url
stringlengths
52
71
title
stringlengths
4
101
body
stringlengths
0
37.6k
https://www.dhammaransi.com/index.php/new/374-2017-11-18-11-57-55.html
ရဟန်းတော်များဆွမ်းခံကြရခြင်းအကြောင်းအရင်း
{တပည့်တော်ကဗုဒ္ဓဘာသာဝင်တစ်ယောက်ပါ..။ ရဟန်းသံဃာများ ဆွမ်းခံစားရတဲ့အကြောင်းရင်းကိုမေးလာတဲ့အခါ အကိုးအကားနဲ့တိတိကျကျမသိလို့မဖြေနိုင်ဘူးဖြစ်နေပါတယ်ဘုရား။ ဘုရားရှင်၏ပညတ်ချက်တစ်ခုဆိုတာတော့သိပါတယ်ဘုရား။ တပည့်တော်ငယ်ငယ်ကအဘိုးလည်းပြောပြဖူးပါတယ်။ ဒါပေမယ့်သေချာတိကျတဲ့အဖြေကို ဘုန်းဘုန်းဆီမှာ ရနိုင်မယ်ထင်လို့ မေးမြန်းလျှောက်ထားလိုက်ပါတယ်..အရှင်ဘုရား ။} ....... ..... ....... ........ လူတွေရဲ့ပထမဦးစားပေးကိစ္စက ဝမ်းရေးပဲမို့ဒကာ။ လူတွေဟာဝမ်းရေးကြောင့်တရားတာတွေရော မတရားတာတွေရော ပြုလုပ်မိကြတယ်။ လူတစ်ရာမှာ ၈ဝလောက်ကတော့ ဝမ်းရေးကိုအကြောင်းပြုပြီး မကောင်းမှုတွေကိုပြုလုပ်တတ်ကြတယ်။ မနက်ဖြန်ခါအတွက် ဆန်အိုးထဲဆန်ရှိနေသေးလားလို့ကြောင့့်ကြမှုဖြစ်ရတယ်။ စိတ်ဆင်းရဲရတယ်။ဆန်စပါးတွေကိဲုကြောင့်ကြစိုက်ပြီး သိုမှီးသိမ်းဆည်းမှုတွေ ပြုလုပ်ကြရတယ်။ သိမ်းဆည်းထားတာရှိတဲ့သူတိုင်း ကြောင့်ကြမှုဖြစ်ရတယ်။ စိတ်ဆင်းရဲမှုဖြစ်ရတယ်။ သိုမှီးသိမ်းဆည်းထားတာ ဘာမှမရှိတဲ့သူက ကြောင့်ကြမှုမရှိတော့ဘူး။ သူခိုးကိုလည်းကြောက်စရာမလိုတော့ဘူး။ ဓားပြကိုလည်းကြောက်စရာမလိုတော့ဘူး။ ဒါကြောင့်ရဟန်းတော်တွေကို ကိုယ်တိုင်ချက်ပြုတ်မစားသောက်ရဘူးလို့ ဘုရားကပညတ်ချက်ထားခဲ့တာဖြစ်တယ်။ ချက်ပြုတ်မစားတဲ့အတွက် ဝမ်းရေးအတွက်ပူပန်မှုတွေသိပ်မရှိတော့ဘူး.။သိမ်းဆည်းနေစရာမလိုတော့ဘူး။ မနကိဖြန်အတွက် ဆန်အိုးထဲမှာ ဆန်ရှိသေးရဲ့လားဆိုတဲ့ ပူပန်မှုလည်းမရှိတော့ပါဘူး။ ထင်းရှာရခြင်း စတဲ့..စတဲ့ ဒုက္ခများလည်းကင်းလွတ်သွားပါတယ်။ ဆွမ်းခံစားရတဲ့အတွက် မာန်လည်းကျသွားပါတယ်။ ငါဘာကောင်ဆိုပြီးတော့ မာန်တက်လို့လည်းမရတော့ပါဘူး။ "ဥစ္စာစပါး၊ သိမ်းမထား၊ ရှေ့ဖျားသမဏ၊ မြတ်သုခ"ဆိုတဲ့ ရဟန်းတွေရဲ့ချမ်းသာခြင်းရှစ်ပါးထဲမှာ ဆွမ်းခံစားရတာက တစ်ပါးအပါအဝင်ဖြစ်ပါတယ်။ ဒီလောက်ဆိုရင်တော့ သဘောပေါက်လောက်ပြီထင်ပါတယ်။ နည်းနည်းလေးထပ်ရှင်းပြချင်ပါသေးတယ်။ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်မှာ ဘုရားရှင်သီတင်းသုံးတော်မူစဉ်က ကောသလတိုင်းတဝှမ်းလုံးမှ အသက်အရွယ်ကြီးရင့်ကြတဲ့ပုဏ္ဏားသူဌေးကြီးတွေဟာ.."အခုခေတ်ပုဏ္ဏားတွေရဲ့အကျင့်သီလဟာ ရှေးခေတ်ကပုဏ္ဏားတွေရဲ့ ကျင့်စဉ်အတိုင်း ကျင့်နေကြတာပါလား"လို့ လာရောက်မေးမြန်းကြပါတယ်.။ ဘုရားရှင်က "မဟုတ်တော့ဘူးလို့"ပြန်လည်ဖြေကြားလိုက်ပါတယ်။ အဲဒီ့အခါ ပုဏ္ဏားတွေရဲ့တောင်းပန်လျှောက်ထားချက်ကြောင့် ရှေးခေတ်ပုဏ္ဏားတွေရဲ့ အကျင့်ကောင်းတွေကို ထုတ်ဖော်ဟောကြားပါတယ်။ "ရှေးခေတ်ကပုဏ္ဏားတွေဟာ သိမ်းပိုက်မှုဘာတစ်ခုမှ မရှိကြောင်း..။ ကိုယ်နှုတ်နှလုံးသုံးပါးလုံးစောင့်စည်းကြကြောင်း၊ ကာမဂုဏ်မှီဝဲမှုမပြုကြကြောင်း၊ ဗေဒင်ရွတ်ဖတ်ခြင်း၊ မေတ္တာပွားခြင်းစတဲ့ ကောင်းတာများကိုသာသိမ်းပိုက်မှုရှိကြောင်း၊ ထို့ကြောင့်လူတို့သည် ပုဏ္ဏားတို့ကိုလောင်းလှူရန် အိမ်ရှေ့၌ ဆွမ်းဦးကိုအမြဲချထားကြောင်း၊"စသဖြင့်ဟောကြားပြသပေးပါတယ်။ ဒါကိုထောက်ရှုခြင်းအားဖြင့် အမျိုးမြင့်မြတ်တယ်လို့ မာန်မာနခက်ထန်လှတဲ့ ပုဏ္ဏားတွေတောင်ဆွမ်းခံစားကြတယ်ဆိုတာ သိရပါတယ်။ ရသေ့တို့ ပစ္စေကဗုဒ္ဓါတို့ ဆွမ်းခံစားတာကတော့ အများသိပြီးသားမို့ထူးပြီးပြောပြမနေတော့ပါဘူး။ သူတော်ကောင်းသူမြတ်လောင်းမှန်ရင်ဆွမ်းခံစားကြတာ သေချာပါတယ်။ ဆွမ်းခံစားတာဟာ သူတော်ကောင်းတွေရဲ့ ထုံးတမ်းစဉ်လာ ဓမ္မတာ ပါပဲ။ "သူရာသောက်ထုတ်၊ သေတင်းကုတ်၊ ပဏ္ဍုတ် ဘိက္ခုမ၊ ပျိုကြီးဂေဟာ ပြည့်တန်ဆာ လင်ကွာမုဆိုးမ၊ ဤခြောက်အိမ်တွင် အကျွမ်းတဝင် ဆွမ်းလျှင်မခံရ"တဲ့။ ရဟန်းတော်တွေဟာ ဆွမ်းခံရာမှာလည်း ကျင့်ဝတ်နဲ့အညီ ဆွမ်းခံရပါတယ်။ ဖော်ပြခဲ့တဲ့လင်္ကာလေးရဲ့ ဆိုလိုရင်းက ရဟန်းတော်တွေဟာ အရက်ဆိုင်၊ အခြောက်အိမ်(မိန်းမကယောက်ျားစိတ်ပေါက်တာလည်းအကျုံးဝင်ပါတယ်)၊ ဘိက္ခုနီမကျောင်း(ယခုခေတ်သီလရှင်ကျောင်း).၊အပျိုကြီးအိမ်၊ ပြည့်တန်ဆာမအိမ်၊ မုဆိုးမအိ်မ်၊ (လင်သေလို့ပဲဖြစ်ဖြစ်၊ လင်နဲ့ကွဲနေလို့ပဲဖြစ်ဖြစ်) ဆိုတဲ့အိမ်ခြောက်အိမ်ကို ဆွမ်းခံမဝင်ရဘူးလို့ ပညတ်ခဲ့ပါတယ်။ လမ်းကိုထွက်လောင်းရင်တော့ ခံယူလို့ရပါတယ်။ ထိုင်အိမ်အဖြစ်သာမဝင်ကောင်းတာပါ။ နောက်ပြီးတော့ရဟန်းတော်တွေဟာ ကိုယ်ဆွမ်းခံနေတဲ့အိမ်က လူတွေကို ဗေဒင်ဟောခြင်း၊ ဆေးကုခြင်း စတဲ့ အနေသန ၂၁ပါးကိုလည်းပြုလုပ်မပေးရပါဘူး။ ဒါတွေကိပြုလုပ်ပေးတဲ့ရဟန်းတွေကို "အမျိုးဖျက်ရဟန်းတွေ"လို့ ဘုရားရှင်က ဟောကြားတာ်မူခဲ့ပါတယ်။ဒီလိုရှောင်ကျဉ်စရာတွေရှောင်ပြိး တရားသဖြင့်ရလာတဲ့ဆွမ်းကိုမှ "ဓမ္မိယလာဘ်"လို့ခေါ်ပါတယ်။ ဓမ္မိယလာဘ် ကိုတောင်မှ ပစ္စဝေက္ခဏာမဆင်ခြင်ပဲ သုံးဆောင်ခွင့့်မပြုခဲ့ပါဘူး။ ပစ္စဝေက္ခဏာမဆင်ခြင်ပဲသုံးဆောင်ရင် အပြစ်ရှိပါတယ်။(ယခုခေတ် ဆွမ်းခံအိမ်ကို နှစ်လုံး၊ သုံးလုံးပေးနေသူများ ဆင်ခြင်နိုင်ကြပါစေ။) ဒါ့ကြောင့်" အပြစ်ကင်းကွာ ဆွမ်းကိုရှာ ၊ ဤမှာသမဏ မြတ်သုခ"လို့ ကျေးဇူးတော်ရှင် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော်ကြီးက လင်္ကာစပ်ဆိုခဲ့တာပါ။ နောက်ပြီးတော့လောကမှာ တောင်းခြင်းနှစ်မျိုးရှိပါတယ်။ ယာစကာ(သူတောင်းစား)တို့၏တောင်းခြင်းနှင် အရိယာတို့၏တောင်းခြင်းပါ။ ယာစကာတို့၏တောင်းခြင်းကတော့ ပေးပါ၊ ကမ်းပါ ၊သနားပါနဲ့ လိုချင်တာကို ဟစ်အော်ပြောဆိုကာတောင်းခံကြပါတယ်။ အရိယာတို့ရဲ့တောင်းခြင်းဆိုတာ အရိယာအရှင်မြတ်တို့ဟာ အိမ်ပေါက်စေ့ရပ်တော်မူကြပါတယ်။ ဘာလိုချင်တယ်လို့ နှုတ်ကဖွင့်မပြောပါဘူး။ အိ်မ်ရှင်ကထွကြ်ပီး အရှင်ဘုရား ဘာအလိုရှိပါသလဲလို့ လျှောက်ထားမှ အလိုရှိရာကို ပြန်လည်မိန့်ကြားတာပါ။ အဲလိုမလျှောက်ပဲ တစ်ခုခုလောင်းရင်လဲ လောင်းတာယူပြီးထွက်သွားတာပါပဲ။ ချိုတယ်။ချဉ်တယ်။ဘာတစ်ခုမှမပြောပါဘူး။ လှူတာကိုယူပြီးပြန်သွားတာပါပဲ။ ယာစကာတို့နှင့် အရိယာတို့ရဲ့ တောင်းတာမှာ ကွားခြားချက်ကတော့ အဲ့ဒါပါပဲ။ နောက်တစ်ခုက" ရဟန်း တော်တွေဟာ ဆွေမျိုးမတော်ရင်၊ အလိုရှိတာကို လာရောက်အလှူခံပါလို့ မလျှောက်ထားရင်၊ ဘယ်လောက်ပဲရင်းနှီးနေပါစေ။ ဘာလိုတယ်၊ လှူပါလို့ အလှူမခံကောင်းပါဘူး။ လက်ကြောမတင်းလို့၊ လုပ်မစားချင်လို့ ဆွမ်းခံစားကြတာမဟုတ်ပါဘူး။ ဆင်းရဲဒုက္ခတွေ အတော်များများကင်းကွာသွားလို့ မာန်မာနကိုကျသွားစေလို့ ဆွမ်းခံစားကြရတာပါ။ အရှင်ခေမာနန္ဒ ဓမ္မပျိုးခင်း.. ±±±±±±±±±±±±±±±±±±±±±± # ကောင်းကျိူးလိုရာပြည့်ကြပါစေ
https://www.dhammaransi.com/index.php/new/375-2017-11-18-11-46-26.html
မြတ်ဘုရားရွှေတိဂုံ စေတီတော်မြတ်သမိုင်း
ကမ္ဘာပေါ်ရှိ အမြင့်ဆုံး ဘုရားစေတီမှာ ၃၂၆-ပေ ရှိသော ရွှေတိဂုံ စေတီတော်ပင်ဖြစ်ပြီး ရန်ကုန်မြို့ရှိ သိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် တည်ရှိသည်။ လေးဆူဓာတ်ပုံ ရွှေတိဂုံ ဟုလည်း ခေါ်တွင်သည်။ စေတီအစ ရွှေတိဂုံက ဟုဆိုကြသည်။ တည်နေရာ..... ရန်ကုန်မြို့သိင်္ဂုတ္တရ ကုန်းတော် ဉာဏ်တော်.......ဖိနပ်တော်မှ စိန်ဖူးတော်ထိ (၃၂၆) ပေကျော်ကြားမှု.......အစောဆုံး စေတီတော်ကြီး (ကမ္ဘာ့အံ့ဘွယ်) အမည်ခေါ်တွင်ပုံ ရန်ကုန်တိုင်းကို မွန်လူမျိုးတို့သည် ဒဂုံတိုင်းဟု သမုတ်ခဲ့ကြသည်။ ဒဂုံတိုင်းမှာ တည်ထားသော ဘုရားဖြစ်သည့် အတွက်ကြောင့် ဒဂုံတိုင်းကဘုရားဟု ခေါ်ဝေါ်ပြောဆိုခဲ့ကြသည်။ မွန်ဘာသာဖြင့် ကျာ်လဂုင် ဟုရေးသားပြီး ကျိုက်လဂုံဟုအသံထွက်ဆိုခဲ့ကြသည်။ တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သော အလောင်းမင်းတရားကြီး လက်ထက်တွင် မွန်တို့ကို တိုက်ခိုက်အောင်မြင်ပြီးနောက် ဒဂုံကို ရန်ကုန်ဟု အမည်နာမ ပြောင်းလည်ခဲ့သည်။ ကျိုက်လဂုံကို ကျိုက်ဒဂုံ ဟု ခေါ်ဆိုကြသည်။ နောက်ပိုင်းတွင် ကျိုက်လဂုံ(သို့) ကျိုက်ဒဂုံသည် မြန်မာပြည်၏ မူပိုင်သင်္ကေတ အဖြစ်ကျော်ကြားလာခဲ့သည်။ မူပိုင်ကျိုက်ဆိုသော စကားလုံးနေရာတွင် ရွှေနိုင်ငံ(Golden land)ကို ကိုယ်စားပြုသော ရွှေ ဆိုသော စကားလုံးဖြင့် အစားထိုးခဲ့ကြသည်။ ထို့အတူ လဂုံ လိုလို ဒဂုံ လိုလို ဖြစ်နေသောစကားလုံးကိုလည်း တိဂုံ ဖြင့် အတည်ပြုပေးလိုက်ကြသည်။ ထိုအချိန်မှစ၍ ကျိုက်လဂုံ သည် မြန်မာပြည်တွင်မှာ သာမက ကမ္ဘာ ့ တဝှမ်းမှာ ရွှေတိဂုံ ဟူသော အမည်နာမဖြင့် ခေါ်ဝေါ်ခဲ့ကြသည်။ သမိုင်းကြောင်း သဗ္ဗညု မြတ်စွာဘုရားရှင်သည် ဗောဓိပင်ရင်း သတ်္တဌာန၌ (၇)ရက်စီ အလှည့်ကျစံတော်မူပြီး (၄၅)ရက် သီတင်းသုံး နေတော်မူ ခဲ့သည်။ ဤသို့ နေတော်မူ (၄)ရက်ပြည့်မြောက်ပြီး နောက် တစ်နေ့၌ ““ရာပဒတန်သတ်္တဟ”” ဖြစ်သည့် လင်းလွန်းပင်ရင်း၌ သီတင်းသုံး စံတော်မူစဉ်ကာလ။ ကုန်သည်ညီနောင် ထိုစဉ်ကာလ၌ မွန်တို့ဌာနေ၊ ဥက္ကလာပမင်းကြီး၏ နိုင်ငံတော်တွင် ပါဝင်သော အသိ ဉ္စနမြို့၌ သုဝဏ္ဏအမည်ရှိသော သူဌေးကြီးတစ်ဦးရှိလေသည်။ ထိုသူဌေးကြီးတွင် တပုဿနှင့် ဘလ္လိက ဟူသော သားနှစ်ယောက်ရှိသည်။ ၎င်းတို့သည် ကုန်သည်များ ဖြစ်ကြသည်။ ၎င်းကုန်သည် ညီနောင်တို့သည် ကုန်များကို သင်္ဘောဖြင့် တင်ဆောင်ကာ မဇျ္စိမဒေသသို့ ကုန်ရောင်းသွားကြသည်။ မဇျ္စိမဒေသပင်လယ်ဆိပ်ကမ်းသို့ ရောက်သောအခါ သင်္ဘောကို ဆိုက်ကပ်ကျောက်ချ၍ ကုန်များကို လည်းအစီးပေါင်း (၅၀၀)ပေါ်သို့ တင်ဆောင်ကာ မဇျ္စိမဒေသ၌ လှည့်လည်ရောင်းချကြသည်။ တဖုဿ ဘလ်္လိက ကုန်သည်ညီနောင်အဖွဲ့သည် ဗောဓိပင်အနီးသို့ ရောက်ရှိ လာခဲ့ကြ၏။ ကုန်သည်တို့ မဟာဗောဓိပင် အနီးသို့ရောက်ပြီး တစ်နေ့ သို့မဟုတ် တစ်ည၌ ရုက်္ခစိုးနတ်သည် ကုန်သည်ညီနောင်အား ကိုယ်ထင်ပြခဲ့၏။ ကုန်သည်ညီနောင်တို့သည် ရုက်္ခစိုးနတ်အား မြင်လျှင် အံ့သြသွားကြ၏။ အသင်မည်သူနည်း ဟုမေး၏။ ရုက်္ခစိုးနတ်က .`အမောင်တို့ နားထောင်လော့ ကျွန်ုပ်က တခြားမဟုတ်၊ ကျွန်ုပ်သည် ဟိုးဘဝက အမောင်တို့နှင့် ဆွေမျိုးတော်စပ်ခဲ့သူများ ဖြစ်ပြီး၊ ကျွန်ုပ်သည် ဟိုးရှေးဘဝက ကောင်းမှုကောင်းကျိုးများ ပြုခဲ့သူ ဖြစ်သဖြင့် ယခုဘဝတွင် ရုက်္ခစိုးနတ်ဖြစ်ခဲ့သည်။ အမောင်တို့ ယခု သင်တို့ထံသို့ ရောက်ခဲ့သည်မှာ သင်တို့နှင့်ကျွန်ုပ်သည် ယခင် ဘဝဆွေမျိုးတော်စပ်ဖူးသူ ဖြစ်သဖြင့် သင်တို့အား အကျိုးပြုရန် ဤသို့ ကိုယ်ထင်ပြရခြင်းဖြစ်သည် အမောင်တို့´ဟုပြောသည်။ ကုန်သည်ညီနောင်က `အသင်က မည်သို့ အကျိုးပြုဖို့လာသနည်း´ဟု ရုက္ခစိုးနတ်ကို မေး၏။ ထိုအခါ ရုက်္ခစိုးနတ်က`နားထောင်လော့ အမောင်တို့ ကျွန်ုပ်သင်တို့အား အကျိုးပြုသည်ဆိုသည်မှာ အခြားမဟုတ်ပါ။ ပြောရလျှင် အမောင်တို့ ရောက်ရှိနေသည့် မဇ္ဈိမဒေသတွင် သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရားဟာ ပွင့်တော်မူပြီး လင်းလွန်းပင်ခြေရင်းမှာ သီတင်းသုံး စံတော်မူနေတာမို့ အမောင်တို့ သွားရောက် ပူဇော်လော့ တိုက်တွန်းလမ်းညွှန်လိုတယ် အမောင်တို့´ဟုဆိုလျှင် တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့ အလွန်တရာ ဝမ်းမြောက်ကြည်နူးသွားကြ၏။ ချက်ခြင်းပင် “ဒါဆို ကျွန်ုပ်အား လမ်းညွှန်ပြပါ ရုက္ခစိုးနတ်” ဟုပြော၏။ “ကောင်းပြီ ၊ အမောင်တို့၊”ထို့နောက် ရုက်္ခစိုးနတ်သည် တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့အား ဘုရားရှင် သီတင်း သုံးရာ လင်းလွန်းပင်အား လမ်းညွှန်ပြခဲ့၏။ သည်အခါ ကုန်သည် ညီနောင်တို့သည် သဒ္ဒါပီတိအပြည့်နှင့် ဘုရားရှင် သီတင်းသုံးရာ လင်းလွန်းပင်ရင်းသို့ သွားကြ၏။ မြတ်စွာဘုရားရှင်အား မုန့်ကြွပ်ကြော်၊ ပျားမုန့်ထုပ် တို့နှင့် ဘုရားရှင်အား လှူဒါန်းပူဇော်ခြင်းပြု၏။ ပထမဆုံး သရဏဂုံတည်သူ ကုန်သည်ညီနောင်တို့ မြတ်စွာဘုရားရှင်အား မုန့်ကြွပ် ကြော်၊ ပျားမုန့်ထုပ်တို့နှင့် ပူဇော်သက်္ကာကပြု လှူဒါန်းခဲ့သည်။ ဘုရားရှင်မှ ဤသို့ လှူဒါန်းပူဇော်ခဲ့သည့်အတွက် ဗုဒ်္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ်္မံသရဏ ဂစ္ဆာမိ ဟူသည့် “ဒွေးဝါဓိက” သရဏံဂုံ တည်ခဲ့ကုန်၏။ ထိုစဉ်က “ဘုရားရတနာ၊ တရားရတနာ” တည်းဟူသည့် “ရတနာနှစ်ပါး”သည်သာ ပေါ်ထွန်းခဲ့ပြီး၊ သံဃာရတနာသည် ပေါ်ပေါက်ခဲ့ခြင်းမရှိသေးပေ။ ထို့ကြောင့် လူသူအများသည် ရတနာနှစ်ပါးအားသာ ဆည်းကပ်ပူဇော်နေကြကုန်၏။ ဗုဒ္ဓဝင်သမိုင်းကို ပြန်ကြည့်လျှင် ဂေါတမဘုရားရှင် လက်ထက်၌ တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့သည် ထူးခြားစွာ ဘုရားရှင်အား ပထမဆုံး ဆွမ်းကပ်ရသူနှင့် ပထမဆုံး သရဏဂုံ တည်သူများ ဖြစ်ခဲ့၏။ ဆံတော်ရှစ်ဆူ ဘုရားရှင်အား ပူဇော်ခွင့်၊ ဆွမ်းကပ်ခွင့်ရခဲ့သည့်အတွက် ပီတိဖြစ်ခဲ့ရသည်။ တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့သည် ဆွမ်းကပ်လှူပူဇော်ပြီးလျှင်.“အရှင်ဘုရား၊ တပည့်တော်တို့ အရှင်မြတ်ဘုရားအား ထာဝရကိုးကွယ်ဆည်းကပ်ပူဇော်နိုင်ရန် ဘုရားရှင်ကိုယ်စား ပူဇော်ရာ တစ်ခုအား ပေးသနားတော် မူပါဘုရား” ဟုလျှောက်ထား လေ၏။ “ကောင်းပြီးချစ်သားတို့” မိန့်တော်မူပြီး သကာလ ဦးခေါင်းတော်အား သုံးသပ်ပြီး ဆံတော်မြတ် (၈)ဆူအား ကုန်သည်ညီနောင်တို့ အားပေးသနားတော်မူရာ တဖုဿနှင့် ဘလ်္လိက ကုန်သည် ညီနောင်တို့သည် ဝမ်းမြောက်ပီတိ အပြည့်နှင့် ဗုဒ္ဓဘုရားရှင်၏ ဆံတော်(၈)ဆူအား သင်္ဘောနှင့်ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည် သို့ ပြန်ခဲ့၏။ တဖုဿနှင့် ဘလိ်္လက ကုန်သည်ညီနောင်တို့ ဘုရားရှင်၏ ဆံတော်(၈)ဆူအား ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည်သို့ ပြန်လာလျှင် ဥက္ကလာပတိုင်း၏ ပြည့်ရှင်မင်းမြတ် ဥက်္ကလာပမင်းကြီး နှင့်တကွ ပြည်သူတို့က သောင်းသောင်းဖျဖျကြိုဆိုကာ ဖူးမျှော် ကြည်ညိုကြ၏။ နောင်တော်ကြီးစေတီ ထို့အတူ ဆံတော်(၈)ဆူအား စေတီတော်အဖြစ် တည်ထား ကိုးကွယ်ရန် ဆုံးဖြတ်ကြ၏။ စေတီတော်အား “သိင်္ဂုတ္တရကုန်းတော်” ၌ တည်ထားကိုးကွယ်ရန် မင်းနှင့်ပြည်သူတို့က ဆုံးဖြတ်ပြီး သိင်္ဂုတ္တရ ကုန်းတော်သို့ ပင့်ဆောင်ခဲ့၏။ သိဂုင်္တ္တရကုန်းတော် သို့ရောက်လျှင် ဗုဒ်္ဓဘုရားရှင်၏ ဆံတော်(၈)ဆူအား ကြီးကျယ်ခန်းနားသည့် စံကျောင်း၊ မဏ္ဍာပ်ကြီး ဆောက်လုပ်၍ပူဇော်ခဲ့သည်။ ယင်းစံကျောင်း မဏ္ဍာပ်နေရာ၌ အထိမ်းအမှတ်စေတီတစ်ဆူ တည်ထားခဲ့ကြ၏။ ထိုစေတီသည် “နောင်တော်ကြီးစေတီ”ဟု အမည်တွင်၏။ ဌာပနာထားသော ဓာတ်တော်မြတ် ၄-ပါး ဥက္ကလာပမင်းကြီးတည်ထားကိုးကွယ်တော်မူသော ရွှေတိဂုံ စေတီတော်ကြီး၌ ဘုရား ၄-ဆူ၏ ဓာတ်တော်မြတ်လေးဆူကို ဌာပနာထားသည်ဟု အဆိုရှိသည်။ ဗုဒ္ဓမြတ်စွာတို့၏ ဆံတော်မြတ်၊ ဓာတ်တော်မြတ်တို့အား ရန်သူတို့ အလွယ်တကူ မဖျက်ဆီးနိုင်ရန်အတွက် နတ်တို့သည် ဌာပနာ တိုက်ထည့်သွင်းတည်ရန် ကြံရွယ်ပြီး သိဂုင်္တ္တရကုန်းတော် အလယ်တည့်တည့်၌ “ဇောက် ၄၀၄တောင်၊ အနံ ၄၄ တောင်ရှိသည့် ဥမင်လိုဏ်ခေါင်းတစ်ခုတူးခဲ့၏။ ထိုဥမင်လိုဏ်ခေါင်းအတွင်း၌ ၁...ဆူးလေနက်ကြီးထံမှ ရရှိသော ကကုဿန်မြတ်စွာဘုရားရှင်၏ တောင်ဝှေးတော် ၂..ရောဟဏီမည်သော ဗိုလ်တထောင်နတ်ကြီးထံမှ ရရှိသည့် ကောဂမန မြတ်စွာဘုရားရှှင်၏ ရေစစ်တော် ၃..ဒက္ခိဏ မည်သော သင်္ကန်းကျွန်း ကျိုက္ကဆံ နတ်ကြီးထံမှ ရရှိသည့် ကဿပမြတ်စွာဘုရားရှင်၏ ရေသနုပ်သင်္ကန်းတော်မြတ် ၄..တဖုဿနှင့် ဘလ္လိက ညီနောင်တို့ထံမှ ရရှိသော ဂေါတမမြတ်စွာဘုရားရှင်၏ ဆံတော်မြတ်(၈)ဆူအား မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပေါင်း လပြည့်နေ့၌ ကျောက်ဖျာအခင်းအကာများ ပြုလုပ်၍ ဌာပနာတိုက် ထည့်သွင်းတော်မူခဲ့သည်။ ထိုဆံတော်ဓာတ်တို့ကို 'အမြိဿရ' မည်သော မှော်ဘီနတ်ကြီးက စောင့်ရသည်ဟု မော်ဓော ရာဇာဝင်သမိုင်းနှင့် ရွှေတိဂုံသမိုင်း၊ အခြား ပညာရှိတို့ကဆိုကြသည်။ ထို့နောက် ကျောက်ဖျာတိုက်၏ အထက် ၌ ကျောက်ဖျာတင်၍ ဌာပနာတိုက်အား ပိတ်ခဲ့၏။
https://www.dhammaransi.com/index.php/new/376-2017-11-18-11-45-27.html
မွန်ဘုရင်မရှင်စောပု ဘဝအကြောင်း
သက္ကရာဇ် ၇၇၅ ခုနှစ်တွင် ခမည်းတော် ရာဇာဓိရာဇ် ရှိစဉ်ကပင် အသက် ၂၀ အရွယ် ရှိပြီဖြစ်သော ရှင်စောပု အား တူတော် သမိန်စည်သူနှင့် စုံဖက်စေ ခဲ့သည်။ ရှင်စော ပုတွင် သမီးနှစ်ယောက်နှင့် သား တယောက် ထွန်းကား ခဲ့လေသည်။ သမီးနှစ် ယောက်ကို မိပကောထော် (မိပ္ကထဝ်) နှင့် မိကာသင် (မိပ္ကသြန်)၊ သားကို ဗညားဗရူး (ဗညားဗရောဝ်) ဟူ၍ အမည်ပေးလေ၏။ သက္ကရာဇ် ၇၈၀ ပြည့်နှစ်တွင် ဗညားဗရူးကို ဖွားမြင်ပြီးနောက် မြောက်သားတော် သမိန်စည်သူ ကံကုန်လေ သည်။ ထို့နောက်တွင် ရှင်စောပုသည် မောင်တော် ဗညားကျန်းနှင့်အတူ ဒဂုန်တွင် စံနေရသည်။ သက္ကရာဇ် ၇၈၃ ခုနှစ်တွင် ခမည်းတော် ရာဇာဓိရာဇ် နတ်ရွာစံ၍ သားတော်ကြီး ဗညားဓမ္မရာဇာ(ဗညားကျန်း) နန်း တက်လေ သည်။ ထိုမင်း၏ လက်ထက်တွင် ရှင်စောပု အင်းဝသို့ ပါတော်မူ၍ သီဟသူမှအစ မိုးညှင်းမင်း တရားအထိ အင်းဝမင်းလေးဆက်တို့၏ မိဖုရားအဖြစ် အင်းဝတွင် ခုနစ်နှစ်ကြာမျှ စံနေခဲ့ရလေသည်။ အင်းဝသို့ ရှင်စောပု ပါတော်မူပုံကို မွန်ရာဇဝင် များတွင် တမျိုးဖြစ်ပြီးလျှင် မြန်မာ ရာဇဝင် များ၌ တဖုံဟူ၍ နှစ်မျိုးနှစ်ဖုံ ဖော်ပြထားလေသည်။ မြန်မာရာဇဝင်များဖြစ်သော ဦးကုလား၊ မှန်နန်းနှင့် သုသောဓိတမဟာရာဇဝင်များအရ သိရသည်မှာ ဟံသာ ဝတီတွင် ဗညားရံ (ဗညားရာံ/
https://www.dhammaransi.com/index.php/new/377-2017-11-18-11-44-30.html
မဟာမုနိဘုရားသမိုင်း အကျဉ်း
https://www.dhammaransi.com/index.php/new/378-2017-11-18-09-22-39.html
“ဘယ်လိုပြောပြော မေတ္တာမပျက်နှင့်”
လောကအလယ် အသက်ရှင်နေသူတွေအတွက်တော့ နေ့စဉ်နဲ့အမျှ တစ်ယောက်နဲ့ တစ်ယောက် ပြောကြ၊ဆိုကြရတာပါ။ တစ်ခါတရံ ပြောသူက ပြောပြီးရင် ပြီးရောဖြစ်သွားပေမယ့်၊ ခံရတဲ့သူဖက်က စိတ်မသက်မသာ ဖြစ်ကြရပါတယ်၊ တခါတရံ ကိုယ်ကဒီအတိုင်း အေးအေးဆေးဆေးနေပေမယ့်၊ မျက်စိစုံမှိတ် အထင်လွဲပြီး တုန့်ပြန်မှုမျိုးစုံကို ပေးတတ်ပြန်ပါတယ်။ “ကကစူပမသုတ်”မှာ ဘုရားရှင် ဟောပြတော်မူတာကတော့ 。。。。 ●လူတချို့က စကားပြောတဲ့အခါ ပြောသင့်တဲ့အချိန်မှန်းမသိ၊ မပြောသင့်တဲ့အချိန်မှန်းမသိ ပြောကြလိမ့်မယ်၊ ●လူတချို့က မှန်တာရော၊မမှန်တာရော ပြောကြလိမ့်မယ်(သူတို့ခံစားရတဲ့အတိုင်း သူတို့အထင်အမြင်အတိုင်းပေါ့။) ●လူတချို့က လူများနားဝင်မချိုအောင် ခပ်ကြမ်းကြမ်း၊ တချို့ကြတော့လဲ သိမ်သိမ်မွေ့မွေ့ ပြောကြဆိုကြလိမ့်မယ်။ (လိုရင်တမျိုး၊မလိုရင်တမျိုး) ●လူတချို့က အကျိုးသင့်အကြောင်းသင့် ပြောကြသလို၊ တချို့က ကျိုးကြောင်းမဲ့ ပြောကြလိမ့်မယ်။ ●လူတချို့က မေတ္တာစိတ်နဲ့ပြောပေမယ့် ၊ တချို့ကတော့ မလိုမုန်းတီးတဲ့စိတ်တွေ ၊ အောင်မြင်နေတာကို မုဒိတာ မပွားနိုင်တဲ့စိတ်တွေနဲ့ ပြောကြလိမ့်မယ်..တဲ့။ ပတ်ဝန်းကျင် မိတ်ဆွေ အပေါင်းအသင်းတွေဟာ ဒီ ငါးမျိုး ထဲက တစ်ခုခုနဲ့ စကားပြောလာတဲ့အခါ ☆ကိုယ့်ဖက်က သူတို့ကောင်းတာပြောလို့ ချိုချိုသာသာပြောလို့လဲ စိတ်ကတမျိုးမဖြစ်ပါနဲ့။ ☆ကိုယ့်ကို မလိုတမာ မုန်းတီးပြောဆို(အတင်းတုတ်) နေလို့လည်း စိတ်ကို ဘာမှမဖြစ်စေပါနဲ့။ ☆သူတို့ဘာပြောပြော ၊ကိုယ့်ဖက်က အဆင့်အတန်းမရှိတဲ့ စကားကိုလည်း မပြောမိစေနဲ့။ (သူတို့အမှားကို ကိုယ့်အမှားမဖြစ်စေနဲ့) ☆ပြောချင်သလိုသာ ပြောကြပါတော့။ ကိုယ်ကတော့ မေတ္တာမပျက်နေနိုင်ရမယ်။ အဲဒီပြောတဲ့သူတွေကို မေတ္တာပို့ပေးပါ။ ရန်လိုမှု ၊မုန်းတီးမှု ၊မကျေနပ်မှု ၊မနာလိုမှုကင်းတဲ့ မေတ္တာစိတ်တွေကို သတ္တဝါအားလုံးပေါ်မှာ ဖြစ်နေစေရမယ်တဲ့။ ဒါကတော့ ဘုရားရှင်လမ်းညွှန်ပြတဲ့ တရားတော်ပါ၊ လူဆိုတာ ခံစားချက်ရယ် ၊ တကိုယ်တော်အတွေးရယ်ပေါ်မှာ မူတည်ပြီး မှားတာ၊မှန်တာ မခွဲခြားနိုင်ဘဲ ၊ လိုရင် လိုသလို ၊မလိုရင် မလိုသလို ပြောတတ် ၊ ဆိုတတ်ကြပါတယ်။ ဒါကိုသိတော်မူတဲ့ ဘုရားရှင်က သူတို့ဘာတွေပြောပြော ဘယ်လိုတွေအထင်လွဲလွဲ ၊သင့်ဖက်က စပြီး မကျေမနပ်မဖြစ်လိုက်ပါနဲ့ လို့ ဟောတော်မူတာပါ။ ►အပေါ်ယံဟန်ရေးပြ ၊ပြောတာ နဲ့ လုပ်တာ တခြားစီဖြစ်တတ်တဲ့လောက (တချို့က အုံ့ပုန်း၊တချို့က ပွင့်ပွင့်လင်းလင်း အတွင်းညစ်ပတ် အပြင်ညစ်ပတ် ဖြစ်နေတဲ့လောကမှာ သင်တို့ဖက်က စပြီး ဒေါသ အာဃာတမဖြစ်ပါစေနဲ့ လို့လည်း မိန့်တော်မူ လိုတာဖြစ်ပါတယ်။ ►ကိုယ့်ပေါ်ကို မကျေနပ်သူ ၊အထင်အမြင်လွဲသူ ၊ သဘောထားကွဲလွဲသူတွေကို ဗဟိုပြုပြီး မေတ္တာစိတ်တွေများများ ပို့လွှတ်ပေးနိုင်ရင် ကိုယ်ဟာ လောကမှာနေပျော်သူဖြစ်နေမှာပါ။ ►ကောင်းကင်ပေါ်ကို မော့ပြီး တံတွေးထွေးသူဟာ သူ့အပေါ်ကို ပြန်ပြီး တံတွေးတွေ ပြန်ယူရသလိုပါ၊ မကျေမနပ်ဖြစ်ချိန်မှာရော၊ မကျေနပ်တဲ့အတွက်ကြောင့် စောင်းကာ မြောင်းကာ ပြုမူပြောဆိုချိန်မှာရော၊ အကုသိုလ်တွေ တပုံတပင်ဖြစ်ရသလို သူကိုယ်တိုင်လဲ စိတ်ဆင်းရဲ ၊ ကိုယ်ဆင်းရဲဖြစ်ရမှာ သေချာလှပါတယ်။ သူတို့ပေးတဲ့ ဒေါသ မကျေနပ်ချက်တွေကို ကိုယ်က မခံယူရင် ဘာမှမဖြစ်ပါဘူး။ ခံယူမိလို့သာ ကိုယ့်စိတ်က မကျေမနပ်ပြန်ဖြစ်မိတာပါ၊ ဘုရားရှင်ကိုတောင်မှ တိတ္ထိတွေက “ဘုရားရှင်က တရားဟောတဲ့အခါ မျက်နှာလိုက်ပြီးဟောတယ်၊ သူ့တပည့်တွေကိုတော့ အများကြီးဟောပြီး သူတို့ကိုတော့ နည်းနည်းပဲ ဟောတယ်”လို့ ပြောဆိုစွပ်စွဲခံရဖူးပါတယ်။ အလှမာန်ရစ်နေတဲ့ မာဂဏ္ဍိဆိုတဲ့ အမျိုးသမီးကို.. “နင်လို မစင်တွေနဲ့ပြည့်နေတဲ့ အပုပ်ကောင်ကို ခြေဖျားနဲ့တောင် မထိချင်ဘူး” လို့ပြောခံလိုက်ရတော့ ဘုရားရှင်အပေါ်မှာငြိုးမာန်ဖွဲ့ရက်စက် တုန့်ပြန်ခဲ့ဖူးတယ်။ တကယ်တော့ … စိတ်အရည်အသွေးပြည့်ဝသူ၊ စိတ်သဘောထားကြီးမြတ်သူ ဆိုတာ ကောင်းတာဖြစ်စေ၊ဆိုးတာဖြစ်စေ မတုန်မလှုပ်ရှိနိုင်ရမှာပါ။ ဘယ်လိုပဲကြုံကြုံ၊ဘာတွေပဲပြောပြော၊ ပြောသူအပေါ်မှာ မေတ္တာမပျက်အောင် နေနိုင်ပြီဆိုရင် ဘဝဟာနေပျော်စရာ ကျေနပ်စရာတွေဖြစ်နေပါလိမ့်မယ်။ တဆင့်တက်ပြီး သာသနာနဲ့ကြုံတုန်း အကောင်းဆုံးတွေများများယူပြီး၊ လက်ကျန်အချိန်တွေမှာ သမိုင်းကောင်းလေးတွေ ချန်ထားရစ်နိုင်အောင် ကြိုးစားနေရအုံးမှာပါ။ -【အရှင်တိက္ခဉာဏာလင်္ကာရ - ယောနွယ်】
https://www.dhammaransi.com/index.php/new/379-2017-11-16-13-15-13.html
ရန်ကုန်မြို့ရဲ့သက်တော်ရှည်နတ်မင်းကြီး(၄)ပါး
မှော်ဘီဘိုးဘိုးကြီး၊ ဆူးလေဘိုးဘိုးကြီး၊ ဗိုလ်တစ်ထောင်ဘိုးဘိုးကြီး၊ သင်္ကန်းကျွန်းဘိုးဘိုးကြီး… ထိုဘိုးဘိုးကြီးလေးပါးမှာ မြတ်စွာဘုရားပွင့်တော်မူချိန်မှ ယခု့တိုင် သာသနာစောင့်သက်တော်ရှည် နတ်မင်းကြီးများဖြစ်ကြောင်း ဘုရားသမိုင်းတချို့တွင် ဖတ်ရှု့မှတ်သားရပါသည်။ ဥက္ကလာပမင်းကြီးနှင့် ကုန်သည်ညီနောင်တို့ ဘုရားဗျာဒိတ်တော်အရ ရွှေတိဂုံစေတီတည်ထားရန်နေရာဖြစ်သော သိဂုင်္တ္တရကုန်းတော်ကို စူးစမ်းရှာဖွေကြရာ မတွေ့မရရှိဖြစ်နေ၍ တိုင်းသူပြည်သားများ အကူအညီဖြင့် ရှာဖွေကြပြန်ပါသည်။ ထိုအခါတွင်လည်း မည်သူမျှ ရှာမတွေ့ကြပေ။ လူ့လောကတွင် ထိုကုန်းတော်ကိုသိသူမရှိသဖြင့် ဥက္ကလာပမင်းကြီးသည် ခမည်းတော်သိကြားမင်းအား အကူညီတောင်းရလေသည်။ သိကြားမင်းသည်လည်း အသက်ငယ်သောကြောင့် ယခင်ရှေးဘုရားသုံးဆူတို့၏ တောင်ဝှေးတော်၊ ရေစစ်တော်၊ ရေသနုပ်တော်တို့ ကိန်းဝပ်ရာ သိဂုင်္တ္တရကုန်းတော်ကို မသိဖြစ်လေသည်။ ထို့နောက်အသက်ရှည်သော ကမ္ဘာနတ်ကြီး ၅ ပါး တို့ကို ပင့်ဖိတ်၍ မေးမြန်းရလေသည်။ ၎င်းကမ္ဘာဦးနတ်ကြီး(၅)ပါးတို့သည် သာမန်နတ်မျိုး နတ်နွယ်မဟုတ်၊ ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသည့် ဘုရားရှင်များအား မှီလိုက်သော နတ်များ သက်တော်ရှည်နတ်များ ဖြစ်ကြသည်။ ကမ္ဘာသက်တော်ရှည်နတ်မင်းကြီးငါးပါးတို့တွင် ဝေဠုသုမနအမည်ရှိဆူးလေနတ်၊ ရောဟဏီအမည်ရှိ ဗိုလ်တထောင်နတ် ဒက္ခိဏ အမည်ရှိ သင်္ကန်းကျွန်းနတ် အမြိဿနတ်အမည်ရှိ မှော်ဘီနတ်ကြီး စုစုပေါင်းလေးပါးတို့ရောက်ရှိလာသည်ဟု ဘုရားသမိုင်းတချို့တွင်ဖတ်မှတ်ခဲ့ရပါသည် ။ ဝေဠုသုမနနတ်မင်းကြီး(ဆူးလေဘိုဘိုးကြီး) ထိုနတ်ကြီးများ ရောက်လာ၍ သိကြားမင်းသည် သိဂုင်္တ္တရကုန်းတော်ကို သိမြင်ကြဘူးလား ဟုနတ်မင်းကြီးများကို မေးတော်မူရာ ဝေဠုသုမနရုက္ခစိုးနတ်ကြီး ပြောဆိုသည်မှာ… “ကျွန်ုပ် ရှေးအထက်က ဘီလူး ဖြစ်သည်။ ကကုသန်မြတ်စွာဘုရား ကြွလာသည်ကို မြင်၍ ဖမ်းစားမည်ဟုလိုက်လျှင် ဘုရားသခင်ကလည်း ကျွနုပ်ကိုတရားဟော၍ သရဏဂုံ ပဉ္စသီလ တို့ကို ချီးမြောက်ပြီးလျှင် လက်တော်၌ပါသော တောင်ဝှေးတော်ကို ချီးမြှင့်ပေးသွားတော်မူခဲ့သည်။ ထိုတောင်ဝှေးတော်ကို သိဂုင်္တ္တရကုန်းတော်ရှိ ကညင်ပင်ကြီးအောက်တွင် မြုပ်ထားပါသည်”ဟု ဆိုလေသည်။ ပွင့်တော်မူပြီးသော ဘုရားလေးဆူ (သံ ဂုံ ပ မ)ဟု ပူဇော်ထားကြသောကြောင့် ကကုသန် မြတ်စွာဘုရားကို တွေ့မြင်ဖူးမြှော်ခဲ့ဖူးသော ဝေဠုသုမနနတ်မင်းကြီး(ယခုအခေါ် ဆူးလေဘိုးဘိုးကြီး) သည် သက်တော်အရှည်ဆုံး ဖြစ်ပါသည်ဟုဆိုကြပါသည်။ (တချို့သောသမိုင်းစာအုပ်တို့တွင် ကကုသန်မြတ်စွာဘုရားကို ဖူးမျှော်တွေ့ရပြီး မြတ်စွဘုရား၏တောင်ဝှေးတော်ပေးသောနတ်မှာ မှော်ဘီနတ်ကြီးဟု ဖော်ပြထားသည်။) ရောဟဏီနတ်မင်းကြီ(ဗိုလ်တစ်ထောင်ဘိုးဘိုးကြီး) ဘိုးဘိုးကြီး၏ အတိတ်သမိုင်းမှာ ဘီလူးဘဝ ဖြစ်ခဲ့ပါသည်။ ဘီလူးဘဝတွင် ပွင့်တော်မူသော မြတ်စွာဘုရားနှင့်တွေ့ပြီး အကျွတ်တရားရမှ ရုက္ခဒေဝနတ်မင်းဖြစ်လာပါသည်။ ထိုမှတဖန် သက်တော်ရှည် ကမ္ဘာစောင့်နတ်မင်းကြီး “ရောဟဏီ”ဟု အသိအမှတ်ပြု့ထားပြီး ရောဟဏီနတ်မင်းကြီး(ယခုအခါဗိုလ်တထောင်ဘိုးဘိုးကြီး)ဟု့ ခေါ်တွင်ခဲ့ပါသည်။ ကောဏဂုံံ ဘုရားသခင်ကြွလာတော်မူသည်ကို ဖမ်းစားမည်ဆိုပြီး လိုက်သွားရာ ရှင်တော်ဘုရား တရားဟော၍ သရဏဂုံ ပဉ္စသီလတို့ကို ချီးမြှောက်ခဲ့ပြီး ဓမ္မကရိုက်ရေစစ်တော် ပေးသွားတော်မူခဲ့သည်။ ထိုဓမ္မကရိုက်ရေစစ်တော်ကို သိဂုင်္တ္တရကုန်းတော်ရှိ ကညင်ပင်အောက်တွင် မြုပ်ထားသည်ဟု့ဆို၏။ ဒက္ခိိဏနတ်ကြီး (သင်္ကန်းကျွန်းဘိုးဘိုးကြီး) ဥဒုမ္ဗရ (ခေါ် ) ဒက္ခိဏနတ်ကြီးမှာ ယခုအခါ သင်္ကန်းကျွန်းဘိုးဘိုးကြီး ဖြစ်ပါသည်။ ရွှေတိဂုံစေတီသမိုင်းတွင် ကဿပဘုရားရှင်ပေးသနားတော်မူသည့် ရေသနုပ်သင်္ကန်းတော် တို့၏ တည်ရှိရာနေရာမြတ်ကို ညွှန်ပြသည်ဟု ဖော်ပြထားပါသည်။ ထိုနတ်ကြီးမှာ ရှေးဘဝက ဘီလူးဖြစ်ခဲ့၍ ကဿပမြတ်စွာဘုရား ကြွလာသည်ကို မြင်လျှင် ဖမ်းစားမည်ဟူ၍ လိုက်လေရာ ရှင်တော်ဘုရားတရားဟောကြား၍ သရဏဂုံ ပဉ္စသီလတို့ကို ချီးမြှောက်ပြီး ရေသနုပ်တော်ကို ပေးသနားတော်မူသည်ဟု သိရပါသည်။ အမြိဿနတ်ကြီး(မှော်ဘီဘိုးဘိုးကြီး) မှော်ဘီဘိုးဘိုးကြီးသည် ယခင်ပွင့်တော်မူပြီးသောဘုရား ၃ ဆူ ၏ ပရိဘောဂဓာတ်တော်များနှင့် ယခုပွင့်တော်မူသော ဂေါတမမြတ်စွာဘုရား၏ဆံတော်ကို စောင့်ရှောက်ရသည်ဟုဆိုပါသည်။ တောင်ဝှေးတော်သည် ဆူးလေနတ်၏ဦးခေါင်းထက်၊ ဓမ္မကရိုက်ရေစစ်တော်သည် ရောဟဏီဘိုးဘိုးကြီး၏ ဦးခေါင်းထက်၊ ရေသနုပ်တော်သည် ဥဒုမ္ဗရရုက္ခစိုး (ခေါ် ) ဒက္ခိဏနတ်ကြီးပေါ်ကျ၏။ မှော်ဘီနတ်ကြီးသည် ဆံတော်ဓာတ်တော်ကို စောင့်ရှောက်ပေးသည်ဟုဆိုကြပါသည်။ ၁။ ဆူးလေနတ်မင်းကြီးထံမှ ရရှိသော ကကုဿန်မြတ်စွာဘုရားရှင်၏ တောင်ဝှေးတော် ၂။ ရောဟဏီမည်သော ဗိုလ်တထောင်နတ်မင်းကြီးထံမှ ရရှိသည့် ကောဏဂုံမြတ်စွာဘုရားရှင်၏ ရေစစ်တော် ၃။ ဒက္ခိဏ မည်သော သင်္ကန်းကျွန်း ကျိုက္ကဆံ နတ်မင်းကြီးထံမှ ရရှိသည့် ကဿပမြတ်စွာဘုရားရှင်၏ ရေသနုပ်သင်္ကန်းတော်မြတ် ၄။ တဖုဿနှင့် ဘလ္လိက ညီနောင်တို့ထံမှ ရရှိသော ဂေါတမမြတ်စွာဘုရားရှင်၏ ဆံတော်မြတ်(၈)ဆူအား မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပေါင်း လပြည့်နေ့၌ရွှေတိဂုံစေတီတော်ဌာပနာတိုက် အတွင်းထည့်သွင်းတော်မူခဲ့ပါတယ်။ ထိုဆံတော်ဓာတ်တို့ကို ‘အမြိဿရ’ မည်သော မှော်ဘီနတ်မင်းကြီးက စောင့်ရှောက်ရသည်ဟု အချို့သောဘုရားသမိုင်းနှင့် ရွှေတိဂုံသမိုင်းတို့က ရေးသားဖေါ်ပြကြပါတယ်။ ယခုထက်တိုင် ၎င်းနတ်မင်းကြီးလေးပါးတို့သည် ရန်ကုန်မြို့နှင့်တကွ၊ မကောင်းသူပယ်၍ ကောင်းသူတို့၏အကျိုးစီးပွားတို့ကို စောင့်ရှောက်ပေးလျက်ရှိကြောင်း၊ အချို့သောယုံကြည်သူတို့မှ ကိုးကွယ်အားထားလျှက် ပူဇော်ပသလေ့ရှိကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ (ဖတ်မိသောဘုရားသမိုင်းတချို့မှကောက်နှုတ်တင်ပြခြင်းဖြစ်ပါသည်။)
https://www.dhammaransi.com/index.php/new/380-2017-11-16-02-23-08.html
အချစ်စစ် နဲ့ ချစ်နိုင်အောင် ကြိုးစားကြပါစို့
မိဘ သားသမီး ၊ ညီ အစ်ကို ၊ မောင် နှမ စသည်တို့ တစ်ဦးနှင့်တစ်ဦး ချစ်ခင်မှုကို " ၅၂၈ အချစ် " ဟု လူသိများသည် ။ ယင်းအချစ်ကို " သံယောဇဉ် အချစ် " ဟူ၍ ခေါ်ဆိုနိုင်သည် ။ သံယောဇဉ် ဧ။် အနက်မှာ ဖွဲ့ချည်တတ်သော ၊ အနှောင် အဖွဲ့ ဟု အဓိပ္ပာယ်ရသည် ။ သို့အတွက် ထိုအချစ်သည် မလွတ်လပ် ၊ စိုးရိမ်ကြောင့်ကြမှု , တွေးတောပူပန်ရမှု တို့ဖြင့် ချစ်ရသောကြောင့် မွန်မြတ်ပြည့်စုံသော အချစ်စစ်ဟု မဆိုနိုင်ပေ ။ ယေက်ျား မိန်းမတို့ တစ်ဦးနဲ့တစ်ဦး ချစ်ခင်မှုကို " ၁၅၀၀ အချစ် " ဟု လူသိများသည် ။ ယင်းအချစ်ကို " ကာမ ရာဂ အချစ် " ဟူ၍ ခေါ်ဆိုနိုင်သည် ။ ကာမရာဂမှာ တပ်မက်ခြင်း , စွဲလန်းခြင်း ဖြစ်သည့်အတွက် မရရင် မနေနိုင်၊ မရှိရင်မဖြစ်၊ မတွေ့ရရင် စိတ်ဆင်းရဲခြင်း ဟူသည့် ပြင်းပြစွာသော ပူလောင်မှုကို ခံစားစေသောကြောင့် မွန်မြတ်ပြည့်စုံသော အချစ်စစ်ဟု မဆိုနိုင်ပေ ။ ခန္ဓာ ကို, မိမိဧ။်ကိုယ်အဖြစ် စွဲသောအယူ (အတ္တ ဒိဋ္ဌိ) ကြောင့် မိမိကိုယ် ကို မိမိ ချစ်ခင်နှစ်သက်ခြင်း (အတ္တသိနေဟ) ဟူသော အချစ်ကိုတော့ သာမန်လူအများ ပြောဆိုခြင်း , သတိထားမိခြင်း မဖြစ်ကြပေ ။ ဤအချစ်သည် အရေအတွက်ဖြင့်ဖေါ်ပြရပါက အခြားသော အချစ်များထက် အဆပေါင်း သိန်းသန်း မက ရှိသည်။ ၅၂၈ နှင့် ၁၅၀၀ အချစ်တို့သည် ယင်း မိမိကိုယ် ကို မိမိ ချစ်ခင်နှစ်သက်ခြင်းမှ ပေါက်ဖွားလာရခြင်းဖြစ်သည် ။ ၅၂၈ အချစ်၌ မိမိနှင့် သက်ဆိုင်သူများ အတွက်သာ စိုးရိမ် ပူပန် ကြောင့်ကြ ခြင်းဖြင့် ချစ်ကြသည် ။ ၁၅၀၀ အချစ်၌ မိမိဧ။် အလို (ကာမရာဂ) ကို ဖြည့်ဆည်းပေးနိုင်သူကိုသာ စွဲလန်းနှစ်သက်ခြင်းဖြင့် ချစ်ကြသည် ။ ဤသို့လျှင် စိုးရိမ်ပူပန်ရသော(၅၂၈)အချစ် ၊ စွဲလန်းတပ်မက်ရသော (၁၅၀၀) အချစ် တို့သည် မိမိကိုယ် ကို မိမိ ချစ်ခင်နှစ်သက်ခြင်းကြောင့်သာ ဖြစ်ပေါ်လာရဧ။် ။ ထို့ကြောင့် မိမိကိုယ် ကို မိမိ ချစ်ခင်နှစ်သက်ခြင်းသည် အပြစ်အကြီးဆုံးသော အချစ် ဟူ၍ မြတ်ဘုရား မိန့်ကြားခဲ့ခြင်း ဖြစ်သည် ။ { မိမိကိုယ် ကို မိမိ ချစ်သောအချစ်ကို ပယ်ခွာပပျောက်နိုင်ရန် ဗုဒ္ဓလမ်းစဉ်မှတစ်ပါး အခြားနည်းလမ်းမရှိပေ(စကားချပ်)} ။ မေတ္တာအချစ်ကို အေးမြသော အချစ်ဟု လူသိများသည် ။ သို့ရာတွင် မေတ္တာအယောင်ဖြင့် တဏှာအချစ်ကို လွဲမှားမြင်တတ်သဖြင့် ပြီးပြည့်စုံမှု မဖြစ်သေးဟု ဆိုရသည် ။ ဗြဟ္မစိုရ်တရား နှင့် အညီ ချစ်နိုင်မှသာ မွန်မြတ်ပြည့်စုံသော အချစ်စစ် ဟူ၍ ခေါ်ဆိုရပေမည် ။ ဗြဟ္မစိုရ် တရားတွင် လေးပါးရှိသည် ။ ယင်းတို့မှာ :-- မေ တ္တာ ၊ က ရု ဏာ ၊ မု ဒိ တာ ၊ ဥ ပေ က္ခာ ၊ တို့ဖြစ်ကြသည် ။ မေတ္တာ အချစ်သည် သူ့အကျိုးကို လိုလားသော အချစ် ။ ကရုဏာ အချစ်သည် သူ့အကျိုး ပျက်စီးခြင်းကို စာနာ ထောက်ထားသော အချစ် ။ မုဒိတာ အချစ်သည် သူ့အကျိုး ဖြစ်ထွန်းခြင်းကို ချီးမြှောက်ထောက်ပံ့သော အချစ် ။ ဥပေက္ခာ အချစ်သည် - - - မေတ္တာအချစ်နည်းတူ သူ့အကျိုးကိုလိုလားသည် ၊ သည့်အပြင် မိမိ အကျိုးကိုလည်း အနစ်နာ ခံနိုင်သည် ။ ကရုဏာအချစ်နည်းတူ သူ့အကျိုးပျက်စီးခြင်းကို စာနာထောက်ထားသည် ၊ သို့သော် ဝမ်းနည်းကြေကွဲ စိတ်ဆင်းရဲခြင်း မဖြစ် ။ မုဒိတာအချစ်နည်းတူ သူ့အကျိုးဖြစ်ထွန်းခြင်းကို ချီးမြှောက်ထောက်ပံ့သည် ၊ သို့သော် ဝမ်းမြောက်ပျော်ရွှင် အားရနှစ်သိမ့်ခြင်း မဖြစ် ။ ဥပေက္ခာအချစ်သည် သနားကြင်နာ , ဝမ်းနည်းကြေကွဲ , ပျော်ရွှင်တက်ကြွ , စွဲလန်းတပ်မက်မှုမရှိဘဲ ဖြစ်သင့် ဖြစ်ထိုက်သည်ကို နားလည် လက်ခံပြီး ခံစားမှု အလျင်းကင်းကာ သူ့အကျိုးအတွက် အစစ ရည်ရွယ်သော ချစ်ခြင်းဖြင့် ချစ်ခင်ခြင်းကို ခေါ်ရသည် ။ ဥပေက္ခာ အချစ်ဖြင့် ချစ်တတ်သောသူအတွက် မည်သည့်ပုဂ္ဂိုလ် ၊ မည်သည့်အကြောင်းအရာ ၊ မည်သည့်ကိစ္စ ဟူသမျှတို့ ဖြစ်ပေါ်ခဲ့သော်လည်း တုန်လှုပ်ခြောက်ခြားမှုမဖြစ် ၊ တည်ငြိမ်အေးချမ်းစွာဖြင့် သတ္တဝါတိုင်းကို ညီတူညီမျှ ချစ်ခင်မြတ်နိုးနိုင်ပေသည် ။ ထို့ကြောင့် ဗြဟ္မစိုရ် တရားလေးပါးနှင့် အညီ ချစ်တတ်မှသာ မွန်မြတ်ပြည့်စုံသော အချစ်စစ် ဖြင့် ချစ်သည်ဟု ဆိုနိုင်မည်ဖြစ်သည် ။
https://www.dhammaransi.com/index.php/new/381-2017-11-16-02-18-28.html
ဒေါသဆိုတဲ့ ဖား
တစ်ခါက သုဓမ္မဝတီ ပုံနှိပ်တိုက်က တိုက်အုပ်ဦးပန်းမောင်ဆိုတဲ့ ဒကာကြီးက မှတ်ဖွယ်ဝတ္ထုကလေးတစ်ခုကို ပြောပါတယ်။ ဦးပန်းမောင်ဆိုတာ ဒကာလူ ကြားကောင်းကြားဖူးပါလိမ့်မယ်။ အဲသည် ဦးပန်းမောင်က ရေဒီယိုထဲက နေပြီးတော့ “မဖြစ်စလောက် တရားတော်” ဟောမယ်ဆိုတော့ ‘ဘာများ ဟောပါလိမ့်မတုန်း’လို့ ဘုန်းကြီးက နားထောင်နေတယ်။ သူပြောပုံက မဖြစ်စလောက်ကလေးနဲ့လည်း ဒုက္ခဖြစ်တတ်တယ်။ မဖြစ်စလောက်ကလေးပဲ ဆိုပြီးတော့ မရိုမသေ မလုပ်လိုက်ပါနဲ့တဲ့။ ဒကာလူကော အဲဒီတုန်းက မကြားလိုက်ဘူးလား။ မကြားဖူးတဲ့သူတွေကပဲ များပါလိမ့်မယ်။ “မဖြစ်စလောက် တရားတော်”တဲ့..။ သူ့ဥစ္စာ ကောင်းတယ်။ အမည်ပေးပုံကလေးကိုက သိပ်ကောင်းနေတယ်။ ဖြစ်ပုံကလည်း ဆန်းတယ်။ ဘယ်လိုလဲဆိုတော့ တစ်ခါက အင်မတန် ရင်းရင်းနှီးနှီး အတူနေကြတဲ့ ဦးပဥ္ဇင်းနှစ်ပါး ရှိပါသတဲ့။ တစ်ပါးက ရေချိုးနေတယ်။ အဲဒီလို ရေချိုးနေတုန်း သူ့ဖိနပ်ကို တစ်ပါးက ကျီစယ်လိုတဲ့အနေနဲ့ ဝှက်ထားတယ်။ ဟိုရေချိုးနေတဲ့ ဦးပဥ္ဇင်းက ရေချိုးပြီးတဲ့အခါ ဖိနပ်စီးမယ်လို့ ကြည့်လိုက်တော့ သူ့ဖိနပ်ကို မတွေ့ရဘူး။ မတွေ့ရတော့ အဲဒီ ဦးပဥ္ဇင်းကလည်း သူ့ဖိနပ်ဝှက်ထားမှန်းသိလို့ ရယ်စရာအနေနဲ့ သူူကပြောလိုက်တယ်။ ပေါ့ပေါ့ဆဆ ပြောလိုက်တာပါပဲ။ “ဟေ့ ငါ့ဖိနပ် ဘယ်ခွေးချီသွားမှန်း မသိဘူး..”လို့ ပြောသတဲ့။ ဒီတော့ ဖိနပ်ဝှက်ထားတဲ့ ဦးပဥ္ဇင်းက စိတ်နာလိုက်တာ မပြောပါနဲ့တော့။ ‘ငါ့ကို ခွေးဖြစ်အောင် ဆိုတယ်’လို့ အတွေးခေါင်ပြီးတော့ စိတ်နာလိုက်တာတဲ့။ ဟိုဖိနပ်ရှင် ဦးပဥ္ဇင်းကတော့ စေတနာ မပါပါဘူး။ ခပ်ပေါ့ပေါ့ ပြောလိုက်တာပါပဲ။ စိတ်နာလောက်အောင် ပြောလိုက်တာ မဟုတ်ပါဘူး။ ဖိနပ်ခွေးချီတယ်လို့ ပြောတာဟာ ပြောရိုးပြောစဉ်ပဲ။ အပြောခံရတဲ့ ဦးပဥ္ဇင်းကတော့ ‘ငါ့ ခွေးဖြစ်အောင် ပြောရမလား’ဆိုပြီး စိတ်ဆိုးတာနဲ့၊ အုတ်ခဲကြီးနဲ့ ဖိနပ်ရှင် ဦးပဥ္ဇင်းရဲ့ ခေါင်းကို ထုလိုက်တာ ပျံလွန်တော်မူရှာသတဲ့။ အောင်မယ် ပြောတာကတော့ သူ့ဥစ္စာ မဖြစ်စလောက်ပဲ။ ဒါပေမယ့် ပြောတဲ့ဦပဥ္ဇင်းမှာ ပျံလွန်တော်မူရတယ်။ အုတ်ခဲနဲ့ထုတဲ့ ပုဂ္ဂိုလ်လည်း ရာဇဝတ်ပြစ်မှုကြီး ဖြစ်ရတယ်။ အဲဒီတော့ မဖြစ်စလောက် အပြောအဆိုကလေးကလည်း အကြီးအကျယ် ဒုက္ခပေးတတ်တယ်။ ဒါကြောင့် အပြောအဆိုကလေးများ ဆင်ခြင်ကြဖို့ဆိုပြီး ဦးပန်းမောင်က ပြောသွားတယ်။ သူပြောတာ မှတ်သားလောက်စရာပဲ။ အဲဒါဟာ ဘာထင်လဲ၊ ဥဒ္ဓုမာယိကဖား ထလာတာပေါ့..။ ငါ့ဖိနပ် ဘယ်ခွေးချီပါလိမ့်ဆိုတာဟာ နားထဲ မထိခိုက်ပါဘူး။ ပွန်းပဲ့မသွားပါဘူး။ ဘာမှ အနာတရ မဖြစ်ပါဘူး။ ခြင်ကိုက်သလောက်တောင် မနာပါဘူး။ သဲလုံးကလေး တစ်လုံးမှန်တာ လောက်တောင် မနာပါဘူး။ ဒါပေမယ့်လို့.. အတွေးခေါင်တဲ့သူရဲ့ စိတ်ထဲမှာတော့ အတော်နာကြည်းသွားပါတယ်။ ဒါကြောင့် သူ့ဥဒ္ဓုမာယိကဖားကြီးက တဟုန်တည်း ကုန်းပြီးထလိုက်တာကိုး ဒကာလူရ။ ဥဒ္ဓုမာယိကဖားဆိုတာ တို့တိုင်းကြီးတယ်ဆိုပေမယ့် သူ့ဖားကတော့ ထပ်ကာထပ်ကာ မတို့ရတော့ဘူး။ တစ်ခါတည်း တို့လိုက်တာနဲ့ ကြီးလာတာကိုးနော်..။ တယ်ကြီးလွယ်တဲ့ ဖားပဲ။ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က သတင်းစာထဲမှာ တွေ့ရတယ် ဒကာလူရ။ မော်လမြိုင်ဘက် သံဖြူဇရပ်ကလို့ပဲ ထင်ပါတယ်။ အိမ်တစ်အိမ်က ဘာသာရေးကိစ္စတစ်ခုမှာ လူကြီး လေးငါးယောက် လက်ဖက်ရည်သောက်ရင်း တရားစကားပြောကြသတဲ့။ အရပ်ထဲမှာ သုမင်္ဂလ၊ ဒုမင်္ဂလကိစ္စရှိပြီဆိုမှဖြင့် ဒကာလူတို့ ယောက်ျားတွေက ဗဟုသုတရှိတဲ့ ပညာရှိတွေဆိုတော့ အဲဒီမှာသွားပြီးတော့ တရားစကား ဆွေးနွေးပြောဆိုကြရတာကိုး။ ဒီလို တရားစကားတွေ ပြောဆိုမှလည်း အဲဒီက ကျွေးမွေးဧည့်ခံတဲ့ လက်ဖက်တို့ လက်ဖက်ရည်တို့ စားသောက်လို့ ကောင်းတယ်ဆိုကိုး..။ အဲဒီ လူကြီးလေးငါးယောက်က တရားစကားဆွေးနွေးရင်းနဲ့ တစ်ယောက်နဲ့ တစ်ယောက် ငြင်းကြသတဲ့။ ငြင်းကြတော့ တစ်ယောက်နဲ့ တစ်ယောက် မခံချင်စရာ စကားတွေကို ပြောကြတာနဲ့ စိတ်ဆိုးကုန်ပါရောတဲ့။ စိတ်ဆိုးကုန်တော့ တစ်ယောက်နဲ့ တစ်ယောက် ထိုးကြ ပုတ်ကြ ရိုက်ကြနဲ့၊ သွေးထွက်သံယို အနာတရဖြစ်ပြီးတော့.. နောက်ဆုံးကျတော့ ရဲဌာနရောက်ကုန်သတဲ့..ဒကာလူရ။ အဲဒီမှာ သတင်းစာဆရာက နိဂုံးချုပ်ပြီး ကောက်ချက်ချလိုက်တယ်..။ “သူတို့ ဆွေးနွေးတာက ခန္တီစ - သည်းခံခြင်းအကြောင်း ဆွေးနွေးတာမို့ တော်ပါသေးရဲ့”တဲ့။ သတင်းစာဆရာကလည်း တယ်အချက်ပိုင်တာပဲ။ ခန္တီစ - သည်းခံရမယ်ဆိုတဲ့ ဘုရားအလိုတော်နဲ့ အဲဒီအကြောင်းကို ဆွေးနွေးရာမှာ သည်းမခံနိုင်လို့ ရန်ဖြစ်ကြတာဟာ အတော်ကို အဆင်မပြေတာပဲ ဒကာလူရ။ ဒါလည်း ဥဒ္ဓုမာယိကဖားပဲ ဒကာလူရ။ သည်ဖားက သိပ်ဒုက္ခပေးတာ။ သည်ဖားကို ပယ်ဖို့ရာ သိပ်အရေးကြီးပါတယ်။ "တစ်ဦးနဲ့တစ်ဦး အမျက်ထွက်ကြတယ်၊ စိတ်ဆိုးကြတယ်ဆိုတာဟာ တခြားကလူတွေနဲ့ မဟုတ်ဘူး။ အနီးစပ်ဆုံးလူတွေနဲ့ စိတ်ဆိုးကြတာ။" အဝေးကြီးက မဆိုင်တဲ့သူတွေနဲ့ စိတ်ဆိုးရတာကတော့ တယ်မရှိလှပါဘူး။ အနီးဆုံး လူတွေနဲ့ စိတ်ဆိုးရတာပဲ များပါတယ်။ တစ်ဦးနဲ့တစ်ဦး သည်းမခံလို့ရှိရင်လေ.. ဒုက္ခတွေအများကြီး ရောက်တတ်တယ်။ ဒါကြောင့် သည်ဖားကို ပယ်ဖို့ အရေးကြီးပါတယ်။ ဆရာနဲ့ တပည့်၊ အတူနေသီတင်းသုံးဖော်အချင်းချင်း၊ မိတ်ဆွေအချင်းချင်း၊ အိမ်သူအိမ်သားချင်း၊ အိမ်နီးနားချင်းတွေ..၊ ဒီလိုဟာတွေပေါ့ ဒကာလူရ..။ အရေးကြီးတော့ သွေးနီးရာဆိုတဲ့အတိုင်း အရေးကြီးတဲ့အခါကျတော့လည်း သည်လူတွေပဲ အားကိုးရတယ်။ တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေလို့ စိတ်ဆိုးကြရင်လည်း သည်လူတွေနဲ့ပဲ။ ညီအစ်ကိုမောင်နှမတွေများ သိပ်ရန်ဖြစ်တတ်ကြတယ်။ ကမ္ဘာ့နိုင်ငံတွေလိုက်ပြီး နှိပ်စက်နေတာလည်း သည်ဖားပဲ ဒကာလူရ။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ သည်းမခံနိုင်လို့ စစ်တိုက်ကြတယ်ဆိုတာလည်း သည်ဖားကြောင့်ပဲ။ တယ်ဆိုးတဲ့ ဖား..။ ဒါကြောင့် သည်ဖားကို လက်မခံနဲ့။ ဆင်ခြင်ပြီးတော့လည်း ပယ်ရမယ်။ ရှုမှတ်နိုင်ရင် ရှုမှတ်ပြီးတော့လည်း ပယ်ရမယ်။ {မဟာစည်ဆရာတော်ကြီး၏ ဝမ္မိကသုတ္တန် တရားတော်မှ ကောက်နုတ်ပူဇော်ပါသည်။}
https://www.dhammaransi.com/index.php/new/382-2017-11-16-02-16-04.html
သာသနာပြုတို့ ထားရှိရမည့် စိတ်နေသဘောထား
ဝေနေယျအများ လောကသားတို့မှာမူကား သံသရာတစ်ခွင် ခရီးပြင်းကြီးထဲဝယ် မျက်စိလယ်လမ်းမှား အကန်းသွား ဘဝများဖြင့်သာ လမ်းများလျက်က လ မ်းသလားနေကြရရှာပါကုန်၏ အကန်းသမား လမ်းသွားများပီပီ မမှန်လမ်းဆီသို့ကား ထန်ထန်နှင့်သန်သန်ကြီးပင် ခရီးနှင်လျက် ရှိကြပါချေ၏ လမ်းကလည်းမှောင်မှောင် လူကောင်ကလည်း ကန်းကန်းဖြစ်နေရကား - - - ထိုအမှောင်တွင်း ပက်ပင်းတွေ့ကြရသော အရာဝတ္ထုမှန်သမျှတို့ကို က ။ တစ်ဖက်က အကောင်းပြော ပြောပေးသော် ပြုံး၍လည်းပြ လက်ခံလည်း လက်ခံရတတ်၏ ခ ။ တစ်ဖက်က အဆိုးပြော ပြောပေးသော် မဲ့၍လည်းပြ လက်လှန်၍လည်း ပေးရတတ်၏ ကိုယ်တိုင်မြင် ကိုယ်တိုင်တွေ့ မဟုတ်သေးရကား သူတစ်ပါးစကားကြော သူတစ်ကာအပြောဖြင့်သာ ခေါင်းညိတ် ခေါင်းခါ ပြုလုပ်ပေးနေရရှာခြင်းပင်တည်း …။ မွေးကတည်းက ကန်းခဲ့သော သူကန်းတစ်ယောက်သည်ကား သံပရာသီးအား ထန်းလျက်ဟူ၍ ပြောကြားလည်း ယုံမည်သာဖြစ်၏ ထန်းလျက်အား သံပရာသီးပါဟူ၍ ပြောကြားလည်း ယုံမည်သာဖြစ်တော့၏ သည့်ပမာလျှင် မွေးကတည်းက ဓမ္မစက္ခု (ဉာဏ်မျက်စိအလင်း) အလျဉ်းမပါလာကြသော တရားမျက်ကန်းသမား ဝေနေယျများသည်လည်း … မိမိ၏ လူမျိုးအလိုက် သင်္ကေတပြုထားသော စကားစုများ၌သာ လမ်းဆုံးကြရရှာ၏ ထိုစကားစုများများကိုလျှင် အမွှန်းတင်လျက်က အပြုံးအမဲ့ လက်မှောက်လက်လှန် အမွေခံကြရရှာ၏ ထိုစကားစုများကိုလျှင် စကားနောက် တရားပါသည်ဟူသော လက်တန်းစကားဖြင့် အားထားနေကြရရှာ၏ စကားသည် အပြော တရားသည် သဘော ဖြစ်ရာ စင်စစ် စကားနားယောင် တရားကိုကား လက်ရှောင်နေသော ထိုသူများအဖို့ … ရယူလိုသည်ကား တကယ့်အကောင်း ရယူလိုက်ကြသည်ကား တကယ့်မကောင်းချည်းသာတည်း စင်စစ် ထိုသို့ဖြစ်ပွားနေရခြင်းသည် … အကန်းသွားများ၏ စကားလမ်းထားအတွင်းဝယ် မရှိကို အရှိထင်ကာ ခင်မင်စိတ်ပေါ်လာသည်နှင့် သူ့အောက်စိတ်ထား ကြိုက်စော်ကားမှုလည်း ပေါ်လာစေ၏ သူ့အောက်စိတ်ထား မုန်းပြစ်မှားမှုလည်း ပေါ်လာစေ၏ သူ့အောက်စိတ်သွား မသိဝိုးဝါးမှုလည်း ပေါ်လာစေ၏ * ကြိုက်စိတ်မှီကဲ သွေးနီရဲ ဘာကဲကိုမျှ မခတ်နိုင် * မုန်းစိတ်မှီကဲ သွေးရောင်မည်း ဘာကဲကိုမျှ မမြင်နိုင် * မိုက်စိတ်မှီကဲ သွေးရောင်မွဲ ဘာကဲကိုမျှ မသိနိုင် ထိုမသိ ထိုမမြင် ထိုမဆင်ခြင်နိုင်သူတို့အဖို့ မည်မျှပင် အကောင်းထား ကြိုးစားစေ ရလာဘ်ကား ဆိုးကြိုးများသာ ထို ဆိုးကျိုးတရားများကို အမှားဟူ၍ မမြင်လေသူတိုင်း … စိတ်သည် အာရုံ၏အတိုက်နောက် ကောက်ကောက်ပါအောင် လိုက်နေတော့သည်သာ အာရုံဝယ်စိတ်ကစား အာရုံ၏ညှို့အားကြောင့် သွေးသားဆူပွက် ယုတ်စိတ်တို့ ထိပ်တက်နေသည်သာ အာရုံ၏အငြိ ရိုးတွင်းခြင်ဆီအထိ ကလိခံနေရခြင်းကြောင့် သွေးတောင်းလေ ဆောင်းပေးရလေသာ ထိုအချက်များကြောင့် … ၄င်းတို့ အကောင်းထင် လုပ်မိလေသမျှ အဆိုးဘက်သို့သာ ကျသက်နေတော့ရှာသည် မျက်စိလည်သူသည် … အနောက်ကို အရှေ့ဟုထင်လျှင် အရှေ့ကိုကား အနောက်ထင်မှာ ဓမ္မတာပင် သည့်ပမာလျှင် … မမှန်သောလမ်း မျက်မှန်းတန်းလျက် ရှိကြလေကုန်သော အကန်းသွားတို့သည် အမှန်လမ်းသို့ကား ခန့်မှန်း၍ပင် မသွားတတ်တော့ပြီ ထိုအမှန်လမ်းကား က ။ အဖေါ်မထပ် တစ်ယောက်တည်းသပ်သပ် လှော်ခတ်သွားရသောလမ်းတည်း ခ ။ သူ့ ကိုယ်မဖျက် ကိုယ့် သူမဖျက် အကောင်းသက်သက်ဖြင့် ဆက်ရသောလမ်းတည်း ဂ ။ တစ်ကိုယ်တည်းပေါင်း တစ်ကိုယ်တည်းကောင်းဖြင့် အများဆောင်းပေးနိုင်သော လမ်းတည်း တစ်ကိုယ်တည်းသွား တစ်ဖဝါးချ တစ်လမ်းစကိုသာ တွင်တွင်နင်းနေသော ထိုသူ၌ အကြွေးဟူသည် ကင်းရှင်း၏ အကြွေးကင်းသဖြင့် ပစ္စည်းထိုထို ပိုလှံျလာ၏ ပစ္စည်းထိုထို ပိုလှံျလာခဲ့သော် အများတို့သို့ ဖြန့်ပို့ပေးဝေနိုင်၏ ထိုလမ်းမျိုး --- ငါစွဲကြီးစိုးသော အတ္တသမားတို့ မသွားလိုသည်မှာ ဓမ္မတာတည်း ခင်မင်စိတ်ကြီးစိုးသော တဏှာသမားတို့ မသွားရဲသည်မှာ ဓမ္မတာတည်း အဖေါ်နှင့်ဖက် ပျက်မှပျော်တတ်သော အကန်းသမားတို့ စိတ်ကူးမထည့်သည်မှာ ဓမ္မတာတည်း သို့ကြောင့် … ထိုအကန်းသွားတို့သည် အကောင်းကိုကားရှောင် အဆိုးကိုကား ဆောင်လျက်ကသာ အကောင်းရှာပုံတော်ခရီး ထီးမပါ ဖိနပ်မဖက် ဆက်ဆက်ကြီးသွားနေကြရရှာကုန်၏ သာသနာပြုတို့၏ စိတ်ထားကား အားလုံးကို မိမိနှင့် တန်းတူထား မိမိကဲ့သို့ အမှန်လမ်း သွားစေလိုခြင်းတည်း အားလုံးကို မိမိကဲ့သို့ကောင်းစား မိမိကဲ့သို့ အယုတ်တရား ဖယ်ရှားသွားစေလိုခြင်းတည်း ထို သာသနာပြုစိတ်ထားဖြင့်ပင် … မျက်စိလည်လမ်းမှား အကန်းသွား သွားနေကြသူများကို မျက်စိလည်းကြည် လမ်းလည်းမမှား တစ်လမ်းသွားများချည်း ဖြစ်ကြရလေအောင် … မိမိတို့ ရောက်ဖူးပေါက်ဖူးထားသည့် ကိန်းသေကောင်း လမ်းကြောင်းကြီးအတိုင်းလျှင် ကရုဏာရှေ့ထား စာနာသော ကိုယ်ချင်းစာတရားများဖြင့် လက်တွဲခေါ်ဆောင် သွားကြရာ၏ ဤသို့သော စိတ်ထားသည် … ဖြူစင်မြင့်မြတ်သော သူတော်တရား လက်ကိုင်ထားသည့် သာသနာ့ဝန်ထမ်းသားတို့၏ လက်ဝယ်မှတစ်ပါး အခြား၌ မရှိချေပြီ သူတော်မှ ကိုယ်ကောင်းသော သူတော်ကောင်းမျိုးကား ပေါများ၏ သူ့ဘက်က တော်သည်ဖြစ်စေ မတော်သည်ဖြစ်စေ မိမိဘက်မှ အမြဲကောင်းနေသော သူတော်ကောင်းကား ရှားပါးလှချေ၏ တကား ။ *: * * * * မဟာဗောဓိမြိုင်ဆရာတော်
https://www.dhammaransi.com/index.php/new/383-2017-11-12-02-11-36.html
သားကျွန်​၊ သမီးကျွန်​၊ မယားကျွန်​ ဘဝမှ ရုန်:ထွက်​ချင်​စိတ်​ တဖွားဖွား​ပေါ်လာခြင်​း
ဗကဗြဟ္မာကြီးသည် အတိတ်ဘဝ တစ်ခုမှာ ချမ်းသာ ကြွယ်ဝသော အိမ်၌ ဖွားမြင်ပြီး သူဌေးသား ဖြစ်ခဲ့ ဖူးတယ်။ အရွယ်ရောက် လာတော့ ကာမဂုဏ် တို့၏ အပြစ်ကို တွေ့မြင်တယ်၊ ဘယ်လိုမြင်လဲ? ကာမကို တွယ်တာ တက်မက်မှုက ငရဲကို ရောက်နိုင်တယ်၊ ကာမတွေနဲ့ ပါတ်သတ်ပြီး ဒေါသ ဖြစ်နေရင်လည်း ငရဲရောက် နိုင်တယ်၊ ကာမနဲ့ ပါတ်သတ်ပြီး အသိမှားမှု မောဟတွေ ဖြစ်နေ ပြန်ရင်လည်း ငရဲရောက် နိုင်တယ် ဒီလို အပြ စ်တွေကို သူက ကောင်းကောင်းကြီး သိမြင်ပါတယ်။ "ပဋိသန္ဓေ နေရတဲ့ဒုက္ခ၊ အိုရတဲ့ဒုက္ခ၊ နာရတဲ့ဒုက္ခ၊ သေရတဲ့ ဒုက္ခတွေရဲ့ အဆုံး အပိုင်းအခြား ကိုတော့ ငါ ပြုလုပ်တော့မယ်" တဲ့ ဒီလို ဦးတည်ချက် ရှိတယ်။ ဒုလ္လဘ ဦးဇင်းတွေ ဘယ်လိုလည်း နှစ်ဆန်း တစ်ရက်နေ့ လောက်ထိ နေမယ်လေ နှစ်ဆန်း တစ်ရက်နေ့ ပြီးရင် ထွက်မယ် ဒီလို ဦးတည်ချက် ဟုတ်သလား? ဘယ်လောက် မိမိမှာ စိတ်ထားတွေ ညံ့နေလဲကြည့်၊ ကိုယ်မှာ ပဋိသန္ဓေဒုက္ခ၊ အိုနာသေဒုက္ခ တွေရှိနေတယ်၊ ဒီလိုဒုက္ခ တွေကနေ လွတ်အောင် ကြိုးစားမယ် ဆိုတဲ့ စိတ်ဓာတ်တွေ မရှိသင့်ဘူးလား? နှစ်ဆန်း တစ်ရက်နေ့ ကျတော့ ထွက်မယ်၊ ထွက်ပြီး ဘာလုပ်မလဲ? ချီးထုတ်ကြီး ထမ်းပြီး လျောက်လည် ဦးမယ်။ ဘယ်လောက် ရှက်ဖို့ ကောင်းလဲ, ရှက်ဖို့ မကောင်းဘူးလား? အဲ့ဒါ သေသေချာချာ ပညာ မျက်စိဖြင့် ကြည့်ပါ သူကတော့ သံသရာရဲ့ အဆုံး အပိုင်းအခြားကို ငါရအောင် ​ပြုတော့မယ် ဆိုပြီး ရသေ့ရဟန်း ဝတ်ပြီး တောထွက် ​ပါတယ်။ ဒီလို စိတ်ဓာတ်တွေ မရှိသင့် ဘူးလား? ရှိသင့်တယ်။ စဉ်းစားကြည့် သူ့ဘဝလေး ဘယ်လောက် ငြိမ်းချမ်းလဲ? ဂင်္ဂါမြစ်ကမ်း တောထဲမှာ သစ်ရွက်မိုး ကျောင်းလေးနဲ့ တစ်ယောက်တည်း နေထိုင် ပါတယ်။ သူဘာလုပ်လဲ? စျာန်, အဘိညာဉ် တွေကို ပွားများ အားထုတ် ပါတယ်။ ဒီစျာန်တွေနဲ့ မွေ့လျော်ပြီး အချိန်ကို ကုန်လွန် စေတယ်တဲ့။ မနေချင် ကြဘူးလား၊ ဘယ်လောက ်ချမ်းသာ မလဲ? သူများ သားသမီး ကျွန်ခံတာ တိရစ္ဆာန် ဘဝ ရောက်တောင် ကျွန်ခံလို့ မရ ဘူးလား ? ရပါတယ် ။ သူတို့လည်း ကျွန်မခံ တတ်ဘူးလား၊ ခံတတ်ပါတယ် ဒါသိပ်ခက်ခဲတဲ့ အလုပ်မဟုတ်ဘူး။ သူများ သားသမီးကို ကျွန်ခံတယ် ဆိုတာ သတ္တဝါတိိုင်း ကျွန်ခံလို့ ရတဲ့ အလုပ်ပါ၊ အခုလိုစျာန် အဘိညာဉ် တွေဆိုတာက သူတော်ကောင်း စိတ်ဓာတ်တွေကို အလွန်မွေးမြူ နိုင်မှ ရတဲ့ အရာတွေပါ။ သူတော်ကောင်း တရားနဲ့ ကြုံတုံး ရယူထားဖို့ မသင့်ဘူးလား။ ရယူထားဖို့ လိုအပ်ပါတယ်။ -【ဖားအောက်တောရဆရာတော်
https://www.dhammaransi.com/index.php/new/384-2017-11-12-02-10-56.html
“တရားထိုင်ခြင်းဟာ ကိုယ်ရောစိတ်ပါအေးချမ်းစေပါတယ်”
တရားထိုင်လို ့ သတိ သမာဓိ နည်းနည်းလေး ကောင်းလာပြီဆိုရင်ဒီဝေဒနာကိုလည်း သည်းခံပြီး ထိုင်သွားလို ့ရှိရင် ဒီခန္ဓာကိုယ်ဟာ Endorphin လို ့ခေါ်တဲ့ ဓာတ်တစ်မျိုး ထုတ်ပေးလာတယ်။သူ ့စကားက နှစ်လုံးကိုပေါင်းထားတာပါ။ Endogenous morphineဆိုတဲ့စကားလုံးပဲနော်။ အပြင်က morphine က operation ခွဲစိတ်ကုသမှုတွေ ဘာတွေ လုပ်ရတဲ့လူကို ထိုးပေးတာနော်။အင်မတန် နာကျင်ကိုက်ခဲလွန်းရင် သက်သာအောင်ဆိုပြီး ထိုးပေးရတာ။ဒီခန္ဓာကိုယ်ထဲက ထွက်လာတဲ့ morphine က ခွဲစိတ်ခန်းမှာသုံးတဲ့ morphine နဲ ့အာနိသင်ချင်း တော်တော်ပဲတူပါတယ်။သို ့သော် Endogenous ဆိုတဲ့အတွက်ကြောင့် ခန္ဓာကိုယ်အတွင်းမှာပဲသူက ထုတ်လုပ်တယ်နော်။ အဲဒီတော့ Endorphin အင်ဒိုဖင်းဆိုတဲ့ဓာတ်က လူတိုင်းရဲ ့ခန္ဓာကိုယ်မှာသဘာဝအတိုင်းထုတ်တယ်။ လူတိုင်းပဲ။ အဲဒီ Endorphin ဆိုတဲ့ဓာတ်ထုတ်လုပ်တာ နည်းသွားတယ်ဆိုလို ့ရှိရင် အဲဒီလူဟာ ညောင်းညာမှုကိုက်ခဲမှု အင်မတန် ခံစားရတာပဲ။ အဲဒီလိုလူဟာ အကိုက်အခဲပျောက်ဆေးကို စွဲတတ်တယ်။ မူးယစ်ဆေးဝါးလည်းပိုပြီးစွဲတတ်တယ်တဲ့။ မူးယစ်ဆေးဝါးစွဲတဲ့လူတွေ တချို ့ကို Research သုတေသန လုပ်ကြည့်တဲ့အခါမှာ အဲဒီ မူးယစ်ဆေးစွဲတဲ့လူတွေရဲ ့ခန္ဓာကိုယ်မှာ Endorphin Level က နိမ့်တယ်။ သူတို ့စိတ်ထဲမှာမကြည်မလင်ဖြစ်တယ်၊ ပင်ပန်းနွမ်းနယ်နေတယ်။ Endorphin Level မြင့်လာလို ့ရှိရင် လူဟာကြည်လင်တယ်၊ ရွှင်လန်းတယ်။Relax လည်း ပိုဖြစ်တယ်လို ့ဆိုတယ်။ တရားထိုင်လိုက်လို ့ရှိရင်တော့ဒီ Endorphin ဟာ တော်တော်ကြီးကိုမြင့်တက်လာတယ်။ ဒါကိုသုတေသနအနေနဲ ့လုပ်ထားတဲ့ စာတမ်းတွေ ကျမ်းဂန်တွေ အများကြီးဖတ်ဖူးပါတယ်။ တရားထိုင်လို ့ သမာဓိ အင်မတန်ကောင်းနေတဲ့အခါမှာသူ ့မှာ ညောင်းညာခြင်း၊ ကိုက်ခဲခြင်း၊ ပူလောင်ခြင်း၊ဆင်းရဲခြင်း ဘာမှမရှိဘူး။ သူ ့ခန္ဓာကိုယ်က အလေးချိန်မရှိသလို ဖြစ်နေတယ်။ Floating sensation (လေထဲမှာလွင့်မျောနေသလို) ဆိုတာ ဖြစ်နေတယ်။အဲဒီအချိန်မှာ ဦးနှောက်ကနေ ပြန်ပြီးတော့ ဆင်းလာတဲ့ သွေးပြန်ကြောကသွေးကို သူတို ့ဖောက်ယူပြီးတော့ ဓာတ်ခွဲကြည့်တဲ့အခါမှ Endorphin ဓာတ်သိပ်မြင့် နေတာကို တွေ့ရတယ်။အဲဒီ Endorphin Level သိပ်မြင့်နေလို ့လည်းပဲ သူ ့မှာ ညောင်းညာခြင်းမရှိဘူး၊ ပူလောင်ခြင်းမရှိဘူး၊ ခန္ဓာကိုယ်အလေးချိန်လည်း မရှိသလို ဖြစ်တယ်။ ဒီလိုပြောလိုက်တော့ ဒါ Chemical ရဲ ့ Action ကြောင့် ဒီလိုဖြစ်တယ်လို ့ ရုပ်ပိုင်းဆန်ဆန် တွေးချင်လည်း တွေး မယ်နော် ။ အမှန်တော့ မဟုတ်ဘူး။စိတ်ကြောင့် ဖြစ်တာပါပဲ။ စိတ်ကြောင့် သမာဓိကောင်းလာပြီးတော့ သမာဓိရဲ ့အရှိန်ကြောင့်ပဲ ခန္ဓာကိုယ်က သူ ့ဟာသူ ပြုပြင်လာတယ်။ ဒီခန္ဓာကိုယ်က ထွက်လာ Endorphin က စွဲတဲ့သဘောမျိုး မရှိဘူး။ Drug Addiction မူးယစ်ဆေးစွဲသလို Symptoms လက္ခဏာမျိုး သူ ့မှာမရှိဘူး။ နောက်တစ်ခုက ပြောရမယ်ဆိုရင်တော့ ဒီလို level ကိုရအောင် တရားထိုင်နိုင်တဲ့လူဟာ နောက်ထိုင်လိုက်ရင် သိပ်မကြာဘူး။ (၁၅) မိနစ်လောက်ကြာရင် Endorphin ဓာတ်တွေ အများကြီး ထွက်လာတာပဲ။ တရားထိုင်လိုက်လို ့ ၁၅မိနစ်၊ မိနစ်၂ဝအလွန်ဆုံးပဲ၊ Endorphin တွေ ထွက်လာပြီဆိုရင် သူ ့ခန္ဓာက ပေါ့ပါးကြည်လင် အေးချမ်းပြီးတော့ စိတ်ကလည်းနည်းနည်းပျော်လာတယ်။အဲဒီတော့ ပါဠိစာပေမှာလည်း ရှိတယ်။ တရားထိုင်လို ့အလေ့အကျင့်နည်းနည်းများလာပြီဆိုရင် သမာဓိကောင်းလာပြီဆိုရင် ကာယလဟုတာ၊ စိတ္တလဟုတာ ဖြစ်တယ်။ ကိုယ်၏ပေါ့ပါးခြင်း ၊ စိတ်၏ ပေါ့ပါးခြင်း ဆိုတာ ဖြစ်လာတဲ့နော်။စိတ်ထဲမှာလည်း လေးလံထိုင်းမှိုင်းခြင်း မရှိသလိုဘဲ ခန္ဓာကိုယ်မှာလည်း လေးလံထိုင်းမှိုင်းမှု မရှိဘူး။ ကာယမုဒုတာ၊ စိတ္တမုဒုတာဆိုတာ ဖြစ်လာတယ်။ မုဒုဆိုတာ နူးညံ့တာကို ပြောတာ။ခန္ဓာကိုယ်က ပထမ အားထုတ်ခါစမှာ တောင့်တောင့်ကြီး တင်းတင်းကြီးထိုင်ရတယ်၊ ဒီပုံစံအတိုင်း ကြာကြာထိုင်နေကျ မဟုတ်တော့ အနေအထားကို မပြင်ဘဲနဲ ့ကြာကြာထားလေလေ တင်းလာလေလေ၊ညောင်းလာလေလေ ခံရခက်လာလေလေဖြစ်တယ်။ ဒါပေမယ့်သမာဓိကောင်းလာတဲ့အခါကျတော့ အဲသည်လို မဖြစ်တော့ဘူး။ Stress တွေက အကုန်လုံးလျော့ကျသွားတယ်။ စိတ်ကလည်းပဲအစမှာတော့တင်းထားရတယ်နော်။ဒီစိတ်တခြားကိုမရောက်အောင်၊တခြားကိုမရောက်အောင်ဆိုပြီးတော့တော်တော်ပဲတင်းထားရတယ်နော်။ သမာဓိကောင်းလို ့ အရှိန်နည်းနည်းရသွားပြီးဆိုရင် စိတ်က သူ ့ဟာသူပဲ ဒီအာရုံထဲမှာ နေပြီးတော့ အလိုက်သင့်လေး၊ ပုံမှန်လေး သူ ့ဟာသူသွားနေတယ်။ စိတ်မှာလည်း လျော့သွားတယ်နော်။လျော့သွားတယ်ဆိုတာက ဝီရိယလျော့သွားတယ်လို ့မဆိုနိုင်ဘူးနော်။ Tension တင်းမာမှု လျော့သွားတာ။ အဲဒီတော့ ခန္ဓာကိုယ်မှာလည်း Tension တင်းမာမှု မရှိတော့ဘူး။ စိတ်မှာလည်းTension မရှိတော့ဘူး။ ခန္ဓာကိုယ်ကလည်း Relax ဖြစ်နေတယ်။ စိတ်ကလည်း Relax ဖြစ်သွားတယ်နော်။ အဲဒါကိုပဲ ကာယမုဒုတာလို ့ခေါ်တာပဲ။ ကိုယ်၏နူးညံ့ခြင်း၊ စိတ်၏နူးညံ့ခြင်းဆိုတာ ဖြစ်သွားတယ်။ တခြားလည်းပဲ ဖြစ်တာတွေ အများကြီးရှိပါတယ်။အဲသည်လို သမာဓိတော်တော်ကောင်းလာတဲ့အခါမှာသက်သောင့်သက်သာဖြစ်သွားတော့ အင်မတန်ချမ်းသာလာတယ်။ပိုပြီးပျော်လာတယ်။ အဲဒီအချိန်မှာ ပီတိ ပဿဒ္ဓိတို ့လည်း ဖြစ်တတ်တယ်။ငြိမ်းချမ်းပြီးနေတယ်။ ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ-ကိုယ်စိတ်နှစ်ပါးလုံးရဲ့ ငြိမ်းအေးခြင်းတဲ့။ စိတ်ထဲမှာ အေးနေတယ်နော်။ တချို ့ဘယ်လောက်ထိအောင်ဖြစ်သလဲဆိုရင် Air-condition ပေးထားတဲ့အခန်းထဲမှာ ထိုင်ရသလိုပဲ အေးနေတယ်။ တချို ့ကျတော့လည်းပဲဆောင်းတွင်းမှာ နှင်းတွေကြားထဲမှာ ထိုင်ရသလိုပဲ၊ အမှုန်သေးသေးလေးတွေ အေးအေးလေးတွေလာလာထိသလိုပဲဖြစ်တယ်။အင်မတန်အေးတယ်တဲ့။ အဲဒီနောက်ပိုင်းမှာတော့တရားအားထုတ်လို ့သိပ်အဆင်ပြေသွားပြီ။ ဒီအဆင့်လောက်ကိုပဲ တချို ့အထင်ကြီးပြီးတော့စွဲလမ်းတတ်တယ်နော်။ အနောက်နိုင်ငံသားတော်တော်များများဆိုရင်ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ ဖြစ်လာပြီဆိုရင် အဲဒါကိုတရားထူးလို ့ထင်သွားကြတယ်။ ဒါ တရားထူး မဟုတ်သေးဘူး။အစပဲ ရှိသေးတယ်။ -【ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ)
https://www.dhammaransi.com/index.php/new/385-psychology.html
“ဗုဒ္ဓအဘိဓမ္မာနှင့် ယနေ့ခေတ် Psychology”
ဘုန်းကြီးတို့ မနှစ်တုန်းက မလေးရှားမှာ အဘိဓမ္မာသင်တန်း ပို့ချတုန်းက သင်တန်းသားထဲ Bulgaria ဘုန်းကြီးတစ်ပါး ပါတယ်။ ထူးထူးခြားခြားပဲ၊ Bulgaria ဆိုတာ ကြားဖူးကြလိမ့်မယ်၊ Romania တို့၊ Bulgaria တို့ဆိုတာ အရင်တုန်းက ကွန်မြူနစ် နိုင်ငံတွေပေါ့၊ သူ့စကားက တော်တော်နားထောင်ရခက်တယ်၊ အသံက ကုလားသံနဲ့တူတယ်။ သူက ခေတ်သိပ္ပံနည်းအရ ဒီအာရုံကနေပြီး မြင်သိစိတ် ဖြစ်လာပုံအထိ ဆက်သွယ်ပုံကို ကွန်ပျူတာနဲ့ပြတာ၊ လူ့ရဲ့မျက် စိမှာ ရှေ့က မြင်စရာအာရုံလေး ဝင်လာတာနဲ့တစ်ပြိုင်နဲ့ မျက်လုံးထဲလေးတင် မဟုတ်ဘူး, သူက အာရုံကြောကနေသွားပြီး ဦးနှောက်နောက်ဘက်ထဲထိ ရောက်အောင်သွားတယ်၊ နောက်စေ့နားမှာ အကွက်တစ်ကွက်ရှိတယ်၊ အဲဒီ အကွက်ထိအောင် အလင်းတန်းလေးက သွားတယ်၊ အဲဒီရောက်မှ မြင်တာတဲ့၊ ဒီကြားထဲမှာ block ဖြစ်နေရင် မမြင်ရဘူး၊ ဪ mind door ဆိုတာ အဲဒါများ ဖြစ်နေမလားလို့ ဘုန်ကြီးတို့ စဉ်းစားကြည့်တယ်၊ ဒီကြားထဲပိတ်နေလို့ရှိရင် မြင်တယ်ဆိုတာ မဖြစ်နိုင်ဘူး။ မျက်စိကတော့ အကောင်းကြီး၊ သို့သော် သွားတဲ့အာရုံကြောလေးက တစ်နေရာရာမှာ ဥပမာ- နားထင်လောက်က ပိတ်နေတယ်ဆိုရင် အဲဒီလူဟာ မြင်တယ်လို့ မပြောဘူး၊ မျက်စိကတော့အကောင်း, ဒါပေမဲ့ မမြင်ဘူး၊ မျက်စိကနေ ဝင်လာတဲ့ အလင်းတန်းလေးဟာ လူရဲ့နောက်စေ့နားမှာ ခေါင်းနောက်ပိုင်း သွားပြတယ်၊ အဲဒီကျမှ မြင်တယ်ဆိုတာ ဖြစ်တယ်။ ဒါက သိပ္ပံနည်းကပြောတာ။ ဒီတော့ သိပ္ပံနည်းနဲ့ မြတ်စွာဘုရား ဟောထားတာတွေ အင်မတန်မှကိုက်ညီတယ်။ သူတို့ဟာက ရုပ်ကိုတော့ ရှာလို့တွေ့နိုင်တယ်ပေါ့၊ နာမ်တရားကိုတော့ မြတ်စွာဘုရားလို ဘယ်လိုလုပ် ရှာလို့တွေ့မလဲ၊ ရုပ်တောင်မှ သူတို့ရှာတွေ့ရင် အတုံးအခဲပဲတွေ့မယ်၊ အသေးစိတ်ကိုတွေ့ဖို့ မလွယ်ဘူးပေါ့၊ ရုပ်တောင်မှ အကုန်တွေ့ဖို့ မလွယ်ဘူး။ မြတ်စွာဘုရားကျတော့ analyze လုပ်တဲ့နေရာမှာ အကြွင်းအကျန်မရှိအောင် analyze လုပ်နိုင်တာ၊ အဲဒီလို စွမ်းရည်သတ္တိချင်းတော့ မတူဘူးပေါ့၊ နာမ်ဆိုတာကျတော့ သူတို့ Psychology ဆိုတာ တကယ့် Psychology မှ မဟုတ်တာ။ ဘုန်းကြီးတို့ဆီ လာလာပြီးတော့ မသိတာလေးတွေ မေးနေတဲ့, ယခု ရန်ကုန်မှာနေတဲ့ ပြင်သစ်လူမျိုး မစ္စတာဖလောရင့်ဆိုတာ တစ်ခါတုန်းက လျှောက်တယ်၊ အဘိဓမ္မာကို Psychology လို့ ပြန်တာ သူက သဘောမကျဘူး၊ ဘာလို့လဲဆိုတော့ Psychology ဆိုတာ ဘာမှမပါဘူးတဲ့၊ Psychology ဆိုတာ ဘာမှမဟုတ်ဘူး၊ ဒီအဘိဓမ္မာက အလွန်လေးနက်တာ Psychology မဟုတ်ဘူးတဲ့၊ သူက အဲဒီလို ပြောသွားတယ်။ နယ်သာလန်နိုင်ငံမှာ သင်တန်းသွားပို့ချတုန်းက မစ္စတာဟင့်ခ် ဆိုတဲ့ ပါမောက္ခတစ်ယောက် သင်တန်းလာတက်တယ်၊ သူ့အဖေက Psychologist Psychology ပါမောက္ခကြီး၊ သူငယ်ငယ်တုန်းက သူ့အဖေက ပြောဖူးတယ်၊ “စာမျက်နှာ တစ်ထောင်လောက်ရှိတဲ့ Psychology နဲ့ ပတ်သက်တဲ့ စာအုပ်ကြီးမှာ Psychology အကြောင်းရေးထားပေမယ့် ဣဿာ ဆိုတဲ့ jealousy အကြောင်း ရေးထားတာ မတွေ့ရဘူးတဲ့။” ဒီတော့ ဗုဒ္ဓမြတ်စွာဟောကြားတာက အလွန်ပြီးပြည့်စုံတယ်၊ လူ့ရဲ့သဘာဝ အရေးကြီးတာတွေ၊ လူ့ခန္ဓာကိုယ်ထဲက ဖြေရှင်းပစ်ရမယ့် purify လုပ်ပစ်ရမယ့် သန့်ရှင်းပစ်ရမယ့် စိတ်ရဲ့ အညစ်အကြေးတွေကို မချန်ချွင်းအောင် ဟောထားတာ၊ အဲဒီ ညစ်နွမ်းနေတဲ့ စိတ်ရဲ့အင်အားစုတွေကိုလည်း ဖယ်ရှားပစ်ဖို့အတွက် ဖြူစင်စေနိုင်တဲ့ စွမ်းအားတွေကိုလည်း မြတ်စွာဘုရားက ထည့်ပြီး ပြည့်ပြည့်စုံစုံ ဟောထားတာ။ -【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ】
https://www.dhammaransi.com/index.php/new/386-2017-11-12-02-09-05.html
ဘယ်လိုပြောပြော မေတ္တာမပျက်နှင့်
လောကအလယ် အသက်ရှင်နေသူတွေအတွက်တော့ နေ့စဉ်နဲ့အမျှ တစ်ယောက်နဲ့ တစ်ယောက် ပြောကြ၊ဆိုကြရတာပါ။ တစ်ခါတရံ ပြောသူက ပြောပြီးရင် ပြီးရောဖြစ်သွားပေမယ့်၊ ခံရတဲ့သူဖက်က စိတ်မသက်မသာ ဖြစ်ကြရပါတယ်၊ တခါတရံ ကိုယ်ကဒီအတိုင်း အေးအေးဆေးဆေးနေပေမယ့်၊ မျက်စိစုံမှိတ် အထင်လွဲပြီး တုန့်ပြန်မှုမျိုးစုံကို ပေးတတ်ပြန်ပါတယ်။ “ကကစူပမသုတ်”မှာ ဘုရားရှင် ဟောပြတော်မူတာကတော့ 。。。。 ●လူတချို့က စကားပြောတဲ့အခါ ပြောသင့်တဲ့အချိန်မှန်းမသိ၊ မပြောသင့်တဲ့အချိန်မှန်းမသိ ပြောကြလိမ့်မယ်၊ ●လူတချို့က မှန်တာရော၊မမှန်တာရော ပြောကြလိမ့်မယ်(သူတို့ခံစားရတဲ့အတိုင်း သူတို့အထင်အမြင်အတိုင်းပေါ့။) ●လူတချို့က လူများနားဝင်မချိုအောင် ခပ်ကြမ်းကြမ်း၊ တချို့ကြတော့လဲ သိမ်သိမ်မွေ့မွေ့ ပြောကြဆိုကြလိမ့်မယ်။ (လိုရင်တမျိုး၊မလိုရင်တမျိုး) ●လူတချို့က အကျိုးသင့်အကြောင်းသင့် ပြောကြသလို၊ တချို့က ကျိုးကြောင်းမဲ့ ပြောကြလိမ့်မယ်။ ●လူတချို့က မေတ္တာစိတ်နဲ့ပြောပေမယ့် ၊ တချို့ကတော့ မလိုမုန်းတီးတဲ့စိတ်တွေ ၊ အောင်မြင်နေတာကို မုဒိတာ မပွားနိုင်တဲ့စိတ်တွေနဲ့ ပြောကြလိမ့်မယ်..တဲ့။ ပတ်ဝန်းကျင် မိတ်ဆွေ အပေါင်းအသင်းတွေဟာ ဒီ ငါးမျိုး ထဲက တစ်ခုခုနဲ့ စကားပြောလာတဲ့အခါ ☆ကိုယ့်ဖက်က သူတို့ကောင်းတာပြောလို့ ချိုချိုသာသာပြောလို့လဲ စိတ်ကတမျိုးမဖြစ်ပါနဲ့။ ☆ကိုယ့်ကို မလိုတမာ မုန်းတီးပြောဆို(အတင်းတုတ်) နေလို့လည်း စိတ်ကို ဘာမှမဖြစ်စေပါနဲ့။ ☆သူတို့ဘာပြောပြော ၊ကိုယ့်ဖက်က အဆင့်အတန်းမရှိတဲ့ စကားကိုလည်း မပြောမိစေနဲ့။ (သူတို့အမှားကို ကိုယ့်အမှားမဖြစ်စေနဲ့) ☆ပြောချင်သလိုသာ ပြောကြပါတော့။ ကိုယ်ကတော့ မေတ္တာမပျက်နေနိုင်ရမယ်။ အဲဒီပြောတဲ့သူတွေကို မေတ္တာပို့ပေးပါ။ ရန်လိုမှု ၊မုန်းတီးမှု ၊မကျေနပ်မှု ၊မနာလိုမှုကင်းတဲ့ မေတ္တာစိတ်တွေကို သတ္တဝါအားလုံးပေါ်မှာ ဖြစ်နေစေရမယ်တဲ့။ ဒါကတော့ ဘုရားရှင်လမ်းညွှန်ပြတဲ့ တရားတော်ပါ၊ လူဆိုတာ ခံစားချက်ရယ် ၊ တကိုယ်တော်အတွေးရယ်ပေါ်မှာ မူတည်ပြီး မှားတာ၊မှန်တာ မခွဲခြားနိုင်ဘဲ ၊ လိုရင် လိုသလို ၊မလိုရင် မလိုသလို ပြောတတ် ၊ ဆိုတတ်ကြပါတယ်။ ဒါကိုသိတော်မူတဲ့ ဘုရားရှင်က သူတို့ဘာတွေပြောပြော ဘယ်လိုတွေအထင်လွဲလွဲ ၊သင့်ဖက်က စပြီး မကျေမနပ်မဖြစ်လိုက်ပါနဲ့ လို့ ဟောတော်မူတာပါ။ ►အပေါ်ယံဟန်ရေးပြ ၊ပြောတာ နဲ့ လုပ်တာ တခြားစီဖြစ်တတ်တဲ့လောက (တချို့က အုံ့ပုန်း၊တချို့က ပွင့်ပွင့်လင်းလင်း အတွင်းညစ်ပတ် အပြင်ညစ်ပတ် ဖြစ်နေတဲ့လောကမှာ သင်တို့ဖက်က စပြီး ဒေါသ အာဃာတမဖြစ်ပါစေနဲ့ လို့လည်း မိန့်တော်မူ လိုတာဖြစ်ပါတယ်။ ►ကိုယ့်ပေါ်ကို မကျေနပ်သူ ၊အထင်အမြင်လွဲသူ ၊ သဘောထားကွဲလွဲသူတွေကို ဗဟိုပြုပြီး မေတ္တာစိတ်တွေများများ ပို့လွှတ်ပေးနိုင်ရင် ကိုယ်ဟာ လောကမှာနေပျော်သူဖြစ်နေမှာပါ။ ►ကောင်းကင်ပေါ်ကို မော့ပြီး တံတွေးထွေးသူဟာ သူ့အပေါ်ကို ပြန်ပြီး တံတွေးတွေ ပြန်ယူရသလိုပါ၊ မကျေမနပ်ဖြစ်ချိန်မှာရော၊ မကျေနပ်တဲ့အတွက်ကြောင့် စောင်းကာ မြောင်းကာ ပြုမူပြောဆိုချိန်မှာရော၊ အကုသိုလ်တွေ တပုံတပင်ဖြစ်ရသလို သူကိုယ်တိုင်လဲ စိတ်ဆင်းရဲ ၊ ကိုယ်ဆင်းရဲဖြစ်ရမှာ သေချာလှပါတယ်။ သူတို့ပေးတဲ့ ဒေါသ မကျေနပ်ချက်တွေကို ကိုယ်က မခံယူရင် ဘာမှမဖြစ်ပါဘူး။ ခံယူမိလို့သာ ကိုယ့်စိတ်က မကျေမနပ်ပြန်ဖြစ်မိတာပါ၊ ဘုရားရှင်ကိုတောင်မှ တိတ္ထိတွေက “ဘုရားရှင်က တရားဟောတဲ့အခါ မျက်နှာလိုက်ပြီးဟောတယ်၊ သူ့တပည့်တွေကိုတော့ အများကြီးဟောပြီး သူတို့ကိုတော့ နည်းနည်းပဲ ဟောတယ်”လို့ ပြောဆိုစွပ်စွဲခံရဖူးပါတယ်။ အလှမာန်ရစ်နေတဲ့ မာဂဏ္ဍိဆိုတဲ့ အမျိုးသမီးကို.. “နင်လို မစင်တွေနဲ့ပြည့်နေတဲ့ အပုပ်ကောင်ကို ခြေဖျားနဲ့တောင် မထိချင်ဘူး” လို့ပြောခံလိုက်ရတော့ ဘုရားရှင်အပေါ်မှာငြိုးမာန်ဖွဲ့ရက်စက် တုန့်ပြန်ခဲ့ဖူးတယ်။ တကယ်တော့ … စိတ်အရည်အသွေးပြည့်ဝသူ၊ စိတ်သဘောထားကြီးမြတ်သူ ဆိုတာ ကောင်းတာဖြစ်စေ၊ဆိုးတာဖြစ်စေ မတုန်မလှုပ်ရှိနိုင်ရမှာပါ။ ဘယ်လိုပဲကြုံကြုံ၊ဘာတွေပဲပြောပြော၊ ပြောသူအပေါ်မှာ မေတ္တာမပျက်အောင် နေနိုင်ပြီဆိုရင် ဘဝဟာနေပျော်စရာ ကျေနပ်စရာတွေဖြစ်နေပါလိမ့်မယ်။ တဆင့်တက်ပြီး သာသနာနဲ့ကြုံတုန်း အကောင်းဆုံးတွေများများယူပြီး၊ လက်ကျန်အချိန်တွေမှာ သမိုင်းကောင်းလေးတွေ ချန်ထားရစ်နိုင်အောင် ကြိုးစားနေရအုံးမှာပါ။ -【အရှင်တိက္ခဉာဏာလင်္ကာရ - ယောနွယ်】
https://www.dhammaransi.com/index.php/new/387-2017-08-17-10-35-12.html
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးပြောတဲ့ဝိဇ္ဇာများအကြောင်း(၁)
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးပြောတဲ့ဝိဇ္ဇာများအကြောင်း(၁) မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသည် ရဟန်းဘဝမရောက်မှီ လူဘဝအဖြစ်ဖြင့် သမထအလုပ် ကိုကောင်းစွာ အားထုတ်ခဲ့သူဖြစ်ပါသည်။ သမထသည်လည်း စရဏ၊ ၀ိပသနာသည်လည်း စရဏ၊ သို့သော် အပေါ်ပိုင်းရောက်သော်လမ်းခွဲကုန်၏။ အပေါ်ဉာဏ်များမရောက်မှီအထိ သမထအားဖြင့်သာတက်သွားခြင်းဖြစ် ကြောင်းလည်း ဆရာတော်ဘုရားကြီးမှ မိန့်တော်မူပါသည်။ ဆရာတော်ဘုရားကြီးမှ သင်္ခါရုပက္ခာဉာဏ်နှင့် အထက်ဉာဏ်များမှသာလျင် အနန္တသဘော၊ အနိစ္စသဘောကို ပါရမီအခံအရ ကွဲပြားစွာမြင်ကြောင်းကို ကျန သေချာဟောပြောထားခဲ့ပါသည်။ ကျမသည် ဆရာတေ်ာဘုရားကြီးတရားများကို ဖတ်သည့်အခါ ကျမသတိပြုမိသည့်အချက်တခုရှိပါသည်။ ဆရာတော်ဘုရားကြီးသည် နောင်လာနောက်သားများ အမှားမဖြစ်ရအောင်၊ မမှားသင့်သည်ကိုမမှားရအောင် ပွင့်ပွင့်လင်းလင်းကြီး ဖွင့်ဟ ရေးသားဟောပြောခြင်းပြုခဲ့ပါသည်။ အထူးသဖြင့် သမထလိုင်းမှ အဓိပတိများ ဖြစ်သော ဘိုးတော်အောင်မင်းခေါင်ကြီးမှာ ဆရာတော်ဘုရားကြီး၏ ဥပဇ္စျယ်ဆရာတော် အဘဝိမလနှင့် တိုက်ရိုက်ပတ်သက်နေပေရာ ဆရာတော်ဘုရားကြီးကိုယ်တိုင်ကလည်း သင်္ကန်းကျွန်းရသေ့လေးဘဝနှင့် သမထအလုပ်အား ပေါက်ပေါက်မြောက်မြောက်လုပ်ခဲ့ဖူးလေရာ သမထလိုင်းများတွင်လည်း ကျနသေချာ သိပေတတ်လေသည်။ ထိုကြောင့်လည်း လူအများ မမှားသင့်သည်ကို မမှားရအောင် နောင်လာနောက်သား များအတွက် ပွင့်ပွင့်လင်းလင်း လစ်ဟပြတော်မူထားပါပေသည်။ မိမိဉာဏ်နှင့်မမှီလေတိုင်း၊ မိမိဉာဏ်ဖြင့် မသိနိုင်လေတိုင်း ဝေဖန်ခြင်းမပြုရန်လည်း အတိအလင်း ရေးသားခဲ့သည်ကို ပြီးခဲ့သော ပို့စ်များတွင် တင်ထားခဲ့ပြီးဖြစ်ပါသည်။ ဆရာတော်ဘုရားကြီးသည်လည်း မိမိ မဟာစည်ဆရာတော်ဘုရားကြီးအား ပစ်မှားခဲ့ပြီး ကိုယ်တိုင်ဝန်ချကန်တော့ရန်အခွင့်အခါမကြုံခဲ့ကြောင်းကို လည်း မိမိအပစ်မိမိကိုယ်တိုင်ဝန်ခံရေးသားထားပေလေသည်။ အလားတူ ဆရာတော်ဘုရားကြီးသည် မိမိ၏မနောကိုပိုင်နိုင်ကျွမ်းကျင်စွာ အဓိဌာန်ဖြင့် အိမ်မက်အတွင်းမှာ အလောင်းတော် ကဿဖကိုယ်တော်မြတ်ကြီး၏ ဂူအတွင်းသို့ထိုးဖေါက်၍ ဖူးမျှော်နိုင်စွမ်းအားလည်း ပွင့်ပွင့်လင်းလငး် အိမ်မက်ဖြင့် ဖွင့်ပြောသောစကားများတွင် စမ်းစစ်တင်ပြရေးသားထားပေသည်။ အစစ်အမှန် ပါဒစေတီများအကြောင်းများကိုလည်း ရေးသားထားပေသည်။ သမထလိုင်းပိုင်းဆိုင်ရာများကို ကျွမ်းကျင်သော ဆရာတော်ဘုရားကြီးသည် မိမိ၏စိတ်စွမ်းအားဖြင့်သိထားသည် များကို နောင်အတွက်ရည်မျှော်၍ ဖွင့်ဆိုရေးသားထားပေသည်။ ဘိုးတော်အောင်မင်းခေါင်ကြီးအားလည်း အမျိုးမျိုးပြောဆိုကြပေ၏။ ကျမတို့သည်လည်း မသိသဖြင့် မိုက်မှားစွာပြောခဲ့ဘူး၏။ ၀ိပသနာအား မြုတ်ထားသည်ကို ထပ်ဒူးဖြင့်ထိုင်ပြသည့်သဘောကိုလည်းမသိ။ ဆရာတော်ဘုရားကြီးသည် ထပ်ဒူးထိုင်ရခြင်း ကိုလည်းရှင်းလင်း၏။ မဟိန္ဒိ၀ိဇ္ဇာများသည် ၀ိပသနာနှင့်ယှဉ်တွဲပြီးသားဖြစ်ကြောင်းကို လှစ်ဟဖော်ပြထား၏။ မှတ်သားဘွယ်ကောင်းလေစွ။ သာဓု အကြိမ်ကြိမ်ခေါ်မိပါသည်။ မိမိနှင့် မိမိကဲ့သို့သော ၀ိဇ္ဇာများအပေါ် အပစ်မှားမိသောသူတို့ လွတ်မြောက်ရမှ အမြင်မှန်ရသွားနိုင်သောကြောင့်တည်း။ သို့ကြောင့်လည်း ဆွမ်းနဲ့ ထမင်းအတူတူပါဘဲ။ သမထနှင့် ၀ိပသနာအတူတူပါဘဲဟု မိန့်ဆိုခဲ့ခြင်းသာတည်း။ ဉာဏ်မမှီလျင် မဝေဖန်ရန် လည်းမိန့်ြခြင်းမှာ ပစ်မှားမိမှာစိုး၍ဖြစ်ပါသည်။ ကျမအားကျသော မှတ်သားမိသောအကြောင်းမှာလည်း စွန်းလွန်းဆရာတော်ဘုရားကြီးနှင့်ပတ်သက်၍ ဖြစ်ပြီး စွန်းလွန်းဆရာတော်ကြီးသည် မနောအာရုံကို ငရဲဘုံသို့ညွတ်သော ငရဲအထပ်ထပ်ကိုမြင်ရလျက်၊ အထက်သို့အာရုံပြုသော အထက်ဘုံအဆင့်ဆင့်တွင်ရှိသော နတ်များ၊ ဗြဟ္မာများကို မြင်ရသည်ဟုရေးသား ထားခြင်းကိုဖြစ်ပါသည်။(ဤသည်တို့ကို မိမိဉာဏ်မမှီတိုင်း အလကားတွေ မဟုတ်ဖူး မဖြစ်နိုင်ဖူးဟု ပြောရပါ မည်လော)။ မည်သူဖြစ်စေ ရဟန်းဖြစ်စေ လူဖြစ်စေ ပုထုဇဉ်ဖြစ်ပါစေ၊ ပါရမီအခံသည်လိုအပ်၏။ တစုံတဦးသည် ဘဝဘဝက မည်မျှပါရမီဖြည့်ခဲ့သည် မည်သို့ကျင့်ကြံခဲ့သည်ကို မသိနိုင်မမြင်နိုင်။ ပါရမီအခံကြောင့် ရရှိလာသော အကျိုး တရားတို့သည်လည်းမတူကျပေ။ ဆရာတော်ဘုရားကြီးရေးသားထားသည်ကို မှတ်သားဘွယ်ရာ ဆက်လက်ဖတ်ရှုကြပါရှင်။ ဘဝကန္တရ ခရီးကြမ်းမှ ဆရာတော်ဘုရားကြီးရေးသားထားသော မဟိန္ဓိ၀ိဇ္ဇာ ဘိုးတော်အောင်မင်းခေါင်နှင့် အဘဝိမလတို့အကြောင်း၊ အဘဝိမလသည် မော်လမြိုင်မှ ပြန်ရောက်ရှိသည်နှင့် စကားဆန်းတစ်ခွန်းမိန့်တော်မူနေတတ်၏။ (ထပ်ခနိန်းဘုရားရှေ့၌ အာရုံယူနေစဉ် ငါ့မျက်စိရှေ့ လူသေထည့်ရာ အခေါင်းကြီးကို မြင်တွေ့နေရ၏) ဟူ၍ ။ ငါတို့ကားတည့်တည့်ပြောနေသည်ကို မရိပ်မိခဲ့။ တစ်ဖန် တပို့တွဲလဆန်းသည်နှင့် တပို့တွဲလပြည့်အတွက် ထမနဲထိုးရန် မိန့်ပြန်၏။ ထမ်းဆောင်လာခဲ့ရသည်မှာ မနည်းလှတော့ဘူးဟူ၍ ကိုယ်ဖြင့်ပြောသော နှုတ်ထွက်စကားတည်း။ သို့နှင့်ငါတို့တတွေ ထမနဲပွဲကြီး ကြီးကျယ်စွာပြင်ဆင်းကျင်းပပေးရ၏။ နံနက်အာရုဏ်တွင ် ဦးစွာဘုရားကို ကိုယ်တိုင်ကပ်လှူ၏။ ပြီးသော် အဘနှင့်တကွသံဃာများ။ ထို့နောက် ပရိတ်သတ်။ ပြီးသော် ထိုမိချောင်းကန်၊ သီရိရတနာရိပ်သာလမ်း တစ်လျှောက်ရှိအိမ်များသို့ အိမ်တိုင်းစေ့လျှင် လိုက်လံဝေငှစေ၏။ လာသမျှကိုလည်း ကျွေးမွေးပေးကမ်း၏။ တစ်ရက်နှင့်လည်း မကုန် နှစ်ရက်နှင့်လည်း မကုန်ချေပြီ။ ထိုနောက် ဆက်တိုက်ပင် က္ကုစ္ဆာသယ စေတီတော်ကြီးကို ပြင်ဆင်မွမ်းမံရန် ငါတို့အားအပ်နှံကာ အမိန့်ပေးတော့၏။ ထိုစေတီကား မောင်ကံသည် နဂါးပြည်မှ သွားရောက်ကာ ပင့်ဆောင်လာသော ဆံတော်များကို ဌာပနာထားသည်ဆို၏။ ထိုစေတီနှင့် မလှမ်းမကမ်း သင်္ကန်းကျွန်းကြီးရွာ အလယ်၌ လည်း စေတီကြီးတစ်ဆူ အဘပြုပြင်ထားသည်ရှိ၏။ ထိုရွာ၌ပင် ဓမ္မစေတီ၊ ဓမ္မပါလ ရာဇဝင်၏ဓမ္မပါလ အုတ်ဂူသည် လည်း ထီးထီးကြီးတည်ရှိချေသေး၏။ ထို က္ကုစ္ဆာသယကား အောင်မင်းခေါင်ကြီးက အဘအားအပ်နှံထားသော စေတီဆို၏။ သို့ကြောင့်ပင် က္ကုစ္ဆာသယဘိုးတော်ကြီးဟူ၍ အဘကား အမည်ခံယူခြင်းဖြစ်သည်ဆို၏။ ဤြ၌ ဘိုးတော်ဟူသောစကားသည် ၀ိဇ္ဇာလောက၌ တွင်ကျယ်စွာရှိ၏။ ၄င်းကား ဘိုးဘိုးအောင်၊ ဦးဝိုင်း၊ စကြ်ာမင်းတို့ခေတ်မှာ တာစားလာသောစကားဖြစ်တန်ရာ၏။ စကြ်ာမင်းကလေးမှ ထောက်၍ပင် ဦးဝိုင်းကား ဘိုးတော် တော်စပ်သူပင်တည်း။တဖန်ထို စကြ်ာမင်းကလေးမှ ထောက်၍ပင် ဘိုးဘိုးအောင်သည်လည်း ဘိုးတော် တော်စပ်သူပင်တည်း။ ဘိုးဘိုးအောင်က ပြေကျော်သည်။ ဘိုးမင်းခေါင်က လှေလှော်သည်။ စကားအတိုင်း ဘိုးဘိုးအောင်၏သီလဂုုဏ်သတင်းကား တစ်ပြည်လုံးလျှင် နှံစပ်ကျော်ကြားခဲ့ချေ၏။ ဘိုးဘိုးအောင်၊ စကြ်ာမင်းတို့တွဲဖက်ထားသော ပုံတော်ကားများပင် တပြည်လုံးတောနေမကျန် အများအပြားချိတ်ဆွဲထားကြ၏။ ထိုအချိန်မှစ၍ ဘိုးတော်နာမည်ကား တာစားလာသတည်း။ ယခင့်ယခင်အခါကာလတုန်းကသည်ကား ထွက်ရပ်ပေါက်ဝိဇ္ဇာဟူသော အမည်သာအသုံးများခဲ့၏။ လောကီဝိဇ္ဇာ၊ ဂန္ဓာရီ ၀ိဇ္ဇာဟူ၍လည်းသုံးသေး၏။ ယခုသော်ဘိုးတော်က ဖုံးလွှမ်းသွားချေပြီ။ ထိုမှ နောက်ရောက် ထွက်ရပ်ပေါက်တို့ကား ဘိုးတော်ဟူသော အမည်သာတွင်ကျယ်စွာ၏။ သို့ကြောင့် အဘဝိမလကိုလည်း ဘိုးတော်ဟူသော အမည်သာတွင်ကျယ်လာတော့၏။ အဘကားဘိုးတော်ဆိုသော် လည်း ဘိုးတော် အမူအကျင့်ကားမယူ၊ရဟန်းအမူအကျင့်သာ ယူရှိဘိ၏။ ပါရမီဆုပန် လက်ကျန်မကုန်သေးသဖြင့်သာ ထိုကိစ္စပြုကျင့်နေရ၏။ ရံတခါလျှင် (ငါလုပ်ချင်သည်က ရဟန်းတရား၊ ငါလုပ်နေရတာက ကိလေသာဒုတ်ထိုးသမားကွ)ဟု မိန့်၏။ (ငါမလုပ်ချင်တော့ဟု အတန်တန်ငြင်း၏။ ကိုယ်တော်ကြီး မဝင်လျှင်မဖြစ်လို့ပါ။ ဒါလေးတော့ ဆက်လုပ်ပါဦးနဲ့ ငါ့မှာ နှစ်ပေါင်းသုံးဆယ်ကျော်လာခဲ့ပြီ)ဟူ၍လည်းမိန့်၏။ (ဝေဘူနှင့်ငါ သည် သာသနာနောက်ပိုင်းမှာ ညီအကိုအဖြစ်နဲ့ ဘဝများစွာတွဲဖက်ပြီး ပါရမီဖြည့်ကျင့်ခဲ့ကြတယ်။ ယခုတော့ သူကငါ့ကိုပစ်သွားပြီကွဲ့) ဟူ၍လည်းမိန့်၏။ (သည်နေ့ရဟန်းကိစ္စပြီးစေ့မည် သည်ဆီချက်အိုးထဲ ခုန်ချဆို ငါခုန်ချရဲပါတယ်) ဟူ၍လည်း အားမလိုအားမရဖြင့် ၄င်းစိတ်ထားအား မိန့်ကြားသေး၏။ ရံတခါတွင်ကား- (အောင်မင်းခေါင်ကြီး ငါ့ကိုပြောတယ်။ သန့်ရှင်းရေ-ဂေါတမဘုရားရှင် လက်ထက်တုန်းက မဟာသာဝက အသီတိရှစ်ကျိပ်ရယ်။ နောင်ပွင့်မည့် မေတ္တေယျလက်ထက်တွင်ကား အသီတိ ရှစ်သောင်းရှိလိမ့်မယ်။ အဲဒီရှစ်သောင်းမင်းနောက်မှာ ရှိတယ်ကွယ့်ဟူ၍ မိန့်သည်) ဟုလည်းမိန့်သေး၏။ ထိုနှင့်တဆက်တည်းပင် (ငါ့ကိုစကြ်ာမင်းဆေးပေါ့လိပ်ကလေး တစ်လိပ်ဘိုးတော်ကပေးပြီး မင်းစကြ်ာရှင် ဖြစ်ပြီကွယ့်ဟူ၍လည်းမိန့်သည်)ဟု မိန့်သေး၏။ ၄င်းစကားရပ်များကို ထောက်ချင့်လျက်က အဘကားမေတ္တေယျဘုရားရှင်၏ လက်ထက်တော်၌ ဦးစွာတရားပွင့် စေမည့် ကောဏ္ဍညကဲ့သို့သော သာဝကဆုဖြစ်တန်ရာ၏။ တဖန်လည်း ငါတို့ရောက်စ၏ တစ်နေ့တွင် ငါတို့ကိုလက်ဆွဲခေါ်ခဲ့၍ ဘိုးတော်အောင်မင်းခေါင် အဘပွားတို့ထားရာ အခန်းတွင်းသို့ခေါ်သွားကာ (တွေ့လားငါ့သား အဲဒါက လူတွေကွာ့ ငါက ရဟန်းရယ်ကွာ့။ ဘာလို့သည်လို တစ်ခန်းတစ်နားထားရတာလဲမေး)။ (ငါက လူကိုကိုးကွယ်တာမဟုတ်ဖူး ဆရာကိုလျှင်ကိုကွယ်တာ)ဟူ၏။ ထိုစကားကို ထောက်ချင့်၍လည်း အောင်မင်းခေါင်ကြီးဆိုသည်မှာ လောကီဝိဇ္ဇာမျိုးမဟုတ်၊ ပုပ္ပါးတောင်၏အနီး သပြေကုန်းရွာမှ ဆရာတော် ဦးအာစိဏ္ဏ၏ ရုပ်တော်ထဲဝယ် အလောင်းတော်ကိန်းဝင်ကာ အောင်မင်းခေါင်ကြီး အမည်ခံထားသောဟူ၏။ သို့ကြောင့် အလောင်းတော်နှင့် အဘကား ပါရမီစခန်း၌ တဆက်တည်းသာဖြစ်သဖြင့် အဘကားနောက်သာသနာ၏ အလောင်းအလျာဆိုကားမမှားပြီ။ (စကားချပ်-ကျမအား ဒေါက်တာမြသွင်၏ သားဆယ်ပြားသည်လွန်ခဲ့သောအနှစ် ၂ဝလောက်က ပြောခဲ့ဘူးသည်။ထိုစဉ်ကနားမလည်သဖြင့် ကျမဆရာ ဒေါက်တာမြသွင်မှ ရှင်းပြခဲ့ရာ ကျမအတွက် အထူးအဆန်းဖြစ်ခဲ့ရပါသည်။ ဆရာကား ဆရာတော်ဘုရားကြီး လူဘဝတွင် အတူကျင့်ကြသူ တည်း)။ အဘသည် ၄င်းအားအပ်နှံထားသဖြင့် တာဝန်ယူရမည့် ထို က္ကုစ္ဆာသယကိုငါတို့အား အပ်နှံရာ၌ ထိုက္ကုစ္ဆာသယ စေတီပုံပါရင်ထိုးလေးအား ဦးစွာပေးသနား၏။ တစ်ဖန် အင်းလျားကန်အနီး လမ်းလျှောက်အတူထွက်ရင်းက (ငါ့သားများကို အင်းပညာသင်ပေးဦးမှာပါကွာ) ဆိုခဲ့ပြီး ကျောင်းသို့ရောက်သော် ငွေမတ်စေ့ တစ်မတ်ပေးအပ်ကာ ချီးမြှင့်ခဲ့၏။ ယခုသော် ထိုတံဆိပ်၊ ထိုငွေတစ်မတ်ကိုင်ဆောင်လျက်က မင်္ဂလာဒုံ၊ ကာယရပ်ကွက်အတွင်းရှိ ထိုက္ကုစ္ဆာသယ စေတီသို့ ငါ၏ဒုတိယမြောက်သာသနပြုအဖြစ် ပန်းရံများနှင့်အတူ သွားရောက်ရပါချေ၏။ အဘကိုယ်တော်တိုင်လျင် လိုက်လံပို့၏။ အဘရှိစဉ်ပင် ငြမ်းဆင်၏။ တစ်ဖန်ဘုရားရှေ့ဝယ် ကြီးမားသော မဏ္ဍာပ်ကျောင်းကြီးတစ်လုံးလည်း ထိုးစေ၏။ ကျောင်းလည်းဖြစ် မဏ္ဍာပ်လည်းဖြစ်စေ၏။ က္ကုစ္ဆာသယစေတီတော်ကြီးကိုကား ငှက်ပျောဖူးမှသည် ခေါင်းလောင်းပုံတော်၏ အောက်ကြေးခွေကြာအုံများ တိုင်အောင် ဖာထေးသင့်သည်များဖာထေးရခြင်း၊ ခွာသင့်သည်များခွာလှပ်လကျ်က အသစ်ကိုင်ခြင်းများ ပြုလုပ် ပေးရ၏။ နှစ်အားဖြင့် ၁၃၄၁ ခုထဲသို့ဝင်လာ၏။ ဘုရားရှေ့၏ မဏ္ဍာပ်ကျောင်းကြီး ပြီးစီးလေသော် အဘကိုယ်တော်တိုင်ကြွရောက် သီတင်းသုံးတော့၏။ ငါတို့ကိုလည်း- (သားရဲ့ ဘုရားတည်တာက ပန်းရံတည်တာကွာ့။ ငါတို့က ငါတို့အလုပ် ငါတို့လုပ်ရမည်)။ ဤသို့လျှင် သတိပေးကာ အဘလည်း အခန်းတွင်းမှပင် တရားအားထုတ်၏။ ငါတို့သည်လည်း ဓမ္မာရုံဟောင်းကြီး၏ အတွင်း၌ အလုပ်ကိစ္စ အထွေအထူးမရှိ တရားကိုသာမှတ််တော့ချေ၏။ အလှူခံမရှိ၊ အလှူခံခွက်၊ အလှူဌာနလည်း မထားရှိ။ သူ့အလိုလို နဂိုအတိုင်းပင် ကြားရာအရပ်တို့မှ သူ့အဆက်နှင့်သူ လာရောက်ကြကာ ထည့်ဝင်ရာ မတောင်းဘဲနှင့် တောင်းဆုနှင့်ကောင်းမှု ပြည့်သွား၏။ သို့နှင့် စေတီပြီးစီးရာ နောက် စေတီရှိရာ သိမ်ပါ၊ ပါစေတော့၏။ (အဘဆိုသည်မှာ အဘဝိမလကိုဆိုခြင်းဖြစ်ပါသည်) (စကားချပ်=ကျမသည်လည်း ၀ိပသနာအားထုတ်ရာမှ မည်သို့မည်နယ် ၀ိဇ္ဇာနယ်ဘက်ရောက်သွားသည် မသိ အဘအောင်မင်းခေါင်ကြီးနှင့်ဆက်နွယ်လာတော့၏။ ခိုင်းတာလည်း လုပ်ရလေရာ ပိတ်ရက်တွင် ကျမ ပုဂံသို့အကြိမ်ကြိမ်သွားရ၏။ တောင်တွင်းကြီးသို့လည်းသွားခဲ့ရဘူး၏။ ကျမအားဖြင့် တဆင့်ခံဖြင့်သာ ခိုင်း၏။ တိုက်ရိုက်ကားမခိုင်းချေ။ သို့သော် အိမ်မက်ထဲတွင် အသံသြဇာပြည့်စုံသော အသံတသံကား လူမမြင်ရ။ အသံကားကြားရ၏။ အိမ်မက်သာပြောင်းသွားမည် အသံကားမပြောင်း။ မိန့်သွားတိုင်း နောင် ၄-၆လ ကြာသော်ဖြစ်လာ၏။ ကျမသည်လည်း တကြိမ်သော် ဘိုးတော်အောင်မင်းခေါင်အား မကြေမနပ်ဖြစ်ရာ အကြီးအကျယ်ပြန်ပြောဘူးသည်။ သို့ဖြစ်ရာ ကျမအား (နေရာရွေ့ရမည် နင့်ထိုုက်နှင့်နင့်ကံ)ဟု အိမ်မက်လာပေးရာ ၊ အိမ်မက်ပေးပြီး ၆ လအကြာတွင် မသက်မသာဖြင့် ဒုက္ခပေးသူများ ပေါ်လာပြီး လက်ရှိတာဝန်ယူထားသော နေရာမှ ဖယ်ပေးလိုက်ရ၏။ ထိုကိစ္စတွင် ကျမသည် ပြန်လည်ချေပခွင့်မရှိသော မတရားသဖြင့်နည်းဖြင့် တဖက်သတ်ဆုံးဖြတ်ခံရခြင်းဖြစ်ပါသည်။ သို့သော် ကျမသည် ကျေနပ်၏။ အတော်သီးခံလိုက်ရသဖြင့် သီးခံရ သောပါရမီဘက်တွင် ပါရမီလေးအသင့်အတင့်တော့ ပါသွားသည်။ ၄င်းအပြင် ကျမသည် အပူကို အအေးနှင့်ဆေးတတ်သောပင်ဂိုစရိုက်ကြောင့် ထိုလူကြီးအား ရှောင်ကွင်းသည့်အနေဖြင့် တရားရိပ်သာတွင် သွားရောက်တရားထိုင်ဖြစ်ရာ ကျမသည် အရှုံးထက် မမြတ်ထွက်သွားလေတော့သည်။ နောင်တွင် ကျမသဘောပေါက်လာသည်မှာ ဘိုးတော်အောင်မင်းခေါင် ကား တပည့်တပန်းများစွာရှိ၏။ သူကလုပ်ခြင်းမဟုတ် သူ့တပည့်များက ဆရာအားပြန်ပြောသဖြင့် ကျမအား အောက်လက်ငယ်သားများက ပြန်ပြောခြင်း၊ အာခံခြင်း၊ ပြသနာရှာခြင်းများကိုခံခဲ့ရပေသည်။ ဓါတ်စီးများထံသို့ အဘအောင်မင်းခေါင်သည်ကိုယ်တိုင်ကြွလာရောက်ပြောဆိုခြင်းနည်း၏။ သက်ဆိုင်ရာကိုယ်စောင့်နတ်များ၊ ပဌာန်းဆက်များ၊ မိမိတို့ကိုးကွယ်သော နတ်များ၊ ရိုးရာများမှ ဝင်ရောက်၍ ဓါတ်စီးခံသူမှတဆင့် မိမိတို့ အကြောင်းကို ပြောကြားနေခြင်းသာဖြစ်ပါသည်။ လူတွေက အဘဓါတ်စီးဆို၏။ အဘအမည် ကိုဒိုင်ခံသုံး၍ ဟောကြပြောကြရှာစားကြ၏။ အမှန်ကားမဟုတ် နေရာတိုင်း အဘမဟုတ်။ သမထလိုင်းကအခေါ်အားဖြင့် အဟိတ်တို့သာတည်း။ တပည့်တပန်းများသာတည်း။ အစစ်အမှန်ကား ကိစ္စရှိမှသာ ကြွလာတတ်ရာ။ တခါတရံတွင် တပည့်အဟိတ်များ တောင်ပြောမြောက်ပြောဝင်ပြောသဖြင့် သူများသည် အဘအောင်မင်းခေါင် ဟု ယုံထင်ကြောင်ထင် ဖြစ်လာတတ်သည်ကို အဘအောင်မင်းခေါင် ပြောသည်ဟု စွဲဲမှတ်မှားမှာစိုးသောကြောင့် ယခုရှင်းလင်းလိုက်ခြင်းဖြစ်ပါသည်။ ကျမကိုယ်တိုင်လည်း ထိုသို့ဖြစ်ဖူးလေရာ ကျမသည် ကျမအား တောင်ပြောမြောက်ပြောပြောရမလားဟု စိတ်ဆိုးကာ အဘအား ပြန်ပြောဖြစ်သွားခြင်းဖြစ်ပါတော့သည်။ ကျမ၏ဆရာမသည် ဘုရားတွေတည်ရာတွင် ဒိုင်ခံညွှှန်ကြားပေးရသူဖြစ်ရာ သူထံသို့လည်း အဘမကြာခဏကြွလာတတ်၏။ အဘတို့နှင့်ပဌာန်းဆက်ရှိသူ အလုပ်တွဲလုပ်ရမည့်သူများတွင်သာကြွလာသည်ကားများ၏။) မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး မေတ္တာရိပ်အောက်မှ မတောင်းဘဲနှင့် တောင်းဆု နှင့်ကောင်းမှုပြည့်စုံကြပါစေသတည်း။
https://www.dhammaransi.com/index.php/new/388-2017-03-29-02-01-05.html
မြတ်နိုးဖွယ်ရာ ဝေဖန်ပါ
ယခုခေတ်ကြီးမှာနေရာတကာဝေဖန်ရေးဆရာတွေ သိပ်ပေါတယ်။ ဒါပေမယ့်ဝေဖန်မှုတစ်ခုသာရှိပြီး ယုံကြည်မှု သဒ္ဓါတရားမပါလျှင်မိစ္ဆာသဘောတရားတွေ ကိန်းနေတတ်တယ်။ ယုံကြည်မှု သဒ္ဓါတရားလည်း အားကောင်းတယ်၊ ချင့်ချိန်ဝေဖန်မှုအသိဉာဏ်ပညာလည်းကြွယ်ဝတယ်။ အဲဒီလို သဒ္ဓါ၊ပညာနှစ်ဖြာမျှတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ဖို့ . . . ယခုခေတ်ကြီးမှာ နေရာတကာ ဝေဖန်ရေးဆရာတွေ သိပ်ပေါတယ်။ ဒါပေမယ့်ဝေဖန်မှုတစ်ခုသာရှိပြီး ယုံကြည်မှုသဒ္ဓါတရားမပါလျှင် မိစ္ဆာသဘောတရားတွေ ကိန်းနေတတ်တယ်။ ယုံကြည်မှု သဒ္ဓါတရားလည်း အားကောင်းတယ်၊ ချင့်ချိန်ဝေဖန်မှု အသိဉာဏ်ပညာလည်းကြွယ်ဝတယ်။ အဲဒီလို သဒ္ဓါ၊ပညာ နှစ်ဖြာမျှတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ဖို့ အရေးကြီးပါတယ်။ ဘန္ဒန္တ ခမာဝုဓ ဆရာတော် မိတ်ဆွေတစ်ဦး၏ ကောင်းမှုကြောင့် အထက်ပါမှတ်သားနာယူဖွယ် သြဝါဒထူးကို ဖတ်ရှုခဲ့ရသည်။ ဆရာတော်ဘုရား ကြီး၏အဆုံးမကို ရှေ့ဆုံးစာမျက်နှာတွင်ထင်ထင်ရှားရှားဖော်ပြပေးခဲ့သည့် မြတ်မင်္ဂလာဘာသာရေးစာစောင် အယ်ဒီတာအဖွဲ့အားလည်း အထူးတလည် ကျေးဇူးတင်မိသည်။ မိတ်ဆွေဖြစ်သူက ယင်းစာမျက်နှာကိုဖတ်ပြီးလျှင်ပြီးချင်း အပြေးရောက်လာခဲ့ပြီး ဤသြဝါဒကထာသည် စာရေးသူတို့လို ဆောင်းပါးရှင်များအတွက်လည်း အထူးမှတ်သားနာယူဖွယ်ကောင်းသည်ဟု ယူဆကြောင်းပြောလာသည်။ ဆရာတော်၏သြဝါဒကို ဖတ်ပြီးသည့်နောက် စာရေးသူက မိတ်ဆွေကို ကျေးဇူးတင်စကားဆိုမိသည်။ ဖော်ပြပါအဆိုအဆုံးအမကိုလည်း အကြွင်းမဲ့ထောက်ခံခဲ့သည်။ မှန်ပါသည်။ ဆရာတော်ကြီး မိန့်ကြားသလို မျက်မှောက်ကာလတွင် စာပေနယ်ပယ်အသီးသီး၌ ဝေဖန်ရေးဆောင်းပါးရှင်တို့ အမြောက် အမြားပေါ်ထွက်လာခဲ့သည်။ အထူးသဖြင့် ၁၉၉ဝပြည့်လွန်နှစ်များတွင် ဝေဖန်ရေးဟုကင်ပွန်းတပ် နိုင်သော ဘာသာရေးဆိုင်ရာပြုပြင် တိုးတက်ရေးဆောင်းပါးကောင်းများ အရှိန်အဟုန်ဖြင့်ထွက်ပေါ်လာခဲ့သည်။ သာသနာတော်ကြီးတွင် ကပ်တွယ်ငြိနေသော အညစ် အကြေး၊ ကြေးညှော်များကို တတ်စွမ်းသည့်ဘက်မှ ၀ိုင်းဝန်းတိုက် ချွတ် ဆေးကြောခဲ့ကြသည်မှာအားရစရာ ကောင်းလှပေသည်။ သို့သော်ယင်းလုပ်ရပ်တို့ကပင် မိမိတို့၏ သမာအာဇီဝမကျသော ကြီးပွားတိုးတက်ရာ လမ်းကြောင်းအတွက် အတားအဆီး ခလုတ် တံသင်းဖြစ်ခဲ့ရသူတချို့က မုဒိတာမပွား နိုင်ကြသည်ကိုလည်းအထင်အရှားတွေ့မြင်ခဲ့ရသည်။ မည်သို့ဆိုစေ ဘာသာသာသနာ အကျိုးအတွက် ဗုဒ္ဓမြတ်စွာအဆုံးအမနှင့်အညီ တတ်စွမ်းသမျှ စွန့်လွှတ်သယ်ပိုးကြ မည်ဟူသည့် မြင့်မြတ်သော အသိစိတ်ဓာတ်ဖြင့် ထွက်ပေါ်လာခဲ့သည့် ဝေဖန်ရေးဆောင်းပါးများ၏ ရေစီးကြောင်းသည်ကား အဖျက်အမှောင့်သမားတို့ကိုကျော်လွန်လျက် အရှိန်အဟုန်ကောင်းစွာ စီးဆင်းနေပေပြီ။ ထို့ကြောင့်လည်း ဆရာတော်အရှင်ခမာဝုဓက ပညာရှိသတိဖြစ်ခဲဆိုသကဲ့သို့ မယိမ်းယိုင် မတိမ်းစောင်းရလေအောင် ဗုဒ္ဓသာသနာ ဆိုင်ရာဝေဖန်ရေး ဆောင်းပါးရှင်များအား သတိပေးမှာကြားခြင်းပင် ဖြစ်သည်ဟု စာရေးသူ အလေးအနက်ယုံကြည် ခံစားမိပါသည်။ ဆရာတော်ဘုရားကလိုရင်းကို တိုတိုရှင်းရှင်း မိန့်ကြားခဲ့သည်ဖြစ်ပေရာ အသိတရားနုနယ်သူလူငယ်လူရွယ်အချို့အတွက် အကောက် အယူလွဲချော်သွားမည်ကိုကား စာရေးသူ စိုးရိမ်မိသည်။ သို့ကြောင့်လည်း ဤစာကိုရေးဖြစ်သွားခြင်းဖြစ်ပါသည်။ ဆရာတော်က ဝေဖန်ပိုင်းခြားကြရာတွင် သဒ္ဓါရှိဖို့လည်းလိုအပ်ကြောင်း အလေးအနက်ထားမှာကြားခဲ့သည်မှာ ဗုဒ္ဓမြတ်စွာအဆုံးအမနှင့်ထပ်တူထပ်မျှပင်ဖြစ်သည်။ သဒ္ဓါတရားမပါသောဝေဖန်ရေးသည် မိစ္ဆာအယူကို ဖြစ်စေနိုင်သည်ဆိုသည့်အချက်ကို စာရေးသူ အကြွင်း မဲ့ထောက်ခံပါသည်။ သို့သော် သဒ္ဓါတရားဆိုသည့် အသုံးအနှုန်းအပေါ် ဗုဒ္ဓအလိုတော်ကျမှန်မှန်ကန်ကန် နားလည်ကြဖို့လွန်စွာအရေးကြီးလှပေသည်။ သဒ္ဓါဟုဆိုလိုက်သည်နှင့်လူအတော်များများက ယုံကြည်မှုဟုသာ ချက်ချင်း အလွယ်တကူနားလည်တတ်ကြသည်။ ယုံကြည်သည် ကတော့ဟုတ်ပါပြီ၊ ဘာကိုယုံကြည်ခြင်းကို ဆိုလိုပါသနည်း ဟုဆိုလျှင်ကားအဖြေအမျိုးမျိုး ပေးတတ်ကြသည်။ အများစုမှာဘုရား၊တရား၊ သံဃာအပေါ်အကြွင်းမဲ့ယုံကြည်ခြင်းပေါ့ဟု ဆိုတတ်ကြသည်။ အဖြေကားမမှားပါ။ သို့ရာတွင် ယေဘုယျကျလွန်းအားကြီးနေပေရာ ယင်းသို့အဖြေပေးသူများထဲတွင်ပင် နားလည်မှုချင်း ကွာခြားနေတတ်သည်။ စာရေးသူတို့ ဗုဒ္ဓဘာသာဝင်များ ကွဲကွဲပြားပြားသိထားသင့်သည်မှာ ဗုဒ္ဓသာသနာတော်နှင့်ညီသော ယုံကြည်မှုသည် အသိဉာဏ်နှင့် ယှဉ်သောယုံကြည်မှုကိုသာ ဆိုလိုခြင်းဖြစ်သည်ဆိုသောအချက်ပင်ဖြစ်သည်။ အချို့သော သာသနာပဘာသာတရားများတွင် အသိ ဉာဏ်နှင့် ယှဉ်သောယုံကြည်မှုမျိုးကို အကြွင်းမဲ့ပိတ်ပင်ထားရာဘာသာရေး ခေါင်းဆောင်တို့၏ အဆိုအမိန့်ကိုမှန်သည်မှားသည် အကဲဖြတ်ခွင့်မရှိကြပေ။အကြွင်းမဲ့ မျက်စိစုံမှိတ်၍ အကန်းယုံယုံကြရသည်။ အနည်းငယ် ဝေဖန်ထုတ်ဖော် ပြောကြားမိသူများကိုပင်မိစ္ဆာဒိဋ္ဌိများအဖြစ်စွပ်စွဲကာ ကြီးလေးသောဘာသာရေးပြစ်ဒဏ်များ ချမှတ်တတ်ကြသည်။ ဗုဒ္ဓသာသနာတော်တွင်ကား ထိုသို့မဟုတ်ချေ။ ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သည့် ဓမ္မဒေသနာတော်တို့၏ ထူးခြား ချက်ဖြစ်သော ဓမ္မ ဂုဏ်တော်ခြောက်ပါးတို့၏ အနက်အဓိပ္ပာယ်ကို လေ့လာကြည့်ပါကတွေ့မြင်နိုင်ပါသည်။ လာလော့၊ ရှုလော့၊ကိုယ်တိုင်လိုက်နာကျင့်သုံး ကြည့်၊ ဝေဖန်ပိုင်းခြား စိတ်ဖြာကြည့်ကြလော့ဟုဝေဖန်ရေးကို အစဉ်သဖြင့်လက်ကမ်းကြိုနေသည်ကား ဗုဒ္ဓဓမ္မ၏ ပြိုင်ဘက်ကင်းသော ထူးခြားချက်ကြီးပင် ဖြစ်တော့သည်။ ဗုဒ္ဓမြတ်စွာသည် သူဟောကြားတော်မူခဲ့သည့် ဓမ္မတရားတော်တို့အပေါ် ဤရွေ့ဤမျှရဲရဲဝံ့ဝံ့ ဝေဖန်ဆန်းစစ်ခံဝံ့သည်မှာ အဘယ်ကြောင့်နည်းဟု ကျွနု်ပ်တို့တွေးဆသင့်ပေသည်။ အကြောင်းရှိပါသည်။ ဗုဒ္ဓမြတ်စွာဟောကြားသမျှ တရားဒေသနာတော်တို့သည် သူ၏ကိုယ်ပိုင် ထင်မြင်ယူဆချက်များ မဟုတ်ဘဲ လောက ၏ ဖြစ်စဉ်သဘာဝ၀ါသဘာဝဓမ္မ၊ တစ်နည်းဆိုသော် အမှန်တရားကို အရှိ အရှိအတိုင်း ထုတ်ဖော်တင်ပြခဲ့ခြင်းကြောင့်ပင်ဖြစ်ပေသည်။ သို့ကြောင့် ဗုဒ္ဓမြတ်စွာသည် သူ၏ဆုံးမခြင်းပြာဋိဟာ၏ အာနိသင်ကိုအကြွင်းမဲ့ယုံကြည်စိတ်ချခဲ့သည်။ လောက၏အမှန်တရားကို ရှာဖွေ နေသူ၊ အမှန်တရား၏အစွမ်းသတ္တိကို ယုံကြည်သူ၊ အမှန်တရားကို ချစ်မြတ်နိုးသူသာဖြစ်ပါစေ၊ဗုဒ္ဓမြတ်စွာ၏ ဆုံးမခြင်းပြာဋိဟာကိုလွန်ဆန်နိုင်သူဟူ၍ လောက၌မရှိချေ။ လောက၏ဓမ္မတာဖြစ်စဉ်ကို အရှိအတိုင်းတင်ပြထားသော တရားဒေသနာဖြစ်ပေရာ လက်တွေ့စမ်းသပ်ကြည့်ရမှ ယုံကြည်လို သူတို့အတွက် ဗုဒ္ဓဓမ္မသည်လွန်စွာသင့်လျော်လိုက်ဖက်ညီနေခဲ့၊ ညီနေဆဲ၊ညီနေဦးမည်သာဖြစ်သည်။ ထို့ကြောင့်လည်း ဗုဒ္ဓမြတ်စွာသည် သူ၏ သာသနာကို ပြုစုပျိုးထောင်ဖြန့်ဝေခဲ့ရာ၌အချို့သောသာသနာပ ဘာသာ တရားတို့ကဲ့သို့မစားရဝခမန်း စိတ်ကူးယဉ်စကားလုံးများဖြင့် မက်လုံးပေးဆွဲဆောင်ခြင်း၊ ကြောက်မက်ဖွယ်ရာငရဲ ခန်းများဖြင့်ခြိမ်းခြောက်ခြင်းမပြုခဲ့ချေ။ဗုဒ္ဓမြတ်စွာ၏ အလိုတော်နှင့်အညီသာသနာပြုလာခဲ့ကြသော စစ်မှန်သည့်ဗုဒ္ဓသာသနာဝင် အစဉ်အဆက် ဗုဒ္ဓသာသနာထွန်းကားပြန့်ပွားရေး ဆောင်ရွက်ကြရာတွင်တန်ခိုးပြာဋိဟာပြခြင်း၊ လောကီရေးရာမက်လုံးများဖြစ်သည့် စားဝတ်နေရေးထောက်ပ့ံခြင်းတို့ဖြင့် ဆွဲဆောင်သိမ်းသွင်းမှု မရှိခဲ့ပေ။ ဓားစွမ်းပြ ခြိမ်းခြောက်ကာမိမိတို့ဘာသာဝင်အဖြစ် မခံယူသူများအားညှဉ်းပန်းနှိပ်စက် မျိုးဖြုတ်သည့်နည်းဖြင့် သာသနာပြုခြင်းမျိုးလည်း အလျဉ်းမရှိခဲ့ပါချေ။ တစ်နည်းဆိုရသော် ဗုဒ္ဓမြတ်စွာနှင့်တကွ ဗုဒ္ဓ၏နောက်လိုက်တို့သည်ခွန်အားသည် အမှန်တရားMightisRight ဟုမယုံကြည်ဘဲ အမှန်တရားသည်သာ ခွန်အားRightisMight ဟုယုံကြည်ခဲ့ကြသူများသာ ဖြစ်ပေသည်။သို့ဖြစ်ရာ ဗုဒ္ဓသာသနာတော်တွင်ရှိသောသဒ္ဓါတရား ၀ါ ယုံကြည်မှုဆိုသည်မှာ'အမှန်တရားသည်သာ ခွန်အားဖြစ်သည် ဟူသောယုံကြည်မှုမျိုးသာဖြစ် ကြောင်း အလေးအနက်သတိချပ်သင့်ပေသည်။ လောကတွင် အမှန်တရားသည်ရှိ၏။ ယင်းအမှန်တရားကို ဟုတ်တိုင်းမှန်စွာ သိမြင်ခြင်းသည်သာ မိမိဘဝတစ်သက်တာ၏အဆုံးစွန် သောအောင်မြင်မှုပန်းတိုင်ဖြစ်၏ဟူသော ယုံကြည်ချက်မျိုးသည်သာ စစ်မှန်သော သဒ္ဓါတရား ဖြစ်ပေသည်။ အမှန်တရားကို မြတ်နိုးခြင်းဟုလည်း ဆိုနိုင်ပါသည်။ မိမိပတ်ဝန်းကျင်သည်အမှန်တရားကို ကျောခိုင်းကောင်းကျောခိုင်းနေပါလိမ့်မည်။ အမှန်တရားဆိတ်သုဉ်းနေ သည့် ပတ်ဝန်းကျင်ကြောင့် မှန်ရာကိုပြော၊မှန်ရာကိုလုပ်လိုသူတို့အဖို့ လတ်တလော ပင်ပန်းဆင်းရဲမှုတို့နှင့် ကြုံတွေ့ကောင်းကြုံတွေ့ နိုင်ပါသည်။ သို့ရာတွင် မိမိကအမှန်တရားကိုသာ လက်ကိုင်ထားလျက်ဘဝခရီးကြမ်းကို ကျော်ဖြတ်လျှောက်လှမ်းမည်ဆိုပါကတစ်နေ့ သောအခါတွင် အမှန်တရား၏တန်ခိုးသတ္တိကြောင့် မိမိအောင်ပွဲခံနိုင်ရမည်ဟူသောယုံကြည်ချက်မျိုး ရှိထားဖို့လိုပေသည်။ ဗုဒ္ဓသာသနာတော်၏ အဆုံးစွန်သောပန်းတိုင်သည် သစ္စာတရားကို ဟုတ်တိုင်းမှန်စွာသိမြင်ရေးဖြစ်သည်။ လွယ်လွယ် ဆိုရသော် အမှန်တရားကို သိမြင်ရေးဖြစ်သည်။ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူလိုက်သည်နှင့်တပြိုင်နက် မိမိတို့သည် အမှန်တရားသည်သာ ခွန်အားသတ္တိ ဖြစ်ကြောင်းယုံကြည်လက်ခံလျက် အမှန်တရားကိုသိမြင်ရေးအတွက် တတ်စွမ်း သမျှ ကြိုးပမ်းအားထုတ်ပါတော့မည်ဟုသန္နဋ္ဌာန်ချမှတ် လိုက်ခြင်းပင်ဖြစ်သည်။အမှန်တရားသည် ဓမ္မပင်ဖြစ်ပေရာ ဓမ္မံ သရဏံဂစ္ဆာမိ ဆိုသည့် သရဏဂုံတစ်ပါးနှင့်ပြည့်စုံသွားပေပြီ။ အမှန်တရားကို ယုံကြည်မြတ်နိုးသူအနေနှင့် ယင်းအမှန်တရားကို ဖော်ထုတ်တင်ပြသွားသည့် ပုဂ္ဂိုလ်အပေါ် ယုံမှားသံသယဖြစ်စရာလမ်းမရှိတော့ချေ။ ထို့ကြောင့်ဗုဒ္ဓံ သရဏံဂစ္ဆာမိ တည်းဟူသော သရဏဂုံနှင့်လည်းပြည့်စုံသွားလေပြီ။ အမှန်တရားနှင့် ယင်းအမှန် တရားကိုထုတ်ဖော်တင်ပြသူရှိခဲ့သလို ယင်းအမှန်တရားကို သိမြင်ရေးလမ်းစဉ်တို့အား ခေတ်အဆက်ဆက် ဆောင်ကြဉ်းလာခဲ့သည့် စစ်မှန်သောသံဃာတော်တို့ အပေါ်၌လည်း ယုံမှားသံသယဖြစ်ဖွယ်မရှိတော့ချေ။ထို့ကြောင့် သံဃံ သရဏံ ဂစ္ဆာမိ ဆိုသည့်သရဏဂုံ နှင့်လည်း ပြည့်စုံသွားတော့သည်။ ထို့ကြောင့် စစ်မှန်သော သရဏဂုံတည်ခြင်းသည် အမှန်တရားကိုမြတ်နိုးယုံကြည်ခြင်းတည်းဟူသော သဒ္ဓါတရားအပေါ်တွင် မဏ္ဍိုင်ပြု နေကြောင်း သိသာထင်ရှားလှပေသည်။ နှုတ်ဖျားက သရဏဂုံသုံးပါးကို မည်မျှပင် တွင်တွင်ကြီးရွတ်နေစေကာမူအမှန်တရားကိုယုံကြည် စိတ်၊ အမှန်တရားကိုသာအားကိုးအားထားပြုသောစိတ်၊ အမှန်တရားကိုရှာဖွေသိမြင်လိုသောစိတ်တို့နှင့် မပြည့်စုံပါက သဒ္ဓါတရားနှင့် ပြည့်စုံခြင်းမရှိနိုင်ချေ။ ယင်းသို့သဒ္ဓါတရားကင်းမဲ့နေမည်ဆိုပါက ဆရာတော် အရှင်ခမာဝုဓ မိန့်ကြားသကဲ့သို့ မိစ္ဆာဒိဌိဧကန်မုချဖြစ်နေ ပါလိမ့်မည်။ ဝေဖန်ရေး၏အထက်တွင် ဘာမျှမရှိ ဆိုသော ပညာရှိတို့၏စကားကိုစာရေးသူကြားဖူးဖတ်ဖူးပါသည်။ သို့သော်ယင်းဝေဖန်ရေးသည် ဆရာတော်ဘုရားကြီး မိန့်ကြားသလို သဒ္ဓါတရားနှင့်ပြည့်စုံသော ဝေဖန်ရေးကိုသာဆိုလိုသည်ဟု စာရေးသူအလေးအနက်ယုံကြည်ပါ သည်။ ဝေဖန်ရေးဟူသည် အမှန်တရားကိုရှာဖွေသော နည်းလမ်းတစ်ရပ် သာဖြစ်သည်။ တစ်ပါးသူအား ပြစ်တင်ရှုတ်ချပြောဆိုခြင်းသည်ဝေဖန်ရေးမမည်ချေ။ ပုဂ္ဂိုလ်ရေးဦးတည်ချက်ထား၍ကဲ့ရဲ့ရှုတ်ချခြင်းသည် မိုးပေါ်မော့၍တံတွေးထွေးခြင်းနှင့်သာတူလှပေရာ အထူး ရှောင်ရှားသင့်သည်။ အချို့မှာယဉ်ကျေးဖွယ်ရာ စကားများတွင်တွင်သုံးထားစေကာမူ သဒ္ဓါတရားတည်းဟူသောအမှန်တရားကိုမြတ်နိုး စိတ်အား အခြေမခံဘဲ ပုဂ္ဂိုလ်ရေးထိုးနှက်တိုက်ခိုက်လိုစိတ်ကိုသာ အခြေခံထားပေရာ ထိုသူတို့၏ဝေဖန်ရေးသည် စေတနာမမှန်သော ဝေဖန်ရေးအတုအယောင်သာ ဖြစ်ကြောင်းစာဖတ်ပရိတ်သတ်က ကောင်းစွာသိကြပါသည်။ ထို့ကြောင့် ဝေဖန်ရေးဆောင်းပါးရှင်တိုင်း သတိချပ်သင့်သည်မှာ ဝေဖန်ရေးစာတစ်ပုဒ် ရေးတော့မည်ဆိုသည်နှင့်မိမိကိုယ်ကိုပြန်လည် စစ်မေးသင့်သည်။ ငါသည်ဤစာကိုရေးရာ၌ သဒ္ဓါတရား၏တိုက်တွန်းစေ့ဆော်ချက် ပါဝင်ပါ၏လော ဆိုသည့်အချက်ကို အပြန်ပြန်အ လှန်လှန် ဆန်းစစ်သင့်သည်။ မိမိရေးလိုက်သောစာသည် အမှန်တရားထွန်း ကားရေးအတွက်တစ်ဖက်တစ်လမ်းမှ အကျိုးပြုနိုင်သည်ဟုယုံကြည်မှရေးသင့်သည်။ ထို့သို့မဟုတ်မူဘဲထင်ပေါ်လို စိတ်၊ သူတစ်ဖက်သားကို အပြစ်တင်အနိုင်ယူလိုစိတ်၏စေ့ဆော်မှုကြောင့်ရေး မည်ဆိုပါကစေတနာမသန့်သလို စာကလည်း သန့်လိမ့်မည်မဟုတ်ချေ။ တစ်ဖက်တွင်လည်းအမှန်တရားကိုမြတ်နိုးခြင်းဟူသည် ဗုဒ္ဓအလိုတော်ကျသဒ္ဓါတရားနှင့် ပြည့်စုံသောဝေဖန်ရေးမျိုးကိုလက်လှမ်းကြို ဆိုသင့်ပါသည်။ ဗုဒ္ဓသာသနာတော်တွင်ဝေဖန်ရေးသည် ကြောက်စရာမဟုတ်ချေ။မြတ်နိုးစရာသာ ဖြစ်ပေသည်။ အမှန်တရားကို မြတ် နိုးစွာရှာဖွေနေသူ ဗုဒ္ဓဘာသာဝင်အချင်းချင်းတစ်ဦး၏အမှားကို တစ်ဦးကထောက် ပြခြင်းသည်အလွန်ကောင်းမြတ်သော လုပ်ငန်းတစ် ရပ်သာဖြစ်ပါသည်။ မိမိအမှားကို ဝေဖန်ထောက်ပြသူထက်သာလွန်ကောင်းမြတ်သော မိတ်ဆွေမျိုးလောကတွင်မရှိဆိုသည့်အချက်ကို အမှန်တရားမြတ်နိုးသူတိုင်း သိရှိနားလည်ထားကြပါသည်။ ဤမျှဆိုလျှင် ဗုဒ္ဓအလိုတော်ကျသဒ္ဓါတရား၊ဆရာတော် အရှင် ခမာဝုဓ မိန့်ကြားခဲ့သော သြဝါဒလာသဒ္ဓါတရားဆိုသည်မှာ အမှန်တရား ကိုယုံကြည်မြတ်နိုးခြင်းကိုသာဆိုလိုကြောင်း သဘောပေါက်လောက်ပေပြီ။
https://www.dhammaransi.com/index.php/new/389-2017-03-29-01-59-47.html
ခင်ပွန်းကြီး (၁၀) ပါးကန်တော့နည်း
အရှင်ဇေယျာပဏ္ဍိတ( ပိုင်းလော့ဆရာတော်) မိုးညှင်းသိ င်္ဂီကျောင်းတိုက် ၏ ခင်ပွန်းကြီး (၁၀) ပါးကန်တော့နည်း ဖြစ်ပါတယ်ခင်ဗျာ။ ဆရာတော်အား ဤစာစုဖြင့် ရိုသေမြတ်နိုးလက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ဘုရား........။ ုုု ဘုရားတပည့်တော်သည်သံသရာအစမှစ၍ ယနေ့တိုင်အောင်- * ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော မြတ်စွာဘုရားရှင်ကို်တော်မြတ်ကြီးတို့၏ အပေါ်၌ * ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကြီးတို့၏ အပေါ်၌ * ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော အဂ္ဂသာဝက မဟာ သာဝက ရဟန္တာ အရှင်မြတ်ကြီးတို့၏ အပေါ်၌ * ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ရဟန္တာ အရှင်မြတ်ကြီးတို့၏ အပေါ်၌ * ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော မိခင်တို့၏ အပေါ်၌ * ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ဖခင်တို့၏ အပေါ်၌ * ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော လိမ္မာစေရန် ကျိုးကြောင်းပြ၍ ဆုံးမတတ်သော ဆရာသမားတို့၏အပေါ်၌ * ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော သီလဂုဏ်၊ သမာဓိ ဂုဏ်၊ ပညာဂုဏ်တို့ကို ဆည်းပူးဖြည့်ကျင့်လျှက်ရှိကြကုန်သော လူပုဂ္ဂိုလ်၊ရဟန်းပုဂ္ဂိုလ် ၊ အရိယာပုဂ္ဂိုလ် တို့၏ အပေါ်၌ * ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော တရားဓမ္မတို့ကို ဟောပြောပြသ ဆုံးမတတ်သော ဆရာသမားတို့၏အပေါ်၌ * ထမင်းတလုပ်၊ ရေတလုပ် စသည်ဖြင့်ပေးကမ်းချီးမြှင့်ထောက်ပံ့ဖူးသော ကျေးဇူးရှင်ပုဂ္ဂိုလ် တို့၏ အပေါ်၌ ကာယကံ ၊ ဝစီကံ၊ မနောကံ သုံးပါးသောကံတို့ဖြင့် ပြစ်မှားခဲ့သည်ရှိခဲ့ပါသော် ထိုအပြစ်တို့ကိုပျောက်ပါစေခြင်း အကျိုး ငှာ ရိုသေမြတ်နိုးလက်စုံမိုး၍ ရှိခိုးပါ၏ဘုရား........။ သို့့ရှိခိုး ပူဇော်ဖူးမြော်မာန်လျော့ ကန်တော့ရသော ကောင်းမှုကံစေတနာ တို့ကြောင့် အလုံးစုံသော ဘေးရောဂါအ န္တရာယ် အပေါင်းတို့မှကင်းဝေးပြီးလျှင် မြတ်စွာဘုရားရှင် ဟောကြားတော်မှုသော သစ္စာလေးပါးမြတ်တရား ကိုကောင်းစွာ သိမြင် ပြီးနိဗ္မ့ာန်သို့ဝင်နိုင်သော ကိုယ် ဖြစ်ရပါစေသား အရှင်ဘုရား။ လောကီ မင်္ဂလာအဖြာဖြာတို့သည်လည်း စိတ်ကြံတိုင်း ၊တောင်းတတိုင်း လွယ်ကူလျင်မြန်စွာ ပြည့်စုံ၍ နှလုံးစိတ်ဝမ်း အေးချမ်းရပါစေသား အရှင်ဘုရား။ ခင်ပွန်းကြီး (၁၀) ပါး ပူဇော်ရခြင်း၏အကျိုး ၁။ အစားအစာ မရှားပါးခြင်း။ ၂။ ရောက်ရာအရပ်၌ လေးစားပူဇော်ခံရခြင်း။ ၃။ ရန်သူမျိုးငါးပါးနှင့် ကင်းဝေးနိုင်ခြင်း ၄။ လူချစ်လူခင်ပေါများခြင်း။ ၅။ ပရိသတ်အလယ်၌ တင့်တယ်စွာနေနိုင်ခြင်။ ၆။ ကောင်းသတင်းဂုဏ်ကျော်ဇောခြင်း။ ၇။ အခြွေအရံ များခြင်း။ ၈။ စီးပွားဥစ္စာ ဖွံဖြိုးတိုးတက်ခြင်း။ ၉။ ဘေးဒုက္ခကြုံတွေ့ သော် အကူအညီရခြင်း။ ၁၀။ သားကောင်းသမီးကောင်း ရရှိနိုင်ခြင်း။ ခင်ပွန်းကြီး (၁၀) ပါးပြစ်မှားမိပါက သင့်တတ်သော ဒဏ်ဆယ်ပါး သွေးအန်ဖြစ်လွယ် ၊ ရောင်းဝယ်ကုန်ရှုံးခြင်း ၊ ချို့ယွင်းအင်္ဂ ါ နူနာကုဌ၊ ရူးကြဖောက်ပြန်၊ မင်းဒဏ်သင့်ခဏ်း၊ ကြမ်းတမ်းစွပ်စွဲ ၊ သေကွဲ သားချင်း၊ ပျက်ခြင်းစည်းစိမ်၊ နေအိမ်မီးလောင် ၊ဒုက္ခကောင်သည် ၊ လူ့ဘောင် ဒီဌ တွေ့ကြုံရ၍ သေကငရဲ ၊ကမ္ဘာစွဲ၏ ဤ ဆယ်ပါးအပြင် မဂ်ဉာဏ်၊ ဖိုဉာဏ်ကိုလည်း တားနိုင်ပါသည်။ ကိုယ်နေအိမ်တွင် မိသားစုများအခါအားလျော်စွာ ကန်တော့ပါ။ ခင်ပွန်းကြီး (၁၀) ပါးကန်တော့ရာတွင်လိုအပ်သာ ဝတ္တုများ ၁။ ဓာတ်တော်တစ်ဆူ ပူဇော်ထားပါ။ ၂။ ဖယောင်းတိုင် (၁၀) တိုင် ၃။ သောက်တော်ရည် (၁၀) ခွက် ၄။ သစ်သီး (၁၀) မျိုး ၅။ ဘုရားပန်း (၁) မျိုး တင့်တင့်တယ်တယ် ပူဇော်ထားပါ။ ဤ ဓမ္မဒါန စာစောင်နှင့် စပ်သမျှအားလုံး ကျန်းမာကျပါစေ ။ ရက်တိုတိုနှင့် မဂ်ဖိုလ် နိဗ္မ့ာန်ရောက်ကြပါစေဟူ၍ ရင်တွင်းက လှိုက်လှိုက်လှဲလှဲ သာဓု ခေါ်မိပါသတည်း။
https://www.dhammaransi.com/index.php/new/390-2017-03-29-01-58-21.html
တရားထိုင်ခြင်းကိုလေ့ကျင့်ပါ
မကြာသေးမီက လေ့လာတွေ ့ရှိချက်အရ စိတ်ကို နက်နက်ရှိုင်းရှိုင်း အနားယူစေခြင်းဟာ ခန္ဒာကိုယ်ပါ ပြောင်းလဲမှုတွေ ဖြစ်စေနိုင်ကြောင်းတွေ ့ရပါတယ် ။ ယောဂကျင့်စဉ် ၊ တရားကျင့်စဉ် စတာတွေကို စွဲ မြဲ နက်ရှိုင်းစွာ လေ့ကျင့်သူများဟာ မလေ့ကျင့်သူများထက် ရောဂ်တိုက်ထုတ်နိုင်စွမ်းရှိတဲ ့မျိုးရိုးဗီဇတွေ တိုးပွားများပြားတာကိုတွေ ့ရပါတယ ်။နေ ့စဉ်တရားလေ့ကျင့်ပြီး (၃) လကြာပြီးနောက်မျာတော့ ကင်ဆာ နဲ ့ရောဂါဆဲလ်တွေကို သတ်ဖြတ်ထားဆီးနိုင်တဲ ့ ဗီဇဆဲလ်တွေ နိုးကြားလှုပ်ရှားလာတာကိုလည်းတွေ ့ရ ပါတယ် ။ စိတ်ကိုအပန်းဖြေအနားယူစေခြင်းဟာစိတ်ကိုကြည်လင်လန်းဆန်းစေတဲ ့ စရိုတိုနင်နဲ ့ကိုယ် ခန္ဒာကြီးထွားစေတဲ ့ဟော်မုန်းများ တိုးမြင့်ထွက်ရှိမှုနဲ ့လည်း ဒွန်တွဲနေတယ်လို ့ဆိုပါတယ် ။ ဒါကြောင့် ခန္ဒာကိုယ်ကိုသာမက စိတ်ကိုလည်းအနားယူစေနိုင်ဖို ့တရားလေ့ကျင့်ပါ ၊ စိတ်ကြည်လင်လန်းဆန်းတဲ ့ အခါရုပ်ပါ ကြည်လင်နုပျိုလာမှာ အမှန်ပါပဲလို ့တိုက်တွန်းလို ပါတယ် ။ ( စိတ်ဖိစီးမှုကင်ပါစေ ) စိတ်အပန်းဖြေခြင်းဟာ သွေးပေါင်ကျစေပြီး ခန္ဒာကိုယ်ရဲ ့စိတ်အခြေအနေကိုကြည်လင်ကောင်းမွန်စေတဲ့ ဧာတ်နဲ ့ဟော်မုန်းများထွက်ရှိမှုကိုမြင့်တင်ပေးနိုင်ပေမယ့် စိတ်ဖိစီးမှုကတော့ ခန္ဒာကိုယ်ကိုယိုယွင်းပျက်စီး စေပြီး အိုမင်းစေပါတယ် ၊စိတ်ဖိစီးတဲ ့အခါ ကော်တီဇောနဲ ့အေဒီရီနယ်လင်ဟော်မုန်းများ ထွက်ရှိလာပြီး နှလုံးခုန်းနှုန်းနဲ ့သွေးပေါင်ချိန်ကိုတိုးစေပါတယ် ။ ကိုယ်ခံအားကိုကျစေပြီး မျိုးဆက်ပွားမှုကိုလည်း လျော့ ကျစေပါတယ် ။ စိတ်ဖိစီးမှုကို အကောင်းဆုံးဖြေရှင်းဖို ့နည်းလမ်းကတော့ စိတ်ဖိစီးမျုဖြစ်စေတဲ ့ အခြေခံ အကြောင်းတရားတွေကို ရှာဖွေဖော်ထုတ်ပြီး ရှောင်ရှားနေထိုင်ဖို ့ပါပဲ ၊ ဒီနည်းနဲ ့ဖြေရှင်းဖို ့မလွယ်ကူလှရင် တော့ သင်အမှန် တကယ်စိတ်ဝင်စားနိူင်မယ် ့ အကြော်ငးအရာများဖြစ်တဲ ့စာဖတ်ခြင်း ၊ ဂေါက်ရိုက်ခြင်း ဟာသရုပ်ရှင်များကြည့်ခြင်း စတာတွေကို အာရုံဝင်စားခြင်းဖြင့် ဖိစီးမှုကို သယ်ဆောင်လာတဲ ့အာရုံတွေ ကိုတိုက်ထုတ်ပါ ။ အထက်မှာဖော်ပြခဲ့ပြီးဖြစ်တဲ ့လေ့ကျင့်ခန်းပြုလုပ်ခြင်းနဲ ့တရးလေ့ကျင့်ခြင်းဟာလည်း စိတ်ဖိစီးမှုကိုတိုက်ဖျက်ရာမှာ အကောင်းဆုံးနည်းလမ်းများဖြစ်တာမို ့ကြိုးစားကြည့်စေလိုပါတယ် ။
https://www.dhammaransi.com/index.php/new/391-2017-03-29-01-56-05.html
ဒါန၏ အားသာချက်…
မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ်က ဖြစ်၏။ တစ်နေ့ သုမနမင်းသမီးသည် အခြံအရံများနှင့်အတူ ဘုရားရှင်ထံသို့ အဖူးမျှော် ရောက်ရှိလာပြီး မြတ်စွာဘုရားရှင်အား မိမိသိလိုသည့် မေးခွန်းများကို မေးလျှောက်လေ၏။ သုမန “အရှင်ဘုရား… သာသနာတော်မှာ တူညီတဲ့ သဒ္ဓါ၊ တူညီတဲ့ သီလ၊ တူညီတဲ့ ပညာ ရှိတဲ့ ဘုရားတပည့် နှစ်ဦးရှိတယ်လို့ ဆိုပါစို့ဘုရား..။ သူတို့နှစ်ဦးဟာ သဒ္ဓါ၊ သီလ၊ ပညာ တူပေမယ့် တစ်ဦးက ပေးလှူတတ်ပြီး တစ်ဦးက မပေးလှူတတ်ပါဘူးဘုရား။ သူတို့နှစ်ဦး သေဆုံးတဲ့အခါ နှစ်ဦးလုံး သုဂတိနတ်ပြည်ကို ရောက်ကြပါတယ်။ နတ်ဖြစ်ကြတဲ့ သူတို့နှစ်ဦးရဲ့ ထူးခြားကွာခြားမှု တစ်စုံတစ်ရာ ရှိနိုင်ပါသလား၊ ဒါမှမဟုတ် ထူးခြားမှုမရှိ အကျိုးပေး အတူတူပဲ ဖြစ်ပါသလားဘုရား..” မြတ်ဗုဒ္ဓ “သုမန… ထူးခြားကွာခြားချက် ရှိပါတယ်၊ သဒ္ဓါ၊ သီလ၊ ပညာတူပေမယ့် အလှူဒါန ပေးလှူတတ်တဲ့သူဟာ မပေးလှူတတ်တဲ့ သူထက် နတ်အသက်၊ နတ်အဆင်း၊ နတ် ချမ်းသာ၊ နတ် အခြံအရံ အကျော်အစော၊ နတ်ရဲ့ အစိုးရခြင်းဆိုတဲ့ အကြောင်းတရားငါးပါးမှာ သာလွန်ပြီး မပေးလှူတတ်တဲ့သူကို ဒီငါးပါးနဲ့ လွှမ်းမိုးနိုင်ပါတယ်..” သုမန “အရှင်ဘုရား… ဒီလို သဒ္ဓါ၊ သီလ၊ ပညာတူပြီး အလှူဒါနပိုင်းမှာ ကွဲပြားသွားတဲ့ သူတို့နှစ်ဦးဟာ နတ်ပြည်ကနေစုတေပြီး လူ့ပြည်မှာ ဖြစ်တယ်လို့ ဆိုပါစို့ဘုရား..။ လူဖြစ်လာတဲ့ သူတို့နှစ်ရဲ့ ထူးခြားကွဲပြားမှုရော ရှိနိုင်ပါသလား…၊ ဒါမှမဟုတ် ကွဲပြားမှုမရှိ အတူတူပဲ ဖြစ်နိုင်ပါသလားဘုရား…” မြတ်ဗုဒ္ဓ “သုမန… ထူးခြားကွာခြားချက် ရှိပါတယ်၊ သဒ္ဓါ၊ သီလ၊ ပညာတူပေမယ့် အလှူဒါန ပေးလှူတတ်တဲ့သူဟာ မပေးလှူတတ်တဲ့ သူထက် လူ့အသက်၊ လူ့အဆင်း၊ လူ့ချမ်းသာ၊ လူ့ အခြံအရံ အကျော်အစော၊ လူရဲ့ အစိုးရခြင်းဆိုတဲ့ အကြောင်းတရားငါးပါးမှာ သာလွန်ပြီး မပေးလှူတတ်တဲ့သူကို ဒီငါးပါးနဲ့ လွှမ်းမိုးနိုင်ပါတယ်..” သုမန “အရှင်ဘုရား… တကယ်လို့ သူတို့နှစ်ဦးဟာ လူ့ဘောင်ကထွက်ပြီး ရဟန်းဝတ်သွားကြတယ် ဆို့ပါစို့ဘုရား..။ ရဟန်းဖြစ်လာတဲ့ သူတို့နှစ်ဦးရဲ့ ထူးခြားကွဲပြားမှု ကွာခြားချက် တစ်စုံတစ်ရာ ရှိနိုင်ပါသလား…၊ ဒါမှမဟုတ် ထူးခြားမှုမရှိ အတူတူပဲ ဖြစ်နိုင်ပါသလားဘုရား..” မြတ်ဗုဒ္ဓ “သုမန… ထူးခြားမှု ဖြစ်နိုင်ပါတယ်၊ သဒ္ဓါ၊ သီလ၊ ပညာ တူကြပေမယ့် အလှူဒါနကို ပေးလှူတတ်တဲ့သူဟာ ရဟန်းဘဝမှာလည်း ဆွမ်းသင်္ကန်းကျောင်းဆေး ပစ္စည်းလေးပါးမှာ မိမိက အထူးလိုက်ပြီး ရှာဖွေအလှူခံစရာ မလိုဘဲ အများအားဖြင့် လူဒကာ၊ ဒကာမများရဲ့ တောင်းပန်မှုဖြင့်သာ သင်္ကန်းကို သုံးဆောင်ရပါတယ်၊ လူဒကာဒကာမများရဲ့ တောင်းပန်လျှောက်ထားမှုဖြင့်သာ ဆွမ်းကို သုံးဆောင်ရပါတယ်၊ လူဒကာဒကာမများရဲ့ တောင်းပန်လျှောက်ထားမှုဖြင့်သာ ကျောင်းကို သုံးဆောင်ရပါတယ်၊ လူဒကာဒကာမများရဲ့ တောင်းပန်လျှောက်ထားမှုဖြင့်သာ ဆေးပစ္စည်းကို သုံးဆောင်ရပါတယ်၊ အတူနေ သီတင်းသုံးဖော်တို့ရဲ့ နှစ်သက်လိုလားဖွယ် ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာတို့နဲ့ ပူဇော်ဆက်ဆံမှုကိုသာ ခံယူရတတ်ပါတယ်၊ ဒီငါးမျိုးဟာ အလှူဒါန ပေးလှူတတ်တဲ့သူရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်…” သုမန “အရှင်ဘုရား… အကယ်၍ သူတို့နှစ်ဦးဟာ ရဟန္တာအဖြစ်ကို ရရှိခဲ့တယ်လို့ ဆိုကြပါစို့ဘုရား..။ အဲဒီရဟန္တာ ဘဝမှာလည်း ထူးခြားကွဲပြားမှု ဖြစ်နိုင်ပါသေးလားဘုရား…” မြတ်ဗုဒ္ဓ “သုမန ကိလေသာကုန်ခမ်းပြီး ရဟန္တာဖြစ်သွားတဲ့ အခါမှာတော့ သူတိုနှစ်ဦးမှာ တစ်ပါးရဲ့ ကိလေသာမှ လွတ်မြောက်မှု အရဟတ္တဖိုလ်နဲ့ တစ်ပါးရဲ့ ကိလေသာမှ လွတ်မြောက်မှု အရဟတ္တဖိုလ်တို့ရဲ့ ထူးခြားကွဲပြားမှု မရှိတော့ပါဘူး၊ အရဟတ္တဖိုလ် အရာမှာတော့ အတူတူပဲ ဖြစ်ပါ့တယ်…” ဤကာား သုမနမင်းသမီး အမေးနှင့် ဘုရားရှင်တို့၏ အဖြေများပင် ဖြစ်ပါ၏။ ထိုအဖြေကို ကြားနာရသည့်အခါ သုမနမင်းသမီးက မြတ်စွာဘုရားရှင်အား “အရှင်ဘုရား… အံ့သြဖွယ်ပါပဲ ဘုရား၊ အလှူဒါနဟာ တကယ့်ကိုပဲ ပြုလုပ်ဖို့ သင့်တဲ့ကုသိုလ်ဖြစ်ပါတယ် ဘုရား၊ အလှူဒါန ကုသိုလ်ကောင်းမှုဟာ နတ်ဖြစ်သူကိုလည်း ကျေးဇူးပြုတတ်၊ လူဖြစ်သူကိုလည်း ကျေးဇူးပြုတတ်၊ ရဟန်းဖြစ်သူကိုလည်း ကျေးဇူးပြုတတ်တယ်ဆိုတာ အမှန်ပါပဲဘုရား…” ဟု အားရဝမ်းသာ လျှောက်ထား၏။ ထိုအခါ မြတ်ဗုဒ္ဓက သုမနမင်းသမီး၏ လျှောက်ထားချက် မှန်ကန်ကြောင်းမိန့်တော်မူကာ အောက်ပါတရားစကားကို ဟောကြားတော်မူလေ၏။ “လောက၌ ကောင်းကင်ခရီးဖြင့်သွားသော အညစ်အကြေးကင်းသော လမင်းသည် အလုံးစုံသော ကြယ်တာရာ အပေါင်းတို့ကို အရောင်အလင်းဖြင့် သာလွန်၍ တင့်တယ်သကဲ့သို့ ထို့အတူပင် လောက၌ သီလနှင့်ပြည့်စုံ၍ သဒ္ဓါတရားရှိသော ပုဂ္ဂိုလ်သည် နှစ်မြောဝန်တိုခြင်း ရှိသူအားလုံးကို စွန့်ကြဲပေးကမ်းခြင်းဖြင့် သာလွန်တင့်တယ်ပေ၏။ လျှပ်စစ်ပန်းနွယ်ရှိသည့် အရာမကသော တိမ်ထွတ်တိမ်တောင်တို့နှင့် ပြည့်စုံသော မိုးသည် ကြည်းကုန်းမြေကိုလည်းကောင်း၊ ချိုင့်ဝှမ်းမြေကိုလည်းကောင်း၊ ထစ်ချုံးရွာသွန်းလျက် ပြည့်စေသကဲ့သို့ ဤအတူသာလျှင် သောတာပတ္တိ ဉာဏ်အမြင်နှင့် ပြည့်စုံသော မြတ်စွာဘုရားရှင်၏ တပည့်သာဝဖြစ်သည့် ပညာရှိသည် နှစ်မြောဝန်တိုသူကို အကြောင်းငါးမျိုးတို့ဖြင့် လွှမ်းမိုးနိုင်၏။ ထိုသူသည် စင်စစ် ပေးလှူအပ်သော စည်းစိမ်ဥစ္စာတို့က ထောက်ပံ့တင်ပို့အပ်သည်ဖြစ်၍ အသက်ဖြင့်လည်းကောင်း၊ အခြံအရံ အကျော်အစောဖြင့်လည်းကောင်း၊ ရုပ်အဆင်းဖြင့်လည်းကောင်း၊ ချမ်းသာဖြင့်လည်းကောင်း၊ တမလွန်လောကဝယ် နတ်ပြည်လောက၌ ဝမ်းမြောက်ရလေသတည်း..” (အင်္ဂုတ္တိုရ်ပါဠိတော်၊ ပဌမပဏ္ဏာသ၊ သုမနဝဂ်၊ သုမနသုတ်ကို ကိုးကား၍ နားလည်လွယ်စေရန် ပြန်လည်ရေးသား တင်ပြပါသည်။) စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ)
https://www.dhammaransi.com/index.php/new/392-2017-01-18-22-59-24.html
စေတနာပါမှ ဒါနဖြစ်တယ်
တစ်ခါတုန်းက ဗာရာဏသီပြည်မှာ အင်မတန် ချမ်းသာကြွယ်ဝတဲ့ သူဋ္ဌေးနှစ်ဦးရှိခဲ့ဖူးတယ်။ အဲဒီသူဋ္ဌေးနှစ်ဦးဟာ ငယ်သူငယ်ချင်းတွေ ဖြစ်တာမို့ တစ်ဦးနဲ့တစ်ဦ း အင်မတန်ချစ်ခင်ကြသတဲ့။ ဒါပေမယ့် သူငယ်ချင်းသူဋ္ဌေးနှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် စရိုက်ချင်းမတူကြဘူး။ သူဋ္ဌေးတစ်ယောက်က ဂုဏ်ပကာသနတွေကို ခင်မင်ပြီး အလွန်ကြွားဝါချင်တယ်။ စေတနာ သဒ္ဓါမပါဘဲ နာမည်ကောင်းရအောင်ဆိုပြီးအလွန်အကျွံ အလှူအတန်းလုပ်တယ်။ ကျန်သူဋ္ဌေးတစ်ယောက်ကတော့ လှူသင့်သလောက်လှူ စားသင့်သလောက်စားပြီး ရိုးရိုးအေးအေးပဲနေထိုင်ပါတယ်။ ဒီလိုနဲ့နှစ်အနည်းငယ်ကြာတဲ့အခါမှာ ဂုဏ်လိုချင်လို့ အလှူအတန်း အများကြီးလုပ်တဲ့ သူဋ္ဌေးဟာ တဖြည်းဖြည်း ပစ္စည်းဥစ္စာတွေဆုံးပါးပြီး ဆင်းရဲသွားသတဲ့။ ဒါနဲ့ဆင်းရဲသွားတဲ့ သူဋ္ဌေးဟာ သူ့မှာ ဘာမျှရောင်းချသုံးစွဲစရာ ပစ္စည်းမရှိတော့လို့ သူ ပြုလုပ်ထားတဲ့ကုသိုလ်ကောင်းမှုတွေကိုပဲ သူငယ်ချင်းသူဋ္ဌေးထံရောင်းချ တော့မယ်လို့ စိတ်ကူးနဲ့ဇနီးဖြစ်သူကိုပါ အတူခေါ်ပြီးတော့ သူငယ်ချင်း သူဋ္ဌေးထံကိုထွက်လာခဲ့တယ်။ အဲဒီလိုခရီးထွက်လာရင်းလမ်းခုလတ်မှာ အမောအပန်းဖြေကာပါလာတဲ့ ထမင်းထုပ်ကိုစားမယ် ဆိုပြီးဖြေလိုက်တယ်။ ထမင်းထုပ်ကလည်း ငယ်ငယ်မို့ နှစ်ယောက်ဝေမျှပြီးစားရတယ်။ အဲဒီအခိုက်မှာ ခွေးပိန်ကလေးတစ်ကောင်ဟာ ယိုင်တိယိုင်ထိုးနဲ့ ဇရပ်နားကပ်လာသတဲ့။ အဲဒီအခါမှာ ထမင်းစားနေတဲ့ သူဋ္ဌေးဆင်းရဲက ရှင်မရယ် ကြည့်စမ်းပါဦး ခွေးပိန်ကလေးဟာ အစာမစားရတာကြာလို့ လမ်းကောင်းကောင်း မလျှောက်နိုင်တာနဲ့ တူပါရဲ့။ သနားစရာလေးကွာ။ အခုတို့စားနေတဲ့ထမင်းထုပ်ကို ခွေးက လေးကိုကျွေးလိုက်ရအောင်လို့ ဇနီးဖြစ်သူကို ပြောလိုက်တယ်။ ဇနီးဖြစ်သူကလည်း သဘောတူကြည်ဖြူစွာ သူတို့စားမယ့်ထမင်းထုပ်ကို ခွေးပိန်ကလေး ဝအောင်စားပါစေဆိုတဲ့စေတနာနဲ့ အကုန်လုံး ချကျွေးပါတယ်။ သူတို့နှစ်ယောက်ကတော့ ဇရပ်နဘေးက ရေအိုးစင်မှာ ရေအဝခပ်သောက်ပြီး ခရီးဆက်ခဲ့ကြသတဲ့။ ဒီလိုနဲ့ သူငယ်ချင်းသူဋ္ဌေးထံ သူတို့ဇနီးမောင်နှံ ရောက်သွားတဲ့အခါ သူငယ်ချင်းသူဋ္ဌေးကိုဆင်းရဲသွားတဲ့သူဋ္ဌေးက ငါတို့ပြုထားတဲ့ ကုသိုလ်ကောင်းမှုတွေ ရောင်းချဖို့ သူငယ်ချင်းထံလာခဲ့တာပဲ။ သဘောတူဝယ်မယ်ဆိုရင် တစ်ဘဝလုံးပြုထားတဲ့ ကုသိုလ်အကုန်ရောင်းခဲ့မှာလို့ ပြောပြသတဲ့။ အဲဒီအခါ သူငယ်ချင်းသူဋ္ဌေးကလည်း ဝမ်းသာအားရနဲ့ ရောင်းသမျှကုသိုလ်ကောင်းမှုကို ဝယ်ယူပါ့မယ်ဗျာလို့ ဆိုလိုက်ကာ ကုသိုလ်ကောင်းမှုများကို ချိန်ခွင်ထဲမှာထည့်ပြီးချိန်ခိုင်းပါတယ်။ အဲဒီအခါ စေတနာအရင်းမခံဘဲ ဂုဏ်ပကာသနတွေကို လိုချင်တာနဲ့ပြုလုပ်ခဲ့တဲ့ ကုသိုလ်တွေဖြစ်တာမို့ လေးတယ်လို့မရှိဘဲ ငွေဘက်ကပဲအမြဲ အလေးသာနေသတဲ့။ ကျောင်းကုသိုလ်၊ ဇရပ် ကုသိုလ်၊ ရေကန်ကုသိုလ်၊ ဘာကုသိုလ်ပဲ ထည့်ထည့် ကုသိုလ်ဘက်က အလေးမသာဘဲ ငွေဘက်ကဘဲအလေးသာနေတယ်။ ဒီလိုနဲ့တစ်ဘဝလုံးပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေချပြီး ချိန်ကြည့်လိုက်တာ ကုသိုလ်ကောင်းမှုတွေသာ ကုန်သွားတယ်။ အလေးချိန်ကတော့တက်မလာဘူးတဲ့။ ချိန်ခွင်ထဲမှာထည့်ထားတဲ့ ငွေသားကလည်းမဖြစ်စလောက် (၁)ပိဿာပဲရှိသတဲ့။ ဒါတောင် ကုသိုလ်ကမနိုင်ဘူးဖြစ်နေတယ်။ အဲဒီအခါမှာကုသိုလ်ဝယ်မယ့်သူဋ္ဌေးကလည်း ဟင် သူငယ်ချင်း မင်းကုသိုလ်တွေက ဒါအကုန်ပဲလား၊ ကျန်နေတာရှိရင် စဉ်းစားပါဦးလို့ ပြောပြတယ်။ ဆင်းရဲသွားတဲ့သူဋ္ဌေးလည်း ခေါင်းကုတ်ပြီး စဉ်းစားလိုက်တာ နောက်ဆုံးလမ်းခရီးမှာ ခွေးပိန်ကလေးတစ်ကောင်ကို ထမင်းတစ်နပ် အငတ်ခံပြီးတော့ ကျွေးခဲ့တဲ့ကုသိုလ်ကပေါ်လာတယ်။ အဲဒါနဲ့သူဋ္ဌေးဆင်းရဲလည်း ဟာ သူငယ်ချင်း။ တို့လင်မယား အခုမင်းဆီလာတုန်းက လမ်းမှာ ခွေးပိန်ကလေးကို ထမင်းကျွေးခဲ့တဲ့ ကုသိုလ်ကျန်သေးတယ်။ အဲဒီကုသိုလ်ကိုလည်း ထည့်ချိန်လိုက်ပါလို့ ဝမ်းသာအားရပြောပြတယ်။ အဲဒီအခါ ငတ်သေလုဆဲဆဲခွေးပိန်ကလေးကို စေတနာရှိရှိနဲ့ ထမင်းကျွေးခဲ့တဲ့ကုသိုလ်ဟာ အနှစ်သာရအပြည့်အဝပါတာမို့ ကုသိုလ်ဘက်က အလေးသာလာတယ်။ ကုသိုလ်ဝယ်တဲ့ သူဋ္ဌေးကလည်း သူပိုင် ငွေသားတွေမက ရွှေသားတွေပါ ထပ်ဖြည့်ပေမယ့် ကုသိုလ်ဘက်ကပဲ အလေးသာနေတယ်။ နောက်ဆုံးသူပိုင်သမျှဥစ္စာဓနတွေ အကုန်လုံးပုံထည့်ပေးတာတောင်မှ ခွေးပိန်ကလေးကို ထမင်းကျွေးခဲ့တဲ့ ကုသိုလ်ဘက်ကပဲ အလေး သာနေလေတော့ ကုသိုလ်ဝယ်တဲ့သူဋ္ဌေးက ကဲ သူငယ်ချင်း ငါ့စည်းစိမ်တော့ကုန်ပြီ။ ငါ့အတွက် ပစ္စည်းတစ်ဝက်ချန်ထားပြီး မင်းကုသိုလ်တစ်ဝက်အတွက် ငါ့ပစ္စည်းတစ်ဝက်ကိုသာ ယူသွားပေ တော့လို့ဆိုပြီး ကုသိုလ်တစ်ဝက်ဖိုးအဖြစ် သူ့ဥစ္စာဓန တစ်ဝက်ဖိုး ဆင်းရဲသွားတဲ့ သူဋ္ဌေးကို ခွဲဝေပေးလိုက်ပါတယ်။ ပြီးတော့ သူငယ်ချင်း နောက်ဆိုရင် သဘောပေါက် စေတနာရှိမှ လှူပါကွာ။ ဂုဏ်ပကာသနကို မမက်ပါနဲ့။ ပျော်ရုံသက်သက် ပြုလုပ်ထားတဲ့ အရေခြုံကုသိုလ်ဆိုတာ ငွေကုန်တာကလွဲလို့ ဘာအကျိုးမျှ မဖြစ်ထွန်းပါဘူး။ အသိဉာဏ်နဲ့ယှဉ်ပြီး ကုသိုလ်ပြုတတ်ရင် ငွေကုန်နည်းပေမယ့် တစ်လုံးတစ်ခဲတည်း အကျိုးပေးပါတယ်လို့ သတိပေးစကားလည်း ပြောကြားလိုက်ပါသတဲ့။ ဒီပုံပြင်ကလေးဟာ နည်းနည်းဒဏ္ဍာရီဆန်ပေမယ့် တကယ့်ဘဝက လူသားတွေကိုတော့ ထင်ဟပ်ပေါ်လွင်စေပါတယ်။ ဒါနကောင်းမှုပြုတဲ့အခါ စေတနာ ဒါန၊ ဝတ္ထုဒါန နှစ်မျိုးမှာ စေတနာဒါနကပိုပြီးတော့ ပဓာနကျပါတယ်။ ဒါကြောင့်မို့ တစ်ခါတစ်ရံညောင်စေ့ကလေးလောက်လှူပြီးတော့ ညောင်ပင်ကြီးလောက် အကျိုးတွေရတာရှိသလို ညောင်ပင်ကြီး လောက်လှူဒါန်းပြီး ညောင်စေ့ကလေးလောက်ပဲ အကျိုးတွေရတာလဲ ရှိတတ်ပါတယ်။ ကံအကျိုး ပေးနေရာမှာတော့ စေတနာဟာ အဓိကဇာတ်ကောင်ပဲဖြစ်ပါတယ်။ စေတနာကောင်းရင် ကံအကျိုးပေးလည်း ကောင်းတတ်တာမို့ ကံကောင်းလိုသူတွေဟာ စေတနာကောင်းမွန်အောင် ဂရုစိုက်ကြရမှာပါ။ များသောအားဖြင့် စေတနာဆိုတာကလည်း သူ့အလိုလို ကောင်းမွန်ခဲ့တာမို့ ကိုယ့်ဘက်က သဒ္ဓါ၊ မေတ္တာ ပညာအားတွေ များများစိုက်ထုတ်ပြီး ပြုပြင်ယူကြရမှာပါ။ သဒ္ဓါတရားဆိုတာ ကံ ကံရဲ့အကျိုးပေးနဲ့ရတနာသုံးပါးရဲ့ စွမ်းရည်သတ္တိဂုဏ်ကျေးဇူးတွေကို သိမြင်ယုံကြည် လက်ခံနိုင်တဲ့သဘောပါ။ သူကရှေးကကောင်းလို့ အခုကောင်းတယ်။ အခုကောင်း နောင်ကောင်းပါလိမ့်မယ်ဆိုတဲ့အကြောင်း အကျိုးကွင်းဆက်ကို လက်ညှိုးထိုးညွှန်ပြပေးပါလိမ့်မယ်။ မေတ္တာတရားဆိုတာကောင်းကျိုးလိုလားတဲ့ ချစ်ခင်ကြင်နာမှုပါ။ သူကတော့ မုန်းငြိုးပစ်မှားဒေါသအာဃာတတရားတွေကို ဖယ်ရှားပြီး အလှူခံပုဂ္ဂိုလ်တွေအပေါ်မှာ ချစ်ကြင်နာမှုနဲ့အတူ နူးညံ့သိမ်မွေ့ စိတ်အားပြည့်စေပါလိမ့်မယ်။ ပညာဆိုတာ အမှောင်ပယ်ခွင်း စိတ်ဓါတ်ကို အလင်းရစေခြင်းပါပဲ။ သူကဒါနကုသိုလ်ရဲ့ဆန့်ကျင်ဘက် အညစ်အကြေးတွေဖြစ်တဲ့အရာရာမှာတက်မက်တွယ်တာလိုမှုလောဘနဲ့ကပ်စေးနှဲနှမျောတွန့်တိုမှု မစ္ဆရိယတရားတွေကို ပယ်ဖျက်ချိုးနှိမ်ပေးတတ်ပါတယ်။ ဒါကြောင့်အလှူဒါနတစ်ခုပြုတဲ့အခါမှာ နာမည်ကောင်းရရေး၊ ကြွားဝါရရေးထက် သဒ္ဓါ၊ မေတ္တာ ပညာပြည့်ဝရေးကိုသာ အထူးဂရုပြုကြရမှာပါ။ ဘဝသံသရာမှာ ကျင်လည်နေကြရပြီဆိုရင် လောကပကာသနနောက်လိုက်ပြီး ဟန်ဆောင်ပန်ဆောင် ပြုလုပ်ထားတဲ့ ဆေးဆိုးပန်းရိုက် စိတ်စေတနာတွေထက် သဒ္ဓါ မေတ္တာ၊ ပညာတရားတွေပြည့်ဝတဲ့ သဘာဝအလှ စိတ်စေတနာတွေကသာ တကယ့်အားကိုးရာအစစ်ဖြစ်ပါတယ်။ တော်ဝင်နွယ် အပ္ပမာဒ ဓမ္မရသမဂ္ဂဇင်း ၂၀၀၂ခုနှစ် ဇွန်လ။
https://www.dhammaransi.com/index.php/new/393-2017-01-18-22-56-30.html
စိတ်ကို ၀ိပဿနာအာရုံနဲ့လေ့ကျင့်ပုံ
စိတ်ကိုဝိပဿနာအာရုံနဲ့လေ့ကျင့်ပုံက တစ်မျိုး၊ ၀ိပဿနာအာရုံနဲ့ လေ့ကျင့်မယ်ဆိုရင် ရုပ်နာမ်ဓမ္မ သင်္ခါရတွေအပေါ်မှာ စိတ်ကိုလေ့ ကျင့်ရတယ်။ လေ့ကျင့်ပြီဆိုတဲ့အခါမှာ မျက်စိလည်းမှိတ်ထားရမယ်။ နားလည်းပိတ်ထားရမယ်။ ပိတ်တယ်ဆိုတာ အဲဒီအာရုံတွေကို အာရုံ မပြုရဘူး။ ၀ိပဿနာကျင့်စဉ်ဆိုတာ မနောဒွါရမှာပိုပြီးတော့ အလုပ်လုပ်ရတယ်။ သို့သော်ဒွါရ ၅ပါးက ဝင်လာတဲ့အာရုံကို မမှတ်ရဘူးလို့ပြောတာ မဟုတ်ဘူးနော်။ မျက်စိကမြင်တဲ့အာရုံလည်း မှတ်လို့ရတယ်။ ဒါကရှေ့ပိုင်းကလုပ်တာတွေပြောတာ။ နားက ကြားတဲ့အသံတွေကိုလည်း မှတ်ရမယ်။ ကြားရင် ကြားတယ် ကြားတယ်မှတ်။ မြင်ရင် မြင်တယ်မြင်တယ် မှတ်။ အဲဒီ မှတ်ဆိုတာ သတိသမ္ပဇဉ်ညကို လေ့ကျင့်နေ တာလို့ခေါ်တယ်။ အဲဒါဆိုရင် လူတွေက ကြားရင် ကြားတော့ကြားလိုက်တာပဲ။ တခြားတွေးချင်တွေးနေမှာပဲ လေ။ ကြားတယ်ဆိုတဲ့အပေါ်မှာ သိချင်မှသိလိုက်တာ။ ဒါကြောင့် သတိမမူဂူမမြင်ဆိုတာလေ။ လူဆိုတာက ကြားချင်မှ ကြားလိုက်တာ။ တစ်ခါတစ်လေ အနီးနား ခေါင်းလောင်းတီးတာတောင်မှ ကြားချင်မှကြားလိုက် တာ။ အတွေးလွန်နေရင် မကြားဘူး။ အဲဒါကြောင့်မို့ ဒွါရ ၆ပါးမှာ ထင်လာတဲ့ အာရုံတွေကို မှတ်ရင်း မှတ်ရင်းနဲ့နောက်ဆုံးကျတော့ မနောဒွါရမှာ ဝင်လာတဲ့ အာရုံနဲ့အလုပ်လုပ်သွားတယ်။ အလုပ်လုပ်သွားတဲ့အခါမှာ ရုပ်နာမ်ဓမ္မသင်္ခါရတွေရဲ့ သဘာဝ လက္ခဏာ (Individual characteristic) ကိုကြည့်ရမယ်။ နံပါတ်(၁) ရုပ်တရားရဲ့ သဘာဝလက္ခဏာ၊ နာမ်တရားရဲ့သဘာဝ လက္ခဏာ၊ ပင်ကိုယ်အရှိအတိုင်း ဆိုပါစို့၊ ဖဿဆိုရင် အာရုံနဲ့ထိတွေ့တဲ့လက္ခဏာ ရှိတယ်။ ပထဝီဆိုရင် မာတယ် ပျော့တယ်။ အာပေါ ဆိုရင် ဖွဲ့စည်းတယ် အရည်ဖျော်တယ်ဆိုတဲ့ ဒီလက္ခဏာတွေ။ အဲဒီလက္ခဏာတွေကိုကြည့်တယ်။ သဘာဝလက္ခဏာကို ကြည့်လိုက်ခြင်းအားဖြင့် ပထဝီကိုလည်းတွေ့တယ်။ အာပေါကိုလည်း တွေ့တယ်။ ဖဿကိုလည်း တွေ့တယ်။ နာမ်တွေထဲက ဝေဒနာကိုလည်း တွေ့ပြီဆိုတဲ့အခါမှာ အဲဒီသဘာဝ လက္ခဏာတွေ အပေါ်မှာ အလုပ် လုပ်ရင်း ထပ်ဆင့်တွေ့လာတာက ဘာတုန်းဆိုရင် မမြဲတဲ့သဘော၊ မမြဲတဲ့သဘောကိုအရင် တွေ့လာပြီဆိုလို့ရှိရင် မမြဲတဲ့အရာတစ်ခုသည် ကျေနပ်စရာမကောင်းသောကြောင့် ဖြစ်မှု ပျက်မှုကြီးက အမြဲ နှိပ်စက်နေလို့ ဒုက္ခဆိုတဲ့ သဘောကို တွေ့လာတယ်။ ဒုက္ခဆိုတဲ့သဘော တွေ့လိုက်တာနဲ့တပြိုင်နက် အနတ္တ ကိုယ်မပိုင်ဘူး။ သူ့ဟာသူဖြစ်နေတာ ကိုယ်က အုပ်ချုပ်လို့ မရဘူးဆိုတဲ့ ကိုယ်မပိုင်တဲ့ အနတ္တသဘောကို လည်းတွေ့လာတယ်။ အနိစ္စ ဒုက္ခ အနတ္တဆိုတဲ့ လက္ခဏာတွေတစ်ခုခု မြင်လိုက်တာနဲ့ တစ်ပြိုင်နက် ၀ိပဿနာလမ်းကြောင်းပေါ် စတင်ရောက်သွားပြီလို့ မှတ်ရမယ်။ ဒါလည်းစိတ်ကိုအာရုံနဲ့လေ့ကျင့်တာပဲ။ ၀ိပဿနာကျင့်စဉ်နဲ့ စိတ်ကို အာရုံနဲ့လေ့ကျင့်တာ။ အကျယ်တော့မပြောတော့ဘူး။ အကျယ်ကတော့ ရိပ်သာတွေမှာ ဟောနေတာပဲနော်။ အဲဒီလိုစိတ်ကို အာရုံနဲ့လေ့ကျင့်ပေးလိုက်တဲ့အခါ ဉာဏ်စဉ်တွေဟာ တစ်ခုပြီးတစ်ခု တက်လာတယ်။ အသိဉာဏ်တွေထက်မြက်လာတယ်။ သမာဓိစွမ်းအားတွေ ရင့်လာတယ်။ နောက်ဆုံးကျတော့ သင်္ခါရတွေအပေါ်မှာ စိတ်တည်တည်ငြိမ်ငြိမ် ထားနိုင်ပြီး ချစ်ခြင်း မုန်းခြင်းဆိုတာ ကင်းသွားတယ်။ အဆင့်မြင့် သွားတဲ့ အသိဉာဏ်တစ်မျိုးဖြစ်တဲ့ သင်္ခါရုပေက္ခာဆိုတဲ့ ဉာဏ်ရသွားတယ်။ သင်္ခါရုပေက္ခာဆိုတာ သင်္ခါရတွေအပေါ်မှာ လျစ်လျူရှုနိုင်တယ်။ သင်္ခါရတွေအပေါ်မှာစိတ်ပျက်ခြင်း၊ ငြီးငွေ့ခြင်း၊ မုန်းခြင်း၊ ချစ်ခြင်းဆိုတာတွေမရှိတော့ဘဲ သဘာဝကိုသိပြီး စိတ်တည်ငြိမ်မှုတွေရလာပြီဆိုရင် စိတ်အစဉ်ကလေးက နောက်ဆုံးအဆင့်ရောက်လာပြီဆိုလို့ရှိရင် ၀ိပဿနာကျင့်စဉ်နဲ့စိတ်ကို လေ့ကျင့်လိုက်ရင် နောက်ဆုံးရောက်လာ မယ့်ဟာက ခုနက ပြင်ဆင်နေတဲ့ ပရိကံဆိုတဲ့ မဟာကုသိုလ်ဉာဏသမ္ပယုတ်ဇောစောမယ်။ ဒုတိယဇောက ဥပစာ၊ တတိယ ဇောက အနုလုံ၊ စတုတ္ထဇောကျတော့ ဂေါတြဘူဆိုတာလေးလာလိုက်ပြီ ဆိုလို့ရှိရင် ဂေါတြဘူလို့ဆိုလိုက်တာနဲ့တစ်ပြိုင်နက် သင်္ခါရတွေမမြင်တော့ဘူး။ ချုပ်သွားပြီ။ သူယူလာတဲ့အာရုံတွေဟာ ရှေ့ပိုင်းကသင်္ခါရတွေနဲ့ပဲစခန်းသွားနေတယ်။ လူ့ရဲ့စိတ်ဟာ အကုန်လုံးသင်္ခါရတွေနဲ့ပဲ စခန်းသွားနေတာ။ အေး ဂေါတြဘူရောက်တာနဲ့တပြိုင်နက် သင်္ခါရတွေနဲ့စခန်းမသွားတော့ဘူး။ သင်္ခါရတွေငြိမ်းသွားတာ သွားတွေ့တယ်။ သင်္ခါရဆိုတဲ့အာရုံတွေလွတ်သွားပြီတဲ့။ လွတ်သွားတော့ နိဗ္ဗာန်ဆိုတဲ့သင်္ခါရတွေ လွတ်ကင်းတဲ့အာရုံတစ်ခု၊ အသစ်အဆန်းတစ်ခုကိုလှမ်းမြင်လိုက်ရပြီ။ အဲဒီဂေါတြဘူစိတ်ဖြစ်ပြီးတာနဲ့တပြိုင်နက် ဂေါတြဘူကသတ်မှတ်ထားတဲ့ နိဗ္ဗာန်အပေါ်မှာ မဂ်စိတ်ကလေးကဖြစ်လိုက်တယ်။ လူ့ရဲ့သန္တာန်မှာ ဘဝသံသရာကအနုသယဓါတ်အနေနဲ့ကိန်းနေတဲ့ ကိလေသာတွေဟာ အဆင့်ဆင့် ငြိမ်းသွားတယ်။ သောတာပတ္တိမဂ်ဆိုရင် ဒိဋ္ဌိနဲ့ဝိစိကိစ္ဆာငြိမ်းသွားတယ်။ ဒါကြောင့်မို့လို့ စိတ်ဖြစ်စဉ်ဟာဒီအတိုင်းပဲ။ ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ၊ သောတာပတ္တိမဂ်၊ သောတာပတ္တိဖိုလ်၊သောတာပတ္တိဖိုလ် နှစ်ကြိမ်ဖြစ်ပြီးတဲ့အခါမှာ ဇော ၇ ကြိမ်ပြည့်ရင် ချုပ်ငြိမ်းသွားတယ်။ နောက်တစ်ခါပြန်ဝင်စားမယ်ဆိုရင်မဂ်ဆိုတာ မလာတော့ဘူး။ ဖလသမာပတ်ဝင်စားရင် ဟောဒီ ၀ိပဿနာနဲ့ပဲ သွားရမယ်။ ဒီဖိုလ်ကို ပြန်လိုချင်ပြီ။ ဒီအဆင့်ကိုပြန်ရောက်ချင်တယ်ဆိုရင် ၀ိပဿနာလမ်းကြောင်းကထပ် လျှောက်၊ လျှောက်ရင် ပရိကံ၊ ဥပစာ၊ အနုလုံ ဂေါတြဘူ(သို့) ဝေါဒါန်ပြီးရင် ဖိုလ်ဖိုလ် ဟော ဖိုလ်စိတ်တွေချည်း ပဲ တစ်နေ့လုံးနေနေတာ။ ဖိုလ်ဆိုတာနိဗ္ဗာန်ကိုအာရုံပြုတာ။ ပရိကံ၊ ဥပစာ၊ အနုလုံ ဆိုတဲ့စိတ်တွေကတော့ သင်္ခါရအာရုံနဲ့ဖြစ်တာ။ ဂေါတြဘူဝေါဒါန်က သင်္ခါရချူပ်ငြိမ်းရာနိဗ္ဗာန်ကိုအာရုံယူပေးတယ်။ ဥပမာမယ်လမ်းကြောင်းကြီးတစ်ခုကိုလျှောက်လိုက်တာ လမ်းဆုံးသွားတာနဲ့တစ်ပြိုင်နက် ဘာမှမရှိတော့တာတွေ့တာပဲ။ သင်္ခါရအာရုံတွေအပေါ်မှာလျှောက်လှမ်း သွားရင်းနဲ့ သင်္ခါရတွေချုပ်ဆုံးသွားတဲ့နေရာကို လှမ်းတွေ့တာ။ အဲဒါနိဗ္ဗာန်ပဲ။ ခန့်မှန်း ပြောဆိုတာ ဟုတ်ကဲ့လား။ ဒါကြောင့်မို့လို့ သင်္ခါရာနံ အာပဝတ္တိမတ္တံ သင်္ခါရတွေမဖြစ်ဘဲနဲ့ သင်္ခါရတွေချုပ်ငြိမ်း သွားတဲ့နေရာက နိဗ္ဗာန်ပဲလို့ ဒီလိုပြောတာနော်။ ရှေ့ပိုင်းကစိတ်တွေအားလုံးဟာ သင်္ခါရအာရုံစခန်းသွားနေတာ။ သင်္ခါရတွေအပေါ်မှာ တွေးနေတဲ့အတွေးတွေနဲ့သွားပြီး၊ နောက်ဆုံးအဲဒီသင်္ခါရအာရုံတွေဟာ တဖြည်းဖြည်းနဲ့လျော့လျော့သွားပြီး တော့ နောက်ဆုံးသင်္ခါရအာရုံတွေပျောက်သွားတယ်။ သင်္ခါရမရှိတဲ့အာရုံတစ်ခုရသွားတယ်နော်။ အဲဒါဖိုလ်စိတ်တွေနဲ့တစ်နေကုန်နေရင်လည်း ဖိုလ်စိတ်တွေဖြစ်နေမှာပဲ ထိန်းထားနိုင်တယ်။ အဲဒါ ဖလသမာပတ်ဝင်စားတာခေါ်တယ်။ အဲဒီအတိုင်းပဲ သောတာပန်ဖြစ်ပြီးရင် နောက် သကဒါဂါမ်ဖြစ်ဖို့အတွက် ၀ိပဿနာကျင့်စဉ်ကိုတိုးမြှင့်ရမယ်။ သကဒါဂါမ်ဖြစ်ပြီးရင် အနာဂါမ်ဖြစ်ချင်လို့ရှိရင် ၀ိပဿနာကျင့်စဉ်ကိုတိုးမြှင့် ကျင့်ရမယ်။ Level ချင်း degree ချင်း မတူဘူး။ အနာဂါမ်ဖြစ်ပြီးရင်ရဟန္တာဖြစ်ဖို့အတွက်ဝိပဿနာစွမ်းအားကို တိုးမြှင့်ရမယ်။ တိုးမြှင့်တဲ့အခါမှာ ရဟန္တာဖြစ်လောက်တဲ့ ၀ိပဿနာ စွမ်းအားတွေရလောက်ပြီဆိုလို့ရှိရင် အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ရောက် ပြီး နောက်ဆုံးမှာ ရဟန္တာထိအောင် ရောက်သွားတယ်။ ဒါတွေဟာ စိတ်ကိုအာရုံနဲ့လေ့ကျင့်ခြင်းလို့ခေါ်တယ်နော်။ စိတ်ကိုလေ့ကျင့်လိုက်လို့ရှိရင် စျာန်လည်းရတယ်။ မဂ်လည်းရတယ်။ အဲဒီလိုလေ့ကျင့်ပြီးတော့စိတ်ကို အာရုံနဲ့လေ့ကျင့်သွားနိုင်မှသာလျှင် ဒါတွေရနိုင်တယ်။ ဒေါက်တာနန္ဒမာလာဘိဝံသ အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ
https://www.dhammaransi.com/index.php/new/394-2017-01-18-22-54-21.html
အဆင့်မြင့်တဲ့အေးချမ်းမှု
ငြိမ်သက်မှု၊အေးချမ်းမှုနဲ့ပျော်ရွှင်မှုဟာ တော်တော်ကြီးကွာပါတယ်။ လူ့သဘာဝမှာ ပျော်ရွှင်မှုကိုလိုချင်တဲ့သဘာဝဆိုတာလည ်းပဲ ရှိနေပါတယ်နော်။ လူရဲ့သဘာဝဟာ ဆန်းကြယ်တယ်။ ဆန့်ကျင်ဘက်တွေအများကြီး ရောထွေးနေတယ်။ ဒါကြောင့် လူဟာ အင်မတန်စိတ်ဝင်စားစရာကောင်းတဲ့ သတ္တဝါဖြစ်တယ်။ လူရဲ့သဘာဝမှာ ပျော်ရွှင်မှုကိုလိုချင်တဲ့စိတ်ရှိသလို ငြိမ်သက်မှု၊အေးချမ်းမှုကိုလည်းပဲ လိုချင်တဲ့စိတ်ရှိတယ်။ တစ်ခါတလေ ကိုယ့်စိတ်ထဲမှာခံစားဖူးကြမှာပဲ။ ခံစားဖူးမှာနော်။ ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်ကြည့်ပါ။ ဘာကိုမှမမြင်ရမကြားရတဲ့နေရာမှာ၊ တိတ်ဆိတ်အေးချမ်းတဲ့နေရာမှာ တစ်ယောက်တည်း ဘာမှလည်းမတွေးဘဲနဲ့ ငြိမ်ငြိမ်လေးနေချင်တဲ့စိတ် တစ်ခါတလေမဖြစ်ကြဘူးလား။ ဖြစ်ကြပါတယ်နော်။ တစ်ခါတလေ အပျော်အပါးတွေနဲ့နေရတာများလွန်းလို့ အပျော်အပါးတွေကိုငြီးငွေ့ပြီးတော့ စိတ်ကုန်သွားတတ်တယ်။ လူ့သဘာဝမှာ အဲဒီလိုဆန့်ကျင်ဘက်တွေ အမြဲတမ်းရောထွေးနေတတ်တယ်။ ဘုန်းကြီးတို့ကိုယ်တိုင်လည်းပဲ ငယ်ငယ်တုန်းက မြို့ကြီးပြကြီးမှာမွေးလာတယ်။ လူတွေအများကြီးနဲ့နေခဲ့ရတယ်။ မိဘတွေကလည်း စီးပွားရေးသမားတွေဖြစ်တယ်။ အဲဒီတော့ အင်မတန်ရှုပ်ထွေးတဲ့ဘဝမှာ နေခဲ့ရတယ်ဆိုပါတော့။ ပစ္စည်းဥစ္စာပေါများပေမယ့် ဘဝမှာ အင်မတန်ရှုပ်ထွေးတယ်။ အဲဒီလိုအခါမှာ ဘုန်းကြီးတို့မြို့အရှေ့က တောင်ကုန်းပေါ်ကိုသွားပြီးတော့ အဲဒီတောင်ကုန်းပေါ်မှာရှိတဲ့ ဘုရားတို့စေတီတို့ကျောင်းတို့ တိတ်ဆိတ်တဲ့အေးချမ်းတဲ့နေရာမှာသွားပြီးတော့ တစ်ယောက်တည်းထိုင်နေတတ်တယ်။ အိမ်မှာနေရတာ နားငြီးလွန်းလို့။ လူကလည်း ပြတ်တယ်လို့မရှိဘူး။ ဧည့်သည်ကလည်း ပြတ်တယ်လို့မရှိဘူး။ သွားနေကြ၊ လာနေကြ၊ ပြောနေကြ၊ ဆိုနေကြနဲ့ ကြာတော့ နားမခံနိုင်ဘူး။ စီးပွားရေးအကြောင်း၊ ငွေရေးကြေးရေးအကြောင်း မစဉ်းစားချင်တော့ဘူး။ ဒီစီးပွားရေးအကြောင်း၊ ငွေရေးကြေးရေးအကြောင်း စဉ်းစားရတာလည်းပဲ စိတ်ချမ်းသာစရာပျော်စရာကနည်းလာတယ်။ များသောအားဖြင့် စိတ်ဆင်းရဲစရာကများတယ်။ အဲဒီလိုဖြစ်တော့ တောင်ပေါ်မှာသွားပြီးတော့ တိတ်ဆိတ်အေးချမ်းတဲ့နေရာမှာ တစ်ယောက်တည်းသွားသွားပြီးတော့ ထိုင်နေတတ်တယ်။ ဘုန်းကြီးစဉ်းစားကြည့်တယ်။ ငယ်ငယ်တုန်းက တရားဆိုတာကိုမသိသေးပါဘူး။ နားမလည်သေးပါဘူးနော်။ ဒါပေမယ့် လူတွေရှုပ်ထွေးပြီးတော့ စကားတွေအင်မတန်များနေတဲ့ အသိုင်းအဝိုင်းကြားထဲမှာနေရတာကို တစ်ခါတလေငြီးငွေ့တဲ့စိတ်ဖြစ်တယ်။ အဲဒီလိုအခါမှာ ဘုရားကျောင်းကန်နေရာမှာသွားပြီးတော့ တိတ်တိတ်လေး တစ်ယောက်တည်းထိုင်နေရတာ အေးချမ်းမှုရတယ်။ ဒါဟာ တရားအားထုတ်လို့ရတဲ့အေးချမ်းမှု မဟုတ်ဘူး။ နိဗ္ဗာန်လည်းမဟုတ်ပါဘူး။ အေးအေးဆေးဆေးနေရတဲ့ အေးချမ်းမှုပါ။ အဲဒီအေးချမ်းမှုအခြေခံ၊ အဲဒီအရသာလေးကို ခံစားတတ်တဲ့အလေ့အကျင့်လေး ရသွားတဲ့အတွက်ကြောင့်ကိုပဲ ဒီထပ်ပိုပြီးတော့ အဆင့်မြင့်တဲ့အေးချမ်းမှုကို လိုချင်တောင့်တတဲ့စိတ်၊ ခံစားချင်တဲ့စိတ်ဖြစ်လာတာပါ။ အတွေးကင်းနေတဲ့အချိန်မှာစိတ်ချမ်းသာနေတယ် ဒါကြောင့်ဘုန်းကြီးက ဒကာ၊ ဒကာမတွေကိုလည်းတိုက်တွန်းချင်တယ်။ တစ်ခါတလေ ဘယ်သူမှမရှိတဲ့နေရာ၊ လူသူကင်းတဲ့နေရာ၊ ရှင်းတဲ့နေရာမှာ တစ်ယောက်တည်းသွားပြီးတော့ အေးအေးဆေးဆေးလေး ထိုင်နေကြည့်ပါ။ အဲဒီအေးချမ်းတဲ့အရသာလေးကို ခံစားကြည့်စမ်းပါနော်။ ဘာမှလည်းမတွေးဘူး။ ဘယ်သူနဲ့မှ စကားမပြောဘူး။ ဘာမှလည်းနားမထောင်ဘူး။ အဲဒီကိုသွားတဲ့အခါမှာ ဘာမှယူမသွားနဲ့၊ ကက်ဆက်တို့ရေဒီယိုတို့ဘာတို့ ဘာမှယူမသွားနဲ့။ တစ်ယောက်တည်း တိတ်တိတ်ကလေးသွားပြီးတော့ ထိုင်နေကြည့်ပါ။ အဲဒီလိုထိုင်နေတတ်တဲ့ အလေ့အကျင့်လေးရတယ်ဆိုရင်ကိုပဲ တရားအားထုတ်ဖို့အတွက် အခြေခံလေးရပြီလို့ဆိုရမယ်။ အဲဒီလို အာရုံအမျိုးမျိုးခံစားနေရတာတွေနဲ့ ကင်းပြီးတော့နေတတ်တဲ့အလေ့အကျင့်ကလေးကို နေ့စဉ်နည်းနည်းနည်းနည်းလုပ်ပါ။ အကယ်၍ အဲဒီလိုနေရာတွေမသွားနိုင်ဘူးဆိုရင်တောင်မှ ကိုယ့်အိမ်မှာကိုယ် မနက်စောစော ဘယ်သူမှမထသေးတဲ့အချိန် ကိုယ့်ဟာကိုယ်တစ်ယောက်တည်း သတိလေးနဲ့မျက်နှာသစ်ပြီးတော့ ခဏဘုရားအာရုံပြုပြီးတော့ ငြိမ်ငြိမ်လေးထိုင်နေပါ။ တရားအားထုတ်တာကိုနားလည်တယ်၊ လုပ်တတ်တဲ့အလေ့အကျင့်ရှိတယ်ဆိုရင်လည်းပဲ ခဏလေး ဝင်လာတာကိုသိနေတယ်။ ထွက်သွားတာကိုသိနေတယ်။ ထိနေတာကိုသိနေတယ်။ ပူတာကိုလည်းသိနေတယ်။ အေးတာကိုလည်းသိနေတယ်။ လေတိုးတာကိုလည်းသိနေတယ်။ အဲဒီလို ပစ္စုပ္ပန်တည့်တည့်လေးကိုသိနေတယ်ဆိုရင်ကိုပဲ စိတ်က ဘာမှမတွေးဘူးနော်။ စိတ်က ပစ္စုပ္ပန်တည့်တည့်ကိုသိနေရင် တွေးလို့မရဘူး။ ပစ္စုပ္ပန်ကိုတွေးလို့မရဘူး။ အတိတ်ကို ပြန်တွေးလို့ရတယ်။ အနာဂတ်ကိုလည်း မှန်းဆပြီးတော့တွေးလို့ရတယ်။ ပစ္စုပ္ပန်တည့်တည့်က အင်မတန်တိုတောင်းတာမို့လို့ တွေးလို့မရဘူး။ ဒါကြောင့် စိတ်ကပစ္စုပ္ပန်တည့်နေတဲ့အချိန်မှာ အတွေးကင်းနေတယ်။ စိတ်ကရှင်းနေတယ်။ အဲဒီအတွေးကင်းနေတဲ့အချိန်မှာ စိတ်ချမ်းသာနေတယ်။ ဘုန်းကြီး တရားအားထုတ်ခါစက ခဏလေး ပထမဦးဆုံးအတွေးတိတ်သွားတာ၊ အတွေးကင်းသွားတာကိုကြုံခဲ့ရတော့ စိတ်ထဲမှာဘယ်လိုတွေးမိသလဲဆိုတော့ တွေးနေရတဲ့ဝန်ထုပ်ဝန်ပိုးက တော်တော်ကြီးနေပါလား။ ဘာမှမတွေးဘဲနေလိုက်ရတဲ့အချိန်မှာ ဝန်ထုပ်ကြီးတစ်ခုကိုထမ်းထားရတာကနေ အဲဒီဝန်ထုပ်ကြီးကိုပစ်ချလိုက်ရသလိုပဲ စိတ်က ပေါ့ပြီးတော့ရှင်းသွားတယ်။ အဲဒီလို ဘာအတွေးမှမရှိဘဲနဲ့ စိတ်ကလေးအေးချမ်းပြီးတော့ (၅)မိနစ်လောက်ဖြစ်ဖြစ် (၁၀)မိနစ်လောက်ဖြစ်ဖြစ် နေတတ်တဲ့အလေ့အကျင့်လေးကို နေ့စဉ်လုပ်သင့်တယ်။ ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ)
https://www.dhammaransi.com/index.php/new/395-2017-01-18-22-51-48.html
အိမ်သာတက်ရင်း တရားအားထုတ်မယ်
တစ်ခါတုန်းက ဥဗ္ဗရီဆိုတဲ့ မင်းသမီးလေးတစ်ယောက် ရှိခဲ့ဖူးပါတယ်။တစ်နေ့တော့ မင်းသမီးလေးက အိမ်သာတက် ပါတယ်။ အိမ်သာအောက်မှာ ပိုးလောက်တွေကို မြင်ရပါတယ်။ မြင်ရတဲ့ ပိုးလောက်တွေကိုကြည့်ပြီး အသုဘ ကမ္မဋ္ဌာန်း (၁ဝ)ပါးထဲက တစ်ပါးဖြစ်တဲ့ ပုဠုဝကကမ္မဋ္ဌာန်းကို ပွားများပါတယ်။ ပိုးလောက်တွေကြည့်ပြီး ဘာဝနာပွားရင်း ပထမစျာန်ကို ရသွားပါတယ်။ ဥဗ္ဗရီ မင်းသမီးလေးဟာ သက်တမ်းစေ့အောင်နေပြီး သေလွန်တော့ ဗြဟ္မာ့ပြည်မှာ သွားဖြစ်ရပါတယ်။ (ဓမ္မပဒ အဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ ၃၃၂) တကယ်တော့ မြတ်စွာဘုရားက ဒီဝတ္ထုလေးကို ဘဝတဏှာရဲ့ အပြစ်ကို သံဝေဂယူရအောင် ဟောပြထားတာလေးပါ။ ဒါပေမဲ့ အိမ်သာတက်ရင်း ကမ္မဋ္ဌာန်းဘာဝနာပွားပြီး ပထမစျာန် ရသွားတာလေးကို သာဓကကိုးချင်တာနဲ့ ရေးပြလိုက်တာပါ။အိမ်သာတက်ရင်း ဘာဝနာပွားပြီး ပထမစျာန်ရတာလေးကအတုခိုးစရာလေးပါ။ ဘာပဲပြောပြော အိမ်သာတက်ရင်း ဘာဝနာပွားလို့ ပထမစျာန်ရသွားတာတော့ အမှန်ပါပဲ။ ဒီဝတ္ထုလေးကိုထောက်ပြီး အိမ်သာတက်ရင်းလည်း တရားရနိုင်တယ်ဆိုတာ သာဓကယူရမှာပါ။ မြတ်စွာဘုရားက တင့်တယ်တဲ့အမူအရာတွေမှာသာ တရားအားထုတ်ခိုင်းထားတာ မဟုတ်ပါဘူး၊ မတင့်တယ်တဲ့ အမူအရာတွေဖြစ်တဲ့ ကျင်ကြီးကျင်ငယ်စွန့်တဲ့ နေရာတွေမှာလည်း မှတ်ခိုင်းထားတာပါ။ မဟာသတိပဋ္ဌာနသုတ်မှာလည်း ''ဥစ္စာရ ပဿ ာဝကမ္မေ သမ္ပဇာနကာရီ ဟောတိ - ကျင်ကြီးကျင်ငယ်စွန့်တဲ့ အခါမှာလည်း အမှတ်သတိနဲ့စွန့်ပါ''လို့ သေချာဟောပြထားပါတယ်။ အိမ်သာကတော့ တစ်နေ့ကို နှစ်ကြိမ် သုံးကြိမ် တော့ လူတိုင်းတက်နေရတာပါ။ တရားအားထုတ်တယ်ဆိုတာကလည်း တစ်ယောက်တည်း အားထုတ်တာ အကောင်းဆုံးပါ။ အများနဲ့လုပ်တဲ့ အလုပ်တွေမှာသာ တရားမှတ်ရတာ ခက်ချင်ခက်နေတာပါ၊ အိမ်သာတက်ရတာလည်း အများနဲ့တက်ရတာ မဟုတ်ပါဘူး၊ တစ်ယောက်တည်းပဲ တက်ရတာပါ။ ဒီတော့ မှတ်မယ်ဆို ပိုလို့တောင် အဆင်ပြေပါသေးတယ်။ တကယ်ဆို တရား အားထုတ်ဖို့ အချိန်မရဘူးလို့ ပြောပြောနေတဲ့သူတွေအတွက် ပိုတောင်အဆင်ပြေပါသေးတယ်။ ဒီတော့ အိမ်သာသွားတော့မယ်ဆိုရင် စိတ်ကို ခြေထောက်ကိုပို့လိုက်ပါ။ မျက်လုံးကိုတော့ လေးတောင်ပဲ ကြည့်ပါ။ ''ဘယ်လှမ်းတယ် ညာလှမ်းတယ်''က စမှတ်သွားပါ။ ''ဘယ်လှမ်းတယ် ညာလှမ်းတယ်''မှတ်တဲ့အခါ ခြေထောက် ပုံသဏ္ဌာန် ဒြပ်ကိုတော့ ခွာနိုင်သမျှခွာပြီး ရွေ့ရွေ့သွားတဲ့ သဘောလေးကိုပဲ သတိကပ် မှတ်ရမှာပါ။ ခြေထောက် ပုံသဏ္ဌာန်ဒြပ်ဆိုတာ ပညတ်ပါပဲ၊ ဝိပဿ နာရှု ဖို့ရာ မဟုတ်ပါဘူး။ ရွေ့ရွေ့သွားတဲ့ သဘောလေးကတော့ ပရမတ်ပါ။ အဲဒီ ရွေ့ရွေ့သွားတဲ့ သဘောလေးကိုပဲ သိနိုင်သမျှသိအောင် ကျိုးစားရမှာပါ။ အိမ်သာနားရောက်တဲ့အခါ တံခါးဖွင့်တော့ 'ဖွင့်တယ်'၊ အိမ်သာတံခါးကို ပြန်ပိတ်တော့ 'ပိတ်တယ်'၊ ကမုတ်ဆီသွားတော့'သွားတယ်'၊ လုံချည်ပင့်တော့ 'ပင့်တယ်'၊ ထိုင်ချင်တော့ 'ထိုင်ချင်တယ်'၊ ထိုင်တော့ 'ထိုင်တယ်'၊ တင်ပါးနဲ့ ကမုတ်နဲ့ထိတော့ 'ထိတယ်'၊ စွန့်ချင်တော့ 'စွန့်ချင်တယ်'၊ စွန့်တော့ 'စွန့်တယ်'လို့ မှတ်ရပါတယ်။ ''စွန့်တယ် စွန့်တယ်''လို့ မှတ်တဲ့နေရာမှာလည်း ပကတိတည်နေရာက အောက်ကိုရွေ့ကျသွားတာကိုပဲ မြန်မာ ဝေါဟာရအားဖြင့် ''စွန့်တယ် စွန့်တယ်'' လို့ ခေါ်ရတာပါပဲ။ စွန့်နေတုန်းမှာ နာတာ ကျင်တာ အောင့်တာတွေ ခံစားရရင် ''နာတယ် ကျင်တယ် အောင့်တယ်'' လို့ မှတ်သွားရမှာပါ။ ဝိပဿ နာရဲ့သဘောက ရုပ်ထင်ရှားရင် ရုပ်ကိုရှုရပါတယ်။ နာမ်ထင်ရှားရင် နာမ်ကိုရှုရပါတယ်။ ဖြစ်နေဆဲ ရုပ်နာမ်ကို ဖြစ်နေဆဲ ပကတိအခြေအနေအတိုင်း သိအောင်ရှုတာ ဝိပဿ နာရှုတာပါပဲ။ လှမ်းတဲ့သဘောနဲ့ မှတ်သိစိတ်၊ တံခါးကိုဖွင့်တဲ့သဘောနဲ့ မှတ်သိစိတ်၊ တံခါးကို ပြန်ပိတ်တဲ့သဘောနဲ့ မှတ်သိစိတ်၊ ကမုတ်ဆီသွားတဲ့သဘောနဲ့ မှတ်သိစိတ်၊ လုံချည်ပင့်တဲ့သဘောနဲ့ မှတ်သိစိတ်၊ ထိုင်ချင်တဲ့သဘောနဲ့ မှတ်သိစိတ်၊ ထိုင်တဲ့သဘောနဲ့ မှတ်သိစိတ်၊ ကမုတ်နဲ့တင်ပါးနဲ့ထိတဲ့သဘောနဲ့ မှတ်သိစိတ်၊ စွန့်ချင်တဲ့သဘောနဲ့ မှတ်သိစိတ်၊ စွန့်တဲ့သဘောနဲ့ မှတ်သိစိတ်၊ နာတဲ့ကျင်တဲ့သဘောနဲ့ မှတ်သိစိတ်၊ အဲဒီလို အတွဲလိုက် အတွဲလိုက် တသားတည်းကျနေအောင် မှတ်ရပါမယ်။ အိမ်သာတက်ရင်း တရားမှတ်နေရင် သတိပဋ္ဌာန်ကုသိုလ် (၃) မျိုး ရနေတာပါ။ စွန့်ချင်တယ် စွန့်ချင်တယ်လို့ မှတ်တာက စွန့်ချင်တဲ့စိတ်ကို မှတ်ရတာဖြစ်တဲ့အတွက် စိတ္တာနုပဿ နာသတိပဋ္ဌာန်ကုသိုလ်အနေနဲ့ ရနေတာပါ။ စွန့်တယ် စွန့်တယ်လို့ မှတ်ရတာက ကိုယ်ကာယကို မှတ်ရတာဖြစ်တဲ့အတွက် ကာယာနုပဿနာ သတိပဋ္ဌာန် ကုသိုလ်အနေနဲ့ ရနေတာပါ။ နာတယ် ကျင်တယ် အောင့်တယ်လို့ မှတ်တာကျတော့ ဝေဒနာကိုမှတ်ရတာဖြစ်တဲ့အတွက် ဝေဒနာနုပဿနာ သတိပဋ္ဌာန်ကုသိုလ်အနေနဲ့ ရနေတာပါ။ အိမ်သာတစ်ခါတက်ရင် သတိပဋ္ဌာန်ကုသိုလ် (၃) မျိုးရနေတာပါ။ တစ်မှတ်ကို ကုသိုလ်တစ်ချက်နဲ့ တွက်မယ် ဆိုရင်လည်း အမှတ်တွေအများကြီးဆိုတော့ ကုသိုလ်တွေ အများကြီးရနေတာပါ။ ဒါဆို အိမ်သာတက်ရင်း တရား အားထုတ်နေတာပါပဲ။ ''စိတ်ပါရင် အိပ်ရာဟာလည်း ရိပ်သာပါပဲ'' ဆိုတဲ့အတိုင်း အိမ်သာကိုလည်း ရိပ်သာလို့ စိတ်ထဲမှာ နှလုံးသွင်းထားရပါမယ်။ ဒါဆို အိမ်သာဟာ ကိုယ့်အတွက် ရိပ်သာလေးတစ်ခုပါပဲ။ သိပ်တော့မခက်လှပါဘူး၊ ဒါပေမဲ့ အလေ့အကျင့်မရှိရင်တော့ မလွယ်ပါဘူး။ အိမ်သာတက်ရင်း တရားအား ထုတ်တတ်တဲ့အလေ့အကျင့်ကို တော်တော်လေး အချိန်ကြာကြာလေ့ကျင့်ထားပါမှ အဆင်ပြေမယ့်သဘော ရှိပါတယ်။ ဘယ်အရာပဲဖြစ်ဖြစ် အစမှာတော့ ခက်ကြတာပါပဲ။ အလေ့အကျင့်ရသွားရင်တော့ မခက်တော့ပါဘူး။ အလေ့အကျင့်လုပ်တဲ့အခါ ''တစ်မှတ်ကို ကုသိုလ်တစ်ချက်ဟ၊ တစ်မှတ်ကို ကုသိုလ်တစ်ချက်ဟ'' ဆိုပြီး ပျော်ပျော် ကြီး တက်ရမှာပါ။ တချို့ကျတော့လည်း အိမ်သာတက်ရင်း စာဖတ်တတ်ကြပါတယ်။ စာပေမြတ်နိုးတဲ့ဘက်က ကြည့်ရင်တော့ ကောင်းတာပါပဲ။ ဒါကို ဦးဇင်းအရှင်ဆန္ဒာဓိကကိုပြောပြတော့“''ကျန်းမာရေးရှုထောင့်ကကြည့်ရင်တော့ မကောင်းပါဘူး၊ ကြာကြာထိုင်ရတဲ့အတွက် တခြားဆိုးကျိုးရောဂါတွေ ဖြစ်လာနိုင်တယ်'' လို့ ပြောပါတယ်။ ဟုတ်တော့လည်းဟုတ်ပါတယ်၊ စာထဲမှာစိတ်ရောက်နေတဲ့အတွက် အိမ်သာတက်တာလည်း တော်တော်နဲ့ မပြီးတော့ပါဘူး။ တခါတလေ ဖတ်နေတဲ့စာက မပြီးသေးရင် ''ဒါလေးတော့ပြီးအောင် ဖတ်လိုက်ပါဦးမယ်လေ'' ဆိုပြီး အချိန်က ကြာလို့ကြာမှန်းလည်း မသိတော့ပါဘူး။ စာရေးဆရာကြီး သာဓုကတော့ အိမ်သာတက်ရင် သတင်းစာရော ရေနွေးအိုးရော ယူသွားပြီး သတင်းစာဖတ်ရင်း ရေနွေးသောက်ရင်းအိမ်သာတက်လေ့ရှိပါသတဲ့။ သတင်းစာဖတ်တာရောရေနွေးသောက်တာရောဆိုတော့ အိမ်သာထဲမှာ အချိန်အတော်ကြာကြာ ရှိနေမှာတော့ အမှန်ပါပဲ။ တချို့ကျတော့ အိမ်သာတက်ရင်း ဆေးလိပ်သောက်တတ်ကြတာပါ။ ဒါကတော့ လုံးဝကို မလုပ်သင့်တဲ့ကိစ္စပါ။ အိမ်သာတက်ရင်း ဆေးလိပ်သောက်ရင် ဆေးလိပ်နံ့တွေက အိမ်သာထဲမှာ စွဲကျန်နေရစ်တာပါ။ ဆေးလိပ်သောက်သွားတဲ့သူ အိမ်သာတက်ပြီးရင် နောက်တက်တဲ့လူအတွက် အတော်ဒုက္ခရောက်ရတော့တာပါ။ ဆေးလိပ်မသောက်တတ်တဲ့သူတွေ အတွက်ဆို ပိုတောင်ဒုက္ခရောက်ရပါသေးတယ်။ နှာခေါင်းပိတ်တက်ဖို့ကျတော့လည်းခဏအပေါ့စွန့်တယ်ဆို တော်ပါ သေးရဲ့။ ဆေးလိပ်နံ့တွေ လှိုင်နေတဲ့အိမ်သာထဲမှာ နောက်လူအတွက် ဒုက္ခရောက်ရတဲ့ကိစ္စပါ။ အိမ်သာတက်ရင်း ဆေးလိပ် သောက်တာကိုတော့ လူ့ယဉ်ကျေးမှုအရရော လောကစောင့်စည်းမှုအရကော နောက်လူကိုငဲ့ပြီး အထူးကို ရှောင်ကြဉ် ရပါမယ်။ တကယ်တော့ ဆေးလိပ်သောက် အိမ်သာတက်တဲ့သူဟာ နောက်တက်တဲ့သူကို ဒုုက္ခဆိုးဆိုးကြီးကို ထားခဲ့တာပါ။ ဒီတော့ နောက်တက်တဲ့သူက ရှေ့လူကို မေတ္တာကောင်းကောင်းပို့ပေးမှာတော့ သေချာပါတယ်။ တချို့ကျပြန်တော့လည်း အိမ်သာတက်ပြီးတာနဲ့ ဆပ်ပြာရည်နဲ့အိမ်သာကို သေချာဆေးတော့တာပါ။ ရေစို နေတဲ့နေရာတွေကိုလည်း တစ်ရှူ းနဲ့သုတ် အမွှေးနံ့သာရှိရင် အမွှေးနံ့သာဖြန်းနဲ့ တကယ့်ကို ဆေးကြောသန့်ရှင်းရေး လုပ်ပေးခဲ့တာပါ။ နောက်လူက သန့်သန့်ရှင်းရှင်းလေး တက်ရုံပါပဲ။ အိမ်သာသန့်သန့်ရှင်းရှင်းလေး တက်လိုက်ရတာဟာ ဘယ်လောက်အရသာရှိတယ်ဆိုတာ အိမ်သာတက်ဖူးသူတိုင်း သိပါတယ်။ ငယ်ငယ်က ဆရာသမားတွေက အိမ်သာဆေးရင် ရုပ်လှတယ်ဆိုလို့ အချိန်တော်တော်ကြာကြာ ဆေးခဲ့ဖူးပါတယ်။ ရုပ်ကတော့ နောက်ဘဝကျမှပဲ လှတော့မယ်ထင်ပါတယ်။ ပစ္စုပ္ပန်အကြောင်းအကျ ုိ းတွဟာ အတိတ်အကြောင်းအကျ ုိ းတွနဲ့ ဆက်စပ်နေပါတယ်။ ဒီလိုပါပဲ ပစ္စုပ္ပန် အကြောင်းအကျိုးတွေဟာလည်း အနာဂတ်အကြောင်းအကျိုးတွေနဲ့ ဆက်စပ်နေရဦးမှာပါ။ ဒီဘဝမှာ အိမ်သာတက်ရင်း တရားအားထုတ်ခဲ့ရင် အထုံဝါသနာဓာတ်တွေအရ နောက်ဘဝ နောက်ဘဝတွေမှာလည်း အိမ်သာတက်ရင်း တရားအားထုတ်ဖြစ်နေဦးမှာပါ။ အထုံဆိုတာ လိုက်တတ်တဲ့သဘောရှိပါတယ်။ အလေ့အကျင့်ရသွားတဲ့အခါ အိမ်သာဟာ ကိုယ့်အတွက် ပါရမီဖြည့်ရာဌာနတစ်ခု ဖြစ်နေတော့မှာပါ။ ပါရမီဖြည့်ရင်း ဖြည့်ရင်းနဲ့ ပါရမီတွေ ပြည့်လာတဲ့ တစ်နေ့မှာတော့ တရားထူးတရားမြတ်တွေ ရသွားနိုင်ပါတယ်။ အိမ်သာတက်ရင်း အရဟတ္တဖိုလ် မရဘူးလို့ မပြောနိုင်ပါဘူး။ အရဟတ္တဖိုလ်ဆိုတာဣရိယာပုထ်လေးပါးလုံး ရနိုင်ပါတယ်။ ကိုယ်က ဘယ်ဣရိယာပုထ်နဲ့တရားထူးရသွားမယ်ဆိုတာလည်း မသိနိုင်ပါဘူး။ တရားအားထုတ်ဖို့ အချိန်မရဘူးလို့ ပြောပြောနေကြတဲ့သူတွေအတွက် တော်တော်အဆင်ပြေတဲ့နည်းပါ။ ဒါပေမဲ့ အလေ့အကျင့်တော့ တော်တော်လေး လုပ်ယူရမယ့်အနေအထားရှိပါတယ်။ တတ်နိုင်ရင် ကိုယ့်အိမ် အိမ်သာတံခါးထိပ်မှာ ''ရိပ်သာ'' ဆိုတဲ့ စာသားလေးတောင် ရေးထားဖို့ကောင်းပါတယ်။ စိတ်ထဲမှာလည်း ကိုယ့်ရဲ့ကမ္မဋ္ဌာန်းရိပ်သာလေးလို့ နှလုံးသွင်းထားနိုင်ရပါမယ်။ တကယ်တော့ မြတ်စွာဘုရားရှင်ဟာ ဝိပဿ နာရားအားထုတ်တာကို အိမ်သာထဲအထိ အားထုတ်ခိုင်းထားတာပါ။ နောက်ဆုံး ရာနှုန်းပြည့်မမှတ်နိုင်ဦးတော့ တစ်မှတ်ကို ကုသိုလ်တစ်ချက်ဟ၊ တစ်မှတ်ကို ကုသိုလ်တစ်ချက်ဟ ဆိုပြီး မှတ်ချက်အရေအတွက် ရသလောက်တော့ ရအောင်မှတ်ကြရမှာပါ။ ဘာပဲပြောပြော အိမ်သာကတော့ တစ်နေ့ နှစ်ကြိမ် သုံးကြိမ်တော့ တက်နေကြရတာပါပဲ။ အိမ်သာတက်ခိုက် လေးမှာ အခွင့်အရေးတစ်ခုအနေနဲ့ စွမ်းနိုင်သလောက် မှတ်ဖြစ်လိုက်ဖို့ပါပဲလေ။ ရဝေနွယ် (အင်းမ) ကျမ်းကိုး ၁။ သဒ္ဓမ္မရံသီရိပ်သာ ဆရာတော်ဘုရားကြီး၏ တရားစာအုပ်များ ၂။ ချမ်းမြေ့ရိပ်သာ ဆရာတော်ဘုရားကြီး၏ တရားစာအုပ်များ
https://www.dhammaransi.com/index.php/new/396-2017-01-18-22-49-14.html
မြတ်စွာဘုရားဖြစ်တော်စဉ်-ဗုဒ္ဓဝင် အကျဉ်း
၁။ ဗျာဒိတ်ခံယူသောဘဝ -သုမေဓာ ရှင်ရသေ့ဘဝ ၂။ ဗျာဒိတ်ခံယူသောနေ့ -ကဆုန်လပြည့် ၃။ ဗျာဒိတ်ပေးသောဘုရား -ဒီပင်္ကရာဘုရား ၄။ ပါရမီဖြည့်ဖက် -သုမိတ္တာအမျိုးသ္မီး ၅။ ပါရမီဖြည့်ရာကာလ -လေးသချေင်္နှင့်ကမ္ဘာတစ်သိန်း (သုမေဓာရသေ့ဘဝမှဝေဿန္တရာဘဝအထိ) ၆။ ဖြည့်ခဲ့သောပါရမီ -ဒါနစသော ပါရမီ(၁ဝ)ပါး ၇။ ပါရမီဖြည့်ရခြင်းရည်ရွယ်ချက် -သတ္တဝါများ၏အကျိုးကို ဆောင်ရွက်ရန် ၈။ နောက်ဆုံးစံခဲ့သောနတ်ပြည် -တုသိတာနတ်ပြည် ၉။ နတ်သားအမည် -သေတကေတု မည်သောနတ်သား ၁ဝ။ ဘုရားဖြစ်ရန်တောင်းပန်သူ -နတ်၊ဗြဟ္မာများ ၊ ၁၁။ ကြည့်ခြင်း(၅)ပါး -လူ့သက်တမ်း(ကာလ) ဘုရားဖြစ်ရန်ဇမ္ဗူဒီပကျွန်း(ဒီပ) ဘုရားဖြစ်ရန်အရပ်(ဒေသ) ဘုရားဖြစ်ရာမျိုးနွယ်(ကုလ) အမိအသက်အပိုင်းခြား(မာတုအာယုပရိစ္ဆေဒ) ၁၂။ မယ်တော်အိပ်မက် -နတ်မင်းများကအနောဝတတ်အိုင် သို့သယ်ပြီး ရေချိုးပေး၊ ကျောက်ဖျာ၌အိပ်၊ ဆင်ဖြူတော်ဝင်သည်ဟုမက် ၁၃။ သန္ဓေယူသောနေ့ -မဟာသက္ကရာဇ်(၆၇) ဝါဆိုလပြည့်၊ ကြာသပတေး ၁၄။ မိဘအမည် -သုဒ္ဓေါဓနနှင့် မာယာဒေဝီ ၁၅။ နေပြည်တော် -ကပိလဝတ်ပြည် (သက္ကတိုင်း) ၁၆။ အမျိုးအနွယ် -သာကီဝင်မင်းမျိုး ၁၇။ ဖွားသောနေ့ -မဟာသက္ကရာဇ် (၆၈)၊ ကဆုန်လပြည့်၊ သောကြာနေ့ ၁၈။ ဖွားရာဌာန -လုမ္ဗိနီဥယျာဉ် (ကပိလဝတ်နှင့် ဒေဝဒဟအကြားရှိ) ၁၉။ ဘုရားဖြစ်မည်ဟုဧကန်ဟောသူ -ကောဏ္ဍညပုဏ္ဏား ၂ဝ။ မိထွေးတော် -ဂေါတမီ ၂၁။ မင်းသားအမည် -သိဒ္ဓတ္ထ ၂၂။ ဖွားဖက်တော်များ -ယသော်ဓရာ၊အာနန္ဒာမင်းသား၊ ဆန္န၊ ကာဠုဒါယီ၊ ကဏ္ဍကမြင်း၊ဗောဓိပင်၊ ရွှေအိုးကြီး(၄)လုံး ၂၃။ ကြင်ယာတော် -ယသောဓရာ (ဘဒ္ဒကဥ္စနာ) ၂၄။ ရင်သွေးတော် -ရာဟုလာ ၂၅။ ယောက်ဖတော် -ဒေဝဒတ် ၂၆။ နန်းစံသောနှစ် -၁၃-နှစ် (၁၆နှစ်မှ ၂၉နှစ်ထိ) ၂၇။ မြင်သောနိမိတ် -သူအို, သူနာ, သူသေ, ရဟန်း။ ၂၈။ တောထွက်သောအသက် -(၂၉)နှစ် ၂၉။ တောထွက်သောနေ့ -မဟာသက္ကရာဇ် (၉၇)ဝါဆိုလပြည့် ၃ဝ။ တောထွက်ချိန်ပါသူ -ကဏ္ဍကမြင်းနှင့် ဆန္န ၃၁။ ဖြတ်ကူးသောမြစ် -အနော်မာမြစ် ၃၂။ ပယ်သောအရာ -ဆံတော်နှင့် အဝတ် ၃၃။ ဆံတော်တည်ရာစေတီ -တာာဝတိံသာနတ်ပြည်ရှိ စူဠာမဏိစေတီတော် ၃၄။ ဝတ်တော်စေတီ -ဗြဟ္မာပြည်ရှိဒုဿစေတီ ၃၅။ သင်္ကန်းပရိက္ခရာလှူသူ -ကဋိကာရဗြဟ္မာ ၃၆။ ဒုက္ကရစရိယကျင့်ရာဌာန -ဥရုဝေဠတော ၃၇။ ဒုက္ကရစရိယကျင့်သောနှစ် - (၆)နှစ် ၃၈။ ဘုရားဖြစ်သောနှစ် -မဟာသက္ကရာဇ် (၁ဝ၃)ခု ကဆုန်လပြည့်နေ့ ၃၉။ ဘုရားဖြစ်ချိန်အသက် -'၃၅'နှစ် ၄ဝ။ ဘုရားဖြစ်ချိန်လူတို့သက်တမ်း -(၁ဝဝ)တမ်း ၄၁။ ဒုက္ကရစရိယကျင့်ချိန်အလုပ်အကျွေး -ပဥ္စဝဂ္ဂီ(၅)ဦး ၄၂။ ဘုရားဘွဲ့တော် -ဂေါတမ ၄၃။ ဃနာနို့ဆွမ်းကပ်လှူသူ -သုဇာတာ အမျိုးသ္မီး ၄၄။ ရွှေခွက်မျှောသောမြစ် -နေရဥ္ဇရာမြစ် ၄၅။ ဗောဓိပင်အသွားမြက်လှူသူ -သောတ္ထိယမြက်ရိတ်သမား ၄၆။ မြက်မှ ဖြစ်သောအရာ -ရွှေပလ္လင် ၄၇။ ရွှေပလ္လင်လာလုသူ -ဝသဝတ္တိနတ်ပြည်နေမာရ်နတ် ၄၈။ ဘုရားဘက်မှ သက်သေပြုသူ -ဝသုန္ဒြေမြေစောင့်နတ် ၄၉။ ဘုရားဦးစွာ ရသောဉာဏ်များ -ပထမယာမ်၌ ပုဗ္ဗေနိဝါသဉာဏ်၊၊ မဇ္ဈိမ ယာမ်၌ ဒိဗ္ဗစက္ခုဉာဏ်၊ ပစ္ဆိမယာမ်၌ အာသဝက္ခယဉာဏ်၊ ၅ဝ။ ဓမ္မစကြာဟောသောနေရာ -မိဂဒါဝုန်တော ၅၁။ ဓမ္မစကြာဟောသောနေ့ -၁ဝ၃ ခု၊ ဝါဆိုလပြည့်၊ စနေနေ့ ၅၂။ ပထမဦးဆုံးရဟန္တာဖြစ်သူ -ရှင််ကောဏ္ဍည ၅၃။ တရားဦးဟောသည့်နေရာ -ဗာရာဏသီ၊မိဂဒါဝုန်တော ၅၄။ ပထမဆုံးသာဝက -ပဥ္စဝဂ္ဂီ (၅)ဦး ၅၅။ နောက်ဆုံးကျွတ်သောသာဝက -သုဘဒ္ဒပုရိဗိုဇ် ၅၆။ လက်ျာရံ အဂ္ဂသာဝက -အရှင်သာရိပုတ္တရာ ၅၇။ လက်ဝဲရံ အဂ္ဂသာဝက -အရှင်မဟာမောဂ္ဂလာန် ၅၈။ အဆုံးအမ -ပရိယတ္တိ, ပဋိပတ္တိ, ပဋိဝေဓ ၅၉။ ကျင့်စဉ်သိက္ခာ -သီလ, သမာဓိ, ပညာ ၆ဝ။ နောက်ဆုံးဆွမ်းလှူသူ -စုန္ဒ ၆၂။ ပရိနိဗ္ဗာန်ပြုသောအသက် -သက်တော်(၈ဝ)၊ ၀ါတော်(၄၅) ၆၃။ ပရိနိဗ္ဗာန်စံသောနေ့ -မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့် အင်္ဂါနေ့ ဗုဒ္ဓဝင် အကျဉ်းပြီး၏။ @@@ အရှင်စန္ဒဇောတိ(သာသနာနွယ်) ပူဇော်သည်။
https://www.dhammaransi.com/index.php/new/397-2017-01-18-22-47-41.html
ငြိမ်းအေးသော ဘဝပိုင်ရှင်
လူသားတိုင်း လူသားတိုင်း ကိုယ့်ဘဝကိုယ် ငြိမ်းအေးသောဘဝဖြစ်အောင် တည်ဆောက်ချင်ကြပါတယ်။ ငြိမ်းအေးသော ဘဝပိုင်ရှင် ဖြစ်ချင်တာဟာ လူသားတိုင်းရဲ ့ ကိုယ်စီကိုယ်င ရင်တွင်းဆန္ဒပါ။ ပူလောင်တဲ့ဘဝကို အလိုရှိတဲ့ လူသားရယ်လို့ လောကမှ တစ်ဥိီးတစ်ယောက်မှ ရှိမှာမဟုတ်ပါဘူး။ ငြိမ်းအေးသောဘဝပိုင်ရှင်ဖြစ်ချင်တိုင်း လူသားတွေရဲ ့ဘဝ ငြိမ်းအေးကြသလားဆိုတော့ မငြိမ်းအေးကြပါဘူး။ လူသားအများစုရဲ ့ ဘဝဟာ အနည်း နဲ့အများဆိုသလို အမြဲတမ်းပူလောင်နေကြပါတယ်။ တချို ့လူသားတွေရဲ ့ ဘဝဆိုရင် ငြိမ်းအေးသောဘဝပိုင်ရှင်ဖြစ်ချင်တဲ့ ဆန္ဒရှိမှရှိပါ့မလားလို့ ထင်မှတ်ရလောက်အောင် ကိုယ်ကိုယ်တိုင် စိတ်လိုလက်ရ ဖန်တီးထားတဲ့ ပူလောင်မှုတွေနဲ့ အချိန်ပြည့် မီးဟုန်ဟုန်တောက်နေပါတယ်။ ကိုယ့်ဘဝရဲ ့ ပူလောင်မှု၊ ငြိမ်းအေးမှုကို ကိုယ့်စိတ်ကပဲ ဖန်တီးပါတယ်။ စိတ်ပူလောင်ရင် ဘဝပူလောင်ပြီး၊ စိတ်ငြိမ်းအေးရင် ဘဝငြိမ်းအေးပါတယ်။ ဘဝဆိုတာ စိတ်ရဲ ့ပုံ ရိပ်ပါ။ ဘဝဆိုတာ စိတ်ရဲ ့ ပုံတူရေး ပန်းချိီးကား တစ်ချပ်ပါ။ ငြိမ်းအေးသော ဘဝပိုင်ရှင်တစ်ယောက်ဖြစ်ဖို့အတွက် ပထမဆုံးနဲ့ အရေးအကြီးဆုံး၊ အဓိက ပဓာနအကျဆုံး အရည်အသွေးကတော့ “တဏှာကင်းစင်ခြင်း” ဆိုတဲ့ အရည်အသွေးပါပဲ။ ဒီနေရာမှာ တဏှာကင်းရင် ငြိမ်းအေးတယ်လို့ မြတ်စွာဘုရားက ရိုးရိုးလေးမဟောဘဲနဲ့ “ဝီတတဏှော ပုရာဘေဒါ= မသေခင်မှာ တဏှာကင်းရင် ငြိမ်းအေးတယ်”လို့ “မသေခင်=ပုရာဘေဒ” ဆိုတဲ့ စကားလုံးလေး အပိုထည့်ပြီးတော့ မိန့်ကြားတော်မူရခြင်းရဲ ့ အဓိပ္ပာယ်ကတော့ မြတ်စွာဘုရားရှင် ရဲ ့ တရားတော်ဟာ သေပြီးနောက် အကျိုးရနိုင်တဲ့ တရားမျိုးမဟုတ်ဘူး၊ မသေခင်ကာလမှာကို ချက်ချင်လက်ငင်း အကျိုးရနိုင်တဲ့ တရား၊ ဒီဘဝဒီခန္ဓာမှာကိုပဲ အကျိုးရနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ပြပါတယ်။ မသေခင်မှာ ကောင်းကျိုးရ၊ ချမ်းသာမယ့်တရား၊ အားကိုးထိုက်တဲ့တရားတော်တွေကို ညွှန်ကြားပြသတဲ့ မြတ်စွာဘုရားရှင်ဟာလည်း အင်မတန်မှ ကျေးဇူးတင်ထိုက်တဲ့ အတွက် “လောကသားတို့ရဲ ့ အနှိုင်းမဲ့ ကျေးဇူးရှင်” လို့ ဂုဏ်တင်ချိီးမွမ်းကြရပါတယ်။ တဏှာကင်းရင် ငြိမ်းအေးတယ်ဆိုတဲ့ စကားဟာ အင်မတန်ပြိီးပြည့်စုံတဲ့စကားဖြစ်တယ်။ တဏှာဆိုတာ တပ်မက်တယ်၊ သာယာတယ်၊စွဲလမ်းတယ်၊ လိုချင်တယ်၊ တောင့်တတယ်၊ ငြိကပ်တယ် စသည်ဖြင့် အမျိုးမျိုး အဓိပ္ပာယ်တွေနဲ့ ပြောဆိုနေကြတယ်။ ဒါပေမယ့် အဲဒီအဓိပ္ပာယ်ဟာ တဏှာဆိုတဲ့ စကားလုံးက တိုက်ရိုက်ထွက်လာတဲ့ အဓိပ္ပာယ်တွေမဟုတ်ဘူး။ တဏှာဆိုတဲ့ စကားလုံးက တိုက်ရိုက်ထွက်လာတဲ့ အဓိ်ပ္ပာယ်ကတော့ “တဿတိ ပရိတဿတီတိ တဏှာ”လို့ဆိုတဲ့ အတိုင်း ဆာတတ်တဲ့တရားကို တဏှာလို့ ခေါ်ပါတယ်။ တဏှာဆိုတဲ့ ပါဋ္ဌိစကားလုံးက “ဆာခြင်း”လို့ အဓိပ္ပာယ်ရတယ်။ မျက်စိက အဆင်းအာရုံအမျိုးမျိုးကိုဆာမယ်၊ နားက အသံအာရုံအမျိုးမျိုးကိုဆာမယ်၊ နှာခေါင်းက အနံ့အာရုံအမျိုးမျိုးကိုဆာမယ်၊ လျှာက အရသာအာရုံအမျိုးမျိုးကိုဆာမယ်၊ ကိုယ်ကလည်း အထိအတွေ့အာရုံ အမျိုးမျိုးကိုဆာမယ်၊ မနောလို့ခေါ်တဲ့ စိတ်ကလည်း အတွေးအကြံအာရုံအမျိုးမျိုးကိုဆာမယ်။ အဲဒီလိုအားဖြင့် အာရုံအမျိုးအစားကိုလိုက်ပြီးတော့ တဏှာခြောက်မျိုး ကွဲပြားသွားတယ်။ အဲဒီအာရုံအမျိုးမျိုးကို ဆာလောင်မွတ်သိပ်တဲ့ တဏှာကြောင့်ပဲ လူသားတွေ ဆင်းရဲ ဒုက္ခရောက်နေကြရခြင်း၊ ပူလောင်နေကြရခြင်းဖြစ်တယ်။ ဆာလောင်မွတ်သိပ်တဲ့ တဏှာကို အကြောင်းပြုပြီးတော့ အဆာပြေရာပြေကြောင်း အာရုံအမျိုးမျိုးကို ရှာဖွေပေးနေရတဲ့အတွက် “ပရိယေသနဒုက္ခ=ရှာဖွေခြင်းဆင်းရဲ”နဲ့လည်း လူသားတွေ ပင်ပန်းဆင်းရဲ နေကြတယ်။ ကိုယ်ရှာထားတဲ့အာရုံလေး ကိုယ်ဆာတဲ့အချိန် အဆင့်သင့်စားနိုင်ဖို့အတွက် မပျောက်မပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ထားရတဲ့ “အာရက္ခဒုက္ခ=စောင့်ရှောက်ရခြင်းဆင်းရဲ” နဲ့လည်း လူသားတွေ ပင်ပန်းဆင်းရဲ နေကြတယ်။ ကိုယ်ဆာလောင်တဲ့အချိန် သုံးဆောင်စားသောက်ဖို့ ရှာထားတဲ့ အာရုံလေး ကိုယ်မသုံးဆောင်လိုက်ရခင် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးသွားတဲ့အခါမှာလည်းပဲပျက်စီးသွားရလေခြင်း၊ မသုံးဆောင်လိုက်ရလေခြင်း ဆိုပြီးတော့ “၀ိပရိဏမဒုက္ခ=ပျက်စီးခြင်းဆင်းရဲ” နဲ့လည်း လူသားတွေ ပင်ပန်းဆင်းရဲ နေကြတယ်။ ပရိယေသနဒုက္ခ=အာရုံကို ရှာဖွေရတဲ့ဒုက္ခ အာရက္ခဒုက္ခ=ရှာဖွေထားတဲ့ အာရုံတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ထားရတဲ့ ဒုက္ခ ၀ိပရိဏမဒုက္ခ=ရှာထား၊စုထား၊စောင့်ရှောက်ထားပါရက်နဲ့ အကြောင်းမညီညွတ်လို့ ဆုံးရှှုံးပျက်စီးသွားတဲ့အခါမှာ ကိုယ်စိတ်နှစ်ပါး ဆင်းရဲရတဲ့ ဒုက္ခ။ ဒီဒုက္ခသုံးမျိုးဟာ အာရုံတွေကို ဆာလောင်မွတ်သွပ်တဲ့ တဏှာရှိသူတိုင်းကို အမြဲဖိစီးနှိပ်စက်နေတဲ့ အခြေခံအကျဆုံး ဒုက္ခတွေပါပဲ။ အာရုံတစ်ခုကိုဆာတိုင်း အဲဒီအာရုံမှာ ဒီဒုက္ခသုံးမျိုး ၀ိုင်းပတ် ခြံရံနေတယ်ဆိုတာကို အမြဲသတိပြုရပါမယ်။ အဲဒီလိုအားဖြင့် အာရုံအမျိုးမျိုးကို ဆာလောင်တဲ့သဘော(တဏှာ)ကြောင့် လူသားတွေမှာ ဆင်းရဲဒုက္ခ တွေ ဖြစ်နေကြရတယ်။ ပူလောင်မှု၊ ပင်ပန်းမှုတွေ ဖြစ်နေကြရတယ်။ စိတ်ချမ်းသာမှု၊ စိတ်အေးချမ်းမှု မရကြဘူး။ မြတ်စွာဘုရားရှင်က တရားဂါထာတစ်ပုဒ်မှာ- “တဏှာယ ဇာယတီ သောကော၊ တဏှာယ ဇာယတီ ဘယံ။ တဏှာယ ၀ိပ္ပမုတ္တဿ၊ နိတ္ထိ သောကော ကုတော ဘယံ။” လို့ ဟောကြားတော်မူပါတယ်။ ဆာလောင်တဲ့တဏှာကြောင့် ပူလောင်တဲ့ သောကဖြစ်ရတယ်။ ဆာလောင်တဲ့တဏှာကြောင့် ဆင်းရဲတဲ့ ဘေးဒုက္ခ ဖြစ်ရတယ်။ ဆာလောင်တဲ့တဏှာမှ လွတ်မြောက်သူ၊ တဏှာကင်းစင်သူမှာတော့ ပူလောင်တဲ့ သောကလည်း လုံးဝမရှိ၊ ဆင်းရဲတဲ့ ဘေးဒုက္ခလည်း လုံးဝမရှိ၊ ပကတိ ငြိမ်းအေးချမ်းသာလှပါတယ်။ တဏှာကင်းတဲ့ပုဂ္ဂိုလ်မှာ သောကဒုက္ခမှန်သမျှ ဘာမှမရှိတော့ဘူးဆိုလို့ တဏှာကနေရင်းထို်င်ရင်း အလိုအလျောက် ကင်းသွားရောလားလို့ မေးစရာပါပဲ။ နေရင်းထိုင်းရင်းနဲ့တော့ တဏှာက အလိုအလျောက် ကင်းမသွားနိုင်ပါဘူး။ တဏှာကင်းကြောင်းအကျင့်ကိုကျင့်မှ တဏှာက ကင်းသွားမှာပါ။ တဏှာကင်းကြောင်း အကျင့်က သုံးမျိုးရှိပါတယ်။ သီလအကျင့်၊ သမာဓိအကျင့်၊ ပညာအကျင့်လို့သုံးမျိုး၊ သီလ၊သမာဓိ၊ပညာ အကျင့်သုံးပါး၊ သိက္ခာသုံးပါးဟာ တဏှာကင်းကြောင်းအကျင့်ပါပဲ။ ငြိမ်းအေးသော ဘဝပိုင်ရှင်ဖြစ်လိုသူတိုင်းတဏှာကင်းကြောင်း အကျင့် သုံးပါးကို ကျင့်ကြံပွားများ အားထုတ်နိုင်ပြီး ငြိမ်းအေးချမ်းသာကြပါစေ… မေတ္တာဖြင့်် အရှင်ဆန္ဒာဓိက ရဲ ့ “ ငြိမ်းအေးသော ဘဝပိုင်ရှင်” မှ ထုတ်နုတ် စာပြန်ကူးပြီး ဓမ္မဒါနပြုပါသည်
https://www.dhammaransi.com/index.php/new/398-2017-01-18-22-46-08.html
ထမင်းစားရင်း ပါရမီဖြည့်မယ်
မြတ်စွာဘုရား လက်ထက်တော်က မထင်ရှားတဲ့ ရဟန်းငယ်လေးတစ်ပါး ရှိပါတယ်။ အညတရရဟန်းလေး လို့ပဲ ဆိုပါတော့၊ အဲဒီ အညတရ ရဟန်းလေး ဟာ ဖြစ်ပျက်ကမ္မဋ္ဌာန်းကို ကြိုးစားအားထုတ်နေပါတယ်။ တရားအား ထုတ်နေတုန်းမှာပဲ နားကိုက် ဝေဒနာ ဖြစ်လာပါတယ်။ ဒါကြောင့် တရားအားထုတ်လို့ မရတော့ပါဘူး။ နားကိုက်ဝေဒနာကို ဆေးဆရာတွေပြပြီး ကုပေမယ့် မပျောက်ပါဘူး။ နောက်ဆုံးတော့ အညတရ ရဟန်း ငယ်က နားကိုက်ဝေဒနာခံစားနေရတာကို မြတ်စွာဘုရားကို သွားလျှောက်ပြပါတယ်။ ဒီတော့ မြတ်စွာဘုရားရှင်က ရဟန်းငယ်ဟာ ပုစွန်ဆီနဲ့ချက်ထားတဲ့ ဆွမ်းဘောဇဉ်ကိုစားရင် သပ္ပါယဖြစ်ပြီး ဓာတ်စာဖြစ်မယ်ဆိုတာ သိတော်မူလို့ '' ချစ်သား--- သင် မာဂဓလယ်ကွင်းထဲကို ဆွမ်းခံကြွပါ'' လို့ မိန့်လိုက်ပါတယ်။ လယ်တောထဲဆိုတော့ ပုစွန်လုံးပဲ ပေါတာပါ။ အညတရ ရဟန်းကလည်း ''ငါ့အတွက် ကောင်းကျိုးမြင်လို့ မိန့်တာ ပဲ''လို့ နှလုံးသွင်းပြီး ကြွပါမယ်ဆိုတဲ့အကြောင်းဝန်ခံခဲ့ပါတယ်။ ဒီလိုနဲ့ သပိတ်သင်္ကန်းကိုယူပြီး လယ်ကွင်းထဲကို ဆွမ်းခံ ထွက်ခဲ့ပါတယ်။ လယ်ကွင်းထဲရောက်တော့ လယ်စောင့်တဲတစ်ခုတွေ့တာနဲ့ တဲတံခါးဝမှာ ဆွမ်းခံရပ်လိုက်ပါတယ်။ လယ်စောင့်ယောကျ်ားကလည်း အဲဒီအချိန်မှာ ပုစွန်ဆီနဲ့စီရင်ထားတဲ့ ထမင်းကိုချက်ထားပြီးစပါ။ ဆွမ်းခံ ရဟန်းတော်ကိုမြင်တော့ တဲထဲကိုပင့်ပြီး အခင်းလေးတစ်ခုပေါ်မှာထိုင်စေပါတယ်။ ပြီးမှ ကိုယ်တိုင်ချက်ထားတဲ့ ပုစွန် ဆီထမင်းကို သပိတ်ထဲလောင်းလိုက်ပါတယ်။ အညတရ ရဟန်းဟာ ပုစွန်ဆီဆွမ်းကို တစ်လုတ်နှစ်လုတ်စားလိုက်တာ နဲ့ နားကိုက်ဝေဒနာဟာ အစာနဲ့ဆေး သပ္ပါယသင့်ပြီး ပျောက်သွားပါတယ်။ ဝေဒနာတွေပျောက်သွားတော့ ချက်ချင်း စိတ်ချမ်းသာသွားပါတယ်။ ဒါကြောင့် ဆွမ်းစားရင်းဖြစ်ပျက်ကမ္မဋ္ဌာန်းကို နှလုံးသွင်းပါတယ်။ ဆွမ်းစားလို့မပြီးခင်မှာဘဲ ရဟန္တာ ဖြစ်သွားပါတော့တယ်။ ဒီတော့ --- အညတရ ရဟန်းဟာလယ်စောင့်ဒကာကို '' ဒကာ—သင့်ရဲ့ဆွမ်းဘောဇဉ်နဲ့ ငါ့ရဲ့ ရောဂါဝေဒနာ လည်း ပျောက်သွားလို့ စိတ်ချမ်းသာ ကိုယ်ချမ်းသာလည်းဖြစ်ရတယ်။ သင်လည်း ဒီကုသိုလ်ကြောင့် ဆင်းရဲမှ လွတ် ကင်းပြီး ကိုယ်စိတ်ချမ်းသာဖြစ်လိမ့်မယ်'' လို့ပြောပြီး မိမိကျောင်းကိုပြန်ခဲ့ပါတယ်။ လယ်စောင့်ယောက်ျားလည်း သူလောင်းလှူလိုက်တဲ့ ပုစွန်ဆီထမင်းကုသိုလ်လေးကို နေ့တိုင်းအောက်မေ့နေ ပါတယ်။ ကွယ်လွန်တဲ့အခါမှာတော့ တာဝတိံသာနတ်ပြည်မှာ နတ်သား သွားဖြစ်ရပါတယ်။ ထူးခြားတာက နတ်သားရဲဲ့ဗိမာန်တံခါးဝမှာကုသိုလ်သင်္ကေတဖြစ်တဲ့ ရွှေပုစွန်လုံးရုပ်ကြီးပါ တွဲလျားချပေါ်နေပါတော့ တယ်။ ထူးထူးခြားခြား ရွှေပုစွန်ရုပ်ကြီးပေါ်နေတဲ့အတွက် အားလုံးက ''ရွှေပုစွန်နတ်သား''လို့ပဲခေါ်ကြပါတော့သတဲ့။ (ဝိမာနဝတ္ထုအဋ္ဌကထာ၊ ကက္ကဋကရသဒါယကဝတ္ထု) လှူသူလည်းအကျိုးရှိ အလှူခံသူလည်းအကျိုးရှိနဲ့ ဖတ်ရတာ ကြည်နူးဖို့ကောင်းတဲ့ဝတ္ထုလေးပါ။ လူတွေ ပြော ပြောနေကြတဲ့ ''မစားတတ်တော့ တဏှာ၊ စားတတ်တော့ ဘာဝနာ'' ဆိုတဲ့ စကားလေးကို သာဓကပြသွားတဲ့ အည တရ ရဟန်းလေးရဲ့ဘဝဖြစ်စဉ်လေးပါပဲ။ အညတရ ရဟန်းလေးဟာ လူလိုပြောရင်တော့ ထမင်းစားရင်းပဲ တရားအားထုတ်သွားတာပါ။ ထမင်းစားရင်း ပဲ တရားထူးတရားမြတ်ရသွားတာပါ။ ဒါကိုထောက်ပြီး ထမင်းစားရင်းလည်း အားထုတ်လို့ရတယ်ဆိုတာပါပဲ။ ဒီနေ ရာမှာ တစ်ခုသတိထားရမှာက နားကိုက်တော့ စိတ်မချမ်းသာ၊ စိတ်မချမ်းသာတော့ တရားအားထုတ်လို့မရဆိုတဲ့ ဆိုး ကျိုးအဆင့်ဆင့်လေးကို အာရုံပြုထားရပါမယ်။ စိတ်မချမ်းသာဘူးဆိုရင် တရားအားထုတ်ရတာလည်း အဆင်မပြေ တော့ပါဘူး။ တရားအားမထုတ်ခင် စိတ်ဆင်းရဲစရာတွေရှိနေရင် ကြိုရှင်းထားလိုက်တာ အကောင်းဆုံးပါ။ တရားအား ထုတ်နေတုန်း ဒီစိတ်ဆင်းရဲစရာကိုပဲ တွေးနေမိရင် အားထုတ်ရတာ အဆင်မပြေဖြစ်နေပါလိမ့်မယ်။ အညတရ ရဟန်းလေးဟာ တရားအားထုတ်တာကို အနှောင့်အယှက်ပေးနေတဲ့ နားကိုက်ဝေဒနာကို အရင် ကုပစ်လိုက်တာပါ။ ရောဂါပျောက်ကင်းသွားတာနဲ့ တရားအားထုတ်ရတာလည်း အဆင်ပြေသွားတော့တာပါ။ ဆွမ်း စားရင်း တရားရသွားတာလေးကလည်း အတုယူစရာလေးပါပဲ။ လိုရင်းကတော့ ထမင်းစားရင်လည်း တရားအား ထုတ်လို့ရတယ်ဆိုတာပါပဲ။ သဒ္ဓမ္မရံသီဆရာတော်ဘုရားကြီးက ရိပ်သာမှာ စားသုံးခြင်းသုံးမျိုးကို မကြာခဏဟောပြောလေ့ရှိပါတယ်။ စား ခြင်းသုံးမျိုးကတော့------ ၁။ သီလနဲ့စားခြင်း၊ ၂။ သမထနဲ့စားခြင်း၊ ၃။ ဝိပဿနာနဲ့စားခြင်း ပါ။ ဆွမ်းစားခါနီးမှာ ''ဒီဆွမ်းဘောဇဉ်တွေကို မြူးထူးပျော်ပါးဖို့၊ အသားအရေ လှပတင့်တယ်ဖို့စားတာမဟုတ်ဘူး၊ ကိုယ်ကာယ အရှည်တည်တံ့ဖို့။ မဂ်ဖိုလ်အကျင့်ကို ကျင့်နိုင်ဖို့၊ ဝိပဿနာတရားကို ကျင့်နိုင်ဖို့စားတာ''လို့ ဆင်ခြင် လိုက်ရင် ပစ္စယသန္နိဿိတသီလ ဖြစ်သွားပါတယ်။ ဒါဆို သီလနဲ့စားလိုက်တာပါ၊ သီလကုသိုလ်တွေရသွားတာပါ။ ရိပ်သာမှာတော့ ''ဤသည့်စားဖွယ် အမည်မည်ကို'' ဆိုပြီးစားကြတာပါ။ လိုရင်းကတော့ ဆင်ခြင်ပြီးစားရင် သီလနဲ့စားတာပါ။ ဆင်ခြင်လိုက်တာလည်း ဘာမှမခက်ပါဘူး။ မိနစ်ပိုင်းလေးပဲ ရှိပါတယ်။ ရိပ်သာမှာ ဆွမ်းစားခါနီး ဆွမ်းအလှူရှင်တွေ။ ဝေယျာဝစ္စကုသိုလ်ရှင်တွေကို မေတ္တာပို့ပြီးမှစားကြပါတယ်။ မေတ္တာပွားတာဟာ သမထထဲမှာပါ တဲ့အတွက် သမထနဲ့စားလိုက်တာပါ။ အိမ်မှာတော့ ထမင်းဝိုင်းကိုကြည့်ပြီး ''ဒီထမင်းဟင်းတွေရှာပေးတဲ့အဖေ ကိုယ်ဆင်းရဲကင်းပါစေ၊ ဒီထမင်း ဟင်းတွေချက်ပေးတဲ့အမေ ကိုယ်ဆင်းရဲကင်းပါစေ၊ စိတ်ဆင်းရဲကင်းပါစေ၊ အစစအရာရာအဆင်ပြေပါစေလို့'' မေတ္တာ ပို့ပြီး စားလိုက်ရင် မေတ္တာကုသိုလ်တွေ ဖြစ်သွားတော့တာပါ။ မေတ္တာပွားပြီးစားတာဟာ သမထနဲ့စားလိုက်တာပါ။ မေတ္တာပို့ပြီးစားရင် မိသားစုစားဝတ်နေရေးကို ရှာပေးနေတဲ့မိဘတွေအပေါ်မှာလည်း ပိုပြီးတန်ဖိုးထားတတ် သွားပါတယ်။ ထမင်းဟင်းတွေဖြစ်ဖို့ ရှာရတဲ့ကိစ္စဟာ လွယ်ကူလှတဲ့ကိစ္စမဟုတ်ပါဘူး၊ နေ့တိုင်းစားနေရတော့ တန်ဖိုး လည်း မထားမိတော့ပါဘူး။ မေတ္တာပို့ပြီးစားတာ ဘာမှလည်း ခက်လှတာမဟုတ်ပါဘူး။ တကယ့်လွယ်လွယ်လေးပါပဲ။ ကြားရတဲ့မိဘတွေမှာလည်း စိတ်ချမ်းသာ၊ ကိုယ်လည်းကုသိုလ်ရ၊ မုန့်ဖိုးတောင်းရတာလည်းအဆင်ပြေ အကုန်လုံး အဆင်ပြေမူတွေ ချည်းပါပဲ။ ကိုယ်က လုပ်ငန်းရှင်ဆိုရင်လည်း ''ဒီထမင်းဟင်းတွေဖြစ်အောင် ကျေးဇူးပြုသူအားလုံး ကိုယ်ဆင်းရဲကင်းကြ ပါစေ၊ စိတ်ဆင်းရဲကင်းကြပါစေ'' စသည်ဖြင့် မေတ္တာပို့ရုံပါပဲ။ ဒီထမင်းဟင်းတွေဖြစ်ဖို့ ကိုယ့်ကိုကျေးဇူးပြုနေတဲ့ သူ တွေကို ကိုယ်ပဲအသိဆုံးပါ။ ဒီတော့ ကျေးဇူးပြုသူတွေကို မေတ္တာပို့စားမှာပါပဲ။ တတိယက ဝိပဿနာနဲ့စားတာပါ။ ဒါကတော့ မြတ်စွာဘုရား သဘောအကျဆုံး စားနည်းပါပဲ။ ထမင်းစားပွဲထိုင်လိုက်တာနဲ့ ဟင်းခွက်ကိုကြည့်တော့ ''ကြည့်တယ်''၊ မြင်တော့ ''မြင်တယ်''၊ လှမ်းတော့ ''လှမ်းတယ်''၊ ခပ်တော့ ''ခပ်တယ်''၊ ယူတော့ ''ယူတယ်''၊ ပါးစပ်ဟတော့ ''ဟတယ်''၊ ခွံ့တော့ ''ခွံ့တယ်''၊ ဝါးတော့ ''ဝါးတယ်''၊ မျိုတော့ ''မျိုတယ်''၊ စသည်ဖြင့် လိုက်မှတ်တာပါ။ အဲဒီလိုအမှတ်နဲ့စားတာဟာ ဝိပဿနာနဲ့စားတာပါပဲ။ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးက ထမင်းစားလို့ဝါးတဲ့နေရာမှာ အထက်မေးနဲ့အောက်မေး နှစ်ခုမှာ ဘယ်မေးက လှုပ်နေတာလဲလို့မေးပါတယ်။ ရိုရိုသေသေရှုမှတ်တဲ့ယောဂီတွေကတော့ အောက်မေးကလှုပ်နေ တာဆိုတာ သိရပါတယ်။ အဲဒီအောက်မေး လှုပ်နေတာလေးကိုပဲ မြန်မာဝေါဟာရအားဖြင့် ''ဝါးတယ်၊ ဝါးတယ်'' လို့ ရှုမှတ်ရတာပါ။ တစ်နပ်စာ အကုန်လိုက်မှတ်ဖို့ကတော့ မလွယ်ကူဘူးထင်ပါတယ်။ ဒါပေမယ့် ထမင်းအလုတ်သုံးဆယ် စား မယ်ဆိုရင် သုံးလုတ်လောက်တော့ မှတ်လိုက်နိုင်မယ်ဆိုရင် မဆိုးပါဘူး။ တစ်မှတ်ကို ကုသိုလ်တစ်ချက်နဲ့ တွက်ရင် လည်း မနည်းပါဘူး။ ဧည့်ခံပွဲတွေ၊ ညစာစားပွဲတွေမှာလည်း နှစ်လုတ် သုံးလုတ်လောက်တော့ ရသလောက် မှတ်ကြည့်ရမှာပါပဲ။ ကိုယ်က ဝိပဿနာနဲ့စားနေတာကို ဘေးကလူလည်းမသိပါဘူး။ ထမင်းဝိုင်းမှာ အချင်းချင်းစကားပြောသံတွေ ကြား တော့လည်း 'ကြားတယ်' 'ကြားတယ်'လို့ မှတ်ရုံပါပဲ။ အညတရ ရဟန်းလေးဟာ ဆွမ်းစားရင်းနဲ့ပဲ တရားအားထုတ်ပြီး တရားထူးတရားမြတ်ရသွားတာပါ။ ကိုယ်က ဒါကိုအာရုံပြုထားရပါမယ်။ နှစ်လုတ်သုံးလုတ်လောက် အမှတ်နဲ့စားတာကို နောက်ဘဝတွေအတွက် အထုံဓာတ်ပါ သွားအောင် ပါရမီဖြည့်နေတယ်လို့ နှလုံးသွင်းထားလို့လည်းရပါမယ်။ ကောင်းတဲ့အထုံဓာတ်တွေဟာ တရားထူးရဖို့အ တွက်လည်း အများကြီးအထောက်အပံ့ပေးတာပါ။ ထမင်းစားရင်း ပါရမီဖြည့်တယ်ပဲပြောပြော၊ ထမင်းစားရင်း တရား အားထုတ်တယ်ပဲပြောပြော စကားလေးကတော့ သိပ်ကြည်ညိုဖို့ကောင်းတာပါ။ ဘဝမှာ တရားလေးတွေနဲ့ ပျော်တာပဲ ကောင်းပါတယ်။ ဒီစားခြင်းသုံးမျိုးကို သဒ္ဓမ္မရံသီဆရာတော်ကြီးက မှတ်ရလွယ်အောင် ဆောင်ပုဒ်ကလေးတွေစီပေးထားပါတယ် ၁။ ကျင့်နိုင်ဖို့ရာ၊ ဆင်ခြင်ကာ၊ စားတာသီလမည်။ ၂။ မေတ္တာပွားကာ၊ စားသုံးတာ၊ မှန်စွာသမထမည်။ ၃။ စားသုံးမူရာ၊ ရှုမှတ်ကာ၊ စားတာဝိပဿနာမည်။ ဒီနေရာမှာ ဦးဇင်းအရှင်ဆန္ဒာဓိကက စာရေးသူကိုသင်ပေးထားတဲ့ ဆွမ်းစားနည်းလေးကိုလည်း ဓမ္မဒါနပြန်မျှပါရစေဦး။ ဆွမ်းမစားခင်ဆွမ်းဝိုင်းတစ်ဝိုင်းလုံးကို ''မြတ်စွာဘုရား ဤ ဆွမ်းဘောဇဉ်အချိုပွဲများကို ကပ်လှူပူဇော်ပါ၏ ဘုရား။ ဘုရားတပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် ဘုဉ်းပေးသုံးဆောင်တော်မူပါဘုရား''လို့ဆိုပြီး မြတ်စွာ ဘုရားကိုကပ်လိုက်ပါတဲ့။ စိတ်ထဲမှာလည်း မြတ်စွာဘုရားတကယ်ကြွလာပြီး ဘုန်းပေးနေတယ်လို့ အာရုံပြုထားပါတဲ့။ မြတ်စွာဘုရား ဘုန်းပေးနေတုန်းမှာ နမောတဿ၊ သရဏဂုံ၊ ဒိဝါတပတိ၊ အဋ္ဌာနမေတံ၊ ဟေတုပစ္စယော၊ ဘုရားဂုဏ်တော်၊ မေတ္တာသုတ်(၇)မျိုးရအောင် ရွတ်နေလိုက်ပါတဲ့။ ပြီးမှ ''မြတ်စွာဘုရား ဘုဉ်းပေးပြီးပြီဖြစ်တဲ့အတွက် ဘုရားတပည့်တော်ကို ဆေးအဖြစ်ပြန်စွန့်တော်မူပါဘုရား''လို့ဆိုပြီး စွန့်ပြီးစားလိုက်ပါတဲ့။ ဒါဆိုကိုယ့်အတွက် ဆွမ်းဒါန ဖြစ်သွားပါတယ်တဲ့။ ဒီနည်းလေးကိုယူပြီး ဆွမ်းမစားခင် မြတ်စွာဘုရားကို ကပ်ပြီးစားလိုက်ဖို့ပါ။ (၇)မျိုးမရွတ်နိုင်ရင်တောင် နမော တဿ၊ သရဏဂုံ၊ ဒိဝါတပတိ၊ အဋ္ဌာနမေတံ (ဒါမှမဟုတ်) နမောတဿ၊ သရဏဂုံ၊ ဟေတုပစ္စယော ရွတ်နေလိုက် လည်းရပါတယ်။ တစ်ခု သတိထားရမှာက မွန်းတည့်ဆယ့်နှစ်နာရီနောက်ပိုင်းတော့ ဘုရားကိုကပ်လို့ မရတော့ပါဘူး။ ကပ်ချင်ရင် ဆယ့်နှစ်နာရီရှေ့ပိုင်းပဲ ကပ်ရမှာပါ။ ရှေးခေတ် ဆရာတော်ဘုရားကြီးတွေ ထေရုပ္ပတ္တိတွေဖတ်ရင် ဆရာတော်ဘုရားကြီးတွေဟာ ဆွမ်းခံပြန်လာရင် သပိတ်လိုက်အဖုံးဖွင့်ပြီး မြတ်စွာဘုရားကို ကပ်ထားလိုက်တာပါ။ ဆွမ်းစားချိန်ကျမှ စွန့်ပြီးစားကြတာပါ။ ဒီခေတ်မှာ ဦးဇင်းတချို့ဆိုလည်း ဘုရားမှာသပိတ်လိုက်ကပ်ပြီးမှ ဘုဉ်းပေးကြတာပါ။ မန္တလေးကဆရာတော်၊ ဦးဇင်း၊ ကိုရင်တချို့ ဆိုလည်း မဟာမြတ်မုနိဘုရားကြီးကို သပိတ်လိုက်ကပ်ပြီးမှ ဘုဉ်းပေးတယ်လို့ တစ်ဆင့်ကြားဖူးပါတယ်။ မဟာမြတ်မုနိ ဘုရားကြီးကို သပိတ်လိုက်ကပ်လိုက်ရတာဆိုတော့ အာရုံပြုရတာ ပိုတောင်ကောင်းဦးမှာပါ။ စံပယ်ပန်းလေးကပ်ရတာ တောင် ကြည်နူးလို့မဆုံးဖြစ်ရတာပါ။ ဘာပဲပြောပြော မြတ်စွာဘုရားကိုဆွမ်းကပ်ပြီးမှစားရင် ဒါနကုသိုလ်ဖြစ်သွားတာတော့ အမှန်ပါပဲ။ ဒါဆိုရင် ဒါနနဲ့စားလိုက်တာပါပဲ။ သဒ္ဓမ္မရံသီဆရာတော်ကြီးရဲ့ ဆောင်ပုဒ်အတိုင်း မှီးဆိုရရင်တော့---- ''ဆွမ်းတော်ကပ်ကာ၊ စားသုံးတာ၊ စားတာဒါနမည်'' လို့ ဆိုရပါလိမ့်ပါမယ်။ ဒါဆို ထမင်းစားတာ ၁။ ဒါနနဲ့စားခြင်း၊ ၂။ သီလနဲ့စားခြင်း၊ ၃။ သမထနဲ့စားခြင်း၊ ၄။ ဝိပဿနာနဲ့စားခြင်း ဆို ပြီး စားခြင်းလေးမျိုးဖြစ်သွားပါလိမ့်မယ်။ ထမင်းစားတိုင်းစားတိုင်း စားချင်းလေးမျိုးပါအောင် နေ့တိုင်းစားနိုင်ရင်တော့ ကိုယ့်အတွက် ကုသိုလ်(၄)မျိုးရ နေတော့တာပါ။ ဒါတင်မကပါဘူး၊ နောက်ဘဝတွေအတွက်လည်း ပါရမီအထုံဓာတ်တွေ ပါသွားဦးမှာပါ။ နောက်ဘဝ ကို ပါရမီအထုံဓာတ်တွေ များများပါသွားဖို့ အရေးကြီးပါတယ်။ လယ်စောင့်ဒကာလေးက အညတရ ရဟန်းလေးကို ဆွမ်းတစ်နပ်ကပ်ပြီး နတ်ပြည်ရောက်သွားရတာပါ။ ကိုယ် က စားချင်းလေးမျိုးနဲ့ နေ့စဉ်စားနေမယ်ဆိုရင် ပါရမီအထုံဓာတ်တွေသာမက သုဂတိဘုံဘဝအတွက်လည်း အထောက် အပံ့ပေးနေမှာပါ။ မြန်မာ့ရာဇဝင်မှာ နရသီဟပတေ့မင်းဟာ ဟင်းခွက်ပေါင်းသုံးရာပွဲတော်တည်ပါသတဲ့။ တရုတ်နဲ့စစ်ဖြစ်လို့ ပြေး လွှားနေရတဲ့ကာလမှာ ဟင်းခွက်တစ်ရာ့ငါးဆယ်ပဲ သုံးဆောင်ရလို့ ''ငါ ဆင်းရဲလိုက်တာလို့'' ငိုညည်းပါသတဲ့။ နရသီဟပတေ့မင်းကြီးမှာ သားတော် ဥဇနာ၊ ကျော်စွာ၊ သီဟသူ၊ သမီးတော် မိစောဦးတို့ ရှိပါတယ်။ အမေ ချင်းတွေတော့မတူကြပါဘူး။ နရသီဟပတေ့မင်း ပွဲတော်တည်တဲ့အခါ ဥဇနာနဲ့ ကျော်စွာကို ဝက်လက်ပေးပြီး သီဟသူ ကို ဝက်ပေါင်ပေးပါတယ်။ မကြာခဏပေးပါများလာတော့ သီဟသူရဲ့အမေ ရှင်မောက်က 'သူများသားတွေကျတော့ ဝက်လက်ပေးတယ်၊ ငါ့သားကျတော့ ဝက်ပေါင်ပေးတယ်'ဆိုပြီး မကျေနပ်ပါဘူး။ ဒါကြောင့် သီဟသူအမေ ရှင်မောက် က စားတော်ကဲကို ငွေသုံးဆယ်ပေးပြီး ကျော်စွာကို ဝက်ပေါင်ပေးဖို့၊ သူ့သား သီဟသူကို ဝက်လက်ပေးဖို့ လာဘ်ထိုး ပါတယ်။ ဒါကို ကျော်စွာ့အမေ ရှင်ပါးသိတော့ မင်းကြီးကိုသွားတိုင်ပါတယ်။ နရသီဟပတေ့မင်းဟာ လူဘုံအလယ်မှာ မိဖုရားရှင်မောက်ကို 'ဝက်လက်ခိုးမ'လို့ဆဲပြီး သားသီဟသူကိုလည်း 'ဝက်လက်ခိုးမသား'လို့ ဆဲလိုက်ပါတယ်။ နရသီဟ ပတေ့မင်းဟာ သီဟသူကို စိတ်အလိုမကျတိုင်း 'ဝက်လက်ခိုးမသား'လို့ မကြာခဏဆဲရေးတတ်ပါတယ်တဲ့။ ဒီတော့ သားတော်သီဟသူက အဖေအပေါ်စိတ်နာပြီး အငြိုးအတေးထားလိုက်ပါတယ်။ တရုတ်နဲ့စစ်ဖြစ်လို့ စစ်ပြေးရင်း ပြည်ကိုရောက်တဲ့အခါ သားတော်သီဟသူက ရှေ့ဆက်မသွားဖို့ တားထား လိုက်ပါတယ်။ ပြီးတော့ အဆိပ်ခတ်ထားတဲ့ပွဲတော်အုပ်ကိုပေးပြီး 'စားတော်ခေါ်ပါ'လို့ဆက်သပါတယ်။ နရသီဟပတေ့ မင်းဟာ အဆိပ်ပါမှန်းသိလို့ မစားပါဘူး။ ဒီတော့ သားတော်သီဟသူက ရဲမက်သုံးရာလွှတ်ပြီး ဓားဖွေးဖွေးတွေနဲ့ မင်းကြီးဖောင်တော်ကို ဝိုင်းထားလိုက်ပါတယ်။ နရသီဟပတေ့မင်းဟာ မိဖုရားဖွားစောကို 'ဘာလုပ်ရမလဲ'လို့ မေးပါတယ်။ မိဖုရားဖွားစောက 'အရှင်မင်းကြီး ဓားလှံလက်နက်တွေနဲ့ သွေးသံတရဲရဲသေရတာထက် အဆိပ်စားပြီးသေရတာက မြတ်ပါသေးတယ်'လို့ အကြံပေးပါ တယ်။ နရသီဟပတေ့မင်းလည်း 'ငါသည် နိဗ္ဗာန်မရသေးသရွေ့ သံသရာကျင်လည်ရသမျှ ဘဝတိုင်း သားယောက်ျား ကို မရ,ရပါလို၏'လို့ ဆုတောင်းသစ္စာပြု၊ ဝတ်ထားတဲ့လက်စွပ်တော်ကို ရေစက်ချပြီး မိဖုရားဖွားစောကိုပေးပါတယ်။ ပြီးမှ အဆိပ်ခတ်ထားတဲ့ပွဲတော်အုပ်ကိုစားပြီး သေသွားပါတယ်။ သေချိန်မှာ သက်တော်ခြောက်ဆယ်လို့ ဆိုပါတယ်။ ဒီသမိုင်းဖတ်ပြီး 'သြော်'လို့ပဲ တလိုက်မိပါတော့တယ်။ ဝက်ပေါင်၊ ဝက်လက် အစားတစ်ခုကို အကြောင်းပြုပြီး သားက အဖေကိုသတ်ရတဲ့အထိ ဖြစ်သွားရပါတယ်။ စိတ်ထဲမှာလည်း တွေးစရာတွေ အများကြီးပါပဲ။ ဝက်ပေါင်နဲ့ဝက်လက် ဘာများထူးလို့လဲမသိပါဘူး။ ဘာမှ လည်းထူးမယ်မထင်ပါဘူး။ ပြီးတော့ အဖေလုပ်သူက သားသမီးတွေအပေါ် ပေးကမ်းတာ ဘာဖြစ်လို့မညီမျှရတာ လည်း၊ ညီညီမျှမျှ ဝက်ပေါင်တစ်လှည့်၊ ဝက်လက်တစ်လှည့်စီ ပေးလိုက်ရင်လည်း ဒီပြဿနာဖြစ်ချင်မှဖြစ်မှာပါ။ မိဘ ဖြစ်သူတွေအတွက် သတိထားစရာပါပဲ။ မိဘတွေအနေနဲ့ ဘယ်ပစ္စည်းပဲပေးပေး သားသမီးတွေကို ညီညီမျှမျှပေးတာ အကောင်းဆုံးပါပဲ။ ဒါတင်မကပါ ဘူး 'ဝက်လက်ခိုးမသား'ဆိုတဲ့ စကားတစ်ခွန်းကြောင့်ပဲ သားလုပ်သူရဲ့အသတ်ကို ခံသွားရတယ်လို့လည်း ဆိုနိုင်ပါ တယ်။ ပြောမယ့်စကားတစ်ခွန်းအတွက်လည်း သတိထားစရာပါပဲ။ ပြောတဲ့သူက မှတ်မထားပေမယ့် အပြောခံရတဲ့သူ ကတော့ မမေ့အောင် မှတ်ထားတော့တာပါ။ အမေလုပ်သူကလည်း မချစ်တတ်တဲ့အချစ်နဲ့ ချစ်မိလိုက်တာပါ။ မချစ်တတ်တာကလည်း ခက်တာပါပဲ။ ချစ် တော့ချစ်တာပါပဲ၊ မချစ်တတ်တဲ့အချစ်နဲ့ ချစ်လိုက်တဲ့အတွက် သားဖြစ်သူကို ပဥ္စာနန္တရိယကံကြီးကို ကျူးလွန်ခိုင်းသလို ဖြစ်သွားရပါတယ်။ ဘယ်ဘက်ကကြည့်ကြည့် သံဝေဂယူစရာတွေချည်းပါပဲ။ တကယ်လို့များ စာဖတ်သူတို့လို စားခြင်းလေးမျိုးနဲ့သာ စားကြမယ်ဆိုရင် ဒီလိုအဖြစ်ဆိုးကြီးကို ကြုံကြရမှာ မ ဟုတ်ပါဘူး။ သူများကိုသာပြောနေတာပါ။ သံသရာမှာ ကိုယ်လည်း အမှားတွေ ကျူးလွန်ခဲ့ချင် ကျူးလွန်ခဲ့မှာပါ။ မသိ နိုင်လို့သာပါ။ တွေးရင် လန့်စရာကြီးပါ။ သတ္တဝါတွေဟာ အစာအာဟာရကိုမှီပြီး အသက်ရှင်နေကြရတာပါ။ မစားလို့လည်းမရပါဘူး။ သတိကပ်ပြီး အစားကို တရားဖြစ်အောင်စားကြရမှာပါ။ ဒါဆိုရင် ထမင်းစားရင်း ပါရမီဖြည့်နေတာပါပဲ။ ဘာပဲပြောပြော တစ်နေ့ နှစ်ကြိမ် သုံးကြိမ် စားနေကြရတာဆိုတော့ စားခြင်းလေးမျိုး ပါနိုင်သမျှပါအောင် ကြိုးစားပြီး စားကြည့်ဖို့ပါပဲလေ။ ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ် -အင်းမ) ကျမ်းကိုး - ၁။ သဒ္ဓမ္မရံသီဆရာတော်ဘုရားကြီး၏တရားစာအုပ်များ။ ၂။ ဝိမာနဝတ္ထုတော်ကြီး၊ မြို့မိဆရာတော်။ ၃။ ဦးကုလားမဟာရာဇဝင်ကြီး(ပထမအုပ်) စာမျက်နှာ(၂၄၂-မှ ၂၅၁ ထိ)။ ၄။ လောကကြေးမုံ(လေးမြိုင်)။
https://www.dhammaransi.com/index.php/new/399-2017-01-10-22-43-14.html
ဝမ်းကြာတိုက်ထဲကပင် သရဏဂုံဆောက်တည်ခဲ့သူ
မြတ်စွာဘုရား လက်ထက်တော်က ဗောဓိကုမာရ မင်းသားဆိုတာရှိတယ်။ ဗောဓိကုမာရမင်း သား အမေ့ဝမ်းကြာတိုက် ထဲမှာရှိတုန်း အမေလုပ်တဲ့သူက ဘုရားရှင်ရဲ့ ကျောင်းတော်ကို သွား တယ်။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးထံ ရောက်တော့ သရဏဂုံ သီလတွေ ဆောက်တည်တယ်။ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” ဘုရားရှင်ကို ကိုးကွယ်အားထားပါ၏။ “ဓမ္မံ သရဏံ ဂစ္ဆာမိ” တရားတော်ကို ကိုးကွယ် အားထားပါ၏။ “သံဃံ သရဏံ ဂစ္ဆာမိ” သံဃာမြတ် အပေါင်းကို ကိုးကွယ်အားထားပါ၏ လို့...အမေက သရဏဂုံ သီလတွေကို ခံယူဆောက်တည်ပါသည်။ ပညာရှိတဲ့ မိဘဆိုတော့ အမေ က သူ့အတွက် သရဏဂုံ သီလတွေ ဆောက်တည်သလို၊ ဒါက... သားအတွက် ဆောက်တည် တာပါ ဆိုပြီးတော့ ဝမ်းကြာတိုက်ထဲက ဗောဓိကုမာရ မင်းသားလေး အတွက်လည်း တစ်ဖန် သရ ဏဂုံ သီလကို ဘုရားရှင်ထံတော်မှောက်မှာ တစ်ခါထပ်ပြီး ဆောက်တည်တာဟာ အံ့သြစရာပါ။ ကြည်ညိုစရာပါ။ အတုယူစရာပါ။ သားရတနာ၊ သမီးရတနာ မမွေးမီကတည်းက သရဏဂုံ ဆောက်တည်လို့ ရပါတယ်။ ဒီလို သဘောတွေက ဗုဒ္ဓအဆုံးအမ စာထဲပေထဲမှာ အတိအကျပါပါတယ်။ သရဏဂုံ ဆောက်တည်တာ စကားအသံအထွက် အနေနဲ့ ပီတာမပီတာ ခဏထား၊ စိတ်ဓါတ်က သက်ဝင်ဖို့ အရေးကြီးတယ်။ အမေရဲ့ စိတ်ဓါတ်စွမ်းအားနဲ့ သားကို ရည်မှန်းပြီး သရဏဂုံ ဆောက်တည်ပြီးသား ဖြစ်ပါတယ်။ ဒီအမေနဲ့ ဒီသားဟာ ချက်ကြိုးနဲ့ ဆက်နွယ်နေတာပဲ။ တစ်ဦးနဲ့တစ်ဦး အကုန်သိနေပါတယ်။ အမေ့စိတ်ဓါတ် သားဆီရောက်တယ်၊ သားစိတ်ဓါတ် အမေ့ဆီရောက်တယ်။ အဲသလို ဘုရားရှင် ရဲ့ ထံမှောက်မှာ သရဏဂုံ ဆောက်တည်ထားတဲ့ သားဟာ မွေးဖွားပြီး လူ့ပြည်ရောက်လာတယ်။ ရင်ခွင်ပိုက်တဲ့ နို့စို့အရွယ် မှာလည်း မိဘနဲ့ ဒီသားက ဘုရားရှင် ကိုယ်တော်မြတ်ကြီးကို ဖူးတွေ့ပြီး သရဏဂုံသီလ ဆောက်တည်ပြန်ပါတယ်။ အမှန်တော့ ဒီကလေးက သရဏဂုံသီလကို ပီပီသသ မရွတ်ဆိုနိုင်ပါဘူး။ အမေလုပ်တဲ့သူက ကလေးအတွက် ရည်ရွယ်ပြီး သရဏဂုံသီလကို တစ်ခါ ဆောက်တည်ပြန်ပါတယ်။ ဝမ်းကြာတိုက် မှာကတည်းက သရဏဂုံသီလ ဆောက်တည်ခဲ့တဲ့ ဗောဓိကုမာရ မင်သား။ ။ နို့စို့အရွယ် စကား မပြောတတ်ကတည်းက သရဏဂုံ ဆောက်တည်ခဲ့တဲ့ မင်းသားဟာ ဘုရားနဲ့တွေ့ပြီး သူကိုယ်တိုင် သရဏဂုံသီလကို ဆောက်တည်တတ်တဲ့ အခါ ကျတော့လည်း သရဏဂုံသီလကို တစ်ခါထပ်ပြီး ဆောက်တည်ပြန်ပါတယ်။ “အဇ္ဇတဂ္ဂေ ပါဏုပေတံ၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊” ယနေ့မှစ၍ အသက် ထက်ဆုံး ဘုရားရှင်ကို ကိုးကွယ်အားထားပါ၏.. ဘုရား။ ဒီသီလမျိုး ဒီသရဏဂုံမျိုးက တစ်ခါပဲ ဆောက်တည်ရတာပါ။ တစ်သက်လုံးအတွက် တစ်ခါပဲ ဆောက်တည် သွားတာပါ။ အမိဝမ်းထဲမှာ ရှိစဉ်က အဖေ၊ အမေ၊ အဘိုး၊ အဘွား၊ ပတ်ဝန်းကျင်က ဒီသား၊ ဒီသမီးတွေ အပေါ် သြဇာ သက်ရောက်မှုတွေ အများကြီးရှိပါတယ်။ ဒီသြဇာသက်ရောက်မှုတွေဟာ ဘယ် လောက် အရေးကြီးသလဲဆိုရင် ဒီ ဗောဓိကုမာရ မင်းသားအကြောင်းကို သက်သေထားကြည့်ပါ။ ဒီ ဗောဓိကုမာရ မင်းသားရဲ့ ဘဝအကြောင်း စိတ်ဝင်စားစရာ၊ အတုယူစရာ ကောင်းပါတယ်။ သူတော်ကောင်းတို့လည်း မိမိရင်သွေး သားကောင်းရတနာ၊ သမီးကောင်းရတနာ ဖြစ်လာစေဖို့ အတွက် ကိုယ်ဝန်ဆောင်စဉ် အခါကပင် သရဏဂုံဆောက်တည် ပေးထားသင့်ကြောင်း အသိပေး တိုက်တွန်းလိုက်ရ ပါသတည်း။ ။ { ရွှေ FM အစီအစဉ်ရဲ့ ဓမ္မဒူတဒေါက်တာအရှင်ဆေကိန္ဒ၏ ဘဝဖြောင့်ကြောင်း တစေ့တစောင်း အပိုင်း(၁) တရားတော်မှ ကောက်နုတ် ရေးသားပူဇော်ပါသည်။} (တရားတော်ကို အသံမှနာယူရေးသားပါသည်၊ မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
https://www.dhammaransi.com/index.php/new/400-2017-01-10-22-36-14.html
သရဏဂုံဆိုတာ
သရဏဂုံရဲ့ အကျိုးတွေတင်ထားပြီး သရဏဂုံအကြောင်း ပြည့်ပြည့်စုံမတင်ရသေးလို့ ရှာပြီး တင်ပေးလိုက်ပါတယ် ... သရဏဂုံ တည်သူသည် ဗုဒ္ဓဘာသာဝင်၊ ဗုဒ္ဓသာသနာဝင် ဖြစ်သည်။ သရဏဂုံအဓိပါယ် ══════════ ပါဠိဘာသာ သရဏဂမနကို မြန်မာလို သရဏဂုံ ဟုခေါ်သည်။ သရဏ = ကိုးကွယ်ရာ၊ အားကိုးရာ၊ အားထားရာ။ ဂမန = ယုံကြည်ဆည်းကပ်ခြင်း။ မြတ်စွာဘုရားသည် အားကိုးရာ သရဏ။ မြတ်စွာဘုရား၏ တရားတော်သည် အားကိုးရာ သရဏ။ သံဃာတော် အပေါင်းသည် အားကိုးရာ သရဏ။ လူတို့ အားကိုးရာ ဟူ၍ ယုံကြည် ဆည်းကပ်ခြင်းသည် ဂမန = ဂုံ။ ထို့ကြောင့် ဘုရား၊ တရား၊ သံဃာ၊ ရတနာ သုံးပါးကို အားကိုးရာ ဟူ၍ ယုံကြည် ဆည်းကပ်ခြင်းကို သရဏ ဂမန = သရဏဂုံ သုံးပါး ဟု ခေါ်သည်။ မြတ်စွာဘုရားကို အားကိုးရာ ဟူ၍ ယုံကြည် ဆည်းကပ်လျှင် ဗုဒ္ဓသရဏဂုံ တည်သည်။ မြတ်စွာဘုရား၏ တရားတော်ကို အားကိုးရာ ဟူ၍ ယုံကြည် ဆည်းကပ်လျှင် ဓမ္မသရဏဂုံ တည်သည်။ သံဃာတော် အပေါင်းကို အားကိုးရာဟူ၍ ယုံကြည်ဆည်းကပ်လျှင် သံဃသရဏဂုံ တည်သည်။ သရဏဂုံ တည်သူသည် ဗုဒ္ဓဘာသာဝင်၊ ဗုဒ္ဓသာသနာဝင် ဖြစ်သည်။ ဆောင်ပုဒ် ══════ ရတနာသုံးဖြာ၊ အားကိုးရာဟု၊ ဆည်းကပ်ပြု၊ ခေါ်မှု သရဏဂုံ။ သရဏဂုံ သုံးပါး၊ တည်သူများ၊ ရငြား ချမ်းသာစုံ။ ရှိခိုးတိုင်း သရဏဂုံ မဖြစ် ------------------------------- မည်သည့် ပုဂ္ဂိုလ်ကို မဆို ရှိခိုးတိုင်း သရဏဂုံ မဖြစ်၊ ယုံကြည်ဆည်းကပ်မှု မဟုတ်။ သီလ သမာဓိ ပညာ ကိုယ်ကျင့်တရားတို့နှင့် ပြည့်စုံ၍ မြင့်မြတ်သော ပုဂ္ဂိုလ်အဖြစ်ဖြင့် ရှိခိုးမှသာ သရဏဂုံ ဖြစ်သည်။ ယုံကြည် ဆည်းကပ်မှု ဖြစ်သည်။ ဆွေမျိုးဖြစ်၍ ရှိခိုးခြင်း ကြောက်၍ ရှိခိုးခြင်း ဆရာဖြစ်၍ ရှိခိုးခြင်း ဤ ရှိခိုးခြင်းများသည် သရဏဂုံ မဖြစ်။ မြတ်စွာဘုရားကိုပင် ဆွေမျိုးဖြစ်၍ ရှိခိုးလျှင် သရဏဂုံ မဖြစ်ပေ။ (ဒီ-ဋ္ဌ ၁၊ ၂၀၇) ဆောင်ပုဒ် ══════ ဆွေမျိုးအဖြစ်၊ ရှိခိုးလစ်၊ မဖြစ် သရဏဂုံ။ ကြောက်ရသူအဖြစ်၊ ရှိခိုးလစ်၊ မဖြစ် သရဏဂုံ။ ဆရာအဖြစ်၊ ရှိခိုးလစ်၊ မဖြစ် သရဏဂုံ။ ပုဂ္ဂိုလ်မြတ်ဟူ၊ ရှိခိုးမူ၊ ရယူ သရဏဂုံ။ သရဏဂုံ တည်က၊ ပါယ်လေးဝ၊ လားရ မရှိကုန်။ ရှိခိုးသော်လည်း သရဏဂုံမပျက် -------------------------------------- ရတနာသုံးပါးကို ယုံကြည်ဆည်းကပ်သဖြင့် သရဏဂုံတည်နေသော ဗုဒ္ဓဘာသာဝင် တယောက်သည် တခြားဘာသာမှ ဘုရား ဆိုသူများ၊ ဘုန်းကြီး ဆိုသူများကို ဆွေမျိုးဖြစ်ခြင်း၊ ဆရာဖြစ်ခြင်းကြောင့် ရှိခိုးသော်လည်း တည်ပြီးသားသရဏဂုံ မပျက်။ မြင့်မြတ်သောပုဂ္ဂိုလ်ဟု ယူဆ၍ ရှိခိုးမှသာ သရဏဂုံ ပျက်သည်။ (ဒီ-ဋ္ဌ ၁၊ ၂၀၇) သရဏဂုံ ညစ်နွမ်းခြင်း ၄ မျိုး ════════════════ ရတနာသုံးပါး၏ ဂုဏ်ကို မသိလျှင် ဖြစ်စေ အသိမှားလျှင် ဖြစ်စေ ယုံမှား သံသယ ရှိလျှင် ဖြစ်စေ ရတနာ သုံးပါးကို မရိုသေလျှင် ဖြစ်စေ သရဏဂုံ ညစ်နွမ်း၏။ သရဏဂုံ ညစ်နွမ်းလျှင် ကြီးကျယ် ဖွံ့ဖြိုးသော ကောင်းကျိုးကို မရနိုင်ပေ။ (ခုဒ္ဒကပါဋ္ဌ-ဋ္ဌ၊ ၇) ဆောင်ပုဒ် ═══════ ဘာသာတပါး၊ ကိုးကွယ်ငြား၊ ပျက်ပြား သရဏဂုံ။ သေဆုံးလေငြား၊ ထိုသူအား၊ ပျက်ပြား သရဏဂုံ။ သရဏဂုံ မတည်နိုင်သူ ═════════════ သရဏဂုံ တည်နေသူသည် တခြားဘာသာကို ပြောင်းလဲ ကိုးကွယ်မှုမပြုသမျှ မသေမချင်း သူ့ သန္တာန်၌ သရဏဂုံ တည်နေ၏။ သေလျှင်ကား သရဏဂုံ ပျက်သွားပေပြီ။ သေပြီးနောက် စိတ်မရှိတော့သော ဥတုဇ ရုပ်အလောင်း၌မူ သရဏဂုံ မတည်နိုင်ပေ။ စိတ်သည်လည်း ဥတုဇ ရုပ်ကြွင်းအနီး၌ မရှိတော့ပဲ နောက် တဘဝ၌ ဖြစ်ပျက် အစဉ်အတိုင်း ဖြစ်လျက် နေလေပြီ။ သရဏဂုံ ၂ မျိုး ════════ ပုထုဇဉ် ပုဂ္ဂိုလ်တို့၏ သန္တာန်၌ ယုံကြည်ဆည်းကပ်မှုဖြင့် တည်သော လောကီသရဏဂုံ၊ အရိယာတို့၏ သန္တာန်၌ မဂ်ဉာဏ်နှင့် အတူတကွဖြစ်သည်လာသော လောကုတ္တရာ သရဏဂုံ ဟု ၂ မျိုး ရှိ၏။ လောကီ သရဏဂုံသည် ညစ်လည်း ညစ်နွမ်း နိုင်၏။ ပျက်လည်း ပျက်စီးနိုင်၏။ လောကုတ္တရာ သရဏဂုံ သည် ညစ်လည်း မညစ်နွမ်း၊ ပျက်လည်း မပျက်စီးပေ။ (ခုဒ္ဒကပါဋ္ဌ-ဋ္ဌ၊ ၇) သရဏဂုံ အကျိုး ═════════ သရဏဂုံ တည်လျှင် ဘဝကောင်း ဘဝမွန်တွေကို ရခြင်း၊ စည်းစိမ် ဥစ္စာပြည့်စုံခြင်းမှ စ၍ ဆင်းရဲခပ်သိမ်း ငြိမ်းသည်အထိ ကောင်းကျိုးချမ်းသာကို ရရှိနိုင်၏။ နတ်ဖြစ်ရသော တံငါသည် ═══════════════ ရှေးက သီဟိုဠ်ကျွန်း၌ မဓုအင်္ဂဏ ရွာတွင် တမီလ် လူမျိုး တံငါသည် တယောက် ရှိ၏။ သူသည် နှစ်ပေါင်း ငါးဆယ်တိုင်တိုင် တံငါလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြီးနောက် အိုမင်းမစွမ်း ဖြစ်သောအခါ ရောဂါ နှိပ်စက်၍ အိပ်ရာထက်၌ လဲလျောင်း နေရ၏။ ရဟန်းတော်တစ်ပါးသည် ထို တံငါသည်နှင့် သိကျွမ်းသဖြင့် သေခါနီး တံငါသည်မှာ အနည်းငယ် မျှပင် ထောက်တည်ရာ ရစေတော့ ဆိုသော သဘောဖြင့် သူ့အိမ်သို့ ကြွသွား၏။ အိမ်သို့ ရောက်သောအခါ လူမမာ တံငါသည်ကို သရဏဂုံ ဆောက်တည် စေ၏။ တံငါသည်သည် သေဘေးကို ကြောက်သဖြင့် သရဏဂုံကို လိုလိုလားလား ခံယူ ဆောက်တည်၏။ ရဟန်းတော်က ဆက်လက်၍ ငါးပါးသီလ တိုင်ပေးသောအခါ လူမမာမှာ မေးခိုင်သွား၍ လိုက်မဆိုနိုင်တော့ပေ။ ရဟန်းတော်က သင့်လောက်ပြီဟု ဆိုကာ ကျောင်းသို့ ပြန်ကြွသွား၏။ မကြာမီပင် တံငါသည် ကွယ်လွန်၍ စတုမဟာရာဇ် နတ်ပြည်၌ နတ်စည်းစိမ်ချမ်းသာကို ခံစားရ၏။ ဤတံငါသည် နှစ်ပေါင်းငါးဆယ် ပြုလုပ်ခဲ့သော ပါဏာတိပါတ ( အာစိဏ္ဏကံ ) အကုသိုလ်ကို သေခါနီးမှ ပြုရသော ( အာသန္နကံ ) သရဏဂုံ ကုသိုလ်က တားမြစ်လိုက်ကာ ကောင်းကျိုးချမ်းသာကို ပေးခြင်းဖြစ်သည်။ ( အံ-ဋ္ဌ ၂၊ ၁၀၇ ) ၇ နှစ်သား ရဟန်းကလေး ═══════════════ ဝိပဿီ မြတ်စွာဘုရား လက်ထက်တော်အခါက ဆင်းရဲသော သူငယ်တယောက်သည် မျက်မမြင် မိဘ နှစ်ပါးကို ရိုသေစွာလုပ်ကျွေး ပြုစုလျက် နေ၏။ ဆင်းရဲလှသဖြင့် ဒါန စသော ကုသိုလ်များကို မပြုနိုင်ပဲ အဂ္ဂသာဝက တပါး ဖြစ်သော နိသဘမထေရ် ထံ၌ သရဏဂုံကိုသာ ခံယူဆောက်တည်လျက် အသက်ထက်ဆုံး နေထိုင်ခဲ့၏။ ထိုသူငယ် ကွယ်လွန်သောအခါ နတ်ပြည်၌ ဖြစ်ရ၏။ နောက်နောက် ဘဝများတွင်လည်း လူ့ချမ်းသာ၊ နတ်ချမ်းသာ တို့ကိုသာ လှည့်လည် ခံစားပြီးနောက် ဂေါတမ မြတ်စွာဘုရား ပွင့်တော်မူသော အခါ၌ သာဝတ္ထိပြည်တွင် သဌေးသား ဖြစ်လာ၏။ ပါရမီဓာတ်ခံ ပြည့်သူဖြစ်၍ အဖော်ကလေးများနှင့်အတူ ဇေတဝန် ကျောင်းတော်သို့ သွားရခြင်းကို အလွန် နှစ်သက်၏။ ရဟန္တာဖြစ်ပြီ တနေ့တွင် ဇေတဝန်ကျောင်းတော်သို့ သွားကြရာ ရဟန်းတော်တပါးက ကလေးများကို သရဏဂုံ ခံယူဆောက်တည် စေ၏။ သရဏဂုံ ဆောက်တည်ပြီးနောက် အဆိုပါ ကလေးငယ်သည် ရှေးဘဝက မိမိ တသက်လုံး သရဏဂုံ တည်ခဲ့သည်ကို ပြန်လည် သတိရ ဆင်ခြင်မိ၍ နှစ်သက်ဝမ်းမြောက်ခြင်း ပီတိတွေ အတိုင်းမသိ ဖြစ်ပေါ်လေ၏။ ထိုပီတိကို ဝိပဿနာ ရှုသောအခါ ခဏချင်းပင် ဝိပဿနာ ဉာဏ်တွေ ရင့်ကျက်၍ အရဟတ္တ မဂ်ဉာဏ်၊ အရဟတ္တ ဖိုလ်ဉာဏ်အထိ ရရှိပြီးလျှင် ရဟန္တာ အဖြစ်သို့ ရောက်ကာ ကိလေသာဆင်းရဲ လုံးဝ ငြိမ်းစဲ လေတော့၏။ (အပ-ဋ္ဌ ၂၊ ၃၉) သာသနာတော်၌ အသက် ၂၀ ပြည့်မှ ရဟန်းပြုခွင့် ရှိသော်လည်း ဤ ရဟန္တာကလေးကိုမူ မြတ်စွာဘုရားသည် အသက် ၇ နှစ်မှာပင် ရဟန်း ပြုပေးလေသည်။ သရဏဂုံတည်ခြင်း၏ အကျိုးတရားကား ကြီးမားလှ၏။ သရဏဂုံ အမှားများ ════════════ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးမှ တပါး တခြားတရား တခြား အရာကို မိမိတို့ ဆင်းရဲကို ငြိမ်းပေးနိုင်သည်ဟု ထင်မှတ်ကာ အားကိုးရာ အနေဖြင့် ယုံကြည် ဆည်းကပ် ကိုးကွယ်လျှင် မှားယွင်းသော ယုံကြည် အားကိုးမှု၊ မှားယွင်းသော ကိုကွယ်မှုသာ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထိုတရား ထိုအရာတို့၌ ဆင်းရဲငြိမ်းကြောင်း အကျင့်ကောင်း အကျင့်မှန် မရှိကြသောကြောင့်ပင်။ မြတ်စွာဘုရား လက်ထက်တော် အခါက အဂ္ဂိဒတ္တ ရသေ့ကြီးနှင့် တပည့် တသောင်းတို့သည် သစ်ပင်၊ တော၊ တောင်၊ သစ်သီး ဥယျာဉ်၊ ပန်း ဥယျာဉ်၊ နတ်ကွန်းတွေကို ကိုးကွယ်နေကြ၏။ မြတ်စွာဘုရားက သူတို့ ကိုးကွယ်နေကြသည်မှာ မှားယွင်းသော ကိုးကွယ်မှုတွေ ဖြစ်ကြောင်း၊ ဆင်းရဲကို မငြိမ်းစေနိုင်ကြောင်း၊ ရတနာသုံးပါးကို ယုံကြည် ကိုးကွယ်မှသာလျှင် အမှန်တရား လေးပါးကို သိ၍ ဆင်းရဲငြိမ်းစေနိုင်ကြောင်း ဟောကြားလျက် လမ်းမှန်ကို ပြပေးရ၏။ ထိုအခါမှ ပင် အဂ္ဂိဒတ္တနှင့် တပည့်အားလုံး အသိမှန် အမြင်မှန် ရကာ ရဟန္တာ ဖြစ်သွားကြ၏။ ( ဓမ္မ-ဋ္ဌ ၂၊ ၁၅၉ ) အမှားအမှန် ဝေဖန်နည်း မြတ်စွာဘုရား သက်တော် ၈၀ ပြည့်သည့်ည ပရိနိဗ္ဗာန် စံခါနီး၌ ကုသိနာရုံပြည် အင်ကြင်းဥယျာဉ်ကြီး အတွင်းဝယ် ကိုးကွယ်ရာ ဘာသာအယူဝါဒ အမှား အမှန် ဝေဖန် ရွေးချယ်နိုင်ရန် သုဘဒ္ဒပရိဗိုဇ် အား အောက်ပါ သဘောတရားကို ဟောကြားတော် မူခဲ့၏။ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်ပါသော ဘာသာအယူဝါဒ သည်သာလျှင် ကိလေသာကို ငြိမ်းစေ၏။ ကိလေသာ ငြိမ်းမှ ဆင်းရဲငြိမ်း၏။ ဆင်းရဲငြိမ်းမှ မှန်ကန်သော ဘာသာအယူဝါဒ၊ မှန်ကန်သော ကိုးကွယ်ရာ ဖြစ်၏။ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်မပါသော ဘာသာအယူဝါဒသည် ကိလေသာကို မငြိမ်းစေနိုင်။ ထို့ကြေင့် ဆင်းရဲကို မငြိမ်းနိုင်သဖြင့် မှန်ကန်သော ဘာသာ အယူဝါဒ မဟုတ်၊ မှန်ကန်သော ကိုးကွယ်ရာ မဟုတ်။ ထို့ကြောင့် မဂ္ဂင်ရှစ်ပါးကို အားထားကိုးကွယ်ရာ သရဏ = ဘာသာအယူဝါဒ မှန် မမှန် ခွဲခြား ဝေဖန်ရန် ဘာသာရေးစံ၊ သာသနာရေး မှတ်ကျောက် အဖြစ် မှတ်ယူ သင့်ပေသည်။ အကျင့်လမ်းမှန် မဂ္ဂင်ရှစ်တန် ════════════════ ပညာမဂ္ဂင် ၂ ပါး ---------------------- သမ္မာဒိဋ္ဌိ = မှန်စွာ သိမြင်မှု သမ္မာသင်္ကပ္ပ = မှန်စွာ ကြံစည်မှု သီလမဂ္ဂင် ၃ ပါး -------------------- သမ္မာဝါစာ = မှန်စွာ ပြောဆိုမှု သမ္မာကမ္မန္တ = မှန်စွာ ပြုလုပ်မှု သမ္မာအာဇီဝ = မှန်စွာ အသက်မွေးမှု သမာဓိမဂ္ဂင် ၃ ပါး ---------------------- သမ္မာဝါယာမ = မှန်စွာ ကြိုးစားအားထုတ်မှု သမ္မာသတိ = မှန်စွာ သတိရမှု သမ္မာသမာဓိ = မှန်စွာ စူးစိုက်တည်ငြိမ်မှု ဆောင်ပုဒ် ══════ ရွေးချယ်ကြ -------------- ဘာသာဝါဒ၊ ရွေးချယ်ကြ၊ မှန်မှ ကျိုးများသည်။ အယူဝါဒ၊ မှားယွင်းက၊ မုချ ကျိုးနည်းမည်။ အမှား အမှန်၊ ရွေးချယ်ရန်၊ စံမှန် ရှိရမည်။ မှတ်ကျောက်မှာတင်၊ စံမှာယှဉ်၊ ရွေးလျှင် မမှားပြီ။ မှတ်ကျောက်နှင့် စံ ---------------------- မဂ္ဂင်ရှစ်တန်၊ စံကောင်းမှန်၊ တင်ရန် မှတ်ကျောက် ဖြစ်ပေသည်။ ရှစ်ဖြာမဂ္ဂင်၊ ဘောင်မဝင်၊ ကျင့်စဉ် မှားလှသည်။ ရှစ်ဖြာမဂ္ဂင်၊ ဘောင်၌ဝင်၊ ကျင့်စဉ် မှန်လှသည်။ ကျင့်စဉ် မှန်မှ၊ ယူဝါဒ၊ ဒုက္ခ ငြိမ်းစေသည်။ ဒုက္ခ ငြိမ်းမှ၊ ထိုဝါဒ၊ မုချ စစ်မှန်သည်။ ဆင်းရဲ ငြိမ်းသူနှင့် မငြိမ်းသူ -------------------------------- မဂ္ဂင်ရှစ်ထွေ၊ ကျင့်သူတွေ၊ ကိလေ ငြိမ်းကြသည်။ ကိလေ ငြိမ်းမှ၊ ဝဋ်ဒုက္ခ၊ မုချ ငြိမ်းပေသည်။ မဂ္ဂင်ရှစ်ထွေ၊ မကျင့်ပေ၊ ကိလေ မငြိမ်းပြီ။ ကိလေ မငြိမ်း၊ ဆင်းရဲကိန်း၊ အေးငြိမ်းချမ်းသာ မရှိပြီ။ ချမ်းသာမဆောင်၊ တရားယောင်၊ ဝေးအောင် ရှောင်ရမည်။ စစ်မှန်သော ဘာသာဝါဒ ------------------------------ ဗုဒ္ဓသာသနာ၊ မဂ်ရှစ်ဖြာ၊ သေချာ ရှိပေသည်။ ရှစ်မဂ္ဂင်ပွါး၊ ကိလေများ၊ ငြိမ်းသွား ချမ်းသာသည်။ ထို့ကြောင့် ဗုဒ္ဓ၊ ယူဝါဒ၊ မုချ စစ်မှန်သည်။ ကြုံကြိုက်ခဲစွာ၊ သာသနာ၊ ကြုံလာ ရပေသည်။ ကြုံလာသော်လဲ၊ သင်ယူလွဲ၊ သင်ပဲ ဆင်းရဲမည်။ မလွဲစေချင်၊ ရှစ်မဂ္ဂင်၊ တွင်တွင် ပွါးရမည်။ မဂ္ဂင်ပွါးလျှင်၊ ကိလေစင်၊ ပြေးဝင် နိဗ္ဗာန်ပြည်။ မဂ္ဂင်ရှစ်ပါး ------------- သိမှန် ကြံမှန်၊ ပြောပြု မှန်နှင့်၊ ကောင်းမှန် သက်မွေး၊ ဖြူစင်ဖွေး၍၊ မှန်ရေး ကြိုးစား၊ မှန်ငြားသတိ၊ သမာဓိဟု၊ ဤသည့် ရှစ်ဖြာ၊ ကျင့်စဉ်ပါမူ၊ ဘာသာဝါဒ၊ ဝဋ်ဒုက္ခ၊ မုချ ငြိမ်းစေသည်။ ဥပါသကာ ဥပါသိကာ ════════════ စစ်မှန်သော အားကိုးရာ ကိုးကွယ်ရာ ဖြစ်သည့် ရတနာသုံးပါးကို ယုံကြည် ဆည်းကပ်သော အမျိုးသားကို ဥပါသကာ၊ အမျိုးသမီးကို ဥပါသိကာ ဟု ခေါ်သည်။ ဥပါသကာ = ရတနာသုံးပါးကို ယုံကြည် ဆည်းကပ်သူ အမျိုးသား။ ဥပါသိကာ = ရတနာသုံးပါးကို ယုံကြည် ဆည်းကပ်သူ အမျိုးသမီး။ ဆောင်ပုဒ် ══════ ရတနာသုံးရပ်၊ မြဲဆည်းကပ်မူ၊ ထိုသည့်သူ၊ မှတ်ယူ ဥပါသကာ။ ဥပါသကာ၏ သီလ ဥပါသကာ ဥပါသိကာ တို့သည် ( ၁ ) လက်နက်၊ ( ၂ ) လူ၊ ( ၃ ) သားငါး၊ ( ၄ ) အရက်သေစာ၊ ( ၅ ) အဆိပ် တို့ကို ရောင်းဝယ် ကုန်သွယ်ခြင်း မပြုရ။ ဤငါးမျိုးကို မိစ္ဆာဝဏိဇ္ဇာ = အပြစ် မကင်းသော ကုန်သွယ်မှု ဟု ခေါ်သည်။ ဤ မိစ္ဆာဝဏိဇ္ဇာနှင့် ကာယ ဒုစရိုက် ၃ ပါး၊ ဝစီ ဒုစရိုက် ၄ ပါးကို ရှောင်ကြဉ်၍ အသက် မွေးဝမ်းကျောင်း ပြုလျှင် ဥပါသက အာဇီဝ ပြည့်စုံ စင်ကြယ်တော့သည်။
https://www.dhammaransi.com/index.php/new/401-2017-01-10-22-06-22.html
ရုပ်လှချင်ရင် ဂုဏ်တော်ပွားပါ
တစ်ကယ်တော့ ဂုဏ်တော်ပွားရင် စိတ်ချမ်းသာရုံတင် မကပါဘူး။ ရုပ်ကိုလည်းလှစေတာပါ။ ဂုဏ်တော်ကို နေ့စဉ်ပွားနေရင် စိတ်သဘောထားတွေ မွန်မြတ်လာမယ်။ စိတ်သဘောထားတွေ မွန်မြတ်လာရင် စိတ်သဘောထားတွေ ပြောင်းလဲကြည်လင်လာမယ်။ စိတ်သဘောထားတွေ ပြောင်းလဲကြည်လင်လာရင် သွေးသားတွေပါ ပြောင်းလဲကြည်လင်လာတော့တာပါ။ သွေးသားတွေပြောင်းလဲကြည်လင်လာတဲ့အတွက် မျက်နှာရုပ်အဆင်းပါ ပြောင်းလဲကြည်လင်လာတော့တာပါ....။ ရုပ်ကိုလှလို ဂုဏ်တော်ကို ပွားကိုပွားရမယ်.... ဆိုလိုတာက ဂုဏ်တော်နဲ့ ကိုယ့်ရုပ်ကိုပြောင်းလဲယူလို့ရပါတယ်။ ကျေးဇူးတော်ရှင် ဆရာတော် အရှင်ဇနကာဘိဝံသက တပည့်တွေကို ပြောပြထားတာရှိပါတယ်။ ဆရာတော်ဘုရားက သူ့ဘဝမှာ တစ်ဘဝတည်းနဲ့ ရုပ်သုံးမျိုး ထွတ်နေပါတယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ ပထမအရွယ် ဆရာတော်ဘုရား ရဟန်းငယ်ငယ်ဘဝအသက် ၂၀ အရွယ်ထိ မျက်နှာကကြည်ပြီးချိုနေပါတယ်တဲ့။ ဒီလိုနဲ့ နေလာရင်း နေလာရင်း အသက် ၂၀ ကျော်ဘဝမှာ ဆရာတော်ဘုရားရဲ့ မိဘတွေက စီးပွားရေးတွေ လျှောကျဆုံးရှုံးကုန်ပါတယ်။ အဲဒီတော့ ဆရာတော်ဘုရားရဲ့မိဘတွေကို ပတ်ဝန်းကျင်ကခပ်တင်းတင်း ခပ်ထန်ထန် ဆက်ဆံလာပါတယ်။ မိဘတွေကို ဆက်ဆံရုံတင်မကပါဘူး ဆရာတော်ဘုရားကိုပါ ခပ်တင်းတင်း ဆက်ဆံလာပါတယ်။ တစ်ဆင့်တတ်ပြီး သီတင်းသုံးဖော်တွေကပါ ဆရာတော်ဘုရားကို စီးစီးပိုးပိုး ဆက်ဆံလာတယ်။ ဒါကြောင့်ဆရာတော်ဘုရားကလည်း မခံချင်စိတ်နဲ့ မျက်နှာကိုခပ်ထန်ထန် တည်ထား တင်းထားလိုက်ပါတယ်တဲ့...။ ဒီတော့ ဆရာတော်ဘုရားရဲ့ မျက်နှာတော်ကအမြဲတမ်း တင်းနေပါတော့တယ်...။ ဒီလိုနဲ့ နေလာရင်း နေလာရင်း အသက်အရွယ်လေးလဲရလာတော့ ဆရာတော်ဘုရားက သူ့မျက်နှာလေးကို ပြန်ကြည့်ပြီး "ဟယ် ငါ့မျက်နှာကတင်းနေတာပဲ မဖြစ်သေးပါဘူး။ ငါ့ရဲ့ ဥပဇျ္စာယ်ဆရာဖြစ်တဲ့ စစ်ကိုင်းမဟာဂန္ဓာရုံဆရာတော်ဘုရားက ဗုဒါ္ဓနုသတိဘာဝနတွေ ပွားများပြီးတော့မှ မျက်နှာကြည်လင်လာအောင်လုပ်ခဲ့တယ်။ ငါလည်းပဲ ဗုဒ္ဓနုဿတိ ဘာဝနာပွားပြီးတော့မှ မျက်နှာကြည်လင်အောင် ပြန်လုပ်အုံးမှပဲ "လို့ဆိုပြီး ဗုဒါ္ဓနုဿတိကို ပွားလည်းပွားရော မျက်နှာက ပြန်ကြည်ပြီး ဝင်းလာခဲ့တယ်...။ ဘဝတစ်ခုထဲမှာ ပထမအရွယ်မှာ မျက်နှာကချိုနေတယ်။ ဒုတိယအရွယ်မှာ မျက်နှာကတင်းလာတယ်။ တတိယအရွယ်မှာ မျက်နှာကပြန်ချိုလာတယ်။ ပြန်ပြီးတော့ ကြည်လာတယ်။ ဆရာတော်ဘုရားက ကိုယ်တိုင်ပြောပြထားတာပါ...။ ဆရာတော်ဘုရားရဲ့ ဓာတ်ပုံတွေကို သတိထားကြည့်ရင် သိသာပါတယ်။ သက်တော်ငယ်ငယ်ကပုံဆိုရင် မျက်နှာကချိုနေပါတယ်။ သက်တော်အလယ်အလတ်ဆိုရင် မျက်နှာကတင်းနေပါတယ်။ သက်ကြီးပိုင်း ရောက်လာတော့ ဆရာတော့်မျက်နှာတော်က ချိုပြီးတော့ကြည်လင်နေပါတယ်။ မျက်နှာတော်မြင်လိုက်ရတာနဲ့ စိတ်ကိုအေးချမ်းသွားတော့တာပါ။ ညောင်ပင်အောက်မှာ ပလ္လင်ခွေထိုင်ပြီး ရိုက်ထားတဲ့ ဓာတ်ပုံဆို မြင်ရသူတိုင်း စိတ်အေးချမ်းသွားကြတာပါ။ ဆရာတော်ဘုရားက ဂုဏ်တော်ပွားပြီး မျက်နှာကို ပြောင်းလဲခဲ့ပါတယ်။ ဂုဏ်တော်ပွားရင် ရုပ်လှစေတယ်ဆိုတာ ဆရာတော်ဘုရားရဲ့ ကိုယ်တွေ့ သာဓကတစ်ခုပါ။ ဆရာတော်ဘုရားရဲ့ မျက်နှာတော်ကိုကြည့်ရင်သိနိုင်ပါတယ်....။ နောက် ဝိပဿနာအခြေခံသမာဓိကို ရစေတယ်ဆိုတာက ဂုဏ်တော်ပွားရင် ဥပစာရ သမာဓိထိ ရပါတယ်။ ခဏိက သမာဓိရရင်ပဲ ဝိပဿနာတရားအားထုတ်လို့ ရပြီးဆိုတော့ ဥပစာရ သမာဓိဆို အထူးပြောစရာမလိုတော့ပါဘူး...။ ပ်ိုလို့တောင်ကေင်းပါသေးတယ်...။ ဝိပဿနာတရား အားထုတ်သူတွေအတွက်လည်းပဲ အလိုအပ်ဆုံး ဝိပဿနာအခြေခံ သမာဓိကို ရသွားတော့တာပါ... ။ ။ ဆရာတော်အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)
https://www.dhammaransi.com/index.php/new/402-2017-01-10-21-52-44.html
၁-ပါးသော တရားများ
၁။ ဒုက္ခခပ်သိမ်း ကင်းငြိမ်းရာအရပ်သည် ( နိဗ္ဗာန်တရား ) ၁-ပါးသာ ရှိ၏။ ( ဧကက အင်္ဂုတ္တိုရ် ) ၂။ သာရကမ္ဘာ၌ ( ဘုရား ) ၁-ဆူသာလျှင် ပွင့်တော်မူ၏။ ( ဧကက-အံ ) ၃။ တလောကထဲ၌ စကြာမင်း ၂-ပါး မရှိကောင်း။ ၁-ပါးသာလျှင် ဖြစ်တော်မူ၏။ ( ဧကက-အံ ) ၄။ ဧကော ဓမ္မော-တရားသည် အဓိက, တရားသည် ပဋ္ဌာန, တရားသည် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်မှု ၁-ခုတည်းသာ ဖြစ်၏။ ( ဧကက-အံ ) ၅။ ဧကဝေါကာရ-ရုပ်ခန္ဓာ တပါးသာရှိသော အသညသတ်ဗြဟ္မာဘုံသက်တမ်း ကမ္ဘာ ၅၀၀-ရှိ၏။ ( ဧကက-အံ ) ၆။ စိတ်-စိတ်သည် လျင်မြန်စွာ ပြောင်းလဲတတ်၏။ စိတ်လောက် လျင်မြန်သောအရာသည် နောက်တခု မရှိပြီ။ ၇။ ရဟန်းဝါရင့်ကုန်သော တပည့်ရဟန်းတို့တွင် အညာသိကောဏ္ဍည ၁-ပါးသာလျှင် အသာလွန်ဆုံး ဖြစ်တော်မူ၏။ ( ဧကက-အံ ) ၈။ ကြီးသောပညာနှင့်ပြည့်စုံသော တပည့်ရဟန်းတို့တွင် ရှင်သာရိပုတ္တရာ ၁-ပါးသာလျှင် အသာလွန်ဆုံး။ ၉။ တန်ခိုးကြီးခြင်းနှင့်ပြည့်စုံသော တပည့်ရဟန်းတို့တွင် ရှင်မောဂ္ဂလာန် ၁-ပါးသာလျှင် အသာလွန်ဆုံး။ ၁၀။ ဓုတင် ၁၃-ပါးနှင့်ပြည့်စုံသော တပည့်ရဟန်းတို့တွင် ရှင်မဟာကဿပ ၁-ပါးသာလျှင် အသာလွန်ဆုံး။ ၁၁။ ဒိဗ္ဗစက္ခု အဘိညာဉ်နှင့်ပြည့်စုံသော တပည့်ရဟန်းတို့တွင် အရှင်အနုရုဒ္ဓါ ၁-ပါးသာလျှင် အသာလွန်ဆုံး။ ၁၂။ ကိုယ်ခန္ဓာ (ပုံတူ) များစွာ ဖန်ဆင်းတတ်သော တပည့်ရဟန်းတို့တွင် ရှင်စူဠပန် ၁-ပါးသာလျှင် အသာလွန်ဆုံး။ ( ဧကက-အံ ) ၁၃။ လာဘ်လာဘများသော တပည့်ရဟန်းတို့တွင် ရှင်သီဝလိ ၁-ပါးသာလျှင် အသာလွန်ဆုံး။ (ဧကက-အံ) ၁၄။ သဒ္ဓါတရား ချစ်ခင်မှုနှင့်ပြည့်စုံသော တပည့်ရဟန်းတို့တွင် ရှင်ဝက္ကလိ ၁-ပါးသာလျှင် အသာလွန်ဆုံး။ ၁၅။ လျင်စွာ မဂ်ဖိုလ်အသိဉာဏ်ရသော တပည့်ရဟန်းတို့တွင် ဗာဟိယဒါရုစိရိယ ၁-ပါးသာလျှင် အသာလွန်ဆုံး။ ၁၆။ အနာရောဂါကင်းသော တပည့်ရဟန်းတို့တွင် ရှင်ဗာကုလ ၁-ပါးသာလျှင် အသာလွန်ဆုံး။(ဧကက-အံ) ၁၇။ ၀ိနည်းကိုဆောင်နိုင်သော တပည့်ရဟန်းတို့တွင် ရှင်ဥပါလိ ၁-ပါးသာလျှင် အသာလွန်ဆုံး။(ဧကက-အံ) ၁၈။ ခုနစ်နှစ်သမီးအရွယ်နှင့် ရဟန္တာမဖြစ်သော သူတို့တွင် ဧကုပေါသထ ၁-ပါးသာလျှင် အသာလွန်ဆုံး။ ၁၉။ ကြီးမြတ်သောပညာနှင့်ပြည့်စုံသော တပည့်ရဟန်းမိန်းမတို့တွင် ခေမာထေရီ ၁-ပါးသာလျှင် အသာလွန်ဆုံး။ ၂၀။ တန်ခိုးကြီးခြင်းနှင့်ပြည့်စုံသော တပည့်ရဟန်းမိန်းမတို့တွင် ဥပ္ပလဝဏ်ထေရီ ၁-ပါးသာလျှင် အသာလွန်ဆုံး။ ၂၁။ ၀ိနည်းကိုဆောင်နိုင်သော တပည့်ရဟန်းမိန်းမတို့တွင် ပဋာစာရီထေရီ ၁-ပါးသာလျှင်အသာလွန်ဆုံး။ ၂၂။ တရားဟောရာ၌ တတ်စွမ်းသော တပည့်ရဟန်းမိန်းမတို့တွင် ဓမ္မဒိန္နာထေရီ ၁-ပါးသာလျှင် အသာလွန်ဆုံး။ ၂၃။ လှူဒါန်းမှု၌ မွေ့လျော်သော သူတို့တွင် သုဒတ္တ(ခေါ်)အနာထပိဏ်သူဋ္ဌေး ၁-ဦးသာလျှင် အသာလွန်ဆုံး။ ၂၄။ ရှေးဦးစွာ သရဏဂုံတည်သော ဥပါသိကာမတို့တွင် သေနိယသူဋ္ဌေးသမီး သုဇာတာ ၁-ယောက်သာလျှင် အသာလွန်ဆုံး။ ၂၅။ အလှူဖြင့်မွေ့လျော်သော ဥပါသိကာမတို့တွင် ကျောင်းအမ ၀ိသာခါ ၁-ယောက်သာလျှင် အသာလွန်ဆုံး။ ၂၆။ အကြားအမြင်များသော ဥပါသိကာမတို့တွင် ခုဇ္ဇုတ္တရာ ၁-ယောက်သာလျှင် အသာလွန်ဆုံး။ ၂၇။ မေတ္တာစိတ် ပွားများလေ့ရှိသော ဥပါသိကာမတို့တွင် သာမာဝတီ ၁-ယောက်သာလျှင် အသာလွန်ဆုံး။ ၂၈။ သူနာကို လုပ်ကျွေးပြုစုတတ်သော ဥပါသိကာမတို့တွင် သုပ္ပိယ ၁-ယောက်သာလျှင် အသာလွန်ဆုံး။ ၂၉။ မိန်းမ၏အဆင်းလောက် ယောကျ်ား၏စိတ်ကို ဆွဲဆောင်နိုင်သော အခြားအဆင်းတခု မရှိပြီ။ ၃၀။ မိန်းမ၏အသံလောက် ယောကျ်ား၏စိတ်ကို ဆွဲဆောင်နိုင်သော အခြားအသံတခု မရှိပြီ။ ၃၁။ မိန်းမ၏အနံ့လောက် ယောကျ်ား၏စိတ်ကို ဆွဲဆောင်နိုင်သော အခြားအနံ့တခု မရှိပြီ။ ၃၂။ မိန်းမ၏အရသာလောက် ယောကျ်ား၏စိတ်ကို ဆွဲဆောင်နိုင်သော အခြားအရသာတခု မရှိပြီ။ ၃၃။ မိန်းမ၏အတွေ့လောက် ယောကျ်ား၏စိတ်ကို ဆွဲဆောင်နိုင်သော အခြားအတွေ့တခု မရှိပြီ။ ထို့အတူ မိန်းမ၏စိတ်ကို ဆွဲဆောင်နိုင်သော ယောကျ်ား၏အဆင်း စသော ၅-ပါးလည်း ဤအတိုင်းပင်တည်း။ ၃၄။ သညာ ၁-ပါး။ စားအပ်သောအစာ၌ စက်ဆုပ်ဖွယ်အဖြစ်ကို ဆင်ခြင်မှတ်သော အမှတ်သညာ။ ၃၅။ ဝဝတ္ထာန် ၁-ပါး။ မိမိကိုယ်၌ရှိသော ဓာတ် ၄-ပါးကို မှတ်ခြင်းဖြင့် ရှုဆင်ခြင်၍ ဆုံးဖြတ်ခြင်း။ ၃၆။ မေတ္တာသတ္တော အနန္တော။( မေတ္တာသဒ္ဒေါ အနန္တော ) မေတ္တာသတ္တော-မေတ္တာစိတ်ထားအပ်သော (ညွတ်အပ်သော) သတ္တဝါသည်။ အနန္တော-မည်၍မည်မျှဟူ၍ ရေတွက်၍ မရနိုင်ပါတကား။ ( စိန္တာမဏိ ဦးချစ်မောင်-ရေး ဗုဒ္ဓဘာသာဆိုင်ရာ အထွေထွေဗဟုသုတ မာတိကာကျမ်း )မှ မင်္ဂလာညချမ်းပါ။
https://www.dhammaransi.com/index.php/new/403-2017-01-10-21-50-33.html
ဘုရားရှင်ဟာ လူသာမန်ထက် ၁၂၈ ဆ မြန်အောင် စကားပြောနိုင်တာ ဘာကြောင့်လဲ
လူမှာတစ်ခွန်း၊ရှစ်ခွန်းအာနန်၊အာနန်တစ်ခွန်း၊ဆယ်ခွန်းခြောက်တန်၊ ရာနှစ်ဆယ့်ရှစ်၊ စင်စစ်ဧကန်၊တို့ဘုရားတရားဟောဖို့မြန်။ . တစ်ရာ့တစ်ပါး၊လူမျိုးများတို့၊စကားတစ်ခွန်း၊မြွတ်ဆိုညွှန်းက၊ရှစ်ခွန်းအာနန်၊ မိန့်လျင်မြန်၏။ အာနန်ထေရ်ကျော်၊တစ်ခွန်းသော်မူ၊ရှင်တော်ဘုရား ရှင် လျားတုမဲ့၊တစ်ဆယ့်ခြောက်လီ၊ ခွန်ထပ်မှီ၏။ လောကီလူသား၊တစ်ခွန်အားမူ၊ဘုရားလူ့ဘ၊မုနိန္ဒလျှင်၊ တရာ့နှစ်ဆယ်ရှစ်ခွန်းကယ်၏။ . ပကတိလူတို့စကားတစ်ခွန်း၊အရှင်အာနန္ဒာတစ်ခွန်းဆိုတဲ့စကားက မူလပဏ္ဏာသ ပါဠိတော် မဟာသီဟနာဒသုတ်လာ အဖွင့်စကားဖြစ်ပါတယ်။ အဲ့ဒီသုတ်မှာ မြတ်ဘုရားက အရှင်သာရိပုတ္တရာကို- ဤလောကမှာ ငယ်ရွယ်စဉ်သာ ပညာ အဆင်အခြင်နှင့် ပြည့်စုံ နိုင် တယ်။ အိုမင်းသောအခါ အကြောင်းအကျိုးမြော်မြင်နိုင်တဲ့ ပညာကယုတ်လျော့တတ်တယ် လို့ အချို့ကဆိုကြတယ်။ ယခုအခါ ငါဟာ အသက်ရှစ်ဆယ် နောက်ဆုံးအရွယ်ကို ရောက်နေပြီ၊ ဤအချိန်တွင် စားသောက်သောအခါ၊ ကျင်ကြီး ကျင်ငယ်စွန့်သောအခါ၊ အပန်းဖြေ အိပ်စက်သောအခါတို့မှတစ်ပါး ငါ့အား သတိပဋ္ဌာန်လေးပါး တို့အားထောက်၍ မေးလာငြားအံ့၊ မေးတိုင်းမေးတိုင်း ငါဖြေနိုင်တယ်။ ငါဘုရားအား တရားဟောကြားခြင်းသည် မကုန်နိုင်။ ပြဿနာဖြေကြားခြင်းသည်မကုန်နိုင် လို့မိန့်တော်မူပါတယ်။ တစ်ယောက်က ကာယာနုပဿနာကိုမေးမယ်၊ တစ်ဦးက ဝေဒနာနုပဿနာ၊ တစ်ဦးက စိတ္တာနုပဿနာ၊ တစ်ဦးက ဓမ္မာနုပဿနာ ကိုမေးမယ်။ သူတို့မေးသမျှကို ဘုရားရှင်က ကာယာနုပဿနာ ကို ၁၄ ပါးခွဲခြားပြီး၊ ဝေဒနာနုပဿနာကို ၉ ပါးခွဲခြားပြီး၊ စိတ္တာနုပဿနာကို ၁၆ ပါးခွဲခြားပြီး၊ ဓမ္မာနုပဿနာကို ၅ ပါးခွဲခြားပြီး၊ ခဏချက်ချင်းဟောနိုင်တယ်။ ဤမျှမက သမ္မပ္ပဓာန် ၄ ပါး၊ ဣဒ္ဓိပါဒ် ၄ ပါး၊ ဣန္ဒြေ ၅ ပါး၊ ဗိုလ် ၅ ပါး၊ ဗောဇ္ဈင် ၇ ပါး၊ မဂ္ဂင် ၈ ပါး၊ တို့ကို တစ်ဦးစီ မေးလာလျှင်လည်း တစ်ဦးစီကို ထိုခဏချက်ချင်း ဖြေဆိုနိုင်တယ်။ ဘာကြောင့်လည်း ဆိုတော့ ဘုရားရှင်ရဲ့ လျှာတော်ဟာ အလွန်နူးညံ့တယ်၊ ပါးလျား၍ပြန့်ကျယ်တယ်၊ ဒါကြောင့် အလွန်သွက်လက်တယ်။ မြတ်ဘုရားမှာ သွားတော် ၄၀ ရှိပြီး၊ နှုတ်ခမ်းဖြင့် စေ့စပ်စွာရှိတယ်။ မြတ်ဘုရား၏ စိတ်သည်လည်း ဘဝင်စိတ်နည်းပါးသည်။ တစ်ဝီထိနှင့် တစ်ဝီထိကြား၌ ဘဝင်စိတ်နှစ်ကြိမ်သာ ခြားတယ်။ (သာမန်လူတွင် ဘဝင်စိတ် များစွာခြားတယ်)။ ဒါကြောင့်မြတ်ဘုရားဟာ အလွန် လျှင်မြန်စွာ စကားပြောနိုင်တယ်။ ဒီထူးခြားချက်တွေဟာ သူ့အလိုလိုဖြစ်လာတာမဟုတ်ပါဘူး။ ဘဝပေါင်းများစွာ ဖြည့်စည်းခဲ့ရတဲ့ ပါရမီကုသိုလ်တွေကြောင့်ပါ။ . မြတ်ဘုရား၏ သွားတော်(၄၀) လက္ခဏာတော် ရရှိခြင်းမှာ ကုန်းချောစကား ပြောကြားခြင်းမှ ဝေးစွာရှောင်ကြဉ်တော်မူခဲ့ခြင်း၊ ညီညွတ်သင့်မြတ်အောင်စေ့စပ်ပေးတော်မူခဲ့ခြင်း။ ညီညွတ်သူတို့ကိုတွေ့ လျှင်လည်း ညီညွတ်မူ မပျက်ပြားဘဲ ဆက်လက် ခိုင်မာအောင် အားပေး တော်မူခဲ့ခြင်း၊ အချင်းချင်း ညီညွတ်ရေးစကားကိုသာ ပြောကြားတော်မူခဲ့ သောကုသိုလ်တော် ကြောင့် (၁) သွားတော် လေးဆယ် အစေ့အငရှိ တော်မူသည့် အပြင် (၂) သွားတော်မကျဲ မကွာ စေ့စပ်စွာ တည်ရှိခြင်း ဟူသော ယောက်ျားမြတ်လက္ခဏာ တို့ကို ရရှိတော်မူသည်။ . မြတ်စွာဘုရား၌ လွှဖြင့်ဖြတ်အပ်သော ခရုသင်းချပ် အလွှာကဲသို့ တစ်သားတည်း ညီညာသော သွားတော်အစဉ်ရှိ်ခြင်းမှာ ရှေးဘဝပေါင်းများစွာတို့၌ မှားယွင်း ယုတ်မာသော အသက်မွေးမူမျိုးကို ပယ်၍ မှန်ကန်ဖြူစင်သော အသက်မွေးမူ ဖြင့် အသက် မွေးမြူတော်မူခဲ့ ခြင်း။ ချိန်စဉ်းလဲစသော စဉ်းလဲမူ အမျိုးမျိုးနှင့် ကောက်ကျစ်လှည့်ပတ်မူ အမျိုးမျိုး၊ သူတပါးကို သတ်ဖြတ် လုယက် မြို့ရွာဖျက်လျက် နိုင်ထက်ကလူ ပြုမူခြင်း အမျိုးမျိုးတို့မှ ဝေးစွာရှောင်ကြဉ် တော်မူခဲ့သော ကုသိုလ်တော်ကြောင့် (၁) လွှဖြင့် ဖြတ်အပ်သော ခရုသင်းချပ်အလွှာ ကဲ့သို့ တစ်သားတည်း ညီညာ ဖြူစင်သော သွားတော် (၂) သောက်ရူး ကြယ်ပမာ လွန်စွာ စင်ကြယ် ဖြူဝင်း၍ အရောင် တလက်လက် ထွက်သော စွယ်တော် လေးဆူဟူသော ယောက်ျားမြတ် လက္ခဏာတို့ကို ရရှိတော်မူသည်။ . မြတ်စွာဘုရား၌ နီမြန်းသော အဆင်းရှိ၍ ရှည်လျား၊ နူးညံ့ ကျယ်ပြန့်သော လျှာ တော်ရှိခြင်းမှာ ဘုရား အလောင်းတော်သည် ရှေးဘဝပေါင်းများစွာတို့၌ ရုန့်ရင်းကြမ်းတမ်းစွာ ဆဲရေး တိုင်းထွာသော စကားကို ပြောကြားခြင်းမှ ဝေးစွာရှောင်ကြဉ်တော်မူကာအပြစ်ကင်းစင် ချစ်ခင်ဖွယ်ရာ ချိုသာ ယဉ်ကျေး သော စကားကိုသာ ပြောဆိုတော်မူခဲ့၏။ ထို ကုသိုလ်တော်ကြောင့် (၁) နီမြန်းသော အဆင်းရှိ၍ ရှည်လျား၊ နူးညံ့၊ ကျယ်ပြန့်သော လျှာတော်အပြင် (၂) ဗြဟ္မာမင်း၏ အသံကဲ့သို့ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အသံတော်ဟူသော ယောက်ျားမြတ် လက္ခဏာတို့ကို ရရှိတော်မူသည်။ . အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အသံတော်။ ------------------ ၁။ ၀ိဿဋ္ဌ = သန့်ရှင်းစင်ကြယ်ခြင်း။ ၂။ ၀ိညေယျ = သိလွယ်ခြင်း။ ၃။ မဥ္ဇူ = သာယာခြင်း။ ၄။ သဝနီယ = နာချင်ဖွယ်ရှိခြင်း။ ၅။ ဗိန္ဒူ = တစ်လုံးတစ်စည်းတည်းရှိခြင်း။ ၆။ အဝိသာရီ = ပရိသတ်အပြင်သို့ပြန့်မထွက်ခြင်း။ ဖရိုဖရဲကင်းခြင်း။ ၇။ ဂမ္ဘီရ = နက်နဲခြင်း။ ၈။ နိန္နာဒိ =ပဲ့တင်ထပ်ခြင်း။
https://www.dhammaransi.com/index.php/new/404-uganda.html
ဆရာတော် အရှင်ဗုဒ္ဓရက္ခိတ (Uganda)
ဆရာတော်ရဲ့ ငယ်အမည်က စတီဗင်။ အာဖရိကတိုက်၊ ယူဂန်ဒါ နိုင်ငံငယ်လေးက ခရစ်ယာန်မိသားစုမှာ Steven(စတီဗင်) ကို ၁၉၆၆-ခုနှစ်က ဖွားမြင်ခဲ့တာပါ။ သူဟာ ငယ်ငယ်က ဘာသာတရားဆိုလို့ ခရစ်ယာန်နဲ့ အစ္စလာမ် ၂-ခုတည်းသာရှိတယ်လို့ ထင်ခဲ့တာပါ။ ၁၀ ကျော်သက်အရွယ်ရောက်မှ အိန္ဒိယနိုင်ငံမှာ ဂေါတမ ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွန်းခဲ့ဖူးကြောင်းကို နာမည်လောက်သာ ကြားဖူးခဲ့သူပါ။ နောက်ပိုင်းမှာ သူဟာ အိန္ဒိယနိုင်ငံကို နိုင်ငံခြားပညာသင် သွားခဲ့ပါတယ်။ အဲဒီမှာ ထိုင်းလူမျိုး ရဟန်းတော် ၂-ပါးနဲ့ ခင်မင်ခဲ့ပြီး ဗုဒ္ဓဝါဒကို အနည်းငယ် လေ့လာခွင့်ရခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ထိုင်းနိုင်ငံမှာ လေ့လာဖို့ဆုံးဖြတ်ပြီး စားဝတ်နေရေးအတွက် နိုင်ငံခြားသား ခရီးသွားတွေများတဲ့ ဒေသတစ်ခုမှာ ဒိုင်ဗင်ပစ်၊ ရေကူး နည်းပြလုပ်ခဲ့ပါတယ်။ သူ့ဘဝဟာ အတိုင်းအတာတစ်ခုပြည့်ပြည့်စုံစုံ နေခဲ့ရပါတယ်။ သူဟာ လောကီဥစ္စာပြည့်စုံမှုတွေ မှာ ဘယ်လိုမှ မမွေ့လျော်နိုင်တော့တဲ့ နောက်ပိုင်း လက်ရှိအလုပ်ကို စွန့်လွှတ်ပြီး အမိခင်နိုင်ငံကို ပြန်သွားခဲ့ပါတယ်။ မိသားစုနဲ့ ဆွေမျိုးတွေက သူ့ကို ခရီးဆောင်အိပ်ကြီးသယ်ဆောင်ပြီး ပြန်လာမဲ့ အောင်မြင်တဲ့ စီးပွားရေး သမားကြီးအဖြစ် မျှော်လင့်ခဲ့ကြတာပါ။ သူ့ကိုတကယ်တွေ့လိုက်ရတော့ ဗုဒ္ဓဘာသာစာအုပ်တွေနဲ့ ဒိုင်ဗင်ပစ်၊ ရေးကူးရာမှာ သုံးတဲ့ ပစ္စည်းတွေသယ်လာတဲ့ ဆံပင်ရိတ်ထားတဲ့ ယောဂီတစ်ယောက်ဖြစ်နေတာကို တွေ့လိုက်ရတယ်။ အချို့သော ဆွေမျိုးတွေက ဆိုရင် စာအုပ်တွေ အားလုံးမီးရှို့ဖျက်ဆီးပစ်ဖို့နဲ့ ဘိုင်ဘယ်တစ်မျိုးတည်းကိုသာ ထိုင်ဖတ်နေဖို့၊ သူ့ကို ခရစ်ယာန်ဘာသာဝင် ပြန်ဖြစ်လာဖို့ စည်းရုံးကြသေးတယ်။ ဗုဒ္ဓဘာသာဝင် မရှိတဲ့ဒေသမှာ သူဟာတစ်ဦးတည်း တရားအားထုတ်နေတယ်။ တိုင်ပင်စရာမိတ်ဆွေနဲ့ နည်းခံစရာ ဆရာမရှိတဲ့ဘဝမှာ သူမနေနိုင်တော့ဘူး။ ပိုမိုပြည့်စုံတဲ့ အမှန်တရားကို ရှာဖွေဖို့ သူဟာ အမိမြေကို နောက်တစ်ကြိမ်စွန့်ခွာရပြန်တယ်။ တောင်အမေရီကား မြောက်အမေရီကားမှာ ဝိပဿနာတရားတွေ အားထုတ်ခဲ့တယ်။ Tathagata Meditation Center TMC မှာ တရားအားထုတ်ခွင့်ရတယ်။ နောက်ပိုင်းမှာတော့ သူဟာ ရဟန်းဝတ်ဖို့ကို ဆုံးဖြတ်လိုက်တယ်။ TMC စင်တာကပဲ ဗီယက်နာမ်ဆရာတော်တွေ၊ မြန်မာဆရာတော်ကြီးတွေရဲ့ ကျေးဇူးနဲ့ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသွားသော သိဒ္ဓတ္ထဂေါ်တမ ဘုရားရှင်ရဲ့ သားတော်အဖြစ်ကို ရယူခဲ့တယ်။ ဗုဒ္ဓရက္ခိတ ဘွဲ့တော်နဲ့ မြင့်မြတ်သော ရဟန်းဘဝကို ခံယူလိုက်တယ်။ အိမ်ပြန်ရောက်လိုက်တော့ မိခင်ဖြစ်သူက တအံ့တသြဖြစ်ရတယ်။ သားရဟန်းကိုကြည့်ပြီး Steven မှဟုတ်ရဲ့လားလို့ မေးသေးတယ်။ ဟုတ်မှန်ကြောင်း ပြောပြတော့ မယ်တော်ကြီးဟာ သားဖြစ်သူကို အိမ်အရောက် ပြန်ပို့ပေးသော God (ဘုရားသခင်)ကို ကျေးဇူးတင်ကြောင်း ပြောသေးတယ်။ သားဖြစ်သူကတော့ သူ့ကို အိမ်ရောက်အောင် ပြန်လည်ပို့ဆောင်ပေးသော ဘုရားသခင်ဆိုတာ လုံးဝမရှိကြောင်း ကောင်းကောင်းနားလည်နေတယ်။ ဒါပေမဲ့ အမေဖြစ်သူ စိတ်အနှောင်အယှက် မဖြစ်စေချင်လို့ ဘာမှ မပြောပဲနေခဲ့တယ်။ ဗုဒ္ဓဆင်းတုတော်ကြီးနဲ့ သင်္ဃန်းဝတ်ကြီးနဲ့ အိမ်မှာကြာကြာနေလို့ မသင့်တော်တာကြောင့် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းလေး ဖြစ်လာအောင် အားထုတ်ရတယ်။ အမေရိကန်နိုင်ငံ TMC စင်တာက ဆရာတော်ဘုရားကြီးတွေ ကျေးဇူးနဲ့ ယူဂန်ဒါ နိုင်ငံမှာ ပထမဆုံးသော ထေရဝါဒ ဗုဒ္ဓဘာသာ စင်တာတစ်ခုကို ဖွင့်လစ်နိုင်ခဲ့ပါတယ်။ သတင်းသုံးရာ၊ ဆွမ်းခံရာ၊ အစစ နားမလည်သူတွေများလို့ အခက်အခဲ အမျိုးမျိုးတွေ့ရပါတယ်။ မြန်မာပြည်က ပါလာတဲ့ သံဃာတော်များကိုင်တဲ့ ယပ် ကို တင်းနစ်ကစားနည်းတစ်မျိုးအတွက် ဘတ်တန်လို့ထင်သူတွေ၊ သပိတ်ကို ဗုံးထင်သူတွေ၊ ဘောလုံးထင်သူတွေ ဝတ်စားဆင်ယင်မှုကိုကြည့်ပြီး တိုင်းရင်းဆေးရောင်းတဲ့ Maasai ထင်သူတွေ စသဖြင့် အမျိုးမျိုးသော အခက်အခဲတွေ ရှိခဲ့ပါတယ်။ ဆွမ်းခံထွက်လို့ ဆွမ်းလောင်းရကောင်းမှန်း သိသူကလည်း မရှိသလောက် ရှားခဲ့ပါတယ်။ ဒါပေမဲ့ ဆရာတော်ကတော့ ဖိနပ်မပါ ချေဗလာနဲ့ ကြိုးစားပြီး ဆွမ်းခံထွက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ဆင်းရဲသားများကတောင် ဆွမ်းလှူဖို့ သဒ္ဓါတရားတွေ ဖြစ်လာကြပါတယ်။ အမေရိကန်နိုင်ငံမှာရှိတဲ့ မိတ်ဆွေအချို့ရဲ့ အဆက်အသွယ်နဲ့ ယူဂန်ဒါနိုင်ငံမှာ နေထိုင်နေကြတဲ့ ထိုင်းမိသားစုတွေ၊ သိရီလင်္ကာမိသားစုတွေရဲ့ လိပ်စာကို ရခဲ့ပါတယ်။ မယ်တော်ကြီးကိုပါ အတူတကွ အဆိုပါ မိသားစုတွေဆီကို ကြွခဲ့ပါတယ်။ ထိုင်းလူမျိုးတွေက စုပေါင်းဖွင့်ထားတဲ့ စားသောက်ဆိုင်ကို ရောက်ခဲ့ပါတယ်။ ထေရဝါဒပုံစံ စနစ်တကျ သင်္ဃန်းရုံထားတဲ့ ဆရာတော်ကို ဖူးမြှော်ရလို့ ထိုင်းလူမျိုးတွေဟာ ဆွမ်းကိုလည်းလောင်းလှူကြ ရိုသေစွာ ရှိခိုး ကန်တော့ကြတာတွေ့တော့ မယ်တော်ကြီးက အလွန်တရာ အံ့သြခဲ့ပါတယ်။ သိရီလင်္ကာလူမျိုးကလည်း စက်ရုံတစ်ခုရဲ့ ပိုင်ရှင် အရပ်မြင့်မြင့် လူကြီးလူကောင်းတစ်ယောက်ပါ။ ဆရာတော်ကို မြင်တာနဲ့ ဗုဒ္ဓဝါဒီတို့ ထုံးစံအတိုင်း ရိုသေစွာရှိခိုးကန်တော့ပါတယ်။ အဲဒီအချိန်မှာ မယ်တော်ကြီးရဲ့ စိတ်ခံစားမှုသဒ္ဓါတရားကို မြင်လို့ ဆရာတော်က လက်ျာတော်ရံ အရှင်သာရိပုတ္တရာ ရဲ့ မယ်တော်ကြီး ချွတ်ခန်းကို သတိရခဲ့ပါတယ်။ ထိုင်းလူမျိုးတွေက ဆိုရင် ယူဂန်ဒါနိုင်ငံမှာ ဆရာတော် သီတင်းသုံးသရွေ့ ဆွမ်းအဖို့ကို တာဝန်ယူပါရစေလို့ လျှောက်ထားလိုက်ပါသေးတယ်။ အိမ်ကို ပြန်ရောက်တော့ တစ်ချိန်တုန်းက ခရစ်ယာန်ဘာသာဝင်ဖြစ်ခဲ့ပြီး လောလောဆယ်အနေအားဖြစ် အစ္စလာမ်ဘာသာဝင်ဖြစ်နေခဲ့သည်မှာ ၁၀-နှစ်ခန့် ကြာပြီဖြစ်သော မယ်တော်ကြီဟာ ဗုဒ္ဓဆင်းတုတော်ရဲ့ တင့်တယ်လှတဲ့ ရူပကာယတတော်ကို ကြည်ညိုတတ်ပြီဖြစ်ကြောင်း နဲ့ ဗုဒ္ဓဝါဒကို လေ့လာလိုကြောင်း သားရဟန်းပြောပါတယ်။ သားဖြစ်သူက တရာဓမ္မတွေ ဟောပြလို့ မယ်တော်၊ နှစ်မတော်နဲ့ ယောက်ဖ၊ တူ/တူမ များအပြင် မိတ်ဆွေအချို့နဲ့ အနည်းငယ်သော ယူဂန်ဒါ နိုင်ငံသားတွေဟာ သရဏဂုံသုံးပါးနဲ့ ငါးပါးသော နိစ္စသီလတို့ကို တည်ဆောက်သူ ဗုဒ္ဓရဲ့တပည့်သာဝကများ ဗုဒ္ဓဘာသာဝင်များ ဖြစ်လာကြပါတယ်။ အခုတော့ အာဖရိကတိုက်ရဲ့ ရတနာမြေ ဖြစ်သော ယူဂန်ဒါနိုင်ငံ the pearl of Africa မှာ ဗုဒ္ဓဝါဒဟာ စတင်လို့ အမြစ်တွယ်ခဲ့ပါပြီ။ ။ ဆရာတော်၏ပြောပြချက်အရ အာဖရိကမှာ ဆရာတော်၏ စွမ်းဆောင်မူကြောင့် ထေရဝါဒဗုဒ္ဓဘာသာဝင် လူဥိးရေ လေးဆယ်ကျော်ရှိသွားပြီဖြစ်ကြောင်း သိခဲ့ရပါသည်။ သကျပုတ္တိယ အရှင်အရိယာလင်္ကာရ
https://www.dhammaransi.com/index.php/new/405-2017-01-02-03-14-16.html
ရေဥပမာတရားတော်
ရဟန်းတို့ လောက၌ ရေဥပမာရှိကုန်သော ဤပုဂ္ဂိုလ် ခုနစ်မျိုးတို့သည် ထင်ရှား ရှိကုန်၏။ အဘယ်ခုနစ်မျိုးတို့နည်းဟူမူ - ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် တစ်ကြိမ် နစ်မြုပ်သော် နစ်မြုပ်တော့သည်သာဖြစ်၏။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပေါ်ပြီး၍ နစ်မြုပ်ပြန်၏။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပေါ်ပြီးလျှင် တည်၏။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပေါ်ပြီးလျှင် ကြည့်ရှု၏၊ ထိုမှ ဤမှ ကြည့်ရှု၏။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပေါ်ပြီးလျှင် ကူး၏။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပေါ်ပြီးလျှင် ထောက်တည်ရာသို့ ရောက် ၏။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပေါ်ပြီးလျှင် ကူးမြောက်၏၊ ကမ်းတစ်ဖက် သို့ ရောက်၏၊ (နိဗ္ဗာန်တည်းဟူသော) ကြည်းကုန်းထက်၌ တည်၏၊ မကောင်းမှုကို အပပြုပြီး ဖြစ်၏။ ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် တစ်ကြိမ်နစ်မြုပ်လျှင် နစ်မြုပ်တော့သည်သာ ဖြစ်သနည်း။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် စင်စစ် မည်းညစ်ကုန်သော အကုသိုလ်တရားတို့နှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် တစ်ကြိမ်နစ်မြုပ်လျှင် နစ်မြုပ်တော့သည်သာ ဖြစ်၏။ (၁) ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ပေါ်ပြီး၍ နစ်မြုပ်ပြန်သနည်း။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကုသိုလ် တရားတို့၌ သဒ္ဓါတရားသည် ကောင်းမြတ်၏၊ ဟိရီသည် ကောင်းမြတ်၏။ပ။ သြတ္တပ္ပသည် ကောင်းမြတ်၏၊ ဝီရိယသည် ကောင်းမြတ်၏၊ ကုသိုလ် တရားတို့၌ ပညာသည် ကောင်းမြတ်၏ ဟု ပေါ်လာ၏။ ထိုပုဂ္ဂိုလ်၏ ထိုသဒ္ဓါတရားသည် မတည်၊ မတိုးပွါး၊ ဆုတ်ယုတ်သည် သာလျှင်တည်း။ ထိုပုဂ္ဂိုလ်၏ ထိုဟိရီသည်။ပ။ ထိုပုဂ္ဂိုလ်၏ ထိုသြတ္တပ္ပသည်။ပ။ ထိုပုဂ္ဂိုလ်၏ ထိုဝီရိယသည် ။ပ။ ထိုပုဂ္ဂိုလ်၏ ထိုပညာသည် မတည်၊ မတိုးပွါး၊ ဆုတ်ယုတ်သည် သာလျှင်တည်း။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် ပေါ်ပြီး၍ နစ်မြုပ်ပြန်၏။ (၂) ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ပေါ်ပြီးလျှင် တည်သနည်း။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကုသိုလ် တရားတို့၌ သဒ္ဓါတရားသည် ကောင်းမြတ်၏ ဟု ပေါ်လာ၏။ ဟိရီသည် ကောင်းမြတ်၏။ပ။ သြတ္တပ္ပသည် ကောင်းမြတ်၏။ပ။ ဝီရိယသည် ကောင်းမြတ်၏ ။ပ။ ကုသိုလ် တရားတို့၌ ပညာသည် ကောင်းမြတ်၏ ဟု ပေါ်လာ၏။ ထိုပုဂ္ဂိုလ်၏ ထိုသဒ္ဓါ တရားသည် မဆုတ်ယုတ်၊ မတိုးပွါး၊ တည်၏။ ထိုပုဂ္ဂိုလ်၏ ထိုဟိရီသည်။ပ။ ထိုပုဂ္ဂိုလ်၏ ထိုသြတ္တပ္ပသည်။ပ။ ထိုပုဂ္ဂိုလ်၏ ထိုဝီရိယသည် ။ပ။ ထိုပုဂ္ဂိုလ်၏ ထိုပညာသည် မဆုတ်ယုတ်၊ မတိုးပွါး၊ တည်မြဲတိုင်း) တည်တံ့၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် ပေါ်ပြီးလျှင် တည်၏။ (၃) ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ပေါ်ပြီး၍ ကြည့်ရှုသနည်း၊ ထိုမှဤမှ ကြည့်ရှု သနည်း။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကုသိုလ် တရားတို့၌ သဒ္ဓါတရားသည်ကောင်းမြတ်၏ ဟု ပေါ်လာ၏။ ဟိရီသည် ကောင်းမြတ်၏။ပ။ သြတ္တပ္ပသည် ကောင်းမြတ်၏။ပ။ ဝီရိယသည် ကောင်းမြတ်၏ ။ပ။ ကုသိုလ် တရားတို့၌ ပညာသည် ကောင်းမြတ်၏ ဟု ပေါ်လာ၏။ ထိုပုဂ္ဂိုလ်သည် သုံးပါး သော သံယောဇဉ် 'အနှောင်အဖွဲ့' တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့်အပါယ်သို့ကျခြင်း သဘော မရှိသော ကိန်းသေမြဲသော အထက်မဂ်သုံးပါးလျှင် လားရာရှိသော သောတာပန်ဖြစ်၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် ပေါ်ပြီး၍ ကြည့်ရှု၏၊ ထိုမှဤမှ ကြည့်ရှု၏။ (၄) ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ပေါ်ပြီး၍ ကူးသနည်း။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကုသိုလ် တရားတို့၌ သဒ္ဓါတရားသည် ကောင်းမြတ်၏ ဟု ပေါ်လာ၏။ ဟိရီသည် ကောင်းမြတ်၏။ပ။ သြတ္တပ္ပသည် ကောင်းမြတ်၏။ပ။ ဝီရိယသည် ကောင်းမြတ်၏ ။ပ။ ကုသိုလ် တရားတို့၌ ပညာသည် ကောင်းမြတ်၏ ဟု ပေါ်လာ၏။ ထိုပုဂ္ဂိုလ်သည် သုံးပါးသော သံယောဇဉ် 'အနှောင်အဖွဲ့' တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် ရာဂဒေါသ မောဟတို့ ခေါင်းပါးသည်၏ အဖြစ်ကြောင့် တစ်ကြိမ်သာလျှင် ကာမဘုံသို့ လာ၍ ဝဋ်ဒုက္ခ၏အဆုံးကိုပြုသော သကဒါဂါမ် ဖြစ်၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် ပေါ်ပြီး၍ ကူး၏။ (၅) ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ပေါ်ပြီးလျှင် ထောက်တည်ရာသို့ ရောက်သနည်း။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကုသိုလ်တရားတို့၌ သဒ္ဓါတရားသည် ကောင်းမြတ်၏ ဟု ပေါ်လာ၏။ ဟိရီသည် ကောင်းမြတ်၏။ပ။ သြတ္တပ္ပသည် ကောင်းမြတ်၏။ပ။ ဝီရိယသည် ကောင်းမြတ်၏ ။ပ။ ကုသိုလ် တရားတို့၌ ပညာသည် ကောင်းမြတ်၏ ဟု ပေါ်လာ၏။ ထိုပုဂ္ဂိုလ်သည် အောက်ပိုင်းသံယောဇဉ် 'အနှောင်အဖွဲ့' ငါးပါးတို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့်ဗြဟ္မာ့ဘုံ၌ ဥပပတ် ပဋိသန္ဓေနေ၍ ထိုဘုံ၌သာလျှင် ပရိနိဗ္ဗာန်ပြုမည့် ထိုဘုံမှ ပြန်လည်ခြင်း သဘော မရှိသူ အနာဂါမ် ဖြစ်၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် ပေါ်ပြီး၍ ထောက်တည်ရာသို့ ရောက်၏။ (၆) ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ပေါ်ပြီး၍ ကူးမြောက်သူ ကမ်းတစ်ဖက်သို့ ရောက်သူ (နိဗ္ဗာန်တည်းဟူသော) ကြည်းကုန်းထက်၌ တည်၍ မကောင်းမှုကို အပပြုပြီးသူ ဖြစ် သနည်း။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကုသိုလ် တရားတို့၌ သဒ္ဓါတရားသည် ကောင်းမြတ်၏ ဟု ပေါ်လာ၏။ ဟိရီသည် ကောင်းမြတ်၏။ပ။ သြတ္တပ္ပသည် ကောင်းမြတ်၏။ပ။ ဝီရိယသည် ကောင်းမြတ်၏ ။ပ။ ကုသိုလ်တရားတို့၌ ပညာသည် ကောင်းမြတ်၏ ဟု ပေါ်လာ၏။ ထိုပုဂ္ဂိုလ်သည် အာသဝေါ တရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါ တရားကင်းသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခု ဘဝ၌ပင်လျှင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုလျက် ရောက်၍ နေ၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် ပေါ်ပြီး၍ ကူးမြောက်သူ ကမ်းတစ်ဖက်သို့ ရောက်သူ နိဗ္ဗာန်တည်း ဟူသော ကြည်းကုန်းထက်၌ တည်သူ မကောင်းမှုကို အပပြုပြီးသူ ဖြစ်၏။ (၇) ရဟန်းတို့ လောက၌ ရေဥပမာ ရှိကုန်သော ဤပုဂ္ဂိုလ် ခုနစ်မျိုးတို့သည် ထင်ရှားရှိကုန်၏ ဟု (မိန့်တော်မူ၏)။ အဂုင်္က္တိုရ်ပါဠိတော်၊ အနုသယဝဂ်၊ ဥဒကူပမာသုတ်။
https://www.dhammaransi.com/index.php/new/406-2017-01-02-03-08-15.html
ဆေးလှူရခြင်း အကျိုး (၁၀)ပါး
မြင့်မြတ် ကျော်စောသော ဘုရားအား၎င်း သံဃာအား၎င်း ဂိုဏ်းအား၎င်း ဆေးတို့ကို လှူရသောကြောင့် ကံနှင့် လျော်သော ဆယ်ပါးသော အကျိုးတို့ကို ခံရစားရ၏ ... ။ ၁။ အာယု = အသက်ရှည်ခြင်း ၂။ ဗလ = ခွန်အားဗလကြီးမားခြင်း ၃။ ဓီရ = ပညာရှိခြင်း ၄။ ဝဏ္ဏ = အဆင်းလှခြင်း ၅။ ယသ = အခြံအရံများခြင်း ၆။ သုခ = ချမ်းသာခြင်း ၇။ အနုပဒ္ဒဝေါ = ဥပဒ္ဒဝေါ မရှိခြင်း ၈။ အနီတိ = ရန်မရှိခြင်း ၉။ အပစိတ = ခပ်သိမ်းသော သူတို့ ရိုသေခံရခြင်း ၁၀။ ပိယဝိယောဂ = ချစ်သော သူတို့နှင့် မကွေကွင်းရခြင်း ။ စသောအကျိုးတရားများကိုရရှိစေပါသည်
https://www.dhammaransi.com/index.php/new/407-2017-01-01-11-31-09.html
ပြုဖွယ်ရာ
အခါတစ်ပါး၌ မင်းသုံးပါးနှင့် သိကြားမင်းသည် ဘုရားအလောင်းတော် သရဘင်္ဂရသေ့ထံ ရောက်ရှိလာကာ သိလိုသည့် မေးခွန်းပြဿ နာ ကို မေးလျှောက်ကြသည်။ သိကြား တစ်ရံတစ်ခါမျှ စိုးရိမ်မှု မရှိရလေအောင် အဘယ်တရားကို ပယ်သတ်ရ ပါမလဲ။ ရသေ့ ဒေါသကို ပယ်သတ်လိုက်လျှင် တစ်ရံတစ်ခါမျှ စိုးရိမ်ရတော့မည် မဟုတ်ပေ။ သိကြား အဘယ်တရားကို ပယ်ရှားသော် သူတော်ကောင်းတို့၏ ချီးမွမ်း ခြင်းကို ခံရပါမလဲ။ ရသေ့ ကျေးဇူးကန်းခြင်း မပြုသော် သူတော်ကောင်းများက ချီးမွမ်းကြ ပါလိမ့်မယ်။ သိကြား အဘယ်သူ ပြောဆိုသော ကြမ်းကြုတ်စကားကို သည်းခံရမှာ ပါလဲ။ ရသေ့ မိမိထက်သာသူ၊ တန်းတူသူနဲ ့ မိမိအောက် နိမ့်ကျသူတို့ရဲ့ ကြမ်းကြုတ်စကားကို သည်းခံရမှာ ဖြစ်ပေတယ်။ သိကြား မိမိထက်သာသူနဲ ့တန်းတူသူများရဲ့ ကြမ်းကြုတ်စကားကို သည်း ခံနိုင်ပါတယ်။ မိမိအောက် နိမ့်ကျသူရဲ့ ကြမ်းကြုတ် စကားကို အဘယ်ကြောင့် သည်းခံရပါမလဲ။ ရသေ့ ကြောက်ရွံ့တဲ့အတွက် မိမိထက်သာသူ ရဲ့ ကြမ်းကြုတ်စကားကို သည်းခံကြတာ ဖြစ်တယ်။ တန်းတူသူရဲ့ စကားကို သည်းခံကြ တာက တော့ မိမိထက်သာသွားအောင် ကြံစည်အားထုတ်မှာကို စိုးရိမ်ကြလို့ပဲ။ ဒီသည်းခံခြင်း နှစ်မျိုးကို မြတ်တဲ့ သည်းခံခြင်းလို့ မဆိုနိုင်။ မိမိအောက် နိမ့်ကျသူရဲ့ ကြမ်းကြုတ်စကားကို သည်း ခံမှသာ ကြောက်ရွံ့စိုးရိမ်မှုကင်းတဲ့ သည်းခံခြင်းဖြစ်တဲ့အတွက် သူတော်ကောင်းတို့က အမြတ် ဆုံးလို့ ့သတ်မှတ်ကြပေတယ်။ သာဓု သာဓု သာဓု ကျမ်းကိုး။ ။ငါးရာငါးဆယ် သရဘင်္ဂဇာတ်။
https://www.dhammaransi.com/index.php/new/408-2017-01-01-11-28-56.html
တရား၏ တန်ဖိုး
တစ်ခုသောကာလ၌ သောပါက အမည်ရ ခုနစ်နှစ်အရွယ် ဆင်းရဲသား ငယ်လေးသည် ခိုက်ရန်ဖြစ်ပွါးကာ ပထွေး၏ သားကို လက်သီးနှင့် ထိုးမိလေ သည်။ ထိုသူငယ်က သောပါကအား ခြေလက်များကို ကြိုးဖြင့် တုပ်ကာ သုသန်၌ အသေကောင်နှင့်တွဲ၍ ချည်နှောင်ပစ်ထားခဲ့သည်။ သောပါက၏ ငိုကြွေးသံကြောင့် မြတ်ဗုဒ္ဓက ရောင်ခြည်တော်လွှတ်ပြီး အားပေးကာ ခေါ်တော်မူသည်။ အားတက်စွာဖြင့် ရုန်းကန်လိုက်ရာ အနှောင်အဖွဲ့မှ လွတ်မြောက်ကာ ဘုရားထံ အရောက်သွားလေသည်။ ဘုရားရှင်က ကထာခြောက်မျိုး ဟောကြားအပြီးတွင် သောတာပန် တည်သည်။ သာမဏေဝတ်ပြီးနောက် သူ၏ မိခင်အားဟောကြားသော တရားတော်ကို နာကြားရပြန်သည်။ တရားအဆုံး၌ ရဟန္တာဖြစ်တော်မူ သည်။ ထို သောပါက ရဟန္တာကို ဘုရားရှင်က ပုစ္ဆာဆယ်ခု မေးတော် မူသည်။ ဘုရား - တစ်ခုသော တရားဆိုတာ အဘယ်တရားလဲ။ သောပါက - အကြောင်းတရားကို ပြောတာပါဘုရား။ ဘုရား - နှစ်ခုသော တရားဆိုတာ အဘယ်တရားလဲ။ သောပါက - နာမ်နှင့်ရုပ် ပါဘုရား။ ဘုရား - သုံးခုသော တရားဆိုတာ အဘယ်တရားလဲ။ သောပါက - ဝေဒနာတရားသုံးပါးကို ပြောတာဖြစ်ပါတယ်ဘုရား။ ဘုရား - လေးခုသော တရားတို့ကားအဘယ်တရားတို့ကို ခေါ်သလဲ။ သောပါက - အရိယသစ္စာတရားလေးပါးကို ခေါ်တာပါဘုရား။ ဘုရား - ငါးခုသော တရားကား အဘယ်နည်း။ သောပါက - ခန္ဓာငါးပါးကို ဆိုလိုပါတယ်ဘုရား။ ဘုရား - ခြောက်ခုသော တရားဆိုတာ အဘယ်တရားများကိုခေါ်သလဲ။ သောပါက - အတွင်းအာယတန တရားခြောက်ပါးကို ခေါ်ပါတယ်ဘုရား။ ဘုရား - ခုနစ်ခုသော တရားကား အဘယ်နည်း။ သောပါက - ဗောဇ္ဈင်ခုနစ်ပါးမြတ်တရားတို့ ဖြစ်ပါတယ်ဘုရား။ ဘုရား - ရှစ်ခုသော တရားဆိုတာ အဘယ်တရားကို ခေါ်ဆိုသလဲ။ သောပါက - မဂ္ဂင်ရှစ်ပါးကို ခေါ်တာပါဘုရား။ ဘုရား - ကိုးခုသော တရားတို့ကား အဘယ်နည်း။ သောပါက - သတ္တဝါကိုးမျိုးတို့ ဖြစ်ပါတယ်ဘုရား။ ဘုရား - ဆယ်ခုသော တရားဆိုတာ အဘယ်တရားများကို ခေါ်သလဲ။ သောပါက - ရဟန္တာတို့၏ အင်္ဂါဆယ်ပါးကို ခေါ်ပါတယ်ဘုရား။ ဘုရား - ငါ့ရှင် သာမဏေ သောပါက ရဟန်းဖြစ်စေ။ အရှင်သောပါကသည် တရားတော်ကို စူးစူးစိုက်စိုက် ခန္ဓာဉာဏ်ရောက် နာကြားခြင်းကြောင့် ခုနစ်နှစ် အရွယ်နှင့်ပင် ရဟန်းလည်းဖြစ်၊ ရဟန္တာ လည်းဖြစ်ခဲ့ရသော ပုဂ္ဂိုလ်ထူးတစ်ဦးဖြစ်ပေတော့သတည်း။ သာဓု သာဓု သာဓု ကျမ်းကိုး။ ။ခေမိန္ဒ၊ ဘဒ္ဒန္တ (ခင်မကန်ဆရာတော်)။ တရားတစ်ပုဒ်၏ တန်ဖိုး တရားတော်။
https://www.dhammaransi.com/index.php/new/409-2017-01-01-11-26-25.html
ဘဝအရေး စိတ်အေးရစေကြောင်း
တစ်နေ့သောအခါတွင် မြတ်စွာဘုရားရှင်သည် အာဠာဝကဘီလူး၏ ဘုံ ဗိမာန်သို ့ကြွရောက်တော်မူလာ၏။ အာဠာဝကဘီလူးမှာ အစည်းအဝေး သွားနေသဖြင့် စောင့်လျက်နေတော်မူသည်။ ဗိမာန်သို ့ပြန်လည်ရောက် ရှိလာသော အာဠာဝကဘီလူးသည် ဘုရားရှင်ကို မြင်သည်နှင့် ဒေါသ ထွက်တော့သည်။ ဘုရားအား ထွက်သွားပါ၊ ပြန်ဝင်ပါနှင့် သုံးကြိမ်တိုင် တိုင် ပြုလုပ်ခိုင်းသည်။ ဘီလူးကျေနပ်အောင် သူ့အလိုကျ ပြုလုပ်ခြင်းဖြင့် ဘီလူး၏ စိတ်ဓါတ်ကို ဗုဒ္ဓက ကုစားလိုက် သည်။ စတုတ္ထအကြိမ်တွင် ဘီလူးက ဘုရား၏ ခြေနှစ်ချောင်းကို ဆွဲကိုင်ပြီး ပစ်မည်ဟု ကြံထား သည်။ သိနှင့်နေသော ဘုရားက ဤအကြိမ် ဘီလူးထွက်ခိုင်းသည့်အခါ ထွက် မသွားတော့ချေ ။ နောက်ဆုံး၌ ဘီလူးတွင် ဘုရားသည် အကြောင်းမဲ့ ကြွလာခြင်း မဖြစ်နိုင်ဟူသော အတွေးပေါ်လာသဖြင့် နည်းတစ်မျိုး ပြောင်းကာ ဓမ္မမေးခွန်းများကို မေးလေသည်။ ဘီလူး - ကသာပဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ ဘဝအရေးနဲ ့ပတ်သက်သော အမေးအဖြေများကို ဘိုးဘွားစဉ်ဆက် မှတ်သားလာခဲ့ကြပါတယ်။ အကျွနု်ပ်၏ လက်ထက်တွင် အမေးများကိုသာသိတော့ပြီး အဖြေများကို မေ့ကုန်ပါပြီ။ အဲဒီအမေးတွေကို မေးချင်ပါတယ်၊ ဖြေမှာ ပါလားဘုရား။ ဘုရား - မေးပါ။ ဖြေပါမယ် အသင်ဘီလူး။ ဘီလူး - လောကမှာ အကောင်းဆုံးပစ္စည်းဥစ္စာဆိုတာ ဘာပါလဲ။ ဘုရား - သဒ္ဓါတရားဟာ အကောင်းဆုံးပစ္စည်းဥစ္စာ ဖြစ်ပေတယ်။ ဘီလူး - ဘာကို ကျင့်သုံးရင် ချမ်းသာမှာပါလဲ။ ဘုရား - ဓမ္မကို ကျင့်သုံးရင် ချမ်းသာမှာဖြစ်တယ်။ ဘီလူး - အရသာတွေထဲမှာ အကောင်းဆုံးအရသာဟာ ဘာပါလဲ။ ဘုရား - လောကမှာ မှန်တာကိုပြောတဲ့ သစ္စာစကားဟာ အကောင်းဆုံး အရသာပါပဲ။ ဘီလူး - လောကလူသားတွေဟာ နည်းအမျိုးမျိုးနဲ့ ့အသက်ရှင်နေကြ ပါတယ်။ ဘာနဲ့ ့အသက်ရှင်တာ အကောင်းဆုံးဖြစ်ပါသလဲ။ ဘုရား - အကြောင်းအကျိုး အကောင်းအဆိုး ခွဲခြားသိတဲ့ ပညာဉာဏ်နဲ့ အသက်ရှင်တာ အကောင်းဆုံး ဖြစ်ပေတယ်။ ဘီလူး - လောကမှာရှိတဲ့ အခက်အခဲတွေကို ဖြတ်ကျော်ရမယ်ဆိုရင် ဘာရှိဖို ့လိုပါသလဲ။ ဘုရား - ယုံကြည်ချက်ရှိဖို ့လိုပေတယ်။ ဘီလူး - အင်မတန်ကျယ်ပြောတဲ့ ဘဝပင်လယ်ကို ဘာနဲ ့ဖြတ်ကူးရ ပါမလဲ။ ဘုရား - ကာမဂုဏ် အာရုံတွေပေါ်မှာ အမြဲစိတ်ညွတ်မနေဘဲ ကုသိုလ် ကောင်းမှုတွေကို သတိ ရနေတဲ့ အပ္ပမာဒတရားနဲ ့ဖြတ်ကူးရ မယ်။ သတိကြီးစွာထားပြီး ဖြတ်ကျော်ရမယ်။ ဘီလူး - ဘာနဲ ့ဆင်းရဲဒုက္ခတွေကို ကျော်ဖြတ်ရပါမလဲ။ ဘုရား - ကြိုးစားအားထုတ်မှု ဝီရိယ ဖြင့်သာ ဒုက္ခဆင်းရဲအပေါင်းကို ကျော်ဖြတ်ရပေမယ်။ ဘီလူး - လူတွေရဲ့ စိတ်ကို ဖြူစင်အောင် ဘာနဲ ့ဆေးကြောပေးရပါမလဲ။ ဘုရား - ပညာနဲ ့သာလျှင် စိတ်အညစ်အကြေးတွေကို ဖြူ စင်အောင် ဆေးကြောပေးနိုင်တယ်။ ဘီလူး - စိတ်ကို စင်ကြယ်စေတတ်တဲ့ ပညာကို ဘယ်လိုရအောင် ယူရပါမလဲ။ ဘုရား - ပညာကို ရယူလိုတဲ့ စိတ်ဆန္ဒရှိရင် ရနိုင်ပေတယ်။ ဘီလူး - ဘဝအရေးမှာ လောကီဥစ္စာတိုးတက်ဖို ့ဘာလုပ်ရပါမလဲ။ ဘုရား - လုံ့လဝီရိယရှိဖို့ လိုတယ်။ တက်တက်ကြွကြွ ကြိုးစားရင် ပစ္စည်းဥစ္စာတိုးပွါးမှာ ဖြစ်တယ်။ ဘီလူး - ပစ္စည်းဥစ္စာရှိပေမဲ့ ကျော်စောမှုမဲ့ ကြတာရှိပါတယ်။ ဘဝ အရေးမှာ ထင်ပေါ်ကျော်စောဖို ့ဘာလုပ်ရပါမလဲ။ ဘုရား - မှန်ကန်ရင် ထင်ပေါ်ကျော်စောလာမှာ ဖြစ်တယ်။ ဘီလူး - ခြွေရံမိတ်ဆွေ များများရဖို ့ဘာလုပ်ရပါမလဲ။ ဘုရား - ပေးကမ်းရင် ခြွေရံမိတ်ဆွေ များများရပါလိမ့်မယ်။ ဘီလူး - ဒီဘဝအတွက် ဒီမျှသိရရင် လုံလောက်ပါပြီ။ နောင်ဘဝအရေး စိတ်အေးဖို ့အတွက် အဘယ်တရားတွေကို ကျင့်သုံးရပါမလဲ။ ဘုရား - နောင်ဘဝအတွက် စိတ်အေးလိုရင် မှန်ကန်မှု-သစ္စာ၊ ပညာ၊ ကြိုးပမ်းအားထုတ်မှု ဝီရိယနဲ ့ပေးကမ်းစွန် ့ကြဲမှု စာဂ၊ ဒီတရားလေးပါးတို့ကို ကျင့်သုံးရမှာ ဖြစ်တယ်။ ဘီလူး - ကျေးဇူးကြီးမားလှပါတယ် အရှင်မြတ်ဘုရား။ တပည့်တော် သွားလေရာရာမှာ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို ဦးခိုက်ရှိခိုးမည် ဖြစ်ကြောင်းပါဘုရား။ ဘုရား - ကောင်းလေစွ ကောင်းလေစွ။ သာဓု သာဓု သာဓု ကျမ်းကိုး။ ။နန္ဒမာလာဘိဝံသ၊ ဒေါက်တာဘဒ္ဒန္တ။ ဘဝအရေး စိတ်အေးရလေအောင် တရားတော်
https://www.dhammaransi.com/index.php/new/410-2017-01-01-11-24-25.html
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ကယ်တင်ရှင်လော
အတ္တဟိ အတ္တနော နာထော့ - မိမိကိုယ်သာကိုးကွယ်ရာ ထေရဝါဒ ဒေသနာအစဉ်၌ ကယ်တင်ရှင်ဟူ၍ မရှိ။ ကယ်တင်ပေးနိုင်သူ ဟူ၍လည်း မရှိပေ။ ဗုဒ္ဓဘုရား ကိုယ်တိုင်လည်း လူသားတို့အတွက် ကယ်တင်ရှင် မဟုတ်ခဲ့၊ လူသားတို့အတွက် လမ်းညွှန်သူ သာဖြစ်လေသည်။ ဗုဒ္ဓဘုရားရှင်က - " ချစ်သားတို့၊ သင်တို့ လွတ်မြောက်မှုအတွက် သင်တို့ကိုယ်တိုင် ကြိုးစား အားထုတ်အပ်၏၊ ဘုရားရှင်တို့မည်သည် လမ်းညွှန် ဟောပြရုံသာ ဟောပြတော်မူနိုင်ကြကုန်၏၊ " ဟု ဓမ္မပဒဒေသနာ၌ အတိအလင်း ဟောပြထား၏။ ထို့ပြင် ခန္ဓဝဂ္ဂသံယုတ်၊ အတ္တဒီပသုတ်၌လည်း - "ရဟန်းတို့၊ မိမိကိုယ်သာ မှီခိုကြလျက်၊ မိမိကိုယ်ကိုသာ အားထားကြလျက် အခြားတစ်ပါးကို အားမကိုးကြဘဲ တရားကိုသာ မှီခိုကြလျက်၊ တရားကိုသာ အားထားကြလျက် အခြားတစ်ပါးကို အားမထားဘဲ နေကြကုန်လော့၊ " ဟု ဟောကြားတော်မူခဲ့သည်။ ဗုဒ္ဓဘုရားက လူသားတစ်ဦး၏ ဘဝကို တရားဓမ္မဖြင့်သာ နေထိုင်ကြရန် ဟောကြားခဲ့ သည်။ လူတို့သည် မိမိတို့၏ ဘဝကို မိမိတို့ ကိုယ်တိုင်သာ ဖန်တီးသည်။ ကိုယ့်ကံ ကိုယ်ပြု၍ ကိုယ့်အမှု ကိုယ်ဆောင်ကြရသည်။ မိမိဘဝအတွက် ကောင်းမှု ဆိုးမှုတို့ကို မိမိကိုယ်တိုင်သာလျှင် ဖန်တီးသည ် ဟု ဟောကြား၏။ ကောင်းမှု မကောင်းမှုဟူသော သဘောတရားတို့ကိုလည်း ဟောကြားပြသ၏။ မကောင်းမှုကို ရှောင်၍ ကောင်းမှုကို ဆောင်ရန်လည်း ညွှန်ကြားသည်။ ကောင်းမှုကို လုပ်သောသူသည် ကောင်းသော အကျိုးဆက်ကို ဖြစ်စေ၏။ မကောင်းမှုကို လုပ်သောသူသည် မကောင်းသော အကျိုးဆက်ကို ဖြစ်စေ၏။ ဤသို့လျှင် ကမ္မနိယာမ သဘော တရားဖြင့် ထိန်းကျောင်းလျက် မတိမ်းစောင်းအောင် ဟောပြတော််မူခဲ့သည်။ သို့ပါလျက် လူအချို့တို့သည် မိမိဘဝအတွက် ကယ်တင်ရှင်ကို ရှာမှီးကိုးကွယ် နေကြသည်။ မမြင်ရသော၊ မမြင်ဖူးသော၊ ကြားဖူးနားဝရှိသော နတ်ဒေဝတာတို့၏ ကူညီမစမှုကို အတွေးစိတ္တဇဖြင့် တောင့်တနေကြ၏။ တောင်းခံနေကြ၏။ မိမိတို့ လူသားအချင်းချင်းလည်း ကယ်တင်နိုင်မည်ဟု ထင်သော ပုဂ္ဂိုလ်ကြီးများ၏ မ စ မှုကို မျှော်လင့်နေကြသည်။ ဓာတ်ပွင့်အောင်၊ စန်းပွင့်အောင် တောင်းဆိုနေကြသည်။ ကောင်းမှုမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံပါစေကြောင်း ရှိခိုးဦးတင်၍ တောင်းဆုပန်ဆင်နေကြ လေသည်။ တကယ်တော့မူ လူသားတစ်ဦး၏ ကောင်းမှု ဆိုးမှုကို လမ်းကြောင်းပြောင်း၍ တိမ်းစောင်းသွားအောင် ဘယ်ပုဂ္ဂိုလ်ကမှှ ရွက်ဆောင်မပေးနိုင်ပေ။ ဆုတောင်းပေး၍လည်း မရ။ ဤသဘော တရားကို ဗုဒ္ဓဘုရားရှင်ကလည်း ဟောကြားခဲ့ပါသည်။ ဗုဒ္ဓဘုရားရှင်သည် နာလန္ဒမြို့၊ ပါ၀ါရိက သရက်ဥယျာဉ်၌ သီတင်းသုံးနေစဉ် ရွာသူကြီးတစ်ယောက်က လျှောက်ထားခဲ့ဖူးသည်။ --- " အရှင်ဘုရား၊ ပစ္ဆာဘူမိအရပ်မှာ နေသော ပုဏ္ဏားတွေက လူတွေကို နတ်ဘဝ ရောက်အောင် လုပ်ပေးနိုင်သည်လို့ ဆိုပါသည်၊ အရှင်ဘုရားကော လုပ်ပေးနိုင်ပါ သလား၊ ရွာသူကြီး၊ ကျောက်တုံးကြီး တစ်တုံးကို ရေထဲ ပစ်ချလိုက်ပြီးနောက် လူတွေက ဝိုင်းပြီး အို ကျောက်တုံးကြီး၊ ရေပေါ်မှာ ပေါ်ပါလော့၊ ကုန်းပေါ်သို့ တက်ခဲ့ပါလော့၊ လို့ အကြိမ်ကြိမ် တောင်းဆိုလျှင် ကျောက်တုံးကြီး ပေါ်လာပါမည်လား၊ ကုန်းပေါ်တက်လာ ပါမည်လား၊ မပေါ်လာနိုင်ပါ၊ မတက်လာနိုင်ပါဘုရား၊ ရွာသူကြီး၊ ထောပတ်အိုးတစ်လုံးကို ရေထဲမှာ ခွဲလိုက်မည်ဆု်ိလျှင် အိုခြမ်းကွဲတွေက ရေထဲမှာ မြုပ်ပြီး ထောပတ်တွေက ရေပေါ်မှာ ပေါ်နေလိမ့်မည်၊ ဒီအခါမှာ လူတွေက ဝိုင်းပြီး ထောပတ်တွေ ရေအောက် နစ်မြုပ်ပါစေ၊ လို့ ဆုတောင်းကြလျှင် မြုပ်သွားပါမည်လား၊ မမြုပ်နိုင်ပါဘုရား၊ ရွာသူကြီး၊ ဒီဥပမာလိုပဲ၊ ကုသိုလ်ကောင်းမှု မလုပ်ဘဲ မကောင်းမှုတွေကို လုပ်နေပြီဆိုလျှင် ကောင်းရာဘဝ ရောက်ပါစေလို့ ဘယ်လိုပင် ဆုတောင်းသော်လည်း မရနိုင်ဘူး၊ ကောင်းမှုတွေ လုပ်နေသူကိုလည်း မကောင်းသည့်ဘဝ ခံရပါစေဆိုလို့ မရဘူး၊ ကောင်းမှု အကျိုးအတိုင်း ကောင်းသောဘဝကို ရရှိမည်သာတည်း၊ " ဤဒေသနာတော်ကို ကြည့်လျှင် လူသားတစ်ဦးအတွက် အခြားသူက ကယ်တင်၍ မရနိုင်ကြောင်း၊ ဆုတောင်း၍လည်း မရနိုင်ကြောင်း၊ သူတစ်ပါးက ဆုတောင်းပေး၍လည်း မရနိုင် ကြောင်း၊ မိမိဘဝကို မိမိသာလျှင် ဖန်တီးနိုင်ကြောင်း၊ မိမိကိုယ်ကိုသာလျှင် မိမိကယ်တင်ရှင်ဖြစ်ကြောင်း ရေပြင်မှာ လှေယာဉ်သွားသလို ထင်ရှားလေပြီ။
https://www.dhammaransi.com/index.php/new/411-2017-01-01-11-23-07.html
လောကုတ္တရာဂုဏ်ရည်
တစ်ခါသော် အနာထပိဏ်သူဌေးကြီးသည် ဘုရားရှင်ထံ မျက်ရည် လည်ရွဲနှင့် ရောက်ရှိလာခဲ့သည်။ အပြငး်အထန် မကျန်းမမာဖြစ်နေ သော သမီး သုမနဒေဝီက မိမိအား "မောင်လေး" ၊ သူ့ကိုယ်သူ "မမ" ဟုသုံးနှုန်းပြောဆိုအပြီးတွင် ကွယ်လွန်သွားပုံ ဖြစ်ကြောင်းကုန်စင်ကို လျှောက်ထားလေသည်။ ဘုရား သူဌေးကြီး၊ တကယ်တော့ သင့်သမီးဟာ ကယောင်ကတမ်းနဲ့ ယောင်ယမ်းပြီး လျှောက်ပြောနေတာ မဟုတ်ပါဘူး။ သူဌေး ဒါဆို ဘာဖြစ်လိုု ့တပည့်တော်ကို "မောင်လေး" လို ့ခေါ်ရတာ ပါလဲဘုရား။ ဘုရား သင်က သင့်သမီးထက်ငယ််လို ့ကို "မောင်လေး" လိုု ့ခေါ်ပေ တာပဲ။ သင်က သောတာပန်၊ သူက သကဒါဂါမ်၊ သင့်ထက် သင့်သမီးက မဂ်ဖိုလ်လောကုတ္တရာဂုဏ်အားဖြင့် ကြီးတယ် လေ။ လောကီနယ်မှာ သင်ဘယ်လိုပဲ ဖခင်အဆင့်မှာရှိစေ၊ လောကုတ္တရာ နယ်မှာတော့ မောင်လေးအဆင့်ပဲ ရှိပါသေး တယ်။ ဒါကြောင့် သင့်ကို "မောင်လေး" လို ့ခေါ်လိုက်တာပါ။ သူဌေး သဘောပေါက်ပါပြီဘုရား။ အခု သူဘယ်ဘုံဘဝ ရောက်နေ ပါသလဲဘုရား။ ဘုရား တုသိတာနတ်ပြည်မှာ ရောက်နေပေတယ် သူဌေးကြီး။ သူဌေး တပည့်တော်ရဲ ့သမီးဟာ အသက်ရှင်စဉ်မှာလဲ မိဘဆွေမျိုး တွေရဲ ့အလယ်မှာ တင့်တယ်ထည်ဝါစွာ စိတ်ချမ်းသာ ပျော်ရွှင်မှုအပြည့်နဲ ့နေသွားခဲ့ပါတယ်။ အခု သေသွားပြီးတဲ့ နောက်မှာလဲ တင့်တယ်ထည်ဝါတဲ့ ဘုံမှာ စိတ်ချမ်းသာ ပျော်ရွှင်စွာနဲ ့နေနေရပါပြီဘုရား။ ဘုရား ဟုတ်ပေတာပေါ့။ မမေ့တဲ့သူ အပ္ပမာဒတရား လက်ကိုင်ထား တဲ့ သူမှန်သမျှဟာ ဒီပစ္စုပ္ပန်ဘဝမှာလဲ စိတ်ချမ်းသာပျော်ရွှင်ရ တယ်။ နောင်တမလွန်ဘဝမှာလဲ စိတ်ချမ်းသာပျော်ရွှင်ရတယ်။ "ဒီဘဝမှာ ငါကောင်းမှုပြုထားပြီးပြီ" ဆိုတဲ့အတွေးနဲ့ ဝမ်းသာရ သလို နောင်ဘဝမှာ ကောင်းရာ သုဂတိ ရောက်ရတဲ့ အတွက် ပိုပြီး ဝမ်းသာရပါတယ်။ သူဌေး မှန်လှကြောင်းပါ အရှင်မြတ်ဘုရား။ သာဓု သာဓု သာဓ ု ကျမ်းကိုး။ ။ဆန္ဒာဓိက၊ အရှင် (ရွှေပါရမီတောရ)။ အနှိုင်းမဲ့ရနံ့
https://www.dhammaransi.com/index.php/new/412-2017-01-01-11-21-43.html
သရဏဂုံဆိုတာ
သရဏဂုံရဲ့ အကျိုးတွေတင်ထားပြီး သရဏဂုံအကြောင်း ပြည့်ပြည့်စုံမတင်ရသေးလို့ ရှာပြီး တင်ပေးလိုက်ပါတယ် ... သရဏဂုံ တည်သူသည် ဗုဒ္ဓဘာသာဝင်၊ ဗုဒ္ဓသာသနာဝင် ဖြစ်သည်။ သရဏဂုံအဓိပါယ် ══════════ ပါဠိဘာသာ သရဏဂမနကို မြန်မာလို သရဏဂုံ ဟုခေါ်သည်။ သရဏ = ကိုးကွယ်ရာ၊ အားကိုးရာ၊ အားထားရာ။ ဂမန = ယုံကြည်ဆည်းကပ်ခြင်း။ မြတ်စွာဘုရားသည် အားကိုးရာ သရဏ။ မြတ်စွာဘုရား၏ တရားတော်သည် အားကိုးရာ သရဏ။ သံဃာတော် အပေါင်းသည် အားကိုးရာ သရဏ။ လူတို့ အားကိုးရာ ဟူ၍ ယုံကြည် ဆည်းကပ်ခြင်းသည် ဂမန = ဂုံ။ ထို့ကြောင့် ဘုရား၊ တရား၊ သံဃာ၊ ရတနာ သုံးပါးကို အားကိုးရာ ဟူ၍ ယုံကြည် ဆည်းကပ်ခြင်းကို သရဏ ဂမန = သရဏဂုံ သုံးပါး ဟု ခေါ်သည်။ မြတ်စွာဘုရားကို အားကိုးရာ ဟူ၍ ယုံကြည် ဆည်းကပ်လျှင် ဗုဒ္ဓသရဏဂုံ တည်သည်။ မြတ်စွာဘုရား၏ တရားတော်ကို အားကိုးရာ ဟူ၍ ယုံကြည် ဆည်းကပ်လျှင် ဓမ္မသရဏဂုံ တည်သည်။ သံဃာတော် အပေါင်းကို အားကိုးရာဟူ၍ ယုံကြည်ဆည်းကပ်လျှင် သံဃသရဏဂုံ တည်သည်။ သရဏဂုံ တည်သူသည် ဗုဒ္ဓဘာသာဝင်၊ ဗုဒ္ဓသာသနာဝင် ဖြစ်သည်။ ဆောင်ပုဒ် ══════ ရတနာသုံးဖြာ၊ အားကိုးရာဟု၊ ဆည်းကပ်ပြု၊ ခေါ်မှု သရဏဂုံ။ သရဏဂုံ သုံးပါး၊ တည်သူများ၊ ရငြား ချမ်းသာစုံ။ ရှိခိုးတိုင်း သရဏဂုံ မဖြစ် ------------------------------- မည်သည့် ပုဂ္ဂိုလ်ကို မဆို ရှိခိုးတိုင်း သရဏဂုံ မဖြစ်၊ ယုံကြည်ဆည်းကပ်မှု မဟုတ်။ သီလ သမာဓိ ပညာ ကိုယ်ကျင့်တရားတို့နှင့် ပြည့်စုံ၍ မြင့်မြတ်သော ပုဂ္ဂိုလ်အဖြစ်ဖြင့် ရှိခိုးမှသာ သရဏဂုံ ဖြစ်သည်။ ယုံကြည် ဆည်းကပ်မှု ဖြစ်သည်။ ဆွေမျိုးဖြစ်၍ ရှိခိုးခြင်း ကြောက်၍ ရှိခိုးခြင်း ဆရာဖြစ်၍ ရှိခိုးခြင်း ဤ ရှိခိုးခြင်းများသည် သရဏဂုံ မဖြစ်။ မြတ်စွာဘုရားကိုပင် ဆွေမျိုးဖြစ်၍ ရှိခိုးလျှင် သရဏဂုံ မဖြစ်ပေ။ (ဒီ-ဋ္ဌ ၁၊ ၂၀၇) ဆောင်ပုဒ် ══════ ဆွေမျိုးအဖြစ်၊ ရှိခိုးလစ်၊ မဖြစ် သရဏဂုံ။ ကြောက်ရသူအဖြစ်၊ ရှိခိုးလစ်၊ မဖြစ် သရဏဂုံ။ ဆရာအဖြစ်၊ ရှိခိုးလစ်၊ မဖြစ် သရဏဂုံ။ ပုဂ္ဂိုလ်မြတ်ဟူ၊ ရှိခိုးမူ၊ ရယူ သရဏဂုံ။ သရဏဂုံ တည်က၊ ပါယ်လေးဝ၊ လားရ မရှိကုန်။ ရှိခိုးသော်လည်း သရဏဂုံမပျက် -------------------------------------- ရတနာသုံးပါးကို ယုံကြည်ဆည်းကပ်သဖြင့် သရဏဂုံတည်နေသော ဗုဒ္ဓဘာသာဝင် တယောက်သည် တခြားဘာသာမှ ဘုရား ဆိုသူများ၊ ဘုန်းကြီး ဆိုသူများကို ဆွေမျိုးဖြစ်ခြင်း၊ ဆရာဖြစ်ခြင်းကြောင့် ရှိခိုးသော်လည်း တည်ပြီးသားသရဏဂုံ မပျက်။ မြင့်မြတ်သောပုဂ္ဂိုလ်ဟု ယူဆ၍ ရှိခိုးမှသာ သရဏဂုံ ပျက်သည်။ (ဒီ-ဋ္ဌ ၁၊ ၂၀၇) သရဏဂုံ ညစ်နွမ်းခြင်း ၄ မျိုး ════════════════ ရတနာသုံးပါး၏ ဂုဏ်ကို မသိလျှင် ဖြစ်စေ အသိမှားလျှင် ဖြစ်စေ ယုံမှား သံသယ ရှိလျှင် ဖြစ်စေ ရတနာ သုံးပါးကို မရိုသေလျှင် ဖြစ်စေ သရဏဂုံ ညစ်နွမ်း၏။ သရဏဂုံ ညစ်နွမ်းလျှင် ကြီးကျယ် ဖွံ့ဖြိုးသော ကောင်းကျိုးကို မရနိုင်ပေ။ (ခုဒ္ဒကပါဋ္ဌ-ဋ္ဌ၊ ၇) ဆောင်ပုဒ် ═══════ ဘာသာတပါး၊ ကိုးကွယ်ငြား၊ ပျက်ပြား သရဏဂုံ။ သေဆုံးလေငြား၊ ထိုသူအား၊ ပျက်ပြား သရဏဂုံ။ သရဏဂုံ မတည်နိုင်သူ ═════════════ သရဏဂုံ တည်နေသူသည် တခြားဘာသာကို ပြောင်းလဲ ကိုးကွယ်မှုမပြုသမျှ မသေမချင်း သူ့ သန္တာန်၌ သရဏဂုံ တည်နေ၏။ သေလျှင်ကား သရဏဂုံ ပျက်သွားပေပြီ။ သေပြီးနောက် စိတ်မရှိတော့သော ဥတုဇ ရုပ်အလောင်း၌မူ သရဏဂုံ မတည်နိုင်ပေ။ စိတ်သည်လည်း ဥတုဇ ရုပ်ကြွင်းအနီး၌ မရှိတော့ပဲ နောက် တဘဝ၌ ဖြစ်ပျက် အစဉ်အတိုင်း ဖြစ်လျက် နေလေပြီ။ သရဏဂုံ ၂ မျိုး ════════ ပုထုဇဉ် ပုဂ္ဂိုလ်တို့၏ သန္တာန်၌ ယုံကြည်ဆည်းကပ်မှုဖြင့် တည်သော လောကီသရဏဂုံ၊ အရိယာတို့၏ သန္တာန်၌ မဂ်ဉာဏ်နှင့် အတူတကွဖြစ်သည်လာသော လောကုတ္တရာ သရဏဂုံ ဟု ၂ မျိုး ရှိ၏။ လောကီ သရဏဂုံသည် ညစ်လည်း ညစ်နွမ်း နိုင်၏။ ပျက်လည်း ပျက်စီးနိုင်၏။ လောကုတ္တရာ သရဏဂုံ သည် ညစ်လည်း မညစ်နွမ်း၊ ပျက်လည်း မပျက်စီးပေ။ (ခုဒ္ဒကပါဋ္ဌ-ဋ္ဌ၊ ၇) သရဏဂုံ အကျိုး ═════════ သရဏဂုံ တည်လျှင် ဘဝကောင်း ဘဝမွန်တွေကို ရခြင်း၊ စည်းစိမ် ဥစ္စာပြည့်စုံခြင်းမှ စ၍ ဆင်းရဲခပ်သိမ်း ငြိမ်းသည်အထိ ကောင်းကျိုးချမ်းသာကို ရရှိနိုင်၏။ နတ်ဖြစ်ရသော တံငါသည် ═══════════════ ရှေးက သီဟိုဠ်ကျွန်း၌ မဓုအင်္ဂဏ ရွာတွင် တမီလ် လူမျိုး တံငါသည် တယောက် ရှိ၏။ သူသည် နှစ်ပေါင်း ငါးဆယ်တိုင်တိုင် တံငါလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြီးနောက် အိုမင်းမစွမ်း ဖြစ်သောအခါ ရောဂါ နှိပ်စက်၍ အိပ်ရာထက်၌ လဲလျောင်း နေရ၏။ ရဟန်းတော်တစ်ပါးသည် ထို တံငါသည်နှင့် သိကျွမ်းသဖြင့် သေခါနီး တံငါသည်မှာ အနည်းငယ် မျှပင် ထောက်တည်ရာ ရစေတော့ ဆိုသော သဘောဖြင့် သူ့အိမ်သို့ ကြွသွား၏။ အိမ်သို့ ရောက်သောအခါ လူမမာ တံငါသည်ကို သရဏဂုံ ဆောက်တည် စေ၏။ တံငါသည်သည် သေဘေးကို ကြောက်သဖြင့် သရဏဂုံကို လိုလိုလားလား ခံယူ ဆောက်တည်၏။ ရဟန်းတော်က ဆက်လက်၍ ငါးပါးသီလ တိုင်ပေးသောအခါ လူမမာမှာ မေးခိုင်သွား၍ လိုက်မဆိုနိုင်တော့ပေ။ ရဟန်းတော်က သင့်လောက်ပြီဟု ဆိုကာ ကျောင်းသို့ ပြန်ကြွသွား၏။ မကြာမီပင် တံငါသည် ကွယ်လွန်၍ စတုမဟာရာဇ် နတ်ပြည်၌ နတ်စည်းစိမ်ချမ်းသာကို ခံစားရ၏။ ဤတံငါသည် နှစ်ပေါင်းငါးဆယ် ပြုလုပ်ခဲ့သော ပါဏာတိပါတ ( အာစိဏ္ဏကံ ) အကုသိုလ်ကို သေခါနီးမှ ပြုရသော ( အာသန္နကံ ) သရဏဂုံ ကုသိုလ်က တားမြစ်လိုက်ကာ ကောင်းကျိုးချမ်းသာကို ပေးခြင်းဖြစ်သည်။ ( အံ-ဋ္ဌ ၂၊ ၁၀၇ ) ၇ နှစ်သား ရဟန်းကလေး ═══════════════ ဝိပဿီ မြတ်စွာဘုရား လက်ထက်တော်အခါက ဆင်းရဲသော သူငယ်တယောက်သည် မျက်မမြင် မိဘ နှစ်ပါးကို ရိုသေစွာလုပ်ကျွေး ပြုစုလျက် နေ၏။ ဆင်းရဲလှသဖြင့် ဒါန စသော ကုသိုလ်များကို မပြုနိုင်ပဲ အဂ္ဂသာဝက တပါး ဖြစ်သော နိသဘမထေရ် ထံ၌ သရဏဂုံကိုသာ ခံယူဆောက်တည်လျက် အသက်ထက်ဆုံး နေထိုင်ခဲ့၏။ ထိုသူငယ် ကွယ်လွန်သောအခါ နတ်ပြည်၌ ဖြစ်ရ၏။ နောက်နောက် ဘဝများတွင်လည်း လူ့ချမ်းသာ၊ နတ်ချမ်းသာ တို့ကိုသာ လှည့်လည် ခံစားပြီးနောက် ဂေါတမ မြတ်စွာဘုရား ပွင့်တော်မူသော အခါ၌ သာဝတ္ထိပြည်တွင် သဌေးသား ဖြစ်လာ၏။ ပါရမီဓာတ်ခံ ပြည့်သူဖြစ်၍ အဖော်ကလေးများနှင့်အတူ ဇေတဝန် ကျောင်းတော်သို့ သွားရခြင်းကို အလွန် နှစ်သက်၏။ ရဟန္တာဖြစ်ပြီ တနေ့တွင် ဇေတဝန်ကျောင်းတော်သို့ သွားကြရာ ရဟန်းတော်တပါးက ကလေးများကို သရဏဂုံ ခံယူဆောက်တည် စေ၏။ သရဏဂုံ ဆောက်တည်ပြီးနောက် အဆိုပါ ကလေးငယ်သည် ရှေးဘဝက မိမိ တသက်လုံး သရဏဂုံ တည်ခဲ့သည်ကို ပြန်လည် သတိရ ဆင်ခြင်မိ၍ နှစ်သက်ဝမ်းမြောက်ခြင်း ပီတိတွေ အတိုင်းမသိ ဖြစ်ပေါ်လေ၏။ ထိုပီတိကို ဝိပဿနာ ရှုသောအခါ ခဏချင်းပင် ဝိပဿနာ ဉာဏ်တွေ ရင့်ကျက်၍ အရဟတ္တ မဂ်ဉာဏ်၊ အရဟတ္တ ဖိုလ်ဉာဏ်အထိ ရရှိပြီးလျှင် ရဟန္တာ အဖြစ်သို့ ရောက်ကာ ကိလေသာဆင်းရဲ လုံးဝ ငြိမ်းစဲ လေတော့၏။ (အပ-ဋ္ဌ ၂၊ ၃၉) သာသနာတော်၌ အသက် ၂၀ ပြည့်မှ ရဟန်းပြုခွင့် ရှိသော်လည်း ဤ ရဟန္တာကလေးကိုမူ မြတ်စွာဘုရားသည် အသက် ၇ နှစ်မှာပင် ရဟန်း ပြုပေးလေသည်။ သရဏဂုံတည်ခြင်း၏ အကျိုးတရားကား ကြီးမားလှ၏။ သရဏဂုံ အမှားများ ════════════ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးမှ တပါး တခြားတရား တခြား အရာကို မိမိတို့ ဆင်းရဲကို ငြိမ်းပေးနိုင်သည်ဟု ထင်မှတ်ကာ အားကိုးရာ အနေဖြင့် ယုံကြည် ဆည်းကပ် ကိုးကွယ်လျှင် မှားယွင်းသော ယုံကြည် အားကိုးမှု၊ မှားယွင်းသော ကိုကွယ်မှုသာ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထိုတရား ထိုအရာတို့၌ ဆင်းရဲငြိမ်းကြောင်း အကျင့်ကောင်း အကျင့်မှန် မရှိကြသောကြောင့်ပင်။ မြတ်စွာဘုရား လက်ထက်တော် အခါက အဂ္ဂိဒတ္တ ရသေ့ကြီးနှင့် တပည့် တသောင်းတို့သည် သစ်ပင်၊ တော၊ တောင်၊ သစ်သီး ဥယျာဉ်၊ ပန်း ဥယျာဉ်၊ နတ်ကွန်းတွေကို ကိုးကွယ်နေကြ၏။ မြတ်စွာဘုရားက သူတို့ ကိုးကွယ်နေကြသည်မှာ မှားယွင်းသော ကိုးကွယ်မှုတွေ ဖြစ်ကြောင်း၊ ဆင်းရဲကို မငြိမ်းစေနိုင်ကြောင်း၊ ရတနာသုံးပါးကို ယုံကြည် ကိုးကွယ်မှသာလျှင် အမှန်တရား လေးပါးကို သိ၍ ဆင်းရဲငြိမ်းစေနိုင်ကြောင်း ဟောကြားလျက် လမ်းမှန်ကို ပြပေးရ၏။ ထိုအခါမှ ပင် အဂ္ဂိဒတ္တနှင့် တပည့်အားလုံး အသိမှန် အမြင်မှန် ရကာ ရဟန္တာ ဖြစ်သွားကြ၏။ ( ဓမ္မ-ဋ္ဌ ၂၊ ၁၅၉ ) အမှားအမှန် ဝေဖန်နည်း မြတ်စွာဘုရား သက်တော် ၈၀ ပြည့်သည့်ည ပရိနိဗ္ဗာန် စံခါနီး၌ ကုသိနာရုံပြည် အင်ကြင်းဥယျာဉ်ကြီး အတွင်းဝယ် ကိုးကွယ်ရာ ဘာသာအယူဝါဒ အမှား အမှန် ဝေဖန် ရွေးချယ်နိုင်ရန် သုဘဒ္ဒပရိဗိုဇ် အား အောက်ပါ သဘောတရားကို ဟောကြားတော် မူခဲ့၏။ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်ပါသော ဘာသာအယူဝါဒ သည်သာလျှင် ကိလေသာကို ငြိမ်းစေ၏။ ကိလေသာ ငြိမ်းမှ ဆင်းရဲငြိမ်း၏။ ဆင်းရဲငြိမ်းမှ မှန်ကန်သော ဘာသာအယူဝါဒ၊ မှန်ကန်သော ကိုးကွယ်ရာ ဖြစ်၏။ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်မပါသော ဘာသာအယူဝါဒသည် ကိလေသာကို မငြိမ်းစေနိုင်။ ထို့ကြေင့် ဆင်းရဲကို မငြိမ်းနိုင်သဖြင့် မှန်ကန်သော ဘာသာ အယူဝါဒ မဟုတ်၊ မှန်ကန်သော ကိုးကွယ်ရာ မဟုတ်။ ထို့ကြောင့် မဂ္ဂင်ရှစ်ပါးကို အားထားကိုးကွယ်ရာ သရဏ = ဘာသာအယူဝါဒ မှန် မမှန် ခွဲခြား ဝေဖန်ရန် ဘာသာရေးစံ၊ သာသနာရေး မှတ်ကျောက် အဖြစ် မှတ်ယူ သင့်ပေသည်။ အကျင့်လမ်းမှန် မဂ္ဂင်ရှစ်တန် ════════════════ ပညာမဂ္ဂင် ၂ ပါး ---------------------- သမ္မာဒိဋ္ဌိ = မှန်စွာ သိမြင်မှု သမ္မာသင်္ကပ္ပ = မှန်စွာ ကြံစည်မှု သီလမဂ္ဂင် ၃ ပါး -------------------- သမ္မာဝါစာ = မှန်စွာ ပြောဆိုမှု သမ္မာကမ္မန္တ = မှန်စွာ ပြုလုပ်မှု သမ္မာအာဇီဝ = မှန်စွာ အသက်မွေးမှု သမာဓိမဂ္ဂင် ၃ ပါး ---------------------- သမ္မာဝါယာမ = မှန်စွာ ကြိုးစားအားထုတ်မှု သမ္မာသတိ = မှန်စွာ သတိရမှု သမ္မာသမာဓိ = မှန်စွာ စူးစိုက်တည်ငြိမ်မှု ဆောင်ပုဒ် ══════ ရွေးချယ်ကြ -------------- ဘာသာဝါဒ၊ ရွေးချယ်ကြ၊ မှန်မှ ကျိုးများသည်။ အယူဝါဒ၊ မှားယွင်းက၊ မုချ ကျိုးနည်းမည်။ အမှား အမှန်၊ ရွေးချယ်ရန်၊ စံမှန် ရှိရမည်။ မှတ်ကျောက်မှာတင်၊ စံမှာယှဉ်၊ ရွေးလျှင် မမှားပြီ။ မှတ်ကျောက်နှင့် စံ ---------------------- မဂ္ဂင်ရှစ်တန်၊ စံကောင်းမှန်၊ တင်ရန် မှတ်ကျောက် ဖြစ်ပေသည်။ ရှစ်ဖြာမဂ္ဂင်၊ ဘောင်မဝင်၊ ကျင့်စဉ် မှားလှသည်။ ရှစ်ဖြာမဂ္ဂင်၊ ဘောင်၌ဝင်၊ ကျင့်စဉ် မှန်လှသည်။ ကျင့်စဉ် မှန်မှ၊ ယူဝါဒ၊ ဒုက္ခ ငြိမ်းစေသည်။ ဒုက္ခ ငြိမ်းမှ၊ ထိုဝါဒ၊ မုချ စစ်မှန်သည်။ ဆင်းရဲ ငြိမ်းသူနှင့် မငြိမ်းသူ -------------------------------- မဂ္ဂင်ရှစ်ထွေ၊ ကျင့်သူတွေ၊ ကိလေ ငြိမ်းကြသည်။ ကိလေ ငြိမ်းမှ၊ ဝဋ်ဒုက္ခ၊ မုချ ငြိမ်းပေသည်။ မဂ္ဂင်ရှစ်ထွေ၊ မကျင့်ပေ၊ ကိလေ မငြိမ်းပြီ။ ကိလေ မငြိမ်း၊ ဆင်းရဲကိန်း၊ အေးငြိမ်းချမ်းသာ မရှိပြီ။ ချမ်းသာမဆောင်၊ တရားယောင်၊ ဝေးအောင် ရှောင်ရမည်။ စစ်မှန်သော ဘာသာဝါဒ ------------------------------ ဗုဒ္ဓသာသနာ၊ မဂ်ရှစ်ဖြာ၊ သေချာ ရှိပေသည်။ ရှစ်မဂ္ဂင်ပွါး၊ ကိလေများ၊ ငြိမ်းသွား ချမ်းသာသည်။ ထို့ကြောင့် ဗုဒ္ဓ၊ ယူဝါဒ၊ မုချ စစ်မှန်သည်။ ကြုံကြိုက်ခဲစွာ၊ သာသနာ၊ ကြုံလာ ရပေသည်။ ကြုံလာသော်လဲ၊ သင်ယူလွဲ၊ သင်ပဲ ဆင်းရဲမည်။ မလွဲစေချင်၊ ရှစ်မဂ္ဂင်၊ တွင်တွင် ပွါးရမည်။ မဂ္ဂင်ပွါးလျှင်၊ ကိလေစင်၊ ပြေးဝင် နိဗ္ဗာန်ပြည်။ မဂ္ဂင်ရှစ်ပါး ------------- သိမှန် ကြံမှန်၊ ပြောပြု မှန်နှင့်၊ ကောင်းမှန် သက်မွေး၊ ဖြူစင်ဖွေး၍၊ မှန်ရေး ကြိုးစား၊ မှန်ငြားသတိ၊ သမာဓိဟု၊ ဤသည့် ရှစ်ဖြာ၊ ကျင့်စဉ်ပါမူ၊ ဘာသာဝါဒ၊ ဝဋ်ဒုက္ခ၊ မုချ ငြိမ်းစေသည်။ ဥပါသကာ ဥပါသိကာ ════════════ စစ်မှန်သော အားကိုးရာ ကိုးကွယ်ရာ ဖြစ်သည့် ရတနာသုံးပါးကို ယုံကြည် ဆည်းကပ်သော အမျိုးသားကို ဥပါသကာ၊ အမျိုးသမီးကို ဥပါသိကာ ဟု ခေါ်သည်။ ဥပါသကာ = ရတနာသုံးပါးကို ယုံကြည် ဆည်းကပ်သူ အမျိုးသား။ ဥပါသိကာ = ရတနာသုံးပါးကို ယုံကြည် ဆည်းကပ်သူ အမျိုးသမီး။ ဆောင်ပုဒ် ══════ ရတနာသုံးရပ်၊ မြဲဆည်းကပ်မူ၊ ထိုသည့်သူ၊ မှတ်ယူ ဥပါသကာ။ ဥပါသကာ၏ သီလ ဥပါသကာ ဥပါသိကာ တို့သည် ( ၁ ) လက်နက်၊ ( ၂ ) လူ၊ ( ၃ ) သားငါး၊ ( ၄ ) အရက်သေစာ၊ ( ၅ ) အဆိပ် တို့ကို ရောင်းဝယ် ကုန်သွယ်ခြင်း မပြုရ။ ဤငါးမျိုးကို မိစ္ဆာဝဏိဇ္ဇာ = အပြစ် မကင်းသော ကုန်သွယ်မှု ဟု ခေါ်သည်။ ဤ မိစ္ဆာဝဏိဇ္ဇာနှင့် ကာယ ဒုစရိုက် ၃ ပါး၊ ဝစီ ဒုစရိုက် ၄ ပါးကို ရှောင်ကြဉ်၍ အသက် မွေးဝမ်းကျောင်း ပြုလျှင် ဥပါသက အာဇီဝ ပြည့်စုံ စင်ကြယ်တော့သည်
https://www.dhammaransi.com/index.php/new/413-2017-01-01-07-55-54.html
နိဗ္ဗာန် ထင်ရှားရှိမရှိ
မိလိန္ဒမင်းကြီးသည် နိဗ္ဗာန် ထင်ရှားရှိမရှိ မေးမြန်းလေရာ အရှင်နာဂသိန်မထေရ်သည် ရှင်းလင်းဖြေကြား တော်မူ၏။ မထေရ် မင်းကြီး၊ ကောင်းကင်နှင့် နိဗ္ဗာန်သည် ထင်ရှားရှိ၏။ သို ့သော် တစ်စုံတစ်ခုသော အကြောင်းကြောင့်မျှ မဖြစ်။ မင်းကြီး ဒီလိုဆို အရှင်ဘုရားသည် မရှိသော တရားကို နိဗ္ဗာန်ဟု ညွှန်ပြမိလေပြီ။ မထေရ် မင်းကြီး၊ နိဗ္ဗာန်သည် ရှိ၏။ မနောဝိညာဏ်ဖြင့် သိအပ်၏။ စင်ကြယ်မွန်မြတ်သော၊ အနှောင့်အယှက် အပိတ်အပင် ကင်းသော၊ ကာမဂုဏ် အာမိသကင်းသော စိတ်ဖြင့် ကောင်းစွာကျင့်သော အရိယာတို့သည် နိဗ္ဗာန်ကို သိနိုင် မြင်နိုင်၏။ မင်းကြီး အရှင်ဘုရား၊ နိဗ္ဗာန်သည် မရှိတရားမဟုတ်လျှင် နိဗ္ဗာန်ကို ဥပမာဖြင့် ပြတော်မူပါ၊ နိဗ္ဗာန်သည် အဘယ်သို့နည်း။ မထေရ် မင်းကြီး၊ လေဆိုသော အရာသည် ရှိသည်မဟုတ်လော။ မင်းကြီး ရှိပါသည်အရှင်။ မထေရ် လေသည် အဆင်းပုံသဏ္ဍာန် အကြီးအသေး အရှည်အတို အဘယ်သို ့ရှိပါသနည်း။ မင်းကြီး လေကိုညွှန်ပြရန် မဖြစ်နိုင်ပါ။ မထေရ် သို့ဆိုလျှင် လေမရှိသလော၊ လေသည် မရှိတရားလော။ မင်းကြီး လေသည် ရှိပါ၏။ လေကို ညွှန်ပြရန် မစွမ်းနိုင်ပါ။ သိုု ့သော် လေရှိသည်ကို နှလုံးသား၌ သိနေပါသည်။ နှာသီးဝ၌ တိုးနေ ပါသည်။ တိုးသော လက္ခဏာအားဖြင့် ထင်ရှားရှိကြောင်း သိနိုင်ပါသည်။ မထေရ် မင်းကြီး၊ နိဗ္ဗာန်သည်လည်း ဤသို့ပင်ဖြစ်၏။ ငြိမ်းချမ်းမှု ရရှိသည့် လက္ခဏာအားဖြင့် ထင်ရှားရှိကြောင်း သိနိုင် ၏။ လေကဲ့သို့ပင် အဆင်းအားဖြင့်လည်းကောင်း၊ ပုံသဏ္ဍာန်အားဖြင့်လည်းကောင်း ညွှန်ပြ၍ မဖြစ်နိုင်ပါ။ မင်းကြီး လက်ခံပါပြီ အရှင်ဘုရား။ ဆက်၍မေးလိုသည်မှာ နိဗ္ဗာန်သည် တည်ရာအရပ် ရှိပါသလော။ မထေရ် မင်းကြီး၊ နိဗ္ဗာန်သည် တည်ရာအရပ်မရှိပါ။ မင်းကြီး နိဗ္ဗာန်သည် တည်ရာအရပ်မရှိငြားအံ့၊ နိဗ္ဗာန်သည် မရှိနိုင်။ နိဗ္ဗာန်ကို မည်ကဲ့သို ့မျက်မှောက်ပြု နိုင်အံ့နည်း။ မထေရ် မင်းကြီး၊ နိဗ္ဗာန်သည် အမြဲစွဲတည်နေသည့် နေရာအရပ် မရှိ သော်လည်း နိဗ္ဗာန်သည် ရှိ၏။ ကောင်းစွာ ကျင့်သော နှလုံး သွင်းမှုဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြု နိုင်၏။ ဥပမာ- မီးသည် ထင်ရှားရှိ၏။ ထိုမီး၏ အမြဲအစွဲ တည်နေရာအရပ်သည် မရှိသလိုဖြစ်၏။ ကျောက်ခဲနှစ်လုံး ခတ်မှ ဝါးနှစ်လုံးပွတ်မှ မီးရသလိုဖြစ်၏။ စကြာမင်းတို ့ရအပ်သော စကြာရတနာ၊ မိဖုရားရတနာ၊ သူကြွယ်ရတနာ၊ ဆင်ရတနာ၊ မြင်းရတနာ အစရှိသော ရတနာ (၇) ပါးတို့သည်လည်း တည်ရာအရပ် မရှိပါပေ။ မင်းကျင့်တရား ကောင်းမွန်သူတို့ထံ ကပ်ရောက်လာကြ ကုန်၏။ ထို့အတူ နိဗ္ဗာန်သည် သင့်လျော်သော နှလုံး သွင်းမှုဖြင့် အားထုတ်ကျင့်ကြံသူတို့သာ နိဗ္ဗာန်ကို မျက် မှောက်ပြုနိုင် ကြကုန်၏။ မင်းကြီး လက်ခံပါပြီ အရှင်ဘုရား။ စာကိုး။ ဇဝန၊ အရှင် (မေတ္တာရှင်)။ လူငယ်များအတွက် ဂမ္ဘီရဝိပဿနာ (တွဲ၃+၄)။ ၂ဝဝရ။
https://www.dhammaransi.com/index.php/new/414-2017-01-01-07-54-45.html
ကိုယ့်ကိုယ်ကို ရှာခြင်း
မြတ်စွာဘုရားသည် ဣသိပတနတွင် ဓမ္မစကြာတရား ဟောကြားအပြီး ဗုဒ္ဓဂယာဘက်သိုု ့ပြန်ကြွလာ တော်မူသည်။ လမ်းခရီး၌ တောအုပ်တစ် အုုပ်တွင်းမှ သစ်ပင်တစ်ပင်ရင်းတွင် ခေတ္တအနားယူနေစဉ် လူတစ်အုပ် ရောက်ရှိလာသည်။ မဟာကောသလမင်းကြီး၏ သားတော်မင်းသား သုံးဆယ်ပါဝင်သည့် ဘဒ္ဒဝဂ္ဂိယ အုပ်စုတိုု ့ဖြစ်သည်။ မင်းသားများ အရှင်ဘုရား၊ အမျိုးသမီး တစ်ယောက်ကို တွေ့လိုက်ပါသလား။ ဘုရား အသင်တို့က အမျိုးသမီးကို ဘာဖြစ်လို ့လိုက်ရှာနေကြတာ တုန်း၊ အသင်တို့ရဲ ့ပြဿ နာက ဘာများလဲ၊ ပြောပါဦး။ မင်းသားများ အဲဒီအမျိုးသမီးကို ဇနီးမရှိတဲ့ မင်းသားအတွက် ငှါးရမ်းလာ ခဲ့ပြီး တောထဲကို မင်းသားများနဲ ့ ဇနီးများ ပျော်ပွဲစား ထွက်ခဲ့ ကြပါတယ်။ သူဟာ လက်ဝတ်ရတနာတွေကို ယူပြေးသွား တဲ့အတွက် လိုက် ရှာနေကြတာ ဖြစ်ပါတယ် ဘုရား။ ဘုရား သင်မင်းသားတို့၊ အမျိုးသမီးကို လိုက်ရှာတာရယ်၊ ကိုယ့် ကိုယ် ကို ရှာတာရယ်၊ ဒီနှစ်ခုမှာ ဘယ်ဟာက ကောင်းမြတ် သလဲ။ မင်းသားများ အရှင်ဘုရား၊ သူများကို ရှာတာထက် ကိုယ့်ကိုယ်ကို ရှာတာက ပိုကောင်းမြတ်ပါတယ်ဘုရား။ ဘုရား အေး၊ အဲဒါဆိုရင် ထိုင်ကြ၊ ငါတရားဟောမယ်။ မြတ်စွာဘုရားသည် မင်းသားများ၏ စိတ်ဓါတ်များ ဖြူစင်သွားစေရန် မှတ်လွယ်သော တရားများကို ဦးစွာ ဟောကြားတော်မူသည်။ စိတ် များ ကြံ့ခိုင်လာပြီဆိုမှ သစ္စာလေးပါး အမြင့်တရားကို ဆက်လက် ဟောကြားတော့သည်။ မင်းသားများသည် ရဟန်းအဖြစ်ကို တောင်း ဆိုကြလေရာ မြတ်စွာဘုရားက ရဟန်းခံ ပေးတော်မူလိုက်သည်။ နောင်အခါတွင် ထိုရဟန်းများ သာဝတ္ထိပြည်ရှိ မြတ်စွာဘုရားထံ လာရောက်ကြလေရာ အနမတဂ္ဂ ဒေသနာဖြင့် သံသရာဟူသည် ငြီးငွေ့သင့်ပြီဖြစ်ကြောင်း ဟောကြားတော်မူသည်။ တရားတော် အဆုံးတွင် အားလုံးသော ရဟန်းသုံးဆယ်သည် ရဟန္တာများဖြစ် သွားကြလေ၏။ စာကိုး။ နန္ဒမာလာဘိဝံသ၊ ဒေါက်တာဘဒ္ဒန္တ (ပါ-ချုပ်)။ ရှာဖွေခြင်းနှင့် ရရှိခြင်း တရားတော်
https://www.dhammaransi.com/index.php/new/415-2017-01-01-07-53-11.html
မေတ္တာစွမ်းပကား
ရှေးအခါက ဗာရာဏသီပြည်၌ ဘုရားအလောင်းတော် ဃဋမင်းသည် တရားနှင့်အညီ အုပ်ချုပ်စိုးစံကာ နေ၏။ ပြစ်မှုကျူ းလွန်သဖြင့် တိုင်းပြည် မှ နှင်ထုတ်ခံရသော အမတ်တစ်ဦးသည် သာဝတ္ထိပြည့်ရှင် ဓင်္ကမင်းထံ သွားရောက်ခစားသည်။ ထီးနန်းပြိုင်ဖြစ်သော ဗာရာဏသီပြည်ကို သိမ်းပိုက်ရန် အကြံ ပြုသည်။ မည်သူ့ကိုမျှ မသေစေလိုသည့် ဃဋမင်းသည် ချီတက်လာသော ဓင်္ကမင်းအား အသာတကြည်ပင် နိုင်ငံကို ပေးအပ် လိုက်သည်။ ဃဋမင်း ထောင်သွင်းအကျဉ်းချခံရ၏။ တိုင်းရေးပြည်မှု ကိစ္စမှ အနားရကာ အေးချမ်းစွာ ဘာဝနာပွါးခွင့် ရသဖြင့် ဓင်္ကမင်းအား ကျေးဇူးတင်ဖွယ် ဖြစ်သည်ဟု နှလုံးသွင်းလျက် မေတ္တာကမ္မဋ္ဌာန်းကို မပြတ်တမ်း ပွါးများလျက်သာ နေတော့သည်။ ဓင်္ကမင်းမှာမူ မခံရပ်နိုင် အောင် တစ်ကိုယ်လုံး ပူလောင်ကာ အိပ်စားမရဖြင့် အလွန်ပင်ပန်း ညှိုးနွမ်းနေလေသည်။ ဃဋမင်း အခြေအနေကို သိလို၍ သွားရောက် တွေ့ဆုံသည်။ ဓင်္ကမင်း တစ်ပါးသော သူတွေဟာ အချုပ်အနှောင်ခံရရင် စိုးရိမ်ပူပန်မှု ကြောင့် ခန္ဓာကိုယ် ညှိုးနွမ်းပိန်ချုံး တတ်ကြပါတယ်။ သင်က တော့ စိုးရိမ်ကြောက်လန့်ခြင်း အလျင်းမရှိပါ။ မျက်နှာမှာလဲ လပြည့်ဝန်းလို ကြည်လင်ဝင်းပနေပါတယ်။ ဘာကြောင့်ပါလဲ။ ဃဋမင်း ကျွနု်ပ်ဟာ အချုပ်အနှောင် ခံနေရပေမယ့် သင့်အားဖြစ်စေ၊ အမတ်အားဖြစ်စေ၊ ဘယ်သူ့ကိုမျှ အာဃာတမထားပါ။ အေးအေးလူလူ မေတ္တာပွားခွင့် ရတဲ့အတွက် သင်တို့အား ကျေးဇူးပင် တင်မိပါတယ်။ ဓင်္ကမင်း ကျွနု်ပ်ကား သူတော်ကောင်းအား ပြစ်မှားမိပါပြီ။ ကာမဂုဏ် စည်းစိမ်တွေ ခံစားနေရပေမယ့် မပျော်ပိုက်ဘဲ ပူလောင်လို့ သာ နေရပါတယ်။ ကျွနု်ပ်အား မေတ္တာထားကာ ချမ်းသာစွာ နေတတ်အောင် ညွှန်ပြပေးတဲ့အတွက် ကျေးဇူးတင်လို ့ မဆုံးပါ။ ကျူးလွန်မိသမျှကို ခွင့်လွှတ်ဖိုု ့ရှိခိုးတောင်းပန်ပါတယ်။ သင့်ရဲ ့ နိုင်ငံနဲ ့ထီးနန်းကို ဒီကနေ ့မှာပဲ ပြန်လည်အပ်နှံ ပါရစေတော့။ ဃဋမင်းသည် ထီးနန်းကို ပြန်လည်ရရှိသော်လည်း မပျော်ပိုက်တော့ သဖြင့် မှူ းမတ်များအား တိုင်းပြည်ကို လွှဲအပ်ကာ တောထွက်တော်မူ ခဲ့၏။ ရသေ့ဝတ်ကာ ဗြဟ္မဝိဟာရတရားလေးပါးကို အစဉ်ပွားများသဖြင့် စျာန်ချမ်းသာကို ခံစားရလေသည်။ သေလွန်သော် ဗြဟ္မာပြည်သို့ လားရ၏။ ဤသည်မှာ မေတ္တာစွမ်း ပကားပင် မဟုတ်ပါလော။ စာကိုး။ ဇဝန၊ အရှင် (မေတ္တာရှင်)။ မေတ္တာအစွမ်း အံ့မခန်း။
https://www.dhammaransi.com/index.php/new/416-2017-01-01-07-51-22.html
ပရဟိတစိတ်ဓါတ်
တစ်ရံခါသော် မြတ်စွာဘုရားသည် စာတုမာရွာ သျှစ်သျှားတော၌ သီ တင်းသုံးနေတော်မူသည်။ အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂ လ္လာန်တို့ ဦးဆောင်သည့် ဘုရားဖူးရဟန်းတော် ငါးရာအဖွဲ ့ရပ်ဝေးမှ ရောက်ရှိလာကြသည်။ ဆူဆူညံညံအသံများ ပြုမှုကြောင့် ဘုရားရှင်က ခရီးရောက်မဆိုက်ပင် ကျောင်းတိုက်မှ နှင်ထုတ်လိုက်သည်။ ဒေသ အကြီးအကဲများနှင့် သဟမ္ပတိဗြဟ္မာ၏ တောင်းပန်လျှောက်ထားမှု ကြောင့် ပြန်လည်လက်ခံတော်မူအပြီးတွင် အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလ္လာန်တို့၏ ထိုစဉ်ကဖြစ်ပေါ်ခဲ့သော စိတ်ဓါတ်ကို မေးမြန်းတော်မူ၏။ ဘုရား သင်တို့အား ငါဘုရား နှင်ထုတ်လိုက်ချိန်မှာ ဘယ်လိုစိတ်များ ဖြစ်ပေါ်ခဲ့ကြလေသလဲ။ သာရိပုတ္တရာ အခုအချိန်မှာ မြတ်စွာဘုရားဟာ ကိစ္စအလုံးစုံကို လျစ်လျူ ရှု ပြီး ဖလသမာပတ် ချမ်းသာနဲ ့အေးချမ်းစွာ နေတော်မူတော့မယ်။ မိမိသည်လည်း တခြားသော ကိစ္စများမှာ ကြောင့်ကြ မစိုက် တော့ဘဲ ဖလသမာပတ်ချမ်းသာနဲ့ပဲ အေးအေးဆေးဆေး နေတော့မယ်ဆိုတဲ့စိတ် ဖြစ်မိပါတယ်ဘုရား။ ဘုရား ခဏလောက်နေပါဦး၊ သာရိပုတ္တရာ၊ ဖလသမာပတ် ချမ်းသာနဲ ့ တစ်ကိုယ်တော် အေးအေးဆေးဆေးနေလိုစိတ်ကို ဆိုင်းငံ့ထား လိုက်ပေဦးတော့။ မောဂ္ဂလ္လာန် မြတ်စွာဘုရားဟာ ရဟန်းတော်တွေကို နှင်ထုတ်လိုက်ပြီ ဖြစ်တယ်။ အခုအခါမှာ မြတ်စွာဘုရားဟာ တခြားကိစ္စတွေ အားလုံးကို လျစ်လျူ ရှုကာ ဖလသမာပတ်နဲ့ပဲ အေးချမ်းစွာ နေတော်မူတော့မယ်။ ဒါကြောင့် ဒီလိုအချိန်မျိုးမှာ ရဟန်း တော် တွေကို မိမိနဲ့ အရှင်သာရိပုတ္တရာတို့နှစ်ပါး အတူပူးတွဲကာ ဦးဆောင်ရမှာဖြစ်တယ်။ ရဟန်းတော်များရဲ့ကိစ္စအဝဝကို မိမိနဲ့ အရှင်သာရိပုတ္တရာတို့ကသာ ကြောင့်ကြစိုက်ရတော့မှာ ဖြစ်တယ်ဆိုတဲ့စိတ် ဖြစ်မိပါတယ်ဘုရား။ ဘုရား ကောင်းလိုက်လေစွ၊ ကောင်းလေစွ၊ ရဟန်းတော်များကို ငါ ဘုရားက ဖြစ်စေ၊ သာရိပုတ္တရာနဲ ့မောဂ္ဂလ္လာန်တို့က ဖြစ်စေ ကြောင့်ကြစိုက်ရမှာ အမှန်ပင်ဖြစ်ပေတယ်။ ဤသို့လျှင် မြတ်စွာဘုရားရှင်သည် တစ်ဦးတစ်ယောက်ကောင်းစိတ်ကို တားမြစ်လျက် အများအတွက် တာဝန်ယူလိုသော ပရဟိတ စိတ်ဓါတ်ကို နှစ်သက် ချီးကျူးတော်မူခဲ့ လေသည်။ စာကိုး။ ဆန္ဒာဓိက၊ အရှင် (ရွှေပါရမီတောရ)။ နှလုံးသားမိတ္တူ
https://www.dhammaransi.com/index.php/new/417-2017-01-01-07-48-16.html
ချမ်းသာစွာအိပ်စက်ရခြင်း
အလွန်အေးမြသော ဆောင်းဥတု တစ်ခုတွင် မြတ်စွာဘုရားရှင်သည် ရင်းတိုက်တောထဲရှိ အရွက်ကျဲကျဲ ရင်းတိုက်ပင်ကြီးတစ်ပင်၏ အောက်၌ သီတင်းသုံးနေတော်မူသည်။ နံနက်စောစောလမ်းလျှောက်ထွက်လာသည့် ဟတ္ထကမင်းသားသည် မြတ်စွာဘုရားကို မြင်လေရာရှိခိုးဦးချကာ မေးမြန်း လေသည်။ မင်းသား အရှင်ဘုရား၊ ညကချမ်းချမ်းသာသာ အိပ်စက်ရပါရဲ့လား။ ဘုရား အေး၊ ငါချမ်းချမ်းသာသာ အိပ်ရပါတယ်။ လောကမှာ ချမ်းချမ်းသာသာ အိပ်ရတဲ့အထဲမှာ ငါဟာတစ်ယောက် အပါအဝင် ဖြစ်ပေတယ်။ မင်းသား အရှင်ဘုရား၊ ရာသီကလဲ ဆောင်းရာသီ၊ ရက်ကလဲ အအေး ဆုံးဖြစ်တဲ့ ရက်ထဲမှာ ရောက်နေပါတယ်။ ပီးတော့၊ လေကလဲ တဟူးဟူး တိုက်နေပါတယ်။ ပတ်ဝန်းကျင်မှာလဲပဲ မြေက မညီမညာ နွားခွါဆူး တွေနဲ ့ ချွန်တက်ပြီးတော့ နေပါတယ်။ အရှင်ဘုရား သီတင်းသုံး နေတဲ့ ရင်းတိုက်ပင်ဟာ အရွက်တွေ အလွန်ကျိုးတိုးကျဲတဲနဲ ့ အုပ်အုပ်ဆိုင်းဆိုင်း မရှိပါဘူး။ အောက် က ခင်းထားတဲ့ မြက်ခင်းကလဲ ပါးပါးကလေးရယ်ပါ။ ဒီလို နေရာမျိုးမှာ ချမ်းချမ်းသာသာ အိပ်စက်ရ တယ်လို့ဆိုတာ ဘယ်လိုအဓိပ္ပါယ်ပါလဲ ဘုရား။ ဘုရား အေး၊ မင်းကမေးတော့ ငါဖြေရမယ်။ ငါပြောမယ်၊ အလွန် ကြွယ်ဝတဲ့ သူဌေး ဒါမှမဟုတ် သူဌေးသား တစ်ဦးဟာ လှပ ဆန်းကြယ်တဲ့ တိုက်ကြီးတစ်တိုက်ကို တည်ထားတယ်။ တံခါးတွေ၊ လေသာ ပြတင်းတွေကို တပ်ဆင်ထားတယ်။ တိုက်ထဲမှာလဲ မွေးရှည်ကော်ဇော ကြီးတွေခင်းလို့၊ အိပ်စက်ရာ သလွန်ညောင်စောင်းကလဲ အင်မတန်မှ ခန်းနားတယ်။ အိစက်ညက်ညောတဲ့ အိပ်ရာကြီးပေါ်မှာအိပ်၊ ဘေးကလဲ ဇနီးလေးယောက်က ခြံရံပြီး ပြုစုနေတယ်။ တစ်ညလုံးလဲ ဆီမီးကလေး ထွန်းထားတယ်။ ဒီလို အနေအထားမျိုးနဲ ့ အိပ်စက်နေရတဲ့ သူကို မင်းဘယ်လိုထင်သလဲ။ သိပ်ချမ်းချမ်း သာသာနဲ ့ အိပ်ရမယ်လို ့မင်း ထင်သလား။ မင်းသား အရှင်ဘုရား၊ ဒီလို စည်းစိမ်မျိုးနဲ ့ ဒီလို အခြေအနေမျိုးမှာ အိပ်ရမယ် ဆိုရင် အလွန်ချမ်းချမ်းသာသာ အိပ်ရမှာ ဖြစ် ပါတယ်။ ဘုရား ဒီသူဌေးသားမှာ ရာဂစိတ်တွေ ဖြစ်ပွားလာရင် စိတ်နှလုံးကို ပူပန်စေတတ်တယ်။ ကိုယ်ဆင်းရဲကိုလဲ ဖြစ်စေတတ်တယ်။ အဲဒီ အပူတွေ ရှိနေမယ်ဆိုရင် ဘယ်လောက်ကောင်းတဲ့ အိပ်ရာပေါ်မှာပဲ အိပ်ရ၊ အိပ်ရ ချမ်းချမ်းသာသာ အိပ်ရတယ် ဆိုတာ ဖြစ်နိုင်ပါ့မလား။ ငါဟာ အဲဒီ ဆင်းဆင်းရဲရဲ အိပ်စက် ရခြင်း အကြောင်းဖြစ်တဲ့ ရာဂတရားကို အလျဉ်းပယ်ထားပြီး သား ဖြစ်တယ်။ ဒါကြောင့် ငါဟာ ချမ်းချမ်း သာသာ အိပ်စက် ရတာ ဖြစ်တယ်။ နောက်ပီး ငါ့မှာ တအုံနွေးနွေး ရင်ကို ပူနွေး စေ၊ ပူလောင်စေတတ်တဲ့ ဒေါသတရားလဲ မရှိဘူး၊ လုံးဝဖယ် ရှားထား ပြီးသား ဖြစ်တယ်။ ဒါကြောင့် ငါ့ရဲ့ရင်ဟာ အေးနေ တဲ့အတွက် ချမ်းချမ်းသာသာ အိပ်စက်ရတယ်။ ထို့အတူပဲ အမှန်မသိဘဲ ပူလောင်မှုကို ဖြစ်စေတတ်တဲ့ မောဟတရားကို ငါ့သန္တာန်မှာ အကြွင်းအကျန် မရှိအောင် ဖယ်ရှားထားပြီးသား ဖြစ်တယ်။ ငါ့ရဲ့ သန္တာန်မှာ နှလုံးသားကို ပူလောင်စေတတ်တဲ့ ရာဂ၊ ဒေါသ၊ မောဟနဲ ့ တခြားအကုသိုလ်တရားတွေ ဘာမျှ မရှိဘူး၊ နှလုံးသား ဟာ ကြည်လင်အေးမြပြီး ငြိမ်းချမ်းနေတယ်။ ဒါကြောင့် ဘယ်နေရာ၊ ဘယ်အခါမှာပဲဖြစ်ဖြစ်၊ ငါ့ရဲ့နားနေ အိပ်စက်မှုဟာ ချမ်းသာနေတယ်။ မင်းသား မှန်လှပါ၊ ချမ်းသာစွာ အိပ်စက်ရခြင်းကို ကောင်းစွာ နားလည် သဘောပေါက်ပါပြီ အရှင်ဘုရား။ စာကိုး။ နန္ဒမာလာဘိဝံသ၊ ဒေါက်တာဘဒ္ဒန္တ။ ချမ်းသာစွာအိပ်စက်ရခြင်း တရားတော်။
https://www.dhammaransi.com/index.php/new/418-2017-01-01-06-30-26.html
အချိန်လွန်မှ ဆွမ်းတော် စွန့်ခြင်း
အရှင်ဘုရားတပည့်တော်မမေးချင်တာလေးရှိလို့ပါဘုရား အရှင်ဘုရားဖြေပေးမယ်ဆိုရင် တကယ်ကို ဝမ်းသာမိမှာပါဘုရား။ တပည့်တော်မတို့ကအလုပ်ကို မနက်အစောကြီးသွားညမိုးချုပ်မှပြန်ရောက်ပါ တယ်ဘုရား။ အလုပ်မသွားခင်မှာ ဆွမ်းတော်နဲ့သောက်တော်ရေချမ်းကိုအမြဲကပ်လှူပါတယ်။ ညမိုးချုပ်ပြန်ရောက်မှပဲစွန့်ရပါတယ်ဘုရား။ အဲ့ဒီ့အတွက်တပည့်တော်မစိတ်ထဲမတင်မကျဖြစ်မိပါတယ်။ ပြန်ရောက်မှစွန့်ရတဲ့အတွက်ကုသိုလ်မရ ငရဲရမှာကြောက်ပါတယ်ဘုရား။ မိုးချုပ်မှစွန့်ကောင်းလား။မစွန့်ကောင်းလားသိချင်ပါတယ်ဘုရား။ (ပန်းအိမ် စံ ) . . လူတွေမှာ ရှစ်ပါးသီလဆောက်တည်ထားပါလျှင် ညစာမစားရပါဘူး။ ထုုိ့ကြောင့် မြတ်စွာဘုုရားရှင်ကုုိ ဆွမ်းတော်တင်တာကောင်းပါတယ်။ ဒါပေမယ့် ၁၂နာရီမကျော်ခင်စွန့်ပါလုုိ့ အကြံပြုပါတယ်။ ကုုိယ်တုုိင်မစွန့်နုုိင်ပါလျှင် အိမ်မှာရှိသူတစ်ဦးဦးအား စွန့်ခုုိင်းစေချင်ပါတယ်။ သုုိ့မဟုုတ် ရုုံးမသွားခင် အရုုဏ်ဖြစ်ဖြစ်သော်လည်းကောင်း၊ ချက်ပြုတ်ပြီးစီး လျှင်သော်လည်းကောင်း ဆွမ်းတော်တင်ပြီး ရုုံးသွားခါနီးစွန့်နုုိင်ပါတယ်။ ဒကာမ။ ညနေထိတော့ မထားကောင်းပါ။ အရုုဏ်ဆွမ်းကပ်လျှင်လည်း အရုုဏ်တက်မှသာ ကပ်ကောင်းပါ၏။ အရုုဏ်မတက်ဘဲကပ်ပါက ညဆွမ်းလုုိဖြစ်ပြီး အပြစ်ဖြစ်နုုိင်ပါသည်။ အရုုဏ်တက်ချိန်က လစဉ်ပြောင်းလဲလေ့ရှိသဖြင့် အနည်းဆုုံး လစဉ်နံနက် ၅း၃ဝလောက်ကပ်မှ သင့်တော်မည်ဖြစ်ပါသည်။ ၄း၃၀ ၄း၄၀ ၅နာရီစသည်ဖြင့် အရုုဏ်တက်ချိန် လစဉ်ပြောင်းလဲလေ့ ရှိသည်ကုုိ သတိပြုအပ်၏။ ထုုိကြောင့် မယုုတ်မလွန် လစဉ်နံနက်(၅း၃၀)နာရီဆုုိပါလျှင် ကပ်မည်ဆုုိပါက လစဉ်လတုုိင်း အဆင်ပြေမည်ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆုုိသော် အကယ်၍ (၄း၃၀)ကုုိ လစဉ်လတုုိင်းကပ်မည်ဆုုိပါက (၅)နာရီ၊ (၅း၁၀)နာရီ စသည့်ဖြင့် အရုုဏ်တက်သည့်လများတွင် ကုုိယ်က (၄း၃၀)လစဉ်လတုုိင်းကပ်မိပါက ညဆွမ်းလုုိဖြစ်ပြီး အပြစ်ဖြစ်နုုိင်သော ကြောင့်ဖြစ်ပါသည်။ . အချုပ်အားဖြင့် နေ့ဆွမ်းဆုုိလျှင်​ နေ့လည်၁၂နာရီမထုုိးခင်စွန့်သင့်ပြီး အရုုဏ်ဆွမ်းဆုုိပါလျှင် ​ေ​ရှ့လွတ်၊နောက်လွတ်(၅း၃၀)နာရီလောက်ကပ်သင့်ကြောင်း ဖြေကြားလုုိက်ပါသည်။ သစ်သီးဆွမ်းများကုုိလည်း ထုုိနည်းအတူမှတ်ပါ။ ရှေးက မသိခဲ့လုုိ့ မစွန့်မိတာကုုိ စိတ်ထဲ စွဲလန်းမထားဘဲ ယခုုသိလုုိက်သည့်အချိန်တွင် နောက်မလုုပ်မိအောင်သာ ဂရုုစုုိက်ပါ။ သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လုုိရာဆန္ဒများ တစ်လုုံးတစ်ဝတည်းပြည့်ဝပါစေ။ အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသုုိလ်
https://www.dhammaransi.com/index.php/new/419-2017-01-01-06-21-54.html
ဋ္ဌာန်းနှစ်ပင် တစ်ပင်စိုက်ပါ
“လူရယ်လို့ဖြစ်လာရင် ဋ္ဌာန်းနှစ်ပင်ထဲက တစ်ပင်တော့ စိုက်ရတယ်” (စစ်ကိုင်း ပဋ္ဌာန်းသိပ္ပံဆရာတော်) ထန်းပင်လို့ပြောလိုက်ရင် အဇူဇာကျောင်းဝင်ခါနီး လမ်းတစ်လျှောက်မှာ တန်းစီစိုက်ထားတဲ့ထန်းပင်တွေကို ပထမဆုံး ပြေးမြင်မိပါတယ်။လမ်းထဲဝင်လိုက်တာနဲ့ မွန်ပြည်နယ်ကျိုက်မရောမြို့လေးကိုရောက်သွားရသလိုပါပဲ။ တစ်ခါတလေ အဇူဇာကျောင်းလာတဲ့အခါ လမ်းပျောက်နေရင် ထန်းပင်တွေ စိရရီရှိနေတဲ့လမ်းမြင်လိုက်ရမှပဲ စိတ်အေးရတော့တာပါ။အဇူဇာကျောင်းလာတိုင်းမကြာခဏလမ်းပျောက်နေတတ်လို့ပါ။ ကိုယ်က ထန်းပင်နဲ့တူလို့ ထန်းပင်လို့ ပြောလိုက်ရပေမယ့် ထန်းပင်တော့ ဟုတ်ဟန်မတူပါဘူး။ သူ့ရဲ့အခေါ်အဝေါ်တစ်ခုတော့ ရှိနေမှာပါ။ ထန်းပင်စိုက်ဖို့ပြောတော့ ကိုယ့်ကျောင်းမှာပဲဖြစ်ဖြစ် ကိုယ့်အိမ်မှာပဲဖြစ်ဖြစ်တစ်ပင်မကပါဘူး။ ကြိုက်သလောက်စိုက်လို့ရပါတယ်။ ပဋ္ဌာန်းသိပ္ပံဆရာတော်ပြောတဲ့ ဋ္ဌာန်းနှစ်ပင်ဆိုတာက သစ်ပင်မျိုးနွယ် ထန်းပင်ကို ပြောတာမဟုတ်ပါဘူး။ ကမ္မဋ္ဌာန်းဆိုတဲ့ဋ္ဌာန်းပင်ရယ်၊ ပဋ္ဌာန်းဆိုတဲ့ ဋ္ဌာန်းပင်ရယ်ကို ပြောတာပါ။ လိုရင်းကတော့ ကမ္မဋ္ဌာန်းရယ်၊ ပဋ္ဌာန်းရယ်ပါ။ ဆရာတော်ဘုရားရဲ့ “ဋ္ဌာန်းနှစ်ပင် တစ်ပင်စိုက်ပါ” ဆိုတဲ့ စကားရဲ့ အတိမ်အနက်ကို နက်နက်ရှိုင်းရှိုင်းအထိတော့ မတွေးတတ်ပါဘူး။ လူရယ်လို့ဖြစ်လာရင် ကမ္မဋ္ဌာန်းရယ်၊ပဋ္ဌာန်းရယ်ထဲက တစ်ခုခုကို ပွားများ, ရွတ်ဖတ်,ကျင့်သုံးရမယ်လို့ပဲ ယေဘုယျနားလည်မိပါတယ်။ စာရေးသူရဲ့ ဆရာသမားတစ်ပါးကတော့ “ပဋ္ဌာန်းပဲ စိုက်မယ်” ဆိုပြီး ပဋ္ဌာန်းသိပ္ပံဆရာတော်ဆီကို ပဋ္ဌာန်းစာဝါ သွားလိုက်ခဲ့ပါတယ်။ ပဋ္ဌာန်းစာဝါလိုက်ပြီး ဒီကနေ့တိုင် ပဋ္ဌာန်းစာဝါကို ပို့ချပေးနေခဲ့ပါတယ်။ ပဋ္ဌာန်းမစိုက်ဘဲ ကမ္မဋ္ဌာန်းကို စိုက်ခဲ့မယ်ဆိုရင်တော့ရိပ်သာတစ်ခုခုမှာ ကမ္မဋ္ဌာန်းဘုန်းကြီးတစ်ပါး ဖြစ်နေမှာပါ။ ဒီလိုပါပဲ။လူဆိုတာကတော့ ကိုယ်အားသန်ရာနယ်ပယ်မှာ ကျင်လည်ကျက်စားကြတာပါပဲ။ အားလုံးကို ကျက်စားပြီး ကျက်စားရာအားလုံးနဲ့ ပြန်ကျေးဇူးပြုဖို့ ဆိုတာကတော့ မလွယ်လှပါဘူး။ ပါရမီရှင်တွေမှပဲစွမ်းနိုင်မှာပါ။ ကိုယ်ဝါသနာပါရာလေးတွေနဲ့ပဲ လောကကို ကျေးဇူးပြုနေရင်ပြီးတာပါပဲ။ အဓိကကတော့ ကိုယ့်ကိုယ်ကို ကျေနပ်နေဖို့ပါ။ အဇူဇာ ပဋ္ဌာန်းပွဲကတော့ အမေရိကားမှာ တွေ့ရခဲတဲ့ သံဃာတော်တွေအများကြီး စုပေါင်းပြီး ရွတ်ဖတ်ပူဇော်ကြတဲ့ တကယ့်ပါရမီကုသိုလ်ပွဲကြီးပါပဲ။ ပဋ္ဌာန်းငါးအုပ်လုံးကို အစအဆုံးကုန်အောင် ရွတ်ဖတ်ပူဇော်ကြတာပါ။ ဒါနဲ့ စကားစပ်လို့ပြောရရင် ကိုလိုနီခေတ်က ရသေ့ကြီး ဦးခန္တီဆိုတာ အားလုံးကြားဖူးကြမှာပါ။ ဦးခန္တီဆိုတာမြန်မာပြည်က တန်ခိုးကြီးဘုရားတွေရဲ့ စောင်းတန်းတွေ၊ လှေကားတွေ၊ မန္တလေးတောင်၊ စစ်ကိုင်းတောင် အတက်လမ်းတွေကို သံတိုင်၊ သံယက်မတွေနဲ့ စတင်ဆောက်လုပ်စေခဲ့တဲ့ သဒ္ဓါအား၊ ဝီရိယအား အလွန်ကြီးမားတဲ့ ပါရမီရှင်ရသေ့ကြီးပါ။ အဲဒီရသေ့ကြီး ဦးခန္တီက မစိုးရိမ်ဆရာတော်ဘုရားကြီးကို လျှောက်ပါတယ်။ဘယ်လိုလျှောက်သလဲဆိုတော့ “ဆရာတော်ဘုရား… ပဋ္ဌာန်းကျမ်းကြီးကို ပေယျာလတွေ မမြှုပ်ဘဲနဲ့ အပြည့်အစုံရိုက်ချင်ပါတယ်ဘုရား”တဲ့။ ပဋ္ဌာန်းကျမ်းဆိုတာ ကမ္ဘာအေး ဆဋ္ဌမူအရ ငါးအုပ်ရှိပါတယ်။ ပေယျာလတွေ မြှုပ်ပြီး ရိုက်ထားတာပါ။ ရသေ့ကြီးက အဲဒီလိုလျှောက်တော့ မစိုးရိမ်ဆရာတော်ဘုရားကြီးက “ရသေ့ကြီးရဲ့ သဒ္ဓါတရားကိုတော့ လေးစားပါတယ်။ ပဋ္ဌာန်းကျမ်းကြီးကို ပေယျာလ မမြှုပ်ဘဲရိုက်မယ်ဆိုရင် နိုင်ငံခြားတိုင်းပြည်တွေမှာရှိတဲ့ စက္ကူတွေအားလုံးကို မှာပြီးရိုက်ရင်တောင်မှ ပဋ္ဌာန်းကျမ်းကြီးက ကုန်နိုင်ဖွယ်မရှိပါဘူး” လို့ ပြန်မိန့်လိုက်ပါ တယ်။ ဒါက ရသေ့ကြီးဦးခန္တီ သဒ္ဓါတရားနဲ့ ပဋ္ဌာန်းတရား ကျယ်ဝန်းပုံကို ပြောတာပါ။ သာသနာမှာ ကွယ်ခြင်း “၅မျိုး” ရှိပါတယ်။ ဘာတွေလဲဆိုတော့ - (၁) ပရိယတ္တိ ကွယ်ခြင်း (၂) ပဋိပတ္တိ ကွယ်ခြင်း (၃) ပဋိဝေဓ ကွယ်ခြင်း (၄) ရဟန်းတို့ အသွင်အပြင်ကွယ်ခြင်း (၅) မြတ်စွာဘုရားရဲ့ ဓာတ်တော်တွေ ကွယ်ခြင်း ဆိုပြီး (၅) မျိုးရှိပါတယ်။ “ပရိယတ္တိ ကွယ်ခြင်း”ဆိုတာက မြတ်စွာဘုရားဟောထားတဲ့ ဘုရားဟော ပါဠိတော်တွေ အဋ္ဌကထာတွေ အားလုံးကွယ်ပျောက်သွားတာကို ပြောတာပါ။ ဘယ်လိုကွယ်မလဲဆိုတော့ ပဋ္ဌာန်းကျမ်းကြီးက စပြီးကွယ်ပါလိမ့်မယ်။ ဘာလို့ ပဋ္ဌာန်းကျမ်းကစပြီး ကွယ်ရသလဲဆိုတော့ ကျယ်ဝန်းနက်နဲလွန်းအားကြီးလို့ သင်ယူလေ့လာ သူမရှိတော့တဲ့အတွက် စပြီး ကွယ်ရတာပါ။ ပဋ္ဌာန်းတရားကွယ်ပြီးတဲ့အခါ ကျန်တဲ့ အဘိဓမ္မာကျမ်းတွေလည်း ဆက်ပြီးကွယ်ပါမယ်တဲ့။ အဘိဓမ္မာကျမ်းတွေပြီးရင် သုတ္တန်ကျမ်းတွေကွယ်မယ်။ သုတ္တန်ပြီးရင် ဝိနည်းကျမ်းတွေကွယ်မယ်။ အစဉ်လိုက်ကွယ်သွားပါလိမ့်မယ်။ နောက် ဘယ်လောက်အထိ ကွယ်သွားမလဲ ဆိုရင်လေးပါဒလောက်ပဲရှိတဲ့ ဂါထာတစ်ပုဒ်ကိုတောင် ဘယ်သူမှ မရတော့ပါဘူးတဲ့။ အဲဒီအချိန်မှာ သဒ္ဓါတရားအားကောင်းတဲ့ မင်းတစ်ပါးလောက် ပေါ်လာပြီး ဘုရားဟောဂါထာတစ်ပုဒ်လောက် ရွတ်နိုင်တဲ့သူကိုငွေအသပြာတစ်ထောင်ယူဆိုပြီး ဆင်ပေါ်ကိုတင်ပြီးတော့မှ လှည့်လည်ပေမယ့်လည်း ဘယ်သူမှ ရွတ်ဆိုနိုင်တဲ့သူ မရှိတော့ပါဘူးတဲ့။ ဒါဆိုရင် ပရိယတ္တိသာသနာ ကွယ်သွားပါပြီတဲ့။ “ပဋိပတ္တိ ကွယ်ခြင်း” ဆိုတာက အကျင့်ပိုင်းဆိုင်ရာ ကွယ်ပျောက်သွားတာပါ။ အကျင့်ဆိုတာက သီလ၊ သမာဓိ၊ ပညာ၊ ကမ္မဋ္ဌာန်း ဘာဝနာ အကျင့်တွေပါ။ အဲဒီအကျင့်တွေကို လူရော၊ ရဟန်းရော မကျင့်ကြတော့ပါဘူး။ ရဟန်းတွေဆိုရင် “ပါရာဇိက”လေးပါးကို လုံးဝမစောင့်ထိန်းတော့ပါဘူး။ “ပါရာဇိက”လေးပါးကိုတောင် မစောင့်ထိန်းတော့ဘူးဆိုရင် ကမ္မဋ္ဌာန်းဘာဝနာ အကျင့်လည်း ပြောစရာမလိုတော့ပါဘူး။ ဒါဆို ပဋိပတ္တိသာသနာ ကွယ်သွားပါပြီ။ နောက် “ပဋိဝေဓ ကွယ်ခြင်း” တဲ့။ ပဋိဝေဓ ဆိုတာ “မဂ်လေးပါး၊ ဖိုလ်လေးပါး၊ ပဋိသမ္ဘိဒါလေးပါး၊ ဝိဇ္ဇာသုံးပါး၊ အဘိညာဉ် ခြောက်ပါး” ဒါတွေကို ပြောတာပါ။ အကျင့်မရှိတော့ရင် အကျင့်ရဲ့ အသီးအပွင့်တွေဖြစ်တဲ့ မဂ်ဖိုလ်လည်း မရှိတော့ပါဘူး။ နောက်ဆုံး သောတာပန်တောင် မရှိတော့ပါဘူး။ ဒါဆို ပဋိဝေဓ သာသနာ ကွယ်သွားပါပြီ။ နောက်တစ်ခုက “ရဟန်းတွေရဲ့ အသွင်အပြင် ကွယ်ပျောက်ခြင်း” ပါတဲ့။ ရဟန်းဆိုတာ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ သိက္ခာသုံးပါးကို ဖြည့်ကျင့်နေသူတွေပါ။သိက္ခာသုံးပါးကို များများကျင့်လေ၊ များများ ကြည်ညိုဖို့ ကောင်းလေပါပဲ။ ရာဂ ကင်းစေတဲ့ ဝတ်ရုံကို ဝတ်ရုံထားမယ်၊ သတိပဋ္ဌာန် သမ္ပဇညပိုင်းမှာလာတဲ့အတိုင်း ရှေ့ကိုတက်ရင်လည်း အမှတ်လေးနဲ့၊ နောက်ကိုဆုတ်ရင်လည်း အမှတ်လေးနဲ့၊ တစောင်းကြည့်တဲ့အခါ၊ တူရူကြည့်တဲ့အခါ၊ စားတဲ့အခါ၊ သောက်တဲ့အခါများတွေမှာလည်း အမှတ်လေးတွေနဲ့။ ဒါတွေဟာ ရဟန်းတစ်ပါးရဲ့ အသွင်အပြင်၊ အမူအယာတွေပါ။ ဒီလိုနဲ့ ကာလတွေကြာလာတဲ့အခါ အမှတ်တွေ မရှိတော့ပါဘူး။ နောက် သင်္ကန်းကို ဆိုးရည်ဆိုးပြီး မဝတ်တော့ဘူး။ နောက်ဆုံး သင်္ကန်းကြီးကို ဝတ်ရတာ ဖိုးရို့ဖားရား နိုင်လှတယ်ဆိုပြီး သင်္ကန်းကြီးကို စွန့်ပစ်ပြီး သင်္ကန်းစလေးကိုပဲ လက်မှာ ပတ်ထားပါလိမ့်မယ်တဲ့။ သင်္ကန်းစလေး လက်မှာပတ်ထားတာမြင်ရင် ဒါဘုန်းကြီးပဲ ဆိုပြီး ဆွမ်းကပ်ချင်တယ်၊ ပရိတ်ရွတ်ချင်တယ်ဆိုရင်သွားပင့်ရတော့မှာပါ။အဲဒီအချိန်အထိ ရဟန်းအသွင်အပြင်ဆိုတဲ့ လိင်္ဂသာသနာ မကွယ်သေးပါဘူးတဲ့။ နောက် လယ်ထွန်ခြင်း၊ ကုန်သွယ်ခြင်းတွေပြုလာမယ်။ အဲဒီကတစ်ဆင့်အမ်ထောင်သားမွေးမှုတွေပြုလာမယ်။ ဒီလိုနဲ့ ကာလကြာလာတဲ့အခါ လက်မှာပတ်ထားတဲ့ သင်္ကန်းစလေးကို ပတ်ထားရတာ “အို… ရှုပ်ပါတယ်” ဆိုပြီး စွန့်ပစ်ကြပါလိမ့်မယ်တဲ့။ ဒါဆိုရဟန်းတွေရဲ့အသွင်အပြင် လိင်္ဂသာသနာဆိုတာကွယ်သွားပါပြီ။ နောက်ဆုံးက “မြတ်စွာဘုရားရဲ့ ဓာတ်တော်တွေ ကွယ်ပျောက်သွားခြင်း”ပါ။ ဒါဆို ဓာတုသာသနာကွယ်သွားပါပြီ။ ပြောလိုရင်းကတော့ပိဋကသုံးပုံမှာ ပဋ္ဌာန်းကျမ်းကြီးက အရင်စကွယ်မယ်ဆိုတာကို ပြောချင်တာပါ။ပဋ္ဌာန်းရွတ်ဖတ်ပူဇော်တာ၊ ပဋ္ဌာန်းစာဝါပို့ချတာ စသည်တွေဟာ ပဋ္ဌာန်းကျမ်းကြီး မကွယ်ပျောက်ဖို့ တစ်တပ်တစ်အားအနေနဲ့ပါရမီဖြည့်နေကြတာပါပဲ။ အဇူဇာပဋ္ဌာန်းပွဲမှာစာရေးသူသိပ်သဘောကျတာတစ်ခုရှိပါတယ်၊ ပဋ္ဌာန်းသံကိုကြိုက်သလောက်ရွတ်။ကျောင်းအပြင်ကိုအသံမထွက်ပါဘူး။ သိပ်သဘောကျဖို့ကောင်းတာပါ ။မြန်မာပြည်မှာတော့ လောစပီကာတပ်ပြီးရွတ်တာဖြစ်လို့ စာမေးပွဲနီးလို့စာကျက်နေတဲ့ကလေးတွေ၊နာမကျန်းဖြစ်တဲ့သက်ကြီးရွယ်အိုတွေအတွက်ကျတော့နဲနဲအခက်အခဲလေးဖြစ်နေတတ်ပါတယ်။ အဇူဇာကျောင်းလိုရွတ်နိုင်ရင်တော့သိပ်ကောင်းမှာပါ။ဒါမှမဟုတ်ညအိပ်ချိန် အသံကိုတိုးပေးလိုက်မယ်ဆိုရင်လည်းအဆင်ပြေမယ်ထင်ပါတယ်။ မြတ်စွာဘုရား ဘုရားဖြစ်ပြီး (၂၂)ရက်မြောက်မှာ စတုတ္ထ သတ္တာဟ ရတနာဃရမှာ စံနေတော်မူစဉ် အဘိဓမ္မာ ခုနစ်ကျမ်းကို ဆင်ခြင်သုံးသပ်တော်မူပါတယ်။ အဲဒီလို ဆင်ခြင်သုံးသပ်တော်မူတဲ့အခါရှေ့ပိုင်းကျမ်းများဖြစ်တဲ့ “ဓမ္မသင်္ဂဏီကျမ်း၊ ဝိဘင်ကျမ်း၊ ဓာတုကထာကျမ်း၊ ပုဂ္ဂလပညတ်ကျမ်း၊ကထာဝတ္ထုကျမ်း၊ ယမိုက်ကျမ်း” ဆိုတဲ့ ခြောက်ကျမ်းကို ဆင်ခြင်သုံးသပ်တဲ့အခါ ရောင်ခြည်တော်တွေ မကွန့်မြူးသေးပါဘူး။ ခုနစ်ကျမ်းမြောက်ဖြစ်တဲ့“ပဋ္ဌာန်းကျမ်း”ကြီး ကို ဆင်ခြင်သုံးသပ်မှ ရောင်ခြည်တော်တွေ ကွန့်မြူးလာတာပါ။ ဒါတွေက အားလုံး သိကြပါတယ်။ ဒီနေရာမှာ ပဋ္ဌာန်းကျမ်းကို စဟောပြီလားဆိုတော့ မဟောသေးပါဘူး။ မြတ်စွာဘုရား ဘုရားဖြစ်ပြီး ခုနစ်ဝါမြောက်မှာ တာဝတိ ံသာနတ်ပြည် ပင်လယ် ကသစ်ပင်ရင်း ပဏ္ဍုကမ္ဗလာ မြကျောက်ဖြာထက်မှာ မယ်တော်မိနတ်သားကို ကျေးဇူးဆပ်တဲ့အနေနဲ့ နတ်ဗြဟ္မာများကို ဟောပါတယ်။ အဲဒီ နတ်ဗြဟ္မာတွေကိုမြတ်စွာဘုရားက ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရားကို ဟောတာပါ။ ဆွမ်းခံချိန်ကျတော့ လူ့ပြည်ပြန်ကြွလာရင်း အနောတတ်အိုင်မှာ အရှင်သာရိပုတ္တရာကို ပြန်ဟောပေးပါတယ်။ အရှင်သာရိပုတ္တရာက လင်းနို့သားဖြစ်ဖူးတဲ့ သူ့ရဲ့တပည့်ငါးရာကို ပြန်ဟောပါတယ်။ မြတ်စွာဘုရားက တာဝတိ ံသာနတ်ပြည်က နတ်ဗြဟ္မာတွေကို အကျယ်နည်းနဲ့ ဟောပေးပါတယ်။ နောက် အရှင်သာရိပုတ္တရာကို ပြန်ဟောပေးတဲ့အခါကျတော့ အကျဉ်းနည်းနဲ့ ပြန်ဟောပေးပါတယ်။ အရှင်သာရိပုတ္တရာက လင်းနို့သားဖြစ်ခဲ့ဖူးတဲ့ တပည့်ငါးရာကို ပြန်ဟောပေးတဲ့အခါမှာတော့ မကျဉ်းမကျယ်နည်းနဲ့ ပြန်ဟောပေးပါတယ်။ ဒီနေ့ သင်ယူလေ့လာ ရွတ်ဖတ်ပူဇော်နေကြတဲ့ ပဋ္ဌာန်းတရားတော်ဟာ အရှင်သာရိပုတ္တရာကလင်းနို့သားဖြစ်ဖူးတဲ့တပည့်ငါးရာကို ပြန်ဟောပေးထားတဲ့ ပဋ္ဌာန်းတရားတော်ပါ။ ပဋ္ဌာန်းကတစ်ဆင့် ၀ိပဿနာကူးသွားတဲ့ သာဓကဝတ္ထုတွေလည်းအများကြီးရှိပါတယ်။ မဟာဂတိဂမိယတိဿဒတ္တ အမည်ရှိတဲ့ မထေရ်တစ်ပါးဟာ တစ်နေ့မှာ မဇ္ဇျိမဒေသ အိန္ဒိယနိုင်ငံကနေ သီဟိုဠ်ကျွန်းမှာရှိတဲ့ မဟာစေတီကို ဘုရားဖူးမယ်ဆိုပြီး လှေသင်္ဘောနဲ့ ထွက်ခဲ့ပါတယ်။ ပင်လယ်သမုဒ္ဒရာကြီးကိုကြည့်ပြီး ပဋ္ဌာန်းကျမ်းကြီးကပဲ ကျယ်ဝန်းသလား၊ ပင်လယ်သမုဒ္ဒရာကြီးကပဲ ကျယ်ဝန်းသလားဆိုပြီး ဆင်ခြင်တဲ့အခါ ပဋ္ဌာန်းကျမ်းကြီးကပိုကျယ်ဝန်းလှပေတယ်ဆိုပြီး ပဋ္ဌာန်းတရားကို ဆင်ခြင်ရင်း ဆင်ခြင်ရင်းနဲ့ ပီတိတွေ ဖြစ်လာပါတယ်။ အဲဒီပီတိကို ခွာပြီး ဝိပဿနာရှုလိုက်တာ ရဟန္တာဖြစ်သွားခဲ့ပါတယ်။ တရားထူးရပုံတွေကတော့ တစ်ပါးနဲ့တစ်ပါး မတူပါဘူး။ တချို့လည်း ဖြစ်ပေါ်လာတဲ့ ပီတိကိုပဲ ဝိပဿနာပြန်ရှုပြီး တရားထူး ရသွားကြတာပါ။ တချို့ကျတော့လည်း ပီတိကို ခွာပြီး အားထုတ်နေကျ မူလကမ္မဋ္ဌာန်းကိုပဲပြန်ရှုတာပါ။ အဇူဇာ ပဋ္ဌာန်းတရားနာရင်းနဲ့ ဝိပဿနာဘက်ကို ကူးသွားလို့လည်း ရပါတယ်။ ပဋ္ဌာန်းနာရင်းနဲ့ပီတိတွေဖြစ်လာမယ်၊ အဲဒီပီတိကိုပဲ ‘ပီတိရဲ့ သဘောလေးက ဘယ်လိုလေး၊ဘယ်လိုသဘောလေးဖြစ်နေတာလဲ’ဆိုပြီးသဘောလေးအထိသတိကပ်ပြီး “ပီတိဖြစ်တယ်၊ဖြစ်တယ်”၊“နှစ်သက်တယ်၊ နှစ်သက်တယ်”ဆိုပြီး ရှုမှတ်သွားရမှာပါ။ ဒါမှမဟုတ် ကြားနေရတဲ့ ပဋ္ဌာန်းသံလေးကိုပဲ သတိကပ်ပြီး “ကြားတယ်၊ ကြားတယ်၊ ”လို့ရှုမှတ်လို့လည်းရပါတယ်။ “ကြားတယ်၊ ကြားတယ်” လို့ ရှုမှတ်တဲ့နေရာမှာတော့ ဒီအတိုင်းကြီး “ကြားတယ်၊ကြားတယ်”လို့ ရှုမှတ်ရမှာ မဟုတ်ပါဘူး။ “ကြားတယ်”လို့ ရှုမှတ်တဲ့နေရာမှာသတိကပ်စရာ သုံးနေရာရှိပါတယ်။ “အသံရယ်၊ နားအကြည်ဓာတ်ရယ်၊ ကြားသိစိတ်”ရယ်ပါ။ စာလိုပြောရင်တော့“သဒ္ဓါရုံရယ်၊ သောတပသာဒရယ်၊ သောတဝိညာဏ်ရယ်”ပါ။ အဲဒီ သုံးခုထဲက တစ်ခုခုကို သတိကပ်ပြီး “ကြားတယ်၊ ကြားတယ်”လို့ ရှုမှတ်ရမှာပါ။ ဥပမာ - ပဋ္ဌာန်းသံလေးကို အာရုံပြုပြီး ‘ကြားတယ်ကြားတယ်’ရှုမှတ်လို့ရသလို နားထဲမှာကြားတတ်တဲ့ နားအကြည်ဓာတ်လေးရှိပါတယ်။ အဲဒီနားအကြည်ဓာတ်လေးကို အာရုံပြုပြီးတော့လည်း ‘ကြားတယ်’ ‘ကြားတယ်’လို့ရှုမှတ်လို့ရပါတယ်။ ကြားတာကိုသိနေတဲ့ ကြားသိစိတ်ကလေးလည်းရှိပါတယ်။ အဲဒီ ကြားသိစိတ်ကလေးကိုသတိကပ်ပြီး “ကြားတယ်၊ကြားတယ်”လို့လည်း ရှုမှတ်လို့ရပါတယ်။သုံးခုထဲကကိုယ်နဲ့သပ္ပါယသင့်ရာတစ်ခုခုကိုသတိကပ်ပြီး သင့်သလို ရှုမှတ်သွားရုံပါပဲ။ ဒါမှမဟုတ် ပီတိတွေ ကြားတာတွေကို အာရုံမပြုတော့ဘဲ ကိုယ်အားထုတ်နေကျ မူလကမ္မဋ္ဌာန်းကိုပဲ ပြန်ရှုမှတ်လို့လည်းရပါတယ်။ ဝင်လေ၊ ထွက်လေပဲဖြစ်ဖြစ်၊ ဖောင်းတယ်၊ ပိန်တယ်ပဲဖြစ်ဖြစ်နှစ်သက်သလို ရှုမှတ်သွားရုံပါပဲ။ ဒါက ပဋ္ဌာန်းနာရင်းနဲ့ ဝိပဿနာဘက်ကို ကူးသွားတာပါ။ ဒါဆိုရင်တော့ ‘ဋ္ဌာန်းနှစ်ပင် တစ်ပင်စိုက်ပါ’ မဟုတ်တော့ဘဲအဇူဇာကျောင်းမှာဋ္ဌာန်းနှစ်ပင်လုံးကိုစိုက်လိုက်တော့တာပါ။သစ်ပင်စိုက် ရင် သစ်ပင်ရဲ့အသီးအပွင့်ဆိုတာကတော့ဖြစ်လာမှာပါပဲ။ အသီအပွင့်တွေဖြစ်လာရင် ကိုယ်လည်းစားသုံးလို့ရသလို ကိုယ့်မိတ်ဆွေတွေကိုဝေမျှလို့လည်းရပါတယ်။ ရွတ်သူ၊နာသူ၊ဝေယျာဝစ္စပြုသူ၊ယာဉ်လှူသူဆွမ်းကျွေးသူ၊ဆေးလှူသူ။ရေလှူသူ။ပန်းလှူ၊ပန်းလည်တိုင်လှူသူ။ စသည်ဖြင့် နေရာဌာနတစ်ခုမှာ ကုသိုလ်တွေ အတူတူပြုကြရင် တစ်နေရာမှာလည်း ပြန်လည်ဆုံတွေ့ကြရဦးမှာပါ။ ပြန်လည်ဆုံတွေ့တဲ့နေရာမှာ ချစ်စွဲ၊ မုန်းစွဲ ကင်းစွာနဲ့ ပြန်ဆုံကြတာပဲကောင်းပါတယ်။ချစ်စွဲကြောင့်လည်းပြန်လည်ဆုံတွေရတတ်သလို မုန်းစွဲကြောင့်လည်းပြန်လည်ဆုံတွေရတတ်ပါတယ်။ ချစ်စွဲက ကောင်းတဲ့ ဘက်ကတွေးပြီး ဖြေသိမ့်နိုင်စရာရှိပေမယ့် မုန်းစွဲကတော့ သိရင် သိသလောက် ကြောက်ဖို့ကောင်းလှပါတယ်။ မုန်းစွဲက ဒီဘဝမှာ တရားအသိလေးတွေရှိနေလို့ ကိုယ်ကသူ့ကို ခွင့်လွှတ်နိုင်ပေမယ့် သံသရာတကွေ့မှာ တရားမသိတဲ့ မိုက်တွင်းနက်နေတဲ့ ဘဝတစ်ခုခုရောက်နေမယ်ဆိုရင်တော့ တရားမသိစွာ ခွင့်မလွှတ်နိုင်ဘဲ အပြန်အလှန် လက်စားချေနေတော့မှာပါ။ မုန်းစွဲတွေနဲ့ အပြန်အလှန်လက်စားချေနေရင်တော့ သံသရာမှာ နစ်မွန်းသထက် နစ်မွန်းရတော့မှာပါ။ တကယ်တော့ ပြန်လည်ဆုံတွေ့ခြင်းတွေဟာလည်း ရင်ခုန်စရာတွေပါပဲ။ အဲဒီရင်ခုန်မှုတွေကိုပဲပါရမီအဖြစ် ပြောင်းလဲယူရမှာပါ။ ရင်ခုန်မှုကတဆင့် ဖြစ်ပေါ်လာတဲ့ ပါရမီကိုပဲ အခြေခံပြီး ဝိပဿနာလမ်းကြောင်းပေါ်ဆက်လျှောက်လှမ်းကြရမှာပါ။ ချစ်စွဲမုန်းစွဲရဲ့အကျိုးအပြစ်တွေကတော့ဒီဘဝမှာကောနောက်ဘဝမှာကောရှိနေတာပါ။အဲဒီချစ်စွဲ မုန်းစွဲတွေကြောင့်ပဲစိတ်ဆင်းရဲကိုယ်ဆင်ရဲဖြစ်နေကြရတာပါ။ကိုယ်ကဒါတွေကိုဉာဏ်နဲ့ကြည့်ဖို့ပါ။ ချစ်ခြင်း၊ မုန်းခြင်းကင်းရာ သံသရာတစ်ဖက်ကမ်းကို မြန်မြန်ရောက်သွားတာပဲကောင်းပါတယ်။ သစ်ပင်တစ်ပင်ဟာ အရှေ့ဘက်ကို ကိုင်းနေရင် လဲတဲ့အခါ အရှေ့ဘက်ကိုပဲ လဲမှာပါ။ အနောက်ဘက်ကိုကိုင်းနေရင် အနောက်ဘက်ကိုပဲ လဲမှာပါပဲ။ ဒီလိုပါပဲ။ ချစ်ခြင်း၊မုန်းခြင်းကင်းရာကို စိတ်ညွှတ်နေရင် တစ်နေ့သောအခါမှာတော့ ချစ်ခြင်း၊ မုန်းခြင်းကင်းရာကိုပဲ လဲတော့မှာပါ။ ချစ်စွဲ၊ မုန်းစွဲတွေဆီ စိတ်ညွှတ်နေရင်တော့ ဘယ်လိုမှ မဆုံးနိုင်တော့တဲ့ ချစ်ခြင်း၊ မုန်းခြင်းတွေနဲ့ပဲ သံသရာတစ်ကြောမှာမောမောကြီး လည်နေရတော့မှာပါ။ အဇူဇာရဲ့ညနေခင်းလေးတွေက လေနုအေးနဲ့အတူ ဝင်သက်ထွက်သက်ကိုအေမြစေခဲ့ပါတယ်။အေးမြခြင်းတွေနဲ့အတူ တောင်ခြေတစ်ခုရဲ့တစ်နေရာက အမျှဝေသံ သာဓုခေါ်သံတွေဟာလည်း တူညီရာပန်းတိုင်တစ်ခုဆီကိုဦးတည်နေတော့မှာပါ။ ဘာပဲပြောပြော ချစ်ခြင်း၊ မုန်းခြင်း ကင်းရာကိုရောက်ဖို့ ဋ္ဌာန်းနှစ်ပင်လုံးကို စိုက်ဖြစ်ဖို့ပါပဲလေ။ ရဝေနွယ် (အင်းမ)
https://www.dhammaransi.com/index.php/new/420-2017-01-01-06-16-13.html
နှစ်သစ်မေတ္တာပို့သခြင်း
(မိမိကိုယ်) ၁။ အဟံ အဝေရော ဟောမိ- (အကျွန်ုပ်သည် ဘေးရန်ကင်းကွာ ချမ်းသာရပါလို၏) အဗျာပဇ္ဇော ဟောမိ- (စိတ်ဆင်းရဲခြင်း ကင်းရပါလို၏) အနီဃော ဟောမိ- (ကိုယ်ဆင်းရဲခြင်း ကင်းရပါလို၏) သုခီ အတ္တာနံ ပရိဟရာမိ- (ကိုယ့်ဝန် ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ရပါလို၏) (မိဘ-ဆရာသမား ဆွေမျိုးများ) ၂။ မမ မာတာပိတု, (အကျွန်ုပ်၏ မိဘနှစ်ပါး) အာစရိယာ စ, (ဆရာသမား အားလုံး) ဉာတိမိတ္တာ စ, (ဉာတကာ မိတ်ဆွေ အားလုံး) သဗြဟ္မစာရိယော စ, (တရားကျင့်ဖော်များ အားလုံး) အဝေရာ ဟောန္တု- (ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ) အဗျာပဇ္ဇာ ဟောန္တု- (စိတ်ဆင်းရဲခြင်း ကင်းကြပါစေ) အနီဃာ ဟောန္တု- (ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ) သုခီ အတ္တာနံ ပရိဟရန္တု။ (ကိုယ့်ဝန် ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ)။ (ယောဂီသူတော်စင်များ) ၃။ ဣမသ္မိံ အာရာမေ သဗ္ဗေ ယောဂိနော-(ဤအရံအတွင်းမှာ မှီတင်းနေထိုင်ကြကုန်သော ယောဂီသူတော်စင် အားလုံး) အဝေရာ ဟောန္တု- (ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ) အဗျာပဇ္ဇာ ဟောန္တု- (စိတ်ဆင်းရဲခြင်း ကင်းကြပါစေ) အနီဃာ ဟောန္တု- (ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ) သုခီ အတ္တာနံ ပရိဟရန္တု။ (ကိုယ့်ဝန် ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ)။ (ရဟန်းသာမဏေ သူတော်စင် အမျိုးသား-အမျိုးသမီးအားလုံး) ၄။ ဣမသ္မိံ အာရာမေ သဗ္ဗေ ဘိက္ခူ, (ဤအရံအတွင်းမှာ မှီတင်းနေထို်င်ကြကုန်သော ရဟန်း) သာမဏေရာ စ, (သာမဏေ အားလုံး) ဥပါသကာ- (သူတော်စင် အမျိုးသား) ဥပါသိကာယော စ, (သူတော်စင် အမျိုးသမီး အားလုံး) အဝေရာ ဟောန္တု- (ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ) အဗျာပဇ္ဇာ ဟောန္တု- (စိတ်ဆင်းရဲခြင်း ကင်းကြပါစေ) အနီဃာ ဟောန္တု- (ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ) သုခီ အတ္တာနံ ပရိဟရန္တု။ (ကိုယ့်ဝန် ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ)။ (ပစ္စည်းလေးဖြာ အလှူ့ဒါယကာ ဒါယိကာမများ) ၅။ အမှာကံ စတုပစ္စယ ဒါယကာ- (အကျွန်ုပ်၏ ပစ္စည်းလေးပါး, အလှူ့ဒါယကာ, အလှူ့ဒါယိကာမ အားလုံး) အဝေရာ ဟောန္တု- (ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ) အဗျာပဇ္ဇာ ဟောန္တု- (စိတ်ဆင်းရဲခြင်း ကင်းကြပါစေ) အနီဃာ ဟောန္တု- (ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ) သုခီ အတ္တာနံ ပရိဟရန္တု။ (ကိုယ့်ဝန် ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ)။ (ကိုယ်စောင့်နတ်,ကျောင်း,အိမ်,အရံစောင့်နတ်များ) ၆။ အမှာကံ အာရက္ခ ဒေဝတာ- (အကျွန်ုပ်၏ ကိုယ်စောင့်နတ်အပေါင်း) ဣမသ္မိံ ဝိဟာရေ, (ဤကျောင်းတိုက်အတွင်း၌၄င်း) ဣမသ္မိံ အာဝါသေ, (ဤအိမ်အတွင်း၌၄င်း) ဣမသ္မိံ အာရာမေ, (ဤအရံအတွင်း၌၄င်း) အာရက္ခ ဒေဝတာ- (စောင့်ရှောက်ကြကုန်သော ဒေဝတာနတ်အပေါင်း) အဝေရာ ဟောန္တု- (ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ) အဗျာပဇ္ဇာ ဟောန္တု- (စိတ်ဆင်းရဲခြင်း ကင်းကြပါစေ) အနီဃာ ဟောန္တု- (ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ) သုခီ အတ္တာနံ ပရိဟရန္တု။ (ကိုယ့်ဝန် ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ)။ (အနောဓိသပုဂ္ဂိုလ် ၅-ဦး၊ သြဓိသပုဂ္ဂိုလ် ၇-ဦး)) ၇။ သဗ္ဗေ သတ္တာ, (သက်ရှိ ကျား-မ မဟူ သတ္တဝါအပေါင်း) သဗ္ဗေ ပါဏာ, (ဝင်သက် ထွက်သက် ရှိကြကုန်သော သတ္တဝါအပေါင်း) သဗ္ဗေ ဘူတာ, (အလုံးသော သတ္တဝါအပေါင်း) သဗ္ဗေ ပုဂ္ဂလာ, (ပုဂ္ဂိုလ်အပေါင်း) သဗ္ဗေ အတ္တဘာဝပရိယာပန္နာ, (ရုပ်နာမ်နှစ်ပါးရှိကြကုန်သော သတ္တဝါအပေါင်း) သဗ္ဗာ ဣတ္ထိယော, (အမျိုးသမီးအပေါင်း) သဗ္ဗေ ပုရိသာ, (အမျိုးသားအပေါင်း) သဗ္ဗေ အရိယာ, (အရိယာသူတော်စင်အပေါင်း) သဗ္ဗေ အနရိယာ, (အရိယာမဖြစ်သေးကုန်သော ပုဂ္ဂိုလ်အပေါင်း) သဗ္ဗေ ဒေဝါ, (နတ်ဗြဟ္မာအပေါင်း) သဗ္ဗေ မနုဿာ, (လူသားအပေါင်း) သဗ္ဗေ ဝိနိပါတိကာ, (အပါယ်ဘုံသားအပေါင်း) အဝေရာ ဟောန္တု- (ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ) အဗျာပဇ္ဇာ ဟောန္တု- (စိတ်ဆင်းရဲခြင်း ကင်းကြပါစေ) အနီဃာ ဟောန္တု- (ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ) သုခီ အတ္တာနံ ပရိဟရန္တု။ (ကိုယ့်ဝန် ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ)။ ဒုက္ခာ မုစ္စန္တု, (ကိုယ်စိတ်ဆင်းရဲခြင်းမှ ကင်းလွတ်ကြပါစေ) ယထာလဒ္ဓ သမ္ပတ္တိတော မာဝိဂစ္ဆန္တု, (ရပြီးသော ဂုဏ်သိရ် စည်းစိမ်ဥစ္စာများလည်း မယုတ်လျော့ကြပါစေသတည်း) ကမ္မဿကာ။ (ကိုယ်ပြုသောအမှုအတိုင်း ခံစား စံစားရသူချည်းပါတကား)။ (အရပ်ဆယ်မျက်နှာ) ၈။ ပုရတ္ထိမာယ ဒိသာယ, (အရှေ့အရပ်၌ ရှိကြကုန်သော) ပစ္ဆိမာယ ဒိသာယ, (အနောက်အရပ်၌ ရှိကြကုန်သော) ဥတ္တရာယ ဒိသာယ, (မြောက်အရပ်၌ ရှိကြကုန်သော) ဒက္ခိဏာယ ဒိသာယ, (တောင်အရပ်၌ ရှိကြကုန်သော) ပုရတ္ထိမာယ အနုဒိသာယ, (အရှေ့တောင်ထောင့်အရပ်၌ ရှိကြကုန်သော) ပစ္ဆိမာယ အနုဒိသာယ, (အနောက်မြောက်ထောင့်အရပ်၌ ရှိကြကုန်သော) ဥတ္တရာယ အနုဒိသာယ, (အရှေ့မြောက်ထောင့်အရပ်၌ ရှိကြကုန်သော) ဒက္ခိဏာယ အနုဒိသာယ, (အနောက်တောင်ထောင့်အရပ်၌ ရှိကြကုန်သော) ဟေဋ္ဌိမာယ ဒိသာယ, (အောက်အရပ်၌ ရှိကြကုန်သော) ဥပရိမာယ ဒိသာယ-, (အထက်အရပ်၌ ရှိကြကုန်သော) သဗ္ဗေ သတ္တာ, (သက်ရှိ ကျား-မ မဟူ သတ္တဝါအပေါင်း) သဗ္ဗေ ပါဏာ, (ဝင်သက် ထွက်သက် ရှိကြကုန်သော သတ္တဝါအပေါင်း) သဗ္ဗေ ဘူတာ, (အလုံးသော သတ္တဝါအပေါင်း) သဗ္ဗေ ပုဂ္ဂလာ, (ပုဂ္ဂိုလ်အပေါင်း) သဗ္ဗေ အတ္တဘာဝပရိယာပန္နာ, (ရုပ်နာမ်နှစ်ပါးရှိကြကုန်သော သတ္တဝါအပေါင်း) သဗ္ဗာ ဣတ္ထိယော, (အမျိုးသမီးအပေါင်း) သဗ္ဗေ ပုရိသာ, (အမျိုးသားအပေါင်း) သဗ္ဗေ အရိယာ, (အရိယာသူတော်စင်အပေါင်း) သဗ္ဗေ အနရိယာ, (အရိယာမဖြစ်သေးကုန်သော ပုဂ္ဂိုလ်အပေါင်း) သဗ္ဗေ ဒေဝါ, (နတ်ဗြဟ္မာအပေါင်း) သဗ္ဗေ မနုဿာ, (လူသားအပေါင်း) သဗ္ဗေ ဝိနိပါတိကာ, (အပါယ်ဘုံသားအပေါင်း) အဝေရာ ဟောန္တု- (ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ) အဗျာပဇ္ဇာ ဟောန္တု- (စိတ်ဆင်းရဲခြင်း ကင်းကြပါစေ) အနီဃာ ဟောန္တု- (ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ) သုခီ အတ္တာနံ ပရိဟရန္တု။ (ကိုယ့်ဝန် ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ)။ ဒုက္ခာ မုစ္စန္တု, (ကိုယ်ဆင်းရဲခြင်းမှ ကင်းလွတ်ကြပါစေ) ယထာလဒ္ဓ သမ္ပတ္တိတော မာဝိဂစ္ဆန္တု, (ရပြီးသော ဂုဏ်သိရ် စည်းစိမ်ဥစ္စာများလည်း မယုတ်လျော့ကြပါစေသတည်း) ကမ္မဿကာ။ (ကိုယ်ပြုသောအမှုအတိုင်း ခံစား စံစားရသူချည်းပါတကား)။ (ကုန်းနေ,ရေနေ,ကောင်းကင်ပျံ သတ္တဝါများ) ၉။ ဥဒ္ဓံယာဝ ဘဝဂ္ဂါ စ၊ (အထက်ဘဝဂ်) အဓောယာဝ အဝီစိတော။ (အောက်အဝီစိ) သမန္တာ စက္ကဝါဠေသု၊ (ရှိရှိသမျှ အနန္တစကြာဝဠာ) ယေ သတ္တာ ပထဝီစရာ။ (ကုန်းနေ သတ္တဝါအားလုံး) အဗျာပဇ္ဇာ နိဝေရာ စ၊ (ဥပါဒ်ရန်ဘေး ကင်းစင်ဝေး) နိဒ္ဒုက္ခာ စ နုပဒ္ဒဝါ။ ( ငြိမ်းအေးကြပါစေ) ၁၀။ ဥဒ္ဓံယာဝ ဘဝဂ္ဂါ စ၊ (အထက်ဘဝဂ်) အဓောယာဝ အဝီစိတော။ (အောက်အဝီစိ) သမန္တာ စက္ကဝါဠေသု၊ (ရှိရှိသမျှ အနန္တစကြာဝဠာ) ယေ သတ္တာ ဥဒကေစရာ။ (ရေနေ သတ္တဝါအားလုံး) အဗျာပဇ္ဇာ နိဝေရာ စ၊ (ဥပါဒ်ရန်ဘေး ကင်းစင်ဝေး) နိဒ္ဒုက္ခာ စ နုပဒ္ဒဝါ။ ( ငြိမ်းအေးကြပါစေ) ၁၁။ ဥဒ္ဓံယာဝ ဘဝဂ္ဂါ စ၊ (အထက်ဘဝဂ်) အဓောယာဝ အဝီစိတော။ (အောက်အဝီစိ) သမန္တာ စက္ကဝါဠေသု၊ (ရှိရှိသမျှ အနန္တစကြာဝဠာ) ယေ သတ္တာ အာကာသေစရာ။(ကောင်းကင်နေ သတ္တဝါအားလုံး) အဗျာပဇ္ဇာ နိဝေရာ စ၊ (ဥပါဒ်ရန်ဘေး ကင်းစင်ဝေး) နိဒ္ဒုက္ခာ စ နုပဒ္ဒဝါ။ ( ငြိမ်းအေးကြပါစေ) ဓမ္မရတနာ
https://www.dhammaransi.com/index.php/new/421-2017-01-01-06-14-22.html
အဓိဋ္ဌာန် ပုတီးစိပ်ရန်အတွက် ကျင့်ဝတ်များ
၁။ ဆာလောင်မွတ်သိပ်၊ ဗိုက်အင့်မှု မရှိစေခြင်း။ အစာစားပြီးစ၊ ဆာလောင်မွတ်သိပ်ချိန်တွင် ပုတီးမစိတ်သင့်ပါ။ ၂။ သန့်ရှင်းသန့်ပြန့်ရခြင်း။ မိမိကိုယ်ခန္ဓာ သန့်ရှင်းစင်ကြယ်ရမည်။ ပုတီးစိပ်သည့်နေရာ သန့်ရှင်းရမည်။ ၃။ သင့်တော်မည့် အချိန်ရွေးချယ်ရခြင်း။ တိတ်ဆိပ်ငြိမ်သက်သည့် အချိန်၊ မိမိအား အနှောင့်အယှက် မပြုနိုင်သည့် အချိန်သည် အကောင်းဆုံးဖြစ်သည်။ ၄။ နေရာယူ မှန်ကန်ခြင်း။ ဘုရားစင်ရှေ့သည် အကောင်းဆုံးဖြစ်သည်။ သစ်တစ်ပင်ရင်း၊ ဝါးတစ်ပင်အောက်လည်း စိပ်နိုင်သည်။ စိတ်ငြိမ်ပြီး သမာဓိရရန်သာ ဖြစ်သည်။ ၅။ သရဏဂုံ တည်ဆောက်ခြင်း။ သြကာသ ကန့်တော့ချိုးဖြင့် ကန်တော့ပါ။ သီလယူပါ။ သရဏဂုံတည်ပါ။ ပြီးလျှင် "ငါသည် ယခုအချိန်၌ သရဏဂုံတည်သူ၊ သီလရှိသူ ဖြစ်နေပြီ" ဟု မိမိကိုယ်ကို မျက်စိမှိတ်၍ စိတ်ဖြင့် အာရုံပြုကာ သိဒ္ဓိတင်ပါ။ ၆။ ခင်ပွန်းကြီးဆယ်ပါး ကန်တော့ခြင်း။ သရဏဂုံယူ၊ သီလခံပြီးနောက် ခင်ပွန်းကြီးဆယ်ပါးအား ကန်တော့ရမည်။ ကန်တော့ပုံမှာ - တပည့်တော်သည် ဘဝအဆက်ဆက် သံသရာမှ ယနေ့ထိအောင် ရှည်လျားသော ကာလအတွင်း၌ မသိမိုက်မဲ၍ ခင်ပွန်းကြီးဆယ်ပါးကို ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း၊ သိလျက်နှင့်လည်းကောင်း၊ မသိ၍လည်းကောင်း၊ အမှတ်တမဲ့ဖြင့်လည်းကောင်း၊ အမှတ်ထင်ထင်ဖြင့်လည်းကောင်း၊ ပြစ်မှားကျူးလွန်ခဲ့သည်ရှိသော်၊ ထိုအပြစ်တို့မှ နားလည်ကျေအေး ခွင့်လွတ်ပေးပါရန် မာန်ကိုနှိမ့်ချ ရှိခိုးတောင်းပန်ပါ၏။ ကန်တော့ရသည့် အကျိုးအားကြောင့် ခင်ပွန်းဆယ်ပါးအပေါ် အပြစ်ဟူသမျှ တင်ရှိခဲ့လျှင် ထိုအကုသိုလ် ကံတို့မှ ကင်းစင်လွတ်မြောက် ပြေပျောက်ပြီး ဖြစ်ပါစေသတည်း။ အကုသိုလ်ရှိလျှင် ကျင့်စဉ်၌ အတားအဆီး ဖြစ်၍ ကင်းသွားအောင် လမ်းရှင်းခြင်းဖြစ်လေသည်။ ၇။ မေတ္တာပို့ခြင်း။ ခင်ပွန်းကြီးဆယ်ပါး ကန်တော့ပြီးနောက် မေတ္တာပို့ရ၏။ ရှေးဦးစွာ စိတ်ကိုတည်ငြိမ်အောင် ဆောက်တည်ပါ။ မေတ္တာပို့လိုသူအပေါ် တစ်ဦးတည်းသော သားအပေါ် ထားရှိသည့် မိခင်၏စိတ်မျိုး မွေးမြူရမည်ဟု မေတ္တာသုတ်၌ဆို၏။ ဤကဲ့သို့ စိတ်ကို တည်ငြိမ်အောင်ထားပြီး စိတ်ကို ညွတ်၍ " (၁) မိမိကိုယ်သည် ဘေးရန်ကင်းပါစေ။ စိုးရိမ်ကြောင့်ကြ ကင်းပါစေ။ ဆင်းရဲဒုက္ခကင်းပါစေ။ ချမ်းသာသုခ ရှိပါစေ။ (၂) (မေတ္တာပို့လိုသူ) သည် ဘေးရန်ကင်းပါစေ။ စိုးရိမ်ကြောင့်ကြ ကင်းပါစေ။ ဆင်းရဲဒုက္ခကင်းပါစေ။ ချမ်းသာသုခ ရှိပါစေ။ (၃) အနန္တစကြာဝဠာ အနန္တသတ္တဝါတွေ ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။" ၈။ ဘုရားပင့်ခြင်း။ မေတ္တာပို့ပြီးနောက် မိမိ၏ဦးခေါင်းထက်သို့ မြတ်စွာဘုရားအား ပင့်ယူရမည်။ ပင့်ယူပုံမှာ သိရသ္မိံ မေ ဗုဒ္ဓသေဋ္ဌော၊ သာရိပုတ္တောစ ဒက္ခိဏေ၊ ဝါမအံသေ မောဂ္ဂလ္လာနော၊ ပုရတော ပိဋကတ္တယံ။ ပစ္ဆိမေ မမ အာနန္ဒော၊ စတုဒိသာ ခိဏသဝါ၊ယရ သမန္တာ လောကပါလာစ၊ ဣန္ဒာဒေဝါ သဗြဟ္မကာ။ ဧတေတံ အာနုဘာဝေန၊ ဟိတွာ သဗ္ဗရောဂါ ဥပဒ္ဒဝါ၊ အနေက အန္တရာယာပိ၊ ဝိနဿန္တု အသေသတော။ "လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ကိုးကွယ်ရာ အစစ်ဖြစ်တော်မူသော၊ သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် ဆရာမတင် ကိုယ်တော်တိုင် သိမြင်တော်မူသော၊ ဣဿရိသ ဓမ္မယဿ သီရိကာမ ပယဋ္ဌဟု ဘုန်းတော်ခြောက်ဆူ ဘော်ကြူငွေနှစ် ဇမ္ဗူရာဇ်နီဖလံ မင်းစံရောင်ညီး ရွှေတောင်ကြီးအလား ထင်ရှားတော်မူသော ရှင်ပင်ထွဋ်ထား မြတ်ဘုရားသည် တပည့်တော်၏ ဦးခေါင်းထက်၌ မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့ ကြွရောက်တည်နေတော်မူပါ ရောင်ခြည်တော် နေတနှုံးကဲ့သို့ ရွှေဘုန်းတော်သခင် အရှင်မြတ်ကြီးဘုရား။" ၉။ မိမိခန္ဓာကိုယ်ကို လှူဒါန်းခြင်း။ "ရုပ်နှင့်နာမ်သာ ထိုနှစ်ဖြာကို သက္ကာရစွဲ အထင်လွဲ၍ ငါဘဲသမုတ် အကျွန်ု၏ ခန္ဓာငါးပါး အပေါင်းအစုမျှသာဖြစ်သော ဤခန္ဓာကိုယ်ကို မြတ်စွာဘုရားအား လှူဒါန်းပါ၏။" (သုံးကြိမ်ဆို၍ လှူပါ။) ၁ဝ။ ပုတီးစိပ်ရန် ကမ္မဋ္ဌာန်းတောင်းခြင်း။ ဘန္တေ- မြတ်စွာဘုရား၊ အဟံ- တပည့်တော်သည်၊ သံသာရ ဝဋ္ဋဒုက္ခတော- သံသရာတည်းဟူသော ဝဋ်ဆင်းရဲအပေါင်းမှ၊ မောစနဋ္ဌာယ- လွတ်မြောက်ပါရခြင်း အကျိုးငှာ၊ အနုဿတိ- ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းကို၊ ယာစာမိ- တောင်းပန်ပါ၏။ အရှင်ဘုရားသည် တပည့်တော်အား၊ အစဉ်သနားခြင်းကို အကြောင်းပြု၍ ထိုအနုဿတိ ကမ္မဋ္ဌာန်းကို ခွင့်ပြုပေးသနားတော်မူပါ ဘုရား။ ၁၁။ အဓိဋ္ဌာန်ပြုခြင်း။ အကျွန်ုပ်သည် ယခုပုတီးစိပ်သောအခါ တထိုင်တည်းနှင့် ပုတီးပတ်ကို ကောင်းစွာပြီးမြောက်အောင် စိပ်ပါမည်။ မည်သည့်အကြောင်းကြောင့်နှင့်မျှ အထိုင်ပျက်ခြင်း၊ ပုတီးပတ် ဖျက်ခြင်းများ မပြုလုပ်ပါ။ အကျွန်ုပ်၏ သစ္စာအဓိဋ္ဌာန်ကို သိကြားဒေဝါ နတ်များစွာတို့ သိကြားသည် ဖြစ်စေသော်ဝ်။ (အဓိဋ္ဌာန်ဖက်လျင် ဝီရိယပါ အစွမ်းထက်လာ၏။) ၁၂။ စနစ်တကျ ထိုင်ခြင်း။ တင်ပျဉ်ခွေထိုင်ခြင်း၊ ကျောဇက်ခေါင်း ခန္ဓာကိုယ်အထက်ပိုင်းကို မတ်မတ်ထားခြင်း ဖြစ်သည်။ ၁၃။ ဂုဏ်တော် နှင့် တရားဓမ္မများ။ မိမိပွားလိုသော ဓမ္မအစုစုကို ကြိုတင်လေ့လာပြီး ကမ္မဋ္ဌာန်းတောင်းစဉ်၊ အဓိဋ္ဌာန်ပြုစဉ်ကတည်းက ရည်ရွယ်ထားရသည်။ ၁၄။ ဆောင်ရမည့် အချက်များ။ အာရုံမိရန် သမာဓိရရန် ကြိုးစားပါ။ ဂုဏ်တော်စိပ်လျင် မိမိစိပ်သော ဂုဏ်တော်၏ အနက်ကို စူးစူးစိုက်စိုက် စိတ်ဝင်စားပါ။ လေးလေးနက်နက် ရယုံယုံကြည်ကြည် စိပ်ပါ။ ၁၅။ ရှောင်ရမည့် အချက်များ။ ဘာတစ်ခုမျှ မျှော်လင့်မထားရပါ။ ပုတီးစိပ်သည့် အာရုံသန့်သန့်သာ တည်စေရမည်။ ဝိတက် (စိတ်ကူး) အဝင်မခံပါနှင့်။ ဝင်လာလျင် စိတ်ကို ဘုရားသို့ အာရုံပြောင်းပါ။ စနစ်တကျ ကြိုးစားလျင် တနေ့တခြားထူးခြားလာပါမည်။ ၁၆။ ပြန်လည်ဆင်ခြင်ခြင်း။ ငါစိတ်ည်ငြိမ်စွာဖြင့် ပုတီးစိပ်ခဲ့ပြီ။ ဤအတွင်း ငါ၏စိတ်သည် နှစ်သက်ခဲ့ပြီ။ ချမ်းသာခဲ့ပြီ။ ထူးမြတ်သော ဘာဝနာ ကုသိုလ်ရပြီ။ ငါ၏အဓိဋ္ဌာန် အောင်ခဲ့ပြီ။ ဝိတက်များလာလျင်လည်း နောင်အခါ ဝိတက်မရှိဘဲ စိတ်အင်အား ပို၍ကြီးအောင် ငါကြိုးစားမည်။ ဟု ဆင်ခြင်ပါ။ ၁၇။ အမျှအတန်းပေးဝေခြင်း။ ကျွန်ုပ်၏ ယခုဘာဝနာ ပုတီးစိပ်ရသော ကုသိုလ်သည် အာသဝေါတရား လေးပါးတို့၏ ကင်းရာကုန်ရာကို ရွက်ဆောင်နိုင်သည် ဖြစ်ပါစေသတည်း။ ကျွန်ုပ်၏ ယခုဘာဝနာ ပုတီးစိပ်ရသော ကုသိုလ်သည် နိဗ္ဗာန်၏ အကြောင်း အထောက်အပံ့သည် ဖြစ်ပါစေသတည်း။ ကျွန်ုပ်၏ ယခုပြုသော ပုတီးစိပ်ခြင်း၏ ကောင်းမှုကုသိုလ်ကို (ခပ်သိမ်းသော သတ္တဝါတို့အား) အကျွန်ုပ်နှင့် ထပ်တူထပ်မျှ ရပါစေရန် အမျှပေးဝေပါ၏။ အားလုံး အမျှ အမျှ အမျှ ရကြပါစေသတည်း။ သာဓုသာဓုသာဓု။
https://www.dhammaransi.com/index.php/new/422-2016-12-29-10-41-52.html
သည်းခံခြင်း ခန္တီပါရမီ
နေပူပြစ်ကျဲကျဲထဲတွင် ဒေါသကို စိတ်ထဲ တင်းတင်းကြပ်ကြပ် ထည့်သွင်းထားပြီးမျက်နှာကို အကြောပြတ်လုမတတ် တင်းလျှက် ပုဏ္ဏားတစ်ယောက်သည် ဘုရားရှင်ရှိရာကျောင်းတော်သို့ ခြေလှမ်းကို ကျဲနိုင်သမျှ ကျဲကာ ခပ်မြန်မြန်လေး လျှောက်နေသည်။ သူ့ရင်ထဲတွင် ဤမနက် သူ့ဇနီး၏ အပြုအမူ ဝင်ရောက်လာသည်နှင့် တပြိုင်နက် သူကခြေလှမ်းကို ထပ်ဆင့် မြင့်တင် လိုက်သည်။ တော်တော်လေးကို ခံပြင်းစရာ ကောင်းသည်။ သူ့ဇနီးသည် သူကိုးကွယ်သည့် ရဟန်းများကို နှင်ထုတ်ပြီး ဘာမဟုတ်သည့် ဂေါတမ၏ တပည့်ရဟန်းတွေ ကိုကျတော့ ဆွမ်းကပ်လိုက်သည့် အပြင်တရားပါ နာယူလိုက် သေးသည်။ သူ အတော်လေး စိတ်တိုမိသည်။ အိမ်ရှင်မကိုးကွယ်သော ရဟန်းတွေရဲ့ ဆရာဂေါတမကို ဘာမှ မဟုတ်ဘူးဆိုတာ သူဇနီးသိသွားစေရမည်။ နှုတ်မှလည်း “ဂေါတမ သင်ဟာ ကျွန်ုပ်စကား ပရိယာယ်ထဲ ချော်ဝင်ပြီး လူသတ်သမား အမည်ကို တွင်ကို တွင်သွား စေရမယ်” ဟု ရေရွတ်လျှက်ဘုရားရှင်ရှိရာသို့ တောက်လျှောက် ဝင်သွားလိုက်သည်။ ဘာကိုမှ မမြင်တော့။ “အို . . . ဂေါတမ၊ ဘာကို သတ်ရင် စိတ်ချမ်းသာမလဲ၊ ဘာကို သတ်ရင် မစိုးရိမ် မကြောင့်ကြဘဲ နေရမလဲ၊ သင်က ဘာကို သတ်ရခြင်းကို နှစ်သက်သလဲ” “ချစ်သား ဘာရဒွါဇ” ဘုရားရှင်က အလွန်ရဲရင့်သော အသံဖြင့် ဖြေလိုက်သည်။ “ဒေါသကို သတ်ရင် စိတ်ချမ်းသာပါတယ်၊ ဒေါသကို သတ်ရင် မစိုးရိမ် မကြောင့်ကြဘဲ နေရပါတယ်၊ ငါ ဘုရားရှင်ဟာ ဒေါသကို သတ်ရခြင်းကို နှစ်သက်ပါတယ်” ဘာရဒွါဇ ဆိုသော ပုဏ္ဏားမှာ ထိုနေရာ၌ပင် ဘုရားရှင်ကို အလွန် ကြည်ညိုသွား ပါတော့သည်။ မည်မျှအထိနည်း ဆိုရင် ချက်ချင်းပင် ရဟန်းဝတ်ခွင့် တောင်းသည်အထိ။ သို့သော် ထိုကိစ္စနဲ့ ပတ်သက်၍ စိတ်ဆိုး စိတ်တိုရသူ တစ်ယောက်ပေါ်လာသည်။ ထိုသူက ညီ ဘာရဒွါဇ။ တိုက်ခိုက် စွပ်စွဲရန် ထွက်သွားသော သူ့ အစ်ကိုကို ဘုရားရှင်က အလွယ်တကူ မြူဆွယ်နိုင် သွားသည်။ သူစိတ်တိုနေသော်လည်း သူ့အစ်ကိုလိုတော့ လုပ်၍ မဖြစ်။ ထို့ကြောင့် မနက် ဘုရားရှင်ဆွမ်းခံကြွလာသည်နှင့် တပြိုင်နက် လမ်းတစ်လျှောက်လုံး လိုက်လံကာ ဆဲဆိုတော့သည်။ ဘုရားရှင်က ဘာမှ မဖြစ်သည်ံပုံ။ ညီ ဘာရဒွါဇသည် ကြိတ်မနိုင် ခဲမရဖြစ်လာကာ ဘုရားရှင်ကို တိုက်ရိုက်သွားမေး ရတော့သည်။ ဘုရားရှင်က အမေးကိုအမေးဖြင့် ဖြေတော်မူသည်။ “သင် သူတပါးကို ပစ္စည်း လက်ဆောင်တွေ ပေးဖူးပါသလား ချစ်သား ဘာရဒွါဇ” “အို ပေးဖူးတာပေါ့” “သူတပါးက သင်ပေးတဲ့ ပစ္စည်းကို မယူရင် သင်ဘာလုပ်ပစ်လဲ” “ကိုယ်ပဲ ပြန်သိမ်းထားရတာပေါ့” “ထို့အတူပဲ ဘာရဒွါဇ၊ သင်ပေးသော ဆဲရေးတိုင်းထွာမှုကို ငါ မယူ” ဘုရားရှင် စကားကြောင့် ညီဘာရဒါွဇလည်း ဘုရားရှင်ကို ကြည်ညို သွားတော့သည်။ သည်းခံခြင်းနဲ့ ပတ်သက်သော ထိုဇာတ်အပြင် ပုဏ္ဏအမည်ရှိ ရဟန်း၏ သည်းခံပုံလည်း ရှိသည်။ ထိုရဟန်းက သုနာပရန္တရွာသို့အသွား ဘုရားရှင်က မေးတော်မူသည်။ “သုနာပရန္တရွာသားတွေက အဆဲကြမ်းတယ် ၊ ငါ့ရှင် ဘယ်လိုလုပ်မလဲ” “မရိုက်တာပဲ တော်လှပြီ ဟု ဆင်ခြင်ပါမည် ဘုရား” “ရိုက်ခဲ့ရင်ကော” “မသတ်တာပဲ တော်လှပြီ ဟု ဆင်ခြင်ပါမည် ဘုရား” “သတ်ခဲ့ရင်ကော” “သူများဖြင့် သေချင်လွန်းလို့ ခက်နေကြတယ်၊ ငါ့မှာ သေဖို့ သူတို့ ကူညီပေးတယ် ဟု ဆင်ခြင်ပါမည်ဘုရား” ဟု သူ၏ သည်းခံမည့်ပုံစံကို ဘုရားရှင်အား ရဲရဲဝံ့ဝံ့ လျှောက်ထားလိုက် သည်။ ထိုစဉ်ကပုဏ္ဏမထေရ်ဆိုသည်မှာ ပုထုဇဉ် ရဟန်းမျှသာ။ သည်းခံခြင်းနဲ့ ပတ်သက်၍ ဇာတ်တော်တွေက အများကြီးရှိသည်။ ဥတ္တရာသူဌေးသမီးနဲ့ သီရိမာ ဇာတ်လမ်း၊ ကလာဗုမင်းနဲ့ ခန္တီရသေ့၊ ကျေးဇူးကန်းတဲ့ လယ်သမားယောကျာ်းနဲ့မျောက်၊ ဒီဃာဝုမင်းသား စသဖြင့် အများကြီး ရှိသည်။ ထိုဇာတ်တော်များကို လူတော်တော်များများကလည်း သိပြီးသား ဖြစ်ကြသည်။ ဤဇာတ်လမ်းများက ကျွန်တော် မှတ်မိသမျှ သည်းခံခြင်းနဲ့ ပတ်သက်သော ဇာတ်လမ်းများ။ခန္တီ ပရမံ တပေါ တိတိက္ခာ အရာရာကို အနစ်နာခံခြင်းဟု ဆိုအပ်သော (၀ါ) အလွန် ထက်မြက်သော သည်းခံခြင်းသည် မြတ်သော အကျင့် တည်း ဆိုသော စကားလေး ရှိလေသည်။ မှန်သည်။ သည်းခံခြင်းသည် မြတ်၏။ (၃၈) ဖြာ မင်္ဂလာ တရားတော်တွင် (၂၇) ပါးမြောက် မင်္ဂလာလည်း ဖြစ်၏။ သည်းခံခြင်းတွင် နှစ်မျိုးရှိ၏။ အညံ့စား သည်းခံခြင်းနှင့် မြတ်သော သည်းခံခြင်း။ ဆဲရေး တိုင်းထွာခြင်း ရိုက်နှက်ပုတ်ခတ်ခြင်း ကိုသည်းခံခြင်းသည် အညံ့စား သည်းခံခြင်း ဖြစ်၏။ သို့သော် ထိုသည်းခံခြင်းမျှ ဖြင့်လည်း ကြီးပွားခြင်း၊ ရောဂါကင်းခြင်း၊ အသက်ရှည်ခြင်း၊ ချစ်ခင်သူပေါခြင်း၊ ငြိမ်းချမ်းစွာ နေထိုင်ရခြင်း စသော အကျိုးများ အလွယ် တကူရသည်။ အချမ်း အပူကိုသည်းခံခြင်း၊ အာရုံကို သည်းခံခြင်း၊ စိတ်၏ ဆာလောင်မှုကို သည်းခံခြင်းသည် မြတ်သော သည်းခံခြင်းဖြစ်၏။ ထိုသည်းခံခြင်းသည် သီလ သမာဓိ ပညာ ကို အကျိုး ပြုသဖြင့် ကာလကြာသော် ရဟန္တာ အဆင့်သို့ ရောက်နိုင်၏။ သည်းခံခြင်း ဆိုသည်မှာ အပြောလွယ်သလောက် အလုပ်ခက်သည်။ လောကီ လူ့သဘော အရ အညံ့စား သည်းခံစရာများကို သည်းခံရန် နည်းတော့ ရှိသည်။ မြတ်သော သည်းခံ ခြင်းအဆင့်ဖြစ်သည့် အချမ်းအပူကို သည်းခံခြင်း၊ အာရုံကို သည်းခံခြင်း၊ စိတ်၏ ဆာလောင်မှုကို သည်းခံခြင်း၊ ကျရှုံးမှုကို သည်းခံခြင်း၊ အခွင့်အရေး စောင့်ဆိုင်းရမှုကို သည်းခံခြင်းစသော သည်းခံခြင်းမျိုးကား မိမိစိတ်ကို မိမိ မည်မျှ အထိ ဆုံးမ နိုင်သနည်း အပေါ် မူတည်လေသည်။ သည်းခံ နည်းများမှာ ၁. စိတ်ဆိုး နေသူအပေါ် မေတ္တာ ပွားလိုက်ခြင်းဖြစ်သည်။ ၂. ကိုယ့်ကို ဆဲရေး ပုတ်ခတ်သူကို ပြန်လည်ဆဲရေး ပုတ်ခတ်လျှင် ဘုရားဟော တရားကို မလိုက်နာသူဟု မိမိကိုယ်ကို အပြစ်တင် ဆင်ခြင်ကာ ရှောင်ရမည်။ ၃. ရန်သူ၏ ကြည်ညိုဖွယ်ရာ သို့မဟုတ် ကောင်းကွက်လေးများကို ရှာကြည့်ရမည်။ ၄. ကောင်းကွက်ကလေး တစ်ခုမှ မရှိခဲ့လျှင်လည်း အော် သနားစရာ င့ါကို စိတ်တိုနေရာ သတဲ့ ဟုတွေးရမည်။ ၅. မပြေသေးလျှင် (က) ငါ့ကိုယ်ကိုသာ ဒုက္ခ ပေးတာ၊ ငါ့စိတ်ကို ဒုက္ခပေးတာ မဟုတ်ဘူး၊ ငါ့စိတ်ကိုသာ ဒုက္ခပေးတာ၊ ငါ့ကိုယ်ကို ဒုက္ခပေးတာ မဟုတ်ဘူး ဟုတွေးရမည်။ (ခ)ဘယ်သူရဲ့သား ဘယ်သူရဲ့ တပည့် ဘယ်လိုလူမျိုးဖြစ်တဲ့ ငါဟာ ဒီဒေါသနဲ့ မကိုက်ဘူး ဟုပယ်ဖျောက်ရမည်။ (ဂ)ဒေါသက အရှက်အကြောက် ကင်းမဲ့စေတယ်။ ငါမွေးထားလို့ မတော်ချေဘူး ဟု တွေးရမည်။ (ဃ)ငါ့ဒေါသက သူ့ကို ဘာမှ ဒုက္ခမပေးနိုင်ဘူး၊ ငါပဲ စိတ်ဆင်းရဲ နေရတယ် ဟုတွေးကာ ပယ်ဖျောက်ရမည်။ (င)ဒေါသသည် အပါယ်လားကြောင်းမျှသာ ဖြစ်သည် ဟု ဆင်ခြင်ရမည်။ (စ)ခုနက အစော်ကား ခံလိုက်ရသော ရုပ်နာမ်သည် ယခုအခါ ပျက်စီးလေပြီ ဟု ဆင်ခြင်ရမည်။ ၆. ကံကို ဆင်ခြင်ရပါမည်။ အော် လူတွေအားလုံး သတ္တဝါတွေ အားလုံး ကံစီမံရာသာ ဖြစ်ကြရတယ် ဟု ဆင်ခြင်ရပါမည်။ ၇. ဇာတ်တော်များကို ဆင်ခြင်ရမည်။ ၈. သံသရာကို ဆင်ခြင်ရမည်။ သံသရာတွင် ဆွေမျိုး မတော်စပ်ဖူးသူဟူ၍ မရှိ။ ဤသူသည် ဘဝ တစ်ခုခု၌ ငါ့ မိခင်၊ ဖခင် သားသမီး စသည်ဖြစ်ဖူးချိမ့်မည် ဟု ဆင်ခြင်ရမည်။ ၉. ခန္တီ၏ အကျိုးတရား၊ မေတ္တာ၏ အကျိုးတရားကို ဆင်ခြင်ရမည်။ ၁၀. သူင့ါကို ဆဲတာ ရိုက်တာ င့ါဆံပင်ကိုလား၊ ငါ့မွေးညင်းကိုလား၊ ငါ့အရေကိုလား စသဖြင့် ၃၂ကောဋ္ဌာသကို ဆင်ခြင်ရမည်။ ၁၁. နောက်ဆုံးနည်းကတော့ ပစ္စည်းပေးလိုက်ခြင်း တောင်းလိုက်ခြင်းပင်ဖြစ်သည်။
https://www.dhammaransi.com/index.php/new/423-2016-12-29-10-31-59.html
သာဓု အနုမောဒနာ အကျိုး
ဘုရားလက်ထက်တော်ကာလက ဝိသာခါဆိုတဲ့ ဒါယိကာမဟာ သာဝတ္ထိမြို့၏ အရှေ့တောင်ဘက်အရပ်၌ ပုဗ္ဗာရုံဆိုတဲ့ ကျောင်းတော်ကို ဆောက်လုပ်ပြီး ဘုရားအမှူးရှိသော သံဃာတော်အား လှူဒါန်းပါတယ်။ ပြာသာဒ်ကျောင်းမကြီးက အောက်ထပ်အခန်း တစ်ရာ၊ အထက်ထပ်အခန်း တစ်ရာ ရှိတယ်။ အခြံအရံ ပြာသာဒ်တွေကလဲ တစ်ထောင် ရှိတယ်။ အဲဒါဟာ ကိုးကုဋေအကုန်အကျ ခံပြီး ဆောက်လုပ်တဲ့ ကျောင်းဖြစ်တဲ့အတွက် အလွန်ပင် အချိုးကျ လှပတင့်တယ်ပြီး ကောင်းမွန်တယ်လို့ ဆိုရပါတယ်။ ဟုတ်မှာပါ။ ကိုးကုဋေတန်တယ်ဆိုတော့ သိန်းပေါင်းကိုးရာတန်ပဲ။ ယခုနေအခါမှာ ဒါလောက် အဖိုးတန်တဲ့ကျောင်း ရှိပုံမရပါဘူး။ အဲဒီကျောင်းတော်ကြီးကို ဆောက်လုပ် လှူဒါန်းတဲ့အခါမှာ ဝိသာခါက သူ့မိတ်ဆွေငါးရာကို ခေါ်သွားပြီး အဲဒီကျောင်းမှာ ကြည်ညိုဖွယ်တွေကို လျှောက်ပြတယ်။ အဲဒီအခါမှာ သူ့မိတ်ဆွေ အမျိုးသမီးတွေက သိပ်သဘောကျပြီး ချီးမွမ်းကြတယ်။ အဲဒီတော့ ဝိသာခါက အဲဒီကျောင်း အလှူဒါနကုသိုလ်ကို သူ့မိတ်ဆွေများအား အမျှပေးဝေတယ်။ အားလုံးပဲ ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုအနုမောဒနာ ခေါ်ကြပါတယ်။ အဲဒီ သူ့မိတ်ဆွေတွေထဲမှာ ဒကာမတစ်ယောက်ကတော့ အထူးသဖြင့် ဝမ်းမြောက်ဝမ်းသာစွာနဲ့ သာဓုအနုမောဒနာပြုပါသတဲ့။ အဲဒီလို သာဓုခေါ်ပြီး အနုမောဒနာပြုတဲ့ ကုသိုလ်ကြောင့် သေသည်၏ အခြားမဲ့မှာ အဲဒီအမျိုးသမီးဟာ တာဝတိံသာနတ်ပြည်၌ အလျားအနံ ၁၆-ယူဇနာစီ ရှိတဲ့ နိတ်ဗိမာန်ကြီးမှာ နတ်သမီး ဖြစ်ရတယ်။ တစ်ယူဇနာ ၈-မိုင်ကျ ထားပြီး တွက်ရင် အဲဒီနတ်ဗိမာန်ကြီးဟာ အလျားအနံ ၁၂၈-မိုင်စီ ရှိတယ်လို့ ဆိုရမှာပဲ။ အဲဒီနတ်ဗိမာန်ကြီး၏ ပတ်ဝန်းကျင်မှာ ပြာသာဒ်အခြံအရံတွေရော၊ တံတိုင်းဥယျာဉ်တွေရော၊ ရေကန်စသည်တွေရော ပြည့်စုံလျက် ရှိနေပါသတဲ့။ အခြွေအရံ နတ်သမီးတွေကလဲ တစ်ထောင်ရှိပါသတဲ့။ အဲဒါဟာ ပိုက်ဆံတစ်ပြားမှ မကုန်ဘဲ သာဓုခေါ်ရုံမျှနဲ့ ရသွားတဲ့ နတ်စည်းစိမ်တွေပဲ။ အားရစရာ မကောင်းဘူးလား။ (ကောင်းပါတယ် ဘုရား) အဲဒါဟာ နိဗ္ဗာန်ကို ရည်သန်ပြီး လှူတာကို အကြောင်းပြုပြီး သာဓုခေါ်တာ မဟုတ်ပါဘူး။ ခမ်းခမ်းနားနား ကျောင်းအလှူကို အာရုံပြုပြီး ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်တာပဲ။ အဲဒီ သာဓုခေါ်တဲ့ ကောင်းမှုကြောင့် နတ်ပြည်ရောက်ပြီး ခမ်းခမ်းနားနား အဆောက်အအုံ အခြွေအရံ စသည်နှင့် ပြည့်စုံသွားရတာပါပဲ။ အဲဒါကို မြတ်စွာဘုရားနှင့်တကွ အရှင်အနုရုဒ္ဓါ စသော ရဟန္တာ အရှင်မြတ်တွေကလဲ ချီးကျူးပြီး ဟောကြား ဖော်ပြထားပါတယ်။ ဒါပေမယ့် တချို့ကတော့ နိဗ္ဗာန်ရည်သန်ပြုတဲ့ ကောင်းမှုကိုမှ သာဓုခေါ်ရမယ်တဲ့။ တခါက အဲဒီလို ဟောတဲ့တရားကို သဘောကျပြီးတော့ အခြားကုသိုလ်တွေ သာဓုတောင် မခေါ်နိုင်ဘူးဆိုတဲ့ လူတစ်ယောက်ကို သူ့မိတ်ဆွေတွေက ဘုန်းကြီးထံ ခေါ်လာပြီးတော့ သာမန်ကုသိုလ်တွေကို သာဓုခေါ်သင့် မခေါ်သင့် ဖြေရှင်း ဟောကြားပေးဖို့ လျှောက်ကြပါတယ်။ ဘုန်းကြီး ရှင်းပြလိုက်ပုံကတော့ ``မည်သည့် ကုသိုလ်မဆို သာဓုခေါ်သင့်တယ်။ သာဓုခေါ်ရင် ကိလေသာ မကင်းသေးလို့ သံသရာ ဘဝထဲ ဖြစ်ရပေမယ့် ချမ်းသာတဲ့ ဘဝကောင်း ဘဝမြတ်မှာ ဖြစ်ရတယ်။ သာဓုခေါ်တဲ့ ကုသိုလ်တောင် မရှိရင်တော့ ကိလေသာမကင်းသေးတဲ့သူမှာ ယုတ်ညံ့တဲ့ ဘဝတွေချည်း ဖြစ်သွားမှာပဲ။ သာမန် ကုသိုလ်တွေကို သာဓုမခေါ်ဘဲ နေရုံမျှနဲ့ အရိယမဂ်ဖိုလ်လဲ မရောက်နိုင်ဘူး။ ကိလေသာလဲ မကင်းနိုင်ဘူး။ မကင်းရင် ဘဝအသစ်ကတော့ ဖြစ်ရမှာပဲ။ အဲဒီလို ဘဝအသစ် ဖြစ်တဲ့အခါ ကိုယ်တိုင်ပြုထားတဲ့ ကုသိုလ်ကလဲ ခိုင်ခိုင်မာမာ မရှိ၊ သာဓုခေါ်တဲ့ ကုသိုလ်ကလဲ မရှိရင် ယုတ်ညံ့တဲ့ ဘဝတွေမှာချည်း ဖြစ်ပြီး ဆင်းရဲသွားဖို့သာ ရှိတာပဲ။ ဒါကြောင့် သာဓုမခေါ်ရုံနဲ့ ဆင်းရဲငြိမ်းလိမ့်မယ်လို့ မထင်မှတ်ပါနဲ့´´ လို့ ရှင်းပြလိုက်ရပါတယ်။ ဒီနေရာမှာ ``သူတပါးက ပြုထားတဲ့ ကုသိုလ်ကို အမျှပေးဝေရင် သာဓုခေါ်ပြီး အနုမောဒနာကုသိုလ်ကို ဖြစ်ပွားစေရမယ်။ အဲဒီလို ဖြစ်ပွားစေရင် အဲဒီကောင်းမှုကြောင့်လဲ မြင့်မြတ်တဲ့ ဘဝကို ရောက်နိုင်တယ်´´ဆိုတဲ့ ဘုရား ရဟန္တာတို့၏ ဟောပြောချက်နဲ့ ``နိဗ္ဗာန်ကို မရည်သန်တဲ့ကုသိုလ် သာဓုမခေါ်ရဘူး´´ဆိုတဲ့ ဝါဒဟာ ကွဲပြား မနေဘူးလား။ (ကွဲပြားနေပါတယ် ဘုရား) အဲဒီလို ကွဲပြားနေတဲ့ အခြားဝါဒဘက်ကို လိုက်သင့်ပါ့မလား။ (မလိုက်သင့်ပါ ဘုရား) ဘုရားဘက်ကသာ နေသင့်တယ် မဟုတ်ပါလား။ (ဟုတ်ပါတယ် ဘုရား) အဲဒီလို အများက ဘုရားဘက်ကချည်း နေကြမယ်ဆိုရင် ဘုရားသာသနာတော်ဟာ မဆုတ်ယုတ်ဘဲ တည်တံ့နေမယ် မဟုတ်ပါလား။ (မှန်ပါ ဘုရား) အဲဒီလို သာသနာတော် တည်တံ့အောင်လို့ ဒီကာကွယ်ရေးတရားကို ဟောရတာပဲ။ မကောင်းဘူးလား။ (ကောင်းပါတယ် ဘုရား) +++++ (ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော `ဗုဒ္ဓသာသနာ့အန္တရာယ် ကာကွယ်ရေး တရားတော်´ မှ
https://www.dhammaransi.com/index.php/new/424-2016-12-29-04-50-20.html
ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သော မှတ်သာဖွယ်ရာများ
ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူ ၁။ ကကုသန်မြတ်စွာဘုရား ၂။ ကောဏဂုံမြတ်စွာဘုရား ၃။ ကဿပမြတ်စွာဘုရား ၄။ ဂေါတမမြတ်စွာဘုရား ၅။ အရိမေတ္တေယျမြတ်စွာဘုရား (နောင်ပွင့်တော်မှုမည်) သာသနာတော်သုံးရပ် ၁။ ပရိယတ္တိ သာသနာ = ပိဋကပ်စာပေသင်ကြားခြင်း ၂။ ပဋိပတ္တိ သာသနာ = တရားတော်နှင့်အညီကျင့်ခြင်း ၃။ ပဋိဝေဒ သာသနာ = ထိုးထွင်းသိမြင်ခြင်း ရတနာသုံးပါး ၁။ ဘုရား ၂။ တရား ၃။ သံဃာ ဂေါတမဗုဒ္ဓမြတ်စွာဘုရားနှင့် ပတ်သက်၍ သိသင့်သောအချက်များ မြတ်စွာဘုရား၏ ဖခမည်းတောအမည် = သုဒေါ္ဓဓန မြတ်စွာဘုရား၏ မယ်တော်အမည် = မယ်တော်မာယာ မြတ်စွာဘုရား၏ မွေးဖွားရာဇာတိ = ကပ္ပိလဝတ် မြတ်စွာဘုရား၏ ငယ်နာမည် = သိဒ္ဓတ္ဘမင်းသား မြတ်စွာဘုရား၏ ကြင်ယာတော် = ယသော်ဓရာ မြတ်စွာဘုရား၏ သားတော် = ရာဟုလာ မြတ်စွာဘုရား၏ ဖွားဖက်တော်ခုနှစ်ယောက်= မောင်စံ၊ ခန္ဓိကမြင်း၊ ကာဠုဒါရီအမတ်၊ ရွှေအိုးကြီးလေးလုံး၊ ညီနော်အာနန္ဒာ၊ ယသော်ဓရာ၊ ဗောဓိညောင်ပင် သံဝေဇနိယ လေးဌာန ၁။ မြတ်စွာဘုရားဖွားမြင်သည့်အရပ် = လုံမ္ဗနီဥယာဉ် ၂။ ဘုရားအဖြစ်ရောက်တော်မူသောနေရာ = ဗုဒ္ဓဂါယာ ၃။ ဓမ္မစကြာတရားဦးဟောတော်မူသောနေရာ = မိဂဒါဝုန်တော ၄။ ပရိနိဗ္ဗာန်ပြုသောနေရာ = ကုသိနာရုံ သတ္တဌာန ခုနှစ်ပါး ၁။ အောင်မြင်တော်မူသော ဗောဓိညောင်ပင်၏ အရှေ့မြောက်တစ်လံကွာ ရွှေပလ္လင်ဌာန ၂။ ဗောဓိပင်၏ မြောက်ဘက် ၁၀ လံကွာဌာန အနိမိသအရပ် ၃။ ဗောဓိပင်နှင့် အနိမိသအကြားနှစ်လံကွာဌာန ရတနာစင်္ကြ ံ ၄။ ဗောဓိပင်၏ အနောက်မြောက် ၁၅ လံကွာ ရတနာဃရရွှေအိမ် ၅။ ဗောဓိပင်၏ အရှေ့ ၃၂ လံကွာ အဇပါလ ဆိတ်ကျောင်းညောင်ပင် ၆။ ဗောဓိပင်၏ အရှေ့တောင် ၁၅ လံကွာ မုစလိန္ဒာအိုင်ဝယ် နဂါးပါးပြင်းအောက်ဌာန ၇။ ဗောဓိပင်၏ တောင်ဘက် ၁၁ လံကွာ လင်းလွန်းပင်အရပ် ဘုရားဂုဏ်တော်ကိုးပါး ၁။ အရဟံ = ပူဇော်အထူးခံယူတော်မူထိုက်သောဂုဏ်။ ၂။ သမ္မာသမ္ဗုဒ္ဓေါ = အလုံးစုံသောတရားအပေါင်းကိုသိမြင်တော်မူသောဂုဏ်။ ၃။ ၀ိဇ္ဇာစရဏသမ္ပန္နော = ၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊ စရဏတရား ၁၅ပါး တို့နှင့် ပြည့်စုံတော်မူသောဂုဏ်။ ၄။ သုဂတော = ကောင်းသောစကားကိုသာဆိုတော်မူသောဂုဏ်။ ၅။ လောကဝီဒူ = လောကသုံးပါးကိုသိတော်မူအပ်သောဂုဏ်။ ၆။ အနုတ္တရော ပုရိသ ဓမ္မသာရထိ= မယဉ်ကျေးသော လူနတ်ဗြဟ္မာသတ္တဝါတို့ကို ယဉ်ကျေးအောင်ဆုံးမသောဂုဏ်။ ရ။ သတ္ထာဒေဝမနုဿာနံ = နတ်လူတို့၏ ဆရာဖြစ်သောမူသောဂုဏ်။ ၈။ ဗုဒ္ဓေါ = သစ္စာလေးပါးကို သိတော်မူသောဂုဏ်။ ၉။ ဘဂဝါ = ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသောဂုဏ်။ တရားဂုဏ်တော် ခြောက်ပါး ၁။ သွာက္ခာတော = တရားတော်၏ အစအလယ်အဆုံးကောင်းသောဂုဏ်။ ၂။ သန္ဒိဌိကော = ချီးမွမ်းအပ်သော မဂ်ပညာဖြင့် ကိလေသာကို အောင်တတ်သောဂုဏ်။ ၃။ အကာလိကော = အခါမလင့် ကောင်းကျိုးချမ်းသာပေးတတ်သောဂုဏ်။ ၄။ ဧဟိပဿိကော = လာလှည့်ရှုလှည့်ဟူ၍ အစီရင်ကိုခံထိုက်သောဂုဏ်။ ၅။ သြပနေယျိကော = စိတ်နှင့်မခွာဘဲဆောင်ခြင်းငှာထိုက်သောဂုဏ်။ ၆။ ပစ္စတ္တံဝေဒိတဗ္ဗောဝိညူဟိ = ပညာရှိတို့စိတ်၌ သိအပ်ခံစားအပ်သောဂုဏ်။ သံဃာ့ဂုဏ်တော် ကိုးပါး ၁။ သုပ္ပဋိပန္နော = သိက္ခာကျင့်ဝတ်တို့ကို ကောင်းစွာကျင့်တော်မူသောဂုဏ်။ ၂။ ဥဇုပ္ပဋိပန္နော = သိက္ခာကျင့်ဝတ်တို့ကို ဖြောင့်မတ်စွာကျင့်သောဂုဏ်။ ၃။ ဉာယပ္ပဋိပန္နော = နိဗ္ဗာန်၏ အကျိုးငှာ ကျင့်တော်မူသောဂုဏ်။ ၄။ သာမိစိပ္ပဋိပန္နော = အရိုအသေပြုထိုက်အောင် သိက္ခာတို့ကိုရိုသေထိုက်သောဂုဏ်။ ၅။ အာဟုနေယျော = အဝေးမှဆောင်၍ သီလဝန ္တတို့အား လှူအပ်သော ပစ္စည်းကို ခံယူတော်မူထိုက်သောဂုဏ်။ ၆။ ပါဟုနေယျော = ချစ်ခင်နှစ်လိုအပ်သောဧည့်သည်တို့အဖို့ စီရင်ထားသော မြတ်သောအလှူကိုခံတော်မူထိုက်သောဂုဏ်။ ရ။ ဒက္ခိနေယျော = တမလွန်လောကကို ယုံကြည်၍ပေးအပ်သော မြတ်သော အလှူကိုခံတော်မူထိုက်သောဂုဏ်။ ၈။ အဥ္ဇလီကရဏီယျော = ကောင်းမူကိုအလိုရှိသူတို့ လက်အုပ်ချီ၍ ရှိခိုးခြင်းငှာ ထိုက်တော်မူသောဂုဏ်။ ၉။ အနုတ္တရံပုညခေတ္တံ = ကောင်းမူတည်းဟူသော မျိုးစေ့တို့၏ စိုက်ပျိုးရာ လယ်မြေကောင်းသဖွယ်ဖြစ်သောဂုဏ်။ အနှစ်သုံးပါး ၁။ ဒါန ၂။ သီလ ၃။ ဘာဝနာ ပစ္စည်းလေးပါး ၁။ ဆွမ်း ၂။ ဆေး ၃။ သင်္ကန်း ၄။ ကျောင်း ဆီမီးကပ်လှူခြင်းအကျိုးနှစ်ပါး ၁။ ပကတိမျက်စိကြည်လင်ခြင်း ၂။ ဉာဏ် (မျက်စိ)ကြည်လင်ခြင်း ဆွမ်းအကျိုး ငါးပါး ၁။ အာယု = အသက်ရှည်ခြင်း ၂။ ဝဏ္ဏ = အဆင်းလှခြင်း ၃။ သုခ = ချမ်းသာကြီးခြင်း ၄။ ဗလ = ခွန်အားကြီးခြင်း ၅။ ပရိဘာန = ဉာဏ်ပညာကြီးခြင်း ပန်းလှူရသည့် အကျိုးသုံးပါး ၁။ ရုပ်ရည်လှပသည်။ ၂။ ခန္ဒာကိုယ်သန့်ရှင်းစင်ကြယ်စေသည်။ ၃။ ခံတွင်းအနံ မွှေးကြည်စေသည်။ သီလရှိသူ ရနိုင်သောအကျိုး ငါးပါး ၁။ စည်းစိပ်ဥစ္စာရရှိနိုင်သည်။ ၂။ ဂုဏ်သတင်းကျော်ကြားနိုင်သည်။ ၃။ တင့်တင့်တယ်တယ်နေနိုင်သည်။ ၄။ မတွေမဝေဘဲသေရမည်။ ၅။ သေပြီးနောက် ကောင်းသောဘဝရောက်နိုင်သည်။ တရားနာခြင်း၏ အကျိုး ငါးပါး ၁။ မကြားဖူးသော ထုံနည်းပုံစံ တရားကောင်းတို့ကို ကြားရခြင်း။ ၂။ ကြားဖူးသော တရားကောင်းကို အဖန်တလဲလဲ မှတ်မိအောင်နာကြားရခြင်း။ ၃။ ယုံမှားသံသယကို ဖျောက်နိုင်ခြင်း။ ၄။ အယူဝါဒကို ဖြောင့်မတ်စွာ ယူနိုင်ခြင်း။ ၅။ သဒ္ဓါယုံကြည်သောစိတ်တိုးပွားစေခြင်း။ မေတ္တာအကျိုး ၁၁ ပါး ၁။ ချမ်းသာစွာအိပ်ရသည်။ ၂။ ချမ်းသာစွာနိုးရသည်။ ၃။ မကောင်းသောအိမ်မက်မမြင် ၄။ လူနတ်ချစ်သနားသည်။ ၅။ ဘေးလွတ်အောင်နတ်တို့စောင်မသည်။ ၆။ မီးမလောင်နိုင် ၇။ ဓားလက်နက်မထိနိုင် ၈။ အဆိပ်နှင့်မသေနိုင် ၉။ မကောင်းသောစိတ်ပျောက်သည်။ ၁၀။ မျက်နှာအဆင်းလှသည်။ ၁၁။ မတွေဝေဘဲသေ၍ ဗြမ္မာပြည်သို့ရောက်သည်။ သည်းခံခြင်းအကျိုး ငါးမျိုး ၁။ လူအများချစ်ခြင်း။ ၂။ ရန်ငြိမ်းခြင်း။ ၃။ အပြစ်နည်းခြင်း။ ၄။ မတွေမဝေသေရခြင်း။ ၅။ သုဂတိဘဝသို့လားရခြင်း။ အပယ်လေးပါး ၁။ ငရဲ ၂။ တိရိစ္ဆာန် ၃။ ပြိတ္တာ ၄။ အသူရကာယ် ကပ်သုံးပါး ၁။ ဒုဗိ ္ဘက္ခန ္တရကပ် ငတ်မွတ်ဘေးကြောင့် ပျက်စီးသောကပ် ၂။ သတ္တန ္တရကပ် လက်နက်ဘေးကြောင့် ပျက်စီးသောကပ် ၃။ ရောဂန ္တရကပ် = ရောဂါဘေးကြောင့် ပျက်စီးသောကပ် ရပ်ပြစ်ရှစ်ပါး ၁။ ငရဲ = ချမ်းသာမှုအလျဉ်းမရှိသောအရပ် ၂။ တိရစ္ဆာန် = နိဗ္ဗာန်နှင့်ဖီလာ မိုးကိုကျေပေးသောသတ္တဝါ ၃။ ပြိတ္တာ = ကိုယ်လက်အင်္ဂါ မမျှတသောသတ္တဝါ ၄။ အသညဇော = ခန္ဓာကိုယ်တစ်ပါးသာရှိ၍ အသက်နာမ်မရှိသော ဗြဟ္မာဘုံ ၅။ ပစ္စန ္တရော = ရတနာသုံးပါး မသိ၊ မရှိသော တောချုံ အုံခြားအရပ် ၆။ မိစ္ဆာဒိဌိ = မှားသောအယူရှိသော လူမျိုးစု ၇။ ၀ိကလိန္ဒြိယ = သစ္စာလေးပါးတရားကိုနာကြားရသော် ၈။ ဗုဒ္ဓသုညော တိဟေတုကော = အသိအလိမ္မာနှင့်ပြည့်စုံသော်လည်း ဘုရားပွင့်သော ကာလနှင့်လွဲ၍ လူဖြစ်ရခြင်း။ ရန်သူမျိုး ငါးပါး ၁။ ရေ ၂။ မီး ၃။ မင်းဆိုး ၄။ သူခိုး ၅။ မချစ်မနှစ်သက်သောသူ ၀ိပတ္တိတရား လေးပါး ၁။ သီလဝိပတ္တိ = သီလပျက်ခြင်း ၂။ ဒိဌိ၀ိပတ္တိ = အယူပျက်ခြင်း ၃။ အာစာရဝိပတ္တိ = အကျင့်ပျက်ခြင်း ၄။ အာဇီဝ၀ိပတ္တိ = အသက်မွေးမှုပျက်ခြင်း ဗျသနတရား ငါးပါး ၁။ ဉာတိဗျသန = ဆွေမျိုးဉာတိတို့ သေကျေပျက်စီးခြင်း ၂။ ဘောဂဗျသန = ရာထူးဂုဏ်သိမ် စည်းစိမ်ဥစ္စာလျောကျပျက်စီးခြင်း ၃။ ရောဂဗျသန = အနာရောဂါ နှိပ်စက်ပျက်စီးခြင်း ၄။ သီလဗျသန = အကျင့်သီလပျက်စီးခြင်း ၅။ ဒိဌိဗျသန = အယူဝါဒ လွဲမှားပျက်စီးခြင်း ကိလေသာ သုံးပါး ၁။ လေဘ ၂။ ဒေါသ ၃။ မောဟ ကာလ သုံးပါး ၁။ အတိတ် = လွန်လေပြီးသောကာလ ၂။ ပစ္စုပ္ပါန် = လက်ရှိကာလ ၃။ အနာဂတ် = နောင်ကာလ အဂတိတရား လေးပါး ၁။ ဆန္ဒ ၂။ ဒေါသ ၃။ ဘယာ ၄။ မောဟ မျက်မှောက်စည်းစိမ်ပျက်စီးကြောင်းတရား သုံးပါး ၁။ ဣတ္ထိဓုတ္တ = မိန်းမလိုက်စားခြင်း ၂။ သုရာဓုတ္တ = သေသောက်ကြူးခြင်း ၃။ အက္ခဓုတ္တ = လောင်းကစားခြင်း သရဏဂုံပျက်ရသောအကြောင်း နှစ်ပါး ၁။ မိစ္ဆာဒိဌိအယူကိုပြောင်းယူခြင်း ၂။ သေဆုံးခြင်း ကံသုံးပါး ၁။ ကာယကံ = ကိုယ်ဖြင့်ပြုခြင်း ၂။ ဝစီကံ = နှုတ်ဖြင့်ပြုခြင်း ၃။ မနောကံ = စိတ်ဖြင့်ပြုခြင်း အာရုံ ခြောက်ပါး ကာမဂုဏ်တရားများ ၁။ ရှုပါရုံ = အဆင်းအာရုံ ၂။ သဒ္ဒါရုံ = အသံအာရုံ ၃။ ဂန္ဓာရုံ = အနံအာရုံ ၄။ ရသာရုံ = အရသာအာရုံ ၅။ ဖောဌဗ္ဗရုံ = အတွေ့အာရုံ ၆။ ဓမ္မာရုံ = တရားသဘောအာရုံ ပိဋကတ် သုံးပုံ ၁။ သုတ္တန် ၂။ ၀ိနည်း ၃။ အဘိဓမ္မာ စေတနာ သုံးတန် ၁။ ပုဗ္ဗ =ကြိုတင်စေတနာ ၂။ မုဥ္စ = ပြုဆဲစေတနာ ၃။ ပရ = ပြုပြီးစေတနာ လောကပါလတရား သုံးပါး ၁။ လွတ်လပ်ခြင်း ၂။ ညီမျှခြင်း ၃။ တရားမျှတခြင်း လောက သုံးပါး ၁။ သတ္တလောက = လူသတ္တဝါများ၏ လောက ၂။ သင်္ခါရလောက = ဖြစ်ပျက်ပြုပြင်လောက ၃။ သြကာသလောက = ရှိရှိသမျှလူသတ္တဝါအားလုံးရှိသောလောက ဗြဟ္မစိုရ်တရား လေးပါး ၁။ မေတ္တာတရား ၂။ ကရုဏာတရား ၃။ မုဒိတာတရား ၄။ ဥပက္ခာတရား သမ္ပတ္တိတရား လေးပါး ၁။ ကာလသမ္ပတ္တိ = ခေတ်အခါကောင်းနှင့် ကြုံတွေ့ရခြင်း။ ၂။ ဂတိသမ္ပတ = လူ့ဘဝနတ်ဘဝကဲ့သို့ ကောင်းသောဂတိနှင့် ကြုံတွေ့ရခြင်း။ ၃။ ဥပဓိသမ္ပတ = ခြေလက်အင်္ဂါညီညာပြည့်စုံခြင်း၊ ရုပ်ရည်ရူပကာတင့်တယ်ခြင်း။ ၄။ ပယောဂသမ္ပတ = ကာယကံ၊ ဝစီကံ၊ မနောကံ ကံသုံးပါးဖြူစင်ကောင်းမွန်ခြင်း။ သမ္ပဒါတရား လေးပါး (မျက်မှောက်ကြီးပွားကြောင်းတရား လေးပါး) ၁။ ဥဌာနသမ္ပဒါ = ထကြွလုံ့လဝီရိယနှင့် ပြည့်စုံမှု ၂။ အာရက္ခသမ္ပဒါ = စောင့်ရှောက်ခြင်းနှင့် ပြည့်စုံမှု ၃။ ကလျာဏမိတ္တသမ္ပဒါ = မိတ်ဆွေကောင်းရှိမှု ၄။ သမဇီဝိတသမ္ပဒါ = မျှတစွာအသက်မွေးမှု ခန္ဓာ ငါးပါး ၁။ ရူပက္ခန္ဓာ ၂။ ဝေဒနာက္ခန္ဓာ ၃။ သင်္ခါရက္ခန္ဓာ ၄။ သညာက္ခန္ဓာ ၅။ ၀ိညာဏက္ခန္ဓာ သစ္စာ လေးပါး ၁။ ဒုက္ခသစ္စာ ၂။ သမုဒယသစ္စာ ၃။ နိရောဓသစ္စာ ၄။ မဂ္ဂသစ္စာ စေတီ လေးမျိုး ၁။ ဓမ္မစေတီ ၂။ ဓါတုစေတီ ၃။ ဥဒ္ဓိဿစေတီ ၄။ ပရိဘောဂစေတီ ဥပါယ်တံမျဉ် လေးမျိုး ၁။ ဘေဒဥပါယ် = သဘောထားအယူအဆကွဲလွဲအောင် သွေးတိုးသပ်လျှိုသည့်နည်းလမ်း။ ၂။ ဒဏ္ခုဥပါယ် = ထောင်ချခြင်း၊ အချုပ်ချခြင်းစသော ဒဏ်ခတ်သည့်နည်းလမ်း။ ၃။ သာမဥပါယ် = ရင်းနှီးအောင်ပေါင်းသင်းဆက်ဆံခြင်း၊ ကိုယ်ဘက်ပါအောင် ဖျောင်းဖျ ပြောဆိုစည်းရုံးခြင်းနည်းလမ်း။ ၄။ ဒါနဥပါယ် = ပေးကမ်းခြင်းနည်းလမ်း။
https://www.dhammaransi.com/index.php/new/425-2016-12-28-22-28-08.html
ခံတွင်းနံ့ ကောင်းချင်ရင်
အကုသိုလ် အကျိုးအပြစ်တွေ အများကြီးထဲကတချို့ “အကုသိုလ် အကျိုးအပြစ်”တွေကိုတော့ တော်တော်လေးကြောက်မိပါတယ်။အကြောက်ဆုံးထဲက အကြောက်ဆုံး တစ်ခုကတော့ “ခန္ဓာကိုယ် အနံ့အသက်ဆိုး” ရှိမှာကိုပါပဲ။ အထူးသဖြင့်တော့ ခံတွင်းက ကြာညိုနံ့မသင်းရင်နေပါစေ။အနံ့အသက်ရှိမှာကိုပါ။ ဒါကြောင့် ဒီလို ဆိုးပြစ်တွေ ဖြစ်စေမယ့် အကုသိုလ်မျိုးကိုတော့ အထူးပဲ သတိထားရှောင်ဖြစ်ပါတယ်။ အသိတစ်ဦးရှိပါတယ်။သူကပညာရေးမှာ သိပ်တော်ပါတယ်။လူငယ်ဘဝ ရည်းစားတစ်ယောက်လည်း ရှိပါတယ်။တစ်နေ့တော့ သူ့ကောင်မလေးကို သွားခိုးပါသတဲ့။ ဒါပေမယ့် ကောင်မလေးက တစ်ရက်ပဲပေါင်းပြီး နောက်နေ့မှာ သူ့မိဘအိမ်ကို ပြန်သွားပါသတဲ့။ စိတ်ဝင်စားလို့ တစ်ခြားအသိတစ်ယောက်ကို မေးကြည့်တော့ ပညာရေးမှာ တော်လှတဲ့ စာရေးသူရဲ့ အသိမှာ အထက်ကပြောခဲ့တဲ့ အကုသိုလ်ဆိုးလေးတွေရှိနေပါလို့တဲ့။ တကယ်တော့ ဒီအကြောင်းတွေကို ရေးပြနေရတာတောင် တော်တော်လေးအားနာမိပါတယ်။ သတိလွတ်ပြီး အဲဒီလို အကုသိုလ်မျိုးကို အမှတ်တမဲ့ကျူးလွန်မိကြမှာ စိုးလို့ပါ။ ဒီလိုအကျိုးအပြစ်တွေနဲ့ ပတ်သက်လို့ အများဆုံးတွေ့ရတာကတော့ “ပေတဝတ္ထု အဋ္ဌကထာ”မှာပါပဲ။ဒီ ပေတဝတ္ထု ထဲက တစ်ပုဒ်လောက် အရင်ပြောပြရအောင်ပါ။ “ကဿပ ဘုရားရှင်”လက်ထက်တော်က မထေရ်နှစ်ပါးဟာတောရွာတစ်ရွာမှာ ကျောင်းထိုင်နေကြပါတယ်။ နှစ်ပါးစလုံးက သီလဖြူစင်သလို၊ဆွမ်းခံအတူတူ၊ဆွမ်းစားအတူတူ ၊တံမြက်စည်းလှည်း အတူတူ စသည်ဖြင့် ဘာလုပ်လုပ် အတူတူလုပ်ကြပါတယ်။ နှစ်ပါး ညီညီညွှတ်ညွှတ်နေကြတော့ ညီညွှတ်ခြင်းရဲ့အကျိုးဖြစ်တဲ့ စိတ်ချမ်းသာမှုကိုလည်း နှစ်ပါးစလုံး ရရှိခံစားနေကြရတယ်။ဘဝမှာဘာတွေပဲ မပြည့်စုံ ၊မပြည့်စုံ စိတ်ချမ်းသာနေရင် တော်တော်လေးနေပျော်ပါတယ်။ တစ်နေ့မှာတော့ မထေရ်နှစ်ပါး သီတင်းသုံးတဲ့ရွာကိုအာဂန္တု မထေရ် တစ်ပါးကြွလာပါတယ်။ အာဂန္တု မထေရ် ရောက်လာတော့လက်ရှိ ကျောင်းထိုင်မထေရ် နှစ်ပါးကလည်း ဝမ်းမြောက် ဝမ်းသာနဲ့ ကြိုဆိုကြပါတယ်။နေရာထိုင်ခင်းကောင်းကောင်းပေးပြီး မနက် ဆွမ်းခံကြွတဲ့အခါ အာဂန္တု မထေရ် ကိုပါခေါ်ခဲ့ပါတယ်။ ရွာထဲက ဒကာ၊ဒကာမတွေက ဆွမ်းဟင်းကောင်းကောင်း၊အချိုပွဲကောင်းကောင်း လှူကြတာရယ်၊ ကြည်ညိုချစ်ခင်တဲ့ အမူအရာရှိကြတာရယ်ကြောင့်အာဂန္တု မထေရ်က ရွာကိုသဘောကျသွားပါတယ်။ ကျောင်းပြန်ရောက်လို့ ကျောင်းကို သေသေချာချာ ကြည့်တဲ့အခါမှာလည်း အကျယ်အဝန်းကော၊အရိပ် အာဝါသကော၊ကျောင်းအဆောက်အအုံကော ကောင်းနေတာရယ်ကြောင့် ကျောင်းမှာ အမြဲနေချင်တဲ့ အတွေးလေးဝင်လာပါတယ်။ ကျောင်းမှာ နေချင်တဲ့အတွေးလေးဝင်လာတာ ပြဿနာ မရှိပါဘူး။ကျောင်းထိုင် မထေရ်နှစ်ပါးကလည်း ကောင်းကောင်းလက်ခံမှာပါ။ ဒါပေမယ့် သူ့အတွေးက မတွေးကောင်းတဲ့ အတွေးကို တွေးတာပါ။ဘယ်လိုတွေးသလဲဆိုတော့ “ဒီရွာဟာ သိပ်ပြီး လာဘ်လာဘပေါတယ်။နေလို့ထိုင်လို့လည်း ကောင်းတယ်။ လက်ရှိ ကိုယ်တော်နှစ်ပါးကို ကျောင်းက ပထုတ်လိုက်ပြီးငါတစ်ပါးတည်းနေရရင် သိပ်ကောင်းမှာပဲ” တဲ့။ အတွေးပြီးရင် အပြောလာမယ်။အပြောပြီးရင် အလုပ်လာမယ်ဆိုတဲ့ ကံသုံးပါးတို့ရဲ့ သဘောဖြစ်စဉ်အတိုင်း အာဂန္တု မထေရ် က အတွေးကတစ်ဆင့် အပြောကိုတက်ယူပါတယ်။ အတွေးညံ့တော့ အပြောကလည်း ဆက်ညံ့သွားပါတယ်။ ကျောင်းထိုင်မထေရ် နှစ်ပါး ပူးတွဲမရှိတဲ့ အချိန်ကို စောင့်နေပါတယ်။ ဒီလိုနဲ့ တစ်နေ့ တစ်ခြားတစ်ပါး အပြင်သွားနေတဲ့ အချိန်မှာ ကျန်ခဲ့တဲ့ မထေရ်ရဲ့ အနားကိုသွားပြီး စကားစပါတော့တယ်။ “အရှင်ဘုရား …. အရှင်ဘုရား ကို စကားနည်းနည်းလောက် လျှောက်စရာရှိလို့ပါဘုရား” “လျှောက်ပါဦး” “အရှင်ဘုရားရဲ့ မိတ်ဆွေက မျက်မှောက်မှာသာမိတ်ဆွေလိုဆက်ဆံနေတာ၊ မျက်ကွယ်မှာတော့ အရှင်ဘုရားကို ရန်သူလို သဘောထားတာဘုရား။” “ငါ့ရှင် ဘာတွေလာပြောနေတာလဲ။တပည့်တော် မိတ်ဆွေဟာ ဒီလို သဘောမျိုးမရှိပါဘူး ဘုရား။” “အရှင်ဘုရား မယုံရင် စောင့်ကြည့်ပါဘုရား၊အရှင်ဘုရားက ရိုးတော့ ဘယ်သိမလဲ၊ တစ်နေ့ကျရင် သိလာမှာပါဘုရား” အာဂန္တု မထေရ် က အဲဒီလိုလျှောက်တော့၊ကျောင်းထိုင် မထေရ်က ပုထုဇဉ်ပဲ ရှိသေးတာဆိုတော့ အခြေအနေအရပ်ရပ်ရဲ့ အမှားအမှန်ကို မသုံးသပ်နိုင်ပါဘူး။ဒါကြောင့် စိတ်ထဲမှာ ဟုတ်များဟုတ်လေမလားဆိုပြီးသံသယ စိတ်ကလေး ဝင်သွားပါတယ်။ အာဂန္တု မထေရ်က တခြားမထေရ်ကိုလည်း တစ်ပါးတည်းရှိနေခိုက် မှာ အထက်ကအတိုင်း သွားပြောပြန်ပါတယ်။ အာဂန္တု မထေရ် ရဲ့ အတွေးထဲမှာ ရွာနဲ့ ကျောင်းမှာရှိတဲ့လာဘ်လာဘ အားလုံး သူပိုင်ဆိုင်ဖို့ပဲ အချိန်ပြည့်တွေးတောနေတာပါ။ဒါကြောင့် မထေရ်နှစ်ပါး အချစ်ပျက်သွားအောင် မကြာခဏ “ကုန်းချောစကား” ပြောပါတော့တယ်။ ကြာလာတော့ အလွန်ချစ်ခင်တဲ့ မထေရ်နှစ်ပါးဟာအမုန်းကြီးမုန်းသွားပြီး စကားတွေများကြပါတော့တယ်။ ပြီးတော့ ဆွမ်းခံလည်း မကြွတော့သလိုဆွမ်းကိုလည်းအတူတူ မစားတော့ပါဘူး။ တစ်ညမှာတော့ မထေရ်နှစ်ပါးဟာစကားတွေ အကြီးအကျယ်များပြီးမနက်ရောက်တော့ နှစ်ပါးထဲကတစ်ပါးက“ငါမုန်းနေတဲ့သူ ရှိတဲ့ အရပ်မှာ မနေတော့ဘူး”ဆိုတဲ့ အတွေးနဲ့ တစ်ပါးမှ အသိမပေးဘဲထွက်သွားပါတော့တယ်။ နောက်တစ်ပါးကလည်း “မချစ်မနှစ်သက်တဲ့သူနဲ့တော့အတူတူမနေနိုင်ပါဘူး” ဆိုပြီး ထွက်သွားပြန်ပါတယ်။ မထေရ်နှစ်ပါးထွက်သွားကြတော့ ကျန်ခဲ့တဲ့ အာဂန္တု မထေရ်ကသူတို့ရဲ့ လာဘ် လာဘဥစ္စာတွေ၊ငါအကုန်ရပြီဆိုပြီးသဘောကျ ကျေနပ်နေပါတော့တယ်။မနက်ရွာထဲကို ဆွမ်းခံကြွတော့ ဒကာ စကာမတွေက“အရှင်ဘုရား ဟို ဘုန်းဘုန်း နှစ်ပါးကော”လို့မေးတော့ “ညတုန်းက တစ်ပါးနဲ့တစ်ပါး ရန်ဖြစ် စကားများပြီးထွက်သွားကြတယ်၊ဦးဇင်းတားပါသေးတယ်၊ သူတို့က မနေချင်တော့တာ” လို့ မဟုတ်တဲ့ စကားကို ပြောလိုက်ပါတယ်။ ဒီတော့ ရွာသူ ရွာသားတွေက “ဒါဆို အရှင်ဘုရား ဒီရွာမှာ ကျောင်းထိုင် ဘုန်းကြီးအဖြစ်နဲ့ သတင်းသုံးပေးပါဘုရား” လို့ လျှောက်လိုက်ကြပါတယ်။အာဂန္တု မထေရ်လည်း “ဒကာ ဒကာမတွေကို ချီးမြှောက်သောအားဖြင့် နေတာပေါ့လေ” လို့ပြန်ပြောလိုက်ပါသတဲ့။ဒီလိုနဲ့ပဲ မထေရ်နှစ်ပါးရဲ့ ကျောင်းမှာ “ကျောင်းထိုင်ခွင့်” ရသွားပါတယ်။ အာဂန္တု မထေရ်ဟာ သူမျှော်လင့်ထားသလိုပဲလာဘ်လာဘတွေတော့ ရလိုက်ပါတယ်။ ဒါပေမယ့် လူဆိုတာ သေမျိုးဆိုတော့အချိန်တန်တော့ သေပေးရပါတယ်။ ေ သေတဲ့အခါကျတော့ ပြုခဲ့တဲ့ ကံအားလျော်စွာ“အဝီစိ ငရဲ”ကျသွားပါတယ်။ ယခင် ကျောင်းထိုင် မထေရ်နှစ်ပါးကတော့ အာဂန္တု မထေရ် ပျံလွန်တော်မူမှပဲ အဖြစ်မှန်ကိုသိပြီး ကုန်ခဲ့တဲ့ အချိန်တွေအတွက် ဝမ်းနည်းပြီးတစ်ပါးနဲ့တစ်ပါးဖက်ငိုကြသတဲ့။ နှစ်ပါးစလုံးမူလကျောင်းမှာပဲ ပြန်ထိုင်ကြပါတယ်။ကာလတစ်ခုကြာတော့အာဂန္တု မထေရ်လည်း ငရဲကလွတ်ပါတယ်။ ဒါပေမယ့် ငရဲကလွတ်ပြီး ရာဇဂြိုလ်ပြည်အနီးမှာ“ခံတွင်းနံ့ပုပ်ပြီး ခံတွင်းနံ့ဆိုးတဲ့ ပြိတ္တာ” ဖြစ်ရပြန်ပါတယ်။ သူ့ရဲ့ “ခံတွင်းနံ့”ဟာ အနီးဝန်းကျင်မှာ ပျံ့နှံ့နေပါသတဲ့။ တစ်နေ့မှာ “အရှင်နာရဒမထေရ်”က “အသင်ပြိတ္တာရယ်သင်က ရုပ်ရည်အဆင်းကျတော့ ရွှေလိုလှပပြီး၊ ဘယ်အကုသိုလ်ကံကြောင့် ခံတွင်းနံ့တွေ ဆိုးနေရတာလဲ။”လို့ မေးကြည့်ပါတယ်။ ပြိတ္တာကလည်း“အရှင်ဘုရားရယ် တပည့်တော်ဟာ ချစ်ခင်နေတဲ့သူနှစ်ယောက်ကို ကွဲပြားအောင် ကုန်းတိုက်ပြောခဲ့လို့ပါဘုရား။ဒါနဲ့ အရှင်ဘုရားရယ် ကုန်းတိုက်စကားပြောရင် ၊ သူတစ်ပါးရဲ့ ချစ်ခြင်းကို ခွဲရင် ဒီလိုခံရတယ်ဆိုတာ အရှင်ဘုရားရဲ့ တပည့် ဒကာ၊ဒကာမတွေကို တဆိတ်ပြောဟောပေးပါဘုရား။”လို့ နောင်တစကားပါ ပြန်ပြောလိုက်ပါတယ်။ နောင်မှရတဲ့ နောင်တဟာ အသုံးမဝင်တော့ပါဘူး။တကယ်တမ်းစဉ်းစားကြည့်ရင် ခံတွင်းနံ့ပုတ်ရတဲ့ ပြိတ္တာဖြစ်ရတဲ့ အာဂန္တု မထေရ်ဟာ လူဆန်ဆန်ပြောရရင် ပစ္စည်းဥစ္စာတွေလိုချင်လို့ ကုန်းတိုက်စကားပြောခဲ့တာပါ။ဒါပေမယ့် ခံလိုက်ရတဲ့ ဆိုးပြစ်ဟာ မချိမဆန့်ပါ။ ပစ္စည်းဥစ္စာရှာတဲ့နေရာမှာ ●တရားတဲ့နည်းနဲ့လည်းရှာလို့ရပါတယ်။ ●မတရားတဲ့နည်းနဲ့လည်းရှာလို့ရပါတယ်။ ●လူတစ်ယောက်ရဲ့ဘဝမှာ ပစ္စည်း ဝတ္ထု ဟာအဓိကမပြဋ္ဌာန်းပါဘူး။ ပစ္စည်း ဝတ္ထု ထက်ပြဋ္ဌာန်းတဲ့ အရာတွေ အများကြီးရှိ နေပါသေးတယ်။ ဒီ ပစ္စည်း ဝတ္ထုကြောင့်ပဲဆွေမျိုးတွေကနေ တစိမ်းတွေဖြစ်ရ၊မိတ်ဆွေတွေကနေ ရန်သူတွေဖြစ်ရ တရားရုံးတွေရောက်ရ။ဒါတွေက လက်တွေ့ဆိုးကျိုးတွေပါ။သေသွားတော့လည်း ဒါတွေထားခဲ့ရတာပါပဲ။ မသေခင်မှာဘဝကို ဘယ်လိုနေထိုင်သွားမလဲဆိုတဲ့ အတွေးလေး မကြာခဏ တွေးပေးသင့်ပါတယ်။ ဒီလို တွေးပေးတယ်ဆိုရင်ပဲ မကောင်းတာပြုချင်တဲ့ စိတ်ညံ့ကလေးတွေလည်း လျှော့သွားတတ်ပါတယ်။ အထက်က ဝတ္ထုလေးကို ပြန်ကောက်ချက်ချကြည့်ရအောင်ပါ။ချစ်ခင်နေတဲ့ လူနှစ်ယောက် ကွဲပြားသွားအောင်ကုန်းတိုက်စကားပြောတာဟာ အရကောက်ကြည့်ရင်“ပိသုဏဝါစာ”ပါ။ ဗဟုသုတ အဖြစ်ပါဠိလိုလေးမြည်းကြည့်ပါဦး။ ပိသတိ သာမဂ္ဂိံ သ ဉ္စုဏ္ဏေတီတိ ပိသုဏာ ၊ “သာမဂ္ဂိံ-ညီညွှတ်သူတို့၏ အဖြစ်ကို ၊ ပိသတိ -ကြိတ်ချေတတ်၏။ သ ဉ္စုဏ္ဏေတီတိ - မှုန့်မှုန့် ညက်ညက် ပြုတတ်၏။ ဣတိတသ္မာ-ထို့ကြောင့်၊ ပိသုဏာ-ပိသုဏ မည်၏”တဲ့။ လိုရင်းကတော့ ချစ်ခင်နေတဲ့ လူနှစ်ယောက်ကိုကွဲပြားအောင်ပြုလုပ်တာပါပဲ။ ကွဲပြားအောင်လုပ်တဲ့နေရာမှာ ကုန်းတိုက်သူက ရည်ရွယ်ချက်နှစ်မျိုးရှိပါတယ်။ အဲဒီနှစ်ချက်က လာဘ်လာဘ ပစ္စည်းဥစ္စာရဖို့ရယ်၊မိမိကိုချစ်ပြီးသူတစ်ပါးကို မုန်းဖို့ရယ်ပါ။ ရည်ရွယ်ချက်တစ်ခုကြောင့် ကုန်းချောတာဖြစ်နိုင်သလို၊ရည်ရွယ်ချက် နှစ်ခုလုံးကြောင့် ကုန်းချောတာ လည်းဖြစ်နိုင်ပါတယ်။ “ပိသုဏဝါစာကံ” ထိုက်ဖို့အတွက် အင်္ဂါလေးပါးရှိပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ အင်္ဂါလေးပါးက (၁)။ ခွဲစရာတစ်ပါးသူရှိခြင်း။ (၂)။ ကွဲစေလိုစိတ်ရှိခြင်း၊မိမိကိုချစ်စေလိုခြင်း။ (၃)။ လုံ့လပြုခြင်း။ (၄)။ ကုန်းတိုက်စကားပြောဆိုခံရသူသိခြင်း ရယ်ပါ။ ဒါပေမယ့် ကိုယ်ကကုန်းတိုက်စကားပြောပေမယ့်၊ကုန်းတိုက်စကားပြောတဲ့သူ နှစ်ယောက်က ကွဲမသွားဘူးဆိုရင်တော့ ပိသုဏဝါစာ မမြောက်ပါဘူး။ဆိုလိုတာကကွဲသွားရင် အပြစ်ကြီးမယ်။ မကွဲရင် အပြစ်သေးမယ်။ဒါပါပဲ။ ကျောင်းထိုင်မထေရ်နှစ်ပါးဟာ ကွဲသွားတဲ့အတွက် ကံမြောက်သွားရတာပါ။တကယ်တော့ ကိုယ်လုပ်မယ့် အလုပ်ကလေးတွေ ၊ ကိုယ်လုပ်နေဆဲ အလုပ်ကလေးတွေကို ပြန်ပြန်စဉ်းစားဖြစ်တယ်ဆိုရင်ပဲ ကိုယ့်ရဲ့ “အကုသိုလ်လေး”တွေက တန့်တန့်သွားတတ်ပါတယ်။ ကိုယ်လုပ်နေတဲ့ အလုပ်ရဲ့ အမှားအမှန်ကို မသိရလောက်အောင်တော့ ဘယ်သူ့မှ မညံ့ကြပါဘူး။ တစ်ခုတော့ရှိပါတယ်။အကုသိုလ် တစ်ခုခုကိုလုပ်ပြီဆိုရင်အကုသိုလ်နဲ့ ယှဉ်ဘက်သူငယ်ချင်းတွေဖြစ်တဲ့ “အဝိဇ္ဇာ ၊တဏှာ ၊လောဘ၊ ဒေါသ၊မောဟ”စတဲ့ တခြားမကောင်းတဲ့ အကုသိုလ်စေတသိက်မျိုးစုံကလည်း ခြံရံကာရံပြီးကူညီတတ်လေ့ရှိပါတယ်။အဲဒီလို အကုသိုလ်စေတသိက်မျိုးစုံ ခြံရံကာရံထားတော့ ကုသိုလ်ဘက်ကို လှမ်းပြီးမမြင်နိုင်တော့ပါဘူး။ဒီလိုပါပဲ။ကုသိုလ်တစ်ခုခု လုပ်နေတဲ့နေရာမှာလည်း ကုသိုလ်ရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ “မေတ္တာ၊ကရုဏာ၊မုဒိတာ၊သဒ္ဓါ ၊ပီတိ” စတဲ့ကောင်းတဲ့စေတသိက်တွေကပတ်ပတ်လည်ကနေ ခြံရံကာရံပေးထားတာဆိုတော့ တော်ရုံတန်ရုံ အကုသိုလ်ဘက်ကို မတွေးဖြစ်တော့ပါဘူး။ တရားသောနည်းနဲ့ မဟုတ်ဘဲ၊ မတရားသောနည်း နဲ့ရတဲ့အရာမှန်သမျှ နောက်ဆက်တွဲ ရလဒ်တစ်ခုက ရှိကိုရှိနေမြဲပါ။တစ်ချို့ရလဒ်တွေကျတော့ သေးငယ်ပေမယ့် တော်တော်လေးထိန့်လန့်ဖို့ ကောင်းပါတယ်။ ရုပ်လည်းချောပါရဲ့။ပညာလည်းတတ်ပါရဲ့။ပစ္စည်းဥစ္စာလည်း ပြည့်စုံပါရဲ့၊ဒါပေမယ့် ခံတွင်းနံ့မကောင်းဘူးဆိုရင် သွားရောပါ။ တကယ်လို့များကိုယ့်မှာ အတိတ်ဝဋ်ကြွေးကြောင့်ပဲဖြစ်ဖြစ်၊ကျန်းမာရေးကြောင့်ပဲဖြစ်ဖြစ် အနံ့အသက်တွေရှိနေခဲ့ရင် ပြေပျောက်ဖို့အတွက် အကောင်းဆုံးကုသိုလ်ကတော့ မြတ်စွာဘုရားကို အမွှေးနံ့သာနဲ့ လှူဒါန်းပူဇော်ခြင်းပါပဲ။ ●အမွှေးနံ့သာဆိုတော့ ပန်းတို့၊နံ့သာရည်တို့၊ရေမွှေးတို့ပါ။ရေမွှေးနဲ့ပူဇော်တဲ့အခါမှာ လက်ကိုင်ပုဝါဖြူဖြူလေးကို အခေါက်ကလေးခေါက် ရေမွှေးလေးဆွတ်၊ ပန်းကန်လေးထဲထည့်ပြီး၊ဘုရားရှေ့မှာ ပူဇော်လို့ရပါတယ်။ ပူဇော်ရင်းနဲ့ “ဤအမွှေးနံ့သာ လှူဒါန်းပူဇော်ရသော ကောင်းမှုကြောင့် အနံ့အသက်များပြေပျောက်ရပါလို၏၊ ကောင်းမွန်တဲ့ အနံ့အသက်များ ရရှိရပါလို၏”လို့ဆုတောင်းလို့လည်း ရပါတယ်။ တစ်ဖက်ကလည်း အတိတ် အကုသိုလ်ဝဋ်ကြွေးကို သံဝေဂယူပြီး၊အနံ့အသက်ဖြစ်စေမယ့် အကုသိုလ်မျိုးကို အထူးပဲ သတိထားရှောင်ရပါတယ်။ ဘာပဲဖြစ်ဖြစ် “ကုန်းချော စကားပြောမိရင်ခံတွင်းနံ့ ဆိုးတတ်တာလေး”ကို ဗဟုသုတ အဖြစ်သိထားလိုက်မယ်ဆိုရင်ပဲစာရေးသူကော၊စာဖတ်သူကော အကျိုးရှိသွားပါပြီ။ ကဲ …. စာဖတ်သူကော၊စာရေးသူကော ကုန်းချောစကားကို ရှောင်လိုက်ကြရအောင်နော်။ -【ဆရာတော်အရှင်ရာဇိန္ဒ (ရဝေနွယ် - အင်းမ)၏“အတွေးများ နဲ့ မိတ်ဖွဲ့ခြင်း”နှာ ၁၀၇ - ၁၁၄ မှ ကူးယူပူဇော်ပါသည်။
https://www.dhammaransi.com/index.php/new/426-2016-12-28-05-37-47.html
ပျော်ရွှင်စရာအကောင်းဆုံးမိသားစုဘဝ
လူတိုင်းနေခဲဲ့ကြရတဲ့ အိမ်တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ အမေ့ရဲ့ ဝမ်းဗိုက်လို့ခေါ်တဲ့ အိမ် ဆိုတာပါပဲ။ လူမျိုးချင်းမတူ၊ ဘာသာချင်းမတူလဲ နေခဲ့ရတဲ့ အိမ်ကတော့ အတူတူပါပဲ။ သားသမီးလို့ခေါ်တဲ့ နေတဲ့သူနဲ့ မိဘလို့ခေါ်တဲ့ (ဝမ်းဗိုက်ပိုင်ရှင်) အိမ်ရှင်နဲ့ ဆက်စပ်မှုရှိပုံက အ့ံသြစရာပဲ။ နေတာချင်းတော့ တူပေမဲ့ နေပုံနေနည်းချင်းကွာတယ်။ ဘုရားလောင်းက ကြည့်ခြင်းကြီးငါးပါးနဲ့ကြည့်ပြီးမှ အဖေ၊ အမေ တော်သင့် တယ်လို့ ဆုံးဖြတ်ပြီး ရွေးချယ်ခဲ့တာပါ။ လူ့လောကမှာ အဆင်ပြေဖို့် အောင်မြင်ဖို့ဆိုတာ အမေ (ဝမ်းဗိုက်ပိုင်ရှင်) အပေါ် အများကြီး မူတည်တယ်။ ခန္ဓာကိုယ်ကသာ ကွဲပြားလာတယ်ဆိုပေမဲ့ စိတ်က အမေနဲ့ ဆက်နေတယ်။ အမေက ကလေးရှေ့မှာ မဟုတ်တာ လုပ်ပြရင် ကလေးကလည်း လိုက်လုပ်မှာပါပဲ။ ဒေါသကြီးနေရင် ကလေးလည်း ဒေါသဆိုတာ ဘာလဲ သင်စရာ မလိုတော့ဘူး။ ကိုယ်ရော လူ့လောကထဲ လာတုန်းက အမေ၊ အဖေတော်ရမဲ့သူကို ရွေးပြီးမှလာခဲ့တာလား။ နောက်ဘဝကူးရင်ရော ရွေးတဲ့သူတွေ ရှိပါလား ကိုယ်ကရော မရွေးဘဲ သွားမှာလား။ ခဏတာနေရမဲ့အိမ်ကို ကြည့်နေလို့ တစ်ဘဝတာ နေရမဲ့ အိမ်ကို မမေ့စေချင်ဘူး။ အခုလို မိဘရွေးလို့ရသလို မိခင်ရွေးကြသလိုမျိုး ကိုယ်ကရော လူ့လောကမှာ အိမ်ယာတည်ထောင်နေမယ်ဆို သားသမီးကို ရွေးလို့မရကြဘူးလားလို့ မေးကြပါတယ်။ မိခင်ဝမ်းဗိုက်ထဲကို လူ့ပြည်၊ နတ်ပြည်ကလည်း လာလို့ရသလို အပါယ်လေးဘုံကလည်း လာလို့ရပါတယ်။ တစ်ချို့ရှိတယ် … ဒီသားသမီးလေး ကိုယ့်ဗိုက်ထဲ ရောက်နေရုုံနဲ့့ စီးပွားတွေဖြစ်လို့ ချမ်းသာသွားကြတဲ့သူတွေ အများကြီးပါ။ တစ်ချို့ကြတော့လည်း သားသမီးရလိုက်ရုံနဲ့ လင်မယားကွဲ၊ စီးပွားပျက် ဖြစ်ကြရတယ်။ လင်မယားကွဲတာ ဘယ်သူ့ကြောင့် ဒီလိုကလေးဖြစ်တာ ဘယ်သူ့ကြောင့်ဆိုပြီး အပြစ်ပြောကြပြန်ရော အမှန်တော့ သားသမီးကို ရွေးပြီး လက်မခံတဲ့ အကျိုးဆက်လို့ ပြောလို့ ရမလားပဲ။ သားသမီးကလည်း မိဘကို ရွေးနိုင်တဲ့ အခွင့်အလမ်းရှိသလို မိဘကလည်း သားသမီးကို ရွေးနိုင်ပါတယ်။ မင်္ဂလာဆောင်ပြီးကတည်းက သီလစောင့်မယ်၊ ကိုယ်ဝန်ရလာတော့လည်း ကုသိုလ်တွေလုပ် အလှူတွေ လုပ်မယ်ဆို နတ်ပြည်၊ ဗြမ္မာပြည်ကလာတဲ့ သားသားမီးမီးလေးတွေ ရကြမှာပါ။ အပါယ်လေးဘုံက ဘယ်သူမှ မလာပါဘူး။ နတ်ပြည်၊ ဗြမ္မာပြည်က မိဘရွေးပြီးမှ လာကြတာမို့ သူတို့အရွေးခံကြရအောင် မိဘတွေမှာ တာဝန်ရှိပါတယ်။ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကယ်၊ ငရဲ ဘဝကလာတဲ့ သူတွေကတော့ မိဘ ဘာဖြစ်ဖြစ် သူတို့ ဝင်ဖို့ပဲ တွေးနေတယ်။ ကိုယ့်ဝမ်းဗိုက်အိမ်ထဲကို အိမ်ငှားကောင်း ရောက်လာတာ ကိုယ့်အတွက်ရော ကိုယ့်မိသားစု အတွက်ရော အရမ်းကို ကောင်းပါတယ်။ မိသားစုတိုင်းကောင်းရင် အားလုံးကောင်းကြမှာပေါ့။ လောက သဘောနဲ့ ကိုယ့်ကျင့်သီလပြည့်စုံ မေတ္တာထားပြီး လူမျိုးမရွေး ဘာသာမရွေး လူ့ဘဝ အစ၊ မိသားစု ဘဝအစကတည်းက ကောင်းကျိုး၊ ချမ်းသာတွေသာ ရကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ် ။ အစကောင်းမှ အနှောင်းသေချာတယ် ဆိုတာ ကြားဖူးမှာပါ။ ဒါပေမဲ့ အစ၊ အလယ်၊ အဆုံး အားလုံးကောင်းနေဖို့လည်း လိုအပ်ပါတယ်။ ဒါ့ကြောင့် အရာတိုင်းကို ပေါ့ပေါ့လေး မတွေးဘဲ အစကတည်းက အကောင်းဆုံးဖြစ်အောင် လုပ်ဖို့ လိုအပ်ပါတယ်။ ဘဝမှာ ကန့်ကူလက်လှည့်ဆရာက အလွန်အရေးကြီးပါတယ်။ အခုခေတ်စကားနဲ့ဆို ပညာရပ်တစ်ခုရဲ့ လက်ဦးဆရာ ဆိုပါတော့။ အစကတည်းက သပ်သပ်ရပ်ရပ် သေသေချာချာ စေစေ့စပ်စပ် လုပ်တတ်တဲ့အကျင့်ရှိတယ်ဆိုရင် ဘဝတစ်လျှောက်လုံးမှာ ဒီအတိုင်း ပါသွားရော။ အဲ့လို မဟုတ်ဘူးဆိုရင်လည်း တဖြည်းဖြည်းချင်းဖြစ်ဖြစ် ခဏခဏ ဖြစ်ဖြစ် ကောင်းတဲ့ဘက် မှန်တဲ့ဘက်ကို ကျင့်ယူရမှာပေါ့။ တစ်ချို့ဆို အကြောင်းအရာတစ်ခုခုကို ပိုတယ်လို့ မြင်တဲ့သူ ရှိသလို၊ လိုတယ်လို့လည်း မြင်တဲ့သူ ရှိတယ်။ အဲ့လိုပဲ မရှိမဖြစ်ကို လိုအပ်ပါတယ်လို့လည်း မြင်တဲ့သူ ရှိပါတယ်။ ကိုယ်မြင်တဲ့ အပေါ်၊ ကိုယ်လက်ခံထားတဲ့ အပေါ် မူတည်ပါတယ်။ ကို်ယ်နေခဲ့ရတဲ့ ဘဝကို ခြုံကြည့်ရင် လူတော်တော်များများက မှတ်မိတာနည်းတယ်။ မမှတ်မိတာက များပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မှတ်မိတာချင်းကလည်း မတူကြဘူး။ ဘုန်းဘုန်း (ဆရာတော် ဓမ္မဒူတ အရှင်ဆေကိန္န) ငယ်ငယ်တုန်းက မှတ်မိတာလေး တစ်ခု ... အိမ်မှာ အဖေ အမေတွေ မရှိတုန်း ညဘက်ကြီး ညနေ ၆နာရီခွဲလောက်မှာ မှောင်မဲပြီး လျှပ်စီးတွေလက်လို့ ကြောက်နေရတဲ့အထဲ အိမ်ရှေ့ သရက်ပင်ခြေရင်းမှာ ဝင်းကနဲ လက်သွားလို့ လှမ်းကြည့်လိုက်တော့ မျက်လုံးကြီးနှစ်လုံး။ လူကြီးတွေလည်းမရှိတော့ အရမ်းကို ကြောက်နေတာပေါ့။ မဖြစ်သေးပါဘူး ဘာကောင်ကြီးမှန်းသိအောင် စောင့်ကြည့်မယ်ဆိုပြီး ဒီတစ်ခါတော့ မျက်လုံးမှိတ်မထားဘဲ လျှပ်စီးလက်တာကို သေသေချာချာ စိုက်ကြည့်လိုက်တာ ................. “ငါးသေတ္တာ ဘူးခွံနှစ်ခု” ကို မြင်လိုက်ရသတဲ့။ ကိုယ်က ကြောက်စိတ်နဲ့ကြည့်တော့ ဘူးခွံကို အကောင်ကြီးရဲ့ မျက်လုံးလို့ ထင်နေတာ။ ငါရော ဘယ်လိုနဲ့ စခဲ့သလဲ။ အားနည်းတဲ့ အကြောက်ဒေါသနဲဲ့ စခဲ့သလား။ မကျေနပ်တဲ့ အားကြီးတဲ့ ဒေါသနဲ့ စခဲ့သလား။ ဒါမှမဟုတ် လောဘနဲ့ စခဲ့သလား။ (လောဘ ကလည်း သူများပစ္စည်း လိုချင်တဲ့လောဘရယ်၊ ကိုယ့်ဥစ္စာပစ္စည်း မပေးချင်တဲ့ လောဘ ရယ်ဆိုပြီး နှစ်မျိုးရှိပါတယ်။) ဒါမှမဟုတ် ဘာမှမသိတဲ့ မောဟနဲ့ စခဲ့သလား။ သိလိုက်ရတာက လောကကြီးမှာ ကြောက်စိတ်နဲ့ ကြည့်ရင် အားလုံးက ကြောက်စရာတွေချည်းပါပဲ။ အဲ့လိုပဲ လိုချင်တဲဲ့ လောဘနဲ့ ကြည့်ရင်လည်း အားလုံးက လိုချင်စရာတွေ ချည်းပါပဲ။ မသိ နားမလည်တဲ့ မောဟနဲ့ ကြည့်တော့လည်း အားလုံးကို ဘာမှ မသိလိုက်ပြန်ဘူး။ အော် လောကကြီးဆိုတာ ဒီလိုပါလား။ ဒါ့ကြောင့် ငယ်ငယ်ကတည်းက/အခုကစပြီး ကိုယ်တွေးတာ မှန်လား၊ ကိုယ်လုပ်တာ မှန်လား ဆင်ခြေ သုံးသပ်စေချင်ပါတယ်။ ငါကိုက လောဘဖြစ်လို့ လောဘဖြစ်စရာကြီး မြင်နေတာလား? ငါကိုက ဒေါသဖြစ်လို့ စိတ်ဆိုးစရာဖြစ်နေတာလား? ငါကိုက သူ့ကိုချစ်လို့ သဘောကျစရာကြီး ထင်နေတာလား? လောကကြီးကို လောဘနဲ့ကြည့်ရင် အားလုံးကို ကောင်းတယ်ထင် ၊ မြဲတယ် ထင်နေတော့တာပါပဲ။ ဒေါသနဲ့ကြည့်မယ်ဆိုရင်လည်း အားလုံးကို မကျေမနပ်မြင်တော့တာပဲ။ မောဟနဲ့ ကြည့်ပြန်တော့လည်း ဘာမှန်းကို မသိဖြစ်နေတော့တာပါပဲ။ မကောင်းတာကို ကောင်းအောင် ပြင်၊ ဆိုးနေတာတွေကို လိမ်မာလာအောင်ပြင် ဆိုတာတွေက ရိုးနေပါပြီ။ အချိန်မရွေး ပြင်လို့ရတဲ့ ကိုယ့်ရဲ့လက်ရေးကိုပဲ အရင် ပြင်ကြည့်ကြတာပေါ့။ ကိုယ့််လက်ရေးကိုယ် အလှဆုံးလို့ ထင်နေရင်တော့ သဘောပေါ့လေ။ လူတော်တော်များများကတော့ အချိန်မရွေးပြင်လိို့ရတဲ့ လက်ရေးတောင် ပစ်စလက်ခက် ရေးကြသူတွေ အများကြီးပါ။ အဲ့ဒီ လက်ရေးလိုမျိုး အချိန်မရွေး ပြင်လို့ရနေတဲ့ ကိုယ့််ဆီမှာလည်း လှလှပပရှိမနေတဲ့ အရာလေးတွေကနေစပြီး စပြင်ကြည့်ရအောင်။ ဥပမာ- တစ်ချို့ဆို အလုပ်ရှုပ်လို့ပဲဖြစ်ဖြစ်၊ မေ့နေလို့ပဲဖြစ်ဖြစ်၊ မာနကြောင့်ပဲဖြစ်ဖြစ် တစ်နေကုန်နေလို့ အခြားသူတစ်ဦးဦးကိုဖြစ်ဖြစ် ကိုယ်ကိုယ်တိုင််ပဲဖြစ်ဖြစ် မပြုံးမိကြဘူး။ ဒီလိုဆို ကိုယ့်ကို မြင်တဲ့သူရော၊ ကို်ယ်ကိုယ်တိုင်ရော လှမနေတော့ဘူးပေါ့။ ပြုံးပြုံးလေးနေလိုက်ရုံနဲ့ ကိုယ်လည်း အပန်းမကြီးသလို မြင်ရတဲ့သူလည်း စိတ်ချမ်းသာတာပေါ့။ မလှတာ၊ မကောင်းတာ၊ မလိမ်မာတာ၊ မတော်တာ၊ မတတ်တာကို အပြစ်မပြောပါဘူး။ ဒါပေမဲ့ ဒါတွေကို ပြင်ချင်စိတ် ရှိဖို့တော့ လိုအပ်ပါတယ်။ ကိုယ့်ဘဝလေး ဖြောင့်ချင် လှချင်ရင်ပေါ့။ အဲ့ဒီလိုပဲ အရာအားလုံးကို ပေါ့ပေါ့တန်တန်မတွက်ဘဲ အရာရာတိုင်းကို လှချင် ကောင်းချင်တဲ့ စိ်တ်လေးတွေ ရှိကြပြီး ဘဝတစ်လျှောက် ဖြောင့်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ် ။ ဘဝဆိုတာ လူတိုင်း လူတိုင်းက အမျိုးမျိုး အဓိပါယ်ဖွင့်ဆိုကြပါတယ်။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကို လက်မခံကြတဲ့သူတွေလည်း ရှိပါတယ်။ ဆိုလိုချင်တာက အရင်ဘဝ ၊ နောင်ဘဝတွေကို ခဏထားပြီး မနေ့က အတိတ်၊ ဒီနေ့က ပစ္စုပ္ပန်ဘဝတစ်ခုတည်းမှာကိုပဲ ကိုယ်လုပ်ချင်တဲ့ ရည်ရွယ်ချက်က အနာဂတ်ပဲ။ အရင်ဘဝက ဘာဖြစ်ခဲ့တယ်ဆိုတာကို လက်မခံတဲ့သူတွေ ရှိတယ်။ အနာဂတ်ကိုသာ ပယ်လိုက်ရင် ရည်ရွယ်ချက်ဆိုတာ ပျောက်သွားလိမ့်မယ်။ ပစ္စုပ္ပန်မှာလည်း ကောင်းအောင် လုပ်နိုင်ဖို့ ခက်သ ွားလိမ့်မယ်။ အတိတ်ကိုသာ ပယ်နေပြန်ရင်လည်း အခက်သား။ အတိတ်က ကိုယ့်ကို ကောင်းစေတဲ့ အထောက်အပ့ံ။ အနာဂတ်က ကိုယ့်ရဲ့ ရည်ရွယ်ချက်ကို လက်ခံရာဌာန။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကို လက်ခံရုံနဲ့ ကိုယ့်အတွက် အရှုံးမရှိပါဘူး။ အတိတ်ကို သံဝေဂယူ၊ အသိဉာဏ်ယူပြီး အနာဂတ်ကို ရည်မှန်းချက်ထားပြီး ကြိုးစားစေချင်ပါတယ်။ တကယ်လို့များ ကိုယ့်အတိတ်ကိုယ်သိရင် ကောင်းခဲ့ရင် ဒီအတိုင်း ဆက်ကောင်းရုံပဲ။ မကောင်းခဲ့ရင် ပြင်စရာလေးတွေ အမှတ်ရတာပေါ့။ မူလတန်း၊ သူငယ်တန်းက စာကျက်ခဲ့တာတွေက အလယ်တန်းမှာ ကျေးဇူးများတယ်။ အလယ်တန်း၊ အထက်တန်းမှာ စာကျက်ခဲ့တာတွေက တက္ကသိုလ်မှာ အကျိုးများတယ်။ တက္ကသိုလ်မှာ တော်ခဲ့၊ တတ်ခဲ့တာတွေက လုပ်ငန်းခွင်မှာ အကျိုးများတာပေါ့။ အတိတ်က အကြောင်းအရာတွေကို ဆင်ခြင်သင့်တာ ဆင်ခြင် သံဝေဂယူပြီး အနာဂတ်အတွက် ကြိုးစားကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ် ။ ဘဝဆိုတာ အမိဝမ်းကြာတိုက်ထဲက စ ပါတယ်။ လောကမှာ အိမ်ကောင်းကောင်းနဲ့ နေချင်တဲ့သူဟာ အိမ်ကောင်းကောင်းကို ရှာသလို အမိဝမ်းတိုက် ကောင်းကောင်းမှာ နေချင်ရင်လဲ အမေ့ဝမ်း ကြာတိုက် ကောင်းကောင်းကို ရှာလို့ရပါတယ်။ အိမ်ဆိုတာက အိမ်ကောင်းရင်လည်း နေတဲ့သူက ချမ်းသာသလို၊ နေတဲ့သူ ကောင်းရင်လည်း အိမ်က ပိုကောင်းလာပါတယ်။ ဒီမှာက လူသားတွေဖြစ်နေကြတော့ အမေနဲ့ သားတွေသမီးတွေ၊ အဖေနဲ့ သားတွေသမီးတွေ၊ ဘယ်လောက်အထိ တစ်ဦးနဲ့တစ်ဦး အပြန်ပြန်အလှန်လှန် ဆက်စပ်သလဲဆိုတာ ပြောပြချင်တာပါ။ အမေက သားသမီးအပေါ် မေတ္တာရှိရင် သားသမီးက သိနေတာပဲ၊ အမေက သားသမီးအပေါ် မကျေ မနပ် ဖြစ်နေရင်လည်း သားသမီးက သိနေတာပဲ။ အမိဝမ်းကြာတိုက်ထဲမှာ သားသမီးရင်သွေးတွေ တည်းခိုနေကြတုန်းကဆိုရင် လူကနှစ်ကိုယ် မကွဲသေးဘူး၊ စိတ်ကသာ နှစ်ကိုယ်ကွဲနေတာပါ။ ဒီမိဘ ဆီကနေ၊ အမေ့ဆီကနေ ဒီဓါတ်တွေက သားသမီးတွေဆီ သွားနေတာ။ ဒီသားသမီးတွေ ဆီကနေ ဒီဓါတ်တွေကလည်း မိဘဆီ သွားနေတာပဲ၊ အပြန်ပြန်အလှန်လှန်ပေါ့။ တချို့အိမ်တွေမှာဆိုရင် အမိဝမ်းထဲမှာ သားတွေ၊ သမီးတွေ ရှိနေတဲ့အခါ အဖေနဲ့ အမေက သားသမီးတွေကို ဂရုမစိုက်ဘဲ ရန်ဖြစ်ကြတယ်။ ရိုက်ကြတယ်။ သတ်ကြတယ်။ ဒီဝမ်းထဲက ကလေး မွေးလာရင် ရန်ဖြစ်ချင်စိတ်တွေ အများကြီးဖြစ်ပြီပေါ့။ အလိုလိုနေရင်း ဆိုသလို ဒေါသကြီးတော့ တာပေါ့။ ဝမ်းထဲမှာ သားသမီး လွယ်ထားရင်းနဲ့ ဘောလုံးပွဲ ကြည့်ကြတယ်၊ လောင်းကစားတွေ လောင်းကြတယ်၊ ဒီသားသမီးတွေ အရွယ်ရောက်လာတော့ ရန်မဖြစ်ဖို့၊ ဘောလုံးပွဲ မလောင်းဖို့၊ ဘယ်လိုမှ ပြောဆို ထိန်းသိမ်းလို့ မရတော့ပါဘူး။ ဗိုက်ကြီးတကားကားနဲ့ သွားချင်ရာသွားကြ၊ လာချင်ရာလာကြ၊ စားချင်ရာစားကြ၊ သောက်ကြ၊ မူးကြနဲ့လေ၊ ဒါ့အပြင် ကိုးယိုးကားယား ရုပ်ရှင်ကား တွေကြည့်တော့ မွေးလာတဲ့ သားသမီးက မူးမူးရူးရူး ကိုးယိုးကားယား ဖြစ်လာကြတာပေါ့။ ဘုန်းဘုန်းတို့ ကိုယ်ကိုယ်တိုင် မသင်ခဲ့ပေမဲ့ တတ်နေတဲ့ ဖဲရိုက်တဲ့ပညာဟာ ကိုယ်ကလိုက်ပြီး အတတ်ပညာ တစ်ခုအနေနဲ့ သင်ခဲ့လို့ တတ်တာ မဟုတ်ပါဘူး။ ကိုယ့်အဖေနောက် ကိုယ်ဝန်ကြီးနဲ့ ကိုယ့်အမေကလိုက်ပြီး ဖဲဝိုင်းနားမှာ ထိုင်ပြီး ဖဲရိုက်တာကို ကြည့်ခဲ့လို့တတ်တာ။ ပတ်ဝန်းကျင် ကောင်းရင်လည်း ဝမ်းကြာတိုက်ထဲက သားသမီးတွေကောင်းတယ်။ သားသမီးကောင်းတွေ ဖြစ်ချင် တဲ့ သူတွေက မိဘကောင်းကိုရွေးပြီး ရောက်လာကြတယ်။ ဒီသားသမီး ကောင်းတွေကြောင့်၊ ကိုယ့် ပတ်ဝန်းကျင်လည်း ကောင်းတဲ့ အခြေအနေတွေကို ပြောင်းသွားတယ်။ အဲဒီတော့ သားသမီးလည်း သားသမီးအလျောက်၊ မိဘတွေကလည်း မိဘတွေအလျောက်၊ ကိုယ်လည်း ကိုယ့်ဘက်က ကိုယ်စွမ်းနိုင်သလောက် ကောင်းအောင်ကြိုးစားပါ။ သူတို့လည်း သူတို့ဘက်က သူတို့စွမ်းနိုင်သလောက် ကြိုးစားကြပါ၊ တဖြည်းဖြည်းနဲ့ အားလုံးများ ကောင်းသွားရင် လောကကြီးမှာ နေရထိုင်ရတာ ဘယ်လောက်ပျော်စရာ ဘယ်လောက်ဝမ်းသာစရာ ကောင်းလိုက်မလဲ။ ဘုန်းဘုန်းတို့ ဘုရားရှင်ကိုယ် တော်မြတ်ကြီး ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေထဲမှာ ဒီအကြောင်းမျိုးတွေ အများကြီးပြည့်ပြည့်စုံစုံ ပါပါတယ်။ အချိန်မီပါသေးတယ်။ မသိတုန်းက မှားခဲ့တဲ့ အမှားကို အပြစ်မဆိုသာပေမဲ့လည်း သိရက်နဲ့ ဆက်ပြီးမှားဖို့တော့ မဖြစ်သင့်တော့ဘူး။ ကိုယ်လည်းကောင်း၊ အများလည်းကောင်း၊ ကိုယ့်မိသားစု လည်းကောင်း၊ အားလုံးကောင်းဖို့အတွက် ဝမ်းကြာတိုက်က ထဲက ဒီပုံဒီနည်းတွေနဲ့ မိဘတွေ သားသမီးတွေ ကောင်းအောင် နေလာခဲ့ကြရင် လောကကြီး အလွန်ကိုပဲ ကောင်းသထက်ကောင်းလာ မှာပါ။ အဲဒါကို နားလည်ပြီး ကိုယ့်အသိတရား ရှိသည့်အားလျော်စွာ သိတတ်တဲ့ အချိန်ကစပြီး ကိုယ့် ကြောင့် သူကောင်း၊ သူ့ကြောင့် ကိုယ်ကောင်း၊ နေတတ်ထိုင်တတ်၊ ပြောတတ်ဆိုတတ်၊ ဆက်ဆံတတ်ပြီး အားလုံးနဲ့ အဆင်ပြေ၊ အားလုံးကောင်းကျိုး ချမ်းသာတွေရပြီး မိမိတို့ရည်မှန်းတဲ့ ရည်မှန်းချက်တွေကို ရရှိစံစား၊ ခံစားနိုင်၊ အောင်မြင်ပေါက်ရောက်နိုင်တဲ့ သူတော်ကောင်း သူတော်မြတ်တွေဖြစ်ကြပါစေ ကုန်သတည်း။ { ရွှေ FM အစီအစဉ်ရဲ့ ဓမ္မဒူတအရှင်ဆေကိန္ဒ၏ ဘဝဖြောင့်ကြောင်း တစေ့တစောင်း မှ ကောက်နုတ် ရေးသားပူဇော်ပါသည်။}
https://www.dhammaransi.com/index.php/new/427-2016-12-27-22-05-50.html
ပစ္စက္ခရှုထောင့်
ပဋိစ္စသမုပ္ပာဒ်ဒေသနာတော်ကို လေ့လာလျှင် အဇ္ဈတ္တသန္တာန်ရှိ ရုပ်နာမ် တရားများကိုသာ အလေးထားပြီး ဖော်ပြထားကြောင်း တွေ့ရပါသည်။ အမှန်အားဖြင့် ဗဟိဒ္ဓသန္တာန်ရှိ ရုပ်နာမ်တရားများသည် ဒွါရခြောက်ပါး၌ သူ့သဘော သူဆောင်ကာ အမှန်အတိုင်းထင်လာသော်လည်း ထင်သည့်အတိုင်း မသိဘဲ တလွဲတချော် သိသောကြောင့် ဘဝစက်ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ ဥပမာအားဖြင့် သစ်ငုတ်တိုကို မြင်ပါလျှက် လူထင်သူက ထင်၍ သရဲထင်သူက ထင်သည့် သဘောမျိုးဖြစ်ပါသည်။ ထို့ကြောင့် ဘဝစက်မှ လွတ်ထွက်လိုပါလျှင် အာရုံပိုင်းကို ပြင်ရန်မလိုဘဲ အာရမ္မဏိ ကပိုင်းကိုသာ ပြင်ရန်လိုပါသည်။ အရမ္မဏိက(သိစိတ်)များသည် အမှန်အတိုင်း သိမြင်သွားသော အခါ ဘဝစက်မှ မလွဲမသွေ လွတ်မည် ဖြစ်ပါသည်။ သံသရာဘဝစက်တွင် အဝိဇ္ဇာသည် ပဓာနကျပါသည်။ ဤနေရာ၌ အဝိဇ္ဇာဆိုသည်မှာ အနုသယအဆင့် အဝိဇ္ဇာကို ဆိုလိုပါသည်။ အနုသယအဆင့် အဝိဇ္ဇာကို သမုစ္ဆေဒပဟန်ဖြင့် မပယ်နိုင်သေးသ၍ ကာလပတ်လုံး ရုပ်နာမ်အာရုံများကို အမှန်အတိုင်းမသိအောင် အဝိဇ္ဇာက ဝင်ရောက်နှောင့်ယှက်နေမည် ဖြစ်ပါသည်။ အနုသယအဝိဇ္ဇာ၏ လုပ်ငန်းမှာ ဝင်ရောက်နှောင့်ယှက်ခြင်း ဖြစ်ပါသည်။ ဝင်ရောက်နှောင့်ယှက်ခြင်း ဆိုသည်မှာ အာရုံပိုင်းတွင် အာရမ္မဏိကနုသယအနေဖြင့် အပိုင်းပိုင်း အပြတ်ပြတ်သဘော မပေါ်အောင်၊ အာရမ္မဏိက (သိစိတ်)ပိုင်းတွင် သန္တာနာနုသယအနေဖြင့် ပုဂ္ဂိုလ်သိသဘော ပေါ်အောင် ဆောင်ရွက်ခြင်းပင် ဖြစ်ပါသည်။ အဝိဇ္ဇာနုသယသည် ဒုက္ခသစ္စာနည်းတူ အခြားသစ္စာတရားများနှင့် ပတ်သတ်ရာ၌လည်း ဝင်ရောက်နှောင့်ယှက်ခြင်း လုပ်ငန်းကို ဆောင်ရွက်သည်ပင် ဖြစ်ပါသည်။ အဝိဇ္ဇာအရ တဏှာနှင့် ဥပါဒါန်ကိုလည်း ယူရပါသည်။ ယင်းတို့ကို ကိလေသဝဋ်ဟု ခေါ်ပါသည်။ ကိလေသဝဋ် ရှိနေသေးသ၍ ကုသိုလ်လုပ်ငန်း၌ဖြစ်စေ၊ အကုသိုလ်လုပ်ငန်း၌ ဖြစ်စေ ကိလေသာဝဋ်သည် ကာရက၊ ဝေဒက (ငါ) အနေဖြင့် ပါဝင်နေခြင်း ဖြစ်ပါသည်။ ပဋိစ္စသမုပ္ပာဒ် ဒေသနာတော်အရ အဇ္ဈတ္တသန္တာန်သည်သာ ဘဝစက်လည်ခြင်း ဖြစ်သဖြင့် ယင်းဘဝစက် ရပ်တန့်စေရန် ပစ္စုပ္ပန်အကျိုး ငါးပါးကို ဝိပဿနာရှုရမည် ဖြစ်ပါသည်။ ဥပါဒါနပစ္စယာဘဝေါအရ ပစ္စုပ္ပန်အကျိုးတရားငါးပါးသည် ဥပါဒါနက္ခန္ဓာ မည်ပါသည်။ ပစ္စုပ္ပန်အကျိုးတရား ငါးပါးတွင် အလယ်ချက် သဠာယတန (ဒွါရခြောက်ပါး)၌ ပစ္စုပ္ပန်ကျကျထင်လာသော ဝိဉာဏ်၊ နာမ်၊ရုပ်၊ ဖဿ၊ ဝေဒနာတို့ကို အမှန်အတိုင်း အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘော ပေါ်လာအောင် ရှုမြင်နိုင်ပါက အနုလောမ ပဋိစ္စသမုပ္ပာဒ်ကို သိမြင်နားလည်လာပြီး ဘဝစက် ချုပ်ငြိမ်းသွားမည် ဖြစ်ပါသည်။ အနုလောမ ပဋိစ္စသမုပ္ပာဒ်ကို နားလည်လျှင် ဤသို့ သိမြင်လာမည် ဖြစ်ပါသည်။ ကံမ္မ နတ္တိ ဝိပါကမှိ၊ ပါကော ကမ္မေ န ဝိဇ္ဇတိ။ အညမညံ ဥဘော သုညာ၊ န စ ကမ္မံ ဝိနာ ဖလံ။ (ဝိသုဒ္ဓိမဂ္ဂ၊ ဒုတိယတွဲ_၂၃၈) (အကျိုးတရား၌ အကြောင်းတရားသည် မရှိ။ အကြောင်းတရား၌ အကျိုးတရားသည် မရှိ။ အကြောင်းအကျိုး နှစ်မျိုးတို့သည် အချင်းလျင်း ဆိတ်သုန်းကုန်၏၊ ထိုသို့ ဖြစ်ပါလျက် အကျိုးသည် အကြောင်းကို ကြဉ်၍ မဖြစ်။) ဒုက္ခမေဝ ဟိ သမ္ဘောတိ၊ ဒုက္ခံ တိဋ္ဌတိ ဝေတိ စ။ နာညတြ ဒုက္ခော သမ္ဘောတိ၊ နာညံ ဒုက္ခာ နိရုဇ္ဈတိ။ (သဂါထာဝဂ္ဂသံယုတ္တပါဠိ _၁၃၇) (ဒုက္ခသည်သာလျှင် ဖြစ်၏၊ ဒုက္ခသည် တည်လည်းတည်၏၊ ပျက်လည်း ပျက်၏။ ဒုက္ခမှ တစ်ပါး မဖြစ်၊ ဒုက္ခမှ တစ်ပါး မချုပ်။) ဤသည်များမှာ ပစ္စုပ္ပန်အကျိုး ငါးပါးမှနေ၍ ဝိပဿနာရှုလျှင်​ အနုလောမပဋိစ္စသမုပ္ပဒ် (ဘဝစက်) တစ်ခုလုံးကို ပစ္စုပ္ပန်ကျကျ သိမြင်နားလည်နိုင်သောကြောင့် ပစ္စက္ခရှုထောင့်မှ ချဉ်းကပ်နည်း ဖြစ်ပါသည်။ ဦးရွှေအောင်
https://www.dhammaransi.com/index.php/new/428-2016-12-27-21-56-41.html
စိတ္တာနုပဿနာ ရှုပွားနည်း
ဤ စိတ္တာနုပဿနာ (စိတ်ကို ရှုပုံရှုနည်း)နှင့် ပတ်သက်ပြီး မိုးကုတ် ဆရာတော် ဘုရားကြီး ကိုယ်တော်တိုင် ဟောပြောသော တရားတို့မှ ယူ၍ အကျဉ်းချူပ် ကောက်နုတ် ဖော်ပြပါမည်။ [မိုး(၂)နှာ-၄၅၆မှ။] "ကမ္မဋ္ဌာန်းတွေ ကတော့ အစုံရှိတာပဲ၊ ဒါပေမယ့် ခင်ဗျားတို့နဲ့ အလျော်ဆုံးက ကိုယ့်စိတ် ကိုယ် ရှုတာ အလျော်ဆုံး (မှန်ပါ) စိတ္တာ နုပဿနာပေါ့" (မှန်ပါ) • စိတ်ဆိုတာ ဖြစ်ပြီး ပျက်ပျက်သွားတဲ့စိတ်က တစ်မျိုး၊ (မှန်ပါ) • အဲဒါကို သိတဲ့စိတ်က တစ်မျိုး၊ (မှန်ပါ) ဘယ်နှစ်မျိူးတုံး (နှစ်မျိုးပါဘုရား) ဒါဖြင့် ဖြစ်ပျက်ကို သိတယ် ဆိုပါတော့ (မှန်ပါ)။ ဒါဖြင့် ဖြစ်ပျက်က အသေ၊(မှန်ပါ) မဂ်က အရှင် (မှန်ပါ) သူက နောက်မှ ပေါ်ရတာကိုး (မှန်ပါ) ဒါဖြင့် အသေကို အရှင်နဲ့ သိပေးတယ် (မှန်ပါ) ဒါ- ၀ိပဿနာပဲ၊ (မှန်ပါဘုရား) အသေကို အရှင်နဲ့သိတာ ဘာခေါ်မယ်(၀ိပဿနာပါဘုရား) ဟော… ဒီလိုဆိုတော့ ဒကာ-ဒကာမတို့ … ၀ိပဿနာဆိုတာ အလွယ်ကလေး ပါလား (မှန်ပါဘုရား)။ အသေကို အရှင်နဲ့သိရင် ဒါ ၀ိပဿနာ ဖြစ်နေပြီ၊ စာလို သုံနှုန်းနေလို့ အဟန့်ကြီးပြီးတော့ ခင်ဗျားတို့က နားယောင်နေတာ (မှန်ပါ)။ တကယ်တော့ ကိုယ့်အသေကို ကိုယ့်အရှင်စိတ်နဲ့ သိရင် ပြီးတာပဲ (မှန်ပါဘုရား) ကြည့်ပါ ဒီအထဲမှာ စိတ်ကလေးတစ်ခု ပေါ်လာတယ်၊ စိတ်အသက်က ၁နှင့် ၂ ပဲရှိတယ်၊ ၁ ဆိုယင် ဖြစ်တယ်၊ ၂-ဆိုယင် ပျက်တယ် (မှန်ပါ)။ အဲဒါလေးကို နောက်သိလုံး ကလေးနဲ့ နောက်စိတ်နဲ့ သိပေးလိုက် တာပေါ့ (မှန်ပါ) နောက်စိတ်နဲ့ အသက်ရှင် နေတယ် (မှန်ပါ) ဒီရှေ့စိတ်က သေသွားပြီကိုး (မှန်ပါ) လူတစ်ယောက် သေသွားပြီ၊ မောင်ဘအေးဖြင့် မောင်ဘအေး တစ်ယောက် သေသွားပြီ၊ ကိုသန်းမောင်ဖြင့် ကိုသန်းမောင် တစ်ယောက် သေသွားပြီ (မှန်ပါ)။ ကမ္မဋ္ဌာန်းကျောင်းက ဒီမှာပဲ • အသေဟာ ဘာသစ္စာခေါ်ကြမလဲ (ဒုက္ခသစ္စာပါ) – • အသိက (မဂ္ဂသစ္စာပါ) – ကိုယ့်ဉာဏ်နဲ့ ကိုယ့်အသေကို သိတာ ၀ိပဿနာခေါ်တယ် (မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ကိုင်း … ၀ိပဿနာဆိုတာ အသေကို အရှင်နဲ့ ကြည့်တာလိုိ့မှတ် (မှန်ပါ)၊ ၀ိပဿနာဆိုတာ (အသေကို အရှင်နဲ့ ကြည့်တာပါဘုရား) ခင်ဗျားတို့က တောကျောင်း၊ တောင်ကျောင်း သွားပြီး ရှုမှ ၀ိပဿနာ ထင်ကြတာကိုး၊ မဟုတ်ပါဘူး -တဲ့၊ (မှန်ပါဘုရား) တောမထွက်ချင် အောင်လို့ ဘုန်းကြီးက ဟောနေတာလို့ မထင်လိုက်ကြပါနဲ့၊ ခင်ဗျားတို့ လူစုတွေက ထွက်မှာလဲ မဟုတ်ပါဘူး (မှန်ပါဘုရား) ကဲ… လိုရင်းကတော့ ကိုယ့်အသေ ကိုယ်သိနေရင် ပြီးတာပါပဲ၊ တောထဲ သွားနေပေမယ့်လို့ မြို့စိတ် ပေါက်နေမယ်၊ ရွာစိတ် ရောက်နေမယ် ဆိုရင် အလကားပါပဲ၊ ကိုယ့်အသေ ကိုယ် မရှုဘူး- မမြင်ဘူးဆိုရင် အလကားပါပဲ (မှန်ပါဘုရား) တောကျောင်း တောင်ကျောင်း ဆိုတာတွေက သမထအတွက် ဟောတာ၊ (မှန်ပါ) သမထက တိတ်ဆိတ်ဖို့ လိုအပ်တယ် (မှန်ပါ) ဒါက သုတ္တန်နည်း။ ၀ိပဿနာ အတွက်ကတော့ လှေကားခုံက ခြေတစ်လှမ်း ဆင်းရင် တောကျောင်း တောင်ကျောင်းပဲ -တဲ့၊ ဒါ က အဘိဓမ္မာနည်း၊ (မှန်ပါဘုရား) ၀ိပဿနာ အတွက်ကတော့ မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ် စတဲ့ စိတ်တွေကို ရှုတာ ဆိုတော့ နေရာမရွေးဘူး၊ (မှန်ပါ) ဘယ်နေရာမှာ ရှုရှု - ရတာပေါ့ (မှန်ပါဘုရား)။ စိတ်ရှုရမှာမဟုတ်၊ အပျက် ရှုရမှာ *ဒကာ -ဒကာမတို့ "ကိုယ့်စိတ် ကိုယ်ရှုပါ" ဆိုတာ "ကိုယ့်စိတ်- ကိုယ်သိပါ" လို့ ပြောတာ (မှန်ပါ) "ကိုယ့်စိတ်" ဆိုတာရယ် "ကိုယ်သိ" ဆိုတာရယ် ၂-စိတ် (မှန်ပါ)၊ စိတ်-စိတ် ချင်းရှု ရမယ့်ကိစ္စ၊ အရေးကြီးတယ် (မှန်ပါဘုရား) "စိတ်-စိတ်ချင်းရှု" ဆိုပေမယ့် တကယ်တော့ ရှုတဲ့စိတ် ပေါ်တဲ့အချိန်မှာ အရှုခံစိတ်က မရှိတော့ ပါဘူး (မှန်ပါ) ဘာပြုလို့လဲ ဆိုတော့ တစ်ချိန်တည်းမှာ ၂-စိတ် ပြိုင်၍ အသက်ရှင်ရိုး ထုံးစံ မရှိလို့ပါပဲ (မှန်ပါ) "ဧကစိတ္တ သမာယုတ္တာ" ဆိုတဲ့အတိုင်း တစ်ချိန်မှာ တစ်စိတ်စီ နဲ့သာ အသက်ရှင်ရတာ မဟုတ်လား (မှန်ပါဘုရား) အဲဒီတော့ "ကိုယ့်စိတ် ကိုယ်သိပါ" ဆိုပေမယ့် တကယ်တော့ စိတ်ကို သိရမှာ မဟုတ်ဘူး၊ အပျက်ကို သိရမှာ (မှန်ပါဘုရား) စိတ်ကို သိရမှာလား၊ စိတ်ရဲ့ အပျက်ကို သိရမှာလား (စိတ်ရဲ့ အပျက်ကို သိရမှာပါ ဘုရား) အေး… ဟုတ်တယ်။ ဒါဖြင့် အရှုခံ စိတ်ကလေးက အပျက်၊ ဒီဘက် ရှုဉာဏ် စိတ်ကလေးက မဂ်၊ အဲလို သွားကိုက်တယ် (မှန်ပါဘုရား) ဒါကလေးတွေက တော်တော် အရေးကြီးတဲ့ အချက်လေးတွေနော် (မှန်ပါဘုရား) ခင်ဗျားတို့ ကတော့ ထင်မယ်၊ ဘုရားက " စိတ္တာနုပဿနာ" လို့ဟောတော့ စိတ်ကို အရှုခိုင်းတယ်လို့ ထင်ကြမှာ၊ (မှန်ပါ) ဘယ်ဟုတ်လိမ့် မှာလဲ၊ စိတ်ကို အရှုခိုင်းတာ မဟုတ်ဘူး၊ " စိတ်၏ ပျက်မှုကို ရှုပါ" - လို့ပြောတာ၊ (မှန်ပါဘုရား) အေး… "သမုဒယဓမ္မာ နုပဿီဝါ၊ ဝယဓမ္မာ နုပဿီဝါ" ဆိုတာတွေ လာလိမ့်မယ်၊ အဲဒါတွေ နောက်တော့ ပြောမယ်။ ထပ်မံ ပြောဦးမယ်၊ စိတ်ကို အရှုခိုင်းတာ မဟုတ်၊ စိတ်၏ မရှိမှုကို ရှုခိုင်းတာ (မှန်ပါဘုရား) ရှုတဲ့အချိန်မှာ မရှိတာဘဲ တွေ့ရမယ် (မှန်ပါ) ရှိပြီးမှ မရှိဘဲ ဖြစ်သွားတဲ့ သဘောကို တွေ့ရမှာ (မှန်ပါ) စောစောက ဒီနားရှိတယ်၊ အခု မရှိတော့ဘူး၊ အဲဒီ သဘောကို တွေ့ရမှာ (မှန်ပါဘုရား) ရှိတာ ရှုနေလို့ရှိရင် ခိုင်တာမြဲတာ ရှုနေသာကြောင့် သဿတဒိဋ္ဌိ ဖြစ်တယ်၊(မှန်ပါ) မရှိတာ ရှုမှ သာလျှင် သဿတဒိဋ္ဌိက လွတ်တယ် (မှန်ပါဘုရား) ဒါဖြင့် ဒကာ- ဒကာမတို့ "အသေကို အရှင်နဲ့ရှုပါ" ဆိုတာ အမှန်ဆုံးပဲ (မှန်ပါ) ဘာပြုလို့လဲ ဆိုတော့ တစ်ခု သေပြီးမှ တစ်ခု ဖြစ်ရမှာကိုး (မှန်ပါ) ခင်ဗျားတို့က "စိတ်ကို အရှုခိုင်းတယ်" ဆိုပြီး "ကျုပ်ကတော့ စိတ်တွေ လာတိုင်း ရှုနေတာပဲ" ဆိုရင် ဒါ ၀ိပဿနာ မဟုတ်ဘူး ၊ ၀ိပဿနာ အပါးမဝသေးဘူး၊ ဆရာကရင် လိုနေမယ်၊ ကိုယ်ကရင်လဲ လိုနေမယ်၊ (မှန်ပါဘုရား) စိတ်က တစ်ချိန်တည်းမှာ ၂-ခု ပြိုင်၍ ပေါ်ကောင်းရဲ့လား (မပေါ်ကောင်းပါ) ဒါကြောင့် ရှေ့စိတ်ကို နောက်စိတ်နဲ့ မြင်လို့ မရနိုင်ဘူး၊(မှန်ပါ) ရှေ့စိတ် အပျက်ကိုသာ နောက်စိတ်နဲ့ မြင်လို့ ရနိုင်မယ် (မှန်ပါဘုရား) ရှေ့က ပထမစိတ် ပျက်ပြီးမှ နောက်က ဒုတိယစိတ် ပေါ်နိုင်မယ် (မှန်ပါ) ပထမစိတ်က အသေ၊ ဒုတိယစိတ်က ရှင်ဆဲပါ (မှန်ပါ) အသေကို ရှင်တဲ့စိတ်နဲ့ရှု၊ ရှင်တဲ့စိတ်ထဲမှာ ဉာဏ်ပါတယ် (မှန်ပါ)၊ အသေကို ဘာနဲ့ ရှုမယ် (အရှင်နဲ့ ရှုပါမယ်) အဲဒါမှ ၀ိပဿနာ အစစ်ပါ (မှန်ပါဘုရား) အပျက်မပါဘဲနဲ့ စိတ်သက်သက် ကိုသာ ရှုနေရင် ၀ိပဿနာ အစစ် မဟုတ်သေးဘူး၊ ဖြစ်လဲ မဖြစ်နိုင်ဘူး(မှန်ပါ) ဘာလို့လဲ ဆိုတော့ နောက်က ရှုတဲ့စိတ်ပေါ်တဲ့ အချိန်မှာ ရှေ့ကစိတ်က ရှိမှ မရှိနိုင်ဘဲ (မှန်ပါဘုရား) ပျက်သွားရပြီ၊ ပျက်သွားပြီးမှသာ နောက်က စိတ်ပေါ်နိုင်ခွင့် ရတာကိုး (မှန်ပါဘုရား) သမုဒယ - ဝယဓမ္မာနုပဿီဝါ "စိတ္တာနုပဿနာ = စိတ်ရှုတယ်" ဆိုတာ အပြောကတော့ ပြေချင် ပြောပေါ့၊ ဒါပေမယ့် အမှန်စင်စစ် ကတော့ "ကိုယ့်အသေကို အရှင်နဲ့ ရှုတာပါ" ဒါမှ အမှန်ဗျ (မှန်ပါဘုရား) ၀ိပဿနာဆိုတာ ဘာပါလိမ့် (အသေကို အရှင်နဲ့ ကြည့်တာပါ) အသေ မတွေ့သေးလို့ရှိရင်လဲ အနိစ္စ မတွေ့သေးဘူး၊ (မှန်ပါ) ဒါကြောင့် ၀ိပဿနာဆိုတာ (အသေကို အရှင်နဲ့ ကြည့်တာပါဘုရား) အေး… စိတ္တာ နုပဿနာလား၊ အသေကို အရှင်နဲ့ ကြည့်တာလား (အသေကို အရှင်နဲ့ ကြည့်တာပါ ဘုရား) ဝေဒနာ နုပဿနာလား၊ အသေကို အရှင်နဲ့ ကြည့်တာလား၊ (အသေကို အရှင်နဲ့ ကြည့်တာပါဘုရား) ဒါမှ လမ်းမှန်ကျတယ် (မှန်ပါဘုရား) ဒါဖြင့် စိတ်ရှုရှု၊ ဝေဒနာရှုရှု၊ ရုပ်ရှုရှု၊ အပျက်ကို မြင်စေရမယ်လို့ ပြောတာ (မှန်ပါဘုရား) ဒါဟာဘုရားဟော အထောက်အထား ရှိလို့ပြောတာ (မှန်ပါ) "သမုဒယ ဓမ္မာနုပဿီဝါ ဝယဓမ္မာ နုပဿီဝါ စိတ္တသ္မိံ ၀ိဟရတိ" -တဲ့၊ မဟာသတိပဋ္ဌာန် ပါဠိတော်ကြီးမှာ ပါတယ်၊ မြတ်စွာဘုရား ဟောထားတာ (မှန်ပါ) သမုဒယ- ဆိုတာ ဖြစ်တာ၊ မွေးလာတာ၊ (မှန်ပါ) ဝယ - ဆိုတာ ပျက်တာ၊ သေတာပေါ့ (မှန်ပါ) အဲဒီမွေးလာပြီး သေသွားလိုက်၊ မွေးလာပြီး သေသွားလိုက် တွေကို ရှုရမှာ၊ ဉာဏ်နဲ့ရှုရမှာ (မှန်ပါဘုရား) ပြောနေကျ စကားလုံးနဲ့ ပြောရရင်တော့ ဖြစ်လာပြီး ပျက်သွားလိုက်၊ ဖြစ်လာပြီး ပျက်သွားလိုက်၊ အတိုကောက် "ဖြစ်-ပျက်" ပေါ့၊ အဲဒါတွေကို ဉာဏ်နဲဲ့ရှုရမှာ (မှန်ပါဘုရား) မဟာသတိပဋ္ဌာန် ပါဠိတော်ကြီးထဲမှာ ဘုရားရှင် ကိုယ်တော်မြတ်ကြီး က အတိအလင်း ဟောထားတာပဲ (မှန်ပါ) "သမုဒယ-ဝယ" မွေးလာပြီး သေသွားတာကို မြင်အောင် ကြည့်ရမယ် ဆိုတာလေ (မှန်ပါ) အဲဒီထိအောင် သွားရမှာ၊ အဲဒီကျတော့မှ ၀ိပဿနာဖြစ်တာ (မှန်ပါ) ခုတော့ မဟုတ်ဘူး၊ ခင်ဗျားတို့က စာကို ရှေ့ပိုင်းတွင်ပဲဖတ်ပြီး ရှေ့ပိုင်းတွင်ပဲ ပြောနေကြတာ၊ ဒီနောက်ပိုင်း (သမုဒယဓမ္မာ နုပဿီဝါ - ဝယဓမ္မာ နုပဿီဝါ) ထိအောင် လာရမှာ (မှန်ပါဘုရား ) ကဲ… ဒါဖြင့် ပြန်မေးမယ်၊ ၀ိပဿနာ ဆိုတာ ဘာပါလိမ့် (အသေကို အရှင်နဲ့ ရှုတာပါဘုရား) ဟုတ်တယ်၊ အရှင်-အရှင်ချင်း ကြည့်လို့ဖြစ်မလား (မဖြစ်ပါ ဘုရား) အေး… မြဲမြဲမှတ်ထားကြ၊ (မှန်ပါဘုရား) [မိုး(၂)နှာ-၄၆၇။] [မိုး(၂)နှာ-၄၆၇။] စိတ္တာနုပဿနာရှုပွားနည်းအကျဉ်းဖော်ပြချက် ၁။ မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ ယားနာကောင်းစိတ် (အပြင် ဧည့်သည်စိတ် (၅)ခု)။ ၂။ လောစိတ်၊ ဒေါသစိတ်၊ မောဟစိတ်၊ အလောဘစိတ်၊ အဒေါသစိတ်၊ တွေးတောစိတ် (အတွင်း ဧည့်သည်စိတ် (၆)ခု)။ ၃။ လေကို ထုတ်ယူသောစိတ်၊ လေကို သွင်းယူသောစိတ် (အိမ်သည်စိတ် (၂)ခု)။ ရှုပွားပုံ ရှုပွားနည်း စနစ်မှာ - အိမ်သည်စိတ်(၂)ခုကို အရင်းခံ ထား၍ မည်သည့်စိတ် ပေါ်ပေါ်၊ ပေါ်တိုင်း ပေါ်တိုင်း ဖြစ်ပျက် မလွတ်အောင်း ရှုရမည်ဖြစ်သည်။
https://www.dhammaransi.com/index.php/new/429-2016-12-27-05-35-07.html
တရားထိုင်တဲ့အခါ သမာဓိ မြန်မြန်တက်တဲ့နည်းလေး
တရားထိုင်တဲ့အခါ သမာဓိ မြန်မြန်တက်တဲ့နည်းလေး မသိသေးတဲ့သူတွေအတွက် မျှဝေပေးချင်တယ်။ ဝင်လေ ထွက်လေကို သေချာစောင့် ဖမ်းနေရပါတယ်။ ကိုယ်ခန္ဓာက ယားတယ်ဆိုလဲ ယားတဲ့ပေါ် ဖြစ်ပျက် မမှတ်ဘဲ။ အာရုံက နှာသီးဖျားပေါ်မှာ ရှိနေပေးပါ။ သီချင်းသံကြားလဲ နားစည်က အခံဓါတ် အသံက အတိုက်ဓါတ်ကြောင့် ကြားတဲ့ အပွင့်ဓါတ်သဘောမျှလေးဖြစ်ပြီး ပျက်သွားတယ် ဆိုတာတွေ မမှတ်ပါနဲ့။ အာရုံက နှာသီးဖျားပေါ်မှာဘဲ ထားပါ။ ဥပမာ- သီချင်းသံတွေ ဘယ်လောက်ဆူညံပါစေ အာရုံက တစ်ခြားနေရာရောက်နေတဲ့ သူတွေအနေနဲ့ ဘာစာသားတွေ ဆိုသွားတယ်ဆိုတာတွေ ကျယ်လောင်နေတာဘဲဆိုတာတွေ မသိနိုင်သလိုပါဘဲ။ တကယ် တရားထိုင်တဲ့အခါမှာ လူတော်တော်များများက ဘာကို ဘယ်လို ထိုင်ရမယ်ဆိုတာ မသိကြပါဘူး။ နားလည်သူတွေကို မေးမြန်းကြတာတွေလဲ နည်းပါတယ်။ ကြာကြာထိုင်ပေမယ့် သမာဓိမတက်။ ဒုံရင်းက ဒုံရင်းဖြစ်နေကြတာ။ မထိုင်တတ်ကြလို့ပါ။ နှာသီးဝမှာ ထားတယ်ဆိုရာမှာ စလုံးရေ စတဲ့ သူတွေအနေနဲ့ ပြသနာ တစ်ရပ်က အတွေးလေးတွေ ဝင်လာတာပါဘဲ။ အတွေးတွေ မဝင်ရဘူးလို့ ပြောလို့မရပါဘူး။ ဒါပေမယ့် သတိကပ်လိုက်တဲ့အခါ အတွေးကို ဖျက်လိုက်ပါ။ ငါ အတွေးဝင်သွားပါလားဆိုတဲ့အတွေးနဲ့အပြိုင် ငါတရားထိုင်နေပါလားဆိုတာ သိပါ။ ပြီးရင် နှာသီးဖျားမှာ ဆက်ထားပါ။ အတွေးပေါ်မှာ ဖြစ်ပျက်လေး ဖြစ်သွားပါလားဆိုတဲ့ ဟာလေး နှလုံးသွင်းနိုင်ရင် ပိုကောင်းပါတယ်။ တရားပြတဲ့အဘတစ်ယောက်ပြောဘူးသလို လူတွေက ငါခု ဘာလုပ်နေတယ်ဆိုတာ မသိကြဘူး။ သတိကပ်ပြီး သိခဲ့ရင်လဲ မကောင်းမှုနဲ့ မတရားမှုဆိုတာလဲတော်တော်နည်းသွား မယ်ကွတဲ့။ ဒေါသထွက်နေချိန် ဒါမှမဟုတ် ထွက်ပြီးချိန်မှာ ငါဒေါသထွက်နေပါလား ပူလောင်လိုက်တာ ငါဒေါသထွက်လိုက်ပါလား အကျိုးမရှိလိုက်တာ မှားသွားတယ်ဆိုတဲ့ ခံစားချက်မျိုးကို သိတဲ့အသိပါ။ လူတွေက ဒေါသထွက်ပြီးလဲ ငါဘာဖြစ်ခဲ့တယ်ဆိုတဲ့ အသိမရှိ။ ထွက်တုန်းလဲ အသိဆိုတဲ့ သတိမရှိမှတော့ မဂ္ဂင်လမ်းနဲ့ အဝေးကြီးပါတဲ့။ ထားပါတော့။ ဆက်ပြောမယ်- တရားနိမိတ်တွေ ပေါ်လာရင်လဲ ထူးဆန်းအံ့သြမှုတွေ ထဲမှာ မျောပါမသွားဘဲ။ ငါ တရားထိုင်နေတယ်ဆိုတဲ့ အတွေးလေးနဲ့ ဖြတ်ပစ်ရပါမယ်။ ဒီနေရာမှာ သမထနဲ့ ဝိပဿနာခွဲဖို့ လိုပါလိမ့်မယ်။ သမာဓိ ထူထောင်တဲ့အထိက သမထနည်းနဲ့တူတူပါဘဲ။ သမာဓိ အားကောင်းလာပြီဆို အာရုံထူူး နိမိတ်ထူး ခံစားချက်ထူး ပုဂ္ဂိိုလ်ထူးတွေနဲ့ တွေ့လာတဲ့အခါမှာ သမထက အဲ့အာရုံတွေပေါ်မှ နှစ်သက် မြောပါသွားပါတယ်။ ရလာတဲ့ ဈာန်သေးသေးလေးအပေါ်မှာ နှစ်သက်မြတ်နိုးတာက သမထပါ။ ဝိပဿနာက ဘာအာရုံတွေဘဲလာလာ အပျက်ဆိုတဲ့ ဘက်ကို ရှေ့ရှုရမှာပါ။ ပျော်ဝင်မသွားရပါဘူး။ အနတ္တမှာ လမ်းဆုံးမှ ဝိပဿနာပါ။ ဒီနည်းလေးက တန်ဖိုးသိတဲ့သူတွေအတွက် အရမ်းအသုံးဝင်ပါလိမ့်မယ်။ ဒီနည်းလမ်းလေးကို ရှေးကျမ်းစာ တစ်အုပ်ထဲမှာ ဖတ်ရတာပါ ဖြတ်လမ်းနည်းလေးပါ။ တခြားထိုင်နည်းတွေလဲ မှန်ပါတယ်။ ဒါပေမယ့် ဖြတ်လမ်းနည်းကို သဘောကျသူတွေတွက်ပါ။ တကယ်လဲ ထိရောက်ပါတယ်။
https://www.dhammaransi.com/index.php/new/430-2016-12-27-03-19-15.html
နေ့စဉ်အလုပ်၊ နေစဉ်လုပ်
“နေ့စဉ်အလုပ်၊ နေစဉ်လုပ်၊ အဟုတ် ၀ိပဿနာ ဖြစ်တော့တယ်”။ (၁)။ မနက်တိုင်း၊ နေ့ လယ်တိုင်း၊ ညဉ့်တိုင်းလို့ အချိန်ကို သတ်မှတ်ပြီးတော့ လုပ်ကိုင်လေ့ရှိတဲ့ တရားအားထုတ်ချိန် သတ်မှတ်ပြီး အားထုတ်တဲ့ နေ့စဉ်အလုပ်နဲ့ (၂)။ သွားနေစဉ်၊ လာနေစဉ်၊ ထိုင်နေစဉ်၊ လမ်း လျှောက်နေစဉ်၊ စားနေစဉ်၊ လှုပ်နေစဉ်၊ ငြိမ်နေစဉ်၊ ကြည့်နေစဉ် စတဲ့ အချိန်တိုင်း အချိန်တိုင်း မှာ တရားအားထုတ်မှု အလုပ်ဖြစ်အောင် လုပ်ရတဲ့ နေစဉ်အလုပ်လို့ဆိုပြီး တရားအားထုတ်နည်း နှစ်မျိုး ရှိပါတယ်။ ၀ိပဿနာအလုပ်ဖြစ်ဖို့အတွက် နေစဉ်အလုပ်က ပိုပြီးအရေးကြီးပါတယ်။ နေ့စဉ် နံနက်၊ ည တရားထိုင်ချိန်ကို အချိန်ပေးပြီး လုပ်နိုင့်ိုင်နိုင်လို့ နေ့စဉ် တရားအလုပ် အားထုတ်ရင်လည်း ကောင်းပါတယ်။ ခါတိုင်း ခါတိုင်းက (၁) နေ့စဉ်အလုပ် လုပ်မိနေတာလား၊ (၂) နေစဉ်အလုပ် လုပ်နေမိတာလားဆိုတာ ခွဲခြားပြီးသိဖို့ လိုပါတယ်။ (၁) စားလိုက်၊ သောက်လိုက်၊ အိပ်လိုက်၊ ရေချိုးလိုက်ဆိုတဲ့ ပုံမှန်အလုပ်လုပ်တဲ့ နေ့စဉ် အလုပ်မျိုးကို လုပ်နေကြတာ များပါတယ်။ (၂) သွားနေစဉ်၊ လာနေစဉ်၊ ရုံးတက်နေစဉ်၊ စျေး ရောင်းနေစဉ် သတိဉာဏ်နဲ့ လုပ်ရတဲ့ နေစဉ်အလုပ် လုပ်ကြတာက နည်းပါးကြပါတယ်။ နေ့စဉ်အလုပ်တွေကို ကြည့်လိုက်ရင် ထိုင်တယ်၊ ရပ်တယ်၊ သွားတယ်၊ လျောင်းတယ် (အိပ်တယ်) စတဲ့ ပြုနေကျ အမူအရာ ဆိုတာတွေကို တွေ့နိုင်ပါတယ်။ အဲဒီအလုပ်တွေက နေ စဉ်အလုပ် မဟုတ်ပါ။ နေ့စဉ်အလုပ်တွေသာ ဖြစ်ပါတယ်။ တရားအားထုတ်နေကြသူတွေလည်း နေ့စဉ်အလုပ်တွေလုပ်နေကြတယ်။ တရားအားမ ထုတ်တဲ့ လူတွေကလည်း နေ့စဉ်အလုပ်တွေ လုပ်နေကြပါတယ်။ ၀ိပဿနာ တရားသမားနဲ့ သူလို ကိုယ်လို လူတွေဆိုတာ ကွာခြားမှုရှိပါတယ်။ ၀ိပဿနာ တရားသမားက နေ့စဉ်အလုပ် လုပ်တဲ့အချိန်မှာပဲ နေစဉ်အလုပ်ဖြစ်အောင် သတိဉာဏ်ရှိရှိနဲ့ အလုပ်ကို လုပ်ပါတယ်။ ၀ိပဿနာအသိ ဉာဏ်ဦးဆောင်ပြီး သတိတရားနဲ့ ကုသိုလ်မျိုးစုံကို လုပ်ဖြစ်နေပါတယ်။ နေ့စဉ်နေ့တိုင်းမှာ လူတွေဟာ များေ သာအားဖြင့် စားရုံ၊ သွားရုံ၊ လာရုံ၊ ပျော်ရုံ၊ ပါးရုံ၊ နိစ္စဓူဝ ဘာအလုပ်တွေ လုပ်နေကြသလဲဆိုတော့ နေ့စဉ်အလုပ်တွေပဲ လုပ်ဖြစ်နေကြပါတယ်။ လူတိုင်း လူတိုင်း နေ့စဉ်အလုပ်တွေ လုပ်တတ်ကြပါတယ်။ လုပ်လည်းလုပ်ခဲ့ကြပါတယ်။ လုပ် လည်း လုပ်နေကြပါတယ်။ များသောအားဖြင့်ကတော့ သတိဉာဏ်မပါဘဲ နေ့စဉ်အလုပ်တွေသာ လုပ်နေကြတာပါ။ အမှန်ကတော့ တရားထိုင်တယ်၊ တရားအလုပ် လုပ်တယ်ဆိုတာ သာမန်နေ့စဉ် အလုပ် လုပ်တာ မဟုတ်ပါဘူး။ သာမန်နေ့စဉ် လုပ်နေတဲ့ အလုပ်ထဲမှာ အသိဉာဏ်နဲ့ နေစဉ်အလုပ် လုပ်တာသာ ဖြစ်ပါတယ်။ မိမိတို့ ကြည့်စရာလေးတွေ တွေ့ရင် ကြည့်ကြတယ်။ နေ့စဉ် အလုပ်လား၊ နေစဉ် အ လုပ်လား ဆိုတော့ နေ့စဉ်အလုပ် ဖြစ်နေပါတယ်။ နားနဲ့ကြားသမျှ နားထောင်တယ်။ နှာခေါင်း နဲ့ နံသမျှ အနံ့ခံတယ်။ ဒီလုပ်ဆောင်ချက်တွေကလည်း နေ့စဉ်အလုပ်သာ ဖြစ်ပါတယ်။ ဒီလို နေ့စဉ်အလုပ်မှာ သတိဉာဏ် မပါဘဲ လုပ်နေတာဟာ ၀ိပဿနာ အားထုတ်မှုနဲ့ သက်ဆိုင်မှုမရှိ ပါဘူး။ ၀ိပဿနာတရား အားထုတ်တာဟာ နေ့စဉ်အလုပ်တွေ လုပ်နေရင်းနဲ့ သတိဉာဏ်နဲ့ နေစဉ်အလုပ် အားထုတ်ရမှာ ဖြစ်ပါတယ်။ ၀ိပဿနာတရားကို “မနက် တစ်နာရီ တရားအားမ ထုတ်ဘဲ မနေနိုင်ဘူး၊ ညတစ်နာရီ တရားအားမထုတ်ဘဲ မနေနိုင်ဘူး။” ဆိုတဲ့ယောဂီတွေ ရှိကြ ပါတယ်။ မနက် ည အချိန်သတ်မှတ်ပြီး အားထုတ်ကြတာလည်း ကောင်းပါတယ်။ ဒါပေမဲ့.. ကျေးဇူးရှင် ရွှေဥမင်ဆရာတော်ကြီးက အမိန့်ရှိတယ်။ “အချိန်တိုင်း သတိထား ဖို့ကောင်းတာ။ သတိလေးသာ ထားလိုက်၊ တရားအလုပ် စအားထုတိပြီ၊ တရားအလုပ် လုပ်ဖြစ် တော့တာပဲ”။ အချိန်တိုင်း သတိထားဖို့လိုပါတယ်။ တချို့က မနက် တရားထိုင်တယ်။ ည တရားထိုင် တယ်။ ကြားထဲကျတော့ သတိမရှိပါဘူး။ သတိတရားကို လက်ကိုင်မထားပါဘူး။ အဲဒီလို ဆိုရင် တရားအားထုတ်မှုဟာ သိပ်ပြီး အဆင်မပြေနိုင်ပါဘူး။ မနက် တရားထိုင်တာကို အပြစ်မပြောပါ။ ည တရားထိုင်တာကို အပြစ်မပြောပါ။ စွမ်းနိုင် သလို မိမိနဲ့သင့်သလို ကျင့်ကြတာ၊ ကျင့်ပါ။ ကောင်းပါတယ်။ အဲဒါက နေ့စဉ်အလုပ်လား၊ နေစဉ် အလုပ်လား ဆိုတော့ “နေ့စဉ်အလုပ် တရားအားထုတ်တာ ဖြစ်တယ်” လို့ခေါ်ပါတယ်။ ဒါပေမဲ့ တရားအားထုတ်ရင် နေ့စဉ် အလုပ်အတွင်းမှာ အချိန်မရွေး၊ သတိဉာဏ်ရှိပြီး နေစဉ်အလုပ် အားထုတ်ဖြစ်ရပါမယ်။ ထိုင်တာက နှစ်မျိုးရှိပါတယ်။ နေ့တိုင်း ထိုင်နေကျမို့ ထိုင်တာက နေ့စဉ်ထိုင်နည်းတစ်မျိုး ထိုင်နေစဉ်ကတမျိုး။ အခု ထိုင်နေကျမို့လို့ ထိုင်တဲ့ နေ့စဉ် လုပ်တဲ့အလုပ် ထိုင်တာမျိုးလည်း ထိုင်နေနိုင်ပါတယ်။ အဲဒီ ထိုင်နေတဲ့အခါမှာ ထိုင်နေစဉ်လေး ဖြစ်နေတဲ့ သဘောကို သတိဉာဏ်လေးနဲ့ သိ အောင်ကြိုးစားပြီး တရားအားထုတ်ရမှာပါ။ ထိုင်နေစဉ် သဘောကိုသိပါ။ သေချာ သိအောင်လုပ် ပါ။ ထိုင်တာနဲ့ ပတ်သက်ပြီးတော့လည်း ထိုင်တဲ့ပုံစံ အနေအထားက အမျိုးမျိုးရှိတယ်။ တင်ပျဉ်ခွေ ထိုင်ချင်ထိုင်မယ်။ ကျုံ့ကျုံ့ ထိုင်ချင်ထိုင်မယ်။ လက်ထောက် ထိုင်ချင် ထိုင် မယ်။မိန်းမထိုင် ထိုင်ချင်ထိုင်မယ်၊ မိမိ အဆင်ပြေသလို ထိုင်ပါ၊ ကြိုက်သလို ထိုင်ပါ။ ထိုင်လို့ရ ပါတယ်။ “သ၊ိ သေချာသိရင်” ၀ိပဿနာ ဖြစ်ပါတယ်။ “မသိဘူးဆိုရင် ၀ိပဿနာ အားထုတ်မှု မဖြစ်ပါ။ တရားထိုင်တဲ့အခါ ထိုင်တဲ့အမူအရာနဲ့ တရားအားထုတ်တဲ့အခါ “ငြိမ်ရမယ်၊ လှုပ်ရ မယ်” စတဲ့ ၀ါဒတွေ ကွဲနေမယ့်အစား မိမိ အဆင်ပြေသလို အားထုတ်ပါ။ ဒါကြောင့်မို့ မိမိတို့တတွေလည်း နေစဉ်အလုပ် ၀ိပဿနာ အားထုတ်မှုကြောင့် တစ်ဆင့် ပြီး တစ်ဆင့် ရရောက်နိုင်တဲ့ မဂ်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန်ကို မျက်မှောက်ပြု ခံစားနိုင်ကြတဲ့၊ စံစား နိုင်ကြတဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေ ကုန်သတည်း။ { ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒ ဟောကြားတော်မူသော နေ့စဉ်အလုပ် နေစဉ်လုပ်တရား တော်မှ ကောက်နုတ် ရေးသားပူဇော်ပါသည်။ } (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
https://www.dhammaransi.com/index.php/new/431-2016-12-27-03-17-27.html
ဓမ္မဒါန
ဓမ္မဒါနဟာ အမတဒါနပါ။ တရားအလှူဟာ မသေခြင်းအလှူပါ။ သူတစ်ပါးကို တရားပေးလှူရင် သူတစ်ပါးကို မသေခြင်း ပေးလှူရာ ရောက်ပါတယ်။ မသေဓာတ် ပေးအပ်ရာ ရောက်ပါတယ်။ မသေအောင် လုပ်ပေးရာ ရောက်ပါတယ်။ သူတစ်ပါးကို မသေအောင် လုပ်ပေးရတဲ့ အလုပ်လောက် ကောင်းတဲ့ အလုပ်မျိုး လောကမှာ ရှိနိုင်ပါဦးမလား။ မိုးကုတ်ဆရာတော်ဘုရားကြီး
https://www.dhammaransi.com/index.php/new/432-2016-12-27-03-13-54.html
စေတနာကောင်းအစဉ်မွေးပါ
စေတနာသည် လူတိုင်းနှင့် ထိုက်တန်ပါ၏။ စေတနာသည် လူတိုင်းနှင့်မထိုက်တန်ဟူ၍ မမှတ်ယူသင့်ပေ။ အဘယ်ကြောင့်ဆိုသော် စေတနာကောင်းရှိသူထံသို့ ကောင်းကျိုးတရားများ ရောက်ရှိပြီး စေတနာဆိုးရှိသူထံသို့ ဆိုးကျိုးတို့ ရောက်ရှိမည်ဖြစ်ရာ ကိုယ်ပြုသည့်ကံ ကိုယ်ထံသာ ပြန်လည်ရောက်ရှိသည်ဖြစ်သောကြောင့် ဘယ်သူကောင်းကောင်း မကောင်းကောင်း ကိုယ်ကောင်းနေအောင်၊ ဘယ်သူတော်တော် မတော်တော် ကိုယ်ကတော် နေအောင် ကြိုးစားရမည်ဖြစ်သည်။ “ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ- တရား ကိုစောင့်ရှောက် သောသူအား တရားက ပြန်လည်စောင့်ရှောက်” ကြောင်း ဘုရားရှင် ဟောကြား ခဲ့ပေသည်။ ထို့ကြောင့် ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်အောင်၊ သူများ မိုးခါးရေသောက်လည်း ကိုယ်မသောက်မိအောင် သတိရှိရှိဖြင့် တရားအသိ အမြဲရှိနေကြရမည်ဖြစ်၏။ အရင်ဦးဆုံး ကိုယ်ကောင်းအောင်၊ ထို့ကြောင့် သူတစ်ပါးတို့ကောင်းအောင်လည်း ကြိုးစားကြ ရပါမည်။ နှိုးဆော်တိုက်တွန်းအားပေးသမု ပြုကြရပါမည်။ Globalization ကမ္ဘာ့ရွာကြီးဟု ဆိုသည့်အတိုင်း လူသားအားလုံး အချင်းချင်း ဆက်နွယ်နေကြသည်ဖြစ်ရာ ကမ္ဘာ့လူသား အားလုံး ကောင်းကြပါလျှင် ကမ္ဘာကြီး ငြိမ်းချမ်းသာယာနေမည်ဖြစ်၏။ “ဂျင်းစိမ်းနှင့်မဿလင်- သူကြင်မှ ကိုယ်ကြင်”မည်ဆိုပါလျှင် လက်ဝါးနှစ်ဖက်တီးက အသံထွက်သလို၊ လှိုဏ်ခေါင်းထဲ တွင် အော်ဟစ်လိုက်ပါက ထိုအသံအတိုင်း လှိုဏ်သံပေးသလို ခိုက်ရန်ဒေါသတွေ၊ မာန်မာန ထောင်လွှားသံတွေ ထွက်လာကာ ကြားရသူအပေါင်း စိတ်နှလုံး မချမ်းမြေ့ဖွယ်ဖြစ်၏။ ရွာထဲက ဘေးချင်းကပ်နှစ်အိမ် ဆဲဆိုအော်ဟစ် ရန်ဖြစ်ကြပါ လျှင် ဘေးနားကကြားရသော အိမ်အများ စိတ်မချမ်းသာနိုင်ကြပေ။ ထို နှစ်အိမ် တွင် နေထိုင်ကြ သူတို့မှာလည်း နှစ်ဖက်စလုံး ပူလောင် ဒေါသ ရန်မီးတွေ ပွါးနေရသောကြောင့် စိတ်ချမ်း သာနေကြရမည် မဟုတ်ပေ။ တစ်အိမ်တည်းရှိ တစ်မိသားစုမှ သူနှစ်ဦး ရန်ဖြစ်ကြမူလည်း တစ်မိသားစုလုံး စိတ်ဆင်းရဲကြရပေသည်။ မြတ်စွာဘုရားရှင်က “ရန်ကို ရန်ချင်း မတုန်းညှင်းနှင့်၊ မေတ္တာဖြင့်သာ ငြိမ်းစေရာ၏”ဟု ဆုံးမ ထားပေသည်။ ဓမ္မပဒ ပါဠိတော်၌လည်း “ငါတို့သည် တစ်နေ့ကျ လျှင် သေကြရမည်ဟု မသိကြကုန်သော သူမိုက်တို့အတွက် ခိုက်ရန်ဒေါသ ငြင်းခုန်ခြင်းသည် မပြေငြိမ်းကြ ကုန်။ တစ်နေ့၌ သေကြရမည်ဟု သိကြကုန်သော ပညာရှိတို့ကား် ခိုက်ရန်ဒေါသငြင်းခုန်ခြင်း တို့ ပြေငြိမ်းကြကုန်၏။”ဟူ၍ ဆုံးမထားပေ သည်။ နှစ်ဦးနှစ်ဖက်အကျိုးမဲ့သောအလုပ်သည် သူမိုက်တို့၏ အလုပ်၊ အကျိုးရှိအောင် ဆောင်ရွက်ခြင်းကား ပညာရှိသူတော်ကောင်းတို့၏အလုပ် ဖြစ်၏။ လူတိုင်းပေါ် တွင် စေတနာကောင်း ထားပြီး ပြောဆိုပြုမူနေ ထိုင်ခြင်းသည် အကျိုးရှိသော အလုပ်၊ မိမိရော သူတစ်ပါးပါ စိတ်ချမ်းသာစေသော အလုပ်ပင် ဖြစ်ပါသည်။ မြတ်စွာဘုရားက “စေတနာ အဟံ ဘိက္ခ ကမ္မံ ဝဒါမိ- ဘိက္ခဝေ- ငါ၏ချစ်သား ရဟန်းများ တို့၊ စေတ နာ- စေတနာ ကို၊ ကမ္မံ- ကံ ဟူ၍၊ အဟံ ဝဒါမိ- ငါ ဘုရားဟောတော်မူ၏။” ထို့ကြောင့် စေတနာကောင်း လျှင် ကံကောင်းမည်၊ စေတနာဆိုးလျှင် ကံဆိုးမည် ဖြစ်၏။ ယခင် သံသရာက စိတ်ဆိုးစေတနာဆိုး ရှိခဲ့ပါလျှင် ယခုဘဝ ကံဆိုးမိုးမှောင်ကျနေသည့် အဖြစ်ဆိုးတို့ ကြုံတွေ့နေရခြင်းကို စိတ်ရိုင်းစိတ်မိုက်များ ထပ်မံမွေးမြူနေပါလျှင် နောင်သံသရာ၌ကား သည်ထက်ပိုသော အပါယ်ဆင်းရဲသို့ ကျရောက်ပေတော့ မည်။ အပါယ်ငရဲသို့ ကျရောက်သွား ပါက ကောင်းဆိုးနှစ်တန် ခွဲခြားတတ်သည့် ယခုလို လူ့အဖြစ် ရရန်ကား လွန်စွာခဲယဉ်း ပေသည်။ အပါယ်လေးပါး ကျရောက်နေသော သတ္တဝါတို့ သည် ကောင်းမှုကို မဆည်းပူးနိုင်ဘဲ မကောင်းမှုတို့သာလျှင် ပြုလုပ်နေကြရသည်ဖြစ်ခြင်းကြောင့် ဆင်းရဲပြီးဆင်းရဲ နွံတွင် နစ်သကဲ့သို့ လှုပ်လေ မြုပ်လေ ဖြစ်ကြရပေသည်။ သတ္တဝါတို့၏ အမြဲနေအိမ်မှာ အပါယ်ဘုံ ဖြစ်ရာ ထိုသို့ ကျင်လည်နေရခြင်းမှာ မကောင်းမှုတို့ကို ကြိမ်ဖန်များစွာ လုပ်နေ ရခြင်းကြောင့် ဖြစ်သည်။ တိရစ္ဆာန်သည် အိပ်မည်၊ စားမည်၊ မေထုန်မှီဝဲမည် ဤသုံးခုသာလျှင် သိ၏။ ဤ အလုပ် သုံးခုကိုသာ ပတ်ချာလည် အမြဲလုပ်ဆောင်နေ၏။ ရတနာမြတ်သုံးပါးဆိုသည်ကို မသိ။ သီလ မည်သို့ ဆောက်တည်သလဲ နားမလည်။ ဘာဝနာ ဘယ်လို ပွါးသလဲ မတတ်မြောက်နိုင်ကြပေ။ လူသည်ကား သံသရာဆိုတာကိုလည်း သိ၏။ အဘယ်ကြောင့် ကျင်လည်နေရသည်ကိုလည်း နားလည်၏။ ကောင်းမှု၊ မကောင်းမှုတို့ကိုလည်း ခွဲခြားနိုင်၏။ သံသရာမှလွတ်မြောက်အောင်လည်း အားထုတ်နိုင်ပါပေ၏။ လူ့ဘဝရရှိခြင်းကား လွန်စွာ မွန်မြတ်လှပေသည်။ မွန်မြတ်သည့်လူ့ဘဝမှာ မွန်မြတ်သည် စိတ်ကောင်း၊ စေတနာကောင်းများ ထားရှိမွေးမြူကာ ကျင့်ကြံအားထုတ်မှသာ တန်ဘိုးရှိ သည့် ကလျာဏပုထုဇဉ်အဖြစ် မှသည် သောတာ ပန်နှင့် အထက်အထက်သော အရိယာသူတော်စင် များအဖြစ်သို့ ရောက်ရှိပြီး ဘဝ၏ဒုက္ခတောနက်ထဲမှ လွတ်မြောက်နိုင်ကြပေမည်။ စိတ်ကောင်းစေတ နာကောင်းဖြင့် လုပ်ကိုင်ဆောင်ရွက်ပါသာ်လည်း အဆင်ပြေမှုတို့ မရရှိ၊ လောကဓံဆိုး တို့သာ လျှင် ထပ်ခါ ထပ်ခါ ကြုံတွေ့ရသည့်အခါ စိတ်ဓာတ်တွေကျလိုက်၊ စိတ်ဓာတ်တွေ တင်းမာသွားလိုက်ဖြစ်ကာ စိတ်ဆိုးစိတ်ညစ်များ ဝင်လာတတ်ပေသည်။ ကိုယ်ကောင်းသလို တုန့်ပြန်မှုတွေ မကောင်းသည့်အခါ သည်းခံစိတ်ကိုသာ အားတင်းမွေးမြူ ရာ၏။ လောကဓဆိုးတို့ ကြုံတွေ့ရသည့် အချိန်တွင် “သြော်…ငါယခင်က အတော်ကို မကောင်းတာတွေ ပြောဆို ပြုမူမိခဲ့ပါလား”ဟူ၍ ကံနှင့် ကံ၏အကျိုးတို့ကို ဆင်ခြင်သင့်၏။ ကိုယ်စေတနာ သူတစ်ပါးတို့ နားလည်ဖို့၊ သိရှိကြဖို့ မျှော်လင့်နေမည့် အစား မိမိစေတနာ မိမိသိဖို့သာလျှင် အရေးကြီးပေ သည်။ ကျေးဇူးတော်ရှင် မေတ္တာရှင်-ရွှေပြည်သာ ဆရာတော် အရှင်ဇဝန၏ သြဝါဒကို ပြောရပါလျှင် “လောကီ စာမေးပွဲ၌ ဖြေသူက မိမိ၊ အမှတ်ပေးသူကား သူတစ်ပါး၊ လောကုတ္တရာစာမေးပွဲ၌ ဖြေသူရော အမှတ်ပေးသူပါ မိမိသာလျှင်ဖြစ်၏။” ကိုယ်ကောင်းသည် ကို ကိုယ်သိဖို့ လို၏။ ကိုယ်မကောင်းသည်ကို ကိုယ် ဆင်ခြင်ဖို့ လို၏။ ကိုယ့်ကိုယ်ကို ဆုံးမနိုင်ခြင်း ကား မြတ်သောအောင်မြင်မှုပင် ဖြစ်လေသည်။ ကောင်းမှုကိုလုပ်က ကောင်းကျိုးရပြီး မကောင်းမှုလုပ်က ဆိုးကျိုးရကြောင်း မြတ်စွာဘုရား ဆုံးမထား ၏။ ကောင်းမှုလုပ်လျက် ဆိုးကျိုးတွေ့ရသည့်အခါ ကံတရား၏ အကျိုးပေးသဘောကို နားလည်မှု လွဲတတ်ပေသည်။ ဥပမာဆိုရလျှင် “ဗောဓိကိုင်း ချိုးလို့ ရွှေအိုးရ၊ ဗောဓိပင်ပျိုးလို့ ခြေကျိုးရ”ဆိုသည့် သာဓကကိုထောက်၍ မကောင်းမှုလုပ်လည်း ကောင်းကျိုးပေး၍ ကောင်းမှုလုပ်ပါကလည်း ဆိုးကျိုးရ သည်”ဟူ၍ ကံနှင့်ကံအကျိုးအပေါ်၌ လွဲမှားစွာမှတ်ယူပြီး ယုံကြည်မှု လွဲတတ်ပေသည်။ ထိုသာဓက၏ အကြောင်းအရင်းမှန်မှာ ဗောဓိကိုင်း ချိုးသော သူသည် ထိုနေ့ ဗောဓိကိုင်း မချိူးဘဲ နေခဲ့ပါ မူ ရွှေအိုးပေါင်းများ ရရှိမည်ဖြစ်သော်လည်း မကောင်းမှု အကုသိုလ်အလုပ် လုပ်မိသောကြောင့် ရွှေအိုး များစွာရရှိမည့် အတိတ်အကြောင်းခံ ရှိသော်လည်း ရွှေအိုးတစ်လုံးသာရရှိပြီး အကျိုးပေးနည်း သွားခြင်းဖြစ် ၏။ ဗောဓိပင် ပျိုးသောသူ မှာလည်း ထို့နေ ဗောဓိပင်ပျိုးသည့် ကုသိုလ်ကောင်းမှု မလုပ်မိပါလျှင် အသက်ပါ သေဆုံးရမည့် အကုသိုလ်အကျိုးပေးအတိတ်အကြောင်းခံရှိသော် လည်း ဗောဓိပင်ပျိုး သည့် ကောင်းမှု ရှိလိုက်သောကြောင့် အသက်မသေဘဲ ခြေကျိုးရုံသာ အကျိုးပေးနည်း သွားခြင်း ဖြစ်ပေ သည်။ မြတ်စွာဘုရားတိုင်း၏ သြဝါဒအနှစ်ချုပ်မှာ “မကောင်းမှုရှောင်၊ ကောင်း မှုဆောင်၊ ဖြူအောင် စိတ်ကိုထား”ရမည်ဖြစ်ရာ မလွှဲသာ မရှောင်သာကာ အကုသိုလ်အလုပ်ဖြင့် အသက်မွေး ဝမ်း ကြောင်းပြုနေ ရသော၊ သို့မဟုတ် မကောင်းမှုကို မပြုချင်သော်လည်း ကျူးလွန်မိနေကြသည့် သူတို့အနေဖြင့်လည်း စိတ်ကောင်းစေတနာကောင်းဖြင့် မွေးမြူဆောင်ရွက်နိုင်သလို ကောင်းမှု များကိုလည်း ပူးတွဲဆည်းပူး လုပ်ဆောင်သင့်ပေသည်။ အရက်သေစာ သောက်စားမိနေသူ သည် တရားပွဲနှင့် တွေ့သောအခါ တရားနာကြားလိုက်ခြင်းဖြင့် အသိအမြင် တိုးသွားနိုင်သလို၊ ရိုသေစွာ နာကြားခြင်း သက္ကစ္စ ဓမ္မဿဝန ကုသိုလ်ကောင်းမှု ရရှိနိုင်၏။ တချို့က အရက် သေစာသောက်မိလျှင် တခြားကုသိုလ်ကို မယူရဲတော့ဘဲ ရှိကြ၏။ မကောင်းမှုသက်သက်ချည်း ပြုလုပ်မိနေခြင်းသည် မီးခဲကိုသာ ကိုင်နေပြီး ရေနှင့် မဖြန်းမိ သလို ဖြစ်သောကြောင့် ပို၍ ပူလောင်စေပေသည်။ ကောသလမင်းကြီး၏ စစ်သူကြီးတစ်ဦးသည် စစ်ပွဲများ စွာ အရှုံးမရှိ အောင်နိုင်သောကြောင့် ခုနစ်ရက်တာ မင်းစည်းစိမ်ကို ခံစားခွင့် ပေးသနားခံရပြီး ကချေသည် အလှကညာတစ်ဦးကို ရာသက်ပန် ကြင်ရာတော်အဖြစ် ရွေးကောက်တင်မြှောက်မိလိုက်ရာ ချစ်ဦးသက်ကလျာမှာ ရုတ်တရက် သေဆုံးသွား သဖြင့် စစ်ပွဲတစ်ရာ အောင်နိုင်ခဲ့ပါသော်လည်း အချစ်တစ်ပွဲမှာ ရှုံးနိမ့် သွားရသော စစ်သူကြီး ခမျာ ဖြေမဆည်နိုင်ဘဲ သေရည်ခွက် လက်မှာကိုင်၍ အရူးမီးဝိုင်း ခံရသလိုဖြစ်ကာ အသဲကွဲ ရှာတော့၏။ ဘယ်လိုများဖြေရပါ့ဟူ၍ အကြံတော်တောင်းလိုက်မှ မသေဆေးကျွေးတတ်သည့် မြတ်စွာဘုရားဆိုသော သမားတော်ကြီးဆီသွားပါက ဝေဒနာ ပျောက်ကင်းနိုင်ကြောင်း သိလျှင်သိခြင်း မသေဆေးတောင်းခံရန် အတွက် ဘုရားထံ အမြန်ပြေးလေရာ ဥပါဒါန်အစွဲအလန်းကြောင့် ဒုက္ခရောက်ရသည့်အဖြစ်ကို အသိဖွင့် လမ်းပြလိုက်ခါမှ လေးပါဒ တရားအဆုံးတွင် အရဟတ္တမဂ်ဖိုလ် ဆိုက်ရောက်သွားလေသည်။ ရှင်ဘုရင် အဝတ်အစားဖြင့်ပင် ရဟန္တာဖြစ်သွားသော စစ်သူကြီးမှာ ပါးစပ်၌ သေရည်အနံ့ပင် မပျောက်သေးပေ။ အရက်သောက်ထားသူ တရားမနာကြားရဟူ၍ မြတ်စွာဘုရား မဟောကြား ခဲ့ပေ။ ထို့ကြောင့် ဘီယာလေး တမျှမျှ၊ သေစာကလေး မဝတဝ မှီဝဲတတ်ကြသောသူများသည် တရားဆွေးနွေးခြင်း၊ တရားနာကြားခြင်း၊ ဘုရားရှိခိုးခြင်းအလုပ်များကိုလည်း ပူးတွဲလုပ်ဆောင် ပါလျှင် ကုသိုလ်က အသာရ၍ သံဝေဂ ဝင်ပြီး ဉာဏ်အမြင် ပွင့်လင်းသွားနိုင်ပေသည်။ မြတ်စွာဘုရားလက်ထက်က အရိယတံငှါသည်တစ်ဦးရှိရာ တစ်နေ့သ၌ ဘုရားရှင်နှင့် သံဃာတော်များ ဒေသစာရီကြွချီရင်း ငါးမျှားနေသော အရိယတံငှါ သည်ကို တွေ့သောအခါ မြတ်စွာဘုရားသည် အရိယတံငှါသည်၏ တရားရနိုင်သော ပါရမီရှိ သည်ကိုမြင် ၍ ခေတ္တရပ်ကာ အမည်နာမ မိတ်ဆက်ပြီး“အရိယဟူသောအမည်သည် သူတော်ကောင်းတရား တို့နှင့် မွေ့လျော် သူဖြစ်ကြောင်း” အစရှိသဖြင့် တရားဓမ္မ ဆုံးမလိုက်ရာ အရိယတံငှါသည်သည် ရေစပ်၌ တရား နာရင်းဖြင့် သောတာပန်တည်ကာ အမှန်တကယ် အရိယာသူတော်စင်တစ်ဦးအဖြစ်သို့ ရောက်ရှိပြီး တံငှါသည်ဘဝမှ လွတ်မြောက်သွားပေသည်။ မလွှဲသာ မရှောင်သာ၍ မကောင်းမှု ပြုမိနေကြရသော်လည်း စိတ်ကောင်းမွေးကာ ကောင်းမှုကို ပူးတွဲလုပ်ဆောင်နိုင်ပါလျှင် နိဗ္ဗာန် ကို မျက်မှောက်ပြုနိုင်ကြောင်း သာဓကထုတ်အပ်ပေသည်။ စိတ်ကောင်း စေတနာကောင်း အမြဲမွေးမြူနေခြင်းသည် မသေဆေး အမြဲမှီဝဲနေသော ကျန်းမာရေး အသိရှိသူတစ်ဦးကဲ့သို့ ဖြစ်ပါသည်။ ပုထုဇဉ်မှန်သမျှသည် ရောဂါရနေကြသော ဝေဒနာ သည်များ သာဖြစ်ကြ၏။ မိမိ၌ ရောဂါရှိနေသည်ကို မသိရှိကြဘဲ ကိုယ့်ကိုယ်ကို မသေသေးဘူးဟု ထင်နေကြပြီး အဖန်ဖန်သေနိုင်သော ကိလေသာဓာတ်စာတို့ကိုသာ အမြဲမှီဝဲ ကာ ငါကွ အာဂလူဟူ၍ မိမိကိုယ်ကို အမြဲကျန်းမာသန်စွမ်းနေသည်ဟု ထင်နေကြပေသည်။ ကိလေသာရောဂါထပြီး အမျိုးမျိုး ကာမဂုဏ်တွေ မှီဝဲသုံးဆောင်နေနိုင်သည်ကို ငါလိုလူ ဇမ္ဗူမရှိဟူ၍ ၀ါကြွားနေတတ်ကြပေသည်။ နောင်သံသရာ အဖန်ဖန် သေရမည့်အရေးကိုကား မေ့လျော့၍ နေကြကုန်၏။ ပုထုဇဉ်တို့ကား ကိုယ့်ကိုယ်ကို အမောဖောက်နေမှန်းမသိသော စိတ်ရူးသွတ်နေသူတစ်ဦး အစွမ်းကုန်ပြေးနေသကဲ့သို့ ဖြစ်၏။ ကိလေသာ အမောဆို့၍သာ ဘဝများစွာ အကြိမ်ကြိမ် သေပွဲဝင်ကြရသူများ ဖြစ်၏။ သေတစ်နေ့ မွေး တစ်နေ့၊ သေတာ များ ဘာဆန်းလဲဟေ့ဟူ၍ သေမင်းနှင့် စစ်ခင်းကာ ကြိမ်ဖန်များ စွာ ရှုံးပွဲရနေကြသူများဖြစ်ကြပေ သည်။ “ကိလေသာစရိုက် စိတ်စေတနာ အရိုင်းအမိုက်တို့ကို မြတ်ဘုရား တရားအမြိိုက်ဖြင့် ဆေးကြောရန် အချိန်ဆိုက်သော်လည်း ဆက်လက်၍ မိုက်မြဲပါလျှင် နောင်အခါ သံသရာနှင့်တိုက်ဖို့ ဘယ်တော့များ ထိုက်တန်ပါအံ့နညး်။” စာရှုသူ ဓမ္မမိတ်ဆွေအပေါင်းတို့ ပါရမီကုသိုလ် အစဉ်နွေးအောင် စိတ်ကောင်း စေတနာ ကောင်း အစဉ်မွေး၍ နိဗ္ဗာန်သို့ အပြေးဝင်ရောက်နိုင်ကြပါစေ။ (ဣဒံ မေ ပုညံ အာသဝက္ခယံ ဝဟံ ဟောတု)
https://www.dhammaransi.com/index.php/new/433-2016-12-27-03-12-28.html
ပဋ္ဌာန်းမပူဇော်မှီ အဓိဋ္ဌာန် သစ္စာပြု ပုံ
ပဋ္ဌာန်းမပူဇော်မှီ လုပ်ဆောင်ရမယ့်လုပ်ငန်းတွေအကြောင်းကိုသိထားမှ ရွတ်ဆိုတဲ့အခါ နေရာကျမှာဖြစ်ပါတယ်။မသိထားရင်တော့ နေရာကျစရာအကြောင်းမရှိပါ။နေရာကျကျ အစီစဉ်ကျကျရွတ်ဆိုပါမှ အကျိုးထူး အကျိုးမြတ်များကိုခံစားရမည်ဖြစ်ပါတယ်။ဒါကြောင့် ပဋ္ဌာန်းမရွတ်ဆိုမီ အဓိဋ္ဌာန်ပုံနှင့်သစ္စာဆိုရပုံလေးကို ရှေးဦးစွာရေးသားလိုက်ခြင်းဖြစ်ပါတယ်။ ၁။ယနေ့မှစ၍ နေ့စဉ်မပြတ် တစ်လတိတိ ပဋ္ဌာန်းဒေသနာတော်များ ရွတ်ဆိုပြီး မြတ်စွာဘုရားကို ပူဇော်ပါမည်ဟုအဓိဋ္ဌာန်ပြုရမှာဖြစ်ပါတယ်။ ၂။တစ်လအဓိဋ္ဌာန် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ရာတွင် ယနေ့အဓိဋ္ဌာန်အဖြစ် ယခုအချိန်မှစ၍ ပဋ္ဌာန်းဒေသနာတော်များကို ရွတ်ဖတ်ကာ မြတ်စွာဘုရားအား ပူဇော်ပါတော့မည်ဟု အဓိဋ္ဌာန်ပြုရမည်ဖြစ်ပါတယ်။ ၃။ယနေ့အဓိဋ္ဌာန် ပဋ္ဌာန်းဒေသနာတော်များကို ရွတ်ဖတ်ပူဇော်မည်ဖြစ်၍ တပည့်တော်၏ ကိုယ်စောင့်နတ်၊နေရာစောင့်နတ်၊အိမ်စောင့်နတ်၊ခြံစောင့်နတ်၊လမ်းစောင့်နတ်၊ရပ်ကွက်စောင့်နတ်၊မြို့စောင့်နတ် သာသနာတော်စောင့်နတ် စတဲ့ ဌာနအသီးသီးမှာ စောင့်ရှောက်ကြကုန်သော နတ်မြတ် နတ်ကောင်း နတ်အပေါင်းတို့အားလည်းကောင်း၊ဤနေရာ ဤဌာနမှာ ရှိကြကုန်သော ဥစ္စာစောင့် သိုက်နန်းရှင် စတဲ့မြင်အပ် မမြင်အပ်သော ပုဂ္ဂိုလ်၊မကျွတ်မလွတ်ကြကုန်သော ပုဂ္ဂိုလ်တို့အားလည်းကောင်း၊ လောကကြီးကိုစောင့်ရှောက်ကြကုန်သော ဓတရဋ္ဌ၊ဝိရူဠက၊ဝိရူပက္ခ၊ကုဝေရဟူသော နတ်မင်းကြီးလေးပါးစသည့်ဖြင့် (ပင့်ဖိတ်သင့် ပင့်ဖိတ်ထိုက်သော)ပုဂ္ဂိုလ်များကို နာမည်တပ်၍ ပဋ္ဌာန်းတရားနာကြားဖို့လာရောက်နာကြားကြပါကုန်လော့ဟု ပင့်ဖိတ်ရမှာဖြစ်ပါတယ်။ နေ့တိုင်း ရွတ်ဆိုမည်ဆိုပါက နေ့တိုင်းပင့်ဖိတ်အပ်ပါတယ်။ တစ်လရွတ်ဆိုမည်ဆိုလျှင်တော့ နေ့တိုင်းပင့်ဖိတ်စရာမလိုပါ။တစ်လပြည့်တဲ့ထိ မပင့်ဖိတ်ပဲနေနိုင်ပြီး တစ်လပြည့်မြောက်ရင်တော့ ပင့်ဖိတ်ထားသူများကို မိမိတို့နေရာ ဌာနသို့ အသီးသီးပြန်ကြွရန်မေတ္တာရပ်ခံရမည်ဖြစ်ပါတယ်။ (နေ့တိုင်းရွတ်ဆိုရင် နေ့တိုင်းပင့်ဖိတ်ရမှာဖြစ်သလို နေ့တိုင်းပြန်ပို့ရမှာဖြစ်ပါတယ်။) . ၄။ပဋ္ဌာန်းဒေသနာတော်များ ပစ္စယုဒ္ဒေသ၊ပစ္စယနိဒ္ဒေသ ပါဠိတော်နှင့် မြန်မာပြန်များကို ကောင်းမြတ်သော အချိန်ခါ ဖြစ်သည့်အတွက်(ဟေတုပစ္စယောမှစ၍ ရွတ်ဆိုပူဇော်ရမှာဖြစ်ပါတယ်။)ရွတ်ဆိုပူဇော်ပြီးသည်နှင့် အမျှပေးဝေရမှာဖြစ်ပါတယ်။ . ၅။(သစ္စာဆိုပုံ) ။ ။ ယခုအခါ တစ်လအဓိဋ္ဌာန် ရွတ်ဆိုပူဇော်ရာတွင် ယနေ့အဓိဋ္ဌာန်အဖြစ် ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဖတ်ပူဇော်၍(နေ့တိုင်းပူဇော်မည်ဆိုပါကလည်း)နေ့တိုင်း ပဋ္ဌာန်းဒေသနာတော်ကိုရွတ်ဖတ်၍ မြတ်စွာဘုရားရှင်အား ပူဇော်ပြီးပါပြီ။ ဤသစ္စာစကားကြောင့်လည်းကောင်း၊ဤပဋ္ဌာန်းဒေသနာတော်၏ တန်ခိုး ရှိန်စော် အာနုဘော်တို့ကြောင့်လည်းကောင်း၊ဤပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဆိုရသော ကောင်းမှု၊နာကြားရသော ကောင်းမှုကုသိုလ်တို့၏ တန်ခိုးတော်ဇော်အာနုဘော်တို့ကြောင့်လည်းကောင်း၊ ပဋ္ဌာန်းဒေသနာတော်ကိုရွတ်ဆိုပြီးတိုင်း တပည့်တော်နှင့်ထပ်ထူထပ်မျှ ရစေဖို့ အမျှပေးဝေရတဲ့ကောင်းမှုကုသိုလ်၊ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုရတဲ့ကောင်းမှုကုသိုလ်တို့၏ တန်ခိုးတေဇော်အာနုဘော်တို့ကြောင့်လည်းကောင်း တပည့်တော်သည်(..................)ဖြစ်ရပါလို့၏ဟူ၍ လိုရာဆု တစ်ခုတည်းကိုတောင်းပါ။လိုရာဆုတစ်ခု မပြည့်မချင်း ဤတစ်မျိုးကိုသာ ဆက်၍ဆုတောင်းပါ။ ကိုးကား။ ။ဒေါက်တာအရှင်ကောဝိဒစာရ(ပဋ္ဌာန်းစာအုပ်)မှ ကောက်နှုတ်ရေးသားခြင်းဖြစ်ပါသည်။ အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ) (ကျမ်းမာ ၊ ချမ်းသာ ကြပါစေသောဝ်) ဘုရား တရား သံဃာ
https://www.dhammaransi.com/index.php/new/434-2016-12-27-02-59-23.html
ရေစက်ချ ၍ လှူခြင်းနှင့် မချဘဲ လှူခြင်း ၏ အကျိုး ကွာခြားပုံ
ရေစက်မချဘဲ လှူခြင်းကို ဒါန ။ ရေစက်ချ၍ လှူခြင်းကို ပတ္တိဒါန လို့ခေါ်ပါတယ်။ အဲဒီတော့ ရေစက် မချဘဲ လှူမယ် ဆိုရင် ဒါန အကျိုး တစ်မျိုးပဲ ရပါမယ်။ ရေစက်ချ၍ လှူမယ် ဆိုရင်တော့ ဒါန အကျိုးရော ပတ္တိဒါန အကျိုးရော နှစ်မျိုးလုံး ရနိုင်မှာပါ။ အချို့ လူတွေ က ပတ္တိဒါန အကြောင်း သိပ်မသိကြဘူး။ ပတ္တိဒါန နဲ့ ပတ်သက်ပြီး အဘိဓမ္မတ္ထ ဝိဘာဝိနီဋီကာ မှာ.... "အတ္တနော သန္တာနေ နိဗ္ဗတ္တဿ ပုညဿ ပရေဟိ သာဓာရဏဘာဝံ ပစ္စာသီသနစေတနာ ပတ္တိဒါနံ နာမ"။ (မိမိ ၏ သန္တာန် မှာ ဖြစ်တဲ့ ကုသိုလ်ကောင်းမှု ကို သူတပါးတို့နှင့် ဆက်ဆံခြင်း အဖြစ် ကို တောင့့် တကြောင်းစေတနာ သည် ပတ္တိဒါန မည်၏) လို့ ဆိုထားတယ် ရှိတယ်ပေါ့။ ပတ္တိ+ဒါန ဆိုတဲ့ နေရာမှာ ပတ္တိ ဆိုတာက မိမိ ထံပါးသို့ ကုသိုလ်ရောက်လာတာ ကို ပတ္တိ လို့ခေါ်တယ်။ ဒါန ဆိုတာ က သိကြပြီးတဲ့ အတိုင်း ပေးလှူခြင်းပေါ့။ အဲဒါကြောင့် မိမိထံ ရောက်လာတဲ့ ကုသိုလ် ကို သူတပါးထံ အမျှပေးဝေခြင်း ကို ပတ္တိဒါန လို့ခေါ်တယ်။ တစ်စုံ တစ်ခုဖြစ်တဲ့ ပစ္စည်း ဝတ္ထုကို လှူတဲ့ အတွက် ရောက်လာတဲ့ ဒါနစေတနာ ကို ပတ္တိ လို့ခေါ်တယ်။ မိမိထံရောက်လာတဲ့ ဒါနစေတနာ ကို အမျှ အမျှ အမျှ လို့ပေးဝေလိုက်တဲ့ အခါ အဲဒီပေးဝေကြောင်းစေတနာ ကို ပတ္တိဒါန လို့ခေါ်ရတယ်။ ကိုယ် ရထားတဲ့ ကုသိုလ် ကို အခြားသူတွေ ကို ပေးလိုက် လျှင် ကိုယ့်မှာ ကုသိုလ် ကုန်သွားမှာ လားလို့ တစ် ချို့လူတွေ အတွေး မှားတတ်ကြတယ်။ မီးတိုင် တစ်တိုင် ထွန်းထား တာကို အခြား မီးတိုင်တွေ မီး လာ ကူးကြတဲ့ အခါ မူလဖြစ် တဲ့မီးရောင် ရဲ့ အလင်း ဟာ လျော့မသွားတဲ့ အပြင် အလင်းရောင်ကို ပိုပြီးအားကောင်းစေ သလိုပါပဲ ။ မူလ ကုသိုလ်ရှင် မှာ ကုသိုလ်တွေ မကုန်တဲ့ အပြင် ပတ္တိဒါန ကုသိုလ် အကျိုး ကိုပင် ထပ်ပြီး ရသေးတဲ့ အတွက် ရေစက်မချ ဘဲလှူ လျှင် ဒါန အကျိုး သက်သက်ပဲရတယ်။ ရေစက် ချပြီးလှူလျှင်တော့ ဒါန အကျိုးရော ပတ္တိဒါန အကျိုးရော ရတယ် လို့ မှတ်သား သင့်ပါတယ်။ အရှင်ဣန္ဒက (ဓမ္မာစရိယတက္ကသိုလ်)
https://www.dhammaransi.com/index.php/new/435-2016-12-25-22-58-41.html
တောင်ဖီလာ ဆရာတော်
အင်းဝခေတ် ဓမ္မစာဆိုတော်ကြီး တစ်ဦးဖြစ်တဲ့ တောင်ဖီလာ ဆရာတော်ရဲ့ မွေးဇာတိက စလင်းမြို့ဖြစ်ပြီး ပြည်မြို့မှာ စာပေသင်ကြားတတ်မြောက်လို့ ပြည်ပဥ္ဇင်းကျော်အဖြစ် ထင်ရှားပါ တယ်။ ဆရာတော်မှာ= (၁) ။ သူငယ်ဘဝတွင်လည်း ကျော်။ (၂) ။ သာမဏေဘဝတွင်လည်း ကျော်။ (၃) ။ ပဥ္ဇင်းဘဝတွင်လည်း ကျော်။ (၄) ။ မထေရ်ဘဝတွင်လည်း ကျော်။ ဤကဲသို့ ကျော်စောခြင်း လေးပါး နှင့် ပြည့်စုံတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဆရာတော်ရဲ့ ပညာပါရမီကြောင့် အင်းဝနေပြည်တော်သို့ ပင့်ဆောင် ကိုးကွယ်ခြင်း ခံရပြီး အနောက်ဖက်လွန်မင်းနှင့် သာလွန်မင်းတို့ လက်ထက်မှာ ထင်ရှားခဲ့ပါတယ်။ ၁-ဆူ၊ လူ ၁-ယောက် လို့ ပြောစမှတ်ပြုလောက်အောင် ကျော်ကြားခဲ့တဲ့ ဆရာတော်တစ်ပါး ဖြစ်ပါတယ်။ ဘွဲ့အမည်ရင်းက မုနိန္ဒဃောသ ဖြစ်သော်လည်း စစ်ကိုင်းတောင်ရိုး တောင်ဖီလာမှာ သီတင်းသုံးသောကြောင့် တောင်ဖီလာ ဆရာတော်အဖြစ် လူသိများကြပါတယ်။ ၀ိနည်းငါးကျမ်းနှင့် အဘိဓမ္မာလေးကျမ်းကို နိဿယပြန်ဆိုခဲ့ကြောင်း သိရပါတယ်။ ဆရာတော် ရေးသားပြုစုထားတဲ့ ၀ိနယာလင်္ကာရဋီကာကျမ်းမှာ ဗုဒ္ဓဘာသာ သာသနာတော်အတွက် အလွန်ကျေးဇူးများတဲ့ ကျမ်း တစ်ဆူဖြစ်ပါတယ်။ တရားချစ်ခင် ဓမ္မမိတ်ဆွေတို့ကလည်း ပျို့၊ ကဗျာ၊ ဝတ္ထု၊ မေတ္တာစာ၊ ဆုံးမစာ အမျိုးမျိုးကို ရေးသားခဲ့သော တောင်ဖီလာ ဆရာတော်အား လေးစားကာ မိမိကိုယ်မိမိ ကောင်းသထက်ကောင်း မြင့်မြတ်သထက် မြင့်မြတ်အောင် ကြိုးစားနိုင်ကြပါစေ ကုန်သတည်း။ {နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ သင်တန်းနည်းပြဆရာတော် ဦးပညာသာမိ(မာဂဓီ- သာစည်) ၏ အခါတော်နေ့များ မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
https://www.dhammaransi.com/index.php/new/436-2016-12-25-22-55-44.html
ဘာသာကိုးကွယ်မှုအစဟူသည်။
လူ့သမိုင်းဆရာတို့၏ အဆိုအရ လူသည် ခြေသလုံးအိမ်တိုင်ဘဝမှ တဖြည်းဖြည်းချင်း ယဉ်ကျေးလာပြီး အစုအသင်းနှင့် နေတတ်လာသူများ ဖြစ်လာသည်ဟု သိရ၏။ မည်သို့ပင်ဖြစ်စေ လူသည် ကြောက်တတ်မှုနှင့် ရလိုမှု သဘောတရားများဖြင့် ဖွဲ့စည်းထားသော သဏ္ဍာန်တစ်ခု သာဖြစ်ကြောင်း ထင်ရှား၏။ လူ့လောကကြီးတွင်လည်း ကြောက်စရာ အမြောက်အများရှိသည့်နည်းတူ ရယူချင်စရာ များနှင့်လည်း ပြည့်နှက်လျက် ရှိနေပါသည်။ ဒီရေတတ်ခြင်း၊ မီးကြီးလောင်ခြင်း၊ လေမုန်းတိုင်းကျ ခြင်း စသော သြကာသလောက၏ ဘေးအန္တရာယ်များ၊ ကျး၊ ခြင်္သေ့၊ ဆင်ရိုင်းဘေး၊ မချစ်မနှစ် သက်သူဘေး စသော သတ္တဝါလောက၏ ရန်ပြုမှုများနှင့် ကိုယ်ပူဖျားနာ၊ ခေါင်းကိုက်၊ ခါးကိုက်၊ မကျန်းမမာ၊ အို၊ နာ၊ သေရ စသည့် ဘေးဒုက္ခများ၏ နှိပ်စက်ကလူပြုမှုကို လူသားများသည် အ လူးအလဲ ခံနေရသည်သာ ဖြစ်၏။ ဤသို့သော ဘဝဒုက္ခ အန္တရာယ်များ၏ လှုံ့ဆော်ဖန်တီးမှု ကြောင့် လူသားသည် ကြောက်တတ်လာ၏။ ထိုဘေးဆိုး၊ ဒုက္ခဆိုးတို့မှ ကင်းငြိမ်းမှုကို လိုလားလာ ကြသည်။ အားကိုးရာအဖြစ် ကိုးကွယ်ရာကို ရှာဖွေလာကြသည်။ ဤအချက်နှင့်ပတ်သက်၍ “ ဗဟုံ ဝေ သရဏံ ယန္တိ၊ ပဗ္ဗတာနိ ဝနာနိ စ။ အာရာမရက္ခစေတျာနိ၊ မနုဿာ ဘယတဇ္ဇိတာ။ ” = ဘေးရန် အန္တရယ်အမျိုးမျိုးကို စိုးရွံ့ထိတ်လန့် နေကြကုန်သော လူတို့သည် တောတို့ကိုလည်းကောင်း၊ တောင်တို့ကိုလည်းကောင်း၊ အရာမ်တို့ကိုလည်းကောင်း၊ အဓိကရသစ်ပင် စသော ကိုးကွယ်ရာတို့ ကိုလည်းကောင်း ကိုးကွယ်ကြကုန်၏ ဟု မြတ်ဗုဒ္ဓဟောကြားခဲ့၏။ ပင်လယ် သမုဒ္ဒရာတို့၌ အသက်မွေးမြူပြုကြသူတို့သည် သမုဒ္ဒရာစောင့်နတ်များကို ကိုး ကွယ်ကြသည့်နည်းတူ တောရပ်ဒေသ၌ လုပ်ကိုင်စားသောက်ကြသူတို့သည်လည်း တောတောင် ဥယျာဉ် စသည်တို့ကို ပူဇော်ကြသည်။ ထို့ပြင် ကောက်ပင်စိုက်ပျိုး အောင်မြင်လိုမှုအတွက် မိုးနတ် စသည်တို့ကို ပ-သ ကြ၏။ သားဆုပန်ရန် တောစိုးသစ်ပင်ကြီးများ၌ ရှိမည်ထင်သော နတ်တို့ကို တင်မြှောက်ကြသည်။ ဤသည်တို့မှာ ထိုစဉ်က ကမ္ဘာလူသား အားလုံးလိုလိုနှင့် သက်ဆိုင်သော ကိုးကွယ်မှုများ ဖြစ်ပါသည်။ ကိုးကွယ်မှုအစပင် ဖြစ်ပါသည်။ {နှစ်ဖက်လှ ဦးကျော်လွင်၏ ဗုဒ္ဓဘာသာ လူထက်လူ မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။
https://www.dhammaransi.com/index.php/new/437-2016-12-25-22-53-06.html
ဓမ္မနဲ့ ပတ်သက်ပြီး “၀ိ၀ါဒ” မဖြစ်ပွားရလေအောင်
တရားဓမ္မနဲ့ပတ်သက်ပြီး ဒီတရားဟာ ဘုရားဟောတဲ့တရား သူကိုယ်တိုင် ဘယ်ဆရာတော် ဘုရားဆီက နာခဲ့ရတာ၊ သို့မဟုတ် ဒီစာထဲမှာ ပါ ပါတယ်၊ ဘယ်စာအုပ်ထဲမှာ ရေးထားတာလို့ ပြောဆိုကြတဲ့အခါ ကျန်တစ်ဘက်သားကလည်း မဟုတ်ဘူးလို့ ငြင်းကြပါတယ်၊ ငြင်းကြတဲ့အခါမှာ ဓမ္မနဲ့ ပတ်သက်ပြီးငြင်းခုံမှုတွေ ဖြစ်ပွားတတ်ကြပါတယ်။ အငြင်းပွားလို့ရှိရင် အကုသိုလ်ဖြစ်ပါ တယ်။ မြတ်စွာဘုရားက “ ၀ိ၀ါဒံ ဘယတော ဒိသွာ အဝိ၀ါဒဥ္စ ခေမတော ”၊ ၀ိ၀ါဒ ဆိုတာ ကိုယ်က တစ်မျိုးပြောတယ်၊ သူကတစ်မျိုးပြောတယ်၊ အဲဒီလို သူတစ်မျိုး ကိုယ်တစ်မျိုးပြောလို့ မတူညီတော့ ဘူးဆိုတာနဲ့ သူ့ဟာမှန်တယ်၊ ငါ့ဟာမှန်တယ်ဆိုပြီး ငြင်းခုံကြပါတယ်။ တစ်ဦးနှင့်တစ်ဦး အငြင်း ပွားနေကြရင် အကုသိုလ်တွေ ဖြစ်ကြပါတယ်။ အငြင်းပွားစရာရှိရင် အကုသိုလ် မဖြစ်အောင် နေတတ်ရပါမယ်။ အမှန်တရားဆိုတာ ကိုယ် တိုင်သိရပါမယ်။ အဲဒီလို အငြင်းပွားလာလို့ရှိရင် မြတ်စွာဘုရားက မဟာပဒေသ ၄ ပါးဆိုတာနဲ့ ပတ် သက်ပြီး မှတ်ကျောက်တစ်ခု ပေးထားပါတယ်။ (၁) ။ (ဘုရားရှင်ကို မှီတဲ့ပုဂ္ဂိုလ်က)“ငါဘုရားဆီက ကိုယ်တိုင်နာခဲ့ရတဲ့တရားပါ” လို့ ပြောလာရင် လက်မခံနဲ့၊ ပြန်ပြီးတော့လည်း မငြင်းလိုက်နဲ့ တဲ့။ မြတ်စွာဘုရားဟောတဲ့ သုတ္တန်တွေ၊ ဘုရားရဲ့အ ဆုံးအမတွေနဲ့ တိုက်ဆိုင်ကြည့်ပါ။ (ဓမ္မစာပေ တတ်ဖို့ လိုပါတယ်၊) စာမတတ်ရင် စာတတ်တဲ့ပုဂ္ဂိုလ် နဲ့ တိုက်ကြည့်ပါ။ သုတ္တန္တ၊ ၀ိနယလို့ဆိုတဲ့ ဘုရားဟောတဲ့တရားနဲ့ သွားပြီးတိုက်ဆိုင်ကြည့်ပါ၊ အဲဒီ ပုဂ္ဂိုလ်ပြောတဲ့ စကားဟာ ဘုရားဟောတဲ့ထဲမှာ ဘောင်မဝင်ဘူး၊ မှားယွင်းနေတယ်ဆိုရင် လက်မခံ နဲ့။ အကယ်၍ သူပြောတဲ့ စကားဟာ သုတ္တန်တွေနဲ့ ညီညွတ်ရင် လက်ခံလိုက်ပါ။ (၂) ။ ဘုရားဟောဆိုပြီးတော့ သံဃာတွေအားလုံးက လက်ခံထားတာ ဖြစ်ပါတယ်လို့ တစ်ယောက် ကပြောလာခဲ့ရင် သုတ္တန်တွေ၊ ၀ိနည်းတွေနဲ့ တိုက်ကြည့်လိုက်ပါ၊ မှားယွင်းနေတယ်ဆိုရင် လက်မခံ ပါနဲ့။ အကယ်၍ တိုက်ဆိုင်လို့ ညီညွတ်တယ်ဆိုရင်တော့ လက်ခံလိုက်ပါ။ (၃) ။ ဘယ်ကျောင်းတိုက်က စာတတ်ပေတတ် ဆရာတော်ကြီးတွေ၊ ပါမောက္ခဆရာတော်ကြီးတွေ၊ သံဃာ့ဦးဆောင်ဆရာတော်ကြီးတွေ၊ သံဃာ့အဖွဲ့အစည်းတွေက ဒါဘုရားဟောတရားလို့ ပြောလာ တယ်ဆိုရင် ဘုရားဟောတဲ့ ၀ိနည်းတို့ သုတ္တန်တို့နဲ့ တိုက်ဆိုင်ကြည့်ပါ၊ တိုက်ဆိုင်ကြည့်လို့ မမှန်ဘူး ဆိုရင် စွန့်ပယ်လိုက်ပါ။ ညီညွတ်တယ်ဆိုမှ လက်ခံပါ။ (၄) ။ ဘယ်ကျောင်းတိုက်က နာမည်ကျော် ဘယ်ဆရာတော်ကြီးက နေပြီးတော့ ဒါ ဘုရားဟော လို့ဟောလိုက်တယ်၊ ဘယ်တရားပွဲမှာ ဟောလိုက်တယ် စသည်ဖြင့် ဘုရားဟောဆိုပြီး ဟောသွား တယ်ဆိုလို့ရှိရင် သုတ္တန်တွေ၊ ၀ိနည်းတွေနဲ့ တိုက်ကြည့်လိုက်ပါ၊ ကိုက်ညီမှုမရှိဘူးဆိုရင် လက်မခံ ပါနဲ့။ အကယ်၍ တရားတော်တွေနဲ့ ညီညွတ်တယ်ဆိုလို့ရှိရင် လက်ခံပါ။ မြတ်စွာဘုရားကိုယ်တော်တိုင်က အဲဒီလို လုပ်ဖို့ မှာခဲ့ပါတယ်။ ဘယ်အရာကိုမှ အရမ်းလက် မခံပါနဲ့၊ မှားတယ်မှန်တယ်ဆိုတာ ကိုယ့်ဖာသာကိုယ် လေ့လာပြီး၊ တတ်ကျွမ်းတဲ့ ပုဂ္ဂိုလ်ထံနည်းနာ ခံပြီး ဆုံးဖြတ်ရပါမယ်။ ဒါ ဓမ္မ မှတ်ကျောက် တစ်ခုပါ။ ဒါကြောင့်မို့ တရားဓမ္မ လေ့လာ ကျင့်ကြံ အားထုတ် နေကြသော ဓမ္မမိတ်ဆွေတို့ကလည်း ဗုဒ္ဓဘာသာဝင်တို့ရဲ့ နောက်ဆုံး ရည်မှန်းချက်ပန်းတိုင် နိဗ္ဗာန်သို့ ရရောက်နိုင်ရန်မှာ မြတ်စွာဘုရား ဟောကြားထားသော တရားဓမ္မများသာ ဖြစ်ပါတယ်လို့ နားလည်သဘောပေါက်ကြပြီး ဓမ္မမှတ် ကျောက်ကို ကိုယ်စီဆောင်ကာ ကျင့်ကြံနိုင်ကြလျက် နိဗ္ဗာန်ချမ်းသာကို ကိုယ်စီကိုယ်ငှ မျက်မှောက် ပြုနိုင်ကြပါစေ ကုန်သတည်း။ {သက္ကရာဇ် ၁၃၇၁ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက်နေ့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌၊ ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဟောကြားတော်မူသော ဓမ္မမှတ်ကျောက် တရားတော်ကို ကိုးကား ရေးသားပူဇော်ပါသည်။ }
https://www.dhammaransi.com/index.php/new/438-2016-12-25-22-50-00.html
မြတ်​စွာဘုရား အရှင်​ရာဟုလာကို ​ဟောတဲ့ သစ္စာတရား
အရှင်​ရာဟုလာ ။ ။ မြတ်​စွာဘုရား​ တပည်​့​တော်​အား တရားတိုတို ​ဟော​တော်​မူပါ ထိုတရားကို နာယူ၍ တပည်​့​တော်​ လိုက်​နာ ကျင်​့သုံးပါရ​စေဘုရား မြတ်​စွာဘုရား ။ ။ ရာဟုလာ မျက်​စိ စက္ခုပသာဒသည်​ မြဲသ​လား? မမြဲသလား? အရှင်​ရာဟုလာ ။ ။ မမြဲပါ မြတ်​စွာဘုရား မြတ်​စွာဘုရား ။ ။ မမြဲ​သော မျက်​စိ စက္ခုပသာဒသည်​ ဆင်​းရဲသလား? ချမ်​းသာသလား? အရှင်​ရာဟုလာ ။ ။ မြတ်​စွာဘုရား မမြဲ​သော စက္ခုပသာဒသည်​ ဆင်​းရဲပါတယ်​ဘုရား မြတ်​စွာဘုရား ။ ။ ရာဟုလာ မမြဲ​သော ဆင်​းရဲ၍ ​ဖောက်​ပြန်​တက်​​သော ဤ မျက်​စိ စက္ခုပသာဒကို ငါပိုင်​ဖြစ်​၏ ငါအတ္တဖြစ်​၏ မှတ်​သားခြင်​း ရှုမြင်​ခြင်​းငှါး သင်​့​လျော်​ပါမည်​လား? အရှင်​ရာဟုလာ ။ ။ မြတ်​စွာဘုရား မမြဲ​သော ​ဖောက်​ပြန်​ပျက်​စတက်​​သော မျက်​စိ စက္ခုပသာဒစသည်​ကို ငါပိုင်​ ငါအတ္တဟု ရှုမြင်​ခြင်​းငှါး မသင်​့​လျော်​ပါဘုရား မြတ်​စွာဘုရား ။ ။ ရာဟုလာ ဤကဲ့သို့ ရုပ်​နာမ်​တို့အ​ပေါ်၌ မှန်​ကန်​စွာ ရှုမြင်​​သောသူသည်​ တပ်​မက်​ခြင်​း စွဲလန်​းခြင်​းကင်​း၏ တပ်​မက်​ခြင်​း ကင်​းသည်​ရှိ​သော ပူ​လောင်​​စေတက်​ ဆင်​းရဲ​စေတက်​​သော ကိ​လေသာမှ လွတ်​​မြောက်​၏ # နိဒါနဝဂ္ဂသံယုတ် ​ ရာဟုလသံယုတ်​ ပဌမဝဂ်​ စက္ခုသုတ်​ ဝိပဿနာအားထုပ်​သူ​တွေအတွက်​ တကယ်​့​ကောင်​းတဲ့ တရား
https://www.dhammaransi.com/index.php/new/439-2016-12-25-02-11-12.html
လူဖြစ်ကျိုးနပ်စေရန် ဘယ်လိုအတွေးမျိုး တွေးရမလဲ
မြတ်စွာဘုရားက အတွေးနဲ့ပတ်သက်လာရင် အတွေးသုံးမျိုးကု်ိ မတွေးနဲ့တဲ့ ၊ တွေးရင်လူဖြစ်ရကျိုးမနပ် ဖြစ်လိမ့်မယ် ၊ မကောင်း တဲ့အတွေးသုံးမျိုးကတော့ အဘိဇ္ဈာ ၊ ဗျာပါဒ ၊ မိစ္ဆာဒိဋ္ဌိတဲ့ ။ ( ၁ ) အဘိဇ္ဈာ ၊ အဘိဆိုတာ သူတစ်ပါးပစ္စည်းကို ဦးတည်ပြီး ဇ္ဈာ - ရချင်တဲ့စိတ်နဲ့ စိတ်ကူးတာ ၊ သူတစ်ပါးပစ္စည်းကို ပိုင်ဆိုင် ချင်တဲ့အတွေးဟာ သူခိုးဓားပြဖြစ်စေတဲ့အတွေး ၊ အဒီအတွေး ဟာ အန္တရာယ်ရှိတဲ့ အတွေး ၊ အကုသိုလ်အတွေး ၊ မနောဒုစ ရိုက်လို့ခေါ်တယ် ၊ ဒီအတွေးမျိုး မတွေးသင်ဘူး ၊ ဒီအတွေးကို ရှောင်ရမယ် ။ ( ၂ ) ဗျာပါဒ - ဘာလဲဆိိုရင် ကိုယ်နဲ့မတည့်သူတစ်ယောက် အပေါ် စိတ်ထဲပေါ်လာတယ် ၊ ဟာ … ဒီကောင်သေသွားရင် ကောင်းမှာပဲ ၊ စီးပွားပျက်သွားရင် ကောင်းမှာပဲ ၊ ဒုက္ခရောက် သွား ၊ ထောင်ကျသွားရင် ကောင်းမှာပဲဆိုတဲ့အတွေးတွေ တစ် ချို့မတွေးကြဘူးလား ၊ အဲဒီအတွေးတွေဟာ ဗျာပါဒအတွေးလို့ ခေါ်တယ် ၊ လူဖြစ်ရကျိုးနပ်စေဖို့ အဲဒီအတွေးမျိုး မတွေးမိစေနဲ့ ရှောင်ရှားဖိုံ လိုတယ် ။ ( ၃ ) မိစ္ဆာဒိဋ္ဌိ - မိစ္ဆာာဒိဋ္ဌိဆိုတာ ကိုယ်လုပ်တာ ကိုယ်နဲ့ဆိုင် တယ်လို့ မတွေးဘူး ၊ ကောင်းတာလုပ်လည်း ကောင်းတာ မဖြစ်ပါဘူး ၊ မကောင်းတာလုပ်လည်း ကောင်းတာဖြစ်တယ် ၊ မကောင်းတာလုပ်တဲ့သူတွေ ကြီးပွားနေတာ ရှိတာပဲ ၊ ကောင်း တာလုပ်နေတဲ့သူတွေ ဒုက္ခရောက်နေရတာစသညါဖြင့် ကံကို မျက်စိလည်နေကြတယ် ၊ တကယ်တော့မကောင်းတာလုပ်နေတဲ့ သူတွေကြီးပွားနေတာ တစ်ချိန်တုန်းကကောင်းတာလုပ်ခဲ့လို့ ကောင်းကျိုးကို ခံစားနေရတယ်လို့ ဒီလိုနားလည်ရမယ် ၊ ဟုတ် တယ်မို့လား ၊ ကိုယ်ကခုမှ ကောင်းတာတွေလုပ်တာ ၊ အကျိုး မပေးသေးဘူးလား ၊ အခုမှသရက်ပင်စိုက်တာ သရက်သီးစား ရပါ့မလား ၊ မစားရပါဘူး ၊ ကောင်းတာခုမှလုပ်တာ ၊ မကောင်း တာတွေနဲ့ကြုံနေရတယ် ၊ အတိတ်ကမကောင်းတာတွေ ဘယ် လေညက်လုပ်ခဲ့မှန်းမှ မသိတာ ၊ အဲဒါကြောင့် မှန်ကန်တဲ့အ တွေးမှာ ကံဆိုတာရှိတယ် ၊ ကံကိုငြင်းပယ်တာ အကိရိယဒိဋ္ဌိ လို့ ခေါ်တယ် ၊ ကံဆိုတာမရှိ ၊ အကုသိုလ်ဆိုတာ မရှိဘူးဆိုပြီး ငြင်းပယ်တဲ့ဝါဒ ။ နတ္ထိကဒိဋ္ဌိ - ကံရဲ့ အကျိုးတရားကို လက်မခံဘူး ၊ မကောင်းတာ လုပ်လည်း မကောင်းတာမဖြစ်ဘူး ၊ ကောင်းတာလုပ်လည်း ကောင်းတာ မဖြစ်ဘူး ၊ အကျိုးတရားကု်ိ ငြင်းပယ်တဲ့အမြင် ။ အဟေတုကဒိဋ္ဌိ - အကြောင်းတရားကို ငြင်းပယ်တဲ့အမြင် ၊ ပေါင်းလိုက်ရင် ကံနှင့် ကံ၏အကျိုးကို ငြင်းပယ်တဲ့သူဟာ မိစ္ဆာဒိဋ္ဌိအမြင်ရှိသူသာ ဖြစ်တယ် ၊ အဲဒီလို မိစ္ဆာဒိဋ္ဌိအယူရှိသူ ဟာ ကောင်းရာသုဂတိ မရောက်နိုင်ဘူး ၊ သူသွားရမှာက အပါယ်လေးဘုံပဲ ၊ ဘာလို့တုန်းဆိုရင် သူက ကံကိုငြင်းပယ် ထားတော့ သူလုပ်ချင်ရာ လုပ်တော့မှာလေ ၊ လုပ်ချင်ရာလုပ် လို့ ဆိုတဲ့နေရာမှာ လူတွေက ဘာတွေလုပ်ချင်သလည်းဆို ရင် မကောင်းတာပဲ လုပ်ချင်ကြတာများတယ်လေ ၊ အတွေးနဲ့ ပတ်သက်ရင် အပေါ်ကအတွေးမျိုး မတွေးကြပါနဲ့ ၊ တွေးမိပြီ ဆိုရငါ ကိုယ့်သန္တာန်မှာ ကိုယ့်ရဲ့စိတ်အစဉ်မှာ ကိန်းဝပ်သွား တယ် ၊ ကိန်းဝပ်သွားရင် အကြောင်းရှိတိုင်း ပေါ်လာလိမ့်မယ် ဒါကြောင့် အဲဒီအတွေးမျိုး မတွေးမိဖို့ သတိထားရမယ် ။ အဲဒီတော့ ဘာတွေးရမှာလည်းဆိုတော့ သူတစ်ပါးပစ္စည်းကို ရလိုတဲ့အတွေးတွေနဲ့ မတွေးနဲ့တဲ့ ၊ တရားသဖြင့် ရတဲ့ပစ္စည်း ကိုသာ လိုချင်တဲ့အတွေး ရှိရမယ် ၊ သူတစ်ပါးကို ပျက်စီးစေလို တဲ့အတွေးနဲ့ မတွေးနဲ့ ၊ ကြီးပွားကြပါစေ ၊ ချမ်းသာကြပါစေ ၊ အစဉ်ပြေကြပါစေဆိုတဲ့ အတွေးကိုသာတွေးပါ ၊ အဲဒါကိုမေတ္တာ အတွေးလို့ ခေါ်တယ် ၊ ပြီးတော့ မှန်ကန်တဲ့အမြင်နဲ့ မိစ္ဆာအမြင် ကို ဖယ်ရှားရမယ် ၊ ကမ္မဿ ကတာ သမ္မာဒိဋ္ဌိ - ကိုယ်လုပ်တာ ကိုယ်ပဲဆိုင်တယ်ဆိုတဲ့အမြင်မျိုး မြင်မယ် ၊ ကောင်းတာလုပ် လုပ် ၊ ဆိုတာလုပ်လုပ် ငါပဲအမွေခံရမယ်ဆိုတဲ့ အမြင်ရှိပါစေ တဲ့ ။ ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ( ပါချုပ်ဆရာတော် )
https://www.dhammaransi.com/index.php/new/440-2016-12-24-07-54-59.html
သူတော်ကောင်းတွေရဲ့ အတွေး
တရားနဲ့ပတ်သက်လာလို့ရှိရင် ဇတ်တော်ကြီးဆယ်ဘွဲ့ထဲက ဘူရိဒတ္ထ ဆိုတဲ့ နဂါးမင်းကြီး ဇာတ်လမ်းကို ဖတ်ဖူးသူတွေက တွေ့ပါလိမ့်မယ်။ ဥပုဒ်သီလ ဆောက်တည်တဲ့ အခါမှာ ဘုရားအ လောင်းတွေက အဓိဌာန်ထားလေ့ ရှိကြပါတယ်။ လူ့ပြည် လူ့လောကကိုလာပြီး တောင်ပို့ပေါ်မှာ ခွေပြီးတော့ သီလဆောက်တည်ပါတယ်။ သီလဆောက်တည်တယ်ဆိုတာ ကျင့်စရာကျင့်ဖို့ အဓိဌာန်ပြုတာပါ။ သူများအသက် သတ်တာမ လုပ်ဘူး။ သူများပစ္စည်းဥစ္စာခိုးတာ မလုပ်ဘူးဆိုတာမျိုးပါ။ နဂါးမင်းအဓိဌာန်လိုက်ပါတယ်၊ ဘယ် နည်းနဲ့မှ သူများအသက်ကို မသတ်ဘူး။ ငါ့အသက်ကို လာသတ်ချင်သတ်ပါစေ၊ ငါ့ ကိုယ်ကျင့်တ ရားတော့ မပျက်စေရဘူး။ ဒီလိုမျိုး အဓိဌာန်ပြီးတော့မှ အသက်စွန့်ပြီး ဥပုဒ်စောင့်တာပါ။ ဒါ ကို “ သီလပရမတ္ထ ပါရမီ ” လို့ ခေါ်ပါတယ်။ အလမ္ပာယ်သမားနှင့် တွေ့တဲ့အခါကျတော့ ဘုရားအလောင်း ဘူရိဒတ္ထနဂါးမင်းကို အ လမ္ပာယ်ပြဖို့အတွက် မန္တန်ရွတ် ဆေးဖျန်းပြီးတော့ အားပျော့အောင် ရိုက်နှက်ဖမ်းဆီး ခေါ်သွား ပါတယ်။ အဲဒီအချိန်မှာ သီလဆောက်တည်ထားသည့် အတွက်ကြောင့် မျက်စိကို စုံမှိတ်ထားပါ တယ်။ စိတ်ဆိုးပြီး ကြည့်လိုက်ရင် နဂါးမင်းရဲ့ တန်ခိုးတေဇော်ကြောင့် တစ်ဖက်သားက ဖွဲပြာ ကျသွားပါမယ်။ အဲဒီလို ကိုယ့်အသက်ကိုစွန့်ပြီး ကိုယ်ကျင့်တရားကို တန်ဖိုးထားတာ သူတော် ကောင်းတွေရဲ့ စိတ်နေသဘောထားပါပဲ။ ဒီလို သူတော်ကောင်းတွေရဲ့ စိတ်နေသဘောထားနဲ့ ကျန်တဲ့သူတွေရဲ့ စိတ်နေသဘော ထားက အများကြီးကွာပါတယ်။ များသောအားဖြင့် လူတွေက ငါ့ထိ မခံဘူး၊ ငါ့ပိုက်ဆံထိ မခံဘူး၊ ငါ့သားသမီးကိုထိ မခံဘူး ဆိုတဲ့သူကများပါတယ်။ အေး.. ကိုယ်ကျင့်တရားထိရင် မခံဘူးဆိုတဲ့သူ က အင်မတန် ရှားပါတယ်။ တရားဓမ္မနှင့် ပတ်သက်လာလို့ရှိရင် ကိုယ်ကျင့်တရားကို လွယ်လွယ် ကူကူ စွန့်လွှတ်ကြပါတယ်။ သူတော်ကောင်းတွေ ကျတော့ အဲဒီလို မဟုတ်ပါဘူး။ ကိုယ်ကျင့်တရား ကို တန်ဖိုးထားပြီး အသက်ထက် မြတ်နိုးပါတယ်။ ထိန်းသိမ်း စောင့်ရှောက်ပါတယ်။ အဲဒါ သူတော် ကောင်းတွေရဲ့ စိတ်ဓာတ်၊ သူတော်ကောင်းတွေရဲ့ အတွေးနဲ့ ကျန်တဲ့သူတွေရဲ့ အတွေးဟာ အ များကြီးကွာပါတယ်။ အဲဒီတော့ ကိုယ့်ဘဝကိုယ် မကောင်းတဲ့ စိတ်ဓာတ် မပေါ်ရလေအောင်၊ မကောင်းတဲ့အလုပ် မလုပ်မိရလေအောင် ဘယ်အရာကိုပဲဖြစ်ဖြစ် အကောင်းဘက်ကကြည့်ပြီး ဓမ္မကို ကျင့်သုံးခြင်းဖြင့် မိမိတို့၏ စိတ်နေသဘောထား အားလုံးဟာ အလွန်မွန်မြတ်ပြီးတော့ တကယ့် သူတော်စင်ဘဝကို ရောက်ရှိနိုင်ကြပါစေ ကုန်သတည်း။ ။ {၁၃၇၀ ခုနှစ်၊ နတ်တော်လပြည့်ကျော ်(၁၁) ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ မဟာသုခိတာလမ်း၌ ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ဟောကြား သော သူတော်ကောင်းတို့၏ စိတ်နေသဘောထားတရားတော်ကို ကိုးကားရေးသားပူဇော်ပါသည်။} (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
https://www.dhammaransi.com/index.php/new/441-2016-12-23-04-20-09.html
အနှိုင်းမဲ့ရနံ့
လောကမှာ ရှိရှိသမျှ ရနံ့အားလုံးထဲမှာ ကိုယ်ကျင့်သီလရနံ့ဟာ အနှိုင်းမဲ့ရနံ့ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ကျင့်သီလရနံ့ထက် ပိုပြီး မွှေးပျံ့သင်းကြိုင်ပါတယ်၊ ပျံ့နှ့ံအားကောင်းပါတယ်လို့ နှိုင်းယှဉ်စရာ၊ အစားထိုးစရာ၊ ထပ်တူပြုစရာ တခြားရနံ့ မရှိတော့လို့ပါပဲ။ သီလရှိသူရဲ့ ကိုယ်ခန္ဓာဟာ သေပြီးသွားတာတောင်မှ နံ့သာတုံးလို မွှေးနေပေမယ့် သီလမရှိသူတွေရဲ့ ကိုယ်ခန္ဓာကတော့ မသေခင်ကတည်းက ပုပ်စော်နံနေတာမို့ အသက်ရှင်နေပေမယ့် အလောင်းကောင် မသာပွနဲ့ ဘာမျှမထူးခြားပါဘူး။ ကိုယ်ကျင့်တရားပျက်ပြားနေတဲ့ သီလမဲ့လူသားတွေဟာ သက်ရှိလူသေတွေပါပဲ။ “ကိုယ်ကျင့်တရား” လို့ ဆိုတဲ့အတိုင်း “ကိုယ်” နဲ့ “ကျင့်” ရတဲ့တရားဖြစ်ပါတယ်။ ကိုယ်ဆိုတဲ့အထဲမှာ နှုတ်လည်း ပါပါတယ်။ ကိုယ်နဲ့ မပြုသင့် မပြောထိုက်တဲ့ အပြုအမူတွေကို မပြုမူဘဲ၊ နှုတ်နဲ့ မပြောသင့် မပြောထိုက်တဲ့ အပြောအဆိုတွေကို မပြောဆိုဘဲ ရှောင်ကြဉ်ရတဲ့အကျင့်ကို ကိုယ်ကျင့်လို့ ခေါ်ပါတယ်။ “ကိုယ်ကျင့်” နဲ့ “နှုတ်ကျင့်” ကို ကိုယ်ချင်းတူလို့ ပေါင်းပြီး ကိုယ်ကျင့်လို့ အတိုချုံးထားတာပါ။ “ကိုယ်ကျင့်” အနေနဲ့ ရှောင်ကြဉ်စရာ ကိုယ်အပြုအမူတွေကတော့ အထွတ်အထိပ်အားဖြင့် သူ့အသတ်သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်းနဲ့ သူ့ကာမမှားခြင်းတို့ပါပဲ။ သတ်နေ၊ ခိုးနေ၊ မမှားတဲ့သူကတော့ ကိုယ်ကျင့်ကောင်းတဲ့သူ၊ သီလရှိတဲ့သူပေါ့။ “သတ်ခြင်း” ဆိုတဲ့အထဲမှာ ညှဉ်းဆဲခြင်း၊ နှိပ်စက်ခြင်း၊ ရက်စက်ခြင်း၊ နာကျင်စေခြင်း၊ ကြင်နာမှုမရှိခြင်း၊ ညှာတာမှု ကင်းမဲ့ခြင်း စတဲ့ ကာယကံအပြုအမူဆိုး၊ ကာယကံအပြုအမူကြမ်း အားလုံးပါဝင်ပါတယ်။ ညှဉ်းဆဲခြင်း စတဲ့အပြုအမူဆိုး၊ အပြုအမူကြမ်းတွေကို ရှောင်ကြဉ်ပြီး ကြင်နာတဲ့ အပြုအမူကောင်းတွေ၊ ညှာတာတဲ့ အပြုအမူနုတွေ ကျင့်သုံးမှ “မသတ်ခြင်း” ဆိုတဲ့ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံနိုင်ပါတယ်။ “ခိုးခြင်း” ဆိုတဲ့အထဲမှာ အလစ်သုတ်ခြင်း၊ အချောင်နှိုက်ခြင်း၊ စာရင်းလိမ်ခြင်း၊ အပျောက်ရိုက်ခြင်း၊ သူတစ်ပါးရဲ့ ရပိုင်ခွင့်ကို ဟန့်တားခြင်း၊ ကိုယ့်ရဲ့ ရပိုင်ခွင့်ကို ပိုယူခြင်း၊ မတန်တဆ စျေးတင်ခြင်း၊ ရေထိုးခြင်း၊ အလေးခိုးခြင်း၊ ရောနှောခြင်း၊ အတုလုပ်ခြင်း၊ ၀ိတ်လျှော့ခြင်း၊ ဖျံကျခြင်း၊ ဖျောင်ခြင်း၊ ဖျောခြင်း စတဲ့ ရိုက်စားကိစ္စမှန်သမျှ အားလုံး ပါဝင်ပါတယ်။ ကိုယ်ရသင့်တာထက် ပိုရအောင်လုပ်တဲ့ မတရားမှုမှန်သမျှကို ရှောင်ကြဉ်ပြီး မျှတတဲ့နည်းစနစ်၊ မှန်ကန်တဲ့ တန်ရာတန်ကြေးနဲ့ အလုပ်လုပ်သွားမှ “မခိုးခြင်း” ဆိုတဲ့ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံနိုင်ပါတယ်။ “မှားခြင်း” ဆိုတဲ့အထဲမှာ ကာမဂုဏ်ကိစ္စတွေနဲ့ ပတ်သတ်ပြီး မိမိရဲ့ တရားဝင် ကာမပိုင်မဟုတ်သူတွေနဲ့ လွန်ကျူးခြင်း၊ ကြည်နူးခြင်း၊ ပွေ့ဖက်ခြင်း၊ ဖုန်းဆက်ခြင်း၊ တွဲကခြင်း၊ လျှောက်လည်ခြင်း၊ မျက်နှာများခြင်း၊ ရည်းစားပြိုင်ထားခြင်း၊ ရိသဲ့သဲ့ပြောခြင်း၊ အီစီကလီလုပ်ခြင်း စတဲ့ နှာခေါင်းကိစ္စမှန်သမျှ အားလုံးပါဝင်ပါတယ်။ သဘာဝမကျတဲ့ အာရုံခံစားမှု မှန်သမျှကို ရှောင်ကြဉ်ပြီး စည်းနဲဘောင်နဲ့ ပျော်မွေ့တတ်မှ “မမှားခြင်း” ဆိုတဲ့ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံနိုင်ပါတယ်။ “သေရည်အရက် သောက်သုံးခြင်း” ဟာလည်း “ကာမဂုဏ် မှားယွင်းခြင်း” ဆိုတဲ့ ကာယဒုစရိုက်ထဲမှာ အကျုံးဝင်ပါတယ်။ မူးယစ်ခြင်း၊ မေ့လျော့ခြင်းရဲ့ အကြောင်းဖြစ်တဲ့ အရက်၊ ဘီယာ၊ ဘိန်းဖြူ၊ ဆေးခြောက်၊ စိတ်ကြွဆေးပြား၊ စိတ်ကြွဆေးရည် စတဲ့ မူးယစ်ဆေးဝါးနဲပ စိတ်ကို ပြောင်းလဲစေတတ်တဲ့ ဆေးဝါးမှန်သမျှကို ရှောင်ကြဉ်မှ “မသောက်ခြင်း” ဆိုတဲ့ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံနိုင်ပါတယ်။ “နှုတ်ကျင့်” အနေနဲ့ ရှောင်ကြဉ်စရာ နှုတ်အပြောအဆိုတွေကတော့ မဟုတ်မမှန် လိမ်ညာပြောဆိုခြင်း၊ ချစ်ခင်နေသူအချင်းချင်း စိတ်ဝမ်းကွဲပြားသွားအောင် ကုန်းတိုက်ပြောဆိုခြင်း၊ ရုန့်ရင်းကြမ်းတမ်းတဲ့စကား၊ ရိုင်းစိုင်းယုတ်မာတဲ့စကားများ ပြောဆိုခြင်း၊ အနှစ်သာရ မရှိတဲ့စကား၊ အဓိပ္ပာယ်မရှိတဲ့စကား၊ အကျိုးမရှိတဲ့စကားများ ပြောဆိုခြင်းတို့ပါပဲ။ စာလိုပြောတော့ ဝစီဒုစရိုက်လေးပါးပေါ့။ အနှစ်ချုပ်ကတော့ မုသာဝါဒပါပဲ။ ကိုယ်ကျင့်သီလကို ကုသိုလ်တရားအားလုံးရဲ့ နိဒါန်းအစလို့ မြတ်စွားဘုရားရှင်က မိန့်ကြားတော်မူထားပါတယ်။ ကိုယ်ကျင့်သီလဖြူစင်ရင် အစကောင်းတဲ့အတွက် သမာဓိ၊ ပညာ ဆိုတဲ့အနှောင်း သေချာသွားပါပြီ။ ကိုယ်ကျင့်သီလ မည်းညစ်နေရင်တော့ အစမကောင်းတဲ့အတွက် သမာဓိ၊ ပညာဆိုတဲ့ အနှောင်းနဲ့ အဝေးကြီး ဝေးသွားပါပြီ။ အနှောင်းနဲ့ နီးစပ်ချင်ရင် အစကောင်းဖို့ ကြိုးစားရပါမယ်။ ကိုယ်ကျင့်သီလဆိုတာ မြေကြီးနဲ့ တူပါတယ်။ ရှင်သန်ကြီးထွား ပြန့်ပွားစည်ပင်နေတဲ့ သစ်ပင်ပန်းပင်မှန်သမျှ မြေကြီးကို တည်မှီပြီးတော့ပဲ ရှင်သန်ကြီးထွား ပြန့်ပွားစည်ပင်လာရပါတယ်။ အားအင်နဲ့ပြုလုပ်ရတဲ့ အလုပ်ကိစ္စမှန်သမျှ မြေကြီးပေါ်မှာ ရပ်တည်ပြီးတော့ပဲ ပြုလုပ်ရသလို သတိဦးဆောင်တဲ့ သူတော်ကောင်းအလုပ် မှန်သမျှကိုလည်း သီလပေါ်မှာ ရပ်တည်ပြီးတော့ပဲ ပြုလုပ်ရပါတယ်။ သီလတည်းဟူသော မြေကြီးပေါ်မှာ ရပ်တည်ပြီး ပြုလုပ်အားထုတ်တဲ့ သူတော်ကောင်းအလုပ်ကသာ မိမိရည်မှန်းရာ အောင်မြင်မှု အသီးအပွင့်တွေကို ရည်မှန်းတဲ့အတိုင်း သီးပွင့်ဝေဆာစေနိုင်ပါတယ်။ သမထလုပ်ငန်း၊ ၀ိပဿနာလုပ်ငန်း ဆိုတာ အသာထားလိုက်ပါဦး၊ အခြေခံအကျဆုံး ဒါနလုပ်ငန်းတောင်မှ သီလမပါရင် လိုရာအကျိုး မပြီးစီးစေနိုင်ပါဘူး။ ဒါနပြုပြီး လောကီ၊ လောကုတ္တရာ လိုရာအကျိုးကို ဆုတောင်းရင် အဲဒီဒါနက မိမိဆုတောင်းကို ပြည့်ဝစေနိုင်ပါတယ်…တဲ့။ ဒါပေမယ့် ဆုတောင်းသူ ဒါနရှင်ဟာ သီလရှိသူဖြစ်ရပါမယ်… တဲ့။ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်ရဲ့ မိန့်ကြားထားတော်မူချက် ဖြစ်ပါတယ်။ ကိုယ်ကျင့်သီလဟာ ဒါနရဲ့ အကျိုးပေးကိုလည်းခိုင်မြဲစေသလို သမာဓိ၊ ပညာရဲ့ စွမ်းရည်ကိုလည်း ထက်မြက်စေပါတယ်။ ကိုယ်ကျင့်သီလ မပါဘဲ အားထုတ်နေတဲ့ ဒါနလုပ်ငန်း၊ သမထ၊ ၀ိပဿနာလုပ်ငန်းတွေဟာ မဂ်ဖိုလ်နှိဗ္ဗာန်ရဲ့ အနီးအနားကို အိပ်မက်ထဲမှာတောင် မရစ်သီနိုင်ပါဘူး။ မဂ်ဖိုလ်နိဗ္ဗာန် အသာထား ကောင်းရာသုဂတိနဲ့တောင် အဝေးကြီးဝေးနေဦးမှာပါပဲ။ ကိုယ်ကျင့်သီလ ပျက်စီးရခြင်းရဲ့ အကြောင်းရင်းတွေထဲမှာ ပါပမိတ္တနဲ့ ပေါင်းဖော်ခြင်းဆိုတဲ့ အကြောင်းတရားလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ပါပမိတ္တ ဆိုတာ မိတ်ဆွေဆိုး၊ မိတ်ဆွေညံ့၊ မိတ်ဆွေယုတ်၊ မိတ်ဆွေမိုက်ကို ပြောတာပါ။ သက်သက်ညှာညှာပြောရရင်တော့ မကောင်းတဲ့မိတ်ဆွေပေါ့။ မိတ်ဆွေတု၊ မိတ်ဆွေမှားပေါ့။ မလုပ်သင့်တာ လုပ်ဖို့ တိုက်တွန်းတဲ့သူ၊ နည်းမှားလမ်းမှား ညွှန်ပြတဲ့သူ၊ ဆုံးဖြတ်ချက်အမှားတွေ ချပေးတဲ့သူဟာ ပါပမိတ္တပါပဲ။ ပါပမိတ္တနဲ့ ပေါင်းရင် သီလပျက်တတ်ပါတယ်။ တချို့ကိုယ့်ကို ချစ်သလိုလို၊ ကိုယ့်အကျိုးကို လိုလားသလိုလိုနဲ့ ကိုယ့်ရဲ့သီလကို ဖျက်ဆီးတတ်ပါတယ်။ ကိုယ့်ရှေ့မှာတော့ ပြုံးပြုံးပြုံးပြုံးနဲ့ ပျော်ရွှင်ရယ်မောလို့၊ အလိုတူကျေနပ်လို့။ ကွယ်ရာကျတော့ “ပေါင်းကြည့်မှ အကြောင်းသိတယ်” ဆိုပြီး အတင်းပြော၊ အပုပ်ချတတ်ပါတယ်။ ကိုယ့်သတင်းလည်း ပုပ်၊ သူ့ပါးစပ်လည်းပုပ်၊ ကိုယ်ပုပ်သူပုပ် နှစ်ယောက်လုံး ပုပ်တော့ ဘယ်မှာလာ ကောင်းပါတော့မလဲ။ သီလပျက်အပုပ်နဲ့ဟာ “တစ်ခါတစ်ရံ” ဆိုပြီးတော့လည်း ချမ်းသာမပေးပါဘူး။ “စ, တာ၊ နောက်တာပါ” ဆိုပြီးတော့လည်း ညှာတာခြင်း မရှိပါဘူး။ “အချင်းချင်းမို့” ဆိုပြီးတော့လည်း နားလည်ခွင့်လွှတ်ခြင်း မရှိပါဘူး။ သီလဆိုတာ ကိုယ်နဲ့ နှုတ်ကို စောင့်ထိန်းတာလို့ ဆိုပေမယ့် စိတ်မနိုင်လို့သာ ကိုယ်နှုတ်လွန်ကျူးနေကြတာမို့ စိတ်ကို နိုင်နင်းစေနိုင်ရာမှာ အကောင်းဆုံးနည်းဖြစ်တဲ့ သတိပဋ္ဌာန်ဝိပဿနာတရားကို သီလဖြူစင်လိုသူတိုင်း ကြိုးကြိုးစားစား ပွားများအားထုတ်ကြဖို့ အထူးအရေးကြီးလှပါတယ်။ ကိုယ်ကျင့်သီလရဲ့ သဘောတရား၊ အကျိုးအပြစ်ကိုလည်း ဆင်ခြင်နှလုံးသွင်းမယ်၊ ကိုယ်ကျင့်သီလ ချိုးဖောက်လိုတဲ့ စိတ်ကိုလည်း သတိပဋ္ဌာန်နည်းကျ ရှုပွားသွားမယ်ဆိုရင် ကိုယ်ကျင့်သီလ ဖြူစင်သူ ဖြစ်လာနိုင်ပါတယ်။ တစ်လောကလုံးရဲ့ အနှိုင်းမဲ့ကျေးဇူးရှင်ဖြစ်တဲ့ မြတ်စွာဘုရားရှင်က ကိုယ်ကျင့်သီလရနံ့ဟာ အနှိုင်းမဲ့ရနံ့ဖြစ်ပါတယ်လို့ “သီလဂန္ဓော အနုတ္တရော” ဆိုတဲ့ စကားတော်နဲ့ ဟောကြားညွှန်ပြထားတာမို့ လူသားတိုင်း ကိုယ်ကျင့်သီလရနံ့ ဆိုတဲ့ အနှိုင်းမဲ့ရနံ့နဲ့ အကြွင်းမဲ့ ပြည့်စုံအောင် ကြိုးစားအားထုတ်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ စာကြွင်း – ဆရာတော် အရှင်ဆန္ဒာဓိက ရေးသားသည့် အနှိုင်းမဲ့ရနံ့ စာအုပ်မှ စာပိုဒ်အချို့ကို ဓမ္မကုသိုလ်အလို့ငှာ ပြန်လည်ရေးသားဖော်ပြခြင်းဖြစ်ပါသည်
https://www.dhammaransi.com/index.php/new/442-2016-12-22-22-43-20.html
အလှူဒါနပြုရခြင်း၏အကျိုး
အခါတပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တောရှိ ကျောင်းကြီး၌ သီတင်းသုံးနေတော်မူနေစဉ် သီဟစစ်သူကြီးသည် မြတ်စွာဘုရားထံ ချဉ်းကပ်၍ အရှင်ဘုရား အလှူဒါနပြုရခြင်း၏အကျိုးကို ကိုယ်တိုင်သိမြင်နိုင်ပါသလော-ဟု မေးလျှောက်၏။ မြတ်စွာဘုရားက သီဟ-သိမြင်နိုင်၏-ဟု မိန့်တော်မူကာ သီဟ ပေးလှူတတ်သော အလှူရှင်ကို ၁။ လူများစွာတို့ ချစ်ခင်မြတ်နိုးကြ၏။ ၂။ သူတော်ကောင်းတို့သည် ချဉ်းကပ်ကြကုန်၏။ ၃။ အလှူရှင်၏ ကောင်းသော ကျော်စောသံသည် ပျံ့နှံ့၍ တက်၏။ ၄။ မင်းပရိသတ်သို့ ဖြစ်စေ၊ ပုဏ္ဏားပရိသတ်သို့ ဖြစ်စေ၊ သူကြွယ်ပရိသတ်သို့ ဖြစ်စေ၊ ရဟန်းပရိသတ်သို့ ဖြစ်စေ ပရိသတ်တမျိုးမျိုးသို့ ချဉ်းကပ်ခဲ့မူ ရဲရဲဝံ့ဝံ့ မျက်နှာရွှင်ပျစွာ ချဉ်းကပ်ရ၏။ ၅။ ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည့်နောက်တမလွန်ဘဝ၌ ကောင်းသောသူများလားရာ နတ်ပြည်လောကသို့ ရောက်ရ၏ ဟူ၍ ဟောကြားတော်မူ၏။ သီဟစစ်သူကြီးသည် အရှင်ဘုရား ကျွန်ုပ်သည် ပေးလှူတတ်သည့် အလှူရှင်ပါတည်း။ အရှင်ဘုရား ဟောတော်မူသည့် ကိုယ်တိုင်သိမြင်ရသော အလှူ၏ အကျိုး ၅-မျိုးအနက် ၄-မျိုးကို ကိုယ်တိုင်ခံစား သိရှိရပါ၏။ ကျန်တမျိုးဖြစ်သည့် အလှူရှင်သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည် လောကသို့ ရောက်ရ၏။ ဟူသော အကျိုးတရားကိုမူ အကျွန်ုပ် မသိရပါ။ ဤအကျိုးနှင့် ပတ်သက်၍ မြတ်စွာဘုရားအား ယုံကြည်မှုရှိသဖြင့် လက်ခံပါ၏-ဟူ၍ လျှောက်၏။ ထိုအခါ မြတ်စွာဘုရားက ဤအကျိုးသည် အမှန်ဖြစ်၏။ ပေးလှူတတ်သော အလှူရှင်သည် သေပြီးသည့်နောက်၌ ကောင်းသောလားရာ နတ်ပြည်သို့ ဧကန်ပင် ရောက်ရှိရ၏-ဟူ၍ မိန့်တော်မူ၏။ ( အင်္ဂုတ္တိုရ် သုမနဝဂ်၊ သီဟသေနာပတိသုတ် )
https://www.dhammaransi.com/index.php/new/443-2016-12-20-10-58-00.html
ဘုရားနဲ.ဆွေမျိုးတော်ချင်သူ နှင့် ဘုရားနှင့် ဆွေမျိုးတော်အောင်ကြိုးစားနည်း
အခါတပါး မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်က နိဗ္ဗာန် ရောက်ကြောင်းတရားသည် အဘယ်တရားနည်းဟု မေးလေသော် ရဟန်းတော်များတစ်ပါးသော်မျှ ဖြေကြားနိုင်ခြင်းမရှိသည့်အတွက် ဘုရားရှင် ကိုယ်တော် တိုင် ပြန်လည်ဖြေကြားပေးခဲ့ရလေ၏။ ၀ိပဿနာ တရားသာလျှင် နိဗ္ဗာန်ရောက်ကြောင်းတရားဖြစ်၏။ ကောသလ မင်းကြီးသည် ဘုရားရှင်အား ကြည်ညိုလွန်းသူဖြစ်သောကြောင့် ဘုရားရှင်နှင့် ဆွေမျိုးတော် ရသော်ကောင်းလေ၏ ဟု တွေးတောကြံစည်၍ သာကီဝင်မင်းတို ့ ထံမှ မင်းသမီး တစ်ပါးကိုတောင်းခံ ရာ။ သာကီဝင် အမျိုးအနွယ်တို ့သည် သာကီဝင်နွယ် များသာမြင့်မြတ်သည် ဟု ယူဆ သူများဖြစ်သော ကြောင့် မင်းသမီးတစ်ပါးပါးကိုအပ်နှင်းခြင်းမပြုပဲ အစေခံကျွန်မ တစ်ယောက်ကိုမင်းသမီးအဝတ်တန်ဆာတို ့ ဆင်မြန်းပေး၍ အပ်နှင်းခဲ့ဖူး၏။ ဘုရားရှင် ကိုယ်တော်မြတ်က ငါဘုရား ဟောသောတရားတော်တို ့ကို နာကြား မှတ်သား ပွားများ အားထုတ် ဖြစ်ပျက် မြင်အောင် လုပ်ပါက ငါဘုရားနှင့် အမျိုးတော်၏ ဟု မိန် ့တော်မူသည်။ ဖေါ်ပြပါဉာဏ်(၃) ပါး ကို ရသောသူသည် ဘုရားရှင် နှင့်ဆွေမျိုးတော်သောဗုဒ္ဓဘာသာ ဝင်အစစ်ဖြစ်သည်။ ၁။ ကျိုးကြောင်းသိသော ဉာဏ် ၂။ရုပ် နာမ် သိသောဉာဏ် ၃။ဖြစ် ပျက် မြင်သော ဉာဏ် ထို(၃)းပါးသော ဉာဏ် ကိုရသောသူသည် ဘုရားရှင်၏ သားသမီး ရတနာများဖြစ်၏ ဘုရားနှင့်ဆွေမျိုးတော်စပ်၏။
https://www.dhammaransi.com/index.php/new/444-2016-12-20-09-30-34.html
လှူလိုက်တဲ့အလှူ ဘယ်သူ အကျိုးရှိသလဲ
ဒါန ဆိုတာ ပေးသူအတွက် အကျိုးဖြစ်ထွန်းတာထက် ယူသူ အတွက် အကျိုးဖြစ်ထွန်းတယ် ဆိုတာကို စံထားပြီး မြတ်စွာဘုရားက အဖြေထုတ် ထားပါတယ်။ အလှူ တကာ ့ အလှူ ထဲမှာ တရားအလှူ ဟာ အမြတ်ဆုံးဆိုတာကို ဗုဒ္ဓ ဘာသာ ဝင် တော်တော် များများ သိထားပြီးသားပါ။ ဓမ္မ ဒါန က ဘာကြောင့် မြတ် သလဲ??????? ဥပမာ= =ရှင် အဿဇိ က ရှင်သာရိပုတ္တရာကို သင်္ကန်း တစ်စုံ လှ ူလိုက်မယ် ဆိုရင် သင်္ကန်း မဟောင်းခင် မစုတ်ခင် ဝတ် ရမှာပါ။ ဆွမ်းလှူ လိုက်မယ်ဆိုရင်တစ်ရက်စာ ရမှာပါ။ဆွမ်း အကျိုးပြုမှုကလည်း ဒီလောက်ပဲ သင်္ကန်း အကျိုး ပြုမှုကလည်း ဒီ လောက်ပဲ အဆောက်အဦးလှူ မယ် ဆိုလည်း အဆောက်အဦး အကျိုးပြု မှ ူ က ဒီလောက်ပဲ။ ဓမ္မ ဒါန ကြောင် ့ ဓမ္မ ကိုရသွားတဲ့အခါ အကျိုးပြုတာ သံသရာက လွတ်သွားတယ်။ အသိညာဏ်တွေ ရသွားတယ်။နိဗ္ဗာန် ထိအောင်ရောက်သွားတယ်။ ဒါကြောင့် ဓမ္မ ဒါန က အမြတ် ဆုံး လို ့ ဒီ လိုဆိုတာပါ။ အဲ့ ဒီတော့ လှူ တဲ့သူနဲ့ ယူတဲ့သူ ။ ပေးသူ နဲ့ရသူ အဲ့ဒီ နှစ်မျိုး ထဲမှာ ရသူမှာ အကျိုးဖြစ်ထွန်း သွားတယ်။ ဘုန်းကြီးတစ်ပါးကိုကျောင်းဆောက်ပြီးလှ ူမယ်။ဒီဘုန်းကြီး ကျောင်းပေါ်မှာချမ်းချမ်းသာသာ နေရမယ်။ ကျောင်းရတာကို အကြောင်းပြုပြီး တိုက်ရိုက် နိဗ္ဗာန် မရနို်င်ဘူး။ အဲ့ဒီ ဘုန်းကြီး ကိုတရားပြလို ့ ဓမ္မ ဒါနအလှူ လှူ လိုက်လို ့ အဲ့ဒီ ဘုန်းကြီးတရားသိသွားလို ့ရှိရင် သံသရာဝဋ် က လွတ်တယ် ဆိုတာ ဖြစ်သွားတယ်။ ဒါကြောင့် ဒါန အလှူ က အမြတ်ဆုံးလို ့ ပြောတာ။ ရှင် အဿဇိ က ပေးလှူ လိုက်တဲ့ တရားအလှူ ကို ရှင်သာရိပုတ္တရာက ယူတတ်လို ့ သောတာပန် တည် ပြီးတော့ အသဝေါကုန်ခမ်း ရဟန္တာ ဖြစ်ပြီး အင်မတန်တန်ဖိုးရှိတဲ့ လက်ယာတော် ရံအဂ္ဂသာဝက ဖြစ်သွားတာပါ။ လှ ူ လိုက်တဲ့အလှူ က ယူတဲ့ သူအတွက် ပိုပြီး အကျိုးရှိတယ် လို ့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက ဒီလိုဆိုထားတာဖြစ်ပါတယ်။ အဂ္ဂမဟာ ပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ(Ph.D)
https://www.dhammaransi.com/index.php/new/445-2016-12-20-05-49-40.html
အချစ်မှတစ်ဆင့် နိဗ္ဗာန်သို.
အချစ်ဟာ ကောင်းသလားလို. မေးရင်တော့ မကောင်းဘူး ပြောရမှာပဲ။ ဒါပေမဲ့ အချစ်ကြောင့် အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ကို ရနိုင် ပါတယ်တဲ့။ ဒီလိုပြောတော့ စာဖတ်သူက ချက်ချင်း လက်ခံချင် နိုင်မှ လက်ခံနိုင်မှာပါ။ ပဋ္ဌန်း ဥပနိဿယ ပစ္စည်းကို အာရုံပြု ကြည့်လိုက်ပါ။ အကုသလော ဓမ္မော၊ ကုသလဿ ဓမ္မဿ ဥပနိဿယ ပစ္စယေန ပစ္စယော။ အကုသိုလ် တရားက ကုသိုလ် တရားကို ပြန် ကျေးဇူးပြုပါတယ်တဲ့။ အကုသိုလ်က ကုသိုလ်ကို ပြန်ကျေးဇူး ပြုတယ်ဆိုတော့ ဖတ်ရသူတွေ အဖို့ အံ့သြစရာ ဖြစ်နေ ပါလိမ့်မယ်။ အဓိပ္ပါယ် ကတော့ အချစ်ဆိုတဲ့ ရာဂ ကို အမှီပြုပြီး၊ ဒါနတွေ ပြုမယ်။ သီလတွေ ဆောက်တည်မယ်။ ရှစ်ပါးသီလ၊ ကိုးပါး သီလ ကိုစောင့်ထိန်းမယ်။ စျာန်ရကြောင်း သမထ ကမ္မဋ္ဌန်း တစ်ခုခုကို ပွားများမယ်။ ၀ိပသနာ တရားကို ပွားများမယ်။ ဒါဆိုရင်တဲ့ မဂ်လည်း ရနိုင်ပါတယ်။ အဘိညာဉ်လည်း ရနိုင်ပါတယ်။ သမာတ်လည်း ရနိုင်ပါတယ်တဲ့။ ဒီအတိုင်း ပြောရင် ရှင်းမှာ မဟုတ်ဘူး၊ ပုံ ဝတ္ထုလေးနဲ့ တွဲပြောပြလိုက်ရင် ပိုရှင်း သွားပါလိမ့်မယ်။ ဒါကြောင့် အားလုံးကြားဖူးတဲ့ သုမေဓာ ရှင်ရသေ့ ဝတ္ထုလေးကို ပြန်အာရုံ ပြုကြည့်ရအောင်။ ဒီပင်္ကရာ မြတ်စွာဘုရား ကြွလာမဲ့ လမ်းမှာ ၀ိုင်းပြီး လုပ်အားပေး ကြတော့ သုမေဓာ ရှင်ရသေ့လေး ကလည်း ဝင်ပြီး လုပ်အား ပေးပါတယ်။ နောက် ဒီပင်္ကရာ မြတ်စွာဘုရားရှင် ကြွလာတော့ သူမေဓာ ရှင်ရသေ့လေးက သူတာဝန်ယူ ထားတဲ့ မြေကွက်က မပြီးသေးတာနဲ့ ခန္ဓာကိုယ်ကို တံတား အဖြစ်ခင်းပြီး လှူ လိုက်ပါတယ်။ အဲဒီအချိန်မှာပဲ သုမိတ္တာ ဆိုတဲ့ အမျိုး သမီးလေးက ရသေ့လေးကို မြင်မြင်ခြင်း သံယောဇဉ် ဖြစ်ပြီး ချစ်သွားပါသတဲ့။ သုမိတ္တာ ဆိုတဲ့ အမျိုးသမီး လေးရဲ့ လက်ထဲ မှာ ဒီပင်္ကရာ မြတ်စွာ ဘုရားကို ကပ်လှူဘို. ကြာပန်း ရှစ်ခိုင်ကို ကိုင်ထားပါတယ်။ မြင်မြင်ချင်း ချစ်တဲ့စိတ် ဖြစ်သွားတာ ဆိုတော့ ကိုင်ထားတဲ့ ကြာပန်း ရှစ်ခိုင်ထဲက ငါးခိုင်ကို ခွဲထုတ်ပြီး သုမေဓာ ရှင်ရသေ့လေးကို “ဒီကြာပန်းလေး တွေနဲ့ မြတ်စွာ ဘုရားကို လှူပါနော်” လို. ပြောပြီး ပေးလိုက်ပါတယ်။ သူကတော့ သုံးခိုင်ပဲ ယူထားလိုက်ပါတယ်။ ပြီးတော့ ရှင်ရသေ့ ပါရမီ ဖြည့်ကျင့် နေသမျှ ကာလ အတော အတွင်း “ကျွန်မသည် ရှင်ရသေ့နဲ့ အတူတကွ ပါရမီဖြည့်ဘက် ဖြစ်ရပါလို့၏”လို့ ဆုတောင်း လိုက်ပါတယ်။ဒီဘဝ အတွက် ဆုတောင်းတာ မဟုတ်ပါဘူး၊ နောင်ဘဝ နောင်ဘဝ တွေအတွက် ဆုတောင်းတာပါ။ ရသေ့ဖြစ် နေတာဆိုတော့ ဒီဘဝ အတွက်တော့ မဖြစ်နိုင်တော့ပါဘူး ။ ဒီပင်္ကရာ မြတ်စွာဘုရားရှင်ကလည်း “သုမေဓာ ရှင်ရသေ့…ဒီ သုမိတ္တာ အမျိုးသမီးလေးဟာ သင်ဘုရား ဖြစ်ဖို့ရန် စိတ်တူ ကံတူ ပါရမီ ဖြည့်ဘက် ဖြစ်လိမ့်မယ်” လို့ တစ်ခါတည်း ဗျာဒိတ် ပေးလိုက်ပါတယ်။ ဘာပဲပြောပြော ချစ်တဲ့ စိတ်ဖြစ်ပြီး ပါရမီ ဆုတောင်း လိုက်တော့ သုမိတ္တာ အတွက် မှန်ကန် အကျိုးရှိတဲ့ ဆုတောင်းတစ်ခု ဖြစ်သွားတာတော့ အမှန်ပါပဲ။ သုမိတ္တာဆိုတဲ့ အမျိုးသမီး လေးဟာ အချစ်ဆိုတဲ့ ရာဂ ကို အမှီပြုပြီး သံသရာမှာ ပါရမီ ဖြည့်ဘက် အဖြစ် ကျင်လည်ရင်း ၊ ဒါနတွေပြု၊ သီလတွေ ဆောက်တည်၊ သမထ တွေပွားများ၊ နောက်ဆုံး ဘဝမှာ ၀ိပဿနာ တရားတွေ ပွားများ အားထုတ်ရင်း၊ အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရသွား ပါတော့တယ်။ ဒါဟာ အချစ်ဆိုတဲ့ ရာဂကို အမှီပြုပြီး အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရသွားတဲ့ ထင်ရှားတဲ့ သာဓက တစ်ခုပါ။ အချစ်က နိဗ္ဗာန်ရဖို့ ကျေးဇူး ပြုလိုက်တာပါ။ ဇနီး မောင်နှံ နှစ်ယောက် အိမ်ထောင်ပြု ကြတယ်ဆိုတာ ရာဂကို အမှီပြု ပြီးပြုကြ ရတာပါ။ ဒါပေမဲ့ ကိုယ်က ဒီရာဂ ကို အမှီပြု ပြီး ဒါနတွေ ပြုဖြစ်အောင်၊ သီလတွေ ဆောက်တည်ဖြစ်အောင်၊ ၀ိပဿနာတွေ ပွားများဖြစ်အောင် သုမေဓာ ရှင် ရသေ့နဲ့ သုမိတ္တာ အမျိုးသမီး လေးတို့ကို အာရုံပြုပြီး ကြိုးစား ရပါမယ်။ ဥပမာ- ကိုယ့်ခင်ပွန်းက အပြင်ထွက်ပြီး စီးပွားရှာ နေမယ်၊ ရှာလို့ ရလာတဲ့ ငွေကြေးတွေကို ဒါနတွေ ပြုပေးမယ်။ ခင်ပွန်း မွေးနေ.မှာ ကုသိုလ် ကောင်းမှု. တစ်ခုခု ပြုပေးမယ်၊ မွေးနေ. မှာ နှစ်ယောက်အတူ ဘုရားသွားမယ်၊ တရားပွဲတွေ အတူတူ သွားမယ်၊ မင်္ဂလာ ဆယ်နှစ်မြောက်၊ ဆယ့်ငါးနှစ်မြောက်၊ အထိန်းအမှတ် အဖြစ် ဒါနတွေ ပြုမယ်။ အားတဲ့ ရက်တွေမှာ ရိပ်သာကို တလှည့်စီ ဒါမှမဟုတ် နှစ်ယောက် အတူတူ ရိပ်သာဝင် တရား အားထုတ်မယ် ၊ ဒါတွေဟာ အချစ်ကို အမှီပြု ပြီး ကုသိုလ်တွေ ဖြစ်နေတာပါ။ နောက်တစ်ခုက ကိုယ့်ခင်ပွန်း အပြင်သွားပြီး အလုပ်လုပ် နေတဲ့ အချိန်မှာ ကိုယ့်ခင်ပွန်း အတွက် ဘုရားမှာ ပန်းကပ်၊ ရေကပ်ပေးမယ်။ ပြီးတော့ ဤရေ အေးမြသလို ကိုကိုလည်း စိတ်ကော ရုပ်ကော အေးမြပါစေလို့ မေတ္တာပို့ ပေး နေမယ်ဆိုရင် အချစ်ဆိုတဲ့ ရာဂကို အမှီပြုပြီး ကုသိုလ်တွေ ဖြစ်နေတာပါ။ ပဋ္ဌန်း စကားနဲ့ ပြောရင် ဥပနဿယ ပစ္စည်းနဲ့ အပြန်အလှန် ကျေးဇူးပြု နေကြတာပါ။ ကုသိုလ် ကောင်းမှု. တွေကို အတူတူ ပြုနေတဲ့ အတွက် နောင်ဘဝ နောင်ဘဝ တွေအတွက်လည်း ရေစက်ဆုံ ကြရဦးမှာပါ။ တကယ်လို. အိမ်ထောင် မပြုရသေးတဲ့ သမီးရည်းစား ဘဝမှာပဲ ရှိနေသေးတယ် ထားဦး။ ချစ်သူတို့ သဘာဝ အရ ရွှေတိဂုံ ဘုရားကို သွားမယ်၊ ဘုရားမှာ ပန်းကပ်မယ်၊ ရေကပ်မယ်၊ ရွှေသင်္ကန်း ကပ်မယ် ဘုရားရှိခိုး မယ်ဆိုကြပါစို.။ သွားတုံးက ရာဂ ကို အမှီပြု ပြီးသွားကြတာ ဒါပေမဲ့ ဘုရားပေါ် ရောက်တော့ ကုသိုလ်တွေ ပြုဖြစ်သွားပါတယ်။ ဒါဟာလည်း အချစ်ကို အမှီပြု ပြီး ကုသိုလ်တွေ ဖြစ်နေတာပါပဲ။ သွားတုံးကတော့ ရာဂကို အမှီပြု ပြီးသွားပေမဲ့ ရာဂ အဆင့်မှာပဲ ရပ်မနေဘဲ တစ်ဆင့်တက်ပြီး ကုသိုလ်တွေ ပြုလိုက်တော့ အချစ်ကနေ ကုသိုလ်ကို ကျေးဇူးပြု သွားတာပါ။ ဟယ်..ရာဂ ဆိုတာ အကုသိုလ်ကြီး ဆိုပြီး နင်းကန် အပြစ်တင် နေရမှာ မဟုတ်ပါဘူး။ အဲဒီ အကုသိုလ် ဆိုတဲ့ ရာဂ ကို အမှီပြုပြီး အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရနိုင်တယ် ဆိုတာ ကိုယ်က သဘောပေါက် ထားဖို့ပါပဲ။ တစ်ခုတော့ ရှိပါတယ်။ ရာဂကို အမှီပြုပြီး တစ်ဆင့် တက်ရမှာကို မတက်ဘဲ ရာဂနဲ့ပဲ ရပ်နေမယ်၊ အချစ်နဲ့ပဲ ရပ်နေမယ် ဆိုရင်တော့ ဘယ် အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရနိုင်မှာလဲ။ ဒီတော့ ဇနီးမောင်နှံ နှစ်ယောက်ဟာ အချစ်ဆိုတဲ့ ရာဂကို အမှီပြုပြီး အကုသိုလ် ကနေ ကုသိုလ်ကို တစ်ဆင့်တက်တဲ့ ဥပနိဿယ ပစ္စည်းတွေ ဖြစ်နေဖို.ပဲ အရေးကြီးပါတယ်။ ပြီးတော့ ဒီ ဥပနိဿယ ပစ္စည်းတွေဟာ နောင်ဘဝ နောင်ဘဝ တွေထိလည်း လိုက်ပြီး ကျေးဇူးပြု နေဦးမှာပါ။ နောက်ဆုံး နိဗ္ဗာန် ရတဲ့ အထိ ကျေးဇူးပြု သွားမှာပါ။ နှစ်ယောက်လုံး တရားအသိ ရှိထားတဲ့ သူတွေဆိုရင် အမှားပြုဖို့လည်း ခဲယဉ်း ကြသလို၊ နှစ်ယောက် စလုံးဟာ တရား ရိပ်သာ ဝင် ထားကြ၊ တရား အားထုတ်ဖူးတဲ့ သူတွေ ဆိုရင်တော့ တရား အသိ လေးတွေနဲ့ ဆိုရင် ဘဝကို အဓိပ္ပါယ် ရှိရှိ ငြိမ်းငြိမ်း ချမ်းချမ်းလေး တည်ဆောက် သွားလို့ ရပါတယ်။ ဘာပဲပြောပြော ဇနီးမောင်နှံ နှစ်ယောက် ပဋ္ဌန်း ဥပနိဿယ ပစ္စည်းတွေ နေ.စဉ် ဖြစ် ဖြစ်နေဖို့ပါပဲ။ ဒါဆိုရင် အမှားနည်းတဲ့ “ရာသက်ပန် ငြိမ်းချမ်းတဲ့ ဘဝလေး” ဖြစ်နေတော့မှာပါ။ ရေးသားသူ - အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ) အလင်းတန်း ဂျာနယ်။ ၄. ၉. ၂၀၀၆
https://www.dhammaransi.com/index.php/new/446-2016-12-16-02-09-33.html
စိတ်ချမ်းသာချင်ရင် ရင်ထဲမှာ “အရဟံစေတီ” နေ့တိုင်း တည်
အရဟံဂုဏ် ပွားနေရင် ကိုယ့်ရင်ထဲမှာ “အရဟံ စေတီ” တည်လိုက်တာပါ။ အောက်ခြေ ပလ္လင်ကို “သီလ”နဲ့တည်ပါမယ်။ အလယ်ပစ္စယံ၊ အထက်ပစ္စယံ ကို “ဂုဏ်တော် ဘာဝနာ”နဲ့ တည်ပါမယ်။ ထီးတော်ကိုတော့ “ဝိပဿနာ”နဲ့ တင်လိုက်မယ်ဆိုရင် ကိုယ့်ရင်ထဲမှာ ကြည်နူးဖွယ်ရာ အရဟံစေတီ တစ်ဆူ ရှိနေတော့တာပါ။ ကိုယ့်ရင်ထဲမှာ အရဟံစေတီ တည်ထားရင် ကိုယ့်ကိုယ်ကိုယ်လည်း ကြည်ညိုရသလို၊ အများကလည်း ကြည်ညိုရတာ အကျိုးရှိပါတယ်။ အပြင်မှာလည်း ကုသိုလ်ဖြစ်ဖို့အတွက် စေတီတည်ရမှာပါပဲ။ ဒါပေမဲ့ အပြင်မှာတည်တဲ့ စေတီက ပိုက်ဆံရယ်၊ လူအင်အားရယ်၊ မြေရယ်၊ အချိန်ရယ် အများ ကြီးပေးရပါတယ်။ ရင်ထဲက အရဟံ စေတီကတော့ “ဘုရားကို ကြည်ညိုစိတ်ရယ်၊ အချိန်တစ်ခု” ရယ်ပါပဲ။ အလုပ် လုပ်ရင်း တည်မယ်ဆိုရင် အချိန်တောင် သီးခြား မကုန်ပါဘူး။ အပြင်မှာ စေတီ မတည်နိုင်လို့ ဘာမှအားငယ်စရာ မလိုပါဘူး။ ရင်ထဲမှာ အရဟံစေတီ တည်ပြီး “ကုသိုလ်”ယူလို့ ရပါတယ်။ စေတီတည်ပြီးတဲ့အခါ ထီးတော်တင်ပွဲဆိုပြီး အိမ်မှာ ဘုန်းကြီးပင့် ဆွမ်းကပ်၊ လူ ဧည့်သည်တွေကို ဧည့်ခံလို့ ရပါသေးတယ်။ ဧည့်သည်တွေက စေတီဘယ်မှာလဲဆိုရင် ရင်ထဲမှာလို့ ပြောလိုက်ရုံပါပဲ။ ဘယ်လို တည်သလဲလို့ မေးလာရင် တည်ပုံ တည်နည်းတွေကို ပြောပြလိုက်ရင် ဓမ္မဒါန ကုသိုလ်တောင် ထပ်ရပါသေးတယ်။ ဘာပဲပြောပြော ရင်ထဲမှာ အရဟံ စေတီ တည်ထားရင် စိတ် အေးချမ်းနေတာပါပဲ။ စိတ်ချမ်းသာချင်ရင် ရင်ထဲမှာ “အရဟံစေတီ” နေ့တိုင်း တည်နေဖို့ပါပဲ။ -【ဆရာတော်အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)】
https://www.dhammaransi.com/index.php/new/447-2016-12-14-21-45-07.html
ဝိစိကိစ္ဆာ (ယုံမှားသံသယ)
အဘိဓမ္မာဒေသနာတော်လာ ဝိစိကိစ္ဆာ ၈ ပါး ၁။ ဘုရားရှင်၌ယုံမှားခြင်း ၂။တရားတော်၌ယုံမှားခြင်း ၃။သံဃာတော်၌ယုံမှားခြင်း ၄။အကျင့်သိက္ခာ၌ ယုံမှားခြင်း ၅။သံသရာ၏ ရှေ့အစွန်း၌ ယုံမှားခြင်း ၆။သံသရာ၏ နောက်အစွန်း၌ ယုံမှားခြင်း ၇။သံသရာ၏ ရှေ့နောက် အစွန်းနှစ်ပါး၌ ယုံမှားခြင်း ဂ။ပဋိစ္စ သမုပ္ပာဒ်တရား၌ ယုံမှားခြင်း ဤကားအဘိဓမ္မာဒေသနာတော်လာ ဝိစိကိစ္ဆာ ၈ ပါးတည်း။ . "သုတ္တန်ဒေသနာတော်လာ ဝိစိကိစ္ဆာ (၁၆)ပါး" အတိတ်၌ ယုံမှားခြင်း (၅)ပါး . ~~~~~~~~~~~~~ ၁။ရှေး၌ ငါဖြစ်ဖူးပြီလော။ ၂။ရှေး၌ ငါ မဖြစ်ဖူးသေးသလော။ ၃။အဘယ်အမျိုးအနွယ်အားဖြင့် ဖြစ်ဖူးလေသနည်း။ ၄။အဘယ် အဆင်း သန္တာန်အားဖြင့် ဖြစ်ဖူးလေသနည်း။ ၅။ဟိုတတိယဘဝ စသည်က ဘယ်ပုံဖြစ်ခဲ့၍ လွန်ခဲ့သော . ဒုတိယဘဝ ဝယ် ဘယ်လိုများဖြစ်ခဲ့ပါလိမ့်မည်နည်း။ ဤကားအတိတ်၌ ယုံမှားခြင်း ၅ ပါးတည်း။ အနာဂါတ်၌ ယုံမှားခြင်း ( ၅ ) ပါး . ~~~~~~~~~~~~~~~ ၁။နောင်၌ ငါဖြစ်ရလတ္တံ ့လော။ ၂။နောင်၌ ငါ မဖြစ်ရ လတ္တံ ့လော။ ၃။အဘယ် အမျိုးအနွယ်အားဖြင့် ဖြစ်ရလတ္တံ ့နည်း။ ၄။အဘယ် အဆင်းသန္တာန်အားဖြင့် ဖြစ်ရလတ္တံ ့နည်း။ ၅။နောင်တတိယဘဝကစ၍ ဘယ်ပုံဖြစ်ရဘတ္တံ ့နည်း၊ . ဒုတိယဘဝဝယ် ဘယ်လိမြျားဖြစ်ရလတ္တံ ့နည်း။ ဤကားအနာဂါတ်၌ ယုံမှားုခင်း ၅ ပါးတည်း။ ပစ္စုပ္ပန်၌ ယုံမှားခြင်း ( ၆ )ပါး . ~~~~~~~~~~~~~ ၁။ယခု ငါသည် ဖြစ်ဆဲလော။ ၂။ယခု ငါသည် ဖြစ်ဆဲ မဟုတ်လေသလော။ ၃။အဘယ်အမျိုးအနွယ်အားဖြင့် ဖြစ်လေသနည်း။ ၄။အဘယ် အဆင်းသန္တာန်အားဖြင့် ဖြစ်လေသနည်း။ ၅။အဘယ် ဘဝမှ လာခဲ့သနည်း။ ၅။အဘယ် ဘဝသို့ သွားရမည်နည်း။ ဤငါး ပစ္စုပ္ပန်၌ ယုံမှားခြင်း ၅ ပါး တည်း။ ဝိပဿနာ တရား ကျင့်ကြံအားထုတ်တော်မူကြကုန်သော ယောဂီသူတော်ကောင်းတို့၏သန္တာန်၌ ဤ ဝိစိကိစ္ဆာ ၁၆ ပါး ခိုအောင်းနေပါက မဂ်ဖိုလ် မရနိုင်ပါ။ ဗဟုသုတဓမ္မအဖြစ် ရေးသားတင်ပြပါသည်။ မှီငြမ်း ***** ပိဋကလမ်းညွှန်ကျမ်းပြုအရှင် ဦးသီဟဗလ ( ပါဠိပါရဂူ ) ရေးသားပြုစုတော်မူသော အရိယာစစ်တမ်း (စာ ၁၅၁)
https://www.dhammaransi.com/index.php/new/448-2016-12-14-11-22-52.html
တရားအားထုတ်စဉ် အရေးကြီးသောအချက်များ
၁ ။ တရားအားထုတ်စဉ် အရေးအကြီးဆုံးက သဘောထားမှန်ဖို့..စိုက်မရှုနဲ့ ၊ ထိန်းမရှုနဲ့ ၊ လုပ်မရှုနဲ့ ၊ ချုပ်မရှုနဲ့ .. ၂ ။ ဖြစ်အောင်လည်း မလုပ်နဲ့ ၊ပျက်အောင်လည်း မလုပ်နဲ့ ၊ ဖြစ်တိုင်း ပျက်တိုင်းလည်း မမေ့နဲ့ သိနေရမယ် .. ၃ ။ ဖြစ်အောင်လုပ်ရင် လောဘ ၊ပျက်အောင်လုပ်ရင် ဒေါသ ၊ဖြစ်တိုင်း ပျက်တိုင်း မသိရင် မောဟ .. ၄ ။ ရှုမှတ်စိတ်မှာ လောဘ, ဒေါသ,သောက မပါမှ ရှုမှတ်စိတ်ဖြစ်မယ် .. ၅ ။ ဘယ်လိုသဘောထားနဲ့ အားထုတ်နေလဲလို့ ပြန်စစ်ဆေးကြည့်ရမယ် .. ၆ ။ ကောင်းတာလည်း ရှုရမှာပဲ ၊ဆိုးတာလည်း ရှုရမှာပဲ .. ၇ ။ ကောင်းတာမှ လိုချင်တယ် မကောင်းတာဆို နည်းနည်းမှ မလိုချင်ဘူးဆိုရင် တရားပါ့မလား .. ၈ ။ မျှော်လင့်ချက် မပါစေနဲ့။ လိုချင်တာ မပါစေနဲ့။ ကြောင့်ကြစိတ် မပါစေနဲ့ ဒီသဘောထားတွေ ရှုစိတ်ထဲရှိနေရင် တရားအားထုတ်လို့ အဆင်မပြေနိုင်ဘူး .. ၉ ။ ဘာဖြစ်လို့ ဒီလောက်စိုက်ပြီး ရှုနေရတာလဲ ဖြစ်ချင်လို့၊ လိုချင်လို့၊ ပျောက်ချင်လို့ တခုခု ဖြစ်နေတတ်တယ် .. ၁၀ ။ စိတ်က ပင်ပန်း ဆင်းရဲနေရင် တရားအားထုတ်တာ တခုခုလိုနေပြီ .. ၁၁ ။ စိတ်တင်းကျပ်မှုနဲ့ တရားအားမထုတ်နိုင် .. ၁၂ ။ စိတ်နဲ့ကိုယ် ပင်ပန်းဆင်းရဲလာရင် တရားအားထုတ်မှုကို ပြန်စစ်ဆေးကြည့်သင့်တယ်၊ မှန်ကန်တဲ့ သဘောထားမျိုး ရှိရဲ့လား .. ၁၃ ။ တရားအားထုတ်တယ် ဆိုတာ သတိ အသိနဲ့ စောင့်ကြည့်နေတာ စဉ်းစားနေတာ, ဆင်ခြင်နေတာ,ဝေဖန်နေတာ မဟုတ်ဖူး .. ၁၄ ။ လိုချင်တဲ့စိတ် ဖြစ်ချင်တဲ့စိတ်နဲ့တော့ အားမထုတ်နဲ့ ၊ ပင်ပန်းတာဘဲ အဖတ်တင်မယ် .. ၁၅ ။ တရားအားထုတ်တဲ့စိတ်က အေးအေးဆေးဆေးနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ရှိရမယ် .. ၁၆ ။ စိတ်ရော ကိုယ်ရော သက်တောင့်သက်သာရှိရမယ်.. ၁၇ ။ လွတ်လပ်ပေါ့ပါးတဲ့ စိတ်နဲ့မှ တရားအားထုတ်လို့ ရတယ် .. ၁၈ ။ တရားအားထုတ်တယ်ဆိုတာ ကောင်းကောင်းဆိုးဆိုး ဘာလာလာ လက်ခံပြီး အေးအေးဆေးဆေး ကြည့်နေတာဘဲ .. ၁၉ ။ စိတ်က ဘာလုပ်နေလဲ တွေးနေသလား, သိနေသလား .. ၂၀ ။ စိတ်က ဘယ်ရောက်နေလဲ အတွင်းမှာလား, အပြင်မှာလား .. ၂၁ ။ သိနေတဲ့စိတ် ရှုနေတဲ့စိတ်က သေချာသိလား, အပေါ်ယံသိလား .. ၂၂ ။ ဖြစ်ချင်တဲ့ ပုံစံမျိုးဖြစ်အောင် လုပ်နေတာ မဟုတ်၊ ဖြစ်နေတာကို ဖြစ်နေတဲ့အတိုင်း သိအောင် လုပ်နေတာ .. ၂၃ ။ အတွေးကို ပြဿနာ မရှာနဲ့ မတွေးအောင် လုပ်နေတာ မဟုတ်၊ တွေးရင် တွေးမှန်းသိအောင် လုပ်နေတာ .. ၂၄ ။ အာရုံကို ပယ်ရမှာ မဟုတ် ၊အာရုံကြောင့်ဖြစ်တဲ့ ကိလေသာကိုသိပြီး (ရှုမှတ်ပြီး) ပယ်ရမယ် .. ၂၅ ။ သဒ္ဓါရှိမှ ဝီရိယ ရှိမယ်၊ ဝီရိယ ရှိမှ သတိမြဲမယ်၊ သတိမြဲမှ သမာဓိ တည်မယ်၊ သမာဓိ တည်မှ အမှန်အတိုင်း သိမယ်၊ အမှန်အတိုင်း သိလာတော့ သဒ္ဓါပိုဖြစ်လာတယ် .. ၂၆ ။ ပစ္စုပ္ပန် တည့်တည့်ကိုသာ သတိထားနေရမယ်၊ အတိတ်ကိုလည်း မပြန်နဲ့ ၊အနာဂတ်ကိုလည်း မကြံနဲ့ .. ၂၇ ။ အာရုံက အရေးမကြီးဘူး ၊အနောက်က အလုပ်လုပ်နေတဲ့ စိတ်က ပိုအရေးကြီးတယ် ၊ ရှုမှတ်စိတ်သာ သဘောထားမှန်ရင် အာရုံအမှန်ရမှာပဲ ... "ရွှေဥမင်ဆရာတော်၏ ဝိပဿနာ ရှုနည်း'' ++++++++++++++++++++++ သတိကလေး ထားနေရုံပဲ။ စိတ်ကို အတင်းထိန်းလည်း မထားနဲ့၊ တောင့်လည်း မထားနဲ့၊ ချုပ်မထားနဲ့၊ အလိုက်သင့် အလျားသင့် ကလေးနေပြီး ဖြစ်တာကို ဖြစ်တဲ့အတိုင်း သိနေရုံပဲ။ သူ့သဘာဝအတိုင်း ဖြစ်နေတာကို သတိကလေး ထားနေရုံပဲ၊ ပေါ်အောင်လည်း မလုပ်နဲ့၊ ပျောက်အောင်လည်း မလုပ်နဲ့။ သူ့ ဘသာဝ ဖြစ်တိုင်း ဖြစ်တိုင်း ဖြစ်တာလေးကို ဖြစ်တဲ့ အတိုင်းသိနေပါ။ ချုပ်မရှူ့နဲ့၊ လုပ်မရှူ့နဲ့ သူ့ သဘာဝအတိုင်း ဖြစ်တာကို သိနေဖို့ပဲ။ သတိရှိနေဖို့ပဲ။ ကိုယ်မှာ ဖြစ်တိုင်း ဖြစ်တိုင်း၊ စိတ်မှာ ဖြစ်တိုင်းဖြစ်တိုင်း ကိုယ်ရော စိတ်ရော သိမှ။ အဲ့လို သိနေဖို့က သွားတိုင်းလာတိုင်း၊ စားတိုင်း၊ သောက်တိုင်း ၊ မြင်တိုင်း၊ သတိရှိနေရမယ်။ ရှေ့ သတိနဲ့ နောက်သတိ၊ ရှေ့သမာဓိနဲ့ နောက်သမာဓိ၊ ရှေ့အသိနဲ့ နောက်အသိ၊ အမြဲ ဆက်စပ်နေရမယ်။ သိက္ခာသုံးပါး ဖြည့်ကျင့်ခြင်း +++++++++++++++++ ဘာပဲဖြစ်ဖြစ် ကောင်းကောင်းဆိုးဆိုး သတိထား၊ ကိုယ်မှာ ဖြစ်တိုင်းဖြစ်တိုင်း၊ စိတ်မှာ ဖြစ်တိုင်း ဖြစ်တိုင်း သတိထား။ အစမှာတော့ နှာသီးဖျားမှာ သတိထား ထွက်တိုင်းသိ ဝင်တိုင်းသိ။ တိုးပြီးဝင်သွားတာ သိနေ၊ တိုးပြီး ထွက်နေတဲ့ ထိမှုကလေးကို သိသိနေဖို့ပါပဲ။ အမှန်သိမှု ညဏ်ကုသိုလ်တွေ ဖြစ်သွားမယ်။ ဖြစ်တာကို ဖြစ်တဲ့အတိုင်း သိနေတာဟာ ၀ိပဿနာပဲ။ ဖြစ်အောင်လဲ မလုပ်ရ၊ ပျက်အောင်လည်း မလုပ်ရဘူး။ အဲ့လို ဖြစ်တိုင်း ဖြစ်တိုင်း သိရုံမျှ သိပေးနေရုံပဲ။ အဲ့လို သိနေတဲ့အတွက် (ဣန္ဒြိယသံဝရသီလစတဲ့) သီလ သိက္ခာတွေလည်း လုံခြုံပြီးနေတယ်။ သတိရှိနေတဲ့အတွက် သမာဓိ သိက္ခာလည်းညီညွတ် မျှတနေတယ်။ သတိရှိနေတဲ့ အတွက် (ပညာသိက္ခာ) သိစရာတွေကို အမှန်တိုင်း ပိုင်းခြားပြီး သိနေတယ်။ သတိထားလိုက်တိုင်း သိက္ခာသုံးပါး ဖြည့်ကျင့်ပြီးသား ဖြစ်သွားတယ်။ သိက္ခာသုံးပါးရှိတဲ့ ပုဂ္ဂိုလ်ဟာ လူ၊ နတ်၊ ဦးခိုက်ပူဇော်ထိုက်တဲ့ အဆင့်မြင့်ပုဂ္ဂိုလ် ဖြစ်သွားတယ်။ စိတ်ပျံ့လွင့်သော် စိတ်ပျံ့လွင့်တာကို အတင်းထိန်းမထားပါနဲ့၊ ပျံ့လွင့်ရင် ပျံ့လွင့်မှန်း သိဖို့ပဲ။ စိတ်မငြိမ်တာကို မငြိမ်မှန်သိဖို့၊ စိတ်ပြေးရင် ပြေးမှန်း၊ တွေးရင်တွေးမှန်း၊ စိတ်ကူးရင် စိတ်ကူးမှန်း၊ ကြံရင် ကြံမှန်း သိနေရုံပဲ။ သိရင်တော်ပြီ၊ တည်ငြိမ်လို့ ကောင်းလို့ သဘောကျနေရင်လည်း မဟုတ်သေးဘူး။ တည်တာကို ကောင်းတယ်ထင်ပြီးတော့လဲ မစွဲရဘူး။ ပျံ့လွင့်တာကို မကာင်းဘူးထင်ပြီးတော့လည်း စိတ်မပျက်ရဘူး။ သိနေဖို့ပဲ။ ကောင်းကောင်း မကောင်းကောင်း တည်တာကိုလည်း သိ၊ မတည်တာကိုလည်း သိရမယ်။ တရားအားထုတ်တယ်ဆိုတာ စိတ်ကလေးကို ပဝါဖြူလေးလို ဖြူစင်သန့်ရှင်းအောင် လုပ်နေတာပါ။ စိတ်ကို ကိလေသာတွေနဲ့ မပေါင်းမိအောင်၊ စိတ်ကို ပူလောင်စေတတ်၊ ညစ်နွမ်းစေတတ်၊ နှိပ်စက်ညှဉ်းပန်းတတ်တဲ့ လောဘ၊ ဒေါသ၊ မောဟ ကိလေသာတွေနဲ့ မပေါင်းမိအောင် စင်ကြယ်သန့်ရှင်းတဲ့ စိတ်ကလေး အမြဲဖြစ်နေအောင် သတိကလေးထားပြီး အမြဲနေရမှာ။ (ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော်ဘုရားကြီး)
https://www.dhammaransi.com/index.php/new/449-2016-12-14-11-14-56.html
ဓုတင် ဆိုသည်မှာ
ဓုတင် ဆိုသည်မှာ ကိလေသာကို ခါထွက်ကြောင်း ခေါင်းပါးစေသည့် အကျင့်တရားများ ဖြစ်သည်။ အကျဉ်းအားဖြင့် ဓုတင် ၁၃-ပါး ရှိသည်။ ၁။ ဒါယကာတို့ လှူဒါန်းသော သင်္ကန်းကို စွန့်လျက် ပံ့သကူ သင်္ကန်းကို ဆောင်ခြင်းဟူသော ပံ့သကူ ဓုတင်၊ ၂။ လေးထည်မြောက် သင်္ကန်းကို စွန့်လျက် သုံးထည်သော သင်္ကန်းကိုသာ ဆောင်ခြင်းဟူသော တိစီဝရိက် ဓုတင်၊ ၃။ လာဘ်ပို လာဘ်လျှံကို ပယ်၍ ဆွမ်းခံ၍ရသော ဆွမ်းကိုသာ သုံးဆောင်ခြင်း (ပိဏ္ဍပါတ် ဓုတင်) ၄။ လျှပ်ပေါ်လော်လီ အိမ်စဉ်ကျော်၍ ခံယူခြင်းကို ပယ်လျက် အိမ်စဉ် မကျော်မလှပ် ရပ်၍ရသော ဆွမ်းကို သုံးဆောင်ခြင်း (သပဒါနစာရိက ဓုတင်) ၅။ နေရာအထူးထူး၌ စားခြင်းကို ပယ်လျက် တစ်ထိုင် တစ်နေရာတည်း၌ စားခြင်းကို ဆောင်ခြင်း (ဧကာသနိုက် ဓုတင်) ၆။ နှစ်ခွက်မြောက်ေ သာ ဆွမ်းဟင်းကို ပယ်၍ တစ်ခွက်တည်းနှင့်သာ သုံးဆောင်ခြင်း (ပတ္တပိုဏ် ဓုတင်) ၇။ ဆွမ်းစပြီး စားနေစဉ် ကပ်လာသော ဘောဇဉ်ကို တော်ပြီတန်ပြီ ဆိုပြီး ကပ်ယူစားခြင်းကို ပယ်ခြင်း (ခလုပစ္ဆာဘတ် ဓုတင်) ၈။ ဂါမဝါသီ ကျောင်းသင်္ခမ်းကိ ု ပယ်၍ တောရကျောင်း၌ နေခြင်းကို ဆောက်တည်ခြင်း (အာရညကင် ဓုတင်) ၉။ အမိုး အကာရှိသော ကျောင်းကို ပယ်၍ လွင်တီးခေါင်၌ နေခြင်း (အဗ္ဘောကာသိက ဓုတင်) ၁၀။ သုဿာန် မဟုတ်သော နေရာကို ကပ်လျက် သုဿာန်၌ နေခြင်း (သုဿာန် ဓုတင်) ၁၁။ အမိုးအကာရှိသော ကျောင်းကို ပယ်လျက် သစ်ပင်ရင်း၌ နေခြင်း (ရုက္ခမူဓုတင်) ၁၂။ နေရာကောင်း ကျောင်းဆောင်ကို ပယ်၍ ဖြစ်စဉ်အတိုင်း နေခြင်း (ယထာသန္တတိ ဓုတင်) ၁၃။ အိပ်ခြင်းကို ပယ်၍ ထခြင်း၊ ထိုင်ခြင်း၊ စင်္ကြံသွားခြင်းကို ဆောင်ခြင်း (နိသဇ္ဇိ ဓုတင်) တို့ ဖြစ်၏။ ဤဓုတင်များကို ဆောင်ခြင်းဖြင့် - (၁) အသက်မွေး စင်ကြယ်ခြင်း၊ (၂) ချမ်းသာကျိုး ရှိခြင်း၊ (၃) အပြစ်မရှိ၊ (၄) သူတစ်ပါးတို့အား ဒုက္ခမပေး၊ (၅) ဘေးမရှိ၊ (၆) သူတစ်ပါးကို မနှိပ်စက်၊ (၇) အမှန် ကြီးပွား၏၊ (၈) ကုသိုလ်တရား မဆုတ်ယုတ်၊ (၉) မာယာ စဉ်းလဲခြင်း မရှိ၊ (၁၀) သေခြင်းကို စောင့်တတ်၏၊ (၁၁) တောင့်တတိုင်း ပေး၏၊ (၁၂) သတ္တဝါ အားလုံးကို ဆုံးမတတ်၏၊ (၁၃) စောင့်စည်းသော အကျိုး ရှိ၏၊ (၁၄) လျောက်ပတ်သော အကျင့် ဖြစ်၏၊ (၁၅) ကိလေသာတို့ မမှီမကပ်နိုင်၊ (၁၆) ကိလေသာမှ လွတ်၏၊ (၁၇) ရာဂကုန်၏၊ (၁၈) ဒေါသကုန်၏၊ (၁၉) မောဟကုန်၏၊ (၂၀) မာန်တက်မှုကို ပယ်၏၊ (၂၁) ၀ိတက်ကို ဖြတ်၏၊ (၂၂) ယုံမှားသင်္ကာမှ ကူးမြောက်၏၊ (၂၃) အပျင်းကို ပယ်ဖျောက်၏၊ (၂၄) မမွေ့လျော်ခြင်း ကို ဖျောက်၏၊ (၂၅) သည်းခံတတ်၏၊ (၂၆) အတုမရှိ မြတ်သော အကျင့်တည်း၊ (၂၇) မနှိုင်းယှဉ်အပ်ေ သာ ဂုဏ်ရှိ၏၊ (၂၈) နိဗ္ဗာန်သို့ ရောက်၏- ဟူသော အကျိုးထူး အကျိုးမြတ်များကို ရနိုင်သည်။
https://www.dhammaransi.com/index.php/new/450-2016-12-14-10-16-47.html
၀ိဇ္ဇာ၊ ဇော်ဂျီ၊ တပသီ
မေးခွန်း ၁။ ။ အရှင်ဘုရား၊ ထွက်ရပ်ပေါက် ပုဂ္ဂိုလ် နှင့် ၀ိဇ္ဖာဓိုရ် ဟာ တူပါသလားဘုရား၊ မေးခွန်း ၂ ။ ။ ထိုပုဂ္ဂိုလ်တို့သည် ကိုးကွယ် ခံထိုက်သူများ ဖြစ်ကြပါသလား၊ မေးခွန်း ၃ ။ ။ ထိုသူတို့သည် အဘယ်အရပ်၌ နေကြပါသလဲ - ဖြေကြားပေးပါဘုရား၊ ========================== အဖြေ။ ။ ဒီနေရာမှာ ထွက်ရပ်ပေါက် အကြောင်းတွေကို မပြောခင် လူတွေဖြစ်ပေါ်လာဖို့ နိယာမ အကြောင်းကို နည်းနည်း ပြန်ပြောရပါလိမ့်မယ်၊ ယင်က ဥချပြီး၊ ဥကနေ လောက်ကောင်ဖြစ်၊ လောက်ကောင်ကနေ တဆင့်မှ ယင်ဖြစ်လာတယ် ဆိုတာ ဟာ ဗီဇ နိယာမ အတွင်းမှာ ပါဝင်ပါတယ်၊ သတ္တဝါ တွေ ဟာ တိုက်ရိုက် ပေါက်ဖွားတဲ့ ဧကဇ အမျိုးအစား၊ နှစ်ဆင့် ပေါက်ဖွားတဲ့ ဒွိဇ အမျိုးအစား၊ သုံးဆင့် သုံးခါ ပေါက်တဲ့ တိဇ အမျိုးအစား စသောအားဖြင့် အမျိုးမျိုး ရှိကြပါတယ်၊ လူတို့ ကျွဲ နွား စတဲ့ သတ္တဝါတွေကတော့ အမိဝမ်းဗိုက်က တကြိမ်ထည်း မွေးဖွားကြလို့ ဧကဇ မျိုးလို့ ခေါ်ပါတယ်၊ ကြက် တွေ ငှက်တွေ မြွေတွေ ဖွတ်တွေ ကျတော့ အမိက ဥကို တကြိမ် ဥတယ်၊ ဥကမှ အကောင်ပေါက်တဲ့ အတွက် ဒွိဇ မျိုး နှစ်ကြိမ်ပေါက် သတ္တဝါတွေပါ၊ ယင် ပျားကောင် လိပ်ပြာ တို့ကျတော့ ပထမ ဥတယ်၊ လောက်ကောင်လို ပိုးကို ပေါက်တယ်၊ အဲဒီ ပိုးက အစားအစာ ဝပြီး တနေရာမှာ အမြှေးတွေ ဖုံးအုပ်ပြီး ငြိမ်သက်စွာ ဖိုဝင်တယ်၊ အဲဒီ ဖိုက ထွက်မှ မူလ သတ္တဝါမျိုး ဖြစ်ရတယ်၊ ဒါကြောင့် သူတို့ကို တိဇ မျိုး သုံးခါ ပေါက် လို့ ခေါ်ရတယ်၊ လူကတော့ ဧကဇ မျိုးမို့ လူမိန်းမကနေ လူသားကို တိုက်ရိုက် ဖွားမြင်တာပါ၊ ဒွိဇမျိုး တိဇမျိုးလို အဆင်ဆင့် ပြောင်းလဲမှု့မရှိပါဘူး၊ သို့သော်လည်း လူသားဟာ ပိုးလောက်လန်းများလို ဖိုလ်ဝင်နိုင်လျင် ခြင် ယင် လိပ်ပြာများဖြစ်နိုင်သလို သိဒ္ဓိပေါက်တဲ့ လူသားတစ်ယောက်ဖြစ်နိုင်တယ်လို့ ယူဆပြီး ဖိုလ်ဝင်တဲ့ အတတ်ကို လိုက်စားခဲ့ကြပါတယ်၊ ရာဇဝင်မှာ ပါတဲ့ ဗျတ်ဝိ ဗျတ္တတို့ မီးကင်စားတဲ့ လူသားဟာ ဇော်ဂျီဖိုလ်ဝင်သားလို့ သိရပါတယ်၊ ဆင်ဖြူရှင်မင်းတရား လက်ထက် သက္ကရာဇ် ၉၂၈ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် သောကြာနေ့ ဟံသာဝတီမြို့ ဝန်းကျင်ကို ကျုံးစတင် တူးရာက မြေအတွင်း ဇော်ဂျီကို ရဖူးပါသတဲ့။ အဲဒီလို ဖိုလ်ဝင်လို့ အန္တရာယ်မရှိ အောင်မြင်လျင်တော့ ထွက်ရပ်ပေါက်သွားပါတယ်။ ၀ိဇ္ဇာဓိုရ် ဖြစ်သွားတယ်လို့ လောကီကျမ်းများက ဆိုပါတယ်။ ဖိုလ်ဝင်တာက အမျိုးမျိုးရှိပြီး အချို့က မြေအောင်းတယ်၊ အချို့က ပိုးလောက်လန်းများ အမြှေးဖုံးသလို အမြှေးဖုံးတာလဲ ရှိပါတယ်။ ပွက်ပွက် ဆူတဲ့ ရေကို ချိုးရတာလဲ ရှိပါသတဲ့။ မီးပုံအတွင်း ခုန်ဆင်းရတာလဲ ရှိပါတယ်။ ဖိုလ်အောင်းခြင်း မရှိတဲ့ ၀ိဇ္ဇာဓိုရ် များလဲ ရှိပါသေးတယ်။ အဲဒါတွေကတော့ - - ၁။ ပြဒါးကို သိဒ္ဓိသွင်းပြီး အောင်မြင်သွားတဲ့ ပြဒါးဝိဇ္ဇာမျိုး၊ ၂။ သံကို သိဒ္ဓိသွင်းပြီး အောင်မြင်သွားတဲ့ သံဝိဇ္ဇာ၊ ၃။ ဆေးစီရင်ပြီး အောင်မြင်သွားတဲ့ ဆေးဝိဇ္ဖာ၊ ၄။ အင်းချ အောင်မြင်သွားတဲ့ အင်းဝိဇ္ဖာ၊ ၅။ မန္တာန် ရွတ်ဆို အောင်မြင်သွားတဲ့ မန္တာန် ၀ိဇ္ဖာ၊ ၆။ သန်လျက် ကို အသက်သွင်းပြီး အောင်မြင်သွားတဲ့ သန်လျက်ဝိဇ္ဖာ၊ ဆိုပြီး ၀ိဇ္ဖာ အမျိုးအစား ၆ မျိုးရှိပါတယ်။ မြန်မာပြည်မှာတော့ ထွက်ရပ်ပေါက်အောင်ရယ်လို့ ကြိုးစားသူတွေက ပြဒါးကစားသူ၊ သံကစားသူ၊ ဆေးကစားသူ၊ အငး်ကစားသူတွေသာ များပါတယ်၊ မန္တာန်ဝိဇ္ဇာ၊ သန်လျက်ဝိဇ္ဖာ မျိုးကတော့ တော်တော်ရှားပြီး မတွေ့ရသလောက်ပါပဲ။ ဒီနေရာမှာ မန္တာန်ဝိဇ္ဇာ၊ သန်လျက်ဝိဇ္ဖာ အကြောင်းနည်းနည်း ပြောပြပါမယ်၊ ဆက္ကနိပါတ်၊ ၀ိဇ္ဖာဓရ ဇာတ်တော်မှာလာတဲ့ ၀ိဇ္ဇာဓိုရ် ဟာ မန္တာန် ၀ိဇ္ဇာပါ၊ ရှေးရှေးတုံးက တကယ့်အဖြစ်အပျက်အနေနဲ့ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း လက်ထက်မှာ ဘုရားအလောင်းတော်ဟာ သိကြားမင်း ဖြစ်နေပါတယ်၊ အဲဒီတုံးက ၀ိဇ္ဖာဓိုရ်တယောက်ဟာ သန်းခေါင်ယံအချိန်ရောက်တိုင်း မန္တာန်ကို မန်းမှုတ်ပြီး နန်းတော်ကို လာကာ မိဖုရားကြီးနဲ့ ပျော်ပါးလေ့ရှိသတဲ့။ မိဖုရားကြီးမှာလဲ အိပ်မက်လိုလို တကယ်လိုလို ဖြစ်နေပြီး ဘာမှ မတတ်နို်င်တဲ့ အဆုံး ဘုရင်ကြီးကို ဖွင့်ပြောတိုင်ပင်ရပါတယ်။ ဘုရင်ကြီးကလဲ ဉာဏ်ပညာကြွယ်ဝလေတော့ အဲဒီ လူရဲ့ ခန္ဓာကိုယ်ပေါ်မှာ အမှတ်အသား တခုခုကို ထင်ကျန်အောင် လုပ်နိုင်ပါ့မလား လို့ မေးတော့ မိဖုရားကြီးကလဲ စွမ်းနို်င်ပါကြောင်း ကတိပေးပါတယ်။ မိဖုရားကြီးကလဲ အကြံနဲ့ ဆိုတော့ ညအခါ အိပ်ယာအနီး ဟင်္သာပြဒါးစစ်ခွက်ကို ယူထားသတဲ့။ ၀ိဇ္ဇာဓိုရ် လာရောက် ပျော်ပါးတဲ့ အခါမှာ မိဖုရားကြီးက သူ့ ခန္ဓာကိုယ်ကို သိုင်းဖက်ပြီး ကျောပြင်မှာ လက်ငါးချောင်းရာ ပေးလိုက်တယ်၊ ၀ိဇ္ဖာဓိုရ် ထွက်သွားလျင် သွားချင်း ရှင်ဘုရင်ကို သံတော်ဦးတင်လို့ ဘုရင်ကြီးကလဲ ကျောမှာ လက်ငါးချောင်းရာ ပါသူကို ဖမ်းစေ လို့ အမိန့်တော် ထုတ်လိုက်ပါတယ်၊ ၀ိဇ္ဖာဓိုရ် ကတော့ သူမဟုတ်သလိုပဲ၊ ညအခါ သူများမယား၊ သမီးများကို ပစ်မှားပြီး နေ့ကျလျင် သုဿာန်မှာ နေကို ရှိခိုးပြီး ခြေတဖက် ထဲနဲ့ ရပ်နေလေ့ရှိသတဲ့။ မင်းချင်းတို့ဟာ ၀ိဇ္ဇာဓိုရ်ကျောပြင်မှာ လက်ငါးချောင်းရာကို မြင်တော့ ဝိုင်းဖမ်းကြတဲ့ အခါ ငါ့အမှု့ လူတွေ သိကုန်ပြီ ထင်တယ်၊ မဟန်တော့ဘူး၊ ဆိုပြီး မန္တာန်ကို မန်းမှုတ်ပြီး ကောင်းကင်ကို ပျံတက်သွားလို့ မမှီလိုက်ကြဘူးပေါ့။ ။ ဆက်ပါအုံးမည် - - ( ၂ ) အဲဒီ ၀ိဇ္ဇာဓိုရ်ဟာ ရသေ့ ရဟန်းများလို သစ်ခေါက်ဆိုး သင်္ကန်းအရောင် ဝတ်ထားလို့ မင်းကြီးက ရသေ့ ရဟန်းထင်ပြီး ငါ့နိုင်ငံအတွင်းမှာ ရသေ့ ရဟန်းမနေရဘူး လို့ နှင်ထုတ်မိန့် ထုတ်ပြန်လို့ ကာသိတိုင်း တတိုင်းလုံး ရဟန်းသံဃာတော် ရသေ့ ရဟန်းတွေ အားလုံး ဆိတ်သုံးသွားတဲ့ အထိအောင် ဖြစ်သတဲ့။ ဒါကြောင့် အခုခေတ်မှာလဲ ရသေ့ယောင်ယောင် ရဟန်းယောင်ယောင် ကိုယ့်ဘာသာ ဆံပင်ရိတ်၊ သင်္ကန်းပတ်ပြီး မလျော်တဲ့ အလုပ်တွေ လုပ်နေတာကို မြန်မာနိင်ငံမှာ နေရာတိုင်း တောရော မြို့ရော တွေ့နေရပါတယ်။ စိတ်မကောင်းစရာပါပဲ။ ဒါကြောင့် ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး ( တစ်သာသနာလုံး ) နာမည်ပျက် တဲ့ အဖြစ်မျိုး ရောက်တတ်ကြတာကို အားလုံး သတိရှိရှိ ကာကွယ်ကြစေ ချင်ပါတယ်။ ဒီအကြောင်းကို သာသနာကြည်ညိုတဲ့ သိကြားမင်းက သိလို့ အရှင်ပစ္စေကဗုဒ္ဓါတပါးကို ပင့်သွားပြီး ရှင်ဘုရင်ကို တရားဟောစေတယ်၊ နောက်ပိုင်းမှာတော့ အမြင်မှန်ရသွားပြီး ရသေ့ရဟန်းများ ပုံမှန် ဝင်ထွက်သွားလာနိုင်ကြသတဲ့၊ ဒါကြောင့် မန္တာန်ဝိဇ္ဖာဆိုတာ ကျမ်းဂန်များမှာ အထင်အရှားရှိနေပါတယ်။ နောက်တမျိုးအနေနဲ့ သန်လျက်ဝိဇ္ဇာ ဆိုတာကိုတော့ ဇင်းမယ်ပဏ္ဏာသ က လာတဲ့ သမုဒ္ဒဃောသ ဇာတ်တော်မှာ တွေ့နိုင်ပါတယ်။ သံဝိဇ္ဖာကတော့ သံလုံးအတွင်း သိဒ္ဓိသွင်းတာမျိုးပါ။ သန်လျက်ဝိဇ္ဇာ ဆိုတာကလဲ သံလုံးအတွင်း သိဒ္ဓိသွင်းတာပဲမို့ သဘောချင်းတူညီပါတယ်၊ ဒါကြောင့် တူရာ တူရာ ပေါင်းလိုက်လျင်တော့ ၀ိဇ္ဇာ ၅ မျိုး ရှိတယ်လို့ မှတ်သားနို်င်ပါတယ်၊ နောက်တမျိုးက ပုဂံခေတ်မှာ ကျန်စစ်သားမင်းကြီးလက်ထက် သမီးတော် ရွှေအိမ်စည်မင်းသမီးနဲ့ ရည်ငံခဲ့ဖူးတဲ့ ပြဒါးရှင်လုံးကို ငုံပြီး ကောင်းကင်ပျံနို်င်တဲ့ ပဋိက္ခရား ဆိုတာကလဲ ပြဒါးဝိဇ္ဇာ အတွင်းပါဝင်တာမို့ ၅ မျိုးပါပဲ။ လောကီဝိဇ္ဖာ ဆိုတာ ရှိသလို လောကုတ္တရာဝိဇ္ဇာ ဆိုတာလဲ ရှိပါသေးတယ်၊ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးရဲ့ ၀ိဇ္ဖာမဂ္ဂဒီပနီကျမ်းမှာ လောကီ လောကုတ္တရာ အားလုံးပေါင်း ၅ မျိုးရှိကြောင်း တွေ့ရပါတယ်။ အဲဒါတွေကတော့ -- ၁။ ဝေဒဝိဇ္ဇာ = ဗေဒင် လေးမျိုးတတ်ကျွမ်းသူ၊ ၂ ။ မန္တဝိဇ္ဇာ = လက္ခဏာကျမ်း နိမိတ်ကျမ်း၊ ဂါထာ မန္တရား ဆေးအမျိုးမျိုး တတ်ကျွမ်းသူ၊ ၃ ။ ဂန္ဓာရီ ၀ိဇ္ဇာ = သိဒ္ဓိအမျိုးမျိုးပေါက်တဲ့ ပြဒါးဝိဇ္ဇာ၊ သံဝိဇ္ဖာ၊ ဆေးဝိဇ္ဇာ၊ အင်းဝိဇ္ဇာ၊ မန္တာန်ဝိဇ္ဇာအမျိုးမျိုး၊ ၄။ လောကိယဝိဇ္ဖာ = လောကီစျာန်ရ ပုဂ္ဂိုလ်၊ ၅။ အရိယဝိဇ္ဇာ = အရိယာပုဂ္ဂိုလ် ၈ ယောက်၊ တို့ဖြစ်ပါတယ်။ ၁၊ ၂ ၊ ၃၊ အမျိးစားတွေကတော့ လောကီဝိဇ္ဖာမျိူးဖြစ်ပြီး စူဠဂန္ဓာရီ ၀ိဇ္ဖာ လို့ ခေါ်ပါတယ်။ ၄ နှင့် ၅ ကတော့ သမထ နဲ့ ဖြစ်လာတဲ့ ၀ိဇ္ဇာမျိုးမို့ မဟာဂန္ဓာရီ ၀ိဇ္ဇာလို့ ခေါ်ပါသတဲ့။ ဂန္ဓာရီ ၀ိဇ္ဖာ ဆိုတာကိုတော့ စကားစပ်မိလို့ ပြောရပါအုံးမယ်၊ အိန္ဒိယပြည်ကြီးရဲ့ အရှေ့မြောက်အရပ် ဟိမဝန္တာတောင်တန်း ရဲ့ အနောက်ဘက်မှာ ဂန္ဓာရ တိုင်းဆိုတာ ရှိပါတယ်၊ မင်းသားအများအပြား အဋ္ဌာရသ အတတ် ၁၈ ရပ်ကို သွားရောက်သင်ကြားရာ တက္ကသိုလ်ပြည်ကြီး ရှိပါသတဲ့။ အဲဒီ ဂန္ဓာရ တိုင်းသားများ လိုက်စား ပေါက်မြောက်ခဲ့တဲ့ အတတ်မို့ အဲဒီအတတ်ကို ဂန္ဓာရီအတတ် လို့ မှတ်သားရပါတယ်။ ဒါကြောင့် ပထမမေးခွန်းအနေနဲ့ ထွက်ရပ်ပေါက်ပုဂ္ဂိုလ် နဲ့ ၀ိဇ္ဇာဓိုရ် ( ၀ိဇ္ဇာ ) ဆိုတာ အတူတူပဲလို့ မှတ်သားနို်င်ပါတယ်၊ အဲဒီသူတွေဟာ လူတွေရဲ့ ပူဇော်မှု့ကို ခံထိုက် မခံထိုက်ဆိုတာကို စာပေနဲ့ နည်းနည်း စိစစ်ကြည့်ကြရအောင်။ စာပေမှာ ပူဇော် ခံယူထိုက်တဲ့ ဂုဏ်ကို အနုုတ္တရံ ပုညခေတ္တံ လောကဿ လို့ လာရှိပါတယ်၊ အဓိပ္ပါယ်က ပူဇော်ခံယူထိုက်သူ ဟာ ကောင်းမှု့တည်းဟူသော မျိုးစေ့ကျဲချရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်ရမယ် တဲ့။ နားလည်အောင် ရှင်းရရင် ဒါနဝတ္ထုက မျိုးစေ့ နဲ့ တူတယ်၊ အလှူခံက လယ်မြေနဲ့ တူပါတယ်၊ မျိုးစေ့ ကောင်းသော်လည်း လယ်မြေကောင်းပါမှ ကိုယ်စိုက်လိုက်တဲ့ အသီးအနံဖြစ်ထွန်းပါမယ်၊ နောက်ဆုံး မျိုးစေ့ ဆိုတဲ့ ဒါနက သေးသေးမွှားမွှား ညံ့နေသည့်တိုင်အောင် သီလ သမာဓိ ပညာ နဲ့ ပြည်စုံတဲ့ အလှူခံဆိုတဲ့ လယ်မြေက ကောင်းနေလျင် ဖြစ်ထွန်း အကျိုးပေးနိုင်သေးတယ်၊ လယ်မြေ ကောင်း မကောင်း မြေသြဇာ အပေါ်မှာ မူတည်သလို အလှူခံထိုက် မထိုက် ဆိုတာကလဲ သူ့ရဲ့ သီလ အပေါ်မှာ အဓိက မူတည်နေပါတယ်၊ ဒါကြောင့် သီလ အကျင် ့ မပြည့်စုံလျင် အတတ်ပညာ တတ်နေသော်လညး် အပူဇော်ခံ အကိုုးကွယ်ခံ မဖြစ်ထိုက်ဘူး၊ ဆက်ပါအုံးမည်- - ( ၃ ) လောကမှာ ရုပ်ရည်လှပတယ် အမျိုးမြတ်တယ် ဆိုတာတွေဟာ ဘာမှ သုံးလို့ မရဘူး၊ လူတိုင်း ကျင့်သုံးနေကြတဲ့ စောင့်ထိန်းနေကြတဲ့ ကိုယ်ကျင့်သီလကသာ အမြတ်ဆုံး တန်ဖိုးဖြတ်လို့ မရနိုင်ဘူး လို့ ့ ပဥ္စကနိပါတ်၊ သီလဝီမံသန ဇာတ်တော်မှာ ဆိုထားတာရှိပါတယ်၊ မောဃာ ဇာတိ စ ဝဏ္ဏော စ ၊ သီလမေဝ ကိရုတ္တမံ။ သီလေန အနုပေတဿ၊ သုတေန တ္ထော န ၀ိဇ္ဇတိ။ လောကမှာ အတတ်ပညာတွေ ဘယ်လောက်တတ်နေပါစေ အကျင့်သီလ မကောင်းရင် ကိုယ်ကျင့်တရားပျက်ယွင်းနေရင် လူ့အသိုင်းအဝိုင်းက ရှောင်ကြဉ်ကြလိမ့်မယ်၊ အကျိုးမရှိဘူး၊ လူ့ဗာလ လို့ ဆိုလိုပါတယ်၊ ဒါကြောင့် ၀ိဇ္ဖာဓိုရ်ပဲ ဖြစ်စေ၊ လူသာမာန်ပဲ ဖြစ်စေ အကျင့်သီလ ကြီးမြတ်ရင် အပူဇော်ခံ အကိုးကွယ်ခံထိုက်တယ် လို့ မှတ်သားရပါမယ်၊ မေးခွန်း ၃ အနေနဲ့ ၀ိဇ္ဖာဓိုရ် ထွက်ရပ်ပေါက် တွေရဲ့ နေထိုင်ရာ ဘုံဋ္ဌာနအနေနဲ့ သီးခြား မရှိပါဘူး၊ သူတို့ဟာလဲ လူသားဘဝက ဖြစ်လာတာမို့ လူ့ဘုံမှာပဲ သူတို့ စိတ်ချမ်းမြေ့ရာ နေရာ ဘယ်နေရာကိုမဆို နေကြတယ်လို့ မှတ်သားနိုင်ပါတယ်။ မြန်မာတွေ ပြောနေကျ စကားမှာတော့ ၀ိဇ္ဇာ ဇော်ဂျီ တပသီ ရယ်လို့ တွဲလျက်သုံးနေကျပေမယ့် အားလုံး အတူူတူလို့ ပြောဖို့ခက်ပါတယ်၊ တူတဲ့ အပိုင်းမှာ တူပြီး မတူတဲ့ အချက်အလက် အကျင့်စရိုက်တွေလဲ အများကြီးတွေ့ရပါတယ်၊ ၀ိဇ္ဖာဓိုရ် ဘယ်ကလာ- ၀ိဇ္ဖာဓိုရ်ဆိုတာ ၀ိဇ္ဇာ+ဓရ ဆိုတဲ့ ပါဠိပုဒ်ကနေ ဆင်းသက်လာတယ်လို့ မှတ်ရပါမယ်၊ ၀ိဇ္ဇာ ဆိုတဲ့ ပုဒ်က ၁။ အသိပညာ ၂။ အတတ်ပညာ ၃။ ဗေဒင်သုံးပုံ ၄။ ပု- ဒိ -အာ ဆိုတဲ့ ၀ိဇ္ဇာသုံးပါးကို ဟောပါတယ်၊ အသိပညာ ဆိုတာကတော့ ၀ိဇ္ဖာပညာ လို့ ပြောလို့ရတဲ့ အတတ်ကြီး ၁၈ ပါးကို ရည်ညွှန်းပါတယ်၊ အတတ်ပညာ ကတော့ သိပ္ပံပညာ လို့ ပြောရမဲ့ အတတ်ငယ် ၆၄ ပါးကို ရည်ညွှန်းပါတယ်၊ ဒီနေရာမှာ မျက်စိမြင်၊ နားကြားနိုင်ပြီး သန်မာသူတို့ တတ်အပ်တဲ့အတတ်၊ တနည်းပြောရရင် ခြေလက်အင်္ဂါစုံလင်သူတို့ တတ်အပ်တဲ့ အတတ်ကို အတတ်ကြီး ၁၈ ရပ်လို့ ခေါ်ပြီး အတတ်ငယ်ကိုုတော့ မျက်စိမမြင်သူ၊ နားမကြားသူ၊ မသန်စွမ်းသူ တို့ပါ သင်ယူနို်င်တဲ့ (ခြေလက်အင်္ဂါ တခုခု ချွတ်ယွင်းနေတဲ့ )သူတွေပါ သင်ယူနို်င်ပါသတဲ့။ အဲဒါကိုတော့ ကလာ ၆၄ ပါး ( အတတ်ငယ် ၆၄ ပါး) ရယ်လို့ သိရပါတယ်။ အတတ်ကြီး ၁၈ ရပ် - ၁ ။ အကြားအမြင်အတတ်၊ ၂၊ ဓမ္မသတ်အတတ်၊ ၃၊ သချင်္ာ အတတ်၊ ၄။ လက်သမားအတတ်၊ ၅။ နီတိအတတ်၊ ၆။ ဗျာကရုဏ်းအတတ်၊ ၇။ ကဗျာလင်္ကာအတတ်၊ ၈။ လက်ပစ်အတတ်၊ ၉။လေးအတတ်၊ ၁၀။ စကားတောင်းအတတ်၊ ၁၁။ဆေးအတတ်၊ ၁၂။ ရယ်ရွှင်ဖွယ်အတတ်၊ ၁၃။ ဗေဒင်အတတ်၊ ၁၄။ မာယာအတတ်၊ ၁၅။ဆန်းကျမ်းအတတ်၊ ၁၆။ သံတမန်အတတ်၊ ၁၇။ မန္တာန်အတတ်၊ ၁၈။ သဒ္ဒါကျမ်းအတတ်၊ ဒီအတတ်ကြီး ၁၈ရပ်ကိုတော့ လောကနီတိ ဂါထာနံပါတ် ၁၀-၁၁ မှာ တွေ့ရှိနို်င်ပါတယ်။ ဆက်ပါအုံးမည် - - ( ၄ ) အတတ်ငယ် ၆၄ ပါးကို ဗဟုဿုတအနေနဲ့ ကလာအပြား ၆၄ ပါးလို့လဲ ခေါ်လေ့ရှိကြပါတယ်၊ ၀ိသုဒ္ဓါရုံမူ အဘ်ိဓာန်နိဿယသစ် ဂါထာနံပါတ် ၅၂၈ မှာ ဖော်ပြထားတာက - ဒီလိုပါ၊ ၁။နစ္စ= ကခြင်းအတတ်၊ ၂။ ၀ါဒန=တီးမှုတ်ခြင်းအတတ်၊ ၃။ ဝတ္ထာလင်္ကာရ = အဝတ်ဆင်ယင် ဝတ်တတ်ခြင်း၊ ၄။အနေကရူပ= ရုပ်ပြောင်းရုပ်လွဲတတ်ခြင်း၊ ၅။သေယျာဒိ= အိပ်ယာနေရာ ခင်းကျင်းသောအတတ်၊ ၆။ဇုတာဒိ= ကြွေအံ လောင်းကစားအတတ်၊ ၇။ အနေကာဒိ ရတိဇာနန= နည်းမျိုးစုံ ကာမဂုဏ်မွေ့လျော်ပျော်နည်းအတတ်၊ ၈။မဇ္ဇာသဝါဒိ=သေအရက်မျိုးစုံ ချက်တတ်ခြင်း၊ ၉။သလ္လ ဟရဏ= စူးဝင်သော မြှားငြောင့်ကို မနာကျင်အောင် ကုပေးခြင်း၊ ၁၀။အန္နာဒိ ပစန= စားဖိုမှူး အတတ်၊ ၁၁။ ဗီဇာရောပ= လယ်ယာသီးနှံ စိုက်ပျိုးခြင်းအတတ်၊ ၁၂။ ပါသာ ဏာဒိ ၀ိဒါရဏ= ကျောက်ဓာတ် ရွှေဓာတ် စသည်ကို ပြာချသောအတတ်၊ ၁၃။ဥစ္ဆု ၀ိကာရ =ထန်းလျက်၊ ကြံသကာ၊ တင်းလဲ၊ သကြားချက်ခြင်းအတတ်၊ ၁၄။ဓာတောသဒိသံ ယောဂါဒိကြိယာ =ရွှေဓာတ် စသည်ကို ဆေးနှင့် ဖော်စပ်ခြင်းအတတ်၊ ၁၅။ဓာတု သံယောဂ= ရွှေငွေ စသည် ဓာတ်ခွဲသော ဓာတုဗေဒ အတတ်၊ ၁၆။ဓာတွာဒိ သံယောဂ =ဓာတ်ရောစပ်ခြင်း အတတ်၊ ၁၇။ခါရ နိက္ကာသန= လက်နက်အတွက် ယမ်းမှုန့်၊ ဆား ထုတ်လုပ်ခြင်း၊ ဆပ်ပြာထုတ်လုပ်ခြင်းအတတ်၊ ၁၈။ သတ္ထသန္ဓာန ၀ိက္ခေပ= လက်နက် ချိန်ရွယ်ပစ်လွှတ်ခြင်းအတတ်၊ ၁၉။မလ္လ ယုဒ္ဓ= နပမ်းလုံးခြင်း အတတ်၊ ၂၀။ဗာဟု ယုဒ္ဓ= လက်ဝှေ့ ထိုးသတ်ခြင်းအတတ်၊ ၂၁။ ရှာမတွေ့သေးပါ၊ ၂၂။ဗျူဟ ရစနာဒိ ကရဏ= စစ်တိုက်နည်းပရိယာယ်ကြွယ်ဝခြင်း၊ ၂၃။ဒေဝတာ တောသန= နတ်တို့ နှစ်သက်ခြင်းအတတ်၊ ၂၄။သာရထျ ဟတ္ထိ အဿ ဂတိသိက္ခာ=ဆင်စီး မြင်းစီးအတတ်၊ ၂၅။ မတ္တိကာ ဘဏ္ဍသံကြိယာ= အိုးထိမ်းသည်အတတ်၊ ၂၆။ ကဋ္ဌဘဏ္ဍ သံကြိယာ=လက်သမားအတတ်၊ ၂၇။ ပါသာဏ ဘဏ္ဍသံကြိယာ= ကျောက်ဆစ်အတတ်၊ ၂၈။ ဓာတုဘဏ္ဍ သံကြိယာ= ပန်းပဲ ပန်းတဉ်းအတတ်၊ ၂၉။ စိတ္တဒယျာလေခနံ = ပန်းချီအတတ်၊ ၃၀။ တဠာဂဝါ=မြေတူးခြင်း၊ မြေညှိခြင်းအတတ်၊ ၃၁။ယန္တကရဏ = ယန္တရား စက်နာရီ တူရိယာ ပြုလုပ်သောအတတ်၊ ၃၂။ဝဏ္ဏရဥ္စန = ဆေးဆိုးအတတ်၊ ၃၃။ ဇလဝါယဂ္ဂိ =ရေစက်၊ လေစက် မီးစက်အတတ်၊ ၃၄။ယာန ကရဏ =ယာဉ်အမျိုးမျိုး ပြုလုပ်တတ်သောအတတ်၊ ၃၅။ သုတ္တာဒိရဇ္ဇု = ချည်ငင်ခြင်း၊ ကြိုးကျစ်ခြင်းအတတ်၊ ၃၆။ ဝတ္ထ ၀ါယန= ရက်ကန်းအတတ်၊ ၃၇။ ရတန ဝေဓာဒိ= ရတနာတို့၏ အပေါက်ကောင်းမကောင်း သိနိုင်သော အတတ်၊ ၃၈။ သုဝဏ္ဏာဒိ =ရွှေစသည်ကို အမျိုးအစား ခွဲခြားသိနိုင်ခြင်းအတတ်၊ ၃၉။ ကိတ္တိမ သုဝဏ္ဏရတနာဒိ= ရွှေစသော ကိတ္တိမရတနာပြုလုပ်ခြင်းအတတ်၊ ၄၀။သုဝဏ္ဏာဒျ လင်္ကာရ= ရွှေပန်းထိန် အတတ်၊ ၄၁။လေပါဒိ သံကြိယာ= ပန်းရန်အတတ်၊ ၄၂။ စမ္မမဒ္ဒဝါဒိ =သားရေနယ်အတတ်၊ ၄၃။ပသု ဓမ္မင်္ဂ နီဟာရကြိယာ= သားကောင်မှ သားရေကို မဆုတ်မပြဲ ခွါထုတ်ခြင်းအတတ်၊ ၄၄။ဒုဒ္ဒဒေါဟာဒိ= နွားနို့ညစ်ခြင်း၊ထောပတ် ချက်ခြင်းအတတ်၊ ၄၅။ကဥ္စုကာဒိ= ချပ်ဝတ်သင်ဒိုင်း ချုပ်စပ်ခြင်းအတတ်၊ ၄၆။ ဇလ တရဏ= ရေကူးခြင်းအတတ်၊ ၄၇။ ဂေဟဘဏ္ဍာဒိ မဇ္ဖန= ကြေးခွက်စသော အိမ်အသုံးအဆာင် တိုက်ချွတ်သန့်စင်ခြင်း အတတ်၊ ၄၈။ဝတ္ထ သမ္မဇ္ဖန= ခဝါသည် အတတ်၊ ၄၉။ခုရကမ္မ= ဆတ္တာသည် အတတ်၊ ၅၀။ တိလ မံသာဒိသိနေဟ= နှမ်းဆီ ပဲဆီ ညှစ်ထုတ်နည်းအတတ်၊ ၅၁။သိရာဒျာကဿဏ = လယ်ထွန်ခြင်း အတတ်၊ ၅၂။ရုက္ခာရောဟန= သစ်ပင်တက်ခြင်းအတတ်၊ ၅၃။ မနောနုကူလ သေဝါကရဏ = အရှင့်စိတ်တို်င်းကျ ခစားလုပ်ကျွေးခြင်း အတတ်၊ ၅၄။ ဝေဏုတိဏာဒိ= နှီးခွက် မြက်ဖျာ ရက်လုပ်သော ဒေါင်းရွှေ အတတ်၊ ၅၅။ကာစ ပတ္တာဒိကရဏ = စဉ့်အိုး စဉ့်ခွက် ဖန်အိုး ဖန်ခွက် ပြုလုပ်ခြင်း အတတ်၊ ၅၆။ဇလ သံသေဇန သံဟရဏ= ရေကို သွယ်ယူ လှောင်ခြင်းအတတ်၊ ၅၇။ လောဟာဒိ သာရ= သံမဏိ လက်နက် ပြုလုပ်ခြင်းအတတ်၊ ၅၈။ ဟတ္ထိအဿာဒိ ပိတ္ထတ္ထရဏ= ဆင်ကုန်းနှီး မြင်းကုန်းနှီး ပြုလုပ်သော အတတ်၊ ၅၉။ သိဘု သံရက္ခဏ= ကလေးထိန်းအတတ်၊ ၆၀။ အပရာဒိ တာဠ ညာဏ = အပြစ်သင့်သူကို ရိုက်နှက်ခြင်း အတတ်၊ ၆၁။ နာနာဒေသိယ ဝဏ္ဏလေခန =လူအမျိုးမျိုးတို့၏ အက္ခရာ ရေးသားခြင်း အတတ်၊ ၆၂။တမ္ဗူလ ရက္ခာဒိကြိယာ = ကွမ်းကို စောင့်ရှောက်ခြင်း စသည်ပြုလုပ်သောအတတ်၊ ၆၃။ အာဒါန ဂုဏ = လျင်မြန်သင့်လျင် လျင်မြန်အောင် လုပ်နိုင်ခြင်းအတတ်၊ ၆၄။ပတိဒါန ဂုဏ = နှေးသင့်လျင် နှေးနှေး ပြုလုပ်နိုင်ခြင်း အတတ်၊ ဒီအတတ်တွေကိုတော့ ကိုယ်လက် အင်္ဂါ မသန်စွမ်းသူ ချို့တဲ့သူ တွေပါ သင်ယူနို်င်တဲ့ အတတ်ငယ် ၆၄ ပါး လို့ ခေါ်ဆိုနိုင်ပါတယ်၊ ဆက်ပါအုံးမည် - - ( နိဂုံး ) ဒါကြောင့် ၀ိဇ္ဇာဓိ်ုရ် ဆိုတာ ၀ိဇ္ဖာ+ ဓရ = အသိပညာ အတတ်ပညာကို ကျင့်နေသူ ဆောင်ထားသူ လို့ အဓိပ္ပါယ်ရပါတယ်၊ အတတ်ပညာ အသိပညာတွေအားလုံးကို တတ်တာမျိုးမဟုတ်ပါဘူး၊ အတတ်ပညာ တခုခုကို တဖက်ကမ်းခတ် တတ်မြောက်သူူကို စာစကားနဲ့ ၀ိဇ္ဖာဓိုရ် လို့ ခေါ်နိုင်ပါတယ်၊ ဇော်ဂျီ ဆိုတာ = ဇော်ဂျီ လို့ ဆိုလိုက်ရင် လူအများ တွေးမြင်တာက ဇာတ်ပွဲထဲက တောင်ဝှေးလေးနဲ့ ကတတ်တဲ့ ဇော်ဂျီကိုပဲ တွေးတတ်ကြပါတယ်၊ တကယ်တမ်း အရင်းစစ်လိုက်တော့ အဲဒီလို မဟုတ်ပါဘူး၊ ဇော်ဂျီ ဆိုတဲ့ ပုဒ်ဟာ ယောဂီ ပုဒ်ကနေ ဆင်းသက် လာပါတယ်။ ( သဒ္ဒါမှာတော့ ဂဝယော ပုဒ်ကနေ ဂဝဇော ဖြစ်လာသလိုပါပဲ။ ဒေါ ဓဿ စ သုတ် အဖွင့်အရ ယကို ဇပြုသလို ) ယောဂီ မှ ဇောဂီ ဖြစ်လာပါတယ်။ နောက် ဂီ မှာလည်းပဲ သက္ကတသံ ( ရေဖ ) ခေါ်တဲ့ ရ ရောက်ခဲ့လို့ ဂျီ ဖြစ်သွားတယ်။ ယောဂီ ဆိုတဲ့ ပါဠိစကားလုံးကို သက္ကတ အသံပျက်နဲ့ မြန်မာတွေက ဇော်ဂျီ လို့ ဖတ်လိုက်ကြတယ်။ အဓိပ္ပါယ်က ယောဂတရား အားထုတ်နေသူ လို့ ဆိုလိုပါတယ်။ ယောဂ တရား ဆိုတာကလဲ သမထတရား ၊ စျာန်တရား သမာဓိတရားပါပဲ၊ သာသနာပ ပုဂ္ဂိုလ်များကတော့ ကိုယ့် သန္တာန်မှာ လောဘ ဒေါသ ကိလေသာတွေ ပေါ်လာရင် အဲဒီ အကုသိုလ်စိတ်တွေ ငြိမ်သက်သွားအောင် မြစ်ထဲ ဆင်းပြီး တနေကုန် ရေစိမ်နေတာမျိုး၊ ရေငုတ်နေတာမျိုး ( ရေစိမ်နေရင် အေးလာပြီး ကိလေသာစိတ် ပျောက်သွားတတ်တယ် ) ရာသီဥတု ပူသော်လည်း မီးလှုံနေတာမျိုး၊( မီးလှုံနေတော့ ခန္ဒာကိုယ်က ပူလာပြီး ကိသေသာစိတ် ပျောက်သွားတတ်တယ်) ကလေးတွေ ကစားသလို တုံးကျော်နည်း ခုန်ကျော်နညး် ကစားခြင်းမျိုး၊ ဇယ်ခတ် ကစားခြင်းမျိုး၊ ဆူးတွေပေါ် အိပ်တာမျိုး ဒါတွေကလဲ နာကျင် ခံစားရတဲ့အတွက် ကိလေသာစိတ် ကို ဖြေဖျောက်နည်း တမျိုးပါပဲ၊ ဒီအကျင့်တွေကို မြတ်စွာဘုရားက အတ္တကိလမထ နုယောဂ = ကိုယ့်ခန္ဓာကိုယ်ကို ပင်ပန်းဆင်းရဲအောင် ကျင့်တဲ့ အကျင့်တွေ အကျိူးမရှိဘူး၊ ယုတ်ညံ့တဲ့ ကျင့်စဉ်တွေ လို့ ဓမ္မစကြာသုတ် တရားတော်မှာ ဟောကြားထားတော်မူပါတယ်။ အကျဉ်း ချုပ်လိုက်တော့ ယောဂ အကျင့် ကျင့်နေသူ မှန်သမျှကို ယောဂီ ခေါ်ရသလို ဇော်ဂျီ လို့လဲ ခေါ်နို်င်ပါတယ်။ ကိုယ်ကျင့်တဲ့ အကျင့် က မှန်ကန် ကောင်းမြတ် ဘုရားဟော နညး်လမ်းကျနေရင် မြင့်မြတ်တဲ့ ယောဂီ ဖြစ်ပြီး နညး်လမ်းမကျ လွဲမှားနေရင် ယုတ်ညံ့တဲ့ ယောဂီ ဇော်ဂျီ ဖြစ်သွားမှာပါ။ တပဿီ = ( တပေါ ယဿ အတ္ထိ တသ္မိ ံ ၀ါ ၀ိဇ္ဖတီတိ တပဿီ ) လို့ သဒ္ဒါကျမ်းများက ဆိုပါတယ်။ ဖြစ်ပေါ်လာတဲ့ ကိလေသာတွေ နညး်ပါး ပျက်စီးသွားအောင် ခြိုးခြံ ခေါင်းပါး စွာ ကျင့်ကြံကြိုးကုတ် အားထုတ်နေသူ ပေါ့။ ဒါကြောင့် အားလုံးကို အကျဉ်း ချုပ်လိုက်ရင် ၀ိဇ္ဇာပညာမျိုး သိပ္ပံပညာမျိုးတွေ တဖက်ကမ်းခတ် တတ်မြောက်သူကို ၀ိဇ္ဇာဓိုရ် လို့ ခေါ်ပါတယ်၊ သမထ ၀ိပဿနာ ပွားများ အားထုတ်နေသူ အားလုံး ကို ဇော်ဂျီ တပဿီ လို့ ခေါ်နိုင်ပါတယ်၊ ဒီနေရာမှာ စကားအရ မဆန်းပြားပေမယ့် ထူးဆန်းနေတာက ၀ိဇ္ဇာ ဇော်ဂျီ တပဿီ လို့ ဆိုရင် လူတွေက ဗျတ်ဝိ ဗျတ္တ တို့လို၊ ဇော်ဂျီ တောင်ဝှေးနဲ့ ကောင်းကင် ပျံနို်င် - မြေလျိုး မိုးပျံ နို်င်တဲ့ သူတွေကိုပဲ ထင်နေကြတာပါ။ အဲဒီ အယူအဆက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက လူတွေရဲ့ စိတ်ထဲမှာ အမြစ်တွယ် နေတဲ့ အယူအဆ ပါပဲ။ ထီးချိုင့်မြို့ တည်တော ဆရာတော်ကြီး၏ ဗုဒ္ဓဝါဒဆိုင်ရာအဖြေများမှ
https://www.dhammaransi.com/index.php/new/451-2016-12-14-07-38-32.html
ပဋ္ဌာန်းအကြောင်းသိကောင်းစရာ
ယနေ့ ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဆိုနေကြသော အမျိုးကောင်းသား၊အမျိုးကောင်း သမီး သူတော်စင်များအနေဖြင့် ၁။ဘာကြောင့်ပဋ္ဌာန်းလို့ခေါ်သလဲ။ ၂။ပဋ္ဌာန်းတရားကို ပထမဦးဆုံး ဆင်ခြင်သည့်နေရာ ၃။ပဋ္ဌာန်းတရားကို ဟောကြားခဲ့သော အချိန် ၄။ပဋ္ဌာန်းတရားကို ဟောကြားခဲ့သောနေရာ ၅။ပဋ္ဌာန်းတရားကိုဟောကြားခဲ့သောပုဂ္ဂိုလ် ၆။ပဋ္ဌာန်းတရားကိုဟောကြားခဲ့သော ရည်ရွယ်ချက် ၇။ပဋ္ဌာန်းတရားကိုဟောကြားခဲ့သော ရက်ပေါင်း ၈။ပဋ္ဌာန်းတရားကို ပြန့်ပွားအောင်ဖြန့်ဖြူးခဲ့သော ပုဂ္ဂိုလ် ၉။ပဋ္ဌာန်းတရားကျယ်ဝန်းပုံ ၁၀။ပဋ္ဌာန်းတရားတော်ရွတ်ဆိုရခြင်းကြောင့် ရရှိနိုင်သော အကျိုးတရားများ၊ဤဆယ်ချက်ကို အကျဉ်းချုပ်သိထားဖို့လိုပါတယ်။ ၁။ဘာကြောင့်ပဋ္ဌာန်းလို့ခေါ်သလဲဆိုရင် ●●●●●●●●●●●●●●● ပဋ္ဌာန်းဆိုတဲ့ ဝေါဟာရသည် ပဋ္ဌာန ဆိုတဲ့ပါဠိကနေ ဆင်းသက်လာတာပါ။ ပဋ္ဌာန=အမျိုးမျိုးသော အကြောင်း ပဋ္ဌာန=ဝေဖန်ခြင်း ပဋ္ဌာန=ကျက်စားသွားလာရာသို့ ဆိုပြီး အနက်သုံးမျိုးထွက်ပါတယ်။ထို့ကြောင့် (က)။အကြောင်းအမျိုးမျိုးကိုဟောတတ်သော ကြောင့် ပဋ္ဌာန်း။ (ခ)။ကုသိုလ်စသော တရားတို့ကို (၂၄)ပစ္စည်းတို့ဖြင့် ဝေဖန်ထားသောကြောင့် ပဋ္ဌာန်း။ (ဂ)။သဗ္ဗညုတဉာဏ်၏လွတ်လွတ်လပ်လပ် ကျက်စားသွားလာရာကျမ်းဖြစ်သောကြောင့် ပဋ္ဌာန်းဟုခေါ်ဆိုခြင်းဖြစ်ပါတယ်။ (၂)။ပထမဆုံး ဆင်ခြင်သည့်နေရာ ●●●●●●●●●●●●● ပဋ္ဌာန်းတရားကို မြတ်စွာဘုရား ဘယ်နေရာမှာ ပထမဦးဆုံး စတင်ဆင်ခြင်ခဲ့သလဲလို့ဆိုတော့ မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် (၁၀၃)ခုနှစ်မှာ ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် (၂၁)ရက်အလွန် (၂၂)ရက်မှစ၍ ရတနာဃရ စတုတ္ထသတ္တာဟ၌ စံနေတော်မူခိုက် အဘိဓမ္မာ(၇)ကျမ်းကို သုံးသပ်ဆင်ခြင်တော်မူပါတယ်။ ရှေ့ခြောက်ကျမ်းကို သုံးသပ်တော်မူပြီးသည့်အထိ ရောင်ခြည်တော် ခြောက်သွယ် မထွက်ပေါ်မကွန့်မြူးသေးပဲ၊ပဋ္ဌာန်းဒေသနာ တော်ကြီးကို သုံးသပ်ဆင်ခြင်တဲ့ အခါမှသာ ရောင်ခြည်ေတော်ခြောက်သွယ် ထွက်ပေါ်တော်မူလာတာပါ။(ဥပမာ)ကြီးမားတဲ့ငါးကြီးတွေဟာ ကျဉ်းမြောင်းတဲ့ မြစ်ချောင်း အင်းအိုင်မှာလှုပ်ရှားခွင့်မရဘဲ မဟာသမုဒ္ဒရာကြီးထဲမှာသာ စိတ်ကြိုက်မြူးတူးလှုပ်ရှားခွင့်ရသလို မြတ်စွာဘုရားရှင်၏ သဗ္ဗညုတဉာဏ်တော်ကြီးသည်လည်း ပဋ္ဌာန်းဒေသနာတော်ကို ဆင်ခြင်သော အခါမှသာ ရောင်ခြည်တော်များ ထွက်ပေါ်ကွန့်မြူးသည်ထိ ကျက်စားနိုင်ခဲ့ပါတယ်။ ဒါကြောင့် နေအထောင် လအသောင်းနဲ့နှိုင်းစာလို့မရအောင် ဂုဏ်ရောင်ဆောင်တဲ့ ရောင်ခြည်တော်ခြောက်သွယ်ကို ထွက်ပေါ်စေတာဟာဖြင့် ဤပဋ္ဌာန်းတရားတော်ကြီး၏ ထူးခြားချက်ပဲဖြစ်ပါတယ်။ ဒီပဋ္ဌာန်း တရားတော်ကြီးကို စတုတ္ထသတ္တာဟ ရတနာဃရ စံအိမ်တော်မှာ စတင်ဆင်ခြင်ခဲ့တယ်လို့ မှတ်သားထားရပါမယ်။ ယနေ့ ဗုဒ္ဓဘာသာဝင်တို့ တလူလူလွှင့်ထူနေကြတဲ့ သာသနာ့အလံတော်ဟာ ရောင်ခြည်တော်ခြောက်သွယ်ကို အမှတ်အသားပြုထားတဲ့ အလံတော်ဖြစ်ပါတယ်။ဒီသာသနာ့အလံတော်ကိုမြင်တိုင်း ဒီသာသနာ့အလံတော်ကို အသုံးပြုတိုင်း ပဋ္ဌာန်း တရားတော်ကြီးကို သတိရနေကြရမှာဖြစ်ပါတယ်။ ၃။ဟောကြားခဲ့သောအချိန် ●●●●●●●●●● ပဋ္ဌာန်းတရားတော်ကြီးကို ဘယ်အချိန်မှာ ဘယ်ကာလမှာ ဟောခဲ့ပါသလဲဆိုတော့ မြတ်စွာဘုရားရှင် ၆-ဝါ အလွန်၊ (၇)ဝါအရောက် သက်တော်(၄၂)နှစ်အရွယ်မှာ ဟောကြားခဲ့တယ်လို့မှတ်သားနိုင်ပါတယ်။ ၄။ဟောကြားခဲ့သောနေရာ ●●●●●●●●●● ပဋ္ဌာန်းတရားတော်ကြီးကို ဘယ်နေရာမှာဟောခဲ့ပါသလဲဆိုရင် မြတ်စွာဘုရားရှင်ဟာ တာဝတိ ံသာနတ်ပြည် ပင်လယ်ကသစ်ပင်အရင်း ပဏ္ဍုကမ္ဗလာကျောက်ဖျာထက်မှာ ဟောခဲ့ပါတယ်။ ၅။ဟောကြားခဲ့သော ပုဂ္ဂိုလ် ●●●●●●●●●●● ပဋ္ဌာန်းဒေသနာတော်ကြီးကို ဘယ်သူတွေဟောခဲ့သလဲလို့ ဆိုတော့ မြတ်စွာဘုရားရှင်ဟာ နတ်ဗြဟ္မာတို့ကိုဟောကြားခဲ့တယ်လို့သိနိုင်ပါတယ်။ ၆။ဟောကြားခဲ့သော ရည်ရွယ်ချက် ●●●●●●●●●●●●● ပဋ္ဌာန်းတရားတော်ကြီးကို ဘာရည်ရွယ်ချက်နဲ့ ဟောကြားခဲ့ပါသလဲလို့ ဆိုရင် မြတ်စွာဘုရားရှင်ဟာ မယ်တော်ဖြစ်ခဲ့ဘူးသော သန္တုဿိတနတ်သားကို အကြောင်းပြု၍ နိုးဖိုးဆပ်တရားအဖြစ် ကျေးဇူးဆပ်လို၍ဟောကြားခဲ့ခြင်းဖြစ်ပါတယ်။ ၇။ဟောကြားခဲ့သော ရက်ပေါင်း ●●●●●●●●●●●●● ပဋ္ဌာန်းကျမ်းကို ရက်ပေါင်းမည်မျှကြာအောင် ဟောခဲ့သလဲလို့ဆိုတော့ ရက်အတိအကျမဟုတ်သော်လည်း ခန့်မှန်းတွက်ချက်ကြည့်ချက်အရ အဘိဓမ္မာ(၇)ကျမ်းကို တာဝတိံသာနတ်ပြည်မှာ ရက်ပေါင်း(၉၀)၊(၃)လကြာအောင်ဟောကြား တော်မူရာ ဓမ္မသင်္ဂဏီ(၁၂)ရက်၊ ဝိဘင်း(၁၂)ရက်၊ ဓာတုကထာ(၆)ရက်၊၊ ပုဂ္ဂလပညတ္တိ(၇)ရက်၊ ကထာဝတ္ထု(၈)ရက်၊ ယမိုက်(၂၀)ရက်၊ ပဋ္ဌာန်းကျမ်း(၂၅)ရက် အသီးသီးဟောခဲ့တယ်လို့ အဆိုရှိပါတယ်။ ၈။ပဋ္ဌာန်းတရား ပြန့်ပွားအောင် ဖြန့်ဖြူးပေးခဲ့သော ပုဂ္ဂိုလ် ●●●●●●●●●●●●● ပဋ္ဌာန်းတရား ပြန့်ပွားအောင်မည်သူက စတင်ဖြန့်ဖြူးခဲ့ပါသလဲဆိုတော့ ပဋ္ဌာန်းတရားကို မြတ်စွာဘုရားရှင်က တာဝတိံသာနတ်ပြည်မှာ နတ်ဗြဟ္မာတို့ကို အကျယ်အားဖြင့်ဟောတော်မူခဲ့ပါတယ်။ အရှင်သာရိပုတ္တရာကိုဟောတော်မူတဲ့အခါ အရှင်သာရိပုတ္တရာသည် မြတ်စွာဘုရားပြီးရင် ပညာအကြီးဆုံး အဂ္ဂသာဝကကြီးဖြစ်တော်မူလို့ အကျဉ်းနည်းနဲ့ဟောတော်မူတာပါ။ ထိုမှတစ်ဆင့် အရှင်သာရိပုတ္တရာက လင်းနို့သားငါးရာဖြစ်ခဲ့ဖူးသော တပည့်ရဟန်းငါးရာကို မကျဉ်းမကျယ် အလယ်အလတ်နည်းဖြင့်သင်ကြားပို့ချဟော တော်မူခဲ့ပါတယ်။ ဒါကြောင့်ပဋ္ဌာန်းတရားတော်ကြီးကို ယနေ့ရဟန်း ရှင်လူတို့ နာယူ သင်ကြားပို့ချနေနိုင်ခြင်းမှာ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး၏ ကျေးဇူးကြောင့်ဆိုတာ သိထားရပါမယ်။ ပဋ္ဌာန်းတရားပြန့်ပွားအောင် အရှင်သာရိပုတ္တရာက စတင်ဖြန့်ဖြူးခဲ့တယ်လို့အသိမှတ်ပြုရမှာ ဖြစ်ပါတယ်။ ၉။ပဋ္ဌာန်းတရားကျယ်ဝန်းပုံ ●●●●●●●●●●● ပဋ္ဌာန်းတရား ဘယ်ပုံကျယ်ဝန်းသလဲဆိုတဲ့ အချက်ကို ပြောကြည့်ရင် ဒီကမ္ဘာလောကကြီးမှာ အကျယ်ဝန်းဆုံးဖြစ်တဲ့ အရာဌာနကြီး ၄ခုရှိပါတယ်။ အဲဒီ(၄)ခုကဘာလဲလို့ဆိုတော့ (၁)။သံသာရ သာဂရ=သံသရာပင်လယ်ကြီး။ (၂)။ဇလ သာဂရ=ရေပင်လယ်ကြီး။ (၃)။နယသာဂရ=နည်းပင်လယ်ခေါ်တဲ့ပဋ္ဌာန်းကျမ်းကြီး။ (၄)။ဉာဏသာဂရ=ဉာဏ်ပင်လယ်ကြီးလို့ခေါ်တဲ့ ဘုရားသခင်၏ သဗ္ဗညုတ ဉာဏ်တော်ကြီး။ ဒီသာဂရ (၄)မျိုးတို့တွင် ပဋ္ဌာန်းကျမ်းကြီးက အလွန်ကျယ်ဝန်းလှတဲ့ နယသာဂရကြီးအဖြစ် မှတ်တမ်းတင်ခြင်းခံရပါတယ်။ဒါကြောင့် အနန္တနယသမန္တပဋ္ဌာန်းကျမ်းကြီးလို့ခေါ်ဆိုကြတာပါ။ ပဋ္ဌာန်းကျမ်းကြီးရဲ့ကျယ်ဝန်းပုံကတော့ ပဋ္ဌာန်းပါဠိတော်သည် ဆဋ္ဌသံဂါယနာတင်ပါဠိတော်အုပ်ရေအားဖြင့် (၅)အုပ်ရှိပြီး စာမျက်နှာပေါင်း (၂၆၄၀)တိတိရှိပါတယ်။ အသံမစဲ မနားတမ်းရွတ်ဖတ်သွားမယ်ဆိုရင် နာရီပေါင်း(၁၃၂)နာရီ ရွတ်ဖတ်ရပါမယ်။ပေယျာလ(မြှုပ်ကွက်)တွေကိုဖော်ပြီးရွတ်မယ်ဆိုရင် တစ်သက်လုံးရွတ်ဖတ်လို့မကုန်နိုင်လောက် အောင်များတယ်လို့ဆိုပါတယ်။ သာမန်သူလို ကိုယ်လို ပုဂ္ဂိုလ်မျိုးကို မဆိုထားဘိ၊ဂါထာပေါင်း တစ်သောင်းငါးထောင်၊ပုဒ်ပေါင်းခြောက် သောင်းကို ခဏချင်းသင်ယူနိုင်သော အရှင်အာနန္ဒာ၊မိုးသီးမိုးပေါက်ကိုပင်တစ်လုံး ချင်းရေတွက်နိုင်သောအရှင်သာရိပုတ္တရာသော်မှ ဤပဋ္ဌာန်းဒေသနာတော်ကို မြတ်စွာဘုရားဟောသည့်အတိုင်း အပြည့်အစုံရွတ်ဆိုဖို့မလွယ်ကူပါ။ ပဋ္ဌာန်းကျမ်းတော်ကြီးမှာ ပါဠိအနေအားဖြင့် အနန္တ အပရိမာဏ အဆုံးအပိုင်းခြားမရှိအောင် ကျယ်ဝန်းလှသောကျမ်းကြီးဖြစ်၍ ထိုကျမ်းကြီး၏ ပုဒ်အစဉ်နှင့်အနက်အဓိပ္ပါယ်ကို ပြည့်ပြည့်စုံစုံတစ်စုံတစ်ယောက်က ဖွင့်ပြမည်ဟု ကြိုးစားခဲ့လျှင် အသက်သာကုန်ဖွယ်ရာရှိပါတယ်။ပဋ္ဌာန်းကျမ်း ကြီးကတော့ ကုန်နိုင်မည်မဟုတ်ဟု ဥဒါန်းစကားပင်ရှိနေပါတယ်။ ဒါဖြင့်ရင် ဤမျှလောက်ကျယ်ဝန်းတဲ့ ပဋ္ဌာန်းကျမ်းကြီးကို မြတ်စွာဘုရားရှင်(၂၅)ရက်အတွင်းပြီးစီးအောင် ဟောတော်မူနိုင်ခြင်းနှင့်ပတ်သတ်ပြီး မြတ်စွာဘုရားစကားတော် လျင်မြန်ပုံအကြောင်းကိုသိထားရပါမည်။ (က)။ပကတိသာမန်လူသားများ စကားတစ်ခွန်းပြောတဲ့အချိန်မှာ အရှင်အာနန္ဒာက (၈)ခွန်းထိပြီးစီးအောင်ပြောနိုင်ပါတယ်။ (ခ)။အရှင်အာနန္ဒာက စကားတစ်ခွန်းပြောဆိုတဲ့အချိန်မှာ မြတ်စွာဘုရားရှင်က (၁၆)ခွန်းထိပြောဆိုနိုင်ပါတယ်။ (ဂ)။ပကတိသာမန်လူတစ်ယောက်စကားတစ် ခွန်းပြောဆိုချိန်မှာ မြတ်စွာဘုရားရှင်က (၁၂၈)ခွန်းပြီးအောင်ပြောဆိုနိုင်တာကြောင့် ဟောကြားနိုင်ခဲ့တယ်လို့သိရပါတယ်။မြတ်စွာဘုရားရှင်ဤမျှလောက်စကားတော် လျင်မြန်ရခြင်းကလည်း ဘဝပေါင်းများစွာပါရမီတော်တွေကိုဖြည့်ကျင့်ခဲ့တဲ့ပါရမီတော်တွေကြောင့်လည်းကောင်း၊သဗ္ဗညုတဉာဏ်တော်ကြောင့်လည်းကောင်းစတဲ့ အချက်တွေကြောင့် စကားတော်လျင်မြန်ရခြင်းအကြောင်း တရားလေးပါးရှိပါတယ်။ ၁။ဇိဝှါမုဒု=လျှာတော်၏ကျယ်ပြန့်ပါးလျနူးညံ့ခြင်း ၂။ဒန္တဝရဏံ သုဖုသိတံ=နှုတ်ခမ်းတော် စေ့စပ်ထိမိခြင်း။ ၃။ဝစနံ အဂနိတံ=ပြောရာ ဟောရာ အခါ၌ လုံးကြွင်းလုံးကျ အထစ်အငေါ့မရှိခြင်း။ ၄။ဘဝင်္ဂပရိသောလဟုကော=ဘဝင်စိတ် အယဉ်လျင်မြန်ခြင်းတို့ကြောင့်ဖြစ်ပါတယ်။ ၁၀။ ပဋ္ဌာန်းရွတ်ဆိုခြင်းကြောင့်ရနိုင်သောအကျိုးတရားများ ●●●●●●●●●●●●● ပဋ္ဌာန်းတရားတော်များကို ရွတ်ဆိုပူဇော်ခြင်း၊သင်ကြားနာယူခြင်း၏အကျိုးတရားများမှာ (၁)။လင်းနို့သားဖြစ်ခဲ့ဖူးသော ရဟန်းတော်များကဲ့သို့ ရုပ်နာမ် ဓမ္မ ခန္ဓာစဉ် သဘာဝပိုင်းခြား ဝေဖန်တတ်သော နာမရူပ ပရိစ္ဆေဒဉာဏ်ရင့်သန်စေခြင်းဟူသော ပထမအကျိုးတရား။ (၂)။မဂ်၊ဖိုလ်နိဗ္ဗာန် ရောက်ရာလမ်းကြောင်း အထောက်အပ့ံကောင်း ဖြစ်နိုင်ခြင်းဟူသော ဒုတိယအကျိုးတရား။ (၃)။ဘေးဥပါဒ် အန္တရာယ် ရန်အသွယ်သွယ်တို့မှ ကင်းဝေး၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာအေးမြခြင်းဟူသော တတိယအကျိုးတရား။ (၄)။ကျက်သရေမင်္ဂလာအဖြာဖြာတို့နှင့်ပြည့်စုံခြင်းဟူသော စတုတ္ထအကျိုးတရား များရရှိနိုင်ပါတယ်။ပဋ္ဌာန်းရွတ်ဆို ပွားများခြင်းသည်ဓမ္မဒေသနာကုသိုလ်ဖြစ်ရုံမက သာသနဓမ္မာနုရက္ခိတသာသနာတော်၏ တရားတော်ကို လူ့နှလုံးသားထဲမှာ စောင့်ရှောက်ထိန်းသိမ်းခိုင်မြဲအောင် ပြုလုပ်ရာရောက်လို့ ကုသိုလ်ထူးများ အကျိုးတရားထူးများ ရနိုင်ပါတယ်။ အဘိဓမ္မာပြန့်ပွားရေးအသင်းများ၊ အဘိဓမ္မာစာမေးပွဲများ၊ အဘိဓမ္မာသင်တန်းများ၊ပဋ္ဌာန်းသင်တန်းများ၊ အသံမစဲပဋ္ဌာန်းပူဇော်ပွဲများကိုလုပ်ကိုင်ဆောင်ရွတ်နေကြတာဟာဖြင့် ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးအတွက် အလွန်ဂုဏ်ယူစရာကောင်းတဲ့လုပ်ရပ်တွေပဲ ဖြစ်ပါတယ်။ ထို့ကြောင့်မိမိတို့အနေနဲ့ အဘိဓမ္မာပဋ္ဌာန်းတရားတော်များကို တိုးတက်သည်ထက်တိုးတက်အောင် ပြန့်ပွားသည်ထက်ပြန့်ပွားအောင်အကုသိုလ် စိတ်ကင်းရှင်းစွာဖြင့် စိတ်ဓာတ်ကို ကြည်ကြည်လင်လင်ထားရှိပြီး ပဋ္ဌာန်းတရားတော်ကြီးကိုရွတ်ဖတ်ကြပါ။ နာယူကြပါ။ သင်ယူကြပါလို့နှိုးဆော်သမှုပြုလိုက်ရပါသည်။ ●●●●●●●●●●●●● ဒေါက်တာအရှင်ကောဝိဒါစာရ၏ ပဋ္ဌာန်းအကြောင်းစာအုပ်မှ မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာ
https://www.dhammaransi.com/index.php/new/452-2016-12-14-07-36-29.html
သြကာသကန်တော့ချိုးရှင်းလင်းချက်
အပါယ်လေးပါး ... ၁။ငရဲ.................ငရဲထိန်း.ငရဲမီးတို့ဖြင့်အမြဲနှိပ်စက်ခံနေရပြီးဆင်းရဲခြင်းအတိပြီးသောဘုံဌာန ၂။တိရစ္ဆာန်..........မဂ်.ဖိုလ်.နိဗ္ဗာန်..နှင့်ဖီလာဖြစ်နေသောသတ္တဝါတို့၏ဘုံဌာန ၃။ပြိတ္တာ.............စားရမဲ့.ဝတ်ရမဲ့.ခိုကိုးရာမဲ့ဖြစ်နေသောသူတို့၏ဘုံဌာန ၄။အသူရကာယ်...နတ်များကဲ့သို့မရဲရင့်မတောက်ပြောင်ပြိတ္တာများထက်အခြေအနေဆိုး၍အမြဲ ပူလောင်ဆင်းရဲခံနေရသူများ၏ဘုံဌာန ကပ်သုံးပါး ... ၁.ဒု ဗ္ဘိက္ခ န္တရကပ်...ငတ်မွတ်ခြင်းဘေးဆိုက်ရောက်နေသောခေတ်ကာလ ၂.သတ္တ န္တရကပ်.....စစ်.လက်နက်...ဘေးအန္တာရာယ်ဆိုက်ရောက်နေသောခေတ်ကာလ ၃.ရောဂန္တရကပ်.....အနာရောဂါ.ကူးစက်ရောဂါဘေးဆိုက်ရောက်နေသောခေတ်ကာလ . . .ကပ်ဆိုက်ပုူံ. . . ၁.သတ္တဝါတို့လောဘတရားကြီးမားလွှမ်းမိုးလာသောအခါဒု ဗ္ဘိက္ခ န္တရကပ်ဆိုက်တတ်သည် ၂.သတ္တဝါတို့ဒေါသတရားကြီးမားလွှမ်းမိုးလာသောအခါသတ္တရကပ်ဆိုက်တတ်သည် ၃.သတ္တဝါတို့မောဟတရားကြီးမားလွှမ်းမိုးလာသောအခါရောဂန္တရကပ်ဆိုက်တတ်သည်။ ရပ်ပြစ်ရှစ်ပါး ... ၁.ငရဲ ၂.တိရစ္ဆာန် ၃.ပြိတ္တာ ၄.လွန်စွာသက်တမ်းရှည်သောအရူပဗြဟ္မာ(နာမ်ခန္ဓာသာရှိ)နှင့်အသညသတ်ဗြဟ္မာ(ရုပ်ခန္ဓာ သာရှိ)။ ထို့ကြောင့် ဘုရားပွင့်သော်လည်းတရားမနာနှိုင်ကြပေ ။ ၅.ပစ္စ န္တရစ်အရပ်သား....တိုင်းစွန်ပြည်ဖျားလမ်းပန်းဆက်သွယ်ရေးခက်ခဲ၍ဝေါဟာရမပြည့်စုံမ ကြွယ်ဝသောလူရိုင်းမျိုးနွယ် ၆.မိစ္ဆာဒိဌိ ..... မှားယွင်းသောအယူရှိသူ ၇.ဒုပ္ပည ..... အသိဉာဏ်လူစဉ်မမှီသူ ၈.သာသနာပကာလ ....ဘုရားရှင်၏ဒေသနာတော်ကိုနာကြားခွင့်မရရှိနှိုင်ခြင်း ရန်သူမျိုးငါးပါး ..... ၁.ရေ ၂. မီး ၃. မင်း ( တိုင်းပြည်အုပ်ချုပ်သူ ) ၄.ခိုးသူ ၅.အမွေခံဆိုး(မိဘပစ္စည်းဖြုန်းတီး၍မိဘကိုနှိပ်စက်တတ်သည့်သားသမီးဆိုး) ၀ိပ္ပတ္တိတရားလေးပါး ၁.ဂတိ၀ိပ္ပတ္တိ...လားရာဂတိဖောက်ပြန်ပြန်ခြင်း ၂.ဥပဓိ၀ိပ္ပတ္တိ...ရုပ်ဆင်းအင်္ဂါင်္ချို့တဲ့ခြင်း ၃.ကာလဝိပ္ပတ္တိ....ခေတ်ပျက်.ကာလပျက်ခြင်း.တရားဥပဒေဖြင့်အုပ်ချုပ်မှု့ကင်း မဲ့နေသောအချိန်ကာလ ၄.ပယောဂဝိပ္ပတ္တိ.....လုပ်ဆောင်မှု့မမှန်ကန်ခြင်း.အားထုတ်မှု့မမှန်ကန်ခြင်း.လုပ်မှား ကိုင်မှားဖြစ်ခြင်း.အပြစ်ကျူးလွန်ခြင်း ဗျသနတရားငါးပါး ၁.ဉာတိဗျသန....ဆွေမျိုးများပျက်စီးခြင်း ၂.ဘောဂဗျသန.....စည်းစိမ်ဥစ္စာဆုတ်ယုတ်ပျက်စီးခြင်း ၃.ရောဂဗျသန.....အနာရောဂါစွဲကပ်နှိပ်စက်ခြင်း ***၄.သီလဗျသန.....အကျင့်သီလပျက်ခြင်း ***၅.ဒိဌိဗျသန.....အယူလွဲမှားခြင်း ***၄ နှင့်***၅..သည်.ယခုဘဝ၌သာမဟုတ်.ဘဝများစွာဆင်းရဲခြင်းသို့ရောက်စေတတ် ခြင်းကြောင့်ကြောက်ဖွယ်အလွန်ကောင်းပါသည် မဂ်တရား ... သောတာပတ္တိမဂ်...သကဒါဂါမိမဂ်...အနာဂါမိမဂ်...အရဟတ္တမဂ် ( လောဘစသောကိလေသာတို့ကိုပယ်၍နိဗ္ဗာန်သို့သွားရောက်ကြောင်းဖြစ်သော တရားကို...မဂ်...ဟု.ခေါ်သည် ) ဖိုလ်တရား ... သောတာပတ္တိဖိုလ်.သကဒါဂါမိဖိုလ်.အနာဂါမိဖိုလ်.အရဟတ္တဖိုလ ( မဂ်.၏.တိုက်ရိုက်အကျိုးတရားကို.ဖိုလ်.ဟု.ခေါ်သည် ) နိဗ္ဗာန်တရား ... အသင်္ခတဓါတ် = ကံ.စိတ်.ဥတု.အဟာရ.အကြောင်းတရားလေးပါးတို့က.ပြုပြင်စီရင် ခြင််းမရှိသော.ရုပ်နာမ်တရား = တဏှာ.အစရှိသော.ကိလေသာအားလုံး.ဒုက္ခခပ်သိမ်း တို့၏.ကုန်ဆုံးချုပ်ငြိမ်းရာအမှန်ဖြစ်သောအေးချမ်းသာယာသော.သန္တိသုခ.သဘော. ကိုခေါ်ပါသည် ။
https://www.dhammaransi.com/index.php/new/453-2016-12-14-07-28-17.html
ကိုယ်ရောင်အလင်း စိစစ်ချက်
အရောင်အဝါ လင်းထိန်နေသော ယောဂီများ များစွာ ရှိပေလိမ့်မည်။ အဂ္ဂမဟာပဏ္ဍိတမိုးကုတ်ဆရာတော် ဘုရားကြီးက ကိုယ်ရောင်ကိုယ်ဝါကို ကြည့်၍ လူတစ် ယောက်၏ စိတ်နေသဘောထားကို သိနိုင်ကြောင်း ဟောခဲ့ဖူး၏။ ယင်း ကိုယ်ရောင်ကိုယ်ဝါနှင့် စပ်၍ ဣန္ဒိယယောဂီ များ အထူးသဖြင့် တိဗက်လာမာတန်ခိုးရှင်များအထူး အရေးထား ပြောဆိုကြ၏။ တစ်ဖက်သား၏ စိတ်ကူး စိတ်နေသဘောထားနှင့် ရောဂါအခြေအနေကိုအတိ အကျ ပြောဆိုနိုင်သည် အထိ အလေးပေး လေ့လာ ကြသည်။ ဘုရားရဟန္တာတို့၏ ကိုယ်ရောင်သည်သန့် စင်သော အဝါရောင် ဖြစ်သည်ဟု ယုံကြည်ကြ၏။ ရေးသားကြ၏။ လူတိုင်းတွင်အရောင်ရှိကြောင်းလည်း ယုံကြည်ကြသည်။ ပါဠိစာပေ ကျမ်းဂန်တို့၌ တွေ့ရသည်မှာကား မြတ်စွာ ဘုရားသည် ပဋ္ဌာန်းကျမ်းကြီးကို ခုနစ်ရက်ပတ်လုံး ဆင်ခြင် သုံးသပ်တော်မူသောအခါ ရောင်ခြည်တော် ခြောက်ဖြာ ကွန့်မြူးထွက်ပေါ်ကာထက်အောက်ဖီလာ စကြာဝဠာ အနန္တ ထုတ်ချင်းပေါက် လင်းထိန်သွား ကြောင်း (ဓမ္မသင်္ဂဏီ အဋ္ဌကထာ၌) ဖော်ပြသည်။ (ဟဒယဝတ္ထုမှ ထုတ်လွှတ်သောသွေးများ၏အရောင် ကိုလိုက်၍လည်း လူ၏စရိုက်စိတ်နေသဘောထားကို ဆုံးဖြတ်သော အရာလည်း ရှိပေသေးသည်။) ယင်းသို့ အရောင်အဝါထွက်သည်မှာ စိတ်ကြည်လင် သန့်ရှင်း၍ နှလုံးသွေး ကြည်လင်သန့်ရှင်း၏။၎င်းစိတ် နှင့် ဆက်သွယ်သော စိတ္တဇရုပ်၊ ဥတုဇရုပ်များအားလုံး ကြည်လင် သန့်ရှင်း၏။ အရောင်ထွက်၏။ တန်ခိုး ဖန် ဆင်း၍ ဖြစ်သည်မဟုတ်၊ နက်နဲသောတရားတော်များ ကို ဆင်ခြင် သုံးသပ်၍ရောင်ခြည်တော်များ ထွက်ပေါ် လာရခြင်း ဖြစ်သည်။ ( ဂိလာနသုတ် သံယုတ်အဋ္ဌက ထာ၌) ရှင်မဟာကဿပသည် ဗောဇ္ဈင်တရားကို နာ ကြား နှလုံးသွင်းရသဖြင့်“ မြတ်စွာဘုရား တရားတော် သည် ထွက်မြောက်ကြောင်း အမှန်ဖြစ်ပေစွ” ဟုပီတိ စိတ် ဖြစ်ရာမှ နှလုံးသားဟဒယဝတ္ထုရုပ်မှ စ၍ရုပ်များ ကြည်လင်ကာ ရောဂါ ပျောက်ကင်းကြောင်း ဖွင့်ဆို ထားသည်။ တရားကို ဆင်ခြင် သုံးသပ်ခြင်းသည် အသားအရေ ကြည်လင် လှပခြင်း၊ အရောင်အဝါ ထွက်ခြင်းမျှသာမက ရောဂါများပင် ပျောက်ကင်းစေ နိုင်၏။ ဤကား ရုပ်နာမ်တရားတို့၏ ဆက်စပ် ကျေးဇူးပြုပုံ ကို သတိပြုရန်ဖြစ်၏။ ရှေးအခါက ဣိန္ဒိယ စိတ် ပညာရှင်တစ်ဦးက လူတစ်ယောက်၏ အရောင်နှင့် စပ်၍ လေ့လာရေးသားဖူးသည်မှာ လူတွင် အရောင် ရှိ၏။ ထိုအရောင်ရှိကြောင်း ဖမး်ယူ ထောက်ပြနိုင် သော အရာကိုသတိမပြုကြ၍သာ ဖြစ်သည်။ ကြေး မုံမှန်ပြင်၌ လူ၏ အရိပ်ထင်ခြင်းသည် အရောင်ပင် ဖြစ်၏။ ထိုအရောင်သည် အဆုံးပိုင်းခြားမရှိသော စကြဝဠာတို့၌ ပြေးလွှားနေကာ အမြဲတမ်းရှိ၏။ မိမိ နှင့်တစ်ပေကွာ အရပ်၌ မှန်ထောင်ကြည့်လျှင် တစ် ပေကွာ အရပ်၌ မိမိအရောင်ရှိကြောင်း သိနိုင်၏။ ထို့အတူပေတစ်ရာ နှစ်ရာ အကွာ၊ တစ်မိုင်၊ နှစ်မိုင် အကွာ နောက်ဆုံး ဖမ်းယူနိုင်လောက်အောင် ဆွဲ အားရှိသောမှန်သာရှိလျှင် အခြား စကြဝဠာ တစ်ခု ၌ပင် မိမိအရောင်ရှိနေကြောင်း သိနိုင်၏။ တိဗက်ပညာရှင်တို့ကလည်း ထို့အတူပင် ထာဝရ တည်ရှိနေသည်ဟု ယူဆကြ၏။ တစ်စက္ကန့်လျှင် ၁၈၆၀၀၀ နှုန်းဖြင့် ပြေးသွားကြောင်း သိပ္ပံဆရာတို့ ကလည်း အလင်းရောင်မိုင်ကို အသုံးပြုကြသည်။ (ခန္ဓာကိုယ်မှ အီသာရစ်နှင့် ေ မာ်လီကျု ရိုက်ခတ် အားများအကြောင်း ဤနေရာ၌ သိပ္ပံအမြင်ဖြင့် ဆက်လက် သဘောပေါက်ရန်လည်း ရှိပေသေး သည်။) (မူလပဏ္ဏာသ အဋ္ဌကထာ၊ ပါသရာသိသုတ်၌) ပဋ္ဌာန်းသုံးသပ်စဉ်က ထွက်ပေါ်လာသော ရောင် ခြည်များ ယခုထက်ထိ စကြဝဠာအတွင်း ပျံ့နှ့ံ တည်ရှိနေကြောင်း အတိအလင်း ဖွင့်ဆိုထား၏။ (ဗောဓိဝံသအဋ္ဌကထာ၌) လည်း တာဝတိံသာမှ ဆင်းသောအခါ ထွက်ပေါ်ခဲ့သော တန်ခိုး ပြဋိ ဟာ အရောင်များ သာသနာကွယ်သည့် နေ့အထိ တည်ရှိကြောင်း အတိအလင်းပင် ရေးသား ဖွင့်ဆို၏။ အဘိဓမ္မာ သဘောအားဖြင့် ဘုတ်အဆက်ဆက်ရုပ်အဆက် ဆက် ဆက်လက်ဖြစ်ပွားခြင်းပေတည်း။ဆိုက်ကို မက်ထရီ စိတ်ပညာဆရာတို့ကမူပုံသဏ္ဍာန်အရိပ် အရောင်သာမက ်လူတစ်ယောက်၏အကြံအစည် စိတ်ကူးတို့ပင်လျှင် ပျောက်ကွယ်၍မသွား။ ထိုသူ နှင့် ထိစပ်ရာ မှန်သမျှ ထင်ကျန်နေသည်ဟု ယုံ ကြည်ကြ၏။ လူတစ်ယောက်သည် အခန်းတစ်ခု ၌ နေသွားလျှင် ကမ္ဘာကျေသော်လည်း ထိုသူ၏ အတွေးအရိပ်သဏ္ဍာန်များ ထိုအခန်း၌ အမြဲရှိ၏။ ကမ္ဘာပေါ်တွင် ရှေးရှေးက ထွက်ပေါ်ခဲ့သော လောကီဘက်၊ လောကုတ္တရာဘက်၊ စစ်ရေး၊ စီးပွားရေးစသည်နှင့် စပ်၍ အောင်မြင်ခဲ့ကြဖူးသူ တို့၏ ပုံသဏ္ဍာန် အရိပ်အရောင် အကြံအစည် စသည်တို့ ထာဝရပျံ့နှ့ံ တည့်ရှိနေကြသည်။ သင်သည် စိတ်ကို ဗလာဖြစ်အောင် (နီဝရဏ ကင်းစွာ) တည်ငြိမ်နေသောအခါ အထူးမကြိုးစား ရဘဲ လုပ်ထုံးဟောင်းများနှင့် ထိတွေ့ကာ လျှပ် တစ်ပြက် အသိဉာဏ် လင်းလာပြီးလျှင် အလို ရှိ ရာဘက်၌ တိုးတက် အောင်မြင်နိုင်သည်ဟု ယုံ ကြည်ကြ၏။ သာဓကလည်း အမျိုးမျိုးပြကြသည်။ ပဋိပတ် လုပ်ငန်းတွင်လည်း ရှေးက ရဟန္တာပုဂ္ဂိုလ် ကြီးများ သမုတ်သွားသော သိမ်၊ သီတင်း သုံးဖူး သောဌာန စသည်တို့၌တရားထိုင်လျှင် ပို၍တရား ရလွယ်သည်ဟု ယုံကြည်သော ယောဂီများ၊လက် တွေ့သာဓကများရှိကြလေသည်။အသက်ထင်ရှား ရှိသော ရဟန္တာ အရှင်မြတ်ကြီးများထံ၌ဆည်းကပ် ရသော် ဆိုဖွယ်မရှိ။ “ဓာတုသောဝ ဘိက္ခဝေ သတ္တာ သံသန္ဒန္တိ သမေန္တိ (ဓာတုသံယုတ် ပါဠိတော်) သတ္တဝါတို့ အချင်းချင်း ဓာတ်သဘောအားဖြင့်သာ နှီးနှော ဆက်သွယ်နေ ကြသည်”” ဟူသောဒေသနာလည်း ဤ၌သာဓက ပင်တည်း။ ဤကား စိတ်ပညာ၊ သိပ္ပံပညာတို့နှင့် ဆက်နွယ်၍ မပျောက်ပျက်သော အရိယာ ဓာတ်အားများနှင့်ထိ တွေ့ဆက်သွယ်၍ ရနိုင်ပုံကို သဘောအမြွက်မျှ ပြ ခြင်း ဖြစ်ပေ၏။အရောင်အဝါနှင့် စပ်၍ အနည်းငယ် ဆက်လက် ပြဆိုရသော် တစ်ချိန်က မြတ်စွာဘုရား သခင် ဝေနာဂပုရ ပုဏ္ဏားရွာကြီးသို့ ကြွရောက်စဉ် ဘုရားရှင်၏ အသားအရောင်မှ ဇမ္ဗူရာဇ် ရွှေစင်ကဲ့ သို့လည်းကောင်း ရွှန်းလဲ့ဝင်းအိ၍ နေသည်ကို ဖူး တွေ့ကြရသည်။ ပုဏ္ဏားများ ရင်သပ်ရှုမော အံ့သြ နေကြ၏။ ဝစ္ဆဂေါတ္ထပုဏ္ဏားကမူ ပိုးဖဲကတ္တီပါ နူးညံ့ သော အိပ်ရာ နေရာကောင်းနှင့် နေရ၍သာ ဤမျှ အသားအရေကြည်လင်တောက်ပသည်ဟု ယူဆ ၍ နှုတ်ကလည်း ဖွင့်ပြီး မေးမြန်းသည်။ ထိုအခါ ဘုရားရှင်က-“ရဟန်းများကား နူးညံ့သော အိပ်ရာ နေရာကောင်း ရခဲကြောင်း၊ ရသော်လည်း ရဟန်း များနှင့်မအပ်စပ်ကြောင်း”မိန့်ဆိုပြီးလျှင် ရဟန်းတို့ သုံးစွဲမွေ့လျော်သော မြင့်မြတ်သော နေရာသုံးမျိုး ကိုလည်းရှင်းပြသည်။ ထိုနေရာ (ဥစ္စာသယန မဟာသယန) သုံးမျိုးကား ၁။နတ်တို့၏ မြတ်သောနေခြင်း (စျာန်လေးပါးဖြင့် နေခြင်း)၊ ၂။ဗြဟ္မာတို့၏ မြတ်သောနေခြင်း ( ဗြဟ္မဝိဟာရ လေးပါးဖြင့် နေခြင်း)၊ ၃။အရိယာတို့၏ နေခြင်း (သမာပတ်ဝင်စား၍ နေ ခြင်း) တို့ ဖြစ်ကုန်၏။ ယင်းနေခြင်း သုံးမျိုးတွင် တစ်မျိုးမျိုးဖြင့် နေ၍ အသားအရေ ကြည်လင်ကာ အရောင်အဝါများထွက်ကြောင်း မိန့်တော်မူလိုရင်း ဖြစ်၏။ (ထိကအဂုင်္တ္တိုရ်၊ ဝေနာဂပုရသုတ်။) ယခုအခါ ယောဂီများလည်း ဤသို့ ရှုမှတ်ပွားများ နေကြသဖြင့် စိတ်ကြည်လင်၍ ရုပ်ကြည်ကာ အရောင်အဝါများ ထွက်လာရပေသည်။ ( ဂန္ဓာရုံ ဆရာတော်အခန်းနှင့် သေက္ဈတောင် ဆရာတော် အခန်း၌လည်း ပြပေအံ့။) အနာထပိဏ်သူဌေးကြီး ကုန်ရောင်း ကုန်ဝယ်သွား စဉ် ဘုရားဖူးလိုစိတ်ဇောဖြင့် မိုးမလင်းမီထွက်သွား ရာဗုဒ္ဓါရမ္မဏပီတိကြောင့် မိမိ၏ကိုယ်မှ ထွက်သော အရောင်ဖြင့် ညအမှောင်တွင် သွားလာ၍ ရကြောင်း လည်းဖတ်နာဖူးကြပေလိမ့်မည်။ ဘုရားရှင်ကား အတောင်ရှစ်ဆယ်အထိ ရောင်ခြည် များ အမြဲတမ်း ကွန့်မြူးလျက်ရှိရာ လူတို့ကားတစ်လံ မျှလောက်သာဟုထင်ကြရပေသည်။ ဓမ္မာစရိယဦးဋ္ဌေးလှိုင် ရဟန္တာနှင့်လူပုဂ္ဂိုလ်ထူးများ
https://www.dhammaransi.com/index.php/new/454-2016-12-14-05-49-38.html
ဒါန သီလ ဘာဝနာမပါလျှင် သေခါမှသိ ယမမင်းထံ အစစ်ခံရခြင်း
၁။ ယမမင်း = အိုကွဲ့ယောကျ်ား၊ မောင်လူသား၊ ဘယ်တရားများ ကျင့်ခဲ့တယ်။ မောင်ဗာလ= ကျွန်တော်မျိုးမှာ၊ လျှောက်စရာ၊ ဘယ်ဟာကိုမျှ မရှိတယ်။ ၂။ ယမမင်း =ကုသိုလ်ကောင်းမှု၊ တစ်ခုခု၊ မပြုခဲ့လားကွယ်။ မောင်ဗာလ= ယမရာဇာ၊ မေးသောခါ၊ ခမျာ မှိုင်၍နေရှာတယ်။ ၃။ ယမမင်း =အမောင်ယောကျ်ား၊ သတိထား၊ စဉ်းစားပါဦးကွယ်။ ဗုဒ္ဓမြတ်စွာ၊ သာသနာ၊ မထွန်းပါလားကွယ်။ မောင်ဗာလ= ကျွန်တော်တို့ရွာ၊ သာသနာ၊ ထွန်းလှပါတော့တယ်။ ၄။ ယမမင်း =ပဗ္ဗဇ္ဇိ၊ ဒုလ္လဘ၊ မရခဲ့လားကွယ်။ မောင်ဗာလ= သာသနာစက်၊ ရဟန်းဘက်၊ စိတ်မျှ မကွက်တယ်။ ၅။ ယမမင်း =ရဟန်းဖြစ်မှာ၊ မင်းဆရာ၊ မဟောပါလားကွယ်။ မောင်ဗာလ= ကျွန်တော့်ဆရာ၊ ဟောပြရှာ၊ နားမှာမဝင်တယ်။ ကျွန်တော့်စိတ်မှာ၊ သည်အခါ၊ ရွာသာ ရောက်တော့တယ်။ ၆။ ယမမင်း = ယောကျ်ားစစ်ပ၊ လှလှရ၊ မင်းဘဝကို နှမြောတယ်။ လူတို့ပြည်ရွာ၊ အမောင့်မှာ၊ ဘာများလုပ်ခဲ့တယ်။ မောင်ဗာလ= ကျွန်တော်မယား၊ စားဖို့များ၊ ကြိုးစား လုပ်ခဲ့တယ်။ ၇။ ယမမင်း = အမောင်,အမောင်၊ ယောင်တောင်တောင်၊ အမောင် မှားခဲ့တယ်။ သဒ္ဓါဖြောင့်တန်း၊ ဒါနခန်း၊ ပြောစမ်းပါဦးကွယ်။ မောင်ဗာလ= သားကြီးရှင်ဖြစ်၊ ကျွန်တော်စစ်၊ ညှစ်၍ လှူခဲ့တယ်။ ၈။ ယမမင်း = လှူသောအခါ၊ စေတနာ၊ သုံးဖြာညီလားကွယ်။ မောင်ဗာလ= သုံးချက်စေတနာ၊ နည်းလှပါ၊ မှန်စွာ လျှောက်တော့မယ်။ ကျွန်တော့်အလှူ၊ ကြွေးတွေပူ၊ ငွေကူ မျှော်မိတယ်။ ကူငွေနှင့်သာ၊ ငါလှူတာ၊ ထေမိပါရင် တော်ရော့မယ်။ ကျွန်တော်မျိုးမှာ၊ သည်လိုသာ၊ အောက်မေ့မိပါတယ်။ ၉။ ယမမင်း = ယုတ်မြတ်မဟူ၊ စားသောက်သူ၊ ကြည်ဖြူပါလားကွယ်။ မောင်ဗာလ= ငွေကူများရာ၊ လူချမ်းသာ၊ မျက်နှာလိုက်၍ ကျွေးခဲ့တယ်။ မျက်နှာနည်းပါး၊ လူမွဲများ၊ မလွဲသာကျွေး ကျွေးခဲ့တယ်။ လူချမ်းသာပင်၊ မဏ္ဍပ်ဝင်၊ ဖျာလျှင်သင်ဖြူး ခင်းပေးတယ်။ သည်ကို ဟိုကို၊ ကြွပါဆို၊ ဗျို့ဗျာမစဲ ခေါ်ခဲ့တယ်။ ကွမ်းဆေးလက်ဖက်၊ ဆီစက်စက်၊ ဝက်နှင့်ကြက်သား ကျွေးခဲ့တယ်။ ကျွန်တော်မျိုးမှာ၊ ငွေမျက်နှာ၊ သည်လိုဟာမှ သဒ္ဓါတယ်။ ၁ဝ။ ယမမင်း = မင့်အလှူမှာ၊ ငွေတွေဟာ၊ နှမြောပါဘိကွယ်။ မောင်ဗာလ= ပရိက္ခရာ၊ ဆောင်ရန်မှာ၊ ကောင်းစွာ လှူလားကွယ်။ ပရိက္ခရာ၊ ညံ့လှစွာ၊ ဖိုးချိုတာမှ ဝယ်ပေးတယ်။ ၁၁။ ယမမင်း = လှှူသောအခါ၊ ပစ္စည်းမှာ၊ စင်ကြယ်ပါလားကွယ်။ မောင်ဗာလ= ကျွန်တော်လှှူတာ၊ ပစ္စည်းမှာ၊ ခိုးတာများခဲ့တယ်။ ၁၂။ ယမမင်း = ပစ္စည်းကုန်မှာ၊ မင်းလှူတာ၊ ဝမ်းနည်းပါလေတယ်။ မောင်ဗာလ= ဘုန်းကြီးပင့်ခန်း၊ အလမ်းလမ်း၊ ပြောစမ်းပါဦးကွယ်။ အကျင့်သိက္ခာ၊ ရွေးချယ်ကာ၊ မြတ်ရာ ကိုယ်တော် ပင့်လားကွယ်။ သည်လိုဟာမှာ၊ မလေ့လာ၊ မျက်နှာ,နာမှ ပင့်ခဲ့တယ်။ နှုတ်ဆက်ခေါ်ငင်၊ မျက်နှာရွှင်၊ ပုဂ္ဂိုလ်ကောင်းလို့ ထင်ခဲ့တယ်။ သည်လိုဆရာ၊ ကျွန်တော့်မှာ၊ များစွာပင့်ခဲ့တယ်။ တို့အမျိုးပါ၊ တို့ဆရာ၊ တို့ရွာကိုယ်တော် ပင့်ဦးမယ်။ ပြောင်းနှင့်စပါး၊ မင်းတို့များ၊ ဘယ်လောက်ရလားကွယ်။ ကျောင်းကိုများသွား၊ ရယ်ဟားဟား၊ လက်ဖက် ကွမ်းစားတယ်။ ငှက်ပျော အုန်းသီး၊ ဒကာကြီး၊ မြည်းစမ်းပါဦးကွယ်။ သည်လိုခေါ်ဆို၊ မျက်နှာချို၊ ထိုပုဂ္ဂိုလ်ကိုမှ ပင့်ခဲ့တယ်။ ကျွန်တော်တို့ရွာ၊ လှူကြတာ၊ သည်လိုချည်းသာ ပင့်ကြတယ်။ ၁၃။ ယမမင်း = အမောင်လှှူတာ၊ ဗလချာ၊ တန်ပါဦးတော့ကွယ်။ အင်္ဂ ါငါးလီ၊ ပဥ္စသီ၊ ဆောက်တည်မြဲလားကွယ်။ မောင်ဗာလ= သီလငါးပါး၊ ကျင့်တရား၊ ပျက်ပြားများခဲ့တယ်။ သက်သတ်ခိုးမှု၊ ကာမေသု၊ တစ်ခုမကျန် ပေါက်ခဲ့တယ်။ မုသားသေရည်၊ ဤနှစ်လီ၊ ဝသီရှိတိုင်း ကျင့်ခဲ့တယ်။ ၁၄။ ယမမင်း = ဖြစ်ခဲလေစွ၊ လူ့ဘဝ၊ သနားလှတော့တယ်။ မောင်ဗာလ= ကျွန်တော်ချည်းသာ၊ မဟုတ်ပါ၊ လူတကာလည်း ပျက်ကြတယ်။ မိန်းမတွေဟာ၊ ပျက်လိုက်တာ၊ စျေးဝယ်တာတောင် ရန်ဖြစ်တယ်။ ၁၅။ ယမမင်း = သည်မှတစ်ခန်း၊ ရှေ့သို့လှမ်း၊ မေးစမ်းပါဦးမယ်။ ဘုရား တရား၊ သံဃာများ၊ ဝပ်တွားပါလားကွယ်။ မောင်ဗာလ= ဘုရားဖူးများ၊ တဟားဟား၊ ပျော်ပါးရအောင်လိုက်ဖူးတယ်။ ၁၆။ ယမမင်း = လိုက်သောအခါ၊ မြတ်ဗုဒ္ဓါ၊ ကြည်ညိုလှစွာ ဖူးလားကွယ်။ မောင်ဗာလ= ဗုဒ္ဓဂုဏော၊ စိတ်မစော၊ ရယ်မော စားသောက် ပြန်ခဲ့တယ်။ ၁၇။ ယမမင်း = မာတာပိတ၊ မိနှင့် ဖ၊ ညွတ်တွား ခယ ပါလားကွယ်။ မောင်ဗာလ= မညွတ်ခ,ဘဲ၊ ကျွန်တော်လည်း၊ ဆဲတောင် ဆဲသေးတယ်။ ၁၈။ ယမမင်း = မှားစွမှားစွ၊ မောင်ဗာလ၊ သနားပါဘိကွယ်။ တရားတော်မှာ၊ ဒေသနာ၊ ကြားနာရဲ့လားကွယ်။ မောင်ဗာလ= စိတ်ကမပါ၊ ရှက်လိုက်တာ၊ လူဆိုမှာကြောင့် နာဖူးတယ်။ ၁၉။ ယမမင်း = နာသောအခါ၊ မင်းစိတ်မှာ၊ သဒ္ဓါကြည်နူး ရှိလားကွယ်။ မောင်ဗာလ= ကယောင်ချောက်ချား၊ စိတ်ကသွား၊ တောထဲများတောင် ရောက်သေးတယ်။ ၂ဝ။ ယမမင်း = ပုဂ္ဂိုလ််များစွာ၊ ဟောကြားပါ၊ သည်တစ်ခါလားကွယ်။ မောင်ဗာလ= ကျွန်တော်မျိုးမှာ၊ သည်တစ်ခါ၊ လူမျက်နှာကြောင့် လိုက်သေးတယ်။ ၂၁။ ယမမင်း = သည်တစ်ခါ,နာ၊ အမောင်မှာ၊ ကြည်ညိုပါလားကွယ်။ မောင်ဗာလ= တရားလည်းချ၊ အိပ်ရေးဝ၊ ထ၍ ပြန်ခဲ့တယ်။ မိန်းမတွေဟာ၊ ငိုက်လိုက်တာ၊ ကျွန်တော့်ထက်တောင် သာသေးတယ်။ ၂၂။ ယမမင်း = စံကျောင်းဝိဟာ၊ မြတ်သံဃာ၊ ဆည်းကပ်ပါလားကွယ်။ မောင်ဗာလ= ဆွမ်း မုန့် ငှက်ပျော၊ ကျောင်းမှာပေါ၊ ရော၍လိုက်ဖူးတယ်။ ၂၃။ ယမမင်း = လိုက်သောအခါ၊ ထေရ်သံဃာ၊ ရဟန္တာသို့ ထင်လားကွယ်။ မောင်ဗာလ= ဘုန်းကြီးနားမှာ၊ မရောက်ပါ၊ တော်ရာချောင်က ခိုခဲ့တယ်။ ၂၄။ ယမမင်း = ခိုသောအခါ၊ မင့်စိတ်မှာ၊ ကြည်ညိုပါလားကွယ်။ မောင်ဗာလ= ကြည်ညိုဝေးကွာ၊ ကျွန်တော့်မှာ၊ စားစရာသာ ကြည့်ခဲ့တယ်။ သူရကာယ်ပင်၊ ကျိုးမမြင်၊ ဘုန်းကြီးကပင် နှမြောတယ်။ သည်လိုများပေ၊ ကျွန်တော်လေ၊ ဆိုတောင်ဆိုမိတယ်။ ကျွန်တော်ချည်းသာ၊ မဟုတ်ပါ၊ သူတကာလည်း ဆိုကြတယ်။ ၂၅။ ယမမင်း = ကျောင်းပစ္စည်းများ၊ အမောင်အား၊ မစားမသောက် ကင်းလားကွယ်။ မောင်ဗာလ= စားသည့်ထမင်း၊ ဝမ်းတောင့်တင်း၊ ကျောင်းကအနိုင် ဆင်းခဲ့တယ်။ ၂၆။ ယမမင်း = စားသည်မယွင်း၊ ကျောင်းတလင်း၊ ခတ်ခြင်း တံမြက် လှည်းလားကွယ်။ မောင်ဗာလ= မလှည်းမိပါ၊ ကျွန်တော့်မှာ၊ စားပြီး သောက်ခါ ပြန်ခဲ့တယ်။ ကျွန်တော်တို့ရွာ၊ လူတွေဟာ၊ သည်လိုချည်းသာ စားကြတယ်။ ၂၇။ ယမမင်း = အမောင် ယောကျ်ား၊ မင်းဖြစ်ငြား၊ သနားပါဘိတယ်။ ဥပုသ်စောင့်ခန်း၊ ရှေ့သို့လှမ်း၊ မေးစမ်းပါဦးမယ်။ ဥပုသ်အင်္ဂ ါ၊ အရိယာ၊ ဖြူစွာသီလ စောင့်လားကွယ်။ မောင်ဗာလ= ဘုန်းကြီးများထံ၊ သီလခံ၊ ကြွက်ဆူညံအောင် ပြောခဲ့တယ်။ ၂၈။ ယမမင်း = ပြောသောစကား၊ မင်းဖြစ်ငြား၊ တရားကြောင်းလားကွယ်။ မောင်ဗာလ= လယ်,ယာ,ကျွဲ,နွား၊ ပြောင်းစပါး၊ သားမယားကြောင်း ပြောခဲ့တယ်။ စပ်မိစပ်ရာ၊ ပြောလိုက်တာ၊ နွားချင်းလဲရာ ရောက်သေးတယ်။ စကားမဆုံး၊ တစ်နေ့လုံး၊ အုံးအုံးကြွက်အောင် ပြောခဲ့တယ်။ သည်လိုနှင့်ပင်၊ နေသာဝင်၊ အိမ်လျှင်ပြန်ခဲ့တယ်။ ဥပုသ်စောင့်ရာ၊ ပြောကြတာ၊ မိုးမရွာကြောင်းသာ များကြတယ်။ ၂၉။ ယမမင်း = သီလပြောက်ကြား၊ စောင့်လေငြား၊ မိုးကား ကွက်ကြားရွာတတ်တယ်။ မင်းတို့လူ့ဘောင်၊ သီလကြောင်၊ မိုးရှောင်ကွင်းတတ်တယ်။ မင်းတို့ဖြစ်ပုံ၊ အလုံးစုံ၊ အကုန်တွေးပကွယ်။ မင်းတို့စောင့်တာ၊ ဥပုသ်မှာ၊ ထမင်းဆာတာ သနားတယ်။ ဘာဝနာလမ်း၊ ကမ္မဋ္ဌာန်း၊ စီးဖြန်းပါလားကွယ်။ မောင်ဗာလ= ဘာဝနာလမ်း၊ ကမ္မဋ္ဌာန်း၊ စီးဖြန်းနည်းခဲ့တယ်။ ၃ဝ။ ယမမင်း = တရားစကား၊ အမောင့်အား၊ ဆွေးနွေးပါလားကွယ်။ မောင်ဗာလ= တတ်သည်ဆိုလျှင်၊ ကျွန်တော်ပင်၊ အလွန်မေးချင်တယ်။ ၃၁။ ယမမင်း = မေးသောအခါ၊ မင်းစိတ်မှာ၊ ဘာဝနာလားကွယ်။ မောင်ဗာလ= မဖြေနိုင်က၊ အရှက်ရ၊ နာမည်ပျက်အောင် မေးခဲ့တယ်။ တစ်ခါတစ်ခါ၊ ကျုပ်တို့ရွာ၊ စာ စကားသာ ပြောကြတယ်။ သင်္ဂြိုဟ်ဘေးပေါက်၊ ကောက်သင်းကောက် ရောက်မိရောက်ရာ ငြင်းကြတယ်။ ကျွန်တော်ကတောင်၊ တတ်ဟန်ဆောင်၊ ဖောင်ဖောင်လန်အောင် ငြင်းခဲ့တယ်။ ၃၂။ ယမမင်း = ငြင်းသောအခါ၊ မင်းစိတ်မှာ၊ ဘယ်လိုပါလဲကွယ်။ မောင်ဗာလ= ကျွန်တော်ကပင်၊ ဂုဏ်လိုချင်၊ တတ်သည်ထင်အောင် ငြင်းခဲ့တယ်။ ကျွန်တော်တို့ရွာ၊ လူတွေဟာ၊ စာငြင်းတာနှင့် ရန်ဖြစ်တယ်။ ၃၃။ ယမမင်း= အမောင်ယောကျ်ား၊ လျှောက်စကား၊ အမှားတွေသာ များခဲ့တယ်။ အားကိုးစရာ၊ ကုသိုလ်မှာ၊ ဘယ်ဟာကိုမျှ မရှိတယ်။ တစ်ခုကိုမျှ၊ မေးမရ၊ ဝမ်းနည်းလှချေတယ်။ အမောင့်ဖြစ်ထွေ၊ သနားလေ၊ လူ့ပြည်မယား မကယ်တယ်။ မကယ်ဖြစ်တာ၊ မင်းတစ်ခါ၊ ကြမ္မာမှောက်တော့မယ်။ အမောင့်ဖြစ်ပုံ၊ အလုံးစုံ၊ အကုန်သနားတယ်။ ယမရာဇာ၊ မေးသောခါ၊ ခမျာမှိုင်၍ နေတော့တယ်။ သည်သောအခါ၊ ငရဲရွာ၊ ဆွဲကာချတော့တယ်။ ယမမင်းထံ အစစ်ခံ သံပေါက် နိဋ္ဌိတံ။ ဘုန်းဘုန်းဦးလောကနာထ ဘလော့မှကူးယူဖေါ်ပြပါသည်။ လင်္ကာရေးသူ အမတ်ကြီး ဦးပေါ်ဦး။ ၆ - ဒေဝဒူတသုတ် မှ၊ ဒေဝဒူတဝဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်။
https://www.dhammaransi.com/index.php/new/455-2016-12-14-05-43-43.html
ချစ်သား အားမငယ်ပါနဲ့တဲ့
အစဉ်မပြေမှုတွေ မျ ားလာလို့ ဘုရားရှင်မျက်နှာတော်ကို စူးစူးစိုက်စိုက်နဲ့ ဖူးမြင်လိုက်တယ်ဆိုရင်ပဲ ဗုဒ္ဓ ကချစ်သားအားမငယ်နဲ့တဲ့ ငါဘုရားရှင်လည်း အဆဲခံရတာပဲ အစွပ်စွဲခံရတာပဲ လုပ်ကြံခံရတာပဲ စားစရာအတွက် အခက်ခဲဖစ်လို့ တစ်ဝါလုံးကိုဂျံဆွမ်းပဲ ပီးခဲ့တာပဲ ဝတ်စရာအတွက်အခက်ခဲဖစ်လို့ အလောင်းက ဝတ်ရုံကိုခွါပီး ဝတ်ခဲ့ရတာပဲ နေစရာအတွက် အခက်ခဲဖစ်လို့ သစ်ပင်အောက်မှာပဲ နေခဲ့ရတာပဲ အနာရောဂါ နှိပ်စက်လို့ ငါဘုရားရှင်လဲ ခံစားခဲ့ရတာပဲ အခြံရံ မရှိလို့ ပါဂိလေယျ တောထဲမှာ ဆင်ကြီးက ပြုစု လုပ်ကျွေးရတယ် ချစ်သား ဒါတွေကလောကဓံတွေပါတဲ့ ဘယ်သူမှမလွတ်ပါဘူးတဲ့ ဘယ်လိုဘဝမျိုးရောက်ရောက် ကုသိုလ်ပြုဖို့ တရားရှာဖို့မမေ့ပါနဲ့တဲ့ အကောင်းအဆိုး ဆင်းရဲ ချမ်းသာ အခြွေအရံပေါတာ အခြွေအရံရှားတာ ချီးမွှမ်းတာ ကဲ့ရဲ့တာ အဲ့ဒီရှစ်မျ ိုးဟာဘယ်မှာနဲ့မှမကင်းသလို ခဏလေးပါပဲ ချစ်သားတဲ့ လူဖစ်တုန်း သာသနာကြုံတုန်း သံသရာက လွတ်မြောက်အောင် စဉ်းစားပါတဲ့ ချစ်သား ဒုက္ခ ဘယ်လောက်ကြီးလို့လည်းတဲ့ ချစ်သမီး ပငဋစာရီလောက် ဆိုးနေလို့လားတဲ့ အားမငယ်ပါနဲ့ ချစ်သားတဲ့ သြော် တရားတော်ကခံစားမှုအားလုံးကို အနိုင်ယူနိုင် တဲ့သတ္တိ ရှိပါလားဆိုပီး ကျနေတဲ့ စိတ်ဓာတ်တွေ ပြန်တက်လာပါတော့သည် ။ ချစ်သော ရာဟုလာ
https://www.dhammaransi.com/index.php/new/456-2016-12-13-21-00-13.html
သမ္ဗုဒ္ဓေဂါထာတော်ပါဠိရွတ်ဖတ်ပုံ
သမ္ဗုဒ္ဓေ အဋ္ဌဝီသဥ္စ၊ (သမ်ဗုတ်ဓေ အထဝီသင်စ) ဒွါဒသဥ္စ သဟဿကေ၊ (ဒွါဒသင်စ သဟသကေ) ပဥ္စဿတ သဟဿာနိ၊ (ပင်စ သတ်တာ သဟသာနိ) နမာမိ သိရသာမဟံ။ (နမာမိ သိရသာမဟံ) အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ (အပ်ပကာ ဝါလုကာ ဂင်ဂါ) အနန္တာ နိဗ္ဗုတာ ဇိနာ၊ ( အနန်တာ နိတ်ဗုတာ ဇိနာ) တေသံ ဓမ္မဥ္စ သံဃဥ္စ၊ (တေသံ ဓမ်မင်စ သံဃင်စ) အာဒရေန နမာမဟံ။ (အာဒရေန နမာမဟံ) နမက္ကာရာ နုဘာဝေန၊ (နမက်ကာရာ နုဘာဝေန) ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊ (ဟိတွာ သတ်ဗေ ဥပတ်ဒဝေ) အနေက အန္တရာယာပိ၊ (အနေက အန်တရာယာပိ) ဝိနဿန္တု အသေသတော။ (ဝိနတ်သန်တု အသေသတော) ဆရာတော်ကြီး တိုကျိုမြို ့၊ နိပိုရီသုဿန်သို့ မေတ္တာပို့ရန် ကြွရောက်တော်မူလာစဉ် အေး.. သမ္ဗုဒ္ဓေ ဆိုတာ ဘုရားရှင်တို့ကို အဋ္ဌဝီသဥ္စ ဆိုတာ အဋ္ဌက (၈) ဝီသဥ္စက (၂၀)။ (၈)(၂၀) ဆိုတော့ (၂၈) ပေါ့။ နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်တို့ကို နမာမိ သိရသာ မဟံ ၊ မဟံ တပည့်တော်သည် သိရသာ ဦးခေါင်းတော်ဖြင့် နမာမိ ရှိခိုးပါ၏။ ဘုန်းဘုန်းရှိခိုးတာလေးကြည့်စမ်းအုံး။ ဦးခေါင်းဖြင့်ရှိခိုးပါ၏ ဆိုတာ ရှိခိုးပြစမ်းပါ။ အေး…အဲဒီလို ရှိခိုးတာကို ခေါင်းဖြင့်ရှိခိုးတယ်လို ခေါ်တယ်နော်။ ဟောဒီလိုရှိခိုးတာကျတော့ လက်အုပ်ချီ၍ ရှိခိုးပါ၏။ ဟုတ်လား။ ဟောဒါကြတော့ လက်ဆယ်စုံ ထိပ်မှာမိုး၍ ရှိခိုးပါ၏။ ဒီခေါင်းပေါ်ကို လက် (၁၀)ချောင်းတင်လိုက်တာ ။ (မှန်လှပါဘုရား) ။ နတ်တွေ ဗြဟ္မာတွေ ရှိခိုးတာနည်းက အဲဒီလို ရှိခိုးတာနော်။ နတ်တွေ ဗြဟ္မာတွေက ဟောဒီလို ရှိခိုးတာ။ အဲဒီလိုရှိခိုးတဲ့ရုပ်ပုံတွေ မြင်ဖူးကြလား။ (မြင်ဖူးပါတယ်ဘုရား)။ ဘယ်မှာ မြင်ဖူးတုန်း။ အဲဒီလို ရှိခိုးတာတွေ အညာမှာတော့ ကောင်းမှုတော် ဆိုတဲ့စေတီကြီး မြင်ဖူးကြလား။ (မြင်ဖူးပါတယ်ဘုရား)။ အကြီးကြီးလေ ဒီလိုကြီး အဲဒီလို ပုံကြီး။ အဲဒီ ကောင်းမှုတော်စေတီကြီးဘေးမှာ နတ်ရုပ်တွေ၊ ဗြဟ္မာရုပ်တွေ ဒီလိုကြီးတွေ ရှိခိုးနေကြတာနော်။ အဲဒီနားရောက်တဲ့အခါ ဝင်ကြည့်ကြပေါ့။ အေး…ထားကြပါစို့။ ဘုရားပေါင်း ၂၈ ဆူကို ခေါင်းဖြင့်ရှိခိုးပါ၏။ ပြီးတော့ ဒွါဒသဥ္စ သဟဿကေ ဒွါဒသ ဆိုတာ ၁၂ သဟဿ ဆိုတာ ၁၀၀၀။ ၁၂ နဲ့ ၁၀၀၀ နဲ့ မြှောက်စမ်းပါ။ ၁၂၀၀၀ အေး.. ဒွါဒသဥ္စ သဟဿကေ ၁၂၀၀၀ သော ဘုရားရှင်တို့ကို့ နမာမိ သိရသာ မဟံ တပည့်တော်သည် ဦးခေါင်းတော်ဖြင့် ရှိခိုးပါ၏ ဘုရား။ ဘုရားပေါင်း ဘယ်လောက်ရှိခိုးလိုက်လဲ၊ ၁၂၀၀၀ ၊ ပြီးတော့မှ ပဥ္စသတ သဟဿာနိ ပဥ္စ က ၅ သတ က ၁၀၀ နော်။ ၅ နဲ့ ၁၀၀ နဲ့မြှောက် ၅၀၀။ သဟဿာနိ က ၁ဝဝဝနော်။ ၅၀၀ နဲ့ ၁၀၀၀ နဲ့မြှောက် ၅ သိန်း။ ပဥ္စသတ သဟဿာနိ ၅ သိန်းသော ဘုရားရှင်တို့ကို့ နမာမိ သိရသာ မဟံ တပည့်တော်သည် ဦးခေါင်းတော်ဖြင့် ရှိခိုးပါ၏ ဘုရား။ အဲဒီတော့ ဘုရားပေါင်း ၅၁၂၀၂၈ ဆူ။ ဘုရားပေါင်း ဘယ်လောက်ရှိခိုးတာလဲ။ (၅၁၂၀၂၈ ဆူ)။ အေး ဘုရားပေါင်း ၅၁၂၀၂၈ ဆူ ထေရီအပဒါန ဒီပနီ ဆိုတဲ့ ကျမ်းထဲမယ် အဲဒါအပြည့်အစုံပါတယ်။ ဘုန်းဘုန်းဝတ္ထုအကြောင်းလေးပြောပြပါမယ်။ ဒီကမ္ဘာက ပြန်ပြီးနောက်ပြန်ရေလိုက်တဲ့အခါ သချေင်္ (၂၀) နဲ့ ကမ္ဘာတစ်သိန်းထက်မယ်၊ ဘယ်လောက်ကြာတုန်း။ ကမ္ဘာပေါင်း သချေင်္ (၂၀)နဲ့ ကမ္ဘာ တစ်သိန်း၊ အဲဒီမယ် ဒီပင်္ကရာ ဆိုတာပွင့်တော်မူတယ်။ ဘာဘုရားပွင့်တော်မူလဲ။ (ဒီပင်္ကရာဘုရား) ။ ဒီပင်္ကရာ နှစ်ဆူရှိတယ်။ သချေင်္ (၂၀)နဲ့ ကမ္ဘာ တစ်သိန်းထက်ပွင့်တဲ့ ဒီပင်္ကရာကို အရင်ကျလို့ ပေါရာဏ ဒီပင်္ကရာတဲ့။ သုမေဓာရသေ့လေးကို ဗျာဒိတ်ပေးတာက ဗျာဒိတ်ပေး ဒီပင်္ကရာတဲ့။ ဒီပင်္ကရာဘယ်နှစ်ဆူရှိလဲ။ (နှစ်ဆူရှိပါတယ်ဘုရား)။ ဘာတဲ့တုန်း။ (ပေါရာဏ ဒီပင်္ကရာ နဲ့ ဗျာဒိတ်ပေး ဒီပင်္ကရာ) ။ အေး ပေါရာဏဒီပင်္ကရာဘုရားလက်ထက် ဘုရင် သမီးတော်လေးတစ်ပါးရှိသတဲ့။ သူ့ကို ဘုံခုနှစ်ဆင့်ရှိတဲ့ ပြသဒ်ထဲမယ် သူ့ကိုတပင်တိုင် မြနန်းထားတယ်ပေါ့။ ရှေးတုန်းကတော့ တပင်တိုင်မြနန်းလို့ ရှိသေးတယ်။ ဒီပြင့်လူတွေ ယောက်ျားလေးတွေ မဝင်ရဘူး။ မိန်းကလေးတွေချည်းထားတယ်။ နောက်တက်မယ့်မင်းရဲ့ မိဖုရားဖြစ်အောင်လို့ သူ့ကိုတပင်တိုင်မြနန်းနဲ့ထားတယ်။ အဲဒီမင်းသမီလေးက ဟိုးအထက်ဆုံးအထပ်ကနေပြီးတော့ ဒီလိုလေး လှည့်ပတ်ပြီးတော့ မြို ့ကိုကြည့်တာ ညနေကြီး ဦးဇင်းလေးတစ်ပါး ဆွမ်းခံလို့တဲ့ဗျာ။ ဟိုက ဦးဇင်းလေး ညနေကြီးဆွမ်းခံနေတယ် သွား..သွား..သွား ပင့်စမ်းဆိုတော့ ပင်လိုက်လို့ ရောက်လာတော့ ဦးဇင်းလေး သူများတွေ မနက်ဆွမ်းခံ ဦးဇင်းလေး ညနေကြီးဆွမ်းခံသလား။ ညဆွမ်းစားသလားလို့မေးသတဲ့။ သမီးတော်လေးရယ် ကြည့်ပါဆိုပြီးတော့ သပိတ်လှပ်ပြတယ်။ သပိတ်ထဲမယ် ဆီတွေဘဲပါတယ်။ ဆွမ်းတွေဆွမ်းရံတွေ မပါဘူးလို့ ပြောသတဲ့။ ဘာလို့ ဆီတွေဘဲအလှူခံတာတုန်း။ သူများချက်ပြီးပြုတ်ပြီးသား စားနေတာ ဆီဘာလုပ်ဖို့တုန်း။ အဲဒီတော့ ဦးဇင်းလေးက သမီးတော်လေးရယ် ညကျတော့ ကျောင်းတိုက်ထဲမှောင်လို့ပါ၊ ဆီမီးလေးပူဇော်ပြီးတော့ ဦးဇင်းတွေ၊ ကိုယ်တော်တွေ သွားတဲ့လာတဲ့ပုဂ္ဂိုလ်တွေလင်းအောင်လို့ ထွန်းပေးတာပါ။ မြတ်စွာဘုရားနားလေးလည်းဘဲ ဆီမီးပူဇော်တာပါလို့ ပြောသတဲ့။ အော်ဒီလိုဆိုရင်ပေးပေး၊ သပိတ်ပေးဆိုပြီး သပိတ်ယူပြီး အဲဒီသပိတ်ထဲကို မုန်ညင်းဆီတွေ မုန်ညင်းဆီရော သိကြလား။ (သိပါတယ်ဘုရား) ။ မုန်ညင်းစေ့လေးတွေကို ကြိတ်လိုက်တော့ မုန်ညင်းဆီရတာပေါ့။ နှမ်းတွေ ကြိတ်တော့ နှမ်းဆီတွေရတာပေါ့။ မြေပဲတွေ ကြိတ်လိုက်တော့ မြေပဲဆီရတာပေါ့။ အဲဒီလို မုန်ညင်းစေ့လေးတွေကြိတ်လိုက်တော့ မုန်ညင်းဆီတွေရ၊ အဲဒီမုန်ညင်းဆီတွေ သပိတ်နဲ့အပြည့်လှူလိုက်တော့ ဦးဇင်းလေးကမေးသတဲ့။ သမီးတော်လေး ဘာဆုများ ပန်တုန်း။ တပည့်တော်မ က ဘုရားဖြစ်ချင်တာပါဘုရားလို့ပြောသတဲ့။ အော်..ကောင်းပ..ကောင်းပလို့ပြောပြီး သာဓု..သာဓုလို့ ခေါ်သွား။ ညကျတော့ မြတ်စွာဘုရားက ဆီမီးပူဇော်တဲ့ ဦးဇင်းလေးကို ခေါ်စမ်းဟဲ့ ဆိုတော့ရောက်လာတယ်။ ဦးဇင်းလေး ဒီနေ့ ဆီမီးတွေမြိုင်လှချည်လား။ ဘယ်ကဆီရတုန်း။ သမီးတော်လေးဆီကပါဘုရား။ ဘုရင့်သမီးတော်လေးက အရှင်ဘုရားနှမတော်လေးက ဘုရား ဆီမီးပူဇော်ဖို့ မုန်ညင်းဆီတွေ သပိတ်အပြည့်လှူပါတယ်ဘုရား။ အဲဒီသမီးတော်လေးနဲ့ ဒီပင်္ကရာဘုရားကလည်း ဖအေတူမအေကွဲ မောင်နှမတော်သတဲ့။ ဒါကြောင့် အရှင်ဘုရားနှမလေးက မုန်ညင်းဆီတွေအပြည့် လှူလိုက်လို့ပါဘုရား။ အော် သမီးတော်လေးက ဘာဆုပန််သတဲ့တုန်း။ တပည့်တော်လည်းမေးကြည့်တယ်ဘုရား၊ သမီးတော်လေးဘာဆုပန်တုန်း မေးတော့ ဘုရားဖြစ်ချင်တယ်လို့ ပြောပါတယ် ဘုရား။ အော်..ဒါဆိုရင် နက်ဖြန်ခါပြန်ပြောအုံး၊ မိန်းကလေးဘဝနဲ့ ဘုရားဆု မပန်ရဘူး။ နောက်ဘဝ ယောက်ျားလေးဖြစ်ပါစေ၊ ယောက်ျားလေးဖြစ်မှ ပါရမီတွေ ဒါနစတဲ့ ပါရမီတွေ လုပ်ရင် ဘုရားဖြစ်လိမ့်မယ်လို့ပြော။ ကောင်းပါပြီဘုရား။ တပည့်တော်နက်ဖြန်ခါ ပြန်ပြောပါ့မယ်ဘုရား။ ကဲကဲ ထားတော့။ ဦးဇင်းလေးကရော ဘာဆုပန်တုန်း။ တပည့်တော်က အရှင်ဘုရားအားကျလို့ဘုရား။ အရှင်ဘုရားဒီပင်္ကရာ ဆိုသလို ဒီပင်္ကရောတိ ဒီပင် ဆီမီး ကရောတိ ပြုတက် ပူဇော်တတ်၏။ ထို့ကြောင့် ဒီပင်္ကရော ဒီပင်္ကရာ မည်၏။ ဆီမီးပူဇော်တာက တပည့်တော် အရှင်ဘုရားအားကျပြီးတော့ တပည့်တော် ဘုရားဆုပန်ပါတယ်ဘုရား။ ဘုရားဖြစ်တဲ့ အခါလည်း ဘုရားဘွဲ့က ဒီပင်္ကရာ ဆိုတဲ့ ဘွဲ့ လိုချင်ပါတယ်ဘုရား လို့ဆိုသတဲ့။ အဲဒါနဲ့ ပေါရာဏဒီပင်္ကရာဘုရားက အဘိညဉ်တန်ခိုးနဲ့ကြည့်လိုက်တော့ အော်ဦးဇင်းလေး မင်းနောက် ၁၆ သင်္ချေ ကြာတဲ့အခါ ဘုရားဖြစ်လိမ့်မယ်လို့ ဗျာဒိတ်ပေးသတဲ့။ ဗျာဒိတ်ပေးတော့ ဟာ ငါဘုရားလောင်းဖြစ်ပြီ မြတ်စွာဘုရား ဗျာဒိတ်ပေးပြီးပြီ။ ည ညအိပ်မပျော်ဘူးတဲ့ ဝမ်းသာလွန်းလို့။ အဲဒီနောက် တစ်နေ့ကျတော့ ညနေကျ လေးနာရီလောက် မြို့ထဲ နန်းတွင်းထဲ ဆွမ်းခံသွားပြန်ရော။ ဆီဆွမ်းခံ ပေါ့။ သမီးတော်လေးကလည်း ဘုံခုနှစ်ဆင့် ရှိတဲဲ့ပြဿဒ်က လှည့်ပတ်ကြည့်လိုက်တော့ ဟာမနေ့ ကဦးဇင်းလေး နဲ့တူတယ်။ ဆွမ်းခံနေတယ် သွား…သွားး…ပင့်အုံးဆိုတော့ သွားပင့်တယ်။ ရောက်လာ ဦးဇင်းလေး မနေ့ကလည်း ဆွမ်းခံ၊ ဒီနေ့လည်းဆွမ်းခံ နေတိုင်းဆွမ်းခံသလား။ အော် သမီးတော်လေးရယ် ကျုပ်က ဘုရားလောင်း။ မနေ့က ဗျာဒိတ်ရပြီးပြီ။ နောက် ၁၆ သချေင်္ကြာတဲ့အခါ ကျုပ်က ဒီပင်္ကရာ ဘုရားဖြစ်မှာ။ ဘုရားလောင်းဆိုတာ တစ်နေ့တည်း ကုသိုလ်လုပ်ပြီးတော့ ဆုပန်လို့ ဘယ်ရမတုန်း။ နေ့တိုင်းနေ့တိုင်း ဒါနပြုရတယ်၊ သီလဆောက်တည်ရတယ်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ ဝိပဿနာ တရားတော်တွေ ပွားရတယ် သမီးတော်လေးရဲ့။ အော်ဒီလိုလား ဘုရား။ မသိလိုပါဘုရား။ ဒီလိုဆိုရင် ပေးပေး၊ သပိတ်ပေးဘုရား ဆိုပြီးတော့ သပိတ်ထဲ မုန်ညင်းဆီတွေ ထည့်ထည့်ပြီးတော လှူတယ် သူက။ အရှင်ဘုရားကို တပည့်တော် ပါရမီဖြည့်ပေးမယ် ဘုရား။ အရှင်ဘုရား နေ့တိုင်းနေ့တိုင်း မြို့ထဲမယ် လှည့်ဆွမ်းခံရတာ ပင်ပန်းတယ်၊ အဲ့တော့ ဘယ်မှ မသွားနဲ့ တပည့်တော်ဆီ ဒီပြဿဒ်တန်းလာခဲ့။ တပည့်တော် နေ့တိုင်း နေ့တိုင်း တစ်သပိတ်၊ တစ်သပိတ် အပြည့်လှူမယ်။ ကောင်းပ…ကောင်းပ….သာဓု…သာဓု…သာဓု။ မနေ့တုန်းက မြတ်စွာဘုရားက မှာလိုက်သေးတယ်။ ဘယ်လို မှာတုန်းဘုရား။ သမီးတော်လေးက ဘုရားဆုပန်တယ်လို့ ဦးဇင်းက ပြောလိုက်တဲ့ အခါကျတော့ မိန်းကလေးဘဝနဲ့ ဘုရားဆုပန်လို့မပြည့်ဘူး။ နောက်ဘဝ ယောက်ျားလေးဖြစ်ပါရစေလို့ ဆုတောင်းလို့ မှာလိုက်တယ်။ အော် အဲဒီလိုလားဘုရား။ ဒီလိုဆိုရင် သပိတ်လေးကိုကပ်၊ ဘုရားတပည့်တော် မုန်ညင်းဆီလှူရတဲ့ ကုသိုလ်ကြောင့် နောင်ဘဝ ယောက်ျားလေးဖြစ်ပါရစေဘုရားလို့ ဆုပန်တယ်နော်။ အဲဒီလိုဆုပန်တဲ့ အတွက်နောက်ဘဝ ယောက်ျားလေးဖြစ်တယ်။ ဖြစ်တော့ ထားကြပါစို့ ။ ၁၆ သချေင်္ကို နှစ်ပုံ ပုံလိုက်တော့ ဘုရားဆုပန်လို့ စိတ်ထဲမယ် ဆုတောင်းတာ ကမ္ဘာပေါင်း (၇) သချေင်္။ ဘယ်လောက်ကြာတုန်း။ (၇) သချေင်္ကြာတယ်။ စိတ်ထဲတွင်မနေနိုင်တော့ တပည့်တော် ဘုရားတပည့်တော် ဒီကုသိုလ်ကြောင့် ဘုရာဖြစ်ပါရစေဘုရားလို့ အကျယ်ကြီးဆုတောင်းတာက (၉)သချေင်္။ စိတ်ထဲတွင် ဆုတောင်းတာက ဘယ်လောက်လဲ။ (၇)သချေင်္။ နှုတ်ရွတ်ပြီးတော့ ပါးစပ်က အော်ပြီးတော့ ဆုတောင်းတာက (၉)သချေင်္။ (၇)သချေင်္ နဲ့ (၉)သချေင်္ ပေါင်းလိုက်ရင် (၁၆) သချေင်္။ ပထမ (၇)သချေင်္တွင် ဘုရာပေါင်း ဘယ်လောက်ပွင့်သလဲဆိုရင် ဘုရားပေါင်း ၁၂၅၀၀၀။ ပထမ (၇) သချေင်္ အချိန်ကာလအားဖြင့် (၇)သချေင်္၊ အဲဒီ (၇)သချေင်္အတွင်းမယ် ဘုရားပေါင်းပွင့်တာက ၁၂၅၀၀၀။ အဲဒီ ဘုရားပေါင်း ၁၂၅၀၀၀ ဆီမှာ ကုသိုလ်ကောင်းမှုပြုပြီးတော့ စိတ်ထဲတွင်သူကဆုပန်တာနော်။ စိတ်ထဲတွင် ဆုပန်တဲ့ ဘုရားပေါင်း ၁၂၅၀၀၀။ နောက်ထပ် ၉ သချေင်္ကြာတော့ စိတ်ထဲတွင် မနေနိုင်တော့ဘူးတဲ့။ သူက ကုသိုလ်ကောင်းမှုပြုပြီးရင် ဘုရားတပည့်တော် ဒီကုသိုလ်စေတနာကြောင့် ဘုရားဖြစ်ပါရစေဘုရားလို့ အကျယ်ကြီးဆုတောင်းတယ်။ အဲဒီလို နှုတ်နဲ့ အကျယ်ကြီးဆုတောင်းတဲ့ အချိန်ကာလ က ၉ သချေင်္။ ဘုရားပေါင်းက ၃၈၇၀၀၀ ။ အဲခုနက ၁၂၅၀၀၀ နဲ့ ခု ၃၈၇၀၀၀ ပေါင်းလိုက်စမ်း။ ၅၁၂၀၀၀ နော်။ ပေါ်ပြီမဟုတ်လား။ အေး… ဒွါဒသဥ္စ သဟဿကေ ပဥ္စသတ သဟဿာနိ ၅၁၂၀၀၀ သော ဘုရားရှင် တို့ကို့ တပည့်တော်ရှိခိုးပါ၏။ ဟုတ်လား။ အဲလိုနဲ့ ဘုရားဆုပန်လိုက်တာ သုမေဓာရသေ့ဘဝရောက်၊ သုမေဓာရသေ့ဘဝကနေ ပြီးတော့ သူကတောထဲမယ် တရားကျင့်နေတာ။ ရသေ့တွေ ဆိုတော့ တောထဲမယ် အကြာကြီးမနေရဘူးတဲ့။ တောထဲမယ် အကြာကြီးနေရင် အိုက်အိုဒင်းဆားဓါတ်နည်းပြီးတော့ လည်ပင်းကြီးရောဂါဖြစ်တယ်။ အဲဒီရောဂါကို အိုက်အိုဒင်းဆား စားလိုက်ရင်ပျောက်တယ်။ သုမေဓာရသေ့က ကဲ ငါလည်းဘဲ တော်ကြာ လည်ပင်းကြီးနေ လိမ့်မယ် ဆိုပြီးတော့ ကောင်းကင်ကပြန်လာ၊ အောက်မှာ လူတွေ တအုံးအုံးနဲ့ လူတွေတပျော်တပါးကြီး အလုပ်လုပ်နေတာ မြင်တော့ ဆင်းပြီးတော့ သူကမေးတယ်။ ဟေ့..ကောင်တွေ မင်းတို့ဘာလုပ်နေကြတာတုန်း တပျော်တပါးကြီးပါလား။ လောကသုံးပါး ဘုရားပွင့်ပြီလေ။ ဒီပင်္ကရာဘုရားပွင့်ပြီ။ နောက်တော်ပါ ရဟန်း လေးသိန်းနှင့်အတူ အခုဆွမ်းခံ ကြွမှာ။ မိုးတွေရွာလို့ ဒီမှာ ဗွက်တွေ ပြင်နေတာ ကျုပ်တို့ ဗွက်တွေ ဖို့နေတာဗျလို့ ပြောသတဲ့။ ဟာ....ဒီလိုဆိုရင် ငါလဲဘဲ ကုသိုလ် ပါဝင်အုံးမယ်ကွ။ ငါ့ကိုတစ်နေရာပေးလို့ ပြောကတဲ့။ ဦးရသေ့ကြီး ခင်ဗျားက မြေလျှိုးမိုးပျံ တန်ခိုးတွေ ရနေတော့ ဗွက်တွေ ထူတဲ့နေရာ ခင်ဗျားယူ။ ဗွက်ထူတဲ့နေရာပေးသတဲ့။ ပေးတော့လည်း အေးပါကွာ ဘယ်နေရာရရ ငါရသမျှ လုပ်မယ်ဆိုပြီးတော့ နီးတဲ့အိမ်လေးတစ်အိမ်က ပေါက်ပြားလေးတစ်လက်၊ တံရွင်းတစ်ချောင်း၊တောင်းတစ်လုံး ငှား။ မြေကြီးတွေ တူးပြီးတော့ သူကဖို့တာပေါ့။ ဖို့တော့ ပြီးခါနီး ဟောဒီလောက်ကလေးကျန်တော့တယ်။ တလံလောက်ကလေး။ အဲဒီလောက်ကလေးလဲကျန်ရော။ အော်..ဒီပင်္ကရာဘုရား နောက်တော်ပါရဟန်း လေးသိန်းနဲ့ ဆွမ်းခံကြွလာပြီခင်ဗျား။ ဆွမ်းလောင်းဖို့ ပြင်ကြပါလို့ နိဗ္ဗာန်ဆော်က ကြေးစည်လေးတီးပြီး ရှေ့ကနေဟစ်သတဲ့။ ဟာ..ဘုရားကြွလာပြီ ဘုရားကြွလာပြီ ဆိုပြီး ပြေးကြလွှားကြ ဆွမ်းတွေ၊ ဆွမ်းရံတွေပြင်ဆင်ကြပေါ့လေ။ သုမေဓာ ရသေ့လေးကျတော့ အရမ်းချစ်နေကြတာ။ သူ့ဘယ်သူမှ ဂရုမစိုက်၊ ကူဖေါ်လောင်ဖတ်လည်း မရှိဘူး။ ငါလည်း ခက်နေပြီ ဒီလောက်ကလေးကျမှ ကျန်နေတယ်။ ခက်ပြီ..ဘယ်လိုလုပ်ရပါ့မတုန်းဆိုပြီးတော့ သူက သင်္ကန်းကြီးဖြန့်ခင်း အဲဒီပေါ်မယ် ဝမ်းယားမှောက် ဘုရားကြွလာတဲ့ဘက် ခေါင်းပြုပြီးတော့ မြတ်စွာဘုရား တပည့်တော် ကျောပေါ် သံဃာတော် လေးသိန်းနှင့်တကွ နင်းလျှောက်ပါဘုရား။ ဗွက်ထဲကို မနင်းပါနဲ့ ဘုရား။ တပည့်တော်ကျောပေါ်နင်းပါဘုရားလို့ သူကအော်လျှောက်တယ်။ အော်လျှောက်တော့ ဟာ..အာဂယောက်ျားဘဲဟေ့။ သံဃာတော် လေးသိန်းနဲ့ တက်နင်းရင် သူသေမှာ အသေခံရဲတယ်။ တကယ့်ယောက်ျား၊ ဘယ်လို ပုဂ္ဂိုလ်လဲဟဲ့လို့ ကြည့်လိုက်တော့မှ အော်လွန်ခဲ့တဲ့ ဆယ်ခြောက်သချေင်္တုန်းက သမီးတော်လေး ဖြစ်ပြီးတော့ ငါ့ကိုနေ့တိုင်းနေ့တိုင်းမုန်ညင်းဆီ တစ်သပိတ်လှူတဲ့ ပုဂ္ဂိုလ်လေးဘဲလို့သိသွားတယ်။ ဘုရားက။ အေး.. သုမေဓာရသေ့လေး ဆိုပြီးတော့ ခုန သမီးတော်လေးအကြောင်းပြန်ပြောင်းဟော၊ ဟောပြီးတော့ မင်းကျောပေါ်မလျှောက်ပါဘူးကွာ တို့ကောင်းကင်ကကြွမယ်ဆိုပြီးတော့ တန်းခိုးနဲ့ကြွ၊ ကြွပြီီးတော့ သင်ဟာ ဒီကုသိုလ်စေတနာကြောင့် လေးသချေင်္ နဲ့ ကမ္ဘာ တစ်သိန်းကြာတဲ့အခါ ဂေါတမ ဘုရားဖြစ်လိမ့်မယ်လို့ ဗျာဒိတ်ပေးသတဲ့။ သင်ဟာ ငါဦးဇင်းလေးဘဝတုန်းက နေ့တိုင်းနေ့တိုင်း မုန်ညင်းဆီ တစ်သပိတ်လှူတဲ့ ကုသိုလ်စေတနာကြောင့် သင့်နောက်ဆုံးဘဝ နာမည်က သိဒ္ဓတ္တ မင်းသားလို့ဖြစ်လိမ့်မယ်။ သိဒ္ဓတ္တ ဆိုတာ မုန်ညင်း တေလဆိုတာ ဆီ။ သိဒ္ဓတ္တတေလ ဆိုတော့ မုန်ညင်းဆီ ။ မုန်ညင်းဆီ တစ်သပိတ် တစ်သပိတ် လှူခဲ့တဲ့အတွက် အဲဒီစေတနာက အကျိုးပေးပြီးတော့ သင့်ရဲ့နောက်ဆုံးနာမည်သည် ဘာဖြစ်လိမ့်မတုန်း။ သိဒ္ဓတ္တမင်းသားလို့ ဖြစ်လိမ့်မယ်လို ဗျာဒိတ်ပေးသတဲ့။ အေး...အဲဒီမုန်ညင်းဆီလှူတဲ့ ကုသိုလ်စေတနာကံသည် ကမ္မပစ္စည်း၊ ဒီဘက်ဘဝမယ် သိဒ္ဓတ္တ လို့ နံမည်လေးရ၊ ဘုရားဖြစ်တာက ကမ္မပစ္စည်းရဲ့ ပစ္စယုပ္ပန် သဘောပေါက်လား။ ဘဝပေါင်း ကမ္ဘာပေါင်း သချေင်္ ၂၀ နဲ့ ကမ္ဘာပေါင်း တစ်သိန်းကြာတယ်။ ပျောက်မသွားဘူးနော်။ အဲ့ဒီပျောက်မသွားတဲ့ သတ္တိလေးကို ကမ္မသတ္တိ။ ဟုတ်ကလား။ အဲဒါဆိုရင် အဖိုးတန်တယ် မဟုတ်လား။ အဲ...ဟုတ်ပြီ။တစ်ခေါက်လောက်ဆိုပြစမ်းပါအုံး။ “သမ္ဗုဒ္ဓေ အဋ္ဌဝီသဥ္စ ဒွါဒသဥ္စ သဟဿကေ ပဥ္စသတ သဟဿာနိ နမာမိ သိရသာ မဟံ အပကာ ၀ါဠုကာ ဂင်္ဂါ အနန္တာ နိဗ္ဗုတာ ဇိနာ တေသံ ဓမ္မဥ္စ သံဃဥ္စ အာဒရေန နမာမဟံ နမက္ကာရာ နုဘာဝေန ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ အနေက အန္တရာယာပိ ၀ိနာဿန္တု အသေသတော” ကဲ....တော်လိုက်ကြအုံးစို့။ သာဓု……သာဓု……သာဓု (ဗန်းမော်ဆရာတော်ကြီး ပဋ္ဌာန်းတရားပွဲ အသံတော်မှ ကူးယူပူဇော်ပါသည်။
https://www.dhammaransi.com/index.php/new/457-2016-12-13-03-23-01.html
ထူးသောဗုဒ္ဓနှင့် ထူးသောသာဝက
ပိပ္ပလိမထေရ်သည် ဘဒ္ဒကာပိလာနီနှင့်လမ်းခွဲ၍ တစ်ပါးတည်း ကြွလှမ်းခဲ့၏။နှစ်ဦးသား လမ်းခွဲစ ဉ်က မဟာပထဝီ၏ ပဲ့တင်ထပ်မျှ မြည်ဟီးကာ တုန်လှုပ်ခြင်းကြောင့် ရှဉ့်နက်တို့ အား အစာကျွေးရာ ဝေဠုဝန်ကျောင်းတိုက်၌ သီတင်းသုံးတော်မူသော မြတ်ဗုဒ္ဓသည် ယင်း၏အကြောင်းကို သိရှိရန် ဆင်ခြင်တော်မူ၏။ မရေတွက်နိုင်သော စည်းစိမ်ဥစ္စာတို့ကို စွန့်ပစ်၍ ကိုယ်တော်၏သာသနာတော်ထဲ ဝင်ရောက်လာသူ ထိုပုဂ္ဂိုလ်နှစ်ဦးအား ချီးမြှောက်မည်ဟူသောရည်ရွယ်ချက် ဖြင့် ကိုယ်တော်တိုင် သပိတ် သင်္ကန်းကိုယူဆောင်ကာ တစ်ပါးတည်း ြွကတော်မူလေ၏။ သုံးဂါဝုတ်မျှ ခရီးတိုင်အောင် ကြွ၍ ရာဇဂြိုဟ်မြို့ နှင့် နာလန္ဒမြို့၏အကြား ပင်စည်နှင့်ခက်မရင်းတို့ မြေသို့ ဖြာကျအောင် ပေါက်ရောက်နေသည့် မြစ်ပွား မြစ်ထောက်များစွာရှိသော ပညောင်ပင် အရင်း၌ ထက်ဝယ် ဖွဲ့ခွေနေတော်မူ၍ ပိပ္ပလိမထေရ်အား ဆီးကြိုတော်မူ၏။ ပိပ္ပလိမထေရ်အား ဆီးကြိုရာ၌ မထင်မရှားရဟန်းတစ်ပါးအသွင် မဟုတ်ဘဲ ရှေ့နောက် ထက်အောက် ဝဲယာသို့ အတောင် (၈၀) တိုင်အောင် အဆက်မပြတ် ပြိုးပြိုးပြက်သော ရောင်ခြည်တို့ဖြင့် ဗုဒ္ဓအသွင်ကို ထင်ရှားစွာ ဆောင်တော်မူ၏။ ထိုသို့ခြောက်ဖြာသောရောင်ခြည်တို့ဖြင့် ထက်ဝယ် ဖွဲ့ခွေ နေတော်မူသော မြတ်ဗုဒ္ဓအား မြင်သော ပိပ္ပလိ မထေရ်သည် ‘ဤအရှင်ကား သုံးလောက၌ အတုမရှိ သောဗုဒ္ဓပင် ဖြစ်တန်ရာ၏။ ငါကား ဤဗုဒ္ဓကို ရည်မှန်း ၍သာ ရဟန်းပြုခဲ့ပေ၏။ ငါသည် ဆရာဖြစ်သောဗုဒ္ဓ ကိုသာလျှင် ဖူးမြင်ရာ၏။ ဗုဒ္ဓမှတစ်ပါး ငါ၏ဆရာသည် အခြားသူ တစ်စုံတစ်ယောက်မျှပင် မဖြစ်နိုင်။ ငါသည် မှန်ကန်သော အကျင့်ကို ကျင့်ကြံခဲ့၍သာ သုဂတ မည် သော ဗုဒ္ဓကို ဖူးတွေ့ရ၏။ ဗုဒ္ဓမှတစ်ပါး အခြားသော တစ်စုံတစ်ယောက်သည် ငါ၏သုဂတမဖြစ်နိုင်။ ငါသည် မဖောက်မပြန် ကိုယ်တိုင် သစ္စာတရား ကိုသိမြင်တော်မူ သော သမ္မာသမ္ဗုဒ္ဓမည်သော ဗုဒ္ဓကိုဖူးတွေ့ရ၏။ ဗုဒ္ဓမှတစ်ပါး အခြားသော တစ်စုံတစ်ယောက်သည် ငါ၏ သမ္မာသမ္ဗုဒ္ဓမဖြစ်နိုင်’ဟုဆို၍ မြတ်ဗုဒ္ဓထံသို့ ချဉ်းကပ် လေ၏။ ဤသို့ မြတ်ဗုဒ္ဓအပေါ်၌ ယုံမှားသံသယ မဖြစ်ဘဲ စိတ်ချယုံကြည်စွာ ရွှင်ကြည်သောနှလုံးဖြင့် မြင်ရာအရပ် မှပင် ရိုကျိုးသောကိုယ်ကာယဖြင့် ချဉ်းကပ်ကာ - ‘သတ္ထာမေ ဘန္တေ ဘဂဝါ၊ သာဝကော ဟမသ္မိံ - ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား၊ အရှင် မြတ်ဘုရားသည် တပည့်တော်၏ဆရာ ဖြစ်တော်မူပါ။ တပည့်တော်သည် အရှင်မြတ်ဘုရား၏တပည့်ဖြစ်ပါအံ့’ ဟု သုံးကြိမ် သုံးခါ လျှောက်ထားတောင်းပန်လေ၏။ မြတ်ဗုဒ္ဓသည် ငယ်မည်အားဖြင့် ပိပ္ပလိဟုထင်ရှား သိသော်လည်း မျိုးရိုးဂုဏ်ကို ပေါ်လွင်စိမ့်သောငှာ ‘ချစ်သားကဿပ’ဟု ခေါ်တော်မူ၏။ “ချစ်သားကဿပ၊ ချစ်သားလောက် မြင့်မြတ်စင်ကြယ်သောစိတ်ဓာတ်နှင့် ပြည့်စုံသူ တပည့် တစ်ဦးကို တစ်စုံတစ်ယောက်သော ဆရာတစ်ဦးသည် သိစရာ အားလုံးတို့ကို မသိမြင်ပါဘဲ ငါသိမြင်ပြီး၏ဟု ပြောဆို ကာ ချစ်သား၏ရိုသေလေးစားမှုကို ခံယူကာ သာယာ ငြားအံ့။ ထိုသူ၏ဦးခေါင်းသည် လည်မှပျက်ကျ၍ ခုနစ်စိတ်သော်လည်း ကွဲရာ၏။ ဤအတူ ငါဘုရား၌ပြုသော ရိုသေလေးစားမှုကို မဟာပထဝီအား ပြုမိငြားအံ့။ ထိုမဟာပထဝီ သည်လည်း ချစ်သား၏ရိုသေလေးစားမှုကို ခံယူနိုင်စွမ်းမရှိ။ ပထဝီ သည် မတည်မြဲနိုင်ပေ။ ယူဇနာပေါင်း နှစ်သိန်း လေးသောင်း မြေအထုသည် ထောင်းထောင်းကွဲအက်၍ အမှုန့်မှုန့် အညက်ညက် ပြိုပျက်ရာ၏။ သီလ၊ သမာဓိ၊ ပညာအရာ၌ တုနှိုင်း၍ မရသော ငါဘုရားအားသာလျှင် သင်ချစ်သား၏ရိုသေမှုကို ခံယူ ခြင်းဖြင့် အန္တရာယ်မဖြစ်နိုင်။ ငါဘုရားသည်ကား သိမြင်စရာ ဟူသမျှကို သိမြင်ပြီးဖြစ်သည်။ ချစ်သား ကဿပ၊ ထိုင်ပေလော့။ သင့်အား ငါ ဘုရား၏အမွေကို ပေးအံ့။ သင်သည် ငါဘုရား၏ဝါဒ ကိုလိုက်နာပြုကျင့်ပါလော့။ ထေရနဝမဇ္ဈိမ(ရဟန်းငယ်၊ ရဟန်းလတ်၊ရဟန်းကြီး)ဖြစ်သော ရဟန်း ဟူသမျှတို့၌ တည်သည့် ထုထည်ကြီးမား မြင့်မြတ်လှသော အရှက် အကြောက်ဟူသော ဟိရီဩတ္တပ္ပ လောကပါလတရား နှစ်ပါးကို တည်စေမည်။ ပြုကျင့်ရမည်။ ကုသိုလ်နှင့်စပ်သော တရားဟူသမျှကို နာကြားရမည်။ ထိုကုသိုလ် အကုသိုလ်ကို လိုလားသောအားဖြင့် ဤတရား သည်ကား ငါ၏ဥစ္စာအကျိုးသာတည်း။ စိတ် ၌ သွင်းထား၍ အနည်းငယ်မျှ ပြင်ပသို့ မထွက်စေဘဲ ကောင်းစွာ အထပ်ထပ်ဆောင်သောစိတ်ဖြင့် ငါဘုရား ဟောကြားသောတရားကို အာရုံစူးစိုက်၍ နာယူလော့။ အသုဘ၊ အာနာပါနတို့၌ ပထမဈာန်အလိုအား ဖြင့် သုခနှင့်ယှဉ်သော ကာယဂတာသတိကို မစွန့်အံ့ ဟု ပြုကျင့်ရမည်။ ချစ်သားကဿပ ငါဘုရား၏ ဤ သုံးဝသော ဩဝါဒကို လိုက်နာကျင့်သုံးပါလော့” ဤတွင် ရှင်မဟာကဿပမထေရ်သည် မြတ်ဗုဒ္ဓ ၏သုံးပါးသောဩဝါဒကိုခံယူတော်မူ၍ ရှင်ရဟန်း အဖြစ် ထမြောက် အောင်မြင်ခဲ့ပေ၏။ မြတ်ဗုဒ္ဓသည် မထေရ် မြတ်အား သုံးပါးသောဩဝါဒဖြင့် ဆုံးမ၍ ရဟန်းအဖြစ်ကို ပေးတော်မူပြီးသော် ပညောင်ပင်အရင်းမှထွက်ခွာ တော်မူ၏။ ယင်းသို့ ထွက်ခွာရာ၌ မထေရ်မြတ်အား ပစ္ဆာသမဏ(နောက်ပါရဟန်း)ပြု၍ ကြွတော်မူ၏။ သုံးဂါဝုတ်မျှ ခရီးရောက်သောအခါ တစ်ခုသော သစ်ပင်ရိပ်သို့ဝင်၍ ခေတ္တနားလိုသည့်ဟန်ကို ပြတော် မူ၏။ မထေရ်မြတ်လည်း မိမိပခုံးထက်၌ ပါလာသော အသပြာတစ်ထောင်ထိုက်သည့် ဒုကုဋ်သင်္ကန်းကို လေး ခေါက်ပြု၍ ခင်းပေးတော်မူ၏။ မထေရ်မြတ် ခင်းပေးအပ်သော ဒုကုဋ်သင်္ကန်းပေါ်၌ ထိုင်ပြီးသော် လက်တော် ဖြင့် သင်္ကန်းစွန်းကို သုံးသပ်၍ မိန့်တော်မူ၏။ “ချစ်သား ကဿပ၊ သင်၏ ဒုကုဋ်သင်္ကန်းသည် နူးညံ့လှပေစွ” မထေရ်မြတ်လည်း ‘မြတ်စွာဘုရားသည် ငါ၏ ဒုကုဋ်သင်္ကန်း နူးညံ့ခြင်းကို ချီးကျူးတော်မူ၏။ ဝတ်ရုံ တော်မူလိုသည်ဖြစ်အံ့’ဟု ကြံ၍ “မြတ်စွာဘုရား၊ တပည့်တော်၏ဒုကုဋ်သင်္ကန်းကို ဝတ်ရုံတော်မူပါ”ဟု လျှောက်ထား၏။ “ချစ်သားကဿပ၊ ငါဘုရားအား လှူဒါန်းလိုက်သည်ရှိသော် သင့်အတွက် အဘယ်ဒုကုဋ် သင်္ကန်းကို ဝတ်ရုံမည်နည်း” “အရှင်ဘုရား၏သင်္ကန်းတော်ကို ရလျှင် ဝတ်ရုံပါမည်” မြတ်ဗုဒ္ဓသည်လည်း ကိုယ်တော်၏ပခုံးထက်၌ ပါလာသော ဒုကုဋ်သင်္ကန်းကိုပြတော်မူလျက် - “ချစ်သား၊ ငါဘုရား သုံးဆောင်ဝတ်ရုံထားသဖြင့် ဟောင်းနွမ်းနေပြီဖြစ်သော ဤ ဒုကုဋ်သင်္ကန်းကို ဝတ်ရုံ နိုင်ပါမည်လော။ ဤသင်္ကန်းသည် ပုဏ္ဏာမည်သော ကျွန်မ၏အလောင်းကို ထုတ်၍ စွန့်ပစ်ထားရာ သုသာန်သို့ ဝင်ရောက်ကာ တစ်ပြည်မျှလောက်သော ပိုးလောက် ပိုးရွတို့ကို ခါထုတ်၍ မြတ်သောအရိယာတို့၏ အကျင့်၌ တည်ကာ ပံ့သကူအဖြစ် ကောက်ယူခဲ့၏။ ဤသင်္ကန်း ကို ကောက်ယူသည့်နေ့၌ပင် မဟာပထဝီမြေကြီးသည် မြည်ဟီး တုန်လှုပ်ခဲ့ပေ၏။ ကောင်းကင် အာကာဝဠာ သည်လည်း မိုးထစ်ချုန်းသံဖြင့် ဟိန်းဟိန်းညံခဲ့ပေ၏။ စကြဝဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာတို့သည်လည်း ကောင်းချီးဩဘာပြုကာ သာဓု အနုမောဒနာ ခေါ်ဆိုခဲ့ ကြပေ၏။ ငါဘုရား၏ သင်္ကန်းကို ခံယူသော ရဟန်းသည် သာမညမျှ သီလ သမာဓိ ရှိရုံနှင့် မထိုက်တန်။ ဇာတိ ပံသုကူလိက (ရဟန်းပြုသည်မှစ၍ ပံ့သကူသင်္ကန်း ဆောင်သူ)၊ ဇာတိအရညိက (ရဟန်းပြုသည်မှ စ၍ တော၌နေသူ)၊ ဇာတိဧကာသနိက (ရဟန်း ပြုသည်မှ စ၍ တစ်နေရာတည်း၌ စားသုံးသူ)၊ ဇာတိသပဒါန စာရိက(ရဟန်းပြုသည်မှစ၍ အိမ်စဉ်အတိုင်း ဆွမ်းခံ လှည့်လည်သူ)ဟူသောဂုဏ်တို့နှင့် ပြည့်စုံသော ရဟန်းသည်သာလျှင် ငါ၏သင်္ကန်းကို ခံယူထိုက်၏။ ချစ်သား၊ ငါ၏သင်္ကန်းနှင့် ထိုက်တန်အောင် ကျင့်ဆောင် နိုင်ပါမည်လော” “အရှင်ဘုရားမိန့်တော်မူသည့်အတိုင်း ကျင့်ကြံပါမည်” ရှင်မဟာကဿပမထေရ်ကား အလွန်တရာမှ ပြု နိုင်ခဲလှစွာသောအမှုကို မတွန့်မရွံ့ဘဲ မြတ်ဗုဒ္ဓအထံ၌ ကတိကဝတ်ပြုဘိ၏။ဤအမှု ဤအကျင့်သည် သာမန် ရဟန်းတော်များပင် ပြုနိုင်ကျင့်နိုင်ခဲလှ၏။ ဤမထေရ် မြတ်ကား ယင်းပြုနိုင်ခဲ ကျင့်နိုင်ခဲလှသည့်အမှုကို ကြီး လေးသောဝန်ဆောင်မှုတစ်ရပ်ပင် မထင်။ ဤသို့သော တာဝန်ကိုထမ်းဆောင်နိုင်ရန်အတွက် မြတ်ဗုဒ္ဓ၏ဒုကုဋ် သင်္ကန်းကို ခံယူနိုင်ရန်အတွက် ကမ္ဘာတစ်သိန်းပတ်လုံး ကျင့်ကြံခဲ့ရသည် မဟုတ်ပါလား။ ပဒုမုတ္တရမြတ်စွာဘုရားလက်ထက်၌ ရှင်မဟာနိသဘမထေရ်ကြီးကို အားကျ၍ ဆုတောင်းကာ ဖြည့် ကျင့်ခဲ့ခြင်းကြောင့်လည်းကောင်း၊ ဝိပဿီမြတ်စွာဘုရား လက်ထက်၌ ဧကသာဋကပုဏ္ဏားဘဝတွင် မိမိ၌ရှိသော ပုဆိုးတစ်ထည်ကို လှူဒါန်းခြင်းကြောင့် လည်းကောင်း၊ မဟာဗန္ဓုလမင်းကြီးမှ သူ့အတွက် ရည်ညွှန်း၍ ပေးသော အသပြာတစ်သိန်းထိုက်သည့် ကမ္ဗလာအား ဂန္ဓကုဋီတိုက် အတွင်းဝယ် တစ်ထည်ကို အခင်းပြု၊တစ်ထည်ကို ဗိတာန်မျက်နှာကျက်ပြုလျက် လှူဒါန်းခြင်း၏ အကျိုး တို့ကြောင့် ဤဘဝ၌ မြတ်ဗုဒ္ဓပေးသော တာဝန်ကို ထမ်းဆောင်နိုင်၍ ချီးမြှင့်သော ဒုကုဋ် သင်္ကန်းကို ခံယူနိုင် ခြင်းဖြစ်ပေ၏။ ထိုသို့ သုံးလောက၌ အထွတ်အမြတ်များ ဖြစ်ကြသော မြတ်ဗုဒ္ဓနှင့် တပည့်သာဝကကြီးတို့ သင်္ကန်း လဲလှယ်ခြင်းအမှုကိုပြုရာ၌ မဟာပထဝီသည် ပဲ့တင်ထပ်မျှ မြည်ဟီးတုန်လှုပ်ခြင်းကို ပြုလေပြန်၏။ မြတ်ဗုဒ္ဓသည် တပည့်သာဝကကြီးနှင့် သင်္ကန်း းလဲလှယ်ခြင်းအမှု၌ ရှေးဘုရားရှင်တို့ပင် မပြုခဲ့ဖူးသော ပြုမူခြင်းတစ်ရပ် ဖြစ်ပါ၏။ ဤ မထေရ်မြတ်ကြီးသည်ကား မြတ်ဗုဒ္ဓကိုယ်တော်တိုင် ဒုကုဋ်သင်္ကန်းကို ချီးမြှောက်ခြင်း ခံရသည်မှာ ထူးခြားမြင့်မြတ်သောကြောင့်သာ ဖြစ်၏။ သျှင်တေဇမာလာ(နဂါးပေါ်
https://www.dhammaransi.com/index.php/new/458-2016-12-12-10-29-35.html
“ဘုရားပန်း မညှိုးမှ . . . အစွမ်းတိုးမယ်”
လူအများစုရဲ့သဘာဝ ၊ အများစုရယ် မဟုတ်ဘူးပေါ့လေ၊ “နတ် ကိုးကွယ်မှု အားသန်တဲ့ ပုဂ္ဂိုလ်”တွေက ဘုရားပန်းသာ ညှိုးချင် ညှိုးပါစေ။ နတ်ပန်းတော့ အညှိုးမခံနိုင်ဘူး။ ဘုရားစင်မှာ ဆွမ်းခဲဖွယ်ချိုချဉ်ရသာ မရှိရင်သာနေမယ်။ နတ်ရှေ့မှာ အုန်းသီးဆိုလည်း အလုံးလိုက်၊ ငှက်ပျောသီးဆိုလည်း အဖီးလိုက်။ ယောဂီတို့ အိမ်တွင်းရေး မသာယာချင်ဘူးလား။ (သာယာချင်တယ်။) သာယာချင်တယ်ဆိုရင် ဘုရားပန်း မညှိုးပါစေနဲ့။ ဘုရားပန်းညှိုးပြီဆိုရင်တော့ အနှေးနဲ့ အမြန်ပဲ ကွာမယ်။ အိမ်တွင်းရေး ပဋိပက္ခတွေဖြစ်ပြီးတော့၊ တစ်ယောက်နဲ့ တစ်ယောက်အဆင်မပြေ ၊ စိတ်ဝမ်းကွဲတာတွေဖြစ်ကြမှာပဲ။ လုပ်ငန်း၊ကိုင်ငန်း စီးပွါးရေးတွေလည်း အဆင်ပြေမှာ မဟုတ်တော့ဘူး။ ဂါထာတွေ၊ မန္တာန်တွေ အမြှုပ်ထွက်အောင် မရွတ်ချင်နေပါ။ ဘုရားပန်း အမြဲတမ်း လန်းလန်းဆန်းဆန်း ဖြစ်အောင် ထားမယ်၊ သောက်တော်ရေချမ်းလေးကိုလည်း အမြဲတမ်း အေးနေအောင်ထားမယ် ဆိုရင် အိမ်တွင်းရေးလည်း အေးချမ်း၊စီးပွားလမ်းလည်းဖြောင့် ၊ အစစအရာရာ အဆင်ပြေမှာပါ။ သောက်တော်ရေ တနေ့ ဘယ်နှစ်ခါလဲတုံး။ “နှစ်ခါ”။ နှစ်ခါလဲတဲ့သူ တော်တော်နည်းမယ်ထင်တယ်နော်။ ကဲ . . . ကိုယ်ကတော့ “ရေ” တနေ့ဘယ်နှစ်ခါ သောက်တုံး။ “ဆယ်ခါ”။ တော်တော်တရားတယ်။ ဘုရားကျတော့ ရေငတ် ထားတယ်။ ကိုယ်ကျတော့ ဆာတိုင်း သောက်တယ်။ အမှန်ကတော့ ကိုယ်ရေသောက်တိုင်း ဘုရားကို သောက်တော်ရေ လဲပြီး ကပ်မယ်ဆိုရင် ပိုကောင်းတယ်နော်။ အဲဒီလောက်ကြီးအထိ မလဲနိုင်ဘူး ဆိုရင်တောင်မှ “မနက်တခါ၊ နေ့လယ်တစ်ခါ ၊ ညတစ်ခါ” တစ်နေ့ သုံးကြိမ်လောက်တော့ သောက်တော်ရေလေး လဲပြီး ၊ ကပ်ရင်ကောင်းတာပေါ့။ ကိုယ် ရေသောက်တိုင်း၊ သောက်တိုင်းလည်းပဲ ကိုယ်ပါးစပ်ထဲ ရေမထည့်ခင်၊ ကိုယ်သောက်မယ့်ခွက်ကို လက်ကလေးနဲ့ ကိုင်ထားပြီးတော့ “မြတ်စွာဘုရားရှင်အား သောက်တော်ရေ လှူဒါန်းပါတယ်”လို့ စိတ်ကအာရုံပြုပြီးတော့ မြတ်စွာဘုရားရှင်ကို သောက်တော်ရေ ကပ်လိုက်ပေါ့။ ကိုယ်သောက်တဲ့ ရေအိုးစင်နားလေးက နေပြီးတော့ ကပ်လိုက်ရုံပါပဲ။ဘုရားဆီ သွားပြီး ကပ်စရာမလိုပါဘူး။ ဘယ်နေရာမှာပဲ ရပ်ပြီးတော့ ရေသောက်သောက်။ ကိုယ်ရေသောက်တိုင်း မြတ်စွာဘုရားကို သောက်တော်ရေချမ်း လှူဒါန်းပြီးမှ ကိုယ်က စွန့်သောက်ပါ။ အရက်သမား၊ဘီယာသမား တချို့တောင် အရက်သောက်ခါနီး၊ဘီယာသောက်ခါနီး ကိုယ်သောက်မယ့် အရက်ပုလင်း၊ဘီယာပုလင်းကို “အရက်သမားနတ် ကိုကြီးကျော်” ကို ပသတဲ့ အနေနဲ့ နဖူးရှေ့ လက်နဲ့ မြှောက်ပြီး၊ အာရုံပြုကြသေးတယ်မဟုတ်လား။ ကိုကြီးကျော် တပည့်တွေထက်၊ ဘုရားတပည့်တွေက သာမှ ဖြစ်မှာနော်။ သောက်တော်ရေ တစ်ခုတည်းမှ မဟုတ်ဘူး။ ဘာပဲစားစား။ သကြားလုံးလေး ငုံတာပဲဖြစ်ဖြစ်။ နေကြာစေ့လေး တစ်ထုပ် စားတာပဲ ဖြစ်ဖြစ်၊ မြတ်စွာဘုရားကို စိတ်က အာရုံပြု ကပ်ပြီးတော့မှ စား။ မစားခင် “သရဏဂုံလေး၊ ဘာလေး” လည်း ရွတ်ပေါ့။ သရဏဂုံရွတ်နေတဲ့အချိန်က မြတ်စွာဘုရား ဘုဉ်းပေးနေတဲ့ အချိန်လို့ သဘောထားပေါ့။ သရဏဂုံလေး “သုံးခေါက်” ရွတ်ပြီးသွားပြီ ဆိုတော့မှ “ မြတ်စွာဘုရား ၊ မြတ်စွာဘုရား ဘုဉ်းပေးပြီပြီးဖြစ်လို့ တပည့်တော်ကို ဆေး အဖြစ် စွန့်တော်မူပါဘုရား”လို့ စွန့်ပြီး စားပေါ့နော်။ မြတ်စွာဘုရားရှင်က တန်ခိုးနဲ့ ဘုဉ်းပေးလိုက်တာ ဆိုတော့ ခဏလေးနဲ့ ပြီးပြီးပေါ့။ ယောဂီတို့ က စွန့်စားတာ ကြိုက်တယ် မို့လား။ အဲဒီတော့ ဘုရားကပ်ပြီးတော့ စွန့်စား လိုက်တော့ စွန်စားတဲ့သူ ဖြစ်သွားတာပေါ့။ နိဗ္ဗာန် ဆိုတာ စွန့်စားတဲ့သူတွေမှ ရောက်တာနော်။ အဲဒီတော့ ဘုရားပန်း မညှိုးပါစေနဲ့။ သောက်တော် ရေချမ်းမနွေးပါစေနဲ့။ ဒါ အရေးကြီးပါတယ်။။ -【ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)】 (“ငါ့ကိုမချစ်ပါနဲ့” ကူးယူပူဇော်ပါသည်။)
https://www.dhammaransi.com/index.php/new/459-2016-12-07-10-29-52.html
ဘဝကို ချမ်းသာအောင်နေနည်း
ဘဝကို ချမ်းသာအောင်နေနည်း လိုရင်းကိုသာ ရှင်းရှင်းပြောပါ့မယ်။ လူလောကမှာ မေတ္တာလောက်ကောင်းသောအရာ ဘာမှမရှိဘူး။ မေတ္တာစိတ်ထားပြီး နေခြင်းသည် ချမ်းသာအောင် နေနည်းဖြစ်တယ်။ သူတစ်ဘက်သား ချမ်းသာကြစေရန် မေတ္တာဖြန့်ပွား၍နေခဲ့လျှင် သူတစ်ဘက်သား ချမ်းသာမှု မရှိသေးခင် မေတ္တာဖြန့်ပေးသူ မိမိက ဦးစွာချမ်းသာခြင်း သုခ ရနေပြီးဖြစ်တယ်။ မိမိကိုယ်တိုင် ကိုယ်စိတ်ချမ်းသာမှုကို ခံစားနေသလို၊ အခြားသူများအား ကိုယ်ရောစိတ်ပါ ချမ်းသာကြစေရန် မေတ္တာဖြန့်ဝေလို့ မိမိမှာ လျော့မသွားပါဘူး။ မိမိသန္တာန်မှာ ချမ်းသာမြဲ ပုံမှန်ရှိပြီး သကာလ သူတစ်ပါးတို့လဲ ချမ်းသာမှု ရကြတယ်။ မေတ္တာပုံလွှတ်ပေးတဲ့အခါ ကိုယ်ခန္ဓာကို မရည်မှန်းရပါဘူး၊ စိတ်နှလုံးကိုသာ ရည်မှန်းရမယ်၊ ဒါလိုရင်းဖြစ်တယ်လို့မှတ်။ ဘဝကို ချမ်းသာအောင်နေနည်း လိုရင်းကိုသာ ရှင်းရှင်းပြောပါ့မယ်။ မိမိ၏ စိတ်ကို ရှင်းရှင်းထားနေပါ။ စိတ်ရှင်းနေလျှင် ချမ်းသာပါတယ်။ မိမိစိတ်အာရုံထဲမှာ ရူပ်ထွေးနေတဲ့ အကြောင်းအရာတွေ ဝင်ရောက်မလာစေနှင့် ၊ လက်ခံမထားနှင့်။ စိတ်ရှင်းရှင်းထားလို့ နေသားကျလာပြီဆိုလျှင် ရူပ်ထွေးစေတဲ့ သူတစ်ပါး အကြောင်းအရာရော၊ ပတ်ဝန်းကျင် အကြောင်းအရာရော စိတ်ဝင်စားခြင်းမရှိပါ။ သန့်ရှင်းစွာ ထားလေ့ရှိတဲ့ အိမ်ဝင်းတလင်းပြင်ပေါ်မှာ သူတစ်ပါးက အမှိုက်သရိုက်လာပစ်ထားလျှင် လက်ခံထားချင်စိတ် မရှိသလို၊ မိမိ၏ စိတ်အာရုံထဲမှာ သူတစ်ပါးက စိတ်ရူပ်စရာ အကြောင်းအရာတွေ လာပြောသွားသော်လည်း ကိုယ်က လက်ခံသိမ်းပိုက်ခြင်း မရှိလျှင် ရူပ်ကျန်ရစ်မည် မဟုတ်ပါ။ အရူပ်မခံပါနှင့် ။ “ငါနှင့် မဆိုင်တဲ့ အကြောင်းအရာတွေပဲ” လို့ နားရှင်းစွာ ထားပြီးတဲ့အတိုင်း စိတ်အာရုံထဲက ဖယ်ထုတ်ပစ်လိုက်မှာ သေချာတယ်။ အဲသလို စိတ်ကို ရှင်းရှင်းထား နေနည်းအရ မိမိ၏ စိတ်အာရုံထဲ မေတ္တာ ဖြန့်ပွားခြင်း အလုပ်ကို ပုံမှန် ဖြစ်နေစေရမယ်၊ မေတ္တာတရား အချိန်ပြည့် ဖြန့်ပွားနေချင်အောင် စိတ်ဝင်စားနေပြီဆိုလျှင် ဘဝချမ်းသာအောင် နေနည်း အခြေခံ မူမှန်ပြီလို့ မှတ်ပါ။ မူမှန်ပြီဆိုရင် အခြေခံကို ခိုင်အောင် ကြိုးစားဖို့သာ လိုတော့တယ်။ ကဲ--ဘယ်လောက်လွယ်သလဲ၊ ဘာခက်သလဲ ။ ဆီအမြဲထည့်ထားတဲ့ ပုလင်းမှာ ဘယ်တော့်မှ ရေဝင်လို့မရဘူး။ ဆက်လက်ဖော်ပြပါမည်-- (နယ်ခြားတောင်တန်းသာသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရ ၊ “ချမ်းမြေ့စွာ ဘဝနေနည်း” ၊ ဓမ္မာစရိယ ဦးဌေးလှိုင် စုစည်းစီစဉ်သည်။)
https://www.dhammaransi.com/index.php/new/460-2016-12-06-05-23-37.html
အရိမေတ္တာယျဘုရားအကြောင်း သိကောင်းစရာများ
တနေ့သောအခါ နိဂြောဓာရုံ ကျောင်း ရွှေသလွန်တော် ထက်၌ မြတ်စွာဘုရား သီတင်းသုံးတော်မူ ပြီးအရှင်သာရိပုတ္တရာl အရှင်အာနန္ဒာ အစရှိတဲ့ သံဃာ အရေအတွက် ်ရှစ်ကျိပ်l သံဃာ အပါးရှစ်ဆယ် တို့ကို ဆုံးမသြဝါဒ တရားစကား ဟောကြားနေတဲ့ အချိန်မှာ မိထွေးတော် ဂေါတမီ ကပန်းနံ့သာ အမွှေး နံ့သာများစွာ လက်၌စွဲလျက် ရွှေသ င်္ကန်း အဝတ်တစုံ ထည့်ထားတဲ့ ပတ္တမြားကြုတ်ကို ခေါင်းပေါ်ရွက် ဆွမ်းစသောလှူဖွယ်ပစ္စည်းမျိုးစုံနဲ့ တံခွန် ပန်းနံ့သာ များကို လက်မှာစွဲ ပြီးသာကီဝင် မင်းသားမင်းသမီး ငါးရာခြံရံလျက် ဘုရားရှိရာ နိဂြောဓာ ရုံကျောင်းတော်ကို သင်္ကန်းစ သော လှူဖွယ်ပစ္စည်း လှူဒါန်းဖို့ရာ လာကြတယ်။ မိထွေးတော် ဂေါတမီဟာ မြတ်စွာ ဘုရားကို ရွှေသင်္ကန်း လှူဖို့ရာ အတွက် ကိိုုယ်တိုင် ရက်လုပ်ပြီး လှူတာ။ ဂေါတမီကိုယ်တိုင် နီလှစွာ သော ရွှေတို့ဖြင့် ရွှေဖျဉ်းတို့ကို လုပ်ပြီး ရွှေမှုန်ဖြင့် မြေတွေကိုရောပြီး တော့ ရွှေဖျဉ်း တို့ကိုထည့်l ဝါစေ့တွေကို လက်နဲ့ကိုင်ပြီး ရွှေဝါပင် ပေါက်ပါ စေသတည်းဟု အဓိဋ္ဌာန် လိုက်တော့ ရွှေဖျဉ်းထဲမှာ ရွှေဝါပင်တွေ ပေါက်လာတယ်။ ပေါက်လာတဲ့ ရွှေဝါပင်တွေက မဟာ လှေကားပွင့်နဲ့ တူတယ်။ ဝါအသီးတွေက မြအဆင်းနဲ့ တူတယ်။ ဂေါတမီက ဝါသီးတွေကို လက်နဲ့ ကောက် ရွှေလင်ပန်းထဲမှာ ထည့်l လက်နဲ့ကိုယ်တိုင် ဖန်ပြီးတော့ ဝါဂွမ်း ဖြစ်အောင် ကြိတ်ပြီး လိပ်ရတယ်။ နူးည့ံသိမ်မွေ့စွာ ချည်ငင်ပြီး သိမ်မွေ့တဲ့ ယက္ကန်းသည်ကို ခေါ်ပြီး တော ့ထမင်းအဖျော် စတဲ့ပျားတင်လဲ ထောပတ် တွေကိုစားl အဝတ်တန်ဆာ သန့်ရှင်းအောင်ဝတ်l ယက္ကန်းဇရပ် ကိုလည်း အမွှေးနံ့သာ တွေကြဲl ယက္ကန်းဇရပ် ကိုလူ အစောင့်အကြပ် အမြဲထားပြီးတော့ ့ရွှေသင်္ကန်းကို ဂေါတမီကိုယ်တိုင် ယက်တာ အလျားတစ်ဆယ့် လေးထောင် အနံ ခုုနစ်ထောင် ရှိတဲ့ ပုဆိုးနှစ်ထည် ကိုရတယ်။ မိထွေးတော် ဂေါတမီက မြတ်စွာဘုရား ကျောင်းတော်ကို ရောက်တဲ့အခါ မြတ်စွာဘုရားကို မနီးမဝေး ကနေ ရှိခိုးပြီးတော့ ပတ္တမြားကြုတ်က်ုိဖွင့်l ရွှေသင်္ကန်း တစုံကို လက်က ကိုင်ထားပြီးတော့ ဘုန်းတော်ကြီး သော မြတ်စွာဘုရား တပည့်တော် ရဲ့ လက်ထဲမှာရှိတ ဲ့ရွှေအဝတ် ပုဆိုး တစုံ (နှစ်ထည်) က တပည့်တော် ကိုယ်တိုင် ယက်လုပ်ထားတဲ့ သင်္ကန်း ဖြစ်ပါတယ် ဘုရား။တပည့်တော်ကို သနားစောင့်ရှောက် ချီးမြှောက်သော အားဖြင့် ဤရွှေ သင်္ကန်းကို အလှူခံတော်မူပါ ဘုရားလို့ လျှောက်ထား ပြီးတော့ လှူဒါန်းပါတယ်။ မြတ်စွာဘုရားက နှစ်ထည်စလုံး အလှူမခံဘူး။ တစ်ထည်ကိုသာ အလှူခံပါတယ်။ ပြီးတော့ မိထွေးတော် ဂေါတမီကို ကျန်နေတဲ့ ပုဆိုးတထည်ကို ငါဘုရားရှေ့မှာ ထိုင်နေတဲ့ သံဃာတွေကို လှူလိုက်ပါလို့ ပြောပါတယ်။ မြတ်စွာဘုရားက လှူခိုင်းတော့ မိထွေးတော် ဂေါတမီက မြတ်စွာဘုရားဘက် မျက်နှာလွှဲပြီး သံဃာပရိတ်သတ် ဘက်ကိုလှည့်၍ လက်အုပ်ချီ ပြီးတော့ တပည့်တော်ရဲ့ ရှေ့မှောက်မှာ ထင်ရှားရှိနေတဲ့ သံဃာ အရှင်မြတ် တို့ဘုရားl တပည့်တော် လက်၌ ရှိသော ဤအဝတ်ပုဆိုး ရွှေသင်္ကန်း တော်ကို ဘုရားတပည့်တော် ကိုသနား စောင့်ရှောက် ချီးမြှောက်သော အားဖြင့် အလှူခံတော် မူကြပါဘုရားလိ့ု လျှောက်ထားတော့ သံဃာအပါး (၈၀) မည်သူမျှ ထပြီးအလှူ မခံဝံ့ကြဘူး။ ဘာဖြစ်လို့ အလှူမခံ ဝံ့တာတုန်း ဆိုရင် တစ်ထည်ကို မြတ်စွာဘုရား ဝတ်၍ တထည်ကို ရုံထားမယ ်ဆိုရင် အလွန်တရာ တင်တယ့် သပ္ပါယ် ပေလိမ့်မယ် ဆိုတဲ့ စိတ်နှလုံးထားပြီး အလှူမခံပဲ နေကြတာ။ သံဃာ(၈၀) ထဲက သံဃာများရဲ့ အလယ်မှာ ထိုင်နေတဲ့ အဇိတ ရဟန်းက မြတ်စွာဘုရားဟာ မိထွေးတော် ဂေါတမီကို များစွာသော အကျိုးရှိသည်ကို လိုလားနှစ်သက်တော် မူသည်ကို မြင်တော်မူသည် ဖြစ်၍ သံဃာကို လှူခိုင်းနေတာ လို့စိတ်နှလုံး ထားပြီးတော့ ဂေါတမီလက်ထဲ မှာရှိတဲ့ သင်္ကန်းတထည်ကို ရဲဝင့် တည်ငြိမ်စွာ ဖြင့် ထပြီးတော့ အလှူခံ လိုက်တယ်။ အဇိတရဟန်း အလှူခံပြီး တဲ့အခါ ကျန်နေတဲ့ ရဟန်းတွေက အုတ်အုတ်ကျတ်ကျတ် ကျယ််စွာသော အသံတွေ ဖြင့် ပညာအရာ ဧတဒဂ်ရတဲ့ အရှင်သာရိပုတ္တရာl အရှင်အာနန္ဒာ အစရှိ တဲ့ ရဟန်းတော်တွေ တောင်မှ အလှူမခံဝ့ံတဲ့ သင်္ကန်းကို ဘာမဟုတ်တဲ့ အညတြ မထင်မရှား အသေးအ မွှားရဟန်းက အလှူခံရဲရ မလားလို့ ကဲ့ရဲ့သော စကားသံ မျိုးစုံနဲ့ ကဲ့ရဲ့နေကြတယ်။ ကဲ့ရဲ့ပြစ်တင် နေသော စကားသံတွေကို မြတ်စွာဘုရားက ကြားသိရတဲ့အခါ သံဃာ ပရိတ်သတ်နဲ့ဂေါတမီ အစရှိတဲ့ ပရိတ်သတ် တို့ရဲ့ ယုံမှားသံသယ ကိုပယ်ဖျောက် ဖို့ရာအတွက် ချစ်သားအာနန္ဒာl ငါဘုရားကို နတ်သား လေးယောက် လှူထားတဲ့ အနားလေးရစ်ရှိတဲ့ မြကျောက် သပိတ်ကို သွားပြီးတော့ ယူချေလို့ ယူခိုင်းလိုက်တယ်။ အာနန္ဒာ ယူလာတဲ့့ မြကျောက်သပိတ်ကို မြတ်စွာဘုရားက လက်ဝါးပေါ်တင် အဓိဋ္ဌါန်ပြီးတော့ ကောင်းကင်သို့ လွှတ်လိုက်တယ် ဆိုရင်ပဲ မြကျောက် သပိတ်ဟာ နိဂြောဓာရုံ ကျောင်းကနေ ကပိလဝတ်မြို့ သို့ဝဲပျံပြီး ဖြတ်ကျော်လျက် စကြာဝဋ္ဌာတိုက်ကို လေယဉ်ပျံတွေ မိုးပေါ်မှာ ပျံဝဲ သွားလာနေတဲ့ အတိုင်း ပျံဝဲသွားလာ နေပါတယ်။ ငါဘုရား အဓိဋ္ဌာန် လွှတ်လိုက်တဲ့ မြကျောက်သပိတ ်ကိုမှီအောင် လိုက်ပြီးတော့ ယူချေလို့ သံဃာအပါး ရှစ်ဆယ်ကို ယူခိုင်းတော့ ဘယ်သူမှ လိုက်မယူရဲ ကြဘူး။ အဲဒီအခါမှာ မြတ်စွာဘုရားက အဇိတ ရဟန်းကို ခေါ်ပြီး ငါဘုရား လွှတ်လိုက်တဲ့ သပိတ်ကို လိုက်ပြီးတော့ ယူချေ လို့ယူခိုင်းလိုက် တော့ အဇိတ ရဟန်းက မြသပိတ် ရှိရာရောက်ရာ အရပ်ကို ရှာဖွေပြီး တစ်ခဏ အတွင်းယူလာပြီး မြတ်စွာဘုရားကို ကပ်လှူပါတယ်။ အဲဒီ အဇိတ ရဟန်းဟာ အဇာတသတ်မင်း ကဥ္စနဒေဝီ မိဖုရားသား။ အဇိတ ဆိုတာ တည်ကြည်ခြင်း လို့ အဓိပါယ်ရတယ်။ အဇာတသတ် မင်းကြီးဟာ ဖခင်ဗိမ္ဗိသာရ မင်းကြီးကို သတ်ပြီးနောက်ပိုင်းမှာ မြတ်စွာဘုရားကို အရမ်းကြည်ညိုတာ။ ငါကြည်ညို လေးစား ကိုးကွယ် အားထား နေရတဲ့ မြတ်စွာဘုရားရဲ့ အမွေ ဆက်ခံဖို့ရာ ရာဇဂြိုလ်ပြည် ဝေဋ္ဌုဝန်ကျောင်းမှာ အဇိတမင်းသား ၁၆နှစ်အရွယ် အခြံအရံမင်းသား ငါးရာနဲ့အတူ ရဟန်းဝတ်ပေး ထားတာ။ အဲဒီအချိန်မှာ သံဃာ ပရိတ်သတ်က အပါးရှစ်ဆယ်l မိထွေးတော် ဂေါတမီနှင့် အခြံအရံ သာကီဝင်မင်းသား မင်းသမီးငါးရာ ပေါင်းလိုက်တော ့ငါးရာရှစ်ဆယ်သော ပရိတ်သတ် တွေကို သင်ချစ်သားတို့ ထင်ကြသလို မြင်ကြသလို အညတြ သာမညရဟန်း မဟုတ်ဘူး။ ၁။ တိမ်ဖုံးသော နေနဲ့ တူတယ်။ ၂။ ပြာဖုံးသော မီးခဲနဲ့ တူတယ်။ ၃။ မြေမှုန်ဖြင့် ဖုံးအုပ် ထားခံရသော ပတ္တမြား ရတနာနဲ့ တူတယ်။ ၄။ မြေ၌မြှုတ်ထား ခံရသော ရွှေအိုးနဲ့ တူတယ်။ ၅။ ပွင့်လုနီးသော ကြာပန်းနဲ့ တူတယ်။ ၆။ ယုဂန္ဓိုရ်တောင်နှင့် နီးနေသော နေလုလင်နဲ့ တူတယ်။ ၇။ ဘုရားဖြစ်ဖို့ရန် မျိုးစေ့နဲ့ တူတယ်။ အညွှန့်နဲ့ တူတယ်။ ပါရမီီ ပြည့်ပြီးသော ဘုရားလောင်း ယောက်ျားစစ် ယောက်ျားမြတ် ဖြစ်၍ နောင်သောအခါ (အရိမေတ္တာယျ ) အမည်ဖြင့် ဘုရားစင်စစ် ဖြစ်လိမ့်မယ် လို့ဗျာဒိတ် စကားမိန့်ကြား တော်မူပါတယ်။ ချစ်သားတို့ အဇိတရဟန်းဟာ ရှေးလွန်လေပြီးသော အတိတ်ဘဝ ပဒုမ အမည်ရသော စကြာဝတေးမင်း ဘဝတုန်းက သုမိတ္ထ မြတ်စွာဘုရားကို ကျောင်း သင်္ကန်း ဆီမီးစသည် တို့ဖြင့် ပူဇော်ခဲ့တယ်။ ဗြဟ္မဘာဝီ မည်သော မင်းဖြစ်သော အခါတုန်းကလည်း မတ္တေယျ ့မြတ်စွာဘုရားကို ရတနာမဏ္ဌပ် တို့ဖြင့် ပူဇော်ခဲ့တယ်။ အဲဒီအချိန်မှစ၍ ၁၆သင်္ချေနှင့် ကမ္ဘာတသိန်း ထက်မှာ ပွင့်တော်မူကြတဲ့ မုဟုတ ္တမြတ်စွာဘုရား ထက်မှာ ပဘာဝန္တ စကြာဝတေးမင်း ဖြစ်ပြီးတော့ စကြာဝတေးမင်း အဖြစ်ကို စွန့်l မုဟုတ္တဘုရား ထံမှာ ရတနက မထေရ်ရဟန်း အမည်ဖြင့် ပါရမီဖြည့်၍ ဘုရားဆု ပန်ခဲ့တယ်။ အဲဒီမုဟုတ္တဘုရား လက်ထက် ရတနက မထေရ်ဘဝက စပြီး ဘုရားဆုပန်l အတိုင်းမသိသော ပါရမီ အဆောက်အဦးတို့ကို ဖြည့်ကျင့်ခဲ့တယ်။ တဏှင်္ကရာ ဘုရားစသော ၂၇ ဆူကုန်သော ဘုရားတို့ထံမှာ ပါရမီများစွာ ဖြည့်ကျင့် ဆည်းပူးပြီး ဗျာဒိတ်ခံခဲ့ရ၍ ယခုအခါ အဇာတသတ်မင်း ကဥ္စနဒေဝီ သားအဇိတ မင်းသားအဖြစ် ဖြင့်ငါဘုရားရဲ့ သာသနာတော်၌ ရဟန်းပြု၍ အဇိတရ ဟန်းအဖြစ် သီလ သမာဓိ ပညာ အကျင့်တို့ကိုဖြည့်ကျင့် စေလျက် ပါရမီ အပေါင်းကို ဆည်းပူးဖြည့်ကျင့် နေသော ဘဝတလျှောက် ခရီးအကြား၌ အညတြရဟန်း စသည့်ဖြင့် မထီမဲ့မြင် မပြုကြနှှင့် လို့ ဗျာဒိ်တ်စကား မိန့်ကြားတော် မူပါတယ်။ မြတ်စွာဘုရားရဲ့ ဗျာဒိတ်စကား ပြောကြားပြီးတဲ့ အဆုံးမှာအဇိတ ရဟန်းက အားရ ဝမ်းသာစွာ နဲ့မြတ်စွာဘုရားကို လက်အုပ်ချီပြီးတော့ မ်ိထွေးတော် ဂေါတမီထံက ရထား တဲ့ရွှေသင်္ကန်း အဝတ်ပုဆိုး တစ်ထည်ကို မြတ်စွာဘုရားရဲ့ ဂန္ဓကုဋိ ကျောင်းဆောင် အတွင်းမှာ မျက်နှာကျတ် အဖြစ် လှူဒါန်းပါတယ် ဘုရား။ ဤကဲ့သို့ လှူဒါန်းရသော ကုသိုလ် ကောင်းမှုကြောင့် တပည့်တော် ဘုရား ဖြစ်သောအခါ ရွှေပန်း ဆိုင်းl ငွေပန်းဆိုင်းl သန္တာပန်းဆိုင်းl ပုလဲပန်းဆိုင်း တို့ဖြင့်တန်ဆာ ဆင်လျက်ရတနာ ၇ ပါးနှင့် ပြည့်စုံပြီး တစ်ဆယ့်နှစ်ယူဇနာ ကျယ်ဝန်းတဲ့ ဗိတာန် မျက်နှာကျတ် ဖြစ်ရပါလို၏ ဘုရားလို့ ဆုတောင်းပြီး ဘုရားရှင် ကိုဦးချကာ သူ့နေရာသူပြန် ထိုင်နေတယ်။ မြတ်စွာဘုရားက ဗျာဒိတ်ပေးခြင်း အဇိတရဟန်းလည်း ရွှေသင်္ကန်း ကပ်လှူခြင်းl ဆုတောင်းခြင်းပြီးတဲ့ အခါ အရှင်သာရိပုတ္တရာ က အရိမေတ္တာယျဘုရား အကြောင်းကိုသိ ချင်နေကြတဲ့ ရဟန်းတို့ရဲ့ အလို အဇ္စျာသယကို သိသဖြင့် အရှင်ဘုရား အဇိတရဟန်း ဘယ်သောအခါ ဘယ်သို့သော အခြင်းအရာဖြင့် အရိမေတ္တယျ ဘုရားဖြစ်မယ် ဆိုတဲ့ အကြောင်းကို လျှောက်ကြားတဲ့ အခါမြတ်စွာ ဘုရားက အရဟတ္တဖိုလ် စျာန်သမာပတ် ဝင်စားပြီး အဇိတရဟန်း နောင်အနာဂါတ် ကာလမှာ အရိမေတ္တယျဘုရား ဖြစ်တော်မူ မည့်အကြောင်းကို ဟောကြား တော်မူပါတယ်။ ချစ်သားသာရိပုတ္တရာl ငါဘုရား ပရိနိဗ္ဗာန်စံ့ပြီး ကာလကြာသော် တဖြည်းဖြည်းနဲ့ သာသနာ ဆုတ်ယုတ်လာ ပြီးတော့သာသနာအ နှစ် ငါးထောင်ပြည့်တဲ့ အခါမှာ ငါဘုရားရဲ့ သာသနာတော်ကြီး ကွယ်ပျောက်လိ်မ့်မယ်။ ချစ်သား သာရိပုတ္တရာ သာသနာကွယ်ပြီး တဲ့နောင်ကာလ ကြာရင်လူတွေဟာ မကောင်းမှု တွေသာပြု ကျင့်ကြလို့ လူတို့ရဲ့ အသက်တမ်း တွေက တစ်ရာကနေ ကိုးဆယ်l ကိုးဆယ်မ ှရှစ်ဆယ်l ရှစ်ဆယ်မှ ခုုနှစ်ဆယ်l ခုနှစ်ဆယ်မှ ခြောက်ဆယ်l ခြောက်ဆယ်မှ ငါးဆယ် အစဉ်အတိုင်း အသက်တမ်း ယုတ်လျော့ကုန် ပြီးတော့ သက်တမ်းငါးနှစ် အရွယ်ရောက်တဲ့ အခါ ငါးနှစ်အရွယ ်ယောင်္ကျား မိန်းမတွေက အိ်မ်ထောင်တွေပြုl ယောက်ျားတွေရ မိန်းမတွေရနဲ့ သားတွေသမီး တွေနဲ့ ဖြစ်ကြလိမ့်မယ်။ ခြောက်နှစ် ခုနှစ်နှစ်တွေက မြေးတွေ မြစ်တွေနဲ့ ဖြစ်ကြလိမ့်မယ်။ အဲဒီအခါကြရင် ကပ်ကြီးသုံးပါး ပေါ်ပေါက် လာလိမ့်မယ်။ သတ္တန္တရကပ် လက်နက်ကြောင့် သေကြရတဲ့ ပုဂ္ဂိုလ်တွေ ငရဲပြည်သို့ ရောက်ကြ လိမ့်မယ်။ ဒုဗ္ဘိက္ကန္တရကပ်l ငတ်မွတ် ခေါင်းပါး အစာ မစားရလို့သေတဲ့ပုဂ္ဂိုလ် တွေက ပြိတ္တာဘုံသို့ ရောက်မယ်။ ရောဂန္တရကပ် အနာရောဂါဖြစ်ပြီး သေကြတဲ့ ပုဂ္ဂိုလ်တွေက ငါတို့ရော ဂါဘယ တွေဖြစ်ရလို့ ကိုယ်စိတ်နှစ်ပါး ဒုက္ခဆင်းရဲတွေ ခံကြရသလို သူတပါးတွေလည်း ငါတို့လို ဆင်းရဲ ဒုက္ခတွေ မဖြစ်ကြပါစေနဲ့ ဆိုပြီး မေတ္တာစိတ်နဲ့ သေတဲ့အတွက်် ကြောင့်နတ်ပြည်ကို ရောက် လိ်မ့်မယ်။ အဲဒီကပ်သုံးပါး ဆိုက်ရောက်နေ ကြရတဲ့ အချိန်အခါမှာ ဝိသကြုံနတ် သားက လူ့ပြည်ကို ဆင်းလာပြီးလူ တွေ ဒုက္ခမျိုးစုံ ကြုံတွေ့နေရတာကို မကြည့်မမြင်ရက်လို့ သတိပေး လိမ့်မယ်။ အိုလူသားတို့ ဒီကနေ့ကစ ရရက်အတွင်း လူသားတွေ အပြစ်မရှိအပြစ်ရှာl အချင်းချင်း တယောက်နဲ့တယောက် သားငါးအမှတ်ဖြင့် သတ်ကြဖြက်ကြ ခုတ်သတ်ကြ လိမ့်မယ်။ အဲဒီဘေးအန္တရယ်မှ လွတ်မြောက် ချင်ကြလို့ရှိရင် (၇) ရက်စာရိက္ခာ အပြည့်အစုံယူပြီး တစ်ယောက်ချင်း သာ တောမြောင် ချောက်ခြားသို့ လူချင်းမတွေ့အောင် ပုန်းအောင်း နေပြီး (၇) ရက် ကျော်လွန်မှသာ လျှင်ပြန်လာခဲ့ကြပါ။ ယုံကြည်ကြ တဲ့သူတွေက (၇) ရက် စာရိက္ခာယူ ပြီးတော့ တောတောင် ချောက်ခြား သို့သွား၍ ပုန်းနေကြတယ်။ မယုံကြည်ကြတဲ့ ပုဂ္ဂိုလ်တွေက အ ချင်းချင်း သတ်ကြဖြတ်ကြလို့ အရိုးအသားတွေပြည့်လျှံl အရိုးတွေ သွေးတွေနဲ့ ဖြစ်ကုန်ကြတဲ့ အခါမိုး ကြီးရွာချl အရိုးအသားတွေ မျောကုန် ကြလိမ့်မယ်။ တောမြောင် ချောက်ခြား ပုန်းအောင်းနေကြတဲ့ လူတွေ ၇ ရက် ပြည့်လို့ပြန်လာ ကြတဲ့အခါ လူတွေ မတွေ့ရမမြင်ရ လို့အချင်းချင်းရိုင်းပင်း ကူညီ lကု သိုလ် ကောင်းမှုတွေပြုl မေတ္တာ စိတ်တွေ ဖြစ်ပေါ်လာကြလိမ့်မယ်။ အဲဒီလို မေတ္တာစိတ်l ကုုသိုလ်စိတ် တွေဖြစ်ပေါ်ပေါက် လို့ကုသိုလ် ကောင်းမှုတွေ ပြုတဲ့အခါ ဆယ်နှစ် နေကြရသူတွေကအသက်နှစ် ဆယ်lအသက်နှစ်ဆယ်မိဘတွေ ကမွေးဖွားတဲ့သားသမီးတွေက အသက်လေးဆယ်။အဲဒီလိုအစဉ် အတိုင်းလူတို့ရဲ့အသက်တမ်းဟာ ွှရှည်ရှည်ပြီးတက်သွားမှာ။ကိုယ့် အသက်ကိုမရေမတွက်နိုင်အောင် အသင်္ချေယျထိဖြစ်သွားလိမ့်မယ်။ သက်တမ်းမရေမတွက်နိုင်အောင် ရှည်တဲ့အသင်္ချေယျခေတ်မှာ အနိစ္စ ဒုက္ခ အနတ္တတရားတွေ အလွယ်တကူမမြင်နိုင်တော့ဘူး။ အိုခြင်း နာခြင်း သေခြင်းတရား တွေမမြင်နိုင်။ဘယ်မြင်နိုင်ပါ့မလဲ။ လူတယောက်အိုဖို့နာဖို့သေဖို့ဆို တာတော်တော်ကြာအောင်စောင့် နေရမှာ။ အိုတဲ့သူတွေ့ရင်အထူးအဆန်း ုဖြစ်သွားပြီးနာတဲ့သူတွေ့ရင်လည်း အထူးအဆန်းဖြစ်ကုန်ပြီ။သေတဲ့ သူတွေ့ရင်တော့ဝိုင်းအုံကြည့်ရ တဲ့ခေတ်။ သက်တမ်းရှည်တဲ့ခေတ်မှာအိုနာသေခဏlခဏမ ပေါ်တော့သံဝေဂမဖြစ်။သံဝေဂမ ဖြစ်တော့အိုရမယ့်ဒုက္ခlနာရမယ့် ဒုက္ခသေရမှာကိုလည်းမကြောက် ကြတော့ဘူး။ မကြောက်ကြတော့ ကိုယ်ကျင့်တရားတွေပျက်ပြားပြီး အသင်္ချေယျသက်တမ်းမှတဖြည်း ဖြည်းဆုတ်ယုတ်၍သက်တမ်းတို လာလိမ့်မယ်။ ့တဖြည်းဖြည်းသက်တမ်းဆုတ် ယုတ်လာပြီးသက်တမ်းတစ်သိန်း ရောက်တဲ့အခါ ယခုငါဘုရားသီ တင်းသုံးနေတဲ့ဗာရာဏသီပြည် သည်အလျား ၁၂ ယူဇနာlအနံ ရယူဇနာကျယ်ဝန်းတဲ့ကေတုမ တီမည်သောမင်းနေပြည်တော် ဖြစ်လိမ့်မယ်။ အဲဒီကေတုမတီ ပြည်မှာသင်္ခစကြာဝတေးမင်းအုပ် ချုပ်၍မင်းလုပ်လိမ့်မယ်။ ရိုးရိုးဘုရင်မဟုတ်ဘူး။ စကြာဝ တေးမင်း။စကြာဝတေးမင်းရဲ့မိဖု ရားကဝိသာခါတဲ့။သင်္ခစကြာဝ တေးမင်းမှာတစ်ဖက်သောရန်သူ ကိုချေမှုန်းပြစ်နိူင်တဲ့သားပေါင်း တစ်ထောင်ဖြစ်ထွန်းလိမ့်မယ်။ ကေတုမတီမြို့နှင့်တကွမြို့ ပေါင်းရှစ်သောင်းလေးထောင်ရှိ လိမ့်မယ်။ ကေတုမတီမြို့လယ် ခေါင်မှာရတနာ ရပါးနှင့်ပြည်စုံပြီး တံတိုင်းအကာအရံနဲ့လူတွေရဲ့ မျက်စိနဲ့စူးစိုက် မကြည့်နိုင် ်လောက်အောင်သောအရောင်အ ဝါဖြင့်အထပ်တစ်ရာရှိတဲ့ပြသဒ် ယာဉ်ကြီးရှေးဘုန်းရှေးကံကြောင့် ပေါ်ပေါက်လာလိမ့်မယ်။ ရှေးဘုန်းကံကြောင့်ဆိုတာကို သိအောင်ပြောပြရမယ်ဆိုရင်ကေ တုမတီမြို့ဟာဟိုးရှေးအခါတုန်း ကမဟာပနာဒမင်းနေသွားခဲ့ဖူး တယ်။ အဲဒီမဟာပနာဒမင်းရဲ့ဘုန်း ကံနဲ့ယခုလက်ရှိသင်္ခစကြာဝတေး မင်းရဲ့ဘုန်းကံကိုပြောတာ။ သင်္ခစကြာဝတေးမင်းနဲ့မဟာပနာ ဒမင်းဟာအတိတ်ဘဝရှေးအခါက ကျူထရံသည်သားအဖနှစ် ယောက်ဖြစ်ခဲ့ဖူးစဉ်ကပစ္စေကဗုဒ္ဓါ အရှင်မြတ် ၈ ပါးကိုကျူရိုးသဖန်း သားတို့ဖြင့်သစ်ရွက်မိုးကျောင်း ဆောက်လုပ်လှူဒါန်းပြီးဘုရား တပည့်တော်တို့သားအဖနှစ် ယောက်ဘဝဖန်ခါသံသရာကြီးထဲ မှာကျင်လည်ကျတ်စားပြေးလွှား ကြသည်ရှိသော်မြင့်မြတ်သော ပုဂ္ဂိုလ်တို့နှင့်သာထိုက်တန်သော ဆန်းကျယ်သောဘုံဗိမာန်ကြီးကို ရပြီးတော့အဆုံးဘဝနောင်ကာလ ၌မဂ္ဂင်ဖေါင်ကြီးငြိမ့်ငြိမ့်စီးလျက် ဘေးအတန်တန်အေးငြိမ်းရာအ မှန်နိဗ္ဗာန်အောင်ခန်းမြို့တော်နန်း သို့ကူးမြောက်နိုင်တဲ့ပုဂ္ဂိုလ်တွေ ဖြစ်ရပါစေသားအရှင်မြတ်တို့ဘု ရားလို့ဆုတောင်းပြီးပစ္စည်းလေး ပါးဖြင့်အသက်ထက်ဆုံးလှူဒါန်းခဲ့ တယ်။ သားအဖနှစ်ယောက်သေတဲ့အခါ နတ်ပြည်မှာအတူတူဖြစ်ကြရ တယ်။ အဖကနတ်ပြည်မှာကျန်ခဲ့ တယ်။ သားကနတ်ပြည်မှစုတေပြီး လူ့ပြည်မှာသုရုစိမင်းသုမေဓာ၏ သားမဟာပနာဒမင်းဖြစ်တယ်။ အတိတ်ဘဝကပစ္စည်းလေးပါးဖြင့် ပစ္စေကဗုဒ္ဓ ၈ ပါးကိုကျောင်းလှူ ခဲ့တဲ့ကုသိုလ်ကံကြောင့်သိကြား မင်းကမဟာပနာဒမင်းနေဖို့ရာအ တွက်ဝိသကြုံနတ်သားကိုအမြင့် ၂၅ ယုဇနာlအကျယ် ၈ ယုဇနာ အထပ် ၁၀၀ ရှိတဲ့ပြဿဒ်ကိုဝိသ ကြုံနတ်သားကိုဖန်ဆင်းပေးခိုင်းတယ်။ မဟာပနာဒမင်းမရှိသောအခါပြ ဿဒ်ကြီးပျက်စီးမသွားပဲနတ် ပြည်မှာကျန်ခဲ့သောအဖနတ်သား အတွက်ဂင်္ဂါမြစ်ထဲမှာမြုပ်နေပြီး အရိမေတ္တယျဘုရားရှင်ပွင့်သော အခါမှဂင်္ဂါမြစ်ထဲမှထွက်ပေါ်လာ ၍ကေတုမတီမြို့လည်၌ သင်္ခ စကြာဝတေးမင်းစံမြန်း ဖို့ရန်အ တွက်ထွက်ပေါ်လာလိမ့်မယ်။ ထိုအခါအဖနတ်သားသည်နတ် ပြည်မှစုတေ၍ကေတုမတီပြည် သင်္ခစကြာဝတေးမင်းဖြစ်လျက် အတိတ်ဘဝကသားတော်စပ်ခဲ့ဖူး သောမဟာပနာဒမင်းစံမြန်းခဲ့ သော အထပ်တစ်ရာရှိသောပြဿဒ်ကြီး ၌စံမြန်းလျက်နေစဉ်လူ့ဘောင် လောကငြီးငွေ့လာသောအခါ ရ ဟန်းမဝတ်မှီမှာပင်ငါ့ရဲ့ပြဿဒ်ကြီး အစိတ်စိတ်အမွှာမွှာဖြစ်ပါစေ သတည်းဟုအဓိဋ္ဌာန်လျက် …အရိမေတ္တာယျဘုရားအကြောင်း သိကောင်းစရာများ(၅)ထိုပြဿဒ်ကိုရဟန်း ပုဏ္ဏား ဆင်းရဲသားအထီးကျန်သူတောင်း စားတို့အားအလှူပေး၍ဝိသာခါမိ ဖုရားနှင့်အတူအနီးအပါးခစားကုန် ကြသောကုဋေကိုးသောင်းကျော် သောလူအပေါင်းတို့သည်တစ် ယောက်မကျန်သင်္ခမင်းနဲ့အတူ ဧဟိဘိက္ခုရဟန်းများဖြစ်လိမ့်မယ် စကြာဝတေးမင်း၏ အတိတ်ဘဝကသားတော်စ သောမဟာပဒါနမင်းသည်လူ့ပြည် နတ်ပြည်တို့၌သာဖြစ်လျက် ဂေါ တမဘုရားပွင့်တော်မူသောအခါ ဘဒ္ဒိယသူဋ္ဌေးဖြစ်လျက်ပြဿဒ် သုံးဆောင်ကိုနွေမိုးဆောင်းသုံးရာ သီတို့၌တစ်လှည့်စီခံစားနေစဉ် မြတ်စွာဘုရား၏တရားတော်ကို နာကြားရ၍ဖစ်လေသည်။ ဘဒ္ဒိယရဟန္တာဖြစ်သောနေ့ မှာပင်ဘဒ္ဒိယရဟန်းဟူသောအ မည်ဖြင့်ရဟန်းဖြစ်လျက်မြတ်စွာ ဘုရားနှင့်အတူရေကြောင်းခရီး ကြွတော်မူစဉ်မြတ်စွာဘုရားက ဘဒ္ဒိယသည်ပုထုဇဉ်လော/ရဟန္တာလောဟုတခြားသော ရဟန်းများသံသယလွတ်ကင်းစေ ခြင်းငှာ ချစ်သားဘဒ္ဒိယlသင်အ တိတ်ဘဝကမဟာပနာဒမင်းဖြစ် ခဲ့စဉ်အခါတုန်းကစံမြန်းခဲ့သော ပြဿဒ်ကြီးဘယ်နားမှာလဲဟုမေး လိုက်သောအခါဘဒ္ဒိယရဟန္တာမ ထေရ်သည်စျာန်အဘိညာဉ်ဝင် စားပြီးပြဿဒ်ကြီး၏အထွဋ်ကို ခြေမဖြင့်ညပ်ယူ၍မလိုက်သောအ ခါပြဿဒ်ကြီးရေပေါ်၌ယူဇနာနှစ် ဆယ်အမြင့်သို့ရောက်လေသော ငါး လိပ် ပုဇွန် နဂါး မိကျောင်း စ သောသတ္တာဝါများပြုတ်ကျလာ သောအခါမြတ်ဘုရားက ချစ်သားဘဒ္ဒိယlအတိတ်ဘဝ တုန်းကအတူနေခဲ့တော်စပ်ခဲ့ သောမောင်းမမိဿံနှင့်တကွဆွေ မျိုးတွေပြဿဒ်ကြီးကိုစွဲလမ်းပြီး တိရိစ္ဆာန်တွေဖြစ်နေကြတာl အခု ုပြုတ်ကျလို့မင်းဆွေမျိုးတွေပင် ပန်းကြကုန်ပြီlပြန်လွှတ်လိုက်ပါ တော့လို့မိန့်ကြားတော်မူသဖြင့် ပြဿဒ်ကြီးသည်နေမြဲတိုင်းနေရာ ဖြစ်သောမြစ်လယ်ခေါင်၌ပင်နစ် မြုတ်သွားလေသည်။ကျောင်းလှူ ခဲ့သောဆင်ရဲသားသားအဖနှစ် ယောက်သည်သားဖြစ်သူကဂေါတမမြတ်စွာဘုရာ း ထံမှာရဟန္တာ ဖြစ်lနိဗ္ဗာန်ကိုရတယ်။အဖဖြစ်သူ ကအရိမေတ္တယျမြတ်စွာဘုရား ပွင့်တော်မူသောအခါမှာသင်္ခစ ကြာဝတေးမင်းဖြစ်လျက်ရဟန္တာ ုဖြစ်lနိဗ္ဗာန်ကိုရလိမ့်မယ်။ မဟာပနာဒမင်းဟာအတိတ်ဘဝ ရှေးအခါကကျူထရံသည်သားအ ဖနှစ်ယောက်ဖြစ်ခဲ့ဖူးစဉ်ကပစ္စေ ကဗုဒ္ဓါအရှင်မြတ်ကိုကျူရိုးသဖန်း သားတို့ဖြင့်သစ်ရွက်မိုးကျောင်း ဆောက်လုပ်လှူဒါန်းပြီးပစ္စည်း လေးပါးဖြင့်အသက်ထက်ဆုံးလှူ ဒါန်းခဲ့တယ်။ သားအဖနှစ်ယောက် သေတဲ့အခါနတ်ပြည်မှာဖြစကြရ တယ်။ အဖကနတ်ပြည်မှာကျန်ခဲ့ တယ်။ သားကနတ်ပြည်မှစုတေပြီး လူ့ပြည်မှာသုရုစိမင်းသုမေဓာ၏ သားမဟာပနာဒမင်းဖြစ်တယ်။ အတိတ်ဘဝကကျောင်းလှူခဲ့တဲ့ ကုသိုလ်ကံကြောင့်သိကြားမင်း ကမဟာပနာဒမင်းနေဖို့ရာအ တွက်ဝိသကြုံနတ်သားကိုအထပ် တစ်ရာရှိတဲ့ပြဿဒ်ကိုဝိသကြုံ နတ်သားအားဖန်ဆင်းပေးခိုင်း တယ်။ မဟာပနာဒမင်းမရှိတော့ပြ ဿဒ်ယာဉ်ပါပျောက်သွားပြီးကေ တုမတီပြည်သင်္ခစကြဝတေးမင်း စိုးမိုးအုပ်ချုပ်တဲ့အခါသင်္ခစကြဝ တေးမင်းအတွက်ဂင်္ဂါမြစ်ထဲမှပေါ် လာပြီးကေတုမတီမြို့လယ်ခေါင် မှာပေါ်ပေါက်လိမ့်မယ်။ ကေတုမတီမြို့ပတ်ဝန်းကျင် မှာလည်းရတနာတို့ဖြင့်ခြံရံ၍အ ရောင်ခုနှစ်မျိုးရှိသောတံတိုင်းခုနှစ် ထပ်lထန်းပင်စဉ်ခုနှစ်ထပ်ပေါ် ပေါက်၍ကာရံထားလိမ့်မယ်။မြို့ တံခါးလေးမျက်နှာမှာလည်းရွှေဇ ရပ်တွေပေါ်ပေါက်လိမ့်မယ်။မြို့ ထက်ဝန်းကျင်မှာရှိတဲ့ရှင်ဘုရင်ဥ ယျာဉ်တွေထဲမှာပန်းမျိုးစုံတို့ကမြ ရည်သွန်းသကဲ့သို့မွှေးပျံ့သင်း လှိုင်နေလိမ့်မယ်။ ကေတုမတီပြည် ၏မြို့အလယ်ခေါင်၌၄င်းlပြဿဒ် အယာမ်lတံတိုင်းအယာမ်တို့မှာ အဖြူlအနီlအဝါlအရွှေlအစိမ်းlအ မည်းlအကြောင်အကြားlပြိုးပြိုး ုပြတ်ရှိသောနတ်ပုဆိုးတန်ဆာlတ ခြားတခြားသောတိုင်းနိုင်ငံတွေမှ ထွက်ပေါ်လာတဲ့အဝတ်ပုဆိုးlထ မင်းဘောဇဉ်lအဖျော်စသောလူ အများသုံးဆောင်စားသောက် ကောင်းသောအရသာဟူသမျှ တွေပဒေသာပင်မှာတွဲလဲစွဲလျက် ွှှိရှိကြလိမ့်မယ်။ အဲဒီအချိန်မှာအရိမေတ္တ ယျဘုရားလောင်းက ၁၆ သချေင်္ နှင့်ကမ္ဘာတစ်သိန်းပါရမီတွေဖြည့် ကျင့်ပြီး၍တုသိတာနတ်ပြည်မှာရှိ နေမယ်။ စကြာဝဋ္ဌာတိုက် တစ် သောင်းမှာနေထိုင်ကြတဲ့ နတ် ဗြဟ္မာအပေါင်းတွေကဘုရားအ လောင်းတော်နတ်သားကိုအ လောင်းတော်နတ်သားလူ့ပြည်ကို ဆင်း၍ဘုရားဖြစ်ဖို့ရန်အချိန်တန် ပါပြီ။ လူနတ်ဗြဟ္မာသတ္တဝါတို့၏ အကျိုးငှာလူ့ပြည်ဆင်း၍ဘုရား ဖြစ်တော်မူပါလို့လျှောက်ထား တောင်းပန်ကြလိမ့်မယ်။ အလောင်းတော်နတ်သား ကလူ့ပြည်ဆင်း၍ပဋိသန္ဓေယူဖို့အရာအတွက်ဘု ရား အလောင်း တို့ရဲ့ထုံးတမ်းအစဉ်အလာဓမ္မတာ အရပဋိသန္ဓေယူတော့မယ်ဆိုရင် ကြည့်ခြင်းငါးပါးကိုအရင်ကြည့်ပြီး မှယူလေ့ရှိတယ်။ ၁။ဘုရားဖြစ်ဖို့ရာခေတ်အခါကာ လကိုကြည့်ရှုခြင်း ၂။ ဘုရားဖြစ်ပွင့်ရာကျွန်းကိုကြည့် ရှုခြင်း ၃။ ဘုရားဖြစ်ပွင့်ရာဒေသကိုကြည့် ရှုခြင်း ၄။ ဘုရားအလောင်းတို့ဖြစ်ရာ အ မျိုးကိုကြည့်ရှုခြင်း ၅။ဘုရားအလောင်းမယ်တော်၏ အသက်အပိုင်းအခြားကိုကြည့်ရှု ခြင်း ၁။ လူ့လောက၌ဘုရားအဖြစ်ပွင့် ရာအချိန်အခါတန်ပြီလောlမတန် သေးလောဟုရှေးဦးစွာကြည့်ရှုရ တဲ့ရည်ရွယ်ချက်က လူ့လောက၌သက်တမ်း တစ်သိန်းအထက်ကာလသည် ရှည်လျားလှသောအသက်တမ်း ကာလ၏ဖုံးလွမ်းကာကွယ်မှု ကြောင့်အနိစ္စဒုက္ခအနတ္တသဘော တရားတို့ကိုဟောကြားလျင်ကြား နာသူလူတို့သည်ဘာတွေများ ဟောကြားနေပါလိမ့်ဟူ၍မဝေနိုင် မခွဲနိုင်ဖြစ်ကာသက်ဝင်ယုံကြည် ကြလိမ့်မည်မဟုတ်။သံသရာဝဋ် မှထွက်မြောက်ခြင်းအကျိုးမပြီး အချည်းအနှီးသာဖြစ်၍ပဋိသန္ဓေ အိုနာသေဆင်းရဲတို့မထင်ရှား။မ သိမြင်နိုင်ကြသောကြောင့်အနှစ်တသိန်းထက်အ သ က်တမ်းရှည် လျားသောကာလသည်ဘုရားပွင့် ရာကာလမဟုတ်။ လူတို့၏သက်တမ်းအနှစ်တစ်ရာ တမ်းအောက်ဖြစ်ပွားကြသော သတ္တဝါတို့သည်ကိလေသာတ ရားမျာပြားထူပြောကြသဖြင့်ဟော ပြောပြသပေးဝေငှအပ်သောဘု ရားအဆုံးအမတော်သည်ရေပြင်၌ တုတ်ချောင်းဖြင့်ရေုးခြစ်အပ်သော အရေးအသားပမာရှည်လျားကြာ မြင့်စွာမတည်တံ့ပဲလျင်မြန်စွာ ပျောက်ပြယ်ကင်းကွယ်လေသကဲ့ သို့ဘုရားရှင်အဆုံးအမတရား တော်သည်လျင်မြန်စွာမေ့လျော့ ပျောက်ကွယ်သည်သာဖြစ်သော ကြောင့်အနှစ်တရာအောက်ကာ လသည်မြတ်စွာဘုရားများဖြစ် ပေါ်ပွင့်တော်မူရာအခါကာလမ ဟုတ်။ လူတို့၏သက်တမ်းအနှစ် တစ်သိန်းတမ်းနှင့်အနှစ်တရာ တမ်းlဤနှစ်တမ်းတို့အပါအဝင်အ ကြားဖြစ်သောအခါကာလသည် သာလျှင်မြတ်စွာဘုရားတို့ဖြစ်ပွင့် တော်မူကြရာကာလမည်သော ကြောင့်ဤအခါကားဘုရားဖြစ်ရန် လျော်ကန်လျောက်ပတ်လှသော အခါကာလပေတည်းဟုဘုရား ဖြစ်ရန်ကာလကိုကြည့်ရတယ်။ ၂။ ကျွန်းကြီးလေးကျွန်းထဲမှရှေးဘု ရားရှင်တို့ပွင့်တော်မူရာကျွန်းကို ကြည့်ရတယ်။ ဘုရားဖြစ်ရာကျွန်း ကိုကြည့်ရှုဆင်ခြင်ရာမှာကျွန်း ငယ်ငါးရာစီအခြံအရံရှိသောကျွန်း ကြီးလေးကျွန်းတို့အနက်ဇမ္ဗူ့သ ပြေပင်ပေါက်ရာဖြစ်၍ထိုဇမ္ဗူ့သ ပြေပင်ဖြင့်မှတ်သားခေါ်ဆိုအပ် သောဤဇမ္ဗူထိပ်ကျွန်းကြီး၌သာ လျင်ရှေးဘုရားတို့ပွင့်ကြ၏ဟုဘု ရားဖြစ်မည့်ကျွန်းကိုကြည့်ရတယ်။
https://www.dhammaransi.com/index.php/new/461-2016-12-06-05-19-09.html
မိထွေးတော် ဂေါတမီ
လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေသာလီပြည်သို့ ကြွရောက်တော်မူ၍ ပြည်သူတို့၏ ကျရောက်သော ဘေးရန်အန္တရာယ်များကို ပယ်ရှားရှင်းလင်းပေးတော် မူပြီးနောက် ရာဇဂြိုဟ်ပြည်သို့ ပြန်လည်ကြွတော်မူကာ စတုတ္ထ ၀ါဆိုတော်မူသည်။ ၀ါကျွတ်ပြီးနောက် မကြာမီ သံဃာတော်အပေါင်းအား ဂမိကဝတ်ကို နှိုးဆော်တော်မူ၍ ဒေသစာရီကြွချီတော်မူလေသော် လိစ္ဆဝီမင်းတို့၏နေရာ ဝေသာလီပြည်သို့ရောက်၍ မြို့၏နောက်မျက်နှာ တစ်ဂါဝုတ်ကွာသောအရပ်တွင် တန့်ရပ်မှီတင်း သီတင်း သုံးတော်မူသည်။ မင်းနှင့်ပြည်သူအပေါင်းလည်း ဝမ်းသာအားရချဉ်းကပ် ပူဇော်ကြ၍ ပစ္စည်းလေးပါးဖြင့် ဖိတ်မန်ကြသည်။ မြတ်စွာဘုရားနှင့် တပည့်သားသံဃာတော်တို့အတွက် ကျောင်းကန် ဇရပ် မဏ္ဍပ်ကနား တရားသဘင် တို့ကိုလည်းကောင်း၊ နေ့သန့်ရာ ညဉ့်သန့်ရာ ကမ္မဠာန်းစီးဖြန်းရာ လိုဏ်သာဥမင်တို့ကိုလည်းကောင်း ဆောက်လုပ်လှူဒါန်း ကြ၏။ ယင်းသို့ ဝေသာလီပြည်ကြီးတွင် မြတ်စွာဘုရားသီတင်းသုံးတော်မူ၍ တစ်လကျော်ကာလသို့ ရောက်လျှင် ကပိလဝတ်ပြည်မှ အမတ်တစ်ယောက်သည် “အရှင်ခမည်းတော် သုဒ္ဓေါဒနမင်းကြီး၌ ကြီးမား သည်းထန်သော ရောဂါကပ်ငြိနေ ပါကြောင်း” ဖြင့်ရောက်ရှိ၍ လျှောက်ထားလာသည့်အတွက် သံဃာအချို့ကိုချန်လျက် ကပိလဝတ်သို့ သံဃာတော်အပါးငါးရာဖြင့် ကြွတော်မူကာ ခမည်းတော်မင်းကြီးအား တရားဖြင့်ချီးမြှင့်တော်မူသည်။ နိဂြောဓါရုံကျောင်းတွင် မြတ်စွာဘုရားသီတင်းသုံးတော်မူ၍ သုံးရက်မြောက်သောနေ့တွင် သုဒ္ဓေါဒန မင်းကြီးသည် သိအပ်သော တေဘုမ္မက ဓမ္မကို သင်္ခါရသို့တင်၍ ဆင်ခြင်သုံးသပ်သဖြင့် အရဟတ္တဖိုလ်သို့ရောက်၍ ပရိနိဗ္ဗာန် စံယူတော်မူလေ၏။ မြတ်စွာဘုရားလည်း ခမည်းတော်၏ အလောင်းကို စကြဝတေးမင်းတို့ကို ဖုတ်ကြည်းသဂြိုလ်သောနည်းဖြင့် သဂြိုလ်တော်မူကာ ကျောင်းတော်ဝယ် စံပယ်တော်မူနေစဉ် မိထွေးတော် မဟာပဇာပတိ ဂေါတမီ မိဖုရားသည် မြတ်စွာဘုရား ထံသို့ ရောက်လာကာ ဤသို့ လျှေက်ကြား၏။ “ဘုန်းတော်ကြီးသောမြတ်စွာဘုရား သားတော်မြတ် ပညတ်ဟောပြောဆုံးမသော သာသနာ၌ အကျွနု်ပ်တို့ မာတုဂါမများသည် အိမ်ရာထောင်သော လူ၏ဘောင်မှ ခွာရှောင်ပယ်သန်း၍ ရဟန်းအဖြစ်ကို ရလိုပါ၏။ မယ်တော်မှစ၍ မာတုဂါမတို့ကို ရဟန်းပြုတော်မူပါ။” “မယ်တော် ငါဘုရား၏ သာသနာ၌ မာတုဂါမတို့ကို ရဟန်းပြုခြင်းငှာ မသင့်။ ပြုသဖြင့်လည်း ရှည်မြင့်စွာမစင်ကြယ်ရာ၊ ထို့ကြောင့် ရဟန်းအဖြစ်ကို မနှစ်သက်လင့်”မယ်တော်ဂေါတမီလည်း သုံးကြိမ်တိုင်အောင် တောင်ပန်းလျှောက်ထားသော်လည်း မြတ်စွာဘုရားသည် ခွင့်သနားတော်မမူချေ။ ထို့ကြောင့် ဆာပူလှိုက်လှဲ ဆင်းရဲငြိုငြင်သော နှလုံးဖြင့် ယူကျုံးမရ တသငိုယိုကာ နန်းတော်သို့ ပြန်သွားလေသည်။ ဗုဒ္ဓ မြတ်စွာလည်း ဝေသာလီပြည်သို့ ပြန်လည်ကြွမြန်းကာ မဟာဝုန်တော၏ ကူဋာဂါရ ကျောင်းတော်ဝယ် သီတင်းသုံးနေတော်မူ၏။ ထိုအချိန်ဝယ် မိထွေးတော် မဟာပဇာပတိ ဂေါတမီသည် မိမိ အလိုလိုပင် ဆတ္တာသည်တို့ကိုခေါ်၍ ဆံပင်ကိုဖြတ်စေပြီးသော် ဖန်ရည်စွန်းသော အဝတ်တို့ကို ဆီးလျက် သာကီဝင်မင်းသမီးငါးရာတို့လည်း ၎င်းနည်းတူ ပြုလုပ်ကာ ဝေသာလီပြည်သို့ လိုက်လာကြသည်။ မြေပြင်ကို ခြေနင်းဖူးခြင်းမရှိသော ဤသာကီဝင်မင်းသမီးတို့နှင့် မိဖုရားကြီးအတွက် မှူးမတ်များက ဝေါယာဉ်ရထားယာဉ်တို့ကို စီစဉ်ပေးသော်လည်း မြတ်စွာဘုရားကို မရိုသေရာ ရောက်မည် စိုးသဖြင့် ခြေကျင်လာကြသည်။ ဝေသာလီနှင့် ကပိလဝတ်သည် ၅၁ ယူဇနာဝေးကွာသည်။ ဆင်းရဲသားတို့၏ ခြေဖြင့်ဆိုသော် ၅၁ ရက်ခရီးရှိ၏။ မြေပြင်ကို ခြေမချဖူးသော မင်းသမီးတို့အတွက်ကား ထိုထက်ကြာရှည်ဖြစ်ရာ ခရီးလမ်းတစ်လျှောက်လုံးလိုက်လံစောင့်ရှောက်ပေးကြသည်။ မဟာပဇာပတိဂေါတမီ အမှုးပြုသော သာကီဝင်မင်းသမီးငါးရာတို့သည် ၅၁ယူဇနာခရီးကို ခြေကျင်လာခဲ့ ရသောကြောင့် ခြေဖဝါးများပေါက်ပြဲကာ သွေးယိုစီးလျက်ရှိသည်။ ခြေဖမိုးများလည်း ရောင်ကိုင်းနေသည်။ တစ်ကိုယ်လုံးလည်း ချွေးနှင့်ဖုန်နှင့် လုံးထွေးလျက်ညစ်ပတ်ပေကျံနေကြသည်။၎င်းတို့သည် မဟာဝုန်တောရှိ ကူဋာဂါရကျောင်း ပရိဝုဏ်ဝသို့ ရောက်လာသော်လည်း မလှမပသောကိုယ်ဖြင့် မြတ်စွာဘုရား ရှေ့တော်သို့ဝင်ရန် မသင့်သဖြင့် စုရုံးနားနေကြသည်။ နားနေစဉ်အတွင်း ညည်းတွားသူက ညည်းတွား၊ ငိုယိုသူကငိုယိုကြရာ ထိုငိုသံကို အရှင်အာနန္ဒာကြားသဖြင့် အပါးသို့လာ၍ ရှုလတ်သော် မယ်တော်မိဖုရား၏ အခြင်းအရာ ပူဆာပင်းပန်းသောအဖြစ်ကို မြင်၍ စုံစမ်းမေးမြန်းတော်မူသည်။ “ကျေးဇူးရှင် ဒါယိကာမ၊ အဘယ်ဆန္ဒ မပြည့်ဝ၍ ဤမျှလောက်ပင် ရှိုက်ငင်ငိုယိုဘိသနည်း။ ဝေးလံကြမ်းတမ်း ဤသည့်လမ်းကို ပင်ပန်းဆင်းရဲစွာ ဘယ်ခြင်းရာကြောင့် လာခဲ့သနည်း။” “ချစ်သား အရှင်အာနန္ဒာ၊ သားတော်ဘုရား၏ သာသနာဝယ် မယ်တော်နှင့်တကွ မာတုဂါမတို့သည် ရဟန်းပြုလိုကြပါသည်။ ထိုအကြောင်းကို ခွင့်တောင်းရန်လာပါသည်။” ထိုစကားကို ကြားလျှင် အရှင်အာနန္ဒာကလည်း “မယ်တော် အကျွနု်ပ်သွား၍ နောင်တော်ဘုရားအား နားတော်လျှောက်ဦးမည်။ ဤနေရာတွင် ဆိုင်းဦးလော့”ဟု ဆိုကာ မြတ်စွာဘုရားထံ ချည်းကပ် လျှောက်ထားလေသည်။ “အရှင်ဘုရား၊ မယ်တော်မိဖုရား ဂေါတမီသည် မိမိဆံများကို မိမိအလိုလို ဖြတ်ပယ်လျက် သာသနာ်တော်ဝယ် ရဟန်းပြုလိုသော ဆန္ဒဖြင့် ဖဝါးမှ သွေးဒီးဒီးယိုစီး ကွဲပြတ်အောင်လာ၍ မြူလွှာလိမ်းကျံသော ကိုယ်ဖြင့် ငိုယိုရှိုက်ငင် မမြင်ဝံ့မျှရှိ လျှက် ကျောင်းထွက်တံခါးဝ၌ နေလာပါသည်။ “အရှင်ဘုရား၊ အကျွနု်ပ်တောင်းပန်ပါအံ့၊ ကိုယ်တော်မြတ်သည် သိအပ်သော သာသနာတော်ဝယ် မာတုဂါမတို့ကို ရဟန်းပြုခြင်းငှာ အခွင့်ပေးတော်မူပါ” “ချစ်သား အာနန္ဒာ၊ ငါဘုရား၏ သာသနာတော်၌ မာတုဂါမတို့ကို ရဟန်းပြုစေသဖြင့် မသင့်လျော်ချေ။ အကယ်၍ ပြုစေမူကာ ရှည်လျားစွာ မစင်ကြယ်ရာ။ ထို့ကြောင့် မာတုဂါမတို့၏ ရဟန်းဖြစ်ခြင်းကို သင် အလိုမရှိလင့်။” အရှင် အာနန္ဒာလည်း ဤနည်းဖြင့်သာ သုံးခါ သုံးကြိမ်တိုင်အောင် လျှောက်ထားရာ မြတ်စွာဘုရား ခွင့်ပြုတော် မမူလေသော် မယ်တော်၏ ဂုဏ်ကျေးဇူးကို ချီးပ၍ ခွင့်ရအောင် တောင်းလိုသဖြင့် ဤသို့လျှောက်ထား၏။ “ဘုန်းတော်အလွန်ကြီးမြတ်တော်မူသော အရှင်ဘုရား၊ အရှင်ဘုရားသည် သိအပ်ရအပ် ဆုံးမအပ်သော သာသနာ၌ မာတုဂါမတို့သည် ရဟန်းဖြစ်ခြင်းငှာ မထိုက်ပါသလော၊ ထိုသူတို့ကို ရဟန်းပြုသဖြင့် မြတ်သော သောတာပတ္တိဖိုလ်ကို လည်းကောင်း၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်နှင့် အရဟတ္တဖိုလ်တို့ကိုလည်းကောင်း၊ မျက်မှောက်ပြုခြင်းငှာ မစွမ်းနိုင်ပါသလော၊ အကယ်၍ ထိုတရားတို့ကို ရနိုင်ကြသည်ဖြစ်အံ့၊ မာတုဂါမတို့အား ရဟန်းပြုခြင်းကို ခွင့်ပေးသင့်ပါ၏။” “မြတ်စွာဘုရား မယ်တော်ဂေါတမီ မိဖုရားသည် ကိုယ်တော်မြတ်အား များသောကျေးဇူးရှိပေသည်။ ငယ်ကတည်းက ထိန်းယချီပိုးလျက် မြတ်နိုးတနာပြုပေသည်။ နို့ရည်ကျွေး၍ မွေးမြူပေသည်။ ကိုယ်တော်မြတ်ကို ဝမ်းဖြင့်လွယ်သော မယ်တော်ရင်းနှင့် ထက်အောက်ဆင်းသော မိထွေးချစ်လည်း ဖြစ်ပါသည်။ မယ်တော်ရင်းထက်တိုးတက်ကဲ၍ ဆင်းရဲခံသူလည်းဖြစ်ပါသည်။ ထိုမျှလောက်စင် ကျေးဇူးရှင်ကို သခင်ဘုရား ခွင့်မသနားက နောက်သားနောင်လာ လူများစွာတို့ မာတုဂုဏဝိသေသကို မနှိုင်းဆဘဲ ရှိကြပါလိမ့်မည်။ ထို့ကြောင့် မယ်တော်မြတ်ကို ရဟန်းပြုခွင့်ပေးသနားတော်မူပါ။” “ချစ်သား အာနန္ဒာ၊ ငါ၏ မယ်တော် မိဖုရားသည် ရှစ်ပါးသော ဂရုဓမ္မကို အသက်တည်သမျှ မကျူးလွန်ရအောင် အမြဲဖြည့်စွမ်း သည်ဖြစ်အံ့၊ ရဟန်းပြုခြင်းငှာ ငါခွင့်ပေးတော်မူမည်။” ထိုအခါ အရှင်အာနန္ဒာလည်း ဂရုဓမ္မရှစ်ပါးကို မြတ်စွာဘုရားထံတော်၌ သင်ကြားနာခံခဲ့ပြီးသော် မယ်တော်အထံသို့ လာ၍ ဟောညွှန်ပြတော်မူသည်။ အလေးပြုအပ်သော တရားတော်တို့မှာ ဤသို့ ဖြစ်ပေသည်။ (က) အဝါတစ်ရာရှိသော ဘိက္ခုနီမပင် ဖြစ်စေကာမူ ယနေ့မှ ရဟန်းဝတ်သော ရဟန်းယောင်္ကျားအား ညွတ်တွားရိုသေရခြင်း။ ( ခ) ရဟန်းယောင်္ကျားကင်းသော အရပ်ဒေသ၌ ၀ါမကပ်ရခြင်း။ ( ဂ) ရဟန်းယောင်္ကျားတို့အား လခွဲတစ်ကြိမ် နှစ်ပါးသော ဓမ္မတို့ကို တောင်းပန်ရခြင်း။ (ဃ) ၀ါကျွတ်သောအခါ ဥဘတော သင်္ဃာ၌ ပဝါရဏာ ပြုရခြင်း။ ( င) ပက္ခမာနတ်ကို နှစ်စဉ်မပြတ် ကျင့်ရခြင်း။ ( စ) သိက္ခမာန် အဖြစ်၌ ၂နှစ်တိုင်အောင် တည်ပြီးမှ ဥဘတော သင်္ဃာ၌ ဥပသမ္ပဒကံ ဆောင်ရခြင်း။ (ဆ) ရဟန်းယောင်္ကျားတို့ အား ပရိယာယ်စကားမျှဖြင့်လည်း မဆဲရေး မမြည်တမ်းရခြင်း။ ( ဇ) ရဟန်းယောင်္ကျားတို့ ဟောကြား ဆုံးမတိုင်း လိုက်နာရခြင်း။ “အို - ကျေးဇူးတော်ရှင် မယ်တော် မိဖုရား ဤရှစ်ပါးသော ဂရုဓမ္မတို့ကို လုံ့လအားထုတ်၍ မယုတ်မယိုရအောင် အသက်တည်သမျှ ကျင့်မည်ဟု ဝန်ခံလျှင် သာသနာတော်ဝယ် မယ်တော်တို့ ရဟန်းဖြစ်ရတော့မည်။” ထို စကားကိုကြားလျှင် ဂေါတမီ မိဖုရားသည် အားရဝမ်းသာစွာဖြင့် ဤသို့ တုန့်ပြန်လျှောက်ထား၏။ “ချစ်သား အာနန္ဒာ၊ ဤ ရှစ်ဖြာသော ဂရုဓမ္မတို့ကို ရိုသေလေမြတ်စွာဖြင့် မယ်တော်လည်းကျင့်ပါအ့ံ၊ အတူပါသော သာကီဝင် မင်းသမီးတို့ကိုလည်း ထို့အတူ ကျင့်ဆောင်ကြပါစေအံ့။” ယင်းသို့ ဝန်ခံသော အခြင်းအရာကို မြတ်စွာဘုရားအား ကြားလျှောက်လျှင် မြတ်စွာဘုရားကလည်း “ ချစ်သား အာနန္ဒာ၊ မာတုဂါမတို့သည် ရဟန်းအဖြစ်ကို ရ၍ ဂရုဓမ္မရှစ်ပါးကို ရိုသေ လိုက်နာကြသည်ဖြစ်အံ့၊ ငါဘုရား၏ သာသနာသည် မာတုဂါမတို့၏ဘောင်၌ အနှစ်တစ်ထောင်ပတ်လုံး တည်ရစ်လတ္တံ။ ထို့ကြောင့် မာတုဂါမတို့ကို ရဟန်းပြုကြစေ။” ဟု ခွင့်ပြု၍ ဘိက္ခုနီဥပသမ္ပဒကံကို ပညတ်တော်မူ၏။ ထိုအခါ မဟာ ပဇာတိ ဂေါတမီ မိဖုရားသည် ငါးရာသောသာကီဝင်မင်းသမီးတို့နှင့်တကွ ရဟန်းအဖြစ်ကို ရကုန်၏။ မယ်တော်လည်းရဟန်းပြုပြီးလျှင် မြတ်စွာဘုရားထံတော်မှ လျောက်ပတ်သော ကမ္မဌာန်းကို သင်လျက် အစဉ်အတိုင်း အားထုတ်သဖြင့် လောကုတ္တရာ တရား၏ အထွတ်သို့ရောက်၏။ မြတ်စွာဘုရား သာဝတ္ထိပြည်ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူသောအခါတွင် ဤဂေါတမီထေရီမအား ရတ္တညုဧတဒဂ် ပေးတော်မူ၏။ ကြွင်းသော ဘိက္ခုနီမတို့ကား နန္ဒကောဝါဒသုတ်ကို ဟောတော်မူပြီးသည့် အဆုံးတွင်မှ အရဟတ္တဖိုလ်သို့ ရောက်ကြကုန်၏။ ဤသို့ မာတုဂါမတို့အား သာသနာတော်အတွင်း၌ ရဟန်းပြုခွင့်ပေးရမည့်အကြောင်းကို မြတ်စွာဘုရားသည် ကြိုတင်သိမြင်တော်မူပါလျက် ကပိလဝတ်တွင် ဂေါတမီ မိဖုရားတောင်ပန်းစဉ်က အဘယ်ကြောင့်ခွင့်မပြုခဲ့သနည်း။ တစ်ဖန် ဆင်းရဲပင်းပန်းစွာဖြင့် ဝေသာလီသို့ လိုက်လာခဲ့သော်လည်း အဘယ်ကြောင့် ရှောရှောရှုရှု ခွင့်မပြုပါသနည်း။ ဤအချက်ကို ကျေးဇူးတော်ရှင် အရှင်ဇနကာဘိဝံသ ထေရ်မြတ်သည် ဘုရား ဥပဒေတော်ကြီး စာမျက်နှာ ၃၁၈ ၌ ဤသို့ မှတ်ချက်ပြုတော်မူ၏။ မှတ်ချက်။ ။ ( မာတုဂါမတို့သည် အစစ်အမှန် သဒ္ဒါတရား အလွန်နည်းပါး၏။ ဖြစ်သမျှ သဒ္ဒါ အစစ်လည်း မတည်မြဲလှ။ ထို့ကြောင့် ရဟန်းပြုခွင့် တောင်းလျှင်တောင်းချင်း မပေးသေးဘဲ ခဲယဉ်းစွာတောင်းမှ ခွင့်ပြုတော်မူခဲ့ပေသည်။ ထိုသို့ ခွင့်ပြုပြန်ပါလည်း သာသနာတော်ကို သာ၍ လေးစားစေလိုသောကြောင့် ဂရုဓမ်ပညတ်ကို ထားပြီးမှ ခွင့်ပြုတော်မူသည်။) ဂေါတမီ ထေရီမသည် မြတ်စွာဘုရား၏ သာသနာတော်ဝယ် သင်္ကန်းဝတ် မိန်းမတို့တွင် အစဆုံး အကြီးဆုံးဖြစ်တော်မူကာ နှစ်ပေါင်းများစွာ သာသနာ့ဝန်ကို ထမ်းဆောင်တော်မူပြီးနောက် တနေ့သော အခါဝယ် ဆိတ်ငြိမ်ရာသို့ကပ်၍ ဤသို့ကြံတော်မူသည်။ “ငါသည် အသက် ၁၂၀ ရှိပြီ။ ရင့်ရော်ယိုယွင်း အိုမင်းခြင်းသို့ရောက်ပြီ။ မကြာမီ ပရိနိဗ္ဗာန်ပြုရတော့မည်။ ငါသည် အသက်အရွယ်အိုမင်းကြီးရင့်ပြီဖြစ်၍ ရှေးဦးစွာ ပရိနိဗ္ဗာန်ပြုရချေတော့မည်။” “မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူသည်ကို လည်းကောင်း၊ အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်၊အဂ္ဂသာဝကကြီးနှစ်ပါး ပရိနိဗ္ဗာန် စံတော်မူကြသည်ကိုလည်းကောင်း၊ ငါ၏သားတော် အရှင်နန္ဒ ထေရ်၊ မြေးတော် ရာဟုလာထေရ်၊ တူတော်အာနန္ဒာထေရ်တို့ ပရိနိဗ္ဗာန် စံတော်မူကြသည်ကိုလည်းကောင်း ငါမမြင်တော့ပြီ။ ငါသည် ယခုပရိနိဗ္ဗာန်ပြုအ့ံသောအကြောင်းကို မြတ်စွာဘုရားအား လည်းကောင်း၊ အဂ္ဂသာဝကကြီးနှစ်ပါးအားလည်းကောင်း၊ အရှင်မဟာကဿပ၊ အရှင်ကောဏ္ဍည၊ အရှင်မဟာကစ္စည်း၊ အရှင်အနုရုဒ္ဓါတို့အားလည်းကောင်း၊ ပန်ကြားပြီးမှ အာယုသင်္ခါရလွတ်၍ မြတ်စွာဘုရား ထံတော်၌ ခွင့်တောင်းပြီးလျှင် အမတ မည်ခေါ် ပြည်တော်အောင်ခန်း နိဗ္ဗာန်နန်းသို့ စံမြန်းခိုဝင်တော့အံ့” ထို့အတူသာကီဝင် မင်းသမီး ငါးရာတို့နှင့် ခေမာထေရီသည်လည်း အကြံဖြစ်ကြ၏။ ထိုခဏ၌ ပထဝီမြေကြီးသည် ဟိန်းဟိန်းမည်လျက် တုန်လှုပ်လေ၏။ မိုးခြိမ်းခြင်း၊ ပဲ့တင်ဟည်းခြင်း၊ တော်လည်းခြင်းတို့သည် တစ်ပြိုင်နက် အုန်းအုန်းကျွက်ကျွက် မြည်ဟိန်း၍ သွားလေသည်။ ဘိက္ခုနီကျောင်းတိုက်၌ အမြဲစောင့်ရှောက်၍နေကြကုန်သော နတ်တို့သည်လည်း မဟာပဇာပတိ ဂေါတမီထေရီနှင့် ရဟန္တာမိန်းမ ငါးရာတို့၏ စိတ်အကြံကို သိကြ၍ သောကပူဆွေး ငိုကြွေးမြည်တမ်းကြကုန်၏။ ထိုနတ်သမီးတို့၏ ငိုကြွေးမြည်တမ်းကြသောအသံ၊ မိုးခြိမ်သံ၊ နတ်စည်ရွမ်းသံ၊ ပဲ့တင်သံ၊ တော်လည်းသံကိုကြားကြ၍ အတူနေဖေါ်ဖြစ်သော ဘိက္ခုနီအပေါင်းသည် ဂေါတမီခြေတော်ရင်းသို့ ကပ်ကာမေးလျှောက်ကြလေသည်။ မဟာပဇာပတိ ဂေါတမီသည် အကြောင်းအရင်းကို မေးလျှောက်ကြသော ဘိက္ခုနီတို့အား ဤသို့ မိန့်တော်မူပေသည်။ “အရှင်မတို့ ငါသည် အိုမင်းကြီးရင့်သော အရွယ်သို့ ရောက်၍ ပရိနိဗ္ဗာန် ပြုအံ့သောအခါသို့ ရောက်ပေပြီ။ အရှင်မတို့သည် ပရိနိဗ္ဗာန်ပြုခြင်းကို အကယ်၍ အလိုရှိသည်ဖြစ်အ့ံ၊ မြတ်စွာဘုရား အထံတော်၌ အခွင့်ပန်၌ ပရိနိဗ္ဗာန်ပြုကြကုန်အံ့။” အရှင်မသည် ဘိက္ခုနီကျောင်းတိုက်ကို အမြဲစောင့်ရှောက်နေကြသော နတ်သမီးတို့ကိုလည်း “အို နတ်သမီး အပေါင်းတို့ သင်တို့သည် ငါ့အား သည်းခံ ခွင့်ပြုကြပါကုန်လော့။ ဤ ယခုမြင်ရခြင်းသည်ကား သင်နတ်သမီးတို့ကို နောက်ဆုံးမြင်ရခြင်းပင် ဖြစ်၏။” ဟု ဆိုတော်မူ၏။ ဤသို့ ဂေါတမီထေရီ၏ ပြောဆိုပန်ကြားသံကို ကြားရသော ဘိက္ခုနီတို့တွင် သောတာပန်၊ သကဒါဂမ်တို့သည် ရာဂမကင်းသေးရကား စိတ်ကိုမထိန်းနိုင်ဘဲ တပြိုင်နက် ငိုကြွေးကြ၏။ “တပည့်တော်မတို့ ဘုန်းကံနည်းလေစွတကား။ ရဟန္တာအရှင်မ ငါးရာနှင့်တကွ မိထွေးတော် ဂေါတမီ အရှင်မကြီးသည် ပရိနိဗ္ဗာန်ပြုသွားတော်မူသည်ရှိသော် ဤ ဘိက္ခုနီကျောင်းတိုက်ကြီးသည် တိတ်ဆိတ်၍သွားတော့မည်ပါတကား။ နံနက်လင်း၍ နေမင်းထွက်ပေါ်လာသောအခါ၌ နက္ခတ်တာရာ ကြယ်အပေါင်းကို မမြင်ရကုန်သကဲ့သို့ မြတ်စွာဘုရား၏ သမီးတော်ဖြစ်ကြကုန်သော ဤ ရဟန္တာ မိန်းမ ငါးရာတို့ကို မြင်ရတော့မည်မဟုတ်ပါတကား။” ဘိက္ခုနီများနည်းတူပင် ဥပါသိကာမိန်းမတို့သည်လည်း ကျောင်းတိုက်မှထွက်လာသော အရှင်မ၏ခြေတော်ရင်း၌ ဝပ်စင်းဦးတိုက်ငိုကြွေးကြ၏။ “မိထွေးတော် ဂေါတမီ အရှင်မကြီးသည် ရဟန္တာမ ငါးရာတို့နှင့် အလုံးစုံ နိဗ္ဗာန်သို့ စံဝင်ကြလျှင် ဤနေ့မှ နောင်ကို ကျွနု်ပ်တို့ မြင်ရတော့မည်မဟုတ်ပါတကား။ မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာမှ ရေတို့သည် မဟာသမုဒ္ဒရာသို့ ဝင်၍သွားကြသကဲ့သို့ ရဟန္တာမငါးရာနှင့် မိထွေးတော်အရှင်မြတ်ကြီးသည် မဟာနိဗ္ဗာန်ပြည်ကြီးသို့ ဝင်ရောက်၍သွားသောအခါ တပည့်တော်မတို့ မြင်ရတော့မည် မဟုတ်ပါတကား။” ဤကဲ့သို့ အကြိမ်ကြိမ် ပြောဆိုငိုကြွေးမြည်တမ်းကြလျက် ဘိက္ခုနီမတို့သည်လည်းကောင်း၊ သိက္ခမာန်မတို့သည်လည်းကောင်း၊ သာမဏေရီမတို့သည်လည်းကောင်း၊ မိထွေးတော် ဂေါတမီကို ရှိခိုးကာ မျက်ရည်စက်လက်ဖြင့် ငိုကြွေးလျက် လိုက်ပါလာကြ၏။ ဥပါသကာဒါယကာမကြီးငယ်အပေါင်းတို့သည်လည်း မျက်ရည်စက်လက်ဖြင့် လက်အုပ်ချီကာ ငိုကြွေးလျက် လိုက်ပါလာကြရင်း “မြတ်စွာဘုရား မယ်တော်အရှင်မကြီးဘုရား၊ ပရိနိဗ္ဗာန်ပြုဖို့ မတော်သေးပါ။ တပည့်တော်မတို့၏ ကိုးကွယ်ပူဇော်ရာဖြစ်၍ နေတော်မူပါဦး” ထိုအခါအရှင်မသည် သောကပူဆွေးငိုကြွေးခြင်းမှ သက်သာရာရကြစေရန် ချိုသာသောအသံဖြင့် ဤသို့ ဆုံးမတော်မူလေသည်။ “အို ...ချစ်သမီး အပေါင်းတို့...... “ချစ်သမီးတို့သည် သောကပူဆွေးငိုကြွေးခြင်းငှာ မသင့်လျော်၊ ငိုကြွေးခြင်းကို မပြုလုပ်ကြကုန်လင့်။ ယခုအခါ ချစ်သမီးတို့အား ဝမ်းသာရမည့်အခါဖြစ်၏။ “ချစ်သမီးအပေါင်းတို့....... “ငါသည် ဒုက္ခဖြစ်ကြောင်းတို့ကိုလည်း အကုန်အစင်ပယ်စွန့်သွား၏။ နိဗ္ဗာန်ကို မျက်မှောက်ပြု၍သွား၏။ လေးလှစွာသော ခန္ဓာကိုယ်ကြီးကို ရွက်ဆောင်၍နေရာမှ ဆင်းရဲစွာသော ခန္ဓာကိုယ်ကြီးကို ပယ်ချစွန့်ခွာ ချမ်းသာရာသို့ ငါသွား၏။ ထို့ကြောင့် ချစ်သမီးတို့သည် ဝမ်းသာရမည့်အခါဖြစ်၏။ စိုးရိမ်ရမည့် အခါမဟုတ်။ “ချစ်သမီးတို့...... “မြတ်စွာဘုရားသည်လည်း ထင်ရှားစွာတည်ရှိတော်မူ၏။ မြတ်စွာဘုရားဟောကြားသောမူသော တရားတို့သည်လည်း ထင်ရှားစွာ တည်ရှိကြ၏။ ထိုသို့ မြတ်စွာဘုရား ရှိဆဲအခါ၌ ငါသည် ပရိနိဗ္ဗာန် ပြုရအံ့သောအခါဖြစ်၏။ ချစ်သမီးတို့သည် စိုးရိမ်ပူဆွေးငိုကြွေးခြင်းကို မပြုကြကုန်လင့်။ အရှင်ကောဏ္ဍည၊ အရှင်နန္ဒ၊ အရှင်ရာဟုလာတို့သည်လည်း ရှိကြကုန်သေး၏။ ရဟန်းသံဃာအပေါင်းသည် လည်း ချမ်းသာစွာရှိကြ၏။ သြက္ကာက မင်းမျိုးမင်းနွယ်ဖြစ်သော မြတ်စွာဘုရားသည်လည်း ဒိဌထင်ရှား ရှိပါသေး၏။” ချစ်သမီးတို့ ငါသည် ကမ္ဘာတစ်သိန်းကာလကြာအောင် တောင့်တလိုလား၍ ပါရမီတို့ကိုဖြည့်ရ၏။ ထိုသို့ တောင့်တလိုလားဆုတောင်း၍ ပါရမီဖြည့်ရသော အကျိုးသည် ယနေ့၌ပင်ပြည့်စုံတော့အံ့။” “ချစ်သမီးတို့ ....... ယခုအခါ၌ ငါသည် အလုံးစုံးချမ်းသာသော နိဗ္ဗာန်အကျိုးသည် ပြီးစီးအံ့သောအခါဖြစ်၍ ချစ်သမီးတို့ မျက်ရည်ကျ ငိုရမည့်အခါ မဟုတ်။ ချစ်သမီးတို့ သောကပူဆွေး ငိုကြွေးမြည်တမ်းခြင်းသည် အကျိုးမရှိ။ အဘယ်ကြောင့် ချစ်သမီးတို့သည် မျက်ရည်ယို၍ ငိုကြဘိသနည်း။ ရွှင်လန်းဝမ်းသာစွာ နေရမည့်အခါပါတကား။ “ချစ်သမီးတို့..... “အကယ်၍ ချစ်သမီးတို့သည် ငါ့ကို ချစ်ခင်ပါလျင် ငါ၏ကျေးဇူးကိုသိကြပါလျင် ချစ်သမီးတို့သည် တရားကိုသာလျင် အားထုတ်ကြကုန်လော့။ ချစ်သမီးတို့ .... မိန်းမများ ရဟန်းအဖြစ်ကို ရအောင် ငါသည် မြတ်စွာဘုရားကို တောင်းပန်ခဲ့၏။ ထို့ကြောင့် ငါသည် ရဟန်းအဖြစ်ကို နှစ်သက်သကဲ့သို့ ချစ်သမီးတို့သည်လည်း ရဟန်းအဖြစ်ကို နှစ်သက်စွာ နေကြကုန်လော့။” အရှင်မ ဂေါတမီသည် ရဟန်းမိန်းမ၊ သိက္ခာမာန်မ၊ သာမဏေရီနှင့် ဥပါသိကာတို့အား ဆုံးမသြဝါဒပေးပြီးနောက် ငါးရာသောရဟန်းမိန်းမအပေါင်း ခြံရံလျက် မြတ်စွာဘုရားထံတော်သို့ ရိုသေစွာ ဆည်းကပ်၍ ဤသို့လျှောက်ကြား၏။ “ကောင်းသောစကားကို ဆိုတော်မူသော မြတ်စွာဘုရား..... “တပည့်တော်မ ဂေါတမီသည် အရှင်ဘုရား၏ လောကီအမိဖြစ်ပါသည်။ အရှင်မြတ်ဘုရားသည် တပည့်တော်မ ဂေါတမီ၏ လောကုတ္တရာ အဖ ဖြစ်ပါသည်။ “ကြီးသောလုံ့လရှိတော်မူသော မြတ်စွာဘုရား..... “အရှင်ဘုရား၏ ရူပကာယကို တပည့်တော်မသည် ကြီးပွားအောင် မွေးမြူပါ၏။ တပည့်တော်မ ဂေါတမီ၏ ဓမ္မကာယကို အရှင်ဘုရားသည် ကြီးပွါးအောင် မွေးမြူတော်မူ၏။ တပည့်တော်မသည် အရှင်ဘုရား၏ လောကုတ္တရာ သမီးတော်ကြီး ဖြစ်ပေသည်။ “အရှင်ဘုရားကို တပည့်တော်မသည် အာဟာရအစာ နို့ချိုရည်ကိုတိုက်ကျွေးရပါ၏။ တပည့်တော်မဂေါတမီကို အရှင်ဘုရားသည် အေးမြစွာသော တရားတော်နို့ရည်ချိုကို တိုက်ကျွေးတော်မူပေ၏။ သားဆုတောင်းကြကုန်သော မိန်းမတို့သည် စကြာမင်းလောင်း သားကောင်းရတနာ ရကြပါကုန်၏။ မန္ဓာတု စကြာမင်းကြီး၏ မယ်တော်ပင်ဖြစ်သော်လည်း ဘဝသံသရာ သမုဒ္ဒရာဝဲသြဃထဲ၌ နစ်မြှပ်၍နေကြရပါကုန်၏။ မာယာရင်နှစ် သားချစ်မြတ်ဖျား၊ အရှင်ဘုရားသည် တပည့်တော်မဂေါတမီကို သံသရာဝဲ ပင်လယ်ထဲမှ ထုတ်ဆွဲကယ်တင်တော်မူပါပေ၏။ “မာယာရင်နှစ် သားချစ်မြတ်ဖျား အရှင်ဘုရား ..... “မိန်းမတို့အား စကြာမင်းမယ်တော် ဟူသော အမည်ကိုလည်းကောင်း၊ ဧကရာဇ်မင်းမြတ်၏ မယ်တော်ဟူသော အမည်ကိုလည်းကောင်း ရလွယ်ကြပါကုန်၏။ ဘုရားမယ်တော်ဟူသော အမည်ကိုမူကား အလွန်ရခဲလှပါ၏ ဘုရား။ တပည့်တော်မ ဂေါတမီသည် ဘုရားမယ်တော်ဟူသော ထိုအမည်ကို ရပါပြီ အရှင်ဘုရား။” “ဘုရားမယ်တော်ဟူသော အမည်ကို ရအောင် ဆုတောင်းပတ္တနာပြု၍ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရပါသည်။ ထို ဆုတောင်းခြင်းသည် ယခု ပြည့်စုံပါပြီ။ ဤ ခန္ဓာကိုယ်ကို စွန့်ပစ်၍ ပရိနိဗ္ဗာန်ပြုခြင်းကို အလိုရှိပါပြီ။ တပည့်တော်မအား ခွင့်ပြုတော်မူပါဘုရား။” “စက်လက္ခဏာချွန်တောင်း တံခွန်တို့ဖြင့်ရောပြွမ်းသော ခြေတော်မြတ်အစုံ ကြာပဒုံကို ဆန့်တန်းတော်မူပါဘုရား” “မာယာရင်နှစ် သားချစ်မြတ်ဖျား စောဘုရား ..... “အရှင်ဘုရား၏ ခြေတော်အစုံကို ဦးတိုက်ရှိခိုးခြင်းကိုပြုပါအံ့။ ရွှေတုံးရွှေခဲနှင့်တူသော အရှင်ဘုရား၏ကိုယ်တော်မြတ်ကို ဖူးမြင်ပြီး၍ ပရိနိဗ္ဗာန် ပြုပါအံ့ဘုရား။” ဤသို့ မိထွေးတော်ဂေါတမီ လျှောက်ကြာသောအခါ၌ မြတ်စွာဘုရားသည် ၃၂ပါးသော လက္ခဏာတော်တို့ဖြင့် ကောင်းမွန်စင်ကြယ် တင့်တယ်တော်မူသော ခြေတော်ကို မိထွေးတော်ဂေါတမီ ဖူးမြင်ရစေရန် ဆန့်တန်းပြတော်မူ၏။ ထိုအခါ မိထွေးတော်ဂေါတမီသည် ပွင့်သစ်စဖြစ်သော ကြာပဒုမ္မာ၊ တက်သစ်စဖြစ်သော နေလုလင်နှင့်တူသော စက်လက္ခဏာတော်တို့ဖြင့် တင့်တယ်သော ခြေတော်အစုံကို ဦးတိုက်၍ ရှိခိုးလေ၏။ ရှိခိုးပြီးသောအခါ ဤသို့ လျှောက်ကြားပြန်၏။ “နေမျိုး နတ်နွယ် ဖြစ်တော်မူသော မြတ်စွာဘုရား ..... အရှင်ဘုရားအား တပည့်တော်မ ဂေါတမီ၏ နောက်ဆုံးရှိခိုးခြင်းဖြစ်ပါသည်ဘုရား။ တပည့်တော်မ ဂေါတမီသည် ဤမှ နောက်ကို တစ်ဖန် အရှင်ဘုရားအား၊ မဖူးရတော့ပါဘုရား။ “လောကထွတ်ထား မြတ်စွာဘုရား ..... “မိန်းမတို့သည်ကား အလုံးစုံသော အပြစ်တို့၏ တည်ရာဖြစ်ပါသည်ဘုရား။ တပည့်တော်မဂေါတမီ၌ အကယ်၍ အပြစ်ရှိငြားအ့ံ၊ သည််းခံတော်မူပါအရှင်ဘုရား။ မိန်းမတို့အား ရဟန်းအဖြစ်ကိုရအောင် တပည့်တော်မသည် အကြိမ်ကြမ်အဖန်ဖန် တောင်းပန်ခဲ့၍ ထိုသို့တောင်းပန်ခြင်းကြောင့် အပြစ်ရှိငြားအ့ံ၊ ကန့်တော့ပါ၏ဘုရား။ “အရှင်ဘုရား ခွင့်ပြုတော်မူသည့် အတို်င်း ဘိက္ခုနီတို့အား တပည့်တော်မ ဂေါတမီသည် ဆုံးမသြဝါဒပေးပါသည်။ ထိုသို့ပေးရာ၌ အလွဲအမှားကို ဆုံးမမိသည်ဖြစ်ငြားအ့ံ၊ သည်းခံတော်မူပါဘုရား။ မိထွေးတော် ဂေါတမီအား မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏။ “မိထွေးတော် ဂေါတမီ...... “တောင်ပန်းကန်တော့ခြင်း မပြုသောသူ၌သော်လည်း သည်းခံခြင်းကို ပြုရသေး၏။ ဂုဏ်ကျေးဇူးတို့ဖြင့် တန်ဆာဆင်လျက် တောင်းပန်ကတော့သော မိထွေးတော်၌ အဘယ်အပြစ် ဖြစ်တော့အံ့နည်း။ နိဗ္ဗာန်သို့ သွားပါတော့အံ့ဟူ၍ ခွင့်တောင်းသော မိထွေးတော်အား အဘယ်သို့ဆိုနိုင်တော့မည်နည်း။ “မိထွေးတော် ဂေါတမီ၊ ငါဘုရား၏ တပည့်သာဝက ရဟန်းသံဃာတို့သည် စင်ကြယ်ကုန်၏။ ဤဘုံဘဝ ဒုက္ခအတွင်းမှ လွတ်ခြင်းငှာ သည်းခံခြင်း တရားရှိကြကုန်၏။ ငါဘုရား၏ တပည့်ရဟန်း သံဃာတို့ကိုလည်း ဖူးမျှော်ကန်တော့ဦးလော့” ထိုအချိန်ဝယ် ရဟန္တာမိန်းမ ငါးရာတို့သည်လည်း မြင်းမိုရ်တောင်ကို နေလ နက္ခတာရာ၊ကြယ်အပေါင်းတို့သည် ခြံရံလှည့်လည်ကုန်သကဲ့သို့ မြတ်စွာဘုရား၏ ခြေတော်အစုံကို ဦးတိုက်ရှိခိုးနေကြ၏။ မိထွေးတော် ဂေါတမီသည် မြတ်စွာဘုရားအား ဖူးမျှော်ခွင့်တောင်းပြီး၍ မြေးတော်၊ သားတော်၊ တူတော်တို့ကိုလည်း ဖူးမျှော်ခွင့်တောင်းပြီး၍ မြေးတော်၊ သားတော်နှင့် တူတော်တို့လည်း ဖူးမျှော်ကန်တော့ပြီးလျှင် ဤသို့လျှောက်ကြား၏။ “ချစ်သား ချစ်မြေးတို့ ........ “အဆိပ် ထန်သောမြွေ၏ နေရာအိမ်နှင့်တူ၍ ရောဂါအပေါင်းတို့၏ တည်ရာ၊ ဇရာမရဏတို့၏ ကျက်စား ညှဉ်းဆဲ နှိပ်စက်ရာဖြစ်သော အထူးအထူးအပြားပြား များလှစွာသော အညစ်အကြေး အပြစ်ဘေးတို့၏ တည်ရာ ဒုက္ခအစုအပုံကြီးဖြစ်သော ဤခန္ဓာကိုယ်၌ မယ်တော်ကြီးသည် ငြီးငွေ့စက်ဆုပ်လှသည်ဖြစ်၍ ပရိနိဗ္ဗာန် ပြုခြင်းကို အလိုရှိလှပါ၏။ မယ်တော်အား အခွင့်ပြုပါ ချစ်သား ချစ်မြေးတို့” ဤသို့ အခွင့်တောင်းသောအခါ အာသဝေါကင်းကြကုန်ပြီးသော အရှင်ရဟုလာ၊ အရှင်နန္ဒတို့သည် ဤသို့အကြံဖြစ်ကြကုန်၏။ “ရုပ်နာမ်စုပေါင်းခြင်း အကြောင်းကြောင့်ဖြစ်ပေါ်လာသော ရုပ်နာမ်ဓမ္မသင်္ခါရသည် စက်ဆုပ်ဖွယ်ဖြစ်စွတကား။ ခိုင်မြဲသော အနှစ်မဟုတ်ချေ။ အနှစ်ကိုရှာလည်း အကာမျှ မရ။ အခွံအဖတ်သာရှိသော ငှက်ပျောတုံးနှင် တူချေ၏။ မျက်လှည့် တံလျှပ် ထပ်တူပမာ ခဏမျှသာ တည်ချေ၏။ မရပ်မနားပျက်ပြား ဖောက်ပြန်တတ်ချေ၏။ အရှည်အခန့်တည်တံ့မနေ၊ ပျက်လွယ်ချေ၏။ မြတ်စွာဘုရားကို နို့ချိုတိုက်ကျွေး မွေးမြူပေးပေသော မြတ်စွာဘုရား၏ မိထွေးတော်ဖြစ်သော ဤမယ်တော်ကြီး ဂေါတမီသည်ပင်လျှင် သေခြင်းသို့ရောက်ရသေး၏။ အလုံးစုံသော သင်္ခတ တရားစုသည် အမြဲမရှိချေ။” တူတော်ဖြစ်သော အရှင်အာနန္ဒာမှာကား သောတာပန်မျှသာ ဖြစ်သဖြင့် “မြတ်စွာဘုရား၏ မယ်တော်ဖြစ်သော မိထွေးတော် ဂေါတမီသည် နိဗ္ဗာန်ပြည်ကြီးသို့ ယခုမကြာသွားရောက်၍ ကွယ်ပျောက်ပါတော့မည်တကား။ မြတ်စွာဘုရားသည်လည်း မကြာမီပင် နိဗ္ဗာန်ခွင်သို့ကြွသွားလိမ့်မည် ပါတကား။ မီးစာကုန်ပြီးသော ဆီမီးတောက်ကဲ့သို့ ငြိမ်းပျောက်ကွယ်ပ၍ သွားတော့မည်ပါတကား” ဟု ငိုကြွေပြောဆို၏။ ထိုအခါ ဂေါတမီထေရီမကြီးသည် အရှင်အာနန္ဒာအား ဤသို့ ဖျောင်းဖျ တရားချ၏။ “သမုဒ္ဒရာ ကျယ်ဝန်းစွာသို့ များစွာသုတ ရှိပေလှသည့် ဗုဒ္ဓလုပ်ကျွေး ကျေးဇူးကြွယ်ဝ ချစ်မဝသည့် သားလှသည်းချာ အာနန္ဒဟု သညာတော်မှတ် အရှင်မြတ်။ “သောကပူဆွေး ငိုကြွေးဖို့ရာ မသင့်ပါဘုရား၊ ဝမ်းသားရွှင်လန်းအေးချမ်ဖို့ရာ ခွင့်အခါ၌ ပူစရာမဟုတ်ပါဘုရား၊ ဝမ်းမြောက်ရွှင်လန်းအေးချမ်းဖို့သာဖြစ်ပါသည်။ တပည့်တော်မ ဂေါတမီသည် အလွန်ချမ်းသာသည့် နိဗ္ဗာန်သို့ရောက်၍ အလွန်ချမ်းသာမည့်အခါ ဖြစ်ပါသည်။ “အလွန်ချမ်းသာလှစွသော နိဗ္ဗာန်ရွှေပြည်ကြီးသို့ ရောက်အောင် အရှင်ဘုရားကူညီ၍ ပို့ပေးသောကြောင့်သာလျှင် တပည့်တော်မဂေါတမီသည် နိဗ္ဗာန်သို့ရောက်ရပါသည်။ တပည့်တော်မသည် နိဗ္ဗာန်သို့ရောက်ခြင်းငှာ ရဟန်းမိန်းမအဖြစ်သို့ ခွင့်တောင်းသောအခါ၌ အရှင်အာနန္ဒာကူညီ၍ ခွင့်တောင်းပေးသောကြောင့်သာ မြတ်စွာဘုရားသည် တပည့်တော်မအား ရဟန်းမိန်းမပြုစေရန် အခွင့်ပေးပါသည်။ “သားကြီး အာနန္ဒာ၊ နှလုံးမသာ မရှိပါလင့်။ “သားကြီးအာနန္ဒာသည် မြတ်စွာဘုရား အထံတော်၌ တောင်းပန်လျှောက်ကြားသောစကားများသည် မိထွေးတော်မှာ အကျိုးကျေးဇူးရှိလှပါသည်။ သားကြီးခွင့်တောင်း၍ပေးခြင်းကြောင့် မိထွေးတော်တို့ မိန်းမတွေမှာ ရဟန်းအဖြစ်ကိုရပါသည်။ “ဘုရားသာသနာတော်ကို စောင့်ရှောက်ပေသော သားတော်အာနန္ဒာ အရှင်ဘုရား၊ သားတော်ကြီးကို ယခု မိခင်မြင်ရခြင်းသည်ကား နောက်ဆုံး မြင်ရခြင်း ဖြစ်ပါ၏။ ထိုနိဗ္ဗာန်ပြည်တော်ကြီးသို့ ယခုမိခင် သွားတော့အ့ံ၊ အားမငယ်ပါနှင့်၊ မြတ်စွာဘုရားလည်းရှိနေပါသေးသည်။” ထို့နောက်တွင် မြတ်စွာဘုရားသည် ဂေါတမီထေရီအား ဤသို့ မိန့်တော်မူပေသည်။ “မိထွေးတော်ဂေါတမီ....... “မိန်းမတို့၏ တရားအထူးကို သိမြင်ခြင်း၌ သူမိုက်တို့သည် မသိဝိုးဝါး ယုံမှားရှိကြ၏။ ထိုသူမိုက်တို့၏ အယူမှားကို ပယ်ခြင်းငှာ တန်ခိုးကိုပြခဲ့ဦးလော့။” ထိုအခါ ဂေါတမီထေရီသည် မြတ်စွာဘုရား၏ခြေတော်ကို ဦးတိုက်ရှိခိုး၍ ကောင်းကင်သို့ ပျံတက်ပြီးလျှင် များစွာသောတန်ခိုးတို့ကို ပြလေ၏။ ပြပုံမှာ တစ်ပါးတည်းကို အများဖြစ်အောင် ဖန်ဆင်း၍ ပြခြင်း၊ အများကိုလည်း တစ်ပါးတည်းဖြစ်အောင်ပြခြင်း၊ တံတိုင်း နံရံခြားရာသို့ ငြိကပ်ခြင်းမရှိ ဖောက်ထွင်း၍သွားခြင်း၊ မြေကြီးအတွင်းသို့ ငုပ်၍ပြခြင်း၊ ရေပေါ်၌ စကြံ င်္လျှောက်ခြင်း၊ ကောင်းကင်၌ ထက်ဝယ်ပလ္လင်ဖြင့် ထိုင်နေလျက် ငှက်များကောင်းကင်၌ ပျံဝဲသွားနေသကဲ့သို့ ပျံဝဲပြခြင်း စသည်တို့ဖြစ်၏။ တစ်ဖန် ထေရီအရှင်မသည် ဗြဟ္မာ့ပြည်တိုင်အောင် ဤကိုယ်ဖြင့်တက်သွားသည်ကို လူအများ မြင်အောင် ပြတော်မူ၏။ မြင်းမိုရ်တောင်ကြီးကို ထီးရိုးပြု၍၊ ပထဝီမြေကြီးကို ထီးရွက်ပြုကာ ထက်အောက်ပြောင်းပြန်လှန်လျက် ထီးကဲ့သို့ မိုးဆောင်းပြီး ကောင်းကင်၌ စကြံ င်္ကြွ၍ ပြတော်မူ၏။ ကောင်းကင်၌ စကြာမင်းကြီးသည် စကြာရတနာ ရထားကိုစီး၍ စစ်သည်ဗိုလ်ထု ပရိသတ် အပေါင်းနှင့်တကွ သွားလာပုံကိုလည်း ဖန်ဆင်း၍ ပြတော်မူ၏။ ထိုမှ တစ်ပါး ဂဠုန်ယောင်၊ နဂါးယောင်၊ ခြင်္သေ့ယောင် အမျိုးမျိုး ဖန်ဆင်း၍ပြတော်မူ၏။ အလွန်များစွာသော ရဟန်းမိန်းမ ပရိသတ်ကြီး ကောင်းကင်၌ စျာန်ကြွနေပုံကိုလည်း ဖန်ဆင်း၍ပြတော်မူ ပြီးနောက် မြတ်စွာဘုရားကို ရှိခိုးလျက် ကောင်းကင်မှပင် ဤသို့ လျှောက်ထား၏။ “ကြီးသောလုံ့လရှိတော်မူသော မြတ်စွာဘုရား၊ အရှင်ဘုရားဆုံးမတော်မူသော မြတ်စွာဘုရား၊ အရှင်ဘုရား ဆုံးမတော်မူတိုင်း ပြုကျင့်တတ်သော အရှင်ဘုရား၏ မိထွေးတော်ပါတည်း။ မိမိအလိုရှိရာ အကျိုးပြီးစီးခြင်းသို့ အစဉ်ရောက်ပြီ။ စက္ခုငါးပါးဖြင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၊ အရှင်ဘုရား၏ ခြေတော်အစုံကို ရှိခိုးပါ၏။” ဂေါတမီထေရီအရှင်မကြီးသည် လောကဝိဝရဏ အလုံးစုံသော စကြဝဠာ တစ်သောင်းကို လင်းစေနိုင်သော တန်ခိုးတော်ကို ဓိဌာန်၍ လူတို့ကို ငရဲဘုံ နတ်ဗြဟ္မာဘုံတို့မှ မြင်ရလေအောင်၊ ငရဲဘုံ နတ်ဗြဟ္မာဘုံတို့ကိုလည်း လူတို့ကမြင်ရအောင် ပြတော်မူ၏။ ငရဲသူ ငရဲသား ငရဲထိန်း ငရဲမီးလျှံတို့ကို လူတို့မြင်ရလေအောင်ပြတော်မူ၏။ ငရဲသူ ငရဲသားတို့က နတ်ဗြဟ္မာတို့ကို မြင်ရအောင်၊ ရဟန်း သံဃာတော်တို့ကို ငရဲသူ ငရဲသားတို့ မြင်ရအောင် တန်ခိုးပြတော်မူ၏။ စကြဝဠာ သုံးခုတို့၏ အကြား၌ နေလ နက္ခတ်တာရာ အရောင်အလင်းမရှိ၊ အခါခပ်သိမ်းမှောင်၍ အောက်ဖက်၌ ဆားငန်ရေသာရှိပြီး စကြဝဠာတံတိုင်းကို လင်းနို့ကဲ့သို့ တွယ်ကပ်၍နေကြသော လောကန္တရိတ် ငရဲသူတို့ကို လူတို့မြင်ရအောင် တန်ခိုးတော်ဖြင့်ပြ၏။ ထိုလောကန္တရိတ် ငရဲသူတို့သည်လည်း မြတ်စွာဘုရား၊ ရဟန်းသံဃာတော်နှင့် နတ်လူဗြဟ္မာတို့ကို မြင်ကြရ၏။ ရဟန်းသံဃာနှင့် နတ်ဗြဟ္မာတို့ကလည်း မြင်နေကြရ၏။ ထို “လောကဝိဝရဏ တန်ခိုးတော်” ကို ပြသောအခါ၌ ထက်အောက်စကြဝဠာ ဖီလာထုတ်ချင်း အလင်းပြုသောကြောင့် အဝီစိ ငရဲမှစ၍ အလုံးစုံသော ငရဲကြီး ငရဲငယ် ငရဲဟူသမျှတို့သည် လည်းကောင်း၊ အလုံးစုံသော စကြဝဠာတစ်သောင်း၌ နေသူလူအမျိုးမျိုးတို့သည်လည်းကောင်း၊ အလုံးစုံသောနတ်ဗြဟ္ဗာတို့သည်လည်းကောင်း စကြဝဠာတစ်သောင်းအတွင်း၌ အချင်းချင်းမြင်ကြရသည်။ ထိုမှတစ်ပါး များစွာသော တန်ခိုးဣဒ္ဓိပါဒ်တို့ကိုလည်း ပြသေး၏။ ထိုအခါ ထိုအရှင်မ၏ တန်ခိုးတော်ကို ကြည့်ရှု့ ဖူးမြင်ကြရသော ပရိတ်သတ်ကြီးသည် လက်အုပ်ချီလျက် လျှောက်ထားကြ၏။ “မြတ်စွာဘုရား၏ မယ်တော်ဖြစ်သော အရှင်မဘုရား၊ ဤကဲ့သို့ အတုမရှိသော တန်ခိုးတို့ကိုပြနိုင်ရန် အဘယ်ကာလမှစ၍ အဘယ်ကဲ့သို့သော ပါရမီများကို ဖြည့်ကျင့်ဆည်းပူးခဲ့ပါသနည်း။ တပည့်တော် တပည့်တော်မတို့အား မှတ်သားနည်းယူဖွယ်ဖြစ်သော အပဒါန်တရားများကို ဟောကြားတော်မူပါ။” ဂေါတမီထေရီသည် ရဟန်းမိန်းမ ပရိတ်သတ်တို့၏ အလယ်၌ တင့်တယ်စွာ ထိုင်နေလျက် ရှေးဘဝတို့၌ ပြုကျင့်ဆည်းပူးခဲ့သော ပါရမီအပဒါန်တရားတို့ကို ဟောကြားတော်မူရာ အကျဉ်းအားဖြင့် ဖေါ်ပြလိုက်ပေသည်။ ထိုမိထွေးတော်ဂေါတမီသည် ပဒုမုတ္တရ ဘုရားပွင့်တော်မူတော်အခါက မထင်မရှားသော အမျိုး၌ ဖြစ်၍ သင့်သောအရွယ်သို့ကျသောအခါ မြတ်စွာဘုရားအထံသို့ ဆည်းကပ်လျက် တရားတော်မြတ်ကို နာယူဆောက်တည်သတည်း။ တစ်ရံသောကာလ မြတ်စွာဘုရား၏ မိထွေးတော်ဖြစ်သော ဘိက္ခုနီသည် နောက်လိုက်နောက်ပါ ဘက္ခုနီများနှင့် မြတ်စွာဘုရားထံတော်သို့ ချဉ်ကပ်လာရာ မြတ်စွာသည် “ရတ္တညုဧတဒဂ်” အရာ၌ ထား၍ မြှောက်စားချီးမြှင့်တော်မူ၏။ ဂေါတမီအလောင်းဒါယိကာမသည် ထိုအရှင်မကဲ့သို့ ဖြစ်ချင်သောဆန္ဒရှိသဖြင့် ဘုရားအမှုးရှိသော သံဃာတော်တို့အား အလှူကြီးပေး၍ “နောင်မြတ်စွာဘုရားတို့၏ သာသနာတော်ဝယ် ဤ ဘိက္ခုနီမကဲ့သို့ ဘုရား၏မိထွေးတော် ဖြစ်ပါစေသော၊ ဧတဒဂ်ကို ရပါစေသော”ဟု ဆုတောင်း၏။ ဘုရားမြတ်စွာလည်း အနာဂတံသ ဉာဏ်ဖြင့်ကြည့်၍ ပြည့်စုံလိမ့်မည်ကို မြင်တော်မူသဖြင့် ဗျာဒိတ်စကားကြားတော်မူပေသည်။ “သင်သည် ငါဘုရားပွင့်တော်မူရာ သာရကမ္ဘာ၏နောက် ကပ်တစ်သိန်းကျမြောက်သော ဘဒ္ဒကမ္ဘာ၌ ဥက္ကာရာဇ် နေမြစ်နွယ်ရိုးမှ ဂေါတမအမည်ရှိသော ဘုရားသည် ထင်ရှားဖြစ်လတ္တံ့။ ထိုအခါ မဟာပဇာပတိဂေါတမီ အမည်ရသော ဘုရားမိထွေးတော်ရင်းဖြစ်၍ အစ်မတော်သား ဘုရားအလောင်းကို ကောင်းစွာနို့ကျွေး၍ မွေးရလတ္တံ့။ ထိုအခါမှစ၍ ထိုဒါယိကာမလည်း ဒါန သီလများစွာပြုလျက် အသက်အတိုင်းနေ၍ စုတေလတ်သော် တာဝတိ ံသာနတ်ပြည်၌ဖြစ်၏။ ထိုဘဝမှ စုတေခဲ့ပြန်ခဲ့လျင် ဗာရာဏသီပြည် သူဌေးအိမ်ဝယ် ငါးရာသောသူခစားတို့၏ အကြီးအကဲဖြစ်၍ ဇေဋ္ဌကဒါသီ အမည်ရပေ၏။ ဇေဋ္ဌကဒါသီ၏ လက်အောက်ခံအစေခံမတို့သည် ၎င်းတို့၏ လင်သားနှင့် တစ်အိမ်တွင်နေ၍ နေ့အခါဝယ် အရှင်အမှုကို ဆောင်ရွက်ရသဖြင့် ညဉ့်အခါကျမှသာ ၎င်းတို့၏ ကိုယ်ပိုင်ကိစ္စကို ပြုလုပ်ကြရ၏။ ၀ါလနီးသော နေ့တစ်နေ့ဝယ် ဂန္ဓမာဒနတောင်၌ သီတင်းသုံးသော အရှင်ပစ္စေကဗုဒ္ဓါ ငါးပါးသည် ၀ါဆိုကျောင်း ပြုပြင်ရန် ကိစ္စအတွက် ဗရာဏသီ သူဌေးအိမ်သို့ ကြွလာတော်မူကြ၏။ ထိုအချိန်တွင် အစေခံမှုး ဇေဋ္ဌကဒါသီသည် ရေအိုးရွက်လျက် မြစ်ဆိပ်သို့ သွားခိုက်ကြုံ၏။ သူဌေးကြီးလည်း အရှင် ပစ္စေက ဗုဒ္ဓါတို့အား ကြွလာသော အကြောင်းကို မေးမြန်း၍ သိရလျှင် “အကျွနု်ပ်ကား အားလပ်သော အခွင့်ကိုမရပါ။ အလုပ်များသောကြောင့် သင့်တင့်ရာ၌ ရပ်ပါဦးလော့” ဟု ဆိုကာ ကန့်တော့လိုက်၏။ အရှင်မြတ်တို့လည်း သူဌေးအိမ်မှ ထွက်ခဲ့ကြရာ မြစ်မှ ရေခပ်၍ ပြန်လာသော ဇေဠကဒါသီနှင့် တွေ့သဖြင့် မေးလျှောက်၏။ “အရှင်ဘုရားတို့ သူဌေးအိမ်သို့ ယခုဝင်၍ ယခုပင်ပြန်ထွက်လာသည်မှာ မည်သည့်ကိစ္စ ရှိပါသနည်း။” “ငါကပ်မည့်ကျောင်းပြုပြင်ရန် ကြွလာကြပေသည် ဒါယကာမ” “ရခဲ့ကြပါ၏လော ဘုရား” “မရခဲ့ချေ။ ငါတို့ သင့်တင့်ရာ၌ ရှာဖွေရပေဦးမည်” “ကိုယ်တော်မြတ်တို့၏ ကျောင်းကို သူဌေး သူကြွယ်နှင့် မင်းစိုးရာဇာများ ဆောင်ရွက်မှသာ ဖြစ်ပါသလော။ အမှုလုပ် သူခစား စသည်တို့လည်း ဆောင်ရွက်၍ ဖြစ်နိုင်ပါသလော။” “ဒါယိကာမ မည်သူမဆို ပြုလုပ်ဆောင်ရွက်ပေးနိုင်၏” “ဤသို့ ဖြစ်ပါက ကျောင်းကို တပည့်တော်မတို့ ကြိုးစား၍ပြုပြင်ပါမည်။ နက်ဖြန်တွင် တပည့်တော်မတို့၏ ဆွမ်းကို ခံယူတော်မူကြပါဘုရား” ဇေဠကဒါသီသည် ဝမ်းသာအားရစွာဖြင့် အိမ်သို့ပြန်လာခဲ့ပြီးနောက် အစေခံမများ စုံညီချိန်တွင် အားလုံးကို စုဝေးခိုင်းလျက် ဤသို့မေး၏။ “ရှင်မတို့သည် ကျွန်အဖြစ်မှ လွတ်လိုကြသလော၊ မလွတ်လိုကြသလော။” “သင်တို့ ငါတို့သည် ရှေးက ပုည အထူးဆည်းပူးသမျှ မပြုခဲ့ကြ၍ ယခုဘဝ၌ သူတစ်ပါးကျွန် ဖြစ်သည်မဟုတ်လော။ ကုသိုလ်အစု ကောင်းမှုဥစ္စာ ရတနာသာလျှင် ငါတို့ကို တော်လှန်အောင် ပြုပေ လတ္တံ့သည်ကား။ ယင်းသို့ဖြစ်၍ ကျောင်းပြုပြင်ရန် ဟတ္ထက ရှာဖွေသော ပစ္စေကဗုဒ္ဓါတို့အား နက်ဖြန်အတွက် ငါဆွမ်းဖိတ်ခဲ့ပြီ၊ သင်တို့၏ လင်တို့ကို ကြည်လင်စေကြောင်း ဖျောင်းဖျပြောဆို၍ ကျောင်းကို ပြုပြင်ကြစို့။” အစေခံ မိန်းမများလည်း ဝမ်းမြောက်စွာ သဘောတူကြ၍ ၎င်းတို့၏ လင်များ အလုပ်ခွင်မှ ပြန်လာသော ကာလ၌ ထိုအကြောင်းကို ပြောဆိုကြ၏။ လင်ယောင်္ကျားတို့ကလည်း သဒ္ဒါသောစိတ်ဖြင့် ဝမ်းမြောက်ရွှင်လန်းစွာ သဘောတူကြ၍ ဇေဠကဒါသီ၏ အိမ်၌ စုဝေးကြကာချက်ပြုတ်ပြင်ဆင်ကြပြီး မိုးသောက်ချိန်ဝယ် ကြွလာသော အရှင်ပစ္စေက ဗုဒ္ဓါတို့အား မွန်မြတ်သော ဆွမ်းဘောဇဉ်များ ဆက်ကပ်လှူဒါန်းကြ၏။ ပြီးလျှင် ရှေးရှိရင်းကျောင်းနေရာကို မေးမြန်းလျှောက်ထားကာ စုပေါင်း၍ ပြင်ဆင်မွမ်းမံသည့်အပြင် ထပ်မံ၍လည်း စင်္ကြ ံ မဏ္ဍပ် ဇရပ် တဲနန်း နေ့ည သန့်စရာ နေရာစသည်တို့ကို အသစ်ဆောက်လုပ်လှူဒါန်းကြရုံသာမက ထိုအရှင်မြတ်တို့အား ၀ါတွင်းသုံးလပတ်လုံး အလှည့်အလှယ်ထား၍ နှစ်ပါးသောပစ္စည်းတို့ဖြင့် လှူဒါန်းကြ၏။ ၀ါလကျွတ်သောအခါ အသပြာတစ်ရာစီ စုဆောင်းထည့်ဝင်ကြ၍ တိစီဝရိတ်သင်္ကန်းဖြင့် လှူဒါန်းဆက်ကပ်ကြ၏။ ဇေဠကဒါသီအမှူးပြုသော အစေခံတို့သည် အသက်အတိုင်းနေ၍ စုတေသော် တုသိတာနတ်ပြည်၌ ဖြစ်ကြ၏။ ထိုနတ်ပြည်မှ ထပ်မံစုတေပြန်သောအခါ ဇေဠကဒါသီသည် ဗာရာဏသီပြည်၏ အနီး ငါးရာသောရက်ကန်းသည်တို့ကို ကြီးမှူးသူ၏ သမီးဖြစ်လာကာ အရွယ်ရောက်ချိန်၌ သူကြွယ်တစ်ဦး၏ မယားဖြစ်ကာ စည်းစိမ်ချမ်းသာဖြင့် ထင်ရှားကြီးကျယ်စွာ နေထိုင်ရပေသည်။ တစ်ရံသောအခါ ပဒုမဝတီ မိဖုရား၏ သားဖြစ်သော ပစ္စေကဗုဒ္ဓါတို့နှင့် တွေ့ကြုံရ၍ ၀ါတွင်းသုံးလပတ်လုံး ကိုးကွယ် လုပ်ကျွေး၏။ ထိုမျှလောက်သော ကုသိုလ်ကောင်းမှုပြု၍ လူ့ပြည် နတ်ပြည်လှည့်လည်ကာ ကမ္ဘာတစ်သိန်း ပတ်လုံး စံစားခဲ့၍ ငါတို့ဘုရား ထင်ရှားဖြစ်တော်မူခါနီးလတ်သော် ဘုရားဘိုးတော်မြတ်ဖြစ်သော အဥ္စနမင်းကြီး၏ ကြင်ဖော် ယသော်ဓရာဝမ်းဝယ် စွဲလမ်း ဖြစ်ထွန်း လာသတည်း။ အမည်မှည့်အံ့သောအခါ လက္ခဏာဖတ်သော ပုဏ္ဍားတို့က “ဤမိန်းမငယ်သည် အကယ်၍ သားယောကျင်္ားကို ဖွားမူ စကြဝတေးမင်းဖြစ်လတ္တံ။ မိန်းမဖွားမူကား စကြဝတေးမင်း၏ မိဖုရားဖြစ်လတ္တံ့”ဟု ဟောကြ၏။ ထိုစကားကို အစွဲထား၍ “မြတ်သော သမီးသားတို့၏ အရှင်ဖြစ်မည့်သူ” ဖြစ်သောကြောင့် မဟာပဇာပတိ ဂေါတမီ ဟူသော အမည်ကို မှည့်၏။ အရွယ်သို့ ရောက်ကာလ အစ်မတော် သီရိမဟာမာယာနှင့်တကွ ညီအစ်မ နှစ်ယောက်လုံးကိုပင် ကပိလတ်ဝတ်ပြည့်ရှင်ဖြစ်သော သုဒ္ဒေါဒနမင်းနှင့် ဆောင်နှင်းကြသတည်း။ ငါတို့ဘုရားလောင်းသည် နတ်ပြည်မှလာ၍ မာယာမိဖုရားကြီး၏ ဝမ်း၌ စွဲလမ်းတော်မူလျှင်ပင် သုဒ္ဓေါဒနလည်း ညီမတော်ဂေါတမီကို အဂ္ဂမဟေသီအရာ၌ ထားတော်မူ၏။ ထား၍မကြာမီပင် နန္ဒမင်းသားကို မျက်နှာမြင်သတည်း။ ထို့နောက်မှ အစ်မတော် သီရိမဟာမာယာတွင် ဘုရားလောင်းကို ဖွားမြင်၍ ခုနစ်ရက်မြောက်၌ နတ်ပြည်စံလေသော် ညီမတော် ဂေါတမီ မိဖုရားသည် နန္ဒမင်းသားကို နို့ထိန်းတို့အားအပ်၍ မိမိမှာ ဘုရားလောင်းကိုသာ ကောင်းစွာ နို့ကျွေး၍ မွေးမြူခဲ့ရပေ၏။ ဤသို့လျှင် ဂေါတမီထေရီ အရှင်မကြီးသည် ရှေးဘဝအကြောင်းကို ပြန်ပြောင်း ဟောပြောတော်မူပြီးနောက်၊ ၎င်းနှင့်အတူတကွ ရဟန္တာဖြစ်ခဲ့ကြသော သာကီဝင် မင်းမျိုး ရဟန်းမိန်းမ ငါးရာတို့သည် ပရိနိဗ္ဗာန် ပြုခါနီး၌ မြတ်စွာဘုရားခွင့်ပြုတော်မူသည့်အတိုင်း မြတ်စွာဘုရား၏ခြေတော်ကို ဦးခိုက်ရှိခိုးကြပြီးလျှင် ကောင်းကင်သို့ပျံတက်ကြ၍ ကြယ် နက္ခတ်တာရာများကဲ့သို့ မိုးကောင်းကင် အပြည့် အထူးထူးအပြားပြား များစွာသော တန်ခိုးတို့ကို ပြကြရာ မြတ်စွာဘုရားရှေ့တော်မှောက်၌ ရောက်ရှိနေကြသော ပရိသတ်ကြီးမှာ အ့ံသြချီးမွမ်း ရင်သပ်ရှုမောနေကြရလေသည်။ ထို ရဟန္တာမ ငါးရာတို့သည် တန်ခိုးပြကြပြီးနောက်တွင် ကောင်းကင်မှ ဆင်းသက်၍ မြတ်စွာဘုရားကို ဦးတိုက်ရှိခိုးကာ သင့်တင့်ရာ၌ ထိုင်နေပြီးလျှင် မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူး၊ မိထွေးတော် ဂေါတမီ၏ ဂုဏ်ကျေးဇူးနှင့် မိမိတို့ ကိုယ်စီရကြသော တရားအထူးတို့ကို အောက်မေ့ဝမ်းမြောက်လျက် ဥဒါန်းကျူးကာ ဟောပြောကြ၏။ “ဘုရားမယ်တော် မိထွေးတော်ဂေါတမီသည် ငါတို့အား သနားကရုဏာ ကြင်နာထောက်ထား အကျိုများကို လိုလားတော်မူပေ၏တကား။ ရှည်ကြာမြင့်လှ ရှေးဘဝမှ ပစ္ဆိမရောက် နောက်ဆုံးကာလ ယခုဘဝတိုင်အောင် အတူတကွနေရပေ၏တကား။ “ဘုရားမယ်တော် အရှင်မကြီးဘုရား ..... “တပည့်တော်မတို့သည် အရှင်မ၏ ပုညသမ္ဘာ ပါရမီတော် ဘုန်းကံရိပ်ကို ခိုလှုံကာ နေထိုင်ရ၍ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ၊ ဘေးဒုက္ခ အပေါင်း၊ မကောင်းသော အာသဝေါ ဘေးရန်တို့မှ ကင်းလွတ်၍ ချမ်းသာစွာ နေရပေ၏တကား။ “တပည့်တော်မတို့သည် တစ်ထောင့်ငါးရာ ကိလေသာတို့မှ ကင်းလွတ်ပါကုန်ပြီ။ အလုံးစုံသော ဒုက္ခဘုံဘဝကို တစ်စမကျန် ပယ်လှန်နုတ်ပစ် အမြစ်မကြွင်း သန့်ရှင်းသုတ်သင် ကုန်စင်လေပြီ။ “သံကြိုးဖြင့် ဖွဲ့ချည်၍ ကျဉ်းမြောင်းကျပ်တည်း ဖိစီးနှောင့်ယှက်နှိပ်စက် ညှင်းဆဲ ဆင်းရဲလှစွာသော ဆင်ပြောင်မသည် လုံ့လကြီးစွာ ရုန်းကာ ဆွဲဖြတ် သံကြိုးပြတ်၍၊ လွတ်လပ် ရှောင်ခွာ ချမ်းသာရာ၌ ကောင်းစွာနေရသကဲ့သို့၊ တပည့်တော်မတို့သည်လည်း သံကြိုးတဏှာ ဖွဲ့ချည်ရာကို ရုန်းကန်ဆွဲဖြတ် တဏှာပြတ်၍ လွတ်လပ်ချမ်းသာ နေရပါ၏တကား။ “တပည့်တော်မတို့ မြတ်စွာဘုရား အထံတော်သို့ ရောက်လာရခြင်းသည် ကောင်းသောရောက်ခြင်း ဖြစ်ပေသည်တကား။ တပည့်တော်မတို့သည် ၀ိဇ္ဇာသုံးပါးကို ရကြပါကုန်ပြီ။ လေးဖြာသော ပဋိသမ္ဘိဒါ၊ ရှစ်ဖြာသော ၀ိမောက္ခ၊ ခြောက်ပါးသော အဘိညာဉ်သို့ ကောင်းစွာရောက်ကြပါကုန်ပြီ။ တပည့်တော်မတို့အား ပရိနိဗ္ဗာန်ပြုရန် အခွင့်ပြုရန် အခွင့်ပြုတော်မူပါဘုရား” ထိုအခါ ဗုဒ္ဓမြတ်စွာလည်း “အိုနာသေခြင်း လွတ်ကင်းရာမှန် မြတ်နိဗ္ဗာန်သို့ စံဝင်ပါတော့မည်၊ ခွင့်တောင်းသည်ကို အဘယ်သို့တားမြစ်ရအံ့နည်း။ သင်တို့ ယခုပြုရမည့်တာ၊ အကြင်အခါကို သင်တို့ ဘာသာသိကြလေကုန်လော့” ဟူ၍ မိန့်တော်မူလေသည်။ ဂေါတမီထေရီနှင့် ရဟန္တာမ ငါးရာတို့သည် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ထွက်ခွါလာကြရာ ဗုဒ္ဓမြတ်စွာသည် မိထွေးတော်ဂေါတမီကို တံခါးမုခ်သို့ တိုင်အောင် လိုက်ပို့တော်မူသည်။ ၎င်းတို့သည် ဘိက္ခုနီကျောင်းတော်သို့ ရောက်သောအခါ ထက်ဝယ်ပလ္လင်ဖြင့် ကျုံ့ကျုံ့ထိုင်လျက် မြတ်သောနေရာ၌ နေတော်မူကြစဉ် ဥပါသိကာမ များသည် ဂေါတမီထေရီ၏ ခြေတော်ကို ဦးတိုက်ရှိခိုးကာ ငိုကြွေးကြ၏။ အချို့မူကား ရင်ကို လက်ဖြင့်ပုတ်ခတ်ကြလျက် အမြစ်ပြတ်သော နွယ်သစ်ပင်ကဲ့သို့ သောကညှင်းပန်း ညှိုးနွမ်းကြရကား ယိုင်လဲလှိမ့်လူးကြ၍ သနားဖွယ်ရာငိုကြွေးကြ၏။ “မိထွေးတော် ဂေါတမီ အရှင်မကြီးဘုရား၊ တပည့်တော်မတို့ကို စွန့်ပစ်၍ နိဗ္ဗာန်သို့ ကြွသွားတော်မမူပါနှင့်ဦး။ တပည့်တော်မတို့အား ကိုးကွယ်ရာမဲ့အောင် ထားမပစ်ခဲ့ပါနှင့်ဘုရား” ထိုသို့ ငိုကြွေးတောင်းပန်ကြသော ဥပါသကာတို့တွင် ကမ္မဌာန်း စီးဖြန်းခြင်း၌ ကြိုးပမ်းအားထုတ်၍ တရားသိမြင်သော ဥပါသိကာ၏ ဦးခေါင်းကို လက်ဖြင့်သုံးသပ်လျက် ဤသို့ တရားချ၍ သက်သာစေ၏။ “သမီးတို့..... မငိုကြွေးကြကုန်လင့်။ ငိုကြွေး မြည်တမ်း၍ အကျိုးမရှိ။ “ချစ်သမီးတို့ ... “အလုံးစုံသော ရုပ်နာမ် တရားတို့သည် ဖြစ်ပျက်ဖောက်လွှဲ မမြဲသောတရားတို့သာတည်း။ ဖောက်ပြန်ချွတ်ယွင်း ကွေကွင်းတတ်သော တရားတို့သာတည်း။ ဖြစ်ပျက်ကြိမ်ကြိမ် တည်ငြိမ်မရှိ၊ တုန်လှုပ်ဖောက်ပြန်ယောက်ယက်ဆန်မျှ ပျက်စီးကြ၍ မွမွကြေကွဲ ပျက်မြဲသဘောတရားတို့သာတည်း။ “ချစ်သမီးတို့၊ ငိုကြွေးပူပန် တောက်လျှံညီးညီး သောကမီးကို တရားတည်းဟူသော ရေစင်ဖျန်း၍ အေးချမ်းသာယာ ငြိမ်သက်စွာနေရစ်ကြ သမီးတို့” ထိုနောက် မကြာမီ မိထွေးတော် ဂေါတမီသည် ဥပါသိကာ မိန်းမတို့ကို စွန့်၍ ပထမစျာန် ဝင်စားတော်မူ၏။ ထိုမှ ဒုတိယစျာန်၊ တတိယစျာန်၊ စတုတ္ထစျာန်၊ အာကာသစျာန်၊ ၀ိညာဏစျာန်၊ အာကိဥ္စညစျာန်၊ နေဝသညာစျာန်တို့ကို အစဉ်အတိုင်း ဝင်စားတော်မူ၏။ နေဝသညာစျာန်မှ နောက်ပြန်ဆုတ်လျက် အာကိဥ္စညစျာန်၊ ၀ိညာဏစျာန်၊ အာကာသစျာန်၊ စတုတ္ထစျာန်၊ တတိယစျာန် ဒုတိယစျာန် ပထမစျာန်တို့ကို ဝင်စားတော်မူပြန်၏။ ထို ပထမစျာန်မှ တစ်ဖန် ဒုတိယစျာန်၊ တတိယစျာန်၊ စတုတ္ထစျာန်ကို ဝင်စားတော်မူကာ ထိုစတုတ္ထစျာန်မှ ထ၍ စုတိစိတ်ကျလျက် အသင်္ခတဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူ၏။ ဆီမီးတောက်သည် ငြိမ်းပျောက်၍သွားလေ၏။ ထိုအခါ ကြီးစွာသော ငလျင်သည် တုန်လှုပ်၏။ ကောင်းကင်မှ လျှပ်နွယ်တို့သည် ထိန်ထိန်လင်းဖြာလျက် ကြီးစွာသော ပဲ့တင်သံ နတ်စည်ရွမ်းသံတို့သည် တစ်ပြိုင်နက်ဖြစ်ကာ ကောင်းကင်မှ ပန်းပွင့်မိုးတို့သည် မြေပြင်ဖုံးအောင်ရွာသွန်း၏။ မဟာမြင်းမိုရ်တောင်မင်းသည် ပွဲအလယ်၌ သဘင်သည် က သကဲ့သို့ တောင်မြောက်ယိမ်းနွဲ့ ယိုင်လှည့်ရှေ့နောက် ယောက်ယက်ခတ်မျှ တုန်လှုပ်လေ၏။ သမုဒ္ဒရာသည်လည်း သောကပူဆွေး ငိုကြွေးသကဲ့သို့ ကြီးစွာသောအသံကြီးဖြင့် မြည်ဟည်း၏။ နဂါး၊ ဂဠုန်၊ ကုမ္ဘာန်၊ ယက္ခ၊ ဂန္ဓဗ္ဗ၊ အသုရာနှင့် ရာဂမကင်းသေးသော နတ်တို့သည် ငိုကြွေးကြ၏။ ဗြဟ္မာတို့မူ ထိတ်လန့်ကြ၏။ ရုပ်နာမ်ဓမ္မ သင်္ခါရတို့သည် မမြဲကုန်ကြတကား။ မိထွေးတော်ဂေါတမီသည် သေဆုံးခြင်းသို့ရောက်တော်မူရချေ၏။ အကြင် ငါးရာသောရဟန္တာမတို့သည်လည်း ဤမိထွေးတော်ဂေါတမီကို ခြံရံကြ ကုန်၏။ မြတ်စွာဘုရားဆုံးမတော်မူတိုင်းကျင့်ကြ၍ တန်ခိုးပြနိုင်ကြ၏။ ထို ရဟန္တာမိန်းမငါးရာတို့သည်လည်း စွဲငြိစရာမီးစာမရှိသော ဆီးမီးတောက်ကဲ့သို့ ငြိမ်းပျောက်ကြကုန်လေပြီ။ ယှဉ်တွဲ တွေ့ကြုံ ပေါင်းဆုံမိခြင်းသည် ကွဲကွာခြင်းလျှင် အဆုံးရှိကုန်တကား။ ငါတို့မှာမူ ပူဆာညိုးနွမ်းပင်ပန်းဆင်းရဲလှချေ၏တကား။ အလုံးစုံဖြစ်သမျှတရားအပေါင်းတို့သည် မမြဲသောအရာများပါတကား။ အသက်ရှင်ခြင်းသည် အဆုံးရောက်က ပျက်စီးရသောအမျိုးပါတကား ဟု နတ်သမီးများသည် ဖွဲ့နွဲ့ငိုကြွေးကြ၏။ ထို့နောက် စတုမဟာရာဇ်၊ တာဝတိံသာစသော နတ်အပေါင်းတို့သည်လည်းကောင်း၊ သုဒ္ဓါ၀ါသအထိဖြစ်သော ဗြဟ္မာတို့သည်လည်းကောင်း၊ လောကလူတို့ပြုလုပ်မြဲဖြစ်သော လောကဝတ္တရားကို လိုက်ကြကုန်လျက် မိထွေးတော်ဂေါတမီ စျာပနအတွက် လာရောက်ကြ၍ အခါကာလအားလျော်စွာ ဆောင်ရွက်ကြ၏။ ဗုဒ္ဓမြတ်စွာလည်း အရှင်အာနန္ဒာအား “ငါ၏မယ်တော် ပရိနိဗ္ဗာန်ပြုရာအရပ်သို့ ရဟန်းအပေါင်းကို စည်းဝေးလာရောက်ကြစေရန် ပြောကြားလော့”ဟု မိန့်တော်မူ၏။ ထိုအခါ၌ အရှင်အာနန္ဒာသည် မျက်ရည်ပြည့်သော မျက်လုံးရှိလျက် ငိုသံပါသောအသံဖြင့် ရဟန်းတို့ကို ပြောကြားတော်မူ၏။ “အို...ရဟန်းအပေါင်းတို့ ...... “အရှေ့၊ တောင်၊ အနောက်၊ မြောက်အရပ် ဟူသမျှ၌ နေထိုင်ကြကုန်သော ရဟန်းတို့သည် ငါ၏စကားကို နာယူကြကုန်လော့။ “အဆုံးစွန်သောကိုယ်ဖြင့် မြတ်စွာဘုရားကို ရှိခိုး၍သွားသော မိထွေးတော်ဂေါတမီသည် “ထွက်လာသော နေမင်းသည် အရောင်ကွယ်ပျောက်ဝင်ခြင်းသို့ ရောက်သကဲ့သို့” နိဗ္ဗာန်သို့ဝင်တော်မူ၏။ မြတ်စွာဘုရားမယ်တော်ဟူသော အမည်ပညတ်ကိုသာ ထားခဲ့လျက် စက္ခုငါးပါးရှိသော မြတ်စွာဘုရားသော်မှ မမြင်ရအောင် နိဗ္ဗာန်ပြည်ခွင်သို့ ဝင်သွားတော်မူ၏။ “အကြင်ရဟန်းသည် မြတ်စွာဘုရား၌ ကြည်ညိုခြင်းရှိ၏။ အကြင်ရဟန်းမူလည်း မြတ်စွာဘုရား၌ ချစ်ခင်ခြင်းရှိ၏။ ထိုသို့ ကြည်ညိုချစ်ခင်ခြင်း ရှိကြကုန်သော မြတ်စွာဘုရား၏သားတော်တို့သည် မြတ်စွာဘုရား၏ မယ်တော်အား ပူဇော်သက္ကာရကို ပြုကြပါကုန်လော့။ အရှင်အာနန္ဒာ၏ စကားကြားရသော ရဟန်းအပေါင်းတို့သည် အလွန်ဝေးသောအရပ်မှလည်း လာရောက်ကြ၏။ အချို့သည် မြတ်စွာဘုရား၏တန်ခိုးတော်ဖြင့်လာကြကာ အချို့မူ မိမိတန်ခိုးအားဖြင့် လာရောက်စုဝေးကြသည်။ ဂေါတမီထေရီမ၏အလောင်းတော်နှင့် ရဟန္တာမ ငါးရာ၏ အလောင်းတော်များကို ညောင်စောင်းများတွင် တင်ကာ ရွှေပြာဿဒ်ငါးရာတွင် တင်ထားကြ၏။ လောကပါလ နတ်မင်းကြီးလေးယောက် တို့သည် မိထွေးတော်ဂေါတမီ၏ ပြာဿဒ်ကို ပခုံးဖြင့်ထမ်းကြ၏။ သိကြားမင်း၊ ယာမာနတ်မင်းစသောနတ်မင်းတို့သည် ကြွင်းသောရဟန္တာမိန်းမငါးရာတို့၏ ပြဿဒ်ကို ထမ်းကြ၍ လောင်တိုက်တော်ရှိရာ အရပ်သို့ အစဉ်အတိုင်းဆောင်ယူသွားကြသည်။ ထိုအခါ အလုံးစုံသော ကောင်းကင်ဝယ် ဗိတာန်တို့ဖြင့် မိုးကာ၍ တည်ကုန်၏။ နက္ခတာရာကြယ်အပေါင်းတို့သည် ရွှေအဆင်းရှိလျှက်တည်ကုန်၏။ တံခွန်၊ ကုက္ကား၊ မုလေးပွားနှင့် ပန်းဆိုင်းပန်းကုံး တို့ကိုလည်း ကောင်းကင်ပြည့်အောင် ဆန်းကြယ်စွာ စိုက်ထူထားကြ၏။ နေ့အခါပင် ဖြစ်သော်လည်း ကြယ်နက္ခတ်များကို မြင်နေကြရ၏။ ဤ သာသနာဝယ် အသက်ကြီးဆုံး ရဟန္တာမကြီးနှင့် ရဟန္တာမငါးရာတို့၏ စျာပနပွဲတော်သည် အလွန်စည်ကား၏။ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူသောအခါမှာပင် ပရိသတ် ဤမျှစည်ကားခြင်း မရှိချေဟုဆိုကုန်ကြ၏။ ထိုကဲ့သို့ ရဟန္တာမငါးရာတို့၏ အလောင်းစင်ပြဿဒ်များ၊ ၎င်းနောက်မှ မယ်တော်၏ ပြသာဒ်၊ ၎င်းနောက်မှ လူများ၊ ၎င်းနောက်မှ နတ်များ၊ ၎င်းနောက်မှ နဂါး၊ဂဠုန်၊ ကုမ္ဘာန်၊ ယက္ခ၊ ဂန္ဓဗ္ဗ၊ အသုရာနှင့် ဗြဟ္မာများ၊ ၎င်းနောက်မှ ရဟန်းသံဃာတော်များနှင့် မြတ်စွာဘုရားလိုက်ပါပူဇော်လျက် လောင်တိုက်သို့ ရောက်သောအခါ အမျိုးမျိုးသော နံ့သာထင်းတို့ဖြင့် စီစဉ်ပြုလုပ်၍ထားသော နံ့သာထင်းပုံ ထက်သို့ တင်၍ နံ့သာမှုန့်တို့ဖြင့် ပက်ဖြူးကာ မီးတိုက်ကြလေ၏။ ထို့နောက် မြတ်စွာဘုရားသည် မိထွေးတော်ဂေါတမီ၏ ဓာတ်တော်တို့ကို သပိတ်တွင်ထည့်ရန် အရှင်အာနန္ဒာအား တိုက်တွန်းတော်မူ၏။ အရှင်အာနန္ဒာသည် မယ်တော်ကြီး၏ ဓာတ်တော်များကို သပိတ်ဖြင့်ထည့်ကာ မြတ်စွာဘုရားအား ဆက်ကပ်လေသည်။ မြတ်စွာဘုရားသည် မိထွေးတော်၏ ဓာတ်တော်များကို လက်ဖြင့်ကိုင်လျက် ဤသို့ မိန့်တော်မူသည်။ “ချစ်သား ရဟန်းတို့ ..... “ဥပမာဆိုသည်ရှိသော် ကြီးစွာသော သစ်ပင်ကြီးသည် အနိစ္စသဘောဖြင့်၍ အကိုင်းအခက်တို့သည် ပျက်စီးကျိုးပဲ့ကာ ဆွေးမြေ့သွားသကဲ့သို့ သစ်ပင်ကြီးနှင့်အတူ မိထွေးတော်ဂေါတမီသည် ဘိက္ခုနီသံဃာအလယ်မှ ပရိနိဗ္ဗာန်ပြု၍သွားလေပြီ၊ အရိုးဓာတ်တော်သည် တစ်သပိတ်မျှကြွင်းကျန်လျက် ပရိနိဗ္ဗာန်ပြုသော မယ်တော်၏အတွက်ကြောင့် ငါဘုရားအား စိုးရိမ်ပူဆွေးငိုကြွေးမှုမရှိခြင်းသည် အံ့ဖွယ်ရှိ၏။ မိထွေးတော် ဂေါတမီသည် သူတစ်ပါးတို့ အတွက် စိုးရိမ်ခြင်းမရှိ၊ သံသရာတည်းဟူသော ပင်လယ်ကြီးမှ ကူးမြောက်တော်မူ၏။ စိုးရိမ်ပူပန်ခြင်းမှ ကင်းလွတ်၏။ အေးမြချမ်းသာသော နိဗ္ဗာန်သို့ရောက်လေပြီ။ “မိထွေးတော် ဂေါတမီသည် ကြီးသောပညာရှိ၏။ ခိုင်ခန့်ထူထဲသော များသော ပညာရှိ၏။ ထို မိထွေးတော် ဂေါတမီသည် ဘိက္ခုနီ ရဟန်းမိန်းမအပေါင်းတို့တွင် အကြီးဆုံးဟူ၍ မှတ်ကြလေကုန်။ တန်ခိုးအရာ၌လည်း လွန်စွာ လေ့လာ ကျေပွန် ထက်သန်လျင်မြန်၏။ “ဒိဗ္ဗသောတ အဘိညာဉ်၌လည်းကောင်း၊ စေတောပရိယ အဘိညာဉ်၌လည်းကောင်း၊ ပုဗ္ဗေနိ၀ါသအဘိညာဉ်၌လည်းကောင်း၊ ဒိဗ္ဗစက္ခုအဘိညာဉ်၌လည်းကောင်း လျင်မြန်ထက်မြက်၏။ အလုံးစုံသော အာသဝေါတရားတို့သည် ကင်းပလွတ်ငြိမ်းစင်ကြယ်၏။ နောင်တစ်ဖန် ဖြစ်ခြင်းမရှိ။ ပဋိသမ္ဘိဒါလေးပါးတို့သည် အလွန်စင်ကြယ်စွာ ဖြစ်၏။ ထို့ကြောင့် မိထွေးတော် ဂေါတမီသည် စိုးရိမ်ခြင်းမရှိ။ “ချစ်သား ရဟန်းတို့...... “ထို့ကြောင့် သင်ချစ်သားတို့သည်လည်း ကိုယ့်ကိုယ်သာလျင် မှီရာကျွန်းမြေသဖွယ် ဖြစ်၍ သတိပဋ္ဌာန်တရားလျှင် အာရုံရှိကုန်သည်ဖြစ်၍ ဗောဇ္စျင်ခုနစ်ပါးတို့ကို ပွားစေကုန်၍ ဖြစ်ခြင်း ပျက်ခြင်း ဆင်းရဲခြင်း၏ အဆုံးကိုပြုကြလေကုန်”။ ဤတွင် ပြီးဆုံးပါပြီ။ (ဦးသိန်းဇံ ၏ အမျိုးသမီး ရဟန္တာများ - မှ
https://www.dhammaransi.com/index.php/new/462-2016-12-05-11-52-52.html
ဓမ္မတာဝန်
❀ လောကမှာ ကိုယ့်အလုပ်ကိုယ်ကျွမ်းကျင်မှုမရှိရင် ပြစ်တင်ကြတယ်၊ တခြားအလုပ်ကို ကိုယ်မလုပ်တတ်တာ အပြစ်တင်စရာ မရှိဘူး၊ ကိုယ့်အလုပ် ကိုယ်မလုပ်တတ်ရင်တော့ အပြစ်တင်စရာဖြစ်တယ်။ ❀ သို့သော်လည်းပဲ တစ်ချို့ အတွေးအခေါ်မပြည့်ဝတဲ့ပုဂ္ဂိုလ်တွေဟာ မြန်​မာနိုင်​ငံမှာ နေပြီးတော့ မြန်မာလူမျိုးဖြစ်ပါလျက်သားနဲ့ မြန်​မာစကား မတတ်ဘူး၊ တခြားဘာသာတတ်တာကို ဂုဏ်ယူနေတာက အလွန်ရှက်စရာကောင်းတဲ့အရာတစ်ခုပဲ ဖြစ်တယ်၊ မြန်မာဆိုရင် မြန်မာစကားတတ်ရမယ်၊ မြန်မာရဲ့ tradition တွေ သိရမယ်၊ မြန်​မာရဲ့ culture သိရမယ်၊ မြန် မာပီသရမယ်၊ ဒါ မြန်မာတွေအတွက် ဂုဏ်ယူစရာဖြစ်တယ်။ ❀ မိမိကိုယ်တိုင်က အနောက်တိုင်းဆန်ချင်လို့ အနောက်တိုင်းသား ဖြစ်သွားမှာ မဟုတ်ဘူး၊ ဥရောပဆန်ချင်လို့ ဥရောပလည်း ဖြစ်သွားမှာ မဟုတ်ဘူး၊ မွေးလာတာ မြန်မာဆိုတော့ မြန်မာပီသဖို့က အရေးကြီးတယ်၊ မြန်မာပီသပြီး မြန်မာစကားကျွမ်းကျင်မှုက ပိုအရေးကြီးတယ်။ ❀ တစ်ချိုု့က အင်္ဂလိပ်​လို တတ်ပြီး မြန်မာလို မသိဘူးဆိုတာကိုပဲ ဂုဏ်ယူပြီးတော့ ပြောနေတာ ရှက်စရာကောင်းတယ်၊ မြန်မာဖြစ်လျက်သားနဲ့ မြန်မာစကား မတတ်တာကမှ ရှက်စရာကောင်းတာ။ ❀ ထို့အတူပဲ ရဟန်းသံဃာတွေအနေနဲ့ တခြားဘာသာရပ်တွေ မတတ်ချင်နေ၊ ပိဋကတ် မတတ်ဘူးဆိုတာကတော့ ရှက်စရာဖြစ်တယ်၊ ဒါကြောင့်မို့ ပိဋကကို အာရုံစိုက်ပြီး ဓမ္မတာဝန်ကို ထမ်းဆောင်ကြရမှာဖြစ်တယ်။ ❀ ပိဋကတ်ပညာတတ်ဖို့ အချိန်ယူရတာနဲ့ ဘာသာစကားတစ်ခုတတ်ဖို့ အချိန်ယူရတာနဲ့က အလွန်ကွာခြားတယ်၊ ပိဋကပညာတတ်ဖို့ဟာ ၁၀-နှစ် အနှစ်-၂၀ အချိန်ယူပြီး သင်မှသာလျှင် တတ်နိုင်တယ်၊ ဘာသာစကားတစ်ခုက ၁-နှစ် ၂-နှစ် အတွင်းမှာ ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်လောက်အောင် အတိုင်းအတာတစ်ခုလောက်ထိ တတ်နိုင်တယ်၊ ဒါကြောင့်မို့ အလေးပေးရမှာကတော့ ပိဋကပညာလို့ဆိုတဲ့ ဓမ္မတာဝန်သာ ဖြစ်တယ်။ ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော် ❀ မြတ်ဗုဒ္ဓ၏တရားတော်များကို လူတိုင်းရင်ထဲတွင် ကိန်းဝပ်စေချင်သော ဆရာတော်၏ဆန္ဒမွန်ကို ပါရမ်ီဖြည့်ဆည်းခြင်း၊ တရားအသိဉာဏ​်​ပေးလှူခြင်း သက်သက်ဖြစ်ပါ၍ တရားဓမ္မကို လိုလားသော, တရားဓမ္မကို ဖြန့်ဝေလိုသော မည်သူမဆို လွတ်လပ်စွာ ဓမ္မဒါနပြုနိုင်ပါသည်။
https://www.dhammaransi.com/index.php/new/463-2016-12-05-11-39-27.html
“ပညတ်မြင်ရင် မေတ္တာပွား၊ ပရမတ်မြင်ရင် ဝိပဿနာပွား”
အစမထင် သံသရာတစ်ခွင်လုံးမှာ ဒီခန္ဓာကိုယ်ကြီးကို ငါ သူတစ်ပါး ယောက်ျား မိန်းမ စတဲ့ ပညတ်အမြင်နဲ့သာ မြင်ခဲ့ကြပါတယ်။ ပုဂ္ဂိုလ် သတ္တဝါ ငါ သူတစ်ပါး ယောက်ျား မိန်းမလို့မြင်တာ သိတာကို ပညတ်အမြင်လို့ခေါ်တယ်။ သမုတိ-သမုတ်ထားတယ်၊ ပညတ်-သိအောင် မှည့်ခေါ်ထားတယ်ဆိုတာတွေဟာ အတူတူပဲ ဖြစ်ပါတယ်။ သူ့နည်းနဲ့သူ မှန်ကန်တဲ့အတွက် ်“သမုတိသစ္စာ” အနေနဲ့ မြတ်စွာဘုရားက လက်ခံတော်မူပါတယ်။ ပညတ်အမြင်နဲ့မြင်ထားတဲ့ ငါ သူတစ်ပါး ယောက်ျား မိန်းမဆိုတာတွေကိုလည်း နိစ္စ-မြဲတယ်၊ သုခ-ချမ်းသာတယ်၊ အတ္တ-အနှစ်သာရရှိတယ်၊ သုဘ-တင့်တယ်တယ်လို့ ထင်မြင်စွဲလမ်းခဲ့ပါတယ်။ “အမှားကြာတော့ အမှန်ဖြစ်” ဆိုသလို တစ်သံသရာလုံး အမြင်မှားခဲ့ကြတဲ့အတွက် အမှန်လိုလို ဖြစ်ခဲ့ကြပါတယ်။ ဒီတော့ ပညတ်အမြင်နဲ့ ပုဂ္ဂိုလ်ပဲ သူပဲ ငါပဲ စသည်ထင်မြင်နေရင် “အဘယ်သူ ကျမ်းမာပါစေ၊ ချမ်းသာပါစေ၊ ဦး–ကျမ်းမာပါစေ၊ ချမ်းသာပါစေ၊ ဒေါ်—ကျမ်းမာပါစေ၊ ချမ်းသာပါစေ။” စသည်ဖြင့် မေတ္တာပွားပေးပါ။ လောကကြီးကို ပညတ်အမြင်နဲ့ ရှု့မြင်ရင် မေတ္တာပွားရပါတယ်၊ “ပညတ်မြင်ရင်-မေတ္တာပွားပါ” မြတ်စွာဘုရားရှင် ပွင့်တော်မူလို့ (ဝိ-အထူး၊ပဿနာ-ရှု့မြင်သုံးသပ်ခြင်း၊) ဝိပဿနာပညာကို ပေးသနားတော်မူတဲ့အခါကျမှ- “ငါ သူတစ်ပါး ယောက်ျား မိန်းမ ဆိုတာတွေဟာ တကယ်အရှိတရားတွေ မဟုတ်ပဲ ခေါ်ဖြစ်အောင် အမည်ပေးထားတဲ့ ပညတ်တရားများသာ ဖြစ်တယ်၊ တကယ်အရှိတရားကတော့ ရုပ်နာမ် တရားမျှသာ ဖြစ်တယ်၊ ဒီရုပ်နာမ်တရားများဟာ- အနိစ္စ-မမြဲဘူး၊ ဒုက္ခ-ဆင်းရဲတယ်၊ အနတ္တ- အနှစ်သာရမရှိဘူး၊ အသုဘ-မတင့်တယ်ဘူး။” လို့အမှန်တရားကို နားလည်သိခွင့်ရပါတယ်။ ပုဂ္ဂိုလ် သတ္တဝါ ငါ သူတစ်ပါး အနေနဲ့မမြင်တော့ပဲ ရုပ်တရား နာမ်တရားအနေနဲ့ရှု့မြင်ခြင်းကို “ပရမတ်အမြင်” လို့ခေါ်ပါတယ်။ တကယ်ရှိနေတဲ့တရားကတော့ ဟိုသိ ဒီသိ သိတတ်တဲ့ နာမ်ခန္ဓာအစုအဝေးရယ်၊ ဘာမှမသိတတ်တဲ့ရုပ်ခန္ဓာအစုအဝေးရယ် ဒီနှစ်မျိုးကိုပဲ “ပရမတ္ထသစ္စာ” အနေနဲ့တွေ့ရပါတယ်။ ဒီလိုရုပ်နာမ်အစုအဝေးလို့မြင်တာကို ပရမတ်အမြင် လို့ခေါ်ပါတယ်။ ပရမတ်အမြင်နဲ့ရှု့မြင်ဆင်ခြင်ရင် “ဒီရုပ်နာမ်တွေဟာ မမြဲသောသဘော၊ ဆင်းရဲသောသဘော၊ အနှစ်သာရကင်းမဲ့သောသဘော များပါတကား”လို့ ဝိပဿနာရှု့ရပါတယ်။ ဒါကြောင့်“ ပရမတ်မြင်ရင်ဝိပဿနာပွားပါ”။ လောကကြီးမှာ ပညတ်အမြင်၊ပရမတ်အမြင်နှစ်မျိုးသာရှိတဲ့အတွက် ပညတ်အမြင်နဲ့မြင်တဲ့အခါမှာ မေတ္တာတရားပွားလိုက်ပါ။ ပရမတ်အမြင်နဲ့မြင်တဲ့အခါ ဝိပဿနာပွားလိုက်ပါ။လို့ဆိုလိုက်ရပါတယ်။ ဒီလိုသာပြုကျင့်မယ်ဆိုရင်- ဘယ်အမြင်နဲ့မြင်မြင် အကုသိုလ်ကင်းစင်ပြီး ကုသိုလ်တရား တိုးပွားတဲ့အတွက် မှတ်သားလိုက်နာထိုက်ပါတယ်၊ ဒီညွှန်ကြားချက်ဟာ- အဘိဓဇ မဟာရဋ္ဌဂုရု ပဋ္ဌာန်းဆရာတော် ဦးဝိသုဒ္ဓ(မစိုးရိမ်ဆရာတော်ဘုရားကြီး) ရဲ့ညွှန်ကြားချက် ဖြစ်ပါတယ်၊ပိဋကတ်ကို ခြုံမိ ငုံမိတဲ့ညွှန်ကြားချက် ဖြစ်တဲ့အတွက် တစ်သက်လုံး စွဲမြဲစွာ လိုက်နာ ကျင့်သုံးထိုက်ပါတယ်လို့မျှဝေပေးလိုက်ပါတယ်။
https://www.dhammaransi.com/index.php/new/464-2016-12-05-11-37-22.html
သုဘလုလင်မေးသောမေးခွန်း(၁၄)ခု
သုဘလုလင်အမေး၁။လူချင်းတူပါလျက်အချို ့မှာ အသက်တိုပြီး၂။အချို့မှာအသက်ရှည်ရသနည်း။ မြတ်ဗုဒ္ဓအဖြေ၁။ အချို့မှာအသက်တိုရခြင်း ဤလောက၌အချို့သောယောင်္ကျားမိန်းမတို့သည် သတ္တဝါတို့ကိုသနားကြင်နာခြင်းကင်းမဲ့လျက် သူတစ်ပါးအသက်ကိုရက်ရက်စက်စက် သတ်ဖြတ်လေ့ရှိသည်။ထိုသူတို့သည်သေသောအခါ ငရဲသို့ကျရောက်ရသည်။ရှေးကုသိုလ်ကံတစ်ခုခု ထောက်မမှုကြောင့်လူ့ပြည်သို့ရောက်ပြန်လျှင်လည်း ကြာရှည်စွာနေခွင့်မရ၊အသက်တိုလေ့ရှိသည်။ ၂။အချို့မှာအသက်ရှည်ရခြင်းဤလောက၌ အချို့သောယောင်္ကျားမိန်းမတို့သည်သတ္တဝါတို့ကို သနားကြင်နာခြင်းဂရုဏာထားလျှက် သူ့အသက်သတ်ခြင်းမှရှောင်ကြဉ်ကြသည်။ ထိုသူတို့သည်သေသောအခါနတ်ပြည်သို့ ရောက်ကြသည်။လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်းအသက်ရှည်စွာ နေရသည်။ ...................................................................... သုဘလုလင်အမေး၃။လူချင်းတူပါလျက်အချို့မှာ အနာရောဂါများပြီး၄။အချို ့မှာ အနာရောဂါကင်းရသနည်း။ မြတ်ဗုဒ္ဓအဖြေ၃။အချို့မှာအနာရောဂါများရခြင်း ဤလောက၌အချို့သောယောင်္ကျားမိန်းမတို့သည် တစ်စုံတစ်ယောက်သောသတ္တဝါကို လက်ဖြင့်သော်လည်းကောင်း၊ခဲ,တုတ်,ဓားစသော လက်နက်များဖြင့်ညှင်းဆဲလေ့ရှိသည်။ ထိုသူတို့သေသောအခါငရဲသို့ရောက်ရသည်။ လူ့ပြည်သို့ပြန်ရောက်လာလျင်လည်းအနာရောဂါ ထူပြောလေ့ရှိသည်။ ၄။အချို့မှာအနာရောဂါကင်းရှင်းရခြင်းဤလောက၌ အချို့သောယောင်္ကျားမိန်းမတို့သည် တစ်စုံတစ်ယောက်သောသတ္တဝါကို လက်ဖြင့်သော်လည်းကောင်း၊ခဲ,တုတ်,ဓားစသော လက်နက်များဖြင့်ညှင်းဆဲနှိပ်စက်လေ့မရှိ။ ထိုသူတို့သေသောအခါနတ်ပြည်သို့ရောက်ရသည်။ လူ့ပြည်သို့ပြန်ရောက်လာလျင်လည်းအနာရောဂါ ကင်းရှင်းကြပေသည်။ ......................................................... သုဘလုလင်အမေး၅။လူချင်းတူပါလျက်အချို့မှာ ရုပ်ဆိုးပြီး၆။အချို့မှာအဆင်းလှပါသနည်း။ မြတ်ဗုဒ္ဓအဖြေ၅။အချို့မှာရုပ်ဆိုးရခြင်းဤလောက၌ အချို့သောယောင်္ကျားမိန်းမတို့သည် အလွန်ဒေါသကြီး၏။အနည်းငယ်သောစကားကို ပြောလျှင်လည်းသူတစ်ပါးကိုစော်ကားပုတ်ခတ်၍ ပြောလေ့ရှိသည်။ထိုသူတို့သေသောအခါ ငရဲသို့ရောက်ရသည်။လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်းမျက်နှာပုပ်သိုးနှင့် အရုပ်ဆိုးတတ်လေသည်။ ၆။အချို့မှာအဆင်းလှရခြင်းဤလောက၌အချို့သော ယောင်္ကျားမိန်းမတို့သည်ဒေါသမထွက်၊သူတစ်ပါးကို အပြစ်ပြောလေ့မရှိ၊စိတ်ထားနူးညံ့သိမ်မွေ့သူများ ဖြစ်သည်။ထိုသူတို့သေသောအခါနတ်ပြည်သို့ ရောက်ရသည်။လူ့ပြည်သို့ပြန်ရောက်လာလျှင်လည်း ကြည်လင်လှပသောရုပ်အဆင်းအင်္ဂါနှင့် ချောမောလှပကြသည်။ ..........................................သုဘလုလင်အမေး ၇။လူချင်းတူပါလျက်အချို့မှာအခြွေအရံတန်ခိုး အာဏာနည်းပါးပြီး၈။အချို့မှာ အခြွေအရံတန်ခိုးအာဏာကြီးမားရသနည်း။ မြတ်ဗုဒ္ဓ၏အဖြေ ၇။အချို့မှာအခြွေအရံတန်ခိုးအာဏာနည်းပါးရခြင်း ဤလောက၌အချို့သောယောင်္ကျားမိန်းမတို့သည် ဣသာ(ငြူစူခြင်း)တရားအားကြီးကြသည်။ ထိုသူတို့သေသာအခါငရဲသို့ရောက်ရသည်။ လူ့ပြည်သို့ပြန်ရောက်လာလျှင်လည်းအခြွေအရံ တန်ခိုးအာဏာနည်းပါးရလေသည်။ ဣသာ၏အဓိပ္ပါယ်-သူတစ်ပါးတို့သည်ကံ,ဉာဏ်, ၀ိရိယအားလျော်စွာစည်းစိမ်၊ဥစ္စာပေါများခြင်း၊ ရာထူးဂုဏ်သိမ်ကြီးမားခြင်း၊ထင်ရှားကျော်စောခြင်း၊ တတ်သိလိမ္မာခြင်းတို့ကိုမနာလိုမှု၊မကြည်ဖြူနို်င်မှု၊ စောင်းမြောင်းမှု၊ငြူစူမှုစသည်တို့ကိုနှုတ်ခမ်းစူ၍ ပြောဆိုမှုများသညအတွင်းကဣသာတရား၏ အစွမ်းပင်ဖြစ်သည်။ ၈။အချို့မှာအခြွေအရံတန်ခိုးအာဏာကြီးမားရခြင်း ဤလောက၌အချို့သောယောင်္ကျားမိန်းမတို့သည် ဣသာ(ငြူစူခြင်း)တရားမရှိ၏ကြပေ။ ထိုသူတို့သေသာအခါနတ်ပြည်သို့ရောက်ရသည်။ လူ့ပြည်သို့ပြန်ရောက်လာလျှင်လည်း အခြွေအရံတန်ခိုးအာဏာများပြားရလေသည်။ .................................................. သုဘလုလင်အမေး၉။လူချင်းတူပါလျက်အချို့မှာ ဥစ္စာမဲ့မွဲဆင်းရဲရပြီး၁၀။အချို့မှာဥစ္စပစ္စည်းကုံလုံ ကြွယ်ဝရသနည်း။ မြတ်ဗုဒ္ဓ၏အဖြေ ၉။အချို့မှာဥစ္စာမဲ့မွဲဆင်းရဲရခြင်းဤလောက၌ အချို့သောယောင်္ကျားမိန်းမတို့သည်စွန့်ကြဲပေးကမ်း လှူဒါန်းလေ့မရှိ၊မစ္ဆေရ(ဝန်တိုခြင်း)တရား အလွန်အားကြီးကြကုန်၏။ထိုသူတို့သေသာအခါ ငရဲသို့ရောက်ရသည်။လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်းဥစ္စာမွဲလျှက် ဆင်းရဲကြကုန်၏။မစ္ဆေရ၏အဓိပ္ပါယ်-မိမိ၌ရှိသောပစ္စည်း၊မိမိနှင့်ဆိုင်သောပစ္စည်းများကို သူတစ်ပါးတို့နှငမပတ်သက်မပေးကမ်းလိုမှု၊ မလှူဒါန်းလိုမှု၊မိမိ၏စည်းစိမ်ဥစ္စာများကို သူတစ်ပါးရသွားမှာစိုးရိမ်ခြင်းတိို့ကိုမစ္ဆေရ ဟုခေါ်သည်။ ၁၀။အချို့မှာဥစ္စာပြည့်စုံကုံလုံကြွယ်ဝခြင်း ဤလောက၌အချို့သောယောင်္ကျားမိန်းမတို့သည် စွန့်ကြဲပေးကမ်းလှူဒါန်းလေ့ရှိခြင်း၊မစ္ဆေရ (ဝန်တိုခြင်း)တရားမရှိကြကုန်။ထိုသူတို့သေသာအခါ နတ်ပြည်သို့ရောက်ရသည်။လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်းဥစ္စာပြည့်စုံ ကုံလုံကြွယ်ဝခြင်းနှင့်ပြည့်စုံကြကုန်၏။ ........................................................................... . သုဘလုလင်အမေး၁၁။လူချင်းတူပါလျက်အချို့မှာ အမျိုးယုတ်ရပြီး၁၂။အချို့မှာအမျိုးမြတ်ရသနည်း။ မြတ်ဗုဒ္ဓ၏အဖြေ၁၁။အချို့မှာအမျိုးယုတ်ရခြင်း ဤလောက၌အချို့သောယောင်္ကျားမိန်းမတို့သည် အလွန်မာနကြီးကြကုန်၏။သူတစ်ပါးကိုအလွန် အထင်အမြင်သေးကြကုန်၏။ကိုယ့်ကိုယ်ကိုသာ အထင်ကြီးကြကုန်၏။ရိုသေလေးစားထိုက်သော သူတို့ကိုရိုသေလေးစားရမှန်းမသိပေ။ထိုသူတို့ သေသာအခါငရဲသို့ရောက်ရသည်။လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်းအောက်ကျနောက်ကျပြီး ယုတ်ညံ့သောအမျိုးတွင်ဖြစ်ရလေသည်။ ၁၂။အချို့မှာအမျိုးမြတ်ရခြင်းဤလောက၌ အချို့သောယောင်္ကျားမိန်းမတို့သည် မာန်မာနမရှိကြကုန်။သူတစ်ပါးကို အထင်အမြင်သေးခြင်းမရှိကြကုန်။ ရိုသေလေးစားထိုက်သောသူတို့ကို ရိုသေလေးစားကြကုန်၏။ထိုသူတို့သေသာအခါ နတ်ပြည်သို့ရောက်ရသည်။လူ့ပြည်သို့ပြန် ရောက်လာလျှင်လည်းမြင့်မြတ်သောအမျိုးတွင် ဖြစ်ရလေသည်။ ....................................................................... သုဘလုလင်အမေး၁၃။လူချင်းတူပါလျက်အချို့မှာ အသိဉာဏ်ပညာနည်းပါးပြီး၁၄။အချို့မှာ အသိဉာဏ်ပညာကြီးမားရသနည်း။ မြတ်ဗုဒ္ဓ၏အဖြေ၁၃။အချို့မှာအသိပညာဉာဏ် နည်းပါးရခြင်းဤလောက၌အချို့သော ယောင်္ကျားမိန်းမတို့သည်ပညာရှိထံချဉ်းကပ်၍ ကုသိုလ်၊အကုသိုလ်ကို၎င်း၊ အပြစ်ရှိမရှိကိုလည်းကောင်း၊မိမိမှီဝဲထိုက်၊ မမှီဝဲထိုက်သောအရာကိုလည်းကောင်း၊ နောင်သံသရာဝယ်အကျိုးပေးမပေးကိုလည်းကောင်း မေးမြန်းလေ့မရှိ။မိမိထင်ရာမြင်ရာပြုလုပ်ပြီး ဒုစရိုက်များဖြငသေလွန်သည့်အခါငရဲ၌ ဖြစ်ရလေသည်။လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်းအသိပညာကင်းမဲ့သော လူဖျင်း၊လူညံ့၊လူအ၊လူမို်က်ဖြစ်ရလေသည်။ ၁၄။အချို့မှာအသိပညာဉာဏ်ကြီးမားရခြင်း ဤလောက၌အချို့သောယောင်္ကျားမိန်းမတို့သည် ပညာရှိထံချဉ်းကပ်၍ကုသိုလ်၊အကုသိုလ်ကို၎င်း၊ အပြစ်ရှိမရှိကိုလည်းကောင်း၊မိမိမှီဝဲထိုက်၊ မမှီဝဲထိုက်သောအရာကိုလည်းကောင်း၊ နောင်သံသရာဝယ်အကျိုးပေးမပေးကိုလည်း ကောင်းမေးမြန်းလေ့ရှိသည်။မိမိထင်ရာမြင်ရာ မပြုလုပ်ဘဲသုစရိုက်များဖြင့်သေလွန်သည့်အခါ နတ်ပြည်၌ဖြစ်ရလေသည်။လူ့ပြည်သို့ပြန် ရောက်လာလျှင်လည်းအသိပညာဉာဏ်ကြိးမ ားရလေသည်။ (ဥပရိပဏ္ဏာသပါဋ္ဌိတော်၊၀ိဘင်္ဂဝဂ်၊စူဋ္ဌကမ္မ ၀ိဘင်္ဂသုတ်)
https://www.dhammaransi.com/index.php/new/466-2016-12-05-00-46-53.html
ဆားတောင်ဆရာတော် နှင့် မဟာစည်ဆရာတော် ဝေဘူဆရာတော်များ
၁၃၁၈ ခုနှစ်ဝါဆိုလဆန်း၁၃ ရက် နံက် ၈ နာရီအချိန်တွင် မဟာစည်ဆရာတော် ဘုရားကြီးသည် ဆိပ်ခွန်ကျေးရွာမှ ရန်ကုန်မဟ ာစည်ရိပ်သာသို့ ဝါဆိုရန် အကြွတွင် ဆားတောင်ဆရာတော် ဦးပညာဏိကထံ တပည့်နောက်ပါ သံဃာတော်များနှင့် ကြွရောက်ပြီး ဆားတောင်ဆရာတော် ဘုရားကြီး၏အဖူးမျှော်ခံရင်း အောက်ပါ စကားရပ်များကို မေးမြန်း လျှောက်ထားမှုများ ပြုလုပ်ပါသည် ။ မဟာစည်ဆရာတော် ။ဘယ်နည်းနဲ့ တရားအားထုတ်ပါသလဲ။ ဆားတောင်ဆရာတော် ။ တပည့်တော် စွန်းလွန်းဆရာတော် ဘုရား၏ ထေရုပ္ပတ္တိ နှင့် ကျင့်စဉ်အတိုင်း အားထုတ်ပါတယ်ဘုရား။ မဟာစည်ဆရာတော် ။ စွန်းလွန်း ဦးကဝိ၏နည်း ကလည်း အလွန်ကောင်းတဲ့နည်းပါပဲ ဦးကဝိလို ိုကောပြင်းပြင်းထန်ထန် အားထုတ်နိင်ပါရဲ့လား။ ဆားတောင်ဆရာတော် ။မှန်လှပါ တပည့်တော် စွန်းလွန်းဆရာတော် ဘုရားကြီးလိုပဲ အားထုတ်နိုင်ပါတယ် ဘုရား အမှန်က စွန်းလွန်းဆရာတော် နည်းအတိုင်းပဲ တပည့်တော် လောဘ ဒေါသ မောဟ စွန့်လွှတ်နိင်တာ ဆိုတော ့စွန့်လွှတ်နည်း ဆိုဆို စွန်းလွန်းနည်း ဆိုဆို အားထုတ်ရတာကတော့ စွန့်လွှတ်နည်း ပါပဲဘုုရား။ မဟာစည်ဆရာတော် ။တရားအား ထုတ်ရတာ အားရပါးရ ရှိပါရဲ့လား ။ ဆားတောင်ဆရာတော် ။တရားအား ထုတ်ရတာ အားရပါးရ ရှိပါတယ် ဘုရား ။ မဟာစည်ဆရာတော် ။တရားအရသာ အားရပါးရ ခံစားရပါသလား ။ ဆားတောင်ဆရာတော် ။မှန်လှပါ အားရပါးရ ခံစားရပါတယ်ဘုရား ။ မဟာစည်ဆရာတော် ။ ဒီအတိုင်းဆို မလွဲပါဘူး အသက်ကလည်းငယ်ပါ သေးတယ် ရှေ့ဆက်ပြီး ကိုယ်ခံစားရ သလို ဝေနေယျတွေကိုလည်း တရားစခန်းဖ ွင့်ပြီး တရားပြပေဦး ဟုဆိုကါ ဘုရားကိုကန်တော့ပြီး မဟာစည်ဆရာတော်ဘုရားကြီး နှင့်တကွနောက် ပါသံဃာတော်များသည် မိမိတို့စီးလာ သောကားများဖြင့် ရန်ကုန်သို့ ကြွတော်မူကြသည် ။ ထိုအချိန်တွင် ရွာသူရွာသားများနှင့် တကွ ဧည့်သည်အများအပြား တို့သည် ကြက်ပျံမကျ တိုးဝှေ့၍ တအုံးအုံးနှင့် စုရုံးသွားလာ နေကြသည်။ ဖူးမျှော်ခဲရလှသော ရဟန်းတော် အကျော် မဟာစည် ဆရာတော်ဘုရားကြီး ကို ဖူးတွေ့ရ၍ ကံထူးကြရသည်က တစ်ကြောင်း မိမိတို့ လက်ရှိ ဖူးတွေ့ နေရသော ဆားတောင်ဆရာတော်ကို အားရ ကျေနပ် ကြည်ညိုသဒ္ဓါပွား နေမိကြ သော အချိန် ဖူးမဝ ဂုဏ်ယူလို့ မဆုံးနိုင်ချိန်တွင် နောက်ထပ် အံ့သြဖွယ်ရာ တစ်ခု ပေါ်ပေါက်လာ ပါတယ်။ ပရိတ်သတ်အများထဲတွင် ဝေဘူဆရာတော် ဘုရားကြီး ကြွလာပြီတဲ့ ((မှတ်ချက် ) ဝေဘူဆရာတော် ဘုရားကြီးနှင့် မဟာစည်ဆရာတော်ဘုရ ားကြီးတို့ စစ်ကိုင်းတိုင်းစစ်ကိုင်း မြို့နယ ်ဆားတောင်မငါးရွာမ ှလင်းတွဲ ရွာဦးကျောင်း ဆားတောင်ပဋိပတ္တိ ရိပ်သာသို့ တစ်နေ့တည်းကြွရောက် တော်မူလာကြခြင်း ပင်ဖြစ်သည်။ ထိုစဉ်က ဝေဘူဆရာတော် ဘုရာကြီးအဖွဲ့ထံမှ ဝေဘူဆရာတော် ဘုရားြ ကီး ကြွလာမည့်အကြောင်း စာဖြင့် အကြောင်းကြားရာ ထိုစာကို ဆားတောင်ဆရာတော် ဘုရားကြီးအဖွဲ့က ဆားတောင်ဆရာတော်ဘုရား ကြီးအား ပြသကြပါသည်။ ယင်းစာကိုဖတ်ပြီး ဆားတောင် ဆရာတော်ဘုရားကြီး က *ဝေဘူဆရာတော်ဘုရားသာမက မဟာစည်ဆရာတော် ဘုရားလည်း ကြွလာလိမ့်မယ် ဒကာတို့ ပြင်ဆင်ထားကြ *လို့ မိန့်ကြားတော်မူပါသည် ။ *နှစ်ပါးအတူတူ ကြွလာတော်မူကြမှာလား ဘုရား *ဟုအဖွဲ့က ပြန်လျှောက် ကြရာ ဆရာတော်ဘုရားကြီးက *မဟုတ်ဘူး တစ်ပါးစီလာကြလိမ့် မယ်* ဟုမိန့်တော်မူပါသည် ။ စာက ဝေဘူဆရာတော် ဘုရားကြီး အဖွဲ့ထံ မှသာရပြီး မဟာစည်ဆရာတော် အဖွဲ့ထံမှ စာမရပါ သို့သော် ဆရာတော်ကြီး မိန့်သဖြင့် ပြင်ဆင်ထား ကြပါသည် ။ *ဝေဘူဆရာတော် ဘုရားကြီးနှင့် မဟာစည်ဆရာတော် ဘုရားကြီးတို့ ဆားတောင်ဆရာတော်ဘုရားကြီး ထံ ကြွလာကြရာ တစ်ချိန်တည်း မဟုတ် ပေမယ့် တစ်နေ့တည်း တစ်ပါးနှင့်တစ်ပါး အဝင်အထွက်လွဲရုံ လောက်သာ ကြွလာကြခြင်းဖြစ်ပါသည် * ) ပရိသတ်အများထဲတွင် *ဝေဘူဆရာတော်ဘုရားကြီး* ကြွလာပြီတဲ့ ဒီတစ်ခါတော့ ပရိသတ်တို့သည် သူ့ထက်ငါ ရှေ့ကရောက်အောင် အတင်းတိုးဝှေ့ ဖူးမျှော်ကြရင်းဖြင့် မဏ္ဍပ်ထဲတွင် ဝေဘူဆရာတော် ဘုရားကြီး သီတင်းသုံး ရန်အတွက် ကြွချီလာရာ နောက်မှ ကပ်လိုက်လာကြသည်။ ပါးစပ်ကလည်း တတွတ်တွတ် ဆုတောင်း၍ သဒါ္ဓစုံဖြင့် လက်စုံမိုး၍ ရှိခ ိုးကန်တော့နေကြသည် ။ ဆားတောင်ဆရာတော် ဘုရားကြီးက ဝေဘူဆရာတော် ဘုရားကြီးအား တရားပလ္လင်ရှေ ့မှောက်တည့်တည့်တွင် အရိုအသေပြုလျှက် ဖူးမြော်ပြီး သီတင်းသုံးနေသည် ။ ထူးခြားသော အကြာင်းအရာတစ်ခုမှာ ဝေဘူဆရာတော် ဘုရားကြီးမှာတရားပုလ္လင်ပေါ်တွင ်စက္ခုဣန္ဒြေချ၍ သီတင်းသုံး နေစဉ်မှာပင် ဆားတောင်ဆရာတော်ဘုရားကြီးမှာလည်း ဝေဘူဆရာတော ်ဘုရားကြီးကဲ့သို့ တရားပလ္လင်ရှေ့ တည့်တည့်အောက်မှ ဝေဘူဆရာတော် ဘုရားကြီးအတိုင်း သီတင်းသုံးနေသည် ။ ထိုအချိန်တွင် အလွန်များပြားလှသေ ာ ပရိသတ် အားလုံးသည် အပ်သံမကြား ငြိမ်သက် နေကြသည် ။ နာရီဝက်ခန့်အကြာတွင် ဆရာတော်နှစ်ပါးသည် တစ်ပြိုင်တည်း မျက်လုံးများ ဖွင့်တော်မူကြသည် ။ *ဝေဘူဆရာတော် > အရသာမရှိ မရှိဘူးလားဗျ မချမ်းသာဘူးလားဗျာ ကျွနု်ပ်တို့တစ် သံသရာလုံးရှာခဲ့ကြ တာအခုမှပဲအားရပါးရကြီးခံစားကြရတ ာမဟုတ်လားဗျာ ။ *ဆရာတော်လေးကတယ်ပါရမီထူးတာကိုးဗျ အသက်ငယ်ငယ်နဲ့ဆိုတော့ ့တယ်ပါရမီထူး တာကိုး ။ အသက် ငယ်ပါသေးတယ် သာသနာအတွက် ကျွန်ုပ်တ ို့တော့အားထားပါတယ် ။ ဝေနေယျတွေကို ကယ်ပါ ချွတ်ပါ တရားပြပါ ကျွတ်ထိုက်တဲ့ ပုဂ္ဂိုလ်တွေ အများကြီး ရှိပါေ သးတယ်ဗျာ ။ ဆရာ တော်ကလေးကလအမှိုက်ရှင်းရမှာဆို တော့ သာသနာခရီးမှာ သာသနာ အ ကျိုးစီးပွား အတွက် သာသနာပြုပေးပါဦး ။ *ဆားတောင်ဆရာတော် ။ မှန်လှပါ ဘုရား ။ *ဝေဘူဆရာတော် ။ကြွလာကြတဲ့ ပရိတ်သတ်တွေကလည်း တယ်များ သကိုးဗျ ပါရမီထူးပါပေ့ဗျာ ကံထူးပါပေ့ဗျာ *မသေမီတရား ဦးအောင်လုပ်ကြဗျ* ဖုဋ္ဌဿ လောက ဓမ္မေဟိ စိတ္တံ ယဿ နကမ္မတိ အသောကံ ဝိရဇံ ခေမံ ဧတံ မင်္ဂလ မုတ္တမံ ။ ( လောကဓံတရား ရှစ်ပါးတို့နှင့် တွေ့ ကြုံရသော ရဟန္တာ၏စိတ်သည် မတုန်မလှုပ် စိုးရိမ်ကြောင့်ကြခြင်း လဲမရှိ ကိလေသာရမ္မက်ဟူသော မြူလည်း မရှိ ကြောက်ထိတ်လန့်တွေးဘေး လည်းမရှိ ) *ဘုရားဟောတဲ့ မင်္ဂလာတရားတော် နဲ့ ညီပါပေတယ်ဗျာ သူတော်ကောင်း အပေ ါင်းတို့သာဓုခေါ်ကြဗျား
https://www.dhammaransi.com/index.php/new/467-2016-12-03-10-40-25.html
အတွေးအားလုံးသည် ကိုယ်ရဲ့အနာဂတ်မျိုးစေ့ဖြစ်ပါသည်။
အတွေးအားလုံးသည် ကိုယ်ရဲ့အနာဂတ်မျိုးစေ့ဖြစ်ပါသည်။ ❖ တွေးလိုက်တဲ့ အတွေးအားလုံးသည် အနာဂတ်မျိုးစေ့.. သိပ်သေချာနေတာနော်.. “အတွေးအားလုံးသည် ကိုယ်ရဲ့အနာဂတ်မျိုးစေ့ဖြစ်ပါသည်။” ❖ အချိန်တိုင်းနော် အရေးကြီးတယ်နော်။ လူမသိအောင် တယောက်တည်း အခန်းတံခါးပိတ် ခေါင်းမြီးခြုံပြီးတွေးလည်းပဲ မျိုးစေ့ကြတာပဲ။ အဲ့အတွေးလည်းပဲ ကိုယ့်အနာဂတ်ပဲ။ ❖ တချို့က ပဋ္ဌာန်းရွတ်ပါတယ်ဘုရား ဘုရားရှိခိုးပါတယ်ဘုရား ဒါနပြုတယ်ဘုရား မအောင်မြင်ဘူးလို့ပြောကြတယ်။ ပဋ္ဌာန်းရွတ်တဲ့အချိန် ဘယ်လောက်ရှိမှာလဲ မိနစ်၂ဝလောက်ရွတ်လိုက်တယ် ရွတ်ရင်းတန်းလန်းတောင် စိတ်က ပရမ်းပတာဖြစ်နေသေးတာ မျိုးစေ့ကောင်းလား? ရွတ်ပြီးသွားတော့လည်း ဂိမ်းဆော့ရင်ဆော့တယ် ရုပ်ရှင်ကြည့်ရင်ကြည့်တယ် အတင်းပြောရင်ပြောတော့ မကောင်းတာကများမနေဘူးလား.. အနာဂတ်မှာချမ်းသာပါ့မလား? အဲတော့ အချိန်တိုင်းအရေးမကြီးဘူးလား။ ❖ ချမ်းသာချင်ရင် လက်ရှိအချိန်ကို သတိထားရမယ်။ မင်းကွန်းဆရာတော်ဘုရားကြီးက အမိန့်ရှိတဲ့စကားက သိပ်နက်ရှိုင်းတာ “လက်ရှိအချိန်ထက် ကောင်းသောအချိန်မရှိပါ” အခုတွေးဆဲပြောနေတာနော်.. တွေးဆဲလေးမှာ ငါ ဘာတွေတွေးလဲဆိုတာ နောက်စိတ်က ပြန်သုံးသပ်ရတယ်.. ဘာမျိုးစေ့လဲ? ❖ တဖက်သားကို တန်ဖိုထားချစ်တဲ့စိတ်ဆိုရင် မဆိုးဘူး အနာဂတ်မှာ နတ်ရော လူရောချစ်မယ်။ ကိုယ့်ကိုဘာကူညီမလဲ ဖြစ်လာတယ်။ တခါ အများချမ်းသာဖို့ စီမံကိန်းချနေလည်းပဲရတယ်။ မိဘအတွက် ချစ်တဲ့စိတ်နဲ့ လုပ်ကိုင်ပေးလည်းရတယ်။ တဖက်သားကြည့်ပြီးတော့ တန်ဖိုးထားပြီးလည်း စကားပြောပေးလည်းရတယ်။ ❖ မကျေမနပ်နဲ့ မတရားဘူးထင်တာတွေ လျှောက်တွေး ပူနေရင်တော့ကား အခြေအနေကောင်းလား? ရှိတဲ့ကုသိုလ်တွေဖြုန်းနေတာ အနာဂတ်ကိုဖျက်စီးနေတာ။ ❖ တကယ်တော့ကား ယောဆရာတော်ဘုရားကြီး ပြောတဲ့စကား အင်မတန်ရှင်းတာ... တွေ့မြင်နေရတဲ့ အာရုံတွေက မနောထိပေါ်တာပေ့ါ။ သက်ရှိသက်မဲ့အားလုံးသည် ယူတတ်ရင် ကိုယ့်အတွက်စွမ်းအားတွေပဲတဲ့။ အနာဂတ်အတွက် အောင်မြင်မူတွေပဲ။ သို့သော် ဉာဏ်ဓာတ်မီးနဲ့ယူမှရမှာ။ ❖ ဆိုလိုတာကတော့ အချင်းချင်းမြင်တာမို့လား ယူတတ်ရင် အနာဂတ်အတွက် စွမ်းအားဖြစ်နေတာ.. တန်ဖိုးထားချစ်ရတယ်လေ။ ဒါပေမဲ့ များသောအားဖြင့်က ကိုယ်နဲ့မသက်သတ်ဘူးထင်ပြီးတော့နုလုံးမသွင်းကြဘူးပေါ့နော်။ အချင်းချင်းကို ဘာသိဘာသာပဲပေါ့ ဒီတိုင်းပဲနေကြတာပဲ လှိုက်လှိုက်လှဲလှဲ ချစ်တဲ့ဓာတ်မသွင်းကြဘူး။ ❖ ဘာသိဘာသာဆို ဘာသိဘာသာဓာတ်ဝင်သွားတာ.. အနာဂတ်ဘယ်လိုအကျိုးပေးလဲဆိုရင် သူများမှစိတ်မဝင်စားဘဲနဲ့ ကိုယ့်အကြောင်းကိုပဲ စိတ်ဝင်စားသောကြောင့် ကိုယ်လည်းဘယ်သူမှ စိတ်မဝင်စားတော့ဘူး။ မရှိလည်းမသိ ရှိလည်းမသိ ကူညီမယ့်သူပေါ်မလာတော့ဘူး။ တူသောအကျိုးပေပဲလာမှပေါ့။ ❖ တဖက်သားကိုကြည့်ပြီး စိတ်ဝင်စားရတယ်။ တကယ်ချစ်ရတယ်။ အောင်မြင်တာကို ဝမ်းသာပေးရယတ် လိုအပ်တာကိုဖြည့်မယ်ဆိုတဲ့့ စိတ်ကူးလေးတွေပေါ်ရတာ။ အဲ့လိုသတ္တိရှိရင် ကိုယ့်ကိုကူညီမယ့်သူ ပေါ်လာတာပဲ။ ကိုယ်စိုက်တဲ့အပင် ကိုယ်ပြန်စားရတာပေါ့။ ❖ မရေမရာနဲ့အချိန်ကုန်ရင်လည်း ကြီးတဲ့အခါကြတော့ ၁ဝဝမှာ၉၉ကြည့်လိုက်ရင် သူဌေးကြီးလည်းဖြစ်မသွားကြဘူး မဂ်ဖိုလ်လည်းရမသွားဘူး။ မရှိမရှား မရေမရာနဲ့သေကုန်တာများတယ်။ ❖ တနေကုန်မှာက စိတ်ကူးတွေက ကိုယ်မျိုးစေ့ကြတာ မသိတော့ မရေမရာနဲ့ အချိန်ကုန်တာ။ မီးဖိုချောင်ကိစ္စတွေ စားမူသောက်မူကိစ္စတွေ မရေမရာပေါ့နော် မေတ္တာမပေါင်းကြဘူး။ ထုံးစံလိုပဲ လုပ်ကိုင်ပြီး ရုပ်ရှင်ကြည့်လိုက်နဲ့ အိပ်လိုက်စားလိုက်နဲ့ မရေမရာမျိုးစေ့ပဲချထားတော့ သူဌေးကြီးလည်းဖြစ်မသွားဘူး။ မဂ်ဖိုလ်လည်းရမသွားဘူး။ မရေမရာနဲ့ သေသွားတာပေါ့ သဘောပေါက်လား ထူးခြားတဲ့မျိုးစေ့ချမှထူးခြားတဲ့အကျိုးပေးလာမှာပေါ့။ ❖ ထူးထူးခြားခြားကုသိုလ် နေ့စဉ်ရှိပစေ။ အမေကိုပြုစုရင်လည်းပဲ အဖေကိုပြုစုရင်လည်းပဲ မေတ္တာအပြည့်ထည့်လိုက် တအားချစ်ပြီး ပီတိဖြစ်ပြီး ပျော်လို့ရှိရင် အနာဂတ်အတွက်အကျိုးပေးတာ။ တာဝန်ကျေလေးဆိုရင်တော့မရဘူး။ မေတ္တာပိုတိုးနော် တိုးတဲ့အခါမှာ ကျေးဇူးတွေမြင်မှ မေတ္တာပေါ်တာ။ ❖ ဘုရားရှိခိုလည်း ထုံစံလိုမရှိခိုးနဲ့ ဘုရားကျေးဇူးတွေဖော် ရင်ထဲက လှိုက်လှိုက်လှဲလှဲချစ်ပြီဒ အေးလာအောင် Crystal ပြောင်းသလို ပြောင်းလာအောင် တကယ်ချစ်တဲ့စိတ်နဲ့သာ ပူဇော်ကြည့် ထူးခြားလိမ့်မယ်။ အနာဂတ်တည်ဆောက်တယ် ခေါ်တယ်။ ❖ ဒါမို့ အတွေးအားလုံးသည် ကိုယ်ရဲ့အနာဂတ်မျိုးစေ့ဖြစ်ပါသည်။ ပိုင်းလော့ဆရာတော်ဘုရားကြီး
https://www.dhammaransi.com/index.php/new/468-2016-12-02-10-27-47.html
မြင်၊ကြား၊နံ၊စား၊ထိ၊သိ၊တိုင်း၊ဖြစ်ပျက်ရှုနည်း
ရခဲလှတဲ့ “ဒုလ္လဘ တရား ၅-ပါး”မှာ ဘဝတိုင်း ၊ ဘဝတိုင်းမှာ သဒ္ဓါတရားနဲ့ ပြည့်စုံမှုရှိချင်မှရှိမယ်။ ဒါကြောင့်ယခုအခါ သဒ္ဓါတရားနဲ့ ပြည့်စုံတုန်း မြန်မြန်မဂ်ဉာဏ်ရအောင်လုပ်ပါ။ သေမှာကို ကြောက်ရင် မဂ်ဉာဏ်ကိုရအောင်ယူ။ မဂ်ဉာဏ်ကိုရရင် သေမင်းမမြင်နိုင်တော့ဘူး။ သေမင်းရှာမတွေ့နိုင်တော့ဘူး။ ဒါကြောင့်ဝိပဿနာအလုပ်ကို မလုပ်ဘဲနေနေရင် “နင်သေချင်လို့လား” လို့ ကိုယ့်ကိုယ်ကို ပြန်မေးပါ။ မသေချင်ရင် ခန္ဓာ၅-ပါးအပေါ်မှာ ပေါ်တိုင်း၊ပေါ်တိုင်း ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခကိုသာ ရှုပေတော့။ ဘုန်းကြီးတရားကိုတော့ ကုသိုလ်ရချင်ရုံနဲ့ မနာကြနဲ့ ။ ရအောင်လုပ်ကြပါ။ ဝိပဿနာရဲ့ အကျိုးကျေးဇူးများပုံကို ပြောပြရဦးမယ်။ ဘုရားရှင်လက်ထက်က ဘိက္ခူနီမ ၅၀၀-က သွန်သင်ဆုံးမပါဥိီးဘုရားလို့ လျှောက်ထားထာနဲ့၊ အရှင်နန္ဒကဟောကြားဆုံးမတယ်။ သူဟောကြားဆုံးမတဲ့တရားကတော့၊ ကိုယ်ရယ်၊ လေရယ်၊ နေရယ်၊ ဒီ ၃-ခုရှိနေမှ “ဖဿ”ဆိုတဲ့ တွေ့ထိမှုဖြစ်ပေါ်လာတယ်၊ အခံဓာတ်၊ အဖိဓာတ်၊ အထိဓာတ်လို့ခေါ်တယ်။ ဒီ ၃-မျိုးကြောင့် အပေါ်ဓာတ် ပေါ်လာတယ်။ ဒီပေါ်လာတဲ့ အပေါ်ဓာတ်ဟာ အကြောင်း ၃-မျိုးကြောင့်ပေါ်လာတာ၊ ဝေဒနာ ပေါ်လာတာ အကြောင်းကြောင့် ပေါ်တာ၊ ရေ၊ မြေ၊ လေ၊ နေတို့နဲ့ လွတ်အောင်မနေနိုင်တော့ဘူး။ ၎င်းတို့ နဲ့ တွေ့ရင် ဝေဒနာ ပေါ်ရမယ်။ မွှေးတယ်၊ နံတယ်၊ အေးတယ်၊ ပူတယ်၊ ဆိုတာဝေဒနာတွေပဲ။ ခန္ဓာကိုယ်ထဲက ဖြစ်ပေါ်လာတဲ့ “ကာယ ဖောဋ္ဌဗ္ဗ ဖဿ ဝေဒနာ” (ကိုယ်၊ တွေ့ထိဖွယ်၊ တွေ့ထိမှု၊ ခံစားရမှု၊ ) ပေါ်တိုင်းဖြစ်ပျက် ရှုပေးလို့၊အရှင်နန္ဒက ဟောလိုက်တယ်။ ဥပမာပြရရင် မီးထွန်းတဲ့အခါ “ဆီ၊ မီးစာ၊ မီးတောက်” ဒီ၃-ခုပေါင်းမှ အလင်းရောင်ထွက်လာတာလိုပဲ။ ဝေဒနာဟာ မမြဲတဲ့ အနိစ္စ၊ ဆင်းရဲတဲ့ ဒုက္ခ၊ အစိုးမရတဲ့အနတ္တ တရားတွေပဲလိို့ ဝေဒနာပေါ်တိုင်း ဖြစ်ပျက်ကိုသာ ရှုကြပေတော့။ စိတ်တစ်မျိုး တစ်မျိုးပေါ်တိုင်းလဲ ဖြစ်ပျက်ရှု၊ ရုပ်ကလေးတစ်မျိုးတစ်မျိုး ပြောင်းလဲတိုင်းလဲ ဖြစ်ပျက်ရှုပါ၊ ခင်ဗျားတို့ အဖို့ အဘွားတွေ ဘယ်ရောက်ကုန်သလဲလို့ မေးရင် အနိစ္စ ရောက်ကုန်ပြီလို့ပြောကြပါမယ်။ ခင်ဗျားတို့လဲ အနိစ္စတွေက မွေးခဲ့လို့ အနိစ္စတွေပဲ။ ခင်ဗျားတို့က မွေးမယ့် ကလေးတွေလဲ အနိစ္စပဲ။ သူတို့ကတစ်ဆင့်မွေးမှာလဲ အနိစ္စချည်းပဲ။ ဒါကြောင့် မြင်၊ ကြား၊ နံ၊ စား၊ ထိ၊ သိ တိုင်းဖြစ်ပျက်ရှုပါ။ ဖြစ်တာလဲဒုက္ခ၊ ပျက်တာလဲ ဒုက္ခလို့ မြင်အောင်ရှုပါလို့ ရှင်နန္ဒက ဟောပြတော့ ဘိက္ခူနီမ (ရဟန်းမ) ၅၀၀-ဟာ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာတွေ အသီးသီးဖြစ်ကုန်ကြတယ်။ ဒါကြောင့်ဝေဒနာရှုရင် တဏှာကုန်တယ်။ တဏှာကုန်ရင် နိဗ္ဗာန်ရောက်တော့တာပါပဲ။ ရှုပုံရှုနည်းချည့် ဟောနေပါတယ်။ ရှုပုံရှုနည်း နားလည်တဲ့ လူတွေများပြီ။ ဒီ “ဖဿဝေဒနာ”တို့ဟာရောနေတော့၊ တစ်ခုရှုရင် အကုန်ပါတော့တာပဲ၊ ဝိပဿနာအရာမှာ စိတ်ပေါ်ပေါ် ၊ ဝေဒနာပေါ်ပေါ် ဖြစ်တာနဲ့ ပျက်တာလို့သာ ရှုပေးဖို့လိုပါတယ်၊ ကိုယ်ပေါ်မှာ သုခ ပေါ်ပေါ်၊ ဒုက္ခ ပေါ်ပေါ်၊ ဖြစ်တာနဲ့ပျက်တာပဲ ပေါ်တာပါ။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ စိတ်စေတသိက်၊ ရုပ်တွေကိုလဲ ပေါ်လာတိုင်း၊ ပေါ်လာတိုုင်းသာစောင့်ရှုပါ၊ ရှုရင်ရွံ့စရာ မုန်းစရာတွေပါကလား လို့ ငြီးငွေ့တဲ့စိတ်တွေပေါ်လာတော့တာပါပဲ။ ဖြစ်ပျက်ကိုသာ ရှုဖန်များလာရင် ဉာဏ်တွေအဆင့်ဆင့် ရင့်သန်လာပြီး ဒီ ခန္ဓာကြီးကို မလိုချင်တော့ဘူး။ ရွံ့မုန်းလာပြီး ခန္ဓာရဲ့လွတ်ရာလွတ်ကြောင်းကို သူကြံစည်တော့တာပဲ။ ဒါဟာ ဒုက္ခပိုင်းခြားသိတဲ့ဉာဏ်ပဲ၊ ဖြစ်ဖြစ်သမျှဟာ ဒုက္ခတွေချည့်ဖြစ်နေလို့ ဖြစ်ပျက်ကိုသာရှု၊ ဖြစ်ပျက်မှ တစ်ပါး ဘာမျှမရှိဘူး။ ဖြစ်ပေါ်ပြီးပျက်တာချည်းပဲ၊ ဒါကြောင့် ဖြစ်ဒုက္ခ ပျက်ဒုက္ခသာရှုကြ၊ သတိိ ပညာနှင့် ရုပ်ပျက် နာမ်ပျက်တို့ကို ကြည့် ရှုနေလို့ ဖောက်ပြန်ပျက်စီးပြီးနေတာပါကလားလို့ သိလားပြီး ဒုက္ခသစ္စာကို ပိုင်းခြားသိလာရင် မဂ်ဉာဏ် ပေါ်လာတော့တာပဲ။ မြတ်စွာဘုရားသခင်က ဟောတယ်။ ဝိပဿနာ မရှုသောသူဟာ အပါယ်ငရဲဘေးတွေနဲ့တွေ့ရမယ်။ သေခါနီး သား သမီး လင်မယား ပစ္စည်းခင်တွယ်တာတွေကြောင့် အပါယ်ဘေးနဲ့ နီးလွန်းလှတယ်။ဒါကြောင့်ဝိပဿနာဉာဏ်က မဂ်ဉာဏ်ကိုရအောင်ရောက်အောင်လုပ်ကြရမယ်။ ဝိပဿနာ ဉာဏ်က မဂ်ဉာဏ်ကူးမှ အပါယ်ငရဲဘေးမှလွတ်ကြမယ်။ သောတာပန်များဟာ သေရမှာမကြောက်ကြတော့ဘူး။ အပါယ်ငရဲဆိုတဲ့အောက်သံသရာဘေး မကျရောက်တော့လို့ မကြောက်ကြတာ၊ မဂ်ဉာဏ်ရောက်မှ ဒီဘေးကလွန်ပြီး(လွတ်ပြီး) လားရာဂတိမြဲမယ်။ ဘုရားတောင်မှ တရားကျင့်မှ ဘုရားဖြစ်ရတယ်။ ဘုရားတောင် တရားကို ပူဇော်ကိုးကွယ်သေးတယ်။ ရှေးတုန်းက တက္ကသိုလ်ပြည့်ရှင် ပက္ကုသာတိ မင်းကြီးဟာ ဤတရား ရတနာကို ရတနာအမှန်ဧကန်ဖြစ်ကြောင်း သိသဖြင့်ထီးနန်းကိုစွန့်ပြီး တက္ကသိုလ်ကခွာ၍ ဘုရားရှင်ထံအရောက်သွားရန် ရည်းမှန်းပြီး ၁၉၂-ယူဇနာဝေးတဲ့ ခရီးခဲကြီးကို ထီးမဆောင်း၊ ဖိနပ်မစီးဘဲ ဇွဲကြီးစွာဖြင့်ဒုက္ခအမျိုးမျိုးခံလျက် သွားလေရာ ရာဇဂြိုလ်ပြည်၌ ဘုရားရှင်ထံမှောက်ရောက်ပြီး တရားနာယူကျင့်သုံးတာနဲ့ ကျွတ်တမ်းဝင်သွားတယ်။ ဒီတော့အဲဒီ ပက္ကုသာတိမင်းကြီး ကိုနှလုုံးမူပြီး မင်းတို့ကြိုးစားကြပါလို့သတိပေးပါတယ်။ အဲဒီ ပက္ကုသာတိ မင်းကို ဟောတဲ့တရားကတော့၊ ပထဝီဓာတ်၊ အားပေါဓာတ်၊ တေဇောဓာတ်၊ ဝါယောဓာတ်၊ အာကာသဓာတ်၊ ဝိညာဏဓာတ် လို့ဓာတ်ခြောက်ပါးရှိတယ်။ ဓာတ်ဆိုတာ သူ့သဘောသူလုပ်၊ သူ့သဘော သူဆောင်တာပဲ။ လူတို့ရဲ့သဘောကို မလိုက်ဘူး။ သတ္တဝါဆိုတာ ဒီဓာတ် ၆-ပါးအစုအဝေးကြီးပဲ။ ဒီဓာတ် ၆-ပါးဟာသူ့သဘောအတိုင်း ဖြစ်ပေါ်လာပြီး ပျက်သွားတာပဲ။ သူ့သဘော သူဆောင်တာပဲ၊ ဒီလိုဓာတ် ၆-ပါးရဲ့ဖြစ်ပျက် သဘောကိုမြင်အောင်ရှု။ သတ္တဝါဆိုတာ ဓာတ်ကောင်၊ ဓာတ်စု၊ ဓာတ်ခဲပါလား၊ သူ့သဘော သူ ဆောင်နေတာပါလား။ မိမိအလို မလိုက်ပါကလား၊ အစိုးမရပါကလား၊ အနတတ္တတရားပါကလား လို့ဓာတ်တွေရဲ့ ဖောက်ပြန် ပျက်စီးယိုယွင်း ပျက်စီးနေပုံကို အထပ်ထပ် ဆင်ခြင် မပြတ်မလပ်ထင်မြင်လျှင် ပက္ကုသာတိမင်းကြီးလို မဂ်ဖိုလ်ကို ရက်တိုတိုနဲ့ရမှာမို့၊ ဓာတ် ၆-ပါးကိုသာ ဖြစ်ပျက် ရှုကြပေတော့ ဒကာ ဒကာမတို့ 。。。။ ။ ဤကောင်းမှုကုသိုလ်ကံ စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့် တည်ရှိပါစေသတည်း ။ -【အရှင်ဉာဏဓဇ- မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂရိပ်သာ၊ပင်မသံဝေဇနိယဌာန၊အမရပူရမြို့။】
https://www.dhammaransi.com/index.php/new/469-2016-12-01-22-13-43.html
“စေတနာ သန့်စင်ပါစေ”
ရှေးက ပညာရှိတွေဟာ ပစ္စေကဗုဒ္ဓါတွေအား ဆားမပါ၊အဆီ အစေး မပါ ၊တင်လဲ မပါတဲ့ မုယောမုန့်ကို လှူပြီး အဲဒီအလှူရဲ့အကျိုးကြောင့် ဒုတိယဘဝ (နောက်ဘဝ)မှာယူဇနာသုံးရာရှိတဲ့ ကာသိတိုင်းမင်းစည်းစိမ်ကို ရရှိခဲ့ပါတယ်။ ရှေးအခါက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ္တမင်း အုပ်ချုပ်တဲ့အခါ ဘုရားလောင်းဟာ ဆင်းရဲတဲ့ အမျိုးတစ်မျိုးမှာ ဖြစ်ပြီး အရွယ်ရောက်တဲ့အခါ သူဌေးတစ်ယောက်ကို မှီပြီး အခစားအလုပ်လုပ်ကာ အသက်မွေးတယ်။ ဘုရားလောင်းဟာ တစ်နေ့မှာ “ငါ နံနက်စာအတွက် ဖြစ်လိမ့်မယ်”လို့ကြံကာ စျေးအတွင်းက မုယောမုန့်ခဲ(၄) ခုကိုယူပြီး အလုပ်ရှိရာကို သွားတယ်။ ပစ္စေကဗုဒ္ဓါ (၄) ပါး ဆွမ်းခံလှည့်လည်ဖို့ ဗာရာဏသီမြို့ဆီ ရှေ့ရှုလာနေကြတာကို မြင်သွားပြီး “ဒီပစ္စေကဗုဒ္ဓါတွေဟာ ဆွမ်းကိုရည်ရွယ်ပြီး ဗာရာဏသီကို သွားနေကြတယ်။ ငါ့မှာလည်း ဒီမုယောမုန့်ခဲ(၄) ခုရှိနေတယ်။ ငါဟာ ဒီမုန့်တွေကို ဒီပစ္စေကဗုဒ္ဓါတွေ အား လှူရရင် ကောင်းမှာပဲ” လို့ကြံတယ်။ အဲဒီ ပစ္စေကဗုဒ္ဓါတွေထံ ချဉ်းကပ်ပြီး ရှိခိုးကာ “အရှင်ဘုရားတို့ တပည့်တော်ရဲ့လက်မှာ ဒီမုယော မုန့်ခဲ (၄) ခု ရှိပါတယ်။ တပည့်တော်ဟာ ဒီမုန့်တွေကို အရှင်ဘုရားတို့အား လှူပါတယ်။ တောင်းပန်ပါတယ် ဘုရား။ တပည့်တော်ရဲ့ အလှူကို ခံယူတော်မူကြပါ။ အဲဒီလိုဆိုရင် ဒီကောင်းမှုဟာ တပည့်တော် အတွက် ကာလ ကြာရှည်စွာ စီးပွားချမ်းသာအလို့ငှာ ဖြစ်ပါလိမ့်မယ်” လို့ လျှောက်တယ်။ ဘုရားလောင်းဟာ ပစ္စေကဗုဒ္ဓါတွေရဲ့ လက်ခံမှုကို သိပြီး သဲကို မြင့်မောက်အောင် လုပ်ခိုင်းပြီး နေရာ (၄) နေရာ ခင်းတယ်။ အဲဒီ နေရာတွေရဲ့ အပေါ်မှာ ချိုးထားတဲ့ သစ်ခက်တွေကို ဖြန့်ခင်းတယ်။ ပစ္စေကဗုဒ္ဓါတွေကို အစဉ်အတိုင်း ထိုင်စေပါတယ်။ ဖက်ခွက်နဲ့ ရေကို သယ်ဆောင်ပြီး အလှူရေစက်ချတယ်။ သပိတ် (၄) လုံးထဲမှာ မုယော မုန့်ခဲ (၄) ခုကို တည်စေပြီး ရှိခိုးကာ “အရှင်ဘုရားတို့ ဒီမုန့်တွေကို လှူရတဲ့ အကျိုးဆက်ကြောင့် ဆင်းရဲတဲ့အိမ်မှာ မဖြစ်ပါစေနဲ့ ဘုရား။ အကုန်သိတဲ့ ဉာဏ်ရဖို့အတွက် အထောက်အပံ့ ဖြစ်ပါစေ”လို့လျှောက်တယ်။ ပစ္စေကဗုဒ္ဓါတွေက ဘုဉ်းပေးကြတယ်။ ဘုဉ်းပေးပြီးတဲ့အခါ အနုမောဒနာပြုပြီး ပျံတက်ကာ နန္ဒမူလကတောင်ဝှမ်းကိုပဲ ကြွသွားကြပါတယ်။ ဘုရားလောင်းက လက်အုပ်ချီပြီး ပစ္စေကဗုဒ္ဓါကို အာရံပြုကာ ပီတိကို ယူတယ်။ ပစ္စေကဗုဒ္ဓါတွေ မြင်ကွင်းက ကွယ်ပျောက်သွားတဲ့အခါ သူ့အလုပ်ကို သွားတယ်။တစ်သက်လုံး ဒါနကို အဖန်ဖန် အောက်မေ့ကာ သေသွားတယ်။ အဲဒီဒါနရဲ့ အကျိုးကြောင့် ဗာရာဏသီမင်းရဲ့ မိဖုရားခေါင်ကြီး ဝမ်းဗိုက်မှာ ဖြစ်တယ်။ ဗြဟ္မဒတ္တမင်းသားလို့ နာမည် မှည့်ကြတယ်။ မင်းသားဟာ သူ့ခြေထောက်နဲ့ သွားချိန်ကစပြီး “ငါဟာ ဒီမြို့မှာပဲ အခစား အလုပ်သမားဖြစ်ကာ အလုပ်ကိုသွားတဲ့အခါပစ္စေက ဗုဒ္ဓါတွေအား မုယောမုန့်ခဲ (၄) ခုကို လှူခဲ့ပြီး အဲဒီအလှူရဲ့ အကျိုးကြောင့် ဒီနေရာမှာဖြစ်တယ်”လို့ ကြည်လင်တဲ့မှန်ထဲက မျက်နှာရိပ်လို ရှေးဘဝကပြုခဲ့သမျှ အားလုံးကို ဇာတိဿရဉာဏ်(ရှေးဘဝကို အမှတ်ရ မှတ်မိတဲ့ဉာဏ်) နဲ့ ထင်ထင်ရှားရှား မြင်ရတယ်။ ဘုရားလောင်းဟာ အရွယ်ရောက်တဲ့အခါ တက္ကသိုလ်ကို သွားပြီး အတတ်အားလုံးကို သင်ယူကာ ပြန်လာတယ်။ သင်ယူခဲ့တဲ့ အတတ်ကိုဖခင်အား ပြတယ်။ ဖခင်က သဘောကျ အားရပြီး အိမ်ရှေ့မင်းအရာမှာ ထားတယ်။နောင်အခါ ဖခင်ကွယ်လွန်တော့ မင်းအဖြစ်မှာ တည်တယ်။ အဲဒီအခါသူ့ အတွက်ကောသလမင်းရဲ့ သမီးလှကို ဆောင်ယူကာမိဖုရားခေါင်ကြီး ပြုလုပ်ကြတယ်။ ထီးတင် မင်္ဂလာပြုလုပ်တဲ့အခါ သူ့မြို့တစ်မြို့လုံးကို နတ်မြို့လို တန်ဆာဆင်ကြတယ်။ ဘုရားလောင်းမင်းက မြို့ကိုလက်ယာရစ်လှည့်လည်ပြီး တန်ဆာ ဆင်ထားတဲ့ ပြာသာဒ်ပေါ်တက်ကာ ပြာသာဒ်အပြင်ကြီးရဲ့ အလယ်မှာ စိုက်ထူထားတဲ့ ထီးဖြူရှိတဲ့ ပလ္လင်ပေါ် တက်ကာ ထိုင်တယ်။ ဝိုင်းရံပြီး တည်နေတဲ့ တစ်ဖက်က အမတ်တွေ၊ တစ်ဖက်က စည်းစိမ်အမျိုးမျိုး ရှိပြီး ကျက်သရေ တင့်တယ် စံပယ်မှုတွေနဲ့ တောက်ပနေတဲ့ ပုဏ္ဏား၊ သူကြွယ် စသူတွေ၊ တစ်ဖက်က လက်ဆောင်အမျိုးမျိုး ယူလာကြတဲ့မြို့ကလူတွေ၊ တစ်ဖက်က တန်ဆာ ဆင်ထားတဲ့ နတ်သမီးအပေါင်းနဲ့တူတဲ့ ကချေသည် မိန်းမပေါင်း တစ်သောင်းခြောက်ထောင်။ အဲဒီ အလွန် ပျော်မွေ့ဖွယ် ကျက်သရေစည်းစိမ်ကို ကြည့်ရင်းသူ့ရဲ့ရှေးကံကို အဖန်ဖန် အောက်မေ့မိတယ်။ “ဒီရွှေအစိုင်အခဲ၊ ရွှေပန်းကုံးပါတဲ့ ထီးဖြူ ဒီဆင်ယာဉ်၊ မြင်းယာဉ်၊ ရထားယာဉ်ထောင်ပေါင်း များစွာ၊ပတ္တမြား၊ ပုလဲ စတာတွေနဲ့ ပြည့်နေတဲ့ အနှစ်တိုက်ခန်းတွေ၊စပါးအမျိုးမျိုးတွေ ပြည့်နေတဲ့ မြေကြီး၊ နတ် သမီးတွေနဲ့ တူတဲ့ မိန်းမတွေ၊ ငါ့ရဲ့ဒီစည်းစိမ်အားလုံးဟာ အခြားရဲ့ ဥစ္စာ မဟုတ်။ ပစ္စေကဗုဒ္ဓါ (၄) ပါးအား ပေးလှူခဲ့တဲ့ မုယောမုန့်ခဲ (၄) ခုရဲ့ဥစ္စာပဲ။ ပစ္စေကဗုဒ္ဓါတွေကို မှီပြီး ငါဟာ ဒီစည်းစိမ်ကို ရထားတယ်” လို့ ပစ္စေကဗုဒ္ဓါတွေရဲ့ဂုဏ်ကို အဖန်ဖန် အောက်မေ့ပြီး၊ သူ့ကံ ကို ထင်ရှားအောင် လုပ်တယ်။ အဖန်ဖန် အောက်မေ့တဲ့ သူ့တစ်ကိုယ်လုံးဟာပီတိနဲ့ ပြည့်နေတယ်။ 【ဇာတ်၊ ဋ္ဌ၊ တ၊ ၃၈၅】 ဘုရားလောင်းကပစ္စေကဗုဒ္ဓါတွေအား လှူပြီးတဲ့အခါ “သဗ္ဗညုတ ဉာဏ်တော်ရဲ့ အထောက်အပံ့ ဖြစ်ပါစေ” လို့ ဆုတောင်းပါတယ်။ ပစ္စေကဗုဒ္ဓါတွေက မုယောမုန့်ကို ဘုဉ်းပေးပြီးတဲ့အခါ ဆုပေးပါတယ်။ ဘုရားလောင်းက ပစ္စေကဗုဒ္ဓါတွေအပေါ် ကြည်ညိုသဒ္ဓါပွားကာ ပီတိတွေ ဝေဖြာနေပါတယ်။ ဘုရားလောင်းမှာ အလိုချင်ဆုံးအရာကာ “သဗ္ဗညုတဉာဏ်တော်” ပဲဖြစ်ပါတယ်။ ဒါကြောင့် သူပြုသမျှ ကောင်းမှုအားလုံးဟာ သဗ္ဗညုတဉာဏ်တော်ကိုရဖို့ပဲ ဖြစ်ပါတယ်။ ဘုရားလောင်း ဟာ ဆင်းရဲသားဘဝကနေ ရှင်ဘုရင့်သားဘဝကို ရောက်ခဲ့ပါတယ်။ ပစ္စေက ဗုဒ္ဓါ (၄) ပါးအား မုယောမုန့်ခဲ (၄) ခုကို လှူခဲ့တဲ့ကောင်းမှုရဲ့ အစွမ်းကြောင့် ဖြစ်ပါတယ်။ ဘုရားလောင်းဟာ ရှင်ဘုရင့်သားဘဝကို ရောက်တဲ့အခါ သူ့ရဲ့ ရှေးဘဝက အခြေအနေတွေကို ပြန်လည် အမှတ်ရနေပါတယ်။ မှတ်မိ နေပါတယ်။ ဇာတိဿရဉာဏ်ကို ရနေပါတယ်။ လူဝင်စားလို့ အခေါ်ခံရတဲ့ ပုဂ္ဂိုလ်တွေဟာ ဇာတိဿရဉာဏ်ကို ရကြတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါ တယ်။ လူဝင်စားဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ ရှေးရှေးဘဝတွေက အခြေအနေတွေကို ပြောပြတတ်ကြပါတယ်။ ဘုရားလောင်းဟာ ရှင်ဘုရင် ဖြစ်လာတဲ့အခါ သူ့ရဲ့ ကြီးကျယ်လှတဲ့ စည်းစိမ်ကြီးနဲ့ မကြီးကျယ်ခဲ့တဲ့အလှူကို နှိုင်းယှဉ်ကြည့်နေပါတယ်။ အကြောင်းကံက မကြီးကျယ်ပေမယ့် အကျိုးက ကြီးကျယ်လွန်းနေလို့ အံ့ဩဝမ်းသာဖြစ်နေပါတယ်။ ဘုရားလောင်း ရှင်ဘုရင်ဟာ ကြီးကျယ်လှတဲ့ စည်းစိမ်ကို ကြည့်ပြီး ပစ္စေကဗုဒ္ဓါတွေရဲ့ ဂုဏ်ကို အကြိမ်ကြိမ် အောက်မေ့ကာ ပီတိတွေဝေခဲ့ပါတယ်။ အလှူလှူကြတဲ့အခါ လှူဖွယ်က နည်းနည်း၊ များများ ကောင်းကောင်း၊ မကောင်းကောင်း စိတ်ကို ကြည်လင်စေရပါတယ်။ အလှူခံတွေရဲ့ ဂုဏ်ကို ဆင်ခြင်ရပါတယ်။ စေတနာသုံးတန် သန့်စင်ရပါတယ်။အကျိုးကို ယုံကြည်ရပါတယ်။ အဲဒီအနေအထားနဲ့ အလှူခံပုဂ္ဂိုလ်ကောင်းမှာ လှူရရင် ကြီးကျယ်တဲ့ အကျိုးကို ရရတော့တာပါပဲ။ ၁။ဂုဏ်ရှိလှူခံ၊ဂုဏ်တန်တန်၊ဧကန်ဆင်ခြင်ရပါသည်။ ၂။ စိတ်ကြည်လင်ကာ၊ စေတနာ၊ သုံးဖြာ သန့်ရသည်။ ၃။ အလှူအကျိုး၊ ဖြစ်ပေါ်ရိုး၊မျှော်ကိုး ယုံကြည်သည်။ ၄။ ထိုသို့ ဖြစ်လျှင်၊ ကျိုးပေးအင်၊လွန်ပင် ကြီးမားသည်။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【သာမဏေကျော်ဆရာတော် ဦးဓမ္မိကာလင်္ကာရာဘိဝံသ- သာမဏေကျော်မဟာဂန္ဓာရုံကျောင်းတိုက်
https://www.dhammaransi.com/index.php/new/470-2016-11-24-01-49-37.html
“ဥပုသ်စောင့်ပုံ အစီအစဉ်”
“ဥပုသ်”ဟူသော စကားသည် “ဥပေါသထ” ဟူသော ပါဠိမှ ကူးစက်လာသော ပါဠိပျက် စကား တည်း၊ “ဥပ+ဝသထ” ဟု ပုဒ်ခွဲ၊ ဥပ=ညစာ မစားခြင်း ၊သူ့အသက် မသတ်ခြင်း စသော အကျင့်ကောင်းနှင့် ပြည့်စုံ၍၊+ ဝသထ-နေခြင်း၊ ညစာမစားခြင်း ၊သူ့အသက်မသတ်ခြင်း စသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော သီလကို ခံယူဆောက်တည်၍ ဘုရား ဂုဏ်တော်၊တရားဂုဏ်တော် စသော အာရုံများကို အာရုံပြုကာ( ဘာဝနာပွားလျက်) အကုသိုလ်စိတ်များ မဖြစ်စေဘဲ စိတ် စင်ကြယ်အောင် စောင့်စည်းနေထိုင်မှုကို “ဥပုသ် စောင့်”ဟု ခေါ်သည်။ [ဆောင်] မိမိစိတ်မှာ၊စင်ကြယ်လာအောင်၊အင်္ဂါရှစ်တန်၊ သီလခံ၍၊ ခြိုးခြံအောင့်အည်း၊ တဖြောင့်တည်းဖြင့်၊စောင့်စည်း အား ထုတ်၊ တရားကုတ်၊ ဥပုသ်စောင့်ဟုမှတ်။ (၁)။ နက်ဖြန် ဥပုသ်စောင့်မည် ဟု ကြံစည်သော သူတော်စင်သည် ဥပုသ်စောင့်သည့် အခိုက်၌ အိမ်မှုကိစ္စတွေကို ရွက်ဆောင်ခြင်းငှာ မလျော်သောကြောင့် ယနေ့လို အခါကပင် အိမ်မှုကိစ္စများကို တာဝန်ရှိသမျှ ပြီးစီးအောင် စီမံထားရာ၏။ (၂)။ ချက်ပြုတ် ကျွေးမွေးမည့်သူ အဆင်သင့်ရှိလျှင် နက်ဖြန် မိမိစားဖို့အတွက် ပြောပြ စီစဉ်ထားရာ၏၊ [ဥပုသ်စောင့်ခိုက် ခါတိုင်း ထက် ကောင်းကောင်းစားဖို့ကား မစီမံသင့်]။ (၃)။ ချက်ပြုတ်ကျွေးမွေးမည့်သူ မရှိလျှင် နက်ဖြန် ကိစ္စနည်းအောင် ပြီးစီးကောင်းသော စားဖွယ် ၊ သောက်ဖွယ်များကို ပြီးစီး စေအောင် စီမံထားရာ၏။ (၄)။ နက်ဖြန် နံနက် အရုဏ်တက်ချိန်ကပင် ကိုယ်လက်များကို စင်ကြယ်အောင် ပြု၍ စိတ်ကြည်လင်ရုံမျှ သန့်ရှင်းသော အဝတ်ကို ဝတ်ဆင်ရာ၏။ (၅)။ ပန်းပန်မှု၊နံ့သာလိမ်းမှုနှင့် အထူးတလည် ပြင်ဆင်မှုကို မပြုရာ။ (၆)။ ထို့နောက် ခပ်စောစောကပင် သီလဆောက်တည်ရာ၏၊ [သီလဆောင်တည်သောအခါ ပါဠိလို နားမလည်လျှင် မြန်မာလို ဆောက်တည်နိုင်ပါသည်။ ရှစ်ပါးသီလ နှုတ်တက်မရလျှင် ဘုရား ပညတ်တော်မူအပ်သော ဥပုသ်သီလကို ဆောက်တည်ပါ၏ ဟု နှုတ်ကမိမိဘာသာ ဆို၍လည်း ဆောက်တည်နိုင်၏။ ] (၇)။ သီလ ဆောက်တည်ပြီးလျှင် ကျွေးမွေး လှူဒါန်းဖွယ် ကိစ္စရှိက ထိုကိစ္စကို ပြုလုပ်၍ ၊မရှိက မိမိအတွက် သင့်တော်ရုံမျှသာ စီမံ၍ စားသောက်ရာ၏၊ [တစ်ထပ်သာမက ညစာမစားဘဲ နေနိုင်လောက်အောင်ပင် စားသောက်ခွင့်ရှိ၏။] (၈)။ကျွေးမွေး စားသောက်မှုပြီးလျှင် ကိုယ်လက် မစင်ကြယ်က ရေချိုးရာ၏၊ [ကိုယ်စင်ကြယ်မှ စိတ်ကြည်လင်- စိတ်ကြည်လင်မှ တရားအာရုံပြု၍ ကောင်းသည်။] (၉)။ ထို့နောက် မိမိတစ်ကိုယ်တည်း နေသင့်သူဖြစ်လျှင် တစ်ကိုယ်တည်းနေ၍ အဖော်နှင့် နေသင့်သူဖြစ်က သဘောတူ အဖော်နှင့် တကွ သင့်တော်သော ဆိတ်ငြိမ်ရာဌာန၌ “ဗြဟ္မာ ဥပုသ်” ကို စောင့်လိုလျှင် ဘုရားဂုဏ်တော်ကို အာရုံပြု၍ နေရာ၏။ (၁၀)။ တာရှည်စွာ ဆင်ခြင်၍ မနေနိုင်လျှင် တရားစာကိုလည်း ကြည့်ရှု၍ ရွက်ဖတ်နေရာ၏၊ [ထိုင်၍ချည်း နေရမည်ဟု မဆိုလို-လှဲကာ စင်္ကြံသွားကာ အမျိုးမျိုးမျှတအောင် နေစေလို၏။] (၁၁)။ နည်းလမ်းကျကျ ဟောပြောမည့်ပုဂ္ဂိုလ် ရှိလျှင် တရား နာရာ၏။ (၁၂)။ အချင်းချင်းလည်း တရားစကား ဆွေးနွေး မေးမြန်း စုံစမ်း ရာ၏။ (၁၃)။ ညဉ့်အချိန်သို့ ရောက်သောအခါ မိမိ၏ သီလကို ပြန်၍ ဆင်ခြင်ပြီးလျှင် အရိယာ သူတော်ကောင်း ရဟန္တာ အပေါင်းနှင့် ယနေ့အတွက် မိမိတူမျှပုံကို အောက်မေ့ရာ၏။ “အောက်မေ့ပုံ” ~~~~~~~~~~~~~ “ရဟန္တာအရှင်မြတ်တို့သည် သူ့အသက်ကို သတ်ခြင်း၊ သူ့ဥစ္စာကို ခိုးယူခြင်း၊ လောကီအာရုံ ကာမဂုဏ်တို့မှ ရှောင်ကြဉ်၍ ညဉ့်စာစားမှု၊ ပန်းနံ့သာစသည် လိမ်းကျံမှုများကို မပြုသကဲ့သို့ ငါသည်လည်း ယနေ့အဖို့၌ ထိုအမှု အမျိုးမျိုးကို ရှောင်ကြဉ်သဖြင့် ရဟန္တာ အရှင်မြတ်များနှင့် တူပေသည် တကား” ဟု မိမိကိုယ်ကို အလွန်မြှောက်တင်ကာ ရဟန္တာ ယောကျာ်း ၊ရဟန္တာ မိန်းမ စိတ်ကို ဖြစ်စေပြီးလျှင် ယခုလို အသက်ထက်ဆုံး စောင့်စည်းနေပါလျှင် မကြာခင် ဒုက္ခခပ်သိမ်း ငြိမ်းပေလိမ့်မည် ဟု ဆင်ခြင်ရာ၏။ ၁၄။ နံနက် အရုဏ်တက်၌ မိမိရည်မှန်းထားသော အချိန်စေ့ သောအခါ အလိုလျောက် ရှစ်ပါးသီလ မရှိတော့ဘဲ ငါးပါးသီလသာ ကျန်ရစ်တော့သည်။ [ယခုကာလ အချို့ အရပ် မှာလို ငါးပါးသီလယူကာ ဥပုသ်ချနေဖွယ် မလိုပါ။] ဤကား ဥပုသ်စောင့်ပုံ အစီအစဉ်တည်း။ “ဥပုသ်ကာလ အပိုင်းအခြား” •••••••••••••••••••••••••••••••••••• ဥပုသ်သည် ကာလ ပိုင်း၍ စောင့်အပ်သော ဥပုသ်၊ အသက်ထက်ဆုံး စောင့်အပ်သော ဥပုသ်ဟု ၂ မျိုးရှိ၏၊ ကာလပိုင်း၍ စောင့်အပ်သော ဥပုသ်မှာ ၂ ရက် ၃ ရက် စသည်ဖြစ်စေ၊ တစ်နေ့ တစ်ညဉ့်လုံး ဖြစ်စေ၊ နေ့ဝက် ညဉ့်ဝက်ဖြစ်စေ၊တစ်ခဏမျှ (တရားနာခိုက်) ဖြစ်စေ စောင့်ကောင်းပါသည်။ အနာထပိဏ်သူဌေး၏ အလုပ် သမားတစ်ယောက်သည် ဥပုသ်နေ့၌ လယ်ထွန်သွားပြီးနောက် ပြန်လာ၍ သူများ ဥပုသ်စောင့်ကြောင်း သိရကား ထမင်းကို မစားတော့ဘဲ နေ့တစ်ဝက်မျှ ဥပုသ်စောင့်စဉ် လေနာထ၍ စုတေလေသော် “ရုက္ခစိုးနတ်” ဖြစ်ရသည်၊ ထို့ကြောင့် တစ်သက်လုံး မစောင့်နိုင်လျှင် လ၊ရက်၊ အချိန် ပိုင်းခြား၍လည်း စောင့်ကောင်း ပါသည်။ သို့သော် 。。。ယခုကာလ အချို့တရားပွဲ အလှူမဏ္ဍပ် စသည်၌ ကား “မဏ္ဍပ်က မထွက်ခင် ၈-ပါးသီလ ဆောက်တည်ကြ” ဟု ဆိုပြီးလျှင် ဖြီးလိမ်း ပြင်ဆင်ထားသူတို့ကား မာလာဂန္ဓ ဝိလေပန စသော သိက္ခာပုဒ် ကို ဓမ္မကထိကတို့က ချပေးကြ၏၊ “ဥပုသ် မစောင့်ခင်က ဖြီးလိမ်းထားမှုကြောင့် မာလာဂန္ဓဝိလေပန သိက္ခာ ပုဒ်မပျက်”ဟုလည်း ပြောဆိုကြပြန်သေး၏၊ ထိုအားလုံးကို နည်းလမ်းကျမကျ စဉ်းစားကြပါလေ။ -【မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ၏ “ရတနာ့ဂုဏ်ရည်ကျမ်း” နှာ ၂၃၉-၂၄၂ မှ- ကောက်နှုတ်ပူဇော််မျှဝေပါသည်။
https://www.dhammaransi.com/index.php/new/471-2016-11-23-11-27-36.html
ကြည်ညိုဖွယ်ရာ အရှင်အာနန္ဒာမထေရ်မြတ်
အရှင်အာနန္ဒာကား သာသနာ့သမိုင်းတွင် အထူးတလည် မော်ကွန်းတင်ရမည့် “တသာသနာတွင်မှ တယောက်” ဆိုလောက်သော မထေရ်မြတ်ဖြစ်သည်။ မြတ်စွာဘုရား ၄၅-၀ါကာလပတ်လုံး ဟောကြားတော်မူသော တရားဒေသနာအားလုံးကို သူမတူနာယူမှတ်သားနိုင်သော ဉာဏ် ဝီရိယ သတိ သမာဓိတရား အားကောင်းသူဖြစ်သည်။ မျက်ကွယ်တွင် ဟောအပ်သော တရားတို့ကိုလည်း မြတ်စွာဘုရားက အကျဉ်းချုပ်ပြန်ဟောပြသဖြင့်တရားဓမ္မရေးရာ သူမသိတာမရှိ အပြည့်အစုံ စုဆောင်းထားသောဓမ္မဘဏ္ဍာတိုက်ကြီးပင်ဖြစ်သည်၊ “ဓမ္မဘဏ္ဍာဂါရိက = တရားဘဏ္ဍစိုးကြီး”ဟုပင် ဂုဏ်ပြုခံရသည်။ မြတ်စွာဘုရားရှင်ထံ အနယ်နယ်မှ ရောက်လာသော ဘုရားဖူးများကိုလည်း ကာလဒေသ ပုဂ္ဂိုလ်လိုက်၍ စနစ်တကျ ဖူးတွေ့ခွင့်ရအောင် စီစဉ်တတ်သူလည်းဖြစ်သည်၊ အမျိုးသမီးတို့အတွက် နိဗ္ဗာန်လမ်းပွင့်စေမည့် ဘိက္ခုနီသာသနာတော်တစ်ရပ်ကို ထူထောင်ခွင့်ရအောင် အားပေးကူညီခဲ့သူ လည်းဖြစ်သည်။ နန်းတွင်းသူနန်းတွင်းသားများကိုလည်း သာသနာနှင့်ယဉ်ပါးအောင် တရားဓမ္မသင်ပြဟောပြောပေးရသူလည်း ဖြစ်သည်၊ မြတ်စွာဘုရား၏ ကိစ္စအဝဝကို မငြီးမငြူ တလေးတစား အခါအားလျော်စွာစီမံခန့်ခွဲတတ်သူလည်း ဖြစ်သည်၊ သာသနာတော်အရှည်တည်တံ့ရေး အတွက် ပထမသံဂါယနာပွဲကြီးတွင် သုတ္တန္တပိဋကနှင့် အဘိဓမ္မပိဋက ၀ိဿဇ္ဇက(အဖြေရှင်)အဖြစ် တာဝန်ယူတော်မူခဲ့သည်။ ဤသာသနာတော်ဝယ် ဧတဒဂ်ငါးတန် ရာထူးဋ္ဌာနန္တရ ငါးမျိုးပိုင်ရှင် ဖြစ်တော်မူ၏။ အရှင်မြတ်၏ ကျေးဇူးတော်ကြောင့်ထေရဝါဒဗုဒ္ဓသာသနာတော်သည် ယနေ့တိုင် မတုဘက်နိုင်သည့် အယူဝါဒရေးရာ မီးရှူးတန်ဆောင်ကြီးတစ်ရပ်အဖြစ် တည်ရှိနေခြင်း ဖြစ်သည်။ လွန်ခဲ့သော ကမ္ဘာတစ်သိန်းထက်က ပဒုမုတ္တရ မြတ်စွာဘုရား ပွင့်တော်မူစဉ်အရှင်အာနန္ဒာအလောင်းလျာမှာ ပဒုမုတ္တရ မြတ်စွာဘုရား၏ ဖတူ မိကွဲ ညီငယ် သုမနမင်းသား ဖြစ်လေသည်။ သုမနမင်းသားသည် နယ်စွန်ရှိ သူပုန်ဘေးကို ငြိမ်းအေးအောင်ပြုသဖြင့် ခမည်းတော်က ဆုချရာ နောင်တော် မြတ်စွာဘုရားကို ၀ါတွင်းသုံးလ ပြုစုခွင့်ပြုရန် တောင်းဆိုခဲ့သည်။ “မြတ်စွာဘုရား၏ သဘောထားတော်ကို ရယူပါဦး”ဟု ခမည်းတော်က ဆိုသဖြင့် ဘုရားရှင်ထံလာခဲ့ရာဘုရားရှင်အားဖူးတွေ့ခွင့်ရရန် အခြားရဟန်းတို့ မတတ်နိုင်၊ ဥပဋ္ဌာကအလုပ်အကျွေးသုမနထေရ်ကသာ ဆောင်ရွက်ပေးနိုင်သဖြင့် သုမနမထေရ်ကို အားကျကာ မြတ်စွာဘုရားနှင့် သံဃာတော်တစ်သိန်းကို တစ်ဝါတွင်းလုံး ပြုစုလုပ်ကျွေးပြီး ဥပဋ္ဌာကအလုပ်အကျွေးဆုကို ပန်ခဲ့လေသည်။ ပဒုမုတ္တရဘုရားရှင်ကလည်း “နောင်သောအခါဂေါတမမြတ်စွာဘုရား လက်ထက်တော်တွင် အာနန္ဒာအမည်ဖြင့် ဥပဋ္ဌာကဘုရားအလုပ်အကျွေး ဖြစ်လိမ့်မည်”ဟု ဗျာဒိတ်ပေးတော်မူခဲ့သည်။ ထို့နောက် သံသရာဝယ် ဘဝမျိုးစုံကျင်လည်ခဲ့ရသည်။ အထူးအားဖြင့် ဖြစ်လေရာရာ ဘဝတိုင်း ဘုရားအလောင်းတော်၏ ပါရမီ ကူညီ ဖြည့်သူအဖြစ်များလေသည်။ နောက်ဆုံးဘဝဝယ် ကပိလဝတ်နေပြည်တော်၌ သုဒ္ဓေါဒနမင်းကြီး၏ ညီတော် အမိတောဒနသာကီဝင်မင်း၏သား ဖြစ်လာလေသည်။အာနန္ဒာမင်းသားဟု မည့်ခေါ်ခဲ့ကြသည်။ မြတ်စွာဘုရား ကပိလဝတ်နေပြည်တော်သို့ ပထမဆုံးအကြိမ် ကြွရောက်တော်မူသည့် မဟာသက္ကရာဇ် ၁၀၄-ခုနှစ်တွင် ဘဒ္ဒိယ၊ အနုရုဒ္ဓ၊ ဘဂု၊ ကိမိလ၊ ဒေဝဒတ်၊ ဥပါလိတို့နှင့်အတူ အနုပိယသရက်ဥယျာဉ်၌ အရှင်ဗေလဋ္ဌသီသကို ဥပဇ္စျာယ်ပြု၍ ရဟန်းပြုခဲ့ကြသည်။ မန္တာဏီပုတ္တ အရှင်ပုဏ္ဏမထေရ်၏ တရားစကားကို ကြားနာရ၍ သောတာပန်ဖြစ်ခဲ့သည်။ ပဌမဗောဓိခေါ် မြတ်စွာဘုရားရှင် ၀ါတော်နှစ်ဆယ်အတွင်း၌ အမြဲတမ်းအလုပ်အကျွေးမထေရ် မရှိခဲ့ပေ၊ တခါတရံ အရှင်နာဂသမာလထေရ်၊ တခါတရံ နာဂိတထေရ်၊ တခါတရံ ဥပဝါနထေရ်၊ တခါတရံ လိစ္ဆဝီမင်းသား သုနက္ခတ္တရဟန်း၊ တခါတရံ အရှင်သာရိပုတ္တရာ၏ညီ စုန္ဒ၊ တခါတရံ သာဂတမထေရ်၊ ရာဓထေရ်၊ မေဃိယထေရ် စသူတို့လုပ်ကျွေးပြုစုကြသည်။ ထိုသို့ အလုပ်အကျွေးထေရ်မမြဲသဖြင့် မြတ်စွာဘုရားအတွက် ရံခါ အခက်အခဲ တွေ့ရတတ်သည်။ တနေ့သော် မြတ်စွာဘုရားသည် ဇေတဝန်ကျာင်းတော်၌ သံဃာတော်များကို စည်းဝေးစေပြီး “ယခုအခါ ငါဘုရားသက်တော် ၅၅-နှစ်ကျော်ခဲ့ပြီ၊ အမြဲတမ်း အလုပ်အကျွေးမထေရ်ရှိမှ သင့်တော်မည်”ဟုမိန့်တော်မူသည်ကို ကြားရသောအခါ ရဟန်းတော်တို့ သန္တာန်ဝယ် သံဝေဂကြီးစွာ ဖြစ်လေသည်။ အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလ္လာန် စသော (အသီတိမဟာသာဝက) တပည့်ကြီး ရှစ်ကျိပ်တို့ အသီးသီး ထ၍ ထ၍ ပြုစုလုပ်ကျွေးခွင့်ပြုပါမည့်အကြောင်း တောင်းပန်ကြသော်လည်း မြတ်စွာဘုရားက မြစ်ပယ်တော်မူသည်။ ရဟန်းအချို့က အရှင်အာနန္ဒာကို အလုပ်အကျွေးအရာတောင်းဆိုရန် တိုက်တွန်းကြသည်။ မြတ်စွာဘုရားသည် တပည့်တော်ကို မြင်တော်မူပါသည်။ အကယ်၍အလိုရှိတော်မူပါလျှင် “အာနန္ဒာ-ငါဘုရားကို လုပ်ကျွေးလော့ ဟုမိန့်တော်မူလိမ့်မည်၊ တောင်းမှရသော ရာထူးမျိုးကို မလိုချင်ပါ”ဟုပြန်လည်ပြောဆိုလေသည်။ မြတ်စွာဘုရားကလည်း “ချစ်သားတို့-အာနန္ဒာကို မတိုက်တွန်းကြနှင့်၊ အာနန္ဒာသည် သူ့အလိုလိုပင် ပြုစုလုပ်ကျွေးပေလိမ့်မည်”ဟု မိန့်တော်မူ၏။ ထိုအခါ အရှင်အာနန္ဒာသည်“ပယ်လေးတန် ပန်လေးပါး” ခေါ်ဆုရှစ်ပါးကို တောင်းခဲ့လေသည်။ (၁) မြတ်စွာဘုရား - အရှင်မြတ်ဘုရား လက်ခံရရှိသည့် ကောင်းမြတ်သောသင်္ကန်းနှင့် (၂) ဆွမ်းတို့ကို မချီးမြှောက်စေလိုပါ၊ (၃) မြတ်စွာဘုရားနှင့်အတူ ဂန္ဓကုဋီတတိုက်တည်းနေရန် ခွင့်မပြုစေလိုပါ၊ (၄) ဘုရားရှင်တစ်ပါးတည်းကိုသာ သီးခြားပင့်သော နေရာသို့ ဘုရားတပည့်တော်အား ခေါ်မသွားစေလိုပါ။ ဤပယ်လေးတန်ကို ခွင့်ပြုတော်မူရန် တောင်းခံလိုက်သည်၊ အကြောင်းမှာ“အာနန္ဒာပြုစုလုပ်ကျွေးသည်မျာ လာဘ်လာဘကို မျှော်ကိုး လုပ်ကျွေးခြင်းဖြစ်သည်”ဟု ပြောဆိုဖွယ် မရှိစေလိုသောကြောင့် ဖြစ်သည်။ တဖန် မထေရ်မြတ်တောင်းခံသည့် ပန်လေးဆုမှာ - (၁) မြတ်စွာဘုရား - ရှင်တော်ဘုရားသည် ဘုရားတပည့်တော် လက်ခံထားသော ပင့်ဖိတ်ရာအရပ်ကို ကြွတော်မူစေချင်ပါသည်၊ (၂) ရပ်ဝေးဘုရားဖူးများအတွက် ဘုရားတပည့်တော် လျှောက်ထားသောအခါ ဖူးတွေ့ခွင့် ပေးတော်မူစေချင်ပါသည်၊ (၃) ဘုရားတပည့်တော် ယုံမှားသံသယရှိ၍ မေးလျှောက်လိုသောအခါ မေးလျှောက်ခွင့် ပြုတော်မူစေချင်ပါသည်၊ (၄) ဘုရားတပည့်တော်၏ မျက်ကွယ်တွင် ဟောသမျှတရားများကို ဘုရားတပည့်တော်အား ပြန်လည်ဟောပြ ပေးတော်မူစေချင်ပါသည်။ ထိုအခါမှစ၍ အရှင်အာနန္ဒာသည် မြတ်စွာဘုရားရှင်အား အမြဲမပြတ် ပြုစုလုပ်ကျွေးရသူ ဖြစ်လာလေသည်။ မြတ်စွာဘုရားအား ရေပူရေချမ်း ကမ်းလှမ်းခြင်း၊ ဒန်ပူတို့ကို ဆက်ကပ်ခြင်း၊ခြေဆုပ်လက်နယ် ပြုလုပ်ပေးခြင်း၊ ဂန္ဓကုဋီပရိဝုဏ်ကို တံမြက်လှည်းခြင်းစသည်တို့ကို ပြုစုပေးတော်မူရသည်။ တနေ့လုံး မြတ်ဘုရားအနီးါပါးဝယ်ဝတ်ကြီးဝတ်ငယ်ပြုစုပြီး ညအခါ ဆီမီးတိုင် ဆွဲကိုင်လျက် ဘုရားသီတင်းသုံးရာ ဂန္ဓကုဋီကျောင်းတော်ကို လှည်လည်ကာ ပြုစုစောင့်ရှောက်တော်မူသည်။ မြတ်စွာဘုရားသည် သံဃာ့အစည်းအဝေးပွဲကြီးတွင် အရှင်အာနန္ဒာမထေရ်အား - (၁) ဗဟုဿုတ ဧတဒဂ် = အကြားအမြင်အများဆုံး၊ (၂) သတိမန္တ ဧတဒဂ် = သတိအကောင်းဆုံး၊ (၃) ဂတိမန္တ ဧတဒဂ် = ဉာဏ်ပညာအကောင်းဆုံး၊ (၄) ဓိတိမန္တ ဧတဒဂ် = ဝီရိယအကောင်းဆုံး၊ (၅) ဥပဋ္ဌာက ဧတဒဂ် = ပြုစုလုပ်ကျွေးသူတို့တွင် အတော်ဆုံး ဟူသော ဧတဒဂ်ဘွဲ့ထူး ရာထူးဌာနန္တရငါးမျိုးတို့ကို ချီးမြှင့်တော်မူသည်။ အရှင်အာနန္ဒာသည် မြတ်စွာဘုရားအား အချိန်ပြည့် ပြုစုလုပ်ကျွေးနေရပြီး သာသနာတော်ရေးရာကိစ္စများကို ဦးစားပေးဆောင်ရွက်နေရသဖြင့်ကိုယ်ရေးကိုယ်တာ ၀ိပဿနာရူပွားမူများကို အလေးမပေးနိုင်ခဲ့ပေ၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူပြီး သုံးလနှင့် ၄-ရက်အကြာ သံဂါယနာတင်ရန်အတွက် သံဃာ့အစည်းအဝေးကြီးတွင် သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ် အပါး ၅၀၀-ရွေးချယ်ကြရာ ဆဠဘိည၊ တေဝိဇ္ဇ၊ ပဋိသမ္ဘိဒါပတ္တ ရဟန္တာကြီး ၄၉၉-ပါးကို အရှင်မဟာကဿပက ရွေးချယ်ခဲ့သည်။ မြတ်စွာဘုရား၏ တရားဒေသနာအားလုံးကို အစအဆုံးအပြည့်အစုံသိသူမှာ အရှင်အာနန္ဒာသာဖြစ်၍ အရှင်အာနန္ဒာမပါသော သံဂါယနာပွဲသည် ပြည့်စုံမည့်ပွဲမဖြစ်နိုင်ပေ၊ သို့ဖြစ်၍ အရှင်မဟာကဿပသည် နောက်ဆုံးတစ်ပါးကို ရွေးချယ်ရန်အတွက်သံဃာ့ပရိသတ်ကို တာဝန်ပေးတော်မူသည်၊ သံဃာ့ပရိသတ်ကလည်း အရှင်မဟာကဿပမထေရ်ကြီး လျာထားသည့်အတိုင်း အရှင်အာနန္ဒာကိုပင် မှန်ကန်စွာ ရွေးချယ်ပေးခဲ့ကြသည်။ အရှင်အာနန္ဒာသည် သောတာပန်သာဖြစ်သေးသဖြင့် ဘာကြောင့် ရွေးချယ်ရပါသနည်းဟု အရှင်မဟာကဿပက မေးတော်မူသောအခါ“အရှင်မြတ်ဘုရား-အရှင်အာနန္ဒာသည် မြတ်စွာဘုရားနှင့် အမြဲထာဝရ အနီးကပ်ပြုစု လုပ်ကျွေးနေထိုင်သူဖြစ်ပါသည်။ မြတ်စွာဘုရားဟောကြားသမျှ မျက်မှောက် မျက်ကွယ် တရားအားလုံးကို တစ်ခုမကျန် ပြန်လည်နာကြားသင်ယူရသူဖြစ်ပါသည်။ မြတ်စွာဘုရား၏ တရားတော်တို့ကို စုစည်းရာ သံဂါယနာပွဲသဘင်သည်အရှင်အာနန္ဒာမပါလျှင် ပြီးပြည့်စုံသောပွဲသဘင် ဖြစ်မည်မထင်ပါ။ အရှင်အာနန္ဒာသည် သောတာပန်သာဖြစ်သော်လည်း အဂတိလေးပါး လိုက်စားမည့်သူ မဟုတ်ပါ၊ ထို့ကြောင့် သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ် အဖြစ် ရွေးသင့်ပါသည်”ဟု လျှောက်ထားကြသည်။အမှန်မှာမူ အရှင်မဟာကဿပကိုယ်တော်တိုင်လည်းအရှင်အာနန္ဒာမပါက မဖြစ်နိုင်ကြောင်း သိတော်မူပြီး ဖြစ်ပါသည်၊ သို့သော်မိမိနှင့် ရင်းနှီးသူဖြစ်သဖြင့် မျက်နှာလိုက် ရွေးချယ်သည်ဟု သူတပါးတို့အပြစ်တင်စကား ပြောကြားမူကင်းဝေးစေရန် သံဃာ့ပရိသတ်ကို တာဝန်ပေးတော်မူခြင်း ဖြစ်သည်။ သံဂါယနာတင်ရေးကိစ္စ ရဟန္တာအရှင်မြတ်ကြီးများ ကြောင့်ကြမူ များနေကြသလောက် အရှင်အာနန္ဒာကမူ လှည့်လည်၍ တရားဟောနေ၏၊ဝဇ္ဇပုတ္တကမထေရ်ကြီးသည် တရားလှည့်လည်ဟောနေသော အရှင်အာနန္ဒာအား “ကိ ံ” တေ ဗိဠိဗိဠိကာ ကရိဿတိ-ငါ့ရှင် လှည့်လည်ပြီး တရားတွေ ဗလစ် ဗလစ် ဟောပြောနေဖို့အချိန်မဟုတ်တော့ဘူး၊ ရဟန္တာဖြစ်အောင် အားသွန်ကြိုးပမ်းပါတော့လား”ဟု သတိပေးခဲ့ဖူး၏၊ ထိုအခါ အရှင်အာနန္ဒာသည် သံဂါယနာတင်အမီ ရဟန္တာဖြစ်ရေးအတွက်ကြိုးစားအားထုတ်တော်မူသည်၊ ဤသံဃာပရိသတ်တွင် ကိလေသာညှီစောနံသူ တစ်ဦးရှိသေးသည်ဟု သီတင်းသုံးဖော် မထေရ်အချို့ကလည်း ပြောဆိုကြသည်။ “အာနန္ဒာ-သင်သည် ပါရမီဘုန်းကံကြီးသူဖြစ်သည်။ ရဟန်းတရားကိုသာ အားထုတ်ပါ၊ မကြာမီရဟန္တာဖြစ်ပါလိမ့်မည်”ဟု တချိန်က မိန့်တော်မူခဲ့ဖူးသော မြတ်စွာဘုရား၏ စကားတော်တို့ကိုကြားယောင်မိသည်။ ထိုအချက်များအားလုံးကို ဆင်ခြင်သုံးသပ်ပြီး “ငါသည်သေက္ခအဖြစ်ဖြင့် သံဃာ့အစည်းအဝေးသို့ ဝင်ရန်မသင့်လျော်ဟု”စိတ်ကူးက အပြင်းအထန် တရားအလုပ် အားထုတ်တော်မူသည်။ သံဂါယနာမတင်မီ တစ်ရက်အလိုတွင် ကာယဂတာသတိတရားကို အပြင်းအထန် ရူပွားတော်မူရာ ဝီရိယလွန်သဖြင့် တရားထူးမရဖြစ်နေ၏၊ အရုဏ်တက်ရန် နီးလာပြီဖြစ်သဖြင့် ခေတ္တမျှ အပန်းဖြေနားနေတော်မူရန် စင်္ကြ ံဦးမှ ဖယ်ခွာ၍ အိပ်ရာသို့ သတိပဋ္ဌာန်းတရားဖြင့် ကြွသွားတော်မူသည်။ အိပ်ရာပေါ်သို့ အရောက်တွင် အသာအယာခန္ဓာကိုယ်ကို လှဲချတော်မူစဉ် ကိလေသာအာသဝေါကုန်ခန်း၍ ရဟန္တာဖြစ်တော်မူသည်။ လျောင်း ထိုင် ရပ် သွား ဣရိယာပုတ်လေးပါးတွင် မည်သည့် ဣရိယာပုတ်နှင့်နေ့စဉ် ရဟန္တာဖြစ်တော်မူသည်ဟု ပြော၍မရ၊ ဣရိယာပုတ်လေးပါးမှ လွတ်၍ ရဟန္တာဖြစ်တော်မူသည်။ ဘုရင်အဇာတသတ်သည် ဂိဇ္စျကုဋ်တောင်ယံ စရည်းပင်ပေါက်ရာ သတ္တပဏ္ဏိလိုဏ်ဂူ၌ ကြီးကျယ်ဆန်းပြား ခမ်းနားစွာ မဏ္ဍပ်ကြီးငယ်တို့ကို ဆောက်ကာ ပစ္စည်းလေးပါးတာဝန်ယူ၍ ပထမသံဂါယနာပွဲကိုကူညီအားပေးခဲ့သည်။ သံဃာအားလုံး စုံညီချိန်၌ အရှင်အာနန္ဒာသည် တန်ခိုးဖြင့် မြေ၌ငုပ်လျှိုုးလာကာ မိမိအတွက်ထားသောနေရာ၌ တက်သစ်စနေဝန်းအလား ဘွားကနဲထွက်ပေါ် ထိုင်နေတော်မူလာသည်၊ အရှင်မဟာကဿပ မထေရ်ကြီးသည် ဝမ်းသာပီတိဖြစ်ကာ“အကယ်၍များ မြတ်စွာဘုရားသာ သက်တော်ထင်ရှားရှိပါမူ ယနေ့ရဟန္တာအဖြစ် မြင်တွေ့ရသော အရှင်အာနန္ဒာကို ချီးကျူးတော်မူပေလိမ့်မည်၊ဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူသွားပြီးဖြစ်၍ ဘုရားရှင်ကိုယ်စား ငါကပင် ကောင်းချီးပေးတော့အံ့”ဟု တွေးကြံတော်မူကာ အရှင်အာနန္ဒအား ချီးကျူးတော်မူသည်။ သာသနာတော်နှစ် ၁-နှစ်၊ ၀ါခေါင်လပြည့်ကျော် ၅-ရက်နေ့ ပထမသံဂါယနာသဘင်တွင် အရှင်မဟာကဿပမထေရ်ကြီး ဦးဆောင်သော ရဟန္တာမထေရ်ကြီး အပါး (၅၀၀) ကြွတော်မူကြသည်။ အရှင်မဟာကဿပ က သံဃနာယကထေရ်ကြီးအဖြစ် ဆောင်ရွက်တော်မူပြီး ပိဋကသုံးဖြာ၏ ပုစ္ဆကထေရ်တာဝန်ကို ယူတော်မူသည်။ ၀ိနယပိဋက၏ ၀ိဿဇ္ဇကခေါ် အဖြေရှင်တာဝန်ကို အရှင်ဥပါလိက ယူတော်မူသည်။ သုတ္တန္တပိဋက၊ အဘိဓမ္မပိဋက နှစ်ပုံ၏ အဖြေရှင်တာဝန်ကို အရှင်အာနန္ဒာကပင် ယူတော်မူသည်။ သံဃာ့မထေရ်ကြီးဖြစ်သော အရှင်မဟာကဿပက သုတ်တခု တခုကို မေးစစ်တော်မူတိုင်း “ဧဝံ မေ သုတံ - ဤသို့ ကြားနာမှတ်သားဆောင်ထားဖူးပါသည်”ဟု အစချီကာ အရှင်အာနန္ဒာ၏ ဖြေကြားချက်သည် ပိဋကစာပေများအပေါ် အကြောင်းထုပ္ပတ်နှင့်တကွ မည်မျှခိုင်မာကြောင်း အာမခံချက်ပေးလိုက်ခြင်းပင် ဖြစ်သည်။ ပိဋကရေးရာ သုတ်ဒေသနာများကို စနစ်တကျမေးဖြေစိစစ်လျက် မှတ်တမ်းတင်တော်မူကြရာ သံဃာတော်အများကအတည်ပြုသောအားဖြင့် တညီတညာတည်း စုပေါင်းရွတ်ဆိုတော်မူကြသည်။ သံဂါယနာတင်ပွဲသည် ၇-လတိုင်တိုင် ကြာမြင့်ခဲ့၏၊ ဤသို့ အာဏာစက်နှင့် ဓမ္မစက် နှစ်ရပ် ပေါင်းစပ်ညီညာ သံဂါယနာတင်လိုက်ခြင်းဖြင့် အဓမ္မဝါဒီတို့ပျောက်ကွယ်သွားလေတော့သည်။ အရှင်အာနန္ဒာမထေရ်သည် သက်တော် ၁၂၀-အထိ သာသနာတော်အကျိုးစီးပွားကို များပြားစွာ ဆောင်ရွက်တော်မူပြီးသာသနာတော်နှစ် ၄၀-ခုနှစ်တွင် ကပိလဝတ်နှင့် ကောလိယအကြားရောဟိဏီမြစ်အလယ်ထက်ကောင်းကင်၌ တေဇောဓာတ်လောင်၍ ပရိနိဗ္ဗာန် ပြုတော်မူလေသည်။ သရီရဓာတ်တော်များကို မြစ်နှစ်ဘက်ရှိ ပြည်သူများ ကိုးကွယ်ရန် အဓိဋ္ဌာန်ခဲ့၍ နှစ်ဖြာခွဲကာကျရောက်လာကြကုန်၏၊ တစ်သာသနာတွင်မှ တစ်ယောက်ဟု ဆိုစလောက်သော အရှင်အာနန္ဒာ၏ စွမး်ရည်နှင့် ဂုဏ်ကျေးဇူးကား ထေရဝါဒ သာသနာ့သမိုင်း၊ ပိဋကစာပေသမိုင်းတွင်အနိူင်းမဲ့ဖြစ်ပေတော့သည်။ အရှင်အာနန္ဒာမထေရ်မြတ်ကြီး ဟောကြားကျူးရင့်တော်မူလေ့ရှိသော သြဝါဒတရားတော် - ဗဟုဿုတံ ဥပါသေယျ၊ သုတဥ္စ န ၀ိနာသယေ။ တံ မူလံ ဗြဟ္မစရိယဿ၊ တသ္မာ ဓမ္မဓရော သိယာ။ အကြားအမြင်များသူကို မှီဝဲဆည်းကပ်ရမည်၊ မှီဝဲဆည်းကပ်၍ ရအပ်သောအကြားအမြင်ကိုလည်း မပျောက်မပျက်အောင် မှတ်သားရမည်။ ထိုသို့အကြားအမြင်များပြားခြင်းသည် မဂ်တည်းဟူသော မြတ်သောအကျင့်၏ အကြောင်းရင်းမူလဖြစ်သည်၊ ထို့ကြောင့် ရှေးဦးစွာ တရားစာပေကို သင်ယူမှတ်သား ဆောင်ထားထိုက်ပေ၏။ ဓမ္မာရာမော ဓမ္မရတော၊ ဓမ္မံ အနုဝိစိန္တ ယံ။ ဓမ္မံ အနုဿရံ ဘိက္ခု၊ သဒ္ဓမ္မာ န ပရိဟာယတိ။ တရားတော်လျှင် မွေ့လျော်ရာရှိသော၊ တရားတော်၌ မွေ့လျော်သော၊ တရားတော်ကို အဖန်ဖန် ဆင်ခြင်ရူမှတ်သော၊ တရားတော်ကို အဖန်ဖန် အောက်မေ့ပွားများသော ရဟန်းသည် သူတော်ကောင်းတို့၏ တရားမှ မဆုတ်ယုတ်နိုင်။ အဗ္ဘတီတသဟာယဿ၊ အတီတဂတသတ္ထုနော။ နတ္ထိ ဧတာဒိသံ မိတ္တံ၊ ယထာ ကာယဂတာသတိ။ မြတ်စွာဘုရားတည်းဟူသော ဆရာလွန်ခြင်းကြောင့် အဆွေခင်ပွန်းကောင်းမှ ကင်းကွာခဲ့ရသော ငါ့အား ကာယဂတာသတိသည်ပင် ငါ၏ အကျိုးစီးပွားကို ဆောင်တတ်သောအဆွေခင်ပွန်းကောင်း အစစ် ဖြစ်ပေတော့၏။ (ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။)
https://www.dhammaransi.com/index.php/new/472-2016-11-23-11-26-32.html
သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ
သောတာပန် သောတာပန်ဟူသည် ပထမမဂ်ဉာဏ်ရသော ပုဂ္ဂိုလ်ကို ခေါ်ဆိုသည်။ သောတာပန် (၂ )မျိုး (၁)စူဠသောတာပန် ခန္ဓာ ၊ အယတန ၊ ဓာတ် ၊ သစ္စာ ၊ ပဋိစ္စသမုပ္ပါဒ် သဘောတရားများကို သုတမယ ဉာဏ်ဖြင့်် သိပြီး ၊ စိန္တာမယ ဉာဏ်ဖြင့်လည်း ဝေဖန်သုံးသပ် ဆင်ခြင်တွေးခေါ်နိုင်ပြီး ဖြစ်မှု ၊ပျက်မှု သဘောတရားကို မြင်သောပုဂ္ဂိုလ်။ (၀ိပဿနာ ရှု၍ ဥဒယ-ဘယ ဉာဏ်ကိုရောက်ရင်ကို အကျိုးများသည်ဟု ဆရာတော်များ ဟောကြားကြသည်။) အဆင့်အတန်း (က) တစ်ဘဝ ( သို့ ) နှစ်ဘဝ အပယ် မလား။ (ခ) အသိတရားအဆင့် ( ညာတပရိညာ ) (ဂ) အပွားအဆင့် ( တရားအားထုတ်မှု၍ ဒိဌိမပြုတ်သေး ၊ ဒုဗ္ဗလ ( အားနည်းသော ) ၀ိပဿနာ ) (၂) မဟာသောတာပန် ခန္ဓာ ၊ အယတန ၊ ဓာတ် ၊ သစ္စာ ၊ ပဋိစ္စသမုပ္ပါဒ် သဘောတရားများကို သုတမယ ဉာဏ်ဖြင့်် သိပြီး ၊ စိန္တာမယ ဉာဏ်ဖြင့်လည်း ဝေဖန်သုံးသပ် ဆင်ခြင်တွေးခေါ်ရုံသာမကဘဲ ၊ ဘာဝနာမယဉာဏ်ဖြင့် ကြိမ်ဖန်များစွာ ကြိုးစားပွားများနေသောကြောင့် ခန္ဓာ(၅)ပါး ၊ ရုပ်နာမ် (၂)ပါး၏ ဖြစ်ပျက်ကို မြင်၊ ဖြစ်ပျက်ကို မုန်း ၊ ဖြစ်ပျက်၏ဒုက္ခကြီး ချုပ်ဆုံးမှုကိုပါ မြင်သော ပုဂ္ဂိုလ် ။ မဟာသောတာပန် (၄)မျိုး (က) သတ္တက္ခတ္တုပရ သောတာပန် = (၇) ကြိမ် ပဋိသန္ဓေ နေပြီး နိဗ္ဗာန်ဝင်သူ (ခ) ကောလံကောလသောတာပန် = လူနတ်ဘဝ နှင့် ၂ ဘဝမြောက်မှ ၊ ၆ ဘဝမြောက်အထိသာ နေပြီးနိဗ္ဗာန်ဝင်သူ (၂၊၃၊၄၊၅၊၆ ကြိမ် ပဋိသန္ဓေ နေပြီး နိဗ္ဗာန်ဝင်သူ ) (ဂ) ဧကဗီဇီ သောတာပန် = လူနတ်ဘဝ နှင့် ၁ ကြိမ် သာနေပြီး နိဗ္ဗာန်ဝင်သူ (ဃ) ဘုံစဉ်စံ သောတာပန် = သုဒ္ဓါ၀ါသ ဗြဟ္မဘုံကိုချန်ပြီး ကျန်သုဂတိဘုံများ တွင် တစ်ဘဝပြီး မြင့်ကာ မြင့်ကာ ဘုံစဉ်စံပြီး နိဗ္ဗာန်ဝင်သူ ( ၀ိသာခါ ၊ သိကြားမင်း ၊ အနာတပိဏ်) သကဒါဂါမ် သကဒါဂါမ် ဟူသည် ဒုတိယမဂ်ဉာဏ်ရသော ပုဂ္ဂိုလ်ကို ခေါ်ဆိုသည်။ အနာဂါမ် အနာဂါမ်ဟူသည် တတိယမဂ်ဉာဏ်ရသော ပုဂ္ဂိုလ်ကို ခေါ်ဆိုသည်။ ရဟန္တာ ရဟန္တာဟူသည် စတုတ္ထမဂ်ဉာဏ်ရသော ပုဂ္ဂိုလ်ကို ခေါ်ဆိုသည်။ ကိုးကား မိုးကုတ်တရားမှ
https://www.dhammaransi.com/index.php/new/473-2016-11-23-11-25-15.html
တရားနာရကျိုး ဖတ်ရကျိုး (၅) မျိုး
1- ယခုဘဝ၌ပင်တရားထူးရနိုင်ခြင်း။ တရားတော်သည်အလွန်သိမ်မွေ့လှပြီး အတိတ်အထုံကောင်းလွန်းလျင် နာနေဆဲ တစ်ခဏမှာပင် မထင်မှတ်ပဲရသွားနိုင်ခြင်း ကြောင့် တရားတော်နာနိုင်ဖတ်နိုင်သည့်ဘဝမို့ နာဘို့သာ လိုရင်းကျလှကြောင်း နာယူမှတ်သားနေသူအတွက် ယခုဘဝပင် ရနိုင်ကြောင်း ဖော်ညွန်းခြင်းဖြစ်ပါသည် 2- မကျန်းမာသောအခါ တရားထူးရနိုင်ခြင်း မကျန်းမာသူတို့ထုံးစံအတိုင်းစိတ်ဓာတ်ကျတတ်ပါသည် အားငယ်တတ်ပါသည်။မာန်မာနလဲကျိုးတတ်ပါသည်။ ကျန်းမာစဉ်ကပြောမှားဆိုမှားတွေကိုသံဝေဂရနေတတ် ပါသည်။ ထိုအချိန်မျိုးတွင်တရားကိုဆင်ခြင်နိုင်စွမ်းထက်မြက် လာချိန်ဖြစ်၍ တရားထူးရနိုင်ချိန်ဟုဟောထားခြင်း ဖြစ်ပါသည်။ 3- သေခါနီး၌တရားထူးရနိုင်ခြင်း။ မိမိသေတော့မည်ဆိုသည်ကိုသေမည့်သူတိုင်းသိပီးမှ သေလေ့ရှိပါသည်။ ယခင်ဖျားနာစဉ်ကဝေဒနာမျိုးထက် ထူးခြားစွာခံရချက်ဆိုးလာခြင်းကြောင့်ပေတည်း။ ထိုအချိန်တွင်တရားနာဘူးထားသူမှာ ကိုယ့်ကိုယ်သာ အားကိုးရတော့မှာပါလားဟူသည့်အသိဉာဏ်သည် ကျန်းမာစဉ်ကာလထက်ထက်သန်လာကာ နလုံးသွင်း ပိုမိုမှန်ကန်လာခြင်းကြောင့်ပေတည်း။ 4- နတ်ပြည်ရောက်ချိန်တွင်တရားထူးရနိုင်ခြင်း။ နတ်ခန္ဓာသည်လူခန္ဓာကဲ့သို့၃၂ကောဌာသမစုံပေ။ ချွေး သလိပ် ပြည် တို့မရှိပေ။ လူ့ခန္ဓာမှာမူဉာဏ်ပေါ်တွင် သလိပ်၁ပြည်သားခန့် ဖုံးအုပ်ထားကြောင်းဆောင်ဟောထားပါသည်။ နတ်ဉာဏ်ထက်သည်ဆိုခြင်းမှာ နတ်ဉာဏ်ပေါ်တွင်သလိပ်ဖုံးအုပ်ထားမှု့မရှိခြင်း ကြောင့်လည်း ဖြစ်ပါသည်။ လူ့ပြည်နေစဉ် တရားနာနေဘို့သာလိုရင်းပါ။ 5- ပစ္စေကဗုဒါ္ဓ ဖြစ်နိုင်ခြင်း ။ မိမိ၏အတိတ်ပါရမီမည်မျှပါသည်ကိုမည်သူမျှမသိ နိုင်ပေ။ ပစ္စေကဗုဒါ္ဓများမှာ တစ်ခဏနာရုံဖြင့်သာ ဖြစ်သွားရိုးထုံးစံကိုဆိုလိုပါသည်။ သို့သော်ယခုဘဝ တရားနာပါလျက် တရားထူးမရ ပေမဲ့ တမလွန်တွင် ပစ္စေကဗုဒါ္ဓရနိုင်သေးသည်ကို ဆိုလိုပေသည်။ ယခုဘဝတရားနာ/တရားစာဖတ်နေဘို့သာလိုရင်းပါ။ (ပေဋကော။၁၈၇။) #သို့သော်နာယူမှတ်သားဖတ်ကြားသောတရားသည်သစ္စာနှင့်စပ်သောတရားတဏှာရာဂနှင့်စပ်သောတရားပဋိစ္စသမုပါ္ပဒ်နှင့်စပ်သောတရား အစရှိသည့် သုညတတရားတော်များ ဖြစ်ဘို့တော့လိုပါမည်။ # ဦးဇဝန မကွေး
https://www.dhammaransi.com/index.php/new/474-2016-11-23-11-24-26.html
သောတပန်အကြာင်း
ညီမလေးမောင်လေးတွေမေးတဲ့ သောတာပန်နဲ့ပတ်သက်တဲ့အဖြေပါ .... ( ၁ ) သောတာပန်ဆိုတာဘာလဲ သောတာပန်အကြောင်း လေးသိချင်လို့တင်ပေးပါတဲ့ ... ( ၂ ) သောတာပန် ဘယ်နှစ်မျိုးရှိလဲ ( ၃ ) သောတာပန်ပြီး ( ၇ ) ဘဝပြည့်ရင်ကျွတ်တမ်းဝင်တယ်ဆိုတာအမှန်လား ( ၄ ) လူတစ်ယောက် သောတာပန်ဆိုတာကို ဘယ်လိုသိနိုင်လဲ ... ( ၅ ) ဘဝတစ်ခုမှ သောတာပန် ဖြစ်ပြီးသူတွေက လက်ရှိဘဝ မှာထူးခြားမှုရှိလား ( ၆ ) တစ်ချို့တွေသူ သူတို့ကိုယ်သူတို့သောတာပန်လို့ဘာလို့ပြောကြတာလဲ ( ၇ ) တရားကျင့်ပြီး မြင်တာကြားတာတွေကရောသောတာပန်ထက်အဆင့်မြင့်လား ( ၈ ) သိကြားမင်းကသောတာပန်လား ဒါဆိုဘုရားရှင်ရှိရက်နဲ့ သိကြားမင်းဖြစ်ရက်နဲ့ ဘာလို့နိဗ္ဗာန်မရောက်ရတာလဲ အို ..... အများကြီးမှ အများကြီးပဲ မေးထားတာတွေများစုံလို့ .... များဆို သောတာပန်တွေကလဲ များလာတာ ကိုး ( Abegail Aung WannaSoe Mdy တို့မေးတာပါ ... ) ★ တစ်ကယ်တော့ နူးကလဲ ၀ိပသနာ အကြောင်း တစ်ကယ်ကို ဘာဆို ဘာမှ မသိသေးပါဘူး .... ဒီတော့ ကိုယ်ဖတ်ထားတဲ့ ဗဟုသူတလေးတွေကိုပဲ ပြန်ဖြေပေးလိုက်ပါတယ် ... လုံးဝမသိသေး တာထက်စာရင် နဲနဲလေးသိရအောင်ပါ .... ★ သောတာပန်အကြောင်းကိုစပြောမယ်ဆိုရင် .... သောတာပန် ဆိုတာရဲ့ အဓိပါယ်ကို အရင်ပြောရမှာပေါ့ သောတာပန် ဆိုတာ သောတာပန္န ဆိုတဲ့ ပါဠိပုဒ်ကို မြန်မာမှုပြုထားတာပါ သောတာပန္နဆိုတာကတော့ သောတ နဲ့ အာပန္န ပုဒ်နှစ်ခုကို ပေါင်းစပ်ထား တာပါ .... ဂင်္ဂွါ မြစ်ရေသည် သမုဒ္ဒရာထဲ ရောက်သည်ထိ ... မနားတမ်း တသွင်သွင် စီးဆင်သကဲ့သို့ ... နိဗ္ဗာန်သို့ရောက်သည့်တိုင် တသွင်သွင်စီးဆင်းခြင်း လို့ အဓိပါယ်ရမယ်ထင်ပါတယ် ... ဘယ်လိုလူပုဂ္ဂိုလ် မျိုးတွေက သောတာပန်ဖြစ်အောင် ကြိုးစားနိုင်လဲ ဆိုရင် .... လူပုဂ္ဂိုလ် ( ပုထုဇဉ် ) နှစ်မျိုးနှစ်စားရှိပါတယ် ..... ★ ★ ( ၁ ) အန္ဓ ပုထုဇဉ် ကံ ကံ၏ အကျိုးနဲ့ လောကရဲ့ ဖြစ်ခြင်း ပျက်ခြင်းသဘောတရားကို လုံးဝမသိသူ ... ဝေဖန် သုံးသပ်တတ်မှု ဉာဏ်မရှိသူ ((ခန္ဓာ ၊ အယတန ၊ ဓာတ် ၊ သစ္စာ ၊ ပဋိစ္စသမုပ္ပါဒ် သဘောတရားများကို သုတမယ ဉာဏ်ဖြင့်ပင် မသိသူ။)) တရားနဲ့ပတ်သက်တာတွေ ဖတ်ရင် တစ်ကြောင်းလောက်ဖတ်တာနဲ့ ရှည်လို့ ဆက်မကြည့်တော့တာ ... ဒါန သီလ ဘာဝနာဆိုတာကိုမသိတာ ကိုယ်ချင်းမစာတတ်တာ အပျော်အပါးကို ခုံမင်လွန်းတာ ထင်ပေါ် ကျော်ကြားမှုကို တပ်မက်လွန်းတာ ရန်လိုမှု ကြီးတာ ...... ကိုယ့်မှာ ဒီလိုစိတ်တွေ ရှိနေပြီဆို ကျိန်းသေပါပြီ .... ★ ★ (၂) ကလျာဏ ပုထုဇဉ် ကံ ကံ၏ အကျိုးနဲ့ လောကရဲ့ ဖြစ်ခြင်း ပျက်ခြင်းသဘောတရားကို သိရှိသူ ... ဝေဖန် သုံးသပ်တတ်မှု ဉာဏ်ရှိသူ (( ခန္ဓာ ၊ အယတန ၊ ဓာတ် ၊ သစ္စာ ၊ ပဋိစ္စသမုပ္ပါဒ် သဘောတရားများကို သုတမယ ဉာဏ်ဖြင့်် သိပြီး ၊ စိန္တာမယ ဉာဏ်ဖြင့်လည်း ဝေဖန်သုံးသပ် ဆင်ခြင်တွေးခေါ်နိုင်သော ဉာဏ်ရှိသူ )) ဒီပုထုဇဉ် နှစ်မျိုးထဲကမှ ဒုတိယအမျိုးအစားက ကျင့်ကြံအားထုတ်ပြီး သောတပန် တည်နိုင် ပါတယ် .... ★ ★ ★ သောတာပန် သောတာပန် ဆိုတာကတော့ ပထမမဂ်ဉာဏ်ရသော ပုဂ္ဂိုလ်ကို ခေါ်တာပါ သမ္မာဒိဋ္ဌိစသောမဂ္ဂင်ရှစ်ပါးမှ အခြေခံဖြစ်သော ရှေးဦးစွာ ဖြစ်ပေါ်လာသည့် သောတာပတ္တိမဂ် ကိုရရှိခြင်းကို ဆိုလိုတာပါ ... `သဟာဝဿဒဿနသမ္ပဒါယ၊တယဿုဓမ္မာဇဟိတာဘဝန္တိ။သက္ကာယဒိဋ္ဌိ၀ိစိကိစ္ဆိတ ဉ္စ၊သီလဗ္ဗတံဝါပိယဒတ္ထိကိ ဉ္စိ။´´ (((( သောတာပန်ဖြစ်သည်နှင့်တပြိုင်နက်`သက္ကာယဒိဋ္ဌိ၊၀ိစိကိစ္ဆာ၊သီလဗ္ဗတပရာမာသ´ တရားသုံးပါးနှင့် ကိလေသာအချို့ကို ပယ်ရှားအပ်ပြီး ဖြစ်၏ )))) တဲ့ ... ★ သောတာပန်ပုဂ္ဂိုလ်များ ရရှိတော်မူပြီးတဲ့ သောတာပတ္တိမဂ်ဆိုတာကတော့ ကိလေသာဆယ်ပါး (( ၁။ လောဘ = တပ်မက်ခြင်း ။၂။ ဒေါသ = အမျက်ထွက်ခြင်း ။၃။ မောဟ = တွေဝေမိုက်မဲခြင်း ။၄။ မာန = ထောင်လွှားခြင်း ။၅။ မိစ္ဆာဒိဌိ = အယူမှားခြင်း ။၆။ ၀ိစိကိစ္ဆာ =ယုံမှားခြင်း ။၇။ တိန = စိတ်ထိုင်းမှိုင်းခြင်း ။၈။ ဥဒ္ဓစ္စ = စိတ်ပျ့ံလွင့်ခြင်း ။၉။ အဟိရိက = မကောင်းမှုမှ မရှက်ခြင်း ။ ၁၀။ အနောတ္တပ္ပ = မကောင်းမှုမှ မထိတ်လန့်ခြင်း )) ထဲက ... နံပါတ် ( ၅ ) ဒိဋ္ဌိ (အယူလွဲမှားမှု)နဲ့ နံပါတ် ( ၆ ) ၀ိစိကိစ္ဆာ (ရတနာသုံးပါး ကံကံ၏အကျိုးတရားများအပေါ် ယုံမှားသံသယရှိမှု) ဆိုတဲ့ ကိလေသာ နှစ်ပါးနဲ့ အပါယ်လားစေနိုင်တဲ့ အကုသိုလ်တရားတို့ကို အကြွင်းမဲ့ ပယ်သတ်ပြီးဖြစ်တဲ့အပြင် ★ သောတာပန်အင်္ဂါလေးပါး လို့ ခေါ်တဲ့ ၁။ ဗုဒ္ဓေ အဝေစ္စ ပသာဒ သမန္နာဂတာ ... ဘုရားရှင်၌ မတုန်မလှုပ်ကြည်ညိုလေးစားခြင်း ၂။ ဓမ္မေ အဝေစ္စ ပသာဒ သမန္နာဂတာ ... တရားတော်၌ မတုန်မလှုပ်ကြည်ညိုလေးစားခြင်း ၃။ သံဃေ အဝေစ္စ ပသာဒ သမန္နာဂတာ ... သံဃာတော်၌ မတုန်မလှုပ်ကြည်ညိုလေးစားခြင်း ၄။ အရိယကန္တ သီလေဟိ သမန္နာဂတာ ... အရိယကန္တသီလ ( ငါးပါးသီလ ) တို့ကို စောင့်ထိန်းရာ၌ အသက်သေလျှင် သေပါစေ သီလ၌ ညစ်နွမ်းမှု မရှိစေရအောင် ပြည့်စုံစွာစောင့်ထိန်းခြင်း တို့ဖြစ်ပါတယ် ။ သောတာပန် ပုဂ္ဂိုလ်ဟာ ငါးပါးသီလ ခါးဝတ်ပုဆိုးလိုမြဲ ပါတယ်။ (မဟာဝဂ္ဂသံယုတ်ပါဠိတော်) ★ ★ သောတာပန် နှစ်မျိုးရှိပါတယ် ★ ★ (၁)စူဠသောတာပန် ကံ ကံ၏ အကျိုးနဲ့ လောကရဲ့ ဖြစ်ခြင်း ပျက်ခြင်းသဘောတရားများကို သိရှိပြီး ဉာဏ်ဖြင့်လည်း ဝေဖန်သုံးသပ် ဆင်ခြင်တွေးခေါ်နိုင်ပြီး ဖြစ်မှု ၊ပျက်မှု သဘောတရား ကို မြင်သော ပုဂ္ဂိုလ်ကို စူဠ သောတာပန်လို့သတ်မှတ်ပါတယ် ((( ခန္ဓာ ၊ အယတန ၊ ဓာတ် ၊ သစ္စာ ၊ ပဋိစ္စသမုပ္ပါဒ် သဘောတရားများကို သုတမယ ဉာဏ်ဖြင့်် သိပြီး ၊ စိန္တာမယ ဉာဏ်ဖြင့်လည်း ဝေဖန်သုံးသပ် ဆင်ခြင်တွေးခေါ်နိုင်သူ ... ၀ိပဿနာ ရှု၍ ဥဒယ-ဘယ ဉာဏ် ကိုရောက်ရင် ကို အကျိုးများပါတယ် ))) ★ စူဠသောတာပန်တွေဟာ .... တစ်ဘဝ နှစ်ဘဝ အပါယ်မလားပါဘူး .... ညာတပရိဉာ ဆိုတဲ့ ဓမ္မကို အဓမ္မ ကို စဉ်းစားချင့်ချိန်နိုင်တဲ့ အသိတရားရှိပါတယ် ဒါပေမယ့် တရားအားထုတ်မှုမှာတော့ ဒိဌိ မပြုတ်သေးတဲ့ ဒုဗ္ဗလ ( အားနည်းသော ၀ိပသနာ ) အဆင့်ပဲရှိပါသေးတယ် .... ★ ★ ( ၂ ) မဟာသောတာပန် ကံ ကံ၏ အကျိုးနဲ့ လောကရဲ့ ဖြစ်ခြင်း ပျက်ခြင်းသဘောတရားများကို သိရှိပြီး ဉာဏ်ဖြင့်လည်း ဝေဖန်သုံးသပ် ဆင်ခြင်တွေးခေါ်နိုင်ပြီး ဖြစ်မှု ၊ပျက်မှု သဘောတရား ကို မြင်ရုံသာမကဘဲ ၊ ဘာဝနာမယဉာဏ်ဖြင့် ကြိမ်ဖန်များစွာ ကြိုးစားပွားများနေသောကြောင့် ခန္ဓာ(၅)ပါး ၊ ရုပ်နာမ် (၂) ပါး၏ ဖြစ်ပျက်ကို မြင်၊ ဖြစ်ပျက်ကို မုန်း ၊ ဖြစ်ပျက်၏ဒုက္ခ ချုပ်ငြိမ်းမှုကိုပါ မြင်သော ပုဂ္ဂိုလ် ကို ခေါ်တာပါ ... (( ခန္ဓာ ၊ အယတန ၊ ဓာတ် ၊ သစ္စာ ၊ ပဋိစ္စသမုပ္ပါဒ် သဘောတရားများကို သုတမယ ဉာဏ်ဖြင့်် သိပြီး ၊ စိန္တာမယ ဉာဏ်ဖြင့်လည်း ဝေဖန်သုံးသပ် ဆင်ခြင်တွေးခေါ်ရုံသာမကဘဲ ၊ ဘာဝနာမယဉာဏ်ဖြင့် ကြိမ်ဖန်များစွာ ကြိုးစားပွားများသူ )) ★ ★ သောတာပန် ပုဂ္ဂိုလ်ဟာ ရရှိတဲ့မဂ်ဖိုလ်ဉာဏ် အဆင့်အတန်းကိုလိုက်ပြီး သုံးမျိုးသုံးစား ကွဲပြားပါတယ်။ အဲဒီ သောတာပန် ပုဂ္ဂိုလ်သုံးမျိုးကတော့ ... ★ ၁။ ဧကဗီဇသောတာပန် ကာမဘုံ၌ တစ်ကြိမ်သာ ပဋိသန္ဓေနေပြီး ရဟန္တာဖြစ်မည့် ပုဂ္ဂိုလ် လက်ရှိဘဝ မှာ ကျင့်ကြံအားထုတ်ပြီး ရဟန္တာ အဖြစ်ကို ရောက်ရှိ စံဝင်တော် မူ သူတွေပါ ★ ၂။ ကောလံကောလသောတာပန် ကာမဘုံ၌ နှစ်ကြိမ်မှ ခြောက်ကြိမ်အတွင်းသာ အမျိုးကောင်းတစ်မျိုးမှ အမျိုးကောင်းတစ်မျိုးသို့ ပြောင်းရွေ့ ပဋိသန္ဓေနေပြီး ရဟန္တာဖြစ်မည့် ပုဂ္ဂိုလ် လက်ရှိဘဝမှာ သောတမတ္တဉာဏ်ကို ရရှိပြီး ... ( ၂ ) ဘဝ မှ ( ၆ ) ဘဝ တိုင်တိုင်တိုင် ( လူ နတ် ဗြဟ္မာ ) စသော ဘုံစဉ် တစ်ဆင့်ပြီး တစ်ဆင့် တက်ပြီးနောက်ဆုံး စံဝင်တော် မူသော ပုဂ္ဂိုလ်များပါ ( ဗိမ္ဗိသာရ ၊ ၀ိသာခါ ၊ သိကြားမင်း ၊ အနာတပိဏ် ... စ သည် ... ) ★ ၃။ သတ္တက္ခတ္တုပရမသောတာပန် ကာမဘုံ၌ ( ၇ ) ကြိမ်ပဋိသန္ဓေနေပြီး ရဟန္တာဖြစ်မည့် ပုဂ္ဂိုလ် တို့ဖြစ်ပါတယ်။ (မဟာဝဂ္ဂသံယုတ်၊ ပါ။ ၁၈၀) ★ ★ ဘုရားရှင်စံဝင်တော်မူပြီး နှစ်ပေါင်း ( ၂၀၀၀ ) နောက်ပိုင်း သောတာပန် အများစု ကတော့ နံပါတ် ( ၃ ) သတ္တက္ခတ္တုပရမသောတာပန် များပဲဖြစ်ပါတယ် .... သောတာပန်ပုဂ္ဂိုလ်သည် ကိလေသာများ ကြွင်းကျန်သေး သော်လည်း အပါယ်လားကြောင်း မကောင်းမှု တို့ကို ပြုလုပ်ခြင်း မရှိသောကြောင့် ★ အဝိနိပါတဓမ္မော အပါယ်သို့လားရခြင်းသဘောမရှိတော့။ ★ နိယတော မဂ်ဟူသောနိယာမဖြင့်မြဲသောသဘောရှိ၏။ ★ သမ္ဗောဓိပရာယဏော အထက်မဂ်သုံးပါးလျှင်လည်းလျောင်းရာရှိ၏။အထက်မဂ်ကိုသာရဖို့ရှိ၏။ အောက်သို့ (လောကီ စျာန်များ ကဲ့သို့) လျောကျရိုး ထုံးစံမရှိပါ ။ ★ ဒါကြောင့် ယခင်ဘဝက သောတာပန်ဖြစ်ပြီးသူသည် မဂ်၏ နိယာမ သဘော အရ မွေးကတည်း က သောတာပန် အဖြစ် မွေးလာ တဲ့ အတွက် ယခုဘဝ၌ မဂ်ဖိုလ် ရမည် မှန်လျှင် သကဒါဂါမိ မဂ်ဖိုလ်ကို သာ ရဖို့အကြောင်းရှိပါတယ် သောတာ ပတ္တိ မဂ်ဖိုလ်ကို တဖန် ထပ်၍ရဖွယ်မရှိပါ .. ★ထို့ကြောင့် မြတ်စွာဘုရား လက်ထက်က တရားတစ်ပုဒ် ဟောပြီး တိုင်း သောတာ ပန်ဖြစ်ကြသော ပုဂ္ဂိုလ်တို့တွင် ယခင်ဘဝက သောတာပန်ဖြစ်ပြီးသူများမပါ ပါ ။ သကဒါဂါမ်၊အနာဂါမ်၊ရဟန္တာဖြစ်ကြသောပုဂ္ဂိုလ်တို့တွင်ကားပါနိုင်ပါသည်။ ★ ယခင်ဘဝက သောတာပန်ဖြစ်ပြီးသူသည်ယခုဘဝ၌မိမိ၏ သောတာပန် အဖြစ်ကို မသိသော်လည်း မဂ်၏မပြောင်းမလဲ တည်မြဲသော နိယာမသဘောအရ အရိယကန္တသီလ ( ငါးပါးသီလ ) ကိုညစ်နွမ်းမှု မရှိစေရအောင် ပြည့်စုံစွာစောင့်ထိန်းနေတတ်ကြပါတယ် ... ★ ★ ယခုဘဝ၌ ဘုရားတရားသံဃာ ဟူသော ရတနာသုံးပါးထင်ရှားရှိလျှင် ဘာသာခြား ၌ မွေးသော် လည်း အရွယ်ရောက်သောအခါ ရတနာသုံးပါးကိုသာ ယုံကြည် ကိုးကွယ်ရာ၏။ ★ မိမိ၏သဘောဆန္ဒအရသော်လည်းကောင်း၊ သူတစ်ပါး၏ တိုက်တွန်း ချက်ကြောင့် သော် လည်းကောင်း ပါဏာတိပါတစသော အမှုတို့ကို မပြုလုပ်တော့။ ★ ★ သောတာပန်အဖြစ် မွေးဖွားလာသောပုဂ္ဂိုလ်၌အခြား သိသာသောအချက်များကတော့ ... ★ သမ္မာအာဇီဝ နည်းဖြင့်သာ စီးပွားရှာခြင်း၊ သူတစ်ပါးကြီးပွားချမ်းသာသည်ကို မနာလိုငြူစူသော ဣဿာ၊ မိမိစီးပွား မိမိရပိုင်ခွင့် များကို နှမြောတွန့်တိုသော မစ္ဆရိယများမရှိခြင်း၊ ★ အဂတိလေးပါးမလိုက်စားခြင်း၊ ဘုရားရှင်ကိုအကြောင်းပြု၍ ဒေါမနဿ မဖြစ်ခြင်း၊ လွန်ကျူးမိသော အပြစ်များကို ဖုံးကွယ်ထားမှု မရှိခြင်း စသည်တို့ ဖြစ်၏။ (ယခုခေတ် ရိပ်သာ အမည်ခံဌာန အချို့မှ အလွယ်တကူ သောတာပန်ဖြစ်လာသူများကိုလည်း အထက်ပါ အချက်များဖြင့် တိုက်ဆိုင်ကြည့်နိုင်ပါသည်။) ★ ★ ပုဂ္ဂိုလ် တစ်ယောက်ကို သောတာပန် စစ် မစစ် ဘယ်လိုစစ်မလဲတဲ့ .... ★ ယ္ခုခေတ် သောတာပန်များကိုတော့ အပေါ်ကနည်းအတိုင်းစစ်ပါရှင် .... တစ်ကယ့်သောတာပန် တော်မူ သူတွေ ကိုတော့ .... သောတာပန် ဖြစ်မဖြစ် ငါးပါးသီလလုံခြုံတာနဲ့ စစ်လို့မရပါဘူး။ ပုထုဇဉ်ပုဂ္ဂိုလ်တွေထဲမှာလည်း ငါးပါးသီလလုံခြုံတဲ့ သူတွေရှိပါတယ်။ ဒါပေမယ့် ပုထုဇဉ်ပုဂ္ဂိုလ်တွေဟာ သဒ္ဓါတရား မခိုင်မြဲသေးတဲ့အတွက် ငါးပါးသီလကို အသက်နဲ့လဲပြီး လုံခြုံအောင်စောင့်ထိန်းဖို့က မလွယ်ပါဘူး။ သောတာပန်ပုဂ္ဂိုလ်ကတော့ သဒ္ဓါတရားခိုင်မြဲသွားပြီဖြစ်တဲ့အတွက် အသက်သာအသေခံမယ် သီလတော့ အပျက်မခံပါဘူး။ ဒီအချက်ကို ကြည့်ရင်လည်း သောတာပန်ဖြစ်မဖြစ် သိနိုင်ပါတယ်။ ★ နောက် တစ်ခုက မဂ်စစ်မစစ် ဖိုလ်နဲ့စစ်ဆိုတာကိုပါ .... အဲဒါက ပိဋကတ် စာပေတွေမှာ ဆိုလေ့ရှိပါတယ် .... မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ဆိုတာ .... မဂ်ပေါက် ဖိုလ်ဝင် နိဗ္ဗာန်ဝင်တဲ့ .... မဂ်ရပြီဆိုတာနဲ့ ဖိုလ်လည်း တစ်ခါတည်းနောက်က ရလာပါတယ် ... မဂ်ဖိုလ်ရပြီဆိုရင် နိဗ္ဗာန်လည်း ရပြီပေါ့။ ★ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်ဟာ အားထုတ်စဉ်ကာလမှာ မဂ်အစစ်ကို မရခင် မဂ်အတုလို့ခေါ်တဲ့ သြဘာသ၊ ပီတိ ပဿ ဒ္ဓိ (အရောင်အလင်း၊ ငြိမ်းချမ်းမှုပီတိ) စတဲ့ အရသာတွေကို ခံစားရတတ်ပါတယ်။ ★ ဒီဟာတွေကို ကျော်လွန်သွားအောင် တရားအားထုတ်နိုင်မှသာ စစ်မှန်တဲ့သောတာပတ္တိမဂ် ကို ရနိုင်ပါတယ်။ ★ အချို့ယောဂီများဟာ မဂ်အတုလို့ခေါ်တဲ့့ အရောင်အလင်းပီတိစတာတွေကို ခံစားပြီး မိမိကိုယ်ကို သောတာ ပန် ဖြစ်ပြီလို့ ထင်သွားတတ်တာတွေလည်း ရှိပါတယ်။ ★ နောက်တစ်ခုက တစ်ချို့ယောဂီများကျတော့ ... တရားအားထုတ်နေစဉ် နှလုံးသွင်းမှားပြီး တစ်ယောက်ယောက် စကားလာပြောနေသံကြားတာ ... မျက်စိထဲ အနိဌာရုံတွေ မြင်တတ် တာ ဖြစ်တတ် ပါတယ် ... ဒါကို နှလုံးသွင်းမှားလို့ဖောက်ပြန်သွားတာလို့ခေါ်ပါတယ် .... ပြောလိုတာက စစ်မှန်တဲ့ သောတာပတ္တိမဂ်ကို ရပြီဆိုရင် ဖိုလ်နဲ့ စစ်စရာမလိုတော့ပါဘူး။ ဖိုလ်လည်း နောက်ကလိုက်ပြီး ရသွားပါပြီ။ ★ တကယ်တော့ တရားတကယ်အားထုတ်တဲ့ ပုဂ္ဂိုလ်ဟာ ကိုယ်ဘယ်အဆင့် ရောက်တယ်ဆိုတာ သိပါတယ်။ တကယ်လက်တွေ့ တရားအားထုတ်ဖြစ်ဖို့ပဲ လိုပါတယ်။ တရားအားထုတ်ရင်းနဲ့ ကိုယ်ရရှိတဲ့ ဉာဏ်တွေကိုလည်း သိလာနိုင်ပါတယ်။ ★ ★ ★ ဒီတော့ .... နူးပြောချင်တာက ကိုယ် က ကိုယ်တိုင် ဘာမှ အသိမရှိ ...ဘာတရားမှ အားမထုတ်ပါပဲနဲ့ ... သူတစ်ပါးသောတာပန် ဖြစ်မဖြစ် သိချင်တယ် ဆိုပြီး စပ်စုတာက သဘာဝမကျပါဘူး ... သိချင်တယ်ဆို .. သိလောက်တဲ့ ရင့်သန်မှု ရအောင်ကိုယ်တိုင်ကြိုးစာရပါမယ် .... သူတပါးကို သိဖို့ထက်ကိုယ့်ကိုယ်ကို သိဖို့ပိုပြီးလိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကိုသိဖို့အတွက် ကိုယ်ကိုယ်တိုင် အားထုတ်ကြည့်ဖို့လည်း လိုအပ်ပါတယ်။ ကိုယ်တိုင်က တကယ်အားမထုတ်ဖြစ်ဘဲနဲ့တော့ သူတစ်ပါးသောတာပန် ဖြစ်မဖြစ်၊ ဘယ်ဉာဏ်ကို ရမရ ဆိုတာ သေချာပေါက် မပြောနိုင်ပါဘူး။ သိလည်း မသိနိုင်ပါဘူး။ ★ ★ ★ မှတ်ချက်အနေနဲ့ တစ်ခုပြော စရာရှိပါတယ် .... မိုးကုတ်ဝိပသနာ တရားစခန်းတွေနဲ့ မြန်မာနိုင်ငံရှိ လက်ရှိဆရာတော်များကတော့ ပိဋကတ်တော်လာ သောတာပန် ( ၃ ) မျိုး ..သောတာပန် အင်္ဂါ ( ၄ ) ပါးအစား .... သောတာပန် ( ၄ ) မျိုး သောတာပန်အင်္ဂါ ( ၇ ) ပါး လို့လဲ ဟောကြပါတယ် ... နှစ်ခုလုံးမှတ်သားသင့်ပါတယ် ..... ကျမ်းကိုးများ .... အရှင်ကောဝိဒ ( ယောဆရာတော် ) ... သောတပန်ပြသနာ ကာမာနံမာ ဒိနပဋိသံယုတ္တကထာ မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး) မဟာဝဂ္ဂသံယုတ် ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ ( သောတာပန်တို့နေ့စဉ်ဘဝနေထိုင်ကြပုံ )