id stringlengths 16 16 | title stringlengths 3 116 | date stringlengths 11 19 | text stringlengths 2 2.17k | url stringlengths 42 722 |
|---|---|---|---|---|
voa-mm-000000001 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | အာတိတ်ဒေသလို အပူချိန် သုညအောက်ရှိတဲ့ အအေးလွန်ကဲတဲ့ ဝန်းကျင်ကို ဝင်ရိုးစွန်းဝက်ဝံ polar bear တွေ ဘာကြောင့် ခံနိုင်ရည် ရှိတယ် ဆိုတာကို အိုင်ယာလန်က သုတေသနပညာရှင်တွေ တွေ့လာပါပြီ။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000002 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | ဒီတွေ့ရှိချက် ကနေ သဘာဝ PFAS ခေါ် မပျောက်ပျယ်တဲ့ ထာဝရဓါတုပစ္စည်း ထုတ်ဖို့ပါ မျှော်လင့်လာကြတာပါ။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000003 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | ရိုက်တာသတင်းတပုဒ်ပေါ် အခြေခံပြီး ဒေါ်ခင်မျိုးသက်က ပြောပြပေးပါမယ်။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000004 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | သိပ်အေးတဲ့ ဒေသ၊ အမြဲတမ်း ရေခဲနေတဲ့ ဒေသတွေမှာ ကိုယ်ခန္ဓာ လှုပ်ရှား သွားလာမှုဟာ ရေခဲနေတာကြောင့် ခက်ခဲလေ့ရှိပါတယ်။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000005 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | ဒါပေမယ့် ဝင်ရိုးစွန်း ဝက်ဝံတွေကတော့ ထူးခြားနေတာ ဖြစ်ပြီး နိုင်ငံတကာ သိပ္ပံပညာရှင်တွေပါတဲ့ အဖွဲ့တဖွဲ့ရဲ့ လေ့လာဆန်းစစ်ချက်တွေအရ သူတို့ကိုယ်ပေါ်မှာရှိတဲ့ ထူထဲတဲ့အမွှေးတွေမှာ ရေမခဲစေတဲ့ ထူးခြားတဲ့ ဂုဏ်သတ္တိရှိတာကို တွေ့ရှိခဲ့ကြတာပါ။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000006 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | ဒီတွေ့ရှိချက်ကနေ အာတိတ်ဒေသလို အအေးလွန်တဲ့ နေရာမျိုးကို ဒီဝက်ဝံမျိုးစိတ်တွေ ဘာကြောင့် ခံနိုင်ရည် ရှိနေကြတယ် ဆိုတာကို အဖြေရှာ နိုင်ခဲ့ကြပါတယ်။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000007 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | ဒါ့အပြင် ဒီဝင်ရိုးစွန်း ဝက်ဝံတွေမှာတွေ့ရတဲ့ ရေခဲမတင်တဲ့ ထူးခြားတဲ့ ဂုဏ်သတ္တိရှိတဲ့ ဓါတုပစ္စည်းတွေကို သဘာဝ အဆီလွှာ ပါး လေး တခု အဖြစ် ထိထိရောက်ရောက် သုံးနိုင်တာကိုပါ တွေ့လာတာကြောင့် သူ့ကို စက်မှုလုပ်ငန်းမှာ ရေမခဲစေတဲ့ပစ္စည်း အဖြစ် အသုံးချဖို့ပါ ဖြစ်နိုင်ခြေရှိနေတာပါ။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000008 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | သုတေသန ပညာရှင်တဦးဖြစ်တဲ့ Dublin - Trinity ကောလိပ် ဓါတုဗေဒ ကျောင်းနဲ့ AMBER အိုင်ယာလန် သုတေသနစင်တာ က ပါရဂူကျောင်းသား Julian Carolan ကတော့ ဒီဝက်ဝံတွေ နှင်းတောထဲ နေပေမယ့် သူတို့ကိုယ်မှာ ရေခဲမတင်ပဲ ဖြစ်နေတာဟာ သိပ်ထူးဆန်းနေလို့ စူးစမ်းချင်လာတယ် လို့ ပြောပါတယ်။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000009 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | “သူတို့ဆီမှာ အံ့သြစရာ ဂုဏ်သတ္တိတမျိုး ရှိနေသလိုပဲ။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000010 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | နှင်းတောထဲမှာ ဂျွမ်းထိုးနေနိုင်သလို သုညဒီဂရီ အောက်ရောက်အောင် အေးတဲ့ နေရာမှာ တောင်စောင်းတွေကနေ လျှောဆင်းနိုင်တယ်။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000011 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | ဒါပေမယ့် သူတို့ကိုယ်မှာ ရေခဲတွေ တင်မနေဘူး။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000012 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | အာတိတ်ဒေသကို ကျနော့်လိုမျိုး လူတွေသွားရင် ဆံပင်တွေ၊ မျက်ခုံမွှေးတွေ၊ မုတ်ဆိတ်ထားတဲ့သူဆို မုတ်ဆိတ်မွှေးတွေမှာ နှင်းတွေဖုံးပြီး ရေတွေ ခဲနေတတ်တယ်။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000013 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | ဒါကြောင့်လည်း ဒီစူးစမ်းရေးကို စလုပ်ဖို့ စိတ်ဝင်စားလာတာပါ။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000014 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | ”
Dublin - Trinity ကောလိပ်က သုတေသန ပညာရှင်တွေဟာ ဝင်ရိုးစွန်းက ဝက်ဝံရိုင်း ၆ ကောင်ရဲ့ ကိုယ်က အမွှေးတွေကို နမူနာယူပြီး သူတို့ရဲ့ ထူထဲတဲ့ အမွေးတွေ ပေါ်မှာ သဘာဝအလျှောက် ဖုံးနေတဲ့ အဆီလွှာမှာ ပါဝင်တဲ့ ဓါတု ပစ္စည်းတွေ ကို အဓိကထား လေ့လာခဲ့ကြပါတယ်။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000015 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | သူတို့ရဲ့ တွေ့ရှိချက်ကို Science Advances စာစောင်မှာ တင်ပြခဲ့တာပါ။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000016 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | ဒီဝက်ဝံရဲ့ ကိုယ်ပေါ်က အမွှေးတွေကို ဖုံးနေတဲ့ အဆီလွှာမှာ cholesterol, diacylglycerols နဲ့ ဖက်တီးအက်ဆစ် တွေ ပါဝင်နေပြီး၊ သူက ရေခဲမှာကပ် မနေအောင် သိသိသာသာ လုပ်ပေးနိုင်တာ တွေ့ရပါတယ်။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000017 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | ဒီအဆီလွှာကို ဖယ်ရှား လိုက်တဲ့ အခါ ဒီဝက်ဝံမွှေးတွေဟာ လူ့ဆံပင်မွှေးတွေ လိုပဲ ရေခဲတွေ လွယ်လွယ် ကူကူ ကပ်နိုင်တာ တွေ့ရပါတယ်။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000018 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | ရေခဲတွေ သူတို့အမွှေးမှာ ကပ်မနေအောင် ဒီ အမွှေးထဲက အဆီတွေက အဓိက လုပ်ဆောင်ပေးတာ တွေ့ရတယ်လို့လည်း Julian Carolan က ပြောပါတယ်။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000019 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | “အဓိကအချက် ကတော့ ဝက်ဝံမွှေးအဆီ မှာပါတဲ့ ပစ္စည်းတွေက ရေခဲတွေ ကပ်မနေအောင် လုပ်ပေးတာပါ။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000020 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | သူတို့ရဲ့ အမွှေးမှာရှိတဲ့ အဆီကို ခွဲထုတ်ပြီး စစ်ဆေးစမ်းသပ် ပါတယ်။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000021 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | ဘာလို့လည်း ဆိုတော့ အဲဒီမှာ ပါနေတဲ့ ဓါတ်ပစ္စည်းတွေက သိပ်ကိုရှုပ်ထွေးလို့ပါ။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000022 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | အဲဒီမှာပါတဲ့ ဓါတ်ပစ္စည်းတချို့က သိပ်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000023 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | အဲဒါတွေနဲ့ ရေခဲနဲ့ ဘယ်လို သက်ရောက်မှု ရှိလည်းဆိုတာ စမ်းကြည့်တော့ သူတို့ ကပ်မနေအောင် လုပ်နိုင်တာတွေ့ရတယ်။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000024 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | ဒါကြောင့် ဝင်ရိုးစွန်း ဝက်ဝံတွေမှာ ရေခဲ မကပ်အောင် သူတို့က လုပ်ပေးနေတာပါ။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000025 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | ”
ဒီတွေ့ရှိချက်ကနေ ရေမခဲစေတဲ့ သဘာဝပစ္စည်း တမျိုး တီထွင်ဖန်တီးဖို့ သုတေသနတွေ စဉ်းစားလာကြပါတယ်။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000026 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | ဝက်ဝံမွှေးမှာ ရှိတဲ့ ဒီအဆီဟာ အခုလို ရေမခဲစေတဲ့ အကျိုးကျေးဇူး ပေးရုံမကပါဘူး။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000027 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | ဒီဝက်ဝံကြီးတွေ သားကောင်ရှာတဲ့ အမဲလိုက်တဲ့ နေရာမှာ အသံ လုံလုံနဲ့ ချောင်းနိုင်တဲ့ အပြင် သူတို့ သွားလာရေးမှာ လွယ်လွယ်ကူကူ လျှောပြီး သွားနိုင်တာကြောင့် စွမ်းအင်လည်း သိပ်သုံးစရာ မလိုတော့ဘူးလို့ ပြောပါတယ်။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000028 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | "ဝင်ရိုးစွန်းဝက်ဝံ ကို အနီအောက်ရောင်ခြည် အောက်မှာကြည့်ရင် သူတို့မှာ တကယ် ထိရောက်တဲ့ အပူကာပစ္စည်း ရှိနေတာ တွေ့ရမယ်။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000029 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | သူတို့မှာ အဆီတွေရှိတယ်၊ ထူထဲတဲ့ အမွှေးတွေရှိတယ်။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000030 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | အမွှေးက တကယ်ထူတယ်။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000031 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | သူတို့ကိုယ်က အလေးချိန်များနေတော့ သူတို့လှုပ်ရှားရတာ ခက်တယ်။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000032 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | တကယ်လို့ သူတို့ကိုယ်မှာ ရေခဲတွေ ကပ်နေမယ် ဆိုရင် ရေခဲနဲ့ ညပ်နေတာမျိုး၊ ဒါမှမဟုတ် ဖျံကို လိုက်ဖမ်းတဲ့ အခါမျိုးမှာ သိပ်ခက်မယ်။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000033 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | နောက် သူတို့ အမဲလိုက်မယ် ဆိုရင်လည်း ပြဿနာရှိမယ်။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000034 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | ရေခဲတွေနဲ့ ကပ်နေမယ်ဆို သူတို့လှုပ်ရှားတိုင်း အသံက ထွက်နေမှာ။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000035 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | သားကောင်ကို ချောင်းလို့ ရမှာ မဟုတ်ဖူး။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000036 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | ဒါကြောင့် ရေခဲတွေ ကပ်မနေဖို့က သိပ်အရေးကြီးတယ်။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000037 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | ရီစရာပြောရရင် ဒီကောင်တွေက တောင်စောင်းတွေမှာဆို လျှောဆင်းပြီး ခရီးတွင်အောင် သွားတတ်တယ်။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000038 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | ဘာလို့လည်း ဆိုတော့ သူတို့က သိပ် မပြေးနိုင်ကြဘူးလေ။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000039 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | ဘာနဲ့တူလဲ ဆိုတော့ စနိုးဂီယာ အပြည့်ထိုးပြီး ပြေးသလိုပဲ။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000040 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | သူတို့က တောင်စောင်းတွေမှာရော နှင်းလျှောစီးသလိုရော သွားလေ့ရှိတယ်။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000041 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | သူတို့က ရေခဲပြင်ပေါ်မှာ အသံမထွက်ပဲ ညင်ညင်သာသာလေး သွားနိုင်တာမို့ တပန်းသာ နေတယ်။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000042 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | ”
ဝက်ဝံမွှေးမှာ ရှိတဲ့ ရေမခဲစေတဲ့ အဆီလွှာကို ဆန်းစစ်လေ့လာမှု ကနေ ရေမခဲစေတဲ့ သဘာဝပစ္စည်း တမျိုး တီထွင်ဖန်တီးဖို့ သုတေသနတွေ ကျယ်ကျယ်ပြန့်ပြန် လုပ်လာကြသလို ၊ ရေခဲလောက်အောင် သိပ်ကိုအေးတဲ့ နေရာမှာ ရေမခဲအောင် လုပ်ပေးနိုင်မယ့် သုတ်ဆေးလို အလွှာပါးကလေးတမျိုး တီထွင်နိုင်မယ် ဆိုတာကိုပါ သိလာကြပါတယ်။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000043 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | လူတွေအတွက် အသုံးတဲ့တဲ့ အန္တရာယ်ကြီးတဲ့ ဖလိုရင်းနဲ့ ကာဗွန်တွေ ပါတဲ့ PFAS fluorinated ကွန်ပေါင်း နေရာမှာ ဒီဝင်ရိုးစွန်းဝက်ဝံတွေရဲ့ အမွှေးက သဘာဝအဆီကို အစားထိုးနိုင်ဖို့ မျှော်လင့်တယ်လို့လည်း သိပ္ပံပညာရှင် Carolan က ပြောပါတယ်။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000044 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | “ ဟုတ်ပါတယ်။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000045 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | ဒါက မျှော်လင့်ချက်ပါ။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000046 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | fluorinated ဒြပ်ပေါင်းတွေ ဖြစ်တဲ့ PFAS က ရေခဲမကပ်အောင် တကယ်ထိထိရောက်ရောက် လုပ်ပေးနိုင်ပါတယ်။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000047 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | အဲဒီဒြပ်ပေါင်းက ကျနော်တို့လူနေမှုဘဝမှာ အတော်နေရာယူ ပေမယ့် အတော်လည်း အန္တရာယ်ရှိတာမို့ သိပ်ဆိုးပါတယ်။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000048 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | ဒါကို ထာဝရ ဓါတုပစ္စည်း - ‘forever chemicals’ လို့ ခေါ်ကြတာကလည်း အကြောင်းရှိပါတယ်။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000049 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | သူတို့က သဘာဝ ဝန်းကျင်မှာ ပျောက်မသွားပဲ အကြာကြီး နေနိုင်လို့ပါ။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000050 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | အဲဒီတော့ သူတို့ကို အစားထိုးဖို့ လုပ်မယ်ဆိုတာ အကြံကောင်းပါ။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000051 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | တကယ်လို့ ဒီ ဝက်ဝံမွှေးဆီ လိုမျိုးနဲ့ အစားထိုးနိုင်မယ် ဆိုရင်တော့ ဒါက သဘာဝ ပစ္စည်းဖြစ်တဲ့ အတွက် အန္တရာယ်ရှိတဲ့ ထာဝရ ဓါတုပစ္စည်း ပြဿနာကို ဖြေရှင်းဖို့ သိပ်ကောင်းတဲ့ နည်းပါ။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000052 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | ”
PFAS အုပ်စုမှာ ပါတဲ့ ဓါတုပစ္စည်းတွေဟာ အပူဒဏ်၊ ရေဒဏ်။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000053 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | ဆီဒဏ် တွေကိုကောင်းကောင်း ခံနိုင်ရည် ရှိပြီး သူတို့ကို မကပ်တဲ့ အိုးတွေ၊ အဝတ်အစားတွေ၊ သုတ်ဆေးတွေ၊ မီးသတ်ဆေးဘူးတွေတွေ အပြင် လူသုံးပစ္စည်းတွေ၊ သန့်ရှင်းရေးပစ္စည်းတွေ အပါအဝင် နေရာ အတော်များများမှာ သုံးနေကြတာပါ။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000054 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | ဒီ လူဖန်တီးထားတဲ့ ဓါတု ဒြပ်ပေါင်း PFAS ဟာ အလွယ်တကူ ကြေပျက် ပျောက်ကွယ်မသွား နိုင်တဲ့ ဓါတု ဒြပ်ပေါင်း - "forever" chemicals တွေ ဖြစ်တဲ့ အတွက် သူတို့နေရာမှာ ဒီသဘာဝ ဇီဝပစ္စည်း ဖြစ်တဲ့ ဝက်ဝံမွှေးဆီကို ပြောင်းလဲ အစားထိုးနိုင်ဖို့ သိပ္ပံပညာရှင်တွေ ကြိုးစားနေတာကို တင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000055 | ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS | ၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅ | နောက်တပတ်မှာ ပြန်ဆုံကြဦးမယ်နော်။ | https://burmese.voanews.com/a/7992329.html |
voa-mm-000000057 | Parker စူးစမ်းရေးယာဉ် နေနဲ့ အနီးဆုံးကို ရောက်ပြီ | ၁၀ ဇန်နဝါရီ၊ ၂၀၂၅ | ပါကာ နေစူးစမ်းရေးယာဉ်ဟာ သတ်မှတ်ထားတဲ့ နေနဲ့အနီးဆုံးနေရာကို ရောက်သွားပြီဖြစ်ပြီး သူဟာ ပျက်စီးမှုမရှိပဲ အကောင်း ပကတိအတိုင်း ပုံမှန် အလုပ်တွေကို လုပ်နေတယ်လို့ ၂၀၂၄ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ NASA က ကြေညာပါတယ်။ | https://burmese.voanews.com/a/7932012.html |
voa-mm-000000058 | Parker စူးစမ်းရေးယာဉ် နေနဲ့ အနီးဆုံးကို ရောက်ပြီ | ၁၀ ဇန်နဝါရီ၊ ၂၀၂၅ | NASA - နေစူးစမ်းရေးဆိုင်ရာ အကြီးအကဲ Dr. Joseph Westlake ရဲ့ ရိုက်တာ သတင်းကို ပြောကြားချက်တွေနဲ့ အတူ လူသားတွေရဲ့နေစူးစမ်းရေး ဆိုင်ရာ နောက်ဆုံးအခြေနေ တွေကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။ | https://burmese.voanews.com/a/7932012.html |
voa-mm-000000059 | Parker စူးစမ်းရေးယာဉ် နေနဲ့ အနီးဆုံးကို ရောက်ပြီ | ၁၀ ဇန်နဝါရီ၊ ၂၀၂၅ | ကမ္ဘာနဲ့ အနီးဆုံး ကြယ်တပွင့် ဖြစ်တဲ့ နေနဲ့ ပတ်သက်ပြီး နားလည်နိုင်ဖို့ လွှတ်တင်လိုက်တဲ့ ပါကာ နေစူးစမ်းယာဉ်ဟာ ဒီဇင်ဘာ ၂၄ ရက်နေ့က နေမျက်နှာပြင်ကနေ မိုင်ပေါင်း ၃.၈ သန်းအကွာကို ရောက်ရှိခဲ့တာပါ။ | https://burmese.voanews.com/a/7932012.html |
voa-mm-000000060 | Parker စူးစမ်းရေးယာဉ် နေနဲ့ အနီးဆုံးကို ရောက်ပြီ | ၁၀ ဇန်နဝါရီ၊ ၂၀၂၅ | သူဟာ နေရဲ့ မျက်နှာပြင်ပေါ်က ကိုရိုနာ လို့ခေါ်တဲ့ အပေါ်ယံ လေထုလွှာထဲမှာ ပျံသန်းခဲ့တာဖြစ်ပါတယ်။ | https://burmese.voanews.com/a/7932012.html |
voa-mm-000000061 | Parker စူးစမ်းရေးယာဉ် နေနဲ့ အနီးဆုံးကို ရောက်ပြီ | ၁၀ ဇန်နဝါရီ၊ ၂၀၂၅ | ဒီဇင်ဘာ ၂၆ ရက်နေ့မှာတော့ သတ်မှတ်နေရာကို ရောက်ပြီဖြစ်ကြောင်း ဒီအာကာသယာဉ်ကနေ အချက်ပြအသံ ပေးပို့တာကို ရခဲ့တယ်လို့ ဒီစူးစမ်းမှုကို ကွပ်ကဲတဲ့ မေရီလန်းပြည်နယ် Johns Hopkins အသုံးချရူပဗေဒ ဌာနက NASA - နေစူးစမ်းရေးဆိုင်ရာ အကြီးအကဲ Dr. Joseph Westlake က ပြောပါတယ်။ | https://burmese.voanews.com/a/7932012.html |
voa-mm-000000062 | Parker စူးစမ်းရေးယာဉ် နေနဲ့ အနီးဆုံးကို ရောက်ပြီ | ၁၀ ဇန်နဝါရီ၊ ၂၀၂၅ | " ဒီကနေ့၊ တကယ်တော့ ပြီးခဲ့တဲ့ ည ၁၁ း ၅၀ မှာ Parker စူးစမ်းရေးယာဉ် ဆီက သူ သတ်မှတ်နေရာ ရောက်ပြီဆိုတဲ့ အချက်ပေးသံကို ရပါတယ်။ | https://burmese.voanews.com/a/7932012.html |
voa-mm-000000063 | Parker စူးစမ်းရေးယာဉ် နေနဲ့ အနီးဆုံးကို ရောက်ပြီ | ၁၀ ဇန်နဝါရီ၊ ၂၀၂၅ | ဒါဟာ နေနဲ့ အနီးဆုံး နေရာကို ရောက်ဖို့ လူသားတွေ ကြိုးပမ်းတာ အောင်မြင်ပြီဆိုတာ ပြနေတဲ့အပြင် နေနဲ့ အနီးဆုံး နေရာကို ပထမဆုံး အရောက်သွား နိုင်တာလည်း ဖြစ်ပါတယ်။ | https://burmese.voanews.com/a/7932012.html |
voa-mm-000000064 | Parker စူးစမ်းရေးယာဉ် နေနဲ့ အနီးဆုံးကို ရောက်ပြီ | ၁၀ ဇန်နဝါရီ၊ ၂၀၂၅ | ဒါဟာ တကယ့်အောင်မြင်မှု ကြီးပါ။ | https://burmese.voanews.com/a/7932012.html |
voa-mm-000000065 | Parker စူးစမ်းရေးယာဉ် နေနဲ့ အနီးဆုံးကို ရောက်ပြီ | ၁၀ ဇန်နဝါရီ၊ ၂၀၂၅ | နေရဲ့ အပေါ်ယံ လေထုလွှာ ကိုရိုနာ မှာ ပျံသန်းနိုင်တာ ဖြစ်တဲ့ အတွက် စဉ်းစားကြည့်ရင် တကယ့်ကို အံ့သြစရာပါ။ | https://burmese.voanews.com/a/7932012.html |
voa-mm-000000066 | Parker စူးစမ်းရေးယာဉ် နေနဲ့ အနီးဆုံးကို ရောက်ပြီ | ၁၀ ဇန်နဝါရီ၊ ၂၀၂၅ | ."
ဒါဟာ အလွန်ပူပြင်းတဲ့ နေနားကို လူသားတွေ အရောက် သွားနိုင်တဲ့ အောင်မြင်မှုလည်း ဖြစ်ပါတယ်။ | https://burmese.voanews.com/a/7932012.html |
voa-mm-000000067 | Parker စူးစမ်းရေးယာဉ် နေနဲ့ အနီးဆုံးကို ရောက်ပြီ | ၁၀ ဇန်နဝါရီ၊ ၂၀၂၅ | ကမ္ဘာ့အချင်းထက် အဆ တရာ မကကြီးတဲ့ နေဟာ အပူချိန် ၅၅၀၀ ဒီဂရီ စဲလ်ဆီးယပ်စ် ၊ဖါရင်ဟိုက်နဲ့ ဆို ဒီဂရီ ၁ ၁၀၀၀ ဝန်းကျင် ရှိပြီး ကမ္ဘာကနေ မိုင်ပေါင်း ၉၃ သန်းလောက် အကွာမှာ ရှိပါတယ်။ | https://burmese.voanews.com/a/7932012.html |
voa-mm-000000068 | Parker စူးစမ်းရေးယာဉ် နေနဲ့ အနီးဆုံးကို ရောက်ပြီ | ၁၀ ဇန်နဝါရီ၊ ၂၀၂၅ | ဒီလောက် ကွာဝေးတဲ့ နေရာကို ရောက်အောင် သောကြာဂြိုဟ်ရဲ့ ဆွဲအားနဲ့ အရှိန်ကို ယူပြီး နေကို အကြိမ်ကြိမ် ပတ် ရာကနေ နေနဲ့ အနီးဆုံး ကို တဖြေးဖြေး ရောက်အောင် သွားရတာ ဖြစ်ပါတယ်။ | https://burmese.voanews.com/a/7932012.html |
voa-mm-000000069 | Parker စူးစမ်းရေးယာဉ် နေနဲ့ အနီးဆုံးကို ရောက်ပြီ | ၁၀ ဇန်နဝါရီ၊ ၂၀၂၅ | အခုလို သွားဖို့ ကြိုးစားတဲ့ ပါကာ စူးစမ်းယာဉ် မပျက်မစီး ရှိနေတာကို အခု အချက်ပေးသံကြောင့် အတည်ပြုနိုင်ပြီ လို့လည်း ပြောပါတယ်။ | https://burmese.voanews.com/a/7932012.html |
voa-mm-000000070 | Parker စူးစမ်းရေးယာဉ် နေနဲ့ အနီးဆုံးကို ရောက်ပြီ | ၁၀ ဇန်နဝါရီ၊ ၂၀၂၅ | "Parker ယာဉ်ဟာ ဒီဇင်ဘာ ၂၄ ရက်နေ့မှာ နေနဲ့ အနီးဆုံးကို ရောက်သွားတာပါ။ | https://burmese.voanews.com/a/7932012.html |
voa-mm-000000071 | Parker စူးစမ်းရေးယာဉ် နေနဲ့ အနီးဆုံးကို ရောက်ပြီ | ၁၀ ဇန်နဝါရီ၊ ၂၀၂၅ | ဒီယာဉ်ကို သူ့ဟာသူ အလိုအလျှောက် လှုပ်ရှားဖို့ လုပ်ထားတဲ့အတွက် သူ့ဟာသူ ပျံသန်းနေတာ ဖြစ်ပြီး အခု သူ့ဆီက အချက်ပေးသံကို ရတာကြောင့် သူ မပျက်မစီးနဲ့ အလုပ်ဆက်လုပ် နေတယ် ဆိုတာကို ကျနော်တို့ကို အတည်ပြုလို့ ရပါပြီ။ | https://burmese.voanews.com/a/7932012.html |
voa-mm-000000072 | Parker စူးစမ်းရေးယာဉ် နေနဲ့ အနီးဆုံးကို ရောက်ပြီ | ၁၀ ဇန်နဝါရီ၊ ၂၀၂၅ | မကြာခင်မှာပဲ သူရတဲ့ အချက်လက်တွေကို ဆက်ပို့ပေးတော့မှာမို့ စိတ်လှုပ်ရှားစရာ တွေ ဆက်ပေါ်လာ အုံးမှာပါ။ | https://burmese.voanews.com/a/7932012.html |
voa-mm-000000073 | Parker စူးစမ်းရေးယာဉ် နေနဲ့ အနီးဆုံးကို ရောက်ပြီ | ၁၀ ဇန်နဝါရီ၊ ၂၀၂၅ | ."
၂၀၂၁ ဒီဇင်ဘာလတုန်းတော့ NASA က ၂၀၁၈ မှာ သူတို့ လွှတ်တင် ထားတဲ့ Parker Solar Probe နေစူးစမ်းရေး အာကာသယဉ်ဟာ နေရဲ့ ရောင်ခြည်စက်ဝန်း ထဲကို ရောက်ရှိသွားပြီလို့ ကြေညာခဲ့ပါတယ်။ | https://burmese.voanews.com/a/7932012.html |
voa-mm-000000074 | Parker စူးစမ်းရေးယာဉ် နေနဲ့ အနီးဆုံးကို ရောက်ပြီ | ၁၀ ဇန်နဝါရီ၊ ၂၀၂၅ | ဒါဟာ နေမျက်နှာပြင်ရဲ့ အထက် မိုင် ၈ သန်း အကွာကနေ ဖြတ်သန်းသွား တာဖြစ်ပြီး နေလုံးကြီးမှာ မာကြောတဲ့ မျက်နှာပြင် မရှိပဲ အလွန် ပြင်းထန်စွာ တောက်လောင် နေတဲ့ အပူစွမ်းအင် ေ တွကပဲ နေလုံးကြီး အဖြစ် တည်ရှိနေပြီး သူ့ရဲ့ ဆွဲအားနဲ့ သံလိုက်ဓါတ်တွေ ဖြစ်ပေါ်စေတယ်လို့ နယူးအော်လန်က အမေရိကန် ဘူမိရူပဗေဒ union အစည်းဝေး အပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြား ခဲ့ပါတယ်။ | https://burmese.voanews.com/a/7932012.html |
voa-mm-000000075 | Parker စူးစမ်းရေးယာဉ် နေနဲ့ အနီးဆုံးကို ရောက်ပြီ | ၁၀ ဇန်နဝါရီ၊ ၂၀၂၅ | ဒီအကွာအဝေးကနေဘဲ အချက်အလက်တွေရယူ စူးစမ်းနိုင် ပေမယ့်လည်း သိပ္ပံပညာရှင်တွေ ကိုယ်တိုင် နေရဲ့ဘယ်အပိုင်း ဘယ်နေရာလဲ ဆိုတာကို သေခြာမသိနိုင်ဘူးဖြစ်ခဲ့တာပါ။ | https://burmese.voanews.com/a/7932012.html |
voa-mm-000000076 | Parker စူးစမ်းရေးယာဉ် နေနဲ့ အနီးဆုံးကို ရောက်ပြီ | ၁၀ ဇန်နဝါရီ၊ ၂၀၂၅ | အခု ပါကာ စူးစမ်းရေးယာဉ်က အချက်လက်တွေ ပြန် ပို့ရင် နေနဲ့ ပတ်သက်ပြီး ပိုနားလည် လာတော့မယ် လို့လည်း ဒေါက်တာ Joe Westlake ကပြောပါတယ်။ | https://burmese.voanews.com/a/7932012.html |
voa-mm-000000077 | Parker စူးစမ်းရေးယာဉ် နေနဲ့ အနီးဆုံးကို ရောက်ပြီ | ၁၀ ဇန်နဝါရီ၊ ၂၀၂၅ | သက်ရှိသတ္တဝါတွေ၊ အပင်တွေ အသက်ရှင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ အပူနဲ့ အလင်းရောင်ပေးတဲ့ နေကို သိပ္ပံပညာရှင်တွေ သုတေသန လုပ်နေတာ နှစ်အတော်ကြာနေပါပြီ။ | https://burmese.voanews.com/a/7932012.html |
voa-mm-000000078 | Parker စူးစမ်းရေးယာဉ် နေနဲ့ အနီးဆုံးကို ရောက်ပြီ | ၁၀ ဇန်နဝါရီ၊ ၂၀၂၅ | NASA က နေစူးစမ်းရေး အတွက် ၂၀၀၂ ခုနှစ် မတိုင်ခင်က Solar Probe ၂၀၁၀ မှာ Solar Probe Plus လို့ အမည်ပေး ခဲ့တာ ဖြစ်ပြီး ၂၀၁၇ မေလမှာတော့ နေစွမ်းအင်လှိုင်း- solar wind ရှိမယ်လို့ ၁၉၅၈ ခုမှာ ဟောကိန်းထုတ်ခဲ့တဲ့ ထင်ရှားတဲ့ ရူပဗေဒပညာရှင် Eugene Parker ဂုဏ်ပြုတဲ့ အနေနဲ့ Parker Solar Probe လို့ အမည်ပေးခဲ့တာပါ။ | https://burmese.voanews.com/a/7932012.html |
voa-mm-000000079 | Parker စူးစမ်းရေးယာဉ် နေနဲ့ အနီးဆုံးကို ရောက်ပြီ | ၁၀ ဇန်နဝါရီ၊ ၂၀၂၅ | ဒီ အာကာသ စူးစမ်းရေး ယာဉ်က သက်ရှိထင်ရှား လူပုဂ္ဂိုလ် တဦးရဲ့ အမည်ကို ပေးထားတဲ့ ပထမဆုံးသော NASA ရဲ့ အာကာသ မစ်ရှင်လည်း ဖြစ်ပါတယ်။ | https://burmese.voanews.com/a/7932012.html |
voa-mm-000000080 | Parker စူးစမ်းရေးယာဉ် နေနဲ့ အနီးဆုံးကို ရောက်ပြီ | ၁၀ ဇန်နဝါရီ၊ ၂၀၂၅ | နေကိုစူးစမ်းဖို့ စခဲ့တဲ့ Solar Probe တုန်းက Jupiter - ကြာသပတေးဂြိုဟ်ရဲ့ ဆွဲအားနဲ့ အရှိန်ယူဖို့ စဉ်းစားခဲ့ပေမယ့် အခု Parker ယာဉ် ကတော့ Venus - သောကြာဂြိုဟ်ရဲ့ ဆွဲအားနဲ့ အရှိန်ယူတာ ဖြစ်ပါတယ်။ | https://burmese.voanews.com/a/7932012.html |
voa-mm-000000081 | Parker စူးစမ်းရေးယာဉ် နေနဲ့ အနီးဆုံးကို ရောက်ပြီ | ၁၀ ဇန်နဝါရီ၊ ၂၀၂၅ | ပါကာယာဉ်ဟာ ကီလိုဂရမ် ၂၀၀ လောက်လေးပါတယ်။ | https://burmese.voanews.com/a/7932012.html |
voa-mm-000000082 | Parker စူးစမ်းရေးယာဉ် နေနဲ့ အနီးဆုံးကို ရောက်ပြီ | ၁၀ ဇန်နဝါရီ၊ ၂၀၂၅ | လျှပ်စစ်ဓါတ်အား အတွက် ဆိုလာပြားတွေကို သုံးပါတယ်။ | https://burmese.voanews.com/a/7932012.html |
voa-mm-000000083 | Parker စူးစမ်းရေးယာဉ် နေနဲ့ အနီးဆုံးကို ရောက်ပြီ | ၁၀ ဇန်နဝါရီ၊ ၂၀၂၅ | နေနဲ့ နီးလာရင် သူတို့ကို ခေါက်သိမ်းထားပြီး ဝေးသွားရင် ဆိုလာပြားတွေကို ပြန်ဖွင့်ပြီး ကွန်ပြူတာနဲ့ စက်ပစ္စည်းတွေ အလုပ်လုပ်၊ အချက်အလက်တွေ ပြန်ပို့နိုင်ပါတယ်။ | https://burmese.voanews.com/a/7932012.html |
voa-mm-000000084 | Parker စူးစမ်းရေးယာဉ် နေနဲ့ အနီးဆုံးကို ရောက်ပြီ | ၁၀ ဇန်နဝါရီ၊ ၂၀၂၅ | NASA က လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက နေ ရဲ့ ဝန်းကျင်ကို အာကသစူးစမ်းရေးယာဉ် လွှတ်တင်ချင်တာ ဖြစ်ပေမယ့်
နေရဲ့ အပူရှိန်ကနေ အာကာသယာဉ်ကို ကာကွယ်ပေးနိုင်မယ့် နည်းပညာ မရှိ ဖြစ်ခဲ့ပါတယ်။ | https://burmese.voanews.com/a/7932012.html |
voa-mm-000000085 | Parker စူးစမ်းရေးယာဉ် နေနဲ့ အနီးဆုံးကို ရောက်ပြီ | ၁၀ ဇန်နဝါရီ၊ ၂၀၂၅ | အခုတော့ ကွန်ပြူတာ နည်းပညာ၊ အီလက်ထရောနစ် နည်းပညာ တိုးတက်လာတာနဲ့ အတူ သတ္တုဗေဒပညာ တိုးတက်မှုကြောင့် ပေါ့ပါးပြီး အတော်မြင့်မားတဲ့ အပူူချိန်ကို ခံနိုင်ရည်ရှိတဲ့ သတ္တုစပ်တွေ ဖန်တီးနိုင်ခဲ့ပြီး နေစူးစမ်းရေး ခြေလှမ်းတွေ လှမ်းလာနိုင်တာပါ။ | https://burmese.voanews.com/a/7932012.html |
voa-mm-000000086 | Parker စူးစမ်းရေးယာဉ် နေနဲ့ အနီးဆုံးကို ရောက်ပြီ | ၁၀ ဇန်နဝါရီ၊ ၂၀၂၅ | " ပါကာယာဉ်ဟာ အလိုအလျှောက် မောင်းနှင်ဖို့ ပရိုဂရမ် ထည့်ထားတာ ဖြစ်ပြီး နေရှိရာ ဘက်မှာ ယာဉ်ထဲက အပူကာဒိုင်းကို အမြဲရှိနေအောင် လုပ်ထားပါတယ်။ | https://burmese.voanews.com/a/7932012.html |
voa-mm-000000087 | Parker စူးစမ်းရေးယာဉ် နေနဲ့ အနီးဆုံးကို ရောက်ပြီ | ၁၀ ဇန်နဝါရီ၊ ၂၀၂၅ | ဒါက ဒီ အပူကာဒိုင်းရဲ့ တဘက်မှာ အပူချိန် ဖာရင်ဟိုက် ၂၅၀၀ ဒီဂရီလောက် ရှိနေ ပေမယ့် သူ့တခြားဘက်မှာ ၈၅ ဒီဂရီလောက် ရှိအောင် လုပ်ထားတဲ့ သဘောပါ။ | https://burmese.voanews.com/a/7932012.html |
voa-mm-000000088 | Parker စူးစမ်းရေးယာဉ် နေနဲ့ အနီးဆုံးကို ရောက်ပြီ | ၁၀ ဇန်နဝါရီ၊ ၂၀၂၅ | တဖက်မှာ မခံနိုင်အောင် ပူနေပေမယ့် တဖက်ကတော့ နေသာတဲ့ နေ့လိုပေါ့။ | https://burmese.voanews.com/a/7932012.html |
voa-mm-000000089 | Parker စူးစမ်းရေးယာဉ် နေနဲ့ အနီးဆုံးကို ရောက်ပြီ | ၁၀ ဇန်နဝါရီ၊ ၂၀၂၅ | ဒီလိုလုပ်မှ ယာဉ်ထဲက စက်ပစ္စည်းနဲ့ တခြားပစ္စည်း တွေ အေးခဲမသွားပဲ နွေးနေမှာ ဖြစ်သလို သူ့ကို သိပ်ပြီးလည်း ပူ - မနေအောင် စီစဉ်ထားပါတယ်။ | https://burmese.voanews.com/a/7932012.html |
voa-mm-000000090 | Parker စူးစမ်းရေးယာဉ် နေနဲ့ အနီးဆုံးကို ရောက်ပြီ | ၁၀ ဇန်နဝါရီ၊ ၂၀၂၅ | ပါကာယာဉ် နေကို ဖြတ်ချိန်မှာ ဒီအတိုင်း ရှိနေအောင် လုပ်ရပါတယ်။ | https://burmese.voanews.com/a/7932012.html |
voa-mm-000000091 | Parker စူးစမ်းရေးယာဉ် နေနဲ့ အနီးဆုံးကို ရောက်ပြီ | ၁၀ ဇန်နဝါရီ၊ ၂၀၂၅ | ဒါက တစက္ကန့်ကို မိုင် ၄ သိန်း ၃ သောင်းနှုန်းနဲ့ ပျံနေတဲ့ ယာဉ် အတွက် လုပ်ရတာမျိုးပါ။ | https://burmese.voanews.com/a/7932012.html |
voa-mm-000000092 | Parker စူးစမ်းရေးယာဉ် နေနဲ့ အနီးဆုံးကို ရောက်ပြီ | ၁၀ ဇန်နဝါရီ၊ ၂၀၂၅ | ဒီ အမြန်နှုန်းက လူလုပ် ယာဉ်ထဲမှာ အမြန်ဆုံး နှုန်းလည်း ဖြစ့်ပါတယ်။ | https://burmese.voanews.com/a/7932012.html |
voa-mm-000000093 | Parker စူးစမ်းရေးယာဉ် နေနဲ့ အနီးဆုံးကို ရောက်ပြီ | ၁၀ ဇန်နဝါရီ၊ ၂၀၂၅ | ."
ဒီ စူးစမ်းရေးယာဉ် မှာ နေက ထုတ်လွှတ်တဲ့ solar wind နေစွမ်းအင်လှိုင်းတွေ၊ X- ray ရောင်ခြည်၊ ကော့စမစ် ရောင်ဖြည်တွေ ဖျက်ဆီးလို့ မရတဲ့ CMOS ကင်မရာကို တပ်ထားသလို ဆက်သွယ်ရေးနဲ့ တိုင်းတာစက်မျိုးစုံလည်း ဆင်ထားတာပါ။ | https://burmese.voanews.com/a/7932012.html |
voa-mm-000000094 | Parker စူးစမ်းရေးယာဉ် နေနဲ့ အနီးဆုံးကို ရောက်ပြီ | ၁၀ ဇန်နဝါရီ၊ ၂၀၂၅ | Dr Westlake ကတော့ ဒီယာဉ်နဲ့ အဆက်အသွယ် ပြတ်သွားနိုင်ခြေ ရှိပေမယ့် သူတို့အဖွဲ့က NASA အင်ဂျင်နီယာတွေက ပြန်ရအောင် လုပ်နိုင်မယ်လို့ ယုံကြည်တယ် လို့လည်း ပြောပါတယ်။ | https://burmese.voanews.com/a/7932012.html |
voa-mm-000000095 | Parker စူးစမ်းရေးယာဉ် နေနဲ့ အနီးဆုံးကို ရောက်ပြီ | ၁၀ ဇန်နဝါရီ၊ ၂၀၂၅ | မကြာခင် ရက်တွေ အတွင်း ပါကာ စူးစမ်းယာဉ် ဆီက ပြန်ပို့မယ့် အချက်လက်တွေကို အားလုံးက စောင့်မျှော်နေတယ် ဆိုတာကို တင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပွံနဲ့ နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။ | https://burmese.voanews.com/a/7932012.html |
voa-mm-000000097 | မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက် | ၃၀ ဩဂုတ်၊ ၂၀၂၄ | အာဖရိကဒေသမှာ ကူးစက်ပြန့်ပွါးနေတဲ့ mpox ခေါ် မျောက်ကျောက်ရောဂါအတွက် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သြဂုတ်လလယ်မှာ ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေနေ ကြေညာခဲ့ပါတယ်။ | https://burmese.voanews.com/a/7765397.html |
voa-mm-000000098 | မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက် | ၃၀ ဩဂုတ်၊ ၂၀၂၄ | ကူးစက်မှုအဆိုးဝါးဆုံး ဖြစ်နေတဲ့ ကွန်ဂိုနိုင်ငံမှာ ဒီမျောက်ကျောက် ဗိုင်းရပ်စ်ပိုးရဲ့ မျိုးဗီဇ ပြောင်းလဲရှင်သန်မှုဟာ ထင်တာထက် ပိုမြန်နေတာတွေ့ရပြီး ပိုးမျိုးစိတ်သစ် နဲ့ ပတ်သက်လို့ မသိတာတွေ များနေသေးတာကြောင့် မှန်းပြီး ကုသနေရတယ်လို့လည်း WHO က သိပ္ပံပညာရှင်တွေက ပြောပါတယ်။ | https://burmese.voanews.com/a/7765397.html |
voa-mm-000000099 | မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက် | ၃၀ ဩဂုတ်၊ ၂၀၂၄ | အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။ | https://burmese.voanews.com/a/7765397.html |
voa-mm-000000100 | မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက် | ၃၀ ဩဂုတ်၊ ၂၀၂၄ | Mpox လို့ လူသိများတဲ့ မျောက်ကျောက်ရောဂါ ကူးစက်ပြန့်နှံ့မှု အခြေနေဟာ စိုးရိမ်စရာ ဖြစ်လာတဲ့ အတွက် ကို သြဂုတ်လ ၁၄ ရက်နေ့မှာ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ ဒေါက်တာ Tedros Adhanom Ghebreyesus က ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေနေ အဖြစ် ကြေညာခဲ့ပြီး နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ဖို့ ပန်ကြားလိုက်ပါတယ်။ | https://burmese.voanews.com/a/7765397.html |
voa-mm-000000101 | မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက် | ၃၀ ဩဂုတ်၊ ၂၀၂၄ | " ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းမှာ mpox - မျောက်ကျောက် မျိုးစိတ်သစ် ကူးစက်ပြန့်ပွါးမှု သိပ်မြန်နေတာကို တွေ့ရပါတယ်။ | https://burmese.voanews.com/a/7765397.html |
voa-mm-000000102 | မျိုးဗီဇပြောင်းလဲမှု မြန်တဲ့ မျောက်ကျောက် | ၃၀ ဩဂုတ်၊ ၂၀၂၄ | အရင်က mpox ကူးစက်မှု မရှိခဲ့တဲ့ သူ့ရဲ့ အိမ်နီးချင်း နိုင်ငံတွေမှာပါ ကူးစက်တာကို တွေ့နေရပါတယ်။ | https://burmese.voanews.com/a/7765397.html |
End of preview. Expand
in Data Studio
README.md exists but content is empty.
- Downloads last month
- 71