကွမ်ထက်နော် ဆိုတဲ့လူ ပွဲချင်းပြီး ဆုံးသွားတယ်။ မူလတန်း ကျောင်းသား ဖိုးချစ်ဆိုတဲ့ ကောင်လေးကတော့ ပေါင်မှာ ကျည်ဆံထိတာ မြစ်ကြီးနားဆေးရုံသွားရင်းပဲ လမ်းမှာဆုံးသွားတာ” ဟု ဒေါ်ဘောက်ဂျာက ပြောသည်။ သေနတ်ဒဏ်ရာနှင့် နေရာတွင် ပွဲချင်းပြီးဆုံးသွားသော ဦးကွမ်ထက်နော်မှာ ရွာပြင်လမ်းမပေါ်တွင် ဆုံးသွားခြင်းဖြစ်ပြီး မောင်ဖိုးချစ်နှင့် ဒဏ်ရာရသူ ၃ ဦးမှာ ရွာထဲတွင် ပုန်းနေစဉ် ကျဉ်ဆံထိမှန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယခု ပစ်ခတ်မှုကြောင့် ထိုကျေးရွာ ၂ ရွာရှိ လူနေအိမ်များ၊ ဘုရားရှိခိုးကျောင်းများ ပျက်စီးခဲ့ကြောင်းလည်း သိရသည်။ စစ်ကား အစီး ၃၀ ခန့် ပါဝင်သော စစ်တပ်ယာဉ်တန်းသည် မြစ်ကြီးနားမှ တနိုင်းမြို့ဘက်သို့ လီဒိုလမ်းမကြီးအတိုင်း တက်လာစဉ် ရှဒူးဇွပ်ကျေးရွာအနီး အရောက်တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး အစိုးရတပ်များက အနီးရှိ ကျေးရွာများနှင့် တောများအတွင်း ပစ်ခတ်ခဲ့ရာမှ ရွာသားများ ယခုကဲ့သို့ ထိခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ “ကျနော်တို့က ကားအစီးရေ တွက်ကြည့်နေတုန်း ခနပဲရှိသေးတယ်၊ ပေါက်ကွဲသံကြားပြီး ပစ်တာ။ ပစ်တာကလည်း တဖက်တည်း။ အဲဒါလည်း ရန်သူကို ပစ်တာမဟုတ်ဘဲနဲ့ ကျနော်တို့ ရွာတွေဘက်ကိုပဲပစ်တာ အိမ်ခေါင်မိုးတွေ၊ ထရံတွေ၊ ဘုရားကျောင်းအမိုးတွေ အကုန်စုတ်ပြတ်ကုန်တယ်။ စစ်သားတွေက ဒီရွာတွေ ကြပ်ကြပ်သတိထား မီးပါရှို့ပစ်မယ်လို့ အော်သွားသေးတယ်” ဟု ရှဒူးဇွပ်ရွာသား တဦးက ပြောသည်။ အဆိုပါ စစ်တပ်ယာဉ်တန်းသည် ရှဒူးဇွပ်နှင့် အောင်ရာ ရွာများအနီး မရောက်မီ မနက် ၉ နာရီခန့်တွင် လီဒိုလမ်းမကြီးအနီး ကြက်ဥ တောင်တန်းတွင် အပြန်အလှန် ပစ်ခတ်သံများ ကြားရကြောင်း တနိုင်းမြို့နယ် ဝါရာစု ရွာသားတဦးကလည်း ဧရာဝတီသို့ ပြောသည်။ စစ်ယာဉ်တန်း ဖြတ်သန်းသွားမည့် လမ်းကို စစ်တပ်အစောင့်များ တရက် ကြိုတင်ချထားသည်ကို တွေ့မြင်ရကြောင်း၊ ယခုဖြစ်စဉ်တွင် လမ်းဘေးမှ ပေါက်ကွဲခဲ့သည့် ဗုံးကြောင့် စစ်ယာဉ်တန်းကို ထိခိုက်မှု မတွေ့ရှိရကြောင်း၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိမှု၊ အိမ်ခြေပျက်စီးမှုများကို တာဝန်ယူ ဆောင်ရွက် ပေးမည့်သူ မရှိကြောင်း သိရသည်။ ယခု နှစ်လည်ပိုင်းကလည်း ထိုနေရာတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များက မိုင်းခွဲတိုက်ခိုက်ခြင်းကြောင့် အစိုးရစစ်ယာဉ်တန်း ပျက်စီး၊ သေဆုံးမှုများရှိကြောင်း ဒေသခံများက ပြောသည်။ ရှဒူးဇွပ်နှင့် အောင်ရာရွာအနီး ပစ်ခတ်မှုနှင့် ပတ်သက်ပြီး လက်နက်ကိုင်အချင်းချင်း ပစ်ခတ်မှု မဟုတ်ဘဲ ကျေးရွာလူထုကို ပစ်ခတ်သွားမှုအပေါ် ရှုတ်ချကြောင်း၊ အစိုးရအနေဖြင့် ထိရောက် စွာ ကိုင်တွယ်ဆောင်ရွက်သင့်ကြောင်း ဒေါ်ဘောက်ဂျာက ပြောသည်။ “လက်နက်ကိုင် အချင်းချင်းပစ်တာ လယ်ကွင်းပေါ်မှာပဲဖြစ်ဖြစ် ကြိုက်တဲ့နေရာမှာ စိန်ခေါ်ပြီးပစ်ကြပါ။ အခုလိုရွာကို သက်သက်ကြီး ပစ်တာက ပြည်သူတွေကို သက်သက်ရန်ရှာနေတဲ့ ပုံစံမျိုးပေါက်တယ်။ ကျမတို့ဒေသက ကချင်တွေ ပိုများတော့ တမင်ဖန်တီးတဲ့ ပုံစံလုပ်နေတာမျိုး ဖြစ်တယ်။ အစိုးရဟာ ပြည်သူတွေရဲ့ စားဝတ်နေထိုင်ရေးတွေ တည်ငြိမ်အောင် လုပ်ပေးရမယ့်အစား ဒီလုပ်ရပ်ဟာ တာဝန်မဲ့ရာ ကျလွန်းတယ်။ ဒါတွေဟာ ဦးသိန်းစိန် အပေါ်မှာ အဓိက တာဝန်ရှိတယ်” ဟု ဒေါ်ဘောက်ဂျာက ပြောသည်။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း အတွင်း KIA ထိန်းချုပ်ရာ ဒေသများသို့ အစိုးရ စစ်တပ်များက တပ်အင်အား၊ လက်နက်ခဲယမ်းနှင့် ရိက္ခာအင်အားများ တိုးချဲ့မှုများရှိနေသဖြင့် ပွင့်လင်းရာသီ ရောက်လာသည်နှင့်အမျှ တိုက်ပွဲများ အရှိန်မြှင့် လာဖွယ်ရှိကြောင်း အစိုးရတပ် အင်အားဖြည့်တင်းမှုများ ပြုလုပ်နေမှုကြောင့် ၎င်းတို့ အနေဖြင့် ကြားဖြတ် တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်ခဲ့ရလေ့ရှိကြောင်း KIA နှင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့က ပြောသည်။ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် အစိုးရတို့ အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများသည် ထူးခြားမှု မရှိသေးသော်လည်း ကချင်ပြည်နယ်အတွင်း အစိုးရတပ်များနှင့် KIA တို့ အကြား ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ ကြောင့် KIO ထိန်းချုပ်မှု အောက်ရှိ ဒုက္ခသည်စခန်းများတွင် စစ်ပြေးဒုက္ခသည် ၆၃၀၀၀ ကျော်ရှိကြောင်း သိရသည်။
<urn:uuid:64461ba2-9cf6-46e4-ae82-97f97dd56ee4>
CC-MAIN-2014-42
http://burma.irrawaddy.org/army/2012/12/04/27282.html
2014-11-01T02:32:12Z
s3://commoncrawl/crawl-data/CC-MAIN-2014-42/segments/1414637903052.34/warc/CC-MAIN-20141030025823-00065-ip-10-16-133-185.ec2.internal.warc.gz
mya
0.948579
Mymr
63
{"mya_Mymr_score": 0.9485794305801392, "blk_Mymr_score": 0.049821704626083374}
သမင် |သမင်| |သိပ္ပံနည်းကျမျိုးခွဲခြင်း| သမင်သည် စာဗီဒီးမျိုးရင်းဝင် တောတိရစ္ဆာန်ဖြစ်၍ ခြေထောက်တွင်ခွာပါရှိသော တိရစ္ဆာန် မျိုးဖြစ်သည်။ အဖိုသတ္တဝါများတွင် ဦးခေါင်း၌ အလွန်လှပသောဦးချိုပါရှိသည်။ အသီးအရွက်သာစားသော စားမြုံ့ ပြန်သတ္တဝါမျိုးဖြစ်သည်။ ယင်းသည်အင်အားကြီး မားသော ကျား၊ ခြင်္သေ့စသည့်သားရဲတိရစ္ဆာန်နှင့် ရန်သူများ၏ဘေးရန်မှလွတ်ကင်းရန် အလွန်လျင်မြန်စွာ ပြေးလွှားသွားနိုင်သောကြောင့် ဒရယ်၊ ချေ၊ စိုင်၊ ဆတ် တို့ကဲ့သို့ပင် ခြေမြန် သတ္တဝါဟုခေါ်သည်။ သမင်သည် ဆတ် ထက်ကိုယ်လုံး ကိုယ်ထည်သွယ်သည်။ သမင်အမသည် ကိုယ်လုံးပို၍သေးသည်။ ပုခုံးမှ အမြင့် လေးပေခန့်ရှိသည်။ ကျွဲ၊ နွား၊ ဒရယ်စသော တိရစ္ဆာန်တို့၌ ကဲ့သို့ဦးချိုပါသော်လည်း သမင်ဦးချိုသည် ကျွဲ၊ နွား၊ ဒရယ်ဦးချို မျိုးမဟုတ်ဘဲ အခက်အတက်တို့နှင့်လှပသော ဦးချို မျိုးဖြစ်သည်။ အခက်အတက်များ နှစ်ခုမှရှစ်ခု အထိ ပါတတ်သည်။ ဦးချိုအလျား ၄၂ လက်မခန့်ရှိတတ်သည်။ ကျွဲ၊ နွား၊ ဒရယ်တို့၏ဦးချိုသည် နှစ်စဉ်အသစ်လဲလေ့မရှိ သော်လည်း သမင်ဦးချိုသည် နှစ်စဉ်အသစ်လဲရစမြဲဖြစ်သည်။ နှစ်ခါလည်သားအရွယ်တွင် ချိုစပေါက်၍ ခုနှစ်နှစ်သားအရွယ် တွင်စုံစုံလင်လင်ပြည့်ပြည့်ဝဝ ပေါက်သည်။ဆတ်၊ ဒရယ် စသည်တို့၏ဦးချိုတို့ထက် ဘေးမှကြည့်လျှင် ပိုဝိုင်းနေသကဲ့ သို့ထင်ရသည်။ ချိုသည် ဩဂုတ်လ လယ်တွင်စ၍လဲတတ်သည်။ အစွမ်းကုန်ပြည့်ပြည့်ဝဝ ပြန်ဖြစ်ရန်အတွက်ရက်သတ္တပတ် ၁ဝ ပတ်မှ လေးလအထိကြာ တတ်သည်။ ဦးချိုလဲချိန်တွင်သမင်များသည် အပြင်သို့ထွက်၍ ကျက်စား လေ့မရှိဘဲ တောနက်ထဲ၌ခိုအောင်းနေလေ့ ရှိတတ်ကြသည်။ ဦးချိုများအသစ်လဲနေသည့်အခါတွင် ပေါက်ကာစ ဦးချိုကလေးများကို ကတ္တီပါကဲ့သို့နူးညံ့သောအရေတစ်မျိုး ကဖုံးလွှမ်းလျက်ရှိသည်။ ထိုအရေကလေးသည် အလွန် နူးညံ့လှသည်ဖြစ်ရာ အတန်ငယ်မျှ ထိခိုက်မိရုံနှင့်သွေးထွက် တတ်လေသည်။ ထို့ကြောင့်ပင်ဤအခါအမျိုးတွင် သမင်သည် လှည့်လည်သွားလာခြင်းမပြုဘဲ တစ်နေရာရာတွင် ခိုအောင်း နေလေ့ရှိခြင်းဖြစ်သည်။ သို့ရာတွင်အချိန်အတန်ကြာလျှင် ဦးချိုများသည်မူလအတိုင်း ပြန်လည်မာကျော လာလေသည်။ သမင်သည်ကောင်းစွာ အရွယ်မရောက်မချင်း၊ နှစ်တိုင်း နှစ်တိုင်းဦးချိုတွင် အကိုင်းအခက်ကလေးများ ထပ်လောင်း ပေါက်ပွားတတ်သည်ဖြစ်ရာ သမင်၏ဦးချိုအကိုင်းအခက်များ ကိုကြည့်ခြင်းအားဖြင့် ထိုသမင်၏အသက် အရွယ်ကို ခန့်မှန်းနိုင်ပေသည်။ များသောအားဖြင့်သမင်ဟူသမျှသည် သစ်ရွက်၊သစ်ညွန့်၊သစ်ညှောက်၊ မြက်ပင်စသည်တို့နှင့်တကွရေညှိ၊ အရည်ရွှမ်းသော အပင်၊ အသီးစသည်တို့ကို အမှီပြုစားသောက်အသက်မွေးကြလေသည်။ ယင်းတို့ကိုယဉ်ပါးအောင်လည်း လွယ်ကူစွာပင်ပြုလုပ်သင်ကြားနိုင်သည်။ သမင်ငယ်ကလေးများသည် ပုံပန်းအားဖြင့် မိဘဖြစ်သော သမင်တို့နှင့်တူညီသော်လည်း ကိုယ်ပေါ်၌အပြောက်အစင်း အကြားများဖြစ်လျက်ရှိတတ်သည်။ သမင်မွှေးသည် သိပ်သိပ်သည်းသည်းမရှိ၊ ပါး၍အနည်းငယ်ကြမ်းသည်။ သမင်ဖို၏ အရောင်သည် သမင်မ၏ အရောင်ထက်ပိုရင့်သည်။ ယင်းတို့သည်ရာသီဥတုအလိုက်လည်း အမွှေးအရောင်ပြောင်းတတ်သေးသည်။ အေးသည့်ရာသီတွင်အမွှေးရောင်ရင့်၍ နွေရာသီ တွင်အရောင်ဖျော့ကာ ဝါညိုညိုအရောင် ဖြစ်လာသည်။ သမင်တို့သည် တစ်သားလျှင် တစ်ကောင်သာ ပေါက်လေ့ရှိသည်။ အထူးသဖြင့်အောက်တိုဘာလတွင်ပေါက်တတ်သည်။ အမြီးဖြူသမင်သည် တစ်ကောင်မှသုံးကောင်အထိ အများဆုံးပေါက်သည်။ သမင်သည်များသောအားဖြင့် ထူထက်သော သစ်တောနှင့်တောင်မြင့်များတွင် နေလေ့မရှိချေ။ တောစပ်ခြုံကွယ်တွင် လှည့်လည်ကျက်စား တတ်သည်။ အကောင်အနည်းငယ်သာအုပ်ဖွဲ့နေတတ်သည်။ နေအေးချိန် နံနက်နှင့်ညနေစောင်း တွင်းသာအစာအလို့ငှာထွက်၍ နေ့လယ်နေပူချိန်တွင်အရိပ်ခိုနေတတ်သည်။ တစ်ခါတစ်ရံ ညဉ့်ဘက်တွင် ထွက်၍ လယ်ယာများ၌ဝင်ရောက်စားသောက်တတ်သည်။ တိရစ္ဆာန်ဗေဒပညာရှင်အသီးသီးသည် သမင်အမျိုးအစား ကိုခွဲခြားရာ၌ များစွာအယူဝါဒကွဲပြားကြသည်။ သို့ သော်လည်း အဓိကအားဖြင့်အစုနှစ်စုမျှသာ ခွဲခြားမှတ်သားရန်လိုလေသည်။ ပထမအစုတွင်အာရှတိုက် ဟိမဝန္တာ စသောတောတောင် ဒေသများ၌ တွေ့မြင်ရသော ကတိုးသမင်တစ်မျိုးတည်းသာ ပါရှိသည်။ ဤအာရှတိုက်ကတိုးသမင် မျိုးသည် ဦးချိုမရှိသည်သာမက ထင်ရှားသော ကတိုးဂလင်းများ ပါရှိလေသည်။ ယင်းကတိုးသမင်များကို ကတိုးကောင်ဟုလည်း ခေါ်သေးသည်။ ဒုတိယအစုကြီးတွင်မူ ကျန်သောသမင် အားလုံးပါရှိ၏။ ဤဒုတိယသမင်မျိုးကို ဩစတြေးလီးယားတိုက်၊ နယူးဇီလန်ကျွန်း၊ အာဖရိကတောင်ပိုင်းဒေသနှင့် မက်ဒါဂက်စကာကျွန်းများမှလွဲ၍ မည်သည့်အရပ်တွင်မဆို နေရာမရွေး တွေ့ရှိရတတ်သည်။ သမပိုင်းဒေသများရှိ သမင် များသည် အပူပိုင်းဒေသရှိသမင်တို့ထက် အရွယ်အစား တွင်သော်လည်းကောင်း၊ အလှအပအသွင်ပြင်တွင်သော်လည်း ကောင်း၊ များစွာသာလွန်သည်။ သို့သော်လည်း သမပိုင်းဒေသရှိသမင်များထက်မညံ့လှသော အပူပိုင်းသမင်မျိုးလည်း ရှိပေသေးသည်။ ထိုသမင်မျိုးမှာ အိန္ဒိယနှင့်သီဟိုဠ်နိုင်ငံများတွင် ရှိတတ်သည့် အက်ဇစ်ခေါ် သမင်ပြောက်မျိုးဖြစ်သည်။ ကမ္ဘာပေါ်ရှိ သမင်အသီးသီးအနက် အတွေ့ရအများဆုံးသော သမင်မျိုးမှာ ဗာဂျင်းနီးယား ခေါ် အမြီးဖြူသမင် မျိုးဖြစ်၏။ ၁၇၈၄ ခုနှစ်ကဗာဂျင်းနီးယားပြည်နယ်မှ သတ်ဖြတ်ဖမ်းမိသော ယင်းသမင်မျိုးကို ပထမဆုံးနမူနာ မျိုး ခွဲနိုင်သည်ကိုအစွဲပြု၍ ဗာဂျင်းနီးယားဟုခေါ်သည်။ ယင်းကို အမေရိကန်ပြည်ထောင်စုဒဲလဝဲယားဩရိဂန်၊နီဗားဒ၊ ကာ လီဖိုးနီးယားစသော ပြည်နယ်တို့မှလွဲလျှင်နေရာမရွေး အနှံ့အပြားတွေ့ ရတတ်သည်။ ကနေဒါနိုင်ငံတွင် ထို ဗာဂျင်းနီးယားအမြီးဖြူသမင်မျိုးကိုပင် ဆတ် ဟူ၍ ခေါ်မှတ်မှားနေကြ၏။ အကယ်စင်စစ် ဗာဂျင်းနီးယားအမြီးဖြူသမင်မျိုး၏ အမြီးမှာ အောက်ဘက်ပိုင်းနှင့်အစွန်းအနားနေရာများတွင် ဆွတ်ဆွတ် ဖြူလျက်ရှိသည်။ မြောက်အမေရိကတိုက် တွင်အမြီးနက် သမင်မျိုးဟူ၍ ပင်သီးသန့်ရှိသေး၏။ တရုတ်နိုင်ငံ၌ တွေ့ရတတ်သော ရေသမင်များသည် ဦးချိုဟူ၍မပါ ရှိဘဲရှည်လျားသောအစွယ်သာပါရှိသည်။ ရေစပ်မြစ်ကမ်းနဖူးတို့၌ ပုန်း၍နေတတ် သည်။ တင်ပါးဆုံတစ်ဝိုက်တွင် အမွှေးဖြူကွက်များ ပါရှိသည်။ စိတ်လက်အေးချမ်းငြိမ်သက်စွာနေသည့်အခါတွင် ယင်းအမွှေးအားလုံးမှာစုနေသော် လည်းထိတ်လန့်သည့်အခါ ထိုအမွှေးများသည် ပြန့်ကား၍ ထွက်လာတတ်သော ထူးဆန်းသည့် ဂျပန်စီကာသမင်မျိုးလည်း ရှိသေးသည်။ ယင်းသမင်မျိုးကိုမန်ချူးရီးယားပြည်၌တွေ့နိုင်သည်။ အခြား ထင်ရှားသောသမင်မျိုးများမှာ နှင်းဖုန်းသော အအေးပိုင်း ဇုန်ဒေသ၌ တွေ့ရတတ်သည့် တန်းဒြသမင်၊ မြောက် အမေရိကတိုက်တွင်အတွေ့များသော ကဲရီးဗူးသမင် တို့ဖြစ်သည်။ ကဲရီးဗူးသမင်သည် လှည်းဆွဲရန်နှင့်နို့အလို့ငှာ အလွန် အသုံးဝင်သောသမင်မျိုးဖြစ်သည်။ မြောက်အမေရိကတိုက်သည် သမင်မျိုးတို့ပေါက်ဖွားရာ ပင်ရင်းဒေသဟုဆိုသည်။ ရှေးအခါကအမေရိကတိုက်တွင် နေရာမရွေးတွေ့ရှိရသော ဝါ့ပတိခေါ်သမင်ကြီးမျိုးသည် ထွားကြိုင်းကြီးမားလှသည်ဖြစ်ရာ တစ်ခါတစ်ရံငါးပေပင် ကျော်တတ်လေသည်။ ထိုသမင်ကြီးမျိုးသည်အမဲပစ်သူတို့ စည်းမဲ့ကမ်းမဲ့ပစ် ခတ်သတ်ဖြတ်မှုကြောင့် မျိုးဆက်ပပျောက် လုမတတ်တိမ်ကောသွားလေပြီ။ မြန်မာနိုင်ငံ၌ပင် ရှေးအခါက သမင်အလွန်ပေါသော်လည်း စစ်ပြီးခေတ်တွင်အမျိုး တိမ်လု နီးနီး နည်းပါးလျက်ရှိသည်။ သမင်သည်တောစပ်၌တွေ့ရတတ်ရုံမက ယဉ်လည်းယဉ်လွယ်သဖြင့် အဖမ်းရလွယ်မှုကြောင့် အမျိုးတုံး လွယ်ခြင်းဖြစ်သည်။ ဘုရားလောင်းသုဝဏ္ဏသာမသည် သမင်နှစ်ကောင်ကို တစ်ပေါင်းတည်းပြုပြီးလျှင် ထိုသမင် နှစ်စီးတို့၏ ကျောက်ကုန်းထက်၌ သောက်ရေအိုးကိုတင်၍ အမိအဖတို့ကိုလုပ်ကျွေးရန် ရေခပ်ဆင်းလေ့ ရှိကြောင်း သုဝဏ္ဏသာမဇာတ်တော်ကြီး၌ ပါရှိသည်ကိုထောက်လျှင်သမင်မျိုး တို့သည်ရှေးလွန်လေပြီးသောအခါ ကပင် အလွန်ယဉ်လွယ်သော သတ္တဝါမျိုးဖြစ်ကြောင်းသိသာသည်။ ယခုအခါမြန်မာနိုင်ငံ၌ သမင်များကိုမသတ်ဖြတ်ရန် အစိုးရကတားမြစ်ထားသဖြင့် အကောင်ရေတိုးလာသည်ဟု ဆိုရမည်ဖြစ်သော်လည်း ခန့်မှန်းခြေအားဖြင့်အကောင်ရေ ၂၅ဝဝ မှ ၃ဝဝဝ ထက်မပိုသေးကြောင်းဖြင့် သစ်တောဌာနမှအဆိုရှိသည်။ သမင်သားရေကိုမြန်မာနိုင်ငံတွင် ရွှေမျက်ပါးလုပ်ရာ၌ အသုံးပြုကြသည်။ သို့ရာတွင် အများအပြားလိုသောပစ္စည်းမဟုတ်သဖြင့် စီးပွားရေး အလို့ငှာသမင်များကို ဖမ်းယူသတ်ဖြတ်ခြင်းမရှိချေ။ သမင် သားကိုစားလျှင် သမင်ကွက်ခေါ် အရေပြားရောဂါတစ်မျိုး ဖြစ်တတ်သည်ဟု အများကအယူရှိကြသဖြင့် လူတိုင်းမစားကြ သောကြောင့် ယင်းကိုအသားအလို့ငှာသတ်ဖြတ်သူနည်းပြီးလျှင် အပျော်ထမ်းတောလိုက်ရင်း ဖမ်းယူသတ်ဖြတ်ခြင်း ခံရမှုသာရှိလေသည်။ ၁၉၅၆ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းမှုအဖွဲ့ကြီး၏ညီလာခံ၌ မြန်မာနိုင်ငံရှိ သမင် အကောင်ရေစာရင်းကိုတင်ပြရာ မြန်မာနိုင်ငံ၌ သမင်မျိုး တိမ်ကောမည်ကို စိုးရိမ်ရသည့်အခြေအနေမရှိတော့ကြောင်း ဆုံးဖြတ်ကြသည်။[၁] ကိုးကား[ပြင်ဆင်ရန်] - မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
<urn:uuid:d924f7db-aec1-4a6b-a858-8bc88b4194d5>
CC-MAIN-2014-42
http://my.wikipedia.org/wiki/%E1%80%9E%E1%80%99%E1%80%84%E1%80%BA
2014-11-01T02:27:47Z
s3://commoncrawl/crawl-data/CC-MAIN-2014-42/segments/1414637903052.34/warc/CC-MAIN-20141030025823-00065-ip-10-16-133-185.ec2.internal.warc.gz
mya
0.996275
Mymr
97
{"mya_Mymr_score": 0.9962751269340515}
ရန်ကုန်မြို့ရဲ့ အထင်ကရ ရှိလှတဲ့ အင်းစိန်ထောင်ထဲမှာ ၁၉၉၅ ခုနှစ်က အသက် ၂၉ နှစ်အရွယ် အကျဉ်းကျ အမျိုးသမီး တဦးကို တပ်မတော် ထောက်လှမ်းရေး အရာရှိက စစ်ဆေး မေးမြန်းပါတယ်။ ထောက်လှမ်းရေး အရာရှိဟာ ရှေ့မှာ ထိုင်နေတဲ့ အမျိုးသမီးကို နိုင်ငံရေး ခံယူချက်အကြောင်း မေးတော့… “နိုင်ငံသားကောင်း တယောက်ဖြစ်ဖို့” လို့ အားနည်း ဖြူဖျော့နေတဲ့ကြားက သူ ချက်ချင်း မဆိုင်းမတွ ပြန်ဖြေလိုက်တယ်။ အဲဒီ အကျဉ်းကျ အမျိုးသမီးက စာရေးဆရာမ မသီတာ (စမ်းချောင်း) ပါ။ နိုင်ငံရေး လှုပ်ရှားမှုတွေ လုပ်လို့ ဆိုပြီး သူမကို နာမည်ဆိုးနဲ့ လူသိများတဲ့ အင်းစိန် အကျဉ်းထောင်ထဲ အပို့ခံခဲ့ရပါတယ်။ စာရေးဆရာမ တဦးဖြစ်သလို၊ နိုင်ငံရေး အကျဉ်းသားဟောင်း ဖြစ်တဲ့ မသီတာဟာ ဆယ်စုနှစ် ၂ ခု ကြာတဲ့တိုင် သူ ယုံကြည်ရာကိုပဲ စွဲကိုင်ထားဆဲပါ။ အဲဒါကတော့ သူမဟာ တာဝန်သိပြီး နိုးကြားတက်ကြွတဲ့ နိုင်ငံ့ သားကောင်း ဖြစ်ရေးပါပဲ။ တဦးချင်းစီ ကိုယ်တိုင် နိုင်ငံရေး အသိအမြင် နိုးကြားစေချင်တာက သူရဲ့ စိတ်စေတနာပါ။ မြန်မာ တနိုင်ငံလုံး မှာ ဖြစ်ပျက်နေတဲ့ ပြဿနာရပ်တွေကို သိရှိသဘောပေါက်ပြီး အကောင်းဆုံး ကိုင်တွယ် ဖြေရှင်း နိုင်ဖို့က နိုင်ငံရေး အသိ ကြွယ်ဝပြီး တာဝန်သိ နိုင်ငံသားကောင်းစိတ် ပြည့်ဝဖို့ အရေးကြီးတယ်လို့ သူ ယူဆပါတယ်။ “ကျမတို့ တိုင်းပြည် အတွက် ကျရာ အခန်းကဏ္ဍက တက်တက်ကြွကြွ လုပ်ဆောင်ရမယ် ဆိုတာ သက်သေပြချင်တယ်။ လုပ်ကိုင်ဆောင်ရွက်စရာတွေလည်း အများကြီးပဲ။ တခြားသူတွေရဲ့ နိုင်ငံရေး အဓိပ္ပာယ်ဖွင့်ဆိုတာနဲ့တော့ တူချင်မှ တူမှာပါ။ မြန်မာပြည်မှာတော့ အရာရာဟာ နိုင်ငံရေးပါ။ သဘာ၀၀န်းကျင်ရေးရာ၊ ပညာရေး၊ ကျန်းမာရေး စသည်ဖြင့် အားလုံးပါ” လို့ ဧရာဝတီကို ပြောပါတယ်။ သူဟာ အလုပ်များတဲ့သူပါ။ ဆယ်ကျော်သက် ဖူးငုံ မဂ္ဂဇင်းရဲ့ အယ်ဒီတာ တဦးဖြစ်သလို Independent ဂျာနယ်မှာလည်း အယ်ဒီတာ အဖြစ် လုပ်ကိုင်နေပါတယ်။ ပြီးတော့ လူမှုရေး လုပ်ငန်းအဖြစ် သုခ ကုသိုလ်ဖြစ် ဆေးခန်းမှာလည်း စေတနာ ဆရာဝန် အနေနဲ့ ဆေးကုသ ပေးနေသူပါ။ အောင်မြင်တဲ့ စာရေးဆရာမ တဦးဖြစ်သလို ပြည့်ဝတဲ့ ဆရာဝန်တဦးပါပဲ။ ပြီးတော့ သူ ရေးသားတဲ့ နိုင်ငံရေးဆိုင်ရာ စာအုပ်တွေကလည်း ထင်ရှား ပါတယ်။ သူ အသက် ၄၆ နှစ်မှာ အင်္ဂလိပ်၊ မြန်မာ ဘာသာတွေနဲ့ စာအုပ် ၉ အုပ် ရေးသားထုတ်ဝေနိုင်ခဲ့ပြီး အဲဒီထဲမှာ အကျဉ်းကျ စဉ် ဖြတ်သန်းရမှု အတွေ့အကြုံနဲ့ ပတ်သက်တဲ့ စာအုပ်လည်း ပါပါတယ်။ နောက်ဆုံးထုတ် အင်္ဂလိပ်လို ရေးသား တဲ့ “The Roadmap” စာအုပ်ဟာဆိုရင် မြန်မာနိုင်ငံရဲ့ ၁၉၈၈ က ၂၀၀၉ အထိ နိုင်ငံရေးဖြစ်စဉ်ကို သူမ ကိုယ်တိုင်တွေ့ကြုံ တွေကို ရေးသားတင်ပြထားတာ တွေ့ရပါတယ်။ သူဟာ ၂၀၀၈ ကနေ ၂၀၀၉ အထိ အမေရိကန်နိုင်ငံကို သွားရောက် နေထိုင်ပြီး၊ Brown တက္ကသိုလ်မှာ International Writers Project Fellow နဲ့ ဟားဗတ်တက္ကသိုလ်ရဲ့ Fellow of Radcliff Institute for Advanced Studies ကို တက်ရောက်ခဲ့ပါတယ်။ မသီတာဟာ ၁၉၈၀ ခုနှစ်အစောပိုင်း ကာလမှာ ဆေးတက္ကသိုလ် တက်ရောက်ခဲ့ပါတယ်။ ကလေးဘ၀က အကြီးအကျယ် နာမကျန်း ခံစားခဲ့ရတာကြောင့် ဆေးကုသပေးတဲ့ ဆရာဝန်ဘ၀ကို စိတ်ဝင်စား ဖြစ်ချင်ခဲ့တာလို့ ပြောပါတယ်။ သူဟာ ငယ်ရွယ်စဉ် ကတည်းက စာရေးသားခဲ့တာ ဖြစ်ပြီး အလားအလာ ကောင်းရှိတဲ့ လူငယ်စာရေးဆရာမ တဦးအဖြစ် အချိန်တိုအတွင်းမှာ အသိအမှတ်ပြုခံခဲ့ရသူပါ။ “ကျမ ဘာကြောင့် စာရေးဆရာ ဖြစ်ချင်ခဲ့တာလဲ ဆိုတော့ ကျမ သိရှိတာတွေ၊ လေ့လာထားတာတွေကို ပြန်လည် မျှဝေပေးချင်တာကြောင့်ပါ။ ပြောရရင် ဆင်းရဲမွဲတေမှုတွေပေါ့” လို့ ပြောပါတယ်။ သူဟာ ငယ်ရွယ်စဉ်ကတည်းက အလားအလာ ရှိတဲ့သူလို့ အသိအမှတ်ပြုတာ ခံရသူ ဖြစ်ပေမယ့် အောင်မြင်မှုအတွက် အလွန် ကြိုးစားခဲ့သူဖြစ်ကြောင်း ပေဖူးလွှာမဂ္ဂဇင်း အယ်ဒီတာဟောင်း ဦးမျိုးမြင့်ငြိမ်းက လွန်ခဲ့တဲ့ ၃၀ လောက်က မသီတာ လာရောက်ပြီး စာမူ စတင် ပို့ခဲ့တဲ့ အကြောင်း ပြန်လည်ပြောပြပါတယ်။ “သူက တကယ့်ကို ကြိုးစား အားထုတ်သူပါ။ မင်းပို့ထားတဲ့ စာမူကို ငါတို့ သုံးဖို့ မသင့်သေးဘူး လို့ ပြောတဲ့အခါမှာ အသစ် နောက်တပုဒ် ထပ်ပေးဖို့ အသင့်ပါလာ တတ်တယ်” တဲ့။ ၁၉၉၀ မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် တက်တက် ကြွကြွပါဝင်ဆောင်ရွက်ခဲ့တာကြောင့် စာရေးသားခြင်းနဲ့ ကင်းကွာခဲ့ရပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့ပေမယ့် စစ်အာဏာရှင်အုပ်စုက ပယ်ဖျက်ခဲ့ပါတယ်။ ဒီလို ပါဝင်ဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံတွေကို သူ့ ပထမဆုံး “အရောင်စစ် နေကြာ” (၁၉၉၀ ခုနှစ်မှာ ထုတ်ဝေခွင့် မရရှိခဲ့ဘဲ ၁၉၉၉ ကျမှ ထုတ်ဝေခွင့်ရခဲ့တဲ့) စာအုပ်မှာ တွေ့ရပါတယ်။ ဒီစာအုပ်မှာ ဒီမိုကရေစီရဲ့ ရုပ်ပုံလွှာအဖြစ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်မျှော်လင့်နေတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို “လက်ခုပ်သံတို့ရဲ့ အကျဉ်းသား” ဖြစ်သွားစေတယ်လို့ ရေးထားပါတယ်။ ဒါဟာ လက်ရှိနိုင်ငံရေးနဲ့လည်း ကိုက်ညီနေပါသေးတယ်။ “လူအများရဲ့ ၀န်ထုပ်ဝန်ပိုးကို လူတယောက်တည်း ပခုံးပေါ် တင်ပေးတာ မမျှတဘူးလို့ ကျမ မြင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို တောင်းခံနေကြတယ်၊ စောင့်မျှော်နေကြတယ် ဆိုတာဟာ အဓိပ္ပာယ် မရှိပါဘူး။ တကယ်တမ်းက အများပြည်သူအားလုံး ပူးပေါင်းဆောင်ရွက်ဖို့နဲ့ သူတို့ ကိုယ်တိုင်လည်း တိုင်းပြည်အတွက် လုပ်ဆောင်သင့်တာကို လုပ်ကိုင်ဆောင်ရွက် ရမှာဖြစ်တယ်” မသီတာဟာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး အခက်အခဲ အကြပ်အတည်းတွေ၊ အရေးယူ ခံခဲ့ရတာကို ဖြတ်သန်းကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ အနာဂတ်ကို မျှော်လင့်ချက် ရှိနေကြောင်း အခုလို ပါတယ်။ “အခုဆိုရင် မှောင်မည်း လိုဏ်ခေါင်းရှည်ကြီး ဖြတ်သန်း လာခဲ့ရပြီး တဲ့နောက် ပြိုးပြက်တဲ့ အလင်းရောင်ကို ကျမတို့ မြင်နေရပါပြီ။ ဒါပေမယ့်… ကျမ အားလုံး နေရာတိုင်းမှာ မြင်သာထင်သာ ပွင့်လင်းဖို့တော့ လိုအပ်နေဆဲပါ” လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုလောက်ကတုန်းကတော့ သူရေးသားတဲ့ စာတွေဟာ ဖိနှိပ်ချုပ်ချယ်မှုကို ဖော်ညွှန်းခဲ့ပေမယ့် ၁၉၉၃ ခုနှစ်မှာ တရားမ၀င် အသင်းအဖွဲများနဲ့ ဆက်သွယ်မှု၊ တရားမ၀င် ရေးသားဖြန့်ဝေမှု စတဲ့ ပြစ်မှုများဖြင့် အနှစ် ၂၀ ထောင်ချ လိုက်ပါတယ်။ ၆ နှစ်လောက် ထောင်ထဲမှာ ဆိုးဆိုးရွားရွား နေ့ရက်တွေ ဖြတ်သန်းခဲ့ရပြီး ရောဂါဘယ ပေါင်းစုံခံစားရပေမယ့် ဆေးဝါး ကုသပေးမှု မရခဲ့ပါဘူး။။ တခါမှာတော့ ၆ လလောက် အချိန်မှန် ဖျားနာတာ ခံစားခဲ့ရပြီး နောက်ဆုံး အဆုတ်ရောဂါပါ ၀င်လာပါတော့တယ်။ အဲဒီ ကာလမှာ သူမကို နိုင်ငံတကာက လူ့အခွင့်အရေး ဆုတွေ ပေးအပ် ချီးမြှင့်ပါတယ်။ အဲဒီ ဆုတွေထဲမှာ PEN/ Barbara Goldsmith Freedom to Write Award လည်း တခု အပါအ၀င်ပါ။ “ပြန်မပြောနိုင်လောက်အောင် ခက်ခဲကြမ်းတမ်းတဲ့ အကျဉ်းထောင် အတွေ့အကြုံတွေကို ကျမက ဗုဒ္ဓဘုရားရဲ့ ၀ိပဿနာနည်းနဲ့ ကျော်လွန် ဖြတ်သန်းနိုင်ခဲ့ပါတယ်” လို့ မသီတာက ပြောပါတယ်။ ရှည်လျားလှတဲ့ အကျဉ်းသား ဘ၀ နေ့ရက်များထဲမှာ တရားထိုင်ခြင်း(သို့မဟုတ်) တရားကို နှလုံးသွင်း နေထိုင်ခြင်း ကြောင့် ဘ၀မှာ ပိုမို အရေးကြီးတဲ့ မျှော်လင့်ချက်တွေ ထားနိုင်ခဲ့ကြောင်း လည်း ပြောပါတယ်။ မသီတာဟာ ၁၉၉၃ ခုနှစ်မှာ အထွေထွေရောဂါကု ဆရာဝန်ဘွဲ့ ရရှိခဲ့ပြီး ခွဲစိပ်ကု ဆရာဝန် အဖြစ် နိုင်ငံခြား သွားရောက်မည့် ဆဲဆဲမှာ ဖမ်းဆီးခံခဲ့ရပါတယ်။ “ခွဲစိပ်ကုဆရာဝန် တယောက်ဘ၀ကို ကျမ အိပ်မက် မက် မျှော်လင့်ခဲ့ပါတယ်။ ဒါပေမယ့် ဖြစ်မလာ နိုင်တော့ဘူးပေါ့” လို့ သူက ပြောပါတယ်။ စစ်အုပ်ချုပ်ရေး အောက်မှာ ဖိနှိပ်ခံခဲ့ရတာတွေ တွေ့ကြုံခံစားခဲ့ရ ပေမယ့် အဲဒီအပေါ် အတေးအမှတ်ထားပုံ မရပါဘူး။ အကျဉ်းကျခံရတဲ့ အတွေ့အကြုံက ဘ၀ အတွက် ရင့်ကျက်မှုနဲ့ ခံနိုင်ရည်ရှိမှုတွေ ရရှိစေခဲ့သလို စာရေးသားခြင်းကိုလည်း အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။ “တကယ်လို့သာ ကျမ ဖမ်းဆီး ချုပ်နှောင် မခံရဘူး ဆိုရင် ကျမ မျှော်လင့်တာ တချို့ ပြည့်မှာ မဟုတ်ဘူး။။ ဆရာဝန်တယောက် ဖြစ်လို့ သိပ္ပံနည်းကျ လုပ်တယ်၊ ဒါပေမယ့် စာရေးတဲ့အခါ အယ်ဒီတာ လုပ်ရတဲ့ အခါမှာတော့ အနုပညာရှင် တဦးလို ဖန်တီးပါတယ်။ ကျမကိုယ် ကျမလည်း ပြည်သူ့ အကျိုးပြု အလုပ်တွေကို လက်တွေ့ကျတဲ့ လုပ်ဆောင်မှုနဲ့ နားလည် ခံစား ဖန်တီးမှုတွေ ပေါင်းစပ် ဆောင်ရွက်ပါတယ်” သူဟာ အောင်မြင်မှု တချို့ ရရှိနေပြီဖြစ်ပေမယ့် မမောမပန်း စာတွေ များစွာ ရေးသားနိုင်သူ၊ မညှိုးမနွမ်း ကျန်းမာရေး စောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးနေသူပါ။ အိပ်မက်တွေလည်း ရှိနေသေးပါတယ်။ အဲဒါတွေထဲက တချို့ကတော့ ဧရာဝတီ မြစ်ကြောင်း တလျှောက်ရှိ ပြည်သူများကို အခမဲ့ ဆေးဝါးကုသ ပေးနိုင်ရေး၊ ဆေးဝါးကုသရေး နယ်လှည့် သင်္ဘော အစီအစဉ်၊ ပညာကို အခြေပြုတဲ့ ဝေဖန်ရေး စာအုပ်စာတမ်းတွေ ထုတ်ဝေမယ့် စာအုပ်တိုက် တတိုက် တည်ထောင်ဖို့ပါ။ ဧရာဝတီကို စိတ်အားထက်သန်စွာ ပြောတာက “ကျမ အမြဲတမ်း တွေးနေမိတာကတော့ ဒီ ရည်မှန်းချက် ဘယ်လို ပြည့်ဝအောင် လုပ်မလဲ ဆိုတာပါပဲ။ ကျမ အနေနဲ့ ဒီလုပ်ငန်းတွေနဲ့ ဆက်စပ်ပြီး ဘယ်သူနဲ့ပဲ ဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းနဲ့ပဲ ဖြစ်ဖြစ် လုပ်ကိုင် ဆောင်ရွက်သွားဖို့ အဆင့်သင့်ပါပဲ” တဲ့။ (I Write Just to Be ‘A Good Citizen,’ Says Ma Thida ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)
<urn:uuid:4a30ae8d-68fa-4bd7-9cf4-a35a70968f5f>
CC-MAIN-2014-42
http://burma.irrawaddy.org/?slide=%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%9E%E1%80%AC%E1%80%B8%E1%80%B1%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8-%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%96
2014-10-23T11:41:45Z
s3://commoncrawl/crawl-data/CC-MAIN-2014-42/segments/1413558066265.80/warc/CC-MAIN-20141017150106-00119-ip-10-16-133-185.ec2.internal.warc.gz
mya
0.955686
Mymr
56
{"mya_Mymr_score": 0.9556857347488403, "blk_Mymr_score": 0.04301276430487633}
နိုင်ငံတော်လုပ်ကြံမှုကြီး၏ နောက်ကွယ်မှာ ====================== အာဇာနည် ၉ ဦးနှင့် နတ်ဆိုး ၉ ကောင် (ဝါ) အာဇာနည့်နေ့က ပေးသော သင်္ခန်းစာနှင့် လမ်းညွှန်ချက်.. ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာ့နိုင်ငံရေး ခေါင်းဆောင်ကြီးများ လုပ်ကြံခြင်း မခံရမီ၊ မြန်မာ မျိုးချစ်များ၏ စစ်အတွင်း ခေါင်းဆောင်ဖြစ်သော ဒေါက်တာဘမော်က … "သေနတ် ကိုးကွယ်မှုဟာ အစွဲအလမ်းကြီးနေတဲ့ အရာကို ကိုးကွယ်သလို ဖြစ်လာတယ်။ ဂျပန်တွေဆီက မြန်မာတွေ နှစ်ချက် လေ့လာခဲ့ရတယ်။ လူစုလူဝေး အစည်းအရုံးကို အခြေခံတဲ့ ခေါင်းဆောင်မှု နည်းအတတ်ပညာနဲ့ လက်နက် တပ်ဆင်ထားသူများရဲ့ အာဏာနဲ့ တင့်တယ်မှု ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ရွေးချယ် တင်မြှောက်ပွဲတွေက ဆုံးဖြတ်မှာ မဟုတ်ဘဲ သေနတ်က ဆုံးဖြတ်မှာ ဖြစ်တယ်။ မြန်မာ့နိုင်ငံရေးမှာ ခင်ဗျားတို့ လိုအပ်တာက နိုင်မယ့်ဘက်က စမိဖို့နဲ့ သေနတ်တွေ အမြောက်အမြား ရှိဖို့ပဲ ဖြစ်တယ်" ဟု မှတ်ချက် ချခဲ့ဖူးသည်။ ဤသို့အားဖြင့် မြန်မာနိုင်ငံရေးသည့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့မှ စပြီး ကြေကွဲ ဝမ်းနည်းဖွယ်ရာ အဖြစ်ဆိုးများဖြင့် ပြည့်နှက်နေရသည့်မှာ ယနေ့တိုင် ဖြစ်ပေသည်။ ထို့ကြောင့် အာဇာနည်နေ့က ပေးသည့် သင်္ခန်းစာနှင့် လမ်းညွှန်ချက်မှာ အထက်ပါ "သေနတ် ကိုးကွယ်မှု" အယူအဆကို မြန်မာနိုင်ငံရေး လောကမှ အပြီးတိုင် ပျောက်ကွယ်သွားအောင် တိုက်ဖျက်ရေးပင် ဖြစ်ပေတော့သည်။ အမျိုးသား ခေါင်းဆောင်ကြီးများ (ဝါ) အာဇာနည် ပုဂ္ဂိုလ်ကြီးများ (ဆက်ဖတ်ရန် ခေါင်းစဉ် ကို နှိပ်ပါ။) ဗိုလ်ချုပ်အောင်ဆန်း(ခ)ဗိုလ်တေဇ(၁၉၁၅-၁၉၄၇) (၃၂) နှစ်၊ မြန်မာ့ အမျိုးသားရေး လှုပ်ရှားမှု၏ ခေါင်းဆောင်ကြီး၊ ဘုရင်ခံ အမှုဆောင် ကောင်စီ၏ ဒု-ဥက္ကဋ္ဌ (သို့) တကယ့် လက်တွေ့အားဖြင့် လွတ်လပ်ရေး မရမီ ဝန်ကြီး အဖွဲ့၏ ဝန်ကြီးချုပ်၊ ၎င်းအပြင် ထိုအစိုးရ အဖွဲ့၏ ကာကွယ်ရေးနှင့် နိုင်ငံခြားရေး ဝန်ကြီး၊ ကျည်ဆန် ၁၃ ချက် သင့်သော ဒဏ်ရာဖြင့် နေရာတွင်ပင် ပွဲချင်းပြီး ကွယ်လွန် ခဲ့ရသည်။ ဒီးဒုတ်ဦးဘချို(၁၈၉၃-၁၉၄၇) ၅၄) နှစ်၊ စာရေးဆရာ၊ သတင်းစာဆရာနှင့် ဒီးဒုတ်ဂျာနယ်၏ အယ်ဒီတာ၊ ပြန်ကြားရေး ဝန်ကြီး၊ သူ့ အသက်အရွယ်နှင့် ဦးနှောက်ထဲ ဝင်သွားသော ကျည်ဆန် အပါအဝင် ကျည်ဆန် ၅ ချက် ရရှိသည့်တိုင် နေ့လယ်ပိုင်း အထိ ရန်ကုန် ပြည်သူ့ ဆေးရုံကြီးတွင် အသက်ရှင်လျက် ရှိနေသေးပြီး၊ ညဘက်တွင် ကွယ်လွန်သွားသည်။ သခင်မြ(၁၈၉၇-၁၉၄၇) (၄၉) နှစ်၊ လူငယ် ခေါင်းဆောင်များကြားတွင် အသက်အရွယ် ကြီးရင့်သော နိုင်ငံ ခေါင်းဆောင်၊ ဘဏ္ဍာရေးဝန်ကြီး၊ အဆုတ်ကို ထွင်းဖောက်သွားသော သေနတ်ဒဏ်ရာဖြင့် နေရာတွင် ပွဲချင်းပြီး ကွယ်လွန်ခဲ့သည်။ ဦးအဗ္ဗဒူ ရာဇတ်(၁၈၉၈-၁၉၄၇) (၄၉) နှစ်၊ မန္တလေးမြို့ မူဆလင်ခေါင်းဆောင်၊ ပညာရေးနှင့် အမျိုးသား စီမံကိန်း ဝန်ကြီး၊ ဒဏ်ရာ ၆ ချက် ရရှိပြီး နေရာတွင်ပင် ပွဲချင်းပြီး ကွယ်လွန်ခဲ့သည်။ ဦးဘဝင်း(၁၉၀၁-၁၉၄၇) (၄၆) နှစ်၊ ဦးအောင်ဆန်း၏ အကို၊ ကူးသန်း ရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေး ဝန်ကြီး၊ ကျည်ဆန်ဒဏ်ရာ (၈) ချက် ရရှိပြီး နေရာတွင်ပင် ပွဲချင်းပြီး ကွယ်လွန်ခဲ့သည်။ မန်းဘခိုင်(၁၉၀၃-၁၉၄၇) (၄၃) နှစ်၊ ဟင်္သာတမှ ကရင် အမျိုးသား တဦးဖြစ်ပြီး ဂျပန် သိမ်းပိုက်ထားစဉ်က ပြန်လည် ခုခံတော်လှန်ရာ၌ ပါဝင်ခဲ့သည်။ စက်မှုလက်မှု ဌာနနှင့် အလုပ်သမား ဌာနဝန်ကြီး၊ ကျည်ဆန် ၁၅ ချက် ထိမှန်ခဲ့သည်။ နေရာတွင်ပင် ပွဲချင်းပြီး ကွယ်လွန်ခဲ့သည်။ မိုင်းပွန် စော်ဘွားကြီး စပ်စံထွန်း(၁၉၀၇-၁၉၄၇) (၄၀) နှစ်၊ ရှမ်းပြည်နယ်မှ မိုင်းပွန်စော်ဘွားကြီး၊ နယ်ခြားဒေသ ဆိုင်ရာ အတိုင်ပင်ခံ ဝန်ကြီး၊ ဦးခေါင်းတွင် ဒဏ်ရာ ၂ ချက် ရရှိပြီး ၂၀ ရက်နေ့ မွန်းတည့်ချိန်တွင် ရန်ကုန်မြို့၊ ပြည်သူ့ ဆေးရုံကြီး၌ ကွယ်လွန်သည်။ ဦးအုန်းမောင်(၁၉၁၃-၁၉၄၇) (၃၄) နှစ်၊ သယ်ယူ ပို့ဆောင်ရေးနှင့် လမ်းပန်း ဆက်သွယ်ရေး ဌာန၊ ဒုတိယ အတွင်းဝန် (ICS)၊ အစီရင်ခံစာ တခုကို လာရောက် တင်သွင်းနေစဉ် လူသတ်သမားများ၏ ကျည်ဆန်များ ထိမှန်သွားခြင်း ခံရသည်။ နေရာတွင်ပင် ပွဲချင်းပြီး ကွယ်လွန်ခဲ့သည်။ ကိုထွေး(၁၉၂၉-၁၉၄၇) (၁၈) နှစ်၊ ဦးရာဇတ်၏ သက်တော်စောင့်၊ မန္တလေးအနီးရှိ တောင်ပြင် သိပ္ပံရပ်မှ မူဆလင် လူငယ်တဦး ဖြစ်သည်။ အစည်းအဝေး ခန်းမတွင်းမှ သေနတ်သံများ ကြားရသဖြင့် အနီးရှိ ရုံးခန်းမှ ပြေးထွက်လာစဉ် ဆုတ်ခွာ ပြေးသွားနေသော လူသတ်သမားများ၏ ပစ်ခတ်ခြင်းကို ခံရသည်။ ဒဏ်ရာ ၄ ချက်ရရှိပြီး ဆေးရုံတွင် ကွယ်လွန်ခဲ့သည်။ လူသတ်သမားများ (ဝါ) နတ်ဆိုးများ ဦးစော၊ ဂဠုန်၊ ၁၉၀၀ ပြည့်နှစ်တွင် သာယာဝတီမြို့၌ မွေးဖွားသည်။ လူသတ်သမားများ၏ ခေါင်းဆောင်ဟု အစွပ်စွဲခံရသူ၊ သမ္ဘာရင့် လက်ျာ နိုင်ငံရေးသမား ဖြစ်ပြီး ဦးအောင်ဆန်း၏ အဓိက ပြိုင်ဘက် ဖြစ်သည်။ သူရိယ သတင်းစာကို စတင် ထူထောင်သူနှင့် မျိုးချစ်ပါတီ ခေါင်းဆောင် ဖြစ်သည်။ ၁၉၄၀ ခုနှစ်၊ စက်တင်ဘာလမှ ၁၉၄၂ ခုနှစ်၊ ဇန်နဝါရီလ အထိ နန်းရင်းဝန်၊ ၁၉၄၂ မှ ၁၉၄၆ အထိ ယူဂန္ဓာပြည်တွင် အထိန်းသိမ်း ခံခဲ့ရသည်။ ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလတွင် ချုပ်ဆိုသော အောင်ဆန်း-အက်တလီ စာချုပ်ကို အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့သူ ဖြစ်သည်။ ဦးအောင်ဆန်းနှင့် သူ့ အမှုဆောင် ကောင်စီ လုပ်ဖော်ကိုင်ဖက်များအား သတ်ဖြတ်မှုဖြင့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်တွင် အဖမ်းခံရလျက်၊ စွဲဆိုထားသည့် အတိုင်း ပြစ်မှု ထင်ရှားသဖြင့် အပြစ်ပေးခံရပြီး၊ ၁၉၄၈ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် အင်းစိန်ထောင်၌ ကြိုးပေးခံရသည်။ ဒုတိယကမ္ဘာစစ် အပြီး ဗြိတိန်၏ ဝန်ကြီးချုပ် အသစ် အဖြစ် ရွေးကောက် တင်မြှောက်ခံရသော လေဘာ ပါတီ ခေါင်းဆောင် 'ကလီးမင့် အက်တလီ' (Clement Atlee၊ အောင်ဆန်း-အက်တလီ စာချုပ် ချုပ်ဆိုပြီး မြန်မာနိုင်ငံအား တနှစ်အတွင်း လွတ်လပ်ရေး ပေးမည်ဟု အာမခံခဲ့သူ) က ၁၉၄၇ ခု၊ ဇန်နဝါရီလ အတွင်း ကျင်းပခဲ့သည့် လန်ဒန် ဆွေးနွေးပွဲတွင် အဖွဲ့ဝင် တဦး အဖြစ် ပါဝင် ဆွေးနွေးခဲ့သူ ဂဠုန်ဦးစော အပေါ် ယခုကဲ့သို့ မှတ်ချက်ပြုခဲ့သည်။ "လူနည်းစု ပါတီရဲ့ ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဦးစောက လွဲလို့ သူတို့ အားလုံးဟာ နှစ်လိုဖွယ်ရာ ကောင်းလှပါတယ်။ စစ်ကြီး မပြီးခင်က ကျနော် ဦးစောကို တွေ့ခဲ့ဖူးပါတယ်။ သူဟာ 'ပြုံးပြုံးကလေးနှင့် မိုက်တဲ့သူ' ဆိုတဲ့ လူစားမျိုးလို့ ကျနော် သူ့ကို အကဲခတ်ပြီး အသိအမှတ် ပြုခဲ့ပါတယ်။" မောင်စိုး၊ သေနတ်သမား၊ မင်းလှမြို့မှ ဂဠုန်တပ်ဖွဲ့ဝင် တဦးဖြစ်ပြီး ဦးစော၏ အနီးကပ် နောက်လိုက်ဖြစ်၍ ဦးစော ခြံအတွင်း၌ စောစီးစွာကပင် နေထိုင်ခဲ့သူ ဖြစ်သည်။ သေဒဏ် ပေးခံရသည်။ ၁၉၄၈ ခုနှစ်၊ မေလ ၈ ရက်နေ့တွင်ပင် အင်းစိန်ထောင်၌ သေဒဏ် အစီရင်ခံရသည်။ ရန်ကြီးအောင်၊ အသက် (၁၈) နှစ်သာ ရှိ၏။ အသက် အငယ်ဆုံး သေနတ်သမား ဖြစ်သည်။ ဦးစော တဝမ်းကွဲညီ၏ သားဖြစ်သည်။ စတုတ္ထမြောက် သေနတ်သမား လိုအပ်လာသည့် နောက်ဆုံး အချိန်ကျမှ သူ့ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သူ၏ တဇောက်ကန်း အကျင့်ကြောင့် သေနတ်သမား အဖြစ် အံဝင်ခွင်ကျ ဖြစ်ခဲ့သည်။ သေဒဏ် ပေးခံရသည်။ ၁၉၄၈ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် ရန်ကုန် အကျဉ်းထောင်၌ သေဒဏ် အစီရင်ခံရသည်။ သုခ၊ လူသတ်သမားများအား အတွင်းဝန်ရုံးသို့ ဂျစ်ကားဖြင့် မောင်းပို့ ပေးခဲ့သူ ဖြစ်သည်။ ရန်ကုန်မြို့ရှိ အစိုးရ အထက်တန်းကျောင်းမှ ၉ တန်း အောင်မြင်ခဲ့သည်။ စစ်ပြီးနောက် ကျိုက်လတ်မြို့ ဖဆပလ အဖွဲ့၏ ငွေထိန်းဖြစ်ပြီး ကုန်သည်တဦး ဖြစ်သည်။ သက်နှင်းက သူ့ကို ဦးစောနှင့် မိတ်ဆက် ပေးခဲ့သည့် အပြင် မျိုးချစ်ပါတီ တွဲဖက် အတွင်းရေးမှူး အဖြစ် စာရင်းတင်ပေးခဲ့သည်။ ဦးစော၏ ခြံဝင်းသို့ လုပ်ကြံမှု မတိုင်မီ နောက်ဆုံး ရောက်ရှိလာသူ ဖြစ်သည်။ သေဒဏ် ပေးခံရသော်လည်း ကြိုးပေးမည့်နေ့ မတိုင်မီနေ့ ညနေပိုင်းတွင်မှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ် ၂၀ သို့ လျှော့ချခြင်း ခံရသည်။ ခင်မောင်ရင်၊ ကြံရာပါ တဦးဖြစ်၍ ရှေ့ပြေးအဖွဲ့ စီးသော ဖို့ဒ်ဆန် ထရပ်ကားကို မောင်းသူ ဖြစ်သည်။ ဦးစော ဇနီးသည်၏ တူတော်သည်။ ဝန်ကြီးအဖွဲ့ အစည်းအဝေး ထိုင်နေကြောင်း လျှို့ဝှက် သင်္ကေတဖြင့် သတင်းပေးပြီး လူသတ်သမားများ ထွက်ခွာလာရန် အချက်ပြခဲ့သည်။ သေဒဏ် အပေးခံရသော်လည်း နောက်ပိုင်းတွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ် ၂၀ သို့ လျှော့ချခြင်း ခံရသည်။ လူသတ်သမားနှင့် ကြံရာပါ အဖွဲ့ထဲတွင် ဝါကြီးသူ တယောက်ဖြစ်သည့် ခင်မောင်ရင်၏ ဖြောင့်ချက်တွင် အတိတ်ကာလက ဖြစ်ရပ်များကို တင်ပြရာတွင် ဦးစော၏ အသက်ကို ၁၉၄၆ ခုနှစ်၊ စက်တင်ဘာလတွင် ရန်ရှာခဲ့သည့် အကြောင်းမှ ဆက်၍ အံ့သြဖွယ်ကောင်းသော ဖြစ်ပုံ တစုံ ထုတ်ဖော် ပြောပြခဲ့သည်မှာ ဦးစောက အမိန့်ပေးပြီး လုပ်ခိုင်းသည့် တာဝန်အရ "စစ်ဦးစီး ဗိုလ်ချုပ်၏ ပြည်လမ်းနေအိမ် ညပိုင်း ဧည့်ခံပွဲတွင် ဦးအောင်ဆန်းအား ပစ်ခတ်ရန် စေလွှတ်ခဲ့ရာ ဦးအောင်ဆန်း ကားဖြင့် ရောက်လာသည်ကို မြင်သော်လည်း သူပြန်လာကာ ဦးစောအား ဦးအောင်ဆန်း ထိုပွဲသို့ တက်ရောက်ခြင်း မရှိဟူ၍ လိမ်ပြောလိုက်ကြောင်း"၊ သူပြောတာ မှန်တယ်လို့ ယုံကြည်ရလျှင် ဦးစော လန်ဒန်မြို့မှ ၁၉၄၆ ခု၊ ဖေဖော်ဝါရီလတွင် ပြန်ရောက်လာပြီး မကြာမီလောက်က ဖြစ်လိမ့်မည်။ မောင်နီ၊ ကြံရာပါ တဦးဖြစ်၍ ရှေ့ပြေး အဖွဲ့နှင့် လိုက်ပါ သွားခဲ့သည်။ လူသတ်သမားများ ထွက်အပြေးတွင် လွတ်မြောက်နိုင်ရန် အကူအညီ ပေးရေးအတွက် ခြောက်လုံးပြူး သေနတ် တလက်ဖြင့် အတွင်းဝန်များရုံး အထွက် ဂိတ်ပေါက်မှ စောင့်နေခဲ့ရသည်။ သေဒဏ် အပေးခံရသော်လည်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ် ၂၀ သို့ လျှော့ချခြင်း ခံရပြီး ယင်းသတင်းကို သုခနှင့် တပြိင်နက်တည်း အသိပေးခံခဲ့ရသည်။ မှုန်ကြီး၊ ကြံရာပါ တဦးဖြစ်၍ ရှေ့ပြေး အဖွဲ့နှင့် လိုက်ပါ သွားခဲ့သည်။ အုတ်ဖို့မြို့ အနီးမှ ကျေးရွာသား ဖြစ်ပြီး အလုပ်ကြမ်းသမား တဦး ဖြစ်သည်။ ဦးစောက သူ့ကို အစေခံ တဦးကဲ့သို့ ခိုင်းခဲ့သည်။ ဝန်ကြီးအဖွဲ့ စည်းဝေးနေကြောင်း လူသတ်သမားများကို သူက အချက်ပြခဲ့ရသည်။ သေဒဏ် ပေးခံရသည်။ ၁၉၄၈ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် အင်းစိန်ထောင်၌ သေဒဏ် အစီရင်ခံရသည်။ ဘညွန့်၊ ကြံရာပါ တဦးဖြစ်၍ ရှေ့ပြေး အဖွဲ့တွင် ပါဝင်သည်။ ဦးစော၏ လူယုံတော် အဓိက နောက်လိုက်ခေါင်းဆောင် ဖြစ်ပြီး သူတဦးသာ ဦးစော၏ အိမ်အတွင်း နေထိုင်ခွင့်ရသည်။ ဘညွန့်သည် ဦးစော၏ မျိုးချစ် ပါတီဝင် ဖြစ်လာပြီး နောက် လက်နက်များ၊ ခဲယမ်းမီးကျောက်များ စုဆောင်းရန်နှင့် ရန်ပုံငွေ ရှာရန် တာဝန် ၃ ရပ် သူ့ကို အပေးခံခဲ့ရသည်။ ဇွန်လ ၂၄ ရက်နေ့တွင် ဗိုလ်တထောင်ပင်မ စစ်လက်နက် ပစ္စည်းတိုက်မှ ဘရင်းဂန်း အလက် ၂၀၀ ထုတ်ယူသွားသူမှာ သူဖြစ်ကြောင်း ဘညွန့်က ထုတ်ဖော်လိုက်သည်။ ထိုလက်နက်များကို သုံးတန်တင် လော်ရီကားဖြင့် တကြိမ်တည်း တင်ပြီး ဦးစော၏ အေဒီလမ်း နေအိမ်သို့ သူမောင်းပို့ခဲ့ကြောင်း သူက ပြောဆိုလိုက်သည်။ နောက်တကြိမ်တွင်လည်း ပြည်လမ်းပေါ်ရှိ အခြား လက်နက် သိုလှောင်ရုံ တခုမှ ဒဿမ (၃၀၃) ကျည်ဆံ အတောင့် တသိန်းတိတိကို သူသွားရောက် ယူဆောင်ခဲ့ရကြောင်း ဝန်ခံသည်။ သူသည် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင် အထက်တန်းကျောင်းတွင် ပညာသင်လာသူ ဖြစ်၍ ဦးစော၏ သေနတ်သမားများထဲ၌ ပညာ အတတ်ဆုံး ဖြစ်လေသည်။ ထို့အပြင် အသိဉာဏ် ရှိ၍ အိုးသည်ကုန်း တရားရုံးတွင် စာရေး ဖြစ်ခဲ့သည်။ သခင်နုအား သတ်ရန် တာဝန် အပေးခံရသည်။ ဘုရင့်သက်သေ (ဖော်ကောင်) အဖြစ် ဘက်ပြောင်း ထွက်ဆိုရန် သဘောတူခဲ့သူ ဖြစ်သည်။ ထို့ကြောင့် အခြေအနေ အရ သူ့အား အပြစ်မှ ခွင့်လွှတ်မှု အပေးခံရလျက် အလုပ်ကြမ်းနှင့် ပြင်းထန်သော ထောင်ဒဏ် ၁၀ နှစ်နှင့် ၆ လ ချမှတ် ခံခဲ့ရသည်။ အထူးခုံရုံးဖွဲ့ အမှု စစ်ဆေး စီရင်ခြင်း ထိုစဉ်က ဘုရင်ခံဖြစ်သူ ဆာဟူးဘတ်ရန့်စ် (Sir Hubert Rance) သည် ထိုအမှုကို စစ်ဆေး ဆုံးဖြတ်ရန် ၁၉၄၇ ခု၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် တရားသူကြီး ၃ ဦးပါ "အထူးခုံရုံး" ကို ဖွဲ့စည်းခဲ့သည်။ ခုံရုံး သဘာပတိ အဖြစ် တရားလွှတ်တော် တရားသူကြီး ဦးကျော်မြင့်အား တာဝန် ပေးအပ်ခဲ့ပြီး၊ ခုံရုံး အဖွဲ့ဝင်များ အဖြစ် သမ္ဘာရင့် စက်ရှင် တရားသူကြီးများ ဖြစ်ကြသော ဦးအောင်သာကျော်နှင့် ဦးစီဘူးတို့ကို တရားဝင် ခန့်အပ် တာဝန်ပေးခဲ့သည်။ တရားဆိုင်ခြင်းကို အင်းစိန်ရှိ အထူးခုံရုံးတော်၌ ထိုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် စတင် ပြုလုပ်သော အခါ ၎င်းတရားဆိုင်ခြင်းသည် ဗြိတိသျှ ဘုရင်နှင့် ဦးစော (အဖွဲ့ ခေါင်းဆောင် အဖြစ် စွပ်စွဲခံရသူ)၊ မောင်စိုး (လူသတ်သမား အဖြစ် စွပ်စွဲခံရသူ)၊ သက်နှင်း (လူသတ်သမား အဖြစ် စွပ်စွဲခံရသူ)၊ မောင်စိန် (ခေါ်) စိန်ကြီး (ခေါ်) လှအောင် (လူသတ်သမား အဖြစ် စွပ်စွဲခံရသူ)၊ ရန်ကြီးအောင် (ခေါ်) လှထွန်း (လူသတ်သမား အဖြစ် စွပ်စွဲခံရသူ)၊ သုခ (အတွင်းဝန်ရုံးသို့ လူသတ်သမားများအား ကားဖြင့် ပို့ဆောင်ပေးခဲ့ရသူ ကားဒရိုင်ဘာ အဖြစ် စွပ်စွဲခံရသူ)၊ ခင်မောင်ရင် (ကြံရာပါ ကူညီသူ အဖြစ် စွပ်စွဲခံရသူ)၊ မှုန်ကြီး (ခေါ်) မောင်မှုန် (ကြံရာပါ ကူညီသူ အဖြစ် စွပ်စွဲခံရသူ) တို့၏ အမှု ဖြစ်လာခဲ့သည်။ တရားဥပဒေ စကားရပ်မှာ၊ "တူညီသော ရည် ရွယ်ချက် အကျိုးစီးပွား အလို့ငှာ လူသတ်ရန် တာဝန်ပေး စေခိုင်းမှု" စသည့် ခေါင်းစဉ် စွဲချက်များဖြင့် ရုံးတင် စစ်ဆေး တရားစွဲဆိုခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံသည့် ဝမ်းနည်း တုန်လှုပ်ဖွယ်ရာ အဖြစ်ဆိုးကြီးထဲတွင် အာဇာနည် ၉ ဦး ပေါ်ထွက်လာရပြီး၊ ၎င်းတို့အား သတ်မှုဖြင့် အစွပ်စွဲခံရသူ တရားခံမှာလည်း ၉ ဦး ထွက်ပေါ်လာခဲ့ရသည်။ ထိုသို့ တရားဆိုင်ခြင်းကို နောက်ဆုံး ဒီဇင်ဘာလ ၃၀ ရက်နေ့ အထိ ဆက်လက် ပြုလုပ်ခဲ့ကြပြီးနောက် စုစည်းရရှိထားသော ထင်ရှားသက်သေ အစုလိုက် အပြုံလိုက်ကို ဆန်းစစ် သုံးသပ်ပြီးနောက် အထူးခုံရုံးတော် အနေဖြင့် စကားလုံးရေ (၅၂,၀၀၀) ဖြင့် ရေးသားထားသော စီရင်ချက်ကို ချမှတ်နိုင်ခဲ့တော့သည်။ ထိုနေ့က တရားခွင်ကို ဖွင့်ပေးခဲ့သဖြင့် ဥပဒေပညာရှင်များ၊ သတင်းစာ ဆရာများ စသဖြင့် စုရုံး ရောက်ရှိလာလျက် ယင်းလူအုပ်ထဲတွင် မြန်မာ ဝတ်လုံတော်ရမင်းလည်း ဖြစ်ပြီး စာရေးဆရာလည်း ဖြစ်သော ဒေါက်တာမောင်မောင်လည်း ပါရှိခဲ့ပါသည်။ (နောက်ပိုင်းတွင် သူသည်လည်း နောက်လိုက် နတ်ဆိုး တဦး အဖြစ် သူတတ်ထားသည့် ပညာဖြင့် အသက်မွေး ဝမ်းကျောင်းပြုခဲ့သူ) ဒေါက်တာမောင်မောင်က ဤသို့ မှတ်တမ်းတင်ခဲ့သည်။ "စီရင်ချက်ကို ဖတ်ချိန်မှာ တနာရီကျော် ကြာလေသည်။ ပထမဆုံး တရားဆိုင်သည့် နေ့က ကဲ့သို့ပင် တရားခွင် ခန်းမမှာ လူများဖြင့် ပြည့်ကျပ်လျက် ရှိနေပြန်သည်။ တရားခံများ အားလုံး ရောက်ရှိ နေကြသည်။ ၈ ယောက်မှာ တရားခံများအား ထားသော ခြံ အတွင်းရှိ ကြပြီး ဦးစောမှာမူ သူ၏ ဥပဒေ အကြံပေး ဝတ်လုံတော်ရမင်း ဘေးရှိ ကုလားထိုင်တွင် ထိုင်လျက် ရှိသည်။ စီရင်ချက်ကို ဆက်လက် ဖတ်လျက်ရှိပြီး မဆုံးနိုင်သည်နှင့် အမျှ သတင်းထောက်များမှာ ဂနာမငြိမ်ဖြစ်ကာ စိတ်မရှည်နိုင်အောင် ဖြစ်နေကြသည်။ အမှုတွဲ တခုလုံးကို ပြန်လည် အကျဉ်းချုပ် ပြနေသည်ကို နားထောင် နေရသည်မှာ ကျနော့် အတွက် စိတ်ဝင်စားဖွယ်ရာ ဖြစ်တော့သည်။ ဖတ်နေသော အသံမှာ ပျော့ပျောင်းသည်။ အမှားအယွင်း မရှိ။ ပုဂ္ဂလဓိဋ္ဌာန်မှ လွတ်ကင်းသည်။ အသံမှာ အနီးမှ လာသော်လည်း အဝေးမှ လာနေ သကဲ့သို့ပင်။ တရားခံများသည် ထိုင်လျက် နားထောင် နေကြသည်။ မည်သို့သော ခံစားမျိုးကိုမှ မပြသကြ။ အင်္ဂလိပ်ဘာသာဖြင့် ပြောဆိုနေသဖြင့် သူတို့ အများစုမှာ နားမလည်ကြချေ။ အမှုမှာ နောက်ဆုံး ပြီးစီးသွားပြီ ဖြစ်သဖြင့် သူတို့အားလုံး စိတ်သက်သာရာ ရကောင်း ရသွားကြပေလိမ့်မည်။" သေနတ်သမား ၄ ဦး ဖြစ်သော မောင်စိုး၊ သက်နှင်း၊ ရန်ကြီးအောင်နှင့် မောင်စိန်တို့အား လူသတ်မှုဖြင့် လည်းကောင်း၊ ဦးစော၊ သုခ၊ မောင်နီ၊ မှုန်ကြီးနှင့် ခင်မောင်ရင် တို့မှာ လူသတ်မှုကို အားပေး ကူညီမှုဖြင့် လည်းကောင်း အပြစ်ရှိကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် သူတို့ အားလုံးကို သေဒဏ် အပြစ်ပေး လိုက်လေသည်။ ထိုအခါ ဦးစောနှင့် အခြားပြစ်ဒဏ် ကျခံရသူများသည် အယူခံလွှာကို တရားလွှတ်တော်သို့ သတ်မှတ်ချက်များနှင့် အညီ တင်သွင်းခဲ့သော်၊ တရားလွှတ်တော်၏ ပယ်ချခြင်းကို ခံခဲ့ရသည်။ "တရားခံ တဦးစီသည် ဤလျှို့ဝှက် ပူးပေါင်း ကြံစည်မှုကြီးတွင် အသက်သွေးကြောပမာ အရေးကြီးသော အစိတ်အပိုင်း တရပ်စီ အဖြစ် ပါဝင်ခဲ့ကြသည်" ဟု တရားလွှတ်တော်က ထုတ်ပြန် ကြေညာခဲ့သည်။ ဤစီရင်ချက် ချမှတ်မှုကို ဝင်ရောက် တားဆီး စွက်ဖက်ရန် တရားဥပဒေ အကြောင်းအရ မည်သို့သော အကြောင်းအချက်ကိုမျှ မတွေ့ရှိခဲ့ရချေ။ ထိုကြောင့် ပြစ်ဒဏ် ချခံရသူများက တရား လွှတ်တော်ချုပ်သို့ ဆက်လက် အသနားခံလွှာ တင်သွင်းခဲကြပြန်သည်။ လန်ဒန်ရှိ 'ပရီဗီကောင်စီ' က ပြဋ္ဌာန်းထားခဲ့သော ယခင် စည်းမျဉ်း ဥပဒေများမှ လမ်းညွှန်မှုများကို ရယူကာ တရားလွှတ်တော်ချုပ်က ယင်းအသနားခံလွှာများကို သေချာစာ စဉ်းစားလျက် နောက်ဆုံးတွင် ပယ်ချလိုက်လေသည်။ သို့ဖြစ်လေရာ ပြစ်ဒဏ်ချခံရသူ ၉ ဦး အတွက် လမ်းတလမ်းသာ ကျန်တော့သည်။ ၎င်းနောက်ဆုံး မျှော်လင့်ချက်မှာ နိုင်ငံတော် သမ္မတထံမှ သက်ညှာထောက်ထား ကရုဏာပွားမှုကို တောင်းခံရန်သာ ဖြစ်လေသည်။ သမ္မတ နိုင်ငံတော်သစ်၏ ဂုဏ်ကျက်သရေ မြင့်မားလှသော သမ္မတကြီးမှာ ရှမ်းပြည်နယ်မှ ညောင်ရွှေစော်ဘွား 'စပ်ရွှေသိုက်' ဖြစ်သည်။ ထိုနောက်ဆုံးချိန်တွင်ကျမှ ၃ ဦးသာလျှင် တသက်တကျွန်း ထောင်ဒဏ်၊ တနည်းအားဖြင့် အနှစ် ၂၀ ထောင်ဒဏ်သို့ အပြစ်ဒဏ် လျှော့ပေါ့ခြင်း ခံကြရသည်။ ၎င်းတို့မှာ ဂျစ်ကားမောင်းသူ သုခ၊ လူသတ်သမားများ အတွင်းဝန်ရုံးသို့ ရောက်မလာမီ ကြိုတင် ထောက်လှမ်းရသူ ခင်မောင်ရင်နှင့် လူသတ်သမားများ ထွက်ပြေး လွတ်မြောက်ရာလမ်းကို ခြောက်လုံးပြူး တလက်ဖြင့် စောင်ကြပ်ခဲ့ရသူ မောင်နီတို့ ဖြစ်ကြသည်။ ကျန်သောသူ အားလုံးမှာ ကြိုးပေး ခံရသည်။ ထိုသို့ ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ အထူးခုံရုံးတော်က စီရင်ချက်ကို ဖတ်ကြားသည့် အချိန်တွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းပေါ်ရှိ ဂျူဗလီခန်းမ၌ နိုင်ငံတော် ဈာပန အဖြစ် ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြား လုပ်ကြံခြင်း ခံရသူများ၏ ရုပ်အလောင်းများမှာ လဲလျောင်းလျက် ရှိနေဆဲပင်။ အာဇာနည်တို့၏ ရုပ်အလောင်းများအား ပြည်သူလူထု တရပ်လုံး ဂါရဝပြုရန် ဂျူဗလီဟောတွင် ၉ လကြာ ထားခဲ့ပြီးနောက် ၁၉၄၈ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် ရုပ်အလောင်းများ ပါရှိသည့် ခေါင်းများကို ဂျူဗလီခန်းမမှ ရွှေတိဂုံ စေတီတော်၏ မြောက်ဘက် အသစ် ဆောက်လုပ်လိုက်သော အာဇာနည် ဗိမာန်သို့ နောက်ဆုံးခရီး အဖြစ် သယ်ဆောင် သွားခဲ့သည်။ အမြဲတမ်း တပ်မတော်သားများက ခရီးစဉ် တလျှောက် ထိန်းသိမ်း စောင့်ရှောက်လျက် လိုက်ပါလာသော ဈာပန ယာဉ်တန်းသည် ရွှေတိဂုံ ဘုရားလမ်း အတိုင်း တက်ရောက်လာခဲ့သည်။ အာဇာနည်ကြီးများ၏ မှန်ဘောင်သွင်း ဓာတ်ပုံကြီးများကို ချိတ်ဆွဲ၊ ဖုံးအုပ်ထားသော ခေါင်းများကို အမိုးဖွင့် ထရပ်ကားများ၊ ဂျစ်ကားများဖြင့် သယ်ဆောင် လာခဲ့ကြသည်။ ပြည်သူလူထု ၅ သိန်းကျော် လိုက်ပါလာခဲ့သော ယာဉ်တန်းသည် ရွှေတိဂုံ စေတီတော်၏ တောင်ဘက် စောင်းတန်းဘက်ဆီသို့ ဖြည်းညင်းစွာ ရွေ့လျားလာခဲ့သည်။ ဦးအောင်ဆန်းအား သူတို့၏ ဗိုလ်ချုပ်ကြီး အဖြစ် လည်းကောင်း၊ အစစ်အမှန် ခေါင်းဆောင် အဖြစ် လည်းကောင်း ချစ်မြတ်နိုးကြသော ပြည်သူ့ရဲဘော် တပ်ဖွဲ့ဝင်များသည် နံဘေးဝဲယာမှ ခရီးစဉ် တလျှောက်လုံး ချီတက် လိုက်ပါလာခဲ့ကြသည်။ ရွှေတိဂုံ စေတီတော်မြတ်ကြီးကို လက်ဝဲရစ် တဝက်ပတ်ပြီးနောက် ဈာပနယာဉ်တန်းသည် အာဇာနည် ဗိမာန်သစ်ဆီသို့ ဆိုက်ရောက်လာခဲ့သည်။ နောက်ဆုံးတွင်ကား အာဇာနည် ခေါင်းဆောင်ကြီးများ၏ ရုပ်အလောင်းများမှာ ထိုနေရာ၌ နားခဲ့ကြလေပြီ …။ ထိုလုပ်ကြံမှုကြီးသည် ထိုအချိန်က မြန်မာတော်တော်များများ အရိုးခံ ယုံကြည်ကြသကဲ့သို့ ဦးအောင်ဆန်းအား ဖယ်ရှား၍ သူတို့ လက်ဝေကို ခံပြီး သူတို့အား မလှန်မည့်သူ တဦးအား အစားထိုးနိုင်ရန် လန်ဒန်ရှိ အာဏာပိုင် ရပ်ကွက်များမှ စီမံသည့် ပူးပေါင်း ကြံစည်မှုတရပ် ဖြစ်ပါသလား။ သို့မဟုတ်ပါက ဗီဗီယန်း၊ ဒိန်း၊ ယမ်းနှင့် မိုးတို့လို လူမျိုးများသည် ပုဂ္ဂလိက လက်နက် မှောင်ခိုသမားများနှင့် မိမိတို့ ဘာသာ စွန့်စွန့်စားစား လုပ်လိုသူများသာ ဖြစ်ကြပါသလား။ ထို့အပြင် 'ဘင်ဂလေ' ဆိုသူမှာ အတိအကျ မည်သူမည်ဝါ ဖြစ်ပါသနည်း။ ဦးစောနှင့် သူ၏ လက်ပါးစေများကို ဖမ်းဆီးခြင်း၊ ရုံးတင် စစ်ဆေးခြင်းများသည် မည်မျှလောက် သေသေသပ်သပ်၊ စနစ်တကျနှင့် ကျွမ်းကျင် လိမ္မာစွာ ဆောင်ရွက်ခဲ့သည် ဖြစ်စေကာမူ ယင်းအမှုကြီး တခုလုံးသည် မျက်စိတဆုံး မြင်နိုင်လောက်ရုံထက် အဆပေါင်းများစွာ ပိုမိုရှုပ်ထွေး ပတ်သက်မှုများ ရှိနိုင်ခဲ့ပေလိမ့်မည် …. .…။ သူတို့ ဘယ်သူတွေလဲ ဘင်ဂလေ၊ ဂျွန်စတျူးဝပ် (Bingley, John Stewart) ၁၈၉၉ ခုနှစ်တွင် မွေးဖွားခဲ့သည်။ (၁၉၄၆-၄၇) ခုနှစ်များ အတွင်း မြန်မာနိုင်ငံတွင် ဗြိတိသျှကောင်စီ (British Council) ၏ ကိုယ်စားလှယ် အဖြစ် ရန်ကုန်မြို့၌ နေထိုင်ခဲ့သည်။ ဦးစောက အင်းစိန်ထောင်ထဲမှ စာအချို့ သူ့ထံ ရေးသားပြီး ငွေတောင်းခံခဲ့သည်။ ထောက်လှမ်းရေး လုပ်ငန်းများတွင် သူ ပါဝင် ပတ်သက်နေသည်ဟု သခင်နု၊ ဦးကျော်ငြိမ်းနှင့် အချို့ ပုဂ္ဂိုလ်များက အကြီးအကျယ် သံသယ ဖြစ်ကြသည်။ ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံမှ အလောသုံးဆယ် ထွက်ခွာ သွားခဲ့သည်။ ထို့နောက်ပိုင်း သူ့ ကံကြမ္မာနှင့်သူ မည်သည့် အရပ်ဒေသသို့ ရောက်သွားပြီး မည်သို့ မည်ပုံ ဖြစ်ပျက်ခဲ့သည်များမှာမူ မည်သူမျှ မသိနိုင်တော့သော လျှို့ဝှက် ဆန်းကြယ်မှုပင် ဖြစ်နေပေတော့သည်။ ၁၉၇၉ ခုနှစ်တွင် ဗြိတိန်နိုင်ငံ၊ ဆရေး (Surrey) နယ်တွင် ကွယ်လွန်သွားသည်။ မစ္စတာ ဘင်ဂလေ၏ ကိုယ်ကာယမှာ ထူးထူးခြားခြား အရပ်ရှည်ခြင်း မရှိချေ။ သို့သော်လည်း မျက်နှာရှည်ရှည်နှင့် ပိန်ပိန်ပါးပါး ဖြစ်သည်။ ကနဦး သိရှိရသော အထောက်အထားများက ဘင်ဂလေနှင့် ဦးစောသည် ဆက်ဆံရေး အလွန်ကောင်းခဲ့ကြောင်း ပြဆိုနေသည်။ ဦးစောသည် သြဂုတ်လ ၂၂ နှင့် ၂၃ ရက်နေ့ အထိ နေ့စွဲများ တပ်ထားသော စာနှစ်စောင် ဘင်ဂလေထံ ရေးခဲ့သည်။ သူသည် ငွေ ထပ်မံ တောင်းဆိုလိုက်ပြီး ကပ္ပတိန် ဗီဗီယန်းဟု ယူဆသူ တဦးကိုလည်း 'VV' (ဗွီဗွီ) ဟု စာထဲတွင် ရည်ညွှန်း ဖော်ပြခဲ့သည်။ ထိုစာများက သူ့လွတ်မြောက်ရေး မျှော်လင့်ချက်ကို ပြောဆိုခဲ့ရုံ သာမက ပြည်တွင်းနှင့် ပြည်ပ နိုင်ငံတကာရှိ ရိုက်ခတ်မှုများ ဖြစ်သွားစေနိုင်သော ထုတ်ဖော်မှုများ ပြုလုပ်မည့် ခြိမ်းခြောက်မှုများပင်လျှင် ပါရှိလာခဲ့သည်။ ဦးစောက စာသယ်ဆောင်လာသူကို ယုံကြည် စိတ်ချရကြောင်းလည်း ဘင်ဂလေကို အာမခံချက် ပေးထားသည်။ ဂဠုန်ဦးစောသည် ထောင်ထဲရောက်ခါစ စောစောပိုင်း ရက်များတွင် သူနှင့် တထောင်ထဲ ရှိနေသော အတူ စွပ်စွဲခံရသူများအား ဆက်သွယ်၍ သူ့ဘက်တွင် ဘုရင်ခံဟောင်း သုံးဦးနှင့် အင်္ဂလန်ရှိ ဝန်ကြီးဟောင်း အများအပြား ရှိနေသည့် အတွက် စိုးရိမ်စရာ မရှိကြောင်း ပြောဆိုခဲ့သည်။ နောက်ပိုင်းတွင် သြဇာတိက္ကမ အလွန်ရှိပြီး သူတို့အပေါ် ဒုက္ခမရောက်အောင် ကြည့်ရှုမည့် မြန်မာပြည်ရှိ အရပ်မြင့်မြင့်နှင့် မိတ်ဆွေ အကြောင်း ဦးစောက ဖော်ပြလာခဲ့သည်။ သူ၏ စာတစောင်တွင် ဗီဗီယန်းအား ၎င်းအရပ်မြင့်မြင့် မိတ်ဆွေ အကြောင်း ဖော်ပြခဲ့သည်။ ဗီဗီယန်းက ၎င်း၏ ပြန်စာတွင် လောလောဆယ်၌ ယင်း အရပ်မြင့်မြင့်နှင့် မိတ်ဆွေအား အမှုထဲ ဆွဲမသွင်းရန် (ထပ်မံ - မသွင်းရန်) အကြံပေးခဲ့သည်ဟု ဆိုပါသည်။ ဒေါ်မန်စမစ်၊ ဆာ ရီဂျင်နယ် ဟျူး (Dorman-Smith, Sir Reginald Hugh)၊ ၁၈၉၉ ခုနှစ်တွင် မွေးဖွားခဲ့ပြီး (၁၉၃၅-၄၁) ခုနှစ်များတွင် ကွန်ဆာဗေးတစ် (Conservative MP) အမတ် ဖြစ်ခဲ့၍၊ ဗြိတိသျှ ဝန်ကြီးအဖွဲ့ အတော်များများတွင် ဝန်ကြီး အဖွဲ့ဝင် အဖြစ် လည်းကောင်း တာဝန် ယူခဲ့ဖူးသည်။ (၁၉၄၁-၄၆) ခုနှစ်များ အတွင်း မြန်မာနိုင်ငံ၏ ဘုရင်ခံ တဦး ဖြစ်ကာ ဦးစောနှင့်လည်း များစွာ အကျွမ်းဝင်သူ တဦး ဖြစ်သည်။ ထိုနောက် ဗြိတိသျှ အမျိုးသားရေး ပြည်သူ့ ဝန်ထမ်းသို့ ပြန်မဝင်သော်လည်း ဟန့်ရှိုင်းယားနယ် တာဝန်ယူရသော အဆင့်မြင့်ရဲမှူး (High Sheriff of Hampshire) နှင့် ပြေငြိမ်းရေး တာဝန်ခံ (JP) အလုပ်များ လုပ်ကိုင်ခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် ကွယ်လွန်သွားခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် ဆာရဲလ်ဂျီနယ် ဒေါ်မန်စမစ် (Sir Reginal Dorman-Smith) သည့် ဆာအာချီဘော ကော့ခ်ရိန်း (Sir Archibald Cochrane) ၏ မြန်မာပြည် ဘုရင်ခံ နေရာကို ဆက်ခံသောအခါ ဦးစောနှင့် အဆင့်မြင့် ကွန်ဆာဗေးတစ် ဗြိတိသျှ အာဏာပိုင်တို့ ဆက်နွယ်မှုမှာ ပိုမို ခိုင်မာသွားလေသည်။ ဆာရဲလ်ဂျီနယ်မှာ အသက် ၄၂ နှစ်သာ ရှိသေးပြီး ဦးစောထက် တနှစ်ခန့်သာ ကြီးလေသည်။ မကြာမြင့်မီ သူတို့ နှစ်ဦးသည် တကယ့် မိတ်ရင်းဆွေရင်းများ ဖြစ်သွားကြလေသည်။ ထို့ကြောင့် ၁၉၄၁ ခုနှစ်တွင် ကျင်းပရမည် ဖြစ်သော အထွေထွေ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းလိုက်ခြင်းဖြင့် ဆာရဲလ်ဂျီနယ်က သူ၏ လုပ်ပိုင်ခွင့် အရ ဦးစော၏ သက်တမ်းကို နောက်ထပ် ၅ နှစ် သက်တမ်း တခုသို့ တိုးပေးလိုက်လေသည်။ ထို့နောက် ဦးစောကို 'ဆာဝင်စတန် ချာချီ' (Sir Winston Churchill) အပြင် အခြား ဗြိတိသျှ ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးရန် အတွက် လန်ဒန်သို့ ဖိတ်ခေါ်ခွင့် ပြုလိုက်လေသည်။ ထို့အပြင် ဒုတိယ ကမ္ဘာစစ်ကြီး ပြီးနောက် ဂဠုန်ဦးစောအား မြန်မာနိုင်ငံရေး လောကသို့ ပြန်လည် ခေါ်ယူပြီး နေရာပေးခဲ့သူ ဖြစ်သည်။ ထိုအကြောင်းနှင့် ပတ်သက်ပြီး ဘုရင်ခံ၏ ကိုယ်ရံတော် အဲရစ် ဘက်တာစဘီ (Eric Battersby) (အေဒီစီ ၁၉၄၂) အား ဘီဘီစီ (၂) တီဗွီ အစီအစဉ် [ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရသည့် အနှစ် (၅၀) မြောက် အဖြစ် "အောင်ဆန်းကို အမှန်တကယ် ဘယ်သူသတ်သလဲ" မှတ်တမ်း ရုပ်ရှင်ကို ရိုက်ကူးပြီး ဘီဘီစီ (၂) တီဗွီမှာ ၁၉၉၇ ခု၊ ဇူလိုင်လ ၁၉ ရက်တွင် ဗြိတိန်၌ ထုတ်လွှင့် ပြသခဲ့သော တင်ဆက်မှု] က တွေ့ဆုံ မေးမြန်းရာမှာ၊ "ဦးအောင်ဆန်း၏ အစွန်းရောက် အယူအဆများ စွန့်လွှတ် သွားစေရန် ဦးစောက လွှမ်းမိုး လုပ်ဆောင်နိုင်လိမ့်မည် ဟူသော မျှော်လင့်ချက်နှင့် (ဆာဒေါ်မန်စမစ်က) ကျွန်ုပ်အား (ဦးစောကို ပြန်ခေါ်လာရန်) စေလွှတ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါဟာ သက်သက်မဲ့ ရူးတာပါ၊ ဒါဟာ လွယ်လွယ်လေး ဘယ်ဖြစ်နိုင်မလဲ။ ဦးစောဟာ မြန်မာနိုင်ငံမှာ သြဇာအာဏာ မရှိတော့ပါဘူး၊ ဦးအောင်ဆန်းကသာ ချုပ်ကိုင်ထားတာပါ" ဟု ပြောပြသည်။ ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံ့ ခေါင်းဆောင်ကြီးများ လုပ်ကြံမှုဖြင့် ဂဠုန်စောနှင့် အပေါင်းပါများကို တရားစွဲနေစဉ်မှာ၊ "ဆာဒေါ်မန်စမစ်ကတော့ နောင်တမရသေးဘဲ နောက်မှ မိတ်ဆွေ တဦးစီ စာရေးလိုက်တာက ကျုပ်တို့က အောင်ဆန်းရဲ့ သူလောက် အရေးမပါတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဆွဲကြိုး ချပြီးသားပဲ။ ဒါကြောင့် သူက ဘယ်အကြောင်းကြောင့် ဂျူရီရှေ့မှာ အခွင့်အလမ်း မယူနိုင်သလဲ ဆိုတာ ကျုပ် နားမလည်နိုင်ဘူး။ သူ့ကို သေစားသေစေ စီရင်ချက်ချရင် ကျုပ်တို့က သနားကရုဏာ ပေးဖို့ သေချာမှာပေါ့။ ဒါပေမဲ့ အဲဒီလို အခြေအနေပေါ်မှသာ အရေးယူနိုင်မှာ" ဟု လူတွေ့ မေးမြန်းခံရသူ အဲရစ်၊ ဘက်တာစဘီက ပြန်ပြောင်း ပြောပြသွားသည်။ သို့သော်လည်း ဦးစောနှင့် သူ့လူ ၈ ယောက် တရားရုံးတင်သည့် အချိန်မှာ ဒေါ်မန်စမစ်က သူ့မိတ်ဆွေကို တရားခံဘက်မှ သက်သေခံရန် ကမ်းလှမ်းခဲ့သော်လည်း ဗြိတိသျှ အစိုးရက အဟန့်အတား လုပ်ခဲ့ရသည်။ ထို့အပြင် ဦးစောအား သေစားသေစေ အစီရင်ပေးသည့် အချိန်မှာလည်း ဒေါ်မန်စမစ်က ပြည်ထောင်စု မြန်မာနိုင်ငံ၏ သမ္မတကြီးထံ ဦးစောအား သနားညှာတာမှု ပေးရန် ဝင်ရောက် စွက်ဖက်ခဲ့သေးသည်။ ဘီဘီစီ (၂) တီဗွီ အစီအစဉ်မှာပဲ၊ ၁၉၄၈ ခုနှစ်၊ မေလအတွင်း ကြိုးပေးတဲ့နေ့က ရန်ကုန်မှာ ရှိတဲ့ ဗြိတိန် သံအမတ်က ဝှိုက်ဟောသို့ လျှို့ဝှက် ကြေးနန်းစာ တစောင် ရေးခဲ့ပါတယ်။ အဲဒီ ကြေးနန်းစာဟာ နှစ်ပေါင်း ၅၀ ခန့် မပေါက်ကြားသင့်သည့်စာ အဖြစ် ထိန်းသိမ်းထား ခံခဲ့ရပါတယ်။ လအနည်းငယ် အကြာမှာ နိုင်ငံခြားရေးရုံးက ဒီအစီအစဉ်ရဲ့ သုတေသနမှူးထံ ၎င်းစာအား ထုတ်ပေးရန် ဆုံးဖြတ်ခဲ့ပါတယ်။ ယင်းကြေးနန်းစာက ရဲအကြီးအကဲက သံအမတ်ကို ပြောပြချက်အား ထုတ်ဖော်ထားပါတယ်။ "လုပ်ကြံ သတ်ဖြတ်မှုမှာ ဗြိတိသျှတို့ ပူးပေါင်း ကြံစည်မှု ရှိတယ် ဆိုတာ ကျနော်တို့ တကယ့်ကို ယုံကြည်နေကြောင်း။ ရဲအကြီးအကဲက ဆာရယ်ဂျီနယ် ဒေါ်မန်စမစ်ကို သံသယရှိသူ အဖြစ် ထောက်ပြခဲ့ကြောင်း။ ကြားအတွင်း လှုပ်ရှားသူမှာ ရန်ကုန်ရှိ ဗြိတိသျှ ကောင်စီမှ ဘင်ဂလေ (Bingley) ဟု ခေါ်သည့် လူဖြစ်သည်ဟု သူ ယုံကြည်ကြောင်း" တင်ဆက်သွားသည်။ ဒိန်း၊ ဗိုလ်မှူး ပီတာအားနက် လန့်စ်လော့ (Daine, Major Peter Ernest Lancelot)၊ ၁၉၂၃ ခုနှစ်တွင် မွေးဖွားခဲ့သည်။ အိန္ဒိယ အချက်ပြ ဆက်သွယ်ရေးတပ်၌ ၁၉၄၄ မှ စတင်၍ အရာရှိ အဆင့်ကို ရရှိခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် ဗမာ့ စစ်ဦးစီးဌာနချုပ် ထောက်လှမ်းရေးတပ်၌ တာဝန် ထမ်းဆောင်လျက်၊ မင်္ဂလာဒုံ မြောက်ဘက်ရှိ ပင်မ ခဲယမ်းမီး ကျောက်တိုက်၏ တပ်မှူးလည်း ဖြစ်သည်။ ဦးစော တပည့်များ ထုတ်ယူသွားသော လက်နက်များနှင့် ပတ်သက်၍ သူ့အား ဖမ်းဆီးခြင်း မရှိ။ မိုး၊ ဗိုလ်မှူး ဂျေ၊ အေ၊ (Moore, Major J.A.)၊ ၁၉၀၈ ခုနှစ်တွင် မွေးဖွားသည်။ အိန္ဒိယ တပ်မတော်၏ လက်နက်ကြီးတပ်မှ အရာရှိ တဦးဖြစ်ပြီး၊ ဗိုလ်တထောင်ရှိ ပင်မ ခဲယမ်းမီးကျောက်တိုက်၏ တပ်မှူးဖြစ်ပါလျက် ဦးစော တပည့်များ ထုတ်ယူသွားသည့် လက်နက်များနှင့် ပတ်သက်၍ သူ့ကို ဖမ်းဆီးခဲ့သော်လည်း ပြစ်ဒဏ် ကျခံရခြင်း မရှိ။ ဗီဗီယန်း၊ ကပ္ပတိန် ဒေးဗစ် (Vivian, Captain David)၊ ၁၉၃၂ ခုနှစ်တွင် စတင် အရာရှိ ဖြစ်လာသည်။ အိန္ဒိယ တပ်မတော်မှ မြန်မာ လက်နက်ကိုင် ပုလိပ် တပ်ဖွဲ့သို့ လက်နက် အကြံပေး ပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ရန် လွှဲပြောင်းခြင်း ခံရလျက်၊ ဇူလိုင်လ ၂၀ ရက်တွင် အဖမ်းခံရပြီး လက်နက်များ ရောင်းချမှုဖြင့် စွဲချက် တင်ခံရသည်။ ထောင်ဒဏ် ၅ နှစ်နှင့် ရူပီး ငါးထောင် ငွေဒဏ်၊ ၂ ခု ပူးတွဲ အပြစ်ပေး ခံရသည်။ သို့သော် ၁၉၄၉ ခုနှစ်၊ အင်းစိန်ကို ကရင် လက်နက်ကိုင် သူပုန်တပ်များ သိမ်းပိုက်ရာတွင် လွတ်မြောက်ခဲ့သဖြင့် ကရင့် တော်လှန်ရေးသမားများနှင့် ပူးပေါင်းခဲ့သည်။ ထို့နောက် အလယ်ရိုးမမှ တဆင့် အရှေ့ရိုးမ တောတွင်း လက်နက်ကိုင် ကရင်စခန်းများသို့ ရောက်သွားရာမှ ၁၉၅၀ ခုနှစ်၊ သြဂုတ်လတွင် ထိုင်းနယ်စပ် အနီးရှိ ကော့ကရိတ် နယ်မြေအတွင်း လယ်တဲတခု၌ ကရင့် တော်လှန်ရေး ခေါင်းဆောင် စောဘဦးကြီးနှင့် အတူ ခေတ္တ စခန်းချနေခိုက် ဗမာ့ တပ်မတော်နှင့် တိုက်ပွဲဖြစ်ကာ အသတ်ခံရသည်ဟု မြန်မာ အာဏာပိုင်များက ယူဆခဲ့သော်ငြားလည်း အမှန်စင်စစ် ထိုနေ့က ထိုနေရာတွင် သူမရှိခဲ့ပါ။ ၁၉၅၀ နှစ်လယ် ခန့်၌ ထိုင်းနိုင်ငံမှတဆင့် ဗြိတိန်နိုင်ငံသို့ ပြန်သွားသည့် အချိန်အထိ သူသည် နှစ်ပေါင်းများစွာ ကရင် တော်လှန်ရေးသမားများနှင့် လွတ်မြောက် နယ်မြေများ အတွင်း နေထိုင်ခဲ့သည်။ ထို့နောက် ၁၉၈၀ ခုနှစ် အတွင်း ဝေလနယ်၊ ဆွမ်စီးမြို့တွင် ကွယ်လွန် သွားခဲ့သည်။ ကပ္ပတိန် ဗီဗီယန်း၏ ဖြောင့်ဆိုချက် တခု၊ "သူဤသို့ ဖြစ်ရခြင်းမှာ သူတို့က ကလောမြို့ တပ်စခန်း အနီး စစ်သားများ စီးနင်းလာသော ရထားတစင်းကို ၁၉၄၇ ခုနှစ်၊ ဧပြီလအတွင်း မိုင်းဗုံးဖြင့် ဖောက်ခွဲခံရသဖြင့် သူ့ ရဲဘော် အတော်များများ အသက်ဆုံးရှုံးရသည့် အကြောင်းကို တရားသူကြီး ဦးသောင်းစိန် (အကျဉ်းဦးစီးဌာန မင်းကြီး) အား နောက်ကြောင်းလှန်၍ ဆက်လက် ပြောဆိုပြခဲ့သည်။ ဤသို့သော အကောက်ကြံ ဖျက်ဆီးမှုနှင့် ပတ်သက်၍ သံသယ ရှိခံရသူများမှာ 'ပြည်သူ့ ရဲဘော်' တပ်ဖွဲ့ဝင်များ ဖြစ်ကြပြီး ထိုပြည်သူ့ရဲဘော် တပ်ဖွဲ့မှာ တကယ်တမ်းအားဖြင့် ဦးအောင်ဆန်း၏ ကိုယ်ပိုင် ပြည်သူ့စစ် အဖွဲ့ ဖြစ်လေသည်။ သေဆုံးသူ၊ ဒဏ်ရာရသူ စစ်သားများမှာ ဝေလ ရဲဂျီးမဲင့်၏ တပ်ရင်း (၂)၊ တပ်ခွဲ (က) မှ ဖြစ်ကြပြီး ဝေလနယ်သား ဖြစ်သူ ဗီဗီယန်း အနေဖြင့် ယင်းအဖြစ်အပျက် အတွက် ဗိုလ်ချုပ် အောင်ဆန်း အပေါ်၌ ခါးခါးသီးသီး နာကြည်း ခံစားမိသည်ဖြစ်ရာ နောက်ဆုံး အကျိုးဆက် အားဖြင့် သူသည် ဦးအောင်ဆန်း၏ အဓိက ပြိုင်ဘက်ကြီး ဖြစ်သော ဦးစောနှင့် မဟာမိတ် ဖွဲ့မိခြင်း ဖြစ်လေတော့သည်။" ထို့အပြင် ဗိုလ်တထောင်နှင့် အခြား လက်နက် သိုလှောင်ရုံတို့မှ လက်နက်များ ရယူနိုင်ရေး အတွက် ရဲအဖွဲ့၏ စာရွက်စာတမ်း အတုများ ပြုလုပ်ပေး ခဲ့သူမှာလည်း ကပ္ပတိန် ဗီဗီယန်း ဖြစ်သည်။ ကရင် တော်လှန်ရေး နယ်မြေတွင် နေထိုင်စဉ် ကာလ၌ ဤထူးဆန်းလှသော ဗြိတိသျှ ကပ္ပတိန်နှင့် နီးနီးကပ်ကပ် ရှိခဲ့ကြသော ကရင် သူပုန်များ အနေဖြင့် သူ့အား အမြဲငေးငိုင်ကာ မိတ်ဆွေဖွဲ့ရန် ခက်ခဲသော လူတယောက် အဖြစ် လည်းကောင်း၊ ဦးအောင်ဆန်း တို့ကို့ လုပ်ကြံ သတ်ဖြတ်မှုနှင့် ပတ်သက်သော မည်သည့် အကြောင်းအရာကိုမျှ ပြောဆိုလိုစိတ် အလျှင်းမရှိသူ တဦး အဖြစ် လည်းကောင်း မှတ်မိ နေကြသည်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရသည့် အနှစ် (၅၀) မြောက် အဖြစ် ဘီဘီစီ (၂) တီဗွီ အစီအစဉ် တင်ဆက်သူက သူတို့ သုတေသနပြု တွေ့ရှိချက်တွေကို ဖော်ထုတ် တင်ဆက်ရာမှာ၊ ဗိုလ်ကြီး ဒေးဗစ်ဗီဗီယန်း (Vivian, Captain David) သည် ကရင့်လှုပ်ရှားမှုတွင် လည်းကောင်း၊ ဦးစော၏ ပူးပေါင်း ကြံစည်မှုတွင် လည်းကောင်း ပါဝင် ပတ်သက်နေသူ နောက်တဦး ဖြစ်သည်။ ၁၉၅၄ ခုနှစ်တိုင်အောင် ကရင်များနှင့် အတူ တိုက်ခိုက်ခဲ့သော နေ့ရက်ဟူသော သူ၏ နေ့စဉ် မှတ်တမ်းနှင့် ဂျွန်မော်ဂင် (John Morgan) ဟူသော နာမည်ဖြင့် အထောက်အထားတုများ အသုံးပြုကာ ၁၉၅၅ ခုနှစ်တွင် ထိုင်းနိုင်ငံမှ ဗြိတိန်သို့ သူပြန်လာခဲ့ခြင်းကို ဘီဘီစီမှ သုတေသနပြု သူများက ရှာဖွေ တွေ့ရှိခဲ့သည်။ ဗိုလ်ကြီး ဗီဗီယန်နှင့် ပတ်သက်သော မှတ်ချက်များ နိုင်ငံခြားရေးရုံးမှ ဖိုင်တွဲများမှာ အဖျက်အဆီး ခံရပုံရသည်။ ဘန်ကောက်ရှိ ဗြိတိသျှ သံရုံးက "သူသည် မြန်မာနိုင်ငံတွင် ထောင်ကျခံရမှုမှ ရှောင်ပြေးလာခဲ့ကြောင်း သိရှိခဲ့သည်" ဟူသော အချက်ကို အညွှန်းဇယား တခုက ပြသခဲ့သည်။ စောစောပိုင်းက မြန်မာနိုင်ငံတွင် ထောင်ကျခဲ့စဉ်က "ဗြိတိန်က တစုံတယောက်က ကျနော့်ကို ဖယ်ရှားချင်နေတယ်။ စကားပြောခွင့်လဲ မပေးခဲ့ဘူး။ အချက်အလက်တွေကို ကျနော် ပြောလိုက်ရရင် အထူးသဖြင့် ဗြိတိသျှတွေနဲ့ မြန်မာတွေ အကြား အကြီးအကျယ် ဆူပွက်ကုန်လိမ့်မယ်" ဟု သူက ဗြိတိသျှ အာဏာပိုင်များကို ပြောဆိုခဲ့သည်။ ယမ်း၊ ဗိုလ်မှူး စီဟင်နရီ (Young, Major C. Henry)၊ အိန္ဒိယ တပ်မတော် လျှပ်စစ်နှင့် စက်မှု အင်ဂျင်နီယာ အလုပ်ရုံတပ်ခွဲ၏ တပ်မှူး တဦးဖြစ်၍ ဦးစောကို လက်နက် ပေးကမ်းခဲ့မှုဖြင့် ၁၉၄၇ ခု၊ သြဂုတ်လ ၂၄ ရက်နေ့တွင် အဖမ်းခံရပြီး၊ ထောင်ဒဏ် ၂ နှစ် အပြစ်ပေးခံရသော်လည်း အသနားခံစာ တင်သဖြင့် လွှတ်ပေးခဲ့သည်။ မြန်မာနိုင်ငံမှ ချက်ချင်း ထွက်ခွာ သွားခဲ့ပါသည်။ စစ်ဆေး မေးမြန်းရာတွင် သူနှင့် ဦးစော ဆက်နွယ်မှု ရှိနေသည်ကို မေဂျာ ယမ်းက အလွယ်တကူပင် ဝန်ခံခဲ့သည်။ ဂဠုန်တပ်၏ အကြီးအကဲ ဖြစ်သော ဦးစောနှင့် အင်းလျားကန်ခြားလျက် သူ နေထိုင်ခဲ့သည်။ ဦးစောသည် မေဂျာ ယမ်းနှင့် အချိန် အတော်ကြာကြာကြီး နီးနီးကပ်ကပ် ဆက်သွယ်မှု ရှိခဲ့သည်။ တချိန်တွင် အေဒီလမ်းရှိ သူ့ နေအိမ်၌ ကျင်းပသော ပါတီပွဲသို့ ယင်းဗြိတိသျှ အရာရှိ တက်ရောက်ခဲ့ဖူးသည်။ ထိုပါတီပွဲသို့ ဗီဗီ ယန်းလည်း ရောက်ရှိခဲ့သည်။ ထိုပါတီပွဲ၌ ဦးစောနှင့် ဗြိတိသျှ ကောင်စီမှ 'ဘင်ဂလေ' ဆိုသူကို မေဂျာယမ်းက မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်သည်။ ထိုသို့ တွေ့ဆုံရာတွင် ဘင်ဂလေက ဦးစောကို "ကျနော်တို့ ခင်ဗျားကို အပြည့်အဝ ကူညီဖို့ ပြင်ဆင်ထားပြီးပါပြီ" ဟု အသံကျယ်ကြီးဖြင့် အာမခံချက် ပေးခဲ့ကြောင်း ယမ်းက ပြောဆိုခဲ့သည်။ ဦးထွန်းလှအောင်သည် ဗီဗီယန်းထံ ဦးစောက ပေးပို့သော လျှို့ဝှက် သင်္ကေတဖြင့် ရေးထားသည့် မိတ္တူများကို ဗြိတိသျှ မေဂျာအား ပြလိုက်သည်။ မေဂျာယမ်းသည် အံ့သြလောက်အောင်ပင် ဤလျှို့ဝှက် ဆန်းကြယ်မှုကို ဖြေရှင်း ပြတော့သည်။ ♦ 'တဈေက ညတိုင်း ထော့နင်း ထော့နင်း ဖြစ်နေသည်' - မေဂျာယမ်းက သူ့အိမ်မှာ ထော့နင်း ထော့နင်း ဖြစ်နေသော တဈေ အခြောက်ခံရသည်ဟု နာမည်ကြီးနေကြောင်း ရှင်းပြသည်။ ♦ 'ငှက်ပျောသီးအစိမ်းနဲ့ ဧည့်ခံ' - ဦးစော၏ ပါတီပွဲတွင် တည်ခင်း ဧည့်ခံသော ငှက်ပျောသီး အမျိုးအစား ဖြစ်သည့် အစိမ်းရောင် သီးမွှေး ငှက်ပျောသီး အရှည်များကို ဆိုလိုခြင်း ဖြစ်သည်။ ♦ 'သံပုရာရည်မှာ ဒေးဗစ်၏ အချစ်ဆုံး' သည် ဒေးဗစ်မှာ အခြားသူ မဟုတ်ဘဲ ဗြိတိသျှ မေဂျာ၏ သားအငယ် ဖြစ်သည်။ သူသည် သံပုရာရည်ကို ကြိုက်နှစ်သက်ပြီး ပါတီပွဲများတွင် ယင်းကိုသာ နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးသူ ဖြစ်သည်။ ကာတစ်၊ ဘင်နစ်, ဆာ ဖရက်ဒရစ် ဟင်နရီ (ဒဲရက်) ကေစီ (Curtis- Bennett, Sir Frederick Henry (Derek) KC၊ ၁၉၀၄ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ဘုရင့် ဥပဒေ အကြံပေး ပုဂ္ဂိုလ်ဖြစ်၍ ရာဇဝတ်မှုခင်းများတွင် အောင်မြင် ကျော်ကြားသော ဗြိတိန်နိုင်ငံသား ရှေ့နေ တဦးဖြစ်သည်။ အထူးခုံရုံးတော်တွင် တရားပြိုင်ရာ၌ သူ့ကို ကာကွယ်ခုခံရန် အကြီးတန်း အကြံပေး အဖြစ် ဦးစောက ငှားရမ်း ခန့်အပ်ခဲ့သည်။ ၁၉၅၆ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် သူနေထိုင်ရာ လန်ဒန်တိုက်ခန်းထဲတွင် သေဆုံးလျက် ရှိသည်ကို တွေ့ရသည်။ ရင်ခွဲ စစ်ဆေးသူ ဆရာဝန်က လွန်ခဲ့သည့် ၄/၅ ရက်ကပင် သူ သေဆုံးပြီး ဖြစ်သည်ဟု ထင်မြင်ချက် ပေးသည်။ သို့ဖြစ်လျှင် သူသေဆုံးရက်သည် နာမည်ဆိုးဖြင့် ကျော်ကြားလျက် သေဒဏ် ကျခံခဲ့ရသော သူ၏ အမှုသည် ကျူးလွန်ခဲ့သော ဇူလိုင်လ ၁၉ ရက် အမှု (၉) နှစ် ပြည့်မြောက်သည့် နေ့ရက်ခန့်တွင် ဖြစ်နေပေတော့သည်။ ဗာတန်န (စ်), ဘင်ဂျမင်ရာဖေးရယ် (Vertannes,Benjamin Raphael)၊၊ ယခင်က စစ်တပ်မှ ဗိုလ်ကြီးတဦး ဖြစ်၍၊ ထို့နောက် ရန်ကုန်မြို့ရှိ တရားလွှတ်တော်တွင် ရှေ့နေ ဖြစ်လာပြီး၊ ဦးစော အတွက် ခုခံကာကွယ် ပေးခဲ့သည့် အငယ်တန်း ဥပဒေ အကြံပေး ဖြစ်ခဲ့သည်။ မူလဇာတိ အားဖြင့် မြန်မာနိုင်ငံမှ ဖြစ်သော်လည်း လွတ်လပ်ရေး ရပြီးသည့် အခါ အငြိမ်းစားယူ၍ ဗြိတိန်နိုင်ငံသို့ ရွှေ့ပြောင်းသွားခဲ့သည်။ လျှိုဝှက် ဆန်းကြယ်သည့် ဖြစ်ရပ်များနှင့် လူပုဂ္ဂိုလ်များ ဗြိတိသျှတို့ထံမှ အာဏာ လွှဲပြောင်းယူရေး ကြိုးပမ်း နေဆဲ ကာလ၌ မြန်မာနိုင်ငံ၏ အရည်အချင်း အမြင့်မားဆုံး ခေါင်းဆောင်များမှာ နိုင်ငံတော် အချုပ်အခြာ အာဏာ ရရှိပြီး လွတ်လပ်ရေး မကြေညာနိုင်မီပင် အသက်ဆုံးရှုံး သွားခဲ့ရသည့် လူမသမာတို့၏ အကွက်ကျကျ စီစဉ် လုပ်ကြံခဲ့မှုကြီးတွင် ရုံးတော်၏ နောက်ဆုံး စီရင်ချက်ထက် ကျော်လွန်ပြီး ကြိုးပမ်းမိသူ အချို့မှာ သက်ဆိုး မရှည်ကြပေ။ တု(ခ်)၊ ကောလင်း (Tooke, Colin)၊ ရန်ကုန်အနီးရှိ ဟံသာဝတီမှ ခရိုင် ရဲဝန်ထောက်ဟောင်း တဦး ဖြစ်သူသည် ဤခုံရုံး၏ စစ်ဆေးမှု ပြီးသည့်နောက် ဦးစော၏ အမှုကို လျှို့ဝှက်စွာ စတင် စုံစမ်း ထောက်လှမ်းခဲ့သည်။ တစုံတခု မှားယွင်းနေပြီဟု သူထင်ခဲ့သည်။ တနေ့ သူအိမ်ပြန် ရောက်သောအခါ သူ့ ဗမာအိမ်ဖော်က သူ့အယ်လ်ဇေးရှင်း ခွေးကြီးမှာ ခွေးရူး ပြန်နေပြီဟု ပြောခဲ့သည်။ သို့ဖြင့် သူ့ခွေးကို သူ သေနတ်ဖြင့် ပစ်သတ်လိုက်ရပြီး၊ သူ့ခွေးမှာ အနီးရှိ မြစ်ကမ်းဘေးတွင် လဲသေနေလေပြီ။ တု (ခ်) မှာ ယုံကြည်၍ မရနိုင်အောင် ဖြစ်နေသည်။ ထုံးစံအားဖြင့် ခွေးရူးပြန်ရောဂါမှာ အချိန်အတန်ကြာ စတင် ဖြစ်ပွားရမြဲဖြစ်ပြီး ထိုနေ့ နံနက်ကပင် သူ့ခွေးမှာ အကောင်းပကတိ ဖြစ်နေသည် မဟုတ်ပါလား။ သို့ဖြစ်၍ တု (ခ်) သည် သူ့ခွေး၏ ခေါင်းကို ဖြတ်ကာ ရန်ကုန်မြို့ရှိ တိရစ္ဆာန်ကု ဆရာဝန်ထံ ယူသွားပြီး စစ်ဆေးကြည့်ရာ တိရစ္ဆာန်ကု ဆရာဝန်က သူ့ခွေးတွင် ခွေးရူးပြန် ရောဂါ မရှိကြောင်း အတည်ပြုခဲ့သည်။ ထို့နောက် သူ့အိမ်ကို ဖောက်ထွင်းခံခဲ့ရပြီး ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှုနှင့် ပတ်သက်သော သူ၏ စာရွက်စာတမ်း ဖိုင်တွဲများ ပျောက်ဆုံး သွားခဲ့ရပြန်သည်။ ရက်သတ္တပတ် အနည်းငယ် ကြာပြီးနောက် အစာ အဆိပ်သင့်ပြီး တု(ခ်) သည် ဆေးရုံတွင် သေဆုံး သွားခဲ့လေတော့သည်။ ဦးစော အမှုနှင့် ဆက်နွယ်လျက် အဆန်းတကြယ် သေဆုံးခဲ့ရသူ နောက်တဦးမှာ ဦးတင်ထွဋ် ဖြစ်သည်။ သူသည် ဦးအောင်ဆန်း၏ လုံးဝ ယုံကြည်မှုကို ခံရသော တဦးတည်းသော ဗျူရိုကရက် အရာရှိ ဖြစ်သည်။ ဦးတင်ထွဋ်၊ ၁၈၉၅ ခုနှစ်တွင် မွေးဖွားသည်။ ဒါးလ်ဝစ်ခ်ျ ကောလိပ် (Dulwich College) နှင့် ကိန်းဘရစ် တက္ကသိုလ် (Cambridge University) တို့တွင် ပညာ သင်ကြားခဲ့သည်။ အိန္ဒိယ ပဋိညာဉ်ခံဝန်ထမ်း (ICS) တဦးဖြစ်ပြီး၊ ရန်ကုန် တက္ကသိုလ်၏ ဒု-အဓိပတိ (Vice-Chancellor) ဖြစ်ခဲ့သည်။ ဒိုင်အာခီခေတ်နှင့် (၉၁) ဌာနခေတ်များ၌ ဝန်ကြီးအဖွဲ့ အတော်များများတွင် အတွင်းဝန်ချုပ် အဖြစ် ဆောင်ရွက်ခဲ့သည်။ သူ၏ အစ်ကိုမှာ တရားလွှတ်တော်ချုပ်၊ တရား ဝန်ကြီးချုပ် ဦးကျော်မြင့် ဖြစ်သည်။ မြန်မာပြည် လွတ်လပ်ရေး ရရှိပြီး ပထမဆုံး အစိုးရ အဖွဲ့တွင် ဦးတင်ထွဋ်သည် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ သို့သော် ၁၉၄၈ ခုနှစ်၊ သြဂုတ်လတွင် နုတ်ထွက်ခဲ့ပြီး ဗိုလ်မှူးချုပ် ရာထူးဖြင့် အရန် လက်နက်ကိုင်တပ်များ၏ စစ်ဦးစီးချုပ် ဖြစ်သည်။ နိုင်ငံ့ ထိပ်တန်းအကြီးတန်း ဝန်ထမ်းတဦးနှင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီး တဦးအား စစ်တပ်မှ မြင့်မားလှသော ရာထူး တခုသို့ ပေးအပ်ခံရခြင်းမှာ ထူးဆန်းကောင်း ထူးဆန်း နေပေလိမ့်မည်။ သို့သော်လည်း သူ၏ အသက်မွေး ဝမ်းကျောင်းမှု ဘဝသည် စစ်မှုထမ်း ဘဝမှ စတင်ခဲ့ခြင်း ဖြစ်သည်ကို တော်တော်များများ မသိကြချေ။ သူသည် အိန္ဒိယရှိ အင်ဒို စစ်တက္ကသိုလ်မှ ဘွဲ့ရခဲ့ပြီး အိန္ဒိယ ပဋိညာဉ်ခံ ဝန်ထမ်းဘဝသို့ ဝင်ရောက်ရန် အတွက် စစ်တပ် အရာရှိ ရာထူးကို စွန့်လွှတ်ခဲ့ခြင်း ဖြစ်သည်။ သမ္မတ နိုင်ငံတော်သစ် အနေဖြင့် ပြည်တွင်းစစ်မီး တောက်လောင်ပြီး ပျက်စီးလုနီးပါး အခြေအနေသို့ ဆိုက်ရောက် နေချိန်တွင် စစ်မှုထမ်းဟောင်းများကို ရနိုင်သလောက် ပြန်လည် စုစည်း၍ ခိုင်မာသည့် ပြည်ထောင်စု အရန် တပ်မတော် (Union Auxiliary Forces) ဖွဲ့စည်းရေး လေးလံလှသည့် တာဝန်ကြီးကို သူ့ဖာသာ ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ 'The New Times of Burma' သတင်းစာကို စတင် ထူထောင်သူနှင့် ယင်း၏ အယ်ဒီတာ ဖြစ်လာခဲ့သည်။ သူသည် တရားသူကြီး ဦးကျော်မြင့်၏ အကိုလည်း တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေခဲ့သည်။ ထို့အပြင် သူ့သတင်းစာတွင် အသုံးပြုရန် အတွက် ဦးစော၏ အမှုကို ထိုအချိန်က ဦးတင်ထွဋ်သည် စူးစမ်း လေ့လာ နေခဲ့သည်ဟု အများက ယုံကြည်ခဲ့ကြသည်။ ၁၉၄၈ ခုနှစ်၊ စက်တင်ဘာလ အတွင်း တည၌ ဦးတင်ထွဋ်သည် စပတ်လမ်းရှိ သူ့သတင်းစာတိုက် ရုံးခန်းမှ ကားဖြင့် ထွက်ခွာရာ ပေါက်ကွဲစေနိုင်သော ကိရိယာ တခုက သူ့ကား အတွင်း ပေါက်ကွဲသွားသည်။ ဆီဒင်ကား အတွင်းရှိ ကားမောင်းသူနှင့် အစောင့် ဂေါ်ရခါး နှစ်ဦး (တဦးမှာ သူ့ဘေးတွင် ထိုင်နေသည်) မှာ ချက်ချင်းပင် သေဆုံး သွားခဲ့သည်။ ဗိုလ်မှူးချုပ် အနေဖြင့် သေလောက်အောင် ဒဏ်ရာရသွားပြီး၊ သိပ်မဝေးလှသော ရန်ကုန် ဆေးရုံကြီးသို့ တက်သုတ်ရိုက် ပို့ကြသော်လည်း ဆေးရုံကြီးရောက်ပြီး သိပ်မကြာမီမှာပင် သေဆုံး သွားလေသည်။ သဘာဝတရားက ပြက်ရယ်ပြု သကဲ့သို့ပင် လွန်ခဲ့သော တနှစ်ခွဲခန့်က ဦးအောင်ဆန်း လုပ်ကြံခံခဲ့ရသော အတွင်းဝန်ရုံးကို လှမ်းမြင်နိုင်သည့် နေရာ၌ ဤရာဇဝတ်မှု ဖြစ်ပွားခြင်း ဖြစ်သည်။ ဦးတင်ထွဋ် အသတ်ခံရမှုသည် ဦးအောင်ဆန်း လုပ်ကြံခံရမှုကြီးအား သူက သုတေသန ပြုလုပ်နေခြင်းနှင့် ဆက်နွယ် ပတ်သက် နေသလော၊ သို့မဟုတ် လက်နက်ကိုင်တပ်များ အတွင်း အားပြိုင်နေခြင်းနှင့် သက်ဆိုင်ပါသလော။ ၁၉၄၇ ခုနှစ်၊ အတွင်းက မော်လမြိုင်၌ ပြည်ထောင်စု စစ်ရဲတပ်ဖွဲ့ (Union Military Police) တွင် ဒု-ဗိုလ် အဖြစ် တာဝန် ထမ်းဆောင်နေသော တိုင်းရင်းသား ကရင်နီလူမျိုး (ကယား) ဖြစ်သည့် စောယိုးရူး (Saw Yoo Shoo) သည် သူ၏ ဗြိတိသျှ အရာရှိဖြစ်သူ ဗိုလ်ကြီး မိုက်ကယ်လီလေး (Captain Michael Lilley) ဇူလိုင်လ ၁၈ ရက်နေ့တွင် သူ့ထံသို့ ရောက်လာပြီး "အောင်ဆန်း မကြာမီ လုပ်ကြံခံရလိမ့်မယ်။ မငြိမ်မသက် ဖြစ်လာခဲ့ရင် မော်လမြိုင်မြို့ကို ထိန်းချုပ်ထားနိုင်ဖို့ အသင့်ပြင်ထားပါ" ဟု ပြောခဲ့သည်ကို ယနေ့ထက်တိုင် မှတ်မိနေသေးသည်။ ဗိုလ်ကြီးလီလေး မည်မျှလောက် ပိုမိုသိထားသည် ဆိုသည်ကို မည်သူမျှ မသိနိုင်တော့ချေ။ အဘယ်ကြောင့် ဆိုသော် သူသည် များမကြာမီ အချိန် အတွင်း မော်လမြိုင်မြို့တွင် ရုတ်တရက် သေဆုံး သွားခဲ့သောကြောင့် ဖြစ်သည်။ ဗိုလ်ချုပ်ထွန်းလှအောင်၊ ၁၉၀၂ ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ အင်္ဂလိပ် အစိုးရလက်ထက် ဘုရင့် ရဲတပ်ဖွဲ့ဝင်နှင့် မှုခင်း စုံစမ်း စစ်ဆေးရေး ဌာန၏ ဒု-ရဲချုပ်၊ ဦးစောနှင့် သူ့အပေါင်းအပါများကို လျင်မြန်စွာ ဖမ်းဆီးနိုင်ခဲ့သည့် အတွက် နိုင်ငံတော်၏ လေးစားမှုကို ခံခဲ့ရသည်။ တရားသူကြီးမင်း ဦးသောင်းစိန်နှင့် အတူတွဲ၍ ဦးစော၏ လုံခြုံရေး တာဝန်ကို ယူခဲ့ရသည်။ လွတ်လပ်ရေး ရပြီးနောက် ရဲချုပ် ဖြစ်လာခဲ့ပြီး၊ ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးရပြီးနောက် သြဂုတ်လတွင် ဗိုလ်ချုပ် ရာထူးဖြင့် ဒု-ဦးစီးချုပ် အဆင့်သို့ တိုးမြှင့်ခြင်း ခံခဲ့ရသည်။ ၁၉၆၀ ခုနှစ်တွင် ရန်ကုန်မြို့၌ ကွယ်လွန်သွားခဲ့သည်။ ဦးထွန်းလှအောင်သည် ဆင်း(ဒ်)ဟတ်(စ်) (Sandhurst) ဘုရင့် စစ်ကောလိပ်သို့ ဝင်ခွင့်ရခဲ့သူ ပထမဦးဆုံး မြန်မာ အမျိုးသားဖြစ်ပြီး ၁၉၂၂ ခုနှစ်တွင် သင်တန်းပြီးဆုံး၍ ဘွဲ့ရသည်နှင့် ဘုရင်၏ ရာထူး ခန့်ထားခြင်းကို ခံခဲ့ရသူ ဖြစ်သည်။ သူသည် ၁၉၄၈ ခုနှစ်နှောင်းပိုင်းတွင် လန်ဒန်ရှိ မြန်မာသံရုံးသို့ မြန်မာစစ်သံမှူး အဖြစ် စေလွှတ်ခြင်း ခံခဲ့ရသည်။ ထိုရာထူးမှာ ယခင်က သူကိုင်တွယ်ခဲ့ရသည့် ရာထူးထက် အဆင့်များစွာ နိမ့်သော ရာထူး ဖြစ်လေသည်။ ၁၉၅၁ ခုနှစ်တွင် ဗြိတိန်နိုင်ငံ၌ သူ့တာဝန်သက်တမ်း ကုန်ဆုံးခဲ့ပြီး သူသည် မိခင်တိုင်းပြည်သို့ ပြန်လာခဲ့သည်။ သို့သော် သူစီးလာသော သင်္ဘော သီဟိုဠ်ကျွန်း (ယခု သီရိလင်္ကာ) ကိုလံဘို ဆိပ်ကမ်း ဆိုက်ကပ်ချိန်တွင် သူ့ကို မြန်မာ ထောက်လှမ်းရေး အရာရှိများက လာရောက် တွေ့ဆုံပြီး သူကိုင်ဆောင်ထားသော နိုင်ငံကူး လက်မှတ်ကို ပယ်ဖျက် ပစ်လိုက်ကြသည်။ ဤသည်မှာ ရှင်းလင်းပြ၍ မရနိုင်လောက်သော ထူးဆန်းမှု ဖြစ်သည်။ ဤသို့ဖြင့် သူသည် သီဟိုဠ်တွင် ၁၉၅၄ ခုနှစ် အထိ သောင်တင် နေခဲ့ရသည်။ မြန်မာနိုင်ငံ၏ ဗမာ့ တပ်မတော်၌ အရင်းခံ အဆင့်အမြင့်ဆုံး စစ်တပ် အရာရှိကြီး ၄ ဦး ရှိသည့် အနက် ၁၉၄၉ ခုနှစ်၊ အရောက်တွင်မူ ဦးနေဝင်း တယောက်သာ ကျန်ခဲ့ပေတော့သည်။ လုပ်ကြံမှုကြီးနှင့် ကွဲပြားသည့် အမြင် ၃ ရပ် ၁၉၆၂ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ပထမဆုံး အကြိမ် ကျရောက်သည့် ဇူလိုင်လ ၁၉ ရက်နေ့ (ဝါ) အာဇာနည်နေ့တွင် အာဇာနည်ကုန်းသို့ စစ်ဝတ်စုံပြည့်ဖြင့် ချီတက်ကြရန် တော်လှန်ရေး ကောင်စီဝင်များ၏ စိတ်ကူးတွင် ပေါ်လာပြီး စီစဉ်ခဲ့ကြသည်။ တပ်မတော် စတင် တည်ထောင်ခဲ့သူ ဦးအောင်ဆန်းသာ အသက်ထင်ရှား ရှိခဲ့ပါမူ ယခု အာဏာသိမ်းမှုကို သဘောတူညီ ပေလိမ့်မည်ဟု ပြည်သူလူထုကို ပြသရန် ဖြစ်သည်။ တော်လှန်ရေး ကောင်စီဝင် ၁၇ ဦး ရှိသည့်အနက် ၁၄ ဦးသည် ထိုချီတက်မှု စီစဉ်ရေးနှင့် ပတ်သက်သည့် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။ ဗိုလ်မှူးချုပ် တင်ဖေက ဗိုလ်ချုပ်အောင်ဆန်း သေဆုံးခဲ့ရမှုကို ဝမ်းနည်းတသ ပြောဆိုလိုက်သည်။ ထိုအခါ ဗိုလ်ချုပ်နေဝင်းက ထရပ်လိုက်ပြီး … "ဘာလို့ ဝမ်းနည်းနေရမှာလဲ။ ဗိုလ်ချုပ်အောင်ဆန်းဟာ လူပျော့တယောက်ပဲ။ ဒါ့အပြင် တိုင်းပြည်ရဲ့ ပြဿနာတွေ အပေါ် သူ့ထက်စာရင် ဘယ်လို ကိုင်တွယ်ရမယ် ဆိုတာ ငါ အများကြီး ပိုသိတယ်" ဟု ခပ်ပြတ်ပြတ် ပြောဆိုလိုက်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ အာဇာနည်ဗိမာန်သို့ ချီတက်မည့် မဟာစီမံကိန်းကြီးမှာ ချက်ချင်းပင် ပျောက်ကွယ် သွားခဲ့လေတော့သည်။ ဤသို့အားဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံ ခေါင်းဆောင်ကြီးများ လုပ်ကြံခံရပြီးနောက် ဗြိတိန်နှင့် မြန်မာနိုင်ငံရှိ လူ့အဖွဲ့အစည်း အတွင်းတွင် လုပ်ကြံမှုကြီးနှင့် ပတ်သက်၍ အမြင်သုံးမျိုး ပေါ်ထွက်လာခဲ့သည်။ အတိုချုပ်ဆိုရလျှင် ၎င်းတို့မှာ .… (၁) တရားဆိုင်မှုသည် တရားမျှတပြီးလျှင် ဦးစောအား အဓိက လက်သည်တရားခံ အဖြစ် ဖော်ထုတ်နိုင်ခဲ့သည်။ (၂) ဦးစောသည် ဆင်ကွက်ထဲ ဝင်မိခဲ့ပြီး တရားဆိုင်မှု တရပ်လုံးသည် တရားရေး ပြယုဂ်သာ ဖြစ်သည်။ (၃) ဦးစောသည် အပြစ်လည်း ရှိသည့်အပြင် ဆင်ကွက်ထဲသို့လည်း ဝင်မိခဲ့သည်။ ပထမ အမြင်သည် မြန်မာအ များစု ကိုယ်တိုင် ယုံကြည်သော အမြင်ဖြစ်ပြီး မြန်မာ ရဲအာဏာပိုင်များနှင့် စာရေးဆရာများ တင်ပြကြသော တရားဝင် အမြင်တရပ်လည်း ဖြစ်သည်။ ဒုတိယအမြင်မှာ ၁၉၄၀ ခုနှစ်၊ နှောင်းပိုင်းကာလက မြန်မာနိုင်ငံတွင် အမှုထမ်းခဲ့ဖူးပြီး ယခုအခါ ဗြိတိန်နိုင်ငံတွင် ရောက်ရှိ နေထိုင် နေကြသော ဗြိတိသျှ အရာရှိ အများအပြား၏ စွဲမြဲသော အမြင် ဖြစ်သည်။ တတိယ တွေးခေါ်မှု အမြင်မှာမူ အခြေခံအားဖြင့် ပြည်ပရောက် သဘောထား ကွဲလွဲသူ မြန်မာများအကြား မကြာမီ အချိန်ကမှ ပေါ်ထွက်လာသည့် အမြင် ဖြစ်သည်။ လုပ်ကြံမှုကြီးကို ကျူးလွန်စေခဲ့ရသည့် နောက်ကွယ်မှ အကြောင်းတရားသည် လုပ်ကြံ သတ်ဖြတ်မှုလေး တခုပေလော၊ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်၊ သာယာလှမောသော ဖလော်ရီဒါ၏ ညနေခင်း တချိန်တွင် ဗမာ့ လက်နက်ကိုင် ပုလိပ် သောင်းကျန်းမှု နှိမ်နင်းရေး တပ်ဖွဲ့ (Burma Armed Police Striking Force) တွင် အမှုထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းတွင် ပေဖူးလွှာ မဂ္ဂဇင်းကို အယ်ဒီတာချုပ် အဖြစ် တာဝန်ယူ ထုတ်ဝေခဲ့သူ၊ ၁၉၉၁ ခုနှစ်က ရန်ကုန် ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သူ ဗိုလ်လက်ျာ၏ ညီငယ် ဦးမြလှိုင် (ဆေးကုသခံယူရန် ၁၉၈၇ ခုနှစ်၊ ဇူလိုင်လ ကတည်းက အမေရိကန်သို့ ရောက်နေခြင်းဖြစ်) ၏ နေအိမ် ဖလော်ရီဒါ (Florida) ၌ အလုပ်လုပ်နေသော မြန်မာ ဆရာဝန် တဦးဖြစ်သည့် ဒေါက်တာကြင်ဟိုး (ခေါ် ) ဒေါက်တာနိုင်ဝင်းတို့ နှစ်ဦး ညစာ စားသောက်နေချိန်တွင် ၎င်းအကြောင်းအရာတို့ အပေါ် စကား စပ်မိသွားကြသည်။ ဆရာဝန်က မေးခွန်းမျိုးစုံကို အားတက်သရော မေးသည်။ သူ့မိတ်ဆွေက နိုင်ငံရေးသမား တဦးဖြစ်သည့် 'ရန်ကုန်ဘဆွေ' ဟု လူသိများသော သူ၏ တွဲဖက် တဦးပါ၊ ပါဝင် ပတ်သက်ခဲ့သည့် အံ့သြ ရင်ဖိုစရာ ဇာတ်လမ်းတရပ်ကို ဖော်ထုတ် ပြောပြလေတော့သည်။ သူနှင့် ရန်ကုန်ဘဆွေတို့ နှစ်ဦးမှာ ဦးစော၏ အသက်ကို ရန်ရှာသယောင် ကြံစည်နိုင်ရန် အတွက် ၂ လကြာ သင်တန်းပေး လေ့ကျင့်ခံရကြောင်း၊ ထိုသို့ ကြံစည်ခြင်းဖြင့် ဦးအောင်ဆန်းကို သွေးထိုး မြှောက်ပင့်ပေးသူ အဖြစ် အထင်မှား အမြင်မှားစေရန် ဖြစ်ကြောင်း သူက အတိအလင်း ဖွင့်ဟခဲ့သည်။ ဤသို့သော သူရဲဘောကြောင်လှသည့် လုပ်ရပ်အား စည်းရုံး စီမံသူများမှာ အခြားသူများ မဟုတ်။ ဗိုလ်ချုပ်နေဝင်းနှင့် သူ၏ အနီးကပ်ဆုံး လုပ်ဖော်ကိုင်ဖက် ဖြစ်သူ ဗိုလ်မှူးချုပ် အောင်ကြီးတို့သာ ဖြစ်သည်ဟု ဦးမြလှိုင်က ပြောပြခဲ့ပါသည်။ ဒေါက်တာကြင်ဟိုး ပြန်ပြောင်း ပြောပြသည့် ဦးမြလှိုင်၏ ပြောဆိုချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။ တနေ့ ကျနော် စစ်ရုံးမှာ အလုပ်ပြီးလို့ အိမ်ပြန်မယ် အလုပ်မှာ ကျနော့် ဆရာ ဗိုလ်အောင်ကြီးက "ကိုမြလှိုင် ခင်ဗျား အိမ်မပြန်နဲ့အုံး၊ ကျနော့်အိမ် လိုက်ခဲ့။ အရေးကြီးတဲ့ ကိစ္စတခု ဆွေးနွေးစရာ ရှိတယ်" လို့ ကျနော့်ကို ပြောပါတယ်။ ကျနော် သူနဲ့ လိုက်သွားပါတယ်။ အဲဒီနောက် သူက ကျနော့်ကို မေးတယ်။ "ခင်ဗျားမှာ ငွေ ဘယ်လောက် ရှိသလဲတဲ့"။ ကျနော်က … "ကျနော့်မှာ ငွေတသိန်း၊ နှစ်သိန်းလောက်တော့ ရှိတယ်" လို့ ပြန်ဖြေတော့ သူက … "ကောင်းတယ်၊ ဒါဆို ခင်ဗျားအိမ် အတွက် လုံလောက်တယ်။ ကျနော်တို့မှာ အထူးတာဝန် တခု လုပ်စရာ ရှိတယ်။ ကျနော့် အိမ်မှာ ခင်ဗျားနေ၊ အားလုံး ကိစ္စ ဝိစ္စပြီးရင် ခင်ဗျား အိမ်ပြန်နိုင်တယ်" လို့ ပြောပြတယ်။ ဒီလိုနဲ့ ဗိုလ်အောင်ကြီး အိမ်မှာ ကျနော် ၂ လလောက် နေခဲ့ရတယ်။ ရန်ကုန်ဘဆွေကတော့ ဗိုလ်နေဝင်း အိမ်မှာ နေပြီး သေနတ်တလက်နဲ့ အပစ် လေ့ကျင့် နေရတယ်။ လုံးဝ သေချာဖို့ ကျနော်တို့ကို ပိုလေ့ကျင့်ပေးတာပါ။ (တကယ်တမ်းက ရန်ကုန်ဘဆွေက လက်တည့် ပြီးသားပါ)။ ဦးစောရဲ့ လှုပ်ရှားမှုကို ကျနော်တို့ အသေးစိတ် လေ့လာရတယ်။ သူ ရုံးကို သွားဖို့ အိမ်ကနေ ဘယ်အချိန် ထွက်တယ်။ ဘယ်အချိန် ပြန်ရောက်တယ် စသဖြင့်ပေါ့။ ဦးစော အသက်ကို ရန်ရှာဖို့ လုပ်တဲ့နေ့က သူက သူ့အနက်ရောင် ကားကြီးထဲမှာ ဒရိုင်ဘာဘေးက ထိုင်လိုက်လာတယ်။ ကျနော်တို့ သူ့နောက်က ကပ်လိုက်သွားတယ်။ နေရာကောင်းလဲ ရောက်ရော၊ ကျနော်က သူ့ကားကို ကျော်တက်လိုက်တယ်။ အဲဒီ အချိန်မှာ ရန်ကုန်ဘဆွေက သေနတ်ခလုတ်ကို ဆွဲဖြုတ်လိုက်တာပဲ။ ပထမ ပစ်ချက်က ဦးစော နဖူးကို ရှပ်မှန်သွားတယ်။ ဒါအရေးကြီးဆုံး ပစ်ချက်ပဲ။ ရန်ကုန်ဘဆွေက နောက်တချက် ထပ်ပစ်တယ်။ အဲဒါက ဦးစောကို မထိဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဦးစောက သူ့ထိုင်ခုံအောက် လျှောချလိုက်လို့ပဲ။ တတိယ အချက်ကတော့ မိုးပေါ် ထောင်ပစ်လိုက်တာပါ။ ရန်ကုန်ဘဆွေက … "ဟေး၊ ကိုမြလှိုင်၊ မောင်းပြေးပေတော့" လို့ အော်ပြောလိုက်တယ်။ ကျနော် ဘယ်လောက်မြန်မြန် မောင်းလိုက်လဲ မသိဘူး။ အိမ်ကို ဘယ်လို ပြန်ရောက်လာမှန်းတောင် မသိတော့ဘူး။ သေနတ်ကတော့ ဗိုလ်နေဝင်းရဲ့ ကိုယ်ပိုင်သေနတ်ပါ။ ရန်ကုန်ဘဆွေနဲ့ ကျနော်တို့ လုပ်ကြံတာကို ဦးစော လုံးဝ မသိခဲ့ပါဘူး။ ဒါကတော့ ကျနော်တို့ ၄ ယောက်၊ ဗိုလ်နေဝင်း၊ ဗိုလ်အောင်ကြီး၊ ရန်ကုန်ဘဆွေနဲ့ ကျနော်တို့ပဲ သိတာပါ။ ဦးအောင်ဆန်း အသတ်မခံရမီ ၁၀ လ အလို ၁၉၄၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ဦးစော အသက်ကို ရန်ရှာခြင်းနှင့် အခင်းဖြစ်ပွားရာတွင် ပြည်သူ့ ရဲဘော်များ ပါဝင် ပတ်သက်နေပုံရခြင်းတို့ကို လုပ်ကြံမှု အတွက် စေ့ဆော်ချက် အဖြစ် တရားဆိုင်နေစဉ် အတွင်းတွင်ပင် ကိုးကားခြင်း ခံခဲ့ရလေသည်။ ခေတ်ပြိုင်ဂျာနယ် ထုတ်ဝေသူ ဦးတင်မောင်ဝင်းသည် ၁၉၉၇ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် ဂျာနယ်တွင် ဒုတိယအကြိမ် ထုတ်ဝေသော ကျွန်ုပ်၏ စာအုပ် အပေါ်တွင် ခြုံငုံ ရေးသားရာ၌၊ "၎င်းအပြင် ဤဤ ထိုထို အနှီသို့သော ခေါင်းဆောင်တို့၏ နောက်လိုက်ဆိုသူ အချို့တို့သည် မိမိတို့ ဆရာ၏ နိုင်ငံရေး ရန်သူဟု ထင်မှတ်သူများ အပေါ် မိမိတို့ဘာသာ မိမိတို့ အစီအစဉ်ဖြင့် ကြိမ်ဖန်များစွာ ပူးပေါင်း ကြံစည်မှု ပြုလာကြသည်။ စာရေးဆရာ ရန်ကုန်ဘဆွေ ကိုယ်တိုင်က သူနှင့် ဦးမြလှိုင်တို့သည် ဗိုလ်ချုပ်အောင်ဆန်း၏ ရည်ရွယ်ချက်၊ ဦးတည်ချက်များ အပေါ် အထင်အမြင် မှားစေရန် ခပ်ရူးရူး၊ ခပ်ရမ်းရမ်း အမြတ်ထုတ် လုပ်ဆောင်မှုများတွင် ပါဝင် ဆောင်ရွက်ခဲ့ကြောင်း၊ ၁၉၇၂ ခုနှစ်ပိုင်း၌ ဘန်ကောက်ရှိ မိတ်ဆွေ အဝန်းအဝိုင်း အတွင်းတွင် ဖွင့်ဟ ဝန်ခံခဲ့ဖူးသည်" ဟု ဖော်ပြခဲ့သည်။ ၁၉၆၉ ခုနှစ်မှ ၁၉၇၈ ခုနှစ် အထိ လက်နက်ကိုင် တော်လှန်ရေးနည်း အရ ဦးနု ဦးဆောင်ပြီး မဆလအား တော်လှန်ရာတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ မြဝတီ ဦးရဲခေါင် (ယခု သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တွင် အခြေချ နေထိုင်နေသူ) ကို မေးမြန်းရာတွင်လည်း အောက်ပါအတိုင်း သူသိသမျှ စုံလင်စွာ ပြန်လည် ပြောပြခဲ့ပါသည်။ ဗိုလ်နေဝင်းသည် သူ့ဘဝ ရှေ့ရေးအတွက် ပြဿနာ တရပ်ကို စဉ်းစားရာ၌ ကစားသမားပီပီ အမှား အမှန်ကို အဓိက မထားဘဲ အနိုင် အရှုံးကိုသာ အမြဲတမ်း အဓိက ထားတတ်သူဖြစ်၍ ဗိုလ်ချုပ်အောင်ဆန်း တပ်မှ ထွက်ကာ နိုင်ငံရေး နယ်ထဲသို့ ဝင်ရောက်သွားချိန်တွင် သူ၏ စဉ်းစားခန်း ဝင်ခဲ့သည်မှာ ဂဠုန်ဦးစောသည် တချိန်က နန်းရင်းဝန်ဟောင်း တဦးဖြစ်လျက်၊ သူ့ကို အထင်သေး၍ မရ၊ အကယ်၍ သူသည် မတော်တဆ ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံရေးအရ ဈေးကစားချက်အား ပြိုင်ရာ၌ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ 'တနှစ်အတွင်း လုံးဝ လွတ်လပ်ရေး' ဟု ကေ့းကြော်သံ မပေးဘဲ ဗြိတိသျှ အစိုးရအား 'ဒိုမီနီယန်' လျှော့ဈေးပေးကာ ဝန်ကြီးချုပ် ဖြစ်သွားခဲ့သော် ဦးတင်ထွဋ်သည် သူ့လူရင်း ဖြစ်ရုံသာမက ပညာ အရည်အချင်း အားဖြင့်လည်း ဗြိတိသျှ ပဋိညာဉ်ခံဝန်ထမ်း (ICS) ဖြစ်သောကြောင့် မျိုးချစ်ပါတီ အစိုးရတွင် ဧကန်မုချ ကာကွယ်ရေး ဝန်ကြီး ဖြစ်လာလိမ့်မည်။ ထို့ကြောင့် ဗိုလ်နေဝင်းသည် ရှေ့ဆက် မတွေးတော့ဘဲ ရန်ကုန်ဘဆွေနှင့် လွန်စွာ ရင်းနှီးသော မြင်းခြံသား ဗိုလ်ကြီး (ယပက်လက်) လှယွှေအား သွားခေါ်ခိုင်းလိုက်သည်။ ထို့နောက် (မြဝတီ ရဲခေါင် ပြန်ပြောင်းပြောပြသည့် ရန်ကုန်ဘဆွေ၏ ပြောဆိုချက်မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။ လုပ်ကြံမှုနေ့ ညနေပိုင်းမှ စတင်၍ ဖြစ်သည်။) ဂဠုန်ဦးစောအား ရှေးဦးစွာ သုတ်သင် ရှင်းလင်းရန် အတွက် သူနှင့် ကိုမြလှိုင်တို့ သည် စပတ်လမ်း တနေရာမှ ဂဠုန်စောအား သူ၏ 'သူရိယ' သတင်းစာတိုက် ရုံးပေါ်မှ ဆင်းလာပြီး ကားပေါ် တက်ချိန်အထိ စောင့်၍ သူ့ကားနှင့် မလှမ်းမကမ်းမှ ကပ်လိုက် သွားကြသည်။ ဂဠုန်ဦးစော အမြဲသွားလေ့ ရှိသော အိမ်ပြန်လမ်းများ အတိုင်း လိုက်သွားရာမှ အခါအခွင့် ကောင်းမည့် ရန်ကုန်ထောင်ကြီးနှင့် ပြည်လမ်းထိပ် တနေရာတွင် ရန်ကုန်ဘဆွေသည် ထိုအခွင့်ကောင်းကို လက်မလွှတ်ဘဲ သူက ကိုမြလှိုင်၏ ကားကို အရှိန်လျှော့စေ၍ သူ၏ လက်တွင်းမှ သေနတ်ဖြင့် ကားဒရိုင်ဘာနှင့် ယှဉ်ထိုင်ပြီး လိုက်ပါလာသော ဂဠုန်စော၏ နောက်စေ့တည့်တည့်ကို ချိန်ကာ ပထမအချက် ပစ်ထည့်လိုက်သည်။ သို့သော် လွန်စွာ အကင်းပါး၍ အမြဲမပြတ် သတိကပ်နေသော ဂဠုန်စောသည် သူ့ရှေ့ ကားမှန်ထဲမှ 'ပြည်သူ့ရဲဘော်' စစ်ဝတ်စုံ ဝတ်ထားသည့် လူနှစ်ယောက် အနက် ခေါင်းတုံးဆံတောက်နှင့် သူက သူ့အား သေနတ်ဖြင့် ချိန်လိုက်သည်ကို လှမ်းမြင်ရသော အချိန်၌ပင် သေနတ်သံ တချက်နှင့် အတူ သူ့နဖူး ပူခနဲ ဖြစ်သွားသည်။ ထိုအချိန်၌ပင် သူသည် ကားဖင်ထိုင်ခုံဘေး ဒရိုင်ဘာ ရှိရာဘက်သို့ သူ့ကိုယ်ကို လှဲအချ နောက်ထပ် သေနတ်သံ ၂ ချက် ထပ်ထွက်လာသည်။ ဒရိုင်ဘာကလည်း ကားကို ဘရိတ်အုပ်၍ ကားထဲ ငုံ့နေလိုက်သည်။ ကားမှန်ကွဲစများမှာ သူတို့ နှစ်ဦးလုံးကို လွင့်စင် ထိမှန်ကြသည်။ "ကိုရဲခေါင်ရယ်၊ လူတွေရဲ့ ကံဆိုတာ မှန်ပဲ မှန်သလားတော့ မပြောတတ်ပါဘူး။ ခင်ဗျားလဲ ကျနော့်လက်ကို အသိသားပဲ၊ ကျနော် ပစ်လိုက်တာကတော့ သူ့နောက်စေ့တည့်တည့်ကို ပစ်ထည့် လိုက်တာပါပဲဗျာ။ ဒါပေမဲ့ သူက ကားမှန်ထဲမှာ ကျနော်ကို မြင်လို့ လှည့်အကြည့်လိုက်မှာ ကျနော် ပစ်လိုက်တဲ့ ကျည်ဟာ သူ့နောက်စေ့ကို မမှန်ဘဲ သူ့နဖူးကို ရှပ်မှန်သွားတာပဲ" ဟု ကြိတ်မနိုင် ခဲမရ ပြောပြပါသည်။ ဤကား လွန်ခဲ့သော ၁၉၇၂ ခုနှစ်ခန့်က ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးအောင်၊ စာရေးဆရာ ရန်ကုန်ဘဆွေနှင့် မြောင်းမြဘဆွေတို့သည် ယိုးဒယားနိုင်ငံ ကလန်ဒန်မြို့ သြဇာခြံကြီး အတွင်း လျှို့ဝှက် ဖွင့်လှစ်ထားသည့် အသံလွှင့်ဌာနသို့ ဥက္ကဋ္ဌကြီး ဦးနုနှင့် တွေ့ဆုံရန်အလာ၊ အသံလွှင့်ဌာန၌ ၃ ရက်မျှ နေထိုင် သွားကြစဉ် အတွင်း၊ ကျနော့်အား ရန်ကုန်ဘဆွေက စကားစပ်မိ၍ ပြောပြခဲ့ဖူးသော ဖြစ်ကြောင်းကုန်စဉ်၊ ယုံချင်ယုံ မယုံချင်နေ၊ အတွင်းရေး သတင်းကလေးတကွက် ဖြစ်သတည်း။ အခြား စွပ်စွဲချက် တခုမှာ၊ ဝါရှင်တန်ဒီစီမှ ထုတ်လွှင့်သော 'လွတ်လပ်သော အာရှအသံ'၊ မြန်မာပိုင်း အစီအစဉ်၊ ၂၀၀၀ ခုနှစ်၊ အောက်တိုဘာလနှင့် စက်တင်ဘာလ ထုတ်လွှင့်ချက် (အမှတ် ၁၁၂ နှင့် ၁၁၃) တို့၌ အမေရိကန်နိုင်ငံ ဖလော်ရီဒါနယ်တွင် အခြေချ နေထိုင်နေသော သတင်းစာ ဆရာကြီး ကြေးမုံဦးသောင်း (ခေါ်) စာရေးဆရာ အောင်ဗလ၏ ပြောကြားချက်များတွင် နေဝင်း ပါဝင် ပတ်သက်မှု ရှိသည့် အချို့ အစိတ်အပိုင်းများကို ထုတ်ဖော်သွားခဲ့သည်။ ယင်းတို့မှ သက်ဆိုင်သည်များကို အောက်တွင် ကောက်နုတ် ဖော်ပြပါမည်။ ဦးအောင်ဆန်း၏ လုံခြုံရေးကို ကာကွယ်ရန် တာဝန် ပေးထားသော အထူးအစောင့် နှစ်ဦးသည် အမြဲတစေ ဦးအောင်ဆန်း၏ လက်တကမ်းတွင် ရှိပါလျက် အခင်းဖြစ်ပွားသော ဇူလိုင်လ ၁၉ ရက်နေ့ နံနက်က မရှိကြဘဲ ပျောက်ကွယ် နေကြသည်မှာ ဗိုလ်မှူးနေဝင်း၏ အစီအစဉ်ဟု မုချ ယုံကြည်ရလေသည်။ ထိုအစောင့်တို့မှာ ဗိုလ်နေဝင်း၏ လူများ ဖြစ်ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းကို လျှို့ဝှက် သက်တော်စောင့်များ အဖြစ် တာဝန် ပေးလိုပါသည်၊ စိတ်ချရသော ရဲဘော်များ ပေးပါဟု ဦးကျော်ငြိမ်းက ဗိုလ်နေဝင်းထံ တောင်းရာမှ ရရှိခဲ့သည်။ ဗိုလ်မှူး နေဝင်း ပေးသော သက်တော်စောင့် ၂ ဦးဖြစ်သူ ရဲဘော် ဘတုပ်နှင့် ရဲဘော် ရဲမြင့်တို့သည် သေနတ်ပစ် လက်ဖြောင့်ကြသည်။ ခြောက်လုံးပြူးနှင့် ပစ္စတို(လ်) ၁၀ ချက် ပစ်လျှင် ၈ ချက်တို့သည် ပစ်မှတ်တို့၏ ဗဟိုသို့ ထိမှန်အောင် ပစ်နိုင်သူများ ဖြစ်သည်။ ဗိုလ်နေဝင်း၏ ရာသက်ပန် လူယုံတော်၏ ဖျာပုံပြောက်ကျားတပ်မှ ပြောက်ကျားဗိုလ်၏ လက်စွဲများ ဖြစ်ကြသည်။ ထိုနေ့က ရှောင်နေကြသော သက်တော်စောင့် ၂ ဦးသည်လည်း ပျောက်သွားသည်။ ရက်အနည်းငယ်ကြာမှ အလောင်း တွေ့ကြရသည်။ အလံနီ သူပုန်တို့က သတ်သည်ဟု အမှု ပိတ်လိုက်သည်။ တက်ခေတ် နတ်ဆိုးများလား၊ သခင်ရှုမောင်၊ (ခ) ဗိုလ်နေဝင်း၊ ပြည်မြို့ အနီးရှိ ပေါင်းတလည်မြို့၌ ၁၉၁၀ ခုနှစ်တွင် မွေးဖွားသည်။ ရန်ကုန်မြို့၊ ကိုရှုမောင်သည် ဂျပ်ဆင် ကောလိပ်တွင် တက်ရောက် ပညာသင်ကြားခွင့် ရခဲ့သော်လည်း ၁၉၃၁ ခုနှစ်တွင် ဘွဲ့မရဘဲ ကျောင်းထွက်ခဲ့ရပြီး၊ ယခင်ချာချီလမ်း (ယခု ကိုယ့်မင်းကိုယ်ချင်းလမ်း) ရှိ ရန်ကုန်မြို့၊ ဆင်ခြေဖုံး ရပ်ကွက် စာတိုက်ခွဲတခုတွင် အငယ်တန်းစာရေးလေး ဖြစ်ခဲ့သည်။ ထိုသို့ စာတိုက်စာရေး၊ ထို့နောက် သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့၏ နောက်လိုက် ဘဝမှ ရဲဘော်သုံးကျိပ်ဝင် ဖြစ်လာပြီးနောက် ၁၉၄၃ ခုနှစ်မှ ၁၉၄၅ ခုနှစ် အထိ မြန်မာ့ အမျိုးသား တပ်မတော်၏ စစ်ဦးစီးမှူး ဖြစ်သည်။ ၁၉၁၁ ခုနှစ်တွင် မွေးဖွားခဲ့သည့် တရုတ်-မြန်မာ ကပြားဖြစ်သူ ငယ်နာမည် ရှုမောင် (ခေါ်) ဦးနေဝင်းသည် ဦးနုထက် ၄ နှစ်ငယ်ပြီး ဦးအောင်ဆန်းထက် ၅ နှစ်ကြီးသူ ဖြစ်သည်။ ရဲဘော်သုံးကျိပ် အဖွဲ့ဝင် ဖြစ်ပင် ဖြစ်သော်ငြားလည်း ဦးနေဝင်းသည် ၁၉၄၆ ခုနှစ်၊ နောက်ပိုင်းကျမှသာ ယှဉ်ပြိင်သူများကို ရက်ရက်စက်စက် ဖယ်ရှားပြီး ထိပ်ပိုင်းနေရာသို့ မရမနေ စတင် တက်လှမ်းလာနိုင်ခဲ့ခြင်း ဖြစ်သည်။ လွတ်လပ်ရေး ရပြီးနောက် ကွန်မြူနစ်များ၊ ပြည်သူ့ ရဲဘော်များ တောခိုသွားပြီး အမှတ် (၁) နှင့် အမှတ် (၃) ဗမာ့ လက်နက်ကိုင်တပ်များ ပုန်ကန်ထ့ကသည့် အချိန်တွင် ဗိုလ်နေဝင်း၏ အမှတ် (၄) ဗမာ့ လက်နက်ကိုင်တပ်သည် အစိုးရ အတွက် တခုတည်းသော မှီခိုအားထားရာ အဓိကမဏ္ဍိုင် ကြီးဖြစ်လာခဲ့သည်။ သို့သော်လည်း နိုင်ငံတော် ကာကွယ်ရေးကို တပြည်လုံး ဖြန့်ကျက်ထားနိုင်ရန် အတွက် ဦးတင်ထွဋ်၏ ပြည်ထောင်စု အရန် တပ်ဖွဲ့များ ကဲ့သို့သော တပ်ဖွဲ့ အသစ်များကိုထူထောင်ခဲ့ရသည်။ ထို့နောက် ၁၉၄၉ ခုနှစ်မှ ၁၉၇၂ ခုနှစ် အထိ တပ်မတော်၏ ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ဆောင်ရွက်ကာ၊ ၁၉၆၂ ခုနှစ်တွင် စစ်တပ်ဖြင့် နိုင်ငံတော် အာဏာကို သိမ်းယူခဲ့သည်။ ထို့ကြောင့် ၁၉၆၂ ခုနှစ်မှ ၁၉၇၄ ခုနှစ် အထိ တော်လှန်ရေး ကောင်စီ၏ ဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ ၁၉၇၄ ခုနှစ်မှ ၁၉၈၁ ခုနှစ် အထိ ဆိုရှယ်လစ်နိုင်ငံ သမ္မတ အဖြစ် လည်းကောင်း၊ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ် အထိ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ ဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ ပြိုင်ဝံ့သူ မရှိ ဆောင်ရွက်ခဲ့သည်။ ရှုမောင်သည် အငယ်တန်း စာရေးလေး အဖြစ် အလုပ်လုပ်ဖက် ဒေါ်တင်တင်ကို ၁၉၃၀ ခုနှစ်လည်တွင် လက်ထပ်ခဲ့ပြီး သား ၂ ဦး ထွန်းကားခဲ့သည်။ သူတို့ ကွဲပြီးနောက် မနာလို ဝန်တိုပြီး ဒေါသနှင့် အာဃာတတရား ကြီးမားလှသည့် ဗိုလ်ချုပ်ကြီး နေဝင်း အဖြစ် မစ္စစ် ကေတီတောင်ကြီး (ခ) ကေတီဘသန်း (ခ) ခင်မေသန်းကို ၁၉၅၀ ခုနှစ် အစောပိုင်းတွင် လက်ထပ်ခဲ့သည်။ သူ့တွင် သမီး သုံးဦး ပါရှိလာခဲ့ပြီး နေဝင်းနှင့် သမီး ၂ ယောက်၊ သား ၁ ယောက် ရရှိခဲ့သည်။ သူသည် ၁၉၇၂ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ ၁၉၇၀ ခုနှစ်လည်တွင် ဒေါ်ကြာဆန်ဟု ခေါ်သော ရခိုင် အမျိုးသမီး တဦးကို ဇနီးမယား ပြုခဲ့သည်ဟု ကောလာဟလ ဖြစ်ခဲ့သည်။ ကုန်းဘောင်မင်းဆက်မှ ဘုရင် မင်းတုန်းမင်း၏ မြစ်တော်သူ ဂျွန်ရို့စ် ဘယ်လာမီ (June Rose Bellamy) (ခ) ရတနာနတ်မယ်ကို ၁၉၇၅/၇၆ ခုနှစ်တွင် တရားဝင် လက်ထပ်ခဲ့ပြန်သည်။ ယင်းအိမ်ထောင်မှာလည်း ခေတ္တမျှသာ ခံပြီး အိမ်တွင်း ရန်ဖြစ်မှု အတွင်း ဆေးလိပ်ပြာ ဖန်ခွက်ဖြင့် ပစ်ပေါက်မှုဖြင့် အဆုံးသတ် သွားခဲ့သည်။ မည်သူက စပစ်ပေါက်သည်နှင့် ပတ်သက်၍ သတင်းပြန့်ပွားမှု အတွင်း ဝိဝါဒ ကွဲလွဲမှုများ ရှိခဲ့သည်။ နောက်ဆုံး သိရှိရသည့် လက်ထပ်ထိမ်းမြားမှုမှာ ရန်ကုန်တက္ကသိုလ် သမိုင်းဌာနမှ သုတေသန ကထိက ဒေါ်နီနီမြင့်နှင့် ဖြစ်သည်။ သူ့နှင့် ကွဲပြီး ပြန်လည် လက်ထပ်ပြန်သည့် အတွက် ယင်းကို နှစ်ကြိမ်ဟု တွက်လျှင် စုစုပေါင်း (၆) ကြိမ် ရှိသည်။ ၂၀၀၂ ခုနှစ်၊ မတ်လတွင် သမက်နှင့် မြေး ၃ ယောက် ဖြစ်သော အေးဇော်ဝင်းနှင့် သားသုံးဦး ဖြစ်သူ အေးနေဝင်း၊ ကျော်နေဝင်း၊ ဇွဲနေဝင်းတို့မှာ မအောင်မြင်သော အာဏာသိမ်းရန် ကြံစည်မှုဖြင့် ဖမ်းဆီး ခံခဲ့ကြရသည်။ ထိုသို့ နိုင်ငံတော် သစ္စာဖောက်မှုဖြင့် ဖမ်းဆီးခြင်း ခံကြရပြီးနောက် ဦးနေဝင်းနှင့် သမီးဖြစ်သူ ခင်စန္ဒာဝင်းတို့ ကိုယ်တိုင်သည်ပင် အကျယ်ချုပ် ကျခံခဲ့ရသည်။ နိုင်ငံတော် အာဏာကိုသိမ်းရန် ပူးပေါင်း ကြံစည်မှုဖြင့် တရားစွဲခံရသူ ၄ ဦးကို ၉ လကြာ နိုင်ငံတော် ပုန်ကန်မှုဖြင့် စစ်ဆေး တရားစီရင်ကာ သေဒဏ် အပြစ်ပေးခဲ့သည်။ သူတို့အား စီရင်မည့်ရက်ကို မသတ်မှတ်သေးသော်လည်း သူတို့မှာ သေဒဏ်ကျခံရန် ထောင်တွင်း တနေရာတွင် ရှိနေဆဲ ဖြစ်သည်။ ထို့နောက် အာဏာရှင်အိုကြီးမှာ အကျယ်ချုပ် ကျနေစဉ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်မြို့ နေအိမ်၌ပင် သေဆုံးသွားသည်။ ဗိုလ်အောင်ကြီး၊ အငြိမ်းစား ဗိုလ်မှူးချုပ်၊ ၁၉၁၉ ခုနှစ်၊ ပြည်ခရိုင် ပေါင်းတည်မြို့တွင် မွေးဖွားခဲ့သည်။ တရုတ်-မြန်မာ မိသားစုမှ ဆင်းသက်ခဲ့သည်။ ဒုတိယကမ္ဘာစစ် မတိုင်မီ မြန်မာနိုင်ငံ လွတ်လပ်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ပြီး ၁၉၄၅ ခုနှစ်တွင် ဂျပန် ဆန့်ကျင်ရေး လှုပ်ရှားမှု၌ မြစ်ဝကျွန်းပေါ်နှင့် ဖျာပုံခရိုင် အတွင်း ဗိုလ်နေဝင်း၏ လက်ရုံး အရာရှိ တဦး အဖြစ် ပါဝင် လုပ်ကိုင်လာခဲ့သည်။ ထို့နောက် လွတ်လပ်ရေး ရအံ့ဆဲဆဲ တပ်မတော်ကို ပြန်လည် ဖွဲ့စည်းလိုက်သော အခါ အမှတ် (၄) ဗမာ့ သေနတ်ကိုင် တပ်ရင်းတွင် ဗိုလ်နေဝင်း၏ လက်အောက် အရာရှိအဖြစ် အမှုထမ်းခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် ဆိုရှယ်လစ် ပါတီ၏ စည်းရုံးရေးမှူး ဖြစ်ခဲ့ပြီး၊ ၁၉၅၈-၆၀ ခုနှစ်၊ အိမ်စောင့် အစိုးရ အဖွဲ့တွင် အဓိက နေရာများကို ရခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေး ကောင်စီဝင် ဖြစ်လာပြီး၊ ဒုကာကွယ်ရေး စစ်ဦးစီးချုပ်၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး ဖြစ်ခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် သူ၏ လက်တွေ့ကိုသာ အရေးထားသော ပေါ်လစီများကြောင့် အစိုးရ အဖွဲ့မှ ထုတ်ပယ်ခြင်း ခံရပြီး၊ ၁၉၆၅ မှ ၁၉၆၈ ခုနှစ်၊ ၁၉၇၃ ခုနှစ်များတွင် ထောင်ကျခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် စီးပွားရေးပေါ်လစီ၊ လူ့အခွင့်အရေး ဆုံးရှုံးမှုများနှင့် ပတ်သက်သော အိတ်ဖွင့် ဝေဖန်စာများကို နေဝင်းထံသို့ ရေးသားပေးပို့ခြင်း၊ ထိုစာများကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေခဲ့ခြင်း အားဖြင့် လူထု အုံ့ကမှုတွင် သြဇာ လွှမ်းမိုးခဲ့သည်။ ထိုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့တွင် ထိန်းသိမ်းခံရပြီး သြဂုတ်လ ၂၅ ရက်နေ့တွင် လွတ်မြောက်ခဲ့ကာ ဒီမိုကရေစီ လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ပြန်သည်။ စက်တင်ဘာလ ၃၀ ရက်နေ့တွင် မှတ်ပုံတင်ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ထိုပါတီမှ ဒီဇင်ဘာလ ၃ ရက်နေ့တွင် နှုတ်ထွက်ခဲ့ပြီး ပြည်ထောင်စု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် တည်ထောင်ခဲ့သည်။ ၁၉၉၀ ပါတီစုံး အထွေထွေ ရွေးကောက်ပွဲတွင် ရှုံးနိမ့်သွားပြီး နောက်ပိုင်းတွင် နိုင်ငံရေး၌ ပါဝင် လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။ စိန်လွင် (အငြိမ်းစား ဗိုလ်မှူးချုပ်)၊ "သားသတ်သမား" ဟု အမုန်းခံရသူ။ သူ၏ သခင် အာဏာရှင် နေဝင်းနှင့် နီးစပ်သူဖြစ်ပြီး ဘဝတလျှောက်လုံး ယုံကြည် စိတ်ချရသူ တဦးအနေဖြင့် ဂုဏ်ပြု ချီးမြှင့်ခံရသော စွယ်စုံရ ပုဂ္ဂိုလ်တဦး အဖြစ် သစ္စာရှိစွာ အမှုတော် ထမ်းခဲ့သည်။ ၁၉၄၃ ခုနှစ်မှ စ၍ တော်လှန်ရေးတွင် ပါဝင်ခဲ့ပြီး မျိုးချစ် ဗမာ့ တပ်မတော်မှ ဗမာ့ တပ်မတော် အသစ်တွင် အရာရှိဖြစ်ရန် လျှောက်ထားခဲ့သည်။ သို့သော်လည်း အရာရှိ ရွေးချယ်ရေး အဖွဲ့က သူ့ကို မရွေးချယ်ခဲ့ချေ။ သို့သော်လည်း စိန်လွင်က ရဲဘော် အဖြစ် စာရင်းသွင်းခဲ့ပြီး အမှတ် (၄) ဗျူးရစ်ဖ် (4th Bur:f) တပ်ရင်းမှူး ဖြစ်သူ ဗိုလ်မှူး နေဝင်း၏ ကိုယ်ပိုင် အမှုထမ်း အဖြစ် ထမ်းဆောင်ခဲ့သည်ဟု ယုံကြည်ရသည်။ ထို့နောက် အရာရှိ ဖြစ်လာခဲ့သည်။ ၁၉၅၁ ခုနှစ်၊ သြဂုတ်လတွင် ပထမဆုံး နာမည်ကြီးဖို့ ဖြစ်လာခဲ့သည်။ ထိုစဉ်က ဒု-ဗိုလ်မှူးကြီး အေးမောင်၏ ကွပ်ကဲမှုအောက်တွင် ကရင်ပြည်နယ် လှိုင်းဘွဲ့ အနီး ကေအဲန်ဒီအို စခန်းကို ဝိုင်းရာတွင် သူပါဝင်ခဲ့ပြီး တိုက်ပွဲအတွင်း ကရင်ခေါင်းဆောင် စောဘဦးကြီးကို အသေရမိသည်။ ထို့နောက် အဖေကြီး၏ သစ္စာတော်ခံ နောက်လိုက်နှင့် လူသတ်သမား အဖြစ် ၁၉၆၂ ခုနှစ်၊ ဇူလိုင်လတွင် တက္ကသိုလ်ကျောင်းသား ရာပေါင်းများစွာကို အသေပစ်ချခဲ့သော တပ်စုများကို သူ ကွပ်ကဲခဲ့သည်။ သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အအုံကိုလည်း ဖောက်ခွဲ ဖြိုချခဲ့သည်။ သူ့အနေဖြင့် သွေးလွှမ်းမှု အမျိုးမျိုး အတွက် တာဝန်ရှိခဲ့ပြီး ဦးသန့် ဈာပန ရုပ်ပျက်ဆင်းပျက် ဖြစ်ရမှုနှင့် ရှစ်လေးလုံး ရက်စက်မှုများက သူ့အတွက် နာမည် အပျက်ရဆုံးများ ဖြစ်ခဲ့သည်။ နေဝင်းက သူ့ကို သူ၏ ယုတ်မာရက်စက်သော လုပ်ဆောင်မှုများ အတွက် ကောင်းစွာ ချီးမြှင့်သည့် အနေဖြင့် ၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် နိုင်ငံတော် သမ္မတနှင့် မဆလ ပါတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးခဲ့သည်။ သြဂုတ်လ ၈ ရက်နေ့တွင် တတိုင်းတပြည်လုံး အနှံ့ ပြည်သူ သန်းပေါင်းများစွာသည် လမ်းမများပေါ်သို့ ထွက်၍ စစ်အုပ်စိုးမှု ရပ်စဲရန် တောင်းဆိုခဲ့ကြသည်။ ပြည်သူလူထု အတွက် ၂၆ နှစ်ကြာ ဖိနှိပ်ခံခဲ့ရမှုသည် လုံလောက်ခဲ့ပြီ။ စထွက်သည်နှင့် စိန်လွင်က ကြမ်းကြမ်းတမ်းတမ်း တုံ့ပြန်သည့် အနေဖြင့် ဆန္ဒပြမှုများအား သေနတ်ဖြင့် ပစ်ခတ် လူစုခွဲရန် ခြေမြန်တပ်မ (၂၂) မှ စစ်သားများကို စေလွှတ်ခဲ့သည်။ ဆန္ဒပြနေသူ လူအုပ်ကြီးများထဲသို့ စစ်တပ်က လက်လွတ်စပယ် ပစ်ခတ်ခဲ့မှုကြောင့် လူသုံးထောင် (၃,၀၀၀) ထက်မနည်း သေကြေခဲ့ရသည်။ ထိုသို့ ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံ အတွင်း သူ၏ ပြည်သူလူထု အပေါ် လူမဆန်စွာ ရမ်းကား သတ်ဖြတ်မှုများကြောင့် "ရန်ကုန်မှ သားသတ်သမား" အမည်ဖြင့် ကမ္ဘာကျော်ခဲ့ရသည်။ ပြည်သူလူထု၏ ဒီရေအလား ဆန့်ကျင့် အုံ့ကမှုများကြောင့် စိန်လွင်၏ သမ္မတ သက်တမ်းသည် ၁၈ ရက်သာ သက်တမ်း တည်မြဲခဲ့ပြီး၊ ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့တွင် တာဝန် အားလုံးမှ နှုတ်ထွက် ပေးခဲ့ရသည်။ ၂၀၀၂ ခုနှစ်၊ မတ်လတွင် သူ့ဆရာသခင် အိမ်အကျယ်ချုပ်သဖွယ် ခံရပြီးနောက် မကြာမီပင် သူလည်း တရားမဝင် ရရှိနေသော ခံစားခွင့်များ၊ သြဇာ အာဏာများ ဆုံးရှုံးခဲ့ပြီး မဖြစ်စလောက်သော စစ်တပ် ပင်စင် လစာလေးဖြင့် ဆင်းရဲနွမ်းပါးစွာ ရှင်သန် နေခဲ့ရသည်။ သူ၏ အစာအိမ်ရောဂါ အတွက် စင်ကာပူတွင် ကုသမှု ခံယူပြီး အပြန် ၂၀၀၄ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့ အသက် ၈၁ နှစ် အရွယ်တွင် ရန်ကုန်မြို့၌ သေဆုံးသည် နိဂုံး ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် နိုင်ငံရေးသမား တဦး တယောက်တည်း၏ အာဏာလောဘရမက်ကို ကျေနပ်မှု ပေးစေနိုင်ရန် အတွက် ရဲဘော်သုံးကျိပ် စစ်ခေါင်းဆောင်နှင့် ပြည်သူများ အပေါ် ဆွဲဆောင်မှု ထက်မြက်လှသည့် နိုင်ငံရေး ခေါင်းဆောင်ကြီး တဦးနှင့် အတူ ဗြိတိသျှ ကိုလိုနီ ကျွန်သပေါက် လက်အောက်ခံ ဘဝမှ လွတ်လပ်သော နိုင်ငံတော် ဘဝသို့ ကူးပြောင်းနေသည့် စပ်ကူးမတ်ကူး ကာလ မြန်မာနိုင်ငံတွင် ရှေ့တန်း အခန်းကဏ္ဍမှ ပါဝင် ခေါင်းဆောင်မှု ပေးနိုင်သည့် အခြားဉာဏ်ပညာ အရှိန်အဝါ ထက်မြက်လှသည့် ခေါင်းဆောင် ခြောက်ဦးနှင့် နိုင်ငံ့ဝန်ထမ်း သားကောင်း ရတနာ ၂ ဦးတို့ အသက် ဆုံးရှုံးခဲ့ရသည်။ ဤသည်ကား "အတော်ဆုံးသူများမှာ သူတို့ ကံကြမ္မာကို မြဲအောင် မတတ်နိုင်ကြ။ သူတော်ပေါင်း၊ နုကေ့ကောင်း၍ သူယုတ်မာ သက်ဆိုးရှည်သည်" ဖြစ်ပါလေသတည်း။ ထိုလုပ်ကြံမှုကြီးနှင့် ပတ်သက်၍ အဖြေ တစုံတရာ ပေးရန်ထက် 'ဂဠုန် ဦးစောနောက်မှာ ဘယ်သူတွေ ရှိပါလိမ့်' ဟူသော အတွေးနှင့် သို့လော သို့လော မေးခွန်းများ ထပ်မံ ပေါ်ပေါက်ကောင်း ပေါ်ပေါက်လာစေနိုင်သည့် ဦးအောင်ခင် သုတေသနပြု ထုတ်ဖော် ရေးသားထားသည့် (တတိယအကြိမ် တည်းဖြတ် ထုတ်ဝေသည့်) "ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ" စာအုပ်မှနေ စိတ်ဝင်စားဖွယ်ရာ အချက်အလက်များကို ကောက်နှုတ် ဖော်ပြ လိုက်ပါသည်။ ပြည့်ပြည့်စုံစုံ လေ့လာ ဖတ်ရှုလိုသူများ အနေဖြင့် ဒီကွန်ရက် စာမျက်နှာပေါ်မှာ လွှင့်တင်ထားပြီး ဖြစ်သည့် 'မြန်မာ eBook များ' (ဝါ) 'အတ္ထုပ္ပတ္တိများ' ၏ ကဏ္ဍခွဲ တခုဖြစ်သည့် 'အတ္ထုပ္ပတ္တိ စာပေများ' ထဲရှိ "ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ" စာအုပ်ကို ဆွဲယူ ဖတ်ရှုနိုင်ပါသည်။ ရင်းမြစ်..ူမန်မာ့ သတင်းဆက်သယ်ြရေး နည်းပညာအဖြဲႚ ထုတ်နှုတ် ကူးယူဖော်ပြခဲ့သည့် စာအုပ်။ 'ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ'၊ ဦးခင်အောင်၊ အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုသူ၊ ဒေါက်တာတင့်ဝေနှင့် ဒေါက်တာအေးကျော်၊ စာတည်းဖြတ်သူ၊ မြဝတီရဲခေါင်၊ ၂၀၀၄ ခုနှစ်၊ အောက်တိုဘာ၊ တတိယအကြိမ် ပြုပြင်တည်းဖြတ် ထုတ်ဝေခြင်း၊ ထုတ်ဝေသူ၊ ဒေါ်ခင်မျိုးအေး၊ ခေတ်ပြိုင် ဂျာနယ်တိုက်။
<urn:uuid:f7190c8f-edbb-485a-afb5-02da52727d4c>
CC-MAIN-2014-42
http://komoethee.blogspot.jp/2013/07/blog-post_19.html
2014-10-24T11:56:25Z
s3://commoncrawl/crawl-data/CC-MAIN-2014-42/segments/1414119645898.42/warc/CC-MAIN-20141024030045-00085-ip-10-16-133-185.ec2.internal.warc.gz
mya
0.957998
Mymr
42
{"mya_Mymr_score": 0.9579979777336121, "blk_Mymr_score": 0.040385324507951736}