url
stringlengths
52
71
title
stringlengths
4
101
body
stringlengths
0
37.6k
https://www.dhammaransi.com/index.php/new/675-2016-01-09-10-41-50.html
သံသရာ ဒုက္ခဝဋ်က လွတ်မြောက်စေနိုင်တဲ့ နည်းလမ်း
သံသရာ ဒုက္ခဝဋ်က လွတ်မြောက်စေနိုင်တဲ့ နည်းလမ်းကို လိုရင်းအချုပ်ပြောပြမယ်။” လွယ်ပါတယ်။ သာသနာလို့ ဆိုတာက အဓိသီလ ၊ အဓိစိတ္တ ၊ အဓိပညာ ဒီသုံးပါးကို ခေါ်ဆိုခြင်း ဖြစ်တယ်။ နိဗ္ဗာန်ရောက်ကြောင်း မဂ္ဂင် ရှစ်ပါး လမ်းစဉ် ဆိုတာလဲ ဒီသုံးပါးပါပဲ။ အဲဒီ သိက္ခာသုံးပါးမှာ သီလသိက္ခာပုဒ် ဆောက်တည်ပြီးနောက် ကာယကံ သောင်းကျန်းမှု (ကာယ ဒုစရိုက် ၃ ပါး) ၊ ဝစီကံ သောင်းကျန်းမှု (ဝစီဒုစရိုက် ၄ ပါး) မရှိအောင်နေပါ။ ဒါဆိုရင် အဓိသီလ လုံခြုံပြီလို့မှတ်ပါ။ အဲသလို လုံခြုံနေပြီဆိုလျှင် “ငါ ယခု အဓိသီလနှင့် ပြည့်စုံနေပြီ” လို့ သိနေရမယ်။ သိလျှင်ဝမ်းမြောက်ကြည်နူးတဲ့ စိတ်တွေဖြစ်လာမယ်။ နေရထိုင်ရတာ အလိုလို ပျော်မွေ့ ချမ်းသာလာမယ်။ ပထမအဆင့် အောင်ပြီမှတ်။ ဒီအဓိသီလ ပြည့်စုံထးတဲ့သူဟာ အာနာပါန စသည်ကို လေ့ကျင့်ထူထောင်လိုက်လို့ စိတ်အာရုံအားဖြင့် သောင်းကျန်းလှုပ်ရှားမှု (မနောဒုစရိုက် ၃-ပါး) မရှိတော့ဘဲ စိတ်တွေတည်ငြိမ်လာမယ်။။ ပိုပြီးတော့ ဝမ်းမြောက်မှု ကြည်နူးမှု၊ ချမ်းသာမှုတွေ ဖြစ်လာမယ်။ ဒါကို အဓိစိတ္တ (သမာဓိ) ဖြစ်လာတယ်လို့ ခေါ်တယ်၊ ဒုတိယဆင့် တက်ခဲ့ပြီလို့ မှတ်လိုက်ပါ။ “နိဗ္ဗာန်ဆိုတာ လက်တစ်ကမ်းမှာ” ဆက်လက်ပြီး တတိယအဆင့် ၊ နောက်ဆုံးအဆင့် အနေဖြင့် သိထားဖို့က မိမိခန္ဓာကိုယ်ကြီး တစ်ခုလုံးကို ရုပ်လို့ သိထားပါ။ မိမိစိတ်ကို နာမ် လို့ သိထားပါ။ အဲ…..ဒုတိယအဆင့်ဖြစ်တဲ့ အဓိစိတ္တ သမာဓိ အချိန်ကြာနေလို့ ရင့်သန် အားကောင်းလာတဲ့အခါ ရုပ်ကြီးဖြစ်ပြီး ပျက်နေတာရော၊ နာမ်ဆိုတဲ့ စိတ်ကလေး ဖြစ်ပြီး ပျောက်ပျက်ချုပ်ငြိမ်း သွားတာရော စောင့်ကြည့် ၊ စိုက်ကြည့်နေရင် သိလာလိမ့်မယ်။ အဲသလို ဖြစ်ပျက်သိမြင်တာကို အဓိပညာလို့ ခေါ်တယ်။ ရှေ.ရှောက် သူ့အလိုလို ဓာတ်ခွဲပြီး သိသွားလိမ့်မယ်။ အဲဒါ ဉာဏ်စဉ်တွေလို့ ခေါ်တယ်။ လောကမှာရှိနေတဲ့ ဘယ်ပညာတွေနှင့်မှ မနှိုင်းယှဉ်သာအောင် ကြီးကျယ်မြင့်မြတ်တဲ့ ပညာတွေဆိုတာ ဒီမှာ ရနိုင်တယ်။ အဲ..သည်အခါမှာ နိဗ္ဗာန်ဟာ ငါ့လက်တစ်ကမ်းမှာပဲ ရှိနေပြီလို့ မှတ်ရမယ်။ “မိမိကိုယ်သာ အားကိုးပြုနေပါ” မြတ်စွာဘုရားက ဓမ္မပဒ ပါဠိတော်မှာ-- အတ္တာဟိ အတ္တနော နာထော၊ ကောဟိ နာထော ပရော သိယာ။ “မိမိသည်သာလျှင် မိမိရဲ. အားကိုးရာဖြစ်တယ်၊ တစ်ပါးသော သူသည် မိမိအားကိုးရာ ဘယ်မှာ ဖြစ်နိုင်ပါ့မလဲ” တဲ့။ ဘဝသံသရာဝဋ်ဒုက္ခမှ လွတ်မြောက်ရေး အလုပ်မှာလဲ မိမိကိုယ်သာ မိမိ အားကိုးပြုရမယ်လို့ တိုက်တွန်း ဟောကြားတော်မူခဲ့တယ်။ ဘုရားကို မြတ်မြတ်နိုးနိုးကြည်ညိုပါ။ ယုံကြည်ပါ။ မှီခိုပါ။ အားထားပါ။ ဘုရားရှင်က ဟောကြားထားသော တရားတော်ကို ယုံကြည်ပါ၊ လေးစားပါ။ မြတ်နိုးပါ။ တရားကျင့်ရေး အလုပ်ကိုသာ မြဲမြံစွာ အားထုတ်ပါ။ ငါ၏ အားကိုးရာသည် တရားသာလျှင် ဖြစ်တယ် လို့ နားလည်ထားပါ။ ဒါအမှန်ဆုံးလမ်းစဉ်ဖြစ်တယ်နော်။ ဘုန်းကြီးက လမ်းညွှန်ပြပေးရုံသာ တတ်နိုင်တယ်။ ညွှန်ပြပေးသော လမ်းအတိုင်း လျှောက်သွား ရမှာက ငါ့တာဝန်ဖြစ်တယ်လို့ မှတ်ပါ။ ဘုရားရှင်ကလည်း ဒီနေရာမှာ အလွန် ပွင့်ပွင့်လင်းလင်း ဟောထားတယ်။ တုမှေဟိ ကိစ္စံ အာတပ္ပံ အက္ခာတောရော တထာဂတာ။ (ဓမ္မပဒ) တုမှေဟိ - သင်တို့သည်။ ၀ါ-သင်တို့ကိုယ်တိုင်။ အာတပ္ပံ ၊ ကိလေသာ ခြောက်သွေ့အောင်၊ ကမ္မပ္ပဓာန်မြောက် အားထုတ်မှုကို။ ကိစ္စံ ကရဏီယံ၊ ပြုလုပ်အပ်ပေ၏။ ပြုလုပ်ရမည်။ (ဘာ့ကြောင့်လဲ) တထာဂတာ၊ ဘုရှားရှင်တို့မည်သည်။ အက္ခတာရော၊ ဟောကြားရုံသာ ဟောကြားပေးတော်မူနိုင် ကြကုန်၏။ အမှန်စင်စစ် ခရီးဆက်လျှောက်ရမယ့် အရေး ဘယ်သူကိုမှ အားကိုးပြု နေရမည်မဟုတ်ပါ။ နိဗ္ဗာန်ခရီးဖြစ်စေ၊ သံသရာခရီးဖြစ်စေ ကိုယ့်ဝန် ကိုယ်စီထမ်း၍သာ ကိုယ်ပိုင်ဆိုင်သော ကံလမ်းအတိုင်း လျှောက်ကြရမှာချည်းပဲ။ ဘုရားတောင် ကူလုပ်မပေးနိုင်တာ သားသမီး နှင့် ဇနီး လင်ည ဆွေမျိုး မိတ်ဆွေ သင်္ဂဟတွေကို အားကိုးပြုနေလို့လဲ အပိုပဲ။ မိမိကိုယ်သာ မိမိအးကိုးပြုသွားကြရမှာ ဖြစ်ကြောင်း တို့သူငါအားလုံး ရှင်းရှင်းနားလည်ထားကြရမယ်။ “အကောင်းဆုံးနည်းလမ်းကိုပြောမယ်” ဒီလိုလုပ်ပါ။ အကောင်းဆုံးညွှန်ကြားမယ်။ သံသရာဒုက္ခမှ မြန်မြန် လွတ်မြောက်စေရန် ပကတိ သာဝကဆုကို တောင်းပါ။ ယခုအခါ ရဟန္တာ ဖြစ်နိုင်သော ခေတ်ကောင်းကြီး ဖြစ်တယ်။ အနည်းဆုံး ငါးပါးသီလကို မြတ်မြတ်နိုးနိုးမြဲပါ။ စောင့်ထိန်းပါ။ သီလ၌ တည်ပြီးလျှင် စိတ်ထဲကကိုက “ငါလိုရာကြံသမျှ ပြီးမြောက်တော့မယ်” လို့ အလိုလို သိမြင်လာလိမ့်မယ်။ ဒီအမြင် မှန်ကန်တယ်။ စိတ်ချယုံကြည်နေပါ။ အကောင်းဆုံးနည်းလမ်းအချုပ်ကို ထပ်ပြီးညွှန်ပြဦးမယ်၊ လေးလေးနက်နက်မှတ်သားပါ။ လိုက်နာပါ။ ခုနကပြောခဲ့တဲ့ အာနာပါန ထွက်လေဝင်လေ ကမ္မဋ္ဌာန်းအလုပ်ကို မိမိနှာသီးဖျားဝမှာ အာရုံစိုက်ပြီး ထွက်လေ ထိတိုင်း “သိ” ဟု စိတ်ထဲကမှတ်ပါ။ ဝင်လေထိတိုင်း “သိ” ဟု သိမှတ်နေပါ။ ထွက်လေ ဝင်လေ ထိတိုင်း ထိတိုင်း အသိမြဲနေလျှင် ၊ ပိုင်နေလျှင် အောင်ပြီဟုမှတ်။ “သက္ကာယစွဲတွေကွာကျသွားမယ်” တခြားအာရုံမဝင်စေဘဲ ထိုအသိကို အဆက်မပြတ်တသိထဲ သိနေအောင်လုပ်ပါ။ ဒီသာဓိကို နေ့လုံးပေါက် ညလုံးပေါက် သိနေစွမ်းရှိအောင် အားထုတ်နိုင်ပြီဟုဆိုလျှင် ဘဝဝဋ်ဒုက္ခမှ လွတ်မြောက်ဖို့ နီးပြီလို့မှတ်ပါ။ ထိုအခါ ဘယ်သူ့ကိုမှ တွယ်တာနေချင်စိတ် မရှိပုံပေါ်လာမယ်။ ဘယ်သူ့ကိုမှ အားကိုးနေရန်မလို။ တရားကိုသာ အားသွန်ခွန်စုက် ထုတ်ချင်းပေါက်အောင်မြင်ဖို့သာ လိုကြောင်း ၊ တရားသာလျှင် အားထားရာရှိတော့ကြောင်း သိမြင်လာလိမ့်မယ်။ လက်တွေ့အားထုတ်ကြည့်က သိမယ်၊ ဒီအမြင်ဟာ နည်းလမ်း အမှန်ဖြစ်တယ်လို့ စိတ်ကို ဒုန်းဒုန်းချ ယုံကြည်ထားရမယ်။ အဲသလို အာနာပါန ထွက်လေဝင်လေခေါ်တဲ့ ၀ါယောရုပ်ကိုသာ စိတ်အာရုံကပ်ပြီး နာမ်က သိ-သိ နေမှုအရှိန်ကောင်းစွာ အဆက်မပြတ် စွဲမြဲနေခြင်းသည် ပစ္စုပ္ပုန် တည့်တည့် တည်နေခြင်းဖြစ်တယ်။ ထိုအခါ ရုပ်နာမ်တွေသာ အဆက်မပြတ် ဖြစ်ပျက်နေတာပဲ တွေ့ရမယ်။ ထိုအခါမျိုးမှာ ပုဂ္ဂိုလ် ၊ သတ္တဝါ၊ ငါ သူတစ်ပါး ၊ ယောကျ်ား ၊ မိန်းမ-မရှိ ဆိုတာ မှန်ပုံ၊ ဘုရားဟော ဆိုချက် တကယ်မှန်ပုံ လက်တွေ့ကျကျ သဘာဝ အမှန်ကို အလိုလို သိမြင်လာမယ်။ သက္ကာယ ဒိဋ္ဌိခေါ်တဲ့ ငါစွဲ အတ္တတွေ အလိုလိုကွာကျသွားခြင်း ဖြစ်တယ်ဆိုတာ နားလည်ပါ။ “တစ်ကြိမ်လောက်အားခဲလိုက်ပါ” ဖြစ်ပျက်ကို ပိုင်စွာမြင်နေခြင်းဟာ အနိစ္စဝိပဿနာပိုင်စွာ မြင်နေခြင်း ဖြစ်တယ်။ မမြဲသော အနိစ္စ ၀ိပဿနာပိုင်လျှင် ဆင်းရဲသော ဒုက္ခသိပဿနာကို တစ်ဆက်တည်း ဖြစ်လာမယ်။ တစ်ဆက်တည်း ဘာကိုမှ အစိုးမရတဲ့ အနတ္တဝိပဿနာ သဘောကိုလဲ ရှင်းလင်း ပြတ်သားစွာ မြင်လာမယ်။ တစ်ကြိမ်တစ်ခါ ထိထိခိုက်ခိုက် ပိုင်ပိုင်နိုင်နိုင် လုပ်ထားဖူးလျှင် အချိန်မရွေး ကောက်လုပ်လို့ လွယ်သွားပြီမှတ်။ ရပ်မထားနှင့် ဆက်တိုက် မလျှော့ဘဲ ရုပ်နာမ် ဓမ္မသင်္ခါရတွေ ဖြစ်ပေါ်၍ ချုပ်ငြိမ်း၍ ချုပ်ငြိမ်း၍ သွားပုံကို မမြင်ရမချင်း ရူကြည့်သွားကြပါ။ သံသရာ ဝဋ်ဒုက္ခမှ ထွက်မြောက်ရာ လမ်းမှန်ကြီး အလိုလို ပေါ်ပေါက်လာလိမ့်မယ်လို့ မှတ်ပါ။ လိုရင်းက ဒါပါပဲ။ (ရည်ညွှန်း။ နယ်ခြားတောင်တန်းသာသနာပြု ဆရာတော်။ာကီး ဦးဥတ္တမသာရ ၊ “ချမ်းမြေ့စွာ ဘဝနေနည်း”၊ ဓမ္မာ စရိယ ဦးဌေးလှိုင် စုစည်း စီစဉ်သည်။ စာ-၃၁၂-၃၁၇)
https://www.dhammaransi.com/index.php/new/676-2016-01-09-10-40-28.html
“ပု ၊ ဒိ ၊ အာ ”
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး၏ ဂုဏ်တော်တစ်ပါးဖြစ်သည့် ၀ိဇ္ဖာစရဏ သမ္ပန္နဂုဏ်တော် တွင် ဘုရားသခင် ဖြည့်ကျင့် ခဲ့သော စရဏ (၁၅) ပါးကို သပြေကန်ဆရာတော်ဘုရားကြီးက အောက်ပါအတိုင်း ရှင်းလင်းရေးသားထားကြောင်း မျှဝေအပ်ပါသည်။ “၀ိဇ္ဇာစရဏသမ္ပန္နအဖွင့်” ၀ိဇ္ဇာဟူသည် ဉာဏ်ပညာအလင်းတည်း။ ဘုရားရှင်သည် ဘုရားဖြစ်မည်နေ့ ညဉ့်ဦးယာမ်၌ ပုဗ္ဗေနိ၀ါသဉာဏ်ကို ရတော်မူ၏။ ဤဉာဏ်ဖြင့် ရှေးအတိတ်က ဖြစ်ခဲ့ဖူးသော ဘဝခန္ဓာပေါင်းများစွာတို့ကို သိတော်မူ၏။ သန်းခေါင်ယာမ်၌ ဒိဗ္ဗစက္ခုကို ရတော်မူ၏။ ဤဉာဏ်ဖြင့် အဝေးကအာရုံ၊ သေးငယ်သောအာရုံ ၊ သတ္တဝါအစုံ စသည်တို့ကို သိတော်မူ၏။ မိုးသောက်ယာမ်၌ အာသဝက္ခယဉာဏ် ရတော်မူ၏။ ဤဉာဏ်ကား ကိလေသာတို့ကို ကုန်စေတတ်သော အရဟတ္တမဂ်ဉာဏ်တည်း။ “ပု ၊ ဒိ ၊ အာ ” ဟု မှတ်သားအပ်သော ဤဉာဏ်သုံးပါးကို ၀ိဇ္ဇာ သုံးပါးဆိုသည်။ (ဤဉာဏ်သုံးပါးနှင့်တကွ ၀ိဇ္ဇာရှစ်ပါးဟု တစ်မျိုးရှိသေး၏။ ထိုထို ဂုဏ်တော်ဖွင့်များ၌ကြည့်ပါ။ “စရဏကြောင့် ၀ိဇ္ဇာရ” အရိယာတို့သည် ပဋိပတ်နှင့် ကင်း၍ မဂ်ဖိုလ်ရသည်မဟုတ်။ သီလ သမာဒိ ပညာ သိက္ခာအကျင့်များဖြင့် မဂ်ဖိုလ်ရသကဲ့သို့ ဘုရားရှင်လည်း၊ အကျင့်ပဋိပတ်ဖြင့် ဆိုခဲ့ပြီးသော ၀ိဇ္ဇာများကိုရရာ ထိုကျင့်များကို စရဏ (=မဂ်ရောက်ကြောင်း နိဗ္ဗာန်ရောက်ကြောင်း အကျင့်) ဟုဆိုရသည်။ ဘုရားရှင်၏ ၀ိဇ္ဇာဉာဏ်များက သဗ္ဗညုတဉာဏ် ကိုပြည့်စုံအောင်ပြုပေး၏။ မှန်၏ ၊ အာသဝက္ခယခေါ် အရဟတ္တမဂ်ဉာဏ် မရဘဲ သဗ္ဗညုတဉာဏ်မရနိုင်။ ထို ဉာဏ် ရမှ သဗ္ဗညုတဉာဏ်ရ၍ ၀ိဇ္ဇာက သဗ္ဗညုတဉာဏ်ကို ပြည့်စုံစေသည်ဟု ဆိုရ၏။ စရဏ တရားများကား မဟာဂရုဏာကို ပြည့်စုံစေသည်။ ဘုရားရှင်၏ စရဏတရားများ၌ ကရုဏာဘာဝနစျန်လည်း ပါရာ ဘုရားဖြစ်သောအခါ စရဏ တရားများ အကောင်းဆုံး အထွတ် အထိပ် ရောက်သကဲ့သို့ ကရုဏာလည်း မဟာကရုဏာ (=အလွန် ကြီးမြတ်သော ကရုဏာ) အဖြစ်သို့ ရောက်လေသည်။ စရဏ (၁၅) ပါး--- (၁) သီလစောင့်လေ၊ (၂) ဣန္ဒြေ ထိန်းရ ၊ (၃) အာဟာရမှာ၊ တိုင်းတာကိုသိ၊ (၄) နိုးကြားရှိလျက် ၊ (၅) ဟိရီ ၊ (၆) သြတပ္ပ ၊ (၇) သုတ (၈) ပညာ (၉) သဒ္ဓါ ၊ (၁၀) သတိ ၊ (၁၁) ဝီရိယစု ၊ (၁၂) (၁၃) (၁၄) (၁၅) ပ ဒု စ စျာန်လေးဝ ၊ စရဏ တစ်ဆယ့်ငါး ။ လောက၌ အသိဉာဏ်သာရှိ၍ အကျင့်တရား မရှိသောသူမှာ သူတကာ တရားမဲ့ပြနေလျှင် သနားစောင့်ရှောက်ရမှန်းမသိ။ ကယ်တင်ရန် နားမလည်တတ်။ အသိဉာဏ်ပါ မရှိမူကား၊ ဆိုဖွယ်ရာမရှိတော့ပေ။ အသိဉာဏ်ဝိဇ္ဇာ၊ အကျင့်စရဏရှိသူကား မိမိက တရားရှိသူဖြစ်ရာ သူတပါး အကျိုးမဲ့ပြုနေလျှင် သနားတတ်၊ ထိုအကျိုးမဲ့မှ ကယ်တင်ကာ အကျိုးရှိအောင် စောင့်ရှောက်ပြုပြင် တတ်၏။ ထို့ကြောင့် ထိုပုဂ္ဂိုလ်မျိုး၏ တပည့်များမှာ တပည့်ကောင်းတွေဖြစ်တတ်၏။ ဤကား ၀ိဇ္ဇာ စရဏ ပြည့်စုံသူတို့၏ ဓမ္မတာတည်း။ အကောင်းဆုံး ၀ိဇ္ဇာ စရဏရှင် ဘုရားမြတ်ကား၊ သဗ္ဗညုတဉာဏ်တော်ကြီးဖြင့် အကျိုးမဲ့၊ အကျိုးရှိ သိတော်မူ၍ မဟာကရုဏာတော်ဖြင့် သတ္တဝါတို့ကို အကျိုးမဲမှ ကယ်တင်၍ အကျိုးရှိရာသို့ အနည်းနည်းဖြင့် ပို့ပေးခဲ့ရာ မကောင်းသော တပည့်ဟု မရှိလှ။ ကောင်းစွာကျင့်သော တပည့်များသာ ဖြစ်ရာ လက်ထက်တော်အခါက အရိယာများမှာ “နှစ်ဆယ့်လေးသချေင်္ ကုဋေခြောက်ဆယ် ဗိုလ်ခြေတစ်သိန်း” ဟု ပြောစမှတ်ပြုခဲ့ကြသည်။ (ဤအရေအတွက်သည် သောတ္ထကီကျမ်း၏ အဆိုဖြစ်သည်။ နှစ်ဆယ့်လေးဌာန တို့၌ အသချေင်္ယျ၊ အပရိမေယျ နတ်လူတို့ မဂ်ဖိုလ်အမြိုက် သောက်ကြ ကုန်ပြီ။ ကုဋေတစ်သိန်းစသော အတိုင်းအရှည် အားဖြင့်လည်း များကုန်သည် သာတည်းဟု သီလက္ခန်ဋီကာဟောင်း ၃၁၇ နှင့် ဋီကာသစ် ၂၂၉၁ တို့၌ ဆိုသည်။) ရှေးယခင်က ပလ္လင်တော်၊ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ခန့်က မိခင်ကြီးနှင့် အတူ ရောက်ခဲ့စဉ်က ဖူးခဲ့ရသည့် ပလ္လင်တော်၊ မကြာသေးခင် က မိသားစု နှင့် အတူ တတိယအကြိမ်ရောက်စဉ်က ဖူးခဲ့ရသည့် ပလ္လင်တော်
https://www.dhammaransi.com/index.php/new/677-2016-01-09-10-39-47.html
လူမျိုးမရွေး ဘာသာမရွေး လူတိုင်းကျင့်သုံးနိုင်သည့် ပရဟိတ နှင့် သက်ဆိုင်သည့် ဗြဟ္မစိုရ်တရား
-ဗြဟ္မစိုရ်တရားဆိုတာ မေတ္တာ ၊ ကရုဏာ ၊ မုဒိတာ ၊ ဥပေက္ခာ ဆိုတဲ့ ဒီတရားလေးပါး ပါပဲ၊ -ဒီတရားလေးပါးထဲက မေတ္တာ ဆိုတာ သူများတွေလဲ ကိုယ်လိုပဲ ချမ်းသာချင်ကြပေလိမ့်မယ်လို့ ကိုယ်ချင်းစာပြီးတော့ သူတပါးတွေကို ချမ်းသာစေလိုတဲ့ သဘောပါပဲ။ -ကရုဏာဆိုတာ ကိုယ့်အောက်ကလူတွေ ဒုက္ခရောက်နေရှာကြတဲ့ သူတွေကို ကိုယ်ချင်းစာတရားနဲ့ သနားကြင်နာတဲ့ သဘောပါပဲ၊ -မုဒိတာဆိုတာကိုယ့် အထက်ကဘူတွေ ကိုယ့်ထက် ပြည့်စုံချမ်းသာကြတဲ့သူတွေကို ချမ်းသာမြဲ ချမ်းသာကြပါစေလို့ ဝမ်းမြောက်ကြည်သာစွာ နှလုံးသွင်းနိုင်တဲ့ သဘောပါပဲ၊ -ဥပေက္ခာဆိုတာ သတ္တဝါတွေဟာ မိမိတို့ ကိုယ်တိုင် ပြုလုပ်ထားတဲ့အမှု ကံအားလျှော်စွာ ဖြစ်နေကြရတာပဲလို့ ဘက်မလိုက်ပဲ မျှမျှတတ နှလုံးသွင်းတဲ့ သဘောပါပဲ၊ အကန့်အသတ်မရှိတဲ့တရား -ဒီတရား (၄) ပါးကို အဘိဓမ္မာ ဒေသနာမှာ အပ္ပမညာဆိုတဲ့ အမည်နဲ့ ဟောထားပါတယ်၊ အားလုံးသော သတ္တဝါတွေအပေါ်မှာ အကန့်အသတ်မရှိပဲ ပွားချင်သဘောက် ပွားများ ကောင်းတဲ့တရား၊ ပွားများဖို့ နယ်ပယ် အကန့်အသတ်မရှိတဲ့တရားလို့ ဆိုပါတယ်၊ မြတ်သောနေထိုင်ရေးတရား သုတ္တန်ဒေသနာတွေမှာတော့ ဒီတရားတွေကို အများအားဖြင့် ဗြဟ္မဝိဟာရ လို့ အမည်ပေးထားပါတယ်၊ မြတ်သောနေထိုင်ရေးတရားလို့ ဆိုလိုပါတယ်၊ ဗြဟ္မာစိုရ်တရား မဟာဂေါ၀ိန္ဒသုတ်မှာတော့ ဗြဟ္မစရိယ လို့ အမည်ပေးထားပါတယ်၊ ဒါကြောင့် ဗြဟ္မစိုရ်တရား လို့ ခေါ်ဝေါ်ပြောဆိုနေကြပါတယ်။ အဓိပ္ပါယ်အားဖြင့်တော့ မြတ်သောအကျင့် လို့ ဆိုလိုပါတယ်။ လက်တွေ့စမ်းကြည့်နိုင်ပါတယ် ဒီ ဗြဟ္မာစိုရ်တရားဟာ လူမျိုးမရွေး ဘာသာမရွေး လူတိုင်း လူတိုင်း ကျင့်သုံးသင့်တဲ့ တရားဖြစ်ပါတယ်၊ စဉ်းစားကြည့်ကြပါ ၊ မိမိ၏ အကျိုးကိစ္စ ပြီးမြောက်အောင် စေတနာဝန်ထမ်း သဘောဖြင့် ကူညီဆောင်ရက်ပေးမည်ဆိုလျှင် ဘယ်သူကလက်မခံပဲ ငြင်းပယ်မှာလဲ၊ ဘယ်သူမှ ငြင်းပယ်မှာ မဟုတ်ပါဘူး၊ အားလုံး ဝမ်းမြောက်ဝမ်းသာနဲ့ လက်ခံကြမှာချည်းပါပဲ၊ အဲဒါဘာသဘောထင်သလဲ ချမ်းသာစေလိုတဲ့ မေတ္တာကို လူတိုင်းက လက်ခံနိုင်တဲ့အတွက် အဲဒီမေတ္တာကို လူတိုင်းလူတိုင်း ကျင့်သင့်တယ်ဆိုတာ ဖော်ပြနေတဲ့ သဘောပါပဲ၊ လက်တွေ့လဲ စမ်းကြည့်နိုင်ပါတယ်၊ လူ့ကျင့်ဝတ် -လူတစ်ယောက်ကို ချိုချိုသာသာနဲ့ နှုတ်ဆက်လျှင် အဲဒီလူကလဲ ချိုချိုသာသာနဲ့ပဲ ပြန်ပြီး နှုတ်ဆက်ပါလိမ့်မယ်၊ -လမ်းမသိတဲ့သူကို လမ်းညွှန်ပြလျှင်ဖြစ်စေ ၊ မီးရထား၊ သင်္ဘော စသည်ဖြင့် ခရီးသွားတဲ့အခါ နေရာ မရတဲ့သူကို မိမိနေရာထဲက မျှပေးလျှင်ဖြစ်စေ၊ လေးလံတဲ့ ဝန်ထုပ်ဝန်ပိုး သယ်ဆောင်လာတဲ့လူကို ဖေးမ ကူညီပေးလျှင်ဖြစ်စေ ဒီလိုစေတနာမေတ္တာဖြင့် ကူညီဆောင်ရွက်ပေးလျှင် တဘက်သား ပုဂ္ဂိုလ်က ကျေးဇူးတင်မည့်ပြင် မိမိကို်ယ်တိုင်လဲ လူ့ကျင့်ဝတ်တရား ကျေပွန်သည့် အတွက် ဝမ်းမြောက်ဝမ်းသာခြင်းအကျိုး ကို ချက်ချင်းပဲ ရပါလိမ့်မယ်၊ မိမိမှာ အခက်အခဲရှိတဲ့အခါဆို ကူညီမည့်သူများ ပေါ်လာတတ်ပါတယ်၊ ဒီနည်းဖြင့် လူတိုင်း လူတိုင်း က လူ့ကျင့်ဝတ်ကို သိပြီး မေတ္တာတရားနဲ့ အချင်းချင်း တတ်စွမ်းနိုင်သမျှ ကူညီဆောင်ရွက် သွားကြမယ်ဆိုလျှင် လူ့လောကကြီးအဟာ အစဉ်ထာဝရ သာသာယာယာနဲ့ ဖြစ်သွားဖို့ ရှိပါတယ်၊ ဒါကြောင့် မေတ္တရားကို လူတိုင်း လူတိုင်း ကျင့်သုံးသင့်ကြောင်း ထင်ရှားပါတယ်။ (မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော ဗြဟ္မစိုရ် တရားတော်ကြီး မှ ကောက်နုတ်ချက်)
https://www.dhammaransi.com/index.php/new/678-2016-01-09-10-38-55.html
ဘဝကို ချမ်းသာအောင်နေနည်း
ဘဝကို ချမ်းသာအောင်နေနည်း လိုရင်းကိုသာ ရှင်းရှင်းပြောပါ့မယ်။ **************************************************************** လူလောကမှာ မေတ္တာလောက်ကောင်းသောအရာ ဘာမှမရှိဘူး။ မေတ္တာစိတ်ထားပြီး နေခြင်းသည် ချမ်းသာအောင် နေနည်းဖြစ်တယ်။ သူတစ်ဘက်သား ချမ်းသာကြစေရန် မေတ္တာဖြန့်ပွား၍နေခဲ့လျှင် သူတစ်ဘက်သား ချမ်းသာမှု မရှိသေးခင် မေတ္တာဖြန့်ပေးသူ မိမိက ဦးစွာချမ်းသာခြင်း သုခ ရနေပြီးဖြစ်တယ်။ မိမိကိုယ်တိုင် ကိုယ်စိတ်ချမ်းသာမှုကို ခံစားနေသလို၊ အခြားသူများအား ကိုယ်ရောစိတ်ပါ ချမ်းသာကြစေရန် မေတ္တာဖြန့်ဝေလို့ မိမိမှာ လျော့မသွားပါဘူး။ မိမိသန္တာန်မှာ ချမ်းသာမြဲ ပုံမှန်ရှိပြီး သကာလ သူတစ်ပါးတို့လဲ ချမ်းသာမှု ရကြတယ်။ မေတ္တာပုံလွှတ်ပေးတဲ့အခါ ကိုယ်ခန္ဓာကို မရည်မှန်းရပါဘူး၊ စိတ်နှလုံးကိုသာ ရည်မှန်းရမယ်၊ ဒါလိုရင်းဖြစ်တယ်လို့မှတ်။ ဘဝကို ချမ်းသာအောင်နေနည်း လိုရင်းကိုသာ ရှင်းရှင်းပြောပါ့မယ်။ မိမိ၏ စိတ်ကို ရှင်းရှင်းထားနေပါ။ စိတ်ရှင်းနေလျှင် ချမ်းသာပါတယ်။ မိမိစိတ်အာရုံထဲမှာ ရူပ်ထွေးနေတဲ့ အကြောင်းအရာတွေ ဝင်ရောက်မလာစေနှင့် ၊ လက်ခံမထားနှင့်။ စိတ်ရှင်းရှင်းထားလို့ နေသားကျလာပြီဆိုလျှင် ရူပ်ထွေးစေတဲ့ သူတစ်ပါး အကြောင်းအရာရော၊ ပတ်ဝန်းကျင် အကြောင်းအရာရော စိတ်ဝင်စားခြင်းမရှိပါ။ သန့်ရှင်းစွာ ထားလေ့ရှိတဲ့ အိမ်ဝင်းတလင်းပြင်ပေါ်မှာ သူတစ်ပါးက အမှိုက်သရိုက်လာပစ်ထားလျှင် လက်ခံထားချင်စိတ် မရှိသလို၊ မိမိ၏ စိတ်အာရုံထဲမှာ သူတစ်ပါးက စိတ်ရူပ်စရာ အကြောင်းအရာတွေ လာပြောသွားသော်လည်း ကိုယ်က လက်ခံသိမ်းပိုက်ခြင်း မရှိလျှင် ရူပ်ကျန်ရစ်မည် မဟုတ်ပါ။ အရူပ်မခံပါနှင့် ။ “ငါနှင့် မဆိုင်တဲ့ အကြောင်းအရာတွေပဲ” လို့ နားရှင်းစွာ ထားပြီးတဲ့အတိုင်း စိတ်အာရုံထဲက ဖယ်ထုတ်ပစ်လိုက်မှာ သေချာတယ်။ အဲသလို စိတ်ကို ရှင်းရှင်းထား နေနည်းအရ မိမိ၏ စိတ်အာရုံထဲ မေတ္တာ ဖြန့်ပွားခြင်း အလုပ်ကို ပုံမှန် ဖြစ်နေစေရမယ်၊ မေတ္တာတရား အချိန်ပြည့် ဖြန့်ပွားနေချင်အောင် စိတ်ဝင်စားနေပြီဆိုလျှင် ဘဝချမ်းသာအောင် နေနည်း အခြေခံ မူမှန်ပြီလို့ မှတ်ပါ။ မူမှန်ပြီဆိုရင် အခြေခံကို ခိုင်အောင် ကြိုးစားဖို့သာ လိုတော့တယ်။ ကဲ--ဘယ်လောက်လွယ်သလဲ၊ ဘာခက်သလဲ ။ ဆီအမြဲထည့်ထားတဲ့ ပုလင်းမှာ ဘယ်တော့်မှ ရေဝင်လို့မရဘူး။ ဆက်လက်ဖော်ပြပါမည်-- (နယ်ခြားတောင်တန်းသာသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရ ၊ “ချမ်းမြေ့စွာ ဘဝနေနည်း” ၊ ဓမ္မာစရိယ ဦးဌေးလှိုင် စုစည်းစီစဉ်သည်။)
https://www.dhammaransi.com/index.php/new/679-2016-01-09-10-37-08.html
တုတ်နှင့်ရိုက်သော ယိုးဒယားဘုန်းကြီး
တစ်ခါကလည်း ရန်ုကုန်မြို. သရက်တောကျောင်းတိုက်ကြီးအတွင်း ကျောင်းတစ်ကောင်း၌ ယိုးဒယား ဘုန်းကြီးတစ်ပါးက သူ့အား ရန်ငြိှုးထားပြီး တုတ်ကြီးဖြင့် အားကုန်ရိုက်နှက်ဖူး၏။ ဦးလောကနာထ ကား အပြုံးမပျက် ၊ မျက်စိမှိတ်လျက် ထိုဘုန်းကြီးအပေါ် မေတ္တာပွား၍ နေလိုက်ရာ သေသေချာချာ ချိန်၍ ရိုက်သော်လည်း တုတ်မှာ လွဲချော်သွားသည်ဟု မျက်မြင်ကိုယ်တွေ့ ပုဂ္ဂိုလ်တစ်ဦးက ပြောပြဖူး၏။ ဦးလောကနာထသည် ကိုယ်တိုင်လည်း အသက်လွတ် ဘုဉ်းပေး၍ အသက်လွန်စားရန်လည်း အထူးဟောကြားလေ့ရှိသည်။ အသက်လွတ်စားခြင်း သည် မေတ္တာဘဝနာအတွက် အကျိုးပြုသည်ဟု ယုံကြည်သောကြောင့် ဖြစ်လေသည်။ (မှတ်ချက်။ အသက်လွတ်စားခြင်းသည် ဘုရားဟောကြေားသော ကျင့်စဉ်မဟုတ်ပါ။ ဤအကြောင်း ကို နောင်တွင်ကြုံသည့်အခါ ရေးသားပါဦးမည်။) ကိုယ်တွေ့ ဦးလောကနာထ တရား-- စာရေးသူ ငယ်ရွယ်စဉ် အသက် ၁၀ နှစ် ခန့်လောက်ပဖြစ်သည်။ အဖွားနှင့်အတူ ဦးလောကနာထ တရားကို နာဖူးခဲ့သည်။ အင်းစိန်မြို.တွင်ဖြစ်သည်။ ထိုစဉ်က စာရေးသူမှာ အသက်ငယ်ရွယ်သေးသူဖြစ်ပြီး အဖွားခေါ်၍ လိုက်လာခဲ့ရသည်ဖြစ်ရာ တရားအလုံးအစုံကို မမှတ်မိတော့ပါ။ ဆရာတော်သည် ဘာသာပြန် ဘုန်းကြီးတစ်ပါး နှင့်အတူ မြန်မာပြည်အနှံ့ လှည့်လည် တရားဟောခြင်းဖြစ်ပါသည် ဆရာတော်၏ တရားပွဲတိုင်းတွင် လူများ တစ်ခဲနက် ကျိတ်ကျိန်တိုးစည်းကားလှပါသည်။ မှတ်မိသည်မှာ ဆရာတော်သည် တရားဟောပြောပြီးပါက၊ အသက်သတ်လွတ်စားရန် ၊ အနည်းဆုံ ခြေလေးချောင်းသား ရှောင်ရန် အလှူခံပြီး၊ ဒကာတစ်ဦးက စာရင်းစာအုပ်နှင့် မှတ်သားထားပါသည်။ မိမိလည်း အသက်ငယ်ရွယ်သေးသူ ဖြစ်သဖြင့် ကောင်းစွာနားမလည်သော်လည်း သတ်သတ်လွတ် စားခြင်းသည် ကောင်းသောအလုပ်တစ်ခု ဖြစ်သည်ကို အဖွားဖြစ်သူ ၏ ဆုံးမသွန်သင်မှုအရ သတ်သတ်လွတ်လွတ် တော့ မစားနိုင်၊ ခြေလေးချောင်း ရှောင်ကျဉ်မည်ဖြစ်ကြောင်း သွားရောက် စာရင်းပေးခဲ့ပြီး၊ ယနေ့တိုင် ခြေလေးခြောင်းအသားကို ရှောင်ကျဉ်ခဲ့ပါသည်။ ထိုအချိန်က ဆရာတော်ထံ အလားတူ စာရင်းပေးလှူတန်းသူများ ကျိတ်ကျိတ်တိုးစည်ကား နေသည်ကို တွေ့ရှိခဲ့ပါသည်။ ကမ္ဘာ့ခေါင်းဆောင်များအား စစ်မတိုက်ကြရန် မေတ္တာရပ်ခံခြင်း ဦးလောကနာထကား မေတ္တာဝါဒကို လက်ကိုင်ထားသူ ပီပီ ၁၉၃၉ ခုနှစ်၊ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာသောအခါ ထိုအချိန်က ကမ္ဘာ့စစ်ဘုရင်များ ဖြစ်ကြသော ဟစ်တလာ၊ မူဆိုလိုနီ၊ စတာလင်၊ ချိန်လာလိန်၊ ချာချီ ၊ ရုစဘဲ၊ အင်္ဂလိပ်ဂျော့ဘုရင်၊ ဂျပန်ဘုရင်၊ ပြင်သစ်သမ္မတ နှင့် ချန်ကေရှိတ်တို့ထံ စစ်မတိုက်ကြရန် မေတ္တာရပ်ခံခဲ့၏။ သို့ရာတွင် ကန္တာရထဲမှ တစ်ယောက်တည်း ဟစ်အော်နေသူပမာ အချည်းနှီးဖြစ်ခဲ့ရုံသာမက အီတာလျံ လူမျိုးဖြစ်၍ အိန္ဒိယရှိ ဗြိတိသျှစစ်သုံ့ပန်းစခန်း၌ပင် ကြွရောက်နေထိုင်ခဲ့ရလေ၏။ ၁၉၄၈ ခုနှစ်တွင် မန္တလေးမြို.၌ နိုင်ငံခြားဗုဒ္ဓသာသနာပြု အဖွဲ့ကြီး၏ စေလွှတ်ချက်အရ အမေရိကန် လော့အိန်ဂျယ်မြို.၌ သာသနာပြုစခန်းဖွင့်ကာ တတိယကမ္ဘာစစ် မဖြစ်ပွားရေး မေတ္တာရပ်ခံချက် ထုတ်ပြန်ခဲ့၏။ “ နိုင်ငံအားလုံးသည် ငြိမ်းချမ်းခြင်းကို လိုလားတောင့်တကြ၏။ ထိုသို့ ငြိမ်းချမ်းရေးကို တောင့်တနေစဉ် မှာပင် ကြောက်မက်ဖွယ် စစ်ဒဏ်ခံနေကြရရှာသည်။ လူတို့သည် လောဘကြောင့် တိုက်ခိုက်နေ ကြခြင်းဖြစ်သည်။ လူသားတို့၏ ဒေါသအာဇာတစိတ်လည်း အဆုံးအဆမရှိ။ လူသားတို့၏ ဖျက်ဆီးမှုကြောင့်ပင် လူသားမျိုးနွယ်များ ဆုံးရူံးပျက်စီးလှလေပြီ” ဟု ၎င်း၊ “ကမ္ဘာသူ ကမ္ဘာသားအပေါင်းတို့ ….ဘာသာတရားကို အလေးထားကြကုန်လော့။ စစ်ကို ဘာသာရေးကသာ တားဆီးနိုင်သည်။ ဘာသာရေးမှတပါး စစ်မီးငြိမ်းရန် မျှော်လင့်ချက် မရှိ။ ကမ္ဘာပေါ်တွင် အအောင်နိုင်ဆုံး ပုဂ္ဂိုလ်မှာ ဗုဒ္ဓဘာလျှင်ဖြစ်သည်။ တုဖက်ကင်းသော အောင်နိုင်သူကြီး ဖြစ်၏။ အယ်လက်ဇန္ဒြား၊ ဆီဇာ၊ နပိုလီယန် စသော စစ်ဘုရင်တို့ကား ကမ္ဘာကို ဒေါသဖြင့် အနိုင်ကျင့် အုပ်စိုးသူများသာ ဖြစ်သည်။ ဗုဒ္ဓကား ကမ္ဘာကို မေတ္တာဖြင့်သ အုပ်စိုးသူဖြစ်သည်။ ကျွနု်ပ်တို့ ဗုဒ္ဓလမ်းစဉ်ကို လိုက်ကြပါစို့” ဟု ၎င်း၊ “ကျွနု်ပ်တို့ကိုယ် ကျွနု်ပ်တို့အားလုံး မေတ္တာ ဒိုင်နမို၊ မေတ္တာဘက်ထရီ ၊ မေတ္တာအသံလွှင့်ရုံကြီးများ အဖြစ်ပြောင်းလဲကာ စကြာဝဠာတစ်ခုလုံး မေတ္တာဖြင့် လွှမ်းဖုံးကြပါစို့”— ဟုလည်းကောင်း ဖော်ပြထားပေသည်။ အဏုမြူလက်နက်များ တားဆီးရေးနှင့် ပတ်သက်သော မေတ္တာရပ်ခံချက်ကိုလည်း ဖြန့်ဝေပြန်ရာ သိပ္ပံပညာက ကမ္ဘာနှင့် လူသားမျိုးနွယ် ပြုတ်ပြုတ်ပြုန်းပြုန်းအောင် ဖျက်ဆီးတော့မည် ဖြစ်၍ အချိန်မနှောင်းမီ ဗုဒ္ဓလမ်းစဉ်အရ ငါးပါးသီလကို စောင့်ထိန်းခြင်းအားဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို တည်ဆောက်ကြရန် နှိုးဆော်ခဲ့လေသည်။ စွန်းလွန်းဆရာတော်၊ ဝေဘူဆရာတော် အစရှိသော ဆရာတော်ကြီးများကို ပူဇော်ခြင်း ဦးလောကနာထ သည် မြန်မာနိုင်ငံ၌ အချိန်ကြာမြင့်စွာ နေ၍ မြန်မာပြည်တွင် ရဟန္တာအရှင်မြတ် ငါးဆယ်ခန့်ရှိသည် ဟု ကြားသိထားသည်ဆိုကာ စွန်းလွန်းဆရတော်၊ ဝေဘူဆရာတော် စသော ပဋိပတ်အကျော် ဆရာတော်ကြီး ခြေတော်ရင်းသို့လည်း မပြတ်သွားရောက် ပူဇော် ဖူးမြော် နည်းခံလေ့ရှိ၏။ ကွယ်လွန်သူ မိဘများကို ရည်စူး၍လည်း အလှူဒါန ပြုကာ အမျှအတန်းပေးဝေလေ့ရှိသည်။ “မြန်မာပြည်တွင် ရဟန္တာပေါ်ထွန်းသည့်အတွက် ကမ္ဘာပေါ်တွင် မြန်မာက ဂုဏ်ယူဖွယ်ဖြစ်ပါသည်။” စသည်ဖြင့်လည်း ဟောပြောရေးသားကာ ဗုဒ္ဓသာသနာတော်အား အင်အားပါ၀ါကြီး နှိုးဆော်လေ့ရှိ ပေသည်။ ဝေဘူဆရာတော်ဘုရား သီဟိုဠ်ကြွခြင်း ၁၃၁၉ ခုနှစ်က ဝေဘူဆရာတော်ဘုရားကြီးအား သီဟိုဠ်ဝန်ကြီးချုပ်၏ အစ်ကိုဖြစ်သူ ဂျက်ဆင်ဂွတ္တလားဝါလား နှင့် သမီးဖြစ်သူ အာရေမ တို့က သီဟိုဠ်သို့ ပင့်ဖိတ်ခြင်းကိစ္စတွင်လည်း ဦးလောကနာထ၏ သတင်းပေးရေးသား လမ်းညွှန်မှုသည် အဓိက အကြောင်းဖြစ်၏။ ဦးလောကနာထ ကိုယ်တိုင်ပင် ဆရာတော်အား လာရောက်လျှောက်ထား ပင့်ဆောင်ပေးခဲ့ရ လေသည်။ သာသနာပြု ရဲဘက်တော်ကြီးဒေါက်တာဆိုနီ ဦးလောကနာထကို အကြောင်းပြု၍ ကုသိုလ်ကံထူးသူ၊ ဗုဒ္ဓဘာသာဖြစ်လာသူများကား များလှပေသည်။ မန္တလေးမြို.၌ ကိုယ်တိုင်ဗုဒ္ဓကျမ်းစာများကို အင်္ဂလိပ်လို ရေးသား၍ ပစ္စည်းလေးပါးဖြင့်လည်း ကမ္ဘာအထိ သာသနာပြုနေသူ နာမည်ကျော် ဒေါက်တာဆိုနီ (Dr. R. L. Soni, MBBS, FRHS, FZS, FMSB.,etc., President, Burma-India Cultural Society’ and Founder-Director-in-Chief, Inistitute of Buddhist Culture, Mandaly, 1953--မိမိတွင်ရှိသည့် စာအုပ်ငယ်လေးမှ ဖြည့်စွက် ထည့်ပေးခြင်းဖြစ်ပါသည်။) သည် ဦးလောကနာထ ကြောင့်ပင် ဗုဒ္ဓဘာသာဖြစ်၍ ဦးလောကနာထ ၏ သာသနာပြု ရဲဘက်တော်ကြီးလည်း ဖြစ်ပေသည်။ “ ဗုဒ္ဓဘာသာသည် သိပ္ပံနည်းကျ ဘာသာဖြစ်၍ ယခုရောနောင်ပါ ဗုဒ္ဓတရားတော်သာလျှင် တစ်ခုတည်းသော ါအမှန်တရားဖြစ်သည်” ဟု အစဉ်တစိုက် လှည့်လည်ကြွေးကြော်ယင်း -- “ ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာသူများသည် ယုံကြည်မှု၊ စိတ်အားထက်သန်မှု ပြင်းထန်သူများ ဖြစ်ကြပါသည်။ ဆင်းရဲသားသည် ငွေတန်ဖိုးကို ကောင်းစွာ သိသကဲ့သို့ ဗုဒ္ဓဘာသာဝင်အဖြစ် ကူးပြောင်းလာသူများသည်လည်း ဗုဒ္ဓတရားတော်၏ တန်ဖိုးကို ကောင်းစွာသိကြပါသည်။ ဗုဒ္ဓ၏ ပထမဆုံးသော တပည့်ရဟန်း သံဃာများသည်လည် မူလက အခြားဘာသာဝင်များ ဖြစ်ကြပါသည်။ ဗုဒ္ဓနှင့်တွေ့သောအခါ တွင်မှ ဗုဒ္ဓဘာသာသို့ ကူးပြော်ငးလာကြသူများ ဖြစ်ကြပါသည်။ ဗုဒ္ဓသည်ပင်လျှင် မူလက ဟိန္ဒူဘာသာဝင် ဖြစ်ပါသည်။ ထို့နောက်မှ မိမိအလိုလိုကိုယ်တော်တိုင် ဗုဒ္ဓဝါဒကို ပြောင်းလဲ တည်ထောင်သူ ဖြစ်ပါသည်-- ပျံလွန်တော်မူခြင်း--- စသည်ဖြင့်လည်း ဘာသာအယူဝါဒ အပြောင်းအလဲနှင့် စပ်၍ မရွံ.မရဲ မရှိသင့်ကြောင်း၊ ဗုဒ္ဓဘာသာဝင် ဖြစ်ရသည်မှာ တသံသရလုံးအတွက် ဂုဏ်ယူဖွယ်ဖြစ်ကြောင်း ပြတ်သား ရဲရင့်စွာ အကြောင်းယုတ္တိ ခိုင်ခိုင်မာမာဖြင့် တစ်ဘဝတာလုံး လှည့်လည်အားပေး ကြွေးကြော်ခဲ့သော ပုဂ္ဂိုလ်ထူးကြီးကား ၁၉၆၆ ခုနှစ်၊ မေလ ၂၅ ရက်နေ့၊ သက်တော် (၆၈) နှစ်အရ မေမြို.၌ ပျံလွန်တော်မူခဲ့လေပြီ။ ကမ္ဘာတစ်ရိုး ဒိုးယိုပေါက်မျှ ခြေထောက်အားကိုး နှိုးဆော်အားပေး ကြွေးကြော်သံတို့ကား ဆရာတော်၏ မေတ္တာဝါဒ နှင့်အတူ ဆက်လက်ကြေငြာ၍ သာသနာပြုနေကြပေဦးမည်သာတကား။ (၁၉၈၀ ခု၊ ဒီဇင်ဘာလထုတ် ရတနာမွန်မဂ္ဂဇင်း၊ ပါရဂူရေး “သာသနာ့ခရီးသည် ဦးလောကနာထ ဆောင်းပါး နှင့် ၁၉၈၀ ၊ ဇွန်လ နှလုံးလှ တိုက်ထွက်၊ မင်းယုဝေ ရေး အထ္ထုပ္ပတ္တိထူး (နိုင်ငံခြားသား ဗုဒ္ဓသာသနာပြုများ အထ္ထုပ္ပတ္တိ စာအုပ်တို့တွင် အပြည့်အစုံပါရှိပါသည်။) စွန်းလွန်းဆရာတော် နှင့် ဦးလောကနာထ ၁၃၁၃ ခုနှစ်၊ ရှင်သာရိပုတ္တရာ နှင့် ရှင်မဟာမောဂ္ဂလာန် အဂရှင်မြတ်တို့၏ ဓာတ်တော်များ ပင့်ဆောင်သည့် အဖွဲ့နှင့်အတူ မြင်းခြံမြို.သို့ အီလာလျှံ ဘုန်းတော်ကြီး ဦးလောကနာထ ကြွရောက်လာ၍ ကျေးဇူးရှင် စွန်းလွန်းဂူကျောင်းဆရာတော်ဘုရားကြီးထံ စုံစမ်းသည့် အနေဖြင့် ဝင်ရောက်ဖူးမျှော်လေသည်။ ဆရာတော်ဘုရားကြီးအား ဖူးမျှော်ရသည့် ခဏ ဦးလောကနာထ တွင် အလွန်ကြည်ညိုစိတ်ဖြစ်ပေါ်လာ သည်နှင့် ထိခြင်း ငါးပါးတို့ဖြင် ရှိခိုး ကန်တော့လေသည်။ ထိုနောက် ဆရာတော်ဘုရားကြီးအား ဘုရားအစစ်-တရားအစစ်-သံဃာအစစ် ကို သိလိုကြောင်း လျှောက်ထားသည်နှင့် ဟောကြားတော်မူသည်မှာ--- (သီးခြားခေါင်းစဉ်ဖြင့်ဖော်ပြပေးပါမည်။) ---------------------------------------------------------------------------------
https://www.dhammaransi.com/index.php/new/680-2016-01-09-10-36-42.html
စွန်းလွန်းဆရာတော်ကြီး နှင့် ဝေဘူဆရာတော်ကြီး များ၏ မေတ္တာစွမ်းအား
“မသိလျှင် ငြိမ်ငြိမ်နေ ၊ သိအောင်လုပ် ၊ ကိုယ် နှုတ် စိတ် မဆော့နှင့်” မသိလျှင် သိအောင်လုပ်၊ မသိပဲနှင့် လက်ဆော့လျှင် ဆင်းရဲတတ်သည်။ မသိပဲနှင့် ပါးစပ်ဆော့လျှင် ဆင်းရဲတတ်သည်။ မသိပဲနှင့် စိတ်ဆော့လျှင် ဆင်းရဲတတ်သည်။ မဆင်းရဲချင်လျှင် ငြိမ်ငြိမ်နေ၍ သိအောင်ကြိုးစားလေ (စွန်းလွန်းဆရာတော်ဘုရားကြီး၏ ဆုံမစကား) စွန်းလွန်းဆရာတောအား ရဟန္တာဟုတ်မဟုတ် အကြမ်းဖျင်းအားဖြင့် စမ်းသပ်သူများလည်း ပေါ်ပေါက်ခဲ့ဖူး ကြောင်း သိရှိရပါသည်။ ဆရာတော်ကြွစဉ် နောက်မှနေ၍ ပေထုပ်(ဗျောက်အိုး) ဖောက်ခွဲခြင်း, အလှူတစ်ခု၌ ဘိလပ်ရည်တွင် အရက်နှင့်ရော၍ တိုက်ရာ၌ ပါးစပ်ထဲသို့ ဝင်သွားသော်လည်း အရက်သတ္တိ ပျက်ပြယ်သွားသည်ဟု ဦးကဝိ မိန့်၏။ တစ်ခါကမူ ခရီးသွားစဉ် ဆရာတော်နှင့် ရင်ဆိုင် မြင်းလှည်းတစ်စီး အရှိန်ပြင်းစွာ မောင်းနှင်လာ၏။ ဆရာတော်ကား မတုန်လှုပ်။ မြင်းလှည်းသာလျှင် အနီးသို့အရောက် ဒလိမ့်ခေါက်ကွေး တိမ်းမှောက်သွား၏။ အကြမ်းစမ်းသပ်သူများ ဒုက္ခရောက်သွားကြသတတ်။ တရားထူးရမှုနှင့်စပ်၍ မည်သူ့ကိုမျှ မည်သည့်အဆင့်ဟု မိန့်တော်မမူ။ သူဟုတ်ရင် ဟုတ်လိမ့်မည်ဟုသာ မိန့်လေ့ရှိသည်။ စွန်းလွန်းဆရာတော်ဦးကဝိ ရဟန္တာအရှင်မြတ်ကြီးသည် ငယ်စဉ်ကာလ ကိူကျော်ဒင် ဘဝက အိမ်ထောင်ကျခဲ့သော မရွှေရီဆိုသူ၏ ဇာတ်လမ်းကလေးမှာလည်း အလွန်စိတ်ဝင်စားဖွယ်ရာ ဖြစ်ပါသည်။ ကိုကျော်ဒင် တစ်ဖြစ်လဲ ဦးကဝိဘဝမှတစ်ဆင့် ရဟန္တာအရှင်မြတ်ကြီး ဖြစ်တော်မူသော မြင်းခြံ စွန်းလွန်းဆရာတော်ဘုရားကြီး တရားထူးတရားမြတ် ရတော်မူသောအခါ ယခင်က လမ်းညွှန် ပြုခဲ့သော လမ်းညွန်ဆရာဦးစံတင်သည်လည်း မောင်ရင်ပေါ်ချောက်၌ ကျောင်းဆောက်ပြီး လျှင် ရဟန်းဝတ်ခဲ့လေသည်။ ထိုအခါ ဇနီးဟောင်းဖြစ်ခဲ့သော မရွှေရီ၏ ကြေကွဲဖွယ်ရာ ဇာတ်သိမ်းခန်း လေးကို အောက်ပါအတိုင်း ဖတ်ရှုခဲ့ရပါသည်။ ဒေါ်ရွှေရီလည်း တရားများအားထုတ်နေ၏။ ဒေါ်ရွှေရီသည် ကာလကြာသောအခါ ကပ္ပိယဦးပြောင်းနှင့် အိမ်ထောင်ကျသည်။ နောက်ကွယ်လွန်သောအခါ ပြိတ္တာဘဝသို့ရောက်နေသဖြင့် ဆရာတော် ဟောချွတ် တော်မူရသည်ဟု သိရပါသည်။ ------------------ “ဝေဘူဆရာတော်ဘုရားကြီး၏ ကြုံးဝါးသံ--သီဟနာဒ” သီလ မေတ္တာအခြေခံသော သူတော်ကောင်းတို့၏ အင်အားသည် ကြီးမားလှပေ၏။ ဝေဘူဆရာတော် ၏ ကျေးဇူးဂုဏ် နှင့် စွမ်းအင်သတ္တိအချို.ကို ကောက်နုတ်ဖော်ပြအပ်ပါသည်။ ၁၃၁၄ ခုနှစ်၊ သီတင်းကျွတ် လပြည့်ကျော် ဂ ရက်နေ့က အဖြစ်အပျက်တစ်ရပ်ဖြစ်၏။ ထိုအချိန်ကား ဆရာတော် ကျော်ကြားခါစ သက်တော် ၅၆ နှစ်မျှသာ ရှိသေး၏။ ဝေဘူချောင်၌ အဆောက်အအုံများ ခမ်းခမ်းနားနားမရှိသေးချေ။ ထိုနေ့ညနေတွင် ဆရာတော်အား ဖူးမျှော်ရန် ရပ်ဝေးမှ လာသော လူ ၃၀၀ ခန့် စုဝေးမိလျက် သားဖြစ်နေ၏။ ဆရာတော်မှာ မိတ္ထီလာမြို.သို့ ကြွနေခိုက်ဖြစ်၍ အဝေးမှလာသော ဒကာ ဒကာမများ ငံ့လင့်နေကြရသည်။ ထိုပရိသတ်အတွင်း တောင်ငူမြို.မှ သစ်တောအရေးပိုင် ဦးလှမောင် နှင့် သစ်တောစာရေးကြီး ဦးလှမောင် (ယခု ဦးပဥ္စင်းဝိရိယ) တို့လည်းတရားအားထုတ်ရန် ရောက်ရှိနေကြ၏။ ရောက်စနေ့ဖြစ်၍ မဖူးတွေ့ရဘူးသေး။ မိတ္ထီလာမှ ကြွလာသောအခါ ရောက်လျှင်ရောက်ချင်း ငံ့လင့်နေသော ပရိသတ်ကြီးအား ထုံးစံအတိုင်း သီလပေးပြီး ငါးမိနစ်ခန့် တရားစကား အနည်းငယ်ပြောဟော တိုက်တွန်းသည်။ တရားစကား ရပ်သွားပြီး ဆရာတော် ငြိမ်သက်စွာ အနားယူ (တရားနှလုံးသွင်း) နေသော်လည်း ပရိသတ်ကြီး မှာ ထပြန်သွားသူမရှိ။ မတုန်မလှုပ် ငြိမ်သက်စွာပင် ကြည်ညိုနေကြ၏။ “ဒီကနေ့ရပ်ဟေ့ လို့ဆိုယင် ရပ်ရမယ်” ထိုအချိန်၌ ဆရာတော်သည် တစ်ခုနှင့်တစ်ခု စကား အဆက်အစပ်မရှိ ၊ စကား ပလ္လင်ခံလည်း မပါသော စကားဝါကျ သုံးခွန်းကို ထူးထူးခြားခြား မိန့်တော်မူရာ တစ်ဝါကျ နှင့် တစ်ဝါကျ ကြားတွင် လည်း အတန်ကြာ ရပ်ဆိုင်း၍ မိန့်တော်မူသည်။ ပရိသတ်ကြီးမှာ အကြောင်းမည်သို့ဟု မသိ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အံ့အား သင်နေကြ၏။ ဆရာတော်မိန့်ကြားသော စကားများမှာ-- “ ဒို့က ရှာပါ ၊ ဖွေပါ ၊ အကုန်ပြ နိုင်တယ်၊ ဒို့များဟာ ဘုရားအဆုံးအမ အတိုင်း နေတဲ့ တောထဲက ရဟန်း တွေပါ” (စကားရပ်သွားပြန်၏။) “ယခု မင်းလုပ်နေတဲ့သူတွေဟာ တိုင်းသူပြည်သားတွေကို ဆင်းရဲအောင် လုပ်နေတယ်၊ ဒါ့ကြောင့် ဘုရားရှင် သာသနာတော်လဲ ညှိုးနွမ်းရတယ်၊ တိုင်းသူပြည်သားတွေ ချမ်းသာယင် သာသနာလဲ ထွန်းတောက်မှာ အမှန်ပဲ” (စကားရပ်သွာပြန်၏။ နိုင်ငံရေးအစိုးရခေတ်ကို ရည်ညွှန်း၍ မိန့်ဆိုခြင်းဖြစ်သည်။) “ထို့ပြင် ဒီနိုင်ငံကို အနီးအနား နိုင်ငံကြီးတွေက ဘာကြီးနဲ့ ပစ်လိုက်မယ်၊ ဘာကြီးနဲ့ ကြဲလိုက်မယ် စသည် အားဖြင့် ခြိမ်းခြောက်နေကြတယ်” ။ “နိဗ္ဗာန် မဂ်ဖိုလ် ရရာရကြောင်း သူတော်ကောင်းတရားကို ကျင့်ကြံရတာ ခက်သလောက် လောကီအလုပ်ဟာ အင်မတန်လွယ်ပါတယ်”။ “ဘယ်လောက် လွယ်သလဲဆိုယင် (လက်ညှိုးကိုပင် ထောင်ပြ၍) ဒို့များက “ဒီကနေ့ ရပ်ဟေ့ လို့ဆိုယင် ရပ်ရမယ်” (စကားများ မူရင်းအတိုင်း၊ တောင်ငူ ဦးပဥ္စင်းကြီး ဦးဝီရိယ အမိန့်ရှိချက်။) ထိုအချိန်ကား အထူးသဖြင့် ဆရာတော် ကျော်ကြားခါစ ရှိသေး၍ အုပ်ချုပ်ရေးတာဝန်အရ စုံစမ်းထောက်လှမ်းသူများ ပရိသတ်ထဲ၌ ရှိနေဟန်တူလေသည်။ နိုင်ငံရေးအရ အရှေ.မြောက်တိုင်း အခြေအနေ (ကေ၊တီ၊အမ်၊ တရုတ်ဖြူကျူးကျော်မှုကိစ္စ) အရေးကိစ္စမှာလည်း အလွန်ရူပ်ထွေး နေချိန်ဖြစ်သည်။ အမျိုးဘာသာ သာသနာအတွက် သူတော်ကောင်းကြီးများ ကြောင့်ကြမဲ့ မနေနိုင်ပုံ ၊ သတ္တဝါအများက မသိသော်လည်း (အသိပေးရန်ပင်မလိုသော်လည်း) သတ္တဝါအများ ချမ်းသာရေးအတွက် စွမ်းအား ရှိသမျှ မနေမနား ဆောင်ရွက်တော်မူနေပုံ၊ ထိုအထဲ အလိုက်ကမ်းဆိုး မသိသူများကြောင့် အနှောင့်အယှက် ဖြစ်ရပုံ စသည်များကို အပွင့်လင်းဆုံး မိန့်တော်မူဟန်တူလေသည်။ ဆက်ရန်- (ဆရာကြီး ဓမ္မာစရိယ ဦးဌေးလှိုင်၏ မေတ္တာဝါဒ [ ဗြဟ္မဝိဟာရအဖွင့် ] စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။)
https://www.dhammaransi.com/index.php/new/681-2016-01-09-10-36-21.html
စွန်းလွန်းဆရာတော် နှင့် အီတာလျှံ ဘုန်းတော်ကြီး ဦးလောကနာထ
၁၃၁၃ ခုနှစ်၊ ရှင်သာရိပုတ္တရာ နှင့် ရှင်မဟာမောဂ္ဂလာန် အဂရှင်မြတ်တို့၏ ဓာတ်တော်များ ပင့်ဆောင်သည့် အဖွဲ့နှင့်အတူ မြင်းခြံမြို.သို့ အီလာလျှံ ဘုန်းတော်ကြီး ဦးလောကနာထ ကြွရောက်လာ၍ ကျေးဇူးရှင် စွန်းလွန်းဂူကျောင်းဆရာတော်ဘုရားကြီးထံ စုံစမ်းသည့် အနေဖြင့် ဝင်ရောက်ဖူးမျှော်လေသည်။ ဆရတော်ဘုရားကြီးအား ဖူးမျှော်ရသည့် ခဏ ဦးလောကနာထ တွင် အလွန်ကြည်ညိုစိတ်ဖြစ်ပေါ်လာ သည်နှင့် ထိခြင်း ငါးပါးတို့ဖြင် ရှိခိုး ကန်တော့လေသည်။ ထိုနောက် ဆရာတော်ဘုရားကြီးအား ဘုရားအစစ်-တရားအစစ်-သံဃာအစစ် ကို သိလိုကြောင်း လျှောက်ထားသည်နှင့် ဟောကြားတော်မူသည်မှာ--- -ဘုန်းကြီးတို့ မြတ်စွာဘုရားဟာ မဇ္စျိမဒေက ဖြစ်တယ်။ သိဒ္ဓတ္ထကုမာရ မင်းသားဟာ ဘုရားအဖြစ်ကို လိုချင်လို့ မိဘ-သားမယား-ဆွေမျိုးအားလုံးကို စွန့်ပြီး တောထွက်သွားတယ်။ -အဲဒီလို တောထွက်သွားပြီးနောက် ၊ ဗောဓိပင် နှင့် ရွှေပလ္လင်ပေါ်ကျတော့ နှာသီးဝ ကာယတံခါးကို လေတိုးထိ၊ ထိတော့သိ၊ သိတဲ့အပေါ် သတိထားပြီး ကိုယ့်ကိုယ်ကို သုံးသပ်လိုက်တာ ပဌမ အလင်းရတယ်၊ အလင်းရပြီး ဖြစ်မှုပျက်မှုကို မြင်တယ်၊ နောက်တော့ တံခါးဆုံက တံခါးပွင့်သွားတယ်။ -အဲဒီတံခါးဆုံက ဘယ်မှာရှိသလဲလို့ မေးတယ်ဆိုပါတော့။ ဘုန်းကြီးတို့ကတော့ ဦးခေါင်းထဲမှာ ရှိတယ်လို့ ပြောမှာဘဲ၊ -ဘယ်တံခါး ပွင့်သလဲဆိုရင် မျက်စိ-နား-နှာခေါင်း-ပါးစပ်-ကာယ-မန။ -အဲဒီ တံခါး ခြောက်ပေါက်ပွင့်သွားတယ်။ ***အဲဒီ ပွင့်ခြင်းကို “ဗုဒ္ဓ” လို့ခေါ်တယ်။ ဘုရားလို့လဲခေါ်တယ် ပွင့်ခြင်းလို့လဲခေါ်တယ်။ အဲဒီတံခါးပွင့်သွားတော့ သစ္စာလေးပါးကို လေးကြိမ်မြင်ရတယ်၊ ***အဲဒီသစ္စာလေးပါးကို တရား လို့ခေါ်တယ်။ *** မဂ်က လေးပါး ၊ ဖိုလ်က လေးပါး အပေါင်းကို သံဃာ လို့ခေါ်တယ်။ အဲဒါ ဘုရားစစ်-တရားစစ်-သံဃာစစ် ဘဲဟု ဟောတော်မူပြီး ဓမ္မစကြာ တရားကို ဆက်လက် ဟောတော်မူသည်။ ဓမ္မစကြာတရားကို နာကြားရပြီးသောအခါ ဦးလောကနာထ သည် အလွန်သဒ္ဓါထက်သည်ဖြစ်၍ ဆရာတော်ဘုရား နှင့် တွေ့ရတာ အမိအဘ အစ်ကို အစ်မများတို့ နှင့် တွေ့ရသလိုပါဘဲ ဘုရား၊ ဆရာတော်ဘုရားနှင့် နောက်တော့ တွေ့ရအုံးမှာလား ဘုရားဟု လျှောက်ထားပြန်ရာာ၊ မတွေ့ရတော့ဘူးဟု အမိန့်ရှိသည်နှင့် ဘာပြုလို့ မတွေ့ရတော့မှာလဲ ဘုရားဟု လျှောက်ထား လေ၏။ ထိုအခါ ဆရာတော်ဘုရားကြီးက ကိုယ်တော်က ဘုရားဆုပန် ဆိုတော့ လူစွမ်းကောင်းကြီးပေါ့ ၊ တပည့်တော်တို့က ကိုယ်တော်တို့လို သတ္တိမကောင်းဘူး။ ဒါကြောင့် မတွေ့ရတော့ဘူးဟု ပြန်လည် အမိန့်ရှိလေသည်။ ထို့နောက် ဦးလောကနာထသည် ဆရာတော်ဘုရားကြီးအား တိဝီဝရိတ်သင်္ကန်းနှင့် လှူဘွယ်ဝတ္တု အမျိုးမျိုးတို့ကို လှူဒါန်း၍ လျှောက်ထားပြန်သည်မှာ တပည့်တော်၏ မိဘများဟာ မိစ္ဆာအယူနှင့် ဘဝတပါး ပြောင်းရွှေ.သွားကြရပါတယ်။ ယခုလှူဒါန်းရသော ကုသိုလ်ကောင်းမှုကြောင့် သမ္မာအယူ ရနိုင်ကြပါ့မလားဘုရား၊ ထိုအခါ ဆရာတော်ဘုရားက အမျှပေးဝေလို့ သာဓုခေါ်နိုင်ရင် သမ္မာအယူ ဖြစ်နိုင်ပါတယ်လို့ အမိန့်ရှိသည်နှင့် အမျှပေးဝေလေ၏။ ၎င်းနောက် အီတာလျှံ ဘုန်းတော်ကြီး ဦးလောကနာထသည် ဆရာတော်ဘုရားကြီးအား ကန်တော့ပြီးလျှင် ပြန်ကြွသွားလေ၏။ အီလာလျှ ဘုန်းတော်ကြီး ဦးလောကနာထ ဟောကြားချက်များမှ ကောက်နုတ်ချက် မြန်မာပြည်တွင် ရဟန္တာ အပါး ၅၀-ခန့်ရှိသည်ဟု ကြားသိရသဖြင့် ဖူးမျှော်လို၍ လိုက်လံ ရှာဖွေခဲ့ရာတွင် မြင်းခြံမြို.စွန်းလွန်းဂူကျောင်း ဆရာတော်ဘုရားကြီး၏ တရားဒေသနာ ဟောကြား ဆုံးမပုံ၊ အမျိုးမျိုးသော လျှောက်ထားချက်များကို ဖြေကြားပုံ၊ အနေအထိုင် အသွားအလာမှစ၍ အလုံးစုံတို့သည် ကြည်ညိုဖွယ်ရာ ဂုဏ်တို့ဖြင့် ပြည့်စုံသည်ဖြစ်၍ အများသမုတ်ကြသည့်အတိုင်း ရဟန္တာ အစစ်ဖြစ်သည်ဟု လှိုက် လှိုက် လှဲလှဲ စိတ်ချယုံကြည်ပါသည်။ ဤကဲ့သို့ မြန်မာပြည်တွင် ရဟန္တာအစစ်ပေါ်ထွန်းသည့် အတွက် ကမ္ဘာတွင် မြန်မာက ဂုဏ်ယူဘွယ် ဖြစ်သဖြင့် ဘုန်းကြီးလဲ မြန်မာပြည်နှင့်တကွ ရောက်လေရာ နိုင်ငံရပ်ခြားတိုင်းပြည်များတွင် ကျေးဇူးရှင် စွန်းလွနးဆရာတော်ဘုရားကြီး၏ ဂုဏ်သတင်းကို ထင်လင်းပျံ.နှံ့အောင် ဟောကြားသွားမည် ဟု မြင်းခြံမြို. ကိုးဆောင်ကျောင်းတိုက်တွင် ဟောကြားသွားလေသည်။ (မြင်းခြံမြို. ကျေးဇူးရှင် စွန်းလွန်းဂူကျောင်း ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိအကျယ်၊ တရားတော်များ စာအုပ်မှ ကောက်နုတ်ပူဇော်ပါသည်။)
https://www.dhammaransi.com/index.php/new/682-2016-01-09-10-35-14.html
ဘေးရန်ကင်းကွာ စီးပွားဖြာသည့် ဂုဏ်တော်ကွန်ချာ ဂါထာပါဠိ အနက်
ဘေးရန်ကင်းကွာ စီးပွားဖြာသည့် ဂုဏ်တော်ကွန်ချာ ဂါထာပါဠိ အနက် ၁။ သော ဘဂဝါ ဣတိပိ အရဟံ၊ အရဟံ ဝတ သော ဘဂဝါ၊ အရဟန္တံ သရဏံ ဂစ္ဆာမိ၊ အရဟန္တံ သိရသာ နမာမိ၊ ပထမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ အရဟံ။ သောဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ ဤသို့ လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော အကြောင်းကြောင့်လည်း။ အရဟံ အရဟံမည်တော်မူပါပေ၏။ သောဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန်အမှန်မလွဲ၊ လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်ပါပေ၏။ အရဟန္တံ လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားကိုု သရဏံ ကိုးကွယ်အားထားရာဟူ၍ ဂစ္ဆာမိ ဆည်းကပ်ပူဇော်ပါ၏။ အရဟန္တံ လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားကို သိရသာ ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့် နမာမိ ရှိခိုးကန်တော့ပါ၏။ ပထမော ရှေးဦးစွာသော ဝဇိရပါကာရော အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။ သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ ဤသို့ လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော အကြောင်းကြောင့်လည်း။ အရဟံ အရဟံ မည်တော်မူပါပေ၏။ ၂။ သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓေါ ဝတ သော ဘဂဝါ၊ သမ္မာသမ္ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ သမ္မာသမ္ဗုဒ္ဓံ သိရသာ နမာမိ၊ ဒုတိယော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ။ သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ တရားအလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူသော အကြောင်းကြောင့်လည်း။ သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓ မည်တော်မူပါပေ၏။ သော ဘဂဝါ၊ ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန် အမှန်မလွဲး။ သမ္မာသမ္ဗုဒ္ဓေါ၊ တရားအလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူပါပေ၏။ သမ္မာသမ္ဗုဒ္ဓံ၊ တရားအလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူသော မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ အားထားရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပူဇော်ပါ၏။ သမ္မာသမ္ဗုဒ္ဓံ၊ တရားအလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူသော မြတ်စွာဘုရားကို။ သိရသာ၊ ဦးခေါင်းရ တနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးကန်တော့ပါ၏။ ဒုတိယော၊ နှစ်ခုမြောက်သော။ ဝဇိရပါကာရော၊ အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။ သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ တရားအလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူသော အကြောင်းကြောင့်လည်း။ သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓ မည်တော်မူပါပေ၏။ ၃။ သော ဘဂဝါ ဣတိပိ ၀ိဇ္ဇာစရဏသမ္ပန္နော၊ ၀ိဇ္ဇာစရဏသမ္ပန္နော ဝတ သော ဘဂဝါ၊ ၀ိဇ္ဇာစရဏသမ္ပန္နံ သရဏံ ဂစ္ဆာမိ၊ ၀ိဇ္ဇာစရဏသမ္ပန္နံ သိရသာ နမာမိ၊ တတိယော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ ၀ိဇ္ဇာစရဏသမ္ပန္နော။ သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား တစ်ဆယ့်ငါး ပါးနှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း။ ဝိဇ္ဇာစရဏသမ္ပန္နော၊ ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူပါပေ၏။ သော ဘဂဝါ၊ ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန် အမှန်မလွဲး။ ဝိဇ္ဇာစရဏသမ္ပန္နော၊ ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား တစ်ဆယ့်ငါး ပါးနှင့် ပြည့်စုံတော်မူပါပေ၏။ ဝိဇ္ဇာစရဏသမ္ပန္နံ၊ ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား တစ်ဆယ့်ငါး ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ အားထားရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပူဇော်ပါ၏။ ဝိဇ္ဇာစရဏသမ္ပန္နံ၊ ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား တစ်ဆယ့်ငါး ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို။ သိရသာ၊ ဦးခေါင်းရ တနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးကန်တော့ပါ၏။ တတိယော၊ သုံးခုမြောက်သော။ ဝဇိရပါကာရော၊ အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။ သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား တစ်ဆယ့်ငါး ပါးနှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း။ ဝိဇ္ဇာစရဏသမ္ပန္နော၊ ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူပါပေ၏။ ၄။ သော ဘဂဝါ ဣတိပိ သုဂတော၊ သုဂတော ဝတ သော ဘဂဝါ၊ သုဂတံ သရဏံ ဂစ္ဆာမိ၊ သုဂတံ သိရသာ နမာမိ၊ စတုတ္ထော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ သုဂတော။ သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ နိဗ္ဗာန်သို့ သွားတော်မူတတ်သော အကြောင်းကြေင့်လည်း။ သုဂတော၊ သုဂတမည်တော်မူပါပေ၏။(တစ်နည်း) ဣတိပိ၊ ဤသို့ ကောင်းသောစကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း၊ သုဂတော၊ သုဂတမည်တော်မူပါပေ၏။ သော ဘဂဝါ၊ ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန် အမှန်မလွဲး။ သုဂတော၊ နိဗ္ဗာန်သို့ သွားတော်မူတတ်ပါပေ၏။ (တစ်နည်း) သုဂတော၊ ကောင်းသောစကားကို ဆိုတော်မူတတ်ပါပေ၏။ သုဂတံ၊ နိဗ္ဗာန်သို့ သွားတော်မူတတ်သော။ (တစ်နည်း) ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ အားထားရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပူဇော်ပါ၏။ သုဂတံ၊ နိဗ္ဗာန်သို့ သွားတော်မူတတ်သော။ (တစ်နည်း) ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားကို။ သိရသာ၊ ဦးခေါင်းရ တနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးကန်တော့ပါ၏။ စတုတ္ထော။ လေးခုမြောက်သော။ ဝဇိရပါကာရော၊ အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။ သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ နိဗ္ဗာန်သို့ သွားတော်မူတတ်သော အကြောင်းကြေင့်လည်း။ သုဂတော၊ သုဂတမည်တော်မူပါပေ၏။(တစ်နည်း) ဣတိပိ၊ ဤသို့ ကောင်းသောစကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း၊ သုဂတော၊ သုဂတမည်တော်မူပါပေ၏။ ၅။ သော ဘဂဝါ ဣတိပိ လောကဝိဒူ၊ လောကဝိဒူ ဝတ သော ဘဂဝါ၊ လောကဝိဒုံ သရဏံ ဂစ္ဆာမိ၊ လောကဝိဒုံ သိရသာ နမာမိ၊ ပဥ္စမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ လောကဝိဒူ။ သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ ကာမလောက၊ ရူပလောက၊ အရူပလောကတည်းဟူသော လောကသုံးပါးကို သိတော်မူတတ်သော အကြောင်းကြေင့်လည်း။ (တစ်နည်း) ဣတိပိ၊ ဤသို့ သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောကဟုဆိုအပ်သော လောကသုံးပါးကို သိတော်မူတတ်သော အကြောင်းကြောင့်လည်း၊ လောကဝိဒူ၊ လောကဝိဒူ မည်တော်မူပါပေ၏။ သော ဘဂဝါ၊ ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန် အမှန်မလွဲး။ လောကဝိဒူ၊ ကာမလောက၊ ရူပလောက၊ အရူပလောကတည်းဟူသော လောကသုံးပါးကို သိတော်မူတတ်ပါပေ၏။ (တစ်နည်း) ဣတိပိ၊ ဤသို့ သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောကဟုဆိုအပ်သော လောကသုံးပါးကို သိတော်မူတတ်ပါပေ၏။ လောကဝိဒုံ၊ ကာမလောက၊ ရူပလောက၊ အရူပလောကတည်းဟူသော လောကသုံးပါးကို သိတော်မူတတ်သော မြတ်စွားဘုရားကို (တစ်နည်း) ဣတိပိ၊ ဤသို့ သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောကဟုဆိုအပ်သော လောကသုံးပါးကို သိတော်မူတတ်သော မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ အားထားရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပူဇော်ပါ၏။ လောကဝိဒုံ၊ ကာမလောက၊ ရူပလောက၊ အရူပလောကတည်းဟူသော လောကသုံးပါးကို သိတော်မူတတ်သော မြတ်စွားဘုရားကို (တစ်နည်း) ဣတိပိ၊ ဤသို့ သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောကဟုဆိုအပ်သော လောကသုံးပါးကို သိတော်မူတတ်သော မြတ်စွာဘုရားကို။ သိရသာ၊ ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးကန်တော့ပါ၏။ ပဥ္စမော၊ ငါးခုမြောက်သော။ ဝဇိရပါကာရော၊ အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။ သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ ကာမလောက၊ ရူပလောက၊ အရူပလောကတည်းဟူသော လောကသုံးပါးကို သိတော်မူတတ်သော အကြောင်းကြေင့်လည်း။ (တစ်နည်း) ဣတိပိ၊ ဤသို့ သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောကဟုဆိုအပ်သော လောကသုံးပါးကို သိတော်မူတတ်သော အကြောင်းကြောင့်လည်း၊ လောကဝိဒူ၊ လောကဝိဒူ မည်တော်မူပါပေ၏။ ၆။ သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ၊ အနုတ္တရော ပုရိသ ဒမ္မသာရထိ ဝတ သော ဘဂဝါ၊ အနုတ္တရံ ပုရိသ ဒမ္မသာရထိံ သရဏံ ဂစ္ဆာမိ၊ အနုတ္တရံ ပုရိသ ဒမ္မသာရထိံ သိရသာ နမာမိ၊ ဆဋ္ဌမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ။ သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ ဆုံးမတော်မူရာ၌အတုမရှိမြတ်တော်မူသော အကြောင်းကြောင့်လည်း။ အနုတ္တရောပုရိသဒမ္မသာရထိ၊ အနုတ္တရောပုရိသဒမ္မ မည်တော်မူပါပေ၏။ သော ဘဂဝါ၊ ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန် အမှန်မလွဲး။ အနုတ္တရောပုရိသဒမ္မသာရထိ၊ ဆုံးမတော်မူရာ၌အတုမရှိ မြတ်တော်မူပါပေ၏။ အနုတ္တရောပုရိသဒမ္မသာရထိ ံ၊ ဆုံးမတော်မူရာ၌ အတုမရှိမြတ်တော်မူသော မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ အားထားရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပူဇော်ပါ၏။ အနုတ္တရောပုရိသဒမ္မသာရထိ ံ၊ ဆုံးမတော်မူရာ၌ အတုမရှိမြတ်တော်မူသော မြတ်စွာဘုရားကို။ သိရသာ၊ ဦးခေါင်းရ တနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးကန်တော့ပါ၏။ ဆဋ္ဌမော၊ ခြောက်ခုမြောက်သော။ ဝဇိရပါကာရော၊ အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။ သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ ဆုံးမတော်မူရာ၌အတုမရှိမြတ်တော်မူသော အကြောင်းကြောင့်လည်း။ အနုတ္တရောပုရိသဒမ္မသာရထိ၊ အနုတ္တရောပုရိသဒမ္မ မည်တော်မူပါပေ၏။ ၇။ သော ဘဂဝါ ဣတိပိ သတ္ထာ ဒေဝမနုဿာနံ၊ သတ္ထာ ဒေဝမနုဿာနံ ဝတ သော ဘဂဝါ၊ သတ္ထာရံ ဒေဝမနုဿာနံ သရဏံ ဂစ္ဆာမိ၊ သတ္ထာရံ ဒေဝမနုဿာနံ သိရသာ နမာမိ၊ သတ္တမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ သတ္ထာ ဒေဝမနုဿာနံ။ သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ နတ်၊ လူတို့၏ ဆရာတစ်ဆူဖြစ်တော်မူသော အကြောင်းကြောင့်လည်း။ သတ္ထာဒေဝမနုဿာနံ၊ သတ္ထာဒေဝမနုဿာန မည်တော်မူပါပေ၏။ သော ဘဂဝါ၊ ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန် အမှန်မလွဲး။ သတ္ထာဒေဝမနုဿာနံ၊ နတ်လူတို့၏ ဆရာတစ်ဆူဖြစ်တော်မူပါပေ၏။ သတ္ထာဒေဝမနုဿာနံ၊ နတ်လူတို့၏ ဆရာတစ်ဆူဖြစ်တော်မူသောမြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ အားထားရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပူဇော်ပါ၏။ သတ္ထာဒေဝမနုဿာနံ၊ နတ်လူတို့၏ ဆရာတစ်ဆူဖြစ်တော်မူသောမြတ်စွာဘုရားကို။ သိရသာ၊ ဦးခေါင်းရ တနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးကန်တော့ပါ၏။ သတ္တမော၊ ခုနှစ်ခုမြောက်သော။ ဝဇိရပါကာရော၊ အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။ သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ နတ်၊ လူတို့၏ ဆရာတစ်ဆူဖြစ်တော်မူသော အကြောင်းကြောင့်လည်း။ သတ္ထာဒေဝမနုဿာနံ၊ သတ္ထာဒေဝမနုဿာန မည်တော်မူပါပေ၏။ ၈။ သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ၊ ဗုဒ္ဓေါ ဝတ သော ဘဂဝါ၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဗုဒ္ဓံ သိရသာ နမာမိ၊ အဋ္ဌမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ။ သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ သစ္စာလေးပါး တရားတို့ကို မိမိကိုယ်တော်တိုင်လည်းသိ၊ သတ္တဝါအများတို့အားလည်း သိစေတော်မူတတ်သော အကြောင်းကြောင့်လည်း။ ဗုဒ္ဓေါ၊ ဗုဒ္ဓမည်တော်မူပါပေ၏။ ဘဂဝါ၊ ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန် အမှန်မလွဲး။ ဗုဒ္ဓေါ၊ သစ္စာလေးပါး တရားတို့ကို မိမိကိုယ်တော်တိုင်လည်းသိ၊ သတ္တဝါအများတို့အားလည်း သိစေတော်မူတတ်ပါပေ၏။ ဗုဒ္ဓံ၊ သစ္စာလေးပါး တရားတို့ကို မိမိကိုယ်တော်တိုင်လည်းသိ၊ သတ္တဝါအများတို့အားလည်း သိစေတော်မူသောမြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ အားထားရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပူဇော်ပါ၏။ ဗုဒ္ဓံ၊ သစ္စာလေးပါး တရားတို့ကို မိမိကိုယ်တော်တိုင်လည်းသိ၊ သတ္တဝါအများတို့အားလည်း သိစေတော်မူသောမြတ်စွာဘုရားကို။ သိရသာ၊ ဦးခေါင်းရ တနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးကန်တော့ပါ၏။ အဋ္ဌမော၊ ရှစ်ခုမြောက်သော။ ဝဇိရပါကာရော၊ အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။ သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ သစ္စာလေးပါး တရားတို့ကို မိမိကိုယ်တော်တိုင်လည်းသိ၊ သတ္တဝါအများတို့အားလည်း သိစေတော်မူတတ်သော အကြောင်းကြောင့်လည်း။ ဗုဒ္ဓေါ၊ ဗုဒ္ဓမည်တော်မူပါပေ၏။ ၉။ သော ဘဂဝါ ဣတိပိ ဘဂဝါ၊ ဘဂဝါ ဝတ သော ဘဂဝါ၊ ဘဂဝန္တံ သရဏံ ဂစ္ဆာမိ၊ ဘဂဝန္တံ သိရသာ နမာမိ၊ နဝမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ ဘဂဝါ။ သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ ဘုန်းတော်အနန္တ၊ တန်ခိုးတော်အနန္တတို့နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း။ ဘဂဝါ၊ ဘဂဝါမည်တော်မူပါပေ၏။ ဘဂဝါ၊ ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန် အမှန်မလွဲး။ ဘဂဝါ၊ ဘုန်းတော်အနန္တ၊ တန်ခိုးတော်အနန္တတို့နှင့် ပြည့်စုံတော်မူပါပေ၏။ ဘဂဝန္တံ၊ ဘုန်းတော်အနန္တ၊ တန်ခိုးတော်အနန္တတို့နှင့် ပြည့်စုံတော်မူသောမြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ အားထားရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပူဇော်ပါ၏။ ဘဂဝန္တံ၊ ဘုန်းတော်အနန္တ၊ တန်ခိုးတော်အနန္တတို့နှင့် ပြည့်စုံတော်မူသောမြတ်စွာဘုရားကို။ သိရသာ၊ ဦးခေါင်းရ တနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးကန်တော့ပါ၏။ နဝမော၊ ကိုးခုမြောက်သော။ ဝဇိရပါကာရော၊ အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။ သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ ဘုန်းတော်အနန္တ၊ တန်ခိုးတော်အနန္တတို့နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း။ ဘဂဝါ၊ ဘဂဝါမည်တော်မူပါပေ၏။ ၁၀။ သော ဘဂဝါ ဣတိပိ လောကဝိဒူ၊ လောကဝိဒူ ဝတ သော ဘဂဝါ၊ လောကဝိဒုံ သရဏံ ဂစ္ဆာမိ၊ လောကဝိဒုံ သိရသာ နမာမိ၊ ပဥ္စမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ လောကဝိဒူ။ အပိုဒ်(၅) လောကဝိဒူ နှင့်တူ၏ ၁၁။ သော ဘဂဝါ ဣတိပိ သုဂတော၊ သုဂတော ဝတ သော ဘဂဝါ၊ သုဂတံ သရဏံ ဂစ္ဆာမိ၊ သုဂတံ သိရသာ နမာမိ၊ စတုတ္ထော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ သုဂတော။ အပိုဒ်(၄) သုဂတောနှင့်တူ၏။ ၁၂။ သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ၊ အနုတ္တရော ပုရိသ ဒမ္မသာရထိ ဝတ သော ဘဂဝါ၊ အနုတ္တရံ ပုရိသ ဒမ္မသာရထိံ သရဏံ ဂစ္ဆာမိ၊ အနုတ္တရံ ပုရိသ ဒမ္မသာရထိံ သိရသာ နမာမိ၊ ဆဋ္ဌမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ။ အပိုဒ်(၆) အနုတ္တရောပုရိသဒမ္မသာရထိနှင့်တူ၏။ ၁၃။ သော ဘဂဝါ ဣတိပိ ၀ိဇ္ဇာစရဏသမ္ပန္နော၊ ၀ိဇ္ဇာစရဏသမ္ပန္နော ဝတ သော ဘဂဝါ၊ ၀ိဇ္ဇာစရဏသမ္ပန္နံ သရဏံ ဂစ္ဆာမိ၊ ၀ိဇ္ဇာစရဏသမ္ပန္နံ သိရသာ နမာမိ၊ တတိယော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ ၀ိဇ္ဇာစရဏသမ္ပန္နော။ အပိုဒ်(၃) ဝိဇ္ဇာစရဏသမ္ပန္နော နှင့်တူ၏။ ၁၄။ သော ဘဂဝါ ဣတိပိ သတ္ထာ ဒေဝမနုဿာနံ၊ သတ္ထာ ဒေဝမနုဿာနံ ဝတ သော ဘဂဝါ၊ သတ္ထာရံ ဒေဝမနုဿာနံ သရဏံ ဂစ္ဆာမိ၊ သတ္ထာရံ ဒေဝမနုဿာနံ သိရသာ နမာမိ၊ သတ္တမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ သတ္ထာ ဒေဝမနုဿာနံ။ အပိုဒ်(၇) သတ္ထာဒေဝမနုဿာနံနှင့်တူ၏ ၁၅။ သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓေါ ဝတ သော ဘဂဝါ၊ သမ္မာသမ္ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ သမ္မာသမ္ဗုဒ္ဓံ သိရသာ နမာမိ၊ ဒုတိယော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ။ အပိုဒ်(၂) သမ္မာသမ္ဗုဒ္ဓနှင့်တူ၏။ ၁၆။ သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ၊ ဗုဒ္ဓေါ ဝတ သော ဘဂဝါ၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဗုဒ္ဓံ သိရသာ နမာမိ၊ အဋ္ဌမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ။ အပိုဒ်(၈) ဘဂဝါနှင့်တူ၏။ ၁၇။ သော ဘဂဝါ ဣတိပိ အရဟံ၊ အရဟံ ဝတ သော ဘဂဝါ၊ အရဟန္တံ သရဏံ ဂစ္ဆာမိ၊ အရဟန္တံ သိရသာ နမာမိ၊ ပထမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ အရဟံ။ အပိုဒ်(၁) အရဟံနှင့်တူ၏။ ၁၈။ သော ဘဂဝါ ဣတိပိ ဘဂဝါ၊ ဘဂဝါ ဝတ သော ဘဂဝါ၊ ဘဂဝန္တံ သရဏံ ဂစ္ဆာမိ၊ ဘဂဝန္တံ သိရသာ နမာမိ၊ နဝမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ ဘဂဝါ။ အပိုဒ်(၉) ဘဂဝါနှင့်တူ၏။ ဂုဏ်တော်ကွန်ချာပြီး၏။
https://www.dhammaransi.com/index.php/new/683-2016-01-09-10-34-26.html
“မြတ်ဘုရားသော်မှ တွေ့ကြုံခံစားခဲ့ရသည့် လောကရှိနေသမျှ ဆုတ်ဖယ်ရှောင်သွားခြင်း မရှိ ဖြစ်နေမည့်တရားများ။”
ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ။ အသောကံ ၀ိရဇံ ခေမံ ၊ ဧတံ မင်္ဂလာ မုတ္တမံ။ ဒေဝပုတ္တ၊ နတ်သား။ လောကဓမ္မေဟိ ၊ လောကဓံတရားတို့နှင့်။ ဖုဋ္ဌဿ၊ တွေ့ကြုံရသော။ ယဿ၊ အကြင်ပုဂ္ဂိုလ်၏။ စိတ္တံ ၊ စိတ်သည်။ နကမ္ပတိ ၊ မတုန်လှုပ်။ အသောကံ၊ စိုးရိမ်ပူဆွေးခြင်းလည်းမရှိ။ ၀ိရဇံ ၊ ရာဂစသောမြူလည်းမရှိ။ ခေမံ ၊ ဘေးလည်းမရှိ။ ဧတံ ၊ ဤလေးပါးကား။ ဥတ္တမံ၊ ကောင်းမြတ်သော။ မင်္ဂလံ ၊ မင်္ဂလာပေတည်း စကားပြေ--နတ်သား - လောကဓံတရားတို့နှင့် တွေ့ကြုံရသော ပုဂ္ဂိုလ်၏ စိတ် မတုန်လှုပ်ခြင်း၊ စိုးရိမ်ပူဆွေမှု မရှိခြင်း၊ ရာဂစသော မြူမရှိခြင်း၊ ဘေးရန်ကင်းခြင်း၊ ဤလေးပါးမှာ ကောင်းမြတ်သော မင်္ဂလာပင်။ လောကဓံတရား (၁) လာဘ = လာဘ်ရခြင်း။ (၂) အလာဘ = လာဘ်မရခြင်း။ (၃) ယသ = အခြွေအရံပေါများခြင်း။ (၄) အယသ = အခြွေအရံမရှိခြင်း။ (၅) နိန္ဒာ = ကဲ့ရဲ.ခံရခြင်း။ (၆) ပသံသာ = ချီးမွမ်းခံရခြင်း။ (၇) သုခ = ချမ်းသာခြင်း။ (၈) ဒုက္ခ = ဆင်းရဲခြင်း တို့ကားလောကဓံများတည်း။ ဤတရား (၈) ပါးမှာ တစ်လှည့်စီ ဖြစ်လေ့ရှိ၏။ လောက၌ နေရသူမှန်လျှင် အမှန်ပင် တွေ့ကြုံရမည့် သဘောများဖြစ်၍ လောကဓံ ဆို၏။ ဘုရားသော်မှ မလွတ်ကင်း ။ ဘုရားရှင်မှာ တစ်ခါတရံ မကုန်နိုင်မခန်းနိုင် အတိုင်းမသိအောင် ပစ္စည်းလေးပါး ပေါများလှသော်လည်း၊ တစ်ခါတစ်ရံမူ ရှားရှားပါးပါး အဖြစ်နှင့် ကြုံရ၏။ ဝေရဥ္ဇာပြည်၌ ၀ါကပ်စဉ် မုယောဆွမ်းကြမ်း ကို ဘုဉ်းပေးရ၏။ တစ်ခါက ဧကနာဠပုဏ္ဏားရွာ၌ ဆွမ်းခံစဉ် လူတွေအား မာရ်နတ်လှည့်ဖြားထားမှုကြောင့် ဆွမ်းလောင်းရန် အမှတ်မရဖြစ်ရာ သပိတ်ချည်း သက်သက်ဖြင့် ထွက်ခွာတော်မူခဲ့ရ၏။ နတ်လူဗြဟ္မာတို့၏ အတုမဲ့ ချီးမွမ်းသံကို ခံယူရသော်လည်း စိဥ္ဇမာဏဝိကာ စွပ်စွဲခြင်း၊ သုန္ဒရီပရိဗိုဇ်မ စွပ်စွဲခြင်း စသည်ကို အကြောင်းပြု၍ မလိုလားသူများ ကဲ့ရဲ.မှုကိုလည်း ခံတော်မူရ၏။ ဖလသမာပတ်ချမ်းသာ၊ နိရောဓသမာပတ်ချမ်းသာ ဟူသော ချမ်းသာအတိနှင့် ကြုံရသော ရှင်တော်မြတ်မှာ တစ်ရံတစ်ခါ ခါးတော်နာခြင်း ၊ ဝမ်းတော်လားခြင်း စသော ဒုက္ခနှင့် ကြုံတော်မူ ရ၏။ ဘုရားသော်မှ တွေ့ကြုံရသော ထိုသဘောများမှာ ဘယ်သူမဆို ကြုံရမည်သာဖြစ်သောကြောင့် “လေကဿ ဓမ္မာ လောကဓမ္မာ” လောက၏ တရား၊ လောကရှိနေသမျှ ဆုတ်ဖယ်ရောင်သွားခြင်း မရှိ ဖြစ်နေမည့် တရားများ ဟုဆိုရ၏။ ဤ၌ လောကဓံကြောင့် မတုန်လှုပ်ခြင်းကို ရဟန္တာ၏ စိတ်သာ၊ တခြားသူ၏ စိတ်မဟုတ်ဟု အဋ္ဌကထာဖွင့်၏။ အကောင်းဆုံး အပြည့်စုံဆုံး မတုန်လှုပ်မှုကို ယူလို၍ ဥက္ကဋ္ဌနိဒ္ဒေသနည်းအရ ဖွင့်ခြင်းဖြစ်သည်။ ရဟန္တာအရှင်မြတ်တို့မှာ ဣဋ္ဌာရုံ ၊ အနိဋ္ဌာရုံ ကြုံတွေ့သောအခါ ဣဋ္ဌ ကို အနိဋ္ဌ အဖြစ်၊ အနိဋ္ဌကို ဣဋ္ဌ အဖြစ် မိမိလိုသလို ပြောင်းလွဲရူနိုင်အောင် စိတ်ကိုအစိုးရသည့် တာဒိဂုဏ်နှင့် ပြည့်စုံကြသည် ဖြစ်ရာ ကျောက်တောင်ကြီးသည် လေတို့ကြောင့် မလှုပ်ရှားသကဲ့သို့ ထို့အတူ ကဲ့ရဲ.ခြင်း၊ ချီးမွမ်းခြင်း တို့ကြောင့် လှုပ်ရှားခြင်းမရှိသောပညာရှိသူများအဖြစ် ဘုရားရှင်၏ ချီးကျူးခံခဲ့ရ၏။ ရဟန္တာမှတစ်ပါး အခြားအရိယာ ပုထုဇဉ်မာျး၌လည်း ဒုတိယ ထိုက်သင့်သလောက် ရနိုင်သည်သာ ဖြစ်၏။ (ကျေးဇူးရှင် သပြေကန်ဆရာတော်ဘုရားကြီး၏၊ ပရိတ်ကြီးနိဿသစ်မှ ကောက်နုတ် ပူဇော် အပ်ပါသည်။) (ဗြဟ္မဝိဟာရ မေတ္တာဝါဒ၊ အရိယာဆရာတော်ကြီးများ၏ မေတ္တာ စွမ်းအင် အကြောင်း အခန်းဆက် ရေးနေရင်းက နေမကောင်းဖြစ်သဖြင့် ဆက်မရေးနိုင်ပဲ ခေတ္တနားကာ တရားနှလုံးသွင်းနေစဉ် နှလုံးသွင်းမိသမျှ တရားဒေသနာကို ကြားဖြတ် မျှဝေအပ်ပါသည်---)
https://www.dhammaransi.com/index.php/new/684-2016-01-09-10-33-50.html
တို့ဘုရားသာသနာက နေပူအောင် လုပ်လို့လဲရတယ်၊ မိုးရွာအောင် လုပ်လို့လဲရတယ်။................”
ဆရာတော်၏ ဂုဏ်ကျေးဇူး စွမ်းရည်ထူးများကို မှတ်သားကြည်ညိုရသည်မှာ မကုန်ခန်းနိုင်၊ မဝနိုင်အောင် ရှိပါတော့သည်။ အဘိဉာဏ်ရကြောင်း ယုံမှား သံသယ ဖြစ်စရာမရှိ။ တိကျခိုင်လုံသော သက်ရှိသာဓကတွေများစွာ ရှိနေပေသည်။ သာသနာတော်၌ ဤသို့သော စွယ်စုံအာဇာနည် ဘုန်းကံပါရမီ ထူးပါသော အရိယာ အရှင်မြတ်ကို ရခဲ လှပါ၏။ ကမ္ဘာထုတ်ချင်း ဟင်းလင်းအပြင် ထိုးဖောက်သိမြင်တော်သော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်တစ်ပါး၏ စကားတစ်ခွန်းသည်လည် အဘယ်မျှ တန်ဖိုးကြီးမြတ်ကြောင်း နားလည်ထိုက်ပေသည်။ ဆရာတော် သာသနာပြုရာ၌ အများဆုံးအသုံးပြုသွားသည်မှာ မှာ (ကျွနု်ပ်တို့ဉာဏ်မီသမျှ) “စေတော ပရိယအင်အား” ပင်ဖြစ်သည်။ ပရစိတ္တဝိဇာနန ခေါ် သူတစ်ပါး စိတ်ကူးအကြံကို သိခြင်းပင်တည်း။ နောက်ပိုင်း အနှစ် ၂၀ တွင်မူ သိုသိုသိပ်သိပ် သုံးစွဲတော်မူသော်လည်း ထိုမှ ရှေ.ကာလကမူ အလွန် ပွင့်ပွင့်လင်းလင်းကြီး အသုံးချတော်မူလေသည်။ နောက်ပိုင်းကာလ၌ပင် တကယ့်ယုံကြည် အားကိုးမှုနှင့် ဆည်းကပ်သူဖြစ်လျှင် အရင်းအဖျားမရှိ ထို “စေတော ပရိယအင်အား” ကို အသုံးပြုကာ ပုဂ္ဂိုလ်တစ်ဦးချင်းအတွက်ကို ပင်လျှင် ကာယကံရှင် သိလောက်အောင်ချီးမြှောက်တော်မူသည်။ ရာသက်ပန် မမေ့နိုင်ကြပါ။ ထို့ကြောင့် သက်ဝင်ကြည်ညိုသူများအတွက် ပုန်းကွယ်ရာမရှိကြ။ သတိဝီရိယ ကြီးကြီး နှင့် ဆည်းကပ်ကြရပါသည်။ အတင်းပြောသည့်ဥပုသ်သည် အနည်းငယ်ပြဆိုရသော် လွန်ခဲ့သော အနှစ် ၄၀ ကျော်ကဖြစ်သည်။ ယခု ကျော်ဆည်မြို. ကျောင်းဆရာမကြီးလည်းဟုတ် စာရေးဆရာမကြီးလည်း ဖြစ်သော ဒေါ်အုပ်န်း၏ ယောက္ခမ (ဦးဖေသန်း၏မိခင်) ဒေါ်စပ်သည် တစ်ခုသော ဥပုသ်နေပတွင် ဆွမ်းအုပ်ကို ရွက်၍ အဖော်များနှင့် ဝေဘူချောင်သို့လာရာ ဆရာတော်အနီးသို့ ရောက်လျှင် ဆရာတော်က အလျင်ရောက်နေနှင့်သော ၈ နှစ်အရွယ် မအုပ်း ကလေးအား-- “ဟဲ့--နင်တို့အဖွား ခေါင်းပေါ်က ဆွမ်းအုပ်ကို ကူပြီး ယူလိုက်ပါဟဲ့ ၊ သူ့ခမြာ ဥပုပ်စောင့် လာယင်း လမ်းမှာ အိမ်နီးချင်း အတင်းပြောလာရတာ မောနေရှာတယ်။” ဟု အမိန့်ရှိ၍ ဟုတ်မှန်နေသဖြင့် ဒေါ်စပ် မှာ အလွန်ရှက်ကြောင် ရိုသေသွားခဲ့လေသည်။ (ဒိဗ္ဗသောတ။) စပ်တူ အုန်းထမင်း ဆရာတော်၏ ဂုဏ်ကျေးဇူး ဂုဏ်သတင်းများကို အဆိုပါ ဒေါ်စပ်တို့ထံမှ ပြောသံကြားရသဖြင့် အိမ်နီးချင်း အဒေါ်ကြီးတစ်ဦးသည် ဒေါ်စပ်နှင့်အတူ ကျောင်းသို့ လိုက်ရန်စီစဉ်၏။ ဆရာတော်အား ကပ်လှူရန် ဒေါ်စပ်နှင့် အုန်းထမင်း အတူချက်၍ ကျောင်းသို့အလာ ဆရာတော်မှာ ဒေါ်စပ်နှင့်သာ ရင်းနှီးသဖြင့် အုန်းထမင်းကိုလည်း ဒေါ်စပ်ကောင်းမှုဟူ၍သာ ထင်မှတ်လေမည်ကို စိတ်ထဲတွင် ကြောင့်ကြနေမိ၏။ ကျောင်းရောက်၍ ဆွမ်းကပ်ကြသောအခါ - “စပ်တူအုန်းထမင်းကလဲ ကောင်းပါ့ဗျာ” ဟု စကားမစပ် အမိန့်ရှိလိုက်ရာ ထိုအဒေါ်ကြီးမှာ ရှင်လဲရှက်၊ ကျေနပ်မှုလဲ ရသွားလေ၏။ (စေတောပရိယ။) တော်စွာ့ရော်စွာ အလုပ်မဟုတ်ဘူးဗျာ့ ၁၉၃၂ ခုနှစ် (လွန်ခဲ့သော ၄၅ နှစ်ခန့်) ကဖြစ်သည်။ ကျောက်ဆည်မြို. ဦးရွှေဘ ၊ ရှေ.နေကြီး ဦးစိန် နှင့် တရားမဝန်ထောက် ဦးစိန်ကွန်း တို့ ၃ ဦး တိုင်ပင်၍ ဝေဘူချောင်၌ ဒုလ္လဘရဟန်းပြုကြသည်။ ဆရာတော်ကား ထုံစံအတိုင်း ထွက်လေဝင်လေကို ဣရိယာပုတ်လေးပါးလုံး နေယင်းထိုင်ယင်း လုပ်ယင်းကိုယ်ယင်း မည်သည့်အချိန်၌မဆို အမြဲတရစပ် မှတ်သိနေဖို့ ညွှန်ကြားတော်မူ၏။ အထူးအထွေ အာရုံနိမိတ်ပေါ်လျှင် ၊ သို့မဟုတ် တစုံတစ်ခုလျှောက်ထားစရာရှိလျှင် အချိန်မရွေး လျှောက်ထားရန် ခွင့်ပြုထားသည်။ ယောဂီတိုင်းအားလည်း တစ်ဦးချင်း စစ်မေးပြီး ညွှန်ပြပေးတော်မူလေ့ရှိ၏။ ဦးပဥ္စင်းကြီး ၃ ပါးမှာ ၃ ရပ်ပင် ရှိသွားသော်လည်း တစ်စုံတရာမျှ လျှောက်ထားစရာမရှိ၍ ခပ်ကုတ်ကုန်ပင် နေကြရ၏။ ဆရာတော်ကို အတွေ့မခံရဲ။ စွမ်းအားရှိသမျှ ကြီးစား အားထုတ်ကြပါသော်လည်း တနေ့ တညလုံးတွင်မှ အလိုပ်ချိန် ၃ နာရီထက်မပို။ ရူမှတ်လျှင် အိပ်ပျော်သူက ပျော်သွား၏။ ခုလောက် ဒုလ္လဘဝတ်ရတာပဲ မနဲပါဘူးလေ ဟု ကျေနပ်နှစ်သိမ့်သူက နှစ်သိမ့်နေမိ၏။ ၃ ရက်စေ့၍မှ တရားအစစ်ခံမလာကြသဖြင့် တညနေတွင် ဆရာတော်ကပင် ဦးပဥ္စင်းကြီးများ ရှိရာသို့ ကြွလာစစ်မေးတော်မူရသည်။ ပထမတစ်ပါး။ ။ တပည့်တော် သမာဓိ မရတတ်သေးပဲ ဖြစ်နေပါသေးတယ်ဘုရား။ ဆရာတော်။ ။ ဦးပဥ္စင်းကြီးများ၊ ဒီနေ့ပါဆိုယင် ၃ ရက်ရှိသွားပြီး။ နာရီအားဖြင့် ၇၂-နာရီပေါ့ဗျာ။ ဟုတ်လား----၊ တစ်နေ့ ၃ နာရီ၊ ၃ ရက်ဆိုတော့ ၉ နာရီပေါ့ ။ ၉ နာရီလောက်သာ အားထုတ်ပြီး ကျန်တဲ့ ၆၃ နာရီအချိန်တွေကို အလကားဖြုန်းပစ်တော့ သမာဓိက ဘယ်ရပါ့မလဲဗျာ့။ တော်စွာ့ရော်စွာ အလုပ်မဟုတ်ဘူးဗျာ့။ သေဘေးကြီးက တကယ်လွတ်မြောက်ချင်ယင် အဟုတ်လုပ်မှ ရတာဗျာ့။ ဒုတိယတစ်ပါး။ ။ တပည့်တော်ကတော့ တရားမှတ်လိုက်ယင် အိပ်ပျော်ပျော်သွားပါတယ်ဘုရား။ ဒါနဲ့ပဲ အားထုတ်လိုက်ရတယ် မရှိပဲ ဖြစ်နေပါတယ်ဘုရား။ ဆရာတော်။ ဆွမ်းတွေကို သိပ်စားတော့ ထိနမိဒ္ဓများတာပေါ့ဗျာ။ လျှော့စားပြီး စင်္ကြံလျှောက်၊ နိုင်အောင်လုပ်ရတယ်။ အိပ််ချင်တိုင်း အိပ်နေယင် တသံရာလုံး နိုးမှာ မဟုတ်တော့ဘူးဗျာ့။ တတိယတစ်ပါး။ ။ တပည့်တော်မှာ လူဝတ်နဲ့ နေတုန်းကမှ အာရုံနိမိတ်များရပါသေးတယ်ဘုရား၊ ယခုဖြင့် မရနိုင်အောင်ဖြစ်နေပါတယ်ဘုရား။ ဆရာတော်။ ။ အင်း---လူဝတ်နဲ့တုန်းကတော့ အပါယ်လေးပါး ဘေးကြီးကို ကြောက်သေးတာကိုးဗျာ့။ ခုတော့ ဘုရားအရေတော်ခြုံထားရလို့ “ငါတော့ အပါယ်တံခါးပိတ်ပြီ၊ ဒီလောက်ဆိုလဲ မဆိုးသေးပါဘူး” လို့ ထင်စားယုံမှား နေတာကိုးဗျာ့။ အသီးသီး ဤသို့စစ်ပေးပြီးနောက် တရားစကား အနည်းငယ်ဆက်၍ ဟောပြောပေးကာ အားပေးချီးမြှောက်စကား ဟောကြားဆုံးမပြီး ဆရာတော်ပြန်ကြွသွားလျှင် ဦးပဥ္စင်းကြီး ၃ ပါးမှာ တစ်ပါး မျက်နှာ တစ်ပါးကြည့်ကာ ပြုံးစိစိ ဖြစ်နေကြလေ၏။ (ဦးစိန်ကွန်း ကိုယ်တိုင် ဗုဒ္ဓဓမ္မလောကစာစောင် ၂၀-၄-၁၉၅၃ ၌ ရေးသားချက်။) ယင်းသို့ စေတောပရိယ အင်အား ကို အသုံးပြု၍ ကမ္မဋ္ဌာန်းနည်းပေးခံရသည်မှာ--အလွန်ရခဲသော အခွင့်အရေးကြီးဖြစ်ပေသည်။ အခြားလောကီသက်သက်နည်းများဖြင့် သိနိုင်သည်လည်း ရှိပါ၏။ သို့ရာတွင် ပိုးစုန်းကြူး နှင့် လရောင်လောက် ခြားနားလေသည်။ ထိုဖြစ်ရပ်မျိုးမှာ ခရီးကြုံ လမ်းကြုံ ဆည်းကပ်ရခြင်းမျိုးမဟုတ်ပဲ သတ်သတ်မှတ်မှတ် လေးမြတ်ယုံကြည်စွာ ချည်းကပ်သူတိုင်း လိုလိုပင် ကို်ယ်တွေ့ကြုံကြရသည်။ ရေး၍မကုန်နိုင်ချေ။ ဣဒ္ဓိ၀ိဓ = တန်ခိုးဖန်ဆင်းမှု အမြင် အသိ အကြားများအပြင် ဣဒ္ဓိ၀ိဓခေါ်တန်ခိုးဖန်ဆင်းနိုင်သော အင်အားမှာ သိပ္ပံထွန်းကားသော ဤခေတ်မျိုးတွင် အလွန်တန်ဘိုးရှိ၏။ ဆဋ္ဌဘိည ဂုဏ်ထူးပါသည့် ပုဂ္ဂိလ်များ၏ အရာသာဖြစ်သည်။ အဘိဉာဏ်အားလုံးကို ရသော ဆဋ္ဌဘိည ပုဂ္ဂိုလ်ထူးမျိုးမှာ အလွန်ရရှိဖြစ်ထွန်းခဲလှ၏။ မီးထဲက ကြာကဲ့သို့ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ပေါ်ခဲ့သော် ထိုတိုင်းပြည် ထိုလူမျိုးတစ်ခု ကွက်ကွက်ကလေး အတွက်သာမက စကြာဝဠာတခွင်လုံး အတွက်ပါ မှီခို အားထားရ၏။ ပို၌ ပါရမီ အင်အားကြီးမားသော အရှင်မြတ်များ ဖြစ်ခဲ့သော် စကြဝဠာ တစ်ထောင်ကိုပင် စိုးမိုးချယ်လှယ်၍ ကိုင်တွယ် ထိန်းချုပ်နိုင်လေသည်။ စျာန်တန်ခိုး၊ ဉာဏ်တန်ခိုး နှင့် ကံတန်ခိုး သူတော်ကောင်းကြီးများ မည်မျှပင် ကယ်တင်နိုင်သော စွမ်းအင်တန်ခိုးကြီးမားစေ၊ ဒုစရိုက်လုံခြုံရုံမျှ ပင် ကိုယ်ခံမရှိသူများအတွက်ကား ဘာမျှမဆိုင်ချေ။ “ ဦးပဥ္စင်းကြီးများ ကောင်းအောင်နေကြဗျာ့။ လူတွေက အကောင်းကြိုက်တာ၊ ချမ်းသာချင်ကြတာ။ ဒါကြောင့် သူတို့အတွက် တဖက်က ကံကိုထူထောင်ပေးနေရသေးတယ်။ ဉာဏ်ကောင်းအောင် လုပ်ပေးလို့ မရသေးဘူး” ဟု မိန့်တော်မူကာ ဒါန သီလမှုများကိုလည်း တရစပ် ပူးတွဲ ထူထောင်ပေး တော်မူလေသည်။ စျာန်တန်ခိုး ဉာဏ်တန်ခိုးထက် ကံတန်ခိုးက ပို၍ အရေးကြီး၏။ လုပ်လို့ လွယ်ကူ၍ လူတိုင်းလည်း ရယူနိုင်သည်။ ဘုရားအစရှိသော သူတော်ကောင်းကြီးများကလည်း မြေလျှိုး မိုးပျံသော တန်ခိုးထက် ကံတန်ခိုးကိုသာ အားပေးတော်မူကြသည်။ တစ်နေ့သောအခါ ရွှေဘိုအောင်မြေကျောင်းတိုက် ဒကာမကြီး ဒေါ်စိန်လွင် အကြီးအကျယ် မမာမကျန်း ဖြစ်နေ၏။ အမျိုးမျိုးကုသသော်လည်း ရောဂါကား မရွေ.။ ဆရာတော်ကို လာလျှောက်၍ ပရိတ်ရေ ချီးမြှင့်လိုက်၏။ ရံခါ ထိုကိစ္စမျိုးအတွက် ပေါင်းသင်မြင်ရှင်း လမ်းခင်း လမ်းပြင် ခိုင်းလေ့ရှိသည်။ ကံသစ်ထောက်ကူ၍ ထူထောင်ပေးခြင်း ဖြစ်၏။ ဒေါ်စိန်လွင် ထူးထူးခြားခြား သိသိသာသာကြီး နေကောင်းလာ၍ ရွှေဘိုနိဗ္ဗာန်ဆော်တပည့်ရင်း ဦးတင်အောင် က ထိုအကြောင်း အားရဝမ်းသာ လျှောက်လာ၏။ ဖဆပလခေတ် ထိုအချိန်ကား တိုင်းပြည်၌ အရှေ.မြောက်တိုင်း အခြေအနေသည် အလွန် အရေးကြီးသော အခါဖြစ်သည်။ ပြည်ပ အန္တရာယ်ကြောင့် အထူးသဖြင့် ရှမ်းပြည်နယ်၌ ဒုက္ခဖြစ်နောကရရှာ၏။ လူမျိုးကညံ့လို့လား ဦးတင်အောင်။ တပည့်တော်တို့ လူမျိုးကိုက ညံ့ပါတယ်ဘုရား။ သူများနိုင်ငံတွေများ လေယာဉ်ပျံတွေ ဒုံးပျံတွေ အနုမြူတွေ တောင်လုပ်နေကြတယ်။ ဆရာတော်။ ဟဲ့ ….လူမျိုးက ညံ့လို့မဟုတ်ဘူးဟဲ့ ၊ ဝီရိယနည်းကြလို့ ၊ ဘုရားစကား မယုံကြလို့။ ကို တို့လူမျိုးမှာ ကောင်းသထက် ကောင်းတာတွေ ရှိနေလို့ ဘာမဟုတ်တဲ့ ဥစ္စာလေးကို မလုပတ်တာ၊ နင်ဘာသိလို့လဲ။ ဦးတင်အောင်။ ဒါဖြင့် ဘုရား၊ အခု ရှမ်းတွေ ဆင်းရဲနေကြရရှာတယ်။ တပည့်တော် ကယ်လို့ရမလား၊ ကယ်စမ်းချင်ပါဘိဘုရား။ ဆရာတော်။ ဟဲ့---တင်အောင် (ဆရာတော်မှာ ဒကာကြီးဟုသာ ခေါ်လေ့ရှိရာ လူနာမည်ကိုမူ ထိုတပည့်တစ်ဦးကိုသာ ခေါ်သံကြားဘူး၏) နင်---ပန်းချီဆရာပဲ။ လက်နှီးစုပ်ကို နင်ကြိုက်တဲ့ ဆေးရောင် ဆိုးကြည့်စမ်း၊ ရပါ့မလား၊ အဲ---နင့်ကိုယ်တိုင်က ချေးကို အယင်ချွတ်ဦး၊ ပြီးတော့ သူတို့ကိုလဲ ချွတ်ပေး။ အဲဒီတော့မှနင်က သူတို့ကို “ချမ်းသာပါစေ” လိုလုပ်။ အခုနင် ကျောင်းအမကြီး (ဒေါ်စိန်လွင်) နေကောင်းသွားတာ အံ့သြပြီး လျှောက်တွေးနေတာ မဟုတ်လား၊ တွေးရုံတွေးနေတာ၊ သိယင် သိသလောက်လုပ်တာမှ မဟုတ်ပဲ။ “တို့ဘုရားသာသနာက နေပူအောင် လုပ်လို့လဲရတယ်၊ မိုးရွာအောင် လုပ်လို့လဲရတယ်။ လူလာအောင် လုပ်လို့လဲရတယ်။ လူမလာအောင် လုပ်လို့လဲရတယ်။ မင်းတို့ ဘုရားကြည်ညိုတာက မတည့်တဲ့ သူငယ်ချင်း အိမ်လာလည်သလောက်မှ မကြည်ညိုကြလို့ မင်းတို့မှာ ဘာအကျိုးထူးမှ မခံစားရဘူး” “မတည့်တဲ့ သူငယ်ချင်းလာလို့ ကိုယ်ကမခေါ်ချင်တောင်မှ စားချိန်ကျယင် မင်းဒကာမကိုတော့ ဟိုဟောင်ကို ထမင်းကျွေးလိုက်ဆိုပြီးခိုင်းမယ်။ စားပြီးလဲ ဟိုဟာတွေ သိမ်းတော့၊ဆေးတော့လို့ ပြောမယ်၊ ခုမင်းတို့ဟာက ဘုရားမှန်မှန် ဆွမ်းမကပ်ဘူး။ ကပ်ပြီးလဲ ဆွမ်းတော်ပွဲကို တနေကုန် ပစ်ထားတာ မဟုတ်လား။ “ဘုရားကိုသာ တကယ့်အသက်ထင်ရှား ရှိတဲ့ ပုဂ္ဂိုလ်လို သဘောထားပြီး လုပ်ယင် မင်းတို့ ဒီလောက် ဒုက္ခမရောက်ဘူး။ သူများကို မကယ်ချင်ပါနဲ့ဦး။ ကိုယ့်ကိုယ်ကို အယင်ကယ်ပါဦး” ယခုအခါ သီလတန်ခိုး၊ မေတ္တာတန်ခိုး၊ ပရိတ်တန်ခိုး၊ ဂုဏ်တော်တန်ခိုးမျှ လောက်ကိုပင် မယုံနိုင်သူက များ၍ သာမညမျက်လှည့်သာသာ တန်ခိုးကိုလည်း အကြီးအကျယ်ထင်သူကထင်နေကြပြန် သဖြင့် သာသနာတော်၏ တန်ခိုးကို ပြောရသည်မှာ ခက်ခဲလှပါသည်။ (ဆရာကြီး ဓမ္မာစရိယ ဦးဌေးလှိုင်၏ ရဟန်းတာနှင့် ပုဂ္ဂိုလ်ထူးများ စာအုပ်မှ ကောက်နုတ်ပူဇော် ဖော်ပြခြင်း ဖြစ်ပါသည်။)
https://www.dhammaransi.com/index.php/new/685-2016-01-09-10-33-03.html
ဘာ၀နာဆိုတာ
ဘာဝနာဆိုတာ ပွားများရခြင်း၊ ဆင်ခြင်ရခြင်း၊ ရူကြည့်ရခြင်း၊ အလုပ်၌ ထပ်တလဲလဲ စွဲမြဲအောင် အားထုတ်ရသော အလုပ်ဖြစ်တယ်။ ပွားများခြင်းလို့ ပြောရဆိုကြတာက ထပ်တလဲလဲ ရွတ်ဆိုနေရခြင်း၊ ရူကြည့်နေရခြင်း စိတ်အလုပ် ဖြစ်တယ်။ “ဘာဝေတဗ္ဗာတိ ဘာဝနာ” ပွားများရသောကြောင့် ဘာဝနာ လို့ခေါ်တယ်။ ဘာဝနာက သမထ-ဘာဝနာ၊ ၀ိပဿနာဘာဝနာ (၂) မျိုးရှိတယ်။ သမထ ဘာဝနာ ဆိုတာ အာရုံတစ်ခုတည်း၌ စိတ်ကို တည်ငြိမ်မှု သမာဓိရအောင် အားထုတ်ရလို့ သမထ ကမ္မဋ္ဌာန်းလို့ ခေါ်ဆိုကြတယ်။ ၀ိပဿနာ ဘာဝနာကတော့ ရုပ်နာမ် အာရုံအပေါ်မှာ ဉာဏ်အမြင်ပေါက်မြောက်ပြီး ပညာကိုဖြစ်စေ၊ ရစေသောကြောင့် ၀ိပဿနာ ကမ္မဋ္ဌာန်း လို့ ခေါ်ဆိုကြတယ်။ ထို (၂) မျိုးသော ကမ္မဋ္ဌာန်းတွင် “သမထကို စတင်အားထုတ်ရမည်လော၊ ၀ိပဿနာ ကမ္မဋ္ဌာန်းကို ဦးစွာ အားထုတ်သင့်သလော” လို့ မေးမြန်းတတ်ကြတယ်။ အဖြေမှာ-- စချင်ရာက စနိုင်ပါတယ်၊ သင်ပြပေးသူ ဆရာကောင်းရလျှင် စချင်ရာက စနိုင်တယ်လို့ပဲ မှတ်ရမယ်။ ရှေးခေတ်အဆက်ဆက်က ဆရာတော်ကြီးများရဲ. နည်းမူမှန်က သမထကို စတင်ပွားများအား ထုတ်စေကြတယ်။ သမာဓိရစေကြပြီးခါမှ ၀ိပဿနာသို့တင်၍ ဉာဏ်အမြင်ကို ဖြစ်စေကြတယ်။ (နယ်ခြားတောင်တန်း သာသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရ)
https://www.dhammaransi.com/index.php/new/686-2016-01-09-10-32-13.html
လောဘ ကိုအောင်နိုင်လျှင်
လောဘ ကိုအောင်နိုင်လျှင် လောကကို အောင်နိုင်သူဖြစ်၏ ဒါနဟူသည် ပြုလုပ်ရ လွယ်ကူသော်လည်း အသိဉာဏ် ယှဉ်သူများအတွက် ကြီးမားသော အကျိုးအာနိသင်ရှိ၏။ ဒါနသည် နှမြောခြင်း “မစ္ဆရိယ” ကိုကျော်လွန်ပြီး လိုချင်ခြင်း “လောဘ“ ကို ပယ်သတ်နိုင်မှသာ ပေးလှူနိုင်ခြင်းမျိုး ဖြစ်သဖြင့် ပါရမီ (၁၀) ပါးတွင် ပထမဦးဆုံးလာသော ပါရမီ ဖြစ်၏။ အမှန်အားဖြင့် လောဘ ကို အောင်နိုင်လျှင် လောကကို အောင်နိုင်သူဖြစ်၏။ သမုဒယသစ္စာဟူသည် လောဘပင်တည်း။ လောဘ ကိုအောင်ရန်လွယ်ကူသည်မဟုတ်။ ကိုယ်ကျင့်သိက္ခာ ကောင်းသူများသာ အောင်နိုင်ကြ၏။ ဒါနလည်းရှိပြီ ၊ သီလလည်းရှိပြီဆိုလျှင် ထိုပုဂ္ဂိုလ်အတွက် စည်းစိမ်ချမ်းသာဟူသည် ပြေးမလွတ်တော့ ။ ပစ္စုပ္ပန်၌လည်း ဒါနကြောင့် လောဘကင်းသဖြင့် ချမ်းသာ၏။ သီလကြောင့် ဒေါသကင်းသဖြင့်ချမ်းသာ၏။ တမလွန်၌လည်း နတ်ချမ်းသာ လူချမ်းသာကို မလွှဲမသွေရမည်သာဖြစ်၏။ (ဆရာကြီး ဦးရွှေအောင် ရေးသားသည့် “ဓမ္မပဒ-ယမကဝဂ် နှင့် ထေရဝါဒ အုတ်မြစ်” စာအုပ်မှ ကောက်နုတ်ပူဇော်ပါသည်။)
https://www.dhammaransi.com/index.php/new/687-2016-01-09-10-31-48.html
ပါရမီ
https://www.dhammaransi.com/index.php/new/688-2016-01-09-10-31-23.html
“လှူဘွယ်ဝတ္တု (၁၀) ပါး”
အန္နံ (ထမင်း) ၊ ပါနံ (အဖျော်)၊ ဃရံ ( ကျောင်းစရပ်) ၊ ဝတ္ထံ (အဝတ်သင်္ကန်း)၊ ယာနံ (ယာဉ်ဘိနပ်) ၊ မာလာ (ပန်း)၊ ၀ိလေပနံ (နံသာပျောင်း)၊ ဂန္ဓော (န့ံသာမှုန့်) ၊ သေယျာ (အိပ်ယာနေရာ)၊ ပဒီပေယျံ (ဆီမီး) ၊ ဒါနဝတ္ထု ဣမေ ဒသ။ (လှူဘွယ်ဝတ္တုဆယ်ပါးတည်း။) “ ကုသိုလ် (၁၀) ပါး--” ၁။ အလှူပေးသည်။ ၂။ သီတင်းသုံးသည်။ ၃။ ဘာဝနာမူသည်။ ၄။ အလှူပို့ဝေသည်။ ၅။ အနုမောဒနာခေါ်သည်။ ၆။ အမှုကြီးငယ်ပြုသည်။ ၇။ အရိုအသေပူဇော်သည်။ ၈။ တရားဟောသည်။ ၉။ တရားနာသည်။ ၁၀။ အယူဖြောင့်သည်။ ကုသိုလ် (၁၀) ပါးကြောင့် ရရှိသော ချမ်းသာ (၃) ပါး-- ၁။ လူချမ်းသာ ၂။ နတ်ချမ်းသာ ၃။ နိဗ္ဗာန်ချမ်းသာ
https://www.dhammaransi.com/index.php/new/689-2016-01-09-10-30-58.html
အရိယာ နှင့် ပုထုဇဉ်
(တစ်နေ့တာအတွက် အိပ်စက်အနားမယူမီ နိုင်သမျှ တရားဘာဝနာ အားထုတ်ခြင်းဖြင့် သာယာချမ်းမြေ့သော တစ်ညတာကို လွန်မြောက်နိုင်ပါစေ ချစ်မိတ်ဆွေ------) အရိယာ နှင့် ပုထုဇဉ် ******************** အရိယာ၏ အနက်မှာ ပရိသုဒ္ဓ ( = စင်ကြယ်ခြင်း) အနက်ဖြစ်ရာ စင်ကြယ်သော ပုဂ္ဂိုလ်များပင်တည်း။ ပုထုဇဉ် ဆိုသည်မှာ ပုထု + ဇန ။ ပုထု = ကိလေသာ အများအပြားတို့ကို ဇန = ဖြစ်စေသူ။ ကိလေသာ ထူပြောလှသော ပုထုဇဉ်အဖြစ်မှ ကိလေသာတို့ကို ပယ်ရှားနိုင်ခြင်းကြောင့် စင်ကြယ်သော အရိယာအဖြစ်တစ်ပါး သို ဆိုက်ရောက်သူများ ကို အရိယာ ဟု ဆိုလို၏။ ထိုအရိယာ အဖြစ်သို့ ရောက်ရန်အတွက် ကိလေသာ တို့ကို ပယ်ခွာနိုင်ကြောင်း အလုပ်ကို လုပ်ရ၏။ ရုပ်နာမ် ခန္ဓာတို့၏ အရှိအဖြစ်ကို မမြင် ၊ မရှိသောအတွေး အကြံစိတ်၏ ဖန်တီးချက်တွေကို မြင်နေရ၍ ကိလေသာများ ဖြစ်ရ၏။ အမှန်ရှိသော ရုပ် နာမ် ကိုသာ ရူမှတ်ဆင်ခြင်နေသော် ကိလေသာ ဖြစ်ခွင့်မရ။ ထို ရုပ် နာမ် တို့ကို အမှန်အတိုင်း ရူနေသော ဉာဏ်က ကိလေသာတို့ကို ပယ်ခွါလျက်ရှိနေ၏။ ထိုဉာဏ်ကို ၀ိပဿနာ ( = အနိစ္စစသော အခြင်းအရာအားဖြင့် အမျိုးမျိုး အဖုံဖုုံရူသော) ဉာဏ်ဟုဆို၏။ ထို ၀ိပဿနာဖြင့် ကိလေသာတို့ကို ပယ်လျက်ရှိနေရာ ဉာဏ် အဆင့်ဆင့် တက်၍ အားရှိလာ သောအခါ သင်္ခါရတို့ကို ရူမြင်နေသောဉာဏ်မှ သင်္ခါရ တို့ ချုပ်ငြိမ်းရာ နိဗ္ဗာန် သို့ ရောက်သော မဂ်ဉာဏ်သို့ ဆိုက်ရောက်ရတော့သည်။ ပထမဆုံး ရောက်သောမဂ်မှာ သောတာပတ္တိ မဂ်တည်း။ (သောတာပတ္တိ + မဂ္ဂ ။ သောတ = အရိယမဂ် သို့ အာပတ္တိ = အစဦး ရောက်သော။ မဂ္ဂ=မဂ်။) ဤအခိုက်မှာ စိတ်တစ်ခုစာမျှ အလွန်တိုတောင်း လျင်မြန်လှ၏။ ထိုအခိုက်ကို ပုဂ္ဂိုလ်တစ်ယောက်အဖြစ် သတ်မှတ်သည်မှာ ထိုစိတ်၏ ထူးခြားချက်အရ ပင်တည်း။ သောတာပတ္တိမဂ်ရှေ.မှ ဂေါတြဘူ ဖြစ်၏။ ထိုဂေါတြဘူ ကား ၀ိပဿနာ၏ နောက်ဆုံးဖြစ်ရာ ထိုစိတ်သည် ရှေးဝိပဿနာတွေ ယူနေကျ သင်္ခါရ အာရုံကို လွှတ်ကာ နိဗ္ဗာန်အာရုံကို စယူလိုက်၏။ ထိုသို့ စယူလိုက်ခြင်းဖြင့် ပုထုဇဉ်အဖြစ် ဤတွင် နေရစ်တော့ဟု ကန့်သတ်ကာ မိမိယူထားသော နိဗ္ဗာန်အာရုံကို မဂ်သို့ပြောင်းပေးလိုက်၏။ မဂ်က ထိုနိဗ္ဗာန်အာရုံကို ယူကာ ဒိဋ္ဌိ ၀ိစိ ကိစ္ဆာ စသော ကိလေသာအချို. ကို သတ်တော့သည်။ ဤသို့ဖြင့် ထိုအခိုက်မှာ ကိလေသာများသူများအဖြစ် ( = ပုထုဇဉ်ဘဝ) မှ ကိလေသာစင်သူအဖြစ် smile emoticon အရိယာဘဝ) သို့ ရောက်ခဲ့ရသည်ဖြစ်ရာ ၎င်းကို သောတာပတ္တိမဂ္ဂဋ္ဌ smile emoticon သောတာပတ္တိမဂ် ၌ တည်သော) ပုဂ္ဂိုလ် ဟုဆိုရ၏။ (ကျေးဇူးရှင် သပြေကန်ဆရာတော်ဘုရားကြီး၏ ပရိတ်ကြီးနိဿသစ် စာအုပ်မှ ကောက်နုတ် ပူဇော်ပါသည်။)
https://www.dhammaransi.com/index.php/new/690-2016-01-09-10-30-33.html
“ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာများကို အရှက်ခွဲရာ ရောက်သည့် အယောင်ဆောင်များ”
ရှေးအခါက ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်းသည် မင်းပြု၏။ ဗာရာဏသီပြည်၌ မုဆိုးတစ်ယောက်သည် ဆင်ကိုသတ်၍ အသက်မွေးမြူ၏။ တောတစ်တော၌ ဆင်ပေါင်းများစွာကျက်စား၏။ ဆင်ကို သတ်ရာ၌ အန္တရာယ်ကြီးလှသည်။ ဆင်တစ်ကောင်ကို ရရန်အတွက် အလွန်ပင် ခဲယဉ်း၏။ ချေင်းရ မြောင်းရသည်မှာလည်း သက်စွန့်စံဖျားပင်ဖြစ်၏။ သို့ရာတွင် တစ်နေ့သ၌ ကံအားလျော်စွာ ဆင်အုပ်ကြီးကို တွေ့ရ၏။ ပစ္စေကဗုဒ္ဓများကိုလည်း တွေ့ရ၏။ ဆင်အုပ်ကြီးသည် ပစ္စေကဗုဒ္ဓများကို ပုဆစ်ဒူးတို့ဖြင့် တုပ်ဝပ်ရှိခိုးပြီးမှ မိမိတို့စားကျက်ရှိရာသို့ သွားသည် ကိုလည်းတွေ့ရ၏။ ထိုအခါ ဆင်သတ်မုဆိုးသည် ဆင်များကို အလွယ်တကူသတ်နိုင်သော နည်းပရိယာယ်ကို ရရှိသွားလေ၏။ တစ်နေ့တွင် ပစ္စေကဗုဒ္ဓတစ်ဆူ ဇာတဿရအိုင်သို့ သက်ဆင်းရန် ရေးချိုးစဉ် ကမ်းနား၌ ထားသော သင်္ကန်းကို ခိုးယူလိုက်၏။ ထို့နောက် မုဆိုးသည် သင်္ကန်းကို ဝတ်ရုံ၍ ပစ္စေကဗုဒ္ဓယောင်ဆောင်လိုက်၏။ ဆင်တို့သွားရာလမ်း၌ ပစ္စေကဗုဒ္ဓအနေဖြင့် နေပြီး လှံကို ဝှက်၍ ထား၏။ ဆင်များသည် အယောင်ဆောင် ပစ္စေကဗုဒ္ဓကို တွေ့လျှင် ပစ္စေကဗုဒ္ဓအစစ် ထင်မှတ်ပြီး ပုဆစ်ဒူး တို့ဖြင့် တုပ်ဝပ် ရှိခိုးပြီးမှ စားကျက်သို့ သွားကြ၏။ ထိုအခါ မုဆိုးသည် နောက်ဆုံးဆင်ကို လှံဖြင့် အလွယ်တကူ သတ်နိုင်၏။ ဤနည်းအားဖြင့် ဆင်သတ်မုဆိုးသည် အသက်မွေးရလွယ်ကူတော့၏။ မိမိအသက်အန္တရာယ်လည်း မစိုးရိမ်တော့။ သင်္ကန်းတန်ခိုး ဘုရားလောင်းသည် ဆင်မျိုး၌ ဖြစ်လာပြီးထိုဆင်အုပ်၏မင်း ဖြစ်လာ၏။ ထိုခါ၌လည်း မုဆိုးသည် ရှေးနည်းအတူ ပစ္စေကဗုဒ္ဓယောင်ဆောင်၍ နောက်ဆုံးဆင်ကို သတ်၏။ ဘုရားလောင်းဆင်မင်းသည် မိမိ၏ ဆင်အုပ် တစ်နေ့ထက်တစ်နေ့ အရေအတွက် နည်းပါးလာသော အခါ မိမိတို့၌ အန္တရာယ်ရှိလာသည်ကို သိ၏။ အယောင်ဆောင် ပစ္စေကဗုဒ္ဓါ အပေါ်၌ သံသယဝင်လာ၏။ တစ်နေ့တွင် ဆင်မင်းသည် မိမိ၏ ဆင်အုပ်ကို ရှေ.ကသွားစေပြီး မိမိမူကား နောက်ဆုံး မလှမ်းမကမ်းမှ သတိကြီး စွာဖြင့် လိုက်၏။ ရှေးရှေးဆင်တို့သည် ပစ္စေကဗုဒါ အယောက်ဆောင် မုဆိုးကို ရှိခိုးပြီးသွားကြ လေသောအခါ မုဆိုးသည် နောက်ဆုံး မှလာသော ဘုရားလောင်းဆင်မင်း ကိုမြင်လျှင် သင်္ကန်းကို ဖယ်၍ လှံကိုလွှတ်လေ၏။ ဘုရားလောင်းဆင်မင်းကာ သတိဖြင့်လာသူဖြစ်၍ လှံကိုရှောင်ပြီး လျှင် မုဆိုးကို သတ်ရန် ပြေးဝင်လာ၏။ မုဆိုးသည် သစ်ပင်ကို ကွယ်၍ ပုန်းလေသည်။ ဘုရားလောင်းဆင်မင်းသည် သစ်ပင်နှင့်တကွ မုဆိုးကို နှာမောင်းဖြင့် ရစ်ပတ်၍ နုတ်ယူကာ မြေ၌ ကိုက်ရိုက်ရန် အားထုတ်သောအခါ မုဆိုးသည် သင်္ကန်းကို ပြ၍ တောင်းပန်၏။ ဘုရားလောင်းဆင်မင်းသည် သင်္ကန်းကို မြင်လျှင် သတိဖြင့် ဒေါသကို ချုပ်ထိန်း၍ သည်းခံလိုက်၏။ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာများကို အရှက်ခွဲရာ ရောက်မည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။ ထို့နောက် ဘုရားလောင်းဆင်မင်းက “သင်သည် ယခုလို ဘုရား၊ ပစ္စေကဗုဒ္ဓါယောင်ဆောင်ပြီး ဆင်တို့ကို သတ်ခဲ့သည်မဟုတ်လော” စုမြေးမြန်းသောအခါ၊ မုဆိုးကလည်း မှန်ကြောင်းဝန်ခံ၏။ ထိုအခါ ဘုရားလောင်းဆင်မင်းက “ မုဆိုး-သင်သည် ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာတို့နှင့်သာ ထိုက်တန်သော သင်္ကန်းကို ဝတ်ရုံလျက် ဤသို့ ဝန်လေးသော အမှုကို ပြုဘိ၏” ဟု ဆုံးမကာ ချမ်းသာပေးလိုက်၏။ မြတ်စွာဘုရားသည် ရှင်ဒေဝဒတ်၏ အတိတ်ဝတ္တုကိုဆောင်၍ အောက်ပါဂါထာကို ဟော်တော်မူ၏။ -အညစ်အကြေး တည်းဟူသော ကိလေသာလည်း မစင်ကြယ်၊ ဣန္ဒြေကို ချုပ်တည်းခြင်းလည်း မရှိ၊ ဖြောင့်မှန်ခြင်းလည်း မရှိ ၊ ထိုသူမျိုးသည် သင်္ကန်းဝတ်ခြင်းငှာ မထိုက်။ --အညစ်အကြေး တည်းဟူသော ကိလေသာမှ စင်ကြယ်၏။ ဣန္ဒြေကို စောင့်ဆည်း၏။ သီလ သမာဓိ နှင့် ပြည့်စုံ၏။ ဖြောင့်မှန်ခြင်းရှိ။ ထိုသူမျိုးသည် သင်္ကန်းဝတ် ဝတ်ထိုက်၏။ “အသိတခြား အကျင့်တခြား” ဤလောက၌ လူဖြစ်စေ၊ ရဟန်းဖြစ်စေ၊ အသိနှင့် အကျင့်ကို တစ်သားတည်းဖြစ်အောင်၊ အချင်းချင်း ခွဲ၍မရအောင ဆောင်ရွက်ဖို့လို၏။ အသိကတခြား ၊ အကျင့်ကတခြား ဖြစ်နေသေးလျှင် ရခဲသော လူ့ဘဝကို ရသော်လည်း ထိုလူ့ဘဝကို မှန်ကန်စွာ အသုံးချရာမရောက်၊ ရခဲ့သော ရဟန်းဘဝကိုလည်း ထိုရဟန်းဘဝကို မှန်ကန်စွာ အသုံးချရာ မရောက်၊ အသိ နှင့် အကျင့်ကို တစ်သားတည်း ဖြစ်အောင် ဆောင်ရွက်မှာသာ လူဖြစ်လျှင်လည်း လူဖြစ်ရကျိုး နပ်၏။ ရဟန်းဖြစ်လျှင်း လူဖြစ်ရကျိုး နှင့် ရဟန်းဖြစ်ရကျိုး၊ အကျိုး (၂) မျိုးစလုံး နပ်၏။ “လိုရာခရီး” အသိကို မျက်စိနှင့် တူသည်ဟူ၍လည်းကောင်း၊ အကျင့်ကို ခြေနှင့်တူသည်ဟူ၍လည်းကောင်း၊ နှိုင်းခိုင်း၍ ဆိုကြပါ၏။ ခြေမပါဘဲ မျက်စိချည်းသာ ရှိနေလျှင်လည်း မိမိလိုရာခရီးကို ရောက်အောင် မသွားနိုင်။ မျက်စီမပါဘဲ ခြေချည်းသာ ရှိနေလျှင်လည်း မိမိလိုရာခရီးကို ရောက်အောင် မသွားနိုင်ရုံသာမက ချောက်ကမ်းပါးထဲ သို့ ကျဖို့က များလေသည်။ လိုရာခရီးဟူသည်မှာ အမြင့်ဆုံးအားဖြင့် သံသရာဝကဋ်ရဲမှ လွတ်မြောက်ရာ နိဗ္ဗာန်သို့ ရေက်ရေးပင်ဖြစ်၏။ အနိမ့်ဆုံးအားဖြင့် လောကကို မိမိနှင့် တစ်သားတည်းထား၍ ချစ်တတ်ငဲ့ညှာတတ်၊ မြတ်နိုးတတ်၊ ခွင့်လွှတ်တတ် သော စိတ်ဖြင့် ဆက်ဆံဆောင်ရွက်ရေးပင်ဖြစ်။ “တိရ စ္ဆာန်လိုနေသူ” လူသည် တရိစ္ဆာန်လိုလည်း နေ၍ရ၏။ ဗြဟ္မာလိုလည်း နေ၍ရ၏။ ဗြဟ္မာယောင်ဆောင်၍ တိရစ္ဆာန်လိုလည်း နေ၍ရ၏။ တိရ စ္ဆာန်လိုနေလျှင် မိမိကိုယ်ကျိုး တစ်ခုတည်းကိုသာ ကြည့်တတ်သဖြင့် အကုသိုလ်ပွား၏။ ဗြဟ္မာလိုနေလျှင် ဗြဟ္မာစိုရ်အမြင်ဖြင့် လောက၏အကျိုးကို သယ်ပိုးတတ်သောကြောင့် ကုသိုလ်ပွား၏။ ဗြဟ္မာယောင်ဆောင်၍ တိရ စ္ဆာန်လိုနေလျှင်ကား ဒေဝဒတ်လောင်း ဆင်သတ်မုဆိုးနှယ် ဝန်လေးသောအမှု ကို ပြုရာရောက်၏။ တိရ စ္ဆာန်လိုနေသူ နှင့် ဗြဟ္မာလိုနေသူ တို့ကား ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ ဖြောင့်မတ်သူများ ဖြစ်၍ သိသာသဖြင့် ရှောင်ရလွယ်၏။ ပေါင်းရလွယ်၏။ ဗြဟ္မာယောင်ဆောင်၍ တိရ စ္ဆာန်လိုနေသူကာ မဖြောင့်မတ်သူများဖြစ်၍ မသိသာသဖြင့် လောကအတွက် အန္တရာယ်များ၏။ အပြောကတစ်မျိုး၊ အလုပ်ကတစ်မျိုး၊ သို့မဟုတ် အသွင်သဏ္ဍာန်ကတစ်မျိုး၊ အကျင့်စရိုက်က တစ်မျိုး၊ လုပ်တတ်သူများသည် ဗြဟ္မာယောင်ဆောင်၍ တိရိစ္ဆာန်လို နေသူများ စာရင်း၌ ပါဝင်၏။ ဗြဟ္မစိုရ်တရား ဗြဟ္မစိုရ်တရားကို အခြခံ၍ ကုသိုလ်တရား ပွားများအောင် ကျင့်ကြံနေသူများသာ ကိလေသာ စင်ကြယ်အောင် ကျင့်နိုင်၏။ ဣန္ဒြေကိုစောင့်စည်းနိုင်၏။ သီလ သမာဓိ ပညာ နှင့် ပြည့်စုံအောင် အားထုတ်နိုင်၏။ ဖြောင့်မတ် မှန်ကန်သော သစ္စာတရားနှင့် ပြည့်စုံနိုင်၏။ ထိုပုဂ္ဂိုလ်မျိုးသား လူဖြစ်လျှင်လည်း လူ့အသိ၊ လူ့အကျင့်နှင့် ညီညွတ်ရကား ခဲယဉ်းသော လူအဖြစ်၊ လူ့အသွင် လူ့အမည်ကို ခံယူထိုက်၏။ ရဟန်းဖြစ်လျှင်လည်း ရဟန်းအဖြစ် ရဟန်းအကျင့်နှင့် ညီညွတ်ရကား ပို၍ ခဲ့ယဉ်းသော ရဟန်းအဖြစ်၊ ရဟန်းအသွင် ရဟန်းအမည်ကို ခံယူထိုက်၏။ ထို့ကြောင့် ဗြဟ္မာယောင်ဆောင်၍ တိရစ္ဆာန်လို့ နေတတ်သော အယောင်ဆောင်အသိ နှင့် အယောင်ဆောင်သော အကျင့်မျိုးရှိသူများ မဖြစ်ကြစေရန် မြတ်စွာဘုရားက ဤဂါထာများကို ဟောကြားတော်မူခြင်း ဖြစ်ပါ၏။ သဏန်ဌာန်လုပ်လျှင် သရုပ်နှင့် တူရမည်သာတည်း။ (ဆရာကြီး ဦးရွှေအောင် ရေးသားသည့် “ဓမ္မပဒ-ယမကဝဂ် နှင့် ထေရဝါဒ အုတ်မြစ်” မှ ကောက်နုတ် ပူဇော်ပါသည်။)
https://www.dhammaransi.com/index.php/new/691-2016-01-09-10-29-47.html
“သမ္မုတိသစ္စာ နှင့် မရမတ္ထသစ္စာ”
ဤလောက၌ လူဟူသမျှသည် တစ်ဦးချင်း တစ်ယောက်ချင်း နေ၍ ရသည်မဟုတ်။ အစုနှင့် အပေါင်းနှင့် နေမှရ၏။ အစုနှင့် အပေါင်းနှင့် နေမှရသည် ဆိုလျှင်ပင် လူတစ်ဦးချင်း တစ်ဦးချင်းစီ၏ အကြား၌ အချင်းချင်း ဆက်ဆံရေး သည် မလွဲမသွေ ပေါ်ပေါက်လာရ၏။ ရောင်းသူ နှင့် ဝယ်သူ ၊ အလုပ်ရှင်နှင့် အလုပ်သမား ၊ ကျောင်းဆရာနှင့် ကျောင်းသား ၊ မိဘနှင့် သားသမီး၊ ဆရာနှင့်တပည့် ၊ အုပ်ချုပ်သူ နှင့် အုပ်ချုပ်ခံရရသူ၊ မင်းနှင့် တိုင်းသူပြည်သား၊ ဆရာနှင့်ဒါယကာ - ဤသို့ စသည်အားဖြင့် အချင်းချင်း ဆက်ဆံကြရာ၌ ငြိမ်းချမ်းပြေပြစ်စွာ ဆက်ဆံနိုင်ကြစေရန် သတ်မှတ် ထားသော သတ်မှတ်ချက်များ ရှိကြ၏။ ထိုသတ်မှတ်ချက်များဟူသည် ပြည်သူ့ တရားဥပဒေများ၊ လူမျိုးစုအလိုက် လိုက်နာကျင့်သုံး နေကြသော ဓလေ့ထုံးစံများ၊ လူ့လောက၌ လူတန်းစားအလိုက် လိုက်နာကျင့်သုံးရန် ပြဋ္ဌာန်းထားသော ဘာသာရေးဆိုင်ရာ ကျင့်ဝတ်များ စသည်တို့သည် သမ္မုတိသစ္စာသဘောရှိ၏။ “မှန်ကန်သော ကွဲပြားခြင်း” သမ္မုတိသစ္စာ ဆိုကတည်းက အပြင်ပန်းသဘောသာဖြစ်၏။ ယင်းအပြင်ပန်းအတွင်း၌ အနှစ်သာရရှိသေး၏။ အနှစ်သာရဟူသည် ပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ စိတ်နေစိတ်ထားဖြစ်၏။ ပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ စိတ်နေစိတ်ထားကိုလိုက်၍ မြင့်မြတ်သူ နှင့် ယုတ်ညံ့သူ ဟူ၍ ပုဂ္ဂိုလ် ၂ မျိုး ကွပြားသွား၏။ ဤသို့သော ကွဲပြားသွားခြင်းသာ တကယ်မှန်ကန်သော ကွဲပြားသွားခြင်းမျိုးဖြစ်၏။ ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာတို့ကို လိုက် ၍ ကွဲပြားသွားခြင်းကို “သမ္မုတိသစ္စာ” အရ ကွဲပြားခြင်းဟူ၍ ဆိုအပ်၏။ စိတ်နေစိတ်ထားဟူသော ကိုယ်ကျင့်သိက္ခာအရ ကွဲပြားသွားခြင်းမျိုးကိုသာ “ပရမတ္ထသစ္စာ” အရ ကွဲပြားခြင်း ဟူ၍ ဆိုအပ်၏။ “ပရမတ္ထသစ္စာ ၃ မျိုး” “ပရမတ္ထသစ္စာ” ကိုနောက်ထပ် ၃ မျိုးခွဲ၍ ရသေး၏။ မိမိ၏ ကိုယ်ကျင့်သိက္ခကို အပေါ်ယံ သဘောမျှသာ လူမြင်ကောင်းအောင် လူကြားကောင်းအောင် ဟန်ဆောင်ပြီး “မာယာ” သဘောအရ မိမိ၏ ယုတ်မာမှုကို ဖုံးကွယ်၍ “သာဌေယျ“ သဘောအရ မိမိ၌ မရှိသော မြင့်မြတ်မှုကို လူမကြားလျှင် ကြားအောင်၊ လူမသိလျှင် သိအောင် ကြွေးကြော်ကာ ကိုယ်ကျိုး တစ်ခုတည်းကို သာ ရှေးရူ၍ ဆောင်ရွက်တတ်သော ပုဂ္ဂိုလ်မျိုးလည်းရှိ၏။ ထိုပုဂ္ဂိုလ်မျိုး၏ ဆောင်ရွက်ချက်များကို သူနှင့် စရိုက်တူ ဉာဉ်တူ ပုဂ္ဂိုလ်များက အားကျကြ၏။ ချီးမွမ်းကြ၏။ မှန်သည်ဟု လက်ခံကြ၏။ ပါဠိဝေါဟာရဖြင့် ဆိုရလျှင် ထိုအမှန်မျိုးကို “ပါရိဘာသိကသစ္စာ” ဟူ၍ ဆိုရ၏။ ထိုပုဂ္ဂိုလ်မျိုး၍ ကိုယ်ကျင့်သိက္ခာဟူ၍ မည်မည်ရရ ဘာမျှမရှိ။ သို့ရာတွင် သူ၏ ဆောင်ရွက်ချက် ၊ သူ၏ခံယူချက်၊ သူ၏အမြင်တို့သည် သူနှင့် စရိုက်တူ ဉာဉ်တူ နယ်ပယ်၍ “သစ္စာ” အဖြစ် ခံယူထားခြင်း ရှိသောကြောင့် ယင်းကို “သစ္စာ” စာရင်း၌ ထည့်သွင်းထားခြင်းဖြစ်၏။ ၀ါဒရေးရာနှင့် ပတ်သက်လာလျှင်လည်း ကွန်မြူနစ်ဝါဒ၊ ဆိုရှယ်လစ်ဝါဒ၊ အရှင်းရှင်ဝါဒ ဖြစ်စေ၊ ဒီမိုကရေစီဝါဒ ဖြစ်စေ၊ ထိုဝါဒများကို သက်ဝင်ယုံကြည်ကြသူများသည် -- မိမိ၏ ကိုယ်ကျိုးတစ်ခုတည်းကိုသာ ရှေးရူ၍ မိမိထင်ပေါ်ရေး၊ မိမိကျော်ကြားရေးတွက် မျှော်မှန်းချက်ဖြစ့် ဆောင်ရွက်လျှင်-- သူ၏ ဆောင်ရွက်ချက် နှင့် သူ၏အမြင်သည် “ပါရိဘာသိကသစ္စာ” အုပ်စုဝင် အမှန်မျိုးသာဖြစ်၏။ ကောင်းသောကံကိုလုပ်လျှင် ကောင်းကျိုးခံစားရ၏။ မကောင်းသောကံကိုလုပ်လျှင် မကောင်းကျိုးကို ခံစားရ၏ ဟူသော နိယာမအရ လိမ်ညာ၍ဖြစ်စေ ၊ ကောက်ကျစ်၍ဖြစ်စေ၊ အထက်အရာရှိကို ကပ်ပါးရပ်ပါးလုပ်၍ ဖြစ်စေ၊ မတော်မတရား လာဘ်စား၍ ဖြစ်စေ၊ ဓားပြတိုက်၍ဖြစ်စေ၊ ယုတ်စွအဆုံး ဖခင်ကိုပင် သတ်၍ ဖြစ်စေ ရာထူးဂုဏ်သိန်တိုး၍ ပစ္စည်းဥစ္စာတို့ ပြည့်ဖြိုးပြီး လူတစ်လုံး သူတစ်လုံး ဖြစ်လာပါက ထိုလူမျိုးကို “ကံ” ကောင်းသူများအဖြစ် မြင်ကြ၏။ ထိုသူများ၏ ဆောင်ရွက်ချက်၊ ထိုသူများ၏ ခံယူချက် ၊ ထိုသူများ၏ အမြင်တို့ကို “အမှန်” အဖြစ် မြင်ကြ၏။ ထိုအမြင်သည်လည်း မှန်သောအမြင်ပင်ဖြစ်၏။ ဒေသနာတော်အရ အပြစ်နှင့်ယှဉ်တွဲ၍ ဖြစ်ပေါ်ခဲ့သောဒါနကုသိုလ် “သာဝဇ္ဇဒါနကုသိုလ်” ကံသည် အကုသိုလ် လုပ်ငန်းနှင့် အကျိုးပေး၏။ အကုသိုလ်လုပ်ငန်းကို စွန့်လွတ် လိုက်သည်နှင့် တစ်ပြိုနက် ကြီးပွားချမ်းသာမှုလည်း လျော့ပါးသွား၏။ အကုသိုလ်ကလည်း ကုသိုလ်ကို သင့်လျော်သလို ထောက်ပံ့၏။ ထို့ကြောင့် ယင်းကို “သစ္စာ” စာရင်း၌ ထည့်သွင်းခြင်းဖြစ်၏။ ယင်းသစ္စာမျိုးကို “သဘာဝသစ္စာ” ဟူ၍ ခေါ်၏။ ယင်းသို့သော သဘာဝသစ္စာအရ ကျင့်သော ပုဂ္ဂိုလ်များသည် ကိုယ်ကျင့်သိက္ခာနှင့် မပြည့်စုံသူများ ဖြစ်ကြ၏။ အမှန်အားဖြင့် အကုသိုလ်၌လည်း ပျော်ရွှင်ဖွယ်ရှိ၏။ ကုသိုလ်၌လည်း ပျော်ရွှင်ဖွယ်ရှိ၏။ အဘိဓမ္မာ ဒေသနာ တော်အရ “ပျော်ရွှင်ဖွယ်” ဟူသည် “သုခဝေဒနာ” ၏ အမည်တည်း။ “သန့်စင်သောဒါနကုသိုလ်” အပြစ်နှင့် လုံးဝမယှဉ်တွဲဘဲ သန့်စင်သော ဒါနကုသိုလ် “အနဝဇ္ဇဒါနကုသိုလ်” ၏ အကျိုးပေးကား အထူးဆိုဖွယ်ရာမရှိ။ ကောင်းကျိုးပေးမည်မှာ အမှန်ပင်ဖြစ်၏။ ထို့ကြောင့် ထိုသူတို့၏ ဆောင်ရွက်ချက် ထိုသူတို့၏ ခံယူချက် ထိုသူတို့၏ အမြင်တို့သည် အမှန် “သစ္စာ” တရားများ ဖြစ်ကြ၏။ ထိုသစ္စာတရားကို “သဘာဝသစ္စာ“ အုပ်စုတွင် ထည့်သွင်း၏။ ထိုသစ္စာတရားအရ လိုက်နာကျင့်သုံးသော ပုဂ္ဂိုလ်တို့တွင် ပါရမီမြောက်သော ကိုယ်ကျင့်တရားနှင့် ပြည့်စုံသူများ လည်း ပါဝင်နိုင်၏။ ပါရမီ မမြောက်သော ကိုယ်ကျင့်တရားနှင့် ပြည့်စုံသူများလည်း ပါဝင်နိုင်၏။ သို့ရာတွင် ဤသဘာဝသစ္စာကား “သာဝဇ္ဇဒါနကုသိုလ်” (အပြစ်နှင့်ယှဉ်တွဲ၍ ဖြစ်ပေါ်ခဲ့သောဒါနကုသိုလ်) ကိုအကြောင်းပြု၍ ဖြစ်ပေါ်လာသော “သစ္စာ” မျိုးမဟုတ်၊ “အနဝဇ္ဇဒါနကုသိုလ်ကို” (အပြစ်နှင့် လုံးဝမယှဉ်တွဲဘဲ သန့်စင်သော ဒါနကုသိုလ)် အကြောင်းပြု၍ ဖြစ်ပေါ်လာသော သစ္စာမျိုးသာ ဖြစ်သဖြင့် တစ်ခုနှင့် တစ်ခု အချင်းချင်း မတူကြချေ။ နောက်သစ္စာက ပို၍မြင့်၏။ “အရိယသစ္စာ” နောက်ဆုံးပိတ်သစ္စာကား “အရိယသစ္စာ” ဖြစ်၏။ ဤသစ္စာအရကျင့်လျှင် သြကာသလောကဖြစ်စေ၊ သတ္တလောကဖြစ်စေ၊ သင်္ခါရလောကဖြစ်စေ ၊ ဤလောက သုံးပါး၌ ဖြစ်သမျှ သက်ရှိသက်မဲ့ အရာဝတ္တုအားလုံးတို့သည် အမှန်တကယ်တမ်း အားဖြင့် နှစ်သက်စရာ၊ သာယာစရာ ဟူ၍ ဘာတစ်ခုမျှ မရှိ၊ ဒုက္ခ အစုအဝေးမျှသာ ဖြစ်ကြောင်း မြင်လာမည့်ဖြစ်၏။ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်၌-- “အကြင်သူသည် ရုပ်ကိုတောင့်တ၏။ ဝေဒနာကို တောင့်တ၏။ သညာကို တောင့်တ၏။ သင်္ခါရကို တောင့်တ၏။ ၀ိညာဉ်ကိုတောင့်တ၏။ ထိုသူသည် ဒုက္ခကို တောင့်တသည်မည်၏။” ဟူ၍ ဟောတော်မူထားရာ လောကနှင့် ပတ်သက်သော ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာအားလုံးတို့ကို တောင့်တခြင်းသည် ဒုက္ခကို တောင့်တခြင်း မည်၏ ဟူ၍ အဘိဓဇမဟာရဋ္ဌဂုုရု တောင်လေးလုံး ဆရာတော်ကြီးက ဟောတော်မူ၏။ “ အမှန်အားဖြင့် အရိယသစ္စာအရ တကယ်တမ်း စစ်မှန်သော ချမ်းသာဟူသည် ရုပ်ပိုင်းဆိုင်ရာ ပစ္စည်းဝတ္တုများ ၌မတည်၊ မှန်ကန်သော နှလုံးသွင်းနှင့် မှန်ကန်သောအသိ၊ မှန်ကန်သောသစ္စာ၊ မှန်ကန်သောအမြင်၌သာ တည်၏။ ထို့ကြောင့် ကျွနု်ပ်တို့သည် တကယ်တမ်း မှန်ကန်သော ချမ်းသာကို ရလိုပါဘျှင် မှန်ကန်သောအသိ၊ မှန်ကန်သောသစ္စာ၊ မှန်ကန်သောအမြင်ကို ရနိုင်အောင်ကြိုးစားအပ်ပါသည်။” ထို့ကြောင့် ကျွန်ုပ်တို့သည် သမ္မုတိသစ္စာအရ လူလူချင်းဆက်ဆံကြရာတွင် ဆိုင်ရာဆိုင်ရာ သတ်မှန်ပြဋ္ဌာန်း ထားသော တရားဥပဒေများ၊ ဓလေ့ထုံးစံများ၊ ကျင့်ဝတ်များနှင့်အညီ လိုက်နာကျင့်သုံးကြရာ၌ တကယ့်ကို စိတ်ပါ လက်ပါ စေတာပါသော သဘောဖြင့် မြတ်စွာဘုရား ဟောတော်မူထားသည့်အတိုင်း-- “မြင့်မြတ်၍ ရခဲလှသော လူ့ဘဝ” ကို တန်းတူရည်တူ ရကြသူများ အချင်းချင်းအပေါ် ”အရိယသစ္စာ” ဘက်သို့ ဦးတည်သော ”ဒုတိယသဘာဝသစ္စာ” အမြင်ဖြင့် -- တကယ်ချစ်သော မေတ္တာ၊ တကယ်ကြင်နာသော ကရုဏာ၊ တကယ်ကြီးပွားစေလိုသော မုဒိတာ၊ ဘက်မလိုက်ဘဲ တကယ်မှန်မှန်ကန်ကန် ကျင့်ကြံစေလိုသော ဥပေက္ခာ တို့အပေါ်အခြေခံ၍ ဆက်ဆံကြရမည်ဖြစ်၏။ ထိုကဲ့သို့ ဆက်ဆံနိုင်အောင်လည်း ၀ိုင်းဝန်းအားပေးရမည် ဖြစ်၏။ ”အရိယသစ္စာ” ဘက်သို့ ဦးတည်ထားပါက ကျွနု်ပ်တို့သည် တပ်မက်ဖွယ်ကောင်းသော အာရုံများကိုလည်း သည်းခံလာနိုင်၏။ ထိုအခါ ကောင်း-မကောင်း အာရုံများကို လျစ်လျူရူနိုင်လာ၏။ ဤသဘောများကိုပင် ပါဠိဝေါဟာရဖြင့် နေက္ခမ္မပါရမီ၊ ခန္တီပါရမီ၊ ဥပေက္ခပါရမီ ဟူ၍ ခေါ်ရ၏။ ဤအမြင်ဖြင့် လောကကို ကြည့်သောအခါ တကယ်စစ်မှန်သော ချမ်းသာဟူသည် ရုပ်ပိုင်းဆိုင်ရာ ပစ္စည်းများ ပြည့်စုံမှုအပေါ်၌ မတည်ဘဲ မှန်ကန်သောသစ္စာ၊ မှန်ကန်သောအမြင်၊ မှန်ကန်သော နှလုံးသွင်းပေါ်၌သာ တည်ကြောင်း လက်တွေ့မြင်လာ၏။ လက်တွေ့သိလာ၏။ သာသနာတော်၌လည်း “မှန်ကန်သောအသိ” သည် လူမင်းချမ်းသာ၊ နတ်မင်းချမ်းသာတို့ထက် သာလွန်သော ချမ်းသာဖြစ်ကြောင်းလာရှိပါ၏။ [ဆရာဦးရွှေအောင် (မဟာဝိဇ္ဇာ (သက္ကတ) ဝဋံသကာ နှင့် သိရောမဏိ ၏ ရေးသားသည့် “ဓမ္မပဒ - မမကဝဂ်” မှ ကောက်နုတ်ပူဇော်ပါသည်။]
https://www.dhammaransi.com/index.php/new/692-2016-01-09-10-28-38.html
လူတွေတရားရှိဖို့အရေးကြီးတယ်”
နေရာတကာမှာ တရားဘက်လိုက်ဖို့ အရေးကြီးတယ် ၊ လောကမှာ မေတ္တာဆိုတဲ့တရားဟာ အင်မတန် အရေးကြီးတယ်၊ အဲဒီမေတ္တာဆိုတဲ့တရားဟာ တကယ်ရှိရမယ် ၊ ဘုရားတစ်ပည့်ဖြစ်တဲ့ ဘုန်းကြီးတို့ တစ်တွေ၊ ဒကာတစ်ကာမတွေ မေတ္တာတရားဟာ အမြဲတမ်းရှိရမယ်၊ ဒေါသတရားဟာ အမြဲတမ်းပယ်ရမှာ ၊ အကြောင်း မညီညွတ်လို့ ဖြစ်ရင်လဲပယ်ရမှာ ။ အဲဒီမေတ္တာတရားကို လေးလေးစားစား လိုက်နာရင် အိမ်ထောင်တစ်ခုမှာ ဘာမှ ပြဿနာမဖြစ်ဘူး။ အချင်းချင်း ပြေပြေလည်လည်နဲ့ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာရှိကြရင် သီရိဂေဟာ ကျက်သရေရှိတဲ့ အိမ်ဂေဟာ ဖြစ်မှာပဲ။ ထို့အတူပဲ ထို့ထက်တိုးပြီးတော့ သတိပဋ္ဌာန်အစရှိသော ဘာဝနာလေးတွေ ပွားများပြီးတော့ နေနိုင်ကြမယ် ဆိုရင် သာပြီးတော့ ဓမ္မရဲ.အကျိုးခံစားရမှာ၊ အဲဒါကြောင့်မို့လို့ လောကမှာဖြစ်စေ ၊ သာသနာမှာဖြစ်စေ၊ လောကမှာလဲ အိမ်တစ်အိမ်၊ အရပ်တစ်ရပ်၊ လူ့ဌာန စသည်မှာ ကောင်းဖို့ဆိုတာဟာ လူတွေတရားရှိဖို့ အရေးကြီးတယ်။ “ဘုရားရှင်ကိုယ်တော်မြတ်နှုတ်ထွက်တော် ဘယ်တော့မှ မမှားဘူး” တရားအတိုင်းကျင့်သုံးတဲ့ပုဂ္ဂိုလ်ဟာ ဘာပြဿနာတွေမှ မရှိဘူး၊ -အားလုံးအေးချမ်းသာယာပြီးတော့ မိမိတို့ ဆောင်ရွက်ရမယ့် လောကကိစ္စ ၊ ဓမ္မကိစ္စ ၊ သာသနကိစ္စ တွေမှန်သမျှ ချောချောမောမော စည်စည်ကားကား သာသာယာယာနဲ့ အောင်မြင်ပြီးမြောက်ခြင်း သို့ရောက်ကြတာချည်းပဲ၊ ဒါကြောင့်မို့ ဘုရားရှင်ကိုယ်တော်မြတ်က - ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ ။ ဓမ္မစာရီ - တရားကို ကျင့်တဲ့ပုဂ္ဂိုလ်ကို ၊ ဓမ္မော-တရားတော်က ၊ ဟဝေ-စင်စစ်ဧကန်အမှန်ပင် ၊ ရက္ခတိ--ပြန်လည်စောင့်ရှောက်တတ်ပါ၏။ လောကမှာ တရားရဲ. အကာအကွယ်အစောင့်အရှောက်ကို ခံကြရရင် ချမ်းသာတာပဲ၊ အဲဒီလို တရားရဲ. အစောင့်အရှောက် ခံကြရဖို့ရာ မိမိတို့က တရားကိုကျင့်ရတယ်၊ သူတော်ကောင်းတရားတွေကျင့်ရင် တရားက ပြန်စောင့်ရှောက်တာပဲ ။ ဓမ္မော သုစိဏ္ဏော သုခ မာဝဟတိ သုစိဏ္ဏော-ကောင်းစွာကျင့်ကြံအပ်သော ၊ ဓမ္မော - တရားသည် ၊ သုခံ - ချမ်းသာသုခကို ၊ မာဝဟတိ - ကောင်းစွာဆောင်ရွက်ပေးတတ်ပါပေ၏။ မိမိက တရားကျင့်ရင် အဲဒီတရားက မိမိကိုချမ်းသာအောင် ဆောင်ရွက်ပေးတယ်၊ အဲဒါ ဘုရားရှင် ကိုယ်တော်မြတ် နှုတ်တော်ထွက်၊ ဘယ်တော့မှ မမှားဘူး ၊ တကယ်မှန်တာ၊ တရားသာကိုယ်ကကျင့် ၊ ကျင့်ရင် အဲဒီတရားက ဘယ်တော့မှ မနေဘူး ၊ အလကားမဖြစ်ဘူး၊ တရားကျင့်တဲ့ ကိုယ့်တရားရှင်လေးကို သူက စောင့်ရှောက်ပေးတာပဲ။ ဒီဘဝချမ်းသာနဲ့လဲ စောင့်ရှောက်ပေးတယ် ၊ နောင်ဘဝချမ်းသာနဲ့လဲ စောင့်ရှောက်ပေးတယ် ၊ အရာအမျိုးမျိုးနဲ့ စောင့်ရှောက်ပေးတတ်တယ်၊ “ကုသိုလ်ဆိုတာ မိမိချမ်းသာဖို့ သက်သက်မဟုတ်ဘူး၊” တရားပူဇော်သောအားဖြင့် တရားနဲ့လျော်တဲ့ ကုသိုလ်ကောင်းမှုတွေပြုရတယ်၊ ဒါမိမိတို့ ချမ်းသာစေဖို့ အကြောင်းချည်းပဲ။ မိမိတို့ ချမ်းသာဖို့ သက်သက်လားဆိုတော့ မဟုတ်ဘူးနော် ၊ ကုသိုလ်ဆိုတာ မိမိချမ်းသာဖို့ သက်သက် မဟုတ်ဘူး ၊ အများချမ်းသာဖို့လဲရှိသေးတယ်၊ လောကမှာ အများချမ်းသာဖို့ ကုသိုလ်ကောင်းမှုတွေ ပြုကြတဲ့အခါမှာ ကိုယ်လဲကုသိုလ်ရတာပဲ ၊ အများလဲချမ်းသာတာပဲ၊ ကျောင်းဆောက်မှု ၊ တံတားဆောက်မှု၊ ဇရပ်ဆောက်မှု စသည်ဖြင့်ပေါ့လေ။ သာသနာတော်ကြီးရော ၊ လောကကြီးရော ကြီးပွားပါစေလို့ ဆုပတ္တနာပြုရတယ်။ သာသနမ္ပိစ-ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီးကိုလည်းကောင်း၊ လောကဥ္စ-လောကကြီးကိုလည်းကောင်း၊ ဒေဝါ-နတ်အများတို့သည် ၊ ဒေဝါ -သမုတိနတ်ဆိုတဲ့ မင်းတွေ ၊ ဥပပတ္တိဆိုတဲ့ နတ်ဗြဟ္မာတွေ၊ နတ်အပေါင်း တို့သည်၊ သဗ္ဗဒါ-အခါခပ်သိမ်း ၊ ရက္ခန္တု-ကောင်းစွာနေ့ည စောင့်ရှောက်ကြပါစေကုန်သတည်း။ “ကျက်သရေဆိုတာ” ကျက်သရေဆိုတာ ဘာလဲ ၊ ကျက်သရေဆိုတာ ကောင်းမှုတွေကို ကျက်သရေဆိုတာပဲ ၊ ကောင်းမှုတွေ ကောင်းမှုတွေ ကုသိုလ်ကောင်းမှုတွေရှိရင် ကျက်သရေရှိတယ်၊ ကုသိုလ်ကောင်းမှုတွေ အကြောင်းပြုပြီးတော့ ရွှင်ရပျော်ရခြင်းဟာ ကျက်သရေရှိတယ်။ စားဝတ်နေရေး မပူပင် မကြောင့်မကြ ၊ လှူရေးတန်းရေး မပူပင်မကြောင့်မကြ ၊ ယခုလို ထူးထူးခြားခြား လှူနိုင်ကြတာဟာလဲ ကျက်သရေပဲ ။ အဲဒီကျက်သရေဆိုတာ လူတိုင်းရှိတာမဟုတ်ဘူး ၊ တကယ့်ရှေးကုသိုလ်ကောင်းမှု ၊ ပုဗ္ဗေစ ကတပုညတာရှိမှ ကျက်သရေရှိကြတာ ၊ ဒါ့ကြောင့် ယနေ့ မိမိတို့မှာ ကျက်သရေကို အကြောင်းပြုပြီးတော့ နောင်အခါမှာ ခန္ဓာကိုယ် တင့်တယ်လှပခြင်း ၊ ပညာဉာဏ်ကြီးခြင်း ၊ အစိုးရခြင်း ၊ တန်ခိုးကြီးပစ္စည်းဥစ္စာပြည့်စုံခြင်း အစရှိသော သမ္မတ္တိအမျိုးမျိုး ကောင်းကျိုး အရပ်ရပ်တွေနဲ့ ပြည့်စုံကြပြီးတော့ သာပြီးတော့ တစ်ဘဝထက် တစ်ဘဝသာပြီးတော့ ကျက်သရေရှိကြသူတွေ ၊ မင်္ဂလာရှိကြသူတွေဖြစ်ပြီးတော့ မိမိတို့ ရလာတဲ့ ကြုံလာတဲ့ ဘဝမှာ တကယ့်သမ္ပတ္တိခေါ်တဲ့ ဘဝ၏ ပြည့်စုံခြင်း အဖုံဖုံနှင့် ပြည့်စုံကြပြီးတော့ တစ်ဆင့်ထက် တစ်ဆင့် မြင့်ထက်မြင့်ပြီး နောက်ဆုံး တကယ့်သမ္ပတ္တိလို့ဆိုတဲ့ မဂ်ဉာဏ် ဖိုဉာဏ် နိဗ္ဗာန်တည်းဟူသော လောကုတ္တရာ သမ္ပတ္တိကြီးကို လျင်လျင်မြန်မြန် ရပြီးတော့ တကယ့်ပုဂ္ဂိုလ်ထူးကြီးတွေ ဖြစ်နိုင်ကြပါစေ ၊ ဖြစ်ရပါလိုကုန်သော-- ဟူ၍ ဆုတောင်းပတ္တနာပြုကြကုန်။( ကျေးဇူးရှင်သပြေကန်ဆရာတော် အရှင်ဝါသေဋ္ဌာဘိဝံသ ၏ “သပြေကန်တရားပေါင်းချုပ် ၊ အမှတ် (၁)” မှ ကောက်နုတ် ဖော်ပြပူဇော်အပ်ပါသည်။) <
https://www.dhammaransi.com/index.php/new/693-2016-01-09-10-28-00.html
သာသနာတော်မှာ ပဉ္စ၀ဂ္ဂီ (၅) ဦး တရားထူးတွေရကြပြီးတော့ ယသအမျိုးသား ရဟန္တာအဖြစ်ဖြင့် ဧဟိဘိက္ခု ရဟန်း (သင်္ကန်းကိုလှူခဲ့ဖူးလို့ သင်္ကန်း သပိတ်စသော ပရိက္ခရာတွေကို လှူခဲ့ဖူးလို့ ဧဟိဘိက္ခု ရဟန်းအဖြစ်နဲ့ သင်္ကန်း သပိတ် အထူးရှာစရာမလိုပဲ တန်ခိုးဖြင့် သင်္ကန်း ပရိက္ခာအစုံးအလင် ရဟန်းအဖြစ် ရောက်သွားခြင်း) ဖြစ်သွားတယ်။ နောက်တော့ ယသရဲ. မိတ်ဆွေ ၄ ယောက် သူတို့ ရဟန်းအဖြစ်ရောက်သွားကြတယ်။ ဧဟိဘိက္ခုချည်းပဲ။ ဘုရားထံမှာ တရားနာ ၊ တရားထူးတွေရကြလို့ ဘုရှားရှင်၏ ဧဟိဘိက္ခု ခေါ်ခြင်းဖြင့် ဧဟိဘိက္ခု ရဟန်းဖြစ် သွားကြတယ်။ အဲဒါနဲ့ပဲ လောကမှာ ရဟန်းတော်ပေါင်း ခြောက်ကျိပ်ရှိသွားတယ်။ ခြောက်ကျိပ်ရှိသွားတော့ ဘုရှားရှင် ကိုယ်တော်မြတ်က သာသနာပြုဖို့ စေလွှတ်တော်မူတယ်။ စရထဘိက္ခဝေ စာရိက -- ဒေသစာရီလှည့်လည်ကြ၊ တရားဟောပြီးတော့ သတ္တ၀ါတွေကို အကျွတ်တရား ရအောင် ကြိုးစားကြဆိုပြီးတော့ သာသနာပြု စေလွှတ်တော်မူတယ်။ မြတ်စွာဘုရား ပံသကူကောက်တော်မူပုံ မြတ်စွာဘုရား သာသနာပြု စေလွှတ်ပြီးတော့ ကိုယ်တော်တိုင် ဥရုဝေဠတောကို ကြွသွားတယ်။ အဲဒီ ဥရုဝေဠတော၊ ဥရုဝေဠရသေ့ထံမှာနေပြီးတော့ သူတို့ကို ချွတ်ဖို့ အချိန်ကိုစောင့်ဆိုင်းနေခဲ့တယ်။ တစ်နေ့ကျတော့ မြတ်စွာဘုရား ပံ့သကူကောက်တော်မူတယ်။ အဲဒီအနီးအနား ဇနပုဒ်က ပုဏ္ဏာမည်တဲ့ ကျွန်မကိုယ်ပေါ်မှာ ရစ်ပတ်ပြီးတော့ အလောင်းကို စောစောတောထဲမှာ လာပစ်ထားတယ်။ အဲဒီပစ်ထားတဲ့ အလောင်းကို ဘုရားရှင်ကိုယ်တော်မြတ်ဟာ တစ်ခါထဲ အ၀တ်ကိုခွာပြီး ပိုးတွေ လောက်တွေနဲ့ တဖွားဖွားနေတဲ့ အလောင်းကြီးကို အ၀တ်တွေ ခွာယူပြီးတော့ ဘုရားရှင်ကိုယ်တော်မြတ် အဲဒါကို ကိုယ်တော်တိုင် လျှော်တော်မူတယ်။ လျှော်တဲ့အခါ ဖွတ်တဲ့အခါ သွားတဲ့အခါ လှမ်းတဲ့အခါ တိုတိုဆိုကြပါစို့။ သိကြားမင်းကြီးက လာလာပြီး ကူပေးတယ်။ ဒီနေရာမှာ ကျောက်ပြားကြီးခင်းပေးလိုက်၊ ဒီနေရာမှာ လျှော်ဖို့ဆိုပြီးတော့ ကန်ကြီး ဖန်ဆင်းပေးလိုက်နဲ့ လာလာပြီးတော့ စောင့်ရှောက်ပေးခဲ့တယ်။ နောက်ဆုံးသင်္ကန်းပြီးသွားတယ်။ အကုန်လုံး သိကြားမင်းရဲ. အကူအညီနဲ့ ပံ့သကူကောက်ပြီးတော့ ကိုယ်တော်တိုင် လျှော်ဖွပ်ပြီးတော့ နောက်ဆုံး အပြီးသတ်ပြီးသွားတဲ့အခါကျတော့။ ဆိုးတာကတော့ မပါဘူး။ ဆိုးတယ်၊ ဘာဆိုးတယ်ဆိုတာ အထူးမပါဘူး။ အဲဒါကို ဘုရားရှင်ကိုယ်တော်မြတ် ရုံတော်မူတယ်။ ဒီထဲက ဘုရားရှင်ကိုယ်တော်မြတ်ဟာ နဂိုသင်္ကန်း မရုံတော့ဘူး။ အဲဒီပံသကူသင်္ကန်းကိုပဲ ရုံတော်မူခဲ့တယ်။ နောင်အခါကျတော့ ဘုရားရှင်ကိုယ်တော်မြတ်က ပံသကူ သင်္ကန်းရုံတော့ ရဟန်းတွေကလည်း အဲဒီအခါတုန်းက များသောအားဖြင့် ပံသကူသင်္ကန်းရုံကြတာပဲ။ ဒကာ ဒကာမ လှူတဲ့သင်္ကန်းရယ်လို့ မရှိသေးဘူး။ တော်တော်ကြာအောင် ၀ါတော် (၂၀) အတွင်း လောက်ကဆိုရင် ရဟန်းတော်များ ပံ့သကူဆောင်ကြတယ်။ ပံ့သကူကောက်ကြတယ်။ ပံ့သကူဝတ်ကြတယ်။ ပံ့သကူသုံးကြတာချည်းပဲလေ။ လူတွေ လှူတယ်ရယ်လို့ တယ်မရှိဘူး။ သဃာတော်များကို သင်္ကန်းခွင့်ပြုတော်မူခြင်း နောင်အခါကျတော့မှ ဧဟိဘိက္ခု အခေါ်ခံရတဲ့ ရဟန်းနော်မှတစ်ပါး ကျန်ရဟန်းတော်တွေဟာ ပံသကူရုံကြ၊ ပံ့သကူဝတ်ကြတယ်။ ပံ့သကူဝတ်ကြတယ်ဆိုတာ ခုနပြောသလို ကိုယ့်ဟာကိုယ်လိုက်ရှာ၊ ကိုယ့်ဟာကိုယ်အ၀တ်တွေ လိုက်ရှာရတာ၊ ကိုယ့်ဟာကိုယ် လျှော်ကြ ဖွတ်ကြ၊ ဖွင်ကြပြီးတော့ သင်္ကန်းကို ၀တ်ရုံကြတာပဲ။ နောက်ကျမှ ၀ါတော် (၂၀) လောက်ရှိလာတဲ့အခါကျမှ ဆရာဇီဝကက စန္ဒပဇ္ဇောတမင်းကြီးဆီ က ရခဲ့တဲံ အ၀တ်တွေ၊ အဲဒီအ၀တ်တွေ သိဝိတိုင်းဖြစ် အင်မတန် တန်ဖိုးရှိတဲ့ အင်မတန် နူးညံ့တဲ့ သိဝေကဒုဿ ဆိုတဲ့ အ၀တ်တွေရတော့ ဘုရားရှင်ကိုယ်တော်မြတ်ကိုလည်း လှူတယ်၊ သံဃာတော်တွေကို ဒကာ ဒကာမလှူတဲ့ သင်္ကန်းခွင့်ပြုဖို့လည်း လျှောက်ထားခဲ့တယ်။ အဲဒီလျှောက်ထားချက်ကို အကြောင်းပြုပြီးတော့ ဘုရားရှင်ကိုယ်တော်မြတ်က ကိုယ်တော်တိုင်လည်း ခံယူတော်မူခဲ့တယ်၊ အဲဒီနောက် အဲဒီကစပြီး သံဃာတော်တွေကို သင်္ကန်းခွင့်ပြုတော်မူခဲ့တယ်။ ဒကာ ဒကာမ လှူတဲ့သင်္ကန်းကို ခံယူဖို့ ၊ သုံးဆောင်ဖို့ ဘုရားရှင် ကိုယ်တော်မြတ် ခွင့်ပြုတော်မူခဲ့တယ်။ ဆက်ရန်------ (အဘိဓဇမဟာရဋ္ဌဂုရု ရွှေကျင်ဥပဥက္ကဋ္ဌ ကျေးဇူတော်ရှင် သပြေကန်ဆရာတော်ဘုရားကြီး အရှင်ဝါသေဋ္ဌာ ဘိဝံသ ၏ သပြေကန် တရားပေါင်းချုပ် အမှတ် (၂) မှ ကောက်နုတ်ပူဇော်ပါသည်။) ========
https://www.dhammaransi.com/index.php/new/694-2016-01-09-10-26-48.html
ပကတိ အေးဆေးတည်ငြိမ်သူ ဖြစ်လိုလျှင် မြတ်ဗုဒ္ဓ၏တရားကို နှလုံးသွင်းပါ
-စိတ်လှုပ်ရှားတိုင်း မမြဲဘူးဟု သုံးသပ်နေသော ပုဂ္ဂိုလ်အဘို့ စိတ်သည် လှုပ်ရှားခြင်းကင်းကာ ငြိမ်သက်ပိပြားလာသည်။ -စိတ်ကိုအလိုမလိုက်ဘဲ ဉာဏ်ကွပ် ကဲလျှင် စိတ်သည် ဉာဏ်အောက်၌ အမိန့်နာခံ ရိုကျိုးကာ ခေါင်း မထောင်နိုင်ဘဲ လည်စင်းကာ အလျှော့ပေးလေ့ရှိသည်။ -စိတ်ကို ဉာဏ်ဖြင့် ကွပ်ကဲခြင်းသည် စိတ္တာနုပဿနာကျင့်စဉ်ပင်ဖြစ်သည်။ -ထိုကျင့်စဉ်အရ စိတ်ကို နိုင်ရုံမျှမက စိတ်အကြောင်းကို မှန်မှန်ကန်ကန် ပိုမိုအသေးစိတ် နားလည်နိုင်သည်။ -ချစ်သူတွေ့တွေ့ ၊ မုန်းသူတွေ့တွေ့ ၊ မတုန်လှုပ်စေရန် ဉာဏ်ဖြင့်ထိန်းနည်းသည် စိတ္တာနုပဿနာ ခေါ် ပေါ်စိတ်၊ တုန်လှုပ်စိတ်ကို အပျက်တရားဟု ရှူသတ်သော နည်းပင်ဖြစ်သည်။ - နောက်ဆုံး သေခြင်းတရားကိုပင် ပြုံးပြုံးနှင့် မတုန်မလှုပ် ရင်ဆိုင်သွားနိုင်သည်။ ရုပ်နာမ်တို့ကို ယထာဘူတကျကျသိသွားနိုင်သည်။ -ကိုယ့်အကြောင်း သူ့အကြောင်း လူတွေအကြောင်းကို ကောင်းကောင်းကြီး သိသည်။ ငယ်ရွယ်သူများ၊ မှတ်ဉာဏ်ကောင်းလိုသော် ဤနည်းကိုကျင့်ပါ။ - စိတ်များ ကြည်လင် မှတ်ဉာဏ် ကောင်းလာမည်။ ရွှေဥမင်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ကောသလ္လ
https://www.dhammaransi.com/index.php/new/695-2016-01-09-10-25-09.html
☆“ဝမ်းမြောက်လို့မဆုံးနိုင်ဘူး”☆
☆ သောတာပန်တွေဟာ သစ္စာတရားတွေ သတိပဋ္ဌာန်တရားတွေ နာကြားပြီးတဲ့ အခါမှာ ဝမ်းမြောက်ဝမ်းသာနဲ့ ပြောလို့ကို မဆုံးနိုင်ဘူးတဲ့။ အနှစ်သာရရှိတဲ ့တ ရားတွေ ဟုတ်လိုက်တာ။ မှန်လိုက်တာ။ ဒါ နိဗ္ဗာန်ရောက်ကြောင်းတရားတွေပဲ။ ရင်ထဲမှာ တော်ကြာရင်းပီတိဖြစ်တာ။ တော်ကြာရင်း ပီတိဖြစ်လာ။ ☆ ဝိပဿ နာအားထုတ်လို့ မဂ်ဉာဏ်ဖိုလ်ဉာဏ်မရသေးတာတောင် ဝိပဿ နာတ ရားများများ အားထုတ်ထားတဲ့ယောဂီဟာ ဘုရားအကြောင်း တရားအကြောင်း ကုသိုလ်တွေအကြောင်း မြတ်စွာဘုရားဟောကြားတဲ့သစ္စာတရားတွေအကြောင်း ရတနာမြတ်သုံးပါးနဲ့ပတ်သက်လို့ ဟောပြောပြသတဲ့အသံလေးများ ကြားလိုက်ရ ရင် တစ်ခါတည်း ရင်ထဲမှာ ဖျန်းဖျန်းဖျန်းဖျန်းနဲ့ ကြက်သီးတွေထလာတယ်။ ☆ ဝိပဿ နာဉာဏ်တွေ အတော်အတန်ရင့်ကျက်နေတဲ့ယောဂီရိပ်သာတွေမှာ လည်းရှိပါတယ်။ အနိစ္စ ဒုက္ခ အနတ္တ အကြောင်းများပြောလိုက်လို့ရှိရင် မိမိကို တည့်တည့် ဟောနေသလိုပဲ။ ဟုတ်လို်က်တာ။မှန်လိုက်တာနဲ့ ကြေနပ်လို့ကိုမဆုံး ဘူး။ ☆ မြတ်စွာဘုရားအကြောင်းများ ပြောလိုက်လို့ရှိရင်လည်း တစ်ခါတည်း မျက်ရည် တွေဝဲပြီးကျလာတာ။ အဲဒါ ဓမ္မပီတိကြောင့်ကျတဲ့ မျက်ရည် နိဗ္ဗာန်ရောက်မယ့် မျက်ရည်လို့ခေါ်တယ်။ ☆ မျက်ရည်က နှစ်မျိုးရှိတယ်။ နောက်တစ်မျိုးက ဆွေမျိုးသားချင်းတွေသေလို့ စီး ပွားဥစ္စာတွေဆုံးရှုံးလို့ သောကပရိဒေဝကြောင့်ကျတဲ့မျက်ရည်။ အဲဒီမျက်ရည်မျိုး ကတော့ အပါယ်ကျ မယ့်မျက်ရည်လို့ခေါ်ရမယ်။ ☆ ဘုရားပေါ်မှာ ယုံကြည်လွန်းအားကြီးလို့ ကြည်ညိုလွန်းအားကြီးလို့၊ တရားအ ပေါ်မှာ ယုံကြည်လွန်းအားကြီးလို့ ကြည်ညိုလွန်းအားကြီးလို့ ဟုတ်ကြောင်းမှန် ကြောင်းတွေကို ရင်ထဲက သိနေတယ်။ ဖွယ်ဖွယ်ရာရာ ပြန်မပြောတတ်သော် လည်းပဲ ကိုယ်ကအများကြီးအားထုတ်ထားတာဆိုတော့ ဟုတ်လိုက်တာ။ မှန် လိုက်တာ။ သင်္ခါရတရားတွေပဲ။ အနိစ္စတရားတွေ ဘယ်ဟာမှမမြဲဘူး။ ဟာ တ ကယ်ညှဉ်းဆဲနှိပ်စက်တာပဲ။ ငါက သူက နှိပ်စက်တာမဟုတ်ဘူး။ သင်္ခါရတရား တွေဟာ အမြဲတမ်းပြု ပြင်နေရတယ်။ ဒါတွေဟာ ဆင်းရဲတဲ့တရားတွေပဲ။ အနတ္တ တရားတွေပဲ။ ဘယ်ဟာမှအစိုးမရဘူး။ ☆ ကိုယ်ဖြစ်စေချင်သလို ဘယ်ဟာမှမဖြစ်ဘူး။ သူ့အကြောင်းအားလျော်စွာဖြစ် တာပဲ။ အင်မတန်မှန်တာပဲ။ အင်မတန်နက်နဲတဲ့တရားတွေပဲ။ မိမိတို့က မကြာခ ဏလေ့လာနေရလို့ တရားတော်တော်သိနေတော့ လွယ်တယ်လို့ အောက်မေ့ရ တယ်။ မလွယ်ဘူး။ နာကြားဖို့ကိုမလွယ်တာ။ အားထုတ်ဖို့ကို အသာထားဦး တ ရားလေးခဏနာပါဦးဗျာ။ ☆ မနာနိုင်ဘူး။ မအားလို့. နားထေားင်လို့ကိုမရဘူး။ ရင်ထဲမှာ မီးတောင်ကြီးလို ဖြစ်နေတာ။ နိဗ္ဗာန်ရောက်ကြောင်းတရားဆိုရင် သူတို့နားမှာ မီးလောင်နေပြီ။သူ တို့နားက ကိလေသာဖြစ်မယ့်အသံမှ နားထောင်လို့ရတာ။ ဝိသဘာဂ အသံဆို နားထောင်လို့ကိုမဝ‘နိုင်ဘူး။ ☆ တရားရကြောင်း နိဗ္ဗာန်ရကြောင်းဆိုရင် ပျင်းရိသွားမှာပဲ။ အိပ်ချင်လာမယ်။ တစ်ခါတည်း ဘယ်လိုမှ နားထောင်လို့မရဘူး။ ခေါင်းတွေဘာတွေမူးပြီးတော့ ပစ်လှဲချင်သလိုဖြစ်လာတာ။ ☆ ဘဝအဆက်ဆက်ကလည်း အဝိဇ္ဇာတဏှာအားကြီးတယ်။ အခုသာသနာတော် ကြီးနဲ့တွေ့ပြန်တော့လည်း မလေ့လာမလိုက်စားတဲ့အခါကျတော့ သစ္စာတရားအ သံတွေဆိုရင် စိတ်မဝင်စားတော့ဘူး။ဘယ်လိုမှရင်ထဲမှာ လက်မခံနိုင်တော့ဘူး ဖြစ်လာတယ်။ ☆ တချိ ု ့ကျတော့လည်း ခက်ခက်ခဲခဲ အဆန်းလုပ်မနေပါဘူးကွာ။ ဒါနလောက်ပြု တော်ရောပေါ့။ နှလုံးသွင်းမှားတာတွေ။ အဲဒါ အဝိဇ္ဇာကြာင့် အယောနိသောမန သိကာရ။ အယောနိသောမနသိကာရကြောင့် အဝိဇ္ဇာ။ အပြန်အလှန်ပေါ့။ ☆ တချိ ု ့ဒေသနာတွေမှာကျတော့လည်း အဝိဇ္ဇာ ဘာကြောင့်ဖြစ်သလဲ။ ဝိစိကိစ္ဆာ နဲ့ ပမာဒကြောင့်။ ဒါလောကသုတ္တန်အရ အဓိကက အဝိဇ္ဇာပါပဲ။ အမှန်တရားမ သိလို့။ အဝိဇ္ဇာအားကြီးပြီဆိုရင် တဏှာလည်းအားကြီးတာပဲ။ ☆ အဝိဇ္ဇာတဏှာအားကြီးပြီဆိုရင် သဒ္ဓါနဲ့ပတ်သက်တဲ့တရား။ ပညာနဲ့ပတ်သက် တဲ့တရားတွေကို မကြားချင်ဘူး။ သဒ္ဓါတရားခေါင်းပါတဲ့ပုဂ္ဂိုလ်ကို ရတနာသုံးပါးနဲ့ ကံ၊ ကံရဲ့အကျိ ု းသွားပြောရင် သူ့မှာ နားကြားပြင်းကပ်တယ်တဲ့။ ☆ မစ္ဆရိယ-ဝန်တိုတဲ့ပုဂ္ဂိုလ်ကို ဒါနအကြောင်းသွားပြောရင် သူ့မှာနားကြားပြင်း ကပ်တယ်တဲ့။ ဗဟုသုတနည်းတဲ့ပုဂ္ဂိုလ်ကို ဗဟုသုတအကြောင်းသွားပြောရင် နားကြားပြင်းကပ်တယ်။ ပညာနည်းတဲ့ပုဂ္ဂိုလ်ကို ပညာအကြောင်းသွားပြောရင် နားကြားပြင်းကပ်တယ်။ နားမထောင်ချင်ဘူး။ ☆ တရားကိုပွားများအားထုတ်ထားတဲ့ယောဂီက သစ္စာတရားကိုနာကြားလို့မဝနိုင် ဘူး။ တော်ကြာရင်းနာချင်၊တော်ကြာရင်းနာချင် ခဏခဏနာချင်တယ်။ နာလည်း နာချင်တယ်။ အားလည်း အားထုတ်ချင်တယ်။ ဘယ်လိုမှ မအားလို့သာနေမယ်။ နည်းနည်းလေးအားတာနဲ့ သတိပဋ္ဌာန်တရားနာတယ်။ ဝိပဿ နာတရားအား ထုတ်တယ်။ ☆ သောတာပန်တွေဟာ သစ္စာတရားကို အမြဲတမ်းနာကြားချင်တဲ့စိတ်ရှိတယ်။ အဲဒီလို သစ္စာတရား သတိပဋ္ဌာန်တရားတွေနာပြီးတဲ့အခါမှာလည်း ပါဠိတွေမသိ ပေမဲ့ အဓိပ္ပါယ်တွေကို အထိုက်အလျောက်သိနေတော့ စိတ်ထဲမှာ အားရပါးရ လည်းဖြစ်တယ်။ ဝမ်းသာလို့လည်း မဆုံးနိုင်ဘူး။ ပီတိသောမနဿ က တော် တော်နဲ့ မပျောက်ဘူး။ တစ်ကိုယ်လုံးတသိမ့်သိမ့်ဖြစ်နေတာ။ ☆ ပုထုဇဉ်တွေကျတော့ တရားနာနေတဲ့အချိန်လေးပဲ သံဝေဂဉာဏ်ဖြစ်နေသလို လို အမြင်မှန်ရသလိုလိုရှိတယ်။ တရားသိမ်းလို့ သာဓု သာဓု သုံးကြိမ်လည်းခေါ် ပြီးရော တရားနဲ့ပတ်သက်လို့ ရင်ထဲမှာ ဘာမှမကျန်တော့ဘူး။နာတုန်းခဏပဲ ပြီး ရင်မေ့မေ့ပျောက်ပျောက်ဖြစ်သွားတာ။ ☆ အဲဒီလို ပုထုဇဉ်စိတ်ထားနဲ့သောတာပန်စိတ်ထားက ကွဲပြားမှုရှိတယ်။ လူပုံ သဏ္ဌာန်က ကွဲပြားသွားတာမဟုတ်ဘူးနော်။ ☆ ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးက ဘယ်လိုမိန့်သလဲဆိုတော့- ‘သောတာပန်ဆိုတာ ချိ ု ပေါက်လာတာမဟုတ်ဘူး. အသား အရေစိုပြည်ပြီးရုပ် အဆင်းလှလာတာလည်း မဟုတ်ဘူး။ စိတ်ထဲမှာ ကိလေသာပါးရှားပြီး သောတာ ပန်စိတ်ပေါ်လာတာကို သောတာပန် လို့ခေါ်တာ။ သေသေချာချာမှတ်ထားကြ’ ☆ ဒီလောက်ဆို ယောဂီတွေအနေနဲ့ မိမိကိုယ်မိမိ သောတာပန်ဖြစ်မဖြစ် ဒီတရား မှတ်ကျောက်နဲ့စစ်ကြည့်လို့ မရနိုင်ဘူးလား။ ‘ရနိုင်ပါတယ်ဘုရား’ ☆ အချိန်ယူပြီး သေသေချာချာစစ်ကြည့်ကြနော်။ တစ်ငါတည်းငါနေတဲ့အတ္တဒိဋ္ဌိ ငါ စွဲတွေအားကြီးနေသေးတယ်ဆိုရင်တော့ မဟုတ်သေးဘူး. သောတာပန်တကယ် မဖြစ်သေဘဲ ကိုယ့်ကိုယ်ကို အထင်မကြီးမိကြစေနဲ့။ အခုလို သာသနာတွင်းမှာ လူလာဖြစ်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ အချိန်လွန်မှသိရရင် ကိုယ်ပဲနစ်နာမှာ။ ☆ သောတာပန်ဖြစ်တာသေချာတဲ့ယောဂီတွေကတော့ကိုယ်အပါယ်တံခါးပိတ်သလို တခြားသူတေံလည်း အပါယ်တံခါးပိတ်အောင် သာသနာပြု ပြီး မြတ်စွာဘုရား ကိုကျေးဇူးဆက်ကြနော်။ တရားနဲ့ပူဇော်။ တရားနဲ့ ကျေးဇူးဆပ်ကြ။ ကဲ ••• အခု တော့ သာဓု သုံးကြိမ်ခေါ်ပြီး တရားသိမ်းကြစို့ ••• သာဓု ••• သာဓု ••• သာဓုပါဘုရား။ ☆ မြစိမ်းတောင်ဆရာတော်အရှင်ဇာနေယျ ☆
https://www.dhammaransi.com/index.php/new/696-2016-01-09-10-22-13.html
သမ္ဗုဒ္ဓေဂါထာတော်ကြီးရှင်းပြချက်‬
သမ္ဗုဒ္ဓေ အဋ္ဌဝီသဥ္စ၊ (သမ်ဗုတ်ဓေ အထဝီသင်စ) ဒွါဒသဥ္စ သဟဿကေ၊ (ဒွါဒသင်စ သဟသကေ) ပဥ္စဿတ သဟဿာနိ၊ (ပင်စ သတ်တာ သဟသာနိ) နမာမိ သိရသာမဟံ။ (နမာမိ သိရသာမဟံ) အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ (အပ်ပကာ ဝါလုကာ ဂင်ဂါ) အနန္တာ နိဗ္ဗုတာ ဇိနာ၊ ( အနန်တာ နိတ်ဗုတာ ဇိနာ) တေသံ ဓမ္မဥ္စ သံဃဥ္စ၊ (တေသံ ဓမ်မင်စ သံဃင်စ) အာဒရေန နမာမဟံ။ (အာဒရေန နမာမဟံ) နမက္ကာရာ နုဘာဝေန၊ (နမက်ကာရာ နုဘာဝေန) ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊ (ဟိတွာ သတ်ဗေ ဥပတ်ဒဝေ) အနေက အန္တရာယာပိ၊ (အနေက အန်တရာယာပိ) ဝိနဿန္တု အသေသတော။ (ဝိနတ်သန်တု အသေသတော) ဆရာတော်ကြီး တိုကျိုမြို ့၊ နိပိုရီသုဿန်သို့ မေတ္တာပို့ရန် ကြွရောက်တော်မူလာစဉ် အေး.. သမ္ဗုဒ္ဓေ ဆိုတာ ဘုရားရှင်တို့ကို အဋ္ဌဝီသဥ္စ ဆိုတာ အဋ္ဌက (၈) ဝီသဥ္စက (၂၀)။ (၈)(၂၀) ဆိုတော့ (၂၈) ပေါ့။ နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်တို့ကို နမာမိ သိရသာ မဟံ ၊ မဟံ တပည့်တော်သည် သိရသာ ဦးခေါင်းတော်ဖြင့် နမာမိ ရှိခိုးပါ၏။ ဘုန်းဘုန်းရှိခိုးတာလေးကြည့်စမ်းအုံး။ ဦးခေါင်းဖြင့်ရှိခိုးပါ၏ ဆိုတာ ရှိခိုးပြစမ်းပါ။ အေး…အဲဒီလို ရှိခိုးတာကို ခေါင်းဖြင့်ရှိခိုးတယ်လို ခေါ်တယ်နော်။ ဟောဒီလိုရှိခိုးတာကျတော့ လက်အုပ်ချီ၍ ရှိခိုးပါ၏။ ဟုတ်လား။ ဟောဒါကြတော့ လက်ဆယ်စုံ ထိပ်မှာမိုး၍ ရှိခိုးပါ၏။ ဒီခေါင်းပေါ်ကို လက် (၁၀)ချောင်းတင်လိုက်တာ ။ (မှန်လှပါဘုရား) ။ နတ်တွေ ဗြဟ္မာတွေ ရှိခိုးတာနည်းက အဲဒီလို ရှိခိုးတာနော်။ နတ်တွေ ဗြဟ္မာတွေက ဟောဒီလို ရှိခိုးတာ။ အဲဒီလိုရှိခိုးတဲ့ရုပ်ပုံတွေ မြင်ဖူးကြလား။ (မြင်ဖူးပါတယ်ဘုရား)။ ဘယ်မှာ မြင်ဖူးတုန်း။ အဲဒီလို ရှိခိုးတာတွေ အညာမှာတော့ ကောင်းမှုတော် ဆိုတဲ့စေတီကြီး မြင်ဖူးကြလား။ (မြင်ဖူးပါတယ်ဘုရား)။ အကြီးကြီးလေ ဒီလိုကြီး အဲဒီလို ပုံကြီး။ အဲဒီ ကောင်းမှုတော်စေတီကြီးဘေးမှာ နတ်ရုပ်တွေ၊ ဗြဟ္မာရုပ်တွေ ဒီလိုကြီးတွေ ရှိခိုးနေကြတာနော်။ အဲဒီနားရောက်တဲ့အခါ ဝင်ကြည့်ကြပေါ့။ အေး…ထားကြပါစို့။ ဘုရားပေါင်း ၂၈ ဆူကို ခေါင်းဖြင့်ရှိခိုးပါ၏။ ပြီးတော့ ဒွါဒသဥ္စ သဟဿကေ ဒွါဒသ ဆိုတာ ၁၂ သဟဿ ဆိုတာ ၁၀၀၀။ ၁၂ နဲ့ ၁၀၀၀ နဲ့ မြှောက်စမ်းပါ။ ၁၂၀၀၀ အေး.. ဒွါဒသဥ္စ သဟဿကေ ၁၂၀၀၀ သော ဘုရားရှင်တို့ကို့ နမာမိ သိရသာ မဟံ တပည့်တော်သည် ဦးခေါင်းတော်ဖြင့် ရှိခိုးပါ၏ ဘုရား။ ဘုရားပေါင်း ဘယ်လောက်ရှိခိုးလိုက်လဲ၊ ၁၂၀၀၀ ၊ ပြီးတော့မှ ပဥ္စသတ သဟဿာနိ ပဥ္စ က ၅ သတ က ၁၀၀ နော်။ ၅ နဲ့ ၁၀၀ နဲ့မြှောက် ၅၀၀။ သဟဿာနိ က ၁ဝဝဝနော်။ ၅၀၀ နဲ့ ၁၀၀၀ နဲ့မြှောက် ၅ သိန်း။ ပဥ္စသတ သဟဿာနိ ၅ သိန်းသော ဘုရားရှင်တို့ကို့ နမာမိ သိရသာ မဟံ တပည့်တော်သည် ဦးခေါင်းတော်ဖြင့် ရှိခိုးပါ၏ ဘုရား။ အဲဒီတော့ ဘုရားပေါင်း ၅၁၂၀၂၈ ဆူ။ ဘုရားပေါင်း ဘယ်လောက်ရှိခိုးတာလဲ။ (၅၁၂၀၂၈ ဆူ)။ အေး ဘုရားပေါင်း ၅၁၂၀၂၈ ဆူ ထေရီအပဒါန ဒီပနီ ဆိုတဲ့ ကျမ်းထဲမယ် အဲဒါအပြည့်အစုံပါတယ်။ ဘုန်းဘုန်းဝတ္ထုအကြောင်းလေးပြောပြပါမယ်။ ဒီကမ္ဘာက ပြန်ပြီးနောက်ပြန်ရေလိုက်တဲ့အခါ သချေင်္ (၂၀) နဲ့ ကမ္ဘာတစ်သိန်းထက်မယ်၊ ဘယ်လောက်ကြာတုန်း။ ကမ္ဘာပေါင်း သချေင်္ (၂၀)နဲ့ ကမ္ဘာ တစ်သိန်း၊ အဲဒီမယ် ဒီပင်္ကရာ ဆိုတာပွင့်တော်မူတယ်။ ဘာဘုရားပွင့်တော်မူလဲ။ (ဒီပင်္ကရာဘုရား) ။ ဒီပင်္ကရာ နှစ်ဆူရှိတယ်။ သချေင်္ (၂၀)နဲ့ ကမ္ဘာ တစ်သိန်းထက်ပွင့်တဲ့ ဒီပင်္ကရာကို အရင်ကျလို့ ပေါရာဏ ဒီပင်္ကရာတဲ့။ သုမေဓာရသေ့လေးကို ဗျာဒိတ်ပေးတာက ဗျာဒိတ်ပေး ဒီပင်္ကရာတဲ့။ ဒီပင်္ကရာဘယ်နှစ်ဆူရှိလဲ။ (နှစ်ဆူရှိပါတယ်ဘုရား)။ ဘာတဲ့တုန်း။ (ပေါရာဏ ဒီပင်္ကရာ နဲ့ ဗျာဒိတ်ပေး ဒီပင်္ကရာ) ။ အေး ပေါရာဏဒီပင်္ကရာဘုရားလက်ထက် ဘုရင် သမီးတော်လေးတစ်ပါးရှိသတဲ့။ သူ့ကို ဘုံခုနှစ်ဆင့်ရှိတဲ့ ပြသဒ်ထဲမယ် သူ့ကိုတပင်တိုင် မြနန်းထားတယ်ပေါ့။ ရှေးတုန်းကတော့ တပင်တိုင်မြနန်းလို့ ရှိသေးတယ်။ ဒီပြင့်လူတွေ ယောက်ျားလေးတွေ မဝင်ရဘူး။ မိန်းကလေးတွေချည်းထားတယ်။ နောက်တက်မယ့်မင်းရဲ့ မိဖုရားဖြစ်အောင်လို့ သူ့ကိုတပင်တိုင်မြနန်းနဲ့ထားတယ်။ အဲဒီမင်းသမီလေးက ဟိုးအထက်ဆုံးအထပ်ကနေပြီးတော့ ဒီလိုလေး လှည့်ပတ်ပြီးတော့ မြို ့ကိုကြည့်တာ ညနေကြီး ဦးဇင်းလေးတစ်ပါး ဆွမ်းခံလို့တဲ့ဗျာ။ ဟိုက ဦးဇင်းလေး ညနေကြီးဆွမ်းခံနေတယ် သွား..သွား..သွား ပင့်စမ်းဆိုတော့ ပင်လိုက်လို့ ရောက်လာတော့ ဦးဇင်းလေး သူများတွေ မနက်ဆွမ်းခံ ဦးဇင်းလေး ညနေကြီးဆွမ်းခံသလား။ ညဆွမ်းစားသလားလို့မေးသတဲ့။ သမီးတော်လေးရယ် ကြည့်ပါဆိုပြီးတော့ သပိတ်လှပ်ပြတယ်။ သပိတ်ထဲမယ် ဆီတွေဘဲပါတယ်။ ဆွမ်းတွေဆွမ်းရံတွေ မပါဘူးလို့ ပြောသတဲ့။ ဘာလို့ ဆီတွေဘဲအလှူခံတာတုန်း။ သူများချက်ပြီးပြုတ်ပြီးသား စားနေတာ ဆီဘာလုပ်ဖို့တုန်း။ အဲဒီတော့ ဦးဇင်းလေးက သမီးတော်လေးရယ် ညကျတော့ ကျောင်းတိုက်ထဲမှောင်လို့ပါ၊ ဆီမီးလေးပူဇော်ပြီးတော့ ဦးဇင်းတွေ၊ ကိုယ်တော်တွေ သွားတဲ့လာတဲ့ပုဂ္ဂိုလ်တွေလင်းအောင်လို့ ထွန်းပေးတာပါ။ မြတ်စွာဘုရားနားလေးလည်းဘဲ ဆီမီးပူဇော်တာပါလို့ ပြောသတဲ့။ အော်ဒီလိုဆိုရင်ပေးပေး၊ သပိတ်ပေးဆိုပြီး သပိတ်ယူပြီး အဲဒီသပိတ်ထဲကို မုန်ညင်းဆီတွေ မုန်ညင်းဆီရော သိကြလား။ (သိပါတယ်ဘုရား) ။ မုန်ညင်းစေ့လေးတွေကို ကြိတ်လိုက်တော့ မုန်ညင်းဆီရတာပေါ့။ နှမ်းတွေ ကြိတ်တော့ နှမ်းဆီတွေရတာပေါ့။ မြေပဲတွေ ကြိတ်လိုက်တော့ မြေပဲဆီရတာပေါ့။ အဲဒီလို မုန်ညင်းစေ့လေးတွေကြိတ်လိုက်တော့ မုန်ညင်းဆီတွေရ၊ အဲဒီမုန်ညင်းဆီတွေ သပိတ်နဲ့အပြည့်လှူလိုက်တော့ ဦးဇင်းလေးကမေးသတဲ့။ သမီးတော်လေး ဘာဆုများ ပန်တုန်း။ တပည့်တော်မ က ဘုရားဖြစ်ချင်တာပါဘုရားလို့ပြောသတဲ့။ အော်..ကောင်းပ..ကောင်းပလို့ပြောပြီး သာဓု..သာဓုလို့ ခေါ်သွား။ ညကျတော့ မြတ်စွာဘုရားက ဆီမီးပူဇော်တဲ့ ဦးဇင်းလေးကို ခေါ်စမ်းဟဲ့ ဆိုတော့ရောက်လာတယ်။ ဦးဇင်းလေး ဒီနေ့ ဆီမီးတွေမြိုင်လှချည်လား။ ဘယ်ကဆီရတုန်း။ သမီးတော်လေးဆီကပါဘုရား။ ဘုရင့်သမီးတော်လေးက အရှင်ဘုရားနှမတော်လေးက ဘုရား ဆီမီးပူဇော်ဖို့ မုန်ညင်းဆီတွေ သပိတ်အပြည့်လှူပါတယ်ဘုရား။ အဲဒီသမီးတော်လေးနဲ့ ဒီပင်္ကရာဘုရားကလည်း ဖအေတူမအေကွဲ မောင်နှမတော်သတဲ့။ ဒါကြောင့် အရှင်ဘုရားနှမလေးက မုန်ညင်းဆီတွေအပြည့် လှူလိုက်လို့ပါဘုရား။ အော် သမီးတော်လေးက ဘာဆုပန််သတဲ့တုန်း။ တပည့်တော်လည်းမေးကြည့်တယ်ဘုရား၊ သမီးတော်လေးဘာဆုပန်တုန်း မေးတော့ ဘုရားဖြစ်ချင်တယ်လို့ ပြောပါတယ် ဘုရား။ အော်..ဒါဆိုရင် နက်ဖြန်ခါပြန်ပြောအုံး၊ မိန်းကလေးဘဝနဲ့ ဘုရားဆု မပန်ရဘူး။ နောက်ဘဝ ယောက်ျားလေးဖြစ်ပါစေ၊ ယောက်ျားလေးဖြစ်မှ ပါရမီတွေ ဒါနစတဲ့ ပါရမီတွေ လုပ်ရင် ဘုရားဖြစ်လိမ့်မယ်လို့ပြော။ ကောင်းပါပြီဘုရား။ တပည့်တော်နက်ဖြန်ခါ ပြန်ပြောပါ့မယ်ဘုရား။ ကဲကဲ ထားတော့။ ဦးဇင်းလေးကရော ဘာဆုပန်တုန်း။ တပည့်တော်က အရှင်ဘုရားအားကျလို့ဘုရား။ အရှင်ဘုရားဒီပင်္ကရာ ဆိုသလို ဒီပင်္ကရောတိ ဒီပင် ဆီမီး ကရောတိ ပြုတက် ပူဇော်တတ်၏။ ထို့ကြောင့် ဒီပင်္ကရော ဒီပင်္ကရာ မည်၏။ ဆီမီးပူဇော်တာက တပည့်တော် အရှင်ဘုရားအားကျပြီးတော့ တပည့်တော် ဘုရားဆုပန်ပါတယ်ဘုရား။ ဘုရားဖြစ်တဲ့ အခါလည်း ဘုရားဘွဲ့က ဒီပင်္ကရာ ဆိုတဲ့ ဘွဲ့ လိုချင်ပါတယ်ဘုရား လို့ဆိုသတဲ့။ အဲဒါနဲ့ ပေါရာဏဒီပင်္ကရာဘုရားက အဘိညဉ်တန်ခိုးနဲ့ကြည့်လိုက်တော့ အော်ဦးဇင်းလေး မင်းနောက် ၁၆ သင်္ချေ ကြာတဲ့အခါ ဘုရားဖြစ်လိမ့်မယ်လို့ ဗျာဒိတ်ပေးသတဲ့။ ဗျာဒိတ်ပေးတော့ ဟာ ငါဘုရားလောင်းဖြစ်ပြီ မြတ်စွာဘုရား ဗျာဒိတ်ပေးပြီးပြီ။ ည ညအိပ်မပျော်ဘူးတဲ့ ဝမ်းသာလွန်းလို့။ အဲဒီနောက် တစ်နေ့ကျတော့ ညနေကျ လေးနာရီလောက် မြို့ထဲ နန်းတွင်းထဲ ဆွမ်းခံသွားပြန်ရော။ ဆီဆွမ်းခံ ပေါ့။ သမီးတော်လေးကလည်း ဘုံခုနှစ်ဆင့် ရှိတဲဲ့ပြဿဒ်က လှည့်ပတ်ကြည့်လိုက်တော့ ဟာမနေ့ ကဦးဇင်းလေး နဲ့တူတယ်။ ဆွမ်းခံနေတယ် သွား…သွားး…ပင့်အုံးဆိုတော့ သွားပင့်တယ်။ ရောက်လာ ဦးဇင်းလေး မနေ့ကလည်း ဆွမ်းခံ၊ ဒီနေ့လည်းဆွမ်းခံ နေတိုင်းဆွမ်းခံသလား။ အော် သမီးတော်လေးရယ် ကျုပ်က ဘုရားလောင်း။ မနေ့က ဗျာဒိတ်ရပြီးပြီ။ နောက် ၁၆ သချေင်္ကြာတဲ့အခါ ကျုပ်က ဒီပင်္ကရာ ဘုရားဖြစ်မှာ။ ဘုရားလောင်းဆိုတာ တစ်နေ့တည်း ကုသိုလ်လုပ်ပြီးတော့ ဆုပန်လို့ ဘယ်ရမတုန်း။ နေ့တိုင်းနေ့တိုင်း ဒါနပြုရတယ်၊ သီလဆောက်တည်ရတယ်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ ဝိပဿနာ တရားတော်တွေ ပွားရတယ် သမီးတော်လေးရဲ့။ အော်ဒီလိုလား ဘုရား။ မသိလိုပါဘုရား။ ဒီလိုဆိုရင် ပေးပေး၊ သပိတ်ပေးဘုရား ဆိုပြီးတော့ သပိတ်ထဲ မုန်ညင်းဆီတွေ ထည့်ထည့်ပြီးတော လှူတယ် သူက။ အရှင်ဘုရားကို တပည့်တော် ပါရမီဖြည့်ပေးမယ် ဘုရား။ အရှင်ဘုရား နေ့တိုင်းနေ့တိုင်း မြို့ထဲမယ် လှည့်ဆွမ်းခံရတာ ပင်ပန်းတယ်၊ အဲ့တော့ ဘယ်မှ မသွားနဲ့ တပည့်တော်ဆီ ဒီပြဿဒ်တန်းလာခဲ့။ တပည့်တော် နေ့တိုင်း နေ့တိုင်း တစ်သပိတ်၊ တစ်သပိတ် အပြည့်လှူမယ်။ ကောင်းပ…ကောင်းပ….သာဓု…သာဓု…သာဓု။ မနေ့တုန်းက မြတ်စွာဘုရားက မှာလိုက်သေးတယ်။ ဘယ်လို မှာတုန်းဘုရား။ သမီးတော်လေးက ဘုရားဆုပန်တယ်လို့ ဦးဇင်းက ပြောလိုက်တဲ့ အခါကျတော့ မိန်းကလေးဘဝနဲ့ ဘုရားဆုပန်လို့မပြည့်ဘူး။ နောက်ဘဝ ယောက်ျားလေးဖြစ်ပါရစေလို့ ဆုတောင်းလို့ မှာလိုက်တယ်။ အော် အဲဒီလိုလားဘုရား။ ဒီလိုဆိုရင် သပိတ်လေးကိုကပ်၊ ဘုရားတပည့်တော် မုန်ညင်းဆီလှူရတဲ့ ကုသိုလ်ကြောင့် နောင်ဘဝ ယောက်ျားလေးဖြစ်ပါရစေဘုရားလို့ ဆုပန်တယ်နော်။ အဲဒီလိုဆုပန်တဲ့ အတွက်နောက်ဘဝ ယောက်ျားလေးဖြစ်တယ်။ ဖြစ်တော့ ထားကြပါစို့ ။ ၁၆ သချေင်္ကို နှစ်ပုံ ပုံလိုက်တော့ ဘုရားဆုပန်လို့ စိတ်ထဲမယ် ဆုတောင်းတာ ကမ္ဘာပေါင်း (၇) သချေင်္။ ဘယ်လောက်ကြာတုန်း။ (၇) သချေင်္ကြာတယ်။ စိတ်ထဲတွင်မနေနိုင်တော့ တပည့်တော် ဘုရားတပည့်တော် ဒီကုသိုလ်ကြောင့် ဘုရာဖြစ်ပါရစေဘုရားလို့ အကျယ်ကြီးဆုတောင်းတာက (၉)သချေင်္။ စိတ်ထဲတွင် ဆုတောင်းတာက ဘယ်လောက်လဲ။ (၇)သချေင်္။ နှုတ်ရွတ်ပြီးတော့ ပါးစပ်က အော်ပြီးတော့ ဆုတောင်းတာက (၉)သချေင်္။ (၇)သချေင်္ နဲ့ (၉)သချေင်္ ပေါင်းလိုက်ရင် (၁၆) သချေင်္။ ပထမ (၇)သချေင်္တွင် ဘုရာပေါင်း ဘယ်လောက်ပွင့်သလဲဆိုရင် ဘုရားပေါင်း ၁၂၅၀၀၀။ ပထမ (၇) သချေင်္ အချိန်ကာလအားဖြင့် (၇)သချေင်္၊ အဲဒီ (၇)သချေင်္အတွင်းမယ် ဘုရားပေါင်းပွင့်တာက ၁၂၅၀၀၀။ အဲဒီ ဘုရားပေါင်း ၁၂၅၀၀၀ ဆီမှာ ကုသိုလ်ကောင်းမှုပြုပြီးတော့ စိတ်ထဲတွင်သူကဆုပန်တာနော်။ စိတ်ထဲတွင် ဆုပန်တဲ့ ဘုရားပေါင်း ၁၂၅၀၀၀။ နောက်ထပ် ၉ သချေင်္ကြာတော့ စိတ်ထဲတွင် မနေနိုင်တော့ဘူးတဲ့။ သူက ကုသိုလ်ကောင်းမှုပြုပြီးရင် ဘုရားတပည့်တော် ဒီကုသိုလ်စေတနာကြောင့် ဘုရားဖြစ်ပါရစေဘုရားလို့ အကျယ်ကြီးဆုတောင်းတယ်။ အဲဒီလို နှုတ်နဲ့ အကျယ်ကြီးဆုတောင်းတဲ့ အချိန်ကာလ က ၉ သချေင်္။ ဘုရားပေါင်းက ၃၈၇၀၀၀ ။ အဲခုနက ၁၂၅၀၀၀ နဲ့ ခု ၃၈၇၀၀၀ ပေါင်းလိုက်စမ်း။ ၅၁၂၀၀၀ နော်။ ပေါ်ပြီမဟုတ်လား။ အေး… ဒွါဒသဥ္စ သဟဿကေ ပဥ္စသတ သဟဿာနိ ၅၁၂၀၀၀ သော ဘုရားရှင် တို့ကို့ တပည့်တော်ရှိခိုးပါ၏။ ဟုတ်လား။ အဲလိုနဲ့ ဘုရားဆုပန်လိုက်တာ သုမေဓာရသေ့ဘဝရောက်၊ သုမေဓာရသေ့ဘဝကနေ ပြီးတော့ သူကတောထဲမယ် တရားကျင့်နေတာ။ ရသေ့တွေ ဆိုတော့ တောထဲမယ် အကြာကြီးမနေရဘူးတဲ့။ တောထဲမယ် အကြာကြီးနေရင် အိုက်အိုဒင်းဆားဓါတ်နည်းပြီးတော့ လည်ပင်းကြီးရောဂါဖြစ်တယ်။ အဲဒီရောဂါကို အိုက်အိုဒင်းဆား စားလိုက်ရင်ပျောက်တယ်။ သုမေဓာရသေ့က ကဲ ငါလည်းဘဲ တော်ကြာ လည်ပင်းကြီးနေ လိမ့်မယ် ဆိုပြီးတော့ ကောင်းကင်ကပြန်လာ၊ အောက်မှာ လူတွေ တအုံးအုံးနဲ့ လူတွေတပျော်တပါးကြီး အလုပ်လုပ်နေတာ မြင်တော့ ဆင်းပြီးတော့ သူကမေးတယ်။ ဟေ့..ကောင်တွေ မင်းတို့ဘာလုပ်နေကြတာတုန်း တပျော်တပါးကြီးပါလား။ လောကသုံးပါး ဘုရားပွင့်ပြီလေ။ ဒီပင်္ကရာဘုရားပွင့်ပြီ။ နောက်တော်ပါ ရဟန်း လေးသိန်းနှင့်အတူ အခုဆွမ်းခံ ကြွမှာ။ မိုးတွေရွာလို့ ဒီမှာ ဗွက်တွေ ပြင်နေတာ ကျုပ်တို့ ဗွက်တွေ ဖို့နေတာဗျလို့ ပြောသတဲ့။ ဟာ....ဒီလိုဆိုရင် ငါလဲဘဲ ကုသိုလ် ပါဝင်အုံးမယ်ကွ။ ငါ့ကိုတစ်နေရာပေးလို့ ပြောကတဲ့။ ဦးရသေ့ကြီး ခင်ဗျားက မြေလျှိုးမိုးပျံ တန်ခိုးတွေ ရနေတော့ ဗွက်တွေ ထူတဲ့နေရာ ခင်ဗျားယူ။ ဗွက်ထူတဲ့နေရာပေးသတဲ့။ ပေးတော့လည်း အေးပါကွာ ဘယ်နေရာရရ ငါရသမျှ လုပ်မယ်ဆိုပြီးတော့ နီးတဲ့အိမ်လေးတစ်အိမ်က ပေါက်ပြားလေးတစ်လက်၊ တံရွင်းတစ်ချောင်း၊တောင်းတစ်လုံး ငှား။ မြေကြီးတွေ တူးပြီးတော့ သူကဖို့တာပေါ့။ ဖို့တော့ ပြီးခါနီး ဟောဒီလောက်ကလေးကျန်တော့တယ်။ တလံလောက်ကလေး။ အဲဒီလောက်ကလေးလဲကျန်ရော။ အော်..ဒီပင်္ကရာဘုရား နောက်တော်ပါရဟန်း လေးသိန်းနဲ့ ဆွမ်းခံကြွလာပြီခင်ဗျား။ ဆွမ်းလောင်းဖို့ ပြင်ကြပါလို့ နိဗ္ဗာန်ဆော်က ကြေးစည်လေးတီးပြီး ရှေ့ကနေဟစ်သတဲ့။ ဟာ..ဘုရားကြွလာပြီ ဘုရားကြွလာပြီ ဆိုပြီး ပြေးကြလွှားကြ ဆွမ်းတွေ၊ ဆွမ်းရံတွေပြင်ဆင်ကြပေါ့လေ။ သုမေဓာ ရသေ့လေးကျတော့ အရမ်းချစ်နေကြတာ။ သူ့ဘယ်သူမှ ဂရုမစိုက်၊ ကူဖေါ်လောင်ဖတ်လည်း မရှိဘူး။ ငါလည်း ခက်နေပြီ ဒီလောက်ကလေးကျမှ ကျန်နေတယ်။ ခက်ပြီ..ဘယ်လိုလုပ်ရပါ့မတုန်းဆိုပြီးတော့ သူက သင်္ကန်းကြီးဖြန့်ခင်း အဲဒီပေါ်မယ် ဝမ်းယားမှောက် ဘုရားကြွလာတဲ့ဘက် ခေါင်းပြုပြီးတော့ မြတ်စွာဘုရား တပည့်တော် ကျောပေါ် သံဃာတော် လေးသိန်းနှင့်တကွ နင်းလျှောက်ပါဘုရား။ ဗွက်ထဲကို မနင်းပါနဲ့ ဘုရား။ တပည့်တော်ကျောပေါ်နင်းပါဘုရားလို့ သူကအော်လျှောက်တယ်။ အော်လျှောက်တော့ ဟာ..အာဂယောက်ျားဘဲဟေ့။ သံဃာတော် လေးသိန်းနဲ့ တက်နင်းရင် သူသေမှာ အသေခံရဲတယ်။ တကယ့်ယောက်ျား၊ ဘယ်လို ပုဂ္ဂိုလ်လဲဟဲ့လို့ ကြည့်လိုက်တော့မှ အော်လွန်ခဲ့တဲ့ ဆယ်ခြောက်သချေင်္တုန်းက သမီးတော်လေး ဖြစ်ပြီးတော့ ငါ့ကိုနေ့တိုင်းနေ့တိုင်းမုန်ညင်းဆီ တစ်သပိတ်လှူတဲ့ ပုဂ္ဂိုလ်လေးဘဲလို့သိသွားတယ်။ ဘုရားက။ အေး.. သုမေဓာရသေ့လေး ဆိုပြီးတော့ ခုန သမီးတော်လေးအကြောင်းပြန်ပြောင်းဟော၊ ဟောပြီးတော့ မင်းကျောပေါ်မလျှောက်ပါဘူးကွာ တို့ကောင်းကင်ကကြွမယ်ဆိုပြီးတော့ တန်းခိုးနဲ့ကြွ၊ ကြွပြီီးတော့ သင်ဟာ ဒီကုသိုလ်စေတနာကြောင့် လေးသချေင်္ နဲ့ ကမ္ဘာ တစ်သိန်းကြာတဲ့အခါ ဂေါတမ ဘုရားဖြစ်လိမ့်မယ်လို့ ဗျာဒိတ်ပေးသတဲ့။ သင်ဟာ ငါဦးဇင်းလေးဘဝတုန်းက နေ့တိုင်းနေ့တိုင်း မုန်ညင်းဆီ တစ်သပိတ်လှူတဲ့ ကုသိုလ်စေတနာကြောင့် သင့်နောက်ဆုံးဘဝ နာမည်က သိဒ္ဓတ္တ မင်းသားလို့ဖြစ်လိမ့်မယ်။ သိဒ္ဓတ္တ ဆိုတာ မုန်ညင်း တေလဆိုတာ ဆီ။ သိဒ္ဓတ္တတေလ ဆိုတော့ မုန်ညင်းဆီ ။ မုန်ညင်းဆီ တစ်သပိတ် တစ်သပိတ် လှူခဲ့တဲ့အတွက် အဲဒီစေတနာက အကျိုးပေးပြီးတော့ သင့်ရဲ့နောက်ဆုံးနာမည်သည် ဘာဖြစ်လိမ့်မတုန်း။ သိဒ္ဓတ္တမင်းသားလို့ ဖြစ်လိမ့်မယ်လို ဗျာဒိတ်ပေးသတဲ့။ အေး...အဲဒီမုန်ညင်းဆီလှူတဲ့ ကုသိုလ်စေတနာကံသည် ကမ္မပစ္စည်း၊ ဒီဘက်ဘဝမယ် သိဒ္ဓတ္တ လို့ နံမည်လေးရ၊ ဘုရားဖြစ်တာက ကမ္မပစ္စည်းရဲ့ ပစ္စယုပ္ပန် သဘောပေါက်လား။ ဘဝပေါင်း ကမ္ဘာပေါင်း သချေင်္ ၂၀ နဲ့ ကမ္ဘာပေါင်း တစ်သိန်းကြာတယ်။ ပျောက်မသွားဘူးနော်။ အဲ့ဒီပျောက်မသွားတဲ့ သတ္တိလေးကို ကမ္မသတ္တိ။ ဟုတ်ကလား။ အဲဒါဆိုရင် အဖိုးတန်တယ် မဟုတ်လား။ အဲ...ဟုတ်ပြီ။တစ်ခေါက်လောက်ဆိုပြစမ်းပါအုံး။ “သမ္ဗုဒ္ဓေ အဋ္ဌဝီသဥ္စ ဒွါဒသဥ္စ သဟဿကေ ပဥ္စသတ သဟဿာနိ နမာမိ သိရသာ မဟံ အပကာ ၀ါဠုကာ ဂင်္ဂါ အနန္တာ နိဗ္ဗုတာ ဇိနာ တေသံ ဓမ္မဥ္စ သံဃဥ္စ အာဒရေန နမာမဟံ နမက္ကာရာ နုဘာဝေန ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ အနေက အန္တရာယာပိ ၀ိနာဿန္တု အသေသတော” ကဲ....တော်လိုက်ကြအုံးစို့။ သာဓု……သာဓု……သာဓု (ဗန်းမော်ဆရာတော်ကြီး ပဋ္ဌာန်းတရားပွဲ အသံတော်မှ ကူးယူပူဇော်ပါသည်။)
https://www.dhammaransi.com/index.php/new/697-2016-01-09-10-21-34.html
ရသေ့ကြီး ဦးခန္တီရွတ်သော အလွန်အကျိုးပေးသည့် ဘုရားရှိခိုး
လာဘ်တိတ်နေသူများ ၊ စျေးရောင်းမကောင်းသူများ ၊ အကြွေးမရသူများ ၊ အကြွေးမဆပ်နိုင်သူများ ၊ ငွေကြေး အခက်အခဲဖြစ ်နေသူများ ၊ အကြီးအကဲနဲ့ အဆင်မပြေသူများ ၊ အလုပ်အကိုင် တို့လို တန်းလန်း ဖြစ်နေသူများ ၊ လာဒ်ရွှင်ငွေဝင်လိုသူများ အတွက် အလွန်တရာမှ လာဒ်ရွှင်စေသော ရသေ့ကြီး ဦးခန္တီရွတ်သော ဂါထာကို လက်ဆောင်ပေးလိုက်ရပါတယ် ခင်ဗျာ ... ဒေါက်တာ ကုမာရ ဘိဝံသ(ဗန်းမော်ဆရာတော်) ချီးမြှင့်တော်မူသော ရသေ့ကြီး ဦးခန္တီ၏ဂါထာတော်။ အရဟံ၊ ဗဟိ-အန္တ-ဇယံ၊ သုဂတံ၊ အမိတံ၊ ၀ိရဇံ၊ လလိတံ၊ အတုလံ၊ စရဏံ၊ တိ-ဘဝူပ-သမံ၊ ယမကံ၊ သုခ ဒံ ၊ သရဏံ ၊ ပ နမာမိဇိနံ။ (အနက်ကို ရွတ်ဆိုရန်မလိုပါ..အဓိပ္ပါယ် သိရန် ရေးပေးတာပါ... အထက်ပါ ဂါထာကို သာရွတ်ပါ။) ၁။ အရဟံ - ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။ ၂။ ဗဟိ-အန္တ-ဇယ - အတွင်း-အပ ရန်ကို အောင်တော်မူသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။ ၃။ သုဂတံ - ကောင်းသောစကားကို ဟောပြောတတ်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။ ၄။ အမိတံ - မနှိုင်းယှဉ်နိုင်သည့် တန်ခိုးဗျာဋိဟာရှိသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။ ၅။ ၀ိရဇံ - ကိလေသာမြူ ကင်းတော်မူသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။ ၆။ လလိတံ - တင့်တယ် သပ္ပါယ်တော်မူသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။ ၇။ အတုလံ - အတုမရှိသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။ ၈။ စရဏံ - အကျင့်စရဏနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။ ၉။ တိ-ဘဝူပ-သမံ - ဘုံသုံးပါး၌ ကိလေသာငြိမ်းအေးသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။ ၁၀။ ယမကံ - ရေမီးအစုံအစုံ တန်ခိုးဗျာဋိဟာနှင့် ပြည့်စုံသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။ ၁၁။ သုခဒံ - ချမ်းသာကို ပေးစွမ်းနိုင်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။ ၁၂။ သရဏံ - ကိုးကွယ်အားထားရာဖြစ်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။ ၁၃။ ဇိနံ - မာန်ငါးပါးကိုအောင်မြင်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။ လိုသလောက် မရပေမဲ့ လုပ်သလောက်တော့ ရပါတယ်.... ခင်ဗျာ...... Credit to - အနှိုင်းမဲ့ရင်ခွင် မှတ်ချက် ဘုရားဟောထားပါတယ် အောင်မြင်ရေးအတွက် ကံ ညဏ် ဝိရိယ သုံးပါးလုံးပြည့်စုံဖို့လိုပါတယ် ဂါထာတော်များရွတ်ဆိုပွါးများခြင်းဟာ ကံအတွက်အထောက်အပံ့ဖြစ်စေပါတယ် ညဏ်နဲ့ဝီရိယ ကတော့ မိမိ(ကာယကံရှင်) အပေါ်မှာသာ မူတည်ပါတယ်။
https://www.dhammaransi.com/index.php/new/698-2016-01-09-10-20-49.html
သောတပန်ဉာဏ်။
သောတပန်ဆိုတာ ဘာပါလဲဆိုတော့... ဂြိုလ်ပေါက်တယ်လို့ အောက်မမေ့နဲ့။ ရုပ်နာမ်ဓမ္မရှိတဲ့အနက်က "ငါ" "ငါ့ ဥစ္စာ" မဟုတ်ဘူး။ "ရုပ်နာမ်ဓမ္မတာ ရှိတယ်။ ဖြစ်ပျက်တာ ဟုတ်တယ်။" ဒုက္ဓသစ္စာသာ ဟုတ်တယ် လို့ ဉာဏ်ထဲမှာ ပိုင်ပိုင် နိုင်နိုင်သိသွားလို့ရှိရင် ဒါသောတပန်ပါပဲ။ ရုပ်နာမ်ဓမ္မတို့သည် ရုပ်နာမ်ဓမ္မသာ ရှိတယ်။ အနိစ္စသာ ဖြစ်ပျက်သာရှိတယ်။ ဒုက္ခသစ္စာသာ ရှိတယ်လို့.... ဆုံးဖြတ်ချက်ချထားပြီးသား။ အပြောကတော့ဖြင့် မပြောမဖြစ်လို့သာ ပြောရတယ်။ အထင်ကဖြင့် တကယ်မရှိပါဘူး။ ဒါတွေက ရုပ်နာမ်သာ ရှိပါတယ် ဖြစ်ပျက်သာ ရှိပါတယ် ဒုက္ခသစ္စာသာ ရှိပါတယ် လို့.. ဉာဏ်ထဲမှာ အတိအကျဆုံးဖြတ်ချက်ချပြီးလို့ရှိရင် ဒကာကြွယ်တို့ ဒကာစစ်တို့ ဒကာအုံးတို့... ဒါသောတပန်ရဲ့ ဉာဏ်ပဲ။ အပြောတော့ ပြောကြမှာပဲနော်။ မပြောမဖြစ်လို့ ပြောတယ်လို့ ဒကာဒကာမတွေ မှတ်ရမယ်။ ဘုရားတောင်မှ ငါ့သပိတ်ယူခဲ့စမ်း အာနန္ဒာ။ ငါ့သင်ခန်းကြီး ခင်းလိုက်ကွ အာနန္ဒာ။ ဒါကတော့ ခိုင်းသင့် တယ်။ မခိုင်းကြပေဘူးလား? အဲတော့ အပြော "ငါ" က လိုရင်း မဟုတ်ပါဘူး။ အထင် "ငါ" က လိုရင်းပါ။ သဘောကျပြီး လား? မိုးကုတ်ဆရာတော် ဘုရားကြီး ။
https://www.dhammaransi.com/index.php/new/699-2016-01-09-10-20-28.html
အပါယ်တံခါးပိတ်ချင်ရင် ဘယ်လိုလုပ်ရမလဲ။
အပါယ်တံခါးပိတ်ချင်ရင် ဘယ်လိုလုပ်ရမလဲ။ အပါယ်တံခါးပိတ်ဖို့အတွက် ဘာလုပ်ရမလဲ။ ဘာနဲ့မှ အပါယ်တံခါး ပိတ်လို့ရမလဲ။ ဒီနေရာမှာ စဉ်းစားရမယ်၊ ကုသိုလ်ကောင်းမှုလုပ်ပြီးအပါယ်ကလွတ်သွားတဲ့ ပုဂ္ဂိုလ်တွေ မရှိနိုင်ဘူးလား။ ဆိုပါစို့…ဒါနကောင်းမှုလုပ်တယ်၊ သီလစောင့်တည်တယ်၊ ကမဋ္ဌာန်းဘာဝနာ ပွားများအားထုတ်တယ်။သို့သော် သောတာပန်ဆိုတဲ့ အဆင့်မရောက်ဘူး။ အဲဒီ ပုဂ္ဂိုလ် အပါယ်မလွတ်ဘူးလားလို့ပြောရင်လွတ်နိုင်ပါတယ်လို့ပဲ ဖြေရမယ်။ သို့သော် အာမခံချက်တော့ မရှိဘူး။“အပဋ္ဌာန်ပါဋ္ဌိတော်” မှာဆိုရင် အမျိုးကောင်းသား တစ်ယောက်ဟာ ဘုရားတစ်ဆူကို “ပန်းပွင့်လေး တစ်ပွင့်” လှူ လိုက်တာနဲ့ (၉၁)ကမ္ဘာ အပါယ်မလားဘဲနဲ့နောက် ဆုံးကျတော့ အဲဒီပန်းလှူ တဲ့ ကုသိုလ်ကို အကြောင်းပြု ပြီး “ရဟန္တာ” ဖြစ်ပြီးတော့ ပရိနိဗ္ဗာန် စံသွားတယ်။ ဒါက အာမခံချက် ရှိလားဆိုတော့အာမခံချက် ရှိလို့ပြောတာ မဟုတ်ဘူး။ အပါယ်တံခါးတော့ ပွင့်နေတယ်။ပွင့်တိုင်းကျတာမှ မဟုတ်ဘဲကိုး။တံခါးပွင့်နေတိုင်း ဒီတံခါးပေါက်ကထွက်တာ ဟုတ်ရဲ့လား။အေး တံခါးကတော့ ပွင့်ချင်ပွင့်နေမှာပဲ။သို့သော် တံခါးထဲ မဝင်လို့ရှိရင်တော့ မရောက်ဘူးပေါ့။ကုသိုလ်ကောင်းမှုလုပ်နေတဲ့ ပုဂ္ဂိုလ်တွေဟာသာမာန်ကုသိုလ်တွေနဲ့ အပါယ်တံခါး ပိတ်တယ်လို့ ပြောလို့မရဘူး။ အာမခံချက် မရှိဘူး။သို့သော် အပါယ်ကိုကျ မှာလားလို့ မေးရင်ကျ ချင်မှကျမယ်ပေါ့။ ဘယ်သူက ဆွဲတင်တုန်းဆိုရင်“ကုသိုလ်ကံတွေ” က ဆွဲတင်ပေးနေမှာ။ဒါလည်း အင်မတန် အခြေအနေကောင်းနေမှ။အခြေအနေ မကောင်းရင် မရဘူး။ကဲ ခုနက ပန်းလေးတစ်ပွင့် လှူ တာနဲ့(၉၁)ကမ္ဘာ အပါယ်မလားဘူးဆိုတာ ဒီပန်းလေးတစ်ပွင့်ဆိုတဲ့ ကုသိုလ်ကောင်းမှုက နေပြီးတော့ ကယ်သွားတာလားဆိုတော့ဒီလိုတွက်လို့မရဘူး။ ဘယ်လိုယူရမတုန်းဆိုရင် ဘုရားကိုရည်စူးပြီးတော့ “ပန်းလေးတစ်ပွင့်” လှူ တာကို အကြောင်း ပြု ပြီးတော့“ကောင်းတဲ့ဘုံဘဝ” ရောက်သွားတယ်။ကောင်းတဲ့ဘုံဘဝ ရောက်တဲ့ခါ ကုသိုလ်တွေ ဆက်လုပ်တယ်။နောက်ဘဝလည်း “ကုသိုလ်တွေ” ဆက်ဆက်လုပ်တယ်။“ကုသိုလ်တွေ” ဆက်ဆက်လုပ်သွားလို့ အပါယ်မကျတာ။ဒီဘဝမှာ ပန်းလေးတစ်ပွင့် လှူ ထားတယ်။ကောင်းတဲ့ဘုံဘဝ ရောက်သွားတယ်။မေ့မေ့လျော့လျော့ နေပြီးတော့ “အကုသိုလ်တွေ”လုပ်မယ်ဆိုရင် ငရဲကျ မှာပဲလေ။ပန်းလေးတစ်ပွင့် လှူ တာနဲ့ ဒီကုသိုလ်ကနေကယ်သွားတယ်ဆိုတာကဒီကုသိုလ်ရဲ့ “စွမ်းရည်သတ္တိ”ကို ဖော်ပြတဲ့အနေနဲ့ ဟောတာနော်။တကယ် အဓိပ္ပါယ်ယူရမှာက ပန်းလေးတစ်ပွင့် လှူ လိုက်လို့ကောင်းတဲ့ဘုံဘဝ ရောက်သွားတယ်။အဲဒီ ကောင်းတဲ့ဘုံဘဝ ရောက်တဲ့အခါ ကုသိုလ်တွေ ဆက်ပြီးလုပ်တယ်။လုပ်သည့်အတွက်ကြောင့် ကောင်းတဲ့ဘုံက ကောင်းတဲ့ဘုံကို ရောက်ပြီးတော့ နောက်ဆုံးမှာ ဘုရားနဲ့တွေ့လို့ “ရဟန္တာ”ဖြစ်ပြီး ပရိနိဗ္ဗာန်စံတာပဲ။ ဟောဒီလို အဓိပ္ပါယ်မျိုးကို ဆိုလိုတယ်။ဒါကြောင့်မို့ ကုသိုလ်ကံတွေဆိုတာ အားကိုးထိုက်ပါတယ်။အားမကိုးထိုက်ဘူး မဟုတ်ဘူး။သို့သော် အပါယ်တံခါး ပိတ်သလားလို့မေးရင်တော့အပါယ်တံခါး ပိတ်တယ်ဆိုတာ…“နိဗ္ဗာန် တံခါးဖွင့်နိုင်မှ အပါယ်တံခါး ပိတ်တယ်”လို့ ဒီလိုမှတ်ရမယ်။ ကဲ ဒါဖြင့် နိဗ္ဗာန် တံခါးကို ဘာနဲ့ ဖွင့်မလဲ။နိဗ္ဗာန်တံခါး ဖွင့်ချင်တယ် ဆိုလိုရှိရင်တော့။ ဝိပဿနာနဲ့ပဲ ဖွင့်လို့ရတယ်။ နိဗ္ဗာန်တံခါးဟာ ဝိပဿနာနဲ့ပဲ သွားရမယ်။“ဝိပဿ နာကျင့်စဉ် မကျင့်ဘဲ” နဲ့ နိဗ္ဗာန်တံခါး ဖွင့်တယ်ဆိုတာလောကမှာ မရှိဘူးတဲ့။
https://www.dhammaransi.com/index.php/new/700-2016-01-09-10-19-38.html
ရဟန္တာ နှင့် အရိုးကွင်းဆက်
အရှင်ဘုရား ရဟန္တာ ပုဂ္ဂိုလ်များရဲ့ အရိုးတွေဟာ တစ်ခုနဲ့တစ်ခု 'ကွင်းဆက်' ဆက်နေကြတယ်ဆိုတာ မှန်ပါသလား ဘုရား ။ မောင်ဇော်လင်းအောင်၊ ကျောက်မြောင်း ။ <><><><><><><><><><><><><><><><><><><> ဒကာလေး တစ်ယောက်က ဦးဇင်းကို လျှောက်ဖူးပါတယ်။ '' ဆရာတော်တစ်ပါး ရဟန္တာလို့ နာမည်ကြီး လာရင် ဆေး ရုံ ပင့်သွားပြီး ဓာတ်မှန်ရိုက်ကြည့်မယ်။ အရိုးကွင်းဆက် ဆိုရင် ရဟန္တာ ၊ အရိုးကွင်းဆက် မဟုတ်ရင် ရဟန္တာ မဟုတ် ဘူးပေါ့၊ ရှင်းနေတာပဲ၊ ဘာမှ အငြင်းပွားစရာ မလို တော့ဘူး''...တဲ့။ ရဟန္တာ မှန်ရင် အရိုးကွင်းဆက် ဆိုတဲ့ ကြားဖူးနားဝ တစ် ဆင့် စကားတွေကို အမှန်လို့ ထင်မြင်ယူဆပြီး လျှောက် ထားလိုက်တာပါပဲ။ ဓာတ်မှန်ရိုက်ကြည့်လို့ အရိုးကွင်း ဆက် မဟုတ်ရင် ရဟန္တာ မဟုတ်ဘူးလို့ သူသတ်မှတ်မှာ သေချာပါတယ်။ တကယ်လို့များ ဓာတ်မှန်ရှင်က ရဟန္တာ ဖြစ်နေခဲ့ရင် ရဟန္တာကို ပြစ်မှားတဲ့ အကုသိုလ် ကံကြီး ထိုက်တော့မှာ မလွဲပါဘူး။ လူသားတွေရဲ့ အရိုး တစ်ခုနဲ့တစ်ခု ဆက်ပုံက ''ကွင်း ဆက် ၊ ချိတ်ဆက်၊ တေ့ဆက် '' လို့ သုံးမျိုး ရှိပါတယ်။ အမြင့်မြတ်ဆုံး လူသားတွေရဲ့ အရိုးက 'ကွင်းဆက် 'ဖြစ် ပြီး အလယ်အလတ် မြင့်မြတ်သူတွေရဲ့ အရိုးက 'ချိတ် ဆက် ' ဖြစ်ပါတယ်။ သာမာန် မြင့်မြတ်သူတွေနဲ့ ရိုးရိုး လူသားတွေရဲ့ အရိုးကတော့ 'တေ့ဆက်' တွေချည်းပါပဲ။ အမြင့်မြတ်ဆုံး လူသားတွေဆိုတာ သစ္စာလေးပါး အမှန် တရားကို ကိုယ်တိုင် လည်းသိ, ကျွတ်ထိုက်သမျှ ဝေနေယျ တွေကိုလည်း သိအောင် ဟောပြော ညွှန်ပြတော်မူနိုင်တဲ့ သမ္မာသမ္ဗုဒ္ဓဘုရားရှင် တွေပါပဲ။ သမ္မာသမ္ဗုဒ္ဓဘုရားရှင် အားလုံးရဲ့အရိုးတော်တွေဟာ တစ်ခု နဲ့တစ်ခု ကွင်းဆက် ဆက်နေကြပါတယ်။ သံကွင်း တစ်ကွင်းနဲ့တစ်ကွင်းကို ဂဟေဆော်ပြီး တွဲဆက်ထား သလို တစ်လုံးတစ်ခဲတည်း, တစ်ဆက် တစ်စပ်တည်း ဆက် နေကြပါတယ်။ အလယ်အလတ် မြင့်မြတ်သူတွေ ဆိုတာကတော့ သစ္စာ လေးပါး အမှန်တရားကို ကိုယ်တိုင်သာ သိမြင်ပြီး သတ္တဝါ ဝေနေယျတွေကို သိအောင် ဟောပြတော် မမူနိုင်တဲ့ ပစ္စေကဗုဒ္ဓါ ဘုရားရှင် တွေပါပဲ။ ပစ္စေကဗုဒ္ဓါဘုရားရှင်အားလုံးရဲ့အရိုးတော်တွေဟာတစ်ခုနဲ့တစ်ခု ချိတ်ဆက် ဆက်နေကြပါတယ်။ ချွန်းချိတ်တွေ အချင်းချင်း ငြိကပ်နေသလိုမျိုး အရိုးကွေးကွေး တစ်ခုပေါ် အရိုးကောက်ကောက် တစ်ခုက ချိတ်တွယ်ငြိကပ် ဆက် စပ် နေကြပါတယ်။ သာမာန် မြင့်မြတ်သူတွေ ဆိုတာကတော့ သစ္စာလေးပါး အမှန်တရား ကို ကိုယ်တိုင် မသိမြင်နိုင်ဘဲ ဘုရား ဟောတဲ့ တရားကို ဘုရား ထံက တိုက်ရိုက် ဖြစ်စေ,သာဝက( ဘုရား တပည့်) ထံက ထပ်ဆင့်ဖြစ်စေ နာယူရမှ သိမြင်နိုင်တဲ့ သောတာပန် ,သကဒါဂါမ် ,အနာဂါမ် ,ရဟန္တာ ,အရိယာ ပုဂ္ဂိုလ်ကြီးတွေပါပဲ။ ရိုးရိုး လူသားတွေ ဆိုတာကတော့ ကံ,ကံရဲ့ အကျိုးကို နှစ်နှစ်ကာကာ ယုံကြည်ပြီး ရုပ်နာမ် ဖြစ်ပျက်ကို မြင်နိုင် စွမ်းတဲ့ ကလျာဏပုထုဇဉ် ( ပုထုဇဉ် အကောင်း ) ပုဂ္ဂိုလ် တွေနဲ့ ကံ,ကံရဲ့ အကျိုးကို မယုံကြည်ဘဲ ဗေဒင် ,ယတြာ ,ဓာတ်ရိုက်ဓာတ်ဆင် စတဲ့ လောကီမင်္ဂလာတွေကို ယုံ ကြည်တဲ့ ရုပ်နာမ် ဖြစ်ပျက်ကို မမြင်ဘဲ ပုဂ္ဂိုလ် သတ္တဝါ ပညတ်တွေမှာ အစွဲအလမ်းကြီးနေတဲ့ အန္ဓပုထုဇဉ် ( ပုထု ဇဉ် အကန်း) ပုဂ္ဂိုလ် တွေပါပဲ။ ရဟန္တာ ပုဂ္ဂိုလ်ကြီးများ အပါအဝင် သာမာန် မြင့်မြတ်သူ တွေနဲ့ ရိုးရိုး လူသားတွေ အားလုံးရဲ့ အရိုးတွေဟာ တစ်ခု နဲ့တစ်ခု တေ့ဆက် ဆက်နေကြပါတယ်။ အရိုး တစ်ခု ရဲ့ထိပ်နဲ့ တခြား အရိုးတစ်ခုရဲ့ထိပ်, ထိပ်ထိပ်ချင်း ထိစပ် ပြီး တေ့တွဲတွဲ ပူးကပ်ဆက်စပ် နေကြပါတယ်။ အရိုးစု ကမ္မဋ္ဌာန်း ရှုပွားကြတဲ့ တချို့တရားရိပ်သာတွေမှာ ဦးခေါင်းခွံနှင့်တကွ တစ်ကိုယ်လုံးက အရိုးစုတွေကို သံကြိုးလေးတွေနဲ့ တွဲသီပြထားတာ တွေ့နိုင်ပါတယ်။ ဆေးကုခန်းတွေက နံရံတွေမှာ ကပ်ပြထားတတ်တဲ့ အရိုးစု ပိုစတာတွေမှာလည်း လူ့အရိုးတွေ တစ်ခုနဲ့တစ်ခု ဘယ်လိုတွဲဆက်နေကြတယ်ဆိုတာ လေ့လာနိုင်ပါတယ်။ ဦးဇင်းတို့ မြတ်စွာဘုရားရှင်ရဲ့ အရိုးတော်တွေဟာ အဆက် ကြီး တစ်ဆယ့်နှစ်ဆက် နဲ့ လက်ချောင်းတော် အဆစ်နေရာတွေက လွဲရင် တစ်ကိုယ်တော်လုံးက အရိုး ဆက်တွေ အားလုံး သံကွင်းတွေလို တစ်လုံးတစ်ခဲတည်း တွဲဆက် နေကြပါတယ်။ အဆက်ကြီး တစ်ဆယ့်နှစ်ဆက် ဆိုတာက လက်ဝဲ, လက် ယာ လက်ကောက်ဝတ် နှစ်ခုနဲ့ လက်ဆက်တဲ့ အဆက် နှစ်ခု၊ လက်ကောက်ဝတ် ကနေ တံတောင်ဆစ် အထိ လက် နဲ့ လက်မောင်းဆက်တဲ့ အဆက်နှစ်ခု ( လက်ဝဲ, လက်ယာ) ၊ လက်မောင်း နဲ့ လက်ပြင်ရိုး ( ညှပ်ရိုး) ဆက် တဲ့ အဆက်နှစ်ခု ( ဝဲ,ယာ )၊ ခြေဖမိုးတော်နဲ့ ခြေသလုံး တော် ဆက်တဲ့ အဆက်နှစ်ခု ( ဝဲ,ယာ )၊ ခြေသလုံးရိုးနဲ့ ပေါင်ရိုးဆက်တဲ့ အဆက်နှစ်ခု ( ဝဲ,ယာ )၊ ပေါင်ရိုးနဲ့ တင်ပါး ဆုံရိုး ဆက်တဲ့ အဆက်နှစ်ခု ( ဝဲ,ယာ ) တို့ပါပဲ။ မြတ်စွာဘုရားရှင်ရဲ့ လည်ပင်းအရိုးတော်တွေဟာ သံကွင်း ဆက်တွေ ဂဟေဆော်ထားသလို တစ်လုံးတစ်ခဲတည်း တွဲဆက် နေတဲ့အတွက် တစ်နေရာရာကို နောက်ပြန်လှည့် ကြည့်တော့မယ်ဆိုရင် လည်ပင်းတော်ချည်းသက်သက် လှည့်ကြည့်လို့ မရပါဘူး။ တစ်ကိုယ်တော်လုံး လှည့်ကြည့် မှ ရပါတယ်။ ဒါပေမယ့် မြတ်စွာဘုရားရှင်ရဲ့ ပါရမီ ဘုန်းကံ တန်ခိုး ကြောင့် ကိုယ်ကိုယ်တိုင် တမင် နောက်ပြန်လှည့်နေစရာ မလိုပါဘူး။ တစ်နေရာကို နောက်ပြန် လှည့်ကြည့်မယ်လို့ စိတ်တော်ဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် မဟာပထဝီ မြေ ကြီးက ''အရှင်ဘုရား ဖြည့်ကျင့်ခဲ့တဲ့ ပါရမီ တွေဟာ ကိုယ် တိုင် နောက်ပြန်လှည့်ရမယ့် ပါရမီမျိုးတွေ မဟုတ်ပါဘူး'' လို့ မပြောသော်လည်း ပြောသကဲ့သို့ဖြစ်ပြီး အိုးထိန်းစက် လို ပတ်ချာလည်သွားလိုက်တာ မြတ်စွာဘုရား ကြည့် တော် မူလိုရာ အရပ်ကို မျက်နှာမူမိပြီဆိုမှ ရပ်သွားပါ တော့ တယ်။ ကြည့်ပြီးပြီးဆိုမှ သွားတော်မူလိုရာ အရပ်ကို မျက်နှာ ပြန်မူမိအောင် မဟာပထဝီမြေကြီးက ပြန်လှည့် ပေးပါတယ်။ မြတ်စွာဘုရားရှင်ရဲ့ အဲ့ဒီလို ကြည့်ခြင်းမျိုးကို ဆင်ပြောင် ကြီးရဲ့လှည့်ကြည့်ခြင်း ( နာဂါပလောကိတ) လို့ ခေါ်ပါ တယ်။ ဆင်ပြောင်ကြီးတွေ နောက်ပြန် လှည့်ကြည့်မယ် ဆိုရင် လည်ပင်းသက်သက် လှည့်ကြည့်လို့ မရဘဲ တစ်ကိုယ်လုံး လှည့်ပြီးကြည့်မှ ရလို့ပါပဲ။ အရိုးကွင်းဆက် ဆိုတာ သမ္မာသမ္ဗုဒ္ဓဘုရားရှင် တွေနဲ့သာ သက်ဆိုင်တဲ့ သီးခြားဂုဏ်ထူး တစ်ခု ဖြစ်သလို အရိုး ချိတ်ဆက်ဆိုတာလည်း ပစ္စေကဗုဒ္ဓါ ဘုရားရှင် တို့နဲ့သာ သက်ဆိုင်တဲ့ သီးခြား ဝိသေသတစ်ခု ဖြစ်ပါတယ်။ ရဟန္တာ ဆိုတာ ဘုရား, ပစ္စေကဗုဒ္ဓါ တို့နဲ့ နှိုင်းယှဉ်ရင် ပါရမီ ချင်းရော, အသိဉာဏ်ချင်းရော အဆင့်အတန်း အများကြီးနိမ့်တာမို့ ဘုရားနဲ့ ပြိုင်ပြီး အရိုးကွင်းဆက် လို့ မယူဆသင့်သလို ပစ္စေကဗုဒ္ဓါ နဲ့ပြိုင်ပြီးလည်း အရိုး ချိတ်ဆက်လို့ မသတ်မှတ်သင့်ပါဘူး။ သာမာန်လူတွေလို အရိုးတေ့ဆက်လို့ပဲ ပိဋကတ်တော်နဲ့ အညီ သံသယမရှိ မှတ်သားထားသင့်ပါတယ်။ တကယ်တော့ ဘုရားသားတော် ရဟန်းတော်တွေကို ရဟန္တာ ဟုတ်,မဟုတ် စိစစ်ဝေဖန်တဲ့ အလုပ်ဟာ လူဝတ် ကြောင် ဒကာ၊ဒကာမ တွေရဲ့ အလုပ် မဟုတ်ပါဘူး။ သူပြောတဲ့စကား, သူဟောတဲ့တရားက ကိုယ့်ရဲ့ စိတ် ဓာတ် နဲ့ ကိုယ့်ရဲ့ ဘဝကို ကောင်းရာ၊ မြတ်ရာ၊ ငြိမ်းချမ်း ရာဘက် တိုးတက် ပြောင်းလဲစေနိုင်တယ်ဆိုရင် ရဟန်းတာတာ-မတာတာ ယုံကြည်လေးမြတ်စွာ ဆည်း ကပ်ကိုးကွယ်ရုံပါပဲ။ ( ဘုရားဟော ထေရဝါဒ ပိဋကတ်နဲ့ ကိုက်ညီတဲ့ အဆုံးအမတွေ ဖြစ်ဖို့တော့ အထူး အရေး ကြီးပါတယ်။) ရဟန္တာဆီ တပည့်ခံ အားထုတ်မှ ရဟန္တာ ဖြစ်မှာ မဟုတ် ပါဘူး။ ပုထုဇဉ်ဆီ တပည့်ခံ အားထုတ်ရင်လည်း ဘုရား ဟော ကျင့်စဉ်နဲ့ ကိုက်ညီရင် ရဟန္တာ ဖြစ်နိုင်ပါတယ်။ ရဟန္တာလို့ နာမည်ကြီး ပေမယ့် သူညွှန်ကြားတဲ့ ကျင့်စဉ် တွေက ဘုရားဟော ထေရဝါဒ ကျင့်စဉ်တွေနဲ့ ဆန့်ကျင် နေမယ်ဆိုရင်တော့ ''ဆရာမှားရင် တစ်သံသရာ လုံး မှောက်'' ဆိုတဲ့ စကားအတိုင်း အကြီးအကျယ် ကိုယ်ကျိုး နည်း ကြပါလိမ့်မယ်...။ ။ အသိရှင်း၍ အမြင်လင်းကြပါစေ။ ။ အညွှန်း။ ။ သုတ်မဟာဝါအဋ္ဌကထာ၊ စာ-၁၅၄-၁၅၅။ အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ ) နို့နှစ်လုံးဖိုးလုံးကျေပါတယ်
https://www.dhammaransi.com/index.php/new/701-2015-11-12-08-04-07.html
ဝိပဿ နာ ဘာဝနာ ပွားနိုင်လေ ကောင်းလေ
ဗုဒ္ဓရှင်တော်ဘုရားသည် သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူနေစဉ်အခါ၌ ကျောင်းဒါယကာကြီး အနာ ထပိဏ် သူဌေးအား အလှူဒါနနှင့် ပတ်သက်၍ ဝေလာမသုတ်တရားတော်ကို မိန်.တော်မူသည်။ ၁။ ဝေလာမသုတ်တရားတော် အကျဉ်းချုပ်ကား … ရှေးအခါက ဝေလာမအမည်ရှိ ပုဏ္ဏားသူဌေးကြီးသည် မဟာဒါနအလှူတော်ကို ပေးလှူ၏။ ယင်းအလှူ၌ ငွေဒင်္ဂါး အပြည့်ပါသော ရွှေခွက်ကြီး ရှစ်သောင်းလေးထောင်၊ ရွှေဒင်္ဂါး အပြည့်ပါသော ငွေခွက်ကြီးပေါင်း ရှစ်သောင်းလေးထောင် စသည်ဖြင့် ရှစ်သောင်းလေးထောင်ပေါင်း များစွာသော ရတနာ ခုနှစ်ပါး ဆင်မြင်းကျွဲနွား၊ အဝတ်အထည် အသုံးအဆောင် ပစ္စည်းအစုံပေါင်း များစွာကို ပေးလှူသည်။ အလှူတော်ကြီးသည်ကား မြစ်ရေအလျင်ကြီး တရဟောစီးသကဲ့သို. အကြီးအကျယ်လှူခြင်း ဖြစ်ပေသည်။ ၂။ သာသနာပအခါ၌ ဤမျှကြီးကျယ်သော ဝေလာမပုဏ္ဏား၏ မဟာအလှူတော်ကြီးသည် သာသနာတော်တွင်း၌ အယူသီလနှင့်ပြည့်စုံသော ဗုဒ္ဓဘာသာဝင် လူဝတ်ကြောင်တစ်ယောက်အား ထမင်းတစ်ထပ် ပေးလှူရသလောက် အကျိုးမကြီးချေ။ ဗုဒ္ဓဘာသာဝင် လူဝတ်ကြောင် တစ်ယောက်အား ထမင်းတစ်ထပ် ပေးလှူရသည်က အကျိုးပို၍ ကြီးမားသည်။ ၃။ ဗုဒ္ဓဘာသာဝင် လူဝတ်ကြောင်တစ်ရာကို ကျွေးမွေးပေးလှူရသည်ထက် သောတာပန်တစ်ယောက်အား ပေးလှူရသည်က အကျိုးပို၍ ကြီးမားသည်။ ၄။ သောတာပန်တစ်ရာကို ပေးလှူရသည်ထက် သကဒါဂါမ် တစ်ယောက်အား ပေးလှူရသည်က အကျိုးပို၍ ကြီးမားသည်။ ၅။ သကဒါဂါမ်တစ်ရာကို ပေးလှူးရသည်ထက် အနာဂါမ် တစ်ယောက်ကို ပေးလှူရသည်က ပို၍ အကျိုး ကြီးမားသည်။ ၆။ အနာဂါမ်တစ်ရာကို ပေးလှူရသည်ထက် ရဟ န္တာတစ်ပါးကို ပေးလှူရသည်က ပို၍ အကျိုးကြီးမားသည်။ ၇။ ရဟ န္တာတစ်ရာကို ပေးလှူရသည်ထက် ပစ္စေကဗုဒ္ဓါတစ်ပါးကို ပေးလှူရသည်က ပို၍ အကျိုးကြီးမားသည်။ ၈။ ပစ္စေကဗုဒ္ဓါတစ်ရာကို ပေးလှူရသည်ထက် သဗ္ဗညုဘုရားတစ်ဆူကို ပေးလှူရသည်က ပို၍ အကျိုးကြီးမားသည်။ ၉။ ဘုရားရှင်အားပေးလှူရသည်ထက် သံဃိကကျောင်းတစ်ဆောင် ဆောက်လုပ်လှူဒါန်းရသည်က ပို၍ အကျိုးကြီးမားသည်။ ၁၀။ ထို.ထက် မိမိကိုယ်တိုင် သရဏဂုံ ဆောက်တည်ခြင်းက ပို၍အကျိုးကြီး၏။ ၁၁။ ထို.ထက် မိမိကိုယ်တိုင် ငါးပါးသီလစောင့်ထိန်းခြင်းက ပို၍ အကျိုးကြီးမား၏။ ၁၂။ ထို.ထက် မေတ္တာဘာဝနာကို နံ.သာတစ်ခါရှူမျှ ပွားခြင်းက ပို၍ အကျိုးကြီး၏။ ၁၃။ ထို.ထက် အနိစ္စဝိပဿနာ ဘာဝနာကို နို.တစ်ညှစ်မျှ ပွားခြင်းက ပို၍ အကျိုးကြီးမား၏။ … ဟူ၍ ဟောကြားတော်မူပေသည်။ ယင်းတရားအားလုံးကို ခြုံ၍ သုံးသပ်လိုက်သောအခါ … (၁)မှ(၉) အထိသည် … ဒါန ကုသိုလ်တရားမျိုး ဖြစ်သည်၊ (၂)မှ(၁၁) အထိသည်… သီလ ကုသိုလ်တရားမျိုး ဖြစ်သည်၊ (၁၂)မှာ သမထဘာဝနာ ကုသိုလ်မျိုး ဖြစ်၍ (၁၃)မှာ ဝိပဿနာ ဘာဝနာ ကုသိုလ်မျိုးဖြစ်သည်။ သို.ဖြစ်၍ မြတ်စွာဘုရားသည် ဤဝေလာမသုတ်တော်ဖြင့် …. ဒါနကုသိုလ်ထက် သီလကုသိုလ်မျိုးက မြတ်သည်၊ သီလကုသိုလ်မျိုးထက် သမထဘာဝနာ ကုသိုလ်မျိုးက မြတ်သည်၊ သမထ ဘာဝနာကုသိုလ်မျိုးထက် ဝိပဿနာဘာဝနာ ကုသိုလ်မျိုးက မြတ်သည် ဟူ၍ ခွဲခြားသတ်မှတ်တော် မူကြောင်းကို သိရှိရပေသည်။ ဤသည်ကို သိရှိခြင်းဖြင့် ဝိပဿနာဘာဝနာသည် မည်မျှ အကျိုးကျေးဇူးကြီးမားသည်ကို နှိုင်းယှဉ် သိရှိနိုင်မည် ဖြစ်ပါသည်။ (ကျော်နန္ဒအောင်၏ ကျေးဇူးတော်ရှင် ဆရာတော်ကြီးများ၏ ဝိပဿနာရှုနည်းများ ပထမတွဲမှ ကောက်နုတ်ဖော်ပြပါသည်။
https://www.dhammaransi.com/index.php/new/702-2015-11-01-10-32-56.html
အမျှအတန်းပေးဝေခြင်း
❀ အမျှအတန်းပေးဝေတာဟာ အကျိုးရှိသလား မရှိဘူးလားမေးရင် အကျိုးရှိတယ်။ ဘယ်လိုအကျိုးရှိလဲဆိုရင် ကိုယ်ရည်စူးတဲ့ ပုဂိ ္ဂုလ်ဟာ ဆိုပါစို့ နတ်ပြည်ရောက်နေမယ်။ လူ့ပြည်ရောက်နေမယ်။ တခြားဘုံတစ်ခုခု ရောက်နေမယ်။ သာဓုခေါ်နိုင်တဲ့ ဘဝမျိုး မဟုတ်ဘူးဆိုရင် သူမရဘူး။ ❀ ဒါဖြင့် ဘယ်သူရတုန်းဆိုတော့ ကိုယ့်မှာ ဆွေတွေမျိုးတွေ အများကြီးရှိတယ်။ ဟိုဘဝက အမေ အဖေ နော်၊ ဒီဘဝရဲ့ဟိုဘက်က အဖေအမေတွေ၊ လွန်ခဲ့တဲ့ ဘဝတစ်ရာက အမေအဖေ၊ ကိုယ်ကသာမေ့နေတာ သူတို့က သိနေတယ်။ အဲလို သက်တမ်းရှည်တဲ့ ပြိတ္တာတွေက သိပြီးတော့ သာဓုခေါ်နိုင်ရင် သူတို့ရသွားတယ်။ အကျိုးရှိတယ်။ ပြိတ္တာဘုံမှာဆိုရင် ကိုယ့်ဆွေမျိုးသားချင်းတွေနဲ့ ကင်းတာမရှိနိုင်ဘူးတဲ့၊ ရှိနေတာဘဲ။ အဲဒါ သူတို့ သာဓုခေါ်ရင် သူတို့ ရသွားမယ်။ ဒါကြောင့်မို့ `အကျွတ်အလွတ်ပွဲ´တွေ လုပ်ပြီးတော့ အမျှအတန်းပေးဝေတာဟာ အလွန်ကောင်းတယ်။ ကိုယ်ကိုယ်တိုင်လည်း ကုသိုလ်ကောင်းမှု လုပ်ပြီးရင် ကိုယ့်ဝတ္တရားလည်း ကျေတယ်ပေါ့။ မြတ်စွာဘုရားက အခုလို ကုသိုလ်ကောင်းမှု လုပ်တိုင်းလုပ်တိုင်း သူတို့ကို အမျှပေးဝေတာဟာဖြင့် အင်မတန်မှ အကျိုးရှိပါတယ်။ မြတ်စွာဘုရား ဒီလိုဟောခဲ့တယ်။ ဒါဟာ မှန်မှန်ကန်ကန် သိအောင်လို့ ပြောပြတာနော်။ #{ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ} ✏ အားကိုးခြင်းတရားတော်မှ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ။ ဣဒံ မေ ပုညံ ဗောဓိဉာဏဿ ပစ္စယော ဟောတု။
https://www.dhammaransi.com/index.php/new/703-2015-10-30-09-06-53.html
ကထိန်သင်္ကန်းအကြောင်းသိကောင်းစရာ
ကထိန်သင်္ကန်းအကြောင်း သိကောင်းစရာ အလှူရေစက်လက်နှင့်မကွာ လှူဒါန်းကြသော မြန်မာဗုဒ္ဓဘာသာတို့ နယ််ပယ်၌ “ကျောင်းမှာ သိမ်၊ သင်္ကန်းမှာ ကထိန်” ဟူသော ဆိုရိုးစကားလေးကို လူတိုင်း ကြားဘူးကြမည်ထင်ပါသည်။ ကျောင်းလှူတာခြင်း အတူတူ “သိမ်ကျောင်း” လှူတာက ပိုမြတ်သည်ဟု ဆိုလိုရင်းဖြစ်ပေသည်၊ အဘယ့်ကြောင့်ဆိုသော် သိမ် ကျောင်းသည် ရဟန်းပြုခြင်း၊ ဥပုသ် ပြုခြင်း၊ အခြားသော သံဃာ့ကိစ္စတို့ကို ပြုလုပ်ခြင်းတို့၌ အကျိုးပြုသောကြောင့် ဖြစ်ပေသည်။ ထို့အတူ သင်္ကန်းလှူတာခြင်း အတူတူ “ကထိန်သင်္ကန်း” လှူ ဒါန်းခွင့်ရခြင်းက ပိုမြတ်သည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်၊ အဘယ့်ကြောင့်ဆိုသော် ကထိန် သင်္ကန်း လှူဒါန်းရာ၌ ထူးခြားချက်များစွာ (စည်းကမ်း များစွာ) ရှိနေသောကြောင့်ဖြစ်ပေသည်။ ကထိန် သင်္ကန်းအလှူ၏ထူးခြားချက်(စည်းကမ်းတို့ )ကို အနည်း ငယ်မျှ ရှင်းပြပါဦးမည်၊ ကထိန်သည် လှူဒါန်းမှု ဖြစ်ပေါ် လာပုံအားဖြင့်လည်းကောင်း၊ အချိန်ကာလအားဖြင့် လည်းကောင်း၊ အလှူခံအားဖြင့်လည်းကောင်း ၊ လှူဒါန်းဖွယ်ရာ ပစ္စည်းအားဖြင့်လည်းကောင်း၊ လှူနည်းအားဖြင့်လည်းကောင်း၊ (၀ိနည်းသိက္ခာပုဒ် ကင်းလွတ်ခွင့်ရခြင်း) အကျိုး အားဖြင့် လည်းကောင်း ၊ တစ်ခြားသော ဒါနတို့နှင့်မတူ “ မူ” များစွာ ထူးခြားနေ သည်ကို တွေ့ရှိနိုင်ပေသည်။ ၁။ တခြားသော ပစ္စည်းတို့ကို လိုအပ်လျှင် မိဘကိုသော်လည်းကောင်း၊၊ဆွေမျိုးကိုသော်လည်း ကောင်း ၊ဖိတ်မာန်ထားသူ (ရဟန်းဒကာ ရဟန်းအမ စသူ) တို့ကိုသော်လည်းကောင်း နှုတ်မြွက်၍ အလှူခံ ကောင်း (တောင်းကောင်း )၏ ၊ကထိန်သင်္ကန်းကိုကား မိဘကို သော်မှလည်း နှုတ်မြွက်၍ သိစေခြင်းငှာ (အလှူခံခြင်းငှာ) မအပ်ပေ၊ တစ်ခြားသူတို့ကိုကား အဘယ်မှာ ဆိုဘွယ်ရာ ရှိပါတော့အံ့နည်း၊ သူ့အလိုလို သဒ္ဓါတရားဖြစ်ပေါ်၍ လှူသော ကထိန်သင်္ကန်းကိုသာ အလှူခံခွင့်ရှိ၏၊ အလှူ ခံကောင်း၏ ၊ ( ကောင်းကင်မှ ကျလာသော သန့်ရှင်း ကြည်လင်သော မိုးရေမိုးပေါက်ကဲ့သို့သဒ္ဓါတရား သန့် သန့် လေးဖြင့်လှူသော “ကထိန်သင်္ကန်း” ဖြစ်ရပေမည်။ယင်းကဲ့သို့သော ကထိန်သင်္ကန်းကိုပင် “မိုးကျကထိန်” ဟု ပြောဆိုကြခြင်း ဖြစ်ပေသည်။ (ကထိနံနာမ အတိဥက္ကဋ္ဌံ ဝဋ္ဋတိ ၊ မာတရမ္ပိ၀ိညာပေတုံ နဝဋ္ဋတိ၊အာကာသတော သြတိဏ္ဏသဒိသမေဝ ဝဋ္ဋတိ၊) ၂။ ကထိန်သင်္ကန်းသည်တစ်ခြားသော လှူဖွယ် တို့ကဲ့သို့ လှူချင်သည့်အချိန်လှူခွင့် မရပေ၊ သတ်မှတ် ထားသော သီတင်းကျွတ် လပြည့်ကျော်(၁) ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့ထိ တစ်လတိတိ အချိန်ကာလ အတွင်းသာ လှူခွင့်ရှိ၏။ ( ကထိန်ခင်းခွင့် ရှိ၏ ) ကျန်သော အချိန်များ၌ကား လှူခွင့် လုံးဝ မရှိပေ၊ ထို့ပြင် ကထိန်သင်္ကန်းသည် တစ်နှစ်မှ တစ်လ၊တစ်လမှ တစ်ရက်၊ တစ်ရက်မှ (တစ်ကျောင်း ) တစ်ကြိမ်သာ လှူခွင့် ရှိလေသည်။ ၃။ လှူဖွယ်ပစ္စည်းအားဖြင့် ကထိန်ခင်းရန် အတွက် သင်းပိုင်၊ ဧကသီ ၊ ဒုကုဋ် ( နှစ်ထပ် ) သင်္ကန်းတို့တွင် တစ်မျိုးမျိုး ဖြစ်ရပေမည်။ ( တခြားသော လှူဖွယ်ပစ္စည်းများကို အခြံအရံအဖြစ် လှူဒါန်းနိုင်ပါသည် ) ၄။ လှူနည်းအားဖြင့်သံဃိကဒါနအဖြစ် သံဃာ အားသာ လှူဒါန်းရမည်ဖြစ်ပေသည်။ (ပုဂ္ဂိုလ်စွဲဖြင့် ပုဂ္ဂလိကဒါနအဖြစ် လုံးဝမလှူကောင်းပေ)၊ သံဃာတော်များက ထိုသင်္ကန်းကို အလှူခံယူပြီး သိမ်အတွင်း၌ ဉတ်ကမ္မဝါ ရွတ်ဖတ်၍ သင့်တော်သည့် ရဟန်းတော် တစ်ပါးပါးအား လှူဒါန်းရ၏ ဉတ်ကမ္မဝါ ရွတ်ဖတ်၍ လှူဒါန်းရသောကြောင့် ကထိန်ခင်းမည့် သင်္ကန်းကို “ ဉတ်သင်္ကန်း” ဟု ခေါ်ဆိုကြလေသည်။ ၅။ အလှူခံသော ရဟန်းသည်လည်း ပုရိမဝါ ကပ်၍ (၀ါမကျိုး မပျက်သော ) သီတင်းကျွတ် လပြည့် နေ့၌ ၀ါမှကျွတ်သော ရဟန်းတော်များသည်သာအလှူခံ ခွင့် ရှိလေသည်။ (ထိုရဟန်းတို့တွင်လည်း ဆင်းရဲနွမ်းပါး ဆုံးဖြစ်သော ရဟန်းကို ပထမဦးစားပေး၍ လှူဒါန်းရမည်ဖြစ်ပေသည်၊ ထိုရဟန်းမရှိမှ မထေရ်ကြီးစသည့် ရဟန်း တစ်ပါးပါးအား လှူဒါန်း ရမည် ဖြစ်ပေသည်။) ၆။ အကျိုးအားဖြင့် ကထိန်အာနိသင်ရသော (ကထိန်ခံသော ရဟန်းနှင့်အနုမောဒနာပြုသော) ရဟန်းတော်များသည် ၀ိနည်းသိက္ခာပုဒ် နှင့်သက် ဆိုင်သည့် ကင်းလွတ်ခွင့် (၅) မျိုးကို သီတင်းကျွတ်လပြည့်ကျော် - ၁ -ရက်နေမှစ၍ တပေါင်းလပြည့် နေ့ထိ ၅ - လ တိုင်တိုင် ရရှိကြလေသည်။ ရဟန်းတော်များ ရနိုင်သောအကျိုး (၅) ပါး ၁။ မပန်မကြား ၊ လိုရာသွား ၊ ပြစ်များမသင့်ပြီ။ ဒကာ ဒကာမတို့၏အိမ်သို့( မြို့တွင်းရွာတွင်းသို့ ) သွားလို သည့်အခါ ထင်ရှားရှိသောရဟန်းကို ခွင့်မပန်ပဲ သွားနိုင် ပါသည် ။ (အကယ်၍ ကထိန်အာနိသင်မရမူ ခွင့်မပန်ပဲ သွားလျှင် အာပတ်သင့်၏ ) ၂။ သုံးထည်ထဲမှာ ၊ ထားလိုရာ ၊ ထားကာ သွားနိုင်သည်။ တိစီဝရိတ်ဓုတင်ဆောင် ရဟန်းတော် ဖြစ်လျှင် သင်္ကန်း သုံးထည်တို့တွင်(သင်းပိုင် ဧကသီ ဒုကုဋ် )တစ်ထည် ထည်ကို ထားခဲ့ပြီး၍ သွားလိုရာ သွားနိုင်ပါသည်။ (အကယ်၍ ကထိန်အာနိသင် မရပဲ သင်္ကန်းတစ် ထည်ထည်ကို ထားခဲ့ပြီး၍ သွားလိုုရာ သွားလျှင် အာပါတ်သင့်၏ ) ၃။ လေးပါးတူပင် ၊ ဂိုဏ်းဘောဇဉ် ၊ စားလျှင် စားနိုင်သည်။ ပင့်ဖိတ်သူဒကာ၊ ဒကာမတို့က အပင့်အဖိတ်မတတ်၍ အရှင်ဘုရား၊ တပည့်တော်တို့အိမ် ထမင်းစားကြွပါ ဘုရား၊ မုန့်ဟန်းခါးစား ကြွပါဘုရား၊ စသည်ဖြင့် မအပ်သော အသုံးအနှုံးဖြင့် ပင့်ဖိတ်သော်လည်း ဘုဉ်းပေးခွင့် ရှိ၏၊(အကယ်၍ ကထိန်အာနိသင် မရပဲ ဘုဉ်းပေးလျှင် အာပါတ်သင့်၏) ၄။ သင်္ကန်းများစွာ ၊ ငါးလမှာ ၊ သိမ်းကာ ထားနိုင်သည်။ မိမိရရှိသောသင်္ကန်းကို အဓိဋ္ဌာန် ၀ိကပ္ပနာ မပြုပဲ (သင်္ကန်းကာလ- ၅ -လအတွင်း ) ထားပိုင်ခွင့် ရှိသည်၊ ( အကယ်၍ ကထိန်အာနိသင် မရရှိပဲမိမိ ပိုင်သင်္ကန်းကို အဓိဋ္ဌာန် ၀ိကပ္ပနာ မပြုပဲ ထားရှိပါက - ၁၀ - ရက်ကျော်လျှင် အာပါတ်သင့်၏)။ ၅။ သံဃာလှူငြား ၊ သင်္ကန်းများ ၊ သူအားသာ ဖြစ်သည်။ ကထိန်ခင်းသောကျောင်း၌ သင်္ကန်းဖြစ်ပေါ်လာတိုင်း ကထိန်ခင်းသော(ကထိန် အာနိသင်ရသော) ရဟန်းတို့ ပိုင်ဆိုင်ခွင့် စိတ်ကြိုက် ဝေဘန်ခွင့် ရှိသည်။ (အကယ်၍ကထိန်အာနိသင်မရပဲ ထိုကဲ့သို့စိတ်ကြိုက် ဝေဘန် လျှင် အာပါတ်သင့်နိုင်၏ )။ ကထိန်နှင့်ပါတ်သက်၍ ရဟန်းတော်များ ထူးခြားသော အကျိုးတို့ကို့ ရရှိနိုင်သကဲ့သို့ ကထိန် သင်္ကန်း လှူဒါန်းကြသော အလှူရှင်များမှာလည်း အကျိုးထူး များ ရရှိနိုင်ပါသည်။ လှူသူမှာလဲ ၊ နည်းတူပဲ ၊ ရမြဲကျိုးငါးမည် ။ ၁။ တားဆီးကင်းကွာ ၊ လွတ်လပ်စွာ ၊ လိုရာသွားနိုင်သည် ။ မိမိသွားလိုုရာအရပ်သို့ အဆီး အတား အပိတ်အပင် အနှောင့်အရှက်မရှိ လွတ်လွတ်လပ်လပ် သွားလာ နိုင်သည်။ ၂။တာဝန်ကိစ္စ၊ မလေးရ၊ ပေါ့လှလေတော့သည် ။ မည်သည့်ကိစ္စပဲ ဆောင်ရွက်ဆောင်ရွက် တာဝန်ကြီး လေးသည်ဟု မရှိ ၊ပေါ့ပေါ့ပါးပါးဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်သည်။ ၃။ စားလိုရာများ ၊ စားသော်ငြား ၊ ဘေးကား မဖြစ်ပြီ။ မည့်သည့် အစားအစာကိုပဲစားစား အစား အသောက် ကြောင့် ဘေးဖြစ်ခြင်း ၊ အစာအဆိပ် သင့်ခြင်း မဖြစ်နိုင်။ (အစာကို ကြေညက် အောင် ချေဖျက်နိုင်သော ပါစက ဝမ်းမီးနှင့် ပြည့်စုံသည် )။ ၄။ ပစ္စည်းအများ ၊ သိမ်းပိုက်ထား ၊ ဘေးကား မရှိပြီ။ မိမိပိုင်ဆိုင်သောပစ္စည်းများ ပျက်စီးအောင် ဖျက်ဆီး တတ်သော ဘေးရန်များ မကျရောက်နိုင်။ ၅။ ကိုယ့်ပစ္စည်းများ ၊ သူတစ်ပါး ၊ ယူသွား ကင်းပသည် ။ မိမိပိုင်ဆိုင်သော ပစ္စည်းဥစ္စာများကို မိမိကမပေးပဲ မည်သူတစ်ဦးတစ်ယောက်မျှ မယူနိုင် ၊ မသိမ်းပိုက်နိုင်။ ကထိန်ဒကာ၊ ကျိုးငါးဖြာ၊ ကောင်းစွာ ရနိုင်သည်။ ထို့ပြင် ကထိန်သင်္ကန်းလှူဒါန်းသော အလှူ ရှင်များမှာ ရွှေအဆင်းကဲ့သိုု့ ၀ါဝင်းသော အသား အရေရှိခြင်း၊ ခန္ဓာကိုယ်၌ ( မြူ စသော ) အညစ် အကြေး ကင်းစင်ခြင်း၊ ( အလှဖျက် အနာအဆာ မရှိခြင်း ) ၊ ခန္ဓာကိုယ်နူးညံ့ပြေပြစ်ခြင်း၊ ကိုယ်ရောင် ကိုယ်ဝါ တောက်ပခြင်း၊ ညိုရွှေဖြူနီစသော ခေတ်ပေါ် အဝတ်အထည် အမျိုးမျိူးကို ဆင်မြန်းခွင့် ဝတ်ဆင်ခွင့်ရခြင်း၊ ကျောင်းအမကြီး ၀ိသာခါစသူတို့ကဲ့သို့ မဟလ္လတာ တန်ဆာကို ဆင်မြန်းခွင့်ရရှိ ခြင်းတို့နှင့် အရဟတ္တဖိုလ်ပေါက် နိဗ္ဗာန်မျက်မှောက် ပြုနိုင်ခြင်း ဟူသော အကျိုးတရားများစွာ တို့ကိုလည်း ရရှိနိုင် ပေသည်။ ကထိန်သင်္ကန်းဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရားသည် သာသနာပြုရာ၌ ဗဟိုဌာနချုပ်သဖွယ်ဖြစ်သော သာဝတ္ထိပြည် အနာထပိဏ်သူဌေး ( သူဌေးကတော်ပုညလက္ခဏဒေဝီ) ဆောက်လုုပ်လှူဒါန်းအပ်သော ဇေတဝန် ကျောင်းတော်ကြီး၌ သီတင်းသုံးနေတော်မူ၏။ ထိုစဉ်အခါ တောရကျောင်း၌ သီတင်းသုံး နေထိုင်ခြင်း အာရညက ဓုတင်၊ ဆွမ်း ခံ၍ဘုဉ်းပေးခြင်း ပိဏ္ဍပါတ် ဓုတင်၊ လူတို့ကမသုံးလို၍ အမှိုက်ပုံစသည်၌ စွန့်ပစ်ထားသော မြေမှုန့်အလိမ်းလိမ်းကပ်ငြိနေသော အဝတ်စုပ်ကို သင်္ကန်းချုပ်ဆိုးကာဝတ်ရုံသုံး ဆောင်ခြင်း ပံသူကူဓုတင်၊ သင်းပိုင် ဧကသီ ဒုကုဋ်ဟူ သောသင်္ကန်း သုံးထည် ကို အမြဲဆောင်ခြင်း တိစီဝရိက်ဓုတင်၊ ယင်းဓုတင် အကျင့်မြတ်တို့ကိုကျင့် သုံးကြသော ဘဒ္ဒဝဂ္ဂီ ညီနောင်သုံးကျိပ်တို့သည် ရှင်တော်မြတ် ဘုရားကို ဖူးမြင်ရန် သာဝတ္တိပြည် ဇေတဝန်ကျောင်းတော်သို့ လာကြ ရာ ၀ါဆိုရက် နီးကပ်နေ၍ သာဝတ္ထိ ပြည်သို့လည်း ၀ါဆိုရန်မမှီတော့သည့်အတွက် လမ်းခရီးအကြား သာဝတ္တိ ပြည်နှင့် ခြောက်ယူဇနာ ဝေးသော (တစ်ယူဇနာ- ၈ -မိုင်နှုန်း ) သာကေတမြို့၌သာ ၀ါဆိုကြရရှာလေသည်။ ထိုရဟန်းတော်သုံးကျိပ်တို့ သည် ရှင်တော်မြတ်ဘုရားနှင့် “နီးလျှက်နဲ့ဝေး” ဖြစ်နေကြသောကြောင့် မပျော်ပိုက်ပဲ တစ်ဝါတွင်းလုံ၊ နေကြရလေသည်။ ၀ါကားကျွတ်လေပြီ၊ သိုု့သော် မိုးကား မလွတ် သေးပေ၊ မိုးလွတ်သည်ထိလည်း အချိန်ကုန်ခံ၍ စောင့် မနေနိုင်တော့ပေ၊ ထို့ကြောင့် ၀ါကျွတ်၍ ပဝါရဏာပြုပြီး သည်နှင့် တပြိုင်နက် မိမိတို့ ၀ါဆိုရာ သာကေတမှ ဘုရားရှင် သီတင်းသုံးရာ သာဝတ္ထိသို့ မိုးထဲရေထဲ ရွှံထဲဗွက်ထဲ မှာပင် ဘုရားရှင်ကို ဖူးမြင်ရန် ဆန္ဒ ပြင်းပြကြသဖြင့် မိုးရေစိုရွှဲ ပင်ပမ်းဆင်းရဲစွာ ကြွတော်မူ ကြရလေသည်။ ဘုရားရှင်ထံမှောက် ရောက်ကြ၍ လက်အုပ် ချီမိုး ရှိခိုးကြပြီး သင့်တော်ရာ၌ ထိုင်နေကြသော ထိုဘဒ္ဒ ဝဂ္ဂီ ညီနောင်သုံးကျိပ်တို့အား ဘုရားရှင်က “ရဟန်းတို့ အသို့နည်း၊ ကျန်းမာကြကုန်၏လော၊ မျှတကြကုန်၏လော၊ အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံဘဲ ချမ်းသာစွာ ၀ါကပ်ခဲ့ကြပါကုန်၏လော၊ ဆွမ်းအတွက် မပင်ပမ်းပဲ ရှိကြပါကုန်၏လော”ဟု မေးမြန်းတော်မူရာ၊ ရဟန်းတော်များက “ ကျန်းကျန်းမာမာ မျှမျှတတ ညီညီညွတ်ညွတ် နှင့် နေခဲ့ကြရပါသည် ၊ ဆွမ်းအတွက် လည်း မပင်ပမ်းပဲ ရှိကြပါသည်။ သို့သော် သာဝတ္ထိသို့ ၀ါဆိုမှီရန် လာကြပါသော်လည်း ၀ါဆိုရက်နီးကပ်လွန်း သဖြင့် လမ်းခရီးအကြား သာကေတ၌သာ ၀ါဆို ခဲ့ကြရ ပါသည်၊ ၀ါကျွတ်၍ ပဝါရဏာပြုပြီး သည်ဆိုရင်ပဲ မိုးထဲ ရေထဲရွှဲ့ထဲဗွက်ထဲ စိုရွှဲသောသင်္ကန်း များဖြင့်ပင်ပင် ပမ်းပမ်း လာခဲ့ကြရပါသည်ဘုရားဟု” အကြောင်းစုံကို ရှင်တော်မြတ်ဘုရားအား လျှောက်ထားကြလေသည်။ ထိုပါဝေယျကတိုင်းသား ရဟန်းတော်တို့၏ နှစ်ထပ် သင်္ကန်းကိုယ်စီ ဆောင်ထားကြလျှက် မိုးထဲရေထဲ ရွှွ့ံထဲ ဗွက်ထဲ၌ မိုးရေများစိုရွှဲကာ ပင်ပမ်းဆင်းရဲဲကြီးစွာဖြင့် -လာကြရသည်ကို အကြောင်းပြု၍ “ အနုဇာနာမိ ဘိက္ခဝေ ဝဿံ ဝုဋ္ဌာနံ ဘိက္ခူနံ ကထိနံ အတ္ထရိတုံ၊ ရဟန်းတို့ ၀ါကျွတ်သော ရဟန်းတို့အား ကထိန်ခင်းခြင်းငှာ ခွင့်ပြု၏ ” ဟု အစရှိသည်ဖြင့် ကထိန်ခင်းခြင်း (ကထိန်သင်္ကန်း) ကို ရှင်တော် မြတ်ဘုရား ခွင့်ပြုတော်မူပါသည်။ ၁။ ဥစ္စာဓန၊ ပေါကြွယ်ဝလည်း၊ လောဘစုံမက်၊ မလှူရက်က၊ တသက်လျှာ လူဖြစ်နာ၏။ ၂။ ဘုရားသာသနာ၊ ကြုံတွေ့ပါလည်း၊ ကောင်းစွာ သီလ၊ မတည်ကြလျှင်၊ ဘဝတွက်တာ လူဖြစ်နာ၏။ ၃။ သူတော်တရား၊ နာရငြားလည်း၊ လေးစားကြိုး ကုတ်၊ အားမထုတ်က၊ ဆုတ်ယုတ်သင့်မှာ လူဖြစ်နာ၏။ ၄။ ဗုဒ္ဓတရား၊ ရှိနေငြားလည်း၊ အမှားနှစ်ခြိုက် လမ်းလွဲလိုက်က၊ အမိုက်ထိပ်ဆုံး လူဖြစ်ရှုံး၏။ ၅။ လက်ရှိဘဝ၊ မရှုံးရအောင်၊ ဒါနသီလာ၊ ဘာဝနာကို၊ မကွာနေ့ည၊ ကြိုးစားကြလော့…. ။ အရှင်ကိတ္တိဇယ(ညောင်ကန်အေး)
https://www.dhammaransi.com/index.php/new/704-2015-10-28-10-06-36.html
အိမ်စောင့်နတ်နှင့် ပဋ္ဌာန်းရွတ်ခြင်း
အိမ်စောင့်နတ်နှင့် ပဋ္ဌာန်းရွတ်ခြင်း” •••••••••••••••••••••••••••••••••••••• အရှင်ဘုရား . . . . တပည့်တော်က ပဋ္ဌာန်းတရားတော်ကြီးကို သိပ်ကြည်ညိုတဲ့ အတွက် အိမ်မှာ နေ့စဉ် ရွတ်ဖတ်ပါတယ်ဘုရား။ ဒါပေမယ့် လူကြီးတချို့က “အိမ်မှာ ပဋ္ဌာန်းမရွတ်ကောင်းဘူး၊ ရွတ်ရင် အိမ်စောင့်နတ်မနေနိုင်ဘဲ ထွက်ပြေးတတ်တယ်။ ရွတ်တဲ့လူ ဒုက္ခရောက်တတ်တယ်”လို့ပြောကြပါတယ်ဘုရား။ အိမ်မှာပဋ္ဌာန်းရွတ်သင့်၊မရွတ်သင့်၊ ရွတ်ရင် ဒုက္ခရောက်၊ မရောက် ဖြေကြားပေးတော်မူပါဘုရား။ (မောင်ဇော်မျိုးအောင်၊ စမ်းချောင်းမြို့နယ်။) (ဖြေ)။ ဒကာဇော်မျိုးအောင်ရဲ့မေးခွန်းကို ဖတ်ရတော့ ဦးပဥ္စင်းနဲ့ ခင်မင်ရင်းနှီးတဲ့ ဒကာတစ်ယောက်ကို ချက်ချင်းသတိရလိုက်မိပါတယ်။လူငယ်တစ်ယောက်ပါပဲ။ အိမ်မှာပဋ္ဌာန်းရွတ်ရင် ခိုက်တတ်တယ်ဆိုလို့ သူက “ရွှေတိဂုံဘုရား” ပေါ်တက်ပြီး ပဋ္ဌာန်းရွတ်တယ်တဲ့။ နေ့တိုင်းလည်း ဘုရား မတက်နိုင်တော့ တစ်ပတ် တစ်ခါမွေးနေ့လောက်ပဲ တက်ပြီး၊ရွတ်ဖြစ်တယ်တဲ့။ တစ်ပတ်မှာတစ်ရက်ပဲ ဘုရားပေါ်တက်ဖြစ်တော့ တစ်ပတ်မှာ တစ်ကြိမ်ပဲ ပဋ္ဌာန်းရွတ်တဲ့ ကုသိုလ်ရတော့တာပေါ့။ ဘုရားပေါ်မှာမှ မဟုတ်ဘဲ အိမ်မှာလည်း ပဋ္ဌာန်းရွတ်မယ်ဆိုရင် နေ့စဉ်နဲ့အမျှ ပဋ္ဌာန်းရွတ်တဲ့ကုသိုလ်တိုးပွားနေမှာ အမှန်ပါပဲ။ အခုတော့ အယူအဆအမှားကို လက်ခံယုံကြည်ပြီး၊ လိုက်နာကျင့်သုံးမိတဲ့ အတွက် ရသင့်ရထိုက်တဲ့ ကုသိုလ်တရားတွေအများကြီး လက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။ ✤တကယ်တော့ ပဋ္ဌာန်းတရားဟာ “နတ်ပရိသတ်တွေ” အတွက် အဓိကထားပြီး၊မြတ်စွာဘုရားဟောကြားခဲ့တာပါ။ ဟောတာကိုက နတ်ပြည်မှာလေ။ နတ်ပြည်မှာ နတ်ပရိသတ်အတွက် ဟောထားတဲ့ တရားကို နတ်တွေက မနှစ်သက်ဘဲ ရှိပါ့မလား။ သူတော်ကောင်းနတ်မှန်ရင် ပဋ္ဌာန်းတရားကို ဘယ်သူ၊ဘယ်နေရာမှာရွတ်ရွတ် နှစ်သက်မြတ်နိုးစွာ လာရောက်နာယူမှာ သေချာပါတယ်။ ✤ပဋ္ဌာန်းရွတ်လို့ အိမ်စောင့်နတ် မနေနိုင်ဘဲ ထွက်ပြေးရတယ် ဆိုတာ သဘာဝ မကျပါဘူး။တကယ်ဆို ကိုယ်ရွတ်ပေးလို့ သူနာရပေတယ် ဆိုပြီး၊ ကိုယ့်အိမ်ကတောင် မခွာနိုင် ဖြစ်နေမှာပါ။ သူနာချင်တဲ့ ပဋ္ဌာန်းရွတ်ပေးတဲ့အတွက် ကိုယ့်ကို ကျေးဇူးတွေတင်ပြီး ခါတိုင်းထက်တောင် ကူညီစောင့်ရှောက်ကြဦးမှာပါ။ တကယ်လို့ ... ပဋ္ဌာန်းသံကြားတာနဲ့ ထွက်ပြေးတဲ့ အိမ်စောင့်နတ်ရှိခဲ့တယ်ဆိုရင်လည်း အဲ့ဒီ အိမ်စောင့်နတ်ဟာ ဘုန်းကံမရှိတဲ့နတ်၊ သူတော်ကောင်းစိတ်မရှိတဲ့နတ်၊ သူယုတ်မာနတ်ပဲ ဖြစ်ပါလိမ့်မယ်။ အဲဒီလိုနတ်မျိုး ကိုယ့်အိမ်မှာ လာစောင့်နေလို့လည်း ကိုယ့်အတွက် ဘာအကျိုးမှ ရှိမှာမဟုတ်ပါဘူး။ မနေနိုင်လို့ထွက်ပြေးသွားလည်း ဘာမှ လွမ်းနေစရာမလိုပါဘူး။ အဲ့ဒီလိုနတ်မျိုး “အိမ်ပြင်” မှာနေလည်း အလကား၊ “အိမ်တွင်း” မှာနေလည်းအလကားပါပဲ။ ✤ပဋ္ဌာန်းတရားအပါအဝင် အဘိဓမ္မာတရားတော်တွေကို တာဝတိံသာနတ်ပြည်မှာ မြတ်စွာဘုရား ဟောကြား တော်မူစဉ်တုန်းက တရားနာပရိသတ်ထဲမှာ “အင်္ကုရ” ဆိုတဲ့ နတ်သားတစ်ယောက်လည်း ပါဝင်ခဲ့ပါတယ်။ “အင်္ကုရနတ်သား”ဟာ တရားပွဲကို အစောဆုံး ရောက်လာပြီး ရှေ့ဆုံးက နေရာဦးထားတာပါ။ မြတ်စွာဘုရားရဲ့ လက်ဝဲဘက်နေရာမှာ အနားကပ်ပြီး၊ နေရာဦးထားပါတယ်။ ဒါပေမယ့် သူ့ထက် ဘုန်းတန်ခိုးကြီးတဲ့ နတ်တွေ၊ဗြဟ္မာတွေ ရောက်လာတိုင်း၊ ရောက်လာတိုင်း နောက်ဆုတ် နောက်ဆုတ်ပြီး၊ နေရာဖယ်ပေးရတဲ့အတွက် နောက်ဆုံးတော့ မြတ်စွာဘုရားရှင်နဲ့ ဆယ့်နှစ်ယူဇနာဝေးတဲ့ နေရာကပဲ တရားနာခွင့် ရပါတော့တယ်။ နတ်ကြီးလာတော့ နတ်ငယ် နေရာဖယ်ပေးရတာပေါ့။ လူ့လောကမှာလည်း ဒီလိုပါပဲ။ ပွဲလမ်းသဘင်တစ်ခု၊ အခမ်းအနားတစ်ခု ကျင်းပပြီဆိုရင် ဂုဏ်ကြီးတဲ့လူ၊ မျက်နှာကြီးတဲ့လူတွေက ရှေ့ဆုံးက နေရာယူရပြီး ဂုဏ်ငယ်တဲ့လူ၊ မျက်နှာငယ်တဲ့လူတွေက နောက်ဆုံးကနေ နေရာယူရပါတယ်။ ဂုဏ်ငယ်လေ နောက်ရောက်လေပါပဲ။ အိမ်မှာပဲ ဖြစ်ဖြစ်၊ ဘုရားမှာပဲဖြစ်ဖြစ်၊ နေရာဋ္ဌာန တစ်ခုခုမှာ ပုဂ္ဂိုလ်တစ်ယောက်ယောက်က ပဋ္ဌာန်းတရားရွတ်ပွားပြီဆိုရင် ဘုန်းတန်ခိုးကြီးမားတဲ့ နတ်တွေ၊ ဗြဟ္မာတွေ တရားနာ ကြွရောက်လာကြပါတယ်။ အိမ်စောင့်နတ်အပါအဝင် နဂိုကရှိနှင့်ပြီးသား နတ်တွေက ဘုန်းတန်ခိုးနည်းပါးတယ်ဆိုရင် ဘုန်းတန်ခိုးကြီးမားတဲ့ နတ်ဗြဟ္မာတွေအတွက် (အင်္ကုရ နတ်သားလိုပဲ) နေရာဖယ်နောက်ဆုတ်ပေးရတဲ့ အတွက် အဝေးရောက်သွားနိုင်ပါတယ်။ “အင်္ကုရနတ်သား”ဟာ အဝေးရောက်သွားပေမယ့်၊ မြတ်စွာဘုရားရှင်ကို စိတ်မဆိုးဘဲ၊ အဝေးကနေ တရားနာယူသလို အဝေးရောက်သွားတဲ့ အိမ်စောင့် နတ်ဟာလည်း ပဋ္ဌာန်းရွတ်ပွားသူကို စိတ်မဆိုးဘဲ၊ ကိုယ့်ကံကိုယ်နားလည်စွာနဲ့ အဝေးတစ်နေရာကနေ ပဋ္ဌာန်းတရား နာကြားနေမှာပါ။ လူပဲဖြစ်ဖြစ်၊ နတ်ပဲဖြစ်ဖြစ် ကိုယ်နဲ့ထိုက်တန်တဲ့နေရာကို ကိုယ်ရစမြဲ မဟုတ်လား။ ကိုယ့်ကံက ပေးတဲ့နေရာမှာ ကိုယ်ကျေနပ်စွာ နေရမှာပဲလေ။ ပဋ္ဌာန်းတရားနာကြားပြီး ကိုယ့်ထက်ဘုန်းတန်ခိုးကြီးတဲ့ နတ်တွေ၊ ဗြဟ္မာတွေ ကိုယ့်နေရာကိုယ်ပြန်သွားတဲ့အခါ အိမ်စောင့်နတ်လည်း အိမ်မှာ နေမြဲအတိုင်း ပြန်နေခွင့် ရသွားပြီပေါ့။ ပဋ္ဌာန်းတန်ခိုးကြောင့်သူ့ရဲ့ ဘုံဗိမာန် စည်းစိမ်ချမ်းသာတွေတောင် နဂိုကထက် ကြီးကျယ်ခမ်းနားလာမှာ သေချာပါတယ်။ ဒါဆိုရင် ပဋ္ဌာန်းရွတ်လို့ အိမ်စောင့်နတ်မှာ အကျိုးမယုတ်တဲ့အတွက် ပဋ္ဌာန်းရွတ်သူကိုလည်း အိမ်စောင့်နတ်က ဘာမှ ဒုက္ခပေးမှာ မဟုတ်ပါဘူး။ ဒုက္ခမပေးတဲ့အပြင် ကောင်းကျိုးချမ်းသာ အဖြာဖြာနဲ့ ပြည့်စုံအောင်တောင် အကူအညီပေးပါလိမ့်ဦးမယ်။ တကယ်လို့ ကိုယ့်အိမ်ထဲမှာရှိတဲ့ အိမ်တွင်းနတ်တွေ၊ အိမ်ပြင်နတ်တွေက နတ်လို့ နာမည်ခံထားတဲ့ “မကောင်းဆိုးဝါးတွေ၊ အစိမ်းသရဲတွေ၊ ဖုတ် ပြိတ္တာတွေ၊ နတ်မိစ္ဆာတွေ” ဖြစ်နေခဲ့မယ် ဆိုရင်တော့ ပဋ္ဌာန်းတရားကို နားခါးပြီး ထွက်ပြေးချင်ပြေးပါလိမ့်မယ်။ သူယုတ်မာနဲ့ သူတော်ကောင်းတရား မအပ်စပ်လို့ ကြောက်ရွံ့ထိတ်လန့်စွာ ထွက်ပြေးသွားကြတဲ့ “တရားမကြိုက် နတ်ငမိုက်” တွေ ကိုယ့်အိမ်မှာ မရှိတော့တာ ပိုတောင် ကောင်းပါသေးတယ်။ ဝမ်းနည်းစရာမဟုတ်ပါဘူး၊ ဝမ်းသာစရာပါ။ ❖ဝေသာလီပြည်မှာ ကပ်ဘေးကြီးတွေဆိုက်ရောက် ခဲ့စဉ်တုန်းက မြတ်စွာဘုရားရှင်နဲ့ ရဟန်းသံဃာတော်တွေ “ရတနသုတ်” လှည့်လည်ရွတ်ဆိုကြတော့ ဘုန်းတန်ခိုးကြီးမားတဲ့ နတ်ဗြဟ္မာတွေ တရား လာနာကြတဲ့အတွက် မကောင်းဆိုးဝါးတွေ၊ နတ်မိစ္ဆာတွေ မြို့တွင်းမှာ မနေနိုင်တော့ဘဲ အိုးနင်းခွက်နင်း ထွက်ပြေးသွားကြပါတယ်။ ဝေသာလီပြည်လည်း ကပ်ဘေးကြီးတွေက လွတ်မြောက်ပြီး ချမ်းသာရာရခဲ့ပါတယ်။ ❖ပဋ္ဌာန်းတရားပဲရွတ်ရွတ်၊ တခြားတရားပဲရွတ်ရွတ်၊ ကိုယ့်ဘက်ကတော့ မကောင်းဆိုးဝါးတွေ နတ်မိစ္ဆာတွေ၊ တန်ခိုးနည်းတဲ့ နတ်တွေ ကိုယ့်ပတ်ဝန်းကျင်မှာ မနေနိုင်ဘဲ ထွက်ပြေးသွားစေချင်တဲ့ “ရည်ရွယ်ချက်ဆိုးမျိုး”မထားနဲ့ပေါ့။ ❖အယုတ် ၊အလတ် ၊ အမြတ် မရွေး ဘယ်သတ္တဝါမဆို တရားနာယူပြီး၊ ကောင်းကျိုး ရစေချင်တဲ့ ရည်ရွယ်ချက်ကောင်းပဲထားပြီး ရွတ်ပါ။ ကိုယ့်ဘက်ကရည်ရွယ်ချက်ဆိုးပြီး မေတ္တာတရား ခေါင်းပါးနေရင်တော့ အဝေးထွက်ပြေးရတဲ့ နတ်တွေက “နေနှင့်ဦးပေါ့ကွာ၊ အလှည့်ကျရင် မနွဲ့စတမ်းဟေ့” ဆိုပြီး ကိုယ့်ကံနိမ့်တဲ့အခါ၊ ရွတ်ဖတ်မှု ပြတ်သွားတဲ့ အခါမျိုးတွေမှာ တုံ့ပြန်ကလဲ့စားချေတတ်ပါတယ်။ ကိုယ့်စေတနာ ကိုယ့်အကျိုးပေးတာပါပဲ။ ❖အကောင်းဆုံးကတော့ ပဋ္ဌာန်းတရားပဲဖြစ်ဖြစ်၊ တခြားတရားပဲဖြစ်ဖြစ်၊တရားတော် တခုခုရွတ်ဖတ် ပူဇော်မှုပြုတော့မယ်ဆိုရင် …. ✿ပထမဦးဆုံး မေတ္တာဘာဝနာပွားများ၊ “မေတ္တာသုတ်”ရွတ်ဆိုပြီးမှ ပြုတာအကောင်းဆုံးပါပဲ။ ✿မေတ္တာတရားပေးဝေမှုကို သတ္တဝါတိုင်းနှစ်သက် လိုလားကြတာမို့ ဘာတရားတော်ပဲရွတ်ရွတ် “မေတ္တာသုတ် ကို အရင်ရွတ်ပါ။ မေတ္တာဘာဝနာ အရင်ပွားပါ” လို့ ဒကာဇော်မျိုးအောင်ကို မေတ္တာနဲ့ အကြံပေးလိုက်ပါတယ်။ ပဋ္ဌာန်းတရားကို အိမ်မှာလည်းရွတ်သင့်ပါတယ်။ ရွတ်ခြင်းကြောင့် ဒုက္ခမရောက်တဲ့အပြင်၊ကောင်းကျိုးချမ်းသာ ကျက်သရေ မင်္ဂလာ အဖြာဖြာနဲ့ ပြည့်စုံနိုင်ပါတယ်လို့ . . .။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【ဆရာတော်အရှင်ဆန္ဒာဓိက၊ အင်တာဗျူးဂျာနယ်၊နိုဝင်ဘာ၊၁၅၊၂၀၀၀】 အပ္ပမာဒေန သမ္ပာဒေထ။ Posted by► www.facebook.com/youngbuddhistassociation.mm [ဆရာတော်အရှင်ဆန္ဒာဓိက၏ “အိမ်စောင့်နတ်နှင့် ပဋ္ဌာန်းရွတ်ခြင်း”မှ - ကောက်နှုတ်ကူးယူပူဇော်မျှဝေပါသည်။]
https://www.dhammaransi.com/index.php/new/705-2015-10-28-10-05-30.html
ဤခေါင်းစဉ်ကို မြင်လိုက်ရသူများက “ဒီကိုယ်တော်နှယ်၊ ကြံကြံဖန်ဖန် ဒီမေးခွန်းကို အဓိပ္ပာယ်မဲ့မေးနေတယ်။ လူသားမိဘတွေက ပေါက်ဖွားလာတာ လူမဖြစ်လို့ ဘာဖြစ်ရမလဲ”ဟု တွေးတောကောင်း တွေးတော နိုင်ပါ၏။ ရဟန်းခံခါနီးတွင် ရဟန်းလောင်းအား မေးမြန်းရမည့် မေးခွန်း ၁၅ချက်တို့တွင် “မနုေဿာသိ-သင်လူသားစင်စစ် ဟုတ်ပါ၏ လော”ဟု မေးခွန်းတစ်ချက်ပါရှိ၏။ www.facebook.com/youngbuddhistassociation.mm လူသားက ပေါက်ဖွား လူသားရှင်သာမဏေတစ်ပါးကို “သင် လူသား စင်စစ်ဟုတ်ပါ၏လော” ဟူသော မေးခွန်းမှာ အဓိပ္ပာယ် ကင်းမဲ့နေသယောင်။ သို့သော်-ထိုမေးခွန်းကို မေးရသည်မှာ အဓိပ္ပာယ်ရှိ၏။ ■ ဘုရားရှင်လက်ထက်က နဂါးကြီးတစ်ကောင် နဂါးဘဝကို ရွံ့မုန်း၍ နဂါး ဘဝမှ လွတ်ရာလွတ်ကြောင်း ကြံဆရင်း လူယောင်ဖန်ဆင်းကာ ရဟန်းခံခဲ့ဖူး၏။ ထို့ ကြောင့် ဘုရားရှင်က ရဟန်းခံခါနီးတွင် ရဟန်းလောင်းအား ထိုမေးခွန်းကို မေးခိုင်းတော်မူခြင်း ဖြစ်လေသတည်း။ ဤသို့လျှင် “မနုေဿာသိ သင်လူသား စင်စစ်ဟုတ်ပါ၏ လော”ဟူသော မေးခွန်းသည် အဓိပ္ပာယ်ရှိ သော မေးခွန်းသာဖြစ်၏။ ဤ၌လည်း “သင် လူဖြစ်ပါပြီလော” ဟူသော မေးခွန်းကို လေးလေးနက်နက် မတွေးတတ်သူတို့က အပိုမေးခွန်း(ဌပနီယ ပုစ္ဆာ)ဟုထင်ကောင်း ထင်နိုင်ပေ၏။ ♦ လူသား မိဘက ပေါက်ဖွား၍ ပခုံးနှစ်ဖက်ကြား ဦးခေါင်းပေါက်ကာမျှ၊မိုးကို ဦးခေါင်းပေးပြီး ခန္ဓာ ကိုယ်ထောင်၍ သွားကာမျှ၊ လက၊်ခြေ ၊ကိုယ် အင်္ဂါ ပြည့်စုံကာမျှဖြင့် ပြည့်ဝသော မနုဿ ခေါ်-လူသား စင်စစ် မဖြစ်နိုင်ချေ။ www.facebook.com/youngbuddhistassociation.mm ♦ လူသားမိဘက ပေါက်ဖွားသည် မှန်သော်လည်း “ငါချမ်းသာဖို့၊ငါ့မိသားစုချမ်းသာဖို့” စသည်ဖြင့် နေရာတကာဝယ် ငါကို ရှေ့တန်းတင်၍ ပြုလုပ်၊ ပြောဆို၊ကြံစည်နေ လျှင် အနှီပုဂ္ဂိုလ်သည် မိုးကို ကျောပေး၍ ခြေထောက်လေးချောင်းထောက်ကာ ကန့်လန့်သွားတတ်သော “ တိရစ္ဆာန်” နှင့် ဘာထူး တော့အံ့နည်း။ တိရစ္ဆာန်ဟုခေါ်သော ကန့်လန့်သွား သတ္တဝါတို့သည် နေရာတကာ ငါကို ရှေ့တန်း တင်တတ်ကြ၏။ ထိုသဘောကို ထင်ရှားစေ ရန် ခွေးတစ်အုပ်ကို ခေါ်၍ စားခွက်တွင် စား သောက်ဖွယ်များပုံကာ ကျွေးကြည့်ပါလေ။ တရုန်းရုန်း တဝုန်းဝုန်းဖြင့် “ငါ ဝဖို့သာ အရေး ကြီးသည်” ဟု အငမ်းမရ အလုအယက်စား သောက်နေကြသည်မှာ “ငါ” ကို ရှေ့တန်းတင် သည့်သဘော အထင်အရှား တွေ့ရပါလိမ့်မည်။ www.facebook.com/youngbuddhistassociation.mm ထို့ကြောင့် “ငါ” ကို ရှေ့တန်းတင်ကြသူတို့သည် လူသားမိဘက ပေါက်ဖွားသည် မှန် သော်လည်း “တိရစ္ဆာန်” နှင့် မထူးကြချေ။ • အတ္ထာနတ္ထံ မနတိ ဇာနာတီတိ မနုေဿာ။ • ကာရဏာကာရဏံ မနတိ ဇာနာတီတိ မနုေဿာ။ • ကုသလာ ကုသလံ မနတိ ဇာနာတီတိ မနုေဿာ။ • မနော ဥဿန္နံ ဧတေသန္တိ မနုဿာ။ ♦ အကျိုးရှိ အကျိုးမဲ့၊ အကြောင်းဟုတ်၊ မဟုတ်၊ ♦ ကုသိုလ် အကုသိုလ်ကို ခွဲခြား၍ သိတတ်ပါမှ “မနုဿလူ” ဟု ခေါ်ရ၏။ ထိုသို့ မသိလျှင် မနုဿ-လူမဟုတ်ပေ။ ♦ ထက်မြက် သော စိတ်ဓာတ်ရှိပါမှ မနုဿ-လူဟုခေါ် ရ၏။ ♦ ထက်မြက်သော စိတ်ဓာတ်မရှိလျှင် မနုဿ-လူဟု မခေါ်နိုင်ပေ။ အကျိုးရှိ အကျိုးမဲ့၊အကြောင်းဟုတ် မဟုတ်၊ ကုသိုလ် အကုသိုလ်ခွဲခြားသိ၍ စိတ်ဓာတ်ထက်မြက်သော မနုဿ-လူသားတို့သည် ကိုယ်ရေးကိုယ်တာကိုသာ မကြည့်ကြ။ www.facebook.com/youngbuddhistassociation.mm အများချမ်းသာရေးကိုလည်း ကြည့်ကြလေသည်။ အဆင့်အတန်းမြင့်သူ မနုဿဖြစ်လေလေ ၊ အများကောင်းကျိုး ဆောင်ရွက်လေ လေဖြစ်သည်။ ဘာသာသာသနာ အကျိုး သယ်ပိုးလေလေဖြစ်သည်။ ■ နှစ်တစ်ရာ အတွင်း ပျောက်ကွယ်သွားရ မည့် လူ့ဘဝတွင် ကောင်းကျိုးမရှိသည့်နေရာ၌ ပြိုင်ဆိုင်မနေသင့်ကြပေ။ www.facebook.com/youngbuddhistassociation.mm ပိုင်ဆိုင်သည့် ဘဝ၊ ရရှိသည့်ဥစ္စာ၊ တတ်ကျွမ်းသည့် အတတ်ပညာ တို့ကို မိမိနှင့်သူတစ်ပါး ကောင်းကျိုးများရာ၌သာ အသုံးချသင့်ကြပေသည်။ သန်းခေါင်စာရင်းမှ မိမိပျောက်ကွယ်သွားခဲ့လျှင် ကမ္ဘာလောကပေါ်ဝယ် မိမိ၏ ခြေရာ လက်ရာများ ကျန်ရစ်ခဲ့စေသင့်သည်။ ကိုယ်ကျိုးနှင့် ထင်ပေါ်ကျော်ကြားမှုကို မငဲ့၊ အများအကျိုးကိုပါ ဆောင်ရွက်ခြင်းသည် အကျိုးရှိ၊ အကျိုးမဲ့ကို ခွဲခြားသိနိုင်သော၊ အကြောင်းဟုတ်-မဟုတ် ခွဲခြား သိနိုင်သော၊ ကုသိုလ်-အကုသိုလ် ခွဲခြားသိနိုင်သော၊ စိတ်ဓာတ်ထက်မြက်သော မနုဿ-လူသားတို့၏ လုပ်ငန်းဖြစ်သည်။ www.facebook.com/youngbuddhistassociation.mm ထို့ကြောင့်လည်း မိမိ အပါအဝင် အားလုံးသော ပုဂ္ဂိုလ်တို့သည် မိမိ ကိုယ် မိမိပြန်လည် မေးမြန်းသင့်ကြပါသည်။ “သင် လူဖြစ်ပါပြီလော” ဟူ၍…။ - (အသျှင်အဘိဇာတာဘိဝံသ) Dhamma Danã Source ► www.facebook.com/youngbuddhistassociation.mm
https://www.dhammaransi.com/index.php/new/706-2015-10-28-10-04-52.html
“ဘုရားနှစ်ဆူ တစ်ပြိုင်နက် မပွင့်ရခြင်းအကြောင်း”
p> (၁)။ ပွင့်ရင် အံ့ဩစရာမဟုတ်လို့ပါပဲ။မှန်တယ်။ ဘုရားရှင်တွေဟာ အံ့ဩစရာလူသားတွေဖြစ်တယ်။ ၂ဆူ၊၄ဆူ၊၈ဆူ၊၁၆ဆူ တစ်ပြိုင်တည်းပွင့်ခဲ့ရင် အံ့ဩစရာ မဟုတ်တော့ဘူး။မှန်တယ်။တစ်ကျောင်းထဲမှာ စေတီ၂ဆူလုံးမှာ လာဘ၊သက္ကာရ မပေါများ။ ရဟန်းတွေလည်း များလို့အံ့ဩစရာမဖြစ်။ ဘုရားရှင်တွေဟာလည်း အဲဒီလိုပါပဲ။ ဒါကြောင့် မပွင့်ကြပါ။ (၂)။တရားဒေသနာ မထူးတာကလည်း နောက်တစ်ကြောင်းပါပဲ။မှန်တယ်။ တစ်ပါးက “သတိပဋ္ဌာန်”စတဲ့တရားကိုဟောတယ်။ အခြားဘုရားတစ်ဆူပွင့်လာရင်လည်း အဲဒီတရားကိုပဲ ဟောတယ်။ဒါကြောင့် အံ့ဩစရာမဖြစ်။ တစ်ပါးပဲ တရားဟောရင် တရားဟာလည်း အံ့ဩစရာဖြစ်တယ်။ (၃)။ငြင်းခုံစရာဖြစ်လို့ပါ။ ဘုရားတွေအများကြီးပွင့်ရင် ဆရာများစွာရဲ့ တပည့်တွေလို “ငါတို့ဘုရားက ကြည်ညိုစရာကောင်းတယ်။ ငါတို့ဘုရားက အသံကောင်းတယ်။ဘုန်းကြီးကြတယ်။ ငြင်းခုံကြလိမ့်မယ်။ဒါကြောင့်လည်း မပွင့်ကြပါ။” (ဥပရိပဏ်၊ဋ္ဌ၊၈၂) -【သာမဏေကျော်ဆရာတော် ဦးဓမ္မိကာလင်္ကာရာဘိဝံသ -သာမဏေကျော်မဟာဂန္ဓာရုံကျောင်းတိုက်】 -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 Posted by► www.facebook.com/youngbuddhistassociation.mm
https://www.dhammaransi.com/index.php/new/707-2015-10-28-10-03-56.html
“အမြဲတမ်းရှိနေတဲ့ အန္တရာယ်”
နေ့စဉ်ကြုံတွေ့နေရတဲ့ “စိတ်တိုစရာ၊ စိတ်ဆိုးစရာ၊ ဒေါသဖြစ်စရာ” တွေဟာ “ကိုယ့်ရဲ့စိတ်အင်အား နဲ့ စိတ်အခြေအနေ၊ စိတ်ကြည်လင်ရွှင်လန်းမှု” ကို ဖျက်စီးနေတဲ့အရာတွေထဲမှာ “အကြီးမားဆုံး”ပဲ။ ဒါကြောင့် နေ့တိုင်း နေ့တိုင်း ထပ်တလဲလဲ ကြုံတွေ့နေရတဲ့ စိတ်တိုစရာတွေကို သတိထားရမယ်။ ကိုယ့်ငွေနဲ့ အချိန်တွေ အကျိုးမဲ့ လေလွင့်မှုဖြစ်နေတာ၊ ကုန်သွားတာကို ဘယ်သူမဆို နှမြောတတ်ကြတယ်။ အဲလိုပဲ ကိုယ့်စိတ်အင်အားတွေ စိတ်ကြည်လင်မှု တွေကို မဖြစ်စလောက်ကိစ္စ အသေးအမွှားလေးတွေနဲ့ နေ့စဉ် စိတ်တိုရင်း ကုန်သွားတာကို နှမြောတတ်ဖို့ လိုပါတယ်။ အလုပ်ကို အဆင်ပြေပြေ အောင်အောင်မြင်မြင် လုပ်ချင်တယ်ဆိုရင် အဲဒီလို စိတ်တိုစရာတွေကို ရှောင်နိုင်သလောက် ရှောင်ရမယ်။ ရှောင်လို့မရတာကိုတော့ သတိလေးနဲ့ စိတ်ကို သိပြီးတော့ ဒေါသကြီးကြီး မပေါက်ကွဲအောင် နေတတ်ရမယ်။ ဒေါသဟာ အမြဲတမ်း ဖြစ်နိုင်တယ်။ ဒေါသဟာ ဒုက္ခလည်း ဖြစ်စေတယ်။ ဒါကြောင့် ဒေါသဟာ “အမြဲတမ်းရှိနေတဲ့ အန္တရာယ်”လို့ ဆိုနိုင်တယ်။ ဒီလို အမြဲတမ်းရှိနေတဲ့အန္တရာယ်နဲ့ ပတ်သက်ပြီးတော့ “လေ့လာထားဖို့ ၊သိထားဖို့ ၊နားလည်ထားဖို့”လိုတယ်။ ကိုယ့်ကို စိတ်တိုအောင် ဒေါသဖြစ်အောင် လုပ်နိုင်တဲ့အရာ၊ လုပ်နိုင်တဲ့သူဟာ ကိုယ့်အတွက် အန္တရာယ် ဖြစ်တယ်။ အဲဒီလို အန္တရာယ်မျိုးကလည်း ကိုယ့်ပတ်ဝန်းကျင်မှာ အမြဲတမ်းရှိနေတယ်။ ကိုယ့်ကို စိတ်တိုအောင်၊ စိတ်ဆိုးအောင်၊ မခံချင်အောင်၊ ဆင်းရဲအောင် လုပ်နိုင်တဲ့ကိစ္စတွေဟာ ကိုယ့်ပတ်ဝန်းကျင်မှာ အမြဲပဲ ရှိနေတယ်။ ဒီစိတ်တိုစရာတွေဟာ ကိုယ်နဲ့ အမြဲလိုလို ရှိနေတတ်တဲ့ အဖော်ပဲ (အဖော်ကောင်းတော့ မဟုတ်ဘူး)။ သူတို့ကို ကိုင်တွယ်တတ်အောင် လေ့လာထားရမယ်။ သူတို့နဲ့ နေတတ်အောင်လည်း လုပ်ထားရမယ်။ လုံးလုံးကြီး ရှောင်လို့ကလည်း ဖြစ်နိုင်တာမှ မဟုတ်ပဲနော်။ တကယ်လို့ ရှောင်နိုင်တယ်ဆိုရင် ရနိုင်သလောက် ရှောင်ပါ။ ဖယ်ရှားနိုင်ရင် ဖယ်ရှားပါ။ ရှောင်လို့မရ၊ ဖယ်ရှားလို့ မရရင်တော့ ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲဆိုတဲ့ နည်းလမ်းကို သေသေချာချာလေ့လာထားရမယ်နော်။ နေ့တိုင်း လူတွေနဲ့ တွေ့နေကြတယ်၊ စကားပြောနေကြတယ်။ နေ့တိုင်း အလုပ်လုပ်နေကြတယ်။ “အဆင်မပြေမှုတွေ ၊ အလိုမကျတာတွေ” ကို နေ့တိုင်း အနဲ နဲ့ အများတွေ့ရလို့ စိတ်တိုမိတယ်၊ ဒေါသဖြစ်မိတယ်။ ဒါတွေကို “သတိနဲ့ ဉာဏ်နဲ့” ကြည့်ပြီးတော့ ၊သိပြီးတော့ ၊ ယူတတ်ရင် ကိုယ့်ကိုယ်ကို “ပိုပြီးသဘောထားကြီးတဲ့သူ၊ သဘောထားပြည့်တဲ့သူ၊ မျှတတဲ့သူ၊ နားလည်တတ်တဲ့သူ၊ သည်းခံတတ်တဲ့သူ” ဖြစ်အောင် လုပ်နိုင်တယ်။ အဲဒါမှ ပိုပြီးအဆင့်မြင့်တဲ့လူတစ်ယောက် ဖြစ်လာမယ်။ အဲဒါဟာ ကျေနပ်စရာ အကောင်းဆုံးပဲ။ -【ဆရာတော် ဦးဇောတိက ၊မဟာမြိုင်တောရ】 Dhamma Dãna Source ► www.facebook.com/youngbuddhistassociation.mm
https://www.dhammaransi.com/index.php/new/708-2015-10-28-10-02-15.html
“ဗုဒ္ဓဘာသာဖြစ်ရန် အခြေခံတရား”
ဗုဒ္ဓဘာသာ ဖြစ်ဖို့အတွက် “သဒ္ဓါနဲ့ပညာ” ဘယ်ဟာက အခြေခံဖြစ်သလဲဆိုတာ ဒီကနေ့ ရှင်းလင်းပြီး ဟောပြောကြရအောင်။ အခြေခံကို ရှာဖွေတဲ့အခါမှာ ရှုထောင့်အမျိုးမျိုးတော့ရှိမှာပေါ့။ရှုထောင့်အမျိုးမျိုးက ကြည့်ပြီးဗုဒ္ဓဘာသာဖြစ်ဖို့ အခြေခံတရားဟာ ဘာလဲ။ သဒ္ဓါ၊ ပညာဆိုတဲ့ အခြေခံ သဘာဝနှစ်ခုကို သေသေချာချာ စဉ်းစားပြီးကြည့်။ သဒ္ဓါဆိုတာ ယုံကြည်တာကို ပြောတာနော်။ ပညာဆိုတာ သဘာဝတရားတွေကို မှန်မှန်ကန်ကန် စဉ်းစဉ်းစားစား ကွဲကွဲပြားပြားသိတဲ့ အသိဉာဏ်ကိုပြောတာ။ ဒီတော့ ဗုဒ္ဓဘာသာဖြစ်ဖို့ အခြေခံ တရားဟာ ယုံကြည်မှု ဆိုတာက အဓိကလား? အသိပညာ ဆိုတာကအဓိကလား? လို့ ပြောမယ်ဆိုလို့ရှိရင်တော့ ရှုထောင့်အမျိုးမျိုးတော့ ရှိမှာပေါ့။ ဒီရှုထောင့်က ဒီတရားကို ရှင်းလင်းဟောပြပြီးတဲ့ အခါမှာ သဒ္ဓါက အခြေခံတာလား၊ပညာက အခြေခံတာလား ဆိုတာကို ကွဲကွဲပြားပြားမှတ်သားကြရမှာ ဖြစ်တယ်။ ဘုန်းကြီးတို့ ငယ်စဉ်တုန်းက ဥပဇ္ဈာယ်ဆရာတော်ကြီးကို “လူတွေ သဒ္ဓါအားနည်းလို့ မှားမှားယွင်းယွင်း ဖြစ်တယ်” လို့ လျှောက်ထားတဲ့အခါမှာ ဆရာတော်ကြီးက ပြင်ပေးတယ်။ “သဒ္ဓါ မဟုတ်ဘူး ပညာ” တဲ့။ အဲဒီ ကတည်းက ခေါင်းထဲမှာ စွဲသွားတယ်။အခြေခံအကြောင်းတရားဟာ သဒ္ဓါ ဆိုတာ မဟုတ်နိုင်ဘူး၊ ပညာကသာလျှင် အဓိကဖြစ်တယ်လို့။ ကဲ၊စဉ်းစားကြည့် - သဒ္ဓါသည် ဗုဒ္ဓဘာသာဖြစ်ဖို့ အခြေခံလို့ ပြောမယ်ဆိုလို့ရှိရင် ဒီကနေ့ခေတ် ဗုဒ္ဓဘာသာအပါအဝင် ဘာသာ(၅)မျိုး ကမ္ဘာ့ဘာသာကြီးတွေ ရှိတယ်။ အဲဒီကမ္ဘာ့ဘာသာကြီးတွေကို ယုံကြည် ကိုးကွယ်နေကြတဲ့ ပုဂ္ဂိုလ်တွေကော သဒ္ဓါမရှိဘူးလားလို့ ပြောမယ်ဆိုရင် ရှိတယ်။ သဒ္ဓါဆိုတဲ့ ပါဠိစကားလုံးကို ကောင်းတဲ့ဘက်မှာပဲ သုံးတယ်။ သို့သော် ဒီနေရာ ယုံကြည်မှုဆိုတဲ့ စကားလုံးနဲ့ပဲ အသုံးပြုရမယ်။ အဋ္ဌသာလိနီအဋ္ဌကထာမှာတော့ “ဘာသာခြားတွေ သူတို့ကိုးကွယ်တဲ့ဘုရား၊ သူတို့ ကိုးကွယ်တဲ့တရား၊ သူတို့ ကိုးကွယ်တဲ့ဆရာတွေကို ယုံကြည်တာတွေကို သဒ္ဓါလို့ မခေါ်ဘူး”လို့ ဒီလိုဆိုတယ်။ သို့သော် ယုံကြည်မှုမှန်သမျှဟာ သဒ္ဓါလို့ပြောလို့တော့ ရတယ်။သဒ္ဓါနဲ့ အလားတူတဲ့ အင်္ဂလိပ်စကားလုံးတစ်လုံးက faith လို့ ပြောတယ်။ faith ဆိုတာယုံကြည်ချက်ပဲ။ လူတွေက ယုံကြည်မှုကို အခြေခံပြီးတော့ ဘာသာတရားကို ကိုးကွယ်ကြတယ်။သာမန်အားဖြင့် ယုံကြည်တယ်ဆိုတဲ့ စကားလုံးရဲ့ နေရာမှာ ကြည့်လေ- အသိပညာမပါတဲ့ ယုံကြည်မှု၊ အသိပညာ ပါတဲ့ ယုံကြည်မှု၊ ပါဠိဘာသာမှာလည်း ခွဲထားတာ ရှိတယ်။“မုဓပ္ပသန္န” တဲ့။ အချည်းနှီး ယုံကြည်တာ။ ပညာကင်းမဲ့တဲ့ယုံကြည်မှုကို “မုဓပ္ပသန္န” ခေါ်တယ်။ အဲဒီ မုဓပ္ပသန္န ဆိုတဲ့ blind faith ဟာ အန္တရာယ်များတယ်။ ဒါကြောင့်မို့ ဣန္ဒြေ ၅-ပါးထဲမှာ သဒ္ဓါနဲ့ ပညာ ဆိုတာ နှစ်ခုနဲ့စပ်ပြီး ပရမတ္ထစက္ခုကျမ်းကိုရေးတဲ့ ဒီပဲယင်း ဆရာတော်ကြီးက“သဒ္ဓါကို ပညာစောင့်မှ လမ်းဖြောင့်တယ်တဲ့၊ ပညာကိုလည်း သဒ္ဓါစောင့်မှ လမ်းဖြောင့်တယ်” သဒ္ဓါနဲ့ ပညာ ဒီနှစ်ခုဟာ တစ်ခုတစ်ခု အစွန်းထွက်သွားလို့ မရဘူး။ညှိရမယ်လို့ ဒီလိုဆိုတာပေါ့။ သဒ္ဓါလွန်သွားရင်လည်း လမ်းမှန် မရောက်ဘူး။ ပညာလွန်သွားရင်လည်း ကောက်ကျစ်စဉ်းလဲသူ ဖြစ်သွားတယ်။ ဒါကြောင့်မို့ သဒ္ဓါနဲ့ ပညာ နှစ်ခုထိန်းညှိရမယ် ဆိုတဲ့ စကားကို ထောက်ထားကြည့်မယ် ဆိုရင်တော့ ပညာမပါတဲ့ ယုံကြည်မှုတွေဟာ တခြားဘာသာဝင်တွေမှာ ရှိနိုင်တယ်လို့ ပြောလို့ရတယ်ပေါ့။ရှင်မဟာဗုဒ္ဓဃောသက အဋ္ဌသာလိနီမှာ ရေးတာတော့ သဒ္ဓါ မဟုတ်ဘူး။ “တဏှာ” လို့ ရေးသွားတယ်။သို့သော်လည်း ယုံကြည်မှုဆိုတာ “သဒ္ဓါ” လို့ပဲ ပြောရမှာပဲပေါ့။ အဘိဓမ္မာမှာ သတိလို့ဆိုတာလည်း အကောင်းဘက်မှာပဲ သုံးတယ်။သို့သော် မိစ္ဆာသတိ မရှိဘူးလား ဆိုတော့ သတိဆိုတဲ့နာမည်နဲ့ သုံးတာတော့ ရှိတယ်။ သို့သော် ဒီသတိစေတသိက် မဟုတ်ဘူးလို့ ဆိုပြန်တယ်ပေါ့။ သဒ္ဓါလို့တော့ သုံးတယ်။သို့သော် ဒီသဒ္ဓါမဟုတ်ဘူးလို့ ဒီလိုလည်း ဆိုတယ်။ အသံအားဖြင့် ပြောမယ်ဆိုလို့ရှိရင် မုဓပ္ပသန္န ဆိုတဲ့ မှားယွင်းတဲ့သဒ္ဓါတရား။ ပညာရဲ့ ထိန်းကွပ်မှု မရှိတဲ့ သဒ္ဓါတရား။ သဒ္ဓါယုံကြည်မှုသက်သက်၊“အဝတ္ထုသ္မိံ ပသီဒတိ” မကြည်ညိုရမယ့်နေရာ သွားပြီး ကြည်ညိုမိတတ်တယ် လို့ ဒီလိုဆိုတာပေါ့။ ဒါကြောင့်ပညာစောင့်မှလမ်းဖြောင့်တယ်။ blind faith လို့အင်္ဂလိပ်လိုခေါ်တဲ့“မျက်ကန်းယုံကြည်မှု”ပဲ။ ဒီတော့ ဗုဒ္ဓဘာသာကို ယုံကြည်တာဟာ မျက်ကန်း ယုံကြည်မှုနဲ့ ဆိုင်သလား၊ပညာကင်းမဲ့တဲ့ ယုံကြည်မှုလားလို့ ဗုဒ္ဓဘာသာဖြစ်ဖို့ အခြေခံကို ရှာကြည့် ရမယ်၊ သဒ္ဓါလား၊ပညာလားလို့ ဒီနှစ်ခုကို ရှာကြည့်တဲ့အခါ ဘယ်ဟာက အခြေခံကျသလဲ၊ ပညာဆိုတာ အရာရာ ဆင်ခြင်စဉ်းစားပြီး ကွဲကွဲပြားပြား စစ်စစ် ဆေးဆေး သိရှိနားလည် သဘောပေါက်တာကို ဒီလို ဆိုလိုတာပေါ့။ အဲဒီတော့ ဗုဒ္ဓဘာသာဖြစ်ဖို့ သဒ္ဓါနဲ့ပညာဟာ ဘယ်ဟာက အခြေခံတရားလဲလို့ ဆိုလို့ရှိရင် “ပညာ” သည်သာလျှင် အခြေခံတရားလို့ ပြောရမယ်။ဘာကို ထောက်ထားပြီးတော့ ပြောတာလဲ ဆိုလို့ရှိရင် ကံ,ကံ၏အကျိုးကို သိမြင်တာ၊ ကံ,ကံ၏အကျိုးကို ယုံကြည်တာကိုလည်း သဒ္ဓါလို့ ဒီလိုဖွင့်ဆိုတာတွေ ရှိတယ်။ သို့သော် “ကံသည်သာလျှင် မိမိဥစ္စာ”လို့ ဆိုတာကျတော့ “သဒ္ဓါ” လို့ ပြောတာမဟုတ်ဘူး။ “သမ္မာဒိဋ္ဌိ” လို့ပြောတာ။ ကမ္မဿကတာ သမ္မာဒိဋ္ဌိ၊ ကံသာလျှင် မိမိဥစ္စာဆိုတဲ့ အဓိပ္ပာယ်က ကိုယ်လုပ်တဲ့ဟာ ကိုယ်နဲ့သာ သက်ဆိုင်တယ်။ ကိုယ့်မှာသာ တာဝန်ရှိတယ်လို့ ဒီလိုဆိုလိုတာ။ ကိုယ်လုပ်တဲ့ကံ ကိုယ့်မှာသာတာဝန်ရှိတယ်။ ကိုယ် လုပ်ထားတာ ကိုယ်ပဲအမွေခံရမယ်။ မြတ်စွာဘုရားဟောတဲ့ ပါဠိတော်မှာကြည့် - “ကမ္မဿကာ သတ္တာ ကမ္မဒါယာဒါ” သတ္တဝါတွေ ဆိုတာ ကိုယ်လုပ်တဲ့ကံ ကိုယ်နဲ့သက်ဆိုင်တယ်။ ကိုယ်လုပ်တဲ့ ကံရဲ့ပေးတဲ့အမွေကို ကိုယ်ပဲခံရတယ်။ “ယံ ကမ္မံ ကရိဿန္တိ ကလျာဏံ ဝါ ပါပကံ ဝါ၊ တဿ ကမ္မဿ ဒါယာဒါ ဘဝိဿာမ” လို့ ဆင်ခြင်စဉ်းစားခိုင်းတာ။ ကြည့်-ကောင်းတဲ့အလုပ်ပဲဖြစ်ဖြစ်၊ မကောင်းတဲ့ အလုပ်ပဲ ဖြစ်ဖြစ်၊ ကုသိုလ်ကံပဲ ဖြစ်ဖြစ်၊ အကုသိုလ်ကံပဲ ဖြစ်ဖြစ် ကိုယ်လုပ်တဲ့ ကံတရားရဲ့အမွေကို ကိုယ်ခံရမှာ။ ကိုယ်ခံယူရမှာပဲဖြစ်တယ်။ ဒီတော့ ကိုယ်လုပ်တာ ကိုယ် ခံရတယ်လို့ဆိုတာ ယုံကြည်ချက်လား၊ အသိပညာလားလို့ ပြောရင် “အသိပညာ” လို့ဆိုရမှာ။ ဒါကြောင့်မို့ သမ္မာဒိဋ္ဌိဆိုတဲ့စကားလုံးနဲ့ တွဲပြီးတော့ သုံးထားတာ “ကမ္မဿကတာသမ္မာဒိဋ္ဌိ”။ သမ္မာဒိဋ္ဌိဆိုတာ မှန်မှန်ကန်ကန်မြင်ခြင်း၊ ပညာကို ရည်ညွှန်းတဲ့စကား၊ အမှန်အကန်ကိုမြင်တယ်၊ တစ်ခါတစ်ရံကျတော့ မြင်တယ်ဆိုတာကို ပိုနားလည်အောင် Understanding ဒီလို ဘာသာပြန်တာဟာ နားလည်ခြင်းလို့ ဒီလို ဆိုလိုတယ်။ နားလည်ခြင်း၊ သဘောပေါက်ခြင်း၊ သိခြင်း၊ မြင်ခြင်းဆိုတာ အသိပညာကို ရည်ညွှန်းတဲ့ စကားလုံးတွေ။ ဒါဖြင့် ကံတရားရှိတယ်လို့ သိတာရယ်၊ကံတရားရဲ့အကျိုး ရှိတယ်လို့ သိတာရယ် ဒီနှစ်ခုကို တချို့သော ကျမ်းဂန်တွေမှာ သဒ္ဓါလို့ ဖွင့်ပေမယ့်လို့ သမ္မာဒိဋ္ဌိနဲ့ တွဲဖက်ပြီး သုံးတဲ့အခါကျတဲ့အခါ “သဒ္ဓါ” ကိုပြောတာ မဟုတ်ဘူး။ ❖“မှန်ကန်တဲ့ အမြင်တစ်ခုကို ပြောတာ” လို့ ဒီလိုပြောရမှာ။မှန်ကန်တဲ့ အမြင်တစ်ခုကို ပြောတာ။ ဒီတော့ ဗုဒ္ဓဘာသာ ဖြစ်ဖို့အတွက် အနည်းဆုံး “ကမ္မဿကတာသမ္မာဒိဋ္ဌိ” ဆိုတာ ရှိရမယ်လို့။ ဆိုလိုတာက ကမ္မဝါဒီ၊ ကိရိယဝါဒီ၊ ဘုရားအဆူဆူဟာ ကမ္မဝါဒီပဲ၊ ကံရှိတယ်လို့ ဟောပြောတယ်။ ကိရိယဝါဒီ ကံရှိသည့်အတွက်ကြောင့် ကံကို လုပ်လို့ရတယ် ဟောပြောတယ်၊ ကမ္မဝါဒီ၊ ကိရိယဝါဒီ၊ ကုသိုလ်ကံ၊အကုသိုလ်ကံဆိုတာ ရှိတယ်။ ကုသိုလ်ကံ၊အကုသိုလ်ကံကို လုပ်လို့ရတယ်။ ရှိလို့ လုပ်ရင် ဖြစ်တယ်။ကမ္မဝါဒီ ကိရိယဝါဒီဆိုတဲ့ အဓိပ္ပာယ်က အဲဒါ။ ဗုဒ္ဓဘာသာဖြစ်ဖို့ အတွက် အနည်းဆုံး ကမ္မဝါဒီဖြစ်ဖို့ လိုအပ်တယ်တဲ့။ ❖ဝိနယမဟာဝဂ္ဂပါဠိမှာ ကြည့်။ မြတ်စွာဘုရားက ဘာသာမတူတဲ့ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ဗုဒ္ဓဘာသာ အဖြစ် ရဟန်းဘဝ ခံယူမယ် ဆိုလို့ရှိရင် အညတ္တိတ္ထိယ ပရိဝါသ ဆိုပြီး လေးလစောင့်ကြည့်ခြင်းကို ခံရမယ်။လိုက်နာကျင့်သုံးစရာတွေကို လိုက်နာကျင့်သုံးရမယ်။ လေးလဆိုင်းငံ့ထားပြီးတော့ ဗုဒ္ဓဘာသာအပေါ်မှာ စိတ်ဝင်စားတာ၊စိတ်ဝင်စားတဲ့အတိုင်း လိုက်နာကျင့်သုံးနေတာ ဟုတ်မဟုတ် ဒါတွေကို စစ်ဆေးလေ့လာဖို့ရာ အတွက် လေးလဆိုင်းရမယ်လို့ ဒီလိုဆိုတာနော်။ အဲဒီလို လေးလဆိုင်းပြီးတော့မှ ကျေနပ်လောက်တဲ့ အဖြေရပြီဆိုတော့ ရဟန်းခံခွင့်ပေးတယ်။ ❖နဂိုတည်းက “ကမ္မဝါဒီ ကိရိယဝါဒီ” ဆိုလို့ရှိရင်တော့ လေးလပရိဝါသ စောင့်ဆိုင်းကျင့်သုံးစရာ မလိုဘူးတဲ့။ တစ်ခါတည်း ခွင့်ပြုလိုက်တယ်။အဲဒါကို ထောက်ထား ကြည့်။ ဗုဒ္ဓဘာသာဖြစ်ဖို့အတွက် ကမ္မဝါဒီဖြစ်ဖို့ အရေးကြီးတယ်။ ဗုဒ္ဓဘာသာဖြစ်လာပြီးတဲ့ နောက်မှာတောင် မှပဲ လောကီမင်္ဂလာကို လက်ခံယုံကြည်ပြီး၊ကံကို မယုံကြည်ဘူး ဆိုရင် “ဗုဒ္ဓဘာသာဝင်အညံ့” ဖြစ်သွားတယ်။ဗုဒ္ဓဘာသာလို့ နာမည်ခံသော်လည်းပဲ ဗုဒ္ဓဘာသာ အညံ့ဖြစ်သွားတယ်။ “မင်္ဂလံ ပစ္စေတိ နော ကမ္မံ” မင်္ဂလာလို့ဆိုတဲ့ လောကီ မင်္ဂလာတွေ ယုံကြည်တယ်ဆိုတာ ဒီကနေ့ခေတ်မှာ အထူးအဆန်းမဟုတ်ဘူး။ မြန်မာလူမျိုးတွေလည်း လောကီမင်္ဂလာတွေကို ယုံကြည်တဲ့အဓိပ္ပာယ်တွေ ရှိတယ်ပေါ့နော်။ ယုံကြည်ပြီးတော့ ကံတရားကို ဒီလောက် မယုံကြည်တဲ့ သဘောဆန်ဆန်တွေ ရှိတယ်။ဘာတွေတုန်းလို့ ပြောရမယ်ဆိုရင် ချင်းပင်စိုက်ရင် နေ့ချင်းညချင်း ကြီးပွားတယ်တို့၊ ကြံပင် စိုက်ရင် အကြံအောင်တယ်တို့၊ ဘုရားလှူတာတောင် ကြံလှူတယ်နော်။ အကြံအစည်အောင်ချင်တာတဲ့။အဲဒါ လောကီမင်္ဂလာ ယုံကြည်တာလို့ခေါ်တယ်။ကံကို မယုံကြည်ဘူး။ ကံကိုယုံတယ်ဆိုတာ ကိုယ်လုပ်တဲ့ အလုပ်ဟာ ကောင်းပြီးတော့ အပြစ်ကင်းတဲ့အလုပ်လား၊ ကုသိုလ် အလုပ်လား၊ အကုသိုလ် အလုပ်လား၊ ဒါပဲ ကြည့်ရမယ်၊ ပန်းသီးလှူရင် ပင်ပန်းမယ်။ ကြာလှူလို့ရှိရင် ကြန့်ကြာတယ်ဆိုတဲ့အတွေးတွေဟာ ဗုဒ္ဓဘာသာတွေရဲ့ အတွေး မဟုတ်ဘူး။ မှားယွင်းတဲ့ အယူအဆတွေရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့အတွေးမျှသာ ဖြစ်တယ်ပေါ့။ဒါလည်း သတိထား စရာပဲ။ “ကောတုဟလ မင်္ဂလိကော” တဲ့။အများအုတ်အုတ် ကျက်ကျက်ပြောနေတဲ့ လောကီမင်္ဂလာတွေကို လိုက်စားတဲ့ပုဂ္ဂိုလ်၊ အဲဒီပုဂ္ဂိုလ်မျိုး မဖြစ်ရဘူး။ ကံတရားကို အဓိကထားရမယ်၊ လောကီမင်္ဂလာကို ယုံကြည်တဲ့ပုဂ္ဂိုလ် မဖြစ်ရဘူးလို့ ဆိုတော့ ဒါကလည်း “အသိပညာ” နဲ့ ဆိုင်တယ်။ ဒါကြောင့်မို့ ကံတရားရှိတယ် လို့သိတာ၊ကံတရားရဲ့ အကျိုးရှိတယ်လို့ သိတာကို သမ္မာဒိဋ္ဌိ လို့ ပြောတာပဲ။ ကမ္မဿကတာသမ္မာဒိဋ္ဌိ။ ကြည့်လေ၊ ဒုစရိုက်ဆယ်ပါးထဲမှာ မနော ဒုစရိုက် ၃-ပါး ဆိုတာ ရှိတယ်။မနောဒုစရိုက် ၃-ပါး ဆိုတာ “အဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိ” ။အဲဒီမှာ “မိစ္ဆာဒိဋ္ဌိ”ဆိုတာ ပါတယ်။ ❖မိစ္ဆာဒိဋ္ဌိဆိုတာ “သဒ္ဓါ” ကို ပြောတာ မဟုတ်ဘူး။ “မှားယွင်းတဲ့အမြင်တစ်ခု” ကို ပြောတာ။ အဲဒီမှားယွင်းတဲ့ အမြင်ရဲ့ ဆန့်ကျင်ဘက်၊ နောက်တစ်ခါပြောတော့ သမ္မာဒိဋ္ဌိလို့ ပြောတယ်။ မိစ္ဆာဒိဋ္ဌိ နဲ့ သမ္မာဒိဋ္ဌိ ။ ဗုဒ္ဓဘာသာဝင် ဖြစ်ဖို့အတွက် သမ္မာဒိဋ္ဌိ ဖြစ်ဖို့လိုတယ် ဆိုတာပေါ့နော်။ သမ္မာဒိဋ္ဌိ ဖြစ်ဖို့ လိုတယ်။သမ္မာဒိဋ္ဌိဆိုတာ အခြေခံဆယ်ချက်ပေါ်မှာ မှန်ကန်တဲ့ အမြင် ရှိတာကို ပြောတာ၊ မိစ္ဆာဒိဋ္ဌိဆိုတာ အခြေခံဆယ်ချက်ပေါ်မှာ မှားယွင်းတဲ့အမြင်တွေရှိတယ်။အသိဉာဏ်တွေ မှောက်မှား နေတာကိုပြောတာ။ ဒီနေရာမှာ မိစ္ဆာဒိဋ္ဌိဆိုတဲ့ စကားလုံးလေးတင် ကြည့်ပြီးတော့ “သက္ကာယဒိဋ္ဌိတို့၊အတ္တဒိဋ္ဌိ” ဆိုတာတွေကို သွားပြောလို့ မရဘူး။အဲဒါမျိုး ဆိုလိုတာ မဟုတ်ဘူး။ဒီနေရာမှာနော်။ “အကိရိယဒိဋ္ဌိတို့ ၊ နတ္ထိကဒိဋ္ဌိ” ဆိုလိုတယ်။ မိစ္ဆာဒိဋ္ဌိဆိုတာ ဒီနေရာမှာ နတ္တိကဒိဋ္ဌိ။ နတ္ထိကဒိဋ္ဌိကို ယူလိုက်ရင် အကိရိယဒိဋ္ဌိ ဆိုတာလည်း ပါသွားတယ်။ဆိုလိုတာက ကံနဲ့ကံရဲ့အကျိုးကို ငြင်းပယ်တာ။ ကံတရားရဲ့ အကျိုးကို အသိအမှတ်မပြုတာ။ မပြုခြင်းအားဖြင့် ကံတရားကိုလည်း အသိအမှတ်မပြုဘူး ဆိုတဲ့အဓိပ္ပာယ် ရောက်တယ်။အကျိုးကို အသိအမှတ်မပြုဘူး ဆိုရင် အကြောင်းကိုလည်း အသိအမှတ်မပြုရာရောက်တယ်။ ဒါကြောင့်မို့ ဒီနေရာမှာ “မိစ္ဆာဒိဋ္ဌိ” ဆိုတာ “အကိရိယဒိဋ္ဌိ အဟောတုကဒိဋ္ဌိ၊နတ္ထိကဒိဋ္ဌိ” ဒီသုံးခုကို ပြောလိုတာနော်။ ❖အဲဒီ “မိစ္ဆာဒိဋ္ဌိ” အယူရှိနေလို့ရှိရင် ဗုဒ္ဓဘာသာ မဖြစ်ဘူး။ ❖“သက္ကာယဒိဋ္ဌိ”ရှိရုံနဲ့တော့ ဗုဒ္ဓဘာသာဖြစ်ပါတယ်။ ဗုဒ္ဓတရားတော်တွေ နာရင်းနာရင်းကနေ အနည်းဆုံး ကမ္မဿကတာသမ္မာဒိဋ္ဌိ ရှိရမယ်။ သက္ကာယဒိဋ္ဌိဆိုတာကတော့ ရုပ်တရား ၊ နာမ်တရားသာ ရှိတယ် ဆိုတဲ့အသိ၊ သုတမယဉာဏ် ရထားပြီဆိုရင် ဒီ သက္ကာယဒိဋ္ဌိဟာ ပရိယုဋ္ဌာနမဖြစ်ဘူး။ ထကြွပြီး စိတ်ထဲမှာ လွှမ်းမိုးနေတာ မရှိဘူး ဆိုလို့ရှိရင်၊ ဆိုလိုတာက ရောဂါဟာ Activate မဖြစ်ဘူး။ ထကြွပြီးတော့ ရောဂါက ကိုယ့်ကို မတိုက်ခိုက်သေးဘူး။ Positive တော့ဖြစ်နေတယ်။ ဆိုပါစို့- ထင်ရှားအောင်ပြောရမယ်ဆိုရင် ခုခေတ် တော်တော်များများပျံ့နှံ့သွားတဲ့ HIV ဆိုတဲ့ ရောဂါကို ကြည့်။ သို့မဟုတ် C ပိုး၊B ပိုး ဒါကိုကြည့်။C ပိုး၊B ပိုး ဆိုတာ သွေးထဲမှာ Hepatitis C ဆိုတာ ရှိနေတယ်။ ရှိနေတာကို positive လို့ ပြောတာ။ သွေးသွားစမ်းတဲ့အခါမှာ ဆရာဝန်က အဖြေထုတ်လိုက်တယ်။ HIV Positive C၊ Positive ပိုး Positiveဒီလိုရေးလိုက်တာ။ Positive ဆိုတာ ရှိနေတယ်လို့ ပြောတာ။ ရှိနေရုံနဲ့ အန္တရာယ်ပေးပြီ လားလို့ဆိုတော့ မပေးသေးဘူး။ HIV ရှိနေရုံနဲ့ အန္တရာယ်မပေးသေးဘူး။ ကျန်းမာရေးဂရုစိုက်ပြီးတော့ နေမယ်ဆိုလို့ရှိရင် ၁၀-နှစ် ၁၅-နှစ် ဒီလို ကျန်းကျန်းမာမာ နေသွားလို့ရတယ်။ သို့သော် Activate လို့ ခေါ်တဲ့သူကနေပြီးတော့ ပွားလာပြီ နိုးထပြီ၊လှုပ်ရှားလာပြီ ဆိုလို့ရှိရင်တော့ အန္တရာယ်ကြီးပေါ့။ အန္တရာယ် ဖြစ်လာပြီ။ Positive ဆိုတာ အနုဿယနဲ့အလား သဏ္ဌာန်တူတယ်။Activate ဆိုတာ ပရိယုဋ္ဌာနကိုပြောတာ။ ထကြွလာပြီဆိုရင်တော့ ကိုယ့်ကို တိုက်ခိုက်လာပြီ။ တိုက်ခိုက်လာရင်တော့ အန္တရာယ်ရှိလာပြီ။ HIV AIDS ရောဂါဖြစ်လာပြီ။ဟော တိုက်ခိုက်လာပြီ ဆိုတာ ဒီလိုဆိုလိုတာ။ ဒါကြောင့်မို့လို့ သက္ကာယဒိဋ္ဌိ Positive တန်းလန်းနဲ့ပဲ လူ့ပြည်ရောက်လိုက်၊နတ်ပြည်ရောက်လိုက်၊ နောက်ဆုံး ဗြဟ္မာ့ပြည်တောင်ရောက်သွားတယ်လေ။ ဗကဗြဟ္မာကြီးကိုပဲကြည့်။ဒါတွေက လွဲမှားသွားတတ်တယ်။ စာထဲ၊ပေထဲမှာ သေသေချာချာဆိုထားတာကို မလွဲမှားဖို့ မနောဒုစရိုက်မှာပြောတဲ့ မိစ္ဆာဒိဋ္ဌိ ဆိုတာ နတ္ထိကဒိဋ္ဌိကို အခြေခံပြောတာ။နတ္ထိကဒိဋ္ဌိပြောလိုက်တာနဲ့ အကိရိယဒိဋ္ဌိ ဆိုတာလည်း ပါသွားတယ်။အဟေတုကဒိဋ္ဌိ ဆိုတာလည်း ပါသွားတယ်။ကံ၏အကျိုးကို ငြင်းပယ်လိုက်တာနဲ့ ကံကိုလည်း ငြင်းပယ်ပြီးသား ရောက်သွားတယ်၊ ဒါ့အကြောင်းတရားကိုလည်း ငြင်းပယ်ပြီးသား ရောက်သွားတယ်။အဲဒါက ဒုစရိုက်၊အဲဒါတော့ အန္တရာယ်ရှိတယ်၊ ဒီလိုဆိုလိုတာပေါ့နော်။ ဒီတော့ ဗုဒ္ဓဘာသာဖြစ်ဖို့ကာ မနောသုစရိုက်လို့ ဆိုတဲ့ သမ္မာဒိဋ္ဌိ ရှိဖို့လိုတယ်။ သမ္မာဒိဋ္ဌိဆိုတာ “ပညာ”ပဲလေ။ “သဒ္ဓါ” မဟုတ်ဘူး။ သမ္မာဒိဋ္ဌိဆိုတာ အချက် (၁၀)ချက်ပေါ်မှာ အခြေခံတယ်ဆိုတာ ဘာလဲ၊ “အတ္ထိ ဒိန္နံ ၊ အတ္ထိ ယိဋ္ဌံ၊ အတ္ထိ ဟုတံ” - သုံးခု။ ✤အလှူဒါနပြုတာနဲ့ပတ်သက်ပြီးတော့ အတ္ထိ ဒိန္နံ-ဒါနရှိတယ်လို့ ပြောတာမဟုတ်ဘူး၊ ဒါနရှိတယ်လို့ ပြောလိုက်တာက ဒါနရဲ့ အကျိုးရှိတယ်လို့ ပြောတာပဲ။စကားလုံးကို ကြည့်မယ်ဆိုရင် ✤ဒိန္နံ-ပေးလှူအပ်သည့် အရာသည်။ အတ္ထိ-ရှိတယ်၊ ✤ဟုတံ-ပူဇော်အပ်သည့်အရာသည်။ အတ္ထိ-ရှိတယ်။ ဆိုလိုတာတော့ ဒိန္နံ-ပေးလှူရခြင်းရဲ့ အကျိုးတရားသည်။ အတ္ထိ-ရှိတယ်၊ ဒီလို ဖွင့်တာ။ ✤ဟုတံ- ပူဇော်ခြင်း၏ အကျိုးတရား၊ ✤ယိဋ္ဌံ-အကြီးအကျယ်ပူဇော်ခြင်းရဲ့ အကျိုးတရား၊ အတ္တိ-ရှိတယ်။ဗုဒ္ဓဘာသာဖြစ်ဖို့အတွက် ဒီလိုရှိတယ် လို့ မြင်တဲ့အမြင်ရှိဖို့ လိုတယ်။ ဒါဟာ ခြုံပြောမယ်ဆိုရင် ကမ္မဝါဒီ၊ ကိရိယဝါဒီ ကံ,ကံ၏အကျိုးကို လက်ခံတာကို ဆိုလိုတယ်။ ဗုဒ္ဓ ဘာသာဖြစ်ဖို့ ကံ,ကံ၏အကျိုးကို သိမြင်လက်ခံဖို့က အခြေခံအကြောင်းတရားလို့ ဒါကြောင့်ပြောတာ။ ကံ, ကံ၏အကျိုးကို ငြင်းပယ်နေလို့ရှိရင်တော့ ဗုဒ္ဓဘာသာ မဖြစ်ဘူး။ဗုဒ္ဓဘာသာဖြစ်ဖို့ အခြေခံမလုံလောက်ဘူးလို့ ဒီလိုပြောရမယ်။ အဲဒီမှာ ဆယ်ချက်ဆိုတာလေးကို မှတ်ဖို့ “အတ္ထိ ဒိန္နံ၊ အတ္ထိ ဟုတံ၊ အတ္ထိ ဟုတံ၊ ယိဋ္ဌ ဆိုတာ အကြီးအကျယ် ပူဇော်မှု၊ ဟုတ-ဆိုတာ သာမန်ပူဇော်မှု၊” အကျိုးတရားတွေ ရှိတယ်လို့ လက်ခံတာ၊ သိမြင်တယ် သမ္မာဒိဋ္ဌိ။ ✤“အတ္ထိ သုကတဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော”၊ သုကတဒုက္ကဋာနံ- ကောင်းစွာ ပြုအပ်တဲ့ ကုသိုလ်၊ မကောင်းသဖြင့်ပြုအပ်တဲ့ အကုသိုလ်။ ကုသိုလ် အကုသိုလ်တို့ရဲ့ အကျိုးရင်း၊အကျိုးဆက်ဆိုတာ ရှိတယ်လို့ သိတဲ့ဉာဏ်ပညာ-သမ္မာဒိဋ္ဌိ။ ✤“အတ္ထိ အယံ လောကော၊ အတ္ထိ ပရော လောကော”။ ဒီ လောကဆိုတာ ရှိတယ်၊ ပရလောကဆိုတာ ရှိတယ်။ ✤“အတ္ထိ မာတာ၊ အတ္ထိ ပိတာ” အမေရှိတယ် အဖေ ရှိတယ်ဆိုတာ အမေအဖေကို အသိအမှတ်ပြုတယ်လို့ ပြောတာ။အမေအဖေကို အသိအမှတ်ပြုသဖြင့် အမေ အဖေပေါ်မှာ ပြုစုလုပ်ကျွေးတဲ့ ကုသိုလ်တရား၊ အမေ အဖေကို စော်ကားတဲ့ အကုသိုလ် တရား အကျိုးရှိတယ် လို့ လက်ခံတာကို ဆိုလိုတယ်။ ✤“အတ္ထိ သတ္တာ ဩပပါတိကာ” သေပြီးတဲ့နောက် ပြန်ဖြစ်တဲ့သတ္တဝါရှိတယ်လို့ လက်ခံတယ်။ ✤“အတ္ထိ သမဏဗြဟ္မဏတ သမ္မဂ္ဂတာ သမ္မာပဋိပဒါ” မှန်ကန်စွာ သိပြီးတဲ့ အကျင့်မှန်နဲ့ လမ်းမှန်ကျင့်သုံးလို့ အောင်မြင် ပေါက်မြောက်ပြီးတော့ ဒီလောကကြီးကို ထူးခြားတဲ့ အသိဉာဏ်နဲ့သိပြီးဟောနိုင်တဲ့ ဘုရားဆိုတာ ရှိတယ်လို့၊ အဲဒီလို အချက်ဆယ်ချက်ပေါ်မှာ အခြေခံပြီးတော့ သိမြင်တဲ့ “အသိဉာဏ်”ကို သမ္မာဒိဋ္ဌိလို့ခေါ်တာ။ဒီနေရာ မှာ သမ္မာဒိဋ္ဌိလို့ ခေါ်တာ၊ “အတ္ထိကသမ္မာဒိဋ္ဌိ” လို့ ခေါ်တယ်။ အဲဒီ “အတ္ထိကသမ္မာဒိဋ္ဌိ” သည် ဗုဒ္ဓဘာသာဝင် ဖြစ်ဖို့ အခြေခံအကြောင်းတရားလို့ ဒီလိုပြောရမယ်။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ】 Posted by► www.facebook.com/youngbuddhistassociation.mm (“ဗုဒ္ဓဘာသာဖြစ်ရန် အခြေခံတရား”နှာ၁-၁၉ထိ-မှ ကောက်နှုတ်ကူးယူပူဇော်မျှဝေပါသည်။)ဆက်ရန်►
https://www.dhammaransi.com/index.php/new/709-2015-10-28-10-01-22.html
“သီတင်းကျွတ်လအကြောင်း သိကောင်းစရာ”
“သီတင်းကျွတ်လအကြောင်း သိကောင်းစရာ” •••••••••••••••••••••••••••••••••••••••••••••••• (သီတင်းကျွတ်လပြည့်နေ့ အကြောင်း) သီတင်းကျွတ်လ သည် မြန်မာတို့၏ ၁၂ လရာသီတွင် သတ္တမမြောက်လဖြစ်ပြီး ၊၀ါတွင်းကာလ၏ နောက်ဆုံးလဖြစ်ပါသည်။ ရာသီခွင်မှာ တူရာသီ ဖြစ်ပြီး ၊ အဿဝတီကြယ် နှင့် လမင်း တို ့ စန်းယှဉ်ကာ မွန်းတည့်ကြသည်။ ဤရာသီ၏ ပန်းမှာ ကြာဖြူပန်း (Nymphaea Lotus) ဖြစ်ပါသည်။ ယင်းတို့ကိုပင် မနုဿဗေဒ (Athropology) သဘောအရ လူ့ယဉ်ကျေးမှု သမိုင်းကြောင်းတစ်ခု အဖြစ် မြင်နိုင်ကြပါသည်။ သီတင်းကျွတ်လကို ရှေးမြန်မာကျောက်စာများ၌ “သန ္တူလ” ဟုရေးထိုး ကြသည်။ ချိန်ခွင်ပုံ ကြယ်တာရာ နက္ခတ်တို့ စုဝေးသော မိုးကာလဟု လည်းကောင်း၊ တောင်သူလယ် သမားတို့ စိုက်ပျိုးထားသောစပါးပင်များ သန်စွမ်းစွာ ထောင်မတ်သောလဟုလည်းကောင်း ပညာရှိများ ဖွင့်ဆိုကြသည်။ မြန်မာတို့သည် စိတ်ရင်းရိုးသားတည်ကြည်ကြသူများ ဖြစ်သည်နှင့်အညီ စစ်မှန်သော ဗုဒ္ဓသာသနာတော်ကို လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် သိက္ခာကာမ၊ ဂန္ထကာရက၊ ပရိယတ္တိ၀ိသာရဒ၊ လဇ္ဇီပေသလ စသည့် တစ်ဖြာ ဂုဏ်ဝေဖြာသည့် သာသနာပြု ရဟန်းတော်များနှင့် တိုင်းချစ် ပြည်ချစ် မင်းတရားစစ်တို့ကြောင့် သက်ဝင်ယုံကြည်ဆည်းကပ် ကိုးကွယ်ခွင့် ရကြပြန်သော အခါ ဗုဒ္ဓမြတ်စွာ၏ အဆုံးအမ တရားတော်များနှင့်လိုက်လျောညီထွေစွာ အေးချမ်းပျော်ရွှင်ဖွယ် ကောင်းသော လူနေမှုဘဝများဖြင့် လောကဓံတရားများကို ရင်ဆိုင်ကျော်လွှားနိုင်သော၊ ရောင့်ရဲ တင်းတိမ်တတ်သော စိတ်နှလုံးကို ခေတ်အဆက်ဆက် ပိုင်ဆိုင်ခဲ့ကြသူများ ဖြစ်ကြသည်။ ဤစိတ်ဓာတ်များ အရင်းခံဖြင့် ၁၂ လရာသီရှိသည့် အနက် လပြည့်လကွယ် နေ့တိုင်းတွင် ရတနာ သုံးပါးအား ရည်စူး၍ အလှူအတန်းများ၊ ကောင်းမှုကုသိုလ်များ ပြုလုပ်လေ့ရှိကြသည်။ သီတင်းကျွတ် မီးထွန်းပွဲတော်သည် မြန်မာတို့၏ ၁၂ ရာသီ ပွဲတော်များတွင် ထင်ရှားသောပွဲတော် တစ်ခုဖြစ်ပြီး ပွဲတော်စတင်ကျင်းပခဲ့သည် အစဉ်အလာမှာ ဘုရားရှင် သက်တော်ထင်ရှား ရှိခဲ့စဉ် အခါကပင် ဖြစ်ပါသည်ဟု ပြောဆိုနိုင်ကောင်းပါသည်။ အဘယ်ကြောင့်ဆိုသော် ယခုကျင်းပသည့် သီတင်းကျွတ်လ မီးထွန်းပွဲတော်အစဉ်အလာများသည် ယင်းမှတစ်ဆင့် ကူးစပ်ဆင့်ပွားလာခြင်းကြောင့် ဖြစ်ပါသည်။ ယင်းခေတ်အခါနှင့် ယခုခေတ်အခါတို့မတူသော်ငြားလည်း ရည်ရွယ်ချက်များ တူညီနိုင် ကြမည်ပင်။ ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကို တာဝတိ ံသာ နတ်ပြည်၌ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော “သန္တုဿီတ နတ်သား”အား အမှုးပြု၍ စကြဝဠာနေရာ အနှံ ့မှ နတ်ဗြဟ္မာ အပေါင်းတို ့အား အဘိဓမ္မာ တရားတော်မြတ်ကို ဟောကြားတော်မူသည်။ သီတင်းကျွတ် လပြည့်နေ ့ ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာ အပေါင်းခြံရံကာ ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းများဖြင့် စီချယ်အပ်သော ရတနာစောင်းတန်းဖြင့် လူ ့ပြည်ဖြစ်သော သင်္ကဿနဂိုရ်ပြည်သို ့ ပြန်လည်ဆင်းသက်ကြွမြန်းတော်မူသည်။ဟု ဗုဒ္ဓဘာသာစာပေ အဋ္ဌကထာများက ဆိုကြပါသည်။ ထိုအခါ သမယတွင် ပြည်သူပြည်သားအပေါင်းတို့က မီးရှူး မီးတိုင်များ၊ မီးပန်းများ၊ ဆီမီးများ၊ ဆွမ်းပန်းရေချမ်းများဖြင့် ကပ်လှူပူဇော်ကြသည်။ တာဝတိ ံသာနတ်ပြည်ရှိ စူဠာမဏိ စေတီတော် ကိုလည်း ပူဇော်သည့် အထိမ်းအမှတ်ဖြင့် မီးပုံးများပြုလုပ်၍ ကောင်းကင်သို ့ လွှတ်တင် ပူဇော်ကြသည်။ ထိုကဲ့သို ့ပူဇော်ကြသည်ကို အကြောင်းပြုကာ ယနေ ့ခေတ်အခါတိုင်အောင် မြန်မာတစ်နိုင်ငံလုံး၌ နှစ်စဉ်ကျင်းပပြုလုပ်မြဲ ဖြစ်သည်ဟု မှတ်သားရပါသည်။ ဗုဒ္ဓ၏ အဆုံးအမ၌ တည်ကြသော မြန်မာတို့သည် အသက်ဂုဏ်ဝါကြီးသူ၊ မြင့်မြတ်သူတို ့အပေါ်တွင် ငယ်သူ၊ နိမ့်ကျ သူတို ့က ရိုသေလေးစား၍ ပူဇော် ကန်တော့လေ့ရှိကြသည့်အတိုင်း ၀ါကျွတ်သော အချိန် ဤထူးမြတ်သော အခါသမယတွင် တတ်နိုင်သမျှ ပူဇော်သက္ကာရတို ့ဖြင့် သက်ကြီးဝါကြီးများ၊ မိဘဆရာများကို ပူဇော်ကန်တော့ကြသည့် ဓလေ့များကိုလည်း တွေ့မြင်ကြရပါသည်။ ထို့အပြင် ဤအချိန်ကာလသည် မြန်မာတို ့၏ တစ်ဦးကို တစ်ဦး ရိုသေလေးစားတတ်သောသဘော၊ မာန်မာနကို နှိမ့်ချတတ်သောသဘော၊ အပြန်အလှန် မေတ္တာစေတနာထားတတ်သောသဘော စသည့် အမျိုးကောင်း သားသမီးတို့၏ ယဉ်ကျေးသိမ်မွေ့သော စိတ်နေစရိုက်ကိုဖော်ကျူးပြသနေသော အမျိုးဂုဏ်ကို မြှင့်တင်ပေးနေသည့် ရိုးရာအစဉ်အလာ အချိန်အခါ ဖြစ်သည်နှင့်အညီ အစ်ကို၊ အစ်မများ ညီငယ်၊ညီမငယ်များ အားလုံးတို့သည်လည်း လောကသာရ ရခိုင်သူမြတ် ရေးသည့် ဆုံးမစာအတိုင်း “ကောင်းသောအကြံ၊ မှန်သောအကျင့်၊ သင့်သောအယူ၊ ဖြူသောနှလုံး” တို့ဖြင့် သီတင်းကျွတ်လ မီထွန်းပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ကြပါစေဟု ဤစာ၏ နိဒါန်းအချီ အနေဖြင့် ဆုတောင်း ဆန္ဒပြုလိုက််ပါသည်။ မြတ်စွာဘုရားရှင် အလောင်းတော်ကို မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့ တွင် မိခင်မာယာဒေဝီ မှ ဖွားမြင်တော်မူခဲ့ပါသည်။ ဖွားမြင်တော်မူပြီးသည့်နောက် (၁၆)နှစ် အရွယ်မှာ ယသော်ဓရာ နှင့် ထိမ်းမြား လက်ထပ်တော်မူခဲ့ပါသည်။ အသက် (၂၉)နှစ်မှာ သားတော် ရာဟုလာ ကို ဖွားမြင်သော ညမှာပင် ကာမဂုဏ်၏ အပြစ်တို့ကိုတွေ့ပြီး ငြီးငွေ့တော်မူသဖြင့် နန်းစည်စိမ် နှင့်တကွ အားလုံးကို စွန့်လွှတ်ပြီး ဥရုဝေလတော ကို ဝင်ခဲ့ပါသည်။ ဥရုဝေလမှာ ပင်ပန်းဆင်းရဲသော ဒုက္ကရစရိယ အကျင့်ကို ၆နှစ် ကာလပတ်လုံး ကျင့်ခဲ့ပါသည်။ ဘုရားအလောင်းတော်သည် မဂ်ဉာဏ်ဖိုလ်ဉာဏ်နှင့် သဗ္ဗညုတဉာဏ်တော် အတွက် မည်သို့မျှ အထောက်အကူ မပြုသော ထိုအကျင့်များကို စွန့်လွှတ်ပြီး မဇ္စျိမပဋိပဒါ ဆိုတဲ့ မဂ္ဂင်ရှစ်ပါး အကျင့်ကို ကိုယ်တော်တိုင် ကျင့်သုံးတော်မူခဲ့ပါသည်။ ထိုမဂ္ဂင်ရှစ်ပါး အကျင့်ဖြင့် ဂေါတမ ဘုရားရှင်သည် မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့ မှာ သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်ကို ရောက်ရှိတော်မူခဲ့ပါသည်။ ဘုရားဖြစ်ပြီးနောက်- (၁) ပလ္လင်္ကသတ္တာဟ။ ။ ~~~~~~~~~~~~~~~ ဘုရားဖြစ်သော ဗောဓိပင်ရင်းနေရာ (ပလ္လင်)ထက်တွင် ကဆုန်လပြည့်ကျော် (၁) ရက်နေ့မှ (၇) ရက်နေ့အထိ ၀ိမုတ္တိသုခ (သံသရာမှ လွတ်မြောက်ခြင်းချမ်းသာ) ကို ခံစားလျှက် သီတင်းသုံးတော်မူခဲ့ပါသည်။ (၂) အနိမိသ သတ္တာဟ။ ။ ~~~~~~~~~~~~~~~ ဗောဓိပင်၏အနီး အရှေ့မြောက်အရပ် တည့်တည့် (၁၄)လံအကွာ နေရာမှာ ကဆုန်လပြည့်ကျော် (၈)ရက်နေ့မှ (၁၄) ရက်နေ့အထိ (၇)ရက် ထပ်မံ သီတင်းသုံးတော်မူခဲ့ပါသည်။ ငါသည် ပါရမီများ ဖြည့်ခဲ့သောကြောင့် ဤပလ္လင်ထက်မှာ မာရ်(၅)ပါးကိုအောင်မြင်ပြီး ဘုရားဖြစ်ခဲ့ပြီ ဟုဆင်ခြင်ကာ ဖြောင့်ဖြောင့်မတ်မတ် ရပ်နေတော်မူကာ အပရာဇိတပလ္လင်ကို မမှိတ်သော မျက်စိဖြင့် (၇)ရက်လုံး ကြည့်ရှု ဝမ်းမြောက်နေတော်မူခဲ့ပါသည်။ (အ= မ။ နိမိသ= မျက်စိမှိတ်သည်။ အနိမိသ= မျက်စိမမှိတ်ပဲ) (၃) စင်္ကမ သတ္တာဟ။ ။ ~~~~~~~~~~~~~~~ ကဆုန်လကွယ်နေ့မှ နယုန်လဆန်း (၆)ရက်နေ့အထိ (၇)ရက်တွင် ဗောဓိပင်ပလ္လင်နဲ့ အနိမိသ သတ္တာဟ အကြား စင်္ကြ ံလျှောက်တော်မူကာ (၇)ရက် ထပ်မံသီတင်းသုံးတော်မူခဲ့ပါသည်။ ယင်းနေရာမှာ နတ်တို့က “ရှင်ဂေါတမသည် ဗောဓိပလ္လင်၌ တပ်မက်နေသေးသည်၊ ဘုရားစင်စစ်မဖြစ်သေးဟု ယုံမှားသံသယဖြစ်ကြသည်။ ထိုယုံမှားပျောက်စေရန် ရေအစုံ၊ မီးအစုံ ယမကပြာဋိဟာ ပြတော်မူခဲ့ပါသည်။ စင်္ကြ ံ ကြွရင်း တရားဆင်ခြင်၊ ဖလသမပတ် ဝင်စားသောကြောင့် “စင်္ကမ သတ္တာဟ”ဟုခေါ်ပါသည်။ (၄) ရတနာဃရ သတ္တာဟ။ ။ ~~~~~~~~~~~~~~~~~~~~ ဗောဓိပင်၏ အနောက်မြောက် (၁၀)လံ အကွာတွင် နတ်များဖန်ဆင်းပူဇော်သော ရတနာ ရွှေအိမ်ထက်၌ နယုန်လဆန်း (၇) ရက်နေ့မှ (၁၃)ရက်အထိ အဘိဓမ္မာတရားတော်ကို ဆင်ခြင်တော်မူပါသည်။ အဘိဓမ္မာ ရှေးဦး (၆)ကျမ်းကို ဆင်ခြင်ရာတွင် ရောင်ခြည်တော် ကွန့်မြူးခြင်း မရှိသေးပါ။ နောက်ဆုံး “ပဋ္ဌာန်းဒေသနာတော်ကြီး”ကို ဆင်ခြင် သုံးသပ်တော်မူသော အခါမှသာ ရောင်ခြည်တော် (၆)သွယ် ကွန့်မြူး ထွက်ပေါ်လာခဲ့ပါသည်။ (၅) အဇပါလသတ္တာဟ။ ။ ~~~~~~~~~~~~~~~~~ ဒီနေရာကို ဆိတ်ကျောင်းသမားတွေ နေတဲ့ ညောင်ပင်လို့ ဆိုပါတယ်။ ဗောဓိပင်ရဲ့အရှေ့ဘက် (၃၂)လံ အကွာမှာ နယုန်လဆန်း (၁၄)ရက်နေ့မှ နယုန်လပြည့်ကျော် (၅)ရက်အထိ (၇)ရက် သီတင်းသုံးတော်မူပါတယ်။ ဒီနေရာမှာပဲ မာရ်နတ်ရဲ့ သမီး (၃) ယောက် ဖြစ်တဲ့ (တဏှာ၊ အရတီ၊ ရာဂါ) တို့က ဘုရားရှင်ကို မိန်းမမာယာဖြင့် ဖြားယောင်းဖို့ ကြိုးစားခဲ့ကြပါတယ်။ သို့ပေမယ့် ဘုရားရှင်က တုန်လှုပ်ခြင်း မရှိခဲ့ပါဘူး။ (၆) မုစလိန္ဒ သတ္တာဟ။ ။ ~~~~~~~~~~~~~~~~~ ဗောဓိပင်၏ အရှေ့တောင်ဘက် (၁၅)လံ အကွာ၊ မုစလိန္ဒာအိုင် အနီး ကျဉ်းပင်အောက်မှာ နယုန်လပြည့်ကျော် (၆)ရက်နေ့မှ နယုန်လပြည့်ကျော် (၁၂)ရက်နေ့ထိ (၇)ရက် သီတင်းသုံးတော် မူခဲ့ပါသည်။ ထိုနေရာကို သီတင်းသုံးစဉ်မှာ အခါမဲ့ မိုးရွာခဲ့သောကြောင့် မုစလိန္ဒာအိုင် နဂါးမင်းသည် တန်ခိုးနဲ့ လိုတာကို ဖန်ဆင်းနိုင်သော်လည်း သူ၏ ပကတိ ကိုယ်တော်နှင့်သာ ပါးပြင်းမိုးပြီး ရာသီဥတုဒဏ်ကနေ ကာကွယ်ပူဇော်ခဲ့ပါသည်။ (၇) ရာဇာယတန သတ္တာဟ။ ။ ~~~~~~~~~~~~~~~~~~~ ဗောဓိပင်၏ တောင်ဘက် (၄၀)လံ အကွာ လင်းလွန်းပင်ရင်းမှာ နယုန်လပြည့်ကျော် (၁၃)ရက်မှ ၀ါဆိုလဆန်း (၄)ရက်နေ့ အထိ (၇)ရက် ပတ်လုံး ဖလသမာပတ် ဝင်စားပါတယ်။ (၇) ရက်ပြည့်တဲ့နေ့ ဘုရားရှင် အစာအာဟာရမှီဝဲရန် လိုအပ်နေချိန်မှာ ရာမညတိုင်း၊ ဥက္ကလာဇနပုဒ်၊ ပေါက္ကရဝတ္တီဇနပုဒ်မှ ကုန်သည်ညီနောင် “တဖုဿ၊ ဘလ္လိက” တို့က ဘုရားရှင်ကို မုန့်ကျစ်ဆုပ် ဆက်ကပ်ခဲ့ပါသည်။ ယင်းကုန်သည်ညီနောင်ကို သံဃာမရှိသေးသည့် ကာလဖြစ်သည့် အတွက် “ဒွေဝါစိက သရဏဂုံ (၂)ပါး” ကိုသာ ချီးမြှောက်ခဲ့ပါသည်။ ဆံတော် (၈)ဆူ စွန့်တော်မူပါတယ်။ ယင်းဆံတော်တို့ကို သူတို့၏အရပ်ပြန်ရောက်သောအခါ စေတီထဲမှာ ဌာပနာပြုခဲ့ကြောင်း မှတ်သားရပါသည်။ ဗုဒ္ဓစာပေများအရ မြတ်စွာဘုရားသည် ပထမဝါကို “မိဂဒါဝုန်” မှာ ၀ါကပ်တော်မူပြီး ဒုတိယဝါ၊ တတိယဝါ၊ စတုတ္ထဝါ တို့ကို “ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း”၊ ပဥ္စမဝါ ကို ဝေသာလီပြည်၊ ဆဋ္ဌမဝါ ကို “မကုဠတောင်” စသော နေရာဌာနများမှာ ၀ါကပ်တော်မူခဲ့ပါသည်။ သတ္တမဝါကို တာဝတိံသာနတ်ပြည်မှာ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော “သန္တုဿိတ နတ်သား” ကို အမှူးထားကာ တာဝတိံတာ နတ်ပြည်ရှိ ပင်လယ်ကသစ်ပင်ရင်း ပဏ္ဍုကမ္ဗလာ မြကျောက်ဖြာထက်တွင် အဘိဓမ္မာ ဒေသနာတော် ကို ၀ါတွင်းသုံးလပတ်လုံး အသံမစဲ ဟောတော်မူခဲ့ပါသည်။ “မယ်တော်မိနတ်၊ ကျေးဇူးဆပ်၊ ဟောလတ်ဘိဓမ္မာ” ဟုလည်း ရှေးလူကြီးသူမများ ပြောဆိုရေးသားခဲ့ကြပါသည်။ ၀ါဆိုလပြည့်ကျော် (၁) ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့ အထိ “ရက်ပေါင်း (၉၀)၊ ၀ါတွင်း (၃) လ” - မှာ (၁)။ ဓမ္မသင်္ဂဏီကျမ်း ကို (၁၂) ရက်၊ (၂)။ ၀ိဘင်းကျမ်းကို (၁၂) ရက်၊ (၃)။ ဓာတုကထာကျမ်းကို (၆) ရက်၊ (၄)။ ပုဂ္ဂလပညတ်ကျမ်းကို (၇) ရက်၊ (၅)။ ကထာဝတ္ထုကျမ်းကို (၈) ရက်၊ (၆)။ ယမိုက်ကျမ်းကို (၂၀) ရက်၊ (၇)။ ပဋ္ဌာန်းကျမ်းကို (၂၅) ရက် ဟောတော်မူခဲ့ပါတယ်။ အဘိဓမ္မာတရား ဒေသနာတော်ကို နည်း (၃) နည်း ဖြင့် ဟောကြားခဲ့ပါသည်။ (၁) အတိ၀ိတ္ထာရ ဒေသနာ (အကျယ်နည်း) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ဗုဒ္ဓမြတ်စွာသည် မယ်တော်ကို ကျေးဇူးဆပ်လိုခြင်း၊ မိဘကျေးဇူးကို သတ္တဝါတို့နားလည်စေလိုခြင်း၊ အဘိဓမ္မာတရားကို အစအဆုံး တထိုင်တည်း ဟောကြားလိုခြင်း၊ အစ အဆုံး တထိုင်တည်းဟောမှ နာကြားရသော တရားနာသူတို့ အကျိုးထူး ရနိုင်ခြင်း၊ အဘိဓမ္မာဒေသနာတော်၏ ကျယ်ဝန်းနက်နဲမှုကို သိစေလိုခြင်း၊ လူတို့သက်တမ်းနှင့် သုံးလလောက်ဟောမှ ကုန်နိုင်မည့် တရားဖြစ်သည့်အတွက် လူတို့့ ဣရိယာပုထ်ဖြင့် ၊ ဟောသူရော နာသူပါ မနေနိုင်ခြင်း တို့ကြောင့် အဘိဓမ္မာ အကျယ်နည်းကို တာဝတိ ံသာနတ်ပြည်၌ ဟောရခြင်းဖြစ်ပါသည်။ (၂) အတိသင်္ခေပဒေသနာ (အကျဉ်းနည်း) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~ မြတ်စွာဘုရားသည် လူသားဖြစ်တော်မူသည့်အတွက် ဆွမ်းခံခြင်း ဆွမ်းစားခြင်း ရေချိုးသန့်စင်ခြင်း စသည် ပြုလုပ်ရန် “နိမ္မိတရုပ်ပွားတော်”ကို အဓိဋ္ဌာန်ဖြင့် ဖန်ဆင်းပြီး လူ့ပြည်သို့ ကြွတော်မူရာတွင် ဟိမဝန္တာစန္ဒကူးတော၌ နေ့သန့်စင် (အနားယူ) တော်မူပါတယ််။ ထို စန္ဒကူးတောတွင် အရှင်သာရိပုတ္တရာ မထေရ်သည် မြတ်စွာဘုရားအား ဝတ်ကြီးဝတ်ငယ် ပြုစုခစားခိုက် မြတ်စွာဘုရားက ရှင်သာရိပုတ္တရာအား အဘိဓမ္မာ တရားကို အကျဉ်းချုပ်နည်းဖြင့် ဟောတော်မူပါသည်။ (၃) နာတိ ၀ိတ္ထာရ နာတိသင်္ခေပ ဒေသနာ (မကျဉ်းမကျယ်နည်း) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~ အရှင်သာရိပုတ္တရာက မြတ်စွာဘုရား ဟောခဲ့သည့် အကျဉ်းနည်းကို တပည့် ရဟန်းငါးရာတို့အား မကျဉ်းမကျယ်နည်းဖြင့် ပြန်လည် ဟောတော်မူပါသည်။ နောက်တနေ့တွင် အရှင်သာရိပုတ္တရာက တပည့်ရဟန်း ငါးရာကို ဟောကြားသောအဘိဓမ္မာ ဒေသနာတော်အား မြတ်စွာဘုရား ထံမှောက်၌ ပြန်လည်တင်ပြ အစစ်ဆေးခံရာ မြတ်စွာဘုရားက နားထောင်၍ လက်ခံအတည်ပြု တော်မူခဲ့ ပါသည်။ ဤသို့ဖြင့် အဘိဓမ္မာ ဒေသနာတော်ကြီးသည် ခုနစ်ဝါမြောက်ဖြစ်သော မဟာသက္ကရာဇ် ၁၀၉ ခု ၀ါဆိုလပြည့်ကျော် (၁)ရက် မှ သီတင်းကျွတ်လပြည့်နေ့အထိ (၃)လအတွင်း နည်း(၃)နည်းဖြင့် “လူ့ပြည်၊ နတ်ပြည်” တပြိုင်တည်း ပေါ်ထွန်းခဲ့ပါသည်။ ဗုဒ္ဓမြတ်စွာဘုရားရှင်သည် အဘိဓမ္မာဒေသနာတော်ကို ဟောကြားပြီး တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ သီတင်းကျွတ်လပြည့်နေ့တွင် ဆင်းသက်တော်မူခဲ့သဖြင့် ထူးမြတ်သောနေ့ အဖြစ် သတ်မှတ်ကြပါသည်။ ဘုရားရှင် ဆင်းသက်ကြွမြန်းလာသည်ကို ရည်စူးပြီး ဘုရားရှင်အား ပူဇော်သောအားဖြင့် ဆီမီးထွန်းကာ မီးထွန်းပွဲကျင်းပသော အစဉ်အလာသည် ရှေးဘိုးဘေးဘီဘင်များ လက်ထက်ကပင် ရှိခဲ့ပါသည်။ ထို့အပြင်ဘုရားရှင်သည် မယ်တော်ဖြစ်ခဲ့ဖူးသော နတ်သားကို တာဝတိံသာနတ််ပြည်၌ အဘိဓမ္မာခုနှစ်ကျမ်းကို ဟောကြားတော်မူပြီးနောက် ၊ သီတင်းကျွတ် လပြည့်နေ့တွင် လူပြည်သို့ သက်ဆင်းတော်မူသည်ကို အကြောင်းပြုလျှက် ဤနေ့ကို “အဘိဓမ္မာအခါတော်နေ့” ဟု သမုတ်ကာ အဘိဓမ္မာ ရွတ်ဖတ်ပူဇော်ပွဲများလည်း ကျင်းပကြပါသည်။ တစ်နည်းဆိုလျှင် သီတင်းကျွတ်လပြည့်နေ့ကို “ဘုရားဆုပန်နေ့”ဟူ၍လည်း ခေါ်ဆိုနိုင်ပါတယ်။ ဘုရားရှင် တာဝတိံသာမှ ဆင်းသက်တော်မူသောအခါ ●“လကျာင်္ဘက်ရွှေစောင်းတန်း”က နတ်ဒေဝတာများ၊ ●“လက်ဝဲဘက် ငွေစောင်းတန်း”က ဗြဟ္မာများခြံရံလိုက်ပါကာ၊ ●ကိုယ်တော်တိုင် အလယ်က ပတ္တမြားစောင်းတန်းဖြင့် ဆင်းသက်တော်မူပါသည်။ ထိုသို့ နတ်ဗြဟ္မာများခြံရံလိုက်ပါ၍ ဆင်းသက်တော်မူလာသည့် ဘုရားရှင်၏ တုနှိုင်းဖွယ်မရှိ တင့်တယ်ပြည့်စုံသော အသရေ တော်ကို ဖူးမြင်ကြရသောအခါ (၃၆)ယူဇနာ အတွင်းရှိသော ပရိသတ်အားလုံး ဘုရားကိုအားကျ၊ ဘုရားဖြစ်ချင် စိတ်တွေ ပေါ်လာကာ “ဘုရားဆု”ကို တောင်းကြပါသည်။ ထို့အတွက်ကြောင့် “ဘုရားဆုပန်နေ့”ဟုခေါ်ဆိုထိုက်ပါသည်။ သီတင်းကျွတ်လပြည့်နေ့တွင် ၀ါတွင်းသုံးလကုန်ဆုံး ကျွတ်လွတ်သောနေ့ဖြစ်သဖြင့် ၀ါဆိုတော်မူကြကုန်သော သံဃာတော် အရှင်မြတ်တို့ လွတ်လွတ်ကျွတ်ကျွတ်သွားလာ သီတင်းသုံးနိုင်သည့် အခွင့်အရေးကို ရရှိကြပါသည်။ ထိုနေ့အထိ၀ါဆိုကြသည့် သံဃာများသည် အလွန်အကျိုးထူးသော “ကထိန်အလှူ”ကို ခံယူထိုက်သော အခွင့်အရေး လည်းရရှိကြပါသည်။ အချုပ်အားဖြင့်ဆိုရသော် သီတင်းကျွတ်လပြည့်နေ့သည် ●ရဟန်းတော်များ ၀ါကျွတ်သောနေ့၊ ●အပြစ်ရှိက ပြောကြားပါရန် အချင်းချင်း ဖိတ်ပန်အမှုပြုကြသော ပဝါရဏာနေ့၊ ●ဘုရားရှင် တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရားတော်ကို ဟောကြားပြီးမြောက် အောင်မြင်တော်မူသော အဘိဓမ္မာအခါတော်နေ့၊ ●နတ်ဗြဟ္မာအပေါင်းခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုလ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ထိုသို့ဘုရားရှင် ဆင်းသက် တော်မူသည်ကို ရည်စူးပူဇော်သောအားဖြင့် ဆီမီးစသည့် ထွန်းညှိပူဇော်သောနေ့၊ ●ဗြဟ္မာ နတ် လူ သုံးဘုံသူတို့ ဘုရားရှင်အား အတူတကွ ကြည်ဖြူပူဇော်သောနေ့၊ ●နတ်လူအများ ဘုရားဆုပန်သောနေ့ စသော ဂုဏ်ထူးဝိသေသအဖုံဖုံနှင့် ပြည့်စုံသော နေ့ထူးနေ့မြတ်ပင် ဖြစ်ပါသည်။ ဤကဲ့သို့နေ့ထူး၊ နေ့မြတ်မှာ ဓမ္မမိတ်ဆွေ သူတော်ကောင်းများအားလုံး သတိပဋ္ဌာန်တရားတော်များကို နာယူကျင့်ကြံ အားထုတ်နိုင်ကြသဖြင့် ဒုက္ခခပ်သိမ်းကင်းငြိမ်းရာ အမြိုက်နိဗ္ဗာန်ကို ရနိုင်ကြပါစေဟု ဆုတောင်းပြီး ဤဆောင်းပါးကို နိဂုံးချုပ်လိုက်ရပါသည်။ -【အသျှင်ဉာဏုတ္တရ (သီရိလင်္ကာ)】
https://www.dhammaransi.com/index.php/new/710-2015-10-28-10-00-38.html
“အဘိဓမ္မာတရား ဟောတော်မူပုံ”
“အဘိဓမ္မာတရား ဟောတော်မူပုံ” ••••••••••••••••••••••••••••••••••••••• မြတ်စွာဘုရား တာဝတိံသာ ရောက်တဲ့အခါကျတော့ သိကြားမင်းကြီးထိုင်တဲ့ ပင်လယ်ကသစ်ပင်အောက်မှာ ခင်းထားတဲ့ ပဏ္ဍုကမ္ဗလာကျောက်နေရာမှာ ထိုင်တော်မူတယ်။ အဲဒီ ကျောက်နေရာကြီးက ကျောက်တော့ကျောက်ပဲ၊ ဒါပေမယ့် ကျောက်ပျော့ကြီး၊ အဲဒီပေါ် ထိုင်လိုက်လို့ရှိရင် အိသွားတယ်၊ ထူးထူးဆန်းဆန်း ကျောက်ပျော့၊ ဘယ်မှာ ရှိလဲလို့ပြောရင် အဲဒီမှာ ရှိတယ်လို့ ပြောရမယ်၊ ဆိုဖာကြီးလိုပဲ၊ သိကြားမင်းကြီး အဲဒီပေါ် ထိုင်လိုက်လို့ရှိရင် ချက်လောက်ထိအောင် မြုပ်သွားတယ်တဲ့။ အဲဒီလို မြတ်စွာဘုရားက ပဏ္ဍုကမ္ဗလာ ကျောက်ဖျာပေါ်မှာ သီတင်းသုံး ထိုင်နေစဉ် နတ်တွေ ဗြဟ္မာတွေ ရောက်လာကြတဲ့အခါမှာ ဘုရားဖြစ်ပြီး ၂၂-ရက်နေ့က နေပြီး ရက်သတ္တပတ် ဆင်ခြင်ထားတဲ့ အဘိဓမ္မာတရားတွေကို ခေါင်းစည်းတစ်ခုထဲအောက်မှာ ထားပြီး အဘိဓမ္မာ ၇-ကျမ်းကို ဟောတယ်တဲ့၊ တစ်ဝါတွင်းလုံး ဒီ အဘိဓမ္မာတရားချည်းပဲ ဟောတယ်။ “မယ်တော် ကျေးဇူးဆပ်” •••••••••••••••••••••••••••••••• အဲဒီလို မြတ်စွာဘုရားက ပဏ္ဍုကမ္ဗလာ ကျောက်ဖျာပေါ်မှာ သီတင်းသုံး ထိုင်နေပြီး နတ်တွေ ဗြဟ္မာတွေ ရောက်လာကြတဲ့အခါမှာ ဘုရားဖြစ်ပြီး ၂၂-ရက်နေ့ကနေပြီး ရက်သတ္တပတ် ဆင်ခြင်ထားတဲ့ အဘိဓမ္မာတရားတွေကို ခေါင်းစည်းတစ်ခုထဲ အောက်မှာထားပြီး အဘိဓမ္မာ ၇-ကျမ်းကို ဟောတယ်တဲ့။ “ကုသလာ ဓမ္မာ၊ အကုသလာ ဓမ္မာ၊ အဗျာကတာ ဓမ္မာ” ဆိုပြီးတော့ ၃-စု၊ မာတိကာ ပေးတယ်။ “ဟေတူ ဓမ္မာ၊ န ဟေတူ ဓမ္မာ” စသည်ဖြင့် ၂-စု မာတိကာလေးတွေ ခေါင်းစဉ်လေးတွေ ပေးပြီးတော့ မြတ်စွာဘုရားက ဟောသွားလိုက်တာ တစ်ဝါတွင်းလုံး ဒီ အဘိဓမ္မာတရားချည်းပဲ ဟောတယ်။ အဲဒီလို အဘိဓမ္မာတရား ဟောကြားရာ တာဝတိံသာနတ်ပြည် တရားနာပရိသတ်ထဲမှာ အလွန် ထူးခြားတဲ့ပုဂ္ဂိုလ် တစ်ဦး ပါလာတယ်။ ဘယ်သူတုန်းဆိုရင် တုသိတာနတ်ပြည်မှာ နတ်မင်းအဖြစ်ဖြင့် ဖြစ်နေတဲ့ လူ့ဘဝတုန်းက ဘုရားလောင်းရဲ့ မယ်တော် နတ်သားပဲ။ ●သန္တုဿိတ နတ်သားဘဝနဲ့ ဘုရားတရားပွဲမှာ လာရောက်ပြီး ၊လက်ယာဘက်မှာ ထိုင်ပြီးတော့ နာယူနေတယ်။ အဲဒီ မယ်တော်ကြီးကို ဦးတည်ပြီးတော့ မြတ်စွာဘုရားက အဘိဓမ္မာတရားကို ဟောတာ။ မယ်တော်ကို ကျေးဇူးဆပ်တယ်လို့ ပြောကြတယ်ပေါ့။ ●ကျေးဇူးဆပ်တယ်လို့ ပြောတဲ့အထဲမှာ ဘာတွေ အပို ထည့်ပြောတုန်းဆိုရင် “အမိကျေးဇူးဟာ ဆပ်မကုန်နိုင်ဘူး၊ အဲဒါ ဘုရားသော်မှ အဘိဓမ္မာတရားဟောတာတောင် နို့တစ်လုံးဖိုးသာ ကျေသေးတယ်တို့၊ ဘာတို့နော်” တစ်လုံးက ဘယ်လောက်တန်လို့ တစ်လုံးဖိုးတို့၊ နှစ်လုံးဖိုးတို့ ပြောလို့ရမတုန်း၊ တစ်လုံးဖိုးပဲ ကျေသေးတယ်၊ နောက်တစ်လုံးဖိုး ကျန်နေသေးတယ်လို့ အဓိပ္ပာယ်မျိုး ပြောကြတယ်။ ဒါတွေက စာထဲမပါတဲ့ စကားတွေပါ၊ စာထဲမပါပေမယ့် တချို့ဟာက ယုတ္တိရှိတယ်၊ အခုဟာက ယုတ္တိမရှိဘူး။ ဘာဖြစ်လို့တုန်းဆို တန်ဖိုးဖြတ်ထားမှသာ ပြောလို့ ရတော့မပေါ့၊ အဘိဓမ္မာတရားဟောရင် တစ်လုံးဖိုးပဲ ကျေသေးတယ်၊ နောက်တစ်လုံးဖိုးကို ကျေဖို့ရန်အတွက် ထပ်ဟောရမယ့် ပုံစံမျိုး ဖြစ်နေတယ်။ မယ်တော်ကြီးကို ဦးတည်ပြီး တစ်သောင်းသော စကြာဝဠာက ရောက်ရှိလာတဲ့ နတ်ဗြဟ္မာအပေါင်းရဲ့ အလယ်မှာ ရှင်တော်မြတ်ဘုရားဟာ ဒီ အဘိဓမ္မာ မြတ်ဒေသနာကို တာဝတိံသာနတ်ပြည်မှာ ဟောကြားခဲ့တာ၊ လူ့ပြည်က အရေအတွက်အားဖြင့် ပြောမယ်ဆိုလို့ရှိရင် “၃-လတိတိ၊ ရက်ပေါင်း ၉၀”-ကြာတယ်လို့ ပြောရမယ်။ ရက်ပေါင်း ၉၀-ကြာမှ ဟောဒီ အဘိဓမ္မာတရားဟာ ပြီးဆုံးသွားတယ်။ နတ်တို့ရဲ့အချိန်နဲ့ ပြောမယ်ဆိုရင် မိနစ်ပိုင်းလောက်ပဲ ရှိပါတယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ လူ့ပြည်က အနှစ် ၁၀၀-သည် တာဝတိံသာနတ်ပြည်မှာ ၁-ရက်ပဲ ရှိပါသေးတယ်။ နေ့တာ ညတာ ဟိုက ပိုပြီးတော့ ရှည်တယ်။ လူ့ပြည်က တိုတယ်၊ လူ့ပြည် အနှစ် ၁၀၀-မှ တာဝတိံသာနတ်ပြည် ၁-ရက်ဆိုတော့ မိနစ်ပိုင်းလောက်ပဲ ကြာတယ်ပေါ့။ ၃-လဆိုတာ ဘာမှ မရှိဘူးပေါ့။ တရားပွဲက ဘာမှ မကြာလိုက်ဘူးပေါ့။ ခဏလေး ပြီးသွားတယ်။ မြတ်စွာဘုရားက တာဝတိံသာနတ်ပြည်ကို ကြွသွားတဲ့ အခါကျတော့ ဘုရားက လူသားဆိုတော့ ခပ်သေးသေးနေမှာပေါ့၊ လူ့အတောင်နဲ့ ပြောရင်တော့ ၁၈-တောင်ပေါ့၊ ၁၈-တောင်ဆိုတာ ဘယ်လောက်မှ မရှိဘူးပေါ့။ ၁၈-တောင်ကို တချို့က ၁၈-မိုက်လို့ ပြောကြတယ်။ ဘုရား ၁၈-တောင်ဆိုရင် ထိုခေတ်လူတွေကလည်း အားလုံး ၁၈-တောင် တညီတည်း ဖြစ်ကြရမှာပေါ့၊ လျော့ရင် နည်းနည်းပဲပေါ့၊ နို့မို့ဆိုရင် ဘုရားတစ်ဆူတည်းကသာ ၁၈-တောင်ဖြစ်ပြီးတော့ ကျန်တဲ့လူတွေက ပုပုလေးတွေဆို ဘယ်လိုလုပ်ပြီးတော့ ဆွမ်းလောင်းတာတို့၊ ဘုရားဖူးသွားတာတို့ ဖြစ်နိုင်ပါ့မတုန်း၊ မဖြစ်နိုင်ဘူး၊ သူ့ခေတ်သူ့လူတွေရဲ့ အရပ်အမောင်း ဒီလိုပဲ တညီတည်း ဖြစ်ရမှာပေါ့။ ဒီတော့ နတ်ပြည်ရောက်သွားတဲ့အခါ နတ်တွေက ကြီးတယ်။ သူတို့ခန္ဓာကိုယ်က အကြီးကြီးတွေ၊ အဲဒီတော့ မြတ်စွာဘုရားက ပကတိကိုယ်နဲ့ သီတင်းသုံးမယ်ဆိုရင် နတ်တွေကလည်း သူတို့ လူသားတွေရဲ့ ပုံစံပဲ ဖန်ဆင်းပြီး ထိုင်နေရမှာပဲ။ နတ်က ဖန်ဆင်းလို့ ရတာပဲ၊ လူ့ပြည်လာတဲ့အခါမှာ အပ်ဖျားလေး ချလောက်တဲ့ နေရာလေးမှာတောင် နတ်က ၁၀-ယောက်၊ အယောက်၂၀၊ ဒီလို စုထိုင်နေကြတာတဲ့။ နေရာ မရဘူးဆိုရင် အဲဒီလို သူတို့ ထိုင်ရတယ်၊ အပ်ဖျားလေး ထောက်လောက်တဲ့ နေရာလေးဆို သေးသေးလေး၊ အဲဒီလောက် သေးသေးလေးကို နတ်တွေက ၁၀-ယောက်၊ ၁၅-ယောက် စုထိုင်နိုင်အောင် သူတို့ ဖန်တီးလို့ ရတယ်။ သို့သော် စာထဲအတိုင်း ပြောမယ်ဆိုရင် မြတ်စွာဘုရားက ပါလာတဲ့ နှစ်ထပ်သင်္ကန်းကြီးကို ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာကြီးပေါ်မှာ လွှမ်းလိုက်တဲ့အခါ နှစ်ထပ်သင်္ကန်းကြီး ပဏ္ဍုကမ္ဗလာ ကျောက်ဖျာကြီးတစ်ခုလုံး ဖုံးသွားတယ်တဲ့။ကိုယ်တော်မြတ်ကလည်း ထိုင်လိုက်တဲ့အခါ တင်ပလ္လ္လင်ခွေကြီး တစ်ခုလုံးဟာ အဲဒီ ကျောက်ဖျာကြီးတစ်ခုလုံး ပြည့်သွားတယ်ဆိုတော့ ဘုရားကိုယ်တော်ကြီးဟာ ပြောင်းသွားတယ်ပေါ့။ ခန္ဓာကိုယ်တော်ကြီးကနေပြီးတော့ နတ်တွေရဲ့ အတိုင်းအတာလို ရုပ်ပွားတော်ကြီး အကြီးကြီး ဖြစ်သွားတယ်လို့ ဒီလို ပြောရမှာ။ “လူ့ပြည် ကြွလာလေ့ရှိ” •••••••••••••••••••••••••••• မြတ်စွာဘုရားက တရားဟောရင်း နေ့စဉ်နေ့စဉ် ဆွမ်းဘုန်းပေးတဲ့အချိန်ကို လူ့ပြည် ကြွလာလေ့ ရှိတယ်၊ သို့သော်... မြတ်စွာဘုရားက တရားဟောရင်း နေ့စဉ်နေ့စဉ် ဆွမ်းဘုဉ်းပေးတဲ့အချိန်ကို လူ့ပြည် ကြွလာလေ့ ရှိတယ်၊ သို့သော် သာဝတ္ထိတို့ ရာဇဂြိုဟ်တို့ဆိုတဲ့ ဒေသကို မကြွဘဲနဲ့ ဘယ်သူမှ မသိတဲ့ မြောက်ကျွန်းဘက်ကို ကြွတယ်၊ မြောက်ကျွန်း ကြွပြီးတော့ ဆွမ်းခံတယ်၊ ဆွမ်းခံပြီးတဲ့အခါ ဟိမဝန္တာတောင် စန္ဒကူးတောထဲက စန္ဒကူးပင်အောက် အနောတတ်ရေအိုင် အနီးအနားမှာ ဆွမ်းဘုဉ်းပေးတယ်။ အဲဒီလို မြတ်စွာဘုရား ဆွမ်းဘုဉ်းပေးတဲ့အခါ ဘယ်သူက ဝတ်ကြီးဝတ်ငယ် ပြုတုန်းဆို “ရှင်သာရိပုတ္တရာ” တစ်ပါးတည်းပဲ အဲဒီကို ကြွလာပြီး ဘုရား ဆွမ်းဘုဉ်းပေးတဲ့အခါမှာ ဝတ်ကြီးဝတ်ငယ် ပြုတယ်တဲ့။ အဋ္ဌကထာထဲမှာတော့ ဘယ်လို ရေးထားလဲဆိုတော့ လူ့ခန္ဓာကိုယ်ရဲ့ သဘာဝအတိုင်း စားချိန်ကျရင် စားရမယ်။ နားချိန်ကျရင် နားရမယ်ပေါ့၊ ဒါကြောင့်မို့ မြတ်စွာဘုရားလည်း ရုပ်သဘာဝအတိုင်းပေါ့၊ ဆွမ်းဘုဉ်းပေးဖို့ အချိန်ကျတဲ့အခါ လူ့ပြည်ကြွ ဘုဉ်းပေးတယ်။ အနားယူရမယ့်အချိန် အနားယူတယ်။ ပြီးတော့မှ တရားဆက်ဟောတယ်။ “နိမ္မိတရုပ်” ••••••••••••••••• ဘုရားရှင် လူ့ပြည်ကြွတဲ့အခါ “နိမ္မိတရုပ်”ဖန်ဆင်းပြီးတော့ ထားခဲ့တယ်တဲ့၊ အဲဒီ နိမ္မိတ ရုပ်ပွားတော်ကနေ ဆက်ပြီးတော့ ဟောနေရစ်တယ်လို့ ပြောတယ်။ ဘုရားအစစ်က ဘယ်ကနေ ဘယ်လောက်ထိ ဟောမယ်ဆိုတာကို သတ်မှတ်ပေးထားတဲ့အတိုင်း နိမ္မိတရုပ်ကနေ ဆက်ပြီးတော့ ဟောသွားတယ်။ ခုခေတ်လိုဆိုရင် TV ဖွင့်ထားခဲ့တဲ့သဘောပေါ့။ “လူ့ပြည်မှာ ဟောခဲ့” •••••••••••••••••••••••••••••••• မြတ်စွာဘုရား ဘာဖြစ်လို့ လူ့ပြည်ကြွတာတုန်းဆိုတော့ ရှင်သာရိပုတ္တရာနဲ့ နေ့တိုင်း တွေ့ပြီးတော့ နတ်ပြည်မှာ ဟောခဲ့တဲ့တရားကို ရှင်သာရိပုတ္တရာကို အကျဉ်းချုပ် ပြန်ပြန်ပြီး နေ့တိုင်း ဟောခဲ့တာ။ ဘုန်းကြီး တစ်ခုတွေးမိတာကတော့ အဲဒါဟာ အဓိက ဖြစ်လောက်တယ်။ လူ့ပြည်က လူတွေ တန်ရုံ မြတ်စွာဘုရားက ရှင်သာရိပုတ္တရာကို ဟောခဲ့တယ်။ ရှင်သာရိပုတ္တရာက အမျိုးကောင်းသား တပည့်ရဟန်း ၅၀၀-ကို ထပ်ဆင့် သင်ပေးတယ်။ အဲဒီရဟန်းတွေဟာ ကဿပမြတ်စွာဘုရားရှင်ရဲ့ လက်ထက်တော်တုန်းက လင်းနို့တွေ ဖြစ်ခဲ့တယ်။ လင်းနို့ကနေ လူ့ဘဝ ရောက်လာတယ်ပေါ့။ လင်းနို့သား ၅၀၀-ဘဝတုန်းက အဘိဓမ္မာဆောင် ရဟန်းတွေက သူတို့နေတဲ့ လိုဏ်ဂူထဲမှာ ရွတ်ဖတ် သရဇ္ဈာယ်ကြတယ်၊ ဒီအခါ လင်းနို့တွေက အဘိဓမ္မာတရားသံကို နားထောင်ရင်း သူတို့ နားထဲမှာ ကျက်မိနေကြတယ်။ ဒီလို မြတ်စွာဘုရားရှင်ဟာ ၃-လတိတိ ၊ ရက်ပေါင်း ၉၀- နေ့စဉ် လူ့ပြည်ကို ကြွပြီးတော့ ရှင်သာရိပုတ္တရာကို အဘိဓမ္မာတရား အကျဉ်းချုပ်ပြီး ဟောခဲ့တာ၊ ရှင်သာရိပုတ္တရာဆိုတာက အင်မတန်မှ ဉာဏ်ထက်မြက်တဲ့ ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့် မြတ်စွာဘုရားက အရိပ်အမြွက် အကျဉ်းချုပ်ကို ဟောပြလိုက်တာနဲ့ အကုန်လုံး ရသွားတယ်။ အခု ဒီကနေ့ လူ့ပြည်မှာ ရောက်နေတဲ့ အဘိဓမ္မာတရားသည် တာဝတိံသာနတ်ပြည်မှာ ဟောတဲ့ အလွန် ကျယ်ဝန်းလှတဲ့ အဘိဓမ္မာတရား မဟုတ်ဘူး၊ ရှင်သာရိပုတ္တရာမထေရ်မြတ်ကို နေ့စဉ် နေ့စဉ် သင်ပေးခဲ့ပြီး ရှင်သာရိပုတ္တရာက သူ့ဉာဏ်နဲ့ ဘုရားဟောတဲ့ အဘိဓမ္မာကို အကျဉ်ချုပ်ပြီး လင်းနို့တစ်ဖြစ်လဲ ရဟန်းတော်တွေကို သင်ပေးခဲ့တဲ့ အဘိဓမ္မာလို့ နားလည်ရပါတယ်။ အဋ္ဌကထာမှာ ဘယ်လို မှတ်တမ်းတင်ထားတုန်းဆို တာဝတိံသာနတ်ပြည်မှာ မြတ်စွာဘုရားက အဘိဓမ္မာ ၇-ကျမ်းဟောလို့ နိဂုံးချုပ်တဲ့နေ့မှာပဲ လူ့ပြည်က ရဟန်း ၅၀၀ လည်းပဲ အဘိဓမ္မာ ၇-ကျမ်းဆောင် ပုဂ္ဂိုလ်တွေ ဖြစ်သွားတယ်တဲ့၊ တစ်ပြိုင်နက်် ပြီးတယ်။ လူ့ပြည်က ရှင်သာရိပုတ္တရာရဲ့ အဘိဓမ္မာသင်တန်း၊ နတ်ပြည်က မြတ်စွာဘုရားရဲ့ အဘိဓမ္မာဒေသနာတော်ဟာ တစ်ပြိုင်နက် ပြီးဆုံးသွားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် “အဘိဓမ္မေ ၀ါစနာမဂ္ဂေါ နာမ သာရိပုတ္တ္တထေရပ္ပဘဝေါ- ဒီကနေ့ခေတ် လူ့ပြည်ရောက်နေတဲ့ အဘိဓမ္မာမြတ်ဒေသနာသည် ရှင်သာရိပုတ္တရာက စ,တာပါ” လို့မှတ်တမ်းတင်ထားတယ်။ ရှင်သာရိပုတ္တရာ မထေရ်မြတ် စီစဉ်ပို့ချတဲ့ အဘိဓမ္မာဒေသနာ သင်ရိုးသည် ဒီကနေ့ ထေရဝါဒ မြန်မာနိုင်ငံမှာ အဘိဓမ္မာ ၇-ကျမ်းအဖြစ် သတ်မှတ်ပြီး စာအုပ် ရိုက်နှိပ်ထားတာနော်။ ဓမ္မသင်္ဂဏီက တစ်အုပ် ရှိတယ်၊ ဝိဘင်းက တစ်အုပ် ရှိတယ်၊ စာမျက်နှာ ၄၀၀- ပတ်ဝန်းကျင် ရှိတယ်၊ ဓာတုကထာနဲ့ ပုဂ္ဂလပညတ် နှစ်အုပ်တွဲ စာမျက်နှာ ၂၀၀- ဝန်းကျင် ရှိတယ်၊ ကထာဝတ္ထုကျမ်းက စာမျက်နှာ ၅၀၀-ဝန်းကျင် ရှိတယ်၊ ယမိုက်ကျမ်းကျတော့ ၃-တွဲ၊ ပဋ္ဌာန်းကျမ်းက ၅-တွဲ ရှိတယ်တဲ့။ ဒါတောင် ပဋ္ဌာန်းမှာ အကျဉ်းချုံးပြီးတော့ ရိုက်ထားတာပါ။ ဒီတော့ ဒီကနေ့ သင်္ဂါယနာ ၆-တန် မှတ်တမ်း တင်ထားတဲ့အတိုင်း အဘိဓမ္မာကိုပဲ ရွတ်ဖတ်မယ်ဆိုရင် ပဋ္ဌာန်း တစ်ကျမ်းတည်းတောင်မှ အနည်းဆုံး ၄-ရက်လောက် အသံမစဲ ရွတ်မှ ကုန်တယ်။ ဒီလောက် များပြားတယ်။ တာဝတိံသာနတ်ပြည်မှာ ဘုရားဟောတဲ့ အဘိဓမ္မာတရားဆိုရင် ဒီထက် ကျယ်ဝန်း များပြားတော့မှာပေါ့။ ဒီကနေ့ လူ့ပြည်မှာ သင်္ဂါယနာတင်ထားတာက ရှင်သာရိပုတ္တရာ ပို့ချပေးတဲ့ သင်ရိုးအတိုင်း တင်ထားတာမို့ မကျဉ်းမကျယ် ရှိတာပါ။ ဒါကို “အဘိဓမ္မာမြတ်ဒေသနာ” လို့ ခေါ်ပါတယ်။ - 【ပါမောက္ခချုပ် ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ၏ အဘိဓမ္မာ မြတ်ဒေသနာ(ပထမတွဲ) နှာ၂၈ မှ-နှာ၃၅ မှ】 Posted by ► www.facebook.com/youngbuddhistassociation.mm
https://www.dhammaransi.com/index.php/new/711-2015-10-28-10-00-03.html
အဘိဓမ္မာအကြောင်း သိကောင်းစရာများ
“သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ အဘိဓမ္မာအကြောင်း သိကောင်းစရာများ” •••••••••••••••••••••••••••••••••••••• (၁)။အဘိဓမ္မာတရားတော်ကို မြတ်စွာဘုရားသည် ၆ ဝါအလွန် ၇ ဝါ အရောက် သက်တော် ၄၂ နှစ်အရွယ်တွင် တာဝတိံသာနတ်ပြည်၌ ဟောကြားခဲ့ပါသည်။ (၂)။မယ်တော်မိနတ်ကို ကျေးဇူးဆပ်လိုသော ရည်ရွယ်ချက်ဖြင့် ဟောကြားတော်မူပါသည်။ (၃)။မယ်တော်မိနတ် အမှူးပြုသော နတ်ဗြဟ္မာပရိသတ်တို့အား ဟောကြားခဲ့ပါသည်။ (၄)။ဝါတွင်းသုံးလ ရက်ပေါင်း ၉၀ ကြာမျှ ဟောကြားတော်မူခဲ့ပါသည်။ (၅)။ မြတ်စွာဘုရားသည် နတ်ဗြဟ္မာပရိသတ်တို့အား အကျယ်နည်းဖြင့် ဟောကြား၍ အရှင်သာရိပုတ္တရာအား အကျဉ်းနည်းဖြင့် ဟောကြားတော်မူပါသည်။ အရှင်သာရိပုတ္တရာက လင်းနို့သားဖြစ်ခဲ့ဖူးသော ရဟန်းငါးရာတို့အား မကျဉ်းမကျယ် အလယ်အလတ်နည်းဖြင့် ဟောကြားတော်မူပါသည်။ (၆)။ သုတ္တန်တရားတို့ထက် သာလွန်ထူးခြားသောတရား ဖြစ်၍ “အဘိဓမ္မာ” ခေါ်ပါသည်။ (၇)။ အဘိဓမ္မာသည် “ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်း” ဟူ၍ အရေအတွက် ၇ ကျမ်း ရှိပါသည်။ (၈)။ ကုသိုလ်၊အကုသိုလ် စသောတရားတို့ကို အကျဉ်းချုပ်အားဖြင့် ဟောကြားတော်မူသောကျမ်းကို “ဓမ္မသင်္ဂဏီ” ကျမ်းဟု ခေါ်ပါသည်။ (၉)။ ခန္ဓာ စသောတရားတို့ကို သုတ္တန်နည်း၊ အဘိဓမ္မာနည်းတို့ဖြင့် အမေးအဖြေပြု၍ အကျယ်ဝေဖန် ဟောကြားသောကျမ်းကို “ဝိဘင်းကျမ်း”ဟု ခေါ်ပါသည်။ (၁၀)။ ဓာတ်အမျိုးမျိုး ဟောကြားသောကျမ်းကို “ဓာတုကထာ” ကျမ်းဟု ခေါ်ပါသည်။ (၁၁)။ ပုဂ္ဂိုလ်အမျိုးတို့ကို ခွဲခြား သတ်မှတ်အမည်တပ်၍ ဟောကြားသောကျမ်းတို့ကို “ပုဂ္ဂလပညတ်ကျမ်း” ဟုခေါ်သည်။ (၁၂)။ အယူဝါဒနှင့်ဆိုင်သော စကားတို့၏တည်ရာဖြစ်၍ အဘိဓမ္မာအနှစ်သာရတို့နှင့်ပြည့်စုံသောကျမ်းကို “ကထာဝတ္တုကျမ်း” ဟု ခေါ်သည်။ (၁၃)။ အနုလုံ နှင့် ပဋိလုံ၊ ပုစ္ဆာ နှင့် ဝိသဇ္ဇနာ၊သန္နိဋ္ဌာန် နှင့် သံသယ အစုံစုံပြု၍ ဟောကြားတော်မူသော ကျမ်းကို “ယမိုက်ကျမ်း” ဟုခေါ်သည်။ (၁၄)။ အကြောင်းအမျိုးမျိုးကို ဟောတော်မူသောကျမ်း၊ ကုသိုလ်စသောတရားတို့ကို ၂၄ပစ္စည်းတို့ဖြင့် ဝေဖန်အပ်သောကျမ်း၊သဗ္ဗညုတဉာဏ်တော်၏ ကျက်စားရာ ဖြစ်သောကျမ်းကို “ပဋ္ဌာန်းကျမ်း”ဟုခေါ်ပါသည်။ (၁၅)။“အဘိဓမ္မာတရားတော်၏ ထူးခြားချက်” အဘိဓမ္မာတရားသည်… -အမိကျေးဇူးဆပ်တရားဖြစ်ခြင်း၊ -နတ်ပြည်၌ ဟောကြားခြင်း၊ -သုံးလကြာမျှဟောရခြင်း၊ -ပတိဘုရားနှင့် နိမ္မိတဘုရားတို့ တလှည့်စီဟောကြားခြင်း ဟု “ထူးခြားချက်လေးမျိုး”နှင့် ပြည့်စုံသောတရားဖြစ်သည်။ (၁၆)။ အဘိဓမ္မာတရားသည် ပါဠိ၏ နက်နဲခြင်း၊ သဘောအဓိပ္ပါယ်၏ နက်နဲခြင်း၊ ဟောကြားပုံအစီအစဉ်၏ နက်နဲခြင်း၊ ဉာဏ်တော်၏ နက်နဲခြင်း ဟူသော “ဂမ္ဘီရလေးမျိုး” နှင့် ပြည့်စုံသော တရားဖြစ်သည်။ (၁၇)။ အဘိဓမ္မာတရားတော်ကို ရွတ်ဖတ်ပူဇော်ခြင်း သင်ယူကြားနာခြင်း ကြောင့် လင်းနို့သားရဟန်းငါးရာကဲ့သို့ နာမရူပပရိစ္ဆေဒဉာဏ်ရင့်သန်ခြင်း၊ မဂ်ဖိုလ်နိဗ္ဗာန်ရရန်အကြောင်းအထောက်အပံ့ကောင်းဖြစ်ခြင်း၊ ဘေးဥပါဒ် အန္တရာယ်ကင်းဝေးခြင်း၊ ကျက်သရေမင်္ဂလာ အဖြာဖြာနှင့်ပြည့်စုံခြင်း ဟူသော အကျိုးထူးတရားများ ရရှိနိုင်သည်။ ။ “အဘိဓမ္မာအမေးအဖြေ” ••••••••••••••••••••• (မေး)။ ။ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားသည် အဘိဓမ္မာတရားကို ဘယ်အချိန် ဘယ်ကာလ ဘယ်နေရာ ဘယ်ဌာန၌ ဘယ်ရည်ရွယ်ချက်ချက်ဖြင့် ဘယ်သူတို့အား ဟောကြားတော်မူခဲ့ပါသနည်း။ (ဖြေ)။ ။ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားသည် အဘိဓမ္မာတော်ကို ၆ ဝါအလွန်၊၇ ဝါအရောက် မဟာသက္ကရာဇ် ၁၀၉ ခုနှစ် တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်း ပဏ္ဍုကမ္ဗလာမြကျောက်နေရာထက်၌ မယ်တော်မိနတ်ကို ကျေးဇူးဆပ်လိုသောရည်ရွယ်ဖြင့် နတ်ဗြဟ္မာအပေါင်းတို့အား ဟောကြားတော်မူခဲ့ပါသည်။ (မေး)။ ။ သဗ္ဗညုတမြတ်စွာဘုရားသည် အဘိဓမ္မာတရားတော်ကို အချိန် မည်မျှကြာအောင် ဟောတော်မူပါသနည်း။ (ဖြေ)။ ။ သဗ္ဗညုတမြတ်စွာဘုရားသည် အဘိဓမ္မာ တရားတော်ကို ဝါတွင်းသုံးလ ရက်ပေါင်း ၉၀ ကြာအောင် ဟောတော်မူပါသည်။ (မေး)။ ။ ဘုရားရှင်တိုင်း အဘိဓ္မာတရားတော်ကို လူ့ပြည်၌ မဟောကြားဘဲ၊အဘယ်ကြောင့် နတ်ပြည်မှာသာ ဟောကြားပါသနည်း။ (ဖြေ)။ ။ အဘိဓမ္မာတရားတော်သည် သုတ္တန်ဒေသနာ၊ ဝိနည်းဒေသတော်များကဲ့သို့ လူတို့၏ အချိန်ကာလတစ်ရက်အတွင်း၌ အပြည့်အစုံပြီးဆုံးအောင် ဟောကြား၍မဖြစ်ပါ။ အဘိဓမ္မာတရား၏ ရှည်လျားသော ဒေသနာအစဉ်ကို လူသားများ ဣရိယာပုတ်တည်းဖြင့် ပြီးဆုံးအောင် နားယူနိုင်သောစွမ်းရည်လည်း မရှိပါ။လူတို့၏ အချိန်ကာလ ဝါတွင်းသုံးလသည် တာဝတိံသာနတ်တို့၏ အချိန်ကာလ တစ်ခဏမျှသာဖြစ်ပါသည်။ ဤအကြောင်းများကြောင့် ဘုရားရှင်တိုင်း အဘိဓမ္မာ တရားတော်ကို လူ့ပြည်၌မဟောကြားဘဲ၊ နတ်ပြည်မှာသာ ဟောကြားရခြင်း ဖြစ်ပါသည်။ (မေး)။ ။အဘိဓမ္မာတရားကို ဝါတွင်းသုံးလ ဟောကြားရာ၌ လူသားဘုရားအနေဖြင့် နတ်အာဟာရကို မှီဝဲပါသလော။ အာဟာရကိစ္စ မည်ကဲ့သို့ ဖြေရှင်းပါသနည်း။ ဖြေ။ ။ အဘိဓမ္မာတရားကို ဝါတွင်းသုံးလ ဟောကြားရာ၌ လူသားဘုရားအနေဖြင့် နတ်အာဟာရကို မမှီဝဲပါ။ လူ့ပြည်လူ့ရွာ မြောက်ကျွန်းသို့ ဆွမ်းခံကြွပြီး၊ လူ့အာဟာရကိုပင် မှီဝဲသုံးဆောင်ပါသည်။ (မေး)။ ။ပကတိမြတ်စွာဘုရား ဆွမ်းခံကြွသောအခါ အဘိဓမ္မာတရားကို ဟောကြားခြင်းမှ ရပ်ဆိုင်းထားပါသလော။ တရားဟောစဉ် အဆက်မပြတ်အောင် မည်သို့မည်ပုံ ဆောင်ရွက်တော်မူပါသနည်း။ (ဖြေ)။ ။ပကတိမြတ်စွာဘုရား ဆွမ်းခံကြွသောအခါ အဘိဓမ္မာတရားကို ဟောကြားခြင်းမှ ရပ်ဆိုင်း၍မထားပါ။ ပကတိမြတ်စွာဘုရားကိုယ်စား တန်ခိုးတော်ဖြင့် ဖန်ဆင်းထားသော “နိမ္မိတာဘုရားရှင်”က ဆက်၍ ဟောကြားတော်မူပါသည်။ (မေး)။ ။ အဘိဓမ္မာတရား ဟောကြားပုံ ၊ ဟောကြား နည်းများကို ဗဟုသုတအဖြစ် မှတ်သားလို၍ ရှင်းပြပေးပါ။ (ဖြေ)။ ။ အဘိဓမ္မာတရား ဟောကြားပုံ၊ဟောကြား နည်းမှာ သုံးမျိုး ရှိပါသည်။ (က)။ သဗ္ဗညုတမြတ်စွာဘုရားက တာဝတိံသာနတ်ပြည်၌ နတ်ဗြဟ္မာ ပရိသတ်တို့အား အကျယ်နည်းဖြင့် ဟောကြားတော်မူပါသည်။ (ခ)။စန္ဒကူးတော၌ အရှင်သာရိပုတ္တရာအား အကျဉ်းနည်းဖြင့် ဟောကြားတော်မူပါသည်။ (ဂ)။ ဘုရားဟောကြားသော အဘိဓမ္မာတရားကို အရှင်သာရိပုတ္တရာ မထေရ်က မဇ္ဈိမဒေသကို ယူဆောင်ပြီး၊ လင်းနို့သားဖြစ်ခဲ့ဖူးသော တပည့်ရဟန်း ၅ဝဝ တို့အား မကျဉ်းမကျယ် အလယ်အလတ်နည်းဖြင့် ဟောကြားတော်မူပါသည်။ (မေး)။ ။ယနေ့မျက်မှောက်ခေတ်အထိ ရဟန်းရှင်လူတို့ အဘိဓမ္မာတရားကို သင်ကြားခွင့်ရရှိနေသည်မှာ မည်သူ၏ကျေးဇူးကြောင့် ဖြစ်ပါသနည်း။ (ဖြေ)။ ။ယနေ့မျက်မှောက်ခေတ်အထိ ရဟန်းရှင်လူတို့ အဘိဓမ္မာတရားကို သင်ကြားခွင့်ရရှိနေသည်မှာ “အရှင်သာရိပုတ္တရာ”၏ကျေးဇူးကြောင့် ဖြစ်ပါသည်။ (မေး)။ ။အဘိဓမ္မာတရားကို အကြောင်းပြု၍ ဗုဒ္ဓဘာသာဝင်များ အနေဖြင့် သီတင်းကျွတ်အခါ၌ မြင်းမိုရ်မီးပွဲ ဆင်နွှဲကြပုံ ယဉ်ကျေးမှုအစဉ်အလာကိုသိပါရစေ။ (ဖြေ)။ ။သဗ္ဗညုတမြတ်စွာဘုရားသည် အဘိဓမ္မာတရားကို ဝါတွင်းသုံးလ ဟောကြားတော်မူရာ သီတင်းကျွတ် လပြည့်နေ့တွင် ပြီးဆုံးသောကြောင့် လူတို့နေရာ သင်္ကဿနဂိုရ်ပြည်သို့ ပြန်လည်သက်ဆင်းတော်မူပါသည်။ နတ်ပြည်မှ လူ့ပြည်သို့ သက်ဆင်းရာ၌ ✤နတ်ပရိသတ်တွေက လက်ယာဘက် ရွှေစောင်းတန်း၊ ✤ဗြဟ္မာပရိသတ်တွေက လက်ဝဲဘက် ငွေစောင်းတန်း၊ ✤မြတ်စွာဘုရားသခင်က အလယ် ပတ္တမြားစောင်းတန်းမှ သက်ဆင်းတော်မူပါသည်။ ✤မာတလိနတ်သားက မြတ်စွာဘုရားအနီး ဝဲဘက်တော်မှ ခစားလိုက်ပါပြီး၊ ✤ပ ဉ္စသီခ နတ်သားက စောင်းတီးပူဇော်ရင်း လိုက်ပါပို့ဆောင်ပါသည်။ ✤သိကြားမင်းက ဘုရားနောက်တော်မှထီးမိုးလိုက်ပါပြီး၊ ✤သုယာမနတ်သားက ယပ်ခတ်လို့ လိုက်ပါလာပါသည်။ အဲဒီအချိန်က ဗုဒ္ဓအသရေတော်ကို ဖူးတွေ့လိုက်ရတဲ့ လူတွေဟာ ဗောဓိဆုကို ရလိုကြောင်း ဆုတောင်းသူက များပါသတဲ့။ကုဋေပေါင်းများစွာ ကျွတ်တမ်းဝင်လိုကြတယ်လို့ ပိဋကတ်ကျမ်းဂန်တွေမှာ ဖော်ပြထားပါတယ်။ မြတ်စွာဘုရားသခင် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်ရာ၌ မီးရှူးတန်ဆောင် အလင်းရောင်တို့ဖြင့် ထွန်းညှိပူဇော်ကြသည့်ထုံးကို နှလုံးမူ၍ နှောင်းခေတ် ဗုဒ္ဓဘာသာဝင်တို့က သီတင်းကျွတ်ချိန်တွင် မြင်းမိုရ်မီးပွဲ ထွန်းညှိပူဇော်ကြခြင်းဖြစ်ပါသည်။ (မေး)။ ။သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာ အခါတော်နေ့အဖြစ် ကျင်းပရပုံကို ရှင်းပြပါ။ (ဖြေ)။ ။(က)။နတ်ပြည်မှာ နတ်ပရိသတ်တွေကို အကျယ်ဟောကြားပြီးဆုံးခြင်းသည်လည်း သီတင်းကျွတ်လပြည့်နေ့။ (ခ)။စန္ဒကူးတော၌ အရှင်သာရိပုတ္တရာအား အကျဉ်း ဟောကြားပြီးဆုံးခြင်းသည်လည်း သီတင်းကျွတ်လပြည့်နေ့။ (ဂ)။အရှင်သာရိပုတ္တရာ မထေရ်ကတပည့်ရဟန်း ၅ဝဝ တို့အား မကျဉ်းမကျယ် အလယ်အလတ်နည်းဖြင့် သင်ကြားပို့ချပြီးဆုံးခြင်းသည်လည်း သီတင်းကျွတ် လပြည့်နေ့ ဖြစ်ပါသည်။ ဤအချက်ကို ရည်ညွှန်းပြီး သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့ ကျင်းပခြင်းဖြစ်ပါသည်။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ(မာဂဓီ-သာစည်) ဆရာတော်ဘုရားကြီး၏ “အခါတော်နေ့များမှ”-】 Posted by► www.facebook.com/youngbuddhistassociation.mm
https://www.dhammaransi.com/index.php/new/712-2015-10-28-09-59-24.html
သီတင်းကျွတ် သက်ကြီး၊၀ါကြီး ပူဇော်ကန်တော့ပွဲ
“အကျိုးရှိသော ပူဇော်ကန်တော့နည်း၊ ပူဇော်ကန်တော့ရသောအကျိုး၊ သီတင်းကျွတ် သက်ကြီး၊၀ါကြီး ပူဇော်ကန်တော့ပွဲ” ▬-▬-▬-▬-▬-▬-▬-▬-▬-▬-▬-▬-▬-▬-▬-▬ ဗုဒ္ဓဘာသာဝင်တို့သည် မိမိထက် တစ်နေ့၊ တစ်ရက်၊ တစ်နံနက်မျှ အသက်ကြီးသူများ၊ အကျင့်သိက္ခာ မြင့်မြတ်သူများ၊ လောကီဂုဏ်၊ လောကုတ္တရာ သီလ သမာဓိ ပညာဂုဏ်ကြီးမားသူများကို ရိုသေကိုင်းညွတ်လေ့ရှိ၊ ပူဇော်ကန်တော့လေ့ရှိကြလေသည်။ အထူးသဖြင့် သီတင်းဝါလကျွတ်သည့်အခါ အသက်သိက္ခာ ဂုဏ်ဝါကြီးသူများ၊ မိဘဘိုးဘွားဆွေမျိုးများ၊ဆရာသမားများကို အဝတ်အစား ၊ စားဖွယ်သောက်ဖွယ်များဖြင့် သွားရောက်ပူဇော်ကန်တော့လေ့ရှိကြသည်။ ဤသို့ ပူဇော်ကန်တော့ကြခြင်းမှာ ပူဇာစ ပူဇနေယျာနံ - ပူဇော်ထိုက်သူ ပုဂ္ဂိုလ်မှန်တို့ကို ပူဇော်ရခြင်းသည်လည်း မင်္ဂလာမည်၏ဟု မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည်။ မင်္ဂလာတရားတော်နှင့်အညီ ပြုလုပ်ကြသော ဗုဒ္ဓယဉ်ကျေးမှုပွဲတစ်ပွဲပင် ဖြစ်ပေသည်။ သီတင်းကျွတ် သက်ကြီးဝါကြီး ပူဇော်ကန်တော့ပွဲသည် ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်ကပင် သာသနာတော်တွင်း၌ ပြုလုပ်လေ့ရှိသည့် ပွဲတစ်ပွဲဖြစ်သောကြောင့် မြန်မာနိုင်ငံသို့ သာသနာတော် စတင်ရောက်ရှိချိန်ကပင် စတင်ခဲ့သည်ဟု ယူဆရပေမည်။ “ပဝါရဏပွဲမှ စတင်လာခဲ့” •••••••••••••••••••••••••••••••••••••••• မြတ်စွာဘုရားရှင်သည် သံဃာတော်အရှင်မြတ်တို့အား ပဝါရဏာကို ခွင့်ပြုတော်မူခဲ့သည်။ ပဝါရဏာ၏ အဓိပ္ပာယ်မှာ “ဖိတ်ကြားခြင်း” ဖြစ်သည်။ သံဃံ ဘန္တေပဝါရေမိ ဒိဋ္ဌေန ၀ါ ပရိသင်္ကာယ ၀ါ ဝဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာမိ- “အရှင်ဘုရားကို တပည့်တော်သည် သံဃာတော်ကို ဖိတ်မန္တက ပြုပါသည်။ တပည့်တော်၏အပြစ်ကို မြင်လျှင်ဖြစ်စေ၊ ကြားလျှင်ဖြစ်စေ၊ ယုံမှားသံသယရှိလျှင်ဖြစ်စေ၊ တပည့်တော်ကို သနားစောင့်ရှောက် ချီးမြှောက်သောအားဖြင့် ဆုံးမပြောဆိုကြပါဘုရား။အရှင်ဘုရား ဆုံးမသည့်အတိုင်း တပည့်တော်မှာ အပြစ်ရှိနေသည်ဟု တွေ့မြင်ရလျှင် တပည့်တော် ပြုပြင်လိုက်နာပါမည် ဘုရား” ဟု သံဃာတော်တို့ထံ ဖိတ်မန္တကပြုကြရသည်။ ဤအစဉ်အလာသည် လွန်စွာ အဆင့်မြင့်၍ ကောင်းမြတ်လှသော အစဉ်အလာကောင်း တစ်ခုပင် ဖြစ်ပေသည်။ ပဝါရဏာဖိတ်ပွဲကို သံဃာတော်တို့သည် သီတင်းကျွတ်လပြည့်နေ့၌ မဖြစ်မနေ ပြုလုပ်ကြရသည်။ သံဃာအချင်းချင်း တစ်ပါးနှင့်တစ်ပါး မထေရ်ကြီးက မထေရ်ငယ်ကို ဖိတ်ရသည်။မထေရ်ငယ်က မထေရ်ကြီးကို ဖိတ်ရသည်။ သီတင်းသုံးဖော်ချင်း တစ်ပါးနှင့်တစ်ပါး အကျိုးရှိရှိပြောဆိုဆုံးမနိုင်ရန် ရည်သန်၍ကျင်းပကြသည်။ စေတနာမှန်ဖြင့် ဆိုဆုံးမခြင်း ထောက်ပြခြင်းသည် အမှန်တရားကို လက်ခံသူတို့အတွက် လွန်စွာတန်ဖိုးရှိလှသည်။ ဤ ပရဏာဖိတ်ပွဲကို အတုယူ၍ ဗုဒ္ဓဘာသာဝင်တို့သည် သီတင်းကျွတ် သက်ကြီးဝါကြီး ပူဇော်ကန်တော့ပွဲကို ထည့်သွင်းခဲ့ကြသည်။ မိမိတို့၏ ကာယကံ၊ ဝစီကံ၊ မနောကံတို့ဖြင့် ပြစ်မှားမှုတို့ကို ခွင့်လွှတ်ကြပါရန် လျှောက်ထားတောင်းပန်ကြသည်။ လှူဖွယ်ဝတ္ထုများဖြင့် ပူဇော်ကြလေသည်။ မြတ်စွာဘုရားလက်ထက်တော်က ရဟန်းတော်တို့သည် ၀ါမဆိုမီ မြတ်စွာဘုရားရှင်အား လာရောက်ဖူးမြော်ပြီး ကမ္မဋ္ဌာန်းတရားများကို တောင်းယူကြကာ ၀ါဆိုမည့် အရပ်များသို့ ကြွရောက်ကြသည်။ ၀ါတွင်းသုံးလပတ်လုံး ကမ္မဋ္ဌာန်းတရားကို ကြိုးစားအားထုတ်ကြပြီး သီတင်းကျွတ်လပြည့်နေ့တွင် အချင်းချင်း ပဝါရဏာပွဲကျင်းပကာ ဘုရားရှင်အား ဖူးမြော်ရန် ရောက်လာကြသည်။ မိမိတို့ ရရှိခဲ့သော တရားထူးများကို လျှောက်ထားကြပြီး ဓမ္မပူဇာဖြင့် ပူဇော်ကန်တော့ကြသည်။ ဤအစဉ်အလာကိုအတုယူ၍ ဗုဒ္ဓဘာသာဝင်တို့သည် သီတင်းကျွတ်သည့်အခါ သက်ကြီးဝါကြီးများအား ပူဇော်ကန်တော့ကြရသည့် ဓလေ့ထုံးစံ အကောင်းတစ်ခုကို တီထွင်ခဲ့ကြသည်။ ဗုဒ္ဓဘာသာဝင် မြန်မာတိုင်းရင်းသား ပေါင်းစုံတို့သည် ထိုဓလေ့ထုံးစံကောင်းကို ယနေ့ထိ လိုက်နာကြလျက် သီတင်းကျွတ်သည့်အခါ ရွာဦးကျောင်း ဘုန်းတော်ကြီးများ၊ နှစ်ဘက်မိဘဘိုးဘွားများ၊ ဆရာသမားများ၊ သက်ကြီးဝါကြီးများ၊ မြို့ရွာ ရပ်ကွက်ရှိ သက်ကြီးရွယ်အိုများအား မြန်မာမုန့်၊ နိုင်ငံခြားမုန့်စသော မွန်မြတ်သည့် အစားအသောက်များ၊ ပုဆိုး၊ အကျႌ၊ပုဝါစသော အဝတ်အထည်များ၊ ဆေးဝါးပစ္စည်းများဖြင့် မိမိတို့ အင်အားအလိုက် ထိုက်သလို ပူဇော်ကန်တော့လေ့ ရှိကြသည်။ ဤကောင်းမြတ်သော အစဉ်အလာကြောင့် ယခုခေတ်တွင် ရပ်ကွက်၊ မြို့ရွာအလိုက် သက်ကြီးပူဇော်ပွဲများ၊ ကျောင်းသားကျောင်းသူများက အာစရိယပူဇော်ပွဲများ၊ စာပေပညာရှင်ပူဇော်ပွဲ စသည်တို့ကို အခမ်းအနားဖြင့် စနစ်တကျ စည်ကားသိုက်မြိုက်စွာ ကန်တော့ပူဇော်သော အလေ့အထတစ်ရပ် ထွန်းကားလာသည်။ ဘုရားဒေသနာတော်လာ ပူဇော်နည်းနှစ်မျိုးဖြစ်သော “အာမိသပူဇာ၊ ဓမ္မပူဇာ” တို့ဖြင့် ပူဇော်ကြသဖြင့် တရားနှင့်လည်း ညီညွှတ်ပြီး ရရှိသူတို့အတွက်လည်း အကျိုးရှိကာ ၊ ပူဇော်သူတို့အတွက်လည်း ကုသိုလ်မင်္ဂလာ တိုးပွားကြပေသည်။ “ပူဇော်သည်” ဟု အဓိပ္ပာယ်ရသော “ပူဇာ” ဟူသော ပါဠိပုဒ်ကို “သက္ကရောတိ၊ ဂရုံကရောတိ၊ မာနေတိ၊ ပူဇေတိ၊ အပစိယတိ” - ဟု ဖွင့်ပြတော်မူခဲ့သည်။ ကောင်းစွာပြုခြင်း၊ အလေးအမြတ်ပြုခြင်း၊ ရှိခိုးပူဇော်ခြင်း ဟု အကျယ်ဖွင့်ပြခဲ့ပေသည်။ “အကောင်းဆုံး ပူဇော်ခြင်း” •••••••••••••••••••••••••••••••••••••••••••• ဝတ္တုပစ္စည်းတို့ဖြင့် ပူဇော်ခြင်းသည် “အာမိသပူဇာ”ဖြစ်သည်။ မြတ်စွာဘုရား လမ်းညွှန်ချက် တရားတော်အတိုင်း လိုက်နာ ကျင့်ကြံသောအားဖြင့် ပူဇော်ခြင်းသည် “ဓမ္မပူဇာ” ဖြစ်သည်။ မြတ်စွာဘုရား ချီးမွမ်းတော်မူသော ပူဇော်ခြင်းမှာ “ဓမ္မပူဇာ” ဖြစ်သည်။ “ဘုရားရှင်၏ အဆုံးအမကို လိုက်နာကျင့်ကြံခြင်း၊ မိဘ၊ ဆရာသမားတို့၏ သြဝါဒကို လိုက်နာကျင့်ကြံခြင်း” စသည်တို့ကို “အကောင်းဆုံး ပူဇော်ခြင်း”မည်ပေ၏။ “အကျိုးရှိသော ပူဇော်ကန်တော့နည်း” •••••••••••••••••••••••••••••••••••••••••••••••••••• မိဘဘိုးဘွားဆရာသမားများကို ပူဇော် ကန်တော့ကြသည့်အခါ အကျိုးတရား အပြည့်အဝ ရရှိစေရန် အတွက်အောက်ပါအတိုင်း ဆောင်ရွက်ရပေမည်။ (၁)။သဟတ္တာ ဒေတိ= အပူဇော်ခံ ပုဂ္ဂိုလ်လက်သို့အရောက် ကိုယ်တိုင်လက် နှစ်ဘက်ဖြင့် ကိုင်၍ ပေးလှူပါ၊ (၂)။သက္ကစ္စ ဒါနံ ဒေတိ - ရိုသေလေးစားစွာလှူပါ၊ (၃)။မလှူဒါန်းမီ “ငါးပါးသီလ” စသည်ကို ကြိုတင်ဆောက်တည်ပြီးမှ လှူဒါန်းပါ၊ (၄)။ဓမ္မပူဇာအနေဖြင့် ရှေးဦးစွာ ဘုရားရှင်အား ဂုဏ်တော်ကို ရည်မှန်းရှိခိုးဦးချပြီးမှ လှူပါ၊ (၅)။မိမိကနိမ့်ရာတွင်နေပြီး အပူဇော်ခံပုဂ္ဂိုလ်များ၏ သီလ၊ သမာဓိ၊ ပညာဂုဏ် တို့ကို အာရုံပြု၍ ရှိခိုးဦးချပါ။ သြကာသဖြင့် ကန်တော့၍ ရှိခိုးပူဇော်ပါ။ “ပူဇော်ကန်တော့ရသောအကျိုး” ••••••••••••••••••••••••••••••••••••••••••••• ပူဇော်ကန်တော့ရသောအကျိုးမှာ များပြားလှပါသည်။ ✤လောကရေးမှကြည့်လျှင်- - တန်ဖိုးရှိသော သြဝါဒများကို နာကြားရခြင်း၊ - ပညာရှိတို့ ချီးမွမ်းခံရခြင်း၊ - လူချစ်လူခင်ပေါများခြင်း စသည့်အကျိုးတို့ကို ရရှိပါသည်။ ✤ဓမ္မရေးရာမှ ကြည့်လျှင်- အသက်ရှည်ခြင်း၊အဆင်းလှခြင်း၊ ခွန်အားကြီးခြင်း၊ကိုယ်စိတ်နှစ်ဖြာချမး်သာခြင်း၊ ဉာဏ်ပညာကြီးမားခြင်း၊ ဘုန်းတန်ခိုးအာနုဘော် ကြီးမားခြင်းစသော အကျိုးတရားများကို ရရှိနိုင်ပါသည်။ “ဒါန မင်္ဂလာ၊ ဂါရဝနိ၀ါတ မင်္ဂလာ၊ ကတညုတ မင်္ဂလာ၊ သောဝစဿတာ မင်္ဂလာ” စသော မင်္ဂလာတရားတော် တို့နှင့် ပြည့်စုံသဖြင့် ဧတာဒိသာနိ ကတွာန သဗ္ဗတ္ထ မပရာဇိတာ စသော မင်္ဂလာအကျိုးပြ ဒေသနာတော်အရ ပြောဆို ကြံစည် ဆောင်ရွက်သမျှ အောင်မြင်ရခြင်း၊ ဘေးရန်ခပ်သိမ်း ကင်းငြိမ်း၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်း စသော အကျိုးတရားများကို ရရှိခံစားနိုင်ပေသည်။ “အသက်ရှည်ဆေးကြီး” ••••••••••••••••••••••••••••••••••••••• အာယုဝဎ္ဍနသတို့သားဝတ္ထု၌ သက်ကြီးရွယ်အိုများအား ရှိခိုးပူဇော်ခြင်း ၊ ရိုသေလေးစားခြင်း၊ ပြုစုလုပ်ကျွေးခြင်း တို့ကို အမြဲတစေ ပြုလုပ်သောသူသည် အသက်ရှည်ခြင်း စသော အကျိုးတရားလေးပါးကို ရရှိနိုင်သည်ဟု ဟောတော်မူခဲ့သည်။ ❖ကန်တော့ ပူဇော်ရသော ကောင်းမှုကြောင့် ငယ်ငယ် ရွယ်ရွယ်နှင့်သေစေနိုင်သည့် အကုသိုလ်ကံကိုပင် ပယ်ဖျောက်၍ အသက် ၁၂၀-ထိပင် ရှည်စေခဲ့သည်။ ❖သက်ကြီးဝါကြီးများအား ရိုသေလေးစားသူများ၊ ပူဇော်ကန်တော့ သူများသည် ဥပစ္ဆေဒကကံဖြင့် မသေနိုင်။ ထို့ကြောင့် အသက်ရှည်လိုသူတိုင်း အစဉ် အလာကောင်း တစ်ရပ်ဖြစ်သည့် သက်ကြီးဝါကြီး ပူဇော်ကန်တော့မှုတို့ကို ထာဝစဉ် ပြုလုပ်သင့်သည်။ ❖သက်ကြီးရွယ်အိုများအား ပူဇော်ကန်တော့ခြင်းသည် အပြစ်ကို ပပျောက်စေနိုင်သည်။ သတ္တဝါမှန်သမျှ သံသရာခရီးသည် များချည်းသာ ဖြစ်ကြသဖြင့် အတိတ်ဘဝများ၌ဖြစ်စေ၊ ယခုဘဝ၌ဖြစ်စေ၊ ကိုယ်နှုတ်နှလုံး သုံးပါးတို့တွင် တစ်ပါးပါးဖြင့် ပြစ်မှားခဲ့မှုများ ရှိနိုင်ကြသည်။ ❖အကယ်၍ ကန်တော့တောင်းပန်မှု မပြုခဲ့သော် သံသရာ ရန်ညိုးကြီးအဖြစ် ပါသွားတတ်သည်။ သံသရာတလျှောက် လက်စားချေ၍မဆုံး၊ အမုန်းသံသရာလည်နေတတ်သည်။ ကြီးလေးသော အဆိုးဆုံးသော အပြစ်များကို ကန်တော့ခြင်းဖြင့် ပပျောက်နိုင်သည်။ ❖ “သောရေယျ သူဌေးသားဝတ္ထု”၌ “အရှင်မဟာကစ္စည်း” ကို ပြစ်မှားမိ၍ ယောက်ျားဘဝမှ မိန်းမ ဖြစ်ခဲ့ရသည်။ သို့သော် အရှင်မြတ်ကို ဝန်ချတောင်းပန်ကန်တော့လိုက်သဖြင့် ယောက်ျားဘဝ ပြန်ရောက်ကာ “ရဟန္တာ”ဖြစ်ခဲ့သည်။ ထို့ကြောင့် လောကအကျိုး၊တမလွန်အကျိုးများ ရရှိနိုင် သည့်အပြင်၊ အပြစ်ကြီးငယ်တို့ကို ပပျောက်သွားစေနိုင်သည့် ဓလေ့ကောင်း၊အကျိုးရှိသော အစဉ်အလာကောင်း တစ်ခုဖြစ်သည့် သီတင်းကျွတ် သက်ကြီးဝါကြီး ပူဇော်ကန်တော့ပွဲများကို မြန်မာ့ယဉ်ကျေးမှုအနေဖြင့် အစဉ်ထာဝရ ထိန်းသိမ်းထားရပေမည်။ ။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 【ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရသာသနာရေးဝန်ကြီး ဋ္ဌာန ဗုဒ္ဓဘာသာ တရားတော် အဆင့်မြင့်စာအုပ် နှာ 368-372 မှ - ကောက်နှုတ်ကူးယူပူဇော်မျှဝေပါသည်။】 Posted by► www.facebook.com/youngbuddhistassociation.mm
https://www.dhammaransi.com/index.php/new/713-2015-10-28-09-58-15.html
“အဘိဓမ္မာတရား ဟောတော်မူပုံ”
မြတ်စွာဘုရား တာဝတိံသာ ရောက်တဲ့အခါကျတော့ သိကြားမင်းကြီးထိုင်တဲ့ ပင်လယ်ကသစ်ပင်အောက်မှာ ခင် းထားတဲ့ ပဏ္ဍုကမ္ဗလာကျောက်နေရာမှာ ထိုင်တော်မူတယ်။ အဲဒီ ကျောက်နေရာကြီးက ကျောက်တော့ကျောက်ပဲ၊ ဒါပေမယ့် ကျောက်ပျော့ကြီး၊ အဲဒီပေါ် ထိုင်လိုက်လို့ရှိရင် အိသွားတယ်၊ ထူးထူးဆန်းဆန်း ကျောက်ပျော့၊ ဘယ်မှာ ရှိလဲလို့ပြောရင် အဲဒီမှာ ရှိတယ်လို့ ပြောရမယ်၊ ဆိုဖာကြီးလိုပဲ၊ သိကြားမင်းကြီး အဲဒီပေါ် ထိုင်လိုက်လို့ရှိရင် ချက်လောက်ထိအောင် မြုပ်သွားတယ်တဲ့။ အဲဒီလို မြတ်စွာဘုရားက ပဏ္ဍုကမ္ဗလာ ကျောက်ဖျာပေါ်မှာ သီတင်းသုံး ထိုင်နေစဉ် နတ်တွေ ဗြဟ္မာတွေ ရောက်လာကြတဲ့အခါမှာ ဘုရားဖြစ်ပြီး ၂၂-ရက်နေ့က နေပြီး ရက်သတ္တပတ် ဆင်ခြင်ထားတဲ့ အဘိဓမ္မာတရားတွေကို ခေါင်းစည်းတစ်ခုထဲအောက်မှာ ထားပြီး အဘိဓမ္မာ ၇-ကျမ်းကို ဟောတယ်တဲ့၊ တစ်ဝါတွင်းလုံး ဒီ အဘိဓမ္မာတရားချည်းပဲ ဟောတယ်။ “မယ်တော် ကျေးဇူးဆပ်” •••••••••••••••••••••••••••••••• အဲဒီလို မြတ်စွာဘုရားက ပဏ္ဍုကမ္ဗလာ ကျောက်ဖျာပေါ်မှာ သီတင်းသုံး ထိုင်နေပြီး နတ်တွေ ဗြဟ္မာတွေ ရောက်လာကြတဲ့အခါမှာ ဘုရားဖြစ်ပြီး ၂၂-ရက်နေ့ကနေပြီး ရက်သတ္တပတ် ဆင်ခြင်ထားတဲ့ အဘိဓမ္မာတရားတွေကို ခေါင်းစည်းတစ်ခုထဲ အောက်မှာထားပြီး အဘိဓမ္မာ ၇-ကျမ်းကို ဟောတယ်တဲ့။ “ကုသလာ ဓမ္မာ၊ အကုသလာ ဓမ္မာ၊ အဗျာကတာ ဓမ္မာ” ဆိုပြီးတော့ ၃-စု၊ မာတိကာ ပေးတယ်။ “ဟေတူ ဓမ္မာ၊ န ဟေတူ ဓမ္မာ” စသည်ဖြင့် ၂-စု မာတိကာလေးတွေ ခေါင်းစဉ်လေးတွေ ပေးပြီးတော့ မြတ်စွာဘုရားက ဟောသွားလိုက်တာ တစ်ဝါတွင်းလုံး ဒီ အဘိဓမ္မာတရားချည်းပဲ ဟောတယ်။ အဲဒီလို အဘိဓမ္မာတရား ဟောကြားရာ တာဝတိံသာနတ်ပြည် တရားနာပရိသတ်ထဲမှာ အလွန် ထူးခြားတဲ့ပုဂ္ဂိုလ် တစ်ဦး ပါလာတယ်။ ဘယ်သူတုန်းဆိုရင် တုသိတာနတ်ပြည်မှာ နတ်မင်းအဖြစ်ဖြင့် ဖြစ်နေတဲ့ လူ့ဘဝတုန်းက ဘုရားလောင်းရဲ့ မယ်တော် နတ်သားပဲ။ ●သန္တုဿိတ နတ်သားဘဝနဲ့ ဘုရားတရားပွဲမှာ လာရောက်ပြီး ၊လက်ယာဘက်မှာ ထိုင်ပြီးတော့ နာယူနေတယ်။ အဲဒီ မယ်တော်ကြီးကို ဦးတည်ပြီးတော့ မြတ်စွာဘုရားက အဘိဓမ္မာတရားကို ဟောတာ။ မယ်တော်ကို ကျေးဇူးဆပ်တယ်လို့ ပြောကြတယ်ပေါ့။ ●ကျေးဇူးဆပ်တယ်လို့ ပြောတဲ့အထဲမှာ ဘာတွေ အပို ထည့်ပြောတုန်းဆိုရင် “အမိကျေးဇူးဟာ ဆပ်မကုန်နိုင်ဘူး၊ အဲဒါ ဘုရားသော်မှ အဘိဓမ္မာတရားဟောတာတောင် နို့တစ်လုံးဖိုးသာ ကျေသေးတယ်တို့၊ ဘာတို့နော်” တစ်လုံးက ဘယ်လောက်တန်လို့ တစ်လုံးဖိုးတို့၊ နှစ်လုံးဖိုးတို့ ပြောလို့ရမတုန်း၊ တစ်လုံးဖိုးပဲ ကျေသေးတယ်၊ နောက်တစ်လုံးဖိုး ကျန်နေသေးတယ်လို့ အဓိပ္ပာယ်မျိုး ပြောကြတယ်။ ဒါတွေက စာထဲမပါတဲ့ စကားတွေပါ၊ စာထဲမပါပေမယ့် တချို့ဟာက ယုတ္တိရှိတယ်၊ အခုဟာက ယုတ္တိမရှိဘူး။ ဘာဖြစ်လို့တုန်းဆို တန်ဖိုးဖြတ်ထားမှသာ ပြောလို့ ရတော့မပေါ့၊ အဘိဓမ္မာတရားဟောရင် တစ်လုံးဖိုးပဲ ကျေသေးတယ်၊ နောက်တစ်လုံးဖိုးကို ကျေဖို့ရန်အတွက် ထပ်ဟောရမယ့် ပုံစံမျိုး ဖြစ်နေတယ်။ မယ်တော်ကြီးကို ဦးတည်ပြီး တစ်သောင်းသော စကြာဝဠာက ရောက်ရှိလာတဲ့ နတ်ဗြဟ္မာအပေါင်းရဲ့ အလယ်မှာ ရှင်တော်မြတ်ဘုရားဟာ ဒီ အဘိဓမ္မာ မြတ်ဒေသနာကို တာဝတိံသာနတ်ပြည်မှာ ဟောကြားခဲ့တာ၊ လူ့ပြည်က အရေအတွက်အားဖြင့် ပြောမယ်ဆိုလို့ရှိရင် “၃-လတိတိ၊ ရက်ပေါင်း ၉၀”-ကြာတယ်လို့ ပြောရမယ်။ ရက်ပေါင်း ၉၀-ကြာမှ ဟောဒီ အဘိဓမ္မာတရားဟာ ပြီးဆုံးသွားတယ်။ နတ်တို့ရဲ့အချိန်နဲ့ ပြောမယ်ဆိုရင် မိနစ်ပိုင်းလောက်ပဲ ရှိပါတယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ လူ့ပြည်က အနှစ် ၁၀၀-သည် တာဝတိံသာနတ်ပြည်မှာ ၁-ရက်ပဲ ရှိပါသေးတယ်။ နေ့တာ ညတာ ဟိုက ပိုပြီးတော့ ရှည်တယ်။ လူ့ပြည်က တိုတယ်၊ လူ့ပြည် အနှစ် ၁၀၀-မှ တာဝတိံသာနတ်ပြည် ၁-ရက်ဆိုတော့ မိနစ်ပိုင်းလောက်ပဲ ကြာတယ်ပေါ့။ ၃-လဆိုတာ ဘာမှ မရှိဘူးပေါ့။ တရားပွဲက ဘာမှ မကြာလိုက်ဘူးပေါ့။ ခဏလေး ပြီးသွားတယ်။ မြတ်စွာဘုရားက တာဝတိံသာနတ်ပြည်ကို ကြွသွားတဲ့ အခါကျတော့ ဘုရားက လူသားဆိုတော့ ခပ်သေးသေးနေမှာပေါ့၊ လူ့အတောင်နဲ့ ပြောရင်တော့ ၁၈-တောင်ပေါ့၊ ၁၈-တောင်ဆိုတာ ဘယ်လောက်မှ မရှိဘူးပေါ့။ ၁၈-တောင်ကို တချို့က ၁၈-မိုက်လို့ ပြောကြတယ်။ ဘုရား ၁၈-တောင်ဆိုရင် ထိုခေတ်လူတွေကလည်း အားလုံး ၁၈-တောင် တညီတည်း ဖြစ်ကြရမှာပေါ့၊ လျော့ရင် နည်းနည်းပဲပေါ့၊ နို့မို့ဆိုရင် ဘုရားတစ်ဆူတည်းကသာ ၁၈-တောင်ဖြစ်ပြီးတော့ ကျန်တဲ့လူတွေက ပုပုလေးတွေဆို ဘယ်လိုလုပ်ပြီးတော့ ဆွမ်းလောင်းတာတို့၊ ဘုရားဖူးသွားတာတို့ ဖြစ်နိုင်ပါ့မတုန်း၊ မဖြစ်နိုင်ဘူး၊ သူ့ခေတ်သူ့လူတွေရဲ့ အရပ်အမောင်း ဒီလိုပဲ တညီတည်း ဖြစ်ရမှာပေါ့။ ဒီတော့ နတ်ပြည်ရောက်သွားတဲ့အခါ နတ်တွေက ကြီးတယ်။ သူတို့ခန္ဓာကိုယ်က အကြီးကြီးတွေ၊ အဲဒီတော့ မြတ်စွာဘုရားက ပကတိကိုယ်နဲ့ သီတင်းသုံးမယ်ဆိုရင် နတ်တွေကလည်း သူတို့ လူသားတွေရဲ့ ပုံစံပဲ ဖန်ဆင်းပြီး ထိုင်နေရမှာပဲ။ နတ်က ဖန်ဆင်းလို့ ရတာပဲ၊ လူ့ပြည်လာတဲ့အခါမှာ အပ်ဖျားလေး ချလောက်တဲ့ နေရာလေးမှာတောင် နတ်က ၁၀-ယောက်၊ အယောက်၂၀၊ ဒီလို စုထိုင်နေကြတာတဲ့။ နေရာ မရဘူးဆိုရင် အဲဒီလို သူတို့ ထိုင်ရတယ်၊ အပ်ဖျားလေး ထောက်လောက်တဲ့ နေရာလေးဆို သေးသေးလေး၊ အဲဒီလောက် သေးသေးလေးကို နတ်တွေက ၁၀-ယောက်၊ ၁၅-ယောက် စုထိုင်နိုင်အောင် သူတို့ ဖန်တီးလို့ ရတယ်။ သို့သော် စာထဲအတိုင်း ပြောမယ်ဆိုရင် မြတ်စွာဘုရားက ပါလာတဲ့ နှစ်ထပ်သင်္ကန်းကြီးကို ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာကြီးပေါ်မှာ လွှမ်းလိုက်တဲ့အခါ နှစ်ထပ်သင်္ကန်းကြီး ပဏ္ဍုကမ္ဗလာ ကျောက်ဖျာကြီးတစ်ခုလုံး ဖုံးသွားတယ်တဲ့။ကိုယ်တော်မြတ်ကလည်း ထိုင်လိုက်တဲ့အခါ တင်ပလ္လ္လင်ခွေကြီး တစ်ခုလုံးဟာ အဲဒီ ကျောက်ဖျာကြီးတစ်ခုလုံး ပြည့်သွားတယ်ဆိုတော့ ဘုရားကိုယ်တော်ကြီးဟာ ပြောင်းသွားတယ်ပေါ့။ ခန္ဓာကိုယ်တော်ကြီးကနေပြီးတော့ နတ်တွေရဲ့ အတိုင်းအတာလို ရုပ်ပွားတော်ကြီး အကြီးကြီး ဖြစ်သွားတယ်လို့ ဒီလို ပြောရမှာ။ “လူ့ပြည် ကြွလာလေ့ရှိ” •••••••••••••••••••••••••••• မြတ်စွာဘုရားက တရားဟောရင်း နေ့စဉ်နေ့စဉ် ဆွမ်းဘုန်းပေးတဲ့အချိန်ကို လူ့ပြည် ကြွလာလေ့ ရှိတယ်၊ သို့သော်... မြတ်စွာဘုရားက တရားဟောရင်း နေ့စဉ်နေ့စဉ် ဆွမ်းဘုဉ်းပေးတဲ့အချိန်ကို လူ့ပြည် ကြွလာလေ့ ရှိတယ်၊ သို့သော် သာဝတ္ထိတို့ ရာဇဂြိုဟ်တို့ဆိုတဲ့ ဒေသကို မကြွဘဲနဲ့ ဘယ်သူမှ မသိတဲ့ မြောက်ကျွန်းဘက်ကို ကြွတယ်၊ မြောက်ကျွန်း ကြွပြီးတော့ ဆွမ်းခံတယ်၊ ဆွမ်းခံပြီးတဲ့အခါ ဟိမဝန္တာတောင် စန္ဒကူးတောထဲက စန္ဒကူးပင်အောက် အနောတတ်ရေအိုင် အနီးအနားမှာ ဆွမ်းဘုဉ်းပေးတယ်။ အဲဒီလို မြတ်စွာဘုရား ဆွမ်းဘုဉ်းပေးတဲ့အခါ ဘယ်သူက ဝတ်ကြီးဝတ်ငယ် ပြုတုန်းဆို “ရှင်သာရိပုတ္တရာ” တစ်ပါးတည်းပဲ အဲဒီကို ကြွလာပြီး ဘုရား ဆွမ်းဘုဉ်းပေးတဲ့အခါမှာ ဝတ်ကြီးဝတ်ငယ် ပြုတယ်တဲ့။ အဋ္ဌကထာထဲမှာတော့ ဘယ်လို ရေးထားလဲဆိုတော့ လူ့ခန္ဓာကိုယ်ရဲ့ သဘာဝအတိုင်း စားချိန်ကျရင် စားရမယ်။ နားချိန်ကျရင် နားရမယ်ပေါ့၊ ဒါကြောင့်မို့ မြတ်စွာဘုရားလည်း ရုပ်သဘာဝအတိုင်းပေါ့၊ ဆွမ်းဘုဉ်းပေးဖို့ အချိန်ကျတဲ့အခါ လူ့ပြည်ကြွ ဘုဉ်းပေးတယ်။ အနားယူရမယ့်အချိန် အနားယူတယ်။ ပြီးတော့မှ တရားဆက်ဟောတယ်။ “နိမ္မိတရုပ်” ••••••••••••••••• ဘုရားရှင် လူ့ပြည်ကြွတဲ့အခါ “နိမ္မိတရုပ်”ဖန်ဆင်းပြီးတော့ ထားခဲ့တယ်တဲ့၊ အဲဒီ နိမ္မိတ ရုပ်ပွားတော်ကနေ ဆက်ပြီးတော့ ဟောနေရစ်တယ်လို့ ပြောတယ်။ ဘုရားအစစ်က ဘယ်ကနေ ဘယ်လောက်ထိ ဟောမယ်ဆိုတာကို သတ်မှတ်ပေးထားတဲ့အတိုင်း နိမ္မိတရုပ်ကနေ ဆက်ပြီးတော့ ဟောသွားတယ်။ ခုခေတ်လိုဆိုရင် TV ဖွင့်ထားခဲ့တဲ့သဘောပေါ့။ “လူ့ပြည်မှာ ဟောခဲ့” •••••••••••••••••••••••••••••••• မြတ်စွာဘုရား ဘာဖြစ်လို့ လူ့ပြည်ကြွတာတုန်းဆိုတော့ ရှင်သာရိပုတ္တရာနဲ့ နေ့တိုင်း တွေ့ပြီးတော့ နတ်ပြည်မှာ ဟောခဲ့တဲ့တရားကို ရှင်သာရိပုတ္တရာကို အကျဉ်းချုပ် ပြန်ပြန်ပြီး နေ့တိုင်း ဟောခဲ့တာ။ ဘုန်းကြီး တစ်ခုတွေးမိတာကတော့ အဲဒါဟာ အဓိက ဖြစ်လောက်တယ်။ လူ့ပြည်က လူတွေ တန်ရုံ မြတ်စွာဘုရားက ရှင်သာရိပုတ္တရာကို ဟောခဲ့တယ်။ ရှင်သာရိပုတ္တရာက အမျိုးကောင်းသား တပည့်ရဟန်း ၅၀၀-ကို ထပ်ဆင့် သင်ပေးတယ်။ အဲဒီရဟန်းတွေဟာ ကဿပမြတ်စွာဘုရားရှင်ရဲ့ လက်ထက်တော်တုန်းက လင်းနို့တွေ ဖြစ်ခဲ့တယ်။ လင်းနို့ကနေ လူ့ဘဝ ရောက်လာတယ်ပေါ့။ လင်းနို့သား ၅၀၀-ဘဝတုန်းက အဘိဓမ္မာဆောင် ရဟန်းတွေက သူတို့နေတဲ့ လိုဏ်ဂူထဲမှာ ရွတ်ဖတ် သရဇ္ဈာယ်ကြတယ်၊ ဒီအခါ လင်းနို့တွေက အဘိဓမ္မာတရားသံကို နားထောင်ရင်း သူတို့ နားထဲမှာ ကျက်မိနေကြတယ်။ ဒီလို မြတ်စွာဘုရားရှင်ဟာ ၃-လတိတိ ၊ ရက်ပေါင်း ၉၀- နေ့စဉ် လူ့ပြည်ကို ကြွပြီးတော့ ရှင်သာရိပုတ္တရာကို အဘိဓမ္မာတရား အကျဉ်းချုပ်ပြီး ဟောခဲ့တာ၊ ရှင်သာရိပုတ္တရာဆိုတာက အင်မတန်မှ ဉာဏ်ထက်မြက်တဲ့ ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့် မြတ်စွာဘုရားက အရိပ်အမြွက် အကျဉ်းချုပ်ကို ဟောပြလိုက်တာနဲ့ အကုန်လုံး ရသွားတယ်။ အခု ဒီကနေ့ လူ့ပြည်မှာ ရောက်နေတဲ့ အဘိဓမ္မာတရားသည် တာဝတိံသာနတ်ပြည်မှာ ဟောတဲ့ အလွန် ကျယ်ဝန်းလှတဲ့ အဘိဓမ္မာတရား မဟုတ်ဘူး၊ ရှင်သာရိပုတ္တရာမထေရ်မြတ်ကို နေ့စဉ် နေ့စဉ် သင်ပေးခဲ့ပြီး ရှင်သာရိပုတ္တရာက သူ့ဉာဏ်နဲ့ ဘုရားဟောတဲ့ အဘိဓမ္မာကို အကျဉ်ချုပ်ပြီး လင်းနို့တစ်ဖြစ်လဲ ရဟန်းတော်တွေကို သင်ပေးခဲ့တဲ့ အဘိဓမ္မာလို့ နားလည်ရပါတယ်။ အဋ္ဌကထာမှာ ဘယ်လို မှတ်တမ်းတင်ထားတုန်းဆို တာဝတိံသာနတ်ပြည်မှာ မြတ်စွာဘုရားက အဘိဓမ္မာ ၇-ကျမ်းဟောလို့ နိဂုံးချုပ်တဲ့နေ့မှာပဲ လူ့ပြည်က ရဟန်း ၅၀၀ လည်းပဲ အဘိဓမ္မာ ၇-ကျမ်းဆောင် ပုဂ္ဂိုလ်တွေ ဖြစ်သွားတယ်တဲ့၊ တစ်ပြိုင်နက်် ပြီးတယ်။ လူ့ပြည်က ရှင်သာရိပုတ္တရာရဲ့ အဘိဓမ္မာသင်တန်း၊ နတ်ပြည်က မြတ်စွာဘုရားရဲ့ အဘိဓမ္မာဒေသနာတော်ဟာ တစ်ပြိုင်နက် ပြီးဆုံးသွားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် “အဘိဓမ္မေ ၀ါစနာမဂ္ဂေါ နာမ သာရိပုတ္တ္တထေရပ္ပဘဝေါ- ဒီကနေ့ခေတ် လူ့ပြည်ရောက်နေတဲ့ အဘိဓမ္မာမြတ်ဒေသနာသည် ရှင်သာရိပုတ္တရာက စ,တာပါ” လို့မှတ်တမ်းတင်ထားတယ်။ ရှင်သာရိပုတ္တရာ မထေရ်မြတ် စီစဉ်ပို့ချတဲ့ အဘိဓမ္မာဒေသနာ သင်ရိုးသည် ဒီကနေ့ ထေရဝါဒ မြန်မာနိုင်ငံမှာ အဘိဓမ္မာ ၇-ကျမ်းအဖြစ် သတ်မှတ်ပြီး စာအုပ် ရိုက်နှိပ်ထားတာနော်။ ဓမ္မသင်္ဂဏီက တစ်အုပ် ရှိတယ်၊ ဝိဘင်းက တစ်အုပ် ရှိတယ်၊ စာမျက်နှာ ၄၀၀- ပတ်ဝန်းကျင် ရှိတယ်၊ ဓာတုကထာနဲ့ ပုဂ္ဂလပညတ် နှစ်အုပ်တွဲ စာမျက်နှာ ၂၀၀- ဝန်းကျင် ရှိတယ်၊ ကထာဝတ္ထုကျမ်းက စာမျက်နှာ ၅၀၀-ဝန်းကျင် ရှိတယ်၊ ယမိုက်ကျမ်းကျတော့ ၃-တွဲ၊ ပဋ္ဌာန်းကျမ်းက ၅-တွဲ ရှိတယ်တဲ့။ ဒါတောင် ပဋ္ဌာန်းမှာ အကျဉ်းချုံးပြီးတော့ ရိုက်ထားတာပါ။ ဒီတော့ ဒီကနေ့ သင်္ဂါယနာ ၆-တန် မှတ်တမ်း တင်ထားတဲ့အတိုင်း အဘိဓမ္မာကိုပဲ ရွတ်ဖတ်မယ်ဆိုရင် ပဋ္ဌာန်း တစ်ကျမ်းတည်းတောင်မှ အနည်းဆုံး ၄-ရက်လောက် အသံမစဲ ရွတ်မှ ကုန်တယ်။ ဒီလောက် များပြားတယ်။ တာဝတိံသာနတ်ပြည်မှာ ဘုရားဟောတဲ့ အဘိဓမ္မာတရားဆိုရင် ဒီထက် ကျယ်ဝန်း များပြားတော့မှာပေါ့။ ဒီကနေ့ လူ့ပြည်မှာ သင်္ဂါယနာတင်ထားတာက ရှင်သာရိပုတ္တရာ ပို့ချပေးတဲ့ သင်ရိုးအတိုင်း တင်ထားတာမို့ မကျဉ်းမကျယ် ရှိတာပါ။ ဒါကို “အဘိဓမ္မာမြတ်ဒေသနာ” လို့ ခေါ်ပါတယ်။ - 【ပါမောက္ခချုပ် ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ၏ အဘိဓမ္မာ မြတ်ဒေသနာ(ပထမတွဲ) နှာ၂၈ မှ-နှာ၃၅ မှ
https://www.dhammaransi.com/index.php/new/714-2015-10-28-09-57-17.html
အဘိဓမ္မာနေ့ ( သီတင်းကျွတ်လပြည့် )
https://www.dhammaransi.com/index.php/new/715-2015-10-28-09-54-54.html
သူတော်ကောင်း နတ်ကောင်းစောင့်တယ်ဆိုတာ
သူတော်ကောင်း နတ်ကောင်းစောင့်တယ်ဆိုတာ ------------------------------- အရှင်သာရိပုတြာ တပည့်လေးဟာ တရားထိုင်နေုတုန်း အနာဂါမ်ဖြစ်ပြီး ရဟန္တာဖြစ်ခါနီးမှာ ရှင်သာရိပုတြာ က အပြင်ကဆွမ်းခံပြန်လာခဲ့တယ် ကျောင်းထဲဝင်လိုက် တာနဲ ့ကိုရင်လေးဟာ သမာဓိပျက်ပြီး ရဟန္တာမဖြစ် နိ ုင်တော့ဘူး အဲဒါကို ဘုရားရှင်က သိတော်မူတယ် ဒါ့ကြောင့် ဘုရားရှင်ဟာ ရှင်သာရိပုတြာ ကျောင်းထဲမရောက်ခင် တံခါးဝမှနေ၍ စောင့်ပြီး အရှင်သာရိပုတြာနဲ ့စကားပြောဆိုပြီး အချိန်ဆွဲထားခဲ့တယ် ဘုရားရှင်ရဲ့အကြံတော်ကို သိတော့ သိကြားမင်းက လည်း ကိုရင်လေးတိတ်ဆိတ်စွာတရာကျင့်ဖို ့အတွက် ခြင်္သေ့အယောင်ဆောင်ပြီး ကျောင်းနားကနေ အခြားတိရစ္ဆာန်တွေမလာနိ ုင်အောင် စောင့်ပေးတယ် နောက်ပြီး မွန်းတည့်ခိိျန် ရောက်ခါနီးတဲ့အတွက် ကိုရင်လေး ရဟန္ထာဖြစ်ပြီး ဆွမ်းမစားရမှာစိုးလို ့ နေနတ်သားကလည်း နေလုံးကို ဖမ်းဆုတ်ပြီး မွန်းမလွဲအောင်တားထားတယ် ကိုရင်လေး ရဟန္တာဖြစ်သွားတော့မှ ဘုရားရှင်က အသင့် တပည့်လေးကို ဆွမ်းသွားကျွေးလိုက်ဦး ဆာနေပြီဆိုပြီး လွှတ်လိုက်တယ် ကိုရင်လေးလည်း ဆွမ်းစားတယ် ဆွမ်းစားပြီးတော့မှ နေနတ်သားကလည်း နေကိုလွှတ်လိုက်တယ် ချက်ချင်းကြီးမွန်းလွဲသွားတဲ့အတွက် အခြားရဟန်း တွေက မေးလျှောက်တော့မှ ဘုရားရှင်က အဲဒီဇတာတ်ကြောင်းကို ဟောတော်မူပြီး သူတော်ကောင်းအလုပ်ကိုလုပ်လျှင် နတ်တွေ မကူညီ၍မရကြောင်းဟောကြားခဲ့ပါတယ် တကယ်တော့ နတ်ပြည်နတ်လောကမှာ နတ်သဘင် အစည်းအဝေးတွေကျင်းပတယ်ဆိုတာ လူ ့ပြည်က တရားအားထုတ်တဲ့ သူတော်ကောင်းတွေ ကိုစောင့်ရှောက်ဖို ့ သာသနာတော်အတွက် ပေးဆပ်နေသူတွေကို ကာကွယ်ဖို ့ စောင့်ရှောက်ဖို ့ အထက်နတ်မင်းကြီးတွေကနေ အောက်နတ်တွေ အထိ အဆင့်ဆင့်စောင့်ရှောက်ဖို ့ခွဲတမ်းချ တာဝန်ပေးခြင်းအမှ ု ့တွေကိုပြ ုတာပါပဲ တရားကျင့်နေသူ သို ့မဟုတ် သာသနာတော်အတွက် ပေးဆပ်နေသူတွေဟာ ဒုက္ခရောက်နေပြီဆိုွှရင် မိမိနိ ုင်သလောက်ကူညီရတယ် မကူညီရင် အနီးနားက အောက်နတ်တွေဟာ အထက်နတ်မင်း ကြီးတွေရဲ့ ဒဏ်ခတ်ခြင်းကို ခံရတယ်ဒါ့ကြောင့် သူတို ့တွေဟာ သူတော်ကောင်းတွေကို ဥပေက္ခာပြ ုလို ့မရဘူး သူတော်ကောင်းတွေ ဘာလို ့လည်းဆိုတာ အမြဲ စောင့်ကြည့်နေရတာ ီကိစ္စကို တောထဲမှာ တရားကျင့်နေတဲ့ ဆရာတော် တွေကို လေ့လာကြည့်ရင်သိနိ ုင်တယ် ဆရာတော်ကြီးအချို ့ဆိုရင် စိတ်ထဲမှာ ဘာမှကို မကြံရဲပါလား လို ့တောင်မှတ်တမ်း တွေမှာတွေ ့ရပါတယ် ဝေဘူဆရာတော်ဘုရားကြီး ဆိုရင် ဒို ့များစမ်းကြည့်တာ မှန်တယ်ဗျာတဲ့ သစ်ပင်ရှိရင်ဆွမ်းရှိတာပဲလို ့သစ်ပင်တွေအောက် ဆွမ်းခံတာ ဆွမ်းရကြောင်းစမ်းသပ်ပြီး မိန် ့ဆိုဘူးတယ်
https://www.dhammaransi.com/index.php/new/716-2015-10-25-07-09-14.html
ပဋ္ဌာန်း ဒေသနာကို မှန်မှန် ရွတ်ခြင်း၏ အကျိုးများ
ပဋ္ဌာန်း မှန်မှန် ၊ နှစ်ရှည် ရွတ်ခြင်း၏ အကျိုးများကို ယုတ္တိ သဘောဖြင့် ဆင်ခြင်ကြည့်ခြင်း ... ပဋ္ဌာန်းရွတ်တယ် ဆိုတာ ပဋ္ဌာ န်း ပစ္စယ ဥဒေသ နဲ့ ပစ္စယ နိဒေသ တို့ ကို ရွတ် ဆိုတာ ကိုဆိုလိုပါတယ်။ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ပဋ္ဌာန်းဒေသနာကို အရှင်သာရိပုတ္တရာ က မကျဉ်းမကျယ် ပြန် ဟောထားတဲ့ ပဋ္ဌာန်း ၅ ကျမ်းကိုတော့ မြည်သံမစဲ ပဋ္ဌာန်းပွဲ ဆိုပြီး ရွတ် ဆိုကြတာလည်းရှိပါတယ်။ ကိုယ့် တစ်နိုင်တစ်ပိုင်ကတော့ ပဋ္ဌာန်း ပစ္စယ ဥဒေသ နဲ့ ပစ္စယ နိဒေသ ကို ပဲ ရွတ်ကြပါတယ်။ အသံမှန် နဲ့ ရွတ်ရင် နာရီ ဝက်လောက် အလုပ်လုပ်ရပါတယ်။ အသံထွက်ပြီး ရွတ်ရပါတယ်။ အဓိပ္ပါယ် နားမလည်ခင်ပဋ္ဌာန်းရွတ် တဲ့အခါ .... စိတ်ထဲ မှာ ရှိနေသင့်တာက ... အော် …….. မြတ်စွာဘုရား ဟောခဲ့ တဲ့ တရားကို ငါလိုက်ဆိုနေတာပါလား။ တရားဓမ္မကို ရွတ်ဖတ်ခြင်း ဖြင့် ဘုရား ကို ဓမ္မဖြင့် ငါ ပူဇော် နေတာပါလား ဆိုတဲ့ အသိ တရား (သတိတရား) နဲ့ ရွတ်ကြပါတယ်။ ရွတ်ဆိုနေရာမှာ လည်း အသံထွက် မမှားရအောင် ၊ တရားအစီအစဉ် မလွဲရအောင် ၊ တလေးတစား နဲ့ ရွတ်ရပါတယ်။ နေ့စဉ်မှန်မှန်ရွတ်တော့ ဘာအကျိုးရှိသလဲ ဆိုတာ ယုတ္တိ သဘောနဲ့ ဆင်ခြင် ကြည့်တော့ ... (၁) နေ့စဉ် ကောင်းမှု ကုသိုလ် တစ်ခု ကို အာစိန္နကံ အားထုတ် ရာရောက်ပါတယ်။ နေ့စဉ် တစ်လ နှစ်လ လောက်ရွတ် ယုံနဲ့ မထူးခြားပေမယ့်.. နေ့စဉ် မှန်မှန် ၁၀ နှစ် အနှစ် ၂၀ ရွတ် လာတဲ့ လူအတွက် ကျတော့ .... ကုသိုလ်တွေစုမိသလို ဖြစ်လာပါတယ်။ (၂) နေ့စဉ် မှန်မှန် နှစ်ချီ ရွတ်လာတော့ အလေ့အကျင့် ဖြစ်လာပါတယ်။ ကျင့်သားရနေတော့ အရေးအကြောင်းဆို ပါးစပ်က ပဋ္ဌာန်းဒေသနာ ကို အလိုလို ရွတ် မိလျှက်သား ဖြစ်နေတတ်ပါတယ်။ လောကဒဏ် နဲ့ မမျှော်လင့်ပဲရင်ဆိုင်ရတဲ့ အခါမှာ … ကြောက်ရွံ့ခြင်း၊ ဒေါသ ဖြစ်ခြင်း စတာတွေ ထက် …. ပဋ္ဌာန်းတရား ပေါ် အာရုံရောက်သွားပြီး၊ အကုသိုလ် ဖြစ်ရမယ့်နေရာမှာတောင် ကုသိုလ် ဖြစ်ဖြစ် နေတတ်ပါတယ်။ (၃) တစ်နေ့ တစ်ခါ ရွတ် ဆိုနေကျကို … တစ်နေ့ရွတ်ဆိုပြီးသွားတိုင်း ….. အော်… ဒီနေ့တော့ ငါ ပြုနေကျ ကုသိုလ် ကောင်းမှု တစ်ခု … တစ်နေ့စာ အောင်မြင် ပြီးမြောက်ခဲ့ပြန်ပြီ ဆိုတဲ့ … ကျေနပ်တဲ့စိတ် ၊ ဝမ်းမြောက် တဲ့ စိတ်ဟာလည်း … ကျန်တစ်နေ့တာ လုံးကို စိတ်ထဲ လမ်းဆမ်းစေဖို့ အထောက်အကူ ပြုနိုင်ပါတယ်။ (၄) တစ်နေ့ နာရီဝက်လောက် မပျက်တမ်း နှစ်ရှည် ရွတ်လာ တာ…. ကြာတော့လည်း ….. ရေစက်ကလေးတွေ စုလာတော့ .. ရေအိုးပြည့်သလိုပါပဲ ။ ကိုယ့် သဏ္ဍန်မှာ ဓမ္မနဲ့ ပူဇော် ရတဲ့ ကုသိုလ်တွေ ပြည့်နေတော့ …. ဘဝ အဆက်ဆကိက ပြုခဲ့တဲ့ အကုသိုလ်တွေ၊ ယခုအခါ အမှတ်တမဲ့ ပြုလိုက်မိတဲ့ အကုသိုလ်တွေ ဟာ အကျိုးပေးခွင့်အလားအလာ နည်းပါးလာပြီး။ ဘဝ အဆက်ဆက်က ပြုခဲ့တဲ့ ကုသိုလ်တွေ။ ယခု ပြုလိုက်တဲ့ တခြားကုသိုလ်တွေ ဟာ တော့ အကျိုးပေးဖို့ အခွင့်သာ လာပါလိမ့်မယ်။ (၅) သေခါ နီးပြီဆိုပါစို့ ၊ မိသားစု ထဲက တစ်ယောက်ယောက်လောက်က ပဋ္ဌာန်း ရွတ်သံကလေး ပေးလိုက်တယ် ဆိုပါစို့ ။ ကိုယ်ကနှစ်ရှည် အလေ့အကျင့်ကောင်းကောင်း ရှိထားတယ် ဆိုရင် စုတိစိတ်ဖြစ်ခါနီး ကလေး မှာ ၊စိတ်က ပဋ္ဌာန်းဒေသနာကို စွဲ ပြီး သေရတော့ … အပါယ် ကျဖို့ မဖြစ်နိုင်။ သုဂတိ ဘဝ ကိုရဖို့ က သေခြာသွားပြန်ရော။ (၆) ဒီဘဝ ပဋ္ဌာန်း နှစ်ရှည် မှန်မှန် ရွတ် ထားတဲ့ ပါရမီ ကောင်း က ရှိနေတော့ ၊နောက်ဘဝ ကျပြန်တော့ ဉာဏ်ကောင်းတဲ့ သူ ဖြစ်ပါတယ်။ ဆက်ပြီး ရွတ်ရင်း ဆင်ခြင် သုံးသတ်ပြီး အကျွတ်တရားတောင်ရနိုင်ပါတယ်။ …………………………………… ယခုတင်ပြပြီးသမျှ ဖြစ်နိုင်တဲ့ အကျိုးကျေးဇူးတွေ ကိုကြည့်ရင် … ပဋ္ဌာန်း ဒေသနာ ရဲ့ အဓိပ္ပါယ် နားလည် စွာ နဲ့ ရွတ်တာ တောင် မဟုတ်သေးပါ။ - Credits to Myo Nyunt > ပဋ္ဌာန်းတရားကို လေ့လာသင်ယူခြင်း
https://www.dhammaransi.com/index.php/new/717-2015-10-25-04-47-42.html
နိဗ္ဗာန် ချမ်းသာကို အမှန်တကယ် အလိုရှိသည် ဆိုလျှင်
https://www.dhammaransi.com/index.php/new/718-2015-10-25-04-37-42.html
ဒိဋ္ဌိသတ် အရေးကြီးလို
"နိဗ္ဗာန်ရမည့် လူများသို့ လျှို့တရားတို့ နည်းပေးပြီ" ကိုယ့်ခန္ဓာမှာ အမြဲမပြတ်၊ ဖြစ်ပြီးပျက် မွေးပြီးသေနေတဲ့ ရုပ်မသာ နာမ်မသာတွေကို..ဂရုတစိုက်နဲ့ ကြည့် ကြ၊ ကြည့်ဖန်များလာတော့ မသာတွေဟာ ကြည့်လို့ မဆုံးနိုင်အောင်ကို..မြင်ရလိမ့်မယ်၊ ဖြစ်ပြီးရင်း ပျက် ရင်း၊ ဖြစ်ပြီးရင်း ပျက်ရင်းနဲ့ ဖြစ်ပျက်ကလွဲပြီး ဘာမှ မရှိပါကလားလို့..ဉာဏ်ဝမှာ အမှန်သိမြင်လာမယ်၊ ရှုဖန်များလာလေလေ ကြားခိုတဲ့ ကိလေသာ ပါးလာလေလေ၊ ကိလေသာပါးလေ ရှုဉာဏ်အားကောင်း လေ၊ ဖြစ်ပျက်တွေ များများ မြင်လာလေပါပဲ။ ထပ်ပြီးတော့ ပြောပါဦးမယ်၊ ပထမအဆင့်အနေနဲ့ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာကို ပယ်ရ သတ်ရလိမ့်မယ် အဝိဇ္ဇာနဲ့ တဏှာကိ်ု အရင်သတ်စရာ မလိုသေးပါဘူး၊ ဒီဒိဋ္ဌိက ဘယ် မှာ..အများဆုံးကိန်းပါသလဲဆိုတော့၊ ခန္ဓာငါးပါးရှိတဲ့အနက် ဝိညာဏက္ခန္ဓာဆိုတဲ့..စိတ်မှာ အများဆုံး ကိန်း ပါတယ်၊ ငါ့စိတ်လာမစမ်းကြနဲ့၊ ငါ့စိတ်က သိပ်မြန်တယ်၊ ငါစိတ်ထင်တိုင်း လုပ်လိုက်ရရင်၊ ခက်ကုန်ကြ လိမ့်မယ်နဲ့..ငါ ငါ့ဥစ္စာဆိုတဲ့ အတ္တနဲ့ အတ္တနိယဆိုတဲ့ ငါစွဲဟာ စိတ်မှာ အစွဲဆုံး။ ဘယ်မှာ ငါ့စိတ် ဟုတ်လိမ့်မလဲ၊ မျက်စိနဲ့ အဆင်းရှုပါရုံနဲ့..နားနဲ့ အသံနဲ့ အကြောင်းနှစ်ခုတို့ တိုက်ဆိုင် တိုင်း မြင်စိတ်ကြားစိတ် ဖြစ်ကြတာပဲ၊ မြင်စိတ်ဆိုတာ မျက်စိမှာပေါ်တာ၊ ပေါ်တဲ့နေရာ ချုပ်ပျေက်သွား ကြတာပဲ၊ စိတ်ကလေးတစ်ခု ချုပ်ပျောက်သွားလိုက်၊ နောက်အစားထိုးတဲ့ စိတ်ကလေးတစ်ခု ပေါ်လိုက် ဒီနေရာမှာပဲ ချုပ်ပျောက်သွားလိုက်နဲ့ ဒီလိုပဲ..ဓမ္မတာအတိုင်း ဖြစ်နေကြတာကို၊ ငါလို့ ငါစိတ်လို့ ဆိုလို့ ရကြပါမလား၊ ဒိဋ္ဌိကဝင်နှောက်ရှက်တော့၊ ခင်ဗျားတို့မှာ ငါ့စိတ်လို့ လုပ်နေကြတယ်၊ ငါလိို့ လုပ်နေကြ တယ်၊ ဒီဒိဋ္ဌိဟာ စိတ်မှာ အများဆုံးစွဲတာ ဖြစ်တဲ့အတွက်၊ သောတာပန် ဖြစ်ချင်ရင် ဒိဋ္ဌိကို အရင်ပြုတ် အောင်၊ ဖြုတ်ရလိမ့်မယ်..ဒိဋ္ဌိပြုတ်ရင် ဝိစိကိစ္ဆာဟာ အလိုလို ပြုတ်ပြီးသားပဲ။ ခန္ဓာကိုသာ သတိထား ဝိရိယစိုက် ပညာနဲ့ရှု ဝိပဿနာ အလုပ်ဆိုတာ သမာဓိ ဦးစီးသောအလုပ်မဟုတ်၊ သမ္မာဒိဋ္ဌိဆိုတဲ့ ဉာဏ် ပညာ ဦးစီးသော အလုပ်၊ ပါရမီမလိုပါဘူး နှလုံးသွင်းမှန်ဖို့နဲ့ အလုပ်မှန်ဖို့သာ လိုပါတယ်၊ အလုပ်မှန်ဖို့ ဆိုတာ..ရှေ့က ဖြစ်ပျက်နဲ့ နောက်က မဂ်တို့ ကိုက်တာကို ဆိုလိုပါတယ်၊ ရှေ့စိတ်ကလေးကို နောက် ဉာဏ်ကလေးနဲ့ အကဲခတ်နေတဲ့ အလုပ်ပါပဲ။ နေရေးမကောင်းလျှင် သေရေးလည်း မကောင်းနိုင်ပါ၊ နေရေးကောင်းပါမှ သေရေးကောာင်းကြပါမည်၊ ပြင်ချိန် ဆင်ချိန်ရှိတုန်း ပြင်ကြဆင်ကြဖိို့ ဖော်ပြောနေတယ်မှတ်ကြပါ၊ ပြင်ကြဆင်ကြဆိုတာ ကိုယ့်ခန္ဓာ ကို ကိုယ့်ကြည့်ပြီး..ဝိပဿနာလုပ်ကြတော့လို့ ပြောတာပါ၊ ခန္ဓာထဲမှာ ဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါကျ တော့ ဝေဒနာကလေးတွေ ဖျတ်ဖျတ် ဖျတ်ဖျတ်နဲ့ ရေပွက်ပမာ ပျက်နေကြတယ်၊ စိတ်ကလေးတွကလည်း ရေမြှုပ်ပမာ တစ်ခါတည်း ပျက်ပျက် ပျက်ပျက်နေတာကလေးတွေကို မြင်ပြီဆိုမှဖြင့် ခန္ဓာပေါ်ခင်တဲ့ တဏှာပါသွားပြီး။ နောက် မြင်တိုင်းတွေ့တိုင်း အာရုံတွေကို ကြည့်လိုက်ပြန်တော့ စကဆုပ်စရာတွေပါ ကလားလို့ ဖြစ်လာတယ်၊ ဒီနေရာမှာ ဖြစ်ပျက်နေတာကို မြင်တာ ဒုက္ခသစ္စာ သိတာပါ။ မရှုဘဲနေလျှင် ခန္ဓာနှင့် တဏှာတွဲနေသည်၊ ရှုလိုက်ပြန်လျှင် ခန္ဓာနှင့်တဏှာကွဲသွားပြီး၊ ခန္ဓာနှင့် ပညာ တွဲသွားသည်၊ မရှုမသိလျှင် ခန္ဓာနှင့် တဏှာတွဲသည်၊ ရှုကြည့်လျှင် ခန္ဓာနှင့် ဉာဏ်နှင့်တွဲသည်၊ စောင့် ကြည်လျှင် သိမည်။ ဒုက္ခသစ္စာနှင့် ဉာဏ်နဲ့ခွဲပြီး သုခသစ္စဟူသော..နိဗ္ဗာန်နှင့် ဉာဏ်နှင့်သွားတွဲသည်၊ ဉာဏ်သည် အမှန်မြင်ဖို့ ဖောက်ပြန်ပျက်စီးတာ မြင်ဖန်များတော့ မကြည့်ချင် မမြင်ချင် ဖြစ်လာခြင်း သည်..ဉာဏ်တက်လာခြင်း ဖြစ်၏၊ ထ မပြေးလိုက်ပါနှင့် ဒါဖြင့် နိဗ္ဗာန်သည် ဘယ်သူက ဖုံနေတယ်ဆို တာ..ယနေ့ တရားမှာ ပေါ်ပါပြီ။ ဘယ်သူက ဖုံဖိနေသတုံးဆို အဝိဇ္ဇာနဲ့ တဏှာ ဖုံးဖိနေတယ်၊ ကိုင်း မင်း ကွယ်ထားတာကို ဒို့က ဖွင့်ကြည့်မယ်ဆိုပြီး နိဗ္ဗာန်ကို မကြည့်နဲ့၊ နိဗ္ဗာန်ကို ဘယ်တော့မှ မကြည်နဲ့ နှိပ် စက်တာကို ကြည့်၊ ဒုက္ခဝေဒနာ နှိပ်စကပြန်ပြီ..သညာက နှိပ်စက်ကပြန်ပြီ..ခန္ဓာငါးပါးစလုံး နှစ်စက် တတ်တဲ့တရားပဲ။ ကိစ္စဉာဏ်နဲ့ ကြည့်လိုက်တော့ တစ်ကိုယ်လုံးမှာ ဒကာ ဒကာမတို့ ကိုယ့်ကိစ္စမရှိဘူး၊ သူနှိပ်စက်လို့ ပြု ပြင်နေရတဲ့ ကိစ္စနဲ့ပဲ အချိိန်ကုန်နေကြရတာပဲ၊ ဒါဖြင့် နှိပ်စက်၏ နှိပ်စက်၏..ခန္ဓာငါးပါး နှိပ်စက်၏ဆို တာ..အမြဲရှုပေး၊ ဒါက ဓမ္မာနုပဿနာ သတိပဋ္ဌာန်ခေါ်တယ်၊ ရှူစိတ်ရှိုက်စိတ်ဟာ အမြဲထာဝရ ဖြစ်ချုပ် နဲ့ ဖြစ်ချုပ်နဲ့နေတဲ့ သက်စောင့် အိမ်သည်စိတ်ပဲ၊ ရှူစိတ် ရှိုက်စိတ်ကလေးကိုလည်း၊ ဒီနေရာဖြစ်ပြီး ဒီနေ ရာပျက်တာပဲလို့ ဖြစ်ပျက်ရှု၊ ရှုဉာဏ်မဂ္ဂင် မလာခင်ကတည်းက ဖြစ်နှင့်ပျက်နှင့်ပြီးသား။ ။ အတိုချုပ် တင်ပေးချင်းဖြစ်ပါတယ်
https://www.dhammaransi.com/index.php/new/719-2015-10-25-04-36-42.html
ဘယျလိုသကွေမလဲ?
သေခါနီးစိတ်ကလေးထားတတ်ဖို့ အရေးကြီးတယ်။လူသေလို့ လူပြန်မဖြစ်ဘူး။နာလိုက်တာကိုက်လိုက်တာဆိုရင်စိတ်သာချ အပါယ်လေးပါးပဲ။နာတယ်လို့ သိလိုက်ရင် ဝေဒနာက တဏှာကိုကူးနေပြီ။(ဝေဒနာပစ္စယာတဏှာ) ဝေဒနာသညာဖြစ်နေပြီ။ဒုက္ခပေါ် ဒုက္ခဆင့် ပြီ။နာတယ်ဆိုတာ ဥပါဒါန်၊ကိုက် တယ်ဆိုတာဥပါဒါန်၊နာသူ ကိုက်သူဆိုတာ မရှိတဲ့ တရား။ကမ္ဘာလဆန်းတစ်ရက်နေ့ ထဲကစပြီး လောဘတိမ် ဒေါသတိမ် မောဟတိမ် တွေဖုံးနေလို့ မရှိတဲ့ တရားတွေကို ရှိတယ်လို့ ထင်နေတာ။သညာကလိမ်လိုက်လို့ နာတယ်လို့ သိတာ။ တကယ်ရှိတာကတော့ ပစ္စုပ္ပါန် ပေါ်ဆဲရုပ် ပေါ်ဆဲနာမ် ဒီရုပ်နာမ်အပေါ် ဥပါဒါန်အစွဲ ပြုတ်ရလိမ့် မယ်။(ဝေဒနာပညာဖြစ်ရမယ်) အတိတ်တုံးကလည်းနာတယ် ကျင်တယ် ကိုက်တယ်ဆိုတာသိခဲ့ ပြီ။ ပစ္စုပ္ပါန်လည်း ဒီအတိုင်းသိရင် အနာဂတ်လည်း ဒီအသိပဲသိလိမ့် ဦးမယ်။ ပစ္စုပ္ပါန် အမှားအသိကို ပယ်လိုက်ပါမှ အနာဂတ်ကျတော့ လည်း မရှိတဲ့ တရားမသိတော့ဘူး။ မရှိတဲ့တရားကိုသိတာမိစ္ဆာအသိ။ ရှိတဲ့ တရားသိတာ သမ္မာအသိ။မရှိတဲ့ တရားတွေ သိလို့ အပါယ်ဆင်းရတာ။စုံးစုံးမြုတ်ရတာ။ ရှိတဲ့ တရားသိရင်အပါယ်ကလွတ်တယ်။ရှိတာကခန္ဓာငါးပါး(ရုပ်နဲ့ -နာမ်)။ ရုပ်က ဖေါက်ပြန်တယ်။နာမ်ကခံစားတယ်။ ရုပ်ရုပ်ချင်းတိုက်ခိုက်ပြီးမှနာမ်ကအကျိုးခံစားတာ။ (ရုပ်ကအကြောင်း-နာမ်ကအကျိုး)။ နာမ်၏ လက္ခဏာခံစားပြီး ပျက်တာကိုသာသိ။ နာတယ်လို့ သိတဲ့ အသိတွေ ဖြစ်ခွင့် မပေးနဲ့ ။ သေရင်လည်းစိတ်ကလေး အပြင်မထွက်ဘဲနဲ့ တရစပ်ကြီးအသိလိုက်နေရမှာ။ လောဘ ဒေါသ မောဟ မကြောက်နဲ့ ။အသိမလိုက်မှာကိုကြောက်။ သေခါနီးကျတော့ ဒါနကလည်း နိဗ္ဗာန်ကိ်ု မပို့ နိူင်ဘူး။သီလကလည်း မပို့ နိုင်ဘူး။ ကျောက်ဆင်းတုဘုရားကလည်း မပို့ နိူင်ဘူး။ရုပ်မှန်းနာမ်မှန်းမသိရင် အပါယ်လေးပါး အကုန်ဆင်းရမှာ။ ရုပ်နာမ်-ကွဲပြီး ပရမတ်သစ္စာမြင်မှ အပါယ်လွတ်နိုင်တယ်။ဓမ္မတာတွေနဲ့ ပျော်မွေ့နေရင် ငရဲ တိရိစ္ဆာန် ပြိတ္တာတွေ ဖြစ်ရမယ်။(၂၄)နာရီ ရှိတဲ့ အနက် ရုပ်နာမ်ကို မြင်ပြီး ဖြစ်တာ ပျက်တာကို သိနေတဲ့သမာဓိက ဘယ်လောက်များရှိကြသလဲ။ကိုယ့် စိတ်ကိုယ်စစ်ကြည့်ပါ။(လောဘ အာရုံများနေသူက ပြိတ္တာစိတ်။ ဒေါသအာရုံများနေသူက ငရဲစိတ်။ဖြစ်ပျက်မသိဘဲ မောဟအာရုံများနေသူက တိရိစ္ဆာန်စိတ်) နာမ်စိတ်တည်ရာဋ္ဌာနဟာဈာန်(သမာဓိ)ပဲ။ဈေးရောင်းတဲ့ သူကလည်း ကိုယ့် လုပ်ငန်းအပေါ်သမာဓိ ရှိနေတယ်။ခြံစိုက်တဲ့ သူကလည်း ခြံထဲမှာအာရုံရှိတယ်။မသိကြတော့ မကြောက်ကြပါဘူး။ သေတော့ ကိုယ့်စိတ်ညွတ်တဲ့ဆီ(ကိုယ့် သမာဓိရှိရာ)ကိုယ်သွားကြရလိမ့် မယ်။ နာမ်ညွတ်ရာရုပ်ဇာတိဖြစ်တယ်။ နာမ်ကညွတ်စရာ ရှိရင်ညွတ်တယ်။ တည်ရာမှီရာမရှိမှ ပျက်လိမ့် မယ်။ သဲအင်းဂူဆရာတော်ကြီး
https://www.dhammaransi.com/index.php/new/720-2015-10-25-04-36-03.html
အလှသေမှ အသေလှမယ်
အလှသေမှ အသေလှမယ် =================== ဘဝပြတ်အောင် အားမထုတ်နိူင်သေးသူအတွက် သေခါနီးမှာ တမလွန်ဘဝကူးကောင်းဖို့ အလွန်အရေးကြီးပါတယ်။ သေရမယ့်အချိန်ကိုကြိုသိရင် ဘဝကူးကောင်းဖို့အတွက် စိတ်တိုင်းကျကြိုတင်ပြင်ဆင်နိူင်ပါတယ်။ သေရမယ့်အချိန်ကိုကြိုသိချင်တယ်ဆိုရင်တော့ အာနာပါနသတိပဌာန်တရားကို လေးလေးစားစားပွားများအားထုတ်ကြရုံပါပဲ ။ ။ ================================ အသက်မထွက်ခင် သေနှင့်ပါ ==================== မနိုးသောအိပ်စက်ခြင်းနဲ့ အိပ်စက်ခါနီးအချိန်မှာ အကောင်းဆုံးအနေအထားဖြစ်နေဖို့အတွက် နိုးသောအိပ်စက်ခြင်းနဲ့ အိပ်စက်ခါနီးအချိန်ကို အကောင်းဆုံးအနေအထားဖြစ်အောင် လေ့ကျင့်ထားဖို့ လိုအပ်ပါတယ်။ အသေကြီးနဲ့ သေခါနီးအချိန်မှာ အာရုံကောင်း နမိတ်ကောင်းတွေ ထင်မြင်နေဖို့အတွက် အသေလေးနဲ့ သေခါနီးအချိန်ကို အာရုံကောင်း၊ နမိတ်ကောင်းတွေနဲ့ ထုံမွမ်းပေးထားရပါမယ် ။ ။ ============================= ဆရာတော်အရှင်ဆန္ဒာဓိက ရွှေပါရမီတောရ စိတ်အားဖြည့်ဓမ္မသံစဉ် စာအုပ်မှရေးသားပူဇော်ပါသည် ။ ။
https://www.dhammaransi.com/index.php/new/721-2015-10-25-04-35-08.html
ငရဲ၏ ဒုက္ခဆင်းရဲများဟူသည်...
အပါယ်ဟူသည် ပါဠိလို အပါယ (ချမ်းသာမှု အပေါင်းမှ ကင်းဆိတ်ခြင်း) (အပါယ်ဟူသည် ပါဠိလို အပါရ =အပါယ)((အပ+အယ) အယ=ချမ်းသာသုခမှ၊ အပ=ကင်းတာ)) မှ ဆင်းသက်လာသည်။ အပါယ် လေးဘုံ ဆိုသည့် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဟူ၍ရှိလေသည်။ငရဲ အမျိုးအစား (၈) မျိုး ရှိလေသည်။ ၁) သိဥ္စိုး ငရဲ၊ ၂) ကာဠသုတ် ငရဲ၊ ၃) သံဃာတာ ငရဲ၊ ၄) ရောရုဝ ငရဲ၊ ၅) မဟာရောရုဝ ငရဲ၊ ၆) တာပန ငရဲ၊ ၇) မဟာ တာပန ငရဲ၊ ၈) အဝီစိ ငရဲ စသည်ဖြင့် ငရဲကြီး ရှစ်ထပ် ရှိသည်၊ ၁) သိဥ္စိုးငရဲ = ထပ်တလဲလဲ မလွတ်မြောက်ပဲ ခံစားရသောငရဲ ဟု အဓိပ္ပါယ်ရှိလေသည်။ ငရဲထိန်းများက အလျှံတပြောင်ပြောင် တဝင်းဝင်း တောက်နေသော ငရဲလက်နက်များဖြင့် ထိုး ခုတ် ရိုက်နှက်၍ သေအောင် ပြုလုပ်ကြသည်။ ငရဲခံကြသူများမှာ ထိုသို့ လက်နက်များဖြင့် ထိုးခုတ်ရိုက်နှက်၍ သေသော်လည်း တစ်ဖန်ပြန်ထပ်ရှင်သန်ကာ အရင်အတိုင်း ထပ်ကာထပ်ကာ ဆိုင်ရာငရဲဒုက္ခတို့ကို ငရဲသက်တမ်း မကုန်မချင်း ပြန်ခံစားနေရသည်။ ဤငရဲ၏ သက်တမ်းမှာ ထိုဘုံဘဝ၏ အနှစ်ငါးရာ ဖြစ်လေသည်။ ထိုငရဲဘုံ၏ တစ်ရက်သက်တမ်းသည် လူတို့၏နှစ်ဖြင့် အနှစ်ကိုးသန်း ဖြစ်လေသည်။ တည်နေရာနှင့် အကျယ်အဝန်းမှာ မဟာပထဝီမြေထု၏အောက် ယူဇနာပေါင်း တစ်သောင်းငါးထောင် ကွာဝေး၍ ယူဇနာပေါင်း တစ်သောင်းအကျယ်အဝန်းရှိလေသည်။ ၂) ကာဠသုတ်ငရဲ = မည်းနက်သော ကြိုးငရဲ ဟု အဓိပ္ပါယ်ရှိလေသည်။ ငရဲထိန်းများက လက်နက်မျိုးစုံဖြင့် လိုက်၍ ခုတ်၊ ထစ်၊ ထိုး၊ ရိုက်၊ နှက်ကြသော် ငရဲသားများမှာ ကြောက်အားလန့်အားဖြင့် ပြေးလွှားရကာ အမောဆို့၍ လဲကျသောအခါ လက်သမားဆရာများက သစ်သားများကို မည်းနက်သော သစ်မျှဉ်းကြိုးဖြင့် တိုင်းတာ ကာ လိုသလို ဖြတ်ကြသကဲ့သို့ ငရဲသားများ အမောဆို့ကာ လဲကျသောအခါ ငရဲထိန်းများက မည်းနက်သော ကြိုးဖြင့် လိုသလို ပုံစံမျိုးတိုင်းတာကာ လွှ ငမန်းတို့ဖြင့် ဖြတ်ကြ ပိုင်းကြလုပ်ခြင်းကို ခံကြရသည်။ ထိုသို့ လက်နက်များဖြင့် ပိုင်းဖြတ်၍ သေသော်လည်း တစ်ဖန်ပြန်ထပ်ရှင်သန်ကာ အရင်အတိုင်း ထပ်ကာထပ်ကာ ဆိုင်ရာငရဲဒုက္ခတို့ကို ငရဲသက်တမ်း မကုန်မချင်း ပြန်ခံစားနေရသည်။ဤငရဲ၏ သက်တမ်းမှာ ထိုဘုံဘဝ၏ အနှစ်တစ်ထောင် ဖြစ်လေသည်။ ထိုငရဲဘုံ၏ တစ်ရက်သက်တမ်းသည် လူတို့၏နှစ်ဖြင့် အနှစ်သုံးကုဋ္ဋေခြောက်သန်း ဖြစ်လေသည်။တည်နေရာနှင့် အကျယ်အဝန်းမှာ သိဥ္စိုးငရဲ ၏အောက် ယူဇနာပေါင်း တစ်သောင်းငါးထောင် ပထဝီမြေထုအကွာတွင် တည်ရှိ၍ ယူဇနာပေါင်း တစ်သောင်းအကျယ်အဝန်းရှိလေသည်။ ၃) သံဃာတာငရဲ = သံတောင်ကြိတ် ငရဲ ဟု အဓိပ္ပါယ်ရှိလေသည်။ ငရဲမီးလျှံ တစ်ဟုန်းဟုန်း တောက်လောင်နေသော ကိုးယူဇနာမျှ ကျယ်ဝန်းသည့် ဒယ်အိုးကြီးများထဲသို့ ငရဲသားများထည့်ကာ ငရဲထိန်းများက တောင်လောက်ကြီးမားသော သံကြိတ်တုံးကြီးများနှင့် ဖိ၍ လှိမ့်သတ်ကြသည်။ ငရဲသားများမှာ အလူးအလိမ့်ကို ခံကြရသည်။ ထိုသို့ ဖိ၍ ပိ၍ သေရသော်လည်း တစ်ဖန်ပြန် ထပ်ရှင်သန်ကာ အရင်အတိုင်း ထပ်ကာထပ်ကာ ဆိုင်ရာငရဲဒုက္ခတို့ကို ငရဲသက်တမ်း မကုန်မချင်း ပြန်ခံစားနေရသည်။ ဤငရဲ၏ သက်တမ်းမှာ ထိုဘုံဘဝ၏ အနှစ်နှစ်ထောင် ဖြစ်လေသည်။ ထိုငရဲဘုံ၏ တစ်ရက်သက်တမ်းသည် လူတို့၏နှစ်ဖြင့် အနှစ်တစ်ဆယ့်လေးကုဋ္ဋေ လေးသန်း ဖြစ်လေသည်။ တည်နေရာနှင့် အကျယ်အဝန်းမှာ ကာဠသုတ်ငရဲ ၏အောက် ယူဇနာပေါင်း တစ်သောင်းငါးထောင် ပထဝီမြေထုအကွာတွင် တည်ရှိ၍ ယူဇနာပေါင်း တစ်သောင်းအကျယ်အဝန်းရှိလေသည်။ ၄) ရောရုဝ ငရဲ = ငရဲမီးလျှံများ နှိပ်စက်၍ ငရဲသူ ငရဲသားများ အော်ဟစ် ငိုယိုမြည်တမ်းခြင်း ဟု အဓိပ္ပါယ်ရှိလေသည်။ ငရဲတစ်ခုလုံးရှိ ငရဲမီးလျှံများမှာ ငရဲသားတို့၏ မျက်စိပေါက်၊ နားပေါက်၊ နှာခေါင်းပေါက်၊ ပါးစပ်ပေါက် တို့ကို အတင်းဒရကြမ်း ဝင်ရောက် လောင်မြိုက်ခြင်းကြောင့် ငရဲသားများ ကျယ်လောင်သော အသံဖြင့် အော်ဟစ်ငိုယိုကြသော ငရဲဆင်းရဲကို ခံစားကြရပေသည်။ ထိုသို့ မီးလျှံများကြောင့် လောင်ကျွမ်း၍ သေသော်လည်း တစ်ဖန်ပြန် ထပ်ရှင်သန်ကာ အရင်အတိုင်း ထပ်ကာထပ်ကာ ဆိုင်ရာငရဲဒုက္ခတို့ကို ငရဲသက်တမ်း မကုန်မချင်း ပြန်ခံစားနေရသည်။ဤငရဲ၏ သက်တမ်းမှာ ထိုဘုံဘဝ၏ အနှစ်လေးထောင် ဖြစ်လေသည်။ ထိုငရဲဘုံ၏ တစ်ရက်သက်တမ်းသည် လူတို့၏နှစ်ဖြင့် အနှစ် ငါးဆယ့်ခုနှစ်ကုဋ္ဋေ ခြောက်သန်း ဖြစ်လေသည်။ တည်နေရာနှင့် အကျယ်အဝန်းမှာ သံဃာတာငရဲ ၏အောက် ယူဇနာပေါင်း တစ်သောင်းငါးထောင် ကွာဝေး၍ ယူဇနာပေါင်း တစ်သောင်းအကျယ်အဝန်းရှိလေသည်။ ၅) မဟာရောရုဝ ငရဲ = ငရဲမီးလျှံမှ မီးခိုးများ နှိပ်စက်၍ ငရဲသူ ငရဲသားတို့ အော်ဟစ်ငိုယိုခြင်း ဟု အဓိပ္ပါယ်ရှိလေသည်။ ှုငရဲပြည်တစ်ခုလုံး မှိုင်းမှိုင်းရယ်ညိုလို့ ပိတ်ဖုန်းသွားမည့်အလား အောက်မေ့ရလောက်အောင် များပြားလှပေ၏။ မီးခိုးငွေ့များသည် ငရဲသူ ငရဲသားများ၏ ဒွါရ (အပေါက်) များသို့ ဝင်စေလျက် အော်ဟစ်ငိုယိုခြင်း ခံစားရလေသည်။ ဤငရဲ၏ သက်တမ်းမှာ ထိုဘုံဘဝ၏ အနှစ်ရှစ်ထောင် ဖြစ်လေသည်။ ထိုငရဲဘုံ၏ တစ်ရက်သက်တမ်းသည် လူတို့၏နှစ်ဖြင့် အနှစ် နှစ်ရာသုံးဆယ့်ကုဋ္ဋေလေးသန်း ဖြစ်လေသည်။ တည်နေရာနှင့် အကျယ်အဝန်းမှာ ရောရုဝငရဲ၊ ၏အောက် ယူဇနာပေါင်း တစ်သောင်းငါးထောင် ကွာဝေး၍ ယူဇနာပေါင်း တစ်သောင်းအကျယ်အဝန်းရှိလေသည်။ ၆) တာပနငရဲ = အပူလောင်ခြင်း ဟု အဓိပ္ပါယ်ရှိလေသည်။ အလျှံတစ်ပြောင်ပြောင်တောက်နေသည့် အုန်းပင်လုံးမျှရှိသည့် သံတံကျဉ် (တံစို့) ဟု ဆိုရသောအပေါ်၌ ငရဲသူ ငရဲသားများကို အတင်းအကျပ် ထိုင်ခိုင်း၍ တစ်ကိုယ်လုံး မီးကျီမီးခဲကဲ့သို့ ရဲရဲတောက်အောင် မီးကင်ခြင်းဖြင့် ခံစားကြရပေသည်။ ထိုသို့ အသားများ မီးလောင်ကျွမ်း၍ သေသော်လည်း တစ်ဖန်ပြန် ထပ်ရှင်သန်ကာ အရင်အတိုင်း ထပ်ကာထပ်ကာ ဆိုင်ရာငရဲဒုက္ခတို့ကို ငရဲသက်တမ်း မကုန်မချင်း ပြန်ခံစားနေရသည်။ ဤငရဲ၏ သက်တမ်းမှာ ထိုဘုံဘဝ၏ အနှစ်တစ်သောင်းခြောက်ထောင် ဖြစ်လေသည်။ ထိုငရဲဘုံ၏ တစ်ရက်သက်တမ်းသည် လူတို့၏နှစ်ဖြင့် အနှစ်ကိုးရာနှစ်ဆယ့်ကုဋ္ဋေ ခြောက်သန်း ဖြစ်လေသည်။ တည်နေရာနှင့် အကျယ်အဝန်းမှာ မဟာရောရု ငရဲ၊ ၏အောက် ယူဇနာပေါင်း တစ်သောင်းငါးထောင် ကွာဝေး၍ ယူဇနာပေါင်း တစ်သောင်းအကျယ်အဝန်းရှိလေသည်။ ၇) မဟာ တာပနငရဲ = သာလွန်၍ ပူလောင်ခြင်း ဟု အဓိပ္ပါယ်ရှိလေသည်။ ငရဲမီးများ အလျှံတစ်ပြောင်ပြောင် တောက်လောင်နေသည့် သံတောင်ကြီးအပေါ်မှ ငရဲထိန်းများ၏ အစွမ်းသတ္တိကြောင့် မတက်ချင်သော်လည်း အတင်းတက်ခိုင်း၊ အပူလောင်ခံပြီး ငရဲသူ ငရဲသားများ တက်ကြရပေသည်။ ထိုသို့ဖြင့် အပေါ်ရောက်သည့်အခါ အောက်ခြေသို့ ပြန်တွန်းချခြင်း ခံကြရပေသည်။ ဤသို့ဖြင့်အကြိမ်ကြိမ် မဆုံးနိုင်ပဲ ခံစားကြရခြင်း ဖြစ်ပေသည်။ ဤငရဲ၏ သက်တမ်းမှာ အကုသိုလ်ကံ မကုန်မချင်း အန္တရကပ် တစ်ဝက်အတိဖြစ်၏။ ထိုမျှအထိ ကြာရှည်စွာ ခံကြရပေသည်။ တည်နေရာနှင့် အကျယ်အဝန်းမှာ တာပနငရဲ ၏အောက် ယူဇနာပေါင်း တစ်သောင်းငါးထောင် ကွာဝေးသော မြေထုအရပ်၌တည်ရှိ၍ ယူဇနာပေါင်း တစ်သောင်းအကျယ်အဝန်းရှိလေသည်။ ၈) အဝီစိငရဲ = ငရဲသူ၊ ငရဲသား၊ ငရဲမီးလျှံ၊ ဆင်းရဲဒုက္ခ (၃) မျိုးလုံး လစ်လပ်မှုမရှိ (အကြားမရှိ) တရစပ် ခံစားရခြင်း ဟု အဓိပ္ပါယ်ရှိလေသည်။ ငရဲသူ ငရဲသားများသည် အိုးခွက်ထဲမှ ထန်းစေ့၊ မုံ့ညင်းစေ့၊ စပါးစေ့များကဲ့သို့ တင်းကြမ်းပြည့်ကာ အကြားအကြားခြားခြင်း မရှိသကဲ့သို့ ငရဲသူ ငရဲသားများ၏ ဆင်းရဲဒုက္ခ တစ်ပေါင်းတစ်ခုတည်း နေရာအနှံ့အပြား ခံစားကြရခြင်း ဖြစ်ပေသည်။ ဤငရဲ၏ သက်တမ်းမှာ အကုသိုလ် မကုန်မချင်း အန္တရကပ် တစ်ကပ်တိတိဖြစ်၏။ အန္တရကပ် တစ်ကပ်ဆိုသည်မှာ ဆုပ်ကပ်နှင့် တက်ကပ်တစ်စုံကို ဆိုလိုပေသည်။ ဆုတ်ကပ်ဆိုသည်မှာ အနှစ်တစ်ရာကြာတိုင်း ကြာတိုင်း တစ်နှစ်ဆုတ်သည့်နည်းဖြင့် ဆယ်နှစ်သက်တမ်းသို့ ဆုတ်ယုတ်ကျရောက်လာခြင်းကာလကို ဆုတ်ကပ်တစ်ကပ် ဖြစ်ပေသည်။ တက်ကပ်ဆိုသည်မှာ ဆယ်နှစ်သက်တမ်းမှစ၍ အသချေင်္ရ တန်းသို့ ပြန်ဆက်လာခြင်းကာလကို တက်ကပ်တစ်ကပ် ဖြစ်ပေသည်။ ၎င်းဆုတ်ကပ် တက်ကပ် နှစ်ကပ်ပေါင်းကို အန္တရကပ် တစ်ကပ်ဟုခေါ်သည်။ တည်နေရာနှင့် အကျယ်အဝန်းမှာ မဟာ တာပန ငရဲ ၏အောက် ယူဇနာပေါင်း တစ်သောင်းငါးထောင် ကွာဝေး၍ ယူဇနာပေါင်း တစ်သောင်းအကျယ်အဝန်းရှိလေသည်။ ငရဲငယ် ၂၅၆ သွယ် ထိုငရဲကြီး ၈ ထပ်သာမက၊ ငရဲငယ်များလည်း ငရဲကြီး၏ တစ်ဝက်စီ၏ တစ်မျက်နှာလျှင် ငရဲငယ် ရှစ် ဌာနစီ တည်ရှိပေသည်။ ငရဲကြီး တစ်ထပ်၏ ၄ မျက်နှာတွင် ငရဲငယ်ပေါင်း ၃၂ ဌာန ရှိပေသည်။ ငရဲကြီး ၆ထပ် ၌မူ ငရဲငယ်ပေါင်း ၂၅၆ ဘုံတို့ ရှိနေကြပေသည်။ ဤ ငရဲငယ်များသည် ငရဲကြီးတို့၏ မီးညွှန့် အခိုးငွေ့နှင့် ခံစားရာ အဆုံး၌ တည်ရှိနေပေသည်။ ငရဲငယ် (၈) ဌာန ဆိုသည်မှာ ၁။ မီးပူငရဲ ၂။ သံပူငရဲ ၃။ ပြာပူငရဲ ၄။ ရေပူငရဲ ၅။ ကြေးနီအိုးငရဲ ၆။ ဘင်ပုတ်ငရဲ ၇။ လက်ပံတောငရဲ ၈။ ကြိမ်ပိုက်ငရဲ တို့ဖြစ်သည်။ (လောကပညတ္တိကျမ်း၌ မိန်ဆိုထားပါသည်။) မဟာစည်ဆရာတော်ဘုရာကြီး၏ ၀ိပဿနာရှု့နည်းအကျဉ်းချူပ် တွင်အောက်ပါအတိုင်း ငရဲ၌ ဆင်းရဲဒုက္ခအတိခံစားရပုံကို ရှင်းရှင်းလင်းလင်း ကွင်းကွင်းကွက်ကွက်ဖြင့် ဖော်ပြထားပါသည်။ ငရဲဘုံ၌ ဖြစ်ရသောသတ္တဝါတို့၏ ကိုယ်ထည် သုံးဂါဝုတ် ပမာဏရှိ၏။ မြန်မာအတိုင်းအားဖြင့် ၄ တိုင် တာ ၈၀၀ ရှိ၏။ ငရဲထိန်းတို့သည် ထိုမျှ ကိုယ်ခန္ဓာ ကြီးမားသော ငရဲသားကို အလျှံတပြောင်ပြောင် မီးစွဲလောင်သော သံမြေပေါ်၌ ပက်လက် အိပ်စေကုန်၏။ ထို့နောက် ညဘက် လက်ဝါး၌ ထန်းလုံးခန့်ရှိ ရဲရဲတောက်သော သံတစို့ကြီးကို ရိုက်နှက်သွင်းကုန်၏။ ဘယ်ဘက် လက်ဝါး၌လည်း နည်းတူပင် ရိုက်နှက် သွင်းကုန်၏။ ညာဘက်ခြေ၊ ဘယ်ဘက်ခြေ၊ ခါး၊ လက်တို့၌လည်း နည်းတူပင် ရိုက်သွင်းကုန်၏။ ထို့အတူ မှောက်လှက် အိပ်စေ၍လည်ကောင်း၊ စောင်းလျက် အိပ်စေ၍လည်ကောင်း၊ ငါးပါးသော ဌာနတို့၌ သံစို့ကြီးများကို ရိုက်နှက်၍ ညှင်းဆဲနှိပ်စက်ကုန်၏။ အကုသိုလ်ကံ မကုန်သေးမချင်း ငရဲသားကား မသေနိုင်။ ဤသို့ အညှင်းဆဲခံနေရသော ငရဲသားများသည် ရဲရဲတောက်သော သံမြေပြင်ကို မြင်ရုံမျှဖြင့်လည်း များစွာ စိတ်ဆင်းရဲရ၏။ အလွန် ကြမ်းတမ်း ရက်စက်စွာ ကြိမ်းမောင်း ပြောဆိုသောငရဲထိန်းတို့၏ အသံကို ကြားရ၍လည်း စိတ်ဆင်းရဲရ၏။ သံမြေပြင်ပေါ်၌ အတင်းတွန်းလှဲသိပ်ခြင်း၊ မီးလောင်ခံရခြင်း၊ သံစို့ နှက်ခံရခြင်းတို့ကြောင့်လည်း အတိုင်းမသိ ကြီးစွာသော ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့ကို ခံစားရ၏။ ထိုသို့သော ကာလ၌ ကယ်ပါ၊ သနားပါ၊ ချမ်းသာပေးပါ စသည်ဖြင့် မျက်ရည်ယိုစီး ငိုကြွေး မြည်တမ်းလျက် တောင်းပန်သော်လည်း မည်သူကမျှ မသနား၊ ချမ်းသာမပေးချေ။ မိဖဲ့ ဖမဲ့ ဆွေမျိုးမဲ့၊ ဆွေခင်ပွန်းမဲ့၍ တစ်ကိုယ်တည်းသာဖြစ်လျက် ညှိုးငယ်စွာနှင့် အလွန်ကြီးမားသော ဆင်းရဲတွေကို အော်မြည်ယောင်ယမ်းလျက် မိနစ်စက္ကန့်မခြားဘဲ ခံစား၍ နေရရှာလေတော့၏။ ထိုသို့သော ကာလ၌ ၀ိပဿနာအလုပ်ကို အားထုတ်ခွင့်မရနိုင်တော့ချေ။ ထို့ပြင် သံစို့ ငါးချက်နှက်၍ မသေသော ငရဲသားကို ငရဲထိန်းတို့သည် အိမ်မိုးတစ်ဖက်ခန့်ရှိသော တံစည်းပေါက်ပြားကြီးတို့ဖြင့် ရှစ်မြှောင့်ပုံ၊ ခြောက်မြှောင့်ပုံ စသည်ဖြစ်အောင် မျဉ်းပစ်၍ ရွေခုတ်ကြပြန်၏။ သွေးတို့သည် မြစ်ဖြစ်၍ စီးလေကုန်၏။ ထိုသွေးတို့မှ မီးတောက် ထပြန်၍ ရွေခုတ်ရာ ကိုယ်၌စွဲလောင်လေ၏။ အတိုင်းမသိသော ဆင်းရဲကို ခံစားရလေ၏။ ထိုစဉ်အခါ၌ ၀ိပဿနာ အလုပ်ကို အားထုတ်ခွင့် မရနိုင်တော့ချေ။ ထိုမျှဖြင့် မသေသေးလျှင် ဇောက်ထိုးတွဲလဲ ဆွဲထား၍ ဗန်းကြီးခန့်ရှိ ပဲကွပ်တို့ဖြင့် ပါးပါးလွှာလျက် ရွေခုတ်ကြပြန်၏။ ထိုမျှဖြင့်လည်း မသေသေးလျှင် မီးလျှံရဲရဲတောက်သော သံရထား၌ နွား မြင်းတို့ကဲ့သို့ တပ်၍ မီးကျီခဲတောင့်ကြီးပေါ်သို့ တက်စေကုန်၏။ မတက်ဘဲနေလျှင် ရဲရဲတောက်သော သံတုတ်ကြီးများဖြင့် အပြင်းရိုက်၍ တက်စေကုန်၏။ တောင်ထိပ်သို့ရောက်လျှင် တစ်ဖန် ဆင်းစေကုန်၏။ ဤသို့ တက်ချည် ဆင်းချည် အဖန်ဖန်ပြုစေကုန်၏။ ထိုမျှဖြင့်လည်း မသေသေးလျှင် ကျိုက်ကျိုက်ဆူပွက်လျက် ရဲရဲတောက်သော လေဟကုမ္ဘီ ခေါ် သံရည်ပွက်အိုးကြီးထဲသို့ ပစ်ချလိုက်ကုန်၏။ ထိုငရဲသားသည် သံရည်ထဲ၌ ရှဲကနဲကျ၍ အမြှုပ်တစ်စီစီ ထလျက် နစ်မြှုပ်သွားရှာလေ၏။ အနှစ်သုံးသောင်းကြာမှ ငရဲအိုး၏ အောက်ဝသို့ရောက်၏။ တစ်ဖန် အနှစ်သုံးသောင်းကြာမှ ငရဲအိုး၏ အောက်နှုတ်ခမ်းသို့ရောက်လျက် ပေါ်လာ၏။ အရပ်မျက်နှာများသို့လည်း ဖီလာသွား၏။ ထမင်းအိုးပွက်သောအခါ၌ ဆန်စေ့ကလေးများကဲ့သို့ပင်တည်း။ အတိုင်းမသိသော ဆင်းရဲမှုနှင့် ရင်ဆိုင်တွေ့နေရလေ၏။ ထိုစဉ်အခါ၌ ၀ိပဿနာအလုပ်ကို အားထုတ်ခွင့်ကိုကား မရနိုင်တော့ချေ။ ကံမကုန်သေး၍ ထိုမျှဖြင့် မသေပြန်လျှင် သံရည်ပွက်ထဲမှ ငရဲသားကို ထုတ်ယူ၍ ငရဲထိန်းတို့သည် မီးတဟုန်းဟုန်း အမြဲတောက်လောင်လျက်ရှိသော ငရဲကြီးထံသို့ ပစ်သွင်းလိုက်ကြပြန်၏။ ထိုငရဲသည်ကား အလျား အနံ အမြင့် ယူဇနာ တစ်ရာရှိလေ၏။ လေးထောင့်ညီသော သံသေတ္တာကြီးနှင့် တူ၏။ အရှေ့ဘက်နရံမှ မီးလျှံသည် အနောက်ဘက်၌ နံရံကို ဖောက်ပြီးလျှင် အပြင်ဘက်၌ ယူဇနာ တစ်ရာတိုင်အောင် ပူလောင်၏။ အနောက်နံရံ၊ တောင်နံရံ၊ မြောက်နံရံကို ဖောက်ပြီးလျှင် အပြင်ဘက်၌ ယူဇနာ တစ်ရာတိုင်အောင်ပူလောင်၏။ အနောက်နံရံ၊ တောင်နံရံ၊ အထက်သံမိုး၊ အောက်သံမြေပြင်တို့မှ မီးလျှံတို့သည်လည်း နည်းတူချည်း ဟစ်အော်မြည်သတည်း။ ထိုငရဲကြီးအတွင်း၌ ထိုမှဤမျှ ပြေးလွှားလူးလိမ့် ဟစ်အော်မြည်တမ်းလျက် ကြီးစွာသော ဆင်းရဲဒုက္ခတို့ကို ခံစားရလေ၏။ နှစ်ပေါင်းများစွာကြာသော် တစ်ခါတစ်ရံ၌ ထိုငရဲကြီး၏ တံခါးဝဆီသို့ အတင်းပြေးကြ၏။ အချို့မှာလည်း လမ်းခရီးတွင် မောပန်းလူးလိမ့်လျက်ရှိကုန်၏။ အချို့မှာ တံခါးဝသို့ ရောက်ကုန်၏။ အနှစ်သိန်းပေါင်းများစွာ ကြာလျှင် ထိုတံခါးမကြီးသည် ပိတ်သွားလေသည်။ ထွက်နိုင်သော ငရဲသားသည်လည်း အပြင်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ဘင်ပုပ်ငရဲသို့ ကျသွားလေ၏။ မစင်ဘင်ပုပ်ထဲ၌ နစ်မြုပ်နေစဉ် ဆင်၏ လည်ပင်းခန့်ရှိသော ပိုးလောက်တို့က ကိုက်ခဲစားကြလေသည်။ ထိုဘင်ပုပ်ငရဲထံမှ လွတ်ပြန်လျှင် ပြာပူငရဲ ထံသို့ ကျရောက်သွားပြန်၏။ ထိုငရဲ၌ အိမ်ထွတ်ခန့်ရှိသော မီးကျီခဲ၊ ရဲရဲတောက်သော ပြာပူတို့ဖြင့် လောင်ကျွမ်း၍ ဆင်းရဲကြီးစွာကို ခံစားရပြန်၏။ ထိုငရဲမှ လွတ်ပြန်လျှင် လက်ပံတောငရဲ သို့ ရောက်ပြန်၏။ လက်ပံပင်တို့မှာ ၁၆ လက်မရှည်သော ဆူးရှိကုန်၏။ ငရဲထိန်းတို့က ရိုက်နှက်၍ ထိုလက်ပံပင်တို့၌ တက်ချည် ဆင်းချည် ပြုလုပ်စေ၏။ လက်ပံဆူးတို့သည် တက်သောအခါ၌ အောက်ကိုလှည့်၍ နေကုန်၏။ ဆင်းသောအခါ၌ အထက်သို့ လှည့်၍နေကုန်၏။ ကြောက်လန့်တကြား လျင်စွာတက်ရ၊ ဆင်းရသော ငရဲသားတို့၏ ကိုယ်သည် ထိုလက်ပံဆူးတို့ဖြင့် ထိုးမိ၍ စုတ်ပြဲလျက် ရှိလေ၏။ ထိုငရဲမှ လွတ်ပြန်လျှင် သံလျက်တောငရဲ သို့ရောက်ပြန်၏။ ရောက်သည်နှင့် တစ်ပြိုင်နက် သံလျက်နှင့် တူစွာ နှစ်သွားရှိသော အရွယ်တို့သည် ကြွေ၍ ငရဲသား၏ ကိုယ်၌ကျလေကုန်၏။ လက်၊ ခြေ၊ နား၊ လျှာ၊ ကိုယ်အင်္ဂါတို့သည် အပိုင်းပို်င်း ပြတ်လေကုန်၏။ ထ၍ ပြေးပြန်လျှင် သံမြေပြင်၌ သင်းတုံးသွားတို့သည် ထွက်ပေါ်လျက် ရှိကုန်၏။ ရှေ့မှ သံတံတို့လည်း ကာရံလျက် ရှိကုန်၏။ ထိုအခါ၌ ၀ိပဿနာအလုပ်ကို အားထုတ်ခွင့်ကို မရနိုင်တော့ချေ။ ထိုငရဲမှ လွတ်ပြန်လျှင် ဝေတ္တရဏီ မည်သော ကြိမ်ချောင်းငရဲသို့ ကျရောက်ပြန်လေ၏။ ထိုငရဲမှာ ကျစ်ကျစ်ဆူသော အရည်အတိပြည့်၏။ သင်တုံးသွားနှင့် တူသော နွယ်များ၊ ကြာရွက်များရှိ၏။ အောက်မြေပြင်၌ သင်တုံးသွား ခင်းလျက်ရှိ၏။ ကမ်းပါးတို့၌လည်း သင်းတုံးသွားကဲ့သို့ ထက်သော ကြိမ်နွယ်များ သမန်းမြက်များရှိ၏။ ငရဲသားတို့သည် ထိုချောင်းကို ဆင်းမိလျှင် မြေပြင်မှ သင်တုံးသွားရှသောကြောင့် လည်းကောင်း ဘိုင်းခနဲ လဲရှာလေ၏။ လဲလျှင် ကျစ်ကျစ်ဆူလျက် ပူစပ်သော အရည်ထဲ၌ စုန်ချည် ဆန်ချည် မျောနေလေ၏။ ကမ်းပါး၌ရှိသော ကြိမ်သမန်းမြက် တို့ဖြင့်လည်းရှ၊ ချောင်းထဲ၌ရှိသော ကြာရွက်တို့ဖြင့်လည်း ရှ၏။ ငရဲသားတို့၏ ကိုယ်ထည် အစုတ်စုတ်အပြတ်ပြတ် ဖြစ်လေ၏။ ထိုစဉ်ခဏ၌ ၀ိပဿနာတရားကို အားထုတ်ခွင့်ကို မရနိုင်တော့ချေ။ စုန်ချည်ဆန်ချည် မျောလျက် အတိဒုက္ခရောက်နေသော ထိုငရဲသားကို ငရဲထိန်းတွေ့လျှင် ငါးမျှားချိတ်ကြီးဖြင့် ဆွဲတင်၍ ဘာအလိုရှိသလဲဟု မေး၏။ "ထမင်းဆာသည်" ဟု ဆိုလျှင် ရဲရဲတောက်သော အတုံးအခဲဖြင့် ပြည့်သော သံခြင်းတောင်းကြီးကို ယူလာကုန်၏။ ငရဲသားသည် ကြောက်လှသောကြောင့် ပါးစပ်ကြီး အတင်းပိတ်၍ ထားရှာလေ၏။ ထိုအခါ ငရဲထိန်းတစ်ယောက်က ပေါက်ချွန်းကြီးနှင့် အတင်းပေါက်၍ ပါးစပ်ကို ဖွင့်၏။ အခြားငရဲထိန်းကလည်း ထိုနည်းတူပင် တစ်ဖက်မှ ပေါက်၍ ဖွင့်၏။ ထိုသို့ ဖွင့်၍ ပါးစပ်ဟင်းလင်း ပွင့်နေသော အခါ၌ ရဲရဲတောက်သော ထိုသံတုံး သံခဲတို့ကို တစ်ခုပြီးတစ်ခု ပစ်ထည့်၍ ကျွေးကြလေသည်။ ထိုသံတုံး သံခဲတို့သည် နှုတ်ခမ်း၊ လျှာ၊ အာခေါင်၊ လည်ချောင်း၊ အူတို့ကို လောင်ကျွမ်းပြီးလျှင် အောက်ဒွါရမှ ထွက်သွားကုန်၏။ "ရေငတ်သည်" ဟု ဆိုပြန်လျှင် ကျိုက်ကျိုက်ဆူပွက်သော သံရည်တို့ကို လောင်းထည့်၍ ပေးကုန်၏။ ထိုသံရည်ပူတို့သည်လည်း နည်းတူပင် လောင်၍ အောက်ဒွါရမှ ထွက်သွားရကုန်၏။ ငရဲသားသည် မသေသေးပြန်လျှင် ထိုငရဲသားကို ငရဲကြီးထံသို့တစ်ဖန် ပစ်သွင်းလိုက်ပြန်လေ၏။ ဤသို့ဖြင့် ငရဲသားတို့ ငရဲမျိုးစုံကို ခံစားရပုံကို ကွင်းကွင်းကွက်ကွက်မြင်သာအောင် ဖွင့်ဆိုပြလေသည်ကို မှတ်သားရပါသည်။ မြတ်စွာဗုဒ္ဓဘုရား ပွင့်တော်မူလာသောအခါမှ ဤဆင်းရဲဒုက္ခတို့၏ လွတ်မြောက်ရာလမ်းကို ဂရုဏာ ရှေ့ထားလမ်းပြ ညွှန်ပြတော်မူသဖြင့် များစွာသော လူ, နတ်, ဗြဟ္မာတို့သည် ကျွတ်တမ်း ဝင်ကြရ ပေသည်။ ထိုသို့ ဘုရားပွင့်ခါအချိန်မှာ ကျွတ်တမ်းမဝင် နိုင်ခဲ့ရသော်လည်း ယခုခေတ် အချိန်အခါမှာ လူဖြစ်လာသော စာဖတ်သူတို့လည်း အထူးကံကောင်းလှသည်ကို ဖော်ပြညွှန်းဆိုနေသည့် သက်သေ အထောက်အထားများ အများအပြားရှိနေသည်။ အဘယ်ကြောင့်ဆိုသော် သင်တို့ ကျွန်ုပ်တို့သည်.. ခဲယဉ်းခြင်း လေးမျိုးကိုလည်း ရရှိနေပြီး တရားထူးရနိုင်တဲ့ အခွင့်ထူး လေးရပ်နှင့်လည်း ပြည့်စုံနေပါသည်။ ရရန် ခဲယဉ်းလှသော လူ့ဘဝကို ရရှိနေရ၏။ အသက်ရှည် ကျန်းမာနေသည်။ သူတော်ကောင်းတရားများလည်း နာကြားရသည်။ မြတ်စွာဘုရား သာသနာနှင့်လည်း တွေ့ကြုံရသည်။ သာသနာထွန်းကားရာ အရပ်ဒေသမှာလည်း နေထိုင်ရ၏။ အယူမှန်သော အသိတရားရှိ၏။ အာရုံခံ (၆) ပါးတို့သည်လည်း ကောင်းမွန် ပြည်စုံသူဖြစ်နေခြင်းတို့သည် စာဖတ်သူတို့၏ ကုသိုလ်ကံ ကောင်းမှုအထူးပင် ဖြစ်ပေတော့သည်။ ထို့ကြောင့် ရရှိလာသော ဤလူ့ဘဝကြီးကို အခွင့်ရေးပိုင်ပိုင် ဆုပ်ကိုင်လျက် ကျွတ်တမ်းဝင်ရန်ဘဝမှာ ယခု မိမိတို့ ရရှိထားသော ဘဝပင်ဖြစ်ပါတော့သည်ဟု ကျေးဇူးရှင် သဒ္ဓမ္မရံသီရိပ်သာ ဆရာတော် အရှင်ကုဏ္ဍလာဘိဝံသ အပါအဝင် ပညာရှိ သူတော်စင်အများက တိုက်တွန်းထားတာကို မှတ်သားရပါတယ်။ ဝန်ခံချက်။ အောက်ပါဆရာတော်စာအုပ်များမှ ကိုးကားဖော်ပြထားပါသည်။ မဟာစည် ဆရာတော်ဘုရား၏ ၀ိပဿနာကျင့်စဉ်အကျဉ်းချူပ် သဒ္ဓမ္မရံသီရိပ်သာဆရာတော် ၏ ယခုဘဝ ကောင်းမြတ်လှ သု (သဒ္ဓမ္မရံသီ) ၏ ချစ်တတ်အောင်သင် ချမ်းမြေ့ဆရာတော် ၏ ဆင်းရဲငြိမ်းအေး ချမ်းသာရေး
https://www.dhammaransi.com/index.php/new/722-2015-10-25-04-34-20.html
ဗုဒ္ဓတရားနှင့် အဆိုးမြင်ဝါဒ
ဗုဒ္ဓတရားများ၏ သင်္ခါရနိမိတ်ဖြစ်သော အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေး သုံးပါးအပေါ်တွင် ဘာသာခြားအချို့နှင့် ဗုဒ္ဓဘာသာဝင်အချို့ နားလည်မှုလွဲနေသည်ဟု ထင်ပါသည်။ အနိစ္စ၊ ဒုက္ခ ဆိုသော အသံသည် သာသနာပတွင် ကြားနိုင်သော်လည်း အနတ္တဆိုသောအသံသည်ကား သာသနာတွင်းမှသာ ကြားနိုင်ပါသည်။ သို့သော် သာသနာပတွင် ကြားရသော အနိစ္စ၊ ဒုက္ခသည်ကား ပညတ် အနိစ္စ၊ ဒုက္ခသာဖြစ်သည်။ ပုဂ္ဂိုလ်၊ သတ္တဝါ မဖက်သော ပရမတ်သဘော၌ အနိစ္စ၊ ဒုက္ခကိုမြင်လျှင် အနတ္တကိုလည်း မြင်ပါသည်။ ဖတ်ခဲ့ဖူးသော အကြောင်းအရာတစ်ခု ဖြစ်ပါသည်။ အတိအကျတော့ မမှတ်မိတော့ပါ။ သဘောကို ပြန်ရေးပြပါမည်။ နိုင်ငံခြားသား ဘာသာခြား တစ်ယောက်က ဗုဒ္ဓဘာသာဝင် တစ်ယောက်အား မေးပါသည်။ မင်တို့ဘာသာက အနိစ္စ၊ ဒုက္ခ၊ အနတ္တချည်းပဲ ပြောနေတယ်။ ကောင်းတာ တစ်ခုမှမရှိဘူး။ အဆိုးမြင်ဝါဒ ဖြစ်မနေဘူးလား။ ဖြေတဲ့လူက ပညာသားပါ၏။ နိုင်ငံခြားသားကို ပြန်မေးသည်။ “အခု လူတွေ ကားမစီးကြဘူးလား” “စီးတယ်လေ” “ဒါဆို ကားပဲ ထုတ်လုပ်ပေါ့။ workshop တွေ မထောင်နဲ့၊ အပိုပစ္စည်းတွေ မထုတ်နဲ့လေ” ဒီတော့ နိုင်ငံခြားသားက - “ဟ-ပျက်ရင် ပြင်ရအောင်ပေါ့၊ အသစ်လဲရအောင်ပေါ့ကွ” အဲဒီအခါမှာ မြန်မာက - “ဒါဆို မင်းတို့ဟာကလည်း အဆိုးမြင်ကြီး ဖြစ်မနေဘူးလား၊ ကားပဲ ထုတ်ရသေးတယ်၊ အပျက်ကို တွေးပြီး workshop တွေ အပိုပစ္စည်းတွေနဲ့ တစ်ခါတည်း ပါလာရော” နိုင်ငံခြားသား နည်းနည်းတော့ သဘောပေါက်သွားသည်။ “အေး . . ဒီလိုပဲ၊ ခန္ဓာကိုယ်ကလည်း ပျက်တတ်တာ သဘာဝပဲ၊ ဒီလိုမြင်တာကို အဆိုးမြင် သဘော၊ အပျက်မြင်သဘောလို့ ပြောလို့ ရပါ့မလား၊ အဲဒီလို ပျက်တတ်တဲ့ သဘာဝကို အမှန်အတိုင်း သိထားမှ ပြုပြင်ပေးလို့ ရမှာလေ၊ နေမကောင်းရင် ဆေးနဲ့ ပြုပြင်မယ်၊ အစာနဲ့ ပြုပြင်မယ်ကွာ၊ နောက်ပြီး ဒီလို ဖောက်ပြန်ပျက်စီးတတ်တာ သဘာဝပါလားလို့ အမှန်ကို သိရှိလိုက်တော့ စိတ်မှာ ဒေါသတွေ၊ သောကတွေ မလာတော့ဘူးပေါ့။ အဲဒါ စိတ်နဲ့လည်း ပြုပြင်တာကွ။ ဒါဆို သက်သာရာရတာပေါ့ကွာ။ ကဲ-ဗုဒ္ဓဝါဒဟာ အဆိုးမြင်ဝါဒလား အမှန်မြင်ဝါဒလား” ဗုဒ္ဓဘာသာဝင်များသည်ကား ဤသို့ ပေါ်တင်ကြီး မစွပ်စွဲကြပါ။ သို့သော် အသိလည်း မရှင်းကြပေ။ ဤသို့ မရှင်းကြသောကြောင့် ဓမ္မအပေါ် နားလည်မှုလွဲလာပေသည်။ အထူးသဖြင့် ‘ကံ’တရားအပေါ် နားလည်မှု လွဲနေကြသည်။ မိမိဘာသာပျင်းလို့၊ အရည်အချင်းမရှိလို့ မအောင်မြင်ရင် ‘ကံပေါ့ကွာ၊ အနတ္တပေါ့၊ ဘယ်တတ်နိုင်မလဲ’ ဟု တရားသိသလိုလိုနှင့် ဆင်ခြေပေးတတ်ကြသည် ဤသည်မှသာ အဆိုးမြင်ဝါဒဖြစ်သည်။ ဆရာတော် ရှင်ဇနကာဘိဝံသထံသို့ အစိုးရအဖွဲ့အစည်းက လူများ ရောက်လာကြသည်။ လာရခြင်းအကြောင်းမှာ တံတားတစ်ခုကျိုးပြီး ကားမှောက်၍ လူတွေသေကြသည်။ သို့ဖြင့် သံဃာတော်များပင့်ပြီး ပရိတ်ရွတ်ရန် လာပင့်ကြခြင်း ဖြစ်သည်။ အစိုးရလူကြီးများက “ဆရာတော်ဘုရား၊ အနတ္တပေါ့၊ သင်္ခါရ တရားတွေပဲ ဘုရား၊ ပျက်ကြမှာပေါ့” ဟု လျှောက်၏။ ဆရာတော်က “အေး-ဒကာတို့၊ သင်္ခါရတရားတွေပဲ ပြင်လိုက်ပေါ့” တဲ့။ လူကြီးများ ကြောင်သွား၏။ ဆရာတော်က ဆက်ပြီး “အန္တရာယ်ကင်းအောင် ပရိတ်လည်း ရွတ်ပေါ့၊ တံတားတွေ လမ်းတွေကိုလည်း ဘယ်နားမှာ ဘာလိုတယ်၊ ဘာဖြစ်နေတယ်ဆိုတာကိုလည်း စစ်ဆေးပြီး ပြုပြင်ကြပါဦး” ဟု မိန့်၏။ ဟုတ်ပါသည်။ လူအများသည် သင်္ခါရဟု အသံကြားသည်နှင့် အပျက်ကိုသာ တွေးပစ်လိုက်ကြသည်။ သင်္ခါရတရားဟူသည် အကြောင်းအထောက်အပံ့ ပေးမှု၊ ပြုပြင်ပေးရမှုတို့ပင် ဖြစ်သည်။ ဤသို့ ပြုပြင်ပေးနေရသောတရားများဖြစ်၍ မမြဲ၊ အစိုးမရခြင်းဟု ပြောခြင်း ဖြစ်၏။ သို့ဖြစ်၍ ပြုပြင်မှုကိုလည်း လုပ်ရပေမည်။ မမြဲမှုကိုလည်း လက်ခံထားရပေမည်။ ယခုကား ဤသို့မဟုတ်၊ ပြုပြင်မှုကို ဉာဏ်၊ ဝီရိယစိုက်၍ မလုပ်ချင်ဘဲ မမြဲမှုကိုသာ တရားသိသလိုလိုနှင့် အပြစ်ပုံချကြသည်။ လွဲကြလေခြင်း။ လူတစ်ယောက် နေမကောင်းဖြစ်မည်။ သို့ဆိုလျှင် နေမကောင်းဖြစ်ခြင်း၏ အကြောင်းကို ရှာရမည်။ အကြောင်းကိုသိလျှင် နေကောင်းအောင် ပြုပြင်ပေးမည်။ ပြုပြင်ပေး၍ မရတော့လျှင်တော့ ကံကိုသာ ပုံချလိုက်ပါ။ အနတ္တတရားကို ဆင်ခြင်ပါ။ စိတ်သက်သာရာရပေမည်။ ဤသဘောမျိုးသာ ဘုရားဟောပါသည်။ စီးပွားရေး၊ အခြားအခြားတွေမှာလည်း ဤသို့သာ ဖြစ်သည်။ ဘာပြုပြင်အားထုတ်မှုမှ မလုပ်ဘဲ ‘ကံပေါ့၊ အနတ္တပေါ့’ ဆိုလျှင်တော့ အဆိုးမြင်ဝါဒသာ ဖြစ်နေပါလိမ့်မည်။ ကျိန်းသေ၏။ ဤလူ မကြီးပွားပေ။ ရောဂါသေးသေးလေးနှင့်တောင် သေမည့်သူဖြစ်သည်။ မြတ်စွာဘုရားရှင်သည် လောကီ၊ လောကုတ် ထောင့်စေ့အောင် ဟောထားပြီးဖြစ်သည်။ အသုံးမချတတ်၍ မွဲနေကြရ၏။ ကြီးပွားကြောင်းတရား များစွာထဲတွင် ဣဒ္ဓိပါဒ်လေးပါးဆိုတာ ရှိ၏။ တန်ခိုးဟုလည်း ခေါ်ဆိုကြ၏။ (၁) ပြတ်သားသောရည်ရွယ်ချက်ရှိခြင်း။ (၂) ဇွဲလုံ့လရှိခြင်း။ (၃) စိတ်ဓာတ်ခိုင်မာခြင်း။ (၄) အသိဉာဏ်ရှိခြင်းတို့ ဖြစ်၏။ ဤလေးပါးနှင့်ပြည်စုံလျှင် မအောင်မြင်ဘဲ နေပါမည်လော။ ‘ကံ’ ဟု ပြောလိုက်လျှင် လူအများသည် အတိတ်အကြောင်းကိုသာ ပြေးမြင်တတ်ကြပါသည်။ ကံရဲ့အကျိုးပေးသည်ကား နှစ်ဋ္ဌာနရှိ၏။ အတိတ်စေတနာကံအကြောင်းနှင့် ပစ္စုပ္ပန် အလုပ်ကံ ဟူသော အကြောင်းတရားသည်လည်း ရှိပါသေးသည်။ ပစ္စုပ္ပန်၌ ကြိုးစား၍မှ မအောင်မြင်လျှင် အတိတ်ကံ အကြောင်းကို ပုံချရမည်ဖြစ်သည်။ သို့သော် ကြိုးစားသော ဝီရိယအကျိုးကိုကား ခံစားရပါသေးသည်။ ကြိုးစားခြင်းကား အချည်းနှီး မဖြစ်ပေ။ ပြောစရာတစ်ခုရှိသည်မှာ မိမိသည် မည်သည့်လမ်းကို လျှောက်နေသော မည်သို့သောသူမျိုး ဖြစ်သည်ကိုကား သိရပေမည်။ အဖြစ်အပျက်နှစ်ခု ယှဉ်ပြပါမည်။ လယ်တီဆရာတော်ဘုရားကြီး ခရီးတစ်ခုထွက်စဉ် သင်္ဘောပေါ်၌ ခရီးဆောင်ပစ္စည်းများ အခိုးခံရပါသည်။ ကပ္ပိယက မကျေမနပ်ဖြစ်၍ တိုင်တန်းမည်ပြုသောအခါ ဆရာတော်ဘုရားကြီးက “တိတ်တိတ်နေပါကွယ်၊ အတိတ်ဘဝက ငါသူခိုးဖြစ်ခဲ့တာ လူသိနေပါမယ်” ဟု နှစ်သိမ့်လေသည်။ ဆရာတော်ဘုရားကြီးသည် ဓမ္မလမ်း သက်သက်အပေါ်၌ လျှောက်နေသော ရဟန်းတော်ဖြစ်သဖြင့် အတိတ်အကြောင်းကိုပုံချပြီး တရားနှင့်ဖြေခဲ့လေသည်။ ဆရာဝင်းအောင်ကြည် စာအုပ်မှ ဥပမာတစ်ခု ထုတ်ပြပါမည်။ ကျောင်းသားတစ်ယောက် စာအုပ်၊ ဘောပင်၊ ထီးပျောက်သည် ဆိုပါစို့။ အမေလုပ်သူက ‘သားရယ်၊ ကံပေါ့ကွယ်၊ အတိတ်ဘဝက သူများပစ္စည်း ခိုးခဲ့ဖူးလို့နေမှာပေါ့’ ဟု နှစ်သိမ့်မည်လား။ သို့ဆိုလျှင်တော့ ဤကလေး နောက်လည်း ပစ္စည်းတွေ ပျောက်နေဦးမည်သာဖြစ်၏။ ကလေးတစ်ယောက်ကို ဤသို့သွားဆုံးမနေ၍ မဖြစ်ပေ။ ကိုယ့်ပစ္စည်းကို ရိုသေရကြောင်း၊ ဘယ်လိုဂရုစိုက် ထိန်းသိမ်းရကြောင်း ဆူတန်ဆူ၊ ရိုက်တန်ရိုက်၍ ဆုံးမရမည် မဟုတ်လော။ လယ်တီဆရာတော်ဘုရားကြီးကဲ့သို့ တရားသွားဟောနေ၍ မရပေ။ ဗုဒ္ဓဘာသာဝင်အချို့မှာ ဤကလေးအမေကဲ့သို့ ကြုံနေကြ၏။ ကိုယ့်ကိုယ်ကို မည်သို့ဆုံးမကြမည်နည်း။ မိမိတို့သည် လယ်တီဆရာတော်ဘုရားကြီးကဲ့သို့ ဓမ္မလူသားလော၊ ကလေးအမေကဲ့သို့ လောက လူသားလော။ တရားလေး နည်းနည်းနာ၊ နည်းနည်း အားထုတ်ပြီး လောကပဲ ငြီးငွေ့နေသလိုလို၊ တရားပဲ ရတော့မလိုလိုနှင့် စီးပွာရေးလည်း ဖြောင့်ဖြောင့်မလုပ်၊ တရားလည်း ဖြောင့်ဖြောင့် မလုပ်၊ ဟိုမရောက် ဒီမရောက်နှင့် လောက၊ ဓမ္မ နှစ်ဘက်လုံး နစ်နာပါသည်။ “အို . . အနတ္တပေါ့၊ ဒုက္ခသစ္စာပေါ့” ဟု ဘုရားစကားကိုပင် ခုတုံးလုပ်၍ ကိုယ့် အသုံးမကျမှုကို ဖုံးကွယ်လိုကြပြန်သေးသည်။ မိမိတို့ကျောင်းသို့ ဂျပန် တစ်ယောက်ရောက်လာပြီး စကားပြန်မှတစ်ဆင့် ဆရာတော်ဘုရားကြီအား လျှောက်၏။ ‘ဆရာတော်တို့ပြောတဲ့ ဒုက္ခသစ္စာ၊ ခန္ဓာကိုယ်ဟာ အချည်းနှီးဆိုရင် တပည့်တော် ကိုယ့်ဟာကိုယ် သတ်သေလိုက်ရဖို့ပဲ ရှိတော့တယ်’ ဟု မကျေမနပ်လျှောက်၏။ ဤဂျပန်ကဲ့သို့ ဖြစ်နေကြ၏။ ကိုယ့်ဟာကိုယ် ဘာကောင်မှန်းမသိဘဲ ဓမ္မကို သူလိုရာဆွဲတွေးကြလေသည်။ လောကီချမ်းသာကို ဘုရားမပယ်မှန်း သူတို့မသိရှာပေ။ သနားစရာကောင်းလေ၏။ ဆရာတော် ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)၏ အဆုံးအမနှင့်ပြောရလျှင် ‘တောကြောင်ဆိုရင်လည်း တောမှာနေပြီး မြက်စားရတယ်။ အိမ်ကြောင်ဆိုရင်လည်း ကြွက်ခုတ်ပေါ့’ ဆိုသည့် ဒဿနလေးကို နှလုံးမသွင်းတတ်ကြ။ သို့ကြောင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းက - “ဘာသာအယူဝါဒ၊ ဝံသာနုရက္ခိတတရားတို့ ပျက်ပြား ဆုတ်ယုတ်၍ လောကုတ္တရာလည်း မမီ၊ လောကီမှာလည်း မတောက်ပဘဲ အောက်ကျနောက်ကျ၊ ကျကြီးကျ၍၊ မြန်မာ့တန်ခိုး ညှိုနွမ်း ပျက်ပြယ်၊ သွက်သွက်လည် မှောက်မှားအောင်၊ ကြောက်ခမန်းလိလိ ဖြစ်လေ၏” တဲ့။ ဆင်ခြင်နိုင်ကြပါစေ။ အရှင်ပညာသီရိ (ရမ္မာကျွန်း)
https://www.dhammaransi.com/index.php/new/723-2015-10-25-04-32-43.html
(ဗေဒင်မေးခြင်းနှင့် ဗုဒ္ဓဘာသာဝင်)
★ထေရဝါဒ ပီသပါစေ★ (ဗေဒင်မေးခြင်းနှင့် ဗုဒ္ဓဘာသာဝင်) ဗေဒင်ပညာသည် ဗြာဟ္မဏပုဏားတို့၏ လောကီပညာရပ် ဖြစ်ပါသည်။ မြတ်ဗုဒ္ဓပွင့်တော် မမူမှီကပင် ပေါ်ထွန်းခဲ့သော လောကီပညာရပ် ဖြစ်ပါသည်။ သစ္စာ ဓမ္မများ ပွင့်လင်းမှုမရှိသေးစဉ် ခေတ်မှီသိပ္ပံရပ်များ ပေါ်ထွန်းမှုမရှိသေးခင် ခေတ်အခါက ဗေဒင်ပညာသည် လွှမ်းမိုးကြီးစိုးခဲ့သည်။ မြတ်ဗုဒ္ဓပွင့်တော်မူတဲ့အခါ လောကီပညာရပ်ဖြစ်သော ဗေဒင်ပညာတို့နှင့် ဆန့်ကျင်ခဲ့သည်။ ဗေဒင်၊ လက္ခဏာ အိ်မ်မက်တိတ္တုံ အတိတ်စွဲ နမိတ်စွဲတို့၌ ယုံကြည်ခြင်းသည် ဒွန်းစဏ္ဍား ဗုဒ္ဓဘာသာဝင်တို့၏လက္ခဏာဟု (★ အဂုင်္တ္တရပါဠိတော်၊ တတိယ၊ စာမျက်နှာ ၁၈၁★ တွင်) ဘုရားရှင် ဟောကြားထားတာ်မူခဲ့ပါသည်။ ယင်းအခြေခံ သမ္မာဒိဠိအဆင့်တွင်မှ မတည်လျှင် အထက်သမ္မာဒိဠိဖြစ်သော အရိယာမဂ်လေးမျိုးကို ရရှိဖို့ရာ မဖြစ်နိုင်ပါ။ ဗေဒင်၊ လက္ခဏာ အိမ်မက်တိတ္တုံ အတိတ်စွဲ နမိတ်စွဲတို့၌ယုံကြည်ခြင်းသည် ကံ ကံ၏အကျိုးကို မယုံကြည်ခြင်းဖြစ်သောကြောင့် 'ကမ္မဿကတာ သမ္မာဒိဠိ' တည်တော့မည်မဟုတ်ပါ။ ဗေဒင်နဲ့ပတ်သတ်၍ နမ္မားဆရာတော်ဘုရားကြီး၏ အောက်ပါ သြဝါတွေကို လေးနက်စွဲမြဲစွာ မှတ်သားအပ်လှပါ၏။ “ဗေဒင်အတိုင်းသာ သတ္တဝါတွေဖြစ်နေကြရင် သိဒ္ဓတ္ထမင်းသား ဖွားမြင်သောအခါ ဖွားဖက်တော် ခုနှစ်ယောက်လည်း ဖွားမြင်ကြတယ်။ ဖွားဖက်တော်တို့၏ ဇာတာခွင်နဲ့ သိဒ္ဓတ္ထမင်းသားရဲ့ ဇာတာခွင်နဲ့သည် အတူတူပဲ။ သိဒတ္ထဘုရားဖြစ်လျှင် ဖွားဘက်တော်တွေလည်း ဖြစ်သင့်တယ်။ အခုတော့ သတ္တဝါတွေ ဖြစ်ကြရတာ ဗေဒင်ဇာတာခွင်တိုင်း မဟုတ်။ ကိုယ်ပြုခဲ့သော ကိုယ်ပြုသော ကံကြမ္မာအတိုင်းသာ ဖြစ်ကြရသောကြောင့် သိဒတ္ထမင်းသားက ဘုရားဖြစ်၊ ကဠုဒါယီတို့က ရဟန္တာဖြစ်ကြရတယ်.. မဟုတ်လား။ အဲဒါကြောင့်… ဗေဒင်အခေါ်ဖြစ်သော ပြဿဒါး ရက်ရာဇာ ရှမ်းရက် တာနောရက် ဝါရမိတ္တူ ကမ္ဘာပျက်ရက်တို့သည် ပညတ်တွေဟုတ်မှတ်။ ကောင်းကျိုးဆိုးကျိုး မပေးနိုင်။ ✔ ဗေဒင်ဆရာတွေကို ထမင်းအိုးခွဲတာ_မဟုတ်ဖူးကွယ့်။ ✔ ပညတ်စွဲကွာအောင်_ခွာရတာပဲ_မောင်စိန်ရဲ့့” ဘုရားဟောထက် ဗေဒင်ကိုယုံသူတွေ နမန္တာကျမ်းကိုယုံသူတွေ များပါတယ်။ တစ်နှစ်တစ်ခေါက် ထုတ်တဲ့ သင်္ကြန်စာမှာ ဗြဟ္မာမင်းကြီးက ဦးခေါင်းပြတ်ကြီး နတ်သမီးများ တစ်ယောက်လက်က တစ်ယောက်ကမ်းနေတာ မြင်တယ် မဟုတ်လား။ မြတ်စွာဘုရားက နတ်ဗြဟ္မာတို့၏ ခန္ဒာကိုယ်သည် ကမ္မဇရုပ်တွေချည်းမို့ သေလျှင် မီးတောက်သဖွယ် ပျောက်ကွယ် တတ်တယ်လို့ ဟောတယ်။ ဗေဒင်က ယခုထိ ခေါင်းပြတ်ကြီးက မပုတ်သေးဘူး။ မြန်မာပြည်က ယုံကြည်လက်ခံနေမျှ ပုတ်မှာမဟုတ်ဘူးကွယ့်။ ဗေဒင်က ရက်ရာဇာနဲ့ ပြဿဒါးကို ပဓာနထားသကွယ့်။ မြတ်စွာဘုရားက ကုသိုလ်နဲ့ အကုသိုလ်ကို ပဓာနထားသကွယ့်။ ဗေဒင်က မဟာဘုတ်ကို အဓိကထား ထူးသကွယ့်။ မြတ်စွာဘုရားက သမ္ပတ္တိလေးပါးကို အဓိကထား၍ထူသကွယ့်။ ကဲ… မဆန့်ကျင်ပါလား။ မြတ်စွာဘုရားနဲ့ ဆန့်ကျင်တာကို ယုံပါလျှင် ဘုရား တရားကို မယုံရာ ကျတာပေါ့ကွယ့်။ မြတ်စွာဘုရားဟောတာက ‘သဗ္ဗေကမ္မသကာသတ္တာ၊ ကမ္မံသတ္တေ ဝိဘဇတိ’ တဲ့။ ကဲ.. ဘယ်မှာလဲကွယ်..။ ✏ နဂါးခံတွင်းကျရင် ပျက်စီးတတ်တယ်လို့လည်း မပါ။ ✏ မသာကို စုန်ချရင် တစ်လောင်းနဲ့ကိစ္စမပြီး တတ်ဖူးလို့လည်း မပါ။ ✏ အိမ်တိုင်ထူတာ နက္ခတ်မကောင်းရင် ပျက်စီးတတ်တယ်လို့လည်း မပါ။ ✏ မင်္ဂလာဆောင်တာ ရက်မရွေးမိလို့ ပျက်စီးတတ်တယ်လို့လည်း မပါ။ ✏ ဓမ္မာ သောက အင်းဝ ရာဇာကျလို့ ပျက်စီးတာလည်း မပါ။ ✏ သားဦးစနေ မီးလိုမွှေဆိုတာလည်း မပါ။ တနင်္ဂနွေ တနင်္လာ အင်္ဂါဆိုတာတွေဟာ ပညတ်သင်္ကေတတွေပဲ၊ လူကို ကောင်းအောင်ဆိုးအောင် မလုပ်နိုင်ပါဘူး။ အကုသိုလ်ကံကသာ မကောင်းအောင် လုပ်နိုင်တယ်။ ဒီတော့ အကုသိုလ်ကံဆိုရ် မြွေဆိုး ကင်းဆိုးလို ကြောက်လန့်ပြီး ကုသိုလ်ကံကို ကစ္ဆာသယ ပတ္တမြားကဲ့သို့ သဘောထားကာ အားကိုကြမှ 'ဓမ္မံသရဏံဂစ္ဆာမိ' မှာ မဟုတ်လားကွယ့်။ အခုတော့... အကုသိုလ်ကံလုပ်မယ်ဆိုရင် အလွန်ပျော်၊ ကုသိုလ်လုပ်ရမယ်ဆိုရင် အလွန်ပျင်း၊ ကြောက်တာက ဓမ္မာ သောက အင်းဝ ရာဇာကိုး။ ဘယ်မှာ ဂစ္ဆာမိမှာလဲကွယ်။ ဥသာစိန်ပန်းကြောင့် မိန်းမဆိုးတွေနဲ့ ညားကြတဲ့ယောကျ်ားတွေဟာလည်း မနည်းကြပါဘူး။" (ကျေးဇူးရှင် နမ္မားဆရာတော်ဘုရားကြီး အရှင်ဉာဏ) "လွဲမှားနေသော ရက်ရာဇာ၊ပြဿဒါး ယုံကြည်မှု" ================================ ★ ပြဿဒါးနေ့မှာ ထန်းလျက်စားရင် မချိုဘူးလား မောင်စိန်ရဲ့။ (ချိုုပါတယ်ဘုရား) ကုသိုလ်လုပ်ရင် ကုသိုလ်မဖြစ်ဘူးလား။ (ဖြစ်ပါတယ်ဘုရား) ကုသိုလ်ကံသည် အကျိုးပေးခွင့်ရသော်လည်း ပြဿဒါးနေ့မှာ အကျိုးမပေးသေးပဲ ဆိုင်းငံ့နေတယ်လို့ ဘုရားရှင် ဟောပါသလား။ (မဟောပါဘုရား) ဒီလိုဆိုရင် ကံကောင်းထောက်ပံ့နေသောသူသည် ပြဿဒါးနေ့မှာ အိမ်တိုင်ထူခြင်းကြောင့် မကောင်းကျိုးကိုရအုံးမှာလား။ (မရပါဘုရား) ကြောက်စရာမဟုတ်၊ အကုသိုလ်ကိုသာ ကြောက်ရမယ်။ ဒီလိုဆိုရင် ပြဿဒါးနေ့က ကြောက်စရာမဟုတ်။ အကုသိုလ်ကိုသာ ကြောက်ရမယ်မဟုတ်လား။ အဲ့ဒါကြောင့် အကုသိုလ်ကိုမကြောက်ပဲ ပြဿဒါးကိုကြောက်လျှင် ဗြဟ္မဏဘာသာ၊ ပြဿဒါးကိုမကြောက် အကုသိုလ်ကိုကြောက်မှ ဗုဒ္ဓဘာသာလို့ မှတ်ကွယ့်။ (မှန်ပါ့ဘုရား) ★ ရက်ရာဇာလည်း ရှိသေးတယ်။ ရက်ရာဇာနေ့မှာ ငရုတ်သီးစားရင် မစပ်ဘူးလား မောင်စိန်။ (စပ်ပါတယ်ဘုရား) ရက်ရာဇာနေ့မှာလုပ်သော အကုသိုလ်သည်အကျိုးမပေးပဲ နေပါ့မလား။ (မနေပါဘုရား) ကံမကောင်းသောသူသည် ရက်ရာဇာနေ့မှာ အိမ်တိုင်ထူလည်း ချမ်းသာပါ့မလား။ (မချမ်းသာပါဘုရား) မောင်စိန်တို့ရွာမှာ အိမ်ခြေဘယ်လောက်ရှိလဲ။ (၁၀၀ ရှိပါတယ်ဘုရား) ၄င်းအိမ်ခြေ ၁၀၀ မှာ ရက်မရွေးပဲ ဆောက်တဲ့အိမ်ပါရဲ့လား။ ရက်ရွေးပြီးဆောက်တဲ့အိမ်တွေသည် ချမ်းသာတဲ့အိမ်တွေလား။ (မွဲတဲ့အိမ်က များပါတယ်ဘုရား) ဒီလိုဆိုရင် ရက်ကောင်းတွေက ကောင်းကျိုးပေးနိုင်သလား။ (မပေးနိုင်ပါဘူးဘုရား) ရက်မရွေးပဲ မင်္ဂလာဆောင်တဲ့ လင်မယားရှိရဲ့လား။ လင်မယားတိုင်း မကွဲမကွာနဲ့ ချမ်းသာတာချည်းပဲလား။ (မဟုတ်ပါဘုရား) ဒါဆို ရက်ကောင်းတွေကို အားကိုးရတာ အလကားပေါ့။ ကုသိုလ်ကို အားကိုမှ ဗုဒ္ဓဘာသာကွယ့် မောင်စိန်ရဲ့။ (မှန်လှပါဘုရား မှတ်သားပါပြီဘုရား) (ကျေးဇူးရှင် နမ္မားဆရာတော်ဘုရားကြီး အရှင်ဉာဏ) (မင်းနန်-မော်ကျွန်း၊ ဆရာတော်ကြီးများ၏ သြဝါဒပေါင်းချုပ်မှ) ဗုဒ္ဓဘာသာဝင်တို့မည်သည် ❀ ရတနာသုံးပါးနှင့်❀ ❀ ကံ ကံ၏အကျိုးကို❀ ယုံကြည်ကြပါသည်။ ဗုဒ္ဓ၊ ဓမ္မ၊ သံဃ တည်းဟူသော ရတနာမြတ်သုံးပါး၏ စစ်မှန်သော ကျေးဇူးဂုဏ်တို့ကို ယုံကြည်ရပါသည်။ ထို့အတူ မိမိပြုလုပ်သော ကာယကံသုံးပါးနှင့် လျော်ညီသောအကျိုးကို ခံစားစံစားရသည်ဟုလည်း ကံကို ယုံကြည်ရပါသည်။ ရတနာသုံးပါးနှင့် ကံ ကံ၏အကျိုးကို ယုံကြည်မှသာ သမ္မာဒိဠိဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်၏အစသည် သမ္မာဒိဠိ ဖြစ်ပါ၏။ ကံ ကံ၏အကျိုးကိုယုံကြည်ခြင်းဟူသော မိမိပြုလုပ်သော ကံသုံးပါးကသာလျှင် စီမံဖန်တီးခြင်းဖြစ်သည်ဟု စိတ်ချလက်ချ နားလည်သဘောပေါက်ခြင်း ဖြစ်ပါသည်။ မြတ်စွာဘုရားက ‘အတ္တာ ဟိ အတ္တနော နာထော’ မိမိကိုယ်သာ ကိုးကွယ်ရာ ဟု ဓမ္မပဒတွင် ဟောကြားထားပါသည်။ မိမိ၏ မွန်မြတ် သန့်စင်သော စေတနာကောင်းဖြင့် ဆောင်ရွက်သော ကာယကံကောင်း ဝစီကံကောင်း မနောကံကောင်းတို့သည်သာ မိမိ၏အားကိုးရာဖြစ်သည်ဟု ဆိုလိုတော်မူရင်း ဖြစ်ပါသည်။ ရှေးမြန်မာဗုဒ္ဓဘာသာဝင် အများစုသည် ပုဏ္ဏားတို့၏ ဗေဒင်မှိုင်းတိုက်ခြင်းကို ခံခဲ့ရပါသည်။ ယင်းဗေဒင်ပညာပါအယူအဆသဘောတရားများသည် မိမိတို့ကိုးကွယ်ရာ မြတ်ဗုဒ္ဓ၏ ဓမ္မဒေသနာများနှင် ဆန့်ကျင့်ကွဲလွဲ ခြားနားနေကြောင်း သိရှိခဲ့ကြဟန်မတူ။ အမှန်စင်စစ် ဗုဒ္ဓဓမ္မနှင့် ဗေဒင်သည် အခြေခံကအစ အစစဆန့်ကျင်ကွဲလွဲပါသည်။ ✔ မြတ်စွာဘုရားက ကံဉာဏ် ဝီရိယကောင်းကို အားကိုးဖို့ သွန်သင်၏။ ဗေဒင်ဆရာက ဂြိုလ်နက္ခတ်ကို ကောင်းဖို့လမ်းညွှန်၏။ ✔ မြတ်စွာဘုရားက ကံကောင်းစေရန် စေတနာကောင်းထားဖို့၊ ဉာဏ်ကောင်းဖို့၊ ဝီရယကေင်းဖို့လိုကြောင်း မိန့်တော်မူ၏။ ဗေဒင်ဆရာက ကံကောင်းဖို့ အဆောင်လက်ဖွဲ့ ယတြာ ဂြိုလ်နက္ခတို့ကို ပူဇော်ဖို့လိုကြောင်း လမ်းညွှန်၏။ ✔ မြတ်စွာဘုရားက လူသား၏ စေတနာ၊ ဉာဏ်၊ ဝီရိယများကိုသာ အဓိကထား၏။ လူကိုသာ ပဓာနထားသော လူကိုဗဟိုပြုသော မြတ်ဗုဒ္ဓ၏ဓမ္မကို ကမ္ဘာတစ်ဝန်းလုံးရှိ အတွေးအခေါ်ပညာရှင် သိပ္ပံပညာရှင်တို့ အနေဖြင့် ငြင်းပယ်စရာအကြောင်းမရှိ။ ✔ မြတ်ဗုဒ္ဓ၏ လူကို ပဓာနထားသော ကံ ကံ၏အကျိုးတရားသည် သဘာဝကျ၏။ ယုတ္တိညီညွတ်၏။ ဗေဒင်ဆရာတို့က နက္ခတ်ဂြိုလ်သွားတို့သည် လူသား၏ဘဝကို ဖန်တီးသည်ဟုဆို၏။ ဂြိုလ်စီးဂြိုလ်နင်းညံ့နေလျှင် ထိုသူ၏ဘဝ ကံမကောင်းအကြောင်းမလှမှုများနှင့် ကြုံဆုံရမည်။ ထိုအတွက် ဂြိုလ် နက္ခတ်တို့ကို ပူဇော်ပသပါ၊ ယတြာချေပါဟု ခိုင်းစေတတ်၏။ ဗေဒင်ပညာပါအယူအဆနှင့် မြတ်ဗုဒ္ဓ၏ ကမ္မဝါဒသည် အရှေ့နှင့်အနောက်၊ တောင်နှင့်မြောက်ပမာ ဆန့်ကျင် ခြားနားကြောင်းကို ယနေ့တိုင် စာဖတ်နည်းသော ဗုဒ္ဓဘာသာဝင်အချို့က မသိရှိကြ။ ထို့ကြောင့်လည်း မြတ်ဗုဒ္ဓကိုမူကိုးကွယ်ပြီး ကိစ္စတစ်ခုခုနှင့်ကြုံသော် ဗေဒင်ဆရာထံ ချဉ်းကပ်ခြင်းဖြစ်၏။ မိမိခံယူ ဆောက်တည်ထားသော သရဏဂုံအား ဗေဒင်ယုံကြည်မှုက အဘယ်မျှ ယိမ်းယိုင်စေကြောင်းကို သတိအထပ်ထပ် ဆင်ခြင်မိခြင်း မရှိကြပေ။ ထေရဝါဒဗုဒ္ဓဓမ္မစစ်စစ်ကို ပီပီပြင်ပြင် မသိမြင်သူတို့သည် ဗေဒင်ဆရာက ဟိုခြစ် ဒီခြစ်တွက်ချက်ပြီး ‘ဂြိုလ်စီး ဂြိုလ်နင်းညံ့နေသည်’ဟု ခြောက်လုံးဖြင့် ဟောလိုက်သော် ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကာ ဗေဒင်ဆရာခိုင်းစေသော ယတြာများကိုသာ မျက်စိစုံမှိတ် ဆောင်ရွက်ကြတော့၏။ မည်သို့ယတြာချေပါဟုဆိုလျှင် ချေ၏။ မည်သည့်အဆောင်ကို ဆောင်ပါဆိုလျှင် ဆောင်လိုက်ကြ၏။ အမှန်မှာ.... မိမိနေ့စဉ်ပြုလုပ်နေသော ကာယကံ ဝစီကံ မနောကံ ကံသုံးပါးမှာ ✔ ဘာတွေ မှားနေသလဲ၊ ✔ ဘာတွေလွဲညံ့နေသလဲ၊ ✔ ဘာတွေ ချို့ယွင်းစေခဲ့သလဲကို စဉ်းငယ်မျှ ပြန်လည်သုံးသပ်ရကောင်းမှန်းမသိ။ ပြန်လည် ဝေဖန်ဆန်းစစ်ခြင်းလည်း မရှိ။ အမှန်တော့ ဘယ်ဂြိုလ်ပဲ စီးနေပါစေ၊ ဘယ်နက္ခတ်ကပဲ မကောင်းနေပါစေ၊ ဘယ်ဂြိုလ် ဘယ်နက္ခတ်ကိုမှ ကြောက်စရာမလိုပါ။ အလေးထားစရာမလိုပါ။ ဗြဟ္မာဏအနွယ်ဝင် ဗေဒင်ပညာရှင်တို့က ဖန်တီးခဲ့သော ဂြိုလ်နက္ခတ်အယူအဆတွေသာ ဖြစ်ပါ၏။ ထိုဂြိုလ်နက္ခတ်နှင့် မိမိနှင့် ဘာမှမပတ်သတ်ပါ။ မိမိနှင့်ပတ်သတ်သည်မှာ မိမိနှင့်ပတ်သတ်သည်မှာ မိမိ၏ ကာယကံမှု ဝစီကံမှု မနောကံမှုတွေသာ ဖြစ်ပါသည်။ ဤလောက၌ ဘဝတစ်လျှောက်လုံး အကောင်းလောကဓံတရားတို့နှင့် ကြုံရသည်လည်းရှိသလို အဆိုးလောကဓံတရားတို့နှင့် ကြုံရသည်တို့လည်း ရှိပါလိမ့်မည်။ ဤသည်မှာ လောက၏ဓမ္မတာပင် ဖြစ်ပါ၏။ ထို့ကြောင့် မကောင်းသောလောကဓံတရားတို့နှင့် ကြုံဆုံရစဉ်အခိုက် ပထမဦးစွာ မိမိစိတ်ကို ဆောက်တည်ရာရအောင် အားထုတ်ပါ။ စွမ်းနိုင်သမျှ စိတ်ကို တည်ငြိမ်အောင်ထားပါ။ လေ့ကျင့်ပါ။ မိမိ၏နှလုံးသားကို စေတနာကောင်း အမြဲ ထုံမွှမ်းပြီး ကောင်းသောကံသုံးပါးဖြစ်အောင် အားထုတ်ဆောင်ရွက်ပါ။ ကောင်းမှုကုသိုလ်များကို တိုး၍တို်း၍ ပြုလုပ်ပါ။ ရတနာမြတ်သုံးပါးကို တိုး၍တိုး၍ ဆည်းကပ်ဝတ်ပြုပါ။ မေတ္တာပို့ အမျှဝေပါ။ ထိုအခါ သရဏဂုံ မညှိုးနွမ်း မယိမ်းယိုင်ပဲ ယုံကြည်တည်သောကံနှင့် မိမိ၏ကောင်းမှု ကံများကြောင့် လောကဓံတရားသည် အဆိုးမှအကေင်းသို့ ရှေးရှူပြောင်းလဲ လာပါလိမ့်မည်။ ဤသည်နှင့်စပ်လျဉ်း၍ ပိုင်းလော့ဆရာတော်ဘုရားကြီး အရှင်ဇေယျပဏ္ဍိတက မိန့်တော်မူခဲ့ပါသည်။ “တကယ်တော့ ဓါတ်အပြောင်းအလဲက ဘယ်ကစခဲ့တာလဲလို့မေးရင် ကိုယ်ပြုတဲ့ ကံက စခဲ့တာနော်။ ဘုရားဟောကျမ်းဂန်တွေမှာ ကြည့်လိုက်တော့မှ ပုဗဏှသုတ်မှာ ပါပြီးသားဆိုတာ တွေ့ရတယ်။ {သုနက္ခတ္တံ သုမင်္ဂလံ} ဆိုတာ ပါပြီးသားနော်။ ကောင်းသောကာယကံ ဝစီကံ မနောကံ ရှိမှသာ ကောင်းသောအချိန်ခါဖြစ်တယ်လို့ ဘုရားရှင်ဟောကြားခဲ့ပြီးဖြစ်ပါတယ်။ အဲ့ဒီတော့ ဗေဒင်ဆရာက ဘယ်လောက်ပဲ ဂြိုလ်ညံ့တယ်ပြောပြော မကြောက်ကြနဲ့တော့..။ နားလည်ရဲ့လား..။ ဘာမှကြောက်စရာမလိုဘူး..။ ဒီနေ့ကစပြီး ကိုယ့်စိတ်ကို အပေးနဲ့ယှဉ်ပြီးတော့ ကောင်းသောစိတ်ကို ပြောင်းလိုက်ပါ။ စေတနာကောင်းဖြစ်အောင် ပြောင်းလိုက်ပါ..။ ကောင်းသောကံ ဖြစ်ပြီ။ ကောင်းသောကံ ဖြစ်ပေါ်ရင်တဲ့ ကံကောင်းသူဟာ ပုညလို့ခေါ်တဲ့ ကောင်းမှုကိုဖြစ်တယ်လို့ မှတ်ကြပါ။ ကောင်းမှုများရင် ဘုန်းတန်ခိုးရှိတယ်လို့ခေါ်တယ်။ ဘုန်းတန်ခိုးရှိတဲ့ပုဂိုလ်ဆိုလို့ရှိရင် အချိန်အခါက သူ့ဟာသူ ပြောင်းပေးရတယ်လို့ နားလည်ကြပါ။” (ပိုင်းလော့ဆရာတော်ဘုရားကြီး အရှင်ဇေယျပဏ္ဍိတ) (မင်းနန်- မော်ကျွန်း၊ 'ဆရာတော်ကြီးများ၏ သြဝါဒပေါင်းချုပ်စာအုပ်'၊ စာမျက်နှာ ၅၈၀/၅၈၁/၅၈၂ မှ ကောက်နှုတ်ရေးသားချက် ဖြစ်ပါသည်။)
https://www.dhammaransi.com/index.php/new/724-2015-10-25-04-30-36.html
၀ိပဿနာ နိုင်ငံ ရပ်ခြား ပြန့်နေပြီ။
၀ိပဿနာ နိုင်ငံ ရပ်ခြား ပြန့်နေပြီ။ မြန်မာနိုင်ငံတွင်း က ဓမ္မမိတ်ဆွေ တွေ ဆရာကောင်းနဲ့ အနီးဆုံး နေပြီး အဝေးဆုံးရောက် မနေပါစေနဲ့။ ====================================== ရုုံးမှာ မကြာခဏ နိုင်ငံခြားသားတွေ နဲ့ စကားပြောဖြစ်ရင်၊ ဒီ အပတ်ရုံးပိတ်ရက် ဘာလုပ်မှာလဲ လို့မေးလေ့ရှိတယ်။ ဒီလိုဘဲ မနေ့က ဂျာမဏီနိုင်ငံ သားတယောက်နဲ့ စကားပြောရင်း၊ တရားထိုင်တဲ့ ကိစ္စကိုရောက်သွားတယ်။ သူက တရားထိုင်တာ ၅နှစ်လောက်ရှိပြီ။ အာနာပါန က နေ ဝေဒနာ မကျော်ဘူး ဆိုုတာသိရပါတယ်။ ဒီတော့မှ ကိုယ်တွေ ဆရာကောင်း ရခဲ့တဲ့ အကျိုးကျေးဇူးကို ကွက်ကွက်ကွင်းကွင်း မြင်လိုက်တယ်။ သူက လက်ကမ်းစာစောင်တခုက နေ တရားထိုင်တဲ့ အကြောင်းဖတ်မိ ပြီး စထိုင်ဖြစ်ခဲ့တာ။ တရားစခန်းမဝင်ခဲ့ဘူးပါ။ သူဘာသာ အိမ်မှာ မနက် တစ်နာရီ ထိုင်တယ်။ မနက်ပိုင်း တရားမထိုင်ခဲ့ ရရင် တနေကုန် စိတ်ထဲမှာ တစ်ခုခုလိုနေသလိုုခံစားရတယ်လိုု့ပြောပြတယ်။ ပြီးတော့ သူက တရားစခန်းဝင်မယ်လို့ စဉ်းစားထားတယ်။ ဒါပေမယ့် အချိန် မရဘူးလို့ ငြီးပါတယ်။ ဒါနဲ့ မင်းကို ငါနာဘူးတဲ့ တရားအကြောင်းမျှပေးမယ်ဆိုပြီး အောင်လံဆရာတော်ရှိက နာယူမှတ်သားဘူးတဲ့ နှစ်ပေါင်းများစွာ ခန္ဓာကို လုပ်ကျွေးပြီးပြီ။ တစ်နှစ်မှာ ၃၆၅၊အဲထဲ က ၉ ရက် မင်းရဲ့ စိတ်နဲ့ သံသရာအတွက် အချိန်မထုတ်နိုင်ဘူးလားပေါ့။ သေရင် ပါမှာက ဒါတွေ ဘဲနော်ဆိုတော့၊ သူသဘောကျသွားတယ်။ မင်းပြောတဲ့ ရူထောင့်ကို ငါသဘောကျတယ်တဲ့။ ငါတရားစခန်းသွားဝင်ပါ့မယ်တဲ့။ သူက ပြန်မေးတယ်၊မင်းရောဘယ်လိုစကျင့်လဲ၊ ဘာလိုတွေဖြစ်နေပြီလဲ။ ဘယ်လိုထိုင်လဲ။ ကိုုယ်တွေ လုပ်ခဲ့တဲ့ အတွေ့အကြုံတွေပြောတော့။ အော်......တဲ့။ ငါလဲလေ့ကျင်ဆဲပါ။ ဘာမှ ထူးထူးခြားခြားမဟုတ်သေးပါဘူး။ ဆရာကောင်းရှိလို့ အချိန်တိုအတွင်း ဝေဒနာကျော်သွားတာပါလို့၊ အချိန်ရသလို ကြိုးစားနေဆဲပါ။ သေချာတာက ဒီတရားနဲ့ တွေ့ပြီး စိတ်တွေပြောင်းသွားတာပါ။ လောကဓံနဲ့ တွေ့ရင် သိပ်မတုန်လှုုပ်တော့ဘူး၊ သတိလက်လွတ်ရင်တော့ နည်းနည်းပေါ့။ ချက်ချင်းသတိပြန်ကပ်ရင် ဖြစ်ပြီးပျက်မှာဘဲဆိုတာမျိုး၊ ငါဒေါသစိတ်လေးဖြစ်နေပါလား၊ ငါ့စိတ်တုန်လှုုပ်နေပါလား လိုသိလိုက်ရင် သူဘာသာ စိတ်ကလေးက ဝပ်သွားတယ်လို့၊ ဒါတွေက ဆရာကောင်းနဲ့ တွေ့ခဲ့၊ တရားထိုင်ခဲ့တဲ့ တရားရဲ့ ရလဒ်တွေ လို့ ငါထင်တယ်ဆိုတော့၊ သူက အဲဒါ Mind-fulness ပေါ့ တဲ့။ သူက မိသားစုဝင်တွေကို တရားထိုင်အကြောင်းပြောရင် တချို့က စိတ်ဝင်စားပေမဲ့။ တချို့က ငါ့ကိုု လာမပြောနဲ့လို့ပြောတယ်။ ဒါနဲ့ မင်းပြောတာတွေနားထောင်ကြည့်ရတာ မင်းက တော်တော်လေ့လာထားပြီးပြီလို့ ငါကောက်ချက်ချတယ်။ မင်းဘယ်လိုသွားပြောလဲ သိရမလားဆိုတော့၊ သူရှင်းပြတယ်။ ဒါနဲ့ မင်းက အမြင့်တနေရာရောက်နေတော့ မင်းသိတဲ့ အမြင်အကြောင်းသွားပြောတော့သူတို့ ဘယ်နားလည်မလဲ။ သူငယ်တန်းကျောင်းသားကို ၁ဝတန်းစာပြသလိုဖြစ်နေမှာပေါ့။ နောက်ဆို တရားရဲ့ အနှစ်ကို ချက်ချင်းမပြောနဲ့၊အာနာပါနာ ရှူတာလောက်၊အခြေခံတရားလောက်ပြောလို့။ မင်းစလုပ်တုန်းက ဘယ်လို စခဲ့လဲ ပြန်စဉ်းစားလေ။ အခြေခံလေးပြောကြည့်၊ စိတ်ဝင်စားလာရင်တော့ တဖြည်းဖြည်းဆက်ပြောပေါ့။ စိတ်မဝင်စားတော့လည်း အာနာပါန နဲ့ ၀ိပဿနာ၊ တရားရဲ့မျိုးစေ့လေး သံသရာအတွက် စိုက်ပေးလိုက်ပေါ့။ ကျန်တာတော့ သူ့သမိုင်းပေါ့လို့ ဆိုတော့၊ ဒါလည်းဟုတ်တာဘဲတဲ့။ သူက တရားထိုင်တာတွေ နောက်ပိုင်းဆို ဒါထက်မက ပြန့်လာမယ်ထင့်တယ်။ ငါလက်ခံပါတယ်။ ဒါပေမယ့် မြတ်စွာဘုရား သာသနာက နှစ် ၅၀၀၀ ဘဲတည်မှာလို့။ ဘယ်အရာမှ မတည်မြဲတဲ့ နိယာမလိုပါဘဲ။ သူလည်း ပျက်ရမှာဘဲ။ ငါ့ဖတ်ဖူး၊ ကြားဖူးတာပြောပြမယ်။ မြတ်စွာဘုရား သာသနာကို နှစ်ပိုင်းခွဲထားတယ် ပထမ နှစ် ၂၅၀၀ နဲ့ ဒုတိယ ၂၅၀၀။ အခုက သာသနာနှစ် ၂၅၅၀ ကျော် ၆၀ နီးပါလို့။ သာသနာ ၂၅၀၀ ကို ၅ ပိုင်းထပ်ခွဲတယ်။ အတိအကျတော့ မမှတ်မိဘူး။ ပထမဆုံး ၅၀၀ က ၀ိပဿနာထွန်းကတယ်။ ဒုတိယက သမထပိုင်းလိုုမျိုးလို့၊ ဒီလို့နဲ့ နောက်ဆုံး ၅၀၀ က အလှူအတန်းလောက်နဲ့ဘဲ လူတွေ တင်းတိမ်တာလို့။ ဒုုတိယ ၂၅၀၀ လညး် ဒီလိုဘဲ ပြန်လည်လိမ့်မယ်။ အခု ဒုတိယ ၂၅၀၀ ပြန်စ တာ နှစ်၅၀-၁၀၀ လောက်ဘဲရှိမယ်။ ဒါကြောင့် ၀ိပဿနာတွေ ကမ္ဘာတဝှမ်းပြန့်နေတာပေါ့။ ပြန်ကြည့်လေ နှစ် ၅၀၊ ၆၀ အစောပိုင်းက ၀ိပဿနာ လို့ ကြားဘူးလို့လားဆို့တော့။ အင်း၊မင်းပြောမှ ငါလည်းစဉ်းစားမိတယ်။ ၀ိပဿနာက အခုနေတော့ ဆက်တိုက်ဆက်ပြီး တိုးတတ်မယ်။ နောက် နှစ် ၄၀၀၊ ၅၀၀ လောက်ပေါ့လို့ဆိုတော့။ အော်..ငါက ဒီထက်မက တောက်လျှောက်ပြန့်မယ်ထင်ထားတာတဲ့။ သူ့အပိုင်းအခြားနဲ့သူပေါ့လို့။ ပီးတော့ ဒီဘဝ၊ခန္ဓာပျက်ရင်၊ သံသရာက ဘယ်ခေါ်သွားမလဲ ဘယ်သူသိလဲ၊ ငါ့ဆရာတော်က ပြောဖူးတယ်၊ဒီခန္ဓာပျက်ရင် ဒီသာသနာကွယ်ပြီလို့။ နောက်ဘဝ ဘယ်ဘဝ ရောက်မလဲ၊ ဘယ်သူသိလဲ။ ဒါကြောင့် အခုအချိန်ဟာ ၀ိပဿနာ တရားအားထုတ်ဖို့ အကောင်းဆုံးအချိန်လို့။ မင်းလည်း ထိုင်လက်စ ရှိတော့ အကျိုးကျေးဇူးသိနေပြီးဘဲ၊ ဆက်လုပ်ပေ့ါ။ လိုတာရှိလည်း ငါ့ကိုပြော၊ ငါသိသလောက်ရှင်းပြမယ်။ ငါမသိရင် ဆရာတော်တွေကို လျှောက်ပြီးမေးပြီး ပြောပြမယ်ဆိုတော့၊ မင်းနဲ့ စကားပြောရတာ တန်သွားပြီးတဲ့။ ငါ အချိန်ရအောင် ရှာပြီး ၀ိပဿနာ တရားစခန်း သွားဝင်မယ်တဲ့။ နိုင်ငံတကာက လူတွေ တရားရှာနေပြီ။ မြန်မာနိုင်ငံတွင်း က ဓမ္မမိတ်ဆွေ တွေ ဆရာကောင်းနဲ့ အနီးဆုံး နေပြီး တရားထိုင်တာ နဲ့ အဝေးဆုံးမရောက်နေပါစေနဲ့။ အောင်လံဆရာတော်ကို ဘုရားဦးတင်လျှက် မေတ္တာဖြင့် ဓမ္မမျှဝေ
https://www.dhammaransi.com/index.php/new/725-2015-10-25-04-28-54.html
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးနှင့် ထိုင်းလူမျိုးတို့၏ တရားအမေးအဖြေ
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးနှင့် ထိုင်းလူမျိုးတို့၏ တရားအမေးအဖြေ -=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-= ကျေးဇူးရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး(ဝနဝါသီဉေယျ ဓမ္မသာမိထေရ်) သီတင်းသုံးရာ မဟာမြိုင်တောကြီးသို့ အနယ်နယ်အရပ်ရပ်မှ ဝေနေယျများ လာရောက်ဖူးမြော်ကြည်ညိုကြရာ ပြည်တွင်းသာမက ပြည်ပမှပါ လာရောက်ကြပါသည်။ စင်ကာပူ၊ ထိုင်း၊ သြစတြေးလျ၊ ဖိလစ်ပိုင် စသည်ဖြင့် ခက်ခဲစွာလာရောက်ကြရာ ၁၃၇၃ ခုနှစ်၊ တန်ခူးပြည့်ကျော် (၁၀) ရက်၊ ၂၄-၄-၂၀၁၁ တွင် ထိုင်းနိုင်ငံ၊ ဇင်းမယ်မြို့မှ ထိုင်းလူမျိုး (၂)ဦး ရောက်ရှိလာကြပြီး ၎င်းတို့ သိလိုသည်များကို မဟာဗောဓိမြိုင်ဆရာတော်ကြီးက ပြန်လည်ဖြေကြား ရှင်းလင်းခဲ့ရာ ဓမ္မမိတ်ဆွေများ ပြန်လည် နာယူနိုင်ရန် တင်ပြလိုက်ပါသည်။ (အထက်ပါ တရားခွေ ဗွီစီဒီကို ကျွန်တော့်အား ဓမ္မဒါနဖြန့်ဝေရန် လှူဒါန်းပေးခဲ့သည့် မဟာမြိုင်တော ခေါင်နန်းပလ္လင်စခန်းမှ ဆရာတော်ကြီး၏ကိပ္ပိယဖြစ်သူ ဒေါက်တာသန်းထွေးအောင်(ရွှေဘို)အား အထူး ကျေးဇူးတင်ရှိပါသည်။) စကားပြန်မှတစ်ဆင့် မေးမြန်းဖြေကြားပါသည်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ [ဆရာတော်] - ဒကာတော်တို့ ဘယ်က လာခဲ့သလဲ။ [ထိုင်း] - “ဇင်မယ်”ကပါ ဘုရား၊ ဆရာတော့် သတင်းကြားလို့ ကြည်ညိုလို့ လာဖူးတာပါ ဘုရား။ [ဆရာတော်] - ဘုန်းကြီးတွေ အများကြီး “ထိုင်း”မှာလည်း ရှိတာပဲ မဟုတ်လား။ [ထိုင်း] - ဘုန်းကြီးချင်း မတူပါဘူးဘုရား၊ ထိုင်းမှာ တောရ ဆောက်တည်တဲ့ပုဂ္ဂိုလ် သိပ်မရှိတော့ပါဘူး။ [ဆရာတော်] - တို့က သတ္တိမရှိလို့ တောထဲနေတာပါဗျာ၊ မြို့ထဲနေတဲ့ဘုန်းကြီးတွေက တောထဲ နေတာထက် ပိုပြီး ထက်လို့ ပိုပြီး သတ္တိရှိနေတာဗျ။ တို့က သူတို့လောက် သတ္တိမရှိလို့ တောမှီနေတာဗျ၊ တောထဲ နေတာဗျ။ ဘုန်းကြီးအားလုံးအတူတူပါဗျာ။ သီရိလင်္ကာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာရယ်က ထေရဝါဒလို့ ခေါ်တယ်။ အရှင်မဟာကဿပ၊ အရှင်သာရိပုတ္တရာတို့ အဆက်ဆက်က တစ်ဆင့် သြဝါဒတွေကို လုံးဝမပြင်ဘဲ ကျင့်တာဗျာ၊ အကျင့်တူပါဗျာ။ [ထိုင်း] - မြန်မာနိုင်ငံက ဆရာတော်တွေက သာသနာတော်ကို ပိုပြီးတော့ ကြည်ညိုပြီး ၀ိနည်းတော်တွေကို ပိုပြီး လေးစားလိုက်နာကြပါတယ် ဘုရား။ [ဆရာတော်] - တို့ဆီရောက်တုန်းမို့ ပြောတာလားဗျ။ [ထိုင်း] - တကယ် ပြောတာပါ ဘုရား၊ တပည့်တော်တို့ ၀ိပဿနာတရား အားထုတ်ချင်ပါတယ် ဘုရား၊ ‘နည်းလမ်း’ တော့ မသိပါ ဘုရား။ [ဆရာတော်] - ‘နည်းလမ်း’ တွေ ဘာလို့ မသိရမှာလဲ၊ ထိုင်းမှာလည်း ရှိတာပါပဲ။ ဒီက သွားတာတွေ ရှိတာပါပဲ။ နည်းလမ်းတွေ ဘယ်လောက်များများ တို့ဗုဒ္ဓက ‘သတိတစ်လုံး’ ပဲဗျ။ ဘာလုပ်လုပ် လုပ်တဲ့အလုပ်ကို ‘သတိ’ နဲ့ တွဲလုပ်။ အဲဒါ ၀ိပဿနာ ဖြစ်သွားတာပဲ၊ သတိနဲ့လုပ်တော့ ကိုယ့်စိတ် ကိုယ့်ဆီမှာရှိတယ်။ ရှိတော့ ကိုယ့်အကြောင်း ကိုယ်သိတာပဲ။ အဲဒါ ‘၀ိပဿနာ’ ဗျ။ [ထိုင်း] - တပည့်တော် တရားထိုင်တဲ့အခါ စိတ်က မငြိမ်ပါဘူး ဘုရား။ စိတ်ကလေးကို တစ်နေရာတည်းမှာ ငြိမ်ငြိမ်ကလေး နေဖို့အတွက် အကောင်းဆုံးနည်းလမ်းပေးပါ ဘုရား။ [ဆရာတော်] - ကိုယ်ထဲမှာ နှစ်သက်ရာကိုမှတ်။ တို့ ‘ဘုရားတိုင်း, ဘုရားတိုင်း’ မှတ်တာ ‘နှာခေါင်း’ ပဲ။ နှာခေါင်းမှာ ‘ဝင်လေ’ လေး ‘ဝင်တာထွက်တာ’ ကို စာလို ‘ဝင်သက် ထွက်သက်’ ခေါ်တယ်ဗျာ။ အဲဒါအသက်ပဲဗျာ့။ လူတစ်ယောက်လုံးရဲ့ အသက်ဟာ နှာခေါင်းမှာရှိတယ်။ ဝင်လေထွက်လေကို ပြောတာ။ ဒီနှာခေါင်းကနေ ထိုင်ပြီးမှတ်ရင် တစ်ကိုယ်လုံး အကုန် သိတယ်ဗျာ။ စာလို ‘ပင်တိုင်ကမ္မဋ္ဌာန်း’ လို့ ခေါ်တယ်။ ကျန်တဲ့အလုပ်တွေ လုပ်ရင်လည်း နှာခေါင်းဝကို မှတ်ဗျ။ ဝေဘူဆရာတော်ဘုရားကြီးက ဒီအတိုင်း လုပ်သွားတာဗျ။ မှတ်နိုင်ပါ့မလားဗျာ။ [ထိုင်း] - မလွယ်ပါ ဘုရား၊ သိပ်မရပါ ဘုရား။ [ဆရာတော်] - အဲဒါကျတော့ဗျာ ‘မျက်စိ’ က မြင်တဲ့အခါ ကြည့်စရာရှိရင် မျက်စိမှာ ‘သတိ’ ချထားဗျာ။ ‘နား’ က ကြားတဲ့အခါ နားထိပ်မှာ သတိချထားဗျာ။ ‘သတိ’ နဲ့ သွားဗျ။ တစ်သက်လုံး လုပ်သွားဗျ။ ဘယ်တော့မှ မလွှတ်နဲ့ဗျ၊ သိရုံသိသွားဗျာ။ [ထိုင်း] - မလွယ်ဘူးထင်ပါတယ် ဘုရား၊ တရားထိုင်ချိန်မှာ စိတ်ကိုထိန်းမရပါ ဘုရား။ စိတ်မငြိမ်ပါ ဘုရား။ သမာဓိ မရပါ ဘုရား။ အတွေးလည်း များမိပါတယ် ဘုရား။ [ဆရာတော်] - တွေးတဲ့ စိတ်ကတော့ တွေးမှာပဲ၊ ၀ိပဿနာဉာဏ်တွေ ဘယ်လောက်တက်တက် တွေးမှာပဲ။ “စိတ်ကို မနိုင်ရကောင်းလား” ဆိုပြီး ရန် မလုပ်ရဘူး။ လျှော့လည်း မလျှော့ရဘူး။ မှတ်စရာ ရှိတာသာမှတ်။ အမှတ်များရင် အတွေးက သူ့ဟာသူ လျော့သွားလိမ့်မယ်။ [ထိုင်း] - ဆရာတော်ကြီးပြောတာ နားလည်ပါပြီ ဘုရား။ [ဆရာတော်] - လူတိုင်း လူတိုင်းဟာ မွေးကတည်းက အတွေးနဲ့ မွေးလာတာ။ တစ်သက်လုံးလည်း အတွေးနဲ့ နေတာ၊ လုပ်စရာရှိလည်း အတွေးနဲ့ လုပ်နေတာ။ အဲဒါ ထိုင်မှတ်တာ ခဏလေးရှိသေး။ ချက်ချင်းတော့မရနိုင်ဘူး။ မှတ်အားကောင်းရင် သူ့ဟာသူတက်သွားတာပဲ။ ဘုရားဟောထားတဲ့အထဲမှာ ‘သတိပဋ္ဌာန်’ ဆိုတာရှိတယ်။ အဲဒါ ‘သတိပဋ္ဌာန်’ ခေါ်တယ်။ နှာခေါင်းမှတ်မှု ပင်တိုင်ထားပြီး တွေးတာနဲ့ နှာခေါင်းနဲ့ ဘယ်ကို စိတ်ရောက်များလဲ၊ တွေးတဲ့ဘက်အရောက်များရင် နှာခေါင်းမှတ်တာ ခဏလွှတ်လိုက်၊ တွေးပြီးတာနဲ့ နှာခေါင်းပြန်မှတ်။ တစ်ခါ နှာခေါင်း မှတ်ရင်း ခန္ဓာကိုယ်က နာလာမယ်ဆိုရင် နာတဲ့ဘက် စိတ်အရောက်များရင် နှာခေါင်းမှတ်တာကို လွှတ်ပစ်ပြီး နာတာကို မှတ်။ ပြီးမှ နှာခေါင်းကို ပြန်မှတ်။ အသံ ကြားလို့ ကြားတာဘက် စိတ်အရောက်များသွားရင် နှာခေါင်းအမှတ်ကိုလွှတ်ပြီး ကြားတဲ့ဘက်ကိုမှတ်၊ ပြီးမှ နှာခေါင်းကို ပြန်မှတ်၊ နားလည်ရဲ့လား။ ရှင်းရဲ့လား။ [ထိုင်း] - နားလည်ပါတယ် ဘုရား၊ တပည့်တော် မိသားစုထဲက တစ်ယောက်အကြောင်း လျှောက်ချင်ပါတယ် ဘုရား။ [ဆရာတော်] - အဲဒါကျ တို့ မလုပ်ဘူး။ အဲဒါ လောကီ ကိစ္စတွေ၊ တစ်ဦးလုပ်ပေးလိုက်ရင် တစ်ဦး ပြောလိုက်ရင် တစ်ပြည်လုံးလာမှာ၊ တို့ နားရတော့မှာမဟုတ်ဘူး။ တို့တရားအလုပ် တို့လုပ်ရမှာ မဟုတ်ဘူး။ [ထိုင်း] - ဆရာတော်ကြီးကို အနှောင့်အယှက် ပေးသလိုဖြစ်သွားပါတယ် ဘုရား။ ခွင့်လွှတ်တော်မူပါ။ [ဆရာတော်] - တို့ ရန်ကုန်ကတည်းက ဒီမေးတာတွေ အိမ်တွင်းရေးတွေကအစ မေးလျှောက်တာတွေ၊ အဲဒါတွေ ဒိုင်ခံ ပြောလာတာ တစ်ယောက်ကစ တစ်ရာဆိုသလို ဖြစ်လာတယ်။ အဲဒီကတည်းက ကြောက်လာတာ။ တစ်ဦး ပြောလိုက်ရင် တစ်တိုင်းပြည်လုံးက လာမှာ။ ဒီ လောကီကိစ္စတွေက လျှောက်ရမှာမဟုတ်ဘူး။ တို့ ဒီတောထဲကနေ အာရုံပြုပေးနေတာပဲ။ တို့ရှုမှတ်နေတာဟာ ဒေါသကင်းနေတဲ့အတွက် အဲဒါ မေတ္တာပဲ။ ဘုရားတို့၊ ရဟန္တာတို့က ဘယ်သူဘယ်ဝါ ကျန်းမာပါစေလို့ တိုက်ရိုက်ပေးတာ မဟုတ်ဘူး။ ရှုမှတ်နေတာဟာ ‘ဓမ္မဓာတ်လှိုင်း’ ပေးနေတာပဲ။ ‘လ’ ဟာ တစ်ကမ္ဘာလုံး သာနေတာပဲ။ မော့ကြည့်သူ ထွက်ကြည့်သူ အေးတာပေါ့။ ကိုယ့်ဘက်က ယုံယုံကြည်ကြည်နဲ့ ‘လ’ ထွက်ကြည့်သလို ထွက်ကြည့်နေရင် အကုန်ပြီးတယ်။ ထပ်ပြီး အဆစ်ပေးလိုက်ဦးမယ်။ သမာဓိ (၃) မျိုးရှိတယ်။ တစ်ခါမှတ် တစ်ခါတည်ရင် ပထမ-သမာဓိပဲ။ (၅)မိနစ် (၁၀)မိနစ် စိတ်ကလေး တည်နေရင် အဲဒါ ဒုတိယသမာဓိပဲ။ ၀ိပဿနာဉာဏ် အထက်ပိုင်းရောက်ရင် စိတ် ဘယ်မှ မထွက်တော့ဘူး။ အဲဒါ တတိယသမာဓိပဲ။ [ထိုင်း] - မှတ်မိပါတယ် ဘုရား။ [ဆရာတော်] - လုပ်နိုင်ပါ့မလား။ [ထိုင်း] - ရအောင် ကြိုးစားပါ့မယ်ဘုရား။ [ဆရာတော်] - ဟိုမှာ ဘယ်လိုအားထုတ်သလဲ၊ အဓိဋ္ဌာန်နဲ့လား။ [ထိုင်း] - ရိပ်သာလည်း သွားပါတယ်၊ အိမ်မှာလည်း လုပ်ပါတယ် ဘုရား၊ တစ်ရက်လည်း သွားဖူးတယ်၊ သုံးရက်လည်း သွားဖူးတယ်၊ (၁၀) ရက်လည်း သွားဖူးတယ် ဘုရား။ [ဆရာတော်] - မရဘူး။ အနည်းဆုံး နှစ်လ ဆက်တိုက် အားထုတ်ရမယ်။ အင်္ဂုလိမာလ လက်ညှိုးဖြတ်သလို ဖြစ်နေမယ်၊ တစ်ချောင်း ဖြတ်လိုက် ဟိုနား ထားလိုက်၊ တစ်ချောင်းဖြတ်လိုက် ဒီနား ထားလိုက်နဲ့ဆိုတော့ တစ်ထောင်ရသလား။ [ထိုင်း] - မရပါဘုရား။ [ဆရာတော်] - တစ်ထောင်ပြည့်ချင်ရင် ကြိုးနဲ့သီမှ ရမယ် မဟုတ်လား။ [ထိုင်း] - ဥပမာ တအားကောင်းပါတယ် ဘုရား။ [ဆရာတော်] - တို့တုန်းက မဟာစည်မှာ အားထုတ်ခဲ့တော့ နှစ်လလောက် အပင်ပန်းခံပြီး အားထုတ်ခဲ့ရတယ်။ တစ်ရက်လောက်ကတော့ အသေအလဲအားထုတ်ခဲ့ရတာ။ တစ်သက်လုံးက အတွေးနဲ့ အမှတ်နဲ့က အားပြိုင်တာပဲ။ သည်းခံမှ စိတ်ရှည်မှ ရတယ်။ ဇွဲ ရှိမှ ရတယ်။ စိတ်ရှည်ပါ များလာရင် ဒီဘက်က အမှတ်များသလောက် ဟိုဘက်က အတွေးနည်းသွားတယ်။ အတွေးနည်းသွားရင် ကိုယ်မှတ်တဲ့နေရာ စိတ် ဒက်ခနဲ တစ်ချက်လောက်ကျသွားတာနဲ့ ဖြစ်လိုက်တာနဲ့ သူ့ဟာသူ သဘောပေါက်သွားတယ်။ လမ်းဆုံးအောင် နှစ်လလောက်လုပ်မှဗျ။ လမ်းဆုံးအောင်။ တစ်သက်လုံး သားတွေ မယားတွေအတွက် ‘သထာ’ ပြီး၊ ကိုယ့်အတွက် နှစ်လလောက်မှ မသထာဘူးလား။ ထိုင်းမှာ ဘာလုပ်သလဲ။ [ထိုင်း] - အင်ဂျင်နီယာပါ ဘုရား။ [ဆရာတော်] - အင်ဂျင်နီယာ နှစ်လလုပ်ရင် ဘယ်လောက် စားရသလဲ။ [ထိုင်း] - ဘယ်လောက်မှ မများပါဘူး ဘုရား။ [ဆရာတော်] - ဒါက နှစ်လ လုပ်လိုက်ရင် ဒီတစ်သက် မကဘူး၊ ဟိုက တစ်သက်ပါ တာဝန်ယူတယ်။ [ထိုင်း] - ဒီလပိုင်းတော့ မအားပါ ဘုရား၊ နောက်တော့မှ လုပ်ပါ့မယ် ဘုရား။ [ဆရာတော်] - သေမင်းက ဘယ်တော့ ခေါ်မယ်မှန်းမှ မသိတာ၊ ဒီတော့ ဒီလိုလုပ်၊ အိမ်မှာ ‘အဓိဋ္ဌာန်’ နဲ့ ဘယ်နှစ်ရက်၊ ဘယ်အချိန်၊ ဘယ်နှစ်နာရီ ဆိုပြီး အားထုတ်ပါ။ [ထိုင်း] - အဲဒီလိုတော့ လုပ်လို့ရပါတယ် ဘုရား။ [ဆရာတော်] - တို့တုန်းကတော့ မဟာစည်မှာ ညယောဂီရှိတယ်။ ညနေ (၆) နာရီက မနက် (၆) နာရီအတွင်း ည (၂) ကြိမ်၊ မနက် (၂) ကြိမ် ရတယ်။ အဲဒါ မဟာစည်မှာ ည ယောဂီပဲ။ [ထိုင်း] - နည်းနည်းတော့ ခက်မယ်ထင်ပါတယ် ဘုရား၊ စင်္ကြ ံနဲ့ ထိုင်တာ တွဲမှတ်ရင် ရပါသလား။ [ဆရာတော်] - မဟာစည်မှာ ထိုင် တစ်နာရီ၊ စင်္ကြ ံ တစ်နာရီ ရှုမှတ်ရတာပဲ၊ ရတယ်။ [ထိုင်း] - ဘုန်းကြီး ဝတ်ပြီးမှ ရိပ်သာဝင်ရင် ကောင်းပါသလား ဘုရား။ [ဆရာတော်] - သင်္ကန်းဝတ်ကြီးထမ်းရတာ လေးတယ်၊ ရိပ်သာဝင်ရင် ‘ငါ သေလည်း ဒါတွေ ထားခဲ့ရမှာ’ ဆိုတဲ့စိတ် မွေးနိုင်မှရတယ်။ [ထိုင်း] - ဆရာသမား လိုတာပေါ့နော်။ [ဆရာတော်] – ‘သတိ’ ရှိရင် ဆရာ မလို။ သတိဟာ ဆရာပဲ။ ထိုင်လို့ သတိမြဲနေပြီဆိုပါစို့၊ သတိမြဲကြောင်းကို နှာခေါင်း ရှုရင် နှာခေါင်းမှာ လေနိမိတ် ပေါ်ရတယ်။ တို့တုန်းက ဖောင်းပိန်မှတ်တော့ ဖောင်းနိမိတ်၊ ပိန်နိမိတ် ပေါ်တာပေါ့။ စိတ်တည်ကြောင်းပြတဲ့ နိမိတ်လို့ခေါ်တယ်။ စက်များဆိုရင် ဘယ်နှစ်မိုင်ရောက်ရင် ဘယ်နှစ်မိုင်ရောက်ကြောင်း အချက်ပြ ရှိသလို တို့ ဒီမှာလည်း နှာခေါင်းမှတ်ရင် နှာခေါင်းအချက်ပြရှိတယ်။ ဖောင်းပိန်ရှုရင် ဖောင်းပိန်အချက်ပြ ရှိတယ်။ အဲဒီလိုဖြစ်နေတဲ့အချိန်မှာ တို့သံသရာ အဆက်ဆက်က ပါလာတဲ့ ဉာဏ်နဲ့ ဒီက သတိနဲ့သွားတဲ့ ဉာဏ်နဲ့ အဲဒီနေရာမှာ အတိုက်အခံသွားလုပ်တော့ ဉာဉ်ဘက်က အာရုံဆန်းတွေ ပေါ်တတ်တယ်။ တခြားက လာပြတာ မဟုတ်ဘူး။ စရိုက်လိုက်ပြီး ပေါ်တတ်တယ်။ ဒေါသကြီးသူ ဒေါသကြီးတဲ့အလျောက် ပြမှာ။ ရာဂကြီးတဲ့သူ ရာဂအလိုက်ပြမှာ။ အဲဒါကို သတိနဲ့ မကြောက်မရွံ့သွားနိုင်ရင် ဆရာ မလိုဘူး၊ လာချင်တာ လာ မှတ်မှာပဲ။ အဲဒါကြောင့် ဆရာ မလိုဘူးပြောတာ။ [ထိုင်း] - အဲဒီလို တစ်ယောက်တည်း သွားလုပ်လို့ သိပ်အဆင်မပြေဘူး ထင်ပါတယ် ဘုရား။ [ဆရာတော်] - အများဆုံးတွေ့ရတာက သမာဓိတည်ကြည်ခါစ ၀ိပဿနာဉာဏ်တက်တော့ စာလိုတော့ ‘အနိစ္စ၊ ဒုက္ခ၊ အနတ္တ’ လက္ခဏာမြင်ရတာကို တို့က အတ္တ စွဲတာကိုး။ ဟိုက အနတ္တ ပြမှာ တို့က နိစ္စ စွဲဲတာ။ ဟိုက အနိစ္စပြမှာ တို့က သုခလို့ထင်နေတာ။ ဟိုက ဒုက္ခပြမှာကိုး။ အဲဒီအချိန်မှာပဲ ပေါ်တာပဲ။ သဒ္ဓါထက် သူကျတော့ ‘ဘုရား၊ ရဟန္တာ’ တို့ ပေါ်တယ်။ ‘နတ်’ တို့ပေါ်တယ်။ ပေါ်ရုံတင်မက လာကို ပြောတာ ရှိတယ်။ မြင်ရုံမြင်တာပဲ ရှိတယ်။ အဲဒါကို ဘယ်ကိုမှ မလိုက်ဘဲ ကိုယ့်ရှုကွက်ကို လက်မလွှတ်နဲ့။ အဲဒါဆိုရင် မှားစရာ မရှိဘူး။ ကိုယ့်ရှုကွက်ကို လက်လွှတ်ပြီး အဲဒီနောက် သွားရင် လမ်းမှားပြီ။ [ထိုင်း] - တပည့်တော် အားထုတ်လာတာ တစ်ခါမှ နိမိတ်မပေါ်သေးပါဘူးဘုရား။ [ဆရာတော်] - တစ်ရက် နှစ်ရက်လောက်နဲ့တော့ မတွေ့နိုင်ဘူး။ သတိအား ကောင်းမှ၊ အတွေးမဝင်မှ ပေါ်တာ၊ တို့ကိုယ်ခန္ဓာမှာ သွေးက လည်ပတ်နေတာ။ အတွေးနဲ့ လည်တယ်၊ သောကနဲ့ လည်တယ်၊ မာနနဲ့လည်တယ်။ အဲဒီအချိန် တို့သွေးက မည်းနေတာ၊ သွေးက မကြည်ဘူး။ နောက်နေတာ။ အဲဒီတော့ မှတ်ဟဲ့။ မှတ်ပါများတော့ အဲဒီစိတ်တွေ မပါဘူး။ အတွေးမပါတော့ သွေးကြည်တာပေ့ါလေ။ သွေးကြည်ပါများတော့ မှန်ကြည့်တော့ အရိပ်ပေါ်သလိုပေါ့။ အဲဒီတော့မှ နိမိတ်ပေါ်တာ။ [ထိုင်း] - တရားထိုင်တဲ့အခါ အရှင်ဘုရားကို စိတ်နဲ့ အဓိဋ္ဌာန်ပြီး တပည့်တော်ရဲ့ ဆရာသမား ဖြစ်တော်မူပါလို့ တောင်းလို့ ရသလား ဘုရား။ [ဆရာတော်] - စိတ်က အဓိဋ္ဌာန်တာတော့ ရတယ်။ လာ မလာတော့ မသိဘူး။ တို့က အိပ်ပျော်နေတဲ့အခါရှိတယ်။ အဲဒီအခါတော့ မလာဘူးပေါ့ဗျာ။ တို့က နိမတ် ပြောတော့ ဒီနိမိတ်ပေါ်အောင် အမျှော်နဲ့လုပ်ရင် ဘယ်တော့မှ မပေါ်ဘူး။ မှန်နဲ့ မျက်ခွက် တည့်မှ အရိပ် ပေါ်သလို ရှုကွက်နဲ့မှတ်စိတ်တည့်လို့ စိတ်အကြည်ဓာတ်ပေါ်လာရင် ဒီနိမိတ် ပေါ်တာပဲ။ တရားက အဲဒီလိုပဲ။ တရား ရအောင် လုပ်မယ်လို့ စိတ် ဘယ်တော့မှ မထားနဲ့၊ ကြိုးစားချင်တဲ့စိတ်သာ ရှိရမယ်၊ ရချင်တဲ့စိတ် မရှိရဘူး။ သူပြတဲ့နေရာကို ကြည့်နေရင် တရားက သူ့ဟာသူ ဇာတ်ကောင်တွေက ပြလာမှာ။ [ထိုင်း] - စောစောက ဒေါက်တာကြီး (ကပ္ပိယ ဒေါက်တာသန်းထွေးအောင်ကို ဆိုလိုပါသည်။) နဲ့ တရားစကား နည်းနည်း ဆွေးနွေးတော့ ဒေါက်တာကြီးက ပွဲကြည့်သလို ကြည့်ရတာလို့ ဆရာတော်ကြီး ဆုံးမဖူးတယ် လို့ ပြောပါတယ်။ ကလေးလို မကြည့်နဲ့ လူကြီးလိုကြည့်လို့ ပြောပါတယ် ဘုရား။ [ဆရာတော်] - လိုချင်စိတ်နဲ့ကြည့်ရင် တွေ့ခဲတယ်။ စိတ်မပါလက်မပါ ကြည့်ရင် သွေးက မွဲနေတဲ့အတွက် မမြင်ရဘူး။ မရရအောင် မခံချင်စိတ်နဲ့လုပ်တော့ သွေးက မည်းတယ်။ အဲဒီတော့ မမြင်ရဘူးပေါ့။ အဲဒီတော့ တရားရှာတဲ့အခါ အဲဒီ စိတ် (၃) စိတ် မပါရဘူး။ သတိနဲ့မှတ်တော့ ကိုယ် မမြင်ဖူးတဲ့ ရှုကွက်ထဲက အရာတွေ မြင်လိမ့်မယ်။ နှာသီးဝဆို နှာသီးဝပေါ့။ လေရဲ့ နိမိတ်တွေ လေတန်းတွေ မြင်ချင် မြင်မှာပေါ့။ မြင်လာတော့ ယုံလာတယ်။ ယုံသလောက် သွေးက ကြည်လာတယ်။ ခန္ဓာဖြစ်ပျက် မြင်လေလေ ယုံလေလေ၊ ဆရာသမားအပေါ် ယုံတာလည်း ဖြစ်နိုင်တယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံတာလည်း ဖြစ်နိုင်တယ်။ ဘုရားအပေါ် ယုံတာလည်း ဖြစ်နိုင်တယ်။ ဒီလို ယုံလာရင် ဒီသွေးက ကြည်လာတာ၊ ကြည်လာမှ ဒီဖြစ်ပျက် မြင်လာတာ။ [ထိုင်း] - လောကထဲ ကျင်လည်နေတဲ့အတွက် ငါးပါးသီလ မလုံတဲ့အခါတွေလည်း ရှိတော့ သီလမစင်ကြယ်ရင် တရား အားထုတ်တဲ့အခါ အနှောက်အယှက်များ ဖြစ်နေမလား ဘုရား။ [ဆရာတော်] - ထိုင်မယ့်အချိန်မှာ ‘သီလ’ ယူပါ။ သီလ ယူတယ်ဆိုတာ အရင်တုန်းကဟာတွေကို အဖြတ်ခိုင်းတာပဲ။ ဘာစည်းမှ ချဖို့ မလိုဘူး။ ဘေးက အနှောင့်အယှက် မလုပ်နိုင်အောင် သာသနာတော်စောင့်နတ်တွေက စောင့်ရှောက်ပေးရတယ်။ ဆိုင်ရာနတ်တွေက စောင့်ရှောက်ပေးရတယ်။ သာသနာတော်စောင့်နတ်က တာဝန်ယူရတာ၊ ဒါကြောင့် သီလ ယူရတာ။ [ထိုင်း] - ဆရာတော်ဘုရားကြီးက မေတ္တာထားပြီး အချိန်တွေ အများကြီးပေးတာ ဝမ်းသာပါတယ်ဘုရား၊ အားလည်း နာပါတယ် ဘုရား။ [ဆရာတော်] - ကိုယ်လုပ်ချင်တာ လုပ်။ သတိလေးနဲ့လုပ်၊ သတိမပါရင် တို့ဉာဉ်က ခိုင်းတာ လုပ်ရလိမ့်မယ်၊ သတိပါတော့ တို့ခိုင်းတာကို ဉာဉ်က လုပ်ပေးရမှာ။ ဘုရား တရား အပေါ်မှာ ဖြည်/ချုပ်ပြီး ဝယ်ရတာ မရှိဘူး။ အောင့်ပြီးဖယ်ရတာ မရှိဘူး။ အမှတ် မှတ်ရင်းနဲ့ နောက်တော့ သူ့ဟာသူ သိသွားပြီး ‘သတိ’ က ဝယ်သွားတာ။ တို့ဝယ်တာ မဟုတ်ဘူး။ [ထိုင်း] - တရားအားထုတ်ဖို့ စဉ်းစားနေပါတယ် ဘုရား၊ အာမခံပြီးတော့ မလုပ်ဖြစ်မှာ စိုးပါတယ် ဘုရား။ [ဆရာတော်] - ဘုရားသား ဖြစ်ချင်သလား မဖြစ်ချင်ဘူးလား။ [ထိုင်း] - ဖြစ်ချင်ပါတယ် ဘုရား။ [ဆရာတော်] – ‘သတိ’ ရှိရင် ‘ဘုရားသား’ ပဲ။ သတိမရှိရင် အလကားပဲ။ ဘုရားသား ဖြစ်ချင်ရင် သတိရှိမှ ဖြစ်မှာ။ တို့ဒကာဒကာမတွေ ကျန်းမာချမ်းသာကြပါစေ။ (ဤတွင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးနှင့် ထိုင်းလူမျိုးတို့၏ တရားအမေးအဖြေ တရားတော် ပြီးစီးပါပြီ။) သံသာဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ကြပါစေ။ ညီညီတင် {{{ ၂၀၁၅ ခုနှစ် ဧပြီလထုတ် အပ္ပမာဒ ဓမ္မရသ မဂ္ဂဇင်း အတွဲ (၁၆)၊ အမှတ် (၄) }}}
https://www.dhammaransi.com/index.php/new/726-2015-10-25-04-24-07.html
ပဝါရဏာဟူသည်.
ပဝါရဏာဟူသည်... =============== သီတင်းကျွတ်လပြည့်နေ့ဟာ ဘုရားရှင် တာဝတိံသာနတ်ပြည်မှာ အဘိဓမ္မာမြတ်ဒေသနာကို ဟောကြားတော်မူပြီး လူ့ပြည်ကို ပြန်လည်ကြွမြန်းတော်မူရာနေ့ဖြစ်လို့ ``အဘိဓမ္မာအခါတော်နေ့´´လို့ ခေါ်ဆိုကြသလို ၀ါတွင်းသုံးလတို့ကာလပတ်လုံး ၀ါဆို၀ါကပ်တော်မူကြသည့် သံဃာတော်များရဲ့ တစ်နေရာတည်းမှာ စုံညီစုဝေးလို့ ပဝါရဏာပြုရာနေ့ဖြစ်လို့ ``သံဃပဝါရဏာနေ့´´လို့လည်း တစ်နည်းခေါ်ဆိုကြပါတယ်။ ဒီနေရာလေးမှာ ပဝါရဏာပြုတယ်ဆိုတဲ့စကားနဲ့ပတ်သက်ပြီး ဗုဒ္ဓဘာသာဝင်အများစုဟာ ``ပဝါရဏာ´´ဆိုတဲ့စကားလုံးကို ကြားဖူးကြသလို ပဝါရဏာပြုခြင်းကိုလည်း မြင်ဖူး၊ ကြုံဖူးကြပေမယ့် အချို့က ပဝါရဏာပြုခြင်းရဲ့အကြောင်းနဲ့ ပြုရခြင်းရဲ့ရည်ရွယ်ချက်ကို တိတိကျကျ မသိကြပါဘူး။ ဒါ့ကြောင့် ဘုရားသားတော်သံဃာတော်များရဲ့ သီတင်းကျွတ်လပြည့်နေ့ ရောက်လေတိုင်း ပဝါရဏာပြုကြခြင်းနဲ့ ပြုရခြင်းရဲ့ရည်ရွယ်ချက်တို့ကို ဗုဒ္ဓဘာသာဝင် ဒကာ ဒကာမများ သိရှိနားလည်လို့ ကြည်ညိုသဒ္ဓါတရား ပွားများနိုင်ပါရန်အလို့ငှါ အနည်းငယ် တင်ပြလိုက်ပါတယ်။ ပထမဦးဆုံးအနေနဲ့ နားလည်ထားသင့်တာက ပဝါရဏာပြုတယ်ဆိုတာဟာ ဘုရားရှင်ရဲ့သာသနာတော်မှာသာရှိပြီး အခြားဘယ်ဘာသာတရားမှာမှ မရှိတဲ့ အလွန်ကောင်းမွန်တဲ့ အစဉ်အလာ အလေ့အထကောင်းလေးတစ်ခုလည်း ဖြစ်ပါတယ်။ ``ပဝါရဏာ´´ဆိုတာ ပါဠိစကားပါ။ မြန်မာလိုအဓိပ္ပါယ်က ``ဖိတ်မံခြင်း´´လို့ အဓိပ္ပါယ် ရပါတယ်။ ဘာတွေကို ဖိတ်မံသလဲဆိုရင် ရဟန်းသံဃာတော်တွေ အချင်းချင်း တစ်ပါးနှင့်တစ်ပါး အပြစ်တစ်စုံတစ်ရာတို့ကို… မြင်အပ်သော်လည်းကောင်း….. ကြားအပ်သော်လည်းကောင်း….. ယုံမှားသံသယ ဖြစ်အပ်သော်လည်းကောင်း…..ထိုအပြစ်တို့ကို အချင်းချင်းအပြန်အလှန် အကျိုးလိုလားသောစိတ်၊ အပြုသဘောဆောင်သောစိတ်၊ ပြုပြင်ပေးလိုသောစိတ်တို့ဖြင့်ထောက်ပြပြောဆိုပြီး ပြုပြင်ထိန်းကျောင်း၊ စောင့်ရှောက်ပေးနိုင်ဖို့ရန်အတွက် အချင်းချင်း အပြန်အလှန် ဖိတ်မံခြင်းပါ။ သူ့အပြစ် ကိုယ့်အပြစ် အပြန်အလှန် ဝန်ခံပြောဆိုခြင်းဖြင့်… ``အချင်းချင်းညီညွတ်မှုရခြင်း၊ ဝမ်းမြောက် ဝမ်းသာစကား ပြောကြားရခြင်း၊ အချင်းချင်ငြင်းခုန်မှု မရှိရခြင်းနှင့် ချမ်းသာစွာနေရခြင်း´´စသော အကျိုးတရားများကို ရရှိစေနိုင်ပါသည်။ လူပုဂ္ဂိုလ်များသည်လည်း သံဃာတော်များနည်းတူ သီတင်းဝါလကျွတ်လေတိုင်း မိမိတို့ထက် အသက်သိက္ခာ ဂုဏ်ဝါကြီးသူ မိဘ၊ ဘိုးဘွား ဆရာသမားတို့နှင့် ကျေးဇူးရှိခဲ့ဖူးသူ ကျေးဇူးရှင်အပေါင်းတို့အား ကန်တော့ခြင်းနှင့် အပြစ်များရှိပါက ခွင့်လွှတ်ကြဖို့ရန် တောင်းပန်ခြင်း အလေ့အထသည် ပဝါရဏာမှပင် ဆင်းသက်လာသည်ဟု ယူဆရပေမည်။ သို့အတွက်ကြောင့် ယနေ့ခေတ်တွင် တိုင်းပြည်အတွက် အရေးပါဆုံးဖြစ်သည့် အစိုးရအဖွဲ့အစည်းမှစလို့ ပညာရေး၊ စီးပွားရေး၊ ကျန်မားရေးတို့နှင့်ဆက်စပ်၍ အစိုးရ+ပုဂ္ဂလိကအဖွဲ့များအပြင် အခြားအခြားသော ပရဟိတ အဖွဲ့အစည်းများ အလုပ်ရုံများအနေဖြင့်လည်း ဤကဲ့သို့ အလေ့အထမျိုးကို ကျင့်သုံးနိုင်ပါက အချင်းချင်နားလည်မှုများ ပိုမို၍ ရရှိနိုင်ကာ ပိုမို၍လည်း အောင်မြင်တိုးတက်နိုင်မည်ဟု ထင်မြင်မိပါသည်။ အပြစ်တွေ့ပြန်၊ ပြောကြားရန်၊ ဖိတ်မံပဝါရဏာ။ အပြစ်တွေ့ပြန်၊ ဆုံးမရန်၊ ဖိတ်မံပဝရဏာ။ အရှင်စန္ဒာတပ (အောင်လံ)
https://www.dhammaransi.com/index.php/new/727-2015-10-25-04-18-40.html
ဗုဒ္ဓဒေသနာတော် အားလုံး၏ အဆီအနှစ် (မဂ္ဂင်ရှစ်ပါး)
ဗုဒ္ဓဒေသနာတော် အားလုံး၏ အဆီအနှစ် (မဂ္ဂင်ရှစ်ပါး) ဗုဒ္ဓဒေသနာတော်အားလုံသည် ဤမဂ္ဂင်ရှစ်ပါးတရားတွင် တနည်းနည်းဖြင့် အကျုံးဝင်လျက်ရှိပေ သည်။ ထို့ကြောင့် ဤမဂ္ဂင်ရှစ်ပါးတရားကို ဒေသနာတော်အားလုံး၏ အဆီအနှစ်ဟု ခေါ်ဆိုနိုင်ပေ သည်။ သီလမဂ္ဂင် (၃) ပါး ၁။ သမ္မာဝါစာ (မှန်သောစကားကို ပြောဆိုမှု) ဆိုသည်မှာ – မဟုတ်မမှန် လိမ်ညာပြောဆိုခြင်း၊ ကြမ်းတမ်းစွာပြောဆိုခြင်း၊ ကုန်းချောစကား၊ သွေးခွဲစကား၊ အနှစ်မဲ့စကား ပြောကြားခြင်း တို့မှ ရှောင်ကြဉ်ခြင်းဖြစ်သည်။ ၂။ သမ္မာကမ္မန္တ (မှန်သောပြုလုပ်မှု) ဆိုသည်မှာ – သူ့အသက်ကို သတ်ဖြတ်ခြင်း၊ သူ့ဥစ္စာကို ခိုးယူလုယက်ခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ မတရားသော ကာမဂုဏ်ခံစားခြင်းတို့မှ ရှောင်ကြဉ်ခြင်းဖြစ် သည်။ ၃။ သမ္မာအာဇီဝ (မှန်သောအသက်မွေးမှု) ဆိုသည်မှာ – လိမ်လည် ကောက်ကျစ်ခြင်း၊ သတ္တဝါများ ကို သတ်ဖြတ်ခြင်း၊ အဆိပ် သေရည်သေရက် လက်နက် ခဲယမ်းမီးကျောက် စသည် တို့ကို ရောင်း ဝယ် ဖေါက်ကားခြင်းစသော သူတပါးတို့အား ဘေးဖြစ်စေသည့် လုပ်ငန်းများဖြင့် အသက်မွေး ဝမ်းကြောင်း ပြု ခြင်းမှ ရှောင်ကြဉ်ခြင်းဖြစ်သည်။ သမာဓိမဂ္ဂင် (၃) ပါး ၄။ သမ္မာဝါယာမ (မှန်သော အားထုတ်မှု) ဆိုသည်မှာ – ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်နိုင်အောင် ကြိုးစားအားထုတ်ခြင်း၊ မဖြစ်သေးသော အကုသိုလ် တရားတို့ကို မဖြစ်အောင် ကြိုးစားအားထုတ်ခြင်း၊ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်အောင် ကြိုးစားအားထုတ်ြ ခင်း၊ ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို တိုးတက်များပြားလာအောင်ကြိုးစား အားထုတ်ခြင်း ဟူသော သမ္မပ္ပဓာန်လေးပါးနှင့်အညီ ကြိုးစားအားထုတ်ခြင်းများဖြစ်သည်။ ၅။ သမ္မာသတိ(မှန်သောအောက်မေ့မှတ်သားမှု) ဆိုသည်မှာ – မှန်ကန်သော အောက်မေ့အမှတ် ရခြင်း၊ ကောင်းစွာ အောက်မေ့ခြင်း။ ကုသိုလ်တရားတို့၌ ကောင်းစွာ အောက်မေ့သတိရ ခြင်းဖြစ်သည်။ (က) ကိုယ်တွင်း၌ ဖြစ်ပျက်လှုပ်ရှားနေခြင်းများ (ကာယ)၊ (ခ) တွေ့ထိခံစားရမှုများ (ဝေဒနာ)၊ (ဂ) စိတ်တွင် ဖြစ်ပျက်လှုပ်ရှားနေခြင်းများ (စိတ္တ) နှင့် (ဃ) စိတ်ကူးကြံစည်မှု၊တွေးတေားယူဆမှုများနှင့်အကြောင်းခြင်းရာများ(ဓမ္မ) တို့ကို အပတ်တကုတ် လုံးလပြု၍ စေ့ငှစွာမလွတ်စေဘဲ စောင့်ကြပ်ကြည့်ရှု သတိပြုနေခြင်းကို မှန်သော အောက်မေ့မှတ်သားမှုဟု ခေါ်သည်။ ၆။ သမ္မာသမာဓိ (မှန်သောတည်ငြိမ်မှု) ဆိုသည်မှာ – မှန်ကန်သော တည်ကြည်ခြင်း၊ ကောင်းစွာ တည်ကြည်ခြင်းပင်ဖြစ်သည်။ ပညာမဂ္ဂင် (၂) ပါး ၇။ သမ္မာသင်္ကပ္ပ (မှန်သောကြံစည်မှု) ဆိုသည်မှာ – ကိုယ်ကျိုးကို စွန့်လွှတ်လိုခြင်း၊ သတ္တဝါအားလုံး အပေါ်တွင် မေတ္တာစိတ်ထားခြင်း စသည်တို့ဖြစ်သည်။ ၈။ သမ္မာဒိဋ္ဌိ (မှန်သောအမြင်) ဆိုသည်မှာ – အကြောင်းအရာများကို မဖေါက်မပြန် မှန်ကန်စွာ သိမြင် နားလည်ခြင်းဖြစ်သည်။ အရိယ သစ္စာလေးပါးကို မဖေါက်မပြန် မှန်ကန်စွာ သိမြင်ခြင်း ပင်ဖြစ်သည်။ ဤသို့ ပရမတ္ထ တရားကို ထိုးထွင်းသိမြင်ခြင်းသည် ဉာဏ်ပညာအရာတွင် အထွတ် အထိပ်သို့ ရောက်ခြင်းဖြစ်သည်။ အထက်ဖေါ်ပြပါ မဂ္ဂင်လမ်းသည် လူပုဂ္ဂိလ်တစ်ဦးစီ အသီးသီး ကိုယ်တိုင်ကိုယ်ကျ လေ့လာလိုက် နာ ထူထောင် ကျင့်သုံးရမည့် နေထိုင်မှု လမ်းစဉ်ပင်ဖြစ်ပေသည်။ သီလ၊ သမာဓိ၊ ပညာ အင်္ဂါသုံး ရပ် ကို ပြည့်စုံအောင်ထူထောင်ခြင်းဖြင့် အဆုံးစွန် အေးငြိမ်းခြင်း၊ ချမ်းသာခြင်း၊ လွတ်မြောက်ခြင်း ဖြစ်သော နိဗ္ဗာန်သို့ ရောက်စေနိုင်သည့် လမ်းသာ ဖြစ်ပေသည်။ source: http://religion.ohnphwa.com/…/%E1%80%99%E1%80%82%E1%81%A2%…/ မှ ကူးယူ တည်းဖြတ် ဖော်ပြပါသည်။
https://www.dhammaransi.com/index.php/new/728-2015-10-25-04-17-58.html
ငရဲပြည်ကိုအုပ်စိုးသော ယမမင်းနှင့် ငရဲသား
https://www.dhammaransi.com/index.php/new/729-2015-10-25-04-17-30.html
ခန္ဓာဖွဲ့ ခန္ဓာဖွဲ့ ဆိုတာ ... ဘာလုပ်တာလဲ
ခန္ဓာဖွဲ့ ခန္ဓာဖွဲ့ ဆိုတာ ... ဘာလုပ်တာလဲ ★ ★ ★ ★ ★ ★ ★ ★ ★★ ★ ★ ခြောက်ဒွါရ ခန္ဓာဖွဲ့ကြည့်တော့... လူအစားစား နတ်အစားစား ဗြဟ္မာ အစားစား တိရစ္ဆာန် အစားစား ပြိတ္တာအသူရကာယ်အစားစား တွေ့သလား ခန္ဓာငါးပါးတွေ့သလား။ လူနတ်ဗြဟ္မာ သတ္တဝါ မတွေ့တာ ရှိလို့လား မရှိလား။ မရှိရင် လူစွဲ နတ်စွဲ ဗြဟ္မာ စွဲ စွဲစရာ လိုသေးသလား။ ကောင်းကင် သေချာမော့ကြည့်.... ပျားစွဲတာ မြင်မိရဲ့လား။ ဘာဖြစ်လို့ မမြင်တာလဲ။ စွဲစရာ မရှိလို့နော်။ တွေ့နေတဲ့တရား ရှိနေတဲ့တရားက.. ... လူနတ်ဗြဟ္မာလား ခန္ဓာငါးပါး။ ဤခန္ဓာငါးပါး ဘယ်ပုံ ဘယ်နည်းရှိတာလဲလို့ စိစစ်ဖို့မကောင်းလား။ ရူပက္ခန္ဓာ ဘယ်သဘော ရှိသလဲ။ (ဖောက်ပြန်ပျက်စီး-တတ်သော သဘောအစု ဖြစ်ပျက်မှုပါဘုရား။) ဝေဒနာက္ခန္ဓာ ဘယ်သဘော ရှိသလဲ။ (ခံစား-တတ်သော သဘောအစု ဖြစ်ပျက်မှုပါဘုရား။) သညာက္ခန္ဓာ ဘယ်သဘော ရှိသလဲ။ (မှတ်သား-တတ်သော သဘောအစု ဖြစ်ပျက်မှုပါဘုရား။) သင်္ခါရက္ခန္ဓာ ဘယ်သဘော ရှိသလဲ။ (စေ့ဆော်ပြုပြင်- တတ်သော သဘောအစု ဖြစ်ပျက်မှုပါဘုရား။) ဝိညာဏက္ခန္ဓာ ဘယ်သဘော ရှိသလဲ။ (သိ-တတ်သော သဘောအစု ဖြစ်ပျက်မှုပါဘုရား။) ဤခန္ဓာငါးပါး က ဖြစ်ပြီး မပျက်လား။ ပျက်တယ်ဆိုတော့.... ခန္ဓာငါးပါးတွေ့သလား မရှိတာတွေ့သလား။ မရှိရင် ဘယ်လို စွဲမလဲဟေ့။ လူနတ်ဗြဟ္မာသတ္တဝါက အစကတယ်လို့ မရှိခြင်းကြောင့်....စွဲစရာ လိုသေးသလား။ တွေ့တဲ့ခန္ဓာငါးပါးက ဖြစ်ပြီးပျက်ခြင်းကြောင့် အစွဲခံရဲ့လား။ ဒီလိုဆိုရင်....သက္ကာယဒိဋ္ဌိ မပြုတ်လား။ သက္ကာယဒိဋ္ဌိ ပြုတ်ရင် အပါယ်တံခါး ပိတ်တာပေါ့ ကွဲ့။ ခန္ဓာဖွဲ့ ခန္ဓာဖွဲ့ ဆိုတာ ... ဘာလုပ်တာလဲ စိစစ်ဖို့မကောင်းလား။ သက္ကာယဒိဋ္ဌိ ဖြုတ်တာပေါ့ကွဲ့။ သေချာချာ လေ့လာနော်။ ဤခန္ဓာတရား အာယတနတရား ဓာတ်တရား သစ္စာတရား ပဋိစ္စသမုပ္ပါဒ်တရား ဆိုတာ... ဘုရားပွင့်မှ ကြားသိရတာ... ဤတရားသိဖို့ရာ လေးသချေင်္နဲ့ကမ္ဘာတစ်သိန်းပါရမီဖြည့်ရတာ။ လွယ်လွယ်ရတာ မဟုတ်ဘူးနော် အဲလို စိစစ်ဖို့ မကောင်းလားဟေ့။ ဘုရားမပွင့်ရင် ဒီတရားတွေ ကြားရပါမလား။ အေး... အဲဒါ စိစစ်ဖို့ လိုတယ်နော်။ ဤတရားကို အမှန်မြင်တော့ အမှားမပျောက်လား။ အဲဒါကြောင့် ခန္ဓာဖွဲ့ ခန္ဓာဖွဲ့ဆိုတာ... သက္ကာယဒိဋ္ဌိ ဖြုတ်တာပေါ့။ အဲဒါ ခန္ဓာဖွဲ့တာ ဘာအကျိုးရှိသလဲ စဉ်းစားဖို့ မကောင်းလား။ သက္ကာယဒိဋ္ဌိ ပြုတ်တယ်...ကြားလား။ ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ကြီး ရှေးတိပ်တရားတော် mc.12 မှ စာစီပူဇော်ပါသည်။ မုံလယ်ဇ ဘာဖြစ်လို့ မမြင်တာလဲ။ စွဲစရာ မရှိလို့နော်။ တွေ့နေတဲ့တရား ရှိနေတဲ့တရားက.. ... လူနတ်ဗြဟ္မာလား ခန္ဓာငါးပါး။ ဤခန္ဓာငါးပါး ဘယ်ပုံ ဘယ်နည်းရှိတာလဲလို့ စိစစ်ဖို့မကောင်းလား။ ရူပက္ခန္ဓာ ဘယ်သဘော ရှိသလဲ။ (ဖောက်ပြန်ပျက်စီး-တတ်သော သဘောအစု ဖြစ်ပျက်မှုပါဘုရား။) ဝေဒနာက္ခန္ဓာ ဘယ်သဘော ရှိသလဲ။ (ခံစား-တတ်သော သဘောအစု ဖြစ်ပျက်မှုပါဘုရား။) သညာက္ခန္ဓာ ဘယ်သဘော ရှိသလဲ။ (မှတ်သား-တတ်သော သဘောအစု ဖြစ်ပျက်မှုပါဘုရား။) သင်္ခါရက္ခန္ဓာ ဘယ်သဘော ရှိသလဲ။ (စေ့ဆော်ပြုပြင်- တတ်သော သဘောအစု ဖြစ်ပျက်မှုပါဘုရား။) ဝိညာဏက္ခန္ဓာ ဘယ်သဘော ရှိသလဲ။ (သိ-တတ်သော သဘောအစု ဖြစ်ပျက်မှုပါဘုရား။) ဤခန္ဓာငါးပါး က ဖြစ်ပြီး မပျက်လား။ ပျက်တယ်ဆိုတော့.... ခန္ဓာငါးပါးတွေ့သလား မရှိတာတွေ့သလား။ မရှိရင် ဘယ်လို စွဲမလဲဟေ့။ လူနတ်ဗြဟ္မာသတ္တဝါက အစကတယ်လို့ မရှိခြင်းကြောင့်....စွဲစရာ လိုသေးသလား။ တွေ့တဲ့ခန္ဓာငါးပါးက ဖြစ်ပြီးပျက်ခြင်းကြောင့် အစွဲခံရဲ့လား။ ဒီလိုဆိုရင်....သက္ကာယဒိဋ္ဌိ မပြုတ်လား။ သက္ကာယဒိဋ္ဌိ ပြုတ်ရင် အပါယ်တံခါး ပိတ်တာပေါ့ ကွဲ့။ ခန္ဓာဖွဲ့ ခန္ဓာဖွဲ့ ဆိုတာ ... ဘာလုပ်တာလဲ စိစစ်ဖို့မကောင်းလား။ သက္ကာယဒိဋ္ဌိ ဖြုတ်တာပေါ့ကွဲ့။ သေချာချာ လေ့လာနော်။ ဤခန္ဓာတရား အာယတနတရား ဓာတ်တရား သစ္စာတရား ပဋိစ္စသမုပ္ပါဒ်တရား ဆိုတာ... ဘုရားပွင့်မှ ကြားသိရတာ... ဤတရားသိဖို့ရာ လေးသချေင်္နဲ့ကမ္ဘာတစ်သိန်းပါရမီဖြည့်ရတာ။ လွယ်လွယ်ရတာ မဟုတ်ဘူးနော် အဲလို စိစစ်ဖို့ မကောင်းလားဟေ့။ ဘုရားမပွင့်ရင် ဒီတရားတွေ ကြားရပါမလား။ အေး... အဲဒါ စိစစ်ဖို့ လိုတယ်နော်။ ဤတရားကို အမှန်မြင်တော့ အမှားမပျောက်လား။ အဲဒါကြောင့် ခန္ဓာဖွဲ့ ခန္ဓာဖွဲ့ဆိုတာ... သက္ကာယဒိဋ္ဌိ ဖြုတ်တာပေါ့။ အဲဒါ ခန္ဓာဖွဲ့တာ ဘာအကျိုးရှိသလဲ စဉ်းစားဖို့ မကောင်းလား။ သက္ကာယဒိဋ္ဌိ ပြုတ်တယ်...ကြားလား။ ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ကြီး ရှေးတိပ်တရားတော် mc.12 မှ စာစီပူဇော်ပါသည်
https://www.dhammaransi.com/index.php/new/730-2015-10-25-04-16-15.html
သက္ကာယဒိဋ္ဌိ အရင်ဖြုတ်ပါ
သောတာပန်ဖြစ်ဖို ့ ဒိဋ္ဌိနဲ ့ ၀ိစိကိစ္ဆာကို အမြစ်ပြတ် ပယ်နိုင်အောင် ကြိုးစားရမှာဆိုတော ့ ၀ိစိကိစ္ဆာ အ ကြောင်းကိုလည်း ဂဃဏန သိဖို ့လိုအပ်တယ်။ သိမှပယ်နိုင်မယ်။ ပထမသိအောင်လုပ်ကြဦး။ ဉာတ ပရိညာနဲ ့ ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာကင်းမှ ပွားများအားထုတ်တဲ ့အခါမှာ အားရှိတယ်။ အဲဒီဝိစိကိစ္ဆာ ကင်းရှင်းဖို ့ လည်း ပဲ လေ ့လာရတယ်။ မှတ်သားရတယ်။ ၀ိစိကိစ္ဆာဆိုတာ ယုံမှားခြင်းကို ဆိုလိုတာ။ ဒိဋ္ဌိနဲ ့တွဲနေတယ်။ အားလုံး(၈)မျိုးရှိတယ်။ (၁) ဘုရားကိုမယုံဘူး။ (၂) တရားကိုမယုံဘူး။ (၃) သံဃာကိုမယုံဘူး။ (၄) သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးကိုမယုံဘူး။ (၅) သံသရာရဲ ့ရှေ ့အစွန်းကို မယုံဘူး။ (၆) သံသရာရဲ ့ နောက်အစွန်းကို မယုံဘူး။ (၇) ရှေ ့အစွန်းကိုရော နောက်အစွန်းကိုပါ မယုံဘူး။ (၈) ပဋိစ္စသမုပ္ပါဒ်ကို အယုံအကြည်မရှိဘူး။ ဒီယုံမှားခြင်း (၈) မျိုးဟာ သက္ကာယဒိဋ္ဌိကြောင် ့ ဆက်ဖြစ်လာတာ။ သက္ကာယဒိဋ္ဌိရှိလို ့ သဿတဒိဋ္ဌိနဲ ့ ဥစ္ဆေဒ ဒိဋ္ဌိဆက်ဖြစ်တယ်။ ဒါကြောင် ့မို ့ သက္ကာယဒိဋ္ဌိပြုတ်ရင် သဿတဒိဋ္ဌိနဲ ့ ဥစ္ဆေဒဒိဋ္ဌိလည်း အလိုလို ပြုတ်တယ်။ ၀ိစိကိစ္ဆာဆိုတဲ ့ ယုံမှားခြင်းလည်း ကင်းသွားတယ်။ ဗုဒ္ဓဘာသာဝင်တွေ ဒါန၊ သီလ၊ ဘာဝနာတွေပြုကြတယ်။ သစ္စာတရားကျကျနနမနာရလို ့ရှိရင် ဒိဋ္ဌိဖြစ် တာ များတာပဲ။ ငါတို ့ပြုတဲ ့ ကုသိုလ်ကောင်းမှုတွေကို နောင်ဘဝမှာ ငါတို ့ပဲ စံရမှာလို ့ ထင်ကြတယ်။ ကုသိုလ်လုပ်တာလည်း ငါတို ့ပဲ။ ကုသိုလ်အကျိုးကိုစံရမှာလည်း ငါတို ့ပဲ။ ရုပ်နာမ်နှစ်ပါးကို ငါသူထင် နေတဲ ့အတွက် သက္ကာယဒိဋ္ဌိလည်း ဖြစ်တယ်။ ယခုပြုတဲ ့ငါနဲ ့ စံစားရမယ် ့ငါကို တစ်ထပ်တည်း ယူထား တဲ ့အတွက် သဿတဒိဋ္ဌိလည်းဖြစ်တယ်။ တချို ့ကျတော ့ အခုဘဝကိုယ်က အခုဘဝစံ။ နောင်ဘဝကိုယ်က နောင်ဘဝခံ။ ဒီဘဝကိုယ်နဲ ့ နောင်ဘဝကိုယ်က လုံးဝအဆက်အစပ်မရှိဘူး။ သက်သက်စီလို ့ ယူလိုက်တဲ ့အတွက် ဥစ္ဆေဒဒိဋ္ဌိ ဖြစ် သွား တယ်။ အဲဒီလိုပုဂ္ဂိုလ်မျိုးက အကုသိုလ်လုပ်ဖို ့ ဝန်မလေးတော ့ဘူး။ အမှန်က အကြောင်းအကျိုးက ပြတ်သွားတာမဟုတ်ဘူး။ ကမ္မသတ္တိအရ အကြောင်းအကျိုးတော့ ဆက် စပ်နေ တယ်။ သို ့သော်လည်းပဲ ဒီဘဝရုပ်နာမ်တွေက ဒီဘဝမှာပဲ ချုပ်တယ်။ ဟိုဘက်ဘဝကို မလိုက် ဘူး။ ဒီဘဝရုပ်နာမ်တွေက ဟိုဘက်ဘဝကို လိုက်တယ်လို ့ထင်ရင် သဿတဒိဋ္ဌိ။ အကြောင်းကံ တွေက ဒီဘက်မှာပဲ ပြီးသွားတယ်။ ဟိုဘက်ဘဝကို လုံးဝလိုက်ပြီးအကျိုးမပြုဘူးလို ့ ထင်ရင်လည်း ဥစ္ဆေဒဒိဋ္ဌိ။ အဲဒီနှစ်ခုကြားထဲက သွားတာမှ မဇ္စျိမပဋိပဒါသမ္မာဒိဋ္ဌိ။ အဲဒီ သမ္မာဒိဋ္ဌိအမြင်မျိုးက သံသယ ကင်းရှင်း မှဖြစ်တာ။ မနေ ့တုန်းက တရားနာထားတဲ ့စွမ်းအားကြောင် ့ ဒီနေ ့ တရားတွေပိုသဘောပေါက်တယ်။ မနေ ့က တရား အားထုတ်ခဲ ့တဲ ့အတွက်ကြောင် ့ ဒီနေ ့ပိုပြီးတော ့ သမာဓိရလာတယ်။ ပိုထိုင်နိုင် လာတယ်။ ဉာဏ်လည်းပိုပွင် ့လာတယ်။ ဒါဟာ ကမ္မသတ္တိအရ အကြောင်းအကျိုးတွေ ဆက်စပ်နေလို ့ပဲ။ အဲဒီလို အကြောင်းအကျိုးဆက်တာကို သဘောပေါက်မှ ဥစ္ဆေဒဒိဋ္ဌိစင်တာ။ အဲဒီလို ကမ္မသတ္တိတွေက အကြောင်းအကျိုးဆက်စပ်နေပေမဲ ့ မနေ ့တုန်း ရုပ်၊ နာမ်တွေက မနေ ့ တုန်းကပျက်သွားပြီ။ ဒီနေ ့ တစ်တိုတစ်စမှ မပါတော ့ဘူး။ အကြောင်းရုပ်နာမ်တွေက အကြောင်း နေရာ မှာပဲ ပျက်သွားတယ်။ အကျိုးနေရာ ပါမလာဘူး။ အဲဒီလို သဘောပေါက်မှ သဿတဒိဋ္ဌိစင်တာ။ ရုပ်၊ နာမ်အဟောင်းပျက်သွားတဲ့ နေရာမှာ ရုပ်နာမ်အသစ်တွေ အစားထိုးဖြစ်တယ်။ အဟောင်းပျက် တာကို မြင်လို ့ရှိရင် သဿတဒိဋ္ဌိစင်တယ်။ အသစ်အစားထိုးဖြစ်တာကို မြင်ရင် ဥစ္ဆေဒဒိဋ္ဌိစင်တယ်။ အဲဒီ အဟောင်းထဲမှာလည်း ငါ သူတစ်ပါး ယောက်ျား မိန်းမပုဂ္ဂိုလ်သတ္တဝါ မပါဘူး။ အသစ်အစားထိုးတဲ ့ထဲမှာ လည်း ငါ သူတစ်ပါး ယောက်ျား မိန်းမပုဂ္ဂိုလ်သတ္တဝါ မပါဘူး။ ပျက်သွားတာလည်း ရုပ်ဓမ္မ၊ နာမ်ဓမ္မ အစဉ်ကြီးတန်းနေတာကို ဉာဏ်နဲ ့မြင်တော ့ သက္ကာယဒိဋ္ဌိစင်တယ်။ ရုပ်ဓမ္မ၊ နာမ်ဓမ္မတွေ ဘာကြောင် ့ဖြစ်လာတာလဲဆိုတဲ ့ အကြောင်းတရားပေါ်မှာ ဉာဏ်မရှင်းလို ့ ရှိရင် လဲ သံသယ ၀ိစိကိစ္ဆာက ဖြစ်လာတတ်သေးတယ်။ ဖန်ဆင်းရှှုင်က ဖန်ဆင်းလို ့ ဖြစ်လာ တာလား။ ဒါမှ မဟုတ် သူ ့အလိုလိုဖြစ်လာတာလား။ ဘာကြောင် ့ ဖြစ်တာလဲ။ ဒါလည်း သိထားဖို ့ လိုတယ်။ အမှန်က ပထဝီ၊ အာပေါ၊ တေဇော၊ ၀ါယောဆိုတဲ ့ ဓါတ်ကြီးလေးပါးနဲ ့ ဖွဲ ့စည်းထားတဲ ့ ရုပ်တရား တွေ ဟာ ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဆိုတဲ ့ အကြောင်းတရားလေးပါးကြောင် ့ ဖြစ်လာရတာ။ ကံကြောင့် ဖြစ်တဲ ့ရုပ်၊ စိတ်ကြောင် ့ဖြစ်တဲ ့ရုပ်၊ ဥတုကြောင် ့ ဖြစ်တဲ ့ရုပ်၊ အာဟာရကြောင် ့ဖြစ်တဲ ့ ရုပ် ဆိုပြီး အမျိုးမျိုးရှိတယ်နော်။ သူ ့အလိုလိုပေါ်လာတာ မဟုတ်သလို တန်ခိုးရှင်က ဖန်ဆင်းလိုက်တာလည်း မဟုတ်ဘူး။ အကြောင်း တရား ရှိလို ့ အကျိုးတရားအဖြစ်ပေါ်လာရတာ။ ကံကြောင့်ဖြစ်တဲ ့ရုပ်ဆိုတာက မျက်စိအကြည်၊ နား အကြည်၊ နှာခေါင်းအကြည်၊ လျှာအကြည်၊ ကိုယ်အကြည်၊ မနောအကြည်၊ အနည်းဆုံး ဒီလောက် လေးတော ့ သိရမယ်နော်။ သွားချင်တဲ ့စိတ်ကြောင် ့ ကိုယ်ခန္ဓာထဲမှာ ၀ါယောဓါတ်တွေ ပြည် ့လာပြီး ဘယ်လှမ်းတယ် ညာလှမ်း တယ်နဲ ့ သွားတဲ ့ရုပ် လှုပ်ရှားတဲ ့ရုပ်ကြီး ဖြစ်လာရတာ။ သွားရာကနေ ရပ်ချင်တဲ ့ စိတ်ဖြစ်လာရင်လည်း ၀ါယောဓါတ်ကြောင် ့ပဲ ရပ်တဲ ့ရုပ် တည်ငြိမ်တဲ ့ရုပ်ကြီး ဖြစ်လာရတာ။ ထိုင်ချင်တဲ ့စိတ်ကြောင် ့ပဲ တွန်း ကန်ထားတဲ ့ ထောက်ကန်ထားတဲ ့ ၀ါယောဓါတ်တွေကို တဖြည်းဖြည်း လျှော ့ချလိုက်ပြီး လေးတွဲကျလာ ကာ ထိုင်တဲ ့ရုပ်ဖြစ်လာတာမဟုတ်လား။ “သွားလိုရပ်လို၊ ထိုင်နေလို၊ အိပ်လိုစိတ်ဟုသိ။ စိတ်ကြောင် ့ဖြစ်သော၊ ဓါတ်ဝါယော၊ နှံ ့နှောကိုယ်ဝယ်ပြည် ့။ ၀ါယောပြည် ့သော်၊ ရုပ်သစ်ပေါ်၊ ရုပ်သော်သွားပေ၏။ ပုဂ္ဂိုလ်မသွား၊ ငါမသွား၊ ရုပ်သွားဉာဏ်ဖြင် ့သိ။ ပုဂ္ဂိုလ်မထိုင်၊ ငါမထိုင်၊ ရုပ်ထိုင်ဉာဏ်ဖြင် ့သိ။ ပုဂ္ဂိုလ်မရပ်၊ ငါမရပ်၊ ရုပ်ရပ်ဉာဏ်ဖြင် ့သိ။ ပုဂ္ဂိုလ်မအိပ်၊ ငါမအိပ်၊ ရုပ်အိပ်ဉာဏ်ဖြင် ့သိ။” ရှေ ့က အရင်ဖြစ်တဲ ့စိတ်ကအကြောင်း၊ နောက်မှဖြစ်တဲ ့ရုပ်က အကျိုး။ အကြောင်းကြောင် ့ အကျိုး ဖြစ်တာနော်။ သူ ့အလိုလို ဖြစ်လာတာမဟုတ်ဘူး။ ရုပ်နာမ်ဟာ အချင်းချင်းမှီပြီး ဖြစ်နေကြတာ။ နာမ်ကို မှီပြီး ရုပ်တွေဖြစ်နေကြသလို ရုပ်ကိုမှီပြီးတော ့လည်း နာမ်တွေဖြစ်နေကြတယ်ဆိုတာ သိထားရမယ် နော်။ – မျက်စိအကြည်ရုပ်နဲ ့ အဆင်းရုပ် ဆုံမိတဲ ့အကြောင်းတရားကြောင် ့ ဖြစ်လာတဲ ့ အကျိုးနာမ်တရားက မြင်သိစိတ် – နားအကြည်ရုပ်နဲ ့ အသံရုပ်ဆုံမိတဲ ့အကြောင်းတရားကြောင် ့ ဖြစ်လာတဲ ့ အကျိုးနာမ်တရားက ကြားသိစိတ် – နှာခေါင်းအကြည်ရုပ်နဲ ့ အနံ ့ရုပ် ဆုံမိတဲ ့အကြောင်းတရားကြောင် ့ ဖြစ်လာတဲ့ အကျိုး နာမ် တရား က နံသိစိတ် – လျှာအကြည်ရုပ်နဲ ့ အရသာရုပ် ဆုံမိတဲ ့အကြောင်းတရားကြောင် ့ ဖြစ်လာတဲ ့အကျိုး နာမ်တရား က အရသာသိစိတ် – ကိုယ်အကြည်ရုပ်နဲ ့ ထိတွေ ့စရာရုပ်ဆုံမိတဲ ့ အကြောင်းတရားကြောင် ့ ဖြစ်လာတဲ ့ အကျိုး နာမ် တရား က ထိသိစိတ် – မနောအကြည်ရုပ်နဲ ့ ကြံတွေးစရာဆုံမိတဲ ့အကြောင်းတရားကြောင် ့ ဖြစ်လာတဲ ့ အကျိုးနာမ်တရားက ကြံတွေးစိတ် အဲဒီ ကြားသိစိတ် နံသိစိတ် အရသာသိစိတ် ထိသိစိတ် ကြံတွေးစိတ်တွေကို ခန္ဓာနဲ ့ပြောရင် ဘာခန္ဓာလဲ။ ၀ိညာဏက္ခန္ဓာ။ ၀ိညာဏက္ခန္ဓာဖြစ်ရင် ကျန်တဲ ့ဝေဒနာက္ခန္ဓာ သညက္ခန္ဓာနဲ ့ သခါင်္ရက္ခန္ဓာတွေရော အတူတူ ဖြစ်မလာဘူးလား။ (ဖြစ်လာပါတယ်ဘုရား)။ နာမ်ခန္ဓာလေးပါးက ဖြစ်အတူပျက်အတူပဲ။ ခွဲလို ့မရဘူး။ အကြည်ရုပ်တွေနဲ ့ အဆင်းအသံစတဲ ့ အာရုံတွေကို ခန္ဓာနဲ ့ပြောရင် ဘာခန္ဓာလဲ။ ရူပက္ခန္ဓာ။နာမ် ခန္ဓာကလေးပါး၊ ရုပ်ခန္ဓာက တစ်ပါးဆိုတော ့ ခန္ဓာငါးပါးနော်။ ဒါဆိုရင် ဒီခန္ဓာငါးပါးဟာ နတ်တွေ ဗြဟ္မာ တွေ က ဖန်ဆင်းတာလဲမဟုတ်ဘူး။ သူ ့အလိုလိုဖြစ်တာလည်း မဟုတ်ဘူး။ အကြောင်းကြောင် ့ အကျိုး ဖြစ် လာတာပဲ ဆိုတာ ဉာဏ်ထဲမှာ ရှင်းသွားတယ်။ အဲဒီလို ခန္ဓာငါးပါးရုပ်နာမ်နှစ်ပါး ဖြစ်လာရတဲ ့ အကြောင်းတရားအပေါ်မှာ ဉာဏ်ရှင်းမှ သံသယဆိုတဲ ့ ၀ိစိကိစ္ဆာကသေတာ။ အကျိုးတရားလည်း ကြည် ့ဦး။ ဖြစ်လာတာက ရုပ်တွေ နာမ်တွေလား။ ယောက်ျား မိန်းမ ပုဂ္ဂိုလ်သတ္တဝါတွေလား။ (ရုပ်တွေ နာမ်တွေပါ။) အဲဒီလိုအကျိုးတရားအပေါ်မှာ ဉာဏ်ရှင်းတော ့ အသိနဲ ့ သက္ကာယဒိဋ္ဌိသေတယ်။ တရားမနာထားဘူး။ မသိထားဘူးဆိုရင် မနေ ့တုန်းကလည်း ငါပဲ။ ဒီနေ ့လည်းငါပဲ။ မနက်ဖြန်လည်း ငါပဲ။ ဒီလိုထင်တတ်တယ်။ ပြောရုံဆိုရင်တော ့ အပြစ်မရှိ်ပါဘူး။ ပြောတဲ ့အတိုင်း ထင်ရင်တော ့ တစ်ဆက်တည်းယူထားတဲ ့အတွက် သဿတဒိဋ္ဌိဖြစ်နေတယ်။ သဿတဒိဋ္ဌိဖြစ်ရင် လူ ့ပြည် နတ်ပြည် တော ့မတားပါဘူး။ မဂ်ဉာဏ်ဖိုလ်ဉာဏ်တော ့မရဘူး။ တစ်ထပ်တည်းထင်တယ်ဆိုတော ့ အပျက်ကို မမြင်ဘူးပေါ ့။ ၀ိပဿနာအားထုတ်တယ်ဆိုတာ အပျက် ကိုမြင်အောင်အားထုတ်တာ။ ရုပ်တွေ နာမ်တွေရဲ ့ အပျက်ကိုမြင်မှ ၀ိပဿနာဉာဏ်ဖြစ်တာ။ အပျက် ကိုမြင်ဖို ့အတွက် နှလုံးသွင်းကမှန်နေရမယ်။ ရုပ်တွေနာမ်တွေပဲ ရှိတယ်။ အဲဒီ ရုပ်တွေ နာမ်တွေ ဟာ တရစပ်ကြီးကို ပျက်နေတယ်။ ဒီလိုနှလုံးသွင်းထားရမယ်။ အခုလိုဒိဋ္ဌိနဲ ့ဝိစိကိစ္ဆာပယ်သတ်ရေး တရား တွေကို သေသေချာချာနာမထားဘူးဆိုရင်လည်း နှလုံးသွင်းမှန်ဖို ့ မလွယ်ဘူး။ ဗုဒ္ဓဘာသာဝင်တွေဟာ ကုသိုလ်တွေ ရှိပါရဲ ့သားနဲ ့ အပါယ်လေးပါးကို ကျကျသွားရတာဟာ အရေး တကြီး အရင်ဆုံးလုပ်သင် ့တာကို နောက်မှ လုပ်မယ်၊ နောက်မှလုပ်မယ်နဲ ့ နှလုံးသွင်းမှားနေကြလို ့ပဲ။ ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီးက “မင်းတို ့စားဝတ်နေရေးတွေ နောက်မှာထား။ မဂ်ဉာဏ်ဖိုလ်ဉာဏ်ရဖို ့ကို ရှေ ့ကထား။ ရှေ ့နောက်ခွဲတတ်ပါစေ” ဒီလိုမိန် ့ကြားတော်မူတာ။ တို ့သူငါတွေက ရှေ ့နောက် အခွဲတွေ မှားနေကြတယ်း။ လောလောဆယ် စားဖို ့သောက်ဖို ့၊ စားဝတ် နေရေးက ပိုအရေးကြီးတယ်လို ့မြင်တယ်။ ဒါတွေလုပ်ရင်းနဲ ့ပဲ ဖြတ်ဆိုသေပြီး အပါယ် ရောက်သွားတဲ့ ့အခါ ကျတော ့ နှစ်ပေါင်း အသချေင်္အနန္တပြန်မတက်နိုင်တော ့ဘူး။ ရှေ ့တွေ နောက်တွေ လွဲနေတဲ ့အခါကျတော ့ ပစ္စုပ္ပန်မှာချမ်းသာလည်း ခဏပါပဲ။ တော်ကြာ သောက ပရိဒေဝတွေဖြစ်ပြန်ပြီ။ ရွှေတွေငွေတွေ ဘယ်လောက်ပဲရရ ရာထူးတွေ ဘယ်လောက် ပဲကြီး ကြီး သောက ပရိဒေဝတွေ ဖြစ်ပါတယ်။ အဲဒီသောက ပရိဒေဝတွေ ငြိမ်းဖို ့အတွက် သစ္စာတရားတွေ သတိ ပဋ္ဌာန်တရားတွေ နာကြားကြ။ ရသလောက် အချိန်ကို လုလုပြီး ၀ိပဿနာတရားတွေကို ဦးစားပေး အား ထုတ်ကြ။ မြတ်စွာဘုရားဟောကြားတော်မူခဲ ့တဲ ့ သတ္တိသုတ်ကို အကျဉ်းချုံးပြီး ဟောဦးမယ်။ ဗြဟ္မာကြီး တစ်ဦး က အင်မတန်သက်တမ်းတိုတဲ ့ လောကလူသားတွေကို သနားလွန်းလို ့ လူသားတွေ ဒုက္ခနည်း ပြီး အသက် ရှည်ဖို ့အတွက် သူ ့ရဲ ့ထင်မြင်ယူဆချက်တစ်ခုကို မြတ်စွာဘုရား လာလျှောက် တယ်။ “ ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရား ရင်ဝမှာ လှံစူးခံနေရတဲ ့ သူအတွက် လှံကိုနုတ်ပြီး အမြန် ဆုံးဆေးကုဖို ့ ကိစ္စဟာ ထိုသူအတွက် အရေးအကြီးဆုံး ဖြစ်ပါတယ်ဘုရား။ ခေါင်းပေါ်ကဆံပင်ကို မီး လောင်ခံနေရတဲ ့သူအတွက် ကလည်း မီးငြိမ်းအောင် အမြန်သတ်ပြီး မီးလောင်ဒဏ်ရာကို ဆေးကုဖို ့ ့ကိစ္စဟာ ထိုသူအတွက် အရေးအကြီးဆုံးဖြစ်ပါတယ်ဘုရား။ ထိုနည်းတူစွာ သတ္တဝါတွေ အတွက် အရေး တကာ ့အရေးအကြီးဆုံးကတော ့ ကာမရာဂကို ပယ်ဖို ့ ကိစ္စဖြစ်မယ်လို ့ တပည့်တော်ထင်မိပါ တယ် ဘုရား” ဗြဟ္မာကြီးက ဒီလိုလျှောက်တယ်။ ကာမရာဂ ဆိုတာက အဆင်း အသံ အနံ ့ အရသာ ထိတွေ ့ စရာ ဆိုတဲ ့ ငါးဖြာအာရုံကာမဂုဏ်တွေကို လိုချင်နှစ်သက်ပြီး စွဲလမ်းနေတာကိုခေါ်တာ။ လှပတဲ ့အဆင်းလေးဆိုရင် လိုချင်တယ်။ စွဲလမ်းတယ်၊ ရအောင်ကြိုးစားတယ်။ သာယာတဲ ့ အသံလေး ဆို ရင် လည်း လိုချင်တယ်။ စွဲလမ်းတယ်။ ရအောင်ကြိုးစားတယ်။ သက်မဲ ့ ပစ္စည်းတင်မကဘူး။ သက်ရှိ အလှပိုင်ရှင် အသံပိုင်ရှင်တွေကိုလည်း စွဲလမ်းပြီး ရအောင်ကြိုးစား ကြတယ်။ အရသာကောင်းကောင်းလေး စွဲနေတဲ ့အခါ ခဏခဏစားရအောင်ကြိုးစားတယ်။ အတွေ ့ အထိလေး ကို စွဲနေတဲ ့အခါကျတော ့ ဒီအတွေ ့အထိမျိုး ခဏခဏခံစားရအောင်ကြိုးစားတယ်။ အဲဒီလို ကာမဂုဏ်ကို ခံစားချင်ကြတဲ ့ ကာမရာဂတွေကြောင် ့ လောကီလူသားတွေဟာ ဒုက္ခရောက် နေ ကြတာ။ အသက်တွေတိုပြီး တဖြုတ်ဖြုတ်နဲ ့သေနေကြတာ။ ကာမရာဂ အားကြီးလေလေ အသက်တို ုလေလေပဲ။ ရာဂလို ့ခေါ်တဲ ့ လောဘဆိုတာ ရုပ်ကိုလည်းလောင် စိတ်ကိုလည်းလောင်တယ်။ ဒေါသက အမြဲတမ်းမဖြစ်ဘူး။ အဆင်မပြေတဲ ့အခါမှ ဒေါသကဖြစ်တာ။ လောဘကျတော ့ အမြဲတမ်းဖြစ်နေတာ။ ဒါကြောင် ့ ဗြဟ္မာကြီးက အင်မတန်အသက်တိုတဲ ့လူသားတွေကို သနားလွန်းလို ့ လူသားတွေ ဒုက္ခနည်း ပြီး အသက်ရှည်ဖို ့အတွက် ကာမရာဂကို ပယ်ဖို ့ကိစ္စဟာ လူသားတွေအတွက် အရေးတကာ ့အရေး အကြီးဆုံးဖြစ်တဲ ့အကြောင်း သူ ့ရဲ ့ ထင်မြင်ယူဆချက်ကို ဘုရားလာလျှောက်တာ။ ဗြဟ္မာကြီးပြောမယ်ဆိုလည်း ပြောချင်စရာပဲ။ လူတွေရဲ ့သက်တမ်းက ဗြဟ္မာသက်တမ်းနဲ ့ယှဉ်ဖို ့နေနေ သာသာ နတ်သက်တမ်းနဲ ့ယှဉ်ကြည် ့ရင်တောင် မိနစ်ပိုင်းရက်ပိုင်းလောက်ပဲ ရှိတာ။ လူတို ့ရဲ ့သက်တမ်း အနှစ် ၅၀ ဆိုတာ… စတုမဟာရာဇ်နတ်တို ့ရဲ ့ အသက်အားဖြင် ့ဆို (၁)ရက် တာဝတိ ံသာနတ်တို ့ရဲ ့ အသက်အားဖြင် ့ဆို နေ ့တစ်ဝက် ယာမာနတ်တို ့ရဲ ့ အသက်အားဖြင် ့ဆို ၆ နာရီလောက် တုသိတာနတ်တို ့ရဲ ့ အသက်အားဖြင် ့ဆို ၃ နာရီလောက် နိမ္မာနရတိနတ်တို ့ရဲ ့ အသက်အားဖြင် ့ဆို ၁ နာရီခွဲ ပရနိမ္မိတဝသဝတ္တီနတ်တို ့ရဲ ့ အသက်အားဖြင် ့က ၄၅ မိနစ် ခန် ့ပဲရှိတာ။ ဘယ်လောက်မှကြာတာမဟုတ်ဘူး။ လူ ့ဘဝဆိုတာ သမုဒ္ဒရာရေပြင်ထက် ခဏတက်သည့် ရေပွက်ပမာ ဆိုတာလို ခဏလေးမှ ခဏလေးပါပဲ။ ဒါကြောင် ့ သက်တမ်းအင်မတန်တိုတဲ ့ လူတွေကောင်းကောင်း စားရဖို ့၊ ကောင်းကောင်းဝတ်ရဖို ့၊ ကောင်းကောင်း နေရဖို ့၊ ကောင်းကောင်းဇိမ်ခံရဖို ့နဲ ့ကောင်းကောင်း ပျော်ပါးကြဖို ့အတွက်တင် လှုပ်ရှား ရုန်းကန်ရင် အချိန်ကုန်ပြီး သေတော့ အပါယ်လေးပါးရောက်ကုန်မှာ စိုးလို ့ ဗြဟ္မာကြီးက သူ ့အယူအဆကို ဘုရားလာလျှောက်တာ။ ဒါပေမယ် ့ ဗြဟ္မာကြီးရဲ ့ လျှောက်ထားချက်က မပြည် ့စုံဘူးဖြစ်နေတယ်။ ကာမရာဂကို ပယ်ဖို ့ ဆိုတာ အနာဂါမိမဂ်နဲ ့ ပယ်တာဆိုရင်တော ့ ကောင်းပါတယ်။ အဲဒီလိုမဟုတ်ဘဲ ကာမရာဂကို စျန် ကုသိုလ် ကြောင် ့ ဗြဟ္မာဖြစ်ပြီး ပယ်တာဆိုရင်တော ့ မကောင်းသေးဘူး။ ဘာကြောင် ့လဲဆို တော့ ပုထုဇဉ်ဗြဟ္မာ အနေနဲ ့ ဗြဟ္မာဖြစ်တုန်းသာ ကာမရာဂကိုပယ်နိုင်ပေမဲ ့ နောက် ဘဝတွေမှာက အပါယ်လေးပါးကို ပြန် ရောက်နိုင်သေးတယ်။ ဒါကြောင့်.. မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ပြန်လည်မိန် ့ကြားပုံက… သတ္တိယာဝိယသြမဋ္ဌော၊ ဒယှမာနောဝမတ္တကေ။ သက္ကာယဒိဋ္ဌိပဟာနယ၊ သတောဘိက္ခုပရိဗ္ဗဇေ။ အဓိပ္ပါယ်က… ရင်ဝကိုလှံဖြင် ့ ထိုးစိုက်ခြင်းခံနေရသောသူသည် အခြားသော ကိစ္စမှန်သမျှကို လုပ်မနေနိုင်ဘဲ ရင်ဝမှာ စူးဝင်နေတဲ ့လှံကို အမြန်ဆုံး ဆွဲနုတ်ပြီး ဆေးကုဖို ့ကိစ္စသည် အရေးအကြီးဆုံးဖြစ်သကဲ ့သို ့လည်း ကောင်း။ ခေါင်းပေါ်ကဆံပင်ကို မီးဟုန်းဟုန်းစွဲလောင်ခြင်းခံနေရသူသည် အခြားသောကိစ္စမှန်သမျှကို လုပ်မနေ နိုင်ဘဲ ဦးခေါင်းက မီးတောက်ကို အရေးတကြီး ငြိမ်းသတ်ပြီး မီးလောင်ဒဏ်ရာကို ဆေးကုဖို ့ ကိစ္စသည် သာ အရေးအကြီးဖြစ်သကဲသို ့လည်းကောင်း။ သတ္တဝါတွေအတွက် ဘဝများစွာ သံသရာ တစ်ခွင် မှာ အပါယ်လေးပါးကိုကျစေတတ်တဲ ့ သက္ကာယဒိဋ္ဌိ ဘေးဆိုးကြီးကို အမြစ်ပြုတ် ပယ် နိုင််ဖို ့ ့ကိစ္စသည် အရေးတကာ့အရေးအကြီးဆုံး ပါပဲလို ့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက ပြန်လည် မိန် ့ကြားတော်မူလိုက်တယ်။ သက္ကာယဒိဋ္ဌိကို ပယ်ခိုင်းတယ်ဆိုတာ သောတာပန်ဖြစ်အောင် လုပ်ခိုင်းတာနဲ ့ အတူတူပဲနော်။ ဘာဖြစ်လို ့ ဒီလောက်တောင် ပိုအရေးကြီးနေရတာလဲ ဆိုတော… ရင်ဝကိုလှံစူးနေတဲ ့သူနဲ ့ ဦးခေါင်းကို မီးလောင်နေတဲ ့သူတွေက ဆေးကုတာနောက်ကျလို ့ သေမယ်ဆိုရင်တောင် ဒီတစ်ဘဝပဲသေမှာ။ နောက် ဘဝအထိ ဒုက္ခပေးလို ့မရပါဘူး။ သက္ကာယဒိဋ္ဌိကို မပယ်ရသေးတဲ ့သူကျတော ့ ဘဝအဆက်ဆက် ဒုက္ခလိုက်ပေးနေလို ့ အပါယ်လေး ပါးဟာ ကိုယ် ့အိမ်ကိုယ် ့ရာလိုပဲ အမြဲရောက်နေမှာ။ ဒါကြောင် ့မို ့ ရင်ဝက လှံကို နောက်မှနုတ်။ ခေါင်း ကို မီးလောင်ရင်လည်း နောက်မှငြိမ်း။ သက္ကာယဒိဋ္ဌိကိုသာ အရင်ဖြုတ်ကြတဲ ့။ မြစိမ်းတောင်ဆရာတော်ဘုရား “သောတာပန်ဆိုတာဒီလိုပါ” တရားတော်စာအုပ်မှ ကောက်နုတ်ပူဇော် ပါသည်။ source: http://www.myaseintaung.com/…/%E1%80%9E%E1%80%80%E1%81%A0%…/
https://www.dhammaransi.com/index.php/new/731-2015-10-25-04-15-39.html
သက္ကာယဒိဋ္ဌိ။
သက္ကာယဒိဋ္ဌိ။ •••••••••••• ဒီတစ်လောကလုံး ကျုပ်တို့ ဘုရား အဆူဆူနဲ့ လွဲခဲ့တာလဲ အပါယ်ငရဲ နေခဲ့ရလို့ပဲ။ အပါယ်ငရဲ ဘယ်သူက ရောက်အောင် ပို့ထားပါလိမ့်မလဲဆိုရင် (သက္ကာယဒိဋ္ဌိ) က ပို့ခဲ့တာ။ ဘယ်လိုဆုတောင်း ဆုတောင်း , တောင်းချင်သလောက်တောင်း။ သက္ကာယ မပြုတ်ရင် လွဲရမယ်။ အပါယ်မျိုးစေ့ ဝမ်းထဲရှိနေတာသည် (သက္ကာယဒိဋ္ဌိ) ပဲ။ တစ်သံသရာလုံး ကျုပ်တို့သည်ကား ဆိုလို့ရှိရင် ဒီဒိဋ္ဌိပို့ချက်ကြောင့် ဂင်္ဂါ၀ါဠုသဲစုမက ဘုရားတွေနဲ့ လွဲရ, တရားတွေနဲ့လွဲရတယ်။ ဘာနဲ့ချည်း အမြဲနေရတုံးဆိုတော့ ဒုက္ခပြီး ဒုက္ခသာ ဆက်နေခဲ့ရတယ်လို့ ဆိုလို့ရှိရင် အမှန်ပဲ။ ( မိုးကုတ်ဆရာတော်ဘုရားကြီး ) ငါသည်မုချသေရမည်အချိန်ပိုင်းသာလိုတော့သည်။အသေမဦးခင်ဉာဏ်ဦးအောင်တရားတော်ကိုကျိုးစားအားထုတ်ပါတော့မည်။သာဓုသာဓုသာဓု source: <a href="http://buddhismworld.ning.com/profiles/blog/show?
https://www.dhammaransi.com/index.php/new/732-2015-10-25-04-14-03.html
ပုထုဇဉ်အဖြစ်နဲ သေရင် လူတစ်သိန်းသေလို့
p>ပုထုဇဉ်အဖြစ်နဲ ့ သေရင် လူတစ်သိန်းသေလို့  တစ်ယောက် သုဂတိ မရောက်ဘူး 〰〰〰〰〰〰〰〰〰〰 မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အရေးတကြီးသတိပေးတရား -------------------------------------------------- "ငါ "ဆိုတဲ့ အတ္တဒိဋ္ဌိ မပြုတ်သေးတဲ့ ပုဂ္ဂိုလ်မှန်သမျှ ဒါနတွေ အကြိမ်ကြိမ်ပြု ,သီလတွေ အကြိမ်ကြိမ် ဆောက်တည်နေပါစေ။အဲဒီ ဒါန ,သီလ သတ္တိတွေက ဆိုင်ရာ,ဆိုင်ရာ"သုဂတိဘုံ"တွေမှာ အကျိုးပေးပေမဲ့ ကံအရှိန်ကုန်လို့ သတ္တိကုန်ရင်တော့အဲဒီ ပုဂ္ဂိုလ်ကို အဲဒီ ဒိဋ္ဌိကဘဲ ဒုက္ခတိ ဘုံ တွေကို ပြန်ဆွဲချတယ်။-ဝိပဿနာ မလုပ်သေးတာဖြင့်သေရတာ အားမရသေးလို ့လား မေးဖို ့ဘဲ ရှိတော့တယ်။ခင်ဗျားတို ့ အင်မတန် ကိုယ်ကျိုးနည်းမှာစိုးလို ့ ဒီအလုပ်ကို ခိုင်းနေတာမှတ်ပါ။- ပုထုဇဉ်အဖြစ်နဲ ့ သေရင် လူတစ်သိန်းသေလို့ တစ်ယောက် သုဂတိ မရောက်ဘူး။ ဖြည်းဖြည်းမှ ဆိုတဲ့စကား မသုံးပါနဲ ့ဖြည်းလာခဲ့တာ ကြာပါပြီ။-ခင်ဗျားတို ့က မသိလို ့အေးအေးနေတာ,တော်ကြာ ခင်ဗျားတို ့ တွေ ့ရမဲ့ ဒုက္ခက မသေးဘူးနော်။ "ဆုတောင်းပြည့် ဘုရား"မကယ်နိုင်ဘူး ဖြည်းဖြည်းမှဆိုတဲ့ ဆင်ခြေပေးနေလို ့ကတော့ ငရဲမျိုးစေ့ ကြီးပွားပါရစေဆိုတာနဲ ့ အတူတူဘဲ။-တစ်နေ ့တစ်နေ ့ ဖြစ်နေတဲ့ လောဘ,ဒေါသ,မောဟ တွေဟာ တစ်နေ ့ကို ငရဲရောက်ဖို ့ ဘဝပေါင်း မရေမတွက်နိုင်ဘူး။စိတ်ကလေး တစ်လုံး,စေတနာလေးတစ်ခု အပါယ်တစ်ခါရောက်ဆိုတော့,စိတ်ပေါင်းကလည်းမရေတွက်နိုင်ဘူးဆိုတော့က,အပါယ်ကတက်စရာမမြင်ဘူး။-သာသနာ ငါးထောင်ဆိုတာ နှစ် အပိုင်းအခြားကိုခေါ်တာမဟုတ်ဘူး။သာသနာဆိုတာ နှစ်ကိုမခေါ် အဆုံးအမ ကိုခေါ်တာဘဲဆိုတဲ့ အချက်ကို သိကြရမယ်။ဟောတဲ့အတိုင်း လိုက်နာကြ ကျင့်ကြံအားထုတ်ကြလို ့ဆိုတာဟာ သာသနာဘဲ။သာသနာ ငါးထောင်ဆိုတဲ့ စကားတွေဟာ သာသနာမဟုတ်ဘူး။သာသနာဆိုတာ လိုက်နာသူအပေါ်မှာ လုံးဝတည်နေတယ်။လိုက်နာရမယ့် သူက မလိုက်နာရင် ဘုရားရှင် ရှိနေလည်းမဆိုင်, မရှိလည်း မဆိုင်ဘူး။ ဒီ ဘုရားဟောထားတဲ့ စကားတော်အတိုင်း, အဆုံးအမ အတိုင်း လိုက်နာမှု မလိုက်နာမှု အပေါ်မှာသာ တည်တယ်။-မနက်ဖြန် သေသွားရင် သာသနာနဲ ့ငါ အိုးစားကွဲတာဘဲမှတ်။ကိုယ်သေရင် အပါယ်တွန်းချမယ့် တရားတွေ ဝမ်းထဲရှိနေလျက်နဲ ့နှောင့်နှေးတဲ့အလုပ် လုပ်နေရင် ဒီထက်မိုက်တာ ရှာမတွေ ့တော့ဘူး။ တစ်ဘဝ တစ်နပ်စာ ငဲ့နေတာနဲ ့ တစ်သံသရာလုံး နစ်နာသွားလိမ့်မယ်။- ဘုရား အပေါ်လည်း သံသယမရှိနဲ ့ ,တရား အပေါ်လည်း သံသယ မရှိနဲ ့,ကိုယ့်ကိုယ်လည်း သံသယ မရှိနဲ ့ သာသနာနဲ ့ကြုံ ,ဆရာကောင်းနဲ့ကြုံလို ့ ပါရမီကလည်း ပြည့်နေပြီ။ကျင့်သာကျင့်ရမှာဘဲ။အချည်းနှီးလုံးဝမဖြစ်ဘူးဆိုတာ မှတ်လိုက်ပါ။ ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး
https://www.dhammaransi.com/index.php/new/733-2015-10-25-04-13-05.html
သံယောဇဉ် ပြတ်သူများ
သံယောဇဉ်ပယ်ဖြတ်ဖို့ဆိုတာ အပြောလွယ်သလောက်အလုပ်ခက်ပါတယ်။ တကယ်တမ်း သံယောဇဉ်ပြတ်ဖို့ နေနေသာသာ သံယောဇဉ်တွေ ဖြတ်ချင်စိတ်ပေါ်ဖို့တောင် မလွယ်ပါဘူး။ တစ်သံသရာလုံးမှာ သံယောဇဉ်တွေနဲ့သာ နေလာခဲ့ကြတော့ သံယောဇဉ်နဲ့သာ ပျော်ပါတယ်။ သံယောဇဉ်ကိုသာ အဖော်လုပ်ချင်ပါတယ်။ သာမာန်လူသား ပုထုဇဉ်များအနေနဲ့ သံယောဇဉ်ရဲ့နှောင်ဖွဲ့မှုကို လွတ်အောင် အတော်ကြီးကို ကြိုးစားနိုင်မှ ဖြတ်တောက်နိုင်ပါမယ်။ အမှန်တကယ် သံယောဇဉ်ပြတ်သူများလို့ ပြောနိုင်တာက မြတ်စွာဘုရားနဲ့ ရဟန္တာအရှင်မြတ်တွေပါပဲ။ ဘုရားရဟန္တာ မဖြစ်သေးရင် သံယောဇဉ် အငွေ့အသက်တွေ ကြွင်းကျန်နေပါသေးတယ်။ ဆက်လက်ပြီး ကြိုးစားရှုမှတ် ပယ်သတ်ရမဲ့ သံယောဇဉ်ကြိုးမျှင်တွေ ကျန်နေပါသေးတယ်။ ပုထုဇဉ်အဆင့်ကနေ အရိယာအဆင့်ကို ကူးတတ်ဖို့အတွက်သံယောဇဉ်နှောင်ကြိုးတွေကို ဇွတ်တိုးပြီး တစ်ဆင့်တစ်ဆင့်စီ ဖြတ်တောက်ရမှာပါ။ ပုထုဇဉ်ကနေ ပထမဆုံး အရိယာအဆင့်ဖြစ်တဲ့ သောတာပန်ဖြစ်အောင် တရားရှုမှတ်ပြီး သံယောဇဉ်ဖြတ်ရမှာမို့ ရှုမှတ်ရမယ့် တရားအစဉ်နဲ့ ပယ်ဖြတ်ရမယ့် သံယောဇဉ် တွေကို ဆက်စပ် ပြောပြသွားပါမယ်။ (၁) ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ၊ ဣဿာ၊ မစ္ဆရိယ- ဆိုတဲ့ သံယောဇဉ် (၅) ပါးတို့ကို သောတာပတ္တိမဂ်နဲ့ အကြွင်းမဲ့ ပယ်နိုင်ပါတယ်။ သောတပန်ဟာ သံယောဇဉ်(၅) ပါး ဖြတ်နိုင်ပါတယ်။ (၂) ရုန့်ရင်းကြမ်းတမ်းသော ကာမရာဂ သံယောဇဉ်နှင့် ပဋိဃသံယောဇဉ်တို့ကို သကဒါဂါမိမဂ်နဲ့ အကြွင်းမဲ့ ပယ်နိုင်ပါတယ်။ သကဒါဂါမ်ဟာ ရုန့်ရင်းကြမ်းတမ်းသော ကာမရာဂ သံယောဇဉ်နှင့် ပဋိဃသံယောဇဉ်တို့ကို ဖြတ်နိုင်ပါတယ်။ (၃) သိမ့်မွေ့သော ကာမရာဂ သံယောဇဉ်နှင့် ပဋိဃသံယောဇဉ်တို့ကို အနာဂါမိမဂ်နဲ့ အကြွင်းမဲ့ ပယ်နိုင်ပါတယ်။ အနာဂါမ်ဟာ ကာမရာဂ သံယောဇဉ်နှင့် ပဋိဃသံယောဇဉ်တို့ လုံးဝမရှိတော့ပါဘူး။ (၄) မာနသံယောဇဉ်၊ ဘဝရာဂသံယောဇဉ်၊ အဝိဇ္ဇာ သံယောဇဉ် တို့ကို အရဟတ္တမဂ်နဲ့ အကြွင်းမဲ့ ပယ်နိုင်ပါတယ်။ ရဟန္တာအရှင်မြတ်တွေဟာ သံယောဇဉ်မှန်သမျှ ဘာတစ်ခုမျှ မကျန်အောင် အားလုံးကို ပယ်သတ်ပြီး ဖြစ်ပါတယ်။ မဟာသတိပဋ္ဌာနသုတ္တန်မှာ `` ပယ်ပြီးသော သံယောဇဉ်၏ နောင်အခါမဖြစ်ကြောင်းကိုလည်း သိ၏။´´ လို့ ဟောတော်မူခဲ့တာဟာ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာအရှင်မြတ်တွေ ပယ်ထားပြီး ဖြတ်ထားပြီးတဲ့ သံယောဇဉ်တွေကို ပြောတာပါ။ မဂ်နဲ့ပယ်ထားပြီးတဲ့ သံယောဇဉ်တွေဟာ နောင်ကို ဘယ်တော့မှ ပြန်မဖြစ်လာတော့ပါဘူး။ အပြီးတိုင် ပြတ်သွားပါပြီ။ ဓမ္မဒူတ ဒေါက်တာ အရှင်ပညိဿရ
https://www.dhammaransi.com/index.php/new/734-2015-10-25-04-12-34.html
အရှင်စန္ဒိမာ(အောင်လံ) ဟောကြားသော တရားသုံးမျိုး(၂) တရားတော်မှ ကောက်နှုတ်ချက်
p>သေခါနီးပုဂ္ဂိုလ်ဟာ မချိမဆံ့ သေခါနီးအသတ်ခံနေရပြီဆိုရင် နောက်နေ့ ဟိုနေ့လို့ ငြင်းလို့ရသေးလား .. (မရတော့ပါဘူး ဘုရား။) မအားသေးပါဘူး ဘုရားလို့ လျှောက်လို့ရသေးလား… (မရတော့ပါဘူးဘုရား။) အကောင်းတွေကျတော့ ပြောစကားနားထောင်ရဲ့လား.. မအားသေးဘူးဘုရား နဲ့ နားမထောင်ချင်ဘူး။ ဒကာကြီး ဒကာမကြီး တရားထိုင်ပါလားဆို သူက ပယ်တဲ့ ဗီဇာအရင်တင်တော့တာပဲ။ အခွင့်အရေးရှိ တုန်း မအားဘူးဘုရားတဲ့။ အကောင်းကြီးက ပြောရမခက်ဘူးလား…ကျန်းမာရေးကောင်းနေတဲ့ပုဂ္ဂိုလ် က ပြောရခက်တယ်။ ဟိုက သေမယ့်လူဆိုတာ သိနေပြီ။ အဲ့ဒီလိုပုဂ္ဂိုလ်မျိုး တစ်ယောက် ကယ်လိုက်ရ တာ အလွန်ကောင်းပါတယ်။ အကောင်းကြီးကျတော့ အကိုရေ မောင်ရေ မရေနဲ့ နားဝင်ချိုမနေဘူး လား… ဒကာ ဒကာမတို့ အမြဲ နားဝင်ချိုနိုင်ပါ့မလား…. ( မချိုနိုင်ပါဘူးဘုရား။) သေခါနီးပုဂ္ဂိုလ်ကျတော့ အဘိဓမ္မာပို့ချလို့လည်း မရတော့ဘူး။ ဘာဖြစ်လို့လဲ အသံတစ်သံနားနဲ့လာတိုက်ရင် ဆူးနဲ့တစ်ခါလာ ထိုးသလိုပဲ ခံရတာ။ အခုကောင်းတုန်း ကျတော့ သားရဲ့အသံမကြားရရင် သမီးအသံမကြားရရင် အသံ လေးတွေ မကြားချင်နေကြဘူးလား… (ကြားချင်နေပါတယ်ဘုရား။) သေခါနီးကျတော့ ကြားချင်သေးရဲ့ လား.. (မကြားချင်တော့ပါဘူး ဘုရား။) မှတ်ထားနော် သဲအင်းဘုန်းကြီး ပြောသွားတယ်ဆိုတာ မမေ့နဲ့။ အခုနေကတော့ ကော့ကော့ ကျော့ကျော့နဲ့ ပန်းလေးပန်လိုက် သနပ်ခါးလေးလိမ်းလိုက်နဲ့ တီဗွီလေး ကြည့်လိုက် ကိုရီးယားကားလေး ကြည့်လိုက်နဲ့ ပျော်မနေဘူးလား… ( ပျော်နေပါတယ်ဘုရား။) မှတ်ထား ဒင်းတို့ နောက်ဆုံးနေ့ တွေ့ကြပါလိမ့်မယ်။ ယောဂီတို့မှတ်ထားပါ။ လောကမှာ ငါ့ကိုယ် ငါ့ကိုယ်နဲ့ ငါ့ကိုယ်လောက်ချစ်တာ ရှိသေးလား…ငါ့ကိုယ်လောက် တွယ်တာတာ ရှိသေးလား.. ငါ့ကိုယ်လောက် သိမ်းကျုံးယူတာ ရှိသေးလား.. (မရှိတော့ပါဘူး ဘုရား။) ထစ်ခနဲဆို တွန့်ကနဲဗျ။ အဲ့ဒါ ကိုယ့်ကိုယ်ကို သိမ်းကျုံးယူတယ်လို့ခေါ်တယ်။ ဟုတ်ပြီလား။ အဲ့တော့ သေအောင်တတ်တဲ့ခန္ဓာကိုယ်ကြီးလည်း သေ အောင်သတ်နေတဲ့အထိ သိမ်းကျုံးယူတုန်းပဲ။ သိမ်းကျုံးယူတယ်ဆိုတာက မြွေပွေးကြီးတစ်ကောင်ပေါ့ ဗျာ။ အဲ့ဒီမြွေပွေးကြီးတစ်ကောင်ကို သွားကိုင်ရင် သိမ်းကျုံးယူလိုက်တာပဲ။ သွားကိုင်တော့ မြွေပွေးက မကိုက်ဘူးလား.. (ကိုက်ပါတယ်ဘုရား။) ကိုယ်ကလဲ ကိုင်တယ် မြွေပွေးကလဲ ဆက်ကိုက်တယ်။ ကိုယ် က ဆက်ကိုင်တယ် မြွေပွေးကလည်းဆက်ကိုက်တော့ ကိုယ်ကကိုင်တာကလည်း မလွှတ်ဘူး မြွေပွေး ကရော လွှတ်သလား… (မလွှတ်ပါဘူး ဘုရား။) အဲ့ဒါ သဟကိုက်တယ်လို့ခေါ်သည်။ သဟဆိုတာဘာလဲ။ သဟဆိုတာ အိမ်လို့ခေါ်သည်။ ဒကာ ဒကာမတို့ အိမ်က ခွာနိုင်ရဲ့လား… (မခွာနိုင်ပါဘူးဘုရား။) အဲ့ဒါ သ ဟကိုက်တာခေါ်ပါသည်။ ဒီခန္ဓာကြီးနေတဲ့အိမ်ကို ဘာခေါ်လဲ ..သဟ။ စိတ်ကလေး နေတဲ့အိမ်ကိုဘာ ခေါ်လဲ။ စိတ်ကလေးဘယ်မှာနေလဲဆိုတော့ တဏှာမှာ နေတယ်။ ဝေဒနာတက်လာတော့ မျက်နှာ လေး မဲ့လို့။ ဇက်ကြောထိုးတယ် ၊ အကြောတက်လို့ ဆိုတော့ မျက်နှာကလေး ရှုံ့လို့။ ရင်ထဲကအောင့် လို့ ဆီးအောင့်လို့ မောလို့ ဆိုပြီး မျက်နှာကလေးတွန့်မနေဘူးလား… (တွန့်နေပါတယ်ဘုရား။) အဲ့ဒါဘာ ဖြစ်တာလဲ ..သဟကိုက်တာ။ ဒါဖြင့် အဲ့ဒီသဟကိုက်တဲ့ ခန္ဓာကိုယ်ကြီးကိုရော လွှတ်နိုင်သေးရဲ့လား။ ငါ့ခန္ဓာကိုယ်ကြီး ဘယ်တော့သက်သာမလဲ ငါ့ရုပ်ကြီး ဘယ်တော့ချမ်းသာမလဲ ဆိုပြီး အဲ့ဒီစိတ်နဲ့ ငါ့ရုပ် နဲ့ပဲ တွဲနေတာ။ အဲ့ဒါ စိတ်က တဏှာကလည်း ငါ့အိမ်ကြီးဆို ဖက်တယ်။ ငါ့အိမ်ကြီးကလည်း မော တယ် ကျပ်တယ် သွေးတက်တယ် ဆီးအောင့်တယ် ပြန်ပြီး မရက်စက်ဘူးလား.. (ရက်စက်ပါတယ် ဘုရား။) သဟဆိုတဲ့ အိမ်ကြီးကလည်း ရက်စက်တယ်။ ကိုယ်ကလည်း တွယ်ဖက်တယ်။ အဲ့တိုင်းသေသွား တာ သပိတ်မသွပ်နဲ့တော့ သွားပြီ။ ဒီလိုခန္ဓာအိမ်ကြီး ခဏ ခဏ တည်ဆောက်ခဲ့လို့ ခဏ ခဏ ဒုက္ခ တွေ ရမလာဘူးလား.. (ရလာပါတယ်ဘုရား။) ဘုရားကတော့ ဟောတယ်။ ဒကာ ဒကာမတို့ကတော့ တိုက် သေးသေးကနေ တိုက်ကြီး ကြီးအောင်မလုပ်ချင်ဘူးလား။ ဒီခန္ဓာအိမ်ကြီးကိုလည်း ဆရာဝန်နဲ့ သွားပြီးတော့ ခွဲစိတ်ကုသပြီးတော့ မလှ လှအောင်ပြင်ကြတယ်။ သဟဆိုတဲ့ အိမ်ကြီးကိုချစ်တယ်။ အိမ်က ဘာပြန်လုပ်လဲ။ ရက်စက်တယ်။ ခန္ဓာရဲ့ဓာတ်လေးပါးဖောက်ပြန်တဲ့ ဒုက္ခဝေဒနာနဲ့ ရင်ဆိုင်လာ ပြီဆိုတော့ ဓာတ်လေးပါးဖောက်ပြန်လာ ဘာဖြစ်တာလဲ … (သဟ ကိုက်တာ။) တရားစကျင့်ပြီဆိုတော့ ထိုင်ကို မထိုင်ရသေးဘူး နာရီဝက်လောက်ကြာတော့ သဟကိုက်ပြီနော်။ အဲ့တော့ ဒိဋ္ဌိက ဘယ်လိုစွဲလဲ ငါ့ပေါင်ကြီး ငါ့ခြေထောက်ကြီးတဲ့ ဒိဋ္ဌိက မစွဲဘူးလား.. (စွဲပါတယ်ဘုရား။) အဲ့လိုငါ့ပေါင် ငါ့ခြေထောက်လို့ မရှိပညတ်ကြီးကို အရှိထင် စွဲထားတယ် ပညတ်စွဲ။ ငါ့ကိုယ် ငါ့ကိုယ်ဆိုပြီး သက္ကာယဖြင့် ယူတဲ့ ဒိဋ္ဌိ။ ခံစားရတဲ့ ဒုက္ခဝေဒနာကိုလည်း ငါခံစားတယ်ဆိုတဲ့ ဒိဋ္ဌိ။ စိတ်တွေပေါ်မလာဘူးလား။ ဒိဋ္ဌိနဲ့ယှဉ်တဲ့စိတ် တွေနော်။ မခံချင်တဲ့ဒေါသ ပြုပြင်လိုတဲ့လောဘ သည် ကုသလ ဓမ္မလား အကုသလ ဓမ္မလား.. (အကုသလ ဓမ္မပါ ဘုရား။) ဒါဖြင့်ရုပ်ကြီးဖောက်ပြန်ပြီးတော့ နာမ်ညွတ်ခံစားနေတာက ဘာဓမ္မလဲ.. အဗျာ ကတာဓမ္မ။ ကုသိုလ်လည်း မဟုတ် အကုသိုလ်လည်းမဟုတ်။ ဇက်ထိုးနေတာ ခေါင်းကိုက်နေတာ ကု သိုလ် အကုသိုလ်ရှိသလား.. (မရှိပါဘူးဘုရား။) အဲ့ဒါ ဘာဓမ္မလဲ အဗျာကတာဓမ္မ။ အဲ့ဒီ အဗျာကတာ ဓမ္မ သုခသဘော ဒုက္ခသဘောဆောင်နေတာကို စိတ်က လောဘ ဒေါသ ဒိဋ္ဌိ တို့နဲ့ပေါင်းတော့ အကုသလ ဓမ္မတွေဖြစ်မသွားဘူးလား… (ဖြစ်သွားပါတယ်ဘုရား။) အကုသလ ဓမ္မက ဘာကြောင့်ဖြစ်တာလဲ အဗျာ ကတာဓမ္မကို ငါ့ခန္ဓာကိုယ်လို့ သွားပြီး စွပ်စွဲလို့ စွဲယူလို့။ ဟုတ်ပြီလား။ စွဲလန်းတဲ့စိတ်မှာ အကုသိုလ် တွေ တက်မသွားဘူးလား .. (တက်သွားပါတယ် ဘုရား။) ဘာတွေတက်သွားလဲဆိုတော့ ဒိဋ္ဌိတို့ ဒေါသတို့ က စိတ်ကိုကြွက်ကြွက်ဆူအောင် မလောင်မြိုက်ဘူးလား… (လောင်မြိုက်ပါတယ် ဘုရား။) မဆင်းရဲဘူး လား.. (ဆင်းရဲပါတယ် ဘုရား။) ဒါဖြင့် ဘာကဆင်းရဲတာပါလိမ့် ..တရားကျင့်တဲ့ယောဂီတွေ သေချာ မှတ် ထားနော်။ အကယ်၍ မေ့ဆေးပေး၍ လူတစ်ယောက်ကို ဗိုက်ခွဲပြီဆိုရင် ဆင်းရဲသလား.. (မဆင်းရဲပါဘူး ဘုရား။) ကလေးမမွေးနိုင်လို့ ကိုယ်ဝန်ကိုဆေးရုံသွားပြီး ဗိုက်ခွဲရမယ်ဆိုရင် ဗိုက်ကြီးဓားနဲ့ခွဲမှာ ကြောက် သလား… သတ္တိရှိတယ် သွားတာပဲနော်။ တရားသာ ၂ နာရီကျင့်ရမှာ တွန့်နေတာ။ အဲ့တော့ ဒကာ ဒကာမတွေ ဟောဒီခန္ဓာအိမ်ကြီး ဒုက္ခရောက်ရတာသည် ဓာတ်လေးပါးဖောက်ပြန်လို့။ အမှန်က ဘာ ဖြစ်တာလဲဆိုတော့ စိတ်မှာမေ့ဆေးပေးလိုက်တော့ အဲ့ဒီပုဂ္ဂိုလ်ကဆင်းရဲသေးလား.. (မဆင်းရဲပါဘုရား။) ရုပ်ကိုတော့ ဓားကြီးနဲ့မခွဲထားဘူးလား… (ခွဲထားပါတယ်။) ဒါဖြင့် ဆင်းရဲတာက ရုပ်မှာလား ..စိတ်မှာလား .. (စိတ်မှာပါဘုရား။) ဒါဖြင့်လူတွေက ဆင်းရဲတာ ပေါင်ကိုက်လို့ ခြေထောက်ကနာလွန်းလို့ ဆိုပြီး မမြင် ကြဘူးလား..မြင်ကြပါတယ်ဘုရား။ မှန်ရဲ့လား… (မမှန်ပါဘူးဘုရား။) မမှန်တာကို အမှန်ထင်တာက ဝိဇ္ဇာ လား အဝိဇ္ဖာလား …အမြင်မှားတာက မိစ္ဆာဒိဋ္ဌိ။ ဟာ တရားသွားမကျင့်နဲ့ ကြာကြာထိုင်တာ တရားမ ဟုတ်ဘူး။ ကိုက်တာခဲတာကြီးနဲ့ဘယ်လို တရားရမလဲဆိုတော့ ချမ်းသာဆင်းရဲခြင်းမရှိတဲ့ အဗျာကတ ဓမ္မ ကြီးကို ဆင်းရဲတယ်လို့ သွားစွဲတာ မှန်ပါ့မလား… (မမှန်ပါဘူးဘုရား။) အကယ်၍ ၂ နာရီတရားထိုင် လို့ ဝေဒနာတက် နေတဲ့ အချိန်မှာ မေ့ဆေးပေးပြီး နောက်ထပ်မီးစနဲ့ထိုးတော့ရော ဆင်းရဲအုံးမလား.. (မ ဆင်းရဲပါဘူး ဘုရား။) ဒါဖြင့် ရုပ်က ဆင်းရဲတာလား ..စိတ်က ဆင်းရဲတာလား.. (စိတ်ကဆင်းရဲတာပါ ဘုရား။) စိတ်မှာဆင်းရဲတာကို စိတ်မှာချမ်းသာအောင်မလုပ်ပဲနဲ့ ရုပ်ကြီး သွားကြွတာ မှန်ပါ့မလား.. (မမှန်ပါဘူး ဘုရား။) မှတ်ထားနော် အဲ့ဒီကနေ မကျော်ကြဘူး။ မကျော်ကြတဲ့အခါကျတော့ သာသနာဟာ အဖျားရှုး ရှုးသွားတယ်။ နောက်တော့ ဟိုလိုပြ ဒီလိုပြနဲ့ ခုနှစ်ထွေက ပြနေ ရတယ်။ ဝေဒနာတက် ပြင်ရ တုန်းပဲ။ တော်ကြာသွားပြန်ပြီ ဝေဒနာတက် ပြင်ရတုန်း ပဋိစ္စသမုပ္ပါဒ် လည်နေပြီ။ အဲ့လိုဆိုရင် မဂ်စိတ် ကဘာလဲဆိုရင် ဒကာ ဒကာမတွေ လှုပ်ချင်တယ် ဆိုတဲ့ စိတ်က ဘာလဲ ..လောဘ။ မခံစားချင်တာ ဒေါသ။ စိတ်နဲ့ ဒိဋ္ဌိ ဒေါသတို့ ဆက်ဆံတာက ဘာလဲ … တဏှာ။ စိတ်မှာ ဒိဋ္ဌိတို့ ဒေါသတို့သာ မကပ် လို့ရှိရင် ဆင်းရဲပါ့မလား..မဆင်းရဲပါဘူးဘုရား။ ရုပ်က ကိုက်ခဲထုံကျင်လို့ ဆင်းရဲတာလား..စိတ်မှာ ဒိဋ္ဌိ တို့ ဒေါသတို့ ကပ်လို့ ဆင်းရဲတာလား … မှတ်ထားနော် အဲ့ဒီရှု့ကွက်အရေးကြီးတယ်နော်။ အကယ်၍ စိတ်ကို ဒိဋ္ဌိတို့ဒေါသတို့နဲ့ ဆက်စပ်တတ်တဲ့ တဏှာသာ မရှိဘူးဆိုရင် ဆင်းရဲပါ့မလား.. (မဆင်းရဲပါဘူး ဘုရား။) ေဩာ် အဲ့လိုဆိုရင် ရုပ်ကြီး ကြွရမှာလား စိတ်မှာကပ်နေတဲ့ ဒိဋ္ဌိနဲ့တဏှာကို ပယ်ရမှာလား။ အဲ့ တော့ကောင်းပြီ ဦးဇင်းက ဥပမာတစ်ခုပေးမယ်။ လူတစ်ယောက် ငါးမျှားတယ် ရေထဲမှာ ငါးရှိမှန်းတော့ မသိဘူး။ ငါးချိတ်မှာအစာထည့်ပြီးတော့ အောက်မှာလှုပ်လှုပ်ဖြစ်နေတော့ ငါးက ငါးစာရှိရာ မလာဘူး လား။ လာတော့ အစာမြင်တော့ မစားဘူးလား.. (စားပါတယ်ဘုရား။) စားလည်းစားရော ငါးမျှားသမားက သုတ်တင်လိုက်တယ်။ အဲ့ဒီလို ဥပမာကို ကြည့်လိုက်တဲ့အခါမှာ ငါးသည် တဏှာနဲ့တူသည်။ စိတ်နဲ့ ဒိဋ္ဌိ ဒေါသတို့ကိုဆက်စပ်တတ်တဲ့ တဏှာ နဲ့တူသည်။ ငါးစာသည် ဓာတ်ကြီးလေးပါး ဖောက်ပြန်တာနဲ့တူ သည်။ ဝိပဿနာရှုတဲ့ ကုသလဓမ္မသည် ငါးမျှားတဲ့သူနဲ့တူသည်။ အဲ့တော့ တဏှာတည်းဟူသော စိတ် နဲ့ ဒိဋ္ဌိ ဒေါသတို့ကိုဆက်တတ်တဲ့ တဏှာကိုပေါ်ချင်ရင် ငါးကိုလိုချင်ရင် ငါးစာမချပဲ ရပါ့မလား။ တဏှာ ကိုပေါ်ချင်ရင် ဝေဒနာတည်းဟူသော ငါးစာမချပဲနဲ့ တဏှာပေါ်ပါ့မလား။ အဲ့လိုဆို တဏှာကို ပေါ်ချင် ရင် ဘာကိုအရင်ဖော်ရမလဲ…ဝေဒနာကိုဖော်တာ။ တမင်တကာ အစားကျွေးပြီးရက်စက်တာ မဟုတ်ဘူး။ အဲ့ဒါကို မသိပဲနဲ့ တရားက ကြမ်းတယ် ကြမ်းတယ်ဆိုတော့ အဲ့ဒီပုဂ္ဂိုလ် ဝေဒနာမကျော်တဲ့ ပုဂ္ဂိုလ် အမှန်မမြင်တဲ့ ပုဂ္ဂိုလ်ဖြစ်သွားပြီ။ ပဋိစ္စသမုပ္ပါဒ် မပြတ်တဲ့ ပုဂ္ဂိုလ် ဖြစ်သွားပြီ။ အဲ့ဒီလိုနဲ့ ဝေဒနနဲ့ တဏှာ ဖော်တော့ လှုပ်ချင် ပြင်ချင် မချင်နေတဲ့ အတောမသတ်တဲ့တဏှာတွေ ပေါ်မလာဘူးလား။ အဲ့ဒါကို မဂ် က စောင့်ရှုရမည်။ အဲ့တော့ ဓာတ်လေးပါးဖောက်ပြန်တဲ့ ဒုက္ခကလည်း တင်းလိုက် တောင့်လိုက် ထုံ လိုက် ကျင်လိုက်နဲ့ သူ့ကိစ္စမဆောင်ရွက်ဘူးလား.. (ဆောင်ရွက်ပါတယ်ဘုရား။) အဲ့ဒါက ဒုက္ခသစ္စာ၏ ကိစ္စ။ ဟောဒီခန္ဓာကိုယ်ကြီးက ဒုက္ခရှိတာ အမှန်ပဲ။ အဲဒီ ဒုက္ခကြီးက ဘာလုပ်တတ်လဲ။ အမျိုးမျိုး တင်း လိုက် တောင့်လိုက် ထုံလိုက် ကျင်လိုက်နဲ့ အလုပ်မလုပ်ဘူးလား။ အဲ့ဒီသဘောကိုသိတာ ကိစ္စဉာဏ်။ ဟုတ်ပြီနော်။ လှုပ်မယ် ပြင်မယ် မမယ် ရွှေ့မယ်ဆိုတာက တဏှာမဟုတ်ဘူးလား..သမုဒယသစ္စာ။ ဟိုလိုလေးမ ဒီလိုကြွမှဆိုပြီး ဖြစ်တာ တဏှာကလည်း အလုပ်မလုပ်ဘူးလား။ အဲ့ဒါ တဏှာ၏ ကိစ္စ။ အဲဒါကို သိတာက သမုဒယသစ္စာ၏ ကိစ္စဉာဏ်။ မဂ်က ဒုက္ခသစ္စာ၏ သဘောကို အတ္တသဘောမဟုတ် အနတ္တသဘောလို့ ပိုင်းခြားရှု့တာက မဂ္ဂ၏ ကိစ္စဉာဏ်။ မဂ်အင်္ဂါ ရှစ်ပါးရှိတာက မဂ္ဂသစ္စာ။ တရားကျင့် တာ အဲ့ဒါ နားမလည်ရင် မရဘူးနော်။ အဲ့တော့ နိရောဓသစ္စာဆိုတဲ့ နိဗ္ဗာန်ရော မရှိဘူးလား.. (ရှိပါတယ် ဘုရား။) သစ္စာလေးပါး။ အခုထိုင်နေတဲ့ ယောဂီတို့ တဏှာမရှိဘူးလား..ရှိတယ်နော်။ အဲ့ဒီတဏှာက အမေ အဖေက ငါ့သား ငါ့သမီးလေး မွေးလို့ရှိရင်တော့ တဏှာမပါသွားရင် မျက်နှာပန်းမလှဘူးဆိုပြီး သူတို့က တဏှာခွဲတမ်းနဲ့ချပြီး ထည့်ပေးလိုက်လို့လား.. (မဟုတ်ပါဘူးဘုရား။) ငါကလဲ ပဋိသန္ဓေနေထဲ က လူ့လောကကြီးမှာ တဏှာ မပါရင်တော့ လူရာမဝင်ဘူး သိက္ခာကျတယ်ဆိုပြီး ကိုယ့်ဘာကိုယ် တဏှာဖြစ်အောင် ဖန်တီးခဲ့သလား.. (မဖန်တီးခဲ့ပါဘူးဘုရား။) တဏှာသည် ဖန်တီးမှုရှိသလား..မရှိပဲနဲ့ သူ့ ဘာသူ ရှိမလာဘူးလား.. (ရှိလာပါတယ်ဘုရား။) တဏှာတော့ရှိတယ် အတ္တသဘောလား ..အနတ္တ သဘောလား… (အနတ္တသဘောပါဘုရား။) ယနေ့ ဒကာ ဒကာမတွေ ဘာလုပ်နေကြတာလဲလို့မေးရင် …မသေသေးလို့ အားနေလို့ တရားလာနာ တာ။ ဟုတ်ပြီနော်။ ဒီရုပ်ကြီးက သေမိန့်မကျထားဘူးလား.. (ကျထားပါတယ်ဘုရား။) နေရာရယ် ဒေသ ရယ် ရောဂါရယ် အချိန်ရယ်သာ မသိတာ။ သေမှာကတော့ မသေချာဘူးလား.. (သေချာပါတယ်ဘုရား။) သေတယ်ဆိုတာ ဘယ်သူသတ်တာလဲ .. အခုဒကာ ဒကာမတွေထိုင်ထားတဲ့ ခန္ဓာကိုယ်ကြီးက ၉၆ ဖြာ ဝေဒနာလည်း ဒီရုပ်ကြီးမှာပဲ ၊ သွေးတိုး ဆီးချိုဆိုလည်း ဒီရုပ်ကြီးမှာပဲ အသည်း နှလုံး ကျောက် ကပ်ဆိုလည်း ဒီခန္ဓာကို်ယ်မှာပဲ ဒီကာယကိုယ်ခန္ဓာကြီးက မသတ်ဘူးလား… (သတ်ပါတယ်ဘုရား။) သတ်တဲ့ ခန္ဓာကိုယ်ကြီးက မရထားဘူးလား.. (ရထားပါတယ် ဘုရား။) တစ်နေ့ ဘာကသတ်မှာလဲ ။ ဒီခ န္ဓာကြီးက သတ်မှာပဲ။ လွတ်အောင်ပြေးလို့ ရပါ့မလား.. (မရပါဘူးဘုရား။) အခု ဒကာ ဒကာမတို့ သေပြီ လား..မသေသေးပါဘူးဘုရား။ တကယ်မသေတော့ဘူးလား.. (သေမှာပါ ဘုရား။) ဟော အဲ့ဒါဆို သေမိန့် ကျထားတာ။ စဉ်းစားနော်။ ငါသေမိန့်ကျထားပြီးသား သေရမယ့် မသာလောင်းကြီးလို့ တွက်ထား မမေ့ နဲ့။ ဟုတ်ပြီလား။ သားတွေ သမီးတွေ မမေ့နဲ့ပြောတာ မဟုတ်ဘူး။ ကိုယ့်ကို အဲ့ဒီမသာကြီး သတ်တော့ မယ်။ အမိန့်ကျထားပြီ။ ဘယ်နေ့ ဘယ်နေရာမှန်းတာ မသိတာ။ သေရမှာ သေချာနေပါလား။ သေ တယ်ဆိုတာ ပြုံးပြုံးနဲ့ သေနိုင်ရဲ့လား… (မသေနိုင်ပါဘူး ဘုရား။) သေတဲ့မသာတွေမှာ ပြုံးပြုံးနဲ့သေတဲ့ မ သာမြင်ဘူးလား ။ သေတော့ ပြင်းပြင်းထန်ထန် အသက်ထွက်အောင် မသတ်ဘူးလား.. (သတ်ပါတယ် ဘုရား။) ဆင်းရဲလား ချမ်းသာလား.. (ဆင်းရဲပါတယ် ဘုရား။) အဲ့ဒီအတွက် ဒကာ ဒကာမတွေ ဘာများ အ ထောက်အထားရှိပြီလဲ အာမခံချက်ရှိနေပြီလဲ။ အိမ်မှာ အေးအေးလေး မနေကြဘူးလား။ နောက်နှစ် တွေ နောက်လတွေနဲ့မျှော်ကိုးပြီးတော့ စီးပွားတွေ မရှာကြဘူးလား။ သားတွေ သမီးတွေ အိမ်ထောင် ကျ ဘွဲ့ရတဲ့အထိ မမျှော်ကိုးဘူးလား။ ကိုယ်သေရင် ချမ်းသာဖို့ ဘာလုပ်ပြီးပြီလဲ။ သေတော့ ဘယ်သူ က မျှခံမှာလဲ။ ယောကျ်ားတွေ မိန်းမတွေက တဝက်မျှခံမှာလား။ အဲ့ဒီအချိန်ကျ ချစ်ပါတယ်ဆိုတဲ့ ဒ ကာမ ကိုယ်သေတော့ရော သူက မျှခံရဲ့လား။ အဲတော့မှတ်ထားနော်။ ကိုယ်သေရင် ကြင်ဖက်ရှိသ လား မျှခံမယ့်သူရှိသလား သေမင်းကို လာဘ်ထိုးလို့ရသလား … (မရပါဘူး ဘုရား။) တစ်ယောက်ထဲ သေရတော့မယ်။ မှတ်ထားနော် မမေ့နဲ့နော် ကယ်မယ့်လူမရှိပဲနဲ့ ဖျာပေါ်မှာ ပြေးလို့လွတ်သေးလား… (မလွတ်တော့ပါဘူး ဘုရား။) လောကမှာ ခွေးကိုက် မြွေကိုက် သူခိုးလိုက်လို့ရှိရင် ရန်သူလိုက်ရင် ပြေးရင် ရသေးတယ်။ တောင်းပန်ရှိခိုးပြလို့ ငိုပြလို့ ရအုံးမယ်။ ရှိတဲ့ငွေတွေ ရွှေတွေ ချွတ်ပေး ရအုံးမယ်။ သေ မင်းရသလား… (မရပါဘူး ဘုရား။) အဲ့ဒီအချိန်မှာ ဒကာ ဒကာမတို့ ဘယ်စိတ်နဲ့သေကျမှာလဲ။ စဉ်းစားနော် အချိန်ရှိသေးတယ်နော်။ တရှားရှာတယ်ဆိုတာ ဒါပဲ။ ဟုတ်ပြီလား။ လောကမှာ မရှိ ရှိတာနဲ့ ရှာစားလို့ ရတယ်။ အိမ်ပေါင် ခြံပေါင်နဲ့ရော မရဘူးလား။ သေတော့ ဘာပေါင်လို့ ရသေးလဲ။ အဲ့ဒီလိုဆို ရှင်းမရ တဲ့ အပြင်းထန်ဆုံး လှုပ်မရတဲ့ သေမင်းသတ်မယ့်အချိန် အပြင်းထန်ဆုံးခံစားရမယ့် ဝေဒနာနဲ့များ ဘာ မှ အားကိုးမရှာပဲနဲ့များ နေနိုင်တာများ တော်တော်ပေနိုင်တဲ့ ပုဂ္ဂိုလ်တွေပဲ ကျုပ်တော့အံ့ဩတယ်။ ငါ သည် သေမင်းမှ လွတ်ကင်းမရှိပါလို့ နေ့စဉ်သတိထားပါ။ ယောဂီတို့ ငါသေရတော့မှာ ပါလား ဆိုတဲ့ စိတ်ကလေး ဖြစ်လာရင် နှလုံးသားတွေ ကြွက်ကြွက်မဆူပွက်အောင် ပြင်ဆင်ထားပါ။ ဆရာတော် အရှင်စန္ဒိမာ(အောင်လံသဲအင်းဂူ) ဟောကြားသော တရားသုံးမျိုး(၂) တရားတော်မှ ကောက်နှုတ်ချက် မှတ်ချက်။ ကိုယ့်စိတ်ကိုယ်စစ် ၀ိပဿနာ page မှ ကူးယူ၍ ဖတ်ရလွယ်ကူစေရန် ပြန်လည်တည်းဖြတ်ဖော်ပြပါသည်။
https://www.dhammaransi.com/index.php/new/735-2015-10-25-04-11-25.html
သေချိန်ကို ကြိုသိစေနိုင်သော အာနာပါနသတိပဋ္ဌာန်
ကိုယ်သေရမယ့်အချိန်ကို ကြိုတင်ပြီး အတိအကျ သိရခြင်းဟာ ကိုယ့်အတွက် လောကီဘက်မှာရော၊ လောကုတ္တရာဘက် မှာပါ တန်ဖိုးမဖြတ်နိုင်ပါဘူး။မလွဲမသွေ ရင်ဆိုင်ကြုံတွေ့ရမယ့် အခက်အခဲတစ်ခုအတွက် ကြိုတင်ပြင်ဆင်ခွင့်ရမယ်၊ ကြိုတင် ပြင်ဆင်ထားနိုင်မယ်ဆိုရင် အဲဒီအခက်အခဲကို အလွယ်တကူနဲ့ သက်သက်သာသာ ကျော်လွှားနိုင်မှာပါ။ သေမှာကို ကြိုသိရင် သေဖို့အတွက် ကြိုတင်ပြင်ဆင်နိုင်တာပေါ့။ အကောင်းဆုံး သေခြင်းနဲ့ သေခွင့်ရအောင် လေ့ကျင့်ထားနိုင်တာပေါ့။ “သေခြင်းတရား ဘယ်အချိန်မှာ လာမလဲ၊ ကိုယ့်ဘက်ကတော့ သေဖို့ အဆင်သင့်ပဲ”လို့ ကြွေးကြော်နိုင်ဖို့အတွက် သေခြင်း တရားကို ကြိုတင်လက်ခံထားဖို့ လိုအပ်ပါတယ်။ သေခြင်းတရားကို ကြိုတင်လက်ခံထားပြီးတာနဲ့ တစ်ပြိုင်နက် သေဖို့ အဆင်သင့် ဖြစ်စေမယ့် အလုပ်တွေကို မမေ့မလျော့ ပြုလုပ်အားထုတ်ရပါမယ်။ သေခြင်းတရားက အပြီးတိုင် လွတ်မြောက်စေမယ့်အလုပ်၊ အသေ လွတ်ကြောင်း အလုပ်တွေကို လုပ်ထားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ အသေလွတ်ကြောင်းအလုပ်ကို ဆုံးခန်းတိုင်ရောက် ကိစ္စပြီးမြောက်အောင် လုပ်ထားနိုင်သူအတွက်တော့ သေခြင်းတရားဟာ ထိတ်လန့်တုန်လူပ် စရာ မဟုတ်ပါဘူး။ ပြုံးပျော်ကြည်နူးစရာပါ။ မသိခြင်းငါးပါးနဲ့ အသက်ရှင်နေရတဲ့ လူသားတွေအတွက် ကိုယ်သေရမယ့်အချိန်ကို ကြိုတင်ပြီး အတိအကျ သိဖို့ဆိုတာ အင်မတန် ခက်ခဲတဲ့ ကိစ္စရပ်ကြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ အခက်ခဲဆုံးကိစ္စကို အလွယ်တကူသိနိုင်တဲ့ နည်းလမ်းရှိပါတယ်။ အဲဒါကတော့ အာနာပါန ကမ္မဋ္ဌာန်း အားထုတ်ခြင်းပါပဲ။ အာနာပါနသတိပဋ္ဌာန်တရား ပွားများအားထုတ်လို့ ရဟန်းကိစ္စပြီး မြောက်သွားတဲ့ ရဟန္တာပုဂ္ဂိုလ်မြတ်များဟာ မိမိတို့ ပရိနိဗ္ဗာန်ပြုရမယ့် အချိန်အခါကို မိနစ်၊ စက္ကန့်မလွဲ အတိအကျ ကြိုတင်သိမြင်နိုင်ကြပါတယ်။ အာနာပါနကမ္မဋ္ဌာန်းမှတစ်ပါးသော တခြားကမ္မဋ္ဌာန်းတွေနဲ့ ပေါက် မြောက်သွားတဲ့ ရဟန္တာပုဂ္ဂိုလ်တွေကတော့ ပရိနိဗ္ဗာန်ပြုရမယ့် အချိန်ကို ကြိုသိဖို့ မသေချာပါဘူး။ သိတဲ့ပုဂ္ဂိုလ်လည်း ရှိသလို မသိတဲ့ ပုဂ္ဂိုလ်လည်း ရှိပါတယ်။ မသိတဲ့ပုဂ္ဂိုလ်က ပိုများပါတယ်။ အာနာပါန ကမ္မဋ္ဌာန်းပိုင်ရှင်ကတော့ အဲဒီလို မဟုတ်ပါဘူး။ သေချာပေါက် သိကို သိပါတယ်။ ရဟန္တာပုဂ္ဂိုလ်ဆိုတာ အသာထားလိုက်ပါဦး။ အာနာပါနသတိပဋ္ဌာန်ကို အထိုက်အလျောက် ပေါက်မြောက်အောင် ပိုင်ပိုင်နိုင်နိုင် အားထုတ်ထားတဲ့ ပုထုဇဉ်ယောဂီပုဂ္ဂိုလ်တွေတောင်မှ ကိုယ်သေရမယ့်အချိန်ကို ကြိုတင်ပြီး အတိအကျ သိနိုင်ကြပါတယ်။ တချို့လည်း အနီးစပ်ဆုံး သိနိုင်ကြပါတယ်။ ကြိုတင်သိကြတဲ့အတွက် ကိုယ့်အလောင်းကိုယ် ကြိုတင်ပြင်ဆင်သွား သူတွေ၊ ကြိုတင်စီမံပြောကြားသွားသူတွေ မရေမတွက်နိုင်အောင် ရှိပါတယ်။ သေခါနီးမှာ ကိုယ့်ဘာသာကိုယ် ရေမိုးချိုး၊ အဝတ်အစားအသစ်လဲ၊ အသုဘမှာ လှူဖို့မှာကြားပြီး ပြုံးပြုံးလေး သေသွားသူတွေ အများကြီးပါပဲ။ --------------------- တစ်ခါတုန်းက သီဟိုဠ်ကျွန်း၊ စိတ္တလတောင်မှာ သီတင်းသုံးတဲ့ မထေရ်ကြီး တစ်ပါး လပြည့်ဥပုသ်နေ့တစ်ခုမှာ သံဃဥပုသ်ပြုအပြီး ကိုယ့်ကျောင်းမှာ ကိုယ် သံဃာအများနဲ့ ခြံရံသီတင်းသုံးနေပါတယ်။ ကောင်းကင်ထက်က လရောင်ကို မော်ကြည့်ရင်း မိမိရဲ့ သက်တမ်းအကြွင်း အပိုင်းအခြားကို ဆင်ခြင်နှလုံးသွင်းနေရာက တပည့်သံဃာများဘက် ပြန်လှည့်ပြီးတော့ ခုလို မိန့်ကြားတော်မူလိုက်ပါတယ်။ “ငါ့ရှင်တို့… သင်တို့ ဘယ်လိုပုံစံမျိုးနဲ့ ပရိနိဗ္ဗာန်ပြုတာကို မြင်ဖူးကြသလဲ” ဒီလိုမေးလိုက်တော့ တချို့တပည့်တွေက “နေရာမှာထိုင်လျက် ပရိနိဗ္ဗာန် ပြုတာကို မြင်ဖူးပါတယ်ဘုရား”၊ တချို့တပည့်တွေက… “ကောင်းကင်မှာ တင်ပျဉ်ခွေလျက် ပရိနိဗ္ဗာန်ပြုတာကို မြင်ဖူးပါတယ် ဘုရား” စသည်အားဖြင့် ကိုယ်မြင်တွေ့ဖူးတဲ့ ပရိနိဗ္ဗာန်ပြုပုံတွေကို အသီးသီး လျှောက်ထားကြပါတယ်။ --------------------------- “စင်္ကြံလျှောက်လျက်နဲ့ ပရိနိဗ္ဗာန်ပြုတာကိုရော မြင်ဖူးကြသလား”လို့ မေးတော့… လုံးဝမမြင်ဖူးသေးကြောင်း တပည့်သံဃာအားလုံးက လျှောက်ထားကြပါတယ်။ “ကောင်းပြီ ငါ့ရှင်တို့… ဒါဖြင့် သင်တို့ကို စင်္ကြံလျှောက်ရင်း ပရိနိဗ္ဗာန် ပြုတာကို ငါအခုပြမယ်”…လို့ မိန့်ကြားတော်မူပြီး စင်္ကြံလျှောက်တဲ့လမ်း (စင်္ကြံလမ်း)ရဲ့ တစ်နေရာမှာ မျဉ်းကြောင်းတစ်ခု သားလိုက်ပါတယ်။ “ငါ့ရှင်တို့၊ ကြည့်ကြနော်၊ ငါ စင်္ကြံလမ်းရဲ့ ဒီဘက်ထိပ်ကနေ ဟိုဘက် ထိပ်အရောက် ကြွပြီး ပြန်လှည့်လာမယ်၊ ဟောဒီ မျဉ်းသားထားတဲ့နေရာ ရောက်ရင် ရောက်ရောက်ချင်း ပရိနိဗ္ဗာန်ပြုမယ်” အဲဒီလို မိန့်ကြားတော်မူပြီး တပည့်သံဃာများရဲ့ ရှေ့မှောက်မှာ စင်္ကြံကြွပြတော်မူပါတယ်။ တပည့်သံဃာများက စင်္ကြံအစအဆုံး တည်တည ်ငြိမ်ငြိမ် ကြွလှမ်းနေတဲ့ မထေရ်ကြီးကို မျက်တောင်မခတ် ကြည့်ရူ ကြည်ညိုနေကြပါတယ်။ မထေရ်ကြီး မိန့်တော်မူတဲ့အတိုင်းပဲ စင်္ကြံတစ်ဖက်စွန်းကနေ ပြန်လှည့် အလာ၊ မျဉ်းသားထားတဲ့နေရာမှာ ခြေတော်တစ်ဖက်ပဲ နင်းချရရုံရှိသေး၊ မတ်တပ်ရပ်ရက်နဲ့ အဲဒီစင်္ကြံမျဉ်းနေရာမှာပဲ ပရိနိဗ္ဗာန် ပြုတော်မူခဲ့ပါတယ်။ အဲဒီမထေရ်ကြီးနည်းတူ ပရိနိဗ္ဗာန်ပြုမယ့်အချိန် (သေမယ့်အချိန်)ကို ကြိုသိပြီး စနစ်တကျ ကြိုတင်ပြင်ဆင် ပရိနိဗ္ဗာန်ပြုသွားခဲ့တဲ့ အရှင်မြတ်တွေ မရေမတွက်နိုင်အောင် များပြားလှပါတယ်။ သေမယ့်အချိန်ကို ကြိုသိပြီး စနစ်တကျ ပြင်ဆင်သေသွားနိုင်တာဟာ အာနာပါနကမ္မဋ္ဌာန်း၊ အာနာပါနသတိပဋ္ဌာန်းရဲ့ အကျိုးကျေးဇူးပါပဲ။ သေရမယ့်အချိန်ကို ကြိုသိခြင်းဟာ မင်္ဂလာတစ်ပါးပါ။ ကျန်းမာစွာ အသက်ရှင်ရခြင်းဟာ လာဘ်ကြီးတစ်ပါးဖြစ်သလို ချမ်းသာစွာ သေဆုံးရခြင်းဟာလည်း လာဘ်ကြီးတစ်ပါးဖြစ်ပါတယ်။ ဘဝပြတ်အောင် အားမထုတ်နိုင်သေးသူအတွက် သေခါနီးမှာ တမလွန်ဘဝကူးကောင်းဖို့ အလွန်အရေးကြီးပါတယ်။ သေရမယ့် အချိန်ကိုကြိုသိရင် ဘဝကူးကောင်းဖို့အတွက် စိတ်တိုင်းကျ ကြိုတင် ပြင်ဆင်နိုင်ပါတယ်။ သေရမယ့်အချိန်ကို ကြိုသိချင်တယ်ဆိုရင်တော့ အာနာပါန သတိပဋ္ဌာန် တရားကို လေးလေးစားစား ပွားများအားထုတ်ကြရုံပါပဲ။ သေချိန်ကို ကြိုသိခြင်းရဲ့ အသေချာဆုံးအကြောင်းဖြစ်တဲ့ အာနာပါနကမ္မဋ္ဌာန်းကို ဝမ်းမြောက်ဝမ်းသာ အားထုတ်ကြဖို့ တိုက်တွန်းပါတယ်။ -------------------------- အရှင်ဆန္ဒာဓိက( ရွှေပါရမီတောရ)
https://www.dhammaransi.com/index.php/new/736-2015-10-25-04-10-29.html
သဲအင်းဂူဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိ
ဦးဥက္ကဌ (၁၉၁၃-၁၉၇၃) သဲအင်းဂူ ဆရာတော်ဘုရားကြီး သဲအင်းဂူ ၀ိပဿနာကမ္မဌာန်း ကျောင်းတိုက် မီးရှုးသန့်စင် ဖွားမြင်ခြင်း- ကျေးဇူးတော်ရှင် သဲအင်းဂူ ဆရာတော် အလောင်း အလျာကို ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ နှောကုန်း ကျေးရွာနေ ဦးသော်တာ၊ ဒေါ်မယ်အံ့တို ့မှ ၁၂၇၄ ခုနှစ်၊ တပေါင်းလဆန်း (၁၀)ရက်၊ (၁၆-၃-၁၉၁၃) တနင်္ဂနွေနေ့ နံနက် (၈:၀၀)နာရီ အချိန်တွင် မီးရှူးသန့်စင် ဖွားမြင် တော်မူပါသည်။ မွေးချင်း (၇)ယောက် ရှိသည်တွင် တတိယမြောက် သားရတနာ ဖြစ်ပါသည်။ လောကီဓမ္မ သဘာဝ- ဆရာတော် အလောင်းလျာကို မိဘများမှ အသက်အရွယ် ငယ်စဉ်ကပင် ကျောင်းထား စာသင် စေခဲ့သော်လည်း စာပေပညာ ထူးချွန်စွာ တတ်မြောက်ခြင်း မရှိခဲ့ဘဲ မြန်မာစာ သင်ပုန်းကြီး အဆင့်ဖြင့် ဘုန်းကြီးကျောင်းမှ ကျောင်းထွက်ခဲ့ရပါသည်။ ဆရာတော် အလောင်း အလျာသည် အသက်(၁၅)နှစ် အရွယ်မှာ အိမ်ထောင်ကျခဲ့ပြီး အသက် (၄၅)နှစ် တိုင်အောင် ကောင်းဆိုး နှစ်ထွေ ရောပြွန်းသည့် လောကီဓမ္မ သဘာဝ တရားများကို တွေ့ကြုံ ခံစား ခဲ့ရပါသည်။ ဓမ္မသံဝေဂ ဤသို့ သဘာဝ လောကဓံကို ကြံ့ကြံ့ခံ၍ ရုန်းကန် တက်လှမ်း ခဲယဉ်းစွာ ဖြတ်သန်းခဲ့ရသော ဆရာ တော် အလောင်း အလျာသည် သုံးဝဋ် နှောင်အိမ် ဒုက္ခစက် အရှိန်မှ လွတ်မြောက်ရန် အချိန်တန်ပြီ ဖြစ်သောကြောင့် တစ်နေ့သော အခါတွင် စွန်းလွန်းဂူ ကျောင်း ဆရာတော် ဘုရားကြီး၏ ထေရုပ္ပတ္တိ စာအုပ်ကို အကြောင်းပြု၍ သတိတရားရပြီး ဓမ္မသံဝေဂ ဖြစ်ခဲ့ပါသည်။ တရားထူးများ ရတော်မူခြင်း ဆရာတော် အလောင်းလျာသည် သံဝေဂရပြီး ဇာတိချက်ကြွေ မွေးရပ်မြေ ဖြစ်သော ကျောင်းက လေး သိမ်အတွင်းဝယ် (၁၃၂၁) ခုနှစ်၊ တော်သလင်း လဆန်း (၆)ရက်၊ တနလာင်္နေ့တွင် စတင်၍ သတိပဋ္ဌာန် တရားကို မနားမနေ ကျင့်ကြံပွားများ အားထုတ်ခဲ့ရာ ၁၃၂၁ခုနှစ် တော်သလင်း လဆန်း (၁၁)ရက် စနေနေ့ မွန်းလွဲသာသာ အချိန်တွင် “ပထမမဂ်” ကို လည်းကောင်း၊ ၁၃၂၁ခုနှစ် သီတင်းကျွတ် လဆန်း (၉)ရက် စနေနေ့၊ အမကြီး ဒေါ်ဖွားစိန်၏ ခြံ အုန်းနှဲပင် အောက်တွင် “ဒုတိယမဂ်” ကို လည်းကောင်း၊ ၁၃၂၁ခုနှစ် တပေါင်း လပြည့်ကျော်(၄)ရက် အင်္ဂါနေ့ ညနေ (၃)နာရီ အချိန် အုန်းနှဲပင်နှင့် မနီးမဝေး အနောက်မြောက် အရပ်နေရာ၌ “တတိယမဂ်” ကိုလည်း ကောင်း ရရှိတော် မူပါသည်။ အနာဂတ်ကို ကြိုတင်၍မြင််ခြင်း ဆရာတော် အလောင်းလျာသည် တတိယမဂ်ကို ရပြီးသည့် အချိန် မှစ၍ ဖြူနီကြောင်ကြား အဝတ် များ ဝတ်ဆင်ခြင်းကို မပြုတော့ဘဲ ပိတ်ဖြူ အဝတ်ကိ်ုသာ ဝတ်ဆင် ပါတော့သည်။ အနာဂတ် ကာ လတွင် ဖြစ်ပေါ်လာမည့် အာရုံ နိမိတ်ထူး များကိုလည်း မြင်၍ ကြိုတင်ကာ မိန့်မြွက်ခဲ့သည်မှာ-နှောကုန်း ကျေးရွာ၏ အရှေ့ဖက် ပျဉ်ထောင်တွင်း ကုန်းမြေ နေရာတွင် ကြက်ပျံမကျ စည်ကား သော ကျောင်းတိုက်ကြီး ဖြစ်ပေါ် လာလိမ့်မည်။ ဤ ကျောင်းတိုက်ကြီးသည် သာသနာ့ မဏ္ဍိုင်ကြီး ဖြစ်ပြီး လာရောက် နှီးနှော ကြလိမ့်မည် ဟူသော စကားတော်များ ဖြစ်ပါသည်။ မြင့်မြတ်သည့် ရဟန်းဘဝ ဆရာတော် အလောင်းလျာသည် ပိတ်ဖြူဝတ်နှင့် တစ်နှစ်မျှ နေပြီးနောက် နတ်ဗြဟ္မာများ၏ တောင်းပန် လျှောက်ထားချက်ကို လက်ခံကာ ရဟန်းဝတ်ရန် ဝန်ခံပြီး ၁၃၂၂ခုနှစ် တပေါင်းလတွင် မယ်တော်ကြီး ဒေါ်မယ်အံ့နှင့် မှော်ဘီမြို့နေ ဦးစုရ အမှူးပြုသော ဒါယိကာ၊ ဒါယိကာမများ၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ နှောကုန်းကျေးရွာ ခဏ္ဍာသိမ်တော် အတွင်း၌ ကျောင်းကြီး ဆရာတော် ဘဒ္ဒန္တပညိန္ဒြိယကို ဥပဇ္ဈာယ်ပြု၍ မြင့်မြတ်သော အထက်တန်း ရဟန်းအဖြစ် ရရှိကာ “ဦးဥက္ကဌ” ဟူသော ဘွဲ့အမည်ကို ရတော် မူခဲ့ပါသည်။ စတုတ္ထမဂ် ရဟန်း ဖြစ်ချိန် မှစ၍ ဆရာတော်သည် တရားကို မနားမနေ ဆက်လက်ပြီး ပွားများ အားထုတ်ခဲ့ရာ ၁၃၂၃ခုနှစ် နယုန် လပြည့်ကျော် (၂)ရက် စနေနေ့ နံနက် (၈:၀၀) နာရီနှင့် (၉:၀၀)နာရီ ကြား အချိ်န်တွင် မှော်ဘီမြို့ ရဟန်းဒါယကာ ဦးစုရ နေအိမ်တွင် “စတုတ္ထမဂ်” ကိ်ု ရရှိတော် မူခဲ့ပါသည်။ ဆရာတော်ကြီး၏ သာသနာခရီး ၁၃၂၃ခုနှစ် ၀ါဆိုလပြည့်နေ့ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် နှောကုန်းကျေးရွာ၏ အရှေ့ဖက် ပျဉ်ထောင်တွင်းကုန်းဟု ရှေ့လူတို့ ခေါ်ဆိုခဲ့သော မြေနေရာတွင် “သဲအင်းဂူ ၀ိပဿနာကမ္မဌာန်း ကျောင်းတိုက်ကြီး” ကို ကျေးဇူးရှင် သဲအင်းဂူ ဆရာတော်ဘုရားကြီးမှ စတင် တည်ထောင်တော် မူခဲ့ပါသည်။ ဤသို့ လေးမဂ် လေးဖိုလ်ကို ရရှိတော်မူသော ကျေးဇူးတော်ရှင် သဲအင်းဂူ ဆရာတော် ဘုရားကြီး သည် သတ္တဝါ ဝေနေယျ အပေါင်းတို့ အပေါ် မေတ္တာ ကရုဏာ၊ ရှေ့ရှု ကာဖြင့် မြန်မာပြည် တဝှမ်း အနယ်နယ် အရပ်ရပ်မှ ပင့်လျှောက် လာသော ဒါယိကာ၊ ဒါယိကာမ အပေါင်းတို့အား မိမိ သိမြင် ထားသော တရားများဖြင့် သာမန် သူူတို့ နားလည်နိုင်သော မြန်မာစကား အသုံးအနှုန်းဖြင့် မဂ် ပေါက် ဖိုလ်ဝင် နိဗ္ဗာန် မြင်သည့် တိုင်အောင် ဟောကြား ပြသတော် မူခဲ့ပါသည်။ စုတိကမ္မဇရုပ် ချုပ်ငြိမ်းတော်မူခြင်း မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး၏ ပဋိပတ္တိ သာသနာတော်ကို အသက်နှင့် ခန္ဓာ မငဲ့ညှာပဲ မနားမနေ ကြိုးပမ်း ထမ်းဆောင်တော် မူခဲ့သော ကျေးဇူးတော်ရှင် သဲအင်းဂူ ဆရာတော်ကြီးသည် သက်တော် (၆၁) နှစ် သိက္ခာတော် (၁၂)၀ါ သာသနာပြုနှစ် (၁၁) နှစ်အရ ၁၃၃၅ ခုနှစ် ၀ါဆိုလ ဆန်း (၉)ရက် (၈-၇-၁၉၇၃) တနင်္ဂနွေနေ့ ညနေ (၄:၄၅) နာရီ အချိန်တွင် ဘဝ သံသရာဝဋ် ဒုက္ခ ခန္ဓာဇာတ်သိမ်း၍ အပြီးတိုင် ချုပ်ငြိမ်းတော် မူခဲ့ပါသည်။ ဆရာတော်၏ ထူးခြားမှုများ ၁၃၂၃ ခုနှစ် နတ်တော် လဆန်း (၁)ရက် တနင်္ဂနွေနေ့ (၂၃.၁၂.၁၉၆၁) တွင် ဆရာတော်အား သံလျင်တောရ ကျောင်းသို့ တရား စစ်ဆေးရန် ပင့်ဆောင် သွားစဉ် ရာထောင် မကသော လူထု ကြီးက ဆရာတော် ကောင်းကင်ပေါ်၌ "စျာန်ပျံ" နေသည်ကို တွေ့မြင်ခဲ့ ကြပါသည်။ ဆရာ တော်အား တရားဟောရန် "ဗြဟ္မာကြီး သုံးဦး" က လူယောဂီ အသွင်ဖြင့် လာရောက်ကန်တော့ တောင်းပန်ခဲ့ ကြပါသည်။ ဆရာတော်သည် တပါးသူ၏ စိတ်ထဲတွင် ကြံစည်နေသော အရာအား လုံးကို သိမြင်နိုင်ကြောင်း မိန့်တော်မူ ခဲ့ပါသည်။ အတိတ်နှင့် အနာဂါတ်ကိုလည်း သိမြင်ပါသည်။ ကျောင်းတိုက်ကြီး ဖြစ်ပေါ်လာမည်။ "မှော်ဘီသို့ သွားသော ပေတစ်ရာ လမ်းမကြီး ဖြစ်ပေါ် လာမည်။ လျှပ်စစ်မီးတွေရောက် ရှိလာမည်" ဟု မိန့်တော်မူခဲ့ရာ ယနေ့ ဖြစ်ပေါ် နေပါပြီ။
https://www.dhammaransi.com/index.php/new/737-2015-10-25-04-09-50.html
သဲအင်းဂူဆရာတော်ဘုရားကြီး၏ ခန္ဓာကိုယ်တွေ့တရားတော်
https://www.dhammaransi.com/index.php/new/738-2015-10-25-04-07-59.html
အနတ္တလက္ခဏသုတ္တန် ကောက်နုတ်ချက်
ပိဋကပါဠိတော်များ၌ အတိတ် အနာဂတ် ဥပါဒါနက္ခန္ဓာငါးပါးတို့ကိုလည်း ဝိပဿနာ ရှုရန် ညွှန်ကြား- ထားသည့် ဒေသနာတော်များသည် များစွာပင် ရှိကြပေသည်။ ထိုဒေသနာတော်များထဲမှ အသင်သူတော်ကောင်း နှင့် အနီးစပ်ဆုံးဖြစ်နိုင်သည့် အနတ္တလက္ခဏသုတ္တန်မှ အချို့ကို ကောက်နုတ် ဖော်ပြအပ်ပါသည်။ ဘုရားရှင်သည် သောတာပန်ဖြစ်တော်မူကြပြီးကုန်သော ပဉ္စဝဂ္ဂီဟူသော အမည်တော်ကို ရရှိကြသည့် ရဟန်းတော်တို့အား ခန္ဓာ ငါးပါးတို့၏ မိမိတို့၏ အလိုအကြိုက်သို့ မလိုက်ပါနိုင်သည့် အဝသ၀တ္တနဋ္ဌ = အနတ္တသဘောကို ရှင်းလင်းတင်ပြပြီးသောအခါ ယင်း ခန္ဓာငါးပါးတို့ကို အနိစ္စတစ်ကျော့ ဒုက္ခတစ်ကျော့ အနတ္တတစ်ကျော့ အမေးအဖြေများ ပြုလုပ်တော်မူ၏။ ပဉ္စဝဂ္ဂီရဟန်းတော်တို့က ခန္ဓာငါးပါးတို့သည် အနိစ္စ ဒုက္ခ အနတ္တ တရားတို့သာ ဖြစ်ကြောင်းကို ပြန်လည်တင်ပြ လျှောက်ထားကြသောအခါ ဘုရားရှင်က ဝိပဿနာ ရှုကွက်ကို အောက်ပါအတိုင်း ညွှန်ကြားပြသတော်မူ၏။ တသ္မာ တိဟ ဘိက္ခေ၀ ...ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ သြဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ ၊ သဗ္ဗံ ရူပံ "နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ"တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။ (သံ၊၂၊၅၆။) ရဟန်းတို့ ...ထိုသို့ ခန္ဓာငါးပါးတို့သည် အနိစ္စ ဒုက္ခ အနတ္တ တရားတို့သာ ဖြစ်နေကြခြင်းကြောင့် ဤ သာသနာတော်မြတ်အတွင်း၌ သင်ချစ်သားတို့သည် --- အတိတ် အနာဂတ် ပစ္စုပ္ပန် ဖြစ်သော ရုပ်တရားအားလုံးကိုလည်းကောင်း၊ မိမိသန္တာန်၌ ဖြစ်သော အဇ္ဈတ္တ ရုပ်တရား ပြင်ပဖြစ်သော ဗဟိဒ္ဓရုပ်တရား အားလုံးကိုလည်းကောင်း၊ ရုန့်ရင်းကြမ်းတမ်းသော သြဠာရိက ရုပ်တရား သိမ်မွေ့နူးညံ့သော သုခုမရုပ်တရား အားလုံးကိုလည်းကောင်း၊ ယုတ်ညံ့သော ဟီနရုပ်တရား မွန်မြတ် သောပဏီတရုပ်တရားအားလုံးကိုလည်းကောင်း၊ ဝေးသော ဒူရရုပ်တရား နီးသော သန္တိကရုပ်တရား အားလုံးကိုလည်းကောင်း ဤ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့် ရုပ်တရားအားလုံးကို ---- "နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ" ၁။ ဤ ရုပ်တရားသည် ငါ့ဟာ မဟုတ် smile emoticon ဒုက္ခ ဟု) ၂။ ဤ ရုပ်တရားသည် ငါ မဟုတ် smile emoticon အနိစ္စ ဟု) ၃။ ဤ ရုပ်တရားသည် ငါ၏အတ္တ မဟုတ် smile emoticon အနတ္တ ဟု) --- ဤသို့လျှင် မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း ဝိပဿနာပညာ မဂ်ပညာဖြင့် ရှုပါ။ (သံ၊၂၊၅၆။) ဝေဒနာက္ခန္ဓာစသည့် နာမ်ခန္ဓာလေးပါးတို့၌လည်း ပုံစံတူပင်ရှုရန် ဘုရားရှင်က ညွှန်ကြားတော်မူပေသည်။ ဤသို့လျှင် ဤအနတ္တလက္ခဏသုတ္တန်ဒေသနာတော်မြတ်၌ အတိတ်ခန္ဓာငါးပါး အနာဂတ်ခန္ဓာငါးပါးတို့ကိုပါ ထည့်သွင်း၍ ဝိပဿနာရှုပွားသုံးသပ်ရန် ဘုရားရှင်သည် ညွှန်ကြားတော်မူလိုက်၏။ ထိုညွှန်ကြားချက်များကို ဦးထိပ်ရွက်ပန်ဆင်လျက် မဂ္ဂသမ္မာဒိဋ္ဌိအမည်ရသည့် အတ္တပစ္စက္ခဉာဏ်သို့ ဆိုက်သည်တိုင်အောင် (ပဉ္စဝဂ္ဂီ-ရဟန်း တော်များအတွက် အထက်မဂ်သုံးပါးကို ဆိုလိုပါသည်။) ဝိပဿနာသမ္မာဒိဋ္ဌိအမည်ရသည့် အတ္တပစ္စက္ခဉာဏ်ြ်ဖင့် ယင်း (၁၁)မျုးိ သောအခြင်းအရာအားဖြင့် တည်နေကြသည့် ဥပါဒါနကန္ခ္ဓာ ငါးပါးတို့ကို (ဒေသနာဉာဏ-်တော်၏ နောက်သို့ အစဉ်လိုက်လျက်) ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းတော်မူကြသဖြင့် ပဉ္စဝဂ္ဂီဟူသော အမည်ကို ရရှိတော်မူကြသည့် ရဟန်းတော်တို့သည် အနတ္တလက္ခဏသုတ္တန်ဒေသနာတော်မြတ်၏ အဆုံး၌ အရဟတ္တဖိုလ်၌ တည်တော်မူကြလေကုန်သည်။ ။ (သံ၊၂၊၅၆။
https://www.dhammaransi.com/index.php/new/739-2015-10-25-04-07-34.html
တရားအားထုတ်ဖို့ လိုသလား
https://www.dhammaransi.com/index.php/new/740-2015-10-25-04-03-05.html
မသိလို့ လိုချင်နေကြတာ
https://www.dhammaransi.com/index.php/new/741-2015-10-25-04-01-23.html
ဦးကဝိအား မေမြန်းစိစစ်လေသည်
https://www.dhammaransi.com/index.php/new/742-2015-10-24-23-58-35.html
“သစ်ခွ ပန်းသခင်”
“သစ်ခွ ပန်းသခင်” ••••••••••••••••••••••••••• (က)။ဗုဒ္ဓမြတ်စွာဘုရားသည် ဘုရားစစ်စစ် ဧကန်ဖြစ်သည့်နေ့မှစ၍ နေ့မအား၊ညမနား တရားတော်များကို ဟောကြားတော်မူခဲ့၏။ (၄၅)ဝါ ကာလပတ်လုံး လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါ ဝေနေယျတို့ကို ဓမ္မအမြိုက်ဆေး တိုက်ကျွေးတော်မူကာ ချေချွတ်တော်မူခဲ့သည်။ဤသို့ဖြင့် (၄၅)နှစ်တာကာလ ကြာသောအချိန်တွင် ကုသိနာရုံပြည်၊ မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ မြောက်သို့ ဦးခေါင်းပြု လျောင်းစက်ကာ ပရိနိဗ္ဗာန် ပြုတော်မူခဲ့လေပြီ။ ကုသိနာရုံ ပြည်သူပြည်သားများ နှင့် လူ၊ နတ်၊ ဗြဟ္မာ အပေါင်းတို့သည် သံဝေဂ ရဖွယ် ဂီတများကို သီဆိုခြင်း၊ ကခုန်ခြင်း၊ တီးမှုတ်ခြင်းတို့ဖြင့်လည်းကောင်း၊ ဆီမီး၊ ပန်းနံ့သာတို့ဖြင့်လည်းကောင်း ဗုဒ္ဓဘုရားရှင်၏ ရုပ်ကလာပ်တော်ကို သောင်းသောင်းဖြဖြ ပူဇော်ကြလေသည်။ ကုသိနာရုံမြို့အလယ် မကုဋဗန္ဓန အမည်ရှိသော မလ္လာမင်းတို့၏ စေတီတည်ရှိရာ ဒေသမှာဖြစ်သည်။ ဗုဒ္ဓဘုရား၏ ရုပ်ကလာပ်တော်ကို နံ့သာ ထင်းပုံကြီးပေါ်မှာ ရိုသေစွာ တင်ထားကြသည်။ အရှင်မဟာ ကဿပ မထေရ်မြတ်ကြီး ရောက်ရှိလာပြီး မြတ်စွာဘုရား၏ ခြေတော်အစုံ ကြာပဒုံတို့ကို လက်စုံယှက်မိုး ရိုသေစွာ ရှိခိုးလေသည်။ နံ့သာထင်းပုံသည် တေဇောဓာတ် လောင်မြိုက်သွားကာ “မြတ်လေးပန်း” အဆင်းရှိသော ဓာတ်တော်များ ကြွင်းကျန်ခဲ့လေသည်။ ❖ထိုအချိန်မှာပင် ကောသလတိုင်းအတွင်းရှိ ရွာကလေးတစ်ရွာမှ ဆင်းရဲသူမကလေး တစ်ယောက်သည် ဗုဒ္ဓဘုရား ပရိနိဗ္ဗာန်ပြုတော်မူ၍ ထားရှိသော တေဇောဓာတ် လောင်ရာဌာနသို့ ရောက်လာ၏။ အမျိုးသမီးလေးသည် ဗုဒ္ဓဘုရား၏ သရီရဓာတ်တော်တို့ကို “သစ်ခွပန်းသုံးပွင့်” ဖြင့် ပူဇော်လိုက်လေသည်။ ❖ထိုအမျိုးသမီးလေးသည် ထိုည သန်းခေါင်ယံမှာပင် ရောဂါဖိစီးနှိပ်စက်ခံရကာ ကွယ်လွန်သွားရှာလေသည်။ ကွယ်လွန်ပြီးနောက် သူမသည် တာဝတိံသာ နတ်ပြည်သို့ ရောက်သွားကာ ယူဇနာ သုံးဆယ် မိုင်(၃၆၀)ခန့် ကျယ်ဝန်းသော ရွှေဗိမာန်ကြီးပိုင်ရှင် နတ်သမီးဖြစ်သွားလေ၏။ (ခ)။ ဗုဒ္ဓဘုရားရှင်၏ သရီရဓာတ်တော်များကို သစ်ခွပန်းသုံးပွင့် ပူဇော်ခွင့်ရခဲ့သော ကုသိုလ်ကံ၏အစွမ်းကြောင့် ရထားလှည်းဘီးခန့်ရှိသော သစ်ခွပန်းပွင့်ကြီးတို့သည် နတ်သမီး၏ ဗိမာန်အတွင်းမှာ တွဲလဲဆွဲလျက် တည်ရှိကြ၏။ ထိုသစ်ခွ ပန်းပွင့်ကြီးများမှ ထွက်ပေါ်လာသော အလင်းရောင်ဖြင့်ပင် ဗိမာန်ကြီး တစ်ခုလုံးတွင် လင်းလက်တောက်ပလျက် ရှိလေသည်။ ❖ဗိမာန်ရှင် နတ်သမီးသည် သစ်ခွပန်း သုံးပွင့် အလှူဒါနကြောင့် နတ်စည်းစိမ် ခံစားရကြောင်း ကောင်းစွာ သိသဖြင့် လှည်းဘီးခန့်ရှိသော နတ်သစ်ခွပန်းများကိုယူဆောင်ပြီး လူ့ပြည်သို့ ဆင်းသက်ခဲ့လေသည်။ လူ့ပြည်ရှိ ဗုဒ္ဓဂေါတမ၏ သရီရ ဓာတ်တော်များ ပူဇော်ရာဌာနမှာပင် သစ်ခွပန်းများကို ပူဇော်လေ၏။ ကြီးမားသော သစ်ခွပန်းများကို လှူဒါန်းပူဇော်နေသည့် သူမအား ရောက်ရှိလာကြသော လူများက အထူးအဆန်းဖြစ်ကာ စူးစမ်း မေးမြန်းကြပါသည်။ ✤“မိန်းကလေး... ဘယ်အရပ်က လာတာလဲ၊ သစ်ခွပန်းပွင့်ကြီးတွေကလည်း ကြီးမားလိုက်တာ၊ ဘယ်က ရခဲ့တာလဲ” ✤“ကျွန်မဟာ ဟိုဘဝက အလွန်ဆင်းရဲပါတယ်၊ ဆင်းရဲပေမယ့် ဟောဒီ ဂေါတမ မြတ်စွာဘုရားရဲ့ သရီရ ဓာတ်တော်တွေကို သစ်ခွပန်းလေး သုံးပွင့်နဲ့ ပူဇော်နိုင်ခဲ့ပါတယ်။ အဲဒီသစ်ခွပန်း ဒါနကြောင့် နတ်ပြည်ရောက်ကာ နတ်သမီးဖြစ်ပြီး ဟောဒီ သစ်ခွပန်းကြီးတွေကို လှူနိုင်တာပါ” လူအပေါင်းတို့သည် နတ်သမီးဆို၍ ပို၍ အံ့သြသွားကြကာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ နတ်သမီးသည် လူတို့၏ အခြေအနေကို သိရှိသွားကာ သူတို့အား တရားဓမ္မ ဟောပြရမူ ကောင်းမည် ဟု နှလုံးသွင်းကာ တရားဟောလေတော့သည်။ ✤“အို... သူတော်ကောင်းတို့၊ ကျွနု်ပ်၏ ကိုယ်ကိုကြည့်ပါ။ သတ္တဝါတွေဟာ မြွေများ အရေခွံဟောင်းမှ အရေခွံကို လဲကြသလို ဘဝတွေ ပြောင်းလဲဖြစ်ပေါ်နေကြပါတယ်။ သတ္တဝါတွေဟာ မောဟဆိုတဲ့ ကွန်ရက်ရဲ့ ဖုံးအုပ်မှုကို ခံရတာကြောင့် မနေ့က သေဆုံးပြီး ယခု နတ်ပြည် ရောက်နေတာကို မသိနိုင်ကြပါဘူး။ ✤ပိုးလောက်တွေ၊ ယင်ကောင်တွေ၊ ကျီးကန်းတွေ၊ လင်းတတွေ၊ ခွေး၊ မြေခွေး စတဲ့ တိရစ္ဆာန်တွေရဲ့ အစာဖြစ်တဲ့ ပိုးမျိုး(၈၀)တို့ရဲ့ နေထိုင်ရာ၊ ကျက်စားရာဖြစ်တဲ့ ဤခန္ဓာကိုယ်ရုပ် အကောင်ပုပ်ကို မသိမမြင်ကြလေတော့ ဟိုစဉ်အခါတုန်းကတော့ ယောက်ျားတွေဟာ မက်မက်မောမော ရှိခဲ့ကြတယ်။ သေလွန်သွားတဲ့အခါမှာတော့ .... ကြည့်ရှုမယ့်လူ မရှိတော့ဘူး။ တဏှာရဲ့လှည့်ကွက်က ဆန်းကြယ်လေစွတကား။ ကျွနု်ပ်ရဲ့ ကိုယ်ခန္ဓာ အကောင်ပုပ်ကို မနေ့က စွန့်ပစ်ခဲ့ပြီ။ ယနေ့ နတ်၏အတ္တသဘောကို ရရှိခဲ့ပြီး တင့်တယ်ပြေပြစ် ချောမောနုပျိုတဲ့ ကျွနု်ပ်ရဲ့ ခန္ဓာကိုယ်ကို သင်တို့ ကြည့်ရှုမဝ ဖြစ်နေကြပြီ မဟုတ်လား။ ✤ကျွန်ုပ်၏စကား(တရား)ကို သေသေချာချာ နာယူမှတ်သားကြပါ။ ကျင့်သုံး လိုက်နာကြပါ။ ✤ကုသိုလ်ကောင်းမှု မပြုသူအား ကောင်းကျိုးချမ်းသာ မြူမျှ မရနိုင်ပါ။ အကြင်သူသည် ဗုဒ္ဓသာသနာတော်၌ ရေစက်ရေပေါက် ကလေးမျှသာ ကောင်းမှု ကုသိုလ် မျိုးစေ့ကို ကြဲချစိုက်ပျိုးပါက နိဗ္ဗာန်ရောက်သည့် တိုင်အောင် မဆုံးနိုင် အကျိုးတရား မြောက်မြားစွာကို ရရှိကြမည် ဖြစ်ပေသည်။” ဤသို့လျှင် သစ်ခွပန်း အလှူရှင် နတ်သမီးသည် သူလက်ငင်း ချက်ချင်း ရရှိထားသော နတ်စည်းစိမ် ချမ်းသာကို သက်သေပြု၍ လူအပေါင်းတို့အား တရားဟောလေသည်။ (ဤ၌ နတ်သက်ရှည်ပုံကို သတိပြုပါ။ လူတို့သက်တမ်း အနှစ်(၁၀၀)သည် တာဝတိံသာနတ်ပြည်တွင် တစ်နေ့နှင့်တစ်ညဉ့်မျှသာ ဖြစ်ပေရာ မနေ့က သေဆုံးသွားသော လူမိန်းကလေးသည် ယခု လူ့ပြည်သို့ လာရောက်ခြင်းမှာ တာဝတိံသာ နတ်ပြည်၌ စက္ကန့်ပိုင်းမျှသာ ဖြစ်ပေလိမ့်မည်။) ထို့နောက် နတ်သမီးသည် နတ်သစ်ခွပန်းကြီးများကို ဗုဒ္ဓဘုရား၏ ဓာတ်တော်များအား ပူဇော်ပြီး တာဝတိံသာနတ်ပြည်သို့ ပြန်သွားလေတော့သည်။ “သစ်ခွနတ်သမီး (သို့မဟုတ်) သစ်ခွပန်းသခင်”ဟု ခေါ်တွင်ခဲ့ပါလေသတည်း။ -【မဓုရသဝါဟိနီကျမ်း-၃၅၊ သာဓမာလပူဇိကာဝတ္ထု】 (ဂ)။ အလှူဒါနဟူသည် အလှူဝတ္တုပစ္စည်း နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ၊ တန်ဖိုးသေးသည်ဖြစ်စေ၊ တန်ဖိုးကြီးသည်ဖြစ်စေ လှူလိုသော စေတနာဆန္ဒ ပြင်းပြဖို့လိုသည်။ စေတနာသဒ္ဓါအားကောင်းဖို့လိုသည်။ အများကြီးလှူပြီး နည်းနည်း ရသည်လည်းရှိ၏။ ဝတ္ထုပစ္စည်း နည်းနည်းလှူသော်လည်း အကျိုးတရား အမြောက်အမြား ခံစားရသည်လည်း ရှိ၏။ ဤအကြောင်းအရာများကို ရည်ရွယ်၍ “ညောင်ပင်ကြီးလောက် လှူသော်လည်း ညောင်စေ့လောက်သာရသည်။ ညောင်စေ့လောက်ပင် လှူသော်လည်း ညောင်ပင်ကြီးလောက် ရရှိသည်” ဟု ဆိုကြခြင်း ဖြစ်လေသည်။ မဓုရသဝါဟိနီကျမ်းလာ ဤသစ်ခွပန်း အလှူရှင် အမျိုးသမီးလေးကို ကြည့်ပါ။ ပစ္စည်းဝတ္ထုက တန်ဖိုး မများပါ။ သစ်ခွပန်းလေး သုံးပွင့်သာ ဖြစ်ပါသည်။ အလှူဝတ္ထုပစ္စည်းလည်း မများပါ။ သို့ရာတွင် သူမ၏ ရင်၌ဖြစ်သော စေတနာနှင့် သဒ္ဓါတရားက အားကောင်းလွန်းသဖြင့် ချက်ချင်း အကျိုးပေးခြင်းဖြစ်သည်။ တာဝတိံသာနတ်ပြည်သို့ ရောက်ကာ သစ်ခွဗိမာန်ကြီးနှင့် ကြီးမားသော သစ်ခွပန်းကြီးများကို ပိုင်ဆိုင်သော “သစ်ခွနတ်သမီး” ဖြစ်ရပါသည်။ ထို့ကြောင့် ဝတ္ထုပစ္စည်း နည်းများမဟူ လှူခြင်းသည် အကျိုးများပါကြောင်း...။ ။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဇနိန္ဒသာရ-မုံရွာနေဇာ】
https://www.dhammaransi.com/index.php/new/743-2015-10-24-23-58-00.html
“ကဿပဘုရားရှင်ကို နှုတ်ဖြင့်"
https://www.dhammaransi.com/index.php/new/744-2015-10-24-23-57-19.html
“ကိုယ်က ကိုယ် ၊ သူက သူ”
“ကိုယ်က ကိုယ် ၊ သူက သူ” •••••••••••••••••••••••••••••••• တစ်ခါတုန်းက ဘုရားအလောင်းဟာ ရသေ့ရဟန်းဝတ်ပြီး တောမှာ နေနေပါတယ်။ တစ်နေ့ တော့ ဆွမ်းခံကပြန်အလာရေကန်တစ်ကန်ထဲဆင်းပြီး ရေချိုးရင်း ကန်ထဲက ပဒုမ္မာကြာကို နမ်းလိုက်ပါတယ်။ ဒါကိုရေကန်စောင့်နေတဲ့ နတ်သမီးကတွေ့ပြီး၊ စိတ်ထဲမှာ မသက်မသာဖြစ်သွားပါတယ်။ ရဟန်းကိုလည်း အပြစ်စကားဆိုလိုက်ပါတယ်။ ●ရဟန်း … ပိုင်ရှင်မပေးဘဲ ကြာပန်းကိုနမ်းတာဟာ “ခိုးခြင်း” အင်္ဂါတွေထဲက တစ်ခုပဲ။ ဒါကြောင့် သင့်ရဟန်းဟာ “နံ့သာသူခိုးပဲ”။ အစောင့်နတ်သမီးရဲ့ပြစ်တင်စွပ်စွဲသံကြားတော့ ရဟန်းကလည်း ပြန်ချေပပါတယ်။ ●နတ်သမီး … ငါဟာကြာပန်းကိုယူလည်းမယူ၊ ချိုလည်းမချိုး၊ အဝေးကပဲနမ်းတာပါ။ ဘာဖြစ်လို့ ငါ့ကို “နံ့သာသူခိုး”လို့ စွပ်စွဲတာလဲ။ စောစောက ငါ့ရှေ့က ယောကျ်ားတစ်ယောက်ဟာ ရေကန်ထဲဆင်းပြီး ကြာစွယ်တွေကိုလည်းခူးတယ်၊ ကြာပန်းတွေကိုလည်း ချိုးဖျက်ယူတယ်။ အဲဒီပုဂ္ဂိုလ်ကျတော့ ဘာဖြစ်လို့ “ကြာပန်းသူခိုး”လို့ မပြောတာလဲ။ နတ်သမီးက သူပြောမယ်စကားကို ရဟန်း မကြားမှာစိုးလို့ထင်တယ်။ ရှေ့ကို ခြေတစ်လှမ်းတိုးရင်း လေသံပြင်းပြင်း မျက်နှာထားတည်တည်နဲ့ ပြောလာပါတယ်။ ●“ရဟန်း…. မကောင်းမှုမျိုးစုံကို ပြုနေကြတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ အဲဒီပုဂ္ဂိုလ်တွေဟာ အညစ်အကြေးတွေ အထပ်ထပ်ပေကျံနေတဲ့ “လက်နှီးစုတ်”လိုပဲ။ အဲဒီ လက်နှီးစုတ်ဟာ အညစ်အကြေး တစ်ခုခုထပ်ပေကျံပေမယ့် ထူးပြီးမသိသာတော့ဘူး။ ဒီအတိုင်းပဲ “အကုသိုလ်အညစ်အကြေး” မျိုးစုံကပ်နေတဲ့ ပုဂ္ဂိုလ်မှာ နောက်ထပ်အညစ်အကျေးတစ်ခု ထပ်ကပ်လို့လည်း ထူးပြီးမသိသာတော့ဘူး။ အဲဒီပုဂ္ဂိုလ်မျိုးကိုတော့ ငါ့အနေနဲ့ ဘာမှ မပြောလိုဘူး။ သင်ရဟန်းကိုသာ ပြောချင်တာ။ စင်ကြယ်မှုကိုပဲ ရှာမှီးနေတဲ့ ယောကျ်ားမြတ်ဟာ သားမြီးဖျားလောက်ရှိတဲ့ မကောင်းမှုကိုလည်း တိမ်တိုက်လောက်သဘောထားရတယ်၊ သိရဲ့လား ရဟန်းရဲ့။” ရဟန်းက နတ်သမီး ဥပမာနဲ့ပြောလိုက်တဲ့စကားကို တော်တော်လေး သဘောကျသွားပါတယ်။ ဒါကြောင့် မျက်နှာချိုချိုလေးနဲ့ ပြန်ပြောပါတယ်။ နတ်သမီး … သင့်ဟာ ငါ့ကို စင်ကြယ်သူလို့ အသိအမှတ်ပြုတယ်။ ပြီးတော့ ငါ့ကို သတိပေးစောင့်ရှောက်တယ်။ တကယ်လို့များ နောင်အခါ သင့်မျက်လုံးထဲမှာ အမြင်မတော်တာရှိခဲ့ရင် အခုလို့ပြောဆိုပေးပါ။ ရဟန်း . . . ငါ့တို့ဟာ သင့်ကိုအမှီပြုပြီး အသက်မွေးနေတာမဟုတ်ဘူး။ သင့်ရဲ့အခစားလည်း မဟုတ်ဘူး။ ဘယ်လမ်းဟာ သုဂတိသွားတဲ့လမ်းဆိုတာ သင့်သိတယ်။ သိတဲ့အတိုင်း ကိုယ်တိုင်းပဲသွားပါ။ ငါ့ကိုအားမကိုးပါနဲ့။ ရဟန်းက နတ်သမီးရဲ့ စကားရင့်ရင့်ကို လက်ခံသဘောတူတဲ့ အနေနဲ့ ကျေးဇူး စကားပြန်ပြောတယ်။ “ကျေးဇူးတင်ပါတယ် နတ်သမီး အခုလို သတိပေးတာကိုပဲ။” နတ်သမီးက ရဟန်းကို ခပ်ဆတ်ဆတ်လေး ပြောလိုက်မိပေးမဲ့ ပြောလွယ်ဆိုလွယ်ရှိတဲ့ ရဟန်းကို စိတ်ထဲက ကြည်ညိုနေပါတယ်။ ဘုရားအလောင်းဟာ နတ်သမီးရဲ့ ဆုံးမစကားကို အခြေခံပြီး တရားကို ကြိုးကြိုးစားစား အားထုတ်လိုက်တာ ဈာန်တွေရသွားပြီး ဗြဟ္မာ့ပြည်ကိုလားရောက်ခဲ့ရပါတယ်။ (ငါးရာ့ငါးဆယ့်ဇာတ်ဝတ္ထု၊ သိင်္ဃပုပ္ဖဇာတ်။) ■မြောင်းထဲမှာ မြောင်းဖေါ်နေတဲ့သူတစ်ယောက် ရွှံ့တစ်စက်ပေသွားလို့ ဘာမှဖြစ်မသွားပါဘူး။ မြောင်းဘေးကရပ်ကြည့်နေတဲ့သူ ရွှံံ့တစ်စက်ပေသွားရင် သိပ်သိသာပါတယ်။ ■မကောင်းမှုမျိုးစုံပြုနေတဲ့ လူတစ်ယောက် မကောင်းမှုတစ်ခုကို ကျူးလွန်လိုက်လိုလည်း ထူးပြီးမသိသာသွားသလို၊ ပတ်ဝန်းကျင်ကလည်း ထူးပြီးစိတ်မဝင်စားပါဘူး။ စင်စင်ကြယ်ကြယ်နေတဲ့လူတစ်ယောက် မသင့်လျှော်တာ တစ်ခုခုလုပ်လိုက်ရင် သိပ်ပြီး သိသာနေတတ်ပါတယ်။ နောက်ဥပမာတစ်ခုကတော့ လက်နှီးစုတ်မှာ အိုးမဲတစ်ကွက် ထပ်ပေလို့ ထူးပြီးမသိသာပါဘူး။ အဝတ်ဖြူဖြူမှာ အိုးမဲတစ်ကွက် ပေကျံလိုက်ရင်တော့ သိပ်ပြီး သိသာနေတတ်ပါတယ်။ ကိုယ်က ကိုယ် ၊ သူက သူ၊ ကိုယ့် နဲ့ သူ နှိုင်းယှဉ်ပြီး မနေကောင်းပါဘူး။ သောဝစဿတာ မင်္ဂလာရေးမယ်လုပ်တော့ ငယ်ငယ် ဆရာသမားတွေ ဆုံးမခဲ့တဲ့ ဒီဥပမာ လေး ခေါင်းထဲကို အလိုလိုဝင်လာခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ဒီဥပမာလေးနဲ့ နွယ်နေတဲ့ သိင်္ဃပုပ္ဖဇာတ်ကလေးကိုပဲရေးပြလိုက်တာပါ။ အသောက ကျောက်စာမှာ … ကာယာနံမေ၀ ဒေခတိ…- “လူတွေဟာ ကိုယ်လုပ်တဲ့ဟာဆိုရင် အကောင်းချည်း ထင်ကြတယ်” လို့ ဆိုပါတယ်။ ဒီတော့ ကိုယ်ရဲ့အပြစ်၊ ကိုယ့်ရဲ့အားနည်းချက်ကို မမြင်နိုင်တော့ပါဘူး ။အဲဒီလို အခါမျိုးမှာ ကိုယ့်ရဲ့ အပြစ်၊ ကိုယ့်ရဲ့ အားနည်းချက်ကို ပြောပြနိုင်မယ့်သူ တစ်ယောက်ယောက်ကိုတော့ ကိုယ့်ဝန်းကျင်းမှာ ရှိထားသင့်ပါတယ်။ ပြောပြနိုင်မယ်သူရှိမှလည်း ကိုယ့်အားနည်းချက်ကို ကိုယ်သိပြီး ပြင်ခွင့်သာမှာပါ။ ပုထုဇဉ်တွေဆိုတာ အပြစ်တို့၊အားနည်းချက်တို့တော့ ရှိနေကြမှာပါ။ ကိုယ်က သိခွင့်ရဖို့ပဲ အရေးကြီးပါတယ်။ ■တစ်ခုတော့ရှိပါတယ်။ ကိုယ်က ပြောဆိုဆုံးမလွယ်သူတော့ ဖြစ်နေဖို့လိုပါတယ်။ ဒါမှလည်း အပြစ်ပြော သူက ပြောချင်စိတ်ရှိမှာပါ။ ဓမ္မပဒမှာ အပြစ်ပြဆုံးမသူကို “ရွှေအိုးပေးသူ”လို့ သဘောထားရမယ်လို့ ဆိုထားပါတယ်။ ပြီးတော့ ရှင်ရာဟုလာဆိုတဲ့ ကိုရင်လေးက သဲကို လက်နဲ့ဆုပ်ပြီး “ဤသဲလုံးနဲ့အမျှ ငါ့ကို ဆုံးမမည့်သူ ရလျှင် ကောင်လေစွ …”လို့ လည်း ဆုတောင်းလေ့ရှိပါတယ်။ ကိုယ့်အပြစ်၊ ကိုယ်အားနည်းချက်ကို သိချင်စိတ်ရယ်၊ သိပြီး ပြင်ချင်တဲ့စိတ်ရယ်၊ ပြင်ပစ်တဲ့စိတ်ရယ်၊ အဲဒါတွေဟာ စိတ်ဓာတ်အရည်အသွေးမြင့်မားဖို့အတွက် အထောက်အပံ့တွေပါ။ ကိုယ့်ရဲ့စိတ်ဓာတ်အရည်အသွေးဟာ တစ်နှစ်ထက် တစ်နှစ် မြင့်သထက်မြင့်လာပါမှ အဓိပ္ပါယ်ရှိပါတယ်။ မြင့်မြင့်လာအောင်လည်း ကိုယ်က အားထုတ်ရပါမယ်။ ဆိုဆုံးမလွယ်တာ၊ ကိုယ့်အားနည်းချက်ကို သိချင်တာ၊ သိပြီးပြင်ချင်တာတွေဟာ စိတ်ဓာတ်အရည်အသွေး မြင့်မားရာ မြင့်မားကြောင်းတွေပါ။ ဒါပေမယ့် တစ်ခုတော့ရှိပါတယ်။ လူတော်တော်များများမှာ လူတစ်ဖက်သားကို ဆုံးမချင်တဲ့ရောဂါ ရှိတတ်ကြပါတယ်။ လူငယ်စကားနဲ့ပြောရရင်တော့ “ဆရာကြီးလုပ်ချင်တဲ့ရောဂါ”ပါ။ အဲဒီရောဂါရှိသူတွေရဲ့ဆုံးမမှုမျိုးကိုတော့ သတိထားရပါမယ်။ ရောဂါကို အခြေခံပြီး ဆုံးမလာတဲ့ ဆုံးမမှုမျိုးကတော့ ကိုယ့်စိတ်ဓာတ်အရည်အသွေး မြင့်မလားတဲ့အပြင် ၊ တစ်ခါတလေနိမ့်တောင် သွားဦးမှာပါ။ လူတစ်ဖက်သားကို ဆုံးမချင်တဲ့ရောဂါဟာ ကုရတော်တော်လေးခက်ပါတယ်။ အဲဒီလူမျိုးကိုတော့ ဘယ်သူမှ မနှစ်မြို့သလို သူရဲ့ဆုံးမမှုမျိုးကိုလည်း မခံယူချင်ကြပါဘူး။ ဒါသဘာဝပါ။ ဒါကြောင့် ကိုယ်ကိုယ်တိုင်ကလည်း ၊ ရောဂါတစ်ခုလို လူတစ်ဖက်သားကို ဆုံးမချင်တဲ့စိတ် ရှိမနေဖို့လိုပါတယ်။ ကိုယ်ကိုယ်တိုင် ဆုံးမလွယ်သူဖြစ်ရမှာ ဖြစ်သလို ၊ ရောဂါတစ်ခု အနေနဲ့ မဟုတ်ဘဲ ကိုယ့်ဝန်းကျင်မှာ ပြောပြဖို့ ၊ဆုံးမဖို့ အမှန်တကယ် လိုအပ်လာရင် တာဝန်တစ်ခုအနေနဲ့ကို ပြောပြပေးရမှာပါ။ ဆုံးမပေးရမှာပါ။ အဲဒီလိုပြောပြပေးဖို့၊ ဆုံးမပေးဖို့ အခွင့်ကြုံလာခဲ့ရင်တော့ အောက်ပါ “အင်္ဂါ(၅)ပါး”ကို သတိထားရမယ်လို့ စာမှာဆိုထားပါတယ်။ (၁)။ မသင့်လျော်မလျောက်ပတ်တဲ့အခါ မပြောပြသေးဘဲ၊ မဆုံးမသေးဘဲ သင့်လျော်လျောက်ပတ်တဲ့ အခါကျမှ ပြောပြပေးခြင်း၊ဆုံးမပေးခြင်း။ (၂)။ မဟုတ်မမှန်သောစကားကို ဖယ်ရှားပြီး ၊ ဟုတ်မှန်တဲ့စကားနဲ့သာ ဆုံးမခြင်း။ (၃)။ ကြမ်းတမ်းခက်ထန် နားမခံနိုင်ဘွယ်စကားကို ဖယ်ရှားပြီး သိမ့်မွေ့နူးညံ့တဲ့ စကားနဲ့သာ ဆုံးမခြင်း။ (၄)။ အကျိုးမရှိတဲ့စကားကိုဖယ်ရှားပြီး ၊ အကျိုးရှိတဲ့စကားနဲ့သာ ဆုံးမခြင်း။ (၅)။ အမျက်ဒေါသမပါစေဘဲ ၊မေတ္တာနဲ့သာ ဆုံးမခြင်း။ ဒီအင်္ဂါ(၅)ချက်ကိုချိန်ပြီး ပြောဆိုပါ၊ဆုံးမပါတဲ့။ ဘဝခရီးမှာ ဆုံးမတတ်သူ၊ ဆုံးမအပ်သူဆိုပြီး အပြန်အလှန်တော့ တစ်လှည့်စီ ရှိနေကြမှာပါ။ ကြုံလာတဲ့အလှည့်မှာ တာဝန်ကျေဖို့နဲ့ သတိလေးရှိနေဖို့ပါ။ ဘာပဲပြောပြော ဆိုဆုံးမလွယ်သူတဲ့သူကို လူတိုင်းကချစ်ကြပါတယ်။ လူတိုင်းရဲ့ အချစ်ကို ခံချင်တယ်ဆိုရင်တော့… ။ ။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist's Association 】 အပ္ပမာဒေန သမ္ပာဒေထ။ -【အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)၏ “မင်္ဂလာအတွေးများ”မှ-】 Posted by www.facebook.com/youngbuddhistassociation.mm [မင်္ဂလာအတွေးများ(၂ဂ)- သောဝစဿတာ ဧတံမင်္ဂလမုတ္တမံ။ ပြောဆိုဆုံးမလွယ်ကူခြင်းသည် မြတ်သောမင်္ဂလာမည်၏။ ကျိုးကြောင်းညွှန်ပြ ဆုံးမစကားကို ပြောကြားလာက နာလွယ်စေ။]
https://www.dhammaransi.com/index.php/new/745-2015-10-24-23-56-47.html
“အပါယ်ဘေးကို ဆင်ခြင်ပါ။”
“အပါယ်ဘေးကို ဆင်ခြင်ပါ။” •••••••••••••••••••••••••••••••• ငရဲ၌ ဖြစ်ရသော သတ္တဝါတို့၏ ကိုယ်သည် ၃-ဂါဝုတ် ပမာဏရှိ၏။ မြန်မာတိုင်အားဖြင့် ၄-တိုင်နှင့် တာ ၈ဝဝရှိ၏။ ငရဲထိန်းတို့သည် ထိုမျှ ကိုယ်ခန္ဓာ ကြီးမားသော ငရဲသားကို အလျှံတပြောင်ပြောင် မီးစွဲလောင်သော သံမြေပြင်ပေါ်၌ ပက်လက် အိပ်စေကုန်၏။ ထို့နောက် ညာဘက်လက်ဝါး၌ ထန်းလုံးခန့်ရှိ ရဲရဲတောက်သော သံစို့ကြီးကို ရိုက်နှက်သွင်းကုန်၏။ ဗယ်ဘက် လက်ဝါး၌လဲ နည်းတူပင် ရိုက်နှက်သွင်းကုန်၏။ ညာဘက်ခြေ ဗယ်ဘက်ခြေ ခါးလယ်တို့၌လဲ နည်းတူပင်ရိုက်နှက်သွင်းကုန်၏။ ထိုအတူ မှောက်လျက် အိပ်စေ၍၎င်း၊ စောင်းလျက်အိပ်စေ၍၎င်း ၊ ငါးပါးသော ဌာနတို့၌ သံစို့ကြီးများကို ရိုက်နှက်၍ ညှင်းဆဲနှိပ်စက်ကုန်၏။ အကုသိုလ်ကံ မကုန်သေးမချင်း ငရဲသားကား မသေနိုင်။ ဤသို့ အညှင်းဆဲခံရသော ငရဲသားတို့သည် ●ရဲရဲတောက်သော သံမြေပြင်ကို မြင်ရုံမျှဖြင့်လဲ များစွာစိတ်ဆင်းရဲရ၏။ ●အလွန်ကြမ်းတမ်းရက်စက်စွာ ကြိမ်းမောင်းပြောဆိုသော ငရဲထိန်းတို့၏ အသံကို ကြားရ၍လဲ စိတ်ဆင်းရဲရ၏။ ●သံမြေပြင်ပေါ်၌ အတင်းတွန်းလှဲ၍သိပ်ခြင်း၊ ●မီးလောင်ခံရခြင်း၊ ●သံစို့ကြီးများဖြင့် ရိုက်နှက်မည်ကို မြင်ရခြင်း၊ ●ရက်စက်စွာ သံစို့ရိုက်နှက်ခံရခြင်းတို့ကြောင့်လည်း အတိုင်းမသိကြီးစွာသော ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့ကို ခံစားရ၏။ ထိုသို့သော ကာလ၌ ကယ်ပါ၊ သနားပါ၊ ချမ်းသာပေးပါ စသည်ဖြင့်မျက်ရည်စီးယိုငိုကြွေးမြည်တမ်းလျက် တောင်းပန်သော်လဲ မည်သူကမျှ မကယ်၊ မသနား၊ ချမ်းသာ မပေးချေ။ မိမဲ့ ဘမဲ့ဆွေမျိုးမဲ့ အဆွေခင်ပွန်းမဲ့၍ တကိုယ်တည်းသာ ဖြစ်လျက် ညှိုးငယ်စွာနှင့် အလွန်ကြီးမားသော ဆင်းရဲတွေကို အော်မြည် ယောင်ယမ်းလျက် မိနစ်စက္ကန့်မျှ မခြားဘဲ ခံစား၍ နေရရှာလေတော့၏။ ထိုသို့သော ကာလ၌ ဝိပဿနာ အလုပ်ကိုအားထုတ်ခွင့် မရနိုင်တော့ချေ။ထို့ပြင် သံစို့ငါးချက်နှက်၍ မသေသေးသော ငရဲသားကို ငရဲထိန်းတို့သည် အိမ်မိုးတဘက်ခန့်ရှိသော တံစည်းပေါက်ပြားကြီးတို့ဖြင့် ရှစ်မြှောင့်ပုံ ၊ခြောက်မြှောင့်ပုံ စသည်ဖြစ်အောင် မျဉ်းပစ်၍ ရွေခုတ်ကြပြန်၏။ သွေးတို့သည် မြစ်ဖြစ်၍စီးလေကုန်၏။ ထိုသွေးတို့မှ မီးတောက်ထပြန်၍ ရွေခုတ်ရာ ကိုယ်၌ စွဲလောင်လေ၏။ အတိုင်းမသိသော ဆင်းရဲကို ခံစားရလေ၏။ ထိုစဉ်အခါ၌ ဝိပဿနာ အလုပ်ကို အားထုတ်ခွင့် မရနိုင်တော့ချေ။ ထိုမျှဖြင့် မသေသေးလျှင် ဇောက်ထိုးတွဲလဲ ဆွဲထား၍ ဗန်းကြီးခန့်ရှိ ပဲဂွပ်တို့ဖြင့် ပါးပါး ပါးပါးလွှာလျက် ရွေခုတ်ကြပြန်၏။ ထိုမျှဖြင့်လဲ မသေသေးလျှင် မီးလျှံရဲရဲတောက်သောသံရထား၌ နွား မြင်း တို့ကဲ့သို့ တပ်၍ မီးကြီးခဲ တောင်ကြီးပေါ်သို့ တက်စေကုန်၏။ မတက်ဘဲ နေလျှင် ရဲရဲတောက်သောသံဒုတ်ကြီးများဖြင့် အပြင်းရိုက်၍ တက်စေကုန်၏။ တောင်ထိပ်သို့ ရောက်လျှင် တဖန် ဆင်းစေကုန်၏။ ဤသို့ တက်ချည်ဆင်းချည် အဖန်ဖန် ပြုစေကုန်၏။ ထိုမျှဖြင့်လဲ မသေသေးလျှင် ကျိုက်ကျိုက် ဆူပွက်လျက် ရဲရဲတောက်သော လောဟကုမ္ဘီခေါ် သံရည်ပွက် အိုးကြီးထဲသို့ ပစ်ချလိုက်ကုန်၏။ ထိုငရဲသားသည် သံရည်ပွက်ထဲ၌ ရှဲ-ကနဲကျ၍ ၊ အမြှုပ်တစီစီထလျက်နစ်မြုပ်သွားရှာလေ၏။ အနှစ်သုံးသောင်းကြားမှ ငရဲအိုး၏ အောက်စသို့ရောက်၏။ တဖန် အနှစ်သုံးသောင်းကြားမှ ငရဲအိုး၏အထက်နခမ်းဝသို့ ရောက်လျက် ပေါ်လာ၏။ ဘေးအရပ် မျက်နှာများသို့လဲ ဖီလာသွား၏။ ထမင်းအိုးပွက်သော အခါ၌ ဆန်စေ့ကလေးများ ကဲ့သို့ပင်တည်း။ အတိုင်းမသိသော ဆင်းရဲနှင့် ရင်ဆိုင်တွေ့နေရလေ၏။ ထိုစဉ်အခါ၌ အားထုတ်ခွင့်ကိုကား မရနိုင်တော့ချေ။ ကံမကုန်သေး၍ ထိုမျှဖြင့် မသေပြန်လျှင် သံရည်ပွက်ထဲမှ ငရဲသားကို ထုတ်ယူ၍ ငရဲထိန်းတို့သည် မီးတဟုန်းဟုန်းအမြဲတောက်လောင်လျက်ရှိသော ငရဲကြီးထဲသို့ ပစ်သွင်းလိုက်ကြပြန်၏။ ထိုငရဲကြီးသည်ကား အလျား အနံ အမြင့် ယုဇနာတရာစီရှိ၏။ လေးထောင့်ညီသော သံသေတ္တာကြီးနှင့်တူ၏။ အရှေ့ဘက်နံရံမှ မီးလျှံသည် အနောက်နံရံကို ဖောက်ပြီးလျှင် အပြင်ဘက်၌ ယူဇနာ တရာတိုင်အောင် ပူလောင်၏။ အနောက်နံရံ တောင်နံရံ မြောက်နံရံ အထက်သံမိုး အောက်သံမြေပြင်တို့မှ မီးလျှံတို့သည်လည်း နည်းတူချည်းသာတည်း။ ထိုငရဲကြီးအတွင်း၌ ထိုမှ ဤမှ ပြေးလွှားလူးလိမ့် ဟစ်အော် မြည်တမ်းလျက် ကြီးစွာသော ဆင်းရဲဒုက္ခတို့ကို ခံစားရလေ၏။ နှစ်ပေါင်းများစွာ ကြာသော် တခါတရံ၌ ထိုငရဲကြီး၏ တံခါးဝတခုခုသည် ပွင့်၏။ ထိုအခါ၌ ငရဲသားတို့သည် ထွက်ရန် ထိုတံခါးဆီသို့ အတင်းပြေးကြ၏။ အချို့မှာ လမ်းခရီးတွင်ပင်မောပန်း လူးလိမ့်လျက် ရှိကုန်၏။ အချို့မှာ တံခါးဝသို့ ရောက်ကုန်၏။ အနှစ်သိန်းပေါင်းများစွာကြာလျှင် ထိုတံခါးကြီးသည်ပိတ်သွားလေ၏။ ထွက်နိုင်သော ငရဲသားသည်လည်း အပြင်သို့ ရောက်သည်နှင့် တပြိုင်နက် “ဘင်ပုပ် ငရဲ” ထဲသို့ ကျသွားလေ၏။ မစင်ဘင်ပုပ်ထဲ၌ နစ်မြုပ်နေစဉ် ဆင်၏ လည်ပင်းခန့် လှေလုံးခန့်ရှိသော ပိုးလောက်တို့က ကိုက်ခဲစားကြလေ၏။ ထိုဘင်ပုပ်ငရဲမှ လွတ်ပြန်လျှင် ပြာပူငရဲသို့ ကျရောက်သွားပြန်၏။ ထိုငရဲ၌ အိမ်ထွတ်ခန့်ရှိသော မီးကျီးခဲ၊ ရဲရဲတောက်သော ပြာပူတို့ဖြင့် လောင်ကျွမ်း၍ ဆင်းရဲကြီးစွာကို ခံစားရပြန်၏။ ထိုငရဲမှ လွတ်ပြန်လျှင် လက်ပံတော ငရဲသို့ရောက်ပြန်၏။ လက်ပံပင်တို့မှာ ၁၆လက်မ ရှည်သော ဆူးရှိကုန်၏။ ငရဲထိန်းတို့က “ရိုက်နှက်၍ ထိုလက်ပံပင်တို့၌တက်ချည် ဆင်းချည် ပြုစေကုန်၏။ လက်ပံဆူးတို့သည် တက်သောအခါ၌ အောက်ဘက်သို့ လှည့်၍ နေကုန်၏။ ဆင်းသောအခါ၌ အထက်သို့ လှည့်၍ နေကုန်၏။ ကြောက်လန့်တကြား လျင်စွာ တက်ရ ဆင်းရသော ငရဲသား၏ ကိုယ်သည် ထိုလက်ပံဆူးတို့ဖြင့် ထိုးမိ၍ စုတ်ပြတ်ပြဲလျက် ရှိလေ၏။ ထိုငရဲမှလွတ်ပြန်လျှင် သံလျက်တောငရဲသို့ ရောက်ပြန်လေ၏။ ရောက်သည်နှင့်တပြိုင်င်နက် သံလျက်နှင့်တူစွာ နှစ်ဘက်သွား ရှိသော အရွက်တို့သည် ကြွေ၍ ငရဲသား၏ ကိုယ်ပေါ်၌ ကျလေကုန်၏။ လက်၊ ခြေ ၊ နား၊ နှာ၊ ကိုယ်အင်္ဂါတို့သည် အပိုင်းအပိုင်း ပြတ်လေကုန်၏၊ ထ၍ ပြေးပြန်လျှင် သံမြေပြင်၌ သင်ဓုန်းသွားတို့သည် ထွက်ပေါ်လျက်ရှိကုန်၏။ ရှေ့မှ သံတံတိုင်လည်း ကာရံလျက် ရှိလေ၏။ ထိုအခါ၌ အားထုတ်ခွင့်ကို မရနိုင်တော့ချေ။ ထိုငရဲမှလွတ်ပြန်လျှင် “ဝေတ္တရဏီ” မည်သော ကြိမ်ချောင်းငရဲသို့ ကျရောက်ပြန်လေ၏။ ထိုငရဲမှာ ကျိုက်ကျိုက်ဆူသော သံရည်အထိ ပြည့်၏။ သင်ဓုန်းသွားနှင့် တူသော နွယ်များ ကြာရွက်များရှိ၏။ အောက်မြေပြင်၌ သင်ဓုန်းသွားခင်းလျက် ရှိ၏။ ကမ်းပါးတို့၌လည်း သင်ဓုန်းသွားကဲ့သို့ ထက်သော ကြိမ်နွယ်များ သမန်းမြက်များ ရှိကြ၏။ ငရဲသားသည်ထိုချောင်းကို ဆင်းမိလျှင်-မြေပြင်မှ သင်ဓုန်းသွား ရှိသောကြောင့်၎င်း၊ သံရည်ပူဖြင့် လောင်ခြင်း စပ်ခြင်းကြောင့် ၎င်း ဗိုင်းကနဲလဲရှာလေ၏။ လဲလျှင် ကျိုက်ကျိုက်ဆူလျှက် ပူစပ်သော သံရည်ထဲ၌ စုန်ချည် ဆန်ချည် မျောနေလေ၏။ ကမ်းပါး၌ ရှိသောကြိမ် သမန်းမြက်တို့ဖြင့်လဲ ရှ၏၊ ချောင်းထဲ၌ ရှိသော နွယ်နှင့် ကြာရွက်တို့ဖြင့်လဲ ရှိ၏။ ငရဲသား၏ ကိုယ်သည် အစုတ်စုတ်အပြတ်ပြတ် ဖြစ်လေ၏။ ထိုစဉ်အခါ၌ အားထုတ်ခွင့်ကို မရနိုင်တော့ချေ။ စုန်ချည် ဆန်ချည် မျောလျက် အတိဒုက္ခ ရောက်နေသော ထိုငရဲသားကို ငရဲထိန်းတို့ တွေ့လျှင် သံ ငါးမျှားချိတ်ကြီးဖြင့် ဆယ်တင်၍ “ဘာအလိုရှိသလဲ”ဟု မေးကုန်၏။ တမင်းဆာသည်ဟု ဆိုလျှင် ရဲရဲတောက်သော သံတုံးသံခဲတို့ဖြင့်ပြည့်သော သံခြင်းတောင်းကြီးကို ယူလာကုန်၏။ ငရဲသားသည် ကြောက်လှသောကြောင့် ပါးစပ်ကို အတင်းပိတ်၍ ထားရှာလေ၏။ ထိုအခါ ငရဲထိန်းတယောက်က ပေါက်ချွန်းကြီးဖြင့် အတင်းပေါက်၍ ပါးစပ်ကို ဖွင့်၏။ အခြား ငရဲထိန်းတယောက်က ထိုနည်းတူပင် တဘက်မှ ပေါက်၍ ဖွင့်၏။ ထိုသို့ဖွင့်၍ ပါးစပ် ဟင်းလင်းပွင့်နေသောအခါ၌ ရဲရဲတောက်သောထို သံတုံး သံခဲတို့ကို တခုပြီးတခု ပစ်ထည့်၍ ကျွေးကြလေ၏။ ထိုသံတုံး သံခဲတို့သည် နှုတ်ခမ်းလျှာ အာခေါင် လည်ချောင်းအူတို့ကို လောင်ကျွမ်းပြီးလျှင် အောက်ဒွါရမှ ထွက်သွားကုန်၏ ရေငတ်သည်ဟု ဆိုပြန်လျှင် ကျိုက်ကျိုက်ဆူပွက်သောသံရည်တို့ကို လောင်းထည့်၍ ပေးကုန်၏။ ထိုသံရည်ပူတို့သည်လည်း နည်းတူပင် လောင်၍ အောက်ဒွါရမှ ထွက်သွားကုန်၏။ ငရဲသားသည် မလှုပ်နိုင်ဘဲ ဆင်းရဲကြီးစွာကို ခံစားရလေ၏။ ကံမကုန်၍ မသေသေးပြန်လျှင် ထို ငရဲသားကို ငရဲကြီးထဲသို့တဖန် ပစ်သွင်းလိုက်ကြပြန်၏။ ဤ ငရဲဒုက္ခတို့ကို “ဥပရိပဏ္ဏာသ ဗာလပဏ္ဍိတသုတ်၊ ဒေဝဒူတသုတ်” စသည်တို့၌ကျယ်ဝန်းစွာ ဟောထား၏။ ထိုသုတ်တို့မှယူ၍ ဤ၌ အကျဉ်းမျှ ပြဆိုခြင်း ဖြစ်သည်။ ဤသို့ ငရဲ၌ဖြစ်၍ ဆင်းရဲကြီးစွာတို့နှင့်ရင်ဆိုင်တွေ့နေရသော သူတို့သည် ဝိပဿနာအလုပ်ကို အားထုတ်ခွင့်မရနိုင်ရှာချေ။ သို့ဖြစ်၍ မိမိစိတ်ကို ဤသို့ ဆုံးမအားပေးအပ်၏။ ■ဝိပဿနာ ရှုနေသော အို-သူတော်ကောင်း၊ သင်မမေ့နဲ့၊ မပျင်းနဲ့၊ မေ့လျော့ ပျင်းရိနေလျှင် သင်သည် သံသရာမှ ထွက်မြောက်နိုင်လိမ့်မည် မဟုတ်၊ မလွတ်မြောက်နိုင်လျှင် တရံတခါ၌ ငရဲသို့ ကျရောက်လိမ့်ဦးမည်၊ ရှေးကလဲ ခံစားခဲ့ရလှလေပြီ၊ ငရဲဒုက္ခနှင့် ဧကံတွေ့နေစဉ်မှာ မျက်ရည်ကြီးငယ်ကျ၍ ဘယ်လိုပင် ငိုကြွေး တောင့်တ နေသော်လည်း သင်သည် ဤဝိပဿနာအလုပ်ကို အားထုတ်ခွင့် ရမည်မဟုတ်ပေ။ ■ယခုလို အခါသည်သာလျှင် အားထုတ်ခွင့် ရသောအခါ ပေတည်း။သို့ဖြစ်၍ သင်မပျင်းပါနဲ့၊ မမေ့ပါနဲ့၊ ဝိပဿနာ အလုပ်ကို ထက်သန်စွာ အားထုတ်ပါလော့ = ဤသို့သော အဓိပ္ပါယ်ကိုပင်ရည်၍ ပေးတော်မူခဲ့သော အောက်ပါ ဘုရားအဆုံး အမတော်ကို ရိုသေစွာ လိုက်နာပါလော့။ “ဈာယ (တုဝံ) ဘိက္ခု မာ ပမာဒေါ၊မာ တေ ကမာဂုဏေ ရမေဿု စိတ္တံ၊မာ လောဟဂုဠံ ဂိလီ ပမတ္တော၊ မာ ကန္ဒိ ဒုခ မိဒန္တိ ဒယှမာနော။” (ဓမ္မပဒ ၃၇၁-ဂါထာ) ဘိက္ခု- ရဟန်း။ တုဝံ-သင်သည်။ ဈာယ-မနားမဆုတ် အားထုတ်ညီညာ ရှုမှတ်ပါလော့။ မာ ပမာဒေါ - မေ့၍မနေလေလင့်။ တေ စိတ္တံ - သင်၏စိတ်ကို။ ကာမဂုဏေ - ငါးပါးအာရုံ ကာမဂုဏ်ထဲ၌။ မာရမေဿု - မွေ့လျော်နှစ်ခြိုက်က်ပျော်ပိုက်၍ မနေစေလင့်။ ပမတ္တော - မေ့မေ့လျော့လျော့ ပေါ့တော့တော့ နေမိသောကြောင့်။ နိရဟံပတွာ - တရံတခါ ငရဲရွာသို့ရောက်လတ်၍။ လောဟဂုဠံ - မီးလျှံ တဟုန်းဟုန်းနှင့် သံတုံးသံခဲကို။ မာဂိလီ - အလိုမကျဘဲ မမျိုရမိ ပါစေလင့်။ ဒယှမာနော - ငရဲမီးတပြောင်ပြောင် အပူလောင်ခံရသည်ဖြစ်၍။ ဣဒံ ဒုက္ခန္တိ - ဒီဟာက ဆင်းရဲလှပါတကား ဟူ၍၊ မာ ကန္ဒီ - ဟစ်အော်ယောင်ယမ်းလျက် မမြည်တမ်း မငိုကြွေးရပါစေလင့်။ ■တိရစ္ဆာန်ဘုံတွင် ပိုက်ကွန် မြှုံး စသည်ဖြင့် မိနေစဉ်ကာလ၌လည်း အားထုတ်ခွင့်မရနိုင်။ အဖျား၌ သံချွန်တပ်သောနှင်တံ ၊ ရိုးရိုး နှင်တံတို့ဖြင့် ထိုးဆွရိုက်နှက်ခံရလျက် ရထားဝန် လှည်းဝန်တို့ကို ရုန်းဆောင်နေရသော မြင်း နွား ကျွဲဖြစ်စဉ်၌လည်း အားထုတ်ခွင့်မရနိုင်။ ■ပြိတ္တာဘုံတွင် အနှစ် သိန်းပေါင်းများစွာ ကာလပတ်လုံး ဆာလောင် ငတ်မွတ်နေစဉ်၌လဲအားထုတ်ခွင့် မရနိုင်။ ■ကာလကဉ္စိက အသုရကာယ် ဘုံတွင် အရိုး အရေမျှဖြင့် အတောင် ခုနစ်ဆယ် ရှစ်ဆယ် ပမာဏ ခန္ဓာကိုယ်ရှိလျက် မစားရ မသောက်ရဘဲ လေ နေပူ စသည်တို့ဖြင့် ပင်ပန်း ဆင်းရဲ နေစဉ်၌လဲ အားထုတ်ခွင့် မရနိုင်။ ထိုတိရစ္ဆာန် ၊ ပြိတ္တာ၊အသူရကာယ်တို့သည် အားထုတ်သော်လည်း ဝိပဿနာဉာဏ် မဂ်ဖိုလ်ညာဏ်တို့ကို မရနိုင်ကုန်။ အိုသူတော်ကောင်း- လူဖြစ်နေစဉ် ယခုအခါသည်သာလျှင် “ဝိပဿနာအလုပ်” ကို အားထုတ်နိုင်သည့် အခါပေတည်း။ သို့ဖြစ်၍သင်မပျင်းနဲ့၊မမေ့နဲ့၊အားထုတ်ပါလော့။ ဤသည်ကား အပါယ်ဘေးကို ဆင်ခြင်၍ စိတ်ကို အားပေးပုံတည်း။ -【ဆဋ္ဌသင်္ဂီတိ ပုစ္ဆက၊ အဂ္ဂမဟာပဏ္ဍိတ၊ ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီး ဝိပဿနာရှုနည်း မှ- 】
https://www.dhammaransi.com/index.php/new/746-2015-10-24-23-55-58.html
“မပေးဥစ္စာ ရှောင်ကြဉ်ပါ”
https://www.dhammaransi.com/index.php/new/747-2015-10-24-23-54-52.html
“သေစာ”
https://www.dhammaransi.com/index.php/new/748-2015-10-24-23-54-26.html
သတိဖြင့် နေထိုင်ခြင်း
သတိဖြင့် နေထိုင်ခြင်း အစားအသောက်ကို သတိနဲ့စားလို့ရှိရင် သတိကောင်းလာတဲ့အတွက်ကြောင့် လိုတာထက်လည်း ပိုမစားဖြစ်ဘူး။ အဲဒါ ပထမဦးဆုံးရတဲ့ အကျိုးပဲ။ သာမန်အားဖြင့် လူတွေဟာ လိုတာထက် ပိုစားမိတတ်ကြတယ်။ သတိနဲ့စားလို့ရှိရင် လိုသလောက် စားပြီးတဲ့အခါမှာ အလိုလိုတော်ချင်လာတယ်။ သတိနဲ့စားတဲ့သူဟာ အစားအသောက်ပေါ်မှာ လောဘလျော့သွားတယ်။ ဉာဏ်ပညာ ပိုကြီးလာတယ်။ ခန္ဓာကိုယ်ကျန်းမာရေးနဲ့ ကိုက်ညီအောင် လိုအပ်တဲ့ပမာဏ မပိုမလို စားမယ်။ အစားအသောက်နဲ့စိတ်နဲ့၊ အစားအသောက်နဲ့ခန္ဓာကိုယ်နဲ့ ဆက်စပ်မှုကိုလည်း ပိုမြင်လာတယ်။ မြင်လာတဲ့အတွက်ကြောင့် ကျန်းမာရေးနဲ့မတည့်တာတွေ မစားတော့ဘူးနော်။ ပြီးတော့ ဒီအပေါ်မှာ စွဲလန်းမှုလည်း နည်းသွားတယ်။ နောက်နေ့ကျရင် ရှိရင်တော့ စားမယ်။ မရှိရင်လည်း ကိစ္စမရှိဘူး။ နောက်နေ့ကျ ဒါမျိုးစားဖို့အရေး ပူပူလောင်လောင်ကြီး မလုပ်တော့ဘူး။ အစားအစာတင်မကဘူး။ ဆေးဝါးလည်း ဒီလိုဘဲ။ မလိုအပ်ပဲနဲ့ မသုံးချင်ဘူး။ ဆေးတစ်ခုခု သောက်လိုက်တဲ့အခါမှာ ခန္ဓာကိုယ်မှာ ဘယ်လိုဖြစ်လာသလဲဆိုတာ အသေးစိတ် သိနေတယ်။ ဆေးရဲ့ side effect ကို ပိုသိရတယ်။ လွယ်လွယ်နဲ့ မသုံးချင်ဘူး။ သဘာဝအတိုင်း ကျန်းမာအောင်ပဲ ကြိုးစားချင်တော့တာ။ အဝတ်အစားနဲ့ ပတ်သက်ပြီးတော့လည်း လူတွေရဲ့စိတ်မှာ ခံစားချက် တော်တော်လေး များပါတယ်။ အထူးသဖြင့် အခုခေတ်မှာ အဝတ်အစား အထူးအဆန်းတွေ အများကြီးဝတ်ကြတာပဲ။ တန်ကြေးဆိုရင်တော့ မပြောပြတတ်တော့ပါဘူး။ အဲဒီတော့ အဝတ်အစားဝတ်တာနဲ့ ပတ်သက်ပြီးတော့ သတိလေးနဲ့ဉာဏ်လေးနဲ့ လုပ်မယ်ဆိုရင် ဒီအဝတ်အစားဟာ ဒီရာသီဥတုနဲ့ ကိုက်ညီတယ်။ ကိုယ်သွားရမယ့်ခရီး၊ ကိုယ့်တွေ့ရမယ့်ပုဂ္ဂိုလ်နဲ့လည်း ဒီအဝတ်အစားဟာ သင့်တော်တယ်ဆိုတဲ့ ဉာဏ်ကလေးသုံးပြီးတော့ ဝတ်မှာပဲနော်။ အဝတ်အစားနဲ့ ပတ်သက်ပြီးတော့ လွန်လွန်ကဲကဲ ကြွားစရာဝါစရာကြီးဖြစ်အောင် လုပ်မနေတော့ဘူး။ ကိုယ်ဝတ်တဲ့အဝတ်အစားဟာ ကိုယ့်အသက်အရွယ်၊ ကိုယ့်ဂုဏ်သိက္ခာ၊ ကိုယ်လုပ်တဲ့အလုပ်အကိုင်နဲ့ ကိုက်ညီအောင်တော့ ရွေးလိုက်ပါနော်။ အဲဒီလို ဉာဏ်နဲ့သိပြီးတော့ လုပ်ခြင်းအားဖြင့် အကုန်အကျလည်း အများကြီး နဲသွားလိမ့်မယ်။ သူနဲ့ပတ်သက်တဲ့ လောဘလည်း နည်းသွားလိမ့်မယ်။ လောဘနဲသွားရင် ဒေါသလည်း နည်းသွားမယ်နော်.....။ ပစ္စုပ္ပန်မှာ စိတ်ကိုထားတတ်တဲ့အလေ့အကျင့် များလာရင် အဲဒီလူဟာ အပိုကိစ္စတွေကို လျှော့တတ်လာတယ်။ အပိုစကားပြောတာတွေ၊ အပိုခရီးသွားတာတွေ၊ အကျိုးမရှိဘဲနဲ့ထိုင်တွေးပြီၤး ပူနေတာတွေလည်း လျှော့သွားတယ်။ စိတ်က ပိုရှင်းလာတဲ့အတွက် တစ်ခုခုကိုလုပ်စရာရှိလို့ စဉ်းစားရမယ်ဆိုရင် သူသိပ်အချိန်ကြာကြာ စဉ်းစားမနေရဘူး။ ချီတုံချတုံဖြစ်ပြီး အချိန်ကုန်မသွားဘူး။ သတိရှိလို့ သမာဓိလည်း ကောင်းလာတဲ့အခါ၊ စိတ်လည်း ကြည်လင်အေးချမ်းလာတဲ့အခါမှာ လုပ်စရာကိစ္စတစ်ခုခုရှိလို့ အေးအေးဆေးဆေး အာရုံပြုလိုက်ရင် ဘယ်ကိစ္စ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာ လွယ်လွယ်ကူကူနဲ့ လျင်လျင်မြန်မြန် အဖြေထွက်လာတယ်။ အဲဒါကိုက အချိန်ကုန်တော်တော် သက်သာသွားတာ၊၊ အပိုလုပ်လို့ အလုပ်ပိုတာ…။ ခြေတစ်လှမ်း တစ်ချက်လောက်သိတယ်ဆိုရင်ကိုပဲ အင်မတန် အကျိုးများပါတယ်။ ဒါက လုပ်မကြည့်သေးဘဲနဲ့တော့ မသိဘူးနော်၊လုပ်ကြည့်လာတဲ့အခါကျမှ တကယ့်ကိုအကျိုးများတာကို သိလာလိမ့်မယ်။ သာမန်အခြေအနေမှာ လူတွေဟာ တစ်ခုခု စိတ်ညစ်စရာ၊ စိတ်ပူစရာ၊ သဘောမကျစရာ၊ စိတ်ပင်ပန်းစရာတွေ တွေးနေတတ်တယ်။ အရေးကြီးသည်ဖြစ်စေ၊ အရေးမကြီးသည်ဖြစ်စေ၊ တွေးနေတာပဲ။ သတိနဲ့သိပြီးတော့ နေသွားခြင်းအားဖြင့် အဲဒီအတွေးတွေဟာ နည်းနည်းတော့ လျော့သွားတယ်။ အတွေးနည်းနည်းလျော့သွားရင် စိတ်က နည်းနည်းကြည်လာတယ်။ စိတ်နည်းနည်း အေးချမ်းလာတယ်။ စိတ်မှာ ပင်ပန်းမှု နည်းနည်းလျော့သွားတယ်၊၊ မိုးလင်းကတည်းက၊ အိပ်ရာနိုးကတည်းက ကိုယ့်ရဲ့စိတ်အခြေအနေ Mood ကို ပြုပြင်ထားရမယ်။ နိုးရင် နိုးနိုးချင်း တရားရှုမှတ်လိုက်ရင် သတိ၊ သမာဓိ ကောင်းလာပြီး စိတ်ကြည်လင်အေးချမ်းလာပြီးတော့ တည်ကြည်ခန့်ညားတဲ့၊ အေးချမ်းတဲ့၊ ဂုဏ်သိက္ခာရှိတဲ့ Mood မျိုးရလာတယ်။ အဲဒီ Mood လေးကို အပျက်မခံဘဲ ထိန်းသွားရမယ်။ အဲဒီလို တစ်နေ့တာလုံး တည်ငြိမ်အေးချမ်းတဲ့၊ ခန့်ညားမှုရှိတဲ့၊ တည်ကြည်မှုရှိတဲ့၊ မြင့်မြတ်တဲ့စိတ်ကို ထိန်းထားလို့ရှိရင် တရားထိုင်တဲ့အခါမှာ လွယ်လွယ်ကူကူနဲ့ သတိ၊ သမာဓိကို ရတယ်၊၊ ညမှာ တရားအားထုတ်ပြီးမှ အိပ်လို့ရှိရင် မနက်နိုးတဲ့အခါမှာ ပိုပြီး ကြည်လင်လန်းဆန်းတယ်။ တရားအားထုတ်ဖို့လည်းပဲ ပိုပြီးတော့ စိတ်က သတိရတယ်။ လုံ့လဝီရိယ၊ သဒ္ဓါတရားလည်းပဲ ပိုပြီၤးတော့ အားကောင်းလာတယ်။ အိပ်နေရင်းပဲ အသက်ရှုတာလေးကို သိပြီးတော့ နေလိုက်ပါ။ စိတ်ကတော့ ထုံးစံအတိုင်းပဲ ဟိုကိစ္စ၊ ဒီကိစ္စ တွေးဦးမှာပဲ။ တွေးလိုက်ရင် တွေးတယ်ဆိုတာလေးကို စိတ်ကသိလိုက်ပါ။ သိပြီးရင် “ဘာမှ မထူးပါဘူး” ဆိုပြီးတော့ အသာလေးစိတ်ကို လျော့ချလိုက်ပါ။ ကိုယ့်ကိုယ်ကို စိတ်မဆိုးပါနဲ့။ ပြန်ပြီးတော့ အသက်ရှုတာလေးကို သတိကပ်ပြီးတော့ ထားလိုက်ပါ။ ခန္ဓာကိုယ်ကိုလည်းပဲ ခြေတွေလက်တွေကို အတတ်နိုင်ဆုံး သက်တောင့်သက်သာဖြစ်အောင် လျှော့ပြီးတော့ ချထားပါ။ နေရာအနေအထားကိုလည်း အသက်သာဆုံး ဖြစ်သွားအောင် ပြင်လိုက်ပါ။ ခေါင်းအုံးကအစ နိမ့်လွန်းရင်လည်း မကောင်းဘူး။ မြင့်လွန်းရင်လည်း မကောင်းဘူး။ အဲသည်လို ကိုယ်နဲ့ အဆင်ပြေဆုံးဖြစ်အောင် ပြုပြင်ထားပြီး အိပ်လျက်ကလေးပဲ တရားအားထုတ်ပါ။ ဒီလိုတရားအားထုတ်ရင်း၊ တရားအားထုတ်ရင်းနဲ့ပဲ အိပ်ပျော်သွားပါစေ…။ စာကျက်ခါနီးမှာ တရားထိုင်တယ်။ တရားထိုင်ပြီးမှ စာကျက်တယ်။ အဲဒီလိုလုပ်တော့ စာတွေကို ပိုပြီးတော့ မှတ်မိတယ်။ ပိုပြီးတော့ သဘောပေါက်တယ်။ တော်တော်နဲ့ မမေ့ဘူး။ အိပ်ခါနီးမှာလည်း အိပ်ရာထဲမှာ တရားမှတ်ရင်းနဲ့ အိပ်တာပဲ။ စိတ်ထဲမှာလည်း ရှင်းသွားတယ်။ ခန္ဓာကိုယ်ထဲမှာလည်း ရှင်းသွားပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်သွားတယ်၊၊ တရားကတော့အားထုတ်နေမှာပဲ။ ကိုယ်သိနိုင်တဲ့အကျိုးက ရနေတာကိုး။ အသိဉာဏ် ထက်တယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်။ စိတ်ချမ်းသာတယ်။ ဘာမှမတွေးပဲနဲ့ ဒီလိုသိနေတဲ့အခါမှာ စိတ်က အင်မတန် အေးချမ်းနေတယ်။ တခြားနည်းနဲ့ပျော်မယ့်အစား အဲသလို တစ်နေရာမှာ တိတ်တိတ်ဆိတ်ဆိတ် အေးအေးကလေး နေပြီးတော့ တရားနဲ့ပဲ ပျော်လာတာပဲ။ စိတ်တည်ငြိမ်အေးချမ်းမှုနဲ့ အသိဉာဏ်နက်နဲမှုဟာ အင်မတန် အရသာရှိတယ်။ အင်မတန် ကျေနပ်စရာကောင်းတယ်။✌✌ ��ဆရာတော်ဦးဇောတိက�� �� ( မဟာမြိုင်တောရ ) �� ▫ ▫ ၏ ▫ ▫ ��“ တွေးမိတိုင်း ပျော်တယ် ” �� စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊
https://www.dhammaransi.com/index.php/new/749-2015-10-24-23-53-44.html
“ဥပုသ်သည် နဲ့ ပန်းနံ့သာ”
“ဥပုသ်သည် နဲ့ ပန်းနံ့သာ” •••••••••••••••••••••••••••••••••••• အရှင်ဘုရား ဥပုသ်မယူသေးခင် သနပ်ခါးလိမ်းခြင်း၊ ပန်းပန်ခြင်း၊ ရေမွှေးဆွတ်ဖျန်းခြင်း ပြုလုပ်လို့ ရပါသလားဘုရား။ ဒီလိုပြုလုပ်ရင် ဥပုသ်ကျိုးနိုင်၊ မကျိုးနိုင်အထင်အရှား မိန့်ကြားတော်မူပါဘုရား။ -【ကိုအောင်ဆန်းဋ္ဌေး၊မိတ္ထီလာမြို့ 】 ဒကာအောင်ဆန်းဌေးရေ ..... ပိဋကတ်အဆိုအမိန့်တွေ၊ ရှေးထုံးသာဓကတွေကို မကိုးကားဘဲ ရိုးရိုးရှင်းရှင်းလေး စဉ်းစားကြည့်လိုက်ရုံနဲ့ ဥပုသ်စောင့်ဖို့ ရည်ရွယ်ထားသူတစ်ယောက်ဟာ ဥပုသ်မယူခင်မှာ ကြိုတင်ပြီး သနပ်ခါးလိမ်းခြင်း၊ မိတ်ကပ်လူးခြင်း၊ ရေမွှေးဆွတ်ခြင်း၊ ပန်းပန်ခြင်း မပြုလုပ်သင့်ဘူး . . . . ဆိုတာ သိသာထင်ရှားပြီးသားပါ။ ❖ဥပုသ်မယူခင် လိမ်းတာ၊ ပန်တာမို့ ဥပုသ်မကျိုးနိုင်ပါဘူး လို့ ဆင်ခြေပေးတာဟာ ဝိနည်းရှောင်တဲ့သဘောနဲ့ ကလိမ်ကကျစ် လုပ်လိုက်တာပါပဲ။ဝိနည်းဥပဒေကို လက်တစ်လုံးခြား လှည့်ပတ်တတ်တဲ့ အဲဒီစိတ်ထားဟာ ရိုးသားမှု မရှိတဲ့ စိတ်ထားပါ။ ❖ဥပုသ်မယူခင် ပန်းပန်ထားတယ် ဆိုပါစို့။ ဥပုသ် ယူပြီးတဲ့နောက် အဲဒီပန်းကို ဖြုတ်မပစ်ဘူးဆိုရင် အဲဒီ ဥပုသ်သည်ကို ပန်းပန်ထားသူလို့ပြောမလား၊ ပန်းပန် မထားသူ လို့ ပြောမလား၊ “ပန်းပန်ထားသူ”လို့ပဲ ပြောရမှာပါ။ ❖ဥပုသ်မယူခင်က ပန်ထားတာမို့ “ကျွန်မ ပန်း မပန်ပါဘူး၊ ပန်းက ကျွန်မခေါင်းပေါ်ကနေ သူ့ဘာသာသူ မဆင်းတာပါ” လို့ ငြင်းပယ်ခွင့် မရှိပါဘူး။ ငြင်းပယ်ခဲ့ရင်လည်း သူ့လောက် ကလိမ်ကကျစ်လုပ်တဲ့ ဥပုသ်သည် ရှိမှာ မဟုတ်တော့ပါဘူး။ ဥပုသ်ကိစ္စမှာတောင် ကလိမ်ကကျစ် လုပ်ရဲမှတော့ တခြားကိစ္စတွေမှာလည်း ကလိမ်ကကျစ်လုပ်ဖို့ ဝန်လေးမှာ မဟုတ်တော့ပါဘူး။(ပန်းက ခေါင်းပေါ်ကနေ ဘယ်ဆင်းပါ့မလဲ၊ကလစ်နဲ့ အသေအချာ ညှပ်ထားတဲ့ ဥစ္စာ။) ဥပုသ်မယူခင် ပန်ထားတဲ့ ပန်းကို ဥပုသ်ယူပြီးနောက် ဖြုတ်မပစ်ဘဲ ဆက်ပန်ထားတာဟာ ပန်းပန်တာ မဟုတ်လို့ ဘာများပါလိမ့်။ ဥပုသ်မယူခင်ပန်တာ ဘာအပြစ်မှ မရှိပေမယ့် ဥပုသ်ယူပြီးနောက် ဆက်ပန်ထားရင်တော့ အပြစ်ရှိပါတယ်။ ဥပုသ်ကျိုးကို ကျိုးပါတယ်။ ❖ပန်ထားတဲ့ပန်းကို ဖြုတ်မပစ်သေးသရွေ့ ပန်းပန်ခြင်းကိစ္စ အထမြောက်နေပါတယ်။ စ, ပန်တဲ့ အချိန် အခိုက်အတန့်လေးကိုသာ ပန်းပန်တယ်လို့ ခေါ်တာ မဟုတ်ပါဘူး။ ခေါင်းပေါ်မှာ ပန်းရှိနေသမျှ ကာလပတ်လုံး ပန်းပန်တယ်လို့ ခေါ်ပါတယ်။ မနက်ပိုင်းကပန်ထားတဲ့ပန်းကို ဆံကေသာမှာ ဆင်မြန်းထားဆဲ ဖြစ်တဲ့ မိန်းကလေးတစ်ယောက်နဲ့ ညနေပိုင်းမှာတွေ့လို့ “ဟယ် . . . နင်ပန်ထားတဲ့ ပန်းကလေးက လှလိုက်တာ” လို့ ပြောတာကို “ကျွန်မ ပန်းမပန်ထားပါဘူး” လို့ ငြင်းရင် ငြင်းတဲ့မိန်းကလေးသာ ရယ်စရာဖြစ်သွားမှာပေါ့။ ✤သနပ်ခါးလိမ်း၊ ✤မိတ်ကပ်လူး၊ ✤ ရေမွှေးဆွတ်တာတွေလည်း နည်းတူပါပဲ။ ✤ဥပုသ်မယူခင် လိမ်းထားတဲ့ သနပ်ခါး၊ မိတ်ကပ်က ဥပုသ်ယူပြီးတာနဲ့ အလိုအလျောက် ပျက်သွားရင်တော့ လိမ်းကောင်းလိမ်းသင့်ပါလိမ့်မယ်။ ✤ဥပုသ်မယူခင် ဆွတ်ထားတဲ့ ရေမွှေးက ဥပုသ်ယူပြီးတာနဲ့ သူ့ဘာသာသူ ရနံ့ ပြယ်သွားရင်တော့ ဆွတ်ကောင်း ဆွတ်သင့်ပါလိမ့်မယ်။ အခုတော့ . . . . သနပ်ခါး၊ မိတ်ကပ်ကလည်း အသားမပျက်၊ ရေမွှေးကလည်း ရနံ့မပြယ်တဲ့အတွက် အဲဒီ ဥပုသ်သည် အဲဒီသနပ်ခါး၊ မိတ်ကပ်၊ ရေမွှေးတွေအပေါ် သာယာမှု၊ နှစ်သက်သဘောကျမှု ဖြစ်သွားရရှာပါတယ်။ ဥပုသ်ရဲ့ အနှစ်သာရက “ကိလေသာငြိမ်းအေးခြင်း” ဖြစ်တဲ့အတွက် ကိလေသာမငြိမ်းအေးတဲ့ အဲဒီဥပုသ်သည် -ဥပုသ်မကျိုးတောင်မှ ဥပုသ်ညှိုးသွားပါပြီ။ -ဥပုသ် မပျက်တောင်မှ ဥပုသ်အက်သွားပါပြီ။ ဒါက အားနာလို့ လျှော့ပေါ့ပြောတာပါ။ ဥပုသ်မယူခင်က လိမ်းကျံဆွတ်ဖျန်းထားတဲ့ အမွှေးနံ့သာတွေကို ဥပုသ်ယူပြီးနောက်ပိုင်း ဆက်လက် ထိန်းသိမ်းထားတာဟာ ဥပုသ်ကြီးနဲ့ အမွှေးနံ့သာတွေကို လက်ခံ အသုံးပြုနေရာရောက်လို့ ဥပုသ်ကျိုးကို ကျိုးပါတယ်။ ❖ဒီနေရာမှာ တစ်ခုတော့ မေးစရာရှိပါတယ်။ ဘုရားလောင်း ပဋိသန္ဓေယူမယ့် ဝါဆိုလပြည့်နေ့မှာ မယ်တော်မာယာ ဥပုသ်စောင့်တော့ ဥပုသ်မယူခင် နံ့သာရေတွေနဲ့ ရေချိုးခဲ့တာပဲ မဟုတ်လား . . . လို့။ ❖ဟုတ်ပါတယ်။နံ့သာရေတွေနဲ့ ရေချိုးခဲ့ပါတယ်။ ဒါပေမဲ့ နံ့သာရေနဲ့ ရေချိုးတယ်ဆိုတာ အခုခေတ်လို ပြောရင်တော့ အမွှေးဆပ်ပြာတိုက်ပြီး ရေချိုးတာပါ။ သနပ်ခါးလိမ်းတာမျိုး၊ နံ့သာပျောင်း နံ့သာနှစ် (မိတ်ကပ်လိုအရာ)လူးတာမျိုး လုံးဝ မဟုတ်ပါဘူး။ ❖ဘုရားလောင်း မဟာသုဒဿနစကြာမင်း စကြာရတနာ ဆိုက်ရောက်မယ့်နေ့မှာ နံ့သာရေအိုး ၁၆လုံး နဲ့ရေချိုးပြီး၊ ဥပုသ်စောင့်တယ်ဆိုတာလည်း ဆပ်ပြာခဲ အမွှေးနဲ့ ရေချိုးတဲ့သဘောသက်သက်မျှသာ ဖြစ်ပါတယ်။ နံ့သာလိမ်းခြင်း၊နံ့သာပျောင်းလူးခြင်း လုံးဝ မဟုတ်ပါဘူး။ မယ်တော်မာယာတို့၊ မဟာသုဒဿနစကြာမင်းတို့ ဥပုသ်မယူခင် နံ့သာရေချိုးတာကို ကိုးကားပြီး ဥပဒေ လက်တစ်လုံးခြား သနပ်ခါး ကြိုလိမ်းမယ်၊ မိတ်ကပ်ကြိုလူးမယ်၊ ရေမွှေးကြိုဆွတ်မယ် ဆိုရင်တော့ ဥပုသ်ကျိုးပြီး၊ “ထော့နဲ့ထော့နဲ့ ဥပုသ်သည်” ပဲ ဖြစ်သွားပါလိမ့်မယ်။ တချို့က “ဆေးအဖြစ်နဲ့ လိမ်းတာပါ” လို့ အကြောင်း ပြကြပါတယ်။အရင်နေ့တွေက . . . အလှအပအတွက် လိမ်းလာခဲ့ပြီး၊ဥပုသ်နေ့ကျမှ “ဆေးအဖြစ်နဲ့” လို့ အကြောင်းပြတာကတော့ ကိုယ့်ကိုယ်ကိုယ်ကိုရော၊ သီလတရားကိုပါ လှည့်စားရာ ရောက်လွန်းမနေဘူးလား။ ဥပုသ်သည်ရဲ့ မျက်နှာ သနပ်ခါး အဖွေးသား ဖြစ်နေတာကတော့ အမြင်လေးရယ်မှ အိုမတော်ပါပဲကွယ်။ တကယ်ဆို ဒီကိစ္စနဲ့ပတ်သက်ပြီး စာပေအထောက် အထားတွေ၊ဘာတွေ အထွေအထူး ရှာဖွေနေစရာတောင် မလိုပါဘူး။ ဥပုသ်ရဲ့ အဓိပ္ပာယ်၊ ဥပုသ်ရဲ့ အနှစ်သာရကို နားလည်ရုံနဲ့ ကိစ္စပြီးပါတယ်။ ❖“ဥပုသ်” ဆိုတဲ့ စကားလုံးက “စိတ်ကောင်းစိတ်မြတ်၊ဓာတ်ကောင်းဓာတ်မြတ်တွေ နဲ့ ပြည့်စုံစွာ နေထိုင်ခြင်း” လို့ အဓိပ္ပာယ်ရပါတယ်။ ❖ဥပုသ်ရဲ့ အနှစ်သာရကတော့ “ကိလေသာငြိမ်းအေးခြင်း”ပါ။ မွှေးရနံ့တွေ ထုံသင်းနေတဲ့ ခန္ဓာကိုယ်နဲ့ စိတ်ကောင်း စိတ်မြတ်တွေ ပြည့်စုံမလား၊ စိတ်ဆိုးစိတ်ယုတ်တွေ ပြည့်စုံမလားဆိုတာ ကိုယ့်ဘာသာကိုယ် ဆင်ခြင်ကြည့်ရင် သိနိုင်ပါတယ်။ ❖ဒီနေရာမှာ “စိတ်ဆိုးစိတ်ယုတ်” ဆိုတာ ဟိုလို စိတ်ဆိုးစိတ်ယုတ်ကို ပြောတာ မဟုတ်ပါဘူး။ ခြယ်သထားတဲ့ အလှအပတွေ၊ဆွတ်ဖျန်းထားတဲ့ အမွှေးအထုံတွေအပေါ် ကျေနပ်နှစ်သက်တဲ့စိတ်ကို ပြောတာပါ။ အသေးအမွှားသာယာမှုလေးသည်ပင် ဥပုသ်သည်တစ်ယောက်ရဲ့ ဥပဒေမှာတော့ “စိတ်ဆိုးစိတ်ယုတ်”ပါပဲ။ (ကိလေသာ=စိတ်ဆိုး စိတ်ယုတ်။) “စိတ်ကောင်းစိတ်မြတ်”ဆိုတာကတော့ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာတွေနဲ့ ထုံမွမ်းထားတဲ့ စိတ်ကို ပြောတာပါ။အလွယ်ပြောရရင်တော့ “ဘာဝနာစိတ်”ပေါ့။ “ဥပုသ်သီလ၊ ဥပုသ်သီလ” လို့ ပြောကြပေမယ့်၊ တကယ်တော့ ဥပုသ်ဟာ သီလသက်သက် မဟုတ်ပါဘူး။ “ဘာဝနာ” လည်း ပါပါတယ်။ “အင်္ဂါရှစ်တန်၊ သီလခံ၍၊ ခြိုးခြံအောင့်အည်း၊ တစ်ဖြောင့်တည်းဖြင့်၊ စောင့်စည်းကြိုးကုတ်၊ တရားလုပ်၊ ဥပုသ်စောင့်ဟုခေါ်” ဆိုတဲ့အတိုင်း ကိုယ်နှုတ်လွန်ကျူးမှုနဲ့ ပတ်သက်တဲ့ သိက္ခာပုဒ်ရှစ်ခုကို တစ်ဖက်က စောင့်ထိန်းရင်း၊ စိတ်အလုပ်ဖြစ်တဲ့ ဘာဝနာအလုပ်ကို တစ်ဖက်က လုပ်နေတာကိုပဲ “ဥပုသ်စောင့်တယ်”လို့ ခေါ်ပါတယ်။ စိတ်ကောင်းစိတ်မြတ်၊ ဓာတ်ကောင်းဓာတ်မြတ်တွေ တိုးပွားအောင် လုပ်တာကို “ဘာဝနာ” လို့ ခေါ်တာမို့ ဥပုသ်သည်တစ်ယောက်ဟာ ဥပုသ်ယူပြီးတာနဲ့ ကိုယ့်စိတ်မှာ ဘာကိလေသာမှ ဝင်မလာအောင် တားမြစ်စောင့်ရှောက်ပြီး သတိ၊ သမာဓိ၊ ဉာဏ် စတဲ့ သူတော်ကောင်း တရားတွေ တိုးပွားနေအောင် ပြုလုပ်အားထုတ်ရပါမယ်။ တရားနာ၊ တရားအားထုတ်၊ တရားစာအုပ်ဖတ် စသည် အားဖြင့်ပေါ့။ ❖“မျက်နှာပြောင်ကြီးနဲ့ဆို ဘယ်ကောင်းပါ့မလဲ”လို့တချို့က ပြောကြပါတယ်။ မျက်နှာပြောင်ကြီးဖြစ်နေတာကို မကြိုက်တာက ဒေါသ၊ မျက်နှာပြောင်ကြီး မဖြစ်ဘဲ ဖွေးဥနေတာကို ကြိုက်တာက လောဘ။ ကဲ . . . လောဘ၊ ဒေါသဖြစ်နေမှတော့ ဥပုသ်ကျိုးပြီပေါ့။ ကလိမ်ကကျစ် ဥပုသ်သည် ၊ ထော့နဲ့ထော့နဲ့ ဥပုသ်သည် မဖြစ်စေရေးအတွက် ကရုဏာမံတဲ့ လူကြီးသံနဲ့ “နေ့တိုင်း လိမ်းနေ၊ ဆွတ်နေတာပဲကွယ်၊ ဥပုသ်စောင့်တဲ့ နေ့လေးတော့ မလိမ်း၊ မဆွတ်ဘဲ နေလိုက်ပါနော်။ ဒါမှ စင်ကြယ်တဲ့ဥပုသ် ဖြစ်မှာပေါ့ကွဲ့” လို့သာ ဖျောင်းဖျောင်းဖျဖျ နားချလိုက်ချင်ပါတော့တယ်။ သီလနဲ့ ပတ်သက်ပြီး“ဂရုကလဟုကေသု ဂရုကောဌာတဗ္ဗံ - အလေး၊ အပေါ့ အားပြိုင်လာရင် အလေးဘက်က ရပ်တည်ရမယ်” ဆိုတဲ့ ပိဋကတ်အဆိုအမိန့် တစ်ခုရှိပါတယ်။ ဥပုသ်မယူခင် လိမ်းကျံခြယ်သတာတွေနဲ့ ပတ်သက်လို့ “ဥပုသ်ကျိုးတယ်” ဆိုတာက “အလေး” ဖြစ်ပြီး၊ “ဥပုသ်မကျိုးဘူး” ဆိုတာက “အပေါ့” ဖြစ်ပါတယ်။ ဘယ်ဘက်က ရပ်တည်မလဲ ဆိုတာကတော့ ကိုယ့်ရဲ့ သီလမြတ်နိုးစိတ် အနုအရင့်ပေါ်မှာ မူတည်ပြီး၊ ဘာသာဆုံးဖြတ်ရုံပါပဲ။ အမှန်ကတော့ ဒီလိုကိစ္စမျိုးတွေမှာ ကျိုးတယ်၊မကျိုးဘူး ငြင်းခုံနေမယ့်အစား သိက္ခာပုဒ်ကို အစွန်းအထင်းဖြစ်စေမယ့် သံသယဖြစ်ဖွယ် လုပ်ရပ်မှန်သမျှကို အပြစ်လို့ သတ်မှတ်ပြီး အကင်းရှင်းဆုံး၊ အသန့်စင်ဆုံးဖြစ်အောင် စောင့်ထိန်းတာက သူတော်ကောင်း ပိုပီသပါတယ်။ ဒကာအောင်ဆန်းဋ္ဌေးရဲ့ ပေးစာထဲမှာ နီးစပ်ရာ ညီမတွေ၊ အစ်မတွေ၊ ပတ်သက်ရာ ဆွေမျိုးတွေ၊ မိတ်ဆွေတွေကို ဥပုသ်မယူခင် ကြိုလိမ်း၊ ကြိုဆွတ်တာမျိုး မလုပ်ဖို့ ဘယ်လိုမှပြောလို့မရဘူး လို့ ညည်းတွားထားတယ်နော်။ တစ်ကြိမ်တစ်ခါ၊ သို့မဟုတ် နှစ်ကြိမ်၊ သုံးကြိမ်ပြောလို့မှ မရရင်တော့ “သူတို့ထိုက်နဲ့ သူတို့ကံပဲ”လို့ နှလုံးသွင်းပြီး၊ ဥပေက္ခာပြု လျစ်လျူရှုထားလိုက်တာ အကောင်းဆုံးပါပဲ။ သူတို့က ဂွတ်ဒ်တယ်ထင်လို့ ဒူးကြတာကို အိုင်တို့က ဘာများတတ်နိုင်မှာတဲ့လဲ။ စာရေးဆရာကြီးတစ်ဦး(ဗန်းမော်တင်အောင်) ရဲ့ လေသံနဲ့ ပြောရရင်တော့ “ကျွန်တော်ကရော ဘာများတတ်နိုင်ပါဦးမည်နည်း”ပေါ့ ဒကာအောင်ဆန်းဌေးရေ……။ ။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)】
https://www.dhammaransi.com/index.php/new/750-2015-10-24-23-53-16.html
ဗုဒ္ဓလက်ထက် အရှင်လတ်လတ် မြေမျိုခံခဲ့ရသူ (၅)ဦး
ဗုဒ္ဓလက်ထက် အရှင်လတ်လတ် မြေမျိုခံခဲ့ရသူ (၅)ဦး မိလိန္ဒပဥှပါဠိတော် (၁၀ဂ)တွင် ဂေါတမဘုရားရှင် သာသနာတော်အတွင်း၌ အရှင်လတ်လတ် မြေမျိုခံခဲ့ရသူ ငါးဦးရှိကြောင်း ဖော်ပြထား၏။ ထိုငါးဦးမှာ (၁) စိဉ္စမာဏ (၂) သုပ္ပဗုဒ္ဓ (၃) အရှင်ဒေဝဒတ် (၄) နန္ဒကဘီလူး (၅) နန္ဒလုလင် တို့ပင် ဖြစ်သည်။ ၁။ စိဉ္စမာဏ စိဉ္စမာဏသည် ဘုရားလက်ထက် တိတ္တိဆရာကြီးများ၏ စေခိုင်းမှုကြောင့် မြတ်စွာဘုရားရှင်အား အမျိုးမျိုး စွပ်စွဲခဲ့သူ ဖြစ်သည်။ စိဉ္စမာဏသည် မြတ်ဗုဒ္ဓအား လူအများ အထင်လွဲမှားစေရန် ရည်ရွယ်၍ ညနေချမ်းလူများ မြင်ရချိန်တွင် ဘုရားကျောင်းတော်အတွင်း ဝင်သွားပြီး မနက်စောစော လူအများကျောင်းကို လာချိန်တွင် ဘုရားကျောင်းတော်မှ ပြန်ထွက်လာဟန် ပြုမူနေထိုင်ခဲ့ပြီး အတော်အတန် ကြသည့်အခါ ရဟန်းဂေါတမနှင့် ကိုယ်ဝန်ရသည့် ပုံစံဖြင့် မိမိဝမ်းဗိုက်တွင် ပြင်ချပ်ချည်ကာ တရားဟောနေသည့် ဘုရားရှင်အား တရားနာပရိတ်သတ်ကြားတွင် စွပ်စွဲလေ၏။ မြတ်ဗုဒ္ဓက မေတ္တာတရားဖြင့်သာ နေတော်မူချိန် နတ်သားလေးယောက်တို့က ကြွက်ယောင်ဖန်းဆင်းပြီး စိဉ္စမာဏ၏ ကိုယ်ဝန်အတုကို ကိုက်ဖြတ်ကာ အမှန်ကို ဖော်ထုတ်ပေးခဲ့သည်။ ထိုအခါမှသာ တရားနာပရိတ်သတ်များလည်း အမြင်ရှင်းကာ ထိုအမျိုးသမီးအား ရိုက်ပုတ်ပြီး ကျောင်းအပြင်သို့ နှင်ထုတ်လိုက်ကြလေသည်။ စိဉ္စမာဏသည် ဘုရားရှင် မျက်ကွယ်သို့ ရောက်သည့်ခဏမှာပင် မြေမျိုခံခဲ့ရလေတော့သည်။ အဝီစိငရဲမှ မီးလျှံများသည် စိဉ္စမာဏအား ရစ်ပတ်၍ အဝီစိငရဲသို့ ခေါ်ဆောင်သွားခဲ့လေသည်။ ၂။ သုပ္ပဗုဒ္ဓ သုပ္ပဗုဒ္ဓသည် ဘုရားရှင် သိဒ္ဓတ္ထမင်းသား ဘဝက တော်စပ်ခဲ့ရသည့် ယောက္ခမ သကျသာကီဝင် မင်းမျိုးဖြစ်၏။ ဒေဝဒတ်နှင့် ယသော်ဓရာတို့၏ အဖေ၊ သိဒ္ဓတ္ထမင်းသား၏ ဦးရီးတော်လည်း ဖြစ်၏။ သုပ္ပဗုဒ္ဓသည် တူတော်သိဒ္ဓတ္ထမင်းသာ ဘုရားအဖြစ်ကို ရောက်ပြီးနောက်ပိုင်း သမီးတော် ယသော်ဓရာကို ထားခဲ့သည့် အကြောင်း၊ သားတော် ဒေဝဒတ်၏ ရန်သူအရာ၌တည်ခဲ့သည့် အကြောင်း၊ မိမိထက်ငယ်ရွယ်သူ တူတော်မောင် တစ်ယောက်အပေါ် ရိုသေလေးစားမှု မပြုလိုသည့်အကြောင်း စသည့်အကြောင်းများဖြင့် ဘုရားရှင်အပေါ် ရန်ငြိုးထားသူ ဖြစ်သည်။ တစ်နေ့တွင် ဘုရားရှင်ကြွတော်မူရာ လမ်းကိုပိတ်ပင်တားဆီး၊ ဘုရားရှင်တို့၏ ခရီးလမ်းကို နှောက်ယှက်ဖျက်ဆီးသည်ကို အကြောင်းပြု၍ ဘုရားရှင်က ဦးရိးတော်သည် ဤအကုသိုလ်ကြောင့် (၇)ရက်လွန်သည့်အခါ ပြဿဒ်ခြေရင်း လှေခါးရင်းတွင် မြေမျိုခံရမည် ဖြစ်ကြောင်း မိန့်တော်မူခဲ့သည်။ ထိုအကြောင်းကို သုပ္ပဗုဒ္ဓ ကြားသိသည့်အခါ မြတ်စွာဘုရားစကား မမှန်အောင်နေပြီး မုသာဝါဒဖြင့် စွပ်စွဲမည်ဟု နှလုံးပိုက်ကာ ဘုံ(၇)ဆင့်ရှိသည့် ပြဿဒ်ထက်ဝယ် နေခဲ့လေ၏။ သို့သော် (၇)ရက်မြောက်သည့်နေ့တွင် ရှင်ဘုရင်၏ မင်္ဂလာစီးတော်မြင်း၏ မြည်ဟီးကာ သောင်းကျန်းနေသည်ကို အကြောင်းပြုပြီး စီးတော်မြင်အား တားဆီးရန် သတိလက်လွတ်ဖြင့် ပြဿဒ်ထက်မှ ဆင်းသက်မိရာက လှေကားခြေရင်းတွင် မြေမျိုကာ အဝီစိငရဲသို့ ကျရောက်ခဲ့ခြင်း ဖြစ်သည်။ ဘုရားရှင်တို့၏ စကားတော်သည် လွဲချော်ရိုးထုံးစံမရှိသည့်အလျောက် (၇)ရက်မြောက်လျင် မြေမျိုခံရမည့် သုပ္ပဗုဒ္ဓ္ပသည်လည်း မဖြစ်မနေ အကြောင်းဖန်ကာ မြေမျိုသေဆုံးခဲ့ခြင်း ဖြစ်သည်။ ၃။ အရှင်ဒေဝဒတ် ဒေဝဒတ် မြေမျိုခြင်းအကြောင်းကား အတော်များများ သိထားပြီး ဖြစ်၏။ မြတ်ဗုဒ္ဓ၏ ယောက်ဖတော်လည်းဖြစ်၊ ညီကိုတော်လည်း ဖြစ်သည့် ရှင်ဒေဝဒတ်သည် ရဟန်းအဖြစ်ကို ရရှိပြီးနောက် မိမိနောက်မှ ရောက်လာကြသည့် အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာနတို့ကို ဘုရားရှင်က အဂ္ဂသာဝက ရာထူးများ ပေးအပ်လိုက်ချိန်မှစ၍ ဘုရားရှင်အပေါ် ရန်ငြိုးဖွဲ့မှုများ တိုးပွားလာခဲ့ခြင်း ဖြစ်သည်။ ဘုရားရှင်ကို အမျိုးမျိုး အတိုက်အခံပြု ဆန့်ကျင်ဘက်ပြုကာ ဘုရားကို သွေးစိမ်းတည်အေငာ် လုပ်ခြင်း၊ ညီညွတ်နေသည့် သံဃာတော်များ ကွဲပြားသွားအောင် သံဃာသင်းခွဲခြင်း စသည့် ပဉ္စာနန္တရိယကံများအထိ ကျူးလွန်မိခဲ့သည်။ မြတ်ဗုဒ္ဓနှင့် လမ်းခွဲကာ နောက်ပါတပည့်များနှင့် နေပြီးမကြာခင်မှာ ရောဂါစွဲကပ်လာခဲ့သည့် ရှင်ဒေဝဒတ်သည် မိမိ၏အမှားများအပေါ် နောင်တတရားများ ဖြစ်ခဲ့လေ၏။ နောက်ဆုံး ဘဝနိဂုံးမချုပ်ခင် မြတ်စွာဘုရားအား ဖူးမြော်လိုကြောင်း တပည့်များအား တိုးလျိုးတောင်းပန်သဖြင့် တပည့်များက ထမ်းစင်ဖြင့် ဘုရားရှင်ရှိရာ ဇေတဝန်ကျောင်းတော်သို့ ပို့ဆောင်စဉ် ကျောင်းဘေးနားရှိ ရေကန်နားအရောက် တပည့်များက ထမ်းစင်ကိုချပြီး ရေကန်ဘက်အသွား တပည့်များအလာကို မစောင့်နိုင်ဘဲ ဘုရားကျောင်းတော်ကို မိမိကိုယ်တိုင် အားပြုရုန်းထလျက် ထမ်းစင်ပေါ်မှ အဆင်းမှာပင် မဟာပထဝီမြေကြီး ကွဲအက်ကာ အရှင်လတ်လတ် မြေမျိုခံခဲ့ရခြင်း ဖြစ်သည်။ ၄။ နန္ဒကဘီလူး နန္ဒကဘီလူးသည် သူတော်ကောင်း ဓာတ်ခံအလွန်နည်းပါးသည့် ဘီလူးဖြစ်သည်။ ထို့ကြောင့် သူတော်ကောင်းများ အပေါ်တွင်လည်း မနောကံအပြင် ဝစီကံ၊ ကာယကံတွေနဲ့များဖြင့် ကိုယ်ထိလက်ရောက် ဆော်ကားလေ့ရှိသည်။ တစ်ချို့ဆော်ကားမှု အပိုင်းများသည် လက်တွေ့ပိုင်းမှာ အကျိုးသက်ရောက်မှု မရှိသော်လည်း ပညာရှိသူတော်ကောင်း၊ သီလသမာဓိပညာ အားကောင်းသည့် အရိယာသူတော်ကောင်းများကို ဆော်ကားမိပါက လက်တွေ့ခံရသည်ကို နန္ဒကဘီးလူး သဘောပေါက်သွားခဲ့သည်။ တစ်နေ့ အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် ဂိဇ္ဈဂုတ်တောင်တွင် တရားအားထုတ်နေစဉ် နန္ဒကဘီလူး ရောက်ရှိလာပြီး တရားအားထုတ်၍ မရအောင် အမျိုးမျိုး နှောက်ယှက်လေသည်။ နောက်ဆုံး မထေရ်မြတ်၏ ဦးခေါင်းတော်ကို ကိုယ်ထိလက်ရောက် ရိုက်ပုတ်သည်အထိ ဆော်ကားနှောက်ယှက်ခဲ့သည်။ ထိုအကုသိုလ် အကျိုးကြောင့် နန္ဒကဘီလူးသည် မြေကြီးကွဲအက်ကာ အဝီစိငရဲမှ ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရသည်။ နန္ဒကဘီလူးသည် လက်တွေ့ဘဝတွင် သူတော်ကောင်းကို စော်ကားမိသဖြင့် အရှင်လတ်လတ် မြေမျိုးခဲ့ရလေသည်။ ၅။ နန္ဒလုလင် နန္ဒလုလင်သည် ရဟန္တာမထေရ်မကို ဆော်ကားမိသဖြင့် အရှင်လတ်လတ်မြေမျို ခံခဲ့ရသူဖြစ်သည်။ သူဆော်ကားခံရသူမှာ ဥပ္ပလဝဏ် ထေရီမဖြစ်သည်။ ဥပ္ပလဝဏ်ထေရီမသည် တန်ခိုးကြီးသောအရာ၌ အမြတ်ဆုံး ဧတဒဂ်ဘွဲ့ရ ရဟန္တာထေရီမတစ်ဦး ဖြစ်ပေသည်။ ထေရီမသည် တန်ခိုးကြီးသည်သာမက ဥပဓိသမ္ပတ္တိနှင့်လည်း ပြည့်စုံသဖြင့် ထေရီမဖြစ်သော်လည်း လူယောကျ်ားများ၏ စိတ်ဝင်စားမှုကို ခံရသူဖြစ်သည်။ ထိုအထဲတွင် နန္ဒလုလင်လည်း တစ်ဦးအပါအဝင် ဖြစ်သည်။ တစ်နေ့သော် နန္ဒလုလင်သည် လူသူကင်းဆိတ်ချိန်တွင် ထေရီမ၏ ကျောင်းသင်္ခမ်းသို့ ရောက်ရှိလာပြီး ထေရီမအား အဓမ္မပြုကျင့်လေသည်။ ရဟန္တာဖြစ်နေသည့် ထေရီမအား ဆော်ကားမိသဖြင့် ယင်းအကုသိုလ်ကံ အကျိုးကြောင့် နန္ဒလုလင်မှာ မြေကြီးကွဲအက်၍ အရှင်လတ်လတ် မြေမျိုခြင်းကို ခံခဲ့ရပြီး အဝီစိငရဲသို့ ကျရောက်သွားခဲ့လေသည်။ ဤကား ဒိဋ္ဌဓမ္မဝေဒနီယကံ၏ အကျိုးဆက်အဖြစ် လက်ရှိဘဝမှာပင် သူတော်ကောင်းကို ဆော်ကားမိသဖြင့် အရှင်လတ်လတ်မြေမျိုခံခဲ့ရသည့် ပုဂ္ဂိုလ်ငါးဦးအကြောင်း အကျဉ်းချုပ်၍ ရေးသားဖော်ပြလိုက်ပါသည်။ မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)
https://www.dhammaransi.com/index.php/new/751-2015-10-24-23-52-45.html
“ဒိဋ္ဌိ၏ သဘော”
https://www.dhammaransi.com/index.php/new/752-2015-10-24-23-52-09.html
“သက်သတ်လွတ်နှင့် အသားကြီးဆယ်မျိုး”
“သက်သတ်လွတ်နှင့် အသားကြီးဆယ်မျိုး” •••••••••••••••••••••••••••••••••••••••••••• Q : အရှင်ဘုရား ... ဗုဒ္ဓဘာသာဝင် လူဝတ်ကြောင်တွေကို သက်သတ်လွတ်စားဖို့၊ ဆင်၊မြင်း၊ကျွဲ၊နွား၊ဝက် ဆိုတဲ့ အသားကြီးငါးမျိုး ရှောင်ကြဉ်ဖို့ မြတ်စွာဘုရားရှင်ရဲ့ မိန့်ဆိုဟောကြားချက် ထေရဝါဒပိဋကတ်တော်မှာ ရှိ-မရှိ ဖြေကြားပေးတော်မူပါဘုရား။ 【အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)】 A : ဦးဇင်းရဝေနွယ်ရေ… ထေရဝါဒ ဗုဒ္ဓအဆုံးအမနဲ့ ဆန့်ကျင်တဲ့ အပြောအဆို၊ အရေးအသားတွေကို အကြောင့်သင့် အကျိုးသင့် ရှင်းပြပြီး၊ ဖယ်ရှားသုတ်သင်ရမယ့် တာဝန်ဟာ ထေရဝါဒ ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ မထမ်းမဖြစ် ထမ်းဆောင်ရမယ့် “ဘုရားပေးတာဝန်” တစ်ခု ဖြစ်ပါတယ်။ (ဗုဒ္ဓဘာသာဝင် အမည်ခံပြီး ပြောဆို ရေးသားတာတွေကို ပြောတာပါ။တခြားဘာသာဝင်တွေရဲ့ ကိုယ့်ဘာသာဆိုင်ရာ ပြောဆိုရေးသားမှုတွေကိုတော့ ဝင်ရောက်စွက်ဖက်စရာ လုံး၀ မလိုပါဘူး။) မြတ်စွာဘုရားရှင်က ဗြဟ္မဇာလသုတ္တန်မှာ “အဘူတံ အဘူတတော နိဗ္ဗေဌေတဗ္ဗံ - မမှန်တာကို မမှန်ဘူးလို့ ဖြေရှင်းပြရမယ်” လို့ မိန့်ကြားတော်မူထားပါတယ်။ ဘုရား၊တရား၊သံဃာ ရတနာသုံးပါးနဲ့ ပတ်သက်တဲ့ မဟုတ်မမှန်တာတွေကို “ဘာကြောင့်မဟုတ်ဘူး၊ ဘာကြောင့်မမှန်ဘူး”လို့ အကြောင်း အကျိုးခိုင်လုံစွာ ဖြေရှင်းပြရမယ် ..တဲ့။ သည်းခံတာပဲ ကောင်းပါတယ်ဆိုပြီး နှုတ်ဆိတ်ငြိမ်တိတ် မနေရဘူး..တဲ့။ အဲဒီလို ဘာမှ ပြန်ဖြေရှင်းမပြဘဲ၊နှုတ်ပိတ် နေတာဟာလည်း သည်းခံခြင်းအစစ်မဟုတ်ပါဘူး..တဲ့။ ရဝေနွယ်ရေ… မြတ်စွာဘုရားရှင်က ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်တဲ့ လူဝတ်ကြောင် ဒကာ၊ဒကာမတွေကို သက်သတ်လွတ်စားဖို့ လုံးဝမိန့်ကြားတော် မမူခဲ့ပါဘူး။ လူဝတ်ကြောင်တွေကိုသာ မဟုတ်ပါဘူး။သာသနာ့အတွင်းသား ရဟန်းတော်များကိုလည်း သက်သတ်လွတ်စားဖို့ လုံး၀ ပညတ်တော်မမူခဲ့ပါဘူး။ သက်သတ်လွတ်စားရုံသက်သက်နဲ့ ကုသိုလ်မရနိုင်လို့ မြတ်စွာဘုရားရှင်က သက်သတ်လွတ်စားဖို့ တိုက်တွန်းတော်မမူခဲ့တာပါ။ ပါးစပ်ထဲ ထည့်သွင်းလိုက်တဲ့ အစားအစာတစ်ခုကို “ဟိုဟာပဲ၊ ဒီဟာပဲ” လို့ ရွေးချယ်သတ်မှတ် လိုက်ရုံနဲ့ အလိုလိုနေရင်း ကုသိုလ်စိတ်၊ အကုသိုလ်စိတ် ဖြစ်မသွားပါဘူး။ အစားအစာဟာ အစားအစာပါပဲ။ ဘာအစားအစာကိုပဲ စားစား ကုသိုလ်ဖြစ်အောင် နှလုံးသွင်းဆင်ခြင်ပြီးစားရင် ကုသိုလ်ရပါတယ်။ အကုသိုလ်ဖြစ်အောင် စဉ်းစားတွေးတောပြီး စားရင် အကုသိုလ်ရပါတယ်။ အစားအစာက အဓိကမဟုတ်။ စိတ်ကသာ အဓိက ဖြစ်တဲ့အတွက် အစာစားရင်း ကုသိုလ်ရချင်ရင် အစာကို ရွေးချယ်နေစရာမလိုဘဲ စိတ်ကိုသာ ပြုပြင်နေဖို့ လိုအပ်ပါတယ်။ ကိုယ်နဲ့မျှတတဲ့ အစားအစာကို ရွေးချယ်တဲ့ “ဘောဇနသပ္ပာယ” ကတော့ တစ်ပိုင်းတစ်ကဏ္ဍပေါ့။ (သက်သက်လွတ်နှင့် သပ္ပာယ အကြောင်း ဆောင်းပါးသီးသန့် ရေးပါမယ်။) သက်သတ်လွတ်အစားအစာကို ပါးစပ်ထဲ ထည့်လိုက်ရုံနဲ့ အလိုလိုနေရင်း ကုသိုလ်ရမသွားသလို၊အသားငါး အစားအစာကို ပါးစပ်ထဲ ထည့်လိုက်ရုံနဲ့လည်း အလိုလိုနေရင်း အကုသိုလ် ဖြစ်မသွားပါဘူး။ သက်သတ်လွတ်စားရင်း လောဘ၊ ဒေါသဖြစ်စရာတွေ တွေးနေမယ်၊ အကုသိုလ်ဖြစ်စရာစကားတွေ ပြောနေမယ် ဆိုရင် သက်သတ်လွတ်စားရင်း အကုသိုလ် တိုးနေပါတယ်။ အသားငါးစားရင်း လောဘ၊ ဒေါသငြိမ်းကြောင်း ဘာဝနာတစ်ခုခုကို ပွားနေမယ်၊ ကုသိုလ်ဖြစ်စရာ စကားတွေ ပြောနေမယ်ဆိုရင် အသားငါးစားရင်း ကုသိုလ်တိုးနေပါတယ်။ အတွေးကြောင့်ဖြစ်တဲ့ ကုသိုလ်၊ အကုသိုလ်က သပ်သပ်၊ အစားကြောင့်ဖြစ်တဲ့ ကုသိုလ်၊ အကုသိုလ်က သပ်သပ်ရယ်လို့ မရှိပါဘူး။သက်သတ်လွတ်အစားအစာဟာ ကုသိုလ်အစားအစာ မဟုတ်သလို အသားငါး အစားအစာဟာလည်း အကုသိုလ်အစားအစာ မဟုတ်ပါဘူး။ သက်သတ်လွတ်စားရုံသက်သက်နဲ့ ကုသိုလ်ရတယ်ဆိုရင် နို့စို့ကလေးတွေ အမေနို့ စို့နေတဲ့အချိန်၊ မြီးကောင်ပေါက် ကောင်မလေးတွေ သရက်ပေါင်း၊ ဆီးပေါင်း စားနေတဲ့အချိန်၊ ရုပ်ရှင် ဗွီဒီယိုကြည့်သူတွေ နေကြာစေ့၊ကွာစေ့ဝါးနေတဲ့အချိန်၊ အရက်သမား ဘီယာသမားတွေ အရက်၊ဘီယာ သောက်နေတဲ့အချိန်၊ အရက်ဘီယာသောက်ရင်း အာလူးကြော်၊ မြေပဲလှော် မြည်းနေတဲ့အချိန်တွေမှာလည်း သူတို့တစ်တွေ အလကားနေရင်း ကုသိုလ်ရနေမှာပေါ့။ အဲဒါတွေအားလုံး သက်သတ်လွတ်တွေချည်းပဲ မဟုတ်လား။ ပွင့်တော်မူခဲ့ပြီးသမျှ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ အရှင်မြတ်တွေ အားလုံး အသားငါး အစားအစာရော၊ အသီးအရွက် အစားအစာပါ ကြုံရာ ရရာကို စားရင်း ကျင့်ကြံကြိုးကုတ် အားထုတ်ခဲ့ကြလို့ ဘုရားအဖြစ်၊ ပစ္စေကဗုဒ္ဓါအဖြစ်၊ ရဟန္တာအဖြစ်ကို ရောက်တော်မူခဲ့ကြပါတယ်။ သက်သတ်လွတ်စားတဲ့ ကုသိုလ်ကြောင့် ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာဖြစ်သွားတဲ့သူ တစ်ဦးတစ်ယောက်မှ မရှိပါဘူး။ သက်သတ်လွတ်စားရုံသက်သက်နဲ့ ကုသိုလ်မရနိုင်တဲ့အတွက် အရှင်ဒေဝဒတ်ရဲ့ “ရဟန်းတော်တိုင်းသက်သတ်လွတ်စားရန်” ပညတ်ပေးဖို့ အဆိုပြုချက်ကို မြတ်စွာဘုရားရှင်က “ဗီတိုအာဏာ” ထက် အဆပေါင်းများစွာ သြဇာကြီးတဲ့ “ဗုဒ္ဓအာဏာ” နဲ့ ပြတ်ပြတ်သားသား ပယ်ချတော်မူခဲ့ပါတယ်။ ❖ကိုယ့်အတွက် သီးခြားရည်စူးပြီး သတ်တာလို့ မမြင်ရင်၊ မကြားရင်၊ မယုံမှားရင် လူဝတ်ကြောင်တွေအနေနဲ့ ဘယ်အသားကိုမဆို စားသောက်သုံးဆောင်နိုင်ပါတယ်။ လူဝတ်ကြောင်တွေ ရှောင်ကြဉ်ရမယ့် အသားတစ်ခုမှ မရှိပါဘူး။ ❖ရဟန်းတော်တွေကတော့ “လူသား၊ ဆင်သား၊ မြင်းသား၊ ခွေးသား၊ မြွှေသား၊ ခြင်္သေ့သား၊ ကျားသား၊ ကျားသစ်သား၊ ဝက်ဝံသား၊ အောင်းသား”ဆိုတဲ့ “အသားကြီးဆယ်မျိုး”ကို လုံးဝရှောင်ကြဉ်ကြရပါတယ်။ မြတ်စွာဘုရားရှင် လက်ထက်တုန်းက “သုပ္ပိယာ”ဆိုတဲ့ ဥပါသိကာမ တစ်ယောက်က အသားစွပ်ပြုတ် လိုအပ်နေတဲ့ ဝမ်းလျှောရဟန်းတစ်ပါးကို ဈေးထဲမှာ အသားဝယ်မရတဲ့အတွက် မိမိရဲ့ ပေါင်သားကို လှီးဖြတ် စွပ်ပြုတ်လုပ်ပြီး ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ မြတ်စွာဘုရား သိသွားတဲ့အခါ ဘာအသားလဲလို့ မစူးစမ်းဘဲ စွပ်ပြုတ်သောက်လိုက်တဲ့ ရဟန်းတော်ကို ကဲ့ရဲ့ရှုတ်ချပြီး၊ ရဟန်းတော်များ လူသား လုံးဝမစားဖို့ ပညတ်ချက် ထုတ်လိုက်ပါတယ်။ “ဘာအသားလဲလို့ မစူးစမ်း၊ မမေးမြန်းဘဲ အသားဟင်းမစားရ၊ စားလျှင် ဒုက္ကဋ် အာပတ်သင့်စေ” လို့လည်း ဝိနည်းစည်းကမ်း သတ်မှတ်လိုက်ပါတယ်။ ❖အစာရေစာ ရှားပါးတဲ့တစ်ချိန်တုန်းက အလိုလို သေဆုံးသွားကြတဲ့ ရှင်ဘုရင်ရဲ့ “ဆင်တွေ၊ မြင်းတွေ”ကို လူတွေက ဆင်သား၊မြင်းသားဟင်း ချက်စားကြပြီး ရဟန်းတော်တွေကိုလည်း လောင်းလှူကြပါတယ်။ ဘုဉ်းပေးတဲ့ ရဟန်းတော်တွေကို လူတွေက “ကိုယ်တော်တွေ ဘာလို့ ဆင်သား၊ မြင်းသား စားကြတာလဲ၊ ဆင်တို့၊ မြင်းတို့ဆိုတာ ရှင်ဘုရင်ရဲ့ အသုံးအဆောင်တွေ၊ မင်းအင်္ဂါတွေပဲ၊ ရှင်ဘုရင်သာသိရင် ကိုယ်တော်တွေကို ကျေနပ်မှာမဟုတ်ဘူး။” လို့ ကဲ့ရဲ့ ကြတဲ့အတွက် မြတ်စွာဘုရားရှင်က ရဟန်းတော်တွေ ဆင်သား၊ မြင်းသား မစားဖို့ ပညတ်တော်မူရပြန်ပါတယ်။ ❖လူတွေ လောင်းလှူလို့ ခွေးသား၊ မြွှေသား ဘုဉ်းပေး ကြပြန်တော့လည်း “စက်ဆုပ်စရာကြီး၊ ရွံစရာကြီး၊ ဘာလို့ ဘုဉ်းပေးကြတာလဲ” လို့ ကဲ့ရဲ့ကြပြန်တဲ့အတွက် ခွေးသား၊ မြွှေသား မစားဖို့ ပညတ်တော်မူရပြန်ပါတယ်။ မြွှေသားမစားဖို့ ပညတ်တဲ့နေရာမှာတော့ “သုပဿ ဆိုတဲ့ နဂါးမင်း” က “သဒ္ဓါတရားမရှိတဲ့ နဂါးမျိုး၊ မြွှေမျိုးတွေက ရဟန်းတော်တွေကို ဘာမဟုတ်တဲ့ အကြောင်းလေးတွေ လောက်နဲ့လည်း ညှဉ်းဆဲနှိပ်စက် နိုင်တဲ့အတွက် ရဟန်းတော်များ မြွှေသားမစားဖို့ တောင်းပန်ပါတယ်” လို့ မြတ်စွာဘုရားရှင်ကို တောင်းပန်လျှောက်ထားခဲ့တာလည်း အကြောင်းတရားတစ်ခုအဖြစ် ပါဝင်ပါတယ်။ တောမုဆိုးတွေ လောင်းလှူတဲ့ ခြင်္သေ့သား၊ ကျားသား၊ ကျားသစ်သား၊ ဝက်ဝံသား၊ အောင်းသားတွေ ဘုဉ်းပေးပြီး တောထဲမှာ သီတင်းသုံးကြပြန်တော့လည်း ခန္ဓာကိုယ်က ထွက်တဲ့ ခြင်္သေ့သားနံ့၊ ကျားသားနံ့၊ ကျားသစ်သားနံ့၊ ဝက်ဝံသားနံ့၊ အောင်းသားနံ့တွေကြောင့် ခြင်္သေ့တွေ၊ ကျားတွေ၊ ကျားသစ်တွေ၊ ဝက်ဝံတွေ၊ အောင်းတွေက ရဟန်းတော်တွေကို အမျိုးမျိုး ညှဉ်းဆဲ တိုက်ခိုက် ရန်ပြု ကြပြန်တဲ့အတွက် မြတ်စွာဘုရားရှင်က အဲဒီအသားတွေ မစားကြဖို့ ရဟန်းတော်တွေကို ပညတ်ချက် ထုတ်ပြန်တော်မူရပြန်ပါတယ်။ ❖အာပတ်အပြစ်အနေနဲ့ကတော့ “လူသားစားရင် ထုလ္လစ္စည်းအာပတ်၊ ကျန်အသားကိုးမျိုးစားရင် ဒုက္ကဋ်အာပတ်” သင့်ပါတယ်။ ဒီဆယ်မျိုးကို အသားသာ မစားကောင်းတာ မဟုတ်ပါဘူး။ အရိုး၊ အရေ၊ အသား၊ အသွေး၊ အမွေး ဘာကိုမှ မသုံးကောင်းပါဘူး။ သုံးရင် အာပတ်သင့်ပါတယ်။ အသားကြီးဆယ်မျိုးကလွဲရင် ဘယ်အသားငါးကိုမဆို ရဟန်းတော်များ ဘုဉ်းပေးတာ ကောင်းပါတယ်။ ဘာအာပတ်မှ မသင့်ပါဘူး။ ဘာအကုသိုလ်မှ မဖြစ်ပါဘူး။ လောကီ၊ လောကုတ္တရာ ဘယ်လိုကောင်းကျိုးမျိုးကိုမှ မတားမြစ်နိုင်ပါဘူး။ ရဝေနွယ်မေးတဲ့ “ဆင် ၊ မြင်း၊ကျွဲ၊နွား၊ဝက်” ထဲက ဆင်နဲ့ မြင်းကိုတော့ ရဟန်းတော်များ လုံးဝ ရှောင်ကြဉ်ရပါတယ်။ ကျွဲ၊နွား၊ဝက် ကိုတော့ ရှောင်ကြဉ်စရာ မလိုပါဘူး။ ကိုယ်နဲ့တည့်ရင် စားနိုင်ပါတယ်။ ❖လူဝတ်ကြောင်တွေကတော့ ဆင်၊မြင်း၊ကျွဲ၊နွား၊ဝက် ငါးမျိုးစလုံး ဆန္ဒရှိသလို စားနိုင်ပါတယ်။ မတည့်လို့ ရှောင်တာကလွဲရင်၊အကုသိုလ်ကြောက်ပြီးလည်း ရှောင်စရာမလိုပါဘူး။ ကိုယ်လိုချင်တဲ့ ကောင်းကျိုးတွေမရမှာ၊ ကိုယ်ကျင့်နေတဲ့ ကျင့်စဉ်တွေ မအောင်မြင်မှာ ကြောက်ပြီးလည်း ရှောင်စရာ မလိုပါဘူး။ အသားကြီး ငါးမျိုး ရှောင်ကြဉ်ရုံနဲ့လည်း အလိုလိုနေရင်း ကုသိုလ် ရမသွားပါဘူး။ ကိုယ့်ဘာသာကိုယ် မစားချင်လို့ မစားတာကိုလည်း ဘာမှထူးပြီး ချီးမွမ်းစရာ မရှိပါဘူး။ အဆန်းမထွင်ဘဲ၊ဘုရားဟောမူရင်းအတိုင်း လိုက်နာကျင့်ကြံကြတဲ့ ဘုရားသားတော်၊ရဟန်းတော် (အမှန်အကန်) တွေက ဘုရားဟော ပိဋကတ်တော် နဲ့အညီ ပြောကြရေးကြတာကို ဘယ်သူ့ ပုတ်ခတ်တာ၊ ဘယ်ဝါ့ စော်ကားတာလို့ မကျေမနပ် တုံ့ပြန်ကြတာ လုံး၀ သဘာဝမကျပါဘူး။ ❖ဘုရားဟောမရှိလို့ မရှိဘူးပြောတာ၊ ဘုရားဟောနဲ့ မညီလို့ မညီဘူးပြောတာ စိတ်ဆိုးစရာ၊ ဒေါသထွက်စရာ မဟုတ်ပါဘူး။ ဝမ်းမြောက်စရာ၊ ကျေးဇူးတင်စရာပါ။ “အယူမှန် သမ္မာဒိဋ္ဌိ” ကို မြတ်နိုးတယ်ဆိုရင်ပေါ့။ ကိုယ့်အပြော၊ ကိုယ့်လုပ်ရပ်ကို ဘုရားဟောနဲ့ မညီဘူး လို့ အပြောမခံချင်ရင် အစကတည်းက ဘုရားဟောနဲ့ ညီအောင် ပြောပြီး၊ ဘုရားဟောနဲ့ ညီအောင် လုပ်ရုံပါပဲ။ “အဘူတံ အဘူတတော နိဗ္ဗေဌေတဗ္ဗံ- မမှန်တာကို မမှန်ဘူးလို့ ဖြေရှင်းပြရမယ်”ဆိုတဲ့ ဗုဒ္ဓအဆုံးအမထဲက “မမှန်” ဆိုတာ ဘုရားဟော အမှန်၊ တရားသဘောအမှန်နဲ့ ဆန့်ကျင်တဲ့ “မမှန်” ကို ပြောတာပါ။ ကိုယ့်အကြိုက်၊ ကိုယ့်အမှန်နဲ့ ဆန့်ကျင်တဲ့ “မမှန်” ကို ပြောတာမဟုတ်ပါဘူး။ ကိုယ်ကြိုက်လို့ ကိုယ်မှန်တယ်ထင်နေတဲ့ အမှန်မှားနဲ့ ဆန့်ကျင်တိုင်းတာ “မမှန်” လို့ လိုက်ဖြေရှင်းနေမယ် ဆိုရင်တော့ ဖြေလေ ရှုပ်လေ၊ ရှင်းလေ မှားလေ ဖြစ်နေမှာသေချာပါတယ်။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)】 “မကျင့်လည်းမှား ကျင့်လည်းမှား”တဲ့ အဖြစ်ဆိုးမျိုးမှ လွတ်မြောက်နိုင်ကြပါစေ。。。။
https://www.dhammaransi.com/index.php/new/753-2015-10-24-23-51-21.html
“သက်သတ်လွတ်နှင့် ကုသိုလ်စိတ်”
https://www.dhammaransi.com/index.php/new/754-2015-10-24-23-50-44.html
“ဝစီဒုစရိုက်များ၏ဆိုးကျိုး-ကောင်းကျိုးများ”
“ဝစီဘေဒ(ခေါ်)ဝစီဒုစရိုက်များ” ••••••••••••••••••••••••••••••• “ဝစီဒုစရိုက်များ၏ဆိုးကျိုး-ကောင်းကျိုးများ” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ကာယကံ ၃ပါး၊ဝစီကံ ၄ပါး၊မနောကံ ၃ပါး၊ယင်း(၁၀)ပါးကို “မကောင်းမှု အကုသိုလ်ဒုစရိုက်တရား” ဟုခေါ်သည်။ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ (၁)။ “မုသာဝါဒ-မဟုတ်မမှန်လိမ်ညာပြောဆိုခြင်း” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ကိုယ်အမူအရာဖြင့်ဖြစ်စေ၊နှုတ်ဖြင့်ဖြစ်စေ၊သူတစ်ပါး အကျိုးပျက်စီးအောင် မဟုတ်မမှန်လိမ်ညာလျှင် မုသာဝါဒကံလွန်ကျူးသည်ဟု ခေါ်ပါသည်။ -ထိုမဟုတ်မမှန်ပြောဆိုမှုသည် တစ်ဖက်သား အကျိုးစီးပွါးပျက်စီးမှု ကြီးလျှင်ကြီးသလောက် အပြစ်ကြီးသည်။ -ထိုသူသေသောအခါ ငရဲ၌ဖြစ်ရသည်။ ငရဲဘုံမှ လွတ်၍ လူပြန်ဖြစ်ခွင့်ရသော်မှ -စကားမပီခြင်း၊ -သွားမညီညွှတ်ခြင်း၊ -ခံတွင်းပုပ်ညှီခြင်း၊ -အသားအရေ မွဲခြောက်ခြင်း၊ -မျက်စိ၊နား မကြည်လင်ခြင်း၊ -ရုပ်အဆင်းချို့တဲ့ခြင်း၊ -ဩဇာအာဏာမတည်ခြင်း၊ -နှုတ်လျှာပြောဆိုမှု ကြမ်းတမ်းခြင်း၊ -စိတ်မတည် လျှပ်ပေါ်လော်လည်တတ်ခြင်း။ ဤသို့များစွာသော အပြစ်များကို ခံစားရတတ်ပါသည်။ “မုသာဝါဒမြောက်မှု” •••••••••••••••••••••••••••• -မဟုတ်မမှန်သော အကြောင်းအရာဖြစ်ခြင်း၊ -မဟုတ်မမှန် ပြောဆိုလိုစိတ်ရှိခြင်း၊ -ပြောလည်းပြောခြင်း၊ -လိမ်လည်တတ်သော စကားအဓိပ္ပါယ်ကို လိမ်လည်ခံရသူကသိခြင်း၊ “မုသာဝါဒရှောင်ကြဉ်ရသောအကျိုး” ••••••••••••••••••••••••••••••••••••••••••••••• ဤမုသာဝါဒကို ရှောင်ကြဉ်ပါက သုဂတိဘဝသို့ ရောက်ပြီးလျှင် အောက်ပါအကျိုးများကို ရရှိခံစားကြရပါသည်။ -စကားပီသပြတ်သားခြင်း၊ -သွားများညီညာခြင်း၊ -ခံတွင်းမွှေးကြိုင်ခြင်း၊ -ကိုယ်ရေအသားပြည့်ဖြိုးခြင်း၊ -မျက်စိနားစသော ဣန္ဒြေများ ကြည်လင်ခြင်း၊ -ပုံသဏ္ဌာန်ကိုယ်နေလှပခြင်း၊ -သူတစ်ပါးအပေါ် ဩဇာအာဏာရှိခြင်း၊ -အပြောအဆို နှုတ်စအာစ ကောင်းခြင်း၊ -စိတ်တည်ငြိမ်ခြင်း၊ -အကြီးအကဲ ဖြစ်ရတတ်ခြင်း၊ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ (၂)။ “ပိသုဏဝါစာ-ကုန်းတိုက်စကားပြောဆိုခြင်း” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ -သူနှစ်ယောက်တို့ ညီညွှတ်နေရာ တစ်ယောက်အပြစ်ကို တစ်ယောက်ထံ ပြောကြားခြင်းဖြင့် တစ်ယောက်နှင့်တစ်ယောက် အချစ်ပြယ်၍ ညီညွှတ်မှု ကွဲပြားသွားတတ်သည်။ ထိုသို့သော ကုန်းတိုက်စကားပြောဆိုမှုကို ရှောင်ကြဉ်ရပါသည်။ -မိတ်ဆွေနှစ်ယောက်ညီညွတ်နေမှုကို ကွဲပြားအောင် ကုန်းတိုက်သောသူသည် သေသည့်အခြားမဲ့၌ အပါယ် လေးပါး၌ ဆင်းရဲကြီးစွာခံရသည်။ -အပါယ်လေးပါးမှလွတ်ပြီး လူလာဖြစ်ရသော်မှ အောက်ပါဆိုးကျိုးများ ခံစားရတတ်ပါသည်။ - အဆွေခင်ပွန်းချစ်ကျွမ်းဝင်သူတို့နှင့် စိတ်ဝမ်းကွဲပြားရခြင်း၊ - သူတစ်ပါးလုံ့လကြောင့် သေကြေပျက်စီးရခြင်း၊ - သူတော်ကောင်းတရာ၌ သက်ဝင်ယုံကြည်မှု မရှိခြင်း၊ - မိတ်ဆွေအပေါင်းအသင်း မတည်မြဲခြင်း၊ - လူအများ အမုန်းခံရတတ်ခြင်း၊ -စိတ်ဓာတ်ညစ်ညမ်းခြင်း။ “ပိသုဏဝါစာ-ဖြစ်ရန်အင်္ဂါများ” •••••••••••••••••••••••••••••••••• -ညီညွှတ်သူ နှစ်ဦးရှိခြင်း၊ -ကွဲပြားစေလိုသော စိတ်ရှိခြင်း၊ -မိမိကိုချစ်စေလိုသော စိတ်ရှိခြင်း၊ - ကွဲပြားအောင် လုံ့လပြုအားထုတ်ခြင်း၊ - ထိုသို့ပြောသည်ကို သူနှစ်ဦးတို့က နားလည်ခြင်း၊ - ကွဲပြားကြခြင်း။ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ (၃)။ “ဖရုသဝါစာ-ဆဲရေးတိုင်းထွာခြင်း၊ ကြမ်းတမ်းသောစကားဖြင့် ပြောဆိုခြင်း။” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ မကြားဝံ့ မနာသာ အယုတ်တမာဆဲရေးဆိုမှုစသော ကျွဲခတ်ပါစေ၊ မြွေကိုက်သေပါစေ၊ မိုးကြိုးပစ်ပါစေ၊ လောင်မီးကျပါစေ၊ ယုတ်ညံ့သော အင်္ဂါတို့ဖြင့်တိုင်းပြီး ပြောဆိုခြင်း၊ ကျိန်ဆဲခြင်း တို့သည် ဖရုသဝါစာ မည်ပါသည်။ -တရားကိုယ်အားဖြင့် ဆဲဆိုလိုသော စေတနာသည် ဖရုသဝါစာမည်ပါသည်။ -ဖရုသဝါစာ၌ နှုတ်ထွက်ကြမ်းသည်ဖြစ်စေ၊ ချိုသာသည် ဖြစ်စေ စေတနာကြမ်းကိုသာ ကြမ်းသည် ဟုဆိုလိုပါသည်။ -ထို့ကြောင့် မိဘတို့က ကျိန်ဆဲသည် ဆိုရာ၌ ဖရုသဝါစာ မဖြစ်ပါ။ -မင်းက လူတစ်ယောက်ကိုသတ်စေရာ၌ “ချမ်းသာစွာ အိပ်ပါစေတော့”ဟုဆိုလိုက်သည်။ စကားအရာ ချိုသာသော်လည်း သေစေလိုသော ဒေါသစေတနာပါနေ၍ ဖရုသဝါစာထိုက်ပါသည်။ -ကြမ်းကြုတ်စကား ဆိုသောသူသည် သေသည်၏ အခြားမဲ့၌ အပါယ်လေးဘုံ၌ဆင်းရဲစွာခံစားရပါသည်။ အပါယ်လေးပါးမှလွတ်၍ လူဖြစ်သော်မှ အောက်ပါ ဆိုးကျိုးများခံစားရတတ်ပါသည်။ - မနှစ်သက်သော အသံကိုကြားရခြင်း၊ -အများအမုန်းခံရခြင်း၊ - ကဲ့ရဲ့ ပြစ်တင်ခံရခြင်း၊ - ဆင်းဆင်းရဲရဲနေထိုင်ရခြင်း၊ - သာယာနာပျော်ဖွယ်အသံမရှိခြင်း၊ - အလုံးစုံအသံအင်္ဂါ ပျက်စီးတတ်ခြင်း(ဆွံ့အခြင်း)။ မကြားဝံ့မနာသာ ကြမ်းကြုတ်သောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်သောပုဂ္ဂိုလ်သည် ဖြစ်လေရာ ဘဝတိုင်းဝယ် အောက်ပါကောင်းကျိုးများ ခံစားရပါသည်။ - လူသတ္တဝါများ၏ ချစ်ခင်မှုကို ခံရခြင်း၊ - လူသတ္တဝါများ၏ စိတ်နှလုံးကို နှစ်သက်စေနိုင်ခြင်း၊ - ချမ်းသာစွာ နေရခြင်း၊ - သာယာနာပျော်ဖွယ် စကားရှိခြင်း၊ -လူအများ ချီးမွမ်းခံရခြင်း၊ -အင်္ဂါနှစ်ပါးရှိသော အသံနှင့်ပြည့်စုံခြင်း။ “ဖရုသဝါစာ-ဖြစ်ရန်အင်္ဂါများ” •••••••••••••••••••••••••••••••• -အဆဲခံရသူရှိခြင်း၊ - အမျက်ထွက်စိတ်ဆိုးခြင်း၊ - ဆဲရေးခြင်း၊ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ (၄)။ “သမ္ဖပ္ပလာသ- အကျိုးမရှိ၊အနှစ်မဲ့သောစကားပြောဆိုခြင်း” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ -စီးပွားချမ်းသာကို ဖျက်ဆီးတတ်သောစကား၊ အနက် အဓိပ္ပာယ်မရှိ၊ ပြိန်ဖျင်းသောစကားကို ပြောဆိုကြောင်း ဖြစ်သော စေတနာသည် သမ္ဖပ္ပလာပ မည်ပါသည်။ -ပရမတ္တစက္ခကျမ်း၌ ဒီပဲယင်းဆရာတော်ဘုရားကြီးက- “အနတ်ဆံကင်းဆိုသည်မှာ ရာမမင်း၏သီတာဒေဝီမိဖုရားကို ခေါင်းဆယ်လုံးရှိ ဘီလူးမင်း ခိုးယူသည်။ ရွှေယုန်နှင့်ရွှေကျားသက်ကယ်ရိပ်သွားသည်။ ဤသို့ စသည့် ရှေးကမဖြစ်ဖူး၊ မရှိဖူးသည်ကို ဖြစ်ဖူး၊ ရှိဖူး သကဲ့သို့ သူတစ်ပါးရာဂပွားရန်၊ ဒေါသပွားရန်၊ မောဟ ပွားရန်၊ ကြံဖန်ပြောဆိုသောစကားဟူသမျှ စပါးဖျင်း - ကဲ့သို့အနက်ဆံမပါသည်ကို ဆိုသည်။ -သူ့ကိုဆုံးမရာ၊ တရားဟောရာ၊ ပြောရာ၌ထင်လွယ်အောင် ဥပမာပုံပြထည့်သွင်းပြောဆိုရာတို့၌ သမ္မပ္ပလာပ မဖြစ်” ဟု ဖွင့်ဆိုပြထားပါသည်။ -စီးပွားချမ်းသာကို ဖျက်ဆီးတတ်သောစကား အနက် အဓိပ္ပာယ်မရှိ၊ ပြိန်းဖျင်းသောစကားကို ပြောဆိုသူသည် ခန္ဓာပျက်သည်၏ အခြားမဲ့၌ အပါယ်လေးပါး၌ ဆင်းရဲကြီးစွာ ခံစားရတတ်သည်။ -အပါယ်လေးပါးလွတ်၍ လူ့ဘဝရောက်သော်မှ အောက်ပါဆိုးကျိုးများခံစားရတတ်ပါသည်။ -မိမိပြောဆိုသောစကားကို သူတစ်ပါးတို့ မယုံကြည်ခြင်း၊ -မိမိကို လူအများမုန်းတီးခြင်း၊ -လူအများက မိမိကို အလေးမထားခြင်း၊ -အများယုံကြည်ဖွယ်ဖြစ်အောင် မပြောဆိုတတ်ခြင်း၊ -လာဘ်လာဘနည်းပါးခြင်း၊ -ဘုန်းတန်ခိုးအရှိန်အစော် အာနုဘော်နည်းခြင်း၊ -ပညာသေးသိမ် မှေးမှိန်ခြင်း။ ▬▬▬▬▬▬▬▬▬▬▬▬▬ ✤“ဖရုသဝါစာ ဆိုသည်မှာ….”✤ ▬▬▬▬▬▬▬▬▬▬▬▬▬ ဖရုသဝါစာသည် ကြမ်းတမ်းသောစကားပြောဆိုခြင်း ဟုဆိုရာ ကြမ်းတမ်းသောစကားကိုပြောခြင်း ဟူသည် ဆဲကြောင်း ဝတ္ထုဖြင့် ဆဲမှုပင်ဖြစ်ပါသည်။ ဆဲသည့်အခါ ဒေါသဖြင့်ဆဲသည့်အလျောက် သဘာဝအားဖြင့်ပင် ဖရုသဝါစာကိုယ်တိုင်ကလည်း ကြမ်းလျက်ရှိပါသည်။ ကြမ်းတမ်းသောစကားဖြစ်သောကြောင့် ကြားရသူကိုလည်း နားမချမ်းသာ၊ အကျိုးမဲ့ဖြစ်စေတတ်သောစကားဖြစ်သောကြောင့် စိတ်လည်းမချမ်းသာ။ နှစ်သက်မှုလည်းမရှိ။ ပြောသူရော ကြားရသူပါ နှစ်ဦးစလုံး လွှသွားကဲ့သို့၊ ကြမ်းတမ်းအောင်၊ ဆင်းရဲအောင်ပြုလုပ်လေသည်။ ဖရုသဝါစာ၏တရားကိုယ်မှာ ဇာတ်စသော ဆဲရေးကြောင်း ဝတ္ထု(၁၀)ပါးကို ထိပါးပုတ်ခတ်ကြောင်းဖြစ်သော လုပ်ကိုင်မှု၊ပြောဆိုမှုတို့ကို ဖြစ်စေသော ကြမ်းတမ်းသော စေတနာပင် ဖြစ်ပါသည်။ ဇာတ်စသော ဆဲရေးကြောင်းဝတ္ထု(၁၀)ပါးဖြင့် ဆဲရေးသောအခါ ဆဲရေးခံရသူသည် သေကြေလောက်အောင် အလွန် နာကြည်းလေသည်။ ထို့ကြောင့် ဆဲရေးကြောင်း (၁၀)ပါးသည် “သေလောက်သော အနာနှင့် တူသည်” ဟုဆိုပါသည်။ ဆဲသည့်အခါ နားလည်းမခံသာ။စိတ်နှလုံးလည်း မချမ်းသာအောင်ရှိရကား လှံဖြင့် ထိုးဆွသကဲ့သို့ ဖြစ်သောကြောင့် ဆဲခြင်းကို နှုတ်လှံထိုးခြင်း။ (နှုတ်တည်းဟူသောလှံဖြင့်ထိုးခြင်း) ဟု ခေါ်ဝေါ်ကြပါသည်။ “ဆဲမျိုး(၁၀)ပါး” ••••••••••••••••••••••••• လှံကိုင်၍ထိုးရာ၌ လှံသည်ကိုင်ရာဝတ္ထု ဖြစ်သဖြင့် ဆဲရာ၌အမျိုးကိုင်၍ အမျိုးကို ထိပါးပုတ်ခတ်၍ဆဲခြင်း၊ အမည်ကိုင်၍ အမည်ထိပါးပုတ်ခတ်၍ ဆဲခြင်း စသည်ဖြင့် ကိုင်တွယ်ရာ၊ ထိပါးပုတ်ခတ်ရာ ဝတ္ထုများ ရှိပါသည်။ - ထိုဝတ္ထုများကို ဆဲကြောင်းဝတ္ထုများ ဟုခေါ်ပါသည်။ ထိုဆဲကြောင်းဝတ္ထုများမှာ- ✤(၁)။အမျိုး ထိပါးဆဲခြင်း၊ ✤(၂)။အမည် ထိပါးဆဲခြင်း၊ ✤(၃)။အနွယ် ထိပါးဆဲခြင်း၊ ✤(၄)။အလုပ်အကိုင် ထိပါးဆဲခြင်း၊ ✤(၅)။အတတ်ပညာ ထိပါးဆဲခြင်း၊ ✤(၆)။ရှိသောအနာရောဂါ ထိပါးဆဲခြင်း၊ ✤(၇)။အချိုးကျ-မကျ ပုံသဏ္ဌာန်ထိပါးဆဲခြင်း၊ ✤(၈)။ဖြစ်တတ်သော လောဘ၊ဒေါသ၊မောဟ၊မာန၊ ဣဿာ မစ္ဆရိယ စသောကိလေသာများဖြင့် ထိပါးဆဲခြင်း၊ ✤(၉)။လွန်ကျူးဖူးသည့်အပြစ်ကို ထိပါးဆဲခြင်း၊ ✤(၁၀)။နွား၊ခွေးစသော တိရစ္ဆာန်နှင့်စပ်သော အရာဝတ္ထု၊ မေထုန်နှင့်စပ်သောအရာဝတ္ထု၊ ယောကျာ်းအင်္ဂါဇာတ်၊မိန်းမအင်္ဂါဇာတ်နှင့်စပ်သော အရာဝတ္ထု ရှေး(၉)မျိုးမှ တစ်ပါး ရုန့်ရင်းကြမ်းတမ်းသော စကားများ စသည်ဖြင့် ဆဲခြင်း။ “ဆဲနည်း (၁၀)မျိုးဥပမာများမှာ-” ••••••••••••••••••••••••••••••••••• ✤(၁)။အမျိုး ထိပါးဆဲပါက-သူတောင်းစားမျိုး၊ တံငါသည်မျိုး စသည်၊ ✤(၂)။အမည် ထိပါးဆဲပါက-အမျိုးယုတ်၊အဖသတ်ကောင်၊ စဏ္ဍာလကောင် စသည်၊ ✤(၃)။ အနွယ်ထိပါးဆဲပါက-စဏ္ဍလနွယ်၊ သူတောင်းစားနွယ်၊ အောက်တန်းစားနွယ် စသည်၊ ✤(၄)။ အလုပ်အကိုင် ထိပါးပါက-ချေးကျုံးသမား၊ ဆိုက်ကားသမား စသည်၊ ✤(၅)။ အတတ်ပညာ ထိပါးဆဲပါက-သူခိုးဝိဇ္ဇာ၊ လူလိမ် စသည်၊ ✤(၆)။ အနာရောဂါ ထိပါးဆဲပါက-မီးယပ်ပိန်၊ ဖာကျိုး၊ အနူ စသည်၊ ✤(၇)။ပုံသဏ္ဌာန် ထိပါးဆဲပါဏ-လံဘားကြီး၊ငပု၊ ညှပ်စိ စသည်၊ ✤(၈)။ကိလေသာ ထိပါးဆဲပါက -ဏှာဘူး၊ မာနခဲ စသည်၊ ✤(၉)။အပြစ် ထိပါးဆဲပါက-ရာဂကြူး၊ကလိမ်ကကျစ် စသည်၊ ✤(၁၀)။ယုတ်မာသော ဆဲရေးမှု-တိုင်းတာဆဲခြင်း၊ ခွေး၊ ခွေးသား စသည့် ဆဲခြင်းတို့ ဖြစ်သည်။ “ဆဲပုံ ၊ ဆဲနည်း(၄)မျိုး” •••••••••••••••••••••••••••••• (၁)။ ယုတ်နိမ့်သောပုဂ္ဂိုလ်ကို ယုတ်နိမ့်သောအမျိုးဖြင့်ဆဲခြင်း။ (ဥပမာ-စဏ္ဍာလကို စဏ္ဍာလမျိုး ဟုပြောဆိုဆဲရေးခြင်း) (၂)။ မြင့်မြတ်သောပုဂ္ဂိုလ်ကို ယုတ်နိမ့်သောအမျိုးဖြင့်ဆဲခြင်း။ (ဥပမာ-မင်းမျိုးကို စဏ္ဍာလမျိုး ဟုပြောဆိုဆဲရေးခြင်း) (၃)။ ယုတ်နိမ့်သောပုဂ္ဂိုလ်ကို မြင့်မြတ်သောအမျိုးဖြင့်ဆဲခြင်း။ (ဥပမာ-စဏ္ဍာလကို မင်းမျိုး ဟုပြောဆိုဆဲရေးခြင်း) (၄)။ မြင့်မြတ်သောပုဂ္ဂိုလ်ကို မြင့်မြတ်သောအမျိုးဖြင့်ဆဲခြင်း။ (ဥပမာ-မင်းမျိုးကို မင်းတို့မင်းမျိုးတွေကဟုပြောဆိုဆဲရေးခြင်း) ဤသို့လျှင် အယုတ်အမြတ်အားဖြင့် ဆဲရေးခြင်း(၄)မျိုးဖြင့် ဆဲရေးခြင်းဝတ္ထု(၁၀)ပါးကို မြှောက်ပါက ဆဲခြင်းအမျိုး(၄၀) ဖြစ်ရပါသည်။ “စောင်းချိတ်ပြောဆိုမှု” •••••••••••••••••••••••••••• ဆဲဆိုရာဝယ်- (၁)။ တိုက်ရိုက်ဆဲဆိုမှု၊ (၂)။ စောင်းချိတ်ဆဲဆိုမှု ဟူ၍ (၂)မျိုးရှိသည်။ စဏ္ဍာလကို မင်းက သူတောင်းစားပဲ ဟုပြောဆိုခြင်းသည် တိုက်ရိုက်ဆဲခြင်းမျိုးဖြစ်သည်။ စောင်းချိတ်ဆဲရာတွင်- (၁)။ ဒီနေရာမှာ စဏ္ဍာလအမျိုး ရှိနေတယ်ဟေ့ (၂)။ ဒီနေရာမှာရှိနေသူတွေဟာ စဏ္ဍာလတွေပဲကွ (၃)။ ငါတို့ကတော့ စဏ္ဍာလမျိုး မဟုတ်ဘူးကွ ဤသို့စသည့်စောင်းချိတ်ပြောလျှင်လည်း ဖရုသဝါစာ မြောက်ပါသည်။ “မျက်ကွယ်ဆဲသော်/ကိုယ်အမူအရာပြသော်” ••••••••••••••••••••••••••••••••••••••••••••••• ဒီဃနိကာယ် မဇ္ဈိမနိကာယ် ဋီကာဆရာတို့အလိုအရ ဤဖရုသဝါစာသည် ဆဲအပ်သူ၏မျက်မှောက်ဖြစ်ပါမှ ကံမြောက်သည် မဟုတ်။ သူတစ်ပါးကို ဆဲရေးပြီးမှ မှားမှန်းသိသဖြင့် ကန်တော့သောပုဂ္ဂိုလ်သည် ကန်တော့ခံရသူ အဝေး၌တည်နေ၍ မျက်ကွယ်ဖြင့် သော်လည်းကောင်း၊ သေပြီးသော်လည်းကောင်း၊ ကန်တော့စေကာမူ ကန်တော့ခြင်းကိစ္စ ထမြောက် အောင်မြင်သကဲ့သို့၊ မျက်ကွယ်၌ တည်သောသူကို ဆဲသော်လည်းကောင်း၊ သေပြီးသူကို ဆဲသော်လည်းကောင်း ဖရုသဝါစာထိုက်၏။ ဆဲရာ၌ ပါးစပ်ဖြင့်ပြောမှ မဟုတ်ပေ။ ဆဲသည့်အဓိပ္ပာယ် သိအောင် လက်ဖြင့်ကြမ်းကြမ်း တမ်းတမ်းလုပ်ပြမှု၊ အမူအရာ လုပ်ပြမှု၊ စာရေးပြမှု စသည်များသည်လည်း တစ်ဖက်သူကသိပါက ဖရုသဝါစာ ဖြစ်ပါသည်။ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “ဖရုသဝါစာ ကံမြောက်မှု နှင့် အကျိုးပေးမှု” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ (၁)။ အဆဲခံရသူရှိခြင်း၊ (၂)။ အမျက်ထွက်ခြင်း၊ (၃)။ ဆဲခြင်း၊ ဟူသော ဖရုသဝါစာအင်္ဂါ(၃)ပါးကို ဆဲကြောင်းဖြစ်သော စေတနာသည် အင်္ဂါညီညွှတ်မှသာ ကမ္မပထမြောက်ပါသည်။ ကမ္မပထမြောက်မှသာ ဖရုသဝါစာကံ အထမြောက်ပါသည်။ ကမ္မပထမမြောက်က ဖရုသဝါစာကံ ဟုမဆိုရပါ။ ဝစီကံမျှသာ ဆိုရပါသည်။ ကမ္မပထမြောက်သောကံသည် အပါယ်ပဋိသန္ဓေကျိုးကို ပေးနိုင်သည်။ ကမ္မပထမမြောက်သောကံမှာ အပါယ်ပဋိသန္ဓေအကျိုးပေးနိုင်-မပေးနိုင် ကိန်းသေ တွက်၍ မရပါ။အချို့ပေးနိုင်သည်။ အချို့မပေးနိုင်ပါ။ ပဋိသန္ဓေအကျိုးကို မပေးနိုင်သော်လည်း မိမိမှာ ပြန်ဖြစ်ခြင်း စသောဝဋ်လိုက်သောအားဖြင့်ဖြစ်သော ပဝတ္တိအကျိုးကား သေချာလှပါသည်။ “အပြစ်ကြီးမှု-ငယ်မှု” ••••••••••••••••••••••••••••••••• အဆဲဆိုခံရသောပုဂ္ဂိုလ်၏ သီလ၊ သမာဓိ ပညာဂုဏ် အကြီးအငယ်လိုက်၍ အပြစ်အကြီးအငယ် ကွာခြားပါသည်။ အဆဲခံရသူ သီလ၊ သမာဓိ၊ပညာဂုဏ်ကြီးလျှင် ဆဲသူမှာ အပြစ်ကြီးပါသည်။ အဆဲခံရသူ သီလ၊ သမာဓိ၊ပညာဂုဏ်ငယ်က ဆဲသူမှာ အပြစ်ငယ်ရပါသည်။ တစ်ဖန် ဆဲသူ၏ ဒေါသ အကြီး-အငယ် လိုက်၍လည်းကောင်း၊ ဆဲသည့်ခဏ အများ၊အနည်းကို လိုက်၍လည်းကောင်း အပြစ်အကြီး၊အငယ် ကွာခြားပါသည်။ ကမ္မပထမြောက်-မမြောက်ပေါ်လိုက်၍လည်း အပြစ်ကြီး-အပြစ်ငယ် ကွာခြားပါသည်။ ဆဲရေးမှုပြုရာတွင်- •••••••••••••••••••••••• (၁)။ရိုးရိုးဆဲခြင်း (၂)။ကျိန်ဆဲခြင်း ဟူ၍ (၂)မျိုးရှိပါသည်။ ရိုးရိုးဆဲခြင်းကား အထက်ကဆိုခဲ့သော ဆဲရေးခြင်း (၁၀)မျိုး တစ်မျိုးမျိုးဖြင့် ဆဲရေးခြင်းကို ဆိုလိုပါသည်။ ကျိန်ဆဲခြင်းကား သင့်လိုကောင် ကားတိုက်သေပါစေ၊ မြွေကိုက်သေပါစေ ဟု ဒေါသစေတနာဖြင့် ကျိန်ခြင်းကို ကျိန်ဆဲခြင်း ဟု သတ်မှတ်ပါသည်။ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ✤“ကျိန်ဆဲခြင်း၊ ကျိန်စာဆိုခြင်း”✤ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “ကျိန်ဆဲခြင်း၊ ကျိန်စာဆိုခြင်း(၂)မျိုး” တို့တွင် ကျိန်ဆဲခြင်းကား သူတစ်ပါးကို ဆင်းရဲ ဒုက္ခရောက်စေလို၍ ဒေါသစေတနာဖြင့် ကျိန်ဆဲ၍ ဖရုသဝါစာထိုက်ပါသည်။ ကျိန်စာဆိုခြင်းကား - မိမိကိုယ်ကို မှန်ကန်သောသဘော၊ သူတစ်ပါးယုံကြည်စေလို၍ သက်သေ ပြသောအားဖြင့် ဆိုသောကြောင့် ဖရုသဝါစာ မထိုတ်။ သို့သော်。。。 ကျိန်စာဆိုမှုသည် ဖရုသဝါစာ မဖြစ်သော်လည်း ၊ကျိန်သည့်အတိုင်း ဖြစ်ရတတ်၊ခံစားရတတ်သောကြောင့် ကျိန်စာဆိုမှုသည် သတိပြုစရာ အချက်ပင်ဖြစ်သည်။ မုသားဆို၍ ကျိန်စာဆိုခဲ့သောကြောင့် ကျိန်စာအတိုင်း ခံစားရသောသာဓကများစွာ ဘုရားလက်ထက်ကပင် အတော် ထင်ရှားပေါ်ပေါက်ခဲ့ပါသည်။ ❖ဘုသပေတဝတ္ထုတွင် အမဲသားကိုခိုးစားလျက် မစားဟု လိမ်ညာပြီး၊ခိုးစားပါလျှင် ဖြစ်လေရာဘဝတိုင်း ကိုယ့်ကျောသားကို ကိုယ်ကိုယ်တိုင်ခြစ်ယူ၍စားရပါစေ ဟု ကျိန်စာဆိုခဲ့သည်။ ထို ကျိန်စာအတိုင်း သေသောအခါ ပြိတ္တာဖြစ်ပြီး ကိုယ့်ကျောကိုယ် ခွာစားရသည်။ ❖ပဉ္စပုတ္တခါဒပေတဝတ္ထုတွင် မိန်းမတစ်ယောက်သည် မိန်းမငယ်ကို ကိုယ်ဝန်ကျဆေးတိုက်ပြီး သားမဖွားအောင် ပြုလုပ်ခဲ့သည်။ ထိုကိစ္စကို စစ်ဆေးသောအခါ- “မကျွေးရပါ၊ကျွေးမိပါက ကိုယ်ဖွားသောသားကို ပြန်စားရသည့်ကိုယ် ဖြစ်ပါစေ” ဟု ကျိန်စာ ဆိုခဲ့သည်။ သေသည့်နောက်တွင် ပြိတ္တာမဖြစ်ပြီး ကိုယ့်သားကိုယ် ပြန်စားရသောဘဝ ရောက်ရသည်။ ❖ကဏ္ဍမုဏ္ဍသောဘိဝတ္ထုတွင် ဥပုသ်သည်ခေါင်းဆောင် အမျိုးသမီးသည် သေသောက်ကြူးနှင့်ဖောက်ပြားသည်။ လင် ယောက်ျားက စစ်ဆေးသောအခါ မဟုတ်ကြောင်း ကျိန်စာ ဆိုလေသည်။ အဖော်များကို မေးကြည့်သောအခါ ... အဖော်များကလည်း ဝိုင်းညာပြီး ကျိန်စာဆိုသည်။ ထိုအမျိုးသမီးများအားလုံး ကွယ်လွန်သောအခါ နေ့တွင် ဥပုသ်စောင့်သောအကျိုးကြောင့် နတ်စည်းစိမ်ခံစားရပြီး၊ ညပိုင်းတွင် မုသားကျိန်စာကြောင့် ခွေးစားခံရသည်။ ထို့ကြောင့် ကျိန်စာဆိုမှုသည် ဖရုသဝါစာ မဖြစ်သော်လည်း မုသာဝါဒ အဖော်သဟဲဖြစ်၍ ကျိန်စာ ဆိုသည့်အတိုင်းဖြစ်ရသည်။ ။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【မဟာသဒ္ဓမ္မဇောတိကဓဇ တက္ကသိုလ် သျှင်သီရိ
https://www.dhammaransi.com/index.php/new/755-2015-10-24-23-50-13.html
“ရေမျှောခံရသော ဇဋိလသူဌေး၏ နှုတ်ကြမ်းဝဋ်ကြွေး”
https://www.dhammaransi.com/index.php/new/756-2015-10-24-23-49-18.html
“ဗုဒ္ဓဘာသာဖြစ်ရန် အခြေခံတရား”
“ဗုဒ္ဓဘာသာဖြစ်ရန် အခြေခံတရား” •••••••••••••••••••••••••••••••••••••••••• ဗုဒ္ဓဘာသာ ဖြစ်ဖို့အတွက် “သဒ္ဓါနဲ့ပညာ” ဘယ်ဟာက အခြေခံဖြစ်သလဲဆိုတာ ဒီကနေ့ ရှင်းလင်းပြီး ဟောပြောကြရအောင်။ အခြေခံကို ရှာဖွေတဲ့အခါမှာ ရှုထောင့်အမျိုးမျိုးတော့ရှိမှာပေါ့။ရှုထောင့်အမျိုးမျိုးက ကြည့်ပြီးဗုဒ္ဓဘာသာဖြစ်ဖို့ အခြေခံတရားဟာ ဘာလဲ။ သဒ္ဓါ၊ ပညာဆိုတဲ့ အခြေခံ သဘာဝနှစ်ခုကို သေသေချာချာ စဉ်းစားပြီးကြည့်။ သဒ္ဓါဆိုတာ ယုံကြည်တာကို ပြောတာနော်။ ပညာဆိုတာ သဘာဝတရားတွေကို မှန်မှန်ကန်ကန် စဉ်းစဉ်းစားစား ကွဲကွဲပြားပြားသိတဲ့ အသိဉာဏ်ကိုပြောတာ။ ဒီတော့ ဗုဒ္ဓဘာသာဖြစ်ဖို့ အခြေခံ တရားဟာ ယုံကြည်မှု ဆိုတာက အဓိကလား? အသိပညာ ဆိုတာကအဓိကလား? လို့ ပြောမယ်ဆိုလို့ရှိရင်တော့ ရှုထောင့်အမျိုးမျိုးတော့ ရှိမှာပေါ့။ ဒီရှုထောင့်က ဒီတရားကို ရှင်းလင်းဟောပြပြီးတဲ့ အခါမှာ သဒ္ဓါက အခြေခံတာလား၊ပညာက အခြေခံတာလား ဆိုတာကို ကွဲကွဲပြားပြားမှတ်သားကြရမှာ ဖြစ်တယ်။ ဘုန်းကြီးတို့ ငယ်စဉ်တုန်းက ဥပဇ္ဈာယ်ဆရာတော်ကြီးကို “လူတွေ သဒ္ဓါအားနည်းလို့ မှားမှားယွင်းယွင်း ဖြစ်တယ်” လို့ လျှောက်ထားတဲ့အခါမှာ ဆရာတော်ကြီးက ပြင်ပေးတယ်။ “သဒ္ဓါ မဟုတ်ဘူး ပညာ” တဲ့။ အဲဒီ ကတည်းက ခေါင်းထဲမှာ စွဲသွားတယ်။အခြေခံအကြောင်းတရားဟာ သဒ္ဓါ ဆိုတာ မဟုတ်နိုင်ဘူး၊ ပညာကသာလျှင် အဓိကဖြစ်တယ်လို့။ ကဲ၊စဉ်းစားကြည့် - သဒ္ဓါသည် ဗုဒ္ဓဘာသာဖြစ်ဖို့ အခြေခံလို့ ပြောမယ်ဆိုလို့ရှိရင် ဒီကနေ့ခေတ် ဗုဒ္ဓဘာသာအပါအဝင် ဘာသာ(၅)မျိုး ကမ္ဘာ့ဘာသာကြီးတွေ ရှိတယ်။ အဲဒီကမ္ဘာ့ဘာသာကြီးတွေကို ယုံကြည် ကိုးကွယ်နေကြတဲ့ ပုဂ္ဂိုလ်တွေကော သဒ္ဓါမရှိဘူးလားလို့ ပြောမယ်ဆိုရင် ရှိတယ်။ သဒ္ဓါဆိုတဲ့ ပါဠိစကားလုံးကို ကောင်းတဲ့ဘက်မှာပဲ သုံးတယ်။ သို့သော် ဒီနေရာ ယုံကြည်မှုဆိုတဲ့ စကားလုံးနဲ့ပဲ အသုံးပြုရမယ်။ အဋ္ဌသာလိနီအဋ္ဌကထာမှာတော့ “ဘာသာခြားတွေ သူတို့ကိုးကွယ်တဲ့ဘုရား၊ သူတို့ ကိုးကွယ်တဲ့တရား၊ သူတို့ ကိုးကွယ်တဲ့ဆရာတွေကို ယုံကြည်တာတွေကို သဒ္ဓါလို့ မခေါ်ဘူး”လို့ ဒီလိုဆိုတယ်။ သို့သော် ယုံကြည်မှုမှန်သမျှဟာ သဒ္ဓါလို့ပြောလို့တော့ ရတယ်။သဒ္ဓါနဲ့ အလားတူတဲ့ အင်္ဂလိပ်စကားလုံးတစ်လုံးက faith လို့ ပြောတယ်။ faith ဆိုတာယုံကြည်ချက်ပဲ။ လူတွေက ယုံကြည်မှုကို အခြေခံပြီးတော့ ဘာသာတရားကို ကိုးကွယ်ကြတယ်။သာမန်အားဖြင့် ယုံကြည်တယ်ဆိုတဲ့ စကားလုံးရဲ့ နေရာမှာ ကြည့်လေ- အသိပညာမပါတဲ့ ယုံကြည်မှု၊ အသိပညာ ပါတဲ့ ယုံကြည်မှု၊ ပါဠိဘာသာမှာလည်း ခွဲထားတာ ရှိတယ်။“မုဓပ္ပသန္န” တဲ့။ အချည်းနှီး ယုံကြည်တာ။ ပညာကင်းမဲ့တဲ့ယုံကြည်မှုကို “မုဓပ္ပသန္န” ခေါ်တယ်။ အဲဒီ မုဓပ္ပသန္န ဆိုတဲ့ blind faith ဟာ အန္တရာယ်များတယ်။ ဒါကြောင့်မို့ ဣန္ဒြေ ၅-ပါးထဲမှာ သဒ္ဓါနဲ့ ပညာ ဆိုတာ နှစ်ခုနဲ့စပ်ပြီး ပရမတ္ထစက္ခုကျမ်းကိုရေးတဲ့ ဒီပဲယင်း ဆရာတော်ကြီးက“သဒ္ဓါကို ပညာစောင့်မှ လမ်းဖြောင့်တယ်တဲ့၊ ပညာကိုလည်း သဒ္ဓါစောင့်မှ လမ်းဖြောင့်တယ်” သဒ္ဓါနဲ့ ပညာ ဒီနှစ်ခုဟာ တစ်ခုတစ်ခု အစွန်းထွက်သွားလို့ မရဘူး။ညှိရမယ်လို့ ဒီလိုဆိုတာပေါ့။ သဒ္ဓါလွန်သွားရင်လည်း လမ်းမှန် မရောက်ဘူး။ ပညာလွန်သွားရင်လည်း ကောက်ကျစ်စဉ်းလဲသူ ဖြစ်သွားတယ်။ ဒါကြောင့်မို့ သဒ္ဓါနဲ့ ပညာ နှစ်ခုထိန်းညှိရမယ် ဆိုတဲ့ စကားကို ထောက်ထားကြည့်မယ် ဆိုရင်တော့ ပညာမပါတဲ့ ယုံကြည်မှုတွေဟာ တခြားဘာသာဝင်တွေမှာ ရှိနိုင်တယ်လို့ ပြောလို့ရတယ်ပေါ့။ရှင်မဟာဗုဒ္ဓဃောသက အဋ္ဌသာလိနီမှာ ရေးတာတော့ သဒ္ဓါ မဟုတ်ဘူး။ “တဏှာ” လို့ ရေးသွားတယ်။သို့သော်လည်း ယုံကြည်မှုဆိုတာ “သဒ္ဓါ” လို့ပဲ ပြောရမှာပဲပေါ့။ အဘိဓမ္မာမှာ သတိလို့ဆိုတာလည်း အကောင်းဘက်မှာပဲ သုံးတယ်။သို့သော် မိစ္ဆာသတိ မရှိဘူးလား ဆိုတော့ သတိဆိုတဲ့နာမည်နဲ့ သုံးတာတော့ ရှိတယ်။ သို့သော် ဒီသတိစေတသိက် မဟုတ်ဘူးလို့ ဆိုပြန်တယ်ပေါ့။ သဒ္ဓါလို့တော့ သုံးတယ်။သို့သော် ဒီသဒ္ဓါမဟုတ်ဘူးလို့ ဒီလိုလည်း ဆိုတယ်။ အသံအားဖြင့် ပြောမယ်ဆိုလို့ရှိရင် မုဓပ္ပသန္န ဆိုတဲ့ မှားယွင်းတဲ့သဒ္ဓါတရား။ ပညာရဲ့ ထိန်းကွပ်မှု မရှိတဲ့ သဒ္ဓါတရား။ သဒ္ဓါယုံကြည်မှုသက်သက်၊“အဝတ္ထုသ္မိံ ပသီဒတိ” မကြည်ညိုရမယ့်နေရာ သွားပြီး ကြည်ညိုမိတတ်တယ် လို့ ဒီလိုဆိုတာပေါ့။ ဒါကြောင့်ပညာစောင့်မှလမ်းဖြောင့်တယ်။ blind faith လို့အင်္ဂလိပ်လိုခေါ်တဲ့“မျက်ကန်းယုံကြည်မှု”ပဲ။ ဒီတော့ ဗုဒ္ဓဘာသာကို ယုံကြည်တာဟာ မျက်ကန်း ယုံကြည်မှုနဲ့ ဆိုင်သလား၊ပညာကင်းမဲ့တဲ့ ယုံကြည်မှုလားလို့ ဗုဒ္ဓဘာသာဖြစ်ဖို့ အခြေခံကို ရှာကြည့် ရမယ်၊ သဒ္ဓါလား၊ပညာလားလို့ ဒီနှစ်ခုကို ရှာကြည့်တဲ့အခါ ဘယ်ဟာက အခြေခံကျသလဲ၊ ပညာဆိုတာ အရာရာ ဆင်ခြင်စဉ်းစားပြီး ကွဲကွဲပြားပြား စစ်စစ် ဆေးဆေး သိရှိနားလည် သဘောပေါက်တာကို ဒီလို ဆိုလိုတာပေါ့။ အဲဒီတော့ ဗုဒ္ဓဘာသာဖြစ်ဖို့ သဒ္ဓါနဲ့ပညာဟာ ဘယ်ဟာက အခြေခံတရားလဲလို့ ဆိုလို့ရှိရင် “ပညာ” သည်သာလျှင် အခြေခံတရားလို့ ပြောရမယ်။ဘာကို ထောက်ထားပြီးတော့ ပြောတာလဲ ဆိုလို့ရှိရင် ကံ,ကံ၏အကျိုးကို သိမြင်တာ၊ ကံ,ကံ၏အကျိုးကို ယုံကြည်တာကိုလည်း သဒ္ဓါလို့ ဒီလိုဖွင့်ဆိုတာတွေ ရှိတယ်။ သို့သော် “ကံသည်သာလျှင် မိမိဥစ္စာ”လို့ ဆိုတာကျတော့ “သဒ္ဓါ” လို့ ပြောတာမဟုတ်ဘူး။ “သမ္မာဒိဋ္ဌိ” လို့ပြောတာ။ ကမ္မဿကတာ သမ္မာဒိဋ္ဌိ၊ ကံသာလျှင် မိမိဥစ္စာဆိုတဲ့ အဓိပ္ပာယ်က ကိုယ်လုပ်တဲ့ဟာ ကိုယ်နဲ့သာ သက်ဆိုင်တယ်။ ကိုယ့်မှာသာ တာဝန်ရှိတယ်လို့ ဒီလိုဆိုလိုတာ။ ကိုယ်လုပ်တဲ့ကံ ကိုယ့်မှာသာတာဝန်ရှိတယ်။ ကိုယ် လုပ်ထားတာ ကိုယ်ပဲအမွေခံရမယ်။ မြတ်စွာဘုရားဟောတဲ့ ပါဠိတော်မှာကြည့် - “ကမ္မဿကာ သတ္တာ ကမ္မဒါယာဒါ” သတ္တဝါတွေ ဆိုတာ ကိုယ်လုပ်တဲ့ကံ ကိုယ်နဲ့သက်ဆိုင်တယ်။ ကိုယ်လုပ်တဲ့ ကံရဲ့ပေးတဲ့အမွေကို ကိုယ်ပဲခံရတယ်။ “ယံ ကမ္မံ ကရိဿန္တိ ကလျာဏံ ဝါ ပါပကံ ဝါ၊ တဿ ကမ္မဿ ဒါယာဒါ ဘဝိဿာမ” လို့ ဆင်ခြင်စဉ်းစားခိုင်းတာ။ ကြည့်-ကောင်းတဲ့အလုပ်ပဲဖြစ်ဖြစ်၊ မကောင်းတဲ့ အလုပ်ပဲ ဖြစ်ဖြစ်၊ ကုသိုလ်ကံပဲ ဖြစ်ဖြစ်၊ အကုသိုလ်ကံပဲ ဖြစ်ဖြစ် ကိုယ်လုပ်တဲ့ ကံတရားရဲ့အမွေကို ကိုယ်ခံရမှာ။ ကိုယ်ခံယူရမှာပဲဖြစ်တယ်။ ဒီတော့ ကိုယ်လုပ်တာ ကိုယ် ခံရတယ်လို့ဆိုတာ ယုံကြည်ချက်လား၊ အသိပညာလားလို့ ပြောရင် “အသိပညာ” လို့ဆိုရမှာ။ ဒါကြောင့်မို့ သမ္မာဒိဋ္ဌိဆိုတဲ့စကားလုံးနဲ့ တွဲပြီးတော့ သုံးထားတာ “ကမ္မဿကတာသမ္မာဒိဋ္ဌိ”။ သမ္မာဒိဋ္ဌိဆိုတာ မှန်မှန်ကန်ကန်မြင်ခြင်း၊ ပညာကို ရည်ညွှန်းတဲ့စကား၊ အမှန်အကန်ကိုမြင်တယ်၊ တစ်ခါတစ်ရံကျတော့ မြင်တယ်ဆိုတာကို ပိုနားလည်အောင် Understanding ဒီလို ဘာသာပြန်တာဟာ နားလည်ခြင်းလို့ ဒီလို ဆိုလိုတယ်။ နားလည်ခြင်း၊ သဘောပေါက်ခြင်း၊ သိခြင်း၊ မြင်ခြင်းဆိုတာ အသိပညာကို ရည်ညွှန်းတဲ့ စကားလုံးတွေ။ ဒါဖြင့် ကံတရားရှိတယ်လို့ သိတာရယ်၊ကံတရားရဲ့အကျိုး ရှိတယ်လို့ သိတာရယ် ဒီနှစ်ခုကို တချို့သော ကျမ်းဂန်တွေမှာ သဒ္ဓါလို့ ဖွင့်ပေမယ့်လို့ သမ္မာဒိဋ္ဌိနဲ့ တွဲဖက်ပြီး သုံးတဲ့အခါကျတဲ့အခါ “သဒ္ဓါ” ကိုပြောတာ မဟုတ်ဘူး။ ❖“မှန်ကန်တဲ့ အမြင်တစ်ခုကို ပြောတာ” လို့ ဒီလိုပြောရမှာ။မှန်ကန်တဲ့ အမြင်တစ်ခုကို ပြောတာ။ ဒီတော့ ဗုဒ္ဓဘာသာ ဖြစ်ဖို့အတွက် အနည်းဆုံး “ကမ္မဿကတာသမ္မာဒိဋ္ဌိ” ဆိုတာ ရှိရမယ်လို့။ ဆိုလိုတာက ကမ္မဝါဒီ၊ ကိရိယဝါဒီ၊ ဘုရားအဆူဆူဟာ ကမ္မဝါဒီပဲ၊ ကံရှိတယ်လို့ ဟောပြောတယ်။ ကိရိယဝါဒီ ကံရှိသည့်အတွက်ကြောင့် ကံကို လုပ်လို့ရတယ် ဟောပြောတယ်၊ ကမ္မဝါဒီ၊ ကိရိယဝါဒီ၊ ကုသိုလ်ကံ၊အကုသိုလ်ကံဆိုတာ ရှိတယ်။ ကုသိုလ်ကံ၊အကုသိုလ်ကံကို လုပ်လို့ရတယ်။ ရှိလို့ လုပ်ရင် ဖြစ်တယ်။ကမ္မဝါဒီ ကိရိယဝါဒီဆိုတဲ့ အဓိပ္ပာယ်က အဲဒါ။ ဗုဒ္ဓဘာသာဖြစ်ဖို့ အတွက် အနည်းဆုံး ကမ္မဝါဒီဖြစ်ဖို့ လိုအပ်တယ်တဲ့။ ❖ဝိနယမဟာဝဂ္ဂပါဠိမှာ ကြည့်။ မြတ်စွာဘုရားက ဘာသာမတူတဲ့ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ဗုဒ္ဓဘာသာ အဖြစ် ရဟန်းဘဝ ခံယူမယ် ဆိုလို့ရှိရင် အညတ္တိတ္ထိယ ပရိဝါသ ဆိုပြီး လေးလစောင့်ကြည့်ခြင်းကို ခံရမယ်။လိုက်နာကျင့်သုံးစရာတွေကို လိုက်နာကျင့်သုံးရမယ်။ လေးလဆိုင်းငံ့ထားပြီးတော့ ဗုဒ္ဓဘာသာအပေါ်မှာ စိတ်ဝင်စားတာ၊စိတ်ဝင်စားတဲ့အတိုင်း လိုက်နာကျင့်သုံးနေတာ ဟုတ်မဟုတ် ဒါတွေကို စစ်ဆေးလေ့လာဖို့ရာ အတွက် လေးလဆိုင်းရမယ်လို့ ဒီလိုဆိုတာနော်။ အဲဒီလို လေးလဆိုင်းပြီးတော့မှ ကျေနပ်လောက်တဲ့ အဖြေရပြီဆိုတော့ ရဟန်းခံခွင့်ပေးတယ်။ ❖နဂိုတည်းက “ကမ္မဝါဒီ ကိရိယဝါဒီ” ဆိုလို့ရှိရင်တော့ လေးလပရိဝါသ စောင့်ဆိုင်းကျင့်သုံးစရာ မလိုဘူးတဲ့။ တစ်ခါတည်း ခွင့်ပြုလိုက်တယ်။အဲဒါကို ထောက်ထား ကြည့်။ ဗုဒ္ဓဘာသာဖြစ်ဖို့အတွက် ကမ္မဝါဒီဖြစ်ဖို့ အရေးကြီးတယ်။ ဗုဒ္ဓဘာသာဖြစ်လာပြီးတဲ့ နောက်မှာတောင် မှပဲ လောကီမင်္ဂလာကို လက်ခံယုံကြည်ပြီး၊ကံကို မယုံကြည်ဘူး ဆိုရင် “ဗုဒ္ဓဘာသာဝင်အညံ့” ဖြစ်သွားတယ်။ဗုဒ္ဓဘာသာလို့ နာမည်ခံသော်လည်းပဲ ဗုဒ္ဓဘာသာ အညံ့ဖြစ်သွားတယ်။ “မင်္ဂလံ ပစ္စေတိ နော ကမ္မံ” မင်္ဂလာလို့ဆိုတဲ့ လောကီ မင်္ဂလာတွေ ယုံကြည်တယ်ဆိုတာ ဒီကနေ့ခေတ်မှာ အထူးအဆန်းမဟုတ်ဘူး။ မြန်မာလူမျိုးတွေလည်း လောကီမင်္ဂလာတွေကို ယုံကြည်တဲ့အဓိပ္ပာယ်တွေ ရှိတယ်ပေါ့နော်။ ယုံကြည်ပြီးတော့ ကံတရားကို ဒီလောက် မယုံကြည်တဲ့ သဘောဆန်ဆန်တွေ ရှိတယ်။ဘာတွေတုန်းလို့ ပြောရမယ်ဆိုရင် ချင်းပင်စိုက်ရင် နေ့ချင်းညချင်း ကြီးပွားတယ်တို့၊ ကြံပင် စိုက်ရင် အကြံအောင်တယ်တို့၊ ဘုရားလှူတာတောင် ကြံလှူတယ်နော်။ အကြံအစည်အောင်ချင်တာတဲ့။အဲဒါ လောကီမင်္ဂလာ ယုံကြည်တာလို့ခေါ်တယ်။ကံကို မယုံကြည်ဘူး။ ကံကိုယုံတယ်ဆိုတာ ကိုယ်လုပ်တဲ့ အလုပ်ဟာ ကောင်းပြီးတော့ အပြစ်ကင်းတဲ့အလုပ်လား၊ ကုသိုလ် အလုပ်လား၊ အကုသိုလ် အလုပ်လား၊ ဒါပဲ ကြည့်ရမယ်၊ ပန်းသီးလှူရင် ပင်ပန်းမယ်။ ကြာလှူလို့ရှိရင် ကြန့်ကြာတယ်ဆိုတဲ့အတွေးတွေဟာ ဗုဒ္ဓဘာသာတွေရဲ့ အတွေး မဟုတ်ဘူး။ မှားယွင်းတဲ့ အယူအဆတွေရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့အတွေးမျှသာ ဖြစ်တယ်ပေါ့။ဒါလည်း သတိထား စရာပဲ။ “ကောတုဟလ မင်္ဂလိကော” တဲ့။အများအုတ်အုတ် ကျက်ကျက်ပြောနေတဲ့ လောကီမင်္ဂလာတွေကို လိုက်စားတဲ့ပုဂ္ဂိုလ်၊ အဲဒီပုဂ္ဂိုလ်မျိုး မဖြစ်ရဘူး။ ကံတရားကို အဓိကထားရမယ်၊ လောကီမင်္ဂလာကို ယုံကြည်တဲ့ပုဂ္ဂိုလ် မဖြစ်ရဘူးလို့ ဆိုတော့ ဒါကလည်း “အသိပညာ” နဲ့ ဆိုင်တယ်။ ဒါကြောင့်မို့ ကံတရားရှိတယ် လို့သိတာ၊ကံတရားရဲ့ အကျိုးရှိတယ်လို့ သိတာကို သမ္မာဒိဋ္ဌိ လို့ ပြောတာပဲ။ ကမ္မဿကတာသမ္မာဒိဋ္ဌိ။ ကြည့်လေ၊ ဒုစရိုက်ဆယ်ပါးထဲမှာ မနော ဒုစရိုက် ၃-ပါး ဆိုတာ ရှိတယ်။မနောဒုစရိုက် ၃-ပါး ဆိုတာ “အဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိ” ။အဲဒီမှာ “မိစ္ဆာဒိဋ္ဌိ”ဆိုတာ ပါတယ်။ ❖မိစ္ဆာဒိဋ္ဌိဆိုတာ “သဒ္ဓါ” ကို ပြောတာ မဟုတ်ဘူး။ “မှားယွင်းတဲ့အမြင်တစ်ခု” ကို ပြောတာ။ အဲဒီမှားယွင်းတဲ့ အမြင်ရဲ့ ဆန့်ကျင်ဘက်၊ နောက်တစ်ခါပြောတော့ သမ္မာဒိဋ္ဌိလို့ ပြောတယ်။ မိစ္ဆာဒိဋ္ဌိ နဲ့ သမ္မာဒိဋ္ဌိ ။ ဗုဒ္ဓဘာသာဝင် ဖြစ်ဖို့အတွက် သမ္မာဒိဋ္ဌိ ဖြစ်ဖို့လိုတယ် ဆိုတာပေါ့နော်။ သမ္မာဒိဋ္ဌိ ဖြစ်ဖို့ လိုတယ်။သမ္မာဒိဋ္ဌိဆိုတာ အခြေခံဆယ်ချက်ပေါ်မှာ မှန်ကန်တဲ့ အမြင် ရှိတာကို ပြောတာ၊ မိစ္ဆာဒိဋ္ဌိဆိုတာ အခြေခံဆယ်ချက်ပေါ်မှာ မှားယွင်းတဲ့အမြင်တွေရှိတယ်။အသိဉာဏ်တွေ မှောက်မှား နေတာကိုပြောတာ။ ဒီနေရာမှာ မိစ္ဆာဒိဋ္ဌိဆိုတဲ့ စကားလုံးလေးတင် ကြည့်ပြီးတော့ “သက္ကာယဒိဋ္ဌိတို့၊အတ္တဒိဋ္ဌိ” ဆိုတာတွေကို သွားပြောလို့ မရဘူး။အဲဒါမျိုး ဆိုလိုတာ မဟုတ်ဘူး။ဒီနေရာမှာနော်။ “အကိရိယဒိဋ္ဌိတို့ ၊ နတ္ထိကဒိဋ္ဌိ” ဆိုလိုတယ်။ မိစ္ဆာဒိဋ္ဌိဆိုတာ ဒီနေရာမှာ နတ္တိကဒိဋ္ဌိ။ နတ္ထိကဒိဋ္ဌိကို ယူလိုက်ရင် အကိရိယဒိဋ္ဌိ ဆိုတာလည်း ပါသွားတယ်။ဆိုလိုတာက ကံနဲ့ကံရဲ့အကျိုးကို ငြင်းပယ်တာ။ ကံတရားရဲ့ အကျိုးကို အသိအမှတ်မပြုတာ။ မပြုခြင်းအားဖြင့် ကံတရားကိုလည်း အသိအမှတ်မပြုဘူး ဆိုတဲ့အဓိပ္ပာယ် ရောက်တယ်။အကျိုးကို အသိအမှတ်မပြုဘူး ဆိုရင် အကြောင်းကိုလည်း အသိအမှတ်မပြုရာရောက်တယ်။ ဒါကြောင့်မို့ ဒီနေရာမှာ “မိစ္ဆာဒိဋ္ဌိ” ဆိုတာ “အကိရိယဒိဋ္ဌိ အဟောတုကဒိဋ္ဌိ၊နတ္ထိကဒိဋ္ဌိ” ဒီသုံးခုကို ပြောလိုတာနော်။ ❖အဲဒီ “မိစ္ဆာဒိဋ္ဌိ” အယူရှိနေလို့ရှိရင် ဗုဒ္ဓဘာသာ မဖြစ်ဘူး။ ❖“သက္ကာယဒိဋ္ဌိ”ရှိရုံနဲ့တော့ ဗုဒ္ဓဘာသာဖြစ်ပါတယ်။ ဗုဒ္ဓတရားတော်တွေ နာရင်းနာရင်းကနေ အနည်းဆုံး ကမ္မဿကတာသမ္မာဒိဋ္ဌိ ရှိရမယ်။ သက္ကာယဒိဋ္ဌိဆိုတာကတော့ ရုပ်တရား ၊ နာမ်တရားသာ ရှိတယ် ဆိုတဲ့အသိ၊ သုတမယဉာဏ် ရထားပြီဆိုရင် ဒီ သက္ကာယဒိဋ္ဌိဟာ ပရိယုဋ္ဌာနမဖြစ်ဘူး။ ထကြွပြီး စိတ်ထဲမှာ လွှမ်းမိုးနေတာ မရှိဘူး ဆိုလို့ရှိရင်၊ ဆိုလိုတာက ရောဂါဟာ Activate မဖြစ်ဘူး။ ထကြွပြီးတော့ ရောဂါက ကိုယ့်ကို မတိုက်ခိုက်သေးဘူး။ Positive တော့ဖြစ်နေတယ်။ ဆိုပါစို့- ထင်ရှားအောင်ပြောရမယ်ဆိုရင် ခုခေတ် တော်တော်များများပျံ့နံှ့သွားတဲ့ HIV ဆိုတဲ့ ရောဂါကို ကြည့်။ သို့မဟုတ် C ပိုး၊B ပိုး ဒါကိုကြည့်။C ပိုး၊B ပိုး ဆိုတာ သွေးထဲမှာ Hepatitis C ဆိုတာ ရှိနေတယ်။ ရှိနေတာကို positive လို့ ပြောတာ။ သွေးသွားစမ်းတဲ့အခါမှာ ဆရာဝန်က အဖြေထုတ်လိုက်တယ်။ HIV Positive C၊ Positive ပိုး Positiveဒီလိုရေးလိုက်တာ။ Positive ဆိုတာ ရှိနေတယ်လို့ ပြောတာ။ ရှိနေရုံနဲ့ အန္တရာယ်ပေးပြီ လားလို့ဆိုတော့ မပေးသေးဘူး။ HIV ရှိနေရုံနဲ့ အန္တရာယ်မပေးသေးဘူး။ ကျန်းမာရေးဂရုစိုက်ပြီးတော့ နေမယ်ဆိုလို့ရှိရင် ၁၀-နှစ် ၁၅-နှစ် ဒီလို ကျန်းကျန်းမာမာ နေသွားလို့ရတယ်။ သို့သော် Activate လို့ ခေါ်တဲ့သူကနေပြီးတော့ ပွားလာပြီ နိုးထပြီ၊လှုပ်ရှားလာပြီ ဆိုလို့ရှိရင်တော့ အန္တရာယ်ကြီးပေါ့။ အန္တရာယ် ဖြစ်လာပြီ။ Positive ဆိုတာ အနုဿယနဲ့အလား သဏ္ဌာန်တူတယ်။Activate ဆိုတာ ပရိယုဋ္ဌာနကိုပြောတာ။ ထကြွလာပြီဆိုရင်တော့ ကိုယ့်ကို တိုက်ခိုက်လာပြီ။ တိုက်ခိုက်လာရင်တော့ အန္တရာယ်ရှိလာပြီ။ HIV AIDS ရောဂါဖြစ်လာပြီ။ဟော တိုက်ခိုက်လာပြီ ဆိုတာ ဒီလိုဆိုလိုတာ။ ဒါကြောင့်မို့လို့ သက္ကာယဒိဋ္ဌိ Positive တန်းလန်းနဲ့ပဲ လူ့ပြည်ရောက်လိုက်၊နတ်ပြည်ရောက်လိုက်၊ နောက်ဆုံး ဗြဟ္မာ့ပြည်တောင်ရောက်သွားတယ်လေ။ ဗကဗြဟ္မာကြီးကိုပဲကြည့်။ဒါတွေက လွဲမှားသွားတတ်တယ်။ စာထဲ၊ပေထဲမှာ သေသေချာချာဆိုထားတာကို မလွဲမှားဖို့ မနောဒုစရိုက်မှာပြောတဲ့ မိစ္ဆာဒိဋ္ဌိ ဆိုတာ နတ္ထိကဒိဋ္ဌိကို အခြေခံပြောတာ။နတ္ထိကဒိဋ္ဌိပြောလိုက်တာနဲ့ အကိရိယဒိဋ္ဌိ ဆိုတာလည်း ပါသွားတယ်။အဟေတုကဒိဋ္ဌိ ဆိုတာလည်း ပါသွားတယ်။ကံ၏အကျိုးကို ငြင်းပယ်လိုက်တာနဲ့ ကံကိုလည်း ငြင်းပယ်ပြီးသား ရောက်သွားတယ်၊ ဒါ့အကြောင်းတရားကိုလည်း ငြင်းပယ်ပြီးသား ရောက်သွားတယ်။အဲဒါက ဒုစရိုက်၊အဲဒါတော့ အန္တရာယ်ရှိတယ်၊ ဒီလိုဆိုလိုတာပေါ့နော်။ ဒီတော့ ဗုဒ္ဓဘာသာဖြစ်ဖို့ကာ မနောသုစရိုက်လို့ ဆိုတဲ့ သမ္မာဒိဋ္ဌိ ရှိဖို့လိုတယ်။ သမ္မာဒိဋ္ဌိဆိုတာ “ပညာ”ပဲလေ။ “သဒ္ဓါ” မဟုတ်ဘူး။ သမ္မာဒိဋ္ဌိဆိုတာ အချက် (၁၀)ချက်ပေါ်မှာ အခြေခံတယ်ဆိုတာ ဘာလဲ၊ “အတ္ထိ ဒိန္နံ ၊ အတ္ထိ ယိဋ္ဌံ၊ အတ္ထိ ဟုတံ” - သုံးခု။ ✤အလှူဒါနပြုတာနဲ့ပတ်သက်ပြီးတော့ အတ္ထိ ဒိန္နံ-ဒါနရှိတယ်လို့ ပြောတာမဟုတ်ဘူး၊ ဒါနရှိတယ်လို့ ပြောလိုက်တာက ဒါနရဲ့ အကျိုးရှိတယ်လို့ ပြောတာပဲ။စကားလုံးကို ကြည့်မယ်ဆိုရင် ✤ဒိန္နံ-ပေးလှူအပ်သည့် အရာသည်။ အတ္ထိ-ရှိတယ်၊ ✤ဟုတံ-ပူဇော်အပ်သည့်အရာသည်။ အတ္ထိ-ရှိတယ်။ ဆိုလိုတာတော့ ဒိန္နံ-ပေးလှူရခြင်းရဲ့ အကျိုးတရားသည်။ အတ္ထိ-ရှိတယ်၊ ဒီလို ဖွင့်တာ။ ✤ဟုတံ- ပူဇော်ခြင်း၏ အကျိုးတရား၊ ✤ယိဋ္ဌံ-အကြီးအကျယ်ပူဇော်ခြင်းရဲ့ အကျိုးတရား၊ အတ္တိ-ရှိတယ်။ဗုဒ္ဓဘာသာဖြစ်ဖို့အတွက် ဒီလိုရှိတယ် လို့ မြင်တဲ့အမြင်ရှိဖို့ လိုတယ်။ ဒါဟာ ခြုံပြောမယ်ဆိုရင် ကမ္မဝါဒီ၊ ကိရိယဝါဒီ ကံ,ကံ၏အကျိုးကို လက်ခံတာကို ဆိုလိုတယ်။ ဗုဒ္ဓ ဘာသာဖြစ်ဖို့ ကံ,ကံ၏အကျိုးကို သိမြင်လက်ခံဖို့က အခြေခံအကြောင်းတရားလို့ ဒါကြောင့်ပြောတာ။ ကံ, ကံ၏အကျိုးကို ငြင်းပယ်နေလို့ရှိရင်တော့ ဗုဒ္ဓဘာသာ မဖြစ်ဘူး။ဗုဒ္ဓဘာသာဖြစ်ဖို့ အခြေခံမလုံလောက်ဘူးလို့ ဒီလိုပြောရမယ်။ အဲဒီမှာ ဆယ်ချက်ဆိုတာလေးကို မှတ်ဖို့ “အတ္ထိ ဒိန္နံ၊ အတ္ထိ ဟုတံ၊ အတ္ထိ ဟုတံ၊ ယိဋ္ဌ ဆိုတာ အကြီးအကျယ် ပူဇော်မှု၊ ဟုတ-ဆိုတာ သာမန်ပူဇော်မှု၊” အကျိုးတရားတွေ ရှိတယ်လို့ လက်ခံတာ၊ သိမြင်တယ် သမ္မာဒိဋ္ဌိ။ ✤“အတ္ထိ သုကတဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော”၊ သုကတဒုက္ကဋာနံ- ကောင်းစွာ ပြုအပ်တဲ့ ကုသိုလ်၊ မကောင်းသဖြင့်ပြုအပ်တဲ့ အကုသိုလ်။ ကုသိုလ် အကုသိုလ်တို့ရဲ့ အကျိုးရင်း၊အကျိုးဆက်ဆိုတာ ရှိတယ်လို့ သိတဲ့ဉာဏ်ပညာ-သမ္မာဒိဋ္ဌိ။ ✤“အတ္ထိ အယံ လောကော၊ အတ္ထိ ပရော လောကော”။ ဒီ လောကဆိုတာ ရှိတယ်၊ ပရလောကဆိုတာ ရှိတယ်။ ✤“အတ္ထိ မာတာ၊ အတ္ထိ ပိတာ” အမေရှိတယ် အဖေ ရှိတယ်ဆိုတာ အမေအဖေကို အသိအမှတ်ပြုတယ်လို့ ပြောတာ။အမေအဖေကို အသိအမှတ်ပြုသဖြင့် အမေ အဖေပေါ်မှာ ပြုစုလုပ်ကျွေးတဲ့ ကုသိုလ်တရား၊ အမေ အဖေကို စော်ကားတဲ့ အကုသိုလ် တရား အကျိုးရှိတယ် လို့ လက်ခံတာကို ဆိုလိုတယ်။ ✤“အတ္ထိ သတ္တာ ဩပပါတိကာ” သေပြီးတဲ့နောက် ပြန်ဖြစ်တဲ့သတ္တဝါရှိတယ်လို့ လက်ခံတယ်။ ✤“အတ္ထိ သမဏဗြဟ္မဏတ သမ္မဂ္ဂတာ သမ္မာပဋိပဒါ” မှန်ကန်စွာ သိပြီးတဲ့ အကျင့်မှန်နဲ့ လမ်းမှန်ကျင့်သုံးလို့ အောင်မြင် ပေါက်မြောက်ပြီးတော့ ဒီလောကကြီးကို ထူးခြားတဲ့ အသိဉာဏ်နဲ့သိပြီးဟောနိုင်တဲ့ ဘုရားဆိုတာ ရှိတယ်လို့၊ အဲဒီလို အချက်ဆယ်ချက်ပေါ်မှာ အခြေခံပြီးတော့ သိမြင်တဲ့ “အသိဉာဏ်”ကို သမ္မာဒိဋ္ဌိလို့ခေါ်တာ။ဒီနေရာ မှာ သမ္မာဒိဋ္ဌိလို့ ခေါ်တာ၊ “အတ္ထိကသမ္မာဒိဋ္ဌိ” လို့ ခေါ်တယ်။ အဲဒီ “အတ္ထိကသမ္မာဒိဋ္ဌိ” သည် ဗုဒ္ဓဘာသာဝင် ဖြစ်ဖို့ အခြေခံအကြောင်းတရားလို့ ဒီလိုပြောရမယ်။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ】
https://www.dhammaransi.com/index.php/new/757-2015-10-24-23-44-29.html
“ဧဟိဘိက္ခုရဟန်းဆိုတာ…”
https://www.dhammaransi.com/index.php/new/758-2015-10-17-00-38-47.html
တရားခေါ်ရာ လိုက်သွားပါ
တရားခေါ်ရာ လိုက်သွားပါ •••••••••••••••••••••• ကိုယ်လုပ်မှ ကိုယ်သိတယ် ၊ ကိုယ်စားမှ ကိုယ်ဝတယ် ၊ ကိုယ် သွားမှ ကိုယ်ရောက်တယ် ၊ ဘုရားပေးတဲ့သတိပဋ္ဌာန်တရားလက် နက်က ဟင်းရွက်လှီးတဲ့ ကုလားဓားမဟုတ်ဘူး ၊ ရောဂါအားလုံး နဲ့ ကိလေသာအားလုံးကို အမြစ်ပြတ်အမျိုးသုဉ်းအောင် ခုတ်သင် နိုင်တဲ့ ဓားစကြာကွဲ့ ၊ မယုံမရှိနဲ့ ၊ ဘုန်းကြီးကိုယ်တွေ့ပါပဲ ။ မိမိဆက်ရှုနိုင်သေးတယ်ဆိုရင် မတော်လိုက်ပါနဲ့ ၊ ဆက်ရှုပါ ၊ တရားကခေါ်နေလျှက်မိမိကမလိုက်သွားရင် အခါအခွင့်တစ်ခုဆုံး ရှုံးသွားနိုင်တယ် ၊ တရားဆိုတာသူခေါ်မှလိုက်သွားလို့ရတာ ၊ သူ မခေါ်ရင်ရင်လိုက်သွားလို့မရဘူး ၊ တရားမှတ်တာသဘာဝကျကျ မှတ်ရတယ် ၊ အတင်းလုပ်ယူတာမျိုးမဖြစ်သင့်ဘူး ၊ မိုးချုပ်သန်း ခေါင်ရောက်နေပါစေ ဂရုမစိုက်နဲ့ ၊ မိုးလင်းသွားလည်းအရေးမ ကြီးဘူး ၊ ထမင်းစားချိန်ရောက်သွားလို့လည်း မတော်နဲ့ ၊ တရား ဆက်မှတ်နိုင်သလောက် လိုက်မှတ်သွားပါ ၊ အဲသလိုတစ်ကြိမ် လိုက်သွားနိုင်ရင် သိပ်အကျိုးကျေးဇူးများတယ် ။ တရားအားထုတ်နေတုန်း မှတ်စိတ်အာရုံမတည်ငြိမ်ပဲ ဟိုဟိုဒီဒီ စိတ်ရောက်နေရင် စိတ်ပျံ့လွင့်ခြင်းဆိုတဲ့ ဥဒ္ဓစ္စဓားပြအနှောက် အယှက်ပေးနေပြီ ၊ TV ကြည့်ချင်တယ် ၊ သီချင်းနားထောင်ချင် တယ် ၊ မုန့်စားချင်တယ်ဖြစ်လာရင် ကာမဂုဏ်အာရုံကိုလိုချင်တဲ့ ကာမစ္ဆန္ဒဓားပြတိုက်နေပြီလို့သိပါ ၊ ညောင်းညာကိုက်ခဲလို့စိတ် ညစ်လာတဲ့အခါ အမျက်ဒေါသဆိုတဲ့ဗျာပါဒ ဓားပြတိုက်နေပြီလို့ သိပါ ၊ တစ်ခါပျင်းရိငိုက်မျည်းလာပြီဆိုလျှင် ထိနမိဒ္ဓဓားပြတိုက်နေ ပြီ ။ ဝိပဿ နာရှုမှတ်လို့စိုးရိမ်ပူဆွေးမှုတွေကို လွန်မြောက်ပြီး နိဗ္ဗာန် ချမ်းသာကိုရနိုင်မယ်ဆိုတာ ဟုတ်နိုင်ပါ့မလားလို့ သံသယဖြစ်လါ ရင် ဝီစိကိစ္ဆာဓားပြတိုက်နေပြီလို့ မှတ်ပေတော့ ၊ ရဲစွမ်းသတ္တိရှိတဲ့ ယောကျ်ားဟာ နှောက်ယှက်လာတဲ့ ဓားပြတစ်ဦးဆီကို ခုခံတွန်း လှန်ပြီးတော့ ခရီးရောက်အောင် ခရီးဆက်သလို နီဝရဏဓားပြ တို့ကို ခုခံတွန်းလှန်ပြီးတော့ ဝိပဿ နာအလုပ်ကို အားကြိုးမာန် တက်လုပ်ဆောင်ရမယ် ။ သင်္ဘောတွေဟာ ဒီလှိုင်းများရိုက်ပုတ်တာကို ထီမထင်ပဲ မိမိတို့ သွားလိုတဲ့အရပ်သို့ တည့်တည့်မတ်မတ်သွားကြသလို မဂ္ဂင် ဖောင်ကိုလှော်နေတဲ့ ယောဂီတို့ဟာလည်း နီဝရဏဒဏ်ကိုအ လေးမပြုပဲ လိုရာပန်းတိုင်ခရီးရောက်အောင် ဇွဲရှိရှိနဲ့ တွန်းကန် လှော်ခတ်နိုင်နိုင်ရမယ် ။ တော်ကူးဆရာတော်
https://www.dhammaransi.com/index.php/new/759-2015-10-17-00-36-34.html
ဝေဒနာရှုနည်း
ဝေဒနာရှုနည်း •••••••••••• ထုံတာကျင်တာပဲဖြစ်ဖြစ် ၊ ကိုက်ခဲတာပဲဖြစ်ဖြစ် စိတ်ကလေးအသာ လျော့ထားပြီးတော့ သူ့အပေါ်မှာလက်မခံချင်တဲ့စိတ် မဖြစ်စေပဲ စိတ်ကလေးအေးအေးနဲ့ အရှိကိုအရှိအတိုင်း သိသိပေးနေလို့ရှိရင် အဲဒီနာကျင်မှု ဖောက်ပြန်မှုတွေဟာ ပြောင်းပြောင်းသွားတာတွေ့ရ မယ် ။ မပင်ပန်းပဲနဲ့ ကြည့်နိုင်လာမယ် ၊ ကိုယ်နာသော်လည်း စိတ်မနာဆို တဲ့ အခြေအနေထဲ ရောက်လာမယ် ၊ ဒါကြောင့် ဘာပဲဖြစ်လာဖြစ် လာ စိတ်အေးအေးနဲ့ ကြည့်နိုင်ဖို့လိုတယ် ၊ ဒီလိုသတိလေးနဲ့ အေး အေးကြည့်တဲ့ အကျင့်ရသွားရင် ဒီထက်ပိုဆိုးတဲ့ နာကျင်ခံခက်မှုမျိုး ကြုံလာရင် အေးအေးကြည့်တတ်တဲ့ အရည်အချင်းဟာ တဖြည်း ဖြည်း တိုးတက်လာမယ် ၊ စိတ်ကိုကျင့်တာ အာရုံးကောင်းမကောင်း နဲ့ မဆိုင်ပါဘူး ။ အခုဖြစ်တဲ့ဝေဒနာက ထိုင်တုန်း ခဏတစ်ဖြုတ် ဖြစ်တာလေ ၊ ခု ချက်ချင်းပြင်လိုက်ရင် ပျောက်သွားမှာပါ ၊ ဘယ်လောက်မှ မကြီး ကျယ်ပါဘူး ၊ နောင်တစ်ချိန်မှာ ဆေးရုံမှာဖြစ်စေ ၊ ဆေးခန်းမှာဖြစ် စေ ဘယ်လိုနည်းနဲ့မှ ဖျောက်လို့မရတဲ့ဝေဒနာ တစ်ခုခုနဲ့ကြုံလာ ရင် လှည့်လို့ပြောင်းလို့မရတဲ့ အိပ်ယာထဲမှာ ဝေဒနာတစ်ခုခုကြာ ရှည်ခံစားရမယ်ဆိုရင် စိတမနာအောင်ဘယ်လို နေမလဲ ၊ ဘယ်လို စိတ်ထားမျိုးနဲ့ ကြည့်မလည်း ၊ ကြိုတင်ပြင်ဆင်ထားဖို့ ခုကတည်းက လေ့ကျင့်ထားဖို့လိုတယ် ။ ဒုက္ခကိုတွန်းဖယ်ရင် ဒုက္ခဟာပိုဆိုးတယ် ၊ ဒါကြောင့်တွန်းဖယ်ဖို့ မကြိုးစားပဲ လိုလိုချင်ချင်နဲ့ ကြည့်ပါ ၊ တစ်ခါတလေကြည့်ရင် လျော့သွားတာလည်းရှိတယ် ၊ မသက်မသာ တိုးလာရင်စိတ်ထဲတင်း ကျပ်မှု များလာမယ် ၊ ကိုယ်ခန္ဓာလည်း တောင့်တင်းလာတယ် ၊ စိတ်မကျေမနပ်လည်း ဖြစ်လာတတ်တယ် ၊ အဲဒီ မကျေနပ်တဲ့စိတ် ကို သိသိပြီးတော့ အသာကလေးနေပေးလိုက်ပါ ၊ ကိုယ်နာပေ စိတ်တင်းကျပ်မှု လျော့လာမယ် ။ စိတ်တင်းကျပ်မှုဖြစ်ရင် စိတ်ထဲမှာ တင်းတာကိုအရင်သိအောင် ကြည့်ပါ ၊ ကြည့်ရင်းနဲ့ နောက်ဆုံးမှာ ဘယ်လိုနည်းနဲ့မှ သည်းမခံ နိုင်ဘူးဆိုရင်တော့ သတိလေးနဲ့သိပြီးတော့ လက် ခြေ အနေအ ထား ပြင်ပါ ၊ ဝေဒနာရှုနည်းနဲ့ပတ်သက်ပြီး နာကျင်ကိုက်ခဲကိုပဲ အာရုံစိုက်ရှုခိုင်းတာများတယ် ၊ နာလေလေစူးစိုက်လေလေ ၊ ရွှေဥ မင် ဆရာတော် ဘုရားကြီးကတော့ စိတ်ခံချက်ဘက်ကရှုဖို့ လမ်း ညွှန်ပါတယ် ၊ ကြည့်ပါ ။ သိပ်နာနေရင် သူ့ကိုအာရုံမပြုနဲ့ ၊ မခံချင်တဲ့ခံစားချက်ကို အာရုံပြု ပေး ၊ မကြိုက်ရင် မကြိုက်တဲ့ စိတ်ကလေးကိုအာရုံပြုပေး ၊ သတိ ထားပေး ၊ ဘာကြောင့် ဖြစ်နေတာ ၊ စိတ်ကောင်းရင် အားလုံး ကောင်းသွားတယ် ၊ မခံချင်တဲ့စိတ် ပျောက်ချင်တဲ့စိတ်ဖြစ်နေရင် အဲဒီစိတ်ကိုကြည့် ၊ ကြည့်ပေးရင် အေးချမ်းသွားမယ် ၊ နာတဲ့နေရာ ကိုချည်း သွားမကြည့်နဲ့ ၊ နာတာကိုချည်းသွားကြည့်နေရင် နာတာ ကြီးကို ပုံကြီးချဲ့သလို ဖြစ်တယ် ။ မကြိုက်ရင် မကြိုက်တဲ့ စိတ်ကလေးကိုကြည့် ၊ တင်းကျပ်တဲ့စိတ် ကလေးကို လျှော့ပြီး သက်သက်သာသာနဲ့ကြည့်ပေးပါ ၊ သည်းခံ ပြီး ကြည့်ပေးပါ ၊ မရတော့လည်း ပြောင်းပြင်ရတာပေါ့ ၊ သတိထား ပြီး ကြည့်နေပါ ၊ နာတာကိုခန္ဓာနဲ့ မရောစေနဲ့ ၊ ကိုယ်ကသက်သက် သက်သက်စီမှန်း သိအောင်ကြည့်ရတာ လို့ပြောပါတယ် ၊ ဒါက ပညတ် ပရမတ် ခွဲခြားနားလည်ဖို့ပြောတာပါ ၊ ဒီအချက်ကို ကံယုံ ဆရာတော်က ကိုယ်နဲ့ခန္ဓာ မရောစေနဲ့ လို့ပြောပါတယ် ၊ မရှိတာ ကို မကြည့်နဲ့ ၊ မရှိတာက ပညတ် ( ဒူး ခါး တင် ရင် ခြေ လက် စသည် ) ၊ ရှိတာက ပရမတ် ( ရုပ်နာမ် သဘောသဘာဝ ) ၊ ဝိပဿ နာတရား ရှုရာမှာ ပညတ် ၊ ပရမတ် ကွဲဖို့ သိပ်အရေးကြီးတယ် ။ ဝေဒနာကို ဘာဖြစ်လို့ မကြိုက်တာလည်းတဲ့ ၊ ဝေဒနာနဲ့ဖက်ပြီး သေရမှာတဲ့ ၊ အသုံးချတတ်ရင် ရန်သူဟာ မိတ်ဆွေဖြစ်တယ် ၊ ပေါင်းတတ်ဖို့ပဲ လိုပါတယ် ၊ ရွှေဥမင်ဆရာတော်ကြီးက လမ်းညွှန်ပါ တယ် ။ ကံယုံဆရာတော်
https://www.dhammaransi.com/index.php/new/760-2015-10-17-00-36-06.html
ဘဝမမေ့ တရားတွေ့
ဘဝမမေ့ တရားတွေ့ ••••••••••••••••• အဆုံးအမသြဝါဒဆိုတာ နည်းသည်များသည် ၊ သေးသည်ကြီး သည် ၊ ယုတ်သည်မြတ်သည်မဟုတ် ၊ ယူတတ်တဲ့ပုဂ္ဂိုလ်ဆိုရင်အ ဆုံးအမလေး နည်းနည်းနဲ့လည်း အကျိုးများတာပဲ ၊ သတ္တဝါတွေ ဟာ ဘဝကို မေ့မေ့သွားတတ်တယ် ၊ ဘဝမမေ့အောင်နေရမယ် သံဝေဂတရားကို စိတ်မှာအမြဲထားပြီး လောကီလောကုတ္တရာ သဒ္ဓါတရားပြည့်အောင်ထားရမယ် ၊ သဒ္ဓါတရားမရှိရင် ဘာကု သိုလ်မှမဖြစ်ဘူး ၊ သဒ္ဓါတရားကို အရင်းခံပြီးကုသိုလ်မျိုးစုံဖြစ်ရ တယ် ။ မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ် အရှင်အာနန္ဒာကိုယ်တော် မြတ်ကြီး ဆွမ်းခံကြွတော့ ပုဆိုးနွမ်းလေးဝတ်ပြီးတောင်းစားနေ တဲ့ ကလေးတစ်ယောက်ကို ရဟန်းဝတ်ပေးဖို့ ကျောင်းခေါ်သွား ပြီး အရှင်အာနန္ဒာကိုယ်တိုင် သေချာကြေးတွန်းပြီး ကိုယ်တိုင် ရေချိုးပေးတယ် ၊ ရေချိုးပေးပြီး တစပဉ္စကကမ္မဋ္ဌာန်းပေးပြီး ရဟန်း ဝတ်ပေးလိုက်တယ် ၊ အရှင်အာနန္ဒာရဲ့တပည့်ဆိုတော့ လူသူလေး ပါးကကြည်ညိုကြပြီး အဝတ်ကောင်း အစားကောင်းလှူဒါန်းကြ တော့ ကောင်းစွာနေထိုင်စားသောက်ရတယ် ၊ တရားဓမ္မမှတ်သါး ပြီး အသားအရေဝဖြိုးလာတော့ စိတ်ကကိလေသာစိတ်ဝင်လာ တယ် ၊ ရဟန်းဘဝမပျော်ပဲ လူထွက်ချင်လာပြီ ။ အဲဒီလိုကိလေသာစိတ်ဖြစ်လာတိုင်း သစ်ပင်တစ်ပင်မှာချိတ်ထား တဲ့ လူ့ဘဝတုန်းက ပုဆိုးနွမ်းနဲ့ခွက်စုတ်ကလေးကို သွားသွား ကြည့်ပြီး သူ့ကိုယ်သူဆုံးမနေတယ် ၊ " အရှက်မရှိတဲ့အကောင် ၊ နင့်ဘဝက ဒီပုဆိုးစုတ်ကနေ ရေစစ်ကလေးတောင်လုပ်စရာမရှိ တဲ့ မပိုင်တဲ့ဘဝက အခုလိုအကောင်းစားတွေနဲ့နေရ ၊ မြတ်တဲ့အ စားအစာစားရ ၊ ကောင်းတဲ့နေရာထိုင်ခင်းတွေနဲ့နေရတာကို မ ပျော်ပိုက်ပဲ ဒီပုဆိုးနွမ်းလေးနဲ့ တောင်းစားဖို့ကြံနေတာ နင့် လောက်အရှက်မရှိတဲအကောင် မရှိတော့ဘူး " သူ့ကိုယ်သူဆုံးမ နေတာ ၊ ဒီတော့စိတ်ကငြိမ်သွားတယ် ၊ ဒီလိုပဲအားထုတ်လို့အသါး အရေပြည့်ဖြိုးလာရင် ကိလေသာစိတ်ဝင် လူထွက်ချင်လာပြီ ။ အဲဒီလိုကိလေသာစိတ် မကြာမကြာဖြစ်ပေါ်တိုင်း ဆုံးမလိုက် ၊ လူထွက်ချင်စိတ်ပေါက်လိုက် ၊ ပုဆိုးစုတ်လေးဆီသွားလိုက်နဲ့ ကြိမ် ဖန်များစွာ မရေတွက်နိုင်အောင် သွားလာခဲ့တယ် ၊ သွားရင်းလာ ရင်း သူ့ကိုယ်သူဆုံးမလာရင်းနဲ့ ရဟန္တာဖြစ်သွားတယ် ၊ ပုဆိုး စုတ်လေးဆီ သွားတိုင်းဘေးကရဟန်းဖော်များက ဘယ်သွားနေ လည်းလဲလို့မေးရင် ဆရာ့ဆီသွားနေတာလို့ပြန်ပြောတယ် ၊ ပုဆိုး စုတ်နဲ့ ခွက်စုတ်လေးကိုဆရာအနေနဲ့ တင်စားခေါ်တာ ၊ ရဟန္တာ ဖြစ်တော်မူလို့မသွားတဲ့အခါမေးတော့ ဆရာနဲ့တပည့်သံသဂ္ဂပြတ် သွားပါပြီလို ပြောလိုက်တယ် ။ ရဟန်းတော်များက မြတ်စွာဘုရားကိုလျှောက်တင်တဲ့အခါ " အို ရဟန်းတော်မြတ်တို့ အဆုံးအမကောင်းရတဲ့ပုဂ္ဂိုလ်ကပြတ်သွားပြီ ဒီအဆုံးအမကောင်းနဲ့ပဲ တရားရသွားပြီ ၊ အဲဒီလိုကျင့်ကြံတော့ သူ့မှာထိတ်လန့်တဲ့သံဝေဂနဲ့ အားထုတ်မှုဝီရိယ ၊ ယုံကြည်တဲ့ သဒ္ဓါတရားတို့ ၊ သမာဓိတို့ ၊ ဆုံးဖြတ်တတ်တဲ့ဉာဏ်တို့ကြောင့် ဝဋ်ကိုစွန့်လွှတ်ပြီးတော့ အေးချမ်းတဲ့နိဗ္ဗာန်ကို ရောက်သွားပြီ ၊ အလိုလိုရောက်သွားတာမဟုတ်ဘူး ၊ အဆုံးအမကောင်းလို့ ရောက်တာ ၊ တစ်နည်းပြောရရင် ဘဝမမေ့လို့ပဲ ။ ဓမ္မဒူတ အရှင်ပညာဇောတ
https://www.dhammaransi.com/index.php/new/761-2015-10-17-00-35-10.html
ပစ္စုပ္ပန်မှာ ချမ်းသာဖို့
ပစ္စုပ္ပန်မှာ ချမ်းသာဖို့ •••••••••••••••• နောက်ဘဝမှာ ချမ်းသာဖို့ဆိုတာထက် လောလောဆယ်ပစ္စုပ္ပန်မှာ ချမ်းသာအောင်နေတတ်ဖို့က ပိုလို့အရေးကြီးတာ ၊ မနက်ဖန်ချမ်းသာဖို့ ထက် ယနေ့မှာလောလောဆယ် တွေ့သမျှနဲ့ အဆင်ပြေငြိမ်းချမ်း အောင် ချမ်းသာအောင်နေတတ်ဖို့က အရေးကြီးတာ ။ နောက်ဘဝချမ်းသာဖို့ဆိုတာထက် လောလောဆယ် တရားတဲ့နည်း လမ်းနဲ့ ၊ တရားအသိလေးနဲ့ငြိမ်းချမ်းအောင် ချမ်းသာအောင်နေတတ်ဖို့ က ပိုအရေးကြီးတာ ၊ နိဗ္ဗာန်ရောက်ရင် ချမ်းသာမှာသေချာသော်လည်း နိဗ္ဗာန်မရောက်ခင် ခန္ဓာဝန်ထမ်းပြီးသွားတဲ့အခါမှာ တရားအသိလေးနဲ့ ငြိမ်းချမ်းစွာ အေးအေးကြည်ကြည်လင်လင် ထမ်းသွားနိုင်ဖို့က ပိုအရေး ကြီးတာ ။ တရားရဲ့သဘောက မနက်ဖန်ထက် ဒီနေ့ပိုအရေးကြီးတယ် ၊ နောက်ဘ ဝထက် ယခုဘဝပိုအရေးကြီးတယ် ၊ သံသရာခရီးကိုသွားရမှာထက် ယခုလောလောဆယ်သွားနေတုန်း ပစ္စုပ္ပန်က ပိုအရေးကြီးတယ် ။ ကုသိုလ်ရအောင် ယူတတ်ဖို့ ရှာရမယ့်အတူ ငါကုသိုလ်ရအောင်ရှာ မယ် ၊ ခန္ဓာကိုယ်ကြီးကျွေးရမယ့်အတူတူ ကုသိုလ်ရအောင် ငါကျွေးမယ် မိသားစုတာဝန် ထမ်းရမယ့်အတူတူ ပူပူလောင်လောင် ရှုပ်ရှုပ်ထွေး ထွေး ငါမထမ်းဘူး ။ ဒါနဝတ်ကလေးနဲ့ ထမ်းမယ် ၊ သီလဝတ်ကလေးနဲ့ ထမ်းမယ် ၊ မေတ္တာ ဘာဝနာစွမ်းအားလေးနဲ့ ထမ်းမယ် ၊ ဝိပဿ နာအသိလေးနဲ့ ထမ်းမယ် မိသားစုတာဝန်ထမ်းတာတောင် သူ့မှာ ဝတ်ကလေးတွေနဲ့ထမ်းတယ် ၊ ပြွတ်သိပ်ပြီးတော့ မသွားဘူး ၊ အကန့်လေးတွေနဲ့ သွားနေတယ် ၊ ဒီနေရာတော့ ဒါနရနိုင်တယ် ၊ ဒါနယူထားလိုက်မှ စသည်ဖြင့် ရှင်းရှင်း လေးသွားတယ်ပေါ့ ။ စီးပွားရေးအလုပ်လုပ်ရင်း အိမ်အလုပ်လုပ်ရင်းနဲ့ ခန္ဓာဝန်ထမ်းဆောင် ရင်းနဲ့ မကင်းနိုင်တဲ့ လူမှုရေးကိစ္စတွေ ဆောင်ရွက်ရင်းနဲ့ မကင်းနိုင်တဲ့ လူမှုရေးကိစ္စတွေ ဆောင်ရွက်ရင်းနဲ့ တစ်ခါတည်းပါသွားအောင် ယူရ မှာ ။ သာသနာတွေ့တဲ့အခါကာလကလဲ ပုညခေတ်ကြီးဆိုတော့ အချိန်တိုင်း အချိန်တိုင်း အဖိုးတန်တယ် ၊ တစ်စက္ကန့်လေး အချိန်ဖြုန်းပစ်ရမှာတောင် မှ နှမျောစရာကောင်းတယ် ၊ တစ်ရက်ကိုတစ်သက်လောက် တန်ဖိုး ထားမှ တော်ကာကျပေလိမ့်မယ် ။ တိပိဋကဓရ - ဓမ္မဘဏ္ဌာဂါရိက ( ယော ) ဆရာတော်
https://www.dhammaransi.com/index.php/new/762-2015-10-17-00-34-54.html
သာမန်ထက်ထူးခြားနေရင်
သာမန်ထက်ထူးခြားနေရင် ------------------------------------- လူတစ်ရောက်ဟာ သာမန်လူတွေထက် များစွာထူးခြားနေပြီဆိုရင် အဲဒီလူရဲ့ ဒီဘဝ လုံ့လ ဝိရိယ အပြင် အတိတ်ဘဝက အကြောင်းအထောက်အပံ့တွေပါ များစွာ ပါဝင်ပါတယ် ဥပမာ လစ်သူယေးနီးယားနိ ုင်ငံသား ရပ်ဘီအီလီ ဂျက်ဆိုသူဟာ စာအုပ်ပေါင်း နှစ်ထောင် ကျော်ကို တခါဖတ်တာနဲ့အလွတ်ရတယ် မြန်မာနိ ုင်ငံက တောင်တွင်းကြီးသား ခင်ကြီးပျော်ဟာလည်း သူ့လိုပဲ ဘာပဲလုပ် လုပ် တခါပြတာနဲ့အကုန်တက်တယ် ဘုရင်က စမ်းသပ်ချင်လို့သူ့ကျောင်းထဲ မှာဆိုင်းတီးခိုင်းတယ် ဆိုင်းဆရာက တခါ တည်းတီးပြတယ် သူက အဲဒီအတိုင်းပြန် တီးနိ ုင်တယ် သမ္မာဒေဝ နတ်ဒိုးချင်း ဆို တာ ခင်ကြီးပျော် စပ်ဆိုခဲ့လို့ ဒီနေ့ထိ ဆိုင်းဆရာတွေဟာ အသုံးပြုနေကြရတယ် အတော်ဆုံးစစ်တုရင်ဘုရင်နဲ့ စစ်တုရင် ထိုးတာ ပထမတခါပဲရှုံးတယ် နောက်အခါ တွေမှာ အမြဲတမ်းသူကပဲနိ ုင်လို့ စစ်တုရင်ကစားကွက်ကို ရေးပေးခဲ့ရတယ် အိုင်းစတိုင်း ဆိုကရေးတီး နယူတန် စတဲ့ ကမ္ဘာကျော်ကြီးတွေ မြန်မာနိ ုင်ငံက သာ သနာပြု ဆရာတော်ကြီးတွေဟာ ဒီတဘဝ ကြိုးစားမှူ့ တခုတည်းကြောင့်မဟုတ်ဘူး အတိတ်ဘဝက ပါရမီတွေရဲ့ အကြောင်း အထောင်အပံ့တွေ များစွာပါဝင်တယ် ဥပမာအနေနဲ့ မြန်မာနိ ုင်ငံက အတော်ဆုံးဆရာဝန်ကြီး ဦးသာလှ ဟာ မင်းကွန်းဆရာတော်ကြီးကို တိပိဋကကျောင်းလှူ ခဲ့တယ် သူဟာ အတန်းတိုင်းမှာပထမရခဲ့တယ် ဆရာဝန် ကြီးဖြစ်ခဲ့တယ် ဇာတိဿ ရဉာဏ်ရလို့ သူ့ဘဝကို ပြန်မြင်ရတော့ သူဟာ အရှေ့မင်းလှမြို့နယ် ကြို့ကုန်းကျေးရွာက ဒေါ်ရွှေမယ်ဆိုသူဖြစ်ခဲ့ဘူးတယ် စာတလုံးမှ မတက်ဘူး ဉာဏ်ကောင်း ချင်လို့ ဘယ်လို လုပ်ရမလဲလို့ ဆရာတော်တွေကို လျှောက်တော့ တရားစာအုပ်လှူ ရတယ်ပြောလိုက်တယ် သူဟာ ပိဋကတ်သုံးပုံကို ငွေလေးကျပ် နဲ့ ဝယ်ပြီး လှူ ဒါန်းခဲ့တယ် အဲဒီအကြောင်းအထောက်အပံ့က သူ့ကို အတော်ဆုံဆရာဝန်ကြီးဖြစ်စေခဲ့တာ ဒါက ဇာတိဿ ရဉာဏ်ရလို့ ပြန်ပြော နိ ုင်တာ ဆိုလိုတာက လူတရောက်ဟာ သူများထက် ထူးခြားပြီး တော်နေတယ်ဆိုရင် အဲဒါဟာ ဒီဘဝ ဉာဏ်ဝိရိယအပြင် အတိတ်ဘဝက ကံတွေပါ ပါတယ်ဆိုတာကို ပြောချင်တာပါ နိဗ္ဗါန်လိုချင်လျှင် တရားစာပေလှူ ဉာဏ်ကောင်းချင်ရင် လောကီစာပေ လှူ ဗုဒ္ဓတရားတော်တွေထဲမှာ ဘာလှူ ရင် ဘာဖြစ်တယ်ဆိုတာ အကုန်ရှိနေတာပဲ ကျွန်တော်တိုတတွေဟာ ကိုယ့်ဘဝကို ကိုယ်ကြိုက်သလို ပုံဖေါ်လို့ရပါတယ် လူတရောက်က မယုံကြည်နိ ုင်စရာ ကောင်းလောက်အောင် တော်နေပြီဆိုရင် မဖြစ်နိ ုင်ဘူး ဆိုပြီ လက်မခံတာမျိ ု း မလုပ်ကြပါနဲ့ ဆိုကရေးတီးအသတ်ခံရတာ အဲဒါကြောင့်ပါ သူ့အယူအဆတွေမဖြစ်နိ ုင်ဘူးဆိုပြီး ပြောကြပေမဲ့ ဒီနေ့မှာတော့ သူ့အယူအဆတွေ မှန်ကန်ကြောင်း လက္ခံကုန်ကြပါပြီ တချိ ု့လူတွေရဲ့ အယူအဆဟာ ခေတ်ရှေ့ကို အများကြီးပြေးတယ်ဆိုတာ နားလည်ထားကြပါ် ပုံဖေါ်နိ ုင်ကြပါစေ
https://www.dhammaransi.com/index.php/new/763-2015-10-17-00-33-22.html
စရိုက်ခြောက်ပါးနှင့် ကမ္မဋ္ဌာန်း
စရိုက်ခြောက်ပါးနှင့် ကမ္မဋ္ဌာန်း ••••••••••••••••••••••• ရာဂစရိုက် ၊ ဒေါသစရိုက် ၊ မောဟစရိုက် ၊ သဒ္ဓါစရိုက် ၊ ဗုဒ္ဓိစရိုက် ဝိတက်စရိုက်ဟူ၍ ခြောက်မျိုးရှိသည် ။ စရိုက်ဟူသည် ပုဂ္ဂိုလ်၏ လွန်ကဲသော အကျင့်အလေ့အမူဖြစ် သည် ၊ ရာဂစရိုက်ရှိသူ၌ လှပမှုကိုမြတ်နိုးခြင်း ၊ ရှာမှီးခြင်း ၊ ပိုင် ဆိုင်လိုခြင်း စသောအမူအကျင့်များ ၊ ဒေါသစရိုက်ရှိသူ၌ ကြမ်း တမ်းခြင်း ၊ ခက်ထန်ခြင်း ၊ မောဟစရိုက်ရှိသူ၌ ထိုင်းမှိုင်းခြင်း ၊ မေ့လျော့ခြင်း ၊ သဒ္ဓါစရိုက်ရှိသူ၌ ဘုရားတရားကြည်ညိုခြင်း ၊ဗုဒ္ဒိ ပညာစရိုက်ရှိသူ၌ ပညာကိုရှာမှီးခြင်း ၊ သိလိုခြင်း ၊ မှတ်သားခြင်း နှင့် ဝိတက်စရိုက်ရှိသူ၌ ကြံစည်ခြင်း ၊ တွေးတောခြင်း စသည် များ လွန်ကဲနေတတ်သည် ။ စရိုက်သည် တစ်မျိုးစီလည်းရှိတတ်ပြီး နှစ်မျိုးသုံးမျိုးလည်းရော၍ နေတတ်သည် ၊ ထို့ကြောင့်စရိုက်မှာ ခြောက်ပါးသာရှိသော်လည်း စရိုက်အားလျော်စွာ ပုဂ္ဂိုလ် ၆၃ မျိုးများပြားကြောင်း ကျမ်းဂန်များ တွင်ဖော်ပြထားပါသည် ၊ စရိုက်နှင့်လျော်သော ကမ္မဋ္ဌာန်းကို သမ ထကမ္မဋ္ဌာန်း ၄၀ နှင့် စရိုက် ၆ ပါးကိုတွဲ၍ ကျီးသဲလေးထပ်ဆရာ တော်ဘုရားကြီးက - အသုဘနှင့် ကာယဂတာ ၊ ဆယ့်တစ်ဖြာ ၊ ရာဂကြီးသူအား ။ အပ္ပမညာ ၊ နီလာဒိက ၊ ဤရှစ်ဝ ၊ ဒေါသကြီးဖို့ထား ။ အာနာပါန ၊ ဤတစ်ဝ ၊ မောဟဝိတက်များ ။ ဗုဒ္ဓ ဓမ္မ ၊ သံဃ သီ စာ ၊ ဒေဝတာ ၊ သဒ္ဓါထက်သူအား ။ ဥပသမာ ၊ မရဏာနှင့် ၊ သညာ ဝဝတ္တာန် ၊ ဤလေးတန် ၊ ဉာဏ် ခံစရိုက်ကြီးသူများ ။ စရိုက်ဝေငှ ၊ သုံးဆယ်မျှ ၊ သေသခပ်သိမ်ူအားဟု စပ်ဆိုဖော်ပြ ထားသည် ။ ရဝေထွန်း ဘာသာရေးပြဿ နာများ
https://www.dhammaransi.com/index.php/new/764-2015-10-17-00-33-06.html
ဗုဒ္ဓဘာသာဝင်တွေ မအားကြတော့ဘူးလား
ဗုဒ္ဓဘာသာဝင်တွေ မအားကြတော့ဘူးလား ••••••••••••••••••••••••••••••••••• ~•'ဒီနေ့မျက်မှောက်ခေတ် ဗုဒ္ဓဘာသာဝင်တွေကို လေ့လာကြည့်မယ်ဆိုရင် - ( ၁ ) စားစရာမရှိလို့ ဆင်းရဲလို့ တစ်နေ့လုပ်မှတစ် နေ့စားရလို့ တရားအားမထုတ်နိုင်ဘူးဆိုသူ တွေ , ( ၂ ) ထားစရာမရှိအောင်ချမ်းသာလို့ (စီးပွားရေး လုပ်ငန်းကြီးတွေ အပြိုင်အဆိုင် လုပ်နေကြရ လို့) တရားအားမထုတ်နိုင်သူတွေ … ( ၃ ) ဝန်ထမ်းတွေ ၊အလုပ်သမား လခစားတွေ အခွင့်မရနိုင်လို့ တရားအားမထုတ်နိုင်သူတွေ ( ၄ ) အသက်အရွယ်ကြီးလို့ ကျမ္မာရေးမကောင်း လို့ အိမ်မှုကိစ္စများလွန်းလို့ တရားအားမထုတ် နိုင်သူတွေ ( ၅ ) အပျင်းထူပြီး ဟိုအကြောင်းပြ ဒီအကြောင်းပြ နဲ့ မအားလပ်ဘူးဆိုပြီး တရားအားမထုတ်နိုင် သူတွေ ,- ဖြစ်နေကြတယ် ။ ဒီလူတွေဟာ သစ္စာနုလောမိကဉာဏ်ရှိပြီးသား လူတွေလားဆိုတော့ သစ္စာဉာဏ်မရှိကြသေးဘူး အန္ဓပုထုဇဉ်တွေ ဖြစ်နေကြတယ် ၊ အန္ဓပုထုဇဉ်ဆို တဲ့ အမျိုးက နေရေးလောက်ကိုသာ အရေးကြီး တယ်လို့ ထင်တတ်ကြတယ် ၊ မုချရင်ဆိုင်ရမဲ့ သေဘေးကိုတော့ အရေးကြီးတဲ့ကိစ္စတွေလို့ မ ထင်ကြဘူး ၊ ဒါပေမယ့် နေရမှာမသေချာဘူး ၊ သေ ရမှာကသေချာတယ်ဆိုရင် သူတို့မတုန်လှုပ်ပဲနေပါ့ မလား ၊ သို့သော် အားလုံးကသေခြင်းတရားကို မေ့ထားချင်ကြတယ် ၊ သေပြီးရင်သူတိ့ု ဘယ်လို လွင့်စင်ကျသွားမလဲဆိုတာ မေ့ထားချင်ကြတယ် ။ အမှန်ကတော့ အန္ဓပုထုဇဉ် ၊သစ္စာဉာဏ်အမြင်မရှိ တဲ့လူရဲ့ သံသရာခရီးဟာ အပါယ်တလမ်းသွား ဖြစ်တယ်ဆိုတာ မသိကြဘူး ။ ©~• ဓမ္မလမ်းညွှန်စာစုများ •~© ွ
https://www.dhammaransi.com/index.php/new/765-2015-10-17-00-32-31.html
အလှူကို မတားမြစ်နှင့်
အလှူကို မတားမြစ်နှင့် ••••••••••••••••• သူများအလှူကို ကန့်ကွက်အနှောက်အယှက်ပြုရင် အပါယ်ကျ တတ်ပါတယ် ၊ လူဖြစ်ရင်လည်း ဝတ်စရာမရှိ ၊ စားစရာမရှိ ၊ပျော် စရာမရှိ ၊ ရှားပါးတဲ့မျိုးရိုး ၊ ဆင်းရဲမွဲတေတဲ့မျိုးရိုးမှာ ဖြစ်ရတတ်ပါ တယ် ၊ သူတစ်ပါးထံမှ ပစ္စည်းတစုံတရာရရှိဖို့ မျောှ်လင့်ပေမယ့် လည်း မျှော်တိုင်းမရဖြစ်တတ်ပါတယ် ၊ အလွန်ကြောက်စရာ ကောင်းပါတယ် ၊ ဒါကြောင့် ကြောက်တတ်ရင် အထူးဆင်ခြင်ပါ။ နောက်ပြီးအလှူဒါနကို တားမြစ်သူဟာ ( ၁ ) အလှူရှင်ရဲ့ကောင်း မှု အန္တရာယ်ကို ပြုရာရောက်တယ် ( ၂ ) အလှူခံပုဂ္ဂိုလ်ရဲ့ လာဘ် လာဘ အန္တရာယ်ကိုပြုရာရောက်တယ် ( ၃ ) မိမိကိုယ်ကိုလည်း ဖျက်ဆီးရာရောက်တယ် ၊ မိမိနှင့်တကွ သုံးဦးသားရဲ့ အန္တရာယ် ကို ပြုရာရောက်တယ်လို့ ဟောတော်မူပါတယ် ။ လူဖြစ်တာချင်းတူပါလျှက်နဲ့ ချမ်းသာဆင်းရဲ အကွဲကြီးကွဲအောင် ဘယ်သူကစီမံလိုက်တာလည်း ၊ ချမ်းသာအောင်ဘယ်သူက မ, စ လိုက်တာလည်း ၊ ဆင်းရဲအောင်ကော ဘယ်သူကနှိပ်စက်လိုက် တာလည်း ။ လောကမှာ တစ်ချို့လူတွေဟာ ဆင်းရဲမွဲတေသွားမှာကိုကြောက် လို့ မပေးရက် မလှူရက် နှမျောတွန့်တိုကြတယ် ၊ အဲဒီလူတွေ ဟာ ခုဘဝမှာကော နောက်ဘဝမှာမှာပါ ဆင်းရဲမွဲတေတဲ့ဘေး ငတ်တဲ့ဘေးတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ် ၊ ငတ်မှာကြောက်ပြီး မလှူရဲတဲ့သူဟာ သူကြောက်တဲ့အတိုင်း ငတ်ဘေးသင့်ခံရပါ တယ် ၊ဒေဝတာသံယုတ် ၊ မစ္စရိယသုတ်မှာ ဟောတော်မူပါတယ် ဒါကြောင့် ဓမ္မဘေရီဆရာတော်ရဲ့ စကားအတိုင်း ကြောက်တတ် ရင် ရှေ့တိုးပါတဲ့ ။ အရှင်အာစာရ ( ကံယုံ )
https://www.dhammaransi.com/index.php/new/766-2015-10-17-00-31-35.html
လူ့ဘဝ ဂုဏ်ရည်
လူ့ဘဝ ဂုဏ်ရည် •••••••••••••• လူ့ဘဝဂုဏ်ရည် ( ၆ ) ချက်ရှိတယ် ၊ ဒီဂုဏ်ရည်( ၆ ) ချက်နဲ့ပြည့် စုံမှ မနုဿ တ္တဒုလ္လဘလို့ခေါ်တယ် ၊ ရုပ်အနေနဲ့တူလာရုံနဲ့မရဘူး လူဆိုတာ လူနဲ့တူမှ လူလို့ခေါ်လို့ရတယ် ။ ( ၁ ) ဘုရားသာသနာနဲ့ တွေ့ကြုံရခြင်း ဘုရားသာသနာနဲ့ တွေ့ရရင် လူဖြစ်ရကျိုးနပ်ပြီ ၊ လူရဲ့လုပ် ပိုင်ခွင့်အားလုံး သုံးစွဲသလောက် ခံစားခွင့်လည်းရမှာပါ ၊ သာသနာနဲ့ မတွေ့တဲ့အခါ လူရဲ့လုပ်ပိုင်ခွင့်ဆိုတာ ဟာနေတတ် တယ် ၊ ကျန်နေတတ်တယ် ၊ ဘုရားသာသနာနဲ့တွေ့ခွင့်ရပြီဆိုရင် အဲဒါ လူ့ဘဝဂုဏ်ရည်တစ်ချက်ပဲ ။ ( ၂ )မိကောင်း ဖကောင်း ဆရာသမားကောင်းစသည့် အမှီ ကောင်းတွေနဲ့ တွေ့ကြုံခွင့်ရခြင်း ပုထုဇဉ်ဆိုတာ ကိုယ့်အသိနဲ့ကိုယ် ၊ ကိုယ့်သဘောနဲ့ကိုယ် သွားလို့မရဘူး ၊ ဘုရားနဲ့ ပစ္စေကဗုဒ္ဓါက လွဲလို့ရှိရင် ပညာရှိသူ တော်ကောင်းများရဲ့ လမ်းညွှန်ချက်မပါပဲ ရှေ့ကိုသွားလို့မရဘူး ၊ ပညာရှိသူတော်ကောင်းတွေရဲ့ လမ်းညွှန်ချက် အမြဲလိုတယ် ၊ ဒါက ကုသိုလ်ခေါ်တယ် ၊ ဒါက အကုသိုလ်လို့ခေါ်တယ် ၊ ဒါကမ လုပ်ရဘူး ၊ ဒီလိုလုပ်ရင် ဒါမျိုးဖြစ်တတ်တယ် ၊ ဒီလိုဖြစ်စေချင်ဒီလို လုပ်ရတယ် စတဲ့ပညာရှိသူတော်ကောင်းလမ်းညွှန်ချက်တွေ တွေ့ကြုံရပြီဆိုရင် ဒါလည်း လူ့ဘဝဂုဏ်ရည်ပဲ ။ ( ၃ ) တရားရှိတဲ့နေရာ ၊ ရတနာသုံးပါးထွန်းကားတဲ့နေရာ ၊ သာ သနာရှိတဲ့နေရာမှာ ဖြစ်ခွင့် ၊ နေခွင့်ရခြင်း မြန်မာပြည်ပျော်စရာကောင်းတယ်ဆိုတာ တတိယလူ့ဘဝဂုဏ် ရည်ကြောင့် ပျော်စရာကောင်းတာ ။ စိတ်ညစ်စရာ ဘယ်လောက် ပေါပေါ ညစ်တဲ့စိတ်ကို ဆေးစရာတရားရှိတယ် ၊ စိတ်ပူစရာ ဘယ်လောက်ပေါပေါ ပူတဲ့စိတ်ကိုငြိမ်းအေးအောင်ဆောင်ရွက် ပေးနိုင်တဲ့ တရားရှိတယ် ၊ စိတ်ရှုတ်စရာ ဘယ်လောက်ပေါပေါ ရှုတ်တဲ့စိတ်ကို ရှင်းပေးနိုင်တဲ့ တရားရှိတယ် ၊ အန္တရာယ်ဘယ် လောက်ပေါပေါ အန္တရာယ်ကာကွယ်ပေးနိုင်တဲ့ တရားရှိတယ် ၊ ဘယ်ကုသိုလ်မဆို အချိန်မရွေးထပြီး ပြုလုပ်အားထုတ်နိုင်ခွင့်ရှိ တဲ့နေရာမှာ ဖြစ်ခွင့်နေခွင့်ရတာ လူ့ဘဝဂုဏ်ရည်တစ်ချက်ပဲ ။ ( ၄ ) ရုပ်ပိုင်းဆိုင်ရာ ခန္ဓာတည်ဆောက်မှု ပြည့်စုံခြင်း မျက်စိကောင်းတယ် ၊ နားကောင်းတယ် ၊ ခြေကောင်းတယ် ၊လက် ကောင်းတယ် ၊ ကျမ္မာရေးကောင်းတယ် ၊ တကိုယ်လုံးသုံးလို့ရ တယ် ၊ ဒါလည်း လူ့ဘဝဂုဏ်ရည်ပဲ ။ ( ၅ ) စိတ်ပိုင်းဆိုင်ရာ ခန္ဓာတည်ဆောက်မှု ပြည့်စုံခြင်း သမ္မာဒိဋ္ဌိ စစ်စစ်ဖြစ်ခြင်း ၊ သဒ္ဓါတရားအားကောင်းခြင်း ၊ သူတပါး ကိုချမ်းသာစေချင်တဲ့ မေတ္တာတရားထားတတ်ခြင်း ၊ သူများအပေါ် ကိုယ်ချင်းစာတတ်တဲ့ သနားကြင်နာတတ်တဲ့ ဂရုဏာတရားထား ရှိခြင်း ၊ သူတပါးချမ်းသာတာကို မိမိချမ်းသာသလို ဝမ်းသာတတ် တဲ့ မုဒိတာတရားထားရှိခြင်း ၊ မှန်ကန်တဲ့စေတနာကောင်းထား တတ်ခြင်းစသည့် လူလိမ္မာလို့ခေါ်ရတဲ့ စိတ်ပြိင်းဆိုင်ရာ ခန္ဓာ တည်ဆောက်မှု ပြည့်စုံတယ်ဆိုရင် ဒါကလည်း လူ့ဘဝဂုဏ် ရည်ပါပဲ ။ ( ၆ ) ကုသိုလ်တရားကို အလွန်လိုချင်တဲ့ ကုသိုလ်ဆန္ဒပြင်းပြတဲ့ အမျိုးကောင်းသား/သမီး ဖြစ်ရခြင်း ကုသိုလ်ကို သိပ်လိုချင်တယ် ၊ ကုသိုလ်နဲ့လူနဲ့ခွဲလို့မရ ၊ ဘာလို့ လည်းဆိုတော့ ကုသိုလ်လည်းရ ဝမ်းလည်းဝ လမ်းစဉ်နဲ့သွား မှဖြစ်မယ် ၊ ကုသိလ်မရ ဝမ်းသာဝမယ့်လမ်းစဉ်နဲ့ သွားလို့မဖြစ် ဘူး ၊ တဖက်သတ်သွားရင် တိမ်းမှာပေါ့ မှောက်မှာပေါ့ ၊ ပစ္စပ္ပန် မှာ ဘာပဲရှိရှိ ရှိသမျှနဲ့ချမ်းသာအောင်နေတတ်မှာ မဟုတ်ဘူး ၊ ဒါကြောင့် တွေ့သမျှနဲ့ ချမ်းသာအောင်အောင်နေတတ်ဖို့ အခြေ အနေပေးသမျှနဲ့ ငြိမ်းချမ်းအောင်နေတတ်ဖို့ဆိုတာ တရားလည်း လိုတယ် ၊ အဲသလိုသိပြီးတော့ ကုသိုလ်တရားကို ကုသိုလ်တ ရားကို သိပ်လိုချင်တယ် ၊ အဲဒါ လူ့ဘဝဂုဏ်ရည် ( ၆ ) ချက်ပါ ။ တိပိဋက ယောဆရာတော်၏ ကုသိုလ်လည်းရ ဝမ်းလည်းဝ
https://www.dhammaransi.com/index.php/new/767-2015-10-17-00-30-58.html
ငါ…မပါမှ အောင်ပွဲရ
ငါ…မပါမှ အောင်ပွဲရ ••••••••••••••••• ဒိဋ္ဌိသက္ကာယ မပါယ်သတ်က ၊ လေးဝအပါယ်ရောက်ဦးမယ် ၊ နင်ဝယ်သတိထားတဲ့ ၊ ဒိဋ္ဌိသက္ကာယ ပါယ်သတ်မှ လေးဝအပါယ် လွတ်မြောက်မယ်တဲ့ ၊ လူအများစုဟာ ဝိပဿ နာတရားကို အား ထုတ်ရမှာကို မသိကြသေးဘူး ၊ လူ့ဘဝကသေရင်အပါယ်ကျဖို့ သိပ်လွယ်တယ် ၊ လူတွေကိုတရားအားထုတ်ဖို့တိုက်တွန်းတော့ ဘာလုပ်စရာရှိသေးတယ် ၊ ညာလုပ်စရာရှိသေးတယ် ၊မအားသေး ဘူးတဲ့ ၊ သေမင်းခေါ်တဲ့အခါကျ ငြင်းလို့မရတော့ဘူး ။ ဒါကြောင့် ငါစွဲဆိုတဲ့သက္ကာယဒိဋ္ဌိကို အရေးတကြီးပယ်သတ်ဖို့ မလိုဘူးလား ၊ မြတ်စွာဘုရားက ရင်ဝလှံစူး ၊ ဆံဦးမီးလောင် ၊ မရှောင်အဟုတ် ၊ နောက်မဆုတ်ရ ၊ သက္ကာယကိုပယ်သတ်ရမယ် တဲ့ ၊ ရင်ဝမှာလှံစူးနေရင် ချက်ချင်းဆွဲနုတ်ကုသရမယ်မဟုတ်လား ဦးခေါင်းမှာဆံပင်မီးလောင်နေရင် ချက်ချင်းငြိမ်းသတ်ရမယ်မ ဟုတ်လား ၊ အဲသလိုပဲ သက္ကာယဒိဋ္ဌိကို ချက်ချင်းငြိမ်းသတ်ရမယ် တဲ့ ၊ နောက်ကျသွားလို့ အပါယ်ရောက်ရင် ငြိမ်းသတ်လို့မရတော့ ဘူး ၊ အိုခြင်းတရားမဦးခင် ၊ နာခြင်းတရားမဦးခင် ၊ သေခြင်းတ ရားမဦးခင် ဝိပဿ နာအလုပ်ကို ကြိုးစားအားထုတ်ပါတော့ ။ သတ္တဝါတစ်ဦးစီဟာ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိဉာဏ်ဆိုတဲ့ ခန္ဓာငါးပါးနဲ့သာ ဖွဲ့စည်းထားတယ် ၊ ရုပ်ဆိုတဲ့ဒီကိုယ်ကောင်ဟာ အာရုံကိုသိတတ်တဲ့သဘောမရှိဘူး ၊ ဒါကြောင့် ပုဂ္ဂိုလ်သတ္တဝါ ငါ မဟုတ်ဘူးကွဲ့ ၊ သူ့သဘာဝအလျောက် တရံမစဲဖြစ်ပြီးပျက်နေတဲ့ တရားပဲကွယ့် ၊ ဝေဒနာဆိုတဲ့ခံစားအှုအစုကလည်း ပုဂ္ဂိုလ်သတ္တဝါ ငါ မဟုတ်ဘူးကွဲ့ ၊ အကြောင်းမညီညွတ်လို့ နာကျင်ကိုက်ခဲတာ ဖြစ်လာတယ် ၊ ဖြစ်ဖြစ်ပြီး ပျက်ပျက်နေတာသိပ်မြန်လွန်းလို့ တစ် ဆက်တည်းမရပ်မနား နာကျင်နေတာပဲလို့ထင်မှတ်နေတာပါ ၊ သ မာဓိကောင်းကောင်းနဲ့ ဝေဒနာကိုရှုမှတ်လာနိုင်တဲ့အခါမှာ ရေပန်း လိုတဖွားဖွားဖြစ်ပြီး ပျက်နေတာကိုပဲ တွေ့ရတယ်ကွယ့် ။ သညာဆိုတဲ့ မှတ်သားမှုအစု ၊ သင်္ခါရဆိုတဲ့ ပြုပြင်စီရင်မှုအစု ဝီဉာဏ်ဆိုတဲ့ သိမှုအစု( စိတ် )တို့ကလည်း အကောင်အထည် မရှိကြလို့ ပုဂ္ဂိုလ်သတ္တဝါ ငါလို့လည်း မဆိုနိုင်ဘူးပေါ့ကွယ် ၊ ရုပ် တရားက အကောင်အထည်ရှိတယ် ၊ အာရုံကိုမသိတတ်ဘူး ၊ ဝေဒနာ သညာ သင်္ခါရ ဝိဉာဏ်တို့က အာရုံကိုသိတတ်တယ် ၊ ဒါပေမယ့်အကောင်အထည်မရှိဘူး ဒီလေးပါးကိုပေါင်းပြီး နာမ် လို့ခေါ်တယ် ၊ ခန္ဓာငါးပါးအကျဉ်းချုပ်လိုက်ရင် ရုပ်နာမ်နှစ်ပါးသာ ရတယ် ။ ခဏမစဲ တစ်ဖြစ်တည်းဖြစ် တစ်ပျက်တည်းပျက်နေကြလို့ အနိစ္စ တရားများသာဖြစ်တယ် ၊ တစ်ဖန်ရုပ်ကောင်းနာမ်ကောင်းတွေဖြစ် ပါစေ ၊ ရုပ်ဆိုးနာမ်ဆိုးတွေမဖြစ်ပါစေနဲ့လို့ လိုချင်တောင့်တလို့လဲ မရဘူး ၊ စီမံခန့်ခွဲလို့လည်းမရဘူး ၊ သူ့သဘာဝအလျောက်အ ကြောင်းတိုက်ဆိုင်လို့ ဖြစ်ပေါ်လာပြီး ချက်ချင်းပဲပျက်သွားတယ် ၊ ခဏမစဲ ပြောင်းလဲဖောက်ပြန်တတ်တာနဲ့အညီ နှစ်သက်သာယါ ဖွယ်ရာများလည်း မဟုတ်ကြဘူး ၊ ရွံမုန်းငြီးငွေ့ဖွယ်ရာဆင်းရဲချည်း ဖြစ်ကြတာကိုမှတ်ပါ ၊ ဒီခန္ဓာငါးပါးစုကို ငါ့ဟာပဲ ၊ ငါပဲ ၊ ငါ၏အတ္တ ပဲလို့ ရှုမြင်သုံးသပ်ဖို့ရာမထိုက်ဘူး ၊ ငါမရှိမှတော့ ငါပိုင်တဲ့ခန္ဓာ ကိုယ်လည်းမရှိဘူး ၊ ငါခံစားတဟ်လို့လည်း မရှိဘူးပေါ့ ။ တော်ကူးဆရာတော်ဘုရားကြီး၏သြဝါဒများ
https://www.dhammaransi.com/index.php/new/768-2015-10-17-00-30-28.html
ကံနဲ့. ကံအကျိုး
ကံနဲ့. ကံအကျိုး •••••••••••• ကံကိုပြုလုပ်ချိန်မှာ အလောဘအားနည်းပြီး အဒေါသ ၊ အမော ဟ အားကြီးသူမှာ အဲဒီကံက အကျိုးပေးရင် လောဘကြီးသူ ၊ ဒေါသမရှိလို့ အေးဆေးချမ်းသာသူ ၊ ဝရဇိန်ပမာ ဉာဏ်ပညာ ထက်မြတ်သူ ဖြစ်မယ် ။ ကံပြုလုပ်ချိန်မှာ အလောဘ ၊ အဒေါသ အားနည်းပြီး အမောဟ အားကြီးသူမှာ အဲဒီကံက အကျိုးပေးရင် လောဘ ဒေါသကြီးသူ ဖြစ်မယ် ၊ ဘတ္တာယမထေရ်လို ဝရဇိန်ပမာ ဉာဏ်ပညာ ထက် မြတ်သူ ဖြစ်မယ် ။ ကံပြုလုပ်ချိန်မှာ အဒေါသအားကြီးပြီး အလောဘ အမောဟ အားနည်းသူမှာ အဲဒီကံက အကျိုးပေးရင် လောဘကြီး ၊ မောဟ ကြီးသူ ဖြစ်မယ် ၊ ဒေါသမကြီးလို့ ချမ်းချမ်းသာသာ အေးအေး ဆေးဆေးနေသူ ဖြစ်မယ် ။ ကံပြုလုပ်ချိန်မှာ လောဘ ဒေါသ မောဟအားကြီးသူမှာ အဲဒီကံ ကအကျိုးပေးရင် လောဘ ဒေါသ မောဟကြီးသူ ဖြစ်မယ် ။ ကံပြုလုပ်ချိန်မှာ ဒေါသ မောဟအားကြီးပြီး လောဘအားနည်း သူမှာ အဲဒီကံက အကျိုးပေးရင် ဒေါသကြီးသူ ပညာနည်းသူ ဖြစ်မယ် ၊ နတ်ပြည်အာရုံကို မြင်တာတောင်မှ မသာယာ ၊ မတပ် မက် မတုန်လှုပ်သူ ဖြစ်မယ် ။ ကံပြုလြပ်ချိန်မှာ မောဟအားကြီးပြီး လောဘ ဒေါသ အားနည်း သူမှာ အဲဒီကံက အကျိုးပေးရင် လောဘမကြီးသူ ၊ ဒေါသမရှိလို့ အေးဆေးချမ်းသာသူ ဖြစ်မယ် ၊ ပညာထိုင်းမယ် ။ ကံပြုလုပ်ချိန်မှာ ဒေါသအားကြီးပြီး လောဘ မောဟအားနည်း သူမှာ အဲဒီကံက အကျိုးပေးရင် လောဘမကြီးသူ ပညာရှိ ဖြစ် မယ် ၊ ဒေါသကြီးသူ ဖြစ်မယ် ။ ကံပြုလုပ်ချိန်မှာ အလောဘ အဒေါသ အမောဟအားကြီးပြီး လောဘ ဒေါသ မောဟအားနည်းသူမှာ အဲဒီကံက အကျိုးပေး ရင် မဟာသံဃရက္ခိတထေရ်ပမာ လောဘမကြီးသူ ၊ ဒေါသမ ကြီးသူ ပညာရှိ ဖြစ်မယ် ။ သာမဏေကျော်
https://www.dhammaransi.com/index.php/new/769-2015-10-17-00-30-17.html
[ နားကြီးကြီးနဲ့ တရားနာပါ ]
[ နားကြီးကြီးနဲ့ တရားနာပါ ] ~~~~~~~~~~~~~~~~ နားကြီးကြီးနဲ့နာပါဆိုတာက လူသားတိုင်းရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ နား အကြီးအသေးတွေကို ပြောတာမဟုတ်ပါဘူး ၊ ဥပမာ - ( ၁ ) မိမိသန္တာန်မှာရှိတဲ့ ရာဂ ၊ ဒေါသ ၊ မောဟစတဲ့ တရားဆိုး တွေ ခေါင်းပါးပျောက်ကွယ်အောင် စူးစူးစိုက်စိုက်နာကြားတဲ့ နားမျိုး ။ ( ၂ ) သဒ္ဓါတရားတွေတက်လာအောင် ပညာဗဟုသုတွေရအောင် တည်ကြည်တဲ့ ကိုးကွယ်မှုတွေ ဖြစ်လာအောင် စိတ်ပါလက် ပါ နာကြားတဲ့နားမျိုး ။ ( ၃ ) ဝမ်းနည်းပူဆွေးနေတာတွေ ပျောက်အောင် သက်သာ အောင် ၊ တရားခွန်အားတွေ ကြီးထွားအောင် နာကြားတဲ့ နားမျိုး ။ ( ၄ ) ကိုယ်ဆင်းရဲမှု ၊ စိတ်ဆင်းရဲမှုတွေ သက်သာပျောက်ကင်း အောင် ၊ ချုပ်ငြိမ်းအောင် နာကြားတဲ့နားမျိုး ။ ( ၅ ) မဂ်ဖိုလ်နှင့်လျော်သော ကျင့်ဝတ်ပဋိပတ်ကို သိဖို့ နာကြားတဲ့ နားမျိုး ။ ( ၆ ) သူတစ်ပါးတို့၏ ချီးမွမ်းထောပနာမှုကို ရလိုတဲ့အတွက် နာကြားတဲ့ နားမျိုး ။ ဒီ ( ၆ ) မျိုးထဲက ပထမ ( ၅ ) မျိုးကို နားကြီးလို့ခေါ်ပြီး ၊ နံပါတ် ( ၆ ) နာကြားမှုမျိုးကိုတော့ နားသေးလို့ ခေါ်ပါတယ် ။ { ဆက္ကအင်္ဂုတ္တုရ်၊ အဋ္ဌကထာ }
https://www.dhammaransi.com/index.php/new/770-2015-10-17-00-29-33.html
[ အာသေဝန သတ္တိ ]
[ အာသေဝန သတ္တိ ] ……………………… တပ်မက်ဖွယ် စိတ်ပျက်ဖွယ်တို့ကြောင့် လောဘပဲဖြစ်ဖြစ် ၊ ဒေါ သပဲဖြစ်ဖြစ် ၊ ဆန့်ကျင်ဘက် အလောဘ ,အဒေါသပဲဖြစ်ဖြစ် ဥပါတ် ,ဋ္ဌီ ,ဘင် (ဖြစ်တည်ပျက်)ဖြစ်၍ ချုပ်ပျက်ရ၏ ၊ ရှေ့ဇော သည်ချုပ်သွားသော်လည်း အရှိန်မကုန် ၊ နောက်ဇောအားပျံ့နှံ့ လျှက်ဖြစ်၏ ၊ ထောက်ပံ့ပေး၏ ၊ ထုံစေ၏ ၊ ထို့ကြောင့် နောက် နောက်ဇောတို့သည် ရှေးရှေးဇောတို့ထက် အားပိုကောင်း၏ ။ လောက၌ ကြီးကျယ်သောအရာခပ်သိမ်းဟူသမျှ ကြိမ်ဖန်များစွာ လေ့လာခြင်း ၊ ဆည်းပူးခြင်း ၊ အားထုတ်ခြင်း ၊ မှီဝဲခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော အကျိုးတရားတို့ ဖြစ်ပေါ်လာကြ၏ ။ အဆိုးမြင်ဝါဒရှိသူသည် ဘာမဆိုအဆိုးကိုသာ အမြဲမြင်နေတတ် ၏ ၊ လောကကိုအပျက်သဘောဖြင့်သာ ကြည့်တတ်၏ ၊ စိတ်ဝင် စားဖွယ်အာရုံတစ်ခုကို နေ့စဉ်မပြတ် အမြဲတမ်းကြည့်နေက မကြည့်ရမနေနိုင် ဖြစ်တတ်၏ ၊ အမြဲကြည့်နေသည့် ဇာတ်လမ်း တွဲများ စဉ်းစားကြည့်ကသိနိုင်၏ ၊ စွဲသွားထုံသွား၍ ဖြစ်၏ ၊ တချို့ပုဂ္ဂိုလ်များ စွန့်လှူလေ့ရှိကြ၏ ၊ ထိုပုဂ္ဂိုလ်တို့သည် နဲနဲလေး လှူဒါန်းရာမှ များစွာကို စွန့်လှူနိုင်ကြ၏ ၊ (အလောဘ) မငြိကပ် ခြင်း ထုံစွဲသွားခြင်းဖြစ်သည် ၊ အကုသိလ်ကို မပြောပလောက်သည့် အကုသိုလ်လေးပါဟုဆို ကာ လွန်ကျူးပါက တဖြည်းဖြည်းအကုသိုလ်ကြီးများကို ကျူးလွန် ဖြစ်တော့၏ ၊ အာသေဝနပစ္စည်းသည် တဖြည်းဖြည်းအားကောင်း လာစေရန် ကျေးဇူးပြုသောကြောင့် ဖြစ်၏ ။ အရှင်ပညာသီဟာ ဘိဝံသ ( ဂမ္ဘီရပဋ္ဌာန်း )
https://www.dhammaransi.com/index.php/new/771-2015-10-17-00-28-56.html
လေးလေးစားစားလုပ်ပါ သာဓုခေါ်ပါ
လေးလေးစားစားလုပ်ပါ သာဓုခေါ်ပါ ------------------------------ ရှင်မဟာမောဂ္ဂလန်ကိုယ်တော်ကြီး နတ်ပြည်ကို ဆွမ်းခံကြွတော့ ဗိမ္မာန်အကြီးကြီးနဲ့ကိုယ်ရောင် ကိုယ်ဝါတောက်ပစွာနဲ့သုနက္ခတ္တနတ်သားကို တွေ့တော့ ဘာကောင်းမှ ု့ကြောင့်များ ခုလို ခမ်းနားတဲ့ဘဝကို ရတာလဲလို့မေးတော့ တပည့်တော်ဖြေရမှာတောင် မယုံကြည်နိ ုင်စရာ ကောင်းလှပါတယ်ဘုရားတဲ့ တပည့်တော်ဟာ အနှစ်နှစ်သောင်းတမ်းမှာ လူဖြစ်စဉ်တုံးက စေတီရင်ပြင်တော်မှာ သူများတကာတွေက ပန်းလာလှ ုတာ အဲဒီပန်းတွေကို တပည့်တော်က လှပအောင်ပြင်ပြီး ပြန်လည်ပူဇော်ပေးတာပါဘုရားတဲ့ အဲဒီကောင်းမှ ု့ကြောင့် ဘုရားနှစ်ဆူကာလမှာ နတ်ပြည်နတ်လောကမှာပဲကျင်လည်ပြီး ခုထက်ထိ ဤကုသိုလ်အရှိန်ကိုခံစားနေရတာပါဘုရား ဆိုပြီးလျှောက်တော့ ရှင်မဟာမောဂ္ဂလန် ကိုယ်တော်ကြီးက တရားဟောလိုက်တော့ သောတာပန်ဖြစ်သွားတယ် သောတာပန်ဖြစ်သွားတော့မှ အဲဒီနတ်သားက အရှင်ဘုရား ကောင်းမှ ု့ကုသိုလ်သေးသေးလေး ဆိုပြီး မလေးမစားမလုပ်ကြပဲ လေးလေးစားစား လုပ်ရင် ကြီးကျယ်တဲ့အကျိုးရနိ ုင်တဲ့အကြောင်းကို လူတွေကိုပြန်ဟောပေးပါဘုရားဆိုပြီးလျောက်တယ် အဲ ီအကြောင်းကို ရှင်မဟာမောဂ္ဂလန်ကိုယ်တော်ကြီးက ဘုရားရှင်ကိုလျှောက်တော့မှ ဘုရားရှင်က ကုသိုလ်သေးသေးလေးဟာ ကြီးကျယ်တဲ့ အကျိုးကိုရှိနိ ုင်တယ်ဆိုတဲ့အကြောင်း အကုသိုလ် သေးသေးလေးကလည်းကြီးကျယ်တဲ့အကျိုး ပေးနိ ုင်တယ်ဆိုတဲ့အကြောင်းဟောတော်မူတယ် သူများလှ ုတဲ့ပန်းကိုပြင်ထိုးပေးတာတောင် နတ်ပြည်ရောက်ပြီးအဲဒီနတ်ပြည်ကမှတဆင့် သောတာပန်ဖြစ်တယ်ဆိုတော့ မိတ်ဆွေတို့တတွေလည်း ဘုရားပန်းလှ ုတာ သောက်တော်ရေကပ်တာမှအစ ထက်သန်လှတဲ့ ယုံကြည်မှ ု့သဒ္ဒါတရားလေးနဲ့သာ ပြုလုပ်ကြ စမ်းပါ တနေ့နေ့တော့ ကြီးကျယ်ခမ်းနားတဲ့ အကျိုးတရားတွေရှိလာပါလိမ့်မယ် တကယ်တော့သူများအလှ ုမှာ အမျှပေးလို့ သာဓုခေါ်ယုံနဲ့တင် နတ်သားဖြစ်သွားသူတွေ အများကြီးရှိပါတယ် ဒါ့ကြောင့်အမျှဝေသံကြားတိုင်း သာဓုခေါ်ကြစမ်းပါ နာကိုး တောင်းရှစ် သာဓုတစ် ဟောလစ်အသင်္ချေတဲ့ သာဓုခေါ်ယုံနဲ့တင် တကမ္ဘ္ဘာအကျိုးပေးပါတယ်တဲ့ ဗုဒ္ဓဘာသာတန်ဘိုးကြီးတယ်ဆိုတာ အဲဒီလိုမျိုးအခွင့်အရေးတွေကြောင့်ပါ ဘယ်ဘာသာမှာမှ အဲဒီလိုအခွင့်အရေးမျိုး မရှိနိ ုင်ပါဘူး အမျှဝေတိုင်း သာဓုခေါ်နိ ုင်ကြပါေ
https://www.dhammaransi.com/index.php/new/772-2015-10-17-00-27-36.html
သစ္စာဉာဏ် [ ခန္ဓဖြစ်စဉ် ]
သစ္စာဉာဏ် [ ခန္ဓဖြစ်စဉ် ] ••••••••••••••••••••• ခန္ဓာငါးပါးအပေါင်းအစုကြီးကို ဒုက္ခလို့သိတာက သစ္စာဉာဏ် ခန္ဓာငါးပါးအပေါင်းကြီးထဲမှာ ဝေဒနာလေးတွေ ၊ ဒုက္ခ ၊ သုခ ၊ ဒေါမနဿ ၊ သောမနဿ တွေဝင်လာတယ် ၊စိတ်ကလေးတွေလာ တယ် ၊ အဲဒါလေးတွေကို ဉာဏ်နဲ့တည့်မိတာ သစ္ဇာဉာဏ် ၊ ခန္ဓာ ကြီးကပူလိုက် အေးလိုက် ၊ စိတ်ဆင်းရဲလိုက် စိတ်ချမ်းသာလိုက် နေတာ ၊ ခန္ဓာကဒုက္ခသစ္စာမို့ ဒုက္ခသစ္စာလို့ပြောတာ ၊ ခန္ဓာကဒုက္ခ လို့ပြောတာကို ကျုပ်တို့က ဒုက္ခလို့သိနေရင် ဒုက္ခက ဒုက္ခသစ္စာ ဉာဏ် ၊ သစ္စာသိတဲ့ဉာဏ် ၊ သစ္စာဉာဏ် ။ စက္ခု( မျက်စိ )နှင့်အဆင်း တိုက်ဆိုင်သောအခါ မြင်သိစိတ် ( စက္ဂုဝိဉာဏ် )ပေါ်ပေါက်လာရသည် ၊ မျက်စိနှင့်အဆင်းတိုက်၍ ပေါ်ပေါက်လာသောအရာသည် မြင်သိစိတ်သာလျှင်ဖြစ်သည် ၊ မြင်သူငါမဟုတ် ၊ သူမဟုတ် ၊ ယောကျ်ားမိန်းမမဟုတ် ၊ မျက်စိ၌ ပေါ်သောမြင်သိစိတ်သာလျှင် ဖြစ်သည် ၊ မြင်သိစိတ်အပြင်ဘာမှ မပါ ၊ ဤမြင်သိစိတ်ကို ငါ သူတစ်ပါး ယောကျ်ားမိန်းမနှင့် မ ရောသင့်ပေ ၊ မြင်သိစိတ်ကို ပုဂ္ဂိုလ်သတ္တဝါအဖြစ် မယူသင့်ပေ ၊ မျက်စိ ၊ အဆင်းနှင့် မြင်သိစိတ်တို့သည် ထိတွေ့မှုဖဿ ကိုဖြစ် ပေါ်စေ၏ ၊ ထိတွေ့မှုဖဿ ကို အကြောင်းပြု၍ ဝေဒနာဖြစ်ပေါ် လာရ၏ ၊ ထိုဝေဒနာထဲမှာလည်း ငါ သူတစ်ပါး ယောကျ်ားမိန်းမ မပါဝင်ပါ ၊ ဝေဒနာကြောင့်တဏှာဖြစ်ပေါ်လာရပြန်သည် ၊ တဖန် တဏှာကြောင့် ဥပါဒါန်( စွဲလန်းမှု ) ဖြစ်ပေါ်လာရလေသည် ၊ တ ဖန် ဥပါဒါန်ကိုအကြောင်းပြု၍ ကာယကံ ဝဇီကံနှင့် မနောကံတို့ ဖြစ်ပေါ်လာကြရသည် ၊ ဤကာမဘဝကို အကြောင်းအမှီပြု၍ ဇာတိ ပဋိသန္ဓေနေခြင်း ဖြစ်ရသည် ၊ ဤတွင် ဇာတိပဋိသန္ဓေ နေခြင်းသည် အပါယ်ဇာတိကို ဆိုလိုသည် ။ ဇာတိကိုအကြောင်းပြု၍ ( မှီ၍ )အိုခြင်းဇရာ ၊ သေခြင်းမရဏ ၊ဝမ်း နည်းခြင်း ၊ ပူဆွေးခြင်းဒုက္ခ ၊ ပရိဒေသ ၊ ဥပါယာသတရားတို့ ဖြစ် ကြရသည် ၊ ဤသို့လျှင် အလုံးစုံသောဒုက္ခတရားတို့သည် ဖြစ်ပေါ် လာကြရပေသည် ။ သောတဉ္စ ပဋိစ္စ သဒ္ဒေစ ဥပ္ပဇ္ဇတိဆိုသော ပါဠိ၏အဓိပ္ပာယ်မှာ နားအကြည်နှင့်အသံတို့ တိုက်ဆိုင်သောအကြောင်းကြောင့် ကြားသိစိတ်( သောတဝိညာဏ် )ဟူ၍ ဖြစ်ပေါ်လာရသည် ၊ အ လားတူစွာပင် ဃာနဉ္စပဋိစ္စ( နှာအကြည် ) ၊ ဇီဝါစပဋိစ္စ( လျှာအ ကြည် ) ၊ ကာယဉ္စပဋိစ္စ( ကိုယ်အကြည် ) တို့ကိုလည်း ၎င်းတို့၏ ဆိုင်ရာ အာရုံဒွါရနှင့် အာရုံတို့ ထိတွေ့မှုအရ ဆိုင်ရာဝိညာဏ် စိတ်များ ဖြစ်ပေါ်လာရကြောင်းကို နားလည်သဘောပေါက်သင့် သည် ။ ဆိုအပ်ပြီးသောတရားသည် ခန္ဓာပဋိစ္စသမုပ္ပါဒ်ပင်ဖြစ်ကြောင်းကို မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူခဲ့သည် ။ မိုးကုတ်တရာတော်ကြီး၏ ဓမ္မလမ်းညွှန်များ
https://www.dhammaransi.com/index.php/new/773-2015-10-17-00-27-12.html
မဂ်ပေါက်ဖိုလ်ရောက်
https://www.dhammaransi.com/index.php/new/774-2015-10-17-00-25-33.html
အစုံစုံ တန်ခိုးပြာဋိဟာ ~ ယမကပါဋိဟာရိယ
အစုံစုံ တန်ခိုးပြာဋိဟာ ~ ယမကပါဋိဟာရိယ ************************************ ကောသလမင်းကြီး၏ ဥယျာဉ်မှူးကား ကဏ္ဍ အမည်ရှိ လေသည် ။ ထိုဥယျာဉ်မှူး မောင်ကဏ္ဍက အနံ့အရသာ နှင့် ပြည့်စုံသော ရွက်ပုံးသီး သရက်သီး တစ်လုံးကို ရရှိသောအခါ ထိုသရက်သီးကို ဘုရားရှင်အား ဆပ်ကပ်လှူဒါန်း ပူဇော်လေသည် ။ အရှင် အာနန္ဒာ မထေရ်မြတ်က ယင်း သရက်သီး ကို အဖျော်ပြုလုပ်ကာ ဘုရားရှင်အား ဆပ်ကပ်တော် မူလေသည် ။ ထိုဥယျာဉ်မှူး မောင်ကဏ္ဍအား ထို သရက်စေ့ကို ဘုရားရှင်က အဖျော်ယမကာကို ဘုဉ်းပေးတော်မူရာ လမ်းခုလတ် တစ်နေရာမှာပင် ကြဲချစိုက်ပျိုးစေလေသည် ။ တစ်ခဏချင်း အတွင်းမှာပင် အတောင် ( ၅ဝ ) ခန့်မြင့်၍ ၊သရက်ကိုင်း တစ်ကိုင်းတစ်ကိုင်းတွင် အတောင် ( ၅ဝ ) ခန့် ရှည်သော အကိုင်းအခက် အရွက်အသီးတို့ ဖြင့် ပြည့်နှက်နေသော သရက်ဖြူပင်ကြီး ဖြစ်လာလေသည် ။ ထို ကဏ္ဍမ္ဗ သရက်ဖြူပင် ရင်းကို အခြေခံကာ ဘုရားရှင် သည် ယမကပါဋိဟာရိက ( = ရေမီး အစုံအစုံ တန်ခိုးပြာဋိဟာ ) ကိုပြတော်မူလေသည် ။ ရှေးဦးစွာ အလွန်ကြီးမားသော ရတနာစင်္ကြ ံတော်ကြီးကို ကောင်းကင်တွင် ဖန်ဆင်းတော်မူလိုက်၏ ။ အဘိညာဏ် စတုတ္ထဈာန်ဖြင့် ပျံတက်တော်မူ၏ ။ မီးအလျှံ ထွက်ဖို့ရန် တေဇော ကသိုဏ်းလျှင် အာရုံရှိသော တေဇောကသိဏဈာန် သမာပတ်ကို ဝင်စားတော်မူရ၍ ရေအယဉ် တသွင်သွင် စီးထွက်ဖို့ရန် အာပေါကသိုဏ်းလျှင် အာရုံရှိသော အာပေါကသိဏဈာန် သမာပတ်ကို ဝင်စားတော်မူကာ ရေမီး အစုံအစုံ တန်ခိုးပြာဋိဟာ ကိုပြတော်မူလေသည် ။ အဘိညာဏ်ဝင်စားမှု စွမ်းအားက အလွန်လျင်မြန် သောကြောင့် ရေနှင့်မီးတို့သည် အစုံလိုက် အစုံလိုက် ပြိုင်တူထွက်နေသည် ဟု ဖူးမြင်ရသူတို့၏ စိတ်တွင် တွေ့မြင်နေရပေသည် ။ (၁) အထက်ပိုင်း ကိုယ်တော်မှ မီးအလျှံများ တဖွားဖွား ထွက်၍ အောက်ပိုင်း ကိုယ်တော်မှ ရေအယဉ် တသွင်သွင် စီးလျက်ရှိ၏ ။ တဖန် အောက်ပိုင်း ကိုယ်တော်မှ မီးအလျှံများ တဖွားဖွား ထွက်၍ အထက်ပိုင်း ကိုယ်တော်မှ ရေအယဉ် တသွင်သွင် စီးလျက်ရှိ၏ ။ (၂) ရှေ့မှဖြစ်သော ရူပကာယတော်မှ မီးအလျှံ ၊ နောက်မှဖြစ်သော ရူပကာယတော်မှ ရေအယဉ် ၊ တဖန် နောက်မှဖြစ်သော ရူပကာယတော်မှ မီးအလျှံ ၊ ရှေ့မှဖြစ်သော ရူပကာယတော်မှ ရေအယဉ် ။ (၃) လက်ျာမျက်လုံးတော်မှ မီးအလျှံ ၊ လက်ဝဲမျက်လုံးတော်မှ ရေအယဉ် ၊ တဖန် လက်ဝဲမျက်လုံးတော်မှ မီးအလျှံ ၊ လက်ျာမျက်လုံးတော်မှ ရေအယဉ် ။ (၄) လက်ျာနားတွင်းတော်မှ မီးအလျှံ ၊ လက်ဝဲနားတွင်းတော်မှ ရေအယဉ် ၊ တဖန် လက်ဝဲနားတွင်းတော်မှ မီးအလျှံ ၊ လက်ျာ နားတွင်းတော်မှ ရေအယဉ် ။ (၅) လက်ျာနှာခေါင်းပေါက်တော်မှ မီးအလျှံ ၊ လက်ဝဲနှာခေါင်းပေါက်တော်မှ ရေအယဉ် ၊ တဖန် လက်ဝဲနှာခေါင်းပေါက်တော်မှ မီးအလျှံ ၊ လက်ျာ နှာခေါင်းပေါက်တော်မှ ရေအယဉ် ။ (၆) လက်ျာပခုံးတော်မှ မီးအလျှံ ၊ လက်ဝဲပခုံးတော်မှရေအယဉ် ၊ တဖန် လက်ဝဲပခုံးတော်မှ မီးအလျှံ ၊ လက်ျာ ပခုံးတော်မှ ရေအယဉ် ။ (၇) လက်ျာလက်တော်မှ မီးအလျှံ ၊ လက်ဝဲလက်တော်မှ ရေအယဉ် ၊ တဖန် လက်ဝဲလက်တော်မှ မီးအလျှံ ၊ လက်ျာ လက်တော်မှ ရေအယဉ် ။ (၈) လက်ျာနံပါးတော်မှ မီးအလျှံ ၊ လက်ဝဲနံပါးတော်မှ ရေအယဉ် ၊ တဖန် လက်ဝဲနံပါးတော်မှ မီးအလျှံ ၊ လက်ျာ နံပါးတော်မှ ရေအယဉ် ။ (၉) လက်ျာခြေတော်မှ မီးအလျှံ ၊ လက်ဝဲခြေတော်မှ ရေအယဉ် ၊ တဖန် လက်ဝဲခြေတော်မှ မီးအလျှံ ၊ လက်ျာ ခြေတော်မှ ရေအယဉ် ။ (၁ဝ) လက်ချောင်းတော် ခြေချောင်းတော် ဆယ်ဆူဆယ်ဆူ တို့၏ အကြားအကြားမှ မီးအလျှံ ၊ လက်ချောင်းတော် ခြေချောင်းတော် ဆယ်ဆူဆယ်ဆူ တို့မှ ရေအယဉ် ။ တဖန် လက်ချောင်းတော် ခြေချောင်းတော် ဆယ်ဆူဆယ်ဆူ တို့မှ မီးအလျှံ ၊ လက်ချောင်းတော် ခြေချောင်းတော် ဆယ်ဆူဆယ်ဆူ တို့၏ အကြားအကြားမှ ရေအယဉ် ။ (၁၁) တစ်ခုတစ်ခုသော မွေးညင်းတွင်းတော်မှ မီးအလျှံ ၊ အခြား တစ်ခုတစ်ခုသော မွေးညင်းတွင်းတော်မှ ရေအယဉ် ။ (၁၂) တစ်ဆူတစ်ဆူသော မွေးညင်းတော်မှ မီးအလျှံ ၊ အခြား တစ်ဆူတစ်ဆူသော မွေးညင်းတော်မှ ရေအယဉ် တသွင်သွင် ပြောင်းလဲကာ ဖူးလိုက်တိုင်း အဆင်ကွဲသဖြင့် အံ့အဲ၍ မဝ ချီးပ၍မကုန် ရောင်ခြည်တော် ခြောက်ပုံ တို့နှင့်တကွ အစုံစုံသော ရေမီး အစုံအစုံ တန်ခိုးပြာဋိဟာ ကိုပြတော်မူလေသည် ။ ဖားအောက်တောရဝတ်ရွတ်စဉ် ( နှာ ၂၀၃ ၊ ၂၀၄ ) မှ