text
stringlengths
211
383k
id
stringlengths
47
47
dump
stringclasses
96 values
url
stringlengths
15
6.11k
date
stringdate
2013-05-18 08:25:16
2024-04-25 16:01:32
file_path
stringlengths
125
155
language
stringclasses
1 value
language_score
float64
0.84
1
language_script
stringclasses
1 value
minhash_cluster_size
int64
1
11.7k
top_langs
stringlengths
30
238
လောင်စာဆီစေဵိးံနြ်းတက်တာကို မကေဵနပ်တဲူ့မန်မိာုိံင်ငံ ဆိံ္ဋူပပြဲတေဟြာ ရခိုင်ူပည်နယ်ထိ ကူးစက်သြား္ဘပီး သံဃာတော်အပၝး သုံးရာဝန်းကဵင် ပၝဝင်တဲ့ ဆိံ္ဋူပပြဲဋ္ဌကီးတရပ်ုသဂုတ်လ ၂၃ရက် ဒီကနေႛ စစ်တ္ဘြေမြိႚမြာူဖစ်ပြားခဲ့တဲ့အေုကာင်း စစ်တ္ဘြေမြိႚခံတေကြ RFAကို အတည်ူပြေူပာပၝတယ်။ သုံးရာဝန်းကဵင်ရြိတဲ့ သံဃာတော်တေဟြာ ဒီကနေႛ နေႛလည်ပိုင်း စစ်တ္ဘြေမြိႚ မင်းဘာဋ္ဌကီးလမ်းကစ္ဘပီး္ဘမြိႚတငြ်း လညြ့်လည် ဆိံ္ဋူပခဲ့တယ်လိုႛ္ဘမြိႚခံတဦးကေူပာပၝတယ်။ အရပ်သားတေမြပၝပဲ သံဃာမဵားခဵည်ူးဖစ်တဲ့အေုကာင်း သူကေူပာပၝတယ်။ စစ်တြေ သံဃာတော်တြေ ဆိံ္ဋူပတဲ့သတင်းနဲႛ ပတ်သက်္ဘပီး စစ်တြေ မယက႟ုံးနဲႛ္ဘမြိႚနယ် သံဃာ့နာယက ဆရာတော်႟ုံးတေကြို ဆက်သယ်ြခဲ့ပေမဲ့ ဆက်သယ်ြလိုႛ မရခဲ့ပၝဘူး၊ ရန်ကုန်္ဘမို လညြ်းတန်းမြာ ဆိံ္ဋူုပပြဲတရပ်ူဖစ်ပေၞနေခဵိန်မြာ ခုလို သံဃာတော်တြေ စစ်တ္ဘြေမြိႚမြာ စီတန်း ဆိံ္ဋူပခဲ့တာူဖစ်ပၝတယ်။ ္ဘပီးခဲ့တဲ့ ရက်ပိုင်းအတငြ်ူးမန်မိာုိံင်ငံ နယ်္ဘမြိႚတေကြ ဆိံ္ဋူပပြဲတေအြနက် စစ်တ္ဘြေမြိႚက ဒီကနေႛ ဆိံ္ဋူပပြဲဟာ သံဃာတော်တြေ အမဵားဆုံးပၝဝင်တဲ့ ဆိံ္ဋူပပြဲူဖစ်ပၝတယ်။ ဆိံ္ဋူပတဲ့ သံဃာတော်တေကြို ထိန်းခဵပြ်ိုိံင်ဖိုႛအတကြ် အာဏာပိုင်တေကြ သက်ဆိုင်ရ္ဘာမြိႚနယ် သံဃာ့ မဟာနာယက ဆရာတော်ဋ္ဌကီးတေနြဲႛ ညၟိံငြ်းနေဆဲူဖစ်တယ်လိုႛ စုံစမ်းသိရပၝတယ်။ ဒီသတင်းရေးတဲ့အခဵိန်ထိ ဆိံ္ဋူပတဲ့ သံဃာတော်တေကြို အဖမ်းအဆီးရြိမရြိ ရငြ်းရငြ်းလင်းလင်း မသိရသေးပၝဘူး။ မုကာခင်ကလည်း သံလဵင်္ဘမြိႚက သံဃာတော်တြေ ဆိံ္ဋူပခဲ့ပေမဲ့ ရန်ကုန်တိုင်းက သံဃာတော်တြေ ထိန်းခဵပ်ြဖိုႛအတကြ် ဒီနေႛထိ အမိန်ႛေုကညာစာ ထုတ်ူပန်တာမဵြိး မရြိသေးဘူးလိုႛ ရန်ကုန် သံဃာတော်တေကြ အမိန်ႛရြိပၝတယ်။ ရန်ကုန်တိုင်းက သံဃာတော်တေကြိ်ု ည ၇နာရီက မနက် ၄နာရီထိ ညမထက်ြရအမိန်ႛကို လန်ြခဲ့တဲ့ သုံိးံစြ် ၂၀၀၃ခု အောက်တိုဘာ ၂၇ ရက်ကတည်းက ထုတ်ူပန်ထားတာူဖစ်ပၝတယ်။ ဒၝပေမဲ့ ၂၀၀၆ ခု အောက်တိုဘာလ ရစ်ြလေးလုံး မဵြိးဆက်သစ် ကေဵာင်းသားတြေ ဘာသာရေးဆုတောင်းပြဲတြေ လုပ်ခဵိန်မြာ သံဃာတော်မဵား ညမထက်ြရအမိန်ႛကို ၂နာရီလ္တွော့္ဘပီး ည ၉ နာရီကနေ မနက် ၄နာရီုကား အူပင်မထက်ြဖိုႛ ထပ်မံထုတ်ူပန်ခဲ့ပၝတယ်။ ဒီအမိန်ႛဟာ ခုထိ တည်ဆဲအမိန်ႛူဖစ်တာမိုႛ နောက်ထပ် င်္ီနြ်ုကားခဵက် မထက်ြတာူဖစ်ိုိံင်တယ်လိုႛ ရန်ကုန် တိုက်အုပ်ဆရာတော်ဋ္ဌကီးတပၝးက အမိန်ႛရြိပၝတယ်။
<urn:uuid:13b743bf-78fa-4786-bdae-1d56d5ac6745>
CC-MAIN-2015-14
http://www.rfa.org/burmese/news/monks_protest_in_westren_coastal_city-20070828.html
2015-03-27T11:57:28Z
s3://commoncrawl/crawl-data/CC-MAIN-2015-14/segments/1427131296383.42/warc/CC-MAIN-20150323172136-00094-ip-10-168-14-71.ec2.internal.warc.gz
mya
0.884723
Mymr
81
{"mya_Mymr_score": 0.884722888469696, "und_Mymr_score": 0.0680232122540474, "blk_Mymr_score": 0.04100474715232849}
ဥပဂုတ္တထေရ် ရာဇဝံသကျမ်း၌ သီရိဓမ္မာသောကမင်းကြီး (ဓမ္မာသောကမင်း၊ အသောကမင်းဟူ၍လည်း တွင်သည်။)သည် စေတီရှစ်သောင်း လေးထောင်တို့ကို အနုမောဒနာပြုသောကာလ ဥပဂုတ္တထေရ် (ရှင်ဥပဂုတ်) သည် မာရ်နတ်ကို ဆုံးမကြောင်း ဖော်ပြပါ ရှိသည်။ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မူစဉ်က ရာဇ ဂြိုဟ်ပြည်သို့ ဆွမ်းခံဝင်တော်မူသောအခါ မြေမှုန့် များကို ကစားနေကြသော သူငယ်တို့အနက် ခုနစ်နှစ်အရွယ်ရှိ ပီယ ဒဿီ အမည်ရှိသော သူဌေးသားသည် ဘုရားကို ကြည်ညို လှသဖြင့် လက်၌ရှိသော မြေမှုန့်ကို လှူအံ့ဟုကြံ၍ အခြွေအရံ သူငယ်တို့ကို ခေါ်ပြီးလျှင် လက်၌ရှိသော မြေမှုန့်ကို လှူ၏။ မြတ်စွာဘုရားသည် ထိုလှူသောမြေမှုန့်ကို သပိတ်ဖြင့် ခံတော် မူပြီးလျှင် ပြုံးတော်မူသဖြင့် အာနန္ဒာထေရ်က အကြောင်းကို လျှောက်ရာ ထိုသူငယ်သည် သာသနာတော် ၂၁၈ နှစ်သို့ ရောက်သောအခါ ပါဋလိပုတ်ပြည်၌ အသောကမည်သော မင်းဖြစ်ပြီးလျှင် သာသနာတော်ကို ကြည်ညိုလှသဖြင့် ခုနစ်လ ခုနစ်ရက်တိုင်တိုင် အလှူကြီး ပေးလိမ့်မည်။ ထိုအခါ မာရ်နတ် ဖျက်ဆီးအံ့သည်ကို ဥပဂုတ္တ တိဿနာဂ မည်သော မထေရ် သည် တန်ခိုးအားဖြင့် တားပေလတ္တံ့ဟု ဗျာဒိတ်စကား ကြား တော်မူကြောင်းနှင့် လောကပညတ္တိပါဌ်၌ လာသည်။ လောပညတ္တိပါဌ်၌ပင် ဥပဂုတ္တထေရ်(အရှင်ဥပဂုတ်)၏ အကြောင်းကို ဤသို့ ဖော်ပြပါရှိ၏။ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီး စိုးစံတော်မူနေရာ ထီးဆက်နန်းရံ အမွေခံသားသမီးတစ်ယောက်မျှ မရ၍ ပညာရှိ များနှင့် တိုင်ပင်ဆွေးနွေးသော် မဟာဒါနပြုလုပ်လျှင် အမွေခံ သားသမီး ပေါ်လာမည့်အကြောင်း ဟောပြော တင်လျှောက်သဖြင့် မင်းကြီး သည် မဟာဒါနကို ပြုတော်မူသည်။ မကြာမီအတွင်း၌ တံငါ တို့က ငါး၏ ဝမ်းထဲမှရသော လူမိန်းမကလေးတစ်ယောက်ကို မင်းကြီးအား ဆက်သကြသည်။ မင်းကြီးလည်း ထိုသတို့ သမီးငယ်ကို နတ်တို့က ဆက်လာသည်ဟု ထင်မှတ်၍ အထိန်းသယ်များနှင့် ကောင်းစွာထားသည်။ အမည်ကိုလည်း မစ္ဆဒေဝီဟုပေးကာ ရင်သွေးအရင်းကဲ့သို့ ကောင်းစွာ စောင့် ရှောက်ထားသည်။ အရွယ်ကြီးမြင့်လာ သောအခါ ကိုယ်မှ မကောင်းသော အပုပ်နံ့ထွက်သဖြင့် ထိုအပုပ်နံ့မထွက်အောင် ကြံစည်သော်လည်း မရသောကြောင့် ထိုမစ္ဆဒေဝီကို စားနပ် ရိက္ခာအစုံနှင့် ဖောင်ပေါ်သို့ တင်ပြီးလျှင် မြစ်လယ်ကြောသို့ မျှောလိုက်ရလေ သည်။ မြို့နှင့်ဝေးကွာသော တောင်ကြီးကမ်း ကြီးရှိရာသို့ ရောက်ရာ တစ်ခုသော မြစ်ကွေ့ကမ်းငူက ရှင်ဥပ ရသေ့သည် မြစ်၏တစ်ဖက်ကမ်းသို့ ကူးလို၍ အလံကို ထူပြ သည်ကို မစ္ဆဒေဝီမြင်သဖြင့် ဖောင်ကို ကမ်းသို့ကပ်ပြီးလျှင် အကြောင်းကို မေးရာ ရှင်ရသေ့က တဘက်ကမ်းသို့ ကူးလို သဖြင့် ပို့ပေးရန် တောင်းပန်လေသည်။ ထိုအခါ မင်းသမီးက အကျွနု်ပ်၏ မျက်နှာကို မကြည့်လျှင် ပို့ပေးပါမည်ဟု ပြောရာ ရသေ့က ရဲရဲဝန်ခံသဖြင့် တဘက်ကမ်းသို့ ပို့ပေးလေသည်။ ကမ်းသို့ရောက်သောအခါ ရှင်ဥပ ရသေ့သည် အမျိုးသမီးအား မည်သည့် အမျိုးအနွယ် ဖြစ်သည်ကို သိချင်သောကြောင့် အမှတ်မဲ့ကြည့်လိုက်ရာ မျက်နှာချင်းဆိုင်မိကြ၍ မစ္ဆဒေဝီ၌ ပဋိသန္ဓေတည်ရကြောင်းကို ပြောပြီးလျှင် ကိုယ်ဝန်ကို အစောင့် အရှောက်ခိုင်းရာ ရသေ့က ကျေနပ်စွာ သဘောတူပြီးလျှင် စောင့်ရှောက်ထားလေသည်။ နေ့လစေ့သောအခါ သားကို ဖွားမြင်ရာ ရှင်ဥပရသေ့က နေ့ညဉ့်မပြတ် ကြည့်ရှုစောင့်ရှောက် ကျွေးမွေးသည်ကို အစွဲပြု၍ ဥပဂုတ္တဟု အမည်ပေးလေသည်။ အရွယ်ရောက်သောအခါ ရဟန္တာဖြစ်ပြီးလျှင် တောင်သမုဒ္ဒရာ၌ ကြေး ပြဿဒ်နှင့် နေတော်မူသည်။ ထိုအရှင်သည် ဈာန် သမာမတ်တို့ဖြင့်သာ နေ့ရက်များစွာကို ကုန်လွန်စေ၍ အစာ မစားပဲလည်း နေတော်မူလေ့ရှိသည်။ သီရိဓမ္မာသောကမင်းသည် ရာဇဂြိုဟ်ပြည်၌ အဇာတသတ် မင်း ခဲယဉ်းစွာ မြှုပ်ထား၍ ကိုးကွယ်တော်မူသော သရီရဓာတ် တော် ခုနစ်စရွတ်ကို ယူဆောင်၍ သရီရဓာတ်တော်ကို ဇမ္ဗူဒိပ် ကျွန်းအလုံး၌ အနှံ့ ကိုးကွယ်စေခြင်းငှာ ရှစ်သောင်းလေးထောင် သော မြို့နိုင်ငံတို့၌ တစ်မြို့လျှင် စေတီတစ်ဆူ တစ်ဆူ တည် စေ၏။ တစ်ဖို့သော ဓာတ်တော်ကို ပါဋလိပုတ်ပြည် မြစ်နား ဝယ် တစ်ကောသခွဲအရပ်ကို လက်ဝါး ပြင်ကဲ့သို့ ညီညွတ်စေ၍ အထူးထူးသော ရတနာတို့ဖြင့် တန်ဆာဆင်လျက် မဟာစေတီ တည်လေ၏။ တည်ပြီးသော် ခုနစ်ရက်တိုင်တိုင် ကြီးစွာသော ပူဇော်ပွဲကို ပြုလေသည်။ စေတီပူဇော်ပွဲတွင်ကို မာရ်နတ်သည် အန္တရာယ်ပြုလာသည် ကို ရှင်ဥပဂုတ်သည် တန်ခိုးတော်ဖြင့် တားမြစ်၏။ ဦးစွာ၌ မဟာစေတီ၏ ထက်ဝန်းကျင် ယူဇနာခွဲအရပ်ကို ဆီမီးထွန်းညိ| စေရာ မီးသေစိမ့်သောငှာ မာရ်နတ်သားလည်း ပြင်းစွာသော လေကို လာစေ၏။ ရှင်ဥပဂုတ်လည်း တန်ခိုးတော်ဖြင့် ယူ၍ အဝေးသို့ လွှင့်လေ၏။ တစ်ဖန် မာရ်နတ်သားလည်း သဲမိုး၊ ကျောက်စရစ်မိုး၊ ကျောက်ဖျာမိုး၊ မီးကျီးမိုး၊ ချေးမိုးတို့ကို အစဉ်အတိုင်း ရွာစေရာ ရှင်ဥပဂုတ်လည် အဓိဋ္ဌာန်တန်ခိုးဖြင့် ခံ၍ စကြဝဠာတံတိုင်းအပ၌ စွန့်၏။ ထိုနောက်တစ်ဖန် ကြီး စွာသော နွားဥသဘအဟန် ဖန်ဆင်း၍လည်းကောင်း၊ ဦးခေါင်း ခုနစ်လုံးရှိသော နဂါးအဟန် ဖန်ဆင်း၍လည်းကောင်း၊ ထန်းပင်ရှိလောက် ပြောင်ပြောင်တောက်သော သံလှန်ကန်ကို ကိုင်စွဲထေားသာ ဘီလူးကြီးအဟန် ဖန်ဆင်း၍လည်းကောင်း အန္တရာယ်ပြုရန် အဆင့်ဆင့်အားထုတ်ပြန်လျှင် ရှင်ဥပဂုတ်လည်း ကျားအဟန် ဖန်ဆင်း၍လည်းကောင်း၊ ဂဠုန်အဟန် ဖန်ဆင်း၍ လည်းကောင်း၊ မာရ်နတ် ဖန်ဆင်းသော ဘီလူးထက် နှစ်ဆကြီး ၍ ဝင်းဝင်းငြိသော သံလှန်ကန်ချောင်း ကိုင်စွဲသည့် ဘီလူး ကြီးအဟန် ဖန်ဆင်း၍လည်းကောင်း မာရ်နတ်ကို နှိမ်နင်း လေသည်။ နောက်ဆုံးတွင် မာရ်နတ်သည် ရှင်ဥပဂုတ်၏ တန်ခိုးတော်ကို ပြိုင်နိုင်စွမ်း မရှိသည်ကိုသိသဖြင့် လူ့အသွင်ကို ဖန်ဆင်းပြီးလျှင် ရှင်ဥပဂုတ်၏ ရှေ့တွင် ရပ်လေ၏။ ရှင်ဥပဂုတ်သည် ပိုးလောက်အတိပြည့်သော စက်ဆုပ်ရွံ့ရှာ ဖွယ်ရှိသော ခွေးသေကောင်ပုပ်ကို မာရ်နတ်၏လည်၌ ဆွဲပြီး လျှင် မိမိမှတစ်ပါး အခြားမည်သူတစ်ဦးတစ်ယောက်ကမျှ ထိုခွေးသေကောင်ပုပ်ကို မချွတ်စေနိုင်သတည်းဟု အဓိဋ္ဌာန် ပြီးလျှင် လွှတ်လိုက်လေသည်။ မာရ်နတ်သည် တန်ခိုးကြီးသော နတ်များနှင့် ဗြဟ္မာများထံသို့ ချဉ်းကပ်ပြီးလျှင် ခွေးသေကောင် ပုပ်ကို ချွတ်ပေးရန် တောင်းပန်သည်။ သို့သော် မည်သူကမျှ ချွတ်၍မပေးနိုင်သဖြင့် ဗြဟ္မာမင်းတို့၏ ဩဝါဒအရ ရှင်ဥပဂုတ် ထံသို့ပင် ပြန်သွားပြီးလျှင် ခွေးသေကောင် ပုပ်ကို ချွတ်ပေးရန် တောင်းပန်လေသည်။ ရှင်ဥပဂုတ်သည် မာရ်နတ်အား တောင်ကြီးတစ်လုံး၏ အနီးသို့ ခေါ်ဆောင်သွားပြီးလျှင် မာရ်နတ်၏ လည်မှ ခွေးသေ ကောင်ပုပ်ကို ချွတ်ပေးသည်။ ထိုနောက် ခါးပန်းတော်ကို ရှည် အောင်ဖန်ဆင်း၍ မာရ်နတ်၏ ခါးကို ချည်ပြီးသော် အခြား တစ်ဖက်ကို တောင်တွင်ချည်ထားကာ မာရ်နတ်၊ သင်သည် အခြားတစ်ပါးသို့ မသွားလင့်၊ ဓမ္မသောကမင်းကြီး၏ ပူဇော်ပွဲ မပြီးမခြင်း ဤအရပ်၌နေရစ်ဟု မိန့်တော်မူရာ မာရ်နတ်လည်း မည်သို့မျှ မပြောကြားနိုင်ပဲ ဆိတ်ဆိတ်သာ နေရလေသည်။ ရှင်ဥပဂုတ်လည်း အလိုရှိရာ၌ ချမ်းသာစွာ နေလေသည်။ ခုနစ်လ ခုနစ်ရက်လွန်၍ စေတီပူဇော်ပွဲပြီးသောအခါ ရှင်ဥပဂုတ် သည် မာရ်နတ်ရှိရာသို့သွား၍ အသံကို နားထောင်သောအခါ ငါသည် မြတ်စွာဘုရားအား အမျိုးမျိုး အနှောက်အရှက် ပေးခဲ့သော်လည်း သာဝကကဲ့သို့ ငါ့အား မည|င်းဆဲချေ။ ထိုကြောင့် ရှေးရှေးသော ဘဝများက ဘုရားရဟန္တာဖြစ်စေ နိုင်လောက် သော ကောင်းမှုများကို ပြုလုပ်ခဲ့ဘူးပြီ။ ထို ကုသိုလ်တို့၏ အာနိသင်ကြောင့် နောင်သောအခါ ဘုရားဆု ကိုသာ ရလိုပါ၏။ သနားခြင်းကင်းမဲ့သော သာဝက၏ အဖြစ် ကို မရလိုပါဟု မာရ်နတ်၏ ညည်းညူ မြည်တမ်း သံကို ကြားရသည်။ ရှင်ဥပဂုတ်လည်း မာရ်နတ်ထံသို့ အဆောတလျင် သွားပြီးလျှင် ခါးပန်းတော်ကို ဖြေပြီးနောက် မာရ်နတ်၊ ငါ့အား သည်းခံလော။ ငါသည် သင်၏အကျိုးကိုလည်း ပြီးစေ ပြီ၊ မင်းကြီး၏ ကောင်းမှုကိုလည်း အန္တရာယ်ကင်းစေပြီ၊ သင်သည် ဘုရားဆုကို ယူပေသောကြောင့် သင့်ကို ပူဇော်ထိုက် ပေသည် ဟုဆိုလေသည်။ ထိုနောက် သင်သည် ဘုရားကို မြင်ဖူးသည်။ ငါကား ဘုရားကို မမြင်ဘူးပေ။ ထိုကြောင့် သာဝက များနှင့်တကွ ဘုရား၏အဖြစ်ကို ဖန်ဆင်း၍ပြပါဟု ရှင်ဥပဂုတ်ကပြောရာ မာရ်နတ်က ငါ့အား အရှင် ရှိမခိုးလျှင် ဖန်ဆင်း၍ပြအံ့ဟုဆိုသည်။ ထိုအခါ ရှင်ဥပဂုတ်က ကောင်းပြီဟု ဝန်ခံပြီးလျှင် သံဃာများအား ဘုရားဖူးကြွကြရန် ဖိတ်ကြား၍ လူများကိုလည်း ပန်းနံ့သာများ စွဲကိုင်စေကာ သံဃာများနှင့် လာစေသည်။ မာရ်နတ်သည် တောအုပ်တစ်ခုသို့ ဝင်ပြီးမှ လက္ခဏာတော် ကြီးငယ်တို့ဖြင့် တင့်တယ်စွာ တန်ဆာဆင်အပ်သော တစ်လံမျှလောက်သော ရောင်ခြည်တော်အဝန်းဖြင့် တောက်ထွန်းသော ဘုရားအသွင်တော် ဖန်ဆင်းလျက် လက်ဝဲရံ၊ လက်ယာရံ၊ အဂ္ဂသာဝကအစုံ ရှစ်ကျိပ်သော မဟာသာဝကတို့ ခယမ်းပုံနှင့်တကွ အလုံးစုံ တောက်ပသော ဘုရားအသရေအဆင်းကို ဖန်ဆင်း၍ ပြပေ၏။ ရှင်ဥပဂုတ်သည် မြတ်စွာဘုရား၏ အသရေတော်ကို ကြည်ညိုလှသဖြင့် မာရ်နတ်အား ကတိပေးထားရသည်ကို မအောက်မေ့နိုင်ပဲ မြတ်စွာဘုရားအစစ်အား ဖူးမြင်နေရ ဘိသကဲ့သို့ အောက်မေ့ပြီးလျှင် အနူးအညွတ် ရှိခိုးလေသည်။ ပါလာသမျှသော ရဟန်း၊ မင်း၊ မှူးမတ်ပရိသတ်တို့သည်လည်း အလွန်ဝမ်းမြောက်ဝမ်းသာ ကြည်ညိုစွာဖြင့် ပူဇော်ကန်တော့ ကြလေသည်။ ထိုအခါ မာရ်နတ်သည် ဘုရား၏အသွင်ကို ကွယ်စေပြီးလျှင် ရှင်ဥပဂုတ်အား အဘယ်ကြောင့် ရှိခိုးရသနည်းဟု မေးရာ ရှင်ဥပဂုတ်ကလည်း ငါသည် သင့်အား ရှိမခိုး၊ သာဝက များနှင့်တကွသော မြတ်စွာဘုရားကိုသာ ငါရှိခိုးခြင်းဖြစ်သည် ဟုဆို၏။ ထိုအခါမှစ၍ မာရ်နတ်သည်လည်း သာသနာ၌ သဒ္ဓါနူးညံ့သော စိတ်ရှိသည်ဖြစ်၍ မိမိနေရာသို့ ပြန်သွားလေ သည်။[၁] ကိုးကား[ပြင်ဆင်ရန်] - မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)
<urn:uuid:d812d480-3379-4148-bc72-3bc5777e66fa>
CC-MAIN-2015-14
http://my.wikipedia.org/wiki/%E1%80%A5%E1%80%95%E1%80%82%E1%80%AF%E1%80%90%E1%80%B9%E1%80%90%E1%80%91%E1%80%B1%E1%80%9B%E1%80%BA
2015-04-01T22:31:47Z
s3://commoncrawl/crawl-data/CC-MAIN-2015-14/segments/1427131309963.95/warc/CC-MAIN-20150323172149-00150-ip-10-168-14-71.ec2.internal.warc.gz
mya
0.997589
Mymr
48
{"mya_Mymr_score": 0.9975894093513489}
|Article Index| ျဓမ္မအမေးအဖြေမျာျး ျဓမ္မအမေးအဖြေများ-2ျ |All Pages| မြတ်မင်္ဂလာစာစောင်ပါ မြန်မာပြည်တလွှားမှ ရဟန်း၊ရှင်၊လူများက ဆရာတော်ရဝေထွန်း (အရှင်တိလောကသာရ) ထံသို့ ဘာသာရေးနှင့် ပက်သက်၍ မေးမြန်းထားသည်များကို ပြန်ဖြေထားခြင်းဖြစ်သည်။ ဘာသာရေးနှင့်ပက်သက်၍ မိမိကိုယ်တိုင် မရှင်းလင်းသည် များကိုပါ သိရှိနိုင်သည့်အပြင် မိမိမတွေးမိသည့် မေးခွန်းများကိုပါ တွေ့ရနိုင်သည်။ အထူးသဖြင့် နိုင်ငံရပ်ခြားသို့ ရောက်ရှိနေသူများ၊ မေးမြန်းရမည့် ရဟန်းသံဃာတော်များ၏ အဝေးတွင် ရောက်ရှိ နေသူများ၊ ဗုဒ္ဓဘာသာနှင့် ပက်သက်၍ နိုင်ငံခြားသားများ မေးမြန်းလာမှုကို ဖြေကြားလိုသူများ အထူးဆောင်ထားသင့်သော စာအုပ်ဖြစ်သည်။ ဖြေကြားရာတွင် လိုရင်းတိုရှင်း၊ အထောက်အထား ခိုင်ခိုင်လုံလုံဖြင့် ဖြေကြားထားသည်ကို တွေ့ရသည်။ ( မေး ) ( ရေစက်ချ အမျှဝေ ) အရှင်ဘုရား၊ ရေတွင်း၊ ရေကန်၊ ဘုရား၊ ကျောင်း၊ သိမ်၊ ဇရပ်များ ဆောက်လုပ်လှူဒါန်းသည်မှအစ ဆွမ်းကျွေး၊ ပရိတ်နာ၊ ရှင်ပြု၊ သီလခံယူ၊ တရားနာ စသည်၌ နောက်ပိတ်ဆုံး ရေစက်ချ၊ အမျှဝေ၊ သာဓုခေါ် ပြုလုပ်ကြသည်များကို တွေ့ရပါသည်။ အကယ်၍များ အထက်ဖော်ပြပါ အလှူဒါနကောင်းမှုများ ပြုလုပ်ပြီး ရေစက်ချ၊ အမျှဝေ၊ သာဓုခေါ် မပြုခဲ့ပါလျှင် ၄င်းပြုလုပ်ခဲ့သော အလှူဒါနကောင်းမှုအတွက် ကောင်းကျိုးချမ်းသာ၊ ကုသိုလ်များ မရနိုင်ဘူးလားဘုရား၊ အလှူဒါန အထမမြောက်ခြင်းရော ဖြစ်နိုင်ပါသလားဘုရား၊ ဘာပစ္စည်းလှူလှူ ရေစက်ချ၊ အမျှဝေ၊ သာဓုခေါ်ပြီးမှ ကုသိုလ်အကျိုး ခံစားရပါသလား ဘုရား၊ ဖြေကြားပေးတော်မူပါ အရှင်ဘုရား။ ( ဦးဝမ်း-၃-ရပ်ကွက်၊ ဥဿာမြို့သစ်၊ ပဲခူး ) ( ဖြေ ) ရေစက်ချခြင်းဟူသည်မှာ- အလှူတခု လှူဒါန်းရာ၌ ၁။ လှူဒါန်းခြင်း ၂။ ဆုတောင်းခြင်းနှင့် ၃။ အမျှဝေခြင်း ဟူ၍ အပိုင်း ၃-ပိုင်းရှိရာ ဤပစ္စည်း ဤ၀တ္ထုများကို လှူဒါန်းပါ၏။ ဤသို့လှူဒါန်းရသောကြောင့် နိဗ္ဗာန်မျက်မှောက်ပြုရပါလို၏။ ဤကောင်းမှု၏ အဖို့ဘာဂကို သတ္တ၀ါတို့ ရရှိကြပါစေ-ဟု စိတ်စေတနာ လေးလေးနက်နက်ဖြင့် အမျှဝေရခြင်းမှာ ဘုရားအလောင်း သူတော်ကောင်းတို့ ပြုရိုးအစဉ်ပင် ဖြစ်ပါသည်။ ဝေဿန္တရာမင်းကြီးသည် ဒါနပြုတိုင်း ရေစက်ချ၊ အမျှဝေလေ့ရှိပါသည်။ ထိုရေစက်ချ အမျှဝေမှုသည်ပင် မာရ်နတ် စစ်တိုက်လာရာ၌ ဤဗောဓိပင်နှင့် ရွှေပလ္လင်ကို ရရေး (သဗ္ဗညုတဉာဏ်ကိုရရေး) အတွက် ဝေဿန္တရာဘ၀တွင် လှူဒါန်း၍ ရေစက်ချခဲ့သည်ကို ဤမဟာပထ၀ီမြေကြီး အသိသက်သေဖြစ်သည်ဟု သက်သေပြုသဖြင့် ပထ၀ီမြေကြီးက သက်သေခံခဲ့ပါသည်။ အလှူရှင်မှာ အခြား အကုသိုလ်အကျိုးပေး၍ ငရဲသို့ ရောက်သွားသည့်တိုင်အောင် ယမမင်းက အမျှပေးဝေ ဖူးသည်မဟုတ်လော-ဟု သတိပေး၍ ကုသိုလ်ကို သတိရကာ ငရဲမှ လွတ်နိုင်ပါသည်။ ထို့ပြင်လည်း ပုညကိရိယ ၀တ္ထု (ကုသိုလ်ကောင်းမှု) ၁၀-ပါးတွင် အမျှဝေခြင်း (ပတ္တိဒါန) သည်လည်း ဒါနစသော ကုသိုလ်တို့ကဲ့သို့ ကုသိုလ် တမျိုးဖြစ်ရာ ရေစက်ချ၊ အမျှဝေသဖြင့် ကုသိုလ်တမျိုး တိုးနိုင်ပါသေးသည်။ အလှူလှူရာ၌ ဆုတောင်းခြင်းမပြုဘဲ လှူခြင်းမှာ ပေးကမ်းခြင်းသက်သက်သာဖြစ်၍ နိဗ္ဗာန်ကို ဆုတောင်းမှ ဒါနပါရမီ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ပါရမီဒါန ပြုလုပ်ကြသူတိုင်း ဆုတောင်းခြင်း စသည့် ရေစက်ချမှုကို မပြုမနေ ပြုလုပ်ကြရပါသည်။ ( မေး ) ( သွေးလှူဒါန်းခြင်း ) အရှင်ဘုရား၊ တပည့်တော်သည် ဆင်းရဲချို့တဲ့သဖြင့် အလှူဒါန ကြီးကြီးကျယ်ကျယ် မပြုနိုင်ပါ။ သို့သော် သွေးလှူဒါန်းမှုကိုမူ မကြာမကြာ ပြုပါသည်။ သွေးလှူဒါန်းခြင်းသည် မည်ကဲ့သို့ ကုသိုလ်ရကြောင်း၊ ဒါနအများတွင် မည်သည့်ဒါနမျိုးဖြစ်ကြောင်း သိလိုပါသဖြင့် ဖြေကြားပေးတော်မူပါဘုရား။ ( မသီတာ-ဘုရင့်နောင်ဈေး၊ ရန်ကုန် ) ( ဖြေ ) နိဗ္ဗာန် မဂ်ဖိုလ်ကို ဆုတောင်း၍ အပဗဟိဒ္ဓဖြစ်သော ပစ္စည်းဝတ္ထု (တိုင်းပြည်နှင့် သားမယားအထိ) လှူဒါန်းသော ဒါနမှာ ဒါနပါရမီဖြစ်၍ အင်္ဂါ, ခြေ, လက်, မျက်စိ, နား, နှာ စသည် လှူဒါန်းသောဒါနမှာ ရိုးရိုးဒါနပါရမီထက် မွန်မြတ်သော ဒါနဥပပါရမီ ဖြစ်ပါသည်။ သူတပါးအတွက် မိမိအသက်ကို စွန့်လှူသော ပါရမီမှာ အမြတ်ဆုံး ပရမတ္ထပါရမီ ဖြစ်ပါသည်။ သွေးလှူခြင်းမှာ ဗဟိဒ္ဓပစ္စည်းဝတ္ထုထက် အရင်းကျသော အဇ္ဈတ္တ၀တ္ထုသွေးဖြင့် ကယ်ဆယ်သောသဘော ဖြစ်သဖြင့် ဒါနဥပပါရမီ၌ သွင်း၍ရပါသည်။ ထူးမြတ်သော အသက်ကယ်ဒါန (ဇီဝိတဒါန) ဖြစ်သဖြင့် သွေးလှူခြင်းမှာ အလွန်မွန်မြတ်လှပါသဖြင့် ကြိုးစား၍ လှူဒါန်းစေလိုပါသည်။ ( မေး ) ( ရဟန်းခံနှင့် သိက္ခာချ ) အရှင်ဘုရား၊ ရဟန်းခံရာတွင် ကာရကသံဃာထဲ၌ ပါရာဇိက ရဟန်းတပါး ပါပါက ပဉ္စင်းလောင်း ရဟန်း ဖြစ်-မဖြစ် နှင့် သိက္ခာချလိုသော ရဟန်းသည် ဘုရားရုပ်ပွားတော်ရှေ့တွင် မိမိကိုယ်ကို သိက္ခာချ၍ ရနိုင်-မရနိုင် ဖြေကြားပေးတော်မူပါဘုရား။ ( အဂ္ဂဉာဏ-က-တ၊ တောင်ငူ ) ( ဖြေ ) ရဟန်းခံရာ၌ ပါရာဇိက ရဟန်းအပြင် ငါးပါးရှိက ပဉ္စင်းလောင်း ရဟန်းဖြစ်ပါသည်။ (ယခင်က ကျမ်းညွှန်းပါဠိနှင့်တကွ ဖြေဆိုခဲ့ပြီး ဖြစ်သည်)။ သိက္ခာချရာ၌ စိတ်၊ ခေတ်၊ ကာလ၊ ပယောဂ၊ ပုဂ္ဂလ၊ ၀ိဇာနန-အင်္ဂါ ၆-ပါးရှိရာ နားထောင်နေသော ပကတိ စိတ်မှန်ပုဂ္ဂိုလ်နှင့် သိက္ခာချသံကိုကြား၍ သိခြင်းအင်္ဂါနှင့်ပြည့်စုံရန် လိုအပ်လှသဖြင့် ဘုရားရှေ့၌ မိမိကိုယ်ကို သိက္ခာချ၍ မရပါ။ နားထောင်နေသော ပုဂ္ဂိုလ်တဦးဦး (သို့မဟုတ်) အများရှိရန် လိုအပ်လှပါသည်။ အထူးမှတ်သားရန်မှာ ရှင်သာမဏေပြုရာ၌ ဆရာရော သာမဏေလောင်းပါ သရဏဂုံပီသခြင်း (ဥဘတောဝိသုဒ္ဓိ) အရေးကြီးသဖြင့် ရှင်ဖြစ်ရန်ခက်သော်လည်း လူထွက်ရာ၌ လူဝတ်လဲလှယ်ရုံမျှဖြင့် ပြီးသောကြောင့် အပြုခက်၍ အထွက်လွယ်ပါ သည်။ ရဟန်းခံရာ၌ ရဟန်းလောင်း အင်္ဂါညီသူအဖို့ ကမ္မ၀ါဆရာများက ကမ္မ၀ါစာပီသစွာ ဖတ်ရွတ်နိုင်လျှင် ရဟန်းဖြစ်သည်။ လူထွက်ရာ၌မူ သိက္ခာချအင်္ဂါနှင့် ညီညွတ်ရန် ခက်လှသဖြင့် အဖြစ်လွယ်ကာ အထွက်ခက်လှသည်။ ထို့ကြောင့် လွယ်လွယ်သိက္ခာချရန် မသင့်ကြောင်း သတိပြုသင့်ပါသည်။
<urn:uuid:ccd9b353-67ea-4ab6-b3bb-d5f79e029564>
CC-MAIN-2015-14
http://www.dhammaransi.com/index.php?option=com_content&view=article&id=80&Itemid=69
2015-03-31T09:41:56Z
s3://commoncrawl/crawl-data/CC-MAIN-2015-14/segments/1427131300464.72/warc/CC-MAIN-20150323172140-00163-ip-10-168-14-71.ec2.internal.warc.gz
mya
0.854815
Mymr
32
{"mya_Mymr_score": 0.8548153042793274, "blk_Mymr_score": 0.14286856353282928}
မာတင် ဗန် ဗျူရင် |မာတင် ဗန် ဗျူရင် Martin Van Buren ၁၇၉၂-၁၈၆၂ |မွေးနေ့||၅၊ ဒီဇင်ဘာ၊ ၁၇၉၂| |မွေးရပ်||ကင်ဒါဟွတ်ခ် နယူးယောက်ပြည်နယ်| |ကွယ်လွန်နေ့||၂၄၊ ဇူလိုင်၊ ၁၈၆၂| |ကွယ်လွန်ရပ်||ကင်ဒါဟွတ်ခ် နယူးယောက်ပြည်နယ်| |အခြားအမည်||ကင်ဒါဟွတ်ခ်ရွာက မြေခွေးနီ မျက်လှည့်ဆရာလေး |လူသိများရခြင်း||အမေရိကန်ပြည်ထောင်စု၏ အဌမမြောက်သမ္မတ၊ နိုင်ငံခြားရေးသမ္မတ၊ ဥပဒေပညာရှင်| |အလုပ်အကိုင်||ရှေ့နေ၊ တရားသူကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ အမေရိကန်သမ္မတ၊| |ရာထူးသက်တမ်းကာလ||၄၊မတ်၊၁၈၃၇- ၄၊မတ်၊ ၁၈၄၁| |ဒုတိယ သမ္မတ||ဂျွန် ကားလ်ဟွန်| |လွှဲအပ်သူ||ရစ်ချက် ဂျွန်ဆန်| |ဆက်ခံသူ||ဝီလီယံ ဟင်နရီ ဟယ်ရီဆန်| |နိုင်ငံသား||အမေရိကန် နိုင်ငံ| ဘဝအစ[ပြင်ဆင်ရန်] အဌမမြောက် အမေရိကန် သမ္မတ မာတင် ဗန် ဗျူရင်သည် အင်္ဂလိပ်နွယ်ဖွားမဟုတ်သည့် ပထမဆုံးသော် အမေရိကန် သမ္မတဖြစ်သည်။ နယူးယောက်အနီးရှိ ကင်ဒါဟွခ်ကျေးရွာမှ ဆင်းရဲသား ဒတ်ချ်နွယ်ဖွားမိဘနှစ်ပါးမှ ၁၇၉၂တွင်ဖွားမြင်သည်။ ယာကွက်သေးသေးတစ်ကွက်၊ အိမ်ဆိုင်သေးသေးတစ်ဆိုင်ဖြင့် ဘဝကို ရင်ဆိုင်ကြရသည်။ ရွာကျောင်းတွင်သာ ကျောင်းနေဖူးသည်။ အသက် ၁၄နှစ်အရွယ်တွင် ပြည်နယ်တရားရုံးတစ်ရုံးတွင် အလုပ်ဝင်သည်။ အလုပ်တစ်ဖက်နှင့် ဘဝအတွက်ကြိုးစားရာ ၂၁နှစ်တွင် ရှေ့နေဖြစ်လာသည်။ ထက်မြက်သည့် သူ့အရည်အချင်းကြောင့် ကျော်ကြားလာပြီး အချိန်တိုအတွင်း အောင်မြင်လာသည်။ ထိုနောက် နိုင်ငံရေးဖက်သို့ စိတ်ဝင်စားကာ လေ့လာလိုက်စားခဲ့သည်။ နိုင်ငံရေးတွင်လည်း ကျွမ်းကျင်သည့်အတွက် ဥပဒေအရာရှိ၊ တရားမတရားသူကြီး စသည်ဖြင့် အဆင့်ဆင့်ရာထူးတက်လာပြီး အထက်လွှတ်တော်အမတ်အဖြစ်လည်း အရွေးခံရသည်။ ထိုနောက် သမ္မတ အင်ဒရူး ဂျက်ဆန်လက်ထက်တွင် နိုင်ငံခြားရေးဝန်ကြီး ၊ ဒုသမ္မတ စသည်ဖြင့် အဆင့်ဆင့်ရာထူးထပ်တက်ကာ ၁၈၃၇ရွေးကောက်ပွဲတွင် အနိုင်ရပြီး အမေရိကန် သမ္မတဖြစ်လာသည်။ သမ္မတ ဘဝ[ပြင်ဆင်ရန်] ဗန် ဗျူရင်၏ သမ္မတဘဝမှာ စိတ်ချမ်းမြေ့ဖွယ်မရှိခဲ့ပေ။ နိုင်ငံရေးကစားကွက်တွင် ကျွမ်းကျင်သော်လည်း ရှေ့လူ အင်ဒရူး ဂျက်ဆန် ၏လောင်းရိပ်ကြောင့် အာဏာလျော့ပါးရသည်။ ဗျူရင်မှာ ဂျက်ဆန်ကဲ့သို့ လူရှေ့တွင် ရဲရဲတင်းတင်းဖြင့် အာဏာပေးတတ်သူမဟုတ်ပေ။ အတွင်းကျိတ်ဆွေးနွေးဖြေရှင်းတတ်သည့် သဘောရှိသည်။ ထိုသို့ အနေအထိုင် ရိုးကုတ်သဖြင့် အများပေါ်တွင် ဩဇာသက်ရောက်မှုနဲတော့သည်။ လူပုံကလည်း ပုပျက်ပျက်နှင့် ဟိတ်ဟန်ကောင်းလှသည်မဟုတ်ပေ။ သတ္တမမြောက် သမ္မတ အင်ဒရူးဂျက်ဆန်က ဒုတိယ အမေရိကန်ဘဏ်တွင် အပ်နှံထားသော အစိုးရငွေကြေးဓနများကို ပယ်နုတ်လိုက်သဖြင့် တိုင်းပြည်၏ စီးပွားအခြေအနေမှာ ယိုယွင်းနေခဲ့ပြီဖြစ်သည်။ အနောက်ဖတ်တစ်လွှားမှ ပျံနှံလာသည့် အဆိုပါ မြေယာဈေးကွက် ပြိုလဲမှုသည် အမေရိကန် အရှေ့ဖျားသို့ပင် ရောက်လာခဲ့ပြီဖြစ်သည်။ သို့သော် ဗျူရင်က အစိုးရအနေဖြင့် လွတ်လပ်သောဈေးကွက်ကို ဝင်ထိန်းသိမ်းရန် မသင့်ဟုယူဆကာ ဝင်ရောက်ဖြေရှင်းပေးခြင်းမရှိသဖြင့် အခြေအနေမှာ ပို၍ဆိုးရွားလာသည်။ ၁၈၄ဝတွင် ပေါ်ပေါက်လာသည့် လွတ်လပ်သော ငွေတိုက် အက်ဥပဒေမှာ ဗျူရင့်လက်ရာဖြစ်သော်လည်း စီးပွားပျက်ကပ်အတွင်းမှ တိုင်းပြည်ကို အချိန်မီဆည်တင်နိုင်ခြင်းမရှိခဲ့ပေ။ သို့ဖြင့် ခြောက်နှစ်ကြာသော စီးပွားပျက်ကပ်ကြီးသည် ဗျူရင်၏ သမ္မတသက်တမ်းကို ဝါးမြိုသွားခဲ့တော့သည်။ သို့ဖြင့် နောက်တစ်ကြိမ်ရွေးကောက်ပွဲကြီးတွင် ဗျူရင် မရှုမလှရှံူးနှိမ့်ပြီး သမ္မတရာထူးကို လက်လွတ်ရတော့သည်။ နိုင်ငံရေးသမားတစ်ဦးအနေဖြင့် လည်ပတ်ကျွမ်းကျင်သော်လည်း ခေတ်ကာလအရ ခေတ်ဆိုးကြီးတွင် ကြားညှပ်ခံရရှာသော သမ္မတတစ်ဦးအဖြစ် နှောင်းလူတို့က သတ်မှတ်ကြပါသည်။ ၁၈၆၂တွင် ဗျူရင်ကွယ်လွန်သည်။ ကျန်ရှိသော ရုပ်အလောင်းကို ဇာတိ ကင်ဒါဟွတ်ခ်ရွာတွင်ပင် မြုပ်နှံခဲ့သည်။ ကိုးကား[ပြင်ဆင်ရန်] အိမ်ဖြူတော်ကို တန်းစီခြင်း- ကြည်မင်း
<urn:uuid:82f59c0d-9b09-4da7-a4a5-d34a03231c91>
CC-MAIN-2015-14
http://my.wikipedia.org/wiki/%E1%80%99%E1%80%AC%E1%80%90%E1%80%84%E1%80%BA_%E1%80%97%E1%80%94%E1%80%BA_%E1%80%97%E1%80%BB%E1%80%B0%E1%80%9B%E1%80%84%E1%80%BA
2015-03-28T00:31:29Z
s3://commoncrawl/crawl-data/CC-MAIN-2015-14/segments/1427131297146.11/warc/CC-MAIN-20150323172137-00058-ip-10-168-14-71.ec2.internal.warc.gz
mya
0.997251
Mymr
87
{"mya_Mymr_score": 0.9972507953643799}
တောင်ကြီးမြို့ ||ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက်များ စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ This article may require cleanup to meet Wikipedia's quality standards. Please improve this article if you can. The talk page may contain suggestions. |တောင်ကြီးမြို့ Taunggyi |Coordinates:| |နိုင်ငံ||မြန်မာနိုင်ငံ| |ပြည်နယ်၊ ခရိုင်||ရှမ်းပြည်နယ်| |ထည်ထောင်ခြင်း||၁၈၉၄| |Elevation ပင်လယ်ရေအမြင့်ပေ||၄၅၉၀ ft (၁၄၀၀ m)| |လူဦးရေ| |- စုစုပေါင်း||၂၀၀၀၀၀| |- လူမျိုးများ||ဗမာ၊ တရုတ်ဗမာ၊ ရှမ်း၊ အိန္ဒိဗမာ၊ ဂေါ်ရခါး| |- ကိုးကွယ်ယုံကြည်မှု||ဗုဒ္ဓဘာသာ, ခရစ်ယာန်, အစ္စလာမ်| |Area code(s)||၀၈၁[၁]| တောင်ကြီးမြို့သည် ရှမ်းပြည်နယ်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် တည်ရှိသည်။ တောင်ကြီးမြို့တွင် လူဦးရေ ၂ သိန်းခန့်ရှိသည်။ တောင်ကြီးမြို့သည် ရှမ်းပြည်နယ် ရုံးစိုက်ရာမြို့ ဖြစ်သော်လည်း နေထိုင်သည့် လူဦးရေအများစုမှာ ရှမ်းတိုင်းရင်းသားများ။ အင်းသားနှင့် ပအိုဝ့်လူမျိုးများ အများအပြားလည်း နေထိုင်ကြသည်။ လတ်တလောတွင်မူ တရုတ်လူမျိုး အလုံးအရင်းလိုက် ဝင်ရောက်လာကြပြီဖြစ်သည်။ သက္ကရာဇ် ၁၂၀ဝခန့်က တည်ရှိနေသော ပအိုဝ်းရွာ “ဒုံတောင်ကျည်း” ရွာရှိသည်။ ရေကန်(၄) ကန် နှင့် အင်းကြီး(၁) အင်း ရှိသည်။ အင်္ဂလိပ်အစိုးရ မိုင်းသောက်တွင် ရုံးစိုက်ရာမှ အသွားအလာ၊ ကျန်းမာရေး ကိစ္စများကြောင့် မြို့သစ်တည်ရန်အတွက် တောင်ကြီးရွာကို ရွေးချယ်ခဲ့သည်။ မြန်မာသက္ကရာဇ် (၁၂၅၃)ခု၊ ခရစ်နှစ်(၁၈၉ဝ)တွင် တောင်ကြီးမြို့အဖြစ် တည်ထောင်ခဲ့သည်။ ပင်လယ်ရေပြင်အမြင့် (၄၇၁၂)ပေ -တောင်ကြီးမြို့တောင်ချွန်းအထိ ပင်လယ်ရေပြင်အမြင့်ပေ (၅၆၀၀) ကျော်ရှိသည်။ အရှေ့ဘက်တွင် ဟိုပုံးမြို့၊ အနောက်ဖက်တွင် ညောင်ရွှေမြို့၊ တောင်ဘက်တွင် ဆီဆိုင်မြို့၊ မြောက်ဘက်တွင် ရပ်စောက်မြို့တို့ဖြင့် ဝန်းရံလျှက်တည်ရှိသည်။ တောင်ကြီး မြို့တွင် ဗမာ၊ပအိုဝ်း၊ပလောင်၊ရှမ်း၊အင်းသား၊ဓနု၊တောင်ရိုး အစရှိသည့် တိုင်းရင်းသား များစွာ စုစည်းနေထိုင်ကြသည်။ သမိုင်း[ပြင်ဆင်ရန်] ဗြိတိသျှကိုလိုနီခေတ်မတိုင်မီ တောင်ကြီးသည် တဲအိမ်အနည်းငယ်သာရှိသည့် ရွာငယ်လေး တစ်ရွာဖြစ်သည်။ ထိုအချိန်တွင် ပအိုဝ့်လူမျိုးများ နေထိုင်ကြသည်။ ဗြိတိသျှကိုလိုနီခေတ်ရောက်သည့်အခါ တောင်ကြီးမြို့သည် ရှမ်းပြည်နယ်တောင်ပိုင်း၏ ရုံးစိုက်ရာမြို့ ဖြစ်လာသည်။ ၁၈၉၄ ခုနှစ်တွင် ဗြိတိသျှအစိုးရသည် ပထဝီအနေအထားနှင့် ကျန်းမာရေးဆိုင်ရာ အကြောင်းအရင်းများကြောင့် ၎င်းတို့၏ ရုံးကန်ကနားများအား အင်းလေးကန် အရှေ့ဘက်ကမ်းရှိ မိုင်းသောက်မြို့မှ တောင်ကြီးမြို့သို့ ပြောင်းရွှေ့ခဲ့ချိန်မှ စတင်ကာ တောင်ကြီးမြို့ ပြောင်းလဲတိုးတက်လာသည်။ တောင်ကြီးမြို့မှာ ကျယ်ပြန့်သော တောင်ကမ်းပါးယံရှိ ကုန်းပြင်မြင့်ပေါ်တွင် တည်ရှိရာ မြို့၏အရှေ့ဘက်စွန်းမှ အထက်ဆီသို့ အုပ်မိုးနေအောင် မတ်စောက်နေသော တောင်ကြီးကိုအစွဲပြု၍ တောင်ကြီးမြို့ဟု ခေါ်လေသည်။ တောင်ထိပ်တွင် စေတီတော်တစ်ဆူနှင့် ထူးခြားစွာ စွန်းထွက်နေသော ကျောက်ဆောင် ကျောက်တုံးကြီး များရှိသောကြောင့် မြို့သူမြို့သားများသည် ထိုတောင်ထိပ်သို့ မကြာမကြာ သွားရောက်လည်ပတ်ကြသည်။ မြို့ကို တပ်မြေ ဌာနကဲ့သို့ စံနစ်တကျ တည်ဆောက်၍ လမ်းမကြီး လမ်းငယ် အသွယ်သွယ် ဖောက်လုပ်ထားသည်။ မြို့အတွက် ရေကို မြို့တောင်ဘက်စွန်းမှ စီးဆင်းလာသော ချောင်းငယ်မှယူသဖြင့် သန့်ရှင်းသောရေကိုရသည်။ အနောက်စွန်းရှိ တောင်ကုန်းငယ် တွင် ဘုရားတန်ဆောင်းများရှိသည်။ သာစည် ရွှေညောင်သွား မီးရထားလမ်းဆုံမြို့ဖြစ်သော ရွှေညောင်မြို့နှင့် တောင်ကြီးမြို့ သည် ကားလမ်းအားဖြင့် ၁၂ မိုင်ဝေး၍၊ ခြေလျင်လမ်းအားဖြင့် ၅ မိုင်မျှသာဝေးသည်။ သာစည်မြို့မှာမူ တောင်ကြီးမြို့မှ ၁၀၃ မိုင်ဝေးသည်။ ၁၉၀၆ ခုနှစ်တွင် အိမ်ခြေပေါင်း ၁၀၀၀ ခန့်ရှိခဲ့သည်။ ၁၉၀၀ ပြည့်နှစ်ဦးပိုင်းများတွင် ရှမ်းပြည်နယ်အတွင်း နယ်မြေ မငြိမ်သက်မှုများကြောင့် တောင်ကြီးမြို့သည် ဗြိတိသျှတပ်ဖွဲ့များ၏ အဓိကစခန်းဖြစ်ခဲ့သည်။ တောင်ကြီးမြို့သည်လည်း ရှမ်းပြည်နယ်၏ ရိက္ခာပံ့ပိုးရာ အချက်အချာ ဖြစ်ခဲ့သည်။ လမ်းပန်းဆက်သွယ်ရေး[ပြင်ဆင်ရန်] တောင်ကြီးမြို့သို့ အဓိကအားဖြင့် ကားလမ်းသာပေါက်သည်။ တောင်ကြီးမြို့အား ဖြတ်သန်းသော ရထားလမ်းကို ၁၉၉၅ ခုနှစ်မှသာ ဖောက်လုပ်ခဲ့သည်။ သို့ပေမယ့် လက်ရှိတွင် ခရီးသည်များအတွက် ဝန်ဆောင်မှုများ မရှိပါ။ ရထားနှင့် မြန်မာနိုင်ငံ အခြားဒေသများသို့ သွားရောက်လိုသော ခရီးသည်များသည် တောင်ကြီးမြို့နှင့် ၁၂ မိုင်အကွာရှိ ရွှေညောင်မြို့တွင် သွားရောက် စီးနင်းရသည်။ အနီးဆုံးလေဆိပ်မှာ ၂၄ မိုင်အကွာရှိ ဟဲဟိုးမြို့တွင် တည်ရှိသည်။ ယဉ်ကျေးမှု[ပြင်ဆင်ရန်] တောင်ကြီးမြို့တွင် မူလဒေသခံ အင်းသားနှင့် ပအိုဝ့်လူမျိုးများအပြင် ရှမ်းနှင့် ဗမာလူမျိုးများ အဓိကနေထိုင်ကြသည်။ အခြား ဒေသခံတိုင်းရင်းသားများနှင့် တရုတ်၊ မူဆလင်လူမျိုးများကိုလည်း တွေ့နိုင်သည်။ မြန်မာနိုင်ငံ၏ အခြားဒေသများနည်းတူ တောင်ကြီးမြို့ခံအများစုသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး ဘုန်းတော်ကြီးကျောင်းများကို မြို့အနှံ့တွင် တွေ့ရှိနိုင်သည်။ ခရစ်ယာန်ဘာသာဝင် အတော်များများလည်း တောင်ကြီးမြို့တွင် နေထိုင်ကြသည်။ ရိုမန်ကသလစ်နှင့် ဘက်တစ်ဘုရားရှိခိုးကျောင်းများ ရှိသည်။ တောင်ကြီးမြို့တွင် ဗလီကျောင်းလေးကျောင်းရှိပြီး မူဆလင်အများစုမှာ မြို့ဦးဗလီ၊ အလယ်ဗလီနှင့် တောင်ဗလီသို့ သွားရောက် ဝတ်ပြုကြသည်။ ပန်းသေးတရုတ်များမှာမူ ပန်းသေးဗလီကျောင်းသို့ သွားကြလေ့ရှိသည်။ တရုတ်လူမျိုးများ ကိုးကွယ်သည့် တရုတ်ဘုရားကျောင်း အနည်းငယ်လည်း တည်ရှိသည်။ တောင်ကြီးမြို့သည် နယ်လှည့်ခရီးသည်များအကြား လူသိများ ကျော်ကြားသည့် မြို့တစ်မြို့ဖြစ်သည်။ ၅ ရက်လျှင် တစ်ကြိမ်ကျရောက်သည့် ဈေးနေ့တွင် ရွာနီးချုပ်စပ်မှ တောင်သူဈေးသည်များနှင့် စည်ကားသိုက်မြိုက်စမြဲဖြစ်သည်။ မြို့ပြအင်္ဂါပီပြင်လာသည့်အလျှောက် ဤအငွေ့အသက်များ တဖြည်းဖြည်း မှေးမှိန်စပြုလာပြီဖြစ်သည်။ အနီးဝန်းကျင်ရှိ ရွာများတွင်မူ စည်ကားသည့် ဈေးနေ့မြင်ကွင်းကို တွေ့ရှိနိုင်ပါသေးသည်။ တောင်ကြီးမြို့နှင့် မနီးမဝေးတွင် တည်ရှိသည့် အင်းလေးကန်တွင် တမူထူးခြားသည့် အင်းသားယဉ်ကျေးမှုကို တွေ့မြင်နိုင်သည်။ တော်သလင်းလတွင် ကျင်းပသည့် တန်ခိုးတော်ရှင် ဖောင်တော်ဦးဘုရားပွဲတော်သည် လူတိုး၍ပင်မပေါက်သည့် ဘုရားပွဲဖြစ်သည်။ ပင်းဒယဂူသည်လည်း လူသွားများသည့် နေရာတခုဖြစ်သည်။ တောင်ကြီးအနီးရှိ မွေတော်ကက္ကူဘုရားတွင် ၁၆ ရာစုတွင် တည်ထားကိုးကွယ်သော ရှေးဟောင်းစေတီပုထိုးများအား ဖူးမျှော်ကြည်ညိုနိုင်သည်။ ရွှေဘုန်းပွင့်စေတီ၊ မြစိမ်းတောင်၊ ရပ်တော်မူဘုရား၊ မုံတဝဂူ စသည်တို့မှာလည်း နာမည်ကျော် ဘုရားများဖြစ်ကြသည်။ တောင်ကြီးမြို့သည် ရှမ်းပြည်နယ်၏ ရုံးစိုက်ရာမြို့ ဖြစ်သည်နှင့်အညီ ပြည်နယ်အစိုးရရုံးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ တောင်ကြီးပညာရေးကောလိပ်၊ တောင်ကြီးတက္ကသိုလ်၊ ရှမ်းပြည်နယ်ယဉ်ကျေးမှုပြတိုက် စသည့် အရေးပါသည့် ဌာနများ၊ ရုံးများ တည်ရှိသည်။[၂] တောင်ကြီးမြို့တွင် အစိုးရရုံးများ၊ အဂင်္လိပ် မြန်မာ အထက် တန်းကျောင်းများ၊ မူလတန်းကျောင်းများ၊ ဆေးရုံ၊ ဟော်နန်းနှင့် ခမ်းနားသော တိုက်တာအဆောက်အအုံများရှိသည်။ မြို့မြောက် ပိုင်းရှိဈေးကြီးမှာ အထူးပင်သန့်ရှင်းသည့်ပြင် မုန်လာ၊ မုန် ညင်း၊ အာလူး၊ ကြက်သွန်စသော ဟင်းသီးဟင်းရွက်၊ လတ် ဆတ်သော ကြက်ဥနှင့် ညောင်ရွှေ အင်းလေးဘက်မှ ငါးများကို ထိုဈေးကြီးတွင် ဝယ်ယူ၇ရှိနိုင်ပေသည်။ ၅ ရက် တစ်ဈေး ကျရောက်သောနေ့တွင် နယ်မှလာရောက်ရောင်းဝယ်ကြသဖြင့် အထူးပင် စည်ကားလေသည်။ တောင်ကြီးမြို့မှ မြန်မာနိုင်ငံ အခြားမြို့များသို့ ကြက်သွန်ဖြူ၊ ဂျင်း၊ အာလူး၊ သနပ် ဘက်များကို မီးရထားလမ်း၊ ကားလမ်းနှင့် လေကြောင်းဖြင့် တင်ပို့သည်။ အရှေ့ဘက်ရှိ တောင်ကျစမ်းချောင်းမှရေကို ရေလှောင် ကန်ကြီး ၂ ခုမှတစ်ဆင့် ပြွန်လုံးများဖြင့် တစ်မြို့လုံး အတွက် သောက်ရေပို့ပေးသည်။ တောင်ကြီးမြို့၏ လူဦးရေမှာ ၁၉၄၁ ခုနှစ် သန်းခေါင်စာရင်းအရ ၉ ဝ၀၀ ကျော်ဖြစ်သည်။ ယခုအခါမှာမူ လူဦးရေ ၁၅ ဝ၀၀ ကျော်မျှရှိမည်ဟု ခန့်မှန်းကြ သည်။ ကိုးကား[ပြင်ဆင်ရန်] - မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)။ - မြန်မာပြည်ဖွားဂေါ်ရခါး၊ ရေး-မေမြို့ချစ်ဆွေ၊ ၂၀၀၀ ခုနစ်ထုတ်
<urn:uuid:f700bf9b-ce3e-4b06-b3e0-eba72022c031>
CC-MAIN-2015-14
http://my.wikipedia.org/wiki/%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7
2015-03-31T15:29:45Z
s3://commoncrawl/crawl-data/CC-MAIN-2015-14/segments/1427131300735.71/warc/CC-MAIN-20150323172140-00290-ip-10-168-14-71.ec2.internal.warc.gz
mya
0.997255
Mymr
28
{"mya_Mymr_score": 0.9972552061080933}
ဂြိုဟ်တု ဂြိုဟ်တုဆိုသည်မှာ အရာဝတ္ထုတစ်ခုဖြစ်ပြီး ကမ္ဘာ့အပေါ်ရှိ ဂြိုဟ်ပတ်လမ်းကြောင်းအတိုင်း လှည့်ပတ်နေသည်။ လူသားတို့ တီထွင်ဖန်တီးထားသော ဂြိုဟ်တုများ ရှိသကဲ့သို့ သဘာဝအလျောက် ဖြစ်ပေါ်နေသော ဂြိုဟ်တုပေါင်းများစွာလည်း ရှိသည်။ လသည် သဘာဝဂြိုဟ်တု တစ်ခုဖြစ်ပြီး ကမ္ဘာအား သူ၏ ပတ်လမ်းကြောင်းအတိုင်း လှည့်ပတ်နေသည်။ လူသားများပြုလုပ်သော ဂြိုဟ်တုများသည်လည်း ၎င်းတို့၏ ကိုယ်ပိုင် ဂြိုဟ်ပတ်လမ်း ကြောင်းအတိုင်း လှည့်ပတ်နေကြလေသည်။ လူသားတို့ ပြုလုပ်သော ဂြိုဟ်တုအများစုသည် ဂြိုဟ်ပတ်လမ်း အနိမ့်ပိုင်းမှ လှည့်ပတ်ကြပြီး ထိုဂြိုဟ်တုများ၏ မြန်နှုန်းမှာ ကမ္ဘာသည် နေအားလှည့်ပတ်နေသော မြန်နှုန်းအတိုင်းပင် လှည့်ပတ်နေကြသည်။ ထို့ကြောင့် မြေပြင်မှကြည့်လျှင့် ၎င်းဂြိုဟ်တုများသည် မလှုပ်ရှားဘဲ ငြိမ်နေသကဲ့သို့ဖြစ်နေသည်။ ထိုကမ္ဘာပတ်လမ်းကြောင်းသို့ ရောက်ရှိရန်အတွက် ဂြိုဟ်တုသည် ကမ္ဘာ၏ ဝင်ရိုးစွန်းအပေါ်တွင် ရှိနေရမည်ဖြစ်ပြီး မြေပြင်မှ ကီလိုမီတာပေါင်း ၃၅,၇၈၆ ကီလိုမီတာ (မိုင်ပေါင်း ၂၄၀ အကွာ) ကွာဝေးရမည်ဖြစ်သည်။ အနိမ့်ပိုင်း ကမ္ဘာပတ်လမ်းတွင် ရှိသော ဂြိုဟ်တုများသည် ကမ္ဘာမြေပြင်မှ အနည်းဆုံး ကီလိုမီတာ တစ်ထောင်ခန့်နှင့် အထက်တွင် ရှိနေကြသည်။ ထိုဂြိုဟ်တုများသည် အလွန်မြန်ပြီး တိမ်းစောင်းနေသော ဂြိုဟ်ပတ်လမ်းများတွင် တည်ရှိနေကြသည်။ ဂြိုဟ်တုတစ်လုံးသည် ပျမ်းမျှအားဖြင့် ၁၄ ပေါင်ခန့်(၆ ဒဿမ ၅ ကီလိုဂရမ်) ရှိမှသာလျှင် ကင်မရာတစ်လုံး (သို့မဟုတ်) ကွန်ပျူတာတစ်လုံးအား သယ်ဆောင်သွားနိုင်မည်ဖြစ်သည်။ စက်ပစ္စည်းများ ပါဝင်သော လူသားတို့ ပြုလုပ်ထားသည့် ဂြိုဟ်တုများကို မိုးလေဝသ တိုင်းတာရေးအကူအညီများ၊ အာကာသအတွင်း ဓာတ်ပုံရိုက်ယူခြင်းများ၊ ရုပ်မြင်သံကြားဆိုင်ရာ အချက်ပြလှိုင်းများအား လွှဲပြောင်းပေးခြင်းများ၊ တယ်လီဖုန်းအဝင်အထွက် လမ်းကြောင်းများအား ပေးပို့ပေးခြင်း၊ လုံခြုံရေးများ၊ အာကာသအတွင်းလေ့လာခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းပေးခြင်းများ စသည်တို့ကို လုပ်ဆောင်ကြသည်။ ပထမဦးဆုံးသော လူသားတို့ပြုလုပ်ထားသည့် ဂြိုဟ်တုအမည်မှာ စပွန်းနစ် ဖြစ်သည်။ ဂြိုဟ်တုများအား အဓိက ရည်ရွယ်ချက်ကြီး ခြောက်ခုဖြစ် ပစ်ပို့ လွှတ်တင်ထားကြသည်။ [၁] ထိုရည်ရွယ်ချက်များမှာ- - သိပ္ပံနည်းကျ လေ့လာမှုများ ပြုလုပ်ရန် - ကမ္ဘာမြေပြင်အား စောင့်ကြည့်လေ့လာရန် - မိုးလေဝသ အခြေအနေအား လေ့လာရန် - ဆက်သွယ်ရေးဆိုင်ရာများ - လေကြောင်း၊ ရေကြောင်းသွားလာရေးများ နှင့် - စစ်ရေးဆိုင်ရာများ အတွက်ဖြစ်သည်။ ပထဦးဆုံးအဖြစ် ဆိုဗီယက်ပြည်ထောင်စုသည် Old Number Seven ဒုံးပျံဖြင့် ဘိုင်ကိုနော့ဗ် အာကာသစခန်းမှ စပွန်းနစ်-၁ အမည်ရှိ ဂြိုဟ်တုကို ၁၉၅၇ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင် လွှတ်တင်ခဲ့သည်။ ၎င်းဂြိုဟ်တုသည် ဘတ်စကက်ဘော အရွယ်မျှသာ ရှိပြီးအလွန်သေးငယ်သော ဂြိုဟ်တုတစ်ခုဖြစ်သည်။ သို့သော် ၎င်းဂြိုလ်တုသည်သာလျှင် ပထမဆုံးသော လူသားတို့ပြုလုပ်သည့် ဂြိုဟ်တုဖြစ်သည်။ ထို့နောက် အမေရိကန်ပြည်ထောင်စုမှ ၁၉၅၈ ခုနှစ် ဖေဖော်ဝါရီလ ၃၁ ရက်နေ့တွင် Explorer-1 အမည်ရှိ ဂြိုဟ်တုအား ဂျူပီတာစီအမည်ရှိ ဒုံးပျံဖြင့် ကိတ်ကာနေဗယ် အာကာသစခန်းမှ ပစ်လွှတ်ခဲ့လေသည်။ ၁၉၆၁ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့တွင် ဆိုဗီယက်ပြည်ထောင်စုက ပစ်လွတ်သော ဗော့စတော့-၁ အာကာသယာဉ်ဖြင့် ဆိုဗီယက် အာကာသယာဉ်မှူး ယူရီဂါဂါရင်သည် အာကာသတွင်း လူသားရောက်ရှိခြင်းနှင့် လူလိုက်ပါခြင်းတွင် ပထမဆုံးသူ ဖြစ်လာခဲ့သည်။ ပြင်သစ်နိုင်ငံမှာ တတိယမြောက် ဂြိုဟ်တုလွှတ်တင်သော နိုင်ငံတစ်ခုဖြစ်သည်။ ၁၉၆၅ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့တွင် Asterix-1 အမည်ရှိဂြိုဟ်တုအား Diamant အမည်ရှိ ဒုံးပျံဖြင့် အယ်ဂျီးရီးယားမှ ပစ်လွှတ်လေပြန်သည်။ ဂျပန်နိုင်ငံမှလည်း Ohsumi အမည်ရ ဂြိုဟ်တုကို Lambda 4S-5 ဒုံးပျံဖြင့် ကာဂိုရှီးမား အာကာသစခန်းမှ ၁၉၇၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် လွှတ်တင်သည်။ အလားတူပင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှလည်း ၁၉၇၀ ပြည့်နှစ် ဧပြီလ ၂၄ ရက်နေ့တွင် Mao-1 အမည်ရှိသော ဂြိုဟ်တုအား Long March-1 အမည်ရှိ ဒုံးပျံဖြင့် မွန်ဂိုးလီးယားအတွင်းမှ ပစ်လွှတ်လေသည်။ ဗြိတိန်နိုင်ငံသည်လည်း ၁၉၇၁ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် Black Knight-1 ဂြိုဟ်တုအား Black Arrow ဒုံးပျံဖြင့် ဩစတြေးလျ ဒုံးပျံလွှတ်တင်ရေးစခန်းမှ လွှတ်တင်ခဲ့သည်။ အီးယူ (ဥရောပ သမဂ္ဂ) သည် ၁၉၇၉ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် CAT ဂြိုဟ်တုအား Ariane အမည်ရှိ ဒုံးပျံဖြင့် ပြင်သစ် ဂီယာအာကာသ စခန်းမှ လွှတ်တင်ခဲ့သည်။ ယနေ့တွင်မူ ဥရောပအာကာသ အေဂျင်စီက ဥရောပအဖွဲ့ဝင်နိုင်ငံများအတွက် ဂြိုဟ်တုများ လွှတ်တင်ပေးလျှက် ရှိလေသည်။ အိန္ဒိယနိုင်ငံသည် ၁၉၈၀ ပြည့်နှစ် ဇူလိုင် ၁၈ ရက်နေ့တွင် Rohini-1 ဟုခေါ်သော ဂြိုဟ်တုအား Satellite Launch Vehicle ဒုံးပျံဖြင့် ဆာရီဟာရီကိုတာကျွန်းမှ လွှတ်တင်ခဲ့ပြန်သည်။ အစ္စရေးနိုင်ငံက ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့၌ Horizon-1 အမည်ရှိသော ဂြိုဟ်တုကို Shavit ဒုံးပျံဖြင့် နီဗက်ဇ် သဲကန္တာရအတွင်းမှ လွှတ်တင်ခဲ့သည်ဟု ဆိုလေသည်။ အီရတ်နိုင်ငံအနေဖြင့်လည်း ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် Rocket-3rd Stage ဂြိုဟ်တုကို လွှတ်တင်ခဲ့ကြလေသည်။ အီရန်နိုင်ငံသည် ၂၀၀၅ ခုနှစ် မတ်လတွင် ၁၁ နိုင်ငံမြောက် ဂြိုဟ်တုလွှတ်တင်နိုင်သော နိုင်ငံဖြစ်ရန် ကြိုးစားခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မလွှတ်တင်နိုင်ခဲ့ချေ။ သို့သော် ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ တွင် Omid ဆိုသော ဂြိုဟ်တုကို Safir-2 ဒုံးပျံဖြင့် ဆမ်နန်အရပ်မှ လွှတ်တင်ခဲ့သည်။ ယခင်က ဆိုဗီယက်ပြည်ထောင်စုတွင် ပါဝင်သော ယူကရိန်းနှင့် ရုရှားနိုင်ငံတို့ကလည်း ၁၉၉၁-၁၉၉၂ ခုနှစ်အတွင်း သီးခြား ဂြိုဟ်တုများ လွှတ်တင်ခဲ့ကြပြန်သည်။ ယခုအခါ ထိုနိုင်ငံများသည် ကိုယ်ပိုင် ဂြိုဟ်တုများ လွှတ်တင်နေကြသကဲ့သို့ အခြားနိုင်ငံများအတွက်လည်း လွှတ်တင်ပေးနေကြလေသည်။ ယခုအချိန်တွင် အာကာသအတွင်း၌ ဂြိုဟ်တုပေါင်း ၁၀, ၀၀၀ ကျော်ရှိနေပြီဟု နာဆာမှတ်တမ်းများအရ သိရှိရလေသည်။ ကမ္ဘာ့လူသားများ အာကာသအတွင်းသို့ ဂြိုဟ်တုလွှတ်တင်နိုင်ခြင်းသည် ဆိုဗီယက်က ၁၉၅၇ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် Sputnik-1 ဂြိုဟ်တုမှစတင်ပြီး ၂၀၀၇ ခုနှစ်တွင် နှစ်ပေါင်း ၅၀ ကျော်ပြီးဖြစ်ပါသည်။ ထို့ကြောင့် ထိုအမှတ်တရအနေဖြင့် ဥရောပအာကာသအေဂျင်စီက ဂြိုဟ်တုအလုံးပေါင်း ၅၀ လွှတ်တင်ခဲ့လေသည်။ Nanosat ဟုခေါ်သည့် ဂြိုဟ်တုငယ်များ ဖြစ်ပါသည်။ ထိုဂြိုဟ်တုငယ်များသည် ၂ ဒဿမ ၂ ပေါင်သာ အလေးချိန်ရှိသည်။ ထိုကြောင့် အလွန်သေးငယ်ပြီး လုပ်ငန်းဆောင်တာများ မလုပ်နိုင်ကြချေ။ အာကာသအတွင်းတွင် ညစဉ်သွားလာနေကြသော ဂြိုဟ်တုပေါင်းမှာ ၁ သောင်းကျော် ရှိသော်လည်း အမှန်တကယ် အသုံးချနိုင်သော ဂြိုဟ်တာမှ ရာဂဏန်းမျှသာလျှင် ရှိလေသည်။ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံအများစုသည် ဂြိုဟ်တုများ လွှတ်တင်ကြသကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံအချို့သည်လည်း ဂြိုဟ်တုများကို လွှတ်တင်နေကြသည်။ ထိုကဲ့သို့ ဂြိုဟ်တုများ လွှတ်တင်လာနိုင်သည်နှင့်အမျှ ထိုနိုင်ငံ၏ စစ်ရေး၊ ဆက်သွယ်ရေး၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မိုးလေဝသခန့်မှန်းမှု ကဏ္ဍများ၌ ကမ္ဘာမြေမှ ဂြိုဟ်တုစခန်းများနှင့် ချိတ်ဆက်မှုများပြုလုပ်ကာ လူသားအကျိုးပြုလုပ်ငန်းများ ပြုလုပ်ပေးနိုင်မည်ဖြစ်လေသည်။
<urn:uuid:28149060-a4f1-4e03-955b-dafbcc0e7417>
CC-MAIN-2015-18
http://my.wikipedia.org/wiki/%E1%80%82%E1%80%BC%E1%80%AD%E1%80%AF%E1%80%9F%E1%80%BA%E1%80%90%E1%80%AF
2015-04-26T20:56:51Z
s3://commoncrawl/crawl-data/CC-MAIN-2015-18/segments/1429246656168.61/warc/CC-MAIN-20150417045736-00122-ip-10-235-10-82.ec2.internal.warc.gz
mya
0.998499
Mymr
105
{"mya_Mymr_score": 0.9984991550445557}
အင်းလေးကန် အင်းပေါခုန်ရွာက ရွှေပြည့်လျှံဆိုတဲ့ နှစ်ထပ် ရက်ကန်းရုံထဲကို ၀င်လိုက်တာနဲ့ မိန်းမပျိုလေး တယောက်က ကြမ်းပြင်မှာ ထိုင်ရင်း ကြာရိုးလေးကို ချိုးလိုက်၊ အရှေ့က ခုံလေးမှာတင်ထားတဲ့ ကြိုးပေါ်ကို ကြာရိုးကထွက်တဲ့ အမျှင်လေးတွေနဲ့ လုံးကျစ်လိုက် လုပ်နေတာကို တွေ့ရတယ်။ ရက်ကန်းရုံဆိုတဲ့အတိုင်း တဂျုံးဂျုံး အသံတွေကလည်း ညံလို့၊ ရက်ကန်းရုံထဲမှာတော့ လူငယ်တွေကော၊ အသက်ကြီးသူ တွေပါ ရှိနေပါတယ်။ အဲဒီအထဲမှာ အသက် ၆၀ အရွယ်လောက်ရှိတဲ့ အမျိုးသားကြီးတဦးက တဘက် ရက်ကန်းစင်ထဲက ပြေးထွက်လာတဲ့ လွန်းကို ဖမ်းလိုက်၊ တဘက်က ဖမ်းထားတဲ့လွန်းကို နောက်တဘက်ထဲ ပြန်ပစ်လိုက်နဲ့ လက်တွေက အမြန်လှုပ်ရှားနေသလို ခြေထောက် ကလည်း စည်းချက်အလိုက် ခြေနင်းတွေကို နင်းနေတယ်။ “ဦးသန်းလွင်က ဒီရုံမှာ ဆရာကြီးပဲ။ ဒီဟာခတ်တာ ပညာပါတယ်။ ဒီတရွာလုံးမှာဆိုရင် သူ့လို ခြေနင်း ၅ တန်းနဲ့ လွန်း ၂ လွန်းစင်ကို ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်တဲ့သူတွေ အရမ်းရှားသွားပြီ။ ၂ ဦး၊ ၃ ဦးလောက်ပဲ ရှိတော့တယ်။ အင်းလေး ပုဆိုးကို ရက်ရတာ အရမ်းခက်တယ်။ နောက်ပြီး ခြေနင်းကိုကြည့်လိုက်။ တန်း ၅ တန်းပါတယ်။ ခတ်တတ်တဲ့ လူငယ်အများစုက ခြေနင်း ၂ ခုပါတဲ့ ရက်ကန်းစင်လောက်သာ တတ်တော့တာ။ ခြေနင်း ၄ တန်းပါတဲ့ ရက်ကန်းစင်တောင် ခတ်တတ်တာ လူတော်တော်နည်းနေပြီ” လို့ ရွှေပြည့်လျှံ ရက်ကန်းရုံပိုင်ရှင် ဦးမြင့်ဇော်က ပြောပါတယ်။ အင်းပေါခုန်ရွာထဲက အိမ်အတော်များများဟာ သစ်သားနဲ့ ဆောက်လုပ်ထားတဲ့ အိမ်ကြီးရခိုင်တွေ ဖြစ်နေတာက အရင် ရက်ကန်း ခေတ်ကောင်းခဲ့တုန်းက ဆောက်ခဲ့တဲ့ အိမ်တွေလို့ သိရတယ်။ အခုအချိန်မှာ ဒီရက်ကန်း လုပ်ငန်းနဲ့သာ ဆက်ပြီး အသက်မွေးကြမယ်ဆိုရင် ဒီလိုအိမ်မျိုးကို ဆောက်နိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ဦးမြင့်ဇော်က ဆက်ပြောတယ်။ “အခု အင်းလေးက ထွက်တဲ့ ဇင်းမယ်အထည်တွေ ဆိုရင် ပြည်တွင်းဈေးကွက် လုံးဝမရှိတော့ဘူး။ နိုင်ငံခြားသား ဧည့်သည်တွေတောင် စက်လှေ ၃ စီးလောက်လာမှ တစီးက လူတွေ လာကြည့်ရင်း ကျနော်တို့ ရှင်းပြတာကို အားနာတဲ့သဘောမျိုးလောက်နဲ့ ၀ယ်သွားတတ်ကြတယ်။ အဲဒီလိုဖြစ်တာ နှစ်တော်တော်ကြာပါပြီ။ ဒီနှစ်ပိုင်းမှာတော့ နိုင်ငံခြားသား ဧည့်သည် အ၀င် နည်းနည်း များလာတော့ အရင်နှစ်ကထက် အ၀ယ်နည်းနည်း ပိုသွက်တဲ့ သဘောတော့ ရှိတာပေါ့” လို့ သူက ရှင်းပြပါတယ်။ လက်ရက်ကန်းတွေဟာ စက်ရက်ကန်းကို အရည်အသွေးပိုင်းကအစ၊ ထုတ်လုပ်မှုပိုင်းအထိ မယှဉ်နိုင်တော့လို့ အခုလို အင်းလေးဒေသရဲ့ အထင်ကရ ရိုးရာ ထွက်ကုန်တွေ ဈေးကွက် ပျောက်ဆုံးနေတဲ့အပြင် ရိုးရာပညာရပ်ပါ ပျောက်ဆုံးတော့မယ့် သဘောမျိုး ဖြစ်လာတာလို့ သူက ဆိုပါတယ်။ “လက်ရက်ကန်းက အနုစိတ်တယ်၊ စိတ်ရှည်ရတယ်၊ အချိန်ယူရတယ်။ လွန်းရာကျော်စိတ်ကို စက်နဲ့မှ ရိုက်လို့ မရတာ။ အခုလူငယ်တွေ ဒါမျိုးမခတ်တတ်ကြတော့ဘူး။ ဟိုး အရင်ခတ်တဲ့သူတွေ ရှိနေလို့ အခုချိန်အထိ အထည်နည်းနည်း ထွက်နေတာ” လို့ ဦးမြင့်ဇော်က ပြောပါတယ်။ အင်းလေးယက္ကန်း ခေတ်ကောင်းချိန်က အိမ်တိုင်းအိမ်တိုင်းမှာ လက်ယက္ကန်းစင်တွေ အနည်းဆုံး ၁ စင်တော့ရှိခဲ့ရာကနေ အခုဆိုရင် အဲဒီယက္ကန်းစင်တွေကို ဖြုတ်ရောင်း ကုန်တဲ့ အခြေအနေကို ရောက်လာပြီလို့ သိရပါတယ်။ အင်းပေါခုန်ရွာမှာ အခုဆိုရင် လက်ယက္ကန်း လုပ်တဲ့ရုံ ၅ ရုံပဲ ရှိပါတော့တယ်။ “ကျနော်က ရက်ကန်း လောကထဲကို နောက်ဆုံးမှ ၀င်တဲ့သူပါ။ ရှေးတုန်းက ဆရာကြီးတွေ အများကြီးပါ။ ကျနော်က ကိုယ့်အိမ်မှာ တနိုင် လုပ်တယ်။ ပြီးရင် မန္တလေးကို ပို့တယ်။ မန္တလေးက ပိုး ၀ယ်လာတယ်။ ဒီမှာ ရက်ကန်း ပြန်ရက်တယ်။ မန္တလေးပြန်ပို့တယ်။ နောက်ကြတော့ မန္တလေး ကုန်သည်တွေက တအားဖိလာတယ်။ ဈေးမပေးတော့ဘူး။ နောက်ဖေး ပေါက်ကနေ ၀င်တဲ့အထည်တွေက ကျနော့်ထက် ဈေးနည်းတော့ ကျနော် တော်တပ်ဆုတ်ပြီး ပြန်လာတယ်။ အဲဒီနောက်တော့ ကိုယ့်ဘာသာကိုယ် တနိုင်တပိုင်ပဲ လုပ်တော့တယ်” လို့ ဦးမြင့်ဇော်က သူ့အတွေ့အကြုံကို ပြောပြတယ်။ အခု အချိန်မှာတော့ လူငယ်တွေကို ပညာပြန်ဖြန့်ဝေဖို့ လုပ်နေတယ်လို့ ရက်ကန်းပညာရှင် ဦးသန်းလွင်က ဆိုပါတယ်။ ဒါပေမယ့် အင်းလေးဒေသမှာ လက်ယက္ကန်းသင်ကြား ပေးတဲ့ သင်တန်းကျောင်းမျိုး မရှိသေးပါဘူး။ “လက်ရက်ကန်းခတ်တဲ့ မျိုးဆက်သစ် ပြန်မွေးထုတ်မယ်ဆိုရင် အချိန်တော့ယူရမယ်။ မန္တလေး၊ အမရပူရမှာတော့ ဒီလို သင်တန်းမျိုး ရှိတယ်။ အခုတော့ လူငယ် ၂ ဦးကို ကျနော့်ပညာတွေ သင်ပေးနေတာ အနေအထား တခုကိုတော့ ရောက်လာပါပြီ။ ဒါပေမယ့် အခု ဒီရုံမှာလုပ်နေတဲ့ သူတွေက ကျနော်တို့ရွာက မဟုတ်ဘူး။ နောက်ပြီး သူတို့တွေက လယ်ဆင်းချိန် ဆိုရင် လယ်ထဲသွား အလုပ်လုပ်ကြတယ်။ စိုက်ခင်းထဲ အလုပ်လုပ်ကြတယ်။ အဲဒီရာသီကုန်မှ ဒီမှာလာပြန် လုပ်ကြတာ” လို့ ဦးသန်းလွင်က ပြောပါတယ်။ ဒီလုပ်ငန်းက သူတို့ မိဘဘိုးဘွား အစဉ်အဆက် လုပ်ခဲ့တဲ့ လုပ်ငန်းတွေပါ။ အဲဒီလုပ်ငန်းတွေကို မတိမ်ကောရအောင် ပြန်ပြီး ဖော်ထုတ်ရမယ်လို့ သူက ဆက်ပြောတယ်။ ဒါပေမယ့် အရောင်းအ၀ယ်ဘက်မှာ နည်းခဲ့တဲ့အတွက် ဒီလုပ်ငန်းက ရပ်လိုက်ရတဲ့ အနေအထားမျိုး အထိ ရောက်လာပါပြီ။ ဒီအတွက် အင်းလေးကထွက်တဲ့ လက်ထည် တွေကို ဈေးကွက်ပြန် ၀င်လာအောင် တနည်းနည်းနဲ့တော့ လုပ်သင့်တယ်လို့ ရက်ကန်းသမားတွေက ပြောပါတယ်။ ဒါပေမယ့်လည်း ဇင်းမယ်အထည်တွေဆို ခေတ်နဲ့အညီ ဆန်းသစ်ဖို့ မဖြစ်နိုင်ပါဘူး။ ဇင်းမယ်ထည်ဆိုတာ ဒီပုံစံအတိုင်းပဲ စံနမူနာ ဖြစ်ခဲ့တာ၊ ရှေးလူကြီးတွေ လုပ်ခဲ့တဲ့ ပုံစံကိုပဲ နဲနဲပါးပါး အကွက်ဆန်းလေးတွေ လောက်ပဲ ထွင်လုပ်လို့ရတယ်လို့ သိရပါတယ်။ “ကျနော်တို့ဖြစ်စေချင်တာက ဈေးကွက်လည်း ရှိစေချင်တယ်၊ အတတ်ပညာရှင်တွေက အင်းလေးဒေသ တခုလုံးနဲ့ ပြောရရင် ရှိပါသေးတယ်။ လုပ်ပြစရာ အရင်းအနှီးက မရှိဘူး။ အဲဒါတွေကို ဖေးမစေချင်တယ်။ ပညာရှင်ကို ပညာရှင်အဆင့်ပေါ့။ အလုပ်သမားတွေ အတွက်လည်း အဆင်ပြေအောင်၊ ထွက်လာတဲ့ အထည်လေးတွေကို နိုင်ငံခြား တင်ပို့လို့ရအောင်ပေါ့။ လက်နဲ့ရက်တဲ့ အထည်တွေဖြစ်လို့ တနည်းနည်းနဲ့ နိုင်ငံခြား တင်ပို့နိုင်မယ်ဆိုရင် ဒီလုပ်ငန်းက ပြန်အဆင်ပြေ နိုင်မယ်ထင်တယ်” လို့ ရွှေပြည့်လျှံ ရက်ကန်းရုံပိုင်ရှင် ဦးမြင့်ဇော်က ပြောတယ်။ လက်ရှိ အနေအထားကတော့ ထမင်းစားရရုံ ရပ်တည်နေရတာတယ်၊ ဒီအခြေအနေကို အားမရဘူးလို့ သူက ဆက်ပြော ပါတယ်။ ဒါပေမယ့် လည်ပတ်နေတဲ့ ယက္ကန်းရုံတွေက ထုတ်လုပ်ပေး နိုင်တဲ့ ပမာဏကလည်း တကယ်တမ်း နိုင်ငံခြား တင်ပို့လို့ရတဲ့ အရေအတွက် မရှိဘူးလို့ သူ့အမြင်ကို ဆက်ပြောတယ်။ အခုနောက်ပိုင်းမှာ ရက်ကန်းရက်ထည်တွေထက် စက်ချုပ်တာ ပိုများနေပါပြီ။ ပိတ်စပေးတာကို ချုပ်တာလောက်ပဲ များတော့ပါတော့တယ်။ “ကိုယ့် အင်းသူအင်းသားတွေ အနေနဲ့ ဒီလုပ်ငန်း အတတ်ပညာကို တတ်ထားစေချင်တယ်။ ဒါက ကိုယ့်ရိုးရာ အလုပ်ပဲလေ။ ဒီအလုပ်တတ်ရင် ထမင်းစားလို့တော့ ရပါသေးတယ်” လို့ ဦးမြင့်ဇော်က ပြောပါတယ်။ အခု အင်းလေးရိုးရာ ရက်ကန်းပညာတင် ပပျောက်လုနီးပါး ဖြစ်လာတာ မဟုတ်ဘဲ အင်းလေးစာပေနဲ့ ယဉ်ကျေးမှုတွေပါ ပပျောက်လာတယ်လို့ သိရပါတယ်။ အင်းလေးကန်ကလည်း ပျက်စီးလာတယ်၊ အဲဒါတွေကို ပြန်လုပ်ဖို့ ဆိုရင်တော့ လူတွေက အဓိကပဲ၊ ဒီမှာ တကယ် လုပ်နိုင်မယ့်သူတွေ ကလည်း ဒီလိုမျိုး လုပ်ဆောင်ဖို့ အားစိုက်တာ မတွေ့ရဘူးလို့ အင်းသားတွေက ပြောကြတယ်။ အင်းလေးဒေသမှာ အင်းသား ၀န်ကြီးတယောက် ရှိပေမယ့်လည်း ဒေသခံတွေအားလုံး ပူးပေါင်းလုပ်ဆောင်မှ ရမယ့် အနေအထား ရှိပါတယ်။ ရက်ကန်းရုံထဲကို လိုက်ကြည့်လိုက်ချိန်မှာ လွန်းကွာသွားတာနဲ့အမျှ အထည်တွေရဲ့ အဆင်၊ အကွက်လေးတွေ ကွာသွားတာကို တွေ့ရပါတယ်။ ထောင့်တထောင့်က ရက်ကန်း စက်တခုမှာ ခတ်နေတဲ့ အသက် ၅၀ ကျော် အမျိုးသမီးတဦးက ဘေးနားမှာ ရပ်ကြည့်နေတဲ့ အမျိုးသမီးငယ် တဦးကို ခြေနင်းအကွက်ကျ ဘယ်လိုနင်းရမလဲဆိုတာကို လက်တွေ့နင်းပြ သင်ကြားနေပါတယ်။ အဲဒီ အသက် ၅၀ ကျော် အမျိုးသမီးက ဒီရုံရဲ့ ပညာရှင် ဦးသန်းလွင်ရဲ့ ဇနီးဖြစ်သလို အရွယ်ရောက်စ ကတည်းက ဒီရက်ကန်း အလုပ်နဲ့ပဲ အသက်မွေးနေတဲ့ သူပါ။ ဒီရုံထဲမှာ သူတို့ ဇနီးမောင်နှံ နှစ်ဦးကသာ ဦးဆောင်နေရတဲ့ သူတွေလို့ သိရပါတယ်။ ရက်ကန်းခတ်တာကို ကြည့်နေစဉ်မှာပဲ နိုင်ငံခြားသားခရီးသွား တစု ရက်ကန်းရုံထဲကို ၀င်လာပါတယ်။ မိန်းမပျိုလေးတွေက အဲဒီ နိုင်ငံခြားသားတွေကို ရက်ကန်းအကြောင်း လိုက်လံ ရှင်းပြကြပါတယ်။ ဒါပေမယ့် အဲဒီနိုင်ငံခြားသားတွေ ပြန်ထွက်သွား ချိန်မှာ အထည်တထည်မှ ရောင်းလိုက်ရတာ မရှိခဲ့ပါဘူး။ “နိုင်ငံခြားသား လာတိုင်း ၀ယ်ကြမယ် ဆိုရင်တော့ ဒီခရီးသွားလုပ်ငန်းနဲ့တင် ကျနော်တို့ ရပ်တည်လို့ ရပါတယ်။ ဒါပေမယ့် လက်ထည်တွေရဲ့ ဈေးနှုန်းက ရန်ကုန်မှာရှိတဲ့ အင်း တိုင်းရင်းသား ၀တ်စုံတွေထက်တော့ နည်းနည်းကြီးတယ်” လို့ ဦးမြင့်ဇော်က ပြောပါတယ်။ ရွှေပြည့်လျှံ ရက်ကန်းရုံကနေ ပြန်ထွက်ဖို့ ပြင်လိုက်တဲ့အချိန်မှာ ရက်ကန်းခတ်နေတဲ့ အမျိုးသမီးတချို့ ရက်ကန်းစင်ကနေ ပြန်ဆင်း လိုက်တာကို တွေ့လိုက်ရပါတယ်။ ဧည့်သည်လာတဲ့အချိန်မှာ ခတ်ပြပြီး ဧည့်သည် ပြန်တဲ့အချိန်မှာ သူတို့ အချင်းချင်း စကားပြောတဲ့ အချိန် ရောက်လာပါပြီ။ ဒါကြောင့် ထောင့်တနေရာမှာ စုဝေးပြီး စကားပြောနေပါတော့တယ်။ ရက်ကန်းရုံတွေ အတွက်တော့ ဒီလိုပဲ လည်ပတ်နေရင်း တိုးတက်မယ့် အလင်းရောင်ကို မျှော်လင့်နေတဲ့ ဦးမြင့်ဇော်ကတော့ ဒီလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ဆိုရင် အဘက်ဘက်ကနေ ပံ့ပိုး ကူညီမှုတွေ အများအပြား လိုအပ်နေတယ်လို့ ပြောပါတယ်။ သူက လာသမျှ ဧည့်သည်တွေကို အင်းလေးကန်အတွက် အဓိက သောက်ရေ ရရှိနေသေးတဲ့ ညောင်ဝန်း ရေထွက်ပေါက်က ထွက်တဲ့ရေကို ကျိုချက်ထားတဲ့ ရေနွေးလေးတော့ သောက်သွားပါဦးလို့ ဧည့်ဝတ်ပြုနေပါတယ်။ ။
<urn:uuid:7674c8e1-acb4-4bb2-a800-1426fb0e9b61>
CC-MAIN-2015-18
http://burma.irrawaddy.org/culture/2012/12/30/29171.html
2015-04-18T07:13:19Z
s3://commoncrawl/crawl-data/CC-MAIN-2015-18/segments/1429246633972.52/warc/CC-MAIN-20150417045713-00127-ip-10-235-10-82.ec2.internal.warc.gz
mya
0.929519
Mymr
60
{"mya_Mymr_score": 0.9295194745063782, "blk_Mymr_score": 0.0681835412979126}
1ထိုနောက်၊ ထာဝရဘုရားသခင်သည် နောဧကို တဖန် မိန့်တော်မူပြန်သည်ကား၊ ဤကာလအမျိုးတွင် သင်သည် ငါ့ရှေ့၌ ဖြောင့်မတ်ကြောင်းကို ငါသိမြင်သည် ဖြစ်၍၊ သင်၏အိမ်သူအိမ်သားအပေါင်းတို့နှင့်တကွ၊ သင်္ဘောထဲသို့ ဝင်ကြလော့။ 2မြေကြီးပေါ်မှာ တိရစ္ဆာန်အမျိုးမပျက်ဆက်နွယ် စေခြင်းငှါ၊ စင်ကြယ်သော သားမျိုး၊ တမျိုးတမျိုးတွင် အထီးအမခုနစ်စုံစီ၊ မစင်ကြယ်သော သားမျိုး၊ တမျိုး တမျိုးတွင်လည်း အထီးမနှစ်စုံစီ၊ 3မိုဃ်းကောင်းကင်ငှက်၊ တမျိုးမျိုးတွင်လည်း အထီးအမခုနစ်စုံစီ၊ အသီးသီးတို့ကို သိမ်းယူရမည်။ 4အကြောင်းမူကား၊ ယနေ့မှစ၍ ခုနစ်ရက်စေ့လျှင်၊ အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်သို့ မိုဃ်း ရွာစေမည်။ ငါဖန်ဆင်းသော သတ္တဝါအပေါင်းတို့ကို၊ မြေကြီးမျက်နှာပေါ်မှ ငါပယ်ရှင်းမည်ဟု၊ ထာဝရဘုရား မှာထားတော်မူ၏။ 5မှာထားတော်မူသည်အတိုင်းလည်း နောဧ ပြုလေ၏။ 6မြေကြီးကို ရေလွှမ်းမိုးသောအခါ နောဧသည် အသက်ခြောက်ရာရှိသတည်း။ 7ရေလွှမ်းမိုးခြင်းဘေးကြောင့်၊ နောဧသည် မိမိ သား၊ မယား၊ ချွေးမများနှင့်တကွ၊ သင်္ဘောထဲသို့ ဝင်၍ 8ဘုရားသခင် မှာထားတော်မူသည့်အတိုင်း စင်ကြယ်သောသား၊ မစင်ကြယ်သောသား၊ ငှက်များနှင့် မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်များအထဲက၊ 9အထီးအမအစုံတို့သည်၊ နောဧနှင့်အတူ သင်္ဘောထဲသို့ ဝင်ကြ၏။ 10ခုနစ်ရက်စေ့သောအခါ၊ လွှမ်းမိုးအပ်သော ရေသည် မြေပေါ်၌ ပေါ်လာ၏။ 11နောဧအသက်ခြောက်ရာစေ့သောနှစ်၊ ဒုတိယလ၊ ဆယ်ခုနစ်ရက်နေ့တွင်၊ ကြီးစွာသော နက်နဲရာ ရေပေါက်ရေတွင်းတို့၏ အဆီးအတားရှိသမျှကို ပယ်ရှင်း၍၊ မိုဃ်းကောင်းကင်ပြွန်ပများကို ဖွင့်သဖြင့်၊ 12အရက်လေးဆယ်ပတ်လုံးမြေကြီးပေါ်မှာ မိုဃ်းရွာလေ၏။ 13ထိုနေ့ရက်တွင်၊ နောဧနှင် မိမိမယားမှစ၍ ရှေမ၊ ဟာမ၊ ယာဖက်တည်းဟူသော နောဧသားသုံးယောက်၊ ချွေးမသုံးယောက်တို့သည် သင်္ဘောထဲသို့ ဝင်ကြ၏။ 14သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်မျိုး၊ ပျံတက်သော ကြက်ငှက်မျိုး၊ 15အသက်ရှင်သော တိရစ္ဆာန်အမျိုးအမျိုး အပေါင်းတို့အထဲက၊ အထီးအမအစုံတို့သည်၊ နောဧနှင့် အတူ သင်္ဘောထဲသို့ ဝင်ကြလေ၏။ 16ထိုသို့နောဧကို ဘုရားသခင်မှာထားတော်မူသည်အတိုင်းဝင်သောတိရစ္ဆာန်တို့သည်၊ ခပ်သိမ်းသော တိရစ္ဆာန်တို့အထဲက၊ အထီးအမ စုံလျက်ဝင်ကြ၏။ ထာဝရဘုရားသည်လည်း နောဧကို အထဲမှာ ပိတ်ထားတော်မူ၏။ 17ရေလွှမ်းမိုးခြင်းသည် အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်မှာ အစဉ်အတိုင်း တိုးတက်၍ သင်္ဘောကို မြေမှခွါလျက် ဆောင်ယူလေ၏။ 18တဖန်ရေသည်အားကြီး၍ မြေကြီးပေါ်မှာ အလွန်တိုးတက်သဖြင့်၊ သင်္ဘောသည် ရေမျက်နှာပေါ်၌ မျောလျက်နေလေ၏။ 19နောက်တဖန်ရေသည် မြေကြီးပေါ်မှာ အလွန် အားကြီးသဖြင့် မိုဃ်းကောင်းကင်အောက်၌ ရှိသမျှသော တောင်ကြီးအပေါင်းတို့သည် မြုပ်ကြ၏။ 20ရေမြုပ်သောတောင်တို့ အထက်၌ လွှမ်းတတ်သော ရေသည် ဆယ်ငါးတောင်ရှိသတည်း။ 21မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်မျိုးတည်းဟူသော ငှက်၊ သားယဉ်၊ သားရဲ၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်အပေါင်းတို့နှင့် လူအပေါင်းတို့သည် သေကြကုန်၏။ 22အသက်ရှုလျက် ကုန်းပေါ်မှာ ရှိလေသမျှတို့သည် သေကြကုန်၏။ 23မြေမျက်နှာပေါ်၌ ရှိသောလူဖြစ်စေ၊ သားဖြစ်စေ တွားတတ်သော အရာဖြစ်စေ၊ မိုဃ်းကောင်းကင်ငှက် ဖြစ်စေ၊ အသက်ရှင်သော အရာရှိရှိသမျှတို့ကို မြေကြီးပေါ်က ပယ်ရှင်းတော်မူ၍၊ ပျက်စီးကွယ်ပျောက်ခြင်းသို့ ရောက်ကြကုန်၏။ နောဧမှ စ၍ နောဧနှင့်အတူ သင်္ဘောထဲ၌ရှိသော သူတို့သာကျန်ကြွင်းကြလေ၏။ 24ရေသည်လည်း မြေကြီးပေါ်မှာ ရက်ပေါင်း တရာ့ငါးဆယ်ပတ်လုံး အားကြီးစွာ တည်လေ၏။ Genesis 7
<urn:uuid:a44e1590-c978-4209-8c80-711346a43b5f>
CC-MAIN-2015-18
http://www.bible.is/MYAOJV/Gen/7
2015-04-18T07:23:03Z
s3://commoncrawl/crawl-data/CC-MAIN-2015-18/segments/1429246633972.52/warc/CC-MAIN-20150417045713-00127-ip-10-235-10-82.ec2.internal.warc.gz
mya
0.995224
Mymr
50
{"mya_Mymr_score": 0.9952235221862793}
သူ့ခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသမီးရေး လှုပ်ရှားနေသူတွေ၊ တိုင်းရင်းသား အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ ဒါအပြင် နေပြည်တော်မှာ ရုံးစိုက်တဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး အမျိုးသမီးထု ကျန်းမာရေး၊ ပညာရေးနဲ့ စီးပွားရေးကဏ္ဍတွေ ဆွေးနွေးမှာဖြစ်သလို အမျိုးသမီး အခွင့်အရေးဆိုင်ရာတွေကိုလည်း ထည့်သွင်းဆွေးနွေးမှာ ဖြစ်တယ်လို့ မနေ့က ထုတ်ပြန်တဲ့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။ သံအမတ်ကြီး Melanne Verveer ရဲ့ ခရီးစဉ်ဟာ မေလ ၆ ရက်နေ့ ကနေ ၁၁ ရက်နေ့ထိ ကြာမြင့်မှာဖြစ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အခြေစိုက်တဲ့ ရှမ်းတိုင်းရင်းသူ အမျိုးသမီးအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။
<urn:uuid:f08f1e9f-37f0-42b3-880a-df440f145614>
CC-MAIN-2015-18
http://www.rfa.org/burmese/news/us-ambassador-05042012220142.html
2015-04-25T21:49:06Z
s3://commoncrawl/crawl-data/CC-MAIN-2015-18/segments/1429246651727.46/warc/CC-MAIN-20150417045731-00164-ip-10-235-10-82.ec2.internal.warc.gz
mya
0.939385
Mymr
44
{"mya_Mymr_score": 0.9393848776817322, "blk_Mymr_score": 0.05597127228975296}
ပါပူအာနယူးဂီနီနိုင်ငံ |လွတ်လပ်သော ပါပူအာနယူးဂီနီ နိုင်ငံ| |နိုင်ငံတော်ဆောင်ပုဒ် - ကွဲပြားမှုကြားမှ ညီညွတ်ခြင်း[၁]| |နိုင်ငံတော်သီချင်း - ငါ့သားတို့ ထကြလော့ [၂]| |ပထဝီ |မြို့တော်||ပို့တ်မော့စဘီမြို့| |အကြီးဆုံးမြို့||ပို့တ်မော့စဘီမြို့| |ဧရိယာ |စံတော်ချိန်ဇုန်||UTC +၁၀| |လူနေမှု| |လူဦးရေ| |နိုင်ငံရေး| |အမျိုးအစား||ဖက်ဒရယ် ပါလီမန် ဒီမိုကရေစီ နှင့် စည်းမျဉ်းခံ ဘုရင်စနစ်| |အစိုးရခေါင်းဆောင်များ |ထူထောင်မှု |စီးပွားရေး| |GDP(PPP)||၁၄.၉၄၇ ဘီလီယံ (အဆင့် - )| |GDP(PPP)||US $၂,၃၀၀ (အဆင့် - )| |HDI||၀.၄၃၁ (အနိမ့်) (အဆင့် - ၁၄၀)| |ငွေ||ပါပူအာ နယူးဂီနီ ကီနာ| |နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ| |CCLTD||.pg| |Calling code||+၆၇၅| ပါပူအာနယူးဂီနီနိုင်ငံ၏ တရားဝင်အမည်မှာ လွတ်လပ်သော ပါပူအာနယူးဂီနီနိုင်ငံ ဖြစ်ပြီး အိုရှန်းနီးယား တွင် ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်ကာ နယူးဂီနီကျွန်း၏ အရှေ့ပိုင်းတစ်ခြမ်းကို နေရာယူထားပြီး ပင်လယ်သမုဒ္ဒရာအတွင်းရှိ ကျွန်းပေါင်းများစွာလည်း ပါဝင်သည်။ (ကျွန်း၏ အနောက်ပိုင်း အခြမ်းမှာ အင်ဒိုနီးရှားနိုင်ငံပိုင် ပါပူအာဒေသ နှင့် အနောက်ပါပူအာ ဒေသတို့ဖြစ်သည်။) ပစိဖိတ်သမုဒ္ဒရာ၏ အနောက်တောင်ခြမ်းတွင် တည်ရှိပြီး ၁၉ ရာစု အစောပိုင်းက ထိုဒေသကို မီလန်နီးရှားဟု ခေါ်ကြသည်။ မြို့တော်မှာ ပို့တ်မော့စဘီမြို့ ဖြစ်သည်။ ပါပူအာနယူးဂီနီသည် ကမ္ဘာပေါ်တွင် ယဉ်ကျေးမှု အမျိုးအစား ကွဲပြားမှု အများဆုံးရှိသော နိုင်ငံဖြစ်ပြီး ဒေသသုံး ဘာသာစကား ၈၅၀ ကျော် ရှိကာ လူဦးရေ ၇ သန်းတွင် ရိုးရာ အဖွဲ့အစည်းများလည်း အများအပြား ရှိသည်။ ထို့အပြင် ကျေးလက်ဒေသ အများပြားဆုံးသော နိုင်ငံများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး လူဦးရေ၏ ၁၈ ရာခိုင်နှုန်းသာ မြို့ပြတွင် နေထိုင်ကြသည်။ ထို့အပြင် ကမ္ဘာပေါ်တွင် ယဉ်ကျေးမှု နှင့် ပထဝီအနေအထားအားဖြင့် အနည်းဆုံး စူးစမ်းရှာဖွေသော ဒေသဖြစ်ပြီး မတွေ့ရှိသေးသော အပင်များ တိရိစ္ဆာန်များ ပါပူအာနယူးဂီနီ၏ အတွင်းပိုင်းတွင် အများအပြား ရှိလိမ့်မည်ဟု ယူဆရသည်။ လူဦးရေ၏ ရာခိုင်နှုန်း အတော်များများမှာ ရိုးရာ အဖွဲ့အစည်းများဖြင့်သာ နေထိုင်ကြပြီး တစ်ဦးချင်း တစ်မိသားစုချင်း လုံလောက်ရုံမျှ စိုက်ပျိုးသော စိုက်ပျိုးမွေးမြူရေးစနစ်ပေါ်တွင် အခြေခံ နေထိုင်ကြသည်။ ထိုအဖွဲ့အစည်းများမှာ နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းတွင် တသီးတသန့် နေရာရထားကြသည်။ ၁၈၈၄ ခုနှစ်မှစ၍ ပြင်ပနိုင်ငံကြီး ၃ နိုင်ငံမှ လွှမ်းမိုးအုပ်ချုပ်ခဲ့ပြီးနောက် ပါပူအာ နယူးဂီနီသည် ၁၉၇၅ ခုနှစ်တွင် ဩစတေးလျမှ လွတ်လပ်ရေး ရခဲ့သည်။ သို့သော် ပါပူအာနယူးဂီနီသည် အဲလိဇဘက် ၂ ဘုရင်မ၏ ဓနသဟာယနယ်ပယ် အတွင်းတွင် ပါဝင်လျှက် ရှိကြသည်။ ပြည်သူအများစုမှာ အလွန်ပင် ဆင်းရဲကြပြီး သုံးပုံတစ်ပုံမျှသော လူဦးရေမှာ တစ်နေ့ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၂၅ ထက် မပိုသော ငွေဖြင့် နေထိုင်ကြသည်။ ကိုးကား[ပြင်ဆင်ရန်] - Sir Michael Somare (2004-12-06). Stable Government, Investment Initiatives, and Economic Growth. Keynote address to the 8th Papua New Guinea Mining and Petroleum Conference (Google cache). Retrieved on 2007-08-09။ - Never more to rise. The National (February 6, 2006). Retrieved on 2005-01-19။
<urn:uuid:9d7d396a-3da0-4a67-8886-97641dbe44e0>
CC-MAIN-2015-18
https://my.wikipedia.org/wiki/%E1%80%95%E1%80%AB%E1%80%95%E1%80%B0%E1%80%A1%E1%80%AC%E1%80%94%E1%80%9A%E1%80%B0%E1%80%B8%E1%80%82%E1%80%AE%E1%80%94%E1%80%AE%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6
2015-04-25T21:47:04Z
s3://commoncrawl/crawl-data/CC-MAIN-2015-18/segments/1429246651727.46/warc/CC-MAIN-20150417045731-00164-ip-10-235-10-82.ec2.internal.warc.gz
mya
0.99767
Mymr
22
{"mya_Mymr_score": 0.9976701736450195}
တပ်မတော်က ကေအိုင်အေစခန်းတစ်ခုဖြစ်သော ပွိုင့် ၇၇၁ အား လေကြောင်းပစ်ကူဖြင့် သိမ်းပိုက် ခဲ့ပြီးနောက်တွင် လိုင်ဇာရှိဌာနချုပ်အနီး နယ်မြေတစ်ဝိုက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေရာ ဒေသခံများ၏ လုံခြုံရေးအတွက် စိုးရိမ်ဖွယ်ဖြစ်လာသည်။ ကချင်ပြည်နယ် ကေအိုင်အို၊ ကေအိုင်အေ လက်နက်ကိုင်အဖွဲ့များက မြစ်ကြီးနား-ဗန်းမော် ပြည် ထောင်စုလမ်းမကြီးအား အဓိကပိတ်ဆို့လျက် တပ်မတော်စစ်ကြောင်းများအား မိုင်းထောင်ခြင်း၊ ချုံခိုတိုက်ခိုက်ခြင်းနှင့် အများပြည်သူအသုံးမပြုနိုင်အောင် ပိတ်ဆို့ ခြိမ်း ခြောက်မှုများ ပြုလုပ်လျက် ရှိသည့် ၇၇၁ တောင်ကုန်းနှင့် ပတ်ဝန်းကျင်ဒေသအား လေကြောင်းပစ်ကူ တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ၎င်းနေရာအား အောင်မြင်စွာ သိမ်းပိုက်ရရှိခဲ့ပြီး ဆက်လက်၍ ပတ်ဝန်းကျင်ရှိ ရန်သူ့ဗျူဟာစခန်းများကိုလည်း ရှင်းလင်းဆောင်ရွက်လျက်ရှိသည်ဟု သက်ဆိုင်ရာက လွန်ခဲ့သည့် ရက်သတ္တပတ်က သတင်း ထုတ်ပြန်ခဲ့သည်။ ထို့နောက် ဇန်န၀ါရီလ ၇၊ ၈ နှင့် ၉ ရက်နေ့များတွင်လည်း လဂျာယန်၊ လ၀ါယန်နှင့် အလဲန်ဘွမ်တွင် လည်း ရှေ့တန်းတိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး လေကြောင်းပစ်ကူများ အသုံးပြုခြင်းကို လည်း တွေ့ရကြောင်း မျက်မြင်ဒေသခံများကဆိုသည်။ အလားတူ အစိုးရတပ်များက ဗန်းမော် ဖားကန့်နှင့် မြစ်ကြီးနားမှ စစ်ကြောင်းများဖြင့် လိုင်ဇာအနီး တစ်ဝိုက်ရှိ ဗျူဟာကုန်းများကို လက်ရှိအခြေအနေအရ ဆက်လက်သိမ်းပိုက်သွားရန် အလားအလာ ရှိကြောင်း ဒေသခံများက ပြောသည်။ ကေအိုင်အေစစ်စခန်း ဌာနချုပ်တည်ရှိရာ လိုင်ဇာအနီးတစ်ဝိုက် နှစ်မိုင်၊ သုံးမိုင်ခန့်အတွင်း တိုက်ပွဲ များ ဖြစ်ပွားလျက်ရှိပြီး အစိုးရတပ်က ရဟတ်ယာဉ်၊ လေယာဉ်များဖြင့် ဗန်းမော်နှင့်အနီးတစ်ဝိုက် မြို့နယ်များတွင် စောင့်ကြပ်ပျံသန်းလျက်ရှိကြောင်း ဗန်းမော် မြို့နယ်မှ ဘုန်းတော်ကြီး အောင်ဒန်က မြန်မာတိုင်း(မ်)ကို ဇန်န၀ါရီ ၄ ရက်ကပြောသည်။ "စစ်ရေးအရ တော်တော်များတယ်ဆိုတာ သိပေမယ့် အသေးစိတ်တော့ မသိဘူး။ နှစ်ဖက်စလုံးက ကျဆုံးသူတွေလည်းများတယ်။ အခုထိတော့ ကယ်ဆယ်ရေးစခန်းက အရပ်သား တွေဆုံးတာတော့ မကြားရသေးဘူး။ လိုင်ဇာနား က ကယ်ဆယ်ရေးစခန်းတွေက ဒီဘက်ကိုလည်း ပြန်လာလို့မရ၊ တရုတ်ဘက်ကိုလည်း ကူးလို့မရဘူးဖြစ်နေတယ်။ ဟိုဘက်ကိုကူးရင် ကျပ်တစ်ထောင်ပေးရတယ်။ မှတ်ပုံတင်ထားမှ နေလို့ရတာ။ "ခက်တာက တံတားတွေလည်းကျိုး၊ လမ်းတွေလည်း ပိတ်ကုန်ပြီ။ မန်ဆီ၊ မိုးမောက်၊ လွယ်ဂျယ်နဲ့ လိုင်ဇာအထက်ပိုင်း ပန်ဝါက ကယ်ဆယ်ရေးစခန်းတွေ နေရခက်နေပြီ။ တိုက်ခိုက်သံတွေကတော့ အမြဲကြားနေရတယ်။ ပြည်သူတွေအတွက်တော့ အခြေအနေက ဆိုးလာတယ်။ တိုက်ခိုက်နေကြ တာလည်း မရပ်ကြဘူး" ဟု ဘုန်းတော်ကြီး အောင်ဒန်က ပြောသည်။ လိုင်ဇာနှင့် ပန်ဝါအကြားတွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး ၎င်းနေရာပတ်ဝန်းကျင်ရှိ ကယ်ဆယ် ရေးစခန်းများအတွက် စိုးရိမ်ရ ကြောင်း ငြိမ်းဖောင်ဒေးရှင်းမှဥက္ကဋ္ဌ ဘုန်းတော်ကြီး ဒေါက်တာ ဆဘွဲ့ဂျွမ်က ပြောသည်။ "ကယ်ဆယ်ရေးစခန်းက လူတွေကလည်း သူ့တို့စခန်းအတွက်ဆုတောင်းပေးဖို့ လှမ်းမှာကြတယ်။ ကျွန်တော့်အနေနဲ့ စစ်ပွဲပြီးပါစေလို့ ဆုတောင်းပေးရုံကလွဲလို့ ဘာမှမလုပ်တတ်တော့ဘူး" ဟု ၎င်းက ဆိုသည်။ ကချင်ကယ်ဆယ်ရေးစခန်းများသို့ ပြီးခဲ့သောသီတင်းပတ်က ရောက်ရှိခဲ့သော မအူပင်မြို့နယ်၊ ပျိုး ခင်းသစ် လူမှုကူညီရေးအဖွဲ့မှ ဦးသန်းထိုက်အောင်က တိုက်ပွဲများသည် ကယ်ဆယ်ရေးစခန်းများနှင့် နီးကပ်နေပြီး ၎င်းတို့၏လုံခြုံရေးအတွက် နှစ်ဖက်စလုံးမှ တာဝန်ယူသင့်ကြောင်း မြန်မာတိုင်း(မ်)ကို ဇန်န၀ါရီလ ၈ ရက်နေ့က ပြောသည်။ ကယ်ဆယ်ရေးစခန်းတစ်ခုလျှင် လူဦးရေ ၅၀၀ ၀န်းကျင်ရှိပြီး လူမမည်နှင့် ၁၀ နှစ် ၀န်းကျင် ကလေး များ၊ အမျိုးသမီးကြီးသက်ကြီးရွယ်အိုများကို အများဆုံးတွေ့ခဲ့ရ ကြောင်း ၎င်းက ပြောသည်။ လိုင်ဇာမြို့အတွင်း စစ်ပြေးဒုက္ခသည် ၁၂,၀၀၀ ကျော်နှင့် သာမန်မြို့နေလူဦးရေ ၁၂,၀၀၀ ကျော်ရှိ ကြောင်း သိရသည်။ ပြည်သူလူထုတစ်ရပ်လုံးက ငြိမ်းချမ်းရေး ကို လိုလားတောင့်တနေသောအချိန်တွင် စစ်ပွဲထက် ဆွေးနွေးပွဲကို ဦးစားပေးလုပ်ဆောင်သင့်ပြီး အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေးဆွေးနွေးပွဲ စကားဝိုင်းသို့ အမြန်လျှောက် လှမ်းကြစေလိုကြောင်း၊ အကယ်၍တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမည်ဆိုလျှင် ငြိမ်းချမ်းရေးနှင့် ပိုမိုအလှမ်း ဝေးကွာသွားနိုင်သည်သာမက ကြိုတင်မှန်းဆ မထားနိုင်သော နောက် ဆက်တွဲဆိုးကျိုးများ ပေါ်ထွက်လာမည်ကို စိုးရိမ်ကြောင်း ဇန်န၀ါရီ လ ၁ ရက်နေ့ တွင် ကေအိုင်အို ဒုတိယဥက္ကဋ္ဌ ဟောင်းဖြစ်သူ ဒေါက်တာတူးဂျာက ကချင်တိုင်းရင်းသားတစ်ဦးအနေဖြင့် ထုတ်ပြန်ခဲ့ သည့် သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ... firstname.lastname@example.org သို့ပေးပို့နိုင်ပါသည်။
<urn:uuid:f30869d6-e021-4e8b-a1c6-0d72625e3d1c>
CC-MAIN-2015-18
http://myanmar.mmtimes.com/index.php/national-news/3123-2013-01-10-09-21-31.html
2015-05-04T22:08:41Z
s3://commoncrawl/crawl-data/CC-MAIN-2015-18/segments/1430455121137.37/warc/CC-MAIN-20150501043841-00044-ip-10-235-10-82.ec2.internal.warc.gz
mya
0.932916
Mymr
25
{"mya_Mymr_score": 0.9329155087471008, "blk_Mymr_score": 0.06284593045711517}
မလွဲမသွေပြန်လည်ရေးဆွဲရမည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ ဦးမောင်ဖေတင် တရားလွှတ်တော်ရှေ့နေ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥဒေ အခန်း ( ၈ ) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့် အရေးနှင့် တာဝန် များခေါင်း စဉ် အောက်တွင် ပုဒ်မ-၃၄၅ နှင့် ပုဒ်မ-၃၄၆ တို့ကို အောက်ပါ အတိုင်း ပြဌာန်း ထားပါသည်။ ပုဒ်မ- ၃၄၅ အောက် ဖော်ပြပါ အရည် အချင်း တစ်ရပ်ရပ်နှင့်ပြည့်စုံ သူများ သည်ပြည်ထောင်စု သမ္မတမြန် မာ နိုင်ငံတော်၏ နိုင်ငံသား များဖြစ်ကြသည်။ (က) “ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ တော်၏ တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားသူ” (ခ) “ဤ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုပြဌာန်း သည့်နေ့တွင် ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူ” ဟူ၍ ဖြစ် ပါသည်။ ပုဒ်မ-၃၄၆ နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားပြုခြင်းနှင့် နိုင်ငံသားအဖြစ်မှ ရပ်စဲခြင်းတို့သည် ဥပဒေပြ ဌာန်း သည့် အတိုင်း ဖြစ်စေရမည်။ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေအခန်း ( ၂ ) တွင် နိုင်ငံသာြး ဖစ်ခြင်းကို ပုဒ်မ-၂ မှ ၂၂ ထိလည်းကောင်း၊ အခန်း ( ၄ ) တွင် နိုင်ငံသားပြုခွင့် ရသူဖြစ်ခြင်းကို ပုဒ်မ-၄၂ မှ ပုဒ်မ-၆၄ ထိ လည်းကောင်း ပြဌာန်း ထားခြင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ-၃၄၆ တွင် ရည်ညွှန်းသော ဥပဒေပြဌာန်း ချက်များဟု မှတ် ယူနိုင်သော်လည်း အခန်း ( ၃ ) တွင် ဧည့်နိုင်ငံသားဖြစ်ခြင်းကို ပုဒ်မ၂၃ မှ ပုဒ်မ-၄၁အထိ ပြဌာန်း ထားရာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တွင် မပါ ရှိသည့် ဥပဒေ ပြဌာန်း ချက်ဖြစ်ကြောင်း တွေ့ရှိရသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ပင်မ ဥပဒေဖြစ်သဖြင့် ထိုဥပဒေတွင် ပြဌာန်း ထားခြင်းမရှိ သော ဧည့်နိုင်ငံ သားဖြစ်ခြင်း ဆိုင်ရာ ဥပဒေ ပြဌာန်းချက်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် စပ်လျဉ်း သမျှ အတည်ဖြစ်ရန် အကြောင်း မရှိပါ။ မြန်မာနိုင်ငံသား ဥပဒေပုဒ်မ-၂ ( ခ ) တွင် နိုင်ငံသားဆိုသည့်စကားရပ်မှာ မြန်မာနိုင်ငံသား ကို ဆို လိုကြောင်း အဓိပ္ပါယ်ဖွင့် ဆိုထား ပါသည်။ ထို ဥပဒေ ပုဒ်မ-၂( စ )တွင် နိုင်ငံသား လက်မှတ် ဆိုသည်မှာ ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ သားအဖြစ်( ရွေးချယ်ရေး) အက် ဥပဒေအရဖြစ်စေ၊ ၁၉၄၈ခုနှစ် ၊ ပြည်ထောင် စု မြန်မာနိုင်ငံသား ပြစ်မှု အက်ဥပဒေ အရဖြစ်စေ၊ ဤ ဥပဒေအရဖြစ်စေ ထုတ်ပေး ထားသော နိုင်ငံသား လက်မှတ်ကို ဆိုသည်ဟုလည်း အဓိပ္ပါယ်ဖွင့် ထားပါ သည်။ မြန်မာနိုင်ငံသား ဥပဒေပုဒ်မ၇၅အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ၀န်ကြီးအဖွဲ့ သည် နိုင်ငံ တော်ကောင် စီ၏ သဘောတူညီချက်ဖြင့် အမိန့်ကြော်ငြာစာအမှတ်-၁၃/၈၃ ဖြင့် နိုင်ငံ သားဆိုင်ရာလုပ်ထုံး လုပ်နည်းများ ကို(၂၀-၉-၁၉၈၃ ) နေ့တွင် ထုတ်ပြန်ခဲ့ သည်။ (ကြေညာချက် အမှတ်-၁၄/၈၃ နှင့် ၁၅/၈၃ တို့ အရလည်း ဧည့်နိုင်ငံသားနှင့် နိုင်ငံသား ပြုခြင်း ခံရသူ ဆိုင်ရာ လုပ် ထုံး လုပ်နည်း များကို ထုတ်ပြန် ခဲ့သည်။) ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေမှာ ပြည်သူ့ လွှတ်တော်မှ ပြဌာန်းသည့် ဥပဒေ အမှတ်၎/၁၉၈၂ ဖြစ်သော် လည်း ထို ဥပဒေ အာဏာ တည်သည့် ရက် ကို ထည့်သွင်းပြဌန်း ထား ခြင်းမရှိ သည့် အပြင် နောင်ကျင်း ပခဲ့သည့် ပြည်သူ့ လွှတ်တော် ဆုံးဖြတ် ချက်များ အရလည်း ထိုဥပဒေ အတည်ပြု သည့်နေ့ရက် ကို ပြဌာန်းကြေ ညာ ထုတ်ပြန် ခဲ့ခြင်းမရှိဘဲ နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်း တွင်သာ နိုင်ငံသား ဥပဒေအာဏာ တည် သည့် ရက်ကို (၁၅-၁၀၁၉၈၂) ခုနှစ်ဟု ၀န်ကြီး အဖွဲ့၏ ထည့် သွင်းကြေငြာ ခဲ့ရာ ထိုစဉ်က ပြည်သူ့ လွှတ်တော် က အတည်ပြု ပြဌာန်း ကြေညာသော ဥပဒေဖြစ် သကဲ့သို့ အ တည်ဖြစ်၊ မဖြစ်ဆိုသည် ကိုယခု ကျင်း ပနေ သော ပြည် ထောင်စု လွှတ်တော် က ထည့်သွင်း စဉ်းစားသင့်ပါသည်။ နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများတွင် နိုင်ငံသားလက်မှတ်အဖြစ် ပုံစံ ( နိုင်-၆ ) ပန်းရောင်အဖုံးပါ စာအုပ်ကို နမူနာအဖြစ် ထည့်သွင်းဖော်ပြထားပါသည်။ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေ ပြဌာန်းသည့်နေ့ ကစ၍ ယနေ့ ၂၀၁၃ ခုနှစ်အထိ နှစ် ( ၃၀ ) အတွင်း မြန်မာနိုင်ငံသား ဥပဒေအရ ထုတ်ပေးသည့် ပန်းရောင်စာအုပ် ( နိုင်-၆ ) နိုင်ငံသား လက်မှတ် နမူနာကိုပင် တွေ့မြင်ဖူးသူ အလွန်ရှားပါး ပါသည်။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေသည် ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်နှင့် အညီအညွတ်မဖြစ်သဖြင့် ဥပဒေပြဌာန်းသည့်နေ့မှ ၁၉၈၈ ခုနှစ် န၀တ အစိုးရ က နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူသည့်နေ့အထိ ( ၆ ) နှစ်ကျော် Dead Law အဖြစ် ရှိနေရာက ၁၉၉၀ ပြည့်နှစ် ရွေးကောက် ပွဲတွင် ရွေးချယ်ခံရမည့်သူမျာနှင့် မဲဆန္ဒရှင်များ၏ စာရင်းများကို ပြုစုနိုင်ရန်အတွက်သေနေသော ဥပဒေကို ပြန်လည်အသက်သွင်းခဲ့ကြခြင်း ဖြစ်ပါသည်။ ပြည်တွင်းနေသူ တစ်ဦးသည် မြန်မာနိုင်ငံသား ဟုတ်၊မဟုတ် သေချာစွာ စိစစ်ပြီးမှ ပုံစံ( နိုင်-၆)ကို ပေးရမည်ဖြစ်ရာ၊ ယခုအဆင့်တွင် ထို သူနိုင်ငံသားဟုတ်၊ မဟုတ် စိစစ်နိုင်ရန် အတွက် ပုံစံ-နိုင်-၆ ( က ) နိုင်ငံ သားစီစစ်ရေး ကတ်ပြားကိုသာ လ၀က ဦးစီးဌာနမှ ထုတ်ပေးခြင်းဖြစ် ပါသည်။ ထိုပုံစံ နိုင်၆(က)ကို ကိုင်ဆောင် ထားသူသည် နိုင် ငံသားဥပဒေ ပုဒ်မ-၂ ( စ ) တွင် အတိအလင်းပြဌာန်း ထားသော ဤဥပဒေ အရထုတ်ပေးသော နိုင်ငံသား လက်မှတ်ပုံစံ ( နိုင်-၆ ) ကိုကိုင်ဆောင် ခွင့်မရ ရှိသေးမှီပုဒ်မ၂ (ခ) ပါ မြန်မာနိုင်ငံ သားဟု တထစ် ချမှတ် ယူနိုင်မည် မဟုတ်ပါ။ နိုင်ငံသား ဆိုင်ရာ လုပ်ထုံး လုပ်နည်း အပိုဒ်-၃၆ တွင် နိုင်ငံသား လက်မှတ်ကို အတုပြုလုပ် လျှင် ထောင်ဒါဏ် ( ၁၅ ) နှစ် ကျခံစေရမည်ဟု သတ်မှတ်ထားပြီး၊ အပိုဒ်-၃၇ တွင် နိုင်ငံသား စိစစ်ရေး ကတ်ပြား ပုံစံ နိုင်-၆ ( က ) ကို အတုပြု လုပ်လျှင် ပြစ်မှု ဆိုင်ရာ ဥပဒေအရ အရေး ယူခြင်း ခံရမည်ဟု ဖော်ပြ ပါရှိပါသည်။ စီရင်ထုံး များအရ ဆိုပါလျှင် ပုံစံ-နိုင်-၆ ( က ) ကို အတည်ပြု လုပ်လျှင် ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ-၄၆၈ အရ ( ၇ ) နှစ် ထက် မပိုသော ပြစ်ဒဏ်နှင့် ငွေဒဏ်ကို ချမှတ်ပြီး၊ ပုံစံ နိုင်-၆ ကို အတုပြု လုပ်လျှင် နိုင်ငံသား ဥပဒေပုဒ်မ ( ၂၁ ) အရ ထောင်ဒဏ် ( ၁၅ ) နှစ်နှင့် ငွေဒဏ်ကို ကျခံ နေကြရသဖြင့် ပုံစံ-( နိုင်-၆ ) နှင့် ပုံစံ-နိုင်-၆ ( က ) မှာ အနှစ် သာရ မတူပါ။ ပုံစံ ( နိုင်-၆ )တွင် ဥပဒေ များအရ UCC နှင့် ၁၉၈၂ ခု နိုင်ငံသား ဥပဒေ အရ လက်မှတ် ကိုင်ဆောင် ခွင့်ရှိ သူများ သည် မြန်မာနိုင်ငံသား များဖြစ်ကြပါသည် ဟု ၀င့်ကြွား စွာပြော ဆိုနိုင်ကြ မည်ဖြစ် သော် လည်း ပုံစံ နိုင်-၆ ( က ) ကိုင်ဆောင် သူ တစ်ဦး အနေဖြင့် ပုံစံ ( နိုင်-၆ ) ကိုင်ဆောင် ခွင့်ရရှိရန် နှစ်ပေါင်း များစွာ စိစစ် ခံနေရ ဦးမည်သာ ဖြစ်ပါသည်။ ဤကဲ့သို့သော အခြေအနေတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၃၄၅ ( ခ ) တွင် ဖော်ပြထားသော ဤဥပဒေအာဏာတည်သည့်နေ့တွင် နိုင်ငံသားဖြစ်ပြီးသူများသည် နိုင်ငံသားဖြစ်သည်ဟု ပြဌာန်းထားသည့် အခွင့်အရေးကို ( ၁၉၄၈ ခုနှစ် ဥပဒေနှစ်ရပ်တို့ဖြင့် UCC ခေါ် နိုင်ငံသားလက်မှတ်ထုတ်ယူရရှိထားသူများမှ အပ ) တရားဝင်ရရှိခံစားနိုင်ကြရမည် မဟုတ်ပါ။ အိန္ဒိယ တိုက်ငယ်နှင့် တရုတ်ပြည်မ ကြီးတို့မှ ၀င်ရောက်လာပြီး ၁၉၄၈ ခုနှစ် ဥပဒေနှစ် ရပ်ပါ UCC ခေါ် နိုင်ငံသား လက်မှတ်ကို လျှောက်ထား ရယူကိုင်ဆောင် ထားကြသူများသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတည်ဖြစ်သည့်နေ့တွင် ဥပဒေနှင့် အညီ နိုင်ငံသားများ ဖြစ်ကြသော်လည်း ၂၀၀၈ ခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် နိုင်ငံသား များမှ မွေးဖွားလာသူများ သည်လည်း နိုင်ငံသာြး ဖစ်သည် ဟု အတိအလင်း ခွင့်ပြုပြဌန်းချက် မရှိသဖြင့် နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားလာ သူများမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ-၃၄၅ အရ နိုင်ငံသား အဖြစ်ကို မရရှိနိုင်ကြဘဲ ပုဒ်မ-၃၄၆ အရ ပြဌာန်းထားသော ဥပဒေ အရသာ လျှင် နိုင်ငံသားဖြစ် ခွင့်ရထိုက်၊ မရထိုက် စိစစ်မှုကို ခံယူရ မည် ဖြစ်ပါ သည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ-၃၄၅ ( က)တွင် တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွား သူများ သည် နိုင်ငံသားများဖြစ် သည် ဆိုခြင်းကို အငြင်း မပွားလိုသော်လည်း တိုင်းရင်းသား ဆိုသည့် စကားရပ် မှာ မြန်မာနိုင်ငံ သား ဥပဒေနှင့် လုပ်ထုံးလုပ်နည်း ပါ ပြဌာန်းချက်များအရ အဂတိတရား မပါရှိဘဲနိုင်ငံသားတစ်ဦး ဟုတ်မဟုတ်ဆိုသည်ကို တိကျစွာ ခွဲခြားဆုံးဖြတ် သတ်မှတ်ရန် အလွန်ခက်ခဲပါသည်။ မြန်မာနိုင်ငံသား ဥပဒေပုဒ်မ-၅ တွင် တိုင်းရင်းသား တိုင်းသည်လည်းကောင်း၊ တိုင်းရင်း သားမိ ဘနှစ် ပါးမှ မွေးဖွားသူတိုင်း သည်လည်းကောင်း မွေးရာပါ နိုင်ငံသားဖြစ်သည်ဟုလည်း ကောင်း ပုဒ်မ ( ၃ ) တွင် နိုင်ငံတော်တွင် ပါဝင်သော နယ်မြေတစ် ခုခု၌ မြန်မာ သက္ကရာဇ် ၁၁၈၅ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၂၃ ခုနှစ် မတိုင်မီ ကာလမှစ၍ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင် ခဲ့သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသည့် တိုင်းရင်းသားများနှင့် မျိုးနွယ်စုများ သည် မြန်မာနိုင်ငံ သားဖြစ်သည် ဟု လည်းကောင်း ပြဌာန်းထားပါသည်။ န၀တအစိုးရအဖွဲ့သည် နိုင်ငံတော်ကောင်စီ၏ အာဏာကို ကျင့်သုံးပြီး ထင်ရှားသော တိုင်းရင်းသား ( ၈ ) မျိုး အပါအ၀င် တိုင်းရင်းသားမျိုးနွယ်စု ( ၁၃၅ ) မျိုး၏ စာရင်းကိုထုတ်ပြန် ပြီး မြန်မာနိုင်ငံ၏ တိုင်းရင်းသား များဖြစ်ကြောင်း အသိအမှတ်ပြုခဲ့သည်။ သို့ရာတွင် နိုင်ငံသား ဆိုင်ရာလုပ်ထုံးလုပ်နည်းများ အပိုဒ်-၅ တွင် - “ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသည့် လူမျိုးများပင် ဖြစ်စေကာမူ နိုင်ငံတော်တွင် ပင်ရင်းနိုင်ငံ အဖြစ် အမြဲနေထိုင်ခြင်း မရှိဘဲ အခြားနိုင်ငံတွင် ပင်ရင်းနိုင်ငံအဖြစ် အမြဲနေ ထိုင်ကြသူများ သည် တိုင်းရင်းသား များမဟုတ်ပါ။ ၁၈၂၃ ခုနှစ်၊ နောက်ပိုင်း နိုင်ငံ အတွင်းသို့ ၀င်ရောက်နေ ထိုင်ကြသော အမည်တူ မျိုးနွယ်စု များသည်လည်း တိုင်းရင်း သားများ မဟုတ်သည့်အပြင် မွေးရာပါနိုင်ငံသားများလည်း မဟုတ်ပါ။ အခြားနိုင်ငံ တစ်ခု၏ နိုင်ငံသား အဖြစ်ကို ခံယူထားသော တိုင်းရင်းသား သည်လည်းကောင်း၊ ထိုသို့ တိုင်းရင်း သားမိဘနှစ်ပါးမှ မွေးဖွား သူများသည်လည်းကောင်း မြန်မာနိုင်ငံသားများ မဟုတ်ပါ” ဟု ချွင်းချက်ပြု ထားသည် ကို တွေ့ရှိရသည်။ ဤသို့ဆိုပါလျှင် ဗမာ လူမျိုးဖြစ်သည် ဆိုယုံမျှနှင့် တိုင်းရင်းသား နိုင်ငံသားဟု တထစ်ချ မပြောနိုင်ပါ။ ဘိုးတော်ဘုရား လက်ထက်မှ စ၍ ထိုင်းနိုင်ငံတွင် အစဉ်တစိုက် နေထိုင်သော ဗမာလူမျိုး၊ ရှမ်းလူမျိုး၊ မွန်လူမျိုး စသည်တို့သည် ထိုနိုင်ငံများ၏ နိုင်ငံသားများ သာဖြစ်ကြပြီး မြန်မာနိုင်ငံ၏ နိုင်ငံသား တိုင်းရင်းသား မဟုတ်နိုင်ပါ။ အလားတူ အိန္ဒိယနိုင်ငံ၏ မီဇိုရမ် ပြည်နယ်ရှိ မီဇိုလူမျိုးများ၊ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ စစ်တကောင်း ဒေသရှိ ရခိုင် မျိုးနွယ်စု မောက်တိုင်းရင်း သားများသည် ၄င်းတို့ အစဉ်တစိုက် နေထိုင်သော အိန္ဒိယ၊ ဘင်္ဂလားဒေ့ခ်ျနိုင် ငံတို့၏ ကျေးဇူး သစ္စာကိုသာ ခံယူနေကြ သူများဖြစ်၍ မြန်မာနိုင်ငံ၏ တိုင်းရင်း သား နိုင်ငံသား ဟု မြန် မာနိုင်ငံ သားဆိုင်ရာ လုပ်ထုံး လုပ်နည်းများအရ သတ်မှတ်၍ မရနိုင်ပါ။ ထို့အပြင် အသက်ဘေး အန္တရာယ်အရ သော်လည်းကောင်း၊ စီးပွားရေး အရသော် လည်းကောင်း၊ နိုင်ငံရေး အရသော် လည်းကောင်း အမိနိုင်ငံကို စွန့်လွှတ် ထွက်ခွာသွားပြီး သူတစ်ပါးနိုင်ငံ၏ နိုင်ငံသား အဖြစ်ကို ခံယူနေကြသော သူများမှာလည်း မြန်မာနိုင်ငံ၏ တိုင်းရင်း သား၊ နိုင်ငံသား ဟူ၍ မြန်မာနိုင်ငံသား ဥပဒေအရ သတ်မှတ်၍ မရနိုင်တော့ပါ။ ၁၉၈၂ ခုနှစ်၊ နိုင်ငံသား ဥပဒေနှင့် ထိ်ု ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်း များအရ ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်း နေထိုင်သော သူတစ်ဦးကို စစ်ဆေးရာတွင် လူမျိုးကို အကြောင်းပြု၍ တိုင်းရင်းသားဟု သတ်မှတ်ခြင်း မပြုနိုင်ဘဲ လူတစ်ဦး ချင်းစီ၏ ဆွေစဉ် မျိုးဆက်များမှာ ၁၈၂၃ ခုနှစ် မတိုင်မီ က ပြည်ထောင် စုမြန်မာနိုင်ငံအတွင်း တစ်ဆက်တည်းနေ ထိုင်လာခြင်း ဟုတ်၊ မဟုတ် စစ်ဆေးပြီးမှ ဆုံးဖြတ်ရ မည့် ပြဿနာဖြစ်ပါသည်။ မြန်မာနိုင်ငံသား ဥပဒေကို ပြဌာန်းရန်နှင့် မည်သည် ဥပဒေများကို တရားဝင် ပြဌန်းပါဟု ညွှန်ကြားခဲ့သည့် လမ်းစဉ်ပါတီ ဥက္ကဌ ဦးနေ၀င်းနှင့် မြန်မာနိုင်ငံ သားဥပဒေကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ သည့် နိုင်ငံတော် ကောင်စီ ဥက္ကဌ ဦးစန်းယုတို့၏ ကိုယ်ရေးသမိုင်းကိုပင် တိုင်းသူပြည်သား များမ သိရှိနိုင်သော အခြေအနေတွင် ၄င်းတို့၏ ဘိုးဘေး ဘီဘင်တို့ကို သိရှိနိုင်အောင် စုံစမ်းမေးမြန်းရန် ဆိုသည်မှာ မဖြစ်နိုင်သည်ကို လ၀က ၀န်ထမ်းများအား ဆောင်ရွက်စေရန် ဥပေးအရ တာဝန်ပေးထားရာ ကျရောက်နေ ပါသည်။ ဤ ကဲ့သို့သော အခြေအနေတွင် တစ်စုံ တစ်ယောက်ကို လ၀ကပုံစံ (နိုင်-၆ ) နိုင်ငံသား လက်မှတ် ထုတ်ပေးမည် ဆိုပါက ထိုသူ၏ မိဘနှစ်ပါးမှာ ၁၈၂၃ ခုနှစ် မတိုင်မီက ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း အစဉ် တစိုက်နေ ထိုင်ခဲ့ကြသော တိုင်းရင်း သားဖြစ်ကြောင်း ထင်ရှားစေပြီးမှ သာ ပုံစံ ( နိုင်-၆ ) ကို ထုတ်ပေးနိုင် မည် ဖြစ်ပါသည်။ အကယ်၍ တစ်ဦးတစ်ယောက်အား ပုံစံ ( နိုင်-၆ ) ထုတ်ပေးထားပြီးဖြစ်သည်ဟု ဆိုပါ လျှင် ထိုသို့ ပုံစံ ( နိုင်-၆ ) ရရှိခြင်းသည် အဂတိတရားတစ်ပါးပါးအရ ထုတ်ပေးခြင်းဟုသာ မှတ်ယူပါက ရာနှုန်းပြည့်မှန် မည်ဖြစ်ပါသည်။ န၀တအစိုးရမှ အသိအမှတ်ပြုခဲ့ပြီးဖြစ်သော တိုင်းရင်းသား ( ၁၃၅ ) မျိုးမှာ လူမျိုးနွယ်စု အမည်ကိုသာ အသိ အမှတ်ပြုခဲ့ခြင်းဖြစ်ပြီး၊ မည်သူမည်ဝါသည် ၁၈၂၃ ခုနှစ်မှစ၍ နိုင်ငံတော် အတွင်း အစဉ် တစိုက် နေ ထိုင်ခဲ့သော ထိုမျိုးနွယ်စုမှ ပေါက်ဖွားလာသူဖြစ်ကြောင်း သတ်မှတ်ခဲ့ ခြင်းမဟုတ်ပါ။ သုိ့ရာတွင် ထင်ရှားသော တိုင်းရင်းသားလူမျိုး ( ၈ ) မျိုးတွင် အကြုံးဝင် သက်ဆိုင်သော မျိုးနွယ်စု ငယ်များ အနက် အချို့ မျိုးနွယ်စုများမှာ ပြည်ပတွင် နေထိုင်ခြင်းမရှိဘဲ ပြည်တွင်းတွင် သာ အစဉ်တစိုက်နေ ထိုင်ခြင်း ဖြစ်ကြောင်း၊ ပြည်ပတွင် အလားတူမျိုးနွယ်စု လုံးဝမရှိကြောင်း သက်သေ ထင်ရှားပါက ထိုလူ တစ်ဦး၊ လူတစ် စုတို့က တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွား လာခဲ့သော နိုင်ငံသားအဖြစ် ပုံစံ ( နိုင်-၆ ) ကို ထုတ်ပေး မည် ဆိုပါက ထိုလူနည်းစု အတွက်ပင် တိကျသော လုပ်ထုံးလုပ်နည်း ကိုသေးစိတ် ရေးဆွဲ ပြီးမှ ဆောင် ရွက်ပေးနိုင် မည် ဖြစ်ပါသည်။ မြန်မာ နိုင်ငံသား ဥပဒေ ဆိုင်ရာ လုပ်ထုံးလုပ်နည်း အပိုဒ် (၈) အရဆိုပါ လျှင် နိုင်ငံတော် အတွင်းဖြစ်စေ၊ နိုင် ငံတော် ပြင်ပတွင်ဖြစ်စေ နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသူ၊ နိုင်ငံသားနှင့် ဧည့်နိုင်ငံသား မိဘနှစ်ပါး မှ မွေးဖွားသူ၊ နိုင်ငံသားနှင့် နိုင်ငံသား ပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ သည် လည်း နိုင်ငံသား များ ဟုပြဌာန်းပါရှိသည့်အပြင် ဧည့်နိုင်ငံသားနှစ်ဦးမှ မွေးဖွားသူနှင့် နိုင်ငံသား တမျိုးမျိုး တို့မှ မွေးဖွားသူ များသည်လည်းကောင်း၊ နိုင်ငံသားပြုခွင့်ရသူနှစ်ဦးမှ မွေးဖွားသူနှင့် နိုင်ငံသားအမျိုးမျိုးတို့မှ မွေးဖွားသူများသည် လည်းကောင်း၊ ဧည့်နိုင်ငံ သားနှင့် နိုင်ငံသားပြုခွင့် ရသူတို့မှ မွေးဖွား သူနှင့် နိုင်ငံသား တစ်မျိုးမျိုး တို့မှ မွေးဖွားသူတို့သည်လည်းကောင်း နိုင်ငံသားဖြစ်သည်ဟု ပြ ဌာန်းထားသည့် အပြင်ဦးနေ၀င်း ကအိုင်းစတိုင်း ကဲ့သို့သောပုဂ္ဂိုလ်ကို နိုင်ငံသားပေးနိုင် ကြောင်း ပြ ဌာန်းချက်မျိုးကို လည်းထည့် သွင်းရန်ညွှန်ကြား သဖြင့် နိုင် ငံတော် ကောင်စီသည် နိုင်ငံတော်၏ အကျိုးငှာ မည်သူ့ကို မဆို နိုင်ငံသား တမျိုးမျိုး သတ်မှတ်နိုင်ကြောင်း ကိုပါ ပုဒ်မ-၈ (က) တွင် ထည့် သွင်းပြ ဌာန်းထားခြင်း တို့သည်၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၃၄၆ပါ“နိုင်ငံသားဖြစ်ခြင်း သည်ဥပဒေပြ ဌာန်းသည့်အ တိုင်း ဖြစ်စေ ရမည်”ဆိုသည့် ပြဌာန်း ချက် ဘောင် အတွင်း အကြုံးဝင် သည်ဟု မှတ်ယူနိုင်သော်လည်း ၁၉၈၂ ခုနှစ်မြန်မာ နိုင်ငံ သားဥပဒေ ပါ ပြဌာန်း ချက်များသည် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၄၅(က) နှင့်(ခ)တွင်အတိအလင်း ပြဌာန်း ချက်ကို ကျော် လွန်ပြဌာန်းရာ ကျရောက်နေသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ-၃၄၆ ပါ ပြဌာန်းချက်ကိုိ ကျင့်သုံးပြီး ဥပဒေ နည်းဥပဒေများ ကို လွတ်လပ် စွာ ပြဌာန်းနိုင် သည်ဟု ဆိုပါလျှင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ-၃၄၅ ( က ) နှင့် ( ခ ) တို့ကို ပြည်သူ့ ဆန္ဒခံ ယူပြီး ပြဌာန်း ထားခြင်းမှာ အာနိသင် ရှိတော့ မည် မဟုတ်ပါ။ ပြည်တွင်း ဥပဒေများကို ပြဌာန်းရာတွင် နိုင်ငံတကာ သဘောတူညီချက် များကို အလေး အနက်ထားရ မည်ဖြစ် ပါသည်။ အများပြည် သူနှင့် နိုင်ငံရေး အခွင့် အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူ စာချုပ် အပိုဒ်-၂၄(၃)တွင် မွေးဖွား လာသော ခလေး သူငယ်များသည် နိုင်ငံသား အဖြစ်ရ ယူခွင့် ရှိရမည်ဖြစ်ကြောင်း ဖော်ြ ပ ထားပြီး ကလေး အခွင့်အရေး ဆိုင်ရာ နိုင်ငံတကာ သဘောတူ စာချုပ်အပိုဒ်-၇ ( ၂ ) တွင် ကလေးသူ ငယ် များ နိုင်ငံသားဖြစ် ခွင့်ရရှိစေရန် နိုင်ငံများက လုပ်ဆောင်ပေး ရန် ပြဌာန်းချက် များ ကို မြန် မာနိုင်ငံ ကလည်း လိုက်နာဆောင်ရွက် ရမည်ဖြစ်ပါလျက် ၁၉၉၃ ခုနှစ်၊ ကလေး သူငယ်ဥပဒေတွင် ခလေး သူငယ် တိုင်း သည် နိုင်ငံသား ဖြစ်မှုဆိုင်ရာ အခွင့်အရေးကို တည်ဆဲဥပဒေ ပါ ပြဌာန်း ချက်နှင့် အညီသာ ရခွင့် ရှိကြောင်း ပြ ဌာန်း ထားပါသည်။ မြန်မာနိုင်ငံ အတွင်းမွေးဖွါးသော ကလေးသူင ယ်များ ၏ နိုင်ငံ သားဖြစ် ခွင့် ကို ၂၀၀၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေတို့တွင် သီးခြား ပြ ဌာန်း ထားခြင်းမရှိပါ။ သို့ရာတွင်မြန်မာနိုင်ငံသားဥပဒေပုဒ်မ- ၂(စ) တွင် အတိအလင်းဖေါ်ပြထားသော နိုင်ငံသားလက်မှတ်ကို ကိုင်ဆောင်ခွင့် မရရှိစေကာမူ သုံးခေါက်ချိုးအမျိုးသားမှတ်ပုံတင် ကဒ်ပြားနှင့် နိုင်ငံသားစီစစ်ရေးကဒ်ပြား ကိုင်ဆောင်ထားသူများကို အစိုးရဌာနဆိုင်ရာများက မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုကြပါသည်။ နိုင်ငံသား များသာ ပညာသင်ကြားခွင့် ရရှိသည့် အသက်မွေး ၀မ်းကြောင်းပညာများ၊ နိုင်ငံသားများသာ ထမ်းဆောင် ခွင့်ရှိသည့် စစ်ဘက်၊ နယ်ဘက် အရေးကြီး သည့်ဝန်ထမ်းနေရာ များတွင်နိုင်ငံသား တစ်ဦး အဖြစ် တာဝန်ထမ်း ဆောင်ခွင့်ရရှိကြပါသည်။ ၁၉၈၇ ခုနှစ်၊ မရွှေ့ မပြောင်းနိုင်သော ပစ္စည်းများ လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေအရ နိုင်ငံခြား သား များကဲ့သို့ ကန့်သတ်ခြင်း မခံရပဲ မရွှေ့မပြောင်းနိုင် သောပစ္စည်းများကို လွှဲပြောင်း၊ ရောင်းချ၊ ပေါင်နှံ၊ လဲလှယ်၊ ပေးကမ်း၊ အမွေ ဆက်ခံပိုင်ခွင့်၊ အကျိုးခံစားခွင့်များကို ရရှိခံစား လျှက်ရှိကြ ပါသည်။ စာချုပ် စာတမ်း မှတ်ပုံ တင် ဥပဒေ အရ လည်းမရွှေ့မပြောင်းနိုင်သော ပစ္စည်းနှင့် စပ်လျဉ်း ၍ တရားဝင် မှတ်ပုံ တင် စာချုပ်ချုပ် ဆိုခွင့် အခွင့် အရေးကို ရရှိကြပါသည်။ ကိုလိုနီခေတ် (၉၁ဌာနရွေးကောက်ပွဲ) ပါလီမန်ခေတ်၊ လမ်းစဉ်ပါတီခေတ်၊ ပါတီစုံ ဒီမိုကရေစီခေတ်၊ အဆင့်ဆင့် တို့တွင် နိုင်ငံသား များသာရွေးကောက်ခံ ရမည့် အခွင့်အ ရေးများ ကိုလည်း ရရှိခံစား လျှက်ရှိကြ ပါသည်။ ယခုအခါ ဧည့်နိုင်ငံသား၊ ပြုနိုင်ငံသား များကို ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ များတွင် မဲဆန္ဒပေး ပိုင်ခွင့် အခွင့်အရေး သာပေးထားပြီး ရွေးကောက် တင်မြောက်ခံပိုင်ခွင့် အခွင့်အရေးကို ကန့်သတ် ထားပါသည်။ သို့ရာတွင် တရားရုံးချုပ်၊ မန္တလေးရုံးထိုင်၏ တရားမအထူး အယူခံမှုအမှတ် (၈/၂၀၀၀) နှင့် နေပြည်တော် တရား ရုံးချုပ်၏ တရားမအထူး အယူခံမှုအမှတ် (၁၁/၂၀၀၉ ) တို့တွင် ဒုတိယ တရားသူကြီးချုပ်ပါဝင်သော သုံးပါးထိုင် တရားရုံးများက ဧည့်နိုင်ငံသားများသည် နိုင်ငံသား မဟုတ်ကြောင်း စီရင်ဆုံးဖြတ်ခဲ့ဘူး သည် လည်းရှိနေပါသည်။ မြန်မာနိုင်ငံသည် အများပြည်သူနှင့် နိုင်ငံရေးအခွင့်အရေး ဆိုင်ရာ နိုင်ငံတကာ သဘောတူ စာချုပ်ကို လက်မှတ် ရေးထိုးထားသဖြင့် ထိုစာချုပ် အပိုဒ်-၂၄(၃)အရ မြန်မာနိုင်ငံ အတွင်းမွေးဖွား လာခဲ့သော ကလေး သူ ငယ်များကို နိုင်ငံသား အခွင့်အရေးကို ထိုစာချုပ်နှင့် အညီ ပေးရမည့်အပြင် ကလေး အခွင့်အရေး ဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ် အပိုဒ်-၇ (၂) အရ လည်း ကလေး သူငယ်များကို နိုင်ငံ သား ဖြစ်ခွင့် ရရှိစေရန် ဖွဲ့စည်းပုံ အခြခံဥပဒေနှင့် နိုင်ငံသား ဥပဒေတို့တွင် အတိအလင်း ထည့်သွင်းပြဌာန်း ရမည်ဖြစ် ပါသည်။ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေတို့မှာ နိုင်ငံတစ်ကာ စံချိန်စံ ညွှန်းနှင့် အညီ မလွဲမသွေပြင်ဆင် ရမည့်ဥပဒေများ ဖြစ်သော်လည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် လွယ်လွယ်ကူကူ ပြင်ဆင်၍ မရနိုင်အောင် ပြဌန်းထားသော ဥပဒေဖြစ်ရာ ထိုဥပဒေအစား ဖွဲ့စည်းပုံ အခြခံ ဥပဒေ အသစ်နှင့် မြန်မာနိုင်ငံသား ဥပဒေ အသစ် တို့ကိုရေး ဆွဲပြဌာန်း သင့်ပါသည်။
<urn:uuid:96d57e96-cced-4e1d-870a-e357a1550602>
CC-MAIN-2015-18
http://burmese.rohingyablogger.com/2013/02/blog-post_5040.html
2015-04-19T12:34:17Z
s3://commoncrawl/crawl-data/CC-MAIN-2015-18/segments/1429246639057.4/warc/CC-MAIN-20150417045719-00153-ip-10-235-10-82.ec2.internal.warc.gz
mya
0.967644
Mymr
60
{"mya_Mymr_score": 0.967644453048706, "blk_Mymr_score": 0.0320683978497982}
ကမ္ဘာတ၀န်းရှိ မြန်မာနိုင်ငံဆိုင်ရာ သံရုံးများတွင် ယနေ့နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး နိုင်ငံကူးလက်မှတ် သက်တမ်း တိုးခြင်း၊ သက်တမ်းတိုးလျှောက်ထားမှုများ အတွက် သက်တမ်း ၅ နှစ်ခံ နိုင်ငံကူးလက်မှတ်များ ထုတ်ပေးနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ ရန်ကုန်နှင့် မန္တလေးအခြေစိုက် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးများတွင် နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး သက်တမ်း ၅ နှစ်ရှိ နိုင်ငံကူးလက်မှတ်များ စတင်ထုတ်ပေးခြင်းနှင့်အတူ ပြည်ပနိုင်ငံများတွင် နေထိုင်ကြသည့် မြန်မာနိုင်ငံသားများ အနေနှင့်လည်း သက်ဆိုင်ရာ မြန်မာသံရုံးများတွင် သက်တမ်းတိုးခြင်း၊ သက်တမ်းတိုး လျှောက်ထားခြင်းများ အတွက် သက်တမ်း ၅ နှစ်ရှိ နိုင်ငံကူးလက်မှတ်များ ရရှိမည်ဟု မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရုံးမှ ဌာနခွဲမှူး ရဲမှူး စိုးထွန်းအောင်က ပြောသည်။ “မြန်မာနိုင်ငံကူးလက်မှတ်ကို ထုတ်ပေးတဲ့နေရာတိုင်းမှာ သက်တမ်း ၅ နှစ်နဲ့ ထုတ်ပေးမှာပါ။ ကမ္ဘာတ၀န်းက မြန်မာ သံရုံးတွေလည်း ပါတယ်။ လောလောဆယ် ရန်ကုန်နဲ့ မန္တလေးမှာ နိုင်ငံကူးလက်မှတ် ထုတ်ပေးရုံးတွေကနေ ထုတ်ပေး နေပါတယ်။ မန္တလေး နိုင်ငံကူးလက်မှတ်ရုံးက ဒီနှစ် ဇူလိုင် ၄ ရက်နေ့မှ စဖွင့်တာပါ” ဟု ၎င်းက ဧရာဝတီသို့ ရှင်းပြသည်။ နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်လျှောက်ထားသော နိုင်ငံကူးလက်မှတ် များကိုသာ သက်တမ်း ၅ နှစ်ရှိ နိုင်ငံကူး လက်မှတ် ထုတ်ပေးမည်ဖြစ်ပြီး နိုဝင်ဘာ ၁ ရက် မတိုင်မီက လျှောက်ထားခဲ့သော နိုင်ငံကူးလက်မှတ်များမှာ ယခင်အတိုင်း သက်တမ်း ၃ နှစ်သာ ရရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ သိရှိရသည်။ ပုံမှန် နိုင်ငံကူးလက်မှတ် လျှောက်ထားမှုများအတွက် စုစုပေါင်း ၂၁ ရက် အချိန် ကြာမြင့်မည်ဖြစ်ပြီး ငွေကြေးကုန်ကျစရိတ်မှာမူ ပြောင်းလဲခြင်းမရှိဘဲ ယခင်အတိုင်းပင် ဖြစ်သည်။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် တင်ပြရသော အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် ပုံစံ ၁၇ နှင့် ပုံစံ ၁၉ ကို ပယ်ဖျက် ဖြေလျှော့ပေးရန် စီစဉ်နေကြောင်း ပြောဆိုထားပြီး ဖြစ်သော်လည်း လတ်တလောတွင် ညွှန်ကြားချက် တစုံတရာ မရရှိသေးဟု ရဲမှူး စိုးထွန်းအောင်က ဆိုသည်။ “ကျနော်တို့ဆီတော့ ဘာညွှန်ကြားချက်မှ မရောက်သေးပါဘူး” ဟု ၎င်းက ပြောသည်။ နိုင်ငံကူးလက်မှတ် သက်တမ်း ၅ နှစ် တိုးမြှင့်ပေးခြင်းအပေါ် ကြိုဆိုသော်လည်း အချိန်ကြာမြင့်မှုနှင့် အဆင့်ဆင့် လုပ်ဆောင်ရသော လုပ်ထုံးလုပ်နည်းများကို လျှော့ချပေးရန် လိုလားသည်ဟု နိုင်ငံကူးလက်မှတ် လျှောက်ထားသူများက ဆိုကြသည်။ “၂၁ ရက်ကြာတာကို ထပ်ပြီးလျှော့ပေးနိုင်မယ်ဆိုရင် ပိုကောင်းမယ်။ နောက်ပြီး လုပ်ထုံးလုပ်နည်း အဆင့်ဆင့်တွေ ထပ်လျှော့ပေးမယ် ဆိုရင် အဆင်ပြေမယ်။ အခု ပုံစံ ၁၇၊ ပုံစံ ၁၉ မလိုတော့ဘူးလို့ သတင်းထွက်ပေမယ့် အခုထက်ထိ မဖြေလျှော့သေးဘူး။ အဲဒါ မြန်မြန်ဖြစ်နိုင်ရင် ကောင်းတယ်။ လုပ်ထုံးလုပ်နည်းတွေ အဆင့်ဆင့်လျှော့ပေးနိုင်လေ ပြည်သူက ပိုအဆင်ပြေလေ ပါပဲ။ နောက်တခုကတော့ နယ်က လူတွေ နိုင်ငံကူးလက်မှတ်လုပ်ဖို့ ရန်ကုန်၊ မန္တလေးကိုချည်းပဲ တက်လာနေရတာ။ နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့ရုံးခွဲတွေ ဒီထက်ပိုပြီး ဖွင့်ပေးနိုင်ရင် နယ်က လူတွေအတွက် အများကြီး အဆင်ပြေမယ်” ဟု နိုင်ငံကူးလက်မှတ် လာရောက်သက်တမ်းတိုးသူ စီးပွားရေးလုပ်ငန်းရှင်တဦးက ဧရာဝတီသို့ သုံးသပ်ပြော ဆိုသည်။
<urn:uuid:14e75a3e-f024-4173-9e6d-a9d36e929900>
CC-MAIN-2015-18
http://burma.irrawaddy.org/visa/2012/11/01/24370.html
2015-05-07T01:36:47Z
s3://commoncrawl/crawl-data/CC-MAIN-2015-18/segments/1430460084453.65/warc/CC-MAIN-20150501060124-00078-ip-10-235-10-82.ec2.internal.warc.gz
mya
0.934188
Mymr
31
{"mya_Mymr_score": 0.9341883063316345, "blk_Mymr_score": 0.05392982438206673}
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကို ဒီကနေ့ ဆိုက်ရောက်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်က ခရီးမစခင်က အိန္ဒိယ နိုင်ငံထုတ် The Hindu သတင်းစာနဲ့ အင်တာဗျူး ပြောကြားရာမှာ မြန်မာနိုင်ငံက အခြေအနေကို ဘက်ပေါင်းစုံက အသေအချာ လေ့လာအကဲခတ်ဖို့ လိုအပ်ကြောင်း၊ အကောင်းမြင်တာ လွန်ကဲသွားရင် အမှားလုပ်နေတာတွေကို သတိမမူမိဘဲ ဖြစ်တတ်ကြောင်း အိန္ဒိယအစိုးရကို သတိပေးလိုက်တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေး ခေါင်းဆောင် ပထမဆုံး ဝန်ကြီးချုပ် Jawaharlal Nehru အထိမ်းအမှတ် အခမ်းအနားမှာ ဂုဏ်ထူးဆောင် ဧည့်သည်တော်အဖြစ် မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။အဲဒီနောက်ဒေါ်အောင်ဆန်းစုကြည်ဟာ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းအပြင် တခြားနိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်သလို သူငယ်စဉ်က နိုင်ငံရေး သိပ္ပံဘာသာရပ်နဲ့ ဘွဲ့ယူခဲ့တဲ့ The Lady Shri Ram College ကိုလည်း သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ဖက် နိုင်ငံဖြစ်ပြီး လာမယ့် ၂၀၁၅ ခုနှစ်မှာ နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏဟာ အမေရိကန်ဒေါ်လာ သန်း ၃ ထောင်အထိရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ရေနက်ဆိပ်ကမ်း တည်ဆောက်နေတာအပြင် ၂၀၁၆ ခုနှစ်မှာ အပြီးဆောက်လုပ်ဖို့ ပြင်ဆင်နေတဲ့ မြန်မာနိုင်ငံကို ဖြတ်ပြီး ထိုင်းနိုင်ငံအထိ လမ်းမကြီး ဖေါက်လုပ်ရေးမှာလဲ အိန္ဒိယအစိုးရက အဓိက တာဝန်ယူမယ်လို့ ဆိုပါတယ်။ အဲဒီလို ဖွံ့ဖြိုးတိုးတက်ရေး ရင်းနှီးမြှပ်နှံမှုတွေဟာ လူ့အခွင့်အရေးနဲ ဒီမိုကရေစီအရေးကို ထည့်သွင်းစဉ်းစားတဲ့ တာဝန်ခံမှုရှိတဲ့ ရင်းနှီးမြှပ်နှံမှုတွေဖြစ်ဖို့လိုအပ်တယ်လို့ ပြီးခဲ့တဲ့ ဇွန်လအတွင်းက ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် အိုင်အယ်လ်အို ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
<urn:uuid:5dc98039-e92b-4d69-b2e8-37f649a2ce28>
CC-MAIN-2015-18
http://www.rfa.org/burmese/news/dassk-visit-india-11132012055402.html
2015-05-04T00:56:28Z
s3://commoncrawl/crawl-data/CC-MAIN-2015-18/segments/1430452285957.31/warc/CC-MAIN-20150501035125-00081-ip-10-235-10-82.ec2.internal.warc.gz
mya
0.877307
Mymr
42
{"mya_Mymr_score": 0.8773074746131897, "blk_Mymr_score": 0.11376284807920456}
Some might wonder why there are little written forms of brief history of Zawgyi and Unicode. It seems that many people just don’t want to dig the past. If that’s the case, I might as well be the villain again digging up the old pasts. If there is any mistake written here, it’s the responsibility of me alone. Brief ယူနီကုဒ်လက်ရှိ စွဲစွဲမြဲမြဲသုံးနေသူတွေထဲမှာ ဇော်ဂျီဖောင့် မသုံးဖူးတာ၊ မသုံးတတ်တာ တစ်ယောက်မှမရှိလို့ ပြောရင် ရမယ်။ ယူနီကုဒ်ထက် ဘာပိုကောင်းလဲမေးရင် (၁) ရှေးဦးပိုင်း ယူနီကုဒ်ဖောင့် တချို့ထက် စာလုံးပုံစံ ကြည့်ရတာ ပိုအဆင်ပြေတယ်။ (၂) မြန်မာတွေ ကွန်ပျူတာစသင်ရင် ရင်းနှီးပြီးသားဖြစ်တဲ့ ဝင်းဖောင့်တွေနဲ့ အလားတူ အမြင်အရ စာလုံးစီတာဖြစ်တဲ့အတွက် အရင်လာ အရင်ရိုက် နောက်မှလာ နောက်မှရိုက်စနစ်ဖြစ်တဲ့အတွက် ပိုနားလည်လွယ်တယ်။ (၃) လူသုံးများတယ်။ ဘာပိုမကောင်းလဲမေးရင် (၁) စံ စတန်းဒတ်ကို မလိုက်နာဘဲ တိုင်းရင်းသား အက္ခရာနေရာတွေယူသုံးတဲ့အတွက် တခြားတိုင်းရင်းသားဘာသာတွေ သုံးမရဘူး။ (၂) Apple, Windows, Linux စတဲ့ အဓိက ပလက်ဖောင်းတွေမှာ အသင့်ပါလာပြီးသားဖြစ်တဲ့ စံစနစ်နဲ့ မကိုက်ညီဘူး။ ရှင်းအောင်ပြောရရင် ဇော်ဂျီဖောင့်သွင်းမထားရင်၊ စာသားကို ဇော်ဂျီတိုက်ဖေ့စ်အဖြစ် သတ်မှတ်မထားရင် ဖတ်မရဘူး။ (၃) စာအုပ်စာရင်း၊ လူစာရင်း၊ ဆောင်းပါးစာရင်း အစရှိတာတွေအတွက် မြန်မာလို အက္ခရာ စီမရဘူး။ (၄) ရရစ်ရှစ်မျိုး၊ ရကောက်သုံးမျိုး၊ ဘကုန်းသုံးမျိုး အစရှိသဖြင့် ကုဒ်ပွိုင့်အများကြီး ထပ်နေတဲ့အတွက် ရှာတဲ့နေရာ၊ သတ်ပုံစစ်တဲ့နေရာတွေမှာ အဆင်မပြေဘူး။ (၅) ယူနီကုဒ်ကို အခြေခံသတ်မှတ်ထားတဲ့ ICU စနစ်သုံး OS, ဘရောက်ဇာ တွေမှာ Select မှတ်တာ၊ တွက်ချက်တာတွေ အဆင်မပြေဘူး။ (၆) ဇော်ဂျီမှာ ဇော်ဂျီစာလုံးပုံစံတစ်မျိုးသာ ရှိတယ်။ လက်ရှိကြုံနေတာတော့ နိုင်ငံတကာ စံအတိုင်းသွားနေတဲ့ လူသုံးများတဲ့ဆော့ဝဲတွေ ဝန်ဆောင်မှုတွေကို မြန်မာမှုပြုရာမှာ တွေ့ရတဲ့ ပြဿနာပါ။ ကိုယ်က ယူနီကုဒ်နဲ့ ပြန်ထားတယ်။ နောက်တစ်ယောက်က ဇော်ဂျီနဲ့ လာပြင်သွားတယ်။ ဒါမှမဟုတ် Google Map လိုနေရာမျိုးမှာ ဇော်ဂျီနဲ့လာရေးသွားတယ်။ Approve လုပ်တဲ့ Member တွေက မြန်မာစာမတတ်တော့ ဟုတ်ပြီဆိုပြီး Publish လုပ်ပေးလိုက်တယ်။ ဆာဗာက ပုံဖော်တော့ ပဲပင်ပေါက်လိုစာတွေ ထွက်လာတယ်။ ကိုယ်ကနောက်ပိုင်း တွေ့မိလို့ သွားပြင်တော့ မေးခွန်းထုတ်ခံရတယ်။ သက်သေပြရတယ်။ စောင့်ရတယ်။ တစ်ကြိမ်လည်းမဟုတ်၊ နှစ်ကြိမ်လည်းမဟုတ်၊ ကြာတော့ တစ်ယောက်ချင်း ရှင်းပြနေရတာ စိတ်ကုန်လာတယ်။ ယူနီကုဒ် နဲ့ ဇော်ဂျီ ဘာကွာလဲ မသိတဲ့လူတွေက မြန်မာစာ အွန်လိုင်းသုံးတဲ့သူတွေရဲ့ ၉၀ ရာနှုန်းကျော်ရှိမယ်ထင်တယ်။ တချို့လည်း ကြားဖူးနားဝရှိမယ်။ တချို့လည်း ယူနီကုဒ်စသုံးကြည့်လို့ အပေါင်းအသင်းတွေနဲ့ ဆက်ဆံရတာ အဆင်မပြေတာ၊ ကိုယ့်စာကို လူမဖတ်တော့တာ ရှိလို့ စိတ်ပျက်ပြီး ဇော်ဂျီပြန်သုံးတာရှိမယ်။ ဘာပဲဖြစ်ဖြစ် ဒါဟာ အနှေးနဲ့အမြန် အွန်လိုင်းသုံးတဲ့ မြန်မာတိုင်းလိုလို နဖူးတွေ့ ဒူးတွေ့ ကြုံတွေ့ရတော့မယ့် အရာဖြစ်လို့ ကြိုက်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ၊ လွယ်သည်ဖြစ်စေ၊ ခက်သည်ဖြစ်စေ၊ သုံးတတ်အောင် စမ်းကြည့်ထားဖို့ နီးစပ်ရာ အပေါင်းအသင်းတွေကို တိုက်တွန်းပါတယ်။ အခုဆို မြန်မာ၃ နဲ့ ပိတောက် လောက်သာ ယူနီကုဒ်ဖောင့် ရှိတော့တာမဟုတ်ဘဲ Microsoft နဲ့ Apple အပါအဝင် မိမိကိုယ်ပိုင် နည်းပညာအမျိုးမျိုးနဲ့ ချဉ်းကပ်ပုံအမျိုးမျိုးနဲ့ လုပ်ထားတဲ့ ယူနီကုဒ်စနစ်ကို လိုက်နာထားတဲ့ ဖောင့်တွေ ရှိနေပြီဖြစ်လို့ စာလုံးမလှခြင်းဟာ ပြဿနာအကြီးကြီး မဟုတ်တော့ပါဘူး။ စံတစ်ရပ်တည်းကို လိုက်နာထားတဲ့အတွက် ဖောင့်တစ်မျိုးနဲ့ ရေးထားတာကို နောက်ဖောင့်တစ်မျိုးနဲ့ ကြည့်ရင် အမှန်မမြင်ရတဲ့ ပြဿနာလည်း မရှိတော့ပါဘူး။ မြန်မာစာ သင်ပုန်းကြီးရေးသလို ရိုက်လို့ရတဲ့ လက်ကွက်စနစ်(အိုင်တီဇင်က ဆရာ ဦးတင်ညွန့်ပြောတာတော့ စာမရိုက်တတ်တဲ့ ဦးဇင်းတစ်ပါး နာရီဝက်အတွင်း မြန်မာလိုရိုက်တတ်သွားတယ် ပြောတယ်။)၊ ဝင်းဖောင့်လို ရိုက်လို့ရတဲ့စနစ်၊ ဇော်ဂျီလို ရိုက်လို့ရတဲ့ စနစ်၊ Logical အတိုင်း ရိုက်လို့ရတဲ့စနစ်စသည်ဖြင့် အမျိုးမျိုးသော လက်ကွက်တွေ ရှိနေပြီဖြစ်လို့ လက်ကွက်ပြောင်းသွားလို့ ဆိုတဲ့ အခက်အခဲလည်း မရှိတော့ပါဘူး။ ဒါပေမဲ့ အနည်းနဲ့ အများဆိုသလို အဆင်မပြေမှုတွေကတော့ ကျန်နေတုန်းပါပဲ။ There is no Unicode user who can’t use Zawgyi-One. Pros of Zawgyi: (1) Beautiful and neat fontface. (2) Visual sequence is easier to understand. (3) Popular. Cons: (1) Non-standard. We can’t use Ethnic languages with Zawgyi. (2) Not compatible with Burmese standard fonts from Microsoft, Apple and Linux community. (3) Cannot sort correctly. (4) Lots of repeated codepoints to save up for non-reshaping such as 8 codepoints for medial Ra. (5) Not compatible with ICU. Selection and calculation are difficult. (6) Only one typeface. We are having problems in localization since many Zawgyi-One users are unaware of usage of Unicode. That makes conflicts in localization and translations in such as Google Maps and Wikipedia. It’s important that every Myanmar online should have knowledge of Unicode whether they practice Unicode or not. Now, there are many Unicode fonts for Burmese compatible to each other including fonts from OSX Lion and Windows 8. There are many Unicode layouts for different OSes including Zawgyi layout. History ၁၉၉၅ မှာ Michael Everson က ယူနီကုဒ်မှာ မြန်မာစာ (ဗမာစာ) ပါအောင် စအဆိုပြုတယ်။ ၉၇ နဲ့ ၉၈ မှာ Proposal နဲ့ ပြင်ဆင်ချက်တွေကို သူပဲ တင်သွင်းတယ်။ ၉၉ ကစပြီး မြန်မာ ကိုယ်စားလှယ်အဖွဲ့ပါတယ်။ ၂၀၀၃ မှာ NLP ကို စ ဖွဲ့တယ်။ ၂၀၀၅ မှာ မြန်မာ၁ ဖောင့်ကို စဖြန့်တယ်။ အားနည်းချက်တွေ အများကြီးတွေ့ရတယ်။ လက်တွေ့လုပ်ငန်းခွင် သုံးနိုင်တဲ့ အခြေအနေ မရှိဘူး။ အဲဒီချိန်မှာ Solveware က မြစေတီဖောင့် ထွက်လာတယ်။ Web ပေါ်မှာ ပထမဦးဆုံးသော အဆင်ပြေပြေသုံးလို့ရတဲ့ ဖောင့် ဖြစ်လာတယ်။ အခြေခံအက္ခရာတွေမှာ ယူနီကုဒ်စနစ်ကို လိုက်နာထားပေမဲ့ စာလုံးပုံပြောင်းတဲ့နေရာတွေအတွက် Private use အတွက် ချန်ထားတဲ့ ကုဒ်ပွိုင့်တွေထဲက ယူသုံးတယ်။ ဆိုလိုတာက ယူနီကုဒ်စနစ်နဲ့ အပြည့်အဝ မကိုက်ညီဘူး။ သို့သော် မြန်မာစာကို Web ပေါ်မှာ ဒီလိုသုံးလို့ရပါလားဆိုတာ လူတွေ သိသွားကြတယ်။ တနည်းပြောရရင် ကိုလမ်ဘတ် ကြက်ဥထောင်သလိုပဲ။ ဒီလို အဆင်ပြေပြေသုံးလို့ရပေမဲ့ သုံးစွဲခ ဈေးကြီးတာကြောင့် အခမဲ့ သုံးလို့ရမယ့် နည်းတွေ ရှာကြံလာကြတယ်။ အလွယ်ဆုံးကတော့ မြစေတီဖောင့်ကို ဖောင့် Editor တစ်ခုမှာ စာလုံးပုံပြောင်းထည့်လိုက်တာပါပဲ။ ၂၀၀၅ ဝန်းကျင်မှာ Alpha, Geocomp, MyMyanmar နဲ့ ပြည်ပက Bit ဖောင့်တွေ ထွက်လာတယ်။ ရည်ရွယ်ချက်တွေကတော့ ကောင်းကြပါတယ်။ လက်ရှိအချိန်မှာ မြန်မာစာကို သုံးလို့ရနိုင်တဲ့ပုံစံမျိုးနဲ့ တသမတ်တည်း သုံးနိုင်အောင် ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ တချို့ဖောင့်တွေမှာ မြစေတီရဲ့ ကုဒ်ပွိုင့်အတိုင်း လိုက်ရေးထားရုံမက ဖောင့်ကိုပါ နင်းပြီး မြန်မာစာပြောင်းထည့်ထားတာ အထဲက Font Info တွေပါ နဂိုအတိုင်း ပြန်ပါလာတယ်။ Solveware က နို့တစ်စ်ထုတ်တယ်။ ဇော်ဂျီ ကုဒ်ပွိုင့်တွေ ပြောင်းရေးတယ်၊ Alpha Font ကနေ Alpha Zawgyi, Zawgyi1, Zawgyi-One စသည်ဖြင့် (နာမည်) တဖြည်းဖြည်း ပြောင်းသွားတယ်။ MyMyanmar က စံအတိုင်းလိုက်နာတဲ့ ယူနီကုဒ်ဖောင့် လုပ်ပြသွားတယ်။ ၂၀၀၆ ဇူလိုင် မှာ ယူနီကုဒ် ၅.၁ စံနဲ့ မြန်မာ၂ ထွက်တယ်။ မြန်မာစာနဲ့ မွန်စာအတွက် လိုအပ်ချက်တွေ အများကြီးရှိနေတဲ့အတွက် Proposal တွေ ထပ်တင်တယ်။ မြန်မာသုံး Model ကို လက်ခံပြီး စံအဖြစ် သတ်မှတ်တဲ့အတွက် ၂၀၀၇ မှာ ယူနီကုဒ် ၅.၂ အတည်ဖြစ်တယ်။ ၂၀၀၇ ဒီဇင်ဘာ ၁၄ မှာ မြန်မာ၃ ကို အများပြည်သူသုံးနိုင်အောင် Publish လုပ်လိုက်တယ်။ ဇော်ဂျီ ၂၀၀၆ ဗားရှင်းကို ၂၀၀၆ ဇူလိုင်မှာ မြန်မာ၂ နဲ့ အပြိုင်ထုတ်တယ်။ ယူနီကုဒ် ၄.၀ သော်လည်းကောင်း၊ ၅.၁ သော်လည်းကောင်း မကိုက်ညီပါ။ စံကို အတည်ပြုချက်မရခင် လက်ဦးမှုရအောင် ထုတ်လိုက်ပုံရတယ်။ Private use area ကို မသုံးဘဲ တိုင်းရင်းသားဘာသာတွေအတွက် ချန်ထားတဲ့ နေရာတွေထဲက ယူသုံးတယ်။ Planet.com.mm မှာ စသုံးတယ်။ အလကားပေးတယ်။ ဖိုရမ်ထဲမှာ လက်ကွက်သွင်းစရာမလိုဘဲ ရိုက်လို့ရအောင်လုပ်ပေးထားတယ်။ ချက်လို့ရတယ်။ မီဒီယာသမားတွေ လုပ်တာဖြစ်တဲ့အတွက် ကြော်ငြာအားကောင်းတယ်။ သုံးရတာအဆင်ပြေတယ်။ တိုတိုပြောရရင် ပေါက်သွားတယ်။ ဖိုရမ်မာတွေ ဘလော့ရေးတော့ ဇော်ဂျီဝမ်းပဲ သုံးကြတယ်။ အချင်းချင်းကူညီကြတယ်။ ဖောင့်ရဲ့ အားနည်းချက်တွေကို ဝိုင်းဝန်းကူညီ ပြင်ဆင်ပေးကြတယ်။ ၂၀၁၀ မြန်မာအွန်လိုင်းအသိုင်းအဝိုင်းမှာ ဖေ့စ်ဘုတ် စ ခေတ်စားတယ်။ ဇော်ဂျီပဲအဓိကသုံးကြတယ်။ Michael Everson proposed codepoints for Burmese in 1995. He proposed again in 1997 and amended in 1998. Myanmar representatives started involving as observers in Unicode consortium in 1999. NLP was founded in 2003. Myanmar1 was published in 2005. It had weaknesses in practical usages. Solveware published Myazedi font in the same year. It was a non-standard font using Private Use codepoints for alternative shapings, yet became the first usable font for web. It was like Columbus’s egg. Many fonts including Zawgyi cloned Myazedi. Solveware published legal notice in local newspaper which force the other fonts to change their codepoints. According to Unicode standard 5.1, Myanmar2 was published in July 2006. Zawgyi-One font was published at the same time. But it didn’t followed neither Unicode 4.0 or Unicode 5.1 standards (probably to compete in publishing date with Myanmar2)and used reserved codepoints for minority languages. There were major updates in Unicode 5.2 and updated font Myanmar3 was published in Dec 14 2007. Zawgyi-One font was published as freeware and used on popular www.planet.com.mm website in 2006. It became a major hit since the advertising was enormous and most online users are waiting for a usable Burmese font. Bloggers started using Zawgyi-One font and they helped each other. Since then, majority of Burmese online users used Zawgyi-One as primary font and unaware of Unicode standard. Zawgyi’s Copyright Holder And Recognition ဇော်ဂျီစာလုံးပုံစံက ASCII ဖောင့်တွေဖြစ်တဲ့ Arthouse ဖောင့်တွေထဲက တစ်ခုဖြစ်တယ်။ ဇော်ဂျီအဖွဲ့ထဲက တစ်ယောက် (လို့ထင်ရသူတစ်ယောက်) က Arthouse ဆီက ဖောင့်နဲ့ဆိုင်တဲ့ အခွင့်အရေး အားလုံး ဝယ်လိုက်တယ် ဆိုပါတယ်။ ခက်တာက ဇော်ဂျီအဖွဲ့ထဲက ပညာရှင်ငါးဦးဆိုတာ ဘယ်သူမှန်း မသိရပါ (သို့မဟုတ် ဝန်မခံပါ)။ MyMyanmar က ထုတ်တဲ့ MyMyanmar ဆော့ဖ်ဝဲမှာ Zawgyi-One/Two/Three စသည်ဖြင့်ပါလာတယ်။ ကွန်ပျူတာဂျာနယ်မှာ Zawgyi-One ကို မိုင်မြန်မာက ဝယ်လိုက်တယ်လို့ ပါလာတယ်။ ဒါပေမဲ့ Arthouse က ကိုဇော်ဝင်းမြတ်နဲ့ အင်တာဗျူးတစ်ခုမှာ Font ပုံစံနဲ့ ပတ်သက်တဲ့ အခွင့်အရေးအားလုံးကို သူသာပိုင်တယ်လို့ ပြောပါတယ်။ ဇော်ဂျီဝမ်းရဲ့ မြန်မာမဟုတ်တဲ့ အက္ခရာတွေမှာတော့ Microsoft ရဲ့ Tahoma ဖောင့်ကို တိုက်ရိုက်ယူသုံးထားပါတယ်။ ယာယီလို့ ပြောပေမဲ့ ခုထိပြင်သေးတာ မတွေ့ပါ။ ၂၀၀၈ Arial ဗားရှင်းမှာ Microsoft ပိုင် Arial ဖောင့်ကို ယူသုံးတယ်။ ၂၀၀၇ မှာ ဇော်ဂျီအဖွဲ့ MCPA Excellence Award ဆုရတယ်။ Zawgyi-One typeface was taken from Arthouse(Mandalay) font package. A member of Zawgyi team unofficially said that they bought all rights of Zawgyi font from font’s designer. One big confusion is that the “five” main founders of Zawgyi font are unknown of (at least did not declared themselves). MyMyanmar software package included Zawgyi-One, Zawgyi-Two and Zawgyi-Three fonts and said it owned Zawgyi font in Computer Journal(Myanmar). Again, Zaw Win Myat of Arthouse said in an interview that he still owned all rights of Zawgyi typeface and he just simply allowed the usage of the font. All other characters of Zawgyi font apart from Burmese codepoints are directly copied from Tahoma font of Microsoft. Zawgyi-Arial version uses Arial font owned by Microsoft too. Zawgyi team won 2007 MCPA Excellence award. Future Upgrade ဇော်ဂျီကို ယူနီကုဒ်ဖြစ်အောင် ဇော်ဂျီအဖွဲ့က ပြောင်းပေးမယ့် အချိန်ကို စောင့်နေသူတွေ ရှိတာတွေ့တယ်။ စောင့်မနေပါနဲ့။ ဇော်ဂျီ ကို ဘယ်နည်းနဲ့မှ နဂိုအတိုင်းလည်းဖြစ်အောင် (ဖတ်လို့ရအောင်)၊ ယူနီကုဒ်စနစ်နဲ့လည်း ကိုက်ညီအောင် ပြောင်းလို့မရပါ။ ယူနီကုဒ်ဖောင့်ကို ဇော်ဂျီစာလုံးပုံနဲ့ လိုချင်တယ်ဆိုတော့ ဖြေရှင်းနည်းက လွယ်ပါတယ်။ There are some who waiting for the “right” time when the Zawgyi team would upgrade Zawgyi font to Unicode standard and still compatible with old Zawgyi. But it’s just logically impossible to co-exist since Zawgyi characters and Unicode characters cross-exit. If it’s simply the changing of one of Unicode font’s typeface to Zawgyi typeface, it’s pretty easy. Ref: - http://www.myanmarnlp.org.mm/ - http://www.unicodeconference.org/ - http://unicode.org/conference/about-conf.html - http://www.zawgyi.net - http://www.myanmaritpro.com/ - http://my.wikipedia.org/wiki/မြန်မာယူနီကုဒ်နေ့ရက်စဉ်သမိုင်း Tags: font, history, myanmar unicode, Zawgyi Unicode
<urn:uuid:6f42c9bf-3c3e-42ba-a97b-87453389af26>
CC-MAIN-2015-18
http://lionslayer.yoeyar.com/
2015-04-18T19:17:14Z
s3://commoncrawl/crawl-data/CC-MAIN-2015-18/segments/1429246636104.0/warc/CC-MAIN-20150417045716-00256-ip-10-235-10-82.ec2.internal.warc.gz
mya
0.97325
Mymr
36
{"mya_Mymr_score": 0.9732500314712524, "blk_Mymr_score": 0.024526135995984077}
နာရီ နာရီဆိုသည်မှာ အချိန် သို့ ကာလကို ထိန်းသိမ်းညွှန်ပြသော ကိရိယာဖြစ်သည်။ အင်္ဂလိပ်ဘာသာ clock ဆိုသော စကားလုံးမှာ (ဒတ်ချ်ဘာသာ၊ မြောက်ပိုင်းပြင်သစ်ဘာသာ၊ အလယ်ခေတ် လက်တင် ဘာသာမှတဆင့်) Celtic စကားလုံး clagan နှင့် clocca မှတဆင့် ဆင်းသက်လာပြီး ခေါင်းလောင်းဟု အဓိပ္ပာယ်ရသည်။ အချိန်ကို လေ့လာတိုင်းတာသော ပညာရှင်များ (horologists) နှင့် အခြားအထူးပြုပညာရှင်များအတွက်မူ clock ဆိုသော စကားလုံးမှာ ခေါင်းလောင်းတီးခြင်းနှင့် မောင်းထုခြင်းစသော အသံပေးခြင်းနည်းအားဖြင့် အချိန်ကို ကြေငြာပေးသော ရိုက်ခတ်သော နည်းစနစ်ဖြင့် ပြုလုပ်ထားသော အထူးကိရိယာအဖြစ် ဆက်လက်၍ အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ထိုသို့သောနည်းမပါပဲ ပြုလုပ်ထားသော အချိန်ကိုညွှန်ပြသည့် အသံတိတ်ကိရိယာကိုမူ ပုံမှန်အားဖြင့် အချိန်ပြကိရိယာ (timepiece) ဟု သိရှိကြသည်။ သို့သော် ယနေ့ခေတ်ကာလ အသုံးအနှုန်းတွင် ယေဘူယျအားဖြင့် clock ဆိုသော အသုံးအနှုန်းမှာ ခန္ဓာကိုယ်တွင် ဝတ်ဆင်သော လက်ပတ်နာရီ (watch) မှအပ အချိန်ကို ဖော်ပြတိုင်းတာသော မည့်သည့်ကိရိယာကိုမဆို ခေါ်ဆိုကြသည်။ မာတိကာ သမိုင်းကြောင်း[ပြင်ဆင်ရန်] နာရီသည် လူတို့၏ ရှေးအကျဆုံးသော တီထွင်မှုများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ သဘာဝအလျောက် တိုင်းတာသတ်မှတ်မှုများဖြစ်သော နေ့၊ လ နှင့် နှစ်တို့ထက် ပို၍တိုတောင်းသော အချိန်ကာလအပိုင်းအခြားကို တသမတ်တည်း တိုင်းတာရန် လူတို့၏ လိုအပ်မှုအတွက် အထောက်အကူဖြစ်စေသည်။ ထိုသို့သော တိုင်းတာမှုများအတွက် ကိရိယာများလိုအပ်သည်။ လွန်ခဲ့သော ထောင်စုနှစ်များအတွင်းက ရုပ်ပိုင်းဆိုင်ရာ သဘောတရားအရ ကွဲပြားခြားနားသော နည်းစနစ်များရှိသော ကိရိယာများကို အသုံးပြုခဲ့ကြပြီး နောက်ဆုံးတွင် ယနေ့ခေတ်တွင် အသုံးပြုသော နာရီများဖြစ်လာခဲ့သည်။ နေနာရီနှင့် အခြားကိရိယာများ[ပြင်ဆင်ရန်] နေနာရီသည် နေ့တစ်နေ့၏ အချိန်ကာလကို နေမှ အရိပ်ကျရာ အရပ်မျက်နှာပေါ်မူတည်၍ တိုင်းတာပြီး ရှေးဟောင်းခေတ်များက ကျယ်ပြန့်စွာ အသုံးပြုခဲ့သည်။ ကောင်းမွန်စွာ ဒီဇိုင်းပြုလုပ်ထားသော နေနာရီသည် ဒေသတစ်ခုအတွင်းရှိ နေနှင့်ပတ်သတ်သော အချိန်ကို လက်ခံနိုင်လောက်သော တိကျမှုအထိ တိုင်းတာပေးနိုင်သည်။ ခေတ်သစ်အချိန်ကာလထိ တိုင်အောင်ပင်နေနာရီကို အသုံးပြု၍ နာရီတို့၏ ကောင်းမွန်မှု ကို တိုင်းတာနိုင်သည်။ သို့သော် နေနာရီတွင် နေ၏ အလင်းရောင်လိုအပ်ခြင်းနှင့် ညဖက်တွင် လုံးဝ အလုပ်မလုပ်ခြင်းစသည့် အကန့်အသတ်များရှိသည်။ ထို့အတွက်ကြောင့် အချိန်ကို တိုင်းတာရန် အတွက် အခြားနည်းလမ်းများကို အသုံးပြုရန် တွန်းအားပေးသည့် ပမာပင်ဖြစ်သည်။ ဖယောင်းတိုင်နာရီ နှင့် အမွှေးတိုင်များကို ခန့်မှန်းနိုင်သော အချိန်ကာလဖြင့် လောင်ကျွမ်းစေခြင်းအားဖြင့်လည်း ကုန်လွန်သွားသော အချိန်ကာလကို ခန့်မှန်းရန် အသုံးပြုကြသည်။ သဲနာရီတွင်မူ အလွန်အရွယ်အစားသေးငယ်သော သဲမှုန်များကို အပေါက်ငယ်ကလေး တစ်ခုအတွင်းမှ ပုံမှန်အရှိုန်နှုန်းဖြင့် ကျဆင်းစေပြီး ထိုသို့ပြုလုပ်ခြင်းမှ မိမိစိတ်ကြိုက် ကြိုတင်သတ်မှတ်ထားသော အချိန်ကာလတစ်ခုကို ညွှန်ပြစေသည်။ ရေနာရီများ[ပြင်ဆင်ရန်] ရေနာရီများကို အင်္ဂလိပ်ဘာသာတွင် clepsydrae ဟုလည်းခေါ်ပြီး နေနာရီများနှင့်အတူပင် ရှေးအကျဆုံးအချိန်ကို တိုင်းတာသော ကိရိယာများ ဖြစ်နိုင်သည်။ ထိုထက်ပို၍ ရှေးကျသော အချိန်တိုင်းတာသည့် ကိရိယာဆို၍ gnomon ဟုခေါ်သည့် နေနာရီတစ်မျိုးနှင့် ရက်ကို ရေတွက်သည့် တာလီ များသာရှိသည်။ ရေနာရီများသည် အလွန်ရှေးကျသည့်အတွက်ကြောင့် မည်သည့်နေရာတွင် မည်သည့်အချိန်က စတင်ပေါ်ပေါက်ခဲ့သည် ဆိုသည့်အချက်ကို မသိရှိကြပဲ သိရှိနိုင်ရန်လည်း မလွယ်ကူပေ။ ဟင်းချိုခွက်ပုံသဏ္ဌန် အပြင်ဖက်သို့စီးဆင်းသော ရေနာရီသည် အရိုးရှင်းဆုံးသော ရေနာရီပုံသဏ္ဌန်ပင် ဖြစ်ပြီး ဘေဘီလုံ နှင့် အီဂျစ်တို့တွင် ဘီစီ ၁၆ရာစုကပင် ရှိခဲ့သည်ဟု သိရှိရသည်။ အိန္ဒိယ နှင့် တရုတ် တို့အပါအဝင် အခြားဒေသများတွင်လည်း ရေနာရီကို အသုံးပြုခဲ့သော ရှေးကျသည့် အထောက်အထားများရှိသည်။ သို့သော် အစောဆုံး အသုံးပြုခဲ့သည့် အချိန်ကာလမှမူ မသေချာလှပေ။ အချို့သော စာရေးဆရာများကမူ ထိုဒေသများတွင် ရေနာရီသည် ဘီစီ ၄၀၀၀ ခန့်ကပင်ရှိခဲ့သည်ဟု ရေးသားကြသည်။
<urn:uuid:0b80fd5b-604b-40e8-ace5-cddf0191926f>
CC-MAIN-2015-18
http://my.wikipedia.org/wiki/%E1%80%94%E1%80%AC%E1%80%9B%E1%80%AE
2015-04-26T15:37:42Z
s3://commoncrawl/crawl-data/CC-MAIN-2015-18/segments/1429246654687.23/warc/CC-MAIN-20150417045734-00050-ip-10-235-10-82.ec2.internal.warc.gz
mya
0.994567
Mymr
105
{"mya_Mymr_score": 0.9945666790008545}
မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးက ရန်ကုန်အခြေစိုက် ရခိုင်အမျိုးသားကွန်ရက်နှင့် တွေ့ဆုံ စကားပြောလိုသည်ဟု အလွတ်သဘော ကမ်းလှမ်းကြောင်း သတင်းရရှိသည်။ ဘင်္ဂလားဒေ့ရ်ှနိုင်ငံတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ ဖျက်ဆီးခံရမှုနှင့် ပတ်သက်ပြီး ရန်ကုန်အခြေစိုက် ဘင်္ဂလားဒေ့ရ်ှသံရုံးရှေ့တွင် သံဃာတော်များ ဦးဆောင် ဆန္ဒပြပွဲများ ဆက်တိုက် ဖြစ်ပွားနေသည့် ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးက ရခိုင်အမျိုးသား ကွန်ရက်နှင့် တွေ့ဆုံစကားပြောလိုသည်ဟု သံရုံးဝန်ထမ်းတဦးမှတဆင့် ကမ်းလှမ်းခဲ့ကြောင်း အဆိုပါ ကွန်ရက် ဥက္ကဋ္ဌ ကိုတင်ထူးအောင်က ဧရာဝတီကို ပြောသည်။ ယင်းဘုန်းကြီးကျောင်းများ မီးရှို့ဖျက်ဆီးခံရသည့် အရေးကိစ္စတွင် ဘင်္ဂလားဒေ့ရှ် အစိုးရအနေဖြင့် အချိန်မီ ဖြေရှင်းပေးနိုင်စွမ်း အားနည်းခဲ့ခြင်းနှင့်ပတ်သက်၍ ဝေဖန်ထားသည့် ရခိုင်အမျိုးသား ကွန်ရက်၏ သဘောထားထုတ်ပြန်ချက်အား သံရုံးသို့ သွားပို့ခဲ့သည့် ယခုလ ၆ ရက်နေ့တွင် အဆိုပါသံရုံးဝန်ထမ်းမှတဆင့် ကမ်းလှမ်းခဲ့သည်ဟု သိရသည်။ “တရားဝင် သံရုံးကနေ စာပို့ပြီး ကမ်းလှမ်းတာ မဟုတ်ဘဲ ၀န်ထမ်းက ပါးစပ်အပြောလေးနဲ့ ပြောလိုက်တာဖြစ်လို့ ကျနော်တို့က မတွေ့နိုင်ပါဘူး၊ ဒီကိစ္စကိုလည်း ကုလသမဂ္ဂဆီ တိုင်စာပို့ထားပါတယ်” ဟု ကိုတင်ထူးအောင်က ဆိုသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်း နေထိုင်ကြသော ဗုဒ္ဓဘာသာဝင်များ လုံခြုံဘေးကင်းရေးကို ဘင်္ဂလားဒေ့ရှ် အစိုးရက အပြည့်အ၀ ကာကွယ်ပေးရန် တောင်းဆိုထားသည့်စာအား ဘင်္ဂလားဒေ့ရ်ှနိုင်ငံ သံအမတ်ကြီးထံ ပေးခဲ့ကြောင်း၊ ဘုန်းတော်ကြီးများနှင့် ရခိုင် တိုင်းရင်းသား အဖွဲ့အစည်းတချို့ ပူးပေါင်းကာ ရန်ကုန် အင်းလျားလမ်းရှိ ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် ယမန်နေ့ နေ့လယ် ၁ နာရီခန့်က လူအင်အား ရာချီ၍ ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။ “ရခိုင်-ရိုဟင်ဂျာ အရေးက ပြည်တွင်းမှာပဲ ဖြစ်တာပါ၊ ပြည်တွင်း ပြဿနာကို ပြည်တွင်းကလူတွေနဲ့ပဲ ပြီးအောင် ရှင်းတာကို လိုချင်တာပါ။ ဒါကို အပြင်က မွတ်စလင် နိုင်ငံတွေမှာပါ အခုလို ဖြေရှင်းကြတာမျိုး လုံးဝ မလိုချင်ပါဘူး။ အတွင်းမှာပဲ ပြေလည်အောင် ဖြေရှင်းစေချင်ပါတယ်” ဟု ဆန္ဒထုတ်ဖော်ပွဲတွင် ဦးဆောင်ပါဝင်သည့် သာဓုကျောင်းတိုက်မှ ဆရာတော် ဦးပညာနန္ဒက ပြောသည်။ ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံတွင် အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအသင်း (OIC) ရုံးများ ဖွင့်လှစ်ရန်ကိစ္စကို လက်မခံနိုင်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ဖျက်ဆီးခံခဲ့ရသော သာသနိက အဆောက်အဦးများနှင့် ဗုဒ္ဓ ဆင်းတုတော်များအား ရှေးမူ လက်ရာအတိုင်း ပြန်လည်တည်ဆောက်ပေးစေချင်ကြောင်းနှင့် ဖျက်ဆီးသူများကိုလည်း ယင်းနိုင်ငံဥပဒေ၊ နိုင်ငံတကာ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ပေးရန်လိုကြောင်း စသည့် အချက်များ ပါဝင်သည့် တောင်းဆိုချက် ၁၄ ချက်ကို ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် တောင်းဆိုခဲ့ကြသည်။ အဆိုပါ ဆန္ဒထုတ်ဖော်သည့် အဖွဲ့သည် ဘင်္ဂလားဒေ့ရ်ှသံရုံးမှတဆင့် အမေရိကန်သံရုံးသို့ သွားရောက်ခဲ့ကြပြီး လစ်ဗျား နိုင်ငံတွင် အကြမ်းဖက်သမားများကြောင့် သေဆုံးသွားခဲ့သော အမေရိကန် သံအမတ်ကြီး Mr. Christopher Steven အတွက် လွမ်းသူ့ပန်းခြင်း သွားချခဲ့သည်။ ဘင်္ဂလားဒေ့ရ်ှနိုင်ငံတွင်း ဖြစ်ပွားခဲ့သည့်ဖြစ်ရပ်ကို ကန့်ကွက်သည့် အနေဖြင့် ယခုလ ၄ ရက်နေ့က ပထမအကြိမ်အဖြစ် ရန်ကုန်မြို့ ဒဂုံမြို့သစ်အရှေ့ပိုင်း မကွေးပရိယတ္တိ စာသင်တိုက်မှ ဆရာတော်၊ သံဃာတော် အပါး ၂၀၀ ခန့်က ဆန္ဒ ထုတ်ဖော်ခဲ့ကြပြီး ၅ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် ယင်းပြဿနာများအား ဖြေရှင်းပေးရန် သွားရောက် တောင်းဆိုခဲ့ကြသည်။ အစ္စလမ်ဘာသာဝင်တို့၏ ကိုရမ်ကျမ်းအား စော်ကားသည့် အဓိပ္ပာယ် သက်ရောက်သည့် ဓာတ်ပုံကို ဗုဒ္ဓဘာသာဝင် မရမာ လူငယ်တဦးက ၎င်း၏ Facebook စာမျက်နှာပေါ် တင်လိုက်ရာမှ စတင်၍ မကျေနပ်မှုများ ဖြစ်ပေါ်ခဲ့ကာ စက်တင်ဘာ ၃၀ ရက်နေ့တွင် ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ပန်းဝါဒေသမှ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်များအား အစ္စလမ် အစွန်းရောက်များက ဖျက်ဆီးခဲ့သည်။ ရခိုင်အမျိုးသား ကွန်ရက်အနေဖြင့် ဘင်္ဂလားဒေ့ရ်ှနိင်ငံ၏ ဖြေရှင်းချက်များအား စောင့်ကြည့်နေဆဲ ဖြစ်သောကြောင့် လက်ရှိအချိန်တွင် သံအမတ်ကြီး၏ ကမ်းလှမ်းချက်ကို လက်မခံလိုသေးကြောင်း ကိုတင်ထူးအောင်က ဆိုသည်။
<urn:uuid:c852811d-4ebd-4104-a988-8c102530a0b7>
CC-MAIN-2015-18
http://burma.irrawaddy.org/bangladesh/2012/10/09/22418.html
2015-04-28T11:54:25Z
s3://commoncrawl/crawl-data/CC-MAIN-2015-18/segments/1429246661364.60/warc/CC-MAIN-20150417045741-00225-ip-10-235-10-82.ec2.internal.warc.gz
mya
0.98325
Mymr
32
{"mya_Mymr_score": 0.9832504391670227, "blk_Mymr_score": 0.015337697230279446}
ငှက်ကျားတွေကို သူရဲနီတွေ ဂိုးပြတ်ရှုံး ယနေ့နံနက်စောစော မြန်မာစံတော်ချိန် ၂ နာရီခွဲအချိန်မှာ ၂၀၁၁-၂၀၁၂ ပရီမီယာလိဂ်ရဲ့ ဒုတိယရာသီဝက် အစဦးဆုံး အဖွင့်ပွဲစဉ်မှာလက်ရှိချန်ပီယံ သူရဲနီများဟာ အိမ်ကွင်း မာကျောလှတဲ့ ငှက်ကျားတွေကို အနိုင်မယူနိုင်ဘဲ ၃ ဂိုးဂိုးမရှိနဲ့ အပြတ်အသတ် ရှုံးနိမ့်ကာ အမှတ်ဗလာဖြင့် အိမ်ပြန်ခဲ့ရပါတယ်။ မန်ယူရဲ့ သူရဲနီများဟာ ဘောလုံးရာသီ ပထမပိုင်း နောက်ဆုံးနေ့တုန်းကလည်း တန်းဆုံးဇုန်မှာ သံသရာလည်နေတဲ့ ဘလက်ဘန်းလို အသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ၂ ဂိုး ၃ ဂိုးနဲ့ ဒီရက်ပိုင်းလေးတင် ရှုံးထားပါသေးတယ်။ ဒါကြောင့် မန်ယူပရိသတ်များက နယူးကာဆယ်ရဲ့ ငှက်ကျားတွေရဲ့ပွဲမှာ လိုအပ်တဲ့ အမှတ် ၃ မှတ်ကို ရအောင်စွမ်းဆောင်နိုင်လိမ့်မယ်လို့ အမျှော်လင့်ကြီး မျှော်လင့်အားခဲထားကြတာပါ။ ဒီလို အားခဲရတာကလည်း လီဗာပူးလ်ကို ၃းဝ နဲ့ အပြတ်ဆော်ပြီး ဇယားထိပ်မှာ ၃ မှတ်အသာနဲ့ ဦးဆောင်နေတဲ့ မန်စီတီးကို လိုက်မီဖို့ လိုနေတယ်မဟုတ်လား။ ဒီလိုလိုက်မီမှသာလျှင် လက်ရှိချန်ပီယံဘွဲ့ကို ဆက်လက် ထိန်းသိမ်းနိုင်ရေးအပြင် အကြိမ် ၂၀ မြောက် အမှတ်ပေးချန်ပီယံဆိုတဲ့ ဘယ်သူမှ လိုက်မမီနိုင်တဲ့ စံချိန်သစ်ကိုလည်း တင်နိုင်မှာမို့ပါ။ ဒါကြောင့် ပွဲစလျှင် စချင်းပဲ နှစ်သင်းစလုံးဟာ လျင်လျင်မြန်မြန် သွက်သွက်လက်လက် ကစားခဲ့ကြပါတယ်။ အတွဲညီညီ အချိတ်အဆက်မိမိနဲ့ သူတပြန် ကိုယ်တပြန် ထိုးဖောက်ကစားမှုများက ပြင်းထန်လွန်းလှပါတယ်။ ဥရောပ ပြိုင်ပွဲများအထိ မျှော်လင့်ချက်ထားနေတဲ့ ငှက်ကျားများကလည်း သူရဲနီများကို သူတင်ကိုယ်တင် ကောင်းကောင်း ကစားနိုင်တဲ့အပြင် ဒဏ်ရာများက နှိပ်စက်နေလို့ ကွင်းလယ်နဲ့ နောက်တန်း အားနည်းနေတဲ့ မန်ယူရဲ့ ဂိုးပေါက်ကို အကြိမ်ကြိမ် ခြိမ်းခြောက်နိုင်စွမ်း ရှိခဲ့တာကို တွေ့ရပါတယ်။ ဒီနေ့ပွဲမှာ နယူးကာဆယ်အသင်းက ဂိုးမြူးနေသူ ဒမ်ဘာဘ အထူးခြေစွမ်းပြ ကစားနိုင်သလို ငှက်ကျားတို့ရဲ့ ကွင်းလယ်ကလည်း အသာစီးယူထားနိုင်တာကို တွေ့ရတယ်။ ဒါ့အပြင် သရဲနီတို့ရဲ့ ဂိုးသွင်းဖို့ အားထုတ်မှုတွေကိုလည်း နယူးကာဆယ် နောက်တန်းက အသေအချာ ရှင်းထုတ်နေနိုင်တာကြောင့် ရွန်းနီ၊ ဘာဘာတော့ဗ်၊ နာနီ၊ ဗလန်စီယာ၊ ပတ်ဂျီဆန် စတဲ့ သူရဲနီတပ်သားများဟာ လိုအပ်နေတဲ့ အမှတ်သုံးမှတ်အတွက် စွမ်းဆောင်မှု မပြုနိုင်ခဲ့ကြပါဘူး။ ပြီးခဲ့တဲ့ ဘောက်ဆင်ဒေးတုန်းက ခြေစွမ်းပြပြီး ပြန်လည်ဂိုးမြူးလာခဲ့တဲ့ ဘာဘာတော့ဗ်လည်း ဒီကနေ့တော့ အလုပ်မဖြစ်တာကို တွေ့ရပါတယ်။ မန်ယူအတွက် မရှိမဖြစ် ရွန်းနီလည်း ဂိုးပေါက်ရှာမတွေ့ခဲ့ပါဘူး။ ဒီလိုနဲ့ ပထမပိုင်း ၃၃ မိနစ်အရောက်မှာ ဒမ်ဘာဘက မန်ယူဂိုးပေါက်ထဲကို လှလှပပ သွင်းယူပေးခဲ့တာကြောင့် နယူးကာဆယ်တို့ အဖွင့်ဂိုးကို ရရှိသွားခဲ့ပါတယ်။ ဒီဂိုးရဖို နယူးကာဆယ်ဂိုးသမား အဝေးက ကန်တင်ပေးတာကို အမ်မီယိုဘီက ဘီကုတ်စက်ဝိုင်းထိပ်ကနေ သူရဲနီတို့ရဲ့ ဂိုးဧရိယာအထဲကိုကို ခေါင်းတိုက်ချပေးလိုက်တာဖြစ်ပြီး ပင်နယ်လ်တီ ဧရိယာထဲမှာ ရှိနေတဲ့ ဒမ်ဘာဘက မန်ယူ နောက်ခံလူ ရီယိုဖာဒီနန် မတားဆီးနိုင်လိုက်မီလေးမှာ မန်ယူ ဂိုးထောင့်ထဲကို ကိုယ်ကိုလှည့်ပြီး ပတ်ကန်သွင်းလိုက်တာပါ။ အနိုင်မျှော်လင့်ချက်နဲ့ လာခဲ့တဲ့ ဧည့်သည်သူရဲနီတို့ဟာ တဂိုးပေးလိုက်ရချိန်မှာတော့ ပိုမို လှုပ်လှုပ်ခတ်ခတ် ပြင်းပြင်းထန်ထန် ကစားကာ ချေပဂိုးရရှိရေး ကြိုးပမ်းခဲ့တာကိုတွေ့ရပါတယ်။ ဒါပေမယ့်လည်း ဒုတိယပိုင်းပြန်စပြီး မကြာခင်မှာဘဲ သူရဲနီ နောက်ခံလူ ဖီးလ်ဂျုံးစ်က ငှက်ကျားတို့ရဲ့ ဒမ်ဘာဘကို ပြစ်ဒဏ်ကျူးလွန်လိုက်တာကြောင့် ဖရီးကစ် ပေးလိုက်ရပါတယ်။ ဒီဖရီးကစ်ကို ကာဘာရေးက အဝေးကြီးကနေ ကန်သွင်းပြီး ဂိုးအဖြစ် ပြောင်းလဲနိုင်လိုက်တာကြောင့် နယူးကာဆယ်တို့ ၂ ဂိုးဂိုးမရှိနဲ့ ဆက်လက် ဦးဆောင်နိုင်သွားပါပြီ။ အမှတ်ဗလာအပြင် ဂိုးပါပြတ်နေတာကြောင့် မန်ယူနည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ဟာ ဒုတိယပိုင်း ၅၆ မိနစ်မှာ ဘာဘာတော့ဗ် အစား ၀ဲလ်ဘက်ခ်၊ ၆၅ မိနစ်မှာ ပတ်ဂျီဆန်အစား ဟာနန်ဒက်ဇ်နဲ့ ၇၄ မိနစ်မှာ ၀ိန်းရွန်နီအစား အန်ဒါဆန်တို့ကို လူစားလဲလှယ်ပြီး ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဖြေက မပြောင်းလဲတဲ့အပြင် မိနစ် ၉၀ အရောက်မှာတော့ နယူးကာဆယ် ကွင်းတ၀က်ကနေ နယူးကာဆယ်ဂိုးသမား ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို မန်ယူနောက်တန်းက ဖီးလ်ဂျုံးစ်က ရှင်းထုတ်ရာမှာ မန်ယူဂိုးသမား လင်ဒီဂတ်နဲ့နားလည်မှုလွဲပြီး ကိုယ့်ဂိုးကိုယ် ခေါင်းတိုက်သွင်းလိုက်မိလို့ ဒီနေ့အဖို့ နယူးကာဆယ်အသင်းက မန်ယူအသင်းကို ၃ ဂိုးပြတ်နဲ့ ပြတ်ပြတ်သားသား အိမ်ကွင်းမှာ နှိပ်ကွပ် ချေမှုန်းနိုင်ခဲ့ပါတော့တယ်။ တခြား ပရီမီယာလိဂ် ပွဲစဉ်တခုမှာတော့ အဲဗာတန် အသင်းနဲ့ ဘော်လ်တန် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာမှာ ဧည့်သည် ဘော်လ်တန်အသင်းက အိမ်ရှင် အဲဗာတန်ကို ၂ ဂိုး ၁ ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ တောင်းပန်စကားဆိုတဲ့ လူးဝစ်ဆွာရက်ဇ် လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းက ပက်ထရစ်အီဗရာကို လူမျိုးရေးခွဲခြားပြီး စော်ကားပြောဆိုမှုကြောင့် ၈ ပွဲပယ် ပြစ်ဒဏ်ချခံရပြီးနောက်မှာ တောင်းပန်စကားဆိုလိုက်ပါတယ်။ ဒါပေမယ့် ဆွာရက်ဇ်ဟာ အီဗရာကို တိုက်ရိုက်တောင်းပန်ခဲ့တာတော့ မဟုတ်ပါဘူး။ “နီဂရိုးလို့ အဓိပ္ပာယ်ရတဲ့စကားလုံးကို စပိန်လို ပြောခဲ့တဲ့အကြောင်း စုံစမ်းရေးအဖွဲ့ရှေ့မှောက်မှာ ကျနော် ဝန်ခံခဲ့ပါတယ်။ တကယ်တော့ ကျနော် တခါတည်း ပြောမိတာပါ။ ပြီးတော့ ဘယ်သူ့ကိုမှ စော်ကားပြောဆိုချင်တဲ့ ရည်ရွယ်ချက် မရှိပါဘူး။ ကျနော်ပြောခဲ့တဲ့ စကားကြောင့် စိတ်အနှောက်အယှက် ဖြစ်ခဲ့ရတယ်ဆိုရင် ကျနော် တောင်းပန်ပါတယ်။ ဒီစကားလုံးကို အင်္ဂလန်မှာ ကျနော်ရှိနေသရွေ့ မသုံးတော့ပါဘူးလို့လည်း စုံစမ်းရေးအဖွဲ့ဝင်များကို ပြောပြီးပါပြီ” လို့ ဆွာရက်ဇ်က သတင်းထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။ စုံစမ်းရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာတော့ ဆွာရက်ဇ်ဟာ နီဂရိုးဆိုတဲ့စကားလုံးကို ၂ မိနစ်အတွင်း ၇ ကြိမ် ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဆွာရက်ဇ်ဟာ အခြေအမြစ်မရှိတဲ့ သက်သေအထောက်အထားတွေ ပြခဲ့တယ်လို့လည်း ပြစ်တင်ဝေဖန်ထားပါတယ်။ လီဗာပူးလ်အသင်းကတော့ ၈ ပွဲပယ်ပြစ်ဒဏ်ကို အယူခံဝင်တော့မှာ မဟုတ်ပေမယ့် စုံစမ်းရေးအဖွဲ့ရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး အဲဒီအဖွဲ့ရဲ့ အမှုကိုင်တွယ်စီရင်ပုံဟာ မျှတမှုမရှိကြောင်း ပြန်လည်ဝေဖန်ခဲ့ပါတယ်။ ကာကာနဲ့ပါတိုကို ခေါ်ယူဖို့ အစီအစဉ်မရှိတဲ့ အန်ဆယ်လော့တီ ဘရာဇီးလ်သားနှစ်ယောက်ဖြစ်တဲ့ ကာကာနဲ့ ပါတိုတို့ကို ခေါ်ယူသွားမှာ မဟုတ်ဘူးလို့ PSG အသင်းရဲ့ နည်းပြသစ် အန်ဆယ်လော့တီက ပြောလိုက်ပါတယ်။ အာရပ်ရေနံသူဌေးများ မကြာခင်က ဝယ်ယူလိုက်တဲ့ PSG အသင်းဟာ ဘောလုံးသမားအသစ်တွေ ဖြည့်တင်းဖို့ ငွေကြေးအင်အား အလုံအလောက်ရှိနေပါတယ်။ ဒါကြောင့်လည်း အန်ဆယ်လော့တီကို နည်းပြအသစ်အဖြစ် ခန့်အပ်ပြီးတဲ့နောက်မှာ သူ့ရဲ့အရင်အသင်းဟောင်း အေစီမီလန်မှာ လက်တွဲခဲ့ဖူးတဲ့ ကာကာနဲ့ ပါတိုကို ခေါ်ယူလိမ့်မယ်လို့ သတင်းများထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ အေစီမီလန်အသင်းနဲ့ PSG အသင်းတို့ဟာ ဇန်နဝါရီ ၄ ရက်နေ့က ဒူဘိုင်းမှာ ချစ်ကြည်ရေးပွဲ ယှဉ်ပြိုင် ကစားခဲ့ကြပါသေးတယ်။ အဲဒီပွဲမှာတော့ အေစီမီလန် တိုက်စစ်မှူးပါတိုက တလုံးတည်းသောဂိုးကို သွင်းယူခဲ့လို့ ၁-၀ နဲ့ PSG အသင်း အရေးနိမ့်ခဲ့ရပါတယ်။ “ကာကာနဲ့ ပတ်သက်လို့ကတော့ သူက ရီးယဲလ်မက်ဒရစ်မှာ စာချုပ်မပြည့်သေးပါဘူး။ ကျနော်တို့ လူအင်အား ဖြည့်ချင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ လိုချင်တဲ့ကစားသမားတွေကို သက်ဆိုင်ရာ ကလပ်တွေက ရောင်းဖို့ဆန္ဒရှိမှ ဖြစ်မှာပါ။ ပါတိုဆိုရင်လည်း အတူတူပါပဲ။ သူကလောလောဆယ် အေစီမီလန် ကစားသမားပါ။ ကျနော်တို့ စိတ်မဝင်စားပါဘူး” လို့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ အန်ဆယ်လော့တီက ပြောသွားပါတယ်။ သက်သောင့်သက်သာနဲ့ ဘာစီလိုနာ နောက်တဆင့်တက်တဲ့ စပိန်ဘုရင့်ဖလားပြိုင်ပွဲ စပိန်ဘုရင့်ဖလား နောက်ဆုံး ၁၆ သင်းအဆင့် ပထမအကျော့ ပွဲစဉ်အဖြစ် ဘာစီလိုနာနဲ့ အိုစာစူနာအသင်းတို့ဟာ ဘာစီလိုနာရဲ့ ကမ့်ပ်နူးကွင်းမှာ မနေ့က ယှဉ်ပြိုင်ခဲ့ပါတယ်။ ထုံးစံအတိုင်း ဘာစီလိုနာတို့ ကစားကွက်အသာရခဲ့ပြီး မက်ဆီနဲ့ ဖာဘရီဂတ်စ်တို့က ၂ ဂိုးစီသွင်းယူခဲ့လို့ ၄-၀ နဲ့ ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ပထမပိုင်းမှာ ဖာဘရီဂတ်စ်ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ပထမဂိုးကို ၁၃ မိနစ်မှာ ရရှိခဲ့ပြီး ဒုတိယဂိုးကိုတော့ ၁၈ မိနစ်မှာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၄ နှစ်သာရှိသေးတဲ့ ကွင်းလယ်ဖန်တီးရှင် ဖာဘရီဂတ်စ်ဟာ အာဆင်နယ်အသင်းကနေ ပြန်လည်ပြောင်းရွှေ့လာပြီးတဲ့နောက် ဂိုးများသွင်းယူကာ အထူးခြေစွမ်းပြနေတာပါ။ အစောပိုင်းက နေမကောင်းလို့ ဝင်မကစားနိုင်ဘူးလို့ သတင်းတွေထွက်ပေါ်ခဲ့တဲ့ တိုက်စစ်မှူးမက်ဆီဟာ ဒုတိယပိုင်းမှာ ဝင်ရောက်လာပြီး နောက်ထပ် ၂ ဂိုး သွင်းယူပေးခဲ့ပါတယ်။ မက်ဆီရဲ့ ပထမဂိုးကိုတော့ မိနစ် ၇၀ မှာ ဖာဘရီဂတ်စ်ရဲ့ ဖြတ်တင်ဘောကနေ ခေါင်းတိုက်သွင်းယူခဲ့တာပါ။ နောက်ဆုံးဂိုးကိုတော့ ပွဲပြီးခါနီးမှာ ဇာဗီရဲ့ ဖန်တီးပေးမှုကတဆင့် ဂိုးထောင့်ထဲကို လှလှပပ သွင်းယူခဲ့တာဖြစ်ပါတယ်။ တမြန်နေ့က ပြီးခဲ့တဲ့ပွဲစဉ်မှာတော့ ရီးယဲလ်မက်ဒရစ်အသင်းက မာလာဂါအသင်းကို ဦးဆောင်ဂိုး ၂ ဂိုးပေးလိုက်ရပြီး နောက်ကလိုက် ကစားရင်း ၃-၂ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ချမ်းအေးနှင့် ဘစောတင်တို့ ပူးပေါင်း ရေးသားသည်။
<urn:uuid:aa5e21a9-2241-4b7d-906b-73cb6414c06a>
CC-MAIN-2015-18
http://burma.irrawaddy.org/sport/2012/01/05/4502.html
2015-04-28T11:53:25Z
s3://commoncrawl/crawl-data/CC-MAIN-2015-18/segments/1429246661364.60/warc/CC-MAIN-20150417045741-00225-ip-10-235-10-82.ec2.internal.warc.gz
mya
0.91828
Mymr
31
{"mya_Mymr_score": 0.9182800650596619, "blk_Mymr_score": 0.07989708334207535}
တောင်ကိုရီးယား လက်ရွေးစင်ဟောင်း နည်းပြ ပါ့ဆောင်ဟွာ ကိုင်တွယ်နေတဲ့ မြန်မာအသင်းဟာ ဂျပန်နိုင်ငံ ဒုတိယတန်း ကလပ်ဖြစ်တဲ့ ဖာဂီယာနို အိုကာယာမအသင်းနဲ့ ဆူဇူကီးဖလားအကြို ခြေစမ်းပွဲ ၂ ပွဲကို ရန်ကုန်မြို့ သုဝဏ္ဏ လူငယ်လေ့ကျင့်ရေးကွင်းမှာ ယှဉ်ပြိုင်ကစားသွားမယ်လို့ သိရပါတယ်။ ခြေစမ်းပွဲ ပထမပွဲစဉ်ကို နိုဝင်ဘာလ ၁၅ ရက်နေ့မှာ တပွဲ၊ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ တပွဲ ခြေစမ်းကာ အပြီးသတ် လူရွေးသွားမယ်လို့ သိရပါတယ်။ မြန်မာ အသင်းဟာ အောက်တိုဘာလ အတွင်းက ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဆူဇူကီးဖလား ခြေစစ်ပွဲစဉ်မှာ ခြေစွမ်းပြနိုင်ခဲ့ပြီး ၃ ပွဲနိုင်၊ ၁ပွဲ သရေနဲ့ ယှဉ်ပြိုင်ကစားကာ ရှုံးပွဲမရှိခဲ့ဘဲ အုပ်စုပထမနဲ့ ခြေစစ်ပွဲ အောင်လာခဲ့တာကြောင့် အခုဆိုရင် ကမ္ဘာ့ဘောလုံး သတ်မှတ်ချက်မှာလည်း သိသိသာသာကို တိုးတက်လာခဲ့ကာ အာဆီယံအတွင်းမှာ အဆင့် ၄ အထိ တိုးတက်လာခဲ့တာကို တွေ့ရပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ နိုဝင်ဘာ ၂၇ ရက်နေ့ စတင်ယှဉ်ပြိုင်ရမယ့် အုပ်စု (A) ပွဲစဉ်တွေထဲမှာ ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်တို့ ပါဝင်နေပြီး အဖွင့်အနေနဲ့ မြန်မာအသင်းက လက်ရှိ အာဆီယံတွေအသင်းတွေထဲမှာ ခြေစွမ်း အကောင်းဆုံးအဖြစ် ရပ်တည်နေတဲ့ ဗီယက်နမ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ မြန်မာအသင်း ပရိသတ်များကတော့ ယခုအချိန်အထိ မြန်မာရှေ့တန်းလူ ကျော်ကိုကိုရဲ့ ဒဏ်ရာကနေ ပြန်လည် သက်သာလာမှု သတင်းကို နားစွင့်နေကြပြီး ဆူဇူးကီးဖလားပြိုင်ပွဲမှာ မြန်မာအသင်းအတွက် ကစားပေးနိုင်ဖို့ မျှော်လင့်နေကြကြောင်း ဖေ့စ်ဘုတ် စာမျက်နှာတွေမှာ တွေ့နေရပါတယ်။ နိုင်ငံခြားမီဒီယာများကပါ စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ ကျော်ကိုကိုဟာ မြန်မာအသင်းနဲ့ အိုကာယာမတို့ရဲ့ ခြေစမ်းပွဲမှာ ပါဝင်လာနိုင်မလား စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။ ကိုးကား – Aseanfootball.org
<urn:uuid:cff62175-91d2-4662-aa14-19aba915c1af>
CC-MAIN-2015-18
http://burma.irrawaddy.org/?slide=%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%B7%E1%80%9C%E1%80%80%E1%80%B9%E1%80%B1%E1%80%9B%E1%80%BC%E1%80%B8%E1%80%85%E1%80%84%E1%80%B9-%E1%80%B1%E1%80%98%E1%80%AC%E1%80%9C%E1%80%B6
2015-04-18T03:22:54Z
s3://commoncrawl/crawl-data/CC-MAIN-2015-18/segments/1429246633512.41/warc/CC-MAIN-20150417045713-00180-ip-10-235-10-82.ec2.internal.warc.gz
mya
0.958798
Mymr
56
{"mya_Mymr_score": 0.9587980508804321, "blk_Mymr_score": 0.039558857679367065}
ပြည်တွင်းက Sky Net Myanmar ကို ပြည်ပမှာ အင်တာနက်ကနေ ကြည့်ဖို့ မုိုးမခပေးစာ၊ မေ ၁၁၊ ၂၀၁၂ ဒီလင့်ကနေ (http://mhuthaw.blogspot.com/2012/04/sky-net-myanmar-online-channel.html) ကောက်နုတ်ကူးယူ ဖော်ပြပါတယ်။ " xxx xxx xxx အွန်လိုင်းကနေတဆင့် ကြည့်ရှူနိုင်ဖို့ ဒီလင့်လေးကို ပြန်ရှယ်လိုက်ပါတယ်။ မသိသေးသောသူများအတွက်ပါ။ ဒီလိုင်းက တိုက်ရိုက်တော့ မဟုတ်ပါဘူး နာရီအနည်းငယ်နောက်ကျပါတယ်။ ကျွန်တော်ကြည့်ပြီးပါပြီ။ သင်္ကြန်အလွမ်းပြေ နေ့တိုင်း Skynet ကိုပဲ ကြည့်ဖြစ်တယ်။ ကျွန်တော်လိုပဲ အတာသင်္ကြန်ကို အလွမ်းပြေကြည့်ဖို့အတွက်ပါ။ အရင်ဆုံး ဒီလင့် လေးကိုသွားပြီး ဒေါင်းလော့ချပါ။ ပြီးရင် run ပါ။ run ပြီးတဲ့အခါမှာ Search channel ဆိုတဲ့နေရာလေးမှာ 99221 ဆိုပြီးရိုက်ထည့်လိုက်ပါ။ ဒါဆိုရင် ကြည့်လို့ရပါပြီ။ နက်ကောင်းရင် ကောင်းသလောက် ကြည့်ရတာ အဆင်ပြေပါတယ်။ ဒီ Channel လေးက နေ့တိုင်းထုတ်လွင့်ပေးပါတယ်။ သတင်းတွေကိုလည်း ကြေငြာပေးပါတယ်။ xxx "
<urn:uuid:88b6d9c6-e450-4234-a95d-ee790c1ea718>
CC-MAIN-2015-18
http://moemaka.blogspot.com/2012/05/watch-myanmar-local-tv-online.html
2015-04-21T04:56:34Z
s3://commoncrawl/crawl-data/CC-MAIN-2015-18/segments/1429246640124.22/warc/CC-MAIN-20150417045720-00042-ip-10-235-10-82.ec2.internal.warc.gz
mya
0.863532
Mymr
43
{"mya_Mymr_score": 0.8635318875312805, "blk_Mymr_score": 0.12340057641267776}
ရခိုင်ပြည်နယ်မှာ လတ်တလော ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ ချက်ချင်း မရပ်ဘူးဆိုရင် မြန်မာပြည် တည်ငြိမ်ရေးကိုရော ဒေသတွင်း တည်ငြိမ်ရေးကိုပါ ပြင်းပြင်းထန်ထန် ဂယက်ရိုက်လိမ့်မယ်။ ဒါကြောင့် နိုင်ငံတကာ မိသားစုအနေ နဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ မမျှော်လင့်တာတွေနဲ့ ဆိုးဆိုးဝါးဝါး ကြုံရမှာမို့ ဒီအတိုင်း လက်ပိုက်ကြည့်မနေသင့်ပါဘူး။ ဒါပေမယ့် ပြည်တွင်းက လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတချို့ ယူဆနေသလိုမျိုး လက်ရှိပဋိပက္ခကို နိုင်ငံရေးအသိုင်းအဝိုင်းမှာ ရှိတဲ့ သဘောထား တင်းမာသူတွေက တကယ်တမ်း တွန်းပို့နေတယ်ဆိုရင်တော့ မကြာသေးခင်က နိုင်ငံရေးလမ်းစ ပွင့်လာတာတွေ နောက်ပြန်ဆုတ်သွားမယ့်အပေါ် ကျနော်တို့ မအံ့သြသင့်ပါဘူး။ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး စိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂက ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ “လူတစုက အခြားလူတစုအပေါ် ကိုယ့်သဘောကိုယ်ဆောင် တိုက်ခိုက်နေမှုတွေ၊ ပစ်မှတ်ထား ခြိမ်းခြောက်နေမှုတွေနဲ့ အစွန်းရောက် ထုတ်ဖော်ပြောဆိုမှုတွေကို ရပ်တန်းက ရပ်ရပါလိမ့်မယ်” လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ “မြန်မာအစိုးရအနေနဲ့ရော၊ ဒီကိစ္စအပေါ် အလေးထားသူ အားလုံးအနေနဲ့ရော အကြမ်းဖက်မှုတွေ ထပ်မဖြစ်အောင် တားဆီးဖို့နဲ့ လူစုကြီး နှစ်စုကြားက တင်းမာမှုတွေ ဒီ့ထက် ပိုမဆိုးသွားအောင် ထိန်းဖို့ အရမ်းအရေးကြီးပါတယ်” လို့လည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တာနာက ကြာသာပတေးနေ့ ကုလသမဂ္ဂ အထွေထွေညီလာခံကို အစီရင်ခံစာ တင်သွင်းနေတဲ့အချိန်မှာ ပြောပါတယ်။ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝမ်န်ကလည်း စိုးရိမ်မှုကို ထုတ်ဖော်ခဲ့ပါတယ်။ “အခြေအနေက ပိုဆိုးလာနေတဲ့အပြင် အခုဆိုရင် ရိုဟင်ဂျာတွေကို အမြစ်ကလှန်မယ့် အန္တရာယ်ရှိနေတယ်။ ဒီအနေအထားက ဘယ်သူ့အတွက်မှ ကောင်းမှာမဟုတ်ဘူး” လို့ သူက ဘန်ကောက်ပို့စ် သတင်းစာကို ပြောပါတယ်။ “ဒီပဋိပက္ခက အစ္စလာမ်ဘာသာနဲ့ ဆိုင်တဲ့ကိစ္စလို့ မဟုတ်ဘဲနဲ့ ပြောနေကြတယ်။ ဒါက နိုင်ငံရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ကိစ္စဖြစ်တယ်။ ပြီးတော့ ဒီကိစ္စက မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေအပေါ် တိုက်ရိုက် ဂယက်ရိုက်မှုရှိတယ်” လို့လည်း ပြောပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်က အကြမ်းမှုကြောင့် အာဆီယံဒေသထဲ ပိုမိုကျယ်ပြန့်တဲ့ သေနင်္ဂဗျူဟာနဲ့ လုံခြုံရေးဆိုင်ရာ ဂယက်ရိုက်မှုတွေ ရှိသွားလိမ့်မယ်လို့လည်း သူက သတိပေးပါသေးတယ်။ သူသတိပေးတာ မှန်ပါတယ်။ ဒီဆူပူအုံကြွမှုတွေကြောင့် ဒုက္ခသည်တွေ နယ်စပ်ဖြတ်ကျော်ပြီး ထွက်ပြေးကြမှာမို့ စိုးရိမ်ရတဲ့ လူသားချင်းဆိုင်ရာနဲ့ လုံခြုံရေးဆိုင်ရာ ဂယက်ရိုက်မှုတွေ အနာဂတ်မှာ ဖြစ်လာမှာပါ။ ဆူရင် ပစ်ဆူဝမ်န်က သြဂုတ်လမှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေဆီ စာတစောင် ပို့ခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလမ်ဘာသာဝင်တွေအကြား အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ တိုက်တွန်းထားတဲ့ စာပါ။ အာဆီယံ လက်ရှိဥက္ကဌ ကမ္ဘောဒီယား နိုင်ငံခြားရေးဝန်ကြီး ဟောနမ်ဟုံ (Hor Nam Hong) က နိုင်ငံခြားရေး ဝန်ကြီးအစည်းအဝေး ခေါ်ခဲ့ပါတယ်။ ဒါပေမယ့် အခြေအနေကို ထိန်းနိုင်တယ်ဆိုပြီး မြန်မာအစိုးရဘက်က အစည်းအဝေးတက်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ အခုအချိန်မှာ လာမယ့် အာဆီယံအစည်းအဝေးမှာ ရခိုင်ပြည်နယ်ကိစ္စကို ဆွေးနွေးကြပါစေလို့ပဲ မျှော်လင့်ရပါတော့တယ်။ တကယ်ဖြစ်နေတာကို အစိုးရက ဘယ်လိုပဲ ငြင်းပယ်နေနေ သိသာတာကတော့ အောက်ခြေမှာ အခြေအနေတွေ ပိုဆိုးလာနေတာပါပဲ။ အဲ့ဒါကြောင့်လည်း အစိုးရက ရခိုင်ပြည်နယ်ထဲကို လုံခြုံရေးတပ်ဖွဲ့တွေ ထပ်ပြီး စေလွှတ်ခဲ့တာပါ။ အကြမ်းဖက်မှုတွေဖြစ်တဲ့အချိန်မှာ ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နေထိုင်ကြပြီး မြန်မာပြည်ရဲ့ ၁၉၈၂ နိုင်ငံသားဥပဒေက အသိအမှတ်မပြုတဲ့ ရိုဟင်ဂျာ ၈ သိန်းလောက်ကိုချည်း သက်သက် မဟုတ်ဘူးလို့ သိရပါတယ်။ “ဒီကိစ္စက ရိုဟင်ဂျာတွေကိုချည်း အကြမ်းဖက်တဲ့ကိစ္စ မဟုတ်တော့ဘူး။ မွတ်ဆလင် ဆန့်ကျင်တဲ့ အကြမ်းဖက်မှု ဖြစ်သွားပြီ” လို့ ရိုဟင်ဂျာအရေး ဆောင်ရွက်နေတဲ့ ရခိုင်စီမံကိန်းအဖွဲ့ (Arakan Project) ဒါရိုက်တာ ခရစ် လဲဝါး (Chris Lewa) က ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေမှာ ရိုက်တာ သတင်းဌာနကို ပြောခဲ့ပါတယ်။ ကျောက်ဖြူမြို့မှာ အဓိက နေထိုင်တဲ့ ကမန် (Kaman) မွတ်ဆလင်တွေလည်း အကြမ်းဖက်မှုတွေနဲ့ ဝေးရာကို ထွက်ပြေးခဲ့ကြရတာကိုး။ ရခိုင်ပြည်နယ်ထဲမှာ ပြန်ဖြစ်လာတဲ့ တိုက်ခိုက်မှုတွေဟာ အိုးအိမ်တွေကနေ စွန့်ပြေးရတဲ့ ရိုဟင်ဂျာတွေကို အကူအညီပေးဖို့ အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (Organization of Islamic Cooperation – OIC) က မြန်မာပြည်မှာ ရုံးဖွင့်မယ့်ကိစ္စကို အစိုးရက ပိတ်ပင်လိုက်ပြီးတဲ့နောက်မှာ ဖြစ်လာတာပါ။ သေချာတာကတော့ ဒီပဋိပက္ခနဲ့ပတ်သက်ပြီး အစိုးရရဲ့ တုန့်ပြန်ဆောင်ရွက်မှုတွေ နှေးနေတာပါပဲ။ တချိန်တည်းမှာ လည်း ဒီကိစ္စအပေါ် ဘယ်လို ကိုင်တွယ်သွားမယ်ဆိုတာကို သမ္မတရုံးက ပြည်တွင်းမှာရော နိုင်ငံတကာမိသားစုကိုပါ ရှင်းရှင်းလင်းလင်း မပြောခဲ့ပါဘူး။ OIC ရုံးဖွင့်မယ့်ကိစ္စကို အများအားဖြင့် သံဃာတော်တွေနဲ့ ရခိုင်တိုင်းရင်းသားတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြတာပါ။ နောက်ဆုံး အကြမ်းဖက်မှုတွေ မတိုင်ခင်ကဆိုရင် OIC ဆန့်ကျင်တဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြပွဲတွေ နိုင်ငံတဝှမ်းက မြို့ကြီးတွေမှာ ဖြစ်ပွားခဲ့ပါသေးတယ်။ OIC ရဲ့ လုပ်ငန်းဆောင်တာတွေကို ခွင့်ပြုလိုက်မယ်ဆိုရင် ရိုဟင်ဂျာတွေ အစွန်းရောက်တွေ ဖြစ်လာစေမယ့်အပြင် နိုင်ငံထဲမှာ အစ္စလာမ်ဘာသာပြန့်ပွားဖို့ပဲ အထောက်အကူဖြစ်စေလိမ့်မယ်လို့ သံဃာတော်တွေနဲ့ သာမန် ဗုဒ္ဓဘာသာဝင် အတော်များများက ယုံကြည်ထားကြတာပါ။ ဒီလို စိုးရိမ်မှုမျိုးတွေရဲ့အားကို ပေါ့ပေါ့တန်တန် မစဉ်းစားသင့်ပါဘူး။ “အစိုးရအနေနဲ့ မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသား လူမျိုးတွေအတွက် တာဝန်ယူသွားမယ်၊ ဒါပေမယ့် တိုင်းရင်းသား မဟုတ်တဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူ ရိုဟင်ဂျာတွေကို အသိအမှတ်ပြုဖို့တော့ လုံးဝ မဖြစ်နိုင်ပါဘူး” လို့ သမ္မတ ဦးသိန်းစိန်က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး အန်တိုနီယို ဂူးတားရက်စ် (Antonio Guterres) ကို ဇူလိုင်လမှာ ပြောခဲ့ပါသေးတယ်။ သြဂုတ်လမှာတော့ ရိုဟင်ဂျာတွေ ပညာရေးအဆင့်အတန်း တိုးတက်မြင့်မားလာအောင် သူ့ အစိုးရက ကျောင်းတွေ ဖွင့်ပေးသွားမယ်လို့ ဦးသိန်းစိန်က ဗီအိုအေသတင်းဌာနကို ပြောပါတယ်။ ဝေဖန်သူတွေကတော့ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ စတင်ဖြစ်လာချိန်ကစလို့ ဒုက္ခရောက်ရသူတွေရဲ့ ကံကြမ္မာနဲ့ အကြမ်းဖက်မှုကို တို့မီးရှို့မီးလုပ်သူတွေအပေါ် လုပ်ငန်းပိုင်းအရ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု အခုထိ ဘာမှမရှိသေးဘူးလို့ ထောက်ပြကြပါတယ်။ အခြေအနေကို ဂဃနဏသိသူတွေကလည်း အစိုးရထဲမှာရှိတဲ့ သဘောထား တင်းမာသူဂိုဏ်းတဂိုဏ်းက ရခိုင်ပြည်နယ် ပဋိပက္ခရဲ့ နောက်ကွယ်မှာ ရှိနေတယ်၊ အခုလို လနဲ့ချီပြီး အကြမ်းဖက်မှုတွေ ဖြစ်နေတာလည်း သူတို့ ဆွပေးတာဖြစ်မယ်လို့ ထုတ်ဖော်ပြောဆိုကြပါသေးတယ်။ အဲဒီလိုသာ မှန်မယ်ဆိုရင်တော့ တိုင်းပြည် တကယ် ထိခိုက်နစ်နာစေရေးအတွက် လုပ်ဆောင်ရာမှာ သူတို့တွေ အောင်မြင်မှုရခဲ့တယ်လို့ ပြောရမှာပါ။ စိတ်ပျက်စရာ ကောင်းတာကတော့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားထင်ရှားသူတွေ အပါအဝင် မြန်မာအတိုက်အခံ အင်အားစုက ဒီအခြေအနေအပေါ် ဝင်ရောက် စွက်ဖက်တာဖြစ်စေ၊ တည်ငြိမ်သွားအောင် လုပ်တာမျိုး ဖြစ်စေ မလုပ်ကြတာပါပဲ။ ဒီမိုကရေစီလှုပ်ရှားမှုကို ကိုယ်စားပြုတယ်ဆိုတဲ့ အဲ့ဒီလူတွေ ဘာမှထိထိရောက်ရောက် မလုပ်ကြတဲ့အပေါ် အထူးသဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းဝင် အတော်များများက စိတ်ပျက်လက်ပျက် ဖြစ်ကြရပါတယ်။ တဖက်မှာလည်း စိတ်ဝင်စားစရာကောင်းတာ ရှိပါသေးတယ်။ အဲ့ဒါကတော့ အကြမ်းဖက်မှု လှုံ့ဆော်သူတွေကို အရေး ယူမယ်လို့ အစိုးရအရာရှိတွေက ကတိထပ်ပေးတာပါပဲ။ အစိုးရအနေနဲ့ အဲ့ဒီအကြမ်းဖက်မှုတွေမှာ တာဝန်ရှိသူတွေကို တရားစွဲဖို့ ကြိုးစားနေတယ်လို့လည်း သမ္မတရုံး ပြောခွင့်ရသူက ဆိုပါသေးတယ်။ အဲ့ဒီလိုဆိုရင် အကြမ်းဖက်မှုမှာ တာဝန်ရှိသူတွေက ဘယ်မှာလဲ၊ သူတို့က ဘယ်သူတွေလဲ မေးစရာ ဖြစ်လာပါပြီ။ “အစိုးရအနေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နိုင်ဖို့နဲ့ ပြည်သူလူထုအတွက် အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်ဖို့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေလုပ်နေတဲ့အချိန်မှာ အခုလိုမျိုး မတည်မငြိမ်ဖြစ်မှုက နိုင်ငံတော်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေ အပေါ် အမှန်တကယ် ထိခိုက်စေပါလိမ့်မယ်” လို့ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီး သိန်းဌေးကတော့ သတိပေး ပြောဆိုပါတယ်။ တကယ်တမ်း ပြောရမယ်ဆိုရင် ရခိုင်ပဋိပက္ခနဲ့ပတ်သက်ပြီး သီအိုရီ အမျိုးမျိုး ရှိကြတာပါ။ သီအိုရီတခုက ဘယ်လိုလဲ ဆိုရင် သမ္မတရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အားနည်းသွားစေဖို့အတွက် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီထဲမှာရှိတဲ့ သဘောထားတင်းမာသူတွေက အကြမ်းဖက်မှုတွေဖြစ်လာအောင် တွန်းပို့ကြတာပါတဲ့။ ဒုတိယ သီအိုတွေကတော့ ဒီပဋိပက္ခဟာ တပ်မတော် အာဏာပြန်ရလာအောင် ရည်ရွယ်ပြီး လုပ်ခဲ့တာပါတဲ့။ အတိတ်မှာတုန်းကလည်း ရိုဟင်ဂျာတွေကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးတချို့ စစ်အစိုးရက ဆောင်ရွက်ခဲ့ဖူးပြီး စစ်ဆင်ရေးတိုင်းမှာ မြန်မာပြည်သူတွေ စစ်တပ်နောက်ကနေ ရပ်ခဲ့ကြပါတယ်။ မြန်မာဘုရင်တွေဟာ ဗုဒ္ဓဘာသာကို ကာကွယ်ရာမှာ အမြဲတမ်း အဓိက အခန်းကဏ္ဍကနေ ဆောင်ရွက်ခဲ့ပါတယ်။ ဒါကြောင့်လည်း လူထုထောက်ခံမှုရဖို့အတွက် လက်ရှိ ဗိုလ်ချုပ်ကြီးတွေက မွတ်ဆလင် ဒါမှမဟုတ် ရိုဟင်ဂျာ ဖဲချပ်ကို အမြဲတမ်း ထုတ်ကစားလေ့ရှိတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ရခိုင်အရေးကို စဉ်းစားတဲ့နေရာမှာ တခြား အရေးကြီးသူတွေကိုပါ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ သူတို့တွေကတော့ ရိုဟင်ဂျာတွေအပေါ် စာနာသူတွေပါပဲ။ အဲ့ဒီလူတွေထဲမှာ ကိစ္စရပ်တွေကို အောက်ခြေကစပြီး ပြောင်းချင်တဲ့ ပြည်တွင်းပြည်ပက ပုဂ္ဂိုလ်တွေနဲ့ ဘယ်သူမှားတယ် မှန်တယ်ဆိုတာကို ရိုးရိုးလေး အဖြူအမည်း ခွဲချင်တဲ့ ကန်ပိန်းအဖွဲ့တွေလည်း ပါဝင်ပါတယ်။ ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး ကျနော်တို့ ဓမ္မဓိဌာန်ကျရပါလိမ့်မယ်။ ရခိုင်လူမျိုးတွေရဲ့ အသံကို နားထောင်ဖို့လို သလို ရိုဟင်ဂျာတွေရဲ့ အသံကိုလည်း နားထောင်ရပါလိမ့်မယ်။ ဒီလူစုကြီး နှစ်စုအနေနဲ့လည်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူလက်တွဲနေနိုင်အောင် လေ့လာသင်ယူရပါလိမ့်မယ်။ မြန်မာပြည်ရဲ့ အနောက်ဖက်နယ်စပ်ဟာ ပြိုကျနေပြီလို့ သာမန် ရခိုင်တွေ၊ မြန်မာတွေနဲ့ တပ်မတော်သားတွေက ယူဆခဲ့တာ ကြာပြီမို့ လက်ရှိ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ အကြမ်းဖက်မှုတွေဟာ အံ့သြစရာတော့ မဟုတ်ပါဘူး။ အိမ်နီးချင်းနိုင်ငံတွေက မွတ်ဆလင်တွေ အလုံးအရင်းနဲ့ မဝင်လာနိုင်အောင် သူတို့ရဲ့ အမိမြေကို သူတို့ အမြဲတမ်း ကာကွယ်ခဲ့တယ်လို့ ရခိုင်တိုင်းရင်းသား အတော်များများက ဆိုကြတာကိုး။ မြန်မာပြည်မှာ စစ်မှန်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို အလိုရှိတယ်ဆိုရင် ကျနော်တို့အနေနဲ့ လူနည်းစုတွေကို အသိအမှတ်ပြုပြီး သူတို့တွေအားလုံး ကျနော်တို့ လူအဖွဲ့အစည်းမှာ တန်းတူမှုရှိရှိနဲ့ အပြည့်အဝပါဝင်လာရေးကို လိုလို လားလား လက်ခံရမှာဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားတွေ အပါအဝင် မြန်မာပြည်မှာရှိတဲ့ လူမျိုးစုတွေ အားလုံးဟာ ပြီးခဲ့တဲ့ အစိုးရတွေလက်ထက်မှာရော အခုအစိုးရလက်ထက်မှာပါ ဆိုးဆိုးဝါးဝါး ပြုမူဆက်ဆံခံကြရတာပါ။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံကနေ တရားမဝင် ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေလို့ မြန်မာတွေ အတော်များများ ယူဆထား ကြတဲ့ ရိုဟင်ဂျာကိစ္စကို စဉ်းစားတဲ့နေရာမှာလည်း မြန်မာစစ်ခေါင်းဆောင်တွေရဲ့ အမြင်ကိုလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ မြန်မာ့အရေး ကျွမ်းကျင်သူ ပါမောက္ခ ဒေးဗစ် စတိန်းဘာ့ဂ် (David Steinberg) က သူရဲ့ စာအုပ် “ဗမာ/မြန်မာပြည် – လူတိုင်းသိဖို့လိုသည်များ (Burma/Myanmar – What Everyone Needs to Know)” ထဲမှာ အခုလို ရေးခဲ့ဖူးပါ တယ်။ “မြန်မာပြည်ရဲ့ အန္တရာယ်အရှိဆုံး နယ်စပ်ဒေသက ဘင်္ဂလားဒေ့ရ်ှနိုင်ငံနဲ့ နယ်နမိတ်ခြင်း ထိစပ်နေတဲ့ ဒေသလို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ယူဆပါတယ်” တဲ့။ အများထင်ခဲ့ကြသလို တရုတ်နိုင်ငံနဲ့ ထိစပ်တဲ့ ဒေသမဟုတ်ပါဘူး။ သူက အဲ့ဒီလို ယူဆခဲ့တယ်ဆိုရင် သူ့နောက်က ထိပ်တန်း စစ်ခေါင်းဆောင်တွေ (ဦးသိန်းစိန်လည်း ပါကောင်းပါနိုင်) လည်း အဲဒီလိုယူဆခဲ့ကြမှာ အသေအချာပါပဲ။ ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေရဲ့ နောက်ကွယ်မှာ ဘယ်သူပဲရှိရှိ ဝမ်းနည်းစရာကောင်းတာကတော့ အခုအချိန်မှာ သာမန်မြန်မာပြည်သူ အတော်များများလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ယူဆခဲ့တဲ့အတိုင်း လိုက်ယူဆနေကြတာပါပဲ။ (Aung Zaw ၏ Fresh Arakan Strife Bad Omen for Reform ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)
<urn:uuid:fd2bc169-f402-4ce0-a713-adeffeb289fb>
CC-MAIN-2015-18
http://burma.irrawaddy.org/aid/2012/10/31/24256.html
2015-04-19T09:28:57Z
s3://commoncrawl/crawl-data/CC-MAIN-2015-18/segments/1429246638571.67/warc/CC-MAIN-20150417045718-00205-ip-10-235-10-82.ec2.internal.warc.gz
mya
0.911103
Mymr
35
{"mya_Mymr_score": 0.9111030697822571, "blk_Mymr_score": 0.08558487147092819}
From: Kyi Lwin <email@example.com> Date: 2011/8/18 Subject: Fwd: [8888peoplepower] ဆောင်းပွန်း ဂိမ္မာန် သို့မဟုတ် စာရေးဆရာနှင့် သံသရာ [1 Attachment] To: firstname.lastname@example.org, Aung Thura Aye <email@example.com>, maykhat2 <firstname.lastname@example.org>, email@example.com, kkmm <firstname.lastname@example.org>, email@example.com, firstname.lastname@example.org, Shwe Tone <email@example.com>, parpar cho <firstname.lastname@example.org>, email@example.com, firstname.lastname@example.org, email@example.com, firstname.lastname@example.org, khon minn <email@example.com>, firstname.lastname@example.org, email@example.com, firstname.lastname@example.org, email@example.com, firstname.lastname@example.org, email@example.com, firstname.lastname@example.org, email@example.com, Aye Aye <firstname.lastname@example.org>, email@example.com, firstname.lastname@example.org, email@example.com, firstname.lastname@example.org, email@example.com, firstname.lastname@example.org, email@example.com, firstname.lastname@example.org, "bluesky.1756" <email@example.com>, firstname.lastname@example.org, email@example.com, chan mya <firstname.lastname@example.org>, email@example.com, firstname.lastname@example.org, Device 120 <email@example.com>, eainmatcho7 <firstname.lastname@example.org>, email@example.com, firstname.lastname@example.org, email@example.com, firstname.lastname@example.org, email@example.com, firstname.lastname@example.org, email@example.com, Kaung Khant Zan <firstname.lastname@example.org>, kyawsimaw <email@example.com>, Ko Nanda <firstname.lastname@example.org>, ကျော် ဖြိုး <email@example.com>, Kathy Maw <firstname.lastname@example.org>, email@example.com, lu naing <firstname.lastname@example.org>, email@example.com, Min Thu <firstname.lastname@example.org>, marlarsoe <email@example.com>, marfuture <firstname.lastname@example.org>, email@example.com, Mandalar Charm <firstname.lastname@example.org>, email@example.com, MMO <firstname.lastname@example.org>, mehmmgmgwunnasan <email@example.com>, mickey mya <firstname.lastname@example.org>, Minnaing Maung <email@example.com>, firstname.lastname@example.org, email@example.com, firstname.lastname@example.org, nut shinnaung <email@example.com>, firstname.lastname@example.org, email@example.com, Naychi Moe <firstname.lastname@example.org>, email@example.com, "pyg.su2007" <firstname.lastname@example.org>, phoebe naw <email@example.com>, punk lay <firstname.lastname@example.org>, email@example.com, firstname.lastname@example.org, sophayoo2007 <email@example.com>, firstname.lastname@example.org, shwe wutt yee <email@example.com>, firstname.lastname@example.org, "saw.georgy" <email@example.com>, firstname.lastname@example.org, "theinthanhtike.et" <email@example.com>, thiri oo <firstname.lastname@example.org>, email@example.com, tuk pi <firstname.lastname@example.org>, email@example.com, firstname.lastname@example.org, email@example.com, firstname.lastname@example.org, ukyawmin22650 <email@example.com>, firstname.lastname@example.org, vitaminc9 <email@example.com>, firstname.lastname@example.org, yin yin oo <email@example.com>, firstname.lastname@example.org, email@example.com, ZHL <firstname.lastname@example.org>, email@example.com, firstname.lastname@example.org, email@example.com, firstname.lastname@example.org, email@example.com, firstname.lastname@example.org, kyi kyi <email@example.com>, firstname.lastname@example.org, email@example.com From: Kyaw Than <firstname.lastname@example.org> Date: 2011/8/18 Subject: [8888peoplepower] ဆောင်းပွန်း ဂိမ္မာန် သို့မဟုတ် စာရေးဆရာနှင့် သံသရာ [1 Attachment] To: 8888peoplepower <email@example.com>, firstname.lastname@example.org, email@example.com, firstname.lastname@example.org ဆောင်းပွန်း ဂိမ္မာန် သို့မဟုတ် စာရေးဆရာနှင့် သံသရာ ဗန်းမော်တင်အောင် (ဆရာဗန်းမော်တင်အောင်ရဲ့ အပြောင်းအလဲ (တကယ်တော့ မျက်နှာဖုံး အဟောင်းအသစ် ပြောင်းလဲပွဲ) တခုမှာ ပါဝင်ပတ်သက်ကြသူတွေ ကိုယ်သန်ရာအမြင်နဲ့ ကိုယ်သန်ရာ အကျိုးစီးပွားကို ရှေ့ရှုပြောင်းလဲသွားကြပုံ ရေးထားတဲ့ ဝတ္ထုဆောင်းပါးလေး တခုဖြစ်ပါတယ်။ ပန်းဝေဟင်မြိုင် ဝတ္ထုရဲ့ နောက်ပိုင်းမှာ တွေ့ရှိရတာဖြစ်ပြီး ဆရာ ၁၉၇၂ ခုနှစ် ကိုကိုးကျွန်းက ပြန်လည် လွတ်မြောက်ပြီးစမှာ ရေးသားခဲ့ဟန် တူပါတယ်။ အချိန်က သခင်စိုးကြီး ပြောသလို "ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်း" တဲ့ ဗိုလ်နေဝင်းရဲ့ ဆိုရှယ်လစ်ခေတ်ပြောင်း တော်လှန်ရေးကြီး အုတ်မြစ်ချပြီး ကာလဖြစ်ပါတယ်။ တချို့လဲ ဆိတ်ခေါင်းကြည့်ပြီး အဟုတ်မှတ်ကြသလို တချို့ကတော့ ခွေးသားမှန်း သိရက်နဲ့ပဲ တဘဝကောင်းဖို့ ကိုယ့်သမိုင်းကော တိုင်းပြည်နာဂါတ်ကိုပါ ရောင်းစားကြတယ်။ ဆရာဗန်းမော်တင်အောင်က သူ့မိတ်ဆွေ အပေါင်းဖော်တွေထဲက ရေဆန်ကို မလိုက်ရဲတော့ဘဲ ဘေးထိုင်သွားကြသူတွေ၊ ရေစုန်မျှောလိုက်ကြသူတွေ အကြောင်းကို ခေတ်ကြေးမုံတခုလို တင်ပြထားပါတယ်။ အိမ်စောင့်အစိုးရ၊ တော်လှန်ရေးကောင်စီ၊ မဆလ၊ နဝတ/ နအဖစတဲ့ မျက်နှာဖုံးစွပ်တွေ အမျိုးမျိုးပြောင်းခဲ့တဲ့ စစ်အုပ်စုဟာ အခုနောက်ဆုံး သန်းရွှေ/မင်းအောင်လှိုင်/သိန်းစိန် သုံးဦးဂိုဏ်းဟာ အတုအယောင် ရွေးကောက်ပွဲနဲ့ အရပ်သား မျက်နှာဖုံးစွပ်ပြီး ဟန်ပြ အပြောင်းအလဲကလေးတွေနဲ့ ခွေးသား ရောင်းနေပြန်ပါပြီ။ ဆိတ်ခေါင်းတောင် ချိတ်မပြတော့ဘူး။ ၂၀၀၈ စစ်ကျွန်ဖွဲ့စည်းပုံဆိုတဲ့ ဆိုင်းဘုတ်ကလေးတခုပဲ ထောင်ထားတယ်။ ဆရာဗန်းမော်တင်အောင်ရဲ့ ဆောင်းပါးဟာ ဒီနေ့ ကျနော်တို့ ရင်ဆိုင် ဖြတ်သန်းနေရတဲ့ အခြေအနေနဲ့ အံဝင်ဂွင်ကျ ထင်ဟပ်နေပါတယ်။ တော်လှန်သတိ သင်္ခန်းစာ အမြောက်အများ ပါဝင်နေတာကြောင့် မိတ်ဆွေအပေါင်းကို ထပ်ဆင့် မျှဝေလိုက်ရပါတယ်။ ရဲဘော်ကျော်သန်း) "အင်းစိန်တောရ" ဟူ၍ ၀ိနည်းလွတ် ခေါ်ဝေါ်လျက်ရှိသော အရပ်နေရာမှ ကျွန်တော်တို့လူသိုက်သည် ထွက်လာကြရသောအခါ နေ၀င်လုနီးပေပြီ။ ကျွန်တော်နှင့်အတူ ကားကလေးတစီးထဲတွင် မွတ်တားခေါ်ဒလဦးထွန်းစိန်နှင့်မန္တလေးမှ သခင်ရန်ချွေနှစ်ယောက်တို့ပါ၏။ ကျွန်တော်တယောက်သာစာရေးဆရာဖြစ်လျက် သူတို့နှစ်ဦးစ လုံးကား ရဲရဲတောက်နိုင်ငံရေးသမားကြီးများဖြစ်ကြသည်။ ၁၉၃၆-ခုနှစ်ကျောင်းသားသပိတ်၊ ၁၃၀၀ ပြည့် အရေးတော်ပုံ၊ ဗမာ့လွတ်လပ်ရေးတပ်မတော်၊ ဗမာ့ကာကွယ်ရေးတပ်မတော်နှင့် ဗမာ့မျိုးချစ် တပ်မတော် အစရှိသော အမျိုးသားရေးလက်နက်ကိုင် အဖွဲ့အစည်းများနှင့် လှုပ်ရှာမှုများ၊ စစ်ပြီးခေတ် အမျိုးသားလွတ်လပ်ရေး တိုက်ပွဲများအဆင့်ဆင့်တွင် ရှေ့တန်းမှပါဝင်ခဲ့ကြသူချည်းဖြစ်သည်။ ကြိုးဒဏ်နှင့်ထောင်ဒဏ်များ အကြိမ်ကြိမ်အခါခါကျခံခဲ့ရဘူးသူ များလည်းဖြစ်သည်။ အာဘောကသိုဏ်းကိုသုံးနှစ်မျှ၎င်း၊ အထွေထွေကသိုဏ်းများကိုလေးနှစ်မျှ၎င်း ထိုင်ခဲ့ရှုခဲ့ကြ သူများ ချည်းသာဖြစ်၍ "တောရ"မှ ဗြုန်းကနဲ ထွက်အလာတွင် ကျွန်တော်တို့ လူသိုက်သည် ကြောင်စီစီ ယောင်အမ်းအမ်းဖြစ်နေကြ၏။ နှစ်ကာလအတန်ကြာမျှ အသစ်ဖြစ်နေခဲ့ရသော လူ့ဘုံခန်းဝါနှင့် ရုတ်တရက် ပြန်လည်တွေ့ ထိရသဖြင့် အဆန်းအသစ်ကဲ့သို့လည်း ဖြစ်နေသည်။ "တောရ"မှအထွက်တွင် ကျွန်တော်တို့လူသိုက်ကို တင်ဆောင်လာသော မော်တော်ကား ကလေးသည် ယခင်သွားနေကျ လမ်းရိုးအတိုင်း လက်ဝဲဘက်မှမဟုတ်ဘဲ လက်ျာဘက်လမ်းအတိုင်း မောင်းထွတ်လာသောအခါ ကျွန်တော်တို့ကမ္မဋ္ဌာန်းသမားသုံးဦးတို့သည်"ဟာ...သောက်ကျိုးနဲ ဘယ်လို ဖြစ်ကုန်ကြပါလိမ့်" ဟူသောအနေဖြင့် တယောက်မျက်နှာကိုတစ်ယောက် မျက်ရိပ်မျက်ခြည်ဖြင့် ပြူးတူးပြဲတဲလှမ်းကြည့်မိကြ၏။ သို့ရာတွင် စကားရဲရဲမပြောတတ်မဆိုတတ်ကြသေးသဖြင့် နှုတ်ပိတ် ကာလိုက်ပါလာကြသည်။ ကျယ်ဝန်းသော လမ်းမကြီးတွင် မော်တော်ကား ကလေးသည် တရိပ်ရိပ်ပြေးလွှားလျက်ရှိ၏။ ကားကြီးများကို ကျော်တက်ရန်ရှိသောအခါ ဟွန်းသံကို နားကလောလောက်အောင်ပေးရင်း လက်ဝဲဘက်မှ ကျော်တက် လာခဲ့သည်။ သခင်ရန်ချွေဆိုသူသည် ဥယျာဉ်စိုက်ပျိုးရေးတွင် အထုံဝါသနာကြီးသူဖြစ်၏၊ ဇွဲနဘဲလည်း ကောင်း၏။ တလမ်းလုံး သူသည်စကားတလုံးမျှမပြော၊ ကမ္မဋ္ဌာန်းထိုင်ရင်း "တောရ"တွင် သူပြုစုထားခဲ့သော ဥယျာဉ်က လေးအကြောင်းကို စဉ်းစားချင်က စဉ်းစားလျက် ရှိပေမည်။ ကျွန်တော်၏ လက်ျားဘက်ဘေးတွင် ငြိမ်သက်စွာလိုက်ပါလာသော မွတ်တားခေါ် ဒလ ဦးထွန်းစိန် တယောက်သည်လည်း ဘာတွေတွေးလာခဲ့သည်မသိ၊ ငြိမ်ချက်သားကောင်းလျက်ရှိ၏။ မြို့မကျောင်းထွက် တဦးပီပီ သူသည် အမျိုးသားလွတ်လပ်ရေး တိုက်ပွဲလောက်နှင့် အချိန်လွန်ခဲ့သူ ဖြစ်ရကား အသက်လေးဆယ်နီးခါမှ အိမ်ထောင်ပြုနိုင်သူဖြစ်၏။ သို့ရာတွင် သူ၏ ချစ်ဇနီး ဒေါ်ခင်တင့်နှင့်ကြာကြာပင် မပေါင်းခဲ့ရ၊ သုံးနှစ်မျှသာ အကြင်လင်မယားအဖြစ်ဖြင့် အတူနေခဲ့ရသည်။ "တောရ"သို့ ထွက်မလာမီက သူ့တွင်အခါလည်သာသာအရွယ် သမီးကလေးတစ်ယောက် ကျန်ရှိခဲ့သည်။ ထို့ကြောင့် ထိုနိုင်ငံရေး သတ္တ၀ါသည်လည်း လူသားတယောက်ဖြစ်သဖြင့် သူ့ဇနီးနှင့် သမီးကလေးအကြောင်းတို့ကိုစဉ်းစားနေတန်ရာ၏။ အာဘောကသိုဏ်းကို သူနှင့်အတူ ကျွန်တော် ရှုခဲ့ရစဉ်က သူ့ဇနီးနှင့်သမီးများအကြောင်း မကြာမကြာပြောတတ်သည်။ ပြောသော အခါများတွင် လည်း လွမ်းလွမ်းဆွတ်ဆွတ် ပြောဆိုတတ်သည်။ ကျွန်တော်၏ ဦးနှောက်သည်ဟင်းလင်းပြင်ဖြစ်နေသည်။ ဘာမျှမစဉ်းစား မတွေးတော မိအောင် ကျွန်တော်သည် အားထုတ်၏။ မော်တော်ကား၏ ထိုင်ခုံနောက်တန်းကိုမှီကာ မျက်လုံးများကို မှိတ်ထားလိုက်သည်။ အာရုံများဝင်မလာနိုင်အောင် စိတ်တံခါးကိုပိတ်ထားရန် အားထုတ်နေခြင်း ပင်ဖြစ်သည်။ ထိုအကြားထဲမှပင် တနှစ်,တနှစ်တွင် အသက်အရွယ်အားဖြင့် အိုမင်းလျက်ရှိနေပြီဖြစ်သော မိခင်ကြီး၏ရုပ်ပုံလွှာသည် မကြာမကြာစိတ်တံခါးကိုလာလာခေါက်၏။ တခါခါတွင်လည်း ပင်လယ်ရပ်ခြားတိုင်းတပါးတွင် သွားရောက်ပညာသင်ကြားနေသော သမီးကြီးသစ်သစ်သည် ဦးနှောက်အတွင်းသို့တိုးဝင်လာ၏။ ထိုမြေးအဖွားနှစ်ယောက်တို့ကိုကျွန်တော်သည် ဖယ်ရှားဆွဲထုတ်ပစ် လိုက်သည်။ အလားတူပင် ထိုမြေးအဖွားနှစ်ယောက်တို့ကို နောက်ယောင်ခံလိုက်ကာ စိတ်တံခါးဝတွင်သူတို့အလည့်အတွက် ချောင်းမြောင်းရပ်စောင့်နေကြသော မြိုင်တို့သားအမိ တတွေကိုလည်း မာန်မဲမောင်းထုတ်ပစ်လိုက်ရသည်။ ကျွန်တော်သည် စိတ်အလုပ်များစွာ လုပ်ကိုင်ရသော "တောရ"မှ မနက်ပိုင်းလောက်ကမှ လွတ်မြောက်လာရသူဖြစ်၏။ ထို့ကြောင့် တတ်နိုင်သမျှမိမိစိတ်ကိုအနားပေးလိုသည်၊ သက်သက်သာသာ နားလိုသည်။ "ဟေ့လူ ကိုအေးသွင်... ဒါ ခင်ဗျားအိပ်ပျော်နေတာလား...၊ ခင်ဗျားအိမ်ရောက်နေပြီဗျာ"ဟု ဒလ ဦးထွန်းစိန်က မှေးကနဲ အိပ်ပျော်သွားပုံရသော ကျွန်တော့်ပုခုံးကိုပုတ်နှိုးရင်း သတိပေးပြောကြားသံကို ၀ိုးတ၀ါးကြားလိုက်ရ၏။ သည်တော့မှ ကျွန်တော်သည် မှေးထားသောမျက်လုံးများကို ဖွင့်လိုက်ရသည်။ ကျွန်တော်တို့လူသိုက်ကို "အင်းစိန်တောရ"မှ သယ်ဆောင်လာသော မော်တော်ကား ကလေးသည် ကျွန်တော့်အိမ်ရှေ့ ခြံဝင်းတံခါးဝတွင်ရပ်ထားလေသည်။ ကျွန်တော်သည် ကိုယ် ဆောက်ခဲ့သောအိမ်ကိုပင်ကောင်းစွာ မမှတ်မိချင်သလိုဖြစ်နေ၏။ အဘယ့်ကြောင့်ဆိုသော် "တောရ"သို့ ကျွန်တော်မသွားမီက စိုက်ပျိုးထားသော သစ်ပင်ပန်းပင်ကလေးများသည် အိမ်ရှေ့ မျက်နှာစာတွင်တောထ, နေသောကြောင့်ပင်ဖြစ်၏။ ထို့ကြောင့် ကားပေါ်မှရုတ်တရက် မဆင်းဖြစ်နိုင် သေးဘဲ ကိုယ့်အိမ်ကိုပင် အဆန်းသဖွယ်ငေးမော ကြည့်ရှုနေမိ သည်။ အချိန်ကလည်း မရှိတော့သည့်အပြင် ဒလဦးထွန်းစိန်နှင့် သခင်ရန်ချွေတို့နှစ်ဦးကို အိမ်တိုင်ယာရောက် လိုက်ပို့ပေးစရာ ရှိနေသေးသောကားမောင်းသူက မော်တော်ကားဟွန်းသံကို တပေးထဲပေးလျက်ရှိ၏။ သို့ရာတွင် အိမ်တွင်းမှမြိုင်တို့သားအမိတတွေထဲက တယောက်မှ ထွက်မလာကြပေ။ အိမ်ကြီးတစ်ခုံးသည်လည်း လူသူတယောက်မျှ မရှိသလို တိတ်ဆိတ် ငြိမ်သက်လျက်ရှိသည်။ တောင်ကြီးကမှ မိုးဟာမက်ထံမလာလျှင် မိုဟာမက်ကတောင်ကြီးရှိရာသို့ သွားရမည်ဖြစ်ည့် အလျောက်ကျွန်တော်သည် ကားပေါ်မှဆင်းလိုက်၏။ ယင်းသို့ကားပေါ်မှ ဆင်းလာပြီးနောက် ခြံဝင်းတံခါးဝ၌ ရပ်အလိုက်တွင် ခွေးတကောင်သည် အိမ်အောက်ထပ်မှ ပြေးထွက်လာပြီးလျှင် ကျွန်တော့်ကို စူးစူးဝါးဝါးဟောင်၏။ ခွေးဆွဲမည်စိုးဟန်ဖြင့် ဒလဦးထွန်းစိန်နှင့် သခင်ရန်ချွေတို့သည် ကားပေါ်မှဆင်းလာကြပြီးလျှင် ဟောင်နေသောခွေးကို ၀ိုင်းဝန်းချောက်လှန့်ပေးကြသည်။ ခွေးသည် စောစောကလို စူးစူးဝါးဝါးမဟောင်တော့သည့်တိုင်အောင် ဆက်လက်၍မာန်ဖီနေ၏။ ထိုအခိုက်သူ၏ကစားဖော်များနှင့်မလှမ်းမကမ်းတွင်ကစားနေရာမှ ကလေးတစ်ယောက်သည် ခွေးတကောင်နှင့် လူသုံးယောက်တို့ အချင်းဖြစ်ပွားနေသော ခြံဝင်းတံခါးဝသို့ ပြေးလာပြီးလျှင် "ဘယ်သူ့ကိုတွေ့ချင်လို့လဲ ခင်ဗျာ"ဟု မေး၏။ ထိုကလေးသည် ဆယ်နှစ်သားခန့် အရွယ်ဖြစ်၏။ ထိုကလေး၏ မျက်နှာပေါက်ကိုကြည့်ရင်း တခါကမြင်ဘူးသည်ဟု ကျွန်တော်သည် အောက်မေ့လျက် ရှိသည်၊ သို့ရာတွင် ဘယ်တုန်းကနှင့် ဘယ်နေရာတွင်ဟူ၍ကား စဉ်းစားမရတော့ပေ။ "ဒါ စာရေးဆရာ ကိုအေးသွင်ရဲ့အိမ် မဟုတ်ဘူးလားကွ..."ဟု ဒလဦးထွန်းစိန်က သေချာသည်ထက် သေချာအောင် ထိုကလေးကို မေးမြန်းလိုက်၏။ "ကျွန်တော်တို့ ဖေဖေအိမ်မှာမရှိတာကြာပြီ ဦးလေး၊ မေမေကတော့ရှိပါတယ်၊ ဒါပေမယ့် ဖျားနေတယ်ခင်ဗျာ" ထိုကလေးက ယင်းသို့ပြန်လည်ဖြေကြားလိုက်တော့မှ ထိုကလေးသည် ကျွန်တော်၏သားငယ် မောင်ကျော်မြင့်မှန်း ကျွန်တော်သိလိုက်ရ၏။ သို့ရာတွင် မောင်ကျော်မြင့်သည် သူ့ဖခင်ကို မသိတော့၊ မှတ်လည်း မမှတ်မိတော့။ သူ သုံးနှစ်သားအရွယ်လောက်က ကွဲကွာသွားသော သူ့ဖခင်ကို ထိုကလေးသည် သူ့အဖေမှန်း အဘယ်သို့ မှတ်မိ သိရှိနိုင်ပါ့တော့မည်နည်း။ ကျွန်တော်တို့ သားအဖနှစ်ယောက်ဖြစ်အင်ကို ဘေးမှစိတ်မချမ်း မမြေ့ဟန်ဖြင့် ကြည့်နေရာမှ "ဒါ မင်းဖေဖေလေ၊ သွား...သွား မင်းဖေဖေ ရောက်နေတဲ့ အကြောင်း မင်းမေမေကို သွားပြောချေကွာ..."ဟု ဒလဦးထွန်းစိန်က ခိုင်းစေလိုက်တော့မှ မောင်ကျော်မြင့်သည် ကျွန်တော့်ကို မသိမသာ တချက်မျှလှမ်းကြည့်လိုက် ပြီးနောက်အိမ်ထဲသို့ပြေးဝင်သွား၏။ အိမ်ထဲသို့အရောက်တွင် နေထိုင်မကောင်းဖြစ်ကာ ခွေနေဟန်ရှိသော သူ့မိခင်ကို "ဖေဖေလို့ပြောတဲ့ လူကြီးတယောက် အိမ်ရှေ့မှာရောက်နေတယ် မေမေ..."ဟု ပြောဆိုနေသံများ ကျွန်တော်တို့လူသိုက် ကြားရ၏။ သူ့မိခင်ကို သူ့ဖခင်ဆိုသော လူကြီးတစ်ယောက် ရောက်ရှိနေကြောင်း သတင်းပေးပို့ပြီးနောက် မောင်ကျော်မြင့်သည် အိမ်ရှေ့သို့ပြန်ထွက်လာပြီးလျှင် ခြံဝင်းတံခါးဝတွင် ကျွန်တော်တို့လူသိုက်အား မာန်ဖီရန်လုပ်နေသာ ခွေးကို "ဟေ့ကောင်... ဘိုဖြူ လာခဲ့..."ဟု လှမ်းခေါ်လိုက်သည်။ သည်တော့မှပင် ဘိုဖြူသည် သူ့သခင်အမိန့်ကို နားခံကာ အိမ်ထဲသို့ ပြန်ဝင်သွား၏။ ခြံထဲသို့ဝင်လာရစဉ် အိမ်အောက်ထပ်မှနေ၍ကျွန်တော့်ကို မျက်စောင်းတခဲခဲနှင့် ကြည့်နေ တုန်းဖြစ်သော ဘိုဖြူကိုသတိထားရ၏။ စိတ်ထဲတွင်လည်း မကောင်းလှ။ အဘယ့်ကြောင့်ဆိုသော် သုံးလသားအရွယ်လောက်မှစ၍ ကိုယ်တိုင်မွေးလာရသော ထိုသတ္တ၀ါသည် ကျွန်တော့်ကို မမှတ်မိ, မသိရှိတော့ဘဲရန်လုပ်နေသောကြောင့်ဖြစ်သည်။ ထို့အတွက်ဘိုဖြူကို အပြစ်ဆိုရန် အကြောင်းမရှိဟု ထင်၏။ ဘိုဖြူကို ကျွန်တော် ခွဲသွားသည်မှာ ကြာဘဲကြာလှပါပကောလား။ "တောရ"မှ နေအိမ်သို့ ပြန်ရောက်ပြီးနောက် မိမိ၏သားမယား သားသမီးများနှင့် ပြန်လည် ပေါင်းစည်းရသောညက ကျွန်တော်သည်တညလုံးမအိပ်ပေ။ အသစ်ဖြစ်သော မိမိ၏ပတ်ဝန်းကျင်နှင့် တညလုံး ပဋိပက္ခဖြစ်ပွားလျက်ရှိ၏။ အပ ပတ်ဝန်းကျင်နှင့် လုံးသတ်ရသလို အတွင်းပတ်ဝန်းကျင် နှင့်လည်း လုံးသတ်ရသည်၊ ထို့ကြောင့် နာကျင်ပင်ပန်းသည်။ သိတတ်ကြပြီ ဖြစ်သော နုနု၊ ချစ်ချစ်နှင့် မောင်တင်ထွန်းတို့ သုံးယောက်က သူတို့၏ ဖခင်ကို ခပ်စိမ်းစိမ်းနှင့် လက်ခံကြသော်လည်းအငယ်နှစ်ယောက်ဖြစ်သော စုစုနှင့် မောင်ကျော်မြင့်တို့ကမှု အလားတူလက်ခံရန် အဆင်သင့်မရှိကြသေးပေ၊ ကျွန်တော့်ကို လူစိမ်းသူစိမ်းလို ကြည့်ရှုနေကြသည်၊ သဘောထားနေကြပုံလည်းရသည်။ ဘိုဖြူ တစ်ကောင်ကလည်း ကျွန်တော့်ကိုမြင်တိုင်း သွားဖြဲ၍ ဖြဲ၍ပြဆဲပင်ဖြစ်၏။ ထို့ကြောင့် မိမိခြံဝင်းအပြင်မှ အရာဝတ္ထု၊ အကြောင်းအရာ၊ အဖြစ်အပျက်များနှင့် သဟဇာတ ဖြစ်အောင်လုပ်ဘို့ကိုင်ဘို့ အရေးထက် မိမိခြံဝင်းအတွင်းမှအရာဝတ္ထု၊ အကြောင်းအရာ၊ အဖြစ်အပျက်များနှင့် အံဝင်ဂွင်ကျဖြစ်အောင် တော်တော်ကလေးလုပ်ယူကိုင်ယူရဦးမည့် မိမိ၏အဖြစ်ကို ကျွန်တော်တွက်ချက် စဉ်းစားရသည်။ "တောရ"တွင်ရောက်နေရခဲ့၍ ၎င်း၏ယောက္ခမကြီးဆုံးပါးသွားသည့်သတင်းကို မြိုင်သည် ဦးစွာပြောကြား၏။ မွေးသမိခင်၏ရုပ်ကလာပ်ကို ၀တ္တရားရှိသည့်အတိုင်း ကျွန်တော်သည် သင်္ဂြိုခြင်းအမှု မပြုလိုက်ရပေ။ အလားတူပင် သုံးရာပြည့် အရေးတော်ပုံ ကာလများအတွင်းကလည်း ကျွန်တော်သည် မိမိဖခင်၏ ရုပ်ကြွင်းကိုသင်္ဂြိုခဲ့ရသူမဟုတ်။ ထို့နောက် ထိုမိန်းမသည် တောင်ငူနှင့် ပဲခူး ဘက်တွင်ရှိကြသော နှစ်ဖက်ဆွေးမျိုးသားချင်းများ သတင်းနှင့်အခြေအနေကိုလျှောက်ပြော၏။ ကျွန်တော်သည် နားထောင်သူ သက်သက်မျှသာ ဖြစ်သည်။ လူ့ဘုံခန်းဝါနှင့် နှစ်ကာလအတန်ကြာမျှ အဆက်ပြတ်နေရသူ ဖြစ်၍ ကျွန်တော်သည် အမေရိကန်ပုံပြင်လာ "ရစ်ဗင်ဝင်းကဲလ်"လို ခေတ်နောက်ကျ ကျန်ရစ်လျက်ရှိ၏။ ထို့ကြောင့် အပြင် အပမှအကြောင်းအရာနှင့် အဖြစ်အပျက်များကိုများစွာကြားလို, သိလိုသည်၊ အငမ်းမရ သိလို, ကြားလိုသဖြင့် မြိုင်တို့ သားအမိတတွေကို အားမနာတမ်း မေးရ, မြန်းရ၏။ ကျွန်တော်နှင့် ရေးဖော်စာရေးဆရာ သတင်းစာဆရာများထဲမှ မြို့မအုန်း၊ ငွေမျှား၊ ဦးသိမ်မောင်(သံတော်ဆင့်)၊သန်းဆွေ၊သိပ္ပံကျော်ရင်(သံတွဲ)၊မြမျိုးလွင်၊ဦးဝင်းမြင့်ကြီး(သတင်းထောက်)၊ရွှေမြိတ်မောင်နှင့်စံထွန်းအောင်အစရှိသူတို့ ကွယ်လွန်ဆုံးပါးသွားကြပြီဖြစ်သော သတင်းများကြားရ၏။ အလားတူပင် မိမိတိုင်းပြည်နှင့် အမျိုးသားရေးကိစ္စများအတွက် အတူတကွလုပ်ကိုင်ခဲ့ကြသော သခင်ဘသော်(ကညွတ်ကွင်း)၊ သခင်ဘရင်(ရန်ကုန်စီရင်စု)၊ သခင်ဗတင်(သံတွဲ)၊ သခင်ဖေဌေး(အလံနီ)၊ ဗိုလ်မျိုးမြင့်(အသားဖြူ)၊ ဒေါ်ခင်ချစ် (တိုင်းချစ်)၊ သခင်လှမြိုင်(ဗိုလ်ရန်အောင်)၊ ကိုစိုးမောင်(ဗိုလ်မှူးချစ်ကောင်း)နှင့် အခြားရဲဘော်အတော်များများမရှိကြတော့ပြီဆိုသော သတင်းစကားများလည်း ကြားသိရသည်။၎င်းအပြင် အာရှတောင်ပိုင်းတွင် ဘင်္ဂလားဒက်ရ်ှဆိုသော နိုင်ငံသစ်ပေါ်ပေါက်လာသောကိစ္စ၊ အမေရိကန်သမတနစ်ဆင် တရုတ်ပြည်သို့ အလည်အပတ် သွားသောကိစ္စ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်အနားယူသွားသောကိစ္စနှင့် ၁၉၆၉-ခုနှစ် တရုတ်-ဆိုဗိယက်တိုက်ပွဲ ကိစ္စများကိုပါကြားနာရသည်။ သားကြီးမောင်တင်တွန်းက သိသင့်သိထိုက် သောအကြောင်းအရာများနှင့် သတင်းစကားများကို ပြောကြား၍အပြီးတွင် သိပ္ပံပညာရပ်ကို ၀ါသနာထုံသောအငယ်ကောင်က အမေရိကန်မှအာကာသယာဉ်မှူးများ လသို့ ရောက်ရှိခဲ့ကြသော သတင်းကို ဖြည့်စွက်ပြောကြား၏။ မိမိအိမ်သူ အိမ်သားများက ပြောပြသော အကြောင်းအရာ၊ အဖြစ်အပျက်နှင့် သတင်းများကို ကျွန်တော်သည် ကလေးသူငယ်တယောက်လို တအံ့တသြ နားထောင်ရ၏။ ထိုသို့နားထောင်ရင်း အမေရိကန်ပုံ ပြင်၌ လာသော ဇာတ်ကောင်ရစ်ဗင်ဝင်းကဲလ်ကိုလည်း လွန်စွာ ကိုယ်ချင်းစာနာမိသည်။ ထိုသတ္တ၀ါသည် လူ့ဘုံ ခန်းဝါနှင့် သူ့ တသက်ကြာမျှ အဆက်ပြတ်သွားခဲ့ရသည် မဟုတ်သလော။ နံနက်လင်းလျှင်လင်းချင်း ဗိုလ်ကြီးဟောင်းနှင့် ရုပ်ရှင်ပညာသည်ဟောင်းလည်းဖြစ်၊ ဆရာဝန်နှင့် စာရေးဆရာလည်းဖြစ်ကာ အကယ်ဒမီဆု အမျိုးမျိုးရရှိခဲ့သော မောင်မောင်သင် တယောက် ဘယ်ကဘယ်လိုသတင်းကြားလာ၍မသိ၊ ကျွန်တော့်အိမ်သို့ ကတိုက်ကရိုက် ပေါက်လာ၏။ သို့ရာတွင် ယခင်ကလို မားစီးဒီးကား သစ်ကြီးနှင့်ကားမဟုတ်တော့၊ ဂျစ်ကားအိုကလေးနှင့်ဖြစ်သည်။ ထိုသူ၏ဘ၀သည်လည်း များစွာပြောင်းလွဲခဲ့ပုံရ၏။ မည်ကဲ့သို့ပင်ဖြစ်စေ သူ့တွင်နားကြပ်နှင့် ဆေးသတ္တာတလုံးပါလာ၏။ သူ့အကူအညီ လက်ထောက်ဆေးသ မားကလေးတယောက်လည်း ခေါ်လာသည်။ ဆရာမောင်မောင်သင်သည် ခရီးရောက်မဆိုက် မြို့င်ကိုရေးနွေးအိုး အတည်ခိုင်းသည်။ ထို့နောက် သူယူဆောင်လာသောစမ်းသပ်မှုကိရိယာများဖြင့် ကျွန်တော့်တကိုယ်လုံး ကိုင်တွယ်စမ်းသပ်၏၊ စစ်ဆေး၏၊ ဆေးထိုးပြွန်နှင့်အပ်များ သန့်စင်ပြီးသောအခါ အကြောနှင့် အသားဆေးများထိုးသည်၊ စားဆေးများလည်းပေးသည်။ စာရေးဆရာ စာပေကလပ်နှင့်သမဂ္ဂများ ထူထောင်ခဲ့ကြစဉ်က အဖွဲ့ဝင် စာရေးဆရာများ အားလုံး၏မိသားစုများအတွက် စေတနာ့ဝန်ထမ်းတာဝန်ယူကုသပေးခဲ့သော ဦးမောင်မောင်သင်၏ မေတ္တာသည် ကျွန်တော့်အတွက် အသစ်အဆန်းမဟုတ်တော့ပေ။ ၎င်းအပြင် သူနှင့် ကျွန်တော့်အတွက် အသစ်အဆန်း မဟုတ်တော့ပေ။ ၎င်းအပြင် သူနှင့်ကျွန်တော်သည် စစ်ကြိုခေတ်နှင့် စစ်ပြီးခေတ် ဂျာနယ်ကျော်စင်မြင့်မှလည်ပင်းဖက် တက်လာခဲ့ကြသော စာရေးသူချင်းလည်းဖြစ်၏။ သူ့တာဝန်ကိစ္စများထမ်းဆောင်ပြီးစီး၍ပြန်ခါနီးတွင် "တောရမှာတုံးက ကိုစံဝင်းကြီး တယောက်နဲ့ကော ခင်ဗျားမတွေ့ခဲ့ဘူးလားဗျာ"ဟု ဦးမောင်မောင်သင်က မေးသည်။ ကိုစံဝင်းသည် ရုပ်ရှင်ပညာသည် ဦးအောင်ကြီးခေါ်ဦးကျောက်လုံး၏ညီဖြစ်သည်။ စစ်ကြိုခေတ်ကဦးချစ်မောင်ဦးစီးထုတ်ဝေသောဂျာနယ်ကျော်တွင် ဆရာမောင်မောင်သင်၊ မြင်းခြံစိုးမြင့် ခေါ် ကိုအောင်ထွန်း ဗိုလ်မှူးချစ်ကောင်း၊ ကျွန်တော်တို့နှင့် ရေးဖော်ရေးဖက်များဖြစ်ကြ၏။ သူ၏လသာသာနှင့်ကိုကျော့ဖေစသော ၀တ္ထုတိုကလေးများသည် တပ်မက်စရာကောင်း၏။ ဂန္ထလောက တွင်လည်း ကဗျာကလေးများရေးတတ်သည့်အပြင် အင်္ဂလိပ်ဘာသာနှင့်ပါအရေးကောင်းသူဖြစ်၏။ ကိုစံဝင်း၊ကိုချစ်ကောင်းနှင့် ကိုမောင်မောင်သင်တို့ သုံးဦးစလုံးသည် မြင်းခြံသားများချည့် ဖြစ်ကြသည်။ "ကြားတော့ အကြားသားဗျ၊ ဒါပေမယ့် လူချင်းတော့မတွေ့ခဲ့ရဘူး၊ ကျွန်တော်တို့ ကမ္မဋ္ဌာန်းကျောင်းမှာက ဒဂုန်တာရာ၊ ညိုမြ၊ မြသန်းတင့်၊ အောင်ဗလ၊ ခင်မောင်ရီ၊ မောင်မောင်မြင့်လွင်နဲ့ ဂါးဒီယန်းဦးစိန်ဝင်းတို့ လူသိုက်လောက်ဘဲ နေကြတယ်" ဟု ကျွန်တော်က ပြန်လည်ပြောကြားလိုက်ရသည်။ ထို့နောက် ပျိုပျိုမျစ်မျစ်နှင့် ကြည့်ကောင်းတုန်းဖြစ်သော ထိုရုပ်ရှင်မင်းသားဟောင်းကို ငေးမောကြည့်ရှုရင်း"ခင်ဗျားက ခုထက်ထိချော တုန်း တင်တုန်းဘဲဗျာ"ဟု မိမိ၏ထင်မြင်ချက်ကို ဆက်လက်ပြောဆိုလိုက်သည်။ ဆရာမောင်မောင်သင်သည် ပြုံးရုံပြုံးကာ "ကျွန်တော်က ချောတာ, တင်တာ မဟုတ်ဘူးကိုအေးသွင်၊ ခင်ဗျားက ကျသွားလို့ပါ"ဟု ပြန်လည်ပြော ကြားရင်း အိမ်ပေါ်မှာဆင်းသွား၏။ ဆရာမောင်မောင်သင်က ထိုကဲ့သို့ သတိပေးပြောကြားတော့မှ ကိုယ့်ကိုယ်ကိုမှန်ထဲကြည့်ရ၏။ ကျွန်တော့်တွင်သွားအတော်များများ မကျန်ခဲ့တော့ပြီဖြစ်၍ တကယ့် ကမ္မဋ္ဌာန်းရုပ်ပေါက်နေ၏။ ကမ္မဋ္ဌာန်းကို နှစ်ရှည်လများထိုင်ခဲ့ရသဖြင့် ကိုယ်အလေးချိန်သည်လည်း ပေါင်လေးဆယ်ခန့်မျှ ကျသွားခဲ့ပါပကော။ ကျွန်တော်အိမ်ပြန်ရောက်သော သတင်းပျံ့နှံ့သွားပြီဖြစ်၍ နိုင်ငံရေး၊ စာပေမိတ်ဆွေများနှင့် ယခင်ကျွန်တော့်လုပ်ငန်းဟောင်းမှ သစ်တောအရာရှိများနှင့် ကုန်သည်များအိမ်ရောက်လာကြ၏၊ အကျိုးအကြောင်းမေးမြန်းကြ၏၊ သတင်းများပြောဆိုကြ၏။ အချို့အကြောင်းအရာ အဖြစ်အပျက်များ နှင့် ပတ်သက်၍ ကျွန်တော့်သဘောထားနှင့်ထင်မြင်ချက်များ တောင်းခံကြ၏။ သို့ရာတွင် ကျွန်တော်မှုကား နားထောင်သူသက်သက်မျှသာ ဖြစ်သည်။ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များထဲတွင် စစ်ကြိုခေတ် ဒို့ဗမာအစည်းအရုံးဥက္ကဋ္ဌ သခင်လေးမောင်ကဲ့သို့ပုဂ္ဂိုလ်ကြီးမှအစ၊ အလုပ်သမား သမဂ္ဂခေါင်းဆောင်ဟောင်းဒလဦးပြုံးချိုအလယ်၊ ကျောင်းသားလူငယ်များအထိပါကြ၏။ စာရေးဆရာများထဲတွင်လည်းတော်တော်စုံ၏။ သို့ရာတွင် ကျွန်တော်နှင့်ညီအကိုအရင်းနှင့်မခြားခင်မင်ရင်းနှီး၍ စစ်ပြီးခေတ်တလျှောက်လုံးလိုလို တစ်ယောက်နှင့် တယောက်မခွဲဘဲ တတွဲတွဲနေခဲ့ကြသော စာရေးဆရာတယောက်ကို မမြှော်လင့်ဘဲ တွေ့ရှိခဲ့ရ သောအခါ ပြောမပြနိုင်လောက်အောင် အားရ၀မ်းသာသွား၏။ ထိုသူကား လင်းယုန်နီပင် ဖြစ်သည်။ လင်းယုန်နီသည်သူ၏မော်တော်ကားကလေးနှင့်လာ၏။ သူ့သားကိုလည်းသူနှင့်အတူ ခေါ်လာသည်။ ထိုသားအဖနှစ်ယောက်ကိုတွေ့ရသောအခါကျွန်တော်သည်အတိတ်သို့လွင့်စဉ်၍ သွား၏။ လင်းယုန်နီသည် သူငယ်ငယ်ကလိုမဟုတ်တော့၊ ယခင်ကသူသည် ပိန်ပိန်ပါးပါး နွဲ့နွဲ့နှောင်းနှောင်းဖြစ်၏။ ယခုတော့မူ အသက်ကြီးလာ၍လားတော့မသိ၊ ၀နေ၏။ သူ့ဖခင်ဖြစ်သူ ဦးငွေခင်မကွယ်လွန်မီကနှင့် တယောက်တည်းတပုံစံတည်းဖြစ်၏။ သူ့ဘေးတွင် ကပ်ပါလာသော သူ၏သားကြီးသည် သူငယ်ငယ်ကနှင့်တပုံစံတည်းဖြစ်သည်။ မျက်နှာပေါက်ရော, ကိုယ်လုံး ကိုယ်ပေါက်ရော, ဟန်အမူအရာရောပါဖြစ်၏။ ထိုကလေးသည် ကျွန်တော့်ကိုမမှတ်မိတော့။ ဆယ်နှစ်ကျော်လောက်က ထိုကလေးသည်ဘောင်းဘီတိုကလေးနှင့် စိန်ပေါကျောင်းသားဖြစ်သည်။ သူ၏ခေါင်းကိုပွတ်သတ်ပေးရင်း...."တကယ့်ကိုကျောင်းသားကြီးပါကလားကွ"ဟု ကျွန်တော်ကပြော တတ်၏။ ထိုအခါ ကလေး၏မိခင် 'မာ'က ပြုံးနေတတ်သည်။ သူတို့သားအဖနှစ်ယောက်တည်းသာ လာကြပြီး'မာ'တို့သားအမိခေါ်မလာသည့်အတွက်ကျွန်တော်ကအကြောင်းမသိဘဲအပြစ်ဆို လိုက်သော အခါ သမီးဖြစ်သူ၏ကျောင်းကိစ္စ အတွက်ကြောင့် သူတို့သားအမိကိုမန္တလေးတွင် ခေတ္တ ထားပစ်ခဲ့ရ သေးသည့်အကြောင်း ပြောပြ၏။ ကျွန်တော်သည် လင်းယုန်နီနှင့် ခေတ်ပြိုင် လူသိုက်ထဲမှ မိမိနှင့်လည်း ခင်မင်ရင်းနှီးသော ကိုသန်း (ဗကသ)၊ ကိုလှဝင်း၊ ကိုညီညီ(ဒေါက်တာ)၊ ကိုစောလွင်(လမ်းစဉ်)၊ ကိုထွန်းဖေနှင့် ကိုတင်ထွတ်(ရကသ)၊ ကိုစိုး သိမ်း(မြောင်းမြ)၊ ကိုစံလွင်(မမလေး)နှင့် ကိုအုန်းမြိုင်(ဖြူး)စသည့် လူများအကြောင်းကို သူ့ထံ မေးမြန်းရ၏။ သူ ကလည်း စိတ်ရှည်လက်ရှည်ပြောပြသည်။ သူထ၍ပြန်ခါနီးတွင် "ခင်ဗျားကော စာရေးနိုင်သေးရဲ့လား"ဟု ကျွန်တော်က မေးလိုက်သောအခါ လင်းယုန်နီသည် ကျွန်တော်၏မေးခွန်းကို အဖြေပေးနိုင်ဟန်မရှိတော့ချေ။ သို့ရာတွင် "အလုပ်တာဝန်တွေက များလွန်းလို့ဗျာ"ဟု ကြိုးစားပမ်းစား ပြောပြသွား၏။ ဆရာလင်းယုန်နီသည် ယခုအခါ နိုင်ငံခြားရုပ်ရှင် တင်သွင်းရေးဌာနတွင် တာဝန်ကြီးကြီးယူ၍ လုပ်ကိုင် နေကြရကြောင်း သူ့ထံမှကျွန်တော်ကြားသိရသောအခါ "ခင်ဗျားတော့ ရေငတ်တုန်း ရေတွင်းထဲ လိမ့်ကျတာနဲ့ တူတယ်"ဟု ကျွန်တော်က ရယ်စရာပြောဆိုလိုက်၏။ လင်းယုန်နီကလည်း ရယ်မောလိုက်၏။ သို့ရာတွင်ဘေးမှ ရပ်နားထောင်နေသော သူ့သားတယောက်ကတော့မူ အကြောင်းရင်း မသိရှာသဖြင့် နှစ်ယောက်သား ပြောဆို ရယ်မောနေကြသော သူ့ဖခင်နှင့် ကျွန်တော့်ကို တလှည့်စီကြည့်နေသည်။ ဆရာလင်းယုန်နီသည် စစ်ပြီးခေတ် လူငယ်ကျောင်းသားဘ၀နှင့်တုန်းက အလွန်တရာ ရုပ်ရှင်ကြည့်သူဖြစ်၏။ အထူးသဖြင့် နိုင်ငံခြားရုပ်ရှင်ကားကိုကြိုက်နှစ်သက်တတ်၏။ကားသစ် လဲတတ်သော သောကြာနေ့များတွင် တနေ့လျှင်လေးပွဲစလုံး ကြည့်တတ်ကြောင်းပြောလျှင် ရန်ကုန် ရုပ်ရှင်ဂျပိုးများပင် လက်ခံယုံကြည်ရန်ကျပ်၏။ သို့ရာတွင် ကျွန်တော် အလင်းရောင်သတင်းစာနှင့် ဂျာ နယ်များတည်းဖြတ်ထုတ်ဝေခဲ့သော ၁၉၅၀-၆၀ခုနှစ်များအတွင်းက ရုပ်ရှင်ကားသစ်များ လဲတတ်သော သောကြာနေ့များတိုင်း ထိုဆရာသမားသည် သတင်းစာဂျာနယ်တိုက်သို့ ပေါက်လာတတ်ပြီး ကျွန်တော့်အိတ်ကပ်ထဲက နှိုက်တတ်သည်ကိုမေ့မရနိုင်သေးချေ။ယခုအခါ တနေ့လျှင် လေးပွဲပြသဖြင့် လေးပွဲစလုံး ဘယ်လိုကဘယ်လိုကြည့်တတ်မှန်းမသိသော ဆရာလင်းယုန်နီသည် သူကြိုက်နှစ်သက် တတ်သော နိုင်ငံခြားရုပ်ရှင် တင်သွင်းရေးဌာနတွင် အလုပ် လုပ်ကိုင်နေရပါပကောလား။ 'တောရ'မှ အိမ်သို့ ပြန်ရောက်လာပြီးနောက် ရက်သတ္တတပတ်လည်သောနေ့တွင် ကဗျာဆရာနှင့်စန္ဒယားဆရာကိုမေဓာတယောက် နံနက်စောစော ကျွန်တော့်အိမ်သို့ ပေါက်ချလာသည်။ ကိုမေဓာနှင့် ကျွန်တော်သည် နှစ်ပေါင်းအစိတ်သာသာခန့်မျှစိတ်တူသဘောတူ ပေါင်းသင်းလာ ခဲ့ကြသောသူငယ်ချင်းများဖြစ်ကြ၏။ တယောက်တကြောင်းကိုတယောက် အတွင်းအပြင် သိထား သူများလည်းဖြစ်၏။ ယခုအကြိမ်ပါနှင့်ဆိုလျှင် 'တောရ'မှ ကျွန်တော်ပြန်ရောက်လာပြီးနောက် ဒုတိယအကြိမ် လာရောက်ဖြင်းဖြစ်သည်။ ကဗျာဆရာသည် နှစ်ပေါင်း အစိတ်သုံးဆယ်ကျော်အတွင်း ဘယ်တော့မှမချွတ်တတ်သော ဘန်ကောက်လုံဂွင်းကို ၀တ်ဆင်မြဲဝတ်ဆင်ထား၏။ သို့ရာတွင် အပေါ်အင်္ကျီတော့မပါ၊ လှိုင်းလိုထနေသော သူ၏ဆံပင်များကို မွှေးထုံသောဆီများလိမ်းကျံကာ သပ်ရပ်ကောင်းမွန်စွာ ဖီးသင်ထား၏။ သူသည် ယခုထက်တိုင်အိမ်ယာထောင်ခြင်းကိစ္စကို လျစ်လျူရှုထားသူဖြစ်သော ကြောင့်လားတော့မသိ၊ ပျိုမျစ်ဆဲဖြစ်သည်။ သို့ရာတွင် အချိန်၏ဖိစီးမှုဒဏ်ကိုကားသူသည် မလွန်ဆန်နိုင်ပေ။ သူ့မျက်နှာပြင်တွင် ကောက်ကြောင်းကလေးများ ပေါ်ပေါက်လျက်ရှိပါပကော။ မိတ်ဆွေအတော်များများနှင့် လုပ်ဖော်ကိုင်ဘက် အတော်များများက ကိုမေဓာကို "ဓာတ်ခွဲ"ဘို့ခက်သည်ဟု ညည်းထွားပြောဆိုတတ်ကြသည်။ ကိုမေဓာသည် နိုင်ငံရေးသတ္တ၀ါလော၊ အနုပညာသမားလောဆိုသောပြဿနာဖြစ်၏။ သူသည်စစ်ကြိုခေတ် တကသစင်မြင့်တွင် ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုဗဂျမ်း၊ ကိုလှမောင်၊ ကိုထွန်းရှိန်၊ ကိုဗဆွေ စသူတို့နှင့် လက်တွဲခဲ့ ဘူးသလို ဂီတနှင့်စာပေလောကများမှ တကယ့်အကျော်အမော်များနှင့်လည်း လက်တွဲမဖြုတ်ပေ။ စောင်းကိုသသန်းသည် သူနှင့်များစွာခင်မင်ရင်းနှီး၏။ ပန်ချီဆရာကြီး ကိုအုန်းလွင်နှင့်လည်း သူလက်တွဲတတ်၏။ စာရေးဆရာများအသင်းကြီးတွင်လည်း သူသည်အသက်ငယ်ငယ် ရွယ်ရွယ်နှင့် ဥက္ကဋ္ဌ တင်မြှောက်ခြင်းခံခဲ့ရသော စာသမား တစ်ယောက်ဖြစ်သည်။ အိမ်သို့သူပထမ လာရောက်သောနေ့ကပင် အစီအစဉ်များပြုလုပ်ထားခဲ့သည်ဖြစ်၍ ကိုမေဓာနှင့် ကျွန်တော်လိုက်ပါသွားသည်။ ခရီးသည်များကိုငါးပိသိပ်ငါးချဉ်သိပ် သိပ်ကာပို့ဆောင် သယ်ယူနေရသော ဘတ်စ်ကားကိုနှစ်ကြိမ်မျှပြောင်းစီးရပြီးနောက် ရွှေတိဂုံစေတီတော်ခြေရင်းကို ကျွန်တော်တို့နှစ်ယောက် ရောက်ရှိလာကြ၏။ အားခွန်ဗလကို စမ်းသပ်တိုင်းထွာကြည့်လိုသဖြင့် ကျွန်တော်သည် လျှပ်စစ်ဓာတ်အား၏ အကူအထောက်မယူဘဲ ကုန်းတော်ဘက်သို့ ခြေလျင် တက်ကြည့်သည်၊ လမ်းခုလပ်တွင် နှစ်ကြိမ်လောက်နားရ၏၊ တော်တော်ကလေးဟိုက်သွား၏။ ရင်ပြင်တော်ထက်တွင်လူစည်ကားသည်၊ တိုင်းတပါးသား အများအပြားကိုလည်း တွေ့ရ၏။ သို့ရာတွင် ထိုအရပ်သားများသည်ခြေနင်းမပါကြတော့ချေ။ လွန်လေပြီးသော အနှစ်ငါးဆယ် လောက်က ဘုရားပေါ်သို့ ဘွတ်ခြေနင်းစီး၍မတက်ရန် အကြောက်အကန်တိုက်ပွဲဆင်ခဲ့ကြသော မြန်မာ့ သုခမိန်ကြီးတဆူဖြစ်သူ ဒေါက်တာကိုယ်တော်မှိုင်းနှင့် ကာတွန်းဆရာကြီးဦးဗကလေးတို့၏ ဂုဏ် ကျေးဇူးများကို သတိရအောက်မေ့မိ သည်။ ဘုရားပေါ်တွင်မမြှော်လင့်သော ယခင် နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တော်တော်များများကို တွေ့ရ၏၊ စိပ်ပုတီးများနှင့်ဖြစ်ကြသည်။ လည်ပင်းတွင်စိပ်ပုတီးဆွဲထားသော ယခင် မာ့က္ခစ်ဝါဒ သမားဆိုသူတယောက်က"နိုင်ငံရေးသမားတွေတောင်ဘုရားလူကြီးဖြစ်ကုန်ကြပြီဗျ...."ဟု ကျွန်တော့် ကိုသတင်းပေး၏။ ကျွန်တော်သည် အံ့သြသွား၏။ နိုင်ငံရေးသမားတွေ အဘယ်သို့ ဖြစ်ကုန်ကြပါလိမ့်။ ဘုရားပေါ်မှဆင်းလာပြီးနောက် "ညိုမြ"တည်ခင်းသော နံနက်စာကို ဆူးလေဘုရားလမ်း ပျော်ပွဲစား ရုံတစ်ခုတွင်စားသောက်ရ၏။ "ညိုမြ"သည် သူအစွဲအလမ်းအားကြီးသော "အိုးဝေ" အမည်ဖြင့် ဂျာနယ်တစောင် ထုတ်ဝေလျက်ရှိသည်။ သူ့ဟန်ပန်အမူအရာနှင့် ဂိုက်ဆိုက်များသည် ယခင်ကအတိုင်း အေးတိအေးစက်နှင့်သာဖြစ်သည်။ ကိုမေဓာ၏ ဝေါဟာရကို ငှားရမ်းသုံးစွဲရလျှင် "မတုန်မလှုပ်"ဟူ၍သာ ပြောဆိုရမည်ပင်။ "တောရ"မှ ပြန်ရောက်လာပြီးနောက် "ဒါရိုက်တာဆရာကျော်" ဦးစီးထုတ်ဝေလျက်ရှိသော ရှုမ၀မဂ္ဂဇင်းမှ ညိုမြ၏ကဗျာနှင့်ဆောင်းပါးများအကြောင်း ကျွန်တော်ကစကားစလိုက်၏။ ရသစာပေ မရေးသည်မှာ သူ့တသက်ဘဲရှိလေပြီဖြစ်သော ညိုမြ၏ နိဗ္ဗိန္ဒကဗျာ အကြောင်းကိုစပ်လိုက်၏၊ ညိုမြသည် မုံရွာနယ်ရှိ ဖိုးဝန်းတောင်ကိုနောက်ခံထား၍တရားဓမ္မအားထုတ်ချင်ကြောင်း ညည်းထွား သေးသည်။ ယင်းကဗျာတပုဒ်အပြင် ကမ္ဘာနှင့်အ၀ှန်းပေါ်ပေါက်လျက်ရှိသော လူငယ့်ပြဿနာ ဆောင်းပါးတပုဒ်ကိုလည်း ဖတ်ချင့်စဖွယ်လှလှပပရေးထားသည်။ သူသည် ထိုသို့ရေးရုံနှင့် အားမရနိုင် သေးသကဲ့သို့ "ကိုယ့်လူလဲ လူငယ်တွေ ဆေးခြောက်တို့ ဘိန်းဖြူတို့ မစားရဲ,မစားဝံ့အောင် ၀တ္ထုကလေး ဘာကလေးများ ရေးစမ်းပါအုံး"ဟု တိုက်တွန်းစကားပင် ပြော ကြားလိုက်သေး၏။ ညိုမြကနံနက်စာတနပ်ကျွေးသည့်အတွက်ကျွန်တော်ဝမ်းသာသည်။ ထို့ထက် စာမရေး သည်မှာကြာလှပြီဖြစ်သောထိုအညာသားတယောက် စာပြန်ရေးဖော်ရသည့်အတွက်ပို၍ ၀မ်းသာသည်။ ပျော်ပွဲစားရုံထက်မှ ဆင်းလာခါနီးတွင် "တောရ"တွင် မတွေ့ခဲ့ဘူးလား-ဟု ဆရာ မောင်မောင်သင် မေးသော မြင်းခြံသား "စံဝင်း"ကို မမြှော်လင့်ဘဲ တွေ့ရပြန်၏။ ဤအညာသား စာရေးဆရာ တယောက်သည် လည်း စာပေလောကနှင့် အိုးစားကွဲသွားသည်မှာ ကြာလှပါပကော။ သူသည် စကားပြေရော, ကဗျာပါ အရေးအသား,အစပ်အဟပ်ကောင်း၏။ "တက်တိုး"စာတည်း လုပ်စဉ်က ဂန္တလောကမဂ္ဂဇင်းတွင် "ငှက်ဖိုးခေါင်ချစ်နယ်ချဲ့သူတို့ ခွန်းတွဲ့တွဲ့ချို"ဆိုသော ကဗျာကို ယခုတိုင် ကျွန်တော်အလွတ်ရ၏။ စံဝင်းသည် သူ၏ ရေကြည်ရာ မြက်နုရာ အရပ်နေရာကို ဖွေရှာရင်း ရေနံလုပ်ငန်းတွင်လည်း အလုပ်လုပ်ခဲ့၏၊ တိုင်းတပါးသို့လည်း ရောက်သွား၏။ ထိုကမှတဖန် ပြန်လာပြီးနောက် အင်္ဂလိပ်သတင်း စာတစောင် တွင် အလုပ် လုပ်ခဲ့သေး၏။ "ကျွန်တော်အခု ရှုမ၀ မဂ္ဂဇင်းမှာ စာပြန်ရေးနေပြီဗျ...."ဟု စံဝင်းက ၀င့်ဝင့်ကြွားကြွား ပြောဆိုလိုက်သောအခါ ကျွန်တော်သည် စာပေလောကသို့တပတ်ပြန်လည်လာခဲ့ပြီဖြစ်သော ထိုအညာသား စာရေးဆရာအတွက် များစွာအားရ ဂုဏ်ယူမိသည်။ နံနက်စာစားသောက်ပြီးသောအခါ ၁၁-နာရီထိုးပြီးသွားပြီဖြစ်၏။ ကိုမေဓာက ရုပ်ရှင်ကြည့်ရန် ပြောဆိုလာသောအခါ မြာနှင့်သူရာလောက်သာ ကြိုက်တတ်သော ညိုမြသည် ကျွန်တော်တို့နှင့်အတူ မလိုက်တော့၊ လမ်းခွဲသွားသည်။ မည်သည့်ရုပ်ရှင်ကားကိုကြည့်မည်ဟု အစီအစဉ်မရှိသဖြင့် ရုပ်ရှင်ရုံများဖြင့် ကျပ်ခဲ ပြွတ်သိပ်နေသော ဆူးလေးဘုရားနှင်ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးများတ၀ိုက်တွင် ကျွန်တော်နှင့် ကိုမေဓာတို့သည် ရစ်သီ ရစ်သီ လုပ်ကြရ၏။ ကြည့်၍ သင့်မည့်,ကောင်းမည့်ကားကို လိုက်လံကြည့်ရှုနေရခြင်းဖြစ်သည်။ ဆူးလေနှင့် ဗိုလ်ချုပ်လမ်းတ၀ိုက် နိုင်ငံပိုင် ရုပ်ရှင်ရုံများတွင် တနေ့လျှင် လေးပွဲမျှပြသနေကြသော နိုင်ငံခြားရုပ်ရှင်ကားများသည် လိင်၊ ရာဇ၀တ်မှုနှင့် အကြမ်းဖက်မှုများကို လှုံ့ဆော်သော ရုပ်ရှင်ကားများသာဖြစ်ကြ၏။ ထို့ကြောင့် နိုင်ငံခြားရုပ်ရှင်ကားများကို အကဲခပ်ကြည့်ရှုရန် စိတ်ကူးကိုစွန့်လွှတ်လိုက်ရတော့သည်။ နိုင်ငံခြား ရုပ်ရှင်ကားများ တင်သွင်းသော ဌာနတွင် တာဝန်ယူလျက်ရှိကြသော ယခင်ကရေးဘော်ရေးဘက်များဖြစ်ကြသည့် စာရေးဆရာ လင်းယုန်နီ၊ ကိုကိုနှင့် မင်းရှင်တို့ လူသိုက်ကိုလည်း နောက်ထပ်လူချင်းတွေ့ရသောအခါ ပြောဦး ဆိုဦးမည်ဟု အောက်မေ့ထားလိုက်၏။ ကျွန်တော်တို့သည် မြန်မာကားများပြသော ရုံများကို လိုက်လံကြည့်ရှုရပြန်၏။ သို့ရာတွင် မြန်မာရုပ်ရှင်ကားများသည်လည်း နိုင်ငံခြားရုပ်ရှင်ကားများ၏ လွှမ်းမိုးခြင်းခံနေရပုံကို တွေ့မြင်ရသော အခါ ကျွန်တော်သည်များစွာကျောချမ်းသွားမိ၏။ ထေရ၀ါဒဗုဒ္ဓသာသနာထွန်းကားသော မြန်မာနိုင်ငံ တွင် မြန်မာရုပ်ရှင်ထုတ်လုပ်ကြသူများသည်လိင်၊ ရာဇ၀တ်မှုနှင့် အကြမ်းဖက်မှု ရုပ်ရှင်ကားများကို အဘယ့်အတွက် အစုလိုက်အပြုံလိုက်ထုတ်နေကြသနည်း။ နိုင်ငံခြားရုပ်ရှင်ကားများကို အဘယ့် အတွက် မြန်မာလို ဆင်ယင်ထုံးဖွဲ့ကာ ပြသနေကြသနည်း။ ရုပ်ရှင်စီစစ် ကြည့်ကြပ်ရေးဌာနတွင် တာဝန်ရှိနေကြသော ယခင်ကရေးဖော်ရေးဘက်စာရေးဆရာ များဖြစ်ကြသည့် တက္ကသိုလ် ခင်လေးမောင်၊ တက္ကသိုလ်မောင်မောင်ခင်တို့နှင့် လူချင်းတွေ့ရတော့မှ ပြောရဆိုရဦးမည်ဟု တေးထားလိုက်ရသည်။ နောက်ဆုံး၌ ကြည့်စရာကားမရှိတော့သဖြင့် "ကတ္တီဖိနပ်စီး-ရွှေထီးဆောင်း" အမည်ရှိသော ရုပ်ရှင်ကားကိုကျွန်တော်တို့ဝင်ကြည့်ကြရ၏။ ထိုရုပ်ရှင်ကားမှာ စာရေးဆရာမောင်သာရရေးသော ၀တ္ထု ကို စာရေးဆရာသာဓုပိုင်သော ရုပ်ရှင်ကုမ္ပဏီက စာရေးဆရာသာဓု၏သားကြီးဖြစ်သူ မောင်ဝဏ္ဏက ရိုက်ကူးသောရုပ်ရှင်ကားဖြစ်သည်။ ထုတ်လုပ်သူရော ၎င်း၏သားသာမက ၀တ္ထုရှင်စာရေးဆရာနှင့်ပါ ကျွန်တော်သည် ခင်မင်ရင်နှီး၏။ သာဓုဆိုလျှင်ကျွန်တော်နှင့်လွန်ခဲ့သော အနှစ်အစိတ်ခန့်လောက် ကတည်းက ရင်းရင်းနှီးနှီး ပေါင်းသင်းလာခဲ့သော နိုင်ငံရေးသမားနှင့် စာပေသမားတယောက်ဖြစ်၏။ သူ့ကို သခင်ဖေသန်းအဖြစ်နှင့်သိရှိကြသူ နည်းပါးလျက်ရှိ၏၊ သူ့သားကြီး မောင်ဝဏ္ဏကို ကျွန်တော် စတွေ့ခါစက သူ့မိခင်ဖြစ်သော ဆရာမဒေါ်ခင်ညို၏ရင်ခွင်ထက်တွင် နို့စို့နေတုန်းအရွယ်ဖြစ်၏။ စာရေးဆရာမောင်သာရသည်လည်း သူကျောင်းသားလူငယ်ဘ၀နှင့်တုန်း ကတည်းက ကျွန်တော်၏ သတင်းစာနှင့် ဂျာနယ်တိုက်များတွင် တံခါးမရှိ ဓါးမရှိ ၀င်ထွက်နေသူဖြစ်သည်။ "ကတ္တီပါဖနပ်စီး ရွှေထီးဆောင်း" ရုပ်ရှင်ကားကို ကြည့်ရှုပြီး၍ ရုံတွင်းမှ ထွက်လာကြသော အခါ ဤကဲ့သို့ ၀တ္ထုဇာတ်လမ်းမျိုးကိုရေးကြီးခွင်ကျယ်လုပ်ရေးကာ ဤကဲ့သို့ရုပ်ရှင်ကားမျိုးကို ထုတ်လုပ်သော စာရေးဆရာမောင်သာရနှင့် သာဓုတို့ကို ကျွန်တော်များစွာအံသြမိ၏။ မောင်သာရသည် ၎င်းအမျိုးသားစာပေဆုရသော "မတ်တတ်ရပ်လို့ လမ်းမှာငို"ကဲ့သို့ လူများစုကြီးနှင့် နီးစပ်သောဝတ္ထုမျိုးကို ဖိ၍ရေးဖို့ကောင်း၏။ ထုတ်လုပ်သူ ဆရာသာဓုတယောက်သည်လည်း အများစုကြီး၏ဘ၀ကို ဖော်ကျူးထားသောရုပ်ရှင်ကားများထုတ်လုပ်သင့်ပြီထင်၏။ ယင်းသို့ ၀ါရင့် စာရေးဆရာနှင့်ထုတ်လုပ်သူများအကြားတွင်"ကတ္တီပါဖိနပ်စီးရွှေထီးဆောင်း" ကဲ့သို့သော ရုပ်ရှင် ကားမျိုးကို စိတ်ဝင်စားအောင်နှင့် ကြည့်ပျော်ရှုပျော်ဖြစ်အောင် ရိုက်ကူးတင်ပြသွားသော ဒါရိုက်တာမောင်ဝဏ္ဏကိုကား ချီးမွမ်းအံ့သြရမည်ဖြစ်သည်။ ရုပ်ရှင်ရုံမှထွက်အလာတွင် ဆရာသာဓုနှင့် တွေ့ရ၏။ လူရင်းချင်းဖြစ်ကြ၍ ထိုကဲ့သို့သော ဇာတ်လမ်းမျိုးထုတ်လုပ်သည့်အတွက် ကျနော်ကအပြစ်တင်လိုက်သောအခါ သာဓုသည် ပြုံး၍သာ နေသည်၊ ဘာမှ ပြန်လည်ချေပငြင်းခုံခြင်းမပြုပေ။ သူသည် အပြင်လောကအကြောင်း ကျွန်တော့်ထက် သိကျွမ်းနားလည်၍သာဖြစ်တန်ရာသည်။ တကယ်ဆိုတော့ ကျွန်တော်သည် လူ့ဘုံခန်းဝါသို့ ပြန်ရောက်သည်မှာ ဘာမျှမကြာလှသေး၊ ရက်သားမျှလောက်သာ ရှိပေသေးသည် မဟုတ်သလော။ တယောက်နှင့်တယောက် လူချင်းခွဲခါနီးတွင် "ဟေ့ လူသခင်ဖေသန်း၊ ခင်ဗျားစာကလေး ဘာလေး မရေးတော့ဘူးလားဗျ" ဟု ကျွန်တော်က မေးလိုက်သောအခါ သူသည် ပြုံးစေ့စေ့သာ လုပ်နေ၏။ ဆရာသာဓု သည် နားအာရုံ အားနည်းသူ ဖြစ်သဖြင့် ကျွန်တော်ပြောလိုက်သော စကားကို မကြား၍လားဟု ထင်မှတ်ကာ "စာပေလောကကို တကြိမ်က စွန့်ခွာသွားကြတဲ့ စာရေးဆရာ အတော်များများ စာပြန်ရေးနေပြီဗျ၊ ခင်ဗျားကော ဘာပြုလို့မရေးသေးသလဲ"ဟု ကျွန်တော်က အသံမြှင့်၍ မေးမြန်းလိုက်သောအခါ "ကိုယ့်လက် အရှိသားဘဲ မဟုတ်လား၊ ကိုယ့်ဟာကို ရေးပေါ့"ဟုဆိုကာ ထိုဆရာသမားကပြုံးဖြဲဖြဲနှင့် ပြန်ပြောလိုက်သဖြင့် သူပြောဆိုလိုက် သောစကားကို လေးလေးနက်နက် စဉ်းစားရင်း ကိုမေဓာနှင့် ကျွန်တော်တို့နှစ်ယောက်သည် "ဒါရိုက်တာဆရာကျော်" ဖိတ်ကြားထားသော ညစာ စားသောက်ရန်အတွက် ဆင်းဒွစ် လမ်းရှိ ရှုမ၀ မဂ္ဂဇင်းတိုက်သစ်သို့ ထွက် လာခဲ့ကြရ၏၊ ဗန်းမော်တင်အောင် Attachment(s) from Kyaw Than 1 of 1 File(s) -- ___ စိတ်နှလုံးရွှင်လန်းပြီး အပန်းလဲပြေနိုင်ပါစေ__ (ဖြူစင်) သူငယ်ချင်းတို့ပို့လိုသောမေးလ်များအားပြန်လည်ဝေမျှပါမည်။ တပါးသူနစ်နာစေမည့်မေးလ်၊ နိုင်ငံရေးပတ်သက်မည့်မေးလ် တို့လုံးဝပို့မည်မဟုတ်ပါ။ -- သင်သည် Jeffylin916 Group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါက email@example.com သို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက firstname.lastname@example.org သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက email@example.com ဖြင့်ထွက်နိုင်ပါတယ်။
<urn:uuid:10b58b76-c3ac-46a2-a2c4-ceecbc0bae3a>
CC-MAIN-2015-18
http://myanmardailymail.blogspot.com/2011/08/jeffylin916-fwd-8888peoplepower-1.html
2015-04-26T22:30:07Z
s3://commoncrawl/crawl-data/CC-MAIN-2015-18/segments/1429246656747.97/warc/CC-MAIN-20150417045736-00242-ip-10-235-10-82.ec2.internal.warc.gz
mya
0.855268
Mymr
35
{"mya_Mymr_score": 0.8552680015563965, "blk_Mymr_score": 0.13933706283569336}
Published December 15, 2012 မြန်မာ ကိုယ်ပိုင်သံစဉ်တွေနဲ့ နံမည်ကြီးခဲ့တဲ့ တေးသံရှင် မီမီဝင်းဖေဟာ အမေရိကန်နိုင်ငံ မယ်ရီလန်းပြည်နယ်မှာ ၅ နှစ် တာ နေထိုင် သွားခဲ့ပြီးတဲ့နောက် စက်တင်ဘာလတုန်းက ဖခင်ဖြစ် သူနဲ့အတူ မြန်မာနိုင်ငံကို အလည် သွားရောက်ခဲ့ပါတယ်။ သူမရှိ တဲ့ ၃ နှစ်တာ ကာလမှာ မြန်မာနိုင်ငံဟာ အတော်လေးပြောင်းလဲ သွားခဲ့ပြီး အထူးသဖြင့်တော့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲ မှုတွေထက် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ၊ လွှတ်လပ်တဲ့ အငွေ့အသက်တွေကို ခံစားရတယ်လို့ မီမီဝင်းဖေက ပြောပါတယ်။ ဂီတလောကမှာလဲ အရည်အချင်းရှိတဲ့ မျိုးဆက်သစ်တွေ အများ ကြီး တွေ့ရသလို၊ မြန်မာ့ ဂီတ ရေစီးကြောင်းလည်း ကောင်းမွန်တဲ့ ဦးတည်ချက်နဲ့ လမ်းခရီး ဖြောင့်ဖြူးနေတာ တွေ့ရတယ်လို့ မီမီဝင်းဖေက ပြောပါတယ်။ မီမီဝင်းဖေကို ဗွီအိုအေ ၀ိုင်းတော်သူ မခင်ဖြူထွေးက တွေ့ဆုံ မေးမြန်းထားပါတယ်။
<urn:uuid:a72a8bbd-2980-4270-8d23-19f3c1456bb7>
CC-MAIN-2015-18
http://www.voanews.com/media/video/1565401.html
2015-04-27T04:44:34Z
s3://commoncrawl/crawl-data/CC-MAIN-2015-18/segments/1429246657041.90/warc/CC-MAIN-20150417045737-00306-ip-10-235-10-82.ec2.internal.warc.gz
mya
0.942763
Mymr
44
{"mya_Mymr_score": 0.9427627325057983, "blk_Mymr_score": 0.03899618983268738, "und_Mymr_score": 0.01587291993200779}
Plumi ကိုထည့်သွင်းခြင်းနှင့် configure လုပ်ခြင်း ထည့်သွင်းခြင်းနောက်ဆုံး update ဖြစ်သော Plumi ထည့်သွင်းမှုလမ်းညွှန်ကို https://github.com/plumi/plumi.app/blob/master/docs/INSTALL.rst တွင်ရနိုင်ပါသည်။ ဤစာမျက်နှာသည် Plumi ကို Debian/Ubuntu တွင် မည်သို့ ထည့်သွင်းရမည်ကို ပြောပြပေးသွားမည် ဖြစ်ပါသည်။ Plumi သည် application server, web server, FTP server, cache server and media transcoding system များပါဝင်သော package တစ်ခုဖြစ်ပါသည်။ လမ်းညွှန်မှုက သင့်အား လိုအပ်သော package များကိုပြပေးပြီး တည်ဆောက်မှုကို မည်သို့လုပ်ရမည်နှင့် လုပ်ဆောင်နေသော ၀န်ဆောင်မှုများကို မည်သို့ စစ်ဆေးရမည်ကို ပြောပြပေးသွားပါလိမ့်မည်။ Configuration များပြုလုပ်ခြင်းPlumi နှင့် Plone ကိုယ်တိုင်က (မည်သည့် Plumi ကိုထည့်သွင်းထားသည်ကိုမူတည်၍) configure လုပ်နိုင်ရန် အလွန်လွယ်ကူပါသည်။ ဤသင်ခန်းစာက ကိုယ်တိုင်စိတ်ကြိုက်ပြင်ဆင်နိုင်သော မှတ်တမ်းများနှင့် ချိတ်ဆက်ထားသည့် configure လွယ်လွယ်ကူကူလုပ်နိုင်သော Plumi ၏ စွမ်းဆောင်ရည်အချို့ကို ပြောပြပေးပါမည်။ ဝဘ်ဆိုက်ကို ပြင်ဆင်တည်ဆောက်ခြင်း အပေါ်ဘက်ညာထောင့်ရှိ site setup လင့်ခ်ကိုနှိပ်ကာ Plumi ၏ နဂိုပါသော ဆက်တင်များကို configure လုပ်နိုင်ပါသည်။ ထိုသို့လုပ်ရန်အတွက်ကို မန်နေဂျာအဆင့်သို့ သုံးစွဲသူတစ်ဦးအနေဖြင့် log in ၀င်ရောက်ပေးရမည်ကို သတိပြုပါ။ Plone ၏ အခြေခံ configuration ကိုရနိုင်ပါသည်။ ထို့ပြင် (Plumi package များပါသော) Add-on များအတွက်လည်း configuration ရနိုင်ပါသည်။ ⁞ Plone Configuration - Add-ons. Plumi ဆိုက်တွင် မည်သည့် add-on module များကို ထည့်သွင်း၍ရနိုင်မည်လဲ။ - Calendar. ပြက္ခဒိန်၏ ရက်သတ္တပတ်များတွင် ပထမဆုံးရက်ကို သတ်မှတ်နိုင်ခြင်း။ - Configuration Registry. add-on modules တချို့အတွက် ပြင်ဆင်သတ်မှတ်ခြင်း။ - Content Rules. တိကျသေချာသော အဖြစ်များဖြစ်ပွားပါက content တွင် အလိုအလျောက်တုံ့ပြန်သော စည်းမျဉ်းများ။ - Diazo theme Diazo ကိုသုံး၍ Plumi အတွက်မြင်ရသော ပုံစံများ, အကျယ်သိရန် ဒီမှာဖတ်ပါ။ - Discussion. Configure မှတ်ချက်များပေးခြင်း။ - Editing. WYSIWYG editor ကို configure လုပ်ခြင်း။ - Errors. ဆိုက်တွင် လတ်တလော ဖြစ်ပေါ်နေသော ပြဿနာများ။ - HTML Filter. လုံခြုံရေးအရ စိုးရိမ်ရသော HTML tag များကို Plone က စိစစ်ပေးသည်။ ဤနေရာမှာ သင်ကိုယ်တိုင်က မည်သည့် tag များကို ကန့်သတ်ပြီး မည်သည့် tag များကို ခွင့်ပြုကြောင်း သတ်မှတ်ချက်များပြင်ဆင်နိုင်သည်။ - Image Handling. Plumi မှ ထုတ်ပေးသော ပုံရိပ်များ ဆိုဒ်များကို configure လုပ်ခြင်း။ - Language Settings. ဆိုက်တွင် မည်သည့်ဘာသာစကားများကို ရနိုင်မလဲဆိုတာကို သတ်မှတ်ပေးရသည်။ လက်တလောတွင် Plumi က အင်္ဂလိပ်နှင့် အင်ဒိုနီးရှား ဘာသာများကို ပေးထားပြီး အခြားဘာသာများလည်း ထပ်၍ ရနိုင်တော့မည်။ - Mail. မေးလ်အတွက် သတ်မှတ်ခြင်းများ၊ SMTP server များ အပါအ၀င် “form” များ၊ ၀ဘ်ဆိုက်မှပို့သည့် အီးမေးလ်လိပ်စာများ။ - Maintenance. (Plone နှင့် သင်၏ Plumi ဆိုက်ကို လုပ်ဆောင်ပေးနေသည့်) Zope application server နှင့် အခြားသော ထိန်းသိမ်းမှုလုပ်ငန်းဆောင်တာများကို ပြန်လည်သတ်မှတ်ခြင်း။ - Markup. မူလသတ်မှတ်ထားသည့် HTML မှ စာသီးသန့် သို့မဟုတ် ပုံစံချထားသည့် စာပုံစံများဖြစ်သော markup အမျိုးအစားသို့ ပြောင်းပေးခြင်း။ - Navigation. ဇယားတွင် မည်သည့် content အမျိုးအစားကို ပေါ်စေချင်သည်ကို သတ်မှတ်သည့် Navigation setting. - Search. မည်သည့် content အမျိုးအစားကို ရ၍ရနိုင်သည်ကို သတ်မှတ်ခြင်း။ - Security. Passwords အပါအ၀င် အခြား သတ်မှတ်ချက်များ။ - Site. ဆိုက်၏ အကျုယ်အပါအ၀င် ခေါင်းစဉ်နှင့် ရည်ညွှန်းချက်များကိုပါ ပြောင်းပေးနိုင်သည့် သတ်မှတ်ချက်များ။ - Theme. ယခင် pre-Diazo theme configuration. - Types. content types များ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြင်နိုင်စွမ်းနှင့် version သတ်မှတ်ချက်များ။ - Users and Groups. သုံးစွဲသူများကို ထည့်ခြင်းနှင့်ထုတ်ခြင်း၊ အုပ်စုများသတ်မှတ်ခြင်း၊ သုံးစွဲသူများနှင့် အုပ်စုများအလိုက် အဆင့်များထားခြင်း (လုပ်ပိုင်ခွင့်ပေးခြင်း)။ - Zope Management Interface. ယခင် ZMI interface အတွက် ပိုများသော configuration သတ်မှတ်ချက်များ။ Add-On Configuration - Plumi ၏အဓိက သတ်မှတ်ချက်များ - Content Licensing Settings. ဖန်တီးမှုဆိုင်ရာလိုင်စင်အပါအ၀င် open content လိုင်စင် ရွေးချယ်မှုများ။ - Piwik settings. သင့် Piwik instance အတွက် ဆာဗာနာမည်များကို configure လုပ်ခြင်း။ - Plumi settings. ထုတ်ဝေဖြန့်ချိပြီးသား content အတွက် သတိပေးစာတိုများကို configure လုပ်ခြင်း။ - Ratings. မည်သည့် content တွင် အဆင့်သတ်မှတ်ချက်ထည့်သွင်းမည်လဲ။ - PloneCaptchas Setup. Captchas များအတွက် အရောင်စသည်တို့ကို ပြောင်းလဲခြင်း။ - Transcode Settings. transcode ဆာဗာလိပ်စာများ ရိုက်ထည့်ခြင်း။ mime အမျိုးအစားများ သတ်မှတ်ခြင်း၊ ဤနေရာတွင်လည်း စာတန်းထိုးကို configure လုပ်နိုင်သည်။ ပုံမှန်အားဖြင့် ကမ္ဘာလုံးဆိုင်ရာစာတန်းထိုးကို ထောက်ပံ့ပေးသည်။ Site Setup->Transcode Settings တွင်သွား၍ ဖြုတ်နိုင်သည်။ embed လုပ်ထားသော ဗီဒီယိုများမှတဆင့် ဒေါင်းလုဒ် လုပ်ခြင်းကိုလည်း ထိုနေရာတွင် သွား၍ ပိတ်နိုင်သည်။ - Upload Settings. Upload အတွက် ခွင့်ပြုနိုင်သော ပုံပမာဏနှင့် စာများ။ - Vocabulary Library. Plumi တွင် ဗီဒီယိုအမျိုးအစား၊ ခေါင်းစဉ်၊ ဘာသာစကားနှင့် နိုင်ငံ များအတွက် (ပုံမှန်အားဖြင့်) စကားလုံးများကို ဝေါဟာရအဖြစ် ထည့်သွင်း upload လုပ်နိုင်သည်။ မိမိစိတ်ကြိုက် ထပ်မံပြင်ဆင်ခြင်းများ သင်၏ Plumi ဆိုက်ကို စိတ်ကြိုက်ပြင်ဆင်ပြောင်းလဲခြင်းများအတွက် ထပ်မံသိရှိလိုသည်များကို Plone.org ရှိ မှတ်တမ်းများတွင် သွားရောက်လေ့လာမေးမြန်းနိုင်ပါသည်။
<urn:uuid:d96712f7-fe0f-4eb7-b870-8b558534468e>
CC-MAIN-2015-18
http://en.flossmanuals.net/my-video-hosting-guide/installing-and-configuring-plumi/
2015-05-03T20:00:04Z
s3://commoncrawl/crawl-data/CC-MAIN-2015-18/segments/1430450367739.91/warc/CC-MAIN-20150501031927-00007-ip-10-235-10-82.ec2.internal.warc.gz
mya
0.868563
Mymr
26
{"mya_Mymr_score": 0.8685632348060608, "blk_Mymr_score": 0.1277441382408142}
သုဒ္ဓေါဒနမင်းကြီး သုဒ္ဓေါဒနမင်းကြီး[ပြင်ဆင်ရန်] သုဒ္ဓေါဒနမင်းကြီး(Śuddhodana) သည် ဂေါတမမြတ်စွာဘုရား၏ ဘခမည်းတော်ဖြစ်၏။ အဝန်းယူဇနာကိုးရာရှိသော မဇ္ဈိမဒေသတွင် သက္ကတိုင်း(Shakya) ကပိလဝတ်ပြည်ကြီး(Kapilvastu) ကို စိုးအုပ်ပိုင်သသောမင်းကြီး တစ်ပါးဖြစ်ပြီးလျှင်လူဝတ်ကြောင်ဘဝနှင့်ပင်ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်စံဝင်ခဲ့သောပုဂ္ဂိုလ်ထူးလည်းဖြစ်ပေသည်။ သုဒ္ဓေါဒနမင်းကြီး၏ အမျိုးအနွယ်အစဉ်အဆက်မှာ ဩက္ကာကရာဇ်မင်းမှစ၍ ဇယသေနမင်းအထိ ရှစ်သောင်းနှစ်ထောင်သောမင်းတို့သည် ကပိလဝတ်ပြည်ကြီး၌ မင်းပြုကြကုန်၏။ ထိုမင်းတို့တွင်အစဖြစ်သော ဩက္ကာ ကရာဇ်မင်းကြီး၏ သကြာဝတဘောကုမာရာ=အချင်းတို့ သားတော်တို့သည်စွမ်းနိုင်ကုန်စွ တကားဟူသော ဥဒါန်းကျူးရင့်မိန့်ခွန်းဆင့်သည်ကိုအစွဲပြု၍ သာကီဝင်မျိုးဟု ခေါ်ကြောင်းကို သုတ်သီ လက္ခန်ပါဠိတော်၌ ဟောပြထားလေသည်။ ရှစ်သောင်းနှစ်ထောင်သောသာကီဝင်မင်းတို့၏ နောက်ဆုံးမင်းဖြစ်သော ဇယသေနမင်းမှ သားတော် သီဟဟနု၊ သမီးတော်ယသောဓရာ ဟူသော သားတော် သမီးတော်နှစ်ပါးကိုဖွားမြင်ခဲ့လေသည်။ ဇယသေန မင်း၏သားတော် သီဟဟနု( Sihahanu) နှင့်ဒေဝဒဟပြည် ဒေဝဒဟမင်း၏ သမီးတော် ကစ္စာနာတို့စုံဖက်ကြရာတွင် သားတော်သုဒ္ဓေါဒန၊ သက္ကောဒန၊ သုက္ကောဒန၊ ဓေါတောဒန၊ အမိတောဒန၊ သမီးတော် အမိတာ၊ ပါလိတာဟူသော သားတော်သမီးတော်ခုနစ်ပါးကိုဖွားမြင်ခဲ့လေသည်။ သီဟဟနုမင်းကြီး၏သားတော်သုဒ္ဓေါဒနနှင့် ဒေဝဒဟပြည် အဉ္ဇနမင်းကြီး၏သမီးတော် သိရီမဟာ မာယာတို့စုံဖက်ကြရာတွင် ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားကိုဖွားမြင်ခဲ့လေသည်။ ထိုကြောင့် သုဒ္ဓေါဒနမင်းကြီးအား ဘခမည်းတော်ဟူသောဂုဏ်ထူးဖြင့် ချီးကျူးခေါ်ဆိုရခြင်းဖြစ်လေသည်။ ထိုသုဒ္ဓေါဒနမင်းကြီး၏အဋ္ဌုပ္ပတ္တိကိုဗုဒ္ဓဝင် မဟာဝင်စသောကျမ်းဂန်တို့မှထုတ်နုတ်၍ အကျဉ်း အားဖြင့်ပြဆိုပေအံ့။ သုဒ္ဓေါဒနမင်းကြီးသည် ဘုရားအလောင်းငယ်စဉ်အခါ ကာဠဒေဝီလရသေ့၏ ဦးထက်၌တက်၍ ခြေတော်အစုံတင်သည်ကိုမြင်၍ ဘုရားအလောင်းအား ဦးစွာပထမရှိခိုး၏။ ဇမ္ဗူ့သပြေပင်ရိပ်၌သိပ်ထား လေသော် သပြေပင်ရိပ်သည်မပြောင်းမရွှေ့ ပြကတေ့အတိုင်းတည်သည်ကို မြင်၍ဒုတိယအကြိမ်ရှိခိုး၏။ ဘုရားဖြစ်ပြီးနောက် ဆွေတော်မျိုးတော်တို့အားပြတော်မူသော ရေမီးအစုံးတန်ခိုးပြာဋိဟာကိုုမြင်၍ တတိယအကြိမ်ရှိိခိုး၏။ သုဒ္ဓေါဒနမင်းကြီးသည် မြတ်စွာဘုရားကပိလဝတ်ပြည် နီဂြောဓာရုံကျောင်းတော်၌သီတင်းသုံးနေ တော်မူသောအခါ ရဟန္တာအပေါင်းနှစ်သောင်းနှင့်တကွ ကပိလဝတ်ပြည်တွင်းသို့ ဆွမ်းခံဝင်သည်ကိုမြင်၍ လျင်မြန်စွာ နန်းထက်က ဆင်းလာပြီးလျှင် မြတ်စွာဘုရားကိုရှိခိုးလျက် အရှင်ဘုရားအဘယ်ကြောင့် ကျွန်ုပ်တို့ကိုအရှက်ခွဲဘိသနည်း။ အကျွန်ုပ်တို့ အသမ္ဘိန္နခတ္တိယမင်းမျိုးသည်တောင်းစားရိုးမရှိ၊ ကြီးထ ဂုဏ်အင် ဆင်များ၊မြင်းများ ရွှေရထားဖြင့်သွားနေကျ ဖြစ်လျက် မရွံ့မရှက် အိုးခွက်လက်စွဲ မျက်နှာမွဲနှင့် အဘယ်ကြောင့် ဤကဲ့သို့ပြုပါသနည်း။ ဤမျှသောရဟန်းသံဃာတော်တို့အား ဆွမ်းကိုအကျွန်ုပ်မ တတ်နိုင်ဟု အမှတ်ထားတော်မူပါသလောဟုလျှောက်ထား၏။ မြတ်စွာဘုရားလည်း ခရီးလမ်းမ၏အလယ်၌ ရပ်တော်မူလျက်ပင် အိမ်စဉ်မပြတ်ဆွမ်းခံဝတ်ကားမချွတ်စေရ။ သမ္ဘုဒ္ဓတို့ဝံသနွယ်စစ်ကျင့်ရိုး ဖြစ်သည်ဟုမိန့်တော်မူပြီးလျှင် ဥတ္တိဋ္ဌေန နပ္ပမဇ္ဇေယျ၊ ဓမ္မံ သုစရိတံ စရေ။ ဓမ္မစာရီ သုခံ သေတိ၊အသ္မိံ လောကေ ပရမှိ စ။ ဟူသောဂါထာကိုဟောတော်မူ၏။ ထကြွလုံ့လရှိခြင်း၌မမေ့မလျော့ရာ၊ ကောင်းသောအကျင့်တရားကိုကျင့်ရာ၏။ တရားကိုကျင့်သော သူသည် ဤလောက၌၎င်း၊ တမလွန်လောက၌၎င်း၊ ချမ်းသာစွာနေရ၏။ (ဤကားဂါထာ၏ အဓိပ္ပာယ် တည်း။) ဤဂါထာ၏အဆုံး၌မင်းကြီးသည် သောတာပန်အဖြစ်သို့ ရောက်လေ၏။ ထိုမှတဖန် နန်းတော်သို့ရောက်သောအခါ · ဓမ္မံ့ စရေ သုစရိတံ၊ န နံ ဒုစ္စရိတံ စရေ။ ဓမ္မစာရီ သုခံ သေတိ ၊ အသသ္မိံလောကေ ပရမှိစ။ ဟူသောဂါထာကို ဟောတော်မူ၏။ ကောင်းသောအကျင့်တရားကိုကျင့်ရာ၏။ မကောင်းသောအကျင့်တရားကိုမကျင့်ရာ။ တရားကို ကျင့်သောသူသည် ဤလောက၌၎င်း၊ တမလွန်လောက၌၎င်းချမ်းသာစွာနေရ၏။ (ဤကားဂါထာ၏ အဓိပ္ပါယ်တည်း)။ ဤဂါထာ၏အဆုံး၌ သကဒါဂါမ်အဖြစ်သို့ရောက်လေ၏။ သုဒ္ဓေါဒနမင်းကြီးသည် မြတ်စွာဘုရားအား အရှင်ဘုရား၊ အရှင်ဘုရားတို့၏ ဒုက္ကရစရိယာ ကျင့်တော်မူသောအခါ နတ်သားတဦးလာလတ်၍ အရှင်မင်း ကြီး၏သားသေလေပြီဟုပြောသော်လည်း မယုံကြည်ကြောင်း လျှောက်ထားသည်ကိုအကြောင်းပြု၍ မဟာဓမ္မပါလဇာတ်ကိုဟော်တော်မူ၏။ ဒေသနာ တော်အဆုံး၌ မင်းကြီးသည်အနာဂါမ်အဖြစ်သို့ရောက်လေ၏။ သုဒ္ဓေါဒနမင်းကြီးသည်မြေးတော်ရာဟုလာအား ရှင်သာမဏေပြုသောအကြောင်းနှင့်စပ်၍ မြတ်စွာ ဘုရားအား အရှင်ဘုရား၊ သားမြေးတို့၌ချစ်ခြင်းသည်အပေါ်ရေ၊အတွင်းရေ၊ အသား၊အကြော၊အရိုးတို့ကို ဖြတ်၍ ရိုးတွင်းချင်ဆီသို့ထိရောက်ကာ တည်ရှိပါသည်။ အကျွန်ုပ်တောင်းပန်ပါသည်။ အမိအဘတို့ခွင့်မပြုသော သားကိုရှင်ရဟန်းမပြုပါလင့်ဟု လျှောက်ထားသည်ကို အကြောင်းပြု၍ မြတ်စွာဘုရားသည်· န ဘိက္ခဝေ အနနုညာတော မာတာပိတုယိ ပုတ္တော ပဗ္ဗာဇေတဗ္ဗော ၊ ယော ပဗ္ဗာဇေယျ၊အာပတ္တိဒုက္ကဋဿ (အမိအဖတို့ခွင့်မပြုသောသားကို ရှင်ရဟန်းမပြုရ၊ ပြုလျှင်ဒုက္ကဋ်အာပတ်သင့်စေ) ဟု ပညတ်တော်မူ၏။ မြတ်စွာဘုရား ဝေသာလီပြည်သို့ရောက်၍ တစ်လကျော်ရှိသောအခါ ဘခမည်းတော်သုဒ္ဓေါဒန မင်းကြီးသည် ကြီးမားသည်းထန်စွာရောဂါကပ်လာကြောင်း လျှောက်ထားရန် အမတ်တစ်ယောက်စေလွှတ် လိုက်သဖြင့် မြတ်စွာဘုရားသည်ကပိလဝတ်ပြည်နိဂြောဓာရုံကျောင်းသို့ရောက် ၍ သုံးရက်မြောက်သော အခါ မင်းကြီးသည်ထီးဖြူအောက်၌ အသရေရှိသောအိပ်ယာဝယ် လျောင်းလျက်ဘုရားတရားတော်ကို နာယူစဉ်ပင် အရဟတ္တဖိုလ်သို့ရောက်၍ ပရိနိဗ္ဗာန်စံဝင်လေ၏။ မြတ်စွာဘုရားသည်ဘခမည်းတော် သုဒ္ဓေါဒနမင်းကြီး၏ အလောင်းတော်ကို ကောင်းမွန်တင့်တယ်စွာတန်းဆာစီရင်လျက် နန်းဥကင်အချက်ဝယ်စကြဝတေးမင်း၏ အလောင်းကို သင်္ဂြိုဟ်သောနည်းဖြင့်သင်္ဂြိုဟ် တော်မူပေသတည်း။[၁] ကိုးကား[ပြင်ဆင်ရန်] - မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
<urn:uuid:9e55da0f-c865-4f8a-a83d-a592591d691e>
CC-MAIN-2015-18
http://my.wikipedia.org/wiki/%E1%80%9E%E1%80%AF%E1%80%92%E1%80%B9%E1%80%93%E1%80%B1%E1%80%AB%E1%80%92%E1%80%94%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%80%E1%80%BC%E1%80%AE%E1%80%B8
2015-04-28T02:03:30Z
s3://commoncrawl/crawl-data/CC-MAIN-2015-18/segments/1429246660493.3/warc/CC-MAIN-20150417045740-00207-ip-10-235-10-82.ec2.internal.warc.gz
mya
0.946114
Mymr
81
{"mya_Mymr_score": 0.9461138844490051, "blk_Mymr_score": 0.053628675639629364}
MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3 ,Yunghkio , Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter Don't share ebook or software if nobody request. You can find free book websites on here . We are welcome for discussion or asking question instead. Windows မှာတုန်းကတော့ ပြတ်တယ်။ ရွေးချယ်စရာ editor က များများစားစားမရှိဘူး။ Notepad++ နဲ့ဆို ပြီးတယ်။ ကျွန်တော်က CI ကို အဓိကသုံးတယ်ဆိုတော့ CI syntax highlighting လေးပါမှ သုံးချင်တာ။ Notepad++ က CI အတွက်မရဘူး။ အခြား IDE တွေတော့ မသုံးဖြစ်ဘူး။ လေးလွန်းလို့။ အခုနောက်ပိုင်း Mac သုံးတော့ ရွေးချယ်စရာ IDE တွေ ရှိလာတယ်။ လက်ရှိ နာမည်ကြီး IDE တွေက TextMate, Coda, Espresso , BBEdit တို့တွေပဲ။ BBEdit မကြိုက်ဆုံး editor လို့ဆိုရလိမ့်မယ် ထင်တယ်။ဖွင့်ကြည့်တယ်။ သုံးကြည့်တယ်။ သဘောမကျတာနဲ့ နောက်ပိုင်း မသုံးဖြစ်တော့ဘူး။ TextMate တကယ်ကောင်းတဲ့ Editor ပါ။ Bundle တွေလည်း အများကြီးရှိတယ်။ သဘောအကျဆုံးအပိုင်းကတော့ snippet ပဲ။ ရေးရတာ သက်သာတာပေါ့။ Code Igniter လည်း support လုပ်တယ်လို့ပြောတယ်။ ဒါပေမယ့် php အတွက် autocomplete မပါတာနဲ့ မသုံးဖြစ်တော့ဘူး။ ကျွန်တော်က mysql လို့ရိုက်လိုက်ရင် အနောက်ကနေ တန်းစီကြလာမှ သဘောကျတာ။ Coda လက်ရှိ secondary အနေနဲ့ သုံးနေတဲ့ Editor ပဲ။ autocomplete ပါတယ်။ နောက်ပြီး CI အတွက်လည်း ရှိတယ်။ သူ့ရဲ့ search က ရေလည်မိုက်တယ်။ folder တွေထဲက file တွေက text တွေကိုပါရှာပေးနိုင်တယ်။ CSS Editor လည်း မဆိုးဘူးဆိုရမယ်။ Open, Close Blanket အတွက် select မှတ်ပေးတယ်။ အဲဒီ effect လေး တော်တော်လှတယ်။ Code Folding မပါတာတော့ တော်တော်ဆိုးတယ်။ FTP support လုပ်တာလည်း မဆိုးဘူး။ Localhost တွေကို project အနေနဲ့ ဆောက်ထားလို့ရတာလည်း သဘောကျတယ်။ jquery နဲ့ CI ကို တွဲသုံးရတာ သိပ်အဆင်မပြေဘူး။ language တွေ ပြန်ပြန်ပြောင်းနေရတာ စိတ်ညစ်ဖို့ကောင်းတယ်။ Espresso သူကတော့ primary editor ပဲ။ autocomplete ပါတယ်။ CI လည်းရတယ်။ Coda လို Open, Close Blanket မသိရဘူး။ အဲဒီ syntax highlighting နောက်ပိုင်း ပါလာမယ်လို့ မျှော်မှန်းရတာပဲ။ Git မပါတာကတော့ သိပ်မမိုက်ဘူး။ FTP support လုပ်တယ်။ Project Create လုပ်လို့ရတယ်။ Coda မှာကတော့ မရဘူး။ တခြားထွေထွေထူးထူးပြောစရာမရှိဘူး။ တော်တော်လေးကိုကောင်းမွန်တဲ့ editor ပါ။ snippet တွေလည်း ထည့်လို့ရတယ်။ jquery , CI စတဲ့ sugar တွေရှိတယ်။ sugar က espresso အတွက် bundle သဘောမျိုးပေါ့။ textmate bundle တွေကိုလည်း espresso မှာ ထည့်လို့ရတာတော့ သဘောကျမိတယ်။ CI မူရင်းက HTML syntax highlighting မပါဘူး။ ဒါနဲ့ကိုယ့်ဘာသာ ကိုယ်ပြင်လိုက်တော့ တော်တော်လေးကို အဆင်ပြေသွားတာပဲ။ အဓိက Espresso ကိုသုံးတယ်။ code ကို folder တွေ file တွေ အများကြီးထဲကနေရှာဖို့ နဲ့ replace လုပ်ဖို့ coda ကို သုံးတယ်။
<urn:uuid:a311194d-f802-42f3-945a-543e28f96fda>
CC-MAIN-2015-18
http://www.mysteryzillion.org/discussion/8114/editor-in-mac
2015-04-19T21:02:09Z
s3://commoncrawl/crawl-data/CC-MAIN-2015-18/segments/1429246639482.79/warc/CC-MAIN-20150417045719-00025-ip-10-235-10-82.ec2.internal.warc.gz
mya
0.979048
Mymr
40
{"mya_Mymr_score": 0.9790476560592651, "blk_Mymr_score": 0.01981993019580841}
ထူးတာတော့ အတော့ကို ထူးဆန်းပါတယ် ။ ဒီလိုငါးမျိုး ကျွန်တော်လည်း အရင်က တခါမှ မမြင်ဖူးပါဘူး ။ ငလိပ်ကျောက်လို့ထင်ပေမယ့်လည်း ငလိပ်ကျောက်အစစ်တော့ မဟုတ်နိုင်ဘူး နဲ့တူပါတယ် ။ အရှေ့မှာ နှာမောင်းလိုလို လွှ လိုလို အချောင်းကြီးကလည်း ပါသေးတယ် ။ သူငယ်ချင်းတို့ ထဲမှာ သိတဲ့လူရှိရင်လည်း ပြောပေးသွားကြပါဦး ။ Fujairah မှာဖမ်းမိထားတာပါ ။ စူးစမ်းလေ့လာနေသူတွေကတော့ ငါးမျိုးစိတ်ကို စုံစမ်းလေ့လာနေဆဲဖြစ်တယ်လို့ ပြောပါတယ် ။ စာရေးသူ......သက်တန့်ချို......( ၁၁း၁၀ ည ၁၄.၉.၀၉ )
<urn:uuid:ccd13e04-5458-4f40-b92d-00ca34466129>
CC-MAIN-2015-18
http://www.thettantcho.com/2009/09/fujairah.html
2015-04-27T10:29:56Z
s3://commoncrawl/crawl-data/CC-MAIN-2015-18/segments/1429246658061.59/warc/CC-MAIN-20150417045738-00062-ip-10-235-10-82.ec2.internal.warc.gz
mya
0.928005
Mymr
20
{"mya_Mymr_score": 0.9280053973197937, "blk_Mymr_score": 0.07076720893383026}
နိုင်ငံရေးအရ နာမည်ကျော်ကြားသူ ဖြစ်တဲ့အတွက် တခြားအရှုပ်အရှင်းတွေ ဖြစ်မှာစိုးတာကြောင့် ရပ်ဆိုင်းလိုက်ကြောင်း ဆရာဝန်ကြီးက ရှင်းပြခဲ့တယ်လို့ ဦးဂန္ဘီရရဲ့မိခင် ဒေါ်ရေးက အခုလို ပြောပြပါတယ်။ " မနေ့က ဆရာဝန်ကြီးနဲ့တွေ့တယ်။ တွေ့တော့ ဦးဂန္ဘီရတို့ မင်းကိုနိုင်တို့ စတဲ့ နာမည်ကြီးတွေတဲ့ ။ အဲတာ သူကဝန်ထမ်းမို့လို့ မန္တလေးတို့ ရန်ကုန်တို့မှာ သွားကုပါတဲ့။ အဲဒီလို ငြင်းလွှတ်လိုက်တယ်။ ရှောင်တာနေမှာပေါ့။ ဆရာဝန်ကြီးပဲ။ အပြစ်မပြောချင်ပါဘူး" ဦးဂန္ဘီရဟာ ဖြစ်ပွားနေတဲ့ စိတ်ရောဂါအတွက် ဆရာဝန်ကြီး ဦးမြင့်ဆွေနဲ့ ကုသလျက်ရှိရာမှာ ပထမအကြိမ် ပြသပြီးနောက် ၇ ရက်စာ ဆေးပေးခဲ့ပြီး မနေ့က နောက်တစ်ပတ်စာ ဆေးသွားယူစဉ် ဆရာဝန်ကြီးက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေး အစရှိတဲ့မြို့ကြီးတွေကိုသာ သွားရောက်ကုသဖို့ ပြောလိုက်တယ်လို့လည်း ဒေါ်ရေးက ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ စုံစမ်းမေးမြန်းနိုင်ဖို့ ဆရာဝန်ကြီး ဒေါက်တောမြင့်ဆွေရဲ့ လက်ကိုင်ဖုန်းကို ဆက်ကြည့်တဲ့အခါ လာရောက်ဖုန်းကိုင်သူက ဆရာဝန်ကြီး မရှိကြောင်းသာ အကြောင်းပြန်ကြားခဲ့ပါတယ်။ အရှင်ဂန္ဘီရဟာ အကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာပြီးနောက် ကျန်းမာရေး အခြေအနေအရ ပြီးခဲ့တဲ့ နှစ်ဆန်း ၁ ရက်နေ့က လူဝတ်လဲခဲ့ရပါတယ်။
<urn:uuid:696bf5df-3df7-4c2e-b940-1adb93f7f9a7>
CC-MAIN-2015-18
http://www.rfa.org/burmese/news/gam-bi-ra-05032012121145.html?textonly=1
2015-04-18T23:36:08Z
s3://commoncrawl/crawl-data/CC-MAIN-2015-18/segments/1429246636255.43/warc/CC-MAIN-20150417045716-00063-ip-10-235-10-82.ec2.internal.warc.gz
mya
0.919932
Mymr
44
{"mya_Mymr_score": 0.9199324250221252, "blk_Mymr_score": 0.07479514181613922}
ဂေးလစ်လူမျိုးနှင့် ဂေးလစ်စာပေ ဂေးလစ်လူမျိုးနှင့် ဂေးလစ်စာပေ[ပြင်ဆင်ရန်] စကော့တလန်ပြည်၏ ပထဝီဝင်ကို လေ့လာသည့်အခါ၌၎င်း၊ ထိုတိုင်းပြည်သို့ အလည်အပတ် ရောက်ရှိသည့်အခါ၌၎င်း တောင်၊ မြစ်၊ မြို့ စသည်တို့၏ ထူးဆန်းသော အမည်နာမ များကို ကြားရ တွေ့ရကြပေလိမ့်မည်။ ထိုအမည်များမှာ သမိုင်းတင်စအခါက ဗြိတိသျှကျွန်းစုတွင် နေထိုင်ခဲ့သော ဂေးလစ်လူမျိုးတို့၏ ဘာသာစကားဖြင့် မှည့်ခေါ်သော အမည် များ ဖြစ်သည်။ဂေးလစ်လူမျိုးတို့သည် ကဲ့အမျိုးအနွယ်မှ ဆင်းသက်သူများဖြစ်၍ ဗြိတိသျှကျွန်းကို ရောမလူမျိုးများ လွှမ်းမိုးရန် ရောက်လာခဲ့ကြသည့်အခါတွင် ခုခံတိုက်ခိုက်ခဲ့ကြ ၏။ တောင်ပေါ်သား စကော့များမှာ ဂေးလစ်လူမျိုးများ၏ အဆက်အနွယ်များဖြစ်၍ ယခုအခါတွင် ဂေးလစ်ဟူသော ဝေါဟာရမှာလည်း ရံဖန်ရံခါ တောင်ပေါ်သား စကော့တို့ကိုပင် ဆိုလိုပေသည်။ သို့သော် တောင်ပေါ်သားစကော့တို့ကို သူတို့ ပြောဆိုနေကြသော ဂေးလစ်ဘာသာ စကားကြောင့် ဂေးလစ် လူမျိုးဟု ခေါ်မည် ဆိုလျှင် အိုင်းရစ်လူမျိုးကိုလည်း ဂေးလစ် လူမျိုးဟု ခေါ်ဆိုထိုက်သည်။ ဂေးလစ်ဘာသာစကားကို အိုင်ယာလန်သမိုင်းအစ လောက်မှစ၍ အိုင်ယာလန်တွင် ပြောဆိုသုံးစွဲခဲ့ကြ၏။ သို့သော် ခရစ် ၁၈ဝဝ ပြည့်နှစ်နောက် ပိုင်းတွင် အိုင်ရစ်လူမျိုး အနည်းငယ်ခန့်သာ ပြောဆိုသုံးစွဲကြ တော့သည်။ ယခုအခါတွင်ကား အိုင်ယာလန်ကျွန်း တောင်ပိုင်းတွင် တည်ထောင်ဖွဲ့စည်းထားသော အယ်ရာနိုင်ငံတွင် ဂေးလစ် ဘာသာ စကားမှာ ရုံးသုံးဘာသာစကားဖြစ်၍ ကျောင်းများ တွင်လည်း သင်ကြားပေးလေသည်။ ထိုပြင် အချို့သော အလုပ်အကိုင်များအတွက် ဂေးလစ်ဘာသာစကား တတ်ရမည် ဖြစ်၍ ဂေးလစ်ဘာသာစကားကို အသုံးပြုသူများသည် ယခု အခါ ပိုမိုများပြားလာ၏။ ဂေးလစ်ဘာသာစကားမှာ တောင်ပေါ်သား စကော့တို့၏ ပင်ရင်းဘာသာစကားပင် ဖြစ်သော်လည်း ယခုအခါ တောင်ပေါ် သား စကော့အများပင် အင်္ဂလိပ်ဘာသာစကားကို ပြောဆိုနေကြ သည်။ ထိုပြင် ဂေးလစ်ဘာသာစကားမှာ မန်းကျွန်းတွင် နေထိုင် သော မန်းလူမျိုးတို့၏ တိုင်းရင်းဘာသာစကားပင်ဖြစ်သော် လည်း ယခုအခါ များစွာပြောဆိုသုံးစွဲဲသည့် အလေ့အထမရှိ တော့သဖြင့် ထိုကျွန်းတွင် တိမ်ကောလုမတတ်ရှိနေလေပြီ။ ဂေးလစ်ဘာသာစကားသည် သင်ကြားနားလည်ရန် မဆို ထားဘိ၊ အသံထွက်အမှန်ကို ပီအောင်ရွတ်ဆိုရန်ပင် ခဲယဉ်းလှ လေသည်။ ထိုကြောင့်ပင် ဂေးလစ်စာပေတွင် ကဗျာ၊ လင်္ကာ အဖွဲ့အနွဲ့များနှင့် ရှေးဟောင်းပုံပြင်ကလေးများ ရှိခဲ့စေကာမူ ဘာသာစကား ခက်ခဲမှုကြောင့် ပညာရှင်များ လိုက်စားခြင်း မပြုလိုကြချေ။ ကိုးကား[ပြင်ဆင်ရန်] - မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
<urn:uuid:60c2f72a-60dc-4883-8f80-59d855d120dd>
CC-MAIN-2015-18
http://my.wikipedia.org/wiki/%E1%80%82%E1%80%B1%E1%80%B8%E1%80%9C%E1%80%85%E1%80%BA%E1%80%9C%E1%80%B0%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA_%E1%80%82%E1%80%B1%E1%80%B8%E1%80%9C%E1%80%85%E1%80%BA%E1%80%85%E1%80%AC%E1%80%95%E1%80%B1
2015-04-26T11:31:24Z
s3://commoncrawl/crawl-data/CC-MAIN-2015-18/segments/1429246654292.99/warc/CC-MAIN-20150417045734-00100-ip-10-235-10-82.ec2.internal.warc.gz
mya
0.997735
Mymr
75
{"mya_Mymr_score": 0.9977346062660217}
ယခုနှစ် သင်္ကြန်တွင် နှစ် ၂၀ ကျော် ပိတ်ပင်ခံခဲ့ရသည့် မြန်မာ့ ရိုးရာ သင်္ကြန်သံချပ် သံများ ပြန်လည်ကြားရတော့မည် ဟူသော သတင်းများ၊ သံချပ် လှုပ်ရှားမှုများကိုကြားသိနေရသည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီး မတိုင်ခင် ကာလများက သင်္ကြန် ကာလများတွင် ဆိတ်ပါးစပ်နှင့် နတ်မျက် စိ ဟူသော သံချပ်အဖွဲ့တွင် ဦးဆောင်ပါဝင်သူ တဦးလည်းဖြစ်ပြီး သင်္ကြန်ကို ချစ်မြတ်နိုးသူ တဦးလည်းဖြစ်၊ သင်္ကြန် သံချပ်များ ကိုယ်တိုင်ရေးစပ်၊ သရုပ်ဆောင်၊ သရုပ်ဖော်မှုများ လုပ်ခဲ့သူလည်းဖြစ်သည့် ကိုပေါ်ဦးထွန်း ခေါ် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် အနေဖြင့် သင်္ကြန်နှင့် သံချပ်အပေါ် မည်သို့ ခံစားရသည်ကို စိတ်ဝင်စား မိသည်။ အကျဉ်းထောင်များထဲ၌ နှစ်များစွာ ဖြတ်သန်းခဲ့ရသည့် ကိုမင်းကိုနိုင်သည် သင်္ကြန် ကာလများရောက်တိုင်း ထောင်နံရံများနှင့် စိတ်နှလုံးသား နံရံများပေါ်တွင်သာ သင်္ကြန် သံချပ်များကို ကြိမ်ဖန်များစွာ ရေးဖွဲ့ သရုပ်ဖော်ရင်း ဖြတ် သန်းခဲ့ရ သူ ဖြစ်သည်။ ထို့ကြောင့် တချိန်က သံချပ်သမားတဦးအဖြစ် သံချပ်ကိုချစ်မြတ်နိုးသူ ကိုမင်းကိုနိုင်အား သင်္ကြန်နှင့်သံချပ်ဆိုင်ရာ ခံစားမှုများကို ဧရာဝတီ သတင်းထောက် လင်းသန့်က ဆက်သွယ်မေးမြန်း ဖော်ပြလိုက်ပါသည်။ မေး။ ။ သင်္ကြန်နဲ့ သံချပ်သမားဟာ ခွဲမရဘူးလို့ဆိုကြတယ်။ တချိန်က သံချပ်သမားတယောက်အနေနဲ့ သင်္ကြန်နဲ့ကင်းကွာခဲ့ရတာ ဘယ်လောက်ကြာပြီလဲ ခင်ဗျ။ ဖြေ။ ။ ခွဲမရဘူးသာ ဆိုတယ်ဗျာ။ ခွဲထား ခံခဲ့ရတာ အနှစ် ၂၀ ကျော်တောင် ခွဲထားခဲ့ပြီးပြီပဲ။ မေး။ ။ ။ ကိုမင်းကိုနိုင်အနေနဲ့ နှစ်ပေါင်းများစွာ အကျဉ်းထောင်ထဲမှာ နေလာခဲ့ရတယ်။ မကြာခင်မှာလည်း သင်္ကြန် ကာလ ရောက်တော့မယ်ဆိုတော့ တချိန်က သင်္ကြန်၊ အခု သင်္ကြန်နဲ့ အကျဉ်းထောင်တွေထဲတုန်းက သင်္ကြန် တွေအပေါ် ဘယ်လို ခံစားရလဲ။ ဖြေ။ ။ တကယ်ကတော့ဗျာ။ သင်္ကြန်မှာတော့ ကျနော်က လိုချင်တာက ပိတောက်ရနံ့တွေ၊ မုန့်လုံးရေပေါ်တွေ တင် မက ဘူး။ ဒီထက် အဓိက အရေးအကြီးဆုံးက သံချပ် အသံတွေပဲ။ ဒါက ပြည်သူလူထုရဲ့ ဘ၀တွေ၊ ပြည်သူလူထု တနှစ်တာလုံး လုံး ခံစားခဲ့သမျှကို ဖော်ထုတ်တဲ့ သံချပ်တွေမပါဘဲနဲ့တော့ သင်္ကြန်ဟာ မပြည့်စုံဘူးလို့ပဲ ခံစားရတယ်။ ကျနော့် အနေနဲ့ ထောင် ထဲမှာပဲ ဖြစ်ဖြစ်၊ ထောင်ပြင်မှာပဲ ဖြစ်ဖြစ်ပေါ့ဗျာ။ သံချပ်ဆိုတာ ပြည်သူ့ဘ၀ ရင်ခုန်သံပဲ။ ကျနော်တို့ မီလိုက်မိသမျှကာလ တလျှောက်လုံး သင်္ကြန်ဟာ သံချပ်မပါရင် အသက်ဝိညာဉ် မပါသလိုဖြစ်နေတာပေါ့။ ပြည်သူရဲ့ ဘ၀ ကြေးမုံ အသံ မပါဘဲနဲ့ သင်္ကြန်ဟာ ဘယ်လိုလုပ် အသက်ဝင်မှာလဲ။ မေး။ ။ ကိုမင်းကိုနိုင်ရဲ့ သံချပ်လက်ရာများကို ဒီနှစ် သင်္ကြန်မှာ ကြားရနိုင်ပါသလား၊။ ဖြေ။ ။ ကျနော် ကိုမေတ္တာတို့ ဇာတ်တိုက်နေတဲ့နေရာကို ရောက်ခဲ့တယ်။ ကျနော် ကြည့်လည်း ကြည့်ခဲ့တယ်။ အားလည်း ပေးခဲ့တယ်။ သင်္ကြန်သမားအဟောင်းတွေ အများကြီးနဲ့တွေ့ပြီး နှုတ်ဆက်ခဲ့သေးတယ်ဗျာ။ အဲဒီမှာ သတင်းစာရှင်းလင်းပွဲ သဘောမျိုး သူတို့လုပ်တာ။ အခု အောင်မြင် ထင်ရှားနေတဲ့ ပုဂ္ဂိုလ်တွေဖြစ်တဲ့ ကုသိုလ် ပါတယ်ဗျာ၊ ဆရာဗေလုဝတို့ ပါတယ် ဗျာ။ နောက် ကိုအရိုင်းတို့ ပါတယ်ဗျာ။ အဲဒီလိုပေါ့ ထင်ရှားတဲ့ သူတွေက သင်္ကြန်ကို တခေတ် ဆန်းအောင်၊ တချိန်က ဒီအခွင့် အရေးတွေ ရှိခဲ့တယ်ဆိုတာ ပြည်သူတွေ သိအောင် သူတို့ စီစဉ်နေကြတာ။ ကျနော်ကတော့သွားပြီး အားပေးတာ။ အဟောင်းတွေ အသစ်ဖြစ်အောင်လို့ သွားပြီးတော့ အားပေးအဆင့်ပဲ တတ်နိုင်ခဲ့တယ်။ ကျနော် ကိုယ်တိုင်ထောင်ထဲတုန်းက ရေးခဲ့တဲ့ သံချပ်တွေက အခုခေတ်နဲ့ သိပ်ပြီးမလျော်ညီတော့ဘူးဗျ။ ထောင်ထဲမှာ တုန်းက သတိရတိုင်း နှလုံးသားနဲ့ သံချပ် ရေးဖြစ်ခဲ့တယ်။ ဒီနှစ်တော့ ကျနော့် လက်ရာ အသစ်တော့ ရှိမှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ထောင်ထဲမှာရေးခဲ့တာ တွေ က အရင်က အဟောင်းတွေ ဖြစ်နေတာကြောင့်ပါ။ မေး။ ။ အခု သံချပ် အသစ်တွေ ဖတ်ကြည့်ဖြစ်လား။ သံချပ်မှာ ဘာတွေ အရေးကြီးတယ်လို့ သတ်မှတ်လဲ။ ဖြေ။ ။ ကျနော့်ဆီပို့လာတဲ့ သံချပ်တွေဖတ်ဖြစ်တယ်။ ကြိုးစားရေးစပ်ထားတာ တွေ့ရတယ်။ တကယ်တော့ သံချပ် ဆိုတာ စာသားနဲ့တင် လုံလောက်တာ မဟုတ်ဘူးဗျ။ သရုပ်ဆောင်ရဲ့ကျွမ်းကျင်မှုက အဓိက ကျတယ်ဗျာ။ ဥပမာ ကျနော် ပြောပါ့မယ် ဗျာ။ စာသားထဲမှာ နိုင်ငံတော်အစိုးရကြီးရဲ့ ကျေးဇူးက ကြီးလိုက်တာလို့ ရေးထားမယ်ဗျာ။ ဒါပေမယ့် အဲဒါကိုပဲ သရုပ် ဆောင်တဲ့သူက မျက်နှာပေးက အင်မတန်အရေးကြီးတယ်ဗျ။ သူ့ရဲ့ မျက်နှာပေးက မဲ့ကာ ရွဲ့ကာနဲ့ လုပ်ပြနေလို့ ရှိရင် အဓိပ္ပာယ်က တမျိုးရောက်သွားရောလေ။ သံချပ်ဆိုတာမျိုးက စာသားနဲ့ ရေးရုံတင် လောက်နဲ့က အရသာကို အကုန်ပေါ်မှာ မဟုတ် ဘူး။ သရုပ်ဆောင်တဲ့သူတွေ၊ သရုပ်ဖော်တဲ့သူတွေရဲ့ စွမ်းရည်ပေါ်တော့ အင်မတန် မူတည်နေတယ်။ မေး။ ။ သံချပ်ဆိုတာ မြန်မာနိုင်ငံရဲ့ နှစ်သစ်ကူး တိုင်းမှာ ပြည်သူ့ ဘ၀ ကြေးမုံပြင် တချပ်ထက် ပိုလား။ ဖြေ။ ။ ကြေးမုံပြင် တချပ်ထက် မကပါဘူး။ ကြေးမုံပြင်က အရုပ်ပဲ မြင်ရမှာဖြစ်တယ်။ အခုဟာက အသံတွေပါ ပါတယ်။ အနံ့တွေပါ ပါတယ်။ ပြည်သူတွေရဲ့ ချွေးနံ့တွေလည်း ပါတယ်။ ပြည်သူတွေနေ့တိုင်း နေ့စဉ် လှုပ်ရှားရုန်းကန်ရတဲ့ဘ၀ကို ပြ တာဗျ။ အထူးသဖြင့် ကျနော်ပြောချင်တာက ဟိုးထိပ်ပိုင်းက လူ့မလိုင်တွေ မပါပါဘူးဗျာ။ အောက်ခြေ ဘတ်စ်ကား တိုးစီးရတဲ့ ပြည်သူတွေရဲ့ ကားအိတ်ဇောက ထွက်တဲ့အနံ့တွေ ပါတယ်ဗျာ။ ချွေးနံ့တွေ၊ မီးခိုးနံ့တွေ၊ စားအုန်းဆီတွေ၊ အချိုမှုန့်နဲ့ ဟင်းကောင်း နေစဉ်မစားရတဲ့ ပြည်သူတွေရဲ့ မျက်နှာ ဖောယောင်ယာင် ပုံရိပ်တွေလည်း ပါတယ်ဗျာ။ သင်္ကြန်မှာတော့ဗျာ ပြည်သူ့တွေရဲ့ ဘ၀ကို သံချပ်တွေနဲ့ အသက်ဝင်ပြီး ပေါ်လွင်စေချင်တယ်ဗျာ။ မေး။ ။ ဒီလို ပြည်သူ့ဘ၀ကို ပေါ်လွင်တဲ့သံချပ်တွေကို ရှေးမြန်မာမင်းများ လက်ထက် က သေချာနားထောင်ပြီး ပြုပြင်ပြောင်း လဲ ဖြည့်ဆည်းပေးစရာတွေကိုလည်း လုပ်ကိုင်ပေးခဲ့တဲ့ သမိုင်းတွေ ရှိခဲ့တယ်။ အခုလို ဒီမိုကရေစီကို သွားနေတဲ့ ကာလ မှာ ဒီလို သံချပ်တွေနားထောင်ပြီး ပြုပြင်ဖြည့်ဆည်းပေးမယ့် အလားအလားကိုများ မြင်မိလား။ ဖြေ။ ။ အခုတော့ သံချပ်ကို ဒီနှစ် စပြီးခွင့်ပြုပြီ ပြောတာ ကြားတယ်။ ဘယ်လောက်ခွင့်ပြုမလဲ။ ပြီးတော့ အဲဒီသံချပ်ကို နားထောင်ပြီး ပြည်သူတွေအတွက် ဘာတွေ ဘယ်လို ပြုပြင်ဖြည့်ဆည်းပေးမလဲ သင်္ကြန် အပြီးမှာတော့ ဆက်ကြည့် ရတာ ပေါ့ဗျာ။ သင်္ကြန်မှာ သံချပ်ဆိုတာ တချိန်က ပြည်သူတွေရဲ့ အခွင့်အရေးဆိုတာ ရှိခဲ့တယ်။ ဒါကြောင့် အားလုံးက ဒါကို ဖော် ထုတ်ကြပါလို့ ကျနော်တို့က တွန်းအားပေးချင်တာပဲ။ ။
<urn:uuid:58f3fccd-449d-4e86-8710-1feaa21f5eb0>
CC-MAIN-2015-18
http://burma.irrawaddy.org/satire/thin-gyan-2012/2012/04/12/8567.html
2015-04-28T06:48:16Z
s3://commoncrawl/crawl-data/CC-MAIN-2015-18/segments/1429246660743.58/warc/CC-MAIN-20150417045740-00275-ip-10-235-10-82.ec2.internal.warc.gz
mya
0.919625
Mymr
30
{"mya_Mymr_score": 0.9196252822875977, "blk_Mymr_score": 0.07542409002780914}
ကိုယ်ဝန်ဆောင်ဆီးချို ကိုယ်ဝန်ဆောင်ဆီးချို ၁ ဆိုသည်မှာ ယခင်က ဆီးချိုရောဂါ မဖြစ်ဖူးသော အမျိုးသမီးများတွင် ကိုယ်ဝန်ဆောင်ကာလ အတွင်း ဆီးချို စတက်ခြင်း ဖြစ်သည်။ ကိုယ်ဝန်ကြောင့် ဖြစ်သော ဆီးချိုကို ကိုယ်ဝန်ဆောင်များ၏ ၃-၁၀% အတွင်းတွင် တွေ့ရသည်။ ရောဂါဖြစ်ရသည့် အကြောင်းရင်း အတိအကျကို မသိရသေးသော်လည်း ကိုယ်ဝန်ဆောင်ချိန် ထွက်လာသော ဟိုမုန်း များကြောင့် အင်ဆူလင်ခုခံမှုတိုးခြင်း ကို အခြေခံသည်ဟု ယုံကြည်ရသည်။ ဆီးချိုရှိသော ကိုယ်ဝန်ဆောင်တွင် ကလေးထွားခြင်း၂ ၊ကလေးငယ်၏ သွေးအတွင်း သကြားဓာတ်ပမာဏ လျော့နည်းခြင်း၊ နှင့်အသားဝါရောဂါ တို့ ဖြစ်တတ်သည်။ ကိုယ်ဝန်ဆောင်ဆီးချိုကို ကုသ၍ရနိုင်ပြီး သကြားဓာတ်ကို လုံလောက်စွာ ထိန်းသိမ်းခြင်းဖြင့် ဖော်ပြခဲ့သော ကလေးထွားခြင်း စသည့် အခြေအနေများမဖြစ်ပေါ်အောင် ဟန့်တားနိုင်မည်ဟု ယူဆဖွယ်ရှိသည်။ ကိုယ်ဝန်ဆောင် ဆီးချိုသည် ကိုယ်ဝန်ဆောင်ကာလ ပြီးဆုံးပြီး နောက်ပိုင်းတွင် ဆီးချိုအမျိုးအစား-၂ ဖြစ်ရန် အခွင့်အလမ်း အလွန်များသည်။ ဆီးချိုရှင် မိခင်များက မွေးသောကလေးများမှာလည်း အဝလွန်ခြင်း နှင့် ဆီးချို-၂ ဖြစ်နိုင်ချေများသည်။ မာတိကာ အဓိပ္ပါယ်သတ်မှတ်ချက်[ပြင်ဆင်ရန်] ကိုယ်ဝန်ဆောင်ဆီးချို ကို အဓိပ္ပါယ် သတ်မှတ်ထားသည်မှာ ကိုယ်ဝန်ရှိသည့် အချိန်တွင် စတင် တွေ့ရှိရသော မည်သည့် ဆီးချိုတက်မှုမျိုးကို မဆို ကိုယ်ဝန်ဆောင်ဆီးချိုဟု ခေါ်ဆိုရန်ဖြစ်သည်။ ဤအဓိပ္ပါယ် သတ်မှတ်ချက် အရဆိုလျင် လူနာသည် ယခင်ကတည်းက ဆီးချို ရောဂါ ဖြစ်ပွားခဲ့ပြီး ရောဂါဖြစ်နေမှန်း မသိဘဲ ကိုယ်ဝန်ဆောင်သည့် အခါတွင်မှာ ရောဂါဖြစ်နေကြောင်း စတင်သိရှိရခြင်းမျိုး သို့တည်းမဟုတ် ဆီးချိုဖြစ်ချိန်နှင့် ကိုယ်ဝန်ဆောင်ချိန် ကာလ တိုက်ဆိုင်သွားခြင်းမျိုး များလည်း ပါဝင်ရပေတော့မည်။ ဖြစ်နိုင်ချေအချက်များနှင့် ရောဂါလက္ခဏာများ[ပြင်ဆင်ရန်] -ယခင် ကိုယ်ဝန်ဆောင် ကာလများတွင် ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်ဖူးခြင်း သို့မဟုတ် သွေးအတွင်း သကြားဓာတ်ပမာဏ ပုံစံတကျမရှိခြင်း -ဆွေမျိုးရင်းခြာထဲတွင် ဆီးချို-၂ ဖြစ်ဖူးခြင်း -သက်ကြီး ကိုယ်ဝန်ဆောင်ခြင်း အများအားဖြင့် ၃၅ နှင့်အထက်) -လူမျိုး( အဖြစ်များသောလူမျိုးများမှာ အာဖိရကန်-အမေရိကန်များ၊ အာဖရို-ကာရေဘီယန်များ၊ အမေရိကန် များ၊ ပစိဖိတ် ကျွန်းသားများ နှင့် အိန္ဒိယနွှယ် လူမျိုးများ ဖြစ်သည်) -ကိုယ်အလေးချိန်များသူများ အဝလွန်သူများ -ယခင်ကိုယ်ဝန်တွင် ကလေးထွားခြင်း(၈ပေါင်၁၂အောင်စထက်များခြင်း) - ယခင်ကိုယ်ဝန်တွင်ပုံမမှန်ခြင်းတစ်ခုခုဖြစ်ဖူးခြင်း -ယင်းအချက်များအပြင် ဆေးလိပ်သောက်သူများတွင် ဖြစ်နိုင်ချေ ၂ ဆများသည်ဟုလည်း သိရသည်။ ၄ဝမှ၆၀ ရာခိုင်နှုန်းသော ကိုယ်ဝန်ဆောင်ဆီးချိုရှင် များ တွင်မူ တင်ပြခဲ့သော ဖြစ်နိုင်ချေ များကို ရှာမတွေ့ရပြန်။ ထို့ကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးအားလုံးကို ဆီးချိုစစ်ဆေးရန် တိုက်တွန်းကြခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် ကိုယ်ဝန်ဆောင်ဆီးချိုသည်များမှာ မည်သည့် ရောဂါလက္ခဏာမှ ပြလေ့မရှိ။ အချို့တွင်မူ ရေငတ်ခြင်း၊ ဆီးသွားခြင်း၊ နုံးခြင်း ပျို့ခြင်းအန်ခြင်း၊ ဆီးအိမ်အတွင်းပိုးဝင်ခြင်း နှင့် အမြင်အာရုံဝေဝါးခြင်းတို့ ဖြစ်တတ်သည်။ နောက်ဆက်တွဲဆိုးကျိုးများ[ပြင်ဆင်ရန်] ကိုယ်ဝန်ဆောင်ဆီးချို သည် မိခင်နှင့်ကလေး နှစ်ဦးစလုံးကို အန္တရာယ်ပြုနိုင်သည်။ သွေးအတွင်း သကြားဓာတ်ပမာဏ များလေလေ ရောဂါနောက်ဆက်တွဲ ဖြစ်နိုင်ချေ များလေလေ ဖြစ်သည်။ သေချာစွာ ကုသထားလျင်မူ ရောဂါနောက်ဆက်တွဲ အချက်အတော်များများကို လျှော့ချနိုင်သည်။ ကလေးတွင် ကြီးထွားမှုနှင့် ဓာတုဆိုင်ရာ ပုံမမှန်ခြင်း ဖြစ်နိုင်သည်။ ကလေးထွားခြင်းနှင့် ကလေးသေးခြင်း နှစ်မျိုးလုံး ဖြစ်နိုင်သည်။ ကလေးထွားလျှင်မူ ကိရိယာနှင့်မွေးရခြင်း(ဥပမာ ညှပ်ဆွဲမွေးခြင်း၊ လေစုပ်စက်နှင့်မွေးရခြင်း၊ ဗိုက်ခွဲမွေးရခြင်း) များ လုပ်ရဖို့များသည်။ ရိုးရိုးမွေးပါက ကလေးပုခုံးတစ်ခြင်း၃*** ဖြစ်ကောင်းဖြစ်နိုင်သည်။ ကလေးထွားခြင်းသည် သာမန် ကိုယ်ဝန်ဆောင်များ၏ ၁၂ ရာခိုင်နှုန်းတွင် ဖြစ်ပေါ်တတ်ပြီး ကိုယ်ဝန်ဆောင် ဆီးချိုသည် များ၏၂၀ ရာခိုင်နှုန်းတွင် ဖြစ်ပေါ်တတ်သည်ဟု လေ့လာချက် တစ်ခုက ဆိုထားသည်လည်း ရှိသည်။ သို့သော် ဤကိန်းဂဏန်းများကို အလုံးစုံ မယုံကြည်အပ်သေး။ ဤဘာသာရပ်မှာ သုတေသန လုပ်ရခြင်းများ လွန်စွာရှုပ်ထွေးသည့် အပိုင်းဖြစ်သည်။ မွေးကင်းစ ကလေးများတွင် သွေးအတွင်း သကြားဓာတ် ကျဆင်းခြင်း၊ အသားဝါခြင်း၊ သွေးနီဥများခြင်း နှင့် ကယ်လစီယမ် ဓာတ်နည်းခြင်း မက်ဂနီဆီယမ်ဓာတ်နည်းခြင်း များဖြစ်နိုင်သည်။ အသက်ရှူကြပ်ခြင်း လည်း ဖြစ်နိုင်သည်။ ရောဂါအလားအလာ[ပြင်ဆင်ရန်] ကိုယ်ဝန်ဆောင်ဆီးချို သည်များသည် မီးဖွားပြီးနောက်ပိုင်းတွင် ရောဂါပျောက်ကင်းသွားတတ်သည်။ ဒုတိယအကြိမ် ကိုယ်ဝန်ဆောင်သော် ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နိုင်နှုန်းမှာ လူမျိုးအလိုက် ၃ဝမှ ၈၄ ရာခိုင်နှုန်းခန့်အထိ ဖြစ်နိုင်ချေ ရှိသည်။ ပထမကိုယ်ဝန်နှင့် ဒုတိယကိုယ်ဝန် သားဆက်ခြားကာလ တစ်နှစ်အတွင်း ဖြစ်နေပါက ဆီးချိုပြန်ဖြစ်နိုင်ချေ ပိုများသည်။ ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်ဖူးသူများသည် အနာဂတ်တွင် ဆီးချိုအစစ် ဖြစ်နိုင်ချေများသည်။ Navajo study အရ ကိုယ်ဝန်ဆောင် ဆီးချိုသည်များ၏ နောက် ၁၁ နှစ်အကြာ ဆီးချိုအစစ် ဖြစ်နိုင်ချေမှာ ၅ဝမှ ၇၀ ရာခိုင်နှုန်းဖြစ်သည်။ အခြားလေ့လာမှု တစ်ခုအရမူ ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်ပြီး နောက် ၁၅ နှစ်အကြာ တွင် ဆီးချိုဖြစ်နိုင်ချေမှာ ၂၅ ရာခိုင်နှုန်းနှင့် အထက် ဖြစ်သည်။ ကုသမှု[ပြင်ဆင်ရန်] ကုသမှုတွင် အရေးကြီးသည့် ရည်မှန်းချက်မှာ မိခင်နှင့် ကလေး၏ အသက် အန္တရာယ်ကို လျှော့ချနိုင်ရန်ဖြစ်သည်။ သွေးအတွင်း သကြားဓာတ် ပမာဏကို လျှော့ပေးခြင်းဖြင့် မိခင်နှင့်ကလေး၏ အန္တရာယ်ကို လျှော့ချပေးရန် ရည်ရွယ် ထားသည်။ သို့ရာတွင် ဗိုက်ခွဲမွေးရခြင်းနှင့် မီးဖွားကာနီး အသေအပျောက်များခြင်း ကို လျှော့ချနိုင်သည်ဟု သက်သေမပြနိုင်သေးပါ။ လေ့ကျင့်ခန်း၊ အစားအသောက်၊ ဆေးဝါးနှင့် အင်ဆူလင်ကို သုံး၍ကုသရသည်။ စောဒက[ပြင်ဆင်ရန်] ကိုယ်ဝန်ဆောင်ဆီးချို သည် အငြင်းပွားမှုများသော ဘာသာရပ်ဖြစ်သည်။ ကိုယ်ဝန်ဆောင်ဆီးချို ကို ရောဂါတစ်ခုအနေနှင့် ဆိုနိုင်မဆိုနိုင် ဟူသည်မှာလည်း မေးခွန်းတစ်ရပ်ဖြစ်နေသည်။ ထို့ပြင် ကိုယ်ဝန်ဆောင်ဆီးချိုသည်ဟု ကင်ပွန်းတပ်ခံရသော အမျိုးသမီးများမှာလည်း အကြောင်းမဲ့ ဗိုက်ခွဲမွေးခြင်း စသည်တို့ အပြုခံရဖို့ အခွင့်အတော်များနေသည်။ ကိုယ်ဝန်ဆောင်ဆီးချိုကို ဆေးပေးကုသ ထားခြင်းသည် ဗိုက်ခွဲမွေးခြင်းအပေါ် မည်သို့သက်ရောက်နိုင်သည်ကိုလည်း သက်သေပြနိုင်ခြင်းကလည်း မရှိပေ။
<urn:uuid:05eda4c3-5d63-408d-9357-7158d94b50b9>
CC-MAIN-2015-18
http://my.wikipedia.org/wiki/%E1%80%80%E1%80%AD%E1%80%AF%E1%80%9A%E1%80%BA%E1%80%9D%E1%80%94%E1%80%BA%E1%80%86%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%86%E1%80%AE%E1%80%B8%E1%80%81%E1%80%BB%E1%80%AD%E1%80%AF
2015-04-28T06:47:05Z
s3://commoncrawl/crawl-data/CC-MAIN-2015-18/segments/1429246660743.58/warc/CC-MAIN-20150417045740-00275-ip-10-235-10-82.ec2.internal.warc.gz
mya
0.997657
Mymr
48
{"mya_Mymr_score": 0.9976570010185242}
ဒုတိယ ကမ္ဘာစစ်ကျန် စပစ်ဖိုင်းယား တိုက်လေယာဉ်များ မြှုပ်နှံခြင်း မရှိဟု ပြောဆိုမှုများ ရှိသော်လည်း ရွှေတောင်ပေါ် ကုမ္ပဏီအနေဖြင့် ရှာဖွေမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟု သိရသည်။ အချိန် နှစ်ပတ်ကြာ စပစ်ဖိုင်းယား တိုက်လေယာဉ်များကို ရှာဖွေရာသော်လည်း တွေ့ရှိသည့် အချက်အလက်များအရ မြှုပ်နှံ ထားခြင်းမရှိဟု ဗြိတိသျှ ဘူမိဗေဒ ပညာရှင်များက ပြည်ပ သတင်းဌာနများကို ထုတ်ဖော်ပြောဆိုသော်လည်း မြန်မာ ဘူမိဗေဒ ပညာရှင်များအနေဖြင့် ယုံကြည်ဆဲဖြစ်ကြောင်း၊ ထို့အတွက် ဆက်လက် ရှာဖွေသွားမည်ဖြစ်ကြောင်း ရွှေတောင်ပေါ် ကုမ္ပဏီမှ တာဝန်ရှိ သူများက ပြောသည်။ အထွေထွေ မန်နေဂျာ ဦးထွန်းကျော်က “တဖက်အဖွဲ့က ဘယ်လိုယုံကြည်ပြီး သတင်းထုတ်တယ်တော့ မသိဘူး၊ မြန်မာ ဘူမိဗေဒ သုတေသီတွေက ရှိမယ်လို့ ယုံကြည်ဆဲပဲ၊ ဆက်ပြီး ဖြစ်နိုင်မယ့် တိုင်းတာနေဆဲပဲ၊ မတွေ့ဘူးဆိုတဲ့ သတင်းကို ထုတ်ပြန်ဖို့ စောသေးတယ်” ဟု ဆိုသည်။ အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံ လေယာဉ်ကွင်းအတွင်း လုပ်ဆောင်ရသည့်အတွက် လုံခြုံရေး၊ မြေနေရာ၊ အချိန် စသည့် ကန့်သတ်ချက်များကြောင့် အချိန်ယူ ဆောင်ရွက်မှ အောင်မြင်မည်ဟု ယုံကြည်သည်ဟု ဦးထွန်းကျော်က ဆက်ပြောသည်။ လေယာဉ်ပျံများ မရှိဟူသည့် ပြောဆိုမှုမှာ ဗြိတိသျှ ဘူမိဗေဒပညာရှင်များ၏ အမြင်သာဖြစ်ပြီး အကျိုးတူ လုပ်ဆောင်သည့် အင်္ဂလန်အဖွဲ့၏ သဘောထားဟု မသတ်မှတ်ပါကြောင်း၊ တူးဖော်ရေး အဖွဲ့ခေါင်းဆောင် မစ္စတာ ဒေးဗစ်ကန်ဒေါလ်မှာလည်း မိမိတို့နှင့် လက်တွဲ လုပ်ဆောင်ဆဲဟု ရှင်းပြသည်။ အဆိုပါ လေယာဉ်များကို ဒုတိယ ကမ္ဘာစစ်ပြီးစ ၁၉၄၆ခုနှစ်ခန့်က အရှေ့တောင်အာရှ စစ်သေနာပတိချုပ် လော့ဒ် မောင်ဘက်တန်၏ အမိန့်ဖြင့် ရန်ကုန် မင်္ဂလာဒုံ လေယာဉ်ကွင်းအနီး ၃၆ စီး၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီး ၁၈ စီးနှင့် မြန်မာပြည် အလယ်ပိုင်း မိတ္ထီလာမှာ ၆ စီး မြှုပ်နှံခဲ့သည်ဟု တူးဖော်ရေးအဖွဲ့က ယူဆခြင်းဖြစ်သည်။ လေ့လာသူများကမူ စည်းကမ်း စနစ်တကျ လုပ်ကိုင်တတ်ပြီး ဒုတိယ ကမ္ဘာစစ်ကို အနိုင်တိုက်ခဲ့သည့် ဗြိတိန်နိုင်ငံသည် အရေးပါ သည် စစ်လေယာဉ်များကို မြေပုံညွှန်းဖြင့် တိတိကျကျ မြုပ်နှံခဲ့လိမ့်မည်ဟု ယူဆကြောင်း၊ သို့သော် ယခုလက်ရှိ တူးဖော် နေသည့် အခြေအနေမှာ အကြားသတင်းများအရ သိုက်တူးသကဲ့သို့ တူးဖော်နေသည့် ပုံစံဖြစ်နေကြောင်း ဝေဖန်သည်။ မကြာသေးမီရက်ပိုင်းက ပြည်တွင်းအခြေစိုက် မြန်မာတိုင်းမ် သတင်းဌာနက ရေးသားသည့် သတင်းတပုဒ်တွင် အင်္ဂလန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူက စပစ်ဖိုင်းယား လေယာဉ်များ မြန်မာနိုင်ငံတွင် မြှုပ်ထားခြင်းနှင့် ပတ်သက်၍ မှတ်တမ်းမှတ်ရာများ မရှိကြောင်း ငြင်းဆိုသွားသည်။ တယောက်စီး စပစ်ဖိုင်းယားတိုက်လေယာဉ်များမှာ ဒုတိယကမ္ဘာစစ် ဗြိတိန်လေကြောင်း တိုက်ပွဲတွင် ဂျာမန် တိုက်လေယာဉ်များနှင့် ဗုံးကြဲလေယာဉ်များ ရန်မှ ကာကွယ်ပေးခဲ့သည်ဟု ထင်ရှားသည်။ ကမ္ဘာပေါ်တွင် ရှားပါးနေပြီဖြစ်ပြီး သမိုင်းအရ တန်ဖိုးကြီးသည် စပစ်ဖိုင်းယား တိုက်လေယာဉ်များ ရှာဖွေရေးကို အင်္ဂလန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်စဉ် သမ္မတ ဦးသိန်းစိန်က သဘောတူညီခဲ့သည်။ အကယ်၍ လေယာဉ်များကို ရှာဖွေတွေ့ရှိပါက မြန်မာအစိုးရက ၅၀ ရာခိုင်နှုန်း၊ ရွှေတောင်ပေါ် ကုမ္ပဏီက ၂၀ ရာခိုင်နှုန်းနှင့် လေယာဉ်တူးဖော်ရေး လုပ်ငန်း ဆောင်ရွက်ရန် မြန်မာပြည်သို့ ရောက်ရှိနေသော ဒေးဗစ် ကန်ဒေါလ်က ၃၀ ရာခိုင်နှုန်း ခံစားခွင့်ရမည်ဟု သဘောတူကာ စာချုပ်ချုပ်ဆို လုပ်ကိုင်ခြင်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်၏ စစ်မြေပြင်ဖြစ်ခဲ့သည့် မြန်မာနိုင်ငံတွင် အင်္ဂလိပ်နှင့် ဂျပန်တို့ မြုပ်နှံခဲ့သည့် ရတနာသိုက်များ၊ စစ်လက်နက် ပစ္စည်းများ ရှိကြောင်း သတင်းများထွက်ပေါ်တတ်ပြီး၊ အစိုးရကလည်း တူးဖော်လိုသော သူများကို ခွင့်ပြုကာ လုပ်ဆောင်နေမှုများ မကြာခဏတွေ့ရသည်။
<urn:uuid:02dc2712-1067-4592-a881-73914ec79907>
CC-MAIN-2015-18
http://burma.irrawaddy.org/press-freedom/2013/01/23/31852.html
2015-05-05T22:20:44Z
s3://commoncrawl/crawl-data/CC-MAIN-2015-18/segments/1430457008123.23/warc/CC-MAIN-20150501051008-00084-ip-10-235-10-82.ec2.internal.warc.gz
mya
0.899568
Mymr
34
{"mya_Mymr_score": 0.8995680212974548, "blk_Mymr_score": 0.08958600461483002}
နိုဝင်ဘာ ၃ ရက်တွင် ရန်ကုန်မြို့နှင့် မကွေးမြို့ရှိ ဖုန်းဆိုင်များတွင် Samsung Mini ဖုန်းတလုံးကို မဟာလျှော့ဈေး အဖြစ် တလုံး ကျပ် ၅ ထောင်ဖြင့် ရောင်းချပေးမည်ဆိုသည့် ကြေညာချက်ကြောင့် လာရောက်ဝယ်သူ များပြားလာပြီး ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လူကြီးမင်းဖုန်းဆိုင်၏ မန်နေဂျင်း ဒါရိုက်တာ ဦးရန်နိုင်စိုးမြင့်က ဧရာဝတီသို့ ပြောသည်။ “ကျနော်တို့ ကြေညာချက် အားနည်းလို့ ဖြစ်တာပါ။ စားသုံးသူတွေကို တောင်းပန်ပါ တယ်။ စားသုံးသူတွေက အဲဒီလောက်အထိ များမယ်လို့ မျှော်လင့် မထားတာလည်း ပါတာပေါ့” ဟု ဆိုသည်။ မဟာ အထူးလျှော့ ဈေးရောင်းပွဲတော်ကို နိုဝင်ဘာ ၃ ရက် နံနက် ၈ နာရီခွဲမှ ၉ နာရီအထိ လူကြီးမင်း ဆိုင်ခွဲပေါင်း ၁၁ ဆိုင်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး တိုကင် စနစ်ဖြင့် ကံစမ်းမဲဖောက် ရောင်းချပေးမည်ဆိုသည့် သတင်းများ ထုတ်ပြန် ထားခဲ့ကြောင်း၊ ၀ယ်လိုအားသည် ခန့်မှန်းထားသည်ထက် များလာကာ လုံခြုံရေးရဲများပင် ၀င်ရောက် ဖြေရှင်းပေးရသည် အထိ ဖြစ်ပွားခဲ့ရ၍ ၎င်းအစီအစဉ်ဖြင့် ဖုန်းရောင်းချခြင်းကို ရန်ကုန်တွင် မည်သည့်ဆိုင်တွင်မှ ပြုလုပ်နိုင်ခဲ့ခြင်း မရှိကြောင်းလည်း သိရသည်။ စားသုံးသူတချို့သည် မဟာအထူးလျှော့ဈေးကို အလွန် စိတ်ဝင်စားသည့်အတွက် နံနက် ၄ နာရီမှ စတင်ကာ တိုကင်ယူရန် စောင့်ဆိုင်းနေကြကြောင်း၊ တိုကင်ပေးမည့် အချိန်တွင် ဆိုင်ရှေ့၌ လူဦးရေ ၁၀၀ ကျော် ရှိလာကြောင်း၊ တိုကင်ရရှိရေး တိုးဝှေ့ကာ တဦးနှင့် တဦး တိုးတိုက်ထိခိုက်မိကြပြီး နောက်ဆုံးတွင် ဆိုင်များကို ခဲနှင့်ပေါက်ခြင်း၊ ဆိုင်းဘုတ်ကို ရိုက်ချိုးခြင်း စသည့် အခြေအနေများသို့ ရောက်ရှိသွားခဲ့ကြောင်း မျက်မြင်တွေ့ခဲ့ သည့် လသာမြို့နယ်အတွင်း နေထိုင်သူ အမျိုးသမီး တဦးက ဆိုသည်။ အလားတူ အဖြစ်အပျက်များမှာ လူကြီးမင်း ဆိုင်ခွဲ ၁၁ ဆိုင်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ လူကြီးမင်း ဖုန်းဆိုင်မှ ဒါရိုက်တာ ကိုပြည့်စုံထွန်းက “ကျနော်တို့ ခန့်မှန်း ထားတာက မြို့တွေအားလုံးမှာ ဖုန်းအလုံးရေ ၁၂၀ ပဲခန့်မှန်းတာ။ အဲဒီလောက်အထိ များလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ဒါလည်း ကျနော်တို့ဘက်က လိုအပ်ချက်တွေပါ။ နောက်နောင် ဒီလိုမဖြစ်အောင် ဒီဖြစ်စဉ်က အတွေ့အကြုံတွေ အများကြီး ပေးခဲ့ပါတယ်” ဟု ယမန်နေ့က Park Royal ဟိုတယ်တွင် ကျင်းပသည့် စာနယ်ဇင်းရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ဖုန်းဟန်းဆက် တလုံးလျှင် ကျပ် ၅၀၀၀ ဖြင့် ကံစမ်း ရောင်းချပေးခြင်းကို ရန်ကုန်တွင် ပါရမီရှိ ဆိုင်ခွဲ တဆိုင်၌သာ ယခုတပတ် အတွင်း ပြုလုပ်ပေးသွားမည် ဖြစ်ပြီး ကျန်ဆိုင်များတွင် တခြားအစီအစဉ် သစ်များ ထည့်သွင်းကာပြု ဆက်လက်ရောင်းချ ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။ လက်ရှိတွင် Samsung Mini ဟန်းဆက် တလုံးကို ပုံမှန်ဈေး ကျပ် ၁၂၀၀၀၀ ဖြင့် ရောင်းချလျှက်ရှိသည်။
<urn:uuid:a2854c29-68a6-4b52-939d-356229237e77>
CC-MAIN-2015-18
http://burma.irrawaddy.org/public/2012/11/05/24673.html
2015-04-19T04:35:54Z
s3://commoncrawl/crawl-data/CC-MAIN-2015-18/segments/1429246637445.19/warc/CC-MAIN-20150417045717-00131-ip-10-235-10-82.ec2.internal.warc.gz
mya
0.987616
Mymr
29
{"mya_Mymr_score": 0.9876155853271484, "blk_Mymr_score": 0.011982188560068607}
ပုံမှာ မြင်တွေ့နေရတာက မင်းသမီးတော့ မှန်ပါတယ်။ သို့ပေမယ့် အနုပညာ တစ်ခုတည်း လုပ်တာ မဟုတ်ပါဘူး။ သူမဟာ သိပ္ပံပညာရှင် လည်း ဖြစ်ပါတယ်။ ကမ္ဘာ့အလှဆုံး သိပ္ပံပညာရှင်၊ ဥရောပရဲ့ အလှဆုံး အမျိုးသမီး လို့ မှတ်တမ်းတင်ခဲ့တဲ့ Hedy Lamarr ဟာ ၁၉၁၃၊ နိုဝင်ဘာ၉ ဖွားဖြစ်ပါတယ်။ အနုပညာ သက်တမ်း ၁၉၃၀ မှ ၁၉၅၈ ကြားမှာ အောင်မြင်မှု ယူခဲ့သလို သိပ္ပံပညာလောကမှာလည်း အောင်မြင်မှု တစ်ခုယူ ခဲ့ပါတယ်။ ဒါကတော့ ၁၉၄၀ နောင်းပိုင်းကာလ က(၁၉၄၁-၄၂) မှာ ကြိုးမဲ့ဆက်သွယ်ရေး စနစ်တစ်ခု တီထွင်ခဲ့ခြင်း ဖြစ်ပါတယ်။ ကြားဖြတ်ထောက်လှမ်းလို့မရတဲ ဒီလို အနုပညာလောကမှာပါ မင်းသမီးအဖြစ် သရုပ်ဆောင်နိုင် တဲ့အပြင် သိပ္ပံပညာရပ်မှာလည်း ထူးချွန်တဲ့ Hedy Lamarr ကို ကမ္ဘာ့အလှဆုံး အမျိုးသမီး သိပ္ပံပညာရှင်လို့ မှတ်တမ်း တင်ခဲ့တယ်လို့ သိရပါတယ်။ --- Ref:Wikipedia www.work.com.mm
<urn:uuid:ed2de986-c536-4c0b-93c8-921faa46e56b>
CC-MAIN-2015-18
http://www.myanmardailynews.org/2013/09/hedy-lamarr.html
2015-04-22T01:38:45Z
s3://commoncrawl/crawl-data/CC-MAIN-2015-18/segments/1429246644083.49/warc/CC-MAIN-20150417045724-00306-ip-10-235-10-82.ec2.internal.warc.gz
mya
0.938109
Mymr
36
{"mya_Mymr_score": 0.9381093382835388, "blk_Mymr_score": 0.060494404286146164}
Pages Home poem Site's links poem 2013 ဘာသာပြန် article 2013 ဗြီဒီယို VIDEO Book RSS Feed Widget Monday, January 21, 2013 ကချင် စစ်ပွဲ ကိစ္စ....(ကိုထိုက်) Ko Htike ကချင် စစ်ပွဲ ကိစ္စမှာ .... မြေပြင် ကိစ္စ သတင်းအတိအကျ သိဖို့ဆိုတာ အင်မတန်ခက်တာဆိုတော့ ရမ်းသမ်း မှတ်ချက်ပေးပြီး ဘယ်သူ လွန်တယ် ... ဘယ်သူမှားတယ်ဆိုတာ မပြောလိုပါဘူး။ ဒါပေမယ့် .. အဆုံးစွန်ဘက် ကနေ ကြည့်ရင်တော့ ... ကချင် ပြည်နယ်ထဲမှာ စစ်ပွဲတွေ ဖြစ်နေတာမို့ ... ထိုးစစ်ဆိုတာ အစိုးရတပ်ကပဲ လုပ်နေတာလို့ သုံးသပ်လို့ ရပါတယ်။ စစ်ကိုင်းတိုင်းမှာ စစ်လာဖြစ်နေရင်တော့ ... ဒါ ကချင် တပ်ရဲ့ ထိုးစစ်ပေါ့။ သာမန် လူတိုင်းက ဒီလိုပဲ မြင်ပါတယ်။ .. ဒီတော့ စစ်ဗျူဟာကို နားလည်နေတဲ့ အစိုးရတပ်ရဲ့ အုပ်ချုပ်ရေး သမားတွေပဲဗျာ ... "စစ်ဆိုတာ ကိုယ်က ရပ်မယ်ဆိုတိုင်း သူတို့က မရပ်ရင် ရပ်လို့မှ မရတာ" ... "သူတို့က လာတိုက်ရင် ကိုယ်က ပြန်ခုခံရမယ်" .. လို့ ခပ်လွယ်လွယ် မှတ်ချက် ပေးတာ မသင့်တော်ပါဘူး။ ပညာမဲ့လွန်းပါတယ်။ စစ်ပွဲကို ရပ်လို့မရနိုင်ဘူး ... ကချင်တွေက လာတိုက်တာ ရှိနိုင်မယ်ဆိုတာကို အစကတည်းက ထည့်တွေးပြီး ... စစ်ရေး ဗျူဟာဆန်ဆန် ကြေငြာချက် ထုတ်ပါလား။ ... ဘယ်တပ်တွေက ဘယ်မှာ စခန်းချထားတယ်။ ဘယ်နေရာတွေက အစိုးရတပ်တွေရဲ့ စိုးမိုး ဒေသတွေ ဖြစ်တယ်။ ဒါတွေကို လာတိုက်မယ်ဆိုရင် ပြန်ခုခံရမယ့် ခုခံစစ် ဖြစ်ပြီး .. လိုအပ်ရင် နောက်ထပ် လာမတိုက်နိုင်အောင် နယ်မြေရှင်းလင်းရေးကို ဘယ်ဒေသအထိ လိုက်လုပ်မယ်။ သို့သော် လာမတိုက်ရင် ... အပစ်ရပ်ထားမှာ ဖြစ်တယ်။ ရှေ့တန်းမှာ ဘယ်တပ်တွေက ရှိနေတယ်။ ဒါတွေကို ဘယ်လမ်းကြောင်းက ဆုတ်မယ်။ အဲဒီ လမ်းကြောင်းမှာ လုံခြုံရေး ယူထားမယ်။ လာတိုက်ရင် .. တိုက်တဲ့သူက အလွန် ဖြစ်တာကြောင့် ... အပစ်ရပ်ရေးမှာ အစိုးရတပ်က တိုက်တာ မဟုတ်ဘူး ဆိုတာ သိအောင် ကြေငြာပါတယ်။ ဒါကြောင့် အပြည့်အဝ အပစ်အခတ် ရပ်ရေးကို ... ကြိုးစားဆောက်ရွက်နေပါတယ် ဆိုတာမျိုး ... အတိအကျ ထုတ်ပြန်လိုက်ပါလား။ ဒါတွေကို ကချင်ဘက်က လိုက်တိုက်တယ်ဆိုတာ ဖြစ်ရင် ... အစိုးရ စစ်တပ်က ပြန်တိုက်ရရင် .. ဘယ်သူ လွန်တယ်ဆိုတာ သိနိုင်မယ်။ အခုကတော့ ရပ်မယ် ပြောပြီး နေ့တိုင်း စစ်ပွဲတွေ ဆက်ဖြစ်နေတော့ ... ရပ်ဖို့ ပြောတဲ့ ... သမ္မတလည်း ငပေါကြီးဖြစ်၊ လွှတ်တော်လည်း ငပေါတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ကြီးဖြစ် .. အစိုးရ သတင်းကြေငြာချက်ဆိုတာလည်း ပြောသမျှကို ယုံစရာဆိုတာ အရင်ကလည်း မရှိခဲ့ဘူး။ အခုလည်း မယုံရဘူး ... စတဲ့ အယုံအကြည့်မဲ့မှုက ပြည်သူတွေကြားမှာ တနေ့ ပိုကြီးလာတာပဲ အဖတ်တင်တယ်။ ငြိမ်းချမ်းရေး တကယ်လိုချင်တယ်ဆိုရင် ဒီလောက် မခက်ပါဘူးဗျာ။ ငြိမ်းချမ်းချင်တဲ့ ဆန္ဒရှိဖို့ပဲ လိုပါတယ်။ အခု စစ်ဆက်ဖြစ်နေတာကတော့ ... ငြိမ်းချမ်းချင်တဲ့ ဆန္ဒဟာ ကင်းမဲ့နေတယ်ဆိုတာ ထင်းရှားနေတယ်။ (ကိုထိုက်) Posted by လင်္ကာ at 2:15 PM Labels: ETHNIC , ကိုထိုက် No comments: Post a Comment Newer Post Older Post Home Subscribe to: Post Comments (Atom)
<urn:uuid:a5e0730e-658d-4389-9fac-6a3b19a1a2c2>
CC-MAIN-2015-18
http://8888linker.blogspot.com/2013/01/blog-post_9941.html
2015-04-26T17:08:34Z
s3://commoncrawl/crawl-data/CC-MAIN-2015-18/segments/1429246655589.82/warc/CC-MAIN-20150417045735-00168-ip-10-235-10-82.ec2.internal.warc.gz
mya
0.885936
Mymr
17
{"mya_Mymr_score": 0.8859357833862305, "blk_Mymr_score": 0.11085134744644165}
ဗြိတိန်နိုင်ငံနှင့် သြစတေးလျနိုင်ငံ နှစ်နိုင်ငံ ပူးပေါင်းပြီး မြန်မာပြည် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၁ မှ ၂၀၁၅ ခုနှစ်အတွင်း ဒေါ်လာ သန်း ၅၀၀ ကျော် ထောက်ပံ့သွားမည်ဟု သိရသည်။ ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိက ထောက်ပံ့ကူညီသွားမည် ဖြစ်ရာ ဖွံ့ဖြိုးတိုးတက်မှု နည်းပါးနေသည့် ပဋိပက္ခ ဖြစ်ပွားခဲ့သော တိုင်းရင်းသား ဒေသများရှိ ကလေးများ အပါအဝင် မြန်မာပြည် အတွင်းရှိ ဆင်းရဲ နွမ်းပါးသော ကလေးငယ် ၂ သန်းကျော်ကို အရည်အသွေးကောင်းမွန်သော မူလတန်းပညာ သင်ကြားနိုင်ရန် အတွက် ယင်း ငွေကြေးအများစုကို အသုံးပြု သွားမည်ဖြစ်ကြောင်း ဗြိတိန် – သြစတေးလျ နှစ်နိုင်ငံ ပူးပေါင်းကူညီရေး အဖွဲ့က ယနေ့ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။ ယနေ့မွန်းလွဲ ၁၂ နာရီက ရန်ကုန်မြို့ ရွှေတောင်ကြားလမ်းရှိ သြစတေးလျန်း ကလပ်တွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်လာသည့် ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဌာန၏ အမြဲတမ်းအတွင်းရေးမှူး Mark Lowcock နှင့် သြစတေးလျနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီ၏ ညွှန်ကြားရေးမှူးချုပ် Peter Baxter တို့က မြန်မာပြည်၏ ပြောင်းလဲမှုကို ကြိုဆိုကြောင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများအတွက် အတူတကွ ပူးပေါင်း ဆောင်ရွက်ရန် ကတိကဝတ် ပြုခဲ့ပြီးဖြစ်ကြောင်း သတင်းထောက်များကို ရှင်းလင်းခဲ့သည်။ မြန်မာပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီရာတွင် ပညာရေးကိစ္စ အပါအဝင် လယ်သမားများ ဝင်ငွေ တိုးတက်ရေး၊ ပြည်သူများ၊ အထူးသဖြင့် အမျိုးသမီးများ၏ ကျန်းမာရေး ဝန်ဆောင်မှု ပိုမို တိုးတက်စေရေး၊ တိုင်းရင်းသား လူမျိုးစု ဒေသများ၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် လက်တွေ့ကျသော စီးပွားရေး ကူညီထောက်ပံ့မှုများ ပေးရေး၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်နိုင်ရေး၊ လွှတ်တော်၏ လုပ်ငန်းများကို အားဖြည့်ဆောင်ရွက်ရေး၊ တရားဥပဒေ စိုးမိုးရေး စသည်တို့အတွက် အားဖြည့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ “ငြိမ်းချမ်းရေးအတွက် ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေကို အမြန်ဆုံးရပ်ဖို့ ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ကိုရော၊ အစိုးရ ဘက်ကိုပါ ပြောခဲ့ပါတယ်။ စစ်ဖြစ်နေတဲ့ နေရာက ပြည်သူတွေအတွက် လူသားချင်း စာနာထောက်ထားပေးဖို့ ပြောပြီးပြီ ဖြစ်ပါတယ်” ဟု Mr. Peter Baxter က ဆိုသည်။ တိုင်းရင်းသား ဒေသများအတွင်း ပဋိပက္ခ ကိစ္စများ၊ စစ်မက်များ ဖြစ်ပွားခဲ့ခြင်းသည် ကူညီထောက်ပံ့ရေး အဖွဲ့များအတွက် စိန်ခေါ်မှုများ ဖြစ်လာနိုင်ကြောင်း၊ ထိုဒေသများရှိ ပြည်သူများသည် ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးခဲ့ရသော်လည်း ယခုအခါတွင် တိုးတက်ရန် အခွင့်အရေးများ ရသင့်ပြီ ဖြစ်ကြောင်း၊ တိုင်းပြည်အနေဖြင့် အကောင်းဘက်ကို ဦးတည် ပြောင်းလဲနေချိန်တွင် ၎င်းတို့အနေဖြင့် ငြိမ်းချမ်းရေး ဖြစ်စဉ်များနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများအတွက် ကူညီသွားမည် ဖြစ်ကြောင်း Mr. Mark Lowcock ကလည်း ပြောသည်။ ယင်းအဖွဲ့အနေဖြင့် မြန်မာပြည်တွင်းရှိ ကျောင်းများတွင် ကျောင်းသားများ ယခုပိုမို တက်ရောက် ပညာသင်ကြားနိုင်ရေး အတွက် အဓိကထား ကူညီသွားမည်ဖြစ်ကြောင်း၊ ငွေကြေးမတတ်နိုင်သူများ အတွက် အနစ်နာခံ သင်ကြားပေးနေသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကိုလည်း အားပေးသွားမည် ဖြစ်ကြောင်း သိရသည်။ “အစိုးရဟာ အခွန်ပေးမယ့် ပြည်သူတွေကို တာဝန်ခံရမယ်၊ အခွန်ပေးမယ့် ပြည်သူတွေရဲ့ အရင်းအမြစ်တွေကိုလည်း ကောင်းမွန်စွာ အသုံးချရမယ်လို့ တာဝန်ရှိသူတွေကို ကျနော်တို့ ပြောခဲ့ပါတယ်။ လူသားချင်း စာနာ ထောက်ထားတဲ့ အကူအညီတွေ ပေးဖို့အတွက် စိန်ခေါ်မှုတွေ ဘယ်လောက် ကျန်သေးလဲ ဆိုတာက အဓိကမကျပါဘူး။ အောင်မြင်မှု ဘယ်လောက် ရခဲ့ပြီလဲ ဆိုတာသာ အဓိကပါ” ဟု Mr. Peter Baxter က ဆိုသည်။ ဗြိတိန် – သြစတေးလျ ပူးပေါင်းကူညီရေး အဖွဲ့သည် ၂၀၀၈ ခုနှစ်က နာဂစ်ဆိုင်လုန်း မုန်တိုင်းဒဏ် ခံစားခဲ့ရသော ဧရာဝတီတိုင်းအတွင်းရှိ ဒေသများသို့ မကြာခင်ရက်ပိုင်းက သွားရောက်လေ့လာ၍ ပြည်သူများနှင့် တွေ့ဆုံကာ စစ်တမ်းများလည်း ကောက်ယူခဲ့သည့် အပြင်၊ မြန်မာပြည် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီမည့် အစီအစဉ်များ အတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ ဝန်ကြီးဦးအောင်မင်း၊ အတိုက်အခံ အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ စီးပွားရေးနှင့် လူမှုရေး ကဏ္ဍမှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
<urn:uuid:fe314403-cc8d-44ef-91f7-1b9f93aa4563>
CC-MAIN-2015-22
http://burma.irrawaddy.org/uk/2013/01/31/32787.html
2015-05-24T05:09:27Z
s3://commoncrawl/crawl-data/CC-MAIN-2015-22/segments/1432207927843.59/warc/CC-MAIN-20150521113207-00277-ip-10-180-206-219.ec2.internal.warc.gz
mya
0.950308
Mymr
30
{"mya_Mymr_score": 0.950308084487915, "blk_Mymr_score": 0.04697326198220253}
တာတာရစ် အက်ဆစ် တာတာရစ် အက်ဆစ်သည် စပျစ်သီး၊ လိမ္မော်သီးစသော သစ်သီးများ၏အရည်တွင် ပါရှိသည်။ ဓာတုဗေဒသဘောအား ဖြင့် ကာဗွန်၊ ဟိုက်ဒရိုဂျင်၊ အောက်စီဂျင်ဓာတ်တို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော အရောင်ကင်း၍ အလင်းပေါက်သည့် ပုံဆောင်ခဲများဖြစ်၏။ တာတာရစ်အက်ဆစ်ကို သုံးမျိုးသုံးစား ခွဲခြားထားသော်လည်း၊ ဓာတုသင်္ကေတ ပုံသေရေးနည်းမှာ (C4H6O6)ဟု တစ်မျိုးတည်းပင် ဖြစ်သည်။ ထိုအက်ဆစ်ကို အခြားသော သစ်သီးများမှလည်း အနည်းအကျဉ်းရနိုင်၏။ သို့ရာတွင် စပျစ်ရည်မှ အများဆုံးရရှိလေသည်။ စပျစ်ရည်ကို စည်ထဲတွင်ထည့်ထားစဉ် ကဇော်ပေါက်လာ သောအခါ၊ စည်အတွင်းဖက်၌ မာသာချိုးများ တက်လာသည်။ ထိုချိုးမှာ 'အာဂေါ' သို့မဟုတ် 'ပိုတက်ဆီယမ် တားထရိတ် အက်ဆစ်'ဟု ခေါ်သော ဓာတ်ဆားဖြစ်သည်။ ဤဓာတ်ဆားကို ရေတွင်ဖျော်ပြီးလျှင် တစ်ဖန်ပြန်၍ ပုံဆောင်ခဲဖြစ်စေသောအခါ၊ အနည်းငယ် သန့်လာသော ပုံဆောင်ခဲကိုရသည်။ ထိုတာတာ တွင် ရှိနေသေးသော အညစ်အကြေးများကို ထုတ်ပြီးလျှင် ပို၍ သန့်အောင် ပြုလုပ်သောအခါ၊ 'တာတာအဆီဖတ်'ဟုတွင်သော ပစ္စည်းကိုရလေသည်။ 'တာတာအဆီဖတ်'သည် အလွန်အဖိုး ထိုက်တန်၍ အသုံးဝင်၏။ ဤအဆီဖတ်ကို ဆိုဒီယမ် ဗိုင်ကာ ဗွန်နိတ်နှင့်ရောစပ်၍ ပေါင်မုံ့ ကိတ်မုံ့များ ဖုတ်ရာတွင် ပွထစေသော ဗိတ်ကင်းပေါင်မှုန့်ကို ပြုလုပ်ရ၏။ ဆိုဒါထိုပြင် အဘယဆေးဖေါ်စပ်ရာ၌လည်း အသုံးပြု၏။ ဆေးဆိုင်များတွင် အများအစားရောင်းချသော တာတာရစ်အက်ဆစ်နှင့် အခြား ဓာတ်ဆားများကို ဤအဆီဖတ်မှ ထုတ်ယူကြလေသည်။ ထိုအဆီဖတ်မှ ရသည့် အထူးထင်ရှားသော ဓာတ်ဆားနှစ်မျိုးမှာ 'ရိုရှယ်ဆား'ဟုခေါ်သော ဆိုဒီယမ် ပိုတက်ဆီယမ် တားထရိတ် ဓာတ်ဆားနှင့် 'တာတာ အီမက်တစ်'ဟုခေါ်သော ပိုတက်ဆီယမ် အန်တီမိုနိုင်တားထရိတ် ဓာတ်ဆားတို့ဖြစ်ကြသည်။ တာတာကို ဖြစ်စေ၊ တာတာအဆီဖတ်ကိုဖြစ်စေ ဆာလဖျူရစ် အက်ဆစ်နှင့် စီမံသောအခါ၊ တာတာ ရစ်အက်ဆစ်ကိုရ၏။ တာတာရစ်အက်ဆစ်ကို သရက်ထည် အပွင့်ရိုက်ခြင်း၊ ဆေးဆိုးခြင်း၊ ဓာတ်ပုံရိုက်ကူးခြင်း၊ ဘယဆေးဖေါ်စပ်ခြင်းတို့တွင်လည်းကောင်း၊ အဖျောယမကာနှင့် အရက်စသည်တို့တွင် အနံ့အရသာ ကောင်းမွန်စေသော ပစ္စည်းအဖြစ်ဖြင့်လည်းကောင်း အသုံးပြုလေသည်။ ကိုးကား[ပြင်ဆင်ရန်] မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
<urn:uuid:e176698d-f3eb-4bea-bfc4-6ad94054e504>
CC-MAIN-2015-22
http://my.wikipedia.org/wiki/%E1%80%90%E1%80%AC%E1%80%90%E1%80%AC%E1%80%9B%E1%80%85%E1%80%BA_%E1%80%A1%E1%80%80%E1%80%BA%E1%80%86%E1%80%85%E1%80%BA
2015-05-29T16:21:33Z
s3://commoncrawl/crawl-data/CC-MAIN-2015-22/segments/1432207930256.3/warc/CC-MAIN-20150521113210-00273-ip-10-180-206-219.ec2.internal.warc.gz
mya
0.998028
Mymr
80
{"mya_Mymr_score": 0.9980281591415405}
Programming Language တစ်ခုကိုစတင်ပြီး လေ့လာတော့မယ်ဆိုတော့ စရတာက Hello World ပေါ့။ Python ကိုဘာလို. စပြီး စိတ်ဝင်စားသလဲဆိုတော့ စင်္ကာပူမှာနေတုန်းက အားရင် Internet မှာ MIT က Course ကြည်ဖြစ်ပါတယ်။ Python ကိုစပြီး သင်ပေးပါတယ် Lecturer များကလဲ တော်တော်ကောင်းပါတယ်။ Day-1 Python စလေလာမယ်ဆိုတော့ ပြင်ဆင်ရတာပေါ့ ။ Laptop လေး အိပ်ထဲထဲ့ပြီး ၈မိုင်ကကိုရာဗီရဲ့ ရုံးခန်းကိုပြေးရတာပေါ့။ ဟိုရောက်တော့ Internet က documentation လေးဖတ်ပြီး ဘယ်လို.လုပ်ရမလဲ ဘာညာကြည်။ Download ဆွဲပြီး install လုပ်ပေါ့။ Python Print “hello world” အဲဒီတော့ ကိုရာဗီက ပြောပါတယ် မင်း program ကရေးရတာများတယ် ဆိုပြီးရိုက်ပြပါတယ်။ “hello world” Result က ‘Hello World’ တန်:ရပါတယ်။ Python ရဲ့အားသာချက်က input တစ်ခုက string/char/integer ဖြစ်ကြောင်းအလိုလိုသိတာပါပဲ ။ ကျွှန်တော်လေ့လာဘူးတဲ့ တခြားProgramming Language တွေနဲ့ တိုက်ကြည်.ပါတယ်။ C++ ဆိုရင် include int main(){ cout<<"Hello World"; } .Net ဆိုရင် using System;class MainApp { public static void Main() { Console.WriteLine("Hello World "); }} Java ဆိုရင် class HelloWorldApp { public static void main(String[] args) { System.out.println("Hello World!"); }} ဒီနေရာမှာပြောချင်တာက Programming Language ၁ခုဟာ တိုလို.ကောင်းတယ် ပြောချင်တာမဟုတ်ပါဘူး။ ဘယ်ဟာက ပိုကောင်းတယ် ပြောတာမဟုတ်ဘူးနော်။ ပေးချင်တဲ့ မတ်စိ(Message) ကို Python နဲ့ လွယ်လွယ်ကူကူနဲ့ ပေးလို့ရတယ်လို့ ဆိုလိုချင်တာပါ။ဒီလို ကောင်းမွန်တဲ့ Language ၁ခုကို Course မှာပါသင့်တယ် ထင်တာပဲ။ အပြစ်တင်တာမဟုတ်ပါဘူး ပိုကောင်းမယ်လို. ပြောတာပါ။ ကျွှန်တော် မဟာတန်းမှာ VB.net/ VS2003 + MS Access နဲ့ သင်ရပါတယ်။ ကျောင်းမှာက C++ ကိုသင်ပါတယ်။ ရေးရတာတော်တော်များပါတယ် “ include/ a standard header” ကော method ကော “cout<<” ကောရှုပ်နေတာပဲ ။ ကျောင်းသားက iostream, cout,cin, void main() တွေ တွေ.ပြီးလန့်သွားကြလား မသိပါဘူး။ အပေါင်း+အနုတ်+အမြာက်+အစား ဆိုရင်ကော variable (eg.int a,b;) ကြေညာရပါမယ် ပြီးတော့ at least : method, cout ကလေးတွေလန့်မယ်ဆိုလဲ လန့်စရာပါပဲ။ Paper ပေါ်မှာကုဒ်ရေးပြီး နားမလယ်ကြတော့ Exam မှာအလွတ်ကျက်ပြီးဖြေကြတာပေါ့။ အပေါင်း+အနုတ်+အမြာက်+အစား ကိုPyton မှာ လွယ်လွယ်ကူကူဖန်တီး လို.ရပါတယ်။ >>1+2>>2-1>>2*3 >>6/3 Word/စကားလုံး တစ်ခုကို Sentence တစ်ခုကနေ Count လုပ်မယ်ဆိုပါတော့။ 'kochit kotun koravi kongwetun koarkar kotunzarnikyaw wayne shaung neo pyone '.count ('n') ဒါပါပဲ အဖြေက ၉ ရပါတယ် ။ .count ('n') character ‘n’ ကိုစစ်တာပါ။ ဘယ်နလုံးပါလဲလို့။ဘာပဲပြောပြော Day-1 မှာ တော်တော်ကျေနပ်သွားပါတယ် ။ Day-2 Day-2 မှာ User နဲ့ interact လုပ်တဲ့ program လေးများ စမ်းမိပါတယ်။ word1= “Hello,”word2=”Good day”word3=”to you ”print word1+” ”+word2+” ”+word3 Output: “ Hello Good Day to you” ရပါတယ်။ တခြားနည်းနဲ့လဲလုပ်လို. ရပါတယ် word1= “Hello,”word2=”Good day”word3=”to you ”sentence=word1+” ”+word2+” ”+word3print sentence Output: Hello Good Day to you ပဲပြန်ရပါတယ်။ Same result ပါ။ Looping လေး လုပ်ကြည့် ရအောင် While Screen Design လေး အရင်ဆွဲကြည်.ရအောင် Step-1 int တစ်ခုကို assign လုပ်ပါမယ်#သူအတွက် value ထဲ့ပါမယ်။Step-2 ဘယ်အထိ အလုပ်လုပ်ရမယ်ဆိုတာ သက်မှတ်ပါမယ်။#while < (less than)Step-3 int ဖြစ်တဲ့အတွက် တိုးခြင်း နုပ် ခြင်း စသဖြင့် သက်မှတ်နိူင်ပါတယ်။Step-4 output result ထုတ်ပါမယ်။ အဖြေက 1 2 3 4 5 ရပါတယ်။ ဒီမှာ Python ရဲ့အားသာချက်ပါ i=0 လုပ်လိုက်တာနဲ့ i ဆိုတာ integer မှန်း အလိုလိုသိတာပါပဲ။ ပြောင်:ပြန်ကော(minus)? အမြောက်ကော? အစာ:ဗျာ တမျို:လေးလုပ်ကြည်ရအောင် အပေါင်း၊အနုတ်၊အမြာက်၊အစား နဲ့ ပျင်းလာပီဗျာ……. 0 ကနေ 20 ကြား even number များကို ထုတ်ကြည.်ရအောင် ထုံးစံအတိုင်း Screen Design လေး လုပ်ကြည်.ရအောင် Step-1: integer i က ုိassign လုပ်ခြင်:Step-2: Range သက်မှတ်ခြင်: #Example: 0-20Step-3: integer i က ုိ်တိုးသွားခြင်: #Example: +1,+2,+3,… Step-4: even number သာလိုအပ်ကြောင်း if statement နင့်filter လုပ်ခြင်: # if i%2==0Step-5: integer i အား output ထုတ်ပြခြင်: Day-2 ကတော့ဒီလောက်ပါပဲ… ဆက်ပြီးရေးပါဦးမယ်…. Day-3 ဒီတခါ if (statement) ကိုစမ်:ကြည်.ရအောင် ။ System ရဲ့တိုင်မာ လေးကိုသုံးမယ်ဗျာ import timenow= time.localtime() လိုတာဒီ ၂ကြောင်းပါပဲ ။လောလောဆယ် Time ကိုဆွဲထုတ်ရဖိုတော့လိုမှာပေါ့နော် ။ Python မှာကောင်းတာလေးများ ရှိပါတယ် ။ time ပြီးတော့ “.” ချလိုက်ရင် သုံးလို ရတာလေးများ ပြပါတယ်။ hour ဆိုတဲ့ variable ကြေညာမယ်ဗျာ။ ပြီးတော ့သူ.အထဲကို အခုရောက်နေတဲ့ Time(hour ) ထဲ့ လိုက်မယ်ဗျာ ။ hour= now.tm_hour လွယ်ပါတယ်နော်။ So Easy ပါ။ ဒီပုံလေးက လူ၁ယောက်ရဲ့ တစ်နေ့တာ လုပ်လေ့ရှိတာက ုိပြတယ်ဗျ။ Screen design က - ၁၂နာရီကနေ မနက် ၈နာရီအထိအိပ်မယ်ဗျာ- ၈နာရီက ၉နာရီကရုံးသွားဖို ဘတ်စ်ကားစီး- ၉နာရီက ၅နာရီက အလုပ်လုပ်မယ်ဗျာ- ၅နာရီက ၆နာရီကို ဘတ်စ်ကားစီး- ၆နာရီက ၈နာရီကို ထမင်:စားပြင်ဆင်- ၈နာရီက ၁၂နာရီကို ရုပ်ရှင်လေးဘာလေး ကြည်.ပေါ့ဗျာ လုပ်ချင်တာက system ကနေလက်ရှိ Time ကိုဆွဲထုတ်မယ်ပြီးရင် ဒီ time ဆိုဘာလုပ်မလဲ ဆုံးဖြတ်မယ်။ အဲလို အဲလို Connection ကမကောင်:တဲ့ကြားကဖြစ်ညစ်ပြီးတင်လိုက်တာပါ That is all for today။ ကြာရင် Teleport ကို သွားပြီး၁ခုခုလုပ်မိမှာစိုးလို. Day-4 ဒီနေ့လဲ Connection မကောင်းပါ ။ ထားပါတော့ စိတ်လျှော့ပြီး က ုိတက်နိူင်သလို တင်လိုက်ပါတယ်။ ဒီတစ်ခါ User နဲ့ interact လုပ်မယ့် Program လေးစမ်းကြည်. ရအောင်ဗျာ name= raw_input("What is your name: ")print "Hello"+" "+name ဒီ program ကို run ရင် ခနပဲမြင်ရမယ်ဗျ ။ ဘာဖြစ်လို.လဲဆိုတော ့ program run ပီးရင် Auto ပိတ်သွားလိပ်မယ် ဗျ။ အဲဒီလို မဖြစ်ဖို. တားဖို လိုတယ်ဗျ။ Program ကို ခန အိပ်ခိုင်:လိုက်ဗျာ။ ဒီလိုဒီလို sleep(5) Import လုပ်ပေးရမယ်ဗျ Time အောက်က Sleep ကို from time import sleep Program ကို notepad သို.မဟုတ် notepad++ မှာရိုက်ပြီး “.py” extension နဲ့သိမ်းပါ။ အရေးကြီးတာသိထားဖို လဲလိုသေးတယ် Wiki က reference လုပ်ထားတဲ့ Chart . Variable များကို assign လုပ်ရင် သိထားရမယ့် Chart ပါ။ အပေါင်း၊အနုတ်၊အမြာက်၊အစား ပဲပြန်သွားရအောင် ။ ဒါပေမယ့် တစ်ဆင့်တက်ပြီး Function လေးများ သုံးကြည်ရအောင် ။ User ကို input တောင်:မယ် choice (ဘာလုပ်ချင်လဲ) တောင်းမယ် အဲဒီပေါ်မှုတည်ပြီး output ကို ထုတ်ပေးမယ်ဗျာ။ Screen Design လေးကြည်.ရင် ပိုရှင်းမယ်ထင်ပါတယ်။ Original Post ကုိဒီမှာကြည်. ပါ ။ လွယ်ကူအောင် modified လုပ်ထားတာပါ။ Programming လေ့လာရင် list ကိုလဲ မေ့လိုမရပါဘူး ။ program လေး တစ်ခုရေးကြည်ရအောင် လွယ်လွန်းလို.Screen Design မပြတော့ဘာဘူး။ ကိုယ်.ဟာကိုယ်ပဲ လုပ်ကြည်လိုက်တော့:D Exercise ပေါ့ List အတွင်းမှာ item (for example:name) များရှိမယ် ။Item ကိုခေါ်ချင်ရင် index number ပေးပေါ့။ ဝမ်းသာစရာ သတင်းက ဒီနေ့ပဲ မောင်ပြံုးပြန်လာပါတယ်။ သူနဲ့အတူ MIT နဲ့ Standford က Video Tutorial များပါလာပါတယ်။ ကြည်.ပြီးဆက်ရေးပါဦးမယ်။ ဒီနေ့တော့ဒီလောက်ပါပဲ။ Day-5 Using Random (Library) and If( statement) ကိုထွန်:ဇာနည်ကျော်ကို သဘောကျလို Quizz ဂိမ်းလေးလုပ်ကြည်.ရအောင်။ပထမဆုံး Screen Design လေး။ ပိုပြီးရှင်းသွားအောင် အောက်က Flow Chart လေး ကိုကြည်.ပါ။ Programming Code လေးပါ Day-6 Python ကိုလေ့လာမယ်ဆိုရင် Operator များလဲသိဖို. လိုပါတယ်၊ Symbol Type What it Does + #Mathematical -Addition – # Mathematical- Subtraction * # Mathematical -Multiplication / # Mathematical -Division // # Mathematical -Truncating Division ** # Mathematical -Powers % # Modulos- Returns the remainder from a division << # Shift -Left Shift >> # Shift- Right Shift & # Logical- And | # Logical -Or ^ # Logical Bitwise- XOR ~ # Logical Bitwise -Negation < # Comparison- Less than > # Comparison -Greater than ‘==’ #Comparison- Equal to != # Comparison- Not Equal To >= # Comparison- Greater than or Equal To <= # Comparison -Less than or Equal To ‘=’ # Assignment -Assigns a value += # Assignment -Adds and assigns a value -= # Assignment -Subtracts and Assigns a value *= # Assignment -Multiplies and assigns a value /= # Assignment -Divides and assigns a value //= #Assignment -Truncate Divides and assigns a value **= #Assignment -Powers and assigns %= #Assignment -Modulus and assigns >>= #Assignment -Shifts and assigns <<= #Assignment -Shifts and assigns And #Boolean Or # Boolean Not # Boolean For Loop Statements အောက်က programming code လေးကို လေ့လာကြည်ပါ ။ Screen design လဲပေးထားပါတယ်။ လွယ်လို.ရှင်းမပြတော့ဘာဘူး Day-7 Simple Hacking ငယ်ငယ်တုန်းကတော့ လော့ခ်ကိုဟက်ပြတဲ့ အခန်:များရုပ်ရှင်တယ်မှာပါလာရင် အရမ်:ပျော်ပါတယ် စက်ကလေးကိုကိုင် လော့ခ်နဲ့ဆက်လိုက်ရင် number အများကြီးတတ်လာပြီး ခနကြာတော့ ပွင့်သွားပါတယ်။ Computer စပြီးသင်တုန်းကလဲ Command Line မှာ “dir” ရိုက်လိုက်ရင် စာအများကြီး တက်လာတာတော်တော် ပျော်ဖိုကောင်းပါတယ်. အော်သူများရိုက်ပြရင် အထင်ကြီးလို.:P။ အဲဒီ idea လေးကို apply လုပ်ကြည်.ရအောင် ပွင့်ဖို အတွက်ကိုတိုင် Password ပေးပြီးစမ်းလို. ရတဲ့ Combination Lock မြင်ဘူးကြလားမသိဘူး။ အိပ်တော်တော်များများမှာပါပါတယ်။ သူက Password (number ) ကိုကိုယ်ကိုတိုင် ပေးလို.ရတယ်လေ။ Password သိမှပြန် ဖွင့်နိူင်တယ်လေ။ အဲတာကို ဟက်လုပ်ရအောင် များသောအားဖြင့် Password က ၃လုံးပါ 001 ကနေ 999 ပေါ့ ။များနေမှာစိုးလို နစ်လုံးပဲစမ်းကြည်. ရအောင်။ 0 ကနေ 99 ပေါ့။ အဲဒါကိုhttp://en.wikipedia.org/wiki/Brute_force_attackလို.လဲလူသိများကြပါတယ်။ Password မမှန်မခြင်: Character/ number များကို Generate လုပ်ပြီးပစ်ထဲ့တာပေါ့ ဗျာ။ Screen Design လေးတစ်ချက်ကြည်. ပါဦး။ Flow Chart လေးကိုလဲကြည်. ပါဦး ဒီနေရာမှာ ပြောချင်တာက အလုပ်တစ်ခုလုပ်တော့မယ်ဆို Computer ရှေ့မှာအမြဲတန်: ရှိနဲ့ဖို. မလိုအပ်ပါဘူး။ Paper Programming အရင် လုပ်ကြည်ပါ ။ ကိုမြင့်ကျော်သူပြောဘူးသလိုပဲ တကယ်တန်:ကျတော့ Programming မှာလိုအပ်တဲ့ For, For each, if, while etc statement များကိုရေးချရင် A4 နစ်မျက်နာ ထက်ပိုမရှိပါဘူး ။ Programmer ကောင်းဆိုတာ ပေးထားတာနဲ့ System Limitation နဲ့ ဆက်စပ်ပြီး စဉ်းစားတတ်တာပါပဲ။ ပုံမှန်အားဖြင့် 70% of your time ကို စဉ်းစားတာနဲ့ reference ရှာတဲ့နေရာမှာသုံးသင့်ပါတယ် ။ Coding ကို 30% ထက်ပိုပြီးသုံးစရာမလိုပါဘူး။ Programming Code လေးပေးထားပါတယ်။ စမ်းကြည်.ပါဦး Day-8 Applying ‘Pass’, ‘Break’ and ‘for’ statements ဒီနေ့မှာတော့ Program တစ်ခုချောချောမောမော အလုပ်လုပ် နိူင် ဖို.လိုအပ်တဲ့ Statement တချို.ကို နဲနဲ Highlight လုပ်တင်ပြသွားပါ့မယ်။ အားလုံးစက်ဘီးကိုတော့ အနည်းဆုံးစီးဘူးကြတယ် ထင်ပါတယ်။ ကား ၊ ဆိုင်ကယ် စသည်ဖြင့်ပေါ့ ။ Newton ရဲ့ နိယာမအရ ပြေးနေတဲ့ အရာတစ်ခုဟာ တားဆီးမူတစ်ခုခုမရှိရင် ဆက်ပြီး ရွေ.မြဲအတိုင်း ရွေ.ရှားပါတယ်တဲ့။ဒီနေရာမှာ ကျွှန်တော်နဲ့ သဘောထားချင်:တူမလာ: မသိဘူး။ ကားဘယ်ဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဘရိတ်ကောင်းဖို. အရမ်:အရေးကြီးပါတယ်။ မဟုတ်ရင် အရှိန်မထိန်းနိူင်ပဲဝင်တိုက်ပါလိမ့်မယ်။ ထိုနည်းတူစွာပဲ Program တစ်ခုဟာ ကောင်းကောင်းမွန်မွန်လည်ပတ်နိူင်ဖို. break statement ကောင်းကောင်းလိုအပ်ပါတယ်။ မဟုတ်ရင် error တက်ပါလိမ့်မယ်။ သို.မဟုတ် System ကိုပါ ထိခိုက်နိူင်ပါတယ်။ ဘယ်နေရာများမှာလိုအပ်မလဲ? စဉ်းစားကြည်.ရအောင်။ ၁။ လိုအပ်တဲ့ Range ကျော်သွားတဲ့ အခါ? ၂။ မလိုအပ်တဲ့ အရာတခုခုကို မြင်တဲ့အခါ ၃။ လိုအပ်တဲ့ အရာစီရောက်တဲ့အခါ စသည်ဖြင့်ပေါ့…. မေးစရာရှိပါတယ် ဟာဗျာလွယ်လိုက်တာ။ ထင်မလားမသိပါဘူး။ တစ်ချိန်လုံး break စသဖြင့် လုပ်လာတာ ဘာညာ။ ကျွှန်တော်ရေးတာ အကြောင်းရှိပါတယ်။ အခုပြောနေတာများက နောက်ပိုင်း ပိုစ်များကို Cover Up လုပ်ဖိုပါ။ ဒီတခါတော့ Program လေးကို အရင်ကြည်.ကြည်. ရအောင် Flow Chart ဆိုရင် ပိုရှင်းသွာ:မလားမသိဘူး Exercise လေးပေးကြည်.မယ်ရမလာ:? စမ်းလုပ်ကြည်. ပါလား။ Exercise:ဒီProgram အတိုင်းပဲ string ကိုကိုယ်တိုင် Assign လုပ်မယ် break လုပ်ဖို. Special Character ကိုလဲကိုတိုင် Assign လုပ်မယ်။ ရမလားစမ်းကြည်.ပါဦး။မသိတာရှိရင် Comment နဲ့မေးပါ ၄-၅ ရက်ကြာရင် Answer ကိုreply တင်ပေးပါ့မယ်။ လုပ်ရမှာက 2. Flow Chart 3.Program code Notepad++ သုံးပါ။ Internet က download လုပ်ပါ။ Flow Chart ကိုလဲ မမှန်မှာအရမ်းစိတ်မပူပါနဲ့။ Flow chart ရဲ့သဘောအရမှန်တယ်မှားတယ် မရှိပါဘူး။ လိုချင်တဲ့ Idea ရရင် တော်ပါပီ။ Geek များနောင်မှ ဖြေပါ Pass Statement Break နဲ့အတူသိသင့်သိထိုက်တဲ့ Statement တစ်ခုက “pass” ပါ။ Pass ကိုသုံးပြီးProgram ထဲမှာ ကိုလိုချင်တဲ့နေရာမှာ information ဖြစ်ဖြစ် Programing Statement များပဲဖြစ်ဖြစ် ထဲ့လို.ရပါတယ်။ Screen Design ကိုအရင်ကြည်.ကြည်.ပါဦး။ Flow chart ကိုတော့ ကိုယ်.ဟာကိုယ် ဆွဲကြည်.ပါဦး. Programming Code ပေးထားပါတယ်။ Day-9 Python’s Features (Python ရဲ့ အားသာချက်များကို တင်ပြလိုက်ပါတယ်) မူရင်းလင့်ခ် 1. Easy-to-learn: Python has relatively few keywords, simple structure, and a clearly defined syntax. This allows the student to pick up the language in a relatively short period of time. သင်ကြားရန်လွယ်ကူခြင်: - Python မှာသူများ language များထက်စာရင် keywords နဲပါတယ်။ Syntax များဟာ နားလယ်ရန်လွယ်ကူပါတယ်။ သင်ကြားလေ့လာသူအတွက် လေ့လာရတဲ့ တိုတောင်းစေပါတယ်။ 2. Easy-to-read: Python code is much more clearly defined and visible to the eyes. ဖတ်ရှုရန်လွယ်ကူခြင်:- Python မှာရှိတဲ့ Code များဟာ ရှင်းလင်းစွာ အဒိတ်ပယ်ဖွင့်ဆိုထားပြီး ကြည်.ရှုလေ့လာရန် အဆင်ပြေစေပါတယ်။ 3.Easy-to-maintain: Python’s success is that its source code is fairly easy-to-maintain. ပြင်ဆင်ရန်လွယ်ကူခြင်:- Python ရဲ့အထိကအောင်မြင်မူပါ ။ Source code များဟာ လိုအပ်တဲ့အခါမှာ ပြုပြင်ပြင်ဆင်ရန် အဆင်ပြေပါတယ်။ 4. A broad standard library: One of Python’s greatest strengths is the bulk of the library is very portable and cross-platform compatible on UNIX, Windows, and Macintosh. စုံလင်တဲ့ library ရှိခြင်:- Python ရဲ့အားသာချက်တခုက Library များဟာ စုံလင်ပြီး နေရာပြောင်:လဲအသုံးပြုရန် လွယ်ကူပါတယ် ။ Platform တော်တော်များများကိုလဲ Suppot လုပ်ပါတယ် ။ UNIX မှာလဲ run လို.ရပါတယ်၊ Windows မှာလဲ run လို.ရပါတယ်၊ Macintosh မှာလဲ run လို.ရပါတယ်။ 5.Interactive Mode: Support for an interactive mode in which you can enter results from a terminal right to the language, allowing interactive testing and debugging of snippets of code. အပြန်အအလန် ဆက်သွယ်နိူင်ခြင်း- အပြန်အအလန် ဆက်သွယ်နိူင်တဲ့ ပုံစံ ဖန်တီးပေးပါတယ်။ Result များကို terminal တစ်ခုခုကနေ language ထဲ အထိ ထဲ့သွင်းလို. ရစေပါတယ်။ interactive testing၊ code အပိုင်းအစများကို debug လုပ်ခြင်:များကို ထောက်ပံပေးနိူင်ပါတယ်။ 6.Portable: Python can run on a wide variety of hardware platforms and has the same interface on all platforms. နေရာအစုံအသုံးပြုနိူင်ခြင်:- Python ကို Hardwar Platform တော်တော်များများမှာ အသုံးပြုလို.ရပါတယ်။ အားလုံးမှာလဲ Interface တူတူပါပဲ။For example: UNIX မှာလဲ အသုံးပြုနိူင်ပါတယ် ဒီပုံစံပါပဲ၊ Windows မှာလ ဲ အသုံးပြုနိူင်ပါတယ် ဒီပုံစံပါပဲ၊ Macintosh မှာလ ဲ အသုံးပြုနိူင်ပါတယ် ဒီပုံစံပါပဲ။ 7. Extendable: You can add low-level modules to the Python interpreter. These modules enable programmers to add to or customize their tools to be more efficient. လိုအပ်သလို တိုးချဲ့နိူင်ခြင်:- low-level module များကို Python ရဲ့ interpreter အောက်မှာထက်ပြီး ထက်မံထဲ့သွင်းနိူင်ပါတယ်။ Programmer များအတွက် အဲဒီ low-level module များက tool အသစ်များ ထဲ့သွင်းခြင်း ပြုပြင်ပြင်ဆင်ခြင်:ကို အဆင်ပြေပါတယ်။ 8. Databases: Python provides interfaces to all major commercial databases. Databases Support- Python ကို database တော်တော်များများနဲ့ အသုံးပြုလို. ရပါတယ်။ 9. GUI Programming: Python supports GUI applications that can be created and ported to many system calls, libraries, and windows systems, such as Windows MFC, Macintosh, and the X Window system of Unix. GUI Programming(http://en.wikipedia.org/wiki/Graphical_user_interface)- Python က System Calls, libraries, and windows systems (such as Windows MFC, Macintosh, and the X Window system of Unix)များရဲ့ လိုအပ်ချက် များ အတွက် GUI applicationများဖန်တီးဖို. Support ပေးပါတယ်။ 10. Scalable: Python provides a better structure and support for large programs than shell scripting. Scalabe- Python မှာ ပိုမိုကောင်းမွန်တဲ့ ဖွဲ.စည်းပုံ ရှိပါတယ်။ Program ကြီကြီးမားမားများကို shell scripting ထက်ပိုမိုပြီး ထောက်ပံပေးနိူင်ပါတယ်။ [တက်နိူင်သလို ဘာသာပြန်ပေး လိုက်ပါတယ်။ တချိုဟာများကို တမင်သက်သက် ဘာသာမပြန်ပေးဘယ် ချန်ခဲ့တာပါ။ မူရင်းဆိုလိုရင်း ပျက်သွားမှာစိုးလို. ပါ။] Day-10 Dictionary http://www.tutorialspoint.com/python/python_dictionary.htm ဒီနေ့တော့ Dictionaary အကြောင်း လေ့လာရအောင် ၊ dictionary ဆိုတာ တကယ်တမ်းတော့ table နဲ့ ခက်ဆင်ဆင်တူပါတယ်။ Dictionary များမှာ items ရဲ့ကီးနဲ့ သူနဲ့သက်ဆိုင်တဲ့ Value ပါပါတယ်။ ပိုပြီးရှင်းအောင် example လေးနဲ့ ပြပါရစေ။ ကျွှန်တော်လုပ်ထားတဲ့ List Table လေးဘာ အဲဒီအထဲ က ko_mark အတွက်စမ်းကြည်.ရအောင်။ Programming Code လေးလေ့လာကြည်.ပါ။ ရုတ်တရက်ဆို List နဲ့ နဲနဲ ဆင်ပါတယ်။ List ရဲ့ Index number နဲ့ခေါ်တာထက်စာရင် သာပါတယ်။ အဲတာကို run ရင် result ကဒီလိုရပါတယ်။ မခက်ပါဘူးနော် လွယ်လွယ်လေးပါ။ ကျွှန်တော်တို. နဲနဲလေး တိုးပြီး လုပ်ကြည်. ရအောင်။ Update လုပ်ကြည်.ရအောင်ဗျာ။ ဒီတခါ ကိုစိုးသီ(ko_soethi)ကို စမ်းကြည်.တာပေါ့။ သူအတွက် dictionary သက်သက်တည်ဆောက်လိုက်ရအောင်။ အပေါ်က table ကို reference လုပ်ပြီး ဆောက်လိုက်ပါ။ ko_soethi ရဲ့ “Likes” ကို change လိုက်ပါမယ်။ Update လုပ်လိုက်တယ်ပေါ့။ ဒါလေး run ကြည်.ရင်အဖြေက အပေါ်ကနဲ့ မတူတော့ပါဘူး။ သူကြိုက်တာ “palartar” မဟုတ်တော့ပါဘူး။ “samusarthote “(စမှုဆာသုပ်) ဖြစ်သွားပါတယ်။:P Delete ကိုလဲစမ်းကြည်.ပါဦး Country ကို Delete လုပ်ပြီးရင် Print “Country is : “, dict[“Country”]ဆိုတဲ့လိုင်းမှာ Error တက်ပါ မယ်။ “Country” ဆိုတာမရှိတော့လို. ပါ။ စာဖတ်ရမှာ မပျင်းပါနဲ့ http://www.tutorialspoint.com/python/python_dictionary.htm ဖတ်ကြည်.ပါ ။ အဲဒါများကို ရေးနေရင် ပြီးတော့မှာမဟုတ်ပါဘူး။ Homework :၁။ကိုအာကာ(ko_arkar) အတွက် Dictionary ဆောက်ပါ။၂။ သူရဲ့ Country ကို delete လုပ်ပေးပါ။ ၃။ အသစ်ပြီးပြန်လုပ်ပြီး ပြောင်းပေးပါ ။“Germany”၃။ko_mark နဲ့ ko_arkar တို.ရဲ့ Likes ကို “hotpot” နဲ့ ”potato” အသီးသီး ပြောင်းပေးပါ။ References: http://wiki.python.org/moin/SimplePrograms http://www.sthurlow.com/python http://en.wikipedia.org/wiki/Python_%28programming_language%29 http://mail.python.org/pipermail/tutor/2009-June/069580.html http://stackoverflow.com/questions/438894/how-do-i-stop-a-program-w… http://www.tutorialspoint.com/python/python_overview.htm http://ocw.mit.edu/OcwWeb/web/courses/av/#ElectricalEngineeringandComputerScience (p.s ဒီပိုစ်အတွက် ဆရာကိုရာဗီ၊ ကိုအာကာ ၊မောင်ပြံုး၊ ကိုရှောင် ၊ ကိုမတ်ခ် ၊ ကိုထွန်:ဇာနည်ကျော် ၊ ကိုမြင့်ကျော်သူ ၊ကိုစိုးသီ ၊ကိုဝိဇ္ဇာ(Seth Hetu)ကို ကျေးဇူးအထူးတင်ရှိပါတယ်)
<urn:uuid:0c557d01-d8d7-4a6f-9223-c69e09166e28>
CC-MAIN-2015-22
http://blog.mysteryzillion.org/basic/100-days-with-pythonday1-day10/
2015-05-22T12:59:12Z
s3://commoncrawl/crawl-data/CC-MAIN-2015-22/segments/1432207925201.39/warc/CC-MAIN-20150521113205-00183-ip-10-180-206-219.ec2.internal.warc.gz
mya
0.939447
Mymr
46
{"mya_Mymr_score": 0.9394471645355225, "blk_Mymr_score": 0.05647915229201317}
ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ရေလုပ်ငန်း လုပ်ကိုင်နေသည့် မြန်မာပြည်သား ၁၀၀ ခန့် ယမန်နေ့က ဖမ်းဆီးခံရကြောင်း သိရသည်။ ထိုင်းရေတပ် အာဏာပိုင်များက အဆိုပါ မြန်မာပြည်သားများ နေထိုင်လျက်ရှိသည့် ဖန်င ခရိုင် အတွင်းရှိ ထလမုကျေးရွာကို ပိတ်ဆို့ပြီး ဖမ်းဆီးခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း ဒါရိုက်တာ ဦး ထူးချစ်က ပြောသည်။ “ဖမ်းတာကလည်း တကယ့် စစ်ဆင်းရေးကြီးတခုလို ရွာကို ၀ိုင်းပြီးတော့ ဖမ်းတော့ လူတစ်ရာလောက် အဖမ်းခံလိုက် ရတယ်”ဟု ဦးထူးချစ်က ဧရာဝတီသို့ ပြောဆိုသည်။ ထိုင်း ရေတပ် အနေနှင့် ထလမုကျေးရွာမှ လှေများကိုပါ ကမ်းနားကပ်ခိုင်း၍ ပိတ်ဆို့ဖမ်းဆီးသည့်အတွက် ရေလုပ်ငန်းပိုင်ရှင်များကြား ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့ပြီး ဖမ်းဆီးခံထားရသည့် အလုပ်သမားများကိုလည်း ပြန်လွှတ်ပေးရန် ရေလုပ်ငန်းပိုင်ရှင်များ က တောင်းဆို ဆန္ဒပြခဲ့ကြောင်း သိရသည်။ “လှေပိုင်ရှင်ဖြစ်တဲ့ ထိုင်းတွေ အကုန်လုံး ဆန္ဒပြတယ်၊ တအိမ်တယောက် ထွက်ဆိုပြီးတော့ လမ်းတွေကို ကားတွေနဲ့ ပိတ်ထား ပြီးတော့ စစ်တပ်တွေ မ၀င်ရအောင် အဲဒီလောက် အထိလုပ်တာ၊ သူတို့က မြန်မာတွေကို ဖမ်းမှာစိုးရိမ်လို့”ဟု ဦးထူးချစ်က ဆက် ပြောသည်။ ဦးထူးချစ်၏ ပြောပြချက်အရ ထလမုကျေးရွာတွင် ငါးဖမ်းလုပ်ငန်း အဖြစ် အသက်မွေးဝမ်းကြောင်းပြုနေသူ မြန်မာပြည်သားအနည်း ဆုံး ၄၀၀၀ ခန့်ရှိပြီး တရားဝင် အလုပ်လုပ်ကိုင်နေသူများ ရှိသကဲ့သို့ အများစုမှာ တရားမ၀င် နေထိုင်သူများကြောင်း ဆိုသည်။ ယနေ့ နောက်ဆုံးရရှိသောသတင်းများအရ တရားဝင် အလုပ်သမား လက်မှတ်ရှိပြီး ဖမ်းဆီးခံထားရသည့် မြန်မာပြည်သားများ ကို ပြန်လွတ်ပေးပြီး တရားမ၀င် နေထိုင်သူများအတွက် ပြန်လည်လွတ်မြောက်လာရန် ထိုင်းအာဏာပိုင်များနှင့် လုပ်ငန်းရှင်များ ညှိနှိုင်းဆောင်ရွက်နေကြောင်း သိရသည်။ အဖမ်းခံရသည့် မြန်မာပြည်သားများကို ဖန်ငမြို့နယ် လူဝင်မှုကြီးကြပ်ရေး (လ၀က) အချုပ်တွင် ထိန်းသိမ်းထား သည်။ ထလမုကျေးရွာကို ၀င်ရောက် ဖမ်းဆီးသည့် အကြောင်းအရင်းကို မသိရသော်လည်း ရေလုပ်ငန်းပိုင်ရှင်များနှင့် ထိုင်းအာဏာပိုင်များ ကြား မြန်မာပြည်သားများက ဓားစာခံဖြစ်ခဲ့ရကြောင်း ဦးထူးချစ်က ရှင်းပြသည်။ “အမှန်ဆိုလို့ရှိရင် မှတ်ပုံတင်လုပ်ဖို့ သူဌေးတွေ ကိုယ်တိုင် အားပေးထားတယ် ဆိုလို့ရှိရင် ဒီပြဿနာတွေ တက်လာမှာ မဟုတ်ဘူး”ဟု ဆိုသည်။ ထိုင်းနိုင်ငံ တောင်ပိုင်းတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာပြည်သား အများစုမှာ ရေလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် ရာဘာ ခြံတို့တွင် လုပ်ကိုင်ကြသည်။ အလုပ်သမားများ ဖမ်းဆီး အရေးယူမှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံအတွင်း တရားမ၀င်နေထိုင်သည့် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံသားများကို ဖမ်းဆီးပြီး နေရပ်ရင်း ပြန်ပို့မည့် အရေးယူမှု တရပ်ကို လာမည့် ဒီဇင်ဘာလ ၁၄ ရက်နေ့ နောက်ပိုင်း စတင် ပြုလုပ် မည် ဖြစ်ကြောင်း ထိုင်း အလုပ်သမား ၀န်ကြီးဌာနက ပြောကြားထားသည်။ ထိုင်း အစိုးရ အနေနှင့် Nationality Verification Process (NVP) နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ် အရ နောက်ဆုံး သတ်မှတ် ပေးထားသော ဒီဇင်ဘာလ ၁၄ ရက်နေ့ မတိုင်ခင် မှတ်ပုံတင်ရန် ပျက်ကွက်သူများကို အရေးယူမှု ပြုလုပ် သွားမည်ဟု ထိုင်း အလုပ်သမားဝန်ကြီး Padermchai Sasomsap က ပြောကြောင်း ထိုင်း အလုပ်သမား ၀န်ကြီးဌာန အင်တာ နက် စာမျက်နှာတွင် ယမန်နေ့က ဖော်ပြထားသည်။ ရွှေ့ပြောင်း အလုပ်သမားများအတွက် နိုင်ငံသား စိစစ်ရေး အစီအစဉ်ကို ယခုနှစ် ဇွန်လ ၁၄ ရက်နေ့မှ စတင်၍ ဒီဇင်ဘာလ ၁၄ ရက် နေ့ အထိ ၆ လ သက်တမ်းတိုးရန် ထိုင်း အစိုးရအနေနှင့် ခွင့်ပြုပေးထားခြင်း ဖြစ်သည်။ အလုပ်သမား လက်မှတ် ပြုလုပ်ထားသူတိုင်းသည် ယာယီ နိုင်ငံကူးလက်မှတ် ပြုလုပ်ရန် အတွက် နိုင်ငံသား စိစစ်ရေးအစီအစဉ်တွင် ပါဝင်ရမည်ဖြစ်ပြီး လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံသားများ အတွက် ၂၀၀၆ ခုနှစ်နှင့် မြန်မာနိုင်ငံသားများ အတွက် ၂၀၀၉ ခုနှစ် သြ ဂုတ်လ အတွင်း၌ စတင် လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံ အနှံ့ ဆောက်လုပ်ရေး၊ အိမ်ဖော်၊ ရေလုပ်သား၊ စားသောက်ဆိုင် စသည့် လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာ ပြည်သား စုစုပေါင်း ၂ သန်းမှ ၄ သန်း အထိရှိနိုင်ကြောင်း အလုပ်သမားအဖွဲ့များက ခန့်မှန်းထားကြသည်။
<urn:uuid:b33e454e-970b-49be-9b0b-29f308193dbd>
CC-MAIN-2015-22
http://burma.irrawaddy.org/immigration/2012/11/15/25518.html
2015-05-30T16:28:31Z
s3://commoncrawl/crawl-data/CC-MAIN-2015-22/segments/1432207932182.89/warc/CC-MAIN-20150521113212-00098-ip-10-180-206-219.ec2.internal.warc.gz
mya
0.981434
Mymr
57
{"mya_Mymr_score": 0.9814340472221375, "blk_Mymr_score": 0.017815029248595238}
ချက်ဝေါ့သ် စံအိမ် ချက်ဝေါ့သ်စံအိမ် (Chatsworth House) သည် အင်္ဂလန်နိုင်ငံ မြောက်ဒါဘီရှိုင်းယား တွင် တည်ရှိပြီး ဘိတ်ဝဲလ်မြို့ ၏ အရှေ့မြောက်ဘက် ၃.၅မိုင် အကွာ နှင့် ချက်စတာဖီးမြို့၏ အနောက်ဘက် ၉ မိုင် အကွာတွင် တည်ရှိသည်။ ဒီဗွန်ရှိုင်းယားနယ်စား၏ ရုံးထိုင်ရာ နေရာဖြစ်ပြီး သူ၏မိသားစုဖြစ်သော ကာဗန်ဒစ်ချ် မိသားစု၏ နေအိမ်လည်းဖြစ်သည်။ ၁၅၄၉ ခုနှစ် ကတည်းက စတင်တည်ဆောက်ခဲ့သည်။ ဒါးဝန့်မြစ်၏ အရှေ့ဘက် ကမ်းပါးပေါ်တွင် တည်ရှိသော ချက်ဝေါ့သ်စံအိမ်သည် ဒါဝန့်တောင်ကြားနှင့် ဝိုင်း(Wye ) တောင်ကြားကို ပိုင်းခြားထားသော တောင်ကုန်းနိမ့်များ အပေါ်မှ စီးမိုးလျှက် ရှိသည်။ အလွန်ကျယ်ပြန့်သော ဥယျာဉ်မြေပေါ်တွင် တည်ရှိပြီး အနောက်ဘက်တွင် သစ်တော နှင့် ကျောက်တုံးထူထပ်သော တောင်ကုန်းများရှိသည်။ တန်ဖိုးမဖြတ်နိုင်သော ပန်းချီကားများ၊ ပရိဘောဂများ၊ ၁၈၀၀ ခုနှစ် မတိုင်မီက ပန်းချီလက်ရာများ၊ နီယိုကလပ်စစ်ကယ် ပန်းပုရုပ်များ၊ စာအုပ်များ နှင့် အခြားလက်မှုပစ္စည်းများကို စုစည်းထားရာ နေရာဖြစ်သည်။ ချက်ဝေါ့သ်သည် ယူနိုက်တက်ကင်းဒမ်း၏ နှစ်သက်စရာ အကောင်းဆုံး ကျေးလက်နေအိမ် အဖြစ် အကြိမ်ကြိမ် ရွေးချယ်ခြင်း ခံခဲ့ရသည်။
<urn:uuid:247030bb-21b8-4428-b69d-227216ea5022>
CC-MAIN-2015-22
http://my.wikipedia.org/wiki/%E1%80%81%E1%80%BB%E1%80%80%E1%80%BA%E1%80%9D%E1%80%B1%E1%80%AB%E1%80%B7%E1%80%9E%E1%80%BA_%E1%80%85%E1%80%B6%E1%80%A1%E1%80%AD%E1%80%99%E1%80%BA
2015-05-23T11:50:18Z
s3://commoncrawl/crawl-data/CC-MAIN-2015-22/segments/1432207927592.52/warc/CC-MAIN-20150521113207-00052-ip-10-180-206-219.ec2.internal.warc.gz
mya
0.999001
Mymr
52
{"mya_Mymr_score": 0.9990014433860779}
ချင်းအမျိုးသား တပ်ဦး (CNF) ကိုယ်စားလှယ် အဖွဲ့နှင့် အစိုးရ ကိုယ်စားလှယ်များ ဒုတိယအကြိမ် ပြည်ထောင်စု အဆင့် ငြိမ်းချမ်း ရေး ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ Peace Center တွင် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ ဒီဇင်ဘာ ၇ ရက်နှင့် ၈ ရက်နေ့များတွင် ပြုလုပ်မည့် အဆိုပါ ဆွေးနွေးပွဲသည် ရန်ကုန်မြို့၌ ပထမဆုံးအကြိမ် ပြုလုပ်သည့် ဖြစ်ကြောင်း၊ အစိုးရနှင့် ယုံကြည်မှု တည်ဆောက်ရေး အတွက် လာရောက်ခြင်း ဖြစ်ကြောင်း CNF တွဲဖက် အတွင်းရေးမှူး ၂ ဒေါက်တာ ရွှေခါး က ဧရာဝတီသို့ ပြောသည်။ “ဒီကိုလာရောက်ဖို့က အစိုးရဘက်က လှမ်းဖိတ်လို့ပါ။ ပြည်တွင်းမှာ ဆွေးနွေးခွင့်ရတဲ့ အတွက် ၀မ်းသာပါတယ်။ တဘက်နဲ့ တဘက် ယုံကြည်မှု တည်ဆောက်ပြီး ရင်းနှီးမှုနဲ့ လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်မယ်လို့ ထင်ပါတယ်”ဟု ၎င်းက ဆိုသည်။ ယင်းတွေ့ဆုံပွဲတွင် အမျိုးသားရေး၊ ဖွံ့ဖြိုးရေး ကိစ္စ၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် စစ်ဘက်ဆိုင်ရာ ကိစ္စများ ဆွေးနွေး သွားမည် ဖြစ်ကြောင်း၊ CNF မှ ၂၁ ဦး တက်ရောက်မည်ဖြစ်ပြီး အစိုးရဘက်မှ ၁၂ ဦး တက်ရောက်မည် ဖြစ်ကြောင်း၊ CNF သည် ရန်ကုန်မြို့ရှိ လူ ထု အခြေပြု အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများ၊ ကျောင်းသား လူငယ်များ၊ ချင်းအဖွဲ့ အစည်းများနှင့် လည်း တွေ့ဆုံသွားမည်ဟု သိရသည်။ “၂၄ နှစ် ကြာမှ မြန်မာပြည်ကို ရောက်လာပြီး မိသားစုနဲ့ ပြန်တွေ့ရတဲ့အတွက် အရမ်းဝမ်းသာရပါတယ်။ ပြီးတော့ ပြည်ထောင်စု စစ်စစ် မူ ပြဌာန်းခွင့်နဲ့ ဒီမိုကရေစီရရှိရေး အတွက် ဆက်လက် လုပ်ရဦးမှာပါ။ ဒီမိုကရေစီ မရမချင်း ကျနော်တို့ မိသားစုနဲ့ ကွဲနေ ရဦးမယ်။ ဒါတွေ အားလုံးဟာလည်း မိဘပြည်သူတွေ အားလုံးလက်တွဲလုပ်မှ ရရှိမှာပါ”ဟု CNF အလုပ်အမှုဆောင် သောမတ်စ် က ဧရာဝတီ ကို ပြောသည်။ CNF သည် အိန္ဒိယ-မြန်မာ နယ်စပ် အခြေစိုက် လက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်ပြီး ယခုနှစ် ဇန်န၀ါရီလ ၁၆ ရက်တွင် ချင်းပြည်နယ် ဟားခါးမြို့ ၌ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ပဏာမသဘောတူညီချက် ၉ ချက်ကို လည်းကောင်း၊ မေလ ၇ ရက်က ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် ဟားခါးမြို့၌ တွေ့ဆုံကာ အပစ်အခတ်ရပ်စဲရေး ပဏာမ သဘောတူညီချက် ၁၅ ချက်ကို လည်းကောင်း သဘောတူ လက်မှတ် ရေးထိုးနိုင်ခဲ့သည်။ “အရင် ဆွေးနွေးပွဲတွေတုန်းက နယ်စပ်မှာ ကျင်းပခဲ့တယ်။ အခုလို ပြည်တွင်း ရန်ကုန်မှာ လာလုပ်ရတဲ့ အတွက် အရမ်း ၀မ်းသာ တယ်။ နှစ် ၂၀ကျော် မတွေ့ရတဲ့ သူတွေကို အခုလိုတွေ့ပြီး ချင်းတိုင်းရင်းသားတွေနဲ့ စုံစုံလင်လင် ပြန်တွေ့ရတော့ အတိုင်းမသိ ၀မ်းသာပါတယ်”ဟု ရန်ကုန်အခြေစိုက် ချင်းပြည်နယ် အရပ်ဘက် အဖွဲ့အစည်းမှ David That Bik ကလည်း ဧရာဝတီသို့ပြော သည်။ ယမန်နေ့က အိန္ဒိယနယ်စပ်မှ ရောက်လာသော အထွေထွေ အတွင်းရေးမှူး ပူကျင်ကျုံး (Pu Zing Cung)ဦးဆောင်သည့် CNF ကိုယ်စားလှယ် အဖွဲ့ဝင်များကို ရန်ကုန်မြို့ မှ လူမှုအဖွဲ့အစည်းများ၊ မိသားစုဝင်များ၊ ချင်း နိုင်ငံရေးပါတီများက ရန်ကုန်လေဆိပ်သို့ လာရောက်ကြိုဆိုခဲ့ကြ သည်။ CNF သည် ယခင် စစ်အစိုးရနှင့် ၁၉၉၇ ခုနှစ်တွင် တကြိမ် ဆွေးနွေးခဲ့ကြောင်း သိရသည်။ ၁၉၈၈ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သော CNF အဖွဲ့သည် မြန်မာနိုင်ငံ၏ အင်အား အနည်းဆုံးသော လက်နက်ကိုင်အဖွဲ့ များတွင် ပါဝင်သည်။ လက်ရှိအချိန်တွင် လက်နက်ကိုင်အင်အား မည်မျှရှိသည်ကို မသိရသေးပေ။
<urn:uuid:854a0725-1a0e-4a58-bf5c-ecb572bf5582>
CC-MAIN-2015-22
http://burma.irrawaddy.org/convention/2012/12/06/27469.html
2015-05-27T23:54:17Z
s3://commoncrawl/crawl-data/CC-MAIN-2015-22/segments/1432207929176.79/warc/CC-MAIN-20150521113209-00182-ip-10-180-206-219.ec2.internal.warc.gz
mya
0.962923
Mymr
61
{"mya_Mymr_score": 0.9629234075546265, "blk_Mymr_score": 0.035043735057115555}
> ဗေလုဝ၊ သက်ကြီးစကား၊ နိုင်ငံရေးလွင်မိုး၊ စိုးမြတ်သူဇာ၊ သင်္ကြန် နွားကျောင်းသားကိုဝင်း ဧပြီ ၁၆၊ ၂၀၁၁ ဧပြီလ ၆၊ ၁၃ နံနက်ခင်းဂျာနယ်များ သက်ကြီးစကား “အနုပညာကဝေ လို့ ဆိုရမယ့် ရှေ့မီနောက်မီ ၀ါရင့် မြန်မာအနုပညာရှင်” ဘိုကလေးတင့်အောင် ပြောပြတဲ့ သင်္ကြန်အကြောင်း ရှေးဟောင်းနှောင်းဖြစ်တွေ၊ သူ့အယူအဆတွေကို ဖတ်ရမှာပါ။ စာတွေအောက်မှာ ဓာတ်ပုံခပ်ဝါးဝါးတွေနဲ့ ဒီဇိုင်းဆင်ထားတော့ ဖတ်ရတာ သိပ် မရှင်းဘူး။ နားနားပြီး ဖတ်သင့်ပါတယ်။ အင်္ဂလိပ်တွေပြောတဲ့ new year resolution ဆိုလား အဲဒါမျိုးတွေလည်း သူက ပြောပြထားပါတယ်။ သူပြောထားတာတွေအရ ဆိုရင် သူဟာ တယူသန်မဟုတ် လိုက်လျောညီထွေရှိတဲ့ အနုပညာရှင်လို့ ယူဆရတယ်။ အင်တာဗျူးသူတွေကလည်း အဲဒီလိုပဲ ယူဆမယ် ထင်ပါရဲ့၊ သူတို့ရဲ့ မေးခွန်းတခုကို ကြည့်ပါ – “ရေးခဲ့တဲ့ သီချင်းတွေထဲက Hearth အထိဆုံး သီချင်းက”? ဆိုပဲ။ ဖတ်ကြည့်ပါအုံး။ မှတ်သားစရာတွေ အတော်လေး ပါပါတယ်။ ဗေလုဝ ပြောတဲ့ သံချပ် သူတို့ခေတ်က ရန်ကုန်သင်္ကြန်အကြောင်း လိုတိုရှင်း ပြောသွားတာ အားကျစရာပါပဲ။ ဖတ်ပြီးတော့ အားကျလိုက်ကြပါအုံး။ “သံချပ်တွေ အလှပြကားတွေ ကြည့်ဖို့ ထမင်းချိုင့်နဲ့ လာကြတာ” ဆိုပဲ။ စကားလုံးတွေကလည်း သိပ် ကောင်းပါတယ် “အလှ အက သဘာဝ သံချပ်တွေနဲ့ ဖုံးလွှမ်းနေတဲ့ သင်္ကြန်ကို လွမ်းတာပေါ့ဗျာ”တဲ့။ လူငယ်တချို့ ရဲ့ သင်္ကြန် ခေတ်လူငယ်တွေဖြစ်တဲ့ သန္တာဗို၊ ရွှေစင်၊ ကျော်ကျော်ဗို၊ ညီဆက်ကျော်၊ အွန်ဆိုင်း၊ မိုးမိုး၊ ကိုလင်း တို့ရဲ့ သင်္ကြန်အကြောင်း နည်းနည်းပါးပါး ပြောထားတာပါ။ တချို့ကတော့ ကြိုက်မှာ မဟုတ်။ ဒါပေမယ့် ဒါမျိုးတွေ ဖတ်ချင်တဲ့ ပရိသတ်လည်း ရှိမယ် မဟုတ်လား။ စိုးမြတ်သူဇာစတိုင် “ကျွန်မတို့ညီအစ်မတွေ ကတုံးတုံးဖို့ တစ်ယောက်မှ ၀န်မလေးဘူးနော်။ အချိန်မရွေး တုံးချင်နေကြတာ” ဆိုပဲ။ စိုးမြတ်သူဇာရဲ့ လတ်တလော လှုပ်ရှားမှုတွေပါ။ နိုင်ငံရေးလွင်မိုး မင်းသားက နိုင်ငံရေးစကား ပြောတော့ ဂျာနယ်လစ်တွေ အကြိုက်ပေါ့။ ဆရာလွင်မိုးကလည်း ဖိုးပြောချင်။ ကိုယ့်နိုင်ငံနဲ့ကိုက်ညီမယ့် ဒီမိုကရေစီ ဖော်ဆောင်နေတာ “၃၀” ရာခိုင်နှုန်းလောက်ပဲ ကျန်တော့တာမို့ ၀ိုင်းကြ ၀န်းကြဖို့ လှုံ့ဆော်ပါတယ် တဲ့။ ————။————– အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized
<urn:uuid:53d7603b-14f6-43dd-826a-c0525c426ff1>
CC-MAIN-2015-22
http://gita.cc/?p=18200
2015-05-22T17:32:13Z
s3://commoncrawl/crawl-data/CC-MAIN-2015-22/segments/1432207925917.18/warc/CC-MAIN-20150521113205-00152-ip-10-180-206-219.ec2.internal.warc.gz
mya
0.916651
Mymr
26
{"mya_Mymr_score": 0.9166505932807922, "blk_Mymr_score": 0.07165130972862244}
ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် အစိုးရတပ်များ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသော ကချင်ပြည်နယ်သို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာ ဒဲရက် မစ်ချယ်သည် စစ်ပွဲများ အဆုံးသတ်ရေးနှင့် ဒုက္ခသည်များ ကူညီရေးအတွက် ယနေ့တွင် သွားရောက် လေ့လာလျက်ရှိကြောင်း သတင်းရရှိသည်။ မစ္စတာ ဒဲရက် မစ်ချယ်သည် ကချင်လူမှု အခြေပြု အဖွဲ့အစည်းများနှင့် တွေ့ဆုံပြီး ကချင်ဒေသတွင်း စစ်ပွဲများ အဆုံးသတ်ရေးနှင့် စစ်ပြေး ဒုက္ခသည်များ ကူညီကယ် ဆယ်ပေးရေး ကိစ္စများကို ဆွေးနွေးရန် သွားနေချိန်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး ယနေ့နံနက်တွင် ကာမိုင်းရဲစခန်းကိုလည်း KIA က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ကာမိုင်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တဦး ကျဆုံးပြီး ၃ ဦး ဒဏ်ရာရရှိကြောင်း၊ ထို့အပြင် KIA က မိုးကောင်း ချောင်းကူး ဘေလီတံတားကို မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း သိရသည်။ မစ္စတာ ဒဲရက် မစ်ချယ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သူ ကချင်ခေါင်းဆောင် ဒေါက်တာ မနန် တူးဂျာက “ဒီမနက်ပဲ ဖုန်းဆက်ပြီး အကြောင်းကြားပါတယ်၊ ဖားကန့်မှာ အမြောက်ကြီးတွေနဲ့ ထုနေကြပြီလို့။ ဒီလိုဖြစ်နေတာတွေက စစ်ပွဲတွေ မရပ်ကြလို့ပဲလေ။ ဒီတော့ ငြိမ်းချမ်းရေး စားပွဲဝိုင်းကို မြန်မြန်လုပ်သင့်တာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။ စစ်ပွဲများ ဖြစ်ပွားနေရခြင်းသည် စစ်မှန်သည့် ပြည်ထောင်စု မရှိသည့်အတွက် ဖြစ်ကြောင်း၊ ထို့ကြောင့် ပင်လုံစာချုပ်ပါ အခြေခံအချက်များကို အစိုးရက အကောင်အထည် ဖော်ဆောင်ပေးရန် လိုကြောင်း၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူ အခွင့်အရေးများ မရှိသည့်အတွက် ခွဲထွက်လိုသည့်ဆန္ဒဖြင့် အစိုးရနှင့် တိုင်းရင်သားတို့အကြား တိုက်ပွဲများ ဖြစ်ပွားနေရကြောင်း အမေရိကန် သံအမတ်ကြီးကို ရှင်းပြခဲ့သည်ဟု ဒေါက်တာ တူးဂျာက ဆိုသည်။ ကချင်ပြည်တွင်း ဖြစ်ပွားနေသည့် စစ်ပွဲများရပ်စဲရေးအတွက် အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင် သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်းနှင့် ကချင်လွတ်မြာက်ရေးအဖွဲ့ (KIO) တို့အကြား ဆောင်ရွက်နေသည့် ငြိမ်ချမ်းရေး လုပ်ငန်းစဉ်များကို သံအမတ်ကြီးက မေးမြန်းကြောင်း၊ ထို့အတူ KIA ထိန်းချုပ်ရာ ဒေသများရှိ စစ်ပြေး ဒုက္ခသည်များကို ကူညီနိုင်ခြေ ရှိ မရှိ စသည့်ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် တဦးဖြစ်သူ ကိုဆန်းအောင်က ဧရာဝတီသို့ ပြောသည်။ မစ္စတာ ဒဲရက် မစ်ချယ်သည် ဒေါက်တာ မနန် တူးဂျာ၊ ကချင်အမျိုးသမီးများအဖွဲ့၊ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) မှ ဒေါ်ဘောက်ဂျာ၊ ကချင်လူမှု အဖွဲ့အစည်းများမှ လူငယ်များနှင့် အသီးသီး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ “ဘာကြောင့် သံအမတ်က လာတွေ့တာလဲလို့ မေးတော့ ပြည်မက ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုချည်းပဲ အာရုံစိုက်နေတော့ တခြားလူမျိုးတွေကို အလေးမထားသလို ဖြစ်နေမှာစိုးလို့။ နောက်ပြီး စစ်ပြေး ဒုက္ခသည်တွေရဲ့ အခြေအနေ၊ အစိုးရပိတ်ထားတဲ့အတွက် အကူအညီတွေကို ဘယ်နေရာကနေ ပေးလို့ရမလဲဆိုတာနဲ့ ပတ်သက်ပြီး လာကြည့်တာလို့ ဖြေပါတယ်” ဟု NDF ၏ ကချင်ပြည်နယ် တာဝန်ခံ ဒေါ်ဘောက်ဂျာက ဧရာဝတီသို့ ပြောသည်။ ကချင် လူမှုရေးလှုပ်ရှားသူ ဒေါ်ဂျာဆိုင်းခေါ်န်က “သံအမတ်နဲ့အတူ စစ်သံမှူး၊ နိုင်ငံရေးအရာရှိ သုံးဦးပါပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပေါ် ဘယ်လိုမြင်လဲ ဆိုတာကိုတော့ တိတိကျကျ မေးစမ်းပါတယ်။ သူ့အပေါ်အမြင်တွေကို လိုက်နားထောင်တာနဲ့ တူတယ်။ ဒေါက်တာ တူးဂျာကတော့ လက်ရှိနိုင်ငံရေးဖြစ်စဉ်မှာ အဓိကကျတဲ့ တိုင်းရင်းသားအရေးကို ကျော်ပြီး ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အာရုံစိုက်လွန်းတဲ့အကြောင်းကို ပြောတယ်။ ကျမကတော့ လက်ရှိ ကချင်ပြည်နယ် အခြေအနေ၊ သမိုင်းနောက်ခံတွေကို အစအဆုံးပြောပြတယ်။ သတင်းအချက် အလက်တွေ အတော်များများလည်း ပေးလိုက်နိုင်တယ်” ဟု ပြောသည်။ မစ္စတာ ဒဲရက် မစ်ချယ်သည် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့၊ ဘာသာရေး၊ လူမူရေး အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံပြီး ယနေ့ညနေတွင် ရန်ကုန်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။ KIA နှင့် အစိုးရ စစ်တပ်တို့အကြား ဖြစ်ပွားနေသည့် စစ်ပွဲများသည် ယခုရက်ပိုင်းအတွင်း ပိုမိုပြင်းထန်နေပြီး နှစ်ဘက်စလုံးတွင် ထိခိုက်ကျဆုံးမှုများ ရှိကြောင်း၊ အထူးသဖြင့် အစိုးရစစ်တပ်ဘက်မှ ထိခိုက်ကျဆုံးမှု များကြောင်းလည်း သိရသည်။ ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သောအဖွဲ့နှင့် KIO တို့အကြား နိုင်ငံရေးအရ ဆွေးနွေးပွဲတခုကို ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဆွေးနွေးရန် ဦးအောင်မင်းက ကမ်းလှမ်းထားကြောင်း KIA က မီဒီယာများကို ပြီးခဲ့သည့် ရက်ပိုင်းက ဖြေဆိုထားသည်။
<urn:uuid:8cecb95a-710f-4ac6-8b40-a5daa4bc2807>
CC-MAIN-2015-22
http://burma.irrawaddy.org/usa/2012/12/18/28423.html
2015-05-29T00:07:26Z
s3://commoncrawl/crawl-data/CC-MAIN-2015-22/segments/1432207929803.61/warc/CC-MAIN-20150521113209-00002-ip-10-180-206-219.ec2.internal.warc.gz
mya
0.949112
Mymr
61
{"mya_Mymr_score": 0.9491121768951416, "blk_Mymr_score": 0.048138052225112915}
အကြမ်းဖက်ဝါဒနှင့်အကြမ်းဖက်လုပ်ရပ် ပြင်း ထန်စွာ ရှုတ်ချကြောင်း သီတဂူဆရာတော် အရှင်ဥာဏိ ဿရ ထုတ်ပြန် ====================================== အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက် လုပ်ရပ်မှန်သမျှကို ပြင်း ထန်စွာ ရှုတ်ချ ကြောင်း သီတဂူဆရာတော် အရှင်ဥာဏိ ဿရ (Ph.D., D. Litt) ဦးစီးသော သီတဂူအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာ ပြုအဖွဲ့က ထုတ်ပြန်လိုက်သည်။ ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ် ထားရာနေရာ တစ်ခုဖြစ်သော ဗုဒ္ဓဘုရား ရှင် သဗ္ဗညုတရွှေဥာဏ်တော်ကို ရရှိ တော်မူရာ အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ် ရှိ မဟာဗောဓိစေတီတော် အနီးတစ်ဝိုက် ၌ ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က အကြမ်းဖက် သမားတချို့မှ အကြောင်းမဲ့ သက်သက် ယုတ်မာသိမ် ဖျင်းသော စိတ်ထားဖြင့် အကြမ်းဖက်မှု ကျူးလွန်ခဲ့သည့် လုပ်ရပ်အပေါ်သီတဂူ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာပြု (SIBMA)အဖွဲ့အနေဖြင့်အလွန်အမင်း ထိတ်လန့်တုန်လှုပ်ခဲ့ကြောင်း၊ ယင်း အကြမ်းဖက် သိမ်ဖျင်းသော လုပ်ရပ် သည် ''သည်းခံခြင်း နှင့် အကြမ်းမ ဖက်ခြင်း''တည်းဟူသော ဗုဒ္ဓဘုရားရှင် ၏ အဆုံးအမအနှစ်သာရနှင့် သာမက အခြားဘာသာကြီးလေးရပ် (ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ ဂျူး)တို့၏ အဆုံးအမ နှင့် လည်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် လျက်ရှိသည်ဟု သီတဂူအပြည်ပြည်ဆိုင် ရာ ဗုဒ္ဓဘာသာနာပြု (SIBMA)အဖွဲ့ ကခံယူကြောင်း၊ ဗုဒ္ဓဘုရားရှင်၏ အဆုံး အမများကို ကမ္ဘာ့ဘာသာကြီး လေးခုတို့ က ကမ္ဘာ့ငြိမ်းချမ်းရေးဆိုင်ရာ အမှန် တရားအဖြစ်လည်း လက်ခံသည်ဟု ယုံကြည်ကြောင်း၊ ယခုအကြမ်း ဖက် လုပ်ရပ်သည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို သာမက ကမ္ဘာ့ဘာသာ ရေးနှင့်ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းေ စာင့် ရှောက်ရေးကိုလည်း ခြိမ်းခြောက် အန္တရာယ်ပြုလျက်ရှိသည့် အတွက် သီတဂူ အပြည်ပြည်ဆိုင်ရာဗုဒ္ဓ သာသနာပြု(SIBMA) အဖွဲ့က ပြင်း ထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းဖော်ပြ ထားသည်။ ကမ္ဘာ့ဘာသာရေး ခေါင်းဆောင် များ အားလုံးအနေဖြင့်ကမ္ဘာ့ ဘာသာရေး နှင့် ယဉ်ကျေးမှုအမွေအနှစ်များကိုထိန်း သိမ်းစောင့်ရှောက်ကာ ကမ္ဘာကြီး၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုပါထိန်း သိမ်းစောင့်ရှောက်နိုင် မည့် နည်းလမ်း တစ်ခုကို ဝိုင်းဝန်းလက်တွဲရှာဖွေသွားရန် တိုက်တွန်းထား သည်။ အိန္ဒိယနိုင်ငံ အစိုးရ အနေဖြင့်လည်း ယခုကဲ့သို့မိုက်မဲ သော ပြစ်မှု ကျူးလွန်ခဲ့သူများကို ဖော် ထုတ်ပြီး ပြင်းပြင်းထန်ထန် အရေးယူ သွားရန်နှင့် ယခုကဲ့သို့ မလိုလားအပ် သည့် ဖြစ်ရပ်မျိုး ထပ်မံဖြစ်ပွားခြင်းမရှိ စေရေး အတွက် လိုအပ်သည့် အစီအမံ များ ချမှတ်ဆောင်ရွက်သွားပါရန်အထူး အလေးထားတောင်းဆိုကြောင်း၊ ကမ္ဘာ တစ်လွှားမှ ဗုဒ္ဓဘာသာဝင် အားလုံး အ နေဖြင့် ယခုကဲ့သို့ နာကြည်းဖွယ် အခြေ အနေမျိုးနှင့် ရင်ဆိုင်ရချိန်တွင် ဗုဒ္ဓ ဘုရားရှင်၏ အဆုံးအမဖြစ်သည့်သည်းခံ ခြင်းနှင့် အကြမ်းမဖက်ခြင်းကို မမေ့ မပျောက် စွဲစွဲမြဲမြဲ လိုက်နာကျင့်သုံးသွား ကြရန် အထူးအလေးထား တိုက်တွန်း ကြောင်း စသည်ဖြင့် သီတဂူဆရာတော် ကြီးနှင့် သီတဂူ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာပြုအဖွဲ့က လက်မှတ် ရေးထိုး ထုတ်ပြန်ထားသည်။ မိုးမြင့် Popular Myanmar News Journal
<urn:uuid:2d461f26-7b4b-462e-b84b-e39754516e2b>
CC-MAIN-2015-22
http://www.dhammaweb.net/
2015-05-29T00:02:34Z
s3://commoncrawl/crawl-data/CC-MAIN-2015-22/segments/1432207929803.61/warc/CC-MAIN-20150521113209-00002-ip-10-180-206-219.ec2.internal.warc.gz
mya
0.962241
Mymr
46
{"mya_Mymr_score": 0.9622412919998169, "blk_Mymr_score": 0.03642406687140465}
ဗီဒီယို ဗီဒီယိုဆိုသည်မှာ အီလက်ထရောနစ်နည်းပညာဖြင့် အသံနှင့် အရုပ်တို့ကို ကူးယူ၍ ပြန်လည်ပြသပေးနိုင်သော နည်းပညာကို ခေါ်ဆိုခြင်းဖြစ်သည်။ ယင်းလုပ်ငန်းစဉ်များတွင် ရိုက်ကူးခြင်း၊ တည်းဖြတ်ခြင်း၊ ထုတ်လွှင့်ခြင်း စသည့်တို့လည်း ပါဝင်သည်။ ဗီဒီယိုနည်းပညာသည် မြောက်မြားစွာသော ဓာတ်ပုံများကို ဖမ်းယူထားပြီး ပြန်လည်ထုတ်လွှတ်ချိန်တွင် လှုပ်ရှားနေသော အရုပ်ရှင်များဖြစ် ပြသနိုင်သည်။
<urn:uuid:acea4c19-1be9-4b4c-8165-32366478efde>
CC-MAIN-2015-22
https://my.wikipedia.org/wiki/%E1%80%97%E1%80%AE%E1%80%92%E1%80%AE%E1%80%9A%E1%80%AD%E1%80%AF
2015-05-23T16:25:23Z
s3://commoncrawl/crawl-data/CC-MAIN-2015-22/segments/1432207927824.26/warc/CC-MAIN-20150521113207-00028-ip-10-180-206-219.ec2.internal.warc.gz
mya
0.997096
Mymr
98
{"mya_Mymr_score": 0.9970956444740295}
ကလိုင်းရန့် ဆာဗာနမူနာပုံစံ တွက်ချက်ခြင်း၏ client server နမူနာပုံစံသည် အသုံးပြုခြင်း ဖြန့်ဝေခြင်းတစ်ခုဖြစ်သည်။ server များဟုခေါ်သည့် ဝန်ဆောင်မှု သို့မဟုတ် အရင်းအမြစ်တစ်ခု၏ပေးသူများနှင့် ဝန်ဆောင် မှုတောင်းဆိုသူများဖြစ်သည့် ကို client များအကြား ဝတ္တရားများပိုင်းခြားခြင်း သို့မဟုတ် အလုပ်ပမာဏပိုင်းခြားခြင်းကိုခေါ်သည်။ Client များနှင့် server များတို့သည် ကွန်ပျူတာ ကွန်ယက် တစ်ခုပေါ်ရှိ သီးခြား hardware ပေါ်တွင် မကြာခဏ ဆက်သွယ်ကြသည်။ သို့ သော် client နှင့် server တို့သည် တူညီသောစနစ်တွင် နေရာချထားကြပေမည်။ Server စက်တစ်ခုသည် အိမ်ရှင်(လက်ခံရာဌာန) တစ်ခုဖြစ်ပြီး တစ်ခုသို့မဟုတ် ထို့ထက်မက သော server program များပြုလုပ်နေခြင်းဖြစ်ပြီး ၎င်းတို့၏ အရင်းအမြစ်များကို client များ နှင့်မျှဝေသည်။ client သည်၎င်း၏ အရင်းအမြစ်တစ်စုံတစ်ရာကို မျှဝေခြင်းမရှိပါ။ သို့သော်ဝန်ဆောင်မှုဆောင်ရွက်ခြင်းသို့မဟုတ် server တစ်ခု၏ပါဝင်မှုတောင်းဆိုသည်။ ထို့ကြောင့် client များဆက်သွယ်ရေး ကဏ္ဍများကို ဝင်ရောက်ရန်တောင်းဆိုမှုများကို စောင့်ဆိုင်းနေသည့် server များနှင့်စတင်သည်။ မာတိကာ ဖေါ်ပြချက်[ပြင်ဆင်ရန်] Client server နမူနာပုံစံ သည် program များ ပူးပေါင်းဆောင်ရွက်ခြင်း၏ ပတ်သက်မှုဝိသေ သကိုဖေါ်ပြသည်။ server ပါဝင်မှုသည် လုပ်ဆောင်ချက်တစ်ခု သို့မဟုတ် ဝန်ဆောင်မှုကို client တစ်ဦးသို့မဟုတ် client အမြောက်အများသို့ပေးပြီး ထိုကဲ့သို့သော ဝန်ဆောင်မှု များအတွက် တောင်းဆိုခြင်းများ စတင်သည်။ Email ဖလှယ်မှု၊ ကွန်ယက်အသုံးပြုမှုနှင့် အချက်အလက် အခြေပြုခြင်းအသုံးချမှုကဲ့သို့ သော လုပ်ဆောင်ချက်များကို client server နမူနာပုံစံပေါ်တွင် တည်ဆောက်ထားသည်။ ၎င်းတို့ကွန်ပျူတာမှ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ရရှိအသုံးပြုသူများသည် ဘဏ်တစ်ခုရှိ ကွန်ယက် server တစ်ခုထံသို့ တောင်းဆိုမှုတစ်ခုပေးပို့ရန် ကွန်ယက်ဖွင့်ကြည့်ခြင်း client တစ်ခုကို အသုံးပြုသည်။ ထို program သည် တောင်းဆိုမှုကို ၎င်း၏ကိုယ်ပိုင်အချက်အလက် အခြေပြု client program သို့ လွှဲပြောင်းပေးမည်။ ၎င်းသည် အကောင့်သတင်းအချက်အ လက်ကို ပြန်လည်တွေ့ရှိရန် အခြားဘဏ်ကွန်ပျူတာရှိ အချက်အလက်အခြေပြု server တစ် ခုသို့ တောင်းဆိုမှုတစ်ခုပေးပို့သည်။ ညီမျှခြင်းမှာ ဘဏ်အချက်အလက်အခြေပြု client ထံသို့ ပြန်ရောက်ခြင်းဖြစ်ပြီး အသုံးပြုသူထံသို့ ပြထားသောရလဒ်များကို ကွန်ယက်ရှာဖွေသူမှ client ထံသို့ ပြန်၍ဝန်ဆောင်မှုပေးရန်ဖြစ်သည်။ Client server နမူနာပုံစံသည် ကွန် ယက်တွက်ချက်ခြင်း၏ တစ်ခုတည်းသောဗဟိုအကြံများ ဖြစ်လာခဲ့သည်။ ယနေ့ခေတ်စီးပွား ရေးလုပ်ငန်းများအတွက် ရေးသားသော ကွန်ပျူတာ program များသည် client server နမူနာပုံစံကို အသုံးပြုသည်။ အင်တာနက်၏ အသုံးပြုသူတစ်ဦးအတွက် အဓိကအသေးစိတ် ဝတ္တရားတစ်ခုလုပ်ဆောင်ရန် ကွန်ပျူတာ program ပုံစံလုပ်ထုံးလုပ်နည်းများဖြစ်ကြသော HTTP ၊ SMTP ၊ Telnet နှင့်DNS တို့ဖြစ်ကြသည်။ Client နှင့် server အကြား အပြန်အလှန်ရှိမှုသည် အကျိုးကွင်းဆက်ပုံစံများ အသုံးပြုခြင်း ကို မကြာခဏဖေါ်ပြသည်။ အကျိုးကွင်းဆက်ပုံစံများသည် ရှုပ်ထွေးသော နမူနာပုံစံပြုခြင်း ဘာသာစကားတွင်စံသတ်မှတ်ခြင်းခံရသည်။ Client အသေးစိတ်အမျိုးအစားများတွင် ကွန်ယက် browser များ၊ Email client များနှင့် online စကားပြောသော client များ ပါဝင်သည်။ Server များ၏ အသေးစိတ် အမျိုးအစားများတွင် ကွန်ယက် server များ၊ ftp server များ၊ အသုံးပြုခြင်း server များ ၊ အချက်အလက်အခြေပြု server များ ၊ အမည် server များ၊ စာပေးပို့ သည့် server ၊ file srever များ၊ ပုံနှိပ်ထုတ်ဝေခြင်း server များ နှင့် အဆုံးသတ် server များ တို့ ပါဝင်သည်။ ကွန်ယက်ဝန်ဆောင်မှုများ အများစုသည်လည်း server များ၏ အမျိုးအစား များဖြစ်သည်။ အမျိုးအစားတူ အချင်းချင်း၏ဗိသုကာကိုနှိုင်းယှဉ်ခြင်း[ပြင်ဆင်ရန်] ဤအပိုင်းတွင် ပို၍ကြီးမားအောင်ပြုလုပ်ခြင်း လိုအပ်သည်။အမျိုးအစားတူ အချင်းချင်းသောတည်ဆောက်ပုံများတွင် အိမ်ရှင်တစ်ခုစီသည် program ၏ဥပမာ သည် တစ်ပြိုင်နက် client နှင့် server ကဲ့သို့ လုပ်ဆောင်နိုင်ပြီးတစ်ခုစီတွင် တူညီသောတာဝန်များနှင့် အခြေအနေရှိကြသည်။ client server နှင့်အမျိုးအစားတူအချင်းချင်းသော တည်ဆောက်ပုံနှစ်ခုစလုံးကို ယနေ့ကျယ်ကျယ်ပြန့်ပြန့်အသုံး ပြုသည်။ အသေးစိတ်များကို ဗဟိုချုပ်ကိုင်ခြင်း၏နှိုင်းယှဉ်ချက် (server client )နှင့် ဗဟိုအာဏာခွဲဝေပေးသော (အမျိုးစားတူအချင်းချင်း) ကွန်ယက်တွင် တွေ့ရှိနိုင် သည်။ အကျိုးကျေးဇူးများ[ပြင်ဆင်ရန်] - ကိစ္စအတော်တော်များများတွင် client server တည်ဆောက်ပုံတစ်ခုသည် တွက်ချက်ခြင်း စနစ်တစ်ခု၏တာဝန်နှင့် အခန်းကဏ္ဍများကို ကွန်ယက်တစ်ခုမှတစ်ဆင့်သိကြသည့် များစွာသော လွတ်လပ်သော ကွန်ပျူတာများသို့ ခွဲဝေခြင်းတို့ဖြစ်သည်။ ဤအခြင်းအ ရာသည် ဤတည်ဆောက်ပုံသို့ထပ်လောင်းသောအကျိုးကျေးဇူးတစ်ခုကို ဖန်တီး ပြုပြင် ခြင်းအတွက် ပိုမိုလွယ်ကူစေသည်။ ဥပမာ- ထိုပြောင်းလဲမှုဖြင့် ၎င်း၏ client များ သတိမထားမိပဲ ထိခိုက်မှုမရှိအောင် server တစ်ခုကိုအစားထိုးခြင်း၊ အဆင့်မြင့်နိုင်ခြင်း သို့မဟုတ် ပြန်လည်နေရာချထားနိုင်ခြင်း ဖြစ်နိုင်ခြင်းလည်းဖြစ်သည်။ - အချက်အလက်အားလုံးကို server များပေါ်တွင် သိမ်းဆည်းသည်။ ၎င်းသည် ယေဘု ယျအားဖြင့် client အများစုထက် လွန်စွာပို၍ကြီးမားသော လုံခြုံရေးထိန်းချုပ်မှု များရှိသည်။ Server များသည် ကွန်ပျူတာစနစ်တစ်ခုတွင်းသို့ ဝင်ရောက် ရန်ခွင့်ပြုခြင်းနှင့် အရင်းအမြစ်တို့ကို ပိုမိုကောင်းမွန်သော ထိန်းချုပ်မှု ပြုနိုင်သည်။ သင့် လျော်သောခွင့်ပြုခြင်းများ၊ client များသာအသုံးပြုခြင်းနှင့် အချက်အလက် ပြောင်းလဲခြင်းကို သေချာစေရန်ဖြစ်သည်။ - အချက်အလက်စုဆောင်းခြင်း အား ဗဟိုပြုချုပ်ကိုင်ချိန်မှစ၍ P 2 P ပုံစံတစ်ခုနှင့် နှိုင်း ယှဉ်လျှင် ထိုအချက်များကို ခေတ်မီအောင်ပြုထားခြင်းသည် စီမံအုပ်ချုပ်ရန် ပိုမိုလွယ် ကူသည်။ နောက်ပိုင်းတွင် အချက်အလက်ကို ခေတ်မီအောင်ပြုထားခြင်းသည် ကွန် ယက်တွင်းရှိ အုပ်စုတူ အဆင့်တူတိုင်းသို့ ဖြန့်ဝေခြင်းနှင့် အသုံးချခြင်းတို့ လိုအပ်လာ နိုင်မည်ဖြစ်သည်။ ထောင်ပေါင်းများစွာသော သို့မဟုတ် သန်းနှင့်ချီသော အုပ်စုတူ အဆင့်တူများကြောင့် ၎င်းသည် အချိန်ကုန်ခြင်းနှင့် အမှားများခြင်း နှစ်ရပ်လုံး ဖြစ်နိုင် သည်။ - များစွာသော ရင့်ကျက်သော client server နည်းပညာများသည် ရရှိပြီးဖြစ်သည်။ ၎င်းသည် လုံခြုံရေးကိုသေချာစေရန် ပုံစံထုတ်ထားခြင်း၊ အသုံးပြုသူတို့အကြား ဆက်စပ်ခြင်း ရင်းနှီးမှုများနှင့် အသုံးပြုရန်လွယ်ကူခြင်း ဖြစ်သည်။ - ၎င်းသည် မတူညီသောစွမ်းရည်များရှိ အမျိုးမျိုးသော ကွဲပြားသည့် client များနှင့် လုပ်ဆောင်သည်။ ဆိုးကျိုးများ[ပြင်ဆင်ရန်] - ပေးထားသော server ဆီသို့ များစွာသော client များ၏ အစဉ်မပြတ်သော တောင်းဆိုခြင်း တိုးမြှင့်လာသောအခါ server သည်ဝန်ထုပ်ဝန်ပိုး ဖြစ်လာနိုင် သည်။P 2 P ကွန်ယက်တစ်ခုကြောင့် note(ဆုံမှတ်) များ ပေါင်းထား သည့်အတွက် တွဲဆက်နေသော bandwidth အမှန်တစ်ကယ် တိုးမြှင့်လာစေသည်။ ၎င်း ကွန်ယက်တွင်ရှိ ဆုံမှတ်များပေါင်းထားသည့်အတိုင်း ၎င်း၏ bandwidth အားလုံးပေါင်းကို တွက်ချက်ခြင်းအရ P 2 P ၏ ယေဘုယျ bandwidth ကို အကြမ်းဖျဉ်း တွက်ချက်နိုင်သည်။ - client server ပုံစံတွင် ကောင်းသော P 2 P ကွန်ယက်တစ်ခု၏ စွမ်းအားမရှိ ပါ။ Client server အောက်တွင် အရေးကြီးသော server ဆုံးရှုံးခြင်း၊ client ၏တောင်းဆိုချက်များ မပြည့်ဝနိုင်ပါ။ အရင်းအမြစ်များသည် ပုံမှန်အားဖြင့် ဆုံမှတ်အကြားတွင် ဖြန့်ဝေသည်။ တစ်ခုသို့မဟုတ် ပို၍များသော ဆုံမှတ်များထွက်ခွာ ခြင်းနှင့် download ပြုလုပ်နေသော file တစ်ခုကို ဂရုမစိုက်ပဲ ထားရှိခဲ့စေကာမူ ဥပမာ- ကျန်ရှိသော ဆုံမှတ်များတွင် download ပြီးမြောက်ရန် အချက်အလက်များ ဆက်လက်တည်ရှိနေသင့်သေးသည်။
<urn:uuid:8ef8b980-255e-41c7-a298-29f5a2bdad3c>
CC-MAIN-2015-22
https://my.wikipedia.org/wiki/%E1%80%80%E1%80%9C%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%94%E1%80%B7%E1%80%BA_%E1%80%86%E1%80%AC%E1%80%97%E1%80%AC%E1%80%94%E1%80%99%E1%80%B0%E1%80%94%E1%80%AC%E1%80%95%E1%80%AF%E1%80%B6%E1%80%85%E1%80%B6
2015-05-29T04:13:30Z
s3://commoncrawl/crawl-data/CC-MAIN-2015-22/segments/1432207929869.17/warc/CC-MAIN-20150521113209-00318-ip-10-180-206-219.ec2.internal.warc.gz
mya
0.996809
Mymr
85
{"mya_Mymr_score": 0.996808648109436}
(၁) မြို့မရောက်ခင်ကတော့ ပလက်ဖောင်းဆိုသည်ကို မမြင်ဖူး၊ မကြားဖူးသေး။ မြို့ရောက်ပြီးကာမှ ပလက်ဖောင်းဆိုသော ထိုအရာကို မြင်ဖူး၊ ကြားဖူးရခြင်းဖြစ်သည်။ နောက်ပြီး “ပလက်ဖောင်း” က မြန်မာစကားလုံး မဟုတ်၊ အင်္ဂလိပ်စကားလုံးဖြစ်၏ဆိုသည်ကိုပါ သိလာရသည်။ ရွာတွေမှာတော့ ပလက်ဖောင်းဆိုသောထိုအရာက ရှိမှမရှိသည်ကိုး။ သို့သော်ငြား “ယာခင်းနံဘေးက ကန်သင်းရိုး နှင့် ကားလမ်းနံဘေးက ပလက်ဖောင်းတို့ သဘောသဘာဝခြင်း ခပ်ဆင်ဆင်” ဟုတော့ စိတ်ထဲတွေးမိခဲ့ဖူးသည်။ ထိုအဆိုကိုတော့ဖြင့် မြို့ကြီးသားတွေက သဘောတူချင်မှ တူပါလိမ့်မည်။
<urn:uuid:8b84c571-a2e3-421c-99cc-0d3059db48e0>
CC-MAIN-2015-22
http://www.news-eleven.com/index.php?option=com_content&view=archive&year=2012&month=07&Itemid=133
2015-06-02T13:34:27Z
s3://commoncrawl/crawl-data/CC-MAIN-2015-22/segments/1433195035761.14/warc/CC-MAIN-20150601214355-00056-ip-10-180-206-219.ec2.internal.warc.gz
mya
0.975627
Mymr
62
{"mya_Mymr_score": 0.9756269454956055, "blk_Mymr_score": 0.02314053289592266}
Musée d'Orsay Wikipedia မှ ||ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက်များ စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ This article may require cleanup to meet Wikipedia's quality standards. Please improve this article if you can. The talk page may contain suggestions. အော်ဆေးပြတိုက် သည် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ တွင် တည်ရှိသော ပြတိုက်တစ်ခု ဖြစ်သည်။ Open: 1986 57 400 m² 2007: 3 200 000 visit |Wikimedia Commons has media related to: Musée d'Orsay| - www.musee-orsay.fr
<urn:uuid:034d41de-291a-400b-9c1a-072ce1f07c1d>
CC-MAIN-2015-22
https://my.wikipedia.org/wiki/Mus%C3%A9e_d'Orsay
2015-05-23T04:13:33Z
s3://commoncrawl/crawl-data/CC-MAIN-2015-22/segments/1432207927185.70/warc/CC-MAIN-20150521113207-00188-ip-10-180-206-219.ec2.internal.warc.gz
mya
0.99449
Mymr
27
{"mya_Mymr_score": 0.9944896697998047}
ဂန္ထဝင် ဂန္တဝင် ဆိုသည့် စကားလုံးမှာ မြန်မာဘာသာတွင် ပါဠိဘာသာမှ မွေးစားထားခြင်းဟု ယူဆနိုင်ပါသည်။ အလွန်ရှေးကျသော အရာတစ်ခုသည် ယနေ့ထိတိုင်အောင် ပစ်ပယ်မထားနိုင်ပဲ ၎င်းနှင့် အမြဲ ချိန်ထိုးနိုင်ရန်အတွက်အထိ အရေးပါသော အရာဝတ္ထုတစ်ခု သို့မဟုတ် အကြောင်းအရာတစ်ခု ဖြစ်သည်ဟု ဆိုနိုင်သည်။ ထို့ပြင်၎င်းစကားလုံး၏ အဓိပ္ပါယကို အစဉ်ထာဝရ လေးစားထိုက်သော သို့မဟုတ် အမြဲတစေ ချိန်ထိုးရန်အတွက် အကောင်းဆုံးသော စံ ဥပမာတစ်ခုကို ဆိုလိုနိုင်ပါသည်။ မြန်မာဘာသာတွင် နာမ် ဖြစ်သော်လည်း အင်္ဂလိပ်ဘာသာတွင်မူ ဝိသေသနစာ စာလုံးတစ်လုံး ဖြစ်သည့်အပြင် တစ်ခါတစ်ရံ နာမ်(အင်္ဂလိပ်စာအရေးအသားတွင်) အဖြစ် တွေ့ရသည်။
<urn:uuid:6eae9acb-b717-4530-a5a9-e33f7d531d4c>
CC-MAIN-2015-22
http://my.wikipedia.org/wiki/%E1%80%82%E1%80%94%E1%80%B9%E1%80%90%E1%80%9D%E1%80%84%E1%80%BA
2015-05-25T07:18:12Z
s3://commoncrawl/crawl-data/CC-MAIN-2015-22/segments/1432207928423.12/warc/CC-MAIN-20150521113208-00253-ip-10-180-206-219.ec2.internal.warc.gz
mya
0.989953
Mymr
143
{"mya_Mymr_score": 0.9899529218673706, "blk_Mymr_score": 0.010001077316701412}
လှံ လှံ[ပြင်ဆင်ရန်] တုတ်အရှည် ရှစ်ပေမှ ကိုးပေအထိနှင့် ထိပ်ဖက်တွင်း စူး၍ ဝင်နိုင်သည့် အချွန်ရှိသော တိုက်ခိုက်သည့် ကိရိယာကို လှံဟုခေါ်သည်။ လှံကို အသုံးပြုရာတွင် မြားကဲ့သို့ လေးမှပစ်၍မလွှတ်ဘဲ လက်ဖြင့်သာ ပစ်၍ထိုးရသည်။ ရှေးအခါက လှံ၏အဖျားသည် သာမန်ချွန်ထားခြင်းမျှသာ ဖြစ်ပြီး လျှင် ထိုအချွန်ကိုမာစေရန် မီးသင်း၍ ထားကြပေလိမ့်မည်။ ထို့နောက်မှ အရိုးချွန်ကို ထည့်နိုင်ခဲ့ကြသည်။ ထိုလက်နက်မျိုးကို ယခုတိုင် ရှေးဆန် သည့်လူမျိုးများ သုံးစွဲလျက်ရှိကြသေးသည်။ အလယ်ခေတ်စစ်သားများ၏ လှံသည် ၁၆ ပေရှည်၏။ ယခု ခေတ် အလံကိုင်မြင်းစီးစစ်သားများ၏ လှံအရှည်မှာ ရှစ်ပေခွဲမှ ၁၁ ပေ အထိရှိသည်။ ထိုလှံများ၏ ထိပ်ဖက်တွင် အလံကလေးများ ချိတ်ဆွဲထားကြ လေသည်။ ပါးရှင်းစစ်သားများ၏ လှံထိပ်တွင် အသွားနှစ်ခွ၊ တစ်ခါတစ်ရံ တွင် သုံးခွရှိသောလှံများကို အလှသက်သက် ပြုလုပ်ထားကြသည်။ လူရိုင်း ၏လှံအဖျားတွင် ငါးရိုးကိုဖြစ်စေ၊ အခြားအရိုးတစ်ခုခုကိုဖြစ်စေ ချည်ထား တတ်ကြသည်။ ထိုလှံများကို အမဲလိုက်ရာတွင်ဖြစ်စေ၊ စစ်တိုက်ရာတွင်ဖြစ် စေ အသုံးပြုကြသည်။ စစ်တိုက်ရာတွင်သုံးသည့် လှံများ၏အဖျားတွင် တစ် ခါတစ်ရံ အဆိပ်သုတ်လိမ်းထားတတ်ကြသည်။ လှံသွားများကို ကြေးညိုဖြင့် ပြုလုပ်လေ့ရှိကြသည်။ တောဝက်သိုးများနှင့် အခြားအမဲကောင်ကြီးများကို လိုက်ရာတွင် လှံများကို ယခုတိုင်ပင် အသုံးပြုလျက်ရှိကြသေးသည်။ ရုရှနှင့် အနောက်ဥရောပနိုင်ငံရှိ မြင်းစီးတပ်များတွင်လည်းကောင်း၊ အိန္ဒိယ မြင်းစီး တပ်များတွင်လည်းကောင်း ယခင်က လှံများကို လက်နက်အဖြစ် အသုံးပြု ခဲ့ကြသော်လည်း ယခုအခါတွင်မူ လှံများကို အခမ်းအနားများတွင်သာ အသုံးပြုကြတော့သည်။ ရှေးမြန်မာစစ်သားများသည် လှံထိုးနှင့် ဓားခုတ်ကျင်လျင်ကြ သည်ဟု အဆိုရှိသည်။ ဆယ့်နှစ်ရာသီ ပွဲတော်အလိုက် ပြာသိုလတွင် မြင်း ခင်းစက်သွင်းပွဲတော် ကျင်းပရာ၌ 'မြေနန်းတော် လက်ဝဲဘက်တွင် အမြင့် တစ်ဆယ့်ငါးတောင်ကစ၍ နှစ်ဆယ်၊နှစ်ဆယ့်ငါးတောင်၊ သုံးဆယ်၊ငါးဆယ်၊ အနောက်က အရှေ့သို့ အတည့်အတန်း စက်တိုင်ငါးစိုက်ထူပြီးလျှင် .... မင်း ညီမင်းသား၊ ဝန်ကြီး၊ အတွင်းဝန်၊ ဝင်းတော်မှူး၊ မှူးတော်မတ်တော်၊ လက် သုံးတော်၊ လက်စွဲတော်တို့ သနားတော်မြတ်ခံရသည့်မျဉ်း၊ မောက်တို၊ စစ် ဝတ်တန်ဆာ ဆင်ယင်ပြီးလျှင် မြငိးကြိုးကစုံများကို စီးနင်း၍ တစ်ကိုယ် လျှင် ဆယ်ခေါက်ကျ လှံလျင်ဆယ်စင်းစီကုန်အောင် ထိုးကြရသည်။ .... စက်စွဲသည့် မင်းညီမင်းသား၊ မှူးတော် မတ်တော်လက်သုံးတော် လက်စွဲ တော်တို့မှာ တစ်လက်စွဲလျှင် ငွေပွင့ထိုးပန်းပုဝါတစ်၊ သဇင်ပန်းခိုင်တစ်စီ သနားတော်မူသည်' ဟု ကုန်းဘောင်ဆက် မဟာရာဇဝင်ကြီးတွင် ဖော်ပြ ထားလေသည်။ ၁၂၂၇ ခုနှစ်က မင်းတုန်းမင်းကြီးသည် ကျောက်တော်ကြီးဘုရား ကိုဖူးမြော်ရန် ရှေ့ခြောက်တပ်၊ နောက်ခြောက်တပ်၊ ဆင်တပ်၊ မြင်းတပ် ရထားတပ်၊ ခြေသည်တပ်တည်းဟူသော စစ်အဂ‡ါလေးပါးခင်း၍ ထွက်တော် မူသည်။ ထိုသို့ ထွက်တော်မူကြီး ထွက်တော်မူရာတွင် စစ်သည်တော်တို့ သည် လေး၊ မြား၊ သေနတ်၊ အမြောက် စသော လက်နက်အမျိုးစုံတို့ကို စွဲကိုင်ဆောင်ကြဉ်းကြသည်။ ထိုလက်နက်အမျိုးမျိုးတွင် လှံသည် အလွန် အရေးပါ အရာရောက်ပုံရ၏။ အကြောင်းမူ ဆင်တပ်တွင်လည်း လှံပါရ သည်။ မြင်းတပ်တွင်လည်း လှံပါရသည်။ ရထားတပ်တွင်လည်း လှံပါရ သောကြောင့် ဖြစ်လေသည်။ ဆင်တပ်တွင် ဆင်တစ်စီးတစ်စီးလျှင် ဆင်ခြေဖုံးမိုးနဲရွှေလှံကိုင် ဆယ်ယောက်စီ ခြံရံလိုက်ပါရသည်။ မြင်းတပ်တွင် မြင်းတစ်စီးတစ်စီးလျှင် စီးသူတစ်ယောက် တစ် ယောက်ပါသည်။ ထိုးမြင်းစီးသူရဲသည် လက်ချည်းသက်သက် ဖြစ်သည် လည်းရှိ၍ အဲမောင်းကိုင်ထားသည်လည်းရှိ၏။ မြင်းတစ်စီးလျှင် လှံကမ်းသူ နှစ်ယောက် နောက်ကပါရသည်။ ရထားတပ်တွင် သူရဲစီးမြင်းက ရထားတစ်စီးလျှင် ဝဲယာနားပန်း စောင့် လှံကိုင်သူရဲနှစ်ယောက် ပါရသည်။ ခြေသည်တပ်တွင်ကာ လှံကိုင်သူရဲ အများအပြားပါဝင်သည်။ များသောအားဖြင့်ကား လှံရှည်ကိုင်၊ ရွှေဒိုင်း၊ ရွှေလွှား၊ ရွှေကာစွဲသူရဲတို့ဖြစ် ၏။ သို့သော်လည်း အတွင်းကိုယ်ရံတော်တပ်တို့တွင်မူ ရွှေလှံကိုင်သူရဲတို့ ပါသည်။ ပုဂံဝန်ထောက်မင်း ဦးတင်၏ မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း စတုတ္ထပိုင်းစာမျက်နှာ ၈ဝ ၌ လှံအကြောင်း ဤသို့ ဖော်ပြပါရှိသည်။ လှံသည် (၁) လှံလျင်၊ (၂) ခြေသည်ကိုင်လှံ၊ (၃) မြင်းသည် ကိုင်လှံ၊ (၄) ဆင်သည်ကိုင်လှံဟူ၍ လေးမျိုးပြားသည်။ (၁) လှံလျင်ဆိုသည်မှာ အဝေးရှိရန်သူကိုလည်း ထိုးနိုင်သည်။ လက်ထဲတွင် အစွဲအမြဲကိုင်၍လည်း ထိုးနိုင်သည်။ ထိုကြောင့် ပါဠိတွင် မုတ္တာမုတ္တလက်နက်ဟုခေါ်သည်။ လှံလျင်ထိုးနည်းတွင် လက်တစ်ဖက်လျှင် လှံ ၁ဝ စင်းစီကိုင်ထားပြီးမှ တစ်စင်းစီ နှစ်စင်းစီ တစ်ဖက်ရန်သူရှိရာ ထိုး နိုင်သော အတတ်မျိုးလည်းပါသည်။ လှံလျင်ဖြင့် အဝေးကိုတွင်မက အမြင့် ကိုလည်း ထိုးနိုင်သည်။ (၂) ခြေသည်ကိုင်လှံဆိုသည်မှာ ယခုကာလ ကိုင်ကြသော လှံမျိုး ပင်ဖြစ်သည်။ သို့ရာတွင် စွဲကိုင်သူ၏အင်အားအလျောက် လှံသွား အကြီး အသေး ကွာခြားသည်။ (၃) ဆင်ထိုးလှံဆိုသည်ကား များသောအားဖြင့် လှံမများပင်ဖြစ် သည်။ အရိုးရှည်၊ အရိုးတို အသွားအရွက်များမှာလည်း ကိုင်လိုသူ၏ အင် အားအလိုက် အရွယ်အစား ကွဲပြားသေးသည်။ လှံမဆိုသည်မှာ လှံကြီးကို ဆိုလိုသည်။ (၄) မြင်းသည် ကိုင်လှံကို အဲမောင်းလည်းခေါ်သည်။ [၁] ကိုးကား[ပြင်ဆင်ရန်] - မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
<urn:uuid:6e4be6b0-daef-45d3-8b71-38ff96299e6b>
CC-MAIN-2015-22
https://my.wikipedia.org/wiki/%E1%80%9C%E1%80%BE%E1%80%B6
2015-05-29T14:13:02Z
s3://commoncrawl/crawl-data/CC-MAIN-2015-22/segments/1432207930143.90/warc/CC-MAIN-20150521113210-00038-ip-10-180-206-219.ec2.internal.warc.gz
mya
0.998991
Mymr
77
{"mya_Mymr_score": 0.9989908337593079}
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (မန္တလေး) က ကျောင်းသားတွေဟာ စစ်ကိုင်းရွာသစ်ကြီးကို ပြောင်းရွှေ့ခံရတဲ့အတွက် မကျေနပ်လို့ ၂၇ မိုင်ကျော်လောက်ဝေးတဲ့ခရီးကို ညဘက်မှာ ပြောင်းရွှေလာကြတာလို့ မန္တလေးက စာနယ်ဇင်းသမားတဦးဖြစ်သူ ကိုဘဦးက ပြောပြပါတယ်။ မန္တလေး အမျိုးသား လူငယ်တိုးတက်ကြီးပွားရေး ဒီဂရီကောလိပ်က ကျောင်းသားတွေကို စစ်ကိုင်းရွာသစ်ကြီးကို ပြောင်းရွှေ့လိုက်တာနဲ့ ပတ်သက်လို့ မန္တလေးမှာပဲ ပညာဆက်လက် သင်ကြားခွင့်ပေးဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ကျောင်းသားတွေက အောက်တိုဘာ ၅ ရက်နေ့စွဲနဲ့ အသနားခံစာ တင်သွင်းခဲ့ပါတယ်။ စစ်ကိုင်းရွာသစ်ကြီးကျောင်းကို ဦးနေဝင်းလက်ထက်က စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ်မန္တလေးကို ၂ဝဝဝ ပြည့်နှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ တောင်ပေါ်ကျေးလက် ဝေးလံသီခေါင်တဲ့ဒေသက ဆင်းရဲနွမ်းပါးတဲ့ကျောင်းသားတွေဟာ ဒေသဖွံ့ဖြိုးရေးအတွက် လာရောက်ပညာသင်ကြားကြတာပါ။ စစ်ကိုင်းရွာသစ်ကြီးမှာ နေရာထိုင်ခင်းကအစ အဆင်မပြေဘဲ အခက်အခဲတွေနဲ့ ကြုံတွေ့ရတာကြောင့် မန္တလေးမှာပဲ ဆက်လက် ပညာသင်ကြားလိုတယ်လို့ ဆိုပါတယ်။ ကျောင်းသားတွေဟာ အထုပ်အပိုးတွေနဲ့ မန္တလေးကို ပြန်ပြောင်းလာတဲ့ သဘောမျိုးနဲ့ ချီတက်ဆန္ဒပြကြတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
<urn:uuid:dcd63131-2d40-440a-991a-ab2dc7cd1ddf>
CC-MAIN-2015-22
http://www.rfa.org/burmese/news/student-protest-11232012015049.html
2015-05-22T10:02:06Z
s3://commoncrawl/crawl-data/CC-MAIN-2015-22/segments/1432207924919.42/warc/CC-MAIN-20150521113204-00295-ip-10-180-206-219.ec2.internal.warc.gz
mya
0.937991
Mymr
40
{"mya_Mymr_score": 0.937991201877594, "blk_Mymr_score": 0.05923262983560562}
စက္ကဝက်ငှက် စက္ကဝက်ငှက်[ပြင်ဆင်ရန်] စက္ကဝက်သည် ဝံပိုငှက်တစ်မျိုး ဖြစ်သည်။ ပါဏဗေဒအမည် မှာ 'ပယ်လီကင်နပ် အိုနိုကရိုတဲလပ်' (Pelecanus onocrotalus) ဖြစ်သည်။ အလျား ၆၅ လက်မရှိ၏။ စက္ကဝက်အကောင်ကြီးသည် သာမန်အချိန်တွင် ဖြူ၍ သားပေါက်ချိန်၌ ပန်းရောင်ရှိ၏။ ငှက်ကလေးသည် အောက်ပိုင်းတွင် သစ်ကျားသီးရောင် ရှိ၏။ ယင်းတို့သည် သုံးနှစ် လေးနှစ်ကြာမှ အမွေးအတောင် ပြည့်စုံကြသည်။ စက္ကဝက်ငှက်သည် ဥရောပတိုက် အရှေ့တောင်ပိုင်း ဒေသ များနှင့် အာရှတိုက်ရှိ အချို့ဒေသများတွင် သားပေါက်သည်။ ဆောင်းရာသီတွင် ထိုငှက်များကို တရုတ်နိုင်ငံတောင်ပိုင်း၊ မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ပါးရှင်းပင်လယ်ကွေ့၊ အာဖရိက တိုက်တို့တွင် တွေ့ရသည်ဟု ဆို၏။ မြန်မာနိုင်ငံသို့ ဆောင်း ရာသီတွင်သာ လာရောက်သည်။ ဩဂုတ်လတွင် ရောက်လာ၍ ဇန်နဝါရီ၊ ဖေဖော်ဝါရီလတွင် ထွက်ခွာသွားကြသည်ဟု ထင် မှတ်ရသည်။ [၁] ကိုးကား[ပြင်ဆင်ရန်] - မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)
<urn:uuid:31d47377-2df9-4ab8-9a80-b5b5825f2350>
CC-MAIN-2015-22
https://my.wikipedia.org/wiki/%E1%80%85%E1%80%80%E1%80%B9%E1%80%80%E1%80%9D%E1%80%80%E1%80%BA%E1%80%84%E1%80%BE%E1%80%80%E1%80%BA
2015-05-25T13:19:21Z
s3://commoncrawl/crawl-data/CC-MAIN-2015-22/segments/1432207928501.75/warc/CC-MAIN-20150521113208-00228-ip-10-180-206-219.ec2.internal.warc.gz
mya
0.997803
Mymr
74
{"mya_Mymr_score": 0.9978034496307373}
လက်ပံတောင်းတောင် အရေးနှင့်ပတ်သက်၍ အဆင်ပြေစေရန် အတတ်နိုင်ဆုံး ကြိုးစားပေးသွားမည်ဟု ထိုဒေသကို ရောက်ရှိ နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒေသခံ လူထုကို ပြောဆိုလိုက်သည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး ငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆိုသူများကို အာဏာပိုင်များက အကြမ်းဖက် ဖြိုခွဲခဲ့ပြီးနောက် ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်က စောင့်ကြိုနေသည့် ထောင်သောင်းချီသော ဒေသခံ လူထုပရိတ်သတ်အား မိန့်ခွန်းပြောကြားရာတွင် ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ “အခုဒီဒေသမှာဖြစ်နေတဲ့ ကြေးနီစီမံကိန်းပြဿနာကို အေးအေးချမ်းချမ်းနဲ့ ပြေလည်သွားစေချင်တယ်၊ ဒီလိုအေးအေးချမ်းချမ်းနဲ့ ပြေလည်မှ ကျမတို့ပြည်သူတွေလည်း သက်သာမယ်၊ နိုင်ငံလည်း သိက္ခာရှိတယ်၊ ကျမတို့အနာဂတ်အတွက်လည်း ကောင်းတဲ့ ခြေလှမ်းဖြစ်တယ်၊ အဲဒါကို ကျမ ကြိုးစားမယ်၊ ကြိုးစားပေမယ့်လည်း ကျမ အောင်မြင်မယ် မအောင်မြင်မယ်ဆိုတာ ကိုတော့ ဘယ်လိုမှ အာမခံချက်မပေးနိုင်ဘူး၊ ဒါပေမယ့် ပြည်သူကသာ ကျမနဲ့ လက်တွဲပြီးတော့ လုပ်မယ်ဆိုရင်တော့ အောင်မြင် နိုင်မယ်လို့ ကျမ ယုံပါတယ်” ဟု လူထုပရိတ်သတ်ကို ပြောဆိုသည်။ စီမံကိန်းရပ်တံ့ရေး တောင်းဆိုခဲ့ကြသော ရဟန်းသံဃာများနှင့် ဒေသခံလူထုကို ယနေ့မနက် ၃ နာရီခန့်က အာဏာပိုင်များက အကြမ်းဖက်ဖြိုခွင်းမှုနှင့် ပတ်သက်၍ ထည့်သွင်း ပြောဆိုသွားခြင်းမရှိပေ။ မိန့်ခွန်းမပြောဆိုမီ ကြေးနီစီမံကိန်းကို အဓိကလုပ်ဆောင်နေသည့် ဝမ်ပေါင် ကုမ္ပဏီနှင့် ဦးပိုင်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တစ်နာရီကျော်အကြာ တွေ့ဆုံဆွေးနွေးခဲ့သကဲ့သို့ သပိတ် စခန်း ဖြိုခွင်းခံရမှုမှ မျက်မြင်အချို့ကို ခေါ်ယူတွေ့ဆုံ မှုများလည်း ပြုလုပ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညတွင် မုံရွာမြို့တွင် နားခိုမည်ဖြစ်ပြီး မနက်ဖြန်တွင် မြို့ခံတာဝန်ရှိသူများ၊ သပိတ်စခန်း အကြမ်းဖက်ခံရမှုတွင်ပါဝင်သူများ၊ ဒေသခံများနှင့် တွေ့ဆုံရန်ရှိကြောင်းနှင့် မနက်ပိုင်းတွင် မုံရွာမြို့ မြစ်ဆိပ်အောက်ဘက်တွင် မိန့်ခွန်းထပ်မံပြောကြားမည်ဖြစ်ကြောင်းလည်းသိရသည်။ မြန်မာ စစ်ဗိုလ်ချုပ်များ ဦးစီးထားသော ဦးပိုင် ကုမ္ပဏီနှင့် တရုတ် ဝမ်ပေါင်ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်နေ သော အဆိုပါ ကြေးနီစီမံကိန်းကြောင့် သဘာဝတောင်တန်းများ ပျက်စီးခြင်း၊ ဒေသခံတို့၏ လယ်ယာမြေများ အဓမ္မ သိမ်းပိုက် ခံရခြင်း၊ စီမံကိန်းအညစ်အကြေးများမှ ကျန်းမာရေးထိခိုက်စေခြင်းနှင့် အခြားဆိုးကျိုးများကို ထောက်ပြကာ ဒေသခံ ကျေးရွာ ၂၆ ရွာက ယခုနှစ် မေလမှစတင်ကာ နှစ်ဝက်ကျော်ကြာ ဆန္ဒထုတ်ဖော်ခဲ့ပြီး ယနေ့မနက်ပိုင်းက အကြမ်းဖက်နှိမ်နှင်းခြင်း ခံခဲ့ရသည်။ ယင်းသို့ ဖြိုခွင်းမှုကြောင့် ရဟန်းသံဃာ ၉၇ ပါးနှင့် လူပုဂ္ဂိုလ် ၅၀ ကျော်ဒဏ်ရာရရှိခဲ့ပြီး သံဃာတော် ၁၅ ပါးနှင့် လူပုဂ္ဂိုလ် တစ်ဦးမှာ ဒဏ်ရာပြင်းထန်၍ အတွင်းလူနာအဖြစ် မုံရွာဆေးရုံကြီးနှင့် မန္တလေးဆေးရုံကြီးတို့တွင် ဆေးကုသမှုခံယူနေလျက်ရှိပြီး ကျန်ဒဏ်ရာရရှိသူများမှာ စိုးရိမ်စရာမရှိကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။ ထို့အတူ သံဃာတော် ၆ ပါးနှင့် လူပုဂ္ဂိုလ်အချို့ကိုလည်း ရိုက်နက်ဖမ်းဆီးထားပြီး ပျောက်ဆုံးနေသူများလည်းရှိကြောင်း ဒေသခံ သပိတ် အဖွဲ့ ခေါင်းဆောင်များက ပြောသည်။ ယင်းဖြိုခွဲမှုနှင့်ပတ်သက်၍ အဓိကရုဏ်းနှိမ်နှင်းရေးအတွက် နိုင်ငံတကာ အသုံးပြုလျက်ရှိသော မီးသတ်ပိုက်များ၊ မျက်ရည်ယိုဗုံးများနှင့် မီးခိုးဗုံးများကိုသာ အသုံးပြုခဲ့ပြီး အင်အားအလွန်အကျွန် သုံးစွဲခြင်းမရှိကြောင်း လူအုပ်စုခွဲခြင်းကြောင့် ထိခိုက် ဒဏ်ရာရရှိသူများကို အစိုးရဆေးရုံတွင် ကုသပေးလျက်ရှိကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။ ယင်းသို့ထုတ်ပြန်ချက်၌ “ထိုသို့ ဆောင်ရွက်ရခြင်းသည် တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံတော်၏ အကျိုးစီးပွားနှင့် အများပြည်သူတို့၏ အကျိုးစီးပွားအား ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန် ဒီမိုကရေစီ ကျင့်စဉ်နှင့် အညီဆောင်ရွက် ရခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်” ဟု သမ္မတရုံး အင်တာနက်စာမျက်နှာ၌ ဖော်ပြသကဲ့သို့ အစိုးရရုပ်သံ သတင်းများကလည်းကြေညာခဲ့သည်။ သို့သော်လည်း အင်အားသုံး နှိမ်နင်းမှုနှင့်ပတ်သက်၍ နိုင်ငံရေးနှင့် လူမှုရေး နယ်ပယ်အသီးသီးရှိ ခေါင်းဆောင်များက အစိုးရကို ဝေဘန်ပြောဆိုနေကြသည်။
<urn:uuid:d5dff49c-9eee-4c73-bd7f-3d5944447ea1>
CC-MAIN-2015-22
http://burma.irrawaddy.org/copper/2012/11/29/26794.html
2015-05-26T13:43:24Z
s3://commoncrawl/crawl-data/CC-MAIN-2015-22/segments/1432207928864.16/warc/CC-MAIN-20150521113208-00052-ip-10-180-206-219.ec2.internal.warc.gz
mya
0.954127
Mymr
64
{"mya_Mymr_score": 0.95412677526474, "blk_Mymr_score": 0.041523098945617676}
ဒီတစ်ခေါက် အိမ်အပြန်မှာတော့ ရွှေကျင်းဘက်ကိုလှည့်ပြီး ဖားကန့်ဒေသဘက်မှာ တစ်ပိုင်တစ်နိုင် ရွှေတူးလုပ်ကြတဲ့ လုပ်ငန်းခွင်ကို သွားရောက်လို့ ဓာတ်ပုံများ ရိုက်ယူခဲ့ပါတယ်.. ပြန်သွားတဲ့ အချိန်က မိုးတွင်းဖြစ်တာကြောင့် ရွှေကျင်းလုပ်ကြတဲ့ လုပ်ကွက်တွေကို သွားတဲ့အခါ လမ်းတော်တော်လေးကို ဆိုးဝါးပါတယ်.. ဆိုင်ကယ်တောင် မနည်းသွားရတဲ့ အချိန်ကာလဖြစ်ပါတယ်. ချောင်းရေကြီးချိန်ဖြစ်တာကြောင့် နွေအခါအသုံးပြုတဲ့ တံတားတွေလဲ ရေထဲပါသွားတာကြောင့် တံတားမရှိတော့ဘဲ ကူးတို့လှေနဲ့ ကူးရပါတယ်.. အခုဖော်ပြမဲ့ အကြောင်းအရာ၊ ဓာတ်ပုံတွေဟာ လုပ်ကွက်ကြီးတွေ၊ ကုမ္ပဏီကြီးတွေရဲ့ တူးဖော်ပုံမျိုးမဟုတ်ဘဲ.. ဒေသခံလူများ၊ အရင်းအနှီး အနည်းငယ်ရှိသူများ တစ်ပိုင်တစ်နိုင် လုပ်ကိုင်ကြတဲ့ ရွှေလုပ်ငန်းမျိုးဖြစ်ပါတယ်.. ရွှေကျင်းကိုသွားတဲ့ လမ်းတစ်လျှောက် ဒီလိုလမ်းတွေကို ဆိုင်ကယ်နဲ့ သွားရတာပါ.. ကိုယ်တိုင်မမောင်းဘူး..သူများနောက်က လိုက်စီးတာ .. ကြောက်လို့ :) ဒီလိုချောင်းရေတွေဆို အမြဲဝင်းဝါနေတာဘဲ.. ကြည်ကြည်လင်လင် ဘယ်တော့မှ မရှိ လမ်းဘေးရှုခင်း ဒီလှေနဲ့ ချောင်းကိုဖြတ်ကူးကြမယ် ကူးတို့သမား လှော်တဲ့လှေ ဒီလိုလုပ်ငန်းအတွက် အရင်းအနှီး အနည်းဆုံး သိန်း၂၀မှ ၃၀ထိ လိုတယ်လို့ သိရပါတယ်.. မိမိလုပ်ကွက်က ရွှေအထွက်များရင် စရိတ်ကျေပြီး အမြတ်ထွက်ပေမဲ့ ရွှေအကျနည်းတဲ့ ကျင်းမျိုးဆိုရင် အကြွေးတင်ကြတဲ့ သူတွေတောင်ရှိတတ်ပါတယ်.. ဒီလုပ်ငန်းကလည်း မမြင်ရတဲ့ မြေကြီးအောက်က သယံဇာတကို တူးဖော်ရတာဖြစ်လို့ ခန့်မှန်းဖို့ခက်တဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်.. ဖားကန့်ဒေသမှာ မြေကြီးအောက်တိုင်းမှာ ရွှေထွက်တယ် ဆိုပေမဲ့လို့ တစ်နေရာနဲ့ တစ်နေရာ ရွှေအထွက်နှုန်းက မတူတဲ့အတွက် အရှုံးအမြတ်ကို ပုံသေတွက်ဆလို့ မရတဲ့ လုပ်ငန်းဖြစ်ပါတယ်.. ရွှေတူးသူတိုင်းဟာ အရှုံးအမြတ်ကို အလောင်းအစားသဘောမျိုး လုပ်ကြရတာဖြစ်ပါတယ်. ရွှေကျင်းတစ်ကျင်းပြီးတိုင်း အမြတ်ကျန်မယ်လို့ သေချာပေါက်မပြောနိုင်ပါဘူး… လုပ်ကွက်ချင်း ကပ်လျက် ကျင်းနှစ်ကျင်း ဘေးချင်းယှဉ်ပြီး လုပ်ကြရင်တောင် တစ်ဖက်ကျင်းက ရွှေအကျများပြီး တစ်ဖက်ကျင်းက ရွှေအကျနည်းတာမျိုး ဖြစ်တတ်ပါတယ်.. ဒါကြောင့် ကံသေကံမ ပြောလို့ မရနိုင်တာပါ.. အချို့ကျတော့ အရင်းအနှီး မများတဲ့အတွက် ရွှေထွက်တာနဲ့ ဒီနေ့ထွက်တာ ဒီနေ့ ရောင်းပြီး ကျင်းစရိတ်ထဲ ပြန်ထည့်ကြပါတယ်.. ရွှေကျင်းတစ်ကျင်းမှာ ကုန်ကျစရိတ်အများဆုံးက ဆီဖိုးနဲ့ စားစရိတ်ဖြစ်ပါလိမ့်မယ်.. ချောင်းတစ်ဖက်ကမ်း ရွှေကျင်းသို့သွားရာလမ်း နွေရာသီ၊ဆောင်းရာသီတုန်းကတော့ ဒီလမ်းတွေဟာ ဆိုင်ကယ်နဲ့ သွားလာလို့ရပါတယ်.. အခုတော့ တံတားမရှိတော့ ကူးတို့လှေနဲ့ ကူးခဲ့ရတာမို့ ဆိုင်ကယ်ကို ချောင်းတစ်ဘက်ကမ်းမှာ ထားခဲ့ပြီး ဒီဘက်ကမ်းရောက်တော့ ခြေလျှင်နဲ့ သွားလာရပါတယ်.. အသိရဲ့ ရွှေကျင်းရောက်အောင် တော်တော်လေး လမ်းလျှောက်လိုက်ရပါတယ်.. မောသလားဆိုရင်တော့ အင်း... မောတော့ မောတာပေါ့.. ဒါပေမဲ့ မမောဘူးဘဲ ဆိုကြပါစို့...ဒီလို ရွှေတူးကြဖို့ အရင်ဆုံးလုပ်ရမဲ့အလုပ်က မြေကွက်ဝယ်ကြရပါတယ်.. ပြီးတော့မှ ရွှေတူးရာမှာ လိုအပ်တဲ့ စက်တွေ၊ ပိုက်တွေ၊ အလုပ်သမားတွေ၊ သူတို့နေဖို့ တဲတွေဆောက်ရမယ်. ရိက္ခာတွေ ၀ယ်ယူစုဆောင်းကြရပါတယ်.. စက်ကိုမောင်းနှင်ဖို့ ဆီတွေဝယ်ရပါမယ်. ဒီလိုကျင်းတစ်ကျင်းအတွက် အလုပ်သမား အနည်းဆုံး ၇ယောက်မှ ၁၀ယောက်အထိ လိုအပ်ပါတယ်.. ရွှေကျင်းတစ်ခုရဲ့ မြင်ကွင်း မြေကျင်းဟာ ပေအနက် ၁၀ပေကျော်ပါတယ်.. ကျင်းထဲက စက်ကိုတော့ မုန်စုပ်စက်လို့ ခေါ်ပါတယ်.. ကျင်းထဲက မြေကြီးတွေက အပေါ်ရောက်အောင် အားနဲ့မှုတ်တင်ပေးတဲ့ စက်ပါ.. ရွှေကျင်းတူးတဲ့အခါ အပေါ်ယံမြေသားဖြစ်တဲ့ ရွှံမြေတွေမှာ ရွှေပါလေ့မရှိပါဘူး... အနည်းဆုံး ၅ပေ၆ပေခန့် အပေါ်ယံမြေကြီးတွေကို ဖယ်ထုတ်ရပါတယ်. အဲလိုဖယ်ထုတ်ရတာကို ခေါင်းပေါင်းကျင်းတယ်လို့ ခေါ်ပါတယ်.. ပြီးတော့မှ အောက်က မြေမာ ကျောက်ခဲတွေပါတဲ့ မြေမျိုးမှာမှ ရွှေပါတတ်ပါတယ်.. အဲဒီအလွှာကိုရောက်မှသာ သဲမြေတွေကို အပေါ်ကို မုန်စုပ်စက်နဲ့ မှုတ်တင်ပါတယ်.. အင်အားပြင်းတဲ့ ရေအားနဲ့ မြေကြီးကို ခုလိုတိုက်စားပစ်ပါတယ်.. မုန်စုပ်စက်ထဲကို စီးမျှောလာတဲ့ မြေကြီးတွေမှာ ကျောက်စရစ်ခဲ ကြီးကြီးမားမားတွေကို ကျန်တဲ့သူတွေက ခုလို ဖယ်ရှားပေးရပါတယ်. ဘေးမှာ ပုံထားတဲ့ကျောက်ခဲတွေက ဖယ်ထားတဲ့ကျောက်ခဲတွေပါ.. ဒီလိုနည်းအားဖြင့် ရွှေပါဝင်တဲ့ မြေကြီးတွေဟာ ရေအားနဲ့အတူ မျှောပါသွားပြီး အောက်က မုန်စုတ်စက်ထဲကမှတစ်ဆင့် ရေနဲ့ မြေကြီးတွေကို ပိုက်နဲ့ ကျင်းအပေါ်ကို အရှိန်ပြင်းပြင်း ပို့လွှတ်လိုက်ပါတယ်.. မုန်စုပ်စက်နဲ့ဆက်သွယ်ထားတဲ့ပိုက်.. ဒီပိုက်ကနေ အပေါ်ကို မြေကြီးတွေကို မှုတ်တင်ပေးပါတယ်.. ပိုက် နောက်တစ်ဆင့်ပါ.. အပေါ်ရောက်တော့ ရွှေသဲနဲ့ ကျောက်ခဲတွေကို ဒီလို ခွဲခြားပစ်ပါတယ်.. ရွှေပါတဲ့ မြေကြီးကို ခုလို ဒီနေရာကို ဖြတ်သန်းစေတဲ့အခါမှာ ကျောက်ခဲတို့ သဲတို့ထက် လေးလံတဲ့ သတ္တုဖြစ်တဲ့ ရွှေရဲ့ သဘာဝအရ ရွှေမှုန်တွေဟာ ဒီနေရာက ရွှေဖမ်းကော်ဇောပေါ်တို့မှာ ကျ ကျန်နေခဲ့ပြီး သဲ၊ ကျောက်ခဲ မြေကြီးတွေကတော့ ရေနဲ့အတူ အောက်ကို ဆက်လက်စီးဆင်းသွားပါတယ်.. ရေစီးအားနှင့်အတူ သဲနှင့်ကျောက်ခဲများ စီးဆင်းရာ ရွှေတွေဟာ အခုမြင်ရတဲ့ သေတ္တာလို လေးထောင့်ပုံးထဲမှာ အဓိက ကျန်ရစ်ခဲ့ပါတယ်.. ပိုက်အ၀ါရောင်လေးက ကျင်းထဲကို ရေပို့လွှတ်တဲ့ ရေပိုက်ပါ ခပ်လှမ်းလှမ်းက ရေအိုင်ကနေ ရေတွေကို စက်နဲ့ စုတ်ပြီး ပိုက်ကနေတစ်ဆင့် ကျင်းထဲကို ပို့ပေးတာပါ. ရွှေကျင်ဖို့ ပြုလုပ်ထားတဲ့ နေရာပါ.. ဘေးနားက အိတ်အဖြူတွေဟာ ရွှေပါတဲ့ သဲမြေတွေဖြစ်ပါတယ်.. တစ်နေ့တာ မြေကြီးတွေကို ခုလို စက်နဲ့ မှုတ်တင်ပေးလို့ ရလာတဲ့ မြေကြီး( ရွှေသဲ) တွေကို စုဆောင်းပြီး ရွှေသပ်သပ် ခွဲခြားဖို့ သစ်သားနဲ့ ပြုလုပ်ထားတဲ့ အင်နဲ့ ရွှေကို ကျင်ယူရပါတယ်... ရွှေကျင်နေပုံ ရွှေနဲ့ရောနေတဲ့ မြေကြီးတွေကို ခုလို အင်ထဲကိုထည့်ပြီး ရေပေါ်မှာ ကျင်ရပါတယ်.. အဲဒီသစ်သားအ၀ိုင်းကြီးကို အင်လို့ ခေါ်ပါတယ်.. အဲဒီလို ကျင်တဲ့အခါ မြေကြီးတွေဟာ ရေနဲ့အတူ ပါသွားပြီး အင်ထဲမှာ တစ်ဖြေးဖြေးနဲ့ မြေကြီးတွေနည်းလာပြီး သဲတစ်ချို့နဲ့ ရွှေစတွေသာ ကျန်ရစ်ခဲ့ပါတယ်.. ရွှေကျင်းမှာရှိတဲ့ အဒေါ်ကြီးတစ်ယောက်က ကျွန်မကို လက်တွေ့ ကျင်ပြတာကို ဓာတ်ပုံ ရိုက်လာတာ ဖြစ်ပါတယ်.. ကျွန်မတို့ ငယ်ငယ်ကတော့ ဥရုချောင်းထဲမှာ ရွှေကျင်သူများဆီက အင်ကို ခနငှားပြီး အပျော်ကျင်ခဲ့ဖူးပါတယ်.. ရွှေကျင်ရတာ အနည်းငယ်တော့ လက်ဝင်ပါတယ်.. ရေပေါ်မှာ အင်ကို ဝေ့ကာဝိုက်ကာလှည့်ပြီးမှ အင်ထဲက မြေကြီးတွေ အပြင်ထွက်သွားအောင် လုပ်ယူရတာမျိုး ဖြစ်ပါတယ်.. အလေ့အကျင့် ရှိသွားရင်တော့ လွယ်လွယ်ကူကူ ဖြစ်သွားပါတယ်. ကျောက်ခဲအတုံးကြီးတွေကိုတော့ လက်နဲ့ ဖယ်ထုတ်ရပါတယ်.. အမဲရောင်သဲမှုန်တွေကို ကျွန်မတို့အရပ်မှာ ရွှေချီး လို့ ခေါ်ပါတယ်.. ရွှေရှိတဲ့နေရာမှာ သူအမြဲတမ်းရှိတတ်လို့ပါ.. ရွှေနဲ့ ရွှေချီးဟာ အမြဲအတူတူရှိပါတယ်.. အင်ထဲမှာ မြေကြီးမရှိသလောက်ဖြစ်သွားပြီး ရွှေချီးနဲ့ ရွှေမှုန်တွေသာ ကျန်ရစ်ခဲ့ပါတယ်.. ရွှေရောင် လက်နေတာလေးတွေက ရွှေအမှုန်လေးများ ဖြစ်ပါတယ်.. အမဲရောင်တွေကတော့ ရွှေသဲ(ရွှေချီး) ဖြစ်ပါတယ်.. တကယ်တမ်းတော့ ရွှေကျင်ပြီး စွန့်ပစ်ထားတဲ့ မြေကြီးကို နမူနာကျင်ပြတာဖြစ်တဲ့အတွက် ရွှေပါဝင်မှုနှုန်းက အလွန်နည်းပါးခြင်း ဖြစ်ပါတယ်..သို့သော်လည်း စွန့်ပစ်ထားပြီးသား မြေကြီးထဲမှာတောင် ခုလိုရွှေမှုန်လေးများ ပါဝင်နေတတ်ပါတယ်.. ရွှေနဲ့ ရွှေချီး နောက်ဆုံးမှာ ရွှေချီးသဲအမှုန်တွေကို နည်းနိုင်သမျှ နည်းအောင် ဖယ်ထုတ်လိုက်တဲ့အခါ ရွှေမှုန်များနဲ့ ရွှေချီး အနည်းငယ်သာ ပါဝင်တဲ့ ရွှေမှုန်အစုကို ရပါတယ်.. ရွှေချီးနဲ့ ရောနေတဲ့ ရွှေအမှုန်များကို ပြဒါးနဲ့ဖမ်းလိုက်တဲ့အခါ ရွှေအမှုန်သီးသန့်ကို ရရှိပါတယ် .. ပြဒါးနဲ့ဖမ်းတဲ့အခါ ရွှေတွေအားလုံး အဖြူရောင်ကို ပြောင်းလဲသွားပါတယ်... မီးပြန်ဖုတ်မှသာ နဂိုမူလ ရွှေအရောင်ကို ပြရပါတယ်... ရွှေမှုန်တွေအားလုံးကို အလုံးပြုလုပ်ကာ မီးဖုတ်လိုက်တော့ ရွှေတုံး ရွှေခဲကို အကြမ်းအဖြစ်ရရှိပါတယ်.. မီးဖုတ်ထားသော ရွှေအလုံး ရုတ်တရက်ကြည့်ရင် သာမန်မြေကြီးလုံးတစ်လုံးနဲ့ တူပါတယ်.. ရွှေတူးရင်း ခုလို ကျောက်စိမ်းများလည်း ထွက်တတ်ပါတယ်.. ရွှေကျင်းနှင့်အနီးတစ်ဝိုက် ရှုခင်းများ ရွှေကျင်းတူးသူများအဖို့ မျှော်လင့်စရာက ရွှေများများ ပါဖို့ထက် ကျောက်ကောင်းကောင်း တစ်လုံးသာ ကျင်းထဲက ထွက်မယ်ဆိုရင် နေ့ချင်းညချင်း ဘ၀ပြောင်းသွားနိုင်ပါတယ်.. ဒါကြောင့်လည်း ရွှေရှာသူတွေဟာ ဒီမျှော်လင့်ချက်တွေနဲ့ ရွှေတူးကြတာလည်း ဖြစ်ပါတယ်.. ရွှေပါဝင်မှုနည်းထားဟာ တစ်နေရာနဲ့တစ်နေရာ မတူညီ ကွဲပြားပါတယ်.. အချို့မြေတွေမှာ တစ်ရက်ကို ရွှေ၂ကျပ်သားအထိ ရတတ်ပြီး အချို့မြေတွေမှာတော့ ရွေး ၄၀ ရွေး၅၀ စသဖြင့် ကွဲပြားနိုင်ကြောင်း သိရပါတယ်.. မြန်မာ့ရွှေချိန်အရ ရွှေတစ်ကျပ်သားကို ၁၂၈ရွေး ရှိပါတယ်.. ဥရုချောင်းရိုးတစ်လျှောက်တော့ ရွှေပါဝင်နှုန်း များတတ်ပါတယ်.. ဖားကန့်ဒေသမှာ ရွှေတူးတာနဲ့ပါတ်သက်ပြီး အကြမ်းဖျင်းသာ ရေးပြထားခြင်း ဖြစ်တဲ့အတွက် အချက်အလက် မပြည့်စုံခြင်း၊ အခြားဒေသများနှင့် ရွှေရှာပုံခြင်း မတူ ကွဲလွဲခြင်းများ ရှိကောင်းရှိနိုင်ပါတယ်.. သိသလောက် ရေးပြခြင်းဖြစ်တာမို့ ချို့ယွင်းချက်များ ရှိခဲ့ရင် ခွင့်လွှတ်ကြဖို့ ပန်ကြားလိုက်ပါတယ်ရှင်... ချော(အစိမ်းရောင်လွင်ပြင်)
<urn:uuid:fafcbf29-378e-4b1a-b993-3d20a9115398>
CC-MAIN-2015-22
http://www.missgreenlady.com/2010_07_16_archive.html
2015-05-29T01:57:57Z
s3://commoncrawl/crawl-data/CC-MAIN-2015-22/segments/1432207929832.32/warc/CC-MAIN-20150521113209-00088-ip-10-180-206-219.ec2.internal.warc.gz
mya
0.948649
Mymr
39
{"mya_Mymr_score": 0.9486486911773682, "blk_Mymr_score": 0.049192335456609726}
အစ္စလာမ်သာသနာတော် က ကျွန်စနစ် (Slavery) နဲ့ပတ်သတ်ပြီး ဘယ်လိုဘယ်ပုံ အ မိန့်တော်ပြဋ္ဌာန်းသွန်သင်ဆုံးမထားသလဲ ဆိုတာကိုမ တင်ပြ ခင် ၊ ကမ္ဘာ့သမိုင်းမှာတွင်ခဲ့ တဲ့ ကျွန်စနစ် (Slavery) အကြောင်းကိုနည်းနည်းလေးတင်ဆက်လိုပါတယ်။ ကမ္ဘာ့ သမိုင်းမှာ ကျွန်စနစ် (Slavery) ဆိုတာ ရှိခဲ့ပါတယ်။ အဲဒီကျွန်စနစ် (Slavery) ဟာ ဘယ်တုန်းက၊ ကမ္ဘာ့ ဘယ်ဒေသ မှာစပြီးအခြေ တည် ပေါက်ဖွား ရှင်သန်လာတယ်ဆိုတာ သမိုင်းအထောက် အထားအတိအကျ မရှိပေမဲ့ ၊ သမိုင်း သုတေ သီတွေ ရဲ့သုတေသန ပြု ချက် အရတော့ကမ္ဘာ ပေါ်မှာ အစောဦးဆုံး ကျွန်စနစ် ဟာဘီစီ ၁၈ရာစု-၁၂ရာ စု လောက်က တရုတ်ပြည် ရှန်မင်းဆက်ခေတ် မှာကတည်းကရှိခဲ့တယ်ဆိုတာပါ။ဒါ ဟာလည်း historical fact တော့ မဟုတ် ပါဘူး ၊ theorized hypothesis တစ်ခု သာဖြစ်ပါတယ်။ ကျွန်စနစ်အောက်ကိုကျွန်တွေ အဖြစ် ဘယ်လိုလူတွေကရောက်သွားသလဲ ဆိုတာနဲ့ ပတ် သတ်ပြီး ပြောရရင်တော့ဥပမာ-တစ်ဖက် နဲ့တစ် ဖက်စစ် တိုက် လို့ ဖမ်းမိတဲ့စစ်သုံ့ ပန်းတွေ ၊ ကျွန် အဖြစ်ပြုဖို့အတွက် တမင်တကာကြံရွယ်ဖမ်းဆီးရာမှာ ခံရ တဲ့ သူတွေ ၊ ကြွေး ဆယ် မြီချ ပြုရာမှာ အကြောင်း အမျိုးမျိုးကြောင့် ကြွေးမဆပ်နိုင်တဲ့သူတွေ စတာတွေပါ။ ဒီ ကျွန်စနစ် ဟာ ကမ္ဘာ့ သမိုင်းတစ် လျှောက် နေရာဒေသတိုင်း ၊ ယဉ်ကျေး မှုတိုင်းမှာ ရှိခဲ့တဲ့ စနစ်ဆိုးကြီး တစ်ခု ပါဘဲ။ အာရေဗျကျွန်းဆွယ်မှာလည်း ဒီကျွန်စနစ်ဟာ တမန်တော်မုဟမ္မဒ် မပွင့်ပေါ်မှီကတည်း ကိုက တည်ရှိနေ ခဲ့တာဖြစ်ပါတယ်။တစ်နည်း ဆိုရရင် စကြ ဝဠှာဆိုင်ရာ သာသ နာတော်ဖြစ်တဲ့ အစ္စလာမ် ရဲ့ အန္တိမ ဥပဒေပြ ဋ္ဌာန်းချက် မတည်ခင် ကတည်းကို က ကျွန်စနစ် ဟာအာ ရေဗျလူ့အဖွဲ့ အ စည်းမှာ ခြေခြေခိုင်ခိုင် အမြစ် တွယ်ရင့်သန်နေ ခဲ့တာဖြစ်ပါ တယ်။ဒါကြောင့် အစ္စလာမ် သာသနာ ဟာ ကျွန်စနစ် ကို စတင်ပြဋ္ဌာန်းခဲ့တဲ့ သာသနာ မဟုတ် ကြောင်း ဦးစွာပထမ သိထားဖို့အရေးကြီးပါတယ်။ အစ္စလာမ်သာသနာ ပြန်လည်မဆန်းသစ်မီ က အာရေဗျ မှာ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ အယူဝါဒ အရ သော် လည်းကောင်း ၊ ယဉ်ကျေး မှု အရသော် လည်းကောင်း ၊ လူမှုကျင့် ဝတ် ဆိုင်ရာ ကိစ္စတွေမှာလည်းကောင်း တော်တော်ကြီးကို အောက်တန်းကျနေခဲ့ပြီး အရမ်း ကာရော ကို ပရမ်းပတာ ဆန် လွန်းနေခဲ့ပါတယ်။ ဒါ့အပြင်အာရေဗျ မှာရှိတဲ့ကျွန်စနစ် ဟာ လည်းဘဲအလွန် တရာလူသားမဆန် ကြမ်းကြုတ်လှတဲ့နေရာမှာ ဂရိ၊ရောမတို့ထက် အဆင့်မနိမ့်ခဲ့လှပါဘူး။ အဲဒီလိုအချိန်၊အခြေအနေမှာမှ ကိုယ်တော်မြတ်မုဟမ္မဒ်ဟာရစူလ် တမန်တော်အဖြစ် ပွင့် ပေါ်တော် မူခဲ့ခြင်းဖြစ် ပါ တယ်။ ဒီလိုပွင့်ပေါ်လာပြီး အလ္လာဟ် အရှင်မြတ်ပို့ချတော်မူတဲ့ သတင်း စကား ၊ ဥပဒေ တို့ကို လူသားအပေါင်းတို့ အား ဖြန့်ချီသင်ကြား သာသနာပြုပြဋ္ဌာန်း တဲ့ နေရာမှာ ၊ ကြီး စွာတဲ့ ဖောက် လွဲဖောက်ပြန် ဖြစ် ၊ အကွပ်မဲ့ကြမ်းပမာ ရမ်းခါနေတဲ့ အာရဗ်လူ့အဖွဲ့ အစည်း ကြီးကို စစ်မှန်တဲ့ ယုံကြည်ကိုးကွယ်မှု ၊လူ့စနစ်ယဉ်ကျေးမှု အဖြစ် တစ်ခ ဏခြင်း တစ်မု ဟုတ် ခြင်း ပြုပြင် ထူထောင် ခဲ့ရတာ မဟုတ် ဘဲ ၊ တစ်ဖြည်းဖြည်း တစ်စတစ်စ နဲ့ screw ရစ် သလို တစ် ရစ်ခြင်း တစ်ဆင့်ခြင်း ကြိုးပမ်းခဲ့ရတဲ့သာဓ ကမျိုးတွေ လည်းရှိပါ တယ်။ ဒါဟာလည်း စကြဝဠှာအပေါင်းရဲ့ သခင် အလ္လာဟ်အရှင်မြတ် ရဲ့ “ဟိက်မသ်” တော်ဖြစ် ပါတယ်။ ဘာကိုဆိုလို သလဲ ဆိုတာ ဥပမာပေးရရင်- အရက်သေစာ သောက်စား ခြင်းအမှုကို အ ထူးခုံ မင်တွယ်တာနေတဲ့ အဲဒီအချိန်က အာရဗ် လူ့အ ဖွဲ့အ စည်းကို ရုတ်တရက် ကြီး “အရက် မ သောက်ရ” လို့ယတိ ပြတ် “ဟရာမ်” ပြုတားမြစ်တာမဟုတ်ဘဲ ၊ ပထမ-အရက်သေစာ နဲ့ လောင်းတမ်း ကစားခြင်း မှာ အပြစ်များများရှိပြီး ၊ အကျိုးလည်း နည်းနည်း ရှိကြောင်း၊ သို့သော် အကျိုးထက် အပြစ်ကပိုမိုများပြားကြောင်း (၂:၂၁၉) ၊ ဒုတိ ယ- အရက် မူးယစ် နေရင် ဆွလားသ် ဝတ်ပြုမှု အနားသို့ချဉ်းကပ် ခြင်းမပြုရကြောင်း မိန့်တော်မူပြီး ၊ နောက်ဆုံး အနေနဲ့ (၅:၉၀-၉၁) ကျတော့ မှ အရက် သေစာ သောက် စားခြင်း လောင်းတမ်းကစားခြင်း “ဟရာမ်” လို့ဥပဒေပြ ဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။ ဒီလိုဆို စောဒက တက်ချင်သူ ဘက်က စော ဒနာ မှု လေးတွေရှိ လာနိုင်ပါ တယ်။ ဒီလိုပါ…… “အစ္စလာမ်သာသနာက တားမြစ်ချက် ဥပဒေတွေကို တစ်ချက်တည်းယတိပြတ် ချမှတ် ပြ ဋ္ဌာန်းခဲ့တာမဟုတ်ဆိုရင် “ရှိရ်က်” မပြုရဆိုတဲ့ ဥပဒေ ကို တော့ဘာလို့များယတိပြတ်တစ် ချက်တည်း သတ်မှတ် ခဲ့ တာပါလဲ?” အဲဒါ ကို ဖြေမှာက… ဟုတ်ပြီ….. ပထမဦးဆုံးသတိပြုရမှာက….ရေးခဲ့တဲ့အထဲမှာအစ္စလာမ့် ဥပဒေ ပြဋ္ဌာန်းချက်တိုင်းကို အဆင့် ဆင့်ပြဋ္ဌာန်းခဲ့တာ” လို့ လုံးဝ မဟုတ်ပါဘူး။ “တစ်ဖြည်း ဖြည်း တစ်စ တစ်စ နဲ့ screw ရစ် သလို တစ်ရစ်ခြင်း တစ်ဆင့်ခြင်း ကြိုးပမ်းခဲ့ရတဲ့ သာဓကမျိုးတွေလည်းရှိ ပါတယ်။” လို့ရေးခဲ့တာပါ။ အစ္စလာမ် သာသ နာတော် အရ ကမ္ဘာ့ အလင်းဆောင် သာသနာပြု တမန်တော်တွေ ပွင့်ပေါ် လာခဲ့ရတဲ့ အဓိက ရည်ရွယ် ချက်ကြီး က “သောဝ်ဟီဒ်” တရား စစ်ကို တည် စေဖို့ ဖြစ်ပါတယ်။ ဒါကြောင့် “သောဝ်ဟီဒ်” နဲ့ အပြိုင်လည်းဖြစ် ၊ လားရာလည်းမတူ တဲ့ “ရှိရ်က်” အမှု နဲ့ ပတ်သတ်လို့က တော့ အလ္လာဟ်အရှင်မြတ် က တစ်ဆင့်ခြင်းအမိန့်မပြဋ္ဌာန်း ပါဘူး။ အစ္စလာမ်ရဲ့ အဓိက အုတ်မြစ်ဖြစ် တဲ့ “သောဝ်ဟီဒ်” ကို ဦးဆုံး ပြုဖို့ရာ သာသနာပြု တမန် တော်များ ပွင့်ပေါ် လာရခြင်း (“ရိစာလသ်”) ဖြစ်တဲ့ အတွက်လည်း ပွင့်ခဲ့သမျှ တမန်တော်တိုင်းဟာ “ရှိရ်က်” နဲ့ပတ်သတ်ပြီး အဆင့်ဆင့် ဟောကြား သာသနာပြုခဲ့ တာမျိုးမရှိပါဘူး။ ပွင့်ခဲ့သ မျှ တမန် တော်တိုင်းဟာ “လာအိလာဟအိလ္လလ္လာဟ်” (အလ္လာဟ် မှ အပအခြား ခဝပ်ကိုးကွယ် စရာ အလျှဉ်းမရှိ) “အနရစူလုလ္လာဟ်” (ငါသည် အလ္လာဟ် ၏ တမန်တော် ဖြစ်သည်) လို့ဦးစွာကျွေးကြော်ခဲ့တာချည်းပါဘဲ။ ဒီလိုဆိုရင်……မေးချင်သူ ဘက်က နောက်မေးခွန်းတစ်မျိုး….ဒီလို “ဒါဆို…..”ဝက်သားမစားရ” ဆိုတဲ့ ပြဋ္ဌာန်းချက်ကရော ဘာလို့အဆင့်ဆင့် မဟုတ် ခဲ့ပါသေးလဲ?” ဝက်သားမစားရ ဆိုတဲ့ ပြဋ္ဌာန်းချက်မျိုးကျတော့….”အသေသား” ၊ “သွေး” ၊ “ဝက်သား” စတာတွေဟာ လူကို စွဲလမ်းမှုကျေးကျွန် မဖြစ်စေပါဘူး။ အရက်သေစာ ၊ လောင်းကစား တို့ကျတော့ ဆေးသိပ္ပံပညာရပ် ရဲ့ တွေ့ရှိချက်အရဆို ကြီးမားတဲ့စွဲလမ်းမှု ကို အမြစ်တွယ်စေ တဲ့ အရာမျိုးတွေ ဖြစ်ပါ တယ်။ ဆိုလိုတာက- “အသေသား” ၊ “သွေး” ၊ “ဝက်သား” တို့ကို သက်တမ်းပတ် လုံးခုံခုံမင်မင် တွယ်တာ စွာစားသုံးလာတဲ့ လူတစ်ယောက် ဟာ အဲဒါ တစ်ခုခုကိုကာလ အကန့်အသတ်မရှိ မစားမသောက်ရလည်း ထူးထူးခြားခြား ဘာမှဖြစ်သွား မှာမဟုတ်ပေမဲ့ ၊ အရက်သေ စာလောင်းတမ်း က စားခြင်းကိုတစ်သက် လုံးခုံခုံမင်မင်တွယ်တာစွာ ပြုလာတဲ့ လူမျိုးကျတော့……..။ အဖြေရပြီလို့ထင်ပါတယ်။ ဆိုလိုတာက…… အစ္စလာမ်သာသနာမှာ “ယတိပြတ်” တစ်ချက်တည်း တားမြစ်ထား တဲ့ ပြဋ္ဌာန်းချက် မျိုးလည်းရှိသလို ၊ အဆင့်ဆင့် မကောင်းကျိုး ကို ဖော်ပြပြီးမှ တားမြစ် လိုက်တဲ့ ပြဋ္ဌာန်းချက်မျိုးလည်းရှိရုံမက ၊ တားမြစ်ထားပေမဲ့ အခြေအနေ တစ်ရပ်ရပ် မှာ ပြုခွင့်ရှိတဲ့ ပြဋ္ဌာန်းချက်မျိုးလည်း ရှိပါ တယ်ဆိုတာ သိရပြီးပါပြီ။ (မှတ်ရန်။ “အသေသား” ၊ “သွေး” ၊ “ဝက်သား” စတာတွေကို အခြေအနေတစ်ရပ်မှာတော့ စားသုံးပိုင်ခွင့် ရှိပါတယ်။ အကျယ်သိချင်ရင် အာယသ်တော် (၂:၁၇၃) ၊ (၅:၃) ၊ (၆:၁၄၅) ၊ (၁၆:၁၁၅) တို့ကို လေ့လာပါ။) ကျွန်စနစ် နဲ့ ပတ်သတ်တာကို အခုဆက်ပါတော့မယ်……အစ္စလာမ်သာသနာ က ကျွန်စနစ် ကို လူ့အဖွဲ့ အစည်းကြီးတစ်ရပ်လုံး အတွက် မရှိသင့်တဲ့ စ နစ်တစ်ခုလို့ အပီအပြင် အသိအ မှတ်ပြု ထားပါတယ်။ ဒါပေမဲ့…..ထူးခြားတာကကျမ်းတော်မြတ်ကုရ် အာန် မှာရော ၊ ကိုယ်တော်မြတ်(ဆွ) ရဲ့ ဆွဟီးဟ် ဟဒီးစ် တော်တွေမှာ ရော ကျွန်စနစ် ကိုလုံးဝ ပိတ်ပင်တားမြစ်တဲ့ အာ ယသ်တော် ဩဝါဒတော် တွေ လည်း မပါရှိသလို ၊ ကျွန်စနစ် ကို မုစ်လင်မ် တွေ အနေနဲ့ ပီပီပြင်ပြင် အကောင် အထည်ဖော် ရမယ် လို့ ဆိုလိုတဲ့ အာယသ်တော် ၊ ဩဝါဒတော်တွေလည်းလုံးဝ မပါပါဘူး။ ဒီလိုဆိုပေါ် လာပြန်ပြီ မေးစ ရာက…. “ဒါဆိုဘယ်လိုလဲ? ဒီလောက်လူ့အဖွဲ့အစည်းနဲ့မအပ်စပ်တဲ့ ၊ မရှိသင့်တဲ့ ဒီစနစ်ဆိုး ကြီးကို အစ္စလာမ် က ဘာလို့ ပြတ်ပြတ်သားသားမတားမြစ် ထားပါ သလဲ?” ဟုတ်ပြီဗျာ…..ဒီမေးခွန်းကတော့ အလွန်ကို မေးသင့်တဲ့မေးခွန်းပါ။ ဆက်ရန်…….. ကျာကျာကြီး
<urn:uuid:6087058b-6019-43c5-ac56-c71de8811377>
CC-MAIN-2015-22
http://www.quraninburmese.com/blog/2010/10/islam-and-slavery/
2015-05-29T01:57:15Z
s3://commoncrawl/crawl-data/CC-MAIN-2015-22/segments/1432207929832.32/warc/CC-MAIN-20150521113209-00088-ip-10-180-206-219.ec2.internal.warc.gz
mya
0.972402
Mymr
23
{"mya_Mymr_score": 0.9724019169807434, "blk_Mymr_score": 0.027063217014074326}
ကျမတို့ လူ့အဖွဲ့စည်းရဲ့ အနာဂတ်ဟာ ကလေးများ အပေါ်မှာ အများကြီး မူတည်ပါတယ်။ ကလေးတွေ ကို ပြုစု စောင့်ရှောက်တာ၊ ထိန်းကျောင်း ပြုပြင် ပေးတယ် ဆိုတာဟာ တကယ်တော့ အနာဂတ်ကို ပုံဖော်နေတာ ပါပဲ။ ကျမတို့ရဲ့ အနာဂတ် မှာ စိတ်ရည် ဉာဏ်ရည် မြင့်မားတဲ့ လူ့ အဖွဲ့အစည်းကြီး တခု ပေါ်ပေါက် လာစေဖို့ အတွက် ကလေးတို့နဲ့ အနီးကပ်နေသူ ဆရာ၊ ဆရာမများ၊ မိဘများရဲ့ ကလေးပြုစု စောင့်ရှောက်မှု၊ ထိန်းကျောင်းမှုဟာ သိပ်ကိုမှ အရေးကြီး ပါတယ်။ ကိုယ်ကျင့်တရား ကောင်းတဲ့ လူကြီးတွေအဖြစ် လူ့အဖွဲ့အစည်းထဲမှာ ၀င်ဆန့်ဖို့၊ အမှားကို ၀န်ခံတတ်ဖို့၊ မမှန်တာကို လုပ်ရမှာ ရှက်တတ်သူတွေဖြစ်ဖို့၊ ကိုယ့်ကိုယ်ကိုယ်နဲ့ လူ့လောက ၀န်းကျင်ကို လေးစားတတ်တဲ့ လူတွေ ဖြစ်စေဖို့ အတွက် ကလေးဘ၀ ကတည်းက ပြုစုစောင့်ရှောက် ပြုပြင်ပေးသွားဖို့ လိုပါတယ်။ ကျမတို့ရဲ့ မြန်မာ့လူ့အဖွဲ့စည်းမှာတော့ ကလေးကို ဆုံးမပြုပြင်တဲ့ အခါမျိုးမှာ ဘုန်းကြီးကျောင်း ပညာရေးက အစ ဆရာ၊ ဆရာမများ အလယ် မိဘများ အဆုံး တုတ်ကို သုံးတတ်ကြပါတယ်။ ဆဲတာ ဆိုတာမျိုးပဲ ဖြစ်ဖြစ် အပြုမူမှား တခုခုကို လုပ်မိ ကိုင်မိလိုက် တာမျိုးပဲ ဖြစ်ဖြစ် ရိုက်နှက် ဆုံးမတတ်ကြပါတယ်။ တကယ်တော့ ကလေးကို ရိုက်နှက် ဆုံးမခြင်းဟာ မှန်ကန်တဲ့ ဆုံးမခြင်း မဟုတ်ပါဘူး။ အကြောက်တရားနဲ့ ကြီးပြင်းခဲ့ရတဲ့ ကလေးများဟာ လူ့အဖွဲ့စည်းထဲကို ရောက်လာတဲ့ အခါမှာ အရာရာကို ကြောက်ရွံ့စိုးရိမ်တတ် လာပါတယ်။ လူကြီးရှေ့မှာ အကြောက်တရား ကြောင့် မလုပ်ဝံ့ကြ ပေမယ့် ကွယ်ရာမှာ ခိုးကြောင်ခိုးဝှက်နဲ့ လုပ်တတ်ကြတဲ့ လုပ်ရဲကြတဲ့ သူတော်ကောင်း အယောင်ဆောင်လေး တွေလည်း ဖြစ်လာ တတ်ကြပါ တယ်။ တုတ်သုံးခြင်း၊ အကြောက်တရားနဲ့ အုပ်ချုပ်ခြင်း ဆိုတာဟာ တကယ်တော့ ကောက်နေတဲ့ ခွေးမြီးလေး တွေကို ကျည်တောက်စွပ် ဖြောင့်ခိုင်းလိုက်တာပါပဲ။ ကျည်တောက်လည်းဖြုတ်ရော ခွေးမြီးကတော့ အကောက်က အကောက်တိုင်း ဖြစ်နေတော့တာပါပဲ။ ခွေးမြီးကောက်ကို ကျည်တောက်မစွပ်ခိုင်းဘဲနဲ့ ခွဲစိတ်ပြုပြင်ပြီးတော့ တခါတည်း တသက်လုံး အမြီးဖြောင့် သွားအောင်လုပ်လို့ ရပါတယ်။ ကျည်တောက် စွပ်သလိုတော့ မမြန်သလို အချိန်လည်းယူပြီးတော့ လေ့ကျင့် သင်ကြားပေးရ တာမို့ နည်းနည်းတော့ ကြာရှည်တယ်လို့ ထင်ရပေမယ့် လူ့အဖွဲ့စည်းထဲဝင်မယ့် လူကြီး လေးများ အတွက် တကယ် အကျိုးရှိတဲ့ နည်းများပါပဲ။ ကလေးတို့ရဲ့စံပြဖြစ်ပါစေ ကလေးဆိုတာမျိုးက လူကြီးလုပ်သမျှ အကုန် အတုခိုးပြီးတော့ လိုက်လုပ်တတ်တဲ့ အမျိုးပါ။ လူကြီးက ကလေးရှေ့မှာ ဆဲပြနေရင် သူတို့လည်း လူကြီးဆဲသလို လိုက်ဆဲမှာ ပါပဲ။ လူကြီးက ယဉ်ယဉ်ကျေးကျေး ချိုချိုသာသာ ပြောဆိုမယ် ဆိုရင်ဖြင့် သူတို့လေးတွေဟာ လည်းယဉ်ယဉ်ကျေးကျေး လိမ်လိမ်မာမာ ပြောဆိုလာ တတ်ကြပါတယ်။ ကလေးတွေ စကားပြောတဲ့ အခါမှာ အော်ဟစ်ပြီး မပြောစေချင်တဲ့ မိဘများအနေနဲ့ ကလေးတခုခု လုပ်လိုက်လို့ အမှားယွင်း ဖြစ်သွားတဲ့ အခါမျိုးမှာ အော်ဟစ်ပြီးတော့ မပြောဆိုဖို့ လိုပါတယ်။ ချိုချိုသာသာ ပြောဆိုရပါမယ်။ ကလေးတွေဟာ မိဘတွေ ဒေါသထွက်တဲ့ အခါမျိုးမှာ ဒေါသကို ဘယ်လိုနည်းနဲ့ ဖြေရှင်းသလဲ ဆိုတာကို စောင့်ကြည့် တတ်ကြပါတယ်။ ဒေါသထွက်လို့ မိဘက တံခါးကို ခြေထောက်နဲ့ ကန်တာ၊ နံရံကို လက်သီးနဲ့ ထိုးတာ ကို မြင်ဖူးထားတဲ့ ကလေး တယောက်ဟာ သူ ဒေါသထွက်တဲ့ အခါမှာလည်း မိဘလုပ်တဲ့ အတိုင်းပဲ လိုက်လုပ်တတ်ကြပါတယ်။ ဒါကြောင့် ကလေးကို လိမ္မာစေလိုသူ မိဘများ အနေနဲ့ တုတ်ကို သုံးမယ့်အစား ကိုယ် ဖြစ်စေချင် နေစေချင်တဲ့ ပုံစံအတိုင်း ကလေးရှေ့မှာ စံပြအဖြစ်ကိုယ်က နေပေးဖို့ သိပ်အရေးကြီးပါတယ်။ ကလေးနဲ့ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးရှိပါစေ ကျမတို့ရဲ့ မြန်မာမိဘ တော်တော်များများ ဟာ ငါက မိဘပဲ ဆိုတဲ့ မာန်လေးနဲ့ မိဘနေရာမှာ ကလေးနဲ့ ခပ်ခွာခွာ နေတတ်ကြ ပါတယ်။ မိဘစကား မှန်သည်ဖြစ်စေ ၊မှားသည် ဖြစ်စေ နားထောင်ရမယ် ဆိုတဲ့ တချက်လွတ်အာဏာရှင် မိဘများဟာ မြန်မာ့လူ့အဖွဲ့စည်း မှာ တော်တော်လေးကို များပြားပါတယ်။ ဒါဟာ အင်မတန်မှကို မှားယွင်းတဲ့ သားသမီး ထိန်းကျောင်းနည်း ပါပဲ။ အရောဝင်ရင် အရိုသေတန်တယ် ဆိုပြီးတော့လည်း မိဘများဟာ သားသမီးများနဲ့ အရောတ၀င် မရှိတတ်ကြ ပါဘူး။ မိဘက သားသမီး နဲ့စကားပြောတဲ့ အချိန်မှာလည်း ကိုယ်ပြောချင် ဆိုချင်တာတွေကို တန်းစီပြီးတော့ ပြောနေတတ်ကြတာ များပါတယ်။ သားသမီးရဲ့ ခံစားချက်ကို ဘာဆိုဘာမှ ထည့် မတွတ်တတ်ကြ ပါဘူး။ အမှန်တော့ ကိုယ့်ရဲ့သားသမီးကို လိမ္မာစေလိုသူ မိဘများ အနေနဲ့ သားသမီးနဲ့ မိဘ ရင်းနှီး နွေးထွေးတဲ့ ဆက်ဆံရေး ရှိဖို့ လိုပါတယ်။ ကလေးတွေနဲ့ နွေးထွေးစွာ ဆက်ဆံရမယ် ဆိုတော့ ဘယ်လို ဆက်ဆံရမလဲ ဆိုတာ တွေးစရာ ဖြစ်လာပါ တယ်။ အဓိက ကတော့ ကလေးပြောတာကို အချိန်ပေးပြီးတော့ နားထောင်ဖို့ပါပဲ ။ သူတို့ရဲ့ ခံစားချက်၊ သူတို့ရဲ့ အတွေးအမြင် လေးတွေကို စိတ်ထဲရှိရာ မိဘကို ဖွင့်ပြောရဲဖို့၊ ဖွင့်ပြောခွင့်ရဖို့ ပါပဲ။ ကလေးတွေရဲ့ အတွေးစိတ်ကူး လေးတွေဟာ လူကြီးရဲ့ အတွေးစိတ်ကူးနဲ့ တူချင်မှ တူပါလိမ့်မယ်။ ဒါပေမယ့် သူတို့ရဲ့ အမြင်ကို လေးစားဖို့လို ပါတယ်။ သားအမိ၊ သားအဖတွေ အမြင်မတူတာတွေကို ဖလှယ်လို့၊ တယောက်အမြင်ကို တယောက် လေးလေးစားစားနဲ့ ချစ်ချစ်ခင်ခင် ပြောဆိုကြတဲ့ စကားဝိုင်းမျိုးဟာ တကယ်တော့ ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးပါပဲ။ ချီးကျူးပါ၊ ဖျောင်းဖျပြောဆိုပါ ကျမတို့ရဲ့ မြန်မာမိဘ တော်တော်များများ ကတော့ ကလေးကို ချီးကျူးရမှာ အင်မတန် စိုးရွံ့ကြပါတယ်။ ချီးကျူးရင် ကန်းတက်လိမ့်မယ် လို့ ထင်တတ်ကြတာ မျိုးပါ။ သို့ပေမယ့် တခုခု အမှားယွင်း လုပ်မိပြီ ဆိုရင်တော့ဖြင့် အပြစ်တင် အော်ဟစ် ဆူပူလို့ မဆုံးကြတော့ ပါဘူး။ တကယ်တော့ ဒါဟာ မှားယွင်းတဲ့ အယူအဆပါ။ တကယ်တော့ ကလေးကို လိမ္မာအောင်လို့ ပြုပြင်တဲ့ အခါမျိုးမှာ ချီးကျူးခြင်း ဟာ အင်မတန်မှ ကောင်းမွန်တဲ့ နည်းပဲ ဖြစ်ပါတယ်။ ကိုယ် မကြိုက်တဲ့ အပြုမူဆိုး တခုကို ကလေးလုပ်မိတိုင်း မျက်လုံးကြီး ပြူးပြီးတော့ အော်ဟစ်နေမယ့် အစား ဖျောင်းဖျောင်းဖျဖျနဲ့ ကလေး နားဝင်အောင် ပြောဆိုရပါမယ်။ ဥပမာ – ကိုယ့်ရဲ့ကလေးက ဧည့်သည်လာတဲ့ ကလေးကို သူ့ရဲ့ အရုပ်တွေ ပေး မကစားဘူး ဆိုပါစို့။ “ဟဲ့..! အရုပ် ပေးကစားလိုက်လေ။ ဒီလို အပြုအမူဆိုး တွေကို မကြိုက်ဘူးလို့ ပြောထားတယ် မဟုတ်လား” လို့ ကလေးကို ပြောမယ့် အစား “သားသား အရုပ်လေးကို သူငယ်ချင်းကို ပေးကစားလိုက်နော်။ သားတို့ အတူတူ ကစားမယ် ဆိုရင် ဘယ်လောက် ပျော်စရာကောင်းလိုက်မလဲ ” လို့ ပြောရမှာပါ။ အပြစ်တင် ဆူပူတာကို မကြာ မကြာခံနေရတဲ့ ကလေးတွေဟာ ပိုပိုပြီး ဆိုးလာတတ် ပါတယ်။ ကလေးက လိမ်မာတဲ့ အပြုမူ၊ အမူရာကောင်းလေးတွေ လုပ်တိုင်း လုပ်တိုင်းမှာ လည်း မသိချင်ယောင် ဆောင်မနေရပါဘူး။ ချီးကျူးပေးရပါမယ်။ ချီးကျူးတဲ့ အခါမှာလည်း လုပ်ကြံဖန်တီးပြီး တော့ ချီးကျူးတာမျိုး မဖြစ်ရပါဘူး ။ တကယ့်ကို စိတ်ပါလက်ပါ နဲ့ ချီးကျူးရပါ မယ်။ ကလေးပြောတာကို စိတ်ဝင်တစား နားထောင်ပေးပါ ကလေးတို့ဟာ လူကြီးနဲ့ စကားပြောချင် ကြပါတယ်။ သူတို့ အတွေး၊ သူတို့ အမြင် စတာတွေကို လူကြီးက စိတ်ဝင်တစားနဲ့ နားထောင်ခြင်း ဟာ သူတို့ ရင်ထဲက ဒေါသ၊ အမုန်းနဲ့ မကြေလည်မှု တွေကို လျှော့ပါး သွားစေသလို၊ ကလေး နဲ့ လူကြီး အကြားမှာလည်း ချစ်ခင်ရင်းနှီးမှု ပိုတိုးလာစေ ပါတယ်။ သူတို့ စိတ်ထဲမှာ ဘယ်လို ခံစားနေရတယ် ဆိုတာကို လူကြီးကို ပြောပြတဲ့ အခါမျိုးမှာ လူကြီးကလည်း စိတ်ဝင်တစားနဲ့ ကလေးရဲ့ စိတ်ခံစားချက်ကို ကလေးကိုယ်တိုင် နားလည်လာ အောင်လို့ ပြန်ပြောပြဖို့ လိုပါတယ်။ ဥပမာ – “သမီး ၀ါဝါကို သိပ်မုန်းတာပဲမေမေ” လို့ ကလေးက သူ့အမေကို ပြောတယ် ဆိုပါစို။ “၀ါဝါက သမီးကို စိတ်ဆိုးအောင် လုပ်လို့။ သမီး စိတ်ဆိုးနေ တာပေါ့ ဟုတ်လား” စသဖြင့် ပြောရပါမယ်။ ကလေး ပြောချင်တာကို ပြောခွင့်ပေးပါ။ ဒီနေရာမှာ ကျမတို့ရဲ့ မြန်မာမိဘ တော်တော်များများက ကလေး ပြောတာကို ဘယ်တော့မှ ဆုံးအောင် နားမထောင်တတ် ကြပါဘူး။ ကလေး ပြောတဲ့ အထဲမှာ သူတို့ မကြိုက်တာ တခုခု ပါလိုက်ပြီဆိုတာနဲ့ ဆူပူ အော်ဟစ် တော့တာပါပဲ။ နောက်ပိုင်းမှာတော့ ကလေး တို့ဟာ သူတို့ရဲ့ ပြဿနာတွေ၊ သူတို့ရဲ့ စိတ်ခံစားချက်တွေကို မိဘကို မပြောတော့ဘဲ သိုဝှက်တတ်လာကြ ပါတယ်။ အဲလိုနဲ့ပဲ မိဘနဲ့သားသမီးကြား ဆက်ဆံရေးတွေ တဖြည်းဖြည်း ဝေးကွာ လာရတော့တာ ပါပဲ။ ကလေး တယောက်ကို ပြုစု စောင့်ရှောက်တယ် ဆိုတာဟာ တကယ်တော့ လူ့လောကထဲက လူမှုအဖွဲ့စည်းထဲကို ၀င်ပြီး တော့ လူ့အသိုင်းဝိုင်းထဲက အလုပ်တွေကို လုပ်ကိုင် ရတော့မယ့် လူတယောက်ကို မွေးမြူ စောင့်ရှောက်ရ တာပါပဲ။ ဒီ အလုပ် ဟာ သိပ်ကိုမှ တာဝန်ကြီးသလို၊ အနာဂတ် လူ့အဖွဲ့အစည်း အတွက် အင်မတန်မှလည်း အရေးကြီးတဲ့ အလုပ်ကြီး ပါ။ မိခင်တယောက်ချင်း ဆီကနေ စိတ်ရည် ဉာဏ်ရည်မြင့်တဲ့၊ စိတ်ကောင်းရှိတဲ့၊ တာဝန်ယူတတ်တဲ့ လူ့အဖိုးတန်တွေ ကိုချည်း မွေးထုတ် ပေးနိုင်မယ် ဆိုရင်ဖြင့် အဲဒီ လူမှု အဖွဲ့အစည်းဟာ သိက္ခာရှိတဲ့ လူတွေနဲ့ ဖွဲ့စည်းထားတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာမှာ အမှန်ပါပဲ။ ကျမတို့ဟာ သိက္ခာရှိတဲ့၊ တရားမျှတတဲ့ လူ့အဖွဲ့အစည်း တခုကို ရလာဖို့ အတွက် အကြောက် တရားကို အခြေခံတဲ့ နည်းတွေနဲ့ ကလေးတို့ကို ခြိမ်းခြောက်ပုံသွင်းလို့မရနိုင်ပါဘူး၊ ဖြစ်မလာနိုင်ပါဘူး။ တယောက်ယောက်ကို ကြောက်ရလို့ လိမ္မာတာ၊ စည်းကမ်း လိုက်နာရတာ မဟုတ်ဘဲ ကိုယ့်ဖာသာကို ကြည်ညိုလို့၊ ကိုယ့်ကိုယ်ကို လေးစားလို့ လိမ္မာတဲ့ လူလိမ္မာလေးတွေ ဖြစ်အောင်လို့ ကလေးတို့ကို ဘယ်လို ပြုစုပျိုးထောင်ရမလဲ ဆိုတာကို နောက် တပတ်မှာ ကျမဆက်ရေးသား တင်ပြပါဦးမယ်။ ဖတ်ကြည့်ပေးပါဦး။ (ခေတ်ဘုန်းသစ် သည် စာရေးဆရာမ ပန်းရိပ်ဖြူ၏ ကလောင်ခွဲဖြစ်သည်။ ခေတ်ဘုန်းသစ် ကလောင်အမည်ဖြင့် ကလေးစာပေ၊ ပုံပြင်၊ ကဗျာများရေးသား နေသကဲ့သို့ ပန်းရိပ်ဖြူ ကလောင်အမည်ဖြင့် ရသစာပေ ၀တ္ထုတို၊ ၀တ္ထုရှည်နျင့် ကဗျာများ ရေးသားလျက် ရှိသည်။)
<urn:uuid:50284026-a701-45e1-84ed-b780bcfe6bbf>
CC-MAIN-2015-22
http://burma.irrawaddy.org/children/2013/02/20/34223.html
2015-05-24T03:07:30Z
s3://commoncrawl/crawl-data/CC-MAIN-2015-22/segments/1432207927824.81/warc/CC-MAIN-20150521113207-00113-ip-10-180-206-219.ec2.internal.warc.gz
mya
0.95854
Mymr
32
{"mya_Mymr_score": 0.9585400223731995, "blk_Mymr_score": 0.03943856060504913}
ရေနံတင်သင်္ဘော ရေနံတင်သင်္ဘော ဆိုသည်မှာ ရေနံ အများအပြားကို တစ်နေရာမှ တစ်နေရာသို့ သယ်ယူ တင်ပို့ရန် အတွက် တည်ဆောက်ထားသော ကုန်သွယ်ရေး သင်္ဘောအမျိုးအစား ဖြစ်သည်။ အခြေခံအားဖြင့် ရေနံတင် သင်္ဘော ၂ မျိုး ၂စား ရှိသည်။ ပထမတစ်မျိုးမှာ ရေနံစိမ်းတင်သော သင်္ဘောဖြစ်ပြီး မချက်ရသေးသော ရေနံစိမ်း အများအပြားကို ရေနံထုတ်ရာ နေရာမှ ရေနံချက် စက်ရုံသို့ ပို့ပေးရန် ဖြစ်သည်။ အခြားတစ်မျိုးမှာ ပိုမို၍ သေးငယ်သော ဆီတင်သင်္ဘော ဖြစ်ပြီး ချက်လုပ်ပြီးစီးသော ဆီများကို အသုံးချမည့် ဈေးကွက် ရှိရာသို့ သယ်ပို့ပေးသော သင်္ဘောဖြစ်သည်။ ရေနံတင်သင်္ဘောများကို အရွယ်အစား ပေါ်မူတည်၍ အမျိုးအစား ခွဲခြားလေ့ ရှိသကဲ့သို့ တင်ဆောင်သည့် ပစ္စည်းပေါ်တွင် မူတည်၍လည်း အမျိုးအစား ခွဲခြားလေ့ ရှိသည်။ အရွယ်အစား ခွဲခြားမှုမှာ တန်ချိန် ထောင်ဂဏန်းမျှ ရှိသော ကုန်းတွင်းရေကြောင်း နှင့် ကမ်းရိုတန်းသွား ရေနံတင်သင်္ဘောများမှ ဧရာမ အဆမတန် ကြီးမားသော ယူအယ်လ်စီစီ (ULCCs) ဟု ခေါ်သည့် တန်ချိန် ၅ သိန်း ၅ သောင်းကျော် ရှိသော သင်္ဘောများ အထိ အမျိုးမျိုး အစားစား ရှိသည်။ ရေနံတင်သင်္ဘောများသည် တစ်နှစ်လျှင် ရေနံတန်ချိန် ၂ ဘီလီယံကျော်မျှကို သယ်ယူပို့ဆောင်လေ့ ရှိကြသည်။ ပျမ်းမျှအားဖြင့် ဆီတစ်ဂါလံကို ရေနံတင် သင်္ဘောဖြင့် သယ်ယူပို့ဆောင်ခမှာ တစ်ဂါလံလျှင် အမေရိကန် ဒေါ်လာ ၂ဆင့် သို့ ၃ ဆင့်မျှ ဖြစ်သည်။
<urn:uuid:8b64fd65-c256-44bc-90c9-f34cd296c952>
CC-MAIN-2015-22
https://my.wikipedia.org/wiki/%E1%80%9B%E1%80%B1%E1%80%94%E1%80%B6%E1%80%90%E1%80%84%E1%80%BA%E1%80%9E%E1%80%84%E1%80%BA%E1%80%B9%E1%80%98%E1%80%B1%E1%80%AC
2015-05-28T10:03:10Z
s3://commoncrawl/crawl-data/CC-MAIN-2015-22/segments/1432207929272.95/warc/CC-MAIN-20150521113209-00263-ip-10-180-206-219.ec2.internal.warc.gz
mya
0.998626
Mymr
81
{"mya_Mymr_score": 0.9986262321472168}
ရီပစ် ရီပစ် (Rivet)[ပြင်ဆင်ရန်] ရီပစ် (Rivet)ဆိုသည်မှာ သံထည်၊ အလူမီနီယံတို့ကို တစ်ခုနှင့်တစ်ခု တွဲသောအခါ အပေါက်ဖောက်ပြီး ရီပစ်နှင့် တွဲရသည်။ ရီပစ်ချောင်းကို ထည့်ကာ ရီပစ်ဂမ်းနှင့်ဆွဲပြီး ညှစ်ရိုက်ရသည်။ ရီပစ်သည် သံချောင်းနှင့် အလူမီနီယံ တွဲပြီး ပြုလုပ်ထားသည်။ ရီပစ်များသည် သံထည်၊ အလူမီနီယံ အထူအပါးကို လိုက်ပြီး အရွယ်အစား အမျိုးမျိုးနှင့် အသုံးပြုရသည်။ ရီပစ်တစ်ဘူးတွင် အလုံးတစ်ထောင် ပါရှိသည်။
<urn:uuid:25f6e2f4-5e88-4692-9adc-c4873d4a6db6>
CC-MAIN-2015-22
http://my.wikipedia.org/wiki/%E1%80%9B%E1%80%AE%E1%80%95%E1%80%85%E1%80%BA
2015-05-30T08:25:34Z
s3://commoncrawl/crawl-data/CC-MAIN-2015-22/segments/1432207930916.2/warc/CC-MAIN-20150521113210-00328-ip-10-180-206-219.ec2.internal.warc.gz
mya
0.998284
Mymr
78
{"mya_Mymr_score": 0.9982843399047852}
စိန့်ပေါလ် စိန့်ပေါလ်(St.Paul)၊ ရှင်ပေါလု သည် ယေရှုခရစ် နှင့်ခေတ်ပြိုင်ပင် မွေးဖွားသည်။သို့သော် ယေရှုခရစ်ထက် အသက်ငယ်သည် ဟုခန့်မှန်းသည်။ အချို့က ဆောလ် (Saul) ဟုလည်းခေါ်ကြသည်။ ခရစ်ယာန်ဘာသာတွင် ကျမ်းပြုအကျော်အမော်တစ်ဦးအဖြစ် အများကအသိအမှတ်ပြုသည်။တမန်တော်အဖြစ်နှင့်လည်း ကျော်ကြားသည်။ ပေါလ်ကို ယနေ့ တူရကီနိုင်ငံဖြစ်လာမည့် စီလီစီယာ(Cilicia)တွင် အေဒီ ၄ ခုနှစ်ခန့်ကဖွားမြင်သည်။ရောမလူမျိုး အမည်ခံ ဂျူးလူမျိုးဖြစ်သည်။ငယ်စဉ်ကပင် ဟီးဘရူးစာပေကို သင်ကြားတတ်မြောက်ခဲ့ပြီး နာမည်ကျော် ဂျူးပညာရှိကြီး ဂါမာလီရယ်(Gamaliel)ထံတွင် တပည့်ခံရန် ဂျေရုဆလင်မြို့သို့သွားရောက်နေထိုင်ခဲ့ဖူးသည်။ ယေရှုခရစ် ကားစင်အတင်ခံရပြီး နောက်ဆက်တွဲဖြစ်ပေါ်လာသည့် အယူဝါဒသစ်ကို နှိပ်ကွပ်မှုများတွင် နှိပ်ကွပ်သူများဖက်မှ ရပ်တည်အားပေးခဲ့သည်။တနည်းဆိုရလျှင် ခရစ်ယာန်တို့ကို မိစာၦအဖြစ် သတ်မှတ်သူအများထဲတွင် ပါဝင်သူဖြစ်သည်။သို့သော် ဒမာစကပ်မြို့(Damascus) သို့သွားရာ လမ်းတွင် ယေရှုခရစ်၏ လာရောက်စကားပြောကာ ရွေးချယ်သည်ဟုဆိုသည်။ထိုအချိန်မှစကာ အယူသစ်ကိုကန့်ကွက်သူတစ်ဦးသည် ထိုအယူသစ်အား အကြီးဆုံး အကျိုးပြုသူဖြစ်လာခဲ့သည်။ ခရစ်ယာန်ဘာသာဝင်ဖြစ်လာပြီး ကွယ်လွန်ချိန်ထိတိုင် မနေမနား ဟောပြောရေးသားမှုတို့ကို ဆက်တိုက်ပြုလုပ်ခဲ့သည်။သက်ဆုံးတိုင် ခရစ်တော်ကဲ့သို့ ကျင့်ကြံနေထိုင်သွားပြီး နောက်လိုက်အင်အားများစွာရခဲ့သည်။ဂျူးလူမျိုးများ နှင့်ပတ်သတ်လျှင် ၄င်း၏ဟောပြောမှုများမှာ မထိရောက်ဟု ဆိုသော်လည်း အခြားသောလူမျိုးများအပေါ်တွင် များစွာ ဩဇာညောင်းသဖြင့် သူ့ကို ဂျူးမဟုတ်သောလူမျိုးအပေါင်းတို့၏တမန်တော် ဟုပင်တင်စားခေါ်ဝေါ်ကြသည်။ ရောမအင်ပါယာ အရှေ့ပိုင်းသို့ ခရီးဝေး သာသနာပြုခြင်းကို သုံးကြိမ်ပြုပြီး နောက်ဆုံးအကြိမ်ဂျေရူစလမ်မြို့ သို့ပြန်အရောက်တွင် ဖမ်းဆီးခံရသည်။ရောမသို့ တရားရင်ဆိုင်ရန် ပို့ဆောင်ခံရပြီး နောက်ဆက်တွဲကို တိကျသေချာစွာမသိရပေ။ ၆၄ ခုနှစ်၊ရောမအနီးအပါးတွင် ကွပ်မျက်ခံရသည်ဟုသာ အကြမ်းဖျင်းပြောနိုင်တော့သည်။ သာသနာပြုရာတွင် - အမှန်ပင် ကိုယ်ကျိုးစွန့်အနှစ်နာခံသူဖြစ်သည်။နောက်ဆုံး အသက်ပါစွန့်သည်။ - ဓမ္မသစ်ကျမ်းတွင် အများဆုံးပါဝင်ရေးသားသူဖြစ်သည်။အဓိကရေးသားသူလည်းဖြစ်သည်။ဓမ္မသစ် ၂၇ ခန်းတွင် ပေါလ်ရေးသည်မှာ ၁၄ ခန်းထက်မနည်းဟု ဆိုသည်။သို့သော် ဘာသာရေးနှင့် သမိုင်းသုသေတီတို့ ငြင်းခုန်ဆဲဖြစ်သည်။မည်သို့ဆိုစေ ဓမ္မသစ်ကျမ်း ပေါ်ပေါက်ရေးကို ဦးဆောင်ရေးသားသူအဖြစ် ကျေးဇူးတင်ရှိကြသည်။ တနည်းဆိုရလျှင် ယေရှုခရစ်လက်ထက်က နှုတ်ဖြင့် မြွတ်ကြားခဲ့သည့် အဆုံးအမတို့ကို ပေါလ်လက်ထက်ရောက်မှ စာပေအက္ခရာတင်သည်ဟုလည်း ဆိုနိုင်ပါသည်။ထို့ကြောင့် ခရစ်ယာန်ဘာသာဝင်များက စိန့်ပေါလ်(သူတော်စင်ပေါလု၊ရှင်ပေါလု)ဆိုသည့် ခေါ်ဝေါ်ကိုးကွယ်ကြခြင်းဖြစ်သည်။ ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်] - ကျော်စွာ(၁၀၀)-ဒေါက်တာသန်းထွန်း
<urn:uuid:ac7c3441-d575-46d2-aa18-e55ecf569201>
CC-MAIN-2015-22
http://my.wikipedia.org/wiki/%E1%80%85%E1%80%AD%E1%80%94%E1%80%B7%E1%80%BA%E1%80%95%E1%80%B1%E1%80%AB%E1%80%9C%E1%80%BA
2015-05-27T17:45:57Z
s3://commoncrawl/crawl-data/CC-MAIN-2015-22/segments/1432207929023.5/warc/CC-MAIN-20150521113209-00059-ip-10-180-206-219.ec2.internal.warc.gz
mya
0.997604
Mymr
100
{"mya_Mymr_score": 0.9976038336753845}
မြို့ပိုင် မောင်ပြုံးချို၏ အိမ်တွင် ပြည်သူ့ ဆက်ဆံရေး ရေဒီယိုကို စတင် ဖွင့်လေပြီ။ နေ့တိုင်းဆိုလျှင် ဌာနက ပေးထားသော ရေဒီယို နားထောင်သူတွေ အတော်များများ ရှိသော်လည်း ယနေ့ မိုးရွာနေသဖြင့် လူပါးလှသည်။ အိမ်အတွင်းတွင် အိမ်သားမှအပ အမိန့်တော်ရ ရှေ့နေကြီး ဦးအုံးဖေ တစ်ယောက်သာ ရှိသည်။ အိမ်ပြင်ဘက် ခုံတန်းလျား ပေါ်တွင် သုံးလေးယောက်သာ ရှိသည်။ တစ်မြို့လုံးမှ ရေဒီယို တစ်လုံးသာ ရှိလေသည်။ ပဏာမ ဓာတ်ပြား ဖွင့်ပြီးသည်နှင့် တစ်ပြိုင်နက် ရန်ကုန် ခရိုင် ရာဇဝတ် တရားသူကြီး ဦးဘသွယ်၏ နေဝင်မီးငြိမ်း အမိန့်ကို ဖတ်ကြားလေ သည်။ မောင်ပြုံးချိုသည် ခေါင်းကြီး သွားလေသည်။ အင်း ရန်ကုန်မှာတော့ တစ်ခုခု ဖြစ်ပြီ၊ ဦးအုံးဖေသည် မည်သို့မျှ ပြန်မပြောဘဲ ခေါင်းညိတ် နားထောင် နေလေသည်။အဓိကရုဏ်း များ ဖြစ်သလားမသိဘူး။ မောင်ပြုံးချိုက ပြန်ပြောလေသည်။အဓိကရုဏ်းတော့ ဟုတ်မယ် မထင်ပါဘူးဟု ဦးအုံးဖေက ဆိုသည်။ပုလိပ်တွေများ အကုန်လုံး သပိတ်မှောက် ကုန်သလားပဲ။ဒါလည်း ဟုတ်မယ် မထင်ဘူး။ ပြောရင်းဆိုရင်း ရေဒီယိုက အောက်ပါအတိုင်း ကြေညာပြန်လေသည်။ သောတရှင်များကို အထူး အစီရင်ခံလို တာကတော့ ယနေ့ည ခုနစ်နာရီနှင့် ဆယ့်ငါးမိနစ် အချိန်တွင် ဤအသံလွှင့်ရုံမှ နေ၍ အထူး အရေးကြီးသော သတင်း တစ်ရပ်ကို အသံလွှင့် ပါလိမ့်မယ်။ ဟော မြို့အုပ်မင်း။ ရန်ကုန်မယ် တစ်ခုခု ဖြစ်တာတော့ သေချာပြီ။ ဦးအုံးဖေက မှတ်ချက် ချပြန်လေသည်။မောင်ပြုံးချို တို့သည် ခုနစ်နာရီနှင့် ဆယ့်ငါးမိနစ် ရှိရန် တိုင်ကပ် နာရီကြီးကိုတမော့မော့နှင့် ကြည့်ရှု စောင့်နေ ကြလေသည်။ စာမေးပွဲ ဖြေဆိုသော အခါတွင် နာရီလက်တံသည် မြန်မြန်ကြီး သွားသလောက် အချိန်ကို ရောက်ချင်ဇောနှင့် စောင့်မျှော်သော အခါ ကြန့်ကြာလှသည်။ သည်အတောအတွင်း ရန်ကုန် အရေးပိုင်၏ နေဝင်မီးငြိမ်း အမိန့်သည်လည်း ထပ်တလဲလဲ ထွက်ပေါ် နေလေသည်။ညခုနစ်နာရီနှင့် ဆယ့်ငါးမိနစ် အချိန် ဖြစ်လေသည်။ ''အသံလွှင့်ရုံ အတွင်းရှိ နာရီအရ မြန်မာ စံတော်ချိန် ခုနစ်နာရီနှင့် ဆယ့်ငါးမိနစ် ရှိပြီး ဖြစ်ပါ၍ မြန်မာပြည် ဘုရင်ခံ မင်းကြီး ဆာဟူးဘတ်ရန့်(စ်)က အရေးကြီးသော သတင်း တစ်ရပ်ကို ကြေညာ ပါလိမ့်မည်'' ဟူသော အင်္ဂလိပ် ဘာသာဖြင့် နိဒါန်းစကား ထွက်ပေါ်လာလေသည်။မောင်ပြုံးချို တို့သည် အငြိမ်ကြီး ငြိမ်နေကြလေသည်။ မြန်မာပြည် ဘုရင်ခံ မင်းကြီး တိုင်းသူပြည်သား တို့အား ဝမ်းနည်းစွာနှင့် ကျွန်ုပ် ကြေညာရမည်မှာ ယနေ့နံနက် ၁ဝ နာရီတွင် လက်နက် စွဲကိုင်သော လူတစ်စုက ဝန်ကြီးများ အစည်းအဝေး ပြုလုပ်နေစဉ် ဝင်ရောက် တိုက်ခိုက်ရာ ဦးအောင်ဆန်းနှင့် တကွ အခြား ဝန်ကြီး ငါးဦး သေဆုံးသွားကြောင်း -နောက်စကားတွေကို မကြားနိုင်တော့ချေ။ မောင်ပြုံးချိုရော ဧည့်သည်ပါ ဟင်ဟူသော အာမေဍိတ်များကို ရွတ်ဆိုလျက် နေရာမှ ငေါက်ခနဲ ထလိုက်ကြ လေသည်။ မောင်ပြုံးချိုသည် ထိုင်၍လည်း မနေနိုင်၊ ရပ်၍လည်း မနေနိုင်။ အိမ်ထဲတွင် လူးလာဆန်ခတ် နေလေသည်။ အသည်းနှလုံး တို့သည် တဆတ်ဆတ် ခါနေလေသည်။ ဘုရင်ခံ မင်းကြီး အင်္ဂလိပ် ဘာသာနှင့် ဆက်လက် ပြောဆို သွားသည်ကိုမှ သူ မကြားလိုက် တော့ချေ။ နောက်မှ သတိရ၍ ဧည့်သည်ရော မောင်ပြုံးချိုပါ ရေဒီယို ခုံအောက်တွင် ဆောင့်ကြောင့်ထိုင်၍ နားထောင်ကြလေသည်။ စိတ်နှလုံး ထိခိုက်လှသော သတင်း စကားများကို တိုတိုတုတ်တုတ် ကြေညာပြန်လေသည်။ အခြား သေဆုံးသူ များမှာ ဘဏ္ဍာရေး ဝန်ကြီး သခင်မြ၊ အလုပ်သမား ဝန်ကြီး မန်းဘခိုင်၊ သတင်း ဖြန့်ချိရေးနှင့် ဝါဒဖြန့်ဖြူးရေး ဌာနဝန်ကြီး ဒီးဒုတ် ဦးဘချို၊ ပညာရေး ဝန်ကြီး မစ္စတာ အပ္ပဒူရာဇာတ်၊ ကူးသန်း ရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေး ဝန်ကြီး ဦးဘဝင်းတို့ ဖြစ်ကြောင်း။ မောင်ပြုံးချိုသည် ဆက်လက်၍ မကြားလိုတော့။ ထိုင်ရာမှ ထပြန်လေသည်။ ထရာမှလည်း ပြန်၍ ထိုင်ပြန်လေသည်။ တင်မကြီးတို့ လူသိုက်လည်း အိမ်ပေါ်မှ အပြေးအလွှား ဆင်းလာ ကြပြန်လေသည်။ ဘယ့်နဲ့ ဘယ်နဲ့ ဗိုလ်ချုပ် အသတ်ခံရတယ်လို့ ကြားလိုက်တယ်။ ဟုတ်ရဲ့လား။ တင်မကြီးက မောကြီးပန်းကြီးနှင့် မေးလေသည်။ သူသည် အိမ်ပေါ်မှ အသံကိုကြား၍ ဆင်းလာခဲ့ခြင်း ဖြစ်သည်။ သူ့နားကို သူမယုံ၊ အဝေးက ကြားရသူကို မဆိုထားနှင့်။ ဘုရင်ခံ မင်းကြီး ကြေညာချက်ကို ရေဒီယိုမှ တပ်အပ်ကြား လိုက်ရသော မောင်ပြုံးချိုပင်လျှင် ဟုတ်မှ ဟုတ်ပါမည်လောဟု သံသယ ဖြစ်နေသေးသည်။ မဟုတ်ပါစေနဲ့ ဟူ၍လည်း အတွင်းက ကြိတ် ဆုတောင်းမိသည်။ မှား၍ ကြေညာသော သတင်းဖြစ်ပါစေ ဟူ၍လည်း ဆုတောင်း မိသေးသည်။ ''ဟုတ်တယ်ကွဲ့၊ ဗိုလ်ချုပ်နဲ့ ဝန်ကြီးငါးဦး အသတ်ခံ ရရှာပြီ''ဟု မောင်ပြုံးချိုသည် တုန်ရင်သော အသံဖြင့် ပြန်ဖြေလိုက်၏။ အမယ်လေး ရက်စက်ကြပါပေ့ဟု တင်မကြီးက ငိုသံပါကြီးနှင့် ရေရွတ်လေသည်။ ထိုသတင်း ပြီးသွားသော အခါ ဂီတသံကို ရေဒီယိုမှ ဆက်လက် ကြားနေရပြန်ရာ ကဲ ပိတ်ထား လိုက်ပါတော့ဗျာ၊ ဒါတွေ မကြားချင်ပါဘူးဟု ဧည့်သည်က ဆိုသည်။ မောင်ပြုံးချိုလည်း ချက်ချင်းထ၍ ပိတ်လိုက်လေသည်။ ပဇ္ဇုန်မိုး ကလည်း သဲသဲကြီး ရွာသွန်းဖြိုး နေလေသည်။ ဤသတင်းသည် တောမီးကဲ့သို့ မြို့အားလုံးကို ပျံ့နှံ့သွားလေ၏။ မောင်ပြုံးချို၏ အိမ်သို့ လူအများ အလျှိုလျှို ရောက်လာကြလေသည်။ ထိုသတင်းသည် မှန်ပါ၏လောဟု လာရောက် စုံစမ်းကြလေသည်။ မှန်ကြောင်း အဖြေကို ရရှိသောအခါ စုတ်သပ်ကြကုန်၏။ အကြံစုတ်ပဲ့ ပါပေရဲ့ဟု မှတ်ချက်ချကုန်၏။ ''ရက်စက် ပါပေရဲ့''ဟုလည်း ဆိုကြကုန်၏။ ဗိုလ်ချုပ် တစ်ဦးတည်း မဟုတ်သေး။ အခြား ဝန်ကြီးများလည်း ဗိုလ်ချုပ်နှင့် တစ်ပါတည်း အသတ်ခံရကြောင်း ပြောသောအခါ အလိုလေး။ ဗမာပြည်ကြီးတော့ ဇာတ်မျောပါပြီ ဟူ၍လည်းကောင်း၊ ခေါင်းဆောင်ကြီးတွေ အကုန်ချောကုန် ပါပကော ဟူ၍ လည်းကောင်း၊ ဝမ်းနည်း ပက်လက်နှင့် မြည်တမ်းကြ ကုန်၏။ သည်အကြောင်းကို ပြောရင်း၊ သည်အကြောင်းကို ဆွေးနွေးရင်း၊ သည်အကြောင်းကို ထင်မြင်ချက် ပေးရင်းနှင့်ပင် ညဥ့်နက် ရလေတော့သည်။ နံနက်မိုးလင်းလျှင် မောင်ပြုံးချို၏ စိတ်သည် ထိုင်းမှိုင်း တွေဝေလျက် ရှိ၏။ ညက ကောင်းကောင်း အိပ်မပျော်သဖြင့်လည်း ခေါင်းတစ်ခုလုံး အုံ၍နေ၏။ တစ်ညလုံး သည်အကြောင်း တွေကိုသာ တွေးတော နေမိသည်။ အိပ်လည်း သည်စိတ်၊ စားလည်းသည်စိတ်၊ အိပ်ပျော် နေလျှင်လည်း အိပ်မက်ထဲတွင် သည်စိတ်၊ မည်သည့် အလုပ်ကိုမှလည်း လုပ်ကိုင်လိုစိတ် မရှိ။ တစ်ကိုယ်လုံးသည် လေးကန်လျက် ရှိလေတော့သည်။ သည်နေ့မှ ရွာတစ်ရွာသို့ အမတော်ကြေး ပေးရန် ချိန်းဆိုထားပြီး ဖြစ်နေပြန်သည်။ လူပေါင်း နှစ်ရာခန့်ကို ချိန်းဆိုထားပြီး ဤသတင်းဆိုးကြောင့် ပျက်ကွက် ရမည်ဆိုလျှင် အကြောင်း မဟုတ်သေး။ အမတော်ကြေး ပေးရမည့် အတွက်လည်း ရဲဘော်တွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ၊ လယ်သမားတွေ မြစ်ကမ်းပါးပေါ်တွင် စောင့်မျှော် နေကြ သည်။ မော်တော်မှ ကမ်းကို မဆိုက်ရသေး၊ ဗိုလ်ချုပ် သေနတ်ပစ် ခံရတယ်ဆိုတာ ဟုတ်ပါသလားဟု မေးကြသည်။ မောင်ပြုံးချိုက ချက်ချင်း ပြန်မဖြေနိုင်၊ လည်ချောင်းတွေ တစ်ဆို့လျက် ရှိသည်။ ခေါင်းကိုသာ ညိတ်၍ ပြလိုက်သည်။ ကုန်းပေါ်သို့ ရောက်မှ ဗိုလ်ချုပ် တစ်ဦးတည်းသာ မဟုတ်၊ အခြားဝန်ကြီး ငါးဦးသည် ကွယ်လွန်လေပြီဟု ပြောလိုက်သော အခါ စုတ်တသပ်သပ် ဖြစ်ကြကုန်သည်။ ရဲဘော်တစ်ဦး၏ ငိုရှိုက်သံကိုလည်း ကြားရလေသည်။ ဆူဆူညံညံနှင့် အမတော်ကြေး ထုတ်ရန်ရောက်ရှိနေသော လယ်သမားများ ထိုသတင်းဆိုးကြောင့် အငြိမ်ကြီး ငြိမ်သွား ကြလေသည်။ သူတို့သည် စကားကိုမျှ ကျယ်ကျယ်မပြောကြတော့ချေ။ သူတို့သည် ဗိုလ်ချုပ်ကို ဓာတ်ပုံထဲတွင်သာ မြင်ဖူးသူများ ဖြစ်ကြသည်။ ဗိုလ်ချုပ်စကား ပြောသည်ကိုလည်း သူတို့မကြားဖူး၊ သူတို့ နားလည်သည်ကား လွတ်လပ်ရေးသည် မကြုံစဖူး ထူးကဲသော အရသာနှင့် ပြည့်စုံသည်။ ထိုလွတ်လပ်ရေး စခန်းသို့ ဗိုလ်ချုပ် အမှူးရှိသော ကွယ်လွန်သူ ဝန်ကြီးများသည် သူတို့အား ပို့ဆောင်လျက် ရှိသည်ဟု ယုံကြည်သည်။ ယခုသော် သူတို့အားထား မှီခိုရာ ခေါင်းဆောင်ကြီးများ ရက်စက်စွာ အသတ်ခံရသည် ဟူသော သတင်းကြောင့် တုန်လှုပ် ချောက်ချားကုန်သည်။ ဝမ်းနည်း ကြေကွဲကုန်သည်။ အားငယ်ကုန်သည်။ မောင်ပြုံးချိုသည် ပြုဖွယ် ကိစ္စများ ဆောင်ရွက်ပြီးနောက် ရုံးစိုက်ရာမြို့သို့ ချက်ချင်း ပြန်လာခဲ့လေသည်။ ထိုနေ့ည မောင်ပြုံးချို၏ အိမ်တွင်းရော၊ အိမ်ပြင်ပါ လူများ ပြည့်ကျပ်လျက် ရှိလေသည်။ သူတို့သည် မကြားလိုသော သတင်းကိုပင် ထပ်မံ နားထောင်ရန် ရောက်ရှိ နေကြပြန်လေသည်။ ယမန်နေ့က ဒဏ်ရာ ရရှိသွားသော တောင်တန်းနယ် ဝန်ကြီး မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းသည် ရရှိသော ဒဏ်ရာနှင့်ပင် ဆေးရုံကြီးတွင် ကွယ်လွန်ပြီ ဖြစ်ကြောင်း ဟူ၍ ရေဒီယိုမှ ကြေညာ ပြန်လေသည်။ ဤတွင် မကသေး အတွင်းဝန် ဦးအုံးမောင်နှင့် သက်တော်စောင့် မောင်ထွေးတို့ပါ သေဆုံးကြကြောင်း ကြားရပြန်လေသည်။ မောင်ပြုံးချိုတို့၏ ရင်တို့သည် ဆတ်ဆတ်ခါမျှ တုန်လှုပ် ပြန်လေသည်။နောက်တစ်နေ့တွင် ဗိုလ်ချုပ်တို့ ကျဆုံးသည့် အတွက် ဝမ်းနည်းသော အထိမ်းအမှတ် အဖြစ်ဖြင့် လူထု အစည်းအဝေး ပွဲကြီးတစ်ရပ် ကျင်းပကြသည်။ အစည်းအဝေး ကျင်းပသည့် နေရာမှာ ယာယီ ဇာတ်ရုံကြီး၏ အတွင်းတွင် ဖြစ်သည်။ ဗိုလ်ချုပ်ရုပ်ပုံကြီးနှင့် တကွ ကျဆုံးသော အခြား ခေါင်းဆောင်ကြီးများ၏ ပုံကို ရနိုင်သလောက် စုဆောင်း ရှာဖွေပြီးလျှင် စင်မြင့်ပေါ်တွင် ချိတ်ဆွဲ ထားကြသည်။ အဖွဲ့အသီးသီး၏ လွမ်းသူ့ပန်းခွေ များကိုလည်း ပုံကြီးများ၏ ရှေ့တွင် ချထားကြလေသည်။ အစည်းအဝေး ပွဲတွင် ဗိုလ်ချုပ်တို့အား အလေးပြုခြင်း၊ ဝမ်းနည်းသော အထိမ်းအမှတ်နှင့် မိနစ် အနည်းငယ် ငြိမ်သက်စွာ ရပ်တည်ခြင်း အစရှိသည် များကို ပြုလုပ်ကြသည်။ ပြီးလျှင် မြို့ပေါ်ရှိ ခေါင်းဆောင် အသီးသီးက တစ်ယောက်တစ်လှည့် စကားထပြော ကြလေသည်။ ဗိုလ်ချုပ်နှင့် တကွ ကျဆုံး လေပြီးသော ခေါင်းဆောင်ကြီးများကို မိမိတို့ သိသလောက် တိုင်းပြည် အတွက် ဆောင်ရွက် ခဲ့ပုံများကို ချီးကျူး ပြောဆို ကြကုန်သည်။ ဂုဏ်ပြုကြသည်။ မောင်ပြုံးချိုကလည်း သူ့အလှည့် ရောက်သော် ထ၍ စကားပြောသည်။သူကလည်း သူသိသော ဗိုလ်ချုပ်အကြောင်းကို ပြောလေသည်။ သည်တွင် မကသေး။ သူကအနည်းငယ် အတွန့်တက် လိုက်သေးသည်။ ကျွန်တော် နိဂုံးချုပ် အနေနဲ့ ပြောချင်တာကတော့ ကျွန်တော်တို့ ဗိုလ်ချုပ်ကို ချစ်လျှင် ဗိုလ်ချုပ် မြတ်နိုးတဲ့ လွတ်လပ်ရေးကြီးကို အရယူ နိုင်အောင် ကြိုးစားကြဖို့ပဲ။ ကျွန်တော်တို့ ဗိုလ်ချုပ်ကို လေးစားလျှင် သူမြတ်နိုးတဲ့ လွတ်လပ်ရေးကြီး အဓွန့်ရှည်စွာ ခိုင်မြဲအောင် ထိန်းသိမ်းဖို့ပဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ မြတ်စွာဘုရားကြီး ပရိနိဗ္ဗာန် စံခါနီးမယ် ညီတော် အာနန္ဒာကို မိန့်ကြားပုံ ကလေး သတိရမိတယ်။ မြတ်စွာဘုရား ပရိနိဗ္ဗာန် ပြုတော့မယ် ဆိုတာသိတော့ ညီတော် အာနန္ဒာက အလွန်ပူဆွေးပြီး ရှိုက်ကြီးတငင် ငိုကြွေးနေတာ မြင်တဲ့အခါ မြတ်စွာ ဘုရားက ''ချစ်သား အာနန္ဒာ၊ ငိုကြွေး မြည်တမ်းနေခြင်းဖြင့် ငါဘုရားကို ချစ်မြတ်နိုးသည် မမည်။ ငါဘုရားကို တကယ်ချစ်ခင် မြတ်နိုးပါလျှင် ငါဘုရား မရှိသည့်နောက် ငါဘုရား ဟောကြားတော် မူခဲ့သော တရားတော် အတိုင်း ကျင့်ကြံပါလေ''ဟု မိန့်ကြားတော် မူသတဲ့။ ဒီနေရာမှာလည်း ဗိုလ်ချုပ်ကို တမ်းတငိုကြွေး နေသည်ထက် ဗိုလ်ချုပ်ကို တကယ်တမ်း ချစ်ခင်ရင် လူ့လမ်းစဉ် အတိုင်း လိုက်ပြီးလုပ်ကိုင် ဆောင်ရွက်ကြဖို့ပဲ ရှိပါတော့တယ်ဟု ပြောလိုက်လေသည်။ ။ (ပညာရေး ဝန်ကြီးဌာန ကျောင်းသုံး စာအုပ်ကော်မတီမှ ထုတ်ဝေသော ပင်ရင်းစကားပြေ လက်ရွေးစင်မှ ကောက်နုတ် ဖော်ပြသည်။)
<urn:uuid:b0632229-2028-4762-b89a-5df3d7c8b508>
CC-MAIN-2015-22
http://www.myawady.com.mm/library/stories/storiesforall/item/19924-2013-07-18-12-58-03
2015-06-03T23:29:14Z
s3://commoncrawl/crawl-data/CC-MAIN-2015-22/segments/1433195037030.16/warc/CC-MAIN-20150601214357-00028-ip-10-180-206-219.ec2.internal.warc.gz
mya
0.960986
Mymr
11
{"mya_Mymr_score": 0.9609864950180054, "blk_Mymr_score": 0.03774068132042885}
အများက အနီးကပ် စောင့်ကြည့်လေ့လာနေတဲ့ ဒီကြားဖြတ်ရွေးကောက်ပွဲတွေ ဘယ်လိုကျင်းပသွားမလဲ ဆိုတဲ့အချက်ဟာ နှစ်နိင်ငံဆက်ဆံမှု ရှေ့ရေးကို ရောင်ပြန်ဟပ်မှာ ဖြစ်ကြောင်း အမေရိကန် နိင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Mark Toner က မနေ့က သတင်းထောက်တွေကို ပြောကြားသွားပါတယ်။ မိမိတို့ ကတော့ လာမယ့် တနင်္ဂနွေနေ့ ကြားဖြတ် ရွေးကောက်ပွဲတွေဟာ လွတ်လပ်မျှတတယ်ဆိုတာ မြင်လိုပါတယ်။ ဒီအချက်ဟာ နှစ်နိင်ငံဆက်ဆံရေး တိုးမြှင့်သွားဖို့အတွက် အဓိကအချက်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ မမှန်မကန်၊ မသမာမှုတွေ ရှိနေတယ်ဆိုတာ မိမိတို့ သတိထားမိပါတယ်။ အမေရိကန် နိင်ငံခြားရေးဌာနအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ထုတ်ဖော် ပြောကြားခဲ့သလို မမှန်မကန်၊ မသမာမှုတွေ ရှိနေတဲ့အပေါ် စိုးရိမ်မိပါတယ်၊ ဒါတွေကို လာမဲ့ တနင်္ဂနွေနေ့ ရွေးကောက်ပွဲတွေကို လေ့လာသုံးသပ်ပြီး အကဲဖြတ်သွားမှာပါလို့ Mark Toner ပြောဆိုခဲ့ပါတယ်။ ရွေးကောက်ပွဲ ကြည့်ရှု့လေ့လာဖို့ အမေရိကန်အစိုးရ ကိုယ်စားလှယ် နှစ်ဦးဟာ မြန်မာနိုင်ငံမှာ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ မနေ့က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မဲပေးတဲ့ အခြေအနေတွေဟာ စစ်မှန်ပြီး တရားမျှတနိုင်မှာ မဟုတ်သလို၊ ခြိမ်းခြောက်မှုတွေ အပါအ၀င် ပြဿနာအမျိုးမျိုး တက်လာနိင်တယ်လို့ ပြောကြားခဲ့ပါတယ်။
<urn:uuid:7a433acd-5dd4-477f-9646-3e396542e00b>
CC-MAIN-2015-22
http://www.rfa.org/burmese/news/election-usa-03302012230743.html/story_main?textonly=1
2015-05-27T05:42:29Z
s3://commoncrawl/crawl-data/CC-MAIN-2015-22/segments/1432207928907.65/warc/CC-MAIN-20150521113208-00109-ip-10-180-206-219.ec2.internal.warc.gz
mya
0.947643
Mymr
44
{"mya_Mymr_score": 0.9476431012153625, "blk_Mymr_score": 0.049473512917757034}
တစ်နေ့က အော်ဇီချယ်နယ် SBS က လွှင့်သွားတဲ့ မြန်မာပြည်က အစားအသောက်အကြောင်းရိုက်ပြထားတဲ့ documentary ယူကျူ့မှာတက်လာပါပြီ။ Luke Nguyen ဆိုတာ အော်ဇီက ဗီယက်နန်လူမျိုး နာမည်ကြီး chef ပါ။ သူ့ရဲ့ documentary အစားအသောက်ရှိုးတွေ ယူကျူ့မှာ အများကြီး ဒေါင်းကြည့်လို့ရပါတယ်။ သူက ဆစ်ဒ်နီမှာ ရက်စ်တောရန့်ဖွင့်ရာကနေ နာမည်ကြီးလာတာပါ။ သူ့ရဲ့ ရက်စ်တောရန့်ကို Red Lantern လို့ခေါ်ပြီး restaurant and catering association ရဲ့ အကောင်းဆုံး စားသောက်ဆိုင်ဆုကို ၂ကြိမ်တိုင်ရရှိထားပါတယ်။ ခု အော်ဇီ SBS ချယ်နယ်ကနေ ကြာသပတေးနေ့တိုင်း ည၇နာရီခွဲမှာ ပြနေပါတယ်။ သူ့ရဲ့ ရှိုးက အာရှက အစားအသောက်တွေအပြင် အာရှက ဓလေ့ထုံးစံ၊ နေရာဒေသ၊ ပတ်ဝန်းကျင် အလှအပတွေပါ ပြတော့ တော်တော်တော့လူကြိုက်များပါတယ်။ မဆွိတီတို့ မိသားစုတွေလည်း အားလုံးကြိုက်ကြလို့ သူလာမဲ့ အချိန်ဆို စောင့်ကြည့်ကြပါတယ်။သူ့ရဲ SBS official link ဖြစ်ပါတယ်။။ အဲဒီမှာ သူ့ရှိုး တွေ အစအဆုံးကြည်ကြည်လင်လင် ကြည့်နိူင်ပါတယ်။ ယူကျူ့ မှာလည်း ကြည့်နိူင်ပါတယ်။ မြန်မာပြည်ရဲ့ ရန်ကုန်မြို့တော်ကိုလည်း သူရောက်ရှိခဲ့ပါတယ်။ အဲဒီမှာ မုန့်ဟင်းခါးချက်နည်း၊ ကော်ပြန့်စိမ်းလုပ်နည်းတွေကို ပြသခဲ့ပါတယ်။ ဖေ့စ်ဘွတ်ခ်တွေမှာတော့ ရှယ်ထားကြပြီးပါပြီ။ မကြည်ရ့သေးတဲ့ ဘလော့ဂ် ပရိတ်သတ် အတွက်ပါ။ မြန်မာပြည် အလွမ်းပြေ ရန်ကုန်အလွမ်းပြေ ကြည့်ကြပါဦး။
<urn:uuid:b808a745-7209-42f8-8eda-0396720b597a>
CC-MAIN-2015-22
http://auntysweet.blogspot.com/2012/03/luke-nguyens-myanmar-food-show-in.html
2015-05-29T03:59:36Z
s3://commoncrawl/crawl-data/CC-MAIN-2015-22/segments/1432207929869.17/warc/CC-MAIN-20150521113209-00174-ip-10-180-206-219.ec2.internal.warc.gz
mya
0.934425
Mymr
48
{"mya_Mymr_score": 0.9344250559806824, "blk_Mymr_score": 0.05606789141893387}
မြန်မာပြည်အပေါ် အမေရိကန်ပြည်ထောင်စု၏ ဒဏ်ခတ်ပိတ်ဆို့မှုများ စတင်လျှော့ချပြီး သံတမန် ဆက်ဆံရေး ပုံမှန်ပြန်စ လိုက်သည့် တချိန်တည်း၌ ပြည်သူ့လွှတ်တော်တွင် “မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့ အရေးယူမှုအား အမြန်ဆုံး ရုပ်သိမ်းပေးရေးအတွက် လွှတ်တော်နှင့် ဆောင်ရွက်နိုင်သူ မည်သူ့ကိုမဆို၊ မည်သည့်နည်းလမ်းကို အသုံးပြု၍ဖြစ်စေ ညှိနှိုင်းဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း” အဆိုကို ဆွေးနွေးရန် အတည်ပြုလိုက်သည်။ အဆိုကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ကွန်ဟိန်း မဲဆန္ဒနယ်မှ ဒေါ်နန်းဝါနုက လွှတ်တော်တွင် ကြားဖြတ် တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ ဖြစ်သော တနင်္သာရီတိုင်းမှ ဦးဌေးမြင့် (ယုဇန ဦးဌေးမြင့်)၊ ဦးဝင်းသန်း၊ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီမှ ဒေါ်ခင်စောဝေတို့က ထောက်ခံဆွေးနွေးကာ ပြည်သူ့လွှတ်တော်က အရေးကြီးအဆိုအဖြစ် လက်ခံ အတည်ပြုခဲ့သည်။ ယင်းနေ့ လွှတ်တော်အစည်းအဝေး အပြီးတွင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဖိတ်ခေါ်ခဲ့သဖြင့် ယင်းအဆိုနှင့် ပတ်သက်၍ သဘောထား မေးမြန်းခြင်း ဖြစ်နိုင်သည်ဟု ယူဆသည်။ အတိုက်အခံ နိုင်ငံရေးရပ်ကွက်က ယင်းကိစ္စသည် အစိုးရပါတီ အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို “ကျုံးသွင်းခြင်း” ဟု ယူဆနေကြသော်လည်း ယခုအထိ ဖြစ်ပေါ်ပြောင်းလဲ လာခဲ့သော နိုင်ငံတကာ၊ အထူးသဖြင့် အမေရိကန် အပါအဝင် အနောက်နိုင်ငံများနှင့် ဆက်ဆံရေး တိုးတက်မှုသည် သမ္မတ ဦးသိန်းစိန်၏ ပြုပြင် ပြောင်းလဲရေးကို အခိုင်အမာ ထောက်ခံရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့၍လည်း ဖြစ်သည်။ ထိုင်းနှင့် ဥရောပ ခရီးစဉ်အတွင်း ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဒေါ်အောင်ဆန်းစုကြည် ဘက်က ထောက်ခံ ပြောဆိုမှု ပိုမို ခိုင်မာခဲ့ပြီး ဒဏ်ခတ်မှု လျှော့ချရေးကိုလည်း ကြိုဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဇူလိုင် ၁၆ ရက်နေ့ညက အမေရိကန် အထက်လွှတ်တော် အမတ် မစ်ခ်ျ မက္ကောနယ်ကို တယ်လီဖုန်းဖြင့် ဆက်သွယ်ကာ သက်တမ်း ၃ နှစ် ထပ်မံတိုးရန် ရှိနေသည့် Burma Freedom and Democracy Act -2003 (BFDA) ကို ဆွေးနွေးကြောင်းနှင့် မြန်မာ – အမေရိကန် ချစ်ကြည်ရေး ဆက်လက် တိုးတက်လာစေရေး၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ အရှိန်အဟုန်မြှင့် လာစေရေး၊ လူထု ဘ၀များ ပိုမိုကောင်းမွန် တိုးတက်လာစေရေး တို့ကို အခြေခံပြီး ဆွေးနွေးကြကြောင်း သိရသည်။ မကြာမီသွားမည့် အမေရိကန် ခရီးစဉ်တွင်လည်း ဒဏ်ခတ်မှု လျှော့ချရေးကိစ္စ ထပ်မံဆွေးနွေးနိုင်မည်ဟု သုံးသပ်ရသည်။ ယခုအချိန်တွင် ဦးသိန်းစိန်အစိုးရ၏ နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲကို ထောက်ခံကြောင်း ပြသသည့်အနေဖြင့် မြန်မာပြည်တွင် အမေရိကန် သံအမတ် စတင် တာဝန်ထမ်းဆောင် နေပြီ ဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ကိုယ်စားလှယ်များ အပြင် အမေရိကန် အခြေစိုက် နိုင်ငံစုံ ကော်ပိုရေးရှင်းများ၏ ကိုယ်စားလှယ်များပါ မြန်မာပြည်သို့ လာရောက် လေ့လာကာ ရင်းနှီးမြှုပ်နှံနိုင်မှု အလားအလာကို ကြည့်ရှုနေကြပြီ ဖြစ်သည်။ အကယ်၍ အမေရိကန် အပါအဝင် အနောက်နိုင်ငံများမှ ကုမ္ပဏီကြီးများ ဝင်လာလျှင် ငွေကြေးအရင်းအနှီး၊ နည်းပညာ၊ အတွေ့အကြုံ၊ အလုပ်အကိုင်သစ်များ ရလာနိုင်သည်ဟု အကြမ်းဖျဉ်း မျှော်လင့်ထား နိုင်သည်။ သို့သော်လည်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုကို ၁၀၀ ရာခိုင်နှုန်းပေးလိုက်ပါက ပြည်တွင်းတိုင်းရင်းသား လုပ်ငန်းရှင်များ၏ ယှဉ်ပြိုင် မှုတွင် အခက်အခဲများစွာနှင့် ရင်ဆိုင်ရနိုင်ကာ အခွင့်အလမ်းများ ပျောက်ပျက်သွားနိုင်ကြောင်း စိုးရိမ်နေသည်၊ အမေရိကန်၏ ဒဏ်ခတ်မှု လျှော့ချရေးတွင် စစ်တပ်နှင့် ၎င်းနှင့် နီးစပ်သူ မြန်မာ့ စီးပွားရေး ထိပ်သီးများ မပါဝင်သဖြင့် ဘာမျှ မထူးဆန်းဟု ယူဆ သူများလည်း ရှိသည်။ အမေရိကန် အစိုးရ၏ အကန့်အသတ်ကလည်း ရှင်းသည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ပါဝင် ပတ်သက်သည်ဟု စာရင်းသွင်းခံရသည့် မည်သည့်လုပ်ငန်းရှင်နှင့်မျှ တွဲမလုပ်လိုကြောင်း မကြာသေးမီကပင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ရောဘတ် ဟောမတ်စ်နှင့် နိုင်ငံတကာ ကုန်သွယ်ရေး ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ဖရန်စစ်ကိုစန်ချက်ဇ် တို့နှစ်ဦး ဦးဆောင်လာသော အမေရိကန် ကုမ္ပဏီ ၃၈ ခု၏ ကိုယ်စားလှယ်များ ပါဝင်သည့် စီးပွားရေးအဖွဲ့တဖွဲ့ မြန်မာပြည်သို့ သွားရောက် လေ့လာခဲ့စဉ် ပြောဆိုထုတ်ပြန်ခဲ့သည်။ ကြေညာချက်တွင် ရောဘတ် ဟောမတ်စ်က အမေရိကန် – မြန်မာ ဆက်ဆံရေးသည် “အလုပ်သမား ရပိုင်ခွင့် အပါအဝင် လူ့အခွင့်အရေး လေးစားလိုက်နာမှု၊ လူနည်းစု တိုင်းရင်းသားများ၏ ရပိုင်ခွင့်ကို ကာကွယ် စောင့်ရှောက်မှုနှင့် ဆက်လက် ထိန်းသိမ်းထားသော ရာချီသည့် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်မှု” များအပေါ် နက်ရှိုင်းစွာ တည်မှီနေကြောင်း ပြောဆိုထားသည်။ အမေရိကန်အနေဖြင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းကဲ့သို့သော နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများတွင် ခြစားမှု တိုက်ဖျက်ရေးနှင့် ပွင့်လင်းမြင်သာမှု ပိုရှိလာစေရေး အတွက် မြန်မာအစိုးရနှင့် အတူ ဆောင်ရွက်သွားရန် စိတ်ပိုင်းဖြတ်ထား ကြောင်းလည်း ဆိုသည်။ မြန်မာအစိုးရအနေဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ခြစားမှု တိုက်ဖျက်ရေးနှင့် ပိုမို ပွင့်လင်းမြင်သာမှု ရှိရေး နိုင်ငံတကာ စာချုပ် Extractive Industries Transparency Initiative (EITI) ကို လက်မှတ်ထိုးရန်လည်း အမေရိကန် အစိုးရက တိုက်တွန်းထားသည်။ ထိုအချက်ကို နေပြည်တော်က စိတ်ဝင်စားသဖြင့် နော်ဝေတွင် ရုံးထိုင်သော EITI ၏ အကြီးအကဲ မစ္စတာ ဂျဲနပ်စ် မိုဘာ့ဂ် ယခုတပတ် မြန်မာပြည်သွားမည် ဖြစ်သည်။ အမှန်တကယ်လည်း လတ်တလော မြန်မာနှင့် နိုင်ငံတကာ ဆက်ဆံရေး ဖြစ်ထွန်း တိုးတက်မှုများသည် နှစ်ပေါင်းများစွာ အထီးကျန် နေခဲ့သော မြန်မာ့လူ့အဖွဲ့အစည်းကို ကမ္ဘာ္ဘလုံးဆိုင်ရာ ကုန်သွယ်ရေးစနစ်နှင့် ပြန်လည်ချိတ်ဆက်ရန် မဟာဗျူဟာ တကျ ကြိုးပမ်းရမည့် လုပ်ငန်းစဉ်ဖြစ်သည်ဟု ဧရာဝတီက ရှုမြင်သည်။ နိုင်ငံတကာ ဆက်ဆံရေး တိုးတက်ကောင်းမွန် လာစေရေးသည် ပြည်တွင်းနိုင်ငံရေး တည်ငြိမ်တိုးတက်မှု၊ စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးနိုင်ရန် ရေခံမြေခံကောင်းများ အခြေခိုင်မှု၊ လူမျိုး ဘာသာမခွဲ ရင်းနှီး ချစ်ခင်တတ်မှု၊ လူ့အခွင့်အရေးနှင့် နိုင်ငံတကာ စံချိန်စံနှုန်းများနှင့် လိုက်လျောညီထွေ ဖြစ်မှု စသည်တို့နှင့် တွဲဖက်လျက် ရှိသောကြောင့် တလမ်းသွား မဟုတ်ပေ။ မြန်မာ့နိုင်ငံရေးနှင့် စီးပွားရေး မူဝါဒ လုပ်ထုံးလုပ်နည်း အပြောင်းအလဲများနှင့် အနောက်ကမ္ဘာ္ဘ၏ ဒဏ်ခတ် ပိတ်ဆို့မှုများ လျှော့ချ ပယ်ဖျက်ခြင်းသည် တခုမဟုတ် တခု ရွေးရမည့် နိုင်ငံရေး လောင်းကစားပွဲ မဟုတ်ဘဲ ခေါင်းနှင့် ပန်းပမာ ခွဲမရသည့် ဆန့်ကျင်ဘက်များ ပေါင်းစည်းထားခြင်း ဖြစ်သည်။ အပြောင်းအလဲ ပိုအခြေခိုင်လေ၊ ဒဏ်ခတ်မှူ ပိုကင်းစင်လေ ဖြစ်ပြီး ပိတ်ဆို့မှု မရှိလေ ဖွံ့ဖြိုးမှု အခွင့်အလမ်း ပိုရလေ ဖြစ်မည်။ နှစ်ဘက် အကျိုးဖြစ်မည့် နည်းကို ရှာဖွေကာ ဆက်လက် အသုံးချနိုင်လေ အကျိုးများလေ ဖြစ်သောကြောင့် နတ်လူ သာဓုခေါ်မည့် ကိစ္စဖြစ်သည်။ ပေါ်ပေါက်လာနေသော အပြောင်းအလဲ၏ အကျိုးဆက် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်း သွားခြင်းသည် နောက်ပြန် ဆုတ်သွားရန် မဟုတ် ရှေ့တိုးရန်သာ ဖြစ်သောကြောင့် မဖြေရှင်းရသေးသည့် ပြဿနာများကို အမြန်ဆုံး ဖြေရှင်းယူရန်သာ ရှိတော့သည်။
<urn:uuid:c9d3bf6c-d28c-4a99-a936-5b1535ec038e>
CC-MAIN-2015-22
http://burma.irrawaddy.org/opinion/editorial/2012/07/18/15250.html
2015-05-25T05:22:59Z
s3://commoncrawl/crawl-data/CC-MAIN-2015-22/segments/1432207928414.45/warc/CC-MAIN-20150521113208-00023-ip-10-180-206-219.ec2.internal.warc.gz
mya
0.952463
Mymr
29
{"mya_Mymr_score": 0.9524627923965454, "blk_Mymr_score": 0.04505940154194832}
ကရင်လူမျိုး ကရင်လူမျိုးများသည် ရိုးသားကြိုးစားကြပြီး အေးဆေးသောဘဝကို လိုလားသူများဖြစ်ကြသည်။ မာတိကာ ကရင်လူမျိုးများနှင့် ရှေးဦးသမိုင်းအကျဉ်း[ပြင်ဆင်ရန်] ထီ့ဆေ့မေ့ယွား ခေါ် ထီးဆဲ့မဲ့ယွားလူမျိုးတိုင်းသည် မိမိတို့၏သမိုင်းကို သားစဉ်မြေးဆက်လက်ဆင့်ကမ်းသယ်ပိုးခဲ့ကြ၏။ သို့ဖြစ်၍ သမိုင်းဟူသည် ဖောက်ဖျက်၍ ရနိုင်ကောင်းသော အရာမဟုတ်ပေ။ ပုဂံရာဇဝင်ကို တုတ်ထမ်းပြောရတယ် ဟု အဆိုရှိလျှင် ပုဂံရာဇဝင်ထက် ရှေးကျသည့် ကျွန်ုပ်တို့ ကရင်တိုင်းရင်းသာတို့၏ ရှေးဦးသမိုင်းကို ပြန်ပြောင်းပြောရာတွင် သုတေသီတို့ အငြင်းပွားဖွယ်ရာရှိပါက အံ့ဩစရာမဟုတ်ပေ။ ကျွန်ုပ်တို့ ကရင်တိုင်းရင်းသားတို့သည် ရှေးကပင် လူကြီးမိဘများ၏ ဆုံးမစကားကို တရိုတသေမှတ်သားလိုက်နာတတ်ပြီး နောင်လာနောင်သားများအား ပြန်လည်သွန်သင်ဆုံးမခြင်းဖြင့် သမိုင်းအထောက်အထားများကို ခိုင်ခိုင်လုံလုံ ထိန်းသိမ်းလာ နိုင်ခဲ့သည်။ ယင်းသမိုင်းအထောက်အထားများအနက် ထီ့ဆေ့မေ့ယွား ခေါ် ထီးဆဲ့မဲ့ယွား ဒေသသည် ကရင်လူမျိုးတို့ တစ်ချိန်က အခြေချနေထိုင်ခဲ့သော နေရာဒေသဖြစ်ကြောင်းကို အများကကြားဖူးပြီးဖြစ်သော်လည်း ယင်း ထီ့ဆဲ့မဲ့ယွား ဒေသသည် မည်သည့်တိုင်းပြည်ဒေသ တွင် ရှိသည်ကို မှန်းဆမရနိုင်သူ များလှသည်။ ထီ့ဆဲ့မဲ့ယွား ဟူသည် ရေစီးရာတွင် သဲတို့ မျောပါနေသော မြစ်ချောင်းဒေသ ဟု အဓိပ္ပါယ်ရသည်။ ယင်းဒေသကို မနုဿပထဝီဗေဒနှင့် သမိုင်းပညာရပ်များ စသည်တို့ဖြင့် သိပ္ပံနည်းကျ လေ့လာရှာဖွေပါက တရုတ်ပြည်တောင်ပိုင်း တစ်နေရာတွင် လွန်ခဲ့သောနှစ်ပေါင်း (၃၅၀၀) လောက်က တည်ရှိခဲ့သော အိုအေစစ် ယဉ်ကျေးမှု ပုံသဏ္ဍာန်ဖြစ်ပြီး၊ မြစ်ကြောင်းတစ်လျှောက် စိုက်ပျိုး မွေးမြူရေး အသင့်အတင့်လုပ်ကိုင်၍ အခြေချနေထိုင်ပြီး မိသားစု အိမ်ထောင်စုတို့ စုပေါင်းနေထိုင်ကြသည့် ဒေသဖြစ်သည်။ ထိုဒေသတွင် ကရင်ရှေးဦးလူတို့သည် ရာစုနှစ်တစ်ဝက်ကျော် နေထိုင်ခဲ့ဟန်ရှိပြီး နောက်ပိုင်းတွင် မြစ်ချောင်းများတိမ်ကောမှုနှင့် မိုးရေလျှံမှုတို့ကြောင့် စိုက်ပျိုးခင်းများ လူနေအိမ်များပျက်ဆီးခဲ့ရပြီး တိုးပွားလာသော လူဦးရေအတွက် ထောက်ပံ့နိုင်သည့် အခြေအနေမရှိတော့သဖြင့် နေရာအသစ်ရှာဖွေရန် အုပ်စုခွဲပြီး တောင်ဘက်အရပ်များသို့ ရွှေ့ပြောင်းလာကြရာ ယနေ့အရှေ့တောင်အာရှဒေသအနှံ့ ပြန့်ကျဲနေထိုင်ကြသော ကရင်လူမျိုးစုများကို တွေ့ရခြင်းဖြစ်သည်။ မို့ထိတ် ဖထိတ် ခေါ် မိုးထိ ပါးထိ ကရင်ရှေးဦးလူမျိုးတို့သည် အရှေ့တောင်အာရှဒေသအနှံ့ အစုစုပျံ့နှံ့ နေထိုင်ကြသော်လည်း ထီဆေ့မေ့ယွားဒေသမှ ထွက်လာစဉ်က အားလုံးတစ်ချိန်တည်း ထွက်လာကြသည်မဟုတ်ပဲ အနည်းဆုံး အုပ်စုကြီး နှစ်စု ထွက်လာကြသည်မှာ ထင်ရှားပါသည်။ ယင်းအုပ်စုနှစ်စုအနက် ရှေးဦးစွာ ထွက်လာကြသူများမှာ ဖခင်များ သို့မဟုတ် အကြားအမြင်ဗဟုသုတရှိပြီး အသက်ကြီးသော ယောက်ျားများ ဦးဆောင်ပြုသော အုပ်စုဖြစ်ပြီး ကောင်းမွန်သောဒေသအသစ်တွေ့ရှိပါက ကျန်ခဲ့သော မိသားစုများကို ပြန်ခေါ်ရန် ရည်ရွယ်ချက်ဖြင့် ထွက်လာကြပြီး ယင်းအုပ်စုတွင် လိုက်ပါသွားသူများကို နောင်ကာလတွင် ဖထိတ် သို့မဟုတ် ပါထိ ခေါ် ဖခင်အနွယ်ကရင်မျိုးနွယ်စုများဟု ခေါ်တွင်လာခဲ့သည်။ ကျန်ခဲ့သော မိသားစုများတွင် အတွေ့ကြုံပြည့်စုံသော မိခင်များ သို့မဟုတ် အမျိုးသမီးကြီးများက စီမံကွပ်ကဲ၍ ထိုဒေသမှ ထွက်ခွာသောကြသော မိသားစုများ သည် တစ်နေ့တွင် ပြန်လာခေါ်မည်ဟု မျှော်လင့်ချက်ဖြင့် ထီ့ဆေ့မေ့ယွား ဒေသတွင် နေထိုင်လာခဲ့ရာ နှစ်ပေါင်းကြာမြင့်လာသောအခါ သဘာဝဘေးရန်များနှင့် နောက်ထပ်ရွှေ့ပြောင်းလာကြသော အခြားလူမျိုးစုများရန်ကြောင့် ရှေးကထွက်ခွာသွားသော အုပ်စုနောက်သို့ ရှာဖွေလိုက်လာခဲ့ပြီး ယင်းတို့ကို ထီ့ဆေ့မေ့ယွားမှ မို့ထိတ် သို့မဟုတ် မိုးထိ ခေါ် မိခင်အနွယ်ဝင် ကရင်လူမျိုးများ ဖြစ်လာကြသည်ဟု သမိုင်းပညာရှင် အများစုက လက်ခံယုံကြည်ထားကြသည်။ ဖထိတ်ခေါ် စကောကရင်အုပ်စုသည် မဲခေါင်မြစ်ကြောင်း သံလွင်မြစ်ကြောင်းများကို အဓိကအသုံးပြုပြီး တောင်ဘက်သို့ ရွှေ့ပြောင်းလာကြရာ ယနေ့တိုင် ယိုးဒယားပြည်၊ မြန်မာပြည်၊ ကမ္ဘောဒီးယားပြည် နှင့် ဗီယက်နမ်ပြည်တောင်ပိုင်း၊ မလေးရှားပြည်မြောက်ပိုင်းဒေသများသို့တိုင်အောင် တောင်ပေါ်မြေပြန့်အနှံ့ နေထိုင်ကြသည်ကို တွေ့နိုင်ပါသည်။ မို့ထိတ် ခေါ် ပိုးကရင်အုပ်စုသည် ဧရာဝတီမြစ်ကြောင်းတို့ကို အထူးသဖြင့် အသုံးပြုပြီး ဆင်းသက်လာခဲ့ကြရာ မြန်မာပြည်ဖြစ်ဝကျွန်းပေါ်ဒေသနှင့် ကရင်ပြည်နယ်ဒေသများတွင်လည်းကောင်း၊ ယိုးဒယားပြည်အနောက်ဘက်ခြမ်းဒေသများတွင် လည်းကောင်း ပျံ့နှံ့နေထိုင်သည်ကို တွေ့ရပေမည်။ ကရင်သက္ကရာဇ်ရေတွက်ခြင်း ဒုတိယအသုတ်ဖြစ်သော မို့ထိတ်ခေါ် ပိုးကရင်အနွယ်ဝင်တို့သည် ခမ (၇၃၉) နှစ်လောက်တွင် ပြည်ထောင်စုထဲသို့ စတင်ဝင်ရောက်လာပြီး ထိုကာလမှစ၍ ကျွန်ုပ်တို့ကရင်အမျိုးသာ သက္ကရာဇ်ကို သုတေသီတို့ရေတွက်၍ ယခုနှစ်ဆိုလျှင် ၂၇၄၈-ခုနှစ်သို့ ရောက်လာခဲ့ပါပြီ။ သို့ဖြစ်၍ ယနေ့ ကျွန်ုပ်တို့ပြည်ထောင်စုအတွင်း ပြန်လည်ဆုံစည်းကြသော ဖခင်အနွယ်ဝင် စကောကရင် အုပ်စုနှင့် မိခင်အနွယ်ဝင် ပိုးကရင် အုပ်စုတို့မှာ တစ်ချိန်က ထီ့ဆေ့မေ့ယွား တွင် တစ်ရွာတည်း သို့မဟုတ် တစ်အိမ်ထောင်စုတည်းနေထိုင်ခဲ့ကြသော မိဘများမှ တစ်မျိုးတည်း တစ်ခုတည်းသော သွေးရင်းသားရင်းညီအစ်ကိုများဖြစ်ကြောင်းကို ကရင်လူကြီးများက ဆုံးမပြောကြားခဲ့သော ပုံပြင်များ၊ ဆုံးမစကားများ၊ စကားပုံများအရ မှန်ကန်ကြောင်း ငြင်းဆိုစရာမရှိသည့်အပြင် ယင်းသမိုင်းစဉ်ကို ပိုမိုခိုင်လုံစေသည့် သမိုင်းအထောက်အထား များက ယနေ့အရှေ့တောင်အာရှဒေသရှိလူမျိုးစုများ၏သမိုင်းကို လေ့လာခြင်းအားဖြင့် ယင်းတို့အနက် ကျွန်ုပ်တို့ ကရင်လူမျိုးစုများ၏ အတိတ်သမိုင်းကြောင်းကိုလည်း မှန်ကန်စွာ လေ့လာတွေ့ရှိနိုင်ပါသည်။ ကရင်ဟု ခေါ်တွင်ခြင်းကရင်လူမျိုးစုများကို ပညာရှင်များက ထိုင်းတရုတ်အနွယ်ဝင်များဟု မှတ်တမ်းတင်ကြသည်။ ပညာရှင်တို့၏ တင်ပြချက်အရ လူတို့၏ ဦးခေါင်းခွံအနေအထားနှင့် နှာခေါင်းအနေအထားအရလည်းကောင်း၊ စကားဝေါဟာရ ဘာသာဗေဒအရလည်းကောင်း သတ်မှန်ခေါ်တွင်ခြင်းဖြစ်သော်လည်း ကရင်လူမျိုးစုများမှာ ထိုင်း တရုတ် အုပ်စုများကဲ့သို့ပင် မွန်ဂိုအနွယ်ဝင်များဖြစ်ကြသည်။အရှေ့တောင်အာရှရှိ လူမျိုးအတော်များများက ယန် ဟု ခေါ်ကြပြီး၊ မြန်မာလူမျိုးများက ကရင်ဟုခေါ်ကြသည်။ ကရင်ဟူသော အခေါ်ကို မည်သည့်အချိန်ကစပြီး ခေါ်ကြသည်ကို အတိအကျတင်ပြရန် ခက်ခဲသော်လည်း ယင်းအခေါ်သည် အင်းဝခေတ်မတိုင်မီ စတင်ခေါ်ထွင် ခဲ့ဟန်ရှိသည်။ မြန်မာလူမျိုးတို့၏ အယူအဆအရ ကရင်လူမျိုးများကို ရှမ်းလူမျိုး (၃၀) တွင် ထည့်သွင်း၍ မှတ်တမ်းတင်ခဲ့ရာ ကွေ့ရှမ်းလူမျိုးများကိုလည်းကောင်း ဂျွမ်းလူများကိုလည်း ကောင်း၊ ကရင်လူမျိုးများဟု ဒေသတလျှောက် ခေါ်တွင်ကြခဲ့သည်ဟု သမိုင်းပညာရှင်အချို့ က ယူဆကြသည်။ အချို့ပညာရှင်များက တစ်ချိန်က ဧရာဝတီမြစ်ကမ်းတွင် နေထိုင်ခဲ့ဖူးသော ကမ်းယံလူမျိုးများမှ ကရင်လူမျိုးများဖြစ်လာသည်ဟူ၍လည်းကောင်း၊ ပျူလူမျိုးများအား ယနေ့ ပိုးကရင်ဖြစ်လာသည်ဟူ၍လည်းကောင်း ယူဆကြသည်။ ယနေ့ရခိုင်ပြည်နယ်ဒေသတစ်ချို့တွင် ကမ်းယံ လူမျိုးအနည်းငယ်ကို တွေ့နိုင်ရာ ယင်းတို့မှာ ကရင်လူမျိုးများနှင့်မတူကြောင်းကိုလည်းကောင်း၊ ပျူလူမျိုးများသည် ပျောက်ကွယ်သွားပြီဟု သမိုင်းပညာရှင်အချို့က ယူဆကြသော်လည်း အမှန်မှာ ယနေ့တိုင်အောင် ပျူလူမျိုးတို့၏ အဆက်အနွယ်ကို ပဲခူးတိုင်းအနောက်ဖက်ခြမ်းနှင့် ပြည်မြို့တစ်ဖက်တွင် အနှံ့အပြားတွေ့ရှိနိုင်ပါသည်။ သို့ရာတွင် ထိုသူတို့အားလုံးမှာ သူတို့ကိုယ်တိုင် မြန်မာလူမျိုးများဟု ယုံကြည်ကြပြီး မြန်မာလူမျိုးများအသွင်သို့ လုံးဝပြောင်းလဲသွားခြင်းသာဖြစ်သည်။ သို့သော် မြန်မာစစ်စစ်များ နှင့် အရောင်အသွေးမတူခြင်း၊ စကားပြောရာတွင် အသံဝဲပုံ တစ်မျိုးတစ်ဖုံထူးခြားခြင်းတို့ ကြောင့် ပျူလူမျိုးများကို ပိုးကရင်ဖြစ်လာသည်ဆိုသော ယူဆချက်မှာ မမှန်နိုင်ပါ။ သို့ရာတွင် ရှေးပျူယဉ်ကျေးမှုထွန်းကားချိန်တွင် ပျူလူမျိုးများနှင့် ပိုးကရင်အနွယ်အဝင်များတို့ ရောနှော ခဲ့ကြသည့် လက္ခဏာအထောက်အထားကား ထည့်သွင်းစဉ်းစားရပေမည်။ အဘယ့်ကြောင့်ဆိုသော် ယနေ့ကရင်လူမျိုးတို့၏ ရိုးရာဓလေ့အချို့သည် ထိုခေတ် ပျူယဉ်ကျေးမှု အချို့တို့နှင့် နီးစပ်သည်ကို တွေ့ရှိနိုင်ခြင်း၊ မည်လည်သမိုင်းတွင် ပျူမင်း များ ဟူသော အရေးအသားနှင့်ပတ်သက်၍ ပျူမှာ လူမျိုးများကို ဖော်ပြရာဖြစ်သကဲ့သို့ ပြုံး ဟူသော အခေါ်မှာ မြန်မာစကားသံအရ ယရစ်သံပျက်ဖြစ်၍ ပရုံး ဟူသောအသံထွက်ပြီး သံမှန်အနေအထားသို့လေ့လာပါက ပရုံး ဖလုံး ဖလုံ ဟူသော အသံများရဲ့ မူလဇစ်မြစ်ဖြစ်နိုင်ပြီး ယင်းအခေါ်သည် ယနေ့ ပိုးကရင် တို့ မိမိကိုယ်ကိုခေါ်သော ဖလုံ ဟူသော အခေါ်နှင့် အသံထွက်တူသည်ကို တွေ့ရသည်။ ထို့အပြင် နိုင်ငံခြားသားများ၏ မှတ်တမ်းဝင်အခေါ်အရ ပြည်မြို့ကို ပရုံး ဟုခေါ်ခြင်းသည် ယင်း ဒေသတွင် တစ်ချိန်က ယနေ့ ဖလုံ ခေါ်သော ပိုးကရင်လူမျိုးစုတို့ နေထိုင်ရာ ဒေသအဖြစ်ဖြင့် ထင်ရှားခဲ့ကြောင်းကို ရှေးကရင်လူကြီးများအဆိုနှင့် ယှဉ်ပြီးသိနိုင်ပါသည်။ မြန်မာသမိုင်းတွင် ပါရှိသည့် မွန် မြန်မာတို့ နှစ်ပေါင်း (၄၀) စစ်ပွဲကာလတွင် မြန်မာမင်းများ၏ အရှေ့ဘက်စစ်ကြောင်းဖြစ်သော စစ်တောင်းမြစ်ဝှမ်းတစ်လျှောက်တွင် အများစုနေထိုင်သော စကောကရင် လူမျိုးစုများကို မြန်မာမင်းတို့၏ စစ်တပ်များတွင် ပါဝင်စေခြင်းဖြင့်လည်းကောင်း၊ မွန်မင်းများကြီးစိုးရာ ဒေသဖြစ်သော မြစ်ဝကွန်းပေါ်နှင့် အောက်ပိုင်းရှိ ပိုးကရင်လူမျိုးစုများကို မွန်မင်းများ၏ စစ်တပ်တွင် ပါဝင်စေခြင်းဖြင့် လည်းကောင်း၊ ကရင်လူမျိုးနှစ်စုအား မွန် မြန်မာတို့က ခွဲခြားခေါ်ဝေါ်ခြင်းဖြင့် စကောကရင်အုပ်စုကို မြန်မာကရင်များ၊ ပိုးကရင်အုပ်စုကို မွန်ကရင် သို့မဟုတ် တလိုင်းကရင်များဟူ၍လည်းကောင်း ယနေ့တိုင်အောင် တစ်ချို့ခေါ်ဝေါ် နေကြသေးသည်။ သုတေသီတစ်ချို့က တောင်ငူမင်းဆက်ကို ကရင်လူမျိုးတို့ စတင်တည်ထောင်ကြောင်း အဆိုရှိကြသည်။ ယင်းအဆိုမှာ များစွာ လျှော်ကန်လှပေသည်။ အကြောင်းမှာ မွန်-မြန်မာစစ်ပွဲ ကာလတွင် စကောကရင်လူမျိုးစုတို့သည် စစ်ရေး အုပ်ချုပ်ရေးအတွေ့အကြုံနှင့် နယ်မြေဒေသ စုစည်းနေထိုင်မှုများကြောင့် တောင်ငူမင်းဆက်ကို စတင်တည်ထောင်ရန် အင်အားအထူးကောင်းမွန်လျက်ရှိမည်မှာမလွဲပေ။ မည်သို့ပင်ဆိုစေကာမူ သမိုင်းတွင် ကရင်လူမျိုးတို့ မှတ်တမ်းမဝင်သည်မှာ ကရင်လူမျိုးတို့၏ အေးဆေးစွာ နေထိုင်လိုသောစိတ်ဓာတ်နှင့် စည်းလုံးညီညွတ်မှု အားနည်းသော သဘာဝတို့ကြောင့် အခြားလူမျိုးများ၏လက်အောက်တွင် ကာလကြာမြင့်စွာ နေထိုင်ကြရကာ မိမိတို့ဓလေ့ထုံးစံတစ်ချို့ နှမျောဖွယ်ရာ ဆုံးရှုံးရခြင်းနှင့် တစ်ဒေသနှင့်တစ်ဒေသ ဆက်သွယ်ရန် ဝေးလံခက်ခဲသော နေရာဒေသများတွင် နေထိုင်ကြရလေသည်။ လူမျိုးစုများ[ပြင်ဆင်ရန်] ကရင်လူမျိုးတွင် စကောကရင် နှင့် ပိုးကရင် ဟူ၍ အဓိကလူမျိုးစုကြီး ၂ စုရှိသည်။ ထိုလူမျိုးစုကြီး ၂ စုမှာ ဓလေ့စရိုက် နှင့် အသုံးပြုသော ဘာသာစကားတွင် ကွဲပြားခြားနားမှုများရှိသည်။ စကောကရင်လူမျိုးများသည် ယောက်ျားလေးများ၏ အမည်ရှေ့တွင် 'စော' တပ်၍ ခေါ်ဝေါ်လေ့ရှိကြပြီး မိန်းကလေးအမည်ရှေ့တွင် 'နော်' တပ်၍ ခေါ်ဝေါ်လေ့ရှိကြသည်။ ပိုးကရင်လူမျိုးများမှာမူ ယောက်ျားလေးများ၏ အမည်ရှေ့တွင် 'မန်း' တပ်၍ ခေါ်ဝေါ်လေ့ရှိကြပြီး မိန်းကလေးအမည်ရှေ့တွင် 'နန့်' တပ်၍ ခေါ်ဝေါ်လေ့ရှိကြသည်။ ကရင်နှစ်သစ်ကူးနေ့နှင့် ကရင်သက္ကရာဇ်[ပြင်ဆင်ရန်] ကရင်နှစ်သစ်ကူးနေ့ သလေး၊ ထိုင်ခေါက်ဖိုး၊ ပြာသိုလဆန်း (၁) ရက်သည် ၁၉၃၈ ခုနှစ်တွင် ပေါ်ပေါက်လာ၏။ ဂေဇက်ဝင် နိုင်ငံတော်ရက်အားနေ့ဖြစ်၍ နိုင်ငံတဝှမ်းလုံးရှိ ကျောင်းများ၊ ရုံးများ၊ အလုပ်ရုံများ၊ ဘဏ်တိုက်ကြီးများ ပိတ်ကြရ၏။ ပြည်သူလူထုအားလုံး ဝမ်းသာအားရဖြစ်၍ မဆုံးနိုင်ပေ။ နောင်လည်း ကရင်နှစ်သစ်ကူး ပွဲတော်နေ့သည် နှစ်စဉ်လာဦးမည် ဖြစ်သောကြောင့် မင်္ဂလာကျက်သရေရှိသော နိုင်ငံတော်ရက်အား တရက်ပိုလာမည်ဖြစ်ရကား လုပ်သားပြည်သူလူထု ကျောင်းသား ကျောင်းသူတို့ ဝမ်းမြောက်၍ မဆုံးနိုင်ပေ။ အချို့သော ကရင်အမျိုးသားတို့ကား မိမိတို့ အမွေအနှစ်ဖြစ်သည့် ပျောက်ကွယ် တိမ်မြုပ်နေသော နေ့ထူးနေ့မြတ်ကို ပြန်လည်ရရှိကြသဖြင့် မည်မျှပီတိဖြစ်သည်ကို စာအားဖြင့် ရေးသားဖော်ပြခြင်းငှာ မစွမ်းနိုင်ပေ။ ကရင်နှစ် သစ်ကူးနေ့နှင့်အတူတကွ ကရင်သက္ကရာဇ် ပါလာ၏။ ၎င်း သက္ကရာဇ်မှာ အံ့ဩဘွယ်ရာ ဖြစ်နေပေသည်။ ကမ္ဘာသုံးသက္ကရာဇ် ၁၉၈၀ ထက် အသက် ၇၃၉ နှစ်ကြီးနေရကား ကရင်လူမျိုးတို့သည် ကမ္ဘာအံ့ဖွယ်တခုကို တီထွင်လိုက်ခြင်းဖြစ်နေသည်ဟု ဆိုကြသည်။ အံ့ဩကြသည်။ ဟာသပြုကြသည်။ သို့သော် ဟာသပြုထိုက်၊ ဆိုထိုက်၊ အံ့ဩထိုက်ပေသည်။ တွေးလေ၊ တွေးလေ၊ ပို၍ပင် အံ့ဩဆန်းကြယ်လေပင် မဟုတ်ပါလော။ ကရင်အမျိုးသားနေ့ဖြစ်ပေါ်လာပုံ[ပြင်ဆင်ရန်] ၁၉၄၈ ခုနှစ်ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် KNU ကရင်အမျိုးသားအစည်းအရုံးက ဖဆပလ အစိုးရထံ ကရင်ပြည်ပြန်ပေးဖို့ရန် စာရေးတောင်းဆိုခဲ့သည်။ စာကို တလအတွင်း (၁၉၄၈) ခုနှစ်၊ မတ်လ (၃) ရက်နေ့နောက်ဆုံးထားပြီး ဖဆပလ အစိုးရမှ KNU ထံ အကြောင်းပြန်ရန်၊ ပြန်စာမရရှိပါက (သို့မဟုတ်) ကရင်ပြည်ပြန်ပေးဖို့ရန် ငြင်းဆိုပါက ကရင်အမျိုးသားများ ခြေတလှမ်း တက်လှမ်းမည်ဟု ပါရှိပါသည်။ ကရင်ပြည်တောင်းဆိုစာ ပိုမိုလေးနက်စေရန် ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့၌ မြန်မာတပြည်လုံးရှိ ကရင်အမျိုးသားများအားလုံး ကရင်ပြည်လိုလားကြောင်း မြို့ပေါ်တက်၍ ကရင်လူထူဆန္ဒပြပွဲ ကျင်ပရန် ဆုံးဖြတ်ခဲ့ကြသည်။ ယင်ဆုံးဖြတ်ချက်အတိုင်း (၁၉၄၈) ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့တွင် မြန်မာပြည်တပြည်လုံးရှိ ကရင်အမျိုးသားများမြို့ ပေါ်တက်၍ ကရင်ပြည်လိုလားကြောင်း ကရင်လူထူဆန္ဒပြပွဲ ကျင်းပလေသည်။ အောက်မြန်မာပြည် ကရင်အများစု ရှိရာ ဒေသများတွင်သာမက မြောက်ဖက်မြစ်ကြီးနားမှ တောင်ဘက် မြိတ်မြို့ အထိ၊ ရှမ်းပြည်နယ်တွင် နမ့်ခမ်း၊ ကွတ်ခိုင်၊ လားရှိုး၊ တောင်ကြီး၊ ကျိုင်းတုံ၊ မြန်မာပြည်အလယ်ပိုင်းတွင် မိတ္ထီလာ၊ ချောက်၊ ရေနံချောင်း စသည်ဖြင့် တပြည်လုံးတွင် ဆန္ဒပြကြသည်။ ရန်သူ ဖဆပလ မှလည်း ခြိမ်းခြောက်နှောက်ယှက်တားမြစ်ခြင်းကို အမျိုးမျိုးပြုလုပ်ခဲ့သည်။ သို့သော် နှောက်ယှက်တားမြစ်ခြင်း အမျိုးမျိုးကြားမှ ကရင်တမျိုးသားလုံး (၂) ရက်၊ (၃) ရက် ခရီးများချီတက်၍ ဆန္ဒပြရာ ကရင်အမျိုးသား၊ အမျိုးသမီးပေါင်း (၄) သိန်းကျော် အသံတိတ် ဆန္ဒပြ၍ ထိုနေ့ရက်အထိ မြန်မာပြည်သမိုင်းတွင် အကြီးမားဆုံး ဆန္ဒပြပွဲဖြစ်ခဲ့သည်။ ကရင်အမျိုးသားများသည် ကြွေးကြော်သံ (၄) ချက်ဖြင့် ချီတက်ဆန္ဒပြခဲ့ကြသည်။ ထင်ရှားသော ကရင်လူမျိုးများ[ပြင်ဆင်ရန်] - နိုင်ငံတော်သမ္မတကြီး မန်းဝင်းမောင် - ကရင် အမျိုးသား အစည်းအရုံး ၏ ပထမဆုံး ခေါင်းဆောင် စောဘဦးကြီး - အာဇာနည် ခေါင်းဆောင်ကြီး ဝန်ကြီးမန်းဘခိုင် - ဗိုလ်ချုပ်ကြီးစောဘိုမြ - ပဒို စောဘသင်စိန် - ပဒိုမန်းရှာလားဖန်း - ဗိုလ်မှူးကြီးစောနယ်ဒါးမြ - ဗိုလ်ကြီးစောနေစိုးမြ - နော်လွီဇာ ဘင်ဆင် ကရင်အမျိုးသားအလံတော်[ပြင်ဆင်ရန်] ၁၉၃၆ ခုနှစ် ဒေါက်တာဘမော်၏ ညွန့်ပေါင်းအစိုးရလက်ထက်တွင် ကရင်အမျိုးသားအမျိုးသား အဖွဲ့ချုပ်ကြီး၏ ဆုံးဖြတ်ချက်အရ လွှတ်တော်အတွင်းရှိ ကရင်အမတ်များသည် - ကရင်နှစ်သစ်ကူးနေ့(ကရင်အမျိုးသားနေ့) - ကရင်အမျိုးသားသီချင်း - ကရင်အမျိုးသားအလံတော် စသည်တို့ကို တောင်းဆိုခဲ့ကြသည်၊၊ ဤတောင်းဆိုချက်များရရှိသောအခါ ကရင်အမျိုးသားအဖွဲ့ချုပ်ကြီးသည် ကရင်ခေါင်းဆောင်များနှင့်ကရင်အမျိုးသားများထံ “ ကရင်အမျိုးသားအလံ” ပုံစံများရေးစွဲ၍ တင်ပို့ကြရန်မေတ္တာရပ်ခံခဲ့သည်။ ကရင်အမျိုးသားအဖွဲ့ချုပ်ကြီး၏ မေတ္တာရပ်ခံချက်အရ အနယ်နယ်အရပ်ရပ်ရှိ ကရင်အမျိုးသားများ ထံမှ အလံပုံစံပေါင်း တစ်ရာကျော်ရောက်ရှိလာခဲ့သည်။ ။ ကရင်အမျိုးသားအဖွဲ့ချုပ်ကြီးသည် ရှောက်ရှိလာသော ကရင်အလံပုံစံတစ်ရာအနက်မှ အလံပုံစံ ၁၂ ခုကို ပဏာမအဆင့် ရွေးချယ်လိုက်သည်။ ထိုမှတဆင့် (၁၂) ခုအနက်မှစိတ်ကြိုက် (၃) ခုကို ထပ်မံရွေး ချယ်ခဲ့သည်။ နောက်ဆုံး (၃) ခုမှ အသင့်တော်ဆုံးအကြိုက်ဆုံးတစ်ခုကို အတည်ပြုရွေးချယ်ခဲ့သည်။ ဤကဲ့သို့ နောက်ဆုံးအတည်ပြုရွေးချယ်လိုက်သောအလံမှာ မန်းဘခင်(ဝန်ကြီးဟောင်း) ရေးဆွဲသောအလံပုံစံပင်ဖြစ်သည်။ ယခုတရားဝင်အတည်ပြုသုံးစွဲနေသောအလံတော်သည် ဤအလံပင်ဖြစ်သည်။ အနီရောင်၊ အဖြူရောင်၊ အပြာရောင် သုံးရောင်ခြယ်ပေါ်တွင် တက်သစ်စနေဝန်းနှင့် ဖားစည်ပါရှိသော အလံသည် ကရင်အမျိုးသားအလံပင်ဖြစ်သည်။ ဤကဲ့သို့ အနီ၊ အဖြူ၊ အပြာ သုံးရောင်ခြယ်နှင့် တက်သစ်စနေဝန်း ဖားစည်ပါရှိသော အလံနှင့်ပတ်သက်၍ အဓိပ္ပယ် အနှစ်သာရကို အလံပုံစံရှင် မန်းဘခင်သည် အောက်ပါအတိုင်း အဓိပ္ပယ်နှင့်အနှစ်သာရကို ဖော်ဆောင်ထားပေသည်။ - အလံတော်၏ အနီရောင်သည် ကရင်အမျိုးသားများ၏ ရဲရင့်ခြင်းနှင့်သူရသတ္တိပြည့်စုံခြင်းကို ဖော်ဆောင်သည်။ - အလံတော်၏ အဖြူရောင်သည် ကရင်အမျိုးသားများ၏ဘဝနှင့် စိတ်ထားများဖြူစင်သန့်ရှင်း စင်ကြယ်ခြင်းကို ဖော်ဆောင်ထားသည်။ - အလံတော်၏အပြာနုရောင်သည် ကရင်အမျိုးသားများ၏ ဖြောင့်မတ်တည်ကြည်ခြင်းနှင့်သစ္စာရှိခြင်းကို ဖော်ဆောင်ထားသည်။ - အလံတော်၏ တက်သစ်စနေဝန်းသည် ကရင်အမျိုးသားများ၏ လူမှုရေးဘဝတိုးတက်သာယာရေးကိုဖော် ဆောင်ထားသည်။ - အလံတော်၏ ဖားစည်သည် ကရင်အမျိုးသားများ၏ ယဉ်ကျေးမှုနှင့်သာယာဝပြောခြင်းကို ဖော်ဆောင်ထားသည်။ ကရင်အမျိုးသားများသည် ကရင်အမျိုးသားအလံတော်ကို လူထုအစည်းအဝေးပွဲများနှင့်ကရင်အမျိုးသားနှစ်သစ် ကူးနေ့ အခမ်းအနားများတွင် ပြည်ထောင်စုအလံတော်နှင့်ယှဉ်တွဲ၍ စိုက်ထူကြသည်။ ကရင်လူမျိုးစု[ပြင်ဆင်ရန်] တိုင်းရင်းသား ကရင်လူမျိုးစု (၁၁)စု ရှိသည်။ အက္ခရာစဉ်အတိုင်း စဉ်ထားသည်။ - ကရင်ဖြူလူမျိုး - ကရင်လူမျိုး - စကောကရင်လူမျိုး - တလှေပွာလူမျိုး - ပကူးလူမျိုး - ပလေကီးလူမျိုး - ပိုးကရင်လူမျိုး - ဘွဲလူမျိုး - မိုးပွလူမျိုး - မောနေပွားလူမျိုး - မွန်ကရင်လူမျိုး
<urn:uuid:93e73d57-0bc4-4b59-af50-071f99754d83>
CC-MAIN-2015-27
https://my.wikipedia.org/wiki/%E1%80%80%E1%80%9B%E1%80%84%E1%80%BA%E1%80%9C%E1%80%B0%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8
2015-07-02T12:34:42Z
s3://commoncrawl/crawl-data/CC-MAIN-2015-27/segments/1435375095557.73/warc/CC-MAIN-20150627031815-00160-ip-10-179-60-89.ec2.internal.warc.gz
mya
0.995408
Mymr
77
{"mya_Mymr_score": 0.9954075217247009}
ဒိဋ္ဌေ ဒိဋ္ဌ မတ္တံ ဆိုတဲ့ အမည် နဲ့ ရွှေဥဒေါင်းရဲ့ စာအုပ် ကို ငယ်စဉ်က ဖတ်ရဖူးတယ်။ အဲ့တုန်းက အဲ့ဒီ ကျမ်းကို အတော်အတန် သဘော ကျခဲ့သလို၊ လက်တွေ့လည်း လိုက်လုပ် ကြည့် ခဲ့ ဖူးတယ်။ ဘဝင်ကျတာ လည်း ရှိသလို၊ မကျတာလည်း ရှိတယ်။ နောက်ပိုင်း အဲ့ဒီ နည်းနာ ကို ထားရစ်ပြီး - နေထိုင်မိသရွေ့အများဆုံးဟာ မိမိ စိတ်ကိုသာ ခဏမလပ် စောင့်ကြည့်နေတဲ့ အကျင့် တစ်ခုတည်းပဲ။ ကျမ်းစာ တို့အရ ဒါကို စိတ္တာနုပဿနာ လို့ ခေါ်ဆိုမယ် ထင်ပါတယ်။ အထူး သဖြင့် မဟာစည် ဆရာတော် ကျမ်းစာ များ ဖတ်ရှုရင်း - နေထိုင်ကြည့် လာတဲ့ အခါ - ဒီနောက် နှစ်များ အတွင်း ကျနော် အနှစ်သက်ဆုံး ဝိပဿနာ နည်းနာ ပုံစံ ဟာ စိတ္တာနုပဿနာ အဝင်အပါ ဖြစ်တဲ့ ဒီ နည်းနာ သာ ဖြစ်လာပြန် တယ်။ သာမာန် ရိုးရိုးအားဖြင့် စိတ်ကို စိတ်အတိုင်း လိုက်ကြည့်နေ တဲ့ အဖြစ်ဟာ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဒီနည်းနာလောက် အနုမစိတ် ဘူး။ သာသာလေး ပဲ လို့ ပြောရမယ် ထင်တယ်။ ဒါပေတဲ့ သတိ စိတ်ပါ များရင် - စိတ္တာနုပဿနာ ဖြစ်စေ၊ အခြား သတိပဌာန် အဘယ်နည်း ဖြစ်ပါစေ - ဒီနည်း ကိုသာ ဆိုက်ရောက် တယ်လို့ ဆိုရမှာပဲ။ ပိဋကတ်၊ ပါဠိ စသည် မကျွမ်းကျင်မှုကြောင့် အခြား ဘယ်နေရာ မှာ ထပ်မံ ညွှန်ပြထားမှု ရှိမရှိ ကျနော် မသိဘူး။ အကြမ်းအားဖြင့်- ဒီ- ဒိဋ္ဌေ ဒိဋ္ဌမတ္တံ နည်း ကို ဂေါတမမြတ်စွာ - ဒေသနာ နှစ်ခု မှာ ဟောထားတယ် လို့ မှတ်သား မိပါတယ်။ တစ်ခုက မာလုကျ ပုတ္တ သုတ် ဖြစ် ပြီး၊ တစ်ခုက ဗာဟိယသုတ် ဖြစ်တယ်။ အခု ဒီ ဗာဟိယသုတ် ရဲ့ အကျဉ်းလောက်ကို မဟာစည်ဆရာတော် ဘုရားရဲ့ နိဗ္ဗာန ပဋိ သံယုတ္တ ကထာ တတိယပိုင်း က ကောက်နုတ် ယူပါတယ်။ ဇာတ်သွား၊ ဇာတ်လမ်း ကို အရှည်ရေးဖို့ မလိုအပ်တဲ့ အတွက် ထားရစ် ခဲ့တယ်။ လိုရင်းက - ဗာဟိယ အမည်ရှိတဲ့ ပုဂ္ဂိုလ် ဟာ တရားနာဖို့ -မြတ်စွာ ဘုရား ရှိရာ ခရီးပြင်းနှင်လာတယ်။ တွေ့တွေ့ချင်း - ဘုရား ဆွမ်းခံကြွနေရာ ခရီးတစ်ဝက်မှာတင် တရား တောင်းတယ်။ ကျမ်းစာ တို့ အရ - မြတ်စွာဘုရားဟာ ဗာဟိယ သုံးကြိမ် သုံးခါ လျောက်ထားပြီးမှ ဒီတရားကို ဟောတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဟော မယ့် ဟောတော့ လည်း- ဝိပဿနာ - ဒီနည်းနာ ကိုသာ တိုက်ရိုက် ဟောထားတာ ဖြစ်ပါတယ်။ ေဇယ် ........................ မဟာစည် ဆရာတော် - နိဗ္ဗာနပဋိသံယုတ္တကထာ တသ္မာတိဟ တေ ဗာဟိယ ဧဝံ သိက္ခိတဗ္ဗံ "ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ၊ သုတေ သုတမတ္တံ ဘဝိဿတိ၊ မုတေ မုတမတ္တံ ဘဝိဿတိ၊ ဝိညာတေ ဝိညာတမတ္တံ ဘဝိဿတီ" တိ၊ ဧဝဥှိတေ ဗာဟိယ သိက္ခိတဗ္ဗံ။ ဗာဟိယ၊ ဗာဟိယ။ တသ္မာ၊ ထိုသို့ တရားဟောရန် တောင်းပန်သောကြောင့်။ ဣဟ၊ ငါဘုရား၏ အဆုံးအမ ဤသာသနာ၌။ တေ၊ သင်သည်။ ဧဝံ သိက္ခိတဗ္ဗံ၊ ဤဆိုလတ္တံ့အတိုင်း ကျင့်ရမည်။ ဒိဋ္ဌေ၊ မြင်သည်၌။ ဒိဋ္ဌမတ္တံ၊ မြင်ရုံမျှသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ သုတေ သုတမတ္တံ ဘဝိဿတိ၊ ကြားသည်၌ ကြားရုံမျှ ဖြစ်လတ္တံ့။ မုတေ မုတမတ္တံ ဘဝိဿတိ၊ နံသိ စားသိ ထိသိ လျက် ရောက်သည် ၌ ရောက်ရုံ မျှ ဖြစ်လတ္တံ့။ ဝိညာတေ ဝိညာတမတ္တံ ဘဝိဿတီ တိ၊ ကြံသိသည်၌ ကြံသိရုံမျှ ဖြစ်လတ္တံ့ ဟူ၍။ ဧဝဥှိ၊ ဤသို့လျှင်။ တေ၊ သင်သည်။ သိက္ခိတဗ္ဗံ၊ ကျင့်ရမည်။ ဒါဟာ ဗာဟိယကို မြတ်စွာဘုရားက အကျဉ်းချုပ် ဟောတဲ့ ဝိပဿနာ တရား ဖြစ်ပါတယ်။ ဝိညာဏ် ၆ ပါး အပြားအားဖြင့် သိပုံကို အကျဉ်းချုံး ပြီး လေးပိုင်းမျှ နဲ့ ဟောထား တယ်။ ရှင်းလဲ ရှင်းတယ်။ ပကတိ လူတွေမှာ မျက်စိဖြင့် အဆင်းကို မြင်တဲ့ အခါ မြင်သိရုံတင် မရပ်ဘူး။ အဲ့ဒီ မြင်ရတဲ့ အဆင်း မြင်သိမှု ၊ မြင်တွေ့မှု၊ မြင် လို့ ကောင်း မကောင်း ခံစားမှုတွေ ကို နှစ်သက်သာယာ မှုလည် ဖြစ်တယ်။ စိတ်ဆိုးပြစ်မှား မှု လည်း ဖြစ်တယ်။ ငါကောင် အနေနဲ့ အထင် မှားမှု လည်း ဖြစ်တယ်။ အဲ့ဒီလို မဖြစ်စေဘဲ မြင်သိရုံမျှတင်ပဲ တည်အောင် ကျင့်ပါ လို့ ဆိုလိုတယ်။ ဒါဟာ "မြင်သည် ၌ မြင်ရုံ မျှ ဖြစ် လတ္တံ့" ဆိုတဲ့ အပိုဒ်ရဲ့ ဆိုလိုတဲ့ အနက် အဓိပ္ပာယ် အကျဉ်း ပဲ ဖြစ်ပါတယ်။ အဲ့ဒီလို မြင်ရုံမျှ တည်စေရမယ် ဆိုတာဟာ ပြောရုံတော့ဖြင့် လွယ်ပါတယ်။ ဒါပေမယ့် တကယ့် လက်တွေ့ လုပ်ဖို့ကတော့ ခက်တယ်။ မရှုမမှတ်ဘဲ ပကတိ အတိုင်း နေရုံ မျှနဲ့တော့ - အဲ့ဒီ အတိုင်း မတည်နိုင်ဘူး။ မြင်ပြီးတာနဲ့ ဘယ်သူ ဘယ်ဝါ စသဖြင့် သိပြီး၊ နှစ်သက်ဖွယ် ဆိုရင် နှစ်သက် သွားတော့တာပဲ။ မုန်းဖွယ် ဆိုရင်လည်း စိတ်ဆိုး၊ ပြစ်မှား၊ ရွံမုန်းသွားတော့တာပဲ။ သာမန် အာရုံဖြစ်ရင်လည်း မြဲတဲ့ အနေ ပုဂ္ဂိုလ် သတ္တဝါ အနေနဲ့ ထင်မှားသွားတော့တာပဲ။ အဲ့ဒီလို မဖြစ်အောင် တားမြစ်ဖို့ ခက်ပါ တယ်။ အလားတူ။ ကြားရုံမျှ၊ နံသိရုံမျှ၊ အရသာ သိရုံမျှ၊ ထိသိရုံမျှ တွင် ရပ်တည်အောင် ထားဖို့ ဆိုတာတွေကလည်း ဝိပဿနာ မရှိဘဲ ထားနိုင်ဖို့ ခက်ပါတယ်။ ကြံသိမှုကို ကြံသိရုံ မျှတင် တည်အောင် ထားဖို့ သာပြီး ခက်ပါတယ်။ ဒါ့ကြောင့် မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း မြင် တယ် မြင်တယ် ကြားတယ် ကြားတယ် စသဖြင့် မပြတ် ရှုမှတ် နေ ရတယ်။ အဲ့ဒီလို ရှုမှတ်နေရာမှာလည်း အားထုတ်ခါစ မှာတော့ မြင်ရာ ကြားရာ က စပြီး ရှုမှတ်လို့ အများအားဖြင့် မဖြစ်ဘဲ ရှိတတ်တယ်။ ဒါ့ကြောင့် ထင်ရှား တဲ့ အတွေ့အထိ တစ်ခုခု က စပြီး ရှုမှတ်ရတယ်။ သတိပဋ္ဌာန် ဒေသနာတော် အရ သွားဆဲမှာ သွားတာကို ရှုမှတ် ရတယ်။ အဲ့ဒါဟာ ခြေထဲ ကိုယ်ထဲက တောင့်တင်း တွန်းကန် လှုပ်ရှားတဲ့ ဝါယောဓာတ် အတွေ့အထိ ရှုမှတ်ရတာပါပဲ။ ရပ်ဆဲမှာ ရပ်တာကို ရှုရတယ်။ ထိုင်ဆဲမှာ ထိုင်တာကို ရှုရတယ်။ တစ်နေရာရာက အထူး ထင်ရှားတဲ့ အတွေ့အထိ တစ်ခုခုကို ရင်လည်း ရှုမှတ် နေရတယ်။ ဘုန်းကြီးတို့ကတော့ ဝမ်းဗိုက်က ဖောင်းတက်လာလိုက် ပိန်ကျ သွားလိုက်နဲ့ အဲ့ဒီ တောင့်တင်း လှုပ်ရှားမှု ကစပြီး ရှုမှတ်ဖို့ ညွှန်ကြား ပါတယ်။ ဒါပေမယ့် အဲ့ဒီ ဖောင်းတာ နဲ့ ပိန်တာ နှစ်ခုထဲတော့ မဟုတ်ဘူး။ ဖောင်းတယ် ပိန်တယ်လို့ ရှုမှတ် နေဆဲမှာ စိတ်ကူး ကြံစည် မှု ဖြစ်လာရင် အဲ့ဒီ ကြံသိမှုကိုလည်း ရှုမှတ် နေရတယ်။ ကိုယ်ထဲ က ညောင်း မှု၊ ပူမှု နာကျင်မှု စတဲ့ မခံသာတဲ့ သဘော တစ်ခုခု ဖြစ် လာရင် အဲ့ဒါကိုလည်း ရှုမှတ်ရတယ်။ လက် ခြေ ကိုယ်အင်္ဂါ လှုပ်ရှား ပြုပြင်မှု ရှိရင် အဲ့ဒီ လှုပ်ရှား ပြုပြင်တာကိုလည်း ရှုမှတ်ရတယ်။ အသံ ကြား တာ ကြည့်တာ မြင်တာတွေ ရှိရင် အဲ့ဒါတွေကိုလည်း ရှုမှတ်ရတယ်။ အတိုချုပ် ပြောရရင်တော့ ကိုယ်အမူအရာ အထူး၊ စိတ်အမူအရာ အထူး၊ ခံစားမှု ဝေဒနာ အထူးများ ထင်ရှား ပေါ်လာရင် အဲ့ဒါတွေကို လည်း ရှုမှတ်ရတယ်။ ဘာမှ အထူး မှတ်စရာ မရှိတဲ့ အခါ ဖောင်းတာ ပိန်တာကို မပြတ် ရှုမှတ်နေရတယ်။ ဒါက ရှုမှတ်ပုံ အကျဉ်းချုပ်ပဲ။ အဲ့ဒီလို ရှုမှတ် နေရင် သမာဓိဉာဏ် ရင့်လာတဲ့ အခါကျတော့ မြင်သည်၌ မြင်ရုံမျှ တည်တာကို ကိုယ်တိုင် တွေ့ရပါလိမ့်မယ်။ ထို့အတူ ကြားသည်၌ ကြားရုံမျှ၊ တွေ့ သည် ၌ တွေ့ရုံမျှ၊ ကြံသိသည်၌ ကြံသိရုံမျှ တည်တာကိုလည်း ကိုယ်တိုင် တွေ့ရပါလိမ့်မယ်။ အဲ့ဒီလို အခါမှာ ကြားတယ်လို့ မှတ်တဲ့အခါ ကြားတာရော၊ သိတာရော ချက်ချင်း ပျောက်သွားတာကို တွေ့လိမ့်မယ်။ သိတယ်လို့ မှတ်တဲ့ အခါ သိတာရော၊ မှတ်တာရော ချက်ချင်း ပျောက်သွားတာကို တွေ့လိမ့်မယ်။ နာတယ် နာတယ် စသဖြင့် မှတ်တဲ့ အခါ များမှာလည်း နာမှု အစရှိတဲ့ ဝေဒနာရော၊ မှတ်သိတာရော၊ ချက်ချင်း ပျောက် ပျောက်သွား တာကို တွေ့လိမ့်မယ်။ မြင်တယ် မြင်တယ်လို့ စူးစိုက်ပြီး ရှုမှတ် နေ ရင်း မြင် တာရော မှတ်သိတာရော ချက်ချင်း ပျောက်ပျက် သွားတာ ကို တွေ့လိမ့်မယ်။ အဲ့ဒီလို တွေ့ရတဲ့ အခါ- "ဖြစ်ပြီး ပျောက် သွား တာကြောင့် မမြဲဘူး" လို့ သိတဲ့ အနိစ္စာနုပဿနာ ဉာဏ်လည်း ဖြစ်တယ်။ "ဖြစ်ချည် ပျက်ချည် မို့ ဆင်းရဲ ချည်းပဲ" လို့ သိတဲ့ ဒုက္ခာ နုပဿနာ ဉာဏ်လည်း ဖြစ်တယ်။ "သူ့သဘော အတိုင် သူ ဖြစ်ပျက် နေတဲ့ သဘောတရားမျှပဲ" လို့ သိတဲ့ အနတ္တာနုပဿနာ ဉာဏ် လည်း ဖြစ်တယ်။ အဲ့ဒီလို သိမြင်တော့ ရှုမှတ်တိုင် ရှုမှတ်တိုင်း နိစ္စ၊ သုခ၊ အတ္တ အစွဲအလမ်းတွေ ကင်းတယ်။ ဒီနေရာမှာ ဗာဟိယက ပါရမီ ထူးသူဖြစ်တာကြောင့် အဲ့ဒီ တရား နာနေစဉ်မှာပဲ မြင်မှု၊ကြားမှု၊ သိမှု စသည်ကို ရှုပြီး ထူးခြားတဲ့ ဝိပဿနာ ဉာဏ် တွေ သူ့မှာ ဖြစ်တယ်။ အဲ့ဒီ ဖြစ်ပုံကို - တတော တွံ ဗာဟိယ နေဝိဓ န ဟုရံ န ဥဘယမန္တရေန၊ ဧသေဝန္တော ဒုက္ခဿ။ ~ လို့ ဟောပါတယ်။ ဗာဟိယ၊ အသင် ဗာဟိယ။ တတော၊ ထိုသို့ မြင်မှု၊ ကြားမှု စသည်တို့တွင် ငြိတွယ်လျက် မတည်သော အခါ ၌။ တွံ၊ သင်သည်။ နေဝ ဣဓ၊ ဤလောက ၌လည်း မရှိတော့။ နဟုရံ၊ အခြားလောက ၌ လည်း မရှိတော့။ န ဥဘယ မန္တ ရေန၊ ဤလောက အခြားလောက၊ နှစ်ပါးလုံး၌ လည်း မရှိတော့။ ဧသေဝ၊ ဤလောက အခြားလောက တို့၌ သင် မရှိတော့ခြင်း ဟူသော ဤ သဘော သည်ပင်လျှင်။ ဒုက္ခဿ၊ ကိလေသာ ဝဋ် ဆင်းရဲ၏။ အန္တော၊ အဆုံး အပိုင်းအခြား နိဗ္ဗာန် ဖြစ် ၏။ မြင်မှု၊ ကြားမှု စသည်တို့မှာ တဏှာ၊ မာန၊ ဒိဋ္ဌိ တို့နဲ့ ငြိတွယ်ခြင်း မရှိတော့တဲ့ အခါ - အဲ့အခိုက် ကို ကိလေသာ ငြိမ်းတယ်လို့ ခေါ်ပါမယ်။ ကိလေသာ ကင်းရင် - "ဤလောက၊ အခြားလောက" ဘယ်လောက မှာမှ တည်ရှိ မနေဘူးလို့ ဆိုလိုတယ်။ ဒါဟာ ပရိနိဗ္ဗာန် မပြုခင် (ဤ ခန္ဓာ ဤ ရုပ်နာမ် မချုပ်ငြိမ်းခင်) လတ်တလော ချုပ်ငြိမ်း မှု - သဥပါဒိသေသ နိဗ္ဗာန် ဖြစ်ပါတယ်။ ကိလေသာ ကင်းခြင်းကြောင့် ကံဟာ ဘဝသစ် အကျိုး မပေးနိုင် ဘူး။ ဒါ့ကြောင့် ပရိနိဗ္ဗာန် စုတိ ရဲ့ နောက် ကာလ အတွင်း - ဤလောက မှာလည်း မဖြစ်၊ အခြားလောက မှာလည်း မဖြစ်၊ ဘယ်လောကမှာမှ မဖြစ်၊ မရှိဘူး။ အဲ့ဒီ မဖြစ်- မရှိတော့ခြင်း ဟာ အနုပါဒိသေသ နိဗ္ဗာန် ဖြစ် ပါတယ်။ တစ်နည်း - ဆင်းရဲ ရဲ့ အဆုံးသတ် ပဲ လို့ ဆိုလို တယ်။ ~ မဟာစည် ဆရာတော်၊ နိဗ္ဗာန ပဋိသံယုတ္တကထာ (နှာ -၁၃၃ - ၁၃၈) ကြည့်နှုန်း= 268 မှတ်ချက်ပေးရန်.--(ဗုဒ္ဓ၏ အဆုံးအမကိုလိုက်နာသောလူသားတစ်ယောက်ဖြစ်ပါစေ။)
<urn:uuid:017ebfab-f615-4fc1-a6d6-5245a1aab6b3>
CC-MAIN-2015-27
http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:240623
2015-07-05T21:02:40Z
s3://commoncrawl/crawl-data/CC-MAIN-2015-27/segments/1435375097710.59/warc/CC-MAIN-20150627031817-00190-ip-10-179-60-89.ec2.internal.warc.gz
mya
0.965384
Mymr
77
{"mya_Mymr_score": 0.9653835892677307, "blk_Mymr_score": 0.034210629761219025}
တင်န်ပို ဂီတပညာတွင် တင်န်ပို (tempo) ဆိုသည်မှာ သီချင်း သို့မဟုတ် ဂီတသံစဉ်၏ အမြန်နှုန်းကို ခေါ်ဆိုခြင်း ဖြစ်သည်။ အီတလီဘာသာတွင် အချိန် ရွေ့လျားမှုဟု အဓိပ္ပာယ်ရသည်။ တင်န်ပိုသည် ရေးစပ်သီကုံးမှု၏ အရေးကြီးသော အစိတ်အပိုင်း ဖြစ်ပြီး ၄င်းမှာ သီချင်းနှင့် ပတ်သက်သော ခံစားမှုနှင့် ရေးသားရန် ခက်ခဲခြင်းအပေါ်တွင် အကျိုးသက်ရောက်မှု ရှိနိုင်သည်။
<urn:uuid:b488a392-af43-4562-8486-910416519f8a>
CC-MAIN-2015-27
https://my.wikipedia.org/wiki/%E1%80%90%E1%80%84%E1%80%BA%E1%80%94%E1%80%BA%E1%80%95%E1%80%AD%E1%80%AF
2015-07-01T23:11:58Z
s3://commoncrawl/crawl-data/CC-MAIN-2015-27/segments/1435375095273.5/warc/CC-MAIN-20150627031815-00093-ip-10-179-60-89.ec2.internal.warc.gz
mya
0.999476
Mymr
61
{"mya_Mymr_score": 0.99947589635849}
မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးသမိုင်းဟာ ၁၉၄၈ မတိုင်မီက မြန်မာနိုင်ငံမှာ High Court သာရှိပြီး အယူခံကိုတော့ အိန္ဒိယနဲ့ အင်္ဂလန်ကိုသွားရတယ်။ အဆင့်အနေနဲ့တော့ နိမ့်တာပေါ့။ ၁၉၄၈ လွတ်လပ်ရေးရပြီးတော့ မြန်မာတရားစီရင်ရေးက Common Law Family ထဲမှာပါပြီး တရားစီရင်ရေးဆိုင်ရာ ဥပဒေအခြေခံ မူသဘောတရားတွေ (Legal Principles) နဲ့အညီ ဆောင်ရွက်ခဲ့ကြတယ်။ ဟိုခေတ်က ဥပဒေပညာသင်တဲ့ သူတွေကလည်းများတော့ တတ်ကျွမ်းကြတယ်။ လူအများစုကလည်း တရားစီရင်ရေးအပေါ် လေးစားကြတယ်။ အုပ်ချုပ်ရေးပိုင်းက မတရားဆောင်ရွက်တာတွေကို တရားစီရင်ရေးက ကြပ်မတ် ထိန်းသိမ်းပေးရတယ်။ ၁၉၆၂ တော်လှန်ရေးကောင်စီ တက်တော့ အခြေအနေက တဖြည်းဖြည်း လျော့လျဲလာတယ်။ ဒါပေမယ့် တရားစီရင်ရေးကို အာဏာရှင်ကြီး ဦးနေဝင်း ကျော်လို့မရခဲ့ဘူး။ အဲဒီလို ကျော်လို့မရတဲ့အတွက် ဖျက်ဆီးပစ်လိုက်ပါတယ်။ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥဒေအသစ် ရေးဆွဲတယ်။ ပြီးတော့ ပြည်သူ့တရားစီရင်ရေးဆိုပြီး ဥပဒေက မည်သို့ပင်ဆိုစေကာမူဆိုတဲ့ သဘောတရားနဲ့ နင်းချေခဲ့ပါတယ်။ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပြည်သူ့တရားစီရင်ရေးကလည်း ပြည်သူ့အကျိုးပြု တရားစီရင်ရေး မဖြစ်ခဲ့ပါဘူး။ တရားစီရင်ရာမှာ အဆင်ပြေအသုံးတည့်မယ့် ကျင့်ထုံးဥပဒေတချို့ကို သုံးတယ်။ သုံးရင်း အဆင်မပြေတဲ့အခါကျတော့ မည်သည့်ဥပဒေက မည်သို့ပင်ဆိုစေကာမူဆိုပြီး ကိုယ်သဘောကိုယ်ဆောင်ပြီး တရားစီရင်တယ်။ ၁၉၈၈ မှာတော့ ပြည်သူ့တရားစီရင်ရေးဟာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်နဲ့အတူ ပြောင်းလဲသွားပါတယ်။ နဝတ/နအဖ ခေတ်တွေမှာ တရားစီရင်ရေးဆိုတာ အုပ်ချုပ်သူတွေရဲ့ တခါတရံ လက်ကိုင်တုတ်၊ တခါတရံ အသုံးချခံ အဆင့်ပါပဲ။ ထောက်လှမ်းရေး တပ်စွယ်မှူးဆိုတဲ့ ကြောက်လိုက်ရတဲ့ တပ်ကြပ်အဆင့်လောက်ကို မောင်မောင်ဘဘ ခေါ်ကြတဲ့အခြေအနေ၊ လွတ်လပ်တဲ့ တရားစီရင်ရေးဆိုတာ လူကြားကောင်း တရားနာကြားကောင်းရုံ အသုံးအနှုန်းသာ ဖြစ်ပါတယ်။ တရားစီရင်ရေးရဲ့ အခြေခံမူတွေ သဘောတရားတွေကလည်း စာအုပ်ထဲမှာ အိပ်ပျော်နေရတာ လေဖြတ်တဲ့လူနာ အိပ်ယာပူနာ ရတော့မယ့် အတိုင်းပါပဲ။ ၁၉၈၈ အရေးအခင်းပြီးလို့ နဝတ စစ်အစိုးရလက်ထက်မှာ တိုင်းပြည်ပျက်စီးရတာဟာ ဝန်ထမ်းတွေ အကျင့်ပျက်လို့ လာဘ်စားလို့ဆိုပြီး ထမင်းရည်ပူကို လျှာလွှဲခဲ့ကြတယ်။ ခေါင်းဆောင်မှုညံ့ဖျင်းတာ၊ အရာရှိကြီးကြီးပိုင်းတွေ အကျင့်ပျက် ခြစားတာတွေတော့ တတ်နိုင်သမျှ နည်းနိုင်သမျှ နည်းနည်းပဲ ဖော်ပြခဲ့ကြပါတယ်။ တရားစီရင်ရေးကသာ အုပ်ချုပ်ရေးရဲ့ မတရားမှုတွေကို တည့်မတ်အောင် ဆောင်ရွက်နိုင်ခဲ့မှုတွေကို သာဓကယူပြီး တရားစီရင်ရေးရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို အုပ်ချုပ်ရေးပိုင်း တနည်းအားဖြင့် နဝတ/နအဖ ထိပ်ပိုင်းခေါင်းဆောင်တွေ ဝန်ကြီးတွေထက် ရာထူးနိမ့်သူ ဒါမှမဟုတ် သြဇာနာခံတဲ့သူတွေကိုပဲ နေရာပေးခဲ့တယ်။ ဥပဒေကျွမ်းကျင်သူတွေ၊ တရားစီရင်ရေးကို နားလည်သူတွေကိုတော့ လိုအပ်သလို အသုံးတော်ခံရအောင် ထားတယ်။ အထက်ရောက်နေတဲ့ စစ်ဗိုလ်တရားသူကြီးတွေအပြင် အလယ်အလတ် အပါးတော်မြဲ စစ်ဗိုလ်တွေကလည်း ရာထူးယူဖို့၊ နေရာယူဖို့၊ အတွင်းသတင်းပေးဖို့ အတူတကွ ပါလာကြပါတယ်။ နဝတ/နအဖ ခေတ်မှာ အာဏာရှင် စစ်ဗိုလ်တွေ၊ အာဏာရစစ်ဗိုလ်တွေ အပေါင်းပါတွေ၊ အပါးတော်မြဲတွေရဲ့ အသုံးချခံ တရားစီရင်ရေးဟာ အာဏာရှင်တွေ စိတ်တိုင်းကျရေးဆွဲတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာလည်းပဲ အနင်းချေခံ၊ အသုံးချခံပါပဲ။ စဉ်းစားကြည့်လေ၊ ခေတ်အဆက်ဆက် တရားစီရင်ရေး ဆောင်ရွက်ခဲ့တဲ့ တရားရုံးချုပ် အဆောက်အဦကို ဟိုတယ်လုပ်လိုက်တယ်၊ နေရာ မပေးပုံများကတော့ တရားစီရင်ရေးဆိုတာ ဟိုတယ်လုပ်ငန်းလောက် အရေးမပါဘူးပေါ့။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေလို့ အမည်တွင်စေတဲ့ ဥပဒေကို အာဏာရှင်တွေ စိတ်ကြိုက်ရေးဆွဲခဲ့ပြီး အချိန်တွေလည်း အတော်ယူခဲ့တာ မဟုတ်လား။ မပြီးနိုင်မစီးနိုင် ရေးဆွဲနေတဲ့ ဖွဲ့စည်းပုံအခြေခံ ဥဒေကြီးက ပြီးချင်တော့လည်း ချက်ချင်းပြီးသွားတာပါပဲ။ ဘယ်တုန်းကမှ ပြည်သူလူထုကို အလေးထားတာ မရှိခဲ့ပါဘူး။ အဲဒီ ဖွဲ့စည်းပုံဥပဒေကို အတည်ပြုပြန်တော့လည်း အတည်ပြုကြောင်း အမှန်မခြစ်ရင်ဖြင့် ဝန်ထမ်းဆိုရင် အလုပ်ပြုတ်နိုင်တယ်၊ အရပ်သားဆိုရင် စစ်ကြောမေးမြန်းခံရနိုင်ပြီး စီးပွားရေး၊ လူမှုရေး ဒုက္ခရောက်နိုင်တယ် … စသည်ဖြင့် စသည်ဖြင့် မကြားနိုးနား ခြိမ်းခြောက်မှုတွေပြုပြီး အတည်ပြုခဲ့ကြတာပါပဲ။ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို အာဏာရှင်စစ်အစိုးရက သူ့နည်းသူ့ဟန်နဲ့ အတည်ပြုပြီးတော့ ရွေးပြီးကောက်တဲ့ပွဲကြီး စပါတော့တယ်။ ဘယ်လောက်တောင်မှ ရွေးပြီးကောက်သလဲဆိုရင် ဝန်ကြီးဟောင်းတွေက ဥပဒေပြုရေးဆိုတဲ့ မဏ္ဍိုင်ကြီးရဲ့ လွှတ်တော်အမတ်တွေတဲ့၊ စီမံခန့်ခွဲရေးမဏ္ဍိုင်ဖြစ်တဲ့ သမ္မတနဲ့ အစိုးရအဖွဲ့က အပါးတော်မြဲတွေ၊ အိမ်တော်ပါတွေ၊ ဘောင်းတော်ညိမ့် စိတ်တော်သိတွေပဲ နေရာပေးထားတာသာ ကြည့်။ တရားစီရင်မှာရော ဘယ်သူတွေလဲ ကြည့်လိုက်တော့ စီမံအုပ်ချုပ်သူ၊ မူဝါဒနဲ့ ညွန်ကြားမယ့်သူက နှစ်သီးစား စစ်ဗိုလ်ကြီးများသာ ဖြစ်ကြပြီး လုပ်ငန်းဆောင်တာတွေ ချောမွေ့စေရန် ဥပဒေနားလည် ကျွမ်းကျင်သူ အရပ်သားများကို အကြံပေးစိစစ်တဲ့ အလုပ်အတွက် ရာထူးနဲ့နေရာလေးပဲ ကျေနပ်စေပါတယ်။ မြန်မာပြည်သူတွေက ၂၀၀၈ ဖွဲ့စည်းပုံနဲ့ လွှတ်တော်နှစ်ရပ်ြဖစ်တဲ့ ဥပဒေပြုအဖွဲ့၊ စီမံခန့်ခွဲရေးအဖွဲ့ဖြစ်တဲ့ သမ္မတနဲ့ အစိုးရအဖွဲ့၊ တရားစီရင်ရေးဆိုတဲ့ မဏ္ဍိုင်ကြီး ၃ ခုကို အပြောင်းအလဲကို လိုလားနေတဲ့ စိတ်ဆန္ဒတွေနဲ့ မတွန်းလှန်နိုင်တဲ့ အခြေအနေတွေကြောင့် မချစ်သော်လည်း အောင့်ကာနမ်းလိုက်ရတာပါ။ ပြည်ထောင်စု လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က လူတွေက ပြည်သူ့ကိုယ်စားပြု ပြည်သူ့ကိုယ်စားလှယ် အစစ်အမှန်တွေ ဖြစ်ရဲ့လား။ ဘယ်သူက ဘယ်သူ့ကို ဘယ်လမ်းကြောင်းရောက်အောင် ဦးဆောင်မှုတွေ၊ တွန်းပို့မှုတွေ လုပ်နေတာလဲ။ စဉ်းစားကြည့်ကြပါဦး။ စေ့စေ့တွေးရင်တော့ ရေးရေးပေါ်လာမှာပါ။ လွှတ်တော်က တိုင်းပြည်အနာဂတ် ကောင်းစားမယ့် ဥပဒေတခုမှ မပြဋ္ဌာန်းနိုင်သေးဘူး။ အသစ် မပြဋ္ဌာန်းနိုင်လို့ ပြည်သူလူထုကို ထိခိုက်နစ်နာစေပါတယ်ဆိုတဲ့ ဥပဒေတွေ၊ ဖိနှိပ်ပါတယ်ဆိုတဲ့ ဥပဒေတွေကိုလည်း မဖျက်သိမ်းနိုင်သေးပါဘူး။ ဘာ့ကြောင့် အသစ်မပြဋ္ဌာန်းနိုင်တာလဲ၊ ဘာ့ကြောင့် မဖျက်သိမ်းနိုင်ရတာလဲ။ ထပ်ပြီး အသုံးချစရာ ရှိသေးလို့လား၊ အသုံးချဦးမှာလား။ အစိုးရအဖွဲ့ ဝန်ကြီးအသစ်တွေကိုလည်း ဘာစီမံကိန်း၊ ညာစီမံကိန်း ရှိပါသလား၊ ဘာပေးမလား၊ ညာပေးမလားလောက်သာ ဝေဖန်မေးမြန်းတယ်။ တကယ်ထောက်ပြရမယ့် အချက်တွေကျ မပါဘူး။ ဝန်ကြီးဟောင်းများက လွှတ်တော် ကိုယ်စားလှယ်ကြီးများ ဖြစ်တာကြောင့်ထင်ရဲ့ … ကိုယ်ရှုးကိုယ် ပတ်မှာစိုးပြီး အရင်ဝန်ကြီးတွေ လုပ်သွားတာပါ၊ အရင်ဝန်ကြီးတွေ အလုပ်မလုပ်တာ ဆိုတာတွေကို မသိမသာလေး ယဉ်ယဉ်ကျေးကျေး ပါးပါးနပ်နပ် မေးကြ ဖြေကြတယ်။ ၈၈ အရေးအခင်းပြီးတော့ ရုံးပြင်ကနားတွေမှာ ချိတ်ထားတဲ့ ဆောင်ပုဒ်တွေကို မှတ်မိကြဦးမှာပေါ့။ လာဘ်ပေးလာဘ်ယူ ဒို့ရန်သူ၊ လာဘ်ပေးရန်မလို ဆိုတာတွေလေ။ အဲဒီလိုဆောင်ပုဒ်တွေနဲ့ စတင်ဦးဆောင်ခဲ့တဲ့ စစ်အစိုးရကြီးဟာ မျိုးချစ်စိတ်အပြည့်နဲ့ တိုင်းပြည်ကြီးကို တည်ထောင်ပြုပြင်လိုက်ကြတာ အတိုင်းတိုင်းအပြည်ပြည်က ကြွေးမြီတွေ လျော်ပစ်တာတောင်မှ မြန်မာပြည်သား တဦးမှာကြွေး ၄ သိန်းဆပ်ဖို့ ရှိနေတာပါကလား။ ပါမစ်အရောင်းအဝယ်နဲ့ လုပ်စားတဲ့ Permit economy ရဲ့ သဘောသဘာဝအတိုင်း ခွင့်ပြုချက်ရဖို့ အခွင့်ထူးခံတွေကို ချဉ်းကပ်ရင်း ချမ်းသာသူက ထားစရာမရှိ၊ ဆင်းရဲသူက စားစရာမရှိတဲ့ စီးပွားရေးကွာဟချက် မြင့်မားမှုကို ခါးစည်းခံရင်းနဲ့ ဒီအခြေအနေ ရောက်လာတာပါပဲ။ ဆိုလိုချင်တာကတော့ အဂတိလိုက်စားမှု၊ လာဘ်စားမှု၊ ဌာနတွင်း ခြစားမှု ဆိုတာတွေဟာ ရိုးရာအစဉ်အလာ ဂါရဝပြုမှု ကျေးဇူးတုန့်ပြန်မှုတွေနဲ့ ရောထွေးယှက်တင်ပြီး ရောင်းစားသူရောင်စား၊ ကောင်းစားသူ ကောင်းစားတော့တာပါပဲ။ ဒီလို တိုင်းပြည်နဲ့အဝှမ်း ညစောင့်၊ သန့်ရှင်းရေး၊ မင်းစေပြာတာအစ ရပ်ကွက်လူကြီးအလယ် ထိပ်ခေါင်အဆိုးဆုံး လာဘ်စားမှုကို အပြည့်အဝ လက်ခံကျင့်သုံးခဲ့ကြပါတယ်။ Need driven corruption & greed driven corruption စသည်ဖြင့် စီးပွားရေးပညာရှင် ဒေါက်တာ ဦးမြင့်ကလည်း ခွဲခြမ်းစိတ်ဖြာလေ့လာပြီး ရေးသားခဲ့ပါသေးတယ်။ ဒီလို ထုနဲ့ထည်နဲ့ လာဘ်စားသူတွေထဲမှာ တရားသူကြီး ဆိုသူတွေကရော ဘာသားနဲ့ထုထားလို့ ကျန်ခဲ့မှာတုန်း။ တရားသူကြီးဆိုတာက မကျေနပ်သူ နှစ်ဖက်မှာ တဖက်ကို အနိုင်ပေးဆုံးဖြတ်ရတာ များတယ်။ ဘောလုံးပွဲလို သရေကျလို့ အချိန်ပိုကန်ရတာလည်း မရှိတော့ ရှုံးသူက မကျေနပ်ကြဘူးပေါ့။ တရားစီရင်ရေး လုပ်ငန်းစဉ်ဆိုတာ များသောအားဖြင့် ရှည်ကြာတတ်တယ်။ ဒါတွေကို နားလည်သည်းခံနိုင်ဖို့ဆိုတာ ဥပဒေယဉ်ကျေးမှု (Legal Culture) ရှိမှဖြစ်မယ်။ ဥပဒေယဉ်ကျေးမှုမြင့်တဲ့ တိုင်းပြည်တွေမှာ တရားစီရင်ရေးကို အချိန်ကြန့်ကြာမှု စရိတ်မြင့်မားမှုကြောင့် “တရားခွင်ပြင်ပ တခြားနည်းနဲ့ ဖြေရှင်းမှု” (Alternative Dispute Resolution – ADR) ကို ပူးတွဲပြီး ကျင့်သုံးနေကြတယ်။ လာဘ်စားသူချင်းတူပေမယ့် တိုင်းပြည်ကို ဖွတ်ကြောပြာစု ခရုဆံကျွတ်ဖြစ်အောင်တော့ မလုပ်ခဲ့ကြပါဘူး။ လုပ်ခွင့်လည်း မရခဲ့ကြပါဘူး။ ဒါပေမယ့် ပြည်သူ့လွှတ်တော်ထဲက ပြောခွင့်လိုင်စင်ရသူ တချို့ကတော့ ပြောလိုက်ကြတာ တရားစီရင်ရေးကြောင့်ပဲ မြန်မာနိုင်ငံကြီး ချောက်ထဲက မတက်နိုင်တော့သလို။ လွတ်လပ်တဲ့ တရားစီရင်ရေးတို့၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးတို့ အပြန်အလှန် ထိန်းညှိရေး ဆိုတာတွေကို နားကလည်းမလည် သို့ပေမယ့် တွင်တွင်ပြောပြီး တလွဲလုပ်ဆောင်နေတာဟာ အတော်ကြီးကို စိတ်ပျက်စရာ ကောင်းပါတယ်။ သေချာ ပြန်ဆန်းစစ်မယ်ဆိုရင်ဖြင့် ၈၈ အရေးအခင်းအပြီး နဝတ/နအဖ ခေတ်မှာ ဝန်ထမ်းတွေ လာဘ်စားလို့ တိုင်းပြည်ကြီး ချောက်ထဲကျခါနီး လက်တလုံးအလိုမှာ မလွှဲမရှောင်သာသဖြင့် သိမ်းချင်၍ သိမ်းလိုက်ရတဲ့ တိုင်းပြည် အာဏာယူမှုအတွက် ဆင်တဲ့အကွက်တွေနဲ့ တူမနေပေဘူးလား။ နဝတ/နအဖ စစ်အစိုးရက ဦးနေဝင်း အစိုးရကို ကူးချပေမယ့် တချို့ကိစ္စတွေမှာကျတော့ ခေတ်ချင်းက မတူလေတော့ ပိုတာတွေရှိသလို လိုတာတွေလည်း ရှိပြန်ရော။ နိုင်ငံတကာမှာ သတင်းဖြန့်ချိရေးလုပ်ငန်းတွေ Media Business တွေရဲ့ အရေးပါအရာရောက်မှုကို ကောင်းကောင်းနားလည်ပြီး ကောင်းကောင်း အသုံးချနိုင်အောင် အသေးစိတ် အစီအစဉ်ချနိုင်ခဲ့တယ်။ ပြန်ပြီးဆန်းစစ်ကြည့်လေ၊ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကို အကန့်အသတ်နဲ့ ထားတယ်။ မြဝတီရုပ်မြင်သံကြားကို စစ်တပ်နောက်ခံ အင်အားနဲ့ ထူထောင်တယ်။ ပရော်ဖက်ရှင်နယ် မကျတဲ့ ဂျာနယ်တွေကို ယခင် လူကြီး သားသမီး ဆွေမျိုးရင်းခြာများ၊ ပတ်သက်ရာ ပတ်သက်ကြောင်းများက ထုတ်ဝေခွင့်ရထားတယ်။ တိုင်းပြည်ကို ကယ်တင်ချင်သူတွေ၊ စောင့်ရှောက်ချင်သူတွေကတော့ ရှေ့မျက်နှာ နောက်ထားပြီး မာနတရားကို အများအတွက်ဆိုပြီး ချိုးနှိမ်လို့ပဲဖြစ်ဖြစ် ချဉ်းကပ်ပြီး တတ်အားသရွေ့ ဆောင်ရွက်ကြပါတယ်။ ထိရောက်တာလည်းရှိရဲ့၊ မထိရောက်တာက များပါရဲ့။ ဆိုလိုချင်တာကတော့ ဂျာနယ်တွေစာစောင်တွေ ထုတ်ဝေခွင့်ကို ချုပ်ကိုင်ရတာ သိပ်ပြီးတွက်ခြေကိုက်တယ်။ လုပ်ငန်းတွေကို စိတ်တိုင်းကျ ကျော်အောင်ညာတဲ့ ကြော်ငြာတွေ ထည့်ချင်တိုင်း ထည့်လို့ရတယ်။ ဇနီး၊ ခင်ပွန်း၊ သားသမီး မြေးမြစ်တွေရဲ့ အာဏာစီးပွား ပေါင်းစည်းညီညာတဲ့ အလှူမင်္ဂလာ၊ လက်ထပ်မင်္ဂလာ၊ ဝမ်းမြောက်ကြောင်းကြော်ငြာ စတာစတာတွေကို ဝေဝေဆာဆာ မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ကြော်ငြာလို့ ကောင်းတယ်။ လုပ်ပိုင်ခွင့်ရ သူဌေးကြီးများရဲ့ အလှူတော်မှတ်တမ်း ကမ္ဗည်းထိုးပြီး ဘွဲ့ထူးဂုဏ်ထူးတွေ၊ အဆောင်အယောင်တွေ ချီးမြောက်ကြောင်းလည်း ကြော်ငြာလို့ရတယ်။ တိုင်းပြည်ရဲ့ မဏ္ဍိုင်ကြီးလေးရပ်မှာ ဥပဒေပြုရေးက အုပ်ချုပ်ရေးကို လှမ်းကိုင်ချင်တာရယ်၊ ပြည်သူတွေအပေါ် မရိုးသားတာရယ်ကြောင့် အာဏာရှင်တွေ မုန်းတီးနာကျည်းခဲ့တဲ့ သတင်းလောကကို လက်နက်သဖွယ် အသုံးပြုပြီး ဦးနေဝင်း မုန်းတီးခဲ့တဲ့ တရားစီရင်ရေးကို နင်းချေနေတာလား၊ သို့တည်းမဟုတ် ပြည်သူတွေကို လှည့်စားနေတာလား။ ဘယ်ကိုဦးတည်ပြီး ဘာတွေလုပ်နေကြတာလဲ။ ဦးနေဝင်းက တရားစီရင်ရေးကို မုန်းသလို သတင်းသမားတွေကိုလည်း မုန်းပါတယ်။ ဘယ်လိုပင် သတင်းအမှောင်ချထားပေမယ့် တိုင်းပြည်အပေါ်၊ လူမျိုးအပေါ်၊ သတင်းပညာအပေါ် သစ္စာရှိသူတွေကြောင့် အာဏာရှင်တွေ ပြောင်းခဲ့ရတယ်။ ကံဆိုးတာက အာဏာရှင်တွေဟာ ပုဂ္ဂိုလ်တွေသာ ပြောင်းတယ်၊ အစဉ်အလာနဲ့ မူမပြောင်းတာပါပဲ။ ဦးနေဝင်းက သတင်းသမားတွေကို ထောင်ချတယ်၊ ပြည်နှင်တယ်၊ ထုတ်ဝေမှုတွေ ကန့်သတ်တယ်၊ အမွေခံ အာဏာရှင် နဝတ/နအဖက သတင်းလောကကို ဗိုင်းရပ်စ်ထည့်တယ်။ အခုအခါတော့ မဏ္ဍိုင်ကြီးလေးရပ် အမြန်တည့်မတ်နိုင်ပြီး ပြည်သူပြည်သားအကျိုး သယ်ပိုးနိုင်ကြစေချင်ပါတယ်။ (ဤအတွေးအမြင်ပါ အချက်အလက်များမှာ စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်)
<urn:uuid:7167ccf1-9938-4633-84d3-f6576edc0a61>
CC-MAIN-2015-27
http://burma.irrawaddy.org/?slide=%E1%80%95%E1%80%BA%E1%80%80%E1%80%B9%E1%80%85%E1%80%AE%E1%80%B8%E1%80%B1%E1%80%94%E1%80%B1%E1%80%9E%E1%80%AC-%E1%80%90%E1%80%9B%E1%80%AC%E1%80%B8%E1%80%85%E1%80%AE%E1%80%9B%E1%80%84%E1%80%B9%E1%80%B1
2015-06-29T23:10:38Z
s3://commoncrawl/crawl-data/CC-MAIN-2015-27/segments/1435375090887.26/warc/CC-MAIN-20150627031810-00134-ip-10-179-60-89.ec2.internal.warc.gz
mya
0.922765
Mymr
60
{"mya_Mymr_score": 0.9227647185325623, "blk_Mymr_score": 0.07461357861757278}
ဒီနည်းလေးနဲ့ ဆော့ဝဲ လေးကိုတော့ မသိသေးတဲ့ ညီအကို သူငယ်ချင်းများ ကိုရည်ရွယ်ပါတယ် သိပြီးသားဘော်ဘော်တွေကိုတော့ မပြောဘူးနော်..ဟိဟိ စာနဲ့ရေးရင် နားမလည်မှာ စိုးရိမ်လို့ ပုံ နှင့်တကွ စာကိုလဲ တခါတည်း ပူးတွဲရေးထည့်လိုက်ပါတယ် ဒါလေးကတော့ ကွန်ပြူတာကနေ ဖုန်းဆီကို Viber ခြင်း တိုက်ရိုက်ခေါ်လို့ရမယ့် နည်းလေးပါ ဟိုအရင်ကတော့ Computer မှာ Viber ခေါ်လို့ ရပါတယ် ဒါပေမယ့် မိမိ စက်ထဲမှာ Bluestacks ကို အရင်သွင်းပြီးမှာ Android app တွေ နဲ့ Viber တို့ ဘာညာသာရကာ အမျိုးစုံအောင် သွင်းလို့ရပါတယ် ဒီမှာတော့ Bluestacks မလိုတော့ပါဘူး Viber ကနေပြီးတော့ ကွန်ပြုတာအတွက် ထုတ်လိုက်ပါပြီ နဲနဲတော့ ကောင်းသွားတာပေါ့ bluestacks သုံးစရာမလိုတော့ဘူးပေါ့နော် မိမိမှာတော့ Andriod ဖုန်း IOS ဖုန်း Blackberry ဖုန်း Window ဖုန်း တခုခု့ ရှိဖို့တော့လိုတယ်နော် နောက်တခု့က viber ကို မိမိဖုန်းမှာ install လုပ်ပြီးသားဖြစ်ရမယ်နော် ဒါမှ လွယ်မှာ ဟိဟိ အောက်မှာ ကျနော်ပုံလေးတွေပြထားတယ်ဗျာ ကြည့်သွားလိုက်ပါနော် ဒီလင့် ကိုနှိပ်ပြီးတော့သာ သွားလိုက်ပါ အောက်က ပုံကတော့ ဒေါင်းရမယ့်လင့်ကို ယူရမှာပါ လေးထောင့်ကွက်ကို နှိပ်ပြီးဆက်သွားလိုက်ပါ ဒီမှာ မိမိ အသုံးပြုတဲ့ system ပေါ် မူတည်ပြီးဒေါင်းပါ ဆက်သွားပါ ဒေါင်းလို့ပြီးသွားပြီဆိုရင် double click ပေးပြီး install လုပ်သွားလိုက်ပါ ပုံမှာ ပြထားတဲ့ အတိုင်း ဆက်သွားလိုက်ပါ ခဏ လေး ဒီမှာ ခဏ စောင့်ပေးပါ ပြီးသွားရင် Desktop မှာ shotcut လေးပေါ်လာလိမ့်မယ်နော် ဒီမှာမေးပါပြီ ဖုန်းမှာ Viber ရှိလားတဲ့ ရှိတယ်ဆိုရင် yes ပေါ့ ဖုန်းနံပါတ်ထည့်ပေးပါ ဒီဟာထည့်တာတော့ သိကြမှာပါနော် ဖုန်းနံပါတ်ပေးလိုက်တာနဲ့ Activation ကုတ် ကို မိမိ ဖုန်း ရဲ့ Viber message မှာ လာပို့ပေးမှာပါ Code လေး ကို အောက်က ကွက်လပ်ထဲမှာ ထည့်ပေးလိုက်ပါ ပြီးတော့ Enter Viber ကိုနှိပ်လိုက်ပေါ့နော် Activate ဖြစ်တာနဲ့ ဒီအတိုင်း တန်းပေါ်လာမှာပါ ဒါကတော့ ကျနော့် အကိုကြီးကို စမ်းခေါ်ထားတာပါ..ဟီဟီ အဲတခု့မေ့တော့မလို့ တကယ်လို့ မိမိဖုန်းမှာ viber ကို install မလုပ်ရသေးဘူး ဆိုရင်တော့ အောက်က ပုံလေးအတိုင်း မိမိ မှာရှိတဲ့ ဖုန်း နဲ့ Viber ကို install လုပ်ခိုင်းပြီးတော့ Activation Code ချပေးပါလိမ့်မယ် ခင်ဗျာ မိမိ မှာတော့ သူပြထားတဲ့ OS သုံးတဲ့ ဖုန်း တလုံလုံး ရှိရမယ်နော် ..ဟဲ...ဟဲ..ဟဲ မြန်မာ လိုတော့မရသေးပါဘူးခင်ဗျာ အားလုံးကိုလေးစားလျက် ကိုလတ်(ကျွဲဆင်း)
<urn:uuid:faa8ee48-c982-4e15-9132-9563deddce26>
CC-MAIN-2015-27
http://alwanmintharlay.blogspot.com/2013/05/android-viber.html
2015-07-01T19:12:11Z
s3://commoncrawl/crawl-data/CC-MAIN-2015-27/segments/1435375095184.64/warc/CC-MAIN-20150627031815-00119-ip-10-179-60-89.ec2.internal.warc.gz
mya
0.895875
Mymr
121
{"mya_Mymr_score": 0.8958749771118164, "blk_Mymr_score": 0.10133711248636246}
တန်ဂရန် (Tangram) ဆိုသည်မှာ စတုရန်းကွက်ကို စိတ်ပိုင်းထားသော အစိတ်ပိုင်း ၇ ခုကို ရွှေ့ပြောင်းဆက်ကစားရသော ဥာဏ်စမ်း ကစားနည်း တစ်မျိးဖြစ်သည်။ တရုတ် လူမျိုးများက qī qiǎo bǎn (Seven Boards of Skill) ဟု ခေါ်သော အဆိုပါ တန်ဂရန် ကစားနည်းသည် တရုတ်ပြည်တွင် စတင် ပေါက်ဖွားခဲ့သည် ဟုလည်း သမိုင်းများက ဆိုကြပါသည်။ ၇ ဂဏန်းကို ထူးခြားသော ဂဏန်းဟု သင်္ချာဗေဒ ပညာများက ဆိုကြပါသည်။ တန်ဂရန် ကစားနည်းသည်လည်း ထူးခြားသော ကစားစရာ တစ်ခုဖြစ်ပါသည်။ လူပုံ၊ တိရစ္ဆာန်ပုံ၊ အိမ်ပုံ စသဖြင့် ပုံအမျိုးမျိုးကို အစိတ်အပိုင်း ၇ ခုထက် မပိုမလျော့ဘဲ ဆက်ကစားရခြင်းသည် ထူးခြားချက် တစ်ခုဖြစ်ပါသည်။ Creativity တီထွင်ဖန်တီးမှုကို ထက်သန်စေသော ကစားနည်းဟုလည်း သတ်မှတ်ထားပါသည်။ လီနော်မန် (Lenormand) ကတ်ပြားများသည် အနောက်တိုင်း ဥရောပတွင် အခြေတည် ပေါက်ဖွားခဲ့သော ကံကြမ္မာဖတ် ဖဲချပ်များဖြစ်လေသည်။ သမိုင်းအရ တားရော့ (Tarot) ဖဲချပ်များကို ကစားသည့် ဖဲချပ်များ Playing Card များအဖြစ်အသုံးပြုခဲ့သည်ဟု သိရှိရသော်လည်း လီနော်မန်ကတ်ပြားများကို ကံကြမ္မာ ဖတ်ရန်အတွက်သာ အသုံးပြုခဲ့သည်ကို တွေ့ရှိရပါသည်။ မည်သို့ပင်ဆိုစေ သင်္ကေတ အရုပ်များက ပေးသော နိမိတ်ပုံများကို ဖတ်ရှုဟောပြောရသော တားရော့ လီနော်မန် စသော ကတ်ပြားများဖြင့် ကံကြမ္မာ ဖတ်ခြင်းများအတွက် တီထွင်ဖြတ်ထိုးဥာဏ် လိုအပ်သည်မှာ မဆန်းလှချေ။ စိတ်ဝင်စားဖွယ် ဖြစ်တော့သည်။ အရှေ့နှင့်အနောက် ပေါင်းစည်းခြင်း၏ သင်္ကေတ တစ်ခုဟုလည်း ဆိုနိုင်ပေသည်။ တီထွင်ဖြတ်ထိုးခြင်းကို ကိုယ်စားပြုသော လက္ခဏာလည်း ဖြစ်သည်။ ၇ ဂဏန်း၏ ထူးခြားချက်လည်း ပါဝင်သည်။ ကျွန်ုပ်တို့ မြန်မာတားရော့နှင့် လီနော်မန်ဘလော့ဂ်၏ ဖန်တီးပုံဖော်မှု တစ်ခုလည်း ဖြစ်သည်။ တန်ဂရန် လီနော်မန် ကတ်ပြားများကို မျှဝေလိုက်ပါသည်။ ဂရပ်ဖစ် ဒီဇိုင်နာ ကိုဟန်သစ်ငြိမ် က အချိန်ယူ ဖန်တီးပေးထားသော တန်ဂရန် လီနော်မန် ကတ်ပြားများ ဖြစ်ပါသည်။ စိတ်ဝင်စားပါက >>ဤနေရာတွင်<< တစ်ချပ်ခြင်း ဒေါင်းလုပ် ယူနိုင်ပါသည်။ ကတ်ပြားများကို သိဒ္ဓိ၀င်အောင် နှိုးလိုသူများ အဆင်ပြေရန်အတွက် အောက်တွင် ရွတ်ဆိုသော မန္တန်ကိုပါ ဖော်ပြလိုက်ပါသည်။ I see the sun through your eyes I hear the moon through your ears I speak of the stars through you mouth I smell the love through your nose I feel the strength through your body I think of everything through your soul Oh Lord... You are the greatness You are the power You are the peacefulness You are the energy You are the might You are the spirit You are everything from nothing +++++++++++++ သင်၏ မျက်ဝန်းအစုံကို ဖြတ်ကျော်၍ ရှင်နေမင်းကို ကျွန်ုပ်မြင်ရပြီ သင်၏ နားအစုံကို ဖြတ်ကျော်၍ လမင်းသာကို ကျွန်ုပ်ကြားရပြီ သင်၏ နှုတ်ခမ်းပါးတို့ကို ဖြတ်ကျော်၍ ကြယ်ရောင်တို့ကို ဆိုငြီးရပြီ သင်၏ နှာတွင်းပေါက်မှနေ၍ ချစ်ခြင်းတရားကို ရှုရှိုက်ရပြီ သင်၏ ကိုယ်ခန္ဓာမှတဆင့် ခွန်အားတို့ကို ခံစားရပြီ သင်၏ ၀ိဥာဉ်တော်မှတဆင့် အရာအားလုံးကို သိရှိရပြီ ဖြစ်သည် အို... အရှင်သခင် သင်သာလျှင် ကြီးမြတ်ခြင်း သင်သာလျှင် အစွမ်းရှိခြင်း သင်သာလျှင် ငြိမ်းချမ်းခြင်း သင်သာလျှင် ဓာတ်စွမ်းအင်ဖြစ်ခြင်း သင်သာလျှင် ခွန်အားကြီးခြင်း သင်သာလျှင် စိတ်အလျှဉ်ဖြစ်ခြင်း သင်သာလျှင် အရာနတ္ထိမှသည် အရာအားလုံး ဖြစ်တော့သည်။ ခင်မင်သော မေတ္တာဖြင့် မြန်မာတားရော့လီနော်မန်
<urn:uuid:fc1e2674-50ce-47fb-97fe-b9038fbc449b>
CC-MAIN-2015-27
http://mmtarotlenormand.blogspot.com/2010/01/blog-post_16.html
2015-07-04T03:18:11Z
s3://commoncrawl/crawl-data/CC-MAIN-2015-27/segments/1435375096301.47/warc/CC-MAIN-20150627031816-00059-ip-10-179-60-89.ec2.internal.warc.gz
mya
0.954156
Mymr
23
{"mya_Mymr_score": 0.954156219959259, "blk_Mymr_score": 0.04484427347779274}
- Details - Category: မန္တလေးသတင်း - Published on Saturday, 31 December 2011 10:48 - Written by မန္တလာသား - Hits: 1919 မန္တလေးမှာ၂၀၁၁ ခုနှစ်ကို နှုတ်ဆက်ပြီး ၂၀၁၂ ခုနှစ် နှစ်သစ်ကို ကိတ်မုန့်ကြီးနဲ့ ထူးထူးခြားခြားကြိုဆိုမယ်လို့ သိရပါတယ်။ မန္တလေးမြို့ လမ်း၈၀ နဲ့ ၂၆လမ်းx ၂၇လမ်းကြားမှာ Cake World ကိတ်မုန့်ဆိုင်က ကိတ်မုန့်ကြီး ပြုလုပ်ကာ နှစ်သစ်ကို ကြိုဆိုသွားမှာပါ။ ကိတ်မုန့်ကြီးကို လာသမျှ လူကို ကျွေးဦးမှာပါ။ ကိတ်မုန့်ကြီး အနည်းဆုံး ၈ပေခန့်ရှိနိုင်မယ်လို့ ဆိုပါတယ်။ ည ၇နာရီမှာ စတင်မှာဖြစ်ပြီး ည ၈နာရီခွဲခန့်က စတင်ကာ ကိတ်မုန့်ကို ကျွေးမွေးဧည့်ခံသွားမှာ ဖြစ်တာမို့ သွားရောက်ကြဖို့ သတင်းကောင်းပါးလိုက်ပါတယ်။
<urn:uuid:0e2979d3-f293-4d8c-94c6-1358ee8dbd77>
CC-MAIN-2015-27
http://ourmandalay.net/index.php/en/2011-11-18-08-58-4/14-2011-11-18-08-55-54/32-2011-12-31-10-48-52
2015-07-07T02:28:41Z
s3://commoncrawl/crawl-data/CC-MAIN-2015-27/segments/1435375098987.83/warc/CC-MAIN-20150627031818-00237-ip-10-179-60-89.ec2.internal.warc.gz
mya
0.889988
Mymr
22
{"mya_Mymr_score": 0.8899877667427063, "blk_Mymr_score": 0.10889621078968048}
ဆူမာချီယန် ဆူမာချီယန်[ပြင်ဆင်ရန်] ဆူမာချီယန်သည် လွန်ခဲ့သောနှစ်ပေါင်း ၂ဝဝဝ ကျော်က စ၍ ယနေ့တိုင်အောင် ထင်ရှားလျက်ရှိသော တရုတ်နိုင်ငံသမိုင်း သုတေသီပုဂ္ဂိုလ်ကြီးဖြစ်သည်။ တရုတ်နိုင်ငံသမိုင်းကို မော်ကွန်း တင်ရာဖြစ်သော ဆူမာချီယန်စီရင်ရေးသားသည့် 'ရှီချီ'ခေါ် ကျမ်းမှာ ယနေ့တိုင် သမိုင်းပညာရှင်တို့ မှီငြမ်း ပြုရာကျမ်းကြီး ဖြစ်လေသည်။ ဆူမာချီယန်သည် ဝူးဧကရာဇ်မင်းလက်ထက် ဘီစီ ၁၄ဝ နှင့် ၁၃၅ ခုနှစ်တို့တွင် ထင်ရှားခဲ့သော နန်းတွင်းမော်ကွန်း ထိန်း သမိုင်းပညာရှင် ဆူမာတ်၏ သားဖြစ်သည်။ ဘီစီ ၁၄၅ ခုနှစ်တွင် ဖွားမြင်သည်။ ဖွားရာဒေသမှာ ယန်စီ (မြစ်ဝါ) မြစ်အနောက်ဘက်ကမ်းခြေရှိ လွန်းမင်းတောင်၏ တောင်ဘက် တွင်ရှိသော ရွာကလေးဖြစ်သည်။ ယခုခေတ်၌ ထိုရွာကလေး မှာ ချီချွန်ရွာဟု အမည်တွင်၍၊ ရှင်စီခရိုင်၊ ဟန်ချင်မြို့နယ် အပိုင်၌ တည်ရှိသည်။ ဘုရင့်အမှုတော်ကို ထမ်းရွက်စဉ်၊ ဆူမာတန်သည် ဗေဒင် နက္ခတ်တို့ကိုလေ့လာခြင်း၊ ပြက္ခဒိန်တော် ပြုစုခြင်းနှင့် ရာဇဝင် ရေးရာ မှတ်တမ်းများကို စုဆောင်းသိမ်းဆည်းခြင်းတို့ကို ဆောင်ရွက်ရသည်။ ထိုစဉ်တွင် သူသည်ရာဇဝင်ကျမ်းတစ်စောင် ရေးသားပြုစုခဲ့ရန်ကြံစည်မိ၏။ သို့သော် မအောင်မြင်ခဲ့ချေ။ ဘီစီ ၁ဝ၁ ခုနှစ် သေဆုံးခါနီးအချိန်တွင်မှ သူ၏သား ဆူမာ ချီယန်အား သူ၏ဆန္ဒဖြစ်သော ရာဇဝင်ကျမ်းပြုစုရေးကို ကြိုးစားပြီးမြောက်စေလိုကြောင်းဖြင့် မှာကြားသွားလေသည်။ ဤတွင် ဆူမာချီယန်လည်း သူ၏ ဖခင် စုဆောင်းမှတ်သား ရှာဖွေထားခဲ့သော ရာဇဝင်ရေးရာအချက်အလက်များကို အမွေအနှစ်အဖြစ်ရရှိလိုက်လေသည်။ ဆူမာချီယန်သည် ငယ်ရွယ်စဉ်အခါကပင် သူ၏ ဇာတိ ဖြစ်သော ရွာကလေးကိုစွန့်ကာ၊ ချန်ဂန်(ယခုစီအန်း)မြို့တော်သို့ စာပေသင်ကြားရန်ထွက်လာခဲ့၏။ သူ၏ သင်ဆရာများကား တုံချုံရှူးနှင့် ကွန်အန်ကူအိုတို့ဖြစ်ကြလေသည်။ အသက် ၂ဝ အရွယ်အထိ ဆူမာချီယန်သည် ကွန်ဖူးဇီး၏ ဂန္ထဝင်စာပေကြီး များကို လေ့လာခဲ့၏။ ထို့နောက် ရှေးဟောင်းနှင့် ခေတ်သစ် ရာဇဝင်ရေးရာ မှတ်တမ်းများကို စနစ်တကျ လေ့လာသည်။ ထိုအခါမှစ၍ သူသည် တရုတ်နိုင်ငံကြီးကို အနှံ့အပြား သွားလာလှည့်လည်ကာ၊ ရာဇဝင် ရေးရာဗဟုသုတများကို ရှာမှီး၏။ သုတေသနအမှုများပြု၏။ တိမ်မြုပ်နေသော ရှေးဟောင်းဒဏ္ဍာရီနှင့် ပုံပြင်များကို ဖော်ထုတ်မှတ်သား၏။ ထို့နောက် သူ့ဖခင်၏ နန်းတွင်းမင်းမှုထမ်းရာထူးကို ဆက် လက်ထမ်း ဆောင်ရလေသည်။ ဘီစီ ၉၈ ခုနှစ် အသက် ၄၈ နှစ်အရွယ်တွင် ဆူမာ ချီယန်သည် မတရားပြုမူခြင်းခံရသည်ဟု သူထင်မြင်ခဲ့သည့် ပုဂ္ဂိုလ်တစ်ဦးဖက်မှ ဝင်ရောက် ပြောဆိုမိသောကြောင့် ဧကရာဇ် ဝူးက အမျက်တော်ရှကာ၊ သင်းကွပ်ဆုံးမခြင်းကိုခံခဲ့ရလေသည်။ ထိုအချိန်တွင် သူသည် ရှီချီခေါ် ရာဇဝင်မှတ်တမ်းကျမ်းကြီးကို ပြုစုရေးသားလာခဲ့သည်မှာ ၇ နှစ်ပင်ရှိလာခဲ့ပြီဖြစ်၏။ ထို့ ကြောင့် ဆူမာချီယန်သည် သူ၏ရာဇဝင် မှတ်တမ်း ကျမ်းကြီး ကို ပြီးစီးအောင် ပြုစုချင်သော စိတ်ဆန္ဒကြောင့်သာ သူ့ကိုယ် သူ သတ်မသေခဲ့ဘဲ၊ ဆိုးရွားခံပြင်းလှသော မင်းပြစ်မင်းဒဏ်ကို ကြိတ်မှိတ်၍ ခံယူခဲ့လေသည်။ ဘီစီ ၉၃ ခုနှစ် အသက် ၅၃ နှစ်သို့ ရောက်သောအခါတွင်ကား ဆူမာချီယန်သည် ရာဇဝင် မှတ်တမ်းကျမ်းကြီးကို အကြမ်းပြုစုပြီးစီးသွား ခဲ့လေသည်။ ဆူမာချီယန်၏ ရှီချီကျမ်းသည် အပိုင်းကြီး ၅ ပိုင်း၊ အခန်းငယ်ပေါင်း ၁၃ဝ မျှဖြင့် ဖွဲ့ထားသော ကျမ်းကြီးဖြစ်၏။ ရှေးဟောင်းဒဏ္ဍာရီလာ မင်းဝါမင်းလက်ထက်မှ ဘီစီ ၁ဝ၄- ၁ဝ၁ ခုနှစ်တိုင် ချူးခေတ် (ဧကရာဇ်ဝူးလက်ထက်)အထိ နှစ် ပေါင်း ၃ဝဝဝ ကျော်မျှသောကာလအတွင်း တရုတ်နိုင်ငံ၏ ရာဇဝင်ရေးရာ အဖြစ်အပျက်များကို မှတ်တမ်းတင်ထား၏။ ရှီချီကျမ်းရေးသားပြုစုပုံကို ရောမ၊ ခေါမရာဇဝင်ကျမ်း များနှင့် နှိုင်းယှဉ်သော် ရှီချီကျမ်းကပိုမို၍ ကျယ်ဝန်းပြည့်စုံ ကောင်းမွန်သည်။ ဆူမာချီယန်သည် တရုတ်လူမျိုးတို့ယနေ့တိုင် အသုံးပြုဆဲဖြစ်သော ပြက္ခဒိန်ကို ပြုပြင်ပေးခဲ့သည်။[၁] ကိုးကား[ပြင်ဆင်ရန်] - မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
<urn:uuid:05dd9778-c3db-4cf3-9ea1-8873cdf6b93f>
CC-MAIN-2015-27
https://my.wikipedia.org/wiki/%E1%80%86%E1%80%B0%E1%80%99%E1%80%AC%E1%80%81%E1%80%BB%E1%80%AE%E1%80%9A%E1%80%94%E1%80%BA
2015-07-03T06:14:32Z
s3://commoncrawl/crawl-data/CC-MAIN-2015-27/segments/1435375095775.68/warc/CC-MAIN-20150627031815-00134-ip-10-179-60-89.ec2.internal.warc.gz
mya
0.997911
Mymr
94
{"mya_Mymr_score": 0.9979106187820435}
နိုဝင်ဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ဖို့ရှိတဲ့ သမ္မတကြီး ဦးသိန်းစိန်ရဲ့ ရှစ်ကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်မှာ ကျောင်းသား တပ်မတော် (ABSDF)တပ်ဖွဲ့ဝင်တွေ၊ ဖောက်ခွဲမှုနဲ့ အကျဉ်းကျသူတွေလည်း ပါဝင်မယ့် အပြင်၊သေဒဏ်ကနေ တစ်သက်တစ်ကျွန်းသို့ ပြောင်းလဲထားတဲ့ နိုင်ငံရေး အကျဉ်းသားတစ်ချို့လည်း ပါဝင်ဖို့ ရှိတယ်လို့ နိုင်ငံတော် သမ္မတရုံးနှင့် နီးစပ်သူတစ်ဦးက RFA ကို အတည်ပြုပြောကြားပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ လွတ်မြောက်လာမယ့်သူတွေထဲမှာ ကယားပြည်နယ်၊ လွိုင်ကော်ထောင်မှာ ထောင်ဒဏ် တစ်သက်ကျခံနေရတဲ့ HRDP လူ့အခွင့်အရေး မြှင့်တင်သူများ ကွန်ယက် ခေါင်းဆောင် ဦးမြင့်အေးနဲ့ သာယာဝတီထောင်မှာ အကျဉ်းကျနေတဲ့ ကျောင်းသားလှုပ်ရှားမှု ခေါင်းဆောင် ကိုလင်္ကျာထွန်းတို့လည်း ပါဝင်ဖို့ ရှိတယ်လို့ သိရပါတယ်။ မနက်ဖြန်မှာ အမေရိကန်ပြည်ထောင်စု သမ္မတ ဘရက် အိုဘားမားဟာ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ဖို့ရှိပြီး၊ မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထုတ်ပြန်ပေးခဲ့ပြီး၊ အကျဉ်းသား ၄၅၂ ဦးကို အကျဉ်းထောင်တွေက လွှတ်ပေးခဲ့ပါတယ်။
<urn:uuid:31f216a8-95df-4dd8-9345-7aab48793cc7>
CC-MAIN-2015-27
http://www.rfa.org/burmese/news/political-prisioner-release-soon-11182012085136.html
2015-07-07T11:23:00Z
s3://commoncrawl/crawl-data/CC-MAIN-2015-27/segments/1435375099173.16/warc/CC-MAIN-20150627031819-00014-ip-10-179-60-89.ec2.internal.warc.gz
mya
0.895023
Mymr
53
{"mya_Mymr_score": 0.8950227499008179, "blk_Mymr_score": 0.09991222620010376}
အပြစ်၏အဓိပ္ပါယ်ဟူသည် အဘယ်နည်း။ မေးခွန်း: အပြစ်၏အဓိပ္ပါယ်ဟူသည် အဘယ်နည်း။ အဖြေ: အပြစ်တရားသည် ဘုရားသခင်၏ပညတ်တော်ချိုးဖောက်ခြင်း (၁ယော ၃း၎) နှင့် ဘုရားသခင်ကိုပုန်ကန်ခြင်း (တရားဟော ၉း၇၊ ယောရှု ၁း၁၈)ဖြစ်သည်ဟု သမ္မာကျမ်း စာထဲတွင် ဖော်ပြထားပါသည်။ အပြစ်တရားသည် လူစီဖါအားဖြင့်စတင်ခဲ့သည်။ သူသည် အလှပဆုံးနှင့်တန်ခိုးမရှိဆုံးသောကောင်းကင်တမန်တစ်ပါးဖြစ်သည်။ သူသည် မိမိရာထူး အဆင့်အတန်းနှင့်ရောင့်ရဲမှုမရှိပေ။ သူသည် ဘုရားသခင်ထက်ပိုပြီးမြင့်သောနေရာတွင် နေလိုသည်။ ထိုကြောင့် သူသည် နိမ့်ချခြင်းကိုခံခဲ့ရသည်။ အပြစ်တရား၏မူလအစဖြစ်လာ ခဲ့သည် (ဟေရှာယ ၁၄း၁၂-၁၅)။ သူသည် စာတန်ဟုနာမည်မှည့်ခြင်းကိုခံခဲ့ရသည်။ သူက ဧဒင်ဥယျာဉ်ခြံထဲရှိ လူသားများအပေါ်အပြစ်တရားကိုယူဆောင်လာခဲ့သည်။ သူက အာဒံနှင့်ဧ၀တို့အား “သင်တို့သည် ဘုရားသခင်နှင့်တူလိမ့်မည်”ဟူသော စိတ်လှုပ်ရှားမှုဖြင့် ဧဒင်ဥယျာဉ်ခြံထဲတွင် အာဒံနှင့်ဧ၀ကို လှည့်ဖြားခဲ့သည်။ ကမ္ဘာဦးကျမ်း အခန်းကြီး ၃ ထဲ တွင် အာဒံနှင့်ဧ၀တို့က ဘုရားသခင်နှင့်သူ၏ပညတ်တော်များကိုဆန့်ကျင်ချိုးဖောက်ခဲ့သည် ဟုဖော်ပြထားပါသည်။ ၄င်းမှတဆင့် လူသားအားလုံးများဆီသို့အပြစ်တရားကူးစက်လာခဲ့ ခြင်းဖြစ်သည်။ ကျွန်ုပ်တို့၊ အာဒံမှဆင်းသက်လာသောသူများအားလုံးအပေါ် အာဒံမှတဆင့် အပြစ်တရားကူးဆက်လာခြင်းဖြစ်သည်။ ရောမ ၅း၁၂ ကအာဒံအားဖြင့်ဤလောကသို့အ ပြစ်ဝင်ရောက်လာခဲ့သည်။ “အပြစ်၏အခကားသေခြင်း” (ရောမ ၆း၂၃) ဖြစ်သောကြောင့် လူသာားအား လုံးသည် သေခြင်းအပြစ်နှင့်ရင်ဆိုင်ခဲ့ရသည်။ အာဒံအားဖြင့် လူသားအားလုံးအပေါ်အပြစ်တရားဝင်ရောက်လာခဲ့သောကြောင့် လူ သားအားလုံးသည် အပြစ်သားများအလိုအလျောက်ဖြစ်လာခဲ့ကြခြင်းဖြစ်သည်။ အာဒံသည် အပြစ်ပြုသောအခါပုန်ကန်ခြင်းအပြစ်တရားက သူ၏အတွင်းနှလုံးကို အဆိုးသို့ပြောင်းလဲ ပေးခဲ့သည်။ သူနောက်မှမေးဖွါးလာမည့်လူသားအားလုံး အပေါ်သို့ ၀ိညာဉ်သေခြင်းနှင့်ပျက် ဿုံးခြင်းများဖြစ်စေခဲ့သည်။ ကျွန်ုပ်တို့ပြုသောအပြစ်ကြောင့် ကျွန်ုပ်တို့သည် အပြစ်သားများမဟုတ်ပေ။ ကျွန်ုပ်တို့သည် အပြစ်သားများဖြစ်ကြသောကြောင့် အပြစ် ပြုလုပ်ခြင်းဖြစ်သည်။ ဤသို့သောပျက်ဆီးခြင်းကို အာဒံမှအမွေဆက်ခံလာသောအပြစ် ဟု သိရှိရသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏မိဘများထံမှ ကိုယ်ကာယပိုင်းဆိုင်ရာအကျင့်စ ရိုက်များအမွေဆက်ခံသည့်နည်းတူ၊ အပြစ်တရားကို အာဒံထံမှဆက်ခံလာခဲ့ကြခြင်း ဖြစ်သည်။လူသားအားပျက်စီးခြင်းအကြောင်းကို ဆာလံ ၅၁း၅ ထဲတွင် ဒါဝိဒ်မင်းကြီးက သီချင်းအားဖြင့်သီကုံးစပ်ဆိုထားပါသည်။ “အကျွန်ုပ်သည် မွေးစကပင် အပြစ်ပါလျက်ရှိ၏။ အမိဝမ်းထဲမှာ ပဋိသန္ဓေယူစဉ်ပင်အပြစ်စွဲပါ၏။” အခြားသောအပြစ်အမျိုးအစားမှာ အပြစ်အတွက်ကိုယ်စားပြုဒဏ်ခံခြင်းဖြစ်သည်။ နှစ်ခုစလုံး တို့သည် ငွေကြေးနှင့်ဥပဒေ ကိစ္စများတွင် အသုံးပြုထားသည်။ ဂရိ စကားလုံးကို “အပြစ်အတွက်ကိုယ်စားပြုဒဏ်ခံခြင်း”ဟုဘာသာပြန်ထားသည်။ “လူတစ်ဦးတစ် ယောက်၏ပိုင်ဆိုင်မှုကိုယူပြီး အခြားလူတစ်ယောက်ထံပေးအပ်ခြင်းမျိုး” အဓိပ္ပါယ်ဆိုလို သည်။ လူတွေသည် အပြစ်အတွက်ကိုယ်စားပြုဒဏ်ခံခြင်းကြောင့် အပြစ်သားများဖြစ်ကြ သော်လည်း မောရှေပညတ်တော်မပေးမှီ လူတွေပေါ်မှာအပြစ်အတွက်ကိုယ် စားပြုဒဏ်ခံခြင်းမရှိသေးပေ။ ပညတ်တော်ပေးခဲ့ပြီးသောအခါ အပြစ်ပြုသောသူများသည် အပြစ်ဒဏ်ခံရမည်ကိုတွေ့ရှိနိုင်သည် (ရောမ ၅း၁၃)။ ဥပဒေချိုးဖောက်ခြင်းပြစ်ဒဏ်ကိုလူ တွေထဲတွင်မရောက်မှီ အပြစ်တရား(သေခြင်း)က ဆက်လက်အုပ်စိုးနေသည်ကိုတွေ့ရှိ နိုင် သည် (ရောမ ၅း၁၄)။ အာဒံမှမောရှေခေတ်အထိနေထိုင်ခဲ့သောသူများသည် မောရှေပညတ်တော်ကိုဆန့်ကျင်ခြင်း(သူတို့မပိုင်ဆိုင်သောပညတ်) အပြစ်ကြောင့်မဟုတ်၊ အမွေဆက်ခံသောအပြစ်တ ရားကြောင့်သူတို့သည် သေခြင်းအားဖြင့်ဒဏ်ခတ်ခြင်း ခံခဲ့ကြသည်။ မောရှေပြီးနောက် လူတွေက အာဒံထံမှဆက်ခံသောအပြစ်နှင့် ဘုရားသခင် ၏ပညတ်တော်ချိုးဖောက်ခြင်းအပြစ်ကြောင့် သေခြင်းအားဖြင့်ဒဏ်ခတ်ခြင်းခံခဲ့ကြသည်။ သခင်ယေရှုခရစ်တော်သည် ကားတိုင်တော်ပေါ်တွင် အပြစ်အတွက်ပြစ်ကြွေးပေး ဆပ်ရန်အသေခံသောအချိန်တွင် သူ့အပေါ်တွင် ယုံကြည်သူများအပြစ်ကို ဘုရားသခင်က တင်ခဲ့သည်။ ၄င်းသည် လူသားများအကျိုးအတွက်ကိုယ်စားပြုပြစ်ကြွေးခံစေခြင်းနိယာမကို ဘုရားသခင်ကအသုံးပြုထားသည်။ခရစ်တော်သည် အပြစ်သားမဟုတ်သော်လည်း ဘုရား သခင်ကသူ့ကိုအပြစ်သားတစ်ဦးကဲ့သို့ဆက်ဆံခဲ့သည်။ သူသည် ဤလောကတစ်ခုလုံးအ တွက်အသေခံခဲ့သည် (၁ယော ၂း၂)။ ခရစ်တော်အပေါ်အပြစ်များတင်ခြင်းကိုနားလည်ခြင်း သည် အလွန်အရေးကြီးသည်။ သို့သော်သူသည် အာဒံထံမှအပြစ်တရားကိုအမွေမခံခဲ့ပေ။ သို့သော်သူသည် အပြစ်အတွက်ဒဏ်ခံခဲ့သည်။ သို့သော်သူသည် အပြစ်သားတစ်ဦးမဟုတ် ပေ။ သူ၏ဖြူစင်ပြီးပြည့်စုံသောဘ၀ကိုအပြစ်တရားကမထိနိုင်ပေ။ သူသည် လူသားအားလုံး ပြုခဲ့သောအပြစ်သားကဲ့သို့ဆက်ဆံခြင်းခံရသော်လည်း သူသည် အပြစ်လုံးဝမပြုခဲ့ပေ။ ဘုရားသခင်က ခရစ်တော်၏ဖြောင့်မတ်ခြင်းကိုယုံကြည်သူများအပေါ်တွင် တင်ခဲ့သည်။ ခရစ်တော်၏ဖြောင့်မတ်ခြင်းတရားကြောင့် ကျွန်ုပ်တို့သည်ဖြောင့်မတ်သောသူများအဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ကြသည်။ ကျွန်ုပ်တို့၏အပြစ်များကို ခရစ်တော်ထံသို့တင်သော ကြောင့်ခရစ်တော်သည်အပြစ်သားတစ်ဦးဖြစ်စေသည် (၂ကော ၅း၁၁)။ တတိယအကြိမ်အပြစ်အမျိုးအစားသည် တစ်ဦးချင်းစီပြုသောအပြစ်ဖြစ်သည်။ ၄င်းသည် လူတွေနေ့စဉ်နေ့တိုင်းပြုသောအပြစ်တရားဖြစ်သည်။ ကျွန်ုပ်တို့သည် အာဒံထံမှအပြစ်တ ရားကိုအမွေခံသောကြောင့် ကျွန်ုပ်တို့သည် အပြစ်ပြုကြသည်။ လူ့အသက်ကိုတောင်သတ် ဖြတ်ခြင်းဖြစ်သည်။ သခင်ယေရှုခရစ်တော်ကိုမယုံကြည်သောသူများသည် အမွေဆက်ခံသောအပြစ်နှင့်လက်ဆက်ကမ်းရရှိသော သူတို့ပြုသည်ဤအပြစ်တရား ကြောင့် အပြစ်စီရင်ခြင်းဒဏ်ခံရမည်ဖြစ်သည်။ သို့သော်ယုံကြည်သူများသည် အပြစ်တရားစီရင်ဒဏ်ခတ်ခြင်းမှလွှတ်မြောက်ခဲ့ကြသည်။ ငရဲနှင့်ဝိညာဉ်ရေးရာသေခြင်းမှ လွှတ်မြောက်ခဲ့ကြသည်။ သို့သော်ယခုတွင် ကျွန်ုပ်တို့မှာ အပြစ်တရားကိုခုခံနိုင်သော တန်ခိုးရှိသည်။ ယခုကျွန်ုပ်တို့သည် ကျွန်ုပ်တို့ထဲတွင် ကျိန်းဝပ်သောသန့်ရှင်းသောဝိညာဉ် တော်အားဖြင့် အပြစ်တန်ခိုးကိုခုခံနိုင်ရန် ကျွန်ုပ်တို့မှာတန်ခိုးရှိသောကြောင့် ကျွန်ုပ်တို့သည် အပြစ်ပြုခြင်းကိုရွေးနိုင်သည်။အပြစ်ကိုလည်းရှောင်နိုင်သည်။ သန့်ရှင်းသော ၀ိညာဉ်တော်ထံ ကျွန်ုပ်တို့အပြစ်များကိုအပ်နှံသောအခါ သူက ကျွန်ုပ်တို့အပြစ်များကို သန့်ရှင်းစင်ကြယ်စေသည်။ နားလည်သိရှိစေသည် (ရောမ ၈း၉-၁၁)။ ကျွန်ုပ်တို့သည် ဘုရားသခင်ထံကျွန်ုပ်တို့အပြစ်အများအတွက်နောင်တရကာ ခွင့်လွှတ်ရန်တောင်းလျှောက် သောအခါ သူနှင့်အတူပြန်လည်မိတ်သာဟာရဖွဲ့နိုင်ပြီးစည်းလုံးနိုင်ကြသည်။ “ကိုယ့်အပြစ် တို့ကို ဘော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကို လွှတ်၍ဒုစရိုက်ရှိသမျှနှင့်ကင်းစင်စေခြင်း ငှါ ဘုရားသခင်သည်သစ္စတရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်းတရားနှင့်၎င်း၊ ပြည့်စုံတော်မူ၏။” (၁ယော ၁း၉)။ ယခုကျွန်ုပ်တို့မှာအပြစ်တရားကိုခုခံနိုင်ရန်တန်ခိုးရှိသောကြောင့် ကျွန်ုပ်တို့သည်အ ပြစ်တရားကိုရှောင်နိုင်သည်။ အပြစ်လည်းပြုနိုင်သည်။ ကျွန်ုပ်တို့အားလုံးသည် အပြစ်တရားသုံးခုဖြစ်သော အမွေခံသောအပြစ်၊ ကူးစက်သောအပြစ်၊ တစ်ဦးချင်းပြုသော အပြစ်များကြောင့် ပြစ်ဒဏ်ခံကြခြင်းဖြစ်သည်။ အပြစ်တရား၏အခသည်သေခြင်းဖြစ်သည် (ရောမ ၆း၂၃)။ ခန္ဓာကိုယ်သေခြင်းမဟုတ်ဘဲထာဝရသေခြင်းဖြစ်စေသည် (ဗျာဒိတ် ၂၀း၁၁-၁၅)။ အမွေခံသောအပြစ်၊ ကူးစက်သောအပြစ်နှင့်တစ်ယောက်ချင်းစီပြုသောအပြစ် များကိုခရစ်တော်၏လက်ဝါးကပ်တိုင်ပေါ်တွင်အသေသတ်ခြင်းခံခဲ့ပြီးဖြစ်သည်။ ယခု ခရစ်တော်ကို ကယ်တင်ရှင်အဖြစ်ယုံကြည်ခြင်းအားဖြင့် “ခပ်သိမ်းသောသတိပညာ တော်နှင့်လျော်စွာ ငါတို့၌အတိုင်းထက်အလွတ်များလှစွာသော ကျေးဇူးတော်သည် ကြွယ်ဝပြည့်စုံသည်နှင့်အညီ။ထိုသားတော်၏အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်း တည်းဟူသောရွေးနှုတ်တော်မူခြင်းကျေးဇူးကို ငါတို့သည်ခံ ရကြ၏။” (ဧဖက် ၁း၇) အပြစ်၏အဓိပ္ပါယ်ဟူသည် အဘယ်နည်း။
<urn:uuid:6a8c0e21-6c2a-4f8f-ac09-d0aeb3708fa1>
CC-MAIN-2015-27
http://www.gotquestions.org/Myanmar/Myanmar-definition-sin.html
2015-07-04T13:35:35Z
s3://commoncrawl/crawl-data/CC-MAIN-2015-27/segments/1435375096738.25/warc/CC-MAIN-20150627031816-00143-ip-10-179-60-89.ec2.internal.warc.gz
mya
0.86484
Mymr
77
{"mya_Mymr_score": 0.8648397326469421, "blk_Mymr_score": 0.1271870881319046}
နိုင်ငံကျော် အနုပညာရှင် (ဒေါ်) မာမာအေးဟာ ၁၉၉၈ ခုနှစ်က နိုင်ငံရပ်ခြားကို အလည်အပတ်သွားရင်း အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ရောက်နေကြတဲ့ မြန်မာစစ်အစိုးရ အတိုက်အခံ အင်အားစုတွေရဲ့ ဖျော်ဖြေပွဲမှာ ပါဝင်ခဲ့ပြီး နောက်ပိုင်း ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ခံခဲ့ရသူ ဖြစ်ပါတယ်။ အခုတော့ (ဒေါ်) မာမာအေးဟာ သမ္မတ ဦးသိန်းစိန်ရဲ့ ပြည်တော်ပြန် ခွင့်ပြုမိန့်ကြောင့် မြန်မာပြည်ကို ပြန်လာနိုင်တော့မှာပါ။ ဒါကြောင့် နိုင်ငံကျော် အဆိုတော် မာမာအေးရဲ့ ၁၄ နှစ်တာ ကာလအတွင်း ပထမဆုံး မြန်မာပြည် ခရီးစဉ်မှာ ဘာတွေရည်ရွယ်ထားတယ်၊ ဘယ်လို အစီအစဉ်တွေ ရှိတယ် ဆိုတာ သိရဖို့ ဧရာဝတီ သတင်းထောက် မစပ်စုက ဆက်သွယ် မေးမြန်းထားပါတယ်။ မေး။ ။ သမ္မတ ဦးသိန်းစိန်ဘက်က ဒေါ်မာမာအေး မြန်မာပြည် ပြန်လာဖို့ ဘယ်လိုပုံစံမျိုးနဲ့ ဖိတ်ခေါ်ခဲ့တာပါလဲ။ ဖြေ။ ။ ကျမပြန်လာဖို့ကိစ္စကို ကျမတို့ ဂီတလောကက လူကြီးတွေက လုပ်ကြတာပါ။ သူတို့က ပြန်လာစေချင် တာပေါ့နော်။ ကိုယ်တယောက် ပျောက်နေတဲ့အတွက်ကြောင့် ထောင့်တထောင့်က လိုနေတာကိုး။ ပြည်သူ လူထုကလည်း ဒီလိုပဲခံစားရမယ်၊ ကိုယ့်ဂီတလောကက လူတွေက ပိုပြီးတော့ ခံစားရတာပေ့ါ။ အဲဒီတော့ လူတိုင်းက ပြန်လာလို့ရအောင်ဆိုပြီး လူကြီးတကာကို တွေ့တဲ့အခါ အခွင့်သင့်ရင် သင့်သလို တောင်းဆိုနေ ကြတာပါ။ ပွဲလုပ်ဖို့ အစီအစဉ်ရှိတဲ့လူတွေကလည်း ဘယ်လိုနည်းနဲ့ပြန်လာလို့ ရမလဲ ဆိုတာကို ၀ိုင်းပြီးတော့ စဉ်းစားကြတာတို့၊ ကြိုးစားကြတာတို့ ရှိပါတယ်။ မေး။ ။ ပြီးခဲ့တဲ့ သြဂုတ်လက ပြည်ပရောက်မြန်မာတွေကို သမ္မတက ပြန်လာခဲ့ဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် ဒေါ်မာမာအေး အနေနဲ့ စိတ်ထဲတွေ့တာ ဘာမှမရှိသေးလို့ ပြန်လာဖို့ စိတ်ကူးမရှိဘူး၊ စောင့်ကြည့်ဦးမယ်လို့ ပြောခဲ့ပါတယ်၊ အခု ပြန်လာဖို့ ဖိတ်ခေါ်တဲ့ အချိန်မှာ ဘယ်လို အကြောင်းရင်းတွေကြောင့် ပြန်သွားဖို့ ဆုံးဖြတ်တာပါလဲ။ ဖြေ။ ။ အခုက အဲဒီအတိုင်းပါပဲ။ ကျမက စောင့်ကြည့်ဦးမယ်လို့ပြောခဲ့တာပါ။ အစိုးရသစ်က တက်လာလာချင်းကို ဘာတွေများ လုပ်မလဲ၊ အထူးသဖြင့် ကိုယ့်ကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုစဉ်းစားမလဲဆိုတာ အရင်ဆုံး သိချင်တာပဲ။ အခုလိုမျိုး တိတိကျကျ လွတ်လွတ်ကင်းကင်း ဖြစ်တယ်ဆိုတော့ ဒါ အသေချာဆုံးပဲလေ။ ကိုယ့်အတွက် မသေချာဘဲနဲ့ မလှုပ်ရှားနိုင်ဘူး။ ရယ်စရာအဖြစ်နဲ့ ပြောရမယ်ဆိုရင်တော့ ကိုယ်က ဘာအပြစ်မှလည်း မလုပ်ခဲ့ဘူး။ ဘာမှလည်းမလုပ်ပဲနဲ့ အချောင် ခံထားရတာလေ။ ဘာမှအပြစ်မရှိဘဲနဲ့ အထောင်းခံထားရသူဆိုတော့ သားသမီးနဲ့ မိဘပဲဖြစ်ဖြစ် ညီအစ်ကို မောင်နှမချင်းပဲဖြစ်ဖြစ် တယောက်နဲ့ တယောက်အဲဒီလိုဖြစ်ရင် စိတ်ကောက်တတ်တဲ့သဘောပေ့ါ။ အဲဒါကြောင့် နေပါစေဦး၊ သေသေချာချာ ရှင်းရှင်းခေါ်မှ အသံတွေ ထွက်လာတော့မှ ပြန်မယ်လို့ ဆုံးဖြတ်ထားတဲ့အတိုင်း အခု ပြန်မှာပါ။ မေး။ ။ လွန်ခဲ့တဲ့ ၁၄နှစ်က အစိုးရဘက်က ဒေါ်မာမာအေးကို ဘာကြောင့် ပြည်ဝင်ခွင့်မပေးခဲ့ဘူးလို့ ပြောခဲ့ပါသလဲ။ ဖြေ။ ။ အဲဒီတုန်းက သံရုံးကို မေးပါတယ်၊ သူတို့လည်း ဘာဖြစ်တယ်ဆိုတာ မသိဘူးတဲ့။ ကျမ ဒီမှာ ဘာမှမဟုတ်တာ မလုပ်ဘူး၊ ဘာကြောင့် ဒီလိုဖြစ်နေတာလဲ ဆိုတော့ သူတို့လည်း မဖြေနိုင်ဘူး။ အဲဒီလို မဖြေနိုင်ခဲ့ဘူး ဆိုတော့ ကိုယ်လည်း ဘာမှ မပြောနိုင်ဘူး။ တချို့ကလည်း အခုလို ဖြစ်နေတာကို စာတင်ပါလားလို့ အကြံပေးကြပါတယ်။ စာတင်ရအောင် ဘယ်သူက ဘယ်လို လုပ်ထားတယ် ဆိုတာလည်း ကိုယ်က ဘာမှ မသိဘူး၊ ဘာဥပဒေနဲ့ ရေးထားလဲ ကိုယ်လည်း မသိဘူး။ ဘယ်သူက ဘယ်လိုလုပ်လို့ ဘာတွေဖြစ် ကုန်မှန်းကို မသိဘူး။ သံရုံးက တာဝန်ရှိသေူတွေနဲ့လည်းတွေ့ပါတယ်။ သူတို့က ဘာဖြစ်လဲ မာမာအေး ဆိုတော့ ဦးတို့မှ မသိတာ ကျမ ဘယ်လိုလုပ်သိနိုင်မှာလဲလို့ ဒါပဲ ပြောနိုင်ခဲ့တယ်။ အဲဒီတော့ မမြင်ရတဲ့ လူတယောက်က ဟိုဘက်ကနေ လှမ်းနှိပ်ထားတဲ့ သဘောရှိတယ်။ အဲဒီတော့ ကျမ ငုတ်တုတ်ထိုင်ပြီးတော့ ကိုယ့်တိုင်းပြည် မပြန်ရဘဲနဲ့ ဒီဘက်မှာပဲ မရှိရှိတာလေးနဲ့ စိတ်ချမ်းသာအောင် နေဆိုတဲ့သဘောနဲ့ပဲ ဗမာရှာပြီးပေါင်းနေရတော့တာပေါ့။ မေး။ ။ အခုပြန်ရပြီဆိုတော့ ဘယ်တော့လောက်ပြန်ဖို့ မှန်းထားပါသလဲ။ ဖြေ။ ။ နိုဝင်ဘာလောက်ကိုတော့ မှန်းပါတယ်။ ဒီမှာက ဆရာတော်ကြီး ဦးဉာဏိသရ ဘုရားထီးတင်ပွဲရှိတယ်။ ဒီပွဲကို ကျမကလာပြီးတော့ အသံလှူမယ်လို့ပြောထားတာရှိတယ်။ ဒီပွဲကြီးပြီးမှ သွားမယ်လို့ ဆုံးဖြတ်ထားတယ်။ ဆရာတော် ထီးတင်ပွဲကလည်း အောက်တိုဘာမှာလုပ်မယ်ဆိုတာ တိကျသေးတာ မဟုတ်ဘူး။ ဟိုရောက်နေတော့မှ ဒီပြန်လာခဲ့ဆိုရင် ခေါက်တုန့် ခေါက်ပြန် သွားနိုင်မယ့် အင်အားရှိ၊ မရှိ ကျန်မာရေး အခြေအနေအရ မသေချာဘူး။ အဲဒါကြောင့်မို့လို့ပါ။ အလကားနေရင်းနဲ့ အချိန်ဆွဲနေတာ မဟုတ်ပါဘူး။ တကယ်လို့ သွားမယ်ဆိုရင်လည်း ဘယ်လိုမျိုးလေး ကိုယ့်ပြည်သူနဲ့ ထိတွေ့လို့ ရမလဲ၊ ငါ ဘာတွေ presentation လုပ်ရင် ကောင်းမလဲ၊ ကိုယ့်လူရင်းတွေ ဘယ်နှယောက်ရှိသေးလဲ၊ လူငယ်ထဲကရော ဘယ်သူတွေကို ဘာတွေလုပ်ပေးရင် ကောင်းမလဲ ပြင်ဆင်ချင်သေးတယ်။ ပညာပေး အစီအစဉ်လေးတွေလည်း လုပ်မယ်လို့ စဉ်းစားထားပါတယ်။ ဘာလို့လဲဆိုတော့ ဗမာသံက တော်တော်လေးကို ပြတ်နေပြီ။ နောင်လာနောက်သားများ အတွက်လည်း အများကြီး လုပ်ပေးစရာတွေ ရှိပါသေးတယ်။ မေး။ ။ အလည်သဘောမျိုးနဲ့ ပြန်မှာလား။ မြန်မာပြည်မှာ တသက်လုံးပြန်နေဖို့ ရှိမလား။ ဖြေ။ ။ နေသွားဖို့ကတော့ အခုချက်ချင်း မဆုံးဖြတ်နိုင်သေးပါဘူး။ ကျန်းမာရေး အခြေအနေကြောင့်ပါ။ ရာသီဥတု မတူတာလည်း ဆယ်နှစ်ကျော်ကျော် ခံစားရပြီးပြီ။ ရန်ကုန်မှာလည်း ပူလွန်းအားကြီးတဲ့ အပြင် မီးကလည်း မှန်မှန်မလာဘူး။ အိမ်မှာ အဲယားကွန်းရှိပေမယ့်လည်း အမေ ဘယ်လိုမှ နေနိုင်မှာမဟုတ်ဘူးလို့ ကျမ သမီးက ပြောတယ်။ အဲဒီလိုတွေ ပေ့ါနော်။ နောက် ကိုယ်ကလည်း သိပ်ချမ်းသာတာမဟုတ်ဘူး၊ ဟိုတယ်မှာ တောက်လျှောက် ကြီးလည်း ဘယ်လိုနေမလဲ။ သွားရင်လည်း ၁ လ လောက် နေမှာမဟုတ်ဘူး။ အနည်းဆုံးတော့ ၂ လ၊ ၃ လလောက်နေဖို့ စဉ်းစားထားပြီး ကိုယ်လုပ်စရာရှိတာလေးတွေ လုပ်ပေးဖြစ်မယ် ပေ့ါနော်။ အဲဒါကြောင့် နည်းနည်း အေးမယ့် အချိန်လေးကိုလည်း စောင့်နေတာပါ။ မေး။ ။ မြန်မာပြည်နဲ့ ဝေးကွာနေတာ ဘယ်လောက်ကြာပြီလို့ ပြောလို့ရမလဲ။ ဖြေ။ ။ ကျမ ၁၉၉၈ ထဲက ထွက်လာတာလေ။ အဲဒီတုန်းကလည်း ဒီမှာလာနေဖို့ ထွက်လာတာမဟုတ်ဘူး။ ဘာရည်ရွယ်ချက်မှ မရှိဘူး။ UK ကိုဘုရားထီးတင်ဖို့သွားတာ။ ဆရာတော် ဦးဇီဝိတရဲ့ ဘုရားကြီးပါ။ နိုင်ငံခြားမှာ ကိုယ်ဘုရားတဆူတည်ဖို့ဆိုတာ အခွင့်အရေးက ခဲယဉ်းတယ်မဟုတ်လား။ အဲဒီအတွက် ကိုယ်က သွားကူတာပါ။ အဲဒီကို သွားကူပြီး အမေရိကန်ကို လာလည် တာပါ။ လာလည်ရင်းနဲ့ ခလုတ်တိုက်ပြီးတော့ ရောက်နေတာပါ။ မေး။ ။ မြန်မာပြည်ရောက်ပြီဆိုရင်ကော အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး ဘာတွေ လုပ်မယ်လို့ စိတ်ကူး ထားတာတွေ ရှိလဲ။ ဖြေ။ ။ အနုပညာအလုပ်အနေနဲ့ကတော့ ကိုယ်က အဆိုတော်ဆိုတော့လည်း ပထမဆုံး သီချင်းသွင်းဖို့ ရှိမှာပေ့ါ။ ဘာကြောင့်လဲ ဆိုတော့ မာမာအေး အသစ်မထွက်လို့ နောက်က ကလေးတွေ လိုက်ဆိုစရာမရှိတဲ့ ဘ၀ ရောက်နေရတာကိုး။ အသံသွင်းဖို့ ကိစ္စတွေ လုပ်ပေးမယ်။ အရင်က ဒီဘက်ကို ရောက်ကာစဆိုရင် တေးပုလဲက ကျမနဲ့ အသံသွင်းချင်တယ်၊ ပြန်မလာသေးရင်လည်း အဲဒီဘက်ကနေ သွင်းဖို့ အစီအစဉ်လုပ်မယ် ဆိုပေမယ့် ဟိုဘက်က ခွင့်မပြုဘူးလေ။ စာလုံးလေး တလုံးကအစ နှင်ထုတ်ခံရတဲ့ ဘ၀ဖြစ်နေတော့ အကုန်ဘာမှ လုပ်လို့မရဘူး။ အခု လုပ်လို့ရပြီဆိုတော့လည်း ကိုယ့်ပရိသတ် အတွက် အသံအသစ်လေး ဘာလေး ပြန်ကြားရဖို့ ရှိဦးမယ် ထင်ပါရဲ့။ အဲဒီတော့ အသံသွင်းချင်တဲ့ သူတွေကလည်း သီချင်းတွေ ဘာတွေ ရေးပြီး စောင့်လို့ရမယ်လေ။ ဒီကိစ္စမျိုးဆိုတာကလည်း ချက်ချင်းထလုပ်လို့ ရတာမဟုတ်ဘူး။ မာမာအေး ဆိုဖို့ သီချင်းကို သူတို့လည်း ရှာရဦးမှာပဲလေ။ အဲဒီအတွက်လည်း ကိုယ်က အားမွေးထားရပါသေးတယ်။ မေး။ ။ ပြည်ပ နိုင်ငံသားတွေဖြစ်နေတဲ့ မြန်မာတွေ ပြည်တွင်းကို ပြန်လည်ပတ်တဲ့အချိန်မှာ မြန်မာနိုင်ငံသား အနေမျိုးနဲ့ မဟုတ်ဘဲ နိုင်ငံခြားသား တယောက်လို သဘောထားတာ ဆိုတော့ ဒေါ်မာမာအေး အနေနဲ့ကော ဘယ်လို ပုံစံမျိုးနဲ့ နေရမှာလဲ။ အုပ်ချုပ်သူတွေ ဘက်က ဘယ်လိုအနေအထားမျိုးနဲ့ နေခွင့်ပေးမယ်ဆိုတာ သိချင်ပါတယ်။ ဖြေ။ ။ အခု ခွင့်ပြုလိုက်တယ်ဆိုတဲ့ စာတော့ မြင်ရပြီ။ သံရုံးကို သွားပြီးတော့ ပြောရမှာလား၊ သံရုံးက ဆက်သွယ် လာမှာလားဆိုတာ ဘာမှန်းတောင်မသိသေးပါဘူး။ ကိုယ့်ဘက်က ဘာမှ မျှော်လင့်ထားတာမရှိဘူး။ သွားလို့ရတဲ့ အချိန်မှာ သွားဖို့ကို ဒီနေ့ကစပြီး ပြင်ဆင်ရတော့မှာပေ့ါ။ မေး။ ။ ကိုယ်တတ်စွမ်းတဲ့ အနုပညာနဲ့ တိုင်းပြည်အတွက် အကျိုးရှိစေမယ့် ဘယ်လိုအရာမျိုးတွေ လုပ်ပေးဖို့ စိတ်ကူး ထားတာရှိပါသလဲ။ ဖြေ။ ။ စိတ်မကူးဘဲနဲ့ မနေပါဘူး။ ငါပြန်သွားရင် ငါ့တိုင်းပြည်အတွက် ဘာလုပ်ပေးရမယ်ဆိုတာ ဒီမှာနေရင်းနဲ့တောင် လှမ်းပြီးတော့ လုပ်နေတာပါ။ ဒါပေမယ့် ကိုယ်လုပ်ချင်တဲ့ အရာကို အပေါ်က လူကြီးတွေ မျက်စိနောက်မှာလည်း ကြောက်ရ သေးတယ်။ အများကြီးစဉ်းစားရဦးမှာပါ။ ဘာလုပ်မယ်လို့ ပြောလို့မရဘူး။ ဖြစ်နိုင်ရင် ကိုယ့်တိုင်းပြည်ကို စိန်စီချင်တာ။ ဒီလိုမျိုး ဒုက္ခတွေကို ဘယ်ကြည့်ချင်ပါ့မလဲ။ ကျမဘ၀မှာ ကိုယ်ဘာလုပ်ပေးရင် ရမလဲလို့ ကြိုးစားခဲ့ဖူးတာ အများကြီးပါပဲ။ အဲဒါတွေက မအောင်မြင်ခဲ့ပါဘူး။ မအောင်မြင်ပေမယ့်လည်း စိတ်နဲ့ ကိုယ့်တိုင်းပြည်ကို ချစ်နေတာကိုက ကုသိုလ်ရနေတာပါပဲ။
<urn:uuid:617a107e-044b-4852-87f5-95163f9d75c4>
CC-MAIN-2015-32
http://burma.irrawaddy.org/interview/2012/05/22/10211.html
2015-07-30T12:09:19Z
s3://commoncrawl/crawl-data/CC-MAIN-2015-32/segments/1438042987174.71/warc/CC-MAIN-20150728002307-00023-ip-10-236-191-2.ec2.internal.warc.gz
mya
0.869642
Mymr
27
{"mya_Mymr_score": 0.8696417808532715, "blk_Mymr_score": 0.12063633650541306}
1တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် အာရုန်၏သား၊ ယဇ်ပုရောဟိတ်တို့အားဆင့်ဆို ရမည်မှာ၊ အမျိုးသားချင်း သေသောအတွက် သင်တို့တွင် အဘယ်သူမျှ ညစ်ညူးခြင်းမရှိရ။ 2သို့ရာတွင် ပေါက်ဘော်ရင်းတည်းဟူသော မိဘ၊ သားသမီး၊ ညီအစ်ကို၊- 3လင်မနေသော ကညာနှမရင်းအတွက် ညစ်ညူးခြင်းကို ခံရသော အခွင့်ရှိ၏။ 4အမျိုးသားချင်း သူကြီးအတွက်၊ ကိုယ်ကိုကိုယ်ရှုတ်ချ၍ ညစ်ညူးခြင်းမရှိရ။ 5ယဇ်ပုရောဟိတ်သည် ဆံပင်ကို မရိတ်ရ။ ပါးမုန်းကို မရိတ်ရ။ အသား၌ ခုတ်ရှခြင်းကို မပြုရ။ 6သူသည် မိမိဘုရားသခင်အဘို့ သန့်ရှင်းရမည်။ မိမိဘုရားသခင်၏ နာမတော်ကို မရှုတ်မချရ။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာ၊ မိမိဘုရားသခင်၏ အစာအာဟာရကို ပူဇော်သော ကြောင့် သန့်ရှင်းခြင်းရှိရမည်။ 7သူသည် ပြည်တန်ဆာမိန်းမ၊ သီလပျက်သောမိန်းမ၊ လင်နှင့်ကွာသောမိန်းမနှင့် မစုံဘက်ရ။ မိမိဘုရား သခင်အဘို့ သန့်ရှင်း၏။ 8သင်၏ ဘုရားသခင်ပွဲတော်ကို ဆက်သောကြောင့်၊ သူ့ကို သန့်ရှင်းစေ၍၊ သူသည် သင့်အဘို့ သန့်ရှင်းရမည်။ သင်တို့ကို သန့်ရှင်းစေသော ငါထာဝရဘုရား သန့်ရှင်း၏။ 9ယဇ်ပုရောဟိတ်သမီးသည်၊ ပြည်တန်ဆာလုပ်၍ ကိုယ့်ကိုကိုယ်ရှုတ်ချလျှင်၊ မိမိအဘကို ရှုတ်ချရာ ရောက်၏။ ထိုသူကို မီးရှို့ရမည်။ 10မိမိအမျိုးသားချင်းတို့တွင်၊ အဝတ်တန်ဆာဆင်လျက်၊ အရာ၌ ခန့်ထား၍ မိမိခေါင်းပေါ်မှာ ဆီလောင်းခြင်း ဘိသိက်ကိုခံသော ယဇ်ပုရောဟိတ်မင်းသည်၊ မိမိခေါင်း၌ တန်ဆာကို မချွတ်ရ။ မိမိအဝတ်ကို မဆုတ်ရ။ 11အသေကောင်ကို မချဉ်းရ။ မိဘအတွက် ညစ်ညူးခြင်းကို မခံရ။ 12သန့်ရှင်းရာဌာနတော်ထဲက မထွက်ရ။ မိမိဘုရားသခင်၏ သန့်ရှင်းရာဌာနတော်ကို မရှုတ်မချရ။ အကြောင်းမူကား၊ မိမိဘုရားသခင်၏ ဘိသိက်ဆီနှင့်ဆိုင်သော သင်းကျစ်ကို ဆောင်းရသောသူ ဖြစ်၏။ ငါသည် ထာဝရဘုရား ဖြစ်၏။ 13ယဇ်ပုရောဟိတ်မင်းသည်၊ အပျိုကညာနှင့်သာစုံဘက်ရမည်။ 14မုတ်ဆိုးမ၊ လင်နှင့်ကွာသောမိန်းမ၊ သီလပျက်သောမိန်းမ၊ ပြည်တန်ဆာမိန်းမနှင့် မစုံဘက်ရ။ မိမိအမျိုးသားချင်း အပျိုကညာနှင့်သာ စုံဘက်ရမည်။ 15မိမိသားကို၊ အမျိုးသားချင်းတို့တွင် မရှုတ်မချရ။ ငါထာဝရဘုရားသည်၊ ယဇ်ပုရောဟိတ်မင်းကို သန့်ရှင်းစေသည်ဟု မိန့်တော်မူ၏။ 16တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် အာရုန်အား ဆင့်ဆိုရမည်မှာ၊- 17သင်၏ အမျိုးအစဉ်အဆက်တွင် ကိုယ်၌အပြစ်ရှိသောသူသည်၊ မိမိဘုရားသခင်၏ ပွဲတော်ကို ဆက်ကပ်အံ့သောငှါ မချဉ်းမကပ်ရ။ 18မျက်စိကန်းသောသူ၊ ခြေဆွံ့သောသူ၊ နှာခေါင်းပိသောသူ၊ အင်္ဂါပိုလွန်သောသူ၊- 19လက်ကျိုးသောသူ၊ ခြေကျိုးသောသူ၊ 20ကျောကုန်းသောသူ၊ ပုသောသူ၊ မျက်စိနာသောသူ၊ ဝဲစွဲသောသူ၊ ယားနာစွဲသောသူ၊ ဝှေးစေ့ပျက်သော သူသည် မချဉ်းမကပ်ရ။- 21ယဇ်ပုရောဟိတ် အာရုန်အမျိုးတွင်၊ ကိုယ်၌ အပြစ်ပါသောသူ တစုံတယောက်မျှ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ကပ်အံ့သောငှါ မချဉ်းမကပ်ရ။ ကိုယ်၌ အပြစ်ပါသောကြောင့်၊ မိမိဘုရားသခင်၏ မုန့်တော်ကို ဆက်ကပ်အံ့သောငှါ မချဉ်းမကပ်ရ။ - 22သန့်ရှင်းသော မုန့်ဖြစ်စေ၊ အလွန်သန့်ရှင်းသော မုန့်ဖြစ်စေ၊ မိမိဘုရားသခင်၏ မုန့်တော်ကို စားရမည်။ 23ကိုယ်၌ အပြစ်ပါသောကြောင့်၊ ငါ့သန့်ရှင်းရာ ဌာနအရပ်တို့ကို ရှုတ်ချမည်ကို စိုးရိမ်၍၊ ကုလားကာ အတွင်းသို့ မဝင်ရ။ ယဇ်ပလ္လင်သို့ မချဉ်းမကပ်ရ။ ငါထာဝရဘုရားသည် ထိုအရပ်တို့ကို သန့်ရှင်းစေ သည်ဟု မိန့်တော်မူ၏။ 24မောရှေသည် အာရုန်နှင့် သူ၏သား ဣသရေလ အမျိုးသားအပေါင်းတို့အား ဆင့်ဆိုလေ၏။ Leviticus 21
<urn:uuid:9d4f8658-2676-4455-87f9-a1fafe7d5568>
CC-MAIN-2015-32
http://www.bible.is/MYAOJV/Lev/21
2015-07-30T12:16:36Z
s3://commoncrawl/crawl-data/CC-MAIN-2015-32/segments/1438042987174.71/warc/CC-MAIN-20150728002307-00023-ip-10-236-191-2.ec2.internal.warc.gz
mya
0.996435
Mymr
37
{"mya_Mymr_score": 0.9964351058006287}
စော်ဘွား စော်ဘွား ဟူသည့်အသုံးအနှုံးသည် ရှမ်းလူမျိုးနှင့် ကယားလူမျိုးများက ၄င်းတို့၏အကြီးအကဲအား ခေါ်ဝေါ်သည့် အသုံးအနှုံးဖြစ်သည်။ ရှမ်းစကား စောက်ဖ မှဆင်းသက်လာသည်။ အရှင်သခင်ဟူ၍အဓိပ္ပာယ်ရ သည်။ ပုဂံခေတ်နောက်ပိုင်းတွင် ရှမ်းနယ်များပေါ်ထွန်းလာရာတွင် ၎င်းနယ်များသည် ဘုရင်တစ်ပါးတည်း၏နိုင်ငံအဖြစ်သို့မရောက်နိုင်ဘဲ အကွဲကွဲအပြားပြားဖြစ်ရာ နယ်ရှင်များကိုစော်ဘွားဟုခေါ်ကြသည်။ မိုးကောင်းစော်ဘွား၊ မိုးညှင်းစော်ဘွား၊ သိန္နီစော်ဘွား၊ ကျိုင်းတုံစော်ဘွားစသဖြင့် မြန်မာ့သမိုင်းတွင် နေရာအတော်များများ၌တွေ့ရသည်။ နောက်ပိုင်းတွင်မြန်မာစကားအဖြစ်မွေးစားလိုက်ပြီး တိုင်းပြည်ငယ်များ၏ဘုရင်များကို စော်ဘွားဟုသုံးကြသည်။ ဥပမာအားဖြင့် အာရပ်စော်ဘွားများ၊ ဘရူနိုင်းစော်ဘွား၊ အာသံစော်ဘွား၊ မဏိပူရစော်ဘွား၊ အိန္ဒိယမဟာရာဇာစော်ဘွားများ စသည်ဖြင့်သုံးနှုန်းကြသည်။
<urn:uuid:7c71640c-d66e-4f3a-8a91-334f457a42fd>
CC-MAIN-2015-32
https://my.wikipedia.org/wiki/%E1%80%85%E1%80%B1%E1%80%AC%E1%80%BA%E1%80%98%E1%80%BD%E1%80%AC%E1%80%B8
2015-08-03T15:10:51Z
s3://commoncrawl/crawl-data/CC-MAIN-2015-32/segments/1438042989897.84/warc/CC-MAIN-20150728002309-00225-ip-10-236-191-2.ec2.internal.warc.gz
mya
0.991464
Mymr
72
{"mya_Mymr_score": 0.991464376449585}
ခဲတံ ခဲတံ[ပြင်ဆင်ရန်] ရှေးက ခဲတံပြုလုပ်ရာတွင် ခဲကို အသုံးပြုခဲ့ခြင်းကြောင့် ယခုတိုင်အောင် ခဲတံဟု ခေါ်တွင်နေသော်လည်း ယခုခေတ်သုံး ခဲတံများတွင် ခဲလုံးဝမပါချေ။ ခဲအစား ဂရက်ဖိုက်(ခဲနက်)ခေါ် တွင်းထွက်ကာဗွန် တစ်မျိုးကိုသာ အသုံးပြုထားသည်။ ရှေးရောမလူမျိုး တို့ခေတ်မှစ၍ ပုံဆွဲခြင်း၊ ရေးမှတ်ခြင်းတို့တွင်မြေဖြူများ၊ ရောင်စုံမြေပုံများ ခဲများကို အသုံးပြုလာခဲ့ကြသည်။ သို့သော် ၁၆ ရာစုနှစ် ကုန်ခါနီးလောက်တွင် ဂရက်ဖိုက်ကို စတင် အသုံးပြုလာခဲ့ကြလေသည်။ ကမ္ဘာအရပ်ရပ်တွင် ခဲတံကို မည်မျှ အသုံးများသနည်း ဆိုလျှင် ခဲတံလုပ်ရန် သစ်များ ခုတ်လှဲမှုကြောင့် အချို့သစ်တောကြီးများပင် ကုန်လုနီးပါး ဖြစ်ခဲ့ရလေသည်။ သစ်ပင်တစ်ပင်သည် ခဲတံပေါင်း (၁၇၂၀ဝ၀) ထုတ်လုပ်နိုင်ပါသည်။ ခဲတံပြုလုပ်ရန်အတွက် အကောင်းဆုံးသစ်သားမျိုးမှာ ပျော့စေးစေးဖြစ်နေသည့် ဆီဒါအနီခေါ် ထင်းရှုးတစ်မျိုး ဖြစ်သည်။ ဤသစ်မျိုးကို အမေရိကန်ပြည်ထောင်စု ဗာဂျင်းနီးယားပြည်နယ်မှ အမြောက်အမြားရရှိ၍၊ ထိုထက်အနည်းငယ်မာကျော်လေးလံသော အမျိုးအစားကို အာဖရိကတိုက် အရှေ့ပိုင်းရှိ ကင်းနယားနယ်မှရသည်။ သို့သော် အဆိုပါသစ်မျိုး ရှားသွားပြီ ဖြစ်သည့်အတွက်၊ ယခုအခါ ကာလီဖိုးနီးယားပြည်နယ်မှရသော မွှေးကြိုင်သည့် ဆီဒါသစ်မျိုးကို အမြောက်အမြား အသုံးပြုနေကြရသည်။ ဂရက်ဖိုက်ကို ခဲဆန်အဖြစ် စတင်အသုံးပြုစဉ်က တွင်းထွက် ဂရက်ဖိုက်ကို ပထမညက်ညက်ကြေအောင် ကြိတ်ချေ၍၊ အတုံးဖြစ်အောင် တစ်ဖန်ဖိပေးရသည်။ ထို့နောက် အတုံးများမှ အရွယ်တော်အချောင်း ကလေးများရအောင် ခွဲစိတ်ဖြတ်တောက်ပြီးလျှင် ခဲဆန်အိမ်ကလေးများ၌ ထည့်၍ အသုံးပြုခဲ့ကြလေသည်။ သို့သော် ဂရက်ဖိုက်ချည်းသက်သက်မှာ ပျော့လွန်းသည့်အတွက် ၁၈ ရာစုကုန်ခါနီးအချိန်လောက်မှစ၍ ဂရက်ဖိုက်တွင် မြေစေးကို အမာအပျော့ လိုသလို ရောစွက်လုပ်ကိုင်လာကြသည်။ လက်သမားခဲတံအတွက် ရောင်စုံခဲတံများ ပြုလုပ်ရာတွင်မူ ဂရက်ဖိုက်ကို အသုံးမပြုတော့ဘဲ မြေဖြူ၊ မြေစေး၊ သို့မဟုတ် ဖယောင်းတို့ကို အရောင်ဆေးနှင့် ရော၍ အသုံးပြုသည်။ ဝက်အူရစ်ခဲတံဟူ၍လည်း ခဲတံတစ်မျိုး ပေါ်ပေါက်ခဲ့သည်။ ထိုခဲတံမျိုးတွင် ခဲဆန်ကို သစ်သားအိမ်မှာကဲ့သို့ အသေထည့် မထားပေ။ သတ္တုအိမ်တွင် အရှင်ထည့်ထားပြီးနောက် ဝက်အူကို လှည့်ပေးခြင်းဖြင့် ခဲဆန်ကို လိုသလောက် ထုတ်နိုင်သွင်းနိုင်သည်။ ခဲဆန်သွင်းလိုသောအခါ ခဲဆန်၏ထိပ်ကို သတ္တုအိမ်အတွင်းရှိ ပြွန်ချောင်းလုံးကလေးတွင် သွင်းပေးရသည်။ ထိုပြွန်ချောင်းကို သတ္တုအိမ်တွင်းရှိ ဝက်အူရစ်၊ အပေါ်ထိပ်ဖုံးနှင့် ဆက်ထား၍ ထိပ်ဖုံးကို လှည့်ပေးသောအခါ ခဲဆန်သည် ထိပ်ဝမှထွက်လာသည်။ ဤနည်းဖြင့် ခဲဆန်ကို သတ္တုအိမ်မှ အလိုရှိသလို ထွက်စေ ဝင်စေနိုင်သည်။ ခဲဆန် အပိုများကိုလည်း ခဲတံထိပ်ရှိ ခဲဖျက်အိမ်တွင် ဆောင်ထား နိုင်သည်။ ခဲတံနှင့် ရေးရာတွင် ခဲရာပို၍ မဲစေရန် ခဲဆန်ပြုလုပ်ရာ၌ ဂရက်ဖိုက်တွင် တစ်ခါတစ်ရံ ဆီမှိုင်း အနည်းငယ် ရောစပ်ပေးလေ့ရှိကြသည်။ ယခုခေတ် ခဲဆန်လုပ်ငန်းတွင် ဤသို့ ဂရက်ဖိုက်နှင့် မြေစေး၊ ဆီမှိုင်း အစရှိသည်တို့ ရောထားသောပစ္စည်းကို ရှေးဦးစွာ အပေါက်ကလေးများ ဖောက်ထားသော ခွက်ထဲတွင် ညက်၍ နယ်သားရလာသည့်တိုင်အောင် ရေဖိအားစက်ဖြင့် နယ်ပေးသည်။ နယ်သားကောင်းလာသောအခါ အလိုရှိသော ခဲဆန်အရွယ် ဖောက်ထားသော အပေါက်ကလေးများမှတဆင့် ညှစ်ထုတ်ပေးသည်။ ထိုအခါအောက်တွင် ခံထားသော ပျဉ်ပြားပေါ်သို့ ခဲဆန်များသည် နန်းကြိုးကလေးများပမာ ခွေ၍ ကျဆင်းလာသည်။ ထိုခဲဆန်အခွေများကို အရှည်လိုသလောက် ဖြတ်၍ စန့်အောင်ဆန့်ပြီးလျှင် အခြောက်ခံပေးရသည်။ ထို့နောက် ခွက်တစ်ခုတွင် ထည့်၍ ကာဗွန်မှုန့်ဖြူးပေးပြီးလျှင် အပူခန်းတွင် ရေငွေ့ခြောက်သွားအောင် ပေါင်မုံ့ဖုတ်သကဲ့သို့ အပူတိုက်ပေးရသည်။ ခဲဆန်သွင်းရန် သစ်သားအိမ် ပြုလုပ်ပုံမှာ အရှည် ၇ လက်မ၊ ပြက် ၂ လက်မ၊ ထု ၁/၄ လက်မ အရွယ်ရှိသော ပျဉ်ပြားတစ်ချပ်ပေါ်၌ စက်ဖြင့် ခဲဆန်ဝင်ဆံရုံ ပြော့ကြောင်း ၆ ခု ထိုးပေးသည်။ ထိုပြော့ကြောင်းများထဲတွင် ခဲဆန်များကို ထည့်ပေးသည်။ ထို့နောက် အလားတူ ပြော့ကြောင်း ၆ ခု ထိုးထားသော အခြားပျဉ်ပြားတစ်ချပ်ကို ကော်ရည်သုတ်ပြီးလျှင် အပေါ်မှ အံကျအုပ်ပေး၍ ဖိထားလေသည်။ ခြောက်သောအခါ အဆိုပါ ပျဉ်နှစ်ချပ်သည် တသားတည်းနှင့် မခြား ကပ်သွားသည်။ ထိုအခါ စက်ဖြင့် ခဲတံခြောက်ချောင်း ဖြစ်အောင် ခွဲစိတ်၍ စောင်းသပ်ပြီး လုံးပေးသည်။ ထို့နောက် အရောင်တင်ဆေးသုတ်ခြင်း၊ တံဆိပ်နှိပ်ခြင်း၊ ခဲဖျက်များ တပ်ပေးခြင်းနှင့် သေတ္တာများတွင် ထည့်ခြင်း စသောအလုပ်အားလုံးကို စက်ဖြင့်ပင် လုပ်ကိုင်သွားသည်။[၁] သိမှတ်ဖွယ်ရာ[ပြင်ဆင်ရန်] ခဲတံတစ်ချောင်းသည် ၃၅ မိုင်အရှည်ထိ မျဉ်းလိုင်းတစ်ကြောင်းဆွဲနိုင်ပါသည်။ ခဲတံတချောင်းသည် စာလုံးပေါင်း၄၅၀ဝ၀ထိရေးနိုင်ပါသည်။ ဘင်ဂျမင်ဖရင်ကလင်သည် ခဲတံရောင်းဖို့အတွက် ၁၇၂၉- ခုနှစ်ထုတ် ပင်နီဇွဲလာဂဇက်မှာကြော်ငြာဘူးပါသည်။ ဝီလီယံမွန်ရိုးသည် ပထမဆုံးအမေရိကန်သစ်သားများကို ၁၈၁၂- ခုနှစ်မှာ ထုတ်လုပ်ခဲ့သူဖြစ်ပါသည်။ ဂျွန်စတီးဘက်သည် "The Grapes of Wrath" စာအုပ်ကိုရေးသားရာမှာ ခဲတံချောင်းပေါင်း ၆၀ကိုနေ့တိုင်းအသုံးပြုခဲ့ပါသည်။ ၁၈၀၀-ခုနှစ်တွင် ထုတ်လုပ်ခဲ့သော ခဲတံများ၏ ၇၅ရာခိုင်နှုန်းသည် အဝါရောင် ဆေးသုတ်ထားပါသည်။ တရုတ်များကို ဂုဏ်ပြုသည်အနေနှင့် ဖြစ်ပါသည်။ ခဲတံကို အင်္ဂလန်နိုင်ငံမှာတော့ ၁၅၆၄-ခုနှစ်မှာ ပထမဆုံးပြုလုပ်ခဲ့ပါသည်။ ခဲတံတွင် ခဲဆန်များ၏ ခဲသားအလိုက် 3H, 2H, HB, 2B, 3B, 4B, 5B ဟူ၍ အမျိုးအစားများ ခွဲခြားထားသည်။ [၂] ကိုးကား[ပြင်ဆင်ရန်] - မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂) - Ohn Mar Oo
<urn:uuid:f6e55d74-1948-484e-aa6f-9a3ff409d43e>
CC-MAIN-2015-32
https://my.wikipedia.org/wiki/%E1%80%81%E1%80%B2%E1%80%90%E1%80%B6
2015-08-04T21:59:50Z
s3://commoncrawl/crawl-data/CC-MAIN-2015-32/segments/1438042992201.62/warc/CC-MAIN-20150728002312-00136-ip-10-236-191-2.ec2.internal.warc.gz
mya
0.998299
Mymr
63
{"mya_Mymr_score": 0.9982990622520447}
Thursday, May 1, 2014 A doctor who also writes (2) ဆေးပညာ-စာရေးသူ (၂) နိုင်ငံတိုင်းဟာ၊ တခြားယဉ်ကျေးမှုတွေ၊ တခြားစီးပွါးရေးတွေနဲ့ ဆက်စပ်နေတာကို အရင်ကလို တားထား-ပိတ်ထားလို့ မရနိုင်တော့ လောက်အောင်ခက်လာတယ်။ ဒီတော့ ကိုယ့်စကားမဟုတ်တာ အနည်းဆုံး တခုတော့ တတ်ဘို့လိုလာပြီ။ သိတဲ့အတိုင်း အင်္ဂလိပ်စာကအများသုံး။ ကျောင်းမှာသင်၊ ကျူရှင်တက်၊ ကိုယ်တိုင် လေ့လာမှု မပြုလို့ မရကြတော့ပါ။ ရန်ကုန်နဲ့ မန္တလေး မဟုတ်တဲ့ နယ်ကျောင်းကနေ ဆယ်တန်း အောင်ခဲ့သူဆိုတော့ အင်္ဂလိပ်စာ မတော်ဘူး။ ခေတ်က ကိုလိုနီခေတ် မဟုတ်တော့ပေမဲ့ ကျွန်စာဆန့်ကျင်ရေး လုပ်ခဲ့ကြသလို၊ ဗိုလ်ကျတဲ့သူတွေကို တော်လှန်ဘို့ ဗိုလ်စာ ကောင်းကောင်းတတ်အောင် လုပ်သူတွေလဲ ရှိခဲ့ပါတယ်။ လွတ်လပ်ပြီး မကြာခင် အင်္ဂလိပ်စာကို အားမပေးပြန်ဘူး။ ဘာလို့ အဲလိုလုပ်သလဲဆိုတာ လုပ်တဲ့သူတွေကနေ ပြောမှ မှန်ပါမယ်။ ခံရသူက ပြောပြပါဆိုရင့့် ဆယ်တန်းမှာ သိပ္ပံ (၃) ဘာသာကို အင်္ဂလိပ်လိုသင်နေရတုံး၊ “မြန်မာလိုသာ သင်စေ” ဆိုတဲ့ အထက်အမိန့် လာတယ်။ ဆရာတွေကလဲ B. Sc. ဘွဲ့ရအောင် အင်္ဂလိပ်လို သင်လာခဲ့ကြရတယ်။ သင်္ချာ၊ ဓါတုဗေဒ နဲ့ ရူပဗေဒကို မြန်မာစာလို စာအုပ်ကလဲ ထုတ်မလို့ လုပ်တုံးရှိသေးတော့ “မတော်တဲ့သူတွေ ပိုညံ့စေတဲ့ ပေါ်လစီ” သာ ဖြစ်ခဲ့တာကို အချိန်က သက်သေပြခဲ့တယ်။ အင်္ဂလိပ် လက်အောက်ခံခြင်းအတူတူ ကျွန်တော်တို့နိုင်ငံက ယဉ်ကျေးမှုကို နယ်မကျွံအောင် ထိန်းနိုင်ခဲ့တာတော့ အတော် ကောင်းပါတယ်။ ပညာအရာမှာတော့ အတော်ခြာခြာသာ လာတော့တယ်။ (မဆလ) ခေတ်မှာ အင်္ဂလိပ်လို ပြောစရာ နေရာမရှိ၊ စားစရာတို့ ဝတ်စရာတို့လိုဘဲ ဖတ်စရာကလဲ ရှားပါး-ပစ္စည်းဘဲ။ ကိုးတန်းမှာ ဦးပန်းရည် ဂဏန်းသင်္ချာကို သင်ရတယ်။ ဆရာကနေ သင်္ချာပုစ္ဆာတွေကို အတန်းသားတွေ လိုက်ကူးအောင် ရှေ့တန်းက ထိုင်ရတဲ့သူ (အရပ် မရှည်သူမို့ပါ) ကို ဖတ်ပြဘို့ ခိုင်းတယ်။ “ဇန္နဝါရီ” ဆိုတာပါတော့ အသံထွက်ရာမှာ “ဂျန်နူဝါရီ” လို့ ထွက်မိတာ ဝိုင်းရီကြတယ်။ အသံထွက်မှန် အောင်ထွက်ရင် ကဲရဲ့ခံရတဲ့ခေတ်မှာ ကြာခဲ့ပါတယ်။ ဘာသာပြန်တာတွေမှာ မြန်မာမှု အတော်ပြုကြတာ သတိထားမိတယ်။ တိုင်းတပါး စာပေ-ယဉ်ကျေးမှုကို ပြောင်းယူတာက တမျိုးဖြစ်ပါတယ်။ ဂရိရှေးလက်ရာ Homer (ဟိုးမား) ရဲ့ မဟာကဗျာကြီးတွေထဲက Achilles (အာချီးလိစ်) တို့ Troy (ထရွိုင်) တို့ကို နားယဉ်ကြသူ အတော်များပါမယ်။ Iliad (အိလိယတ်) နဲ့ Odyssey (အိုဒက်ဆေး) ဆိုတဲ့ Epic (အိပစ်) တွေကနေ လာတာလို့တော့ သိတဲ့သူ သိပ်မများလောက်ပါ။ မြန်မာမှု ကောင်းကောင်းတော့ ပြုကြပါတယ်။ စာလုံးအထပ်တွေ ပါဠိတွေနဲ့ရေးတော့ ခန့်သလိုလို၊ နန်းဆန်သလိုလို ထင်ကြရတယ်။ ခုခေတ်မှာ သိပ်မကိုက်ဘူး ထင်ပါတယ်။ ပိုသိချင်၊ သုတေသနလုပ်ခြင်သူတွေအတွက် ခက်ပါမယ်။ စာအုပ်တွေမှာ အင်္ဂလိပ်လို စာလုံးပေါင်းပါ ထည့်ရေး-ထည့်ရိုက်လာတာ သိပ်မကြာလှသေးဘူး။ ကောင်းတယ် ထင်ပါတယ်။ “စာစီ-စာရိုက် စာလုံးပေါင်း မှားတာတော့ ဆိုးတယ်။” အိန္ဒိယက Mahabharata မဟာဘာရတ္တ (မဟာဘာရတ) ဆိုတဲ့ ရှေးအကျဆုံး Sanskrit သင်္သကရိုက် (သက္ကတ) ရှေးဟောင်း ဘာသာစကားနဲ့ ရေးထားခဲ့တဲ့ Epic ကဗျာ-မော်ကွန်းရှည်ကြီးကို ရာမယဏ ဆိုပြီး မြန်မာမှု ပြုတယ်။ စာပေ-အနုပညာအရာမှာ အတော်ကို ကောင်းပါတယ်။ ကြာတော့ နန်းတွင်း ရာမဇာတ်တော်ကြီးလို့ ထင်မှတ်လာခဲ့ကြတယ်။ “သူများဟာကို ကိုယ်ပိုင် ထင်တာမျိုးက တခြားမှာ သွားပြောမိရင် ရှက်စရာကြီး။” ခုခေတ်မှာ ကိုယ့်နိုင်ငံကနေ အပြင်ထွက်နေသူ၊ အလုပ်သွားလုပ်သူ သန်းဂဏန်း မနည်းတော့ပါ။ အနည်းဆုံး Bodh Gaya (Bodhgaya) ဗုဒ္ဓဂါယာ ဘုရားဖူးထွက်သူ၊ Mecca (Makkah) “မက္ကာ” သွားသူတွေ အများကြီးပါ။ ဘုရားပွင့်တော်မူရာမှာ Buddan Saranan Gachchami ကို “ဗုဒ္ဓံ သရနံ ဂစ္ဆာမိ” လို့ အသံမထွက်တာ သိကြမှာပါ။ ကျွန်တော်တို့ နိုင်ငံမှာ ပါဠိတော် အမြစ် ကောင်းကောင်း၊ ကျကျနန တွယ်နေတာ ကြာပါပြီ။ မှန်တာ၊ ကောင်းတာကို ဆွေးနွေးနိုင်သူတော့ မဟုတ်ပါ။ ဒါပေမဲ့ သူများတွေ ဘာသုံးနေကြသလဲအထိတော့ သိကြဘို့ လိုသလားလို့ပါ။ တိုင်းပြည်-နေရာ၊ လူနာမည်တွေကို အသံထွက်ရင် မူရင်းအတိုင်း ဖြစ်နိုင်လေ ကောင်းလေ ထင်ပါတယ်။ မိတ်ဆွေထဲမှာ ဦးဗိုလ် နဲ့ ဦးဘို နှစ်ဦးရှိတယ်။ စာလုံးပေါင်း မှားရေး-မှားရိုက်ရင် မကြိုက်ဘူး။ မှားတဲ့သူမှာ အပြစ်မလွတ်ပါ။ အထက်ကလို ကွင်းစ-ကွင်းပိတ်နဲ့ ရေးရတာမျိုး၊ မူကွဲတွေ မနည်းပါ။ ဘယ်ဟာမှန်သလဲ စွယ်စုံကျမ်း၊ အဘိဓာန်တွေ လှန်ရပါတယ်။ အစိုးရက ဦးစီးထုတ်တာတွေကို အမှန်ယူမလား။ အစိုးရမတူရင် သတ်ပုံပါပြင်တာ တခြားဘယ်နိုင်ငံတွေမှာ ရှိပါသလဲ။ လွတ်လပ်ရေးရပြီးနောက်ထုတ်တဲ့ မြန်မာ့ စွယ်စုံကျမ်းမှာ “ပိုးထိသည့်နေရာ အထက်နားတွင် ကြိုးတချောင်းဖြင့် တင်းကျပ်စွာ စည်းပေးရသည်” လို့ ရိုက်ထားတယ်။ နောက်ပေါ် မြန်မာအဘိဓာန်က “ကြိုးတစ်ချောင်း” ရေးရမယ်လို့ ဆိုပါတယ်။ (မဆလ) ကနေ အင်္ဂလိပ်စာကိုညံ့စေခဲ့ပြီး၊ စစ်အစိုးရနှစ်ဆက်က အဲဒါကိုအမွေဆက်ခံရုံသာမကသေးဘဲ မြန်မာစာ သတ်ပုံတွေကို ခက်ကုန်စေခဲ့ပါတယ်။ ဆေးပညာစာရေးသူ ဘယ်ဟာယူရမလဲ။ နောက်လူ မှားမှား၊ အရင်လူ မှန်မှန် မြွေဆိပ် အထက်မဆန်ဘို့သာ အရေးကြီးပါတယ်။ Dr. တင့်ဆွေ ၂ဝ-၃-၂ဝ၁၁ Posted by Dr. Tint Swe at 10:03 AM
<urn:uuid:9befc136-48c8-4350-b3a4-626d40537eac>
CC-MAIN-2015-32
http://my-sayawun-life.blogspot.in/2011/03/blog-post_20.html
2015-07-30T22:06:44Z
s3://commoncrawl/crawl-data/CC-MAIN-2015-32/segments/1438042987662.63/warc/CC-MAIN-20150728002307-00338-ip-10-236-191-2.ec2.internal.warc.gz
mya
0.891545
Mymr
55
{"mya_Mymr_score": 0.8915454745292664, "blk_Mymr_score": 0.10695034265518188}
တော်လမီဘုရင်များ တော်လမီဟူသော အမည်သည်အီဂျစ်ပြည်ကို ဘီစီ ၃၂၃ မှ ၃၀ ခုနှစ်အထိ စိုးစံခဲ့သော ဘုရင် ၁၄ ဆက်တို့၏ အမည် လည်းဖြစ်သည်။ ထိုဘုရင် ၁၄ ဆက်ကို မက်ဆီဒုန်းဘုရင် မင်းဆက်ဟူ၍လည်း ခေါ်ကြသည်။ ဘီစီ ၃၂၃-၃၀ ခုနှစ်အတွင်း ထွန်းကားသော မက်ဆီဒုန်း လူမျိုးတို့၏ ပထမဦးဆုံးဘုရင်မှာ ပထမတော်လမီဘုရင် (ဘီစီ ၃၆ရ-၂၈၃) ဖြစ်သည်။ ထိုဘုရင်သည် မူလက မဟာအလက်ဇန္ဒား ၏ လက်သုံးတော် စစ်သေနာပတိတစ်ဦး ဖြစ်ခဲ့ဘူး သည်။ မဟာအလက်ဇန္ဒား ကွယ်လွန်လေသော် ပထမ တော်လမီဘုရင်သည် အီဂျစ်ကိုသိမ်းပိုက်သည်။ သူ၏ခေတ်တွင် အီဂျစ်ပြည်သည် ကူးသန်းရောင်းဝယ်ရေး ဗဟိုဌာန ဖြစ်သည်။ ပညာရှိသုခမိန်တို့ စုဝေးရာလည်း ဖြစ်သည်။ ပထမတော်လမီဘုရင် ကွယ်လွန်လေသော် သူ၏သားတော် ဒုတိယတော်လမီဘုရင် (ဘီစီ ၃၀၉-၂၄၆) သည် ခမည်းတော် ၏ လက်ငုတ်ဖြစ်သော လုပ်ငန်းစဉ်တို့ကို မပျောက်မပျက်စေရ ဘဲ ထိန်းသိမ်းခဲ့သည်။ သူ၏ဖခမည်းတော်လက်ထက်က တည် ဆောက်ခဲ့သော အလက်ဇန္ဒရီးယားမြို့အနီး ဖေးရော့ကျွန်းရှိ မီးပြတိုက်ကို ဆက်လက်တည်ဆောက်၍ နိုင်းမြစ်မှ ပင်လယ်နီ သို့ သွယ်ဖောက်သော တူးမြောင်းကိုလည်းအပြီးသတ်တူးဖောက် ခဲ့သည်။ သို့ရာတွင် တတိယတော်လမီဘုရင် (ဘီစီ ၂၈၂-၂၂၁) လက်ထက်၌ကား ပထမတော်လမီဘုရင် တည်ထောင်ခဲ့သော နိုင်ငံသည် အင်အားဆုတ်ယုတ်လာခဲ့သည်။ ပဉ္စမတော်လမီ ဘုရင် (ဘီစီ ၂၀၉-၁၈၁)လက်ထက်၌ အီဂျစ်ပြည်ကို အန်တိုင်းအိုခပ်ဘုရင်က သိမ်းပိုက်၍ သူ၏ သမီးတော်ကို ပဉ္စမတော်လမီဘုရင်နှင့် သင့်မြတ်စေသည်။ ပဉ္စမတော်လမီဘုရင်သည် အသက် ၂၈ နှစ်အရွယ်တွင် ရုတ်တရက်ကွယ်လွန်လေသည်။ ထို့နောက် အီဂျစ်သမိုင်းတွင် တော်လမီဘုရင်များ အစဉ်အဆက်စိုးစံလာခဲ့ပြီးသည့်နောက် ရာဇဝင်တွင် ကလီယို ပတ်ထရာ ဘုရင်မဟု ထင်ရှားအံ့သော ကလီယို ပတ်ထရာမင်းသမီးသည် အသက်အရွယ်အားဖြင့် ဆယ်နှစ်သာ ရှိသေးသော သူ၏မောင်တော်ကို ဘုရင်တင် မြှောက်၍ မောင်တော်နှင့်အတူ မိဖုရားအရာယူလျက် စိုးစံလေ သည်။ ထိုမင်းသားကလေးကား ဒွါဒသမတော်လမီဖြစ်သည်။ ဘီစီ ၄ရ ခုနှစ်တွင် အီဂျစ်ပြည်ကို ရောမဘုရင် ဂျူးလိယက်ဆီဇာ အောင်နိုင်သိမ်းပိုက်သောအခါ ဒွါဒသမတော်လမီသည် ကလီယို ပတ်ထရာ၏ လက်ချက်ကြောင့် အီဂျစ်ပြည်မှထွက်ပြေး ခဲ့ရလေသည်။တော်လမီဘုရင်လည်း ထိုစဉ်အခါတွင် ကလီယို ပတ်ထရာနှင့် သင့်မြတ်နေပြီ ဖြစ်သော ဆီဇာဘုရင်ကို ပြန်လှန်စစ်ပြုရန် ကြိုးစားပါသော် လည်း တိုက်ပွဲတစ်ခုတွင် လက်လွတ်ထွက်ပြေးရာမှ ရေနစ်၍ ကံကုန်လေသည်။ ကိုးကား[ပြင်ဆင်ရန်] မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)
<urn:uuid:088a8425-70b8-4428-bb35-58028fafa9be>
CC-MAIN-2015-32
https://my.wikipedia.org/wiki/%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%9C%E1%80%99%E1%80%AE%E1%80%98%E1%80%AF%E1%80%9B%E1%80%84%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8
2015-07-28T05:49:59Z
s3://commoncrawl/crawl-data/CC-MAIN-2015-32/segments/1438042981576.7/warc/CC-MAIN-20150728002301-00026-ip-10-236-191-2.ec2.internal.warc.gz
mya
0.999324
Mymr
84
{"mya_Mymr_score": 0.999323844909668}
မီး မီး[ပြင်ဆင်ရန်] ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သောသူ ဟူသည့် ရန်သူမျိုး ငါးပါးတွင် မီးသည် အပါအဝင်ဖြစ်၏။ မီးကို မထိန်း မသိမ်းတတ်လျှင် လူကို အကြီးအကျယ် ဒုက္ခပေးနိုင်ပေသည်။ ခိုးသူဆိုသည့် ရန်သူနှိပ်စက်သော်လည်း မီးနှိပ်စက်သလောက် မဆိုး ရွားချေ။ မီးနှိပ်စက်ခံရသူတို့သည် မည်သည့်ပစ္စည်းကိုမှ ဂရုမစိုက် နိုင်တော့ဘဲ အသက်ချမ်းသာရာ ရအောင် လွတ်ရာသို့ ပြေးကြရ သဖြင့် လူချည်းသက်သက် ကျန်ရစ်သူသာ များလေသည်။ အလွန် ကြီးကျယ်ခမ်းနားသည့် ရောမမြို့တော်ကြီးကို ခရစ် ၆၄ ခုနှစ်တွင် မီးရန်သူက ဖျက်ဆီးခဲ့ဖူးလေသည်။ လန်ဒန်မြို့တွင် ၁၆၆၆ ခုနှစ်၌ ရှီကားဂိုးမြို့တွင် မီးအကြီး အကျယ်လောင်ခဲ့ဖူးသည်။ ၁၈၇၁ ခုနှစ်၌ ရှီကားဂိုးမြို့တွင် မီးအကြီးအကျယ်လောင်ခဲ့ဖူး သည်။ ဂျပန်နိုင်ငံ တိုကျိုမြို့တော်တွင်လည်း ၁၉၂၃ ခုနှစ်၌ မီးအကြီးအကျယ် လောင်ဖူးလေသည်။ မီးသည် ထိုမျှ လူကို ရန်သူသဖွယ် နှိပ်စက်တတ်သော် လည်း အသုံးချတတ်ပါက လူကို များစွာအကျိုးဖြစ်ထွန်းစေနိုင်ပေ သည်။ မီးကိုသာ မတွေ့ခဲ့ကြပါက ဤကမ္ဘာတွင် တိုးတက်မှုများကို မည်သည့်နည်းနှင့်မျှ ရရှိနိုင်ခဲ့ကြမည် မဟုတ်ချေ။ မီးဖြင့် ရေကို ကျိုရာမှ ရေနွေးငွေ့ဖြစ်ပြီးလျှင် ရေနွေးငွေ့အားဖြင့်လိုရာစက်များကို ခုတ်မောင်းနိုင်သဖြင့် မီးရထား၊ မီးသင်္ဘောစသည်တို့ ဖြစ်ပေါ်လာ နိုင်ကြပေသည်။ မီးကို မည်သူကစ၍ တွေ့ခဲ့သည်ဆိုသည်ကို ပြောရန်မှာ မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သမိုင်းမတင်မီ ရှေးပဝေသဏီကပင် လူတို့သည် မီးကို စ၍အသုံးပြုခဲ့ကြသော ကြောင့် ဖြစ်သည်။ သို့ရာတွင် မီးကို တစ်စတစ်စ မည်ကဲ့သို့ အသုံးပြုလာခဲ့ကြသည်။ ရှေးအခါက မီးသည် ရံဖန်ရံခါ၌သာ ပေါ်ပေါက်လာတတ်သည်။ မိုးကြိုးပစ်ရာမှသော်လည်းကောင်း၊ မီးတောင်ပေါက်ကွဲသဖြင့် ပါလာသည့် ချော်များမှသော်လည်းကောင်း၊ ဥပါကြယ်ပျံများမှသော်လည်း ကောင်း ဖြစ်ပေါ်လာတတ်ပေသည်။ မိုးကြိုးပစ်ရာမှ သွေ့ခြောက် နေသော သစ်ပင်ကြီးတစ်ပင်ကို ထိမှန်ပြီးလျှင် မီးတောက်လောင် ကာ တစ်တောလုံးကို ပြာအဖြစ်သို့ ရောက်သွားစေနိုင်ခဲ့ပေသည်။ မီးတောင်ချော်နှင့် ဥပါကြယ်ပျံများကလည်း မီးကို ဖြစ်စေနိုင်ခဲ့ သည်။ သို့ရာတွင် ထိုကဲ့သို့သောဖြစ်ပေါ်မှုသည် တစ်ရံတစ်ခါသာ ဖြစ်ပေါ်တတ်သဖြင့် မီးကို အလိုရှိသူသည် အချိန်ကြာမြင့်စွာ စောင့်ဆိုင်း၍ နေရမည်ကဲ့သို့ ဖြစ်နေလေသည်။ ရှေးခေတ်လူတို့သည် မီးကို ရယူရန် ဂရုပြုခဲ့ကြမည် မဟုတ်ချေ။ ဖြစ်သလို နေထိုင်စားသောက်၍သာ အချိန်ကုန်ခဲ့ကြ ပေမည်။ အမှန်အားဖြင့် ရှေးခေတ်လူများနှင့် သားရဲတိရစ္ဆာန်များသည် မီးကို အသုံးမပြုကြရုံသာမက မီးကိုမြင်လျှင် ခြေကုန်ပြေးတတ်ကြ လေသည်။ လူနှင့် တိရစ္ဆာန်တို့တွင် အဓိက ခြားနားချက်တစ်ခုရှိ၏။ ယင်းမှာ လူတွင် ဖြစ်ပေါ်လာမှုကိစ္စ၌ အကြောင်းရင်းကို သိလိုစိတ် ရှိသည်။ ထိုသို့ သိလိုစိတ်ဖြင့် လူသည် မီးလောင်လျက်ရှိသော သစ်ကိုင်းကိုကောက်ယူပြီးလျှင် လောင်နေသည့်မီးကို သေချာကျနစွာ ကြည့်ခဲ့ပေမည်။ မီးသည် မည်သည့်ပစ္စည်းဖြစ်မည်၊ ထိုပစ္စည်းဖြင့် မည်ကဲ့သို့ ပြုလုပ်နိုင်မည် စသည်ဖြင့် အကြောင်းကြောင်းကို စဉ်းစား ကြည့်ခဲ့ပေမည်။ စုံစမ်းဖန်များလာသောအခါ မကြာမီအတွင်း၌ မီးကို အသုံးချနိုင်ကြောင်းကို တွေ့ခဲ့ပေမည်။ မီးရှိသည့် သစ်စ တစ်ခုကို ဝှေ့ရမ်း၍ ပြခြင်းဖြင့် အလွန်ကြောက်မက်ဖွယ်ကောင်း သည့် သားရဲတိရစ္ဆာန်များပင် သူတို့၏ အနီးသို့ချဉ်းကပ်ဝံ့မည် မဟုတ်ကြောင်းကို သိခဲ့ပေမည်။ ထိုနောက် အခြားသစ်ခြောက်စများ ကို မီးပေါ်တွင် ထားခြင်းဖြင့် သစ်ခြောက်စများတွင် မီးကူးလာပြီး လျှင် မီးကိုလိုသလောက် တာရှည်စွာ ထားနိုင်ကြောင်းကိုလည်း သိလာခဲ့ပေမည်။ ရှေးခေတ်လူတို့သည် တိုက်များ အိမ်များနှင့် မနေထိုင်ခဲ့ကြ သော်လည်း ရာသီဥတုဒဏ်ကိုခံနိုင်ရန် အကာအရံများရှိရာတွင် နေထိုင်တတ်ကြသည်။ ဥရောပတိုက်ရှိ ရှေးခေတ်လူများသည် ဂူများတွင် နေထိုင်ခဲ့ကြသဖြင့် ဂူပေါက်မှ သားရဲတိရစ္ဆာန်များသည် ညဉ့်အချိန်၌ လူကိုဥပဒ်ပေးနိုင်ကြပေသည်။ မီးကို လိုသလောက် တာရှည်စွာ ထားလာနိုင်သော အခါတွင် ညဉ့်အချိန်၌ ဂူဝတွင်မီးဖို ကာ ထားကြသဖြင့် စိတ်ချမ်းသာစွာ အိပ်နိုင်ကြ ပေသည်။ သားရဲ တိရစ္ဆာန်များသည် မီးကို အလွန်ကြောက်ကြ သဖြင့် မီးရှိသည့် ဂူအနီးသို့ပင် လာဝံ့ကြမည်မဟုတ်ချေ။ လူတို့သည် မီးကို တာရှည်စွာ ဖိုထားနိုင်သောကြောင့် အပူဓာတ်ရရှိကာ ရာသီဥတု၏ဒဏ်ကို ခံနိုင်လာကြသည်။ မီးကို ထိုမျှလောက် အသုံးချလာတတ်သော်လည်း မီးကို ဖြစ်ပေါ်စေနိုင် သည့် အကြောင်းကိုကား မသိကြသေးချေ။ ဤသို့ မီးသည် အအေး ဒဏ်နှင့် သားရဲတိရစ္ဆာန်များ၏ ဘေးမှကာကွယ်ပေးနိုင်မှန်းကို လူတို့သိပြီးနောက် မကြာမီ အတွင်း၌ပင် မီးဖြင့်ချက်ပြုတ်နိုင်ကြောင်းကို သိလာကြ ပြန်သည်။ ထိုသို့ သိကြခြင်းမှာ အမှတ်မဲ့သိလာခြင်းသာဖြစ်သည်။ မီးဖိုတွင် လူရှိနေခိုက် သားတစ် တစ်ခုသည် မီးဖိုထဲသို့အမှတ်မဲ့ ကျသွားကောင်းကျသွားပေလိမ့်မည်။ လွှင့်၍လည်း မပစ်ရက်သဖြင့် မီးထဲသို့ကျသွားသည့်သားတစ်ကို စားကြည့်ရာမှ အစိမ်းကိုစားရ သည်ထက် ပို၍ အရသာထူးသည်ကို သိလာပေမည်။ အရသာ ရှိမှန်းကို သိလာသောအခါကျမှ တောလယ်သွားရာ၌ ရခဲ့သော အသားများကို မီးကင်၍ စားကြခြင်းဖြစ်ဟန်တူလေသည်။ အသားများကို မီးကင်၍ စားတတ်လာကြသော်လည်း၊ မီးရနိုင်ရန်ကိုကား မပြုလုပ်နိုင်ကြသေးပေ။ မီးဖိုရှိရာမှမီးကိုကူးယူရုံ မှတစ်ပါး အခြားနည်းကို မသိကြသေးချေ။ ထိုနောက်မှ သိလိုမှု ကစေ့ဆော်ပေးသဖြင့် လူတစ်ဦးသည် မီးဖြစ်ပေါ်နိုင်သည့် အကြောင်းကို စဉ်းစားမိပေလိမ့်မည်။ ထိုသူသည် သူ၏ လက်ဖဝါးနှစ်ဖက်ကို ခပ်ပြင်းပြင်း ပွတ်လိုက်သော အခါ၌ ပူ၍လာသည်ကို သိခဲ့ရာမှ တုတ်ချောင်းနှစ်ချောင်းကို ပြင်းပြင်းပွတ်ပေးလျှင်လည်း ပူ၍ မီးဖြစ်လာနိုင်မည်ဟု ယူဆမိခဲ့ပေလိမ့်မည်။ တစ်ခါတစ်ရံ၌လည်း သစ်ကိုင်းခြောက် အချင်းချင်း လေတိုက်သဖြင့် ပွတ်တိုက်မိကြ ရာမှ မီးဖြစ်ပေါ် လာသည်ကိုလည်း သတိထားမိကောင်း ထားမိပေလိမ့်မည်။ မည် သည့်နည်းနှင့်ပင်ဖြစ်စေ ထိုသိလိုစိတ်ရှိသူသည် ခြောက်သွေ့သော တုတ်နှစ်ချောင်းကို ပြင်းထန်စွာ ပွတ်ပေးခြင်းဖြင့် ဖြစ်စေ၊ ခြောက် သွေ့သော တုတ်ချောင်းကို ပြောကြောင်းတစ်ခုတွင် လျင်မြန်စွာ ပွတ်ဆွဲပေးခြင်းဖြင့် ဖြစ်စေ မီးဖြစ်လာနိုင်ကြောင်းကို တွေ့ခဲ့ပေလိမ့် မည်။ သွေ့ခြောက်သည့် တုတ်နှစ်ချောင်းကို ပြင်းပြင်း ပွတ်ပေး လျှင် မီးရနိုင်ကြောင်းကို သိလာကြရာမှ ရာစုနှစ်ပေါင်း အတန် ကြာ ပြီးသောအခါတွင် မီးခတ်ကျောက်နှင့် သံမဏိကို ခတ်ပေးခြင်းဖြင့် မီးရနိုင်ကြောင်းကို သိလာကြလေသည်။ ခတ်လိုက်သဖြင့် ဖြစ်ပေါ် လာသော မီးပွားကလေးများကို လောင်စာနှင့် ထိပေးလိုက်သော အခါတွင် လောင်စာတွင် မီးစွဲပြီးလျှင် လိုသလို သုံးစွဲနိုင်ခဲ့ကြ ပေသည်။ သို့ရာတွင် မီးခတ်ကျောက်နှင့် သံမဏိမှ ဖြစ်ပေါ်သော မီးကို တွေ့ခဲ့ကြ သည်မှာ မကြာလှသေးချေ။ မီးခတ်ကျောက် အကြောင်းကို မသိကြမီ ရှေးခေတ်လူများ သည် တုတ်ငယ်တစ်ချောင်းကို ကျောက်၏ အပေါက်တွင်ထည့်ကာ စိတ်ရှည်ရှည်နှင့် ပြင်းထန်စွာ ပွတ်ပေးသောအခါတွင် အပေါက် တွင်းရှိ တုတ်စွန်းတွင် မီးစွဲလာသည်ကို တွေ့ကြရလေသည်။ ထိုကဲ့သို့ ပြုလုပ်ရန်မှာ မလွယ်ကူသော်လည်း မီးမရှိလျှင် မဖြစ်ကြောင်း သိလာကြသဖြင့် ထိုနည်းဖြင့်သာ အဆင်းရဲခံကာ မီးကို ပွတ်ယူခဲ့ကြရလေသည်။ ရှေးခေတ် ချက်ပြုတ်နည်းမှာ အသားများကို ည|ပ်တွင် ထည့်ကာ မီးခဲပေါ်၌ ကင်ပေးခြင်းမျှသာ ဖြစ်သည်။ သို့ရာတွင် ထိုအစာကိုပင် အရသာထူးကဲလှပြီဟု မှတ်ထင်ကြပြီးလျှင် မီး ဖြစ်ပေါ်ရေးအတွက် အပတ်တကုတ် ပြုလုပ်ခဲ့ကြသည်။ တုတ်တုတ် ချင်းပွတ်ပေးရာ၌ ထိုတုတ်များသည် သွေ့ခြောက်၍ မီးလောင်လွယ် သော တုတ်များဖြစ်ရန်ကိုလည်း သတိပြုခဲ့ကြ သည်။ ၁၈၂၇ ခုနှစ်လောက်တွင်မှ မီးခြစ်ကို အင်္ဂလိပ်လူမျိုးတစ်ဦး ဖြစ်သည့် ဂျွန်ဝေါကားဆိုသူက တီထွင်နိုင်ခဲ့ပေသည်။ ထိုမီးခြစ်မျိုး သည် ရှေးခေတ် မီးခတ်ကျောက်မျိုးထက် လွယ်ကူသည်ဟု ပြော နိုင်သော်လည်း အကြမ်းစားမျှသာ ဖြစ်သည်။ ထိုပြင် ထိုမီးခြစ် မျိုးကို ပြုလုပ်သူများအား အဆိပ်သင့်စေတတ်သဖြင့် ဥပဒ်ကင်း သည်ဟု မဆိုနိုင်ပေ။ ထိုနောက်မှ ဘေးကင်းသော မီးခြစ်ပြုလုပ် နည်းကို သိလာခဲ့ ကြသည်။ ထိုနည်းမှာ မီးခြစ်ဗူးပြုလုပ်ခြင်းပင် ဖြစ်သည်။ မီးခြစ်ဗူးပြုလုပ်ရာတွင် မီးခြစ်အိမ်နှင့် မီးခြစ်ဆံများပါ ဝင်သဖြင့် အလွန်လက်ဝင်သော လုပ်ငန်းဖြစ်ပေသည်။ သို့ရာတွင် ထိုအချိန်၌ စက်များကို တီထွင်နိုင်ကြပြီဖြစ်၍ မီးခြစ်ဆံနှင့် မီးခြစ် အိမ်များကို စက်များဖြင့် ပြုလုပ်ပေးကြလေသည်။ မီးရရန်အတွက် တုတ်နှစ်ချောင်းကို ပြင်းထန်စွာ ပွတ်တိုက်ခဲ့ရသည့် ရှေးခေတ်လူ များသာ မီးခြစ်ဖြစ်လာသည့်ခေတ်တွင် ရှိပါက မည်မျှအံ့ဩကြ မည်ကို မစဉ်းစားနိုင်အောင်ပင် ဖြစ်ပေသည်။ မီးခြစ်လုပ်စက်များကိုလည်း မီးကသာ လည်စေသဖြင့် မီးဖြစ်ပေါ်လာရေးအတွက် မီးကပင် ပြုလုပ်၍ပေးသည်ဟု ဆိုနိုင် ပေသည်။ မီးဖြစ်ပေါ်ရေးကို မနေမနားသိလိုစိတ် ကံစည်လို စိတ်များ လူ၌မရှိခဲ့လျှင် ယခုတိုင် လူရိုင်းဘဝမှ တိုးတက်ဦးမည်မဟုတ်ချေ။ မီးမရှိလျှင် ယခုကဲ့သို့လည်း နေထိုင်ဝတ်စား၍ သွားလာနိုင်ကြမည် မဟုတ်ပေ။ ရှေးခေတ်လူများသည် မီးကဲ့သို့ အရေးကြီးပြီးလျှင် တန်ခိုး ရှိသည့် ပစ္စည်းတစ်ခုကို တွေ့ကြသောအခါ ဝပ်တွား၍ ရှိခိုးတတ် ကြသည်။ မီးနတ်နှင့် သက်ဆိုင်သော ပုံပြင်အမြောက်အမြားပင် ရှိ၏။ မီးသည် ဤမျှအရေးကြီး၍ တန်ခိုးကြီးမှန်းကို ရှေးလူများသိ ခဲ့ကြသော်လည်း ယခုခေတ်တွင် ပေါ်ပေါက်လျက်ရှိသော မီးရထား၊ မီးသင်္ဘော၊ မော်တော်ကားတို့ကို မီးဖြင့် သွားလာစေမည်ကိုကား အိပ်မက်မျှ မက်ခဲ့ကြမည် မဟုတ်ပေ။ ဤမျှ မီးနှင့်ရင်းနှီး၍ နေထိုင်လျက် ရှိကြပြီးဖြစ်သော် လည်း မီးသည် မည်သည့်အရာဖြစ်သည်ဆိုသည့် အချက်ကို လူတိုင်းမသိကြချေ။ မီးဆိုသော်လည်း မီးအမျိုးမျိုးရှိ၏။ ပုံပမာ ကျောက်မီးသွေးသည် မီးလောင်ရန်မလွယ်ချေ။ လောင်သောအခါ၌ လည်းတဖြည်းဖြည်းနှင့် လောင်ပြီးလျှင် မီးလျှံမကြီးလှချေ။ သို့သော် ရုပ်ရှင်ရိုက်ကော်ပြားများသည် မီးနှင့်ထိသည်နှင့်တပြိုင်နက် မီးလျှံ ကြီးဖြင့် ထတောက်တတ်သည်။ ထိုမီးကို လောင်လွယ်သော မီးဟု ခေါ်သည်။ ယမ်းနှင့် ဓာတ်ဆီကဲ့သို့သော ပစ္စည်းမျိုးတို့ကား ကော် ပြားထက်ပင် မီးလောင်မြန်သေး၏။ မီးပွားကလေးထိရုံမျှဖြင့် လောင်တတ်သည်။ ထိုမီးမျိုးကို ပေါက်ကွဲစေတတ်သော မီးဟုခေါ် သည်။ မီးအမျိုးမျိုး ရှိသော်လည်း မီးဆိုသည့်သဘောမှာ ပစ္စည်း တစ်ခုခုသည် လေ၌ပါဝင်သည့် အောက်ဆီဂျင်ဓာတ်ငွေ့နှင့်ဓာတ် ပေါင်းစပ်မိသောအခါမှ မီးလောင်၍ အပူကို ဖြစ်ပေါ်စေသည်။ အောက်ဆီဂျင်ဓာတ်ငွေ့မရှိသော မည်သည့် နေရာမျိုးတွင်မှ မီးဖြစ် ပေါ်နိုင်မည် မဟုတ်ချေ။ လျှပ်စစ်ဓာတ်မီးသီး အတွင်းရှိ မီးစာ မီးမလောင်ခြင်းမှာ မီးသီးအတွင်း၌ လေမရှိခြင်းကြောင့် သို့မဟုတ် အောက်ဆီဂျင်ဓာတ်ငွေ့မရှိခြင်းကြောင့် ဖြစ်သည်။ ကမ္ဘာမြေကြီး အတွင်း၌ အပူဓာတ်သည် အလွန်အားကြီး သော်လည်း လေမရှိသော ကြောင့် မီးလောင်၍ မနေချေ။ နေလုံး ကြီး မီးလောင်၍ မသွားခြင်းမှာလည်း နေပေါ်၌ လေမရှိခြင်း ကြောင့် ဖြစ်လေသည်။[၁] ကိုးကား[ပြင်ဆင်ရန်] - မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
<urn:uuid:599a230d-d464-46aa-8500-e9c8e5329d33>
CC-MAIN-2015-32
http://my.wikipedia.org/wiki/%E1%80%99%E1%80%AE%E1%80%B8
2015-07-29T13:32:47Z
s3://commoncrawl/crawl-data/CC-MAIN-2015-32/segments/1438042986444.39/warc/CC-MAIN-20150728002306-00272-ip-10-236-191-2.ec2.internal.warc.gz
mya
0.998277
Mymr
100
{"mya_Mymr_score": 0.9982768297195435}
ကချင်ပြည်နယ်ပြဿနာကို ဝင်ရောက်ဆောင်ရွက်မှာပါလားလို့ AFP က မေးမြန်းရာမှာ ဒီကိစ္စဟာ အစိုးရအပေါ် တည်ပါတယ်၊ အခုလောလောဆယ်မှာ ဒီကိစ္စကို အစိုးရက ကိုင်တွယ်နေတာပါ၊ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆောင်ရွက်ရာမှာ ပါဝင်ဖို့အတွက် အစိုးရဆီက တရားဝင်ကမ်းလှမ်းလာဖို့ လိုအပ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က ကချင်ငြိမ်းချမ်းရေး ဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ဝင် ဦးယွပ်ဇော်ခေါင် က ကချင်ပြဿနာမှာ ပြည်တွင်းပြည်ပမှာသြဇာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးက ကြားဝင်ဆောင်ရွက်သင့်ကြောင်း၊ ဆောင်ရွက်ဖို့တာဝန်လည်းရှိကြောင်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။
<urn:uuid:d1ed90e9-d9ae-4289-8f49-8a3bc90c92fe>
CC-MAIN-2015-32
http://www.rfa.org/burmese/news/kachin-dassk-01072013001724.html
2015-08-03T10:42:45Z
s3://commoncrawl/crawl-data/CC-MAIN-2015-32/segments/1438042989826.86/warc/CC-MAIN-20150728002309-00332-ip-10-236-191-2.ec2.internal.warc.gz
mya
0.888563
Mymr
40
{"mya_Mymr_score": 0.8885630369186401, "blk_Mymr_score": 0.10579323023557663}
Thursday, February 21, 2013 ထူးဆန်းထွေလာပြည်မြန်မာ (၂)၁၈၈၅ ခုနှစ်တွင် သူ့ကျွန်ဘ၀ ကျရောက်ပြီး ၁၈၈၆ ခုနှစ်တွင်ဖွင့်လှစ် ခဲ့သောစက်ရုံသည် မန္တလေး ဘီယာ နှင့် အရက်ချက်စက်ရုံဖြစ်သည်။ (၃)တယ်လီဖုန်းအား လေပေါ်မြှောက်ကာ ဝှေ့ရမ်း၍ လိုင်းရှာရသော နည်းပညာ ကို မြန်မာနိုင်ငံမှ စတင် တီထွင်ကာ ရောင်းချခဲ့သည်။ (၄)သတင်းစာကို နောက်ဆုံး မှ လှန်ဖတ်သော ဓလေ့စရိုက် သည် မြန်မာနိုင်ငံတွင်သာရှိသည်။ (၅)ကမ္ဘာပေါ်တွင် ဆောင်ပုဒ် အများဆုံး နိုင်ငံမှာ မြန်မာနိုင်ငံဖြစ်သည်။ (၆) ခြင်တောင်လှန်၍ သန်းခေါင်စာရင်းစစ်သောအလေ့အထသည် ကမ္ဘာပေါ်တွင် မြန်မာတနိုင်ငံတည်း၌သာရှိသည်။ (၇) ကမ္ဘာပေါ်တွင် ၀ါးတားဂိတ် (၀ါးလုံးတား၍ပိုက်ဆံတောင်းသောဂိတ်) အများဆုံးတိုင်းပြည်မှာ မြန်မာပြည်ဖြစ်သည်။ (၈) လေအေးစက်တပ်ထားသောအခန်းများတွင်နောက်မှီကုလား ထိုင်ပေါ် ထိုင်၍ တောင်းစားသောသူတောင်းစားများမှာမြန်မာနိုင်ငံတခု တည်းတွင် သာရှိသည်။ (၉) နောက်ဖေးလမ်းကြားထဲသို့ တိုက်ပေါ်မှအမှိုက်ပစ်ချသော အမှိုက်စွန့် စံနစ်သည် မြန်မာနိုင်ငံတခုတည်းတွင်သာရှိသည်။ (၁၀) ဒီမိုကရေစီပါလီမန်ဟုဆိုသော လွတ်တော်ထဲတွင် (၂၅%) သော စစ်ယူနီဖေါင်းဝတ်ထားသူများ မျက်နှာမာများနှင့် မျက်နှာပြောင်တိုက် ထိုင်နေသော ဒီမိုကရေစီလွှတ်တော်သည် ကမ္ဘာ့ပထမဆုံးသော ဒီမိုကရေစီလွှတ်တော်ဖြစ်သည်။ (၁၁) အိမ်သာများတွင် နိုင်ငံခြားသားအတွက်သီးသန့် (Foreigner Only)ဟုခွဲခြားသောဆိုင်းဘုတ်များသည် မြန်မာတနိုင်ငံ တည်းတွင်သာရှိသည်။ (၁၂) မြို့ လည်ခေါင်တွင် ခရီးသည်တင်ကားများကို လက်တား၍ ပိုက်ဆံတောင်းသော ဓါးပြများကိုမဖမ်းပဲခွင့်ပြုထားသောတိုင်းပြည်သည် မြန်မာပြည်ဖြစ်သည်။ (၁၃) ကမ္ဘာပေါ်တွင် မီးအားမြှင့်စက်အရောင်းရ ဆုံးတိုင်းပြည်မှာမြန်မာပြည်ဖြစ် သည်။ (၁၄) ကမ္ဘာပေါ်တွင်အင်တာနက်အနှေးဆုံးနှင့် Overseas PhoneCall ဈေးအကြီးဆုံးမှာ မြန်ပြည်ဖြစ်သည်။ (၁၅) ဈေးဝယ်ပြီး ငွေအကြွေ မအမ်းနိုင်၍ပစ္စည်းနှင့်လဲလှယ်သော စနစ်သည်ကမ္ဘာပေါ်တွင် မြန်မာပြည်၌သာရှိသည်။ (16) ???? (၁၇) အာဏာရူးလောဘရူးများကို တရိုတသေဖြင့် “အဘ” ဟုခေါ် ရသော ကမ္ဘာ့အယဉ်အကျေးဆုံးတိုင်းပြည်သည် မြန်မာပြည်ဖြစ်သည်။ (၁၈) “လာဘ်ပေးရန်မလို” (လာဘ်ပေးလျှင် ရန်မလို) “လာဘ်ပေး ရန်မလို”ဟူသော အဓိပ္ပါယ်ရသည့်ဆိုင်းဘုတ်များကို ရုံးဌာနများတွင် ပြောင်ပြောင်တင်းတင်းကပ်ထားသည့် ကမ္ဘာတွင် တခုတည်းသောတိုင်းပြည်ဖြစ်သည်။ (၁၉) ကမ္ဘာ့အမြင့်ဆုံး ငြိမ်းချမ်းရေးနိုဘယ်လ်ဆုပိုင်ရှင်ရှိနေသည့် ကမ္ဘာ့အရှည်ကြာဆုံးပြည်တွင်းစစ်ဖြစ်နေသောတိုင်းပြည်ဖြစ်သည်။ (၂၀) ဖိနပ်များကိုသဲကြိုးပြန်တပ်၍ စီးခြင်း၊ တခါသုံးဓါတ်ငွေ့ မီးခြစ်များကိုဓါတ်ငွေ့ နှင့်မီးခြစ်ကျောက်များပြန်ထည့်၍ အသုံးပြုသောစံနစ်တို့ အား မြန်မာနိုင်ငံမှ စတင်ခဲ့သည်။ (၂၁) အကြော်များအား တာရှည်ခံရန်အတွက် ပလတ်စတစ် ကြွတ်ကြွတ်အိတ်များအား အကြော်ဆီအိုးထဲတွင်ထည့်ကြော် သော နည်းစံနစ်ကို မကြောက်မလန့် - မြန်မာနိုင်ငံတွင် ပထမဆုံး တည်ထွင်ကြံဆ အသုံးချခဲ့သည်။ (၂၂) တတိုင်းပြည်လုံးနီးနီးမှောင်နေသော်လည်း လျှပ်စစ်ဓါတ်အားများ ပိုလျှံနေ၍ နိုင်ငံခြားသို့ တင်ပို့ ရောင်းချနေသည့် ထူးခြားသော တိုင်းပြည်ဖြစ်သည်။ (၂၃) တိုင်းပြည်တွင် ရေနံ နှင့် သဘာဝဓါတ်ငွေတို့ အလျှံပယ် ထွက်ရှိနေသော်လည်း နိုင်ငံခြားမှ ဒီဇယ်ဆီဝယ်သုံးနေသည့် အလွန်ချမ်းသာသောတိုင်းပြည်ဖြစ်သည်။ (မှတ်ချက်။ ဒီဇယ်ဆီကို အန္ဒိယမှဝယ်ပါသည်) (၂၄) ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲတွင် ကြိုတင်မဲဖြင့် အာဏာရသွားသော အစိုးရအုပ်ချုပ်သည့် ကမ္ဘာပေါ်တွင် တစ်ခုတည်းသော ဒီမိုကရေစီတိုင်းပြည်။ (၂၅) လက်မူ့ လယ်ယာမှစက်မူ့ လယ်ယာသို့ဟုကြွေးကြော်ကာ ဘိုးဘွားပိုင်ဓါးမဦးချလယ်ယာမြေများကို ခရိုနီများနှင့်အာဏာပိုင်များ ပေါင်းကာ သိမ်းယူ၍ စက်မူလယ်ယာစံနစ်ကိုအကောင်အထည်ဖေါ် သော ထူးခြားသည့်နိုင်ငံဖြစ်သည်။ (၂၆) နိုင်ငံအတွင်း ဆင်းရဲမှူ့ ပပျောက်ရေးဟု ကြွေးကြော်ပြီး အခြေခံလူတန်းစားများ နေထိုင်ပိုင်ဆိုင်သော အိမ်ယာမြေများကို ဥပဒေအသစ် ပုဒ်မအသစ်များတပ်၍ သိမ်းယူကာ ဆင်းရဲမူ ပပျောက်အောင် ဖေါ်ဆောင်သောစံနစ်သည် ကမ္ဘာပေါ်တွင် မြန်မာတနိုင်ငံတည်း၌သာရှိသည်။ (၂၇) ကုန်း/ရေ နှစ်မျိုးသွား (Amphibian) လူစီးဘတ်စ်ကား များအားကမ္ဘာပေါ်၌ မြန်မာနိုင်ငံတွင်ပထမဆုံးအသုံးပြုနိုင်ခဲ့သည်။ (၂၈) ” မြေကြီးက ရွှေသီးလို့ ပြည်ဝမ်းဝနေဆိုတဲ့” သီချင်းအား ရုပ်မြင်သံကြားတွင် သတိယတိုင်းလွှင့်နေပြီး ပညာတတ်များနှင့် အရွယ်ရောက်သူ (၅) သန်း ကမ္ဘာပတ် ကျွန်ခံနေရသောတိုင်းပြည် ဖြစ်သည်။ (၂၉) မြန်မာနိုင်ငံသည်လျှပ်စစ်မီးသီးကိုတီထွင်ခဲ့သော အမေရိကန်နိုင်ငံသား သောမတ်စ်အက်ဒီဆင်အား ဂုဏ်ပြုဆုံးသောတိုင်းပြည်အဖြစ် မှတ်တမ်းတင်ထားခြင်းခံရသည်။ (အက်ဒီဆင်အားဂုဏ်ပြုသောအားဖြင့် သူ၏မွေးနေ့ တွင် အမေရိကန်နိုင်ငံ၌ လျှပ်စ်မီးကိုငါးမီးနစ်တိတိ ဖြတ်တောက်ထား ခဲ့ဖူးပါသည်)။ (၃၀) ငွေမပေးနိုင်လျှင်အကူအညီမပေးသော၊ ဘာတစ်ခုမှစေတနာဖြင့် ကူညီဖေါ်မရသောသူများက “ကူညီပါရစေ” ဆိုင်းဘုတ်အား မူပိုင် ယူထားသည်မှာလည်း မြန်မာနိုင်ငံတခုတွင်သာရှိပါသည် ။ (၃၁) (၂၁) ရာစုတွင် ကျောင်းသားများအားတန်းစီ၍ (ဘယ်ပြန်ညာပြန် ဒုတိယကမ္ဘာစစ်က ဖက်ဆစ်ဂျပန်စတိုင်) ပါးရိုက် သော ဆရာမမျိုးသည်လည်းကမ္ဘာတွင် မြန်မာနိုင်ငံမှ ပထမဆုံး ပေါ်ထွန်းခဲ့သည်။ (မှတ်ချက်။ ရန်ကုန် TTC ကျောင်းဆရာမ) Credit to : အောင်ထွန်းဦး
<urn:uuid:0f038693-0d32-4433-b755-d27bb8d54dfa>
CC-MAIN-2015-32
http://aunghtunoo.blogspot.com/2013/02/blog-post_21.html
2015-07-29T19:55:01Z
s3://commoncrawl/crawl-data/CC-MAIN-2015-32/segments/1438042986625.58/warc/CC-MAIN-20150728002306-00250-ip-10-236-191-2.ec2.internal.warc.gz
mya
0.854934
Mymr
116
{"mya_Mymr_score": 0.8549337983131409, "blk_Mymr_score": 0.1352117955684662}
အရှေ့တောင် အာရှ အားကစားပွဲတော် ဖွင့်ပွဲနေ့မှာ မီးရှူးတိုင် သယ်ဆောင်ဖို့ အတွက် ရွှေတံဆိပ်ရ အားကစား မောင်မယ်တွေ လျှောက်ထား နိုင်ကြောင်း လျှောက်လွှာခေါ်သည့် သတင်း တပုဒ် အားကစား သတင်းစာထဲတွင် ဖတ်လိုက်မိသည်။ ယင်း သတင်းနှင့် နွှယ်ကာ ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲများတွင် မီးရှူးတိုင် သယ်ယူခြင်း၊ ဗဟို အားကစား ပြိုင်ဝင်းကြီး အတွင်းရှိ ပင်မ မီးရှူးတိုင်ကြီးကို ဖွင့်ပွဲနေ့တွင် ထွန်းညှိပြီး ပိတ်ပွဲနေ့တွင် မီးငြှိမ်းလိုက်သည့် အခမ်းအနား ကို ပြန်တွေးမိသည်။ အိုလံပစ် မီးရှူးတိုင် သယ်ဆောင်ခြင်း ထွန်းညှိခြင်း စသည့် အခမ်းအနားများမှာ ခရစ်တော် မပေါ်မီ ၇၇၆ ခုနှစ်တွင် စတင်ကျင်းပခဲ့ခြင်း မရှိပါ။ တဖန် ပြင်သစ် ပညာရှင် ပါရီဒီကို ဘာ့ဇင့် ဦးဆောင်ပြီး ၁၈၉၆ ခုနှစ်တွင် ကျင်းပသည့် ခေတ်သစ် အိုလံပစ်ပွဲ အစတွင်လည်း မပါဝင်ခဲ့ပါ။ ဟစ်တလာ ထူးခြားစွာပင် ဂျာမနီနိုင်ငံ အာဏာရှင် အဒေါ့ဖ် ဟစ်တလာ လက်ထက်တွင် ကျင်းပသည့် ၁၁ ကြိမ်မြောက် ကမ္ဘာ့အိုလံပစ် အားကစား ပွဲတော် ၁၉၃၆ ဘာလင်အိုလံပစ် ကျမှ စတင်ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။ ဂရိနိုင်ငံ အိုလံပီယာ တောင်ခြေတွင် အပျိုစင် အမျိုးသမီးလေးများက နေရောင်ခြည်မှ ရသည့် အပူငွေ့ဖြင့် မီးရှူးတိုင်ကို ထွန်းညှိပြီး ဂျာမနီ နိုင်ငံ ဘာလင်သို့ လက်ဆင့်ကမ်း သယ်ဆောင်ခဲ့ကြကာ ဘာလင် အိုလံပစ် အားကစား ပြိုင်ဝင်းထဲရှိ ပင်မ မီးရှူးတိုင်ကြီးကို ဖွင့်ပွဲနေ့တွင် ထွန်းညှိခဲ့ခြင်း ဖြစ်သည်။ နောက်တဖန် ဒေသဆိုင်ရာ အားကစား ပြိုင်ပွဲကြီးများတွင်လည်း မီးရှူးတိုင် သယ်ဆောင် ထွန်းညှိခြင်း အခမ်းအနားများကို ခမ်းနားစွာ ကျင်းပခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ကျင်းပသည့် ဒုတိယ အကြိမ် အရှေ့တောင် အာရှ ကျွန်းဆွယ် အားကစားပွဲ ၁၉၆၁ တွင် မီးရှူးတိုင်ကို နောက်ဆုံး အားကစား ပြိုင်ဝင်းထဲမှ ယူဆောင်လာသည်။ ပင်မ မီးရှူးတိုင်ကို ထွန်းညှိသူမှာ ထိုစဉ်က အမျိုးသား ကိုယ်လက် ကြံ့ခိုင်ရေး ကောင်စီ ညွှန်ကြားရေးမှူး ဦးဇော်ဝိတ် ဖြစ်သည်။ သို့သော် အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေး ကောင်စီ ညွှန်ကြားရေးမှူး ဖြစ်ခြင်းကြောင့် နောက်ဆုံး မီးရှူးတိုင် သယ်ဆောင်ခွင့်ရခြင်း မဟုတ်ပါ။ ၁၉၃၆ ခုနှစ် ဘာလင် အိုလံပစ်တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာအလေးမ ချန်ပီယံ ဦးဇော်ဝိတ်ကို ဂုဏ်ပြုသော အားဖြင့် နောက်ဆုံးမီးရှူးတိုင် သယ်ဆောင်ခွင့် ရခြင်းပင် ဖြစ်ပါသည်။ အိုလံပစ် အားကစားပွဲတွင် ထွန်းညှိမည့် မီးရှူးတိုင်ကို အတိုင်းတိုင်း အပြည်ပြည် ဖြတ်သန်း သယ်ဆောင်ရာတွင် ဖြတ်သန်း ခဲ့သည့် နိုင်ငံတိုင်းမှ အားကစားသမား အကျော်အမော်များကို ဂုဏ်ပြုသောအားဖြင့် မီးရှူးတိုင် သယ်ဆောင်ခွင့် ပေးခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် ကျွန်းဆွယ်ပွဲ အတွက် မီးရှူးတိုင် သယ်ဆောင်ခွင့် ရသည့် မြန်မာ့ ဂုဏ်ဆောင် အားကစား သမားကြီးများ၏ အမည်စာရင်းတွင် ဦးဇော်ဝိတ်မှ လွဲ၍ ရှာမတွေ့သေးပါ။ ၁၉၆၉ ကျွန်းဆွယ် ၁၉၆၉ ခုနှစ်တွင် ၅ ကြိမ်မြောက် အရှေ့တောင် အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲ ရန်ကုန်တွင် ကျင်းပသည်။ ကျွန်းဆွယ်မီးတိုင် သယ်သည့် မြန်မာ့လက်ရွေးစင် အားကစားသမားများ စာရင်းရသည်။ (ဟံသာဝတီ ဦးဝင်းတင်ထံမှ ဟံသာဝတီ သတင်းစာများကို သားကြီး ကိုသက်က ယူလာပေးခြင်းဖြစ်သည်) ဟံသာဝတီ သတင်းစာတွင် ပါသည့် မီးရှူးတိုင် သယ်သော သတင်းအပြည့်အစုံကို နှောင်းလူများ သိစေရန် အတွက် အပြည့်အစုံ ကူးယူဖော်ပြလိုက်ပါသည်။ “၃ နာရီ ၁၀ မိနစ်တွင် မြို့တော် ခန်းမမှ သယ်ဆောင်လာသော မီးရှူးတိုင် ကွင်းအတွင်းသို့ ရောက်ရှိလာပြီး (ပင်မ) မီးရှူးတိုင်ကြီးတွင် မီးထွန်းညှိလိုက်သည်။ ၃ နာရီ ၁၅ မိနစ် တွင် ၅ ကြိမ်မြောက် ကျွန်းဆွယ် အားကစား ပြိုင်ပွဲ သီချင်းကို သံပြိုင်သီဆိုကြသည်။ စောစောပိုင်းက ၅ ကြိမ်မြောက် အရှေ့တောင် အာရှ ကျွန်းဆွယ် အားကစားပွဲ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး မောင်ကျော်၊ ဒုတိယ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ကျော်ထင်နှင့် ဦးလှထွန်း၊ ပြိုင်ပွဲကြီးကြပ် ခန့်ထားရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး လှမိုး၊ ဒုဗိုလ်မှူးကြီး ကျော်စိန်ထွန်းနှင့် မြူနီစပယ် မင်းကြီး ဗိုလ်မှူးကြီး မျိုးအောင်တို့ တက်ရောက်ကြသည်။ မီးရှူးတိုင်သည် နေရောင်ခြည်မှ ကူးထားသော မီးဖြင့် ထွန်းညှိထားခြင်း ဖြစ်သည်။ ဗိုလ်မှူးကြီး မောင်ကျော်က မီးထွန်းထားသော မီးခွက်ငယ်ထဲမှ မီးရှူးတိုင်သို့ တဆင့်ပွားပြီး မြန်မာ့လက်ရွေးစင် လက်ဝှေ့ချန်ပီယံ တင်ထွန်းလက်သို့ တဆင့် ကမ်းလေသည်။ တင်ထွန်းနှင့် အတူ မြန်မာ့လက်ရွေးစင် ဘောလုံးသမား စိုးမြင့်၊ ဘတ်စကက်ဘော လက်ရွေးစင် ညွန့်မောင်၊ လက်ရွေးစင် ဘောလုံးသမား တင်အေး၊ ၀ါးလုံးထောက်ခုန် ချန်ပီယံ စိုးမရ၊ အာရှချန်ပီယံ လက်ဝှေ့ သမား သိန်းမြင့်၊ လက်ရွေးစင် ဘောလုံးသမား ကျော်သောင်း၊ ဘတ်စကက်ဘော လက်ရွေးစင် အုန်းလွင်၊ လက်ရွေးစင် ဘောလုံးသမား ဟန်သိန်း၊ လက်ရွေးစင် ဘောလလီဘော သမား ကျော်ညွန့်နှင့် လက်ရွေးစင် ဘောလုံးသမားဟောင်း မောင်မောင်တို့က ဆူးလေဘုရားလမ်း တံခါးဝကြီးမှ ထွက်၍ မဟာဗန္ဓုလ လမ်း၊ ထိုမှ တဆင့် ဘားလမ်း၊ ဘားလမ်းမှ ကုန်သည်လမ်း၊ ကုန်သည်လမ်းမှ ပြန်ကွေ့၍ အဆင့်ဆင့် လက်ဆင့်ကမ်းကာ ဆူးလေဘုရားလမ်း ခုံးတံတားမှ ဆင်း၍ အောင်ဆန်း အားကစား ပြိုင်ဝင်း တောင်ဘက် ၀င်ပေါက်၌ အသင့် စောင့်နေသော ၁၁ ယောက်မြောက် မီးရှူးတိုင် သယ်ဆောင်သူ မောင်မောင် (ရေတပ်) လက်ထဲသို့ လက်ဆင့် ကမ်းသည်။ မောင်မောင်သည် အောင်ဆန်း အားကစား ပြိုင်ဝင်းကို ပြေးလမ်းအတိုင်း လက်ဝဲရစ် တပတ် ပတ်ပြီး အရှေ့ဘက် ပွဲကြည့်စင် အလယ်ဗဟို သီးသန့် လှေခါးမှ တက်ပြီး စင်မြင့်ပေါ်တွင် ရှိသော ပင်မ မီးရှူးတိုင် ကြီးတွင် ထွန်းညှိလိုက်သည်” ဤသည်မှာ ၁၉၆၉ ခုနှစ်တွင် မြန်မာပြည်၌ ကျင်းပခဲ့သော ၅ ကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲ ဖွင့်ပွဲ မီးရှူးတိုင် သယ်ယူထွန်းညှိပုံကို ရေးသားထားသည့် သတင်းဖြစ်သည်။ ဂုဏ်ပြု နိုင်ငံတကာ အားကစားပြိုင်ပွဲကြီးတိုင်းတွင် မီးရှူးတိုင် ထွန်းညှိခြင်း စသည့် အစီအစဉ်များကို ထည့်သွင်းလေ့ ရှိသည်။ ထိုသို့ မီးရှူးတိုင် သယ်ဆောင်ရာတွင် သက်ဆိုင်ရာ နိုင်ငံများက ဂုဏ်ထူးဆောင် အားကစား သမားများကို ဂုဏ်ပြုသောအားဖြင့် ထည့်သွင်း အသုံးပြုကြသည်။ မီးရှူးငယ်မှ တဆင့် နောက်ဆုံး မီးရှူးတိုင်ကြီးကို ထွန်းညှိသည့် နေရာတွင်လည်း သက်ဆိုင်ရာ နိုင်ငံ၏ အထူးထင်ရှားကျော်ကြားသည့် အားကစား သမားများကို အသုံးပြုလေ့ရှိသည်။ လျှောက်ထားနိုင် ဤဆောင်းပါး ရေးနေစဉ်မှာပင် မြန်မာ့အလင်း သတင်းစာ၌ ကြော်ငြာတပုဒ် ပါလာသည်။ ယင်း ကြော်ငြာကို ဦးစွာ မူရင်းအတိုင်း ဖော်ပြပါသည်။ “မီးရှူးတိုင် လက်ဆင့်ကမ်း သယ်ယူရန် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲနှင့် အထက် ပြိုင်ပွဲများတွင် ရွှေတံဆိပ် ရရှိသော အားကစား သမားများ ဖိတ်ခေါ်ခြင်း။ ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားတွင် မီးရှူးတိုင် လက်ဆင့်ကမ်း သယ်ယူရန် အတွက် ရွှေတံဆိပ် ဆုရှင် အားကစားသမား (စေတနာ့ဝန်ထမ်း) ၄၀ ဦး လိုအပ်ပြီး အောက်ပါ သတ်မှတ်အရည် အချင်းနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်သည်။ (၁) ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်ရမည်၊ (၂) (ကျား၊ မ) မရွေး၊ အသက်အရွယ် မရွေး ကန့်သတ်ချက် မရှိ လျှောက်ထားနိုင်သည်၊ (၃) အရှေ့တောင်အာရှ ပြိုင်ပွဲများနှင့် အထက် ပြိုင်ပွဲများတွင် ရွှေတံဆိပ် ရရှိခဲ့သူများ ဖြစ်ရမည်၊ (၄) ကျန်းမာရေး ကောင်းမွန်ပြီး မီတာ ၄၀၀ ကို မနားတမ်း ခြေကြွပြေးနိုင်သူ ဖြစ်ရမည်၊ (၅) ရွေးချယ်ခြင်း ခံရပါက အကြိုဇာတ်တိုက် လေ့ကျင့်ခြင်း၊ ဖွင့်ပွဲအခမ်းအနား ကျင်းပ ဆောင်ရွက်စဉ် ကာလအတွင်း ၀တ်စုံနှင့် စားသောက်ရေး၊ နေထိုင်ရေး၊ သယ်ယူပို့ဆောင်ရေး အစီအစဉ်များကို ပံ့ပိုးဆောင်ရွက်ပေးမည်၊ (၆) လျှောက်ထားသူ၏ ရောင်စုံပတ်စ်ပို့ ဓာတ်ပုံ၊ ကိုယ်ရေးမှတ်တမ်းနှင့် ဆက်သွယ်ရန် လိပ်စာ အပြည့်အစုံ ကို ဖော်ပြပြီး လျှောက်ထားရမည်၊ (၇) လျှောက်ထားမှုကို ၃၁. ၃. ၂၀၁၃ ရက် နောက်ဆုံးထားပြီး အောက်ပါ ဌာနများတွင် စုံစမ်း မေးမြန်း လျှောက်ထားနိုင်သည်။ ဖွင့်ပွဲ ပိတ်ပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင် လေ့ကျင့်ရေး ကော်မတီရုံး၊ ယဉ်ကျေးမှု ၀န်ကြီးဌာန၊ ရုံးအမှတ် ၃၅၊ နေပြည်တော်။ ဖုန်း ၀၆၇- ၄၀၈၄၅၄၊ ဦးအုန်းမြင့်ဦး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ အားကစားဝန်ကြီးဌာန၊ ဖုန်း ၀၉ ၈၃၁၄၀၇၆၊ ၀၆၇- ၄၀၆၁၈၃” ကြော်ငြာ အပြည့်အစုံကတော့ အထက်ပါအတိုင်း ဖြစ်သည်။ အတိုချုံးကြည့်လျှင် လာမည့် နေပြည်တော် ဆီးဂိမ်းဖွင့်ပွဲ နေ့တွင် မီးရှူးတိုင်ကို သယ်ဆောင်ရာ၊ ထွန်းညှိရာတွင် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲနှင့် အထက် ရွှေတံဆိပ်ဆုရှင် အားကစားသမား ၄၀ ကို အသုံးပြုမည်၊ ရွှေတံဆိပ်ဆုရှင်များက ပါဝင်လိုလျှင် လျှောက်ထားကြရမည်။ အား/ ကာ (သို့မဟုတ်) ယဉ်ကျေးမှု ၀န်ကြီးဌာနက လျှောက်ထားသူများထဲမှ အရည်အချင်း ပြည့်မီသူများကို ရွေးမည်၊ ကျွန်းဆွယ်၊ ဆီးဂိမ်းနှင့် အာရှ အားကစား ပြိုင်ပွဲတွင် ရွှေတံဆိပ် ရခဲ့သည့် မြန်မာ လက်ရွေးစင် အားကစား သမားကောင်းကြီးများ လျှောက်ထားကြရန် ကြော်ငြာခြင်း ဖြစ်သည်။ ယနေ့ကာလ အုပ်ချုပ်ရေးပိုင်း၌ အမြင့်ဆုံးနေရာတွင် ရှိနေသည့် ရွှေခေတ်မှ ရွှေတံဆိပ်ဆုရှင် အားကစားသမားများ၊အရပ်ဘက်၊ စစ်ဘက်တွင် တာဝန်ကြီး အထိ ထမ်းဆောင်ခဲ့ပြီး အနားယူခဲ့ကြသည့် ရွှေ လက်ရွေးစင် အားကစားသမား ကောင်းကြီးများ၊ စီးပွားရေး လောကတွင် ကျင်လည်ပြီး သန်းကြွယ်သူဌေးဘ၀ ရောက်နေကြသည့် ကျွန်းဆွယ်နှင့် အာရှ အားကစားပွဲ တို့တွင် ရွှေတံဆိပ် ဆွတ်ခူးခဲ့ကြသည့် ရွှေသူကြွယ်ကလေးများ၊ ယနေ့ထက်တိုင် အားကစားလောကတွင် ကျင်လည်နေဆဲ ဖြစ်သည့် ရွှေချန်ပီယံများ အနေဖြင့် ကိုယ်ရေးမှတ်တမ်းပေး၊ ပတ်စ်ပို့ ဓာတ်ပုံပေးပြီး လျှောက် မလျှောက်ကိုမူ စောင့်နားထောင် ကြရပါတော့မည်။ ။
<urn:uuid:d9786af1-48f1-4daf-bbbc-03a60533aa6a>
CC-MAIN-2015-32
http://burma.irrawaddy.org/sea-game/2013/02/22/34374.html
2015-07-29T20:02:06Z
s3://commoncrawl/crawl-data/CC-MAIN-2015-32/segments/1438042986625.58/warc/CC-MAIN-20150728002306-00250-ip-10-236-191-2.ec2.internal.warc.gz
mya
0.976885
Mymr
31
{"mya_Mymr_score": 0.976884663105011, "blk_Mymr_score": 0.022152753546833992}
သားတို့လုပ်စရာမလိုတော့ဘူး အစ်ကိုဖြစ်သူက ညီဖြစ်သူကို ကွန်ပြူတာသင်ပေးရင်း စိတ်မရှည်တော့သဖြင့် အော်၍… “ဟေ့ကောင် Cancel လုပ်ဖို့ပြောနေတာ Cancel Cancel !!!!…” ထိုစဉ် အိမ်ရှေ့ခန်းတွင် သတင်းစာဖတ်နေသော အဖေဖြစ်သူက… “သားကြီးရေ ညီလေးကို အဲ့ဒီလောက်ထိ မခိုင်းပါနဲ့ကွာ မနေ့ကဘဲ မောင်ပုကို ကန်ထဲကနွံတွေရော အကုန်ဆယ်ပြီး ဆေးခိုင်းလိုက်ပြီးပြီ။” အကင်းပါးတယ်နော် ကွန်ပြူတာကျောင်းသို့ သက်ဆိုင်ရာမှလူကြီးလာစစ်ရာ ကျောင်းသားများထဲမှ တစ်ယောက်ကို စာလှမ်း မေးလိုက်ရာ… “Looping ထဲမှာ Do နဲ့ စတဲ့ Looping ကိုပြောစမ်းကွာ?” ကျောင်းသားမှာ အိုးတိုးအမ်းတမ်းဖြစ်နေရာ တာဝန်ကျဆရာက အရိပ်ပြတဲ့ အနေနှင့်သူ၏ ဒူးကို ဖနောင့်လေး ထောက်ပြီး လူကြီးမသိအောင် ၀ိုင်းပြလိုက်သည်။ ကျောင်းသားက အကင်းပါးစွာ ပြောလိုက်တာကတော့…. “ဒူးလည် Looping ပါခင်ဗျာ….” ရှင်းတယ်နော် Programmer တစ်ယောက်ကို အင်တာဗျူးရာ… “ခင်ဗျားတို့ Programmer တွေ Program ရေးတဲ့အခါ variable name တွေမှာ ဘာကြောင့် i ကိုအသုံးများ ကြတာလဲ ခင်ဗျ…” Programmer ကပြန်ဖြေရာ… “ဟုတ်ကဲ့ ဒါကတော့ သုံးချင်လို့ပါ…” စိတ်ရှည်တယ်နော် အသက်၆၀ ကျော် အဖိုးကြီးများကိုသင်သော ကွန်ပြူတာခန်းတစ်ခုတွင် Microsoft Word ကို စသင်ရာ… “စာပိုဒ် တစ်ပိုဒ်ပြီးရင် နောက်တပိုဒ်အတွက် Enter Key ကိုနှိပ်ပါ။ E.N.T.E.R ဆိုတဲ့ Key ပါ…Keyboard မှာအကြီးဆုံး Key ပါ…တွေ့ပြီလားခင်ဗျာ…မတွေ့သေးရင်…Right Shift Key ရဲ့ အပေါ်မှာပါ…Back Space ရဲ့ အောက်မှာပါ…Keyboard ရဲ့ ညာဘက်အစွန်ဆုံး ထောင့်မှာလည်းရှိပါတယ် ခင်ဗျာ…တွေ့ပြီလား ခင်ဗျာ…” ဒါကို အဖိုးကြီးတစ်ယောက်က Enter Key ကို လက်ညှိုး ထိုးပြပြီး… “ဖိုးသား ဒါကိုနှိပ်ရမှာ လားဟင်…” စာသင်တဲ့သူက… “ဟုတ်တယ် အဲ့ဒါကို နှိပ်ရမှာ…ကဲ!!!ဖြောင်းဖြောင်းဖြောင်း!!!” Program အတု Programmer တစ်ယောက်ရေးထားသော Program တစ်ခုကို Tester မှ Error စစ်ရာ…ပထမ Run ကြည့်သည်။ နောက် Interface တွင် Input လုပ်ပြီး ဟိုနှိပ်ဒီနှိပ် ဟိုထည့်ဒီထည့် ကိုအချိန်တော်တော်ကြာ လုပ်ပြီး Program code များကို စစ်သည်။ ပြီးတော့ ပြန် Run ကြည့်သည်။ နောက်ပြီး Interface တွင် ပြန် Input လုပ်ပြန်သည်။ ဟို Click ဒီ Click လုပ်ပြီး Number တွေရော Text တွေရော Date မှန်တာရော မှားတာရော လျှောက်ထည့်သည်…Error ကမတွေ့ ဒါနဲ့ Code ကိုပြန်စစ်သည် ပြန် Run ကြည့်သည် ဒီအတိုင်း ထပ်ခါထပ်ခါ လုပ်ပြီး နောက် Tester ပြောလိုက်တာက… “ဟူး…မင်း Program က Program အစစ်မှဟုတ်ရဲ့လား…” ကျက်တဲ့နေရာမှားနေတယ် ကွန်ပြူတာတက်နေသော ကျောင်းသားနှစ်ယောက် Programming စာမေးပွဲဖြေရန် စာကျက်နေကြရာပထမကျောင်းသားက – Private Sub cmdDisplay_Click() Dim i As Integer For i=1 To 10 Step 1 ……စသည်တို့ကို အစချီပြီး ကျက်နေရာဒုတိယကျောင်းသားက – ဆရာကြီးဂိုက်ဖြင့် လှမ်းပြောလိုက်တာက – “ဟေ့ကောင် မင်းတော်တော်အတဲ့ကောင်ဘဲ Private Sub တို့ဘာတို့ဆိုတာ အဆင်သင့်ပါပြီးသားကွ။ Dim ကစကျက်ရမှာ” ဒါတောင်အားမပါသေးဘူး ကွန်ပြုတာစာသင်ခန်းတစ်ခုတွင် သင်တန်းဆရာက မြန်မာစာလက်ကွက် ရိုက်နည်းစသင်မည့် နေ့တနေ့တွင်…. “အားလုံး နားထောင်ပါ Microsoft Word ထဲမှာ မြန်မာစာရိုက်ဖို့ ဖောင့်ပြောင်းပြီးရင် Cap Lock Key ကိုပိတ်ရိုက်ရမယ်…ကဲစရိုက်ရအောင်။” ထိုအချိန်တွင် နောက်ဆုံးကွန်ပြူတာတွင် ထိုင်နေသော ကျောင်းသားတစ်ယောက်ဆီမှ… “ဖြောင်း!…” ဆိုသောအသံတစ်ခုကြားလိုက်ရာ… သင်တန်းဆရာက ထိတ်လန့်သောအသံဖြင့်… “ဟေ့ ဟိုနောက်ဆုံးက ဘာဖြစ်တာလဲ…”ကျောင်းသားကပြန်ပြောလိုက်တာကတော့…. “ဆရာဘဲ Cap Lock Key ကို ပိတ်ရိုက်ဆိုလို့ ရိုက်လိုက်တာပါ။ ဒါတောင် အားမပါသေးပါဘူး ဆရာ။” ဘာမှတ်လဲ ကွန်ပြူတာတက်နေသော ကျောင်းသားတစ်ယောက်အရပ်ထဲတွင် ရန်ဖြစ်ရာဒေါသတကြီးနှင့် ပြောလိုက်တာက.. “ဟေ့ကောင် မင်းငါ့ကို ဘာမှတ်လဲ Looping ထဲထည့်ပြီး Variable တွေနဲ့ထုလိုက်လို့ အသက်ပျောက်သွားမယ်။” အရမ်းကြီးမှာဘဲနော် ကွန်ပြူတာ သမိုင်းကိုဆရာက ကျောင်းသားများကို သင်ရာ… “ဟိုး…အရင်တုန်းက ကွန်ပြူတာဟာ မင်းတို့မျက်စိထဲမြင်အောင် ပြောရမယ်ဆိုရင် စက်ရုံကြီးတရုံ၊ (သို့) ဂိုဒေါင်ကြီးတခုလိုပဲကွ….”ထိုစဉ် ကျောင်းသားတစ်ယောက်က ထပြီးမေးရာ… “ဆရာဒါဆိုရင် Mouse ဆိုတော်တော်ကြီးမှာ ဘဲနော်” ဆရာကရွဲ့ပြီး….”အေးပေါ့ကွာ Keyboard က Key တခုတခုဆို ထိုင်ခုံလောက်တောင်ရှိတာ…Key နှိပ်ဖို့ လူတွေတက်ဖိရတယ်..” ဒါကိုကျောင်းသားက… “မြင်ဘူးချင်လိုက်တာ ဆရာရယ်ဘယ်မှရှိလဲ ကျွန်တော်သွားကြည့်ချင်လို့ပါ…” ဆရာကပြန်ပြောလိုက်ရာ…. “ဟေ့ကောင် မင်းကိုရွဲ့ပြောနေတာဟေ့!…” ကုန်မှာစိုးတယ် Microsoft Word ထဲတွင် စာလုံးများကို အရောင်ထည့်တာကို စသင်သောနေ့တွင်၊ ရိုက်ထားသောစာပိုဒ်မှ တစ်ပုဒ်စီကို အရောင်တစ်ရောင်စီထည့်ရန် ဆရာကပြောပြီးလုပ်ခိုင်းရာ….ကျောင်းသူတစ်ယောက်မှာ စာပိုဒ်မှ စာအနည်းငယ်ကိုသာ အရောင်ကို အနည်းငယ်စီထည့်နေတာကို ဆရာကမြင်သွားရာ “ဟေ့ဘာလို့ အရောင်ကို စာပိုဒ်အားလုံးအတွက် မထည့်တာလဲ?” ထိုစဉ် ကျောင်းသူကပြန်ပြောလိုက်တာက “ဆရာရယ် အရောင်တွေကုန်သွားရင် ဆရာတို့ပြန်ပဲပြန်ထည့် နေရမှာပေါ့” Mask သုံးစေချင်တယ် ကွန်ပြူတာတက်နေသော ကျောင်းသားကို သူ့အမေကစိတ်ပူသော အသံဖြင့်… “သားရေ ကွန်ပြူတာသုံးရင် နှာခေါင်းအုပ်လေးဘာလေး အုပ်ပြီးသုံးနော် ကွန်ပြူတာပိုးတွေ သောင်းကျန်းနေတယ်ဆိုလားဘဲ အမေဈေးထဲကကြားခဲ့လို့။”
<urn:uuid:ae78195b-5642-47cd-9be1-438098497aaf>
CC-MAIN-2015-32
https://zylh.wordpress.com/2007/08/04/13/
2015-08-04T17:48:43Z
s3://commoncrawl/crawl-data/CC-MAIN-2015-32/segments/1438042991076.30/warc/CC-MAIN-20150728002311-00240-ip-10-236-191-2.ec2.internal.warc.gz
mya
0.881234
Mymr
41
{"mya_Mymr_score": 0.8812344670295715, "blk_Mymr_score": 0.11520114541053772}
(ဓာတ်ပုံက စိတ်ကြွဆေးပြား အလုံးရေ ငါးသိန်းနဲ့အတူ ဖမ်းမိတဲ့ တရာခံ Tin Min Chuan March 1, 2013 မြန်မာပြည်သားတစ်ယောက်ကို တရုတ်အစိုးရက သေဒဏ်ပေးလိုက်တာဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာတည်မှုကို ဂရုမစိုက်ကြောင်း နမူနာပြလိုက်တာပါ။ ပိုဆိုးတာက မူးယစ်ဆေးဝါးမှုကြောင့် သေဒဏ်ပေးတာမဟုတ်ပဲ တရုတ်လူမျိုးတွေကို သတ်တယ်လို့ သံသယရှိမှုနဲ့ သေဒဏ်ပေးလိုက်တာပါပဲ။ ဒါက တရုတ်လူမျိုးကို ထိပါးရင် ဘယ်လိုဖြစ်မယ်ဆိုတာ သွယ်ဝိုက်တဲ့နည်းလမ်းနဲ့ သတိပေးလိုက်တာပါ။ မြန်မာပြည်အစိုးရကတော့ စကားနည်းရန်ဆဲဆိုတဲ့မူကိုပဲ လက်ကိုင်ထားတာလား၊ ကြောက်လို့ပဲ နှုတ်ခွန်းမတုန့်ပြန်ရဲတာလားတော့ မပြောတတ်ဘူး။ စိုင်းနော်ခမ်းနဲ့ ပတ်သတ်လို့ ဒီနေ့အထိ လေသံတစ်ချက်မဟခဲ့ပါဘူး။ မြန်မာပြည်ထဲမှာ နယ်ချဲ့နေတဲ့ တရုတ်မူးယစ်ရာဇာလေးတွေကို အစိုးရက မဖမ်းရဲလို့ ဒီအတိုင်းလွှတ်ထားရတာတွေရှိပါတယ်။ တရုတ်အစိုးရက အလိုရှိရင်တော့ အူးယားဖားယားဖမ်းပြီး လွှဲပေးရတယ်။ ကိုယ့်နိုင်ငံထဲမှာ မူးယစ်ဆေးဝါးလာဖြန့်လို့ ဖမ်းမိရင်တောင် တရုတ်လူမျိုးကို မြန်မာပြည်မှာ တရားမစီရင်ရဲလို့ တရုတ်ပြည်ကိုပဲ လွှဲပေးရတယ်။ မြန်မာမူးယစ်ရာဇာတစ်ယောက်ကို မြန်မာပြည်တရားဥပဒေက အပြစ်ပေးတာဆိုရင် ဘာမှကို ပြောစရာမရှိပါဘူး။ စိုင်းနော်ခမ်းက ဆိုးတယ်ပဲထားဦး။ ကိုယ့်သားသမီးဆိုးတာကို အကြောင်းပြုပြီး တခြားသူက သတ်ဖြတ်နေတာကို မျက်နှာလွဲရက်တယ်ဆိုရင် ဒီအစိုးရက မိဘမပီသဘူးပဲ။ (ဓာတ်ပုံက စိတ်ကြွဆေးပြား အလုံးရေ ငါးသိန်းနဲ့အတူ ဖမ်းမိတဲ့ တရာခံ Tin Min Chuan ကို မြန်မာပြည်မှာ တရားမစီရင်ရဲလို့ တရုတ်ကို ပြန်လွှဲပေးနေတဲ့ပုံပါ)
<urn:uuid:a1dff156-5241-4e14-9358-83d9bc34d3b3>
CC-MAIN-2015-32
https://democracyforburma.wordpress.com/2013/03/01/%E1%80%93%E1%80%AC%E1%80%90%E1%80%B9%E1%80%95%E1%80%B6%E1%80%AF%E1%80%80-%E1%80%85%E1%80%AD%E1%80%90%E1%80%B9%E1%81%BE%E1%80%80%E1%80%BC%E1%80%B1%E1%80%86%E1%80%B8%E1%80%BB%E1%80%95%E1%80%AC%E1%80%B8/
2015-08-03T00:27:05Z
s3://commoncrawl/crawl-data/CC-MAIN-2015-32/segments/1438042989331.34/warc/CC-MAIN-20150728002309-00111-ip-10-236-191-2.ec2.internal.warc.gz
mya
0.893578
Mymr
43
{"mya_Mymr_score": 0.893578290939331, "blk_Mymr_score": 0.10509961098432541}
Blue Screen Error ဆိုတာကတော့ Computer အသုံးပြုသူများ ကြုံတွေ့ရ မယ့် ပြဿနာတစ်ခုဆိုရင်လဲ မမှားနိုင်ပါဘူး။ အဲဒီလိုမျိုး Monit…orပေါ်မှာ Blue Screen Page ပေါ်လာပြီဆိုရင် များသောအားဖြင့် Userတွေက Windows ပြန်တင်ဖို့ပဲ စဉ်းစားကြပါတယ်။ Windowsကြောင့် ဖြစ်တဲ့ Error မျိုးဆိုရင်တော့ Windows ပြန်တင်လိုက်လို့ ကောင်းသွားနိုင်ပေမယ့် တခြား Hardwareပိုင်း Error တစ်ခုခုကြောင့် ဖြစ်နေခဲ့မယ်ဆိုရင်တော့ Windows ပြန်တင်လိုက်ရင်လဲ အလကားပါပဲ အချိန်ကုန်တာပဲ အဖတ် တင်ပါလိမ့်မယ်။ ဒါကြောင့် ဘယ်လို အခြေအနေမျိုးမှာ Blue Screen Error ဖြစ်နိုင်သလဲ၊ မဖြစ်အောင် ဘယ်လို ကာကွယ်မလဲ စသည်ဖြင့် လေ့လာကြည့်ကြရအောင်ဗျာ။ အရင်ဆုံး Bluescreen Errorက ဘယ်လို ကြောင့် ဖြစ်ရသလဲဆိုတာကို ပြောရရင် Computerရဲ့ Windows Operating Systemကနေ ထုတ်ပေးလိုက်တဲ့ Fatal Error Codeကြောင့် ဖြစ်ပါတယ်။ ဒီ Error Codeက ဘာပြောချင်တာလဲဆိုတော့ ကျွန်တော်တို့ အခု အသုံးပြုနေတဲ့ Windows OSကို ပြန်ပြီး Recover အနေနဲ့လဲ ပြန်လုပ်လို့ မရတော့ပါဘူး။ အခု အသုံးပြုနေတဲ့ OS ကတော့ Crash ဖြစ်သွားပါပြီဆိုတဲ့ အကြောင်းကို အသုံးပြုသူတွေကို လှမ်းအကြောင်း ကြားခြင်း ဖြစ်ပါတယ်။ အဲဒီလိုမျိုး ပေါ်လာတဲ့ Blue Screen Error Pageပေါ်မှာ ပါတဲ့ Error Codeတွေကို ဖတ်ပြီးတော့လဲ Windowsကြောင့် ဖြစ်တာလား ဒါမှမဟုတ် အခြားသော Memory၊ Hard Disk၊ Motherboard စသည့် Hardware အစိတ်အပိုင်းတွေကြောင့် ဖြစ်တာလား ဆိုတာကို ခွဲခြားလို့ ရပါတယ်။ နောက်တစ်ခုကတော့ Windows Filesတွေ ရှိတဲ့ Partition (ဥပမာ) C: Partition ဆိုပါစို့။ သူ့အောက်မှာ ရှိတဲ့ Windowsရဲ့ System 32ထဲက File တစ်ခုခု ပျက်သွားမယ်ဆိုရင်လဲ Blue Screen ပေါ်လာပြီး Windowsနဲ့ ပတ်သက်တဲ့ Error Page ဖော်ပြတတ်ပါတယ်။ Memory ကြောင့်လဲ ဖြစ်တတ်ပါတယ်။ ဘယ်လို အခြေအနေမျိုးမှာလဲ ဆိုတော့ Program တစ်ခုကို ဖွင့်လိုက်တဲ့အချိန်မှာ ကိုယ်သုံးထားတဲ့ Memoryက အဲဒီ Programကို မနိုင်ဘူးဆိုရင် စက်ဟန်းသွားတာတို့ Blue Screen Error တက်ပြီး Restart ကျသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ နောက်ပြီးတော့ Memoryက လုံးဝ ပျက်သွားတာမျိုး မဟုတ်ပဲနဲ့ Memory အစိတ်အပိုင်းတစ်ချို့ ပျက်သွားတာတို့၊ Memory လွတ်နေတာတို့၊ နောက်တစ်ခုက Memory ရဲ့ အောက်ခြေမှာ ရှိတဲ့ ကြေးငုတ်လေးတွေက ဖုန်တက်နေတာတို့ ဂျီးတက်နေတာတို့ ဖြစ်နေမယ်ဆိုရင် Memoryနဲ့ ပတ်သက်တဲ့ Blue Screen Error တက်နိုင်ပါတယ်။ နောက်တစ်ခုက Hard Disk ကြောင့်လဲ Blue Screen Error တက်နိုင်ပါတယ်။ Hard Disk ကြောင့် အဖြစ်များတာကတော့ Hard Diskမှာ Bad Sector ဖြစ်နေတဲ့ အခါမျိုး၊ Hard Disk ပျက်တဲ့ အခါမျိုးတွေမှာလဲ ဖြစ်တတ်ပါတယ်။ ဒါတွေကတော့ Blue Screen Error အဖြစ်အများဆုံး Errorတွေပါ။ ဒါဆိုရင် Blue Screen Error မဖြစ်အောင် ဘယ်လို ကာကွယ်မူတွေ ပြုလုပ်ကြမလဲ။ ၁။ windowsရဲ့ System Fileတွေကို Virusတွေ မဖျက်ဆီးနိုင်အောင် Antivirus Softwareတွေ တင်ထားပေးရပါမယ်။ နောက်ပြီးတော့ Update ဖြစ်အောင် ပြုလုပ်ထားရပါမယ်။ ၂။ Hard Disk Cleaning Toolတွေ Error စစ်ပေးတဲ့ Toolတွေ Windows Systemပိုင်း Registryပိုင်း ပြင်ဆင်ပေးတဲ့ Softwareတွေ တင်ထား ပေးသင့်ပါတယ်။ ၃။ Cmputer System ပုံးထဲမှာ ရှိတဲ့ Mother Board၊ CPU၊ Memoryတွေ ပေါ်မှာ ရှိတဲ့ ဖုန်တွေ ဖယ်ရှားပေးရပါမယ်။ Motherboardပေါ် ဖုန်တွေ အများအပြား ရှိနေခြင်းဟာ Systemရဲ့ အပူချိန်ကို မြင့်တက်စေပြီး ကိုယ့် Computerရဲ့ Performanceကို နှေးကွေးသွားစေပါတယ်။ Blue Screen Error မတက်အောင် ကာကွယ်ဖို့အတွက် နောက်ထပ် တစ်နည်းကတော့ Windowsပေါ်မှာ ပြုပြင်ပေးရပါမယ်။ အရင်ဆုံး My Computerကို Right Click နှိပ်ပြီး Propertiesထဲကို သွားပါ၊ ပြီးရင် Advanced System Settingထဲကို ဝင်ပါ။ System Properties Box ကျလာရင် Startup and Recoveryဆိုတဲ့ Itemရဲ့ Settingထဲကို ဝင်လိုက်ပါ။ ပြီးရင် Sytem Failure အောက်က Automatically Restart ဆိုတဲ့ Check Boxက အမှန်ခြစ်လေးကို ဖြုတ်ပေးပြီး Apply ၊ Ok နှိပ်လိုက်ရင် ရပါပြီ။ ဒီလောက်ဆိုရင်တော့ Blue Screen Errorနဲ့ ပတ်သက်ပြီး အဆင်ပြေကြမယ် ထင်ပါတယ်။ အဆင်ပြေကြပါစေ… မောင်ပေါက်
<urn:uuid:afa5eb7a-7413-464f-8720-fd8ee519017d>
CC-MAIN-2015-32
http://koye9992.blogspot.com/2013/06/blue-screen-error.html
2015-08-03T23:17:31Z
s3://commoncrawl/crawl-data/CC-MAIN-2015-32/segments/1438042990123.20/warc/CC-MAIN-20150728002310-00304-ip-10-236-191-2.ec2.internal.warc.gz
mya
0.900536
Mymr
62
{"mya_Mymr_score": 0.9005364179611206, "blk_Mymr_score": 0.09455681592226028}
လိင်တူချစ်သူဖြစ်ကြောင်း ဝမ့်ဝေါ့သ်မေလာ ထုတ်ဖော်ပြောကြား ကမ္ဘာကျော် ရုပ်သံဇာတ်လမ်းတွဲ Prison Break မှာ အဓိကသရုပ်ဆောင် မိုက်ကယ်လ်စကိုးဖီးလ်အဖြစ် သရုပ်ဆောင်ပြီး နာမည်ကျော်ခဲ့တဲ့ ဝမ့်ဝေါ့သ်မေလာက သူဟာ လိင်တူချစ်သူတစ...်ဦး ဖြစ်တယ်လို့ ထုတ်ဖော် ပြောကြားခဲ့ကြောင်း Reuters သတင်းဌာနမှာ ဖော်ပြထားပါတယ်။ ဝမ့်ဝေါ့သ်မေလာက ရုရှားရုပ်ရှင် ပွဲတော်တစ်ခုကို တက်ရောက်ဖို့ ငြင်းဆန်တဲ့ အကြောင်းပြန်စာ တစ်စောင်စာထဲမှာ သူဟာ လိင်တူချစ်သူ တစ်ဦး ဖြစ်တယ်လို့ အတိအလင်း ထည့်သွင်းရေးသားခဲ့တာ ဖြစ်ပါတယ်။ ရုရှားနိုင်ငံဟာ လိင်တူချစ်သူတွေကို ဆန့်ကျင်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းထားတဲ့အတွက် သူ့လိုလိင်တူချစ်သူ တစ်ဦးအနေနဲ့ ရုရှား ရုပ်ရှင်ပွဲတော်တစ်ခုဖြစ်တဲ့ စိန့်ပီတာစဘတ် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို တက်ရောက်ဖို့ မဖြစ်နိုင်ပါဘူးလို့ ဝမ့်ဝေါ့သ်မေလာက အဲဒီစာထဲမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မေလာက လိင်တူချစ်သူ အမျိုးသား၊ အမျိုးသမီးတွေအပေါ်မှာ ထားရှိတဲ့ ရုရှားအစိုးရရဲ့ သဘောထားကြောင့် သူ့အနေနဲ့ အလွန်ပဲ စိတ်မကောင်း ဖြစ်ရကြောင်းနဲ့ သူ့လိုလူတွေရဲ့ အခြေခံ ရပိုင်ခွင့်တွေနဲ့ လွတ်လပ်စွာ ချစ်ခွင့်တို့ကို ဥပဒေအရ တားမြစ်ထားတဲ့ နိုင်ငံတစ်နိုင်ငံမှာ ကျင်းပမယ့် ပွဲကို တက်ရောက်လိုစိတ် မရှိဘူးလို့လည်း အဲဒီစာထဲမှာ ထည့်သွင်းရေးသား ခဲ့ပါသေးတယ်။ ရုရှားနိုင်ငံဟာ လိင်တူချစ်သူ ပြန့်ပွားရေး လုပ်ဆောင်သူတွေနဲ့ ဝါဒဖြန့်သူတွေကို အရေးယူမယ့် ဥပဒေတွေကို ဇွန်လထဲတုန်းကမှ ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး အဲဒီလို ပြဋ္ဌာန်းခဲ့တဲ့အတွက် နိုင်ငံတကာရဲ့ ဝေဖန်ပြစ်တင်မှုကို ခံခဲ့ရပါတယ်။ မေလာဟာ Fox ရုပ်သံလိုင်းက ၂၀၀၅ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်ထိ ထုတ်လွှင့်ပြသခဲ့တဲ့ Prison Break ဇာတ်လမ်းတွဲမှာ အဓိကသရုပ်ဆောင် မိုက်ကယ်လ်စကိုးဖီးလ်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး လက်ရှိ အချိန်မှာတော့ ဇာတ်ညွှန်းရေးသားတဲ့ အလုပ်ကိုသာ အဓိကထား လုပ်ကိုင်လျက် ရှိပါတယ်။ The Voice Weekly သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊ Labels: Entertainment
<urn:uuid:60651686-7eb2-432e-99d6-aab0b0d01aa1>
CC-MAIN-2015-35
http://health.thithtoolwin.com/2013/08/blog-post_8633.html
2015-08-27T21:21:43Z
s3://commoncrawl/crawl-data/CC-MAIN-2015-35/segments/1440644059993.5/warc/CC-MAIN-20150827025419-00349-ip-10-171-96-226.ec2.internal.warc.gz
mya
0.932725
Mymr
34
{"mya_Mymr_score": 0.9327247738838196, "blk_Mymr_score": 0.06545939296483994}
- Lesson 2-1 How to remove Programs From your PC - Lesson (2) User Account ဖြင့် ကွန်ပျူတာသုံးစွဲမှု့အား ထိန်းချုပ်ခြင်း - Window xp, 7, 8 တွင် Zawgyi install လုပ်နည်း၊ Firefox တွင် လေးထောင့်တုံးပေါ်ခြင်းနှင့် gtalk တွင် လေးထောင့်တုံး ပေါ်ခြင်း Posted: 09 Jul 2013 01:09 PM PDT ဖြုတ်နည်း ၂ နည်းရှိပါတယ်။ control panel ထဲက Programs and features ဖြင့် ဖြုတ်နည်းနှင့် uninstaller ကိုသုံးပြီး ဖြုတ်နည်း ၂ နည်းပါ။ ၂ နည်းစလုံး ရှင်းပြထားပါတယ်။ ရှင်းပြချက်နှင့်အတူ advanced uninstaller pro v-11 ကိုပါ တစ်ခါတည်း တင်ပေး လိုက်ပါတယ်။ အဆင်ပြေကြ လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါကတော့ မလိုအပ်တဲ့ software တွေကို Registry ထဲမှာပါ မကျန် အကုန်ရှာပြီး ဖျက်ပေးတဲ့ uninstaller program ပါ အောက်မှာ Download လုပ်ယူလိုက်ပါ။ အောက်ဆုံးက တင်ပေးထားတာက သင်ခန်းစာvideo ဖိုင်ပါ။ Download softwares Zippyshare | Ziddu | Fileclousd | rapidshare | Solidfiles | Thusiles | Mirrorcreator Download Tutorial video Zippyshare | Ziddu | Filecloud | Sharebeast | rapidshare | Solidfiles | Thusiles | Mirrorcreator Posted: 09 Jul 2013 12:59 PM PDT ခု ဒီနေ့ သင်ပေးမှာကတော့ User Account နှင့် ကွန်ပျူတာ ထဲသုံးစွဲမှု့ကို ထိန်းချုပ်တာ ဖြစ်ပါတယ်။ သုံးစွဲချိန်နှင့် သုံးစွဲရမယ့် program များကို window မှာ ပါပြီးသားနှင့် သုံးပြီးတော့ လုပ်ပြသွားတာ ဖြစ်လို့ အားလုံးပဲ အဆင်ပြေကြ လိမ့်မယ် လို့ မျှော်လင့်ပါတယ်။ တကယ်ဆို control panel ကို သင်ရင်တော့ Action center ကနေ စသင်ရမှာပါ။ ဒါပေမယ့် အများဆုံး သုံးစွဲရတယ့် program တွေကို ဦးစားပေးပြီး ရှင်းပြသွားပေးပါ့မယ်။ ဒီနေ့ကတော့ user account တစ်ခုကို သုံးစွဲပြသွားတာပါ။ Download User Account Training Video Window xp, 7, 8 တွင် Zawgyi install လုပ်နည်း၊ Firefox တွင် လေးထောင့်တုံးပေါ်ခြင်းနှင့် gtalk တွင် လေးထောင့်တုံး ပေါ်ခြင်း Posted: 09 Jul 2013 02:32 AM PDT မေးတဲ့သူ အရမ်း (အရမ်း)ကို များပါတယ်။ လုံးဝ မသိသေးတဲ့သူတွေ အများကြီးလက်ထဲ ဒီ video ဖိုင်လေး ရောက်သွားခဲ့ရင် အရမ်းအကျိုးရှိစေမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အသေးအဖွဲ့လေးကစပြီး သင်တန်းအတွက် စပြီး အသက်သွင်းလိုက်တာပါ။ မှားတာရှိရင် အားလုံးကို ကြိုတင် တောင်းပန်ထား ပါရစေ။ ကျနော် တစ်ယောက်တည်း ကြိုးစားထားတာ ဖြစ်တဲ့အတွက် အမှားတွေ အများကြီး ပါဝင်နိုင်ပါတယ်။ ပညာရှင်တစ်ယောက် မဟုတ်ဘဲ ကိုယ်ထူကိုယ်ထ ပရဟိတအလုပ် ဖြစ်တဲ့အတွက် နားလည်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ စေတနာ တစ်ခုတည်းကိုပဲ ရင်ထဲမှာ ထားပေးပါ။ အလုပ်တစ်ခုဆိုတာ ပြောတာ လွယ်သလောက် လုပ်တာ တကယ်ခက်ပါတယ်။ အခက်အခဲပေါင်း များစွာကို တွေ့ရတတ်ပါတယ်။ ဒါကတော့ သိတဲ့သူအတွက်တော့ ကလေးကလား ကျပေမယ့် မသိတဲ့သူအတွက် ခက်ခဲမှု့တခုပါ။ ဘယ်နည်းလမ်းမဆို သိထားသင့်တယ်ထင်လို့ ကျနော့်အနေနဲ့ မေးသမျှကို အကုန်တင်ပေးသွားမှာပါ။ ခုက zawgyi keyboard ကို Download လုပ်နည်းနဲ့ install လုပ်နည်းပါ။ အများကြီးရှင်းပြနေရင် ဖိုင်ဆိုက်ဒ်ကြီး သွားမှာစိုးလို့ နည်းနည်းမြန်မြန်ပြောပြရတာ နားလည်ပေးစေလိုပါတယ်။ ဒါတောင်မှ ဖိုင်ဆိုက်ဒ်က 20 MB ကျော်သွားသေးတယ်။ ဖိုင်ဆိုက်ဒ်ကြီးတဲ့အကြောင်းက Download လုပ်ပြီး ကြည့်တဲ့သူတွေအတွက် resolution ကောင်းကောင်းနဲ့ ကြည်ကြည်လင်လင် ကြည့်နိုင်ရအောင် resolution မြှင့်ပြီးတော့ တင်ပေးထားလို့ပါ။ ကဲအားလုံးအဆင်ပြေနိုင်လိမ့်မယ် ခုဒါလေးကို ဘာလို့ပြောပြနေသေးလဲ ဆိုရင် လုံးဝမသိတဲ့ ညီ/ညီမ လေးတွေ ရှိနေလို့ပါ။ အဲ့ဒါကြောင့် လွယ်ကူတဲ့ အပိုင်းလေးတွေကို စပြီးပြောပြရတာပါ။ Download Zawgyi and Install Download How to Download and Install Zawgyi Tutorial Zippyshare | Solidfile | Filecloud | Tusfiles | Mirrorcreator
<urn:uuid:f49b45a6-dd4a-476e-bfcc-5587fd66c75b>
CC-MAIN-2015-35
http://itguidemyanmar.blogspot.com/2013/07/blog-post_164.html
2015-09-02T23:43:01Z
s3://commoncrawl/crawl-data/CC-MAIN-2015-35/segments/1440645294817.54/warc/CC-MAIN-20150827031454-00345-ip-10-171-96-226.ec2.internal.warc.gz
mya
0.912208
Mymr
38
{"mya_Mymr_score": 0.9122076630592346, "blk_Mymr_score": 0.06670182943344116, "shn_Mymr_score": 0.011367526836693287}
အိမ်ခြံမြေနှင့် ကားဈေးကွက် အပြောင်းအလဲ ကြီးမားမှုကြောင့် ရန်ကုန်မြို့တွင် ရွှေဝယ်သူ အလွန် နည်းပါးပြီး ပြန်လည် ရောင်းချသူ များပြားနေကြောင်း သတင်းရရှိသည်။ ဈေးကွက် အပြောင်းအလဲ ကာလတွင် ရွှေစုဆောင်းထားသူတို့က စီးပွားရေးလုပ်ငန်းသစ်များ လုပ်ကိုင်ရန် ငွေပြန်ဖော်နေကြသည်ဟု သိရသည်။ “နေ့စဉ်တိုင်း လိုလို ရွှေဝယ်သူထက် ရွှေရောင်းတဲ့သူတွေချည်းပဲ။ ရွှေဝယ်သူက မရှိသလောက်ကို နည်းတယ်။ အိမ်ခြံမြေဈေးကွက်၊ ကားဈေးကွက်တွေမှာ သွားပြီး ရင်းနှီးကြ၊ အလုပ်လုပ်ကြနဲ့ အဲဒီဘက်မှာပဲ အရမ်း လှုပ်ရှားတယ်။ အဲဒီနယ်ပယ်ကိုပဲ လူတွေက စိတ်ဝင်စားကြတယ်” ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် နီးစပ်သူ ရွှေကုန်သည် တဦးက ပြောသည်။ အကျိုးအမြတ် သေချာသော အိမ်ခြံမြေဈေးကွက်ဘက်သို့ လှည့်သွားကြခြင်းမှာ ကျပ်ငွေတန်ဖိုးတက်လာခြင်း၊ ဒေါ်လာတန်ဖိုး မတည်မငြိမ် ဖြစ်လာခြင်း တို့နှင့်လည်း သက်ဆိုင်သည်ဟု ဆိုသည်။ ဦးသိန်းစိန်အစိုးရလက်ထက် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ထပ်မံ ၀င်ရောက်လာခြင်း၊ စက်မှုဇုန်အသစ်များ ဖော်ထုတ်လာခြင်းတို့ကြောင့် စက်မှုဇုန် မြေကွက်များ ကြိုတင် ၀ယ်ယူ ရင်းနှီးမြုပ်နှံနေကြကြောင်း ရန်ကုန်မှ အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။ ရန်ကုန်မြို့တွင်း အိမ်ခြံမြေများလည်း ဆက်တိုက်ဆိုသလို ဈေးနှုန်းများ မြင့်တက်နေသည်။ “ဈေးက ပိုတက်ဖို့ပဲ ရှိတယ်။ အကျ မရှိဘူး။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က သိန်းငါးရာလောက်ပဲ ဈေးရှိတဲ့ မြေကွက်က အခုအချိန် သိန်းနှစ်ထောင် ခေါ်ရောင်းတယ်၊ ၀ယ်သူလည်း ရှိတယ်။ အိမ်ခြံမြေက ရင်းနှီး မြုပ်နှံပြီး ရှုံးတယ် ဆိုတာ မရှိတဲ့ အခြေအနေ ဖြစ်နေတယ်” ဟု ရန်ကုန်မြို့၏ နာမည်ကျော် အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီ ပိုင်ရှင် တဦးက ဆိုသည်။ ကားသစ် တင်သွင်းခြင်းကို အစိုးရက ခွင့်ပြုလာသဖြင့် ငွေကြေးတတ်နိုင်သူများက ရွှေဝယ်ယူရန် စိတ်ဝင်စားမှု လျော့ကျသွားကြောင်း သိရှိရသည်။ “ကားဟောင်းကို ကားသစ် လဲချင်ကြတယ်။ ကားဟောင်း(အောက်ကားတွေ)ကို တစီး သိန်းတရာ ပေးဝယ်ကြတယ်။ ဘဏ်မှာ နိုင်ငံခြားငွေ အခွန်ဆောင် အပ်ထားတဲ့သူတွေလည်း ကားသစ် သွင်းဖို့ စိတ်ဝင်စားကြတယ်” ဟု ကား ၀ယ်ရောင်း အကျိုးဆောင် လုပ်ငန်းကို နှစ်ပေါင်းများစွာ လေ့လာ သတင်းရယူ ရေးသားခဲ့သူ အပတ်စဉ်ထုတ် သတင်းဂျာနယ်ကြီးတခုမှ အယ်ဒီတာတဦးက ပြောသည်။ “ကားသတင်းပါတဲ့ ဂျာနယ်တိုင်း ရောင်းအား တက်သလို ဂျာနယ်တိုင်းကလည်း ကားသတင်း မဖြစ်မနေ ပါအောင် ထည့်နေရတာကို ကြည့်ရင် လူတွေရဲ့ ကားသစ်တွေ ရှုးသွပ်တဲ့ စိတ်တွေကို သိနိုင်တယ်” ဟု ၎င်းအယ်ဒီတာက ဆက်ပြောသည်။ ကား နှင့် အိမ်ခြံမြေဈေးကွက်၏ ဂယက်ကြောင့်သာမက အမေရိကန်ဒေါ်လာတန်ဖိုးနှင့် ကမ္ဘာ့ရွှေဈေး အတက် အကျအပေါ် မူတည် ပြောင်းလဲနေသော ရွှေဈေးကွက်သည် လာမည့် ၂၀၁၂ ခုနှစ်တွင် အရောင်းအ၀ယ် ဆက်လက် ကျဆင်းဖွယ်ရှိကြောင်း မန္တလေးနှင့် ရန်ကုန် ရွှေကုန်သည်များက သုံးသပ်နေကြသည်။ ပြည်တွင်းရွှေဈေးကွက်တွင် တနင်္လာနေ့က အကယ်ဒမီအခေါက်ရွှေ တကျပ်သား ၇၂၃ ၀၀၀ ကျပ် ရှိကြောင်း သိရှိရသည်။
<urn:uuid:c6b3951f-d905-45c7-bb70-56006663dc6c>
CC-MAIN-2015-35
http://burma.irrawaddy.org/news/2011/11/30/3021.html
2015-09-05T01:10:30Z
s3://commoncrawl/crawl-data/CC-MAIN-2015-35/segments/1440645371566.90/warc/CC-MAIN-20150827031611-00226-ip-10-171-96-226.ec2.internal.warc.gz
mya
0.96793
Mymr
31
{"mya_Mymr_score": 0.9679303169250488, "blk_Mymr_score": 0.02904551848769188}
အချစ်ဟာ ဘ၀အတွက် အဓိက လိုအပ်ချက်မဟုတ်ပေမဲ့ အချစ်မရှိရင် ဘ၀မှာပျော်ရွှင်မှုဆိုတာတွေလည်း ပျောက်ဆုံးကုန်ရော။ အချစ်နဲ့ပတ်သက်လာရင် လူတိုင်းမှာ ခံစားချက်ကိုယ်စီရှိကြတယ်။ ထင်မြင်ချက် ကိုယ်စီလည်း ရှိကြပါတယ်။ ကျနော်အခုပြောပြချင်တာက ဘာလို့ ယောကျာ်းလေးမိန်းကလေး တော်တော်များများဟာချစ်သူတစ်ဦးတည်းကို တသက်လုံး ဘာလို့မချစ်နိုင်တဲ့အပေါ် သုံးသပ်ကြည့်မိတဲ့ အကြောင်းအရာတွေပါ။ ဖောက်ပြန်ကြတယ်ဆိုတဲ့အသံတွေကို နေရာတိုင်းမှာကြားနေရတယ်။ အရွယ်ရောက်ပြီးကြတဲ့ လူတိုင်း ဒီလိုအဖြစ်မျိုး ကြုံခဲ့ဖူးတာများပါတယ်။ ကိုယ့်ရည်းစားကရှုပ်တယ် ဆိုပြီး ပြတ်သွားကြတဲ့ သမီးရည်းစားတွေက လည်းမနည်းပါဘူး။ ဘာလို့လဲ။ အချစ် အချစ် ဆိုတဲ့ အကြောင်းကို သေချာမသိကြလို့လေ။ အချစ်နဲ့ လိင်ကို သေချာမသိကြလို့ ဖောက်ပြန်နေကြတာပေါ့။ ငယ်ငယ်က မိဘအချစ်ငတ်ခဲ့ရသူ၊ အချစ်ဦးက ရက်ရက်စက်စက်အသည်းခွဲပြီး အပစ်ခံခဲ့ရသူ တော်တော်များများဟာ ရှုပ်တတ်ကြတယ်။ ဖောက်ပြန်တတ်ကြတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ အချစ်ဆိုတဲ့အရာကို မယုံကြတော့ဘူးလေ။ အချစ်က လုံခြုံမှု တည်မြဲမှုကို မပေးနိုင်ဘူးလို့ထင်နေကြတယ်လေ။ ကိုယ့်လိုပဲ မြာပွေတဲ့သူတွေ ချည်းပဲလို့ ထင်မှတ်နေကြတယ်လေ။ ရည်းစားတွေထည်လဲတွဲ ပြီး သူတို့မှာလိုအပ် နေ တဲ့အချစ်တွေကို ဖြည့်ကြတာပေါ့။ ဒါကအချစ်ရှာနေတာ မဟုတ်ပါဘူး။လိင်ပါ။ တချို့ကျတော့ အချစ်စစ်နဲ့ကို ချစ်ကြတာပါ။ ဒါပေမဲ့ သူ့တို့ ရှေ့ဆက်လျှောက်ဖို့ အချစ်လမ်းခရီးက အခက်အခဲတွေ ရင်ဆိုင်ကြတဲ့အခါမှာ နားလည်မှုတွေ၊ ယုယမှုတွေ၊ ချစ်စကြင်စကလို တက်ကြွမှုတွေကို ချစ်သူနှစ်ဦးစလုံးက ပျိုးထောင်ပေးဖို့မေ့နေ ကြတော့ အထီးကျန်မှုတွေ သိမ်ငယ်မှုတွေပေါ်လာ တော့တာပေါ့။ ဒါကလည်း လူတိုင်းမှာ ချစ်သက်တမ်းရှည် လာသမျှ ငြီးငွေ့မှုတွေ ဖြစ်လာတတ်ကြတာ သဘာဝပဲလေ။ အထူးသဖြင့် လိင်အမှုကို ဦးစားပေးတဲ့ သမီးရည်းစားတွေဆို ပိုပြီးကွဲဖို့အခွင့်အရေးများတယ်။ ချစ်သူရဲ့ ကိုယ်သင်းနံ့၊ လှပမှုအဆင်း၊ ကိုယ်လုံးကိုယ်ပေါက်၊ လိင်ဆက်ဆံမှု၊ ဟန်အမူအရာ၊ စကားသံလေးတွေဟာ ချစ်စခင်စက ဘယ်လောက်ပဲချစ်ဖို့ကောင်းပါတယ် ပြောပြော ကြာရင် အီသွားကြတာပဲ။ ရိုးသွားကြတာပဲ။ ပေါက်စီ ဘယ်လောက်ကောင်းကောင်း မနက်တိုင်း သားရေစာကို ဒါပဲစားနေရတော့ ပြောင်းပြီးစား ချင်လာကြတယ်လေ။ ဒါတွေဟာ လူတွေရဲ့သဘာဝပဲလေ။ အပြောင်းအလဲလေးတွေကို အချောင်ရရင် အားလုံး ပြောင်းစားကြည့်ချင်ကြတာပါပဲ။ ခိုးစားကြည့်ကြတယ်လေ။ကာယံကံအမှုနဲ့ မဟုတ်တာတောင် ၀စီကံလေးတွေ၊ မနောကံလေးတွေနဲ့ ခံစားကြည့်တတ်ကြတယ်။ မမိသေးသရွေ့တော့ ချစ်သူနဲ့ အဆင်ပြေနေတာပေါ့။ မိသွားကြတော့ ကွဲကြပြဲကြတော့တာပဲ။မိန်းကလေးကော ယောကျာ်းလေးတွေ အားလုံးလုပ်နေကြတာပါ။ ရှက်လို့တာဖုံးထားကြတာ။ လိမ်နေကြတာပါ။ ကျနော်ပြောတာမယုံရင် နေ့တိုင်းတက်နေတဲ့ အွန်လိုင်းကို ကြည့်လေ။ လင်ရှိမယားရှိ ရည်းစားရှိ ပိုင်ရှင်ရှိပြီးသားတွေတောင် ကိုယ်ကြိုက်တဲ့ ချောချောလှလှ ကောင်လေး(သို့)ကောင်မလေးတွေနဲ့ မိတ်ဆွေဖြစ်နေရရင် ပျော်လို့ကို မဆုံးကြပါဘူး။ အဖြူရောင် ခင်မင်မှုတွေလို့တာပြောနေကြတာပါ။ သူတို့နဲ့ စာပေးစာယူ စကားပြောနေရတဲ့အချိန်ဟာ ကိုယ့်ချစ်သူနဲ့ ပြောတဲ့အချိန်တွေ ထက်တောင်ပိုပြီး ပျော်နေကြတယ်၊ ရင်ခုန်နေကြတယ်၊ စိတ်ချမ်းသာနေကြတယ်ဆိုရင် ဒါဟာလည်း ကာယကံ မနောကံတွေနဲ့ ကိုယ့်ချစ်သူအပေါ်ဖောက်ပြန်နေတာပဲလေ။ ပေါက်စီမစားတော့ပဲ ဟန်ဘာကာပြောင်းစားကြည့်တာနဲ့အတူတူပဲ လေ။ ကိုယ့်ရည်းစားအပေါ် ဘယ်လောက်ချစ်တာပါလို့ ပဲ ပြောပြော ဒီလိုဖောက်ပြန်နေကြတဲ့သူတွေ အများကြီးပါ။ မိန်းကလေးတွေက ကျနော် ဒီလိုပြောတာကို ကပ်သီးကပ်သတ်ပြောနေတယ်လို့ထင်ကြမှာပဲနော်။ မင်းသားတွေအဆိုတော်တွေ ကိုကြိုက်နေကြတာ၊ ဘောလုံးသမားတွေ အားကစားသမားတွေကို ကြိုက်နေကြတာ လည်း ဖောက်ပြန်နေတာပဲလေ။ သူတို့က ပြန်မကြိုက်ကြလို့တာ ကိုယ့်ချစ်သူနဲ့ ဘာမှမဖြစ်ကြတာ။ တဖက်က တကယ်ပြန်ကြိုက်ပါတယ်လို့တာ ပြောကြည့်ပါ။ ကိုယ့်ချစ်သူကို ပစ်ပြီး ကောက်ကောက်ပါအောင် လိုက်သွားကြမည့်သူတွေ အများကြီးပါ။ အနေဝေးတယ် လွမ်းတယ် အထီးကျန်ဆန်နေတယ် ဆိုတဲ့ ခံစားချက်တွေကိုဦးစားပေးပြီး ငါ့ချစ်သူမသိပါဘူးဆိုပြီး ဖောက်ပြန်နေကြတဲ့သူတွေလည်း အများကြီးပါပဲ။ ရေဆေးလိုက်ရင် ပြီးတာပဲဆိုတာမျိုးတွေပေါ့။ ကိုယ့်ချစ်သူက သိတာမှမဟုတ်တာ။ တခါခိုးစား နောက်လည်း အခွင့်ရတိုင်း ခိုးစားတတ်လာကြတယ်လေ။ ခိုးစားတတ်နေတုန်းတော့ အဆင်ပြေနေဦးမှာပါ။ အရိုးတော့ မဆူးစေနဲ့ပေါ့။ ချစ်သူထက်အပေးကောင်းတဲ့သူနဲ့တွေ့ သွားလို့ကတော့ ချစ်သူကို ပစ်သွားပြီး တခြားသူဆီလိုက်ကြတော့တာပဲလေ။ကြားဖူးတာများနေလို့ပြောနေတာနော်။ကောင်မလေးတွေ.တော်တော်များများက....ကျနော်တို့ယောကျာ်းလေးတွေကပဲ မကောင်းဘူးထင်နေမှာစိုးလို့ပါ။ ယောကျာ်းလေးတော်တော်များများ ကတော့ အချောင်ရရင် အကုန်စားမှာပဲလေ။ E majorကကောင်မလေး ၁၈နှစ်ပဲရှိသေးတယ်။ သူ့မှာ ရည်းစားလည်းရှိတယ်။ သူနဲ့သူ့ရည်းစားက ရွယ်တူတွေ။ သူက အင်းစိန်မှာနေတာ လေ။ တော်တော်လေး ချောတာပါ။ကျနော့်အသိ လမ်း၄၀နားက (လမ်းအတိအကျ မပြောချင်လို့ပါ)အသက်၄၀ကျော် ဘိုးတော်တစ်ယောက်နဲ့ခင်သွားတယ်။ သူ့မှာ မိန်းမလည်းရှိ၊ သားကလည်း ဒီကောင်မလေးနဲ့ ရွယ်တူပဲလေ။ကောင်မလေးက ရည်းစားနဲ့အဆင်မပြေတိုင်း ဘိုးတော်ဆီလာတယ်လေ။ ဘိုးတော်က အချော့လည်းကောင်း အပြောလည်းကောင်း နာမည်လည်းကြီးတဲ့သူ ဆိုတော့ ကောင်မလေးက ခင်တာပေါ့။မကြာပါဘူး ၃လလောက်ပဲရှိသေးတယ်။ ဘိုးတော်နဲ့ ဖြစ်ကြရော။ နောက်ပိုင်း ဘိုးတော်ဆီကို အမြဲလာတယ်။ သူ့ရည်းစားက သူ့လောက်အပေးမကောင်းဘူးဆိုပဲ။ သိပ်မကြာပါဘူး သူက သူ့ရည်းစားကို ဖြတ်လိုက်တယ်။ မပျော်တော့ လို့တဲ့။ သူ့ကောင်လေးမှာ အသည်းကွဲပြီး ရူးမတတ်ကျန်ခဲ့တာပါ။ အချစ်ဦးကို။ ကောင်မလေးကတော့ ဘိုးတော်နဲ့ပျော်နေလိုက်တာ။ သူတို့နေတဲ့ပုံတွေတောင် အမှတ်တရ ရိုက်ထားကြတာ။ အပေါ်ကချည်းပဲ။ အားလုံးရင်သပ်ရှုမောပါပဲ။ လိင်လိင်လိင်တွေပါ။ လူတွေဟာ အချစ်အချစ်လို့ ပြောနေကြပြီး လိင်ကိုရှာဖွေနေကြတာပါ။ အချစ်ဆိုတာ အလွန်သန့်ရှင်းတဲ့အရာပါ။ ဒီလို အချစ်ရေးမှာအဆင်မပြေတိုင်း နောက်ရည်းစားအသစ်ရှာနေကြတာ တော့မကောင်းပါဘူး။ ကိုယ့်ချစ်သူက ရှုပ်နေ ပွေနေတာတကယ်မှန်လို့ ရည်းစားသစ် ပြောင်းရှာတာ ကိုတော့ အပြစ်မပြောပါဘူး။ မြန်မြန်ဖြတ်လေ ကောင်းလေပါပဲ။ ဒီလိုလူနဲ့ ပြတ်သွားတာ ကိုယ့်အတွက်ပိုကောင်း တယ်လေ။ နောင်ရေးအတွက်လည်း စိတ်ဆင်းမရဲရတော့ဘူးပေါ့။အလိုမလိုက်လို့၊ နားလည်မှုမရှိလို့၊ အချော့ မကောင်း လို့၊ သူများလို အပျော်တွေမပေးနိုင်လို့၊ Romanticမရှိလို့၊ ရေခဲတုံးကြီးမလို့ဆိုပြီးတော့ ရည်းစားကိုဖြတ်တာကတော့ မကောင်းပါဘူး။ ချစ်သူတိုင်း နားလည်ထားဖို့က ကိုယ်ကလည်း မဖောက်ပြန်အောင်နေတတ်ကြဖို့ပါ။ အချိန်တိုင်း ကိုယ့်ချစ်သူကို ချစ်နေတတ်ကြဖို့ပါ။ ပေါက်စီ စားရတာ အီလာလို့ ဟမ်ဘာကာပြောင်း စားချင်ရင် ချစ်သူကို ပွင့်ပွင့်လင်းလင်း ပြောပြီး ဟမ်ဘာကာဖြစ်အောင် အမျိုးမျိုးပြောင်းပြီးလုပ်စားကြပေါ့။ လိင်ကိုချည်း ဦးစားမပေးကြပါနဲ့။ ၀ါသနာ၊ အလုပ်၊အားကစားတွေမှာလည်း ချစ်သူနှစ်ဦးလုံး အကြိုက်တူအောင် ညှိနိုင်ကြရင်ပိုကောင်းပါတယ်။ အားလပ်ချိန်တိုင်းမှာ ချစ်သူနှစ်ဦးအတူ ခံစားပျော်ရွှင်နိုင်လို့လေ။ လိင်ထက်တောင် ပိုပြီးကြာရှည်တည်မြဲပါ တယ်။ပျော်ရွှင်မှုတွေကို ပိုပြီးပေးနိုင်ပါတယ်။ ဒါတွေက အရွယ်ရောက်လာလေ ချစ်သူနှစ်ဦးပိုချစ်လာအောင် ဖန်တီးပေးနိုင်ကြလေပါပဲ။ ကိုယ့်ချစ်သူနဲ့အတူ ကျန်းမာရေးလိုက်စားတတ်အောင် ပျိုးထောင်ထားကြပါ။ အားလပ်ချိန်မှာ ၀ါသနာပါရာလေး တွေကို အတူ ခံစားနိုင်အောင် ညှိထားကြပါ။ သီချင်းကြိုက်ရင် သီချင်းနားထောင်ပေါ့။ ရုပ်ရှင်ကြိုက်ရင် ရုပ်ရှင်ကြည့်ကြပေါ့။ အချက်အပြုတ်ကြိုက်ရင် နှစ်ယောက်အတူတူ ချက်ပြုတ်ပြီးစားကြပေါ့။ ခရီးထွက်တာကြိုက် ရင် အတူခရီးထွက်ကြပေါ့။ ဒါပေမဲ့ ဒါတွေလုပ်ဖို့ အရမ်းကြီး ဖိအားပေးမလုပ်ကြပါနဲ့။အကြိုက်ချင်းတူအောင် လုပ်ဖို့က နည်းနည်းခက်တယ်လေ။ အချစ်တွေပိုပြီးတိုးလာချင်လို့တာ လုပ်နေကြတာလေ။ တခါတလေ အလုပ်မအားလို့ အရေးပေါ်အကြောင်းတွေရှိလာလို့ ဆိုပြီး အစီအစဉ်တွေပြတ်သွားတာ တွေရှိနိုင်တယ်လေ။ဒါကို ငါထက်ပိုပြီး ဦးစားပေးရမည့်အရာတွေရှိနေတယ်ပေါ့လို့ စိတ်ဆိုးသွားပြီး ချစ်သူတွေ ရန်ပွဲဖြစ်ကြရ တာလဲ ခဏခဏပါပဲ။ ဒီလိုအချိန်မှာလည်း နားလည်မှုတည်ဆောက်နိုင်အောင် ကြိုးစားကြပါ။ အချစ်ဆိုတာ နားလည်မှုပါ။ ကိုယ့်ချစ်သူအပေါ် နားလည်တတ်မှုပါ။ ကိုယ့်အချစ်အပေါ်မှာလည်း နားလည်တတ်မှုပါ။ အချစ်စစ်နဲ့ ချစ်မိကြတာမှန်ရင် နားလည်မှုကို အရင်တည်ဆောက်ကြပါ။ ဘာပဲလုပ်လုပ် အချစ်ကို ရှေ့တန်းတင်ပါ။ လိင်ကို လျှော့ပါ။ သိမ်ငယ်မှု၊ အထီးကျန်ဆန်မှုဖြစ်နေတယ်ဆိုတဲ့အတွေးတွေကို လျှော့ပါ။ ကိုယ့်အချစ်ကို တန်ဖိုးထားပါ။ ကိုယ့်အချစ်ကို တန်ဖိုးရှိလာအောင်လုပ်ကြပါ။ ချစ်စကြင်စကလို အချစ်စိတ်တွေမပျောက်သွားအောင် မြတ်နိုးကြပါ။ ဖောက်ပြန်ချင်တဲ့စိတ်တွေပေါ်လာတိုင်း ကိုယ့်ချစ်သူလေး မျက်နှာ ကို ပြန်မြင်ကြပါ။ ချစ်သူအပေါ် ပြောခဲ့တဲ့ စကားတွေ၊ ချစ်မိခဲ့တဲ့အဖြစ်လေးတွေကို ပြန်စဉ်းစားကြည့်ကြပါ။ ချစ်သူများနေ့မှာ ကိုယ့်ချစ်သူတွေကို မေးကြည့်ပါ။ ကိုယ့်ကို ဘာလို့ချစ်တာလဲ။ အပျော်သဘောအတွက်လား။ တသက်လုံးအတွက်လားလို့။ တသက်လုံးအတွက်လို့ အဖြေပေးရင် တို့ဒီနေ့ကစပြီး တယောက်ကို တယောက် တနေ့တခြား ပိုချစ်မြတ်နိုးတတ်လာအောင် ကြိုးစားကြမယ်နော် ဆိုပြီးပြောလိုက်ပါ။ ရှေ့ဆက်ရမည့်အချစ်ခရီးလမ်းမှာ ဖောက်ပြန်ချင်တဲ့စိတ်တွေမဖြစ်လာအောင်လို့လေ။ ကိုယ့်ဘက်က ဖောက်ပြန်တဲ့စိတ်တွေဖြစ်လာတိုင်း ဒီစကားလေးကို သတိရကြပါ။ အချစ်လိုနေတာလား။ လိင်လိုနေတာလားလို့။ ကိုယ့်မှာ အချစ်ပိုင်ဆိုင်ထားရင် ဘာနဲ့မှ မလဲနိုင်တဲ့ လိင်အရသာကို ပိုင်ဆိုင်ထားတာ ပဲဆိုတဲ့အချက်ကိုလည်း မမေ့ကြပါနဲ့။ လိင်က အချစ်ကို မပေးနိုင်ပါဘူး။ အချစ်စစ်အချစ်မှန်က အချစ်တွေ အကြင်နာတွေ ယုယမှုတွေ လိင်ပျော်ရွှင်မှုတွေ အရာရာအားလုံးကိုပေးနိုင်ပါတယ်။ ဖောက်ပြန်စိတ်ဟာ တခဏပါ။ ဒီအတွက်နဲ့ကိုယ့်မှာရှိနေတဲ့ တန်ဖိုးရှိတဲ့အချစ်တွေ ဆုံးရှူံးသွားနိုင်တယ်ဆိုတာကိုလည်း မမေ့ကြပါနဲ့။ ညစ်ပတ်သွားတိုင်း ရေဆေးလိုက်ရင် သန့်သွားတာပဲဆိုတဲ့ အရာတွေထဲမှာ အချစ်စစ်အချစ်မှန်မပါပါဘူး။ အချစ်စစ်အချစ်မှန်ဆိုတာ အချစ်ကို တန်ဖိုးထားနားလည်တတ်တဲ့ ချစ်သူတွေကြားမှာတာရှိတာပါ။ တကယ်ချစ်မိရင် နားလည်ကြမှာပါ။ အချစ်စစ်ဆိုတာ သူများနဲ့ ဝေခွဲလို့လဲမရဘူး။ ဖောက်ပြန်တာကိုလည်း ခွင့်မလွှတ်နိုင်ဘူးလေ။ ကိုယ့်ချစ်သူက ကိုယ့်အပေါ် မြတ်မြတ်နိုးနိုးပေးနေတဲ့ အချစ်စစ်အချစ်မှန်တွေကို ကိုယ်ကလည်း မြတ်နိုး တန်ဖိုးထား တတ်ရမယ်လေ။ ယုံကြည်မှုတည်ဆောက်နိုင်အောင် ဖောက်ပြန်နေတဲ့စိတ် တွေကို အချိန်တိုင်းထိန်းသိမ်းနိုင်ရမယ်လေ။ အတိတ်က ပွေခဲ့ ရှုပ်ခဲ့ မှားခဲ့တာတွေကို ခွင့်လွှတ်နိုင်ပေမဲ့ အချစ်စစ်နဲ့ စချစ်မိပြီဆိုကတည်းက ထပ်မဖောက်ပြန်အောင် ထိန်းသိမ်းနိုင်ရမယ်လေ။ အချစ်စစ်ဆိုတာ အတိတ်က အမှားတွေကို ခွင့်လွှတ်နိုင်ပေမဲ့ လက်ရှိ ထပ်ကျူးလွန်နေတဲ့ ဖောက်ပြန်မှုအမှားတွေ ကိုတော့ ခွင့်မလွှတ်နိုင်ဘူးလေ။ ချစ်သူများနေ့မှာ ကိုယ့်ချစ်သူများအပေါ် တသက်လုံး မဖောက်မပြန် ချစ်မြတ်နိုးတန်ဖိုးထားနိုင်ကြပါစေလို့ ဆုတောင်းရင်း သူငယ်ချင်းများစွာသို့ အောင်ကျော်ဦး။
<urn:uuid:14678a47-b96b-429e-ac8a-1ffa94cea6c0>
CC-MAIN-2015-35
http://kopaelay.blogspot.com/2012/07/blog-post_5670.html
2015-08-29T07:15:24Z
s3://commoncrawl/crawl-data/CC-MAIN-2015-35/segments/1440644064362.36/warc/CC-MAIN-20150827025424-00083-ip-10-171-96-226.ec2.internal.warc.gz
mya
0.924781
Mymr
123
{"mya_Mymr_score": 0.924781322479248, "blk_Mymr_score": 0.07226375490427017}
ဒြပ်စင်အလှည့်ကျဇယား ၁၈၆၉ တွင် ရုရှားဓာတုဗေဒပညာရှင် ဒမီသရီ အီဗန်နိုဗစ် မန်းဒယ်လိယပ် (Dmitri Evanovich Mendeleev) မှ ရာစုနစ် များစွာက တွေ့ရှိခဲ့ကြသည့် ဒြပ်စင်များအား ဓာတုဂုဏ်သတ္တိများပါဝင်သော ဒြပ်စင်အလှည့်ကျဇယား (periodic table) တစ်ခုအဖြစ် ရေးဆွဲထုတ်ဖော် ခဲ့သည်။ periodic table သည် သဘာဝ၏ ဥပဒေသများကို လိုက်နာကိုယ်စားပြုသည်။ အက်တမ် များ၏ အက်တမ်အမှတ်စဉ်ကို စီစဉ်ပေးခြင်းအားဖြင့် တိကျသော ၄င်းတို့၏ ဂုဏ်သတ္တိများကို သိသာထင်ရှားစွာ မြင်သာ စေသည်။ထို့ကြောင့် ဓာတုဒြပ်စင်များ၏အကြောင်းကို အလွယ်တကူ သိရှိနိုင်ပါသည်။ ဓာတု ဒြပ်စင်များ နှင့် ဒြပ်စင်အလှည့်ကျဇယား သမိုင်း[ပြင်ဆင်ရန်] ၁၆၆၉ ခုနစ်တွင် ဂျာမန် လူမျိုး သိပ္ပံပညာရှင် (German merchant and amateur alchemist Hennig Brand) သည် စိတ်ကူးယဉ်ဆန်သော Philosopher’s Stone အား ဖန်တီးရန် စတင်ကြိုးစားခဲ့သည်။ ၎င်းကျောက်တုံးသည် အရာဝထ္တုတစ်ခုကို သန့်စင်ကောင်းမွန်သော ရွှေအဖြစ်သို့ ပြောင်းလဲနိင်မည်ဟု တွေးထင်ခဲ့သည်။ Henning Brand သည် ပွက်ပွက်ဆူပြီးသော ဆီး( urine ) မှ အကြွင်းအကျန်များအား အပူပေးခဲ့သည်။ အရည်များ ကုန်ဆုံးသွားသည့်အခါ မီးတောက်ငယ်များအဖြစ် တောက်လောင် သွားကြသည်။ ၄င်းစမ်းသပ်မှုသည် ပထမဦးဆုံးသော ဖော့စဖော့ရပ်စ် (phosphorus) ရှာဖွေမှု ဖြစ်ခဲ့ပါသည်။ ၁၆၈၀ တွင် Robert Boyle သည်လည်း phosphorus ကို ရှာဖွေ တွေ ရှိခဲ့ပါသည်။ ၁၈၀၉ ခုနစ်တွင် ဒြပ်စင် ၄၇ မျိုးအထိ ရှာဖွေနိုင်ခဲ့ကြသည်။ သိပ္ပံပညာရှင်များသည် ၄င်းဒြပ်စင်များ၏ ဝိသေသ လက္ခဏာများအား သိရှိနိုင်စေရန် ဆက်လက် ကြိုးစားခဲ့ကြပါသည်။ ၁၈၆၃ ခုနစ်တွင် အင်္ဂလိပ် ဓာတုဗေဒပညာရှင် John Newlands သည် ရှာဖွေတွေရှိခဲ့သောဒြပ်စင် ၅၆ မျိုးအား အုပ်စု ၁၁ အုပ်စုအဖြစ် ဖွဲစည်းခဲ့သည်။ ၁၈၆၉ ခုနစ်တွင် ရုရှား ဓာတုဗေဒပညာရှင် ဒမီသရီ အီဗန်နိုဗစ် မန်းဒယ်လိယပ် သည်ဒြပ်စင်များ၏ အက်တမ်အမှတ်စဉ်အရ အလှည့်ကျဇယားကို ရေးဆွဲခဲ့ပါသည်။ သူသည် နောက်ထပ် တွေ့ရှိမည်ဖြစ်သော ဒြပ်စင်များအကြောင်းကိုပင် ကြိုတင်ပြောကြားခဲ့ပြီး ၄င်းဒြပ်စင်များအတွက် နေရာများအား ဇယားတွင် ချန်လှပ်ထားခဲ့သည်။ ၁၈၈၆ ခုနစ်တွင် ပြင်သစ် ရူပဗေဒပညာရှင် (Antoine Bequerel) သည် ရေဒီယိုသတ္တိကြွစွမ်းအင်အား ပထမဆုံးရှာဖွေတွေ့ ရှိခဲ့ပါသည်။ ထို့နောက် နယူးဇီလန် တက္ကသိုလ်မှ ကျောင်းသား သွန်ဆမ်သည် ရေဒီယိုသတ္တိကြွခြင်းမှ alpha, beta and gamma ဟုခေါ်သော ရောင်ခြည် ၃ မျိုးအား အမည်နာမ သတ်မှတ်ခဲ့ပါသည်။ ၁၈၉၄ ခုနစ်တွင် Sir William Ramsay နှင့် Lord Rayleigh တို့သည် အစွမ်းမဲ့ ဓါတ်ငွေ့များ (nobel gas) ကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ထိုဓာတ်ငွေ့များအား အလှည့်ကျဇယား၏ အုပ်စုနံပါတ် သုညတွင် ထည့်သွင်း သတ်မှတ်ခဲ့ပါသည်။ ၁၈၉၇ ခုနစ်တွင် အင်္ဂလိပ် ရုပဗေဒပညာရှင် J. J. Thomsonသည် အက်တမ် တခုတွင် လျှပ်စစ်ဓါတ်မ စွမ်းအင်ရှိသော အီလက်ထရွန်များကို ရှာဖွေတွေ့ရှိခဲ့သည်။ John Townsend နှင့် Robert Millikan တို့သည် ၄င်းအီလက်ထရွန်များ၏ ထုထည် (mass) နှင့် တိကျသော လက္ခဏာ (exact charge) ကို အတိအကျရှာဖွေခဲ့ကြသည်။ ၁၉၀ဝ တွင် Bequerel သည် အီလက်ထရွန် နှင့် ဘီတာအမှုန် (beta particles) များကို ဆက်လက် ရှာဖွေနိုင်ခဲ့သည်။ ၁၉၀၃ ခုနစ်တွင် Rutherford သည် အက်တမ်းများ ပျက်စီးယို့ယွင်းခြင်းအားဖြင့် ရေဒီယို သတ္တိကြွမှု ဖြစ်ပေါ်သည်ဟု ကြေငြာခဲ့သည်။ ၁၉၁၁ ခုနစ်တွင် Rutherford နင့် ဂျာမန် ရူပဗေဒပညာရှင် Hans Geiger တို့သည် အက်တမ်၏ နျူကလိယပ်စ်အား အီလက်ထရွန်များ လှည့်ပတ်နေသည်ဆိုသော အကြောင်းအရာအား ရှာဖွေခဲ့ကြပါသည်။ ၁၉၁၃ ခုနစ် သိပ္ပံပညာရှင် Bohr ၏ တွေ့ရှိချက်အရ အီလက်ထရွန်များသည် နျူထရွန်များ၏ ဘေးပတ်လည်တွင် ခြားနားသော စွမ်းအင်များနှင့်အတူ ပတ်လမ်း (orbit ) ဟုခေါ်သော လမ်းကြောင်းဖြင့် လှည့်ပတ်နေကြသည်ကို သိရှိခဲ့ကြပါသည်။ အီလက်ထရွန်များ ပတ်လမ်းကြောင်းတစ်ခု မှ တစ်ခု ရွေ့ပြောင်းသောအခါတွင် ရေဒီယိုသတ္တိကြွခြင်း ဖြစ်ပေါ်လာခြင်း ဖြစ်သည်ကိုလည်း ဖော်ပြခဲ့ပါသည်။ ၁၉၃၂ တွင် James Chadwick သည် ပထမဆုံး နျူထရွန်ကို ရှာဖွေတွေ ့ရှိခဲ ့သည်။ isotopes များကိုလည်း ထပ်မံ တွေ့ရှိခဲ့သည်။ ၎င်းတိုသည် ဒြပ်စင်အလှည့်ကျဇယားအတွက် အခြေခံအား ပြီးပြည့်စုံစေပါသည်။ ၎င်းနှစ်တွင်ပင် Cockroft နှင့် the Irishman Walton တို့သည်လည်း အမှုန်တစ်ခုထဲရှိ အက်တမ်တစ်ခုအား အမှုန်အရှိန်မြှင့် ကိရိယာထဲတွင် လီသီယမ် နှင့် ရိုက်ခတ်လိုက်သောအခါ ဟီလီယမ် ၂ ခု အဖြစ်ပြောင်းလဲသွားသည် ကိုထပ် မံတွေ့ရှိခဲ့သည်။ ရင်းမြစ်[ပြင်ဆင်ရန်] - MUCTR-MM, ဘာသာပြန်သူ ကျော်ဇင်ထွဋ် [၁] See also[ပြင်ဆင်ရန်] |ဒြပ်စင်အလှည့်ကျဇယား(Periodic table)| |H||He| |Li||Be||B||C||N||O||F||Ne| |Na||Mg||Al||Si||P||S||Cl||Ar| |K||Ca||Sc||Ti||V||Cr||Mn||Fe||Co||Ni||Cu||Zn||Ga||Ge||As||Se||Br||Kr| |Rb||Sr||Y||Zr||Nb||Mo||Tc||Ru||Rh||Pd||Ag||Cd||In||Sn||Sb||Te||I||Xe| |Cs||Ba||La||Ce||Pr||Nd||Pm||Sm||Eu||Gd||Tb||Dy||Ho||Er||Tm||Yb||Lu||Hf||Ta||W||Re||Os||Ir||Pt||Au||Hg||Tl||Pb||Bi||Po||At||Rn| |Fr||Ra||Ac||Th||Pa||U||Np||Pu||Am||Cm||Bk||Cf||Es||Fm||Md||No||Lr||Rf||Db||Sg||Bh||Hs||Mt||Ds||Rg||Cn||Uut||Fl||Uup||Lv||Uus||Uuo|
<urn:uuid:5b5ba7f6-a50e-49e2-909b-4f8aa3d5545f>
CC-MAIN-2015-35
https://my.wikipedia.org/wiki/%E1%80%92%E1%80%BC%E1%80%95%E1%80%BA%E1%80%85%E1%80%84%E1%80%BA%E1%80%A1%E1%80%9C%E1%80%BE%E1%80%8A%E1%80%B7%E1%80%BA%E1%80%80%E1%80%BB%E1%80%87%E1%80%9A%E1%80%AC%E1%80%B8
2015-08-31T06:46:08Z
s3://commoncrawl/crawl-data/CC-MAIN-2015-35/segments/1440644065828.38/warc/CC-MAIN-20150827025425-00317-ip-10-171-96-226.ec2.internal.warc.gz
mya
0.997919
Mymr
119
{"mya_Mymr_score": 0.9979186058044434}
သာကေတမြို့နယ် မာန်ပြေ ၁၉ လမ်းအနောက်၊ အမှတ် ၁၁၂၈ ရှိ အစ္စလမ် ဘာသာရေးကျောင်းကို အကြီးစားပြင်ဆင်မှု ပြုလုပ်နေခြင်းအပေါ် ဒေသခံ ဗုဒ္ဓဘာသာဝင်များက လက်သင့်မခံသဖြင့် ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၁၇ ရက်နေ့ နေလယ် ၁၁ နာရီကျော်တွင် ဒေသခံ ဗုဒ္ဓဘာသာဝင် ၂၀၀ ကျော်ဝန်းကျင်က အဆိုပါ စာသင်ကျောင်းရှေ့တွင် စုရုံးကာ ဆောက်လုပ်ဆဲ ကိစ္စများကို ရပ်တန့်၍ ပြန်လည်ဖျက်သိမ်းရန် တောင်းဆိုခဲ့သောကြောင့် လုံခြုံရေးရဲများက လာရောက် ဖြေရှင်းခဲ့ရသည်။ အဆိုပါလမ်းကို လမ်းထိပ်နှစ်ဘက်စလုံးမှ လုံခြုံရေး ကြိုးများတားပြီး ၀င်ထွက်သွားလာမှုကို ပိတ်ခဲ့သည်။ ညနေ ၃ နာရီကျော်တွင် လုံခြုံရေးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး မြင့်အေးက ယခု ဆောက်လုပ်လျှက် ရှိသည်များကို ပြန်လည် ဖြိုဖျက်သွားမည်ဖြစ်ပြီး လာရောက်စုရုံးနေကြသူများ ကိုလည်း လူစုခွဲပေးရန် မေတ္တာရပ်ခံခဲ့သည်။ သို့သော် လူစုက ဖျက်ပြီးသည်ကို မြင်ရမှသာ လူစုခွဲမည့်အကြောင်းနှင့် ဖျက်သိမ်းမှုတွင် လူအင်အားလိုအပ်လျှင် ပါဝင်မည်ဖြစ်ကြောင်း ပြန်ပြောသည်ဟု သိရသည်။ “သူတို့က အစ္စလမ်ဗလီကို တည်ထောင်ချင်နေတာ သိသာတယ်။ ဒီလိုဖြစ်တာ အခုအကြိမ်နဲ့ဆိုရင် ၃ ကြိမ်ရှိပြီ။ လွန်ခဲ့တဲ့ လေးနှစ်လောက်တုံးက ဒီစာသင်ကျောင်းကို ဆိုင်းဘုတ်ထောင်တာနဲ့ ပက်သက်ပြီး နည်းနည်း ပြဿနာ ဖြစ်ခဲ့တယ်။ ပြီးခဲ့တဲ့ ၁ နှစ် ၀န်းကျင်လောက်က အရင် ပလပ်စတစ် တာလပတ် မိုးထားတာကနေ သွပ်ပြောင်းမိုးလို့ ထပ်ဖြစ်တယ်။ ဒီလောက်တော့ မကြီးခဲ့ဘူး။ အခုတကြိမ်က သူတို့စည်ပင်သာယာမှာ စာတင်ထားတာက အမိုးမိုးဖို့နဲ့ အသေးစား ပြင်ဆင်မှုလုပ်ဖို့ပဲ။ ဒါပေမယ့် သူတို့က ကွန်ကရစ်တိုင်တွေနဲ့ အခိုင်အမာကို ဆောက်နေတာ။ ဒါကို လူထုက လက်မခံတာ” ဟု အဆိုပါ မာန်ပြေ ၃ ရက်ကွက်နေ ဗုဒ္ဓဘာသာဝင် ဒေသခံတဦးက ပြောသည်။ ထိုနေရာတွင် အစ္စလမ်ဘာသာဝင် ကလေးငယ်များကို ဘာသာရေးစာပေများ သင်ကြားပေးနေသည်မှာ နှစ်ပေါင်း ၃၀ ကျော် ကြာမြင့်နေပြီဖြစ်ကြောင်း၊ ထိုစာသင်ကျောင်းနှင့် ပက်သက်ပြီး ဘာသာရေးစာပေ သင်ကြားခွင့်ကိုလည်း သက်ဆိုင်ရာမှ ရရှိထားပြီး ဖြစ်သည့်အတွက် ဆိုင်းဘုတ်တင် သင်ကြားနေခြင်းဖြစ်ကြောင်း အဆိုပါ အဆောက်အဦး အမည်ပေါက်ဖြစ်သည့် အစ္စလမ် ဘာသာဝင် ဦးသန်းတင်၏ သမီးဖြစ်သူ မအိအိထွေးက ဧရာဝတီသို့ ပြောသည်။ ရပ်ကွက်အတွင်းမှ အစ္စလမ်ဘာသာဝင် ကလေးငယ်များသည် ဘာသာရေးစာများကို သင်ကြားနိုင်ရန်အတွက် ကားမှတ်တိုင် ၇ တိုင်ကျော်မျှ ဝေးကွာသော ရှုခင်းသာဘက်တွင် တက်ရောက် နေရသည့်အတွက် အန္တရာယ်များသဖြင့် ဤနေရာတွင် စာသင်ပေးခဲ့ရခြင်းဖြစ်ကြောင်း၊ ဘာသာရေးစာပေကို သင်ကြားခြင်းဖြင့် ကလေးငယ်များ ပိုမိုလိမ္မာ ယဉ်ကျေးမှု ရှိမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ “သူတို့က ဒီစာသင်ကျောင်းနဲ့ပက်သက်ပြီး ကန့်ကွက်စာတွေ အကြိမ်ကြိမ်တင်ခဲ့ကြတယ်။ သက်ဆိုင်ရာကလာကြည့်တဲ့အခါ တရားဝင်ဖြစ်ပြီးသားဖြစ်တဲ့အတွက် ဘာမှမကန့်ကွက်ခဲ့ဘူး။ အဲဒါကြောင့် ဒီစာသင်ကျောင်းမရှိစေချင်တဲ့အတွက် ဒီမနက်မှာ လူစုပြီး ဆူပူမှုဖြစ်အောင်လုပ်တာ။ ဒါမှ သက်ဆိုင်ရာက ဖျက်ခိုင်းမယ်ပေါ့။ အဲဒီသဘောနဲ့ သူတို့ဒီလိုလုပ်တာ။ ဒီမှာ သင်ကြား ပေးတဲ့သူတွေကလည်း ၁၀ နှစ်အောက်ကလေးတွေကို ဘာသာရေးစာပဲသင်တာ ” ဟု မအိအိထွေးက ပြောသည်။ ထိုအဆောက်အဦးအမည်ပေါက်သူက အသေးစား ပြင်ဆင်မှုကို ပြင်ဆင်ခွင့်ပြုရန် စည်ပင်သာယာမှ ခွင့်ပြုမိန့် ရပြီးထား ဖြစ်ကြောင်း၊ စည်ပင်သာယာမှလည်း မူလပုံစံမပျက်ဘဲ ပြင်ဆင်ခွင့်ပြုခဲ့ကြောင်း အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောသည်။ ၂၀၀၁ ခုနှစ် ဇွန်လ ၁၉ ရက် နေ့စွဲဖြင့် လူနေရန်အတွက်သာ အဆိုပါ အဆောက်အဦးကို ဆောက်လုပ်ခွင့် ပြုခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ ခွင့်ပြုပေးခဲ့ကြောင်း မှတ်တမ်းများ အရ သိရသည်။ သို့ရာတွင် လူနေအဆောက်အဦးကို ဘာသာရေး စာသင်ကျောင်း ပြုလုပ်နေခြင်းအပေါ် ဒေသခံများက လက်မခံသဖြင့် အစိုးရထံသို့ ကန့်ကွက်စာများ ပေးပို့ထားသော်လည်း မထူးခြားခဲ့ကြောင်း အဆိုပါ ရပ်ကွက်နေ ပြည်သူတချို့က ပြောသည်။ အဆိုပါ အဆောက်အဦးကို ညနေ ၆ နာရီခန့်တွင် ဖျက်သိမ်းမှုများ ပြီးစီးခဲ့ပြီး ခိုင်ခိုင်မာမာဆောက်လုပ်ထားသော အပိုင်းများကိုလည်း ယခု တစ်ပတ်အတွင်း အပြီးသတ် ဖျက်သိမ်းသွားမည် ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဒေသခံများရှေ့တွင် ပြောကြားခဲ့သည်။
<urn:uuid:1727fa60-0d75-4295-b418-3e6b81dff146>
CC-MAIN-2015-35
http://burma.irrawaddy.org/religious/2013/02/18/34126.html
2015-08-30T07:52:29Z
s3://commoncrawl/crawl-data/CC-MAIN-2015-35/segments/1440644064951.43/warc/CC-MAIN-20150827025424-00174-ip-10-171-96-226.ec2.internal.warc.gz
mya
0.972233
Mymr
33
{"mya_Mymr_score": 0.9722334146499634, "blk_Mymr_score": 0.026332754641771317}
တရုတ်နိုင်ငံမှ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ခြေလှမ်းသစ်များ နှင့်အတူ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းအဖွဲ့အစည်းများ၏ ရှေ့အလားအလာများ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ဝင်ရောက်ရင်းနှီးမြှုပ်နှံ လာသည်နှင့်အမျှ မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဈေးကွက်သည်လည်း တွင်ကျယ်လာပါသည်။ ၁၉၉၈ ခု Mitsui Co., Ltd., Japan မှ တည်ထောင်ခဲ့သော မြန်မာနိုင်ငံရှိ မင်္ဂလာဒုံ စက်မှုဇုန်နှင့် ပက်သက်သည့် စိတ်ဝင်စားဖွယ်ရာ သတင်းတစ်ရပ် ရှိခဲ့သည်။ ထိုသတင်းမှာ တရုတ်စီးပွားရေး လုပ်ငန်းစုများမှ စက်မှုဇုန်မြေအား တစ်ဧက လျှင် သိန်း ၂၀၀၀ ကျပ်ဖြင့် ဝယ်ယူလိုက်သည့် သတင်းဖြစ်ပါသည်။ ထို့အပြင် ရင်းနှီးမြှုပ်နှံအတွက် လုပ်ငန်းစု တစ်ခုလျှင် အနည်းဆုံး ဧက ၂၀ ဝယ်ယူခဲ့ပါသည်။ မင်္ဂလာဒုံ စက်မှုဇုန်သည် ရန်ကုန်လေဆိပ် အနီးတွင်ရှိပြီး မြန်မာအစိုးရနှင့် ဂျပန် စီးပွားရေးလုပ်ငန်းစုများ ပူးပေါင်းဆောင်ရွက်ထားခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ၏ တစ်ခုတည်းသော စက်မှုအညစ်အကြေးထုတ်သည့် စနစ် ပါဝင်သည့် စက်မှုဇုန်ဖြစ်ပါသည်။ တပ်မတော်အစိုးရအနေဖြင့် ဒီမိုကရေစီသို့ ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းနေသည့် အချိန်ဖြစ်သည့်အတွက်ကြောင့် သော်လည်းကောင်း၊ အမေရိကန်နှင့် ဥရောပ နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုကြောင့် သော်လည်းကောင်း ၎င်းစက်မှုဇုန်ရှိ စီးပွားရေးလုပ်ငန်းအရေအတွက် မှာလည်း ကျဆင်းခဲ့ပါသည်။ ကောင်းမွန်စွာလည်ပတ်လျက်ရှိသော အခြား လုပ်ငန်းစုများမှာလည်း စက်မှုဇုန်မှ မလွဲမရှောင်သာ ထွက်လာခဲ့ရပါသည်။ ထို့ကြောင့် ၎င်းနေရာများသည် အချိန်ကြာမြင့်စွာ ချောက်သွေ့နေခဲ့ပါသည်။ သို့သော် ၂၀၁၀ ယမန်နှစ်မှ စ၍ တစ်ဧကလျှင် သိန်း ၁၀၀ ကျပ်ဖြင့်ပင် ဝယ်ယူမည့်သူမရှိသော မြေကွက်မှာ တစ်ဧကလျှင် သိန်း ၂၀၀၀ (အဆ ၂၀) အထိမြင့်တက်လာခဲ့ပါသည်။ သို့သော် တရုတ်လုပ်ငန်းစု အချို့မှာလည်း လှိုင်သာယာစက်မှုဇုန်တွင် ဧက ၃၀ ကျယ်ဝန်းသောမြေနေရာအား ရှာဖွေနေဆဲဖြစ်ပါသည်။ ထို့အပြင် ၂၀၁၁ မေလ ၂၇ရက် နေ့တွင် Cherry Automobile Car Co., Ltd., China., မှ မြန်မာနိုင်ငံအစိုးရနှင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ သဘောတူညီမှုစာ ရရှိခဲ့ပါသည်။ ၎င်းစက်ရုံမှာ တစ်နှစ်လျှင် ကားစီးရေ ၃၀၀၀ မှ ၅၀၀၀ အထိ ထုတ်လုပ်နိုင်ပါသည်။ ထိုကဲ့သို့ ကားထုတ်လုပ်မှုနှင့်အတူ အခြားအစိတ်အပိုင်း ထုတ်လုပ်မှု လုပ်ငန်းများမှာလည်း တိုးတက်လာပါသည်။ ထို့ကြောင့် စက်မှုဇုန်အတွက် ဝယ်လိုအားသည်လည်း မြင့်တက်သထက် မြင့်တက်လာပါသည်။ အနာဂတ်တွင်လည်း မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းစုများသည်လည်း ပိုမိုအရှိန်ပြင်းစွာဖြင့် တိုးတက်လာပါမည်။ ငှားရမ်းခများ ဆက်လက်မြင့်တက်လာခြင်း။ စက်မှုဇုန်များ၏ ဈေးနှုန်းများသာမက အိမ်ငှားရမ်းမှု နှုန်းထားများပါ အချိန်နှင့်အမျှ မြင့်တက်လာပါသည်။ ရန်ကုန်မြို့၏ အထင်ကရ စီးပွားရေးအချက်အချာ နေရာများဖြစ်ကြသော ကမာရွတ်မြို့နယ် လှည်းတန်း ဝန်းကျင်တစ်ဝိုက်သည် ၅နှစ်တာ ကာလအတွင်း ဈေးအကြီးဆုံးနှင့် ငှားရမ်းခ အများဆုံး နေရာများဖြစ်လာကြသည်။ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းတစ်ခု၏ အဆိုအရ ပေ (20 x 30) ကျယ်ဝန်းသော ဆိုင်ခန်းတစ်ခန်း၏ ငှားရမ်းခမှာ တစ်လလျှင် ၁၂သိန်း ~ ၁၅သိန်း ကြား ၂၅သိန်း ~ ၃၅သိန်း အထိ မြင့်တက်လာခဲ့သည်။ ဆိုင်ခန်းမှာပိုမိုကျယ်ဝန်းပြီး ကားပါကင်နေရာသည်လည်း ပါဝင်သည်ဆိုပါက ဈေးနှုန်းမှာ ပိုမိုများပြားပါသည်။ လွန်ခဲ့သည့် အနှစ်၂၀ တွင်စတင်ဖွင့်လှစ်ပြီး ယနေ့တိုင်အောင် အောင်မြင်ကျော်ကြားလျက်ရှိသည့် လှည်းတန်း YKKO ကြေးအိုးဆိုင် ပိုင်ရှင်မှ ပြောကြားသည်မှာ ဆိုင်ခန်းငှားရမ်းခ မြင့်တက်လာမှုကို အားလုံး သိရှိပြီးဖြစ်ကြောင်း ၎င်းဆိုင်ဘေးရှိ ပေ (30x50) ကျယ်ဝန်းသော ဘီယာဆိုင်မှာ ဆိုင်ခန်းငှားခ တစ်လလျှင် ကျပ် သိန်း ၁၀၀ ဖြစ်ကြောင်း ၎င်းမှာ မိမိကိုယ်ပိုင်ဆိုင်ခန်းဖြင့် စီပွားရေးလုပ်သည့်အတွက်ကြောင့် အခြေအနေမှာ ပုံမှန်ပင်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ယခုမှစ၍ အိမ်ခြံမြေများ အရှိန်အဟုန်ပြင်းစွာ မြင့်တက်ခြင်း မြန်မာစီးပွားရေးသည် စတင်ဖွံ့ဖြိုးတိုးတက်လာပါသည်။ နိုင်ငံခြားမှ အဓိကရင်းနှီးမြုပ်နှံမှုများသည် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတွင်သာ မှုတည်ပါသည်။ ဂျပန်နိုင်ငံနှင့် အမေရိကန်နိုင်ငံ များသည်လည်း စတင်၍ ရင်းနှီးမြှုပ်နှံမှုပြုလာကြပါသည်။ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းအဖွဲအစည်းများနှင့် စပ်လျဉ်း၍ စီးပွားရေးတိုးတက်မှုများသည် ကနဦးအစတွင်သာမဟုတ်ဘဲ နောက်ထပ်တိုးတက်မှုများကိုပါ ရရှိမျှော်လင့်နိုင်ပါသည်။
<urn:uuid:1dc6e124-5663-4fe1-9d05-078c45d8d64e>
CC-MAIN-2015-35
http://investment-myanmar.com/mm-real_estate.html
2015-09-01T07:53:32Z
s3://commoncrawl/crawl-data/CC-MAIN-2015-35/segments/1440645167592.45/warc/CC-MAIN-20150827031247-00055-ip-10-171-96-226.ec2.internal.warc.gz
mya
0.924158
Mymr
32
{"mya_Mymr_score": 0.9241576194763184, "blk_Mymr_score": 0.0710553303360939}
လူ့အခွင့်အရေးချိုးဖောက်မှုတွေ မြင်ခဲ့ကြောင်း ဂျပန်သတင်းထောက် RFA ကို ပြောကြား မြန်မာနိုင်ငံ ရွေးကောက်ပွဲကျင်းပခဲ့တဲ့ နိုဝင်ဘာ(၇)ရက်နေ့ က မြ၀တီမြို့ကို တရားမ၀င် ၀င်ရောက်မှုနဲ့ (၂) ညအိပ် (၃) ရက်ကြာ အဖမ်းခံရပြီး နိုဝင်ဘာ(၉) ရက်နေ့ ညနေမှာပြန်လွတ်လာသူ APF ဂျပန် ရုပ်သံသတင်းဌာန ပိုင်ရှင် Mr. Toru Yamaji က မြန်မာနိုင်ငံရဲ့ အချုပ်သားတွေဟာ အခြေခံရပိုင်ခွင့် တွေ ဆုံးရှုံးနေတယ်လို့ သူ့အတွေ့အကြုံကို RFA က သီးသန့်မေးမြန်းစဉ် ပြန်လည်ပြောဆိုပါတယ်။ သူဟာ ဒီကနေ့ မဲဆောက်မှာ သတင်းစာ ရှင်းလင်းပွဲလုပ်ဖို့ ပြင်ဆင်ထားပေမယ့် ထိုင်းဒေသခံ အာဏာပိုင်တွေက ခွင့်မပြုခဲ့ဘူးလို့ သိရပါတယ်။ ဂျပန်နိုင်ငံကို ပြန်ဖို့အတွက် နယ်စပ်မဲဆောက်မြို့ကနေ ဗန်ကောက်မြို့ကို သွားနေတုန်း သူ့ရဲ့ မြ၀တီ အတွေ့အကြုံတွေကို RFA ၀ိုင်းတော်သား ကိုဥာဏ်ဝင်းအောင်က မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
<urn:uuid:dc248fac-f1bd-4d48-a58a-784b54bdee45>
CC-MAIN-2015-35
http://www.rfa.org/burmese/news/Exclusive_with_arrested_Japanese_journalist-11112010110225.html
2015-09-03T06:49:48Z
s3://commoncrawl/crawl-data/CC-MAIN-2015-35/segments/1440645305536.82/warc/CC-MAIN-20150827031505-00289-ip-10-171-96-226.ec2.internal.warc.gz
mya
0.979982
Mymr
41
{"mya_Mymr_score": 0.979982316493988, "blk_Mymr_score": 0.018275056034326553}
ပဋိသန္ဓေ တားဆီးခြင်း ပဋိသန္ဓေ တားဆီးခြင်း ဆိုသည်မှာ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်တို့အား ကိုယ်ဝန်မရရှိစေပဲ လိင်ဆက်ဆံမှု ပြုနိုင်ရန် ကူညီပံ့ပိုးပေးသော နည်းလမ်း ဖြစ်သည်။ အချို့သော ပဋိသန္ဓေ တာဆီးနည်းများမှာ လိင်မှတဆင့် ပြန့်ပွားတတ်သော ရောဂါများမှ အကာအကွယ်ရရန် အတွက်လည်း အထောက်အကူပေးသည်။ လူတို့အနေနှင့် ပဋိသန္ဓေ တားဆီးခြင်းနှင့် လိင်မှတဆင့် ပြန့်ပွားတတ်သော ရောဂါများကို ကာကွယ်၍ လိင်ဆက်ဆံမှု ပြုကြခြင်းကို safe sex ဟု ခေါ်ကြသည်။ ပဋိသန္ဓေ တားဆီးခြင်းကို တခါတရံတွင် မိသားစု စီမံခန့်ခွဲခြင်း (family planning) ဟုလည်း ခေါ်ကြသည်။ ထိုသို့ ခေါ်ဆိုရခြင်း အကြောင်းမှာ လူတို့အနေနှင့် သူတို့ အလိုရှိမှသာ ကလေး ရယူပြီး မိသားစု ဘဝတည်ဆောက်ကြခြင်းကို ရည်ညွှန်းခြင်း ဖြစ်သည်။ ထို့ကြောင့် မိသားစုနှင့် ကလေးရယူခြင်းမှာ မတော်တဆ ဖြစ်ပျက်ခြင်း မဟုတ်တော့ပေ။ မာတိကာ - ၁ ပဋိသန္ဓေ တားဆီးခြင်း နည်းလမ်းများ ပဋိသန္ဓေ တားဆီးခြင်း နည်းလမ်းများ[ပြင်ဆင်ရန်] ပဋိသန္ဓေ တားဆီးခြင်း နည်းလမ်း အမျိုးမျိုး ရှိသည်။ ၄င်းတို့ထဲမှ အချို့ကို လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် စတင် ကျင့်သုံးခဲ့ကြသော်လည်း အများစုမှာ လွန်ခဲ့သော နှစ် ၈၀ အတွင်းကမှ ရှာဖွေတွေ့ရှိခဲ့သည်။ ပဋိသန္ဓေ တားဆီးသည့် နည်းလမ်းတိုင်းတွင် အကျိုးအပြစ်များ ရှိသည်။ အကာအကွယ် နည်းလမ်း[ပြင်ဆင်ရန်] အကာအကွယ်ဆိုသည်မှာ အရာဝတ္ထု နှစ်ခုကြားတွင် တစ်ခုခုဖြင့် ပိတ်ဆို့ထားခြင်းကို ခေါ်သည်။ အကာအကွယ် နည်းလမ်းသည် ယောက်ျားမျိုးဥနှင့် မိန်းမမျိုးဥတို့ကို မပေါင်းစည်းသွားအောင် တားဆီးခြင်းပင်ဖြစ်သည်။ အချို့သော အကာအကွယ် နည်းလမ်းများမှာ လိင်မှတဆင့် ကူးစက်တတ်သော ရောဂါ များမှလည်း အကာအကွယ် ပေးသည်။ - ကွန်ဒုံး – ကွန်ဒုံးသုံးခြင်းသည် ရှေးအကျဆုံးသော အကာအကွယ် နည်းလမ်း ဖြစ်သည်။ ကွန်ဒုံးသည် ပါးလွှာသော ပြွန်တစ်ခု ဖြစ်ပြီး ရာဘာစေးဖြင့် ပြုလုပ်ထားလေ့ ရှိသည်။ ယောက်ျားလေးများသည် ကွန်ဒုံးကို သူတို့၏ လိင်တံ ပေါ်တွင် စွပ်၍ အသုံးပြုလေ့ ရှိကြသည်။ ထို့ကြောင့် ယောက်ျားတို့၏ သုက်ရည်များကို မိန်းမအင်္ဂါအတွင်းသို့ ဝင်ရောက်မသွားရန် တားဆီးပေးသည်။ ကွန်ဒုံးကို ရာဘာ၊ အက်ဖ်အယ်၊ ဦးထုပ် စသည်ဖြင့်လည်း အမျိုးမျိုး ခေါ်ဝေါ်ကြသည်။ - မိန်းမကွန်ဒုံး - ကွန်ဒုံးကဲ့သို့ပင် ဖြစ်သည်။ သို့သော် ၄င်းသည် မိန်းမမျိုးပွား အင်္ဂါအတွင်းတွင် ဝတ်ဆင်ကြသည်။
<urn:uuid:4622d803-69f2-48d1-a85f-ba53b1c6b289>
CC-MAIN-2015-35
https://my.wikipedia.org/wiki/%E1%80%95%E1%80%8B%E1%80%AD%E1%80%9E%E1%80%94%E1%80%B9%E1%80%93%E1%80%B1_%E1%80%90%E1%80%AC%E1%80%B8%E1%80%86%E1%80%AE%E1%80%B8%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8
2015-09-03T12:53:36Z
s3://commoncrawl/crawl-data/CC-MAIN-2015-35/segments/1440645315227.83/warc/CC-MAIN-20150827031515-00231-ip-10-171-96-226.ec2.internal.warc.gz
mya
0.998476
Mymr
95
{"mya_Mymr_score": 0.9984762668609619}
မွန်ရိုးဝါဒ အမေရိကန်ပြည်ထောင်စု၏ ပဉ္စမမြောက် သမ္မတ ဖြစ်သူ ဂျိမ်းစ် မွန်ရိုး လက်ထက်တွင် ဖော်ထုတ်ခဲ့သောမူဝါဒဖြစ်ပြီး ၁၉ရာစုတစ်လှျော်က အမေရိကန်တို့၏ နိုင်ငံခြားရေးဝါဒများ၏ အုတ်မြစ်ဟုလည်းဆိုနိုင်သည်။ ကမ်ဘာ့အနောက်ခြမ်းတွင် တည်ရှိသော အမေရိကတိုက်နှစ်တိုက်သည် ကိုလိုနီနယ်ချဲ့ဝါဒကို ဥရောပသားတို့အား လွတ်လပ်စွာပြုလုပ်ခွင့်ပေးတော့မည် မဟုတ်သည့်အကြောင်း၊ ကျူးကျော်လာမှုမှန်သမျှသည် အမေရိကန်ပြည်တွင်းသို့ ကျူးကျော်လည်ခြင်းဖြစ်သည်ဟု သဘောထားမည်ဖြစ်ကြောင်း စသည်ဖြင့် ကြေညာလိုက်ခြင်းဖြင့် ဥရောပသားတို့၏ အနောက်ကမ်ဘာခြမ်းအား လှှမ်းမိုးလိုမှုကို ရိုက်ချိုးခဲ့သည်။ သာမန်အားဖြင့် ကြည့်လျှင် အသားလွတ်ခြိမ်းခြောက်သည်ဟု မြင်သော်လည်း ထိုသို့ဖြစ်မလာသည့်အပြင် အမေရိကန်တို့အတွင် နိုင်ငံခြားရေးအုတ်မြစ်သဖွယ်ဖြစ်လာခဲ့သည်။ (၁၉၆၂ ကျူးဘားဒုံးပျံ အရေးအခင်း တွင် သမ်မတ ကနေဒီက ဆိုဗီယက်ရေတပ်အုပ်စုကို အမေရိကန်ရေတပ်သဘေငျာ်များဖြင့် ပိတ်ဆို့ရာတွင် မွန်ရိုးဝါဒကို လှှတ်တော်တွင် ကိုးကားတင်ပြခဲ့သည်။) “များပြားလှသော အမေရိကန်ပြည်သူတို့၏ အသက်၊သွေးခေၽွးနှင့် ရင်းပြီး ကာလတစ်လှျောက် ရင့်ကျက်လာသော အသိပညာတို့ကို အသုံးပြု၍... ” ဟုအစချီထားသော မွန်ရိုးဝါဒကို မလိုသူတို့က နယ်ချဲ့ဝါဒကို စွပ်စွဲကြသည်။ အမေရိကန်၏ နယ်ချဲ့မည့် အချက်ပေးခေါင်းလောင်းသံဟု သတ်မှတ်ကြသည်။ သို့သော် ၁၉ရာစုနှင့် ၂၀ရာစုများတွင် အမေရိကန်တို့က လက်တင်အမေရိကတိုင်းပြည်များကို ဝင်ရောက်စွပ်ဖက်မှုမျိုးတို့မှာ ဗြိတိန်က မြန်မာ၊ အိန်ဒိယတို့ကို ကိုလိုနီပြုသည်နှင့် မတူခဲ့ပေ။ မွန်ရိုးဝါဒတွင် အရေးပါသည့် အစိတ်အပိုင်း နှစ်ရပ်ပါဝင်သည်။ ၄င်းတို့မှာ မူဝါဒ (Idealism) နှင့် လက်တွေ့(ြှealism) တို့ဖြစ်သည်။ နိုင်ငံတကာဆက်ဆံရေးတွင် မည်သို့ ကွန့်ကြသည်ဖြစ်စေ ဤမူနှစ်ရပ်အတွင်းသာ ရှိကြသည်ဖြစ်သည်။ မူဝါဒအားဖြင့်ကြည့်လျှင် မွန်ရိုးဝါဒသည် အမေရိကန်တော်လှန်ရေးမှ ပေါက်ဖွားလာသည့် ပြည်သူတို့၏ ဆန်ဒ၊ ခံယူချက်တို့အပေါ်တွင် ကိုယ်စားပြုသည်။ လွတ်လပ်သော အစိုးရကို လွတ်လပ်သောပြည်သူတို့က လွတ်လပ်စွားရွေးကောက်တင်မြောက်သည်။ ပြည်ပစွပ်ဖက်မှုတစ်စုံတစ်ရာ မပါပေ။ ဤအချက်သည် အမေရိကန် စိတ်ဓါတ် (American Spirit) ကို ပြသခြင်းဖြစ်သည်။ လက်တွေ့ပိုင်းတွင် အမေရိကန်ပြည်ထောင်စု အနေဖြင့် ပတ်ဝန်းကျင်လုံခြုံမှုကို ရသောကြောင့် ပြည်တွင်းရေးကို ခိုင်မာအောင်တည်ဆောက်ခွင့်ရပြီး ကမ်ဘာ့အင်အားကြီးနိုင်ငံအဖြစ် တက်လှမ်းနိုင်ခဲ့သည်။
<urn:uuid:58187393-52a0-4394-85f9-d52742394eee>
CC-MAIN-2015-35
https://my.wikipedia.org/wiki/%E1%80%99%E1%80%BD%E1%80%94%E1%80%BA%E1%80%9B%E1%80%AD%E1%80%AF%E1%80%B8%E1%80%9D%E1%80%AB%E1%80%92
2015-08-29T18:56:02Z
s3://commoncrawl/crawl-data/CC-MAIN-2015-35/segments/1440644064538.25/warc/CC-MAIN-20150827025424-00337-ip-10-171-96-226.ec2.internal.warc.gz
mya
0.998132
Mymr
74
{"mya_Mymr_score": 0.9981322884559631}
ရွှေဝါရောင် တော်လှန်ရေး |တစိတ်တပိုင်း ဖော်ပြချက်| |မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုများ| တိုက်ပွဲဝင်နေသည့် ခွပ်ဒေါင်းအလံ |ကြောရိုးနောက်ခံ| |လွတ်လပ်ရေးရပြီး မြန်မာပြည်| |ပြည်တွင်းမတည်ငြိမ်မှုများ| |မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်| |နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ| |ဆန္ဒပြပွဲကြီးများ| |၈၈၈၈ အရေးတော်ပုံ ၊ ၂၀၀၇ စစ်အစိုးရ ဆန့်ကျင် ဆန္ဒပြပွဲ| |လိုက်လျောမှု နှင့် ပြုပြင်ပြောင်းလည်းမှု| |ဒီမိုကရေစီ လမ်းပြမြေပုံ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလည်းမှု |ရွေးကောက်ပွဲများ| |၁၉၉၀ ၊ ၂၀၁၀ ၊ ၂၀၁၂| |အဖွဲ့အစည်းများ| |အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၊ ၈၈ မျိုးဆက် ကျောင်းသားများ ၊ ဘားမားကမ်ပိန်း ယူကေ ၊ ဗမာပြည်လွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ ၊ ယူအက်စ်ကမ်ပိန်း မြန်မာ ၊ မျိုးဆက်သစ်လူငယ်များ အစည်းအရုံး ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ၊ ဧရာဝတီ ၊ ဒီမိုကရေတစ်မြန်မာ့အသံ ၊ မဇ္ဈိမ သတင်းဌာန| |အထင်ကရ ပုဂ္ဂိုလ်များ| |အောင်ဆန်း ၊ ဦးနု ၊ အောင်ကြီး ၊ တင်ဦး ၊ အောင်ဆန်းစုကြည် ၊ မင်းကိုနိုင် ၊ သိန်းစိန်| |ဆက်စပ်ရာ အကြောင်းအရာများ| |မြန်မာ့ လူ့အခွင့်အရေး ၊ မြန်မာ့ နိုင်ငံရေး ၊ မြန်မာနို်င်ငံနှင့် နိုင်ငံခြား ဆက်ဆံရေး| ၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ရွှေဝါရောင်တော်လှန်ရေးဟု အမည်တွင်သော သံဃာတော်များဦးဆောင်သော အရေးအခင်းဖြစ်ပွားခဲ့သည်။ ရွှေဝါရောင်တော်လှန်ရေးကို ဦးဆောင်စီစဉ်သူမှာ ဦးဂမ္ဘီရ (ခ) အရှင်ဂမ္ဘီရ (ရဟန်းပျိုသမဂ္ဂ-ရန်ကုန်) ဖြစ်သည်။ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) သံဃာ့အစုအဖွဲ့ကို ၂၀၀၇ ခုနှစ် ဖော်ဖော်ဝါရီလ ၁၁ ရက်နေ့တွင် လျို့ဝှက်စွာ ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။ ထိုဒေသဆိုင်ရာ အဖွဲ့အစည်းကိုကား ဦးဂမ္ဘီရ (ရဟန်းပျိုသမဂ္ဂ-ရန်ကုန်) နှင့် ဦးဣဿရိယ တို့မှ လှုံ့ဆော်စည်းရုံးကာ ဦးဣဿရိယကိုယ်တိုင် ဦးဆောင်၍ ပါဝင်ဖွဲ့စည်းခဲ့ကြသည်။ ဦးဂမ္ဘီရ (ခ) အရှင်ဂမ္ဘီရ သည်သံဃာ့လှုပ်ရှားမှုကြီးတွင် ဦးဆောင်ခဲ့သဖြင့် ဖမ်းဆီးခံရကာ စစ်ကိုင်းတိုင်း ခန္တီးထောင်တွင် ထောင်ဒဏ် ၆၈ နှစ် ကျခံနေရသည်။
<urn:uuid:c5916c0f-befb-4028-bfef-11e856cdffb0>
CC-MAIN-2015-35
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%80%9D%E1%80%AB%E1%80%9B%E1%80%B1%E1%80%AC%E1%80%84%E1%80%BA_%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%9C%E1%80%BE%E1%80%94%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8
2015-08-31T19:48:16Z
s3://commoncrawl/crawl-data/CC-MAIN-2015-35/segments/1440644066586.13/warc/CC-MAIN-20150827025426-00218-ip-10-171-96-226.ec2.internal.warc.gz
mya
0.997019
Mymr
35
{"mya_Mymr_score": 0.9970186352729797}
မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်ရှိ ပုပ္ပားတောင်ဒေသတွင် စိုက်ပျိုးရေးကုမ္ပဏီများနှင့် ဒေသခံတချို့၏ နဂါးမောက်သီးနှင့် လက်ဖက်ခင်း စိုက်ပျိုးမှုကြောင့် ရေထွက်ပေါက်အများအပြား ပျက်စီးပြီး ရေရရှိမှု နည်းပါးကာ ပုပ္ပားတောင်နှင့် ကျောက်ပန်းတောင်း မြို့နယ်ဝန်းကျင်၌ ရေရှားပါးမှု ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။ ရေရှားပါးမှုကို ကျောက်ပန်းတောင်းမြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၃၂၆ ရွာတွင် အဓိက ကြုံတွေ့နေရသည့်အပြင် ချောက်မြို့နယ်၊ ရေနံချောင်းမြို့နယ်နှင့် ပုဂံ-ညောင်ဦး ဒေသများတွင်လည်း ယင်းသို့ ကြုံတွေ့နေရကြောင်း သိရှိရသည်။ “ကုမ္ပဏီက လက်ဖက်တွေ စိုက်တယ်၊ နားမလည်သေးဘူး။ လက်ဖက်တွေ မအောင်မြင်တော့ နဂါးမောက်တွေ ပြောင်းစိုက်တယ်၊ နားမလည်သေးဘူး။ နောက်ဆုံး ပုပ္ပားတောင်က ရေကိုမရတော့မှ အားလုံးလန့်ကုန်ကြတယ်။ ဒီပုပ္ပားရေကိုပဲ ပိုက်လိုင်းတွေနဲ့ သွယ်ပြီးတော့ ရေဖြန့်ဝေပေးတာပါ။ ဒီအပူပိုင်းဒေသက ရေတွေက ငန်တယ်၊ သောက်လို့မကောင်းဘူး” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် (ကျောက်ပန်းတောင်းမြို့နယ်) တိုင်းညီလာခံ ပေါ်ပေါက်လာရေးအဖွဲ့ဝင် ဦးအေးခိုင်က ပြောသည်။ ပုပ္ပားတောင် တကြောလုံးတွင် ရေထွက်ပေါက်ပေါင်း ၁၅၀ ကျော်ရှိရာမှ ယခုနှစ်တွင် ၆၀ ခန့်သာ ကျန်ရှိတော့ကြောင်း၊ ယင်းကျန်ရှိနေသေးသည့် ရေထွက်ပေါက်များမှာလည်း မိုးရာသီရောက်မှာသာ ရေထွက်သည့် ရေထွက်များလည်း ရှိကြောင်း သိရသည်။ ပုပ္ပားတောင်မကြီးပေါ်တွင် မြန်မာ့သစ်တောဦးစီးဌာနနှင့် တင်ဝင်းထွန်းကုမ္ပဏီ ဖက်စပ် လက်ဖက်စိုက်ခင်းဟု နာမည်တပ်ထားသော စိုက်ခင်းဧက ၅၀၀ ခန့်ရှိပြီး တောင်စောင်းတလျှောက်ရွာများမှ ဒေသခံများ၏ နဂါးမောက် စိုက်ခင်းများလည်း ရှိကြောင်း သိရှိရသည်။ “ပုပ္ပားဆိုတာရှိလို့ ကျောက်ပန်းတောင်းဆိုတာ ဖြစ်လာတာ၊ ပုပ္ပားသာမရှိတော့ရင် ကျောက်ပန်းတောင်း ပျက်သွားလိမ့်မယ်။ အနားကရွာတွေလည်း ကန္တာရဖြစ်သွားမှာ အသေအချာပဲ။ ပုပ္ပားရှိလို့ ဒီနယ်ကလူတွေ ရေသောက်နေရတာ” ဟု သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးအုန်းက ပြောသည်။ ပုပ္ပားအနီးတ၀ိုက်တွင် ရရှိသည့်ရေများသည် မြေအောက်ရေ သီးသန့်မဟုတ်ဘဲ မိုးရာသီတွင် ရရှိသည့်ရေများကို ပေ ၂ ထောင်နက်သည့် မီးတောင်တွင်းကြီးထဲတွင် သိုလှောင်ထားသည့် မိုးရေများသာဖြစ်ကြောင်း၊ ယခုကဲ့သို့ စိုက်ခင်းများကြောင့် တောပြုန်းပြီး ရေများအငွေ့ပျံမှု ပိုများလာကာ သိုလှောင်ထားနိုင်စွမ်း နည်းလာခြင်းဖြစ်ကြောင်း သိရသည်။ ယခုနှစ်တွင် ယင်းဒေသများ၌ မိုးခေါင်ခဲ့ခြင်းကြောင့်လည်း ယခင်နှစ်များထက် ရေပြဿနာ ပိုဖြစ်လာရခြင်းဖြစ်ကြောင်း၊ အနည်းငယ်သာရရှိသည့် တောင်ပေါ်ရေထွက်တချို့မှ ရေများကို တောင်ခြေရှိ အမှတ် ၇၈ ခြေလျင်တပ်ရင်းကသာ ယူသုံးနေကြောင်း၊ ပုပ္ပားတောင်ပေါ်ရှိ ရွာများတွင်လည်း ရေအလုံအလောက် မရသည့်အတွက် စိုက်ပျိုးရေး လုပ်ငန်းများလည်း အနည်းအကျဉ်းသာ လုပ်ဆောင်နိုင်ခဲ့ကြောင်းနှင့် ရေတစည်လျှင် ကျပ် ၁၀၀၀၊ ထော်လာဂျီနှင့် ပို့သည့် ရေတစည်လျှင် ကျပ် ၃၀၀၀နှင့် ကျပ် ၅၀၀၀ ကြား ၀ယ်သုံးရကြောင်း ကျောက်ပန်းတောင်းမြို့ပေါ်မှ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ ဦးမွတ်တားက ဆိုသည်။ ပြည်တွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တခုဖြစ်သည့် EcoDev အဖွဲ့မှ တာဝန်ရှိသူ သဘာဝပတ်ဝန်းကျင်ပညာရှင် ဦးမျိုးဝင်းသူက “စိုက်ခင်းတွေကြောင့်သာ မဟုတ်ဘူး။ ဟိုတယ်တွေက ရေကို ပြန်သန့်စင်သုံးတာ မရှိဘဲ အလကား အလဟဿ စွန့်ထုတ်ပစ်နေတာကြောင့်လည်း ပါတယ်။ ဒီလို ရေရှားပါးနေတဲ့ အခြေအနေမှာ ဟိုတယ်တွေရဲ့ ရေသုံးစွဲတဲ့စနစ်ကို နည်းပညာအကူအညီနဲ့ ထိန်းချူပ်ဖို့လိုနေပြီ” ဟု ပြောသည်။ ကျောက်ပန်းတောင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ လက်ထောက်အင်ဂျင်နီယာ ဦးအေးဇော်မြင့်က ယင်းဒေသများသည် မိုးခေါင်ရေရှားဒေသများ ဖြစ်သောကြောင့် ရေရှားပါမှုပြဿနာကို ဖြေရှင်းပေးနိင်ရန် ရည်ရွယ်ပြီး ၁၉၉၀ ခုနှစ်ကတည်းက ပုပ္ပားတောင်နှင့် ကျောက်ပန်းတောင်းမြို့ အနီးရှိ ဆယ်ပေါက်ရွာတွင် ပိုက်နှင့် ရေစုပ်တင်သည့် ရေတွင်းပေါင်း ၈ တွင်း တူးထားကြောင်း၊ ရေဂါလန် ၂ သိန်းနှင့် ဂါလန် ၁ သိန်း ၂ သောင်း ဆံ့သည့် ရေကန်ကြီး ၂ ကန်မှနေ၍ မြို့ပေါ်ရှိ ဂါလန် ၉၂၀၀၀ ဆံ့သည့် ကန် ၉ ကန်သို့ ရေပို့ပေးခဲ့ကြောင်း သိရသည်။ သို့သော် လွန်ခဲ့သည့် ၂ နှစ်ခန့်မှစတင်ပြီး ပုပ္ပားတောင်ရှိ ရေထွက်ပေါက်များမှ ရေရရှိမှုနည်းလာကာ မြို့နယ်များအား လုံလောက်အောင် ရေပေးနိင်စွမ်း မရှိတော့ကြောင်း၊ ထို့ကြောင့် ၂၀၁၁ ခုနှစ်မှစ၍ ကျောက်ပန်းတောင်းမြို့နှင့် လေးမိုင်ခန့်ဝေးသည့် အင်တောရွာတွင် ရေဂါလန် ၂ သိန်းဆံ့သော ရေကန်နှင့် ရေတွင်းပေါင်း ၅ တွင်း တူးထားခဲ့သော်လည်း ယခုနှစ်အထိ ပိုက်လိုင်းများ သွယ်တန်းခွင့်မကျသေးသည့်အတွက် ယခုနှစ် ရေရှားသည့်ပြဿနာအား ဖြေရှင်းပေးနိုင်စွမ်း မရှိသေးကြောင်း သိရသည်။ “ငွေမရှိရင် ရေမရှိဘူးဗျ။ နွေရောက်ရင် ရေရဖို့ ပိုက်ဆံများများ ရှာထားမှရတော့မယ်။ ရေရရှိဖို့နဲ့ ပုပ္ပားတောင်ကို ပြန်လည်ထိန်းသိမ်းပေးဖို့အတွက် ကျောက်ပန်းတောင်း လွှတ်တော်ကိုယ်စားလှယ်ကိုလည်း စာတင်ထားပါတယ်” ဟု ပုပ္ပားတောင်ပြန်လည်ထိန်းသိမ်းရေး ဆောင်ရွက်နေသော ပုပ္ပားတောင်ချစ်သူများအဖွဲ့မှ ကိုရဲဝင်းအောင်က ပြောသည်။ သြဂုတ်လ ၂၀ ရက်နေ့က ကျောက်ပန်းတောင်းမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ပညာရှင် ဦးအုန်းနှင့် ဦးဝင်းမျိုးသူ တို့က ဦးဆောင်ပြီး ပုပ္ပားတောင်ချစ်သူများအဖွဲ့အား ဖွဲ့စည်းပေးခဲ့ကြောင်း၊ ဒေသခံအင်အား ၃ သောင်းက ဒေသ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ပေးကြရန် သက်ဆိုင်ရာအဖွဲ့အစည်းများထံ တောင်းဆိုခဲ့ကြသော်လည်း ထူးခြားမှု မရှိခဲ့ကြောင်း၊ ဒေသခံများနှင့် ပုပ္ပားတောင်ချစ်သူများအဖွဲ့တို့က ပူးပေါင်းပြီး တောင်ပေါ်နှင့် ကျောက်ပန်းတောင်းမြို့တို့တွင် အစည်းအဝေးများ ပြုလုပ်ကာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ကျောက်ပန်းတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မြင့်မောင်အား အကူအညီတောင်းခံထားကြောင်း သိရသည်။
<urn:uuid:96d44469-8f17-4e34-a130-33742137bb8e>
CC-MAIN-2015-35
http://burma.irrawaddy.org/environment/2012/10/05/22155.html
2015-08-30T19:58:18Z
s3://commoncrawl/crawl-data/CC-MAIN-2015-35/segments/1440644065341.3/warc/CC-MAIN-20150827025425-00061-ip-10-171-96-226.ec2.internal.warc.gz
mya
0.976773
Mymr
31
{"mya_Mymr_score": 0.9767726063728333, "blk_Mymr_score": 0.019034160301089287}
မိမိတို့ရဲ့ ကွန်ပျူတာကနေ Viber ဆော့ဝဲလ်ရှိတဲ့ တစ်ကမ္ဘာလုံးက တခြားဖုန်းတွေနဲ့ ကွန်ပျူတာတွေကို ဖုန်းခေါ်သလို အလွယ်တကူ ခေါ်လို့ရမယ့် Viber ဆော့ဝဲလ် Update လေးပါ..။ ရိုးရိုး Call အပြင် Video Call ပါ အသုံးပြုလို့ အဆင်ပြေပါတယ်..။ အောက်ဆုံးက ကျနော်စမ်းသုံးထားတဲ့ ပုံလေးတွေမှာ ကြည့်နိုင်ပါတယ်..။ PC မှာ Viber ဆော့ဝဲလ်ထည့်ပြီး အသုံးပြုနည်းကို အရင်တုန်းက အကိုတစ်ယောက်က Cbox မှာ စာရေးပြီး တင်ပေးဖို့ ဆော့ဝဲလ်ပါ ပေးခဲ့ဖူးပါတယ်..။ အဲ့ဒီတုန်းက ကျနော်စမ်းသုံးကြည့်တဲ့အခါမှာ Install ထည့်ရတာ သိပ်အဆင်မပြေတဲ့အတွက် ကျနော်တင်မပေးခဲ့ပါဘူး..။ အခုဒီဗါးရှင်းကတော့ သိပ်မကြာခင်ကမှ အသစ်ထပ်ထွက်လာတဲ့ ဗါးရှင်းအသစ်လေးပါ..။ ကျနော့်သူငယ်ချင်းတစ်ယောက်က သူ့စက်မှာ ထည့်ပေးဖို့ တောင်းဆိုလာတဲ့အတွက် ကျနော်စမ်းသုံးရင်း အဆင်ပြေတဲ့အတွက်.. ဒီနောက်ဆုံးထွက် ဗါးရှင်းလေးကို အလွယ်ဒေါင်းယူလို့ အဆင်ပြေအောင် မူရင်းဆိုဒ်ကနေပဲ ဒါရိုက်လင့်နဲ့ ချိတ်ပေးထားပါတယ်..။ ဒီ Update ဗါးရှင်းလေးမှာ Install ထည့်ရတာလွယ်ကူပြီး.. အသုံးပြုရတာလည်း အရင်ဗါးရှင်းနဲ့ မတူတော့ပဲ အားလုံးလိုလိုပြောင်းလဲ ထားတဲ့အတွက် အဆင်ပြေတယ်လို့ပဲ ပြောရမှာပါ..။ Install ထည့်တဲ့အချိန်မှာ အင်တာနက်လိုင်း ဖွင့်ထားရမှာ ဖြစ်ပြီး.. လိုင်းပေါ်က ဒေါင်းယူတဲ့ ဖိုင်တွေ ပြီးတာနဲ့၊ Install လည်းပြီးတာနဲ့ လိုအပ်ရင် စက်ကို Restart ချပေးလိုက်ပါ..။ မိမိတို့ ကွန်ပျူတာအတွက် Viber ဆော့ဝဲလ်ကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်နေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 1.17 MB ရှိပါတယ်..။ မူရင်းဆိုဒ်မှာတော့ လူသုံးအများဆုံးဖြစ်တဲ့ Windows, Mac, iOS, Android, Windows Phone, BlackBerry, Nokia, Bada စတဲ့ App တွေအတွက်ပါ တခုချင်းစီ ရွေးပြီး ဒေါင်းယူနိုင်ပါတယ်..။ မူရင်းဆိုဒ်သို့ သွားနိုင်ရန်လင့်ကိုလည်း အောက်မှာ တခါတည်း ချိတ်ပေးထားပါတယ်..။ ဝင်းဒိုးမဟုတ်တဲ့ တခြား App တွေအတွက် လိုအပ်ရင်တော့ Viber ရဲ့ မူရင်းဆိုဒ်ကို အောက်ကလင့်နေ ဝင်သွားယူနိုင်ပါတယ်..။ Installation စာသားနဲ့အတူ အောက်ကပုံအတိုင်း ပေါ်နေပါလိမ့်မယ်..။ အင်တာနက်ဖွင့်ပေးထားရမှာ ဖြစ်ပြီး .. ပြီးတဲ့အထိ စောင့်နေပေးလိုက်ပါ..။ Install ပြီးသွားတာနဲ့ အောက်ကပုံအတိုင်း Viber နဲ့ မိမိတို့ရဲ့ ဖုန်းနံပါတ်ကို အရင်က ချိတ်ထားတာ ရှိလားလို့ မေးပါလိမ့်မယ်..။ ကျနော်ကတော့ ရှိတဲ့အတွက် Yes ပေးလိုက်တာ အောက်ကပုံအတိုင်း ပေါ်လာပါတယ်..။ အဲ့ဒီ Yes ပေးလိုက်တဲ့ ပုံကတော့ ပြပေးဖို့ ယူမထားမိတဲ့အတွက် ကျန်ခဲ့ပါတယ်..။ ဖုန်းနံပါတ်ထည့်ပြီး Continue ကိုနှိပ်ပေးလိုက်ပါ..။ မိမိတို့ရဲ့ ဖုန်းထဲကို Viber ကနေ Code တွေပို့ပေးပါလိမ့်မယ်..။ အောက်ဆုံးကပုံအတိုင်း Code တွေကို မှန်အောင် ထည့်ပေးလိုက်ရင် ဒီကောင်လေးကို PC တွေမှာ အသုံးပြုလို့ ရသွားပါပြီ..။ အောက်ကပုံအတိုင်း ပေါ်လာရင်တော့ မိမိတို့ ဝင်းဒိုး PC တွေမှာ Viber ကို အသုံးပြုလို့ ရသွားပါပြီ..။ မိမိတို့ ဖုန်းထဲမှာ ရှိတဲ့ သူငယ်ချင်းတွေကို PC က Viber မှာ လာပြီး ပေါ်နေမှာဖြစ်ပါတယ်..။ အောက်ကပုံအတိုင်းပါ..။ မိမိတို့ ခေါ်ယူလိုတဲ့ နာမည် သို့မဟုတ် နံပါတ်ကို တချက်ကလစ်ပြီး ခေါ်နိုင်.. SMS ပို့နိုင်ပါပြီ..။ ချက်ချင်း အသုံးပြုလို့ မရတဲ့ စက်တွေမှာ Restart ချပေးပြီးမှ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်..။ အောက်ကပုံတွေကတော့ ကျနော်စမ်းသုံးထားတဲ့ Video Call နဲ့ရော ရိုးရိုး Call နဲ့ပါ အဆင်ပြေတဲ့ ပုံလေးတွေပါပဲ..။ အားလုံးပဲ စမ်းသုံးရင်း အဆင်ပြေကျပါစေ..။
<urn:uuid:d80f8115-7fa2-4243-a83a-e6c9d32bee22>
CC-MAIN-2015-35
http://lwinminbo.blogspot.com/2013/06/viber-for-pc.html
2015-09-02T00:17:18Z
s3://commoncrawl/crawl-data/CC-MAIN-2015-35/segments/1440645235537.60/warc/CC-MAIN-20150827031355-00245-ip-10-171-96-226.ec2.internal.warc.gz
mya
0.9198
Mymr
37
{"mya_Mymr_score": 0.9197999238967896, "blk_Mymr_score": 0.07771514356136322}
ပိုမုကောင်းမွန်သောလုပ်ဆောင်ချက်များဖြင့် အကောင်းဆုံးစမတ်ဖုန်းများကို ပြုလုပ်လျှက်ရှိပါသည်။ စဦးတီထွင်ဆန်းသစ်မှုများသည် ရပ်တန့် သွားမည်မဟုတ်ပါ။ HTC သည်လည်း ထိုအတိုင်းပင် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် စမတ်ဖုန်းလုပ်ငန်းကို ၁၇ နှစ်ကြာ ပုံဖော်မွမ်းမံခဲ့ရပါသည်။ HTC သည် ကမ္ဘာ့ပထမဆုံးသော touch နှင့် လက်ကိုင်ဖုန်းကိရိယာများကို စတင်ဒီဇိုင်းပုံဖော်ခဲ့ပါသည်။ HTC သည် ကမ္ဘာ့လူသိအများဆုံးဖြစ်သည့် touch အသုံးပြုမှုကို စတင်ဖန်တီးပေးထားခဲ့ပါသည်။ HTC သည် touchscreen များနှင့် ကီးဘုတ်ကိရိယာများကို ဒီဇိုင်းဆွဲ ထုတ်လုပ်ပါသည်။ HTC သည် ပထမဆုံးသော 3G ၀င်းဒိုးစမတ်ဖုန်းများကို ပြုလုပ်ပေးထားသည်။ HTC Touch သည် အသုံးပြုသူများ စိတ်တိုင်းကျ ထိတွေ့ သည့်အတိုင်း ပြောင်းလဲပေးသည်။ HTC သည် ကမ္ဘာ့ပထမဆုံးသော Android စမတ်ဖုန်းဖြစ်သည့် HTC Dream ကို ဖန်တီးပါသည်။ HTC Sense™ ကိုလည်း ပြုလုပ်ပြီး ဖြစ်ပါသည်။ HTC သည် ကမ္ဘာ့ပထမဆုံးသော 4G Android စမတ်ဖုန်းဖြစ်သည့် HTC EVO 4G ကို ဖန်တီးပါသည်။ HTC သည် Mobile World Congress တွင် Device Manufacurer of the Year နှင့် အမေရိကန်၏အကြီးဆုံးသော စမတ်ဖုန်းရောင်းချသူ ဆုများကို ရရှိခဲ့ပါသည်။ f/2.0 အပါချာရှိသည့် စမတ်ဖုန်းကင်မရာ အခြားပိုင်ဘက်များရဲ့ မော်ဒယ်များထက် အလင်းပမာဏ ၄၄% ပိုမိုဖမ်းယူနိုင်သည့် အပျာခြာအကျယ်အ၀န်း ထိုးဖောက်အောင်မြင်မှု HTC သည် ကမ္ဘာ့ပထမဆုံးသော အားလုံးသံထည်ဖြင့် စမတ်ဖုန်း HTC One အသစ်ကို ပြုလုပ်ခဲ့ပါသည်။ HTC EYE™ အတွေ့အကြုံ - အဆင့်မြင့် selfie တူးလ်အစုလိုက် နှင့် ဗီဒီယိုခေါ်ဆိုမှု အင်္ဂါရပ်အသစ်များ- ဆော့ဖ်ဝဲ နှင့် စမတ်ဖုန်း ပွဲဦးထွက် အတွေ့အကြုံဖြင့် အဆင့်မြှင့်ပါ။ Selfie တူးလ်များတစ်ခုလုံး နှင့် ဗီဒီယိုခေါ်ဆိုမှု အင်္ဂါရပ်များသည် ယခင်ထက်ပိုသော ထိန်းချုပ်မှုများကို ပေးသည်။ အလွယ်တကူအသုံးပြုနိုင်သော အထူးပြုလုပ်ချက်များနှင့် တပါတည်းပါဝင်သော အလိုအလျောက် မြှင့်တင်မှုများသည် သင့် selfies များကို အရမ်းမကောင်းစေသေးပါ။ပိုမိုလေ့လာပါ တီထွင်ဖန်တီးသောကိရိယာများ၊ အာရုံခနိုင်သောအင်္ဂါများ အတွင်းတည်ဆောက်ထားသည့် ဘေးပတ်လည်ရှိ ဆူညံမှုရှာဖွေခြင်းသည် စကားပြောမှုများကို ကောင်းမွန်စေပြီး အံ့သြဖွယ်သော ဒေါင်လိုက်ပုံများ ရိုက်နိုင်သည့် စမုတ်ဖုန်းကင်မရာရှိသည့် HTC Sense 6 သည် စမတ်ဖုန်းနည်းပညာ ဆုရရှိနိုင်လောက်အောင် ကောင်းမွန်ပါသည်။ Megapixels ပိုများပါက ဓါတ်ပုံများ ပိုကောင်းသည်ဟု မဆိုလိုပါ။ ပိုမိုကြီးမားသော pixels များက ပိုကောင်းစေပါသည်။ HTC ရဲ့ UltraPixel နည်းပညာသည် သာမန်စမတ်ဖုန်းကင်မရာများထက် နှစ်ဆပိုကြီးသော pixels များကို အသုံးပြုပြီး အလင်းနည်းသော ဓါတ်ပုံများကို ထူးခြားကောင်းမွန်စေပါသည်။ One-touch ပြုပြင်နိုင်သည့် ကိရိယာများ၊ အာရုံခံနိုင်သော ကင်မရာအဖွင့်/ပိတ်ခလုတ်၊ အသေးစားဗွီဒီယိုဖန်တီးခြင်းနှင့် ကြီးမားသော မြင်ကွင်းကျယ်များအားလုံးသည် သင့်ရဲ့လက်ဖျားထိပ်မှာ ရှိပါသည်။ HTC နှင့်တူ လျှပ်တစ်ပြက်အတွင်း အဆင်မြင့်သောတောက်ပြောင်မှုကို ရယူပါပိုမိုလေ့လာပါ သင်ကြားမှယုံကြည်ရန် စမတ်ဖုန်းအသံကို ညွှန်ကြားခြင်းဖြင့် သင့်ရဲ့သီချင်း၊ ဗွီဒီယိုများနှင့် ဂိမ်းများကို အသက်ဝင်စေခြင်း အတွင်းတည်ဆောက်ထားသည့် amps များဖြင့် မျက်နှာမူသည့် စပစ်ကာနှစ်ခုသည် ကောင်းမွန်သည့်အသံရရှိရန် bass ကနေ treble အထိ ကိုက်ညီစေမည့် ထိန်းညှိဆော့ဝဲဖြင့် ကျယ်လောင်၊ ရှင်းလင်းပြီး လန်းဆန်းသည့်အသံများကို ထုတ်လုပ်ပေးပါသည်။ပိုမိုလေ့လာပါ ဖျော်ဖြေမှု ပိုများလေ၊ ထုတ်လုပ်မှု ပိုများလေ သင့်ရဲ့ စမတ်ဖုန်းကို HTC ရဲ့ နောက်ထပ် app များကို ထည့်သွင်းခြင်းဖြင့် ဈေးကွက်လုပ်ငန်းတွင် အကောင်းဆုံး စမတ်ဖုန်းအင်္ဂါရပ်များကို ရယူခံစားပါ။ အန်နီမေးရှင်းလုပ်ထားသော အစီအစဉ် နှင့် ပြက္ခဒိန်စည်းညှိခြင်း၊ တစ်ကြိမ်ပွတ်ဆွဲရုံသာလိုသော autofeed များ၊ အဆင့်မြင့် ကင်မရာတူးလ်များနှင့် အစရှိသည်တို့။ပိုမိုလေ့လာပါ ကမ္ဘာပေါ်ရှိ အကောင်းဆုံးလုပ်ကိုင်ဖက်များနှင့် ခိုင်မာသောဆက်သွယ်မှုများကို တည်ဆောက်ခြင်းဖြင့် ဖောက်သည်များကို ပထမနေရာတွင် ကျွန်ုပ်တို့ထားရှိပါသည်။ ကျွန်ုပ်တို့ရဲ့ လုပ်ကိုင်ဖက်များသည်လည်း ဖောက်သည်များကို ပထမနေရာထားရှိသည့် ကျွန်ုပ်တို့ HTC ပန်းတိုင်ကို မျှဝေပြီး အထူးဈေးနှုန်းများ၊ ဆန်းသစ်တီထွင်မှုသစ်များနှင့် သာလွန်သောအတွေ့အကြုံများကို သင့်အားပေးရန် စိတ်နှစ်ထားပါသည်။ပိုမိုလေ့လာပါ HTC ချိတ်ဆက်မှုဖြင့် HTC စမတ်ဖုန်းများမှ မည်သည့်ဂီတ သို့မဟုတ် ဗွီဒီယိုကိုမဆို အမျှင်မပြတ်စီးကြောင်းဖြင့်ဖွင့်ပါ - သင့်ဟုမ်းစခရင်တွင် လက်သုံးချောင်းဖြင့် အပေါ်သို့ ပွတ်ဆွဲချိန် သဟဇာတဖြစ်သည့် ကိရိယာဖြင့် အလိုအလျောက် ချိတ်ဆက်သော မာတီမီဒီယာဆော့ဖ်ဝဲလ်။ သင်လိုအပ်သည်တို့မှာ HTC စမတ်ဖုန်းတစ်လုံး၊ သဟဇာတဖြစ်သောကိရိယာတစ်လုံးနှင့် လက်ချောင်းသုံးချောင်းဖြစ်သည်။
<urn:uuid:d2aa649e-f60f-49f7-b110-afc67dc4304a>
CC-MAIN-2015-35
http://www.htc.com/mm/innovations/
2015-09-05T04:41:28Z
s3://commoncrawl/crawl-data/CC-MAIN-2015-35/segments/1440645378542.93/warc/CC-MAIN-20150827031618-00302-ip-10-171-96-226.ec2.internal.warc.gz
mya
0.920814
Mymr
387
{"mya_Mymr_score": 0.9208135008811951, "blk_Mymr_score": 0.07678692042827606}