url
stringlengths
52
71
title
stringlengths
4
101
body
stringlengths
0
37.6k
https://www.dhammaransi.com/index.php/new/575-2016-06-18-07-25-08.html
“မြတ်နိုးဖွယ်”
ရှေးအခါက ဂန္ဓာရတိုင်းမှာ တက္ကသိုလ်ပြည်၌ ဂန္ဓာရမင်း အုပ်စိုးတယ်။ အဲဒီအခါ ဘုရားလောင်းက နွားမျိုးမှာ ဖြစ်တယ်။ အဲဒီနွားကို ငယ်ရွယ်စဉ်ကပဲ ပုဏ္ဏား တစ်ယောက်က နွားအလှူလှူတဲ့လူတွေထံက ရလို့ “နန္ဒိဝိသာလ”လို့ နာမည်ပေးကာ၊ သားအရာမှာထားပြီး ချစ်မြတ်နိုးစွာနဲ့ ယာဂုထမင်း စသည်တွေကိုပေးပြီး ကျွေးမွေးခဲ့တယ်။ ဘုရားလောင်းဟာ အရွယ်ရောက်တဲ့အခါ “ငါ့ကို ဒီပုဏ္ဏားက ဆင်းဆင်းရဲရဲနဲ့ ပြုစု ကျွေးမွေးခဲ့တယ်။ ငါနဲ့လည်း တူတဲ့ ဝန်ကို ရုန်းနိုင်တဲ့ နွားဟာ ဇမ္ဗူဒိပ် တစ်ကျွန်းလုံးမှာ မရှိ။ ငါဟာ အင်အားကို ပြပြီး ပုဏ္ဏားကို ကျွေးမွေးပြန်ပေးရင် ကောင်းမှာပဲ” လို့ တွေးပါတယ်။ ဘုရားလောင်းက တစ်နေ့မှာ ပုဏ္ဏားကို “ပုဏ္ဏား၊ သွားလော့။ ဂေါဝိတ္တက သူဌေးတစ်ယောက်ထံ ချဉ်းကပ်ပြီး ငါရဲ့ နွားဟာ ဆက်ထားတဲ့ လှည်းပေါင်း တစ်ရာကို ရုန်းပြနိုင်တယ်” လို့ ပြောကာ ငွေတစ်ထောင် နဲ့ အလောင်းအစား လုပ်ခဲ့လို့ ပြောတယ်။ အဲဒီပုဏ္ဏားက သူဌေးထံသွားပြီး “ဒီမြို့မှာ ဘယ်သူရဲ့ နွားဟာ အားနဲ့ ပြည့်စုံပါသလဲ” လို့ စကား ပြောပါတယ်။ အဲဒီအခါပုဏ္ဏားကို သူဌေးက “ဘယ်သူဘယ်သူရဲ့ နွားပဲ” လို့ ပြောကာ “တစ်မြို့လုံးမှာ ငါတို့ရဲ့ နွားတွေနဲ့ တူတဲ့ နွား မရှိဘူး” လို့ ပြောပါတယ်။ ပုဏ္ဏားက “ငါရဲ့ နွားတစ်ကောင်ဟာ ဆက်စပ်နေတဲ့ လှည်းပေါင်း တစ်ရာကို ရုန်းနိုင်တယ်”လို့ ပြောပါတယ်။ သူဌေးက “အဲဒီနွားက ဘယ်နွားလဲ” လို့ မေးပါတယ်။ ဒီလိုဆိုရင် အလောင်းအစား လုပ်မယ် လို့ သူဌေး က ပြောလို့ ပုဏ္ဏားက “ကောင်းပြီ လုပ်မယ်” လို့ ပြောကာ တစ်ထောင်တန် လောင်းပါတယ်။ ပုဏ္ဏားက လှည်းပေါင်းတစ်ရာကို သဲ၊ ကျောက် စရစ်၊ ကျောက်ခဲတွေ အပြည့်တင်ကာ အစဉ်အတိုင်း ထားပါတယ်။ လှည်းအားလုံးတို့ကို ဝန်ရိုးကို ချည်နှောင်ထားတဲ့ ကြိုးနဲ့တစ်ပေါင်းတည်း ချည်နှောင်ထားပါတယ်။ နန္ဒိဝိသာလကို ရေချိုး ပေးပါတယ်။ နံ့သာလူးထားတဲ့ လက်ငါးချောင်းအရာကို ပြုပါတယ်။ လည်ပင်းမှာ ပန်း ပန်ပေးပါတယ်။ ရှေ့ဆုံးလှည်းရဲ့ ထမ်းပိုးမှာ တစ်ကောင်တည်းပဲ ယှဉ်စေပါတယ်။ ကိုယ်တိုင် လှည်းဦးမှာ ထိုင်ကာ နှင်တံကို မြှောက်ချီပြီး “ကောက်ကျစ်တဲ့နွား သွားလော့၊ ကောက်ကျစ်တဲ့နွား ရုန်းလော့” လို့ ပြောပါတယ်။ ဘုရားလောင်းဟာ “ဒီပုဏ္ဏားက မကောက်ကျစ်တဲ့ ငါ့ကို ကောက်ကျစ်တယ် ဆိုတဲ့ အသုံးအနှုန်းနဲ့ ခေါ်ဝေါ်တယ်” လို့ တွေးကာ ခြေထောက် (၄) ချောင်း တို့ကို တိုင်တွေပမာ မလှုပ်ရှားအောင် ထားကာ ရပ်နေပါတယ်။ သူဌေးက အဲဒီခဏမှာပဲ ပုဏ္ဏားကို ငွေတစ်ထောင် ဆောင်ပေးစေပါတယ်။ ပုဏ္ဏားက ငွေတစ်ထောင် ရှုံးလို့နွားကို လွှတ်ကာ အိမ်ကို ပြန်သွားပြီး သောကဖိစီးခံရလျက် လဲလျောင်းနေပါတယ်။ နန္ဒိဝိသာလဟာ လှည့်လည်ပြီး ပြန်လာတဲ့အခါ ပုဏ္ဏား သောကဖိစီး ခံရတာကို မြင်လို့ ချဉ်းကပ်ကာ “ပုဏ္ဏား ဘာကြောင့် မှိုင်တွေနေသလဲ”လို့ မေးပါတယ်။ ငွေတစ်ထောင် ရှုံးထားတဲ့ ငါ့မှာ ဘယ်မှာ မမှိုင်ဘဲ ရှိမလဲ။” “ပုဏ္ဏား၊ ဒီလောက် ကာလပတ်လုံး သင့်အိမ်မှာ နေတဲ့ ငါဟာ အိုးခွက် တစ်ခုတလေ ခွဲဖူးတာ ရှိသလား။ တစ်စုံတစ်ယောက်ကို နင်းချေဖူးသလား။ မစွန့်သင့်တဲ့နေရာမှာကျင်ကြီး၊ ကျင်ငယ် စွန့်ဖူးသလား။” “အို နန္ဒိဝိသာလ၊ မရှိပါ။” “အဲဒီလို မရှိဘဲနဲ့ သင်က ဘာကြောင့် ငါ့ကို ကောက်ကျစ်တယ် ဆိုတဲ့ အသုံးအနှုန်းနဲ့ ခေါ်ဝေါ်ရသလဲ။ အဲဒါဟာ သင့်ရဲ့ အပြစ်ပဲ။ ငါ့မှာ အပြစ်မရှိ။ သွားပါ။ အဲဒီသူဌေးနဲ့အတူ (၂) ထောင်တန် လောင်းခဲ့ပါ။ ငါ့ကို မကောက်ကျစ်ဘဲ၊ ကောက်ကျစ်တယ်လို့ မခေါ်ဝေါ်နဲ့။” ပုဏ္ဏားဟာ ဘုရားလောင်းရဲ့စကားကို နားထောင်ပြီး သွားကာ (၂) ထောင်တန် လောင်းလိုက်ပါတယ်။ ရှေ့နည်းအတိုင်းပဲ လှည်းပေါင်း တစ်ရာကို ဖွဲ့ချည်ကာ နန္ဒိဝိသာလကိုတန်ဆာဆင်ပြီး ရှေ့ဆုံးလှည်းရဲ့ ထမ်းပိုးမှာ ယှဉ်စေပါတယ်။ အဲဒီအခါ ပုဏ္ဏားက လှည်းဦးမှာ ထိုင်ကာ နန္ဒိဝိသာလရဲ့ ကျောကို ပွတ်သတ်ပြီး “ကောင်းမြတ်တဲ့ နွားလား သွားလော့။ ကောင်းမြတ်တဲ့ နွားလား ရုန်းလိုက်လော” လို့ ပြောပါတယ်။ ဘုရားလောင်းက ဖွဲ့ချည်ထားတဲ့ လှည်းတစ်ရာကို တစ်ဟုန်တည်းနဲ့ပဲ ဆွဲငင်ပါတယ်။ နောက်ဆုံးမှာ တည်ရှိတဲ့ လှည်းကို ရှေ့ဆုံးမှာ တည်ရှိတဲ့ လှည်းရဲ့ နေရာမှာ တည်စေပါတယ်။ ဂေါဝိတ္တကသူဌေးက ရုန်းလို့ ပုဏ္ဏားအား ငွေ(၂) ထောင် ပေးရပါတယ်။ အခြားလူတွေကလည်း ဘုရားလောင်းအား များစွာသော ဥစ္စာကို ပေးကြပါတယ်။ အားလုံးဟာ ပုဏ္ဏားအတွက်ပဲ ဖြစ်ပါတယ်။ အဲဒီလို ပုဏ္ဏားဟာ ဘုရားလောင်းကို မှီပြီး ဥစ္စာများစွာ ရရှိသွားပါတယ်။ “ရဟန်းတို့ ကြမ်းတမ်းတဲ့စကားကို ဘယ်သူမှ မနှစ်သက်” လို့ မိန့်တော်မူကာ “နူးညံသိမ်မွေ့ ချိုသာတဲ့ ချစ်ခင်ဖွယ် စကားကိုသာ ပြောဆို ရတယ်။ မြတ်နိုးဖွယ်ရာ မဖြစ်တဲ့ စကားကို ဘယ်တော့မှ မပြောဆိုရ။ နန္ဒိဝိသာလနွားလားဟာ မမြတ်နိုးဖွယ်စကားကို ပြောတဲ့ပုဏ္ဏားရဲ့ဝန်ကို ဆောင်မပေးဘဲ နောက်မှ မြတ်နိုးဖွယ်စကားကို ပြောတဲ့ ပုဏ္ဏားရဲ့ လေးလံတဲ့ ဝန်ကို ဆောင်ပေးတယ်။ ပုဏ္ဏားကို ဥစ္စာများစွာ ရစေတယ်။ ဒါကြောင့် ပုဏ္ဏားဟာ ဝမ်းသာရွှင်ပြနေတယ်” လို့ ဘုရားရှင်က မိန့်တော်မူပါတယ်။ ပုဏ္ဏားက “အရှင်အာနန္ဒာအလောင်း”၊ နွားက “ဘုရားအလောင်း” ဖြစ်ပါတယ်။ (ဇာတက၊ ဋ္ဌ၊ ၁၊ ကုရုင်္ဂဝဂ္ဂ-၈၊ နန္ဒိဝိသာလ ဇာတက) “နှုတ်ချိုတော့ ပြည်စိုး” ၊ “နှုတ်ချို သျှိတစ်ပါး”၊ “မုန်းစေလို ခံတွင်း လက်လေးသစ်” “ချစ်စေလို ခံတွင်းလက်လေးသစ်”တဲ့။ မြန်မာစကားပုံ တွေ ရှိနေပါတယ်။ နှုတ်ချိုခြင်းရဲ့ စွမ်းအားတွေကို ဖော်ပြနေတယ်။ ဒီနန္ဒိဝိသာလဇာတ်ကလည်း နှုတ်ချိုခြင်းရဲ့ စွမ်းအားကို ဖော်ပြထားပါတယ်။ နှုတ်ချိုတာကို တိရစ္ဆာန်တွေတောင်မှ ကြိုက်သေးတာပဲ။ လူတွေဆိုတော့ ဘယ်ပြောဖွယ် ရှိတော့မလဲ။ လူလောကမှာ စကားပြောချိုသာဖို့ အရေးကြီးလှပါတယ်။ စကားချိုသာလို့ ကောင်းကျိုးရနေတဲ့ လူသားတွေဟာ လောကကြီးထဲမှာ ထုနဲ့ဒေးပါပဲ။ စကားပြော မချိုသာလို့ မကောင်းကျိုးတွေ ရနေကြတဲ့ လူသားတွေကလည်း လောကကြီးထဲမှာ ထုနဲ့ ဒေးပါပဲ။ နှုတ်ကြောင့်ကြေ၊ နှုတ်ကြောင့် သေတဲ့။ နှုတ်ကြောင့် ဒုက္ခရောက်ရကြောင်း ဖော်ပြထားတဲ့ မြန်မာစကားပုံတွေပါပဲ။ “ကောက်ကျစ်တဲ့ နွားလား သွားလော့၊ ရုန်းလော့” လို့ ဆိုလိုက်တဲ့ စကားလေးတစ်ခွန်းကြောင့် ငွေအသပြာတစ်ထောင် ပုဏ္ဏားမှာ ဆုံးရှူံးသွားပါတယ်။ “ကောင်းမြတ်တဲ့ နွားလား သွားလော့၊ ရုန်းလော့” လို့ ပြောလိုက်တဲ့ စကားလေးတစ်ခွန်းကြောင့် အသပြာနှစ်ထောင် အနိုင်ရ လိုက်ပါတယ်။ စကားဆိုးလေးတစ်လုံးက ဆိုးကျိုးများစွာကို ပေးနိုင်ပါတယ်။ စကားကောင်းလေးတစ်လုံးက ကောင်းကျိုးများစွာကို ပေးနိုင်ပါပေတယ်။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【သာမဏေကျော်ဆရာတော် ဦးဓမ္မိကာလင်္ကာရာဘိဝံသ- သာမဏေကျော်မဟာဂန္ဓာရုံကျောင်းတိုက်】 Posted by► www.facebook.com/youngbuddhistassociation.mm
https://www.dhammaransi.com/index.php/new/576-2016-06-18-07-24-22.html
ဆွမ်းအလှူ-အပါယ်အစား တာဝတိံသာ
ဆွမ်းအလှူ-အပါယ်အစား တာဝတိံသာ” ••••••••••••••••••••••••••••••••• ဘုရားရှင်ဟာ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းမှာ သီတင်းသုံးနေပါတယ်။ အဲဒီအခါ ဥတ္တရမဓုရာမြို့က မိန်းမတစ်ယောက်ဟာ အသက်ကုန်တော့မယ်။ အပါယ်မှာဖြစ်ဖို့ ရှိတယ်။ ဘုရားရှင်က နံနက်လင်းပိုင်းမှာ မဟာကရုဏာသမာပတ်မှထပြီး လောကကို ကြည့်တော်မူတဲ့အခါ အဲဒီမိန်းမ အပါယ်ဖြစ်မှာကို မြင်ရတယ်။ မဟာကရုဏာက တိုက်တွန်း နှိုးဆော်လို့ အဲဒီမိန်းမကို ဘဝကောင်းမှာ ရောက်စေလိုတဲ့အတွက် တစ်ပါးတည်း အဖော်မပါဘဲ မဓုရာမြို့ကို ကြွတော်မူတယ်။ ကြွပြီး နံနက်ပိုင်း မှာ သင်းပိုင်ကို ပြင်ဆင်ဝတ်ပြီး သပိတ်၊ သင်္ကန်း ကိုယူကာ မြို့ပြင်ဘက်မှာ ဆွမ်းခံဝင်တယ်။ အဲဒီအခါမှာ အဲဒီမိန်းမက အိမ်မှာ စားဖွယ်အာဟာရကို ချက်ပြုတ်ပြီး သင့်တော်ရာတစ်နေရာမှာ သိမ်းဆည်း ထားတယ်။ အိုးကို ယူပြီး ရေချိုးဆိပ်ကို သွားတယ်။ ရေချိုးပြီး အိုးနဲ့ရေကို ယူကာ သူ့အိမ်ကို သွားတယ်။ လမ်းခရီးအကြားမှာ ဘုရားရှင်ကို မြင်ရပြီး “မြတ်စွာဘုရား၊ ဆွမ်းရပြီးပါပြီလား”လို့ လျှောက်တယ်။ “ရပါလိမ့် မယ်”လို့ ဖြေတယ်။ ဘုရားရှင် အဲဒီလို ဖြေတဲ့အခါ ဘုရားရှင်မှာ ဆွမ်းမရသေးတာကို သိသွားတယ်။ အိုးကို ထားခဲ့ပြီး ဘုရားရှင်ထံ ခြဉ်းးကပ်ရှိခိုးကာ လျှောက်တယ်။ “မြတ်စွာဘုရား၊ တပည့်တော် ဆွမ်းလှူပါမယ်။ လက်ခံတော်မူပါ” ဘုရားရှင်က ဆိတ်ဆိတ်နေပြီး လက်ခံတော်မူပါတယ်။ သူမဟာ ဘုရားရှင် လက်ခံတာကိုသိပြီး အရင်သွားနှင့်တယ်။ ရေဖြန်း၊ တံမြက်လှဲထားတဲ့နေရာမှာ နေရာခင်းပေးတယ်။ ဘုရားရှင်ဝင်လာတာကို ကြည့်ပြီး ရပ်တည်နေတယ်။ ဘုရားရှင်က အိမ်ထဲဝင်ပြီး ခင်းထားတဲ့ နေရာမှာ ထိုင်တယ်။ အဲဒီအခါ သူမက ဘုရားရှင်ကို ဆွမ်းကပ်လှူဒါန်းတယ်။ ဘုရားရှင်က ဆွမ်းကိစ္စပြီးတော့ သပိတ်ကို ဘေးမှာချထားကာ သူမအား အနုမောဒနာတရားစကား မိန့်ကြားပြီး ဖဲသွားပါတယ်။ သူမက အနုမောဒနာတရားစကားကို နာကြားရပြီး၊ နှစ်သိမ့်အားရဝမ်းမြောက်မှုကို အကြီးအကျယ် ခံစားရတယ်။ မျက်စိမြင်ကွင်းက ပျောက်သွားသည် အထိ ဘုရားအာရုံကြောင့်ဖြစ်တဲ့ ပီတိကို မစွန့်ဘဲ ရှိခိုးလျက် ရပ်တည်နေတယ်။ သူမဟာ ရက်အနည်းငယ် လွန်သွားတဲ့အခါမှာပဲ သေကာ တာဝတိံသာနတ်ပြည်မှာ ဖြစ်တယ်။ သူမမှာ နတ်သမီးပေါင်း တစ်ထောင် အခြံအရံရှိတယ်။ (ဝိမာန၊ ဋ္ဌ ၊ ၁ဝရ) သူမကို ဘုရားရှင် မကယ်မရင် အပါယ်ရောက်ရမှာ သေချာနေ ပါတယ်။ ဘုရားရှင်ဟာ သူမအတွက် တကယ့်ကယ်တင်ရှင်ကြီးပါပဲ။ ဆွမ်းအလှူ ကုသိုလ်က သူမဘဝခရီးကို လမ်းကြောင်း ပြောင်းလွဲသွား စေပါတယ်။ ဘုရားရှင်က “ဆွမ်းမရသေးပါ” လို့ မမိန့်ဘဲ“ရပါလိမ့်မယ်” လို့ မိန့်တယ်။ မှတ်သားစရာပါပဲ။ ။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【သာမဏေကျော်ဆရာတော် ဦးဓမ္မိကာလင်္ကာရာဘိဝံသ- သာမဏေကျော်မဟာဂန္ဓာရုံကျောင်းတိုက်】 Posted by► www.facebook.com/youngbuddhistassociation.mm [“လွတ်လပ်စွာ Share နိုင်ပါသည်။
https://www.dhammaransi.com/index.php/new/577-2016-06-18-07-23-31.html
“မာရ်နတ် နှင့် မာရ်စိတ်”
မာရ်နတ်ဆိုသည်မှာ သီးခြားတည်ရှိသော နတ်တစ်ပါး မဟုတ်ဘဲ ခန္ဓာကိုယ်ရှိ အာရုံငါးပါးကို ခေါ်ခြင်း ဖြစ်သည်ဟု ထင်ပါသည်။ ဟုတ်မဟုတ် ဖြေကြားပေးတော်မူပါဘုရား။ (မောင်စံလွင်၊မင်္ဂလာဒုံမြို့နယ်။) ဒကာစံလွင်ရေ .... ဒကာစံလွင်ရဲ့ မေးခွန်းကိုဖတ်လိုက်ရတယ်ဆိုရင်ပဲ မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်များစွာထဲက “ဇိနဂုဏ်တော်” ကို ချက်ချင်းသတိရလိုက်မိပါတယ်။ “ဇိန” ဆိုတာ “မာရ်ငါးပါးကို အောင်မြင်တော်မူသော မြတ်စွာဘုရား” လို့ အဓိပ္ပာယ်ရပါတယ်။ “ဘုန်းတော်ခြောက်ပါးနဲ့ ပြည့်စုံတော်မူသော မြတ်စွာဘုရား”လို့ အများစု သိထားကြတဲ့ “ဘဂဝါဂုဏ်တော်” ရဲ့ တခြားအဓိပ္ပါယ်တစ်ခုကတော့ “မာရ်ငါးပါးကို အောင်မြင်တော်မူသော မြတ်စွာဘုရား” ပါပဲ။ “မာရ်”ဆိုတာ “မာရ” ဆိုတဲ့ ပါဠိကနေ ဆင်းသက်လာတဲ့ ပါဠိသက်မြန်မာဝေါဟာရတစ်ခုပါ။ “မာရ” ဆိုတာ “သေခြင်း၊ သေစေခြင်း”လို့ အဓိပ္ပာယ်ရပါတယ်။ သေတတ်တဲ့သဘော၊ သေအောင်သတ်တတ် တဲ့သဘောကို မာရ (မာရ်) လို့ ခေါ်ပါတယ်။ “အသတ်သမား” လို့ပဲ ဆိုပါတော့။ လူကို သတ်တဲ့ မာရ်ကို “လူသတ်သမား”၊ စိတ်ကို သတ်တဲ့ မာရ်ကို “စိတ်သတ်သမား” လို့ ခေါ်နိုင်ပါတယ်။ လူကိုလည်း သတ်၊ စိတ်ကိုလည်း သတ်တတ်တဲ့ မာရ်က “ငါးပါး” ရှိပါတယ်။ (၁)။ ဒေဝပုတ္တမာရ်၊ (၂)။ ကိလေသမာရ်၊ (၃)။ အဘိသင်္ခါရမာရ်၊ (၄)။ ခန္ဓမာရ်နဲ့ (၅)။ မစ္စုမာရ်တို့ပါပဲ။ ဒေဝပုတ္တမာရ်က သက်ရှိမာရ် ဖြစ်ပြီး ကျန်တဲ့ မာရ်လေးပါးကတော့ “သက်မဲ့မာရ်” ဖြစ်ပါတယ်။ (၁)။“ဒေဝပုတ္တမာရ်” ဆိုတာ အားလုံးသိကြတဲ့ မာရ်နတ်သားကို ပြောတာပါ။ (ဒေဝပုတ္တ = နတ်သား။) စတုမဟာရာဇ်၊ တာဝတိံသာ၊ယာမာ၊ တုသိတာ၊ နိမ္မာနရတီ၊ ပရနိမ္မိတဝသဝတ္တီလို့ နတ်ပြည်ခြောက် ထပ်ရှိတဲ့အထဲမှာ အထက်ဆုံးနတ်ပြည်ဖြစ်တဲ့ ပရနိမ္မိတဝသဝတ္တီနတ်ပြည်က ဖြစ်ပါတယ်။ “မာရ်နတ်မင်း” လို့ သူ့ကို “မင်း” တပ်ပြီးပြောကြပေမယ့် သူကပရနိမ္မိတဝသဝတ္တီနတ်ပြည်ကို စိုးမိုးအုပ်ချုပ်ရတဲ့ အဓိကပဓာနနတ်မင်းကြီး မဟုတ်ပါဘူး။ အဓိကအကြီးဆုံးနတ်မင်းက “ဝသဝတ္တီနတ်မင်း” ရယ်လို့ သီးခြားရှိပါတယ်။ မာရ်နတ်ကတော့ အဲဒီနတ်ပြည်ရဲ့ “စင်ပြိုင်မင်း” လို့ ပြောရမှာပေါ့။ “သူပုန်ဗိုလ်၊ ဓားပြဗိုလ်” လို့ ပြောရင်လည်း ရပါတယ်။ “လူဆိုးဂိုဏ်းခေါင်းဆောင်” .... အဲလေ .... “နတ်ဆိုးဂိုဏ်းခေါင်းဆောင်” လို့ပြောရင် ပိုမှန်မယ် ထင်ပါတယ်။ “အဖျက်သမားဂိုဏ်းချုပ်ကြီး”ပေါ့နော်။ မာရ်နတ်က သုံးဆယ့်တစ်ဘုံကို သူ့ရဲ့ပိုင်နက်လို့ သတ်မှတ်ထားသလို၊လောကီအာရုံကာမဂုဏ်ချမ်းသာ တွေကိုလည်း သူ့ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေလို့ ယူဆထားပါတယ်။ ကာမဂုဏ်ကြိုက်တဲ့သတ္တဝါတွေ ကိုတော့ သူ့ရဲ့ဘက်တော်သား၊ သူ့ရဲ့ပါတီဝင်တွေလို့ အသိအမှတ်ပြုထားပါတယ်။ သူ့ပိုင်နက်ဖြစ်တဲ့ သုံးဆယ့်တစ်ဘုံမှာ သူ့အသင်းဝင် ဖြစ်တဲ့သတ္တဝါတွေကို သူပိုင်ပစ္စည်းဖြစ်တဲ့ လောကီအာရုံ ကာမဂုဏ်ချမ်းသာတွေနဲ့ ခံစားမွေ့ပျော်နေကြတာပဲ သူမြင်ချင်ပါတယ်။ သံသရာကျင်လည်ကြောင်း အလုပ်တွေ လုပ်တာကိုပဲ သူနှစ်ခြိုက်ပြီး၊ သံသရာလွတ်မြောက်ကြောင်း အလုပ်တွေ လုပ်တာကိုတော့ သူလုံးဝမဘောမကျပါဘူး။ ရဟန်းပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ လူပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ ပုဂ္ဂိုလ်တစ်ယောက်ယောက် သံသရာပြတ်ကြောင်း အလုပ်လုပ်ပြီဆိုတာနဲ့ မာရ်နတ်က အဲဒီပုဂ္ဂိုလ်၊ အဲဒီအလုပ် မလုပ်နိုင်အောင် နှောင့်ယှက် ဖျက်ဆီးတော့တာပါပဲ။ သူ့ရဲ့နှောင့်ယှက်မှုအောင်မြင်သွားရင် အဲဒီပုဂ္ဂိုလ် သံသရာက မလွတ်တော့ပါဘူး။ သံသရာက မလွတ်ရင် ဘဝများစွာ ထပ်ကာထပ်ကာ သေရပါဦးမယ်။ အဲဒီလို သေရတာဟာ မာရ်နတ်ကြောင့်ဖြစ်လို့ သေအောင်လုပ်ရာရောက်တဲ့ မာရ်နတ်ကို “မာရ = မာရ် = သတ်ဖြတ်သူ၊ ညှဉ်းပန်းနှိပ်စက်သူ” လို့ခေါ်ပါတယ်။ (၂)။“ကိလေသမာရ်” ဆိုတာကတော့ တစ်ထောင့်ငါးရာ ကိလေသာတရားတွေကို ပြောတာပါ။ လောဘ၊ ဒေါသ၊ မာန်မာန၊ ဣဿာ၊မစ္ဆရိယ အစရှိတဲ့ ကိလေသာတရားတွေဟာ သူတို့ကို လက်ခံထားသူရဲ့စိတ်ကို ပူလောင်အောင်၊ ညစ်နွမ်းအောင်၊ ပင်ပန်းဆင်းရဲအောင် ညှဉ်းပန်းနှိပ်စက်တတ်တဲ့ အတွက်ကြောင့်ရော၊ သူတို့ရှိနေသမျှ သံသရာက မလွတ်ဘဲ တစ်သေတည်း သေနေရဦးမှာ ဖြစ်တဲ့ အတွက်ကြောင့်ရော ကိလေသာတရားတွေကို “မာရ = မာရ်”လို့ ခေါ်ပါတယ်။ (၃)။“အဘိသင်္ခါရမာရ်” ဆိုတာကတော့ ပြုလုပ် အားထုတ်ထားတဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံတွေကို ပြောတာပါ။ (အဘိသင်္ခါရ = ပြုလုပ်အားထုတ်မှု။) ကုသိုလ်ကံကြောင့် ကောင်းတဲ့သုဂတိဘဝရောက်မယ်။ အကုသိုလ်ကံကြောင့် မကောင်းတဲ့ ဒုဂ္ဂတိဘဝရောက်မယ်။ ဘယ်ဘဝပဲရောက်ရောက်၊ ရောက်ရာဘဝမှာ သေရမှာ ဖြစ်တဲ့အတွက် ဘဝအသစ်ထပ်ဖြစ်စေတဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံ၊ ကံမှန်သမျှကို “မာရ =မာရ်” လို့ ခေါ်ပါတယ်။ (၄)။“ခန္ဓမာရ်” ဆိုတာကတော့ ရုပ်ခန္ဓာကိုယ်ကြီးပါပဲ။ ဘယ်ရုပ်ခန္ဓာကိုယ်ပဲဖြစ်ဖြစ်၊ ခန္ဓာပိုင်ရှင်ကို ပဋိသန္ဓေဒုက္ခ၊ အိုနာဒုက္ခတွေနဲ့ ညှဉ်းပန်းနှိပ်စက် တတ်တဲ့အပြင် နောက်ဆုံးမှာ သေခြင်းဒုက္ခနဲ့ အနားသတ်ပေးတဲ့အတွက် ရုပ်ခန္ဓာကိုယ်ကြီးကို “မာရ = မာရ်” လို့ ခေါ်ပါတယ်။ (၅)။“မစ္စုမာရ်” ဆိုတာကတော့ “သေခြင်းတရား”ပါပဲ။ သေခြင်းတရားဟာ သေခါနီးသတ္တဝါကို ရောဂါ ဝေဒနာဒဏ်နဲ့လည်း နှိပ်စက်တတ်၊ သက်ရှိသက်မဲ့သံယောဇဉ်တွေနဲ့ ခွဲခွာရမယ့်အရေး တွေးပြီး ပူဆွေးတဲ့ စိတ်ဆင်းရဲမှုဒဏ်နဲ့လည်း နှိပ်စက်တတ်၊ လားရာဂတိကောင်းဖို့ မသေချာလို့ ပူပန်တဲ့ ကြောက်ရွံ့မှုဒဏ်နဲ့လည်း နှိပ်စက်တတ်လို့ သေခြင်းတရားကို “မာရ = မာရ်” လို့ ခေါ်ပါတယ်။ သူကိုယ်တိုင်ကိုက သေအောင် သတ်တတ်လို့လည်း “မာရ = မာရ်” လို့ ခေါ်ပါတယ်။ အဲဒီ မာရ်ငါးပါးထဲက တစ်ပါးတည်းသော သက်ရှိမာရ် ဖြစ်တဲ့မာရ်နတ်ဟာ သူနေထိုင်ရာ ပရနိမ္မိတဝသဝတ္တီနတ်ပြည်ကနေ လူ့ပြည်ကို ခဏခဏဆင်းဆင်းလာပြီး မြတ်စွာဘုရားရှင်ကိုရော၊ မြတ်စွာဘုရားရှင်ရဲ့ တပည့်သားသမီးတွေကိုပါ နည်းလမ်းအမျိုးမျိုးနဲ့ အနှောင့်အယှက်ပေးလေ့ရှိပါတယ်။ မြတ်စွာဘုရားအလောင်းတော် ❖တောထွက်တဲ့ညက .... “အသင်မင်းသား၊ တောမထွက်ပါနဲ့။ နောက်ခုနစ်ရက်ကြာရင် စကြာရတနာ ဆိုက်ပါလိမ့်မယ်။ အသင်မင်းသား စကြာမင်းဖြစ်တော့ မှာလေ။ အခုလို ဆံပင်လေးတွေ မည်းနက်ပြီး ငယ်ရည်ငယ်သွေး တောက်ပနေတဲ့အချိန်ဆိုတာ ကာမဂုဏ်စည်းစိမ်တွေ မြိန့်မြိန့်ကြီး ခံစားရင်း ငြိမ့်နေရမယ့်အချိန်လေ မင်းသားရဲ့။ တရားအားထုတ်တယ်ဆိုတာ အိုမင်းရွတ်တွပြီး လောကမှာ သုံးမရတဲ့အရွယ်ကျမှ လုပ်ရမယ့်အလုပ် မဟုတ်လား။ နောက်ကြောင်းပြန်လှည့်ပါ။ တောမထွက်ပါနဲ့” လို့ မာရ်နတ်က တားမြစ်ခဲ့ပါတယ်။ (မာရ်နတ်ဝါဒကို ကြိုက်တဲ့လူတွေ လောကမှာ အများကြီးရှိမယ် ထင်ပါရဲ့။) ❖မြတ်စွာဘုရား ဘုရားဖြစ်တဲ့အခါမှာလည်း .... “အရှင်ဘုရား၊ အရှင်ဘုရားဟာ ဘုရားဖြစ်ဖို့ ပါရမီတွေ ဖြည့်ခဲ့တာ။ အခု ဘုရားဖြစ်ပြီလေ။ သိစရာအားလုံး အကုန်သိတဲ့ဘဝ ရောက်ပြီ။ တော်ပြီပေါ့။ ဘာဖြစ်လို့ မြို့တကာ ရွာအနှံ့ လှည့်ပြီး တရား ဟောနေဦးမှာလဲ၊ ကိုယ့်ကိစ္စ ကိုယ့်အကျိုး ပြီးပြီပဲ။ ပရိနိဗ္ဗာန်စံတာ အကောင်းဆုံးပေါ့။ လို့ မာရ်နတ်က သတ္တဝါတွေ သူ့ပိုင်နက်ထဲက လွတ်ထွက်သွားမှာ စိုးရိမ်တဲ့စိတ်နဲ့ တိုက်တွန်းခဲ့ပါတယ်။ ❖မာရ်နတ်ဟာ အတွေးအခေါ်ကောင်းတဲ့ ပုဂ္ဂိုလ် တစ်ယောက်လည်း ဖြစ်လေတော့ သူနှောင့်ယှက်ပြီဆိုရင် အများအားဖြင့် သဘောတရားတွေ၊ ဒဿနတွေနဲ့ စိတ်ဓာတ်စစ်ဆင်ရေးလုပ်ပြီး နှောင့်ယှက်တာ များပါတယ်။ တစ္ဆေသူရဲယောင်ဆောင်ပြီး ခြောက်လှန့်တာမျိုး၊ ဆင်ကြမ်းယောင်ဆောင်၊ မြွေကြမ်းယောင်ဆောင်ပြီး ပြူးတူးပြဲတဲ ခြောက်လှန့်တာမျိုးလည်း ရှိလေရဲ့။ ❖မြတ်စွာဘုရား ဘုရားဖြစ်မယ့် ညနေတုန်းကတော့ လက်ရုံးအား၊ လက်နက်အား၊ စစ်သည်ဗိုလ်ပါ အခြံအရံအားတွေ အကြီးအကျယ်သုံးပြီး အပြင်းအထန် နှောင့်ယှက်ခဲ့ပါတယ်။ မုန်တိုင်းလက်နက်၊မိုးလက်နက်၊ ကျောက်ခဲမိုးလက်နက်၊ ဓားလှံမိုးလက်နက်၊ မီးကျီးမိုးလက်နက်၊ ပြာပူမိုးလက်နက်၊ သဲပူမိုးလက်နက်၊ ညွန်ပူမိုးလက်နက်၊ အမှောင်တိုက်လက်နက်၊ လက်နက်ကြီး ကိုးမျိုး၊ နောက်ဆုံး အဏုမြူဗုံးထက် အဆပေါင်းများစွာ ပြင်းထန်တဲ့ မိုးကြိုးစက်လက်နက်။ ❖မြတ်စွာဘုရားဟာ ဘုရားဖြစ်တဲ့နေ့မှာပဲ ဗောဓိပင်နဲ့ ရွှေပလ္လင်မှာ မာရ်ငါးပါးကို အကြွင်းမဲ့ အောင်မြင်တော်မူခဲ့ပါတယ်။ ❖ဒေဝပုတ္တမာရ်ကိုတော့ “မေတ္တာတန်ခိုး၊ ပါရမီတော်တန်ခိုး” နဲ့အောင်မြင်တော်မူခဲ့ပါတယ်။ ❖ကိလေသာမာရ်နဲ့ အဘိသင်္ခါရမာရ်ကိုတော့ “အရဟတ္တမဂ်တန်ခိုး” နဲ့ အောင်မြင်ခဲ့ပါတယ်။ ❖ခန္ဓမာရ်နဲ့ မစ္စုမာရ်ကိုတော့ အကြောင်းဖြစ်တဲ့ “ကိလေသမာရ်နဲ့ အဘိသင်္ခါရမာရ်”ကို အောင်မြင်ခြင်းအားဖြင့် အောင်မြင်ခဲ့ပါတယ်။ မာရ်ငါးပါးမှာ “ကိလေသမာရ်”ကို အောင်နိုင်ဖို့က အဓိကပါ။ကိလေသာကင်းနေရင် မာရ်နတ်ရန်လည်း ကြောက်စရာမလိုတော့ပါဘူး။ ကိလေသာကင်းနေရင် ကုသိုလ်ကံ၊ အကုသိုလ်ကံလည်း မဖြစ်တော့ပါဘူး။ ကံမှမရှိရင် ဘဝလည်း ထပ်မဖြစ်တော့လို့ ခန္ဓာလည်း မရတော့ပါဘူး။ ခန္ဓာမရမှတော့ သေခြင်းတရားနဲ့လည်း ရင်ဆိုင်စရာ မလိုတော့ဘူးပေါ့။ ကောင်းတာလုပ်ရင် နှောင့်ယှက်ချင်တာ မာရ်နတ်ရဲ့ အကျင့်စရိုက်ပါ။ အခုခေတ်မှာ သူတစ်ပါးကောင်းတာ လုပ်တာကို နှောင့်ယှက် ဟန့်တားတဲ့သူ၊ သင်္ကန်းအရေခြုံပြီး လောကီဝိဇ္ဇာ ဂန္ဓာရီအလုပ်လုပ်သူ၊ ထေရဝါဒစစ်စစ်ထဲမှာ ဟိုဝါဒရောထည့်၊ ဒီဝါဒရောထည့်နဲ့ အုတ်ရောရော ကျောက်ရောရော ဖြစ်အောင်လုပ်သူ၊ သာသနာပြုလုပ်ငန်း တိုးတက် အောင်မြင်မှုကို နှောင့်နှေးအောင် လုပ်သူတွေကို “မာရ်နတ်တွေ” လို့ တင်စားပြီး ခေါ်နိုင်ပါတယ်။ မာရ်နတ်တွေလို့ မတင်စားချင်ဘူးဆို ရင်လည်း “မာရ်နတ်ရဲ့ ပါတီဝင်တွေ” လို့ ခြွင်းချက်မရှိ သတ်မှတ်နိုင်ပါတယ်။ ဦးဇင်းရဲ့ “အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ်” ဆိုတဲ့ ဆောင်းပါး အင်တာဗျူးဂျာနယ်မှာ ပါလာပြီး နောက်ပိုင်း တချို့လူငယ်တွေက “အချစ်အကြောင်းလေးတွေ ထပ်ရေးပါဦး” လို့ တောင်းဆိုလာကြပါတယ်။ တစ်နည်း ....အချွန်နဲ့ ဝိုင်းမ,လာကြပါတယ်။ အခု မာရ်နတ်အကြောင်းပြောရင်း စကားစပ်လို့ “အချစ်” ကိုအဓိပ္ပာယ်တစ်မျိုး ဖွင့်ပါရစေ။ အချစ်ဆိုတာ တဏှာ၊ တဏှာဆိုတာ ကိလေသာ၊ ကိလေသာဆိုတာ မာရ်၊ ဒီတော့ အချစ်ဟာလည်း မာရ်ပဲပေါ့။ မာရ်ဆိုရင် သတ်တော့မယ်လေ။ ( မေတ္တာကို ရည်ညွှန်းတဲ့အချစ်ကို မဆိုလိုပါဘူး။ အဲဒီအချစ်ကတော့ တစ်ဖက်သားရဲ့ ကောင်းကျိုးကို လိုလားတဲ့ စိတ်သက်သက်ပါပဲ။ အခုဟာက တွယ်တာနှောင်ဖွဲ့တဲ့ အချစ်ကို ဆိုလိုတာပါ။) “အချစ်ဆိုတာ နှလုံးသားနဲ့ဘဝကို သတ်ဖြတ် ဖျက်ဆီးပစ်တတ်တဲ့ မာရ်နတ်တစ်ပါးပါပဲ။ ဖြူစင်သန့်ရှင်း အေးချမ်းကြည်လင်တဲ့စိတ်ဓာတ်တွေ၊ အကန့်အသတ်မဲ့ ဘဝတိုးတက်မှုတွေကို နှောင့်နှေး ရပ်တန့်ချုပ်ဆုံးသွားစေတဲ့အရာဟာ အချစ်ပါပဲ” လို့ အဓိပ္ပာယ် ဖွင့်ဆိုရင် အချစ်မှာ ပျော်ဝင် နစ်မြုပ်တိမ်းမူးထွေယစ်ချင်တဲ့ အချစ်ကြီးသူတွေ စိတ်များဆိုးလေမလား။ “နေဆယ်စင်းထက် ပြင်းတယ်၊ မင်း မာရ်နတ်မင်းရဲ့ သမီးလား” ဆိုတဲ့ သီချင်းစာသားရယ်။ “မင်း ငါ့ကို သတ်တယ်” ဆိုတဲ့ သီချင်းစာသားရယ်ကို သွားရင်းလာရင်း ကြားဖူးသလိုလိုပါပဲ။ မာရ်နတ်ရဲ့ အန္တရာယ်ထက် မာရ်စိတ် (ကိလေသာစိတ်)ရဲ့ အန္တရာယ်က ပိုပြီး ကြောက်စရာကောင်းတာမို့ မာရ်နတ်ကို တွန်းလှန်နိုင်ဖို့ထက် မာရ်စိတ်ကို တွန်းဖြိုနိုင်ဖို့က ပိုပြီးအရေးကြီးပါတယ်လို့ ....။ ။ 【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)】 အပ္ပမာဒေန သမ္ပာဒေထ။ Posted by► www.facebook.com/youngbuddhistassociation.mm [အင်တာဗျူးဂျာနယ်၊ စက်တင်ဘာ၊ ၁၉၊ ၂ဝဝ၁] [“လွတ်လပ်စွာ Share နိုင်ပါသည်။ ပေ့ချ်များအနေနဲ့ share မယ်ဆိုရင် စာရေးသူ ဆရာတော်၊ စာရေးသူ လူပုဂ္ဂိုလ်အမည်နဲ့ စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association ကို credit လေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။”]
https://www.dhammaransi.com/index.php/new/578-2016-06-18-07-22-41.html
ဘုရားတစ်ခါရှိခိုး ကုသိုလ်ငါးမျိုး
ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်တို့သည် ကုသိုလ်တရားတို့ကို အလွန်ပင် နှစ်သက်ကြပေသည်။ အလွန်ပင် ရလိုကြပေသည်။ အဘယ့်ကြောင့် ကုသိုလ်တရားတို့ကို နှစ်သက်ကြ၊ ရလိုကြပါသလဲ ဆိုပါလျှင် ကုသိုလ်တရား တို့သည် ပြုနေဆဲခဏ၌လည်း အပြစ်မရှိကြပေ။ အပြစ်ကင်းကြပေသည်။ ပြုပြီးသည့် နောက်ကာလ၌လည်း ကုသိုလ်ရှင်ကို နိဗ္ဗာန်ချမ်းသာသို့ ရောက်သည်အထိ ကောင်းကျိုးချမ်းသာ အမျိုးမျိုးတို့ကို လိုက်၍ ပေးကြပေသည်။ထို့ကြောင့် ကုသိုလ်တရားတို့ကို အလွန်ပင် နှစ်သက်ကြခြင်း၊ အလွန်ပင် ရလိုကြခြင်း ဖြစ်ကြရပေသည်။ ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်တို့သည် အကုသိုလ်တရားတို့ကို အလွန်ပင် ကြောက်လန့်ကြပေသည်။ အလွန်ပင် ကင်းလိုကြပေသည်။ အဘယ့်ကြောင့် အလွန်ပင် ကြောက်လန့်ကြ၊ အလွန်ပင် ကင်းလိုကြသလဲ ဆိုပါလျှင် အကုသိုလ်တရားတို့သည် ပြုနေဆဲခဏ၌လည်း အပြစ်တွေရှိနေကြပေသည်။ ပြုပြီးသည့် နောက် ကာလ၌လည်း အကုသိုလ်ပြုထားသော သူကို အပါယ်သံသရာ၊ အပါယ်ဆင်းရဲတို့၌ ကျရောက်စေပြီးလျှင် ဒုက္ခအမျိုးမျိုးတို့ကို လိုက်၍ ပေးတတ်ကြပေသည်။ ထို့ကြောင့် အကုသိုလ်တရားတို့ကို အလွန်ပင် ကြောက်လန့်ကြခြင်း၊ အလွန်ပင် ကင်းလိုကြခြင်း ဖြစ်ကြရပေသည်။ ဤကဲ့သို့ ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်တို့သည် အကုသိုလ် တရားတို့၏ အပြစ်ရှိခြင်း၊ မကောင်းသော အကျိုးတို့ကို ပေးတတ်ခြင်းနှင့် ကုသိုလ် တရားတို့၏ အပြစ်မရှိခြင်း၊ ကောင်းသောအကျိုးတို့ကို ပေးတတ်ခြင်း ဟူသော အပြစ်နှင့် အကျိုးတို့ကို ယုံကြည်ခြင်း ရှေ့သွားရှိသော အသိဉာဏ်များ ရှိကြသောကြောင့် ဒါနကုသိုလ်ကိုလည်း တတ်နိုင်သမျှ ပြုလုပ်လျက် ရှိကြပေသည်။ ငါးပါးသီလမှစ၍ သီလကိုလည်း လုံခြုံအောင် စောင့်ထိန်းလျက် ရှိကြပေသည်။ ဘုရားဂုဏ်တော် ပွားများခြင်း၊မေတ္တာတရားပွားများခြင်း စသော သမထဘာဝနာကိုလည်း တတ်နိုင်သမျှ ပွားများလျက် ရှိကြပေသည်။ သတိပဋ္ဌာန် ဝိပဿနာတရားကိုလည်း အချိန်ရသမျှ ပွားများအားထုတ်လျက် ရှိကြပေသည်။ ထိုသို့ ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်တို့ ပြုလုပ်နေကြသည့် ဒါနကုသိုလ်၊ သီလကုသိုလ်၊ သမထကုသိုလ်၊ ဝိပဿနာကုသိုလ်ဟူသော ကုသိုလ် (၄)မျိုးတို့တွင် သတိပဋ္ဌာန်တရား (၄)ပါးဖြင့် ပွားများအပ်သော ဝိပဿနာ ကုသိုလ်ကတော့ အများဆုံးကုသိုလ် ရရှိနိုင်သည့် ကုသိုလ်မျိုးပင် ဖြစ်ပေသည်။ ထို့ကြောင့် မြတ်စွာဘုရားက သတိပဋ္ဌာန်တရား (၄)ပါး ပွားများကြသော ပုဂ္ဂိုလ်တို့သည် ကုသိုလ် အစုအပုံကြီး ရရှိနေကြပေသည်ဟု ဟောကြားတော်မူခဲ့ပါသည်။ ❖သတိပဋ္ဌာန်တရား (၄)ပါးဖြင့် ဝိပဿနာတရား ပွားများအားထုတ်၍ ဝိပဿနာသမာဓိဉာဏ် အခြေခံများနှင့် ပြည့်စုံလာကြသော ပုဂ္ဂိုလ်တို့သည် ဘုရားတစ်ခါ ရှိခိုးလိုက်လျှင် ကုသိုလ် ငါးမျိုး ရရှိနိုင်ကြပေသည်။ ❖ဝိပဿနာသမာဓိဉာဏ်များ အခြေခံရှိကြသော ပုဂ္ဂိုလ် တို့သည် ဘုရားကို ရိုသေစွာ ရှိခိုးဦးချတော့မည့်အခါ၌ အထူးသတိထား၍ မိမိ စိတ်ကို အာရုံပြုကြည့်လိုက်သည် ရှိသော် ရှိခိုးချင်သည့်စိတ်များ ဖြစ်နေတာ ထင်ရှားနေတတ်ပါသည်။ ယင်း ရှိခိုးချင်သည့်စိတ်ကို “ရှိခိုးချင်တယ်၊ ရှိခိုးချင်တယ်” ဟု ရှုမှတ်ကြရပါသည်။ ❖ထို့နောက် ရှိခိုးချင်သည့် စိတ်ကြောင့် ဖြစ်သည့် လေများက တွန်းချပေး၍ ညွှတ်ကျသွားသော ရှိခိုးသည့် ကိုယ်အမူအရာများ ဖြစ်ပေါ်လာမှ ရှိခိုးတယ်၊ ရှိခိုးတယ် ဟု ရှုမှတ်ကြရပါသည်။ နဖူးနှင့် ကြမ်းပြင် ထိသွားသောအခါ “ထိတယ်၊ ထိတယ်” ဟု ရှုမှတ်ကြရပေသည်။ ❖ဘုရားကို အာရုံပြုပြီး၍ ပြန်ထူရတော့မည့် အခါမှာလည်း အထူး သတိထား၍ မိမိစိတ်ကို အာရုံပြုကြည့်လိုက်သည် ရှိသော် ထူချင်သည့် စိတ်များ ဖြစ်နေတာ ထင်ရှား နေတတ်ကြပေသည်။ ယင်း ထူချင်သည့် စိတ်ကို “ထူချင်တယ်၊ ထူချင်တယ်” ဟု ရှုမှတ်ကြရပါသည်။ ❖ထူချင်သည့် စိတ်ကြောင့် ဖြစ်သည့် လေများက တွန်းပို့ပေးနေ၍ ထူသည့် ကိုယ်အမူအရာများ ဖြစ်ပေါ်လာမှ “ထူတယ်၊ ထူတယ်” ဟု ရှုမှတ်ကြရပါသည်။ (၁)။ ဤကဲ့သို့ ဘုရားရှိခိုးရာတွင် ရှုမှတ်ကြရာ၌ ရှိခိုးချင်သည့် စိတ်နှင့် ပြန်ထူချင်သည့် စိတ်များကို ရှုမှတ်ကြရခြင်းသည် စိတ်ကို ရှုမှတ်ကြရသောကြောင့် “စိတ္တနုပဿနာ သတိပဋ္ဌာန်”ပွားများသောအားဖြင့် ဝိပဿနာကုသိုလ်များကို ရရှိကြပေသည်။ (၂)။ ရှိခိုးဦးချသည့်အခါ ကိုယ်အမူအရာများနှင့် ရှိခိုး ဦးချပြီး၍ ပြန်ထူသောအခါ ကိုယ်အမူအရာများကို ရှုမှတ်ကြရခြင်းသည် ကိုယ်ကာယကို ရှုမှတ်ကြ ရသောကြောင့် “ကာယာနုပဿနာသတိပဋ္ဌာန်” ပွားများသောအားဖြင့် ဝိပဿနာကုသိုလ်များကို ရရှိကြပေသည်။ ဘုရားရှိခိုးဦးချနေသည့်အခိုက်မှာ ဝမ်းမြောက် ၊ ဝမ်းသာဖြစ်၍ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာမှုများ ဖြစ်လာခဲ့သော် ထိုကိုယ်ချမ်းသာ၊ စိတ်ချမ်းသာများကို “ချမ်းသာတယ်၊ ချမ်းသာတယ်” ဟု ရှုမှတ်ကြရပေသည်။ နေထိုင်လို့မကောင်းသည့် အခိုက်ဖြစ်၍ ရှိခိုးဦးချ လိုက်သောအခါ နာကျင်ကိုက်ခဲမှုများ ဖြစ်လာခဲ့သော် “နာကျင်တယ်၊ ကိုက်ခဲတယ်” ဟု ရှုမှတ်ကြရပေသည်။ (၃)။ ဤကဲ့သို့ ဘုရားရှိခိုးရာတွင် ချမ်းသာမှုနှင့် နာကျင်ကိုက်ခဲမှုများကို ရှုမှတ်ကြရခြင်းသည် သုခဝေဒနာနှင့် ဒုက္ခဝေဒနာများကို ရှုမှတ်ကြ ရသောကြောင့် “ဝေဒနာနုပဿနာသတိပဋ္ဌာန်” ပွားများသောအားဖြင့် ဝိပဿနာကုသိုလ်များကို ရရှိကြပေသည်။ မိမိတို့ ဘုရားရှိခိုးနေသည့် အခိုက်မှာပင် အခြား တစ်ပါးသော ပုဂ္ဂိုလ်များက ကြည်ညိုဖွယ်ရာ အသံများဖြင့် ရွတ်ဆိုကာ ရှိခိုးသည့်အသံများကို ကြားရသောအခါ ထိုအသံများကို ကြားကာမျှ မတ္တသဘောမှာ တည်အောင် စိတ်ကိုထား၍ “ကြားတယ်၊ ကြားတယ်”ဟု ရှုမှတ်ကြရပေသည်။ (၄)။ ဤကဲ့သို့ ဘုရားရှိခိုးသည့် အသံများကို ကြားကာမျှ မတ္တသဘောမှာ တည်အောင် ရှုမှတ်ကြရခြင်းသည် သဘောတရားကို ရှုမှတ်ကြရသောကြောင့် “ဓမ္မာနုပဿနာသတိပဋ္ဌာန်” ပွားများသောအားဖြင့် ဝိပဿနာကုသိုလ်များကို ရရှိကြပေသည်။ (၅)။မြတ်စွာဘုရား၏ ရုပ်ပွားတော်၊ စေတီတော်များကို အာရုံပြု၍ ကြည်ညိုရခြင်း၊ ဘုရားဂုဏ်တော်များကို နှလုံးသွင်း၍ ပွားများရခြင်းတို့ဖြင့် “ဗုဒ္ဓါနုဿတိဘာဝနာ” ကုသိုလ်များကိုလည်း ရရှိကြပေသည်။ ဤကဲ့သို့ သတိပဋ္ဌာန်တရား (၄)ပါးဖြင့် ဝိပဿနာတရား ပွားများအားထုတ်၍ ဝိပဿနာသမာဓိဉာဏ်များ အခြေခံရရှိထားကြသော ပုဂ္ဂိုလ်တို့သည် ဘုရားတစ်ခါ ရှိခိုးလျှင် ကုသိုလ် (၅)-မျိုး ရရှိနိုင်ကြပေသည်။ ။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【မဟာစည်နာယက၊အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ၊အရှင်ကုဏ္ဍလာဘိဝံသ- သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီး】 Posted by www.facebook.com/youngbuddhistassociation.mm [“လွတ်လပ်စွာ Share နိုင်ပါသည်။
https://www.dhammaransi.com/index.php/new/579-2016-06-18-07-22-07.html
“ပုဂ္ဂလိကအလှူ နဲ့ သံဃိကအလှူ”
ဘုရားရှင်ဟာ သာဝတ္ထိမြို့၊ဇေတဝန်ကျောင်းမှာ သီတင်းသုံးတော်မူပါတယ်။ အဲဒီအခါ နာလက ရွာငယ်က အရှင်ရေဝတရဲ့ အလုပ်အကျွး သူကြွယ်မှာ သမီး ၂ ယောက် ရှိပါတယ်။ တစ်ယောက်က “ဘဒ္ဒါ”။ နောက်တစ်ယောက်က “သုဘဒ္ဒါ” ။နှစ်ယောက်ထဲက ဘဒ္ဒါက လင့်အိမ်ရောက်သွားတယ်။ သဒ္ဓါရှိတယ်။ ကြည်ညိုတယ်။ပညာရှိတယ်။အမြုံမ ဖြစ်တယ်။ ဘဒ္ဒါက လင်ကို ပြောပါတယ်။ “ငါ့ညီမ သုဘဒ္ဒါ ဆိုတာ ရှိပါတယ်။ သူ့ကို ခေါ်ဆောင်ပါ။ သုဘဒ္ဒါ မှာ သားရှိလာရင် အဲဒီသားက ငါ့ရဲ့သားလည်း ဟုတ်ပါတယ်။ ဒီအမျိုးအနွယ်လည်း မပျက်စီးဘဲ ရှိပါမယ်။ လင်က “ကောင်းပြီ”လို့ ဝန်ခံပြီး အဲဒီအတိုင်း လုပ်ပါတယ်။ အဲဒီ အခါ ဘဒ္ဒါက သုဘဒ္ဒါကို ဒီလို ဆုံးမပါတယ်။ “သုဘဒ္ဒါ၊ သင်ဟာ လှူဒါန်း၊ ပေးကမ်းမှုမှာ မွေ့လျော်ပါ။ တရား အကျင့်မှာ မမေ့မလျော့ရှိပါ။ အဲဒီလိုဆိုရင် ပစ္စုပ္ပန်၊ တမလွန်-အကျိုးတွေက သင့်လက်ထဲ ရောက်ကိုရောက်လာပါလိမ့်မယ်။” သုဘဒ္ဒါဟာ ဘဒ္ဒါရဲ့ ဩဝါဒမှာ ရပ်တည်ပြီး ပြောတဲ့နည်းအတိုင်း ကျင့်တဲ့အခါ တစ်နေ့မှာ အရှင်ရေဝတ အပါအဝင် သံဃာ ၈ပါးကို ပင့်ဖိတ်တယ်။ အရှင်ရေဝတက သုဘဒ္ဒါရဲ့ ကောင်းမှုတိုးပွားတာကို လိုလား လို့ သံဃာက ရည်ညွှန်းချပေးတဲ့နည်းနဲ့ ရဟန်း ၇ ပါးကို ခေါ်ကာ သုဘဒ္ဒါရဲ့အိမ်ကို သွားတယ်။ သုဘဒ္ဒါက ကြည်ညိုစိတ်ဖြစ်ပြီး အရှင်ရေဝတကိုရော၊ အဲဒီရဟန်းတွေကိုပါ မွန်မြတ်တဲ့ခဲဖွယ်၊ စားဖွယ်နဲ့ ကိုယ်တိုင်ကိုယ်ကျ တင်းတိမ်ရောင့်ရဲစေပါတယ်။ မထေရ်က အနုမောဒနာ ပြုပြီး ဖဲသွားပါတယ်။ သုဘဒ္ဒါက နောင်အခါ သေပြီး၊နိမ္မာနရတိနတ်ပြည် ရောက်သွားတယ်။ ဘဒ္ဒါကတော့ပုဂ္ဂိုလ်တွေအား အလှူတွေလှူပြီး သိကြားမင်းရဲ့မယား ဖြစ်သွားတယ်။ အဲဒီအခါ သုဘဒ္ဒါက သူ့စည်းစိမ်ကို ဆင်ခြင်ပြီး “ငါဟာ ဘယ် ကောင်းမှုကြောင့် ဒီမှာ ဖြစ်ရတာလဲ” လို့ ဆင်ခြင်တဲ့အခါ “ဘဒ္ဒါရဲ့ဩဝါဒမှာ ရပ်တည်ပြီး၊ သံဃာထုတစ်ရပ်လုံးအား လှူခဲ့လို့ ဒီစည်းစိမ်ကို ရတယ်။ ဘဒ္ဒါကတော့ ဘယ်မှာဖြစ်နေသလဲ” လို့ ကြည့်တဲ့အခါ သိကြားမင်းရဲ့ အလုပ်အကျွေးမယား ဖြစ်နေတာကို မြင်ပြီး၊ သနားလို့ ဘဒ္ဒါရဲ့ဗိမာန်ထဲဝင်သွားပါတယ်။ ဘဒ္ဒါက ကြီးကျယ်တဲ့စည်းစိမ် အခြွေအရံရှိပြီး၊ တာဝတိံသာနတ်အားလုံးထက် အဆင်းအားဖြင့် သာလွန်တင့်တယ်တဲ့ ဒီလိုနတ်သမီးကို တစ်ခါမှ မမြင်ဖူးလို့ “ဘယ်ဘုံဘဝက လာခဲ့ပါသလဲ။ နာမည်ဘယ်လိုခေါ်ပါသလဲ”လို့ မေးပါတယ်။ သုဘဒ္ဒါ က အတိတ်ဘဝက ကုသိုလ်ကံ အကြောင်းကို ပြောပြပါတယ်။ သံယိက အလှူရဲ့ အကျိုးကြီမားလှပုံကို ဘဒ္ဒါဟာ နားလည်သဘောပေါက်သွား ပါတော့တယ်။ (ဝိမာန၊ ဋ္ဌ ၊ ၁၃၅) ပုဂ္ဂလိကဒါနရှင် ဘဒ္ဒါက တာဝတိံသာနတ်ပြည်၊ သံယိကဒါနရှင် သုဘဒ္ဒါက နိမ္မာနရတိနတ်ပြည် ရောက်တယ်ဆိုတော့ တာဝတိံသာနတ်ပြည်ထက် အဆင့်မြင့်တဲ့ ယာမာနတ်ပြည်၊ တုသိတာနတ်ပြည်တွေကို ကျော်ဖြတ်ကာ ယာမာနဲ့ တုသိတာအထက်က နိမ္မာနရတိနတ်ပြည်ကို ရောက်သွားပါတယ်။ အဆင့်အတန်းအားဖြင့် အတော့်ကို ကွာခြားလှပါတယ်။ အလှူခံပုဂ္ဂိုလ်ကလည်း အကျိုးပေးကြီးမားဖို့ရာ အရေးကြီးလှပါတယ်။ ဒါကြောင့် ဘုရားရှင်က သံဃာအား လှူဖို့အကြောင်း၊ သံဃာအား လှူရင် အကျိုးကြီးမားကြောင်းကို မိထွေးတော် ဂေါတမီအား မိန့်ကြားတော်မူခဲ့ပါတယ်။ သံယိကဒါနဖြစ်အောင် လှူဒါန်းရာမှာ စိတ်ကလည်း သံဃာသို့ ညွှတ်နိုင်မှသာ သံဃိကဒါနအစစ် ဖြစ်နိုင်ပါတယ်။ နှုတ်က “သံဃဿ ဒေမိ-သံဃာအား လှူပါ၏” လို့ ဆိုနေပေမယ့် ၊ စိတ်က ကိုယ်ကြည်ညို နေတဲ့ကျောင်းတိုက်သံဃာ၊ ကိုယ်ကြည်ညိုနေတဲ့ ဘုန်းကြီးကိုသာ လှူလိုရင် သံယိကဒါနအစစ် မဖြစ်နိုင်ပါ။ တကယ့်ကို ပုဂ္ဂိုလ်မခွဲခြားဘဲ သံဃာအားလုံးကို ရည်စူးနိုင်ရင်တော့ နေ့စဉ်ဆွမ်းလောင်းရာမှာရော၊ သံဃာက ညွှန်ပြလို့ ရတဲ့ ပုဂ္ဂိုလ်တစ်ပါးအား ဆွမ်းကျွေးရာမှာပါ သံဃိကဒါနအစစ် ဖြစ်နိုင်ပါတယ်။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【သာမဏေကျော်ဆရာတော် ဦးဓမ္မိကာလင်္ကာရာဘိဝံသ- သာမဏေကျော်မဟာဂန္ဓာရုံကျောင်းတိုက်】 Posted by► www.facebook.com/youngbuddhistassociation.mm
https://www.dhammaransi.com/index.php/new/580-2016-06-18-07-21-38.html
“ဆွမ်းတစ်ဇွန်းအလှူနဲ့ နှစ်ပေါင်းတစ်သောင်းအလှူကြီး”
သစ်သီးတစ်လုံး၊ ပန်းတစ်ပွင့်၊ မုန့်တစ်ခု၊ ဆွမ်းတစ်ဇွန်းလောက် လှူရုံနဲ့ နတ်ပြည် ရောက်နိုင်ပါတယ်။သာသနာတွင်းမှာ လှူတဲ့ဒါနက သာသနာပမှာ လှူတဲ့ ဒါနထက် အဆပေါင်းများစွာ သာလွန်ပါတယ်။ ဘုရားရှင်လက်ထက်တော်ကာလ ရာဇဂြိုဟ်မြို့က ဣန္ဒကဆိုတဲ့လူဟာ ရွာထဲ ဆွမ်းခံဝင်လာတဲ့ အရှင်အနုရုဒ္ဓါအား သူ့အတွက်ဆောင်ယူလာတဲ့ ဆွမ်းတစ်ဇွန်းကို လှူဒါန်းခိုင်းခဲ့ပါတယ်။ အဲဒီကုသိုလ်ကြောင့် တာဝတိံသာနတ်ပြည်မှာ တန်ခိုးကြီးတဲ့ နတ်သားကြီး ဖြစ်ပါတယ်။ အကုင်္ရ နတ်သားထက် ကာမဂုဏ်ငါးမည်၊ သက်ရှည်ဆင်းလှ၊ စိုးရချမ်းသာ၊ များစွာခြွေရံ ဂုဏ်၁ဝတန်နဲ့ သာလွန်တင့်တယ်ပါတယ်။ 【ဓမ္မပဒ။ ဋ္ဌ၊ ဒု၊ ၁၄၃၊ ပေတဝတ္ထု၊ ဋ္ဌ၊ ၁၂၇】 အကုင်္ရဆိုတဲ့သူဟာ သာသနာပကာလမှာ အကြီးအကျယ် ချက်ပြုတ်ကျွေးမွေးလှူဒါန်းခဲ့တယ်။ ချက်ပြုတ်ရေးခေါင်းဆောင် အမျိုးသားတွေက ၃ ထောင်၊ ထင်းခွဲသမားက ၆သောင်း၊ ချက်ပြုတ်စရာကို ကြိတ်ချေပြုပြင်ပေးတဲ့ အမျိုးသမီးက ၆ သောင်း၊ ယောင်းမကိုင် အမျိုးသမီး က ၆ သောင်းရှိတယ်။ အဲဒီလောက် များပြားတဲ့ အလုပ်သမားတွေနဲ့ လာလာသမျှ လူတွေကို နေ့စဉ် အနှစ်တစ်သောင်း ကာလပတ်လုံး ချက်ပြုတ်ကျွေးမွေးလှူဒါန်းခဲ့တယ်။ အဲဒီကောင်းမှုကြောင့် တာဝတိံသာ နတ်ပြည်မှာ နတ်ဖြစ်နေတယ်။ 【ပေတဝတ္ထု၊ဋ္ဌ၊၁၂၉】 အဲဒီ “အကုင်္ရနတ်သား” နဲ့ “ဣန္ဒကနတ်သား” တို့ဟာ အဘိဓမ္မာတရား ဟောခါနီးမှာ ဘုရားရှင်ရဲ့ မျက်မှောက်အနီးမှာ ရိုသေစွာ ထိုင်နေကြတယ်။ တန်ခိုးကြီးတဲ့နတ်တွေလာတဲ့အခါ အကုင်္ရနတ်သားက နောက်ကို ဆုတ်ဆုတ်ပြီး နေရာပေးရတဲ့အတွက် ဘုရားရှင်နဲ့ ၁၂ ယူဇနာဝေးတဲ့ အရပ်ကို ရောက်သွားတယ်။ ဣန္ဒကနတ်သားကတော့ ဘုရားရှင်အနီး မူလနေမြဲ နေရာမှာပဲ ရှိနေပါတယ်။ သူ့ထက်တန်ခိုးကြီးသူမရှိလို့ ဖယ်မပေးရတာပါပဲ။ သာသနာပမှာ အကုင်္ရက အကြီးအကျယ် ပေးလှူခဲ့ပေမယ့် သာသနာတွင်းမှာ ဆွမ်းတစ်ဇွန်းမျှ လှူတဲ့ ဣန္ဒကလောက် တန်ခိုးမကြီးဘဲ၊ တန်ခိုးသေးငယ် နေရရှာတယ်။ ဒါကြောင့် ပေးလှူတဲ့အခါမှာ သီလ စတဲ့ဂုဏ်နဲ့ ပြည့်စုံတဲ့ အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်ပြီး လှူသင့်ကြောင်းကို ဘုရားရှင်က ဟောတော်မူပါတယ်။ ဒီဣန္ဒကဝတ္ထုအရ သာသနာတော်တွင်းမှာ နတ်ပြည် တိုးတက်ကြောင်း၊ တန်ခိုးကြီးတဲ့နတ်တွေ တိုးပွားကြောင်း သိရပါတယ်။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【သာမဏေကျော်ဆရာတော် ဦးဓမ္မိကာလင်္ကာရာဘိဝံသ- သာမဏေကျော်မဟာဂန္ဓာရုံကျောင်းတိုက်】
https://www.dhammaransi.com/index.php/new/581-2016-06-18-07-21-04.html
“လေးမျိုးရဟန္တာ သိဖွယ်ရာ”
မြတ်စွာဘုရား သာသနာတွင် ရဟန္တာပုဂ္ဂိုလ်တို့သည် အမြတ်ဆုံး အလှူခံပုဂ္ဂိုလ်များ ဖြစ်ကြပေသည်။ ရဟန္တာပုဂ္ဂိုလ်တို့အား လှူဒါန်းအပ်သော အလှူဒါနတို့သည် အမြတ်ဆုံး၊ အကြီးဆုံး အလှူဒါနများ ဖြစ်ကြပေသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်တို့သည် ရဟန္တာပုဂ္ဂိုလ်တို့အား အလွန်ပင် လှူဒါန်း လိုကြပေသည်။ ရဟန္တာပုဂ္ဂိုလ်တို့ကို အလွန်ပင် ဖူးမြင် လိုကြပေသည်။ ထိုရဟန္တာပုဂ္ဂိုလ်တို့သည် ဂုဏ်ထူးအားဖြင့် လေးမျိုးကွဲပြားလျက် ရှိကြပေသည်။ (၁)။ ပဋိသမ္ဘိဒါပတ္တ - ပဋိသမ္ဘိဒါ လေးပါးနဲ့ ပြည့်စုံသော ရဟန္တာ၊ (၂)။ ဆဠဘိည - အဘိညာဉ်ခြောက်ပါးနှင့် ပြည့်စုံသော ရဟန္တာ၊ (၃)။ တောဝိဇ္ဇ - ဝိဇ္ဇာသုံးပါး နှင့် ပြည့်စုံသော ရဟန္တာ၊ (၄)။ သုက္ခဝိပဿက - စျာန်သမာဓိမရှိ၍ စျာန်သမာပတ်တို့မှ ခြောက်သွေ့သော ရဟန္တာ၊ ဟူ၍ (၄)မျိုး ကွဲပြားလျက် ရှိပေသည်။ (၁)။ “ပဋိသမ္ဘိဒါပတ္တ”- ပဋိသမ္ဘိဒါလေးပါးနှင့် ပြည့်စုံသော ရဟန္တာ ဟု ဆိုရာ၌ - အကြင်ရဟန္တာပုဂ္ဂိုလ်သည် “အတ္ထပဋိသမ္ဘိဒါ၊ ဓမ္မပဋိသမ္ဘိဒါ၊ နိရုတ္တိ ပဋိသမ္ဘိဒါ၊ ပဋိဘာန ပဋိသမ္ဘိဒါ” - ဟူသော ပဋိသမ္ဘိဒါလေးပါးနှင့် ပြည့်စုံ၏။ ထိုရဟန္တာပုဂ္ဂိုလ်သည် “ပဋိသမ္ဘိဒါပတ္တရဟန္တာ” မည်၏။ ထိုလေးပါးတို့တွင် “အတ္ထပဋိသမ္ဘိဒါ”- ဟူသည် အကျိုးမှန်၌ သိသောဉာဏ်၊ ပါဠိသဒ္ဒါ၏ အနက်မှန်၌ သိသောဉာဏ်၊ ဆင်းရဲအမျိုးမျိုး၌ သိသောဉာဏ်၊ သင်္ခါရချုပ်ရာ ဆင်းရဲချုပ်ရာ နိဗ္ဗာန်၌ သိသောဉာဏ် ဤဉာဏ်တို့သည် “အတ္ထပဋိသမ္ဘိဒါ” မည်၏။ “ဓမ္မပဋိသမ္ဘိဒါ”-ဟူသည် အကြောင်းမှန်၌သိသောဉာဏ်၊ ပါဠိသဒ္ဒါမှန်၌ သိသောဉာဏ်၊ ဒုက္ခဖြစ်ကြောင်း သမုဒယ၌ သိသောဉာဏ်၊ ဒုက္ခချုပ်ရာ မဂ္ဂ၌သိသောဉာဏ် ဤဉာဏ်တို့သည် “ဓမ္မပဋိသမ္ဘိဒါ”မည်၏။ “နိရုတ္တိပဋိသမ္ဘိဒါ”-ဟူသည် ဘာသာစကား ပါဠိသဒ္ဓါများကို ရွတ်ဆို ပြောဆိုသောအသံကို ကြားရာ၌ အမှန်နှင့် အမှားကို ခွဲခြား၍ သိသောဉာဏ်သည် “နိရုတ္တိ ပဋိသမ္ဘိဒါ” မည်၏။ ဥပမာ.... အကြင်နိရုတ္တိပဋိသမ္ဘိဒါသို့ ရောက်နေသော ပုဂ္ဂိုလ် သည် အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ -ဟု ရွတ်ဆိုသော အသံကို ကြားလျှင် ဤသို့ ရွတ်ဆိုခြင်းသည် မှန်ကန်၏ - ဟု သိ၏။ အဒိန္န ဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ- ဟု ရွတ်ဆိုသော အသံကို ကြားလျှင် ဤသို့ ရွတ်ဆိုခြင်းသည် မမှန်ကန်၊ အမှား ဖြစ်၏- ဟု သိ၏။ ထိုပုဂ္ဂိုလ်သည် နိရုတ္တိပဋိသမ္ဘိဒါ - သို့ ရောက်နေသော ပုဂ္ဂိုလ်ဖြစ်ပေသည်။ “အမှန်ဖြစ်ပုံ” •••••••••••••••••••• အဒိန္နာဒါနာ - ၌ အဒိန္န + အာဒါနာ့ ဟု နှစ်ပုဒ်ခွဲ ရပေသည်။ အဒိန္န- အရှင်သည် ကိုယ်နှုတ်ဖြင့် မပေးအပ်သော ဥစ္စာကို၊ အာဒါနာ- ခိုးယူခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ - ရှောင်ကြဉ်ကြောင်း သိက္ခာပုဒ်ကို။ သမာဒိယာမိ - ကောင်းစွာ ဆောက်တည်ပါ၏။ ဤကဲ့သို့ အမှန်ဖြစ်ပေသည်။ “အမှားဖြစ်ပုံ” •••••••••••••••••••••• အဒိန္န ဒါနာ ၌ အဒိန္န- အရှင်သည် ကိုယ်နှုတ်ဖြင့် မပေးအပ်သော ဥစ္စာကို၊ ဒါနာ – ပေးလှူခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ -ရှောင်ကြဉ််ကြောင်း သိက္ခာပုဒ်ကို၊ သမာဒိယာမိ - ကောင်းစွာ ဆောက်တည်ပါ၏။ ဤကဲ့သို့ အမှား ဖြစ်ပေသည်။ ဤကဲ့သို့ ပါဠိ သဒ္ဒါများကို ရွတ်ဆိုသောအသံကို ကြားရာ၌ အမှန် နှင့် အမှားကို သိသော ဉာဏ်သည် “နိရုတ္တိပဋိသမ္ဘိဒါ”မည်၏။ “ပဋိဘာန ပဋိသမ္ဘိဒါ”- ဟူသည် အထက်၌ ဖော်ပြခဲ့ပြီးသော ပဋိသမ္ဘိဒါဉာဏ် သုံးပါးတို့၌ အကျယ်ဝိတ္ထာရကို သိသောဉာဏ်သည် ပဋိဘာန ပဋိသမ္ဘိဒါ မည်၏။ ဤ ပဋိသမ္ဘိဒါလေးပါးနှင့် ပြည့်စုံသော ရဟန္တာပုဂ္ဂိုလ်သည် “ပဋိသမ္ဘိဒါပတ္တရဟန္တာ”မည်၏။ (၂)။ “ဆဠဘိည”=အဘိညာဉ်ခြောက်ပါးနှင့် ပြည့်စုံသော ရဟန္တာ- ဟုဆိုရာ၌ အကြင်ရဟန္တာပုဂ္ဂိုလ်သည်- ၁။ တန်ခိုးအမျိုးမျိုးတို့ကို ဖန်ဆင်းနိုင်သော ဣဒ္ဓိဝိဓ အဘိညာဉ်။ ၂။ အဝေးအနီးအသံဟူသမျှတို့ကို ကြားသိနိုင်သော ဒိဗ္ဗသောတ အဘိညာဉ်။ ၃။ သူတစ်ပါးတို့၏ စိတ်အကြံကို သိနိုင်သော ပရစိတ္တဝိဇာနန အဘိညာဉ်။ ၄။ ရှေးဘဝဟောင်းများကို သိမြင်နိုင်သော ပုဗ္ဗေနိဝါသ အဘိညာဉ်။ ၅။ အဝေးအနီး အဆင်းဟူသမျှတို့ကို သိမြင်နိုင်သော ဒိဗ္ဗစက္ခု အဘိညာဉ်။ ၆။ ကိလေသာ အာသဝေါတို့ကို ကုန်စေနိုင်သည့် အရဟတ္တမဂ်ဉာဏ် ဟူသော အာသဝက္ခယ အဘိညာဉ် ခြောက်ပါးနှင့် ပြည့်စုံ၏။ထိုရဟန္တာပုဂ္ဂိုလ်သည် “ဆဠဘိညရဟန္တာ” မည်၏။ (၃)။ တောဝိဇ္ဇ =ဝိဇ္ဇာသုံးပါး နှင့် ပြည့်စုံသော ရဟန္တာ ဟုဆိုရာ၌ အကြင်ရဟန္တာ ပုဂ္ဂိုလ်သည်- ၁။ ရှေးဘဝဟောင်းများကို သိမြင်နိုင်သော ပုဗ္ဗေနိဝါသဝိဇ္ဇာဉာဏ်။ ၂။ အဝေးအနီး အလုံးစုံသော အဆင်းဟူသမျှကို မြင်သိနိုင်သော ဒိဗ္ဗစက္ခုဝိဇ္ဇာဉာဏ်။ ၃။ ကိလေသာ အာသဝေါတို့ကို ကုန်စေနိုင်သည့် အရဟတ္တမဂ်ဉာဏ်၊ ဟူသော အာသဝက္ခယဝိဇ္ဇာဉာဏ်- ဤ ဝိဇ္ဇာဉာဏ်သုံးပါးနှင့် ပြည့်စုံ၏။ထိုရဟန္တာပုဂ္ဂိုလ်သည် “တောဝိဇ္ဇရဟန္တာ” မည်၏။ (၄)။ “သုက္ခဝိပဿက” = စျာန်သမာဓိမရှိ၍ စျာန်သမာပတ်မှ ခြောက်သွေ့သော ရဟန္တာ - ဟု ဆိုရာ၌ အကြင်ရဟန္တာပုဂ္ဂိုလ်သည် အရဟတ္တဖိုလ်သို့ မရောက်မီ ရှေ့အဖို့မှစ၍ စျာန်၌ နှစ်သက်မြတ်နိုးခြင်း မရှိသဖြင့် ဝိပဿနာ သက်သက်ကိုသာ အားထုတ်၍ အရဟတ္တဖိုလ်သို့ ရောက်ကာ ရဟန္တာဖြစ်၏။ ထိုရဟန္တာပုဂ္ဂိုလ်သည် “သုက္ခဝိပဿကရဟန္တာ” မည်၏။ ဤပြဆိုခဲ့ပြီးသော ရဟန္တာလေးမျိုးကို အခြေခံ၍ သာသနာငါးထောင် တည်ရှိပုံကို ဒီ၊ ၃၊ ဋ္ဌ/၈၃- ၌ ဖွင့်ပြထားပေသည်။ ပဋိသမ္ဘိဒါပတ္တရဟန္တာခေတ် တစ်ထောင်၊ ဆဠဘိညရဟန္တာခေတ် တစ်ထောင်၊ တောဝိဇ္ဇရဟန္တာခေတ် တစ်စေထာင်၊ သုက္ခဝိပဿကရဟန္တာခေတ် တစ်ထောင်၊ ပါတိမောက္ခသံဝရခေတ် တစ်ထောင် ဟူ၍ သာသနာငါးထောင် တည်ရှိပုံကို ဖွင့်ပြထားပေသည်။ ။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【မဟာစည်နာယက၊အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ၊အရှင်ကုဏ္ဍလာဘိဝံသ- သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီး】
https://www.dhammaransi.com/index.php/new/582-2016-06-18-07-20-34.html
“စေတနာ သန့်စင်ပါစေ”
ရှေးက ပညာရှိတွေဟာ ပစ္စေကဗုဒ္ဓါတွေအား ဆားမပါ၊အဆီ အစေး မပါ ၊တင်လဲ မပါတဲ့ မုယောမုန့်ကို လှူပြီး အဲဒီအလှူရဲ့အကျိုးကြောင့် ဒုတိယဘဝ (နောက်ဘဝ)မှာယူဇနာသုံးရာရှိတဲ့ ကာသိတိုင်းမင်းစည်းစိမ်ကို ရရှိခဲ့ပါတယ်။ ရှေးအခါက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ္တမင်း အုပ်ချုပ်တဲ့အခါ ဘုရားလောင်းဟာ ဆင်းရဲတဲ့ အမျိုးတစ်မျိုးမှာ ဖြစ်ပြီး အရွယ်ရောက်တဲ့အခါ သူဌေးတစ်ယောက်ကို မှီပြီး အခစားအလုပ်လုပ်ကာ အသက်မွေးတယ်။ ဘုရားလောင်းဟာ တစ်နေ့မှာ “ငါ နံနက်စာအတွက် ဖြစ်လိမ့်မယ်”လို့ကြံကာ စျေးအတွင်းက မုယောမုန့်ခဲ(၄) ခုကိုယူပြီး အလုပ်ရှိရာကို သွားတယ်။ ပစ္စေကဗုဒ္ဓါ (၄) ပါး ဆွမ်းခံလှည့်လည်ဖို့ ဗာရာဏသီမြို့ဆီ ရှေ့ရှုလာနေကြတာကို မြင်သွားပြီး “ဒီပစ္စေကဗုဒ္ဓါတွေဟာ ဆွမ်းကိုရည်ရွယ်ပြီး ဗာရာဏသီကို သွားနေကြတယ်။ ငါ့မှာလည်း ဒီမုယောမုန့်ခဲ(၄) ခုရှိနေတယ်။ ငါဟာ ဒီမုန့်တွေကို ဒီပစ္စေကဗုဒ္ဓါတွေ အား လှူရရင် ကောင်းမှာပဲ” လို့ကြံတယ်။ အဲဒီ ပစ္စေကဗုဒ္ဓါတွေထံ ချဉ်းကပ်ပြီး ရှိခိုးကာ “အရှင်ဘုရားတို့ တပည့်တော်ရဲ့လက်မှာ ဒီမုယော မုန့်ခဲ (၄) ခု ရှိပါတယ်။ တပည့်တော်ဟာ ဒီမုန့်တွေကို အရှင်ဘုရားတို့အား လှူပါတယ်။ တောင်းပန်ပါတယ် ဘုရား။ တပည့်တော်ရဲ့ အလှူကို ခံယူတော်မူကြပါ။ အဲဒီလိုဆိုရင် ဒီကောင်းမှုဟာ တပည့်တော် အတွက် ကာလ ကြာရှည်စွာ စီးပွားချမ်းသာအလို့ငှာ ဖြစ်ပါလိမ့်မယ်” လို့ လျှောက်တယ်။ ဘုရားလောင်းဟာ ပစ္စေကဗုဒ္ဓါတွေရဲ့ လက်ခံမှုကို သိပြီး သဲကို မြင့်မောက်အောင် လုပ်ခိုင်းပြီး နေရာ (၄) နေရာ ခင်းတယ်။ အဲဒီ နေရာတွေရဲ့ အပေါ်မှာ ချိုးထားတဲ့ သစ်ခက်တွေကို ဖြန့်ခင်းတယ်။ ပစ္စေကဗုဒ္ဓါတွေကို အစဉ်အတိုင်း ထိုင်စေပါတယ်။ ဖက်ခွက်နဲ့ ရေကို သယ်ဆောင်ပြီး အလှူရေစက်ချတယ်။ သပိတ် (၄) လုံးထဲမှာ မုယော မုန့်ခဲ (၄) ခုကို တည်စေပြီး ရှိခိုးကာ “အရှင်ဘုရားတို့ ဒီမုန့်တွေကို လှူရတဲ့ အကျိုးဆက်ကြောင့် ဆင်းရဲတဲ့အိမ်မှာ မဖြစ်ပါစေနဲ့ ဘုရား။ အကုန်သိတဲ့ ဉာဏ်ရဖို့အတွက် အထောက်အပံ့ ဖြစ်ပါစေ”လို့လျှောက်တယ်။ ပစ္စေကဗုဒ္ဓါတွေက ဘုဉ်းပေးကြတယ်။ ဘုဉ်းပေးပြီးတဲ့အခါ အနုမောဒနာပြုပြီး ပျံတက်ကာ နန္ဒမူလကတောင်ဝှမ်းကိုပဲ ကြွသွားကြပါတယ်။ ဘုရားလောင်းက လက်အုပ်ချီပြီး ပစ္စေကဗုဒ္ဓါကို အာရံပြုကာ ပီတိကို ယူတယ်။ ပစ္စေကဗုဒ္ဓါတွေ မြင်ကွင်းက ကွယ်ပျောက်သွားတဲ့အခါ သူ့အလုပ်ကို သွားတယ်။တစ်သက်လုံး ဒါနကို အဖန်ဖန် အောက်မေ့ကာ သေသွားတယ်။ အဲဒီဒါနရဲ့ အကျိုးကြောင့် ဗာရာဏသီမင်းရဲ့ မိဖုရားခေါင်ကြီး ဝမ်းဗိုက်မှာ ဖြစ်တယ်။ ဗြဟ္မဒတ္တမင်းသားလို့ နာမည် မှည့်ကြတယ်။ မင်းသားဟာ သူ့ခြေထောက်နဲ့ သွားချိန်ကစပြီး “ငါဟာ ဒီမြို့မှာပဲ အခစား အလုပ်သမားဖြစ်ကာ အလုပ်ကိုသွားတဲ့အခါပစ္စေက ဗုဒ္ဓါတွေအား မုယောမုန့်ခဲ (၄) ခုကို လှူခဲ့ပြီး အဲဒီအလှူရဲ့ အကျိုးကြောင့် ဒီနေရာမှာဖြစ်တယ်”လို့ ကြည်လင်တဲ့မှန်ထဲက မျက်နှာရိပ်လို ရှေးဘဝကပြုခဲ့သမျှ အားလုံးကို ဇာတိဿရဉာဏ်(ရှေးဘဝကို အမှတ်ရ မှတ်မိတဲ့ဉာဏ်) နဲ့ ထင်ထင်ရှားရှား မြင်ရတယ်။ ဘုရားလောင်းဟာ အရွယ်ရောက်တဲ့အခါ တက္ကသိုလ်ကို သွားပြီး အတတ်အားလုံးကို သင်ယူကာ ပြန်လာတယ်။ သင်ယူခဲ့တဲ့ အတတ်ကိုဖခင်အား ပြတယ်။ ဖခင်က သဘောကျ အားရပြီး အိမ်ရှေ့မင်းအရာမှာ ထားတယ်။နောင်အခါ ဖခင်ကွယ်လွန်တော့ မင်းအဖြစ်မှာ တည်တယ်။ အဲဒီအခါသူ့ အတွက်ကောသလမင်းရဲ့ သမီးလှကို ဆောင်ယူကာမိဖုရားခေါင်ကြီး ပြုလုပ်ကြတယ်။ ထီးတင် မင်္ဂလာပြုလုပ်တဲ့အခါ သူ့မြို့တစ်မြို့လုံးကို နတ်မြို့လို တန်ဆာဆင်ကြတယ်။ ဘုရားလောင်းမင်းက မြို့ကိုလက်ယာရစ်လှည့်လည်ပြီး တန်ဆာ ဆင်ထားတဲ့ ပြာသာဒ်ပေါ်တက်ကာ ပြာသာဒ်အပြင်ကြီးရဲ့ အလယ်မှာ စိုက်ထူထားတဲ့ ထီးဖြူရှိတဲ့ ပလ္လင်ပေါ် တက်ကာ ထိုင်တယ်။ ဝိုင်းရံပြီး တည်နေတဲ့ တစ်ဖက်က အမတ်တွေ၊ တစ်ဖက်က စည်းစိမ်အမျိုးမျိုး ရှိပြီး ကျက်သရေ တင့်တယ် စံပယ်မှုတွေနဲ့ တောက်ပနေတဲ့ ပုဏ္ဏား၊ သူကြွယ် စသူတွေ၊ တစ်ဖက်က လက်ဆောင်အမျိုးမျိုး ယူလာကြတဲ့မြို့ကလူတွေ၊ တစ်ဖက်က တန်ဆာ ဆင်ထားတဲ့ နတ်သမီးအပေါင်းနဲ့တူတဲ့ ကချေသည် မိန်းမပေါင်း တစ်သောင်းခြောက်ထောင်။ အဲဒီ အလွန် ပျော်မွေ့ဖွယ် ကျက်သရေစည်းစိမ်ကို ကြည့်ရင်းသူ့ရဲ့ရှေးကံကို အဖန်ဖန် အောက်မေ့မိတယ်။ “ဒီရွှေအစိုင်အခဲ၊ ရွှေပန်းကုံးပါတဲ့ ထီးဖြူ ဒီဆင်ယာဉ်၊ မြင်းယာဉ်၊ ရထားယာဉ်ထောင်ပေါင်း များစွာ၊ပတ္တမြား၊ ပုလဲ စတာတွေနဲ့ ပြည့်နေတဲ့ အနှစ်တိုက်ခန်းတွေ၊စပါးအမျိုးမျိုးတွေ ပြည့်နေတဲ့ မြေကြီး၊ နတ် သမီးတွေနဲ့ တူတဲ့ မိန်းမတွေ၊ ငါ့ရဲ့ဒီစည်းစိမ်အားလုံးဟာ အခြားရဲ့ ဥစ္စာ မဟုတ်။ ပစ္စေကဗုဒ္ဓါ (၄) ပါးအား ပေးလှူခဲ့တဲ့ မုယောမုန့်ခဲ (၄) ခုရဲ့ဥစ္စာပဲ။ ပစ္စေကဗုဒ္ဓါတွေကို မှီပြီး ငါဟာ ဒီစည်းစိမ်ကို ရထားတယ်” လို့ ပစ္စေကဗုဒ္ဓါတွေရဲ့ဂုဏ်ကို အဖန်ဖန် အောက်မေ့ပြီး၊ သူ့ကံ ကို ထင်ရှားအောင် လုပ်တယ်။ အဖန်ဖန် အောက်မေ့တဲ့ သူ့တစ်ကိုယ်လုံးဟာပီတိနဲ့ ပြည့်နေတယ်။ 【ဇာတ်၊ ဋ္ဌ၊ တ၊ ၃၈၅】 ဘုရားလောင်းကပစ္စေကဗုဒ္ဓါတွေအား လှူပြီးတဲ့အခါ “သဗ္ဗညုတ ဉာဏ်တော်ရဲ့ အထောက်အပံ့ ဖြစ်ပါစေ” လို့ ဆုတောင်းပါတယ်။ ပစ္စေကဗုဒ္ဓါတွေက မုယောမုန့်ကို ဘုဉ်းပေးပြီးတဲ့အခါ ဆုပေးပါတယ်။ ဘုရားလောင်းက ပစ္စေကဗုဒ္ဓါတွေအပေါ် ကြည်ညိုသဒ္ဓါပွားကာ ပီတိတွေ ဝေဖြာနေပါတယ်။ ဘုရားလောင်းမှာ အလိုချင်ဆုံးအရာကာ “သဗ္ဗညုတဉာဏ်တော်” ပဲဖြစ်ပါတယ်။ ဒါကြောင့် သူပြုသမျှ ကောင်းမှုအားလုံးဟာ သဗ္ဗညုတဉာဏ်တော်ကိုရဖို့ပဲ ဖြစ်ပါတယ်။ ဘုရားလောင်း ဟာ ဆင်းရဲသားဘဝကနေ ရှင်ဘုရင့်သားဘဝကို ရောက်ခဲ့ပါတယ်။ ပစ္စေက ဗုဒ္ဓါ (၄) ပါးအား မုယောမုန့်ခဲ (၄) ခုကို လှူခဲ့တဲ့ကောင်းမှုရဲ့ အစွမ်းကြောင့် ဖြစ်ပါတယ်။ ဘုရားလောင်းဟာ ရှင်ဘုရင့်သားဘဝကို ရောက်တဲ့အခါ သူ့ရဲ့ ရှေးဘဝက အခြေအနေတွေကို ပြန်လည် အမှတ်ရနေပါတယ်။ မှတ်မိ နေပါတယ်။ ဇာတိဿရဉာဏ်ကို ရနေပါတယ်။ လူဝင်စားလို့ အခေါ်ခံရတဲ့ ပုဂ္ဂိုလ်တွေဟာ ဇာတိဿရဉာဏ်ကို ရကြတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါ တယ်။ လူဝင်စားဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ ရှေးရှေးဘဝတွေက အခြေအနေတွေကို ပြောပြတတ်ကြပါတယ်။ ဘုရားလောင်းဟာ ရှင်ဘုရင် ဖြစ်လာတဲ့အခါ သူ့ရဲ့ ကြီးကျယ်လှတဲ့ စည်းစိမ်ကြီးနဲ့ မကြီးကျယ်ခဲ့တဲ့အလှူကို နှိုင်းယှဉ်ကြည့်နေပါတယ်။ အကြောင်းကံက မကြီးကျယ်ပေမယ့် အကျိုးက ကြီးကျယ်လွန်းနေလို့ အံ့ဩဝမ်းသာဖြစ်နေပါတယ်။ ဘုရားလောင်း ရှင်ဘုရင်ဟာ ကြီးကျယ်လှတဲ့ စည်းစိမ်ကို ကြည့်ပြီး ပစ္စေကဗုဒ္ဓါတွေရဲ့ ဂုဏ်ကို အကြိမ်ကြိမ် အောက်မေ့ကာ ပီတိတွေဝေခဲ့ပါတယ်။ အလှူလှူကြတဲ့အခါ လှူဖွယ်က နည်းနည်း၊ များများ ကောင်းကောင်း၊ မကောင်းကောင်း စိတ်ကို ကြည်လင်စေရပါတယ်။ အလှူခံတွေရဲ့ ဂုဏ်ကို ဆင်ခြင်ရပါတယ်။ စေတနာသုံးတန် သန့်စင်ရပါတယ်။အကျိုးကို ယုံကြည်ရပါတယ်။ အဲဒီအနေအထားနဲ့ အလှူခံပုဂ္ဂိုလ်ကောင်းမှာ လှူရရင် ကြီးကျယ်တဲ့ အကျိုးကို ရရတော့တာပါပဲ။ ၁။ဂုဏ်ရှိလှူခံ၊ဂုဏ်တန်တန်၊ဧကန်ဆင်ခြင်ရပါသည်။ ၂။ စိတ်ကြည်လင်ကာ၊ စေတနာ၊ သုံးဖြာ သန့်ရသည်။ ၃။ အလှူအကျိုး၊ ဖြစ်ပေါ်ရိုး၊မျှော်ကိုး ယုံကြည်သည်။ ၄။ ထိုသို့ ဖြစ်လျှင်၊ ကျိုးပေးအင်၊လွန်ပင် ကြီးမားသည်။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【သာမဏေကျော်ဆရာတော် ဦးဓမ္မိကာလင်္ကာရာဘိဝံသ- သာမဏေကျော်မဟာဂန္ဓာရုံကျောင်းတိုက်
https://www.dhammaransi.com/index.php/new/583-2016-06-18-07-20-02.html
“သောတာပန်အမျိုးအစား သိဖွယ်များ”
ယခုခေတ်အခါသည် ဝိပဿနာ ထွန်းကားလာသော အခါဖြစ်ပေသည်။ ဝိပဿနာ ထွန်းကားလာသောအခါ ဖြစ်သည့်အားလျော်စွာ အားထုတ်ဖို့ရာ အခွင့်အခါ အချိန်ရကြသော ပုဂ္ဂိုလ်တို့က ဝိပဿနာတရားကို တတ်နိုင်သမျှ အားထုတ်နေကြပေသည်။ အားထုတ်ဖို့ရာ အခွင့်အခါ အချိန်မရကြသေးသော ပုဂ္ဂိုလ်တို့ကလည်း ဝိပဿနာတရား အားထုတ်သောအခါ လိုက်နာဖွယ်ရာ အခြေခံများကို မှတ်သားလေ့လာလျက် ရှိကြပေသည်။အားထုတ်ရသောအခါမှာလည်း အနည်းဆုံး သောတာပန် ဖြစ်အောင် အားထုတ်မည်ဟု ရည်မှန်းချက်ထားကြသည့် ပုဂ္ဂိုလ်တို့က များကြပေသည်။ မိမိတို့ ရည်မှန်းချက်ထားကြသည့်အတိုင်း ယခုဘဝမှာပင် သောတာပန်ဖြစ်လိုသော ပုဂ္ဂိုလ်တို့သည် ဝိပဿနာ တရားကို အားထုတ်ကြရပေသည်။ ဝိပဿနာတရား အားထုတ်ကြသော အခါ မိမိတို့၏ ပါရမီဓါတ်ခံနှင့် အကျင့်ပဋိပဒါအားလျော်စွာ သောတာပန်တို့သည် အမျိုးအစားအားဖြင့် (၂၄)မျိုး ကွဲပြားသွားကြပေသည်။ ယခုဘဝမှာ သောတာပန်ဖြစ်နိုင်သည့် ပါရမီဓာတ်ခံ ပါလာသော ပုဂ္ဂိုလ်ချင်းပင် တူကြပါသော်လည်း ဝိပဿနာတရား အားထုတ်သောအခါမှာတော့ တစ်ဦးနှင့်တစ်ဦး တစ်ယောက်နှင့်တစ်ယောက် တရားတွေ့ပုံချင်း မတူကြပေ။ ကွဲပြားလျက်ရှိကြပေသည်။ အချို့သောပုဂ္ဂိုလ်များက တရားသဘောများကို ထင်ထင်ရှားရှား ပြတ်ပြတ်သားသား တွေ့မြင်ကြပေသည်။ အချို့သော ပုဂ္ဂိုလ်များက မထင်မရှား မပြတ်မသား တွေ့မြင်ကြပေသည်။ တရားသဘောများကို မထင်မရှား မပြတ်မသား တွေ့မြင်ကြရသော ပုဂ္ဂိုလ်တို့သည် ယခုဘဝမှာ မိမိသည် သောတာပန်မဖြစ်နိုင်ဟု ထင်မြင်ကာ စိတ်ဓာတ်များ ကျဆင်းသွားတတ်ကြပေသည်။ ဤကဲ့သို့ စိတ်ဓာတ်များ မကျဆင်းသွားရအောင် မိမိတို့ ဖြစ်ရမည့် သောတာပန်အမျိုးအစားကို သိထားသင့်ကြပေသည်။ သောတာပန်ဖြစ်လို၍ ဝိပဿနာတရား အားထုတ်သော ပုဂ္ဂိုလ်တို့တွင် အချို့သော ပုဂ္ဂိုလ်တို့က ချမ်းချမ်းသာသာ လွယ်လွယ်ကူကူဖြင့် အားထုတ်ကြရပေသည်။ အချို့သော ပုဂ္ဂိုလ်တို့က ငြိုငြိုငြင်ငြင်၊ပင်ပင်ပန်းပန်းဖြင့် အားထုတ်ကြရပေသည်။ ငြိုငြိုငြင်ငြင်၊ပင်ပင်ပန်းပန်းဖြင့် အားထုတ်ကြရသော ပုဂ္ဂိုလ်တို့မှာ မိမိသည် ယခုဘဝ၌ သောတာပန် ဖြစ်နိုင်သော ပုဂ္ဂိုလ်မျိုးမဟုတ်ပေဟု ထင်မြင်ကာ စိတ်ဓာတ်များ ကျဆင်းသွားတတ်ကြပေသည်။ ဤကဲ့သို့ စိတ်ဓာတ်များမကျဆင်းသွားရအောင် သောတာပန် အမျိုးအစားကို သိထားသင့်ကြပေသည်။ ယခုဘဝမှာပင် သောတာပန်ဖြစ်အောင် အားထုတ်ကြမည့် အမျိုးကောင်းသား၊အမျိုးကောင်းသမီး တို့သည် မိမိတို့၏ ပါရမီဓာတ်ခံအားလျော်စွာ တရားသဘောများကို ထင်ထင်ရှားရှား တွေ့ချင်လည်း တွေ့ကြပေလိမ့်မည်။ မထင်မရှား တွေ့ချင်လည်း တွေ့ကြပေလိမ့်မည်။ ချမ်းချမ်းသာသာ လွယ်လွယ်ကူကူ အားထုတ်လျှင်လည်း အားထုတ်ကြရပေလိမ့်မည်။ ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်း အားထုတ်လျှင်လည်း အားထုတ်ကြရပေလိမ့်မည်။ မည်ကဲ့သို့ပင် အားထုတ်ရ၊အားထုတ်ရ သောတာပန် (၂၄)မျိုးတို့တွင် ပါဝင်နိုင်ပါက မိမိသည် ဧကန်မုချ သောတာပန်ဖြစ်ရမည်ဟု သိမြင်ကာ စိတ်ဓာတ်များ မကျဆင်းပါဘဲ၊ဝိပဿနာတရားကို မဆုတ်မနစ် အားထုတ် နိုင်ကြမည် ဖြစ်ပေသည်။သို့ဖြစ်၍ သောတာပန် (၂၄)မျိုးကို သိထားသင့်ကြပေသည်။ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “ဘဝအပိုင်းအခြားအားဖြင့် သောတာပန် (၃)မျိုး” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ သောတာပန်ပုဂ္ဂိုလ်တို့သည် ဘoအပိုင်းအခြားအားဖြင့်- (၁)။ သတ္တက္ခတ္တု ပရမ သောတာပန္န- လူ့ပြည်နှင့်နတ်ပြည် တို့၌ (၇)ဘဝ သာဖြစ်၍ နိဗ္ဗာန်သို့ဝင်စံမည့် သောတာပန်၊ (၂)။ကောလံ ကောလ သောတာပန္န- လူ့ပြည်၊နတ်ပြည် တို့၌ (၆)ဘဝသာဖြစ်၍ နိဗ္ဗာန်သို့ ဝင်စံမည့် သောတာပန်၊ (၃)။ ဧကဗီဇ သောတာပန္န = လူ့ပြည်နတ်ပြည်တို့၌ (၁)ဘဝသာ ဖြစ်၍ နိဗ္ဗာန်သို့ စံဝင်မည့် သောတာပန် ဟူ၍ (၃)မျိုး ရှိပေသည်။ (အံ-၁၊၂၃၄) ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “ပြဋ္ဌာန်းသော ဓုရအားဖြင့် သောတာပန် (၂)မျိုး” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ သောတာပန်ပုဂ္ဂိုလ်တို့သည် ပြဋ္ဌာန်းသောဓုရအားဖြင့်- (၁)။ သဒ္ဓါပြဋ္ဌာန်းသော သဒ္ဓါဓုရ သောတာပန်၊ (၂)။ ပညာပြဋ္ဌာန်းသော ပညာဓုရ သောတာပန် ဟူ၍ (၂)မျိုး ရှိပေသည်။ ယခုဘဝမှာပင် သောတာပန်ဖြစ်လိုကြသော ပုဂ္ဂိုလ် တို့သည်ဝိပဿနာတရား အားထုတ်ကြရပေသည်။ ဝိပဿနာတရား အားထုတ်သောအခါ သဒ္ဓါရှေ့သွား၊ သဒ္ဓါပြဋ္ဌာန်းသောအားဖြင့် သောတာပန်အဖြစ်သို့ ရောက်သွားမည့် ပုဂ္ဂိုလ်တို့သည် “သဒ္ဓါဓုရ သောတာပန်” မည်၏။ ပညာရှေ့သွား၊ ပညာပြဋ္ဌာန်းသောအားဖြင့် သောတာပန်အဖြစ်သို့ ရောက်သွားမည့် ပုဂ္ဂိုလ်တို့သည် “ပညာဓုရ သောတာပန်”မည်၏။ ❖အကြင်ပုဂ္ဂိုလ်တို့သည် သဒ္ဓါရှေ့သွား၊သဒ္ဓါပြဋ္ဌာန်းသော အားဖြင့် သောတာပန်အဖြစ်သို့ ရောက်သွားမည့် ပုဂ္ဂိုလ်ဖြစ်၏။ ထိုပုဂ္ဂိုလ်သည် ဝိပဿနာတရား အားထုတ်သောအခါ မိမိသည် ယခုဘဝ၌ သောတာပန် ဖြစ်နိုင်သည်ဟု ယုံကြည်ချက်သဒ္ဓါ ထက်သန်အားကောင်း၍သာ အားထုတ်နေပေသည်။ တရားသဘောများကို တွေ့ရာ၌ထင်ထင်ရှားရှားမရှိလှပေ။ နာမရူပ ပရိစ္ဆေဒဉာဏ်သို့ရောက်၍ နာမ်နှင့်ရုပ်ကို ပိုင်းခြားကာ သိသောအခါ၌လည်း ကွဲကွဲပြားပြားမရှိလှပေ။ မထင်မရှားပင် သိမြင်ပေသည်။ဆရာသမားများက ဟောပြသောအခါမှသာ သိလာတတ်ပေသည်။ ထိုပုဂ္ဂိုလ်သည် သဒ္ဓါဓုရ သောတာပန်ဖြစ်မည့် ပုဂ္ဂိုလ်ဖြစ်ပေသည်။ အကြင်ပုဂ္ဂိုလ်သည် ●ပစ္စယပရိဂ္ဂဟဉာဏ် - အကြောင်းနှင့် အကျိုးကို သိသောဉာဏ်၊ ●သမ္မသနဉာဏ် = အနိစ္စ၊ ဒုက္ခ ၊အနတ္တ ဟု သုံးသပ်ဆင်ခြင်၍ သိသောဉာဏ်၊ ●ဥဒယဗ္ဗယဉာဏ် = အဖြစ်အပျက်ကို သိသောဉာဏ်၊ ●ဘင်္ဂဉာဏ် - အပျက်ကိုသိသောဉာဏ်၊ ●ဘယဉာဏ် = ကြောက်ဖွယ်ထင်သောဉာဏ်၊ ●အာဒီနဝဉာဏ် = အပြစ်မြင်သောဉာဏ်၊ ●နိဗ္ဗိဒဉာဏ် -ငြီးငွေ့သောဉာဏ်၊ ●မုဥ္စိတုကမျတာဉာဏ် - လွတ်မြောက်လိုသောဉာဏ်၊ ●ပဋိသင်္ခါဉာဏ် - တစ်ဖန်ပြန်ရှုသောဉာဏ်၊ ●သင်္ခါရုပေက္ခာဉာဏ် = လျစ်လျုရှုသောဉာဏ် သို့ ရောက်၍ ရှုမှတ်သော အခါတို့၌လည်း တရားသဘောများကို ထင်ထင်ရှားရှားကွဲကွဲပြားပြား မသိပေ။ မထင်မရှားသာ သိပေသည်။ ထိုပုဂ္ဂိုလ်သည် သဒ္ဓါဓုရ သောတာပန်ဖြစ်မည့် ပုဂ္ဂိုလ် ဖြစ်ပေသည်။ ❖ဤကဲ့သို့ ဝိပဿနာတရား အားထုတ်သောအခါ၌ တရားသဘောများကို မထင်မရှားပင် သိမြင်ပါသော်လည်း အမှတ်ပြည့်သွားသောအခါ ဉာဏ်စဉ်ပြည့်သွားသောအခါ သောတာပန်အဖြစ်သို့ ရောက်သွားမည် ဖြစ်ပေသည်။ ဤသောတာပန်မျိုးကို “သဒ္ဓါဓုရ သောတာပန်”ဟု ဆိုရပေသည်။ ❖အကြင်ပုဂ္ဂိုလ်သည် ပညာရှေ့သွား ၊ပညာပြဋ္ဌာန်းသော အားဖြင့် သောတာပန်အဖြစ်သို့ ရောက်သွားမည့် ပုဂ္ဂိုလ်ဖြစ်၏။ ထိုပုဂ္ဂိုလ်သည် ဝိပဿနာတရား အားထုတ်သောအခါ တရားသဘောများကို ထင်ထင်ရှားရှား တွေ့မြင်တတ်ပေသည်။ နာမရူပ ပရိစ္ဆေဒဉာဏ်သို့ရောက်၍ နာမ်နှင့်ရုပ်ကို ပိုင်းခြားကာ သိသောအခါ၌လည်း ထင်ထင်ရှားရှား ကွဲကွဲပြားပြား သိမြင်လာတတ်ပေသည်။ ထိုပုဂ္ဂိုလ်သည် “ပညာဓုရ သောတာပန်” ဖြစ်မည့် ပုဂ္ဂိုလ်ဖြစ်ပေသည်။ ❖အကြင်ပုဂ္ဂိုလ်သည် “ဖောင်းတယ်၊ပိန်တယ်၊ထိုင်တယ်၊ ထိတယ်” ဟု ထိုင်ရှုမှတ်ရာ၌ “ ဖောင်းတာကတခြား၊ မှတ်သိလိုက်တာက တခြား၊ ပိန်တာကတခြား၊ မှတ်သိလိုက်တာကတခြား၊ ထိုင်တာကတခြား၊ မှတ်သိလိုက်တာကတခြား၊ ထိတာကတခြား၊ မှတ်သိလိုက်တာကတခြား ဟူ၍ ထင်ထင်ရှားရှား ကွဲကွဲပြားပြား သိသွားပေသည်။ ထိုပုဂ္ဂိုလ်သည် “ပညာဓုရ သောတာပန်” ဖြစ်မည့် ပုဂ္ဂိုလ်ဖြစ်ပေသည်။ ❖အကြင်ပုဂ္ဂိုလ်သည် ကြွတယ်၊ လှမ်းတယ်၊ ချတယ်ဟု စင်္ကြံ လျှောက်၍ ရှုမှတ်ရာ၌လည်း ကြွတာကတခြား၊ မှတ်သိလိုက်တာက တခြား၊ လှမ်းတာကတခြား၊ မှတ်သိလိုက်တာကတခြား၊ ချတာကတခြား၊ မှတ်သိလိုက်တာကတခြား ဟူ၍ ထင်ထင်ရှားရှား ကွဲကွဲပြားပြား သိသွားပေသည်။ တစ်ခါတစ်ရံ စင်္ကြံသွားနေရင်း ထူးထူးခြားခြား သိသွားတတ်ပေသည်။ ထူးထူးခြားခြား ရုပ်နှင့်နာမ်ကို ခွဲခြား၍ သိသွားခြင်းပင် ဖြစ်ပေသည်။ ထိုပုဂ္ဂိုလ်သည် “ပညာဓုရ သောတာပန်”ဖြစ်မည့် ပုဂ္ဂိုလ် ဖြစ်ပေသည်။ ❖အကြင် ပုဂ္ဂိုလ်သည် ●ပစ္စယပရိဂ္ဂဟဉာဏ်- အကြောင်းနှင့်အကျိုးကို သိသောဉာဏ်၊ ●သမ္မသနဉာဏ်-အနိစ္စ ၊ဒုက္ခ ၊အနတ္တ ဟု သုံးသပ်ဆင်ခြင်၍ သိသောဉာဏ်၊ ●ဥဒယဗ္ဗဉာဏ် - အဖြစ်အပျက်ကို သိသောဉာဏ်၊ ●ဘင်္ဂဉာဏ် - အပျက်ကို သိသောဉာဏ်၊ ●ဘယဉာဏ် = ကြောက်ဖွယ်ထင်သောဉာဏ်၊ ●အာဒီနဝဉာဏ် = အပြစ်မြင်သောဉာဏ်၊ ●နိဗွီဒဉာဏ် - ငြီးငွေ့သောဉာဏ်။ ●မုဥ္စိတုကမျတဉာဏ် = လွတ်မြောက်လိုသောဉာဏ်၊ ●ပဋိသင်္ခါဉာဏ် - တစ်ဖန်ပြန်ရှုသောဉာဏ်၊ ●သင်္ခါရုပေက္ခာဉာဏ် - လျစ်လျူရှုသောဉာဏ်သို့ ရောက်၍ ရှုမှတ်သောအခါတို့၌လည်း တရားသဘောများကို ထင်ထင်ရှားရှား ကွဲကွဲပြားပြား သိသွားပေသည်။ ထိုပုဂ္ဂိုလ်သည် “ပညာဓုရ သောတာပန်”ဖြစ်မည့် ပုဂ္ဂိုလ်ဖြစ်ပေသည်။ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “သဒ္ဓါဓုရသောတာပန်သည် အကျင့်အားဖြင့်(၄)မျိုး” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ သဒ္ဓါဓုရ ၊ သဒ္ဓါပြဋ္ဌာန်း၍ သောတာပန်အဖြစ်သို့ ရောက်ကြမည့် ပုဂ္ဂိုလ်တို့သည် အကျင့်ပဋိပဒါအားဖြင့် (၄)မျိုး ကွဲပြားကြပေသည်။ (၁)။ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်းလည်း အားထုတ်ရ၍ တရားလည်း တရားအရနှေးသော သောတာပန်၊ (၂)။ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်း အားထုတ်ရ၍ တရားအရမြန်သော သောတာပန်၊ (၃)။ ချမ်းချမ်းသာသာဖြင့်လည်း အားထုတ်ရ၍ တရားအရနှေးသော သောတာပန်၊ (၄)။ချမ်းချမ်းသာသာဖြင့်လည်း အားထုတ်ရ၍ တရားအရ မြန်သော သောတာပန်ဟူ၍ (၄)မျိုးဖြစ်၍ သဒ္ဓါဓုရ သောတာပန် (၄)ယောက် ဖြစ်ပါသည်။ သဒ္ဓါဓုရ သောတာပန်ကဲ့သို့ပင် ပညာဓုရ သောတာပန် သည်လည်း အကျင့်ပဋိပဒါအားဖြင့် (၄)ယောက် ဖြစ်ပေသည်။သဒ္ဓါဓုရ သောတာပန် (၄)ယောက်၊ ပညာဓုရသောတာပန် (၄)ယောက်ဟူ၍ ပေါင်း(၈)ယောက် ဖြစ်ပါသည်။ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “သောတာပန် (၂၄)ယောက် ဖြစ်ပုံ” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ဧကဗီဇ သောတာပန်၊ ကောလံကောလ သောတာပန်၊ သတ္တက္ခတ္တု ပရမ သောတာပန် တို့၌ သဒ္ဓါဓုရ သောတာပန် (၄)ယောက်၊ သောတာပန် (၄)ယောက်အားဖြင့် (၈)ယောက်စီ ရှိကြပါသည်။ သို့ဖြစ်၍ (၁)ဘဝဖြင့် နိဗ္ဗာန်သို့စံဝင်မည့် သောတာပန် (၈)ယောက်၊ (၂)ဘဝမှ (၆)ဘဝဖြင့် နိဗ္ဗာန်သို့စံဝင်မည့် သောတာပန် (၈)ယောက်၊ (၇)ဘဝဖြင့် နိဗ္ဗာန်သို့ စံဝင်မည့် သောတာပန် (၈)ယောက်ဟူ၍ သောတာပန် (၂၄) ယောက် (၂၄)မျိုး ဖြစ်ပါသည်။ ဤသောတပန် (၂၄)မျိုးတို့တွင် မည်သည့် သောတာပန်မျိုးပင် ဖြစ်စေ၊ အပါယ်သံသရာ အပါယ်ဘုံ ဘဝများမှ လွတ်မြောက်ကြသည်သာ ဖြစ်ပေသည်။ သို့ဖြစ်၍ အပါယ်သံသရာ အပါယ်ဘုံဘဝများမှ လွတ်မြောက်လိုကြသော အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့သည် သောတာပန် ဖြစ်နိုင်ကြောင်း ဝိပဿနာတရားကို အားထုတ်ကြရမည် ဖြစ်ပေသည်။ ။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【မဟာစည်နာယက၊အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ၊အရှင်ကုဏ္ဍလာဘိဝံသ- သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီး】
https://www.dhammaransi.com/index.php/new/584-2016-06-18-07-17-05.html
သာသနာတွင်း ချမ်းသာခြင်းတရားတော် (ပါရဂူ အရှင်ရာဟုလာ)
(”အနုပုဗ္ဗသူဌေး”အကြောင်း) (၁) ယနေ့ ဓမ္မ မိတ်ဆွေအပေါင်းတို့အား ကိုယ်ဆင်းရဲခြင်း မရှိအောင်၊ စိတ်ဆင်းရဲခြင်း မရှိအောင် တရား တစ်ပုဒ်ရွေးထုတ်ဟောပြပါမယ်ေ
https://www.dhammaransi.com/index.php/new/585-2016-06-18-07-15-29.html
“ လူ့ဘဝရောက်တုန်း ကံကောင်းအောင်လုပ်ကြ ” - မဟာဗောဓိမြိုင်ဆရာတော်
- မသိမောဟနဲ့နေလာခဲ့ရတဲ့ တိရစ္ဆာန်ဘဝပေါင်းများစွာမှာ ကံဆိုးမိုးမှောင်ကျခဲ့ပြီးပြီ။ လူ့ဘဝဆိုတဲ့ နေသာတဲ့နေ့ရက်တွေမှာ ကံကောင်အောင် လုပ်ကြပါတော့။ ဒါနက ကောင်းကံတွေ ဆည်ပေးနေသမျှ၊ သီလက စင်ကြယ်အောင် လုပ်ပေး ရမယ်။ အတိတ်ဘဝက အကုသိုလ်တွေ ဆိုးကျိုးတွေ၊ ဒီဘဝရဲ့ အကုသိုလ် တွေကို သီလဖြင့် ဖယ်ရှားပေးရတယ်။ ဒါကြောင့် ဒါနပြုတိုင်း သီလဆောက် တည်ရတယ်။ ဒါန နဲ့ဝတ္ထုပစ္စည်းတွေ စွန့်လွှတ်ရသလို သီလအားဖြင့် ကိုယ်ခံစားရတဲ့ အာရုံတွေကိုတောင် စွန့်လွှတ်ရတယ်။ ဒါနက ကိုယ်ချမ်းသာမှုနှင့် လမ်းရိက္ခာအတွက် သီလက စိတ်ချမ်းသာမှုနဲ့ လမ်းသွား... ဒီတော့ ကိုယ်စိတ်နှစ်ဖြာချမ်းသာပါစေဆိုတာ ဒါန များများပြုပြီး၊ သီလများများ ထိန်းပါလို့ ပြောတာနဲ့ မတူပေဘူးလား... ? " ဒါန၊ သီလ လုပ်လို့ နတ်မင်းကြီးဖြစ်ရော ဆိုပါစို့၊ ကာမစည်းစိမ်နဲ့ ဘဝစည်းစိမ် တွေ မက်မောလာပြန်တော့ - တဏှာက အမိန့်ပေးတိုင်းလည်း သူများ သွားစော်ကားပေးရတယ်ဗျ။ မာနခိုင်းတိုင်းလည်း မော်ကြွားပေးရတယ်ဗျ။ ဒိဋ္ဌိညွန်းတိုင်းလည်း ပြစ်မှားပေးနေရတယ်ဗျ။ အဲဒီတော့ ကံကောင်းလို့ နတ်မင်းကြီးဖြစ်တယ်ဆိုပြီး အကုသိုလ်က လွတ်သေးရဲ့လား။ လိုချင်တာတွေ မျှော်ပြီးလုပ်နေသမျှ မလိုချင်တာတွေရလာလိမ့်မယ်။ တို့ဘုရားရှင်ကတော့ သိဒ္ဓတ္ထ အလောင်းတော်ဘဝမှာတောင် စွန့်ခဲ့တာတွေ နည်းသလား။ မိဖုရားတွေက သာကီဝင်တွေချည်း တစ်သောင်းခြောက်ထောင်၊ အခြားမျိုးတွေက တစ်သိန်းလေးထောင် ကာမစည်းစိမ်တွေ ဘယ်လောက် စွန့်ပစ်ခဲ့ရသလဲ။ ရမ္မ၊ သုဘ၊ သုဘရမ္မဆိုတဲ့ နန်းမသုံးဆောင်နဲ့တကွ နန်းလုံးပြည့် အဆောင်အယောင်တွေ ဘဝစည်းစိမ်တွေကို လက်ပေါ်ကျလာတဲ့ မီးပွားလို ခါချပစ်ခဲ့တယ်။ အပေါင်းကြာ အကောင်းမှာရိုးလို့ စွန့်နိုင်တာတွေပါကွာလို့ ပြော ချင် ပြောပါစေဦး။ နန်းရိပ်စွန့်ပြီး သစ်ရိပ်မှာ ပျော်နိုင်တဲ့သတ္တိ၊ နတ်သုဒ္ဒါတမျှသော စားဖွယ်တွေ စွန့်ပြီး ဆင်းရဲသားသုံးဘောဇဉ်တွေ စားနိုင်တဲ့ သတ္တိ၊ နန်းဝတ်နန်းစား စွန့်ပြီး မြေမှုန့်ပေကပ် အဝတ်စုတ်ပြတ်တွေကောက်ဝတ်နိုင်တဲ့ သတ္တိ၊ အဲဒီအလောင်းတော်တို့သတ္တိ နတ်မင်းကြီးတွေ မတုပနိုင်ဘူး။ ဒီတော့ နတ်မင်းကြီး တွေလည်း ပူဇော်ကြရတယ်။ ခစားကြရတယ်။ တစ်ခါ ဗြဟ္မာကြီးတွေ ဆိုပါတော့၊ သူတို့လည်း သူတို့ဘဝ သူတို့ စည်းစိမ်သာယာ နေသေးတာပဲ၊ မစွန့်လွှတ်နိုင်ဘူး။ ဘဝတဏှာကများ ခိုင်းခဲ့ရင် ဒီထက်စျာန်ယာဉ် ပွားပြီး ဘဝစည်းစိမ်ခံစားနေကြဦးမှာ။ တို့ဘုရား အလောင်းတော်ကတော့ အာဠာရ၊ ဥဒက ရသေ့ကြီးတွေနဲ့တွေ့ချိန်ကတောင် ဒါ လမ်းဆုံးမဟုတ်ဘူး ဆိုပြီး စျာန်လမ်း ကို ပယ်ခဲ့တာ၊ ဒီသတ္တိမျိုး ဗြဟ္မာတွေမှာလည်း မရှိဘူး။ ဒီတော့ ဗြဟ္မာတွေလည်း မနေသာလာပြီး ပူဇော်ခစားရတယ်။ ဗုဒ္ဓဘာသာဆိုတာ အဲဒီလောက် အဆင့်မြင့်တယ်။ နတ်ဗြဟ္မာတွေတောင် ခစားပူဇော်ရတဲ့ တရားမျိုး လူ့ဘဝ၊ လူ့လက်ထဲမှာပဲ ရှိတယ်။ ဘာဖြစ်လို့ ရေစုန်မျှော်လိုက်နေကြရမလဲ။ တိရစ္ဆာန်တွေလောက် ကံဆိုး မိုးမှောင်ကျနေလို့လား။ ကျင့်နိုင်တဲ့အစွမ်း၊ သိနိုင်တဲ့ဉာဏ်မရှိကြလို့လား။ အဲဒီ တော့ တိရစ္ဆာန်ဘဝက ကံဆိုးမိုးမှောင်တွေကို ဒါန၊ သီလနဲ့ဖယ်ရှားပြီး ၊ ကံကောင်း အောင်လုပ်ဆိုတာ ဘာဝနမှုသတိဆိုတဲ့ ရှုမှတ်မှု အမြဲရှိနေရမယ်လို့ ပြောတာ။ - မဟာဗောဓိမြိုင်ဆရာတော်ကြီး အရှင်ေဥယျဓမ္မသာမိ ဤဓမ္မစာစဉ်ဖြင့် မြတ်ဗုဒ္ဓအားလည်းကောင်း၊ မဟာဗောဓိမြိုင်ဆရာတော်ဘုရားအား လည်းကောင်း ပူဇော်ကန်တော့အပ်ပါသည်။ - ဗုဒ္ဓဘာသာလူငယ်များအသင်း ( မြန်မာပြည်
https://www.dhammaransi.com/index.php/new/586-2016-06-18-07-14-46.html
“ဆွမ်းအလှူ-ဒါန အကျိုးများ”
ရဟန္တာဖြစ်တဲ့ အောက်ပါရဟန်းတွေနဲ့ ရဟန်းမတွေဟာ သူတို့ရဲ့ ဘဝဇာတ်ကြောင်းကို သူတို့ကိုယ်တိုင်ပဲ ပြောပြသွားကြပါတယ်။ သူတို့ကိုယ်တိုင်ပြောပြသွားတဲ့ အကြောင်းအရာတွေက အောက်ပါအတိုင်းပါပဲ။ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “အရှင်ဥပသေန” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ရဟန္တာအရှင်ဥပသေနမထေရ်လောင်းလျာက ပဒုမုတ္တရဘုရားရှင်အား မဟာလှေကားပန်းထီးလုပ်ပြီး၊ ဆောင်းမိုးပေးခဲ့ပါတယ်။ အလွန်ကောင်းမြတ်တဲ့ စားဖွယ်ဆွမ်းအလှူကိုလည်း လှူခဲ့ပါတယ်။ အဲဒီ ကောင်းမှုကြောင့် သိကြားမင်းအဖြစ် ၃၆ ကြိမ်၊ စကြဝတေးမင်းအဖြစ် ၂၁ကြိမ်၊ ပဒေသရာဇ်အဖြစ် မရေမတွက်နိုင်တဲ့ အကျိုးကို ရခဲ့ပါတယ်။ (အပဒါန၊ပ၊၆၈) ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “အရှင်သုမင်္ဂလ” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ရဟန္တာအရှင်သုမင်္ဂလလောင်းလျာက “ပိယဒဿီ ဘုရားရှင်” အား သူ့အိမ်မှာရှိတဲ့ ဆွမ်းအလှူကို လှူခဲ့ပါတယ်။ နတ်မင်း (သိကြားမင်း) အဖြစ် ၂၇ ကြိမ်၊ စကြဝတေးမင်းအဖြစ် ၁၈ ကြိမ်၊ ပဒေသရာဇ်မင်း အဖြစ် အကြိမ် ၅ဝဝ ရရှိခဲ့ပါတယ်။ လှူပြီးခဲ့တဲ့ အချိန်ကစပြီး ရဟန္တာ ဖြစ်တဲ့ဘဝအထိကမ္ဘာပေါင်း ၁၈ဝမှာ အပါယ်မလားခဲ့ရပါ။ အဲဒါဟာ ဆွမ်းအလှူရဲ့ အကျိုးတွေပါပဲ။ (အပဒါန၊ပ၊၇၂) ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “အရှင်အန္နသံသာဝက” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ရဟန္တာအန္နသံသာဝက မထေရ်လောင်းလျာဟာ သိဒ္ဓတ္ထဘုရားရှင်အား ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ ဆွမ်းလှူပြီးချိန်ကစပြီး ရဟန္တာဖြစ်သည့် ဘဝအထိ ၉၄ ကမ္ဘာ အပါယ်မလားခဲ့ရပါ။ အဲဒါဟာ ဆွမ်းအလှူရဲ့ အကျိုးပါပဲ။ (အပဒါန၊ပ၊၈၇) ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “အရှင်ဘိက္ခဒါယက” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ရဟန္တာ ဘိက္ခဒါယက မထေရ်လောင်းလျာဟာ သိဒ္ဓတ္ထဘုရားရှင်အား ဆွမ်းတစ်ဇွန်း လှူဒါန်းခဲ့ပါတယ်။ ဆွမ်းလှူပြီးချိန်ကစပြီး ရဟန္တာဖြစ်တဲ့ ဘဝအထိ ၉၄ ကမ္ဘာ အပါယ်မလားခဲ့ရပါ။အဲဒါဟာ ဆွမ်းအလှူရဲ့ အကျိုးပါပဲ။ဒီကမ္ဘာက ၈၇ ကမ္ဘာအထက်မှာ ရတနာ (၇)ပါးနဲ့ ပြည့်စုံတဲ့ “မဟာရေဏု”အမည်ရှိ စကြဝတေးမင်း ၇ ကြိမ် ဖြစ်ခဲ့ပါသေးတယ်။ (အပဒါန၊ပ၊၁၅၄) ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “အရှင်ဧကာသနဒါယက” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ရဟန္တာ ဧကာသနဒါယက မထေရ်လောင်းလျာဟာ ပဒုမုတ္တရ ဘုရားရှင်ရဲ့ တပည့်ဖြစ်တဲ့ “ဒေဝလမထေရ်” အား ဆွမ်းလှူခဲ့ပါတယ်။ ဆွမ်းလှူခဲ့ပြီးချိန်ကစပြီး၊ ရဟန္တာဖြစ်တဲ့ဘဝအထိ ကမ္ဘာတစ်သိန်း အပါယ် မလားခဲ့ရပါ။အဲဒါဟာ ဆွမ်းအလှူရဲ့ အကျိုးပါပဲ။ (အပဒါန၊ပ၊၂၅၆) ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “အရှင်အနုသံသာဝက” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ရဟန္တာ အနုသံသာဝကမထေရ်လောင်းလျာဟာ ဝိပဿီဘုရားရှင်အား ဆွမ်းတစ်ယောက်ချို(ဆွမ်းတစ်ဇွန်း) လှူဒါန်းခဲ့ပါတယ်။ (အပဒါန၊ပ၊၂၈၀) ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “အရှင်ပရမန္နဒါယကာ” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ရဟန္တာ ပရမန္နဒါယက မထေရ်လောင်းလျာဟာ ဝိပဿီဘုရားရှင်အား မွန်မြတ်တဲ့ဆွမ်းကို လှူဒါန်းခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ရဟန္တာ ဖြစ်တဲ့ဘဝအထိ ၉၁ကမ္ဘာ အပါယ်မလားခဲ့ရပါ။ အဲဒါဟာ ဆွမ်းအလှူရဲ့ အကျိုးပါပဲ။ (အပဒါန၊ပ၊၂၈၃) ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “အရှင်ဘောဇနဒါယက” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ရဟန္တာ ဘောဇနဒါယက မထေရ်လောင်းလျာဟာ ဝေဿဘူ ဘုရားရှင်အား ဆွမ်းလှူခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ရဟန္တာဖြစ်တဲ့ ဘဝအထိ ၃၁ ကမ္ဘာ အပါယ်မလားရပါ။အဲဒါဟာ ဆွမ်းအလှူရဲ့ အကျိုးပါပဲ။ ဒီဘဒ္ဒကမ္ဘာမှ ၂၅ကမ္ဘာထက်မှာ “အမိတ္တက” မည်တဲ့ စကြဝတေးမင်း တစ်ကြိမ် ဖြစ်ခဲ့ပါသေးတယ်။ (အပဒါန၊ပ၊၂၈၈) ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “အရှင်ပိဏ္ဍပါတိက” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ရဟန္တာ ပိဏ္ဍပါတိက မထေရ်လောင်းလျာဟာ တုသိတာနတ်ပြည်က လူ့ပြည်ကို လာခဲ့ပါတယ်။ တောထဲမှာ သီတင်းသုံးနေတဲ့ တိဿဘုရားရှင်အား ဆွမ်းလှူခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ရဟန္တာဖြစ်တဲ့ ဘဝအထိ ၉၂ ကမ္ဘာကြာ အပါယ်မလားခဲ့ရပါ။ အဲဒါဟာ ဆွမ်းအလှူရဲ့ အကျိုးပါပဲ။ (အပဒါန၊ပ၊၃၂၉) ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “အရှင်ဥက္ကာသတိက” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ရဟန္တာ ဥက္ကာသတိက မထေရ်လောင်းလျာဟာ “ကောသိက” မည်တဲ့ ပစ္စေကဗုဒ္ဓါအား ဆွမ်းတစ်ထပ်စာ လှူဒါန်းခဲ့ပါတယ်။အဲဒီကောင်းမှုကြောင့် တုသိတာ နတ်ပြည်မှာ ဖြစ်ပါတယ်။ (အပဒါန၊ဒု၊၄၈) ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “ဧကပိဏ္ဍပါတာဒါယိကာထေရီ” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ရဟန္တာဖြစ်တဲ့ အဲဒီထေရီလောင်းလျာ အမျိုးသမီးဟာ ဗန္ဓုမတီမြို့က ဗန္ဓုမာမင်းရဲ့မိဖုရားဖြစ်ခဲ့ပါတယ်။ ရဟန်းမြတ်တစ်ပါးအား မွန်မြတ်တဲ့ ဆွမ်းလှူဒါန်းခဲ့ပါတယ်။ သိကြားမင်း ၃၀ ရဲ့ နတ်မိဖုရား ဖြစ်ခဲ့တယ်။ စိတ်နဲ့ တောင့်တတာအားလုံး သူ့မှာ ဖြစ်ပေါ်ခဲ့တယ်။ စကြဝတေးမင်း ၂၀ ရဲ့ မိဖုရား ဖြစ်ခဲ့တယ်။ဆွမ်းလှူဒါန်း ပြီးချိန်ကစပြီး ရဟန္တာဖြaစ်တဲ့ ဘဝအထိ ၉၁ကမ္ဘာ အပါယ်မလားခဲ့ရပါ။ အဲဒါ ဆွမ်းအလှူရဲ့ အကျိုးပါပဲ။ (အပဒါန၊ ဒု၊ ၁၉၂) ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “ကဋစ္ဆု ဘိက္ခာဒါယိကာ ထေရီ” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ရဟန္တာ အဲဒီထေရီလောင်းလျာ အမျိုးသမီးဟာ ဆွမ်းခံ လှည့်လည်နေတဲ့ “တိဿဘုရားရှင်” အား ဆွမ်းတစ်ဇွန်း လှူဒါန်းခဲ့ပါတယ်။ သေပြီး တာဝတိံသာနတ်ပြည် ရောက်ပါတယ်။ သိကြားမင်း ၃၆ ရဲ့ နတ်မိဖုရား ဖြစ်ခဲ့ပါတယ်။ စကြဝတေးမင်း ၅၀ ရဲ့ မိဖုရား ဖြစ်ခဲ့ပါတယ်။ စိတ်နဲ့ တောင့်တတာ အားလုံးကို အမြဲရပါတယ်။ အဲဒီလှူပြီးချိန်ကစပြီး ရဟန္တာ ဖြစ်တဲ့ ဘဝအထိ ၉၂ ကမ္ဘာ အပါယ်မလားရပါ။ အဲဒီဆွမ်းတစ်ဇွန်းအလှူ ရဲ့ အကျိုးပါပဲ။ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “ဥပ္ပလဒါယိကာထေရီ” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ အဲဒီထေရီလောင်းလျာအမျိုးသမီးဟာ အရုဏဝတီမြို့က မင်းရဲ့ မိဖုရား ဖြစ်ခဲ့ပါတယ်။ သူမက ရဟန်းမြတ် တစ်ပါးအား မွန်မြတ်တဲ့ ဆွမ်းလှူဒါန်းခဲ့ပါတယ်။ အဲဒီကုသိုလ်ကံကြောင့် သေပြီး တာဝတိံသာနတ်ပြည် ရောက်ပါတယ်။ သိကြားမင်းတစ်ထောင်ရဲ့ နတ်မိဖုရား ဖြစ်ခဲ့ပါတယ်။ စကြဝတေးမင်း တစ်ထောင်ရဲ့မိဖုရား ဖြစ်ခဲ့ပါတယ်။ကြီးကျယ်တဲ့ ပဒေသရာဇ်မင်းအဖြစ်က မရေမတွက်နိုင်ပါ။ အမျိုးမျိုးသော အခြားအကျိုး များစွာကိုလည်း ရရှိခဲ့ပါတယ်။ ဂေါတမဘုရားသာသနာမှာ ဘိက္ခုနီဝတ်ပြီး သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ဆေးပစ္စည်းတွေကို တိုင်းတာလို့ မရနိုင်လောက်အောင် ရပါတယ်။ အဲဒါဟာ ဆွမ်းအလှူရဲ့ အကျိုးပါပဲ။ အဲဒီဆွမ်းလှူပြီးချိန်ကစပြီး ရဟန္တာဖြစ်တဲ့ ဘဝအထိ ၃၁ ကမ္ဘာကြာ အပါယ်လေးပါး မရောက်ခဲ့ရပါ။ လူ့ဘဝ၊ နတ်ဘဝကိုသာ ရောက်ရပါတယ်။ ပစ္စည်းဥစ္စာပေါများ ကြွယ်ဝတဲ့ အမျိုးမြတ်မှာ ဖြစ်ရပါတယ်။ အဲဒါဟာ ဆွမ်းအလှူရဲ့ အကျိုးပါပဲ။ (အပဒါန၊ ဒု၊ ၂၈၄) အဲဒီ ရဟန္တာရဟန်းတွေနဲ့ ရဟန္တာရဟန်းမတွေက ဆွမ်းလှူခဲ့လို့ ရခဲ့တဲ့ အကျိုးတွေကို ကိုယ်စီကိုယ်စီ အသီးသီး ပြောပြသွားကြပါတယ်။ ဆွမ်းအလှူရဲ့ အကျိုးတွေက အတော်ကိုကြီးကျယ်တာပါပဲ။ အဲဒီရဟန္တာ ရဟန်း၊ ရဟန်းမတွေက အတိတ်ဘဝတွေကို ပြန်ပြောင်း သိမြင်နိုင်တဲ့ တန်ခိုးအဘိညာဉ်ပိုင်ရှင် ဖြစ်ကြလေတော့ ပြောပြနိုင်ကြတာ ဖြစ်ပါတယ်။ အခုဆွမ်းဒကာ၊ ဆွမ်းဒကာမတွေဟာလည်း နောင်ဘဝတစ်ခုခု မှာ ရဟန္တာဖြစ်ပြီး သူတို့လို တန်ခိုးအဘိညာဉ်ပိုင်ဆိုင်ခဲ့ကြရင် အခုဆွမ်းအလှူတွေရဲ့ အကျိုးအသီးသီးတွေကို သူတို့လိုပဲ ဝေဝေဆာဆာ ပြောပြနိုင်ကြပါလိမ့်မယ်။ ဗုဒ္ဓဘာသာဝင်တွေထဲမှာ ဆွမ်းအလှူ မလှူဖူးသူဟာ မရှိသလောက်ပဲ ရှားမယ် ထင်ပါတယ်။ အနည်းအများ ကွာချင် ကွာခြားပါမယ်။ အားလုံး လှူဖူးကြတာချည်းပါပဲ။ “အင်အား လှူသူ” •••••••••••••••••••••••••••••••••• “ဘာကို လှူရင် အင်အားကို လှူရာ ရောက်ပါသလဲ။” “အစာကို လှူရင် အင်အားကို လှူရာ ရောက်ပါတယ်။” နတ်သားတစ်ဦးက မေးလို့ ဘုရားရှင်က ဖြေထားပါတယ်။ (သံယုတ်၊ပ၊၂၉) အင်အား အလွန်ကြီးမားသူတောင်မှ ထမင်း ၂ထပ်၊ ၃ ထပ် မစားလိုက်ရရင် ထိုင်နေရာမှ ထဖို့တောင် မစွမ်းနိုင်တော့ဘူးပါ။ ခန္ဓာကိုယ်နဲ့ ပြုလုပ်ရမယ့် အခြားကိစ္စတွေကိုတော့ ပြောဖွယ်တောင် မလိုတော့ပါ။ အကြောင်းကတော့ အင်အား မရှိလို့ပါပဲ။ စားပြီးရင်တော့ မစားခင်က အင်အား မရှိသူတောင်မှ အင်အားနဲ့ ပြည့်စုံလာပါတယ်။ (သံ၊ဋ္ဌ၊ပ၊၇၈၊ဋီ၊၁၁၈) “ဒါန အကျိုး” •••••••••••••••••••••••••••••••••• နတ်သား။ ။ဒီလောကမှာ တချို့ပုဂ္ဂိုလ်တွေက နှမြော ဝန်တို မပေးလိုကြပါ။ အလှူခံပုဂ္ဂိုလ်တွေကိုလည်း ဘေးကို ပြကာ ခြိမ်းခြောက်တတ်ကြပါသည်။ အခြား ပေးလှူသူတွေကိုလည်း အန္တရာယ် ပြုတတ်ကြပါတယ်။ အဲဒီပုဂ္ဂိုလ်တွေရဲ့ အကျိုးရလဒ်က ဘယ်လိုပါလဲ။ သူတို့ရဲ့ နောင်ဘဝကိုလည်း ဘယ်လို ရှုမြင်ရပါမလဲ။ ဘုရားရှင်။ ။အဲဒီပုဂ္ဂိုလ်တွေရဲ့ အကျိုးရပုံက ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ ဘဝကို ရောက်ရတယ်။ လူ့ဘဝ ရောက်ပြန်ရင်လည်း လူဆင်းရဲမျိုးမှာ ဖြစ်ရတယ်။ အဝတ်အစား ရှားပါးတယ်။ ကာမဂုဏ် အာရုံ ၅ ပါးနဲ့ ပျော်မွေ့ရမှုလည်း နည်းတယ်။ ကိုယ်၊ နှုတ်၊ စိတ်မှာ ရွှင်လန်းချမ်းမြေ့မှုကိုလည်း မရ။ လူမိုက်တွေဟာ သူတစ်ပါးထံမှ တောင့်တတဲ့ အရာကိုမရကြ။ ဒါက ဒီဘဝမှာရတဲ့ အကျိုးပဲ။ တမလွန်ဘဝမှာလည်း မကောင်းတဲ့ ဘဝကို ရောက်ရတယ်။ နတ်သား။ ။မြတ်စွာဘုရား၊ မပေးလှူတတ်သူတွေရဲ့ အကျိုးရပုံ အလုံးစုံကို သိကြရပါပြီ။ အခြား ပြဿနာကိုလည်း မေးလိုကြပါတယ်။ ဒီလောကမှာ တချို့ ပုဂ္ဂိုလ်တွေက လူ့ဘဝကိုရပြီး တောင်းသူလာရင် ကောင်းစွာနှစ်ခြိုက် အလိုက်သိတတ်စွာ ပေးလှူ တတ်ကြပါတယ်။ မပေးရက်လို ၊ နှမြောဝန်တိုမှုလည်း ကင်းကြပါတယ်။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးမှာ ကြည်ညိုကာ ရိုသေမှုထက်သန်ကြပါတယ်။ အဲဒီပုဂ္ဂိုလ်တွေရဲ့ အကျိုးရလဒ်နဲ့ တမလွန်ဘဝက ဘယ်လိုပါလဲ။ ဘုရားရှင်။ ။ အဲဒီပုဂ္ဂိုလ်တွေဟာ နတ်ပြည်မှာ ဖြစ်ကာဗိမာန်အရောင် နဲ့ ထွန်းတောက်နေကြပါတယ်။ လူ့ဘဝ ရောက်ရင် ကြွယ်ဝချမ်းသာတဲ့အမျိုးမှာ ဖြစ်ကြရတယ်။ အဝတ်အစား ပေါများကြတယ်။ ကာမဂုဏ်ငါးပါးနဲ့ ပျော်မွေ့မှုလည်း များတယ်။ ကိုယ်၊ နှုတ်၊စိတ် မှာ ရွှင်လန်း ချမ်းမြေ့မှုကိုလည်း ရကြတယ်။ သူတစ်ပါးတွေ စုဆောင်းထားတဲ့ဥစ္စာတွေမှာ ကိုယ့်အလိုအတိုင်းသာ ဖြစ်ကာ ဝမ်းမြောက်ကြရတယ်။ ဒါက ဒီဘဝမှာရတဲ့ အကျိုးပဲ။ တမလွန်ဘဝမှာလည်း ကောင်းတဲ့ဘဝကို ရောက်ရတယ်။ (သံယုတ်၊ ပါဠိ၊ ပ၊ ၃၁) -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【သာမဏေကျော်ဆရာတော် ဦးဓမ္မိကာလင်္ကာရာဘိဝံသ- သာမဏေကျော်မဟာဂန္ဓာရုံကျောင်းတိုက်】 Posted by► www.facebook.com/youngbuddhistassociation.mm [“လွတ်လပ်စွာ Share နိုင်ပါသည်။ ပေ့ချ်များအနေနဲ့ share မယ်ဆိုရင် စာရေးသူ ဆရာတော်၊ စာရေးသူ လူပုဂ္ဂိုလ်အမည်နဲ့ စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association ကို credit လေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။”]
https://www.dhammaransi.com/index.php/new/587-2016-06-18-07-13-59.html
“လှူဒါန်းနိုင်ကြ၍၊လှူတတ်ကြပါစေ”
ဒကာ၊ ဒကာမတို့ …. အလှူပေးတဲ့ဥစ္စာဟာ အလှူခံပုဂ္ဂိုလ် လက်ထဲ ကိုယ့်ပစ္စည်းရောက်သွားတာပဲဆိုရင် လွဲတယ်။ ဘုရားရှင် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေစဉ်မှာ နတ်တွေစုရုံးရောက်လာပြီး “အလှူပေးတယ်ဆိုတာ တခြားလားအောက်မေ့တယ်ဘုရား။ တကယ်တော့ တပည့်တော်တို့ ရလိုက်တာပဲ”လို့ သူတို့ရဲ့ ကိုယ်တွေ့ကိုလျှောက်ထားကြတယ်။ ဒီတော့ အလှူပေးတဲ့ဥစ္စာ သူများရသွားတယ်ဆိုတာ လွဲတယ်။ ကိုယ်ရလိုက်တာပဲလို့ မှတ်ရမယ်။ ဥပမာနဲ့ ရှင်းပြရဦးမယ်။ အိမ်တစ်အိမ်မီးလောင် နေတာကို ရပ်ကြည့်နေလို့ရှိရင် အိမ်ပေါ်ကပစ္စည်းတွေဟာ အိမ်နဲ့အတူလောင်ပြီး ပြောင်သွားမှာပဲ။ ရသလောက် မီးထဲကဆွဲထုတ်ပြီး မီးလွတ်တဲ့နေရာကို သယ်သွားမယ် ဆိုရင် ဒါရလိုက်တာပဲ။ မီးလောင်တာရပ်ကြည့်နေရင်တော့ မရတော့ဘူး။ သယ်ယူနိုင်သလောက် သယ်ယူလို့ ရှိရင် ထိုက်သလောက်ရလိုက်မှာပဲ။ ဒီမှာလဲ ထို့အတူပဲ မှတ်ရမယ်။ ခန္ဓာကြီးဟာ “ဇာတိမီး၊ ဇရာမီး၊ မရဏမီး(အို၊ နာ၊ သေ)”တွေက လောင်နေတယ်။ လောဘ၊ ဒေါသ၊ မောဟစတဲ့ ၁၁-ပါးသော မီးတွေကလဲလောင်နေတယ်။ ဇရာမီးကလဲ နေ့တိုင်း အိုအောင်လောင်နေတယ်။ မရဏမီးကလဲ နေ့တိုင်း သေအောင်လောင်နေတယ်။ ရန်သူမျိုးငါးပါးဆိုတဲ့မီးတွေကလဲ ပစ္စည်းတွေကို ယူမလို့ လောင်မလို့ ဝိုင်းလျက်ပဲ။ အဲဒီလို ခန္ဓာကိုယ်ကြီးကလဲ မီးလောင်ခံနေရပြီး ပစ္စည်းတွေကိုလည်း ရန်သူမျိုးငါးပါးက ယူသွား၊ ဆောင်သွား၊ လောင်သွားသလို ဖြစ်ပြီးနေတော့၊ ဒီထဲကနေပြီး ဒို့သားလေး ရှင်ပြုပြီး၊ ကထိန်ခင်းမယ်။ သံဃာ ၂၀၀-ကျော်ကိုလည်း သင်္ကန်းတွေ၊ ထီးတွေ၊ ဖိနပ်တွေ၊ ခြင်ထောင်တွေ၊ မျက်နှာသုတ်ပုဝါတွေ လှူမယ်ဆိုတော့ ဒါမီးလောင်နေတဲ့အထဲက ကိုယ့်ဖို့ရအောင် မီးမလောင်တဲ့နေရာကို ဆွဲထုတ်လိုက်တာပဲလို့ မှတ်ပါ။ ဒါနကို ပြုတယ်ဆိုတာ မီးမလောင်တဲ့ နေရာကို ပို့ထားတာဖြစ်တော့ ကိုယ်က ဆွဲထုတ်လိုက်တဲ့အတွက် မီးမလောင်တဲ့ပစ္စည်းဟာ ကိုယ့်ပစ္စည်းဖြစ်တယ်။ အခုဒီလိုလှူလိုက်တော့ ကိုယ်မီးထဲကဆွဲထုတ်လိုက်လို့ ကိုယ်ရလိုက်တာပဲ လို့ မှတ်။ ရှေးကတော့ “မင်းအလှူပေးတာ ဘယ်လောက် ကုန်သွားသလဲ”လို့ မေးတတ်ကြတယ်။ အဲဒါ လွဲတယ်။ နောင်ကို ခင်ဗျားတို့ ပညာမျက်စိတတ်ပြီး “မင်းအလှူ လှူတာ ဘယ်လောက်ရလိုက် သလဲ”လို့ မေးပါ။ ပစ္စည်းဆိုတာ မီးလောင်ရင်ကုန်တာပဲ။ လောဘမီး၊ ဒေါသမီး၊ မောဟမီးတို့လဲ စားသုံးပစ် လိုက်လဲ ကုန်သွားမှာပဲ။ အဲဒီလိုကုန်သွားမှာ သိနေတော့ မီးလောင်တဲ့အထဲက ဆွဲမထုတ်ဘူး ဆိုရင် ကိုယ်ပိုင်ရလိုက်စရာမမြင်တော့ဘူး။ အခုလို လှူဒါန်းလိုက်တော့ “သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ”ဆိုတဲ့ နိဗ္ဗာန်သွားမယ့် ရတနာတွေ ရလိုက်တယ်။ အခုလို ဉာဏ်မျက်လုံးပွင့်လာလို့ လှူလိုက်လို့ ဒါတွေရတာ။ ဉာဏ်မျက်လုံးမပွင့်ခင်ကတော့ ပစ္စည်းဥစ္စာစုသာနေမယ် ဆိုရင် စုရင်းနဲ့ပဲ “လောဘမီး၊ ဒေါသမီး၊ မောဟမီး” စသည်တို့က လောင်ပစ်လိုက်ရင်း၊ ကုန်ရင်း၊ ရန်သူမျိုးငါးပါးမီးက လောင်ရင်း ကုန်ရင်း ဖြစ်ခဲ့တယ်။ အခုလိုလှူလိုက်တော့ မီးထဲက ဆွဲထုတ်ပြီး မီးလွတ်ရာယူသွားတော့ ဒါ ရလိုက်တာပဲ။ ကဲ .... မီးထဲကဆွဲထုတ်လို့ ရလိုက်တာတော့ ဟုတ်ပြီ။မီးထဲက ဆွဲထုတ်မှုကလည်း ❖“အသိဉာဏ် မပါဘဲနဲ့ အရမ်းဆွဲထုတ်မှု၊ ❖ဉာဏ်မျက်လုံးအမြင်နဲ့ ကောင်းတာဆွဲထုတ်မှု” လို့ နှစ်မျိုးရှိသေးတယ်။ ဘယ်လိုနှစ်မျိုးလဲဆိုရင်- ❖ (၁)။နိဗ္ဗာန်တည်းဟူသော ရတနာမြတ်ကြီးကို လိုချင်လို့ဆွဲထုတ်တာက တစ်မျိုး၊ ❖ (၂)။ လူ့ပြည်၊နတ်ပြည်၊ဗြဟ္မာ့ပြည်ရောက်ချင်လို့ ဆွဲထုတ်တာက တစ်မျိုး၊ ဒီလို နှစ်မျိုးရှိတယ်။ မီးထဲကဆွဲထုတ်ပေမယ့် ဆွဲထုတ်တတ်ဦးမှနော်။ မီးလောင်နေတုန်း “စဉ့်အိုးကြီးတွေ၊ ဒယ်အိုးကြီးတွေ၊ ထင်းတွေကိုတာ ဆွဲထုတ်နေရင် အလကားပဲ။” ဒါတွေလောင်သွားလို့ ဘာမှ အရေးမကြီးဘူး။ အဖိုးတန်ပစ္စည်းတွေ ရတနာတွေကို ဆွဲထုတ်တတ်ဖို့ အရေးကြီးတယ်။ ဒါမှ ဆွဲထုတ်ရကြိုးနပ်မယ်။ ဒီတော့ ပညာမျက်စိနဲ့ကြည့်ပြီး နိဗ္ဗာန်ရောက်ကြောင်းနဲ့ တူတဲ့ အဖိုးတန်ရတနာပစ္စည်းတွေကို ဆွဲထုတ်မယ် ဆိုရင် မှန်တယ်။ အဲဒါ ဉာဏ်မျက်လုံးနဲ့ ဆွဲထုတ်တာမျိုးပဲ။ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်ရောက်ကြောင်းတွေ ဆွဲထုတ်မယ်ဆိုရင်တော့ ဆွဲထုတ်မိတဲ့နေရာမှာ နောက်ထပ်မီးက ကူးပြီး လောင်အုံးမှာပဲ။ အဲဒါကျတော့ အသိဉာဏ်မပါတဲ့ အရမ်းဆွဲထုတ်တာမျိုးပဲ။ အဲဒီတော့ လှူတာက နိဗ္ဗာန်ရောက်ကြောင်း ပစ္စည်းတွေကိုသာ ဆွဲထုတ်တာမျိုးဖြစ်ရမယ်။ နတ်ပြည်ရောက်ကြောင်း ပစ္စည်းတွေကို ဆွဲထုတ်တာမျိုး မဖြစ်ရဘူး။ ဒီလိုဆွဲထုတ်တာမျိုးကတော့ မီးကူးပြီး လောင်အုံးမှာပဲ။ ဒီမှာလဲ လောင်ရက်ပဲ။ ဟိုရောက်ရာ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်တွေမှာလဲ ခန္ဓာနဲ့ပစ္စည်း လောင်မှာပဲ။ ဒါဖြင့် မီးကူးလောင်တာပေါ့။ ဒီနေရာကတော့ မီးထဲကဆွဲထုတ်ပါရဲ့။ ဟိုနေရာကျတော့ ဆက်ကူးပြီးလောင်တယ်။ အေး ဒါ့ကြောင့် မအိုမသေအမြဲနေတဲ့ နိဗ္ဗာန် ရောက်ကြောင်း မဂ္ဂင်(ဉာဏ်)နဲ့သာ ဆွဲထုတ်လို့ ရှိရင် နောက်တစ်ဖန် မီးမလောင်တဲ့ မပျောက်ပျက်တဲ့ ပစ္စည်းကြီးရလိုက်တာပဲ။ “အကန်းဆွဲထုတ်တာနဲ့ အမြင်ရှိတဲ့လူဆွဲထုတ်တာ” မီးလောင်တဲ့အထဲကဆွဲထုတ်ပေမယ့် “အကန်းဆွဲထုတ်တာနဲ့ အမြင်ရှိတဲ့လူဆွဲထုတ်တာ” အင်မတန်ခြားနားသွားတယ်။မီးထဲက ဆွဲထုတ်ပေမယ့် ဆွဲထုတ်နည်းက မှန်အုံးမှနော်။ ❖မီးကင်းရာဘက်နိဗ္ဗာန်ကျအောင် ၃၁-ဘုံ အပြင်ဘက် ရောက်အောင် ဆွဲထုတ်မှ မှန်တာ။ ❖၃၁-ဘုံ အတွင်းဆွဲထုတ်မိရင်တော့ ရောက်ရာဘုံမှာ မီးလောင်ဦးမှာပဲ။ ၃၁-ဘုံဆိုတာ မီးဟုန်းဟုန်း တောက်နေတာ။ သမာဒိဋ္ဌိမျက်လုံးနဲ့ မီးမလောင်ရာ နိဗ္ဗာန်အရောက် ဆွဲထုတ်မှ မှန်တာ။ မီးတကယ်လွတ်တဲ့နေရာသို့ ဆွဲထုတ်မှုကျတော့ တကယ်ကိုသိမှသာ အဖိုးတန်တယ်နော်။ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “ဇာတိဒုက္ခ” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ အဲဒီတော့ ခင်ဗျားတို့ အမိဝမ်းခေါင်းထဲက လာခဲ့ကြတယ်။ ယခုဘဝ လူတစ်ယောက်အစဟာ အမိဝမ်းခေါင်းထဲမှာ “ကလလရေကြည်” ကလေးက စခဲ့ရတယ်။ ဒီရေကြည်လေးဟာ အပေါ်ကအစာသစ်တွေ၊ အောက်က အစာဟောင်း တွေကြားမှာ တည်နေခဲ့တယ်။ ဒါကလေးဟာ ပူလွန်း၊ အေးလွန်းတဲ့ အစာအာဟာရကို မိခင်က စားသောက်မိရင် ပျက်လိုက်၊ မိခင်ကလှုပ်ရှားလိုက်ရင် ပျက်လိုက်ဆိုတော့ လူတစ်ယောက်ဖြစ်ဖို့ရာ မလွယ်ဘူးနော်။ နောက်တဖြည်းဖြည်း ကိုယ်သဏ္ဍာန် ပေါ်လာတယ်။ အဲဒီ အမိဝမ်းခေါင်းထဲမှာ အမိ ကျောဘက်ကို မျက်နှာမူပြီး၊ ဒူးနှစ်ဖက်ပေါ်တတောင်ဆစ် နှစ်ခုထောက်ပြီး၊ ခေါင်းပေါ် လက်နှစ်ဖက်ယှက်ပြီး နေခဲ့ရတယ်။ အမိရှေ့ကုန်းလိုက်ရင် လည်ပင်းချိုးသလို၊ အမိက နောက်ကော့လိုက်ရင် ကုပ်ချိုးလိုက်သလို ခံရတယ်။နေရတာကလည်း အင်မတန် ကျဉ်းမြောင်းတယ်။ အောက်ကလဲ အမေရဲ့ကျင်ကြီးအိမ်ပေါ်မှာထိုင်ရ၊ ပေါ်ကလည်း အမေစားတဲ့ ခွေးအန်ဖတ်နဲ့တူတဲ့ အစာသစ်အိမ်ကိုရွက်ထားရတယ်။ အသက်ရှုလို့လည်းမရဘူး၊ ကွေးလို့ဆန့်လို့လည်း မရဘူး။ ၉-လခွဲ၊ ၁၀-လအတွင်း ထမင်း ကျွေးမယ့်သူလည်းမရှိဘူး။ စောင်းပေးမယ့်သူ၊ လှည့်ပေးမယ့်သူလည်းမရှိဘူး။ အထီးကျန် တစ်ကောင်ကြွက် တစ်မျက်နှာ ဒုက္ခိတမို့ ဘယ်ကမှ ကူမယ့်သူ မရှိဘူး။ အခုနေရတာက မျက်နှာကကျောဖက်လှည့်နေပြီး ခေါင်းကအထက်ကနေတယ်။ နောက်မွေးခါနီးကျတော့ ကမ္မဇလေက အောက်ကနေပြီး တွန်းမှုတ်တင် လိုက်တော့၊ အမိရဲ့မွေးဖွားရမယ့်နေရာသို့ ဂျွမ်းပြန်ပြီး ခေါင်းက အောက်ဖက်ရောက်သွားတယ်။ ဒီတော့ကလေးက “ငါတော့ အလွန်တရာနက်တဲ့ ချောက်ကြီးထဲ ဇောက်ထိုးဆင်းပြီး သေပွဲဝင်ရတော့မယ်” လို့ ကြောက်လန့်ပြီး တက်သွားတာပဲ။ ဖွားတော့မယ် ဆိုတော့စဉ်းစားကြည့်ပေါ့။ နှစ်လက်မလောက်ရှိတဲ့ ကြွက်တစ်ကောင်ဟာ နောက်ကရိုက်လိုက်လို့ ကြောက်တာနဲ့ တစ်လက်မရှိတဲ့အပေါက်ကလေးက တိုးထွက်ရတော့၊ကိုယ်မှာ အမွှေးတွေ၊ အရေတွေ မကျန်တော့ သွေးရဲရဲနဲ့အပြင်ထွက်သွားရတယ်။ ဒီလိုပဲကလေးဟာ ကျဉ်းမြောင်းလှတဲ့ မွေးဖွားရာ ပေါက်ကနေပြီး တိုးထွက်ရတော့ ခုနက ကြွက်ထွက်ရသလိုဖြစ်နေတယ်။ အပြင်ရောက်တော့လဲ ဝမ်းဆွဲဆရာမတွေက ကိုင်လိုက်တွယ်လိုက် ရေနဲ့ပက်ချိုးလိုက်ဆိုတော့ တခါတည်း ငရဲရောက်သလို ခံစားရပြီး ငိုတော့တာပဲ။ ကဲ ပဋိသန္ဓေနေရတဲ့ ဒုက္ခ၊ မွေးဖွားရတဲ့ ဒုက္ခဟာ ဘယ်လောက်ကြီးသလဲ၊ စဉ်းစားကြည့်။ တစ်ခါမွေးခါစကလေးဟာ သူတစ်ပါးပြုသမျှခံရတယ်။ ကျင်ကြီးကျင်ငယ်တွေ တလူးလူးနဲ့နေရတယ်။ ရေဆာရင် အမေက နို့ပေးလိုပေး၊ နို့ဆာရင် အမေက ရေပေးလိုပေး၊ မပြောတတ်တော့ ငိုရုံသာ ငိုတတ်တယ်။ မသွားနိုင်တော့ ကိုယ်နေတဲ့နေရာမှာပဲ ကျင်ကြီးကျင်ငယ်စွန့်ရတယ်။ ခြင်ကိုက်လည်းခံရဆိုတော့ သူပေးလူပေးနဲ့ နေရတဲ့ ဒုက္ခိတလေးပေါ့။ အေး .... ဒါကြောင့် ဘုရားက “ခန္ဓာငါးပါးဟာ ဒုက္ခသစ္စာ” လို့ ဟောတာ။ ဒီဒုက္ခတွေကို ခင်ဗျားတို့ မေ့နေပြီ။ ဉာဏ်နဲ့မကြည့်တော့လဲ မသိတော့ဘူး။ အခုဘုန်းကြီးပြောတဲ့ ဉာဏ်မျက်လုံးနဲ့ ကြည့်လိုက်တော့မှ “သြော် .... ငါတို့ ဒီလိုနေခဲ့ရပါလား” ဆိုတဲ့ ဉာဏ်ကလေးပေါ်လာတာ။ ဒီဉာဏ် သမ္မာဒိဋ္ဌိ(မဂ္ဂင်)နဲ့ ကြည့်လိုက်တော့မှ ဒီနေရာ မနေချင်တော့ဘူးဆိုတာ လာတာ။ ဒီတော့ ဒီဇာတိဒုက္ခကြီးကို ရွံခြင်း၊ မုန်းခြင်း၊ ငြီးငွေ့ခြင်း မလိုချင်ခြင်းဖြစ်ပါ၍ ဒီ ဒုက္ခကြီးကို နောင်ဘယ်တော့မှ မတွေ့ချင်ပါ၍၊ ဘယ်ခန္ဓာမှ မဖြစ်ချင်တော့ပါ၍ အဇာတိ=ပဋိသန္ဓေ မနေရာ၊ ဇာတိဒုက္ခကြီး လွတ်ကျွတ်ရာနိဗ္ဗာန်ကို ရောက်ချင်ပါ၍ “ဤသင်္ကန်းစသည်တို့ကို သံဃာတော်အရှင်မြတ်များအား လှူဒါန်းပါ၏”လို့ စိတ်ပြောင်းလိုက်ပါ။ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “ဇရာဒုက္ခ” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ မွေးခါစဒုက္ခိတဘဝပြီးတော့ ကလေးကြီးဖြစ်လာတယ်။ ကြီးတယ်ဆိုတာ အိုတာပဲ။ “ဇရာဒုက္ခ”ရောက်တာပဲ။ သရက်သီးဟာရင့်ရင့်ပြီး ကြီးလာတာဟာ မှည့်ပြီး ကြွေမလို့ပဲ။ အဲ - အိုတယ်ဆိုတာလဲ သေမလို့ အိုတာပဲ။ ဇာတိဒုက္ခပြီး ဇရာဒုက္ခနဲ့နေရတော့ ချမ်းသာတာပါသေးရဲ့လား။မပါဘူး။ ဒီဇရာဒုက္ခကြီးကိုလည်း ရွံခြင်း၊ မုန်းခြင်း၊ ငြီးငွေ့ခြင်း မလိုချင်ခြင်းဖြစ်ပါ၍၊ အဇရံ=မအိုရာဖြစ်သော နိဗ္ဗာန်ကိုသာ ရည်မှန်း၍ “ဤသင်္ကန်းစသည်ကို သံဃာတော် အရှင်မြတ်များအား လှူဒါန်းပါ၏”လို့ စိတ်ပြောင်းလိုက်ပါ။ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “ဗျာဓိဒုက္ခ” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ကောင်းပြီ၊ ဒီခန္ဓာကြီးဟာ ဇရာကဘယ်သွားမယ် ထင်သလဲ။ဒီခန္ဓာကြီးဟာ သူ့လမ်းစဉ်အတိုင်း “ဗျာဓိ”(အနာရောဂါ)ဘက် သွားရမယ်။ ဗျာဓိဆိုတဲ့ ရောဂါတွေ ဖိစီးလာမှဖြင့် ဆရာဝန်တွေက ဝိုင်းပြီးကုကြသော်လည်း ရောဂါမသက်သာ။ ကိုယ့်ကျင်ကြီး ကျင်ငယ်ကိုမှ ထပြီးမစွန့်နိုင်။ ကိုယ့်အဝတ်ကို ကိုယ်မဖုံးနိုင်တဲ့ “ဗျာဓိဒုက္ခ” ကို ရောက်အုံးမှာပဲ။ ဒါဟာ ခန္ဓာကြီးရဲ့လမ်းစဉ်မို့ ဘယ်မရောက်ပဲနေပါမလဲ။ ခန္ဓာကြီးဟာ ရောဂါတွေဖိစီးပြီး အိပ်ရာဖျာကပ် ဗျာဓိဒုက္ခနဲ့ တွေ့အုံးမှာပဲ။ ဒီတော့ အဲဒီ ဗျာဓိဒုက္ခကြီးကို ရောက်ရမှာ ဧကန်သိသည်ဖြစ်သောကြောင့် ဤဗျာဓိဒုက္ခကြိးကို နောင်တစ်ဖန်မရလိုတဲ့စိတ် ပြင်းပြသည်ဖြစ်ပါ၍ အဗျာဓိဆိုတဲ့ မနာရာဖြစ်သော နိဗ္ဗာန်ကို ရည်မှန်း၍ ဤအလှူပွဲကြီးကို ရေစက်ချပြီး လှူဒါန်းပါ၏လို့ စိတ်ပြောင်းလိုက်ပါ။ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “မရဏဒုက္ခ” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ နောက် ဒီကနေပြီး ဘယ်ဆက်သွားပြန်သလဲဆိုတော့ ခန္ဓာကြီးရဲ့လမ်းစဉ်အတိုင်း မဆုံးသေးပဲကိုး။ နာဘေးကြီးက သေဘေးကြီး မရဏဒုက္ခဆီကို သွားရအုံးမယ်။ သေခါနီးဒုက္ခဆိုတာလည်းရှိသေးတယ်။ ဒီ ဒုက္ခကလဲ မသေးဘူးနော်။ အကုသိုလ်ကံတွေ လုပ်ထားတဲ့ ပုဂ္ဂိုလ်တွေကျတော့ သေခါနီးမှာ နာလိုက်တာ၊ ကိုက်လိုက်တာ၊ အကြောတွေက ဟိုဆွဲဒီဆွဲနဲ့ဆိုတော့ သေခါနီးဒုက္ခကလည်း အင်မတန်ကြီးတယ်။ အဲဒီ မရဏဒုက္ခကြီးကလဲ ခန္ဓာရှိလို့ပေါ်လာတာ။ အဲဒီလို မရဏဒုက္ခကြီးကလဲ တွေ့လတ္တံဖြစ်သောကြောင့် ဒီမရဏဒုက္ခကြီးကို နောင်မတွေ့ချင်ပါ၍ အမတံ အသေကင်းရာ နိဗ္ဗာန်ကိုရည်မှန်းပြီး “ဤသင်္ကန်းစသည်ကို လှူဒါန်းပါ၏”လို့ စိတ်ပြောင်းလိုက်ပါ။ ဒီလိုလှူတော့ ဒုက္ခသိပြီး မဂ်ဉာဏ်နဲ့လှူတဲ့အလှူ ဖြစ်သွားတယ်။ ဒီလိုလှူရင် ဉာဏ်နဲ့ လှူတဲ့အလှူလို့မှတ်ပါ။ ဒုက္ခမှ လွတ်ချင်လို့ လှူတဲ့အလှူမို့ သဒ္ဓါက နောက်လိုက်ဖြစ်ပြီး ဉာဏ်ကရှေ့ဆောင်တယ်လို့ မှတ်ပါ။ ဒီဉာဏ်ဟာ သာမညဉာဏ်မဟုတ်ဘူး။ ဒုက္ခသစ္စာကိုသိတဲ့ဉာဏ် ဖြစ်သောကြောင့် မဂ်ဉာဏ်နဲ့ လှူတဲ့အလှူမို့ ဒုက္ခခပ်သိမ်းကင်းငြိမ်းတဲ့နိဗ္ဗာန်မှတစ်ပါး တခြားဘာမှ အကျိုးမပေးတော့ဘူး လို့ ယုံယုံကြည်ကြည်နဲ့မှတ်ပါ။ ဒီလိုမှ မဟုတ်ဘဲ ဒီနေရာရောက်ချင်ပါသေးတယ် ဆိုရင် ဇာတိပြန်လှည့်တော့မယ်။ သေပြီးနောက် ဇာတိပဋိသန္ဓေပြန်လှည့်မယ်ဆိုရင် ဝိုင်းသွားပြီ။ “ဇာတိ”က လာပြီးနောက် “ဇာတိ” ပြန်ရောက်ပြန်တယ်။ “ဇာတိ”ပြန်ရောက်ပြန်တော့ ဒီလိုအပတ်ပေါင်း နောက်က ဘယ်လောက် လည်ခဲ့သတုံးဆိုတော့ မရေတွက်နိုင်ဘူး။ အဲဒီတော့ ဒီလိုသံသရာမလည်ချင်တဲ့ ဉာဏ်သည် သံသရာဖြတ်ချင်တဲ့ဉာဏ်ပဲ။ အဲဒီ ခန္ဓာ သံသရာကြီး ဖြတ်ချင်တဲ့ဉာဏ်နဲ့ သံသရာဖြတ်ချင်တဲ့ဆန္ဒ ပြင်းပြသည်ဖြစ်ပါ၍ ဤသင်္ကန်းစသည်ကို လှူဒါန်းပါ၏ လို့ စိတ်ပြောင်းလိုက်ပါ။ အဲ “ဇာတိ၊ဇရာ၊ဗျာဓိ၊မရဏ”စတဲ့ ဒုက္ခခပ်သိမ်းတို့၏ ငြိမ်းရာအမှန် နိဗ္ဗာန်တခုတည်းကိုသာ ရည်မှန်းပြီး လှူကြပါစို့။လှူဒါန်းနိုင်ကြ၍ လှူတတ်ကြပါစေ။ ။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး】 Posted by► www.facebook.com/youngbuddhistassociation.mm [“လွတ်လပ်စွာ Share နိုင်ပါသည်။ ပေ့ချ်များအနေနဲ့ share မယ်ဆိုရင် စာရေးသူ ဆရာတော်၊ စာရေးသူ လူပုဂ္ဂိုလ်အမည်နဲ့ စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association ကို credit လေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။”]
https://www.dhammaransi.com/index.php/new/588-2016-06-18-07-13-23.html
“သာသနာတွင်းအလှူ နဲ့ သာသနာပအလှူ”
ဘုရားရှင်က ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးနေပါတယ်။ အဲဒီအခါ အရှင်မဟာကဿပက ပိပ္ပလိဂူမှာ ၇ ရက်ပတ်လုံး နိရောဓသမာပတ် ဝင်စားနေပါတယ်။ ၇ ရက်လွန်တဲ့အခါ နိရောဓ သမာပတ်မှ ထပါတယ်။ ထပြီး “ရာဇဂြိုဟ်မြို့ထဲ အိမ်စဉ်အတိုင်း ဆွမ်းခံ လှည့်လည်မယ်” လို့ကြံကာထွက်လာတယ်။ အဲဒီအချိန်မှာ သိကြားမင်းရဲ့အလုပ်အကျွေး ဖြစ်ကြတဲ့ ခိုခြေအဆင်းရှိ နတ်သမီး ၅ဝဝက “မထေရ်အား ဆွမ်းလှူကြမယ်”လို့ အားတက်သရောနဲ့ ဆွမ်းအုပ်၅၀၀ ကို ပြင်ဆင်ကာယူပြီး လမ်းခရီး အကြားမှာ ရပ်ကာ “အရှင်ဘုရား၊ ဒီဆွမ်းကို ခံယူတော်မူပါ။ တပည့်တော်တို့အား ချီးမြှောက်တော်မူပါ” လို့ လျှောက်ကြတယ်။ “သင်တို့သွားကြ၊ ငါက ဆင်းရဲသားတွေအား ချီးမြှောက်မယ်” “အရှင်ဘုရား၊ တပည့်တော်တို့ကို မဖျက်ဆီးပါနဲ့။ တပည့်တော်တို့အား ချီးမြှောက်ပါ” မထေရ်က သိပြီး တစ်ဖန်ပယ်မြစ်ကာ နောက်ထပ်လည်း ဖဲသွားဖို့ မလိုလားလို့ တောင်းပန်ကြတဲ့အခါ “သင်တို့ဟာ ကိုယ့်ပမာဏကို မသိကြ၊ ဖဲသွားကြလော” လို့ လက်ဖျောက် တီးခတ်လိုက်တယ်။ နတ်သမီးတွေက မထေရ်ရဲ့ လက်ဖျောက်တီးသံကို ကြားရပြီး တောင့်တင်းကာ မျက်မှောက်မှာ မရပ်တည်နိုင်တော့လို့ ပြေးသွားကာ နတ်ပြည်ကိုပဲ သွားတယ်။ သိကြားမင်းက မေးတယ်။ “သင်တို့ ဘယ်ကို သွားနေကြတာလဲ။” “အရှင်သိကြားမင်း၊ သမာပတ်မှထတဲ့ အရှင်မဟာကဿပ မထေရ်အား ဆွမ်းလှူကြမယ်လို့ ရည်ရွယ်ကာ သွားခဲ့ကြပါတယ်။” “သင်တို့ လှူခဲ့ကြရရဲ့လား။” “မထေရ်က အလှူမခံလိုပါ။” “မထေရ်က ဘာကို ပြောသလဲ” “အရှင်သိကြားမင်း၊ ဆင်းရဲသားတွေအား ငါက ချီးမြှောက်မယ် လို့ ပြောပါတယ်။” “သင်တို့က ဘယ်လိုအခြင်းအရာနဲ့ သွားခဲ့ကြသလဲ။” “အရှင်သိကြားမင်း၊ ဒီအခြင်းအရာနဲ့ပဲ သွားခဲ့ကြပါတယ်။” သိကြားမင်းက “သင်တို့လို နတ်သမီးတွေက မထေရ်အား ဘာကြောင့်လှူကြရမှာလဲ”လို့ ပြောပြီး၊ ကိုယ်တိုင်လှူလိုတဲ့အတွက် အိုမင်းယိုယွင်းနေပြီး၊ သွားကျိုး၊ ဆံဖြူ ခါးကိုင်းနေတဲ့ အဘိုးအိုရက်ကန်းသည် အသွင်နဲ့ သုဇာနတ်သမီးကိုလည်း အဲဒီလိုပဲ အအိုမအသွင် ပြုလုပ်ကာ ရက်ကန်းသည် လမ်းတစ်လမ်းကို ဖန်ဆင်းပြီး ရက်ကန်းကို ဖြန့်ကာနေတယ်။ မထေရ်ကလည်း “ဆင်းရဲသားတွေအား ချီးမြှောက်မယ်” လို့ ရည်ရွယ်ကာ မြို့ဆီ ရှေးရှူသွားတယ်။ မြို့ပြင်ဘက်မှာပဲ အဲဒီလမ်းကို မြင်ပြီး ကြည့်တဲ့အခါ လူနှစ်ယောက်ကို တွေ့တယ်။ အဲဒီခဏမှာ သိကြားမင်းက ရက်ကန်းကို ဖြန့်တယ်။ သုဇာက ရက်ဖောက်ကို ရစ်တယ်။ မထေရ်က ဒီလိုကြံစည်တယ်။ “ဒီလူတွေဟာ အသက်ကြီးရာအခါမှာလည်း အလုပ်ကို လုပ်ကြတာပဲ။ ဒီမြို့မှာ ဒီလူတွေထက် ပိုဆင်းရဲသူတွေ မရှိကြဘူး ထင်တယ်။ ဒီလူတွေလှူတဲ့တစ်ယောက်ချိုမျှကို ဖြစ်စေ၊ သစ်ရွက်မျှကိုဖြစ်စေ ယူပြီး ဒီလူတွေအား ချီးမြှောက်မယ်” မထေရ်က အဲဒီလူတွေရဲ့ အိမ်ဆီ ရှေ့ရှူနေတယ်။ သိကြားမင်းက မထေရ် လာနေတာကို မြင်ပြီး သုဇာကို ပြောတယ်။ “ရှင်မ၊ ငါတို့ရဲ့ အရှင်ဟာ ဒီနေရာက လာနေတယ်။ သင်က မမြင်သလို ဆိတ်ဆိတ်နေကာ ထိုင်နေပါ။ ခဏနဲ့ မထေရ်ကို လှည့်ပတ်ပြီး ဆွမ်းကို လှူကြမယ်” မထေရ်က လာပြီး အိမ်တံခါးဝမှာ ရပ်တယ်။ အဲဒီလူတွေကလည်း မမြင်သလို ကိုယ့်အလုပ်ကိုပဲ လုပ်ကာ အနည်းငယ်လာကြတယ်။ အဲဒီ အခါ သိကြားမင်းက “အိမ်တံခါးမှာ မထေရ်တစ်ပါးလို ရပ်နေတယ်။ စုံစမ်းပါဦး”လို့ ပြောတယ်။ “အရှင်၊ သွားပြီးစုံစမ်းပါမယ်” လို့ ပြောတယ်။ သိကြားမင်းက အိမ်မှထွက်ကာ မထေရ်ကို တည်ခြင်းငါးပါးနဲ့ ရှိခိုးပြီး လက်နှစ်ဖက်တွေနဲ့ ဒူးတွေကို တွဲရရွဲဆွဲကာ (ထောက်ကာ) ညည်းတွားရင်း ထတယ်။ “အရှင်မြတ်က ဘယ်မထေရ်ပါလိမ့်” လို့ အနည်းငယ် နောက်ဆုတ်ပြီး “ငါ့မျက်စိတွေ အခိုးထနေကြတယ်” လို့ ပြောကာ၊ နဖူး ပေါ်လက်ကိုတင်ပြီး အပေါ်ကို ကြည့်တယ်။ “ဪ ဒုက္ခ၊ ငါတို့ရဲ့ အရှင် မဟာကဿပမထေရ်ဟာ ငါတို့ အိမ်တံခါးကို အချိန်ကြာမြင့်မှ ကြွလာတယ်။ အိမ်မှာ တစ်စုံတစ်ခု ရှိလေသလား” လို့ မေးတယ်။ သုဇာက အနည်းငယ်အလုပ်ရှုပ် သယောင် လုပ်ကာ “အရှင် ရှိပါတယ်” လို့ စကား တုံ့ပြန်တယ်။ သိကြားမင်းက “အရှင်ဘုရား၊ ကြမ်းတမ်းတာ၊ မွန်မြတ်တာကို မစဉ်စားဘဲတပည့်တော်တို့အား ချီးမြှောက်ပါ”လို့ လျှောက်ကာသပိတ်ကို ယူတယ်။ မထေရ်က“သူတို့ လှူတာက ဟင်းရွက်ဖြစ်ဖြစ်၊ ဆန်ကွဲမုန့်ဆုပ်ဖြစ်ဖြစ် သူတို့အား ငါ ချီးမြှောက်မယ်” လို့ တွေးကာ သပိတ်ကို ပေး လိုက်တယ်။ သိကြားမင်းက အိမ်တွင်းကို ဝင်ပြီး ထမင်းအိုးမှ ထမင်းကို ထုတ်ဆောင်ကာ သပိတ်ကို ပြည့်စေပြီး မထေရ်ရဲ့ လက်ထဲထားလိုက်တယ်။ ပဲဟင်းဟင်းလျာများစွာပါတဲ့ အဲဒီဆွမ်းဟာ ရာဇဂြိုဟ်တစ်မြို့လုံး ကို အနံ့နဲ့ ဖုံးလွှမ်းသွားတယ်။ အဲဒီအခါ မထေရ်က ကြံတယ်။ “ဒီယောက်ျားက တန်ခိုးမရှိ။ ဆွမ်းက တန်ခိုးကြီးတယ်။ သိကြားမင်းရဲ့ စားဖွယ်နဲ့တူတယ်။ အဲဒီလူဟာ ဘယ်သူလဲ။” အဲဒီအခါ သူ့ကို “သိကြားမင်းပဲ” လို့ သိပြီး ပြောတယ်။ “ဆင်းရဲသားတွေရဲ့စည်းစိမ်ကို လုယက်တဲ့သင်ဟာ ဝန်လေးတဲ့ အမှုကို ပြုလုပ်ပေတယ်။ ဆင်းရဲသားတစ်စုံတစ်ယောက်ဟာ ဒီနေ့ ငါ့အား အလှူလှူပြီး စစ်သူကြီးရာထူး (သို့မဟုတ်) သူဌေးရာထူးကို ရမှာပဲ” “အရှင်ဘုရား၊ တပည့်တော်ထက် ပိုဆင်းရဲသူမရှိပါ။” “နတ်လောကမှာ နတ်မင်းစည်းစိမ်ကို ခံစားရတဲ့ သင်က ဘာလို့ ဆင်းရဲရတာလဲ။” “အရှင်ဘုရား၊ အဲဒါက ဒီလိုပါ။ တပည့်တော်ဟာ ဘုရားမပွင့်မီမှာ ကောင်းမှုကိုပြုလုပ်ခဲ့ပါတယ်။ ဘုရားပွင့်တဲ့အခါမှာ ကောင်းမှုကံကို ပြုလုပ်ပြီး၊ စူဠရထနတ်သား၊ မဟာရထနတ်သား၊ အနေကဝဏ္ဏ နတ်သား ဆိုတဲ့ အဆင့်တူ နတ်သားသုံးယောက်ဟာ တပည့်တော်နဲ့ အနီးနေရာမှာ ဖြစ်ကြပါတယ်။ သူတို့က တပည့်တော်ထက် ပိုပြီး တန်ခိုးကြီး ကြပါတယ်။ မှန်ပါတယ်။ တပည့်တော်ဟာ အဲဒီနတ်သားတွေ နက္ခတ်ပွဲသဘင် ကစားကြမယ် လို့ အလုပ်အကျွေးနတ်သမီးတွေကို ခေါ်ပြီး၊ လမ်းခရီးကြားမှာ သက်ဆင်းကြတဲ့အခါ ပြေးပြီး၊ အိမ်ထဲဝင်ရပါတယ်။ အကြောင်းကတော့ သူတို့ရဲ့ ကိုယ်မှတန်ခိုးရောင်ကတပည့်တော်ရဲ့ ကိုယ်ကို လွှမ်းမိုးပါတယ်။ တပည့်တော်ရဲ့ ကိုယ်မှအရောင်က သူတို့ရဲ့ ကိုယ်ကို မလွှမ်းမိုးနိုင်ပါ။ ဒါကြောင့်ပါပဲ။ အရှင်ဘုရား၊ တပည့်တော်ထက် ဘယ်သူက ပို ဆင်းရဲပါသလဲ။” “ဒါပေမဲ့ ဒီနေ့ကစပြီး ငါ့အား ဒီလိုလှည့်ပတ်ပြီး အလှူမလှူပါနဲ့။” “လှည့်ပတ်ပြီး အရှင်ဘုရားတို့အား အလှူလှူတဲ့အခါ တပည့် တော်မှာ ကုသိုလ်ရှိပါသလား။ မရှိပါလား။” “သိကြားမင်း၊ရှိပါတယ်။” “အရှင်ဘုရား၊ ဒီလိုဆိုရင်ကုသိုလ်ကောင်းမှု ပြုတယ်ဆိုတာ တပည့်တော်ရဲ့တာဝန်ပါ။” သိကြားမင်းဟာ အဲဒီလိုပြောပြီး မထေရ်ကို ရှိခိုးကာ သုဇာကို ခေါ်တယ်။ မထေရ်ကို လက်ယာရစ်လှည့်ပြီး ကောင်းကင်ပေါ်ပျံတက်ကာ- “အရှင်မဟာကဿပမှာ လှူရတဲ့ အလှူဟာ ဪ၊ မြင့်မြတ်ပေစွ”လို့ ဥဒါန်းကျူးရင့်ပါတယ်။ အဲဒီအခါ ဘုရားရှင်က ကျောင်းမှာရပ်ရင်းပဲ သိကြားမင်းရဲ့ အဲဒီ အသံကို ဒိဗ္ဗသောတအဘိညာဉ်နဲ့ ကြားရပြီး ရဟန်းတွေကို ခေါ်ကာ မိန့်ပါတယ်။ “ရဟန်းတို့၊ဥဒါန်းကျူးရင့်ပြီး ကောင်းကင်ခရီးနဲ့ သွားတဲ့သိကြားမင်းကို ကြည့်ကြလော။” “မြတ်စွာဘုရား၊ သူက ဘာကို လုပ်ပါသလဲ။” “သူက လှည့်ပတ်ပြီး ငါ့သား ကဿပအား ဆွမ်းလှူတယ်။ အဲဒီ ဆွမ်းကို လှူပြီး ဝမ်းသာလို့ ဥဒါန်းကျူးရင့်ရင်း သွားတယ်။” “မြတ်စွာဘုရား၊ မထေရ်အား ဆွမ်းလှူသင့်တယ်လို့ သူက ဘယ်လိုသိပါသလဲ။” “ရဟန်းတို့ ၊ ငါ့သားနဲ့ တူတဲ့ဆွမ်းခံရဟန်းကို နတ်တွေရော၊ လူ တွေပါ ချစ်မြတ်နိုးကြတယ်” လို့ မိန့်ကာ ကိုယ်တော်တိုင်လည်း ဥဒါန်းကျူးရင့် တော်မူပါတယ်။ ဥဒါန်းစကားက အောက်ပါအတိုင်း ဖြစ်ပါတယ်။ “ရဟန်းဟာ ဆွမ်းခံလှည့်လည်တယ်။ ကိုယ့်ကိုယ်ကို မွေးမြူတယ်။ အခြားသူတွေရဲ့ မွေးမြူမှုကို မခံယူ၊ ကောင်းဆိုးလောကဓံကြောင့် မတုန်လှုပ်၊ ငြိမ်သက်တယ်။ အမြဲသတိရှိတယ်။ အဲဒီရဟန်းကို နတ်တွေက ချစ်ခင်ကြတယ်။” အဲဒီဥဒါန်းကို ကျူးရင့်ပြီး ဒီလိုမိန့်ပါတယ်။ “ရဟန်းတို့ ၊သိကြားမင်းက ငါ့သားရဲ့ သီလရနံ့ကြောင့် လာပြီး ဆွမ်းလှူတယ်။” “တောင်ဇလပ်ပန်းနံ့၊ စန္ဒကူးနံ့တွေဟာ အလွန်အကဲ မပျံ့သင်းပါ။သီလရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ သီလရနံ့က မြင့်မြတ်လို့ နတ်လောက၊ လူ့လောကက အရပ်အားလုံးကို လွှမ်းမိုးကာ သင်းပျံ့သွားပါတယ်။” အရှင်ဘုရားရဲ့ အထက်ပါတရား ဒေသနာအဆုံးမှာ များစွာသော တရားနာပရိသတ်တွေဟာ သောတာပန်စသည်ဖြစ်ကြပါတယ်။ တရားဒေသနာဟာ လူအများအတွက် အကျိုးရှိပါတယ်။ (ဓမ္မပဒ၊ဋ္ဌ၊ပ၊၂၆၈) သာသနာပကာလမှာ လှူရတဲ့အလှူထက်သာသနာတွင်း ကာလ အလှူက ပိုပြီး အကျိုးကြီးမားစေပါတယ်။ လယ်ယာမြေကောင်းမှာ စိုက်ရတဲ့ မျိုးစေ့ဟာ အသီးအနှံ ဖွံ့ဖြိုးစေသလို၊အလှူခံပုဂ္ဂိုလ်ကောင်းမှာ လှူရတဲ့ ကုသိုလ်ဟာ အကျိုးကြီးမား ဖွံ့ဖြိုး စေပါတယ်။ သီလရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ သီလရနံ့က လေသညာဆန်ပြီး သင်းပျံ့မွှေးကြိုင်ရနံ့ လှိုင်စေပါတယ်။ ရနံ့ မွှေးတဲ့ အမြစ်နံ့၊ အနှစ်နံ့၊ အပွင့်နံ့တွေထက်၊ သီလရနံ့က အဆပေါင်းများစွာ ပိုပြီး မွှေးကြိုင်ပါပေတယ်။ ။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【သာမဏေကျော်ဆရာတော် ဦးဓမ္မိကာလင်္ကာရာဘိဝံသ- သာမဏေကျော်မဟာဂန္ဓာရုံကျောင်းတိုက်】 Posted by► www.facebook.com/youngbuddhistassociation.mm [“လွတ်လပ်စွာ Share နိုင်ပါသည်။ ပေ့ချ်များအနေနဲ့ share မယ်ဆိုရင် စာရေးသူ ဆရာတော်၊ စာရေးသူ လူပုဂ္ဂိုလ်အမည်နဲ့ စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association ကို credit လေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။”]
https://www.dhammaransi.com/index.php/new/589-2016-06-12-23-10-35.html
ဗန်းမော်ဆရာတော်ကြီး၏ ပဌာန်းဒေသနာတော်ကို စံချိန်ကိုက်ရွတ်ပွားခြင်း အကျိုးကျေးဇူး။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဌဆရာတော် နဝမ ဗန်းမော်ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ၏ ညွှန်ပြတော်မူချက်အရ မိမိလိုလားသော ကောင်းကျိုးကို ရလို ပါက ပဌာန်းဒေသနာတော်ကြီးကို “စံချိန်ကိုက် ရွတ်ပွားနိုင်အောင်” ကြိုးစားရပါမည်။ စံချိန်ကိုက် ရွတ်ပွားနည်းဆိုသည်မှာ (၁) ပထမ အရေးကြီးဆုံးအနေဖြင့် “မရွတ်ပွားမီ ကိုယ်လက် သန့်စင် ဆေးကြောရပါမည်။” ပဌာန်းဒေသနာတော်ရွတ်ပွားသံကို နတ် ဗြဟ္မာများက လာပြီး နာယူတတ် ကြပါသည်။ လူသားများ၏ ကိုယ်နံ့မှာ မကောင်းလှသဖြင့် နတ် ဗြဟ္မာများခမျာ အနားကပ်ပြီး မနာယူနိုင်ကြရှာပါ။ သို့ဖြစ်၍ နတ် ဗြဟ္မာများ လူအနံ့ကို ခံနိုင်ရည်ရှိအောင် မရွတ်ပွားမီ ကိုယ် လက်သန့်စင် ထားရပါမည်။ (၂) ဒုတိယ အရေးပါသော စံချိန်ကိုက်နည်းမှာ “အချိန်မှန်မှန် ရွတ်ပွားရန် ဖြစ်ပါသည်။” နတ် ဗြဟ္မာများ ပဌာန်းဒေသနာတော် ရွတ်ပွားသံကို နာယူကြသည့်အခါ အပေါင်းအဖေါ်များကို ခေါ်လာပြီး အချိန်မှန် နာယူတတ်ကြပါသည်။ ပုံမှန် ရွတ်ပွားနေကျအချိန်တွင် တစ်ခြားအလုပ်ကို လုပ်နေမိပါက ရွတ်ပွားချိန်ကို မစောင့်နိုင်ရှာကြသဖြင့် စိတ်နောက်ပြီး ပြန်ကြရပါသည်။ ရွတ်ပွား နေကျအချိန်၌ ပုံမှန်ရွတ်ပွားသောအခါမှသာ နတ် ဗြဟ္မာများ ကျေနပ်အားရကြပါသည်။ (၃) တတိယ စံချိန်ကိုက် ရွတ်ပွားနည်းမှာ “ပီပီသသ ရွတ်ရန်နှင့် ကျယ်ကျယ် ရွတ်ရန်” ဖြစ်ပါသည်။ နတ် ဗြဟ္မာများသည် ရှင်းရှင်းလင်းလင်း ပီပီသသ နာကြားခွင့်ရသဖြင့် ကျေနပ်အား ရ ကြပါသည်။ (၄) စံချိန်ကိုက် ရွတ်ပွားနည်းတွင် နောက်ဆုံး အရေးကြီးဆုံးအချက်မှာ “ပဌာန်းဒေသနာ တော် ရွတ်ပွားရသော ကုသိုလ်အဖို့အစုကို နတ် ဗြဟ္မာနှင့်တကွ ဝေနေယျ သတ္တဝါအားလုံးအား အမျှပေးဝေရန် ” ဖြစ်ပါသည်။ ယင်းသို့ စံချိန်ကိုက် ရွတ်ပွားနိုင်လာပြီဆိုပါက သုံးလေးလအကြာတွင် နတ် ဗြဟ္မာတို့က နိမိတ်ပြသည့်အနေဖြင့် အမွှေးအကြိုင်အနံ့များ ရလာတတ်ကြောင်း ကိုယ်တွေ့သာဓကဟောင်း များ ရှိသည်ကို ဆရာတော်ကြီးက မိန့်ကြားတော်မူပါသည်။ ထို့ထက် ပို၍ကြီးမားသော အကျိုးကျေးဇူးမှာ ပဌာန်းဒေသနာတော်ကို ပုံမှန်စူးစိုက် ရွတ် ပွားပါလျှင် ရုပ်နာမ်များကို ခွဲခြားသိတတ်သော “နာမရူပ ပရိစ္ဆေဒဉာဏ်” ရင့်သန်လာခြင်း ဖြစ် ပါသည်။ ယင်းဉာဏ် ရင့်သန်လာပါက မဂ်ဖိုလ်နိဗ္ဗာန်ရဖို့ မဝေးတော့ပါ။ လောကီအကျိုးကျေးဇူး ဆိုသည်မှာ သာမန်မျှသာဖြစ်ပါသည်။ ထို့ကြောင့် တရားချစ်ခင် တရားအားထုတ်နေကြသော သူတော်ကောင်းတို့ကလည်း ပဌာန်း ဒေသနာတော်ကြီးကို “စံချိန်ကိုက် ရွတ်ပွားနိုင်ကြပြီး” ဘဝ မြင့်မြတ်သထက် မြင့်မြတ်ကာ မြတ် နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။ { နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဌဆရာတော် နဝမ ဗန်းမော်ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ၏ ပဌာန်းတရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ } (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား) ဦးသိန်းဝေ။
https://www.dhammaransi.com/index.php/new/590-2016-06-10-22-04-37.html
“သူဌေးဖြစ်စေတဲ့ ဆင်းရဲသားအလှူ”
“
https://www.dhammaransi.com/index.php/new/591-2016-06-10-07-53-51.html
ဗြဟ္မာ့ဘုံတွင် ကျား/မခွဲခြား မှုရှိလား...?
အကြမ်းအားဖြင့်ပြောရင် ဗြဟ္မာ ၂ မျိုးရှိတယ်၊ ရူပဗြဟ္မာနဲ့ အရူပဗြဟ္မာ။ ရူပဗြဟ္မာ ၁၆ ဘုံထဲမှာ အသညသတ် ဘုံတဘုံကတော့ ရုပ်ချည်းသပ်သပ်ပဲ ရှိတယ်။ ဒါ့ကြောင့် အဲဒီတစ်ဘုံဟာရပ်ပြစ်ရှစ်ပါးထဲ ပါတယ်။ ကျန်တဲ့ ၁၅ ဘုံမှာတော့ ရုပ်ရော နာမ်ရော ရှိတယ်။ ဒါပေမဲ့ နှာခေါင်းရှိတယ် အနံ့ခံလို့မရ၊ လျှာ ရှိတယ် အရသာ ခံမရ၊ ကိုယ်အထိတွေ့ မရကြဘူး။ ဗြဟ္မစိုရ်တရား လေးပါးစိတ်နဲ့ပဲ အသက်ရှင်ကြတယ်။ အဲဒီ ရူပဗြဟ္မာ ၁၆ ဘုံမှာ သာမန်လူတွေမရောက်နိုင်ဘဲ အနာဂါမ်ဖြစ်မှသာ ရနိုင်တဲ့ ဘုံ ၅ ဘုံရှိတယ်။ ရူပက ၁၆ ဘုံဖြစ်လို့ အရူပဗြဟ္မာကတော့ လေးဘုံရှိတယ်။ နာမ်သပ်သပ်ပဲရှိလို့ ရပ်ပြစ်ရှစ်ပါး စာရင်း ဝင််တယ်။ အမ ဆိုတာ မရှိဘူး အထီးပုံသဏ္ဍာန်ပဲရှိတယ်။ အထီးဆိုတာလည်း သဏ္ဍာန်သပ်သပ်ပဲ ဖြစ်တယ် ဒါ့ကြောင့် အထီး အမ မရှိဘူးလို့ ပြောနိုင်ပါတယ်ခင်ဗျာ။ ရူပဗြဟ္မာ ၁၆ ဘုံ ၁ ဗြဟ္မပါရိသဇ္ဇာ ၂ ဗြဟ္မပုရောဟိတာ ၃ မဟာဗြဟ္မာ ၄ ပရိတ္တဘာ ၅ အပ္ပမာဏာဘာ ၆ အာဘဿရာ ၇ ပရိတ္တသုဘာ ၈ အပ္ပမဏသုဘာ ၉ သုဘကိဏှာ ၁၀ ဝေဟပ္ဖိုလ် ၁၁ အသညသတ် (သုဒ္ဓဝါသ ၅ ဘုံ) ၁၂ အဝိဟာ ၁၃ အတပ္ပါ ၁၄ သုဒဿာ ၁၅ သုဒဿီ ၁၆ အကနိဋ္ဌ အရူပဗြဟ္မာ လေးဘုံ ၁ အာကာသာနဥ္စာယတန ၂ ဝိညာဏဥ္စာယတန ၃ အာကိဥ္စညာယတန ၄ နေဝသည နာသညာယတန စုစုပေါင်း ဘုံ ၂၀ ရှိပါတယ်သူတော်ကောင်းတို့ခင်ဗျား Credit to ဇော်ထက်မောင်
https://www.dhammaransi.com/index.php/new/592-2016-06-10-07-53-01.html
နေ့တိုင်း တရားထိုင်သင့်တဲ့ အကြောင်းအရင်း (၆)ချက်
(၁) Dopamine ဟော်မုန်းကို မြင့်တက်စေတယ်။ ဒီဟော်မုန်းဓါတ်ဟာ သင့်စိတ်ထဲက ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းစတဲ့ ခံစားချက်တွေကို အပြောင်းအလဲဖြစ်စေတဲ့ ဟော်မုန်းဓါတ်တွေ ဖြစ်ပါတယ်။ တရားထိုင်ခြင်းအားဖြင့် သင့်ရဲ့စိတ်အတွင်းပိုင်းမှာ ကြည်လင်လာပြီး ငြိမ်းအေးမှုကို ဖြစ်စေပါတယ်။ ဒါ့အပြင် နှစ်ခြိုက်စွာ အိပ်စက်အနားယူခြင်းကိုလည်း အထောက်အပံ့ ဖြစ်စေပါတယ်။ (၂) Depression နည်းစေတယ်။ စိတ်ဓါတ်ကျဆင်းခြင်း (Depression) ဖြစ်နိုင်ချေကို သိသိသာသာကို ကျဆင်းစေပါတယ်။ အထီးကျန်ခြင်း၊ ဝမ်းနည်းခြင်းစတဲ့ သင့်စိတ်ကို ထိခိုက်စေနိုင်မယ့် အကြောင်းအရာတွေကို ရင်ဆိုင်ရာမှာ သင့်စိတ်တွေ သန်မာလာပါတယ်။ (၃) စိတ်ကို ငြိမ်းအေးစေတယ်။ ဒါကတော့ တရားထိုင်တဲ့သူတိုင်း ခံစားရပါတယ်။ တရားထိုင်ခြင်းဟာ သင့်စိတ်အေးချမ်းမှုရဲ့ ဇစ်မြစ်တစ်ခုလို့လည်း ပြောလို့ရပါတယ်။ တရားထိုင်တာဟာ ဘာသာရေးနဲ့ သက်ဆိုင်ရုံတင်မကဘဲ စိတ်ကုထုံးအနေနဲ့ပါ အသုံးချလို့ရတာကြောင့် လူအတော်များများဟာ တရားထိုင်ခြင်းကို စွဲစွဲမြဲမြဲလုပ်ဆောင်လာကြပါတယ်။ (၄) ပျော်ရွှင်ခြင်းဆေးဝါး။ တရားထိုင်နေတဲ့အချိန်မှာ သင့်ရဲ့စိတ်ကို ငြိမ်းအေးမှု ပေးပါလိမ့်မယ်။ ဒီငြိမ်းအေးမှုဟာ သင့်ရဲ့မသိစိတ်က ပျော်ရွှင်ခြင်းတွေကို နှိုးဆွပေးပါတယ်။ သင့်ကိုယ်သင် စိတ်ကျေနပ်မှု ရှိလာမယ်။ လောကကြီးကို အကောင်းမြင် တတ်လာမယ်။ ကြုံတွေ့လာမယ့် အဆိုးတွေကိုလည်း အကောင်းမွန်ဆုံး တုံ့ပြန်ရင်ဆိုင်လာနိုင်မယ်။ ပြောရရင်တော့ တရားထိုင်ခြင်းဟာ ပျော်ရွှင်ခြင်းဆေးဝါး တစ်လက်ပါပဲ။ (၅) အတွေးအခေါ်သစ်တွေကို ရစေတယ်။ တရားထိုင်ခြင်းရဲ့ ကောင်းတဲ့ အကျိုးကျေးှဇူးတွေထဲမှာ စိတ်ကိုငြိမ်းအေးစေတာ တစ်ခုတည်း မဟုတ်သေးပါဘူး။ သင့်ရဲ့ စိတ်ကူးဉာဏ်တွေကိုလည်း ကွန့်မြူးစေပါတယ်။ ဒါ့ကြောင့် အောင်မြင်တဲ့သူတိုင်းဟာ တရားထိုင်ခြင်းကို သူတို့ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေထဲမှာ ထည့်သွင်း လုပ်ဆောင်လေ့ရှိပါတယ်။ (၆) စျေးပေါသော ကျန်းမာရေးလက်ဆောင်။ တရားထိုင်ခြင်းဟာ စိတ်ကျန်းမာရေးတစ်ခုတည်းအတွက် တင်မဟုတ်ပါဘူး။ ကိုယ်ကျန်းမာရေးကိုလည်း များစွာ အထောက်အကူ ဖြစ်စေပါတယ်။ တစ်နေ့ကို ဆယ့်ငါးမိနစ်ကနေ နာရီဝက်၊ တစ်နာရီလောက် တရားထိုင်ခြင်းနဲ့ကို သင့်အတွက် ငွေကုန်ကြေးကျနည်းတဲ့ ကျန်းမာရေးလက်ဆောင်ကောင်းတစ်ခု ဖြစ်လာပါလိမ့်မယ်။ Special Thanks to ☆ ရွှေညာမောင် ☆
https://www.dhammaransi.com/index.php/new/593-2016-06-09-00-24-37.html
“ဥပပတ်ပဋိသန္ဓေ”
https://www.dhammaransi.com/index.php/new/594-2016-06-09-00-23-03.html
“ဖိနပ်လှူရကျိုး”
ရှေးအခါက ဒီဗာရာဏသီပြည်ဟာ “မောဠိနီ”မည်ခဲ့တယ်။ မောဠိနီမြို့မှာ ဗြဟ္မဒတ္တမင်း အုပ်ချုပ်တဲ့အခါ “သင်္ခ”မည်တဲ့ ပုဏ္ဏားဟာ ကြွယ်ဝတယ်။ စည်းစိမ်ဥစ္စာ ပေါများတယ်။ အသုံးအဆောင်၊ ဥစ္စာ၊စပါး၊ ရွှေငွေ ပေါများတယ်။ မြို့တံခါး (၄) ခု၊ မြို့လယ်၊ နေရာအိမ်၊တံခါးဆိုတဲ့ (၆) နေရာမှာ အလှူမဏ္ဍပ် (၆) ခု ဆောက်လုပ်ခိုင်းတယ်။ နေ့တိုင်း (၆) သိန်း စွန့်လွှတ်ကာ ဆင်းရဲသား၊ ခရီးသွားတွေအား အကြီးအကျယ် လှူတယ်။ သင်္ခကတစ်နေ့မှာ “ငါဟာ အိမ်က ဥစ္စာကုန်ရင် မပေးနိုင် လတ္တံ့။ဥစ္စာမကုန်မီမှာပဲ လှေနဲ့ သုဝဏ္ဏဘူမိကို သွားပြီး ဥစ္စာကို ဆောင်ယူအံ့” လို့ကြံတယ်။ သင်္ခ က လှေကို ဖွဲ့စေပြီး ဘဏ္ဍာနဲ့ ပြည့်စေကာ သား၊ သမီး၊ ဇနီးကို ခေါ်ပြီး “ငါလာတဲ့အထိ ငါ့ဒါနကို မဖြတ်တောက်ဘဲ ဆက်လက် ဖြစ်စေကြပါ” လို့ပြောတယ်။ ကျွန်၊ အလုပ်သမားတွေ ခြံရံပြီး ထီးကို ယူကာ ဖိနပ်စီးပြီး နေ့လယ်အချိန်မှာ ပဋနရွာကို ရှေ့ရှုပြီး သွားတယ်။ ❖အဲဒီခဏမှာ ဂန္ဓမာဒနတောင်ကာ ပစ္စေကဗုဒ္ဓါတစ်ပါးက ဆင်ခြင်ပြီး ဥစ္စာဆောင်ယူဖို့သွားတဲ့ အဲဒီသင်္ခကို မြင်ပြီး “ယောက်ျားမြတ်ဟာ ဥစ္စာကို ဆောင်ယူဖို့ သွားတယ်။ သူ့မှာ သမုဒ္ဒရာထဲ အန္တရာယ်ဖြစ်လေမလား၊ မဖြစ်ဘူးလား” လို့ ဆင်ခြင်ပြီး “ဖြစ်လတ္တံ့” လို့ သိတယ်။ “ဒီယောက်ျားမြတ်ဟာ ငါ့ကို မြင်ကာ ထီးနဲ့ ဖိနပ်ကို ငါ့အား လှူပြီး ဖိနပ်လှူတဲ့အကျိုးဆက်ကြောင့် သမုဒ္ဒရာမှာ လှေကွဲတဲ့အခါ ထောက်တည်ရာကို ရလိမ့်မယ်။ ငါဟာသူ့အား ချီးမြှောက်မယ်” လို့ ကြံပြီး ကောင်းကင်ခရီးနဲ့ လာကာ သင်္ခရဲ့အနီးမှာ သက်ဆင်းတယ်။ ကြမ်းတမ်းတဲ့ လေ၊ နေပူမှာ မီးကျီးခဲအခင်းနဲ့ တူတဲ့ သဲပူကို နင်းရင်း သင်္ခဆီကို ရှေ့ရှုကြွလာတယ်။ သင်္ခ က ပစ္စေကဗုဒ္ဓါကို မြင်တယ်ဆိုရင်ပဲ ငါ့ထံ ကောင်းမှုမျိုးစေ့ကို စိုက်ပျိုးကြဲချရာ လယ်ယာမြေကောင်းဟာ လာနေတယ်။ ဒီနေ့ ငါ ဟာ ဒီလယ်ယာမြေကောင်းမှာ ဒါနမျိုးစေ့ကို စိုက်ပျိုးသင့်တယ်”လို့ ကျေနပ်စိတ်နဲ့ လျင်မြန်စွာ ပစ္စေကဗုဒ္ဓါထံ ချဉ်းကပ်ပြီး ရှိခိုးတယ်။ “အရှင်ဘုရား၊ တပည့်တော်အား ချီးမြှောက်ဖို့ရာ အနည်းငယ် လမ်းမှ ဖဲခွာပြီး ဒီသစ်ပင်အောက်ကို ချဉ်းကပ်တော်မူပါ”လို့ လျှောက်တယ်။ ပစ္စေကဗုဒ္ဓါက သစ်ပင်အောက်ကို ချဉ်းကပ်တဲ့အခါ သစ်ပင်အောက်မှာ သဲကို မြင့်တက်စေပြီး အပေါ်ရုံအဝတ်ကို ခင်းကာ ပစ္စေကဗုဒ္ဓါကို ထိုင်စေပြီး ရှိခိုးတယ်။ အမွှေးအကြိုင်ထုံထားတဲ့ ရေစစ်နဲ့ စစ်ထားတဲ့ရေနဲ့ ခြေထောက်တွေကို ဆေးပေးတယ်။ နံ့သာဆီနဲ့ လိမ်းကျံပေးတယ်။ သူ့ဖိနပ်ကို ချွတ်ပြီး ခါကာ နံ့သာဆီနဲ့ လိမ်းကျံပြီး ပစ္စေကဗုဒ္ဓါရဲ့ ခြေတွေမှာ စွပ်ပေးတယ်။ “အရှင်ဘုရား၊ ဒီဖိနပ်တွေကို စီးပြီး ထီးကို ခေါင်းပေါ် ဆောင်းကာသွားပါ”လို့ လျှောက်ပြီး “ထီး၊ဖိနပ်” ကို လှူတယ်။ ပစ္စေကဗုဒ္ဓါက သင်္ခအား ချီးမြှောက်ဖို့ရာ အဲဒီ ထီး၊ဖိနပ်ကို ယူပြီး ကြည်ညိမှုတိုးပွါးစေဖို့ရာ သင်္ခကြည့်ရှုနေတုန်းမှာပဲ ပျံတက်ပြီး ဂန္ဓမာဒနတောင်ကိုပဲ ပြန်ကြွသွားပါတယ်။ ဘုရားလောင်းဖြစ်တဲ့သင်္ခကလည်း ပစ္စေကဗုဒ္ဓါကို မြင်ပြီး အလွန်အကဲ ကြည်ညိုစိတ်ဖြစ်လို့ ပဋနကို သွားကာ လှေကို တက်စီးတယ်။ ဘုရားလောင်းဟာ သမုဒ္ဒရာကြီးကို သွားတဲ့အခါ (၇) ရက်မြောက်မှာ လှေက ပေါက်တယ်။ ရေကို ခပ်မထုတ်နိုင်ကြတော့။ လူအများက သေရမှာကို ကြောက်ပြီး မိမိ မိမိရဲ့နတ်တွေကို ရှိခိုးပြီး၊ အကြီးအကျယ် အော်ဟစ်ကြတယ်။ ဘုရားလောင်းက အလုပ်အကျွေးတစ်ယောက်ကို ခေါ်ပြီး တစ်ကိုယ်လုံးကို ဆီနဲ့ လိမ်းကျံကာတောထာပတ်နဲ့အတူ သကြားမှုန့်ကို အလိုရှိသလောက် စားတယ်။ အလုပ်အကျွေးကိုလည်း အစားခိုင်းပြီး အလုပ်အကျွေးနဲ့အတူ လင်းယဉ်တိုင်ထိပ်ကို တက်တယ်။ “ဒီအရပ်မှာ ငါတို့ရဲ့မြို့ရှိတယ်”လို့ နေရာကို သတ်မှတ်ပြီး ငါး၊ လိပ် အန္တရာယ်မှ ကိုယ့်ကိုယ်ကိုလွတ်စေကာ အလုပ်အကျွေးနဲ့အတူ တစ်ဥသဘလောက်ကို ကျော်လွန်ပြီး ကျတယ်။ လူအများဟာ သေကျေ ပျက်စီးကြတယ်။ ဘုရားလောင်းကတော့ အလုပ်အကျွေးနဲ့အတူ သမုဒ္ဒရာကို ကူးခတ်ဖို့ ကြိုးစားတယ်။ ဘုရားလောင်း ကူးခတ်နေတုန်းမှာပဲ (၇) ရက်မြောက် ရောက်လာတယ်။ ဘုရားလောင်းဟာ အဲဒီအချိန်မှာလည်း ဆားငန်ရည်နဲ့ပါးစပ်ကို ဆေးကြောကာ ဥပုသ်စောင့်ထိန်းတာပါပဲ။ အဲဒီအခါ လောကစောင့် နတ်မင်းကြီး (၄) ယောက်က “မဏိမေခလာ” မည်တဲ့ နတ်သမီးကို “သမုဒ္ဒရာထဲမှာ လှေကွဲတဲ့အခါ ရတနာ သုံးပါးကို ဆည်းကပ်ကိုးကွယ်တဲ့ သီလပြည့်စုံတဲ့ လူတွေ၊ မိဘကို လုပ်ကျွေးတဲ့လူတွေ ဒုက္ခရောက်ရင် အဲဒီလူတွေကို စောင့်ရှောက်ပါ” လို့ ပြောကာ သမုဒ္ဒရာမှာ စောင့်ရှောက်ဖို့ ထားပေးတယ်။ မဏိမေခလာက သူ့အစိုးရမှုနဲ့ (၇) ရက်ပတ်လုံး ခံစားပြီး မေ့လျော့ကာ (၇)ရက်မြောက် မှာ သမုဒ္ဒရာကို ကြည့်တဲ့အခါ သီလအကျင့်နဲ့ပြည့်စုံတဲ့ သင်္ခပုဏ္ဏားကို မြင်တယ်။ “ဒီသင်္ခပုဏ္ဏား သမုဒ္ဒရာထဲ ကျနေတာ (၇) ရက်မြောက် ရောက်နေပြီ။ သူ သေခဲ့ရင် ငါ့မှာ အလွန်ကဲ့ရဲ့စရာ ဖြစ်လိမ့်မယ်” လို့ တွေးကာ စိတ်တုန်လှုပ်သွားတယ်။ ရွှေခွက်တစ်ခွက်ကို အရသာကောင်း အမျိုးမျိုး ပါတဲ့ စားဖွယ်နဲ့ ပြည့်စေပြီး၊လေလိုအဟုန်နဲ့ အဲဒီအရပ်ကို သွားကာ သင်္ခပုဏ္ဏားရဲ့ ရှေ့မှာ ကောင်းကင်ပေါ် ရပ်ပြီး “ပုဏ္ဏား၊ သင် ဟာ (၇) ရက်ပတ်လုံး အစာမစားဘဲ နေတယ်။ ဒီနတ် ဘောဇဉ်ကို စားပါ” လို့ပြောတယ်။ ❖သင်္ခပုဏ္ဏားက “မဏိမေခလာ” ကို ကြည့်ပြီး “သင့်ရဲ့ထမင်းကို ဖယ်ရှားလိုက်ပါ။ ငါဟာဥပုသ်သည် ဖြစ်ပါတယ်” လို့ ပြောတယ်။ အဲဒီအခါ သင်္ခရဲ့ အလုပ်အကျွေးက နောက်က လာတဲ့အခါ နတ်သမီးကို မမြင်ရဘဲ အသံကိုသာကြားရလို့ “ဒီပုဏ္ဏားဟာ ပကတိသိမ်မွေ့သူ ဖြစ်တယ်။ (၇) ရက်ပတ်လုံး အစာမစားရတဲ့အတွက် ဆင်းရဲပြီး သေရမှာကြောက်လို့ ယောင်ယမ်း ပြောပုံရတယ်။ သူ့ကို နှစ်သိမ့်စကား ပြောမယ်”လို့ ကြံကာ အောက်ပါစကားကို ပြောပါတယ်။ “သင်္ခ၊ သင်ဟာ တရားရှိတဲ့ သမဏ၊ ဗြာဟ္မဏတွေထံမှ တရားကို လည်း နာထားတယ်။ သင်ဟာသုတများသူဖြစ်တယ်။ သင်ဟာသမဏ၊ ဗြာဟ္မဏတွေကိုလည်း ကိုယ်တိုင်ဖူးတွေ့သူ ဖြစ်တယ်။ ဒါပေမဲ့စကား ပြောမယ့်သူတစ်ယောက်မျှမရှိလို့ စကားပြောရမယ့်နေရာ မဟုတ်ရာမှာ “ငါဟာဥပုသ်သည်ပါ”လို့ ယောင်ယမ်းပြောနေတယ်။ ငါမှတစ်ပါး စကား တုံ့ပြန်မယ့်သူ မရှိပါဘဲ ဒီလို ဘာကြောင့် ယောင်ယမ်းပြောဆိုနေသလဲ” သင်္ခက အလုပ်အကျွေးရဲ့ စကားကို ကြားရပြီး “သင်္ခမှာ နတ်ထင်ရှားပုံမပေါ်ဘူး”လို့ တွေးပြီး “မိတ်ဆွေ၊ ငါဟာ သေရမှာမကြောက်ပါ။ ငါ့မှာ အခြားသူ စကားတုံ့ပြန်သူ ရှိပါတယ်” လို့ ပြောပြီး အောက်ပါ စကားကို ပြောပါတယ်။ “မျက်နှာတင့်တယ်ပြီး ရုပ်ရည်လှပတဲ့ ရွှေအဆင်တန်ဆာ တွေကို ဝတ်ဆင်ထားတဲ့ သဒ္ဓါ၊ ကျေနပ်စိတ်ရှိတဲ့ နတ်သမီးက ငါ့ကိုထမင်းစားပါလို့ ပြောတယ်။ အဲဒီနတ်သမီးကို ငါက ဥပုသ်သည်မို့ မစားဘူးလို့ ပြောတယ်။ ယောင်ယမ်းပြောတာ မဟုတ်ပါ။” အလုပ်အကျွေးက သင်္ခအား အောက်ပါစကားကို ပြောပါတယ်။ “ပုဏ္ဏား၊ ဒီလိုနတ်သမီးကို မြင်ပြီး ကိုယ့်ရဲ့ ချမ်းသာကို တောင့်တ တဲ့ပညာရှိယောက်ျားဟာ “ငါတို့မှာ ချမ်းသာဖြစ်မလား၊ မဖြစ်ဘူးလား” လို့ မေးသင့်ပါတယ်။ သင်ဟာ ရေမှ ထမယ့် အခြင်းအရာကို ပြပါ။ နတ်သမီးကို လက်အုပ်ချီကာ သင်ဟာ နတ်သမီးလား။ ဒါမှမဟုတ် တန်ခိုးကြီးတဲ့ လူမိန်းမလား” လို့ မေးပါ။” ဘုရားလောင်း သင်္ခပုဏ္ဏားက “သူဟာ သင့်တဲ့ စကားကို ပြောတယ်” လို့ တွေးပြီး နတ်သမီးကို မေးလိုလို့ အောက်ပါ စကားကို ပြောပါတယ် “တန်ခိုးကြီးတဲ့ အမျိုးသမီး၊ သင်က ငါ့ကို ချစ်မျက်လုံးတွေနဲ့ ချမ်းသာစွာကြည့်နေတယ်။ ငါ့ကို ထမင်းစားပါလို့ ပြောနေတယ်။ သင့် ကို ငါမေးပါတယ်။ သင်ဟာ နတ်သမီးလား၊ ဒါမှမဟုတ်တန်ခိုးကြီးတဲ့ လူမိန်းမလား။" အဲဒီကနောက် နတ်သမီးက အောက်ပါစကားတွေကို ပြောပါတယ်။“သင်္ခ၊ငါဟာ တန်ခိုးကြီးတဲ့ နတ်သမီးပါ။ ဒီသမုဒ္ဒရာအလယ်ကို လာတဲ့ ငါဟာ သင့်ကို သနားလို့ လာတယ်။ မုန်းလို့ မဟုတ်ဘူး။ သင့် အကျိုးငှာသာ ဒီကို လာခြင်း ဖြစ်တယ်။” “သင်္ခ၊ ဒီမဟာသမုဒ္ဒရာမှာ ထမင်း အဖျော်၊ အိပ်ရာ၊ နေရာ၊ ယာဉ် အမျိုးပေါင်းများစွာ ရှိတယ်။ အဲဒီအရာအားလုံးကို ငါက သင့်အား အပိုင် ပေးပါတယ်။ လိုချင်တာ အခြားအရာ အားလုံးကိုလည်း သင့်အား ပေးပါတယ်။” အဲဒီစကားကို ကြားရပြီး ဘုရားလောင်းက “ဒီနတ်သမီးဟာ သမုဒ္ဒရာရေပြင်မှာ ငါ့အား ဒါလည်း ပေးတယ်။ ဒါလည်း ပေးတယ်လို့ ပြောတယ်။ နတ်သမီးက ငါလုပ်ခဲ့တဲ့ ကောင်းမှုကံကြောင့် ပေးလိုတာလား၊ ဒါမှမဟုတ် သူ့အစွမ်းကြောင့် ပေးလိုတာလား၊သူ့ကိုမေးဦးမယ်” လို့ ကြံပြီး မေးလိုလို့ အောက်ပါစကားကို ပြောပါတယ်။ “ကိုယ်အနေအထား လှ၊ ပေါင်လက္ခဏာ လှ၊ မျက်ခုံး လှတဲ့ နတ်သမီး၊ သင်ဟာ ငါ့ရဲ့အလှူပေးမှု၊ ဧည့်ဝတ်ကျွေးမွေးမှု ဒီကုသိုလ်ကံရဲ့ အကျိုးကား ဒါပဲ။ ဒီကုသိုလ်ကံရဲ့အကျိုးက ဒါပဲ”လို့ပြောပြနိုင်သလား။ ထောက်တည်ရာ မရှိတဲ့ သမုဒ္ဒရာမှာ ထောက်တည်ရာ ရနေတာဟာ ငါ့ရဲ့ဘယ်ကုသိုလ်ကံ အကျိုးပါလဲ။” အဲဒီစကားကို ကြားရပြီး နတ်သမီးက “ဒီပုဏ္ဏားဟာ သူပြုခဲ့တဲ့ ကုသိုလ်ကံကို မသိဘူးလို့ ထင်မှတ်ကာ မေးတယ် ထင်တယ်။ အခု သူ့အား ငါ ပြောပြမယ်”လို့ကြံပြီး အောက်ပါစကားကို ပြောပါတယ်။ “သင်္ခပုဏ္ဏား၊ သင်ဟာ နေပူပူ လမ်းခရီးမှာ ခြေထောက်မှာ သဲပူတွေက ပူလောင်ခံရပြီး ရေဆာလောင်ပင်ပန်းနေတဲ့ ပစ္စေကဗုဒ္ဓါ တစ်ပါးကို ဖိနပ်တွေ လှူခဲ့ပါတယ်။ သင့်ရဲ့ အဲဒီအလှူက သင့်အလိုအားလုံးကို ပေးနေပါတယ်။” အဲဒီစကားကို ကြားရပြီး ဘုရားလောင်းက “ငါလှူခဲ့တဲ့ ဖိနပ်အလှူက ဒီလို ထောက်တည်ရာ မရှိတဲ့ မဟာသမုဒ္ဒရာမှာတောင် ငါ့အလို အားလုံးကို ပေးတယ်။ ငါ့ရဲ့ ပစ္စေကဗုဒ္ဓါအား လှူရတဲ့အလှူက ဪ ကောင်းစွာလှူရာ ရောက်ပါပေစွ” လို့ အားရဝမ်းသာကာ အောက်ပါ စကားကို ပြောပါတယ်။ “နတ်သမီး၊ ဒီလိုဆိုရင် ငါ့အတွက်လှေတစ်စင်း ဖန်ဆင်းပေးပါ။ အဲဒီလှေဟာ ကောင်းစွာ ချုပ်စပ်ထားတဲ့ ပြဉ်ပြားများစွာ ပါပါစေ။ ရေ မယိုပါစေနဲ့။ကောင်းစွာ ယူသွားတဲ့ လေနဲ့ယှဉ်ပါစေ။နတ်လှေမှ တစ်ပါး အခြားယာဉ် သွားစရာမြေ ဒီသမုဒ္ဒရာမှာ မရှိ။ အဲဒီနတ်လှေနဲ့ ငါ့ကို ဒီနေ့ပဲ မောဠိနီမြို့ကို အရောက်ပို့ပါ။” နတ်သမီးက သင်္ခရဲ့စကားကို ကြားရပြီး ဝမ်းသာကျေနပ်ကာ ရတနာ (၇) ပါးနဲ့ ပြီးတဲ့ လှေကို ဖန်ဆင်းတယ်။ အဲဒီလှေက အလျား (၈) ဥသဘ၊ အနံ (၄) ဥသဘ၊ အနက်တာ (၂၀) ရှိတယ်။ အဲဒီလှေရဲ့ လင်းယဉ်တိုင်တွေက ပတ္တမြားညိုနဲ့ ပြီးတယ်။ ကြိုးတွေက ရွှေနဲ့ ပြီးတယ်။ ရွက်တွေက ငွေတွေနဲ့ပြီးတယ်။ တက်မထိုးဝါးတွေက ရွှေနဲ့ ပြီးတယ်။ နတ်သမီးက အဲဒီလှေကို ရတနာ (၇) ပါးနဲ့ ပြည့်စေပြီး သင်္ခ ပုဏ္ဏားကို ပွေ့ဖက်ကာတန်ဆာ ဆင်ထားတဲ့ လှေပေါ်တင်တယ်။ သင်္ခရဲ့ အလုပ်အကျွေးကိုတော့ မကြည့်။ သင်္ခပုဏ္ဏားက သူလုပ်ခဲ့တဲ့ ကောင်းမှု မှ အလုပ်အကျွေးအား အမျှပေးဝေတယ်။ အလုပ်အကျွေးက သာဓုခေါ်တယ်။ အဲဒီအခါ နတ်သမီးက အဲဒီအလုပ်အကျွေးကိုလည်း ပွေ့ဖက်ပြီး လှေပေါ်တင်လိုက်တယ်။ အဲဒီအခါ အဲဒီလှေကို မောဠိနီမြို့ကို ပို့ပြီး၊ ပုဏ္ဏားအိမ်မှာ ဥစ္စာကို တည်စေကာ သူ့နေရာကိုပဲ ပြန်သွားပါတယ်။ ❖နတ်သမီးက “ဥပ္ပလဝဏ်အလောင်း”၊ ❖အလုပ်အကျွေးက “အာနန္ဒာအလောင်း”၊ ❖သင်္ခ က “ဘုရားလောင်း” ဖြစ်ပါတယ်။ (ဇာတ်၊ ဋ္ဌ ၊ စ၊ ၁၆) ထီး၊ဖိနပ် လှူရကျိုးက ကြီးမားလှပါတယ်။ အမျှဝေ၊သာဓုခေါ်မှုရဲ့ အကျိုးက ချက်ချင်းပဲ သိသာပေါ်လွင်လှပါတယ်။ သူတစ်ပါးတွေရဲ့ ကုသိုလ်လုပ်ငန်းတွေကို ဝမ်းမြောက်စွာ သာဓုခေါ်သင့်ကြပါတယ်။ ၁။ ဖိနပ်လှူသူ ၊ ရေနစ်မူ၊ ကူသူ တွေ့ရသည်။ ၂။ မေခလာကား၊ သင်္ခအား ၊ ပွေ့ထားလှေတင်သည်။ ၃။ သမုဒ္ဒရာမှာ၊သင်္ခဟာ၊ဘဃာ ဝေးခဲ့သည်။ ၄။ အမျှဝေသော်၊သာဓုခေါ်၊ လှေပေါ်တင်လိုက်သည်။ ၅။ သူ့ကုသိုလ်မှု၊ ခေါ်သာဓု၊ ပြုကို ပြုသင့်သည်။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【သာမဏေကျော်ဆရာတော် ဦးဓမ္မိကာလင်္ကာရာဘိဝံသ- သာမဏေကျော်မဟာဂန္ဓာရုံကျောင်းတိုက်】 Posted by► www.facebook.com/youngbuddhistassociation.mm [“လွတ်လပ်စွာ Share နိုင်ပါသည်။ ပေ့ချ်များအနေနဲ့ share မယ်ဆိုရင် စာရေးသူ ဆရာတော်၊ စာရေးသူ လူပုဂ္ဂိုလ်အမည်နဲ့ စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association ကို credit လေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။”]
https://www.dhammaransi.com/index.php/new/595-2016-06-09-00-22-20.html
“ဆွမ်းအလှူ-အပါယ်အစား တာဝတိံသာ”
https://www.dhammaransi.com/index.php/new/596-2016-06-09-00-21-22.html
“အလှူခံအလိုက် အကျိုးပေးကွာခြား”
အလှူခံပုဂ္ဂိုလ်အပေါ်မူတည်ပြီး အကျိုးပေးကွာခြားပုံကို ဘုရားရှင်က သိတော်မူတယ်။ ဒါကြောင့် ဘုရားရှင်က အရှင်အာနန္ဒာအား ဒီလို ဟောတော်မူခဲ့ပါတယ်။ (၁)။ တိရစ္ဆာန်အား လှူရင် အဆတစ်ရာ၊ ဘဝတစ်ရာ အကျိုးရပါတယ်။ (အသက်တစ်ရာ၊ အဆင်းလှမှုတစ်ရာ၊ ချမ်းသာတစ်ရာ၊ အင်အားတစ်ရာ၊ ပညာတစ်ရာ-စုစုပေါင်းအကျိုး ၅ဝဝ ရပါတယ်။ ဘဝ ငါးရာမှာ အသက်ရှည်မှု၊ အဆင်းလှမှု၊ ချမ်းသာ၊ အင်အား၊ ပညာတွေကို ရပါတယ်။) ၂။ သီလမရှိတဲ့ ပုဂ္ဂိုလ်အား လှူရင် အဆတစ်ထောင်၊ ဘဝတစ်ထောင် အကျိုးပေးပါတယ်။ (၃)။ သာသနာပမှာ သီလရှိသူအားလှူရင် အဆ တစ်သိန်း၊ ဘဝ တစ်သိန်း အကျိုးပေးပါတယ်။ (၄)။ သာသနာပမှာ စျာန်အဘိညာဉ် ရတဲ့ပုဂ္ဂိုလ်အား လှူရင် အဆပေါင်း၊ ဘဝပေါင်း ကုဋေတစ်သိန်း အကျိုးရပါတယ်။ (၅)။ သောတာပန်လောင်း ပုဂ္ဂိုလ်အား လှူရင် မရေမတွက်နိုင်၊ မနှိုင်းယှဉ်လောက်အောင် များစွာသော အကျိုးကို ရပါတယ်။ (သာသနာတော်တွင်းမှာ သရဏဂုံတည်သူက စပြီး၊ သောတာပတ္တိမဂ်ကို ရောက်ဆဲပုဂ္ဂိုလ်အထိ သောတာပန်ဖြစ်အောင် အားထုတ်ဆဲ ပုဂ္ဂိုလ်မည် ပါတယ်။ သောတာပန်လောင်းပါပဲ။ သရဏဂုံတည်ကာမျှလူအား လှူရင်တောင် အကျိုး မရေတွက်နိုင်အောင် ရပါတယ်။ သရဏဂုံတည်ပြီး၊ ငါးပါးသီလနဲ့ ပြည့်စုံတဲ့လူအား လှူရင် အဲဒါထက်သာပြီး၊ အကျိုးများပါတယ်။ ရှစ်ပါးသီလ၊ ဆယ်ပါးသီလနဲ့ ပြည့်စုံတဲ့လူအား လှူရင် အဲဒါထက်သာပြီး အကျိုးကြီးတယ်။ သမထဘာဝနာကို ပွားများနေတဲ့ လူအားလှူရင် အဲဒါထက်သာပြီး အကျိုးကြီးပါတယ်။ ဝိပဿနာ ရှုနေသူအား လှူရင် အဲဒါထက်သာပြီး၊ အကျိုးကြီးပါတယ်။ သီလနဲ့ ပြည့်စုံတဲ့လူအား လှူတာထက်၊သီလနဲ့ ပြည့်စုံတဲ့ ရှင်သာမဏေအား လှူတာက သာပြီး အကျိုးကြီးပါတယ်။ သီလနဲ့ ပြည့်စုံတဲ့ ရဟန်းအား လှူရင် အဲဒါထက်သာပြီး၊ အကျိုးကြီးပါတယ်။ ဝိပဿနာမှာလည်း အထက် အထက်ဉာဏ်တွေ ရောက်တဲ့ပုဂ္ဂိုလ်အား လှူရင် သာပြီး အကျိုးကြီးပါတယ်။ သောတာပန်ဖြစ်အောင် အားထုတ်တဲ့ ပုဂ္ဂိုလ်တွေထဲမှာ သောတာပတ္တိမဂ်ကို ရောက်ဆဲပုဂ္ဂိုလ်ဟာ အမြတ်ဆုံးပါပဲ။) (၆)။ သောတာပန်အစစ်အား လှူရင် အကျိုးများတယ် လို့ ဆိုဖွယ် မရှိတော့ပါ။ (၇)။ သကဒါဂါမ်ဖြစ်အောင် ကျင့်နေဆဲပုဂ္ဂိုလ်အား လှူရင်၊ (၈)။ သကဒါဂါမ်အား လှူရင်၊ (၉)။ အနာဂါမ်ဖြစ်အောင် ကျင့်နေဆဲ ပုဂ္ဂိုလ်အား လှူရင်၊ (၁၀)။ အနာဂါမ်အား လှူရင်၊ (၁၁)။ ရဟန္တာဖြစ်အောင် ကျင့်နေဆဲပုဂ္ဂိုလ်အား လှူရင်၊ (၁၂)။ ရဟန္တာအား လှူရင်၊ (၁၃)။ ပစ္စေကဗောဗုဒ္ဓါအား လှူရင်၊ (၁၄)။ ဘုရားရှင်အား လှူရင် အကျိုးများတယ် ဆိုဖွယ် မရှိပါ။ တစ်ဆင့်ထက်တစ်ဆင့် သာ၍ သာ၍ အကျိုးများပါတယ်။ 【ဥပရိပဏ်၊၂၉၈၊ဋ္ဌ၊၂၂၃】 မဟာစည်ဆရာတော်ကြီးက အထက်ပါဘုရား စကားတော်တွေကို ဒီလိုလင်္ကာတွေ သီကုံးထားခဲ့ပါတယ်။ “တိရစ္ဆာန် လှူက၊ အကျိုးရ၊ အဆတစ်ရာဆို။ သီလမဲ့လှူ တစ်ထောင်ဟု၊ သီ ဖြူ တစ်သိန်းဆို။ စျာန်ရ လှူလေ၊ အကျိုးတွေ၊ ကုဋေတစ်သိန်းဆို။ သောတာလောင်းပင်၊ လှူလေလျှင် များဖြင့် အသင်္ချေဆို။ နောက်ကိုးပါးဝယ်၊ကျိုးများတယ်၊ ပြောဖွယ်မရှိဆို။” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “သံဃိကဒါန” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “အာနန္ဒာ သံဃာအားလှူတဲ့အလှူ (သံဃိကဒါန)ထက် ပုဂ္ဂိုလ်အား လှူတဲ့အလှူ (ပုဂ္ဂလိကဒါန)က ပိုပြီး အကျိုးကြီးတယ် လို့ ဘာနည်းနဲ့မှ ငါဘုရားမဟောပါ။” 【ဥပရိပဏ်၊၂၉၉】 “တပည့်တော်အိမ်ကို သံဃာတစ်ပါး ဆွမ်းအလှူခံ ကြွပါဘုရား” လို့ ပင့်ပြီး သံဃာထံမှ ဝိနည်းနဲ့အညီ ညွှန်ကြားစေလွှတ်လိုက်တဲ့ သီလမဲ့ ရဟန်းအားတောင် သံဃာမှာ အလေးပြုပြီး လှူဒါန်းနိုင်ရင် ရဟန္တာ အစစ်အား လှူတဲ့ ပုဂ္ဂလိက အလှူထက် ပိုပြီး အကျိုးကြီးပါတယ်။ 【ဥပရိ၊ ဋ္ဌ ၊ ၂၆၆】 သံဃာအနေနဲ့ ကြည်ညိုပြီး လှူနိုင်ရင် သံယိကဒါနဟာ အမြတ်ဆုံး၊ အကျိုးအကြီးဆုံးပါပဲ။ “တပည့်တော်အိမ်ကို သံဃာတစ်ပါး ဆွမ်းအလှူခံ ကြွပါဘုရား။နှစ်ပါးကြွပါဘုရား။ သုံးပါးကြွပါဘုရား။ ဆယ်ပါးကြွပါဘုရား” စသည်ဖြင့် ပင့်စဉ်ကပဲ မည်သည့်ပုဂ္ဂိုလ်ကိုမျှ မရည်ရွယ်ဘဲ သံဃာတော် သာမညကိုသာ အာရုံပြုဖို့ လိုပါတယ်။ သံဃာတော်ဘက်ကလည်း ထေရ်စဉ်၊ ဝါစဉ်အရဖြစ်စေ၊ မဲချ၍ဖြစ်စေ ကျရာပုဂ္ဂိုလ်ကို စေလွှတ်ဖို့ လိုပါတယ်။ ကြွလာတဲ့အခါ ရှင်သာမဏေလေးပဲဖြစ်ဖြစ်၊ ရဟန်းငယ်လေးပဲဖြစ်ဖြစ်၊ ကြည်ညိုဖွယ်မရှိတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် သံဃာရဲ့ ကိုယ်စားလှယ်သံဃာတော်ပဲလို့ အာရုံပြုပြီီး ရိုရိုသေသေ လှူတတ်ဖို့ လိုပါတယ်။ ❖ဥပမာအားဖြင့် ဆင်းတုတော်၊ စေတီတော်တွေရှေ့မှာ ဆီမီး၊ ပန်း၊ နံ့သာ စသည်ဖြင့် ပူဇော်တဲ့အခါ ဆင်းတုတော်၊ စေတီတော်တွေက တော့ အာရုံပြုရုံ လောက်ပါပဲ။ တကယ်ပူဇော်တာကတော့ ဘုရားအစစ်ကို ပူဇော်တာဖြစ်ပါတယ်။ အဲဒီလိုပါပဲ။ ဒကာ့အိမ်ကို ကြွလာတဲ့ ကိုယ်တော်ကတော့ သံဃာအနေနဲ့ အာရုံပြုဖို့ ကိုယ်စားပါပဲ။ တကယ်လှူတာကတော့ ဘုရားတပည့်တော် သံဃာတော်အားလုံးကို လှူတာ ဖြစ်ပါတယ်။ ❖လှူဖွယ်ပစ္စည်းကို သုံးဆောင်ရာမှာတော့ ဘုရားရှင်ရဲ့ဝိနည်း ပညတ်တော်အရအားဖြင့် အနီးမျက်မှောက်မှာရှိတဲ့ ရဟန်းတွေကသာ သုံးဆောင်ရပါတယ်။ ဥပမာ ဆွမ်းခံကြွနေတဲ့ ကိုယ်တော်အား “သံဃဿဒေမိ”- သံဃာအားလှူပါ၏” လို့ ဆွမ်း၊ မုန့် ၊ ဟင်းစသည် ကို လှူလိုက်ရင် လှူတဲ့သူမှာ သံဃာအားလုံးအား လှူတဲ့သံဃိကဒါန ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီဆွမ်းခံပုဂ္ဂိုလ်က (မယှံ ပါပုဏတိ)ဒီပစ္စည်းဟာ ငါ့အားရောက်တယ်” လို့ သိမ်းပိုက်လိုက်ရင် အဲဒီ ကိုယ်တော်တစ်ပါးတည်း အပိုင်ဖြစ်ပြီး သူ့သဘော အတိုင်း သုံးစွဲနိုင်ပါတယ်။ အဲဒါဟာ ဘုရားအစစ်ကို အာရုံပြုပြီး ဆင်းတုတော် ရှေ့မှာ ဆီမီးပူဇော်ထားရင် ဘုရားအစစ်ကို ပူဇော်တာတော့ ဖြစ်ပါတယ်။ ဒါပေမဲ့ မီးရောင်ကတော့ ဆင်းတုတော်အနီးမှာသာ လင်းတယ်ဆိုတာနဲ့ တူပါတယ်။ အဲဒီလို“သံဃာအား လှူပါတယ်” လို့ဆိုပြီး၊လောင်းလှူလိုက်တဲ့ ဆွမ်း၊ မုန့်၊ ဟင်းတွေကို “ငါ့အား ရောက်တယ်” လို့ မသိမ်းပိုက်ဘဲ ကျောင်းကို ယူလာခဲ့ရင်တော့ ကျောင်းရှိသံဃာအားလုံးနဲ့ ဆိုင်တယ်။ သံဃာအားလုံးဝေပြီး သုံးဆောင်ရပါတယ်။ ဒါကြောင့် ဒကာဘက်ကရော၊ အလှူခံပုဂ္ဂိုလ်ဘက်ကပါ သံဃိက ဒါနမြောက်အောင် လှူတတ်ဖို့၊လက်ခံ သိမ်းပိုက်တတ်ဖို့ အရေးကြီးပါတယ်။ သံယိကဒါနနဲ့ပတ်သက်ပြီး၊ ဥပရိပဏ်၊ ဋ္ဌ ၊ ၂၂၅ မှာ ဒီလို ရေးသားထားပါတယ်။ “သံယိကဒါနဆိုတာ သံဃာအပေါ် ရိုရိုသေသေ ပြုနိုင်သူမှာဖြစ်ပါတယ်။ သံဃာအပေါ် ရိုရိုသေသေ ပြုမှုကို ပြုနိုင်ဖို့ ခဲယဉ်းပါတယ်။ အကျယ်ချဲ့ ပြောပြပါဦးမယ်။ ❖ “ငါဟာ သံယိကဒါန လှူမယ်”လို့ ကြံပြီး၊ လှူဖွယ်ပစ္စည်းကို စီမံကာကျောင်းကို သွားပြီး “အရှင်ဘုရားတို့ သံဃာကို ရည်စူးပြီး (သံဃာ့ကိုယ်စား) မထေရ်တစ်ပါးကို တပည့်တော်အား ပေးတော်မူကြပါ”လို့ လျှောက်တယ်။ အဲဒီအခါ သံဃာထံမှ ကိုရင်ကို ရပြီး “ငါဟာကိုရင်ကို ရပြီ”လို့ စိတ်နှလုံးမသာမယာ ဖြစ်တယ်။ သူရဲ့ ဒါနဟာ သံဃိကဒါန မဖြစ်ပါ။ မထေရ်ကြီးကို ရလို့လည်း “ငါဟာ မထေရ်ကြီးကိုရပြီ” လို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရင်လည်း သံဃိက ဒါန မဖြစ်သည်သာ။ ကိုရင်ဖြစ်ဖြစ်၊ ရဟန်းဖြစ်ဖြစ်၊ ငယ်ရွယ်တဲ့ သံဃာဖြစ်ဖြစ်၊ ကြီးတဲ့သံဃာဖြစ်ဖြစ်၊ ပညာမဲ့ သံဃာဖြစ်ဖြစ်၊ ပညာရှိသံဃာဖြစ်ဖြစ် သံဃာထံမှတစ်ပါးပါးကို ရပြီး သံသယမရှိဘဲ “သံဃာအားလှူပါ၏”လို့ သံဃာအပေါ် ရိုရိုသေသေ ပြုလုပ်နိုင်သူရဲ့ ဒါနကတော့ သံဃိကဒါန ဖြစ်ပါတယ်။” ကျောင်းဒကာတစ်ဦးရဲ့ အဖြစ်အပျက်ကိုလည်း ဒီလို ရေးသားထားပါတယ်။ ကျောင်းဒကာသူကြွယ်တစ်ဦးက “ငါဟာ သံဃိကအလှူ လှူမယ်”လို့ ကြံပြီး “သံဃာထံမှ ညွှန်ကြားပြီး ရဟန်းတစ်ပါးကို ပေးပါ” လို့ လျှောက်တောင်းတယ်။ အဲဒီဒကာက သီလမရှိတဲ့ ရဟန်းတစ်ပါးကို ရတယ်။ ထိုင်စရာနေရာကို စုပုံခိုင်းတယ်။နေရာခင်းပေးတယ်။ နေရာအပေါ် မျက်နှာကြက်ဖွဲ့ချည်ပေးတယ်။ နံ့သာ၊ အခိုး၊ ပန်းတွေနဲ့ ပူဇော်တယ်။ ခြေတွေကို ဆေးကြောပေးတယ်။ ဆီနဲ့ လိမ်းကျံပေးတယ်။ ဘုရားရှင်အပေါ် ရိုသေမှု ပြုသလို သံဃာအပေါ် ရိုသေမှုနဲ့ လှူဖွယ်ကို လှူတယ်။ အဲဒီရဟန်းက မွန်းလွဲပိုင်းမှာ “ကျောင်းသန့်ရှင်းဖို့ရာ ပေါက်တူးပေးပါ” လို့ ပြောကာ အိမ်တံခါးကို သွားတယ်။ ဥပါသကာက ထိုင်ရင်းပဲ ပေါက်တူးကိုခြေနဲ့ ပစ်ချပြီး ယူလော့”လို့ ပေးလိုက်ပါတယ်။ အဲဒီ ဥပါသကာကို လူတွေက မေးကြတယ်။ “သင်ဟာ နံနက်စောစောကပဲ အဲဒီရဟန်းအပေါ် ပြုလုပ်တဲ့ ပူဇော်မှုဟာ ပြောမပြနိုင်အောင်ပါပဲ။ အခု အဲဒီနီးနီးလောက်တောင် မရှိပါ။အဲဒါက ဘာပါလဲ။” ဥပါသကာက ဒီလို ပြန်ပြောပါတယ်။ “မိတ်ဆွေတို့၊အဲဒီရိုသေပူဇော်မှုက သံဃာအား ပြုလုပ်တဲ့ ရိုသေ ပူဇော်မှု ဖြစ်ပါတယ်။ အဲဒီရဟန်းအပေါ် ပြုလုပ်တာ မဟုတ်ပါ။” (ဥပရိပဏ်၊ဋ္ဌ၊၂၂၆) ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “ဝေလာမအလှူကြီးထက် သာလွန်တဲ့အလှူများ” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ အနာထပိဏ်သူဌေးအား ဘုရားရှင်က ဝေလာမ ပုဏ္ဏားရဲ့ အလှူကြီးထက် အဆင့်ဆင့်ပိုပြီး အကျိုးကြီးတဲ့ဆွမ်းအလှူတွေအကြောင်းကို ဒီလို ဟောတော်မူခဲ့ပါတယ်။ ကုဋေပေါင်းများစွာကို ၇ နှစ်၊ ၇ လကြာ ၁၂ ယူဇနာ ကျယ်ဝန်း တဲ့ နေရာမှာလှူဒါန်းခဲ့တဲ့ ဘုရားလောင်း ဝေလာမပုဏ္ဏားကြီးရဲ့ အကြီး အကျယ်အလှူကြီး ထက်လည်း သောတာပန်တစ်ဦးအားလှူတဲ့ ဆွမ်းအလှူက ပိုပြီး အကျိုးကြီးပါတယ်။ သောတာပန် ၁ဝဝ ထက် သကဒါဂါမ်တစ်ဦးအား၊ သကဒါဂါမ်၁ဝဝထက် အနာဂါမ်တစ်ဦးအား၊ အနာဂါမ် ၁ဝဝ ထက် ရဟန္တာတစ်ဦးအား၊ ရဟန္တာ ၁ဝဝ ထက် ပစ္စေကဗုဒ္ဓါတစ်ပါးအား၊ ပစ္စေကဗုဒ္ဓါ ၁ဝဝ ထက် ဘုရားရှင်တစ်ဆူအား၊ ဘုရားရှင်တစ်ဆူထက် ဘုရားအမှူးရှိတဲ့ သံဃာအား လှူရတဲ့ အလှူအသီးသီးက ဆင့်ကဲဆင့်ကဲ ပိုပိုပြီး အကျိုးကြီးပါတယ်။ (အံ၊တ၊၁၉၆) လယ်ယာမြေဟာ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း ရှိသလို၊ အလှူခံပုဂ္ဂိုလ်ဆိုတဲ့ လယ်ယာတွေဟာ အတန်းအစားအမျိုးမျိုး ရှိပါတယ်။ ❖လယ်ယာတွေမှာ မြက်စတဲ့ အနှောင့်အယှက် မရှိလေ အပင်သန်လေ ဖြစ်သလို၊ ❖အလှူခံမှာလည်း ရာဂ၊ ဒေါသ၊ မောဟ နည်းလေ လှူရသူမှာ အကျိုးများလေ ဖြစ်ပါတယ်။ ❖လယ်ယာတွေမှာ နွားချေးစတဲ့ မြေဩဇာများပြီး ရေအဆင်သင့်လေ ကောက်ပင်သန်လေ ဖြစ်သလို၊ ❖အလှူခံပုဂ္ဂိုလ်တွေမှာလည်း သီလ၊ သမာဓိ၊ ပညာကြီးလေ လှူရသူမှာ အကျိုးများလေ ဖြစ်ပါတယ်။ ❖အလှူခံပုဂ္ဂိုလ်တွေဟာ လယ်ယာနဲ့ တူကြပါတယ်။ ❖အလှူဒကာ ဒကာမတွေက လယ်ယာလုပ်သူ နဲ့ တူကြပါတယ်။ ❖လှူဖွယ်ပစ္စည်းဝတ္ထုတွေက မျိုးစေ့နဲ့ တူကြပါတယ်။ ❖နောင်သံသရာမှာရနိုင်မယ့် အကျိုးတွေက အဲဒီ မျိုးစေ့ကြောင့် အပင်ပေါက်ပြီး အသီးသီးတာနဲ့ တူပါတယ်။ 【ပေတဝတ္ထု၊ဋ္ဌ၊၆】 အလှူခံမှာ လယ်ပမာ၊ လှူရှာသူများ လယ်သမား။ အများလှူဖွယ် မျိုးစေ့နှယ်၊ နောင်ဝယ် အသီးစား။
https://www.dhammaransi.com/index.php/new/597-2016-06-09-00-20-20.html
“ဘုရားတစ်ခါရှိခိုး ကုသိုလ်ငါးမျိုး”
ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်တို့သည် ကုသိုလ်တရားတို့ကို အလွန်ပင် နှစ်သက်ကြပေသည်။ အလွန်ပင် ရလိုကြပေသည်။ အဘယ့်ကြောင့် ကုသိုလ်တရားတို့ကို နှစ်သက်ကြ၊ ရလိုကြပါသလဲ aဆိုပါလျှင် ကုသိုလ်တရား တို့သည် ပြုနေဆဲခဏ၌လည်း အပြစ်မရှိကြပေ။ အပြစ်ကင်းကြပေသည်။ ပြုပြီးသည့် နောက်ကာလ၌လည်း ကုသိုလ်ရှင်ကို နိဗ္ဗာန်ချမ်းသာသို့ ရောက်သည်အထိ ကောင်းကျိုးချမ်းသာ အမျိုးမျိုးတို့ကို လိုက်၍ ပေးကြပေသည်။ထို့ကြောင့် ကုသိုလ်တရားတို့ကို အလွန်ပင် နှစ်သက်ကြခြင်း၊ အလွန်ပင် ရလိုကြခြင်း ဖြစ်ကြရပေသည်။ ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်တို့သည် အကုသိုလ်တရားတို့ကို အလွန်ပင် ကြောက်လန့်ကြပေသည်။ အလွန်ပင် ကင်းလိုကြပေသည်။ အဘယ့်ကြောင့် အလွန်ပင် ကြောက်လန့်ကြ၊ အလွန်ပင် ကင်းလိုကြသလဲ ဆိုပါလျှင် အကုသိုလ်တရားတို့သည် ပြုနေဆဲခဏ၌လည်း အပြစ်တွေရှိနေကြပေသည်။ ပြုပြီးသည့် နောက် ကာလ၌လည်း အကုသိုလ်ပြုထားသော သူကို အပါယ်သံသရာ၊ အပါယ်ဆင်းရဲတို့၌ ကျရောက်စေပြီးလျှင် ဒုက္ခအမျိုးမျိုးတို့ကို လိုက်၍ ပေးတတ်ကြပေသည်။ ထို့ကြောင့် အကုသိုလ်တရားတို့ကို အလွန်ပင် ကြောက်လန့်ကြခြင်း၊ အလွန်ပင် ကင်းလိုကြခြင်း ဖြစ်ကြရပေသည်။ ဤကဲ့သို့ ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်တို့သည် အကုသိုလ် တရားတို့၏ အပြစ်ရှိခြင်း၊ မကောင်းသော အကျိုးတို့ကို ပေးတတ်ခြင်းနှင့် ကုသိုလ် တရားတို့၏ အပြစ်မရှိခြင်း၊ ကောင်းသောအကျိုးတို့ကို ပေးတတ်ခြင်း ဟူသော အပြစ်နှင့် အကျိုးတို့ကို ယုံကြည်ခြင်း ရှေ့သွားရှိသော အသိဉာဏ်များ ရှိကြသောကြောင့် ဒါနကုသိုလ်ကိုလည်း တတ်နိုင်သမျှ ပြုလုပ်လျက် ရှိကြပေသည်။ ငါးပါးသီလမှစ၍ သီလကိုလည်း လုံခြုံအောင် စောင့်ထိန်းလျက် ရှိကြပေသည်။ ဘုရားဂုဏ်တော် ပွားများခြင်း၊မေတ္တာတရားပွားများခြင်း စသော သမထဘာဝနာကိုလည်း တတ်နိုင်သမျှ ပွားများလျက် ရှိကြပေသည်။ သတိပဋ္ဌာန် ဝိပဿနာတရားကိုလည်း အချိန်ရသမျှ ပွားများအားထုတ်လျက် ရှိကြပေသည်။ ထိုသို့ ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်တို့ ပြုလုပ်နေကြသည့် ဒါနကုသိုလ်၊ သီလကုသိုလ်၊ သမထကုသိုလ်၊ ဝိပဿနာကုသိုလ်ဟူသော ကုသိုလ် (၄)မျိုးတို့တွင် သတိပဋ္ဌာန်တရား (၄)ပါးဖြင့် ပွားများအပ်သော ဝိပဿနာ ကုသိုလ်ကတော့ အများဆုံးကုသိုလ် ရရှိနိုင်သည့် ကုသိုလ်မျိုးပင် ဖြစ်ပေသည်။ ထို့ကြောင့် မြတ်စွာဘုရားက သတိပဋ္ဌာန်တရား (၄)ပါး ပွားများကြသော ပုဂ္ဂိုလ်တို့သည် ကုသိုလ် အစုအပုံကြီး ရရှိနေကြပေသည်ဟု ဟောကြားတော်မူခဲ့ပါသည်။ ❖သတိပဋ္ဌာန်တရား (၄)ပါးဖြင့် ဝိပဿနာတရား ပွားများအားထုတ်၍ ဝိပဿနာသမာဓိဉာဏ် အခြေခံများနှင့် ပြည့်စုံလာကြသော ပုဂ္ဂိုလ်တို့သည် ဘုရားတစ်ခါ ရှိခိုးလိုက်လျှင် ကုသိုလ် ငါးမျိုး ရရှိနိုင်ကြပေသည်။ ❖ဝိပဿနာသမာဓိဉာဏ်များ အခြေခံရှိကြသော ပုဂ္ဂိုလ် တို့သည် ဘုရားကို ရိုသေစွာ ရှိခိုးဦးချတော့မည့်အခါ၌ အထူးသတိထား၍ မိမိ စိတ်ကို အာရုံပြုကြည့်လိုက်သည် ရှိသော် ရှိခိုးချင်သည့်စိတ်များ ဖြစ်နေတာ ထင်ရှားနေတတ်ပါသည်။ ယင်း ရှိခိုးချင်သည့်စိတ်ကို “ရှိခိုးချင်တယ်၊ ရှိခိုးချင်တယ်” ဟု ရှုမှတ်ကြရပါသည်။ ❖ထို့နောက် ရှိခိုးချင်သည့် စိတ်ကြောင့် ဖြစ်သည့် လေများက တွန်းချပေး၍ ညွှတ်ကျသွားသော ရှိခိုးသည့် ကိုယ်အမူအရာများ ဖြစ်ပေါ်လာမှ ရှိခိုးတယ်၊ ရှိခိုးတယ် ဟု ရှုမှတ်ကြရပါသည်။ နဖူးနှင့် ကြမ်းပြင် ထိသွားသောအခါ “ထိတယ်၊ ထိတယ်” ဟု ရှုမှတ်ကြရပေသည်။ ❖ဘုရားကို အာရုံပြုပြီး၍ ပြန်ထူရတော့မည့် အခါမှာလည်း အထူး သတိထား၍ မိမိစိတ်ကို အာရုံပြုကြည့်လိုက်သည် ရှိသော် ထူချင်သည့် စိတ်များ ဖြစ်နေတာ ထင်ရှား နေတတ်ကြပေသည်။ ယင်း ထူချင်သည့် စိတ်ကို “ထူချင်တယ်၊ ထူချင်တယ်” ဟု ရှုမှတ်ကြရပါသည်။ ❖ထူချင်သည့် စိတ်ကြောင့် ဖြစ်သည့် လေများက တွန်းပို့ပေးနေ၍ ထူသည့် ကိုယ်အမူအရာများ ဖြစ်ပေါ်လာမှ “ထူတယ်၊ ထူတယ်” ဟု ရှုမှတ်ကြရပါသည်။ (၁)။ ဤကဲ့သို့ ဘုရားရှိခိုးရာတွင် ရှုမှတ်ကြရာ၌ ရှိခိုးချင်သည့် စိတ်နှင့် ပြန်ထူချင်သည့် စိတ်များကို ရှုမှတ်ကြရခြင်းသည် စိတ်ကို ရှုမှတ်ကြရသောကြောင့် “စိတ္တနုပဿနာ သတိပဋ္ဌာန်”ပွားများသောအားဖြင့် ဝိပဿနာကုသိုလ်များကို ရရှိကြပေသည်။ (၂)။ ရှိခိုးဦးချသည့်အခါ ကိုယ်အမူအရာများနှင့် ရှိခိုး ဦးချပြီး၍ ပြန်ထူသောအခါ ကိုယ်အမူအရာများကို ရှုမှတ်ကြရခြင်းသည် ကိုယ်ကာယကို ရှုမှတ်ကြ ရသောကြောင့် “ကာယာနုပဿနာသတိပဋ္ဌာန်” ပွားများသောအားဖြင့် ဝိပဿနာကုသိုလ်များကို ရရှိကြပေသည်။ ဘုရားရှိခိုးဦးချနေသည့်အခိုက်မှာ ဝမ်းမြောက် ၊ ဝမ်းသာဖြစ်၍ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာမှုများ ဖြစ်လာခဲ့သော် ထိုကိုယ်ချမ်းသာ၊ စိတ်ချမ်းသာများကို “ချမ်းသာတယ်၊ ချမ်းသာတယ်” ဟု ရှုမှတ်ကြရပေသည်။ နေထိုင်လို့မကောင်းသည့် အခိုက်ဖြစ်၍ ရှိခိုးဦးချ လိုက်သောအခါ နာကျင်ကိုက်ခဲမှုများ ဖြစ်လာခဲ့သော် “နာကျင်တယ်၊ ကိုက်ခဲတယ်” ဟု ရှုမှတ်ကြရပေသည်။ (၃)။ ဤကဲ့သို့ ဘုရားရှိခိုးရာတွင် ချမ်းသာမှုနှင့် နာကျင်ကိုက်ခဲမှုများကို ရှုမှတ်ကြရခြင်းသည် သုခဝေဒနာနှင့် ဒုက္ခဝေဒနာများကို ရှုမှတ်ကြ ရသောကြောင့် “ဝေဒနာနုပဿနာသတိပဋ္ဌာန်” ပွားများသောအားဖြင့် ဝိပဿနာကုသိုလ်များကို ရရှိကြပေသည်။ မိမိတို့ ဘုရားရှိခိုးနေသည့် အခိုက်မှာပင် အခြား တစ်ပါးသော ပုဂ္ဂိုလ်များက ကြည်ညိုဖွယ်ရာ အသံများဖြင့် ရွတ်ဆိုကာ ရှိခိုးသည့်အသံများကို ကြားရသောအခါ ထိုအသံများကို ကြားကာမျှ မတ္တသဘောမှာ တည်အောင် စိတ်ကိုထား၍ “ကြားတယ်၊ ကြားတယ်”ဟု ရှုမှတ်ကြရပေသည်။ (၄)။ ဤကဲ့သို့ ဘုရားရှိခိုးသည့် အသံများကို ကြားကာမျှ မတ္တသဘောမှာ တည်အောင် ရှုမှတ်ကြရခြင်းသည် သဘောတရားကို ရှုမှတ်ကြရသောကြောင့် “ဓမ္မာနုပဿနာသတိပဋ္ဌာန်” ပွားများသောအားဖြင့် ဝိပဿနာကုသိုလ်များကို ရရှိကြပေသည်။ (၅)။မြတ်စွာဘုရား၏ ရုပ်ပွားတော်၊ စေတီတော်များကို အာရုံပြု၍ ကြည်ညိုရခြင်း၊ ဘုရားဂုဏ်တော်များကို နှလုံးသွင်း၍ ပွားများရခြင်းတို့ဖြင့် “ဗုဒ္ဓါနုဿတိဘာဝနာ” ကုသိုလ်များကိုလည်း ရရှိကြပေသည်။ ဤကဲ့သို့ သတိပဋ္ဌာန်တရား (၄)ပါးဖြင့် ဝိပဿနာတရား ပွားများအားထုတ်၍ ဝိပဿနာသမာဓိဉာဏ်များ အခြေခံရရှိထားကြသော ပုဂ္ဂိုလ်တို့သည် ဘုရားတစ်ခါ ရှိခိုးလျှင် ကုသိုလ် (၅)-မျိုး ရရှိနိုင်ကြပေသည်။ ။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【မဟာစည်နာယက၊အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ၊အရှင်ကုဏ္ဍလာဘိဝံသ- သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီး】
https://www.dhammaransi.com/index.php/new/598-2016-06-09-00-19-25.html
“သူဌေးရဲ့ စကားလေးတစ်ခွန်း”
“ရွှံ့ညွှန့်တွေ ခြေထောက်မှာ ပေနေတဲ့ ဒီလူဟာ ညအခါမှာ လှည့်လည်ပြီး နေ့အခါမှာ လဲလျောင်းနေတဲ့လူ ဖြစ်လိမ့်မယ်။" အဲဒီစကားလေးတစ်ခွန်းကို ပြောလိုက်သူက ကဿပဘုရားရှင် လက်ထက်က သုမင်္ဂလသူဌေး ဖြစ်ပါတယ်။ အပြောခံရသူက သူခိုး တစ်ယောက် ဖြစ်ပါတယ်။ သုမင်္ဂလသူဌေးက ရွှေအုဌ်တွေနဲ့ မြေကြီးကို ခင်းကာ ဥသဘ (၂၀) ကျယ်ဝန်းတဲ့အရပ်မှာ အဲဒီဥသဘာ(၂၀) အတိုင်း အတာ ရှိတဲ့ ဥစ္စာနဲ့ပဲ ကျောင်းကို ဆောက်လုပ်ခိုင်းပါတယ်။ အဲဒီလောက် အတိုင်းအတာ ရှိတဲ့ ဥစ္စာနဲ့ပဲ ကျောင်းပူဇော်ပွဲကို ပြုလုပ်ပါတယ်။ သူဌေးဟာ တစ်နေ့မှာ နံနက်စောစောပဲ ဘုရားရှင်ထံ သွားပါတယ်။ မြို့တံခါးနားက ဇရပ်တစ်ခုမှာ ဖန်ရည်ဆိုးအဝတ်နဲ့ ဦးခေါင်းပါခြုံထားပြီး ရွှံ့ညွန်တွေ ပေနေတဲ့ ခြေထောက်တွေနဲ့ လဲလျောင်းနေတဲ့ သူခိုးတစ်ယောက်ကို မြင်သွားပါတယ်။ မြင်လို့အထက်ပါစကားလေး တစ်ခွန်းကို ပြောလိုက်ပါတယ်။ သူခိုးက မျက်နှာကို ဖွင့်ပြီး သူဌေးကို ကြည့်လိုက်ပါတယ်။ “ရှိပါစေ၊ သင့်အပေါ် ပြုလုပ်ထိုက်တာကို ငါ သိမယ်” လို့ တွေးကာ ရန်ငြိုးဖွဲ့ပြီး (၇)ကြိမ်တိုင်တိုင် လယ်ကို မီးရှိူ့ပါတယ်။ (၇)ကြိမ်တိုင်တိုင် နွားခြံက နွားတွေရဲ့ ခြေထောက်တွေကို ဖြတ်တောက်ပါတယ်။ (၇)ကြိမ်တိုင်တိုင် အိမ်ကို မီးရှိူ့ပါတယ်။ သူခိုးဟာ အဲဒီလောက်နဲ့လည်း ဒေါသ ငြိမ်းသွားအောင် မတတ်နိုင်လို့ အဲဒီသူဌေးရဲ့ အလုပ်အကျွေးငယ်နဲ့အတူ မိတ်ဆွေဖွဲ့ကာ ဒီလို မေးပါတယ်။ “သင့်ရဲ့ သူဌေးက ဘာကို ချစ်မြတ်နိုးသလဲ။” “ဂန္ဓကုဋိကျောင်းတော်ထက် ပိုချစ်တဲ့အခြားအရာ သူ့မှာမရှိပါ။” အဲဒီစကားကို ကြားရပြီး သူခိုးက ဒီလို တွေးပါတယ်။ “ရှိပါစေ၊ ဂန္ဓကုဋိကျောင်းတော်ကို မီးရှို့ပြီး ဒေါသကို ငြိမ်းအောင် လုပ်မယ်။” အဲဒီလိုတွေးကာ ဘုရားရှင် ဆွမ်းခံဝင်တဲ့အခါ သောက်ရေအိုး၊ သုံးရေအိုးတွေကို ရိုက်ခွဲပါတယ်။ ဂန္ဓကုဋိကျောင်းတော်ကို မီးရှို့ပါတယ်။ သူဌေးက “ဂန္ဓကုဋိကျောင်းတော်ကို မီးရှို့ခံရသတဲ့” လို့ ကြားရပြီး လာတဲ့အခါ မီးလောင်နေတဲ့အခါ လာကာ ဂန္ဓကုဋိကျောင်း မီးလောင်နေတာကို ကြည့်ရှုပါတယ်။ သူဌေးမှာ သားမြီးဖျားလောက်တောင်မှ စိတ်မကောင်း မဖြစ်ပါ။ ဘယ်ဘက်လက်မောင်းကို ကွေးပြီး ညာဘက်လက်နဲ့ အကြီးအကျယ် လက်ခမောင်းခတ်လိုက်ပါတယ်။ အနီးမှာ ရပ်တည်နေတဲ့ လူတွေက သူ့ကို ဒီလို မေးကြလို့ ဒီလို ဖြေလိုက်ပါတယ်။ “အို အရှင်၊ ဒီလောက်ဥစ္စာကို စွန့်လွှတ်ပြီး ဆောက်လုပ်ထားတဲ့ ဂန္ဓကုဋိကျောင်းတော်ကို မီးလောင်တဲ့အခါ ဘာလို့ သင်က လက်ခမောင်း ခတ်ရတာလဲ။” “မိတ်ဆွေတို့၊ ငါဟာ ဒီလောက်ဥစ္စာကို မီးစသည်တွေနဲ့ မဆက်ဆံတဲ့ ဘုရားသာသနာမှာ မြှူပ်နှံခွင့်ကို ရခဲ့ပါတယ်။ တစ်ဖန်လည်း အဲဒီလောက် ဥစ္စာကို စွန့်လွှတ်ပြီး ဘုရားရှင်အတွက် ဂန္ဓကုဋိကျောင်းတော်ကို ဆောက်လုပ်ခွင့်ရတော့မယ်လို့ တွေးကာ ဝမ်းသာ ကျေနပ်ပြီး လက်ခမောင်း ခတ်တာဖြစ်ပါတယ်။” အဲဒီသူဌေးက တစ်ဖန် အဲဒီလောက်ဥစ္စာကို စွန့်လွှတ်ပြီး ဂန္ဓကုဋိ ကျောင်းတော်ကို ဆောက်လုပ်ကာ ရဟန်း (၂) သောင်း အခြံအရံရှိတဲ့ ဘုရားရှင်အား အလှူကို လှူခဲ့ပါတယ်။ အဲဒီအလှူကို ကြည့်ပြီး သူခိုး က ဒီလို ကြံစည်ပါတယ်။ “ငါဟာ ဒီသူဌေးကို မသတ်ဘဲ၊မျက်နှာမသာမယာ ဖြစ်အောင် မလုပ်နိုင်အံ့။ ရှိပါစေ။ ဒီသူဌေးကို ငါဟာ သတ်မယ်။” အဲဒီလို ကြံစည်ပြီး ဓားမြောင်ကို အဝတ်ကြားမှာ နှောင်ဖွဲ့ကာ (၇)ရက်ပတ်လုံး ကျောင်းမှာ လှည့်လည်ပေမယ့် အခွင့် မရပါ။ သူဌေး ကြီးကလည်း (၇)ရက်ပတ်လုံး ဘုရားအမှူးရှိတဲ့ ရဟန်းအပေါင်းအား အလှူလှူကာ ဘုရားရှင်ကို ရှိခိုးပြီး ဒီလို လျှောက်ပါတယ်။ “မြတ်စွာဘုရား၊ ယောကျာ်းတစ်ယောက်က တပည့်တော်ရဲ့ လယ်ကို (၇)ကြိမ်မီးရှို့ခဲ့ပါတယ်။ နွားခြံက နွားတွေရဲ့ ခြေထောက်တွေကို (၇)ကြိမ် ဖြတ်တောက်ခဲ့ပါတယ်။ အိမ်ကို (၇)ကြိမ် မီးရှို့ပါတယ်။ အခု ဂန္ဓကုဋိကျောင်းတော်ကိုလည်း အဲဒီယောက်ျားကပဲ မီးရှို့တာဖြစ်ပါလိမ့်မယ်။ တပည့်တော်ဟာ ဒီအလှူပွဲမှာ အဲဒီယောက်ျားအား ရှေးဦးစွာ အမျှပေးဝေပါတယ်။” အဲဒီစကားကို ကြားရပြီး သူခိုးဟာ ဒီလို ကြံပါတယ်။ “ငါဟာ ဝန်လေးတဲ့ အမှုကို ပြုမိလေစွ။ ဒီလို အပြစ်ကျူးလွန်နေတဲ့ ငါ့အပေါ် ဒီသူဌေးမှာ အမျက်ဒေါသလေးတောင် မရှိ။ ဒီအလှူပွဲမှာလည်း ငါ့အားသာ ရှေးဦးစွာ အမျှပေးဝေတယ်။ ငါဟာ သူ့အပေါ် ပြစ်မှားမိတယ်။ ဒီလိုယောက်ျားကို ငါဟာမတောင်းပန်ရင် ငါ့ရဲ့ဦးထိပ်ပေါ်မှာ နတ်ဒဏ်ဟာလည်း ကျနိုင်ပေတယ်။” အဲဒီလို ကြံစည်ပြီး သွားကာ သူဌေးရဲ့ ခြေရင်းမှာ ပျပ်ဝပ်ပြီး “အို အရှင်၊ အကျွနု်ပ်အား သည်းခံပါ” လို့ ပြောပါတယ်။ သူဌေးက “ဒါက ဘာလဲ” လို့ မေးတဲ့အခါ သူခိုးက “အို အရှင်၊ အကျွနု်ပ်ဟာ ဒီလို မသင့်တော်တဲ့အမှုကို ပြုလုပ်မိပါတယ်။ အကျွနု်ပ်အား သည်းခံပါ” လို့ ပြောပါတယ်။ သူဌေးက သူခိုးကို “သင်ဟာ ငါ့အပေါ် ဒီအမှု၊ ဒီအမှုတွေကို ပြုလုပ်ပါသလား”လို့ အလုံးစုံကို မေးပါတယ်။ ဟုတ်ပါတယ်။ အကျွနု်ပ် လုပ်ပါတယ်” လို့ ဖြေပါတယ်။ “သင့်ကို ငါဟာ အရင်က မတွေ့ဖူးပါ။ ဘာကြောင့် ငါ့ကို စိတ်ဆိုးပြီး ဒီလို လုပ်ပါသလဲ” လို့ မေးပါတယ်။ သူဟာ တစ်နေ့မှာ မြို့မှ ထွက်လာတဲ့အခါ သူဌေးက သူ့ကို ပြောလိုက်တဲ့ စကားကို သတိဖော်ပေးလိုက်ပါတယ်။ “အဲဒီ အကြောင်းကြောင့် သင့်အပေါ် ဒေါသထွက်ပါတယ်” လို့ ပြောပါတယ်။ သူဌေးက မိမိ ပြောခဲ့တဲ့ စကားကို အမှတ်ရပြီး“မိတ်ဆွေ၊ ဟုတ်ပါတယ်။ ငါဟာ ပြောမိပါတယ်။ ငါ့ကို သည်းခံပါ”လို့ ပြောကာ သူခိုးကို တောင်းပန်ပါတယ်။ “မိတ်ဆွေ၊ ထပါ။ ငါ့ကို သည်းခံပါ။ မိတ်ဆွေ၊ သွားပါ”လို့ ပြောပါတယ်။ သူခိုးက ဒီလို ပြောပါတယ်။ “အို အရှင်၊ အကျွနု်ပ်ကို သည်းခံရင် သား၊ သမီး၊ ဇနီးကိုရော အကျွနု်ပ်ကိုပါ သင့်အိမ်မှာ ကျွန်လုပ်ပါ။” “မိတ်ဆွေ၊ ငါက ဒီလောက်ပြောတဲ့အခါ ဒီလို ဖြတ်တောက်မှုကို သင်ဟာ ပြုလုပ်ခဲ့ပါတယ်။ အိမ်မှာ နေတဲ့ သင်နဲ့အတူ ဘာစကားကိုမှ ပြောဖို့ မစွမ်းနိုင်ပါ။ သင်ဟာ ငါ့အိမ်မှာ နေဖို့ ကိစ္စမရှိပါ။ ငါ့ကို သည်းခံပါ။ သင် သွားပါ မိတ်ဆွေ။” ❖သူခိုးဟာ အဲဒီကံကို ပြုလုပ်ပြီး သေသွားတဲ့အခါ “အဝီစိငရဲ” မှာ ဖြစ်ရပါတယ်။ ကာလကြာရှည်စွာ ငရဲမှာ ကျက်ရပါတယ်။ အကျိုးကြွင်းအရ ဂိဇ္ဈကုဋ်တောင်မှာ စပါးကြီးမြွေပြိတ္တာ ဖြစ်နေရပါတယ်။ (ဓမ္မပဒ၊ဋ္ဌ၊ဒု၊၃၉) ❖ဇရပ်မှာ သူဌေးရဲ့ အမှုမဲ့ ၊ အမှတ်မဲ့ ပြောမိတဲ့ စကားလေးတစ်ခွန်းကြောင့် ဆိုးကျိုးမျိုးစုံကို သူဌေးမှာ တွေ့ကြုံလိုက်ရပါတယ်။ အသတ်မခံရလို့ တော်ပါသေးတယ်။ ❖သူခိုးအား အမျှပေးဝေတဲ့ စကားလေးကြောင့် သူဌေးမှာ အသက် အသတ် မခံရတော့တဲ့အပြင်၊ သူခိုးက သူဌေးအား ဝန်ချတောင်းပန်မှုတောင် ပြုလုပ်ပါသေးတယ်။ ကျွန်ခံမယ့် အကြောင်းကိုတောင် ပြောနေပါသေးတယ်။ အမျှပေးဝေတဲ့ စကားလေး တစ်ခွန်းက သူဌေးရဲ့ အသက်ကို ကယ်ဆယ်လိုက်ပါတယ်။ ❖စကားလေး တစ်ခွန်းဟာ အသက်ကို သေစေနိုင်သလို၊ အသက်ကို ကယ်လည်း ကယ်နိုင်ပါပေတယ်။ စကားလေးတစ်ခွန်းပင် ဖြစ်ပါစေ သတိလွတ်ကာ မပြောသင့်ကြောင်းကို ဒီအဖြစ်အပျက်က သတိပေးနေပါတယ်။ ။ Young Buddhist Association】 -【သာမဏေကျော်ဆရာတော် ဦးဓမ္မိကာလင်္ကာရာဘိဝံသ- သာမဏေကျော်မဟာဂန္ဓာရုံကျောင်းတိုက်】
https://www.dhammaransi.com/index.php/new/599-2016-06-09-00-18-35.html
“ပုဂ္ဂလိကအလှူ နဲ့ သံဃိကအလှူ”
ဘုရားရှင်ဟာ သာဝတ္ထိမြို့၊ဇေတဝန်ကျောင်းမှာ သီတင်းသုံးတော်မူပါတယ်။ အဲဒီအခါ နာလက ရွာငယ်က အရှင်ရေဝတရဲ့ အလုပ်အကျွး သူကြွယ်မှာ သမီး ၂ ယောက် ရှိပါတယ်။ တစ်ယောက်က “ဘဒ္ဒါ”။ နောက်တစ်ယောက်က “သုဘဒ္ဒါ” ။နှစ်ယောက်ထဲက ဘဒ္ဒါက လင့်အိမ်ရောက်သွားတယ်။ သဒ္ဓါရှိတယ်။ ကြည်ညိုတယ်။ပညာရှိတယ်။အမြုံမ ဖြစ်တယ်။ ဘဒ္ဒါက လင်ကို ပြောပါတယ်။ “ငါ့ညီမ သုဘဒ္ဒါ ဆိုတာ ရှိပါတယ်။ သူ့ကို ခေါ်ဆောင်ပါ။ သုဘဒ္ဒါ မှာ သားရှိလာရင် အဲဒီသားက ငါ့ရဲ့သားလည်း ဟုတ်ပါတယ်။ ဒီအမျိုးအနွယ်လည်း မပျက်စီးဘဲ ရှိပါမယ်။ လင်က “ကောင်းပြီ”လို့ ဝန်ခံပြီး အဲဒီအတိုင်း လုပ်ပါတယ်။ အဲဒီ အခါ ဘဒ္ဒါက သုဘဒ္ဒါကို ဒီလို ဆုံးမပါတယ်။ “သုဘဒ္ဒါ၊ သင်ဟာ လှူဒါန်း၊ ပေးကမ်းမှုမှာ မွေ့လျော်ပါ။ တရား အကျင့်မှာ မမေ့မလျော့ရှိပါ။ အဲဒီလိုဆိုရင် ပစ္စုပ္ပန်၊ တမလွန်-အကျိုးတွေက သင့်လက်ထဲ ရောက်ကိုရောက်လာပါလိမ့်မယ်။” သုဘဒ္ဒါဟာ ဘဒ္ဒါရဲ့ ဩဝါဒမှာ ရပ်တည်ပြီး ပြောတဲ့နည်းအတိုင်း ကျင့်တဲ့အခါ တစ်နေ့မှာ အရှင်ရေဝတ အပါအဝင် သံဃာ ၈ပါးကို ပင့်ဖိတ်တယ်။ အရှင်ရေဝတက သုဘဒ္ဒါရဲ့ ကောင်းမှုတိုးပွားတာကို လိုလား လို့ သံဃာက ရည်ညွှန်းချပေးတဲ့နည်းနဲ့ ရဟန်း ၇ ပါးကို ခေါ်ကာ သုဘဒ္ဒါရဲ့အိမ်ကို သွားတယ်။ သုဘဒ္ဒါက ကြည်ညိုစိတ်ဖြစ်ပြီး အရှင်ရေဝတကိုရော၊ အဲဒီရဟန်းတွေကိုပါ မွန်မြတ်တဲ့ခဲဖွယ်၊ စားဖွယ်နဲ့ ကိုယ်တိုင်ကိုယ်ကျ တင်းတိမ်ရောင့်ရဲစေပါတယ်။ မထေရ်က အနုမောဒနာ ပြုပြီး ဖဲသွားပါတယ်။ သုဘဒ္ဒါက နောင်အခါ သေပြီး၊နိမ္မာနရတိနတ်ပြည် ရောက်သွားတယ်။ ဘဒ္ဒါကတော့ပုဂ္ဂိုလ်တွေအား အလှူတွေလှူပြီး သိကြားမင်းရဲ့မယား ဖြစ်သွားတယ်။ အဲဒီအခါ သုဘဒ္ဒါက သူ့စည်းစိမ်ကို ဆင်ခြင်ပြီး “ငါဟာ ဘယ် ကောင်းမှုကြောင့် ဒီမှာ ဖြစ်ရတာလဲ” လို့ ဆင်ခြင်တဲ့အခါ “ဘဒ္ဒါရဲ့ဩဝါဒမှာ ရပ်တည်ပြီး၊ သံဃာထုတစ်ရပ်လုံးအား လှူခဲ့လို့ ဒီစည်းစိမ်ကို ရတယ်။ ဘဒ္ဒါကတော့ ဘယ်မှာဖြစ်နေသလဲ” လို့ ကြည့်တဲ့အခါ သိကြားမင်းရဲ့ အလုပ်အကျွေးမယား ဖြစ်နေတာကို မြင်ပြီး၊ သနားလို့ ဘဒ္ဒါရဲ့ဗိမာန်ထဲဝင်သွားပါတယ်။ ဘဒ္ဒါက ကြီးကျယ်တဲ့စည်းစိမ် အခြွေအရံရှိပြီး၊ တာဝတိံသာနတ်အားလုံးထက် အဆင်းအားဖြင့် သာလွန်တင့်တယ်တဲ့ ဒီလိုနတ်သမီးကို တစ်ခါမှ မမြင်ဖူးလို့ “ဘယ်ဘုံဘဝက လာခဲ့ပါသလဲ။ နာမည်ဘယ်လိုခေါ်ပါသလဲ”လို့ မေးပါတယ်။ သုဘဒ္ဒါ က အတိတ်ဘဝက ကုသိုလ်ကံ အကြောင်းကို ပြောပြပါတယ်။ သံယိက အလှူရဲ့ အကျိုးကြီမားလှပုံကို ဘဒ္ဒါဟာ နားလည်သဘောပေါက်သွား ပါတော့တယ်။ (ဝိမာန၊ ဋ္ဌ ၊ ၁၃၅) ပုဂ္ဂလိကဒါနရှင် ဘဒ္ဒါက တာဝတိံသာနတ်ပြည်၊ သံယိကဒါနရှင် သုဘဒ္ဒါက နိမ္မာနရတိနတ်ပြည် ရောက်တယ်ဆိုတော့ တာဝတိံသာနတ်ပြည်ထက် အဆင့်မြင့်တဲ့ ယာမာနတ်ပြည်၊ တုသိတာနတ်ပြည်တွေကို ကျော်ဖြတ်ကာ ယာမာနဲ့ တုသိတာအထက်က နိမ္မာနရတိနတ်ပြည်ကို ရောက်သွားပါတယ်။ အဆင့်အတန်းအားဖြင့် အတော့်ကို ကွာခြားလှပါတယ်။ အလှူခံပုဂ္ဂိုလ်ကလည်း အကျိုးပေးကြီးမားဖို့ရာ အရေးကြီးလှပါတယ်။ ဒါကြောင့် ဘုရားရှင်က သံဃာအား လှူဖို့အကြောင်း၊ သံဃာအား လှူရင် အကျိုးကြီးမားကြောင်းကို မိထွေးတော် ဂေါတမီအား မိန့်ကြားတော်မူခဲ့ပါတယ်။ သံယိကဒါနဖြစ်အောင် လှူဒါန်းရာမှာ စိတ်ကလည်း သံဃာသို့ ညွှတ်နိုင်မှသာ သံဃိကဒါနအစစ် ဖြစ်နိုင်ပါတယ်။ နှုတ်က “သံဃဿ ဒေမိ-သံဃာအား လှူပါ၏” လို့ ဆိုနေပေမယ့် ၊ စိတ်က ကိုယ်ကြည်ညို နေတဲ့ကျောင်းတိုက်သံဃာ၊ ကိုယ်ကြည်ညိုနေတဲ့ ဘုန်းကြီးကိုသာ လှူလိုရင် သံယိကဒါနအစစ် မဖြစ်နိုင်ပါ။ တကယ့်ကို ပုဂ္ဂိုလ်မခွဲခြားဘဲ သံဃာအားလုံးကို ရည်စူးနိုင်ရင်တော့ နေ့စဉ်ဆွမ်းလောင်းရာမှာရော၊ သံဃာက ညွှန်ပြလို့ ရတဲ့ ပုဂ္ဂိုလ်တစ်ပါးအား ဆွမ်းကျွေးရာမှာပါ သံဃိကဒါနအစစ် ဖြစ်နိုင်ပါတယ်။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【သာမဏေကျော်ဆရာတော် ဦးဓမ္မိကာလင်္ကာရာဘိဝံသ- သာမဏေကျော်မဟာဂန္ဓာရုံကျောင်းတိုက်】
https://www.dhammaransi.com/index.php/new/600-2016-06-07-00-36-47.html
ဘုရားရှင်လက်ထက်“ဧတဒဂ်”ရ
..ဘုရားရှင်လက်ထက်““ဧတဒဂ်””ရ၊ ရဟန္တာ(၄၁)ပါး၊ရဟန်းမိန်းမ(၁၃)ပါး၊ လူယောကျင်္ား(၁၀)ယောက်၊ လူမိန်းမ(၁၀)ယောက်၊ကိုမသိသေးသူများသိရှိနိုင်ရန်ဖေါ်ပြပေး လိုက်ပါသည်။ ““ဧတဒဂ်””ရ၊ရဟန္တာ(၄၁)ပါး”” (၁)  အရှင်ကောဏ္ဍည   ။ ။ နေ့၊ညဉ့်အပိုင်းအခြားကိုသိတတ်သောအရာ တွင်ဧတဒဂ်ရသည်။ (၂)  အရှင်သာရိပုတ္တရာ   ။ ။ ပညာကြီးသောအရာတွင်ဧတဒဂ်ရသည်။ (၃)  အရှင်မောဂ္ဂလာန်    ။ ။ တန်ခိုးအရာတွင်ဧတဒဂ်ရသည်။ (၄)  အရှင်မဟာကဿပ ။ ။ ဓူတင်အရာတွင်ဧတဒဂ်ရသည်။ (၅)  အရှင်အနုရုဒ္ဒါ         ။ ။ ဒိဗ္ဗစက္ခုဉာဏ်အရာတွင်ဧတဒဂ်ရသည်။ (၆)  အရှင်ဘဒ္ဒိယ          ။ ။ အမျိုးမြတ်သောအရာတွင်ဧတဒဂ်ရသည်။ (၇)  အရှင်ဏ္ဍလဘဒ္ဒိယ   ။ ။ အသံသာသောအရာတွင်ဧတဒဂ်ရသည်။ (၈)  အရှင်ပိဏ္ဍေလဘာရဒွါဇ ။ ။ မကြောက်မရွံ့၊ခြင်္သေ့သံကဲ့သို့ဆိုတတ်သော အရာ တွင်ဧတဒဂ်ရသည်။ (၉)  အရှင်ပုဏ္ဏ             ။ ။ တရားဟောသောအရာတွင်ဧတဒဂ်ရသည်။ (၁၀)အရှင်မဟာကစ္စည်း  ။ ။ အကျဉ်းဟောသည်ကိုအကျယ်ဖွင့်တတ်သောအရာ တွင်ဧတဒဂ်ရသည်။ (၁၁)အရှင်စူဠပန်           ။ ။ နှလုံးဖြင့်ပြီးသောကိုယ်ကိုဖန်ဆင်းသောအရာတွင် ဧတဒဂ်ရသည်။ (၁၂)အရှင်မဟာပန်။ ။ ပညာဝိဝဋ္ဋအရာတွင်ဧတဒဂ်ရသည်။(ဝါ)ရူပါယစရစျာန တွင်အထူးလိမ္မာသောအရာတွင်ဧတဒဂ်ရသည်။ (၁၃)အရှင်သုဘူတိမထေရ်။ ။ကိလေသာကင်းနေသောအရာ၊မြတ်သောအလှူခံ ပုဂ္ဂိုလ်အရာ၊ထိုနှစ်ချက်လိမ္မာ သောအရာတွင်ဧတ ဒဂ်ရသည်။ (၁၄)အရှင်ရေဝတ                ။ ။ အာရညကင်သောအရာတွင်ဧတဒဂ်ရသည်။ (၁၅)အရှင်ကင်္ခ ါရေဝတ         ။ ။ စျာန်ဝင်စားသောအရာတွင်ဧတဒဂ်ရသည်။ (၁၆)အရှင်ကောဋိဝိသသောဏ။ ။ လုံ့လအားထုတ်သောအရာတွင်ဧတဒဂ်ရသည်။ (၁၇)အရှင်ကုဋိကဏ္ဏသောဏ  ။ ။ သာယာနာပျော်ဖွယ်ရွတ်ဖတ်သောအရာတွင်ဧ တဒဂ်ရသည်။ (၁၈)ရှင်သီဝလိ                    ။ ။ လာဘ်များသောအရာတွင်ဧတဒဂ်ရသည်။ (၁၉)ရှင်ဝက္ကလိ                    ။ ။ သဒ္ဒါအားကြီးသောအရာတွင်ဧတဒဂ်ရသည်။ (၂၀)ရှင်ရာဟုလာ                 ။ ။ သိက္ခာသုံးပါးကိုအလိုရှိသောအရာတွင်ဧတဒဂ် ရသည်။ (၂၁)ရှင်ရဌပါလ                   ။ ။ သဒ္ဒါ၍ရဟန်းပြုသောအရာတွင်ဧတဒဂ်ရသည်။ (၂၂)ရှင်ကောဏ္ဍဓာန            ။ ။ ရှေးဦးစွာစာရေးတံယူသောအရာတွင်ဧတဒဂ် ရသည်။ (၂၃)ရှင်ဝင်္ဂီသ                     ။ ။ ကဗျာ၊ဂါထာအကုံးအသီပညာလျင်သောအရာ တွင်ဧတဒဂ်ရသည်။ (၂၄) ရှင်ဥပသေန               ။ ။ ထက်ဝန်းကျင်ကြည်ညိုဖွယ်ရှိသောအရာတွင်ဧ တဒဂ်ရသည်။ (၂၅)ရှင်ဒဗ္ဗ                        ။ ။ အိပ်ရာနေရာခင်းတတ်သောအရာတွင်ဧတဒဂ် ရသည်။ (၂၆)ရှင်ပိလိန္ဒဝစ္ဆ                ။ ။ နတ်တို့ချစ်မြတ်နိုးအပ်သောအရာတွင်ဧတဒဂ်ရ သည်။ (၂၇)ရှင်ဒါရုစီရိယာ              ။ ။ တရားလျင်မြန်စွာသိတတ်သောအရာတွင်ဧတဒဂ် ရသည်။ (၂၈)ရှင်ကုမာရကဿပ             ။ ။ ဆန်းကြယ်သောစကားဆိုတတ်သောအရာတွင်ဧ တဒဂ်ရသည်။ (၂၉)ရှင်မဟာကောဌိက        ။ ။ ပဋိသမ္ဘီဒါဉာဏ်အရာတွင်ဧတဒဂ်ရသည်။ (၃၀)ရှင်အာနန္ဒာ                 ။ ။ တရားကျမ်းဂန်အကြားအမြင်များသော၊သတိမြဲ သော၊ပညာလျင်သော၊ လုံ့လရှိသော၊အလုပ်အ ကျွေးကောင်းသော၊ထို(၅) ချက်တွင်ဧတဒဂ်ရသည်။ (၃၁)ရှင်ဥရုဝေဠကဿပ           ။ ။ အခြံအရံများသောအရာတွင်ဧတဒဂ်ရသည်။ (၃၂)ရှင်ကာဠုဒါယီ              ။ ။ အမျိုးကိုကြည်ညိုစေတတ်သောအရာတွင်ဧတဒဂ် ရသည်။ (၃၃)ရှင်ဗာကုလ                 ။ ။ အနာကင်းသောအရာတွင်ဧတဒဂ်ရသည်။ (၃၄)ရှင်သောဘိတ             ။ ။ ပုဗ္ဗေနိဝါသဉာဏ်အရာတွင်ဧတဒဂ်ရသည်။ (၃၅)ရှင်ဥပလိ                   ။ ။ ဝိနည်းဆောင်သောအရာတွင်ဧတဒဂ်ရသည်။ (၃၆)ရှင်နန္နက                   ။ ။ ရဟန်းမိန်းမတို့ကိုဆုံးမတတ်သောအရာတွင်ဧတ ဒဂ်ရသည်။ (၃၇)ညီတော်ရှင်နန်            ။ ။ ဣန္ဒြေစောင့်စည်းသောအရာတွင်ဧတဒဂ်ရသည်။ (၃၈)ရှင်မဟာကပ္ပိ              ။ ။ ရဟန်းယောကျာင်္းတို့ကိုဆုံးမသောအရာတွင်ဧတ ဒဂ်ရသည်။ (၃၉)ရှင်သာဂတ                ။ ။ တေဇောကသိုဏ်းဝင်စားသောအရာတွင်ဧတဒဂ် ရသည်။ (၄၀)ရှင်ရာဓ                     ။ ။ ဒေသနာသစ်ထင်တတ်သောအရာတွင်ဧတဒဂ်ရ သည်။ (၄၁)ရှင်မောဃရာဇာ          ။ ။ ညစ်ညွမ်းခေါင်းပါးသောသင်္ကန်းကိုဆောင်ရာတွင် ဧတဒဂ်ရသည်။ ““ဧတဒဂ်””ရ၊ရဟန်းမိန်းမ(၁၃)ပါး”” (၁)မိထွေးတော်မဟာပဇာပတိဂေါတမီ ။ ။နေ့၊ညဉ့်အပိုင်းအခြားကိုသိတတ်သော အရာတွင်ဧတဒဂ်ရသည်။ (၂) ခေမာ                 ။ ။ ပညာကြီးသောအရာတွင်ဧတဒဂ်ရသည်။ (၃) ဥပ္ပလဝဏ်            ။ ။ တန်ခိုးအရာတွင်ဧတဒဂ်ရသည်။ (၄) ပဋာစာရီ              ။ ။ ဝိနည်းဆောင်သောအရာတွင်ဧတဒဂ်ရသည်။ (၅) ဓမ္မဒိန္န                 ။ ။ တရားဟောသောအရာတွင်ဧတဒဂ်ရသည်။ (၆) နန္နာ                    ။ ။ စျာန်ဝင်စားသောအရာတွင်ဧတဒဂ်ရသည်။ (၇) သောဏာ             ။ ။ လုံ့လအားထုတ်သောအရာတွင်ဧတဒဂ်ရသည်။ (၈) သကုလ                ။ ။ ဒိဗ္ဗစက္ခုဉာဏ်အရာတွင်ဧတဒဂ်ရသည်။ (၉) ဘဒ္ဒါကုဏ္ဍလကေသာ။ ။ လျင်စွာတရားကိုသိတတ်သောအရာတွင်ဧတဒဂ်ရ သည်။ (၁၀) ဘဒ္ဒါကာပိလာနီ     ။ ။ ပုဗ္ဗေနိဝါသဉာဏ်အရာတွင်ဧတဒဂ်ရသည်။ (၁၁) ဘဒ္ဒကစ္နာနာ         ။ ။ ဉာဏ်အမြင်ကြီးသောအရာတွင်ဧတဒဂ်ရသည်။ (၁၂) ကိသာဂေါတမီ       ။ ။ ညစ်ညွမ်းခေါင်းပါးသောသင်္ကန်းကိုဆောင်ရာတွင်ဧ တဒဂ်ရသည်။ (၁၃) သိင်္ဂ ါလမာတာ       ။ ။ သဒ္ဒါအားကြီးသောအရာတွင်ဧတဒဂ်ရသည်။ ....................................................................................................... ... ““ဧတဒဂ်””ရလူယောကျင်္ား(၁၀)ယောက် ... (၁)တပုဿနှင့်ဘလ္လိကာ။ ။ညီနောင်နှစ်ဦးသည်ရှေ့ဦးစွာသရဏဂုံဆောက်တည်သော အရာတွင်ဧတဒင်္ဂရသည်။ (၂) အနာထပိဏ်သူဌေး   ။ ။ ပေးလှူတတ်သောအရာတွင်ဧတဒင်္ဂရသည်။ (၃) စိတ္တသူကြွယ်           ။ ။ တရားဟောသောအရာတွင်ဧတဒင်္ဂရသည်။ (၄)ဟတ္တကာဠဝက        ။ ။သင်္ဂဟဝတ္ထုလေးပါးတို့နှင့်သင်္ဂြိလ်တတ်သောအရာတွင် ဧတဧတဒင်္ဂရသည်။ (၅)မဟာနာမ်သာကီဝင်  ။ ။အခါမပြတ်၊အမြတ်အကောင်းပေးလှူတတ်သောအရာ တွင်ဧတဒင်္ဂရသည်။ (၆) ဝေသာလီမြို့နေဥဂ္ဂသူကြွယ်။ ။ နှစ်သက်ရာအမြတ်ကိုပေးလှူတတ်သောအရာ တွင်ဧတဒင်္ဂရသည်။ (၇) ပတ္ထိဂါမရွာနေဥဂ္ဂတသူကြွယ်။ ။ သံဃာကိုလုပ်ကျွေးတတ်သောအရာတွင်ဧတဒ င်္ဂရသည်။ (၈) သူရဗန်                 ။ ။ မတုန်မလှုပ်ကြည်ညိုသောအရာတွင်ဧတဒင်္ဂရသည်။ (၉) ဇီဝက                   ။ ။ ပုဂ္ဂိုလ်ကိုကြည်ညိုတတ်သောအရာတွင်ဧတဒင်္ဂရသည်။ (၁၀) နကုလပိတာ         ။ ။ အကျွမ်းဝင်သောအရာတွင်ဧတဒင်္ဂရသည်။ ““ဧတဒဂ်””ရလူမိန်းမ(၁၀)ယောက်”” (၁)သေနိယသူဌေးသမီးသုဇာတာ ။ ။ ရှေ့ဦးစွာသရဏဂုံဆောက်တည်သောအရာ တွင်ဧတဒင်္ဂရသည်။ (၂)ဝိသာခါ             ။ ။ ပေးလှူတတ်သောအရာတွင်ဧတဒင်္ဂရသည်။ (၃)ခုဇ္ဇုတ္တရာ           ။ ။ အကြားအမြင်များသောအရာတွင်ဧတဒင်္ဂရသည်။ (၄)သာမာဝတီ        ။ ။ မေတ္တာဖြင့်နေသောအရာတွင်ဧတဒင်္ဂရသည်။ (၅)နန္ဒမာတာဥတ္တရာ ။ ။ စျာန်ဝင်စားသောအရာတွင်ဧတဒင်္ဂရသည်။ (၆)ကောလိယမင်းသမီးသုပ္ပဝါသာ။ ။အကောင်း၊အမြတ်ပေးလှူတတ်သောအရာတွင် ဧတဒင်္ဂရသည်။ (၇)သုပ္ပိယာ            ။ ။ သူနာကိုလုပ်ကျွေးတတ်သောအရာတွင်ဧတဒင်္ဂရသည်။ (၈)ကာတိယာနီ       ။ ။ မတုန်မလှုပ်ကြည်ညိုသောအရာတွင်ဧတဒင်္ဂရသည်။ (၉)နကုလမာတာ     ။ ။ အကျွမ်းဝင်သောအရာတွင်ဧတဒင်္ဂရသည်။ (၁၀)ကာဠိဒါယိကာမ ။ ။ တစ်ဆင့်ကြား၍ကြည်ညိုသောအကျွမ်းဝင်သောအရာတွင် ဧတဒင်္ဂရသည်။ မှတ်ချက် ။ ။ရွှေမင်းဝန်ဦးဘုန်းမြင့်ရေးသော(တောင်တွင်းဆရာတော်ခင်ကြီးပျော် ၏လောကီ၊လောကုတ္တရာ)အမေးအဖြေကျမ်းမှကိုးကားသည်။
https://www.dhammaransi.com/index.php/new/601-2016-05-11-11-01-07.html
စေတနာနှင့်တူသော အဆ
စေတနာ နှင့်တူသော အဆ ********************** ဒါနပြုသည် ဆိုသည်မှာ မိမိပိုင် ပစ္စည်းဥစ္စာ ငွေကြေး စသည်ဖြင့် တစ်ခုခုကို သူတစ်ပါးအား ပေးခြင်းဖြစ်သည်။ မိမိပစ္စည်းအား သူတစ်ပါးပိုင်ဆိုစေလိုသည့် မေတ္တာစေတနာ အရင်းခံရသည်။ ဒါနတစ်ခု ပြုရာတွင် မေတ္တာအရင်းခံမှသာ ဒါန၏စွမ်းအားကြီးမားပါသည်။ ဥပမာ နေပူထဲမှ ရောက်လာသော ဧည့်သည်က ရေတခွက်လောက် သောက်ပါရစေ ဟု ခွင့်တောင်းကာ ရေတောင်းလာပါက မိမိမအားလပ်သည့်အချိန်ဖြစ်နေပါက သို့မဟုတ် စိတ်မကြည်လင်ဖြစ်နေချိန်ဖြစ်နေပါက ထိုရေတခွက်ကို ပေးရန် အတွက် အစဖြစ်သော စေတနာသည် အားမကောင်းပဲ ၊ ဒေါမနဿအရင်းခံသော စေတနာဖြင့် ရေတခွက်ကို ပေးကောင်းပေးမည်။ သို့မဟုတ် ယူသောက်ရန် ညွှန်ပြလျှင်ပြမည်၊ သို့မဟုတ် ရေရှိရာနေရာကို မေ့ငေါ့ပြလျှင်ပြမည်။ ဤတွင် မိမိ ၌ ရေတခွက် ကုန်သွားတာချင်းအတူတူ မိမိထံသို့ ပြန်လာမည့် ထိုရေလှူခြင်း၏ အကျိုးများကား မတူတော့ချေ။ မိမိစေတနာ အလှည့်ပေါ်မူတည်၍ ကွဲပြားပေလိမ့်မည်။ ရေလာတောင်းသူအား ချွေးသံရဲရဲဖြင့် ရေဆာလာသည်ကို မြင်ရသဖြင့် သနားသွားပြီး ရေတစ်ခွက်အား သောက်ပါစေ... သူအမောပြေပါစေ...။ သူ အားရပါးရရေသောက်နေတာကိုကြည့်ပြီး ကြည်နူးပီတိဖြစ်နေပါက ထိုဒါနသည် အားကြီးသော အလှူဖြစ်မည်မှာသေချာသည်။ ဤကား ပေးလှူသူဘက်မှ ထားရှိသင့် စေတနာနှင့်ဆိုင်သော အကျိုးများဖြစ်သည်။ အလှူခံပုဂ္ဂိုလ်၏ သီလ သမာဓိ ပညာဂုဏ်ပေါ်မူတည်၍လည်း အကျိုးပေးများ ကွဲပြားသေးသည်။ အနိမ့်ဆုံး တိရစ ္ဆာန်ကို ပေးကမ်းလျှင်ပင် တန်ပြန် အဆ တစ်ရာ ရှိသည်။ သီလ မရှိ ဆိုးသွမ်းသော လူမိုက်များကို ပေးကမ်းလျှင် အဆ တစ်ထောင် သီလ ဖြည့်ကျင့်နေသော သူများကို လှူဒါန်းလျှင် အဆ တစ်သောင်း ကိလေသာကင်းအောင် ကျင့်နေသူများကို လှူဒါန်းလျှင် အဆ တစ်သိန်း သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ၊ ပစ္စေကဗုဒ္ဓါ၊ ဘုရားရှင်တို့ကို လှူဒါန်းလျှင်ကား အဆ များစွာ မရည်မတွက်နိုင်အောင်ပင် အကျိုးများလှပေသည်။ မည်သည့်အလှူခံ အမျိုးအစားမဆို မိမိက စေတနာထက်သန်စွာ လှူဒါန်းမှသာလျှင် အားကြီးသော ဒါနမြောက်မည်ဖြစ်သည်။ ယ္ခု ခေတ်တွင် လှူကား လှူကြပါသည်။ မေတ္တာစေတနာအား နည်းသောကြောင့် ထင်၏ များများလှူသလောက် အကျိုးပေး နည်းနည်းသာရကြသည်။ မလှူခင်ဖြစ်ပေါ်သော လှူချင်သည့် စိတ်စေတနာ၊ လှူနေတုံးဖြစ်ပေါ်သောပီတိ၊ လှူပြီးနောက် မိမိအလှူကို တွေးတွေးပြီး ခံစားနေသောကြည်နူးမှု တို့နှင့် ပြည့်စုံပါမှ စေတနာသုံးတန် ပြတ်သားသော အလှူမည်ပေ၏။ မလှူခင် လှူချင်သည့် စေတနာကို ပုဗ္ဗစေတနာ(ရှေးဦးစေတနာ) လှူနေတုံး မိမိအလှူကို အားရကြေနပ်ဖြစ်နေသော ပီတိ ကို မုဥ္စစေတနာ(အလယ်စေတနာ) လှူပြီးနောက် မိမိအလှူအား တွေးတွေးပြီးခံစားသောကြည်နူးမှု ကို ပရစေတနာ(အဆုံးစေတနာ) အဲလို စေတနာသုံးခု တွင် မေတ္တာဓာတ်ပြည့်ဝပြီး ကြည်လင်အေးမြနေပါက ထိုအလှူ၏ အကျိုးပေးပါက အားကြီးပေလိမ့်မည်။ သို့တည်းမဟုတ် မလှူခင်ကလည်း မကောင်းတတ်၍သာ ပေးရသည်ဆိုပါက ရှေးဦးစေနာပျက်၏။ ပေးဆဲ ကမ်းဆဲမှာလည်း မိမိဟာကို နှမြော... ပေးပြီးတော့လည်း အင်း ခုချိန်ဆို မျိုဆို့နေကြရော့မယ်... ဆိုလျှင်တော့ အဆိုပါ ပေးကမ်းမှုသည် ဒါနမမြောက်ပေ။ အချီးနှီးကုန်သွားခြင်းဖြစ်သည်။ ပြန်မရတော့။ လျော့တာချင်းတူတူ စေတနာလေးသာ ထည့်လိုက်ပါက ဆန့်ကျင်ဘက်ရလာဒ် ဖြစ်ပေမည်။ ပေးတတ်ကြပါစေ...လို့...။ (အတ္တ blog မှတဆင့်ဓမ္မဒါနကူးယူတင်ပြအပ်ပါသည်ခင်ဗျာ)
https://www.dhammaransi.com/index.php/new/602-2016-05-11-09-57-33.html
ကမ္ဘာမြေပြင်တွင်ပထမဦးဆုံးစေတီ ရွှေတိဂုံစေတီတော် သမိုင်း
ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဉာဏ်တော်မှာ ဖိနပ်တော်မှ စိန်ဖူးတော်ထိ (၃၂၆) ပေဖြစ်ပြီး ရန်ကုန်မြို့ရှိ သိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် တည်ရှိသည်။ လေးဆူဓာတ်ပုံ ရွှေတိဂုံ ဟုလည်း ခေါ်တွင်သည်။ စေတီအစ ရွှေတိဂုံက ဟုဆိုကြသည်။ ■ အမည်ခေါ်တွင်ပုံ- ရန်ကုန်တိုင်းကို မွန်လူမျိုးတို့သည် ဒဂုံတိုင်းဟု သမုတ်ခဲ့ကြသည်။ ဒဂုံတိုင်းမှာ တည်ထားသော ဘုရားဖြစ်သည့် အတွက်ကြောင့် ဒဂုံတိုင်းကဘုရားဟု ခေါ်ဝေါ်ပြောဆိုခဲ့ကြသည်။ မွန်ဘာသာဖြင့် ကျာ်လဂုင် ဟုရေးသားပြီး ကျိုက်လဂုံဟုအသံထွက်ဆိုခဲ့ကြသည်။ တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သော အလောင်းမင်းတရားကြီးလက်ထက်တွင် မွန်တို့ကို တိုက်ခိုက်အောင်မြင်ပြီးနောက် ဒဂုံကို ရန်ကုန်ဟုအမည်နာမ ပြောင်းလည်ခဲ့သည်။ ကျိုက်လဂုံကို ကျိုက်ဒဂုံဟု ခေါ်ဆိုကြသည်။ နောက်ပိုင်းတွင် ကျိုက်လဂုံ(သို့) ကျိုက်ဒဂုံသည် မြန်မာပြည်၏ မူပိုင်သင်္ကေတ အဖြစ်ကျော်ကြားလာခဲ့သည်။ မူပိုင်ကျိုက်ဆိုသော စကားလုံးနေရာတွင် ရွှေနိုင်ငံ(Golden land)ကို ကိုယ်စားပြုသော ရွှေ ဆိုသော စကားလုံးဖြင့် အစားထိုးခဲ့ကြသည်။ ထို့အတူ လဂုံ လိုလို ဒဂုံလိုလိုဖြစ်နေသောစကားလုံးကိုလည်း တိဂုံ ဖြင့် အတည်ပြုပေးလိုက်ကြသည်။ ထိုအချိန်မှစ၍ ကျိုက်လဂုံ သည် မြန်မာပြည်တွင်မှာ သာမက ကမ္ဘာ ့ တဝှမ်းမှာ ရွှေတိဂုံ ဟူသော အမည်နာမဖြင့် ခေါ်ဝေါ်ခဲ့ကြသည်။ ■ သမိုင်းကြောင်း- သဗ္ဗညု မြတ်စွာဘုရားရှင်သည် ဗောဓိပင်ရင်း သတ်္တဌာန၌ (၇)ရက်စီ အလှည့်ကျစံတော်မူပြီး (၄၅)ရက် သီတင်းသုံး နေတော်မူ ခဲ့သည်။ ဤသို့ နေတော်မူ (၄)ရက်ပြည့်မြောက်ပြီး နောက် တစ်နေ့၌ ““ရာပဒတန်သတ်္တဟ”” ဖြစ်သည့် လင်းလွန်းပင်ရင်း၌ သီတင်းသုံး စံတော်မူစဉ်ကာလ။ ■ကုန်သည်ညီနောင်- ထိုစဉ်ကာလ၌ မွန်တို့ဌာနေ၊ ဥက္ကလာပမင်းကြီး၏ နိုင်ငံတော်တွင် ပါဝင်သော အသိ ဉ္စနမြို့၌ သုဝဏ္ဏအမည်ရှိသော သူဌေးကြီးတစ်ဦးရှိလေသည်။ ထိုသူဌေးကြီးတွင် တဖုဿ နှင့် ဘလ္လိက ဟူသော သားနှစ်ယောက်ရှိသည်။ ၎င်းတို့သည် ကုန်သည်များ ဖြစ်ကြသည်။ ၎င်းကုန်သည် ညီနောင်တို့သည် ကုန်များကို သင်္ဘောဖြင့် တင်ဆောင်ကာ မဇျ္စိမဒေသသို့ ကုန်ရောင်းသွားကြသည်။ မဇျ္စိမဒေသပင်လယ်ဆိပ်ကမ်းသို့ ရောက်သောအခါ သင်္ဘောကို ဆိုက်ကပ်ကျောက်ချ၍ ကုန်များကို လည်းအစီးပေါင်း (၅၀၀)ပေါ်သို့ တင်ဆောင်ကာ မဇျ္စိမဒေသ၌ လှည့်လည်ရောင်းချကြသည်။ တဖုဿ နှင့် ဘလ်္လိက ကုန်သည်ညီနောင်အဖွဲ့သည် ဗောဓိပင်အနီးသို့ ရောက်ရှိ လာခဲ့ကြ၏။ ကုန်သည်တို့ မဟာဗောဓိပင် အနီးသို့ရောက်ပြီး တစ်နေ့ သို့မဟုတ် တစ်ည၌ ရုက္ခစိုးနတ်သည် ကုန်သည်ညီနောင်အား ကိုယ်ထင်ပြခဲ့၏။ ကုန်သည်ညီနောင်တို့သည် ရုက္ခစိုးနတ်အား မြင်လျှင် အံ့သြသွားကြ၏။ အသင်မည်သူနည်း ဟုမေး၏။ ရုက္ခစိုးနတ်က .`အမောင်တို့ နားထောင်လော့ ကျွန်ုပ်က တခြားမဟုတ်၊ ကျွန်ုပ်သည် ဟိုးဘဝက အမောင်တို့နှင့် ဆွေမျိုးတော်စပ်ခဲ့သူများ ဖြစ်ပြီး၊ ကျွန်ုပ်သည် ဟိုးရှေးဘဝက ကောင်းမှုကောင်းကျိုးများ ပြုခဲ့သူ ဖြစ်သဖြင့် ယခုဘဝတွင် ရုက္ခစိုးနတ်ဖြစ်ခဲ့သည်။ အမောင်တို့ ယခု သင်တို့ထံသို့ ရောက်ခဲ့သည်မှာ သင်တို့နှင့်ကျွန်ုပ်သည် ယခင် ဘဝဆွေမျိုးတော်စပ်ဖူးသူ ဖြစ်သဖြင့် သင်တို့အား အကျိုးပြုရန် ဤသို့ ကိုယ်ထင်ပြရခြင်းဖြစ်သည် အမောင်တို့´ဟုပြောသည်။ ကုန်သည်ညီနောင်က `အသင်က မည်သို့ အကျိုးပြုဖို့လာသနည်း´ဟု ရုက္ခစိုးနတ်ကို မေး၏။ ထိုအခါ ရုက္ခစိုးနတ်က`နားထောင်လော့ အမောင်တို့ ကျွန်ုပ်သင်တို့အား အကျိုးပြုသည်ဆိုသည်မှာ အခြားမဟုတ်ပါ။ ပြောရလျှင် အမောင်တို့ ရောက်ရှိနေသည့် မဇ္ဈိမဒေသတွင် သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရားဟာ ပွင့်တော်မူပြီး လင်းလွန်းပင်ခြေရင်းမှာ သီတင်းသုံး စံတော်မူနေတာမို့ အမောင်တို့ သွားရောက် ပူဇော်လော့ တိုက်တွန်းလမ်းညွှန်လိုတယ် အမောင်တို့´ဟုဆိုလျှင် တဖုဿ နှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့ အလွန်တရာ ဝမ်းမြောက်ကြည်နူးသွားကြ၏။ ချက်ခြင်းပင် “ဒါဆို ကျွန်ုပ်အား လမ်းညွှန်ပြပါ ရုက္ခစိုးနတ်” ဟုပြော၏။ “ကောင်းပြီ ၊ အမောင်တို့၊”ထို့နောက် ရုက္ခစိုးနတ်သည် တဖုဿ နှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့အား ဘုရားရှင် သီတင်း သုံးရာ လင်းလွန်းပင်အား လမ်းညွှန်ပြခဲ့၏။ သည်အခါ ကုန်သည် ညီနောင်တို့သည် သဒ္ဒါပီတိအပြည့်နှင့် ဘုရားရှင် သီတင်းသုံးရာ လင်းလွန်းပင်ရင်းသို့ သွားကြ၏။ မြတ်စွာဘုရားရှင်အား မုန့်ကြွပ်ကြော်၊ ပျားမုန့်ထုပ် တို့နှင့် ဘုရားရှင်အား လှူ ဒါန်း ပူဇော်ခြင်းပြု၏။ ■ပထမဆုံး သရဏဂုံတည်သူ- ကုန်သည်ညီနောင်တို့ မြတ်စွာဘုရားရှင်အား မုန့်ကြွပ် ကြော်၊ ပျားမုန့်ထုပ်တို့နှင့် ပူဇော်သက္ကာကပြု လှူ ဒါန်းခဲ့သည်။ ဘုရားရှင်မှ ဤသို့ လှူ ဒါန်း ပူဇော်ခဲ့သည့်အတွက် ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏ ဂစ္ဆာမိ ဟူသည့် “ဒွေးဝါဓိက” သရဏံဂုံ တည်ခဲ့ကုန်၏။ ထိုစဉ်က “ဘုရားရတနာ၊ တရားရတနာ” တည်းဟူသည့် “ရတနာနှစ်ပါး”သည်သာ ပေါ်ထွန်းခဲ့ပြီး၊ သံဃာရတနာသည် ပေါ်ပေါက်ခဲ့ခြင်းမရှိသေးပေ။ ထို့ကြောင့် လူသူအများသည် ရတနာနှစ်ပါးအားသာ ဆည်းကပ်ပူဇော်နေကြကုန်၏။ ဗုဒ္ဓဝင်သမိုင်းကို ပြန်ကြည့်လျှင် ဂေါတမဘုရားရှင် လက်ထက်၌ တဖုဿ နှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့သည် ထူးခြားစွာ ဘုရားရှင်အား ပထမဆုံး ဆွမ်းကပ်ရသူနှင့် ပထမဆုံး သရဏဂုံ တည်သူများ ဖြစ်ခဲ့၏။ ■ ဆံတော်ရှစ်ဆူ- ဘုရားရှင်အား ပူဇော်ခွင့်၊ ဆွမ်းကပ်ခွင့်ရခဲ့သည့်အတွက် ပီတိဖြစ်ခဲ့ရသည်။ တဖုဿ နှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့သည် ဆွမ်းကပ်လှူ ပူဇော်ပြီးလျှင်.“အရှင်ဘုရား၊ တပည့်တော်တို့ အရှင်မြတ်ဘုရားအား ထာဝရကိုးကွယ်ဆည်းကပ်ပူဇော်နိုင်ရန် ဘုရားရှင်ကိုယ်စား ပူဇော်ရာ တစ်ခုအား ပေးသနားတော် မူပါဘုရား” ဟုလျှောက်ထား လေ၏။ “ကောင်းပြီးချစ်သားတို့” မိန့်တော်မူပြီး သကာလ ဦးခေါင်းတော်အား သုံးသပ်ပြီး ဆံတော်မြတ် (၈)ဆူအား ကုန်သည်ညီနောင်တို့ အားပေးသနားတော်မူရာ တဖုဿ နှင့် ဘလ်္လိက ကုန်သည် ညီနောင်တို့သည် ဝမ်းမြောက်ပီတိ အပြည့်နှင့် ဗုဒ္ဓဘုရားရှင်၏ ဆံတော်(၈)ဆူအား သင်္ဘောနှင့်ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည် သို့ ပြန်ခဲ့၏။ တဖုဿ နှင့် ဘလိ်္လက ကုန်သည်ညီနောင်တို့ ဘုရားရှင်၏ ဆံတော်(၈)ဆူအား ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည်သို့ ပြန်လာလျှင် ဥက္ကလာပတိုင်း၏ ပြည့်ရှင်မင်းမြတ် ဥက္ကလာပမင်းကြီး နှင့်တကွ ပြည်သူတို့က သောင်းသောင်းဖျဖျ ကြိုဆိုကာ ဖူးမျှော် ကြည်ညိုကြ၏။ ■နောင်တော်ကြီးစေတီ- ထို့အတူ ဆံတော်(၈)ဆူအား စေတီတော်အဖြစ် တည်ထား ကိုးကွယ်ရန် ဆုံးဖြတ်ကြ၏။ စေတီတော်အား “သိင်္ဂုတ္တရကုန်းတော်” ၌ တည်ထားကိုးကွယ်ရန် မင်းနှင့်ပြည်သူတို့က ဆုံးဖြတ်ပြီး သိင်္ဂုတ္တရ ကုန်းတော်သို့ ပင့်ဆောင်ခဲ့၏။ သိဂုင်္တ္တရကုန်းတော် သို့ရောက်လျှင် ဗုဒ္ဓဘုရားရှင်၏ ဆံတော်(၈)ဆူအား ကြီးကျယ်ခန်းနားသည့် စံကျောင်း၊ မဏ္ဍာပ်ကြီး ဆောက်လုပ်၍ပူဇော်ခဲ့သည်။ ယင်းစံကျောင်း မဏ္ဍာပ်နေရာ၌ အထိမ်းအမှတ်စေတီတစ်ဆူ တည်ထားခဲ့ကြ၏။ ထိုစေတီသည် “နောင်တော်ကြီးစေတီ”ဟု အမည်တွင်၏။ ဌာပနာထားသော ဓာတ်တော်မြတ် ၄-ပါး- ဥက္ကလာပမင်းကြီးတည်ထားကိုးကွယ်တော်မူသော ရွှေတိဂုံ စေတီတော်ကြီး၌ ဘုရား ၄-ဆူ၏ ဓာတ်တော်မြတ်လေးဆူကို ဌာပနာထားသည်ဟု အဆိုရှိသည်။ ဗုဒ္ဓမြတ်စွာတို့၏ ဆံတော်မြတ်၊ ဓာတ်တော်မြတ်တို့အား ရန်သူတို့ အလွယ်တကူ မဖျက်ဆီးနိုင်ရန်အတွက် နတ်တို့သည် ဌာပနာ တိုက်ထည့်သွင်းတည်ရန် ကြံရွယ်ပြီး သိဂုင်္တ္တရကုန်းတော် အလယ်တည့်တည့်၌ “ဇောက် ၄၀၄တောင်၊ အနံ ၄၄ တောင်ရှိသည့် ဥမင်လိုဏ်ခေါင်းတစ်ခုတူးခဲ့၏။ ထိုဥမင်လိုဏ်ခေါင်းအတွင်း၌ (၁) ဆူးလေနက်ကြီးထံမှ ရရှိသော ကကုသန္ဓ(ကကုသန်)မြတ်စွာဘုရားရှင်၏ တောင်ဝှေးတော် (၂) ရောဟဏီမည်သော ဗိုလ်တထောင်နတ်ကြီးထံမှရရှိသည့် ကောဏာဂမန(ကောဏာဂုံ)မြတ်စွာဘုရားရှှင်၏ ရေစစ်တော် (၃) ဒက္ခိဏ မည်သော သင်္ကန်းကျွန်း ကျိုက္ကဆံ နတ်ကြီးထံမှ ရရှိသည့် ကဿ ပမြတ်စွာဘုရားရှင်၏ ရေသနုပ်သင်္ကန်းတော်မြတ် (၄) တဖုဿ နှင့် ဘလ္လိက ညီနောင်တို့ထံမှ ရရှိသော ဂေါတမမြတ်စွာဘုရားရှင်၏ ဆံတော်မြတ်(၈)ဆူ အား မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပေါင်း လပြည့်နေ့၌ ကျောက်ဖျာအခင်းအကာများ ပြုလုပ်၍ ဌာပနာတိုက် ထည့်သွင်းတော်မူခဲ့သည်။ ထိုဆံတော်ဓာတ်တို့ကို အမြိရသ မည်သော မှော်ဘီနတ်ကြီးက စောင့်ရသည်ဟု မော်ဓော ရာဇာဝင်သမိုင်းနှင့် ရွှေတိဂုံသမိုင်း၊ အခြား ပညာရှိတို့ကဆိုကြသည်။ ထို့နောက် ကျောက်ဖျာတိုက်၏ အထက် ၌ ကျောက်ဖျာတင်၍ ဌာပနာတိုက်အား ပိတ်ခဲ့၏။ သာသနာအစရွှေတိဂုံက- ဥက္ကလာပမင်းကြီးနှင့် ပြည်သူများပူးပေါင်း၍ ဌာပနာ တိုက် ကျောက်ဖျာအထက်၌ ဉာဏ်တော်(၄၄)တောင် အမြင့်ရှိသည့် စေတီတော်မြတ်တစ်ဆူအား တည်ထားကိုးကွယ်ခဲ့ပြီး ထိုစေတီအား “တိဂုမ္ဗစေတီတော်”ဘွဲ့ချီမော်ကွန်း ထိုးခဲ့၏။ ထို “တိဂုမ္ဗစေတီတော်”သည် ဂေါတမဘုရားရှင်၏ သာသနာတော်မှာ ကမ္ဘာမြေပြင်တွင် ပထမဦးဆုံးစေတီဖြစ်၏။ ထို့ကြောင့် မြန်မာနိုင်ငံ၌“သာသနာအစ ရွှေတိဂုံက”ဟု ကဗ္ဗည်းထိုး မော်ကွန်းတင်ခဲ့ပြီ ဖြစ်သတည်း။
https://www.dhammaransi.com/index.php/new/603-2016-05-11-09-56-19.html
ရှင်သီဝလိ အကြောင်း နှင့် ဂါထာတော်
****************************** ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ကပင် ဖြစ်ပါသည်။ မြတ်စွာဘုရား၏ ဆွေတော်မျိုးတော်ဖြစ်သော ကောလိယသာကီဝင်မင်းသားနှင့် သုပ္ပဝါသာ သာကီဝင်မင်းသမီးတို့သည် ရှင်သီဝလီမထေရ်မြတ်၏ ခမည်းတော်နှင့် မယ်တော် မိဘနှစ်ပါး ဖြစ်လေသည်။ ရှင်သီဝလီမထေရ်မြတ်အလောင်း သန္ဓေတော် ခ နေစဉ်မှာပင် ပစ္စည်းဘဏ္ဍာ ရတနာဆက်သကြသူများပြားလျက် လာဘ်ရွှင်ခြင်း၏အစ နိမိတ်ပြခဲ့သည်။ ပစ္စည်းဥစ္စာ ရတနာဘဏ္ဍာတိုက်တွင်းမှ ထုတ်ယူသုံးစွဲသော်လည်း ပြည့်မြဲ ပြည့်လျက်သာ၊ ကုန်ခန်းသွားသည် မရှိ၊ လာဘ်လာဘ ပြည့်ဝခြင်းဖြင့် ကောင်းခြင်းများစွာ အကျိုးပြုခဲ့လေ၏။ သို့သော် ၁၀-လနှင့်လည်းမဖွား။ လ-၂ဝနှင့်လည်း မဖွားဘဲ သမားတော်ကြီးများပင် ဉာဏ်မြင်သမျှ ရောဂါရှာကြသော်လည်း ရောဂါမတွေ့၊ ဝေဒနာ မရှိ၊ ခုနစ်နှစ် တိတိကြာလေတော့သည်။ ထိုခုနစ်နှစ်မှ လွန်မြောက် ခုနစ်လ ရောက်သောအခါမှာမူ သုပ္ပဝါသာ မင်းသမီးမှာ ကမ္မဇလေ လှုပ်ရှားပြီး ဗိုက်နာ၍ လာသော်ငြား မွေးဖွားမည့်ပုံ မပေါ်၊ အချီတော် အချော့တော် နန်းတော်မှာ ခစားကြကုန်သော သမားအကျော် ဟူရားတော်များနှင့်တကွ လက်သည်တော် မောင်းမများ ပြုစုကြငြားသော်လည်း မထူး၍ သက်သာဖြစ်မလာဘဲ နာမြဲနာနေရာ ခုနစ်ရက် ပြည့်သည့်နေ့၌ မအောင့်နိုင်ဘဲ ကောလိယမင်းသားကို မြတ်စွာဘုရားထံ စေလွှတ်၍ ဝေဒနာကို ကယ်မတော်မူပါရန် လျှောက်တင်ခိုင်းလေသည်။ ကောလိယမင်းသားလည်း မြတ်စွာဘုရား၏ နှမတော်သော သုပ္ပဝါသာ မင်းသမီး၏ အဖြစ်ကို သွားရောက် လျှောက်ထားရာ - “သုပ္ပဝါသာသည် သားရတနာကို ချမ်းသာစွာ ဖွားမြင်လိမ့်မည်” ဟု အမိန့်တော် ရှိလိုက်ရာ ကောလိယမင်းသား အိမ်တော်ပြန်ရောက်သောအခါ သုပ္ပဝါသာသာ သားရတနာကို ဖွားမြင်ပြီး ဖြစ်နေသည်ကို ဝမ်းမြောက်စွာ တွေ့ရလေတော့သည်။ မြတ်စွာဘုရားက ချမ်းသာသွာ မွေးဖွားလိမ့်မည်ဟု ပြောသောစကားအရ “သီဝလိ”ဟူသော အမည်ကို ပေးလိုက်ကြလေသည်။ အမိဝမ်းတွင်းမှာ ခုနစ်နှစ်၊ ခုနစ်လ၊ ခုနစ်ရက်တိတိ နေခဲ့ရသော သီဝလိ သတို့သားမှာ မွေးဖွား သန့်စင်သည်နှင့် တစ်ပြိုင်နက် ခုနစ်နှစ်အရွယ်ပမာဏ ရုတ်တရက်ပြောင်းလဲခဲ့သည်ဖြစ်ရာ သိတတ်၊ ရှက်တတ်သောအရွယ်တော်သို့ ရောက်ရှိလာခဲ့လေသည်။ မီးဖွားသန့်စင်ပြီး ခုနစ်ရက်ကျော်လွန်သောအခါ မြတ်စွာဘုရားရှင်နှင့် သံဃာတော်များအား အိမ်တော်သို့ ပင့်ဖတ်ပြီး သီဝလိကလေးအတွက်ဆွမ်းကပ်လှူဒါန်း ကြသည်။ ထိုဆွမ်းကပ်လှူပွဲတွင် ရှင်သာရိပုတ္တရာက အမိဝမ်းတွင်း၌ ပဋိသန္ဓေ နေရခြင်းဒုက္ခကို သိပါလျှင် တရားချမ်းသာရရန် ရဟန်းပြုသင့်ကြောင်း တရားဟောလေရာ သီဝလိသတို့သားမှာ မိဘနှစ်ပါးထံ ခွင့်ပန်၍ သာသနာ့အမွေ ခံယူလေတော့သည်။ ရှင်သာရိပုတ္တရာသည် သီဝလိသတို့သားလေးကို ကမ္မဋ္ဌာန်းပေး၍ ဆင်ခြင်စေကာ ဆံချပေးလေရာ ဆံချပြီးသည်နှင့် တစ်ပြိုင်နက် အာသဝေကုန်ခမ်း၍ ရဟန္တာဖြစ်သွားလေ တော့သည်။ လှူဒါန်းသူ ပေါများလှ၍ လာဘ်လာရွှင်လန်းသဖြင့် ဧတဒဂ်ရ မဟာသာဝက အပါအဝင် “လာဘ်လာဘ ဧတဒဂ်ရ -ရှင်သီဝလိ” ဟု မြတ်စွာဘုရားက အသိအမှတ်ပြု မိန့်တော်မူသည်က စ၍ “ရှင်သီဝလိ ပရိတ်ဂါထာ မန္တာန်တော်” ဟု ဖြစ်ပေါ်ရွတ်ဆိုပွားများခဲ့ကြပါသည်။ =============================== ``ရှင်သီဝလိဂါထာ ပါဠိ ´´ ***************** ၁။ သီဝလီ စ မဟာနာမံ၊ သဗ္ဗလာဘံ ဘဝိဿ တိ။ ထေရဿ အနုဘာဝေန၊ သဗ္ဗေ ဟောန္တု ပိယံ မမ။ ၂။ သီဝလိ စ မဟာဝီရော ယေ ယေ ပဿန္တု မံ ပိယံ။ တေ တေ ပဿန္တု ပရမံ၊ ဇနပဒါ ပူဇယန္တု။ ၃။ သီဝလိ နာမ ထေရေန၊ မမသီသေ ဌပေတွာန၊ ဇမ္ဗူဒီပ မဏ္ဍလေန၊ ဇယောမန္တာ သုခါဝဟံ။ ၄။ သီဝလိ စ မဟာနာမံ၊ ဣန္ဒာဒေဝါ သဗြဟ္မကာ။ မနုဿပုရိသော ဣတ္ထိ၊ မဟာလာဘံ ဘဝိဿတိ။ ၅။ သီဝလိ စ မဟာလာဘံ၊ နာနာဒေဟိ ဝရံ ဝရံ။ ဣဒမ္ပိ ပူဇာတံ ဒေတိ၊ မဟာသုခံ ဘဝိဿတိ။ ၆။ ဝဏ္ဏံ ဒန္တံ သုခံ ကိတ္တိ၊ အနာမယံ ဘဝေ ဘဝေ။ တဝရုက္ခေ ဒေဝဓိတာ၊ သဗ္ဗကောဓံ ဝိနဿန္တု။ ၇။ သီဝလိ စ မဟာလာဘံ၊ သဗ္ဗလာဘံ ဘဝိဿတိ။ ထေရဿ အာနုဘာဝေန၊ သဒါ ဟောတု ပိယံ မမ။ ၈။ သီဝလိ စ မဟာထေရော၊ ယေ ယေ ပဿန္တု မံ ပိယံ။ တေ တေ ပဿန္တု မံ ပိယံ၊ ဇနပ္ပဒံ ပူဇယန္တု။ ၉။ သီဝလိ စ မဟာထေရော၊ မမ သီသေ ဌပေတွာန။ မန္တိတေဇ ဇယောမန္တံ၊ အဟံ ဝန္ဒာမိ သဗ္ဗဒါ။ ၁၀။ သီဝလိ စ မဟာထေရော၊ ဒေဝမနုဿ ပူဇိတော။ သောရဟော ပစ္စယာဒီနံ၊ မဟာလာဘံ ကရောတု မေ။ ============================= [ by Copy ] [ ဗုဒ္ဓစာပေ နှင့် ဘဝဒဿနစာများ စုစည်းရာ ]
https://www.dhammaransi.com/index.php/new/604-2016-05-11-09-55-28.html
မြတ်စွာဘုရား၏ ထူးခြားအံ့ဩဖွယ်ရာများ
တစ်နေ့ ဇေတဝန်ကျောင်းတိုက် ဓမ္မာရုံကြီးအတွင်း မြတ်စွာဘုရားက“ အာနန္ဒ ငါဘုရား ရဲ့ အံ့သြဖွယ်ကောင်းတဲ့ ဂုဏ်တွေကို မင်းပြောစမ်း ” ဟု မိန့်တော်မူရာ အရှင်အာနန္ဒက ဘုရား ရဲ့ထူးခြားချက်တွေကို ရဟန်းတော်များရှေ့တွင် ပြန်ပြီး လျှောက်တင်ပြပါတယ်။ (၁) ဝေဿန္တရာမင်းကြီးဘဝ ကုန်ဆုံးပြီး တုသိတာဘုံကို ရောက်သွားတဲ့အခါမှာ အိပ် မောကျပြီးတော့ ရောက်သွားတာ မဟုတ်ဘူး။ သိသိသာသာကြီး ရောက်သွားတာ၊ သေတဲ့အခါ မှာ လူတွေဟာ တွေဝေပြီးတော့ သေတာများတယ်။ သတိရှိတယ်၊ ဆင်ခြင်တုံတရားရှိတယ်။ သတိမကွာ ဆင်ခြင်ဉာဏ်ပညာနဲ့ပဲ ဝေဿန္တရာမင်းကြီး ဘဝက သေဆုံးပြီးတော့ တုသိတာ နတ်ပြည်မှာ သားမွေးတာ ဖြစ်ပါတယ်။ (၂) တုသိတာ နတ်ပြည်မှာ နတ်စည်းစိမ်ခံစားတဲ့ အခါမှာလည်း ကာမဂုဏ် အာရုံတွေထဲ မှာ မေ့မျောပြီးတော့ သတိလက်လွတ် ဖြစ်မနေဘူး။ တုသိတာ နတ်ပြည်မှာ နေသမျှ ကာလ ပတ်လုံး အမှတ်တမဲ့ မနေဘူး၊ သတိသမ္ပဇညနဲ့ နေပါတယ်။ (၃) တချို့နတ်တွေကျတော့ သက်တမ်းစေ့ မနေရဘူး၊ ဘုရားအလောင်းကျတော့ တုသိ တာနတ်ပြည်ရဲ့ နတ်သက်တမ်းစေ့ နေသွားတယ်။ သက်တမ်းစေ့မှ စုတေပါတယ်။ (၄) လူ့ပြည်မှာ ဘုရားဖြစ်ဖို့ မယ်တော်ဝမ်းထဲမှာ သန္ဓေတည်တဲ့ အခါမှာလည်း သာမန် ပုဂ္ဂိုလ်တွေလို သတိလက်လွတ် ဖြစ်သွားတာမျိုး မဟုတ်ဘူး။ မြတ်စွာဘုရား အလောင်းတော်က တုသိတာ နတ်ပြည်ကနေ မယ်တော်ဝမ်းထဲ သန္ဓေခတဲ့ အခါမှာလည်း သတိသမ္ပဇည အပြည့် ရှိနေပါတယ်။ (၅) မယ်တော်ဝမ်းထဲမှာ သန္ဓေခပြီးတာနဲ့ တပြိုင်နက် လောကကြီး တခုလုံးမှာ ကြီးမား တဲ့ အလင်းရောင်ကြီး ပေါ်လာတယ်။ အဲဒီ အလင်းရောင်ကြီးက အမှောင်လုံးဝ ကင်းသွား အောင်၊ အမှောင်မရှိတဲ့ အလင်းရောင်မျိုးကြီးဖြစ်ပါတယ်။ ဒါတင်မကဘူး စကြာဝဠာ ကုဋေ တစ်သောင်း သိမ့်သိမ့်တုန်ခါအောင် ငလျင်လှုပ်ပါတယ်။ (၆) ဘုရားအလောင်းလေး သန္ဓေတည်နေတဲ့ အချိန်မှာ အရပ်လေးမျက်နှာက မမြင်ရ တဲ့ နတ်သားလေးယောက်က လုံခြုံရေး လာယူကြတယ်၊ ဘေးရန်အန္တရာယ်တွေ မရောက်ဖို့ အဲဒီ နတ်သားလေးယောက်က စောင့်ရှောက်ကြပါတယ်။ (၇) ဘုရားအလောင်းလေး သန္ဓေခလိုက်တာနဲ့ တစ်ပြိုင်နက် မယ်တော်ဟာ သာမန်အ နေအထား မဟုတ်ဘဲနဲ့ ပကတိကိုက ငါးပါးသီလ လုံပြီးသား ဖြစ်သွားပါတယ်။ (၈) ဘုရားအလောင်းလေး သန္ဓေခနေတဲ့ အချိန်မှာ မယ်တော်မှာ ဆန့်ကျင်ဖက်လိင် နဲ့ ပတ်သက်ပြီး မည်သည့်ယောက်ျားကမှ မလွန်ဝံ့ဘူး၊ ကာမစိတ်တွေ မဖြစ်ပါဘူး။ (၉) ကာမဂုဏ်စိတ်တွေ မဖြစ်ပေမယ့်လို့ မယ်တော်မှာ လိုလေသေး မရှိအောင် ပြီးပြည့် စုံတယ်၊ မျက်စိကလည်း ကောင်းတာပဲ မြင်ရတယ်။ နားကလည်း ကောင်းတာပဲ ကြားရတယ်။ နှာခေါင်းကလည်း ရနံ့လေးပဲ ရှူရတယ်။ ပြည့်ပြည့်ဝ၀ အလိုပြည့်ပြီးတော့ ဘုရားလောင်းလေး ရဲ့ အစွမ်းသတ္တိဟာ မယ်တော်ထိအောင် အကျိုးသက်ရောက်ပြီး နေပါတယ်။ (၁၀) ဘုရားအလောင်းလေး သန္ဓေတည်နေတဲ့ အချိန်မှာ မယ်တော်ကြီးမှာ ဘာရောဂါ မှ မဖြစ်ဘူး။ အင်မတန် ကျန်းမာတယ်။ ဝမ်းထဲမှာ သန္ဓေခနေတဲ့ ဘုရားလောင်းလေးကို ဖန် ပေါင်းချောင်(ဖန်ပြွန်) ထဲမှာရှိနေတဲ့ ရုပ်ဆင်းတုကို မြင်နေရသလို မယ်တော်ဝမ်းထဲက ဘုရား လောင်းကလေးကို မြင်နေရပါတယ်။ (၁၁) ဘုရားအလောင်း ဖွားမြင်ပြီးနောက် (၇) ရက်မြောက်တဲ့နေ့မှာ မယ်တော်ကံကုန် ပြီး တုသိတာနတ်ပြည်မှာ ဖြစ်တယ်။ ဘုရားအလောင်းတွေရဲ့ မယ်တော်တွေတိုင်းဟာ ဒီအ တိုင်းချည်းပဲ ကံကုန်ကြပါတယ်။ (၁၂) သာမန်လူတွေဟာ ကိုးလနဲ့ ဖွားတာရှိတယ်၊ ရှစ်လနဲ့ ဖွားတာရှိတယ်၊ ခုနှစ်လနဲ့ မွေးတယ်၊ အဲဒီလို ဆယ်လမပြည့်မီ အမျိုးမျိုး မွေးဖွားကြတယ်၊ ဘုရားလောင်းကျတော့ ဆယ်လတိတိပြည့်ပြီးမှ မွေးဖွားပါတယ်။ (၁၃) လောကမှာ အများစုက ထိုင်လျက်နဲ့ အိပ်လျက် ဒီနှစ်မျိုးနဲ့ မွေးဖွားကြသော်လည်း ဘုရားလောင်းလေးကို မွေးဖွားတဲ့အခါကျတော့ မယ်တော်ဟာ မတ်တပ်ရပ်လျက်မွေးဖွားတယ်။ (၁၄) ဘုရားအလောင်းကို မွေးဖွားလိုက်တာနဲ့ တပြိုင်နက် နတ်တွေက ပထမ ခံယူလိုက် တယ်၊ ပြီးမှ လူတွေရဲ့လက်ထဲကို ရောက်ပါတယ်။ (၁၅) ဘုရားအလောင်းလေး မြေပေါ်မကျခင် နတ်တွေကခံယူထားပြီး မိခင်ရဲ့ရှေ့ထား ကာ “ မိခင်ကြီး ဝမ်းမြောက်ပါ၊ ဘုန်းကံကြီးတဲ့ သားတော်လေးတစ်ဦး ဖွားမြင်ပါတယ်” လို့ နှစ်သိမ့်စကား ပြောကြားပါတယ်။ (၁၆) ဘုရားအလောင်းလေး မွေးဖွားလာတဲ့ အခါမှာ ပေကျံပြီးတော့ မွေးဖွားတာ မဟုတ် ဘူး၊ ဘုရားအလောင်းလေး မိခင်ဝမ်းထဲမှာ နေပေမယ့် အညစ်အကြေး တစ်ခုမှ မလူးဘူး၊ ကြာ ပန်းလေး ရေမလူးသလို ဘုရားအလောင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ အညစ်အကြေးတွေ အတင်ဘူး။ သန့်ရှင်းစင်ကြယ်နေပါတယ်။ (၁၇) ကောင်းကင်ယံကနေ ရေပန်းကြီးနှစ်ခု ပေါ်ထွက်လာတယ်၊ တစ်ခုက အနွေး၊ တစ် ခုက အအေး၊ အဲဒါနဲ့ ရေသန့်စင်ခြင်းကိစ္စပြီးတယ်၊ အညစ်အကြေးကို သန့်စင်တာ မဟုတ်ဘူး။ ခန္ဓာကိုယ်ရဲ့ အပူအအေးအတွက် မယ်တော်ကြီး သန့်စင်ဖို့ အတွက်နဲ့၊ ဘုရားအလောင်းလေး ဆေးကြောသန့်စင်ဖို့ အတွက် ကောင်းကင်က ကျလာတာပါ။ (၁၈) ဘုရားအလောင်းလေးဟာ မွေးဖွားလို့ (ရေမိုးချိုး) သန့်စင်ပြီးတဲ့ အချိန်မှာ ခြေစုံ မတ်တပ်ရပ်ပါတယ်။ (၁၉) ဘုရားအလောင်းလေးဟာ မွေးဖွားလိုက်တာနဲ့ တပြိုင်နက် ကမ္ဘာလောကကြီး တစ် ခုလုံးဟာ အလင်းရောင်တွေနဲ့ လွမ်းဖုံးသွားတယ်။ လောကန္တရိတ်ငရဲကြီး အထိတောင် အမှောင် ဆိုတာ မရှိတော့ဘူး၊ ကမ္ဘာမြေကြီးဟာ သိမ့်သိမ့်တုန် ဟိန်းသွားခဲ့ပါတယ်။ အဲဒီ အံ့သြဖွယ် (၁၉) မျိုးကို လျှောက်ထားပြီး နောက်ထပ် အံ့သြဖွယ်တစ်ခုကို မြတ်ဘု ရားက မိန့်ကြားတော်မူပါတယ်။ အဲဒီ အံ့သြဖွယ် ထူးခြားချက်ကတော့..ခန္ဓာကိုယ်ထဲမှာဖြစ်ပေါ် လာတဲ့ ဝေဒနာလို့ ခေါ်တဲ့ စိတ်ရဲ့ခံစားမှု လေးတွေကို ရှင်းရှင်းကြီးသိတာ ဖြစ်ပါတယ်။ {၁၃၇၄ ခုနှစ် ကဆုန်လပြည့်နေ့၊ ၅-၅-၂၀၁၂ စနေနေ့၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် မြို့နယ်၌ ဒေါက်တာအရှင် နန္ဒမာလာဘိဝံသ ဟောကြားတော်မူသော “ အံ့ဖွယ်လူသား မြတ် ဘုရား ” တရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။}
https://www.dhammaransi.com/index.php/new/605-2016-05-11-09-54-51.html
ဝေဘူဆရာတော်ဘုရားကြီးပေးတဲ့ အရက်သောက်နည်း
https://www.dhammaransi.com/index.php/new/606-2016-05-11-09-51-20.html
စွန်းလွန်းဆရာတော် ဖြေကြားသော နိဗ္ဗာန် အကြောင်း
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ စွန်းလွန်းဆရာတော် ဖြေကြားသော နိဗ္ဗာန် အကြောင်း ¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ ( ၁၂၈၇ ပြည့်နှစ်၊ ကဆုန်လဆုပ် ၄ -ရက်နေ့ ပဲခူူးမြို့ အဗျားရွာတွင် ဖက်ပင်အိုင် ဆရာတော်ကြီးက မြင်းခြံ ဆရာတော်အား မေးမြန်းပြောဆိုခြင်း --- -- စကားချပ်။ ။ ဖက်ပင်အိုင် ဆရာတော်သည် စွန်းလွန်းဆရာတော် ထက် အသက် ၊ သိက္ခာဝါတော် ကြီးသောကြောင့် နှုတ်ဆက် စကားပြောကြားပြီး မေမြန်းပြောဆိုလေသည်၊ ) ဖက်ပင်အိုင်။ ။ မျက်စိနဲ့ အဆင်း ( ရူပါရုံ ) တွေ့သောအခါ မျက်စိက အဆင်းထံ သွားသလား၊ အဆင်းက မျက်စိ ထံ လာလေသလား။ ဖြေ။ ။ မျက်စိကလဲ မသွား၊ ရူပါရုံ ကလဲ မလာပါ ဘုရား။ ဖက်ပင်အိုင်။ ။ ဒါဖြင့် ဘယ်နှယ် မြင်နိုင် သတုံးဗျ။ ဖြေ။ ။ သူ့ သတ္တိက ရှေးရူ့သောအခါ မြင်နိုင်ပါ၏ ဘုရား။ ဖက်ပင်အိုင်။ ။ ဒါဖြင့် အဆင်းရူပါရုံက လာတာပေါ့ ဗျား။ ဖြေ။ ။ မလာပါ ဘုရား၊ ( ဥပမာ ) နေကိုကြည့်သော သူသည် နေ၏ သတ္တိ အရောင်အလင်းကြောင့် မျက်စိကျိန်းခြင်းသာ ရှိပါ၏ဘုရား။ နေဝန်းကြီးက မျက်စိထဲ ဝင်လာသည် မဟုတ်ပါ၊ မျက်စိကလဲ နေဝန်းထဲ ဝင်သွားသည် မဟုတ်ပါဘုရား။ ဖက်ပင်အိုင်။ ။ ဒါဖြင့် မြင်းခြံ ဆရာတော်-- နိဗ္ဗာန် အကြောင်းပြောစမ်းပါ၊ ဖြေ။ ။ နိဗ္ဗာန်ဆိုတာ ဘုရား၊ ( ဥပမာ ) ယောဂီပုဂ္ဂိုလ် တစ်ယောက်သည် ၀ိပဿနာ အားထုတ်၍ စိတ် စေတသိက် ရုပ်တရားတို့၏ ဖြစ်ခြင်း ပျက်ခြင်းကို ကြီးစွာသော ဆင်းရဲကြီး ဟုငြီးငွေ့လျက် ဆင်းရဲခြင်း၏ အကြောင်းကို ရှာက တဏှာ ကို သိရသည်နှင့် တပြိုင်နက် မဂ်က တဏှာကို ပယ်လို်က်တော့ အကြောင်း အကျိုး ပြတ်သွားပါရော၊ အဲဒီ မဂ်က မပယ်မီ ဖြစ် ပျက်နေတာက သင်္ခတ၊ နောက်တော့ အကြောင်း- အကျိုး ပြတ်၍ ဘာမှ မရှိတာကတော့ အသင်္ခတ - နိဗ္ဗာန် ပါဘဲ ဘုရား။ ဖက်ပင်အို်င် ။ ။ ၎င်းနိဗ္ဗာန်မှာ နေဝန်း -လဝန်း သဏ္ဍာန်များလို အရောင်တွေများ ရှိသလားဗျ။ ဖြေ။ ။ အရောင်တွေ မရှိပါ ဘုရား။ ဖက်ပင်အိုင်။ ။ ဒါဖြင့် ဘယ်နှယ်နေတုံး ပြောစမ်းပါဗျာ။ ဖြေ။ ။ ပြောစရာ မရှိပါ ဘုရား။ ဖက်ပင်အိုင်။ ။ ဒါဖြင့် နိဗ္ဗာန် မရှိဘူူးလား၊ ဖြေ။ ။ ရှိပါ၏ ဘုရား၊ ဖက်ပင်အိုင်၊ ။ စိတ် စေတသိက် ရုပ် နိဗ္ဗာန်ဆိုတဲ့ ပရမတ္ထတရား လေးပါး ရှိတယ်မဟုတ်ဘူးလား။ ဖြေ။ ။ ရှ်ိ်ပါတယ် ဘုရား၊ ဖက်ပင်အိုင်။ ။ အဲဒီ ပရမတ် ပြောဗျာ၊ ဖြေ။ ။ ဆရာတော်ဘုရား --- ဦးကဝိက ပရမတ် ဆိုလျင် ဘာမှ ပြောစရာ မရှိ၊ လက်ပိုက် ထိုင်နေရုံပဲ ဘုရား။ ဖက်ပင်အိုင်။ ။ နေစမ်းပါအုံးဗျာ။ ဟောဒီ ရွှေတုံးကြီးကို ခဲ လို့ ပြောဆိုကာမျှဖြင့် ၎င်းရွှေတုံးကြီး ခဲဖြစ်သွားမှာ လားဗျ၊ ဖြေ။ ။ မဖြစ်ပါ ဘုရား။ သို့သော်လည်း ပညတ် တရားတွေလို ဒြပ် -ဝတ္ထု ပုံသဏ္ဍာန်နှင့် လက်ဆုပ်လက်ကိုင် မပြနိုင်ပါ၊ ရုပ် နာမ် တို့၏ ဖြစ် ချုပ် မရှိဘဲ ငြိမ်းအေးသွားတာကို နိဗ္ဗာန် လို့ ခေါ်တာပဲ ဘုရား။ ဖက်ပင်အိုင်။ ။ ဉာဏ် ဆယ်ပါး ပွားများတာ ပြောစမ်းပါဗျာ။ ဖြေ။ ။ ( ဥပမာ ) ယောဂီ ပုဂ္ဂိုလ် တစ်ယောက်သည် အာနာပါန ရှု့ရင်း သမာဓိ တက်လာသောအခါ မိမိကိုယ်ပေါ်မှာ ဝေဒနာကို သတိထားမိပါရော ဘုရား။ အဲဒါ ပထမတော့ သညာအားဖြင့် ဝေဒနာပေါ်ပြီးနောက် ဖြစ် ပျက်ခြင်း ဓမ္မကို ဟုတ်တိုင်းမှန်စွာ မြင်ပါရော၊ ဒါနဲပဲ ကြောက်ခြင်း ရွံရှာခြင်း ဖြစ်ပါရော ဘုရား။ ဖက်ပင်အို်င်။ ။ ဉာဏ်ဆယ်ပါးဟာ တစ်ခုစီ ပွားရမည် မဟုတ်လားဗျ၊ ဖြေ။ ။ တစ်ခုစီ ပွားတာက ကိုယ့် အပေါ် မူတည်ပါတယ် ဘုရား။ ဖက်ပင်အိုင်။ ။တစ်ခုစီ မပွားလျင် ဘယ့်နှယ် လုပ်မှာ တုန်းဗျ။ ဖြေ။ ။ သမ္မသန ဉာဏ် သုံးသပ်ရုံမျှနှင့် ဖြစ်ပျက်ခြင်း ကြောက်ခြင်း ရွံ့ရှာခြင်းစသည် အစဉ်လိုက် ဖြစ်ပါရော ဘုရား။ ဖက်ပင်အိုင်။ ။ အင်း ဒီဟာက သမ္မသန ဉာဏ်၊ သုံးသပ်လိုက်တော့ ဖြစ်ပျက်တာက ဥဒယဗ္ဗယ ဉာဏ်၊ ပျက်တာက ဘင်္ဂဉာဏ်၊ ကြောက်တာက ဘယဉာဏ်၊ ရွံတာက အာဒီနဝ ဉာဏ်၊ အင်း ဟုတ်ပေတယ်ဗျ ဟုတ်ပေတယ်။ ဖက်ပင်အိုင်။ ။ ဦးကဝိ ရဲ့ ၊ လောကမှာ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာလို့ရှိကြ မဟုတ်လား။ ဖြေ။ ။ရှိပါရဲ့ ဘုရား။ ဖက်ပင်အိုင်။ ။ အဲဒီ ပုဂ္ဂိုလ်များဟာ အစဉ်အတိုင်း တောက်လျောက် သောတာပန် မှ ရဟန္တာ ထိ တက်သွားကြသလား။ ဖြေ။ ။ မတက်ပါ ဘုရား။ ဖက်ပင်အိုင်။ ။ ဒါဖြင့် ဘယ်လို တက်ရတုံးဗျ ၊ တက်ပုံ့ပြောစမ်းပါအုံး။ ဖြေ။ ။ ယောဂီသည် သမ္မသနဉာဏ်ကို သုံးသပ်၍ ဉာဏ်ဆယ်ပါး တောက်လျောက် ကုန်သွားသောအခါ ထိုယောဂီကို ပညတ်အားဖြင့် သောတာပန် လို့ ခေါ်ကြပါတယ် ဘုရား။ ပြီးနောက် သမ္မသနဉာဏ် သုံးသပ်အုံး၊ ဉာဏ်ဆယ်ပါး ကုန်ပြန်က သကဒါဂါမ်လို့ ခေါ်ကြပါတယ် ဘုရား၊ ဤကဲ့သို့ လေးကြိမ်တက်က ရဟန္တာလို့ ခေါ်ကြပါတယ် ဘုရား။ ။ credit- ဓမ္မစာပေများ
https://www.dhammaransi.com/index.php/new/607-2016-05-11-09-49-18.html
အရှင်ရာဟုလာမထေရ်မြတ်
☆ ဒီနေရာမှာ ထင်ရှားတဲ့ သာဓက တစ်ခုကတော့ အရှင်ရာဟုလာမထေရ် မြတ်ရဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ အရှင်ရာဟုလာမထေရ်မြတ်အား စူဠရာဟုလောဝါဒသုတ္တန်ကို ဟောကြား ပေးတော်မူကာ အရဟတ္တဖိုလ်ပေါက် ချေချွတ်တော်မူခဲ့ပါတယ်။ ☆ စူဠရာဟုလောဝါဒသုတ္တန်မှာလာရှိတဲ့ ၀ိပဿ နာရှုကွက်ဟာ ခုပြောခဲ့တဲ့ အာဒိတ္တပရိယာယသုတ္တန်မှာ လာရှိတဲ့ ၀ိပဿ နာရှုကွက်နှင့် ပုံစံတူပဲ ဖြစ်ပါ တယ်။ ဒီရှုကွက်ကို အရဟတ္တဖိုလ်သို့ ပေါက်သည်အထိ ၀ိပဿ နာ ရှုပွားသွား တော်မူနိုင်တဲ့ အရှင်ရာဟုလာမထေရ်မြတ်ရဲ့ ရှေ့ပိုင်းအကြောင်းအရာတွေ ကို နည်းနည်းတင်ပြလိုပါတယ်။ ☆ အရှင်ရာဟုလာမထေရ်မြတ်ရဲ့ အလောင်းအလျာဟာ လွန်ခဲ့တဲ့ ကမ္ဘာ တစ်သိန်းထက်က ပွင့်ထွန်းတော်မူခဲ့တဲ့ ပဒုမုတ္တရဘုရားရှင်လက်ထက်တော် အချိန်အခါကတည်းက စတင်ကာ ဘုရားရှင်ရဲ့ ရင်တော်သွေး ရာဟုလာဖြစ် ဖို့ရန် ဆုထူးပန်ထွာတော်မူကာ ပါရမီမျိုးစေ့တွေကို ပြုစုပျိုးထောင်ခဲ့တဲ့ သူ တော်ကောင်းတစ်ဦး ဖြစ်ပါတယ်။ ဖုဿ ဘုရားရှင်ရဲ့ သာသနာတော်အတွင်း ကဿ ပဘုရားရှင်ရဲ့ သာသနာတော်အတွင်းတွေမှာလည်း ပါရမီမျိုးစေ့တွေ ကို ပြုစုပျိုးထောင်ခဲ့တဲ့သူ တစ်ဦးပင် ဖြစ်ပါတယ်။ ☆ အရှင်ရာဟုလာမထေရ်မြတ်ဟာ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူ တဲ့အခါ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်လေးပါးတို့ကိုပါ ပူးတွဲရရှိတော်မူတဲ့ သူ တော်ကောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ ၀ိသုဒ္ဓိမဂ္ဂအဋ္ဌကထာမှာ ဖော်ပြထား တဲ့အတိုင်း ပဋိသမ္ဘိဒါဉာဏ်တော်မြတ်လေးပါးတို့ကို ရရှိတော်မူတဲ့ သူတော် ကောင်းတွေဟာ ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်အတွင်းမှာ သင်္ခါ ရုပေက္ခာဉာဏ်သို့တိုင်အောင်သော ၀ိပဿ နာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်း အားထုတ်ဖူးခြင်းဆိုတဲ့ ပုဗ္ဗယောဂအင်္ဂါရပ်နှင့်လည်း ပြည့်စုံရပါတယ်။ ☆ ဆိုလိုတာကတော့ အရှင်ရာဟုလာမထေရ်မြတ်ဟာ ရှေးရှေးဘုရားရှင် တို့ရဲ့ သာသနာတော်အတွင်းမှာကတည်းက သင်္ခါရုပေက္ခာဉာဏ်သို့တိုင် အောင်သော ၀ိပဿ နာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့ဖူးပါတယ်။ ယခု နောက်ဆုံးဘဝမှာလည်း ခုနစ်နှစ်သားအရွယ်မှာ သာသနာတော်သို့ ဝင် ရောက်ကာ ရှင်ပြုခဲ့ပါတယ်။ ထိုအချိန်အခါကစပြီးတော့ သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်ဆိုတဲ့ သိက္ခာသုံးရပ် အကျင့်မြတ်တွေကို ဖြည့် ကျင့်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သိက္ခာသုံးရပ် အကျင့်မြတ်ကို လိုလား တောင့်တကြတဲ့ ရဟန်းတော်တို့တွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ်ဘွဲ့ထူး ကို ရရှိတော်မူမည့် သူတော်ကောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ ☆ တစ်ဆယ့်ရှစ်နှစ်သားအရွယ်တော်သို့ ရောက်ရှိတဲ့အခါမှာ ဘုရားရှင် ထံတော်မှ မဟာရာဟုလောဝါဒသုတ္တန်ကို နာကြားခွင့် ရရှိခဲ့ပါတယ်။ ထို သုတ္တန်မှာ ဘုရားရှင် ညွှန်ကြားထားတော်မူတဲ့အတိုင်း အရှင်ရာဟုလာဟာ အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, သြဠာရိက ( = အကြမ်း), သုခုမ ( = အနု), ဟီန ( = အယုတ်), ပဏီတ ( = အမြတ်), ဒူရ ( = အဝေး), သန္တိက ( = အနီး)ဆိုတဲ့ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေကြတဲ့ ဥပါဒါနက္ခန္ဓာငါးပါးတို့ကို .. “နေတ ံ မမ = ငါ့ဟာ မဟုတ်၊ နေသောဟမသ္မိ = ငါမဟုတ်၊ န မေသော အတ္တာ = ငါရဲ့အတ္တမဟုတ်”လို့ ဒီလိုရှုနိူင်ခဲ့ပါတယ်။ ☆ ဒီရှုကွက်ကတော့ ဆန္နောဝါဒသုတ္တန်အဋ္ဌကထာအဖွင့်အရ အနိစ္စလို့ ဒုက္ခ လို့ အနတ္တလို့ ရှုနေတဲ့ ၀ိပဿ နာရှုကွက်နဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒီဝိပဿ နာရှုကွက်ကို ရှုတော်မူနိုင်တဲ့ အရှင်ရာဟုလာဟာ နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ် နှစ်ပါးတို့ကို ရရှိတော်မူထားပြီး ဖြစ်တယ် ဆိုတာကို တော့ သဘောပေါက်ပါ။ ☆ တစ်ဖန် နောက်တစ်ခု ပြောဦးမည် ..။ မဟာရာဟုလောဝါဒသုတ္တန်မှာပဲ ဘုရားရှင် ညွှန်ကြားထားတော်မူတဲ့အတိုင်း ဓာတ်ကမ္မဋ္ဌာန်း အကျယ် ရှုပွား နည်း ဓာတ်ခြောက်ပါးကမ္မဋ္ဌာန်းရှုပွားနည်းတို့ကိုလည်း ကျွမ်းကျင်စွာရှုပွား တော်မူနိုင်တဲ့ သူတော်ကောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ အာနာပါန ကမ္မဋ္ဌာန်းကိုလည်း စတုက္ကလေးမျိုးတို့ဖြင့် တန်ဆာဆင်ကာ ဘုရားရှင် ညွှန် ကြားထားတော်မူတဲ့အတိုင်း သမထပိုင်း ၀ိပဿ နာပိုင်းတွေကို ကျွမ်းကျွမ်း ကျင်ကျင် ရှုပွားထားနိုင်သူတစ်ဦးလည်း ဖြစ်ပါတယ်။ အရဟတ္တဖိုလ်ဝိမုတ္တိကို ရင့်ကျက်စေကြောင်းဖြစ်တဲ့ ၀ိမုတ္တိပရိပါစနိယတရား (၁၅)ပါးတို့နှင့် ပြည့်စုံ အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ☆ ဝိမုတ္တိပရိပါစနိယတရား (၁၅) ပါး☆ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ၁။ သဒ္ဓါတရားမရှိတဲ့ ပုဂ္ဂိုလ်တွေကို ရှောင်ကြဉ်ခြင်း ၂။ သဒ္ဓါတရား ထင်ရှားရှိတဲ့ ပုဂ္ဂိုလ်တွေကို မှီဝဲဆည်းကပ်ခြင်း ၃။ သဒ္ဓါတရားကို ဖြစ်ပေါ်စေနိုင်တဲ့ ကြည်ညိုဖွယ်ရာ သုတ္တန်ဒေသနာ တော်တို့ကို ဆင်ခြင်ခြင်း .. ဒီတရားသုံးမျိုးတို့ဖြင့် သဒ္ဓိန္ဒြေကို စင်ကြယ်အောင် ကျင့်ခြင်း၊ ၄။ ပျင်းရိတဲ့ ပုဂ္ဂိုလ်တွေကို ရှောင်ကြဉ်ခြင်း ၅။ သမထ ၀ိပဿနာဘာဝနာတွေကို အပြင်းအထန် ကြိုးစားအားထုတ်တဲ့ အာရဒ္ဓဝီရိယတရား ထင်ရှားရှိတဲ့ ပုဂ္ဂိုလ်တွေကို မှီဝဲဆည်းကပ်ခြင်း ၆။ သမ္မပ္ပဓာန်တရားတွေကို ဖြစ်ပေါ်စေနိုင်တဲ့ သုတ္တန်ဒေသနာတော်တို့ကို ဆင်ခြင်ခြင်း .. ဒီတရားသုံးမျိုးတို့ဖြင့် ဝီရိယိန္ဒြေကို စင်ကြယ်အောင် ကျင့်ခြင်း၊ ၇။ သတိလက်လွတ်နေတဲ့ ပုဂ္ဂိုလ်တွေကို ရှောင်ကြဉ်ခြင်း ၈။ ထင်လင်းတဲ့ သတိရှိတဲ့ ပုဂ္ဂိုလ်တွေကို မှီဝဲဆည်းကပ်ခြင်း ၉။ သတိပဋ္ဌာန်တရားကို ဖြစ်ပေါ်စေနိုင်တဲ့ သုတ္တန်ဒေသနာတော်တို့ကို ဆင်ခြင်ခြင်း .. ဒီတရား သုံးမျိုးတို့ဖြင့် သတိန္ဒြေကို စင်ကြယ်အောင် ကျင့်ခြင်း၊ ၁၀။ သမာဓိမရှိတဲ့ ပုဂ္ဂိုလ်တွေကို ရှောင်ကြဉ်ခြင်း ၁၁။ သမာဓိရှိတဲ့ ပုဂ္ဂိုလ်တွေကို မှီဝဲဆည်းကပ်ခြင်း ၁၂။ စျာန်ဝိမောက္ခတရားတွေကို ဖြစ်ပေါ်စေနိုင်တဲ့ သုတ္တန်ဒေသနာတော် တွေကို ဆင်ခြင်ခြင်း .. ဒီတရားသုံးမျိုးတို့ဖြင့် သမာဓိန္ဒြေကို စင်ကြယ်အောင် ကျင့်ခြင်း၊ ၁၃။ ၀ိပဿ နာဉာဏ်ပညာ စတဲ့ ပညာကင်းမဲ့နေတဲ့ ပုဂ္ဂိုလ်တွေကို ရှောင် ကြဉ်ခြင်း ၁၄။ ၀ိပဿ နာဉာဏ်ပညာ စတဲ့ ပညာရှိတဲ့ ပုဂ္ဂိုလ်တွေကို မှီဝဲဆည်းကပ်ခြင်း ၁၅။ ခန္ဓာ အာယတန ဓာတ် ပဋိစ္စသမုပ္ပါဒ်တို့နှင့် ဆက်စပ်နေတဲ့ နက်နဲတဲ့ သုတ္တန်ဒေသနာတော်တွေကို ဆင်ခြင်ခြင်း .. ဒီတရားသုံးမျိုးတို့ဖြင့် ပညိန္ဒြေကို စင်ကြယ်အောင် ကျင့်ခြင်း ---- ☆ ဒီတရား (၁၅)မျိုးတို့ဖြင့် ဣန္ဒြေငါးပါးတို့ကို စင်ကြယ်အောင် ကျင့်ခြင်း ဟာ အရဟတ္တဖိုလ်ဝိမုတ္တိကို ရင့်ကျက်စေတတ်တဲ့ အကြောင်းတရားတွေ ဖြစ်ကြပါတယ်။ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ☆ တစ်နည်း ၀ိမုတ္တိပရိပါစနိယတရား (၁၅) ပါး ☆ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ☆ ၁-၅။ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာ ( = ၀ိပဿ နာပညာ)ဆိုတဲ့ ဣန္ဒြေ ငါးပါးတို့ ရင့်ကျက်ခြင်း ၆။ ကိလေသာထု အစိုင်အခဲတွေကို ဖောက်ခွဲခြင်းငှာ စွမ်းနိုင်တဲ့, ခန္ဓာ အာယတန ဓာတ် ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့အပေါ်၌ အနိစ္စလို့ ရှုနေတဲ့ အနိစ္စသညာ၊ ၇။ အနိစ္စဖြစ်တဲ့ ယင်းတရားတို့၌ ဒုက္ခလို့ ရှုနေတဲ့ ဒုက္ခသညာ၊ ၈။ ဒုက္ခဖြစ်တဲ့ ယင်းတရားတို့၌ အနတ္တလို့ ရှုနေတဲ့ အနတ္တသညာ၊ ၉။ အကုသလဝိတက်တွေကို ပယ်ရှားနိုင်ရေးအတွက် စျာန်သမာပတ် တွေကို ဝင်စားနေခြင်း၊ အကုသလဝိတက်တွေ ကင်းစင်ရေးအတွက် သင်္ခါရတရားတွေရဲ့ အပျက်သက်သက်ကို အာရုံယူကာ လက္ခဏာရေး သုံးတန်သို့ တင်ကာ ၀ိပဿ နာရှုနေခြင်းဆိုတဲ့ ပဟာနသညာ၊ ၁၀။ ရာဂကင်းရာ နိဗ္ဗာန်တရားတော်မြတ်ကို ဆင်ခြင်ခြင်း, ရာဂကင်းရာ နိဗ္ဗာန်ဘက်သို့ ညွတ်ကိုင်းရှိုင်းလျက် သင်္ခါရတရားတွေရဲ့ အပျက်သက် သက်ကို အာရုံယူကာ လက္ခဏာရေးသုံးတန်သို့ တင်ကာ ၀ိပဿ နာ ရှုနေခြင်းဆိုတဲ့ ၀ိရာဂသညာ၊ ၁၁။ မိတ်ကောင်း ဆွေကောင်း သူတော်ကောင်းတို့ကို မှီဝဲဆည်းကပ်ခြင်း၊ ၁၂။ သီလကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ၁၃။ အလွန် ခေါင်းခေါင်းပါးပါး ကျင့်ခြင်း၊ ၁၄။ သမထ ၀ိပဿနာဘာဝနာတွေကို ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ် ခြင်း၊ ၁၅။ ကိလေသာထု အစိုင်အခဲတွေကို ဖောက်ခွဲခြင်းငှာ စွမ်းနိုင်တဲ့ သမ္မသန ဉာဏ်မှစ၍ သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင်သော ၀ိပဿ နာဉာဏ် အားလုံးတို့နှင့် ပြည့်စုံခြင်း --- အားလုံးပေါင်းလိုက်တော့ ၀ိမုတ္တိပရိပါစနိယတရား (၁၅)ပါးတို့ပဲ ဖြစ်ကြ ပါတယ်။ ☆ စူဠရာဟုလောဝါဒသုတ္တန်ကို နာယူတော့မည့်အချိန်အခါမှာ အရှင် ရာဟုလာမထေရ်မြတ်ရဲ့ သန္တာန်မှာ ဒီဝိမုတ္တိပရိပါစနိယတရား (၁၅)ပါးတို့ ဟာ ပြည့်စုံနေရုံတွင်သာမက အရဟတ္တဖိုလ်ရနိုင်လောက်အောင်ပင် ရင့် ကျက်နေပြီ ဖြစ်ပါတယ်။ ဒီလိုရင့်ကျက်နေပြီဆိုတာကိုလည်း သိရှိတော်မူတဲ့ အတွက် ဘုရားရှင်က ထိုနေ့မှာ အရှင်ရာဟုလာမထေရ်မြတ်ကို အန္ဓဝန် တောအုပ် အတွင်းသို့ ခေါ်ဆောင်သွားတော်မူကာ စူဠရာဟုလောဝါဒသုတ္တန် ကို ဟောကြားပေးတော်မူခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီအချိန်အခါမှာ အရှင်ရာဟု လာမထေရ်မြတ်ဟာ ရဟန်းဖြစ်တော်မူပြီးနောက် သက်တော် (၂၁)နှစ် အရွယ်သို့ ရောက်ရှိတော်မူနေပြီ ဖြစ်ပါတယ်။ ☆ အဲဒီအချိန်အခါမှာ အရှင်ရာဟုလာမထေရ်မြတ်ရဲ့ သန္တာန်မှာ ၀ိမုတ္တိ ပရိပါစနိယတရားတွေကလည်း ရင့်ကျက်နေကြပြီဖြစ်ရကား စူဠရာဟုလော ၀ါဒသုတ္တန်ကို နာယူနေစဉ်အချိန်အခါမှာ အရှင်ရာဟုလာမထေရ်မြတ်ဟာ ဒေသနာတော်နောက်သို့ အစဉ်လိုက်ကာ .. ၁။ ဝတ္ထု = ဒွါရ (၆)ပါး, ၂။ အာရုံ (၆)ပါး, ၃။ ၀ိညာဏ် (၆)ပါး, ၄။ ဖဿ (၆)ပါး, ၅။ ဝေဒနာ (၆)ပါး .. ☆ ဒီတရားစုတွေကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ၀ိပဿ နာဘာဝနာ ကမ္မဋ္ဌာန်းကို အောင်အောင်မြင်မြင် စီးဖြန်းတော်မူနိုင်တဲ့အတွက်ကြောင့် ဒေသနာတော်နိဂုံး ပြီးဆုံးတဲ့အချိန်အခါမှာ ၀ိပဿ နာဉာဏ်တွေကလည်း ရင့်ကျက်လာကြပြီဖြစ်တဲ့အတွက် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားတော် မူခဲ့ပါတယ်။ ☆ ကိလေသာတောချုံပုတ်နှင့် တောချုံပုတ်ရဲ့ အဆွယ်အပွားတွေကို အနုသယဓာတ်ငုတ်အမြစ်ပါ မကျန်ရအောင် အကြွင်းအကျန်မရှိ ကုန်စင် အောင် ခုတ်ဖြတ်ရှင်းလင်းနိုင်တဲ့အတွက် ကိလေသာအပူမီးတို့မှ အငြိမ်းကြီး ငြိမ်းအေးသွားတော်မူခဲ့ပါတယ်။ ☆ ဒီကိလေသာတောချုံပုတ်နှင့် ကိလေသာတောချုံပုတ်ရဲ့ အဆွယ်အပွား ကိလေသာတွေကို အရဟတ္တမဂ်ဉာဏ်တိုင်အောင်သော အရိယမဂ်ဉာဏ် တွေက အကြွင်းအကျန်မရှိ ကုန်စင်အောင် ခုတ်ဖြတ်ရှင်းလင်းနိုင်တဲ့အတွက် ကိလေသာအပူမီးတွေဟာ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားတဲ့အခါ အငြိမ်းကြီး ငြိမ်းအေးသွားကြပါတယ်။ ☆ ဒါကြောင့် တရားဦးအစက နိဒါန်းပျိုးထားခဲ့တဲ့, ဘုရားရှင် ဟောကြား တော်မူတဲ့ ဂါထာဒေသနာတော်ကို ရှင်းလင်းတင်ပြထားတဲ့ သဘော အဓိပ္ပာယ်တွေနဲ့ ညီညွတ်သွားအောင် ပြန်လည်ကာ အနုသန္ဓေ ဆက်ကြ ရအောင်..။ ☆ရဟနး်တော်များ အိုချစ်သားတို့ .. ။ ကိလေသာတောချုံပုတ်ကို။ ရှင်းလငး်ကြ ဖြတေ်တာက်ကြပါကုန်လော့ ။ အေးမြတဲ့ အရိပ်အာဝါသရှိတဲ့ သာသနာ့ သစ်ပင်ကြီးတွေကို ။ မခုတ်လှဲကြပါကုန်လင့်၊ ကိလေသာတောချုုံပုတ် ကြောင့်။ အပါယ်သံသရာဝဋ်ဆင်းရဲဒုက္ခဘေး စတဲ့ ဘေးဒုက္ခအမျိုးမျိုးသည်။ ဖြစေ်ပါ်၍ လာတတေ်ပ၏။ ကိလေသာတောချုံပုတ်ကိုလညး် ကောငး်။ ကိလေသာတောချုံပုတ်ရဲ့ အဆွယ်အပွားဖြစ်တဲ့ ကိလေသာချုံနွယ်ပိတ်ပေါင်း ကိုလည်းကောငး်။ လေးပါးသော အရိယမဂ်ဉာဏ်ဖြင့် ဖြတ်တောက်နိုင်ကြ ကုန်သည်ဖြစ်၍။ ကိလေသာအပူမီးတို့ကို ငြိမ်းအေးကြကုန်သည။ ဖြစကြ ပါကုန်လော့။ ☆ ဒီဂါထာဒေသနာတော်ကို ဟောကြားတော်မူပြီးနောက် ဘုရားရှင်က ဆက်လက်ကာ နောက်ထပ် ဂါထာဒေသနာတော် တစ်ခုကို ဟောကြားပြသ တော်မူပါတယ်။ ☆ အမျိုးသားတစ်ဦးဟာ အမျိုးသမီးတို့အပေါ်မှာ အဏုမြူပမာ အလွန့်အလွန် သေးငယ်နေတဲ့ တွယ်တာမက်မောမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ထားအပ်တဲ့ ငြိ ကပ်နေတဲ့စိတ်ထား ရှိနေမည်ဆိုလျှင် ဒီလို ငြိကပ်မက်မောမှုကို ကိလေသာ တောချုံပုတ်လို့ပဲ ခေါ်ဆိုပါတယ်။ ဒီကိလေသာတောချုံပုတ်နှင့် ကိလေသာ တောချုံပုတ်ရဲ့ အဆွယ်အပွား ကိလေသာတွေကို အရိယမဂ်တရားဖြင့် အကြွင်းမဲ့ မပယ်သတ် မဖျက်ဆီးနိုင်သေးသမျှကာလပတ်လုံး ဒီငြိကပ် တွယ်တာမက်မောမှုဆိုတဲ့ ကိလေသာတွေဟာ ဆက်လက်ကာ ဖြစ်ပေါ် နေကြမှာ ဖြစ်တယ်။ နို့မကွာသေးတဲ့ နွားသားငယ်ကလေးတစ်ကောင်ဟာ မိခင်နွားမကြီးအပေါ်မှာ တွယ်တာမက်မောမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ထားအပ် တဲ့ စိတ်ထားရှိနေသလို ဒီအမျိုးသားဟာလည်း အမျိုးသမီးတို့အပေါ်မှာ တွယ်တာမက်မောမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ထားအပ်တဲ့ စိတ်ထားရှိနေမည်သာ ဖြစ်ပါတယ်။ ဒီလိုစိတ်ထားရှိနေသမျှကာလပတ်လုံး ဒီအမျိုးသားအတွက် ကိလေသာအပူမီးတွေဟာ မငြိမ်းနိုင်သေးပါ။ ကိလေသာအပူမီးတွေ မငြိမ်း သေးသမျှကာလပတ်လုံး ဒီအမျိုးသားဟာ သံသရာခရီးကို ဆက်လက်ကာ ချီတက်နေရဦးမည်သာ ဖြစ်ပါတယ်၊ သံသရာဝဋ်ဆင်းရဲဒုက္ခမှ မလွတ်မြောက် နိုင်သေးပါ။ ☆ သို့သော် ဒီကိလေသာအပူမီးတွေ ငြိမ်းသွားအောင် အရိယမဂ်ရေစင် အရိယဖိုလ်ရေစင်တို့ဖြင့် ငြှိမ်းသတ်ရမှာ ဖြစ်ပါတယ်။ ဒီလို ကိလေသာ အပူမီးတွေကို ငြိမ်းအေးစေနိုင်တဲ့ အရိယမဂ်ဉာဏ် အရိယဖိုလ်ဉာဏ်တွေကို ရရှိရေးအတွက် သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်ဆိုတဲ့ မဂ္ဂင်ရှစ် ပါး ကျင့်စဉ်တရားတွေကို အောင်အောင်မြင်မြင် ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ကြရမှာ ဖြစ်ပါတယ်။ ဒီလို ကျင့်စေတော်မူလိုတဲ့အတွက် ဘုရားရှင် က ဒွေဓာဝိတက္ကသုတ္တန်မှာ ဒီလို တိုက်တွန်းထားတော်မူခဲ့ပါတယ်။ ☆ ချစ်သားရဟန်းတို့ ... ဤသို့လျှင် ငါဘုရားရှင်ဟာ နိဗ္ဗာန်ဆိုတဲ့ အကောင်းဆုံးသော ချမ်းသာသုခကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိတဲ့, နှစ်သက် မြတ်နိုးခြင်း ပီတိတရားကိုလည်း ဖြစ်စေနိုင်တဲ့ စွမ်းအားရှိတဲ့, ကိလေသာ ဘေးရန်တွေ ကင်းရှင်းနေတဲ့ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားဆိုတဲ့ “မဂ္ဂင် (ဟိုက်ဝေး) လမ်းမကြီး”ကို ဖွင့်လှစ်ပေးထားပြီး ဖြစ်ပါတယ်။ ကုမ္မဂ္ဂ-ခေါ်ဆို တဲ့ မှားယွင်းနေတဲ့ မိစ္ဆာမဂ်လမ်းမကြီးကိုလည်း ပိတ်ဆို့ပေးထားပြီး ဖြစ်ပါ တယ်။ ☆ (တည်သမင်ဖိုနဲ့ တူနေတဲ့) ထိုထိုဘုံဘဝ ထိုထိုအာရုံတို့အပေါ်မှာ နှစ်သက် တွယ်တာနေတဲ့ နန္ဒီရာဂ, (တည်သမင်မနဲ့ တူနေတဲ့) အသိမှားမှု အဝိဇ္ဇာတို့ ကို အကြွင်းမဲ့ ပယ်သတ် ဖျက်ဆီးကြောင်းဖြစ်တဲ့ ကျင့်စဉ်အရပ်ရပ်တွေကို လည်း ချမှတ်ပေးထားပြီး ဖြစ်ပါတယ်။ ☆ ချစ်သားရဟန်းတို့ ... တပည့်သာဝကတွေရဲ့ အကျိုးစီးပွားကို အစဉ် ထာဝရရှာမှီးလျက် လိုလားတောင့်တလျက် အစဉ်သနားစောင့်ရှောက်တတ် တဲ့ စိတ်ထားရှိနေတဲ့ သင်တို့ဆရာ ငါ ဘုရားဟာ သင်ချစ်သားတို့အပေါ်မှာ အစဉ်သနားစောင့်ရှောက်လိုတဲ့ မဟာကရုဏာတော်ကို အကြောင်းပြုကာ ပြုသင့်ပြုထိုက်တဲ့ တာဝန်ဝတ္တရားတွေကို သင်ချစ်သားတို့အတွက် ငါဘုရား ပြုလုပ်လို့ ပြီးပါပြီ။ ☆ ချစ်သားရဟန်းတို့ ...ဤသည်တို့ကတော့ သစ်ပင်ရင်းကျောင်းတွေ ဖြစ်ကြတယ်၊ ဤသည်တို့ကတော့ ဆိတ်ငြိမ်တဲ့ တောကျောင်းတောင်ကျောင်း တွေ ဖြစ်ကြတယ်၊ ချစ်သားရဟန်းတို့ ... ဒီလို သစ်ပင်ရင်းကျောင်းတွေမှာ နေထိုင်ပြီးတော့ ဒီလို ဆိတ်ငြိမ်တဲ့ တောကျောင်းတောင်ကျောင်းတွေမှာ နေထိုင်ပြီးတော့ လောကီစျာန် လောကုတ္တရာစျာန်တွေကို ဝင်စားကာ သင်ချစ်သားတို့ရဲ့ သန္တာန်မှာ တည်ရှိနေကြတဲ့ ကိလေသာတောချုံပုတ်တွေ ကို လောင်ကျွမ်းသွားအောင် ရှို့မြိှုက်ကြစမ်းပါ၊ သမထ ၀ိပဿ နာဘာဝနာ ကုသိုလ်တရားတို့၌ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ မနေထိုင်ကြပါကုန်လင့်၊ နောင်သောအခါ သေခါနီးကာလကျမှ မကောင်းတဲ့ အာရုံနိမိတ်တွေ ထင် လာတဲ့အတွက် “ငါတော့ မှားခဲ့လေပြီပေါ့ ..”လို့ စိတ်နှလုံး မသာမယာ မဖြစ် ကြပါကုန်လင့် ..။ ဒီအဆုံးအမကတော့ သင်ချစ်သားတို့အတွက် ငါဘုရားရှင် တို့က ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဆိုဆုံးမနေတဲ့ အဆုံးအမ ( = အနု သာသနီ) တရားစကားတော်ပဲ ဖြစ်ပါတယ်။ ရွှင်လန်းချမ်းမြေ့ကြပါစေ ... ဖားအောက်တောရဆရာတော် Special Thanks To: ☆Buddhavasa Tiloka☆
https://www.dhammaransi.com/index.php/new/608-2016-05-11-09-48-37.html
ပြိတ္တာ ဘာကြောင့်ဖြစ်ရသလဲ
https://www.dhammaransi.com/index.php/new/609-2016-05-11-09-48-05.html
မေတ္တသုတ် ရွတ်ဖတ်ရခြင်း အကျိုး/မြန်မာပြန်
https://www.dhammaransi.com/index.php/new/610-2016-05-11-09-47-33.html
မဂ္ဂင်(၈)ပါး
https://www.dhammaransi.com/index.php/new/611-2016-05-11-09-46-54.html
ဟင်းတစ်ခွက်နဲ့ မျှတတော်မူ
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ ဟင်းတစ်ခွက်နဲ့ မျှတတော်မူ ¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ ကျေးဇူးရှင် မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး မြောက်ဘက်ဇရပ်ဝန်းလို့ခေါ်တဲ့ ဆွမ်းချက်ဆောင်ရဲ့ ဒေါင့်ခန်းလေးမှာ အမြဲဆွမ်းဘုန်းပေးတော်မူပါတယ်။ ပုံအတိုင်း ကပ္ပိယကြီး ဦးကျော်ဝင်းဆွမ်းကပ်စမြဲ။ စာရေးသူဟာ ဆွမ်းစားကျောင်းမှာ နေရတာဆိုတော့ ကိုရင်ဘဝက မြောက်ဘက်ဇရပ်ကို သံဃာများအတွက်ဟင်းသွားယူရတယ်လေ။ ဆရာတော်ကလည်း ဆွမ်းဘုန်းပေးခိုက်ပေါ့။ အမှတ်မထင် "ကိုရင်လာစမ်း " လို့ ဆရာတော်ခေါ်လိုက်တော့ လန့်ဖြန့်သွားတယ်။ ငါ့မှာ ဘာများ အပြစ်မြင်လို့ပါလိမ့်၊ သင်္ကန်းဝတ်တာမညီလို့လား စသည်ဖြင့် ခေါင်းနပမ်းကြီးသွားတယ်။ ထိုစဉ်က သံဃာများဟာ အပြစ်တွေ့မှာ သိပ်ကြောက်ကြတာဘဲ။ တာဝန်ခံဆရာပါခေါ်ဆူတယ်။ အကြောက်ဆုံးက နံနက်ခင်းသြဝါဒမှာ မတ်တပ်ရပ်ခိုင်းမှာ အကြောက်ဆုံးပေါ့။ ရပ်တဲ့အခါမှာ သတိပေးမိန့်တော်မူတယ်။ တခါတရံ သေခိယ၊ ၀ိနည်း သိက္ခာပုဒ်တွေကို အဆိုခိုင်းတယ်။ ရတာလေးနဲ့ကြုံရင်တော်သေးရဲ ့၊ ၂ ခါလောက်အဆိုခိုင်းတာမှ မရဘူးဆိုရင် ရောက်တာဘယ်နှစ််နှစ်ရှိပြီလဲ၊ ဒီလောက်ကြာတာတောင် မရဘူးလား ဆိုပြီး သုံးလ ပြန်လွှတ်ခံရတတ်တယ်လေ။ အဲဒါကို အကြောက်ဆုံးပါ။ စာရေးသူဟာ ခပ်ကြောက်ကြောက်နဲ့ (ပုံစံကျအတိုင်း) ဘိနပ်ချွတ်၊ သင်္ကန်းလက်ကတော့ထိုး၊ လက်အုပ်ချီကာ ဆရာတော်ဆွမ်းစားတဲ့ အခန်းအစွန်လောက်မှာ ရပ်လိုက်တယ်။ " ကိုရင် ဒီနားတိုးခဲ့ " စားပွဲနားအထိ တိုးလိုက်ပါတယ်။ "ဘုန်းကြီး ဆွမ်းစားနေတာ ဟင်း ဘယ်နှစ်ခွက်လဲ" "တစ်ခွက်ထဲပါ အရှင်ဘုရား" (ဗူးရွက်အရည်သောက်မှာ ပဲအနှစ်များလည်းပါသည်ကို သတိပြ့ုမိတယ်)။ "ဟင်းခွက်တွေများရင် လက်နှိုက်ရတာ မရှုပ်ဘူးလား" "ရှုပ်ပါတယ် အရှင်ဘုရား" "တစ်ခွက်တည်းဆိုတော့ လက်နိုက်ရတာ မရှင်းဘူးလား" "ရှင်းပါတယ် အရှင်ဘုရား" "အဲဒီလို ရှင်းရှင်းမှ ကောင်းတာ ချမ်းသာတာ၊ ကိုရင် သွားတော့ " ကိုရင်ဧသကလဲ လက်အုပ်ချီ နောက်ဆုတ်ကာ ခပ်လှမ်းလှမ်းရောက်မှ လှည့် ပြန်ခဲ့ရတယ်။ "အမလေး တော်ပါသေးရဲ့ အပြစ်တွေ့တာ မဟုတ်လို့" ရင်အေးခဲ့ရတယ်လေ။ ပိုပြီး ရင်အေး နှစ်သက်စေတာက ဆရာတော်ဘုရားကြီးရဲ့ ပညာပေးဆုံးမမှုပါ။ "ချို့ချန်တဲ့ အကျင့်၊ ရောင့်ရဲတဲ့ အကျင့်ဟာ ချမ်းသာကြောင်း၊ ရှေးသူတော်ကောင်းများရဲ့အကျင့်" ဆိုတာ ယနေ့ထိ ခေါင်းထဲစွဲထင်နေလျှက်ပါ။ ကျေးဇူးရှင်ဆရာတော်အား ဦးခိုက်လျှက် အရှင်ဧသက (မြတ်ပဋ္ဌာန်း) Feb 3, 2016
https://www.dhammaransi.com/index.php/new/612-2016-05-11-09-46-28.html
သုဂတိဘုံ သို့ ဘဝ ကူးနည်း / သေနည်း
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ သုဂတိဘုံ သို့ ဘဝ ကူးနည်း / သေနည်း ¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ မည်သူ မဆို တစ်နေ့ မုချ သေရမည် ။ နေတတ်ဖို့ လိုသလို သေတတ်ဖို့ လည်း အရေးကြီးပေသည် ။ သေ တတ်အောင် ကြိုတင် ပြင်ဆင် ထားဖို့ လိုသည် ။ ကုသိုလ် ကောင်းမှု တွေ ဘယ်လောက် များများ သေခါ နီး စိတ်ထား မတတ် လို့ ဘဝကူး မကောင်းသူတွေ များလှ၏ ။ သေပုံ သေနည်း မတတ် လို့ ပြိတ္တာ ဖြစ်၊ တိရ စ္ဆာန် ဖြစ် ၊ ငရဲ ကျသူတွေ အများ အပြား ရှိ၏ ။ မည်သူ မဆို သတ္တဝါ တို့ မည်သည် ရေနစ် တဲ့ သူဟာ အားကိုး တကြီး တွေ့ ရာဆွဲယူ တတ်သလို သေခါ နီး တဲ့ အခါ စွဲမိ စွဲရာ စွဲတတ်ကြသည် ။ မခွဲနိုင် မခွာ ရက် တပ်မက် စွဲလမ်းနေတတ်ကြ သည် ။ သံယောဇဉ် တွေ ကို ကြိုတင် ဖြတ်ထားဖို့ လိုသည် ။ ခင်ပွန်း၊ ဇနီး ၊ သမီး ၊ သား ၊ ဆွေမျိုး ညာတကာ ဆိုသည် မှာ ဒီ ဘဝ တွင် ခဏ လာပြီး ဆုံဆည်း ကြ ခြင်း ဖြစ် သည် ။ ကံ စီမံရာ အတိုင်း သူ့ လမ်းသူ သွားကြမှာ ဖြစ်သည် ။ တိုက်တာ ၊ အိမ်ရာ ၊ စည်းစိမ် ဆောင် အရောင်တွေ ၊ ရာထူး တွေ လည်း သေလျှင် ဘာမျှ ပါသွားမှာ မဟုတ်ဘူး ။ တွယ်တာဖို့ မလိုဘူး ။ စိတ်ကို ရှင်းရှင်းထား အားလုံး သံယောဇဉ် ဖြတ်ထား ရမည် ။ သေခါ နီးမှာ ကပ်ပြီး ပြုတဲ့ ကောင်း မှု ကံ သည် သေပြီး နောက် တစ်ဘဝ အတွက် အကျိုးပေး သဖြင့် ဘဝ ကူး အတွက် အလွန် အရေးကြီး သည် ။ သေခါ နီး ကာလ ဆိုတာ ကိုယ် အား နှုတ် အား တွေ လျော့ ပါး နေတဲ့ အတွက် ကာယကံ မှု ၊ ဝစီကံ မှု ထက် မနောကံ ကိုသာ အများဆုံး လုပ်နိုင်ခွင့် ရှိတော့ သည်ကို သတိ ပြုရ မည် ။ မနောကံ အလုပ် ၊ စိတ်ထဲက နှလုံး သွင်း ဆင်ခြင်မှု ကိုသာ အများဆုံး အားထား မှီခိုရပေလိမ့်မည် ။ သေခါ နီး ဆိုတာ များများ မလုပ်နိုင်တော့ ဘူး ။ လုပ်သလောက်ဟာ ကလေး တိတိ ကျကျ မိမိ ရရ ရှိဖို့ အရေး ကြီးပေ သည် ။ ဒီ ဘဝမှာ မသေခင် ဘယ် အရာကို ဘယ်တရား ကို အာရုံပြုပြီး ပိုင်ပိုင်နိုင်နိုင်ကြီး ဆွဲကိုင်ပြီး ဘယ်လို ဘဝ ကူးမယ် ဆိုတဲ့ အချက်ကို ကြိုတင်ရွေးချယ် သတ်မှတ် ထားရမည် ။ ဘယ်ပုံ ဝိညာဉ် ချုပ်စေရမယ် ဆို တဲ့ အထိ ဘဝ နိဂုံး ချုပ်မယ့် ပုံစံကို တိတိကျကျ ရေးဆွဲ ထားရမည် ။ ဘယ် အသက် အရွယ် မှာ ၊ ဘယ် အနာ ရောဂါ နှင့် ဘယ်နေ့ ဘယ်အချိန် ၊ ဘယ်နေရာမှာ သေရမည် ဆို တာ ဘယ်သူမှ ကြိုတင် မသိ နိုင်တဲ့ အတွက် သေနည်း ကို ကြိုတင် လေ့ကျင့် ထားဖို့ လိုသည် ။ ညစဉ် အိပ်ယာ ဝင်တိုင်း တကယ်သေခါ နီး အချိန် လို့ သဘောထား ပြီး အစမ်းလေ့ကျင့် ထားဖို့ လိုသည် ။ အလေ့ အထ ဖြစ်အောင် ၊ ခိုင်မာ အောင် မကြာ ခဏ အာရုံပြု လေ့ကျင့် ထားရမည် ။ မိမိ စိတ် အာရုံတွင် နှစ်သက် ကြည်လင် မှု ရှိတဲ့ နည်း တစ်မျိုးမျိုး ကို ထပ်ကာ ထပ်ကာ မီးထိုး ပေးနေရမည် ။ တဖန် တလဲလဲ လေ့ ကျင့်နေရမည် ။ သေနည်း ငါးမျိုး အနက် ကြိုက် နှစ်သက်ရာ တစ်မျိုး ကို ရွေးချယ်ပြီး သေမင်းကို မကြောက် မရွံ ရင်ဆိုင် နိုင်အောင် အသင့် ပြင်ထား ရမည် ။ သေနည်း ငါးမျိုး ၁။ သရဏဂုံနှင့် ဘဝ ကူး နည်း ။ ၂။ ဒါန နှင့် ဘဝ ကူး နည်း ။ ၃။ သီလ နှင့် ဘဝ ကူး နည်း ။ ၄။ သမထ နှင့် ဘဝ ကူး နည်း ။ ၅။ ဝိပဿ နာ နှင့် ဘဝ ကူး နည်း ။ ¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ သရဏဂုံ နှင့် ဘဝ ကူး နည်း ။ ¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ သရဏဂုံ တည်ဆောက် ပြီး မကျိုး မပေါက် အောင် စောင့်ထိန်းပါ ။ ဘာ လုပ်လုပ် သရဏဂုံ ရွတ်ဆိုပြီး မှ လုပ်ပါ ။ အလေ့ အထ ဖြစ်နေအောင် သရဏဂုံ နှလုံး သွင်းပြီး သရဏဂုံနှင့် နေသွားပါ ။သေခါ နီး မှာ.......... ဗုဒ္ဒံသရဏံ ဂစ္ဆာမိ ( မြတ်စွာ ဘုရား ကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏ ။ ဓမ္မံ သရဏ ဂစ္ဆာမိ (တရားတော် မြတ်ကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏ ။ သံဃံ သရဏံ ဂစ္ဆာမိ ( သံဃာတော် အရှင်မြတ် များကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏ ။ လို့ အဓိပါယ် ပါ အာရုံ ထင်လာအောင် စိတ်ထဲကနေ နှလုံးသွင်း ပွားများပါ ။ သရဏဂုံ နှင့် ဘဝ ကူး ရင် ကောင်းရာ သုဂတိ ရောက်သည် ။ ¤¤¤¤¤¤¤¤¤¤¤¤¤¤ ဒါန နှင့် ဘဝ ကူးနည်း ¤¤¤¤¤¤¤¤¤¤¤¤¤¤ ဘဝ တစ်သက်တာ တွင် မိမိပြုခဲ့တဲ့ ဒါန ကောင်းတွေ ထဲက အနေ ကျပ်ဆုံး ၊ အကြိုက် အနှစ်သက်ဆုံး၊ ပီတိ အဖြစ်ဆုံး အလှူ ဒါန ကောင်းမှု တစ်ခုခုကို ရွေးပါ ။ ပီတိ အားကောင်း မှ အကျိုးပေး ထက်သန်တာ ဖြစ်လို့ ထို ပီတိ အဖြစ်ဆုံး ဒါန ကောင်းမှု ကို ခုလောလော ဆယ် လှူ နေရ သလို အာရုံ ထင်မြင်ပြီး ကြည်နုး ဝမ်းမြောက် ပီတိ ဖြစ်နေရပါ မည် ။ သေခါ နီး နာ မကျန်း ဖြစ်နေ စဉ် အလှူ ဒါန ပြုပြီး ပြုခဲ့ သော အလှူဒါန ကို နှလုံးသွင်း ပီတိ ဖြစ်သည် အထိ အားရုံ ပြု ပွားများ၍ လည်း ရပါသည် ။ မိမိ ပြုခဲ့ သော အလှူဒါန ကို ဝမ်းသာ ပီတိ ဖြစ်အောင် နှလုံးသွင်း ဆင်ခြင် ရပါမည် ။ မိမိ လှူ ထားသော အဆောက် အဦး ၊ လှူဖွယ် ပစ္စည်းကို မစွဲလန်းမိရန် သတိ ပြုရပါမည် ။ မိမိ ပြုခဲ့သော အလှူဒါန ကို ဆင်ခြင် နှလုံး သွင်းပြီး ဒါန ပီတိ စိတ်နှင့်ဘဝ ကူးရင် ကောင်းရာ သုဂတိ ရောက်သည် ။ ¤¤¤¤¤¤¤¤¤¤¤¤¤¤ သီလနှင့် ဘဝ ကူးနည်း ¤¤¤¤¤¤¤¤¤¤¤¤¤¤ နေ့ စဉ် ပုံမှန် ငါးပါး သီလ ခံယူပြီး မကျိုး မပေါက် အောင် စောင့်ထိန်းပါ ။ သေခါ နီး သံယောဇဉ် ဖြတ်ပြီး စိတ် ကို ငြိမ်အောင် ထားပါ ။ မိမိ သီလ ကို နှလုံးသွင်းပြီး သီလ နုဿ တိ ဖြစ်နေ အောင် အထပ်ထပ် အာရုံပြု ဆင်ခြင် ပါ ။ သေခါ နီး တွင် လည်း ဘုရား အာရုံ ပြုပြီး ငါးပါး သီလ ခံယူ ပါ ။ အခု ငါးပါး သီလ ခံယူ ပြီးတဲ့ အချိန်က စပြီး ငါးပါး သီလ လုံခြုံ နေပြီလို့ ဝမ်းသာ ပီတိ ဖြစ်သည် အထိ နှလုံး သွင်း အာရုံ ပြုပါ ။ သီလ ပီတိ စိတ်နှင့် ဘဝ ကူးရင် ကောင်းရာ သုဂတိ ရောက် သည် ။ ¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ သမထ နှင့် ဘဝ ကူး နည်း ¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ သမထ ဆိုတာ တစ်ခု ကိုသာ စူးစိုက်ကာ ရှု ခြင်း ဖြစ်သည် ။ စိတ် ကို ဟို သည် မပျံ ့ လွင့် ဘဲ အာရုံ တစ်ခု တည်း အပေါ်မှာ တည် ငြိမ်နေအောင် စူးစိုက်ပြီး မှတ်နေ ခြင်း ဖြစ်သည် ။ သမထ ကျင့်စဉ် လေးဆယ် ရှိသည် ။ သေခါ နီး သူ သည် အများ အပြား မလုပ်နိုင်တော့ သဖြင့် တိုုတို နှင့် လွယ်ကူ ရှင်းလင်း သော နည်းကို အာရုံပြု ပွားများ လျှင် လုံလောက်ပါသည် ။ ဘုရား ဂုဏ်တော် နှလုံးသွင်း ပွားများနည်း - အရဟံ= ကိလေသာ ကင်းစင်တော် မူသော မြတ်စွာ ဘုရား၊ လို့ အရဟံ ဂုဏ်တော် ရဲ့ သဘောကို ပေါက်အောင် အာရုံ ထင်လာအောင် စိတ်ထဲကနေ နှလုံး သွင်း ပွားများရပါ မည် ။ မေတ္တာ ဘာဝနာ ပွား များနည်း - သတ္တဝါ အားလုံး ကျန်းမာ ချမ်းသာ ကြပါစေ လို့ စိတ်ထဲကနေ နှလုံးသွင်း ပွားများရ ပါမည် ။ ဘုရား ဂုဏ်တော် နှလုံး သွင်း ပွားများ နည်းနှင့် မေတ္တာ ဘာဝနာ ပွားများနည်း ကို ကြိုက်နှစ်ရာ တစ်ခုကို ပီတိ ဖြစ်သည် အထိ နှလုံး သွင်း အာရုံပြုပါ ။ ကောင်းရာ သုဂတိ ရောက်သည် ။ ¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ ဝိပဿနာ နှင့် ဘဝ ကူးနည်း ¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ ဝိပဿနာ ဆိုတာ ပေါ်ရာ ပေါ်ရာမှာ ရှု ခြင်းဖြစ်ပါသည် ။ ကိုယ် အမှု အရာ ဘာပဲ ပြုပြု - ပြုနေစဉ် ၊ စိတ် အမှု အရာ ဘာပဲ ဖြစ် ဖြစ် - ဖြစ်နေစဉ် ၊ နေ့ စဉ် တိုင်း နေ့ စဉ် တိုင်းမှာ ဖြစ်နေတဲ့ သဘောကို ဖြစ်နေ တဲ့ အတိုင်း သတိ ကပ် ရှု မှတ် သွား ရန် ဖြစ်သည် ။ ရုပ် နာမ် တရား တို့ကို အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ အားဖြင့် အဖန်ဖန် အထပ်ထပ် ရှု မှတ် ပွားများ အားထုတ်ခြင်း ဖြစ် သည် ။ ဝိပဿ နာ ဘာဝနာ တစ်ခုခု ကို ဆရာ သမား ကောင်းထံ နည်း နာခံပြီး စနစ် တကျ လေ့ ကျင့် ထားရမည် ။ ရိပ်သာ မကြာ မကြာ ဝင် ပြီး ဝိပဿ နာ အားထုတ် ရမည် ။ အိမ် မှာလည်း နေ့ စဉ် မှန် မှန် အားထုတ် ရမည် ။ ဝိ ပဿ နာ ကို နှလုံး သွင် ပြီး ဘဝ ကူးရင် ကောင်းရာ သုဂတိ ရောက် သည် ။ ( မိုးကုတ် ဆရာတော်ဘုရား ကြီး ၏ ဝေဒနာ ကုန်ပျောက် နိဗ္ဗာန် ပေါက် တရား တော်မှ ဝိပဿနာ နှင့် ဘဝ ကူး နည်း ကို အကျဉ်းချုပ် ကောက် နှုတ် ဖော် ပြ ပါမည် ။ ဘုရား ရှင် က သေနည်း ၆=မျိုး ဟော ကြား ထားပါသည် ။ ပုထုဇဉ် တို့၏ သေ နည်း က ၃-မျိုး ၊ သောတာပန်- သကဒါဂါမ် ၊ အနာဂါမ် တို့ သေနည်း က ၃-မျိုး............... ပေါင်း -၆-မျိုး ရှိပါသည် ။ အဲဒီ အထဲက မှ ဆရာတော် ကြီး ဟော ကြားထား သော ပုထုဇဉ် တို့ အတွက် အသင့်တော်ဆုံး သေ နည်း တစ်မျိုး ကို ဖော်ပြ ပါမည် ။ အဲဒီ နည်း ကတော့ ဘုရားရှင် နှင့် တပည့်သား တို့ ထံ မှ ကြား နာရသည့် တရား အတိုင်း ဝေဒနာ နှင့် ငါ မရောအောင် ကိုယ်တိုင် ရှု မှတ် ပွားများ ၍ သေနည်း ဖြစ် ပါသည် ။ သေခါ နီး တွင် ဝေဒနာ အမျိုးမျိုး ပေါ်လာ မည် ။ အဲဒီ အချိန်မှာ ရှု နည်း အသားကျ နေအောင် အခု ကတည်း က ဝေဒနာ ကို ငါ နှင့် မရောဘဲ ကိုယ် ညာဏ နှင့် ကိုယ် ဖြစ် ပျက် ရှု မှတ် တတ်အောင် ကြိုးစား ပြီး အကျင့် လုပ်ထား ရမည် ။ ဖြစ် ပျက် ရှုမှတ် တဲ့ အတွက် ဝေဒနာ ကို ဖြစ်တာနှင့် ပျက်တာ ပဲ သိနေမည် ။ အမှန် သိနေတဲ့ အတွက် အဝိဇ္ဖာ မလာပါ ။ သံသရာ ဝဋ် ဆင်းရဲ မှ မရုန်း ထွက် နိုင်အောင် သတ္တဝါ တို့ အား အလွန် ယစ် မှုးတွေ ဝေ စေတတ်သော အာသဝေါ တရား အကုန် ချုပ်တဲ့ နည်း ၊ ဖြစ်သည် ။ ဒီလို ဝေဒနာ ကို ဖြစ် ပျက် ရှု တဲ့ အတွက် ရှုတဲ့ သူမှာ ပဋိစ္စ သမုပ္ပာဒ် တွေ ပြတ်နေ သည် ။ ဒါကြောင့် ရှု ရင်း ရှု ရင်း သောတာပန် ၊ သကဒါဂါမ် ၊ အနာဂါမ် အထိ ရောက်သွား နိုင်သည် ။) ။ ။ စာဖတ်ကြသူ ဓမ္မ မိတ်ဆွေ သူတော်စင် သူတော်ကောင်း အပေါင်းတို့သည် ။ ကိုယ် စိတ် နှစ်ဖြာ ဘေးရန်ကွာ ကျန်းမာ ကြပါစေ… ကိုယ် စိတ် နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာ ကြပါစေ..ဟု… ဆုတောင်း ပေးရင်း… မည်သည့် အရာမျှ ထာဝရ ဆုတ်ကိုင် ထားခြင်း မရှိသော… သာသနာ့ ဟိတကာရီ.အရှင်ကုဏ္ဍလ- နေသိုက်စျာန်(လမှုး) (ဗဟုသုတစာမျက်နှာများ)
https://www.dhammaransi.com/index.php/new/613-2016-05-11-09-45-12.html
အပါယ်လေးပါး၊ကပ်သုံးပါး၊ရပ်ပြစ်ရှစ်ပါး၊တို့၏အနက်
ဗုဒ္ဓဘာသာဝင်တွေ ဘုရားရှိခိုးကြရင် ရွတ်ဆိုနေကြတဲ့ အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါး ဆိုတာတွေရဲ့ အနက်လေးတွေကို ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်.။ အပါယ်လေးပါး ¤¤¤¤¤¤¤¤¤ ၁။ ငရဲ ၂။တိရစ္ဆာန် ၃။ပြိတ္တာ ၄။အသုရကာယ် ကပ်သုံးပါး ¤¤¤¤¤¤¤ ၁။ ဒုဗ္ဘိက္ခရကပ် = ငတ်မွတ်ဘေးကပ် ၂။ သတ္တန္တရကပ် = လက်နက်ဘေးကပ် ၃။ ရောဂန္တရကပ် = ရောဂါလေးကပ် ရပ်ပြစ်ရှစ်ပါး ¤¤¤¤¤¤¤¤ ၁။ ငရဲ = ချမ်းသာမှုမရှိသောအရပ် ၂။ တိရစ္ဆာန် = နိဗ္ဗာန်နှင့်ဖီလာမိုးကိုကျောပေးသော သတ္တဝါ ၂။ ပြိတ္တာ = ကိုယ်လက်အင်္ဂါမမျှတသော သတ္တဝါ ၄။ အသညဇော = ခန္ဓာကိုယ်တစ်ပါးသာရှိပြီး အသက်နာမ်မရှိသော ဗြဟ္မာဘုံ ၅။ ပစ္စန္တရော = ရတနာသုံးပါးမသိ၊ မရှိသော တောချုံအုံခြားအရပ် ၆။ မိစ္ဆာဒိဌိ = မှားသောအယူရှိသောလူမျိုးစု ၇။.၀ိကလိန္ဒြိယ = သစ္စာလေးပါးကို နာကြားရသော်လည်း ဆွ့ံအနားပင်းပြီး တရားမသိသူ ၈။ ဗုဒ္ဓသုညော တိဟေတုကော = အသိအလိမ္မာနှင့်ပြည့်စုံသော်လည်း ဘုရားပွင့်သောကာလနှင့် လွဲပြီး လူဖြစ်ရခြင်း ရန်သူမျိုးငါးပါး ¤¤¤¤¤¤¤¤¤ ၁။ရေ ၂။မီး ၃။မင်းဆိုး ၄။ခိုးသူ ၅။မချစ်မနှစ်သက်သောသူ ၀ိပတ္တိတရားလေးပါး ¤¤¤¤¤¤¤¤¤¤¤¤ ၁။ သီလဝိပတ္တိ = သီလပျက်ခြင်း ၂။ ဒိဌိ၀ိပတ္တိ = အယူပျက်ခြင်း ၃။ အာစာရဝိပတ္တိ = အကျင့်ပျက်ခြင်း ၄။ အာဇီဝ၀ိပတ္တိ = အသက်မွေးမှုပျက်ခြင်း ဗျသနတရားငါးပါး ¤¤¤¤¤¤¤¤¤¤¤ ၁။ ဉာတိဗျသန = ဆွေမျိုးညာတိတို့ သေကြေပျက်စီးခြင်း ၂။ ဘောဂဗျသန = ရာထူးဂုဏ် စည်းစိမ်ပျက်စီးခြင်း ၃။ ရောဂဗျသန = အနာရောဂါနှိပ်စက်ပျက်စီးခြင်း ၄။ သီလဗျသန = အကျင့်သီလပျက်စီးခြင်း ၅။ ဒိဌိဗျသန = အယူဝါဒလွဲမှားပျက်စီးခြင်း Special Thanks to
https://www.dhammaransi.com/index.php/new/614-2016-05-11-09-44-43.html
ဆင်းရဲရခြင်း အတိတ်အကြောင်း (၃)ပါး
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ ဆင်းရဲရခြင်း အတိတ်အကြောင်း (၃)ပါး ¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ ဗုဒ္ဓဒေသနာများ၏ ညွှန်ပြချက်အရ ဆင်းရဲမွဲတေခြင်း၏ အတိတ်အကြောင်း (၃)ပါး ရှိလေသည်။ ယင်းတို့မှာ . . . (၁) ဒါနမပြုခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း။ (၂) သူတစ်ပါး၏ဥစ္စာကို လိမ်လည် လှည့်ဖြား ခိုးယူ ခဲ့သောကြောင့်ဆင်းရဲမွဲတေခြင်း။ (၃) ဣဿာမစ္ဆရိယ များခဲ့သောကြောင့် ဆင်းရဲမွဲတေ ခြင်း တို့ ဖြစ်ပေသည်။ ■ ထိုသုံးမျိုးတွင် ■ (၁) ဒါနမပြုခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း။ ဒါနမပြုခဲ့သောကြောင့် ဆင်းရဲမွဲတေရသူများသည် လုံလဝီရိယဖြင့် ရှာဖွေခဲ့လျှင် စားနိုင်သောက်နိုင် ဘဝသို့ ရောက်သေးသည်။ သနားတတ်သော သူတစ်ပါး၏အကူအညီကိုလည်း အနည်းငယ်ရနိုင်သေးသည်။ (၂) သူတစ်ပါး၏ဥစ္စာကို လိမ်လည်လှည့်ဖြား ခိုးယူ ခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း။ သူ့ဥစ္စာခိုး၍ ဆင်းရဲမွဲတေသူများကား ရှာဖွေလို့လည်း မလွယ်ကူ။ အစစအဆင်ပြေ၍ ရှာဖွေရခဲ့သော်လည်း မီး မင်း သူခိုး ရေ အမွေခံဆိုး ဟူသော ရန်သူမျိုးငါးပါး၏ ဖျက်ဆီးခြင်းကို မကြာခဏခံရ သဖြင့် ဘယ်သောအခါမှ နာလန်မထူပေ။ (၃) ဣဿာမစ္ဆရိယ များခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း။ ဣဿာမစ္ဆရိယကြောင့် ဆင်းရဲမွဲတေသူများကား ထိုထက်ဆိုးပါသေး၏။ ရှာဖွေလို့ ဘယ်လိုမှမရသည့်အပြင် လူတိုင်းကို သနားညှာတာပြီး ကူညီ တတ်သောသူများပင် ဣဿာမစ္ဆရိယသမားမျာ နှင့်တွေ့လျှင် ကူညီလိုစိတ် ၊ သနားညှာတာ စိတ်များ အလိုလို ကုန်ခန်းသွားတတ် သည်မှာ အံ့သြစရာကောင်း လှပါ၏။ ထိုအကြောင်းကို ဗုဒ္ဓဘုရားရှင်က "သံယုတ်ပါဋ္ဌိတော် မစ္ဆရီသုတ်" ၌ အပြည့်အစုံဟောပြ ထားသည်။
https://www.dhammaransi.com/index.php/new/615-2016-05-11-09-44-23.html
လောကဓံတရား(၈)ပါး
¤¤¤¤¤¤¤¤¤¤¤¤¤ လောကဓံတရား(၈)ပါး ¤¤¤¤¤¤¤¤¤¤¤¤¤ လောကဓံသည် ၁။လာဘ =ပစ္စည်းဥစ္စာရခြင်း။ ၂။အလာဘ=ပစ္စည်းဥစ္စာမရခြင်း။ ၃။ယသ =အခြွေအရံများခြင်း။ ၄။အယသ =အခြွေအရံမရှိခြင်း။ ၅။နိန္ဒာ =အကဲ့ရဲ့ခံရခြင်း။ ၆။ပသံသာ =ချီးမွမ်းခံရခြင်း။ ၇။သုခ = ကိုယ် စိတ် ချမ်းသာခြင်း။ ၈။ဒုက္ခ = ကိုယ် စိတ် ဆင်းရဲခြင်း။ ဤသို့အားဖြင့် ရှစ်ပါးရှိပါသည်။ ဤလောက၌ မကောင်း(၄)ပါး၊ကောင်း(၄)ပါးရှိ၏။ကောင်းသော လောကဓံနှင့် တွေ့ကြုံသောအခါ စိတ်အားကိုယ်အား ဝမ်းသာရွှင်ပျ တကြွကြွဖြစ်နေခြင်း၊မကောင်းသော လောကဓံတရားနှင့် တွေ့ကြုံသောအခါ စိတ်အားနွဲ့ ၍ တမဲ့မဲ့ဖြစ်နေခြင်းသည် လောကဓံကြောင့် တုန်လှုပ်ခြင်းတည်း။ ဝမ်းသာလွယ်သူသည် ဝမ်းနည်းလွယ်၏။ ဝမ်းသာအားကြီးသူသည် ဝမ်းနည်းအားကြီး၏။ ထို့ကြောင့် အမြဲ စိတ်ချမ်းသာခြင်းကို အလိုရှိလျှင် လောကဓံတရားရှစ်ပါး ဖြစ်ရိုးဖြစ်စဉ် တရားကြောင့် (ဆိုးဆိုးကောင်းကောင်း) သိသိသာသာ ကြီး စိတ်မပြောင်းဖို့ အထူးသတိထားသင့်ကြပေသည်။ ¤¤¤¤¤¤¤¤¤¤¤ လာဘ / အလာဘ ¤¤¤¤¤¤¤¤¤¤¤ မိမိနှင့်ထိုက်တန်သော လာဘ်ကိုတရားသဖြင့် ရအောင်ကြိုးစားရမည်။ ရသည့်အခါတွင်လည်း သူတစ်ပါး အမြင်ကတ်အောင် ဝမ်းသာရွှင်ပျ တကြွကြွ မရှိစေသင့်။ တချို့ ရှာဖွေမူကား ရှာဖွေ၍ မရသည့်အပြင် “ဘူးထဲက ရေပါ၍” အရင်းပင်ရှုံးတတ်သေးသည်။ ထိုကဲ့သို့ ဆုံးရှုံးမှုကြောင့်လည်း ဝမ်းနည်းပူဆွေး၍ မနေ နှင့်။ ထိုသို့ ဆုံးရှုံးသူတွေ မရေမတွက်နိုင်အောင် ရှိကြသည့်အပြင် ထီးနန်းကိုပင် စွန့်လွှတ်၍ တစ်မျိုးလုံး သခင်ဘဝမှ ကျွန်ဘဝသို့ဆင်းကာ မောင်မောင်လို့ ခေါ်တုန်းက”ဗျာ” လို့မျှ ထူးဖော်မရဘဲ အောင်ကျော်လို့ ခေါ်ကာမှ “ဘုရား”ထူးရသူတွေ အများပင် ရှိကြပေသည်။ သို့ဖြစ်၍ ရမှု မရမှု လောကဓံနှစ်ခုကြောင့် မတုန် မလှုပ်ဖို့ရာ ခိုင်မာသောစိတ်ကိုသာအမြဲထား သင့်ကြပေသည်။ ¤¤¤¤¤¤¤¤¤¤¤ ယဿ / အယဿ ¤¤¤¤¤¤¤¤¤¤¤ . ဆရာသမား လူကြီးလူကောင်းတို့၌ အထိုက်အလိုက် အခြွေအရံရှိမှ တင့်တယ်သည်။ အခြံအရံဟူသည် အိမ်ဝင်းအိမ်ခြံတို့ ကဲ့သို့ ဘေးဆီးရန်ကာ အရာရာမှာပင် စောင့်ရှောက်လုပ်ကျွေး အကူအညီပေးသူများပေ တည်း။ ထိုကဲ့သို့ အခြံအရံ ပေါများအောင် မိမိ၏ ပစ္စည်းများကို ချွေတာဝေငှ မစချီးမြှောက်ရမည်။ ထို့ကြောင့် “ခြွေမှ ရံသည်”ဟု ပြောလေ့ရှိသည်။ ထိုအခြွေအရံများကိုလည်း အစေခံလိုသဘောထား၍ အားမနာ ပါးမနာ များစွာ မခိုင်းစေသင့်။မိမိကိုမှီ၍ ကြီးပွားလိုသောစိတ်သာ ရှိသင့်ပေသည်။ အခိုင်းအစေကို ခိုင်းဖို့ရာ ငှားရမ်းထားသော အစေခံများကိုပင် အခြွေအရံလို သဘောထားလျက် မိမိကို အမှီပြု၍ တစ်နေ့ထက် တစ်နေ့ ကြီးပွားအောင် စောင့်ရှောက်သင့်ပေသည်။ ထိုကဲ့သို့ သဘောထားကောင်းပါလျက် အခြွေအရံ မရှိပြန်လျှင် စိတ်နှလုံး မပူပန်လေနှင့်။ အခြွေအရံပေါများသည့်အတွက်လည်း မာန်မာန မတက်စေလင့်။ ကျော်စောမှု၊ဂုဏ်သတင်းပျံ့နှံ့များလည်း ယခုဘဝသာမက ဘဝတိုင်းအရေးကြီး၏။ မြင့်မြတ်သော အလုပ်ကို လုပ်မည်ကြံလျှင် ဂုဏ်ရှိမှ နာမည်ကြီးမှ အထမြောက်နိုင်သည်ကို ရှေးဦးစွာ သတိပြုသင့်ပေသည်။ ”ဂုဏ ဝန္တေ ပဿန္တိ ဇနာ ဂုဏ်ရှိသူမှ လူထင်ကြသောအခါ”ဖြစ်သည်။ သို့ဖြစ်၍ ရသင့်သော ကျော်ကြားမှုဂုဏ်ကို ရအောင် ဥာဏ်ဝီရိယဖြင့် ထူထောင်ရမည်။ ရခဲ့ပြန်သော် ထိုဂုဏ်အတွက် မကြွားမမော်လေနှင့်။ရသင့် ပါလျက် မရပြန်လျှင်လည်း စိတ်အား မငယ်လေနှင့်။ ¤¤¤¤¤¤¤¤¤¤ နိန္ဒာ / ပသံသာ ¤¤¤¤¤¤¤¤¤¤ မလိုမုန်းထား ဣဿာများသူ သို့မဟုတ် အလုပ်မရှိ အလုပ်ရှာ၍ ကဲ့ရဲ့စရာ ကြံစည်သူတွေ ပေါများသော ယခုကာလဝယ် အချီးအမွမ်းခံရဖို့ ခဲယဉ်းသော်လည်း အကဲ့ရဲ့ခံရဖို့မှာ သေချာပြီးဖြစ်၏။ ထို့ကြောင့် ကဲ့ရဲ့စရာ မရှိအောင် ရှေးဦးစွာ သတိထားရမည်။ သို့ရာတွင် သိကြားမင်းဖန်ဆင်းအပ်သော နွားသော်မှ မစင်ပျော့သည် ဟု နော့တော့တော့ အဆိုခံရသေးသောကြောင့် “မုန်းအပြစ်၊ ချစ်အကျိုး၊ မြတ်နိုးသဒ္ဓါ”နိုင်သော ယခုကာလ ဝယ် မုန်းသူလည်း မရှားသဖြင့် အပြစ်မြင်ချင်သူတွေလည်း အများပင် ရှိပေသည်။ သို့သော် သူတစ်ပါး၏ အပြစ်ကို လွယ်ကူစွာ မြင်နိုင်သော ထိုသူများသည် အမရာ၊ကိန္တွရီ၊မဒ္ဒီ၊သမ္ဗုလာ တို့ အလား သို့မဟုတ် မဟော်သဓာ၊ဝေဿန္တရာ၊တို့တမျှ၊ သို့မဟုတ် အရှင်မဟာကဿပ ၊အရှင်သာရိပုတ္တရာ၊ အရှင်အာနန္ဒာတို့လို “ခြောက်ပြစ်ကင်း၍ စင်းလုံးချော”ဟုဆိုနိုင်ပါမည်လော။ ရွာတစ်ရွာ၌ တောင်ဘက်အိမ် မှ မိန်းမကြီးတစ်ယောက် စကားထစ်ကြောင်း ပြောလာသော သားငယ်က “အ..အ..အဖေ၊ဟို…ဟို..ဟို ဘက်အိမ်က မိန်း…မိန်း…မိန်းမကြီးဟာ စ…စ..စကား ထစ်..ထစ်..ထစ်လိုက်တာ” ဟု ပြောသလို ထိုသူ ကိုယ်တိုင်မှာ အကဲ့ရဲ့ခံရပြီးဖြစ်၍ “သူခိုးသေ ဖော်ညှိများ” ဖြစ်တတ်ကြသည်။ သို့မဟုတ် မိမိကဲ့ရဲ့ဖွယ်ကို အစွမ်းကုန် ဖုံးကွယ်ထားသော “ကြောင်သူတော်”ဖြစ်တတ်ကြသည်။ ဘာကြောင့်နည်း။ “ခိုးတတ်လျှင် ရိုးတတ်”သောကြောင့်တည်း။ တချို့အချက်များကား “ကိုယ့်ထက်သာ၍ မနာလို”လို့ကဲ့သို့သော်လည်း ထိုအကဲ့ရဲ့မျိုးကို သူကိုယ်တိုင်ပင် ခံချင်ကောင်း ခံချင်ပါလိမ့်မည်။ ဘာကြောင့် နည်း။ မိန်းကလေးတစ်ယောက်အိမ်သို့ ဂုဏ်သရေရှိ ယောင်္ကျားကလေး ထွက်ဝင်နေရာဝယ် တစ်နယ်လုံး ကဲ့ရဲ့ကြရာ၌ အမှန်စင်စစ်မှာ မိမိတို့ဆီ မလာသောကြောင့်သာ ဖြစ်သကဲ့သို့တည်း။ ဤသို့လျှင် အကဲ့ရဲ့ခံရမှု သည် မကင်းနိုင်သော လောကဓံ ဖြစ်သည့်အပြင် အမှန်အားဖြင့် ကဲ့ရဲ့သလောက် အပြစ်ရှိချင်မှ ရှိမည်။ အပြစ်ရှိသည်ပင်ထားဦးတော့။ကြောက်သင့် ရှက်သင့်သလောထက် မိမိစိတ်ကို မိမိခြောက်နေခြင်းက ပိုကောင်းပိုပါလိမ့်မည်။ တစ္ဆေကြောက်တတ်သူသည် ညဥ့်အမှောင်မိုက်ထဲတွင် ထန်းပင် ငုတ်တို့ကိုမြင်ရာ၌ ထန်းပင်ငုတ်တိုက လုံးဝ သရဲမခြောက်သော်လည်း သူစိတ်ထဲက “တစ္ဆေ တစ္ဆေ”ပဲဟု အသေအလဲစွဲလမ်း၍ တစ္ဆေကမ္မဋ္ဌာန်း စီးဖြန်းသောကြောင့် ကမ္မဋ္ဌာန်းပေါက်ပြီးလျှင် သူ့နောက်သို့ လိုက်နေသည်ထင်ကာ မစင်ပါအောင် ပြေးရှာ သကဲ့သို့တည်း။ ထို့အတူ အချို့ကိစ္စ၌ မိမိစိတ်မှ မိမိခြောက်ကာ အလွန့်အလွန်ကြောက်စရာဟု ထင်လာ တတ်ပေသည်။ ထို့ကြောင့် သံယုတ်ပါဠိတော်၌ “တောထဲမှာ ချွတ်ချွတ်သံကြားတိုင်း မောကြီးပန်းကြီး ပြေးရှာသော သမင်ပျိုကဲ့သို့ အကဲ့ရဲ့ခံရမည်ကို ကြောက်နေသူကိုလည်း စိတ်မတည်သူ၊ စိတ်မခိုင်သူ ပေါ့ဆစိတ်ရှိသူ”ဟု မိန့်တော်မူသည်။ ချွတ်ချွတ်သံကြားတိုင်း ပြေးရသဖြင့် သမင်ပျိုမှာ အစာရေစာ မဝ သကဲ့သို့ ထိုကြောက်တတ်သူမှလည်း မည်သည့်အကျိုးကိုမျှ မရချေ။ နဂိုကပင် အရှက်ရစေတော့ဟု သဘောထား၍ ကဲ့ရဲ့ရကား ထိုကဲ့သို့ ရှက်မှန်းကြောက်မှန်းသိလျှင် ကဲ့ရဲ့သူတို့အတွက် “မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ”ဖြစ်ပေလတ္တံ့။ တစ်နည်းတစ်ဖုံ စဉ်းစားပြန်လျှင် အကဲ့ရဲ့ခံနေရသည်မှာ တစ်မျိုးအားတက်စရာဖြစ်၏။ အဘယ့်ကြောင့်နည်း ခွေးလှေးကြမ်းပိုး အုတ်ကြားမြက်ပေါက် အစားမျိုးကို အရေးလုပ်၍ မပြောလိုကြ။အတော်ထင်ရှားသူကိုမှ ကဲ့ရဲ့ကြသောကြောင့်တည်း။ထို့ကြောင့် သစ်ပင်အများရှိရာတွင် အမြင့်ဆုံးသစ်ပင်သည် လေတိုက်အခံရဆုံး ဖြစ်သကဲ့သို့ ထို့အတူ အထက်တန်းကျလေ လောကဓံလေမုန်တိုင်း အတိုက်ခံရလေ ဖြစ်ရကား အကဲ့ရဲ့ခံရ မှုကို ဂရုစိုက်၍ ဝမ်းမနည်းထိုက်လှသည့်အပြင် တချို့ ကဲ့ရဲ့ခြင်းမှာ မိမိအထက်တန်းရောက်နေခြင်း၏ အမှတ်လက္ခဏာဖြစ်၍ ဝမ်းသာဖွယ် ကောင်းပေသည်။ ထို့ကြောင့် မည်သူမဆို ကဲ့ရဲ့မှုများကို အရေးစိုက်ကာ အရာရာ မတုန်လှုပ်အောင် “ခွေးဟောင်တိုင်း ထ၍ မကြည့်မိရန်”မြဲမြံသော စိတ်ထား၊ ခိုင်မာသော သမာဓိ တရားရှိအောင် ကြိုးစား၍ လေ့လာကြရမည်။ အကဲ့ရဲ့ခံရသည့်အခါတိုင်း “ငါ၏စိတ်များ ဘယ်အခြေရောက်အောင် ခိုင်မာနေပါလိမ့်မည်နည်း” ဟု စဉ်းစဉ်း စားစား သတိထားကာ အကဲ့ရဲ့ဒဏ်ကို အရသာခံကြည့်ပါလေ။သို့ရာတွင် ကဲ့ရဲ့ဖွယ် မရှိအောင်ကား သတိ ဆောင်ရပေလိမ့်မည်။ . ကဲ့ရဲ့ရာ၌ မတုန်လှုပ်သကဲ့သို့ ချီးမွန်းသည့်အခါ၌လည်း သိသိသာသာကြီး မပြုံးမိစေဘဲ “အလုပ်ကောင်း၍ အကျိုးရသည်မှာ ဓမ္မတာပဲ”ဟု နှလုံးသွင်းလျက် သန့်ရှင်းသော စိတ်ထားဖြင့် “အခြားသူများလည်း ငါကဲ့သို့ ဂုဏ်ရှိကာ အချီးမွမ်းခံရပါစေ”ဟု အမျှဝေသဘောဖြင့် စိတ်မနော ကောင်းသင့်ကြပေသည်။ ¤¤¤¤¤¤¤ သုခ / ဒုက္ခ ¤¤¤¤¤¤¤ ကိုယ်စိတ်နှစ်ပါးတို့ရဲ့ ချမ်းသာခြင်းသည်သုခဖြစ်ပြီး၊ကိုယ်စိတ်နှစ်ပါးတို့၏ ဆင်းရဲခြင်းကား ဒုက္ခဖြစ်သည်။ သုခ(ချမ်းသာခြင်း)ကြောင့်လည်း မာန်မာန မတက်ကြွပဲ တရားလက်ကိုင်ကျင့်သုံးပြီး ဒုက္ခ(ဆင်းရဲခြင်း) ကြောင့်လည်း စိတ်သောက မဖြစ်မူ၍ တရားလက်ကိုင်ကျင့်သုံးသင့်သည်။ အချုပ်အားဖြင့် လောကဓံ (၈)ပါးတွင် အကောင်း(၄)ပါးကို “ဣဋ္ဌာရုံ(အလိုရှိအပ်သောအာရုံ)”ဟုခေါ်သည်။ မကောင်း(၄)ပါးကို “အနိဋ္ဌာရုံ(အလိုမရှိအပ်သောအာရုံ)”ဟုခေါ်သည်။ ရှေးရှေး ဘဝများစွာ သံသရာက ကံကောင်း ကံဆိုး(ကုသိုလ် အကုသိုလ်) (၂)မျိုးကို ပြုလာခဲ့သော ငါတို့မှာ ထိုဣဋ္ဌာရုံ အနိဋ္ဌာရုံ အမျိုးစုံနှင့် အမှန်တွေ့ကြုံကြရတော့မည်။ ထိုကဲ့သို့ တွေ့ကြုံရာ၌ ထိုဣဋ္ဌာရုံ အနိဋ္ဌာရုံ လောကဓံ လေမုန်တိုင်းကို မိမိ၏ လုံ့လစွမ်း ဥာဏ်စွမ်းတို့ဖြင့် နည်းမှန်လမ်းမှန် နည်းလမ်းမှန်သမျှ ခုခံကာကွယ်ကြပြီးလျှင် အကြင်သို့သော နိဗ္ဗာန်ဆိပ်ကမ်းသို့ မျှော်မှန်းကူးခပ်ရမည်။ ဥပမာ-ပင်လယ်ကို ကျော်ဖြတ်နေသော မာလိန်မှူးတို့၌ အခါခပ်သိမ်း ငြိမ်သက် အေးချမ်းစွာ ကျော်လွန်ရ လိမ့်မည်ဟု မမျှော်လင့်နိုင်။မကြာမကြာပင် သာမန်လှိုင်းလေ၊ပြင်းထန်သော လှိုင်းလေ၊သဘောင်္ကိုပင် အန္တရာယ် ဖြစ်စေနိုင်သော လှိုင်းလေများကို တွေ့ကြုံရပေသည်။ ထိုသို့ တွေ့ကြုံရာဝယ် ကျွမ်းကျင်သော မာလိန်မှူးတို့မှာ မိမိတို့ လုံ့လစွမ်း၊ဥာဏ်စွမ်းတို့ဖြင့် ထိုလှိုင်းလေများကို ခုခံ၍ မိမိလိုရာ ဆိပ်ကမ်းသို့ ရောက်နိုင်ကြသကဲ့သို့တည်း။ ဤသို့လျှင် လောကဓံတရား(၈)ပါးကြောင့် စိတ်လှုပ်ရှားခြင်း မရှိ။အရှည်ကို မြော်မြင်၍ ကြိုတင်စီမံလေ့ လည်းရှိ။မိမိစီမံသည့်အတိုင်း အကျိုးရှိအောင် ဒေါမနဿတို့မှ ကင်းကွာ၍ ချမ်းချမ်းသာသာနှင့် ပါရမီ ကုသိုလ်များကို ကြိုးစားဖြည့်ကျင့်ကာ လူဖြစ်ရကျိုးနပ်သူ ဖြစ်ပါလိမ့်သတည်း။ ကိုးကား၊ ။ အရှင်ဇနကာဘိဝံသ (ကိုယ်ကျင့်အဘိဓမ္မာ) စာအုပ် စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။ အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ) ဓမ္မနဒီ
https://www.dhammaransi.com/index.php/new/616-2016-05-11-09-43-18.html
မြတ်စွာဘုရား နဲ့တကွ ရဟန်းသံဃာတော်တို့ရဲ့ ကြည်ညိုစရာ အလှူခံနည်း
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ မြတ်စွာဘုရား နဲ့တကွ ရဟန်းသံဃာတော်တို့ရဲ့ ကြည်ညိုစရာ အလှူခံနည်း ¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ မြတ်စွာဘုရား ဟောကြားထားတဲ့ လှူနည်းလေးကတော့... ရှာလို့ရသမျှကို လေးပုံ ပုံ... နှစ်ပုံကို ရင်းနှီးမြုပ်နှံ... တစ်ပုံကို အိုစာ၊ မင်းစာ ထား... ကျန်တဲ့တစ်ပုံကိုမှ စား... တဲ့... လှူဖို့ကတော့ စားတဲ့အထဲကမှ တတ်နိုင်သလောက် ဖဲ့ဖဲ့ပြီး လှူပါ... တဲ့... 》》》》》》》《《《《《《《 မြတ်စွာဘုရားက ရဟန်းသံဃာတော်တွေကို ပညတ်ထားတဲ့ အလှူခံနည်းလေး ၃ မျိုးကတော့... (၁) သဒ္ဓါတရားအားကောင်းပြီး ဆင်းရဲချို့တဲ့တဲ့ သူတွေဆီက အလှူခံမယ်ဆိုရင် သူတို့ သဒ္ဓါတရားအားကောင်းလို့ လှူတိုင်း အလှူ မခံပါနဲ့... တဲ့... သူတို့ တတ်နိုင်သလောက်ကိုသာ ကြည့်ပြီး အလှူခံပါ... တဲ့... ပစ္စည်းဥစ္စာချို့တဲ့ပြီး သဒ္ဓါတရားကောင်းတဲ့ ဒကာ၊ ဒကာမတွေဆိုရင် အိမ်ထဲတောင်ဝင်ပြီး အလှူမခံပါနဲ့... တဲ့။ သူတို့က လှူချင်လွန်း၍ ခေါ်ယူဖိတ်ငင်မှသာ သွားရောက်အလှူခံပေးဖို့ ဆုံးမပေးထားပါတယ်။ (၂) ပစ္စည်းဥစ္စာကြွယ်ဝပြီး သဒ္ဓါတရားအားနည်းတဲ့ သူတွေဆီက အလှူခံမယ်ဆိုရင် ပစ္စည်းကြွယ်ဝတိုင်း အလှူမခံပါနဲ့... တဲ့... သူတို့ သဒ္ဓါတရား ရှိသလောက်ကိုသာ ကြည့်ပြီး အလှူခံပါ... တဲ့... (၃) သဒ္ဓါတရားလည်း အားကောင်းတယ်၊ ပစ္စည်းဥစ္စာလည်း ကြွယ်ဝတယ်ဆိုတဲ့ သူတွေဆီက အလှူခံမယ်ဆိုရင် ကိုယ့်တစ်ကိုယ်စာ လိုအပ်သလောက်သာ အလှူခံရပါမယ်… လို့ ပညတ်တော် မူထားပါသတဲ့… မြတ်စွာဘုရားဟာ ဘယ်လောက်တောင်မှ ကြည်ညိုဖို့ ကောင်းသလဲဆိုရင် အလှူရှင် နဲ့ အလှူခံတွေကို အလှူလှူတတ်အောင်၊ အလှူခံတတ်အောင်ကအစ သင့်တင့်လျောက်ပတ်အောင် ဆုံးမပေးထားတော်မူပါတယ်။ ဒီလို ပညတ်တော်မူထားတဲ့ ၀ိနည်းလေးတစ်ခုကို နာယူမှတ်သားခွင့်ရတာလေးနဲ့တင် မြတ်စွာဘုရားနဲ့တကွ သံဃာတော်တွေကို အတိုင်းမသိ ကြည်ညိုလေးစားမိပါတယ်။ ။ ဆရာတော် အရှင်သုစိတ္တာဘိဝံသ ဟောကြားတော်မူသော ပဋိစ္စသမုပ္ပါဒ် တရားသင်တန်းမှ နာယူမှတ်သားမိတာလေးကို ပြန်လည်မျှဝေပါတယ်။ ဤစာလေးကို ဖတ်မိတဲ့ စာဖတ်သူ ဓမ္မမိတ်ဆွေများလည်း မြတ်စွာဘုရားနဲ့တကွ သံဃာတော်များကို အစကထက်ပိုလို့ ကြည်ညိုမြတ်နိုးလေးစားနိုင်ကြပါစေ.
https://www.dhammaransi.com/index.php/new/617-2016-05-11-09-43-00.html
အကြင်လင်မယားဖြစ်ရခြင်းအခြေခံအကြောင်းရင်း(၂)မျိုး
https://www.dhammaransi.com/index.php/new/618-2016-05-11-09-41-28.html
ဆွမ်းတော်တင် လှူဒါန်းပြီးမှ စားသောက်သုံးဆောင် ခြင်းသည် မည်ကဲ့သို့ အကျိုးရရှိပါသလဲ
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ ဆွမ်းတော်တင် လှူဒါန်းပြီးမှ စားသောက်သုံးဆောင် ခြင်းသည် မည်ကဲ့သို့ အကျိုးရရှိပါသလဲ ¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ (မေး) အရှင်ဘုရား၊ တပည့်တော်တို့ မိသားစုသည် နေ့စဉ် ထမင်းဟင်းနှင့် ရလာသမျှသော ခဲဘွယ်ဘောဇဉ်တို့ကို ဦးဦးဖျားဖျား ဆွမ်းတော်တင်ပြီးမှ စွန့်သည့်အခါ စားသောက်ခဲ့ကြသည်မှာ နှစ်များစွာပင်ရှိပါပြီ။ ဗုဒ္ဓဝေယျာဝစ္စ ပြုကြသူများမှာ ဇနီးနှင့်သမီးများသာ ဖြစ်ကြ၍ ကျန်လူများ အပြစ်ဖြစ်နေကြောင်း သိရှိရသဖြင့် များစွာတုန်လှုပ်မိပါသည်။ မည်သည့်အကြောင်းကြောင့် အပြစ်ဖြစ်ရသည်ကို၄င်း၊ ထိုအပြစ်များ ပပျောက်အောင် မည်သို့ဆောင်ရွက်ရမည်ကို၄င်း၊ ရှင်းလင်းညွှန်ကြားပေးပါဘုရား။ ( ဖြေ ) ရာဇဝင်တွင် ပုဂံပြည် အနော်ရထာမင်းက မနူဟာမင်းအား ဘုန်းကံနိမ့်စေရန် သင်ပုတ်ပလ္လင်တွင် စွန့်ပြီးသော ဆွမ်းတော်တင်ကို မနောလင်ပန်း၌ထည့်၍ ကျွေးသည်ဟူသော စကားမှစ၍ ဆွမ်းတော်တင် စားလျှင် ဘုန်းကံနိမ့်သည်ဟု ပြောစဉ် ဖြစ်နေရပါသည်။ ဝေယျာဝစ္စလုပ်သူ ဆွမ်းတော်တင် စားကောင်းသည် ဟူသော စကားမှာလည်း ဘုရားစေတီတို့တွင် တင်လှူထားသော ဆွမ်းတော်တင်ကို ခရီးသွား၊ စားရမဲ့ သောက်ရမဲ့ ပုဂ္ဂိုလ်များ စားသောက်လိုလျှင် ဤအတိုင်းစားသည်ထက် ဝေယျာဝစ္စလုပ်ကိုင်ပြီးမှ စားသင့်ကြောင်း ပြောဆိုခြင်း ဖြစ်ပါသည်။ မိမိတို့တစ်အိမ်လုံး စားသောက်မည့် ထမင်းဟင်းအားလုံးကို ဘုရားကိုလှူပြီးမှ စားသောက်ခြင်းမျိုးကား ရှာမှရှားသောစေတနာသဒ္ဓါမျိုး ဖြစ်ပါသည်။ မည်သို့မျှ အပြစ်မရှိပါ။ အများအားဖြင့် စတိသဘောမျိုးသာ ပန်းကန်ငယ်၊ ခွက်ငယ်တို့ဖြင့် ဆွမ်းတော်တင်လေ့ရှိကြသည်။ ဒီမိသားစုကျတော့ ရှိသမျှ ထမင်းအားလုံးကို လှူဒါန်းပြီးမှ စားသောက်ကြသည်ဟု သိရသဖြင့် သာဓုခေါ်မိပါသည်။ ဘုရားလက်ထက်က ပဏ္ဍိတသာမဏေအလောင်း ပဋိသန္ဓေယူသောအခါ မိခင်က ဘုရား ရဟန္တာတို့အား လှူဒါန်းပြီးမှ ဆွမ်းကြွင်း ဆွမ်းကျန်ကို စားလိုသော ချင်ခြင်းဖြစ်ကြောင်း၊ တန်ခိုးကြီးသော ရဟန္တာ ဖွားမြင်မည့် အတိတ်ဖြစ်၍ အလွန်ကောင်းမွန်ကြောင်း ဓမ္မပဒ အဋ္ဌကထာတွင် ပါပါသည်။ ရှေးဆရာတော်ကြီးများသည် ရသမျှ ဆွမ်းတော်တင် ဘုရားလှူပြီးမှ စားသောက်သောအလေ့အထရှိပါသည်။ မန္တလေးတွင် စာသင်သားဘဝ စာသင်စဉ်က ဆွမ်းခံအပြန် သပိတ်ရော ဆွမ်းဟင်းအားလုံး မဟာမြတ်မုနိဘုရားတွင် တင်လှူပြီး အချိန်ရသမျှ တရားထိုင်ခဲ့၍ နောက်မှ သပိတ်ကို ပြန်စွန့်ယူပြီးစားသုံးခဲ့သော ဆရာတော်ကြီးများ ယခုအခါ သာသနာတော်တွင် ရှေ့တန်းရောက် ပုဂ္ဂိုလ်ကြီးများ ဖြစ်၍နေကြပေပြီ။ ထို့ကြောင့် စားသောက်ဖွယ်အားလုံး လှူဒါန်းပြီးမှ စားခြင်း၊ မွှေးကြိုင်လှပသော ပန်းများကို ဘုရားလှူပြီးမှ ပန်ဆင်ခြင်းတို့မှာ ကဲ့ရဲ့ဖွယ်မဟုတ်၊ ချီးမွမ်းဖွယ်၊ အတုယူဖွယ်သာဖြစ်ကြောင်း ဖြေကြားလိုက်ပါသည်။ ဆရာတော် အရှင်တိလောကသာရ Special Thanks to ☆ ရဝေထွန်း ☆
https://www.dhammaransi.com/index.php/new/619-2016-05-11-09-41-01.html
ဘုရားတစ်ဆူပွင့်ပြီး နောက်ဘုရားတစ်ဆူပွင့်ရန် ကြာမြင့်သည့်အချိန်
https://www.dhammaransi.com/index.php/new/620-2016-05-11-09-40-06.html
ဗုဒ္ဓဘာသာ (၅)မျိုး
ယနေ့ခေတ်လူတွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။ ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။ ဒီလိုအခြေအနေတွေကိုသိလို့ မြတ်စွာဘုရားက “နောင််အနာဂတ်မှာ ဗုဒ္ဓဘာသာ (၅)မျိုး ကွဲပြားလိမ့်မယ်”ဟု ဟောတော်မူခဲ့ပါတယ်။ အဲ့ဒီ ဗုဒ္ဓဘာသာ(၅)မျိုးကတော့ (၁) ကုလ ဗုဒ္ဓဘာသာ (၂) လာဘ ဗုဒ္ဓဘာသာ (၃) ဘယ ဗုဒ္ဓဘာသာ (၄) သဒ္ဓါဓိက ဗုဒ္ဓဘာသာ (၅) ပညာဓိက ဗုဒ္ဓဘာသာ (၁)ကုလ ဗုဒ္ဓဘာသာ ကုလ ဗုဒ္ဓဘာသာဆိုတာ ရိုးရာဗုဒ္ဓဘာသာ ကိုပြောတာပါ။ အမေအဖေက ဗုဒ္ဓဘာသာမို့ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာ ရတာပါ။ မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန်။ဒါကို မိရိုးဖလာ ကုလဗုဒ္ဓဘာသာပေါ့။ မိဘကဗုဒ္ဓဘာသာမို့သာ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာရတာ ဘုရားရှင်ဘာလို့ပွင့်မှန်းမသိ။ ဘုရားဘာတရား ဟောမှန်း လည်းမသိ။ ကိုးကွယ် နေတဲ့ မြတ်စွာဘုရား ဘာကြောင့်ကိုးကွယ်ရမှန်း လည်းမသိ။ တရားတော်ကို ဘာကြောင့်ကိုးကွယ်ရမှန်းမသိ။ ဘုရားကိိိုဦးချတာ ဘာရည်ရွယ်ချက်နဲ့ ဦးချမှန်းမသိ။ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့ အလေးပြုနေမှန်းကို မသိတာ။ လုပ်တော့လုပ် နေတာပဲ အသိပညာ ဘာမှမပါတာ။ကုလ ဗုဒ္ဓဘာသာပါ။ (၂)လာဘ ဗုဒ္ဓဘာသာ လာဘ ဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာာသာကို ဆိုလိုတာပါ။ ဒီဘဝ စီးပွားရေးလေးတက်မလားဆိုပြီးမှ ဘုရားကိုးကွယ်တာမှာရွေးပြီးကိုးကွယ်တယ်။ ဒီဘုရား ကိုးကွယ်ရင်တော့ လာဘ်လာဘ ပေါများတယ် ဟိုဘုရား ကိုးကွယ်ရင်တော့ စီးပွားရေးတက်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘ ဗုဒ္ဓဘာသာပါ။ဘုရားကိုးကွယ်မှ လာဘ်ပေါများ မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ ဘာလို့ လာဘ်ရွှင်နေလဲ။ အဓိက စီးပွားရေးဖြစ်နေတယ်ဆိုတာ ဘုရားကြောင့်မဟုတ်ပါဘူး။ ကံ၊ဉာဏ်၊ဝီရိယ သတ္တိကြောင့်ပါ။ အိမ်ခြံ ဝယ်မယ်။ ရောင်းမယ်။ အိမ်နေရာပြောင်းမယ်ဆိုရင်တောင်မှ ရက်ရာဇာ ပြဿဒါး ရွေးနေတာတွေ။ ဘုရား ကျောင်းဆောင် ပေါ်မှာ ဘိုးတော် ဘွားတော်ပုံတွေ တင်ထားတာတွေ။ကိုကြီးကျော် ၊ မနှဲလေး အစရှိတဲ့ နတ်တွေ ကိုးကွယ်တာတွေ။ ဗေဒင် ယုံကြည်ပြီး ယတြာတွေ ချေလိုက်ကြ စတဲ့ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာများကို လာဘဗုဒ္ဓဘာသာလို့ ခေါ်ပါတယ်။ (၃)ဘယ ဗုဒ္ဓဘာသာ ဘယ ဗုဒ္ဓဘာသာဆိုတာ ဘေးကိုကြောက််််််လို့ ကိုးကွယ်တာကိုခေါ်ပါတယ်။အန္တရာယ်ကင်းဖို့၊ ဘေးရှင်းဖို့၊အသက်ရှည်ဖို့၊ ကျန်းမာဖို့၊ဒီလိုအတွေးအခေါ်တွေနဲ့ ဘုရား ကိုးကွယ်တာကို ဘယဗုဒ္ဓဘာသာဟုခေါ်ပါသည်။ ဒီဘုရား ကိုးကွယ်မှ အသက်ရှည် မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန် အစ္စလာမ်တွေ အသက်ရာကျော် ရှည်နေကြတာ ဘာလို့ပါလဲ။ ဘာမှမသိဘဲ ရမ်းကိုးကွယ််််််တာ ကုလ ဗုဒ္ဓဘာသာ၊ လာဘ်လာဘ လိုချင်လို့ကိုးကွယ်တာ လာဘဗုဒ္ဓဘာသာ။ ဘေးကြောက်ပြီး အကိုးအကွယ် မှားနေတာ ဘယ ဗုဒ္ဓဘာသာ။ ဒီ ကုလ၊လာဘ၊ဘယ ဗုဒ္ဓဘာသာ(၃)မျိုးကို အနိမ့်တန်းစားဗုဒ္ဓဘာသာဟုခေါ်ပါသည်။ ခန္ဓာမှာ အသိ၊ဘာသာရေးအသိ ဓာတ်ခံနည်းတော့ လိမ်စားနေတဲ့သူတွေက လိမ်လို့ကောင်း နေပါတယ်။ဘုရားလည်းကိုးကွယ်ရသေး၊တရား လည်းကိုးကွယ်ရသေး၊ ဆွမ်းဦးကိုလည်း လောင်းလှူရသေး၊ သာသနာတော်ကိုလည်း ပစ္စည်းလေးပါး နဲ့ လှူဒါန်းပူဇော်ဆက်ကပ်ရသေး။ ဘာအတွက် ဒါတွေ လုပ်နေရတာလည်း ဘာအတွက် သာသနာကိုချီးမြှောက်နေတာလည်း ဘာအတွက် ကျောင်းဆောက်နေတာလည်း။ စဉ်းစားပါ။ဝေဖန်ပါ။သုံးသပ်ပါ။ (၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ သဒ္ဓါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဓါတရားကို အရင်းခံပါတယ်။သဒ္ဓါတရားဆိုတာ ယုံကြည်ချက်််််််ပါ။ဘုရား၊တရား၊သံဃာကို တကယ်သက်ဝင််််ယုံကြည်တာကို ခေါ်ပါတယ်။ ယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဓါ နဲ့ မှားမှားယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဓါဆိုပြီး (၂)မျိုးရှိပါတယ်။ သမ္မာသဒ္ဓါ မှန်မှန်ကန်ကန် ယုံကြည်ချက် ဆိုတာ သစ္စာတရား သိတော်မူတဲ့ မြတ်စွာဘုုရားဟာ ဝေနေယျ သတ္တဝါတွေကို သူသိသကဲ့သို့ မေတ္တာ ဂရုဏာတော်အပြည့်နဲ့ သစ္စာလေးချက် နက်ကိုဟောကြားတော် မူခဲ့ပါတယ်။ ဒီတရားတော် အနက် တွေကိုပိုင်ပိုင််နိုင်နိုင်သိတော်မူသွားကြတဲ့ အရိယာသူတော်စင်ကြီးတွေဟာ နိဗ္ဗာန်ဝင်စံသွားကြပါတယ်။ နိဗ္ဗာန်ဆိုတာ အို ၊သေ၊ နာ လွတ်ရာပါ။အသေလွတ်ရာ ပြတတ်လို့ မြတ်စွာဘုရားအား ကိုးကွယ်ပါ၏ ဆိုတဲ့ ယုံကြည်ချက်ဟာ မှန်ကန်သောယုံကြည်ချက်။ တရားတော်ကို ဘာကြောင့်ကိုးကွယ်ရသလဲ မြတ်စွာဘုရားဟောတော်မူခဲ့သော တရားတော်ကို ကြိုစားအားထုတ်လိုက်လို့ တရားလမ်းကြောင်းအတိုင်းသာ လျှောက်သွားနိုင်ရင် နိဗ္ဗာန်ရောက်ပါမည်။ ထိုအသေလွတ်ရာ ပို့ဆောင်တာ တရားက ပို့ ဆောင်တာပါ။ ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ဘူး။ ထိုတရားတွေ မကွယ်မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲ ဆိုရင် သံဃာတွေရဲ့ ကျေဇူးပါ။ဘုရားရှင်ဟောတော်မူသော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊ သုတ်ဝိနည်း အဘိဓမ္မာတရားတွေ သံဃာတော်တွေက ဆောင်ထားတာပါ။ ပိဋကသုံးပုံကိုသံဃာတော်တွေကစောင့်ရှာက်ထားတာပါ။ သံဃာတော်ကို ယုံကြည်မှု။ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဓါယုံကြည်မှု။ မိစ္ဆာသဒ္ဓါ ယုံကြည်မှုကလာဘ်လာဘပေါတယ်။ အန္တရာယ်ကင်းတယ်ဆိုပြီး ကိုးကွယ်ယုံကြည်နေတာ မိစ္ဆာသဒ္ဓါ။ လာဘ်လာဘ ပေါတယ်ဆိုတဲ့ လာဘ ဗုဒ္ဓဘာသာယုံကြည်ချက်၊အန္တရာယ်ကင်းအောင်ဆိုပြီး ဘယဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်ချက်၊ ဗုဒ္ဓရဲ့ ဂုဏ်ကျေးဇူးကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့ ကုလ ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်မှု ဒါတွေဟာ မိစ္ဆာသဒ္ဓါတွေပါ။ အသေလွတ်ရာလမ်းကို ပြတတ်လို့ ၊ အသေလွတ်ရာ ပို့ဆောင်နိုင်လို့၊ အသေလွတ်ရာ တရားကိုဆောင်ထားနိုင်လို့ ရတနာ သုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့ သမ္မာသဒ္ဓါ။ အနှစ်သာရမရှိတာကို မရှိဘူးလို့ သိပါတယ်။ အနှစ်သာရ ရှိတာကိုု ရှိတယ်လို့သိပါ တယ်။ မှားတာကို မှားတယ်လို့ သိတယ်။ မှန်တာကို မှန်တယ်လို့သိတယ်။ သိတဲ့ အပြင်၊ အမှားလမ်းကို ရှောင်၊ အမှန်လမ်းကို ဆောင်တာသည် သမ္မာသဒ္ဓါ ရှိတဲ့ သဒ္ဓါဓိက ဗုဒ္ဓဘာသာပါ။ (၅)ပညာဓိက ဗုဒ္ဓဘာသာ သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ပညာဓိက ဟုခေါ်သည်။ပညာဓိက ဗုဒ္ဓဘာသာဟာ တရားတော်ကို ယုံကြည်တယ်။ တရားတော်ကို ဘယ်လိုယုံကြည် တာလည်းဆိုတော့ ရမ်းယုံကြည်တာမဟုတ်ဘဲ ခန္ဓာအသိနဲ့ အသေအချာသိပြီး ယုံတယ်။ထိုသို့ သိတာကို ပညာ ဟုခေါ်ပါသည်။ သစ္စာလေးပါးကို အသေအချာ ပညာနဲ့သိတဲ့ ဗုဒ္ဓဘာသာ၊ ဖြစ်ပျက်မှုတွေကို သိတဲ့ ဗုဒ္ဓဘာသာ ဖြစ်ပျက်မြင်တာ ခန္ဓာက မြင်တာလား ပညာကမြင်တာလားဆိုတော့ ပညာကမြင်တာပါ။ပညာဓိကဗုဒ္ဓဘာသာပါ။ ဘုရားက မင်းတို့ခန္ဓာထဲမှာ ဖြစ််တာနဲ့ ပျက််တာပဲ ရှိတာလို့ဟောခဲ့ပါတယ်။ဒါကို ကိုယ်တိုင် သစ္စာတရားကို သေချာသိပြီး ကျင့်ကြည့် လိုက်တော့ မြင်တယ်။ ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ယုံကြည်တော့သဒ္ဓါ၊ဖြစ်ပျက်မြင်တာက ပညာ။ ထိုကြောင့် သဒ္ဓါနဲ့ပညာ သွားပြီး တွဲနေပါတယ်။သဒ္ဓါနဲ့ ပညာဟာ တွဲလျက်ပါတဲ့။ သဒ္ဓါတရား မှန်မှန်ကန်ကန် နဲ့သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှ လွတ်မြောက်််နိုင်၏။ တို့မှာ အပါယ်မျိုးစေ့တွေ၊အပါယ်ကျ ကြောင်းကံတွေ လုပ်ထာတာရှိတယ်။ဒါတွေကို ဘယ်သူမှ ဝင်တားလို့ မရပါဘူး။ သူ့ကိုတားချင်ရင်၊ သူ့ကိုအကျိုးမပေးစေချင်ရင် ဘာနဲ့ဖြတ်ရမလဲ ဆိုတော့ ဉာဏ်နဲ့ ဖြတ်ရမယ်။ဉာဏ်နဲ့ ဖြတ်လိုက်လို့ ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဓါလည်းပါတယ်၊ ပညာလည်းပါတယ်။ ဒါသည် သဒ္ဓါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာ ဖြစ်ပါသည်။ သဒ္ဓါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်််််တန်း ဗုဒ္ဓဘာသာပါ။ သဒ္ဓါနှင့် ပညာ balance (ဟန်ချက်ညီ)ဖို့လည်း လိုပါတယ်၊ သဒ္ဓါလွန်ကဲ ပညာနည်းပြန်ရင် (နှလုံးလှ လူမိုက်ကြီး)သူတော်ကောင်းလူအကြီးဖြစ် သွားပါတယ်၊ ဆင်ခြင်တုံတရားနည်းပါးသူတွေက (superstitious rites, scarified, prayer,) အကျိုးမရှိတဲ့နေရာနေမှာ ကိုယ့်အချိန်တွေ ကို အသုံးချနေကြပါတယ်။ သဒ္ဓါနည်းပြီး ပညာကဲနေပြန်ရင်လဲ ပညာရှိလူမိုက်ကြီး ဖြစ်နိုင်ပါတယ်။ ဆိုလိုတာက ဘယ်အရာမဆို အစွန်းမရောက်စေဖို့ပါဘဲ။
https://www.dhammaransi.com/index.php/new/621-2016-05-11-09-39-40.html
ယမမင်း နှင့် ငရဲထိန်းများ ပြန်၍ အပြစ်ခံရ/မခံရ
မေး ။ ။ အရှင်ဘုရား၊ ငရဲပြည်ကိုအုပ်စိုးသော ယမမင်း နှင့် ငရဲသားတို့ကို ညှင်းဆဲသော ငရဲထိန်းတို့သည် ဘာသာရေးဖက်မှ ကြည့်လျှင် အပြစ်ရှိ မရှိနှင့် ထိုငရဲပြည်ကို အုပ်စိုးသောသူတို့သည် အဘယ်အကျိုးပေးကံကြောင့် ငရဲပြည်တွင် အုပ်စိုးသူများ ဖြစ်နေရပါသနည်း။ ထို့ပြင်ငရဲပြည်ကို အုပ်စိုးသူတို့၏ သက်တမ်းနှင့် သက်တမ်းကုန်ပြီးနောက် မည်သို့သော ဘဝမျိုးကို ကျရောက်နိုင်ပါသနည်း။ ဖြေကြားပေးတော်မူပါဘုရား။ ဖြေ ။ ။ မေးခွန်းသည် အလွန်လေးနက်ပါသည်။ မေးခွန်းအားဖြင့် ၃မျိုးတွေ့ရ၏။ အားလုံးကိုခြုံငုံ၍ ဖြေလိုက်ပါမည်။ ငရဲမင်းခေါ် ယမမင်းကြီးသည် စတုမဟာရာဇ် နတ်မျိုးဝင် တန်ခိုးကြီးသော နတ်ပြိတ္တာကြီးဖြစ်ပါသည်။ သူတော်ကောင်းနတ်ကြီးဖြစ်ပါ၏။ အပါယ်ပြိတ္တာမျိုးမဟုတ်ပါ။ ငရဲသားတို့ကို အမျိုးမျိုး နှိပ်စက်ညှင်းပန်းကြကုန်သော ငရဲထိန်းတို့သည်လည်း စတုမဟာရာဇ်နတ်မျိုးတွင် အကျုံးဝင်သော အလွန်ကြမ်းတမ်း ယုတ်မာလှကုန်သော ဘီလူးမျိုး၊ ရက္ခိုသ်မျိုးများဖြစ်ပါသည်။ ထို့ကြောင့်၄င်းတို့၏ သက်တမ်းသည် စတုမဟာရာဇ် နတ်သက်အနေဖြင့် အနှစ်ငါးရာ၊ လူတို့၏ အသက်တမ်းအားဖြင့် အနှစ်ကိုးသန်း ရှည်ပါမည်။ ဘုံအနေဖြင့်သာပြောရသော်လည်း အချို့သော စတုမဟာရာဇ်နတ်မျိုးဝင်များသည် ကံရှိသလောက်သာ အသက်ရှည်ကြကုန်၏။ ငရဲဘုံသို့ရောက်ကြကုန်သော သူတို့တွင် အချို့အကုသိုလ်ကံ ကြီးမားသောသူတို့မှာ ငရဲခံမည့်နေရာသို့ တောက်လျှောက် ကျသွားကြ၏။ ထိုသူများအဖို့ ကုသိုလ်ကံ အကုသိုလ်ကံ ရောလျက် ငရဲသို့ ကျရောက်လာသော သူတို့သည်ငရဲခံရမည့် နေရာသို့တိုက်ရိုက်ကျရောက်သွားသည် မဟုတ်ဘဲ ငရဲပြည်၏ ပတ်ဝန်းကျင် တောတောင်မြေပြင် အရပ်ရပ်တို့သို့ ရောက်သွားကြသည်။ ထိုသူတို့ကို ငရဲထိန်းတို့က ဖမ်းဆီး၍ချက်ချင်းငရဲခံရ မည့်နေရာသို့ မချသေးဘဲ ယမမင်းကြီး၏ ရုံးတော်ရှိရာ သို့ ခေါ်ဆောင်လာခဲ့ကြကုန်၏။ ငရဲကြီး ၈ ထပ်တွင် အထပ်တိုင်း၏ အလယ်ကောင်၌ ငရဲခံရမည့်နေရာ ရှိ၏။ ပတ်ဝန်းကျင်တွင် သစ်ပင်တောတောင် မြေကွက်လပ်များရှိ၏။ ငရဲခံရမည့်နေရာ၏ လေးဖက်လေးတန်တွင် ငရဲမင်းယမမင်းကြီး၏ ရုံးတော်တစ်ခုစီရှိကြ၏။ ထိုရုံးတော်တို့တွင် ငရဲသားတို့အား ကုသိုလ်ကောင်းမှုတို့ကိုအမှတ်ရ အောက်မေ့မိအောင် စစ်မေးကြကုန်၏။ ကုသိုလ်ကောင်းမှုတို့ကို သတိရအောင် အစဖော်ပေးကြကုန်၏။ ကုသိုလ်ကောင်းမှုတို့ကို သတိရ၍အချို့ ငရဲသားများ လူ့ပြည် နတ်ပြည်သို့ပြန်ရောက်ကြကုန်၏။ ကုသိုလ်ကောင်းမှုကို မပြုခဲ့ သတိလည်းမရ၊ အကုသိုလ်ကံသာများသော ငရဲသားတို့ကို ငရဲထိန်းများဖြစ်ကြသော ရက္ခိုက်ဘီလူးတို့က ငရဲခံရာဌာနသို့ ခေါ်ဆောင်၍ နှိပ်စက်ညှင်းပန်းကြကုန်၏။ ထို့ကြောင့် မိမိပြုသောကုသိုလ်ကို သတိရပေးနိုင်စေရန် ကုသိုလ်ပြုတိုင်းယမမင်းကြီးထံ အမျှပေးစေနေကြခြင်းဖြစ်၏။ ယမမင်းကြီးသည် နှိပ်စက်ညှင်းပန်းသူမဟုတ်။ ကယ်တင်သူသာဖြစ်၏။ နှိပ်စက်ညှင်းပန်းလိုသော စေတနာမပါလျှင်အပြစ်မရှိပေ။ ငရဲထိန်း၊ ရက္ခိုသ်ဘီလူး တို့သည်ကားနဂိုကပင် ကြမ်းတမ်းခက်ထန်ကြကုန်၏။ နှိပ်စက်ညှင်းပန်းလိုသော စေတနာကြောင့် အကုသိုလ်ကံအပြစ် ရောက်မည်သာဖြစ်၏။ ထိုက်သင့်သော ကုသိုလ်ကံအစွမ်းကြောင့် ရက္ခိုသ်ဘီလူးစသော ငရဲထိန်းများဖြစ်ကြ၏။ ညှင်းပန်းနှိပ်စက်လိုသော အကုသိုလ်ကံကြောင့်ကား တစ်လှည့်တစ်ပြန်ခံရဦးမည်သာ ဖြစ်၏။ ဤမျှလောက်ဆိုလျှင် မေးခွန်းသုံးခုစလုံးအတွက် ပြည့်စုံသွားပါလိမ့်မည်။ မှတ်ချက် ။ ။ လယ်တီဆရာတော်ဘုရားကြီး၏ သီလဝိသောဓနီကို မှီးပါသည်။ " ဘဒ္ဒန္တဝါယာမသာရ "(မြတ်မင်္ဂလာ အမေးအဖြေများ)
https://www.dhammaransi.com/index.php/new/622-2016-05-11-09-39-07.html
မိမိကံကောင်းနေလား/ကံဆိုးနေလား စမ်းစစ်နည်း
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ မိမိကံကောင်းနေလား/ကံဆိုးနေလား စမ်းစစ်နည်း ¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ ကိုယ့်ကိုယ်ကို ကံကောင်းနေလား၊? ကံဆိုးနေလား? ဆိုသည်ကို အောက်ပါအချက်များဖြင့် စမ်းစစ်ကြည့်နိုင်ပါသည်။ အကုသိုလ်တွေမှ လုပ်ချင်နေတယ်၊ ဘုရားလည်း ရှိခိုးချင်စိတ် မရှိဘူး၊ တရားနာချင်စိတ်တွေလည်း ပျောက်နေတယ် အစရှိသဖြင့် ကောင်းမှုတွေဆို လုပ်ရမှာ စိတ်မပါဘဲ ပျင်းရိပျင်းတွဲ ဖြစ်နေပြီး မကောင်းမှုတွေမှ လုပ်ချင်နေပြီဆိုရင် ကံဆိုးတော့မယ်လို့ သိနိုင်ပါသည်။ ဆန့်ကျင်ဘက်အားဖြင့် ကောင်းမှုကုသိုလ်လေးတွေ လုပ်ချင်ကိုင်ချင်စိတ် ဖြစ်ပေါ်နေပြီဆိုရင်တော့ များမကြာမှီ သင်ကံကောင်းပါတော့မည်။
https://www.dhammaransi.com/index.php/new/623-2016-05-11-09-38-43.html
ခဏ သေကြည့်ပါ
ညအိပ်ခါနီးအချိန်ကို တစ်ကယ်သေခါနီး အချိန်လို့ သဘောထားပြီး ကုသိုလ်အာရုံ စွဲမြဲအောင် အလေးအနက်ထား ကြိုးစားကြရပါမယ်။ ကုသိုလ်အာရုံက ဒါနအာရုံ သီလအာရုံ သမထအာရုံ ဝိပဿနာအာရုံ လို့လေးမျိုးရှိပါတယ်။ ဒါနအာရုံအနေနဲ့ ဒီနေ့ဒီအချိန်အထိ ဘဝ တစ်သက်တာမှာပြုခဲ့တဲ့ ကောင်းမှုတွေထဲက ကိုယ်အနှစ်သက်ဆုံး ကိုယ်ပီတိအဖြစ်ဆုံး ဒါန ကောင်းမှုတစ်ခုခုကို အာရုံပြုရပါမယ်။ အဲဒီဒါနဟာ ငွေကြေးအကုန်အကျ အနည်းအများနဲ့ မဆိုင်ပါဘူး။ အကုန်အကျများတိုင်း အကျိုးပေးထက်သန်တာ မဟုတ်ပါဘူး။ ပီတိအားကောင်းမှ အကျိုးပေးထက်သန်တာပါ။ ညအိပ်ရာဝင်ခါနီးတိုင်း ဘုရားသောက်တော်ရေ အသစ်လဲတဲ့အကျင့်ကို စွဲစွဲမြဲမြဲလုပ်ပေးပါ။ အိပ်ခါနီး(အသေလေး)ရဲ့အနီးကပ်ဆုံးဒါနဖြစ်လို့ အာရုံယူရတာ အလွန်လွယ်ကူပါတယ်။ အေးချမ်းမှုနဲ့ တစ်နေ့တာကို အဆုံးသတ်လိုက်ရတဲ့အတွက် ဘဝတစ်လျှောက်လုံး အဆင်ပြေပြီး အေးချမ်းရပါလိမ့်မယ်။ သီလကုသိုလ်အနေနဲ့ အိပ်ခါနီးတိုင်း အနည်းဆုံးငါးပါးသီလ (အောက်ထစ်ဆုံး ပြောတာပါ) ကိုအသစ် ခံယူဆောက်တည်ပါ။ ဆောက်တည်ပြီး အချိန်ကစပြီး မကျိုးပေါက်ပါစေနဲ့။ အိပ်တော့မယ်ဆိုတော့လည်း ကျိုးပေါက်စရာ မရှိတော့ပါဘူး။ သမထကုသိုလ်အနေနဲ့ ကိုယ်အနှစ်သက်ဆုံး ကိုယ်အကြည်ညိုဆုံး ဘုရားဂုဏ်တော် တစ်ခုခုကို ပွားများပါ။ ဥပမာ- "အရဟံ - လူနတ်ဗြဟ္မာသတ္တဝါအပေါင်းတို့၏ ပူဇော်အထူးကိုခံယူတော် မူထိုက်ပါပေသော မြတ်စွာဘုရား။ အရဟံ -ကိလေသာ ကင်းစင်တော်မူပါသော မြတ်စွာဘုရား။ အရဟံ - ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား" လို့ အရဟံဂုဏ်တော်ရဲ့ အဓိပ္ပါယ်ကို အာရုံထင်မြင်အောင် စိတ်ထဲကနေ နှလုံးသွင်းပွား များရပါမယ်။ နောက်တစ်ခု သမထအနေနဲ့ မေတ္တာဘာဝနာပွားများ နေရပါမယ်။ အနည်းဆုံး "သတ္တဝါအားလုံးချမ်းသာကြပါစေ"လို့ သုံးခေါက်လောက်ပွားများရပါမယ်။ ကိုယ်နှစ်သက်ရာ ကိုယ်အားသန်ရာ မေတ္တာပွားနည်းတွေနဲ့လည်း မေတ္တာပွားနိုင်ပါတယ်။ ဒါနကုသိုလ် သီလကုသိုလ် သမထကုသိုလ်တွေကို အစဉ်အတိုင်း အာရုံပြု ဝမ်းမြောက်ပြီးပြီဆိုလျှင် နောက်ဆုံး ဝိပဿနာကုသိုလ်နဲ့ အိပ်လိုက်ပါတော့။ နှာသီးဝ လေထိရာအရပ်မှာ သတိကပ်ထားပြီး လေဝင်ရင် 'ဝင်တယ်' လေထွက်ရင် 'ထွက်တယ်' ကို ရှုမှတ်ပြီးနေပါ။ ဝင်တိုင်း ထွက်တိုင်းသာ တစ်ဆက်တည်း သိနေမယ်ဆိုရင် လေးငါးချက်ထက် ပိုမမှတ်ရပါဘူး။ ချက်ချင်း အိပ်ပျော်သွားပါလိမ့်မယ်။ ဝင်လေထွက်လေ ရှုမှတ်ခြင်းဟာ အကောင်းဆုံးအိပ်ဆေးပါပဲ။ လေဝင် လေထွက်တိုင်း ထိတွေ့တွန်းကန်မှုတွေကို သိနေမယ်ဆိုရင် လောဘ ဒေါသစတဲ့ ကိလေသာတွေလည်း ဖြစ်ခွင့် မရတော့ပါဘူး။ သမာဓိဉာဏ် ရင့်သန်ပြီးသား ပုဂ္ဂိုလ်ဆိုရင် အိပ်ရာဝင်မှာ လေဝင်လေထွက်မှတ်ရင်းနဲ့ မဂ်စိတ်ကျပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုသွားနိုင်ပါတယ်။ အိပ်ခါနီးတိုင်း ဒါနအာရုံ သီလအာရုံ သမထအာရုံ ဝိပဿနာအာရုံနဲ့ အိပ်စက်သွားမယ်ဆိုရင် သေလွန်ခါနီးမှာလည်း အဲဒီအာရုံလေးမျိုးမှာ တစ်မျိုးမျိုးနဲ့ သေလွန်ရမှာ သေချာပါတယ်။ ကုသိုလ်အာရုံနဲ့ သေလွန်သွားသူကို ကောင်းရာသုဂတိဘုံတွေက သူဦး ကိုယ်ဦး လက်ကမ်းကြိုဆိုနေကြမှာပါ။ ဒါကြောင့် ညအိပ်ရာဝင် ခေါင်းအုံးပေါ်ခေါင်းချ ကျောဆန့်ပြီးတာနဲ့တစ်ပြိုင်နက် "ငါခဏသေလိုက်ဦးမယ်" လို့ ကို်ယ့်ကိုယ်ကို စိတ်ထဲကပြောပြီး သေနည်းလေ့ကျင့်ကြဖို့ အထူး တိုက်တွန်းလိုက် ရပါတယ်။ စေတနာ မေတ္တာ အရင်းခံဖြင့်- အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ )
https://www.dhammaransi.com/index.php/new/624-2016-05-11-09-38-14.html
ကုန်သည်ချင်းတူလျက်ဘာကြောင့်အကျိုးပေးကွာရသနည်း
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ ကုန်သည်ချင်းတူလျက်ဘာကြောင့်အကျိုးပေးကွာရသနည်း ¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ အခါတပါး၌ အရှင်သာရိ ပုတ္တရာ သည် မြတ်စွာဘုရား အား ဤသို့ မေးေ လျှာက် လေ၏။ ( ၁ ) မြတ်စွာဘုရား ဤလောက ၌ အချို့ သောသူ၏ ကြိုးစား အားထုတ် ပြု လုပ် အပ်သော ကုန်သွယ်မှု သည် အခြား သူတို့၏ ကုန်သွယ်မှု နှင့် ကုန် သွယ် မှု ချင်း တူမျှသည် သာ ဖြစ်ပါလျက် ရှုံး၏၊ ယင်းသို့ ဖြစ်ခြင်း ကား အဘယ်အကြောင်း ကြောင့် ပါနည်း။ ( ၂ ) အချို့သောသူ၏ ကြိုးစား အားထုတ် ပြုလုပ်အပ်သော ကုန်သွယ်မှု သည် အခြားသူ တို့၏ ကုန်သွယ်မှု နှင့် ကုန်သွယ်မှု ချင်း တူမျှ သည်သာ ဖြစ် ပါလျက် ရည်မှန်း သလောက် မရ၊ ယင်းသို့ ဖြစ်ခြင်း ကား အဘယ် အကြောင်း ကြောင့် ပါနည်း။ ( ၃ ) အချို့သော သူ၏ ကြိုးစား အားထုတ် ပြုလုပ် အပ်သော ကုန်သွယ်မှု သည် အခြား သူတို့၏ ကုန်သွယ်မှုနှင့် ကုန်သွယ်မှု ချင်း တူမျှ သည်သာ ဖြစ် ပါလျက် ရည်မှန်းသည့် အတိုင်း ရ၏၊ ယင်းသို့ ဖြစ်ခြင်းကား အဘယ် အကြောင်းကြောင့်ပါနည်း။ ( ၄ ) အချို့သော သူ၏ ကြိုးစား အားထုတ် ပြုလုပ်အပ်သော ကုန်သွယ်မှု သည် အခြားသူ တို့၏ ကုန်သွယ်မှု နှင့် ကုန်သွယ်မှု ချင်း တူမျှသည် သာ ဖြစ်ပါလျက် ရည်မှန်း သည် ထက် ပို၍ ရ၏၊ ယင်းသို့ ဖြစ်ခြင်း ကား အဘယ် အကြောင်း ကြောင့်ပါနည်း။ ထိုအခါ မြတ်စွာ ဘုရား က ဤသို့ ဖြေကြား မိန့်တော်မူ လေ၏။ ( ၁ ) သာရိပုတ္တရာ၊ အချို့သော သူသည် ရဟန်း ပုဏ္ဏား တို့အား “အရှင် ဘုရား၊ အလိုရှိသော ပစ္စည်းကို ပြောပါ” ဟု ဖိတ်ကြား ပြီး ထိုပစ္စည်း ကို မလှူဒါန်း ချေ၊ ထိုသူသည် ထို ဘဝမှ စုတေ၍ ဤဘဝ သို့ ရောက်လာ ပြီး ကုန်သွယ်မှု ပြုလုပ် သော အခါ ရှုံးရ၏။ ( ၂ ) အချို့သော သူသည် ရဟန်း ပုဏ္ဏားတို့အား “အရှင် ဘုရား၊ အလို ရှိသော ပစ္စည်းကို ပြောပါ” ဟု ဖိတ်ကြား ပြီး ရည်မှန်းထား သည့် အတိုင်း မပေးလှူ ဘဲ နည်းနည်း သာ ပေးလှူ၏၊ ထိုသူသည် ထိုဘဝ မှ စုတေ၍ ဤဘဝ သို့ ရောက်လာ ပြီး ကုန်သွယ်မှု ပြုလုပ် သော အခါ ရည်မှန်း သလောက် မရ။ ( ၃ ) အချို့သော သူသည် ရဟန်း ပုဏ္ဏား တို့အား “အရှင် ဘုရား၊ အလို ရှိသော ပစ္စည်းကို ပြောပါ” ဟု ဖိတ်ကြားပြီး ရည်မှန်း ထားသည့် အ တိုင်း ပေးလှူ၏၊ ထိုသူသည် ထိုဘဝ မှ စုတေ၍ ဤဘဝ သို့ ရောက်လာပြီး ကုန်သွယ် မှု ပြုလုပ် သော အခါ ရည်မှန်း သည့် အတိုင်း ရ၏။ ( ၄ ) အချို့သော သူသည် ရဟန်း ပုဏ္ဏားတို့အား “အရှင် ဘုရား၊ အလို ရှိသော ပစ္စည်းကို ပြောပါ” ဟု ဖိတ်ကြား ပြီး ရည်မှန်း ထားသည် ထက် ပို၍ ပေးလှူ ၏၊ ထိုသူသည် ထိုဘဝမှ စုတေ၍ ဤ ဘဝသို့ ရောက်လာ ပြီး ကုန်သွယ်မှု ပြုလုပ်သော အခါ ရည်မှန်း သည် ထက် ပို၍ ရ၏။ သာရိပုတ္တရာ၊ ဤသည် လျှင် ကုန်သွယ်မှု ချင်း တူမျှ သည် သာ ဖြစ်လျက် ရှုံးခြင်း၊ ရည်မှန်း သလောက် မရခြင်း၊ ရည်မှန်း သလောက် ရခြင်း၊ ရည်မှန်း သည် ထက် ရခြင်း ၏ အကြောင်း ပေ တည်း။ အံ-စတုက္က၊ ဒု-ပဏ္ဏာသက၊ အပဏ္ဏကဝဂ်၊ ၉-ဝဏိဇ္ဇသုတ်။
https://www.dhammaransi.com/index.php/new/625-2016-05-11-09-37-48.html
မိထွေးတော်ဂေါတမီ
မိထွေးတော်ဂေါတမီသည် ဘိက္ခုနီရဟန်းမသာသနာတော်ကို စတင်ဖော်ဆောင်ခဲ့သူတစ်ဦးဖြစ်သည်။ အမျိုးသမီ းများ ဘိက္ခုနီသာသနာတော်သို့ ဝင်ရောက်ရန်အတွက် ရှေ့ဆောင်လမ်းပြအဖြစ် ကြိုးစားခဲ့သူ တစ်ဦးလည်းဖြစ်သည်။ နောက်ဆုံ း ရဟန်းမဘဝတွင် သိက္ခာဝါအကြီးဆုံး(ရတ္တညူမဟတ္တ) အရာ၌ ဧတဒဂ်ရခဲ့သည်။ မဟာပဇာပတိဂေါတမီ ထေရီမကြီး၏ ကြိုးစားမူကြောင့် သာသနာတော်သို့ အမျိုးသမီးများ များစွာဝင်ရောက်ခဲ့ကြပြီးအကျွတ်တရားရသူ တရားဖြန့်ပွားသူ သာသနာပြု အမျိုးသမီးများစွာပေါ်ထွန်းခဲ့သည်။သာသနာ၌ ထူးခြားစွာ ဧတဒဂ်ရခဲ့သော အမျိုးသမီး (၁၃)ဦးပေါ်ပေါက်ခဲ့ရသည်။ ဤအရှင်မလောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက် ဟံသာဝတီမြို့၌ စည်းစိမ်ကြွယ်ဝသော အမတ်ကြီးတစ်ဦး၏ သမီးဖြစ်ခဲ့သည်။တနေ့တွင် ပဒုမုတ္တရဘုရားရှင်ထံသို့ ဖခင်နှင့်အတူ တရားနာ လိုက်သွားရာ ဘုရားရှင်က မိထွေးဖြစ်သော ရဟန္တာထေရီမကြီးအား သိက္ခာအကြီးဆုံးအရာ၌ ဧတဒဂ်ထားသည်ကို တွေ့ရ၍ထိုဆုကိုတောင်းယူလိုသော ဆန္ဒဖြစ်ခဲ့သည်။ဖခင်ထံ ခွင့်ပန်ပြီးဘုရားအမှူးရှိသော သံဃာတော်များကို ခုနှစ်ရက် ခုနှစ်လီ အလှူကြီးပေးလှူပြီး ထိုဆုကိုပန်ခဲ့သည်။ အရှင်မလောင်းလျာသည် ဤဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသောကဿပ ဘုရားရှင် သာသနာတော် ကွယ်ပပြီးနောက် ဂေါတမဗုဒ္ဓမပွင့်ထွန်းမီ ကြားကာလတွင် အလုပ်သမားငါးရာတို့ကို ကြီးမှူးအုပ်ချုပ်ရသော အလုပ်သမားခေါင်းကြီး၏ဇနီးဖြစ်ခဲ့သည်၊ထိုဘဝတွင် အလုပ်သမားငါးရာတို့၏လုပ်အားဖြင့် ပစ္စေကဗုဒ္ဓါတို့ကို ၀ါဆိုကျောင်းဆောက်လုပ်လှူခဲ့သည်။၀ါကျွတ်တွင် ပရိက္ခရာတို့ကို လှူခဲ့သည်။ ဘဝတခုတွင်လည်း ယက်ကန်းသည်တို့ကို အုပ်ချုပ်ရသောသူ၏ဇနီးဖြစ်ခဲ့ပြီးပဒုမဝတီမိဖုရားမှ ဖွားသော ပစ္စေကဗုဒ္ဓါ ငါးရာတို့ကိုဆွမ်းလှူဒါန်းခဲ့သည်။ ထိုမှတဖန် လူ့ဘုံ နတ်ဘုံ အစုံအလင်ခံစားပြီးနောက် ဤဘုရားရှင် သာသနာပေါ်ချိန်နီးလာသော အခါ ဒေဝဒဟပြည်တွင် မဟာသုပ္ပဗုဒ္ဓမင်းကြီး၏ သမီးတော်ငယ်ဖြစ်လာ၍အရွယ်ရောက်သော် အစ်မတော်မာယာဒေဝီနှင့်အတူ ကပိလဝတ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဒနမင်းနှင့် လက်ထပ်ထိမ်းမြှားခဲ့ရသည်။ မယ်တော်မာယာသည် ဗုဒ္ဓမြတ်စွာလောင်းလျာဖြစ်သော သိဒ္ဓတ္ထမင်းသားကို ဖွားမြင်ပြီး ခုနှစ်ရက်မြောက်တွင် နတ်ရွာလားကာ တုသိတာနတ်ပြည်သို့ ရောက်ရှိသွားသည်။ မယ်တော်မာယာ နတ်ရွာစံပြီးချိန်မှစ၍ ညီမတော်မဟာပဇာပတိဂေါတမီသည် အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး ဖြစ်ခဲ့သည်။သူမတွင် သားတော်နန္ဒမင်းသားနှင့် သမီးတော်ဇနပဒကလျာဏီတို့ ထွန်းကားခဲ့သည်။မိထွေးတော်ဂေါတမီသည် မိမိရင်နှစ်သည်းချာ သားလှရတနာဖြစ်သည့် နန္ဒမင်းသားကို နို့ထိန်းများနှင့် လွှဲအပ်ထားပြီးမိမိကိုယ်တိုင်မူကာ ဘုရားလောင်းသိဒ္ဓတ္ထမင်းသားကိုသာ နို့ချိုတိုက်ကျွေး၍ ပြုစုမွေးမြူခဲ့ရသည်။ဤကဲ့သို့ ဗုဒ္ဓမြတ်စွာလောင်းလျာ ခုနှစ်ရက်သားအရွယ်မှစ၍မွေးမြူစောင့်ရှောက်ခဲ့ရသည်။ ဗုဒ္ဓလောင်းလျာသည် သက်တော် ၂၉-နှစ်အရွယ် သားတော်ရာဟုလာကို ဖွားမြင်ပြီးနောက် တောထွက်တော်မူသွားသည်။မိထွေးတော်ဂေါတမီနှင့် မတွေ့ဆုံခဲ့ရချေ။ မြတ်စွာဘုရားသည် ကပိလဝတ်ပြည်သို့ ကြွတော်မူ၍ ခမည်းတော် သုဒ္ဓေါဒနမင်းနှင့်တကွ ဆွေတော်မျိုးတော်တို့အားနိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြားတော်မူခဲ့သည်တွင်မှ ပြန်လည်ဆုံတွေ့ရပြီး ဆွေတော်မျိ ုးတော်များနှင့်အတူ တရားနာယူရသဖြင့်သောတာပန်အရိယာ ဖြစ်ခဲ့ပါသည်။ မိထွေးတော်ဂေါတမီ၏သားတော်ဖြစ်သူ နန္ဒမင်းသားနှင့် မြေးတော်ရာဟုလာတို့သည် ဘုရားရှင်၏ သာသနာတော်တွင်းသို့ ဝင်ရောက်ခဲ့ကြသည်။ညီတော် အာနန္ဒာအပါအဝင် သာကီဝင်မင်းသား ခြောက်ယောက်တို့သည်လည်းဘုရားရှင်သာသနာသို့ ဝင်ရောက်သွားကြသည်။သားတော် မြေးတော်များ ထီးရိပ်နန်းရိပ်မှ သာသနာရိပ်၌ ခိုလူံသွားကြသောအခါ ခမည်းတော်သုဒ္ဓေါဒနမင်းကြီးနည်းတူ မိမိလည်းပထမတွင် သားသမီးအချစ်မြေးအနှစ် ဆိုသကဲ့သို့ ခွဲခွာရသောဒုက္ခကို ခံစားခဲ့ရသည်။ ဘုရားရှင် ဒုတိယအကြိမ် ကပလိလဝတ်ပြည်သို့ ကြွရောက်လာသော အချိန်တွင် ဂေါတမီသည် ချောမွတ်နူးညံ့လှသော ချည်အကောင်းစားဖြင့် သားတော်ဘုရားအတွက် သင်္ကန်းရက်လုပ်ပြီး လှူခဲ့သည်။ ဘုရားရှင်ကထု ိသင်္ကန်းကို လက်မခံဘဲ သံဃာတော်များကိုလှူလျှင် မိမိကိုလည်းလှူရာရောက်သည်ဟု ချီးကျူးကာ သံဃာကိုသာ လှူရန် လမ်းညွှန်မူပေးခဲ့သည်။ ဘုရားရှင် ကပိလဝတ်မှ ပြန်ကြွ၍ မကြာမီ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် ထီးဖြူရိပ်မှာပင် လူဝတ်ကြောင် ရဟန္တာဘဝဖြင့် ပရိနိဗ္ဗာန်ပြုခဲ့သည်။တနေ့ထက်တနေ့ တွေ့ကြုံရသော အပြောင်းအလဲ၊မမြဲသော သင်္ခါရသဘောနှင့် သာသနာ၏သဘောတို့ကို သိမြင်လာခဲ့သည်။ ဂေါတမီသည် ရောဟိဏီမြစ်အရေးအခင်းဖြစ်ပြီးနောက် ကောလိယနှင့် ကပိလဝတ်မှ တစ်ဘက်(၂၅၀) စီ ရဟန်းပြုသွားကြကာ သာကီဝင်မင်းသားတို့၏ ကြင်ယာတော် ဇနီးငါးရာတို့ကိုလည်း ထိန်းသိမ်းစောင့်ရှောက်ထားခဲ့ရပြန်သည်။ ဂေါတမီသည် လောကီအမြင်အရ လင်သားမရှိ၊ သားတို့မြေးတို့လည်းမရှိတော့သောမှီတွယ်ရာမဲ့ မုဆိုးမဘဝ၊ အားငယ်စရာဝဖြစ်သည်ဟုထင်ဖွယ်ရှိ၏၊ သို့သော်လည်းဂေါတမီသည် ထိုလင်သားမြေးများ မရှိခြင်းကပင်အနှောင်အဖွဲ့မှလွတ်မြောက်သူဖြစ်လာ၏၊ ချစ်လှစွာသောမိဘနှင့် ဇနီးသားမယားတို့ကိုပင် စွန့်ခွာနိုင်လောက်အောင် သာသနာရိပ်ခိုလူံသွားကြသူတို့၏ ချမ်းသာကိုလည်းအားကျမျှော်မှန်းနေခဲ့မိသည်၊ ယခုမူ မိမိအလှည့်၊မိမိအချိန်ရောက်လေပြီဟု ဝမ်းမြောက်ကာ ဘုရားသာသနာတော်၌ ဝင်ရောက်ခိုလူံရန် စိတ်ဆုံးဖြတ်လိုက်သည်၊မင်းသမီးငါးရာတို့နှင့် တိုင်ပင်ရာ မင်းသမီးငါးရာတို့ကလည်း သာသနာတော်ဝင်ရန် သဘောတူကြသည်။ ထိုအချိန်က ဘုရားသာသနာတော်၌ဘိက္ခုနီဝတ်သူ မရှိသေးချ။မဟာပဇာပတိဂေါတမီသည် ဘုရားရှင်သီတင်းသုံးရာ နိဂြောဓာရုံကျောင်းသို့ဝင်ပြီး ဘုရားရှင်ကို ရိုသေစွာရှိခိုးကာ မြတ်စွာဘုရားသသနာတော်၌အမျိုးသမီးများ ဝင်ရောက်ထမ်းဆောင်ခွင့်ပြုပါရန်လျှောက်ထားသည်။ “ဂေါတမီ --- သာသနာတော်၌အမျိုးသမီးများ ဝင်ရောက်ထမ်းဆောင်ခွင့်ကို မတောင့်တပါလင့်”ဟု ဘုရားရှင်တားမြစ်ခဲ့သည်။ ဂေါတမီသည် ဇွဲမလျှော့ဘဲ သုံးကြိမ်တိုင်တိုင် လျှောက်ထားသည်၊ဘုရားရှင်ကား ခွင့်ပြုတော်မမူ၊ မျှော်လင့်ချက်လမ်းဆုံး၌ ယူကျုံးမရ၊ ဝမ်းနည်းစွာဖြင့် နန်းတော်သို့ပြန်ခဲ့ရသည်။ မြတ်စွာဘုရားရှင်ကလည်းကပိလဝတ်ပြည်မှ ယူဇနာငါးဆယ်ကွာဝေးသော ဝေသာလီပြည်သို့ ကြွသွားတော်မူပြီးမဟာဝုန်တော ကူဋာဂါရကျောင်းတော်၌ သီတင်းသုံးနေတော်မူလေသည်။ မိထွေးတော်ကြီး မဟာပဇာပတိဂေါတမီနှင့်အတူ သာကီဝင်မင်းသမီးငါးရာတို့သည် ဆတ္တာသည်တို့ကို ခေါ်၍ အမျိုးသမီးတို့၏အမြတ်နိုးဆုံးအရာဖြစ်သော ဆံကေသာတို့ကို ပယ်ဖြတ်ကြသည်၊ ထို့နောက် အဖိုးထိုက်တန်သော ထီးသုံးနန်းသုံး အဝတ်အစား ဆင်ယင်ထုံးဖွဲ့မူများကို ပယ်စွန့်၍ဖန်ရည်စွန်းသော အဝတ်များကို ဝတ်ဆင်လိုက်ကြသည်။ ထို့နောက် မြတ်စွာဘုရားကြွတော်မူရာ အရပ်ကိုစုံစမ်းပြီး ခြေလျင်ခရီးဖြင့် လိုက်သွားခဲ့ကြသည်။ ယူဇနာငါးဆယ်ခရီးကိုပင် ဝေါယာဉ်စသည်တို့ကို အသုံးမပြုဘဲ ခြေလျင်လျှောက်လှမ်းခဲ့ကြသည်ကို ကြည့်လျှင် မိထွေးတော်ဂေါတမီတို့၏သာသနာတော်သို့ ဝင်ရောက်လိုသောဆန္ဒ ပြင်းပြမူကို သိသာနိုင်သည်။ ပင်ပန်းကြီးစွာ လျှောက်လှမ်းခဲ့ရသဖြင့် ဝေသာလီပြည် ဘုရားကျောင်းတော် အနီးသို့ ရောက်သောအခါ နန်းတွငး်သူမင်းသမီးတို့၏နူးညံ့သော ခြေထောက်များ ပေါက်ကွဲကာ သွေးချင်းချင်းနီလျက် ရှိကုန်၏၊ ခန္ဓာကိုယ်တွင်လည်းဖုံအလိမ်းလိမ်းကပ်ငြိလျက်ရှိသည်။ ဘုရားရှင် သီတင်းသုံးရာ ကျောင်းပေါက်ဝနံရံကိုမှီကာ ငိုယိုနေကြကုန်၏။ မင်းသမီးငါးရာတို့၏ ငိုယိုသံကို အရှင်အာနန္ဒာ ကြား၍ လာရောက်စုံစမ်းမေးမြန်းသောအခါ မိထွေးတော်ဂေါတမီ၏ ဘိက္ခုနီ(ရဟန်းမ)ပြုလိုသော ဆန္ဒ ပြင်းပြမူကို သိရှိရသဖြင့် ဘုရားရှင်အားလျှောက်ထားပေးသည်။အရှင်အာနန္ဒာက မိထွေးတော်ဂေါတမီ၏ ကျေးဇူးဂုဏ်တို့ကိုဖော်ပြ၍ အကြိမ်ကြိမ် ခွင့်ပန်လျှောက်ထား ပန်ကြားသော်လည်း ဘုရားရှင်၏ခွင့်ပြုချက်မရ။ထိုအခါအရှင်အာနန္ဒာက မိထွေးတော်ဂေါတမီ တစ်ဦးတည်းသာ မဟုတ်ပဲ အမျိုးသမီးအားလုံး ဘိက္ခုနီအဖြစ်ဖြင့် အရိယာဖြစ်နိုင်ခွင့်ရှိ မရှိကိုမေးမြန်းလျှောက်ထားရာ မြတ်စွာဘုရားရှင်က အမျိုးသမီးများလည်းဘိက္ခုနီဘဝဖြင့် အရိယာဖြစ်နိုင်ကြောင်း ဖြေကြားတော်မူသည်။ နောက်ဆုံး ဘုရားရှင်က မိထွေးတော်ဂေါတမီအား အောက်ပါဂရုဓံတရားရှစ်ပါးကို ခံယူဆောက်တည်စောင့်ထိန်းနိုင်ပါက ဘိက္ခုနီ(ရဟန်းမ)အဖြစ်ဖြင့် သာသနာတော်တွင် ရဟန်းပြုခွင် ့ပေးမည်ဟု ခွင့်ပြုမိန့်ကြားတော်မူသည်။ ဂရုဓံတရား ရှစ်ပါးတို့ကား - (၁)ရဟန်းမသည် ၀ါတရာပင်ရသည်ဖြစ်စေ၊ ယနေ့မှဖြစ်လာသော ရဟန်းသစ်ကို ရှိခိုးရမည်၊ ခရီးဦးကြိုဆိုရမည်၊ လက်အုပ်ချီရှိခိုးရမည်၊ အရိုအသေပေးရမည်။ (၂)ယူဇနာဝက်အတွင်း၌ရဟန်းယောက်ျားတစ်ပါးမျှ မရှိသော ကျောင်းတွင် ၀ါမဆိုရ။ (ယူဇနာဝက်အတွင်း ရဟန်းယောက်ျားရှိရမည်၊ဝေးကွာ၍မနေရ။) (၃)ရဟန်းသံဃာများထံသို့ လပြည့် လကွယ် နေ့တိုင်း ဥပုသ်အမေးသွားရမည်၊သြဝါဒခံယူရန် သွားရမည်။ (၄) ၀ါကျွတ်ပြီးသောရဟန်းမသည် ရဟန်းနှင့် ရဟန်းမ သံဃာနှစ်ရပ်လုံး၌ ကိုယ်တိုင်မြင်သော၊တဆင့်ကြားသော၊ ယုံမှားသင်္ကာရှိသော အပြစ်အာပတ်များကို ထုတ်ဖော်ပြဆိုရန် ပန်ကြားရမည်။(ပဝါရဏာပြုရမည်။) (၅)ကြီးလေးသောအာပတ်ကြီးများသင့်သော ရဟန်းမသည် ရဟန်းမများထံ၌သာ ကမ ရဟန်းတော်များထံသို့လည်းသွား၍ အပြစ်ကို(ဒေသနာကြား) ကုစားရမည်။ (၆) ၀ိကာလဘောဇနာတိုင်အောင် သိက္ခာပုဒ်ခြောက်ခုကို နှစ်နှစ်တိုင်တိုင် ကျင့်ခဲ့ပြီးသော သိက္ခမာန်(အကြိုးတရားကျင့်သူ အမျိုးသမီး)ကို သံဃာနှစ်ရပ်၌ ရဟန်းခံနိုင်ရန်ကြိုးစားအားထုတ်ရမည်။ (၇)မည်သို့သောအကြောင်းရှိသည်ဖြစ်စေရဟန်းမသည် ရဟန်းကို မဆဲရေးရ၊ရေရွတ်တိုင်း ထွာခြင်းမပြုရ။ (၈)ဤနေ့မှအစပြု၍ရဟန်းမတို့က ရဟန်းတို့အပေါ် ဆုံးမသြဝါဒပြောဆိုခွင့် မရှိပေ။ မိထွေးတော် ဂေါတမီသည် ဤဂရုဓံတရားရှစ်ပါးတို့ကို ခံယူလိုက်သဖြင့် ပထမဦးဆုံး သာသနာ့တာဝန် ထမ်းဆောင်ခွင့်ရသော ရဟန်းမတစ်ပါးဖြစ်လာ၏။ ဤသာသနာတော်၌ ဂရုဓံတရားရှစ်ပါးကို ခံယူခြင်းဖြင့် ရဟန်းဖြစ်ခွင့်ရရှိသူမှာ မိထွေးတော်ဂေါတမီ တစ်ပါးတည်းသာရှိသည်။ထို့ကြောင့် ဤမြတ်စွာဘုရား သာသနာတော်တွင်ပထမဆုံးဘိက္ခုနီပြုခွင့်ရသဖြင့် ဘိက္ခုနီများတွင် သိက္ခာဝါအကြီးဆုံးရ ဧတဒဂ်ဂုဏ်ထူးဖြင့် ချီးမြှောက်ခြင်းကို ခံယူရသည်။ ရဟန်းတော်များနည်းတူ မြတ်စွာဘုရားအဆုံးအမကို ဟောကြားဆုံးမ၍အမျိုးသမီးများ အမျိုးသားများနှင့်နည်းတူ သာသနာ့အခွင့်ကောင်းကြီးရအောင် ဆောင်ရွက်တော်မူခဲ့သော မဟာပဇာပတိဂေါတမီကြီးသည် သက်တော် တစ်ရာ့နှစ်ဆယ်အရောက်တွင် ပရိနိဗ္ဗာန်ပြုတော်မူလေ သည်။ပရိနိဗ္ဗာန်ပြုခါနီးကာလ ဟောကြားခဲ့သော တရားများနှင့် ပရိနိဗ္ဗာန်ပြုခါနီးကာလအထိ သာသနာပြုသွားပုံမှာ ထူးခြားမှတ်သားလောက်ပေသည်။ မဟာပဇာပတိ ဂေါတမီ ထေရီမကြီး ပရိနိဗ္ဗာန်ပြုခါနီး မြတ်စွာဘုရားရှင်အားလျှောက်ထားပူဇော်သွားေ သာ တရားစကားများတွင် အောက်ပါတရားစကားများမှာ အထူးမှတ်သားကြည်ညိုဖွယ် ကောင်းလှသည် - ရညော မာတာ မဟေသီတိ၊ သုလဘံ နာမ’မိတ္ထိနံ။ ဗုဒ္ဓမာတာတိ ယံ နာမံ၊ဧတံပရမဒုလ္လဘံ။ (သားတော်ကြီးဘုရား -မိန်းမသားတို့အားမင်း၏မယ်တော်၊ မင်း၏မိဖုရားဟူသော အမည်ကို ရလွယ်နိုင်၏၊ မြတ်စွာဘုရား၏မယ်တော်ဟူသော အမည်ကိုမူ အလွန်ရခဲလှပါသည်။ထိုရခဲလှသော အမည်ကို ဘုရားတပည့်တော်မရရှိပါပြီ။ ) မဓုရာနိ ပဟဋ္ဌာနိ၊ဒေါသဂါ္ဃနိ ဟိတာနိ စ။ ယေ တေ ၀ါကျာနိ သုယျနိ ္တ၊ တေပိ ဓညာ နရုတ္တမ။ (လူတို့ထက်မြတ်တော်မူသော မြတ်စွာဘုရား- စိတ်နှလုံးကို ရွှင်ပြုံးစေတတ်ကုန်သော အပြစ်အားလုံးတို့ကို သန့်ရှင်းစေနိုင်ကုန်သော အစီးအပွားနှင့် ယှဉ်စပ်ကုန်သော အရှင်ဘုရားသားတော်ကြီး၏ချိုမြိန်သာယာ အရသာရှိသော စကားတော်တို့ကို ကြားနာကြရကုန်သော သူတိီု့သည် ဘုန်းကံ လွန်စွာ ကြီးမားကြသူတို့ ဖြစ်ကြပါ ပေကုန်သည်ဘုရား။ ) ယံ န ဒိဋ္ဌံပုရာဏေဟိ၊ တိတ္ထိကာစရိယေဟိပိ။ တံ ပဒံ သုကုမာရီဟိ၊သတ္တဝဿာဟိဝေဒိတံ။( ရှေးအခါက ဖြစ်ပေါ်ခဲ့ကြသော ဘုရားအမည်ခံ တိတ္ထိဆရာကြီးအဆက်ဆက်တို့သည်ပင်လျှင် မတွေ့မမြင်ခဲ့ကြသော နိဗ္ဗာန်ကို မြတ်စွာဘုရား သားတော်ကြီး၏ကျေးဇူးကြောင့် ယခုအခါ အသက်ခုနှစ်နှစ်အရွယ် သတို့သမီးငယ်တို့သည်ပင် သိမြင်ခံစားနေကြပါပြီဘုရား။) ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနဗုဒ္ဓဘာသာတရားတော် စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။ Special Thanks To: နောင်ချို(ဝင်းမင်းကျော်)
https://www.dhammaransi.com/index.php/new/626-2016-05-11-09-35-44.html
တရားအားထုတ်တော့မယ်ဆိုရင်
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ တရားအားထုတ်တော့မယ်ဆိုရင် ¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ တရားအားထုတ်စဉ် အရေးကြီးသောအချက်များ.. ၁ ။ တရားအားထုတ်စဉ် အရေးအကြီးဆုံးက သဘောထားမှန်ဖို့.. စိုက်မရှုနဲ့ ၊ ထိန်းမရှုနဲ့ ၊ လုပ်မရှုနဲ့ ၊ ချုပ်မရှုနဲ့ .. ၂ ။ ဖြစ်အောင်လည်း မလုပ်နဲ့ ၊ပျက်အောင်လည်း မလုပ်နဲ့ ၊ ဖြစ်တိုင်း ပျက်တိုင်းလည်း မမေ့နဲ့ သိနေရမယ် .. ၃ ။ ဖြစ်အောင်လုပ်ရင် လောဘ ၊ပျက်အောင်လုပ်ရင် ဒေါသ ၊ ဖြစ်တိုင်း ပျက်တိုင်း မသိရင် မောဟ .. ၄ ။ ရှုမှတ်စိတ်မှာ လောဘ, ဒေါသ,သောက မပါမှ ရှုမှတ်စိတ်ဖြစ်မယ် .. ၅ ။ ဘယ်လိုသဘောထားနဲ့ အားထုတ်နေလဲလို့ပြန်စစ်ဆေးကြည့်ရမယ် .. ၆ ။ ကောင်းတာလည်း ရှုရမှာပဲ ၊ဆိုးတာလည်း ရှုရမှာပဲ .. ၇ ။ ကောင်းတာမှ လိုချင်တယ်မကောင်းတာဆို နည်းနည်းမှမလိုချင်ဘူးဆိုရင် တရားပါ့မလား .. ၈ ။ မျှော်လင့်ချက် မပါစေနဲ့လိုချင်တာ မပါစေနဲ့ကြောင့်ကြစိတ် မပါစေနဲ့ ဒီသဘောထားတွေ ရှုစိတ်ထဲရှိနေရင်တရားအားထုတ်လို့ အဆင်မပြေနိုင်ဘူး .. ၉ ။ ဘာဖြစ်လို့ ဒီလောက်စိုက်ပြီး ရှုနေရတာလဲ ဖြစ်ချင်လို့၊ လိုချင်လို့၊ ပျောက်ချင်လို့ တခုခု ဖြစ်နေတတ်တယ် .. ၁၀ ။ စိတ်က ပင်ပန်း ဆင်းရဲနေရင်တရားအားထုတ်တာ တခုခုလိုနေပြီ .. ၁၁ ။ စိတ်တင်းကျပ်မှုနဲ့ တရားအားမထုတ်နိုင် .. ၁၂ ။ စိတ်နဲ့ကိုယ်ပင်ပန်းဆင်းရဲလာရင်တရားအားထုတ်မှုကို ပြန်စစ်ဆေးကြည့်သင့်တယ်၊မှန်ကန်တဲ့ သဘောထားမျိုး ရှိရဲ့လား .. ၁၃ ။ တရားအားထုတ်တယ် ဆိုတာ သတိ အသိနဲ့ စောင့်ကြည့်နေတာ စဉ်းစားနေတာ, ဆင်ခြင်နေတာ,ဝေဖန်နေတာ မဟုတ်ဖူး .. ၁၄ ။ လိုချင်တဲ့စိတ် ဖြစ်ချင်တဲ့စိတ်နဲ့တော့အားမထုတ်နဲ့ ၊ ပင်ပန်းတာဘဲ အဖတ်တင်မယ် .. ၁၅ ။ တရားအားထုတ်တဲ့စိတ်ကအေးအေးဆေးဆေးနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ရှိရမယ် .. ၁၆ ။ စိတ်ရော ကိုယ်ရောသက်တောင့်သက်သာရှိရမယ်.. ၁၇ ။ လွတ်လပ်ပေါ့ပါးတဲ့ စိတ်နဲ့မှတရားအားထုတ်လို့ ရတယ် .. ၁၈ ။ တရားအားထုတ်တယ်ဆိုတာကောင်းကောင်းဆိုးဆိုး ဘာလာလာ လက်ခံပြီး အေးအေးဆေးဆေး ကြည့်နေတာဘဲ .. ၁၉ ။ စိတ်က ဘာလုပ်နေလဲတွေးနေသလား, သိနေသလား .. ၂၀ ။ စိတ်က ဘယ်ရောက်နေလဲအတွင်းမှာလား, အပြင်မှာလား .. ၂၁ ။ သိနေတဲ့စိတ် ရှုနေတဲ့စိတ်ကသေချာသိလား, အပေါ်ယံသိလား .. ၂၂ ။ ဖြစ်ချင်တဲ့ပုံစံမျိုးဖြစ်အောင် လုပ်နေတာ မဟုတ်၊ဖြစ်နေတာကို ဖြစ်နေတဲ့အတိုင်း သိအောင် လုပ်နေတာ .. ၂၃ ။ အတွေးကို ပြဿနာ မရှာနဲ့မတွေးအောင် လုပ်နေတာ မဟုတ်၊ တွေးရင် တွေးမှန်းသိအောင် လုပ်နေတာ .. ၂၄ ။ အာရုံကို ပယ်ရမှာ မဟုတ် ၊အာရုံကြောင့်ဖြစ်တဲ့ ကိလေသာကိုသိပြီး (ရှုမှတ်ပြီး) ပယ်ရမယ် .. ၂၅ ။ သဒ္ဓါရှိမှ ဝီရိယ ရှိမယ်၊ဝီရိယ ရှိမှ သတိမြဲမယ်၊သတိမြဲမှ သမာဓိ တည်မယ်၊ သမာဓိ တည်မှ အမှန်အတိုင်း သိမယ်၊အမှန်အတိုင်း သိလာတော့ သဒ္ဓါပိုဖြစ်လာတယ် .. ၂၆ ။ ပစ္စုပ္ပန်တည့်တည့်ကိုသာသတိထားနေရမယ်၊ အတိတ်ကိုလည်း မပြန်နဲ့ ၊အနာဂတ်ကိုလည်း မကြံနဲ့ .. ၂၇ ။ အာရုံက အရေးမကြီးဘူး ၊အနောက်က အလုပ်လုပ်နေတဲ့ စိတ်က ပိုအရေးကြီးတယ် ၊ရှုမှတ်စိတ်သာ သဘောထားမှန်ရင် အာရုံအမှန်ရမှာပဲ ... ကျေးဇူးတော်ရှင် ရွှေဥမင် ဆရာတော်ဘုရားကြီး
https://www.dhammaransi.com/index.php/new/627-2016-05-11-09-19-32.html
ရှင်အရဟံ အလိုတော်ပြည့် ဂါထာတော်
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ ရှင်အရဟံ အလိုတော်ပြည့် ဂါထာတော် ¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ ဒီဂါထာကို အလိုတော်ပြည့်ဆရာတော်ဘုရားကြီးမှ ချီးမြှင့်၍ အဓိဌာန်ဝင်စေခဲ့ခြင်း ဖြစ်ပါတယ်။ ပုတီးစိပ်တယ်ဆိုတာ စိတ်ကို သမာဓိအားကောင်းအောင် ပြုလုပ်တာပါ။ စိတ်စွမ်းအား ကြီးမားအောင် ပြုလုပ်တာပါ။ စိတ်စွမ်းအား ကြီးမားရင် ကိုယ်လိုချင်တဲ့ အောင်မြင်မှုပန်းတိုင်ကို မြန်မြန်ဆန်ဆန် အရောက်သွားနိုင်ပါတယ်။ ဒီနေရာမှာ တစ်ချို ့ တစ်ယူသန် သမားတွေ ပြောကြပါလိမ့်မယ်။ ဗုဒ္ဓသာသနာနဲ့ ကြုံခိုက် ဝိပဿနာပဲ အားထုတ်မယ်၊ ဘာမဟုတ်တဲ့ ပုတီးစိပ်တာတွေ မလုပ်ဘူး ဆိုပြီးတော့ပါ။ အမှန်တကယ်က အဲဒီအယူအဆဟာ ၁၀၀% မမှန်ကန်ပါဘူး။ ဗုဒ္ဓမြတ်စွာဘုရားကိုယ်တိုင် ဝိပဿနာနဲ့ သမထ နှစ်မျိုးစလုံးကို ဟောကြားခဲ့ပါတယ်။ (မလိုအပ်ဖူးဆိုရင်း လုံးဝ ဟောခဲ့မှာ မဟုတ်ပါဘူး။) သမထမှာ ကမ္မဌာန်း (၄၀) ပါဝင်ပါတယ်။ ပုတီးစိပ်တယ်ဆိုတာ အဲဒီ ကမ္မဌာန်း (၄၀) ထဲက ဗုဒ္ဓါနုဿတိကို ကျင့်တာပါ။ ဗုဒ္ဓမြတ်စွာဘုရားကိုယ်တိုင် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်တုန်းကလည်း သမထတရားတွေကိုသာ ကျင့်ခဲ့တာပါ။ ဘုရားဖြစ်ဖို့ ဗောဓိညောင်ပင်ခြေရင်းမှာ ကျင့်တော့လည်း သမထနဲ့သာ စခဲ့တာပါ။ သမထ အခြေခံကောင်းရင် သမာဓိအားကောင်း ပါတယ်။ သမာဓိအားကောင်းရင် ဝိပဿနာကျင့်တဲ့အခါ အရမ်း လွယ်ကူပါတယ်။ နိုင်ငံခြားသားအများအပြား တရားလာထိုင်တဲ့ ဖားအောက်တောရ ကျောင်းတိုက်မှာဆိုရင်လည်း သမထနဲ့သာ အခြေခံ စရပါတယ်။ သမာဓိအား ကောင်းလာတော့မှသာ ဝိပဿနာကို ကူးပါတယ်။ အောက်မှာ ဂါထာနဲ့ အဓိဌာန်ဝင်ပုံကို ဖော်ပြပေး လိုက်ပါတယ်။ ရှင်အရဟံ ပုတီးစိပ်နည်း ဂါထာထဲက နောက်ဆုံး အပိုဒ်ပါ။ ¤¤¤¤ ဂါထာ ¤¤¤¤ အနန္တံ ဗလဝံ ဗုဒ္ဓံ အနန္တံ ဂေါစရံ ဓမ္မံ အနန္တံ အရိယံ သံဃံ အနန္တံ ဗောဓိ မုတ္တမံ ¤¤¤¤¤¤¤¤¤ အနက်အဓိပ္ပါယ် ¤¤¤¤¤¤¤¤¤¤ ဗလဝံ - အားတော်ဆယ်တန် ဉာဏ်တော်ဆယ်ပါးနှင့် ပြည့်စုံတော်မူသော၊ ဗုဒ္ဓံ - မြတ်စွာဘုရားသည်၊ အနန္တံ - အတိုင်းမသိ တန်ခိုးကြီးမြတ်လှပါပေ၏။ ဂေါစရံ - မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ကိုရောက်စေသော၊ ဓမ္မံ - တရားတော်မြတ်သည်၊ အနန္တံ - အတိုင်းမသိ တန်ခိုးကြီးမြတ်လှပါပေ၏။ အရိယံ - အရိယာဖြစ်သော သံဃာတော်မြတ်တို့သည်၊ အနန္တံ - အတိုင်းမသိ တန်ခိုးကြီးမြတ်လှပါပေ၏။ ဗောဓိမုတ္တမံ - ဗောဓိဉာဏ်၏ အကြောင်းဖြစ်သော ၃၇ ပါးသော ဗောဓိပက္ခိယ တရားတော်မြတ်သည်၊ အနန္တံ - အတိုင်းမသိ တန်ခိုးကြီးမြတ်လှပါပေ၏။ အဓိဌာန် မဝင်ခင် ဂါထာ၏ အနက်အဓိပ္ပါယ်ကို သေချာ နားလည် သဘောပေါက်ထားဖို့ လိုပါတယ်။ လူအများစုက ဂါထာတွေရွတ်တဲ့အခါ ကြက်တူရွေး နှုတ်တိုက်လိုပုံစံမျိုးနှင့်သာ ရွတ်ကြပါတယ်။ ဂါထာ၏ အနက်အဓိပ္ပါယ်ကို ဂဃနဏ သိအောင်လုပ်ပြီးမှသာလျှင် ပွားများတဲ့အချိန်မှာ အနက်အဓိပ္ပါယ်အပေါ်မှာ ကြည်ညိုသဒ္ဓါပွားနိုင်မှာ ဖြစ်ပါတယ်။ ¤¤¤¤¤¤¤¤¤¤¤ အဓိဌာန် ပြုလုပ်ပုံ ¤¤¤¤¤¤¤¤¤¤¤ မိမိအိမ်ရှိ ဘုရားကျောင်းဆောင်ရှေ ့ (သို့) ဘုရားစေတီတစ်ဆူတွင် နေ့စဉ် အဓိဌာန် ဝင်ရပါမည်။ အဓိကအချက်မှာ တိတ်ဆိတ်ငြိမ်သက်သော ပတ်ဝန်းကျင်ဖြစ်ဖို့ လိုအပ်ပါတယ်။ ဘုရားစေတီသို့ သွားရန် အခက်အခဲရှိပါက မိမိအိမ်တွင်ပင် တိတ်ဆိတ်သော မနက်စောစော (သို့) ည (၁၁) နာရီ စသည်ဖြင့် ပြုလုပ်နိုင်ပါတယ်။ အဓိဌာန် မဝင်ခင် ကိုယ်လက် သန့်ရှင်းအောင် မျက်နှာသစ်၊ သွားတိုက်၊ ခြေထောက်ဆေး ပြုလုပ်ဖို့ လိုပါတယ်။ ခန္ဓာကိုယ်သန့်ရှင်းသည့်အခါ စိတ်ပါ ကြည်လင်လာပါတယ်။ စိတ်ကြည်လင်တော့ သမာဓိအား ပိုကောင်းပါတယ်။ ဦးစွာပထမ ဘုရားရှိခိုး သရဏဂုံတည်၍ (၅) ပါး သီလ ဆောက်တည်ပါ။ ထိုနောက် “ဤဂါထာကို ပုတီး (၇) ပါတ်ပြည့်အောင် ရွတ်ပွားပူဇော်ပါမည်… ဤအဓိဌာန်အောင်မြင်ပါက…” ဟုဆိုကာ လိုချင်သော ဆုတစ်ခုကို “ဆုပန်” ပါ။ (ဆုတောင်းသည်ဟု မခေါ်ဘဲ ဆုပန်သည်ဟုခေါ်ပါ သည်။ အကြောင်းအရင်းကို အောက်တွင် ရှင်းပြထားပါသည်။) ထိုနောက် ဂါထာတစ်ခေါက်ဆုံးလျှင် ပုတီးတစ်လုံးချဖြင့် ပုတီး (၇) ပါတ်ပြည့်အောင် ပွားများပါ။ (အနက်အဓိပ္ပါယ်ကို ပွားများရန် မလိုပါ။ သို့သော် စိတ်ထဲမှ အဓိပ္ပါယ်ကို ကြည်ညိုမှုပြုနိုင်လျှင် ပိုကောင်းပါတယ်။) ပုတီး (၇) ပါတ်ပြည့်လျှင် သစ္စာဆိုပါ။ သစ္စာဆိုပုံမှာ --- “တပည့်တော်သည် ဤဂါထာဖြင့် ပုတီး (၇) ပါတ်ပြည့်အောင် ပွားများခဲ့ပါသည်။ ဤမှန်ကန်သော သစ္စာစကားကြောင့်” ဟုဆိုကာ လိုချင်သော ဆုကို “ဆုပန်” ပါ။ ထို့နောက် လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါအပေါင်းကို အမျှပေးဝေပါ။ ပွားများနေစဉ်အတွင်း သက်ရှိထင်ရှား မြတ်စွာဘုရားကို စိတ်ထဲမှ ပုံဖော်ကြည့်ပါ။ ပုံဖော်ပုံမှာ မြတ်စွာဘုရား တာဝတိံသာနတ်ပြည်တွင် နတ်၊ ဗြဟ္မာပရိသတ်ကို တရားဟောကြားနေပုံကို စိတ်ကူးထဲတွင် ပုံဖော်၍ ကြည်ညိုပါတယ်။ အစမှ အဆုံး စုစုပေါင်း နာရီဝက်ကျော် မိနစ် (၄၀) လောက် ကြာနိုင်ပါတယ်။ (၉) ရက်၊ (၄၅) ရက်၊ (၉၀) ရက်၊ (၁၀၈) ရက် အစရှိသည်ဖြင့် ကိုယ်အခြေအနေပေးသလို အဓိဌာန်ဝင်နိုင်ပါတယ်။ ဆုတောင်းတဲ့အစား “ဆုပန်” ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းပြပါမယ်။ ■ လောကမှာ ဘယ်အရာမှ အလကား မရပါဘူး။ အလှူအိမ်မှာ ထမင်း အလကားသွားစားရင်တောင်မှ ကိုယ်ရဲ ့ အချိန်တွေကို ပေးလိုက်ရပါတယ်။ ■ ဒါပေမယ့် လူတော်တော်များများဟာ အလကားရဖို့ (သို့) အချောင်ရဖို့ကိုသာ စိတ်ဝင်စားကြပါတယ်။ ဥပမာ- လူတစ်ယောက် ဘုရားကို ငှက်ပျောသီးလေး တစ်လုံးကပ်ပြီး သိန်း (၁၅၀၀) ဆုကြီး ပေါက်ပါစေလို့ ဆုတောင်းသလိုမျိုးပါ။ အချောင်ရလိုစိတ်ကြောင့်သာ အဲဒီလိုဆုတောင်းတာပါ။ ဆုပန်ခြင်းရဲ ့ ရည်ရွယ်ချက်ဟာ အဲဒီဆုကို မဖြစ် ဖြစ်အောင် မလျှော့သောဇွဲနဲ့ ကြိုးစားအားထုတ်ပြီး အရယူမယ်လို့ ကတိပြုတာပါ။ ဂေါတမဗုဒ္ဓမြတ်စွာဘုရားဟာ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းထက်က ဒီပင်္ကရာမြတ်စွာဘုရား ရှေ ့မှောက်မှာ ဘုရားဆုပန်တယ်ဆိုတာ ဘုရားဖြစ်အောင် မလျှော့သောဇွဲနဲ့ ကြိုးစားအားထုတ်ပါမယ်လို့ ဝန်ခံ ကတိပြုခဲ့တာပါ။ အဲဒီလိုပဲ ကိုယ်ဖြစ်ချင်တာတွေကို ဆုပန်ပြီး မလျှော့သောဇွဲနဲ့ ကြိုးစားအားထုတ်ပါမယ်လို့ ဝန်ခံ ကတိပြုခြင်းသာလျှင် အကောင်းဆုံးဖြစ်တယ်လို့ ယုံကြည်ပါတယ်။ နောက်တစ်ခုပြောချင်တာကတော့ ဘဝမှာ အောင်မြင်ဖို့အတွက် ကံ၊ ဉာဏ်၊ ဝီရိယ သုံးပါးစလုံး လိုအပ်ပါတယ်။ ဂုဏ်တော်ပွားများတယ်ဆိုတာ ကံကောင်းလာအောင် လုပ်ယူတယ်လို့လည်း မှတ်ယူနိုင်ပါတယ်။ ကံကောင်းအောင်လည်း ကြိုးစားမယ်၊ ဉာဏ်နဲ့ ဝီရိယလည်း စိုက်ထုတ်မယ်ဆိုရင် ထိုသူအတွက် အောင်မြင်မှုပန်းတိုင်ကို အလွယ်တကူနဲ့ မြန်မြန်ဆန်ဆန် ရောက်ရှိမှာ ဖြစ်ပါတယ်။ တစ်ခြား မသိသေးသောသူများလည်း သိအောင် ဒီပို့စ်ကို ဓမ္မဒါနအဖြစ် လွတ်လပ်စွာ ရှယ်နိုင်ပါတယ်။ ချစ်မိတ်ဆွေအားလုံး ကိုယ်စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ပြီး အောင်မြင်မှုတွေ ပိုင်ဆိုင်နိုင်ပါစေ။ မိမိနေထိုင်ရာ ပတ်ဝန်းကျင်၊ ရပ်ရွာ၊ နိုင်ငံကို ကောင်းကျိုးပြုတဲ့ လူသားတစ်ယောက် ဖြစ်နိုင်ပါစေ။
https://www.dhammaransi.com/index.php/new/628-2016-05-11-09-18-58.html
“အကျိုးများရန် ဒုလ္လဘရဟန်းခံ”
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ “အကျိုးများရန် ဒုလ္လဘရဟန်းခံ” ¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ ယခုခေတ်အခါ၌ ရှေးခေတ်အခါများကထက် ဒုလ္လဘရဟန်းခံပွဲများ မြန်မာပြည်တွင် ပို၍ များပြားလာပါသည်။ ဒုလ္လဘဟူသော အမည်နှင့် လျော်ညီစွာ ကျင့်သုံးနေထိုင်ပါက ဒုလ္လဘ ရဟန်းခံပြုသူများလည်း မဂ်ဖိုလ်နိဗ္ဗာန် ရောက်သည် အထိ အကျိုးများကြမည် ဖြစ်ပေသည်။ သာသနာတော်ကြီးလည်း မိမိတို့ကို အကြောင်းပြု၍ တိုးတက်ကြီးပွား အကျိုးများမည် ဖြစ်ပေသည်။ ဒုလ္လဘဟူသောအမည်နှင့် လျော်ညီစွာ ကျင့်သုံး နေထိုင်ခြင်း မရှိပါက မိမိတို့လည်း အပါယ်ငရဲသို့ ကျရောက်သွားသည်အထိ ဆုတ်ယုတ်သွားမည် ဖြစ်ပေသည်။ သာသနာတော်ကြီးလည်း မိမိတို့ကို အကြောင်းပြု၍ ဆုတ်ယုတ်သွားမည် ဖြစ်ပေသည်။ သို့ဖြစ်၍ မိမိအတွက်၊ သာသနာတော်ကြီးအတွက် အကျိုးရှိသော ဒုလ္လဘရဟန်းတော်များဖြစ်အောင် ကျင့်ကြံ အားထုတ်သင့်လှပေသည်။ “ဒုလ္လဘ” ဟူသောအမည်ကို လူအများစုက သိရှိနားလည် သဘောပေါက်နေကြသည်မှာ သာသနာ့ဘောင်သို့ ခေတ္တခဏ ဝင်ရောက်၍ လူပြန်ထွက်ကြမည့် ရဟန်းတော်များ ဖြစ်ကြသည်ဟူ၍ နားလည် သဘောပေါက်နေကြပေသည်။ အမှန်စင်စစ် ဒုလ္လဘဟူသောအမည်သည် နားလည်သဘော ပေါက်ကြသည့်အတိုင်း ခေတ္တခဏ သာသနာ့ဘောင်သို့ ဝင်ရောက်၍ လူပြန်ထွက်ကြမည့် ရဟန်းတော်များဟူ၍ အဓိပ္ပါယ်မရရှိပေ။ “ရခဲသည်ကို ရအောင်ယူသူများ” ဟူ၍ အဓိပ္ပါယ်ရရှိပေသည်။ ဒုလ္လဘ၌ ဒု-က တစ်ပုဒ်၊ လဘ-က တစ်ပုဒ် ဖြစ်ပေသည်။ ■ ဒု-ရနိုင်ခဲသည်ကို၊ ■ လဘ-ရသည် (ဝါ) ရအောင်ယူသည်။ “ဒုလ္လဘ - ရနိုင်ခဲသော ရဟန်းအဖြစ်ကို ရအောင် ယူထားသူ” ဟူ၍ အဓိပ္ပါယ် ရရှိပေသည်။ ဒုလဘဟု ပင်ကိုယ်ပုဒ်ရင်းပင် ဖြစ်ပါသော်လည်း သဒ္ဒါ စည်းကမ်းများကြောင့် “ဒုလ္လဘ” ဟု လနှစ်လုံးဆင့် “လ္လ” ဖြစ်နေပါသည်။ ဒုလ္လဘ - ရနိုင်ခဲသော ရဟန်းအဖြစ်ဟူသည် လူဝတ်ကြောင်များအနေဖြင့် မရနိုင်၊မယူနိုင်သည့် (၂၂၇)သွယ်သော သီလသိက္ခာပုဒ်၊ အကျယ်အားဖြင့် ကုဋေကိုးထောင်ကျော်သော သီလသိက္ခာတို့ကို လိုက်နာကျင့်ကြံ၍ သီလကုသိုလ်များကို ရယူ နိုင်သောကြောင့် ဒုလ္လဘ - ရနိုင်ခဲသော ရဟန်းအဖြစ်ဟု ဆိုလိုပါသည်။ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “ရဟန်းပြုသူ (၅)မျိုး” ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ဒုလ္လဘရဟန်းခံခြင်းနှင့်စပ်၍ သာသနာတော်၌ ရဟန်းပြုသူ (၅)မျိုး ရှိသည်ကို သိထားသင့်ပေသည်။ ဒုလ္လဘရဟန်းပြုသူနှင့်တကွ သာသနာတော်၌ ရဟန်းပြုသူ (၅)မျိုးရှိပါသည်။ (၁)။ သဒ္ဓါပဗ္ဗဇိတ = ယုံကြည်ခြင်းကြောင့် ရဟန်းပြုသူ၊ (၂)။ ပညာပဗ္ဗဇိတ = ပညာကြောင့် ရဟန်းပြုသူ၊ (၃)။ ဘယာပဗ္ဗဇိတာ = အပြစ်ဘေးကြောင့် ရဟန်းပြုသူ၊ (၄)။ မိရိုးဖလာပဗ္ဗဇိတ = မိဘရိုးရာ အစဉ်အလာကြောင့် ရဟန်းပြုသူ၊ (၅)။ ဒုလ္လဘပဗ္ဗဇိတာ = ရခဲသည့် ရဟန်းအဖြစ်ကို ရလိုသောကြောင့် ရဟန်းပြုသူဟူ၍ (၅)မျိုးရှိပါသည်။ (၁)။ သဒ္ဓါပဗ္ဗဇိတာ = ယုံကြည်ခြင်းကြောင့် ရဟန်းပြုသူ ဟူသည် - အကြင်သူသည် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးတို့၏ အကြောင်းကို နာကြားရ၍ ရတနာသုံးပါး၌ ယုံကြည်ခြင်း သဒ္ဓါ - တရားဖြစ်၏။ ထိုသဒ္ဓါတရားကို အကြောင်းပြု၍ ရဟန်းပြုသောသူသည် သဒ္ဓါပဗ္ဗဇိတ =ယုံကြည်ခြင်းကြောင့် ရဟန်းပြုသူမည်၏။ ထိုရဟန်းသည် ရတနာသုံးပါးကို ယုံကြည်လေးစား သောကြောင့် သီလသိက္ခာပုဒ်များကိုလည်း မကျိုး မပေါက်ရအောင် အလေးဂရုပြု၍ စောင့်ထိန်း၏။ ဆရာသမားများနှင့် အတူနေသူ သီတင်းသုံးဖော် တို့ကိုလည်း အလေးပြု၍ နေထိုင်၏။ သံသရာမှ လွတ်မြောက်ကြောင်း ကမ္မဋ္ဌာန်းတရားတို့ကိုလည်း ကြိုးစားအားထုတ်၍ နေတတ်၏။ ဤကဲ့သို့ နေထိုင်ကျင့်သုံးသဖြင့် ကြည်ညိုဖွယ်ဂုဏ်များနှင့် ပြည့်စုံသောကြောင့် သာသနာတော်၏ ဂုဏ်ကျက်သရေဆောင် ပုဂ္ဂိုလ်မျိုး ဖြစ်ပေသည်။ (၂)။ ပညာပဗ္ဗဇိတာ = ပညာကြောင့် ရဟန်းပြုသူ ဟူသည် - အကြင်သူသည် ဗုဒ္ဓ၏ ပိဋကတ်စာပေ ကျမ်းဂန်တို့ကို လေ့လာဖတ်ရှုရ၊ နာကြားရ၍ အသိအလိမ္မာ ဉာဏ်ပညာ တိုးတက်လာသောကြောင့် ရဟန်းပြု၏။ အသိအလိမ္မာ ဉာဏ်ပညာကို အကြောင်း ပြု၍ ရဟန်းပြုသောသူသည် ပညာပဗ္ဗဇိတ = ပညာကြောင့် ရဟန်းပြုသူမည်၏။ ထိုရဟန်းသည် ဗုဒ္ဓ၏ ပိဋကတ်စာပေကျမ်းဂန်တို့ကို သင်ယူတတ်မြောက်ခြင်း၌သာ အလေးပြု၏။ အခြားသာသနာရေးကိစ္စများ၌ အလေးပြုခြင်းမရှိ။ အများနှင့် မဆန့်ကျင်ရုံမျှသာ နေထိုင်လေ့ရှိ၏။ သို့ပါသော်လည်း ပိဋကတ်စာပေကျမ်းဂန်များ ပြည့်စုံစွာ သင်ကြားတတ်မြောက်ပြီးသောအခါ သဒ္ဓါနှင့်ပညာ နှစ်ပါးစုံ ပြည့်စုံလာသဖြင့် သာသနာတော်၏ ဂုဏ်ကျက်သရေဆောင် ပုဂ္ဂိုလ်မျိုး ဖြစ်နိုင်ပေသည်။ (၃)။ ဘယာပဗ္ဗဇိတာ = အပြစ်ဘေးကြောင့် ရဟန်းပြုသူ ဟူသည် - အကြင်သူသည် ရာဇဝတ်ဘေးစသော တစ်စုံတစ်ရာသော အပြစ်ဘေးကြောင့်သော်လည်းကောင်း၊ စားဝတ်နေရေး မပြေလည်၍သော်လည်းကောင်း ရဟန်းပြု၏။ ထိုအပြစ်ဘေး နှင့် မပြေလည်ခြင်းကို အကြောင်းပြု၍ ရဟန်းပြုသောသူသည် ဘယာပဗ္ဗဇိတ= အပြစ်ဘေးကြောင့် ရဟန်းပြုသူမည်၏။ ထိုရဟန်းမျိုးသည် များသောအားဖြင့် ဆရာသမားကောင်းများထံ၌ စနစ်တကျလည်းမနေလိုပေ။ ကြည်ညိုဖွယ်ကို ဆောင်နိုင်သော သီလသိက္ခာပုဒ်များ ကိုလည်း စောင့်ထိန်းခြင်း မရှိပေ။ အရပ်လေးမျက်နှာ လှည့်လည်တောင်းခံကာ သာသနာတော်၏ ဂုဏ်ကျက်သရေတို့ကို ဖျက်ဆီးနေသော ပုဂ္ဂိုလ်မျိုး ဖြစ်ပေသည်။ (၄)။ မိရိုးဖလာပဗ္ဗဇိတ = မိဘရိုးရာ အစဉ်အလာကြောင့် ရဟန်းပြုသူဟူသည် - အကြင်သူသည် ငယ်စဉ်အခါကတည်းက ရှင်သာမဏေပြုလုပ်၍ အသက်နှစ်ဆယ်ပြည့်လျှင် မိရိုးဖလာ ထုံးစံအတိုင်းရဟန်းပြု၏။ ထိုမိရိုးဖလာ ထုံးတမ်းစဉ်လာကို အကြောင်းပြု၍ ရဟန်းပြုသောသူသည် မိရိုးဖလာပဗ္ဗဇိတ = မိဘရိုးရာ အစဉ်အလာကြောင့် ရဟန်းပြုသူမည်၏။ ထိုရဟန်းမျိုးကို ယခုခေတ်အခါ၌ “ငယ်ဖြူရဟန်း”ဟု ခေါ်ဝေါ်ကြကုန်၏။ ထိုရဟန်းသည် ဆရာသမားကောင်း များ၏ ဩဝါဒကို ခံယူ၍ ပညာသင်ကြားတတ်မြောက်ပါက ယုံကြည်ခြင်း သဒ္ဓါတရားနှင့်လည်း ပြည့်စုံ လာတတ်ပေသည်။ သဒ္ဓါနှင့်ပညာ ပြည့်စုံလာသောအခါ သာသနာတော်၏ ဂုဏ်ကျက်သရေဆောင် သာသနာ့ အာဇာနည် ပုဂ္ဂိုလ်မျိုး ဖြစ်နိုင်ပေသည်။ (၅)။ ဒုလ္လဘပဗ္ဗဇိတာ = ရခဲသည့်ရဟန်းအဖြစ်ကို ရလိုသောကြောင့် ရဟန်းပြုသူဟူသည်- သာသနာ့ဘောင်၌ အမြဲပင် မနေနိုင်ငြားသော်လည်း ရခဲသော ရဟန်းအဖြစ်ကို ရယူမည်။ နောက် နောင်ဘဝများအတွက် အထုံပါရမီ ကုသိုလ်ဖြစ်အောင် အားထုတ်မည်ဟု ရည်မှန်း၍ ရဟန်းပြု၏။ ထိုရခဲသော ရဟန်းအဖြစ်ကို ရလိုခြင်းကို အကြောင်းပြု၍ ရဟန်းပြုသောသူသည် ဒုလ္လဘာပဗ္ဗဇိတ = ရခဲသည့် ရဟန်းအဖြစ်ကို ရလိုသောကြောင့် ရဟန်းပြုသူမည်၏။ အကြင် ဒုလ္လဘရဟန်းတော်တို့သည် (၂၂၇)သွယ်သော သီလ သိက္ခာပုဒ်တို့ကို စောင့်ထိန်းခြင်းလည်း မရှိ။ ဆရာသမားများ၏ ဆုံးမဩဝါဒတို့ကိုလည်း ရိုရိုသေသေ လိုက်နာကျင့်ကြံခြင်းလည်း မရှိ။ သာသနာတော်၏ သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ဆေး ပစ္စည်း(၄)ပါးတို့ကို စားကာ၊ သောက်ကာဖြင့် ပျော်ပျော်နေထိုင်ကြကုန်၏။ ထိုဒုလ္လဘ ရဟန်းတော်တို့သည် ဒုလ္လဘ ဟူသော အမည်နှင့် မလျော်ညီ။အာပတ်ကြီးငယ်များလည်း သင့်နေမည်ဖြစ်၍ “အပါယ်ငရဲ”သို့ ကျရောက်သွားသည် အထိ ဆုတ်ယုတ်သွားကြမည် ဖြစ်ပေသည်။ အကြင် ဒုလ္လဘရဟန်းတော်တို့သည် ဒုလ္လဘ ဟူသောအမည်နှင့် လျော်ညီစွာ လူ့ဘဝ၌ မရနိုင်၊ မစောင့်ထိန်းနိုင်သော (၂၂၇)သွယ်သော သီလသိက္ခာပုဒ်တို့ကို လုံခြုံအောင် စောင့်ထိန်း၏။ ဆရာသမားကောင်းတို့၏ အဆုံးအမဩဝါဒများကို ရိုရိုသေသေ လိုက်နာ၍ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးနှင့် ပြည့်စုံအောင် နေထိုင်၏။ ထိုဒုလ္လဘ ရဟန်းတော်တို့သည် မိမိတို့၏ ပါရမီ အားလျော်စွာ မဂ်ဖိုလ်နိဗ္ဗာန်သို့ ရောက်ကြသည် အထိ အကျိုးများကြမည် ဖြစ်ပေသည်။ ပါရမီနုသေး၍ မဂ်ဖိုလ်နိဗ္ဗာန်သို့ မရောက်သေး ငြားသော်လည်း နောက်နောင်ဘဝ၊ နောက်နောင်သော ဘုရားရှင်တို့၏ သာသနာတော်၌ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာများ ဖြစ်ကြ၍ နိဗ္ဗာန်သို့ ရောက်သွားကြရမည် ဖြစ်ပေသည်။ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “သတ္တာဟပဗ္ဗဇိတမထေရ်” ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▬▬▬▬▬ ▬▬▬▬▬▬▬▬ ဝိပဿီမြတ်စွာဘုရား လက်ထက်တော်အခါက အမျိုးကောင်းသား တစ်ယောက်သည် ဆွေမျိုးဉာတိများ ပျက်စီးခြင်း၊ စည်းစိမ်ဥစ္စာများ ပျက်စီးခြင်းတို့ကြောင့် ဝိပဿီမြတ်စွာဘုရား၏ သာသနာတော်၌ ရဟန်းပြုလေ၏။ ထိုအမျိုးကောင်းသားရဟန်းသည် ရဟန်း တရားတို့ကို ကြိုးစား၍ အားထုတ်၏။ (၇)ရက်ပြည့်သည်ရှိသော် စိတ်ဆင်းရဲခြင်း၊ စိုးရိမ်ပူပန်ခြင်းတို့ ငြိမ်းအေးသွားလေ၏။ ထိုအခါ ရဟန်းဘဝမှထွက်၍ လူဝတ်လဲသွားလေ၏။ လူ့ဘဝမှာ နေထိုင်ပြီး သက်တမ်းကုန်၍ ကွယ်လွန် စုတေသွားသောအခါ (၉၁)ကမ္ဘာပတ်လုံး အပါယ်(၄)ပါးသို့ မကျရောက်ပါဘဲ ဂေါတမမြတ်စွာဘုရားပွင့်တော် မူသောအခါ ဝိပဿီမြတ်စွာဘုရား လက်ထက်တော် အခါက (၇)ရက် ရဟန်းပြုခဲ့ဖူးသော အထုံပါရမီ ကုသိုလ်တို့ကြောင့် ပဋိသမ္ဘိဒါ(၄)ပါး၊ အဘိညာဉ်(၆)ပါး ရရှိသော ရဟန္တာပုဂ္ဂိုလ် ဖြစ်ရလေ၏။ “သတ္တာဟပဗ္ဗဇိတမထေရ်” ဟု ထင်ရှား လေ၏။ သို့ဖြစ်၍ ဒုလ္လဘရဟန်းတော်တို့သည် ရခဲသည့် ရဟန်း အဖြစ်ကို ရအောင်ယူသူ (ဒုလ္လဘ)ဟူသော အမည်နှင့် လျော်ညီစွာ နေထိုင်ပါက ရဟန္တာဖြစ်၍ နိဗ္ဗာန်သို့ ရောက်သွားရသည်အထိ အကျိုးများကြမည် ဖြစ်ပါသည်။။ Special Thanks to ↔ (၁) မဟာစည်နာယက၊အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ အရှင်ကုဏ္ဍလာဘိဝံသ သဒ္ဓမ္မရံသီရိပ်သာ ဆရာတော်ဘုရားကြီး
https://www.dhammaransi.com/index.php/new/629-2016-05-11-09-18-16.html
အတုမရှိ မြတ်ဗုဒ္ဓ၏ အံ့ဖွယ်(၁၈)ပါး
၁။ ဝတ်တော်မူထားသော သင်္ကန်းသည် လျှော်ဖွပ်ဆိုးရမှု ဟောင်းနွမ်းသွားမှု မရှိခြင်း.. ၂။ ပရိက္ခရာ(၈)ပါးကို ဆောင်တော်မူရာ၌ ကိုယ်နှင့်မထိ⋯⋯လက်လေးသစ်မျှ ကွာခြင်း.. ၃။ တောထွက်တော်မူစဉ်က ပယ်ဖြတ်ခဲ့သော ဆံတော်သည် တစ်သက်လုံး လက်နှစ်သစ်ပမာဏ တည်တော်မူခြင်း..မုတ်ဆိတ် ကျင်စွယ်တွေကလည်း ဆံပင်တွေလိုပဲ တစ်သက်လုံး ကြည့်ကောင်းတဲ့ အနေအထားနဲ့ တည်တော်မူခြင်း.. (အဲဒီ ဆံပင် မုတ်ဆိတ်ကျင်စွယ်တွေကို နောက်ထပ် ရိပ်ဖွယ်ကိစ္စ လုံးဝမရှိတော့ပါ) ၄။ ဆွမ်းဘုဉ်းပေးပြီး၍ သပိတ်တော်ဆေးလျှင် လက်တော်ပါဆေးပြီးသား ဖြစ်သလို လက်တော်ဆေးလျှင် သပိတ်တော်ပါ ဆေးပြီးသား ဖြစ်ခြင်း.. ၅။ မုန်ညှင်းစေ့မျှသာရှိသော ကြုတ်ထဲသို့ပင် ဝင်ရောက်နိုင်ခြင်း.. ၆။ ရောင်ခြည်တော်(၆)ပါး လွှတ်တော်မူသည်ရှိသော် အရပ်(၁၀)မျက်နှာလုံးကို ဖောက်ထွင်းပျံ့နှံ့ခြင်း.. ၇။ ကိုယ်တော်မှ နိမ္မိတဘုရားပေါင်း အသချေင်္ ဖန်ဆင်းနိုင်ခြင်း ၈။ ခေတ်သုံးပါးတို့၌ အမိုက်တိုက်ကိုလည်းကောင်း အလင်းကိုလည်းကောင်း ပေးနိုင်ခြင်း.. ၉။ တရားဟောရာ၌ လူတိုင်းက ဘုရားရှင်အား ငါ့ကိုကြည့်ပြီး ဟောနေသည်ဟု အထင်ရှိခြင်း.. (ကောင်းကင်၌တည်နေသော လဝန်းကို ငါ့ခေါင်းပေါ်မှာ လ ဟု လူတိုင်း ထင်သကဲ့သို့) ၁၀။ လူနတ်တို့၏စိတ်ကို အာသယာနုသယဉာဏ်တော်ဖြင့် သိမြင်နိုင်စွမ်းရှိတော်မူခြင်း.. ၁၁။ တရားဟောတော်မူရာ၌ အားလုံးသော ပရိသတ်တို့၏ အနီးမှာ ကပ်၍ဟောသကဲ့သို့ ကြားရခြင်း.. ၁၂။ ကျွတ်တန်းဝင်ထိုက်သော သတ္တဝါတို့ကို မဟာကရုဏာ သမာပတ္တိဖြင့် သိနိုင်ခြင်း. ခပ်သိမ်းသော သတ္တဝါတို့အပေါ်တွင် ကရုဏာတရား ပွားများအားကြီးခြင်း.. ၁၃။ လူနတ်ဗြဟ္မာတို့၏ ကျွတ်တန်းဝင်မည့် အချိန်အခါ ဣန္ဒြေအနုအရင့်ကို သိတော်မူခြင်း.. ၁၄။ အထက်ဖော်ပြပါ (၁၃)ပါးနှင့် ေဥယျဓံတရား(၅)ပါးကို သိနိုင်တော်မူခြင်း.. ၁၅။ အလိုရှိ၍ လက်တော်ကို ဆန့်လိုက်လျှင် သပိတ်တော် အလိုအလျောက် ရောက်လာခြင်း.. ၁၆။ ရေအစုံ မီးအစုံ တန်ခိုးပြဋိဟာ ပြနိုင်ခြင်း.. ၁၇။ တာဝတိံသာနတ်ပြည်သို့ အဘိဓမ္မာတရာ ဟောတော်မူရန် ကြွသည့်အခါ ခြေနှစ်လှမ်း သုံးဖဝါးတည်းဖြင့် ကြွတော်မူခြင်း.. ၁၈။ ဒေသစာရီ ကြွချီတော်မူလျှင် ခြေတော်ရာ မထင်သည့်အပြင် အနိမ့်အမြင့်မညီပဲရှိနေသော မြေပြင်တို့သည်လည်း အညီအညွတ်ရှိရခြင်း.. (ဘုရားရှင်၏ကိုယ်၌ ဖုန်သဲများ မြူမှုန်မျှပင် မကပ်ငြိခြင်း)
https://www.dhammaransi.com/index.php/new/630-2016-05-11-09-16-04.html
ကိုးနဝင်း ဂုဏ်တော်ကိုးပါး ပုတီးစိပ်နည်း
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ ● ကိုးနဝင်း ဂုဏ်တော်ကိုးပါး ပုတီးစိပ်နည်း ● ¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ ဂုဏ်တော်ကိုးပါးဆိုသည်မှာ - ၁။ သော ဘဂဝါဣတိပိ အရဟံ၊ ၂။ သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ၊ ၃။ သော ဘဂဝါ ဣတိပိ ၀ိဇ္ဇာစရဏ သမ္ပန္နော၊ ၄။ သော ဘဂဝါ ဣတိပိ သုဂတော၊ ၅။ သော ဘဂဝါ ဣတိပိ လောကဝိဒူ၊ ၆။ သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသဒမ္မသာရထိ၊ ၇။ သော ဘဂဝါ ဣတိပိ သတ္တာဒေဝ မနုဿာနံ၊ ၈။ သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ၊ ၉။ သော ဘဂဝါ ဣတိပိ ဘဂဝါ။ ¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ ဂုဏ်တော်ကိုးပါး မြန်မာစကားပြေနှင့် အကျိုးမျqား ¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ ၁။ အရဟံ = ကိလေသာ ကုန်စင်လျက် ပူဇော်အထူးကို ခံတော် မူထိုက်သော မြတ်စွာဘုရား။ 《အကျိုး = ကျက်သရေမင်္ဂလာတိုး၏။》 ၂။ သမ္မာသမ္ဗုဒ္ဓေါ = သင်္ခါရ၊ ၀ိကာရ၊ လက္ခဏ၊ နိဗ္ဗာန်၊ ပညတ်တည်းဟူသော ဉေယျဓံ တရားငါးပါးကို မဖောက်မပြန် ကိုယ်တော်တိုင် သိတော်မူသော မြတ်စွာဘုရား။ 《အကျိုး = ဉာဏ်ကောင်း၏၊ စာကျက်သမျှရ၏။》 ၃။ ၀ိဇ္ဇာစရဏ သမ္ပန္နော = ၀ိဇ္ဇာ(၃)ပါး၊ ၀ိဇ္ဇာ(၈)ပါး၊ ၊ စရဏတရား(၁၅)ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။ 《အကျိုး = ကောင်းသော အကြံအစည် အောင်မြင်၏။》 ၄။ သုဂတော = သဗ္ဗညုတဉာဏ်ရကြောင်း ကောင်းစွာ ကြွလာတော်မူ လျက်ကောင်းသော စကားကိုသာ မိန့်ဆိုတော်မူတတ်သော မြတ်စွာဘုရား။ 《အကျိုး = မိမိပြောသမျှ အောင်မြင်ရမည်။》 ၅။ လောကဝိဒူ = လောကအားလုံးကို အကုန်အစင်သိမြင်တော်မူတတ်သော မြတ်စွာဘုရား။ 《အကျိုး = ဂုဏ်သတင်းပျံ့နှံ့ကျော်ကြား၏။》 ၆။ အနုတ္တရော ပုရိသ ဒမ္မသာရထိ = ဆုံးမထိုက်သော သတ္တဝါတို့အား ယဉ်ကျေးအောင် အတုမရှိ ဆုံးမတော်မူနိုင်သော မြတ်စွာဘုရား။ 《အကျိုး = လူဆိုး နတ်ဆိုး တို့မှ ကင်းဝေး၏။》 ၇။ သတ္တာဒေဝ မနုဿာနံ = နတ်လူဗြဟ္မာ တို့ကိုကောင်းစွာဆောင်ယူ ကယ်တင်တော် မူသော မြတ်စွာဘုရား။ 《အကျိုး = တစ်ပါးသူ၏ ကူညီမူကိုရ၏။》 ၈။ ဗုဒ္ဓေါ = သစ္စာလေးပါး တရားတော်မြတ်ကို ကိုယ်တော်တိုင်လည်းသိ၊ ဝေနေယျ တို့အားလည်း သိစေတော်မူသော မြတ်စွာဘုရား။ 《အကျိုးု = သူတစ်ပါး အကြံအစည်ကို သိ၏။》 ၉။ ဘဂဝါ = ဘုန်း၊ ကံ၊ တန်ခိုးတော အစုံ ကြီးမားတော်မူသော မြတ်စါာဘုရား။ 《အကျိုး = ဘုန်းတန်ခိုးကြီး၏။ ပုန်ကန်သူတို့နှင့် ဝေး၏။》 အထက်ပါ ဂုဏ်တော်ကိုးပါးတို့တွင် တစ်ပါးလျှင် ၁၀၈လုံးပုတီး တစ်ပတ်ရအောင် စိပ်ရမည်။ ဂုဏ်တော် ကိုးပါးရှိခြင်းကြောင့် ကိုးပတ်ပြည့်အောင် စိပ်ပါလေ။
https://www.dhammaransi.com/index.php/new/631-2016-05-11-09-15-27.html
သေချင်လောက်အောင်ထိ ဆိုးနေတဲ့ ကံကို ပြုပြင်နည်း
■ သေချင်လောက်အောင်ထိ ဆိုးနေတဲ့ကံကို ■ ကုသိုလ် (၅)မျိုးနဲ့ ပြုပြင်ယူလို့ ရပါတယ်။ ■ တိုက်တွန်း စကားအနေနဲ့ ပြောရရင်တော့ သေချင်လောက်အောင် ဆိုးနေတဲ့ကံကို ကုသိုလ် (၅)မျိုးနဲ့ နေ့စဉ် ပြုပြင်ပစ်လိုက်စမ်းပါ။ ဆိုးနေတဲ့ ကံ " နင်နေ ငါသွား ” ဖြစ်သွား ပါလိမ့်မယ်။ အဲဒီ ကုသိုလ် (၅)မျိုး ကတော့ ၁။ ဒါန ၂။ သီလ ၃။ ဂုဏ်တော် ၄။ မေတ္တာ ၅။ ၀ိပဿနာ တို့ဖြစ်ပါတယ်။ - အဲဒီ ကုသိုလ် (၅)မျိုးကို နေ့စဉ် ဖြစ်စေရမယ်လို့ - အဓိဋ္ဌာန်ပြီး နေ့စဉ် ပြုလုပ် သွားဖို့ပါပဲ။ - ငါးမျိုးကုသိုလ် ဘယ်လိုပြုရမယ်။ ¤¤¤¤¤ ၁။ ဒါန ¤¤¤¤¤ - ပထမဆုံး ကုသိုလ်က ဒါန ပါ။ - ဒါန ဆိုတဲ့နေရာမှာ ရှင်တစ်သောင်းပြုပေးနိုင်မှ၊ - ကျောင်းကြီးတွေ ဆောက်လုပ် လှူဒါန်းနိုင်မှ - ဒါန မဟုတ်ပါဘူး။ - အိမ်မှာရှိတဲ့ ဘုရားကို ရေချမ်း ကပ်လိုက်မယ် ဆိုလည်း ဒါန ဖြစ်သွားတာပါပဲ။ - ကိုယ်ထမင်းချက်မယ့် ဆန်ထဲက လက်တစ်ဆုတ်စာလောက်နှိုက်ပြီး အိမ်ရှေ့က စာကလေးတွေ ခိုကလေးတွေကို ပစ်ကျွေးလိုက်မယ် ဆိုရင်လည်း ဒါန ဖြစ်သွားတာပါပဲ။ - ဆန်လက် တစ်ဆုတ် လောက်နဲ့တော့ မိသားစု ထမင်းဝိုင်းကို သိပ်ပြီးလည်း မထိခိုက်စေ ပါဘူး။ - နေ့စဉ် လက်တစ်ဆုတ် စာလောက် စာကလေးတွေကို ကျွေးနေမယ် ဆိုရင်လည်း - ကိုယ့်ဝန် ကိုယ့်အားနဲ့ မျှတဲ့ ဒါန ဖြစ်နေတာပါ။ ¤¤¤¤¤¤ ၂။ သီလ ¤¤¤¤¤¤ - ဒုတိယက သီလ ပါ။ - သီလမှာလည်း လောကီထဲမှာနေတဲ့ လူတစ်ယောက် အတွက် - ငါးပါးသီလလောက် လုံခြုံအောင် စောင့်ထိန်း လိုက်နိုင်တယ် ဆိုရင်ပဲ တော်တော် လုံလောက်နေပါပြီ။ - တစ်ဆင့်တက်ပြီး ဥပုသ်နေ့တွေမှာ - (၈)ပါး သီလ၊ (၉)ပါး သီလကို စောင့်ထိန်း နိုင်ရင်တော့ အကောင်းဆုံးပေါ့။ - သီလကို စောင့်ရှောက်တဲ့ အတွက် - သီလ ကလည်း ကိုယ့်ကို သူ့သတ္တိ အားလျော်စွာ ပြန်စောင့်ရှောက် ပါလိမ့်မယ်။ ¤¤¤¤¤¤¤¤¤ ၃။ ဂုဏ်တော် ¤¤¤¤¤¤¤¤¤ - တတိယက ဂုဏ်တော် ပါ။ - ဂုဏ်တော် (၉)ပါး ထဲက - ကို်ယ် နှစ်သက်ရာ တစ်ပါးပါးကို ပွားလို့ရပါတယ်။ - (၉) ပါးလုံး ပွားလည်း ရပါတယ် ။ - အရဟံ ဂုဏ်တော်ကိုပဲ - အရဟံ = ပူဇော်အထူးကို ခံယူထိုက်သော မြတ်စွာဘုရား၊ - အရဟံ = ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား၊ - အရဟံ = ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရားလို့ ပွားများရပါတယ်။ - အရဟံ ဆိုတဲ့ ပါဠိလေးရယ်။ - အရဟံ ရဲ့ နောက်က အနက် သုံးမျိုးရယ်က - ပွားလို့ ဆင်ခြင်လို့ သိပ်ကောင်းတဲ့ ပါဠိနဲ့ အနက်လေးတွေပါ။ - ဂုဏ်တော် ပွားတဲ့အတွက် - ဂုဏ်တော်က သူ့သတ္တိ အားလျော်စွာ ပြန်စောင့်ရှောက်နေ ပါလိမ့်မယ်။ ¤¤¤¤¤¤¤¤ ၄။ မေတ္တာ ¤¤¤¤¤¤¤¤ - စတုတ္ထက မေတ္တာပါ။ - မေတ္တာ ပွားတဲ့နေရာမှာ ပွားနည်းတွေ ကတော့ - သီသန့်အကျယ်ကို ရှိပါတယ်။ - စာရေးသူရဲ့ မေတ္တာ အတွေးများ စာအုပ်မှာလည်း ပွားပုံ ပြည့်ပြည့်စုံစုံ ရေးပြထားပါတယ်။ - မေတ္တာပွားတဲ့ နေရာမှာ အဓိက အကြံပေးချင် တာတော့ - ပထမ ကိုယ့်အပေါ် ကျေးဇူးရှိတဲ့ ကျေးဇူးများတဲ့ - လူပုဂ္ဂိုလ် အားလုံးကို တစ်ယောက်ချင်း ကုန်အောင် ပွားပါ။ - ပြီးရင် နတ်ကောင်း နတ်မြတ်တွေ၊ ကိုယ်စောင့်နတ်၊ - အိမ်စောင့်နတ် ကစပြီး၊ လမ်းမြို့နယ်၊ မြို့၊ နိုင်ငံကို စောင့်ရှောက်နေကြသော နတ်ကောင်း နတ်မြတ်တွေ အားလုံး - ကိုယ် ဆင်းရဲ၊ စိတ် ဆင်းရဲ ကင်းပါစေ၊ အစစအရာရာ အဆင်ပြေ ပါစေ… စသည်ဖြင့် ပေါ့လေ။ ¤¤¤¤¤¤¤¤¤ ၅။ ၀ိပဿနာ ¤¤¤¤¤¤¤¤¤ - နောက်ဆုံးက ၀ိပဿနာ ပါ။ - ၀ိပဿနာ ကတော့ ကိုယ်အားထုတ်ဖူးရာ - ကိုယ် သန်ရာ သန်ရာ ကိုယ့် အာစရိယဝါဒ အတိုုင်း မှတ်ယူလို့ ရပါတယ်။ - မည်သည့် တရားစခန်း မည်သည့် အာစရိယဝါဒမျှ သင်ကြားထားခြင်း မရှိသူများအဖို့ - အစပိုင်းတွင် တင်ပလ္လင်ခွေ(ထက်ဝယ်ဖွဲ့ခွေ)ထိုင်၊ - ဘယ်လက်ပေါ် ညာလက်ထပ်တင်၊ - ခါး၊ လည်ပင်း၊ ဦးခေါင်းကို မတ်မတ်ထား၊ - အသက်ကို ပုံမှန်ရှူလျှက် - ဝင်လေ ဝင်လာလျှင် ဝင်လာသည်ဟု သိပေး၊ - ထွက်လေ ထွက်သွားရင် ထွက်သွားသည်ဟု သိပေးခြင်းဖြင့် - မိမိစိတ်ကို ထိုထိုနှာသီးဝသို့သာ စူးစိုက်ရောက်ရှိစေရန် ပဏာမ လေ့ကျင့်ကြလျှက် - (၇)ရက် စခန်း၊ (၁၀)ရက် စခန်း စသည်တို့ကို - ဝင်ရောက်နိုင်ရန် တိုး၍ ကြိုးစား ကြသင့်ပေသည်။ ¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ ကုသိုလ် (၅)မျိုး တစ်နေ့တာ ¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ ■ ကဲ … စာဖတ်သူ၊ စိတ်ကူးနဲ့ပဲ ကုသိုလ်(၅)မျိုးကို စမ်းကြည့်ရအောင်ပါ။ ¤¤¤¤¤¤¤¤ ၁။ အိပ်ရာထ ¤¤¤¤¤¤¤¤ - မနက် အိပ်ရာက ထတာနဲ့ ကိုယ်လက် သန့်စင်ပြီး - မိသားစု ကိစ္စတွေကို ဘာမှ မလုပ်နဲ့ဦး။ - ဘုရားခန်းကို အရင်သွားပါ။ - ဘုရား သောက်တော်ရေကို အရင်ကပ်ပါ။ (ဒါန) - ကပ်ပြီးရင် (၅)ပါးသီလ ခံယူပါ။ (သီလ) - အဲဒါပြီးရင် ဂုဏ်တော်ကို (၅)မိနစ် ( ဂုဏ်တော် ) - မေတ္တာကို (၅)မိနစ် ပွားပါ။ ( မေတ္တာ ) - ပြီးရင် ၀ိပဿနာ (၅)မိနစ် ပွားများပါ။ ( ၀ိပဿနာ ) - အင်မတန် နည်းပါးတဲ့ (၁၅)မိနစ် အချိန်လောက်တော့ - လူတိုင်း လုပ်နိုင်လောက်မယ် ထင်ပါတယ်။ - (၅)မိနစ်စီ ဆိုသည်မှာ အနည်းဆုံး ပြုရန်အချိန်ကို ဆိုလိုခြင်းဖြစ်ပြီး - မိမိတို့၏ ခွန်အားအလိုက်၊ သဒ္ဓါ တရားအလိုက် - (၁၀)မိနစ်စီ၊ နာရီဝက်စီ၊ တစ်နာရီစီ စသည်ဖြင့် အဓိဋ္ဌာန်ပြု - နေ့ တစ်နေ့တာရဲ့ အစကို - ကုသိုလ် (၅)မျိုးနဲ့ စလိုက်တာ ဘယ်လောက် ကျက်သရေ ရှိသွားလဲ။ - အိပ်ရာထပြီး နာရီဝက် တစ်နာရီအတွင်းမှာပဲ - ကုသိုလ်(၅)မျိုး ရနေပါပြီ။ - အဲဒီ ကုသိုလ်(၅)မျိုး ပြုပြီးမှ - မိသားစုကိစ္စ၊ ကိုယ့်ကိစ္စ ဝေယျာဝစ္စတွေကို ပြုလုပ်ပါ။ ¤¤¤¤¤¤¤¤¤ ၂။ နေ့လည် ¤¤¤¤¤¤¤¤¤ - အဲဒီလိုနဲ့ မနက်စာ စားပြီးတဲ့ အခါ - ဆန် လက်တစ်ဆုတ် စာယူပြီး ခြံရှေ့မှာ ငှက်ကလေးတွေ အတွက် ပက်ကျွေးလိုက်ပါဦး။ - ကျွေးပြီးသွားရင် အဆစ်အနေနဲ့ - ဒီနေ့ မနက် ပြုဖြစ်ခဲ့တဲ့ ကုသိုလ်(၅)မျိုး ကိုလည်း အမျှ ပေးဝေပါတယ်။ - အမျှ အမျှ အမျှ ယူတော်မူကြပါ။ သာဓု၊ သာဓု၊ သာဓု ဆိုပြီး နတ်ကောင်း နတ်မြတ်များနဲ့တကွ ဝေနေယျ အပေါင်းကို အမျှပေးဝေလိုက် ပါဦး။ ¤¤¤¤¤¤ ၃။ ညပိုင်း ¤¤¤¤¤¤ - တတ်နိုင်တယ်။ အချိန်ရတယ်။ သဒ္ဓါတရားလဲ ထက်သန်လာတယ် ဆိုရင် - ညပိုင်း ကိုးရီးယားကားလေး မလာခင်၊ - ဒါမှမဟုတ် ကိုးရီးယားကားလေး ပြီးသွားတဲ့အခါ - ကုသိုလ် ငါးမျိုးကို မနက်ကအတိုင်း တစ်ကြိမ် ထပ်လုပ်လိုက်ပါဦး။ - နေ့စဉ် ပြုအပ်သည်။ - ဒီအတိုင်းသာ နေ့စဉ် ပြုသွားစမ်းပါ။ - ဆိုးနေတဲ့ ကံဟာ တောင်းပန်ပြီး ထွက်သွားဦးမှာပါ။ - ဒါပေမယ့် ဒီနေ့လုပ် နက်ဖြန်ဖြစ် ဆိုတဲ့ ပုံစံမျိုးတော့ - ဘယ်ဖြစ်နိုင်မှာလဲ။ - တစ်လတန်သည် တစ်နှစ်တန်သည်တော့ စွဲလုပ်ရပါမယ်။ - ရက် မပျက်အောင် အဓိဋ္ဌာန်ပြု၍ လုပ်ရပါမယ်။ - အကုသိုလ် ဆိုတဲ့ အင်းအားက ကြီးလွန်းနေရင်တော့ ချက်ခြင်းကြီး ရနိုင်မှာ မဟုတ်ပါဘူး။ - ဒါပေမယ့် ကုသိုလ် အင်အား ကောင်းလာတာနဲ့ အမျှ - ကုသိုလ် အင်အားကို ကြည့်ပြီး လန့်ပြေးသွားမှာပါ။ - ဒါက ကံဆိုး နေတဲ့သူတွေကို ပြောတာပါ။ - ကံကောင်း နေတဲ့သူတွေ အတွက်လည်း - အမြဲတမ်း ကံကောင်းနေအောင် - ကုသိုလ်(၅)မျိုး နဲ့ အမြဲပြုစု စောင့်ရှောက်နေသင့် ပါတယ်။ - ဒီကုသိုလ်(၅)မျိုးနဲ့ ကံကောင်းအောင် လုပ်နေတဲ့အတွက် - ဒုတိယဘဝ၊ တတိယဘဝ စသည်တွေမှာလည်း - ဆက်ပြီး ကံကောင်းနေဦးမှာပါ။ - ဒုက္ခကြံရင် သစ္စာဆို။ - ဒီ ကုသိုလ် (၅)မျိုး ကို - ကံ ကောင်းခြင်း၊ ကံ ဆိုးခြင်းကြောင့် မဟုတ်ဘဲ - နေ့စဉ် ဝတ်တစ်ခု အနေနဲ့ ပြုရပါမယ်။ - အဲဒီလို ပြုနေစဉ် အတွင်းမှာပဲ - ဘဝ အခက်အခဲ တစ်ခု ကြုံလာမယ်၊ - ဒါဆို ကိုယ်ပြုတဲ့ ကုသိုလ်(၅)မျိုးကို - နေ့စဉ် အမျှ ပေးဝေနေတဲ့ - နတ်ကောင်းန တ်မြတ်တွေကို တိုင်တည်ပြီး သစ္စာ ဆိုလို့လည်း ရပါတယ်။ - " ကျွန်ှုပ်သည် ကုသိုလ်(၅ မျိုးကို နေ့စဉ်ပြုပြီး၊ နတ်ကောင်းနတ်မြတ် များကိုလည်း နေ့စဉ် အမျှပေးဝေခဲ့ပါတယ်။ ဤသစ္စာစကား မှန်ကန်ပါက ယခုတွေ့ကြုံနေရသော အခက်အခဲများ ပြေပျောက် ပါစေသတည်း။ - နတ်ကောင်း နတ်မြတ်တို့က ကူညီမစတော်မူပါ " စသည်ဖြင့်ပေါ့လေ….. - သံသရာ ကပင် ကျွတ်နိုင်ရဲ့ - ကုသိုလ် (၅)မျိုး ထဲမှာ ၀ိပဿနာလည်း ပါနေတော့ - တရားမှတ်ရင် ပါရမီ ပါခဲ့ရင် - တစ်မဂ် တစ်ဖိုလ်မှသည် လေးမဂ်၊ လေးဖိုလ် အထိ - တရားထူး တရားမြတ်တွေ ရသွားပြီး - သံသရာဝဋ်က ကျွတ်သွားနိုင်ပါသေးတယ်။ - ကုသိုလ် (၅)မျိုးကို ဘယ်အဆင့်အထိ ပြုရမလဲ ဆိုရင် - ည အိပ်ရာ ဝင်လို့မှ ဒီနေ့ တစ်နေ့တာ အတွက် - ကုသိုလ် ၅မျိုး မပြုရသေးရင် - အိပ်လို့ လုံးဝ မပျော်တဲ့ အဆင့် - ချက်ခြင်း ထလုပ်လိုက်မှ အိပ်ပျော်တယ် အိပ်လို့ရတယ် ဆိုတဲ့ အဆင့်ထိ ပြုလုပ်ကြရပါမယ်။ - ကဲ …. စာဖတ်သူ … ၊ - ကံ နဲ့ ပတ်သက်လို့ သေချင်လောက်အောင် ဆိုးနေပါစေ။ - ကုသိုလ် (၅)မျိုးနဲ့သာ နေ့စဉ် ပြုပြင် လိုက်စမ်းပါ။ - မကြာခင် ကံကောင်းလာပါလိမ့်မယ်။ အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ) ‪#‎ ကျမ်းကိုး‬ (မဟာဝင်ဝတ္ထု-ကျီးသဲလေးထပ်ဆရာတော်)
https://www.dhammaransi.com/index.php/new/632-2016-05-11-09-14-27.html
သားကောင်းသားမြတ် ရစေသော ဂါထာ
" ယော မေ အယံ ဘန္တေ ကု စ္ဆိတော ကုမာရကော ဝါ ကုမာရိကာ ဝါ၊ သော ဘဂဝန္တံ သရဏံ ဂစ္ဆတိ ဓမ္မဥ္စ ဘိက္ခု သံဃဥ္စ၊ ဥပါသကံ တံ ဘဂဝါ ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတံ။ ဘန္တေ- အရှင်ဘုရား၊ မေ-တပည့်တော်၏၊ ကု စ္ဆိတော- ဝမ်း၌တည်သော၊ ယော အယံကုမာရောဝါ- အကြင် သတို့သားသည်သော်လည်းကောင်း၊ ယာအယံကုမာရိကာဝါ- အကြင်သတို့သမီးသည်သော်လည်းကောင်း၊ အတ္ထိ-ရှိ၏။ သော -ထိုသန္ဓေသားသည်၊ ဘဂဝန္တံ- မြတ်စွာဘုရားကို၊ သရဏံ- ကိုးကွယ်ရာဟူ၍၊ ဂစ္ဆတိ-ဆည်းကပ်ပါ၏။ ဓမ္မဥ္စ-တရားတော်ကိုလည်းကောင်း၊ ဘိက္ခုသံဃဥ္စ-ရဟန်းသံဃာကိုလည်းကောင်း၊ သရဏံ - ကိုးကွယ်ရာဟူ၍၊ ဂစ္ဆတိ-ဆည်းကပ်ပါ၏။ ဘဂဝါ-မြတ်စွာဘုရားသည်၊ တံ-ထိုသန္ဓေသားကို၊ အဇ္ဇတဂ္ဂေ-ယနေ့ကိုအစပြု၍၊ ပါဏုပေတံ-အသက်ထက်ဆုံး၊ သရဏံ- ကိုးကွယ်ရာဟု၊ ဂတံ-ဆည်းကပ်သော၊ ဥပါသကံ- ရတနာသုံးပါး ဆည်းကပ်တတ်သူဟူ၍၊ ဓာရေတု- မှတ်တော်မူပါအရှင်ဘုရား။ ( မြန်မာပြန်) မြတ်စွာဘုရား ဘုရားတပည့်တော်၏ ဝမ်း၌တည်ရှိနေသော ကလေးငယ်သည် မြတ်စွာဘုရားအား လည်းကောင်း၊ တရားတော်အားလည်းကောင်း၊ သံဃာတော်အားလည်းကောင်း၊ ကိုးကွယ်ရာအစစ်ဟူ၍ ဆည်းကပ်ပါ၏ဘုရား။ ထိုသန္ဓေသားအား ယနေ့မှစပြီး အသက်ထက်ဆုံး သရဏဂုံတည်သူဟူ၍ မှတ်တော် မူပါဘုရား။ ဖေဖေမေမေတို့ သားကောင်းသမီးမြတ်ကလေးများ ပိုင်ဆိုင်နိုင်ကြပါစေ။
https://www.dhammaransi.com/index.php/new/633-2016-05-11-09-14-02.html
ဥပုသ်စောင့်ရာတွင် သတိပြုရမည့်အချက်များ
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ ဥပုသ်စောင့်ရာတွင် သတိပြုရမည့်အချက်များ ¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ တစ်ခါတုန်းက တာဝတိံသာနတ်ပြည်က နတ်သမီးလေးတစ်ပါးဟာ လူ့ပြည်ကို နတ်မျက်စိနဲ့ကြည့်မိသတဲ့။ အဲဒီလိုကြည့်မိတဲ့အခါ လူ့ပြည်မှာ ၀ါတွင်းကာလဖြစ်တာမို့ လူတွေအများကြီး ဥပုသ်စောင့်ကြတာကို တွေ့ရတာပေါ့။ အဲဒီအခါ နတ်သမီးလေးက သိကြားမင်းကြီးကို အရှင်သိကြားမင်း၊ လူ့ပြည်မှ လူတွေဒီလောက် ဥပုသ်စောင့်ကြရင် သူတို့ကွယ်လွန်တဲ့အခါ နတ်ပြည်ရောက်ကြမှာမို့ နတ်ပြည်မှာနေစရာမှ ရှိပါဦးမလားလို့ လျှောက်ထားလိုက်တယ်။ သိကြားမင်းက တရားတော်နဲ့အညီ ဥပုသ်စောင့်တတ်မှ ကုသိုလ်ကရတာ။ ကုသိုလ်ရမှ နတ်ပြည်ရောက်နိုင်တာ။ ဥပုသ်စောင့်တိုင်း နတ်ပြည်ရောက်နိုင်တာ မဟုတ်ဘူး။ သင်မယုံကြည်ရင် လူတွေ ဥပုသ်စောင့်တတ် မစောင့်တတ်နဲ့ ဥပုသ်စောင့်တဲ့သူတွေထဲက နတ်ပြည်ရောက်နိုင်တဲ့သူ ပါမပါကို ငါလက်တွေ့ပြမယ်လို့ နတ်သမီးလေးကိုပြောပါတယ်။ အဲဒီနောက် သိကြားမင်းဟာ မိမိကိုယ်ကို အသက်(၆၀)ကျော် အဘိုးကြီးအသွင် ဖန်ဆင်းလိုက်ပြီး နတ်သမီးလေးကိုတော့ (၁၆)နှစ်အရွယ် အပျိုမလေးလို ဖန်ဆင်းကာ လူ့ပြည်ကို ဆင်းသက်လိုက်တယ်။ လူ့ပြည်ရောက်တဲ့အခါ ဥပုသ်သည်တွေ စုဝေးနေတဲ့ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဇရပ်တွေဘက်ကို စုံတွဲခုတ်ပြီး သွားလာလည်ပတ်ကြသတဲ့။ အဲဒီအခါ ဇရပ်တစ်ဆောင်ပေါ်မှာ အမျိုးသမီးတစ်စုဟာ ဥပုသ်စောင့်တယ်ဆိုပြီး စုဝေးဝိုင်းဖွဲ့ကာ သူများအတင်းတွေ ပြောနေကြတယ်။ အဲဒီအနား လူယောင်ဖန်ဆင်းတဲ့ သိကြားမင်းတို့စုံတွဲ ရောက်သွားတဲ့အခါ ဇရပ်ပေါ်က အမျိုးသမီးတစ်စုက (၁၆)နှစ်ရွယ် သမီးပျိုလေးကို " ဟဲ့သူငယ်မ ညည်းနဲ့အဘိုးကြီး ဘာတော်သလဲ။ ညည်းအဖေလား ယောက်ျားလား" လို့ စပ်စပ်စုစု မေးကြသတဲ့။ မိန်းမပျိုယောင်ဆောင်ထားတဲ့ နတ်သမီးက "အဘိုးကြီးဟာ ကျွန်မရဲ့ခင်ပွန်းပါရှင့်" လို့ ဖြေတဲ့အခါ ဥပုသ်စောင့်တဲ့ အမျိုးသမီးတွေက မေးငေါ့ပြီး " ကြည့်စမ်းပါဦးတော် ရုပ်ကလေး သနားကမား ပျိုပျိုရွယ်ရွယ်ကလေးနဲ့ ဒီသေခါနီး အဘိုးကြီးကိုပဲ ယူရသလား။ တကယ်ဆိုရင် ရွယ်တူတန်းတူ ယူရောပေါ့အေ။ ဟိုအဘိုးကြီးကလည်း သေခါနီးမှ ရိက္ခာယူရတယ်လို့။ နွားအိုမြက်နုကြိုက်ဆိုတာ ဒါမျိုးပေါ့" လို့ တစ်ယောက်တစ်ပေါက် အတင်း ပြောကြသတဲ့။ အဲဒီကနေ နောက်တစ်နေရာကို ရောက်သွားတဲ့အခါ အမျိုးသားတွေစုပြီးနေတဲ့ ကျောင်းဆောင်တစ်ခုအနားကို ရောက်သွားတယ်။ အဲဒီနားကို သူတို့စုံတွဲ ရောက်သွားတယ်ဆိုရင်ပဲ ယောက်ျားတွေက " ကြည့်စမ်းဟေ့ မလိုက်တဲ့စုံတွဲကွာ။ အဘိုးကြီးကလည်း မခေဘူးနော်။ ကောင်မလေးကို မုန့်ပေးပြီးကြိုက်တာနေမှာ။ ကောင်မလေးကတော့ ကံဆိုးတာပဲ။ မကြာခင်မှာ မုဆိုးမ ဖြစ်တော့မယ်။ ဟဲ့ကောင် မုဆိုးမဖြစ်သွားရင် တို့သွားပြီး တန်းစီကြရင် မကောင်းဘူလား " လို့ မကြားတကြား သရော်ကြသတဲ့။ အဲဒီကျောင်းဆောင်ဘက်က ထွက်ပြီးနောက် ရေအိုးစင် တစ်ခုနားကို ရောက်သွားတယ်။ အဲဒီရေအိုးစင်နားမှာ အဘွားအိုတစ်ဦးဟာ ဘယ်သူနဲ့မျှ စကားမပြောဘဲ မျက်စိမှိတ်ပြီး စိပ်ပုတီးကိုပဲ အသာစိပ်နေသတဲ့။ မိန်းမပျိုယောင်ဆောင်ထားတဲ့ နတ်သမီးလေးက အဖွားအိုနားကိုသွားပြီး " အဖွား ဒီရေအိုးစင်မှာ ရေရှိသလား။ ကျွန်မခင်ပွန်း ရေဆာနေလို့ပါရှင်" လို့ ခွင့်တောင်းတဲ့အခါ အဘွားအိုက " ရှိပါတယ် သူငယ်မရယ်။ သဘောရှိသောက်ပါ။ ကုသိုလ်လိုချင်လို့ အဘွားကိုယ်တိုင် ခပ်ထားတာပါ " လို့ ပြောပါတယ်။ ပြီးတော့မှ အဘိုးကြီးယောင်ဆောင်ထားတဲ့ သိကြားမင်းကို တစ်ချက်လောက် ကြည့်လိုက်ပြီး " သြော်မောင်ကြီးရယ် သူငယ်မရဲ့ ခင်ပွန်းသည်ကိုး။ ဒီလိုပေါ့အေရယ် ရှေးကရေစက်ဆိုတာ အမျိုးမျိုးဆုံစည်းရတာပဲ။ စိတ်ကောင်းကောင်းထားပြီး ဖခင်နဲ့တူသော ခင်ပွန်းရယ်လို့ သဘောထားရမှာပဲ။ ရိုရိုသေသေပြုစုပေါ့ကွယ် " လို့ ဆုံးမစကားပြောပါတယ်။ အဲဒီနောက်တော့ သိကြားမင်းနဲ့ နတ်သမီးလေးတို့ဟာ နတ်ပြည်ကိုပြန်သွားသတဲ့။ နတ်ပြည်ရောက်တဲ့အခါ သိကြားမင်းက " ကိုင်း ဘယ့်နှယ့်ရှိစ၊ လူ့ပြည်မှာ ဥပုသ်စောင့်တဲ့ သူတွေကတော့များပါရဲ့၊ အများစုက စေတနာမသန့်ကြဘူး။ ရိုးရိုးသားသား ကုသိုလ်လိုလားပြီး ဥပုသ်စောင့်တဲ့သူက နည်းတယ်။ ဒါကြောင့် အခု ဥပုသ်စောင့်တဲ့သူတွေထဲမှာ နောက်ဆုံးတွေ့တဲ့ အဘွားအိုတစ်ယောက်ပဲ နတ်ပြည်ရောက်လိမ့်မယ်။ ကျန်လူတွေကတော့ ထုံးစံအတိုင်း အောက်ပြည်သွားကြရမှာပဲ" လို့ နတ်သမီးလေးကို ပြောပြပါတယ်။ ဥပုသ်စောင့်ခြင်းရဲ့ အသွင်သဏ္ဍာန်နဲ့ အနှစ်သာရ မတူကွဲပြားပုံကို ခွဲခြား ဖော်ပြလိုတာပါ။ အနှစ်သာရမပါတဲ့ အသွင်သဏ္ဍာန်ဆိုတာ တကယ်တော့ အကာသက်သက်ပါပဲ။ အထက်တန်းကျ မြင့်မြတ်သူတွေရဲ့ အသက်ရှင်နေထိုင်ပုံမျိုးကို တစ်ရက်တာမျှ အတုခိုးကျင့်ကြံတာမျိုးပါ။ ဒီအချက်တွေကို ထောက်ဆကြည့်ရင့် ဥပုသ်စောင့်တယ်ဆိုတာ ဘယ်လောက် အထက်တန်းကျ မြင့်မြတ်လှတယ်ဆိုတာ ဆင်ခြင်ဉာဏ်ရှိသူတိုင်း သိကြမှာပါ။ ဒါကြောင့် လောက ဓမ္မနှစ်ဖက်လှပြီး အစဉ်အလာကောင်းတဲ့ ဘာသာရေး ယဉ်ကျေးမှု အမွေအနှစ်တစ်ခု အလွယ်တကူ မတိမ်ကော မကွယ်ပျောက်ရအောင် ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်ဟာ လူမျိုးဘာသာ သာသနာတော် အဆင့်အတန်းမြင့်မားရေးကို လိုလားကြတဲ့ ဥပုသ်သည်တိုင်းရဲ့သမိုင်းပေး တာဝန်ဖြစ်ကြောင်း သတိပေးပြောကြားလိုပါတယ်။
https://www.dhammaransi.com/index.php/new/634-2016-05-11-09-13-30.html
သေမည့်နေ့ကိုရွှေ့ပစ်နိုင်သောယတြာများ
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ သေမည့်နေ့ကိုရွှေ့ပစ်နိုင်သောယတြာများ ¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က ဗေဒင် ကျွမ်းကျင်သော ပုဏ္ဏားမိသားစု ရှိရာတွင် ပုဏ္ဏားကြီးသည် မိမိကို်ယ်ကို ဗေဒင်တွက်ကြည့်ရာ အသက်(၆၀)ပြည့်သည့်နေ့တွင် သေရမည်ကို သိလေ၏။ ထိုအခါ မြတ်စွာဘုရားကို မကိုးကွယ်သော်လည်း သေရမည်ကို ကြောက်လန့်၍ ဘုရားထံ သွားလေ၏။ ဘုရားရှင်ထံရောက်သော် မြတ်စွာဘုရားက " မှန်၏။ အသက်(၆၀) နေမွန်းတည့်ချိန်တွင် သေမည်။ သေလျှင် မြောက်ဘက် တောတန်းတွင် မျောက်ဖြစ်လိမ့်မည် " ဟု ဟောကြားလိုက်လေသည်။ ပုဏ္ဏားလည်း အိမ်ပြန်ပြီး မျောက်ဘဝ၌ စားရန် တောတန်းတွင် ■ ဥယျာဉ်စိုက်၏ ■ နေရန် ဇရပ်ဆောက်၏ ■ ရေတွင်းတူး၏ ■ လမ်းဖောက်၏ ■ တံတားဆောက်၏ စသည်တို့ကို လုပ်သော် ထိုအတွက်ကြောင့် လူအများ သွားလာရပ်နားမှု အဆင်ပြေနေတော့သည်။ အသက်(၆၀) ပြည့်၍ မသေသောအခါ ဘုရားရှင်ထံ သွားရောက် အပြစ်တင်လေ၏။ မြတ်စွာဘုရားက ကိုယ်ကျိုးအတွက် မဟုတ်ဘဲ အများအတွက် ပြုလုပ်ပေးသော အောက်ပါ ကုသိုလ်များသည် သေနေ့ကိုပင် ရွှေ့ပစ်နိုင်သည်ဟု ဟောပြလေရာ ပုဏ္ဏားမိသားစု ဗုဒ္ဓဘာသာသို့ ကူးပြောင်း၍ သောတာပန် တည်လေ၏။ (၁) အများစားသုံးရန် ဥယျာဉ်စိုက်ခြင်း (၂) အများစားသုံးရန် အရန်စိုက်ခြင်း (၃) အများနေရန် ဇရပ်ဆောက်ပေးခြင်း (၄) အများသွားလာနိုင်ရန် လမ်းဖောက်ပေးခြင်း (၅) အများသွားလာနိုင်ရန် တံတားဆောက်ပေးခြင်း (၆) အများသောက်သုံးနိုင်ရန် ရေတွင်းရေကန် တူးပေးခြင်း 《မှတ်ချက်။ ။ "အရန်" စိုက်သည် ဆိုသည်မှာ မိမိနေအိမ်၊ နေရာ၊ ပတ်ဝန်းကျင်တွင် အများအတွက် သစ်ပင်စိုက်ပျိုးပေးခြင်း ဖြစ်ပါသည်။》 သေနေ့ကို ရွှေ့နိုင်သော ကုသိုလ်ထူးများ ရရှိနိုင်ကြပါစေ။ [ သီတဂူဆရာတော်ဘုရား ဟောကြားတော်မူအပ်သော အာယုဒီပ(၆)ပါးကို အကျဉ်း ဖော်ပြခြင်း ဖြစ်ပါသည်။ ]
https://www.dhammaransi.com/index.php/new/635-2016-05-11-09-13-11.html
အန္တရယ်ကင်း ဘေးရှင်းစေသော ဂုဏ်တော်ကွန်ချာဂါထာတော်
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ အန္တရယ်ကင်း ဘေးရှင်းစေသော ဂုဏ်တော်ကွန်ချာဂါထာတော် ¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ ၁။သော ဘဂဝါ ဣတိပိ အရဟံ၊ အရဟံ ဝတ သော ဘဂဝါ၊ အရဟန္တံ သရဏံ ဂစ္ဆာမိ၊ အရဟန္တံ သိရသာ နမာမိ၊ ပထမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ အရဟံ။ ၂။သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓေါ ဝတ သော ဘဂဝါ၊ သမ္မာသမ္ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ သမ္မာသမ္ဗုဒ္ဓံ သိရသာ နမာမိ၊ ဒုတိယော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ။ ၃။သော ဘဂဝါ ဣတိပိ ၀ိဇ္ဇာစရဏသမ္ပန္နော၊ ၀ိဇ္ဇာစရဏသမ္ပန္နော ဝတ သော ဘဂဝါ၊ ၀ိဇ္ဇာစရဏသမ္ပန္နံ သရဏံ ဂစ္ဆာမိ၊ ၀ိဇ္ဇာစရဏသမ္ပန္နံ သိရသာ နမာမိ၊ တတိယော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ ၀ိဇ္ဇာစရဏသမ္ပန္နော။ ၄။သော ဘဂဝါ ဣတိပိ သုဂတော၊ သုဂတော ဝတ သော ဘဂဝါ၊ သုဂတံ သရဏံ ဂစ္ဆာမိ၊ သုဂတံ သိရသာ နမာမိ၊ စတုတ္ထော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ သုဂတော။ ၅။သော ဘဂဝါ ဣတိပိ လောကဝိဒူ၊ လောကဝိဒူ ဝတ သော ဘဂဝါ၊ လောကဝိဒုံ သရဏံ ဂစ္ဆာမိ၊ လောကဝိဒုံ သိရသာ နမာမိ၊ ပဥ္စမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ လောကဝိဒူ။ ၆။သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ၊ အနုတ္တရော ပုရိသ ဒမ္မသာရထိ ဝတ သော ဘဂဝါ၊ အနုတ္တရံ ပုရိသ ဒမ္မသာရထိံ သရဏံ ဂစ္ဆာမိ၊ အနုတ္တရံ ပုရိသ ဒမ္မသာရထိံ သိရသာ နမာမိ၊ ဆဋ္ဌမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ။ ၇။သော ဘဂဝါ ဣတိပိ သတ္ထာ ဒေဝမနုဿာ နံ၊ သတ္ထာ ဒေဝမနုဿာ နံ ဝတ သော ဘဂဝါ၊ သတ္ထာရံ ဒေဝမနုဿာ နံ သရဏံ ဂစ္ဆာမိ၊ သတ္ထာရံ ဒေဝမနုဿာ နံ သိရသာ နမာမိ၊ သတ္တမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ သတ္ထာ ဒေဝမနုဿာ နံ။ ၈။သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ၊ ဗုဒ္ဓေါ ဝတ သော ဘဂဝါ၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဗုဒ္ဓံ သိရသာ နမာမိ၊ အဋ္ဌမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ။ ၉။သော ဘဂဝါ ဣတိပိ ဘဂဝါ၊ ဘဂဝါ ဝတ သော ဘဂဝါ၊ ဘဂဝန္တံ သရဏံ ဂစ္ဆာမိ၊ ဘဂဝန္တံ သိရသာ နမာမိ၊ နဝမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ ဘဂဝါ။ ၁၀။သော ဘဂဝါ ဣတိပိ လောကဝိဒူ၊ လောကဝိဒူ ဝတ သော ဘဂဝါ၊ လောကဝိဒုံ သရဏံ ဂစ္ဆာမိ၊ လောကဝိဒုံ သိရသာ နမာမိ၊ ပဥ္စမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ လောကဝိဒူ။ ၁၁။သော ဘဂဝါ ဣတိပိ သုဂတော၊ သုဂတော ဝတ သော ဘဂဝါ၊ သုဂတံ သရဏံ ဂစ္ဆာမိ၊ သုဂတံ သိရသာ နမာမိ၊ စတုတ္ထော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ သုဂတော။ ၁၂။သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ၊ အနုတ္တရော ပုရိသ ဒမ္မသာရထိ ဝတ သော ဘဂဝါ၊ အနုတ္တရံ ပုရိသ ဒမ္မသာရထိံ သရဏံ ဂစ္ဆာမိ၊ အနုတ္တရံ ပုရိသ ဒမ္မသာရထိံ သိရသာ နမာမိ၊ ဆဋ္ဌမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ။ ၁၃။သော ဘဂဝါ ဣတိပိ ၀ိဇ္ဇာစရဏသမ္ပန္နော၊ ၀ိဇ္ဇာစရဏသမ္ပန္နော ဝတ သော ဘဂဝါ၊ ၀ိဇ္ဇာစရဏသမ္ပန္နံ သရဏံ ဂစ္ဆာမိ၊ ၀ိဇ္ဇာစရဏသမ္ပန္နံ သိရသာ နမာမိ၊ တတိယော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ ၀ိဇ္ဇာစရဏသမ္ပန္နော။ ၁၄။သော ဘဂဝါ ဣတိပိ သတ္ထာ ဒေဝမနုဿာ နံ၊ သတ္ထာ ဒေဝမနုဿာ နံ ဝတ သော ဘဂဝါ၊ သတ္ထာရံ ဒေဝမနုဿာ နံ သရဏံ ဂစ္ဆာမိ၊ သတ္ထာရံ ဒေဝမနုဿာ နံ သိရသာ နမာမိ၊ သတ္တမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ သတ္ထာ ဒေဝမနုဿာ နံ။ ၁၅။သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓေါ ဝတ သော ဘဂဝါ၊ သမ္မာသမ္ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ သမ္မာသမ္ဗုဒ္ဓံ သိရသာ နမာမိ၊ ဒုတိယော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ။ ၁၆။သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ၊ ဗုဒ္ဓေါ ဝတ သော ဘဂဝါ၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဗုဒ္ဓံ သိရသာ နမာမိ၊ အဋ္ဌမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ။ ၁၇။သော ဘဂဝါ ဣတိပိ အရဟံ၊ အရဟံ ဝတ သော ဘဂဝါ၊ အရဟန္တံ သရဏံ ဂစ္ဆာမိ၊ အရဟန္တံ သိရသာ နမာမိ၊ ပထမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ အရဟံ။ ၁၈။သော ဘဂဝါ ဣတိပိ ဘဂဝါ၊ ဘဂဝါ ဝတ သော ဘဂဝါ၊ ဘဂဝန္တံ သရဏံ ဂစ္ဆာမိ၊ ဘဂဝန္တံ သိရသာ နမာမိ၊ နဝမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ ဘဂဝါ။ Credit to original writer. Princess Khinkhin ဓမ္မဒါန။ ယုံကြည်စွာရွတ်ဖတ်ပူဇော်ကြပါဓမ္မမိတ်ဆွေများ။ ဘေးရန်ကင်းကွာ စီးပွားဖြာသည့် ဂုဏ်တော်ကွန်ချာ ဂါထာပါဠိ အနက် ++++++++++++++ ၁။ သော ဘဂဝါ ဣတိပိ အရဟံ၊ အရဟံ ဝတ သော ဘဂဝါ၊ အရဟန္တံ သရဏံ ဂစ္ဆာမိ၊ အရဟန္တံ သိရသာ နမာမိ၊ ပထမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ အရဟံ။ သောဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ ဤသို့ လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော အကြောင်းကြောင့်လည်း။ အရဟံ အရဟံမည်တော်မူပါပေ၏။ သောဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန်အမှန်မလွဲ၊ လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်ပါပေ၏။ အရဟန္တံ လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားကိုု သရဏံ ကိုးကွယ်အားထားရာဟူ၍ ဂစ္ဆာမိ ဆည်းကပ်ပူဇော်ပါ၏။ အရဟန္တံ လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားကို သိရသာ ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့် နမာမိ ရှိခိုးကန်တော့ပါ၏။ ပထမော ရှေးဦးစွာသော ဝဇိရပါကာရော အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။ သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ ဤသို့ လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော အကြောင်းကြောင့်လည်း။ အရဟံ အရဟံ မည်တော်မူပါပေ၏။ ၂။ သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓေါ ဝတ သော ဘဂဝါ၊ သမ္မာသမ္ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ သမ္မာသမ္ဗုဒ္ဓံ သိရသာ နမာမိ၊ ဒုတိယော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ။ သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ တရားအလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူသော အကြောင်းကြောင့်လည်း။ သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓ မည်တော်မူပါပေ၏။ သော ဘဂဝါ၊ ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန် အမှန်မလွဲး။ သမ္မာသမ္ဗုဒ္ဓေါ၊ တရားအလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူပါပေ၏။ သမ္မာသမ္ဗုဒ္ဓံ၊ တရားအလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူသော မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ အားထားရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပူဇော်ပါ၏။ သမ္မာသမ္ဗုဒ္ဓံ၊ တရားအလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူသော မြတ်စွာဘုရားကို။ သိရသာ၊ ဦးခေါင်းရ တနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးကန်တော့ပါ၏။ ဒုတိယော၊ နှစ်ခုမြောက်သော။ ဝဇိရပါကာရော၊ အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။ သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ တရားအလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူသော အကြောင်းကြောင့်လည်း။ သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓ မည်တော်မူပါပေ၏။ ၃။ သော ဘဂဝါ ဣတိပိ ၀ိဇ္ဇာစရဏသမ္ပန္နော၊ ၀ိဇ္ဇာစရဏသမ္ပန္နော ဝတ သော ဘဂဝါ၊ ၀ိဇ္ဇာစရဏသမ္ပန္နံ သရဏံ ဂစ္ဆာမိ၊ ၀ိဇ္ဇာစရဏသမ္ပန္နံ သိရသာ နမာမိ၊ တတိယော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ ၀ိဇ္ဇာစရဏသမ္ပန္နော။ သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား တစ်ဆယ့်ငါး ပါးနှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း။ ဝိဇ္ဇာစရဏသမ္ပန္နော၊ ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူပါပေ၏။ သော ဘဂဝါ၊ ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန် အမှန်မလွဲး။ ဝိဇ္ဇာစရဏသမ္ပန္နော၊ ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား တစ်ဆယ့်ငါး ပါးနှင့် ပြည့်စုံတော်မူပါပေ၏။ ဝိဇ္ဇာစရဏသမ္ပန္နံ၊ ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား တစ်ဆယ့်ငါး ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ အားထားရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပူဇော်ပါ၏။ ဝိဇ္ဇာစရဏသမ္ပန္နံ၊ ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား တစ်ဆယ့်ငါး ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို။ သိရသာ၊ ဦးခေါင်းရ တနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးကန်တော့ပါ၏။ တတိယော၊ သုံးခုမြောက်သော။ ဝဇိရပါကာရော၊ အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။ သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား တစ်ဆယ့်ငါး ပါးနှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း။ ဝိဇ္ဇာစရဏသမ္ပန္နော၊ ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူပါပေ၏။ ၄။ သော ဘဂဝါ ဣတိပိ သုဂတော၊ သုဂတော ဝတ သော ဘဂဝါ၊ သုဂတံ သရဏံ ဂစ္ဆာမိ၊ သုဂတံ သိရသာ နမာမိ၊ စတုတ္ထော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ သုဂတော။ သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ နိဗ္ဗာန်သို့ သွားတော်မူတတ်သော အကြောင်းကြေင့်လည်း။ သုဂတော၊ သုဂတမည်တော်မူပါပေ၏။(တစ်နည်း) ဣတိပိ၊ ဤသို့ ကောင်းသောစကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း၊ သုဂတော၊ သုဂတမည်တော်မူပါပေ၏။ သော ဘဂဝါ၊ ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန် အမှန်မလွဲး။ သုဂတော၊ နိဗ္ဗာန်သို့ သွားတော်မူတတ်ပါပေ၏။ (တစ်နည်း) သုဂတော၊ ကောင်းသောစကားကို ဆိုတော်မူတတ်ပါပေ၏။ သုဂတံ၊ နိဗ္ဗာန်သို့ သွားတော်မူတတ်သော။ (တစ်နည်း) ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ အားထားရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပူဇော်ပါ၏။ သုဂတံ၊ နိဗ္ဗာန်သို့ သွားတော်မူတတ်သော။ (တစ်နည်း) ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားကို။ သိရသာ၊ ဦးခေါင်းရ တနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးကန်တော့ပါ၏။ စတုတ္ထော။ လေးခုမြောက်သော။ ဝဇိရပါကာရော၊ အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။ သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ နိဗ္ဗာန်သို့ သွားတော်မူတတ်သော အကြောင်းကြေင့်လည်း။ သုဂတော၊ သုဂတမည်တော်မူပါပေ၏။(တစ်နည်း) ဣတိပိ၊ ဤသို့ ကောင်းသောစကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း၊ သုဂတော၊ သုဂတမည်တော်မူပါပေ၏။ ၅။ သော ဘဂဝါ ဣတိပိ လောကဝိဒူ၊ လောကဝိဒူ ဝတ သော ဘဂဝါ၊ လောကဝိဒုံ သရဏံ ဂစ္ဆာမိ၊ လောကဝိဒုံ သိရသာ နမာမိ၊ ပဥ္စမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ လောကဝိဒူ။ သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ ကာမလောက၊ ရူပလောက၊ အရူပလောကတည်းဟူသော လောကသုံးပါးကို သိတော်မူတတ်သော အကြောင်းကြေင့်လည်း။ (တစ်နည်း) ဣတိပိ၊ ဤသို့ သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောကဟုဆိုအပ်သော လောကသုံးပါးကို သိတော်မူတတ်သော အကြောင်းကြောင့်လည်း၊ လောကဝိဒူ၊ လောကဝိဒူ မည်တော်မူပါပေ၏။ သော ဘဂဝါ၊ ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန် အမှန်မလွဲး။ လောကဝိဒူ၊ ကာမလောက၊ ရူပလောက၊ အရူပလောကတည်းဟူသော လောကသုံးပါးကို သိတော်မူတတ်ပါပေ၏။ (တစ်နည်း) ဣတိပိ၊ ဤသို့ သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောကဟုဆိုအပ်သော လောကသုံးပါးကို သိတော်မူတတ်ပါပေ၏။ လောကဝိဒုံ၊ ကာမလောက၊ ရူပလောက၊ အရူပလောကတည်းဟူသော လောကသုံးပါးကို သိတော်မူတတ်သော မြတ်စွားဘုရားကို (တစ်နည်း) ဣတိပိ၊ ဤသို့ သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောကဟုဆိုအပ်သော လောကသုံးပါးကို သိတော်မူတတ်သော မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ အားထားရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပူဇော်ပါ၏။ လောကဝိဒုံ၊ ကာမလောက၊ ရူပလောက၊ အရူပလောကတည်းဟူသော လောကသုံးပါးကို သိတော်မူတတ်သော မြတ်စွားဘုရားကို (တစ်နည်း) ဣတိပိ၊ ဤသို့ သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောကဟုဆိုအပ်သော လောကသုံးပါးကို သိတော်မူတတ်သော မြတ်စွာဘုရားကို။ သိရသာ၊ ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးကန်တော့ပါ၏။ ပဥ္စမော၊ ငါးခုမြောက်သော။ ဝဇိရပါကာရော၊ အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။ သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ ကာမလောက၊ ရူပလောက၊ အရူပလောကတည်းဟူသော လောကသုံးပါးကို သိတော်မူတတ်သော အကြောင်းကြေင့်လည်း။ (တစ်နည်း) ဣတိပိ၊ ဤသို့ သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောကဟုဆိုအပ်သော လောကသုံးပါးကို သိတော်မူတတ်သော အကြောင်းကြောင့်လည်း၊ လောကဝိဒူ၊ လောကဝိဒူ မည်တော်မူပါပေ၏။ ၆။ သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ၊ အနုတ္တရော ပုရိသ ဒမ္မသာရထိ ဝတ သော ဘဂဝါ၊ အနုတ္တရံ ပုရိသ ဒမ္မသာရထိံ သရဏံ ဂစ္ဆာမိ၊ အနုတ္တရံ ပုရိသ ဒမ္မသာရထိံ သိရသာ နမာမိ၊ ဆဋ္ဌမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ။ သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ ဆုံးမတော်မူရာ၌အတုမရှိမြတ်တော်မူသော အကြောင်းကြောင့်လည်း။ အနုတ္တရောပုရိသဒမ္မသာရထိ၊ အနုတ္တရောပုရိသဒမ္မ မည်တော်မူပါပေ၏။ သော ဘဂဝါ၊ ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန် အမှန်မလွဲး။ အနုတ္တရောပုရိသဒမ္မသာရထိ၊ ဆုံးမတော်မူရာ၌အတုမရှိ မြတ်တော်မူပါပေ၏။ အနုတ္တရောပုရိသဒမ္မသာရထိ ံ၊ ဆုံးမတော်မူရာ၌ အတုမရှိမြတ်တော်မူသော မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ အားထားရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပူဇော်ပါ၏။ အနုတ္တရောပုရိသဒမ္မသာရထိ ံ၊ ဆုံးမတော်မူရာ၌ အတုမရှိမြတ်တော်မူသော မြတ်စွာဘုရားကို။ သိရသာ၊ ဦးခေါင်းရ တနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးကန်တော့ပါ၏။ ဆဋ္ဌမော၊ ခြောက်ခုမြောက်သော။ ဝဇိရပါကာရော၊ အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။ သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ ဆုံးမတော်မူရာ၌အတုမရှိမြတ်တော်မူသော အကြောင်းကြောင့်လည်း။ အနုတ္တရောပုရိသဒမ္မသာရထိ၊ အနုတ္တရောပုရိသဒမ္မ မည်တော်မူပါပေ၏။ ၇။ သော ဘဂဝါ ဣတိပိ သတ္ထာ ဒေဝမနုဿာနံ၊ သတ္ထာ ဒေဝမနုဿာနံ ဝတ သော ဘဂဝါ၊ သတ္ထာရံ ဒေဝမနုဿာနံ သရဏံ ဂစ္ဆာမိ၊ သတ္ထာရံ ဒေဝမနုဿာနံ သိရသာ နမာမိ၊ သတ္တမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ သတ္ထာ ဒေဝမနုဿာနံ။ သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ နတ်၊ လူတို့၏ ဆရာတစ်ဆူဖြစ်တော်မူသော အကြောင်းကြောင့်လည်း။ သတ္ထာဒေဝမနုဿာနံ၊ သတ္ထာဒေဝမနုဿာန မည်တော်မူပါပေ၏။ သော ဘဂဝါ၊ ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန် အမှန်မလွဲး။ သတ္ထာဒေဝမနုဿာနံ၊ နတ်လူတို့၏ ဆရာတစ်ဆူဖြစ်တော်မူပါပေ၏။ သတ္ထာဒေဝမနုဿာနံ၊ နတ်လူတို့၏ ဆရာတစ်ဆူဖြစ်တော်မူသောမြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ အားထားရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပူဇော်ပါ၏။ သတ္ထာဒေဝမနုဿာနံ၊ နတ်လူတို့၏ ဆရာတစ်ဆူဖြစ်တော်မူသောမြတ်စွာဘုရားကို။ သိရသာ၊ ဦးခေါင်းရ တနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးကန်တော့ပါ၏။ သတ္တမော၊ ခုနှစ်ခုမြောက်သော။ ဝဇိရပါကာရော၊ အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။ သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ နတ်၊ လူတို့၏ ဆရာတစ်ဆူဖြစ်တော်မူသော အကြောင်းကြောင့်လည်း။ သတ္ထာဒေဝမနုဿာနံ၊ သတ္ထာဒေဝမနုဿာန မည်တော်မူပါပေ၏။ ၈။ သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ၊ ဗုဒ္ဓေါ ဝတ သော ဘဂဝါ၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဗုဒ္ဓံ သိရသာ နမာမိ၊ အဋ္ဌမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ။ သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ သစ္စာလေးပါး တရားတို့ကို မိမိကိုယ်တော်တိုင်လည်းသိ၊ သတ္တဝါအများတို့အားလည်း သိစေတော်မူတတ်သော အကြောင်းကြောင့်လည်း။ ဗုဒ္ဓေါ၊ ဗုဒ္ဓမည်တော်မူပါပေ၏။ ဘဂဝါ၊ ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန် အမှန်မလွဲး။ ဗုဒ္ဓေါ၊ သစ္စာလေးပါး တရားတို့ကို မိမိကိုယ်တော်တိုင်လည်းသိ၊ သတ္တဝါအများတို့အားလည်း သိစေတော်မူတတ်ပါပေ၏။ ဗုဒ္ဓံ၊ သစ္စာလေးပါး တရားတို့ကို မိမိကိုယ်တော်တိုင်လည်းသိ၊ သတ္တဝါအများတို့အားလည်း သိစေတော်မူသောမြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ အားထားရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပူဇော်ပါ၏။ ဗုဒ္ဓံ၊ သစ္စာလေးပါး တရားတို့ကို မိမိကိုယ်တော်တိုင်လည်းသိ၊ သတ္တဝါအများတို့အားလည်း သိစေတော်မူသောမြတ်စွာဘုရားကို။ သိရသာ၊ ဦးခေါင်းရ တနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးကန်တော့ပါ၏။ အဋ္ဌမော၊ ရှစ်ခုမြောက်သော။ ဝဇိရပါကာရော၊ အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။ သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ သစ္စာလေးပါး တရားတို့ကို မိမိကိုယ်တော်တိုင်လည်းသိ၊ သတ္တဝါအများတို့အားလည်း သိစေတော်မူတတ်သော အကြောင်းကြောင့်လည်း။ ဗုဒ္ဓေါ၊ ဗုဒ္ဓမည်တော်မူပါပေ၏။ ၉။ သော ဘဂဝါ ဣတိပိ ဘဂဝါ၊ ဘဂဝါ ဝတ သော ဘဂဝါ၊ ဘဂဝန္တံ သရဏံ ဂစ္ဆာမိ၊ ဘဂဝန္တံ သိရသာ နမာမိ၊ နဝမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ ဘဂဝါ။ သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ ဘုန်းတော်အနန္တ၊ တန်ခိုးတော်အနန္တတို့နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း။ ဘဂဝါ၊ ဘဂဝါမည်တော်မူပါပေ၏။ ဘဂဝါ၊ ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန် အမှန်မလွဲး။ ဘဂဝါ၊ ဘုန်းတော်အနန္တ၊ တန်ခိုးတော်အနန္တတို့နှင့် ပြည့်စုံတော်မူပါပေ၏။ ဘဂဝန္တံ၊ ဘုန်းတော်အနန္တ၊ တန်ခိုးတော်အနန္တတို့နှင့် ပြည့်စုံတော်မူသောမြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ အားထားရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပူဇော်ပါ၏။ ဘဂဝန္တံ၊ ဘုန်းတော်အနန္တ၊ တန်ခိုးတော်အနန္တတို့နှင့် ပြည့်စုံတော်မူသောမြတ်စွာဘုရားကို။ သိရသာ၊ ဦးခေါင်းရ တနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးကန်တော့ပါ၏။ နဝမော၊ ကိုးခုမြောက်သော။ ဝဇိရပါကာရော၊ အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။ သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ ဘုန်းတော်အနန္တ၊ တန်ခိုးတော်အနန္တတို့နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း။ ဘဂဝါ၊ ဘဂဝါမည်တော်မူပါပေ၏။ ၁၀။ သော ဘဂဝါ ဣတိပိ လောကဝိဒူ၊ လောကဝိဒူ ဝတ သော ဘဂဝါ၊ လောကဝိဒုံ သရဏံ ဂစ္ဆာမိ၊ လောကဝိဒုံ သိရသာ နမာမိ၊ ပဥ္စမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ လောကဝိဒူ။ အပိုဒ်(၅) လောကဝိဒူ နှင့်တူ၏ ၁၁။ သော ဘဂဝါ ဣတိပိ သုဂတော၊ သုဂတော ဝတ သော ဘဂဝါ၊ သုဂတံ သရဏံ ဂစ္ဆာမိ၊ သုဂတံ သိရသာ နမာမိ၊ စတုတ္ထော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ သုဂတော။ အပိုဒ်(၄) သုဂတောနှင့်တူ၏။ ၁၂။ သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ၊ အနုတ္တရော ပုရိသ ဒမ္မသာရထိ ဝတ သော ဘဂဝါ၊ အနုတ္တရံ ပုရိသ ဒမ္မသာရထိံ သရဏံ ဂစ္ဆာမိ၊ အနုတ္တရံ ပုရိသ ဒမ္မသာရထိံ သိရသာ နမာမိ၊ ဆဋ္ဌမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ။ အပိုဒ်(၆) အနုတ္တရောပုရိသဒမ္မသာရထိနှင့်တူ၏။ ၁၃။ သော ဘဂဝါ ဣတိပိ ၀ိဇ္ဇာစရဏသမ္ပန္နော၊ ၀ိဇ္ဇာစရဏသမ္ပန္နော ဝတ သော ဘဂဝါ၊ ၀ိဇ္ဇာစရဏသမ္ပန္နံ သရဏံ ဂစ္ဆာမိ၊ ၀ိဇ္ဇာစရဏသမ္ပန္နံ သိရသာ နမာမိ၊ တတိယော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ ၀ိဇ္ဇာစရဏသမ္ပန္နော။ အပိုဒ်(၃) ဝိဇ္ဇာစရဏသမ္ပန္နော နှင့်တူ၏။ ၁၄။ သော ဘဂဝါ ဣတိပိ သတ္ထာ ဒေဝမနုဿာနံ၊ သတ္ထာ ဒေဝမနုဿာနံ ဝတ သော ဘဂဝါ၊ သတ္ထာရံ ဒေဝမနုဿာနံ သရဏံ ဂစ္ဆာမိ၊ သတ္ထာရံ ဒေဝမနုဿာနံ သိရသာ နမာမိ၊ သတ္တမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ သတ္ထာ ဒေဝမနုဿာနံ။ အပိုဒ်(၇) သတ္ထာဒေဝမနုဿာနံနှင့်တူ၏ ၁၅။ သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓေါ ဝတ သော ဘဂဝါ၊ သမ္မာသမ္ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ သမ္မာသမ္ဗုဒ္ဓံ သိရသာ နမာမိ၊ ဒုတိယော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ။ အပိုဒ်(၂) သမ္မာသမ္ဗုဒ္ဓနှင့်တူ၏။ ၁၆။ သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ၊ ဗုဒ္ဓေါ ဝတ သော ဘဂဝါ၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဗုဒ္ဓံ သိရသာ နမာမိ၊ အဋ္ဌမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ။ အပိုဒ်(၈) ဘဂဝါနှင့်တူ၏။ ၁၇။ သော ဘဂဝါ ဣတိပိ အရဟံ၊ အရဟံ ဝတ သော ဘဂဝါ၊ အရဟန္တံ သရဏံ ဂစ္ဆာမိ၊ အရဟန္တံ သိရသာ နမာမိ၊ ပထမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ အရဟံ။ အပိုဒ်(၁) အရဟံနှင့်တူ၏။ ၁၈။ သော ဘဂဝါ ဣတိပိ ဘဂဝါ၊ ဘဂဝါ ဝတ သော ဘဂဝါ၊ ဘဂဝန္တံ သရဏံ ဂစ္ဆာမိ၊ ဘဂဝန္တံ သိရသာ နမာမိ၊ နဝမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ ဘဂဝါ။ အပိုဒ်(၉) ဘဂဝါနှင့်တူ၏။ ဂုဏ်တော်ကွန်ချာပြီး၏။
https://www.dhammaransi.com/index.php/new/636-2016-05-11-09-12-31.html
စံချိန်ကိုက် ပဋ္ဌာန်းပူဇော်နည်း
ပဋ္ဌာန်းရွတ်တဲ့အခါ ဒိဋ္ဌဓမ္မ ဒီဘဝမှာပဲအကျိုးပေးအောင် စံချိန်ကိုက်ရွတ်ဖတ်နည်း (၄)နည်းရှိသည်။ ၄င်းတို့မှာ (၁)ခန္ဓာကိုယ် သန့်ရှင်းစေမည်။ (၂)အချိန်မှန်မှန်ရွတ်ဖတ်ရမည်။ (၃)ပီပီသသ အသံကျယ်ကျယ်ရွတ်ဖတ်ရမည်။ (၄)ပြီးလျှင် အမျှဝေ မေတ္တာပွားရမည်။ အဓိပ္ပာယ်အကျယ်- (၁) ခန္ဓာကိုယ်သန့်ရှင်းစေရမည်။ ပဋ္ဌာန်းရွတ်ဖတ်လျှင် အနီးနားရှိ နတ်ဗြဟ္မာများ တရားနာလာကြသည်။ပဋ္ဌာန်းရွတ်ဖတ်သူက နံစော်နေပါလျှင် ပဋ္ဌာန်းတရားနာသည့် နတ်ဗြဟ္မာတို့က နှာခေါင်းရှုံ့သွားပြီး ပြန်သွားကြသည်။ သို့အတွက် ခန္ဓာကိုယ်သန့်ရှင်းပါစေ။ချွေးစော် ချေးညှိစော် မနံပါစေနှင့်။ (၂) အချိန်မှန်မှန် ရွတ်ဖတ်ရမည်။ ပဋ္ဌာန်းရွတ်ဖတ်ပါများလျှင် နတ်ဗြဟ္မာတို့ တရားနာလာကြသည် အချိန်ကိုမှတ်ထားပြီး ည ၈-နာရီ ၊ ၉-နာရီ စသည်ဖြင့် အချိန်မှတ်ပြီး လာကြသည်။အခြားမြို့ရွာတို့မှ နတ်ဗြဟ္မာတို့ကို၄င်း ၊ အခြားတိုင်းပြည် အခြား စင်္ကြာဝဠာမှ နတ်ဗြဟ္မာတို့ကို၄င်း ၊ခေါ်လာတတ်ကြသည်။ ၄င်း နတ်ဗြဟ္မာတို့ တရားနာရန် လာချိန်၌ ပဋ္ဌာန်းရွတ်ဖတ်သူက ပဋ္ဌာန်းမရွတ်ပဲ ဟိုလုပ် ဒီလုပ် လုပ်နေလျှင် ၄င်း နတ်ဗြဟ္မာများ စိတ်ပျက်ပြီး ပြန်သွားကြလေသည်။ (၃) ပီပီသသ အသံကျယ်ကျယ်ရွတ်ဖတ်ရမည်။ တိုးတိုးလေး ဆီမန်း မန်းသလို ရွတ်ဖတ်လျှင် တရားနားနတ်ဗြဟ္မာများ နာ၍အားမရ နားမလည်၍ စိတ်တိုပြီးပြန်သွားတတ်ကြသည်။ (၄)ပြီးလျှင် အမျှဝေ မေတ္တာပွားရမည်။ ပဋ္ဌာန်းရွတ်ဖတ်ပြီးလျှင် ပဋ္ဌာန်းတရားနာရန် ကြွရောက်လာကြသည့် နတ်ဗြဟ္မာအပေါင်းတို့အား အမျှပေးဝေပါ၏။ အခြား ဒါနကုသိုလ် သီလကုသိုလ် ဘာဝနာကုသိုလ်တို့ကိုလည်း အမျှပေးဝေပါ၏ သာဓုခေါ်ကြပါ။နတ်၌ဖြစ်သော စည်းစိမ်ချမ်းသာတို့ကိုလည်း ရရှိ၍ နတ်းစည်းစိမ်ချမ်းသာ တိုးတက်ကြပါစေ။ကျွနု်ပ်၏ သာသနာပြုလုပ်ငန်းတို့ကိုလည်း ပြီးစီးအေင်မြင်အောင် စောင့်ရှောက်ကြပါစေ။ ■ တရားနာလာကြသည့် တစ္ဆေသရဲ ပြိတ္တာ မှင်စာ အပါယ်လေးဘုံသားတို့အားလည်း အမျှပေးဝေပါ၏ အမျှရ၍ကျန်းမာချမ်းသာကြပါစေဟု အမျှဝေမေတ္တာပွားပါလေ။ ဤကဲ့သို့ ပဋ္ဌာန်းတရားကို ရွတ်ဖတ်ပွားများပါလျှင် လောကီအကျိုးများ တနေ့တခြားတိုးပွား၍ ဘုန်းကြီး သက်ရှည် ရောဂါအန္တရာယ်တွေ ကင်းသွားပါလိမ်မည်။ ■ ပဋ္ဌာန်းတရားဆိုတာကတော့ ပြဋ္ဌာန်းတဲ့အကြောင်းတရားပေါ့။ အဲ့ဒီလိုပြဋ္ဌာန်းတဲ့အကြောင်းက(၂၄)ပါး ၊ (၂၄)ပါးသော အကြောင်းတရား ၊ အကြောင်းတရားဆိုသဖြင့် သူနဲ့ဆက်သွယ်တဲ့ အကျိုးတရား ပစ္စည်းတရား ပစ္စုယုပ္ပန်တရား အကြောင်းတရား၊ အကျိုးတရား အကြောင်းအကျိုးတွေ ခွဲခြားပြီးတော့ မြတ်စွာဘုရားသခင် ဟောကြားတဲ့ တရားတော်။အဲ့ဒါကို ပဌာန ကာရဏ ။ပဋ္ဌာန်းလို့ (န)သတ်လိုက်တော့ ပဋ္ဌာန်းလို့ဖြစ်သွားတယ်။ တကယ်ကတော့ ပဌ်ဌာန်းပေါ့လေ။ ပဋ္ဌာန-ပဋ္ဌာန်းလို့ ဆိုပေမယ့်လို့ ဗမာက ပေါ့ပေါ့ရွတ်ဆိုတဲ့အကျင့်ရှိလို့မို့ ပဋ္ဌာန်းလို့ ဒီလိုဖြစ်သွားတာ။ ■ အဲ့ဒီ ပဋ္ဌာန်းတရားတော်ကို မြတ်စွာဘုရားသခင် ဘုရားဖြစ်ပြီးတော့ သတ္တသတ္တာဟ(၇) သတ္တာဟ၊ ခုနှစ် ခုနှစ်လီ (၄၉)ရက် ဗောဓိပင်နဲ့ရွှေပုလင်တော်နားနေပြီး သတင်းသုံးနေတဲ့အချိန်စတုတ္တထ သတ္တာဟ ။ပထမက ပလ္လင်္ကသတ္တာဟ-ဗောဓိပင်အောက်(၇)ရက်နေ။ဒုတိယက ဗောဓိပင်ရဲ့အရှေ့မြောက် (၁)ဖာလုံလောက် ဝေးတဲ့နေရာကနေ ဒီနေရာ ငါတရားထူးတရားမြတ်ရတဲ့နေရာ ဘုရားဖြစ်တဲ့ သဗ္ဗေညုတဉာဏ် ရရှိတော်မူတဲ့နေရာဆိုပြီးတော့ (၇) မျက်တောင်မခပ်ဘဲနဲ့ မတ်တပ်ရပ်ပြီးတော့ ကြည့်နေတဲ့နေရာ။ဒါကို အနိမိသ သတ္တာဟ ။ နိမိတ-ဆိုတာက မျက်တောင်ခတ်တယ်ပေါ့ အနိမိတ-ဆိုတာက မျက်တောင်မခတ်ဘူး။ မျက်တောင်မခတ်ပဲနဲ့နေနိုင်ဘို့ဆိုတာကသိပ်မလွယ်ဘူး ■ နတ်တွေ ဗြဟ္မာတွေပဲ နေနိုင်တယ်။ လူတွေထဲက မျက်တောင်မခတ်ဘဲ နေ့ရောညရော နေနိုင်ဖို့ မတတ်နိုင်ပါဘူး။ ပီးတော့မှ ပလ္လင်နဲ့ အနိမိတ သတ္တဟ ကြားထဲမှာ စင်္ကြန်လျှောက်ပြီးတော့ (၇)ရက်နေပါတယ် ဒါကို စင်္ကမ သတ္တာဟ ။ပလ္လင်္က သတ္တာဟ၊ အနိမိသ သတ္တာဟ ၊ စင်္ကမ သတ္တာဟ (၂၁)ရက်ကြာသွားတယ်။(၂၁)ပြီးတော့မှ (၂၂) ကနေစပြီးတော့ စတုတ္တထ သတ္တာဟ အဲ့ဒီမှာ အဘိဓမ္မာ(၇)ကျမ်း သုံးသပ်စဉ်ခြင်တော်မူပါတယ်။ ဓမ္မသင်္ဂဏီကျမ်း၊ ၀ိဘင်းကျမ်း၊ ဓာတုကထာကျမ်း၊ ပုဂ္ဂလပညတ်ကျမ်း၊ ကထာဝတ္ထုကျမ်း၊ ယမိုက်ကျမ်း၊ ဆိုပြီး ဒီလို ရှေ့(၆)ကျမ်းကို ဆင်ခြင်သုံးသပ်တဲ့အခါမှာ ဘာမှမထူးပါဘူး။ ■ ပဋ္ဌာန်းကျမ်းကြီးဆင်ခြင်သုံးသပ်တဲ့အချိန်ကြမှ ရောင်ခြည်တော်တွေ အိမ်လုံးမက တောင်လုံးမက ရောင်ခြည်တော်တွေ အကြီးအကျယ်ထွက် ရောင်ခြည်တော်တွေ အနန္တစင်္ကြာဝဠာ ပြေးသွားနေကြ။ အခုခေတ် သိပ္ပံနည်းနဲ့ တိုင်းတာတဲ့အခါ အရောင်တွေရဲ့ ပြေးနှုန်းသွားနှုန်းဟာ တစ်စက္ကန့်ကို ၁၂၆၀၀၀ လောက်သွားပါတယ်။ အဲ့ါဒီပြေးနှုန်းနဲ့ ရောင်ခြည်တော်တွေ ပြေးသွားနေတာ အခုထိ ပြေးတုန်းသွားနေတုန်းပဲ အဲ့ဒါနောက် သာသနာ(၅၀၀၀)ရှိတဲ့အခါ ကွေ့ပြီးတော့ စကြာင်္ဝဠာရဲ့သဘောက ဝေ့ပြီးတော့သွားတဲ့သဘောရှိတာ သိပ္ပံနည်းအရလည်း ကမ္ဘာကြီးက လည်နေတော့ လည်လိုက်တဲ့အခါမယ် ဝိုင်းသွားတာ။ဝိုင်းသွားတော့ ရောင်ခြည်တော်တွေက အစသွားတုန်းကတော့ အဖြောင့်ပြေးသွားတာ။နောက်ကျတော့ ဝိုင်းသွားတော့ ဒီနေရာပြန်ရောက်တယ် ပြန်ရောက်တဲ့နေရာကို ရောင်တော်ပြန်ပွဲလို့ သာသနာ(၅၀၀၀) ရှိတဲ့အခါ ရောင်ခြည်တော်တွေ အစထွက်တဲ့နေရာ ပြန်ရောက်လာလို့ ရောင်တော်ပြန်ပွဲလို့ခေါ်တယ်။ အဲ့ဒီရောင်တော်ပြန်ပွဲမှာ အကြီးအကျယ် တရားထူးတရားမြတ်များ ရကြလိမ့်ဦးမယ်။ ■ ပြောလိုရင်းကတော့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတော်မှ ပဋ္ဌာန်းတရားဆင်ခြင်သုံးသပ်မှ ရောင်ချည်တော် အကြီးအကျယ်ထွက်တယ်။ လူလည်းပဲ ဗြဟ္မာတွေလည်းပဲ တစ်ဦးတစ်ရောက်ဟာ အကျိုးမပေးဘူး ကံမကောင်းဘူးလို့ ဖြစ်နေရင် ပဋ္ဌာန်းတရားတာ ရွတ်ဖတ်သရစျာယ် အကျိုးပေးလာတာ။ကံကောင်းလာတယ်။အဲ အကျိုးမပေးပဲ အကုသိုလ်တွေက ပိတ်ပင်တားဆီးထားတော့ တစ်ချို့စာတတ်တယ် တစ်ချို့ ပညာတတ်တယ် စာတတ်ပြီး ပညာတတ်ပေမယ့်လို့ ဘာမှဘုန်းမကြီးဘူး။ ဘုန်းနည်း ကံနည်းနဲ့ နေရ။ အဲ့ဒီလို ပုဂ္ဂိုလ်တွေ ပဋ္ဌာန်းတာရွတ်လိုက် ချမ်းသာပြီ။လိုချင်တာတွေ အကုန်ရပြီ။အဲ့ဒီလို မြတ်စွာဘုရားသခင်ရဲ့ပဋ္ဌာန်း တရားတော်သည် အလွန်တရာမှ တန်ခိုးအာနုဘော် ရှိပါတယ်။ဘေးဥပါဒ်အန္တရာယ်တွေလည်းကင်းပါတယ်။ ■ တပည့်တော်တို့ မင်းကွန်းတိပိဋကဆရာတော်ကြီး တစ်ခါတော့ မြန်မာနိုင်ငံမိုးကုတ်ရဲ့အရှေ့ဘက် မိုးမိတ်မြို့ဆိုတာ ရှိသေးတယ်။ မိုးမိတ်မြိုသွားတရားဟော မိုးမိတ်မြို့တရားဟော ပြန်လာတဲ့အခါကျတော့ မိုးကုတ်ကကားနဲ့ဖြတ်မောင်းပြီးတော့ ပြန်လာတယ်။ အဲ့ဒီမှာ မိုးကုတ်က ဒကာတွေကလျှောက်တယ် ဆရာတော်ရှေ့မဆက်နဲ့တော့ ဘုရား တပည့်တော်တို့ မိုးကုတ်မှာ တညကြိမ်းပါ။ ဘာလို့လဲဒကာကြီးတို့ဆိုတော့ အခုလေးတင် ရေဒီယိုက ကြေညာသွားတယ်ဘုရား လေမုန်တိုင်းကြီး စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းအကြား အကြီးအကျယ် တိုက်လိမ့်မယ်။အဲ့ဒီတော့ အဲ့ဒီနေရာအတွင်း အပြင်ရောက်နေတဲ့လူတွေက ဘေးဥပါတ်ကင်းမယ့်နေရာလေးမှာ တိမ်းရှောင်နေကြပါ။ကိုယ့်အိမ်အတွင်းက လူတွေကလည်း အိမ်အတွင်းလေဘေးခံနိုင်တဲ့နေရာမှာ နေကြပါလို့ ကြေညာသွားတယ်ဆရာတော်။ဆက်သွားရင် လေမုန်တိုင်းမိလိမ့်မယ်ဘုရားဆိုတော့ အာ အဲ့ဒါမှ ကျုပ်ကသွားရမှာဗျာဆိုပြီး ဆရာတော်က ကားပေါ်ကကို ဆင်းမနေတော့ဘူး တခါတည်းဆက်သွား။ ■ ဆက်သွားတော့ သပိတ်ကျင်းရောက်။ သပိတ်ကျင်းရောက်တဲ့အခါ ကျောင်းတစ်ကျောင်းဝင်တဲ့ပြီးတော့ ပဋ္ဌာန်းစာအုပ် (၅)အုပ်ထုတ်ခိုင်း ကဲရှိတဲ့ ကိုရင်တွေ ဦးပုဇဉ်းတွေ တစ်လှည့်စီ ဖတ်။ဟိုက လေမုန်တိုင်းကြီးလာနေတယ်။လေအန္တရာယ်ကင်းအောင် ဖတ်ကြပါ။မရပ်နဲ့ဆိုပြီးတော့ ဖတ်ခိုင်း။အဲ့ဒီကနေ ပြီးတော့ အောက်သွား အောက်နားလေးရောက်တဲ့အခါကျတော့ စဉ့်ကူးဆိုတာ ရှိတယ်။ အဲ့ဒီ စဉ့်ကူးကျတော့လည်း ဒီလိုပဲ ကျောင်းတစ်ကျောင်းဝင် ပဋ္ဌာန်းစာအုပ် (၅)အုပ် ထုတ်ခိုင်း ထုတ်ပြီးတော့ ဦးပုဇဉ်းတွေ ကိုယ်ရင်တွေ ဖတ်ကြဆိုပြီးတော့ ပဋ္ဌာန်းဖတ်ခိုင်း။အဲ့ဒီကနေ မြစ်အနောက်ဖက် ကူး။ ရွှေဘိုရောက် ရွှေဘိုကြတော့လည်း အဲ့ဒီလို ခိုင်းခဲ့ပြီးတော့ ဆရာတော်ကလည်း လမ်းတစ်လျှောက်လုံး ပဋ္ဌာန်းပစ္စယနိဒ္ဒေသရွတ်ဖတ်ပြီးတော့ သရစျာယ်လာတယ်။ ■ ဒီရွှေဘိုရဲ့တောင်ဘက်နားလေးရောက်တော့ ရေဒီယိုက ပြန်ကြေညာတယ် စစ်ကိုင်းတိုင်း မန္တလေးတိုင်း တိုက်မယ့် လေမုန်းတိုင်းကြီး အနောက်ဖက်ရွေ့သွားပြီ ဒီဘက်မတိုက်တော့ဘူး။လို့ အဲ့လိုကြေညာပါတယ်။အဲ့ဒီလိုတကယ့်အန္တရာယ်ကြီးတွေကင်းပါတယ်။ တပည့်တော်တို့နာဂစ်မုန်တိုင်းတုန်း ကလည်း ဒီလိုပဲ။နာဂစ်မုန်တိုင်းတုန်းက ဒီပြင်ရွာတွေ မြို့တွေသာ ဒုက္ခရောက်တာ။ ပုသိမ်မြို့က ဒုက္ခမရောက်ဘူး။ ပုသိမ်မြို့ အဲ့ဒီအချိန်မှာ ကိုးဋ္ဌာန ကိုးပိုင်းခွဲပြီးတော့ တစ်မြို့လုံးဖြန့် ပဋ္ဌာန်းရွတ်နေကြတယ်။ ပဋ္ဌာန်းရွတ်နေတဲ့အတွက် ပဋ္ဌာန်းရဲ့တန်ခိုးကြောင့် ပုသိမ်မြို့မယ် အဲ့ဒီနာဂစ်မုန်တိုင်းကြီး မတိုက်ဘူး။ ဘေးကျော် တိုက်ချသွားတယ်။ အဲ့ဒီလို ဘေးဥပါဒ်အန္တရာယ် ရန်အသွယ်သွယ်လည်းကင်းစေနိုင်တယ်။ ဘုန်းတန်ခိုး အာနုဘော်ကိုလည်း ကြီးစေနိုင်တဲ့ ပဋ္ဌာန်းတရားကို ကြိုးစားပြီးတော့ ရွတ်ဖတ်ကြပါ။ ■ အဲ့ဒီလိုရွတ်ဖတ်သဖြင့် တပည့်တော်တို့ သိပ္ပံပညာရှင်တွေက ကြေညာတယ်မို့လား တစ်ချို့လည်း ကြားမိမယ်။တစ်ချို့လည်း မကြားမိလောက်ဘူး။ ကမ္ဘာကြီးအတွင်းကို ဒီပြင်စင်္ကြာဝဠာက ဂျူပီတာ ပလမ်နက် ခေါ်တဲ့ ကြာသပတေး ဂြိုလ်လောက်ကြီးတဲ့ ဂြိုလ်ကြီးတစ်လုံး အမှတ်မထင် ဝင်လာနေတယ်။ (၂၀၁၂ ခုနှစ်နဲ့ ၂၁၁၃ ခုနှစ်) (၂)နှစ် တပည့်တော်တို့ ကမ္ဘာဂြိုလ်ကို ဒုက္ခပေးနိုင်တယ်။ရေတွေအကြီးအကြယ်ကြီးမယ် ဒီဂြိုလ်ကြီးဝင်လာတဲ့အတွက် လေမုန်တိုင်းတွေ တိုက်မယ် မီးတောင်တွေပေါက်ကွဲမယ် လူတွေ ဒုက္ခရောက်ပါ့မယ်လို့ အဲ့ဒီလို ဒုက္ခဘေးတွေမှ ကင်းဝေးအောင် တပည့်တော်တို့ ကယ်နိုင်တဲ့ တရားကတော့ ပဋ္ဌာန်းတရားပဲ ရှိပါတယ်။အဲ့ဒါကြောင့် ပဋ္ဌာန်းတရား ကြိုးစားပြီးတော့ ရွတ်ဖတ်သရစျာယ် မူကြပါ။ကိုယ်တင်မကပဲ ကိုယ်နဲ့ဆက်သွယ်တဲ့သူတွေ ကိုလည်း ခိုင်းပေးကြပါဗျာ။တပည့်တော် ဂျပန်ပြည်သွားလည်း ဂျပန်ပြည်ခိုင်းတယ်ဘုရား အမေရိကမှာလည်း ကိုယ်ကိုယ်တိုင်လည်းရွတ်ခဲ့တယ်။သူတို့ကိုလည်း ရွတ်ဖို့ရန် တိုက်တွန်းခဲ့တယ်။ ■ အဲ့ဒီလိုရွတ်ခိုင်းတာက ရောက်မယ့်ဘေးအန္တရာယ်တွေကို ကာကွယ်နိုင်မှာက တပည့်တော်တို့ ပဋ္ဌာန်းတရားရှိပါတယ်။ ပဋ္ဌာန်းတရားက ကယ်မှာ အဲ့ဒါကြောင့် ရွတ်တဲ့အါမှာလည်း ကြိုးစားပြီးတော့ ရွတ်ကြပါဘုရား။ နတ်တွေ ဗြဟ္မာတွေလည်း လာပါတယ်ဘုရား။ အရှင်ဘုရားတို့ကတော့ ကြုံချင်မှ ကြုံဘူးမယ် တပည့်တော်က နတ်တွေ ဗြဟ္မာတွေလာတာလည်း ကြုံဖူးတယ်ဘုရား။ သူတို့လာရင် ဘယ်လိုသိသလဲဆိုတော့ တစ်ခန်းလုံးမွှေးကြိုင်နေတာပဲ။ အဲ့ဒီအခါဆိုရင် နတ်တွေ ဗြဟ္မာတွေလာပြီ။ နတ်တွေဗြဟ္မာတွေလာပြီဆိုရင် ကိစ္စတော်တော်လေး ပြီးမြှောက်အောင်မြင်ပါတယ်ဘုရား။ တပည့်တော်က နတ်တွေ ဗြဟ္မာတွေလာမှန်းသိတော့ ဘယ်လိုပြောဖူးတုန်းဆိုတော့ အသင်နတ်တို့ ဗြဟ္မာတို့ ခင်များတို့ လာတာ ကျုပ်နှာခေါင်းက သိတယ်ဗျာ ဒါပေမယ့်ကျုပ်က မျက်စိနဲ့မြင်ချင်တာ ခင်များတို့ နတ်တွေ ဗြဟ္မာတွေပြစမ်းပါ ဘယ်လိုပုံရှိတုန်းဆိုတော့ အဲ့သူတို့ပြပါတယ်ဘုရား ။အဲ့ဒီတော့ တပည့်တော်က ပဋ္ဌာန်းရွတ်ကျိုးနပ်တယ်။ ■ တပည့်တော် နတ်တွေဗြဟ္မာတွေလည်း မြင်ဘူးတယ်။ အရှင်ဘုရားတို့ရော မြင်ဖူးကြလား။မြင်ဖူးချင်ရင်တော့ ပဋ္ဌာန်းရွတ်ကြပေါ့ဗျာ။အရင်ဆုံးကတော့ မွှေးကြိုင်လာဖို့လိုတယ်ဗျာ။ အဲ့ဒါဆိုရင် လာပြီသူတို့က။ပြီးတော့ကြတော့ နတ်တွေ ဗြဟ္မာတွေ မွှေးကြိုင်လာတာကို တပည့်တော်ကို နည်းပေးတဲ့ သီလရှင်ကြီး ဒေါ်စိတ္တရာကပြောတယ်။ တပည့်တော်က ဘာသိတုန်းဆိုတော့ ပိုသိတာ ပုပ်အဲ့လာတာတွေလည်း ရှိတယ်အရှင်ဘုရား။တစ်ခါတစ်လေများ ခွေးသေကောင်ကြီး အနားဆွဲလာတဲ့အတိုင်း ပုပ်ပြီးတော့လာတယ်အဲ့ဒါဆိုရင် တစေတွေ သရဲတွေ လာပြီ။ပြီးပြီဆိုတာ ကိုယ့်ခြောက်မလို့ လာတာမဟုတ်ဘူး။သူက သာဓုခေါ်ချင်လို့ အဲ့ဒါအမျှဝေပြီးတော့ မေတ္တာပွားလိုက်ရင် ဒီကောင်တွေလည်းပဲ ဝမ်းသာပြီးတော့ သွားကြတယ်။ ။ခွေးတွေဘာတွေ အူ ပုပ်အဲ့လာပြီဆိုရင် တစေ သရဲတွေ လာပြီ။လာလည်းမကြောက်နဲ့ အရှင်ဘုရားတို့ ရွတ်တာရွတ်ဖတ် သူတို့ကို မေတ္တာပို့ အမျှဝေလိုက်။ ■ အဲ့ဒါကြောင့် တပည့်တော် ပဋ္ဌာန်းနဲ့ပတ်သက်ပြီးတော့ အတွေ့အကြုံပေါ့ဗျာ လက်တွေ့။အရှင်ဘုရားတို့လည်း ကြိုးစားပြီးတော့ ရွတ်ဖတ်သရစျာယ်ပါ။ရွတ်ဖတ်သရစျာယ်သဖြင့် ကိုယ်နဲ့ ပတ်သက်တဲ့ နိုင်ငံသူ နိုင်ငံသားတွေ ကိုယ့်ဒီကမ္ဘာလုံးကြီးမယ်နေထိုင်ကြတဲ့ ကမ္ဘာသူ ကမ္ဘာသားတွေ ကျန်းမာချမ်းသာကြပါစေ လို့ မေတ္တာလည်းပွားကြပါဘုရား။ ဒီလောက်ဆိုရင် တော်လောက်ပါပြီ။ သာဓု သာဓု သာဓု။ တရားချစ်ခင်သူတော်စင်များ ကျန်းမာချမ်းသာကြပါစေဗျာ။ _/\_ _/\_ _/\_ ဤတရားတော်အား အသံနားထောင်၍ ရေးရသောကုသိုလ်တို့ကြောင့် တိုင်းပြည်နှင့်သာသနာတော်အတွက် ကြီးစွာသော အလုပ်အကြွေးအထောက်အပံ့အစောင့်အရှောက် ပြုရပါလို၏။ (ဗန်းမော်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ကုမာရာဘိဝံသ)
https://www.dhammaransi.com/index.php/new/637-2016-05-11-09-12-01.html
မြတ်စွာဘုရားဆုံးမတော်မူတဲ့ စကား အင်္ဂါ (၆)ပါး
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ မြတ်စွာဘုရားဆုံးမတော်မူတဲ့ စကား အင်္ဂါ (၆)ပါး ¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ 1. Must be true ■ မှန်တာကို ပြော၊ မှန်တိုင်းလဲ ပြောရမလား ဆိုတော့ မှန်တိုင်းလဲ မပြောနဲ့တဲ့ မှန်တိုင်းသာ အကုန်လျှောက်ပြောနေရင် တစ်လောကလုံးနဲ့ ရန်ဖြစ်နေရမယ်သာမှတ်၊ 2. Must be honest ■ ရိုးရိုးသားသား ပြော၊ ရိုးသားတဲ့ စိတ်နဲ့ပြောတဲ့ 3. Must be polite ■ ယဉ်ယဉ်ကျေးကျေးပြော 4. Must be beneficial for others and oneself. ■ မိမိအတွက်ရော သူတစ်ပါးအတွက် အကျိုးဖြစ်မယ့် စကားကို ပြော 5. Must be harmonious ■ ညီညွတ်ရမယ် တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ရမယ့် စကားမျိုးတွေသွားမပြောနဲ့ ။ ချစ်ခင်နေတဲ့ လူနှစ်ယောက်ကွဲသွားအောင်သွားမပြောနဲ့ ကွဲနေတဲ့လူကို စေ့စပ်တဲ့ စကားမျိုးပဲပြော။ 6. Must be pleasant နားချမ်းသာ အောင်ပြောရမယ်။ စကားအရာ အင်္ဂါ ၆ ပါးဖြစ်ပါတယ်။ လူတွေနဲ့ လိုက်လျောညီထွေတဲ့ အဆုံးအမတွေကို ဘုရားရှင်ကဆုံးမထားပြီးသား၊ အတတ်နိုင်ဆုံး ကျင့်ကြံအားထုတ်နိုင်ကြပါစေ၊ လွတ်လပ်စွာသဘောထားကွဲလွဲခွင့်ရှိတယ်ဆိုပေမယ့် တစ်ချို့အရာတွေက အကုသိုလ်ပွါးစရာတွေချည်းပဲ၊ တွေ့နေရတတ်လို့ ပါးစပ် စည်းကမ်းလည်း ရှိကြပါစေလို့ ပြောပါရစေ။ Special Thanks to ☆ အရှင်သာမိ ☆
https://www.dhammaransi.com/index.php/new/638-2016-05-11-09-11-27.html
တနှစ်တခါ ငရဲရှာ လူ့ရွာဘုရားပွဲ
■ မြန်မာပြည်မှာ ဘုရားပွဲတွေဆိုတာကလည်း အားလုံးသိကြတဲ့အတိုင်းပဲ၊ အကောင်ပလောင်တွေသတ်ပြီးတော့ အကျွေးအမွေးလုပ်ပြီးတော့ ဘုရားပွဲကျင်းပတယ်၊ ဇာတ်ပွဲတွေ ထည့်ပြီးတော့ကြည့်တယ်။ ကြည့်တော့ တစ်ချို့အရပ်တွေမှာ ကြားဖူးတာ၊ မြတ်စွာဘုရားရဲ့ အလှူခံပုံးမှာ တစ်နှစ်လုံးရှိတာ၊လှူတဲ့သူတွေကတော့ ဘုရားရွှေသင်္ကန်းကပ်ရန်၊ လျှပ်စစ်မီးပူဇော်ရန်တို့ ဘာတို့ညာတို့ပေါ့။ သူ့ခေါင်းစီးနဲ့သူ၊ ရွှေတိဂုံဘုရားပေါ် တက်ကြည့်ရင် တွေ့မှာပေါ့။ သူ့ခေါင်းစီးလေးနဲ့သူ လှူထားကြတာနော်။ ■ ဂေါပကတွေက ဘာလုပ်လဲဆို အဲဒီပိုက်ဆံနဲ့ ပွဲငှါးတယ်၊ ပွဲကြည့်တယ်။အဲလိုကြည့့်ကြတဲ့အခါကျတော့ ဘုရားထဲမှာ ပွဲလာကြည့်တဲ့သူတွေက ဘယ် ဘုရားရှိခိုးဖို့လာတာဟုတ်မလဲ၊ ပွဲကြည့်သူတွေက ဘာတွေပါလာလဲဆို ဆီးပေါင်းထုပ်တို့ ဘာတို့ ဒါမျိုးတွေ ပါလာတယ်ပေါ့။ အခုခေတ်ဆို ပလတ်စတစ်တို့ပေါ့၊ ပြီးရင် အဲဒါတွေကို ပစ်သွားခဲ့တာ၊ပွဲခင်းဟာ ဘုရားဝင်းထဲမှာ အညစ်အကြေးတွေနဲ့ ရှုတ်ယှက်ခတ်ပြီး ကျန်ခဲ့တာပေါ့။ ဒီထဲက ဟိုနားပေါက်တော ဒီနား ပေါက်မြိုင်နဲ့ နံစော်ကျန်နေခဲ့တာပဲ။ ဒါ တကယ်ဖြစ်တာကို ပြောပြတာပါ။ ■ ဘုရားပွဲပြီးလို့ စာရင်းရှင်းတဲ့အခါကျတော့ ဘယ်လိုရှင်းတုန်းဆို အငြိမ့်ငှါးခက ဘယ်လောက်၊ ဘာက ဘယ်လောက်၊ ဘာက ဘယ်လောက်နဲ့ စာရင်းရှင်းလိုက်တာ လိုငွေပြလာတဲ့အခါ ဘုရားထံက ရရန်အကြွေး ဘယ်လောက်ဆိုပြီး ဘုရားပေါ်တောင် အကြွေးတင်လိုက်သေးတယ်နော်။ ဘုရားကြီးထံက ရရန်အကြွေးတဲ့။ တကယ်တကယ် အဲဒါ။ အဲဒါမျိုးတွေကို ရည်ရွယ်ပြီးတော့ ရွှေကျင်ဆရာတော်ကြီးက `ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ ´တဲ့၊ ဒီလိုပြောတာနော်။ ■ တကယ်ကတော့ ကုသိုလ်စစ်စစ်ရအောင်လုပ်ဖို့ အင်မတန်မှ အရေးကြီးတယ်။ ဘုရားပွဲလုပ်ရင် ဘယ်လိုလုပ်ရမလဲ၊ မြတ်စွာဘုရားကို ဝတ်တက်ကြမယ်၊ ပန်းရေချမ်းတို့ ပူဇော်ရမယ်၊ ဗုဒ္ဓါနုဿတိပွားရမယ်၊ ရှိခိုးကြမယ်၊ ဒါတွေပဲလုပ်ရမှာ၊ ပွဲကြည့်ဖို့ လုပ်နေရမှာ မဟုတ်ဘူးနော်။ ■ ဒါဖြင့် ဘုရားပွဲတွေမှာ အတီးအမှုတ်နဲ့ပူဇော်လို့ မရဘူးလား၊ ရတယ်။ အတီးအမှုတ်နဲ့ ဘယ်လိုပူဇော်ရင် ကုသိုလ်ရနိုင်မလဲ၊ ဟောဒီစောင်းဖြင့် မြတ်စွာဘုရားရဲ့ ဂုဏ်ကျေးဇူးသီချင်းတွေကို ဘုရားကိုပူဇော်ပါတယ်။ အဲဒါဆိုရင် ကုသိုလ်ဖြစ်တယ်။ ကုသိုလ်စိတ်နဲ့လုပ်ရင်တော့ လုပ်ရင်တော့ ကုသိုလ်ဖြစ်ပါတယ်၊ လုပ်လို့ရတယ်။ စိတ်အထားမတတ် အလုပ်မတတ်ရင်တော့ ကုသိုလ်မရဘဲနဲ့ အကုသိုလ်ဖြစ်တယ်။ဒါလည်း သတိထားစရာ အလွန်ကောင်းတာပေါ့နော်။ ဒါကြောင့်မို့ ရွှေကျင်ဆရာတော်ကြီးက `တစ်နှစ်တစ်ခါ ငရဲရှာ လူ့ရွာဘုရားပွဲ´ ဆိုပြီး ရေးထားတာ။ ဆရာတော်ကြီးက အဲဒီအတိုင်းမြင်လို့ ရေးထားတာ။ စာတမ်းရဲ့နာမည်ကိုက `ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ´ စာတမ်းတဲ့နော်။ ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်
https://www.dhammaransi.com/index.php/new/639-2016-05-11-09-10-54.html
ကုသိုလ် တပဲ ၊ ငရဲ တပိဿာ
■ သားကောင်တွေသတ်ပြီး ဒါနကောင်းမှုလုပ်တယ် ဆိုလို့ရှိရင် နှစ်ပိုင်းရှိတယ်။ သတ်တဲ့အပိုင်းက တစ်ပိုင်း၊ ■ ဒါနကောင်းမှုလုပ်တာက တစ်ပိုင်း၊ သတ်တဲ့အပိုင်းက အကုသိုလ်ဖြစ်တယ်၊ ဒါနကောင်းမှုလုပ်တာ ကုသိုလ်ဖြစ်တယ်။ အဲဒီ နှစ်ခုကို ယှဉ်ကြည့်လိုက်မယ်ဆိုရင် ဒါနကုသိုလ် ရလိုက်တာက နည်းနည်း၊ ငရဲကြီးလိုက်တာက များများ။ အဲဒါကို ရည်ရွယ်ပြီးတော့ `ကုသိုလ်တစ်ပဲ ငရဲ တစ်ပိဿာ´ လို့ ပြောတာ။ ■ ကြားဖူးကြပါလိမ့်မယ်၊ အမျိုးသမီးတစ်ယောက်ဟာ အိမ်ကို ဧည့်သည်ရောက်လာတယ်၊ အဲဒီနေ့မှာလည်းပဲ ဥပဒေအရ အသားမပေါ်ရ ဆိုတဲ့ နေ့နဲ့ကြုံတော့ အသားကို ဘယ်မှာမှ ဝယ်မရဘူး။ ■ အိမ်ရောက်လာတဲ့ ဧည့်သည်ကို သူက ဟင်းကောင်းနဲ့ ဧည့်ခံချင်တယ်၊ အဲဒါနဲ့ အိမ်မှာ မွေးထားတဲ့ ဆိတ်ကလေးကို လည်လှီးပြီး ချက်တယ်၊ အဲဒီအမျိုးသမီးဟာ သူက လည်လှီးပြီးတော့ ချက်လိုက်လို့ ဘဝတိုင်း ဘဝတိုင်းမှာ ငရဲကျသွားတယ်။ ငရဲကလွတ်တဲ့ အခါကျတော့လည်း ဇက်ပြတ်ပြီးတော့(ဇာတ်အဖြတ်ခံရပြီးတော့) သေရတဲ့ ဘဝတွေက မနည်းဘူးတဲ့။ ဒါကြောင့်မို့ တစ်ချို့က ပြောတယ်၊ ဆိတ်မွေးအမျှ ခံရတယ်တဲ့။ ■ တစ်ချို့က ထင်ကောင်းထင်လိမ့့်မယ်၊ ကိုယ်က တစ်ခါတည်းသတ်တာ၊ ဘာဖြစ်လို့ ဒီလောက် ခံရတာတုန်းဆို လူ့ရဲ့ သန ္တာန်မှာဖြစ်တဲ့ စေတနာက နည်းတာမှ မဟုတ်တာ၊ အဲဒါမေးလို့ရှိရင် ကိုယ်က ပြန်မေးရလိမ့်မယ်။ သရက်ပင်စိုက်တဲ့ အခါမှာ တစ်စေ့တည်းစိုက်တာ၊ ပေါက်လာတဲ့ အပင်ကသီးတော့ တစ်လုံးတည်း သီးသလား (သို့မဟုတ်) အများကြီး သီးသလား။ တစ်ခုတည်းလုပ်ပေမယ့်လို့ အများကြီးရတယ်ဆိုတာ ထင်ရှားတယ်နော်။ ■ လူ့ရဲ့ သန ္တာန်မှာ စိတ်စေတနာတွေက မြောက်မြားစွာ ဖြစ်တယ်။ လက်ဖျစ်တစ်ချက်အတွင်းမှာ စေတနာပေါင်းက တစ်သိန်းလောက် ဖြစ်သွားတယ်။ အဲဒီထဲမှာ အကျိုးပေးနိုင်တဲ့ စေတနာတွေ မြောက်မြားစွာ ပါတယ်တဲ့။ ဒါကြောင့်မို့ မြတ်စွာဘုရားက ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာလည်းပဲ တိရစ္ဆာန်ကို လှူလို့ရှိရင် အဆတစ်ရာ၊ ကိုယ်ကျင့်တရား မကောင်းတဲ့လူကို လှူရင် အဆတစ်ထောင်တဲ့၊ ဒီလိုပြောတာ။ ■ ခုနက အကုသိုလ်အလုပ်တွေလုပ်လို့ အကုသိုလ်တွေ ဖြစ်လာပြီဆိုလို့ရှိရင်လည်း ဒီလိုပဲခံရတယ်။ အဲဒီအမျိုးသမီးက ဧည့်သည်ကို ကျွေးမွေးဧည့်ခံချင်တာဟာ ကုသိုလ် ပဲ။ ကျွေးချင်မွေးချင်တယ်၊ မှန်တယ်၊ ဒါ ကုသိုလ် ။ သို့သော် ဆိတ်ကလေးကို သတ်လိုက်တာကတော့ အကုသိုလ်ပေါ့။အဲဒီအကုသိုလ်ကို ခံရတယ်။ ကုသိုလ်ရဲ့ အကျိုးကိုခံရတာ ဒီလောက် မထင်ရှားဘဲနဲ့ လူ့ဘဝရလာတိုင်း (သို့မဟုတ်) ဘဝတစ်ခုရတိုင်း ဇက်ပြတ်ပြီးတော့ (ဇက်အဖြတ်ခံရပြီးတော့) သေရတယ်တဲ့။ အဲဒီအကုသိုလ်က ခံလိုက်ရတာ အများကြီးခံရတယ်။အဲဒါမျိုးကို ရည်ရွယ်ပြောတာ။ `ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ´ တဲ့။ ဒီလိုခံရရင် တော်တော်လေးကြောက်စရာ ကောင်းတဲ့ဟာပဲနော်။ (ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်)
https://www.dhammaransi.com/index.php/new/640-2016-05-11-09-10-20.html
ဘယ်လိုနေပြီး ၊ ဘယ်လိုသေကြမှာလဲ
■ ခုလူတွေ ရှေးကနဲ ့စာရင် တော်တော်ရိုင်းလာတယ်၊တော်တော်ဆိုးလာတယ်၊ သို.သော် နောက်လာမယ့်လူတွေနဲ.စာရင် ဒါတွေ တော်တော် တော်တယ်နော်။ ■ နောက်ပေါင်းရမယ့်လူတွေကလည်း ခုလိုလူမျိုးခုလို ပတ်ဝန်းကျင်မျိုး မဟုတ်တော့ဘူးဗျ။ ■ ဆုတ်ခေတ် နက်ဖြန်ခါ ဒီထက်ဆုတ်မယ်၊နောက်နေ. ဒီထက်ဆုတ်မယ်။ တက်လိမ့်မယ်မထင်နဲ.။ဆုတ်ခေတ်၊ ဆုတ်တာက ရိုးရိုးဆုတ်တာမဟုတ်ဘူး၊ တလိမ်.လိမ်.ဆုတ်နေတာ။ များများမဟုတ်ဘူး၊နောက်ထပ် နှစ်ဆယ်လောက် ဆက်နေကြည်.၊အဲဒီအခါ အခုလက်ရှိလူတွေကို ကျေးဇူးတင်လိမ်.မယ်။ ■ တစ်ဘဝနဲ.ပြီးမှာ မဟုတ်ဘူးနော်၊ ပြီးတော. ကျင့်နည်းကလည်း သာသနာနဲ.ကြုံမှ ၊ တို ့က သာသနာရှိနေတုန်း တခြားရောက်နေရင် ဒီနည်းသည် တို ့နဲ ့မဆိုင်၊ သာသနာတို ့နဲ ့မဆိုင်ဖြစ်သွားမယ်နော်။ ■ အရူပဘုံ၊ ရူပဘုံဆိုတဲ့နေရာမျိုး. တစ်ဖက်သတ်အကျင့်နဲ.ရောက်သွားရင်လည်း တို.သာသနာနဲ.လွဲမှာနော်၊ သာသနာက နှစ်ထောင့်ငါးရာကျော်ပြီလေ၊ နောက်တစ်ခါလူလာဖြစ်ရင် ဒီသာသနာရှိမှာလား။နောက်တစ်ခါလူလာဖြစ် သာသနာကြုံဖို.တော်တော်ခက်မယ်။ကြုံတယ်ပဲထား ၊ ကြိုက်ဦးမှဗျ။ ■စာအဆိုကမြေဆီကအနှစ်တစ်ရာမှာတစ်လက်မတစ်လက်မ လျော.တာကိုး၊ မြေဆီမှီ၍အစာဖြစ်ရတာ ၊ဘာလို ့.လျော ့တုန်း၊ ဥတုကလည်း အအေးပိုင်းကနေ အပူဘက်ကူးနေတာ၊ ■ နောက်တစ်ခါလူလာဖြစ်ရင် ကိုယ်ပဋိသန္ဓေနေရမယ့် အမေအဖေကလည်း ရုပ်ဓါတ်သေးသေး၊ စိတ်ဓါတ်သေးသေးနေမှာ။ အဲဒီထဲကို လူလာဖြစ်ရတော့ တို ့ရုပ်ဓါတ် စိတ်ဓါတ်လည်း ခုလောက်ကို ရှိမှာမဟုတ်တော့ဘူး။ ■ ဥတုပူရင် အာဟာရပူမှာပေါ့၊ အာဟာရပူရင် စားရတဲ့ရုပ်ကလည်း လှီလာမယ်၊ စိတ်ကလည်းသေးလာမယ်။ အဲတော့ ကောင်းတာလည်း ခံနိုင်စိတ်မရှိတော.ဘူး၊ ဆိုးတာလည်း ခံနိုင်စိတ်မရှိတော.ဘူး။ တို ့တရားအားထုတ်တဲ.ပုဂ္ဂိုလ်က ကောင်းကောင်းဆိုးဆိုး သိချင်တာ တစိုက်မတ်မတ်ကြည့်ရတာလေ။ အဲတော့ တို ့ဟိုကျတော့ ဒါတွေ ခံနိုင်မှာ မဟုတ်တော့ဘူး။ ■ အဲတော့ ဥတုပူရင် အဆီဆုတ်မှာပေါ.၊ အဆီဆုတ်ရင် အစာကြမ်းမယ်၊ စားတဲ.အစာကြမ်းရင် အကြောအချဉ်တွေမာကြောလာတယ်၊ အကျိတ်အဖုတွေ ကြီးထွားလာတယ်၊ ဒါကြောင်.မို. စိတ်တွေက ထန်လာတယ်။ ရုပ်ဓါတ်လည်းမခံနိုင်တော့ စိတ်ဓါတ်လည်းမခံနိုင်ဘူး လောကဓံကို။ ■ အဲတော့ အကြိုက်တွေ ့လည်း ဆွေ ့ ဆွေ ့ ခုန် ဘာဖြစ်ဖြစ်ပဲ၊ အမုန်းတွေလည်း ဆွေ ့ ဆွေ ့ ခုန် ဘာဖြစ်ဖြစ်ပဲ။အဘိဇ္စျာဆိုတဲ. အလိုကြီးမှု အားကြီးလာပြီ။ဗျာပါဒ အားမလို အားမရစိတ် အားကြီးလာပြီ။ ■ ဒါ အခု လက်ရှိ၊ နောင်ဒီထက်ဆိုးမှာနော်။ အဲတော့ ဥတုပူလို ့ အစာပူတယ် ၊ အစာပူလို. ရုပ်ပူတယ်၊ ရုပ်ပူလို. စိတ်ပူတယ်၊ စိတ်ပူတော့ကံပူတွေ လုပ်မှာပေါ.။ ကံနဲ.စိတ်နဲ. ခပ်ပူပူလုပ်တော့ ဥတုကလည်း ပိုပူမှာပေါ.။ တိုးတက်ဖို. မြင်သေးသလား။ လူ ့ဘုံပြန်လာချင်သေးသလား။ ■ အဲတော. နောက်တစ်ခါ လူလာဖြစ်ရင် ဒီအခွင့်အရေး ဘာမှမရှိဘူး၊ ဒီပတ်ဝန်းကျင်မျိုး ဘာမှမရှိဘူး။ ကိုယ့်ကိုယ်ကိုလည်း ခုအခွင့်အရေးမျိုး မရနိုင်တော့ဘူးလေ။ အဲတော့ တို ့ဘာလုပ်ရမလဲ။ ■ ကျင့်ပုံ ကျင့်နည်း ဘုရားဟော တရားတွေကလည်း အဆင်သင့်၊ နည်းပေးလမ်းပြလုပ်မယ့် သံဃာတော်တွေကလည်း အဆင့်သင့် ဒီထက် ပြည့်စုံစရာ မရှိတော့ဘူး။ ■ တို့ထဲက ဒကာ၊ ဒကာမတွေက ဘယ်တော့ ကျင့်ကြံမှာတုန်းဗျာ။ လူ့ဘဝရောက်တုန်း၊သာသနာလည်း ပွင့်တုန်း၊တရားပြပေးမယ့်သူ ရှိတုန်း၊ကျန်းမာရေးလည်း ကောင်းတုန်း၊ ဒီတုန်းလေးတုန်းကို တိုင်ထောင်ပြီး အိမ်တစ်ဆောင်လောက် မဆောက်နိုင်ရင် ဘယ်လိုနေပြီး ဘယ်လိုသေကြမှာပါလိမ့်ဗျာ... 《မဟာဗောဓိမြိုင်ဆရာတော်ကြီး》
https://www.dhammaransi.com/index.php/new/641-2016-05-11-09-09-44.html
ဘုရားလောင်းအကိတ္တိရှင်ရသေ့၏ ဆုတောင်းများ
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ ဘုရားလောင်းအကိတ္တိရှင်ရသေ့၏ ဆုတောင်းများ ¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ (၁) လောဘမရှိသူ ဖြစ်ရပါလို၏။ (၂) ဒေါသမရှိသူ ဖြစ်ရပါလို၏။ (၃) လူမိုက်ကို ဘဝဆက်တိုင်း မတွေ့ မမြင်ရပါစေနှင့်။ (၄) လူမိုက်အကြောင်း ဘဝဆက်တိုင်း မကြားရပါစေနှင့်။ (၅) လူမိုက်နှင့် ဘဝဆက်တိုင်း မိတ်ဆွေ မဖြစ်ရပါစေနှင့်။ (၆) လူမိုက်နှင့် ဘဝဆက်တိုင်း စကားမပြောရပါစေနှင့်။ (၇) လူမိုက်အား ဘဝဆက်တိုင်း မနှစ်သက်ရပါစေနှင့်။ (၈) ပညာရှိကို ဘဝဆက်တိုင်း တွေ့မြင်ရပါစေ။ (၉) ပညာရှိအကြောင်း ဘဝဆက်တိုင်း ကြားရပါစေ။ (၁၀) ပညာရှိနှင့် ဘဝဆက်တိုင်း မိတ်ဆွေ ဖြစ်ရပါစေ။ (၁၁) ပညာရှိနှင့် ဘဝဆက်တိုင်း စကားပြောခွင့်ရပါစေ။ (၁၂) ပညာရှိကို ဘဝဆက်တိုင်း နှစ်သက်သူဖြစ်ရပါစေ။ (၁၃) နံနက် အရုဏ်တက်အချိန်တွင် ဆွမ်းဘောဇဉ်များ အလိုအလျောက်ဖြစ်ပေါ်လာပါစေ။ (၁၄) သီလရှိသောအလှူခံပုဂ္ဂိုလ်မြတ်များ လာရောက်အလှူခံကြပါစေ။ (၁၅) ဆွမ်းဘောဇဉ်များသည် လှူ၍မကုန်ခန်းသည် ဖြစ်ပါစေ။ (၁၆) လှူစဉ် စိတ်ကြည်လင်ပါရစေ။ (၁၇) လှူပြီးနောက်တွင် နောင်တမရသည် ဖြစ်ရပါစေ။ (၁၈) သိကြားမင်းသည် ငါ၏အထံသို့ နောက်မလာပါစေနှင့်။ လင်္ကာ ဤသည့်ပုည ကုသလကြောင့် လောဘ ဒေါသ မောဟကင်းကွာ သံသရာဝယ် ကျင်ပါရဘိ ပညာရှိနှင့် ယှဉ်မိပေါင်းသင်း ဉာဏ်မဲ့ကင်း၍ ပြည့်တင်းလှူဖွယ် လှူစဉ်ဝယ်လည်း သုံးသွယ်စေတနာ ဖြောင့်ညီညာသည် ခေမာအထွဋ် တိုင်စေသော်။ ( မင်းကွန်းတိပိဋကဆရာတော်ကြီး)
https://www.dhammaransi.com/index.php/new/642-2016-05-11-09-09-22.html
အရေအတွက် အခေါက်ရေနှင့် ပုတီးစိပ်သူများ
https://www.dhammaransi.com/index.php/new/643-2016-05-11-09-08-56.html
ဝိပဿနာအားထုတ်လျှင် ခံစားရရှိမည့်အကျိုးထူးများ
၁။ဤဘဝတွင် ယခင်ကမကြုံတွေ့ခဲ့ဖူးသည့် အလွန်ထူးခြားချမ်းသာသော အတွေ့အကြုံများကို တွေ့ဆုံခံစားရသည်။ ၂။ကိုယ်စိတ်၂ပါး အထူးကြည်လင်ပေါ့ပါး၍ အေးငြိမ်းချမ်းသာနေခြင်းကို ခံစားရသည်။ ၃။ဉာဏ်အမြင်ကြည်လင်၍ စိတ်ကူးကြံဆနိုင်သောစွမ်းအား မြင့်မားတိုးတက်လာသည်။ ၄။စိတ်တည်ကြည်လာသည့်အတွက် စာကြည့်စာဖတ်သည့်အခါ မှတ်ဉာဏ်တိုးတက်ကောင်းမွန်လာသည်။ ၅။ဘုရား၊တရား၊သံဃာတို့၌ ယုံမှားသံသယကင်း၍ သဒ္ဓါတရား အထူးကြည်လင်ကောင်းမွန်လာသည်။ ၆။မိဘ၊ဆရာ လူကြီးသူမများအပေါ် ပို၍ရိုသေလေးစားလာသည်။ ၇။အပေါင်းအဖော်များအား မိမိဧ။် ကိုယ်နှင့်တူစွာ စာနာမှုတိုးတက်လာသည်။ ၈။လောဘ၊ဒေါသ၊မာန၊ဣဿာ၊မစ္ဆရိယ စသည့်တရားဆိုးများကို အတော်အတန် ထိန်းချုပ်လာနိုင်ပြီးအပြောအဆိုအမူအရာ ပိုမိုယဉ်ကျေးသိမ်မွေ့လာသည်။ ၉။ရသမျှနှင့်တင်းတိမ်နိုင်သော စွမ်းရည်နှင့် သည်းခံမှုစွမ်းအားတို့ တိုးမြင့်လာကြသည်။ ၁၀။လောကဓံတရားများနှင့် ဆုံဆည်းရသောအခါ ပို၍ ကြံကြံခံနိုင်စွမ်းရှိလာသည်။ ၁၁။ပူပန်သောကများကိုအထိုက်အလျောက်ငြိမ်းသတ်နိုင်ပြီဖြစ်၍စိတ်အေးချမ်းသာကာ ကောင်းမွန်စွာ အိပ်စက်နိုင်သည်။နုပျိုလန်းဆန်းလာသည်။ ၁၂။၀ိပဿနာတရားအားထုတ်သည့် အလေ့အထရခဲ့ပြီးဖြစ်၍ ခရီးသွားရင်း နားနေရင်းအတွင်း၌ပင် ၀ိပဿနာတရားကို ရှုမှတ်သွားနိုင်မည်ဖြစ်သောကြောင့် ၀ိပဿနာကုသိုလ်မှာ ကြီးထွားသထက် ကြီးထွားလာသည်။ ၁၃။ကိုယ် စိတ် ၂ပါးတို့ဧ။် နာမ်၊ရုပ်သဘော အနိစ္စ၊ဒုက္ခ၊အနတ္တတို့ဧ။် သဘောလက္ခဏာကို ပိုမိုထင်ရှားစွာသိမြင်လာပြီး အတ္တဆန်သော စိတ်ထား လျော့နည်းလာသည်။ ၁၄။အကျင့်စာရိတ္တ ခိုင်မာရင့်ကျက် တိုးတက်လာသည်။ ၁၅။စိတ်ဓာတ် ကြံခိုင် တည်ကြည် တိုးတက်လာသည်။ ၁၆။ဤဘဝတွင်အကောင်းဆုံးအလုပ်အကျိုးအရှိဆုံးအလုပ်ကို ငါလုပ်ခဲ့ရပြီဟု ကျေနပ်ဝမ်းသာရသည်။ ရခဲလှတဲ့ ဘဝကလေးမှာ အချိန်ကို အလကားနေရင်း မဖြုန်းသင့်ပါ။ ၀ိပဿနာအားထုတ်ရခြင်းရဲ့ အကျိုးထူးများကို သိရပြီးတဲ့နောက်မှာ ၀ိပဿနာကို သတိရတိုင်း အားထုတ်သင့်ပါတယ်။ အသေဘက်ဦးတည်သွာနေတဲ့ ဒီခန္ဓာကြီး အသေမဦးခင် ၀ိပဿနာအလုပ်ကို အားထုတ်သင့်ပါတယ်။ ၀ိပဿနာအားထုတ်တဲ့အခါမှာလည်း ကိလေသာကိုကြားမခိုစေပါနဲ့။ မိမိအကျိုးမနည်းချင်ရင်ဖြင့် သက်တမ်း ခပ်တိုတိုလေးမှာ ၀ိပဿနာအလုပ်ကို ခပ်ပိုပိုလေး လုပ်ကြပါ်။ သတ္တဝါမှန်သရွေ့ တရားတွေ့ အေးငြိမ်းချမ်းသာ ရှိပါစေ။
https://www.dhammaransi.com/index.php/new/644-2016-05-11-09-08-31.html
တံမြက်စည်း လှည်းခြင်း၏ အကျိုးကျေးဇူး ကြီးမားပုံ
p>¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ တံမြက်စည်း လှည်းခြင်း၏ အကျိုးကျေးဇူး ကြီးမားပုံ ¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ ■ယနေ့ခေတ်မှာ ခေတ်လူငယ်များ ဘုရားရင်ပြင်၊ ကျောင်းအဝန်းစသည်တို့မှာ ညီညာစွာ တံမြတ်လှည်း သန့်ရှင်းရေးလုပ်ကြတာ တွေ့မြင်ရလို့ကြည်နူးမိပါတယ်။ ■အချို့လူငယ်များဆိုရင် စေတနာအဖွဲ့ ဖွဲ့ပြီး ရပ်ကွက်၊ မြို့နယ်တွေမှာရှိတဲ့ ရိပ်သာများ၊ ဘကကျောင်းများမှာ သန့်ရှင်းရေးဝေယျာဝေစ္စဆောင်ရွက်တာတွေ သိရလို့ ပီတိဖြစ်ရတယ်။ အင်မတန်ကောင်းမြတ်ပြီး သန့်ရှင်း ရိုးသားတဲ့ စေတနာပါပဲ။ ဒါကြောင့် သူတို့လေးတွေပိုမိုကုသိုလ်ပွားနိုင်စေရန် အလို့ငှါတစ်ကြိမ်တစ်ခါ တံမြတ်စည်းလှည်းရုံ နဲ့ ကောင်းကျိုးအလီလီခံစားရတဲ့မထေရ်အကြောင်းလေးကို ဗဟုသုတအဖြစ် မျှဝေချင်ပါတယ်။ သူ့နာမည်က “သကိံသမ္မဇ္ဇမထေရ်”လို့ ခေါ်ပါတယ်။ ၀ိပသီဘုရားလက်ထက်တုန်းကပေါ့ မထေရ်လောင်းဟာ တစ်နေ့မှာ “သခွက်ဗောဓိပင်” ရှေ့ရောက်တဲ့အခါ ဘုရားပွင့်ခဲ့တဲ့ ဗောဓိပင်ကို ကြည်ညိုစိတ်ဖြစ်ခဲ့တယ်။ နောက်ပြီး အဲအပင်အောက် မှာ ပြန့်ကျဲနေတဲ့ သစ်ရွက်တွေကို သန့်ရှင်းချင်စိတ်ပေါ်လာတာနဲ့ တံမြက်စည်းကိုင်ပြီး လှည်းခဲ့ပါတယ်။ တံမြတ်စည်းလှည်းခဲ့တာလေးကို စိတ်ထဲ အပြန်အလှန် အောက်မေ့ရင်း အပြန်မှာ စပါးကြီးမြွေနဲ့တွေ့လို့ အမျိုခံလိုက်ရပါတယ်။ သူဟာ ကောင်းတဲ့ အာရုံနဲ့ သေခဲ့တာဖြစ်လို့ သေပြီးနောက်မှာတော့ နတ်ပြည်မှာနတ်သားသွားဖြစ်ခဲ့ ပါတယ်။ နတ်စည်းစိမ်ကို ခံစားခဲ့တယ်။ အဲဒီအချိန်ကစပြီး သူရဲ့ စိတ်ဟာ နောက်ကျူခြင်းမရှိ၊ အမြဲကြည်လင်နေခဲ့တယ်။ နုနာ၊ ဝဲနာ၊ ပွေးနာ၊ ဝက်ရူးပျံရောဂါ၊ အနာကြီးရော စတဲ့ အနာမျိုးစုံမှ ကင်းဝေးခြင်းအကျိုးခံစားခဲ့ရတယ်။ စိုးရိမ်ခြင်း၊ ပူပန်ခြင်းမရှိ၊ စိတ်ဓာတ် အမြဲ တည်ငြိမ်နေတယ်။ တစ်စုံတစ်ခုကြောင့် တုန်လှုပ်ခြင်းမရှိ။ သမာဓိကို လိုချင်တဲ့အချိန်မှာ ခဏလေးနဲ့ ရအောင် လုပ်နိုင်တယ်။ နှစ်သက်ဖွယ်အာရုံ၌ မနှစ်သက်၊ အမျက်ထွက်ဖွယ်အာရုံ၌ အမျက်မထွက်၊ တွေဝေစရာအာရုံ၌ မတွေဝေရပါ။ တံမြတ်စည်းလှဲခဲ့တဲ့အချိန်ကစလို့ “အပါယ်လေးပါး” လားရတယ်ဆိုတာ မရှိခဲ့ပါဘူး။ နောက်ဆုံး အခု ဂေါတမဘုရားရှင်လက်ထက်မှာ အာသဝေါကုန်ခမ်းလို့ “ရဟန္တာ” ဖြစ်ရပါတယ်။ ဒါဟာ ဗောဓိပင်အောက်မှာ တစ်ကြိမ်တစ်ခါ တံမြတ်စည်းလှဲခဲ့ရတဲ့ အကျိုးပါပဲ။ တစ်ကြိမ်တစ်ခါ စေတနာထက်သန်စွာ တံမြတ်စည်း လှဲခဲ့တာလေးတောင် ခုလိုကြီးမားတဲ့အကျိုးပေးတယ် ဆိုရင် အကြိမ်များစွာပြုလုပ်တဲ့ စေတနာရှင်များ မှာ ပြောဖွယ်မလိုပါ။ ကိုယ်လုပ်တဲ့အလုပ်ရဲ့ မြင့်မြတ်မူလေးကို အာရုံပြုပြီး စေတနာတိုးပွားအောင်လုပ်ဆောင်ဖို့ပဲလိုပါတယ်။ ဒါ့အပြင် မိမိငယ်စဉ်ကရဖူးတဲ့ကဗျာလေးတစ်ပုဒ် ရှိပါတယ်။ ရေးတဲ့ဆရာတော်ကိုတော့မမှတ်မိတော့ပါဘူး။ ■ “သူ့စိတ်ကိုယ့်စိတ်၊ ယိုဖိတ်ကြည်လင်၊ နတ်တို့လေးစား၊ သနားချစ်ခင်၊ ကြည်ညိုဖွယ်ကောင်း ဂုဏ်ပေါင်းမြတ်ရှင်၊ နတ်ပြည်ရောက်ထွန်းတောက်ကျိုးငါးအင်” ■ တဲ့။ တံမြတ်လှည်းရခြင်းရဲ့ အကျိုးငါးပါးဖြစ်ပါတယ်။ လှည်းသူရဲ့စိတ်ရော မြင်တဲ့သူရဲ့စိတ်ရော ကြည်လင်ပါတယ်။ ဗုဒ္ဓဝေယျာဝေစ္စ၊ သံဃာ့ဝေယျာဝေစ္စလုပ်နေလို့ နတ်တွေလေးစားတယ်။ ချစ်ခင်စောင့်ရှောက်တယ်။ ဂုဏ်သတင်းတွေ သင်းပျံ့တယ်။ သေရင် နတ်ပြည်ရောက်တယ်။ ဒါကြောင့် မိတ်ဆွေများအားလုံး တံမြက်စည်းလှည်း ကုသိုလ်ယူခြင်းဖြင့် ကောင်းကျိုးတရားတွေ ရရှိနိုင်ကြပါစေ။
https://www.dhammaransi.com/index.php/new/645-2016-05-11-09-07-58.html
ဘုရားသားတော် အရှင်ရာဟုလာ
https://www.dhammaransi.com/index.php/new/646-2016-05-11-09-07-23.html
(၁၅)မိနစ် တရားထိုင်နည်း
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ (၁၅)မိနစ် တရားထိုင်နည်း ¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤ ■ တနေ့လျှင် (၁၅)မိနစ်ခန့် တရားထိုင်ကြည့်ပါ။ ထူးခြားသော အကျိုးကျေးဇူးများ၊ ထူးခြားသော ကံကောင်းမှုများ၊ သင့်ထံသို့ ဧကန်အမြန် ရောက်ရှိလာပေလိမ့်မည့် ■ ■ (၁၅) မိနစ်တရားထိုင်နည်း ■ အမျိုးသားယောဂီများမှာ တင်ပလ္လင်ခွေထိုင်လျှက်လည်းကောင်း၊ အမျိုးသမီးယောဂီများမှာ မိန်းမထိုင် ကျုံ့ကျုံ့ထိုင်လျှက်လည်းကောင်း ခါးကို မတောင့်လွန်း၊ မလျော့မကုန်းလွန်းဘဲ အလိုက်သင့်သလို တာရှည်ထိုင်နိုင်အောင် ထားပါ။ ဘယ်လက်ဝါးကို အောက်က ထား၍ ညာလက်ဝါးကို အပေါ်က ထားရမည်။ ယောဂီ၏ မျက်စိကိုလည်း တစ်ချို့မှိတ်လျှက်၊ တစ်ချို့ဖွင့်လျှက်၊ တစ်ချို့က မှေးမှေးထားလျှက် မိမိကြိုက်သလို ထိုင်နိုင်သည်။ နှာသီးဝအဖျားတွင် ထွက်လေဝင်လေတို့၏ ထိခတ်တိုးဝှေ့ရာ (ဖုသနဋ္ဌာန၊ နာသိက ကသိဏ)အရပ်ကလေးကို အသာအယာ သတိကပ်၍ ရှာဖွေရမည်။ တွေ့ရှိပါက ယခု လှုပ်သွားသည်မှာ ထွက်လေကြောင့်ဟု သိလျှင် လှုပ်သည်သိသည်နှင့် တစ်ပြိုင်နက် ထွက်လေဟု သိမှတ်ထားပါ။ တစ်ဖန် ဝင်လေကြောင့် လှုပ်သွားသောအခါတွင်လည်း ဝင်လေဟု မှတ်လိုက်ခြင်းသည် အာနာပါနကမ္မဋ္ဌာန်း တရား အားထုတ်သည် မည်ပါတော့သည်။ ဤပုံအတိုင်း အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်တိုင်း အားထုတ်တိုင်း တစ်ကြိမ်ထိုင်လျှင် အနည်းဆုံး (၁၅)မိနစ်ခန့် တရားထိုင်ပါ။ “အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်သော ယောဂီပုဂ္ဂိုလ်သည် သတိကပ်၍သာလျှင် ထွက်သက်ကို ဖြစ်စေ၏။ ထွက်သက်ကို ထုတ်၏။ သတိကပ်၍သာလျှင် ဝင်သက်ကို ဖြစ်စေ၏။ ဝင်သက်ကို ရှိုက်ရှူ၏” (ဤကား သတိမြဲရာ ပထမာ အစီအစဉ်ဖြစ်ပါသည်) “ထွက်သက်လေကို ရှည်ရှည်ထုတ်သောယောဂီပုဂ္ဂိုလ်သည် ရှည်ရှည်ထုတ်သည်ဟု ကောင်းစွာ သိ၏။ ဝင်သက်လေကို ရှည်ရှည်ရူသောယောဂီပုဂ္ဂိုလ်သည် ရှည်ရှည်ရှုရှိုက်သည်ဟု ကောင်းစွာ သိ၏” “ထွက်သက်လေကို တိုတိုထုတ်သောယောဂီပုဂ္ဂိုလ်သည် တိုတိုထုတ်သည်ဟု ကောင်းစွာ သိ၏။ ဝင်သက်လေကို တိုတိုရှုရှိုက်သောယောဂီပုဂ္ဂိုလ်သည် တိုတိုရှုရှိုက်သည်ဟု ကောင်းစွာ သိ၏” (ဤကား ဒုမှာ တို ရှည်သိ အစီအစဉ်ဖြစ်ပါသည်) “အလုံးစုံသော ထွက်သက်ဝင်သက်တို့၏ အစ၊ အလယ်၊ အဆုံး သုံးပါးလုံးကို ထင်ရှားစေလျှက် (ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်လင်းစေလျှက်) ထွက်သက်လေကို ထုတ်၏။ ဝင်သက်လေကို ရှိုက်ရှု၏” (ဤကား သုံးချက်သိမှာ တတိယာ သို့မဟုတ် လုံးစုံလင်းရာ တ-၌သာ အစီအစဉ်ဖြစ်ပါသည်) “အရှိုက်အရှုပြင်းသောကြောင့် ရုန့်ရင်းကြမ်းတမ်းသော ထွက်သက်၊ ဝင်သက်လေတို့ကို ငြိမ်းအေးစေလျှက်၊ ချုပ်ပျောက်စေလျှက် ထွက်လေကို ထုတ်မည်၊ ဝင်လေကို ရှုရှိုက်မည်ဟု ကျင့်၏” (ဤကား စ-မှာ ငြိမ်းစေဘိ အစီအစဉ်ဖြစ်ပါသည်) “ရံခါအတွင်း၌ ထွက်လေဝင်လေဟူသော ကာယ သို့မဟုတ် ပဋိဘာဂဖြစ်သော အဿာသပဿာသကာယကို အဖန်တလဲလဲ ရှုမှတ်ပွားများအားထုတ်ရမည်။ ရံခါအပြင်၌ (အပြင်ကို ထုတ်၍) ထွက်လေဝင်လေဟူသော ကာယ သို့မဟုတ် ပဋိဘာဂဖြစ်သော အဿာသပဿာသကာယကို အဖန်တလဲလဲ ရှုမှတ်ပွားများအားထုတ်ရမည်။ ရံခါအတွင်းအပြင် နှစ်ဌာနလုံး၌ ထွက်လေဝင်လေဟူသော ကာယ သို့မဟုတ် ပဋိဘာဂဖြစ်သော အဿာသပဿာသကာယကို အဖန်တလဲလဲ ရှုမှတ်ပွားများအားထုတ်ရမည်။” (ဤသည်မှာ အာနာပါနသမထလေးဆင့်လုံးကို ပေါင်း၍ဟောထားခြင်းဖြစ်ပါသည်) “ထွက်သက်လေ၊ ဝင်သက်လေဟူသော ကာယ၌ ဖြစ်ခြင်းသဘောကို အဖန်တလဲလဲ ရှုမှတ်၍ နေရာ၏။ ထွက်သက်လေ၊ ဝင်သက်လေဟူသော ကာယ၌ ပျက်ခြင်းသဘောကို အဖန်တလဲလဲ ရှုမှတ်၍လည်း နေရာ၏။ ထွက်သက်လေ၊ ဝင်သက်လေဟူသော ကာယ၌ ဖြစ်ခြင်း၊ ပျက်ခြင်းသဘောကို အဖန်တလဲလဲ ရှုမှတ်၍လည်း နေရာ၏။” (ဤကား အာနာပါနသမထကို အဦးမူ၍ ၀ိပဿနာရှုမှတ်ပွားများရပုံ ဖြစ်ပါသည်) “ထိုကဲ့သို့ အားထုတ်နေသော ယောဂီပုဂ္ဂိုလ်အား သတိတရား ထင်မြဲလာတော့သည်။ ထိုသတိ၏ သောတာပတ္တိမဂ်ဉာဏ်ကို ရခြင်းငှါ၊ အဆင့်ဆင့် ရင့်ကျက်ခြင်းငှါ ဖြစ်လာလျှင် ယောဂီပုဂ္ဂိုလ်သည် တဏှာ၊ ဒိဋ္ဌိနှစ်ပါးကို အမှီသဟဲပြုစရာမလိုဘဲ နေနိုင်စွမ်းရှိလာတော့သည်။ ထိုအခါ တစ်လောကလုံးတွင် သို့မဟုတ် ခန္ဓာငါးပါးဟူသော လောကတွင် `ငါ့ကိုယ်´ဟူ၍လည်းကောင်း၊ `ငါ၏ဥစ္စာ´ဟူ၍လည်းကောင်း တစ်စုံတစ်ခုကိုမျှ စွဲလမ်းခြင်းမရှိ အတ္တဒိဋ္ဌိပြုတ်လေတော့သည်” (ဤကား အာနာပါနသမထကို အဦးမူ၍ ၀ိပဿနာရှုမှတ်ပွားများ အားထုတ်သော ယောဂီပုဂ္ဂိုလ်အား မဂ်ဖိုလ်ရ၍ အရိယာဖြစ်ပုံကို ပြပါသည်။) အထက်ပါ ဖော်ပြချက်မှာ သတိပဋ္ဌာနသုတ်တော်တွင် မြတ်စွာဘုရားရှင်ဟောကြားတော်မူသော အာနာပါနကျင့်စဉ် အစီအစဉ်ဖြစ်ပါသည်။ ၀ိပဿနာပိုင်း ရှုမှတ်ပုံများ သမထဆိုတာ တနေရာတည်းကို စိုက်ရှုတာပါ၊ ၀ိပဿနာဆိုတာ ခန္ဓာကိုယ်တခုလုံးကို ဖြန့််ရှူတာလို့ မြေဇင်းဆရာတော်ကြီးက မိန့်တော်မူပါတယ။် သမထယာနိကသမားအတွက် စတုတ္ထအဆင့်ကျင့်စဉ်မှာ ပဋိဘာဂအလင်းနိမိတ်ရရှိပြီး ဥပစာဆိုက်သွားပြီဆိုရင်် ၀ိပဿနာကို စတင်အားထုတ်ရှုမှတ်နိုင်ပါတယ်။ ၀ိပဿနာရှုမှတ်ရာတွင် ရုပ်ကို ရှုမှတ်ရမှာလား၊ နာမ်ကို ရှုမှတ်ရမှလားလို့ မေးစရာရှိပါတယ်။ စာပေမှာတော့ သမထယာနိကလမ်းစဉ်နဲ့ အားထုတ်သူများအတွက် နာမ်ကို ရှုမှတ်ပွားများရမယ််လို့ု ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သမထအားထုတ်မှု အားကောင်း၍ သမာဓိရင့်သန်နေတဲ့အတွက်ကြောင့်ပါ်။ ၀ိိပဿနာသက်သက်ရှုမှတ် ပွားများသူများသူတွေကိုတော့ ရုပ်ကို ရှုမှတ်ဖို့ တိုက်တွန်းထားပါတယ််။ ရှု့နည်း ၃ မျိုး (၁) သမထအားထုတ်စဉ်က ရရှိခဲ့တဲ့ ပဋိဘာဂအလင်းနိမိတ်နဲ့ ခြေဖျားကနေ ငယ်ထိပ်အထိ တကိုယ်လုံး သတိမလွတ်စေဘဲ ရှုခြင်း။ (၂) ခြေဖျား မှ ချက် ၊ ချက်မှ လည်မျို လည်မျိုမှ ငယ်ထိပ်ထိ သုံးပိုင်း ပိုင်း၍ အပြန်ပြန် အလှန်လှန် ရှုမှတ်ခြင်း။ (၃) လက်လေးသစ် သို့မဟုတ် တံတောင်လောက်စီ ပိုင်းပြီး ရှုမှတ်ခြင်း ဆိုပြီး ရှုမှတ်နည်း (၃) မျိုးရှိပါတယ်။ ခန္ဓာကိုယ်အစိတ််အပိုင်းအလိုက် ရှုနည်းသုံးမျိုး ကွဲပြားသကဲ့သို့ အရှုမှတ်ခံ အာရုံအလိုက် ရှုပွားရာ အစွန်းသုံးပါးကိုလည်း သိသင့်ပါတယ််။ (၁) မြင်ရင် မြင်တယ် ကြားရင် ကြားတယ် လို့မှတ်ခြင်း (၂) မိမိခန္ဓာကိုယ်ရဲ့ငယ်ထိပ်ခြေတောက်လက်စတဲ့ နေ ရာတွေမှာ တဖွားဖွား ဖြစ်ပျက်နေတာတွေကိုမှတ်ခြင်း (၃) နှလုံးအိမ်ကို ရှုမှတ်ခြင်း ဆိုပြီး အစွန်းသုံးပါးရှိပါတယ်။ ဗုဒ္ဓါနုဿတိပွားများပုံ… အရဟံ လို့ စိတ်ထဲက ဆိုပြီး ဝင်လေကို ရှူသွင်းပါ၊ အရဟံလို့ စိတ်ကဆိုပြီး ထွက်လေကို ပြန်ထုတ်ပါ၊ မိမိစိတ် ငြိမ်လာပြီ ဆိုရင် ဘုရားရှင်ရဲ့ ဂုဏ်တော် အရောက် အာရုံပြုပြီး ကိလေသာ ကင်းစင်တော် မူသော မြတ်စွာ ဘုရား ဆိုပြီး ဝင်လေ ထွက်လေ တိုင်းမှာ ရှူမှတ်ပေးပါ ၊ ဒီလိုနည်းနဲ့ အချိန် ရသလောက် ပွားများပေးပါ၊ ဘုရားရှင် ပေါ်မှာ ကြည်ညိုတဲ့ စိတ်တွေ များလာလေ တရားအလုပ် လုပ်ရတာ ချောမွေ့ လွယ်ကူလေ ပါပဲ။ မေတ္တာဘာဝနာပွားများပုံ… အားလုံးသော သတ္တဝါတွေ ဝင်လေ တစ်ချက်… ချမ်းသာကြပါစေ ထွက်လေ တစ်ချက်. ဒီပုံစံနဲ့ မေတ္တာ ဘာဝနာ ပွားများ နိုင်ပါတယ်... ကိုယ် ပွားများ ချင်တဲ့ ပုံစံနဲ့ ပွားများ နိုင်ပါတယ် ဝင်လေ ထွက်လေ ကပ်ပြီး ပွားများ တာက သမာဓိ ပိုရ လွယ်ပါတယ်.. မရဏဿတိ (သေခြင်းတရား ဆင်ခြင်ပုံ) တစ်နေ့ သေရမှာ ပါတကား.. တစ်နေ့ သေရမှာပါ တကားလို့ ဉာဏ်ကနေ မြင်လာအောင် ဉာဏ်မှာ ထင်လာအောင် ဆင်ခြင်ရပါမယ်. အသုဘ ဘာဝနာ (စက်စုပ်ရွံရှာဖွယ် အဖြစ် ပွားများပုံ) ငါ့ရဲ့ ခန္ဓာကိုယ်ဟာ စက်စုပ် စရာကြီး ပါတကား… လို့ ခန္ဓာကိုယ်ကို သုံးပိုင်း ပိုင်းပြီး ပွားများရ ပါမယ်၊ ပထမဆုံး ပုခုံးအထက် ဦးခေါင်း ပိုင်းကို အရင် ကြည့်ရပါမယ်. မျက်စိကိုမှိတ် စိတ်ကို ဦးခေါင်းကို ပို့ထား ငါ့ရဲ့ ခန္ဓာကိုယ် စုက်ဆုပ် စရာကြီး ပါတကားလို့.. စိတ်ကဆိုပြီး ဦးခေါင်းထဲက ဦးဏှောက်တွေ အမြှေးတွေ မြင်လာတဲ့ အထိ ပွားများပေးပါ၊ ဒုတိယ.. ခါးကနေ ပုခုံးအထိ ခန္ဓာကိုယ် အလယ်ပိုင်းကို စိတ်နဲ့ကြည့်ပြီး ငါ့ရဲ့ ခန္ဓာကိုယ်ဟာ စက်ဆုပ် စရာကြီး ပါတကားလို့ စိ်တ်က ဆင်ခြင် ပွားများပြီး အတွင်းပိုင်း အူတွေ အသည်းတွေ ကျောက်ကပ်တွေ တစ်ပုံစီ တစ်ပုံစီ မြင်အောင် ကြိုစားပွားများပါ။ တတိယ.. ခါးအောက်ပိုင်းအကုန် ခြေထောက် အထိ စိုက်ကြည့် ပွားများပါ၊ ခန္ဓာကိုယ်ကို တွယ်တာလွန်း အားကြီးရင် တရား အလုပ်မှာ နှောင့်နှေး တတ်ပါတယ်။ နာမည်ကြီး ခေမာ ထေရီကို ကြည့်ပြီး သိနိုင်ပါတယ်၊ ဒါကြောင့် ခန္ဓာကိုယ်ပေါ်မှာ တပ်မက်မှု ကင်းအောင် အသုဘ ဘာဝနာကို ပွားများ ကြရပါတယ်။ ဒီလေးမျိုးကို အချိန်ရတဲ့သူ ရက်များများ အားထုတ်မယ့် သူတွေ ကြိုးစား အားထုတ် ပွားများသင့် ပါတယ်၊ ရက်တွေ အများကြီး အချိန် မပေးနိုင် ရင်တောင် တရားမရှုမှတ်မိ အချိန်ပိုင်းလောက် ဗုဒ္ဓါန ုဿတိနဲ့ မေတ္တာ ဘာဝနာကို ၁၀-မိနစ် သို့မဟုတ် ၁၅-မိနစ် ပွားများ သင့်ပါတယ်၊ မေတ္တာ စွမ်းအားဟာ တကယ့်ကို ကြီးမားလှ ပါတယ်။
https://www.dhammaransi.com/index.php/new/647-2016-01-09-11-04-46.html
ပြုပြီးသော အကုသိုလ်များကို မည်ကဲ့သို့ ပယ်ရပါမည်နည်း
မေး ) ။ ။ ပြုပြီးသော အကုသိုလ်များကို မည်ကဲ့သို့ ပယ်ရပါမည်နည်း အရှင်ဘုရား။ ( ဖြေ ) ။ ။ ပြုပြီးသော အကုသိုလ်များကို ပယ်တယ်ဆိုတာ isolate လုပ်ပစ်တာ။ နောက်ထပ် ထပ်ပြီးတော့ repeatation မလာအောင်လုပ်တာ။ ရှိပြီးသား အမာရွတ်ကတော့ အမာရွတ်ပဲ။ ကျန်နေမှာပဲ။ သူ့ဘာသာ ကုသိုလ်ပဲဖြစ်ဖြစ်၊ အကုသိုလ်ပဲဖြစ်ဖြစ် ဖြစ်လာပြီးလျှင်တော့ remain ဖြစ်သွားမှာ။ process မှာ remain ဖြစ်သွားမှာ။ ကိုယ်လုပ်ပြီးသား တစ်ခုဟာ မလုပ်ဘူးလို့ ပြောလို့မရတော့ဘူးလေ။ သို့သော် သူ့ကို အားနည်း သွားအောင် လုပ်တာ။ အားနည်းသွားအောင် လုပ်ပြီးတော့ အကျိုးပေးနိုင်အောင် ကူညီတဲ့ အကြောင်းတရားတွေ ရှိတယ်။ ဘာတွေရှိလည်းဆိုရင် ကိလေသာ။ အဲဒီ ကိလေသာတွေကို ဖယ်ရှားပစ်လိုက်လို့ရှိရင် ဒီကံက လုံးဝ အကျိုးပေးလို့ မရတော့ဘူး။ ဖယ်ပစ်လိုက်တာ။ အဲတော့ အကုသိုလ်ကို ဖယ်တယ်ဆိုတာ ပယ်တယ်ဆိုတာက ပထမ အားနည်းအောင်လုပ်တယ်။ အဲဒီိလို လုပ်နည်းကို ဘုရားက သင်္ခဓမ သုတ်မှာ ဟောထားတာရှိတယ်။ အကုသိုလ်ကို အကုသိုလ်လို့ မြင်တာက ပထမအဆင့်။ မြင်ပြီးလျှင် ဒါမကောင်းဘူးလို့ သိရမှာက ဒုတိယ အဆင့်။ တတိယအဆင့်က နောက် မဖြစ်အောင် စောင့်စည်းတာ။ အဲဒီအတွက် အစားထိုးပြီး ကောင်းတာတွေချည်း လုပ်တာ စတုတ္ထအဆင့်။ အဲဒီ အဆင့်လေးဆင့့််နဲ့ ဖယ်ရှားပစ်မယ်ဆိုရင် မကောင်းတဲ့ ကံတွေက လွတ်သွားတယ်။ နောက်ဆုံး လွတ်ဖို့ အခွင့်အရေးတစ်ခုကတော့ ကံကို အကူအညီ ပေးနေတဲ့ ကိလေသာတွေ လုံးဝ ကုန်သွားပြီဆိုရင် အဲဒီကံတွေကနေ လုံးဝလွတ်မြောက်သွားပြီ။ အဲဒီလို လုံးဝ လွတ်မြောက်သွားပြီဆိုတာ ဘဝတစ်ခုကို ပေးတဲ့ကံသည် ခန္ဓာကိုယ် ရှိနေသေးသမျှတော့ နှိပ်စက်ဦး မှာပဲလို့ ဒီလိုမှတ်ထားရမယ်။ ဥပမာဖြင့် အရှင်မောဂ္ဂလန် ကြည့်လေ။ ရဟန္တာဖြစ်ပြီးပြီ။ ကိလေသာ ပယ်ပြီးပြီ။ သို့သော် အတိတ်ကလိုက်လာတဲ့ ကံရဲ ့ အပြစ်ဒဏ်ကို ခံရသေးတယ်။ ဒါက အတိတ်က လုပ်ထားတဲ့ကံ။ အခု ပစ္စုပ္ပန်မှာ လုပ်ထားတဲ့ကံတွေ၊ နောက်ထပ် ဒီကံတွေက အကျိုးပေးဖို့ မရှိတော့ဘူး။ နောက်ထပ် ဘဝတစ်ခုကို သူတို့ မထုတ်လုပ်နိုင်တော့ဘူး။ အဲဒါကို ပြောတာ။ ကံကနေ ထုတ်လုပ်ပြီးသား ဘဝကတော့ ဒုက္ခ ပေးနေဦးမှာပဲ။ အဲဒါကို တစ်ချို ့က ယောင်ပြီးတော့ ကိလေသာတွေ ပယ်ပြီးဖြစ်ပါလျက်သားနဲ့ ကံက အကျိုးပေးရမလားဆိုပြီး မကျေမနပ်ဖြစ်တာရှိသေးတယ်။ မဟုတ်ဘူး။ ကံရဲ ့ အကျိုးဆက် ဟောဒီ ခန္ဓာကိုယ်ကြီး ရှိနေသမျှတော့ သူက ဒုက္ခ ပေးလို့ ရသေးတယ်။ သို့သော် ဒီပုဂ္ဂိုလ်ကို နောက်ထပ် ငရဲ ကျအောင်တို့ ဘာတို့ လုပ်လို့ မရတော့ဘူး။ ပဋိသန္ဓေဆိုတဲ့ အကျိုးကတော့ ပေးလို့ မရတော့ဘူးလို့ ဆိုတယ်။ ပဝတ္တိအကျိုးကတော့ အနှောင့်အယှက်တွေ ပေးတာတွေ အများကြီးရှိဦးမှာပေါ့။ ဒါကြောင့်မို့ ဒုက္ခတွေ အားလုံး ငြိမ်းသွားတဲ့ “အနုပါဒိသေသနိဗ္ဗာန်” သို့ ရောက်သွားမှသာလျှင် လုံးဝ လွတ်သွားတာ။“သဥပါဒိသေသ နိဗ္ဗာန်”မှာဆို လာပေးနေဦးမှာပဲ။ နောက်တစ်ခုက မဂ်ဖိုလ် နိဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗာန် ရပြီးတော့ အမြဲတမ်း နိဗ္ဗာန်ကြီးကို အာရုံပြုနေတယ်လို့ ဒီလို မထင်နဲ့။ မြတ်စွာဘုရားရဲ ့ စိတ်ဟာလည်း အရဟတ္တဖိုလ်စိတ်ကြီးနဲ့ အမြဲနေတယ်လို့ မထင်နဲ့။ ၀ိပဿနာရှုပြီး အရဟတ္တဖိုလ် ရောက်မှ အရဟတ္တဖိုလ်ဖြစ်တာ။ ဒိပြင်အချိန်မှာဆို သာမာန်စိတ်နဲ့ပဲ နေတာ။ မြတ်စွာဘုရားရဲ ့ သန္တာန်မှာဖြစ်တဲ့ စိတ်တွေသည် တစ်ချို့က နားယောင်တာရှိသေးတယ်။ စာပေထဲမှာတောင် ဟသိတုပ္ပါဒ်စိတ်က အဟိတ်စိတ်ဖြစ်တယ်ပေါ့၊ မြတ်စွာဘုရားပြုံးတာ ဟသိတုပ္ပါဒ် ညာဏ်မရှိတဲ့ စိတ်နဲ့တော့ မပြုံးလောက်ဘူးလို့ ဆိုပြီးတော့ သုံးသပ်ကြတာရှိသေးတယ်။ သို့သော် သူတို့ မေ့သွားတာက ဘာတုံးဆိုရင် ပဥ္စဒွါရာဝဇ္ဇန်းစိတ်လည်း ညာဏ်မရှိဘူးလေ။ ဘုရားသန္တာန်မှာ ဖြစ်တာပဲ။ စက္ခုဝိဉာဏ်စိတ်၊ သောတာဝိဉာဏ်၊ ဃာနဝိဉာဏ်၊ ဇိဝှာဝိဉာဏ်၊ ကာယဝိဉာဏ် တွေလည်း ဘယ်ဉာဏ်ရှိလို့တုန်း။သမ္ပဋိစ္ဆိုင်းတို့၊ သန္တီရဏတို့၊ ဝုဋ္ဌောတို့လည်း ဉာဏ်မရှိဘူးလေ။ အဲဒါတွေတော့ မေ့သွားတယ်။ ဟသိတုပ္ပါဒ် လောကတင်ပြောတာ။ သို့သော် မြတ်စွာဘုရားဟာ ဒီ ပြုံးတယ်ဆိုတဲ့နေရာမှာ seriously ပြုံးတာရှိတယ်။သာမန် အပေါ်ကိစ္စလေး ပြုံးတာရှိတယ်။ သာမန် အပါ်ကိစ္စဆိုရင် ဟသိတုပ္ပါဒ်နဲ့ ပြုံးတယ်၊ ကာမအာရုံနဲ့ ပါတ်သက်တဲ့ ကိစ္စ ဆိုရင် ဟသိတုပ္ပါဒ်နဲ့ ပြုံးတယ်ပေါ့။ အလေးအနက်ကိစ္စဆိုရင် “မဟာကြိယာ ဉာဏသမ္ပယုတ်နဲ့” ပြုံးတယ်။ တစ်ချို ့က ဘာကို ထောက်ထားပြီး ပြောတုန်းဆိုရင် “သဗ္ဗံ ကာယကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏနုပရိဝတ္တံ၊ သဗ္ဗံ ဝစီကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏနုပရိဝတ္တံ၊ သဗ္ဗံ မနောကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏနုပရိဝတ္တံ” မြတ်စွာဘုရား ကြံတွေးသမျှ၊ ပြောဆိုသမျှ၊ ပြုမူသမျှတွေဟာ အားလုံး ဉာဏ်ရှေ ့သွားရှိတယ်ဆိုတဲ့ စကားကို ယူပြီး ပြုံးတာလည်း ဉာဏ်ရှေ ့သွားရှိတယ်တဲ့။ ဟုတ်တယ် ဉာဏ်ရှေ ့သွားရှိတယ်။ သို့သော် ပြုံးတဲ့အခိုက်ကလေးမှာတော့ ဒီစိတ်ဖြစ်တဲ့ အချိန်မှာ ဆိုင်ရာစိတ်ကလေးသည် ဉာဏ်ရှိချင်မှရှိမယ်။ ဉာဏ်မရှိတဲ့စိတ်တွေ မြတ်စွာဘုရားသန္တာန်မှာ “initialization” အနေနဲ့ ရှိနေတာပဲလေ။ အဲဒီတော့ ဉာဏ်မရှိတဲ့စိတ် ဘုရားသန္တာန်မှာ မဖြစ်ရဘူးဆိုရင် ဘုရား မြင်ဖို့တောင် မရှိတော့ဘူးနော်။ ဝီထိစဉ်မှာ အဲဒီလိုဖြစ်တယ်။ (ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ ဓမ္မဗျူဟာ သင်တန်းသားများ၏ မေးခွန်းများကို ဖြေဆိုခြင်း စာအုပ်မှ ထုတ်နှုတ် ပူဇော်ပါသည်)
https://www.dhammaransi.com/index.php/new/648-2016-01-09-11-03-47.html
☆“ဓမ္မပူဇာ ဆိုတာ”☆
☆ ဓမ္မပူဇာဆိုတာ လှူချင်တဲ့စေတနာရှိတဲ့ ပုဂ္ဂိုလ်သာ လှူပါစေ၊ “လှူကြပါ ဒါန်း ကြပါ” လို့ ပြောစရာ မလိုဘူး၊ လှူချင်လို့ရှိရင် လှူချင်တဲ့ပုဂ္ဂိုလ်တွေ အဆင် ပြေအောင် အလှူလက်ခံတဲ့ နေရာလေးသာ ရှိသင့်တယ်၊ အလှူခံဖလားဆို တာ မထားသင့်ဘူး၊ တချို့ဆို လမ်းပိတ်ပြီးတော့တောင် အလှူခံကြတာ။ ☆ နောက်တစ်ခု ပြောရအုံးမယ်၊ တရားပွဲကို စီစဉ်တဲ့လူတွေရှိတယ်၊ ဆိုလိုတာ က တရားပွဲမှာ အလှူခံတဲ့လူတွေပေါ့၊ သတိထားဖို့ ကောင်းတာက ဓမ္မပူဇာ များများရအောင် အလှူခံတာမျိုးတွေ လုပ်ကြတယ်၊ ဘုန်းကြီးတို့ စိတ်မကောင်း ဘူး၊ စိတ်မကောင်းဘူးဆိုတာ ဘာလဲဆိုရင် သူတို့လှူလိုက်တဲ့ ဓမ္မပူဇာလေး တွေကို ကြည့်လိုက်လို့ရှိရင် ဆင်းရဲသားတွေရဲ့ ခါးကြားက ထွက်လာတဲ့ အ နွမ်းလေးတွေ တွေ့ရတယ်၊ အေး ဒါလေးတွေကတော့ သူတို့ခမျာ တရားနာ ချင်ရှာလွန်းလို့ ပိုက်ဆံပေး နာရတဲ့ အဖြစ်မျိုး ဖြစ်နေတယ်၊ ဒါ မဖြစ်သင့်ဘူး။ ☆ ဘာသာရေးကိစ္စတစ်ခုက ဘာသာရေးအမြင်နဲ့ပဲ လုပ်သင့်တယ်၊ တရားကို မြတ်နိုးတဲ့အနေနဲ့ပဲ လုပ်သင့်တယ်၊ တရားဆိုတာ အလွန်မွန်မြတ်လို့ လူတိုင်း နာယူခွင့် ရှိရမယ်။ ☆ တရားပွဲကျင်းပတာ တရားပွဲကို ကန်ထရိုက်ဆွဲပြီး ကျင်းပတယ်ဆိုတဲ့ သ တင်းတွေတောင် ထွက်တယ်။ တရားပွဲရက်ရှည် ကျင်းပတယ်၊ ကျင်းပပြီးတော့ အလှူခံလို့ရတဲ့ ငွေကြေးကို တချိုု့တစ်ဝက် ဓမ္မကထိကကို လှူတယ်၊ ကျန်တာ က ကုန်ကျစရိတ်ပေါ့၊ အသံချဲ့စက်တို့ ဘာတို့ ငှားခတွေနဲ့၊ တစ်ချို့ဆီမှာ လုပ် တာ ဟုတ်သလောက် ဟုတ်တယ်၊ အဲဒီလို အသံတွေ ကြားရတယ်၊ အဲဒါက တော့ တကယ်မဖြစ်သင့်တဲ့ ကိစ္စဖြစ်တယ်လို့ ပြောရမှာပဲ။ ☆ ဓမ္မပူဇာ လှူတဲ့သူက လှူချင်လှူ မလှူချင်နေ ဘုန်းကြီးဆိုတာ တရားပွဲပင့်ရင် လာဟောမှာပဲ၊ “ဓမ္မပူဇာ ရချင်လို့ တရားဟောတာ မဟုတ်ဘူး၊ တရားဟော လို့ ဓမ္မပူဇာ ရတာ” - ဒီလိုသာ ဖြစ်ရမယ်၊ ဓမ္မပူဇာ ရလို့ တရားဟောတာ မ ဟုတ်ဘူး၊ ဓမ္မပူဇာဆိုတာ လှူတဲ့လူအတွက် ကုသိုလ်ပဲ၊ သူကလည်းတရားကို ပူဇော်တာ၊ ဟောတဲ့ပုဂ္ဂိုလ်ကလည်း အဲဒါကို မမျှော်ကိုးရဘူး၊ အဲဒီလို မဟုတ် ဘူးဆိုလို့ရှိရင် အရောင်းအဝယ်တစ်ခုလို ဖြစ်လာနိုင်တယ်၊ ဒါမရှိဘဲ ဘုန်းကြီး တို့ပြောတာ မဟုတ်ဘူး၊ တကယ်ရှိတာ။ ☆ နယ်ဘက် တရားပွဲတစ်ပွဲမှာ နာမည်ကျော် ဆရာတော်ကြီးတစ်ပါး -(ဘွဲ့ တော့ ထုတ်မပြောတော့ဘူး၊ ဘုန်းကြီးတို့ကလည်း လူစုံတော့ ကြားရတယ် ပေါ့)၊ တရားပွဲတစ်ပွဲမှာ တရားဟောပြီး ရေစက်ပါ ချပြီး ဆရာတော်က ကား ပေါ်ရောက်ပြီး ပြန်တော့မယ်၊ တရားပွဲစီစဉ်တဲ့ ပုဂ္ဂိုလ်တွေက “ခဏနေပါဦး၊ ခဏနေပါဦး၊ စာရင်းရှင်းလို့ မပြီးသေးလို့” တဲ့။ ☆ အဲဒါ ဘာတုန်းဆိုလို့ရှိရင် ဓမ္မပူဇာထဲက ငွေကို အသံချဲ့စက်ငှားခက ဘယ် လောက်၊ ဖျာငှားခက ဘယ်လောက်၊ မီးငှားခက ဘယ်လောက်၊ စက်ငှားက ဘယ်လောက်ဆိုတာ - အဲဒီစာရင်းရှင်းတာ မပြီးသေးလို့တဲ့၊ ဓမ္မပူဇာကို မလှူ နိုင်သေးဘူး၊ ဒါတကယ်ဖြစ်တာ၊ ပုံပြင် မဟုတ်ဘူး၊ မြန်မာပြည်မှာ ဒီလို ဖြစ် နေတာတွေ ရှိတယ်၊ အဲဒါမျိုးတော့ မဖြစ်သင့်ဘူး။ ☆ ဒါ့အပြင် တရားပွဲတွေမှာ ဂိတ်ဝကနေ ပိတ်ပြီး အလှူခံတာတွေဟာ မမှန် ကန်ဘူးလို့ ဘုန်းကြီးတို့တော့ ခံစားမိတယ်၊ ဘာဖြစ်လို့တုန်းဆိုရင် တရားနာ ချင်လို့ လာတဲ့ပုဂ္ဂိူလ်က အလှူခံပုံးထဲမှာ အလှူငွေ မထည့်လို့ရှိရင် ရှက်စရာဖြစ် နေတယ်။ (အလှူခံတဲ့သူကလည်း အဲဒီနားမှာ ရှိနေတယ်)၊ ဒီငွေဖလားထဲကို ပိုက်ဆံလေး မထည့်ဘဲနဲ့ ဝင်သွားရမှာ သူ့အဖို့မှ ရှက်စရာ ဖြစ်ကောင်း ဖြစ် နေပေလိမ့်မယ်၊ ဒါမျိုးက မဖြစ်သင့်ဘူး။ ☆ တရားနာတယ်ဆိုတာ အခမဲ့ပဲ နာသင့်တယ်၊ သဒ္ဓါတရားပေါက်လို့ လှူတာ ကိုပဲ လက်ခံသင့်တယ်၊ လှူအောင်တော့ မတောင်းခံသင့်ဘူးပေါ့။ ဘုန်းကြီးတို့ က အဲဒါကို လုံးဝမနှစ်သက်ဘူး။ ☆ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ☆
https://www.dhammaransi.com/index.php/new/649-2016-01-09-11-00-35.html
ချစ်သူကိုတရားဟောပါ
မြတ်စွာဘုရားလက်ထက်တော်က သားအမိနှစ်ယောက် ရှိပါတယ်။ သမီးရဲ့နာမည်က ကေသကာရီလို့ခေါ် ပါတယ်။ တစ်နေ့ အိမ်တံခါးဝမှာထိုင်ပြီး သမီးက အမေ့ရဲ့ ဦးခေါင်းမှာ သန်းရှာပေးနေပါတယ်။ အဲဒီအချိန်မှာပဲ ရဟန်းတော်တွေ အများကြီး အိမ်ရှေ့ကဆွမ်းခံကြွသွားတာကို မြင်လိုက်ရပါတယ်။ ဒီတော့ သမီး ကေသကာရီက အမေလုပ်သူကို မေးပါတယ်။ ''အမေ.. ဒီရဟန်းတွေဟာ ပထမအရွယ် ရုပ်ရည်အဆင်း လှလှပပ ရှိပါလျက်နဲ့ ဘာမှလည်း မပျက်စီးသေးဘဲနဲ့ ဘာဖြစ်လို့ ရဟန်းပြုကြတာလဲ'' ဒီတော့ အမေလုပ်သူက ပြန်ပြောပြပါတယ်။ ''သမီး.. မြတ်စွာဘုရား ပွင့်နေတယ်။ မြတ်စွာဘုရား တရား နာကြားပြီး ရဟန်းပြုကြတာ'' သားအမိနှစ်ယောက် သန်းရှာရင်း စကားပြောနေတုန်းမှာပဲ သောတာပန်ဒကာတစ်ယောက် အိမ်တံခါးဝ ရောက်လာပါတယ်။ သားအမိနှစ်ယောက်ပြောတဲ့စကားကိုလည်း ကြားသွားပါတယ်။ အမေလုပ်သူက အိမ်ရှေ့ရောက်လာတဲ့ သောတာပန် ဒကာကို ''ဥပသကာကြီးရယ်၊ တစ်ခုမသိလို့ မေးပါရစေ။ အမျိုးကောင်းသားတွေ စည်းစိမ်တွေစွန့်၊ ဆွေမျိုးမိတ်ဆွေတွေ စွန့်ပြီး မြတ်စွာဘုရားထံမှာ ရဟန်းပြုကြတယ်။ ဘာအကျိုးကိုမြင်လို့ ရဟန်းပြုကြတာလဲ'' လို့ ထပ်ဆင့် မေးကြည့်ပါတယ်။ သောတာပန်ဒကာကလည်း ''ကာမဂုဏ်ရဲ့အပြစ်ကို မြင်လို့ ရဟန်းပြုကြတာပါ'' လို့ ပြောပြပါတယ်။ သောတာပန်ဒကာကဆက်ပြီး သရဏဂုံနဲ့ ငါးပါးသီလ အကြောင်းကို ပြောပြပေးပြီး ကျင့်သုံးရင်ရမယ့် အကျိုးရလာဒ်တွေကိုပါ ပြောပြပါတယ်။ သောတာပန်ဒကာရဲ့စကားကြားရတော့ ကေသကာရီက စိတ်ဝင်စားသွားပြီး ''သရဏဂုံနဲ့ ငါးပါးသီလကို ကျွန်မတို့ မိန်းသားတွေ ကျင့်သုံးရင်ကော သင်ပြောပြတဲ့ မျက်မှောက်တမလွန် အကျိုးတွေ ရနိုင်သလား'' လို့ မေးလိုက်ပါတယ်။ သောတာပန်ဒကာကလည်း ''သမီးရယ် ဒီတရားတွေဟာ လူသားအားလုံးနဲ့ဆိုင်ပါတယ်။ လူသားအားလုံး ကျင့်ဖို့ ဟောထားတာပါ'' လို့ ပြန်ပြောပြပါတယ်။ နောက်သောတာပန်ဒကာက ကေသကာရီကို သရဏဂုံနဲ့ ငါးပါးသီလကို ကိုယ်တိုင် တိုင်ပေးပါတယ်။ ကေသကာရီက ငါးပါးသီလကို ခံယူပြီးတော့ ''ဥပါသကာကြီးရယ် သရဏဂုံ ငါးပါးသီလထက် မြင့်တဲ့တရားရှိသေးလား'' လို့ ဆက်မေးလာပြန်ပါတယ်။ ဒီအခါမှာတော့ သောတာပန်ဒကာက ကေသကာရီ တရားကို တော်တော်စိတ်ဝင်စားနေပြီ ဆိုတာသိရသလို တရားပါရမီရှိသူဆိုတာလည်း သိလိုက်ပါတယ်။ ဒါကြောင့် တရားကို ဆက်ဟောပြပေးပါတယ်။ ``ရှိတာပေါ့၊ ချစ်သမီး သေချာ နားထောင်ပါ။ ဆံပင်, မွေးညင်း, ခြေသည်း, လက်သည်း, သွား, အရေ, အသား, အကြော, အရိုး, ရိုးတွင်းခြင်ဆီ, အညှို့, နှလုံး, အသည်း, အမြှေး, အဖျဉ်း, အဆုတ်, အူမ, အူသိမ်, အစာသစ်, အစာဟောင်း, ဦးနှောက်, သည်းခြေ, သလိပ်, ပြည်, သွေး, ချွေး, အဆီခဲ, မျက်ရည်, ဆီကြည်, နှပ်,တံတွေး, အစေး, ကျင်ငယ,် အဲဒီ သုံးဆယ့်နှစ်ကောဋ္ဌာသ ကမ္မဋ္ဌာန်းကို အပြန်ပြန်အလှန်လှန် စီးဖြန်းပါ။ ဒီကနေ တစ်ဆင့်တက်ပြီး အဆင်းဖြစ်ပျက်၊ အသံဖြစ်ပျက်၊ အန့ံဖြစ်ပျက်၊ အရသာဖြစ်ပျက်၊ ကြမ်းချော ဖြစ်ပျက်၊ တွန်းတိုးဖြစ်ပျက်၊ ပူအေး ဖြစ်ပျက်၊ မြင်ဖြစ်ပျက်၊ ကြားဖြစ်ပျက်၊ နံဖြစ်ပျက်၊ လျက် ဖြစ်ပျက်၊ တွေ့ထိ ဖြစ်ပျက်၊ ဖြစ်ပျက်ဖြစ်ပျက် အဲဒီလို နှလုံး သွင်းပါ'' လို့ သုံးဆယ့်နှစ်ကောဋ္ဌာသ ကမ္မဋ္ဌာန်းနဲ့ ဖြစ်ပျက် ကမ္မဋ္ဌာန်းကို သေချာဟောပြောပေးပြီး ပြန်သွားပါတယ်။ ကေသကာရီလည်း သောတာပန်ဒကာ ဟောပြောပေးခဲ့တဲ့ ကမ္မဋ္ဌာန်းကို နေ့စဉ်ပွားများအားထုတ်လိုက်တာ မကြာမီကာလမှာပဲ သောတာပန် တည်သွားပါတယ်။ လူ့ပြည်မှာ သက်တမ်းစေ့နေပြီး ကွယ်လွန်တော့ တာဝတိံသာ နတ်ပြည်မှာ နတ်သမီးအခြံအရံ တစ်သိန်းနဲ့ သိကြားမင်းရဲ့ မိဖုရားငယ် ဖြစ်သွားရပါတယ်။ (ဝိမာနဝတ္တုအဋ္ဌကထာ၊ ကေသကာရီဝတ္တု) တရားဟောတယ်လို့ပြောလိုက်ရင် ရဟန်းက လူကို ဟောတာကိုပဲ ပြေးပြေးမြင်လေ့ ရှိပါတယ်။ ဒီဝတ္တုလေးမှာတော့ လူအချင်းချင်းပဲ ဟောလိုက်လို့ ကေသကာရီ သောတာပန် တည်သွားတာပါ။ လူထောင်သောင်း ပရိသတ်ကို ဟောမှရယ် မဟုတ်ပါဘူး။ တစ်နာရီ နှစ်နာရီ ဟောမှရယ်လည်း မဟုတ်ပါဘူး။ လူအချင်းချင်း တစ်ယောက်တည်းကို ဟောလည်း တရားက တရားပါပဲ။ အလှူတကာ့ အလှူတွေထဲမှာ တရားအလှူဟာ အမြတ်ဆုံးဆိုတာ အားလုံး သိပါတယ်။ တရားအလှူ ပေးလှူလိုက်တာဟာ အမတဒါန=နိဗ္ဗာန်အလှူကို ပေးလှူလိုက်တာပါ။ ဒီတော့ ကိုယ့် မိတ်ဆွေကို ဆယ်မိနစ်၊ ဆယ့်ငါးမိနစ် ကိုယ်သိသလောက်လေး ပြောပြပေးလိုက်ရင်လည်း အမတဒါန=နိဗ္ဗာန်အလှူကို ပေးလှူလိုက်တာပါပဲ။ တရားဟောပြီးတဲ့အခါ ''ဘုရားတပည့်တော် ဟောပြောပေးရသော ကုသိုလ်ကောင်းမှု အဖို့ဘာဂသည် နိဗ္ဗာန်၏ အထောက်အပံ့ ဖြစ်ပါစေ။ ဘုရားတပည့်တော် ဟောပြတဲ့ တရားလေးကို နားကြားပြီး တရား အသိလေးတွေ ရသွားကြပါစေ။ ရသည့်အားလျော်စွာ ကျင့်နိုင်ကြပါစေ၊ ကျင့်နိုင်သည့် အားလျော်စွာ မဂ်ဖိုလ် နိဗ္ဗာန်ရဲ့ အထောက်အပံ့ကောင်းတွေ ရသွားကြပါစေ'' လို့ မေတ္တာပို့ပေးလိုက်ရမှာပါ။ အထူးသဖြင့် တရားဟောပြီးတိုင်း နိဗ္ဗာန်ကို ဆုတောင်းတဲ့ အလေ့လေးကို ထုံထားရမှာပါ။ ဒါဆို ကိုယ်ဟောတဲ့တရားကို ပိုပြီးတန်ဖိုးထားသွားမှာပါ။ 'ငါ ပြုတဲ့ကုသိုလ်ဟာ ပေါ့ပေါ့တန်တန် မဟုတ်ဘူး။ နိဗ္ဗာန်အထိ ဦးတည်နေတယ်' ဆိုပြီး ကိုယ့်ကုသိုလ်အပေါ် အားရကျေနပ်နေတော့မှာပါ။ ဒီလိုပါပဲ။ ကိုယ့်ခင်ပွန်းကိုလည်း ဟောပြောပေးရမှာပါ။ ကိုယ့်ဇနီးကိုလည်း ဟောပြောပေးရမှာပါ။ ကိုယ့် သားသမီးကိုလည်း ဟောပြောပေးရမှာပါ။ ကိုယ့်မိဘကိုလည်း ဟောပြောပေးရမှာပါ။ ချစ်သူသဘာဝ သံယောဇဉ် အကြောင်း၊ မေတ္တာအကြောင်း၊ သီချင်းလေးတွေအကြောင်း၊ အိပ်မက်အကြောင်း၊ ပန်းလေးတွေအကြောင်း၊ ပစ္စည်းလေးတွေအကြောင်း၊ စသည်ဖြင့် ပြောပြရမှာပါပဲ။ ဒီ သံယောဇဉ်အကြောင်းတွေအပြင် တစ်ခါတစ်လေ ကိုယ်သိသလောက်၊ ကိုယ်လေ့လာထားသလောက် တရားစကားလေးတွေလည်း ပြောပြပေးရမှာပါ။ ဒါနအကြောင်း၊ သီလအကြောင်းတွေအပြင် ဒီကတစ်ဆင့်တက်ပြီး ဝိပဿနာရှုပုံအကြောင်းလေးတွေလည်း ပြောပြပေးရမှာပါ။ အဲဒီလို ပြောပြပေးနေရင် ကိုယ့်ချစ်သူကို တရားအလှူ ပေးလှူနေတာပါပဲ။ မွေးနေ့နီးလာလို့ ကိုယ့်ချစ်သူက ကိုယ့်ကို ''ဘာ လိုချင်သလဲ'' လို့ မေးလာရင် ''သောကြာ, စနေ, တနင်္ဂနွေ နှစ်ညအိပ် သုံးရက်တရားစခန်းဝင်ပေးပါ'' လို့ တောင်းလိုက်ရုံပါ။ ဒါဆို သူ့အတွက်ရော၊ ကိုယ့်အတွက်ရော အမြတ်ဆုံး ကုသိုလ်တွေ ဖြစ်သွားတာပါ။ သုံးရက်ဆိုတော့ တရားစခန်းဝင်ပေးရမယ့် ကိုယ့်ချစ်သူအတွက် မခက်သလို သောကြာ စနေ တနင်္ဂနွေဆိုတော့ သောကြာနေ့ ရုံးကအပြန်တရားစခန်းဝင်၊ တနင်္ဂနွေ နေ့ခင်းပြန်ထွက်၊ ပြီးရင် ဘုရားကို အတူတူသွား ဘယ်လောက် ပျော်ဖို့ကောင်းသလဲ။ ဘုရားမှာ အတူတူပန်းကပ်၊ ပြီးတော့ ဘုရားပေါ်မှာ တရားစခန်းက ပြန်ထွက်လာတဲ့ချစ်သူက ကိုယ်နာခဲ့တဲ့ တရားလေးတွေ၊ အားထုတ်ခဲ့ရတဲ့ တရားသဘောလေးတွေ ပြန်ပြောပြပေးပြီး ကိုယ်ဆောက်တည်ခဲ့ရတဲ့ သီလကုသိုလ်၊ ကိုယ်ပွားများအားထုတ်ခဲ့ရတဲ့ ဝိပဿနာဘာဝနာ ကုသိုလ်တွေကိုလည်း ကိုယ့်ချစ်သူကို အမျှပေးဝေလိုက်မယ်ဆိုရင်လည်း ချစ်သူရဲ့သာဓုခေါ်သံဟာ ကိုယ့်အတွက်တော့ ကမ္ဘာပေါ်မှာ အသာယာဆုံး အသံတစ်ခု ဖြစ်နေမှာပါ။ ဒါတင်မကပါဘူး။ အမျှဝေသံ၊ သာဓုခေါ်သံတွေဟာ စည်းချက်ညီ 'ပါရမီသံစဉ်' တစ်ခုအဖြစ် ဘဝအဆက်ဆက် တည်တံ့ ပျံ့လွင့်နေတော့မှာပါ။ ကုသိုလ်ကောင်းမှုတွေ အတူတူပြုခဲ့ရင် ဘဝအဆက်ဆက် ဆုံတွေ့ဦးမှာပါပဲ။ ဘဝအဆက်ဆက် ဆုံတွေ့တဲ့အခါ ကိုယ်လည်း တရားရှိဖို့ လိုသလို ကိုယ့်ချစ်သူလည်း တရားရှိဖို့လိုပါတယ်။ နောက်ဘဝတွေမှာ ပြန်တော့ ဆုံပါရဲ့။ ကိုယ်ကတော့ တရားရှိပြီး ကိုယ့်ချစ်သူက တရားမရှိရင်, မရှိခဲ့ရင် အဆင်မပြေလှပါဘူး။ ဥပမာ-ကိုယ့်ချစ်သူက ''ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်'' ဆိုတဲ့ အတိုင်း ဒေါသကြီးခဲ့လို့ ဒေါသကြီးနေလို့ ရုပ်ဆိုး အကျည်းတန် နေမယ်။ နောက်-'ညှဉ်းဆဲသူကား၊ အနာများ၊ သနား ကျန်းမာသည်'' ဆိုတဲ့အတိုင်း ကိုယ့်ချစ်သူက သူတစ်ပါး, သူတစ်ပါးတွေကို ညှဉ်းဆဲခဲ့လို့ အနာရောဂါ ထူပြောနေမယ်ဆိုရင် ကိုယ်ပဲ ဆေးကုပေးနေရမှာပါ။ အကုသိုလ်ရဲ့ အကျိုးကို ကိုယ်ကမခံရပေမယ့် ကိုယ့်ချစ်သူကိုကြည့်ပြီး ကိုယ်ပါ စိတ်ဆင်းရဲနေရတော့မှာပါ။ ဒီတော့ ကိုယ်လည်း တရားရှိဖို့ လိုသလို သူလည်း တရားရှိဖို့ လိုပြန်ပါတယ်။ ဒါကြောင့် ကိုယ့်ချစ်သူလည်း တရားရှိဖို့ ကိုယ်က ကိုယ့်ချစ်သူကို တရားဟောပေးရမှာပါ။ တော်နေကြာ နောက်ဘဝမှာ လေဖြတ်တဲ့ချစ်သူနဲ့ပြန်ဆုံနေရင် ဘယ်လိုလုပ်မှာလဲ။ ဒီလိုပြန်ဆုံမယ်ဆိုရင်တော့ ကိုယ့်ဟာကိုယ် တွေးသာကြည့်ပါတော့။ အမျှဝေသံ, သာဓုခေါ်သံလေးတွေဟာ သံယောဇဉ်တွေကြားမှာ အခါအားလျော်စွာ ကြားနေမှ နောက်ဘဝပါ စိတ်အေးစိတ်ချရမှာပါ။ သတိထားပါ၊ လေဖြတ်တဲ့ ချစ်သူနဲ့ ပြန်ဆုံနေမှာကို။ ဒီနေရာ အမျှဝေတာနဲ့ပတ်သက်ပြီး ပြောပြချင်ပါသေးတယ်။ အမျှဝေတဲ့နေရာမှာ ၁။ ဒါနပြုပြီး အမျှဝေတာရယ်၊ ၂။ သီလ ဆောက်တည်ပြီး အမျှဝေတာရယ်၊ ၃။ သမထ ဝိပဿနာ ပွားများပြီး အမျှဝေတာရယ်ဆိုပြီး သုံးမျိုးရှိပါတယ်။ ၁။ ဒါနပြုပြီး အမျှဝေရင် အမျှဝေတဲ့သူဟာ ဒါနကုသိုလ်ကို ထပ်မံရရှိပါတယ်။ လူတစ်ရာ သာဓုခေါ်ရင် ဒါနကုသိုလ် တစ်ရာထပ်မံ ရရှိပါတယ်။ လူတစ်ထောင် သာဓုခေါ်ရင် ဒါနကုသိုလ် တစ်ထောင် ထပ်မံရရှိပါတယ်။ သာဓုခေါ်ကြတဲ့ လူတစ်ရာ၊ လူတစ်ထောင်တွေလည်း ဒါန ကုသိုလ်ကို ရကြပါတယ်။ ၂။ သီလဆောက်တည်ပြီး သီလကုသိုလ်ကို အမျှဝေရင် သီလကုသိုလ်ကို ထပ်မရတော့ပါဘူး။ ဒါနကုသိုလ်ကိုပဲ ရရှိပါတယ်။ သာဓု ခေါ်တဲ့ ပုဂ္ဂိုလ်တွေကျတော့ သီလကုသိုလ် မရကြပါဘူး။ ဒါန ကုသိုလ်ကိုပဲ ရကြပါတယ်။ ၃။ သမထ ဝိပဿနာပွားများပြီး အမျှဝေရင် သမထ ဝိပဿနာ ကုသိုလ်ကို ထပ်မရတော့ပါဘူး။ ဒါန ကုသိုလ်ကိုပဲ ရပါတယ်။ သာဓုခေါ်တဲ့သူတွေလည်း သမထ ဝိပဿနာ ကုသိုလ်ကိုတော့ မရပါဘူး၊ ဒါန ကုသိုလ်ကိုပဲ ရရှိပါတယ်။ အမျှဝေတာနဲ့ သာဓုခေါ်တာဟာ ဒါနထဲမှာ ပါပါတယ်။ ဒီသုံးမျိုးကို သဒ္ဓရံသီဆရာတော်ကြီးက မှတ်ရလွယ်အောင် ဆောင်ပုဒ်လေး စီပေးထားပါတယ်။ ၁။ ဒါနဝေလျှင်၊ ဒါနပင်၊ အမှန်ပင် ရရှိသည်။ ၂။ သီလဝေလျှင်၊ ဒါနပင်၊ အမှန်ပင် ရရှိသည်။ ၃။ ဘာဝနာဝေလျှင်၊ ဒါနပင်၊ အမှန်ပင် ရရှိသည်။ စိတ်ထဲမှာ ရှင်းကြရဲ့လား မသိပါဘူး။ မရှင်းသေးဘူးဆိုရင် ပုညကြိယ ဝတ္ထု (၁ဝ)ပါးကို အာရုံပြုကြည့်လိုက်ပါ။ ပုညကြိယဝတ္ထု (၁ဝ)ပါး ၁။ ဒါန=ပေးကမ်းလှူဒါန်းမှု၊ ၂။ သီလ=၅-ပါး၊ ၈-ပါး၊ ၁ဝ-ပါးစသောသီလဆောက်တည်မှု၊ ၃။ ဘာဝနာ-ကမ္မဋ္ဌာန်းစီးဖြန်းမှု၊ ၄။ အပစာယန=သက်သိက္ခာကြီးသူအား အရိုအသေပြုမှု၊ ၅။ ဝေယျာဝစ္စ=သူများကုသိုလ်ကိစ္စ၌ ကူညီဆောင်ရွက်မှု၊ ၆။ ပတ္တိဒါန=မိမိရသော ကုသိုလ်အဖို့ကို အမျှဝေမှု၊ ၇။ ပတ္တာနုမောဒန=မိမိသို့ ရောက်လာသော ကုသိုလ်အဖို့ကို ဝမ်းမြောက်ဝမ်းသာသာဓုခေါ်မှု၊ ၈။ ဓမ္မဿဝန= တရားနာမှု၊ ၉။ ဓမ္မဒေသနာ=လာဘ်လာဘကို မငဲ့ဘဲ တရားဟောမှု၊ ၁ဝ။ ဒိဋ္ဌိဇုကမ္မ=အယူကို ဖြောင့်မတ်စွာပြုမှု။ ဒီ (၁ဝ)ပါးကို ဒါန-သီလ-ဘာဝနာထဲ ပြန်သွင်းပုံ လင်္ကာလေးကို အရင်ကျက်ထားလိုက်ရအောင်ပါ။ ဒါန၊ သီလာ၊ ဘာဝနာ သုံးဖြာစဉ်၍ခင်း။ စနှစ်ကိုလယ်၊ လယ်နှစ်ကိုစ၊ နောက်မှ နောက်ချင်းသွင်း။ ကဲ..ရပြီလား။ လင်္ကာကို ရှင်းပြရအောင်ပါ။ ပုညကြိယဝတ္တု (၁ဝ)ပါးကို သေချာပြန်ကြည့်ထားလိုက်ပါ။ တတ်နိုင်ရင် ခဲတံလေးနဲ့ လိုက်တို့လိုက်ပါ။ ဒါန-သီလ-ဘာဝနာကို အစဉ်အတိုင်းထားလိုက်ပါတဲ့၊ အစဖြစ်တဲ့ အပစာယန၊ ဝေယျာဝစ္စ(၂)ပါးကို အလယ် ဖြစ်တဲ့ သီလထဲမှာ သွင်းလိုက်ပါတဲ့။ အလယ်ဖြစ်တဲ့ ပတ္တိဒါန၊ ပတ္တာနုမောဒန(၂)ပါး ကို အစဖြစ်တဲ့ ဒါနထဲမှာ သွင်းလိုက်ပါတဲ့။ နောက်ဖြစ်တဲ့ ဓမ္မဿဝန၊ ဓမ္မဒေသနာ၊ ဒိဋ္ဌိဇုကမ္မ (၃)ပါးကို ဘာဝနာထဲမှာ သွင်းလိုက်ပါတဲ့။ ဒီခွဲပြပုံလေးကိုအာရုံပြုလိုက်ရင် ဘာတွေဟာ ဘယ်ထဲမှာ ပါတယ်ဆိုတာ ခွဲခြားသိလို့ ရပါပြီ။ အမျှဝေတာ၊ သာဓုခေါ်တာဟာ ဒါနထဲမှာပါတဲ့အတွက် ဒါနကုသိုလ်ပဲရတာပါ။ တရားနာတာ၊ တရားဟောတာကတော့ ဘာဝနာထဲမှာ ပါနေပါတယ်။ ဒါကိုထောက်ပြီး ကိုယ့်ချစ်သူကို တရားဟောတာ၊ ကိုယ့်ချစ်သူဟောတဲ့တရားကို နာတာတွေဟာ ဘာဝနာထဲမှာ ပါနေပါတယ်။ အရိုအသေပေးတာ၊ ဝေယျာဝစ္စလုပ်တာတွေကတော့ သီလထဲမှာပါပါတယ်။ လိုရင်းကတော့ ကိုယ့်ချစ်သူ၊ ကိုယ်ချစ်တဲ့သူကို တရားဟောတာဟာ အမတဒါန=နိဗ္ဗာန်အလှူ၊ အမြတ်ဆုံး အလှူကြီးကို ပေးလှူလိုက်တာပါပဲ။ အမေကို ချစ်တယ်၊ အဖေကို ချစ်တယ်၊ သား သမီးကို ချစ်တယ်၊ သူငယ်ချင်းကို ချစ်တယ်၊ မိတ်ဆွေကို ချစ်တယ်၊ ချစ်သူကို ချစ်တယ်ဆိုရင် တရားဟောရမှာပါ။ တရားဟောရင် အမြတ်ဆုံး ကုသိုလ်တွေယူရမှာပါပဲ။ မြတ်စွာဘုရားလက်ထက်တော်က ဝဎ္ဍုမာတာထေရီ ဆိုတာ ရှိပါတယ်။ သူလူ့ဘဝတုန်းက သူ့ရဲ့သားလေးရဲ့ နာမည်က ဝဎ္ဍုပါ။ ဝဎ္ဍုဆိုတာ တိုးပွားခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ သားနာမည်ကို အစွဲပြုပြီး ''ဝဎ္ဍုမာတာ=တိုးပွားအမေ'' လို့ ခေါ်ကြတာပါ။ ယောက်ျားဆုံးပြီးကာလတစ်ခုကြာတော့ ဘိက္ခုနီမ ဝတ်ပါတယ်၊ ဘိက္ခုနီမဝတ်တော့လည်း ဝဎ္ဍုမာတာထေရီရယ်လို့ ခေါ်ဝေါ်ထင်ရှားသွားပြန်ပါတယ်။ ကမ္မဋ္ဌာန်းကို ကြိုးစားအားထုတ်လိုက်တာ ရဟန္တာဖြစ်သွားပါတယ်။ နောက်လူ့ဘဝမှာ ကျန်ခဲ့တဲ့သား 'မောင်တိုးပွား' ကို ခေါ်ပြီး ကိုရင်ဝတ်ပေးပါတယ်။ သားကိုရင် အသက် နှစ်ဆယ်ပြည့်ပြန်တော့လည်း ရဟန်းဘောင်ကို ပို့ဆောင်ပေးပြန်ပါတယ်။ သားရဟန်း ဝဎ္ဍုထေရ်ဟာ စာသင်ရင်း ပိဋကတ်သုံးပုံကို ကျွမ်းကျင်တတ်မြောက်သွားပါတယ်။ သားရဟန်းက တရားဟောပြန်တော့လည်း နာမည်ကျော် ဓမ္မကတိကတစ်ပါး ဖြစ်သွားပြန်ပါတယ်။ နာမည်ကျော် ဓမ္မကထိကဖြစ်လာတော့ ကြည်ညိုသူတွေပေါပြီး လာဘ်လာဘတွေ ပေါချင်တိုင်း ပေါနေပါတော့တယ်။ တရားဟောတာနဲ့ပဲ အချိန်ကုန်နေတဲ့အတွက် ဝိပဿနာတရား အားထုတ်မှုကို မလုပ်နိုင်ပါဘူး။ ဒါကို မိခင်ထေရီမက မနှစ်သက်ပါဘူး။ တစ်နေ့မှာတော့ ဓမ္မကထိကသားရဟန်းဟာ မိခင် ဘိက္ခုနီမကျောင်းကို သင်္ကန်းမရုံဘဲ ကြွလာပါတယ်။ ကျောင်းထဲရောက်တော့ မိခင် ထေရီမက တုတ်ကိုကိုင်ပြီး 'အို သားရဟန်း ဘာဖြစ်လို့ သင်္ကန်းမရုံဘဲ ဘိက္ခုနီမကျောင်းကို လာရတာလဲ သင့်အမူအရာကို ပြန်ကြည့်ပါဦး၊ တရားဟောတာ၊ ဂန္တဓုရလုပ်တာနဲ့ပဲ အချိန်ပုပ်နေတယ်။ မာန်မာန ကလည်း တက်ကြွနေသေးတယ်။ ရဟန်းတစ်ပါး တကယ်လုပ်ရမယ့် ဝိပဿနာ ဘာဝနာအလုပ်ကိုသာ လုပ်ပါ။ ကိုယ်ဟန်ကြော့ကြော့မော့မော့နဲ့ အမူအရာကိုပြင်ပါ' လို့ ဆိုပြီး ခပ်တင်းတင်းလေး ပြောလိုက်ပါတော့တယ်။ သားရဟန်းလည်း မိခင်ထေရီမ ပြောစကားကြားရတော့ ချက်ချင်းသတိရပြီး 'မိခင် ..ကျွနု်ပ်မှားပါပြီ၊ နောင် ဒီလိုအမူအရာတွေနဲ့ မနေတော့ပါဘူး' လို့ ဝန်ခံကတိပေးလိုက်ပါတယ်။ သားရဟန်း သတိဝင်သွားတော့ မိခင််ထေရီမကြီးက သားရဟန်းကိုဂါထာလေးတွေနဲ့ ထပ်မံဟောပြောပေး ပြန်ပါတယ်။ သားရဟန်းဟာ မိခင်ကျောင်းက ပြန်ခဲ့ပြီး တရားဟောမှုတွေကို လုံးဝရပ်လိုက်ပါတယ်။ မိခင် ဖြစ်စေချင်တဲ့ ဝိပဿနာဘာဝနာပွားများမှုကိုပဲ ကြိုးစားအားထုတ်ပါတော့တယ်။ပါရမီပါပြီးသားဆိုတော့ မကြာမီ ကာလမှာပဲ ရဟန္တာဖြစ်သွားပါတော့တယ်။ ဇာတ်သိမ်းတော့ သားရဟန်းရော မိခင်ထေရီမကြီးရော အရတ္ထဖိုလ်ကိုယ်စီရပြီး ပရိိနိဗ္ဗာန်စံသွားကြပါတယ်။ ဇာတ်သိမ်းပိုင်းလေးက သိပ်လှတာပါ။ ဘယ်အချိန် ပြန်ဖတ်ဖတ် လှနေတာပါပဲ။ နောက်ဆုံးတော့ အားလုံး အားလုံးဟာ ဒီအတိုင်းပဲ ဇာတ်သိမ်းကြဖို့ လိုရင်းပါ။ သံသရာ ဘယ်လောက်ရှည်ကြရဦးမယ် မသိပါဘူး။ ဒီဝတ္တုလေးမှာလည်း မိခင်က သားကို တရားဟောတာပါ။ တရားဟောတဲ့နေရာမှာလည်း ရိုးရိုးဣန္ဒြေရရ ထိုင်ပြီး ဟောတာတောင် မဟုတ်ပါဘူး။ တုတ်ကို ကိုင်ပြီး ခပ်တင်းတင်းလေး ဟောလိုက်တာပါ။ ဒီသာဓကလေးတွေ ထောက်ပြီး သားအမိချင်း၊ ဇနီးမောင်နှံချင်း၊ ညီအစ်ကိုမောင်နှမသားချင်း၊ မိတ်ဆွေချင်း၊ ချစ်သူချင်း ကိုယ်သိထားတဲ့ တရားလေးတွေကို ဟောပေးရမှာပါပဲ။ ဟောပေးရင်း ကုသိုလ်တွေရနေတာပါပဲ။ ဒီလိုပါပဲ။ ရဟန်းအချင်းချင်းလည်း ဟောရမှာပါပဲ။ ကိုယ်ချစ်တဲ့ ရဟန်း၊ ကိုယ်သံယောဇဉ်ရှိတဲ့ ရဟန်းကို ဟောရမှာပါပဲ။ စာတွေ အခြေခံ ရှိပြီးသားဆိုတော့ ဟောသူရော နာသူရော ပိုလို့တောင် သဘောပေါက်လွယ်ဦးမှာပါ။ ချစ်တဲ့ ရဟန်းအချင်းချင်း ဟောမှလည်း ပိုပြီး လက်ခံတာပါ။ လိုရင်းကတော့ တရားဟောပြီးတိုင်း 'ဘုရား တပည့်တော် တရားဟောပြောရသော ကုသိုလ်ကောင်းမှု အဖို့ဘာဂသည် နိဗ္ဗာန်၏အထောက်အပ့ံ ဖြစ်ပါစေ။ ဘုရား တပည့်တော် ဟောတဲ့တရားလေးကို နာကြားပြီး ကို..ဘယ်သူ၊ မ..ဘယ်သူ တရားအသိလေးတွေ ရသွားပါစေ။ ရသည့်အားလျော်စွာ ကျင့်နိုင်ပါစေ။ ကျင့်နိုင်သည့် အားလျော်စွာ မဂ်ဖိုလ်နိဗ္ဗာန်ရဲ့ အထောက်အပံ့ကောင်းတွေ ရသွားပါစေ' လို့ နိဗ္ဗာန်ကို ဆုတောင်းတာရယ်၊ မေတ္တာပို့တာရယ်ကို အလေ့အကျင့် အထုံလေး လုပ်ထားရမှာပါ။ ကိုယ့်ရဲ့ တရားဟောပြောမှုဟာ နိဗ္ဗာန်ရဲ့အထောက်အပံ့ကောင်းတွေ ဆိုတာကိုလည်း အထူးအာရုံပြုထားရမှာပါ။ ကိုယ်ချစ်တဲ့ မိဘ၊ ကိုယ်ချစ်တဲ့သားသမီး၊ ကိုယ်ချစ်တဲ့ ဇနီး၊ ကိုယ်ချစ်တဲ့ခင်ပွန်း၊ ကိုယ်ချစ်တဲ့ မိတ်ဆွေ၊ ကိုယ်ချစ်တဲ့ သူငယ်ချင်း၊ ကိုယ်ချစ်တဲ့ ချစ်သူကို ကိုယ်သိတဲ့ တရားလေးတွေကို သိသလောက်ဟောဖို့ပါပဲ။ ဘဝမှာ ဘယ်သူ့ကိုပဲချစ်ချစ်၊ ချစ်တဲ့သူကို တရား ဟောလိုက်ဖို့ပါပဲ။ တရားဟောလိုက်ရင် အမြတ်ဆုံး ကုသိုလ်တွေဖြစ်သွားတာပါပဲလေ။ ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ) ကျမ်းကိုး ၁။ ဝိမာန ဝတ္တုတော်ကြီး။ မြို့မိဆရာတော် ၂။ အခြေပြုသင်္ဂြိဟ်။ အရှင်ဇနကာဘိဝံသ ၃။ သိကောင်းစရာ ဓမ္မပဒေသာ (တတိယတွဲ) သဒ္ဓမ္မရံသီရိပ်သာဆရာတော် ၄။ ထေရီအပဒါန်ဝတ္တုတော်ကြီး။ အရှင်ဓမ္မဿမီဘိဝံသ။ အလင်းတန်းဂျာနယ်။ ၁၄ နိုဝင်ဘာ ၂ဝ၁၁ (ရဝေနွယ် အသစ် စာအုပ်မှ)
https://www.dhammaransi.com/index.php/new/650-2016-01-09-10-59-55.html
“ဘုရားထက်သာသော ပူဇော်ခံထိုက်သောသူကို ဤလောက ၊ တခြားလောက ၊ ဘယ်လောကမှာ မှ ရှာမရတော့ပေ။”
ရဟန္တာအရှင်များသည်ဝါသနာကိုမပယ်နိုင်ကြ ပြောမပြနိုင်အောင် မြားမြောင်ပေါကြွယ်ဝသော ဂုတ်တော်များသခင် ဘုရှားရှင်မှာ အများ၏ ပူဇော်ဖွယ် ဖြစ်ရလေသည်။ မှန်၏ ။ ရဟန္တာများမှာ အဂ္ဂဒက္ခိဏေယျ = အမြတ်ဆုံးအလှူကို ခံထိုက်သော ပူဇော်ထိုက်သူ အရှင်များ ဖြစ်ကြ၏။ ထိုသို့ဖြစ်သည်မှာ အရဟတ္တမဂ်ဖြင့် ကိလေသာတို့ကို သတ်၍ ရှင်းပြီး ဖြစ်သောကြောင့်ပင်။ သို့သော် ရဟန္တာအရှင်များသည် ၀ါသနာကိုကား မပယ်နိုင်ကြ ။ ကိလေသာတွေ ကုန်သောငြားလည်း ကိလေသာ၏ အရှိန်အစော်ဝါသနာကား ကျန်ရစ်သေး၏။ အရှင်ပိလိန္ဒဝစ္ဆ ထိုအရှင်ကား ရဟန္တာအရှင်မြတ်ကြီးပင်။ ဗြာဟ္မဏမျိုး၌ဖြစ်၍ “ဝသလ = သူယုတ်” ဟု ပြောခဲ့သော အလေ့အလာ ဘဝငါးရာတိုင်ဖြစ်ခဲ့ရာ ရဟန္တာဖြစ်သော်လည်း ထိုဝါသနာမှာ ကျန်ရစ်၍ ဝသလ=သူယုတ် ဟူသော အခေါ်ဖြင့်ခေါ်လေ့ရှိသေး၏။ တခါက လူတစ်ယောက် ပိတ်ချင်းသီးတောင်းကြီး ယူလာရာ အရှင်မြတ်က “သူယုတ်ဘာတွေလဲ” ဟု မေး၏။ မိမိကို သူယုတ်ဟုခေါ်ရကောင်းလား သူ့အလိုက် ကန့်လန့်ပြောမှပဲဟု “ကြွက်ချေးတွေပါဘုရား” ဟု ပြောလိုက်၏။ “အေး ကြွက်ချေးဆို ကြွက်ချေးပေါ့ကွယ်” ဟုမိန့်၏။ နောက် မထေရ်လွ်သွားသောအခါ တကယ် ကြွက်ချေးတွေ ဖြစ်နေတော့၏။ တောင်းထဲက ပိတ်ချင်းသီးသာမက လှည်းပေါ်ကြည့်လိုက်သောအခါ လှည်းပေါ်က ပိတ်ချင်းသီးတွေပါ ကြွက်ချေးတွေ ဖြစ်နေတော့သည်။ လူတစ်ယောက်အကြံပေးချက်အရ ပိတ်ချင်းသီးတောင်းမပြီး မထေရ်ရှေ.သွားပြန်ရာ “သူယုတ်ဘာတွေလဲ” ဟု မေးပြန်၏။ “ပိတ်ချင်းသီးတွေပါဘုရား” ဟုလျှောက်၏။ “အေးပိတ်ချင်းသီးဆို ပိတ်ချင်းသီးပေါ့ကွယ်” ဟု မိန့်တော်မူမှ ပိတ်ချင်းသီးအဖြစ် ပြန်ရောက်ရတော့သည်။ (အင်္ဂုတ္တရ၊ ဋ္ဌ-ပ၊ ဧတဒဂ္ဂဝဂ် ၂၁၆) အထုံဓလေ့ဝါသနာအငွေ့ အရက်ကိုသွန်လိုက်သော်လည်း အရက်နံ့မှာ အရက်အိုး၌ စွဲနေရစ်သကဲ့သို့ ရဟန္တာများမှာ ကိလေသာ ကုန်သော်လည်း အထုံဓလေ့ဝါသနာအငွေ့မှာ ကျန်ရစ်ခဲ့၏။ ပစ္စေကဗုဒ္ဓါများလည်း ထို့အတူပင်။ အသန့်ရှင်းဆုံးပုဂ္ဂိုလ်မြတ် ဘုရားရှင်ကား ထိုဝါသနာကိုပင် မကျန်ရစ်အောင် အရှင်းပယ်သတ်နိုင်သောကြောင့် လောကတွင် အစင်ကြယ်ဆုံး အသန့်ရှင်းဆုံး ပုဂ္ဂိုလ်မြတ် ဖြစ်တော်မူပါပေသည်။ ထို့ကြောင့် ဘုရားထက်သာသော ပူဇော်ခံထိုက်သောသူကို ဤလောက ၊ တခြားလောက ၊ ဘယ်လောကမှာ မှ ရှာမရတော့ပေ။ (ကျေးဇူးရှင်
https://www.dhammaransi.com/index.php/new/651-2016-01-09-10-59-28.html
”အကောင်းဓာတ်သည် အကူးအစက်နှေးတတ်သော်လည်း မကောင်းဓာတ်ဟူသည်မှာ အကူးအစက်မြန် တတ်သည်။”
ဓာတု = ဓာတ်ဟူသည် အလိုအကြိုက် အတွင်းဓာတ်ခံစိတ်ထားပင်ဖြစ်၏။ ထိုဓာတ်ကား ကူးစက်တတ်သော သဘောရှိ၍ တစ်ဦးနှင်တစ်ဦး နှီးနှောမိရန် ဖန်တီးတတ်သော အခြေခံသဘာဝ တစ်မျိုးပင်ဖြစ်ရာ ၎င်းကို အဇ္စျာသာဓာတုဟု ဆို၏။ အရှင်သာရိပုတ္တရာသည် ပညာကြီး၍ အရှင်၏တပည့်များမှာ အားလုံးပညာကြီး၏။ တန်ခိုးကြီးသော အရှင်မောဂ္ဂလန်၏ တမည့်များကား အားလုံးတန်ခိုးအရာ နိုင်နင်းကြ၏။ ဓုတင်ရသဆောင် အရှင်မဟာကဿပ၏ တပည့်များကား အားလုံးဓုတင်ဆောင်ချည်းဖြစ်ကြ၏။ ဤသို့ စသည်ဖြင့် အကောင်းဘက်၌ ဓာတူချင်းချင်း ပေါင်းစပ်မိသကဲ့သို့ မကောင်းဖက်၌လည်း ရှင်ဒေဝဒတ်၏ တပည့်တို့သည် အားလုံး အလိုဆိုးရှိသူချည်း ဖြစ်ကြ၏။ မေတ္တိယဘူမဇက နှင့် အဿဇိပုနဗ္ဗသုက ခေါ် ဆဗ္ဗဂ္ဂီဝင်တို့၏ အသင်းအပင်းများကား အားလုံး ဒုဿီလချည်းတည်း။ သူတော်ကောင်းဖြစ်ရန်အရေးကြီး ဓာတ်တို့သည် ကူးစက်တတ်နှီးနှောတတ်သောကြောင့် သားသမီးတပည့်တပန်းတို့ လူတော်လူကောင်း ဖြစ်ဖို့အရေး၌ မိဘဆရာတို့ သူတော်ကောင်းဖြစ်ရန်လည်းကောင်း၊ ပတ်ဝန်းကျင် အပေါင်းအသင်းတွေမှာ လူလိမ္မာဖြစ်ရန် လည်းကောင်း ရေးကြီးလှ၏။ မတတ်သာ၍ မိဘမိုက်၊ ဆရာမိုက် တို့နှင့် ဆုံနေရသည်ဖြစ်စေ ၊ လူမိုက်တို့နှင့် ပေါင်းသင်းနေရသည် ဖြစ်စေ ဓာတ်မကူးအောင် အထူးသတိထားသင့်၏။ မီးလောင်သောအိမ်၌ မီးကို အိမ်ကိုလည်းလောင် ၊ အိမ်ကိုမှီနေသောလူများကိုလည်း လောင်တတ်သကဲ့သို့ ဗာလသည် မိမိ၏ အယူမှား အပြုမှားတို့ဖြင့် မိမိကိုလည်းဖျက်ဆီး၍ မိမိစကားလိုက်နာသူတို့ကိုလည်း ပျက်စီး ဆုံးရူံးစေတတ်၏။ အကောင်းဓာတ်သည် အကူးအစက်နှေးတတ်သော်လည်း မကောင်းဓာတ်ဟူသည်မှာ အကူးအစက်မြန် တတ်သည်။ ဘုရှားရှင်က ---“ယုတ်ညံ့သူကိုပေါင်းလျှင် မိမိမှာ ယုတ်ညံ့သူဖြစ်ရသည်။ တန်းသူသူကို ပေါင်းလျှင်မဆုတ်ယုတ်၊ အဆင့်အတန်းမြင့်သူကို ပေါင်းလျှင် လျင်မြန်စွာ တိုးတက်မြင့်မားသည်” ဟု ဟောတော်မူ၏။ (အင်္ဂုတ္တရ။ ပ။ သေဝိတဗ္ဗ သုတ်-၁၂၃) အရှင်အာနန္ဒာက မိတ်ကောင်းဆွေကောင်းသည် မဂ်ဟူသော ဗြဟ္မစရိယ၏ ထက်ဝက်ပင်ဆိုရလောက်အောင် အရေးပါကြောင်း လျှောက်ထားရာ “အာနန္ဒာ ဤသို့မပြောလင့်” ဟု ၂ ကြိမ်တိုင်တားမြစ်ပြီး ၊ မိတ်ဆွေကောင်း မည်သည်မှာ ဗြဟ္မာစရိယ၏ တစ်ခုလုံး ဆိုရလောက်အောင် အရေးပါအရာရောက်ကြောင်း မိန့်ကြား တော်မူခဲ့သည်။ (ကောသလ သံယုတ် ကလျာဏမိတ္တသုတ်-၈၈) (ကျေးဇူးရှင် သပြေကန်ဆရာတော်ဘုရားကြီး ရေးသားသည့် “ပရိတ်ကြီးနိဿယသစ်”၊ စာ ၁၀၃-၁၀၄)
https://www.dhammaransi.com/index.php/new/652-2016-01-09-10-59-06.html
နတ်များပူဇော်ထိုက်သလော
စတုက ပဥ္စကအင်္ဂုတ္တရ၌ မိမိကြိုးစား ရရှိထားသော ပစ္စည်းများဖြင့် ဗလိငါးပါးပြုခြင်းကို စည်းစိမ်ဥစ္စာ ရယူခြင်း အကြောင်းတစ်ရပ်အဖြစ် ဟောတော်မူခဲ့၏။ ပဥ္စဂုင်္တ္တရ၌ အမျိုးသားတို့၏ တိုးတက်ကြီးပွားကြောင်း ၊ မဆုတ်ယုတ်ကြောင်းတရား ငါးပါးဟောရာ၌ နတ်များကို ပူဇော်ပသခြင်းလည်း တစ်ပါးပါဝင်သည်။ (ပဥ္စက-၆၈) နတ်များ ပူဇော်ခြင်းကို လောကကြီးပွားရေး တစ်ရပ်အဖြစ် ဘုရားရှင်အလိုရှိသည်မှာ သိသာပေသည်။ နတ်ရှိသူဟု ယုံကြည်သူများအဖို့ နတ်များကား သတ္တဝါတစ်မျိုးပင် ဖြစ်၏။ လူတို့၌ ရှိခိုးထိုက်သူ မထိုက်သူ ရှိသကဲ့သို့ နတ်များ၌လည်း ရှိခိုးထိုက်သူ မထိုက်သူ ၂ မျိုးရှိရာ၏။ ၎င်းတို့ကို သတိရစွာ အစာအဟာရ စသည် ပေးကမ်းပသခြင်း ၊ အမျှအတန်းဝေခြင်း စသည်ကို ပြုအပ်သည်သာ။ လူများအချင်းချင်း ပေးကမ်းထောက်ပံ့လျှင် အခါခပ်သိမ်း မကူညီနိုင်စေကာ ၎င်းတို့တတ်နိုင်သောအခါ အကူအညီရသကဲ့သို့ နတ်များလည်း အရာခပ်သိမ်း ပေးစွမ်းနိုင်သည် မဟုတ်စေကာမူ သူတို့ တတ်နိုင်သော အရာကိုကား ကူညီစောင့်ရှောက်တတ်၏။ အချို. အကူအညီခံရသူများကို ဇာတ်နိပါတ်များအရ လည်းကောင်း ၊ လောက အတွေ့အကြုံများအရ လည်းကောင်း သိနိုင်သည်။ နတ်ရူး ဘာမဆို ကံကိုယုံပြီး ပုံထားသူများကဲ့သို့ နတ်ကိုယုံပြီး ပုံမှုမျိုးကိုကား မပြုအပ်။ ရတာနာသုံးပါး အပေါ်၌ အာရုံပြုလွန်းလေ ကောင်းလေ ဖြစ်သော်လည်း ၊ နတ်များအပေါ်၌ အလွန်အကျွံပုံ၍ ယုံခြင်းမျိုး နတ်ရူး ရူးသည်ဆိုရလောက်အောင် ဖြစ်မှုမျိုးကား မလိုအားအပ်ပေ။ အချို.ဘုရားကို ဆွမ်းတော်ကပ်ရန်ကား သတိမရ ၊ နတ်ပွဲကိုမူကား ငှက်ပျောသီး မနွမ်းစေရအောင် တရိုတသေ တယုတယ ပြုစုပသကြ၏။ ဘုရားထက်ပို၍ ရိုသေလေးစားသော ပူဇော်မှုများကား မိမိ၏ ဗုဒ္ဓဘာသာ မပီသမှုကို ဖော်ပြခြင်း ဖြစ်ရာ ထိုအမှုမျိုးကို ရှောင်ရှားရန် သတိပြုဖို့ လိုအပ်ပေသည်။ (ကျေးဇူးရှင် သပြေကန်ဆရာတော်ဘုရားကြီး ရေးသားသည့် “ပရိတ်ကြီးနိဿယသစ်”၊ စာ ၂၄၉-၂၅၀)
https://www.dhammaransi.com/index.php/new/653-2016-01-09-10-58-00.html
“ မေတ္တာအကျိုး ၁၁-ပါး”
https://www.dhammaransi.com/index.php/new/654-2016-01-09-10-57-29.html
ဘုရားကိုမြင်သူ
https://www.dhammaransi.com/index.php/new/655-2016-01-09-10-56-46.html
ပါးစပ်မွှေးလိုပါသလား---
https://www.dhammaransi.com/index.php/new/656-2016-01-09-10-56-01.html
အားလပ်ချိန်မရှိသော မဟာဂရုဏာရှင် ဗုဒ္ဓမြတ်စွာဘုရား
မြတ်စွာဘုရားမှာ နေ့စဉ်ပြုလုပ်ဆောင်ရွက်တော်မူမြဲဖြစ်တဲ့ “ဗုဒ္ဓကိစ္စငါးပါး“ ဆိုတာရှိပါတယ်၊ မြတ်စွာဘုရားမှာ အားလပ်တဲ့အချိန်ရယ်လို့ မရှိပါဘူး၊ ဗုဒ္ဓကိစ္စငါးပါးကို နေ့စဉ်မပြတ် ဆောင်ရွက်တော်မူနေရပါတယ် အဲဒါတွေကတော့- (၁) နံနက်ပိုင်း ဆွမ်းကိစ္စပြီးသည့်တိုင်အောင် ပြုရတဲ့ ပုရေဘတ္တကိစ္စက တစ်ပါး၊ (၂) ဆွမ်းကိစ္စပြီးသည့်နောက် နေ့ခင်းပိုင်းမှာပြုရတဲ့ ပစ္ဆာဘတ္တကိစ္စက တစ်ပါး ၊ (၃) ညနေချမ်းနှင့် ညဉ့်ဦးယာမ်မှာပြုရတဲ့ ပုရိမယာမကိစ္စ တစ်ပါး၊ (၄) ညဉ့်အလယ်ပိုင်းမှာ ပြုရတဲ့ မဇ္စျိမယာမကိစ္စ တစ်ပါး ၊ (၅) ညဉ့်၏ နောက်ဆုံးပိုင်း မိုးသောက်ယာမ်မှာ ပြုရတဲ့ ပစ္ဆိမယာမက တစ်ပါး ၊ (၁) ပုရေဘတ္တကိစ္စ ပုရေဘတ္တကိစ္စ ဆိုတာက နံနက်ပိုင်း ဆွမ်းကိစ္စပြီးသည့်တိုင်အောင် နေ့စဉ် ဆောင်ရွက်တော်မူရတဲ့ ကိစ္စပါပဲ၊ ဆောင်ရွက်တော်မူပုံကတော့-- -မြတ်စွာဘုရားဟာ နံနက်စောစောပိုင်းမှာ အလုပ်အကျွေးပုဂ္ဂိုလ်က ဆက်ကပ်တဲ့ မျက်နှာသစ်ရေ ဒန်ပူတို့ကို ခံယူပြီး မျက်နှာသစ်တော်မူတယ်၊ -အဲဒီကနောက် ဆွမ်းခံချိန်တိုင်အောင် ဆိတ်ငြိမ်ရာ အရပ်မှာ သီတင်းသုံးနေတော်မူတယ်၊ -ဆွမ်းခံချိန်ကျတော့ သင်္ကန်းများကို သပ္ပါယ်စွာပြုပြင်ဝတ်ရုံပြီးတော့ တစ်ရံတစ်ခါ တစ်ပါးတည်း၊ တစ်ရံတစ်ခါ သံဃာတော်များနှင့်တကွ မြို.ရွာနိဂုံးများသို့ ဆွမ်းခံကြွတော်မူတယ်၊ - တစ်ရံတစ်ခါ တန်ခိုးမပြဘဲ ရိုးရိုးကြွတော်မူတယ်၊ တစ်ရံတစ်ခါမှာတော့ တန်ခိုးပြာဋိဟတွေပြပြီး ကြွတော်မူတယ်။ တန်ခိုးပြာဋိဟာပြပုံ ဘယ်လို တန်ခိုးပြာဋိဟာတွေလည်းဆိုယင် မြတ်စွာဘုရား ကြွတော်မူမည့်လမ်းကို နူးညံ့သိမ်မွေ့တဲ့ လေတွေက တိုက်ခိုက်ပြီး သုတ်သင်ရှင်းလင်းတယ်၊ မိုးတိမ်တွေက မိုးရေပေါက်များ ရွာချပြီး ဆွတ်ဖျန်းပေးတယ်၊ မိုးရေဆွတ်ဖျန်းပြီး မြူမှုန်တွေကို ငြိမ်သက်စေသည့်ပြင် မြတ်စွာဘုရား၏ အထက်မှ ပြတာန်မျက်နှာကြက် သဖွယ် ဖြစ်ပြီးတော့လဲ လိုက်ပါနေတယ်၊ အခြားလေတွေက ပန်းတွေကို တိုက်ခတ်ဆောင်ယူလာပြီးတော့ လမ်းတလျှောက်မှာ ဖြန့်ကြဲပြီး ခင်းကြတယ်၊ မြေပြင်မှာ မြင့်မောက်တဲ့ နေရာတွေက နိမ့်ပြီး၊ ချိုင့်တဲ့နေရာတွေကလဲ မြင့်တက်လာပြီး ညီညွတ်နေတယ်၊ ဆူးငြောင့်ခလုတ် ကျင်းချိုင့်တွေမရှိဘဲ လမ်းဟာ တပြင်တည်းချောပြီး ညီညာနေတယ်၊ ညီညာရုံတွင်တောင် မဟုတ်သေးဘူး ၊ ခြေတော်နင်းချလိုက်တဲ့အခါ နူးညံ့ချောညက်တဲ့ ကြာပန်း စသည်က ခံလျက်ခံလျက် ဖြစ်နေတယ်။ ရောင်ခြည်တော် ၆ သွယ် ရွာတံခါး မြို.တံခါးပေါက် ဝင်မိသည်နှင့် တပြိုင်နက် ညိုသောရောင်ခြည်တော် ၀ါရွှေသောရောင်ခြည်တော် နီမြန်းသောရောင်ခြည်တော် ဖြူသောရောင်ခြည်တော် အနီနုပန်းရောင်ရှိတဲ့ မောင်းသောရောင်ခြည်တော် ပြိုးပြီးပြက်ပြက် တလက်လက်တောက်ပသော ရောင်ခြည်တော်ဆိုတဲ့ ဒီရောင်ခြည်တော် ၆ သွယ်က ကိုယ်တော်မှ ထွက်ပေါ်လာကြပြီး ထိုထိုအရပ်ရပ်သို့ ပြေးသွားကြတယ်၊ ယခုကာလ မီးရောင်အမျိုးမျိုးနဲ့ ဆလိုက်ထိုးတာလိုနေမှာပေါ့ ။ ဆင် မြင်း ငှက် စသည်တို့ကလဲ သူတို့နေရာမှ နေရင်း သာယာတဲ့အသံနဲ့ မြည်နေကြတယ်၊ စောင်း တယော ဗုံအစရှိတဲ့ တူရိယာတွေကလဲ မတီးမမှုတ်ရဘဲ သူ့အလိုလိုမြည်နေကြတယ်။ တန်ခိုးပြာဋိဟာပြရခြင်းအကြောင်း ဒီလို တန်ခိုးပြာဋိဟာပြရတာကလဲ အခြားအကြောင့် မဟုတ်ပါဘူး၊ ဒီလို တန်ခိုးပြာဋိဟာကို တွေ့ရမှ မြတ်စွာဘုရားပေါ်မှာ ကြည်ညိုသဒ္ဓါတရားဖြစ်ပြီး ကျွတ်တမ်းဝင်နိုင်မည့် ပုဂ္ဂိုလ်တွေအား အကျွတ်တရား ရစေလိုတဲ့ အတွက်ကြောင့်လည်း ဖြစ်ပါတယ်။ သတ္တဝါတွေက အမျိုးမျိုးရှိနေကြတယ်၊ အချို.က ရိုးရိုးတရားဟောတာလောက်ပဲကြိုတက်တယ်၊ တချို.ကတော့ ထူးထူးဆန်းဆန်း တန်ခိုးပြတာကိုကြိုက်တယ်၊ အဲဒီလို စိတ်ဓာတ်ကွဲနေကြရာမှာ အထူးအဆန်းတွေ့ရမှ ကြည်ညိုနိုင်မည့် ပုဂ္ဂိုလ်တွေအတွက် တစ်ရံတစ်ခါ တန်ခိုးပြာကျဋိဟာတွေနဲ့ ဆွမ်းခံကြွတော်မူပါတယ်။ အဲဒီလို တန်ခိုးပြာဋိဟာတွေနဲ့ ဆွမ်းခံကြွတာကတော့ အလွန်နည်းဟန်လက္ခဏာရှိပါတယ်။ ရပ်ကွက်တွင်းမှဆွမ်းလှူ မြတ်စွာဘုရားဆွမ်းခံကြွလာသည်ကို သိသော ရပ်ကွပ်တွင်းမှ ပြည်သူများသည် အဝတ်အစားများကို ကောင်းမွန်သပ်ရပ်စွာ ဝတ်ရုံပြီး ပန်းနံ့သာများနှင့်တကွ လမ်းထွက်ပြီး မြတ်စွာဘုရားကို ပူဇော်ရှိခိုးကြသည်။ မိမိတို့ တတ်နိုင်သမျှ သံဃာ ၁၀-ပါး ၊ ၂၀ ၊ ၅၀ ၊ ၁၀၀ စသည်ဖြင့် ပင့်ပြီးဆွမ်းလှူကြသည်။ ဆွမ်းဘုဉ်းပေးပြီးသည့်အခါ မြတ်စွာဘုရားသည် တရားနာမည့် ပုဂ္ဂိုလ်တို့၏ အလိုအကြိုက်ကိုကြည့်ပြီး သင့်လျော်သည့် တရားကိုဟော်တော်မူသည်။ တရားနာကြားရသည့်အခါ အချို.သည် သရဏဂုံတည်ကြ၏၊ အချို.သည် ငါးပါးသီလ၌ တည်ကြ၏၊ အချို.သည် သောတာပန် သကဒါဂမ် အနာဂါမ် ဖြစ်ကြသည်၊ အချို.က ရဟန်းပြုပြီး ရဟန္တာဖြစ်ကြသည်။ ထိုကဲ့သို့ အနုမောဒနာတရားဟောပြီးသည့်အခါ ကျောင်းတော်သို့ ပြန်ကြွတော်မူသည်။ ကျောင်းတော်ရောက် သည့်အခါ စည်းဝေးဆောင်အတွင်းရှိ ဘုရားနေရာပလ္လင်တွင် ဆွမ်းကိစ္စမပြီးသေးသည့် ရဟန်းများ ပြန်မရောက် လာသေးသည့်အတွက် ရဟန်းများကိုစောင့်ယင်း သီတင်းသုံးနေတော်မူသည်။ အကုန်လုံး ဆွမ်းကိစ္စပြီးစီးကြောင်းကို အလုပ်အကျွေးရဟန်းတော်က လျှောက်ထားသည့်အခါတွင် မြတ်စွာဘုရား သည် ဂန္ဓကုဋီကျောင်းတော်သို့ ဝင်တော်မူသည်။ အထက် ဖော်ပြပါများအားလုံးသည် နံနက်ပိုင်း ပုရေဘတ္တကိစ္စ ဆောင်ရွက်တော်မူပုံများဖြစ်သည်။ (၂) ပစ္ဆာဘတ္တကိစ္စ ပစ္ဆာဘတ္တကိစ္စ နေ့စဉ်ဆောင်ရွက်ပုံက ဂန္ဓကုဋီကျောင်းတော်သို့ ဝင်တဲ့အခါ ခြေတော်များကိုဆေးပြီး ရပ်တော်မူလျက် ရဟန်းတို့အား အောက်ပါ ဒုလ္လဘငါးပါးနဲ့သြဝါဒကို ပေးလေ့ရှိပါတယ်။ ၁။ ဘိက္ခဝေ ၊ ရဟန်းတို့ ။ အပ္ပမာဒေန ၊ မမေ့မလျော့သော သတိတရားဖြင့် ။ သမ္ပာဒေထ ၊ သီလ သမာဓိ ပညာကိစ္စကို ပြီးစေကြကုန်လော့ ၊ ပြီးပြည့်စုံအောင် အားထုတ်ကြကုန်လော့ ၊ လောကသ္မိ ံ ၊ လောက၌။ ဗုဒ္ဓပါဒေါ ၊ မြတ်စွာဘုရားတို့၏ ပွင့်ထွန်းရာကာလကို ။ ဒုလ္လဘော ၊ ရခဲ၏။ (မြတ်စွာဘုရား ပွင့်တော်မူပြီးတော့ ဘုရားအဆုံးအမ သာသနာတော် တည်ရှိနေတဲ့အခါကာလ ကို ရခဲတယ်ကြုံခဲတယ် ၊ ဒါကြောင့် ရခဲတဲ့ အခွင့်ကောင်းကြီးကို ရနေတဲ့အခါမှာ မမေ့ကြနဲ့ ကြိုးစား အားထုတ်ကြလို့ ဆိုလိုပါတယ်။) ၂။ မနုဿတ္တပဋိလာဘော၊ လူ့အဖြစ် လူ့ဘဝကို ရခြင်းကို။ ဒုလ္လဘော ၊ ရခဲကြုံခဲ၏။ ၃။ သမ္ပတ္တိ ၊ ပြည့်စုံခြင်းကို ။ ဒုလ္လဘော ၊ ရခဲကြုံခဲ၏။ (ပြည့်စုံခြင်းဆိုတာ မဂ်ဖိုလ်တရားထူးကို ရရေးအတွက် သင့်လျော်သော အရပ်၌ နေရခြင်း၊ မျက်စိ နား စသော ရုပ်ရေအင်္ဂါ ဣနေန္ဒြတို့နှင့် ပြည့်စုံခြင်း၊ ဘုရားစစ် တရားစစ် သံဃာစစ် ဆိုတဲ့ ရတနာသုံးပါးကို ကြည်ညိုတဲ့ သဒ္ဓါတရား နှင့် ပြည့်စုံခြင်း ၊ ခေတ်ကာလကောင်းခြင်း၊ စားသုံးဖွယ်တို့နှင့် ပြည့်စုံခြင်း ၊ ကျန်းမာခြင်း၊ တရားအားထုတ် နိုင်လောက်အောင် သန်စွမ်းခြင်း၊ ထိုကဲ့သို့ ရခဲသည့် ပြည့်စုံခြင်းများကို ရနေသည့် အချိန်တွင် ကြိုးစားအားထုတ်ကြရမည်ဟု ဆိုလိုခြင်းဖြစ်သည်။) ၄။ ပဗ္ဗဇ္ဇာ ၊ ရှင်ရဟန်းအဖြစ်ကို။ ဒုလ္လဘော ၊ ရခဲ၏။ ၅။ သဒ္ဓမ္မသဝနံ၊ မဂ်ဖိုလ်နိဗ္ဗာန် ရောက်ကြောင်း သူတော်ကောင်းတရား၊ ကြားနာရခြင်းကို။ ဒုလ္လဘံ ၊ ရခဲ၏ ထိုရခဲသည်များကို ရနေသည့်အချိန်တွင် မေ့မနေကြဘဲ အရဟတ္တမဂ်ဖိုလ် ရောက်သည်တိုင်အောင် ကြိုးစား အားထုတ်ကြလို့ ဆိုလိုခြင်းဖြစ်သည်။ ကမ္မဋ္ဌာန်းတရားပေးခြင်း ဒုလ္လဘငါးပါးနဲ့ သြဝါဒ ပေးပြီးတဲ့အခါမှာ တစ်ချို.ရဟန်းတော်တွေက မြတ်စွာဘုရားထံမှာ ကမ္မဋ္ဌာန်း တောင်းကြတယ်။ မြတ်စွာဘုရားက သူတို့၏စရိုက်ကိုကြည့်ပြီး သင့်လျော်တဲ့ ကမ္မဋ္ဌာန်းကို ပေးတော်မူတယ်။ ကမ္မဋ္ဌာန်းပေးပြီးတဲ့အခါ အားလုံးသော ရဟန်းတော်တွေဟာ တောအရပ် သစ်ပင်အောက် အစရှိတဲ့ သင့်လျော်ရာဌာနကို သွားပြီး နှလုံးသွင်း အားထုတ်ကြပါတယ်။ ဗုဒ္ဓစက္ခု - ဘုရားမျက်စိဖြင့် ကြည့်ရူတော်မူခြင်း ထိုနောက် မြတ်စွာဘုရားသည် ဂန္ဓကုဋီ ကျောင်းတော်ကို ဝင်ကာ အလိုရှိခဲ့ပါလျင် လကျ်ာနံတောင်းဖြင့် ခေတ္တခဏ လဲလျောင်းပြီး အနားယူတော်မူပါတယ်၊ ကိုယ်၏ညောင်းညာပင်ပန်းမှု သက်သာရာ ရတဲ့အခါ လဲလျောင်းရာမှ ထတော်မူပြီး ဒုတိယပိုင်း အချိန်မှာ လောကကို ဖြန့်ပြီး ကြည့်ရှုတော်မူပါတယ်။ သတ္တဝါတို့၏ သဒ္ဓါ အစရှိသော ဣန္ဒြေ အနုအရင့်ကို သိနိုင်တဲ့ ဣန္ဒြိယ ပရောပရိယတ္တဉာဏ်တော်ရယ် ၊ သတ္တဝါတို့၏ အလိုအကြိုက် စရိုက် စိတ်နေသဘောထား တို့ကို သိနိုင်တဲ့ အာသယာနုသယ ဉာဏ်တော်ရယ် ၊ ဒီ ဉာဏ်တော်ကြီး ၂-ပါးကို ဗုဒ္ဓစက္ခု - ဘုရားမျက်စိလို့ ခေါ်ပါတယ်။ ထို ဗုဒ္ဓစက္ခု ဖြင့် ကျွတ်သင့် ကျွတ်ထိုက်တဲ့ ဝေနေယျ သတ္တဝါတွေကို ကြည့်ရူတော်မူပါတယ်၊ ကျွတ်ထိုက်တဲ့သူဟာ မိမိအထံသို့ ရောက်လာမည်ဆိုလျှင် အသင့်စောင့်နေတော်မူပါတယ်၊ အဝေးမှာ နေလျှင်လဲ ကိုယ်တော်တိုင် တန်ခိုးဖြင့် ကြွတော်မူပြီး ဟောကြားဆုံးမတော်မူပါတယ်။ တရားဟောကြားတော်မူခြင်း အဲဒီလို ကြည့်ရူတော်မူပြီးတဲ့နောက် တတိယပိုင်း အချိန်မှာ မြတ်စွာဘုရား သီတင်းသုံးရာ ဆွမ်းခံရာ ဖြစ်တဲ့ မြို.ရွာနိဂုံးက လူတွေဟာ ကောင်းစွာဝတ်ရုံပြီး ပန်းနံ့သာများကိုလဲယူကာ တရားနာရန် ဘုရားထံလာကြတယ်၊ ရာဇဂြိုလ်မှာဆိုရင် ဝေဠုဝန်ကျော်းတော်သို့ လာကြတယ်၊ ဝေသာလီမှာဆိုယင် မဟာဝုန်တောက ကျောင်းတော်ကြီးသို့ လာကြတယ်၊ သာဝတ္ထိမှာဆိုယင် တရံတခါ ၀ိသာခါ၏ ကောင်းမှုဖြစ်တဲ့ ပုဗ္ဗာရုံကျောင်းသို့လာကြတယ်၊ ယခု ဘာရသုတ်ကို ဟောစဉ်က မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေခိုက် ဖြစ်သည့် အတွက် ဇေတဝန်ကျောင်းသို့ လာကြပါတယ်။ ဇေတဝန်ကျောင်းတော်သည် သာဝတ္ထိမြို.၏ အနောက်တောင် ဘက်အရပ်တွင်တည်ရှိပါသည်။ တရားနာ ပရိဿတ် စုံလောက်တဲ့အခါ မြတ်စွာဘုရားက ဓမ္မာရုံကြီးသို့ ကြွရောက်ပြီး ရဟန်း ပရိဿတ်၊ ရဟန်း မိန်းမ ပရိဿတ်၊ အမျိုးသား ဥပါသကာ ပရိဿတ်၊ အမျိုးသမီး ဥပါသိကာမ ပရိဿတ်၊ အစုံအညီ ပါဝင်သော ပရိဿတ်(၄)ပါး အား သင့်လျော်တဲ့တရားကို ဟောကြားတော်မူပါတယ်။ တရားဟောကြားပြီးသောအခါ ပရိဿတ်ကို ပြန်ကြဘို့ အခွင့်ပေးတော်မူပါတယ်၊ လူ ပရိဿတ်များက မြတ်စွာဘုရားကို ရှိခိုးကန်တော့ပြီး ပြန်သွားကြပါတယ်။ အထက်ဖော်ပြပါများသည် ဆွမ်းကိစ္စပြီးနောက် နေ့ခင်းပိုင်း ပစ္ဆာဘတ္တကိစ္စ ဆောင်ရွက်တော်မူပုံများ ဖြစ်ပါတယ်။ (၃) ပုရိမယာမကိစ္စ မြတ်စွာဘုရားဟာ နေ့ခင်းကိစ္စဆောင်ရွက်ပြီးတဲ့နောက် ညနေချမ်းအချိန်မှာ အလိုရှိတော်မူလျင် ရေသုံးသပ် (ရေချိုး) တော်မူပါတယ်။ ရေချိုးပြီးတဲ့နောက် ဂန္ဓကုဋီပရိဝုဏ် အတွင်းက တရားပလ္လင်မှာ တစ်ပါးတည်း ထိုင်နေတော်မူပါတယ်။ အဲဒီအခါမှာ ထိုထိုအရပ်မှ ရဟန်းတော်များက လာရောက်ပြီး ခစားနေကြပါတယ်၊ တစ်ချို.က ပြဿနာမေးလျှောက်ကြတယ်၊ တစ်ချို.က ကမ္မဋ္ဌာန်းတောင်းကြတယ်၊ တစ်ချို.က တရားဟောဘို့ လျှောက်ကြ တယ်၊ မြတ်စွာဘုရားက သူတို့၏ အလိုအားပြည့်စုံအောင် ဖြေရှင်းဟောကြားတော်မူပါတယ်။ ထိုကိစ္စများကို ညနေချမ်း ညဉ့်ဦးယာမ်ခေါ်တဲ့ ပုရိမယာမ်မှာ ဆောင်ရွက်တော်မူပုံဖြစ်ပါတယ်။ (၄) မဇ္စျိမယာမကိစ္စ မြတ်စွာဘုရားသည် ထိုကဲ့သို့ ညဉ့် ၁၀ နာရီခန့်အထိ ညဉ့်ဦးယာမ်ကိစ္စကို ဆောင်ရွက်ပြီးတဲ့နောက် ရဟန််းများ ပြန်သွားကြတဲ့အခါ စကြဝဠာပေါင်း တိုက်တစ်သောင်းက နတ်ဗြဟ္မာတွေက မြတ်စွာဘုရားထံ လာရောက်ပြီး အမျိုးမျိုးသော မေးခွန်းပြဿနာများကို မေးမြန်းကြပါတယ်။ သဂါထာဝဂ် သံယုတ်မှာ ထိုမေးခွန်းများ များစွာရှိပါတယ်။ မင်္ဂလာမေးခွန်းမျိုးများ ဖြစ်ကြပါတယ်။ ထိုမေးခွန်းများကို ဖြေကြားယင်း ညဉ့် သန်းကောင်ယာမ်ကုန်သွားတယ်။ သန်းကောင်ကျော် ၂-ချက်တီး အချိန်လောက် ရောက်သွားတယ်။ ထိုကိစ္စများသည် ညဉ့်အလယ်ပိုင်းမှာ မဇ္စျိမယာမကိစ္စကို ဆောင်ရွက်တော်မူပုံများ ဖြစ်ကြပါတယ်။ (၅) ပစ္ဆိမယာမကိစ္စ ပစ္ဆိမယာမကိစ္စကို ဆောင်ရွက်တော်မူပုံမှာ ထို ၂-ချက်တီးအချိန်မှ နောက် မိုးလင်းချိန်အထိ ၃-နာရီ ခန့်ကို ၃-ပိုင်းပိုင်းပြီး ပဌမပိုင်းအချိန်မှာ ကိုယ်ကာယ မျှတအောင် စင်္ကြ ံကြွတော်မူပါတယ်၊ ဒုတိယပိုင်းအချိန်မှာ ကျိန်းစက်တော်မူပါတယ်၊ တတိယပိုင်းအချိန်မှာ ကျိန်းစက်ရာမှထပြီး လောကကြီးကို ကြည့်တော်မူပါတယ်၊ ပစ္ဆာဘတ္တကိစ္စတွင် ဖော်ပြခဲ့သည့် ကျွတ်ထိုက်သော ဝေနေယျသတ္တဝါတွေကို ကြည့်ရူတော်မူခြင်း ဖြစ်ပါတယ်။ အဲဒီလို ဗုဒ္ဓကိစ္စ ငါးပါးကို နေ့စဉ်မပြတ် မြတ်စွာဘုရားမှာ ဆောင်ရွက်တော်မူနေရပါတယ်၊ အားလပ်တဲ့အချိန် ရယ်လို့ မရှိပါဘူး။ (ရည်ညွှန်း။ မဟာစည်ဆရာတော်ဘုရားကြီးဟောကြားသည့် ဘာရသုတ္တန် တရားတော်ကြီး။) ===============================
https://www.dhammaransi.com/index.php/new/657-2016-01-09-10-55-32.html
ဘုရားရှင်ကိုယ်တော်မြတ်နေ့တိုင်းဟောသောတရားတော်
မိမိတို့ဟာ ရှေးဘဝက ဆည်းပူးခဲ့တဲ့ ကောင်းမှု အထူးရှိခဲ့ဖူးလို့ ယခုလို လူ့ဘဝမှာ လူလာဖြစ်ကြ ၊ ထူးခြားတဲ့ လူ့ဘဝရောက်ကြရ ၊ လူ့ဘဝရောက်ပြန်တော့လည်း သာသနာမထွန်းကားရာ ရတနာသုံးပါး မရှိရာ အရပ်ဒေသမှာ မဖြစ်ကြရဘဲနဲ့ သာသနာတော်ထွန်းကားရာ ရတနာသုံးပါး ထွန်းကားရာအရပ်မှာ မိမိတို့ ဖြစ်လာကြရတယ်။ ကံကောင်းကြတယ်၊ အဲဒီလို ကံကောင်းကြလို့ လူလည်းဖြစ်လာ ၊ ဘုရားရှင် သာသနာတော်ကြီးနဲ့ ကြုံကြိုက်လာကြတဲ့အခါမျိုးမှာ မမေ့ကြနဲ့လို့ ဘုရားရှင်ကို်ယ်တော်မြတ်ရဲ. အလိုတော်အတိုင်းပေါ့ ။ ဘုန်းကြီးတို့ သြဝါဒပေးရတယ်။ မမေ့ကြနဲ့ ။ လူလည်းဖြစ်လာ ဘုရားပွင့်ရာ အခွင့်အခါ ကောင်းကြီးနဲ့ ကြုံကြိုက်လာကြတဲ့အခါမျိုးမှာ မမေ့ကြနဲ့ လို့ သတိပေးရတယ်။ ဒါဟာ ဘုရားရှင်ကိုယ်တော်မြတ်ရဲ. နည်းလမ်းအတိုင်းပဲ။ ဘုရားရှင်ကိုယ်တော်မြတ်ဟာ နေ့တိုင်း နေ့တိုင်း “အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ” မမေ့ကြနဲ့လို့ မကြာမကြာ သတိပေးတော်မူတယ်။ ချစ်သားတို့ ၊ အပ္ပမာဒ ဆိုတဲ့ မမေ့လျော့တဲ့ သတိရားနဲ့ အမြဲတမ်းပြည့်စုံအောင် ကြိုးစားကြလို့ နေ့တိုင်းနေ့တိုင်း တပည့်သားတွေကို သြဝါဒပေးတော်မူတယ်။ ရှင်တော်ဘုရားဟာ သက်တော်ထင်ရှားရှိတုန်းမှာလည်း အမြဲတမ်း သတိပေးရုံမက နောက်ဆုံး ပရိနိဗ္ဗာန် စံတော်မူခါနီးမှာလည်း နောက်ဆုံးစကား အဖြစ်ဖြင့် - ဟန္ဒ ဒါနိ ဘိက္ခဝေ အာမန္တယာမိ ဝေါ ၊ ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ ။ ဘိက္ခဝေ = ချစ်သားတို့ ။ ဟန္ဒ = ငါဘုရား တိုက်တွန်းတော်မူခဲ့အံ့။ ဝေါ = သင်ချစ်သားတို့ကို ။ အာမန္တယာမိ = နောက်ဆုံးစကား မှာကြားတော်မူခဲ့အံ့။ ယသ္မာ = အကြင့်ကြောင့် ။ သင်္ခါရာ = ရုပ်နာမ်နှစ်ဖြာ ခန္ဓာငါးဝ သင်္ခါရတရားတို့သည်။ ဝယဓမ္မာ = ပျက်စီးတတ်သော သဘောရှိပါပေကုန်၏။ တသ္မာ = ထို့ကြောင့် ။ ၀ါ ၊ တသ္မာ = ထိုသို့ သင်္ခါရမှန်က ပျက်စီးတတ်သော သဘောရှိကြ လေသောကြောင့် ။ တုမှေ = သင်ချစ်သားတို့သည် ။ အပ္ပမာဒေန = မမေ့မလျော့ မပေါ့မဆ အပ္ပမာဒတိုသေ သတိရားဖြင့် ။ သမ္ပာဒေထ = ချမ်းသာဖို့အကြောင်း ကောင်းမြတ်သော သီလသမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို ကိုယ်စီကိုယ်င ပြည့်စုံအောင် ကြိုးပမ်းကြပါကုန်လော့။ အရေးကြီးလို့ အပ္ပမာဒ တရားကို ဘုရားရှင် ကိုယ်တော်မြတ်ဟာ နေ့တိုင်းပဲ ဟောတော်မူခဲ့တယ်။ နောက်ပိတ်ဆုံး ပရိနိဗ္ဗာန်စံတော်မူခါနီးမှာလည်း အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ = မမေ့ကြနဲ့ဆိုတဲ့ နောက်ဆုံးစကားဖြင့် နိဂုံးချုပ်ပြီးတော့ မိန့်ကြားတော်မူခဲ့တယ်။ ပိဋကတ်သုံးပုံကို အကုန်ချုပ်ပြီးတော့ နိဂုံးအုပ်သလို အပ္ပမာဒတရားဖြင့် နိဂုံးချုပ်တော်မူတယ်။ အပ္ပမာဒတရားဆိုတကာက ပိဋကတ်သုံးပုံကို အကုန်ခြုံမိတယ်၊ ငုံမိတယ်။ ပိဋကတ်သုံးပုံမှာ ဘုရှားရှင်ကိုယ်တော်မြတ် ဟောတော်မူခဲ့တဲ့ သုတ္တန်တရားတွေရှိကြ ၊ ၀ိနည်းတရားတွေရှိကြ၊ အဘိဓမ္မာတရားတွေရှိကြတယ်။ အားလုံးဒီတရားတွေဟာ အပ္ပမာဒထဲ ဝင်တာချည်းပဲ။ အားလုံးတရားတွေဟာ အပ္ပမာဒရှိမှ ကျင့်နိုင်ကြတယ်။ အပ္ပမာဒ နဲ့ပဲ ကျင့်ကြံနိုင်ကြတဲ့ တရားတွေ အားထုတ်နိုင်ကြတဲ့ တရားတွေ ။ ဒါကြောင့်မို မမေ့ကြနဲ့ဆိုတဲ့ အပ္ပမာဒတရားကို ဘုရားရှင်ကိုယ်တော်မြတ်က မိန့်တော်မူခဲ့တာ။ ( အဘိဓဇမဟာရဋ္ဌဂုရု ရွှေကျင် ဥပဥက္ကဋ္ဌ ကျေးဇူးတော်ရှင် သပြေကန်ဆရာတော်ဘုရားကြီး အရှင်ဝါသေဋ္ဌာဘိဝံသ ရေးသားတော်မူသော တရားပေါင်းချုပ် အမှတ် -၂ ၊ စာ ၊ ၃၇-၃၈)
https://www.dhammaransi.com/index.php/new/658-2016-01-09-10-55-07.html
**တရားအားထုတ်ဖို့ လိုသလား**
တရား၌ စိတ်မဝင်စားသူ၊ တရားအားမထုတ်လိုသူ ၊ တရားအားထုတ်ရမှာ ပျင်းသူများက "တရားအားထုတ်ဖို့လိုသလားဟု" မေးတတ်ကြ ၏။ ဤ မေးခွန်းကို မဖြေမီ .… (၁)တရားအားထုတ်တယ်ဆိုတာဘာလဲ..။A (၂) တရားအားထုတ်ရင် ဘယ်လိုကောင်းကျိုးတွေ ရမလဲ..။ (၃) တရားအားမထုတ်ရင် ဘယ်လိုဆိုးကျိုး တွေရမလဲ ဟူသော မေးခွန်း၏ အဖြေများကို ဦးစွာသိထားသင့်ပါသည်..။ (၁)တရားအားထုတ်တယ်ဆိုတာဘာလဲ..။ တရားအားထုတ်တယ်ဆိုသည်မှာ တရားသဘောကို (၀ါ) သဘောတရားကိုသိမြင်အောင်အားထုတ်ခြင်း၊ ကြိုးစားခြင်းဖြစ်၏။သဘောတရားသည် ဖြစ်ပျက် ရုပ်နာမ် သဘောတရား၊ မဖြစ်မပျက် နိဗ္ဗာန်သဘောတရားဟုနှစ်မျိုးရှိရာ ယင်းနှစ်မျိုးလုံး သိမြင်ရေးအတွက် ကြိုးစားအားထုတ်ခြင်းကို " တရားအားထုတ်သည်" ဟုခေါ်ပါသည်။ တနည်းအားဖြင့် တရားအားထုတ်ခြင်း ဆိုသည်မှာ သဘောတရားကိုသိမြင်ရေး အတွက် ကိုယ်အား ဉာဏ်အားထုတ်သုံးခြင်းဖြစ်၏။ ိ ဘုရားရှင်သည် သတ္တဝါများနည်းမှန် လမ်းမှန် အားထုတ်နိုင်ရေးအတွက် ဓမ္မစင်္ကြာ၊ အနတ္တလက္ခဏာ ၊ မဟာသတိပဋ္ဌာနသုတ် စသည့် ကျင့်ထုံးကျင့်နည်း သုတ်ပေါင်းများစွာကို ဖော်ထုတ်ဟောကြားတော်မူခဲ့၏။ ယင်းတရားတော်များ၌ ပါရှိသည့် နည်းလမ်းများနှင့်အညီ ကြိုးစားအားထုတ်မှ သာကောင်းကျိုးတရားများကို ရရှိပါလိမ့်မည်။ (၂) တရားအားထုတ်ရင် ဘယ်လိုကောင်းကျိုးတွေ ရမလဲ..။ ရုပ်သဘောတရား နာမ်သဘောတရားတို့၏ အခြေအနေမှန်(ဖြစ်ခြင်း၊ ပျက်ခြင်း၊ ပေါ်ခြင်း၊ ပျောက်ခြင်း၊ ရှင်ခြင်း၊ သေခြင်း)တို့ကို သိမြင်အောင် (အနိစ္စ၊ ဒုက္ခ၊ အနတ္တ) မြင် အောင်ကြိုးစားအားထုတ်ပါလျှင် ... * စိတ်ဓါတ်ဖြူစင် သန့်ရှင်းခြင်း.. * မပူဆွေး မငိုကြွေးရတော့ခြင်း... * ကိုယ်မဆင်းရဲ စိတ်မဆင်းရဲ ခြင်း.. * အဆင့်မြင့် အသိဉာဏ် (မဂ်ဉာဏ် ) ကိုရရှိခြင်း.. * နိဗ္ဗာန် ကိုသိမြင် (မျက်မှောက်) ပြုရခြင်း.. ဟူသောကောင်းကျိုးတရားများရရှိကြောင်းကို မဟာသတိပဋ္ဌာနသုတ်တွင် ဟောကြားတော်မူခဲ့ပါသည်။ * စိတ်ဓါတ်ဖြူစင် သန့်ရှင်းခြင်း..... သတိပဋ္ဌာန်တရားတော်နှင့် အညီ ဖြစ်ခြင်း ပျက်ခြင်း မတည်မြဲခြင်း (အနိစ္စ) သဘောကို ပိုင်ပိုင်နိုင်နိုင်သိမြင်အောင်အားထုတ်သူ၏ စိတ်ဓာတ်သည် လိုချင်မှု့လောဘ၊ မကျေနပ်မှု့ဒေါသ၊ မသိတွေဝေမှု့မောဟ ၊ရုပ်နာမ်သဘောကို ငါဟုထင်မြင်ယူဆသည့် ဒိဋ္ဌိ အစရှိသည့် မကောင်းသော စိတ်နေစိတ်ထား= ကိလေသာများ လျော့နည်း ပပျောက် ကင်းစင်သဖြင့် ဖြူစင်မြင့်မြတ် လာ၏။ ရုပ်နာမ်ဖြင့် ဖွဲ့စည်းထားသော ခန္ဓာကို ငါ သူ လူပုဂ္ဂိုလ် သတ္တဝါမရှိ ရုပ်နာမ်သဘောသာရှိ၏ ဟု မိမိခန္ဓာ၌ အမြင်ရှင်းလာ၏။ အမြင်ကြည်လင် ပြတ်သားလာ၏။ တို့အတူ စိတ်ဓါတ်သည်လည်း ဖြူစင် သန့်ရှင်း ခိုင်မာလာ၏။ * မပူဆွေး မငိုကြွေးရတော့ခြင်း... ဤသို့ခန္ဓာအမြင် ကြည်လင်လာသည်နှင့် အမျှ မိမိခင်မင်တွယ်တာ ခဲ့ ရသည့် သက်ရှိ သက်မဲ့များဆုံးရှုံးပျက်စီးသည့် အခါ စိုးရိမ်ပူဆွေးမှု့များလျော့ချနိုင်လာ၏။ ယင်းတို့၏မတည်မြဲ ကြသည့်သဘောကို နားလည်လာခြင်းကြောင့် ပင်ဖြစ်၏။ ပူဆွေး ငိုကြွေးရခြင်းတို့မှ လည်း သက်သာမှု့ရစေ၏။...စိတ်ဓာတ်တည်ငြိမ် လာသူသည်ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးထိခိုက်မှု့လည်းနည်းပါးလာတော့၏။ သောကဖြစ်စရာများနှင့် ကြုံတွေ့ သော်လည်း ခံနိုင်ရည်ရှိလာ၏။ ဤစိတ်ကျန်းမာမှု့ကလည်း ရုပ်ပိုင်း ကျန်းမာရေးကို အထောက်အကူ ပြုသောကြောင့် တရားအားထုတ်ခြင်းက ကိုယ်စိတ်ဆင်းရဲမှု့ကို မဖြစ်စေပဲ ကိုယ်နှင့် စိတ်ကိုရွှင်လန်းစေနိုင်၏။ * အဆင့်မြင့် အသိဉာဏ် (မဂ်ဉာဏ် ) ကိုရရှိခြင်း... ထိုမှ တစ်ဆင့်တက်ကာ ရုပ်နာမ် သဘောကို ပိုင်ပိုင်နိုင်နိုင် သိမြင်ထားသော ယောဂီသည် မိမိ၏ ၀ိပဿနာဉာဏ် အဆင့်ဆင့် ကိုရင့်ကျက်အောင် အားထုတ်သွားလျှင် ဒုက္ခကို ဒုက္ခမှန်း၊ ဒုက္ခဖြစ်ကြောင်းကို ဒုက္ခဖြစ်ကြောင်းမှန်း၊ သိမြင်လာပြီး အဆင့်ဆင့် တက်ကာ အရိယာ မဂ်ဉာဏ် ကိုရရှိနိုင်ပါသည်။ သစ္စာလေးပါး အမှန်တရားကို သိမြင်နိုင်သည့် ဤမဂ်ဉာဏ် ကိုမရရှိသောကြောင့် ကျွနု်ပ်တို့ သံသရာထဲ တဝဲလည် လည်နေရတာကို လည်းနားလည်လာတော့၏။ * နိဗ္ဗာန် ကိုသိမြင် (မျက်မှောက်) ပြုရခြင်း.. .. မျက်စိနှစ်ကွင်း အလင်းမရသူသည် ပြင်ပအရာဝတ္တုများကို မသိမြင်နိုင်ပေ။ ထို့အတူ သစ္စာလေးပါး ကို မသိသူသည် နိဗ္ဗာန်ဟူသော သန္တိသုခ အငြိမ်းဓာတ်ကို မသိမြင်နိုင်ပေ။ တရားအားထုတ်ထားသူ ရရှိထားသော မဂ်ဉာဏ်ကသာ ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်းသည့် အငြိမ်းဓာတ်သဘော ကို သိမြင်နိုင်ပေသည်။ (၃) တရားအားမထုတ် လျှင် …… ရုပ်နာမ်တရားတို့၏ ဖြစ်ပျက်နေပုံ ၊ ပေါ် ပျောက်နေပုံ ၊ ရှင် သေနေပုံ၊ တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲ ဖောက်ပြန်နေပုံတို့ကို မသိသဖြင့် ၊ ပရမတ်အားဖြင့် အမှန်တကယ် မရှိသည့် ငါ သူ လူပုဂ္ဂိုလ် သတ္တဝါ ယောကျာ်း မိန်းမ စသည်များကို တကယ်အရှိထင်ကာ တဏှာ မာန ဒိဋ္ဌိ စသည့်တရားများ အမြဲဖြစ်နေသောကြောင့် .... ၁။ ရုပ်နာမ် အမြင်မကြည်လင်ခြင်း၊ စိတ်ဓာတ် အားနည်းနေခြင်း၊ စိတ်ဓာတ် ညစ်ပတ်ခြင်း၊ စိတ်ဓာတ် ညစ်ထေးခြင်း၊ စိတ်ဓာတ် မကြံ့ခိုင်ခြင်း။ ၂။ ထိုသို့စိတ်ဓာတ် မကြံ့ခိုင်သဖြင့် ပူစရာရှိပူရ၊ ငိုစရာရှိငိုကြွေးရ နှင့် သောကတွေ များနေတတ်ခြင်း.။ ၃။ ထိုသို့ ပူဆွေးငိုကြွေးရသဖြင့် ကိုယ်စိတ်ဆင်းရဲခြင်း၊ ကိုယ်စိတ် မချမ်းသာခြင်း။ ၄။ ကိုယ်စိတ်ဆင်းရဲ သဖြင့် မဂ်ဉာဏ်ရရှိ ဖို့ မဆိုထားနှင့် ၀ိပဿနာဉာဏ် ရရှိရေးပင် လမ်းပိတ်သွားခြင်း။ ၅။ နိဗ္ဗာန်ကိုသိမြင်နိုင်သည့် မဂ်ဉာဏ်၏ အကြောင်းဖြစ်သော ၀ိပဿနာဉာဏ်ကိုမရ ရှိသည့်အတွက် နိဗ္ဗာန်ကိုသိမြင်ဖို့ရန် မျှော်လင့် ချက်မရှိတော့ခြင်း စသည့် မကောင်းကျိုးများရရှိနိုင်ပါတယ်။ ထို့ကြောင့် တရားအားထုတ်ဖို့ လိုသလား ဟု ဆိုလာလျှင်.... *ရန်သူများဝိုင်းထားခံရသူသည် ထွက်ပြေးလျှင် လွတ်မြောက်နိုင်သည့် အခွင့်အရေးကို မြင်လျှင် ထွက်ပြေးရန် လိုအပ်သည်။ *မိမိခန္ဓာကိုယ်ကြီး၌ ကျင်ကြီး ကျင်ငယ် စသည့်အညစ်အကြေးများ ပေလူးနေလျှင် ယင်းတို့ကို ရေကောင်းရေသန့်ုဖြင့် ဆေးကြောသန့်စင်ရန် လိုအပ်ပေသည်.။ *မိမိမှာ အနာရောဂါစွဲ ကပ်နေလျှင် ထို အနာများကိုပျောက်ကင်းအောင် (၀ါ) ကျန်းမာအောင် ဆေးဝါးသောက်သုံးရန် လိုအပ်ပေသည်.။ ထို့အတူ.. ၁။ ကျွနု်ပ်တို့၏ သန္တာန်မှာရှိသော လိုချင်မှု့လောဘ၊ မကျေနပ်မှု့ဒေါသ၊ မသိတွေဝေမှု့မောဟ ၊ ထောင်လွှားမှု မာန၊ အမြင်မှားမှု့ ဒိဋ္ဌိ၊ မနာလိုမှု့ ဣသာ၊ ဝန်တိုမှု့ မစ္ဆရိယ စသော မကောင်းသည့် အောက်တန်းစားစိတ်ဓာတ် များရှိနေသည့် အတွက် ယင်းစိတ်ဓာတ်များလျော့နည်းသွားစေရန် တရားအားထုတ်ဖို့ လိုအပ်ပါသည်။ ၂။ ပူဆွေး ငိုကြွေးခြင်းမှ လွန်မြောက်ရန်၊ ၃။ ကိုယ်စိတ် မဆင်းရဲစေရန်၊ ၄။မဂ်ဉာဏ်ကို မရသေးလျှင် အပါယ်ကျနိုင် သဖြင့် အပါယ်လေးပါးသို့မကျရောက်ရေးအတွက် ။ ၅။ ဒုက္ခပေါင်းစုံ စုဝေးရာ လက်ရှိခန္ဓာချုပ်သိမ်းပြီး အငြိမ်းဓာတ်နိဗ္ဗာန် ချမ်းသာကို သိမြင် မျက်မှောက်ပြုနိုင်ရေးအတွက် တရားအားထုတ်ဖို့ လိုအပ်ပါသည်..။ တရားအားထုတ်ရန် လိုအပ်ပုံနှင့်ပတ်သက်၍ လူနာလေးမျိုး၊ ပုဂ္ဂိုလ် လေးမျိုး ကိုတင်ပြလိုပါတယ်။ ၁။ မိမိမှာ ရောဂါရှိမှန်းလည်းမသိ ၊ ဆေးလည်းမသောက်သောလူနာ.. ထိုပုဂ္ဂိုလ်မျိုးမှာ မိမိမှာ (မကောင်းသည့် စိတ်နေစိတ်ထား) ကိလေသာများရှိနေပါလျက် ရှိမှန်းလည်းမသိ ၊ တရားလည်း အားမထုတ်သော ပုဂ္ဂိုလ်။ ၂။ မိမိမှာ ရောဂါရှိမှန်းသိ လျက်၊ ဆေးမသောက်သောလူနာ၊... ထိုပုဂ္ဂိုလ်မျိုးမှာ မိမိမှာ ကိလေသာ ရှိမှန်းသိ နေပါလျက် ၊တရားလည်း အားမထုတ်သော ပုဂ္ဂိုလ်။ ၃။မိမိမှာ ရောဂါရှိမှန်းသိ လျက်၊ ဆေးမှန်မှန်မသောက်သောလူနာ၊...ထိုပုဂ္ဂိုလ်မျိုးမှာ မိမိမှာ ကိလေသာ ရှိမှန်းသိ နေပါလျက် ၊တရားမှန်မှန် အားမထုတ်သော ပုဂ္ဂိုလ်။ ၄။မိမိမှာ ရောဂါရှိမှန်းလည်းသိ ၊ ဆေးလည်းမှန်မှန်သောက်သောလူနာ၊...ထိုပုဂ္ဂိုလ်မျိုးမှာ မိမိမှာ ကိလေသာ ရှိမှန်းလည်းသိ ၊တရားလည်းမှန်မှန် အားထုတ်သော ပုဂ္ဂိုလ်တို့ပင် ဖြစ်သည်။ ရုပ်ပိုင်းကျန်းမာရန် လိုအပ်သလို စိတ်ပိုင်း =နာမ်ပိုင်းလည်း ကျန်းမာရန်လိုအပ်၏။ဆရာဝန်၊ သမားတော်ကြီးများ ကပေးသောဆေးသည် အများအားဖြင့် ရုပ်ကျန်းမာရေးကိုသာ အထောက်အကူပြု၏။ မြတ်ဗုဒ္ဓ ဖော်ထုတ်ခဲ့သော သီလ သမာဓိ ပညာ=၀ိပဿနာ ဆေးများကား ရုပ်ကျန်းမာရေးကိုသာမက စိတ်ကျန်းမာရေး ၊ စိတ်ချမ်းသာရေးကိုလည်း အထောက်အကူပြု၏။ မြတ်စွာဘုရားက အင်္ဂုတ္တိုရ် ပါဠိတော်၊ စတုက္ကနိပါတ်၊ ဣန္ဒြိယ ဝဂ်၊ရောဂသုတ်( အံ ၊ ၁၊ ၄၆၀) ၌ " ရုပ်ရောဂါ၊ စိတ်ရောဂါ၊ ဟုနှစ်မျိုးရှိကြောင်း ဆယ်နှစ် အနှစ် နှစ်ဆယ် အနှစ်တစ်ရာကျော်အောင် ရုပ်ရောဂါ ကင်းရှင်း၍ မဖျားမနာ ကျန်းမာနေကြသော သတ္တဝါများကို မြင်တွေ့နိုင်ကြောင်း ၊ သို့သော် ရဟန္တာ ပုဂ္ဂိုလ်များမှ လွဲ၍ တစ်အောင့် တစ်ခဏ စိတ်ရောဂါမှ ကင်းလွတ်သော သတ္တဝါများကို မြင်တွေ့ ရခဲကြောင်း" ဟောတော်မူခဲ့ပါသည်။ *** တရားအားထုတ်ကြပါစို့.......... သို့ဖြစ်၍ ကိလေသာတိုးပွားအောင် ပြုလုပ်တတ်သော ၊ စိတ်ဓါတ်စွမ်းရည် လျော့နည်းကျဆင်းအောင်ပြုလုပ်တတ်သော၊ ကိလေသာတည်းဟူသော ရောဂါရှိနေသူ ပုထုဇဉ်မှန်သမျှ သထမ ၀ိပဿနာတည်းဟူသော တရားဘာဝနာဆေးတော်မြတ်ကို တကယ်သုံးဆောင် အား ထုတ််ရန်လိုအပ်ကြောင်း မျှဝေလိုက် ရပါတယ်..။ လေးအိမ်စု အရှင်ဝိစိတ္တသာရ ရဲ့ တရားထဲမှ မျှဝေကုသိုလ်ယူထားပါတယ်.။
https://www.dhammaransi.com/index.php/new/659-2016-01-09-10-54-38.html
မေတ္တာ
“မေတ္တာဆိုတာ သန့်ရှင်းတဲ့နေရာမှာသာ မေတ္တာဆိုတဲ့စကားကို သုံးတယ်” မေတ္တာဆိုတာဟာ တရားကိုယ်ကတော့ အဒေါသခေါ်တဲ့ သောဘဏ စေတသိက်ထဲမှာပါတဲ့ အဒေါသဆိုတဲ့ စေတသိက်တရားလေးပဲ။ အဒေါသကို မေတ္တာလို့ခေါ်ရတယ်။ မေတ္တာဆိုတာ အင်မတန်သန့်ရှင်းတယ်၊ မွန်မြတ်တယ်၊ စင်ကြယ်တယ်။ သို့သော် လောက က မေတ္တာဆိုတဲ့စကားကို နေရာတကာမှာ မေတ္တာနဲ့ သုံးနေကြတယ်။ အမှန်ကတော့ သန့်ရှင်းတဲ့ နေရာမှာသာ မေတ္တာဆိုတဲ့ စကားကို သုံးတယ်။ “တဏှာပေမ” ကိလေသာမကင်းတဲ့ ချစ်ခြင်းမေတ္တာမျိုးကိုတော့ “ပေမ” လို့ သုံးတယ်။ “တဏှာပေမ” ဆိုတာရှိတယ်။ ဒီ တဏှာပေမ ဆိုတာဟာ လောက က မေတ္တာလို့သုံးပေမယ့် ကိလေသာမကင်းတဲ့ ချစ်ခြင်းကတစ်မျိုး၊ ဇနီးမောင်နှံ လင်မယားပုဂ္ဂိုလ်များမှာ ထိုကဲ့သို့ မေတ္တာမျိုး ဖြစ်ကြရတယ်။ တဏှာပေမ တဏှာမကင်းတဲ့ ချစ်ခြင်းတွေ။ ညီအစ်ကို မောင်နှမတွေ မိဘသားသမီးတွေရဲ. ချစ်ခြင်းမျိုးတွေဟာလဲဒီလိုပဲ။ တဏှာဆိုတဲ့ အစေးကလေးမကင်းတဲ့ ချစ်ခြင်း၊ သို့သော် ဇနီးမောင်နှံ အချစ်မျိုးကတော့ အင်မတန်ပြင်းထန်တဲ့ အချစ်မျိုး ၊ မိဘတို့ သားသမီးတို့ ညီအစ်ကို မောင်နှမတို့ အချစ်ကတော့ ခပ်ပျော့ပျော့ အချစ်ကလေးပေါ့ ၊ ဒါအားလုံးဟာ မေတ္တာနဲ့မဆိုင်ဘူး၊ ဘာဝနာမှာလတဲ့ ---မေတ္တာနဲ့ မဆိုင်ဘူး။ အဒေါသဆိုတဲ့ မေတ္တာမှ ဘာဝနာမှာလာတဲ့ မေတ္တာကတော့ အင်မတန် သန့်ရှင်းတယ်၊ “အဒေါသ” ခေါ်တဲ့ မေတ္တာမျိုး၊ ဒီလိုမေတ္တာမျိုးသည် သန့်ရှင်းတယ်၊ အေးချမ်းတယ်၊ တဏှာပေမ မကင်းတဲ့ ချစ်ခြင်းမျိုးတွေက ပူပန်မှုတွေရှိတယ် ၊ ပူလောင်မှုတွေရှိလို့ တကယ်အေးချမ်းတဲ့ မေတ္တာမျိုးမဟုတ်ဘူး။ မေတ္တာဘာဝနာအရာမှာလာတဲ့ မေတ္တာကတော့ ပွားများလိုက်တာနဲ့ တစ်ပြိုင်နက် စိတ်ထဲမှာ အေးချမ်းလာတဲ့ မေတ္တာမျိုး ၊ ဒီလိုမေတ္တာတရားမျိုးကိုသာ ဘာဝနာအရာမှာ လိုလားအပ်တယ်၊ ဒီလိုမေတ္တာမျိုးကိုသာ ပွားများကြရမယ်။ နွားမကြီးရဲ. မေတ္တာတန်ခိုး ကျမ်းဂန်မှာလာတဲ့ ဝတ္တုတစ်ပုဒ်ရှိတယ်------- ရှေးုတုန်းက သားသည် အမေနွေးမကြီး နွားကလေးနို့တိုက်နေတယ်--- အမဲလိုက်မုဆိုးက ချွန်ထက်တဲ့ လှံကိုင်ပြီးတော့ရောလာတယ်၊ အမဲတွေ့ပြီဆိုပြီး နွားမကြီးကို လှံနဲ့ အားကုန်ပစ်လိုက်တယ်--လှံဟာ နွားမကြီးကို မထိုးဖောက်နိုင်ပဲ--လိပ်ခွေသွားတယ်--- နွားမကြီးဟာ ထိုအခိုက်မှာ အခါများစွာ သားကဘေးအပေါ်မှာ တဏှာပေမ တဏှာအချစ်ကလေးနဲ့ ချစ်နေခဲ့တာဖြစ်ပေမယ့် အခုခိုက်မှာတော့ သူ့မှာ“ ဗြဟ္မာစိုရ် မေတ္တာ” ပွားများနေတယ်၊ ထိုမေတ္တာတန်ခိုးကြောင့် ဒီမေတ္တာကလဲ အင်မတန် အရှိန်ပြင်းတဲ့ အတွက်ကြောင့် မုဆိုးကြီးလှံက အသားကို မတိုးပဲ ခွေလိပ်သွားရခြင်းဖြစ်တယ်။ နွားမကြီးမှာ ဘာမှမဖြစ်ဘူး။ “ အဝေးရန်သူ နဲ့ အနီးကပ်ရန်သူ ” ဗြဟ္မဝိဟာရ မေတ္တာမျိုးဟာ လင်မယားအချင်းချင်းလဲ အခါများစွာဖြစ်နိုင်တာပဲ ၊ သားအမိ ညီအစ်ကို မောင်နှမ စသည်လည်း ဖြစ်နိုင်တာပဲ ။ ဒီလိုမေတ္တာတွေ ကျပ်ကျပ်ဖြစ်နေကြပြီဆိုရင် ထိုအသိုင်းအဝိုင်းမှာ မေတ္တာပွားလို့ အင်မတန်လွယ်တယ်၊ ဒေါသဆိုတာ မေတ္တာရဲ. ရန်သူပဲ ၊ ရာဂဆိုတာလဲ မေတ္တာရဲ. ရန်သူပဲ၊ ရာဂက အနီးကပ်ရန်သူတဲ့ ၊ ဒေါသက အဝေးရန်သူတဲ့ ၊ ဘယ်ရန်သူရှိရှိ မေတ္တာဘာဝနာကတော့ မဖြစ်ဘူး ၊ ဒီလိုရန်သူမရှိမှ ။ မာတာယထာ နိယံပုတ္တ ၊ မာယုသာ ဧကပတ္တ မနုရက္ခေ။ ဧဝမ္ပိ သဗ္ဗဘူတေသု ၊ မာနသံ ဘာဝယေ အပရိမာဏံ။ ထိုမေတ္တာမျိုးထိအောင် ပွားကြရမယ့်အကြောင်း ဘုရားရှင်ကိုယ်တော်မြတ်က တိုက်တွန်းတော်မူတယ်။ အနက်က-- “လောကမှာ မိခင်ဆိုတာ တစ်ဦးတည်းသော သားကလေးကို အင်မတန်ချစ်တယ် ၊ သားသမီးများတဲ့ မိခင်တွေဟာ ချစ်တယ်ဆိုပေမယ့် ဒီလောက်မဟုတ်သေးဘူး၊ တစ်ဦးတည်းသောသားကလေးရှိတဲ့ မိခင်သာ ထိုသားကလေးအပေါ်မှာ အလွန်ချစ်ခြင်းမေတ္တာဖြစ်နေသကဲ့သို့ ထို့အတူပဲ အလုံးစုံသော သတ္တဝါတွေအပေါ်မှာ ဤကဲ့သို့သော မေတ္တာမျိုးကို ပွားရမယ့်အကြောင်း ဘုရားရှင်ကိုယ်တော်မြတ်က ဟောတော်မူတယ်။” ဒါတော သတ္တဝါတွေအပေါ်မှာ မေတ္တာပွားတဲ့အခါတော့ မိမိစိတ်ထဲမှာ အင်မတန်ရှင်းနေရတယ်၊ ရှင်းတယ်ဆိုတာ ဘာတုုံးဆိုရင် ရာဂမဝင်ရဘူး၊ ဒေါသမဝင်ရဘူး ၊ ဒေါသ ရာဂမဝင်ဘဲနဲ့ သန့်သန့်ရှင်းရှင်းနဲ့ ပွားတဲ့မေတ္တာဟာ မိမိလိုလားတဲ့ စျာန် အစရှိသော ချမ်းသာကို ရခြင်းအကြောင်း၊ ကောင်းမြတ်သော မေတ္တာဖြစ်ကြောင်း ဘုရားရှင်ကိုယ်တော်မြတ်က ဟော်တော်မူလို့ ထိုကဲ့သို့ မေတ္တာမျိုးကို ကြိုးကြိုးစားစား ပွားများ အားထုတ်နိုင်ကြရမယ်--- (သပြေကန်ဆရာတော်၊ အရှင်ဝါသေဌာဘိဝံသ၊ “သပြေကန်တရားပေါင်းချုပ် --အမှတ်
https://www.dhammaransi.com/index.php/new/660-2016-01-09-10-54-14.html
လောဘ
လောဘဆိုတဲ့ လိုချင်နှစ်သက်မှု သာယာမှု ရှိနေလို့ အချီးမွှန်းခံရတာကို သာယာပြီး စိတ်တက်ကြွတယ်၊ ကောဓ ကောဓ ဆိုတဲ့ဒေါသရှိနေလို့ အကဲ့ရဲ.ခံရတဲ့အခါ သည်းမခံနိုင်ဖြစ်ပြီး စိတ်ဓာတ်ကျရတယ်၊ ဒါကြောင့် အဲဒီ လောဘနဲ့ ဒေါသကို ရှုမှတ်ပြီးပယ်ရမယ်။ မစ္ဆရိယ ဝန်တိုတယ် ကပ်စေးနှဲတယ် ဆိုတာဟာ နှစ်သက်တွယ်တာတဲ့ လောဘနှင့်လည်း ဆိုင်တယ်၊ မိမိချစ်မြတ်နိုး နေတဲ့ သက်ရှိသက်မဲ့ အရာဝတ္တုကို သူတစ်ပါးနှင့် မနီးစပ်စေချင်တာဟာ သည့်းမခံနိုင်တဲ့ ဒေါသပဲ၊ အဲဒါနှင့်လည်း ဆိုင်တယ်၊ အဲဒီ ဝန်တိုတဲ့ မစ္ဆရိယကြောင့်လည်း စိတ်ဟာ မတည်မငြိမ်ဘဲ ရှိတတ်တယ်၊ ဒါကြောင့် အဲဒီမစ္ဆရိယ ကိုလည်း ဖြစ်ပေါ်လာရင် ရှုမှတ်ပြီး ပယ်ရမယ်၊ ကုန်းချောတယ် ကုန်းတိုက်တယ် ကုန်းချောတယ် ကုန်းတိုက်တယ်ဆိုတာ ဝစီဒုစရိုက် ၄-ပါးထဲ အပါအဝင် တစ်ပါးပဲ၊ သီလပျက်ကြောင်း အကုသိုလ်အမှုပဲ၊ ဒါကြောင့် သီလမပျက်စေရန် အဲဒီ ကုန်းတိုက်စကား ပြောဆိုခြင်းကိုလည်း ပယ်ရမယ်တဲ့၊ အဲဒီ ကုန်းတိုက်တယ်ဆိုတာ ချစ်ခင်ရင်းနှီးနေသူများကို ကွဲပြားစေတတ်တဲ့အမှုပဲ၊ “ကဲ့ရဲ.တယ် ချီးမွမ်းတယ်” ကဲ့ရဲ.တယ်………. ကဲ့ရဲ.တယ် ချီးမွမ်းတယ် ဆိုတာ လောကထဲမှာ ရှိနေတဲ့ ပုဂ္ဂိုလ်ဟူသမျှ တွေ့ကြုံရမြဲဖြစ်တဲ့ လောကဓံ တရားပဲ၊ ဘာမျှ ထူးခြားတဲ့အကြောင်း မဟုတ်ပါဘူး၊ ဒါပေမယ့် လောကဘက်ကဂုဏ်နဲ့ဖြစ်စေ၊ တရားဘက်က ဂုဏ်နဲ့ဖြစ်စေ အကဲ့ရဲ.ခံရရင် စိတ်ဓတ်ကျဆင်းပြီး တုန်လှုပ်တတ်ကြတယ်၊ အရေးကြီးတာ မကြီးတာ စိစစ်ကြည့်ရင်တော့ လောကဘက်က ဘယ်လိုဂုဏ်ဖြင့် ကဲ့ရဲ.စေကာမူ ဘာမျှ အရေးမကြီးပါဘူး၊ ဒါကြောင့် လောကဘက်က အမျိုး၊ ဇာတိ ၊ စီးပွားဥစ္စာ၊ အတတ်ပညာ အလုပ်အကိုင် စသည်နှင့်စကပ်ပြီး ဘယ်လိုပင်ကဲ့ရဲ.ကြစေကာမူ ဘာမျှ အရေးမကြီးပါဘူး၊ အဲဒါကိုဂရုမစိုက်ဘဲ စိတ်အေးလက်အေးနေနိုင်ပါတယ်။ အဲဒီလို ကဲ့ရဲ.တဲ့ စကားသံကိုလည်း ဂရုတစိုက်နားမထောင်ဘဲနေရမယ်၊ သတိပဋ္ဌာန် အလုပ်ရှိတဲ့ ပုဂ္ဂိုလ်ဆိုရင် ကြားရတာ သိရာတာကို ရူမှတ်ပြီး ပယ်လိုက်ရုံပါဘဲ၊ တရားဘက်ကတော့ သီလစသည့် ချွတ်ယွင်းမှုဖြင့် အကဲ့ရဲ.ခံရရင် မိမိမှာ ချွတ်ယွင်းချက် ရှိမရှိ ဆင်ခြင် ကြည့်ရမယ်။ ချွတ်ယွင်းချက်ရှိရင် ပြင်သင့်တာကိုပြင်ပြီး စိတ်အေးလက်အေး နေရုံပါပဲ၊ ချွတ်ယွင်းချက်မရှိဘဲ ကဲ့ရဲ.တာဆိုရင်တော့ ဂရုစိုက်ဖို့ မလိုပါဘူး၊ မြတ်စွာဘုရားကိုတောင် မကြည်ညိုတဲ့သူတွေက ကဲ့ရဲ.ကြသေးတာပဲ ၊ “မိမိမှာအပြစ်မရှိရင် ပြီးတာပဲ” လို့ နှလုံးသွင်းပြီး မတုန်မလှုပ်တည်ငြိမ်စွာနေရမယ်၊ ချီးမွမ်းတယ်----- အချီးမွမ်းခံရင်တော့ အများက ကြိုက်တတ်ကြတယ်၊ မဟုတ်ဘဲနဲ့ မြှောက်ပင့်ပြီး ချီးမွမ်းတာကိုလည်း သဘောတူပြီး လက်ခံနေတတ်ကြတယ်၊ အဲဒါဟာ မဟုတ်တဲ့ဂုဏ်နဲ့ တက်ကြွတဲ့ သဘောပဲ၊ အမှန်ကတော့ ဟုတ်တဲ့ဂုဏ်နဲ့ ချီးမွမ်းတောင် မတက်ကြွဘဲ သည်းခံနိုင်ဖို့ အရေးကြီးပါတယ်၊ တရားကိုယ် အားဖြင့် စိစစ်ကြည့်ရင် ချီးမွမ်းဆိုတာ အသံရုပ်ကလေးမျှပဲ၊ အရေးကြီးတာကတော့ မိမိမှာ ချီးမွမ်းထိုက်တဲ့ ဂုဏ်နဲ့ ပြည့်စုံသည်ထက် ပြည့်စုံအောင် အားထုတ်သွားဖို့ အရေးကြီးပါတယ်၊ A ဒါကြောင့် သူတစ်ပါးက ချီးမွမ်းတာကိုလည်း ဂရုမစိုက်ဘဲ မတက်ကြွဘဲ တည်ငြိမ်နေနိုင်ရမယ်၊ အဲဒီလို တည်ငြိမ်နေပြီးတော့ တရားဘက်က ပြည့်စုံသည်ထက် ပြည့်စုံအောင် အားထုတ်သွားရမယ်။ “အရဟတ္တမဂ်ဖိုလ်” စာပေတတ်လို့ ချီးမွမ်းခံရတယ်ဆိုရင် ကိုယ့်ထက်တတ်သိတဲ့ ပုဂ္ဂိုလ်တွေရဲ. အဆင့်အတန်းရောက်အောင်၊ သီလဘက်က အချီးမွမ်းခံရရင် ကိုယ့်ထက်သာတဲ့ သူတွေရဲ. အဆင့်အတန်းရောက်အောင်၊ သမာဓိပညာဘက်က အချီးမွမ်းခံရရင် ကိုယ့်ထက်သာတဲ့ ပုဂ္ဂိုလ်မြတ်တွေရဲ. အဆင့်အတန်းရောက်အောင်၊ အားထုတ်သွားရမယ်၊ အရဟတ္တမဂ်ဖိုလ် မရောက်သေးသမျှကာလပတ်လုံး သူတစ်ပါးက ဘယ်လိုပဲ ချီးမွမ်း ကြစေကာမူ “ငါ့မှာလိုသေးတယ်” လို့သာ နှလုံးသွင်းပြီး အရဟတ္တမဂ်ဖိုလ် ရောက်သည့်တိုင်အောင် ကြိုးစား အားထုတ်သွားဖို့ပါပဲ၊ အရဟတ္တမဂ်ဖိုလ် ရောက်ရင်တော့ စိတ်ဓာတ်မြင့်ပြီး တက်ကြွတဲ့ မာနလည်း မရှိတော့ဘူး၊ အဲဒီအခါကျတော့ စိတ်မတက်ကြွအောင် ထိန်းသိမ်းစရာလည်း မလိုတော့ဘူး၊ (မဟာစည်ဆရာတော်ဘုရားကြီး၏ တုဝဋကသုတ်တရားတော်)
https://www.dhammaransi.com/index.php/new/661-2016-01-09-10-53-54.html
ဗုဒ္ဓလေးမျိုး
ဗုဒ္ဓဆိုတာ ဘုရားပဲ ၊ ဘုန်းကြီးတို့ ဗုဒ္ဓဆိုတဲ့ နာမည်ဟာ ဘရားရှင် ကိုယ်တော်မြတ်ရဲ. ထူးခြားတဲ့ နာမည်တစ်မျိုး၊ ဘွဲ့တော်တစ်မျိုး ၊ ဘရားရှင် ကိုယ်တော်မြတ်ရဲ. ဂုဏ်တော်ကို ဖော်ပေးနေတဲ့ နာမည်လို့လဲ ဆိုနိုင်တာပေါ့ ၊ ဗုဒ္ဓဆိုတာ သစ္စာလေးပါး မြတ်တရားကို ဆရာမရှိ ကိုယ်တိုင်သိတဲ့ ပုဂ္ဂိုလ်ကြီးလို့ ဆိုလိုတယ်။ ဗုဒ္ဓလေးမျိုး လောကမှာ ဗုဒ္ဓဆိုတာ ဘုရားမှာသာရှိသလား ၊ ဒီလိုတော့လဲ မဟုတ်ဘူး၊ နာမည်ဆိုတာကတော့ သူမှည့် ကိုယ်မှည့် ဆိုရင်ရှိကြတာပဲ၊ သို့သော် တကယ့် ဗုဒ္ဓအမည်က ဘုန်းကြီးတို့ ဘုရားမှာသာရှိတယ်၊ ဗုဒ္ဓလေးမျိုးတဲ့။ (၁) သုတဗုဒ္ဓ (၂) အနုဗုဒ္ဓ (၃) ပစ္စေကဗုဒ္ဓ (၄) သမ္မာသမ္ဗုဒ္ဓ ----------- သုတဗုဒ္ဓ သုတဗုဒ္ဓဆိုတာ ဘုန်းကြီးတို့ သာသနာတော်မှာ ကျမ်းဂန်စာပေတွေ သင်ကြား ပို့ချပြီးတော့ စာပေ ဗဟုသုတ ရှိကြတဲ့ ဘုရားဟော တရားတော်တွေကို အားလုံး ရှင်လူအများသိအောင် သင်ကြား ဖော်ထုတ်ပေးနေတဲ့ ပုဂ္ဂိုလ်တွေ ၊ ရဟန်းတော်တွေကို သုတဗုဒ္ဓ ၊ အဲဒီ သုတဗုဒ္ဓကို ဘုရားရှင်ကိုယ်တော်မြတ်က အင်မတန် ကျေးဇူးများလို့ မိမိအရာမှာ ထားပြီးတော့ ချီးကျူးမြှောက်စားတာချည်းပဲ၊ ဒါကြောင့်မို့လို သုတဗုဒ္ဓဆိုတဟာလဲ အဲ-သူကလဲ သာမညမဟုတ်ဘူး၊ ဘုရားရှင်ကိုယ်တော်မြတ်က မိမိအရာမှာထားပြီး မြှောက်စားချီးကျူးခဲ့တဲ့ ဘုရားတစ်ဆူ၊ အဲဒါက သာသကတွေနဲ့ ဆိုင်တဲ့ ဘုရားတပည့်တွေ။ အနုဗုဒ္ဓ အနုဗုဒ္ဓဆိုတာက ဘုရားရှင် ကိုယ်တော်မြတ် သိတော်မူတဲ့ သစ္စာလေးပါး တရားကို ဘုရားရှင်ကိုယ်တော်မြတ် နည်းပေးသောအားဖြင့် သိမြင်ဖောက်ထွင်း ၊ သိမြင်နားလည်လို့ မဂ်ဆိုက် ဖိုလ်ဆိုက်ကြတဲ့ အရိယာ သာဝကတွေ ၊ အရိယာ သာဝကတွေကို အနုဗုဒ္ဓ ၊ ဘုရားရှင်ကိုယ်တော်မြတ် သိသလို လိုက်သိကြတဲ့ အနုဗုဒ္ဓ။ ပစ္စေကဗုဒ္ဓ ပစ္စေကဗုဒ္ဓဆိုတာကတော့ ဘုရားရှင် ကိုယ်တော်မြတ်များ မပွင့်သေးသည့်အခါ သာသနာပမှာ ဆရာမရှိ ၊ ရှေးက မိမိတို့ ပြုခဲ့တဲ့ ပါရမီကြောင့် သစ္စာလေးပါးကို ကိုယ်တိုင် ထိုးထွင်းသိကြတဲ့ ဘုရားငယ်လို့ ခေါ်ကြတဲ့ ပစ္စေကဗုဒ္ဓပဲ ၊ ဘုရားငယ်တွေ ။ ပစ္စေကဗုဒ္ဓဆိုတာလဲ အမှန်အားဖြင့် သစ္စာလေးပါး တရားကို ကိုယ်တိုင်သိကြတာပဲ ၊ ဆရာမရှိဘဲ ကိုယ်တိုင် သိကြတာပဲ။ သို့သော်လဲပဲ သူများကို ဟောဖော်ပြသဖြင်းငှာ မတတ်နိုင်ဘူး၊ ဘာကြောင့်တုံး၊ ဝေါဟာရ ပရိယာယ်ကြွယ်ဖို့ ၊ ဝေါဟာရတွေ ထူးထူးခြားခြား နားလည်ဖို့ဆိုတာ သာဝကတို့ရဲ. အရာ မဟုတ်ဘူး၊ ဘုရားရှင် ကိုယ်တော်မြတ်တို့ရဲ. အရာ။ သမ္မာသမ္ဗုဒ္ဓ စိတ်ထဲမှာ မိမိတို့ ဉာဏ်ထဲမှာ သိနေတဲ့ သစ္စာလေးပါးတို့ ၊ ပဋိစသမုပ္ပါဒ်တို့ ၊ သစ္စာလေးပါးတို့ ၊ ပဋ္ဌာန်းတို့ ဆိုတာ အဲဒီတရားတွေကို ဒီလို အမည်အမျိုးမျိုးတပ်ပြီးတော့ ၊ အမည် အမျိုးမျိုးထွင်ပြီးတော့ အဲဟောဖို့ဆိုတာက သာမန်ပုဂ္ဂိုလတွေ အရာမဟုတ်ဘူး၊ တကယ့် အတုမရှိ၊ အဲ-သဗ္ဗညုတ ဉာဏ်တော်ကြီးရှိတဲ့ ဘုရားရှင် ကိုယ်တော်မြတ်ရဲ. အရာသာ။ ဒါကြောင့် အဲသလိုဟောနိုင်ဖို့ရာ ပစ္စေကဗုဒ္ဓါတို့မှာ မတတ်နိုင်ဘူး ၊ ဘုရားရှင်ကိုယ်တော်မြတ်သာ တတ်နိုင်တယ်၊ သဗ္ဗညုတဉာဏ်တော်ကြီးရှိလို့ အားလုံးတရားတွေကို အမည်အမျိုးမျိုးတပ်ပြီးတော့ ၊ အဓိပ္ပါယ် အမျိုးမျိုးဖွင့်ပြီးတော့ ၊ နည်းအမျိုးမျိုး ခြယ်လှယ်ပြီးတော့ ဒီနည်းနဲ့မသိ ဟိုနည်းနဲ့ ၊ ဟိုနည်းနဲ့မသိ နောက်တစ်နည်း နည်းပေါင်းများစွာ ၊ အဲ-ထွင်ပြီးတော့ ဟောကြားပြသတော်မူတယ်၊ အဲဒါကြောင့်မို့လို့ သူမတူအောင် ထူးခြားတဲ့ သဗ္ဗညုတဉာဏ်တော်ရှင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို သမ္မာသမ္ဗုဒ္ဓလို့ခေါ်တယ်။ (အဘိဓဇ မဟာရဋ္ဌဂုရု ရွှေကျင်နိကာယ ဥပ ဥက္ကဋ္ဌ ကျမ်းပြုအကျော် သပြေကန်ဆရာတော် အရှင်ဝါသေဋ္ဌာဘိဝံသ၊ သပြေကန်တရားပေါင်းချုပ်၊ အမှတ် (၁)၊ စာ ၂၄၄-၂၄၆)
https://www.dhammaransi.com/index.php/new/662-2016-01-09-10-52-51.html
ဗုဒ္ဓဘာသာဝင်များ နှင့် အလှူဒါန
ဗုဒ္ဓဘာသာဝင်များ နှင့် အလှူဒါန ဗုဒ္ဓဘာသာဝင်တွေဟာ အလှူ ဒါနပြုတယ်ဆိုတာ--သာမန်အားဖြင့် လူချမ်းသာ နတ်ချမ်းသာ စည်းစိမ်ချမ်းသာ လိုချင်လို့ လှူ တာ ဖြစ်ပါတယ်--- ခုရောက်ရှိနေတဲ့ ဆင်းရဲတဲ့သူကလည်း ဆင်းရဲတွင်းက လွတ်မြောက်အောင်--ခုဘဝ မလွတ်တောင်မှ နောင်ဘဝတွေမှာ ဒီလိုဆင်းရဲတဲ့ဘဝမရောက်အောင် ၊ ချမ်းသာတဲ့လူကလည်း ဒီထက်မက ပိုချမ်းသာအောင်၊ ဒီထက်မက ပိုမချမ်းသာတောင်မှ ဘဝအဆက်ဆက်မှာ ဒီလိုဘဝမျိုးတွေပဲ ရရှိအောင်၊ ကိုယ်ရရှိထားတဲ့ စည်းစိမ်ဥစ္စာတွေ လျော့ပါးမသွားအောင် ဆိုတဲ့ ရည်းမှန်းချက်နဲ့ လှူနေတာဖြစ်တယ်၊ နိဗ္ဗာန်ချမ်းသာကို လိုချင်လို့ လှူတာမဟုတ်ဘူးလားဆိုတော့--လိုချင်တာပေါ့--ဆင်းရဲခပ်သိမ်း အကုန်ငြိမ်းမယ် ၊ ဆင်းရဲဒုက္ခ ဘဝသံသရာ တဖန်တလဲလဲ ဘယ်တော့မှ ပြန်မဖြစ်ဘူးလို့ ယေဘုယျအားဖြင့် နားလည်ထားတဲ့ အတွက် နိဗ္ဗာန်ချမ်းသာကို လိုချင်တာပေါ့--- သို့သော်အမှန်အတိုင်း ပြောရမယ်ဆိုယင်--လူသားအများစုဟာ နိဗ္ဗာန်ချမ်းသာထက်--လောလောဆယ် ကိုယ်ကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခတွေ လွတ်မြောက်ဖို့၊ ချမ်းသာတဲ့လူတွေကလည်း ကိုယ့်ရဲ. စည်းစိမ်ဥစ္စာ တွေ ပျောက်ပျက် လျှော့ပါးမသွားဘဲ --တိုးသထက်တိုးဘို့ ရည်သန်ပြီး လှူနေကြတာဖြစ်တယ်-- ဗုဒ္ဓမြတ်စွာဘုရားက အလှူဒါန ပြုတာနဲ့ ပတ်သက်လို့ ဘယ်လိုစိတ်ထား ထားရမလဲ၊ ဘယ်လိုအလှူ ကို လှူရင် ကြီးမားတဲ့ အကျိုးကျေးဇူးကို ရမယ်၊ ကိုယ်မလှူနိုင်ပေမဲ့--လှူနိုင်တဲ့ လူတွေလှူနေတာကို ကိုယ်က ဘယ်လိုစိတ်ထားမျိုးနဲ့ ရူမြင်ရမယ် အစရှိတာတွေနဲ့ ပတ်သက်လို့ များစွာဟောကြားထားခဲ့ပါတယ်-- အလှူဝိ၀ါဒကွဲပြားမှုများ- အလှူ ဒါနဲ့ပတ်သက်လို့ ဗုဒ္ဓမြတ်စွာဘုရား ဟောကြားခဲ့တဲ့ တရားတွေကို အဓိပ္ပါယ်ဖွင့်ဆိုရာမှာ ၀ိ၀ါဒ ကွဲပြားတာတွေ --အများကြီးတော့ မဟုတ်ပါဘူး--အနည်းငယ်ပါ မကြာခဏ ပေါ်ပေါက်လာတာတွေကို တွေ့ရမှာ ဖြစ်ပါတယ်--- မများပေမဲ့လဲ အန္တရာယ်တော့ ကြီးတယ်ဗျ---သေးငယ်တဲ့မီးစကလေးတစ်စ က တစ်တောလုံးကို လောင်မြိုက်တတ်တယ်လေ အထူးဂရုပြုရမဲ့ ကိစ္စဖြစ်တယ်-- ဗုဒ္ဓဘာသာဝင်တွေမှာ အဓိက ပေါ်တတ်တဲ့ ပြဿ နာ က ဘာလဲဆိုတော့-- အလှူဆိုတာ နိဗ္ဗာန်ချမ်းသာကိုသာ အဓိကထားလှူရမယ်-- အခြားချမ်းသာတာတွေကို မျှော်ကိုးပြီး လှူနေတွေဟာ အလကား အကျိုးမရှိဆိုပြီး ယူဆတဲ့သူတွေ ဟောပြောတဲ့သူတွေ ပေါ်လာပြန်တယ်---- သေဝိတဗ္ဗတရား ကုသိုလ်ဆိုတာ ပယ်ရမည့် ပဟာတဗ္ဗတရားမဟုတ်ဘူး ၊ မှီဝဲရမည့် ၊ ဖြစ်ပွားစေရမည့် သေဝိတဗ္ဗတရားသာ ဖြစ်တယ်။ ကုသိုလ်ကောင်းမှုဆိုတာ ပြုသင့်တာချည်းပဲ၊ မပြုသင့်တာရယ်လို့ မရှိဘူး ၊ တတ်နိုင်ရင်တော့ တစ်ဆင့် တိုးတက်ပြီး ပြုသင့်တဲ့ ကုသိုလ်တွေချည်းပါပဲ၊ ဒါနကုသိုလ်ဆိုရင် အသေးအမွှား အနည်းငယ်မျှ ပေးလှူတာထက် များများစားစား ပေးလှူတဲ့ ဒါနကုသိုလ်က ပိုပြီးကောင်းတယ် မဟုတ်လား၊ ၀ိစေယျ ဒါနံ ဒါတဗ္ဗံ ယတ္ထ ဒိန္နံ မဟပ္ဖလံ ၊ ၀ိစေယျ ဒါနံ ဒတွာန သဂ္ဂံ ဂစ္ဆန္တိ ဒါယကာ ။ သီလစသည်နှင့် ပြည့်စုံ၍ အကျိုးကြီးမားစေနိုင်သည့် အလှူခံပုဂ္ဂိုလ်မြတ်ကို စိစစ်ရွေးချယ်ပြီးတော့ အဲဒီအလှူခံပုဂ္ဂိုလ်မြတ်အား လှူရင် ဒါနကုသိုလ်ဟာ အကျိုးကြီးတယ် ၊ အဲဒီလို ပုဂ္ဂိုလ်ကို ရွေးချယ်ပြီး လှူသင့်တယ်၊ လှူရမယ်လို့ မြတ်စွာဘုရား ညွှန်ကြားတော်မူတာပါပဲ၊ ပေးလှူရန် မသင့်တဲ့ မိန်းမအလှူ ၊ နွားအလှူ ၊ သေရည်သေရက် အလှူ၊ လက်နက်အလှူ၊ ပွဲသဘင်အလှူ ဆိုတဲ့ ဒီအလှူမျိုးကိုတော့ ဘုရားအလိုတော်အရ မှူသင့်ဘူးလို့ ဆိုပါတယ်၊ ဒီမှတစ်ပါး အပြစ်မရှိတဲ့ ပစ္စည်းအလှူ ဟူသမျှကိုတော့ လှူသင့်တာချည်းပါပဲ။ မဂ်ဖိုနိဗ္ဗာန်အမွေခံ လောကီချမ်းသားအတွက်ဖြစ်စေ ၊ လောကုတ္တရာချမ်းသာအတွက်ဖြစ်စေ ရည်ပြီး လှူသင့်တာချည်းပါပဲ၊ မြတ်စွာဘုရားက ဒါနအကျိုး ကြီးပုံတွေကို ချီးကျူးဖော်ပြထားတာဟာ လူ့ချမ်းသာ၊ နတ်ချမ်းသာ ၊ လောကီ ချမ်းသာ အကျိုးတွေကို ရည်ပြီး ဖော်ပြဟောကြားထားတာပဲ၊ ဒါ့ကြောင့် ဘုရားအလိုတော်အရဆိုရင် ဘယ်ဒါနကိုမျှ မပယ်သင့်ပါဘူး၊ ဓမ္မဒါယာဒ သုတ်မှာတော့ ဒါန၊ သီလ စသော ကုသိုလ်ဖြစ့် မဂ် ၊ ဖိုလ် ၊ နိဗ္ဗာန်တရား အမွေခံယူဖို့ ဟောထားတာရှိပါတယ်။ ဒါနမပြုရဟု မြတ်စွာဘုရားမဟော ဒါပေမယ့် လောကီချမ်းသာကို တောင့်တပြီး မပြုရဘူးလို့တော့ မပယ်မြစ်ပါဘူး၊ မြတ်စွာဘုရားက ကုသိုလ်ဟူသမျှကို ပြည့်စုံစေရမယ်၊ ပြုရမယ်လို့သာ ဟောတော်မူပါတယ်၊ ဘယ်လိုကုသိုလ်မပြုရဘူးလို့တော့ ပယ်မြစ်တာမရှိပါဘူး၊ ဒါပေမယ့် ဒါနကုသိုလ်မပြုရဘူး၊ သီလလဲ စောင့်ဖို့မလိုဘူး၊ ကုသိုလ်ပြုရင် ပင်ပန်းရုံမျှပဲလို့ ဒီလိုဟောပြော နေတာလဲ ရှိတယ်၊ ဘာ့ကြောင့်လဲဆိုတော့ ဒါနကုသိုလ်ပြုရင် လူဖြစ်မယ်၊ နတ်ဖြစ်မယ် ၊ ဖြစ်ရာဘဝမှာ အိုရမယ်၊ နာရမယ်၊ သေရမယ်၊ သံသရာရှည်လျားပြီးတော့လဲ ဒုက္ခရောက်ရမယ်၊ ဒါ့ကြောင့် လူ့ချမ်းသာ နတ်ချမ်းသာကို တောင့်တပြီး ဒါန ၊ သီလ ကုသိုလ် မပြုကောင်းဘူးလို့ ဟောနေကြတာရှိတယ်၊ ဘုန်းကြီး အသက် ၁၂ နှစ်လောက် ငယ်စဉ်ကျောင်းသားဘဝတုန်းက လူကြီးတွေ ဟောပြောနေကြတာကို ကြားရဖူးတယ်၊ အဲဒီတုန်းကတော့ စာပေဗဟုသုတ မရှိသေးတဲ့အတွက် သူတို့ ပြောတာကို မှားမှန်းမသိခဲ့ပါဘူး၊ စာပေဗဟုသုတ ရှိလာတဲ့အခါကျမှ သူတို့ပြောနေကြတာတွေဟာ ဘုရားအလိုတော်ကျ မဟုတ်ကြောင်း သိရတယ်၊ ဒါနမရှိရင် ဘာဖြစ်မလဲ လူ့ဘဝ နတ်ဘဝ ဖြစ်ပြီး အိုရ နာရ သေရတာက ကုသိုလ်သက်သက်ကြောင့် မဟုတ်ပါဘူး၊ အရိယမဂ် မရသေးလို့ ကိလေသာမကင်းသေးလို့ ဘဝသစ်ဖြစ်ရတာက အရင်းခံပဲ၊ -ကိလေသာ မကင်းသေးတဲ့သူဟာ ဒါန ၊ သီလ စသော ကုသိုလ်မရှိရင် ငရဲ တိရစ္ဆာန် ၊ ပြိတ္တာ၊ အသုရကာယ်ဆိုတဲ့ အပါယ်လေးဘုံမှာချည်း ဖြစ်ပြီး အကြီးအကျယ်ဆင်းရဲသွားဖို့ သာရှိတာပဲ၊ အဲဒီတော့ ဘူ့ဘဝ နတ်ဘဝ၌ ဖြစ်ကြောင်း ကုသိုလ်မပြုကောင်းဘူးဆိုတာ ယုံကြည်ပြီး ဒါန စသော ကုသိုလ်ကို မပြုဘဲနေရင် အပါယ်လေးပါး၌သာ ဖြစ်ပြီး အကြီးအကျယ်ဆင်းရဲဖို့သာရှိတာပဲ၊ ဒါန သီလ စသောကုသိုလ်ကို မပြုဘဲနေရုံမျှဖြင့် ဘဝအသစ်မဖြစ်ဘဲ ဆင်းရဲငြိမ်းပါ့မလား၊ ဆင်းရဲငြိမ်းတယ်ဆိုတာ-- ဘယ်လိုမှ ငြိမ်းတုန်းဆိုတော့ သမထ ၀ိပဿနာတရားကို နည်းမှန်လမ်းမှန် အတိုင်းအားထုတ်ပြီး အရိယမဂ်ရောက်မှ ကိလေသာက ကင်းငြိမ်းတာ မဟုတ်လား၊ ကိလေသာတွေ လုံးဝ ကင်းငြိမ်းသွားမှ ဘဝအသစ် မဖြစ်ဘဲ ဆင်းရဲငြိမ်းတာဟုတ်လား၊ အဲဒီတော့ ဘဝအသစ်သစ်ဖြစ်ပြီး သံသရာရှည်တာဟာ ဒါန သီလ စသော ကုသိုလ်ကြောင့် ဟုတ်ပါ့မလား၊ လောဘ ဒေါသ စသော ကိလေသာတွေကြောင့် ဘဝအသစ်အသစ်ဖြစ်ပြီး သံသရာရှည်တာမဟုတ်ဘား၊ ဘုရားအလောင်း ရဟန္တာအလောင်းတွေမှာ ဒါန သီလ စသော ကုသိုလ်တွေအများကြီးရှိတယ် မဟုတ်လား၊ ဒါပေမယ့် နောက်ဆုံးဘဝမှာ အရဟတ္တမဂ်ရောက်တော့ ကိလေသာတွေဟူသမျှ အကုန်လုံး ကင်းငြိမ်း သွားတယ်၊ အဲဒီလို ကိလေသာတွေ အကုန်လုံး ကင်းငြိမ်းသွားအောင် အကျိုးမပေးရသေးတဲ့ ဒါနစသော ကုသိုလ်တွေများစွာကလဲ ဘဝသစ်အကျိုးကို မပေးဆပ်နိုင်တော့ဘူး၊ ဒါကြောင့် ပရိနိဗ္ဗာန်စုတိမှ နောက်ကာလ၌ ဘယ်လိုဘဝအသစ်မှ မဖြစ်ရတော့ဘူး ၊ ဆင်းရဲ ခပ်သိမ်း အကုန်ငြိမ်းသွားတယ်၊ “ဒါနကြောင့် သံသရာရှည်တယ်ဆိုတာ မှန်ပါ့မလား” အဲဒါဟာ ဒါန သီလ စသော ကုသိုလ်တွေ မပြုခဲ့လို့ ဟုတ်ပါ့မလား၊ အရဟတ္တမဂ်ရောက်ပြီး ကိလေသာ ကင်းငြိမ်းလို့ ဘဝအသစ်ဖြစ်ခြင်း၊ အိုခြင်း ၊ နာခြင်း၊ သေခြင်း စသော ဆင်းရဲတွေ လုံးဝကင်းငြိမ်းသွားတာမဟုတ်ပါလား၊ အဲဒီတော့ သံသရာဝဋ်ဆင်းရဲ ကင်းငြိမ်းစေချင်ရင် ကိလေသာကို ငြိမ်းစေနိုင်တဲ့ ၀ိပဿနာ ကုသိုလ် ၊ အရိယာမဂ်ကုသိုလ်ဖြစ်ပွားစေဖို့က လိုရင်းမဟုတ်ပါလား၊ ဒါန ၊ သီလ စသော ကုသိုလ်ကို မပြုဘဲ နေရုံမျှဖြင့် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ပါ့မလား၊ ဒါကြောင့် ဒါနစသော ကုသိုလ်တွေကို ပြုနေရင် သံသရာရှည်တယ်ဆိုတာ မှန်ပါ့မလား၊ မြတ်စွာဘုရားအလိုတော်နှင့် ညီညွတ်ပါ့မလား၊ ကုသိုလ်ပြုနေရင် ဆင်းရဲ ရုံပဲဆိုတာကတော့ ဘုရားအလိုတော်နှင့် ညီညွတ်ပါ့မလား၊ ဘာ့ကြောင့် မညီသလဲဆိုတော့ မြတ်စွာဘုရားက “ကုသလဿ-ကုသိုလ်ဟူသမျှကို ၊ ဥပသမ္ပဒါ - ပြည့်စုံစေရမယ်” လို့ ဟောထားတယ် မဟုတ်လား၊ အဲဒီဘုရားစကားတော်ကို တိုတိုနဲ့ အမြဲမှတ်ထားကြရအောင်-”ကုသိုလ်တရားဖြစ်ပွားစုံစေ” ။ (မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော ဗုဒ္ဓသာသနအန္တရာယ် ကာကွယ်ရေး တရားတော်)
https://www.dhammaransi.com/index.php/new/663-2016-01-09-10-52-09.html
နယ်ခြားသာသနာပြု အရိယာ ဆရာတော်ကြီး ဦးဥတ္တမသာရာ၏မေတ္တာတန်ခိုး
နယ်ခြားသာသနာပြု အရိယာ ဆရာတော်ကြီး ဦးဥတ္တမသာရာ၏မေတ္တာတန်ခိုး နတ်များက ချစ်ခင်ကြည်ညိုကြပုံ မေတ္တာအကျိုး (၁၁) မျိုးတွင် နတ်များက ချစ်ခင်ခြင်းဟူ၍ တစ်ပါး ပါရှိရာ လက်တွေ့အရ ဟုတ်မှန်ကြောင်း တွေ့ရတယ်။ မေတ္တာဗြဟ္မ ၀ိဟာရပွားများခြင်း မြဲခြင်းကြောင့် နတ်များကလဲ ချစ်ခင်ကြည်ညို၍ နေကြဟန်တူကြောင်း ကိုယ်တွေ့ အများထဲမှ တစ်ခုပြောရဦးမယ်။ ဘုန်းကြီး ယခုနေထိုင်လျက်ရှိတဲ့ တော်ရ ကျောင်းသင်္ခမ်းအနီး ခန္တီန်တောင်မြင့်ကြီးရှိရာ ကျောက်တောင်ကြီး ပေါ်၌ ဘုမ္မစိုးနတ်ကြီး ရှိကြောင်း သိရတယ်။ သိသာအောင် ထင်ရှားပြဖူး၍ သိရခြင်းဖြစ်တယ်၊ ဘယ်လိုထင်ရှားပြတယ်ဆိုတာ ဤနေရာမှာ ပွင့်ပွင့်လင်းလင်း ဘုန်းကြီးပြောပြမယ်။ တောင်စောင့်နတ်ကြီးက (၆) ကြိမ်လာတယ် လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၀) ကျော်အချိန်က ယခုလက်ရှိ နေထိုင်ရာမှာ ဂေါ်ရခါးဒကာများက ကျောင်းတောက်လှူဒါန်းခဲ့ကြတယ်၊ ကျောင်းပုံဟန်က ဆင်းရဲသား ဂေါ်ရခါး နွားကျောင်းသားတို့ရဲ. ရပ်ဓလေ့ အတိုင်း သူတို့ တတ်နိုင်သမျှ မြက်မိုးနှင့် ရွံ.မြေထရံကာတဲ့ ကျောင်းဖြစ်တယ်။ ၀ိနည်းပါဠိတော်သုံးစကားနှင့်ပြောရလျှင် “ဥလ္လိတ္တာဝလိတ္တ = အတွင်းအပြင် မြေသရွတ်လိမ်းကျံတဲ့ကျောင်း” ပေါ့။ အဲဒီကျောင်းမှာ ဘုန်းကြီးနေထိုင်လို့ (၃)နှစ်မြောက်အရောက်မှာ တွေ့ကြုံရတဲ့ ဖြစ်ရပ်ထူးဖြစ်တယ်၊ ကျောက်တောင်ကြီးပေါ်မှာ နေတဲ့ တောင်စောင့်နတ်ကြီးဟာ ညချမ်းအခါ ဝတ်ဖြူစင်ကြယ်နှင့် ပကတိသော လူအသွင်ဖြင့် ဘုန်းကြီးထံ ၆ ကြိမ်တိုင်တိုင် လာရောက်ဖူးပါတယ်။ “အခြားအရပ်ဒေသကို ကြွမသွားပါနှင့်။ ဤတောအရပ်၌သာ အမြဲသီတင်းသုံး နေတော်မူပါ” လို့ တောင်းပန်လျှောက်ထားတယ်၊ သူသည် ဗမာစကားဖြင့် သူက “အမြဲစောင့်ရှောင်နေပါမယ်” လို့လဲ ဝန်ချံက်စကား ကတိပေးသွားပါသေးတယ်၊ ၆ ကြိမ်လာသည်ဆိုသည်မှာ နေ့ရက်ဆက်တိုက်လာခြင်း မဟုတ်ပါ၊ တစ်ကြိမ်လာပြီးနောက် ရက်အတန်ငယ်ကြာပြီးမှ လာလေ့ရှိတယ်။ တောင်စောင့်နတ်ကြီးဟာ ညချမ်းအချိန်ကာလ၌သာ ပုံမှန်လာတတ်ပါတယ်။ နံနက်ပိုင်းအချိန် နေ့အချိန်မှာ မလာပါ။ ဘုန်းကြီးထံသူလာသောအခါတွင် သာမန်လူတစ်ယောက်ကဲ့သို့ ဝတ်ဖြူစင်ကြယ်ဝတ်လျက် ရင်းနှီးနေပြီး ဂေါ်ရခါး တကာလိုလိုရောက်လာတတ်ပါတယ်။ ဘုန်းကြီးက စင်္ကြံလျှောက်ပြီး ပရိတ်ရွတ်နေစဉ် သူပါ အနီးကပ်၍ လမ်းလျှောက်ရင်း လိုက်ပါတတ်တယ်။ ထူးပုံက ဘုန်းကြီးထံ ပြန်ခါနီးလျှင် မတ်တပ်ရပ်ပြီး ရှိခိုးလေ့ရှိတယ်။ ရှိခိုးပြီး ပြန်သွားတဲ့အခါ ကျောင်းရဲ. မြောက်ဘက် ခန္တိန်တောင်ကြီးဆီသို့ ခြေလျှင်လျှောက်သွားတတ်တယ်။ ဘုန်းကြီးထံသူလာတဲ့အခါ ကျောင်းရဲ. တောင်အရပ် ဂေါ်ရခါးရွာဆီက တက်လာမြဲဖြစ်တယ်။ ပုံမှန်သည်လမ်းအတိုင်းလာပြီး သည်လမ်းအတိုင်း ပြန်သွားလေ့ရှိတယ်။ ထူးခြားသောအလင်းရောင် တောင်စောင့်နတ်ကြီး ဘုန်းကြီးထံလာရှိခိုးပြီး ထွက်ခွသွားလို့ ခန္တိန်တောင်ကြီး ခြေရင်းတောအုပ်ကြီး အထဲရောက်သွားတယ်ဆိုရင်ပဲ ထူးခြားလှတဲ့ အလင်းရောင်ကြီး ဝင်းထိန်လာပုံတွေ မြင်ရတော့တာပဲ။ အလင်းရောင်ကြီးမှာ အောက်လင်းဓာတ်မီးကြီး အလင်းထက်မကဘူး၊ တစ်တောလုံး တစ်တောင်လုံး ဝင်းပြီး ထိန်နေတယ်၊ အလင်းရောင်လွှတ်ကာ တောင်မြင့်ကြီးပေါ်သို့ တဖြည်းဖြည်း မြင့်တက်သွားပုံမြင်ရပြီး ပျောက်ကွယ်သွားတတ်တယ်။ ထိုအခြင််းအရာကို တွေ့မြင်ရခါမှ ငါ့ထံသို့ ယခုလာပြီး ပြန်သွားသူ ဒကာသည် အခြားသူမဟုတ်၊ တောင်စောင့် နတ်ကြီးပင်ဖြစ်ကြောင်း ဘုန်းကြီးကို သိစေလိုသောကြောင့် နတ်တို့၏ ပရိယာယ်ဖြင့် ပြသွားခြင်းဖြစ်တယ် လို့ နားလည်ရပါတယ်၊ ဒီတောာင်စောင့်နတ်ကြီးက ဘုန်းကြီးကိုယ်ဟား ဟိုဟိုသည်သည် အိပ်မက်များ ပေးခြင်း၊ ဘုန်းကြီးရဲ. ပုံသဏ္ဍာန် ကိုယ်ဟန် အခြင်းအရာနှင့် မခြား ထပ်တူဖန်ဆင်းပြီးတော့လဲ အရပ်တစ်ပါး ၊ နေရာ အတော်များများမှာ ရံခါသွားပြီး ကိုယ်ဟန်ပြတတ်သေးတယ်။ သူ့ရဲ.စေတနာတွေဟုထင်ပါတယ်။ တောတွင်းဝိဇ္ဇာဓိုရ်များ ဖူးမြှော်လာကြတယ် ဟိမဝန္တာ တောတွင်း ၀ိဇ္ဇာဓိုရ် အဲသည်နောက် ဒုတိယအကြိမ် ဟိမဝန္တာ ၀ိဇ္ဇာဓိုရ် ၂ ယောက်ရောက်လာကြတယ်၊ နံနက်စောစော အရုဏ်ဦး အချိန်ပင်ဖြစ်ရာ ယခင် ဦးကျော်ကဲ့သို့ ဘုန်းကြီး အိပ်ရာ ခုတင် နံဘေး၌ ရပ်လျက်သား ရောက်နေကြပုံကို တွေ့မြင်ရတယ်၊ သူတို့ရဲ. ရုပ်သွင်ပုံသဏ္ဍာန်က ဟိမဝန္တာတောကြီးထဲမှာ နေထိုင်လေ့ရှိကြတဲ့ တောလူနှင့် တထေရာတည်း ပုံဟန်တူကြတယ်။ သူတို့ရဲ. အရပ်အမောင်း နိမ့်ကြတယ်၊ အသားအရောင်နီတယ် ၊ နူးညံ့သော အသားအရေရှိကြတယ်၊ တစ်ယောက်ကို သူ့ရဲ.လက်မောင်းကိုင်ဆုပ်ကြည့်လိုက်တယ်၊ ကြည်လင်သော မျက်လုံးကလေးများနှင့် ဘုန်းကြီး ကိုအနီးကပ်ပြီး ကြည့်နေကြပုံဟာ အလွန်ချစ်ခင်မှုကြီးနေတဲ့ ပုံဟန်ပန် ပြခြင်းဖြစ်ကြတယ်၊ သူတို့ရဲ. ကိုယ်မှာတော့ အဝတ်မပါကြပါ ၊ သို့ရာတွင် နူးညံ့တဲ့အမွှေးနုကလေးများ တစ်ကိုယ်လုံး ဖု့းလွှမ်းထားလို့ ဟီရိသြတပ္ပ လုံခြုံနေကြတယ်။ သူတို့က ဟိန္ဒူစတန်နီစကားဖြင့် ရင်းနှီးစွာပြောဆိုမေးဖြေကြတယ်။ “ဘာကိစ္စလာကြသလဲ” လို့မေးကြည့်ရာ “ဖူးတွေ့ချင်လို့ပါ” ဖြေကြတယ်၊ တစ်စုံတစ်ရာပေးလှူသွားခြင်း မရှိပါ။ ၀ိဇ္ဇာဦးကျော်ကဲ့သို့ပင် “ဗုဒ္ဓါနုဿတိ ပွားများပါသလား” မေးလျှောက်ပြီး ဒီမှာပဲ အမြဲနေထိုင်ရန် လျှောက်ထားကြတယ်။ မတ်တပ်ရပ်ရှိခိုး နှုတ်ဆက်ပြီး ပြန်သွားကြတယ်။ ၀ိဇ္ဇာကြီး ဦးကျော် လာရောက်ပြီး နောက်တစ်နှစ်နီးပါးအကြာတွင် လာကြခြင်း ဖြစ်တယ်။ သူတို့လာတွေ့သောနေ့ရက်ကို ဒိုင်ယာရီတွင် ရေးထားပြီးဖြစ်တယ်။ စစ်ဗိုလ်ဝိဇ္ဖာ အဲသည်နောက် တတိယအကြိမ် လာသူကတော့ ယခုခေတ် မြန်မာစစ်ဗိုလ်ဝတ်စုံ အပြည့်အစုံဝတ်ဆင်ထားပြီး ဗမာစကားပြောသူဖြစ်တယ်၊ နံနက်စောစော အရုဏ်ဦးအချိန်မှာ ကောင်းကင်မှ ကြိုတင်ပြီး ရဟတ်ယာဉ်သံကြားရလို့ ဘုန်းကြီးကျောင်းပြင်ဘက် ထွက်ကြည့်နေခိုက် ထူးခြားစွာ ကောင်းကင်မှ အထင်အရှား လူကိုယ်ချည်း (ရဟာတ်ယာဉ်မပါ) သက်ဆင်းရောက်လာတာကိုတွေ့ရတယ်၊ ကျောင်းအပြင် မြေပြင်ပေါ်မှာပဲ မတ်တပ်ရပ်၍ ရှိခိုးပြီး နှုတ်ဆက်တယ်၊ “ဆရာတော် ဦးဥတ္တမဆိုတာ အရှင်ဘုရားဟုတ်ပါသလား” လို့မေးလို့ ဟုတ်ကြောင်းဖြေပြီး “ဘာကိစ္စရှိပါသလဲဲ” လို့မေးတော့ “ဖူးတွေ့ချင်လို့ပါ” လို့လျှောက်တယ်၊ “ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း စီးဖြန်းပါသလား၊ ဆက်ပြီး ပွားများတော်မူပါ” လို့လျှောက်တယ်၊ ”ခွင့်ပြုပါ” ဟူ၍ ရှိခိုးရင်း လျှောက်ပြီး ရုတ်ချည်း ကောင်းကင်သို့ ပျံတက်သွားတယ်။ လာတုန်းက ဟိမဝန္တာတောကြီးရှိရာ အနောက်မြောက်အရပ်ဆီမှ ပျံလာခဲ့ပြီး ၊ ယခုကောင်းကင်မှ ပြန်သွားတဲ့ အခါ အရှေ.တောင်အရပ် (ရန်ကုန်မြို.ရှိရာ) ဆီသို့ ဦးတည်သွားပုံ လှမ်းမျှော်ကြည့်လိုက်မိတယ်၊ တောတွင်း ၀ိဇ္ဖာဓိုရ် ၂-ဦး လာကြပြီး နောက်တစ်နှစ်ခန့်ကြာပြီးချိန်ဖြစ်တယ်။ ဆန္ဒမရှိပါ-- ၀ိဇ္ဇာသုံးဦးစလုံးက ဗုဒ္ဓါနုဿတိ ပွားများဖို့နှင့် ဒီမှာပဲ အမြဲသီတင်းသုံးဖို့ လျှောက်ထားပုံချင်း တူနေတာတွေ့ရတယ်။ ၀ိဇ္ဇာဓိုရ်ှများအကြောင်းကို စကားဦးသန်းပြီး တစ်စွန်းတစ်စ ပြောမိရာမှ သိလိုကြောင်း မေးကြသောကြောင့်သာ အတိုချုပ် အသိပေးခြင်းဖြစ်ပါတယ်။ အကျယ်ပြောဆိုရေးပြရန်ဆန္ဒမရှိပါ ။ ဘုန်းကြီးစိတ်ဝင်ခြင်းလဲမရှိပါ။ ဤမျှသိကြရလျှင် ကျေနပ်ကြပါ။ ထူးခြားတာကတော့ နတ်ကြီးများလာကြလျှင် ဘုန်းကြီးထံသို့ ညချမ်းအခါ၌သာ ပုံမှန်လာကြပြီး၊ ၀ိဇ္ဇာများ လာကြလျှင် နံနက်စောစော အာရုဏ်ဦးအချိန်၌သာ ပုံမှန်လာလေ့ရှိကြပုံကို သတိပြုမိတယ်။ ဗြဟ္မဝိဟာရဖြင့် ပျော်နေကြပါ ဗြဟ္မဝိဟာရဆိုတာ အထက်ဘုံစံ ဗြဟ္မကြီးများကဲ့သို့ နေသောအကျင့်မျိုးလို့ ပြောဆိုခြင်းဖြစ်တယ်၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတရား လေးပါး နှင့် ပျော်မွေ့နေခြင်းသည် ဗြဟ္မာတို့ နေနည်းဖြစ်တယ်၊ အေးချမ်းစွာ နေနည်းလို့ဆိုလိုတယ်-- ၁။ မေတ္တာ - သတ္တဝါတိုင်းကို ဒေါသစိတ်မထား၊ ချစ်ခင်စိတ်နှင့်နေတယ်။ ၂။ ကရုဏာ - သတ္တဝါတိုင်းကို မာနစိတ်မထား၊ သနားကြင်နာစိတ်နှင့်နေတယ်။ ၃။ မုဒိတာ - သတ္တဝါတိုင်းကို ငြူစူခြင်း၊ ဣဿာမစ္ဆရိယစိတ်မထား၊ ဝမ်းမြောက်ကြည်သာသော စိတ်နှင့်နေတယ်။ ၄။ ဥပေက္ခာ --သတ္တဝါတိုင်းကို မိမိတို့ ကိုယ်တိုင်က ဖန်တီးခဲ့ကြသော ကံအတိုင်းသာ သံသရာတစ်ခွင်ဝယ် ကျင်လည်၍ ချမ်းသာခြင်း၊ ဆင်းရဲခြင်း ခံနေကြရသော ကမ္မဿကာ သတ္တဝါတို့ချည်းသာ ဟူ၍ ကမ္မဿကတာဉာဏ်ဖြင့် မျှတစွာ ရူမြင်ဆင်ခြင်တဲ့ စိတ်နှင့်နေတယ်။ လိုရင်းအချုပ်က သတ္တဝါအားလုံးကို ချစ်ခင်တယ်၊ သတ္တဝါအားလုံးကို သနားတယ်၊ သတ္တဝါအားလုံးကို ချမ်းသာမှုရှိကြတာကို ဝမ်းမြောက်တယ်၊ သတ္တဝါတွေနှင့် စပ်ပြီး မိမိမှာ လောဘ၊ ဒေါသ စသည် မစွန်းငြိစေဘဲ “သတ္တဝါအားလုံး ကိုယ့်ကံနှင့်ကိုယ် အကျိုးပေးသလို ခံစံ နေကြရသူတို့ချည်းသာတည်း” ဟူ၍ အမြင်မှန်ရအောင် နေတတ်ကြရပါမယ်။ ဘုန်းကြီးက ဒီဗြဟ္မာ့ဝိဟရ တရားလေးပါး ၊ လက်ကိုင်ထားပြီး နေလာခဲ့တယ်။ ဒါ့ကြောင့် စိတ်ချမ်းသာတယ် ၊ စိတ်ချမ်းသာလျှင် ကိုယ်ပါချမ်းသာတော့သည်သာလျှင် ဖြစ်တယ်။ အားလုံးသော ဒကာဒကာမတွေလဲ သံသရာခရီးသွားကြရာမှာ ဘဝမဆုံးသေးသမျှ တစ်သွားတည်း သွားနေကြရဦးမှာ ဖြစ်တဲ့ အတွက် ဤ ဗြဟ္မာ့ဝိဟရ တရားလေးပါး လက်ကိုင်ထားပြီး သွားကြပါလို့ ဘုန်းကြီး တိုက်တွန်းပါတယ်။ ချင်းတောင်ပေါ်မှ အလင်းရောင်ကြီး ကိုယ်တွေ့ဖြစ်ရပ်ိ တစ်ခုပြောပါမယ်၊ လွန်ခဲ့သော ၃ နှစ်အချိန်တွင်းက မြောက်ပိုင်းချင်းတောင်ပေါ် ဘုန်းကြီးတောရ ကျောင်းတည်ရှိတဲ့ ခန္တိန်တော်ကြီးပေါ်မှာ ညအခါ အလင်းရောင်ကြီးကို ရပ်ဝေးရှိ ချင်းရွာ အတော်များများက ညစဉ်ညတိုင်း တွေ့မြင်နေကြရတယ်လို့ ပြောဆိုကြတယ်။ ထို့ပြင်ထူးခြားချက်ကို ပြောရလျှင် တောတွင်း ၀ိဇ္ဇာဓိုရ်များနှင့် သုံးကြိမ်တွေ့ရဖူးခြင်းဖြစ်တယ်၊ နံနက်စောစော အရုဏ်ဦး အချိန်မှ သူတို့က ဘုန်းကြီးနေမြဲကျောင်းသင်္ခမ်းတွင်းသို့ ဝင်ရောက်လာပြီး တွေ့ဆုံခြင်း ဖြစ်တယ်။ ချင်းတောင်ပေါ်မှ အလင်းရောင်ကြီး အာနာပါနဟာ အနုဿတိ (၁၀) ပါးထဲက တစ်ပါးဖြစ်တယ်။ ထွက်လေနှင့် ဝင်လေကို စိတ်ဖြင့် သတိကပ်ပြီး နှာသီးဖျားမှာပဲ စိုက်ကြည့်နေရတဲ့ အလုပ်ဖြစ်တယ်။ မိမိရဲ. ထွက်လေဝင်လေကို နှာသီးချားမှာ သတိဖြင့် စောင့်၍ ကြည့်ရူဆင်ခြင်နေရသော သမာဓိ အလုပ်ဖြစ်တယ်။ လွယ်ပါတယ်၊ သမာဓိရလွယ်တယ် ၊ အာရုံကိုမိအောင်ဖမ်းလို့ ရနေလျှင် ပိုင်တာပဲ။ မျက်စိမှိတ်ထားပြီး စိတ်အာရုံဖြင့် မြင်အောင်ကြည့်ရတယ်၊ နည်းကားဤမျှသာတည်း။ နည်းသိရပြီးလျှင် အလုပ်ဖြစ်အောင် လုပ်တတ်ပါတယ်၊ အချိန်ကြာတော့ အရှိန်ရလာပြီး ထွက်လေ ဝင်လေ ကို သတိပြုကြည့်ရူ နေရတာကို ပျော်စရာဖြစ်ကြောင်း မကြာခင်သိမြင်လာပါလိမ့်မယ်။ “အာနာပါန” ဆိုတာ မြန်မာစကားဖြင့် ထွက်လေ နှင့် ဝင်လေကို ဖမ်းရသော၊ စိတ်အာရုံကို တပိုတပါး လွင့်မသွားအောင် ထိန်းသော ဘာဝနာဖြစ်တယ်။ ကျမ်းဂန်စကားဖြင့် ”အဿသကမ္မဋ္ဌာန်း” လို့လဲ ပြောတတ်ကြတယ်။ ပရိကမ္မနှင့် ဥဂ္ဂဟနိမိတ် မြတ်စွာဘုရားရှင် ဗောဓိပင်အောက် ရွှေပလ္လင်ပေါ်ထိုင်ပြီးလျှင် ဤအာနာပါန ကမ္မဋ္ဌာန်းကို ရူပွားတော်မူလို့ သဗ္ဗညုတဉာဏ်တော်ကို ရပြီး ဘုရားအဖြစ် ရောက်တော်မူပါတယ်၊ ဒါ့ကြောင့် အာနာပါနဘာဝနာဟာ သည်လောက် အရေးပါပြီး အရာရောက်တဲ့ ဘာဝနာကမ္မဋ္ဌာန်း ဖြစ်တယ်ဆိုတာကို နားလည် မှတ်သားထား ကြရမယ်။ “ပရိကမ္မနိမိတ်” အာနာပါန (ထွက်သက်-ဝင်သက်) ခေါ်ဆိုကြတဲ့ ထွက်လေ နှင့် ဝင်လေ ကို မမြန်လွန်း မနှေးလွန်းစေရ၊ ဖြည်းဖြည်းသက်သာ လေထွက်ရာ ဝင်ရာ နှာဝ၌ လေထွက်နေပုံကို ပွတ်ဆွဲသမားက ပွတ်ကြိုးဆွဲနေသလို အထင်အရှားမြင်နေရမယ်၊ နှာသီးဖျားမှာ ပကတိ ထွက်သက်ဝင်သက်လေကို သိ၍ မြင်၍ နေတာကို “ပရိကမ္မနိမိတ်” လို့ခေါ်ဆိုတယ်။ “ဥဂ္ဂဟနိမိတ်” အဲဒီ “ပရိကမ္မနိမိတ်” ကိုနှာသီးဖျား၌ စိုက်ပြီး ကြည့်ရူမနေတော့ဘဲ တခြားစိတ်အာရုံ လွဲထားသော်လဲ ထွက်လေ ဝင်လေဟာ ပွတ်ကြိုးကို ဟိုဘက်သည်ဘက် ပုံမှန်ဆွဲနေသလို ကမ္မဋ္ဌာန်းအာရုံနိမိတ်ကို မြင်နေရလျှင် ထိုနိမိတ်ကို “ဥဂ္ဂဟနိမိတ်” လို့ခေါ်ရတယ်။ ခွာလို့ရသော နိမိတ်အာရုံကို ပြောခြင်းဖြစ်တယ်။ အာနာပါန ဘာဝနာရဲ. “ဥဂ္ဂဟနိမိတ်” အာရုံကို ကောင်းစွာ ပိုင်နိုင်နေပြီးလျှင် ထပ်ကာထပ်ကာ ရူကြည့်ပွားများ နေပါ၊ သမာဓိအားကောင်းလာတဲ့အခါ နိမိတ်အာရုံ ပိုပြီးကြည်လင်လာမယ်၊ ကြည်လင်ပြီး၊ မြတ်နိုးဖွယ် ဖြစ်လာမယ်၊ ထိုအချိန်ပိုင်းမှာ နှစ်သက်မှု ပီတိတွေ ကိုယ်ခန္ဓာတစ်ခုလုံးကို စိတ်နှလံးပါ တဖြန်းဖြန်း ဖြစ်ပေါ်မယ်၊ စျာန်ရဖို့ နီးကပ်လာပြီ မှတ်ပါ ။ အာနပါနအလင်းရောင် ကမ္မဋ္ဌာန်းခွင်ဝင်နေစဉ် ကမ္မဋ္ဌာန်း နိမိတ်ဆိုတာ ဖြစ်ပေါ်တတ်မြဲဖြစ်ပါတယ်။ ကသိုဏ်း (၁၀) ပါးကို ရူကြည့်ပွားများလျင် ဖြစ်စေ၊ အသုဘ (၁၀) မျိုးကို ရူကြည့်ပွားမျးလျှင်ဖြစ်စေ၊ ဗြဟ္မဝိဟာရ (၄) ပါးကို ပွားများလျှင် ဖြစ်စေ၊ ဘာဝနာနိမိတ်ဖြစ်ပေါ်လာတတ်မြဲဖြစ်တယ်။ ဘာကမ္မဋ္ဌာန်းဖြစ်စေ ၊ ပထမဦးဆုံးပေါ်လာတဲ့ နိမိတ်အာရုံကို ပရိကမ္မနိမိတ် ၊ ရှေးဦးစွာ အလုပ်၏ အခြင်းအရာကို ထင်ရှားစွာ ပေါ်လွင်ခြင်း နိမိတ်လို့ ခေါ်ဆိုခြင်းဖြစ်တယ်။ ထိုအခြင်းအရာထင်၍ မြင်နေသော အာရုံကို ခွာယူလို့ ရနိုင်ပြီး ဘယ်နေရာကို စိတ်အာရုံထားပြီး နှလုံးသွင်းသွင်း လွယ်လွယ်နှင့် မိမိရူကြည့်လိုသော ကမ္မဋ္ဌာန်း နိမိတ်ကို ပိုင်စွာ မြင်နေနိုင်ပြီဆိုလျှင် ဥဂ္ဂဟနိမိတ် ရနေပြီ ရောက်နေပြီ မှတ်ပါ ။ စျာန်လမ်ဆိုတာ ဥဂ္ဂဟနိမိတ်ကို စွဲမှီပြီး ဖြစ်ရတယ်။ အာနာပါနကို သမာဓိ ခိုင်ခိုင်ထားပြီး အားထုတ်နေချိန်မှာ ထွက်သက်ဝင်သက်လေရဲ. သရုပ်ပေါ်ပုံဟာ ပွတ်ကြိုးကို ဆွဲနေသလို နှာဝမှ လေထွက်လိုက်၊ လောင်လိုက် ဖြစ်နေပုံကို မီးခိုးချေင်းငယ်ပမာ မြင်နေရတတ်တယ်။ ထိုနိမိတ်အာရုံ ပို၍ နိုင်နင်းလာသောအခါ အလင်းရောင်ကြီး ပေါ်လာတတ်တယ်၊ ဖြူတဲ့အရောင် ထွက်လာတတ်တယ်၊ အရောင်ဟာ သမာဓိအားကောင်းသလောက်ကြီးမယ်၊ လင်းမယ်။ မိမိထိုင်နေတဲ့ ခန်းလုံးပြည့် ကျောင်းလုံးပြည့် လင်းတတ်တယ်၊ သည်ထက်ပိုပြီး ကျောင်းခေါင်ဖောက်ထွင်းပြီး ကောင်းကင်ထဲသို့ ဆလိုက်မီးလုံ ထိုးသလို တက်သွားတာလဲရှိတတ်တယ်။ ပိဋကတ်စာပေ ကျမ်းဂန်နှံ့စပ်အောင် လေ့လောတတ်ကျွမ်ပြီး ကိုယ်တိုင်ကမ္မဋ္ဌာန်း ဘာဝနာအလုပ်ဖြင့် ကျင်လည် ပြွမ်းတီးတော်မူကြပြီးသော ရှေးခေတ်ဆရာတော်ကြီးများက- “ထိုကမ္မဋ္ဌာန်း နိမိတ်ကို ထိန်းသိမ်းထားပါ။ ပိုင်နိုင်အောက် ထိန်းသိမ်းထားပြီး ကြည်လင်အောင်၊ ပိုပြီးကြည်လင်အောင် စိတ်ကြိုက် ဖန်တီးရနေလျှင် စျာန်ပိုင်းရောက်ပြီလို့ နားလည်ရမယ်” တဲ့၊ ဒါကြောင့် စာပေကျမ်းဂန်တကယ်တတ်သော ဆရာတော်ကြီးတို့က “ဖြစ်ပေါ်လာသော ကမ္မဋ္ဌာန်း နိမိတ်ကို စိတ်မဝင်စာကြနှင့်” ဒီလိုမတားမြစ်ကြဖူးပါ။ ယခုခေတ် စျာန်ကို အားမပေး၊ ၀ိပဿနာကို အလေးထားကြတဲ့ အချို.သော ကမ္မဋ္ဌာန်းပြဆရာတို့က တားမြစ်တတ်ကြပါတယ်။ ဘုန်းကြီး သဘောကတော့ ဘာဝနာ နိမိတ်ကို ပိုင်နေ၊ အားကောင်းနေလျှင် စျာန်အဘိဉာဏ်ကို ဖြစ်စေနိုင်ကြောင်း နားလည်ပြီး ဖြတ်တဲ့အတွက် မတားမြစ်ပါ ၊ ဘာဝနာ နိမိတ်အလင်းရောင်ကို ထိန်းသိမ်းထား နိုင်လျှင် စျာန်လမ်းဖြစ်တယ်လို့ ဟုတ်တိုင်းမှန်ရာ ညွှန်ကြားပါတယ်။ သတင်းကြီးနေသော ချင်းတောင်ပေါ်မှ အလင်းရောင်ကြီး ကိုယ်တွေ့ဖြစ်ရပ်ိ တစ်ခုပြောပါမယ်၊ လွန်ခဲ့သော ၃ နှစ်အချိန်တွင်းက မြောက်ပိုင်းချင်းတောင်ပေါ် ဘုန်းကြီးတောရ ကျောင်းတည်ရှိတဲ့ ခန္တိန်တော်ကြီးပေါ်မှာ ညအခါ အလင်းရောင်ကြီးကို ရပ်ဝေးရှိ ချင်းရွာ အတော်များများက ညစဉ်ညတိုင်း တွေ့မြင်နေကြရတယ်လို့ ပြောဆိုကြတယ်။ ချင်းလူမျိုးများမှာ ဖလမ်းမြို. မြောက်ဘက် လုံးတန်ရွာကြီး ၊ ဖလမ်းမြို.ရဲ. တောင်ဘက် ဟားခါးနယ်မှာရှိ ချွန်ကျုံးရွာကြီး နှင့် နယ်စပ်ရှိ ရန်ထိုရွာ စတဲ့ ရွာများက ချင်းလူမျိုးများဖြစ်ကြတယ်။ ”လုံပီးတောင်ကြီးပေါ်မှာ ခန္တိန်တော်မြင့်ကြီးဆီမှ ညအခါ မီးရောင်တွေ ထွက်ပေါ်နေတယ်၊ ဘာရှိသလဲ၊ ဘယ်ကထွက်တဲ့ အလင်းရောင်ဖြစ်သလဲ” စသည်ဖြင့် အမေးအမြန်းတွေ ထူပြောလာကြတယ်။ ထိုအချိန် ဘုန်းကြီးဟာ လုံပီး (ကျောက်ကြီး) တောင်ကြီးပေါ်ရှိ ခန္တိန်တောင်မြင့်ကြီး နံပါး ကိုယ်ပိုင် တောရကျောင်း ၌ နေလျက်ရှိတယ်။ မြန်မာအစိုးရ ဝန်ထမ်းတွေကို ချင်းတွေက မေးကြလို့ “ဆရာတော်ကြီးထံသို့ ညအခါ တောင်စောင့်နတ်ကြီးတွေ လာကြလို့ နတ်ကြီးများရဲ. အလင်းရောင်တွေ ဖြစ်လိမ့်မယ်” လို့ ကိုယ်ထင်ရာ ကိုယ်ပြောပြီး ဖြေကြားနေကြောင်း ကိုလဲ ကြားသိနေရတယ်၊ တီတိန်မြို.မှာ နေတဲ့ တရားရေးဝန်ထမ်း(ပေါက်မြို.သား) ဦးသန်းထွန်း က ချင်းလူမျိုးတို့က တဖွဖွမေးနေကြကြောင်း ဘုန်းကြီးထံ လာလျှောက်ဖူးတယ်။ ဆက်ရန်- (နယ်ခြားတောင်တန်းသာသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရ ၊ “ချမ်းမြေ့စွာ ဘဝနေနည်း” ၊ ဓမ္မာစရိယ ဦးဌေးလှိုင် စုစည်းစီစဉ်သည်။)
https://www.dhammaransi.com/index.php/new/664-2016-01-09-10-49-55.html
ရုပ်တစ်လုံး၊ နာမ်တစ်လုံး ရှုရုံနှင့် နိဗ္ဗာန်မရနိုင်
https://www.dhammaransi.com/index.php/new/665-2016-01-09-10-49-19.html
ဒါနဥ္စ - အလှူပေးရခြင်းသည်၊ မင်္ဂလံ-မင်္ဂလပေတည်း
ဒါနဥ္စ - အလှူပေးရခြင်းသည်၊ မင်္ဂလံ-မင်္ဂလပေတည်း၊ အလှူပေးရခြင်းသည်လည်း တိုးတက်ကြီးပွားကြောင်း ကောင်းမြတ်တဲ့ မင်္ဂလာ၊ ဓမ္မစရိယာစ - ကုသိုလ်ကမ္မပထ ကျင့်ရခြင်း သီလအကျင့်သည်လည်း၊ ဥတ္တမံ-ကောင်းမြတ်သော၊ မင်္ဂလံ - မင်္ဂလာပေတည်း၊ ကာလေန - သင့်လျော်လျေက်ပတ် ကောင်းမြတ်သော အချိန်အခါ၌ ၊ ဓမ္မဿဝနံ - တရားတော်ကို ကြားနာရခြင်းသည်လည်း၊ ဥတ္တမံ-ကောင်းမြတ်သော၊ မင်္ဂလံ - မင်္ဂလာပေတည်း၊ သီလကလည်း မင်္ဂလာ၊ ဓမ္မသာဝနကလဲ မင်္ဂလာ၊ ပူဇာစ ပူဇနေယျာနံ -- ပူဇနေယျာနံ ပူဇော်ထိုက်သော ရတနာ သုံးပါး ၊ ဆရာသမား မိဘ စသည်တို့ကို ၊ ပူဇာစ - ပူဇော်ရခြင်းသည်လည်း၊ ဥတ္တမံ-ကောင်းမြတ်သော၊ မင်္ဂလံ - မင်္ဂလာပေတည်း၊ ပူဇနိ ယပူဇာ -- ပူဇော်ထိုက်သော ပုဂ္ဂိုလ်ကို ပူဇော်ရခြင်းသည်လည်း မင်္ဂလာ -- မင်္ဂလာတွေပဲ။ အသက်ကိုဉာဏ်စောင့် ယနေ့လှူရတဲ့ အလှူဒါန ၊ ဆောက်တည်ရတဲ့ သီလတွေ၊ ကြားနာရတဲ့ ဘဝနာ ကုသိုလ်တွေ၊ အမျှအတန်း ပေးဝေရတဲ့ ပတ္တိဒါနတွေ၊ ကုသိုလ်ကောင်းမှုတွေချည်းပဲ၊ အားလုံးကုသိုလ်ကောင်းမှုတွေဟာ မိမိအဖို့ ကုသိုလ် ရရုံတင်မဟုတ်ဘူး၊ အဲဒီကုသိုလ်တွေကနေ ကုသိုလ်က ရောဂါကင်းအောင်၊ ကျန်းမာအောင် အထောက်အပံ့ ပေးတတ်တယ်၊ အသက်ရှည်အောင် အထောက်အပံ့ပေးတတ်တယ်။ အလှူဒါ၊ နမှာ အသက်ရှည်ကြောင်း ၊ အဆင်းလှကြောင်း ၊ ချမ်းသာကြီးကြောင်း၊ ဉာဏ်ပညာကြီးကြောင်း ရှိခဲ့လို့ အဲဒီကုသိုလ်တွေက မိမိတို့ကို ကျန်းမာအောင် ချမ်းသာအောင် ဆောင်ရွက်ပေးတတ်တယ်၊ အသက်ရှည်ခြင်း အကြောင်းမှာ ဇီဝံပညာယရက္ခေယျ - အသက်ကိုဉာဏ်စောင့်၊ မသင့်တဲ့ အစာမစားနဲ့ သင့်တဲ့အစာစား၊ မကောင်းတဲ့ ဥတုရှောင်ပြီးတော့ ကောင်းတဲ့ဥတုမှီဝဲ၊ သပ္ပါယဖြစ်မယ့်ဥတုမှီဝဲ၊ မကောင်းတဲ့ ကျန်းမာရေး ထိခိုက်တတ်တဲ့မှုတွေ ရှောင်ပြီးတော့ ကျန်းမာရေး ကောင်းမွန်စေတဲ့ အမှုတွေ ဆောင်ရွက်ပြုလုပ် ခြင်းဖြင့် မိမိတို့အသက်ရှည်အောင် ဉာဏ်ပညာနဲ့စောင့်ရှောက်ပေးနိုင်တယ်။ အဲဒီလိုပဲ ယနေ့ ကုသိုလ်တွေပြုတာဟာလဲ အသက်ရှည်ခြင်း အကြောင်း ကောင်းမြတ်တဲ့ အထောက်အပံ့တွေ ဆောင်ရွက်ပေးတာပဲ။ ဥစ္စာကံစောင့် တူတူပဲ မိမိတို့ဥစ္စာ တိုးပွားအောင် ကံနဲ့စောင့်ရှောက်ပေးရတယ် ၊ ကံဆိုတာက ရှေးကံ ၊နောက်ကံ၊ ရှေးကကံက အခုအခါတစ်မျိုးပဲ ၊ အခုအခါက ဝီရိယထူထောင်ပြီးတော့ မိမိတို့ဥစ္စာပစ္စည်းတွေ တိုးတက်အောင် ကြီးပွားအောင် ကံနဲ့ထူထောင်ပေးရတယ်၊ ကုသိုလ်ကံက ထပ်ပြီးတော့ အလှူအတန်းပေးဝေခြင်း စသည်ဖြင့် ကံထပ်ပြီးထောက်ပံ့ပေးတာ၊ အဲသလို ကုသိုလ်ကောင်းမှုတွေ ပြုကြတဲ့အခါ မိမိတို့ ခုကာလဝီရိယနဲ့ ဥစ္စာ တိုးပွားကြောင်း၊ တည်တံ့ကြောင်း၊ ကောင်းမြတ်တဲ့ ဝီရိယနဲ့ ထောက်ပံ့ပေးရတယ်။ အခုလို ကောင်းမှုတွေပြု ခြင်းအားဖြင့် မိမိတို့ ပစ္စည်းဥစ္စာတွေ မြဲအောင် တိုးပွားအောင် စောင့်ရှောက် ပေးရတယ်၊ ကုသိုလ်တွေ အကျိုးပေးတော့ ဒီဘဝမှာ အဲသလို ပစ္စည်းတိုးပွားအောင်လဲ အထောက်အပံ့ရတယ်။ အထုံရအောင်ကြိုးစားပေးရတယ် လောကဒါနဖြစ်ဖြစ် ၊ သီလဖြစ်ဖြစ် ၊ ဘာဝနာဖြစ်ဖြစ် ကုသိုလ်ကောင်းမှုတွေ ပြုကြတဲ့အခါ မိမိတို့ ကုသိုလ်ကို တိုးတက်အောင် အစွမ်းရှိအောင် အထုံရအောင် ကြိုးစားပေးကြရတယ်။ ကုသိုလ်ဆိုတာ ပြု ပြီး ပျောက်ပျောက်သဘောမထားရဘူး ၊ အဲဒီကုသိုလ်တွေကို မိမိက ဘယ်လောက်သတိရတုံး၊ ဘယ်လောက်အောက်မေ့တုံ ၊ ဘယ်လောက်ဆင်ခြင်သတုံး၊ ဘယ်လောက်ထုံပေးသတုံး၊ ထုံပေးသည်နှင့်အမျှ မိမိမှာ အဲဒီကုသိုလ်တွေက မိမိထုံပေးလိုက်သလို အစွမ်းရှိတဲ့ ကုသိုလ်တွေဖြစ်ပြီးတော့ ဒီဘဝမှာ တစ်နည်းတစ်လမ်းအားဖြင့် အသက်ရှည်ဖို့ ၊ ပစ္စည်းဥစ္စာ တည်တံ့ဖို့ ၊ တိုးပွးဖို့ အထောက်အပံ့ ပေးနိုင်တယ်။ သီလနုဿတိ သီလဆိုတာ ဆောက်တည်ပြီးတော့ အဲဒီသီလ ပြန်ဆင်ခြင်ပေးရတယ်၊ ဒါ သီလာနုဿတိ ဆိုတယ်။ (သင်္ဂြုံလ်ဘာသာဋီကာ) ငါ့သီလက စင်ကြယ်တယ် ၊ ကျားလဲမကျား ၊ ကျိုးလဲမကျိုး ပေါက်လဲမပေါက် ၊ ပျောက်လဲမပျောက်၊ ကျားလဲမကျား ဒီသီလဟာဆောက်တည်ထားစမို့ စင်ကြယ်နေတယ်၊ သန့်ရှင်းနေတယ်၊ အဲဒါဆင်ခြင်ပြီးတော့ ဝမ်းသာရတယ်၊ တစ်ချို.ရှေ.က မထေရ်ကြီးတွေ ကိုယ့်သီလကိုယ်ပြန်ဆင်ခြင် ၊ ကိုယ့်သီလ တကယ်စင်ကြယ်တာ မြင်ရတော့ ရဟန္တာကြီးတွေ ဖြစ်ကုန်တယ်၊ ဆင်ခြင်ရင်းဟန္တာတွေ ဖြစ်ကုန်တယ်၊ သီလကိုသာမက ဒါနကိုလဲ ဆင်ခြင်ပေးရတယ်။ စာဂါနုဿတိ ကိုယ့်ဒါနကိုယ်ဆင်ခြင်ရတယ်၊ အောက်မေ့ရတယ်၊ ပြန်ပြန်ပြီးတွေးရတယ်၊ သြော်…ငါဟာ လောကမစ္ဆရိယတရား လွှမ်းမိုးခံရပြီးတော့ လှူမှု တန်းမှု ၌ စိတ်မပါ ၊ ကြွားရေးဝါရေး ဝတ်ရေး စားရေး မော်ရေး တို့၌သာ လုံးပန်းနေကြတဲ့ သတ္တဝါအပေါင်းတို့မှာ ငါဟာအဲသလို ပျော်မှုပါးမှုအကြွားမှုတို့၌ အားမပြုဘဲနဲ့ ရှေးဝါသနာ အထုံပါ၍ လှူခြင်းတန်းခြင်း၌ မွေ့လျော်ခဲ့ရပြီ၊ ဒီလိုလှူခြင်း တန်းခြင်းအမှု၌ ယနေ့လို လှူရေးတန်းရေး၌ မစ္ဆရိယာတရားတွေ ဖယ်ရှားခိုင်မာပြီးတော့ သဒ္ဓါတရား တက်တက်ကြွကြွနဲ့ လှူနိုင်တန်းနိုင် ပူဇော်နိုင်၊ အဲဒီလို ပူဇော်နိုင်ခြင်းဟာ ငါလူ့ဘဝအရတော်လှပါပေစွလို့ ပြန်ပြန်ပြီး အောက်မေ့ခြင်း ဆင်ခြင်ခြင်းဟာ စာဂါနုဿတိပဲ။ ဒီလောက် ဝေဝေဆာဆာ မဟုတ်တောင် သူတော်ကောင်းတွေ ကျင့်ရိုး ၊ ဘုရားပစ္စေကာ ဗုဒ္ဓါရဟန္တာသခင်၊ ရဟန္တာ သခင်မကြီးတွေကျင့်ရိုးဖြစ်တဲ့ ကုသိုလ်ကောင်းမှုတွေကို ပြုရပြီ၊ ချမ်းသာခြင်းအကြောင်း ကောင်းမြတ်ပါပေစွ လို့ ပြန်ပြီးတော့ အောက်မေ့ခြင်း ၊ တွေးတောခြင်းကို စာဂါနုဿတိ ခေါ်တယ်။ အဲဒီ စာဂါနုဿတိ ကုသိုလ်ရှိလဲရအောင် အောက်မေ့ကြရတယ်၊ ဆင်ခြင်ကြရတယ်၊ ပွားများကြရတယ်၊ ဘုန်းကြီးတို့ ဒါနတွေဟာ ကုသိုလ်တိုးတက်ကြောင်းတွေ ၊မေ့မေ့ပျောက်ပျောက်ဖြစ်သွားရင် ပျောက်သွားတာပဲ၊ နောက်ကုသိုလ်ထပ်မတိုးတော့ဘူး၊ အဲသလိုမဟုတ်ဘဲနဲ့ အမြဲလှူနိုင်တဲ့ ဒါနမဟုတ်၊ တစ်ရံတစ်ခါ အကြောင်းအားလျော်စွာ လှူရတဲ့ ဒါနမျိုးမို့လို့ ထူးထူးကဲကဲ လှူရတာဖြစ်လို့ ထူးထူးကဲကဲဖြစ်အောင်လဲ ကြိုးစားကြရတယ်။ ဒေဝတာနုဿတိ နတ်တွေကို သက်သေထားပြီးတော့ နတ်တွေရဲ. သဒ္ဓါ ၊ သီလ ၊ သုတ၊ စာဂ ဟီရိသြတ္တပတရားတွေ သက်သေ ထားပြီးတော့ မိမိသဏ္ဍာန်မှာ ရှိတဲ့ သဒ္ဓါ ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟီရိသြတ္တပတရားတွေ အောက်မေ့ပြီးတော့ ဒေဝတာနုဿတိ ပွားကြရတယ်နော်၊ နတ်တွေ ဗြဟ္မာတွေဟာ အကြင်သဒ္ဓါ ၊ သီလ၊ သုတ၊ စာဂ၊ ပညာ တည်းဟူသော တရားငါးအင် ထင်ရှားရှိကြ သောကြောင့် ဤလူ့ပြည်မှာ လူဖြစ်ကြ ၊ နတ်ဖြစ်ကြ ၊ ဗြဟ္မာဖြစ်ကြ ၊ အဲဒီ နတ် ဗြဟ္မာတွေ နတ်ဖြစ်ကြောင်း ၊ ဗြဟ္မာဖြစ်ကြောင်း ကောင်းမြတ်သော သဒ္ဓါ ၊ သီလ၊ သုတ၊ စာဂ၊ ပညာဆိုတဲ့ တရားတွေဟာ အင်မတန် ကောင်းတဲ့ တရားတွေပါလား၊ ဒီတရားတွေ ငါ့သန္တာန်မှာရှိသဖြင့် ငါအရတော်လှပေစွလို့ ၊ နတ်တွေရဲ. သဒ္ဓါ ၊ သီလ၊ သုတ၊ စာဂ၊ ပညာတရား တွေဆင်ခြင်အောက်မေ့ရတယ်၊ အဲသလိုအောက်မေ့ရခြင်းဖြင့် ဒေဝတာနုဿတိ ပွားများကြမယ်ဆိုရင် ခုနပြောသလို ကုသိုလ်တွေ အစွမ်း ရှိတယ်။ အဲဒါကြောင့် အဲသလို အနုဿတိတရားတွေကိုလဲ အခါအားလျော်စွာပွားကြရတာပြုတယ်။ အဲသလိုပွားခြင်းဖြင့် မိမိတို့မှာ ကုသိုလ်တွေ ထပ်ထပ်တိုးတယ်၊ Happy Birthday Mingala တစ်ခါလှူလိုက်တဲ့ မွေးနေ့အလှူတော်အကြောင်းပြုပြီးတော့ -သီလာနုဿတိဖြစ်ပွားကြတယ်၊ -စာဂါနုဿတိ ဖြစ်ပွားကြတယ်၊ -ဒေဝတာနုဿတိ ဖြစ်ပွားကြတယ်၊ ဖြစ်ပွားကြခြင်းဖြင့် ကုသိုလ်တွေဟာ ထပ်ထပ်တိုးလေ ကိုယ်ပြုတဲ့ကုသိုလ်ဟာ တစ်ကြိမ်တစ်ခါပေမယ့် အကြိမ်များစွာပြုတဲ့ ကုသိုလ်တွေထက်သာပြီးတော့ အာသေဝနအထုံရတယ်။ “အာစိဏ္ဏကံ အရှိန်သန်တယ်“ အဲသလို ထပ်ခါတလဲလဲ ပြန်ဆင်ခြင်အောက်မေ့ခြင်းဖြင့် ရရှိတဲ့ အာစိဏ္ဏကံတွေ အာသေဝနအထုံရတဲ့ ကုသိလ်တွေဟာ ဇီဝံပညာယရက္ခေယျ - အသက်ကိုဉာဏ်စောင့်ရှောက်ပေးနိုင်တယ်၊ အသက်ရှည်ခြင်း အကျိုးရတယ်၊ ဥစ္စာစီးပွား တိုးတက်မှုတွေကို စောင့်ရှောက်ပေးတတ်လို့ ဥစ္စာစည်းစိမ် တိုးတက်ခြင်း အကျိုးတွေကိုလဲရတယ်၊ အဲဒါကြောင့်ကုသိုလ်ဆိုတာ အာသေဝနအထုံရဖို့ အရေးကြီးတယ်။ အာစိဏ္ဏကံ အရှိန်သန်ဖို့ အရေးကြီးတယ်။ ဒါကြောင့်မို့ ဘုန်းကြီးတို့ ၀ိသုဒ္ဓိမဂ်မှာလာတဲ့ သီလာနုဿတိ၊ စာဂါနုဿတိ၊ ဒေဝတာနုဿတိ စသော နုဿတိလေးတွေဟာ ကုသိုလ်အရှိန်တိုးအောင်အရှိန်ပေးတဲ့ အနုဿတိတွေမို့လို့ မိမိတို့အလှူကို မေ့မေ့ပျောက်ပျောက် သဘောမထားဘဲနဲ့ ထပ်ကာထပ်ကာ အောက်မေ့ခြင်း ၊ ဆင်ခြင်ခြင်း ၊ တွေးတော ခြင်းဖြင့် ကုသိုလ်တွေ အရှိန်ထက်အောင် အထုံရအောင် အာစိဏ္ဏကံ အလေ့အကျက်များအောင် ကြိုးစားခြင်းဖြင့် ကုသိုလ်တွေ အရှိန်တက်အောင် တိုးပွားအောင်ကြိုးစားနိုင်ကြပါစေကုန်သတည်း။ (အဘိဓဇ မဟာရဋ္ဌဂုရု ရွှေကျင်နိကာယ ဥပ ဥက္ကဋ္ဌ၊ ကျမ်းပြုအကျော် သပြေကန်ဆရာတော်၊ အရှင်ဝါသေဌာဘိဝံသ၊ “သပြေကန်တရားပေါင်းချုပ် --အမှတ် (၁) ၊ စာ ၄၁၀-၄၂၁၊ မှ ကောက်နုတ်ပူဇော် ပါသည်။)
https://www.dhammaransi.com/index.php/new/666-2016-01-09-10-48-21.html
“နတ်ပြည်မှာ မြန်မာပြည်ကနတ်သားတွေမနည်းတော့ဘူး”
“နတ်ပြည်မှာ မြန်မာပြည်ကနတ်သားတွေမနည်းတော့ဘူး” တရားအားမထုတ်သူ လူဖြစ်ရကျိုးမနပ် ဤခေတ် ဤမြန်မာနိုင်ငံ၌ ကမ္မဋ္ဌာန်း နည်းပြနိုင်သော ပုဂ္ဂိုလ်တွေများသလောက် တစ်နည်းမဟုတ်တစ်နည်း အားထုတ်ဖူးသူတွေများနေပြီး အားရစရာပဲ။ ဒါမြန်မာ့သာသနာ တိုးတက်မှုကြီးမဲ။ ဒီလိုကမ္မဋ္ဌာန်းတရားတွေ ရှိနေလို့ နေလိုA လလို ထွန်းကားနေတဲ့အချိန်မှာ အားမထုတ်ရသေးတဲ့သူများ အားထုတ်ကြပါလို့ ဘုန်းကြီးတိုက်တွန်းလိုက်ပါတယ်။ တရားအားမထုတ်ရသေးဘူးဆိုရင် ဒီသာသနာနှင့် ကြုံရကျိုး မနပ်သေးဘူးလို့ ဒီလိုပဲပြောဖို့ရှိတော့တယ်။ လူဖြစ်ကျိုးရူံးနေတယ်။ အမှန်အတိုင်းပြောရရင် သေမင်းနှင့် ရင်ဆိုင်ကြရသောအခါ မိမိတို့အားသန်ရာ “ဒါနကို ဆင်ခြင်ပါ ၊ သီလကို ဆင်ခြင်ပါ ၊ သရဏဂုံ ရွတ်ဆိုပါ” လို့ ပြောရတာဟာ တိတိကျကျ ကမ္မဋ္ဌာန်း အလုပ် မလုပ်ကြဖူးသေးတဲ့ လူအများစုအတွက် ပြောဆိုနည်းပေး ရခြင်းဖြစ်တယ်။ တကယ်တော့ ဒါန စသည်ဆင်ခြင်တာလဲ ဘာဝနာပဲ၊ သို့သော်လဲ ဘာဝနာဆိုက်အောင် မဆင်ခြင်နိုင်ရင် တိတိကျကျ ပိုင်ပိုင်နိုင်နိုင် ကမ္မဋ္ဌာန်း တစ်ခုခု လုပ်ထားဖူးသူ လောက်ခိုက်မာဖို့မလွယ်လှဘူး။ ခိုင်မာစူးစိုက်မှု နည်းနေရင် အင်အားသတ္တိ တန်ခိုးရှိန်စော်လဲ နည်းသွားမှာပဲ။ မြန်မာပြည်ကနတ်သားများ ဒီခေတ် မြန်မာပြည်မှာ ဟိုနယ်သည်နယ်မှာ မြို.ရောတောပါမကျန် ကမ္မဋ္ဌာန်းဘာဝနာ လက်ကိုင်ထားသူတွေ များလာတဲ့အတွက် ဘယ်သူဟာဖြင့် မသေခင်ကတည်းက သေမယ့်ရက်သိနေတယ်။ နတ်ရထားတွေကို တောင်မြင်ရသတဲ့ စသည်ဖြင့် နတ်ပြည်နတ်ရွာကို ဥဒဟို သွားလာနေကြတဲ့ သဘောလက္ခဏာတွေ၊ ပြောဆိုနေကြတာတွေအခိုင်အမာ မကြာခဏ ကြားသိနေရတယ်။ နတ်ပြည်မှာ မြန်မာပြည်ကနတ်သားတွေမနည်းတော့ဘူး။ သာမဓိ ၂ မျိုးရှိလျှင် မလိုချင်ပေမယ့်ရ။ မြန်မာပြည်မှာ ကမ္မဋ္ဌာန်းတွေ ထွန်းကားနေတာ အလွတ်ဝမ်းမြောက်စရာကောင်းတယ်။ ကမ္မဋ္ဌာန်းလက်ကိုင် ရှိနေတဲ့ သူဟာ နတ်ရွာသုဂတိ “တန်း” နေတာပဲ။ ဘုန်းကြီးတို့ အဘိဓမ္မာသဘောအရလဲ ရှင်းရှင်းကြီး သိထားတယ်။ ဥပစာသမာဓိလောက် ရထားရင် တန်ပြည်မလွဲဘူး။ သည့်ထက် သမာဓိအားကောင်းလို့ “အပ္ပနာစျာန် သမာဓိ” ဆိုက်သွားရင် အဲဒီလူ သေတဲ့အခါ ဗြဟ္မာ့ပြည်ကို သွားမှာ သေချာတယ်။ မလွဲဘူး။ “အပ္ပနာစျာန် သမာဓိ” ဆိုတာ လူပြိန်းနားလည်အောင်ပြောရရင် ကျောက်တိုင်ကျောက်တုံးလို ဖြစ်သွားတဲ့ သမာဓိပဲ။ ဥပစာရသမာဓိ ဆိုတာကတော့ ကမ္မဋ္ဌာန်း လုပ်ဖူးသူ မှန်သမျှ မရဘူးဆိုတာ မရှိသလောက်ရှားပါလိမ့်မယ်။ ဒါကြောင့် ကမ္မဋ္ဌာန်း သမားတွေ ကမ္မဋ္ဌာန်းအာရုံ လက်ရှိနှင့် သေရင် အထူး စိတ်ညွတ် ဆုတောင်းဖို့မလိုဘူး။ နတ်ပြည်ဟာမလွဲတော့ဘူး။ အဲ--ဒီမှာ “ကမ္မဋ္ဌာန်းလက်ရှိနှင့် သေရင်” ဆိုတာကိုတော့ မမေ့ကြနှင့်။ ဒီခေတ်မှာ ကမ္မဋ္ဌာန်းဆရာတွေ အထူးထွန်းကားသလို နတ်ပြည်ရောက်သွားကြတဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေ ပြောမကုန်အောင်များတယ်။ ပြောလို့မကုန်ဘူး။ အေး--တကယ်တော့ ကမ္မဋ္ဌာန်းတရားကို ထိထိခိုက်ခိုက်ပိုင်ပိုင်နိုင်နိုင် လုပ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ သူတို့မှာ ဘဝအမြင်ရှင်းနေကြတယ်။ နတ်ပြည်ကိုမလိုချင်ဘူး ။ နတ်ပြည်သလား၊ ဗြဟ္မာ့ပြည်လဲ မရောင်ချင်ကြဘူး၊ တကယ့်ကမ္မဋ္ဌာန်း ဘာဝနာရှိသူရဲ. ပန်းတိုင်ဟာ နတ်ပြည် ပြဟ္မာ့ပြည်မှ မဟုတ်ဘဲ။ အရိယာဖြစ်ပြီး ၃၁-ဘုံက အလွတ် နိဗ္ဗာန်ကိုပဲ လိုချင်ကြတယ်။ ဒါပေမယ့် ကာမရာဂ သံယောဇဉ် ၊ ဘဝရာဂသံယောဇဉ် ၊ ဒီနှောင်ကြိုးတွေကို ဖြတ်ပြီး ကျော်ပြီး မတက်နိုင်သေးရင်တော့ မလိုချင်လဲ ရနေကြရဦးမှာပဲ။ တကယ် မရူမှတ်နိုင်ရင် အပါယ်ကိုလဲ အလည်သွားကြရဦးမှာပဲ။ (နယ်ခြားတောင်တန်းသာသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရ ၊ “ချမ်းမြေ့စွာ ဘဝနေနည်း” ၊ ဓမ္မာစရိယ ဦးဌေးလှိုင် စုစည်းစီစဉ်သည်။)
https://www.dhammaransi.com/index.php/new/667-2016-01-09-10-47-59.html
ဝေဘူဆရာတော်ကြီး၏ သြဝါဒ
ဆရာတော်သည် ဝေဘူရိပ်သာ (ကျောက်ဆည်)၊ အောင်မြေရိပ်သာ (ရွှေဘို) နှင့် ဇာတိရွာ ဖြစ်သော ခင်ဦးမြို. မြောက် ၈ မိုင်ဝေးကွာသည့် အင်ကြင်းပင်ရိပ်သာတို့၌ လေးလခန့်စီ လှည့်ပြောင်း သီတင်းသုံး တော်မူ၏။ ဆရာတော်သည် ယေဘုယျအားဖြင့် နံနက်တွင် တစ်ကြိမ်၊ ညတစ်ကြိမ် တရားဟောသည်။ ပထမ ၁၀ မိနစ် ၁၄ မိနစ်ခန့်မှာ ယောဂီအတွက် အကျဉ်းချုပ်နားလည်ကျင့်သုံးရမည့် အခြေခံသဘောများကို ရေစက်ချသကဲ့သို့ ဟောလေ့ရှိရာ အသံတော်ကလည်း တိုးလှသဖြင့် နာကြားစ မရှိသူများ စိတ်မဝင်စားပဲ ရှိနေတတ်၏။ ထိုအကျဉ်းချုပ် (ဥဒ္ဒေသ) မာတိကာ စကားများသည် အလွန်အရေးပါလှသည်။ အဓိပ္ပါယ်လည်း ကျယ်ဝန်းစွ။ ရေစက်ချ စကားများတွင် အလှူဒါနပြုသူ၌ ရှိထားရမည့် အခြေခံသဘောများ အကုန်ပါ၏။ ထို့အတူ တရားဦးမာတိကာ၌ ယောဂီအတွက် အောက်ပါအချက်များ ပါဝင်ကုန်၏။ ယောဂီအတွက် လိုရင်းအချက်များ ၁။ သီလရှိလျှင် တောင့်တ လိုချင်တိုင်း ပြည့်စုံစေနိုင်၍ သီလကို ကြိုးစားဖြည့်ရန်။ ၂။ ၃၁-ဘုံ ချမ်းသာကား အထူး ဆုတောင်းရန်မလို ၊ ရှောင်တိမ်း၍ မဖြစ်အောင်ပင် ရရှိတတ်သဖြင့် သာဝက ဗောဓိစသော ဗောဓိဆုကိုသာ တောင့်တမျှော်မှန်းရန်။ ၃။ သာသနာတည်ကြောင်း ကောင်းမှုများသည် နိဗ္ဗာန်သွားရန် ခြေထောက်သဖွယ် (စရဏ) ဖြစ်၍ တတ်အားသျှ ပြုလုပ်ရန်။ ၄။ အလှူပြုသောအခါ စေတနာ ၊ အလှူဝတ္တု ၊ အလှူခံအပေါ်၌ သန့်သန့်ရှင်းရှင်း ရိုရိုသေသေ ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းရန်။ ၅။ ဘုရားစကား ၊ ဆရားစကားကို မြေဝယ်မကျ တထစ်ချ နာယူရန် (သောဝစဿတာ)။ ၆။ ယခုကဲ့သို့ တရားပွဲ လာရောက်နိုင်ခြင်းသည်ပင် ပါရမီရှိသူ မည်၍ အချိန်အခါ ၊ ဘဝကောင်းသည်မှာ ဘုရား လက်ထက်တော်နှင့်မထူး၊ ဘုရားလက်ထက်က ရဟန်းရှင်လူများ ရရှိကြသည့်အတိုင်း ဘာမဆို လိုတိုင်း မရနိုင်တာ၊ မဖြစ်နိုင်တာ ဟူ၍မရှိ ၊ သိသလောက် တောင့်တ မျှော်မှန်းထားခဲ့တာမျှမက အပိုတွေပင် များစွာ ရလာတတ်သဖြင့် ရှေးပုဂ္ဂိုလ် တို့ကဲ့သို့ ဝီရိယကိုသာ အမှီလိုက်၍ စိုက်ထုတ်ကြိုးစားရန်။ ၇။ သင်ကြားမှတ်သားထားချက်တွေ ပြော၍မကုန်နိုင်အောင် အများကြီးတတ်သိကြ၏။ ထိုသို့ များစွာရှိသော်လည်း ကြိုက်ရာတစ်ခုကိုသာ စူးစူးစိုက်စိုက် ဝီရိယ သန်သန်နှင့် မှန်မှန်လုပ်ရန်သာ အရေးကြီး သည်။ မွေးသည်မှ သေသည်အထိ ထင်ရှားရှိနေသော ထွက်လေ-ဝင်လေ ကား လူတိုင်း သိလွယ် ထင်လွယ်သဖြင့် ဝင်တိုင်း-ထွက်တိုင်း နှာဖျား၌ ထိသည်ကိုသာ သိအောင်လုပ်။ ယခုလုပ်ကြည့်၊ ယခုမီးငြိမ်း၊ ယနေ့လက်ငင်းချမ်းသာ၏။ (အကာလိကော) ၈။ ယင်းသို့ ရူမှတ်နေခြင်းဖြင့် ကိုယ်နှုတ် သောင်းကျန်းမှုမရှိ (အဓိသီလ)၊ စိတ်သောင်းကျန်းမှုမရှိ (အဓိစိတ္တ) ၊ ရုပ် နာမ် မျှသာ ရှိပါကလား ဟု နှားဖျားဝမှ တကိုယ်လုံး တလှုပ်လှုပ်တရွရွ ဖြစ်ပျက်နေသည်ကို မြင်ရမည်။ (အဓိပညာ) ၉။ ရေခပ်ယင်း၊ ထမင်းချက်ယင်းလည်း ရူမှတ်နိုင်၍ တစ်ချိန်တည်းတွင် အလုပ်ကိစ္စ ၂ ခု ပြီးသည်။ မည်သည့် ဣရိယာပုတ်နှင့်မဆို ရူမှတ်နိုင်၏။ “ကမ္မဋ္ဌာန်း ထိုင်ရာတာ ဘာမှလဲ မတွေ့ပေါင်၊ မရပေါင်”ဟု မမှတ်ရ၊ တခဏအတွင်း ရသည့်အကျိုးကား ကုန်စင်အောင်ပင် မပြောနိုင်။ တနေ့ထက် တနေ့ တိုးတက်ပြီးတော့သာ သွားတော့သည်။ ၁၀။ အိမ်အမိုး မိုးသောအခါ စပ်အောင်မိုးလျှင် မိုးနေ ကာကွယ်နိုင်သကဲ့သို့ တစ်ရက် ၂၄ နာရီ တဆက်ထဲ တစပ်ထဲ (မအိပ်စက်ပဲ) ရူမှတ်နိုင်အောင်ကြိုးစား (နိသဇ်ဓုတင်ဆောင်)။ ၂၄ နာရီ တစပ်လောက်ရလျှင်ပင် ထူးခြား သိသာလာမည်။ ၁၁။ ၃၁-ဘုံ ချမ်းသာ ဘုရင်ဖြစ်ရာမှအစ ဘာမျှမတော့တ မလိုချင်ရ။ ဒုက္ခချည်းဖြစ်သည်။ ၁၂။ မိမိအနားရှိ မြင်သမျှ ကြားသမျှ ကျေးဇူးရှင်ကြီးဖြစ်သည်။ အသံဗလံဆူနေ၍ နေရာမပြောင်းနှင့် ။ “ငါ့ဝိရိယ၊ သာမာဓိ ကောင်းလှပြီ” ဟု အလွတ်အထင်ရောက်နေတတ်၏။ ဆူညံသံများက “ဝီရီယ တိုးလိုက်ပါအုံး” ဟုပြောသောကျေးဇူးရှင်များ ဖြစ်သည်။ မေတ္တာထား၊ သည်းခံရူမှတ်။ ၁၃။ မိမိအာနပါန ရူမှတ်ခြင်းကို အကြောင်းပြု၍ မိမနှင့်တကွ မိမိပတ်ဝန်းကျင် လူတွေ နတ်တွေ ဗြဟ္မာတွေ မရေမတွက်နိုင်အောင်ပင် ကျေးဇူးများ ကုန်ကြတော့သည်။ ဆရာတော်ဟောလေ့ ဟောထရှိသော မာတိကာ စကားပြောမှာ ၃ မျိုးခန့်ရှိ၍ အားလုံးခြုံလိုက်လျှင် အထက်ပါ အချက်များကို တွေ့ရမည်ဖြစ်၏။ ရံခါ တနေ့တည်း၌ တရား လေးငါးကြိမ် ဟောရသည့် ရက်များရှိ၏။ ဟောတိုင်းပင် ထိုအခြေခံ အချက်များကို ပထမဟောသည်။ ဆယ်ကြိမ်ဟောရလျှင် ဆယ်ခါပင် ထပ်၍ဟောတော်မူ၏။ မည်မျှအရေးကြီးသည်ကို စဉ်းစား၊ကြရာသည်။ (မြန်မာနိုင်ငံ ပဋိပတ္တိသာသနာဝင် ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ (ဆဋ္ဌမအကြိမ်)၊ ဓမ္မာစရိယ ဦးဌေးလှိုင်။ စာ-၂၂ မှ ၂၃၊ ကောက်နုတ်ပူဇော်အပ်ပါသည်။)
https://www.dhammaransi.com/index.php/new/668-2016-01-09-10-47-36.html
ငိုက်လို့ရှိရင် အငိုက်ဖျောက်ပုံနည်းလမ်း (၇)သွယ် - ပစလာယနသုတ်”
•••••••••••••••••••••••••••••••••••••••••• ငိုက်လို့ရှိရင် အငိုက်ဖျောက်ပုံနည်းလမ်း (၇)သွယ် ဒီသုတ္တန်မှာ မြတ်စွာဘုရားက ဟောတယ်။ ပစလာယနသုတ် လို့ခေါ်တယ်။ ပစလာယန ဆိုတာ အိပ်ငိုက်ခြင်း ဆိုတဲ့အဓိပ္ပါယ်။ ခေါင်းတဆက်ဆက်နဲ့ ငိုက်တယ်။ ကမ္မဋ္ဌာန်းအားထုတ်တဲ့အချိန်မှာ အိပ်ချင်လာတယ် ဆိုရင် အဲဒီ ကမ္မဋ္ဌာန်းကိုစွန့်။တခြားနည်းပြောင်း အားထုတ်ရတယ် ဒီလိုပြောတယ်။ အိပ်ငိုက်တဲ့ အမှတ်သညာမျိုးကို ဖယ်ရှားပစ်ရမယ်တဲ့။ ❖နံပါတ် (၁) က တရားကို နှလုံးသွင်းလို့ အိပ်ငိုက်တယ် ဆိုလို့ ရှိရင် အဲဒီ အိပ်ငိုက်စေတက်တဲ့ အမှတ်သညာတရားမျိုးကို ရပ်ထားလိုက်ပါတဲ့။ အာရုံတစ်မျိုးပြောင်းပြီး ရှုပါတဲ့။ ❖နံပါတ်(၂)။အဲဒီလိုရှုလို့မှ အိပ်ငိုက်မပြေသေးဘူး ဆိုရင် နောက်ထပ်တစ်ခု ပြောင်းလုပ်ရမယ်။ ဘာလဲ ဆိုတော့ ကိုယ်အာဂုံဆောင်ထားတဲ့ တရားဓမ္မတွေ၊ သင်ထားတဲ့ တရားဓမ္မတွေကို စိတ်ထဲကနေတွေးပါတဲ့။ ဥပမာ- ပရိတ်ကြီးရရင် ပရိတ်ကြီးပေါ့။နှုတ်ကထုတ်ရွတ် ဆိုတာ မဟုတ်ဘူး။ စိတ်နဲ့ ကြံတွေးပြီး ရွတ်ဆိုကြည့်တာ။ အဲဒီလိုဆိုလို့ ရှိရင် အိပ်ငိုက်မှုဟာ ပျောက်သွားနိုင်တယ်တဲ့။ ❖နံပါတ်(၃)။ရတဲ့စာတွေ တွေးနေတာမှ အိပ်ငိုက်မှုက မပျောက်သေးဘူး။အိပ်ချင်တုန်းပဲဆိုရင် ကိုယ်နှုတ်တက် အာဂုံဆောင်ထားတဲ့စာတွေကို ရွတ်ဖတ် သရဇ္ဈာယ် လိုက်ပါတဲ့။ “ဣတိပိသော”ပဲဖြစ်ဖြစ်၊ဘာပဲဖြစ်ဖြစ် ရွတ်ဖတ်သရဇ္ဈာယ်လိုက်။အသံထုတ်ပြီး အဲဒီလို ရွတ်ဖတ်သရဇ္ဈာယ်ပြီးလို့ရှိရင် အိပ်ငိုက်မှုဟာ ပျောက်သွားနိုင်တယ်တဲ့။ ❖နံပါတ်(၄)။မပျောက်ဘူးဆိုရင် ဘာဆက်လုပ်ဖို့ လိုတုန်းဆိုတော့ ကိုယ့်နားရွက်ကို ပူသွားအောင်ဆွဲတဲ့။ ခန္ဓာကိုယ်ကို တစ်ကိုယ်လုံးပွတ်သပ်တဲ့။ အညောင်း အညာတွေဖြေ။ နားရွက်ဆွဲ တစ်ကိုယ်လုံးပွတ်သပ် အဲဒီလို လုပ်လိုက်လို့ ရှိရင်လည်း လူဟာ လန်းဆန်းပြီးတော့ အိပ်ချင်ပြေသွားနိုင်တယ်ပေါ့။ ❖နံပါတ်(၅)။အဲဒီလိုလုပ်လို့မှ မပြေဘူးဆိုလို့ ရှိရင် ဘာလုပ်ရမလဲ။ မျက်နှာသစ်၊ မျက်လုံးကို ရေဆွတ်တဲ့။ မျက်လုံးကို ရေဆွတ်ပြီး ကမ္မဋ္ဌာန်း ကျောင်းထဲကထွက် ကောင်းကင်ကိုကြည့်၊ နက္ခတ်တွေ့ရှိရင် နက္ခတ်ကြည့်၊ လရှိရင် လကြည့်ပေါ့။ ကောင်းကင်ကို မော့ကြည့် ဟိုကြည့် ဒီကြည့်။ အရပ်မျက်နှာတွေကို ကြည့်။ လေကောင်း လေသန့်တွေကို ရှူ။ အရပ်မျက်နှာတွေကို မော့ကြည့်လိုက်တဲ့အခါ အိပ်ချင်ပြေသွားနိုင်တယ်ပေါ့။ ❖နံပါတ်(၆)။အဲဒီလိုမှ မရဘူး။ဆက်ပြီး အိပ်ချင်နေသေးတယ် ဆိုလို့ရှိရင် အာလောကသညာ အလင်းကို နှလုံးသွင်းရမယ်တဲ့။ အမှောင်ထဲမှာ မနေနဲ့။အလင်းထဲမှာ နေ။ အာလောကသညာကို နှလုံးသွင်း။ ညကို နေ့လို့စိတ်ထဲမှာထား။အလင်းရောင်ကြီးထဲမှာနေ။ မှောင်နေတယ်ဆိုတာကို မေ့ထားလိုက်။ လင်းနေတယ် ဆိုတာကို နှလုံးသွင်း။ အဲဒီလို နှလုံးသွင်း အားထုတ် လိုက်မယ် ဆိုလို့ရှိရင် အိပ်ချင်တာတွေ၊ ငိုက်မြည်းတာတွေ ပျောက်သွားနိုင်ပါတယ်တဲ့။ ❖နံပါတ်(၇)။အဲဒီလိုမှ မပျောက်သေးဘူး ဆိုလို့ ရှိရင် စင်္ကြံလမ်းလေးကို သတ်မှတ်ပြီး သဒ္ဓါတို့၊ဝီရိယတို့၊ သတိတို့၊သမာဓိတို့၊ပညာတို့ ဆိုတဲ့ ဣန္ဒြေစွမ်းအားတွေကို ထိန်းချုပ်ထားပြီး စင်္ကြံလျှောက်လိုက်ပါတဲ့။ အဲဒီလို စင်္ကြံလျှောက်တာတောင် အိပ်ချင်တာက မပြေသေးဘူး ဆိုရင်တော့ ဘာလုပ်ရမတုန်း။အိပ်လိုက်တော့တဲ့။ နောက်ဆုံးကျတော့ အိပ်ချင်မပြေရင် အိပ်ရတယ်။ မြတ်စွာဘုရားက အငိုက်ဖျောက်ပုံ နည်းလမ်း ခုနစ်သွယ်ကို ပေးထားတာ။ မရဘူးဆိုရင် အိပ်တဲ့။ အိပ်ရင်လည်း စနစ်တကျ အိပ်ရမယ်။ ဘယ်လို စနစ်တကျ အိပ်ရမတုန်းဆိုရင် လက်ယာဘက်ကို စောင်းအိပ်။ ခြေထောက်နှစ်ခု ခြေမျက်စိချင်းမထိစေနဲ့ တဲ့။ ထိရင် အရိုးချင်းထိသည့် အတွက်ကြောင့် နာကျင်မှု ဖြစ်လာတတ်တယ်။ ဒါကြောင့်မို့လို့ ခပ်လွှဲလွှဲလေးထား။ ကြည့်နော် “ပါဒေ ပါဒံ အစ္စာဓာယ” အိပ်ပုံအိပ်နည်းကို မြတ်စွာဘုရား လမ်းညွှန်ပေးတာ။ ပဲခူးရောက်လို့ရှိရင် ရွှေသာလျောင်းဘုရားကို သွားပြီးဖူးကြည့်။ ခြေဖဝါးနှစ်ခုဟာ တညီတည်းထားလို့ရှိရင် စာနဲ့မညီဘူး။ ခြေဖဝါးနှစ်ခုက တစ်ဖက်က အတို၊တစ်ဖက်က အရှည်ထားပြီး ခြေမျက်စိချင်းမထိအောင် ထားရမှာ။ ရွှေသာလျောင်း ဘုရားတွေမှာ စနစ်တကျ ထုရင် အောက်ခြေထောက်ပေါ် အထက်ခြေထောက်က ဒူးကွေးထား။ခြေမျက်စိချင်း မထိဘူး။ ဒါ စာနဲ့အညီ လက်ယာခြေပေါ်မှာ လက်ဝဲခြေထောက်ကလေး တင်ပြီး“ဥဋ္ဌာနသညံ မနသိကတွာ”တဲ့။ဘယ်အချိန် ထမယ်ဆိုတာ အမှတ်သညာလေးထားပြီး အိပ်ပါတဲ့။ မြတ်စွာဘုရားက စနစ်တကျ အိပ်ခိုင်းတယ်။ ဒီနေရာမှာ ဘာသွားသတိရတုန်းဆိုရင် America မှာ နေတုန်းကာ Stop ဆိုတဲ့စာအုပ်ကို ကားမောင်း သင်တန်း တက်မယ့်ပုဂ္ဂိုလ်တိုင်း ကြေအောင် ဖတ်ရတယ်။ ဖတ်ပြီးရင် မေးခွန်းတွေ ဖြေရတယ်ပေါ့။ အဲဒီထဲမှာ မေးခွန်းရဲ့အဖြေတွေ ပေးထားတာရှိတယ်။ အဖြေအမျိုးမျိုး ပေးထားတယ်။ ကားမောင်းရင်း အိပ်ချင်ရင် ဘာလုပ်ရမလဲ? အဖြေတစ်ခုက ကားမောင်းရင်းအိပ်ချင်လာရင် ကော်ဖီသောက် ဆက်မောင်း။ သီချင်း နားထောင်ပြီးတော့ ဆက်မောင်းတဲ့။ အဲဒီလို အဖြေမျိုး ပေးထားပြီး နောက်ဆုံးအဖြေက ဘာတုန်းဆိုရင် အိပ်စက် အပန်းဖြေပြီးမှ ဆက်မောင်းတဲ့။ အဲဒီ အဖြေတွေထဲက ကော်ဖီ သောက်ပြီး ဆက်မောင်း ဆိုတဲ့အဖြေက အမှန်မဟုတ်ဘူး၊ မှားတယ်။ သီချင်းဖွင့်ဆက်မောင်း ဆိုတာကလည်း မှားတယ်။ ဘာလုပ်ရမှာတုန်း။အိပ်ချင်လို့ရှိရင် အိပ်လိုက်တဲ့။ အိပ်ပြီးမှ ဆက်မောင်းတဲ့။ အဲဒီဟာကမှ အဖြေမှန်။ ကားမောင်းတယ်ဆိုတာ အလွန်အန္တရာယ် များတာကို၊ အိပ်ချင်နေတဲ့အချိန်မှာ အိပ်ချင်စိတ် မပျောက်ဘဲနဲ့ ဆက်မောင်းရင် ဒုက္ခရောက်သွားနိုင်တယ်။ ဒါကြောင့်မို့ အိပ်ချင်လို့ ရှိရင် အိပ်ပြီးမှမောင်းလို့ ပြောတာ။ မြတ်စွာဘုရားကလည်း တရားအားထုတ်လို့ ခုနက နည်းလမ်းတွေနဲ့ ဖြေပျောက်လို့မရဘူး။အိပ်ချင်ပြီ ဆိုလို့ရှိရင် အိပ်လိုက်ပါတဲ့။ အိပ်တဲ့အခါမှာ လက်ယာ စောင်းပြီးတော့အိပ်။လက်ယာခြေပေါ်မှာ လက်ဝဲခြေကလေးကို လွှဲပြီးတော့ တင်ထား။ ဘယ်အချိန်ထမယ်ဆိုတဲ့ အမှတ်သညာလေး ထားပြီးတော့ အိပ်ပါတဲ့။ နိုးလာတာနဲ့ တပြိုင်နက် ချက်ချင်းထတဲ့။ဇိမ်ခံ မနေနဲ့။ လူတွေက အိပ်ပြီးလို့ရှိရင် နိုးလာပေမယ့် တော်ရုံနဲ့ မထသေးဘူး။မှေးနေသေးတယ်။ဇိမ်ခံတာခေါ်တယ်။ “သေယျသုခ” အိပ်ခြင်းကြောင့်ဖြစ်တဲ့ ချမ်းသာ။ “ပဿသုခ” ဟိုဘက်စောင်းလိုက်၊ဒီဘက် စောင်းလိုက် (ကလေးတွေဆို နိုးလည်း တော်ရုံမထဘူး။ ဇိမ်ခံနေတာ)။ အဲဒီအိပ်ရတဲ့ ဇိမ်ကတစ်မျိုး၊ အိပ်ရာထဲ မှေးနေရတဲ့ဇိမ်က တစ်မျိုးနဲ့ တူတယ်။အားလုံး ဒီဇိမ်တော့ရဖူးကြမှာပါ။ အဲဒါကို သေယျသုခ၊ ပဿသုခ၊ မိဒ္ဓသုခတဲ့။ အဲဒီလိုဇိမ်ခံမနေနဲ့တဲ့။ ချက်ချင်း ထတဲ့။ ဖျက်ကနဲ နိုးလိုက်တာနဲ့ လူးလဲထ၊ ထပြီးတော့ တရားအားထုတ်ပါတဲ့။ အရှင်မောဂ္ဂလ္လာန်ကို မြတ်စွာဘုရားက နည်းလမ်းတွေ ပေးတာ။ဒါ ကမ္မဋ္ဌာန်းအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ အိပ်ချင်ပြီ ဆိုရင် ဒီနည်းစနစ်ကို လိုက်နာကျင့်သုံးရမှာပါ။ အဂုင်္တ္တရနိကာယ် ပစလာယနသုတ္တန် ဆိုတာ ရှိတယ်။ ခုနစ်ချက်ပေးထားတာ ဖြစ်သောကြောင့် (သတ္တကနိပါတ်) အချက် ခုနစ်မျိုးပါတဲ့ အပိုင်းကဏ္ဍမှာ ဒါကိုဖော်ပြထားတယ်။။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ】
https://www.dhammaransi.com/index.php/new/669-2016-01-09-10-47-07.html
သာသနာ့ဆွေမျိုး
--------------------------------------------- အရိယာ သပြေကန်ဆရာတော်ဘုရားကြီး၏ ဂုဏ်ပုဒ် ( ”မဟာစည်ဆရာတော်ကြီး နှင့် အရှင်ဇနကဘိဝံသ ဆရာတော်ကြီး ၂ ပါး ချီးကျူးသည့် သပြေကန်ဆရာတော်”) သပြေကန်ဆရာတော် အရှင်ဝါသေဋ္ဌာဘိဝံသကား ထူးခြားသော ပုဂ္ဂိုလ်ဖြစ်တော်မူ၏။ ၁။ ပါဠိတော်များကို တစ်ခေါင်နှစ်ခေါက်ဖတ်ရုံဖြင့် အာဂုံဆောင်နိုင်လောက်အောင် ထူးခြားသော ပါရမီရှင် တစ်ဦးဖြစ်တော်မူ၏။ ၂။ သာမဏေဘဝကပင် ၀ိနည်း (၅)ကျမ်း ပါဋ္ဌိတော်ကို အာဂုံပြန်ဆိုခဲ့သဖြင့် ရွှေကျင်ဂိုဏ်းတွင် မှတ်တမ်းတင်ရသော ပုဂ္ဂိုလ်လည်း ဖြစ်တော်မူ၏။ ၃။ သံယုတ်ပါဠိတော် (၅) ကျမ်းကိုလည်း ရဟန်းတစ်ဝါ အရမှာပင် အာဂုံ ပြန်ဆိုခဲ့သော ပုဂ္ဂိုလ်လည်း ဖြစ်တော်မူ၏။ ၄။ ဂါထာသီကုံးဖွဲ့နွဲ့ရာတွင် ပြောင်မြောက်လှသဖြင့် ဓမ္မာစရိယ ဖြစ်တော်မူသော ရွှေကျင်နိကာယ ဓမ္မသေနာပတိ အဂ္ဂမဟာပဏ္ဍိတ အဘယာရာမဆရာတော်၏ “သည်လက်မျိုး မရှိသေးကြောင်း” “မရှိခဲ့ဘူးကြောင်း” ထုတ်ဖော် ချီးကျူးမှုကိုပင် ခံရသော ပုဂ္ဂိုလ်ဖြစ်တော်မူသည်။ ၅။ အစိုးရ စာချတန်း စာမေးပွဲ၌ တစ်နှစ်တည်းဖြင့် (၉) ကျမ်းလုံးကို ဖြေဆိုအောင်မြင်တော်မူသဖြင့် ဓမ္မာစရိယ သိရောမဏ ဘွဲ့တော်ကို ရှေးဦးစွာ ခံယူရရှိတော်မူသော ပုဂ္ဂိုလ်လည်း ဖြစ်တော်မူ၏။ ၆။ ပါဠိတော် အဋ္ဌကထာတို့၌ နှံစပ်၍ မာဂဓ၊ သက္ကတ၊ ဗျာကရုဏ်းကျမ်း၊ ကောသကျမ်း၊ ကာဗျကျမ်း စသည်တို့၌လည်း အထူးကျွမ်းကျင်တော်မူ၏။ ၇။ ဆဋ္ဌသံင်္ဂါယနာတင် ပုစ္ဆက ဖြစ်တော်မူသော မဟာစည် ဆရာတော်ဘုရားသည် သံင်္ဂါယနာတင်စဉ် အခါက အခက်အခဲတစ်စုံတစ်ရာနှင့် ရင်ဆိုင်ရသည့်အခါတွင် သပြေကန်ဆရာတော် ဦးဝါသေဋ္ဌ နှင့် နှီးနှော လိုက်သည့်အခါတိုင်း အဖြေပေါ်ထွက်လာပြီး အခက်အခဲကို လွန်မြောက်ရသည်ဟု မကြာခဏ မိန့်တော်မူခြင်း၊ ၈။ နူတ်တက်အာဂုံရအောင် ကျက်မှတ်ပြီးသော စာများသည် ကြာမြင့်စွာ မလေ့လာဘဲ ပစ်ထားသော်လည်း မေ့ပျောက်ခြင်း မရှိ။ ၉။ ဂုဏ်အားလျော်စွာ များစွာ ချီးမွန်းကြသော်လဲ မာန်မာန တက်ကြွသည်ကို မမြင်ဘူး၊ အပြစ်ဆိုခြင်းကို လည်း သည်းခံနိုင်သည့်အပြင် ဆရာသမား ၊ သီတင်းသုံးဖော်များ၏ ဝတ္တရားများလည်း ကျေပွန်စွာ ပြုတော်မူခြင်း၊ ၁၀။ အနေကဂန္ထကာရက ဆရာတော် အရှင် ဇနကာဘိဝံသက အရှင်ဝါသေဋ္ဌာဘိဝံသဟာ ပညာရှင်များ ငေးရအောင် ရေးပြတော်မူတဲ့ ဆရာတော်ပါပဲ ဟု ချီးမွမ်းခြင်းဖြင့် ပြည့်စုံတော်မူခဲ့ပါသည်။ ---------------------------- သာသနာ့ဆွေမျိုး ဘုန်းကြီးတို့ လောကမှာ သာသနာတော်နဲ့ ရင်းနှီးတဲ့ ပုဂ္ဂိုလ် ၊ မရင်းနှီးတဲ့ ပုဂ္ဂိုလ်ရယ်လို့ ရှိတယ်။ သာသနာတော်နဲ့ ရင်းနှီးတဲ့ ပုဂ္ဂိုလ်က သာသနာတော်မှာ ရှိကြတဲ့ သံဃာတော်တွေနဲ့ အကျွမ်းတဝင်ဖြစ် ကြတယ်။ အကျွမ်းတဝင်ဖြစ်တော့ ဘာဖြစ်တုံးဆိုရင် သံဃာတော်တွေဟာ အဲဒီ ဒကာဒကာမတွေ အိမ်ကိုသာ ဆွမ်းခံ သွားချင်တယ်။ ၀ိဿာ ပရမာဉာတိ။ ဉာတိ-ဆွေမျိုးဟူသည် ၊ ၀ိဿာပရမာ-အကျွမ်းဝင်ခြင်းသည်လျှင် အလွန်အမြတ်ရှိပါပေ၏။ လောကမှာ ပြောလေ့ရှိကြတာ ခင်ရာဆွေမျိုးတဲ့ ၊ အဲဒီတော့ ခင်မင်မှ အကျွမ်းတဝင်ဖြစ်မှ ရဟန်း သံဃာတော်တွေဟာ အဲဒီအိမ်ကို ဝင်ချင်ကြ ၊ ထွက်ချင်ကြ ၊ ဆွမ်းခံချင်ကြ ၊ အဲဒီအိမ်မျိုးကို ဆွမ်းစား သွားချင်ကြတယ်။ အဲဒီတော့ အကျွမ်းဝင်ခြင်းကြောင့် သံဃာတော်တွေ ဒီလိုအိမ်မျိုးကို ကြွချင်တာဖြစ်တော့ အဲဒီ အကျွမ်းဝင်ခြင်း ကြောင့်ပဲ မိမိတို့မှာ အကျိုးရှိကြတယ်နော်။၊ သာသနာ့ဆွေမျိုးဆိုတဲ့ သဘောကလည်း ဒီသဘောမျိုးပါပဲ၊ ဒါကြောင့် ဉာတိ-ဆွေမျိုးမည်သည် ၀ိဿာပရမာ-အကျွမ်းဝင်ခြင်းလျှင် အလွန်ရှိပါပေ၏။ အနာဂါမ် အိုးထိန်းသည်ကြီး ဘုန်းကြီးတို့ ကဿပ ဘုရားရှင်လက်ထက်တုန်းက “ဃဋိကာရ” အိုးထိန်းသည်ကြီးဆိုတာ ရှိတယ်၊ အဲဒီ “ဃဋိကာရ” အိုးထိန်းသည်ကြီးဟာ မျက်မမြင်ဖြစ်ကြတဲ့ မိဘ ၂ ပါးကို လုပ်ကျွေးနေတဲ့ အိုးထိန်းသည်ကြီး၊ သာမန် အိုးထိန်းသည်ကြီးလဲ မဟုတ်ဘူး၊ အနာဂါမ်ကြီး။ ဆယ်ပါးသီလမြဲသူ ပြီးတော့ အိုးထိန်းသည်သာဆိုတယ် သူက ရွှေငွေ ပိုက်ဆံ ကိုင်တာ မဟုတ်ဘူး၊ ရွှေငွေ ပိုက်ဆန်နဲ့လဲ အိုးတွေ လုပ်ပြီး ရောင်းတာမဟုတ်ဘူး၊ မြေတွေဘာတွေလဲ တူးတာမဟုတ်ဘူး၊ ဟိုက အရန်သင့်ရှိတဲ့ ကြွက်ကျစ်စာတွေ ဘာတွေ ၊ အဲသလို အတုံးတွေ လျှောက်ယူပြီးတော့ အိုးလုပ်ပြီး တော့ အိုးဖုတ် ၊ အိုးဖုတ်ပြီးတော့ အဲဒီအိုးကို သူ့အိမ်ရှေ.မှာ ချထားတာ။ အဲဒီအိုးကို လိုချင်တဲ့သူက ပဲနဲ့လာလဲယူ၊ ဆန်နဲ့ လာလဲယူ အဲသလို ယူသွားကြတာ၊ ရွှေငွေလဲ မကိုင်ဘူး၊ သူကဆယ်ပါးသီလမြဲတယ်၊ အရောင်းအဝယ်လဲ တိုက်ရိုက်မလုပ်ဘူး၊ သူလုပ်ထားတဲ့အိုးတွေ ဒီအတိုင်းထားတာပဲ၊ လူတွေကလာပြီးတော့ ပဲနဲ့လဲ၊ ဆန်နဲ့လဲ အဲသလို ယူသွားတယ်၊ အနာဂါမ်။ မိဘနှစ်ပါး လုပ်ကျွေးသူ အနာဂါမ်ဖြစ်တော့ နေ့လွဲညစာ မစားဘူး၊ တစ်ထပ်စာသာ စားတယ်၊ အဲသလို လောကမှာ နေပေမယ့် မိဘနှစ်ပါး တာဝန်ကြီးရှိလို့ ရဟန်းမပြုနိုင်တာတစ်ခုပဲ၊ ရဟန်းသာမဏေနဲ့ မထူးဘူး၊ ရွှေငွေလဲမကိုင်ဘူး။ အိုးတွေရောင်းတယ် ဆိုပေမယ့် တိုက်ရိုက်လဲ ရောင်းတာမဟုတ်ဘူး၊ မိဘ ၂ ပါး လုပ်ကျွေးဖို့၊ လှူဖို့ တန်းဖို့ ဒီအတွက်သာ သူအိုးတွေ လုပ်ပြီးတော့ ဒီအတိုင်းထား၊ လူတွေက တန်ရာတန်ဖိုး ပစ္စည်းတွေ လာချပြီး တော့ယူသွား။ အဲသလို ဃဋိကာရ အိုးထိန်းသည်ကြီးဟာ အနာဂါမ် အိုးထိန်းသည်ကြီးဟာ ဒီလိုပဲ သူ လောကအတွက် ဆောင်ရွက်တယ်။ ပြီးတော့ ကဿပ ဘုရှားရင်ကိုယ်တော်မြတ်နဲ့လဲ အင်မတန်ပဲ ရင်းနှီးတယ်လို့ဆိုတယ်။ ကဿပ ဘုရားရှင် ကိုယ်တော်မြတ်ရဲ. ဒကာကြီးပေါ့လေ၊ အင်မတန်ရင်းနှီးတဲ့ ဒကာကြီး။ ဆက်ရန်--- (အဘိဓဇ မဟာရဋ္ဌဂုရု ရွှေကျင်နိကာယ ဥပ ဥက္ကဋ္ဌ၊ ကျမ်းပြုအကျော် သပြေကန်ဆရာတော်၊ အရှင်ဝါသေဌာဘိဝံသ၊ “သပြေကန် တရားပေါင်းချုပ် -အမှတ် ၁ ” ၊ မှ ကောက်နုတ်ပူဇော် ပါသည်။)
https://www.dhammaransi.com/index.php/new/670-2016-01-09-10-46-27.html
ညောင်လွန့်တောရဆရာတော် နှင့် ဝေဘူဆရာတော် ၊ စွန်းလွန်းဆရာတော် ရဟန္တာ သုံးပါးတို့ တွေ့ဆုံခန်း
ဝေဘူဆရာတော်ကိုယ်တွေ့ ညောင်လွန့်ဆရာတော် ၂ ကိုယ်ခွဲ ကျေးဇူးရှင် ဝေဘူဆရာတော်လောင်းလျာသည် ၁၂၈၅ ခုနှစ် ၊ (၈) ၀ါခန့်တွင် ရွှေဘို ပုသိမ်ကြီးတောရမှ ထွက်သွာ၍ တောတောင်အနှံ့ ကြွရောက်ကာ အာနာပါနတရားကို ရူပွားတော်မူရာ လပိုင်းအတွင်းမှာပင် လောကီ အဘိဉာဉ်များနှင့် တကွ တတိယအဆင့်ထိ ပေါက်မြောက်တော်မူဟန်ရှိသည်။ မိမိ ရရှိသိမြင်သောတရားကို ထပ်ဆင့်အတည်ပြုချက်ရယူရန် လိုအပ်၍လောမသိ ၊ ထိုနှစ်မှာပင် ညောင်လွန့်တောရသို့ ကြွတော်မူ၏။ ထိုတောရရှိ စေတီတစ်ဆူ၌ တံမြက်ဝတ်ပြုနေသော ဘုန်းတော်ကြီးတစ်ပါးအား ဦးစွာ ဦးချရာ ဘုန်းတော်ကြီးက အကျိုးအကြောင်း မေးမြန်းပြီးလျှင် - “ညောင်လွန့်ဆရာတော် ယခု ကျောင်းကြီးပေါ်မှာ စာချနေသေးတယ်၊ မကြာခင်ပြီးတော့မှာပါ။ ဒီမှာပဲ ဦးပဥ္ဖင်း ခဏစောင့်ဦး ” ဟု မိန့်တော်မူ၏။ ဝေဘူလောင်းလျာလည်း ထိုစေတီ၌ပင် စေတိယင်္ဂဏ ဝတ်ပြုယင်း ခေတ္တစောင့်ဆိုင်းနေရာ ဘုန်းတော်ကြီးက ကျောင်းကြီးပေါ်မှာ စာလိုက် သံဃာများ ဆင်းကြွလာသည်ကို လက်ညှိုးညွှန်၍ - “ကဲကဲ ဦးပဥ္ဖင်း စာဝါပြီးပါပြီ ။ ကြွပေတော့” ဟု ပြောပြောဆိုဆို ဘုန်းတော်ကြီး တံမြက်စည်းကိုင်၍ ရပ်နေခဲ့စဉ် ဝေဘူလောင်းလျာလည်း ကန်တော့ပြီး စာချကျောင်းကြီးပေါ်သို့ တက်သွားရာ ညောင်လွန့်ဆရာတော်ဟူသည် မည်သို့သော ပုဂ္ဂိုလ်မျိုးဖြစ်ကြောင်း ကိုယ်တွေ့ဖူးမြင် ကြည်ညိုခွ့် ရလေတော့သည်။ “စာချနေတဲ့ ဆရာတော်ဟာ တံမြက်လှည်းနေတဲ့ ဘုန်းတော်ကြီးဖြစ်နေသဟဲ့။” ဒါကလောကီပေါ့ဟယ်” ဟု ဝေဘူဆရာတော်ကိုယ်တိုင် (အင်ကြင်းပင် ကမ္မဋ္ဌာန်းကျောင်း တည်စက ခုဒ္ဒသိက္ခာ အဋ္ဌကထာ အဘိဉာဏ်စခန်းကို စာချစဉ် ယခုရှိသော ကျောက်ဆည် ဒုတိယ ဝေဘူဆရာတော် ဓမ္မာစရိယ ဦးအာစရ တို့အား) အမိန့်ရှိဘူးကြောင်း ဦးအာစာရက စာရေးသူအား ပြောပြဘူးပါသည်။ ဝေဘူချောင်၌ သိမ်သုံးလုံးရှိရာ မူလသိမ်မှာ “အရိယာသိမ်” ဟု ခေါ်တွင်၍ ညောင်လွန့်ဆရာတော် ၊ စွန်းလွန်းဂူ စသော ဆရာတော်များ ပါဝင်သမုတ်ခဲ့သောသိမ်ဖြစ်၏။ ဝေဘူဆရာတော်ဘုရားကြီး အလေးဂရုပြုသော ဆရာတော်များတွင် ဆရာတော်သည် တစ်ပါး အပါအဝင် ဖြစ်တော်မူခဲ့ပါသည်။ ညောင်လွန့်ဆရာတော် ၊ စွန်းလွန်းဆရာတော်ဦးကဝိ နှင့် တွေ့ဆုံခန်း-- ဆက်ရန်-- (မြန်မာနိုင်ငံ ပဋိပတ္တိသာသနာဝင် ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ (ဆဌမအကြိမ်) ၊ ဓမ္မာစရိယ ဦးဌေးလှိုုင် ပြုစုသည်။ စာအုပ်မှ ကောက်နုတ်ပူဇော်ပါသည်။) ---------------------
https://www.dhammaransi.com/index.php/new/671-2016-01-09-10-45-13.html
( သြကာသ အဓိပ္ပါယ် )
“ရှိခိုးခြင်း၏ တည်ရာ၊ မြတ်နိုးခြင်း၏ တည်ရာ၊ ပူဇော်ခြင်း၏ တည်ရာ၊ အရိုအသေပြုခြင်း၏ တည်ရာ” ( သြကာသ အဓိပ္ပါယ် ) +++++++++++++++++++++++++ သြကာသ သြကာသ သြကာသ ကာယကံ ဝစီကံ မနောကံတည်းဟူသော သုံးပါးသောကံတို့တွင် တစ်ပါးပါးသော ကံဖြင့် တရံတဆစ် ပြစ်မှားမိသည်ရှိသော် ထို အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ( တနည်း သြကာသ သြကာသ သြကာသ ကာယကံ ဝစီကံ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ) ပထမ ဒုတိယ တတိယ တစ်ကြိမ် နှစ်ကြိမပ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ ၊ တရားရတနာ၊ သံဃာ ရတနာ တည်းဟူသော ရတနာမြတ်သုံးတို့ကို အရိုအသေ အလေးအမြတ် လုက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြောက် မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား ။ ------ ကန်တော့ရသော အကျိုးအားကြောင့် (တနည်း ကန်တော့ရသော ကုသိုလ်ကံ စေတနာတို့ကြောင့် ) အပါယ်လေးပါး ၊ ကပ်သုံးပါး ၊ ဗျသနတရား ငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ် ငြိမ်းသည်ဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန် တရားတော်မြတ်ကို လျှင်မြန်စောစွာ ရပါလို၏ အရှင်ဘုရား ။ -------- ဤသို့ ရတနာသုံးပါးကို ကန်တော့ရာ၌ စာပိုဒ်ဝါကျ နှစ်မျိုး ရှိလေသည်။ ပထမရှေ.စာပိုဒ်ဖြင့် ရတနာ သုံးပါးကို ရှိခိုးကန်တော့၍ နောက်စာပိုဒ် ၀ါကျဖြင့် အလိုရှိသော ဆုကို တောင်းခြင်း ဖြစ်သည်။ ထိုစာ ၂ ပိုဒ်တို့တွင် - ပထမ စာပိုဒ် (ကန်တော့ခန်း) ၌ “ သြကာသ သြကာသ သြကာသ” ဤ သုံးပုဒ်ကား ရတနာ သုံးပါးကို ဦးတည် တိုင်တည်သော စကားဖြစ်သည်။ ဤ စာသုံးပုဒ်ဖြင့် ခွင့်တောင်းသည်ဟူ၍လည်း ဆရာတို့ ဆိုတော်မူကြသည်။ ရွှေဥဒေါင်း တွန်ကျူးသံ +++++++++++++ ထိုသုံးပုဒ်ဖြင့် ရတနာသုံးပါးကို တိုင်တည်သည်ဆိုသော ဆရာတော်တို့၏ အဆိုအမိန့်အတိုင်း ရှင်းလင်းပြလိုသည်မှာ - ဗုဒ္ဓဘာသာအနွှယ်ဝင် သူတော်စင်တို့သည် ရတနာသုံးပါးကို ဦးထိပ်ထားကြသည့် ပုဂ္ဂိုလ်များ ဖြစ်ကြသဖြင့် ထိုထို ဘာသာရေး ယဉ်ကျေးမှု ကိစ္စတို့၌ လောက ဥပမာအားဖြင့် မိုးဦးကျ တခိုဝယ် တောင်အရပ်မှ မိုးချုန်းလိုက်သောအခါ ရွှေဥဒေါင်းတို့သည် တညီတညွတ်တည်း “ကေကာ ကေကာ” ဟူသော အသံကို ဝမ်းမြောက်စွာ တွန်မြည်ကြသကဲ့သို့ -- ဗုဒ္ဓဘာသာအနွှယ်ဝင် သူတော်စင်တို့သည်လည်း ထိုထို ဘာသာရေးကိစ္စအဝဝတို့၌ ပရိသတ်စုံညီလျှင် နိဗ္ဗာန်ဆော် ဓမ္မဃောသက ပုဂ္ဂိုလ်က “ရတနာသုံးပါးအား ကန်တော့ကြပါစို့ ခင်ဗျား” ဟု တရားမိုးချုန်းလိုက် သောအခါ -- ဗုဒ္ဓဘာသာအနွှယ်ဝင် သူတော်စင် ရွှေဥဒေါင်းတို့သည်လည်း “ရတနာသုံးပါးအား ကနေ်တော့ကြပါစို့ ခင်ဗျား” ဟူသော တရားမိုးချုန်းသံကို ကြားကြသည်နှင့် တပြိုင်နက် “ သြကာသ သြကာသ သြကာသ” ဟူသော ကေကာသံကို တညီတညွတ်တည်း တွန်ကျူးကြလေသည်။ ထိုသြကာသ ၃ ပုဒ်တို့တွင် ပထမသြကာသဖြင့် ဘုရားရတနာ ၊ ဒုတိယ သြကာသဖြင့် တရားရတနာ၊ တတိယ သြကာသဖြင့် သံဃာရတနာကို ပါဠိလို တိုင်တည်လိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ရှေးဆရာကြီးများသည် ဤ “ သြကာသ သြကာသ သြကာသ” ၃ ပုဒ်ကို ရှိခိုးခြင်း၏ တည်ရာ၊ မြတ်နိုးခြင်း၏ တည်ရာ၊ ပူဇော်ခြင်း၏ တည်ရာ၊ အရိုအသေပြုခြင်း၏ တည်ရာ ဖြစ်တော်မူသော အစိန္တေယျ သုံးလောက ထွတ်ထား သဗ္ဗညု မြတ်စွာဘုရားရတနာ၊ မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန် ပရိယတ္တိဟု ဆိုအပ်သော ဆယ်ပါးသော တရားတော်မြတ်တည်းဟူသော တရားရတနာ ၊ မဂ်၌ တည်သော ပုဂ္ဂိုလ်လေးယောက်၊ ဖိုလ်၌တည်သော ပုဂ္ဂိုလ်လေးယောက် ဟုဆိုအပ်သော ရှစ်ယောက်သော ပရမတ္ထ အရိယာ သံဃာတော်မြတ်အပေါင်းတည်းဟူသော သံဃရတနာ” ဟူ၍ အကျယ် ဆိုးရိုးပြု၍ ကန်တော့ကြသည် ကို အကျွနု်ပ်တို့ ကိုယ်တိုင် နားဆတ်ဆတ် ကြည်ညိုစွာ ကြားသိအပ်ပါသည်။ ---------------- ထိုသြကာသ ၃ ပုဒ်၏ နောက်၌ ပါရှိသော စာပိုဒ် ၀ါကျဖြင့် ကန်တော့သော သူက မိမိမှာ ဘုရား တရား သံဃာ ရတနာသုံးပါး နှင့် ပတ်သက်၍ မတော်တဆ ပြုမှားမိသော ကာယကံအပြစ် ၊ ပြောမှားမိသော ဝစီကံအဖြစ်၊ ကြံမှားမိသော မနောကံအပြစ်၊ ဤအပြစ် သုံးမျိုးတို့တွင် တစ်မျိုးမျိုးသော အပြစ်ဘေး အညစ်အကြေး ရှိခဲ့သော် ထိုအပြစ်ဘေး အညစ်အကြေးတို့ ကင်းဝေး စင်ကြယ်စေရန် သီလပေးသော အရှင်မြတ်ကို သက်သေထား၍ ရှိခိုး ဝန်ချ တောင်းပန်ခြင်း ၊ ကန်တော့ခြင်း ဖြစ်လေသည်။ (ဥဒ္ဒိဿရုပ်ပွား ဘုရားစေတီရှေ.၌ ဤကန်တော့ခန်းစာပိုဒ်ကို ရွတ်ဆိုလျှင် ထိုဥဒ္ဒိဿရုပ်ပွား ဘုရားစေတီတော်ကို သက်သေထား၍ ရှိခိုး ဝန်ချတောင်းပန်ခြင်း ၊ ကန်တော့ခြင်း ဖြစ်လေသည်။) ---------------- သုံးကြိမ်တိုင်တိုင် ဆေးကြော စင်ကြယ်ပြီးဖြစ်စေခြင်း ++++++++++++++++++++++++++++++++++= -ထိုစာပိုဒ်ကို ရွတ်ဆို၍ ရတနာသုံးပါးကို ရှိခိုးဝန်ချ တောင်းပန်ကန်တော့လိုက်သောအခါ အက္ခရာတစ်လုံး တစ်လုံးကို ရွတ်ဆိုစဉ်မှာပင် “လျှပ်တပြက်တွင် ၊ စိတ္တက္ခဏေ၊ အပေါင်းရေ ၊ ကုဋေတစ်သိန်း” ဟူသော အတိုင်း ရွတ်ဆို ဝန်ချ တောင်းပန်ကန်တော့သော ထိုသူ၏ သန္တာန်၌ ပဏာမ မဟာကုသိုလ်ဇောစိတ်အစဉ် ရေအလျဉ်ဖြင့် ထိုသူသည် မိမိ၏ ခန္ဓာအစဉ်ကို သုံးကြိမ်တိုင်တိုင် ဆေးကြောသုတ်သင် စင်ကြယ်စေပြီးသာ ဖြစ်လေတော့သည်။ ထို့ကြောင့် နောက်စာပိုဒ် ၀ါကျ (ကန်တော့ရသော အကျိုးအားကြောင့် စသော နောက်စာပိုဒ် ၀ါကျ) ဖြင့် ဆုတောင်းပတ္ထနာမှု ထိုသူသည် ပြုလုပ်ခြင်း ဖြစ်သည်။ ထိုစာပိုဒ်ကို ဖြန့်လိုက်လျှင် - (၁) အပါယ်လေးပါးမှလည်း အခါခပ်သိမ်း ကင်းလွတ်ငြိမ်းရပါလို၏။ (၂) ကပ်သုံးပါးမှလည်း အခါခပ်သိမ်း ကင်းလွတ်ငြိမ်းရပါလို၏။ (၃) ရပ်ပြစ်ရှစ်ပါးတို့မှလည်း အခါခပ်သိမ်း ကင်းလွတ်ငြိမ်းရပါလို၏။ (၄) ရန်သူမျိုးငါးပါးတို့မှလည်း အခါခပ်သိမ်း ကင်းလွတ်ငြိမ်းရပါလို၏။ (၅) ၀ိပ္ပတ္တိတရား လေးပါးတို့မှလည်း အခါခပ်သိမ်း ကင်းလွတ်ငြိမ်းရပါလို၏။ (၆) ဗျသနတရားငါးပါးတို့မှလည်း အခါခပ်သိမ်း ကင်းလွတ်ငြိမ်းရပါလို၏။ (၇) ဤခြောက်မျိုးသော အနိဋ္ဌဘေးဒဏ် ရန်မာရ်တိုမှ ကင်းလွတ်ငြိမ်းကြပြီးလျှင် မဂ်တရားလေးပါး၊ ဖိုလ်တရား လေးပါး၊ နိဗ္ဗာန်တရား တည်းဟူသော လောကုတ္တရာတရား ကိုးပါးတို့ကို လျင်မြန်စွာ ရပါလို၏ အရှင်ဘုရား။ ဤကဲ့သို့ စာပိုဒ်ဝါကျ အကျယ် ခုနစ်ပိုဒ် ထွက်ရှိလာလေသည်။ ထို (၇)ပိုဒ်တို့တွင် - အပါယ် (၄) ပါးမှာ -- +++++++++++ (၁) ငရဲဘုံ၊ (၂) တိရစ္တာန်ဘုံ ၊ (၃) ပြိတ္တာဘုံ ၊ (၄) အသူရကာယ်ဘုံ တည်းဟူသော အပါယ်လေးဘုံသို့ နိဗ္ဗာန်မရမီအကြား မကျရောက်သည့်ကိုယ်ဖြစ်ရပါလို၏ ဆုတောင်းခြင်း ဖြစ်သည်။) ကပ် (၃) ပါးမှာ-- +++++++++ (၁) ဒေါသအကုသိုလ် အလွန်ကြီးကြသဖြင့် တုတ် ဓား လက်နက်တို့ဖြင့် ရိုက်နှက် ပုတ်ခတ် ပစ်ခတ်ကြ၍ သတ္တဝါတို့ သေကြ ပျက်စီးကြခြင်းကို သတ္တန္တရကပ်ဟူ၍ခေါ်သည်။ (၂) မောဟ အကုသိုလ် အလွန်ကြီးကြသဖြင့် ကပ်ရောများများ နှိပ်စက်၍ သတ္တဝါတို့ သေကြေပျက်စီးကြခြင်းကို ရောဂန္တရကပ် ဟူ၍ခေါ်သည်။ (၃) လောဘ အကုသိလ် အလွန်ကြီးကြသဖြင့် ငတ်မွတ်မှု ခေါင်းပါး၍ သတ္တဝါတို့ သေကြေပျက်စီးကြခြင်းကို ဒုဗ္ဘိက္ခ န္တရ ကပ်ဟူ၍ခေါ်သည်။ ရပ်ပြစ် (၈) ပါးမှာ ++++++++++ (၁) ငရဲဘုံ၊ (၂) တိရစ္တာန်ဘုံ ၊ (၃) ပြိတ္တာဘုံ ၊ ဟူ၍ ရပ်ပြစ် (၃) ပါး မှတ်သားရာ၏။ ထိုဘုံတို့၌ ဖြစ်သောသူတို့မှာ ထိုဘဝ မဂ်ဖိုလ်နိဗ္ဗနာန် ကို မရနိုင်ကြပြီ။ ိ ထို့ကြောင့် ထိုဘုံသုံးမျိုးကို အပြစ်သင့်နေသော အရပ်သုံးပါး - အရပ်ပြစ်သုံးပါးဟူ၍ ခေါ်ဆိုသည်။ (ဤ၌ အသူရကာယ်ဘုံဘယ်မှာ ပျောက်နေသနည်းဟု မေးဖွယ်ရှိ၏။ အဖြေကား-အသူရကာယ်ဘုံကို ပြိတ္တာဘုံ၌ သွင်း၍ထားသည်။ (၀ါ) ပြိတ္တာဘုံဟူသော စကား၌ အသူရကာယ်ဘုံကိုပါ ငုံ၍ထားသည်။ အကြောင်းကား ပြိတ္တာဘုံသား သတ္တဝါများနှင့် အသူရကာယ်ဘုံသား သတ္တဝါတို့ ကူးလူးဆက်ဆံမှု ရှိကြသော ကြောင့်ဖြစ်သည်ဟု ဖြေဆိုရာ၏။) (၄) အသညသတ် ဗြဟ္မာ့ဘုံ (ထိုဘုံသည်လည်း ရပ်ပြစ်တစ်ပါးဖြစ်သည်။ မှန်၏။ ထို အသညသတ် ဗြဟ္မာ့ဘုံ ၌ ဖြစ်ကြသော သတ္တဝါတို့မှာ ဘုရားဖူးရန် မျက်စိ၊ တရားနာရန် နား(ပသာဒရုပ်) များ လုံးဝမရှိကြသဖြင့် ဘုရားကို ဖူးသောစိတ်၊ တရားကို နာသောစိတ် လုံးဝ မဖြစ်နိုင်။--- နမ်တရားမရှိသော ဘုံဖြစ်၍ အခြားစိတ်များလည်း မဖြစ်နိုင်ကြ-- ထိုသို့ တရားနာသောစိတ် လုံးဝမဖြစ်နိုင်သဖြင့် ပရတော ဃောသ - သူတပါးထံမှ တရားသံကို ကြားနာရခြင်းတည်း ဟူသော မဂ်ဖိုလ်ရကြောင်း ချို.တဲ့နေသောကြောင့် ထိုအသညသတ်ဘုံ၌ ဖြစ်ကြသော ဗြဟ္မာကြီးတို့မှာ ထိုဘဝ၌ ဘယ်နည်းနှင့်မျှ မဂ်ဖိုလ်ကို မရနိုင်ကြပြီ။ ထို့ကြောင့် ထို အသညသတ် ဗြဟ္မာ့ဘုံကိုလည်း အရပ်ပြစ်--မဂ်ဖိုလ်၏ အန္တရာယ်အပြစ်သင့်နေသောအရပ်ဟူ၍ ခေါ်ဆိုသည်။ (၅) လူ့ဘုံ၌ပင်သော်လည်း သာသနာ မထွန်းကားသော ပစ္စန္တရစ် အရပ်ကိုလည်းကောင်း၊ (၆) သာသနာထွန်းကားသောအရပ်၌ လူဖြစ်ရစေကာမူ မိမိက မိစ္ဆာဒိဋ္ဌိ အယူဖောက်ပြန် မှားယွင်းနေခြင်း (၇) သာသနာထွန်းကားသော အရပ်၌ လူဖြစ်ရစေကာမူ မျက်စိ နား နှာ အင်္ဂါချို.တဲ့ နေခြင်း (၈) လူ့ဘုံ့၌ပင် လူဖြစ်ရသော်လည်း သာသနာပြင်ပ အခါနှင့် ကြုံတွေ့နေရခြင်း ဤလေးပါးတို့ကိုလည်း ရပ်ဖြစ်လေးပါး ဟူ၍ ခေါ်ဆိုရသည်။ မှန်၏ ထို ၄ ချက်နှင့် တိုက်ဆုံနေရသော လူသည် ထိုဘဝ ဘယ်နည်းနှင့်မျှ မဂ်ဖိုလ်ကို မရနိုင်ပြီ။ ထို့ကြောင့် ထိုလေးချက်ကိုလည်း အရပ်ပြစ်လေးပါးဟူ၍ ခေါ်ဆို ထိုက်ပေသည်။ ရှေ.လေးပါး နှင့် ပေါင်းသော် ရပ်ပြစ်ရှစ်ပါးဖြစ်၏။ ရန်သူမျိုးငါးပါး +++++++++ (၁) ဖောက်ပြန်သောရေ ၊ (၂) ဖောက်ပြန်သောမီး (၃) ဖောက်ပြန်သောမင်း (၄) ဖောက်ပြန်သောအမွေခံ (၅) သူခိုးဒမြ ဤငါးမျိုးတို့သည် မိမိကို အန္တရာယ်ပြုတတ်သောကြောင့် ရန်သူတို့ မည်ကုန်၏။ ၀ိပ္ပတ္တိတရား လေးပါး ++++++++++++ (၁) ကာလဝိပ္ပတ္တိ ဒုတိယကမ္ဘာစစ် ဖြစ်ချိန်ကလို ကုသိုလ်ကောင်းမှုပြု၍ မဖြစ်နိုင်အောင် အခါကာပျက်စီးနေခြင်းကို ခေါ်သည်။ (၂) ဥပဓိ၀ိပ္ပတ္တိ။ မျက်စိ နား နှာ အင်္ဂါ ခြေလက် ချို.တဲ့ပျက်စီးနေဖြင်းကို ခေါ်သည (၃) ပယောဂ ၀ိပ္ပတ္တိ ကောင်းကျိုးရမည်မဟုတ်သော ဆိုးပြစ်ရမည့်အလုပ်ကို ပြုလုပ် အားထုတ် မိခြင်းကို ခေါ်သည်။ (၄) ဂတိ ၀ိပ္ပတ္တိ အလောင်းတော်ကြီးများ မှတပါး အခြားသတ္တဝါများ ပါရမီကောင်းမှု ကုသိုလ်ဖြစ်နိုင်ရန် အခွင့်မရှိပဲ အမြဲ ဆင်းရဲနေရသည့် ငရဲ တိရစ္ဆာန် ပြိတ္တာ အသုရကာယ် အပါယ်လေးဘုံကို ခေါ်၏။ သမ္ပတ္တိလေးပါး +++++++++ (၁) ကာလ သမ္ပတ္တိ (၂) ဥပဓိ သမ္ပတ္တိ (၃) ပယောဂ သမ္ပတ္တိ (၄) ဂတိ သမ္ပတ္တိ သမ္ပတ္တိ လေးပါးကိုလည်း အမည်းမှ အဖြူကို ပြန်၍ သိရသကဲ့သို့ အထက် ၀ိပ္ပတ္တိ လေးပါးတို့မှ ပြန်၍ သိရသည်။ သတ္တာဝါတိုင်းမှာ -- (၁) မကောင်းကျိုးပေးနိုင်သည့် အပရာပရိယ အကုသိုလ်ကံတွေ (၂) ကောင်းကျိုးကိုပေးနိုင်သည့် အပရာပရိယ ကုသိုလ်ကံတွေ အပြည့်ရှိနေကြ၏။ (၁) ၀ိပ္ပတ္တိ လေးပါးတွင် တစ်ပါးပါးနှင့် တိုက်ဆုံလျှင် အပရာပရိယ အကုသိုလ်ကံတို့က မကောင်းကျိုးကို ပေးကြကုန်တော့၏။ (၂) သမ္ပတ္တိလေးပါးတွင် တစ်ပါးပါးနှင့် တိုက်ဆုံလျှင် အပရာပရိယ ကုသိုလ်ကံတို့က အကျိုးကို ပေးကြတော့၏။ ထို့ကြောင့် ၀ိပ္ပတ္တိမှ ကင်းလွန်၍ သမ္ပတ္တိနှင့် တိုက်ဆုံဖို့ ဆုတောင်းသော စာပိုဒ်ဖြစ်သည်။ ဗျသနတရား ငါးပါး +++++++++++ (၁) ဉာတိဗျသန = ဆွေမျိုးတို့၏ ပျက်စီးခြင်း (ဆွေမျိုးများ ပျက်၍ တစ်ကောင်ကြွက်ဖြစ်နေခြင်း) (၂) ဘောဂဗျသန = စည်းစိမ်ဥစ္စာ ကုန်းကောက်စရာမျှ မရှိအောင် ပျက်စီးခြင်း၊ (၃) ရောဂဗျသန = အနာရောဂါ ကပ်ရောက်နှိပ်စက်ခံနေရခြင်း၊ (၄) သီလဗျသန = ကိုယ်ကျင့်သီလ ပျက်စီးနေခြင်း (၅) ဒိဋ္ဌိဗျသန = အယူဖောက်ပြား မှားယွင်း ပျက်စီးနေခြင်း ဤငါးပါးတို့ကိုခေါ်ဆိုသည်။ ( တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်တောင်၊ ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ၏ သီလပေးအကျယ်၊ ဗုဒ္ဓနေ့အကြောင်း နှင့် ဟောပြောချက်ဒေသနာများ ၊ စတု္ထအကြိမ်၊ စာအုပ်မှ ကောက်နုတ်ပူဇော်ပါသည်။)
https://www.dhammaransi.com/index.php/new/672-2016-01-09-10-43-57.html
သာသနာတော်၏ အံ့ဘွယ် (၈) ပါး (အပိုင်း-၂ )
သာသနာတော်၏ အံ့ဘွယ် (၈) ပါး (အပိုင်း-၂ ) (၅) ပြီးတော့ ဘုန်းကြီးတို့ မဟာသမုဒ္ဒရာမှာ ကောင်းကင်က ရတွေကျလာတယ်၊ ခုနပြေတဲ့ မြစ်ကြီး ငါးသွယ်က ရေတွေကလဲ စီးဝင်နေတယ်၊ ဘယ်လောက်ပဲဝင်ဝင် ၊ ဘယ်ရေတွေပဲလာလာ သမုဒ္ဒရာကြီးဟာ လျှော့တယ်လဲမရှိဘူး၊ လျှံသွားတယ်လဲမရှိဘူး။ ဒီအတိုင်း ဒီအတိုင်းပဲ၊ အဲ့ဒါလိုပဲ ဘုန်းကြီးတို့ သာသနာတော်မြတ်ကြီးမှာ နိဗ္ဗာန်ကို ဝန်စံကြတဲ့ ပုဂ္ဂိုလ်တွေ ဘယ်လောက် များများ နိဗ္ဗာန်ကြီးဟာ လျှော့သွားတယ်လဲ မရှိဘူး။ လျှံသွားတယ်လဲမရှိဘူး၊ ဒီအတိုင်း ဒီအတိုင်းပဲ၊ အားလုံး လက်ခံနိုင်တဲ့ သဘာဝ ရှိတယ်။ အဲဒါ ဘုန်းကြီးတို့ သာသနာတော်ရဲ. အံ့ဖွယ်တစ်ရပ် ထူးခြားချက်ပဲ။ (၆) ပြီးတော့ မဟာသမုဒ္ဒရာကြီးဟာ အရသာတစ်မျိုးတည်းရှိတယ်။ အဲဒီအရသာတစ်မျိုးရှိခြင်းဟာ ဆားငန်အရသာဆိုတဲ့ အရသာတစ်မျိုးတည်းရှိခြင်းဟာ မဟာသမုဒ္ဒရာရဲ. အံ့ဖွယ်တစ်ရပ်ပဲ။ အဲဒါလိုပဲ ဘုန်းကြီးတို့ သာသနာတော်မှာလဲ တကယ်အဆီစစ် ညှစ်ထုတ်လိုက်ရင် အရသာတစ်မျိုးပဲ ထွက်တယ်။ ၀ိမုတ္တိရသတဲ့ ၊ ကိလေသာမှ လွတ်မြောက်မှုအရသာ၊ သာယာဖွယ်ကြီးတစ်ခုလဲရှိတယ်။ အဲဒါဟာ သာသနာတော်ကြီးရဲ. ထူးခြားတဲ့ အံ့ဖွယ်တစ်ရပ်။ (၇) ပြီးတော့ ဘုန်းကြီးတို့ သမုဒ္ဒရာကြီးဟာ ရတနာ အမျိုးမျိုး တို့ရဲ. တည်နေရာဖြစ်တ်။ ပါဠိလိုတော့ ရတနာကရတဲ့။ ရွှေ ငွေ စိတ် ကျောက်၊ သန္တာ ၊ နီလာ ဂေါ်မုတ် ဥဿဖရား ပတ္တမြား အစရှိသော ရတနာတွေများစွာ တည်ရှိတယ်။ ရတနာ အမျိုးမျိုးတို့ရဲ. တည်ရာဖြစ်တယ်။ အဲဒါလိုပဲ ဘုန်းကြီးတို့ ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီးဟာလဲ ဗဟုရတနများစွာသော ရတနာတွေ ရှိကြတယ်။ အနေက ရတန အလွန်များပြားတဲ့ ရတနာတွေ ရှိကြတယ်။ သာသနာတော်မှာ ရှိတယ်ဆိုတဲ့ ရတနာတွေဟာ ဘာတွေတုံး ၊ သတိပဋ္ဌာန် တည်းဟူသော ရတနာ၊ သမ္မပ္ပဓာန်တည်းဟူသော ရတနာ၊ ဣဒ္ဓိပါဒ်တည်းဟူသော ရတနာ၊ ဗိုလ်တည်းဟူသော ရတနာ၊ မဂ္ဂင်တည်းဟူသော ရတနာ၊ ရတနာတွေ ရတနာတွေ အမျိုးစုံရှိတယ်။ ဘုန်းကြီးတို့ ယူနိုင်ကြတယ် ၊ သုံးနိုင်ကြတယ်။ အများကြီးရှိတယ်။ ဒါဟာ ဘုန်းကြီးတို့ ဒကာဒကာမတွေလဲ တတ်နိုင်သမျှ ကိုယ်လက်လှမ်းမီသမျှ သုံးနေကြတာ၊ အဲဒီရတာ အမျိုးမျိုးရှိခြင်းဟာ ဘုန်းကြီးတို့ သာသနာတော်မြတ်ကြီးရဲ. အစ္ဆရိယ-အံ့ဖွယ်တစ်ရပ်။ (၈) ထို့အတူပဲ မဟာသမုဒ္ဒရာကြီးဟာ ကြီးကျယ်သော ၊ သတ္တဝါတို့ရဲ. တည်နေရာဖြစ်တယ်။ တိမိ-တိမိရ၊ တိမိပိင်္ဂလ၊ အသူရာ ဒေဝါ နာဂါ အသူရာတွေ နတ်တွေ နဂါးတွေ ၊ ပုဂ္ဂိုလ်ကြီးတွေ၊ သတ္တဝါကြီးတွေ၊ တည်ရာဖြစ်တယ်၊ အဲ့ဒါလိုပဲ ဘုန်းကြီးတို့ သာသနာတော်မြတ်ကြီးဟာလဲပဲ ကြီးကျယ်မြင့်မြတ်သော ပုဂ္ဂိုလ်တို့၏ တည်နေရာ ဖြစ်တယ်၊ မဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်လေးယောက်၊ ဖလဋ္ဌာန် ပုဂ္ဂိုလ်လေးယောက် တို့၏ တည်နေရာဖြစ်တယ်။ တကယ့် အရိယာမွန် ပုဂ္ဂိုလ်မွန် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် ပုဂ္ဂိုလ်ကြီးတွေရဲ. တည်နေရာဖြစ်တယ်။ ဒါ့ကြောင့် မဟာသမုဒ္ဒရာကြီးဟာ သတ္တဝါကြီးတွေရဲ. တည်နေရာဖြစ်သလို၊ ဘုန်းကြီးတို့ သာသနာတော်မြတ်ကြီး ဟာလဲ ထူးခြားသော မွန်မြတ်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီးတွေရဲ. တည်နေရာ ဖြစ်သောကြောင့် တကယ့်အစ္ဆရိယသာသနာ၊ အံ့ဖွယ်ရာ သာသနာတော်ကြီး လို့ဆိုရတယ်။ အဲဒီတော့ အခုပြောခဲ့သလို သာသနာတော်ကြီးဟာ အံ့ဖွယ် (၈) ပါး နဲ့ ပြည့်စုံတော်မူတဲ့ သာသနာတော်မြတ်ကြီး။ အဲဒီသာသနာတော်မြတ်ကြီးကို မိမိတို့ ယနေ့ ပူဇော်ကြရတယ်။ ချီးမြှောက် ကြရတယ်၊ ထောက်ပင့်ကြရတယ်။ အဲသလို တကယ်ထူးခြားတဲ့ သာသနာတော်ကြီးကို ချီးမြှောက်ရတယ်၊ ထောက်ပင့်ရတယ်ဆိုရင် ချီးမြှောက်ထောက်ပင့်ရတဲ့ ပုဂ္ဂိုလ်မှာ ဘယ်လောက် ဂုဏ်တက်တယ်၊ ဘယ်လောက် ထူးခြားတယ်၊ ဘယ်လောက် အရှိန်အဝါရှိလှတယ် ဆိုတာ ပြောစရာမရှိဘူး။ ဒါကြောင့်မို့လို့ တူနိုင်မယ်မထင်ကြနဲ့ လို့ဆိုတဲ့ သာသနာတော်ကြီး။ ဆက်ရန်- (အဘိဓဇ မဟာရဋ္ဌဂုရု ရွှေကျင်နိကာယ ဥပ ဥက္ကဋ္ဌ ကျမ်းပြုအကျော် သပြေကန်ဆရာတော် အရှင်ဝါသေဌာဘိဝံသ ၊ သပြေကန်တရားပေါင်းချုပ်-အမှတ် (၁) ၊ မှ ကောက်နုတ် ပူဇော်ပါသည်။) ပုံ ၁ ၊ ပါကစ္စတန်နိုင်ငံ၊ လဟော(Lahore) မြို. ပြတိုက်ရှိ ဂန္ဓာရ လက်ရာ ဗုဒ္ဓမြတ်စွာဘုရား ဒုက္ကစရိယာကျင့်တော်မူပုံ ဗုဒ္ဓရုပ်ပွားတော် နှင့် ရောမမြို. ပြတိုက်ရှိ ကျောက်ဆစ်လက်ရာ ပုံတော်၊ ပုံ ၃။ ရှေးမင်းညီးမင်းသားများ ပညာသင်ကြားရာ ပါကစ္စတန်နိုင်ငံ၊ တက္ကသီလာ (Taxila) ရှိ ဓမ္မရာဇိက ကျောင်းနေရာ
https://www.dhammaransi.com/index.php/new/673-2016-01-09-10-43-04.html
အဘိသေက မင်္ဂလာ (၃) ပါး
အဘိသေက မင်္ဂလာ (၃) ပါး အနေကဇာတိသံသာရံဂါထာ အကျွန်ုပ်တို့ ဆရာ မြတ်စွာဘုရားသည် လူ သုံးပါး၌ ဘုရားဖြစ်တော်မူလျှင်ပင် လွန်စွာ နှစ်သက် အားရ ရှိတော်မူလှသဖြင့် ပီတိအဟုန်ကို မြုံ၍ မထားနိုင်ပဲ စိတ်တော်ဖြင့် “အနေကဇာတိသံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ” အစရှိသောနှစ်ဂါ ထာခွဲကို ကျူးရင့်တော်မူလေသည်။ ဤနိဒါန်းကို စိတ်ဖြင့် ကျူးရင့်တော်မူဖြင်း ဖြစ်၍ “မနသာဥဒါန်း။“ ဟူ၍ လည်းကောင်း၊ ဘုရားဖြစ်ပြီးလျှင် ပြီးချင်း အစဆုံး (စိတ်တော်ဖြင့်) မြွက်ဆိုသော စကားဖြစ်၍ “ပထမ ဗုဒ္ဓဝစန” ဟူ၍လည်းကောင်း ခေါ်ဆိုရလေသည်။ အဘိသေက မင်္ဂလာ (၃) မျိုး “အနေကဇာတိသံသာရံ” ဂါထာ နှင့် စပ်လျဉ်း၍ အဘိသေက မင်္ဂလာ ၃ မျိုးတို့ကို ဗဟုသုတပွား မှတ်သားကုန်ရာသည်။ အဘိသေက မင်္ဂလာသုံးပါးဟူသည်ကား-- (၁) မုဒ္ဓါဘိသေက မင်္ဂလာ (၂) ပဗ္ဗဇ္ဇာဘိသေက မင်္ဂလာ (၃) ဗုဒ္ဓါဘိသေက မင်္ဂလာ ဤသုံးပါးဖြစ်သည်။ (၁) မုဒ္ဓါဘိသေက မင်္ဂလာ။ ပြည့်ရှင်မင်းများ ထိုထိုရန်ကို အောင်မြင်၍ နန်းသိမ်းပွဲသဘင် ကျင်းပ သောအခါ ဝေဒကျမ်း (ဗေဒင်ကျမ်း) တို့၌ လာရှိသော အစီရင်အတိုင်း ဆိုင်ရာဆိုင်ရာ မန္တန်တို့ကို ရွတ်ဆိုကြ၍ ပုဏ္ဏားတော်များ၊ သမီးကညာရတနာများ၊ သူဌေးသူကြွယ် ကုန်သည်များ စည်တို့က မင်းဖြစ်သူ၏ ဦးထိပ်၌ အဘိသိက်ရေချမ်း သွန်းဖျန်းကြသည်ကို မုဒ္ဓါဘိသေက မင်္ဂလာ ဆင်ယင် သည်ဟု ခေါ်ဆိုလေသည်။ (၂) ပဗ္ဗဇ္ဇာဘိသေက မင်္ဂလာ။ ရှင်လောင်း ရဟန်းလောင်း အမျိုုးသားကောင်းတို့ ရှင်ပြုတော့မည်၊ ရဟန်းပြုတော့မည် ဟု ဆုံးဖြတ်လိုက်လျှင်ပင် ဃရာဝါသ ပလိဗောဓ ရန်သူများကို အောင်မြင်ကြ လေသည်။ ထိုသို့ ဃရာဝါသ ပလိဗောဓ ရန်သူများကို အောင်မြင်ပြီးနောက် ရှင် ၊ ရဟန်းပြုသောအခါ ရှင်ပြုသောအစီအရင်၊ ရဟန်းပြုသော အစီအရင်အတိုင်း (ရှင်ပြုသောခါ) သင်္ကန်းတောင်းခြင်း၊ ရှင်အဖြစ်တောင်းဆိုခြင်း၊ သရဏဂုံသုံးပါးကို ဌာန်ကရိုဏ်းကျကျ ရွတ်ဆိုကြခြင်း၊ (ရဟန်းပြုသောအခါ) ဥပဇ္စျာယ်ယူခြင်း၊ သပိတ်သင်္ကန်းကို ပြောကြားခြင်း၊ ဉ တ် ထား၍ သင်ကြားပေးခြင်း၊ ရဟန်းအဖြစ်ကိုတောင်းခံခြင်း၊ ဉ တ် ထား၍ အန္တရာယိကဓမ္မကတို့ကို မေးမြန်း စိစစ်ခြင်း၊ အလုံးစုံ အင်္ဂါရပ်များ ပြည့်စုံလျှင် ဉ တ္တိစတုတ္ထကမ္မဝါစာကို ဌာန်ကရိုဏ်းကျကျ ရွတ်ဆိုကြခြင်းများသည် အဘိသေကမန္တန်ကို ရွတ်ဆိုသည်နှင့် တူ၏။ ထို့ကြောင့် ရှင်ပြုသော အစီအစဉ် ၊ ရဟန်းပြုသော အစီအစဉ်အတိုင်း စီစဉ်ဆောင်ရွက်ခြင်းတို့ကို ပဗ္ဗဇ္ဇာဘိသေက မင်္ဂလာသဘင် ဆင်ယင်သည်ဟု ခေါ်ဆိုရသည်။ (၃) ဗုဒ္ဓါဘိသေက မင်္ဂလာ။ မြတ်စွာဘုရား၏ ကိုယ်တော်စားဖြင့် ဥဒ္ဒိဿရုပ်ပွား ဆင်းတုတော်များမှ ဓာတု၊ ဓမ္မ၊ ပရိဘောဂ ၊ ဥဒ္ဒိသအားဖြင့် စေတီလေးပါးတို့ တည်ရှိရာ ဘုရားပုထိုးစေတီတော်များ တည်ထားပြီးသောအခါ သံဃာတော်အရှင်မြတ်တို့ တညီတညွတ်တည်း အနေကဇာတင် အစီအစဉ် အတိုင်း အနေကဇာတိသံသာရံ အစရှိသော မနသာဥဒါန်း (နှင့်) ပဋိစ္စသမုပ္ပါဒ် အနုလုံဒေသနာ “ယဒါဟဝေ” ပထမဂါထာ၊ ပဋိစ္စသမုပ္ပါဒ် ပဋိလုံဒေသနာ “ယဒါဟဝေ” ဒုတိယဂါထာ၊ ပဋိစ္စသမုပ္ပါဒ် အနုလုံ ပဋိလုံဒေသနာ “ယဒါဟဝေ” တတိယဂါထာ စသည်တို့ကို အစဉ်အတိုင်း ရွတ်ဆိုတော်မူကြ၍ ဆန်ပန်း ပေါက်ပေါက် စသည်အတိုင်း ပူဇော်ဖွယ်တို့ဖြင့် ဆင်းတုတော် စေတီတော်အား ပူဇော်ကြခြင်းကို ဗုဒ္ဓါဘိသေက မင်္ဂလာသဘင် ဆင်ယင်သည်ဟု ခေါ်ဆိုရလေသည်။ (ဤ ဗုဒ္ဓါဘိသေက မင်္ဂလာ ဆင်ယင်ခြင်းကိုပင် သံဃာတော်များ “အနေကဇာတိသံသာရံ” ဂါထာမှ စတင်ရွတ်ဆို ပူဇော်ကြသောကြောင့် ဝေါဟာရသုခ ခေါ်ဝေါ်လွယ်စိမ့်သောငှာ “အနေကဇာတင်သည်” ဟု လူ့ဝေါဟာရ ခေါ်ဆိုကြလေသည်။) ( တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်တောင်၊ ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ၏ သီလပေးအကျယ်၊ ဗုဒ္ဓနေ့အကြောင်း နှင့် ဟောပြောချက်ဒေသနာများ ၊ စတု္ထအကြိမ်၊ စာအုပ်မှ ကောက်နုတ်ပူဇော်ပါသည်။)
https://www.dhammaransi.com/index.php/new/674-2016-01-09-10-42-19.html
“ဝေဒနာတို့၏ ၀ိပရိဏာမဒုက္ခ”
+++တစ်ခါတည်းပြီး အငြိမ်းစားရသော အလုပ်ကိုသာ ရှာကြံကြရကုန်၏+++ “ဝေဒနာတို့၏ ၀ိပရိဏာမဒုက္ခ” ၀ိပရိဏာမ ဆိုသည်ကား ဇရာမရဏ ပင်တည်း၊ ဇရာဆိုသည်ကား-ဟောင်းနွမ်းခြင်း၊ ရင့်ရော်ခြင်း၊ ဆုတ်ယုတ်ခြင်း၊ နွမ်းပါးခြင်း၊ အိုမင်းခြင်း၊ ဆွေးမြေ့ခြင်းများသည် ဇရာဝိပရိဏာမတည်း။ မရဏ ဆိုသည်ကား --ကုန်ခန်းခြင်း၊ ပျက်ပြုန်းခြင်း၊ ကုန်ဆုံးခြင်း၊ ပျောက်ပျက်ခြင်း၊ ချုပ်ကွယ်ခြင်း၊ သေဆုံးခြင်းများသည် မရဏဝိပရိဏာမမည်၏။ “၀ိပရိဏာမ ၂ ပါး” ထိုဝိပရိဏာမသည် တစ်ခုတစ်ခုသော ဘဝအဆုံး၌ အမြဲလာသော ၀ိပရိဏာမ ၊ ပဋိသန္ဓေ တည်နေသည်မှစ၍ ဘဝဆုံးသို့ မရောက်မီအကြား၌ အမြဲလာသော ၀ိပရိဏာမဟူ၍ ၂-ပါး။ ထို ပဋိသန္ဓေ တည်နေသည်မှစ၍ လူ့ခန္ဓာ နတ်ခန္ဓာ ဗြဟ္မာ့ခန္ဓာစုသည် ဖောက်ပြန် ပျက်ဆုံးခြင်း ဟူသော ၀ိပရိဏာမ သဘော အမြဲမကွာ ထက်ကြပ် ပါရှိ၍ နေ၏။ ဖောက်ပြန်ပျက်ဆုံးရန် အကြောင်းအခွင့် ဆိုက်တိုက်လာလျှင် ဘယ်နာရီမှာ မဆို ဖော်ပြန်ပျက်ဆုံး၏။ ဖောက်ပြန်ပျက်ဆုံးရန် အကြောင်းအခွင့်မည်သည် လောကဓာတ်၌ အနန္တများပြား၏။ အဇ္စျတ္ထအန္တရာယ်အနန္တ၊ ဗဟိဒ္ဓအန္တရာယ်အနန္တများပြား၏။ ခပ်သိမ်းသော သတ္တဝါတို့သည်လည်း ငါတို့၏ အသက်ခန္ဓာ တို့သည် ဖောက်ပြန်ခွင့် ဆိုက်တိုက် လာလျှင် ဘယ်နာရီမှာမဆို ဖော်ပြန်ကုန်၏ဟု သိကြကုန်၏၊ ပျက်ဆုံးခွင့် ဆိုက်တိုက်လာလျှင် ဘယ်နာရီမှာမဆို ပျက်ဆုံးကုန်၏ ဟု သိကြကုန်၏။ LIVING IN FEAR PERMANENTLY ထို့ကြောင့် လောက၌ အဇ္စျတ္ထဘေးအနန္တ တို့နှင့် တွေ့ကြုံရမည်ကို အမြဲကြောက်လန့်ကြရကုန်၏။ ဗဟိဒ္ဓဘေးအနန္တတို့နှင့် တွေ့ကြုံမည်ကို အမြဲကြောက်လန့်ကြရကုန်၏။ အကယ်၍ လူ့ခန္ဓာ နတ်ခန္ဓာ ဗြဟ္မာ့ခန္ဓာစုလည်း ၀ိပရိဏာမ သဘောမရှိခဲ့သည် ဖြစ်ငြားအံ့၊ လောက၌ ကြောက်စရာ လန့်စရာဟူ၍ တစ်စုံတစ်ခုမျှ မရှိလေရာ၊ စိုးရိမ်စရာ ကြောင့်ကြစရာဟူ၍ တစ်စုံတစ်ခုမျှ မရှိလေရာ။ ထိုသို့ကားမဟုတ် လောက၌ ကြောက်စရာအနန္တ ၊ လန့်စရာအန္တ ၊ စိုးရိမ်စရာ အနန္တ၊ ကြောင့်ကျစရာ အနန္တ အစဉ်ထာဝရ ရှိနေကြ၏။ အဇ္စျတ္ထဘေးတို့ကို ကြောက်ရသောဒုက္ခ ၊ထိတ်လန့်ရသော ဒုက္ခ၊ စိုးရိမ်ကြောင့်ကြရသောဒုက္ခစုသည် မိမိခန္ဓာတို့၏ ၀ိပရိဏာမသဘောရှိနေသည့် အတွက်ကြောင့် ဖြစ်ရသော ၀ိပရိဏာမ ဒုက္ခစုသာတည်း။ ၀ိပရိဏာမ ဒုက္ခ မိမိခန္ဓာတို့၏ ၀ိပရိဏာမသဘောအမြဲပါရှိ၍ နေသည်ကို သိကြသည်ဖြစ်၍ မိမိအလိုအလျောက် ချမ်းသာရာ နေလိုရာ နေခွင့် မရကြကုန်၊ မြို.ရွာတည်ထောင်၍ နေကြရကုန်၏။ ဝင်းခြံအိမ်ရာ အကာအရံ ပြုလုပ်၍ နေကြရကုန်၏။ သွားရာ လာရာ နေရာ ထိုင်ရာ ရောက်ရာဌာန တို့၌ ဘေးနှင့် တွေ့မည်ကို အမြဲသတိထားကြရကုန်၏။ ရန်နှင့်တွေ့မည်ကို အန္တရာယ်နှင့်တွေ့မည်ကို အမြဲသတိထားကြ ရကုန်၏။ ကြောင့်ကြစိုက်ကြရကုန်၏။ ဤအလုံးစုံသည် မိမိတို့ ခန္ဓာတို့၏ ၀ိပရိဏာမသဘော ရှိနေသည့်အတွက် ဖြစ်ရသော ၀ိပရိဏာမ ဒုက္ခချည်းသာတည်း။ ထိုသို့ သတိထားကြပါလျက် ကြောင့်ကြစိုက်ကြပါလျက် ဥစ္စာစည်းစိမ် ပျက်ပြားမှု ၊ သားမယား ဆွေမျိုး ဉာတက ပျက်ပြားမှု၊ အနာရောဂါ ဘေးဥပဒ်တို့နှင့် တွေ့ကြုံမှု ၊ သေဆုံးမှုတို့နှင့် တွေ့ကြုံကြရ သော ၀ိပရိဏာမဒုက္ခသည်မူကား အလွန်ထင်ရှားလေပြီ။ မီးစာချည်းများသာ အနမတဂ္ဂသံသရာ၌ ကမ္ဘာကြီးတွေ အဆက်ဆက် ပျက်ဆုံးကွယ်ပ၍ ကုန်မှုသည်လည်း ၀ိပရိဏာမ မီး၏ အမှုပင်တည်း၊ လူ့ခန္ဓာတွေ အနန္တ ၊ နတ်ခန္ဓာတွေ အနန္တ ၊ ဗြဟ္မာ့ခန္ဓာတွေ အနန္တ ပျက်ဆုံးကွယ်လွန်၍ ကုန်ခဲ့မှု သည်လည်း ၀ိပရိဏာမမီး၏ အမှုပင်တည်း။ ဂင်္ဂါသလဲလုံးမျှမက ဘုရားတွေအနန္တ ၊ ပစ္စေကဗုဒ္ဓါတွေ အန္တ၊ အရိယာသဝကတွေ အနန္တ ပျက်ဆုံး ကွယ်ပ၍ ကုန်ခဲ့မှုသည်လည်း ၀ိပရိဏာမမီး၏ အမှုပင်တည်း။ အနမတဂ္ဂသံသရာ၌ ဒါနမှု သီလမှု ဘာဝနာမှု တို့နှင့် ဖြစ်ပေါ်ခဲ့သမျှသော လူ့ခန္ဓာစုသည် ၀ိပရိဏာမ မီးထဲမှာချည်း ဆုံးခဲ့၏။ နတ်ခန္ဓာစု ဗြဟ္မာ့ခန္ဓာစု သည်လည်း တစ်ခုမကျန် ၀ိပရိဏာမမီးထဲမှာချည်း ဆုံးခဲ့၏၊ နောင် အနာဂတ်သံသရာ၌ ပေါ်လာလတ္တံ့သော လူ့ခန္ဓာ ဟူသမျှ နတ်ခန္ဓာဟူသမျှ ဗြဟ္မာ့ခန္ဓာ ဟူသမျှ သည်လည်း ၀ိပရိဏာမမီးစာချည်းပင်တည်း။ လောက၌ မီး နှင့် မီးစာ ထင်းနှစ်ပါးမှာ ထင်းကနိုင်သည်ဟူ၍ မရှိ ၊ မီးကသာ နိုင်သည်၊ ထင်များလေလေ မီးအားကြီး လေလေသာဖြစ်မြဲတည်း။ အဆုံးကျလျှင် ရှိသမျှထင်းတို့သည် မီးစာပြာ ဖြစ်၍ ကုန်မြဲသာတည်း။ ထို့အတူ ဒါန သီလမှု အစရှိသော သင်္ခါရမှုတို့နှင့် ပြုစု ပျိုးထောင်၍ ဖြစ်လာကြသော လူ့ဘဝ နတ်ဘဝ ဗြဟ္မာ့ဘဝဘူသမျှ သည် ၀ိပရိဏာမ မီးစာပြာဖြစ်၍ ကုန်မြဲတည်း။ အပါယ်လေးကြီးတန်းလန်းနှင့် နေသူများ ဤသတ္တဝါအပေါင်းတို့သည် ရှေးရှေးသော အနမတဂ္ဂသံသရာ ကမ္ဘာ အဆက်ဆက်တို့၌ ပြုခဲ့ကြ သမျှသော ဒါနမှု ၊ သီလမှု ၊ ဘာဝနာမှု ၊ ပုညကြိယာမှု ၊ ရသေ့လုပ်မှု ၊ ရဟန်းလုပ်မှု အလုံးစုံ တို့သည် ၀ိပရိဏာမမီးစာ အကျိုးငှာချည်း လုပ်ခဲ့ကြသည်ဖြစ်၍ သူ့ဘဝနှင့် သူ မီးအပြီး ကုန်ဆုံး၍ လာခဲ့ကြ သောကြောင့် ၊ ယခုလည်း ဒါနပြုမှု ဒုက္ခတန်းလန်း၊ သီလစောင့်ထိန်းမှု ဒုက္ခတန်းလန်း၊ ဘာဝနာ ပွားများမှု ဒုက္ခတန်းလန်း၊ ရသေ့ပြုလုပ်မှု ဒုက္ခတန်းလန်း၊ ရဟန်းပြုလုပ်မှု ဒုက္ခတန်းလန်း နှင့် နေကြ၏။ နောက်နောက်ဘဝတို့၌လည်း ဤနည်းတူ သွားကြလတ္တံ.။ ယခုကာလ၌ လယ်ယာကိုင်းကျွန်း လုပ်ကိုင်၍ အသက်မွေးကြသောသူတို့သည် အသက်ထက်ဆုံး နှစ်စဉ်လုပ်ကြရကုန်၏။ တစ်နှစ်လုပ်၍ ဖြစ်ပွားသော စပါးပြောင်းနှမ်း စသည်တို့သည် ၀ိပရိဏာမမီးစာဖြစ်၍ ကုန်ဆုံးလေ၏။ ၀ိပရိဏာမမီးစာလမ်းကို လိုက်မိကြသည့်အတွက် အငြိမ်းစားစခန်းဟူ၍ မရှိကြကုန်ပြီ ၊ အသက် ထက်ဆုံးတောင် သူလယ်ယာလုပ်မှု သင်္ခါရဒုက္ခကြီး တန်းလန်းနှင့်သာ သေဆုံးကြရလေ ကုန်တော့ သည်။ ဤနည်းအတူ ဤလောက၌ နေ့နေ့ ညည ပုပု ရွရွ အားထုတ် ပြုလုပ်ကြသော အမှုခပ်သိမ်း တို့ကိုလည်း အကုန်သိလေ။ “တစ်ခါတည်းပြီး အငြိမ်းစားရသော အလုပ်ကိုသာ ရှာကြံကြရကုန်၏” ဤလောက၌ ၀ိပရိဏာမ ဟူ၍ မရှိခဲ့သည်ဖြစ်အ့ံ၊ ခပ်သိမ်းသော လုပ်ဆောင်မှု တို့မှာပင် တစ်ကြိမ် တစ်ခါ ထမြောက် ပြီးစီးအောင် လုပ်ဆောင်ပြီးနောက် အနမတဂ္ဂသံသရာတိုင်အောင် ထာဝရ အငြိမ်းစား ရရာ၏။ အခါခါ အထပ်ထပ် လုပ်ဆောင်မှုဒုက္ခဟူ၍ မရှိလေရာ။ မဂ္ဂင်ရှစ်ပါး အလုပ်ကို လုပ်သောသူသည် ထိုအလုပ် ထမြောက်သည့်နောက် အနမတဂ္ဂသံသရာ၌ ထာဝရ အငြိမ်းစားရလေ၏။ ထိုမဂ္ဂင်တရားကို ပွားများအားထုတ်မှုဟူသော သင်္ခါရဒုက္ခကိုပင် နောင်တဖန် လုပ်ရပြန်သည်ဟူ၍ မရှိပြီ၊ မဂ္ဂင်တရား ပွားများမှုဒုက္ခကို တဖန် တွေ့ကြုံရပြန်သည်ဟူ၍ မရှိပြီ။ ဘုရား ပစ္စေက ဗုဒ္ဓါ အရိယာအလောင်း ပညာရှိ အပေါင်းတို့သည် ပြုလုပ်အားထုတ်၍ ထမြောက်လျှင် တစ်ခါတည်းပြီး အငြိမ်းစားရသော အလုပ်ကိုသာရှာကြံကြရကုန်၏။ ဉာဏ်ပညာ နည်းလှသော ဗာလပုထုဇ္ဇန်တို့သည်ကား ထိုကဲ့သို့ မြော်မြင် ရှာကြံ၍ မလုပ်တတ်ကြကုန်၊ အရပ်အလိုက် ဒေသအလိုက် မိရိုးဖလာ အလိုက် အရိုးအစဉ်ဖြစ်သော ဗာလုဿုက္က အလုပ်အကိုင် အခွင့်အရေးတွေကို အဟုတ် အကောင်းမှတ်ထင် အားစိုက်လျှက် နေ့ရက်လနှစ်ကို ကုန်စေကြကုန်၏။ ထို့ကြောင့် ထိုဗာလ ပုထုဇ္ဇန်တို့၏ အသက်ထက်ဆုံး ပင်ပန်းသမျှသည် ၀ိပရိဏာမမီးစာ လို့ချည်းဖြစ်၍ ကုန်လေသတည်း။ (ရည်ညွှန်း။ ကျေးဇူးရှင် လယ်တီဆရာတော် ဘုရားကြီး ရေးသားတော်မူတေသာ အနတ္တဒီပနီ ၊ အနတ္တဝိဘာဝနာပါဌ် -နိဿယ၊ သစ္စတ္ထဒီပနီ၊ ရန်ကုန်မြို.၊ လယ်တီမဏ္ဍိုင်ပုံနှိပ်တိုက်၊ ၁၉၆၃။ စာ ၆၅-၆၈)